၃၀။ မိမိကိုယ်ကို သိသည့်အသိဟု ခေါ်သောအရာ

ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ၊ ဘုရားသခင်ကို ယုံကြည်ခဲ့တာ ကြာပြီဖြစ်တဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်တော် အမြဲတမ်း စုဝေးခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုနေချိန်မှာ လူတိုင်းက သူတို့ ထုတ်ဖော်တဲ့ ဖောက်ပြန်ပျက်စီးခြင်းအကြောင်း ပြောဆိုနိုင်ကြပြီး သူတို့ကိုယ်သူတို့ စစ်ဆေး၊ ပြန်သုံးသပ်နိုင်တဲ့အပြင်၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း သူတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို စိစစ်နိုင်တာကို မြင်တော့၊ ကျွန်တော် တကယ်အားကျသွားပြီး သူတို့ကို အတုယူလာခဲ့တယ်။ တဖြည်းဖြည်းနဲ့၊ ကျွန်တော်လည်း စုဝေးပွဲတွေမှာ ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်ကြည့်လာနိုင်ခဲ့ပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဝန်ခံလာနိုင်ခဲ့တယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိပဲလို့ ကျွန်တော် ထင်ခဲ့တယ်။ ကျွန်တော်က ဘုရားသခင်ကို ယုံကြည်တာ နှစ်နှစ်၊ သုံးနှစ်ပဲ ရှိသေးပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိနဲ့ပတ်သက်လို့ စကားပြောတဲ့အခါမှာ အတော်လေး စနစ်ကျပြီး နက်နဲတဲ့ ပုံစံနဲ့ ပြောတာကို ညီအစ်ကိုမောင်နှမတချို့က တွေ့သွားပြီး သူတို့က ကျွန်တော့်ကို လေးစားတဲ့အကြည့်တွေနဲ့ ကြည့်ကြတယ်။ ကျွန်တော့်မှာ အစွမ်းအစကောင်းရှိပြီး ကိုယ့်ကိုယ်ကိုယ် ဘယ်လိုသိရမယ်ဆိုတာ သိတယ်၊ ပြီးတော့ ကျွန်တော် ဒီနည်းနဲ့ ဆက်လိုက်စားရင် စိတ်သဘောထား ပြောင်းလဲမှုနဲ့ ကယ်တင်ခြင်းတို့ကို ရဖို့ ဝေးမှာမဟုတ်ဘူးလို့ တွေးရင်း ကျွန်တော် အရမ်းဂုဏ်ယူခဲ့တယ်။ အဲဒီနောက်မှာ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဖို့ လူတွေကို ဖော်ထုတ်တဲ့ ဘုရားသခင်ရဲ့ ပြင်းထန်တဲ့ နှုတ်ကပတ်တော်တွေကို ခဏခဏ ကိုးကားရင်း ကျွန်တော်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိကို မိတ်သဟာယပြုရာမှာ အားထုတ်ဖို့ အာရုံစိုက်ခဲ့တယ်။ အဲဒီလိုနဲ့ ကျွန်တော်ရဲ့ သိနားလည်မှုက နက်နဲပြီး ထိုးထွင်းသိမြင်တယ်ဆိုတာ၊ ပြီးတော့ ကျွန်တော့် အသက်ဝင်ရောက်မှုက တခြားလူတွေထက်သာတယ်ဆိုတာကို သူများတွေ မြင်အောင်လုပ်ဖို့ပေါ့။ ဒီလိုသိနားလည်တဲ့ နည်းလမ်းက မှန်လားဆိုတာကို ကျွန်တော် လုံးဝ မသုံးသပ်ခဲ့ဘဲ ကျွန်တော် သုံးလေးခေါက်လောက် ပြုပြင်ခံရပြီးတဲ့နောက်မှပဲ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက အတုအယောင်ချည်းပဲဖြစ်နေတာကို သဘောပေါက်ခဲ့တယ်။

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာမှာ ကျွန်တော်က ညီအစ်ကို မောင်နှမတချို့လုပ်တဲ့ ဗီဒီယိုတွေကို တခြားညီအစ်မနှစ်ယောက်နဲ့ ပြန်စစ်နေခဲ့တာ။ အဲဒီအချိန်မှာ၊ အပ်ထားတဲ့ ဗီဒီယိုတွေက အတော်များပြီး ညီအစ်ကို မောင်နှမတွေက ပြဿနာ အတော်များများကို တင်ပြလာတဲ့အပြင် အဲဒီအထဲမှာ ကျွန်တော် ဘယ်လိုဖြေရှင်းရမှန်းမသိတဲ့ ပြဿနာတချို့ ရှိနေတယ်။ အဲဒီအချိန်မှာ၊ ကျွန်တော့်ရဲ့ ဝတ်ကျေတမ်းကျေ သဘောထားက ပေါ်လာခဲ့တယ်။ ကျွန်တော် တွေးမိတယ်။ “ငါက အဖွဲ့တချို့ကို တာဝန်ယူထားရတာ။ ဒီတော့ အတော် အလုပ်များပြီး ပြန်စစ်ဖို့လိုတဲ့ ဗီဒီယိုတချို့က ပုံနေတုန်းပဲ။ စည်းမျဉ်းတွေကို အခြေခံပြီး ဗီဒီယိုတစ်ခုစီကို ငါ သေချာ တွေးဆ၊ ဆန်းစစ်မယ်ဆိုရင်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေ တင်ပြတဲ့ ပြဿနာတစ်ခုစီကို စိတ်ပါလက်ပါ ဖြေရှင်းဖို့ ကြိုးစားမယ်ဆိုရင်၊ အတော့်ကို အားထုတ်ရမှာပဲ။ အဲဒီလိုနဲ့ ငါ့အတွက် အားလပ်ချိန် ဘယ်လောက်ကျန်မှာလဲ။ လောလောဆယ်တော့ ငါ ရှင်းရှင်းလင်းလင်း နားမလည်နိုင်တဲ့ ပြဿနာတချို့ကို ဘေးပဲဖယ်ထားလိုက်ပါမယ်လေ။ ပြီးတော့ ငါနဲ့ အတူအလုပ်လုပ်ပေးတဲ့ ညီအစ်မနှစ်ယောက်ကလည်း ဗီဒီယိုတွေကို ပြန်စစ်တဲ့နေရာမှာ နည်းနည်းနှေးတယ်။ ဒီတော့ ဗီဒီယိုတွေကို ငါ အမြန်စစ်လိုက်ရင် ငါပဲ အကျိုးယုတ်မှာ မဟုတ်ဘူးလား။ သူများတွေအားလုံး လုပ်တဲ့နှုန်းအတိုင်းပဲ ငါ ဆက်လုပ်လိုက်ပါမယ်လေ။ ဒါ့အပြင်၊ ဘယ်သူကမှ သူတို့တာဝန်ကို ခြောက်ပစ်ကင်း သဲလဲစင်အောင် မလုပ်နိုင်ပါဘူး။ ငါ အပြည့်အဝ နားမလည်တဲ့ သမ္မာတရား အများကြီးလည်း ရှိသေးတယ်။ ပြဿနာတိုင်းကို အပြည့်အဝ ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ နီးစပ်တယ်ဆိုရင်ပဲ လုံလောက်ပါပြီ” လို့ပေါ့။ ဒါကို တွေးရင်းနဲ့ ဗီဒီယိုတွေမှာရှိတဲ့ ပြဿနာတချို့ ဒါမှမဟုတ် ညီအစ်ကို မောင်နှမတွေရဲ့ မရှင်းလင်းတာတွေကို ဖြေရှင်းတဲ့နေရာမှာ ကျွန်တော် သိပ်အားမထုတ်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ကျွန်တော့်မှာရှိတဲ့ ဗီဒီယိုအားလုံးကို ကျွန်တော် ပြန်စစ်ဆေးတာ ပြီးသွားတယ်။ ပြီးတော့ ကျွန်တော် စစ်ခဲ့တဲ့ ဗီဒီယိုတွေက ကျွန်တော်နဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်မတွေ စစ်တာထက် ပိုများတော့ ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်အားရပြီး ကျွန်တော့်တာဝန်မှာ ကျွန်တော်က အတော့်ကို ဝီရိယရှိပြီး တာဝန်ယူတတ်တယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ အချိန်တချို့ကြာပြီးတဲ့နောက်မှာ၊ ကျွန်တော်တို့ အပ်ခဲ့တဲ့ ဗီဒီယိုတွေကို ကြီးကြပ်ရေးမှူးက ပြန်စစ်ပါလေရော။ စည်းမျဉ်းအခြေခံတဲ့ ပြဿနာအတော်များများကို ရှာတွေ့ခဲ့ပြီး ကျွန်တော်တို့ကို ပြုပြင်ဖို့ ပြင်းပြင်းထန်ထန်ဆူထားတဲ့ စာတစ်စောင် ရေးပို့ခဲ့တယ်။ “ခင်ဗျားတို့က ဒီတာဝန်ကို လုပ်တာ အရမ်းကြာနေပြီ။ ဒါတောင် စည်းမျဉ်းနဲ့ ဆိုင်တဲ့ ဒီအခြေခံပြဿနာတွေက ဆက်တိုက် ပြန်ပြန်ပေါ်လာတုန်းပဲ။ ဒါက တကယ့်ကို မဖြစ်သင့်တာပဲ။ ခင်ဗျားတို့က စည်းမျဉ်းတွေကို သဘောမပေါက်တာ မဟုတ်ဘူး။ ဒါက ဝတ်ကျေတမ်းကျေအပြုအမူနဲ့ဆိုင်တဲ့ ပိုပြီးတော့ ဆိုးရွားတဲ့ ကိစ္စတစ်ခုပဲ။ ခင်ဗျားတို့ရဲ့ တာဝန်အပေါ် ခင်ဗျားတို့ရဲ့ သဘောထားကို ကောင်းကောင်း ပြန်သုံးသပ်ဖို့ လိုတယ်”တဲ့။ ကြီးကြပ်ရေးမှူးရဲ့ ပြင်းထန်တဲ့ ပြုပြင်မှုကို ကြားတော့၊ ကျွန်တော် မတရားခံရသလို ခံစားရပြီး အတိုက်အခံဖြစ်မိတယ်။ “ခုတလော ငါ့တာဝန်မှာ ငါ အတော်လေး အားထုတ်ကြိုးစားနေခဲ့တာ။ မင်းက ငါတို့နဲ့ပတ်သက်လို့ တစ်ခုမှ အကောင်းမပြောဘဲ ဘာဖြစ်လို့ ငါတို့ပြဿနာတွေကို ဖော်ထုတ်ဖို့ပဲ အာရုံစိုက်နေရတာလဲ။ ဒါ့အပြင်၊ ဘယ်သူမှ ကိုယ့်တာဝန်ကို ခြောက်ပစ်ကင်း သဲလဲစင်အောင် မလုပ်နိုင်ဘူး၊ လိုအပ်ချက်ဆိုတာ အမြဲရှိတယ်။ သမ္မာတရားကို ငါတို့သိနားလည်တာက ပေါ့သေးတယ်၊ တချို့ပြဿနာတွေကို ရှင်းရှင်းလင်းလင်း နားမလည်သေးဘူး။ ဒီတော့ ငါတို့ အပ်တဲ့ ဗီဒီယိုတချို့မှာ ပြဿနာရှိတာက ပုံမှန်ပဲလေ။ ဘာလို့ မင်းက အဲဒါကို နားမလည်နိုင်ရတာလဲ”လို့ တွေးမိတယ်။ ကျွန်တော့် စိတ်နှလုံးမှာ ခံငြင်းနေမိတယ်။ ကျွန်တော်နဲ့ အလုပ်အတူလုပ်တဲ့ ညီအစ်မတွေနဲ့ စကားစမြည်ပြောတဲ့အခါ ကျွန်တော်က တမင်ပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ကိုယ့်အမြင်တွေကိုပဲ ပြောနေမိတော့တယ်။ “ကြီးကြပ်ရေးမှူးက မညှာမတာခိုင်းလွန်းတယ်။ ခြောက်ပစ်ကင်း သဲလဲစင် ဆိုတာမျိုးက ရှိမှမရှိတာ။ ဗီဒီယိုတစ်ခုကို အစ်မတို့ ဘယ်နှကြိမ်စစ်စစ် ပြဿနာတွေက ရှိနေဦးမှာပဲ”လို့ ပြောပြီးပေါ့။ နောက်ပိုင်းမှာ အဲဒီညီအစ်မနှစ်ယောက်က သူတို့ရဲ့ ပြန်သုံးသပ်ချက်တွေ၊ သိမြင်မှုတွေကို ရေးနေကြတာ မြင်တော့ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်က ပြုပြင်ခံရတဲ့အခါ လုံးဝ အတိုက်အခံဖြစ်ပြီး