၂၈။ ကျွန်မ၏ ပူးပေါင်းဆောင်ရွက်ခြင်း ဇာတ်လမ်း

လီရှန် အမေရိကန်နိုင်ငံ

ကျွန်မသည် အသင်းတော်တစ်ပါးတွင် ရေလောင်းသည့် အလုပ်အတွက် တာဝန်ယူခဲ့ရသည်။ ဧဝံဂေလိသည် ကျယ်ပြန့်လာပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ပိုမိုများပြားသော လူတို့က လက်ခံလာကြသောအခါ ကျွန်မသည် လူသစ်များကို ရေလောင်းရုံတင်မကဘဲ ရေလောင်းသူများကိုလည်း လိုက်ကြီးကြပ်ပေးပြီး သူတို့၏ ပြဿနာများ၊ အခက်အခဲများကို ကူညီဖြေရှင်းပေးသည်။ အရာရာတိုင်းကို အလျဉ်မီအောင်ကား ကျွန်မလိုက်မလုပ်နိုင်ပါ။ ထို့ကြောင့် ယုံကြည်သူအသစ်အချို့သည် အချိန်မီ ရေလောင်းပေးခြင်း မခံရဘဲ စုဝေးပွဲများအတွက် စိတ်အားထက်သန်မှု ပျောက်ဆုံးသွားကြသည်။ အလုပ်တွင် နှောင့်နှေးမှုများ မဖြစ်စေရန်အတွက် ကျွန်မ၏ ခေါင်းဆောင်သည် ညီအစ်မကျန်းကို ကျွန်မနှင့်အတူ တွဲလုပ်စေဖို့ ဆုံးဖြတ်လိုက်၏။ ဤသို့ကြားရသောအခါ ကျွန်မပျော်ရွှင်မိသည်။ အဘယ်ကြောင့်ဆိုသော် ညီအစ်မကျန်းသည် ပြဿနာများကို သမ္မာတရားအပေါ် မိတ်သဟာယပြု၍ ဖြေရှင်းနိုင်ပြီး သူ၏ တာဝန်တွင် ဝန်တာထားတတ်သည့်စိတ်လည်း ရှိသည်။ သူသည် ရေလောင်းခြင်းတွင် ရလဒ်ကောင်းများ အစဉ် ရရှိ၏။ သူနှင့် လက်တွဲလုပ်ကိုင်ခြင်းသည် ကျွန်မ၏ အားနည်းချက်များကို ဖာထေးပေးမည်ဖြစ်ပြီး ကျွန်မအတွက် အလုပ်ဖိအားအချို့လည်း လျော့သွားလိမ့်မည်။

နောက်ပိုင်းတွင် ညီအစ်မကျန်းကို ရေလောင်းအဖွဲ့သို့ ကျွန်မ ထည့်လိုက်သည်။ ထိုအချိန်က ရေလောင်းအဖွဲ့မှ အချို့လူတို့သည် အတော်အတန် တက်ကြွမှုမရှိပေ။ ညီအစ်မကျန်းက သူတို့၏ အခြေအနေများကို ဖြေရှင်းရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စတင်ပြီး မိတ်သဟာယဖွဲ့သည်။ အဖွဲ့ဝင်များက မေးခွန်းများမေးသောအခါ သူက ချက်ချင်း တုံ့ပြန်သည်။ ထိုအရာအားလုံးကို မြင်ရသည်မှာ ကျွန်မအတွက် သက်သောင့်သက်သာ မရှိလှပါ။ ယခင်က အလုပ်နှင့် ဆက်နွှယ်သော အရာများကို ကျွန်မတစ်ဦးတည်း ဦးဆောင်ရသောအခါ သူတို့၏ မေးခွန်းများကို ဖြေပေးသည်မှာ အစဉ်သဖြင့် ကျွန်မပင်ဖြစ်ကြောင်း၊ သို့သော် သူရောက်ရှိလာပြီး ဦးဆောင်သည့်နေရာကို ယူသွားသဖြင့် ကျွန်မက အရိပ်ထဲတွင် ကျန်နေရစ်ခဲ့ကြောင်း၊ ထို့အပြင် သူ၏ မိတ်သဟာယတွင် ကျွန်မ၌ မရှိသော အလင်းပေးခြင်းရှိကြောင်း၊ ထို့ကြောင့် ကျွန်မထက် သူသာသည်ဟု လူတိုင်းက သေချာပေါက် ထင်မြင်ကြလိမ့်မည်ဖြစ်ကြောင်း ကျွန်မတွေးနေမိ၏။ ဤအတွေးက ကျွန်မကို အလွန်ပင် အနေရခက်စေခဲ့သည်။ ကျွန်မ၏ ထင်ပေါ်မှုကို သူက ခိုးယူနေပြီး အဘက်ဘက်တွင် ကျွန်မက သူ့ထက် နိမ့်ကျသည့် ပုံပေါက်အောင် သူပြုလုပ်နေသည်ဟု ခံစားမိသဖြင့် ကျွန်မသူ့ကို သဘောမတွေ့ခဲ့ပါ။ အဖွဲ့ဆီသို့ သူပို့သည့် စာများကို ကျွန်မ မဖတ်တော့ဘဲ သူနှင့် တက်တက်ကြွကြွ ဆက်သွယ်ပြောဆိုခြင်း မပြုတော့ပါ။ ကျွန်မက သူ့ကို တမင်သက်သက် သီးခြားခွဲထားခြင်း ဖြစ်သည်။ ကျွန်မက ညီအစ်မကျန်းအား အလုပ်၏ နောက်ဆုံးအခြေအနေများကို တက်တက်ကြွကြွ အသိပေးခြင်း မရှိသောကြောင့် ရက်အနည်းငယ်ကြာပြီးနောက်တွင်ပင် သူသည် ညီအစ်ကိုမောင်နှများ၏ အခြေအနေမှန်ကို မသိနိုင်ဘဲဖြစ်နေပြီး ကျွန်မတို့အလုပ်ကလည်း မတိုးတက်ခဲ့ပါ။ ရေလောင်းအဖွဲ့ဝင်များ၏ အခြေအနေနှင့် အခက်အခဲများကို ချက်ချင်း မိတ်သဟာယပြုပြီး ဖြေရှင်းရန်အတွက် သူတို့ထံ ကျွန်မစကားသွားပြောသင့်သည်ကို ကျွန်မသိပါသည်။ သို့သော် ညီအစ်မကျန်းက ခေါင်းဆောင်နေရာကို ယူထားပြီး ရေလောင်းအလုပ်ကို ကိုင်တွယ်သည်မှာ အဓိကအားဖြင့် သူဖြစ်ကြောင်း လူတိုင်းက မပြောဘဲ နားလည်နေကြသည်ပင်ဟု ကျွန်မစဉ်းစားမိသည်။ အဖွဲ့ဝင်များ၏ ပြဿနာများကို ကျွန်မဖြေရှင်းပေးလိုက်ပြီး အလုပ်က အဆင်ပြေသွားလျှင် တကယ့်အခြေအနေကို မသိသော ညီအစ်ကိုမောင်နှမအချို့က ဤသည်မှာ ညီအစ်မကျန်းကြောင့်ဖြစ်သည်ဟု ပြောပြီး သူ့ကို ပို၍ပင် အထင်ကြီးလေးစားကြမည်ကို ကျွန်မစိုးရွံ့မိခဲ့သည်။ ဤသို့ဆိုလျှင် ကျွန်မကို မည်သူမျှ မြင်တော့မည်မဟုတ်။ ထို့ကြောင့် ရေလောင်းအဖွဲ့ဝင်များနှင့် မိတ်သဟာယမဖွဲ့ခဲ့ပါ။ ရက်အနည်းငယ် ကြာသွားပြီး ကျွန်မတို့ရေလောင်းအလုပ်၏ ထိရောက်မှုက ဆက်လက် ကျဆင်းနေခဲ့သည်။ ညီအစ်မကျန်းက စိတ်ပူပင်နေပုံပေါ်ပြီး မိတ်သဟာယအတွက် အဖွဲ့ဆီသို့ ဘုရားနှုတ်ကပတ်တော်များ ဆက်ပို့နေသည်ကို ကျွန်မမြင်သည်။ သို့သော် ကျွန်မက အရေးမစိုက်ဘဲ အနည်းငယ်ပင် ကျေနပ်နေခဲ့၏။ အလုပ်က အဆင်မပြေနေသည်မှာ ပို၍ကောင်းသည်၊ ဤသို့ဆိုလျှင် ညီအစ်မကျန်းက မတော်ကြောင်း၊ ကျွန်မကို မမီကြောင်း ခေါင်းဆောင်က ပြောလိမ့်မည်ဟု ကျွန်မထင်မိသည်။ ကျွန်မအနေနှင့် ဤအတွေးများကို အမှန်တကယ် ဘဝင်ကျလှခြင်း မရှိသော်လည်း ထိုအချိန်က ဤအရာတို့အပေါ် အလေးအနက် မဆင်ခြင်ကြည့်ခဲ့ပါ။

