အခန်း ၂၇

ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်သည်၊ ဆိုလိုသည်မှာ တရားစီရင်မှု ခေတ်ကာလ၏ ဒုတိယအပိုင်းသည် ၎င်း၏ အခေါင်အဖျားကို ရောက်ရှိပြီးဖြစ်သည်။ သို့သော်လည်း ဤသည်မှာ အမြင့်ဆုံးသော အခေါင်အဖျား မဟုတ်သေး။ ဤအချိန်၌ ဘုရားသခင်၏ အသံနေ အသံထား ပြောင်းလဲပြီဖြစ်သည်- ယင်းသည် သရော်ခြင်းလည်း မဟုတ်သကဲ့သို့ ဟာသဉာဏ်ရွှင်ခြင်းလည်း မဟုတ်၊ ပြီးလျှင် ယင်းသည် ရိုက်နှက်ခြင်းမဟုတ်သကဲ့သို့ ကြိမ်းမောင်းခြင်းလည်း မဟုတ်ပေ။ ဘုရားသခင်သည် သူ့နှုတ်ကပတ်တော်များ၏ အသံနေ အသံထားကို ပေါ့စေပြီးဖြစ်သည်။ ယခုတွင်၊ ဘုရားသခင်သည် လူသားနှင့် “ခံစားချက်များကို ဖလှယ်ရန်” စတင်လေသည်။ ဘုရားသခင်သည် သူ့အမှု၏ ကဏ္ဍအားလုံး အချင်းချင်း ရောယှက်ဖို့အလို့ငှာ၊ တရားစီရင်ခြင်း ခေတ်နှင့်သက်ဆိုင်သော အမှုကို ဆက်လက်လုပ်ဆောင်ပြီး တစ်ချိန်တည်းတွင် သူ့အမှု နောက်တစ်ကဏ္ဍ၏ လမ်းကြောင်းကိုပါ ဖွင့်နေပေသည်။ တစ်ဖက်တွင်၊ ဘုရားသခင်သည် “လူသား၏ စိတ်နှလုံး ခိုင်မာခြင်းနှင့် ပြုပြင်မရခြင်း”တို့ကို ပြောဆိုပြီး၊ အခြားတစ်ဖက်တွင် သူသည် “လူသားနှင့် ခွဲခွာခဲ့ရပြီးနောက် ပြန်လည်ပေါင်းစည်းရခြင်း၏ ဝမ်းမြောက်ခြင်းနှင့် ဝမ်းနည်းခြင်းများ”ကို ပြောဆိုသည်- ယင်းတို့အားလုံးသည် လူသား စိတ်နှလုံးများထဲမှ ခံစားချက်အမဲ့ဆုံးသော စိတ်နှလုံးကိုပင် တို့ထိရင်း၊ လူတို့၏ စိတ်နှလုံးများတွင် တုံ့ပြန်မှုတစ်ခု လှုံ့ဆော်ပေးလေသည်။ ဤနှုတ်ကပတ်တော်များကို ပြောဆိုရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ အဓိကအားဖြင့် တကယ့်အဆုံးတွင် လူအားလုံးအား အသံပြုခြင်းမရှိဘဲ ဘုရားသခင်၏ ရှေ့မှောက်၌ လဲကျစေရန်ဖြစ်ပြီး ထို့နောက်မှသာလျှင် “ငါသည် အယောက်တိုင်းအား ၎င်းတို့၏ ရှုံးနိမ့်မှုမှတစ်ဆင့် ငါ့ကို သိစေရင်း၊ ငါ၏ လုပ်ရပ်များကို ထင်ရှားစေသည်။” ဤကာလတွင်၊ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏ အသိသည် လုံးဝအပေါ်ယံ ဖြစ်နေဆဲဖြစ်သည်။ ယင်းသည် စစ်မှန်သော အသိပညာမဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ တတ်နိုင်သမျှ ကြိုးစားသော်ငြားလည်း၊ ဘုရားသခင်၏ အလိုကို စွမ်းဆောင်ရရှိနိုင်စွမ်း မရှိပေ။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အထွတ်အထိပ်သို့ ရောက်ရှိပြီး ဖြစ်သော်လည်း၊ လူတို့မှာ အစောပိုင်း အဆင့်များ၌သာ ရှိနေဆဲဖြစ်ပြီး၊ ထို့ကြောင့် ယခုလက်ရှိ မိန့်မြွက်ချက်များထဲသို့ ဝင်ရောက်နိုင်စွမ်း မရှိကြချေ- ဤအရာက ဘုရားသခင်နှင့် လူသားသည် ဖြစ်နိုင်သမျှ ကွာခြားကြသည်ကို ပြသပေသည်။ ဤနှိုင်းယှဉ်ချက်ကို အခြေခံ၍၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အဆုံးသို့ရောက်လာသောအခါ၊ လူတို့သည် ဘုရားသခင်၏ အနိမ့်ဆုံးသော စံနှုန်းများကိုသာ စွမ်းဆောင်ရရှိနိုင်စွမ်း