ခံငြင်းချင်ခဲ့တယ်။ ပြီးတော့ ဒါက ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ လုံးဝ မဟုတ်ဘူးဆိုတာကိုပေါ့။ ဒီပြုပြင်ခြင်းက ဘုရားဆီက လာတာပါ၊ ပြီးတော့ ဒါကို ကျွန်တော် လက်ခံရမယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီး သိရမယ်။ ဒါကြောင့် ကျွန်တော့်တာဝန်မှာ ကျွန်တော့်ရဲ့ ဝတ်ကျေတမ်းကျေဖြစ်တဲ့ အခြေအနေကို ဖြေရှင်းဖို့ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပြီး၊ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တာနဲ့ပတ်သက်လို့ ပိုပြီး နက်နက်ရှိုင်းရှိုင်း ဘယ်လိုရေးနိုင်မလဲဆိုတာကို တွေးဆခဲ့တယ်။ လူတွေရဲ့ ဝတ်ကျေတမ်းကျေဖြစ်တာတွေကို ဖော်ထုတ်တဲ့ ပိုပြင်းထန်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ကိုးကားခဲ့တယ်။ ကျွန်တော့်တာဝန်ကို ပေါ့ပေါ့ဆဆ သဘောထားတာက ဘုရားအပေါ် ပြင်းထန်တဲ့ သစ္စာဖောက်မှုဖြစ်တယ်၊ ကျွန်တော့်တာဝန်မှာ ဝတ်ကျေတမ်းကျေဖြစ်တာက ညံ့ဖျင်းတဲ့ လူ့သဘာဝကို ညွှန်ပြတယ်ဆိုတာနဲ့ လူတွေကို အထင်အမြင်မှားအောင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့တာတွေ ဖြန့်တာက ကျွန်တော့်ကို အကျင့်ပျက်တဲ့သူဖြစ်စေတယ်ဆိုတာတွေကို ပြောပြီးတော့ပေါ့။ ရေးပြီးတဲ့နောက်မှာ၊ ကျွန်တော့် ပြန်သုံးသပ်ချက်တွေကို အဲဒီညီအစ်မနှစ်ယောက်ရဲ့ ပြန်သုံးသပ်ချက်တွေနဲ့ ယှဉ်ကြည့်ပြီး၊ ကျွန်တော့် ပြန်သုံးသပ်ချက်တွေက ပိုနက်နဲတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် အတော်လေး ကျေနပ်မိတယ်။ ပြုပြင်ခံရတဲ့အခါ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သုံးသပ်ပြီး သိနိုင်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေအရ ကိုယ့်ကိုယ်ကိုယ် နက်နက်နဲနဲ စိစစ်နိုင်တယ်လို့ တွေးပြီးတော့ ကျွန်တော် သင်ခန်းစာတစ်ခု ရခဲ့ပြီလို့ ယုံကြည်ခဲ့တယ်။ ကျွန်တော့် ပြန်သုံးသပ်ချက်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်ဟာ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကိုယ်နဲ့အလုပ်အတူလုပ်တဲ့ ညီအစ်မတွေထက် ပိုနက်ရှိုင်းတဲ့ သိနားလည်မှု ရှိပြီး၊ ကျွန်တော့်ရဲ့ အသက်ဝင်ရောက်မှုက သူတို့ရဲ့အသက်ဝင်ရောက်မှုထက် ပိုကောင်းတယ်လို့ ကြီးကြပ်ရေးမှူးက သေချာပေါက် ခံစားရမှာပဲလို့ တွေးရင်းနဲ့လည်း ဂုဏ်ယူမိတယ်။ ဒါ့အပြင်၊ ကျွန်တော်က ကိုယ့်အကြောင်းကိုယ် အတော်လေး အပျက်သဘောဆန်ဆန် ရေးခဲ့တယ်။ ဒါကြောင့် ဒီတစ်ခါ ကြီးကြပ်ရေးမှူးက ပြောစရာ သိပ်ရှိမှာ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ နှစ်ရက်သုံးရက်အကြာမှာ ကြီးကြပ်ရေးမှူးဆီက နောက်ထပ်စာတစ်စောင် ထပ်ရတော့ ကျွန်တော် အံ့အားသင့်သွားတယ်။ ဒီစာက အရင်တစ်ခုထက်တောင် ပိုပြီး ကြမ်းသေးတယ်။ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချက်နဲ့ သိမြင်မှုတို့က ပေါ့တန်တဲ့အကြောင်း၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တကယ်မသိတဲ့အကြောင်း၊ ကျွန်တော့်ရဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကြောင့် အဲဒီညီအစ်မတွေက အထင်အမြင်မှားကုန်ပြီး လူတိုင်းက ကိုယ့်ကိုယ်ကိုယ် သိမြင်မှုကို လျစ်လျူရှုကုန်တဲ့အကြောင်း တဲ့တိုးကြီး ပြောထားတယ်။ ဒါတွေရဲ့ အကျိုးဆက်က ပြင်းထန်တဲ့အကြောင်းနဲ့ ကျွန်တော်က ဒီထက်ပိုပြီး ပြန်သုံးသပ်ဖို့ လိုအပ်တဲ့အကြောင်းလည်း ပြောထားတယ်။ ဒီလို ပြင်းပြင်းထန်ထန် ဖော်ထုတ်ထားတဲ့ စကားတွေကို လက်ခံဖို့ ကျွန်တော် အခက်တွေ့ခဲ့တယ်။ “ငါ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုလုပ်ပြီး တကယ် မသိခဲ့တာလဲ။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ပြန်သုံးသပ်ပြီး စိစစ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို ငါ ထုတ်သုံးနေခဲ့တာပဲ၊ ပြီးတော့ ငါ့ရဲ့ သိနားလည်မှုက ငါနဲ့အလုပ်အတူလုပ်တဲ့ ညီအစ်မတွေရဲ့ သိနားလည်မှုထက် ပိုနက်ရှိုင်းတယ်။ ဒါက ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ အစစ်အမှန် မဟုတ်ဘူးလား။ ညီအစ်မတွေက သူတို့ကိုယ်သူတို့ မသိရင်၊ သူတို့က ငါ့ရဲ့ အထင်အမြင်မှားအောင်လုပ်တာခံရတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါက သာမန်ကာလျှံကာ စကားပြောနေတာလေ။ ဘယ်လိုလုပ်ပြီး သူတို့ကို အထင်အမြင်မှားစေခဲ့တာလဲ”လို့ တွေးနေမိတယ်။ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ပစ်မှတ်ထားနေပြီး ပြဿနာရှာဖို့ ကြိုးစားနေတယ်လို့ ယုံကြည်နေမိတော့ ကျွန်တော်ဟာ သုံးလေးရက်ကြာအောင် အတိုက်အခံဖြစ်ပြီး အရမ်းကို မတရားခံရသလို ခံစားခဲ့ရတယ်။ ကျွန်တော် သူ့ကိုပဲ လုံးဝ အာရုံစိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်း ပြန်မသုံးသပ်ခဲ့ဘူး၊ မသိခဲ့ဘူး။ ကျွန်တော့် စိတ်နှလုံးက ပိုညှိုးငယ်လာပြီး စိတ်ဓာတ်ကျလာတယ်။ ကျွန်တော့်တာဝန်မှာ ကျွန်တော့်စိတ်နှလုံးကို တည်ငြိမ်အောင်မထားနိုင်ခဲ့တဲ့အပြင် ကျွန်တော့် ဆုတောင်းချက်တွေက ဘုရားကို ရှာမတွေ့နိုင်ခဲ့ဘူး။ ကျွန်တော့်အခြေအနေနဲ့ပတ်သက်လို့ တစ်ခုခုမှားနေတာကို သဘောပေါက်လိုက်တယ်။ ဒီအချိန်မှာပဲ ကြီးကြပ်ရေးမှူးဆီ ကျွန်တော် ရေးခဲ့တဲ့ စာကို သတိရသွားတယ်။ ဒီစာကို ကျွန်တော် ကောင်းကောင်းရေးခဲ့တာပါ၊ အပျက်သဘောကို ကျွန်တော် ဖြန့်ခဲ့မိတယ်ဆိုတာနဲ့ ကျွန်တော်နဲ့ အလုပ်လုပ်တဲ့ ညီအစ်မတွေကို ကျွန်တော့်ဘက်ပါအောင်လုပ်ပြီး ကြီးကြပ်ရေးမှူးကို မကျေမနပ်ဖြစ်လာအောင်လုပ်ခဲ့တယ်လို့ ကျွန်တော် ဝန်ခံခဲ့တယ်။ ပြီးတော့ မှားယွင်းပြီး အဓိပ္ပာယ်မရှိတာတွေကို ဖြန့်ပြီးတော့ လူတွေကို အထင်အမြင်မှားစေတာက ကျွန်တော့်ကို မကောင်းတဲ့လူတစ်ယောက်ဖြစ်စေတယ်လို့လည်း ဝန်ခံခဲ့တာပဲ။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို ဒီလို ဖော်ထုတ်ပြီး ပြုပြင်တော့၊ ကျွန်တော်က လက်မခံနိုင်တဲ့အပြင် အရမ်းအတိုက်အခံဖြစ်တာက ဘာကြောင့်များလဲ။ ဒါက ကျွန်တော့်ရဲ့အရင် သိနားလည်မှုက အတုအယောင်ဖြစ်တယ်ဆိုတဲ့ သဘောမဟုတ်လား။ အဲဒါက ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ အစစ်အမှန် မဟုတ်ခဲ့ဘူးပဲ။ ပြီးတော့လည်း သဘောပေါက်သွားတယ်။ ကြီးကြပ်ရေးမှူးက ကျွန်တော့်ကို အကောင်းမြင်အောင် ကိုယ့်ကိုယ်ကိုယ် စစ်ဆေးပြီး သိတဲ့ စကားတချို့ကို လုပ်ကြံဖန်တီးပြီး ရေးခဲ့မှန်းကိုပေါ့။ ဒီလိုကိုယ့်ကိုယ်ကိုယ် သိတဲ့အသိမျိုးက အတုအယောင်ဖြစ်ပြီး လှည့်စားတတ်တယ် မဟုတ်လား။ ဒီအချိန်မှာပဲ ကျွန်တော်က ပြုပြင်ခံရတာကို တကယ် လက်မခံခဲ့မှန်း၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ အစစ်အမှန် ဘာတစ်ခုမှ တကယ်မရှိခဲ့မှန်းနဲ့ ကျွန်တော့်ရဲ့ စိတ်နှလုံးမှာ ခံစားရတဲ့ ညှိုးငယ်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေဟာ ဘုရားက ကျွန်တော် လုပ်ခဲ့တဲ့အရာကို စက်ဆုပ်ပြီး ကျွန်တော့်ဆီကနေ သူ့မျက်နှာကို ကွယ်ဝှက်နေခဲ့လို့ ဖြစ်မှန်း ကျွန်တော် တဖြည်းဖြည်း သဘောပေါက်သွားတယ်။ ကျွန်တော် ဘုရားရှေ့ကို လာပြီး ဆုတောင်းခဲ့တယ်။ ကျွန်တော့်ရဲ့အထဲမှာရှိတဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်အောင် ဉာဏ်အလင်းပေးဖို့ သူ့ကိုတောင်းလျှောက်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ကို ကျွန်တော် ဖတ်ရတယ်။ “လူအချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့နှုတ်မှ ပထမဆုံးပြောသောအရာသည် ‘ကျွန်တော်က နတ်ဆိုး၊ အသက်ရှင်နေတဲ့ စာတန်ဖြစ်ပါတယ်။ ဘုရားကို အာခံတဲ့သူဖြစ်ပါတယ်။ ဘုရားကို ပုန်ကန်ပြီး သစ္စာဖောက်တယ်။ ကျွန်တော်ဟာ ကျိန်ဆဲခြင်းခံရသင့်တဲ့ မြွေပွေး၊ ဆိုးယုတ်သောသူဖြစ်ပါတယ်။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်မိမိကိုယ်ကို သိမြင်ခြင်း အစစ်အမှန် ဖြစ်သလော။ ၎င်းတို့သည် ယေဘုယျအားဖြင့်သာပြောသည်။ အဘယ်ကြောင့် ဥပမာများ မပေးကြသနည်း။ ၎င်းတို့လုပ်ဆောင်ခဲ့သည့် ရှက်စရာကောင်းသောအရာများကို စိတ်ဖြာလေ့လာဆွေးနွေးရန်အတွက် အဘယ်ကြောင့် လူသိရှင်ကြား ချမပြနိုင်သနည်း။ ပိုင်းခြားသိမြင်ခြင်း မရှိသည့် လူအချို့က ၎င်းတို့ပြောသည်ကိုကြားပြီး စဉ်းစားသည်။ ‘ကဲ ဒါကမှ ကိုယ့်ကိုယ်ကိုယ် တကယ်သိမြင်တာပဲ။ ကိုယ့်ကိုယ်ကိုယ် နတ်ဆိုးလို့သိပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကျိန်ဆဲတယ်ဆိုတော့ တော်တော်မြင့်တဲ့ အဆင့်ကို ရောက်နေပြီ။’ ဟူ၍ဖြစ်သည်။ လူများစွာတို့သည်၊ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤစကားများအားဖြင့် အထင်အမြင်မှားစေခြင်း ခံရနိုင်ခြေရှိသည်။ ပြောဆို သူသည် ဖြူစင်ပြီး ဝိညာဉ်ရေး သိနားလည်မှု ရှိသည်၊ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သည်၊ ခေါင်းဆောင်ဖို့အတွက် အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့က ထင်ကြသည်။ သို့ရာတွင် ထိုသူတို့နှင့် အချိန်အနည်းငယ် ဆက်ဆံပြီးသည်နှင့် ဤသို့မဟုတ်သည်ကို တွေ့ကြရသည်။ ဤသူသည် ၎င်းတို့ ထင်မြင်သည့်အတိုင်းမဟုတ်ဘဲ ထူးခြားစွာ လိမ်လည်ပြီး လှည့်ဖြားတတ်သည်၊ အယောင်ဆောင်ပြီး အယောင်ဆောင်ခြင်းတွင် ကျွမ်းကျင်သည်ဟု တွေ့ကြရသည်။ ဤအတွက်ကြောင့် အလွန် စိတ်ပျက်ကြရသည်။...ဥပမာ လူတစ်ဦးက မိမိ လှည့်ဖြားတတ်ကြောင်း၊ မိမိတွင် သိမ်ဖျင်းသော အကြံအစည်နှင့် လှည့်ကွက်များနှင့် ပြည့်ကြောင်း သိကောင်း သိနိုင်ပြီး အခြားသူများက လှည့်ဖြားခြင်းကို ထုတ်ဖော်ပြချိန်တွင်လည်း သတိပြုမိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သင့်အနေဖြင့် ၎င်းတို့ အမှန်တကယ် နောင်တရပြီး မိမိတို့၏ လှည့်ဖြားမှုကို စွန့်ပစ်ခြင်း ရှိမရှိဆိုသည်ကို ကြည့်သင့်သည်။ လှည့်ဖြားမှုကို ၎င်းတို့ ထပ်မံ ထုတ်ဖော်ပြလျှင် ထိုသို့လုပ်ဆောင်ခြင်းအတွက် အပြစ်တင်မှုနှင့် အရှက်ရသည့် အသိစိတ် ခံစားရခြင်း ရှိမရှိ၊ ၎င်းတို့ အစစ်အမှန် နောင်တရခြင်း ရှိမရှိဆိုသည်ကို ကြည့်လော့။ နောင်တရဖို့မပြောနှင့် အရှက်ရသည့် အသိစိတ်မရှိပါက ၎င်းတို့၏ မိမိကိုယ်ကိုယ် သိခြင်းသည် သာမန်ကာလျှံကာ၊ ဖြစ်ကတတ်ဆန်း အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ အသိသည် စစ်မှန်သော အသိမဟုတ်ပေ။ လှည့်ဖြားခြင်းသည် အလွန် မကောင်းသော အရာတစ်ခု ဖြစ်သည် သို့မဟုတ် ဆိုးယုတ်လှသည်ဟု ၎င်းတို့က မခံစားမိကြချေ။ လှည့်ဖြားခြင်းသည် အရှက်ကင်းမဲ့သော၊ ယုတ်မာသော အပြုအမူတစ်ခု ဖြစ်သည်ဟုလည်း အမှန်ပင် မထင်မြင်ကြပေ။ ‘လူများသည် လှည့်ဖြားတတ်သည်ချည်းသာ ဖြစ်သည်။ မလှည့်ဖြားတတ်သော လူများမှာ လူနုံလူအများ ဖြစ်သည်။ အနည်းငယ်မျှ လှည့်ဖြားခြင်းဖြင့် မကောင်းသော လူတစ်ယောက် မဖြစ်ပါ။ ကျွန်ုပ်သည် မကောင်းမှု မပြုလုပ်ခဲ့ပါ။ အပြင်လောကတွင် ကျွန်ုပ်သည် လှည့်ဖြားတတ်ဆုံးသောလူလည်း မဟုတ်ရပါ’ ဟူ၍ ၎င်းတို့က တွေးကြ၏။ ထိုသို့သော လူတစ်ယောက်သည် မိမိကိုယ်မိမိ အမှန်တကယ် သိနိုင်သလော။ မသိနိုင်ဖို့သာ များပေသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထားနှင့်ပတ်သက်၍ မည်သည့်အသိမျှ မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် လှည့်ဖြားခြင်းကို မရွံမုန်းကြပေ။ မိမိကိုယ်ကိုယ် သိခြင်းနှင့် ပတ်သက်၍ ၎င်းတို့ ပြောဆိုသမျှ အရာရာတိုင်းသည် ဟန်ဆောင်မှုနှင့် အနှစ်မဲ့သော စကားများသာ ဖြစ်၏။ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်မပြုခြင်းသည် မိမိကိုယ်ကိုယ် စစ်မှန်သော