အခန်း ၃၁

ဘုရားသခင်၏ စိတ်သဘောထားသည် ဘုရားသခင်၏ မိန့်မြွက်ချက်များအားလုံးကို စိမ့်ဝင်ပျံ့နှံ့နေ၏၊ သို့သော် သူ့နှုတ်ကပတ်တော်များ၏ အဓိကအတွေးအမျှင်မှာ၊ လူသားမျိုးနွယ်အားလုံး၏ ပုန်ကန်မှုကို ထုတ်ဖော်ပြသခြင်းနှင့်၊ ၎င်းတို့၏ မနာခံမှု၊ အမိန့်မနာခံခြင်း၊ မျှတမှုမရှိခြင်း၊ မဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်းမရှိခြင်းကဲ့သို့မှာ အမှုအရာများကို ဖော်ထုတ်ခြင်းဖြစ်သည်မှာ၊ လူတို့၏ ခန္ဓာကိုယ်များထဲင ချွေးပေါက်တိုင်းတွင် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ပါဝင်ကြောင်း၊ ၎င်းတို့၏ ဆံချည်မျှင်သွေးကြောများတွင်ပင်လျှင် ဘုရားသခင်ကို ဖီဆန်မှု ပါရှိနေကြောင်း ဘုရားသခင် ပြောသည့် အဆင့်ထိ ဘုရားသခင်၏နှုတ်ကပတ်တော်က ရောက်ရှိပြီးဖြစ်သည်။ လူတို့သည် ဤအရာများကို ဆန်းစစ်ဖို့ မကြိုးစားကြပါက၊ ယင်းတို့ကို ၎င်းတို့ အမြဲ သိရှိနိုင်စွမ်း ရှိကြလိမ်မည်မဟုတ်သကဲ့သို့၊ ယင်းတို့ကို ဘယ်သောအခါမျှ ဖယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည့် ရောဂါပိုးများ ၎င်းတို့ထဲတွင် ပျံ့နှံ့လိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ယင်းမှာ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးအား သွေးနီဥများ ကင်းမဲ့သွားစေရစ်လျက်၊ ၎င်းတို့၏ သွေးဖြူဥများက သွေးနီဥများကို ဝါးမျိုသည့်အလား ဖြစ်လိမ့်မည်။ အဆုံးတွင် ၎င်းတို့သည် သွေးကင်ဆာဖြင့် သေဆုံးလိမ့်မည်ဖြစ်သည်။ ဤသည်မှာ လူသား၏ စစ်မှန်သော အခြေအနေဖြစ်ပြီး ယင်းကို အဘယ်သူမျှ ငြင်း၍မရနိုင်ပေ။ အဆင်းနီသော နဂါးကြီး ရစ်ခွေလဲလျောင်းသော မြေတွင် မွေးဖွားပြီးနောက်၊ လူအသီးသီးအတွင်းတွင် အဆင်းနီသော နဂါးကြီး၏ အဆိပ်ကို ပုံဆောင်သောအရာ သို့မဟုတ် သာဓကပြသောအရာ အနည်းဆုံးတစ်ခု ရှိကြလေသည်။ ထို့ကြောင့် အမှု၏ ဤအဆင့်တွင်၊ ဘုရားသခင့် နှုတ်ကပတ်တော်များတလျှောက် အဓိကအတွေးအမျှင်မှာ၊ မိမိကိုယ်ကိုယ် သိရှိခြင်း၊ မိမိကိုယ်ကိုယ် ငြင်းပယ်ခြင်း၊ မိမိကိုယ်ကိုယ် စွန့်လွှတ်ခြင်းနှင့် မိမိကိုယ်ကိုယ် သတ်ဖြတ်ခြင်းတို့ဖြစ်လေပြီ။ ဤသည်မှာ ဘုရားသခင်၏ နောက်ဆုံးသောကာလအတွင်း အဓိကအမှု ဖြစ်သကဲ့သို့၊ အမှု၏ ဤအကျော့သည် အပြည့်စုံဆုံးနှင့် အားလုံးအနက် အနှံ့စပ်ဆုံးဖြစ်သည်ဟု ဆိုနိုင်သည်- ဤအရာက ဘုရားသခင်သည် ခေတ်ကာလကို အဆုံးသတ်သို့ ဆောင်ကြဉ်းဖို့ စီစဉ်နေသည်ကို ပြသပေသည်။ ဤအရာကို အဘယ်သူမျှ မျှော်လင့်မထားသော်လည်း၊ တစ်ချိန်တည်းတွင် ယင်းမှာ ၎င်းတို့၏ ခံစားချက်များ၌ ကြိုတင်မျှော်မှန်းထားပြီးသောအရာ တစ်စုံတစ်ခုလည်း ဖြစ်ပေသည်။ ဘုရားသခင်က အလွန် တိကျပြတ်သားစွာ မပြောခဲ့သော်လည်း၊ လူတို့၏ အာရုံများသည် အလွန်အမင်း ထက်မြက်၏- အချိန်သည် တိုတောင်းသည်ဟု ၎င်းတို့ အမြဲ ခံစားကြရလေသည်။ လူတစ်ဦးသည် ဤအရာကို ပိုမိုခံစားရလေလေ၊ ခေတ်ကာလနှင့် သက်ဆိုင်သည့် ရှင်းလင်းသော အသိပညာတစ်ခုခုကို သူရှိလေလေဖြစ်သည်ဟု ငါဆိုနိုင်သည်။ ယင်းမှာ ကမ္ဘာကြီးကို ပုံမှန်အတိုင်း မြင်ခြင်းနှင့် ထိုသို့ဖြင့် ဘုရားသခင် ၏နှုတ်ကပတ်တော်များကို ငြင်းပယ်ခြင်း မဟုတ်ပေ။ ထို့ထက်၊ ယင်းသည် ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် ပါဝင်သည့်အကြောင်းအရာကို ဘုရားသခင် အမှုပြုသည့် နည်းလမ်းမှတစ်ဆင့် သိရှိခြင်း ဖြစ်သည်။ ဤအရာကို ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အသံနေအသံထားအားဖြင့် ဆုံးဖြတ်ထားပေသည်။ ဘုရားသခင်၏ မိန့်မြွက်ချက်များ၏ သဘောသွားထဲတွင်၊ အဘယ်သူမျှ ရှာဖွေတွေ့ရှိခြင်းမရှိသေးသည့် လျှို့ဝှက်ချက်တစ်ခုရှိပြီး၊ လူတို့အတွက် ဝင်ရောက်ဖို့ အခက်ခဲဆုံးသောအရာမှာလည်း ဤအရာ အတိအကျ ဖြစ်ပေသည်။ ဘုရားသခင့် နှုတ်ကပတ်တော်များကို လူတို့ အဘယ်ကြောင့် နားမလည်ရခြင်း၏ အခရာအချက်မှာ၊ ဘုရားသခင် စကားပြောဆိုသည့် အသံနေအသံထားကို ၎င်းတို့ မသိနားမလည်ဘဲ ရှိနေကြခြင်းဖြစ်သည်- ဤလျို့ဝှက်ချက်ကို ၎င်းတို့ပိုင်နိုင်ပါက၊ ဘုရားသခင့် နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အသိပညာအချို့ ရှိနိုင်စွမ်း ရှိကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များသည် အခြေခံသဘောတရားတစ်ခုကို အမြဲ လိုက်လျှောက်ပြီးဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အရာရာဖြစ်ကြောင်းကို လူတို့အား သိရှိစေခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် လူသား၏ အခက်အခဲများအားလုံးကို ဖြေရှင်းခြင်း ဖြစ်သည်။ ဝိညာဉ်တော်၏ ရှုထောင့်မှ၊ ဘုရားသခင်သည် သူ၏လုပ်ဆောင်ချက်များကို ရှင်းလင်းသွားစေသည်။ လူသား၏ ရှုထောင့်မှ၊ သူသည် လူတို့၏ အယူအဆများကို ဖော်ထုတ်လေသည်။ ဝိညာဉ်တော်၏ ရှုထောင့်မှ၊ သူက လူသားသည် သူ၏အလိုကို အလေးမထားဟု ဆိုပြီး၊ လူသား၏ ရှုထောင့်မှ၊ သူသည် လူသား အတွေ့အကြုံ၏ ချို၊ ချဉ်၊ ခါးပြီး စူးရှသည့် အနံ့အရသာတို့ကို မြည်းစမ်းပြီးဖြစ်သကဲ့သို့၊ လေဖြင့် သူလာကာ မိုးနှင့်အတူသွားကြောင်း၊ သူသည် မိသားစု