တစ်နေ့တွင် ခေါင်းဆောင်တစ်ယောက်က ကျွန်မတို့၏ ရေလောင်းအလုပ်သည် ယခုတစ်လော သိပ်အဆင်မပြေကြောင်း၊ ညီအစ်မကျန်းက လူသစ်များအကြောင်း လေ့လာလိုနေသဖြင့် သူ့ကို သူတို့၏ စုဝေးသည့်အဖွဲ့များထဲသို့ ကျွန်မထည့်ပေးသင့်ကြောင်း ကျွန်မကို ပြောလာသည်။ ဤအရာကို စီစဉ်ရမည်ဟု ခေါင်းဆောင်က ပြောသည်ကို ကျွန်မကြားရသည့်အခါ ကျွန်မနှလုံးက တဒိတ်ဒိတ် ခုန်သွား၏။ ညီအစ်မကျန်းက ကျွန်မထက်ပို၍ ကျွမ်းကျင်မှုရှိပုံ၊ ဤအဖွဲ့ စုဝေးပွဲများကို သူဝင်ပါလျှင်၊ ယုံကြည်သူအသစ်များ၏ ပြဿနာများကို အလွန်လျင်မြန်စွာ သိကျွမ်းအောင် ပြုလုပ်ပြီး ဖြေရှင်းလျှင်၊ ကျွန်မတို့အလုပ်ကို နားလည်လာလျှင် ကျွန်မသည် သူနှင့် မယှဉ်နိုင်ဖြစ်သွားမည့်ပုံတို့ကို ကျွန်မတွေးမိသည်။ သူ့ကို အဖွဲ့အားလုံးဆီသို့ မသွားစေချင်ခဲ့ဘဲ ဤအရာများကို ကျွန်မဘာသာ အဖြေရှာနိုင်သည်ဟု တွေးမိသည်။ ထို့ကြောင့် ငြင်းဆန်ရန် ဆင်ခြေများကို ကျွန်မရှာခဲ့သည်။ နောက်ပိုင်းတွင် ဤအရာနှင့်ပတ်သက်ပြီး ကျွန်မအပြစ်ရှိသကဲ့သို့ ခံစားရကာ ဘုရားသခင်ထံ ဆုတောင်းခဲ့၏။ ဤသို့ပြုလုပ်ခြင်းအားဖြင့် ကျွန်မသည် မိမိကိုယ်ပိုင်နာမည်နှင့် ဂုဏ်အဆင့်အတန်းကို ကာကွယ်နေခြင်းသာ ဖြစ်ကြောင်း၊ ယင်းသည် ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီကြောင်းကို ဆုတောင်းခြင်းမှတစ်ဆင့် သဘောပေါက်ခဲ့သည်။ သို့သော် ညီအစ်မကျန်းကို စုဝေးပွဲအဖွဲ့တိုင်းတွင် ချက်ချင်းထားဖို့ ကျွန်မမလိုလားခဲ့သကဲ့သို့ နောက်ဆုံး၌ ကျွန်မရာထူးအား သူယူသွားမည်ကိုလည်း ကြောက်မိသည်။ ထို့နောက်တွင် ဘာသာရေးဓမ္မဆရာများသည် သူတို့၏ ဂုဏ်အဆင့်အတန်းကို ကာကွယ်ပြီး သူတို့၏ အသက်မွေးမှုကို ကိုင်စွဲထားဖို့အတွက် အသင်းတော်များကို ပိတ်ဆို့ရန် သူတို့တတ်နိုင်သမျှ အရာရာကို ပြုလုပ်ပြီး ယုံကြည်သူများကို သူတို့လက်ခုပ်အတွင်းတွင် တင်းကျပ်စွာ ထားသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ နောက်ဆုံးသောကာလ အအမှုတော်ကို စူးစမ်းဖို့၊ သို့မဟုတ် သခင်ပြန်ကြွလာခြင်းကို ကြိုဆိုဖို့ ခွင့်မပြုသည်ကိုလည်းကောင်း ကျွန်မတွေးမိသည်။ သူတို့သည် ဘုရားသခင်နှင့် ရင်ဆိုင်ယှဉ်ပြိုင်ကြပြီး ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်က ဖွင့်ပြသော အန္တိခရစ်များ ဖြစ်ကြသည်။ ကျွန်မသည် ကျွန်မ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ကာကွယ်နိုင်ရန်အတွက် ညီအစ်မကျန်းကို ကျွန်မတို့အလုပ်တွင် ပါဝင်ခွင့်မပြုခြင်းဖြစ်သည်။ ကျွန်မသည်လည်း ညီအစ်ကိုမောင်နှမများကို ကျွန်မလက်ခုပ်ထဲတွင် တင်းကျပ်စွာ သိမ်းထားခြင်း မဟုတ်ပါလား။ ကျွန်မသည် ဓမ္မဆရာများကဲ့သို့ပင် ဘုရားသခင်ကို ဆန့်ကျင်နေခြင်းဖြစ်၏။ ကျွန်မအနေနှင့် ချက်ချင်း လမ်းကြောင်းပြောင်းပြီး ကျွန်မ၏ မမှန်ကန်သော ရည်ရွယ်ချက်များအား စွန့်ပစ်ရမည်ကို သိခဲ့ပါသည်။ နောက်တစ်နေ့တွင် ညီအစ်မကျန်းကို စုဝေးပွဲအဖွဲ့များတွင် ထည့်လိုက်ပြီး ကျွန်မအနည်းငယ် စိတ်သက်သာရာ ရသွားသည်။