သိခြင်း မဟုတ်ပေ။ လှည့်ဖြားတတ်သော လူများသည် မိမိတို့ကိုယ်ကိုယ် အမှန်တကယ် မသိနိုင်ကြသည့် အကြောင်းရင်းမှာ သမ္မာတရားကို လက်ခံခြင်းသည် ၎င်းတို့အတွက် လွယ်ကူသောအရာ မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စကားများနှင့် အယူဝါဒများကို မည်မျှ စကားကြောရှည်နိုင်ကြသည်ဖြစ်စေ ၎င်းတို့ အမှန်တကယ် ပြောင်းလဲလိမ့်ကြမည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်)လူတစ်ယောက်သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိကို မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တစ်ဖက်တွင် ဤလူသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မိမိကိုယ်မိမိ သိလာနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်တကယ် နောင်တရနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ အခြားတစ်ဖက်တွင် ၎င်းသည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းသည် သမ္မာတရားကို ချစ်သော ဘုရားသခင်၏အမှုကို ကျိုးနွံနာခံနိုင်သောသူဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသိအမှတ်ပြုရုံသာရှိပြီး မည်သည့်အခါမျှ လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင် ‘သမ္မာတရားအားလုံးကို နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်။’ ဟု လူအချို့က ပြောသည့်အတိုင်းဆိုလျှင်၊ ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြသည်။ လူအချို့က ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းနှင့်၊ သူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြောင်း ဝန်ခံကြပြီး ၎င်းတို့သည် နောင်တရပြီး မိမိတို့ကိုယ်ကို အသစ်ဖြစ်ရန် လိုလားလျက်ရှိသည်ဟုလည်း ဆိုသည်။ သို့သော် ထို့နောက်တွင် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် ယခင်ကကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်အကြောင်း ပြောသောအခါ ဟာသတစ်ခုကိုပြောသကဲ့သို့၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခုကို ရွတ်သကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို သိမြင်လာခြင်း လုံးဝ မရှိကြပေ။ အဓိကပြဿနာမှာ ၎င်းတို့တွင် နောင်တရသည့် သဘောထားမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စစ်မှန်စွာ ဆင်ခြင်သုံးသပ်ရန်အတွက် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ထိုထက် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် အပေါ်ယံလုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို သိဟန်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သော၊ သို့မဟုတ် သမ္မာတရားကို လက်ခံသောသူများမဟုတ်ပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကို သိခြင်းအကြောင်း ပြောကြသောအခါ၊ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြသည်။ ၎င်းတို့သည် အယောင်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ ဝိညာဉ်ရေးရာပြည့်ဝယောင် ဟန်ဆောင်ခြင်းတို့ကို ပါဝင်လုပ်ဆောင်ကြသည်။ လူအချို့သည် လှည့်စားတတ်ကြသည်။ အခြားလူများက သူတို့၏ မိမိကိုယ်ကို သိမြင်မှုကို မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က ‘အခြားလူတိုင်းက ဖွင့်ပြောပြီး သူတို့၏ ကိုယ်ပိုင်လှည့်စားမှုကို စိတ်ဖြာလေ့လာဆွေးနွေးကြသည်။ ငါက တစ်ခုခုမပြောလျှင် ကိုယ့်ကိုယ်ကိုယ်မသိဟု လူတိုင်းက ထင်ကြမည်။ ဤသို့ဆိုလျှင် ဟန်ဆောင်လုပ်ပြရလိမ့်မည်’ ဟူ၍ စဉ်းစားကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လှည့်စားမှုကို ဇာတ်လမ်းဆန်ဆန်ပုံစံဖြင့် ဖော်ပြလျက် အလွန်အမင်း