ရှိကြလိမ့်မည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီး၏ လုံးဝ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးဖြစ်သည့် ဤလူတို့၌ ဘုရားသခင် အမှုပြုသော နည်းလမ်းဖြစ်ပြီး၊ အသင့်မြတ်ဆုံးသော အကျိုးတရားကို စွမ်းဆောင်ရရှိရန်အလို့ငှာ ဘုရားသခင်သည် ထိုသို့ လုပ်ဆောင်ရမည် ဖြစ်သည်။ အသင်းတော်များ၏ လူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် ပို၍ အာရုံစိုက်ကြသော်လည်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့သည် သူ၏ နှုတ်ကပတ်တော်များဖြင့် ဘုရားသခင်ကို သိကျွမ်းနိုင်ရန် ဖြစ်သည်- ကွာခြားမှုတစ်ခု ရှိသည် မဟုတ်လော။ သို့သော်၊ လက်ရှိအခြေအနေအရ၊ ဘုရားသခင်သည် လူသား၏ အားနည်းချက်များကို အလေးဂရုမပြုတော့သကဲ့သို့၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များကို လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ ဆက်လက် စကားပြောဆိုလေသည်။ သူ၏အလိုအရ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များပြီးဆုံးသည့်အချိန်၊ ယင်းသည် ကမ္ဘာမြေပေါ်ရှိ သူ၏ အမှု ပြီးစီးမည့်အချိန် ဖြစ်လိမ့်မည်။ သို့သော် ဤအချိန်ရှိ အမှုမှာ အတိတ်ကနှင့် မတူပေ။ ဘုရားသခင်၏ မိန့်မြွက်ချက်များ အဆုံးသို့ရောက်လာသောအခါ၊ မည်သူမျှ သိလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အမှု အဆုံးသို့ရောက်သောအခါ မည်သူမျှ သိလိမ့်မည် မဟုတ်။ ဘုရားသခင်၏ အသွင်သဏ္ဌာန် ပြောင်းလဲသောအခါ မည်သူမျှ သိလိမ့်မည်မဟုတ်။ ယင်းမှာ ဘုရားသခင်၏ ဉာဏ်ပညာ ဖြစ်သည်။ စာတန်က ပြုလုပ်သည့် မည်သည့်စွပ်စွဲခြင်းများကိုမဆို၊ ပြီးလျှင် ရန်လိုသော အင်အားစုများမှ မည်သည့် ဝင်ရောက်စွပ်ဖက်ခြင်းကိုမဆို ရှောင်ရှားရန် ဘုရားသခင်သည် မည်သူမျှ မသိစေဘဲ အမှုပြုကာ၊ ဤအချိန်၌ ကမ္ဘာမြေကြီးပေါ်ရှိ လူများအလယ်တွင် မည်သည့်တုံ့ပြန်ချက်မျှ မရှိချေ။ ဘုရားသခင်၏ သဏ္ဌာန်ပြောင်းလဲခြင်းနှင့် သက်ဆိုင်သည့် အမှတ်လက္ခဏာများကို တစ်ခါက ပြောဆိုခဲ့သော်ငြားလည်း လူသားသည် ယင်းကို မေ့လျော့ပြီးဖြစ်ကာ အာရုံမစိုက်သည့်အတွက် ယင်းကို မည်သူမျှ သဘောမပေါက်မိပေ။ အတွင်း၊ အပြင် တိုက်ခိုက်မှုများကြောင့်- အပြင်လောက၏ ဘေးဒုက္ခများနှင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လောင်ကျွမ်းခြင်းနှင့် သန့်စင်ခြင်းတို့ကြောင့်- လူတို့သည် မိမိတို့၏ ကိုယ်ပိုင် အရေးကိစ္စများဖြင့် အလုပ်များလွန်းကြသောကြောင့်၊ ဘုရားသခင်အတွက် ပင်ပန်းစွာ ကြိုးစားလုပ်ဆောင်ရန် လိုလားနေခြင်း မရှိကြတော့ချေ။ လူအားလုံးသည် အတိတ်၏ အသိပညာနှင့် လိုက်စားခြင်းတို့ကို ငြင်းပယ်ခြင်းအဆင့်ထိ ရောက်ရှိသည့်အချိန်၊ လူအားလုံးသည် မိမိတို့ကိုယ်ကိုယ် ရှင်းလင်းစွာ မြင်တွေ့ပြီးကြသည့်အချိန်တွင်၊ ၎င်းတို့သည် ကျရှုံးကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်၏ အတ္တသည် ၎င်းတို့၏ နှလုံးသားများ၌ နေရာရှိတော့မည် မဟုတ်ပေ။ ထို့အခါမှသာ၊ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စိတ်ရင်းအမှန်နှင့် တောင့်တကြလိမ့်မည်ဖြစ်ပြီး ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူတို့၏ နှလုံးသားများထဲ၌ နေရာတစ်ခု အမှန်တကယ် ရှိလိမ့်မည်ဖြစ်ပြီး၊ ထိုအခါမှသာ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့ တည်ရှိခြင်း၏ အရင်းအမြစ် ဖြစ်လာပြီး ဖြစ်ပေမည်- ဤအခိုက်အတန့်တွင်၊ ဘုရားသခင်၏ အလိုသည် ပြည့်စုံလိမ့်မည်။ သို့သော်၊ ယနေ့၏ လူတို့သည် ဤအဆင့်ထိ ရောက်ရှိခြင်းမှ အလှမ်းဝေးပေသည်။ ၎င်းတို့အထဲမှ အချို့သည် တစ်လက်မမျှသာ ရွေ့ကြပြီးဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင်က ဤသည်မှာ “ပြုပြင်မရခြင်း”ဟု ပြောရပေသည်။

ဘုရားသခင်၏ နှုတ်ကပတ်တော်များ အားလုံးသည် မေးခွန်းများစွာ ပါရှိသည်။ အဘယ်ကြောင့် ဘုရားသခင်သည် ထိုသို့သော မေးခွန်းများကို မေးမြဲ မေးနေရသနည်း။ “အဘယ်ကြောင့် လူတို့သည် နောင်တရပြီး၊ တစ်ဖန် မမွေးဖွား နိုင်ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ရွှံ့နှင့် ကင်းလွတ်ရာ နေရာအစား ရွှံ့ညွှန်တွင် အစဉ်ထာဝရ အသက်ရှင်ရန် လိုလား နေကြသနည်း။...” အတိတ်တွင် ဘုရားသခင်သည် အမှုအရာများကို တိုက်ရိုက်ညွှန်ပြခြင်း သို့မဟုတ် တိုက်ရိုက်ဖော်ထုတ်ခြင်းအားဖြင့်ပြုခဲ့သည်။ သို့သော်လည်း လူတို့သည် ကြီးမားသော ဝေဒနာကို ခံစားခဲ့ရပြီးနောက်၊ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် တိုက်ရိုက် မပြောဆိုတော့ချေ။ ဤမေးခွန်းများအတွင်းတွင်၊ လူတို့သည် မိမိတို့ကိုယ်တိုင်၏ ချွတ်ယွင်းချက်များကို မြင်ကြပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကိုပါ သဘောပေါက်ကြသည်။ လူအားလုံးသည် အသင့် ရရှိနိုင်သည့်အရာကို စားရန် နှစ်သက်ကြသောကြောင့်၊ ဘုရားသခင်သည် ၎င်းတို့ တွေးဆနိုင်ကြဖို့အလို့ငှာ တွေးဆဖို့ အကြောင်းအရာများကို ပေးရင်း၊ ၎င်းတို့၏ တောင်းဆိုမှုများနှင့် သင့်လျော်သည့်အတိုင်း စကားပြောလေသည်။ ဤသည်မှာ ဘုရားသခင့် မေးခွန်းများ၏ အရေးပါမှု သွင်ပြင်လက္ခဏာတစ်ရပ် ဖြစ်သည်။ ပင်ကိုအားဖြင့်၊ ဤသည်မှာ သူ၏ အခြားမေးခွန်းအချို့၏ အရေးပါမှု မဟုတ်ချေ၊ ဥပမာအားဖြင့်၊ ငါသည် ၎င်းတို့ကို နှိပ်စက်ပြီးဖြစ်သောကြောင့် ဖြစ်နိုင်မည်လော။ ငါသည် ၎င်းတို့ကို မှားယွင်းသော လမ်းကြောင်းဖြင့် လမ်းညွှန်ပြပြီးသောကြောင့် ဖြစ်နိုင်မည်လော။ ငါသည် ၎င်းတို့ကို ငရဲသို့ ဦးဆောင်နေ၍များ ဖြစ်နိုင်မည်လော။ ဤကဲ့သို့သော မေးခွန်းများသည် လူတို့နှလုံးသားများ၏ နက်ရှိုင်းရာများအထဲတွင် ရှိသည့် အယူအဆများကို ပြသပေသည်။ လူတို့၏ နှုတ်များက ဤအယူအဆများကို မဖွင့်ဟသော်လည်း၊ ၎င်းတို့အများစု၏ နှလုံးသားများထဲ၌ သံသယရှိနေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယင်းတို့ကို ကောင်းကျိုး လုံးဝ မရှိသကဲ့သို့ ဖော်ပြသည်ဟု ယုံကြည်ကြသည်။ ပင်ကိုအားဖြင့်၊ ထိုသို့သော လူများသည် မိမိတို့ကိုယ်ကိုယ် မသိကြဘဲ၊ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် အနိုင်ယူခြင်းခံရခြင်းကို ဝန်ခံကြလိမ့်မည်- ဤသည်မှာ ရှောင်လွှဲမရပေ။ ဤမေးခွန်းများ နောက်တွင်၊ ဘုရားသခင်က၊ “လူသား၏ မိသားစုကို မဆိုထားနှင့်၊ တိုင်းနိုင်ငံအားလုံးကိုပင် မုန့်မုန့်ညက်ညက်ကြေအောင် ချေမွပစ်ရန် ငါ ရည်ရွယ်သည်”ဟုလည်း ပြောဆိုသည်။ လူတို့သည် ဘုရားသခင်၏ နာမကို လက်ခံကြသောအခါ၊ အကျိုးဆက်အနေဖြင့် တိုင်းနိုင်ငံအားလုံး တုန်လှုပ်ကြလိမ့်မည်၊ လူတို့သည် မိမိတို့၏ စိတ်နေစိတ်ထားကို တဖြည်းဖြည်း ပြောင်းလဲကြလိမ့်မည်ဖြစ်ပြီး မိသားစုများထဲတွင် ဖခင်နှင့် သား၊ မိခင်နှင့် သမီး၊ ခင်ပွန်းနှင့် ဇနီးသည်အကြားရှိ ဆက်ဆံရေးတို့သည် တည်ရှိတော့မည် မဟုတ်။ ထို့အပြင်၊ မိသားစုများထဲက လူတို့ကြား ဆက်ဆံရေးများသည် ယခင်ထက် ပို၍ ခပ်တန်းတန်း ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ကြီးမားသော မိသားစုဆီသို့ ပူးပေါင်းသွားကြလိမ့်မည်ဖြစ်ပြီး၊ မိသားစု အားလုံးနီးပါး၏ ဘဝများနှင့်ဆိုင်သော ပုံမှန် အစဉ်အလာသည် ပြိုကွဲသွားမည် ဖြစ်သည်။ ဤအကြောင်းကြောင့်၊ လူတို့၏ နှလုံးသားများထဲရှိ “မိသားစု”ဟူသည့် အယူအဆသည် တိုး၍ မှေးမှိန်လာလိမ့်မည်ဖြစ်သည်။

ယနေ့နှင့်သက်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် အဘယ်ကြောင့် လူတို့နှင့် “ခံစားချက်များ ဖလှယ်ခြင်း”ကို များစွာ အချိန်ပေးအပ်မြှုပ်နှံထားပြီးဖြစ်သနည်း။ ပင်ကိုအားဖြင့် ဤသည်မှာလည်း အကျိုးတရားတစ်ခုခုကို စွမ်းဆောင်ရရှိရန်အလို့ငှာဖြစ်သည်၊ ယင်းမှ ဘုရားသခင်၏ နှလုံးသားသည် ပူပန်သောကဖြင့် ပြည့်သည်ကို မြင်နိုင်ပေသည်။ ဘုရားသခင်က၊ “ငါဝမ်းနည်းသော အခါတွင်၊ မည်သူသည် ၎င်းတို့၏ စိတ်နှလုံးများဖြင့် ငါ့ကို နှစ်သိမ့်ပေးနိုင်သနည်း” ဟူ၍ ပြောဆိုသည်။ ဘုရားသခင်၏ နှလုံးသားသည် ပူဆွေးမှုဖြင့် မွှန်ထူသွားသောကြောင့် ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ပြောဆိုခြင်း ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အလိုကို အလုံးစုံ အရေးစိုက်နိုင်စွမ်းမရှိသကဲ့သို့၊ ၎င်းတို့သည် အစဉ် အကျင့်ပျက်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မချုပ်တည်းနိုင် ကြသကဲ့သို့၊ မိမိတို့သဘောရှိ လုပ်ဆောင်ကြ၏။ ၎င်းတို့သည် အလွန် နိမ့်ကျကြပြီး၊ မိမိတို့ကိုယ်ကိုယ် အစဉ် ခွင့်လွှတ်ကြကာ ဘုရားသခင်၏ အလိုကို အလေးဂရုမပြုကြပေ။ သို့သော်လည်း လူတို့သည် ယနေ့အထိတိုင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်သကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေနိုင်စွမ်းမရှိကြသောကြောင့်၊ ဘုရားသခင်က “၎င်းတို့သည် ငမ်းငမ်းတက် ဆာလောင်နေသော ဝံပုလွေ၏ အန္တရာယ်မှ အဘယ်သို့လျှင် လွတ်မြောက် နိုင်မည်နည်း။ ၎င်းတို့သည် ထိုဝံပုလွေ၏ ခြိမ်းခြောက်ခြင်းများနှင့် ဖြားယောင်းသွေးဆောင်မှုများမှ အဘယ်သို့ မိမိတို့ကိုယ်ကိုယ် ရှောင်ရှားနိုင်မည်နည်း”ဟူ၍ ပြောဆို၏။ လူတို့သည် ဇာတိပကတိ၌ အသက်ရှင်ကြသည်၊ ယင်းမှာ အူလိမ်မတတ် ဆာလောင်နေသော ဝံပုလွေ၏ ခံတွင်းတွင် အသက်ရှင်ခြင်း ဖြစ်သည်။ ဤအရာကြောင့်နှင့် လူတို့သည် ကိုယ့်ကိုယ်ကိုယ် သတိပြုမိခြင်းမရှိသကဲ့သို့၊ မိမိတို့ကိုယ်ကိုယ် အလိုလိုက်ကာ ကာမဂုဏ်လွန်ကျူးခြင်း၌ အညံ့ခံကြသောကြောင့်၊ ဘုရားသခင်သည် စိတ်သောက မရောက်ဘဲ မနေနိုင်ပေ။ ဘုရားသခင်သည် လူတို့ကို ထိုသို့ သာ၍ သတိပေးလေလေ၊ ၎င်းတို့သည် မိမိတို့၏ နှလုံးသားများထဲ၌ ပိုမိုကောင်းမွန်စွာ ခံစားရလာလေလေဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် သာ၍ လိုလားလာကြလေလေ ဖြစ်သည်။ ထို့အခါမှသာ လူသားနှင့် ဘုရားသခင်သည် ၎င်းတို့ကြား မည်သည့် ကွဲကွာမှု သို့မဟုတ် ဝေးကွာမှုမျှ မရှိဘဲ၊ အချင်းချင်း သဟဇာတဖြစ်စွာ ပတ်သက်ကြလိမ့်မည်။ ယနေ့တွင်၊ လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင့် နေ့ရက်၏ ဆိုက်ရောက်ခြင်းကို စောင့်ဆိုင်းကြသည်၊ ထို့ကြောင့် လူသားမျိုးနွယ်သည် မည်သည့်အခါမျှ ရှေ့ဆက်မသွားကြသေးချေ။ သို့သော် ဘုရားသခင်က “ဖြောင့်မတ်ခြင်း၏နေ ထွက်ပေါ် လာသောအခါ အရှေ့အရပ်သည် ထွန်းလင်းလိမ့်မည် ဖြစ်ပြီး၊ ထို့နောက်တွင် အပြန်အလှန်အားဖြင့် အယောက်တိုင်းထံ ရောက်ရှိရင်း၊ စကြဝဠာ တစ်ခွင်လုံးသို့ အလင်းပေးလိမ့်မည်”ဟု ပြောဆိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏ အသွင်သဏ္ဌာန် ပြောင်းလဲသောအခါ၊ အရှေ့အရပ်သည် ရှေးဦးစွာ အလင်းပေးခံရလိမ့်မည်ဖြစ်ပြီး အရှေ့အရပ်၏ တိုင်းနိုင်ငံသည် ဦးစွာ အစားထိုးခံရလိမ့်မည်၊ ယင်းနောက်တွင် တောင်အရပ်မှ မြောက်အရပ်အထိ ကျန်သော တိုင်းနိုင်ငံများသည် အသစ်ပြုပြင်ခြင်း ခံရလိမ့်မည်။ ဤသည်မှာ ညွှန်ကြားချက်ဖြစ်ပြီး၊ အားလုံးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်လိမ့်မည်။ ဤအဆင့် ပြီးဆုံးသည်နှင့်တစ်ပြိုင်နက်၊ လူအားလုံးတို့သည် မြင်ရကြပေမည်။ ဘုရားသခင် အမှုပြုသည်မှာ ဤညွှန်ကြားချက်အတိုင်း ဖြစ်သည်။ လူတို့သည် ဤနေ့ရက်ကို ရှုမြင်ရသောအခါ၊ ၎င်းတို့သည် အလွန့်အလွန် ဝမ်းသာကြလိမ့်မည်။ ဤနေ့ရက်သည် အလှမ်းမဝေးသည်ကို ဘုရားသခင်၏ အရေးတကြီး ရည်ရွယ်ချက်မှ တွေ့မြင်နိုင်ပေသည်။