သူ့ကို စုဝေးပွဲအဖွဲ့များအတွင်းသို့ ကျွန်မထည့်လိုက်သော်လည်း အလုပ်အကြောင်း ဆွေးနွေးရန်အတွက် သူ့ကို မရှာခဲ့ပါ။ ထို့ကြောင့် ကျွန်မတို့နှစ်ဦးသားက ကိုယ့်အလုပ် ကိုယ်လုပ်နေကြဆဲဖြစ်သည်။ အချိန်နှစ်ပတ်မျှ ကုန်သွားပြီး ကျွန်မတို့၏ ရေလောင်းအလုပ်က မတိုးတက်လာသေးပါ။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု ခေါင်းဆောင်က မေးသောအခါ မည်သို့တုံ့ပြန်ရမည်ကို ကျွန်မမသိခဲ့ပါ။ နောက်ပိုင်းတွင် ကျွန်မအပြစ်ရှိနေသကဲ့သို့ ခံစားရသည်။ ထို့နောက် ကျွန်မဝတ်ပြုကိုးကွယ်ပြီး ဆင်ခြင်ရာတွင် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ဖတ်ခဲ့ရပါသည်- “လူတို့၌ သူတို့ကိုယ်သူတို့ အခြေခံကျသော သို့မဟုတ် ပဓာနကျသော သိနားလည်မှု မရှိကြပေ၊ ထို့ထက် သူတို့သည် သူတို့၏ လုပ်ဆောင်ချက်များနှင့် အပြင်ပန်းဖော်ပြချက်များအပေါ် အာရုံစိုက်၍ သူတို့၏စွမ်းအားကို မြှပ်နှံထားကြသည်။ အကယ်၍ လူတစ်ဦးက သူ့ကိုယ်သူ သိနားလည်သည့်အကြောင်း တစ်ခုခုကို ရံဖန်ရံခါ ပြောခဲ့လျှင်လည်း ၎င်းမှာ အလွန်လေးနက်မည် မဟုတ်ချေ။ ဤကဲ့သို့သောအရာမျိုးကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် သို့မဟုတ် တစ်ခုခုကို ထုတ်ဖော်ထားပြီးဖြစ်သောကြောင့် သူသည် ဤကဲ့သို့သောလူစားမျိုးဖြစ်ကြောင်း သို့မဟုတ် ဤကဲ့သို့သော သဘာဝဗီဇမျိုး ရှိကြောင်းကို မည်သူကမျှ တစ်ခါမျှ တွေးဖူးကြမည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ သဘာဝနှင့် ပဓာနကျခြင်းတို့ကို ထုတ်ဖော်ခဲ့ပြီးဖြစ်သည်၊ သို့သော်လည်း လူတို့သည် သူတို့၏ ပြောပုံဆိုပုံနှင့် လုပ်နည်းကိုင်နည်းတို့မှာ အားနည်းချက်ရှိကြောင်းနှင့် မပြည့်စုံကြောင်းကို နားလည်ကြ၏၊ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ရန်မှာ လူတို့အတွက် အားသွန်ခွန်စိုက်လုပ်ရသော အလုပ်တစ်ခု ဖြစ်လေသည်။ လူတို့က သူတို့၏ အမှားများမှာ ၎င်းတို့၏ ဗီဇသဘာဝ ထုတ်ဖော်ချက်များ မဟုတ်ဘဲ အမှတ်တမဲ့ ထွက်ပေါ်လာသည့် ခေတ္တခဏမျှဖြစ်သော သရုပ်သကန်များသာ ဖြစ်သည်ဟု ထင်ကြသည်။ ဤသို့ တွေးထင်သော လူတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြချေ။ အဘယ့်ကြောင့်ဆိုသော် သမ္မာတရားအား သမ္မာတရားအဖြစ် သူတို့ လက်မခံနိုင်သကဲ့သို့ သမ္မာတရားကို ဆာငတ်ခြင်းမရှိကြသောကြောင့် ဖြစ်၏။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့ကျင့်ဆောင်သည့်အခါ သူတို့သည် ဝတ်ကျေတမ်းကျေ လုပ်ကြပြီး စည်းမျဉ်းများကိုသာ လိုက်နာကြသည်။ လူတို့က သူတို့၏ သဘာဝဗီဇများမှာ အလွန်ဖောက်ပြန်ပျက်စီးသည်ဟု မရှုမြင်ကြချေ၊ ပြီးလျှင် ၎င်းတို့ ဖျက်ဆီးခံသင့်ဖို့ သို့မဟုတ် အပြစ်ပေးခံသင့်ဖို့ ၎င်းတို့ သိပ်မဆိုးကြဟု ယုံကြည်ကြလေသည်။ ရံဖန်ရံခါ လိမ်ညာသည်မှာ သိပ်အရေးမကြီးဟု ၎င်းတို့ ထင်ကြပြီး၊ ၎င်းတို့ကိုယ်၎င်းတို့ ယခင်ကထက် များစွာပိုကောင်းကြသည်ဟု ထင်မှတ်ကြသည်။ သို့သော်လည်း သူတို့သည် သမ္မာတရားကို အမှန်တကယ် လက်တွေ့မကျင့်ဆောင်ကြသောအခါ၌၊ လူတို့၌ အပြင်ပန်းအားဖြင့် သမ္မာတရားကို မချိုးဖောက်သည့် လုပ်ဆောင်ချက်များအချို့သာ ရှိသောကြောင့်၊ အမှန်တွင် ၎င်းတို့သည် စံပြည့်မီဖို့ မည်သည့်နေရာတွင်မျှ မနီးစပ်ကြချေ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ) ဤအရာကို ဆင်ခြင်တွေးတောကြည့်သည့်အခါ ကိုယ့်ကိုယ်ကိုယ် သိမြင်ဖို့အတွက် ကျွန်မ၏ အတွေးများ၊ ရည်ရွယ်ချက်များ၊ အမြင်ရှုထောင့်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်သင့်သည်ကိုလည်းကောင်း၊ ကျွန်မ၏ သဘာဝ၊ အနှစ်သာရနှင့် ကျွန်မလျှောက်နေသောလမ်းကြောင်းကို သိပြီး စိစစ်လေ့လာကာ ထို့နောက်တွင် ယင်းကို သမ္မာတရားနှင့် ဖြေရှင်းရန် ကြိုးပမ်းသင့်သည်ကိုလည်းကောင်း ကျွန်မနားလည်ခဲ့ပါသည်။ ဤသည်မှာ အမှန်တကယ် ပြောင်းလဲပြီး နောင်တရရန် တစ်ခုတည်းသော နည်းလမ်းဖြစ်၏။ ကျွန်မတို့အနေနှင့် မိမိတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိသည်ကိုသာ အသိအမှတ်ပြုလျှင်၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်သဘာဝနှင့် အနှစ်သာရကို မသိရှိဘဲ၊ မိမိတို့သည် မည်မျှနက်နဲစွာ ဖောက်ပြန်ပျက်စီးကြောင်း၊ သို့တည်းမဟုတ် မိမိတို့ရှိနေသည့် အခြေအနေသည် မည်မျှအန္တရာယ်ရှိကြောင်းကို မမြင်ဘဲ တစ်ခုခု အမှားလုပ်ခဲ့သည်ဟုသာ အသိအမှတ်ပြုလျှင် ကျွန်မတို့သည် စစ်မှန်စွာ နောင်တရဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရှာဖွေဖို့၊ ပြောင်းလဲအောင် အားထုတ်ဖို့ တောင့်တမည် မဟုတ်ပါ။ ကျွန်မသည် ကျွန်မနာမည်နှင့် ဂုဏ်အဆင့်အတန်းကို ကာကွယ်နေကြောင်းနှင့် ညီအစ်မကျန်းကို အဖွဲ့များသို့ မပါဝင်စေလိုခြင်းသည် ဘုရားသခင်ကို အာခံခြင်းဖြစ်ကြောင်းကိုသာ အသိအမှတ်ပြုနေသော်လည်း ကျွန်မထုတ်ဖော်ပြနေသည်မှာ မည်သည့်စိတ်သဘောထားမျိုး ဖြစ်သည်၊ ယင်း၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်၊ ကျွန်မ၏ တာဝန်တွင် မည်သည့်လမ်းကြောင်းပေါ် ကျွန်မရောက်နေသည်တို့ကို ရှင်းလင်းစွာ လုံးဝနားမလည်ခဲ့ပါ။ အဆုံး၌ ကျွန်မသည် သူ့ကို အဖွဲ့များထဲသို့ ထည့်ပေးခဲ့သော်လည်း ယင်းက အပြုအမူပိုင်း ပြောင်းလဲခြင်းသာဖြစ်သည်၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ကျွန်မမဖြေရှင်းခဲ့ပါ။ ထို့အပြင် ကျွန်မ၏ အတ္တကို ဘေးသို့ အမှန်တကယ်ဖယ်ပြီး သူနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ပါ။ ကျွန်မတို့အလုပ်သည် ဤနည်းဖြင့် မည်သို့အောင်မြင်နိုင်မည်နည်း။ ဤအရာကို ကျွန်မသဘောပေါက်သောအခါ ဆုတောင်းပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့အတွက် ကျွန်မကို လမ်းပြပေးပါရန် ဘုရားသခင်ကို တောင်းလျှောက်လိုက်သည်။