နှိပ်စက်ညှဉ်းပန်းခံရခြင်းများကို တွေ့ကြုံပြီးဖြစ်သကဲ့သို့ ဘဝ၏ အတက်အကျများကို ကြုံတွေ့ပြီးဖြစ်သည်ဟု သူဆို၏။ ဤသည်တို့မှာ ကွဲပြားခြားနားသော ရှုထောင့်များမှ ပြောဆိုထားသည့် စကားများဖြစ်သည်။ ဘုရားသခင်၏ လူတို့ကို သူစကားပြောသောအခါ၊ ယင်းမှာ အိမ်ထိန်းက ကျေးကျွန်များကို သြဘာပေးသကဲ့သို့ သို့မဟုတ် ဟာသ ပြဇာတ်တိုတစ်ခုကဲ့သို့ဖြစ်သည်။ သူ၏ စကားများက လူတို့အား ပြင်းထန်သည့် ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ဖြောင့်ချက်ပေးရန် ပဒေသရာဇ် အာဏာပိုင်များအားဖြင့် ထိန်းသိမ်းခံခဲ့ကြရပြီးဖြစ်သည့်အလား ၎င်းတို့၏ အရှက်မှ ပြေးပုန်းစရာမရှိဖြစ်စေလျက်၊ မျက်နှာနီမြန်းစေရစ်လေသည်။ ဘုရားသခင်၏ လူတို့ကို သူစကားပြောသောအခါ၊ ဘုရားသခင်သည် ဗဟိုအစိုးရအတွင်းရှိ အရှုပ်တော်ပုံများကို ဖော်ထုတ်သည့် ဆန္ဒပြနေကြသော တက္ကသိုလ်ကျောင်းသားများကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်ကြလေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် သရော်ခြင်းဖြစ်ပါက၊ လူတို့အတွက် လက်ခံရန် ပိုမိုခက်ခဲပေမည်။ ထို့ကြောင့် ဘုရားသခင်ပြောသော နှုတ်ကပတ်တော် များသည် ရိုးစင်း၏။ ယင်းတို့သည် လူသားအတွက် စာဝှက်များ မပါရှိဘဲ၊ လူသား၏ တကယ့် အခြေအနေကို တိုက်ရိုက် ထောက်ပြလေသည်- ဤအရာက လူသားအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် စကားလုံးများသက်သက်မဟုတ်ဘဲ စစ်မှန်သည်ကို ပြသပေသည်။ စစ်မှန်မှုကို လူတို့ တန်ဖိုးထားသော်လည်း၊ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ မည်သည့်အရာမျှ မစစ်မှန်ပေ။ ဤသည်မှာ လူ့သား၌ ချို့တဲ့နေသောအရာ ဖြစ်သည်။ ဘုရားသခင်အတွက် လူတို့၏ ချစ်ခြင်းမေတ္တာ မစစ်မှန်လျှင်၊ ဤအရာကြောင့် အရာအားလုံး ပျောက်ကွယ်သွားမည့်အလား၊ အရာရာ အလုံးစုံ အနှစ်မဲ့လိမ့်မည်ဖြစ်ပြီး အထင်မှားခြင်း ဖြစ်ပေလိမ့်မည်။ ဘုရားသခင်အတွက် ၎င်းတို့၏ ချစ်ခြင်းမေတ္တာသည် စကြဝဠာကို ကျော်လွန်ပါက၊ ၎င်းတို့၏ အဆင့်အတန်းနှင့် ကိုယ်ပိုင်လက္ခဏာတို့သည်လည်း စစ်မှန်လိမ့်မည်ဖြစ်ပြီး၊ အနှစ်မဲ့လိမ့်မည် မဟုတ်သကဲ့သို့၊ ဤနှုတ်ကပတ်တော်များပင်လျှင်၊ စစ်မှန်ကာ အနှစ်မဲ့လိမ့်မည်မဟုတ်ပေ- ဤအရာကို သင် မြင်ပါသလော။ လူသားအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်မြင်ပြီလော။ လူသားသည် အဆင့်အတန်း၏ အကျိုးကျေးဇူးများကို မွေ့လျော်ရုံမျှမမွေ့လျော်သင့်ဘဲ၊ အဆင့်အတန်း၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်သင့်ပေသည်။ ဤသည်မှာ ဘုရားသခင်၏လူများနှင့် လူသားအားလုံးကို ဘုရားသခင် တောင်းဆိုသည့်အရာဖြစ်ကာ၊ ဤသည်မှာ ကြီးကျယ်ခမ်းနားသည့် အနှစ်မဲ့သော သဘောတရားအချို့ မဟုတ်ပေ။

အဘယ်ကြောင့် ဘုရားသခင်က ဤစကားမျိုးကို ပြောဆိုသနည်း- “ငါလုပ်သမျှသည် ၎င်းတို့ကို ကျေနပ်စေဖို့ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည့်အလား၊...ယင်း၏ အကျိုးဆက်တစ်ခုအနေဖြင့်၊ ၎င်းတို့သည် ငါ၏လုပ်ရပ်များကို အစဉ်အမြဲ စက်ဆုပ်ကြ၏။” ဘုရားသခင်အပေါ် လူသား၏ စက်ဆုပ်ခြင်းနှင့် သက်ဆိုင်သော စစ်မှန်သည့် သရုပ်သကန်များကို သင်ပြောဆိုနိုင်သလော။ လူတို့၏ အယူအဆများ၌၊ လူသားနှင့် ဘုရားသခင်သည် “အရူးအမူး ချစ်” နေကြပြီး၊ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့၏ တမ်းမှုမှာ ၎င်းတို့က ဘုရားသခင်ကို တစ်ကျိုက်တည်းနှင့် မျိုချရန် စိတ်အားထက်သန်စွာ ဆန္ဒရှိသည့်အဆင့်ထိ ရောက်ရှိပြီး ဖြစ်သည်- သို့သော် ဘုရားသခင်သည် အောက်ပါ စကားမျိုးကို ပြောဆိုလေသည်- “လူသားသည် ငါ့ကို စက်ဆုပ် ရွံရှာ၏။ အဘယ့်ကြောင့် ငါ၏ချစ်ခြင်းမေတ္တာသည် လူသား၏ အမုန်းတရားနှင့် ဆပ်ပေးခံရပြီနည်း။” ဤသည်မှာ လူတို့အတွင်းရှိ ဓာတ်သတ္တုသိုက်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ တူးသင့်သည့်အရာဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူတို့ လိုက်စားခြင်းနှင့်ပတ်သက်သည့် ချွတ်ယွင်းချက်ဖြစ်သည်။ ယင်းသည် ဖြေရှင်းသင့်သည့် အဓိကပြဿနာဖြစ်ပြီး၊ ဘုရားသခင်နှင့် သက်ဆိုင်သည့် လူတို့၏ အသိပညာကို တားဆီးနေသည့်ခြင်္သေ့ဖြစ်ကာ၊ လူသားအတွက် ပပျောက်စေရမည့်အရာဖြစ်သည်— ဤသည်မှာ လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ဝက်တစ်ကောင်ကဲ့သို့ လူသားသည် မှတ်ဉာဏ်မရှိသကဲ့သို့ အပျော်အပါးများကို အမြဲ အငမ်းမရဖြစ်သောကြောင့်၊ ဘုရားသခင်သည် သတိမေ့ခြင်းရောဂါအတွက် ဆေးဝါးကို လူသားအား ပေးလေသည်— သူသည် စကားပိုပြောကာ၊ ပိုမိန့်ကြားပြီး၊ လူတို့ကို နားရွက်များမှ ကိုင်ဆွဲကာ သေချာစွာ နားထောင်စေသကဲ့သို့၊ ၎င်းတို့ကို နားကြပ်များ တပ်ဆင်ပေးသည်။ သူ၏ နှုတ်ကပတ်တော်အချို့အတွက်မူ၊ တစ်ကြိမ်မျှ ပြောဆိုခြင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ “လူတို့သည် မေ့လျော့ခြင်းကို ၎င်းတို့၏ ဘဝများ၌ အမြဲခံစားကြရပြီး၊ လူသားမျိုးနွယ်အားလုံး၏ ဘဝနေ့ရက်များကဖရိုဖရဲဖြစ်ကြလေသည့်”အတွက် ၎င်းတို့ကို