ယနေ့ ဤနေရာတွင် ပြောဆိုထားသည့် နှုတ်ကပတ်တော်များထဲ၌ ဒုတိယနှင့် တတိယအပိုင်းတို့သည် ဘုရားသခင်ကို ချစ်သော သူအားလုံးအထဲ၌ မချိတင်ကဲ ဝေဒနာ မျက်ရည်များ ကျဆင်းစေသည်။ ၎င်းတို့၏ နှလုံးသားများသည် ချက်ချင်း အရိပ်ထဲ၌ ကာဆီးခံရပြီး၊ ထိုအချိန်မှစ၍ လူအားလုံးသည် ဘုရားသခင်၏ နှလုံးသားကြောင့် ကြီးမားသော ဝမ်းနည်းမှုဖြင့် ပြည့်ကြသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်ရှိ သူ၏ အမှုကို မပြီးစီးမီအထိ စိတ်သက်သာရာ ရကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ယေဘုယျ ဦးတည်ရာ ဖြစ်သည်။ “တလိပ်လိပ်ခံစားရသော ဝမ်းနည်းခြင်း အတူပါရှိလျက် ငါ၏ နှလုံးသားအတွင်း၌ အမျက်ဒေါသ ထွက်၏။ ငါ၏ မျက်လုံးများသည် လူတို့၏ လုပ်ဆောင်ချက်များ၊ ၎င်းတို့၏ စကားလုံးတိုင်းနှင့် လုပ်ရပ်တိုင်းကို ညစ်ညူးသောအရာအဖြစ် ရှုမြင်ရသောအခါ၊ ငါ၏ ဒေါသူပုန်ထခြင်းသည် လျှံထွက်လာပြီး၊ ငါ၏ နှလုံးသား၌ လူ့လောက၏ မတရားမှုများနှင့်သက်ဆိုင်သည့် သာ၍ ကြီးမားသော အသိစိတ်တစ်ခု ရှိ၏၊ ယင်းသည် ငါ့ကို သာ၍ ဝမ်းနည်းစေသည်။ ငါသည် လူသား၏ ဇာတိခန္ဓာကို ချက်ချင်း အဆုံးသတ်လိုသည်။ အဘယ်ကြောင့် လူသားသည် လူ့ဇာတိဖြင့် မိမိကိုယ်ကိုယ် သန့်စင်နိုင်စွမ်းရှိသည်ကို ငါမသိ၊ အဘယ်ကြောင့် လူသားသည် လူ့ဇာတိဖြင့် မိမိကိုယ်ကိုယ် မချစ်နိုင်ရသည်ကို ငါမသိ။ လူ့ဇာတိ၏ “လုပ်ငန်းဆောင်တာ”သည် အလွန် ကြီးမြတ်နေ၍များ ဖြစ်နိုင်မည်လော။” ဘုရားသခင်၏ ယနေ့နှုတ်ကပတ်တော်များတွင်၊ ဘုရားသခင်သည် မည်သည့်အရာမျှ ထိမ်ချန်ထားခြင်း မရှိဘဲ၊ သူ၏ နှလုံးသားအတွင်းရှိ စိုးရိမ်သောကအားလုံးကို လူသားထံသို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားပြီးဖြစ်သည်။ တတိယကောင်းကင်၏ ကောင်းကင်တမန်များသည် သူ့အတွက် တေးဂီတများ တီးမှုတ်သောအခါ၊ ဘုရားသခင်သည် ကမ္ဘာမြေပေါ်ရှိ လူတို့ကို တောင့်တဆဲဖြစ်ပြီး၊ သူက “ငါ့ကို ချီးမွမ်းရာ၌ ကောင်းကင်တမန်များသည် တေးဂီတကို တီးမှုတ်လေသောအခါ ဤအရာက လူသားအတွက် ငါ၏ စာနာခြင်းကို မလှုံ့ဆော်ဘဲ မနေနိုင်။ ငါ၏ နှလုံးသားသည် ဝမ်းနည်းခြင်းဖြင့် ချက်ချင်း ပြည့်ပြီး ဤစိတ်မချမ်းမြေ့စရာ စိတ်ခံစားချက်မှ ငါ့ကိုယ်ငါ ဖယ်ရှားပစ်ရန် မဖြစ်နိုင်ချေ”ဟု ပြောဆိုသည်မှာ ဤအရာကြောင့် ဖြစ်သည်။ ဘုရားသခင်က “လူ့လောက၏ မတရားမှုများကို ငါပြင်မည်။ ငါ၏ လူများကို တစ်ဖန် ဘေးပြုခြင်းမှ စာတန်ကို တားမြစ်လျက်၊ ရန်သူများကို ၎င်းတို့စိတ်ကြိုက် တစ်ဖန် လုပ်ဆောင်နေခြင်းမှ တားမြစ်လျက်၊ လောကတစ်လျှောက် ငါ၏ အမှုကို ငါကိုယ်တိုင်၏ လက်များဖြင့် ငါဆောင်ရွက်မည်။ ငါ၏ ရန်သူများ အားလုံးကို မြေပေါ်သို့ လဲကျစေလျက်၊ ပြီးလျှင် ၎င်းတို့၏ ပြစ်မှုများကို ငါ့ရှေ့မှောက် ဝန်ခံလာစေရင်း၊ ငါသည် ကမ္ဘာမြေကြီးပေါ်၌ ရှင်ဘုရင် ဖြစ်လာမည်ဖြစ်ပြီး ငါ၏ပလ္လင်ကို ထိုနေရာသို့ ရွှေ့မည်။” ဟူသည့် နှုတ်ကပတ်တော်များကို ပြောဆိုသည်မှာ ဤအကြောင်းရင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဝမ်းနည်းခြင်းသည် နတ်ဆိုးတို့အတွက် သူ၏ မုန်းတီးခြင်းကို တိုးပွားစေသည်၊ ထို့ကြောင့် သူသည် လူထုထံသို့ နတ်ဆိုးများ မည်သို့ အဆုံးသတ်မည်ကို ကြိုတင် ထုတ်ဖော်ပြလေသည်။ ဤသည်မှာ ဘုရားသခင်၏ အမှုဖြစ်သည်။ ဘုရားသခင်သည် လူအားလုံးနှင့် ပြန်လည်ပေါင်းစည်းရန်နှင့် ခေတ်ဟောင်းကို အဆုံးသတ်ရန် အစဉ် ဆန္ဒရှိခဲ့သည်။ စကြဝဠာအနှံ့က လူအားလုံးသည် စတင်လှုပ်ရှားနေကြသည်- ဆိုလိုသည်မှာ အာကာသထဲရှိ လူအားလုံးသည် ဘုရားသခင်၏ လမ်းပြမှုထဲ ဝင်ရောက်နေကြပေသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့၏ အတွေးများသည် ၎င်းတို့၏ ဧကရာဇ်များကို ပုန်ကန်ခြင်းသို့ လှည့်သွားကြသည်။ များမကြာမီတွင်၊ လောက၏ လူတို့သည် ပရမ်းပတာ အခြေအနေထဲသို့ ပေါ်ပေါက်ကြမည်ဖြစ်ပြီး နိုင်ငံအားလုံးတို့၏ အကြီးအကဲများသည် အရပ်ရပ်သို့ ထွက်ပြေးကြလိမ့်မည်ဖြစ်ကာ၊ နောက်ဆုံးတွင် ခေါင်းဖြတ်စက်ဆီသို့ ၎င်းတို့လူများ၏ တရွတ်တိုက်ဆွဲခြင်း ခံရကြလိမ့်မည်။ ဤသည်မှာ နတ်ဆိုးတို့၏ မင်းများ၏ နောက်ဆုံး အဆုံးသတ်ဖြစ်သည်။ နောက်ဆုံးတွင်၊ ၎င်းတို့မည်သူမျှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့အားလုံးသည် ယင်းကို ဖြတ်သန်းကြရလိမ့်မည်။ ယနေ့တွင်၊ “ပါးနပ်သော” လူတို့သည် စတင်နောက်ဆုတ်ကြပြီး ဖြစ်သည်။ အခြေအနေ အလားအလာမကောင်းသည်ကို မြင်ကြသည့်အခါ၊ ၎င်းတို့သည် နောက်ဆုတ်ရန်နှင့် ကပ်ဘေး၏ ဆင်းရဲဒုက္ခမှ လွတ်မြောက်ရန် ဤအခွင့်အရေးကို အသုံးပြုကြသည်။ သို့သော် ငါသည် ရှင်းရှင်ပြောသည်၊ နောက်ဆုံးသော ကာလအတွင်း ဘုရားသခင် လုပ်ဆောင်သော အမှုသည် အဓိကအားဖြင့် လူသားကို ပြစ်တင်ဆုံးမခြင်း ဖြစ်သည်၊ ထို့ကြောင့် ဤလူများသည် လွတ်မြောက်ရန် အဘယ်သို့လျှင် ဖြစ်နိုင်မည်နည်း။ ယနေ့သည် ပထမအဆင့်ဖြစ်သည်။ တစ်နေ့တွင်၊ စကြဝဠာထဲက အရာရာသည် စစ်ပွဲ၏ အုတ်အော်သောင်းနင်းဖြစ်ခြင်းထဲသို့ ကျဆင်းသွားမည် ဖြစ်သည်။ ကမ္ဘာမြေကြီး၏ လူတို့သည် မည်သည့်အခါတွင်မျှ နောက်တစ်ဖန် ခေါင်းဆောင်များ ရှိကြလိမ့်မည်မဟုတ်၊ အရာခပ်သိမ်းသည် ဘုရားသခင်၏ လက်အားဖြင့် ထိန်းချုပ်ခံထားရသည့်အတွက်၊ ကမ္ဘာလောကတစ်ခုလုံးသည် မည်သူမျှ အုပ်စိုးခြင်း မရှိသော သဲပွအုံကြီးကဲ့သို့ ဖြစ်လိမ့်မည်ဖြစ်ပြီး လူတို့သည် အခြားမည်သူကိုမျှ အလေးမထားဘဲ၊ မိမိတို့၏ ကိုယ်ပိုင် ဘဝများအတွက်သာ အရေးထားကြလိမ့်မည်- ဤသည်မှာ ဘုရားသခင်က “လူသားမျိုးနွယ် အားလုံးသည် ငါ၏ အလိုနှင့်အညီ လောကကြီး၏ အမျိုးမျိုးအစားစားသော တိုင်းနိုင်ငံများကို ဖြိုခွဲနေကြသည်”ဟု ပြောရသည့်အကြောင်းရင်း ဖြစ်သည်။ ယခု ဘုရားသခင်ပြောဆိုသည့် “ကောင်းကင်တမန်တို့၏ တံပိုးများ”ဆိုသည်မှာ လက္ခဏာတစ်ရပ် ဖြစ်သည်- ၎င်းတို့သည် လူသားအတွက် သတိပေးခေါင်းလောင်းကို မြည်ဟည်းစေပြီး တံပိုးများ နောက်တစ်ဖန် အသံမြည်သောအခါ လောကကြီး၏ နောက်ဆုံးသော နေ့ရက် ရောက်ရှိပြီး ဖြစ်ပေလိမ့်မည်။ ထိုအချိန်၌၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှု တစ်ရပ်လုံးသည် ကမ္ဘာမြေကြီးပေါ်သို့ အလုံးစုံ ကျရောက်လိမ့်မည်။ ဤသည်မှာ အကြင်နာကင်းမဲ့သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ခေတ်၏ တရားဝင်အစ ဖြစ်လိမ့်မည်။ ဣသရေလလူမျိုးများအလယ်တွင်၊ ၎င်းတို့အား မတူကွဲပြားသော ပတ်ဝန်းကျင်များတစ်လျှောက် ဦးဆောင်ရန် ဘုရားသခင်၏ အသံ မကြာခဏ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ကြောင့် ကောင်းကင်တမန်များသည်လည်း ၎င်းတို့ထံ ပေါ်လာကြလိမ့်မည်။ ဣသရေလလူမျိုးတို့သည် လအနည်းငယ်မျှအတွင်း စုံလင်စေခြင်း ခံရကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့သည် အဆင်းနီသောနဂါးကြီး၏ အဆိပ်ကို မိမိတို့ကိုယ်ကိုယ်မှ လွင့်ပြယ်စေခြင်း အဆင့်ကို ကြုံရမည်မဟုတ်သောကြောင့်၊ ၎င်းတို့အတွက် အမျိုးမျိုးသော လမ်းပြမှုအောက်၌ မှန်သော လမ်းကြောင်းပေါ်သို့ ဝင်ရောက်ရန်မှာ လွယ်ကူပေလိမ့်မည်။ ဣသရေလထဲက တိုးတက်မှုများမှ စကြဝဠာ တစ်ဝှမ်းလုံး၏ အခြေအနေကို တွေ့မြင်နိုင်ပြီး၊ ဤအရာက ဘုရားသခင်၏ အမှုအဆင့်တို့က မည်မျှ လျင်မြန်သည်ကို ပြသသည်။ “အချိန်ကျရောက်လာလေပြီ။ ငါ၏အမှုတော်ကို ငါသည် စတင်ဆောင်ရွက်စေမည်၊ ငါသည် လူသားတို့အလယ် ရှင်ဘုရင်အဖြစ် စိုးစံမည်။” အတိတ်တွင်၊ ဘုရားသခင်သည် ကောင်းကင်ဘုံ၌သာ စိုးစံခဲ့သည်။ ယနေ့တွင်၊ သူသည် ကမ္ဘာမြေကြီးပေါ်၌ စိုးစံသည်။ ဘုရားသခင်သည် သူ၏ သြဇာအာဏာအားလုံးကို ရုတ်သိမ်းပြီး ဖြစ်၏၊ ထို့ကြောင့် ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ပြန်လည်စီစဉ်မည်မဟုတ်သကဲ့သို့၊ မည်သည့်လူသားကိုမျှ ဝင်စွက်ဖက်ရန် ခွင့်မပြုထားသည့်အတွက်၊ လူသားမျိုးနွယ် အားလုံးသည် နောက်တစ်ဖန် မည်သည့်အခါတွင်မျှ ပုံမှန် လူသားအသက်တာကို ရရှိကြလိမ့်မည် မဟုတ်သည်ကို ကြိုတင်ဟောကိန်းထုတ်ထားပြီးဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင်က လူသားအား “အချိန်ကျရောက်လာလေပြီ။”ဟု မကြာခဏ သတိပေးခြင်း ဖြစ်သည်။ ဣသရေလလူမျိုးများသည် ၎င်းတို့၏ နိုင်ငံသို့ ပြန်လာကြပြီးချိန်တွင်- ဣသရေလနိုင်ငံကို လုံးဝ ပြန်လည်ရရှိသည့် နေ့ရက်တွင်- ဘုရားသခင်၏ ကြီးမြတ်သော အမှု ပြီးစီးလိမ့်မည်။ မည်သူမျှ နားမလည်လိုက်ဘဲနှင့်၊ စကြဝဠာ တစ်လျှောက်ရှိ လူတို့သည် ပုန်ကန်ကြလိမ့်မည်ဖြစ်ပြီး စကြဝဠာအနှံ့ရှိ တိုင်းနိုင်ငံများသည် ကောင်းကင်က ကြယ်များကဲ့သို့ ကျကြလိမ့်မည်။ တစ်ခဏချင်းတွင်၊ ၎င်းတို့သည် ပျက်စီးခြင်းဖြင့် ပြိုလဲကြလိမ့်မည်။ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင်၊ ဘုရားသခင်သည် သူ၏နှလုံးသား နှစ်သက်မြတ်နိုးရာဖြစ်သည့် နိုင်ငံကို တည်ထောင်ပေလိမ့်မည်။

အရှေ့သို့- အခန်း ၂၆

နောက်တစ်ခုသို့- အခန်း ၂၈

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။