တစ်နေ့ ကျွန်မဝတ်ပြုကိုးကွယ်စဉ် ဤဘုရားနှုတ်ကပတ်တော်တို့ကို တွေ့ခဲ့သည်- “အခြားသူများသည် မိမိတို့ထက် ပို၍ သာလွန်ပြီး ပို၍ မြင့်မားမည်ကိုလည်းကောင်း၊ မိမိတို့က ပစ်ပယ်ခြင်းခံရစဉ်တွင် အခြားသူများက ရိုသေကြည်ညိုခြင်း ခံရမည်ကိုလည်းကောင်း အစဉ် စိုးရွံနေသည့်သူအချို့ ရှိကြသည်။ ဤအရာက သူတို့ကို အခြားသူများအား တိုက်ခိုက်ပြီး ဖယ်ကြဉ်စေသည်။ ဤသည်မှာ မိမိတို့ကိုယ်တိုင်ထက် တတ်စွမ်းနိုင်သူတို့ကို မနာလိုဝန်တိုခြင်း ကိစ္စရပ်တစ်ခု မဟုတ်လော။ ထိုသို့သော အပြုအမူက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်ပါသနည်း။ ယင်းမှာ မလိုတမာစိတ် ဖြစ်၏။ မိမိအတွက်ကိုသာ စဉ်းစားခြင်း၊ မိမိ၏ကိုယ်ပိုင် စိတ်ဆန္ဒများကိုသာ ဖြည့်ဆည်းခြင်း၊ အခြားသူများအတွက် စာနာထောက်ထားမှု လုံးဝမပြခြင်း၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးများကို မစဉ်းစားခြင်း- ဤသို့သော လူတို့သည် ဆိုးသော စိတ်သဘောထားတစ်ခု ပိုင်ဆိုင်ပြီး သူတို့အတွက် ဘုရားသခင်တွင် ချစ်ခြင်းမေတ္တာမရှိပါ။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) “အန္တိခရစ်တို့သည် အသင်းတော်၏ အကျိုးစီးပွားအပါအဝင်၊ ဘုရားအိမ်တော်၏အမှုကို လုံးလုံး ၎င်းတို့၏ကိုယ်ပိုင်အဖြစ်၊ အခြားမည်သူမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ ၎င်းတို့သာ လုံးလုံး စီမံခန့်ခွဲသင့်သည့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုအဖြစ် ယူဆကြသည်။ ထို့ကြောင့် ဘုရားသခင်အိမ်တော်၏ အမှုကို လုပ်ဆောင်သည့်အခါ၊ ၎င်းတို့ တွေးသည့်တစ်ခုတည်းသော အရာများမှာ ၎င်းတို့၏ အကျိုးစီးပွားများ၊ ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်နှင့် ဩဇာတိက္ကမတို့သာ ဖြစ်သည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ဂုဏ်ဒြပ်နှင့် ဂုဏ်သတင်းကို ဒုက္ခပေးမည့်ဟန်ရှိသည့်သူ မည်သူကိုမဆို ၎င်းတို့ ငြင်းပယ်သည်။ ၎င်းတို့သည် ထိုသူတို့ကို ဖိနှိပ်ပြီး ဝိုင်းပယ်ထားကြသည်။ အထူးတာဝန်အချို့ကို ထမ်းဆောင်ခြင်းအတွက် အသုံးတည့်ပြီး သင့်တော်သည့်သူများကိုပင် ၎င်းတို့က ကြဉ်ထားပြီး ဖိနှိပ်ထားသည်။ ၎င်းတို့သည် ဘုရားသခင်အိမ်တော်၏ အမှုတော်အတွက် သို့မဟုတ် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများအတွက် အရေးထားခြင်း စိုးစဉ်းမျှ မရှိပေ။ မည်သူမဆိုက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နိုင်လျှင်၊ ၎င်းတို့ကို မနာခံလျှင်၊ ၎င်းတို့ကို မည်သို့မျှ အရေးမစိုက်လျှင်၊ ၎င်းတို့သည် ထိုသူတို့အား ကြဉ်ထားပြီး၊ ဖိနှိပ်သည်။ ထိုသူတို့အား ခပ်ခွာခွာနေသည်။ ၎င်းတို့၏ အလုပ်ဖော်ဖြစ်ခွင့်မပြုပေ။ ၎င်းတို့၏ အာဏာနယ်ပယ်အတွင်းတွင် မည်သည့်အရေးပါသည့် ရာထူးကိုမဆို၊ မည်သည့်အရေးကြီးသည့် ကဏ္ဍဍကိုမဆို ထိုသူတို့အား မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ပေ။ ဤလူတို့သည် မည်သည့်ကောင်းမှုများကို လုပ်ဆောင်သည်ဖြစ်စေ— ဘုရားအိမ်တော်အပေါ် အကျိုးဖြစ်စေသည့် အမှုများဖြစ်စေ— အန္တိခရစ်တို့သည် ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ကောင်းသောအရာများအတွက် နာမည်ရယူပြီး မကောင်းသောအပြုအမူကို သူတစ်ပါးတို့အပေါ် ပုံချရန်အတွက် အချက်အလက်များကိုပင် မလိမ့်တစ်ပတ်လုပ်ကြလိမ့်မည်။ အခြားလူများသည် ညီအစ်ကိုမောင်နှမများ၏ ချီးကျူးထောက်ခံခြင်းကို ရရှိပြီး ၎င်းတို့၏ရာထူးကို ခြိမ်းခြောက်လာခြင်းမှ ဟန့်တားဖို့အလို့ငှာ ထိုသူတို့၏ အားသာချက်များနှင့် စင်ကြယ်သောအကျင့်များကို ညီအစ်ကိုမောင်နှမများ မမြင်စေရန် ၎င်းတို့ တားဆီးကြသည်။...အန္တိခရစ်များ၏အမြင်တွင် ၎င်းတို့က ‘ကျွန်ုပ်သည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ကျွန်ုပ်နှင့်ယှဉ်ပြိုင်ဖို့ ကျွန်ုပ်၏ အဖွဲ့ထဲတွင် အခန်းကဏ္ဍဍတစ်ခု လိုချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းတောင်မစဉ်းစားလေနှင့်။ သင်သည် ကျွန်ုပ်ထက် သာ၍ တတ်နိုင်စွမ်းသည်၊ ကျွန်ုပ်ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ကျွန်ုပ်ထက် သာ၍ ပညာတတ်ပြီး ကျွန်ုပ်ထက် လူကြိုက်များသည်။ ကျွန်ုပ်၏ ထင်ရှားကျော်ကြားမှုနှင့်ဩဇာအာဏာကို သင် လုယူသွားပါက ကျွန်ုပ် မည်သို့လုပ်ရမည်နည်း။ သင်သည် ကျွန်ုပ်အား သင်နှင့်တွဲဖက်၍ အလုပ်လုပ်စေလိုသလော။ စဉ်းတောင် မစဉ်းစားလေနှင့်။’ ဟု တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားနေခြင်းလော။ မဟုတ်ပေ။ ၎င်းတို့ တွေးတောသမျှ အရာအားလုံးသည် ၎င်းတို့ကိုယ်တိုင်၏ ဂုဏ်ဒြပ်ကို ထိန်းသိမ်းဖို့ နည်းလမ်းသာ ဖြစ်သောကြောင့် ၎င်းတို့သည် ဤလူများကို အသုံးပြုခြင်းထက် ဘုရားသခင်အိမ်တော်၏ အကျိုးစီးပွားများကိုသာ ထိခိုက်စေလိမ့်မည်။ ဤသည်မှာ ကြဉ်ထားခြင်း ဖြစ်သည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် အခြားသူများအား သမ္မာတရား သို့မဟုတ် ဘုရာသခင်ကို မနာခံစေဘဲ၊ ၎င်းတို့ကိုသာ နာခံစေသည် (အပိုင်း ၁)”) အန္တိခရစ်များကို ဖော်ထုတ်သည့် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရသည်မှာ ကျွန်မတရားစီရင်ခံခြင်းပင် ဖြစ်သည်။ အန္တိခရစ်များသည် ဂုဏ်အဆင့်အတန်းကို အထူးတန်ဖိုးထားပြီး သူတို့၏ အလုပ်နယ်ပယ်တွင် သူတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်သောသူ တစ်စုံတစ်ယောက် ပေါ်လာသောအခါ သူတို့သည် ထိုလူကို ဖိနှိပ်ပြီး သီးသန့်ခွဲခြားထားသည်ဟု ဘုရားသခင်က ပြောသည်။ သူတို့ကို အရေးကြီးသော၊ သို့မဟုတ် ဦးဆောင်ရသော နေရာများကို ယူခွင့်မပေးပေ။ ပြီးလျှင် အန္တိခရစ်များသည် သူတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းကို ကာကွယ်ရန် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုပင် စွန့်လွှတ်လိမ့်မည်။ သူတို့သည် အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး မလိုမုန်းထားတတ်ကြသည်။ ကျွန်မ၏ အပြုအမူသည် အန္တိခရစ်တစ်ယောက်ကဲ့သို့ပင် ဖြစ်နေသည် မဟုတ်ပါလား။ ကျွန်မနှင့်အတူ အလုပ်လုပ်ရန် ညီအစ်မကျန်း ရောက်လာစဉ်ကတည်းက သူသည် ထိုအလုပ်တွင်လည်းကောင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ရာတွင်လည်းကောင်း ကျွန်မထက် သာသည်ကို တွေ့ခဲ့သည်။ ဤအတွက်ကြောင့် ကျွန်မစိတ်မချမ်းမသာဖြစ်ပြီး သူ့ကို ကျွန်မ၏ ရန်သူ၊ ကျွန်မ၏ ပြိုင်ဘက်အဖြစ် မှတ်ယူခဲ့သည်။ သူရောက်ရှိလာသောအခါ သူသည် ခေါင်းဆောင်နေရာကို ယူနေပြီး ကျွန်မ၏ ထင်ပေါ်မှုအားလုံးကို ခိုးယူနေသည်ဟုလည်းကောင်း၊ ကျွန်မတို့၏ အလုပ်စွမ်းဆောင်မှုကို သူဆက်လက်တိုးတက်စေလျှင် ကျွန်မက အရည်အချင်းမရှိသည့်ပုံ ပေါက်သွားမည်ဟုလည်းကောင်း တွေးခဲ့သည်။ ဤအတွက်ကြောင့် သူနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်မတို့အလုပ်နှင့် သူ့ကို ရင်းနှီးအောင် လုပ်ပေးရမည့်အစား သူ့ကို တမင်တကာ သီးသန့်ခွဲခြားထားခဲ့သည်။ ကျွန်မတို့၏ ရေလောင်းအလုပ်က ထိခိုက်နေသည်ကို ကျွန်မမြင်သည့်အခါ အလုပ်ကို ဆက်လက်လုပ်ကိုင်ခြင်း မရှိခဲ့၊ သို့မဟုတ် ပြဿနာများကို မဖြေရှင်းခဲ့ပါ။ ထို့ထက် ပြဿနာများကို ကျွန်မဖြေရှင်းပေးလိုက်၍ ရလဒ်များ ပိုကောင်းလာလျှင် ညီအစ်မကျန်းက နာမည်ရသွားမည်ကို ကြောက်ရွံ့မိခဲ့သည်။ ပိုဆိုးသည်မှာ ကျွန်မတို့အလုပ်၏ ထိရောက်မှုက ဆက်လက်ကျဆင်းနေသည်ကို မြင်ရသောအခါ ကျွန်မသည် စိတ်မပူဘဲ ကျေနပ်ပင် ကျေနပ်နေခဲ့၏။ အလုပ်က ထိခိုက်နေသည်ကို ကျွန်မကျေနပ်ခဲ့ပြီး ဤအတွက်ကြောင့် ကျွန်မသည် သူ့ထက်သာသည်ဟု ခေါင်းဆောင်က ထင်လိမ့်မည်၊ ကျွန်မ၏ ရာထူးက စိတ်ချရလိမ့်မည်ဟု တွေးခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင်နာမည်နှင့် အဆင့်အတန်းကိုသာ ဂရုစိုက်ခဲ့ပြီး သူ၏ အခက်အခဲများကိုသော်လည်းကောင်း၊ ရလဒ်အနေဖြင့် လူသစ်များက ကောင်းမွန်စွာ ရေလောင်းပေးခြင်း မခံရလျှင် မည်သည့်အကျိုးဆက်များ ဖြစ်လာမည်ကိုသော်လည်းကောင်း နည်းနည်းမျှ ထည့်မစဉ်းစားခဲ့ပါ။ ကျွန်မသည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး မလိုမုန်းထားခဲ့ပါ၏။ ညီအစ်မကျန်းကို အဖွဲ့များထဲသို့ ခေါ်ရန် ခေါင်းဆောင်က ကျွန်မကို ခိုင်းသောအခါ ကျွန်မက ပို၍ပင် တင်းခံနေခဲ့မိသည်။ သူကျွန်မထက် ကျော်သွားတော့မည်၊ သို့မဟုတ် ကျွန်မကိုပင် အစားထိုးလိမ့်မည်ဟု ခံစားမိခဲ့သည်။ ထို့ကြောင့် ငြင်းဆန်ရန် အကြောင်းပြချက်များကို ရှာခဲ့၏။ ကျွန်မ၏ နေရာကို ထိန်းထားရန်အတွက် ကျွန်မသည် သူ့ကို ဖယ်ကြဉ်ထားပြီး အသင်းတော်ကို ကျွန်မ၏ ကိုယ်ပိုင်နယ်မြေကဲ့သို့ ဆက်ဆံခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် တာဝန်နယ်ပယ်အတွင်းတွင် သူ့ကို ထင်ပေါ်ရန် မည်သည့်အခွင့်အရေးမျှ မပေးခဲ့ပါ၊ သို့မဟုတ် သူ၏ အားသာချက်များကို ထုတ်ပြခွင့် မပေးခဲ့ပါ။ ကျွန်မသည် အာဏာရှင်တစ်ယောက် ဖြစ်နေခဲ့ခြင်းဖြစ်၏။ ဤသည်မှာ အန္တိခရစ်၏ စိတ်သဘောထားကို ထုတ်ဖော်ပြနေခြင်းမဟုတ်ပါလား။ ကျွန်မနည်းနည်း အံ့အားသင့်သွားခဲ့ရသည်။ ကျွန်မအနေနှင့် အလွန်မာနထောင်လွှားပြီး၊ မလိုမုန်းထားနိုင်လိမ့်မည်၊ ကျွန်မ၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းကို ထိန်းဖို့အတွက်နှင့် အလွန် ဖယ်ကြဉ်ပြီး အာဏာရှင်ဆန်နိုင်လိမ့်မည်ဟု လုံးဝ မထင်ခဲ့မိပါ။ ကျွန်မသည် လူသစ်များအား ရေလောင်းခြင်းကိုသော်လည်းကောင်း၊ ဘုရားအိမ်တော်၏အလုပ်က ထိခိုက်နေခြင်းရှိ၊ မရှိကိုသော်လည်းကောင်း လုံးဝ ထည့်မစဉ်းစားခဲ့ဘဲ ကျွန်မ၏ အရိုင်းဆန်သော ကိုယ်ပိုင်ရည်မှန်းချက်များကိုသာ ဖြည့်ဆည်းချင်ခဲ့သည်။ ကျွန်မသည် နာမည်နှင့် ဂုဏ်အဆင့်အတန်းအပေါ် အမှန်တကယ်ပင် အရူးအမူးဖြစ်နေခဲ့၏။