အဖန်ဖန် ပြောဆိုရမည်ဖြစ်သည်။ ဤနည်းဖြင့်၊ “၎င်းတို့ အချိန်ရှိသည့်အခါ ဖတ်ရှုသည်၊ အားလပ်သည့်အခါ နားထောင်ပြီး၊ အချိန်မရှိသည့်အခါ ယင်းတို့ကို တစ်ကိုယ်တည်းထားခဲ့သည်၊ နှုတ်ကပတ်တော်များကို ယနေ့ ပြောဆိုပါက၊ ၎င်းတို့ အာရုံစိုက်ကြသည်၊ သို့သော် မနက်ဖြန် မပြောဆိုပါက၊ ၎င်းတို့ သိပ်မစဉ်းစားတော့”သည့် အခြေအနေမှ လူတို့ ကယ်တင်ခံရနိုင်ပေသည်။ လူတို့၏ သဘောသဘာဝနှင့် ပတ်သက်သရွေ့၊ ဘုရားသခင်သည် ယနေ့တွင် ၎င်းတို့၏ စစ်မှန်သော အခြေအနေကို ပြောဆိုပြီး၊ ၎င်းတို့သည် ယင်းနှင့်သက်ဆိုင်သည့် နှံ့စပ်သော အသိပညာတစ်ခု ရှိလာကြပါက၊ နောင်တနှင့် ပြည့်ကြလိမ့်မည်ဖြစ်သည်- သို့သော် နောက်ပိုင်းတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စွန့်ပစ်ရင်းနှင့် သတိပေးခံရသည့်အခါတွင်သာ အထက်တွင် ဖော်ပြထားသည့် ဖြစ်အင်ကို ပြန်ပြုလုပ်ရင်း၊ ၎င်းတို့၏ နည်းလမ်းဟောင်းများသို့ ပြန်သွားကြပေမည်။ ထို့ကြောင့် သင် အလုပ်လုပ်သောအခါ သို့မဟုတ် စကားပြောသောအခါ၊ လူသား၏ ဤအနှစ်သာရကို မမေ့နှင့်။ လုပ်လုပ်နေစဉ်တွင် ဤအနှစ်သာရကို ဖယ်ထားရန်မှာ အမှားတစ်ခု ဖြစ်ပေမည်။ အလုပ်အားလုံးကို လုပ်ဆောင်ရာတွင်၊ သင် စကားပြောဆိုချိန်တွင် လူတို့၏ အယူအဆများကို ဖြေရှင်းဖို့ အထူးသဖြင့် အရေးကြီး၏။ အထူးသဖြင့်၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များသို့ သင်၏ ကိုယ်ပိုင် ထိုးထွင်းသိမြင်မှုကို ဖြည့်စွက်သင့်ပြီး ယင်းတို့ကို ဆွေးနွေးသင့်၏။ ဤသည်မှာ လူတို့ကို ထောက်ပံ့ပေးခြင်းနှင့် ၎င်းတို့ကို မိမိကိုယ်ကိုယ် သိခွင့်ပေးခြင်း လမ်းကြောင်းဖြစ်သည်။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အကြောင်းအရာအပေါ် အခြေပြု၍ လူတို့ကို ထောက်ပံ့ပေးရာတွင်၊ ၎င်းတို့၏ စစ်မှန်သော အခြေအနေကို ဘောပေါက်ရန်မှာ မလွဲဧကန် ဖြစ်လာနိုင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင်၊ လူ၏ စစ်မှန်သော အခြေအနေကို သဘောပေါက်ပြီး၊ ထိုသို့ဖြင့် ၎င်းတို့ကို ထောက်ပံ့ဖို့ရန် လုံလောက်ပေသည်- ယင်းသို့ဖြင့် “ကမ္ဘာမြေပေါ်တွင် ဂုဏ်ပြုထမင်းစားပွဲ၏ စားပွဲတစ်ခုတွင် ထိုင်ဖို့ ဖိတ်ကြားချက်အား ဘုရားသခင် လက်ခံခဲ့သည်” ဆိုသည်ကို ထောက်ပြရင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နောက်ထပ် ငါဆိုလိမ့်မည်မဟုတ်ပေ။

အရှေ့သို့- အခန်း ၃၀

နောက်တစ်ခုသို့- အခန်း ၃၂

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။