ထို့နောက် ဤဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မဖတ်ခဲ့ရသည်- “တစ်စုံတစ်ဦးက ၎င်းသည် သမ္မာတရားကို ချစ်ကြောင်းနှင့် ၎င်းသည် သမ္မာတရားကို လိုက်စားကြောင်း ပြောသော်လည်း၊ အနှစ်သာရအားဖြင့် ၎င်းတို့လိုက်စားသည့် ပန်းတိုင်သည် ဂုဏ်အဆင့်အတန်း ရဖို့၊ မိမိကိုယ်ကို ထင်ပေါ်ဂုဏ်တက်စေဖို့၊ ကြွားဝါဖို့၊ လူများက ၎င်းကို အထင်ကြီးစေဖို့၊ မိမိ၏တစ်ကိုယ်ရေ အကျိုးစီးပွားကို ရရှိဖို့ဖြစ်ပြီး ၎င်း၏တာဝန်ကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို နာခံဖို့ဖြစ်စေ၊ စိတ်ကျေနပ်စေဖို့ဖြစ်စေ မဟုတ်ဘဲ၊ ထိုအစား နာမည်ဂုဏ်သတင်း၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းကို ရရှိဖို့ ဖြစ်ပါက ၎င်း၏လိုက်စားမှုသည် လျော်ကန်ခြင်းမရှိပေ။ ထိုသို့ဖြစ်၍ ဘုရားသခင်၏အမှု၊ အသင်းတော်၏အလုပ်၊ ပြီးလျှင် ဘုရားအိမ်တော်၏ အလုပ်နှင့်ပတ်သက်ပါက ၎င်းတို့သည် အဟန့်အတားတစ်ခုဖြစ်သလော၊ သို့မဟုတ် ၎င်းတို့သည် ဤအရာများကို ရှေ့ဆက်တိုးတက်ဖို့ ကူညီပေးသလော။ ၎င်းတို့သည် အဟန့်အတားဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ၎င်းတို့သည် ဤအရာများ ရှေ့ဆက်တိုးတက်အောင် မလုပ်ပေ။ အသင်းတော်၏ အလုပ်ကို လုပ်ဆောင်သည့် အောင်လံတံခွန် လွှင့်သော်လည်း မိမိတို့၏ကိုယ်ပိုင် ပစ္စည်းဥစ္စာ ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းကို လိုက်စားကာ၊ မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ပြီး၊ မိမိတို့၏ကိုယ်ပိုင် အုပ်စုလေး၊ မိမိတို့၏ကိုယ်ပိုင် နိုင်ငံလေးကို ဖန်တီးသူအားလုံး— ဤခေါင်းဆောင်မျိုး၊ သို့မဟုတ် ဤအမှုတော်ဆောင်မျိုးသည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေခြင်းလော။ ၎င်းတို့ လုပ်သမျှ အလုပ်အားလုံးသည် ဘုရားအိမ်တော်၏အလုပ်ကို အထူးသဖြင့် အဆက်ပြတ်စေကာ၊ နှောင့်ယှက်ပြီး၊ ထိခိုက်စေသည်။ သို့ဆိုလျှင် ယင်း၏အနှစ်သာရဖြင့် အကဲဖြတ်ရလျှင်၊ အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို လူတို့ လိုက်စားခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ ပထမဦးစွာ ဤအရာက ရွေးချယ်ခံရသူများ၏ အသက်ဝင်ရောက်ခြင်းကို ထိခိုက်သည်၊ ရွေးချယ်ခံရသူများ ဘုရားသခင်၏ နှုတ်ကပတ်တော်များအား စားသောက်ပုံကို ထိခိုက်သည်၊ ၎င်းတို့ သမ္မာတရား နားလည်ပုံနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ချွတ်ခါချသည့်ပုံကို ထိခိုက်သည်၊ ယင်းက ၎င်းတို့အား ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးပြီး လမ်းမှားသို့ ဆိုက်ရောက်စေသည်— ယင်းသည် ရွေးချယ်ခံရသူများကို ဘေးဖြစ်စေပြီး ၎င်းတို့အား ပျက်စီးစေသည်။ ပြီးလျှင် ယင်းက အဆုံးတွင် ဘုရားအိမ်တော်၏ အလုပ်ကို အဘယ်အရာ ဖြစ်စေသနည်း။ ဖြိုဖျက်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် အဟန့်အတားတို့ ဖြစ်စေသည်။ ၎င်းတို့သည် တာဝန်ကို ဤနည်းလမ်းဖြင့် ထမ်းဆောင်သည့်အခါ၊ ဤအရာကို အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်ခြင်းအဖြစ် မသတ်မှတ်နိုင်သလော။ လူများ မိမိတို့၏ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို ဘေးဖယ်ထားဖို့ ဘုရားသခင်က တောင်းဆိုသည့်အခါ၊ သူသည် လူများ၏လွတ်လပ်စွာ ရွေးချယ်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ချေ။ ယင်းထက် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို လိုက်စားစဉ်တွင် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိခိုက်နစ်နာစေကြသောကြောင့် ဖြစ်သည်၊ ညီအစ်ကိုမောင်နှမများ၏ ပုံမှန်ဝင်ရောက်မှုကို အနှောင့်အယှက် ပေးကြပြီးလျှင် အခြားလူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် စားသောက်ခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းအပေါ် ဩဇာလွှမ်းမိုးမှုတစ်ခုပင် ရှိကာ၊ ထိုသို့ဖြင့် ဘုရားသခင်၏ကယ်တင်ခြင်းကို ရရှိခြင်းအပေါ် ဩဇာလွှမ်းမိုးမှု ရှိလေသည်။ ပို၍ပင် စိုးရိမ်ရသောအရာမှာ လူတို့က မိမိတို့၏ကိုယ်ပိုင် ဩဇာတိက္ကမနှင့် ဂုဏ်အဆင့်အတန်းတို့နောက် လိုက်သောအခါ ထိုသို့သော အပြုအမူနှင့် လုပ်ရပ်များကို ဘုရားသခင့်အမှုတော်၏ ပုံမှန်တိုးတက်မှုအား အဆုံးစွန် အတိုင်းအတာအထိ ထိခိုက်နစ်နာစေပြီး တားဆီးပိတ်ပင်ရာနှင့် လူတို့အလယ်တွင် ဘုရားသခင်၏ အလိုတော်အား ပုံမှန်လုပ်ဆောင်ခြင်းမှ ဟန့်တားရာ၌ စာတန်နှင့်အတူ ပူးပေါင်းနေခြင်းအဖြစ် လက္ခဏာဖော်ပြနိုင်ပေသည်။ ၎င်းတို့သည် ဘုရားသခင်ကို တမင်တကာ ဆန့်ကျင်ပြီး သဘောထားကွဲလွဲကြောင်း ထုတ်ဖော်ပြောဆိုနေခြင်း ဖြစ်သည်။ ဤသည်မှာ ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့နောက် လိုက်သည့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ သဘာဝ ဖြစ်လေသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ လူများက မိမိတို့၏ကိုယ်ပိုင် အကျိုးစီးပွားများကို လိုက်စားခြင်းနှင့် ပတ်သက်သည့် ပြဿနာမှာ ၎င်းတို့ လိုက်စားသည့် ပန်းတိုင်များသည် စာတန်၏ပန်းတိုင်များ ဖြစ်နေခြင်းပင် ဖြစ်သည်— ယင်းတို့သည် ယုတ်မာပြီး မတရားသည့်ပန်းတိုင်များ ဖြစ်သည်။ လူများသည် ဤအကျိုးစီးပွားများကို လိုက်စားသည့်အခါ၊ ၎င်းတို့သည် စာတန်၏တန်ဆာပလာတစ်ခု အမှတ်တမဲ့ ဖြစ်လာသည်၊ ၎င်းတို့သည် စာတန်အတွက် လမ်းကြောင်းတစ်ခု ဖြစ်လာသည်၊ ထို့အပြင် ၎င်းတို့သည် စာတန်၏ပြယုဂ်ဖြစ်လာသည်။ ဘုရားသခင်၏အိမ်တော်နှင့် အသင်းတော်တို့၌ ၎င်းတို့သည် အပျက်သဘောဆောင်သော ကဏ္ဍဍကို ပါဝင်လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်၊ အသင်းတော် ပုံမှန်အသက်တာနှင့် အသင်းတော်ရှိ ညီအစ်ကို မောင်နှမများ၏ ပုံမှန်လိုက်စားမှုတို့အပေါ် ၎င်းတို့ဖြစ်စေသည့် အကျိုးသက်ရောက်မှုသည် နှောင့်ယှက်ဖို့နှင့် ထိခိုက်စေဖို့ ဖြစ်သည်။ ၎င်းတို့၌ အပျက်သဘောဆောင်သည့် အကျိုးသက်ရောက်မှု ရှိပေသည်။” (အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁)”) ဤအရာကို ကျွန်မဖတ်ပြီးနောက် ကြောက်ရွံ့မှုဖြင့် တုန်နေခဲ့သည်။ နာမည်နှင့် ဂုဏ်အဆင့်အတန်းကို ကျွန်မတို့ လိုက်စားခြင်းသည် ကိုယ်ပိုင် လုပ်ငန်းကို လုပ်ဆောင်ခြင်းဖြစ်သည်၊ အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်ဟု ဘုရားသခင်က ထုတ်ဖော်ပြသည်။ အနှစ်ချုပ်အားဖြင့် ယင်းသည် စာတန်၏ လက်ပါးစေအဖြစ် လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီး တမင်ဖျက်ဆီးခြင်းဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှား၏။ ကျွန်မတွေးကြည့်လေလေ၊ ရင်ထိတ်လေလေဖြစ်ခဲ့သည်။ ဧဝံဂေလိအလုပ်သည် ထိပ်ဆုံးရောက်နေပြီး ပို၍ပို၍များသော လူတို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံလာနေကြသည်။ ရေလောင်းခြင်းကို ကြီးကြပ်နေရသဖြင့် ကျွန်မသည် ဘုရားအလိုတော်ကို အမှန်ပင် စဉ်းစားသင့်သည်၊ လမ်းမှန်ပေါ်တွင် အခြေခံအုတ်မြစ်ကို လူသစ်များ ခပ်မြန်မြန် ချနိုင်စေရန် သူတို့ကို ချက်ချင်းပံ့ပိုးပြီး ရေလောင်းပေးသင့်သည်၊ သူတို့၏ အယူအဆများနှင့် ရှုပ်ထွေးမှုများကို ကူညီပေးသင့်သည်။ သို့သော် ကျွန်မက အလုပ်ကို အာရုံစိုက်ရမည့်အစား နာမည်နှင့် ဂုဏ်အဆင့်အတန်းနောက်ကို လိုက်နေခဲ့သည်။ တာဝန်တွင် အားစိုက်ထုတ်မှု မရှိခဲ့ပါ။ အဖိုးအခမပေးဆပ်ခဲ့၊ သို့မဟုတ် လူသစ်များကို မည်သို့အကောင်းဆုံး ရေလောင်းရမည်ကို မစဉ်းစားခဲ့ပါ။ မည်သူ့ကိုမျှပင် မပါဝင်စေချင်ခဲ့ပါ။ ကျွန်မသည် ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပြီး ဖြိုဖျက်နေခဲ့ခြင်း မဟုတ်ပါလား။ ကျွန်မသည် သူတစ်ပါးတို့အား ဘုရားသခင် ကယ်တင်ခြင်းအတွက် အဆီးအတားတစ်ခု ဖြစ်နေသည် မဟုတ်ပါလား။ ကျွန်မသည် စာတန်၏ အသုံးချပစ္စည်းဖြစ်ခဲ့ပြီး အပျက်သဘောဆောင်သော အခန်းကဏ္ဍမှ လှုပ်ရှားနေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် အန္တိခရစ်၏ လမ်းကြောင်းကို လျှောက်နေခြင်းဖြစ်သည်။ ကျွန်မသည် ရေလောင်းခြင်းအလုပ်အတွက် တာဝန်ရှိသော်လည်း ကျွန်မဘာသာ မကိုင်တွယ်နိုင်ပါ။ ထို့ကြောင့် ကျွန်မကို ကူညီဖို့အတွက် ညီအစ်မကျန်းကို ခေါင်းဆောင်က စီစဉ်ပေးခြင်းဖြစ်၏။ ဤသည်မှာ ကောင်းသည့်အရာဖြစ်ပြီး တာဝန်သိတတ်သော၊ သို့မဟုတ် ကျိုးကြောင်းသင့်သော မည်သူမဆိုက ယုံကြည်သူအသစ်များအတွက် ပံ့ပိုးမှုနှင့် ရေလောင်းမှုတို့ကို အမြန်ဆုံး ပြုလုပ်ပေးရန် အခြားတစ်ယောက်ယောက်နှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လိမ့်မည်သာ ဖြစ်သည်။ သို့သော် ကျွန်မကမူ ဘုရားအိမ်တော်၏ အလုပ်ကို လုံးဝ မစဉ်းစားခဲ့ပါ။ ကျွန်မ၏ နာမည်နှင့် ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းရန် ညီအစ်မကျန်းကို ကျွန်မဖယ်ထုတ်ခဲ့၏၊ ညီအစ်ကိုမောင်နှမများနှင့် အဝေးမှာ ထားခဲ့၏။ သူတို့၏ ပြဿနာများကို သူကူညီဖြေရှင်းခြင်း မရှိစေရန် လုပ်ဆောင်ခဲ့သည်။ ဤသည်မှာ ကျွန်မတို့၏ ရေလောင်းအလုပ်အတွက် ကြီးမားသော အဟန့်အတားဖြစ်ခဲ့ပြီး ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေခဲ့သည်။ ဤသည်မှာ ကျွန်မတာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ပါ။ မကောင်းမှုကို လုပ်ဆောင်နေခြင်း ဖြစ်သည်မှာ ရှင်းပါသည်။ ကျွန်မသာ နောင်တမရသေးလျှင် ဘုရားသခင်က ကျွန်မကို အန္တိခရစ်တစ်ယောက်အဖြစ် ဖော်ထုတ်ပြီး စွန့်ပစ်မည်ကို ကျွန်မသိလိုက်၏။ ဤအရာကို သဘောပေါက်မိသည့်အခါ ကျွန်မအတွက် ကြောက်လန့်သွားသည်။ ကျွန်မ၏ လုပ်ရပ်များနှင့် ပြုမူဆောင်ရွက်မှုအားလုံးကို အမှန်ပင် နောင်တရခဲ့သည်။ ကျွန်မဆုတောင်းလိုက်၏။ “အို၊ ဘုရားသခင်၊ နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ကို သမီးလိုက်နေပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်နေခဲ့ပါတယ်။ သမီးက အသက်ရှင်နေတဲ့ စာတန်ဖြစ်ပြီး လူ့သဘာဝတစ်ခုမှ မရှိတာကို မြင်နိုင်ပါတယ်။ သမီးလုပ်သမျှက ကိုယ်တော့်ကို ဆန့်ကျင်ပါတယ်။ ကိုယ်တော့်ထံ သမီးနောင်တရချင်ပါတယ်...” ဟူ၍ဖြစ်သည်။

ထို့နောက်တွင် နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရပါသည်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်အဆင့်အတန်း၊ ဂုဏ်၊ သို့မဟုတ် ဂုဏ်သတင်းကို မစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကိုလည်း ထည့်သွင်းမစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် ဘုရားအိမ်တော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။ သင်၏အရည်အချင်း ညံ့ဖျင်းပါက၊ သင်၏အတွေ့အကြုံ ပေါ့တန်ပါက သို့မဟုတ် သင်၏ အသက်မွေးမှု အလုပ်တွင် မကျွမ်းကျင်ပါက၊ သင်၏အလုပ်၌ အမှားအယွင်းများ သို့မဟုတ် အပြစ်အနာအဆာများ အချို့ ရှိကောင်းရှိနိုင်ပြီး၊ ရလဒ်များမှာလည်း အလွန်ကောင်းချင်မှ ကောင်းပေမည်- သို့သော် သင်သည် သင်၏ အကောင်းဆုံး အားထုတ်မှုကို ပေးပြီးဖြစ်ပေလိမ့်မည်။ သင် လုပ်ဆောင်သမျှ၌ သင်၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို စဉ်းစားခြင်းမရှိ သို့မဟုတ် သင်၏အကျိုးကို မကာကွယ်သကဲ့သို့၊ ထိုသို့ပြုမည့်အစား ဘုရားသခင်၏အိမ်တော်၏ အလုပ်နှင့်အကျိုးစီးပွားတို့ကို စဉ်ဆက်မပြတ် ထည့်သွင်းစဉ်းစားသည်။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း မရှိကောင်း မရှိနိုင်သော်လည်း၊ သင်၏စိတ်နှလုံးသည် ပြုပြင်ပြီးဖြစ်သည်။ ထို့ထက်ပိုပြီးလျှင် သင်၏တာဝန်ရှိ ပြဿနာများကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်ပါက၊ သင်၏တာဝန်သည် စံနှုန်းပြည့်မီပြီး သင်သည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သက်သေခံခြင်း ဖြစ်သည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရသည်မှာ ကျွန်မအတွက် ဉာဏ်ပွင့်စရာ ဖြစ်ခဲ့ပါသည်။ တာဝန်တစ်ခုတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားက ဦးစားပေး ဖြစ်သင့်သည်။ ကျွန်မတို့၌ ရှိသမျှ အစွမ်းကုန်ထုတ်သုံးကာ တာဝန်ထမ်းသင့်သည်။ နာမည်နှင့် ဂုဏ်အဆင့်အတန်းအတွက် အမှုအရာများကို မတွက်ချက်သင့်ပါ။ ကျွန်မတို့သည် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှများနှင့် စိတ်နှလုံးတစ်လုံးတစ်ဝတည်း ရှိရမည်ဖြစ်သည်။ သက်သောင့်သက်သာဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ရရှိနိုင်ပြီး မိမိတို့အလုပ်မှ ရလဒ်များရနိုင်ရန်အတွက် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် အစွမ်းကုန်ပြုလုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်မသည် ညီအစ်မကျန်းထံ စကားပြောရန် သွားခဲ့ပြီး ကျွန်မထုတ်ဖော်ပြခဲ့သည့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို သူ့အား ဖွင့်ပြောပြကာ မိမိကိုယ်ကိုနှင့်ပတ်သက်ပြီး သင်ယူခဲ့ရသည့်အရာအကြောင်းကို ပြောဆိုခဲ့သည်။ ကျွန်မတို့၏ မိတ်သဟာယအပြီးတွင် ကျွန်မသည် အလွန်ပင် ပို၍ လွတ်လပ်သွားသကဲ့သို့ ခံစားခဲ့ရပြီး ကျွန်မတို့၏ ရေလောင်းအလုပ်တွင် သူနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။

မကြာခင်တွင် စုဝေးပွဲများသို့သွားရန် တွန့်ဆုတ်နေသော ယုံကြည်သူအသစ်အချို့သည် ညီအစ်မကျန်း၏ အကူအညီကို ရ၍ သူတို့၏ အယူအဆများ ပြေလည်သွားကာ ယခုတွင် စုဝေးပွဲများကို ပုံမှန်တက်ရောက်နေပြီး တာဝန်ထမ်းချင်နေကြသည်ကို ကျွန်မတွေ့လိုက်ရသည်။ ကျွန်မသည် နောက်တစ်ဖန် အနည်းငယ် မကျေမနပ်ဖြစ်မိပြန်၏။ သူတို့၏ ပြဿနာများကို ယခင်က ကျွန်မ အမှန်တကယ် နားမလည်ခဲ့ပါ။ သို့သော် ညီအစ်မကျန်းက ဖြေရှင်းခဲ့သည်။ ဤသည်မှာ ကျွန်မက သူ့ထက်နိမ့်ကျသည့်ပုံစံ ပေါက်သွားသည် မဟုတ်ပါလား။ ထိုသို့တွေးမိသည့်အခါ ကျွန်မသည် ဤကိစ္စကို မှန်မှန်ကန်ကန် မစဉ်းစားနေကြောင်း သဘောပေါက်မိပြီး ဘုရားသခင်ပြောသည့်အရာတစ်ခုကို သတိရသွား၏- “ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် တစ်ယောက်သောသူ၏အားနည်းချက်အား အခြားသောသူ၏ ခွန်အားဖြင့် အားဖြည့်ခြင်းကိုဆိုလိုသည်။ အခြားသူ၏အားနည်းချက်အတွက် သင်၏အားသာချက်များကိုအသုံးပြု၍ ဖာထေးပေးခြင်း၊ အခြားသူများသည်လည်း သင့်ကိုဖာထေးပေးဖို့ရန် သူတို့၏ခွန်အားများအသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူ၏အားသာချက်ဖြင့် တစ်ယောက်သောသူ၏အားနည်းချက်များကို အားဖြည့်ခြင်းနှင့် စိတ်သဘောထားညီညွတစွာ ပူးပေါင်းဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ စိတ်သဘောထားညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းရှိမှသာလျှင် လူတို့သည် ဘုရားသခင်ရှေ့၌ ကောင်းချီးခံစားရရှိပြီး၊ ဤအရာကို ပို၍ တွေ့ကြုံခံစားလေ၊ ၎င်းတို့သည် ပို၍ လက်တွေ့ကျမှုကို ပိုင်ဆိုင်လေဖြစ်သည်၊ လမ်းကြောင်းသည် သာ၍ တောက်ပပြီး၊ ၎င်းတို့သည်လည်း ယခင်ထက် ပို၍စိတ်ချမ်းသာသောသူ ဖြစ်လာမည်။” (နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သဟဇာတဖြစ်သော ညှိနှိုင်းဆောင်ရွက်ခြင်း”) ညီအစ်မကျန်းသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ပြီး ပြဿနာများကို ဖြေရှင်းရာတွင် ကျွန်မထက်သာသဖြင့် သူ့ထံမှ ကျွန်မသင်ယူဖို့လို၏။ ထို့ကြောင့် လူသစ်များ၏ ပြဿနာများကို သူမည်သို့မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးပုံကို ကျွန်မမေးခဲ့သည်။ သူ၏ မိတ်သဟာယမှတစ်ဆင့် သူသည် ကျွန်မအား လူသစ်များ၏ ပြဿနာများကို မည်သို့ကိုင်တွယ်ရမည်နှင့်ပတ်သက်ပြီး အသိအမြင်အချို့ ပေးခဲ့သည်။ သူနှင့် လက်တွဲလုပ်ရသည်မှာ အလွန်ကောင်းကြောင်း၊ ကျွန်မ၏ အားနည်းချက်များကို သူဖာထေးပေးနိုင်ကြောင်း၊ ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ကြောင်း ကျွန်မခံစားမိခဲ့သည်။ ထို့နောက်တွင် ညီအစ်ကိုမောင်နှမအချို့က သူတို့၏ တာဝန်၌ မတက်မကြွ ဖြစ်နေသည်ကို ကျွန်မသတိထားမိသောအခါ ဤအရာကို ဖြေရှင်းရန်အတွက် သူတို့အပျက်သဘောဆောင်ခြင်း၏ အရင်းအမြစ်က မည်သည့်အရာဖြစ်ကြောင်းနှင့် သူတို့ကို မည်သည့်သမ္မာတရားမျိုး မိတ်သဟာယပြုပေးသင့်ကြောင်းတို့ကို သိရှိရန် ဆွေးနွေးဖို့အတွက် ညီအစ်မကျန်းကို ကျွန်မရှာခဲ့သည်။ သူတို့ကို မိတ်သဟာယဖွဲ့ပေးရန် သက်ဆိုင်မှုရှိသော ဘုရားနှုတ်ကပတ်တော်အချို့ကို ကျွန်မတို့ အလျင်အမြန် ရှာတွေ့ခဲ့သည်။ သူတို့သည် ဤမိတ်သဟာယပြီးနောက်တွင် သူတို့၏ တာဝန်၌ ပို၍ တက်ကြွလာသည်။ အချို့မှာ ယုံကြည်သူအသစ်များကို ရေလောင်းနေကြပြီး အချို့မှာ ဧဝံဂေလိ မျှဝေနေကြသည်။ တဖြည်းဖြည်းချင်းဖြင့် ပို၍များသော လူတို့သည် အသင်းတော်တွင် တာဝန်ထမ်းဆောင်လာကြသည်။ ပံ့ပိုးမှုနှင့် ရေလောင်းမှုအချို့မှတစ်ဆင့် ပိုများသော လူသစ်များသည် လမ်းမှန်ပေါ်တွင် အခြေခံအုတ်မြစ်တစ်ခု ရလာကြသည်။ သူတို့ထဲမှ လူအများစုသည် ပုံမှန်စုဝေးပြီး တာဝန်ထမ်းဆောင်နေကြသည်။ ထို့နောက်တွင် ကျွန်မ၏ တာဝန်၌ ပြဿနာများရှိသောအခါ ကျွန်မသည် ညီအစ်မကျန်းနှင့် ချက်ချင်း ဆွေးနွေးသည်။ ညီအစ်ကိုမောင်နှမများက သူတို့၏ တာဝန်များတွင် ပြဿနာများရှိသည်ကို သူမြင်သောအခါ ဤကိစ္စများကို ကျွန်မလိုက်ကြီးကြပ်နိုင်ရန်အတွက် သူကျွန်မကို ချက်ချင်း ပြောပြသည်။ ကျွန်မတို့သည် အတူတူအလုပ်လုပ်ပြီး စိတ်နှလုံး တစ်လုံးတစ်ဝတည်း လုပ်ကိုင်ခဲ့ကြပါသည်။ ကျွန်မသည်လည်း ပို၍ ငြိမ်သက်ခြင်းကို ခံစားရပါ၏။

နာမည်နှင့် ဂုဏ်အဆင့်အတန်းနောက်ကို လိုက်ခြင်းသည် အန္တိခရစ်၏ လမ်းကြောင်းဖြစ်သည်၊ စာတန်၏ လက်ပါးစေအဖြစ် အလုပ်လုပ်ခြင်းဖြစ်သည်၊ အသင်းတော်အလုပ်ကို နှောင့်ယှက်ခြင်း ဖြစ်သည်ကို ဤအတွေ့အကြုံက ကျွန်မကို ပြသခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ထုတ်ဖော်ပြခြင်းတို့မပါလျှင် ကျွန်မထုတ်ဖော်ပြနေသည့် ဖောက်ပြန်ပျက်စီးမှု၊ သို့မဟုတ် ကျွန်မ၏ အန္တိခရစ် စိတ်သဘောထားကို မည်သည့်အခါမျှ သတိပြုမိမည်မဟုတ်ပါ။ ဂုဏ်အဆင့်အတန်းလိုချင်သည့် ကျွန်မဆန္ဒကို လက်လွှတ်ပြီး ညီအစ်မကျန်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို မည်သည့်အခါမျှ လုပ်ဆောင်မည်မဟုတ်ပါ။ ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ကျွန်မအလွန်ပင် ကျေးဇူးတင်မိပါသည်။

အရှေ့သို့- ၂၇။ ဧဝံဂေလိ မျှဝေခြင်း၏ အသီးအပွင့်

နောက်တစ်ခုသို့- ၂၉။ တရားစီရင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၉။ လူများကို မည်သို့ မှန်ကန်စွာ ဆက်ဆံရမည်ကို ကျွန်မ သိခဲ့ရပြီ

ဆီယွမ် ပြင်သစ်နိုင်ငံလွန်ခဲ့သည့်နှစ်နှစ်သုံးနှစ်က ကျွန်မ အသင်းတော် ခေါင်းဆောင် တာဝန်ကို ထမ်းဆောင်နေခဲ့သည်။ ထိုအသင်းတော်မှာ...

၃၄။ ခရစ်ယာန် ဝိညာဉ်ရေးရာ နိုးကြားမှုတစ်ခု

လင်းဝူ၊ ဂျပန်နိုင်ငံကျွန်တော်က ၈၀ ခုနှစ်ဖွား ကလေးတစ်ယောက် ဖြစ်ပြီး၊ သာမာန် လယ်သမား အိမ်ထောင်စုတစ်စုတွင် မွေးဖွားခဲ့သည်။ ကျွန်တော် အစ်ကိုက...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။