လေးနက်သည့်ပုံစံအဖြစ် ဖွဲ့နွဲ့ပြောဆိုကြသည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အထူးလေးနက်သိမ်မွေ့ပုံရသည်။ ကြားရသောသူတိုင်းက ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သည်ဟု ခံစားရသည်၊ ထို့နောက် ချက်ချင်းပင် ၎င်းတို့ကို အားကျလျက်ကြည့်ရှုကြသောကြောင့်၊ ဂုဏ်ကျက်သရေရှိသကဲ့သို့၊ မိမိတို့ကိုယ်ကို ရောင်ခြည်တော်စက်ဝန်းဖြင့် ဆင်မြန်းပြီးသကဲ့သို့ ၎င်းတို့က ခံစားကြရသည်။ ဟန်ဆောင်လုပ်ပြခြင်းအပြင်၊ ၎င်းတို့၏ အယောင်ဆောင်မှုနှင့် လှည့်စားခြင်းတို့မှ ရရှိသော ဤမိမိကိုယ်ကိုသိသည့် ပုံစံသည် အခြားလူတို့ကို အထင်အမြင်မှားစေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်းနဲ့ အဲဒီနှုတ်ကပတ်တော်နဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်စစ်ဆေးခြင်းကနေ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက သူတော်ကောင်းယောင်ဆောင်ခြင်းနဲ့ လှည့်စားမှုပဲဖြစ်မှန်း ကျွန်တော် သဘောပေါက်လိုက်တယ်။ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက ကြီးကြပ်ရေးမှူးကို ကျေနပ်အောင်လုပ်ဖို့အတွက် အပြသက်သက်ဖြစ်ခဲ့တယ်။ သူက ကျွန်တော်တို့ တာဝန်တွေမှာ ကျွန်တော်တို့ တာဝန်မဲ့ပြီး ဝတ်ကျေတမ်းကျေဖြစ်တယ်လို့ ပြောရင်းနဲ့ ကျွန်တော်တို့ရဲ့ ပြဿနာတွေကို သူထောက်ပြခဲ့တဲ့အပြင်၊ ကျွန်တော်နဲ့ တွဲလုပ်တဲ့ ညီအစ်မတွေအားလုံးက သူတို့ကိုယ်သူတို့ ပြန်သုံးသပ်နေကြပြီး၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် မသိခဲ့ရင်၊ အဲဒါက ပြုပြင်ခံရခြင်းကို ကျွန်တော် လက်မခံသလိုမျိုး ထင်ရမှာပဲလို့ ကျွန်တော် တွေးမိတယ်။ အဖွဲ့ခေါင်းဆောင်အနေနဲ့ ကျွန်တော့်ရဲ့ ပြန်သုံးသပ်ချက်က တခြားလူတွေရဲ့ ပြန်သုံးသပ်ချက်ထက် ပိုပေါ့တန်နေရင်၊ ကျွန်တော့်ရဲ့ အသက်ဝင်ရောက်မှု ညံ့ဖျင်းတဲ့ပုံပေါက်သွားမှာ မဟုတ်လား။ ဒီရည်ရွယ်ချက်နဲ့ ပြန်သုံးသပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိတို့နဲ့ဆိုင်တဲ့ စကားတချို့ကို ကျွန်တော် မရေးချင်ရေးချင်နဲ့ ရေးခဲ့တယ်။ ဒါပေမဲ့ ဒါက စိတ်နှလုံးကနေလာတဲ့ စစ်မှန်တဲ့ အသိ မဟုတ်ခဲ့သလို ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းတွေကို လက်ခံရာကနေလာတဲ့ စစ်မှန်တဲ့ သိနားလည်မှုလည်း မဟုတ်ဘူး။ ကျွန်တော်က နာကျင်တဲ့စိတ်၊ အကြွေးတင်တဲ့စိတ်တစ်ခုမှ မခံစားခဲ့ဘူး။ အဲဒါက တခြားလူတွေ မြင်ဖို့သက်သက်ပါပဲ။ ဆောင်ပုဒ်တွေ၊ အရည်မရ အဖတ်မရ လူအထင်ကြီးစရာ စကားကိုပဲ ရွတ်နေသလိုမျိုးပေါ့။ ကျွန်တော့်ရဲ့ ဝတ်ကျေတမ်းကျေ သဘောထားကို နှုတ်နဲ့ အသိအမှတ်ပြုခဲ့ပေမဲ့ ကျွန်တော့် စိတ်နှလုံးမှာ၊ တကယ် ယုံကြည်ခဲ့တာ မဟုတ်ဘူး။ “ငါ့တာဝန်မှာ ပြဿနာ ဒါမှမဟုတ် လမ်းလွဲတာတချို့ ရှိရင် ကိစ္စမရှိပါဘူး။ ကိုယ့်တာဝန်ကို ပြဿနာတစ်ခုမှမပေါ်အောင် ထမ်းဆောင်နိုင်တဲ့သူ ဘယ်သူရှိလဲ။ ကြီးကြပ်ရေးမှူးက ငါ့ကို ပြုပြင်ပြီး အပြစ်ဖော် ဆုံးမဖို့ ငါ့တာဝန်မှာရှိတဲ့ ပြဿနာလေးတစ်ခုကို အမိအရ အသုံးချနေတာပါ။ သူက မညှာမတာခိုင်းလွန်းတယ်”လို့တောင် ကျွန်တော် စဉ်းစားခဲ့တယ်။ ကြီးကြပ်ရေးမှူးနောက်ကွယ်မှာလည်း သူ့အပေါ် မကျေနပ်တာကို ကျွန်တော် လျှောက်ပြောခဲ့တယ်။ ဘယ်လိုဖြစ်ပြီး ဒါက ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ အစစ်အမှန် ဖြစ်မှာလဲ။ ပိုဆိုးတာက ကျွန်တော်ဟာ ကြီးကြပ်ရေးမှူး ပြုပြင်တာကို အတွင်းကျိတ်ပြီး လက်မခံတာ သိသာပေမဲ့ လက်ခံခဲ့သလိုမျိုး ပြုမူခဲ့တယ်။ လူတွေရဲ့ ဝတ်ကျေတမ်းကျေဖြစ်တာကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကိုယ့်အတွက် အသုံးချပြီးတော့ပေါ့။ ကျွန်တော့်ရဲ့ အတွင်းနဲ့အပြင် အခြေအနေတွေက ဆန့်ကျင်နေတာ၊ လူတွေကို လှည့်ဖြားပြီး မမှန်တဲ့ ထင်မြင်ယူဆချက်တွေ ဖြစ်လာအောင် လုပ်နေတာပဲဆိုတာကို ကျွန်တော် မြင်ခဲ့တယ်။ ကျွန်တော် တကယ်ကို လှည့်ဖြားတတ်ခဲ့တာပဲ။ အဖြစ်မှန်ရဲ့ ထုတ်ဖော်ချက်ကတစ်ဆင့်သာ ကျွန်တော် အပြည့်အဝ ယုံကြည်လက်ခံလာတာပါ။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ သိနားလည်မှု တကယ်မရှိခဲ့ဘူး။ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက တကယ်ကို သမားရိုးကျဆန်ပြီး အနှစ်မဲ့စကားတွေပါ။ ဟန်ဆောင်မှုနဲ့ လှည့်စားမှုထက် ဘာမှမပိုပါဘူး။ ကျွန်တော့်ရဲ့ ပြန်သုံးသပ်ချက်က ဘယ်လောက် နက်ရှိုင်းပုံရပါစေ၊ စေ့စပ်ပုံရပါစေ အားလုံးကတော့ အတုအယောင်နဲ့ ဟန်ဆောင်မှုပါပဲ။ ဒါကို သဘောပေါက်တဲ့အခါ၊ နောက်ဆုံးမှာ ကျွန်တော် အသိစိတ်ဝင်လာခဲ့တယ်။ ဘုရားကို ယုံကြည်တဲ့ ဒီနှစ်တွေတစ်လျှောက်လုံး စုဝေးပွဲတွေမှာ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိအကြောင်းကို အမြဲ ပြောပြီး ကိုယ့်ကိုယ်ကိုယ် စိစစ်ခဲ့တယ်။ ဒါပေမဲ့ ဒီအသိအားလုံးနဲ့တောင်၊ အပြောင်းအလဲ သိပ်မရှိသေးဘူး။ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက လူတွေရဲ့ လေးစားမှုနဲ့ ချီးမွမ်းခြင်းကို ရဖို့၊ ကျွန်တော့်ရဲ့ ကောင်းမွန်တဲ့ အသက်ဝင်ရောက်မှုလို့ခေါ်တဲ့အရာကို ကြွားလုံးထုတ်ဖို့နဲ့ ဘယ်သူ့ဆီမှာ ပိုနက်ရှိုင်းပြီး ပိုစေ့စပ်တဲ့ သိနားလည်မှုရှိတယ်ဆိုတာ မြင်ဖို့ စုဝေးပွဲတွေမှာ ကျွန်တော့်ရဲ့ မိတ်သဟာယနဲ့ အသိကို ကျွန်တော့် ညီအစ်မတွေရဲ့ မိတ်သဟာယ၊ အသိနဲ့ တိတ်တဆိတ် ယှဉ်ကြည့်ဖို့တောင် ဖြစ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက စာရွက်ပေါ်မှာပဲရှိတယ်။ ကျွန်တော့်မှာ ခမ်းနားကြီးကျယ်တဲ့ ဆောင်ပုဒ်တွေ အပြည့်ရှိပြီး ကိုယ့်ကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ဖော်ထုတ်ခဲ့ပေမဲ့ တစ်ခါတလေ ကျွန်တော်က နတ်ဆိုး၊ စာတန်နဲ့ အန္တိခရစ်တစ်ယောက်ဖြစ်တယ်လို့တောင် ပြောခဲ့ပေမဲ့ ဒါက ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို တကယ် လက်ခံတာ မဟုတ်ခဲ့တဲ့အပြင်၊ အဲဒါက စိတ်နှလုံးဆီကနေ လာတာမဟုတ်ခဲ့ဘူး။ အဲဒီအစား၊ ကျွန်တော်က နက်နဲပုံရပေမဲ့ တကယ်တော့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အခြေအနေအပေါ် စစ်မှန်တဲ့ သိနားလည်မှု သိပ်မရှိဘဲ အနှစ်မဲ့တဲ့အရာတွေဖြစ်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အယူဝါဒတွေကို ပြောဖို့ ဘုရားနှုတ်ကပတ်တော်တွေဆီကနေ ကိုးကားချက်တွေကို ခိုးချနေခဲ့တာသက်သက်ပါပဲ။ ဒီလိုကိုယ့်ကိုယ်ကိုယ် သိတဲ့အသိမျိုးက တခြားလူတွေကို လှည့်စားခဲ့ပြီး ကျွန်တော့်ကို ကြောင်းကျိုးမမြင်ဖြစ်စေခဲ့တယ်။ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဝန်ခံတာ၊ လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရနဲ့ပတ်သက်လို့ ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အရာနဲ့ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည်တဲ့အခါ၊ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် တကယ်သိနေတယ်လို့ အမြဲတွေးခဲ့ပြီး အဲဒီအတွက် ကျွန်တော့်ကိုယ်ကျွန်တော်တောင် လေးစားခဲ့တယ်။ ဒါပေမဲ့ တကယ်တော့၊ မှန်တဲ့ အယူအဆတစ်ခုကိုတောင် ကျွန်တော် လက်ခံနိုင်ခဲ့တာ မဟုတ်ဘူး။ ပြီးတော့ ပြုပြင်ခံရတဲ့အခါ၊ ခံငြင်းတတ်ပြီး ကိုယ့်ကိုယ်ကိုယ် မှန်ကြောင်းပြဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော် ဒီလိုဆက်ဖြစ်ရင်၊ ဘုရားသခင်ကို ကျွန်တော့် တစ်ဘဝလုံး ယုံကြည်ပြီး နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိအကြောင်း ပြောခဲ့ရင်တောင်၊ စစ်မှန်တဲ့ နောင်တ၊ ဒါမှမဟုတ် ပြောင်းလဲမှုကို ကျွန်တော် ရဦးမှာ မဟုတ်ဘူး၊ ပြီးတော့ နောက်ဆုံးမှာ ကျွန်တော့်ရဲ့ စာတန်ဆန်တဲ့ စိတ်သဘောထားက မပြောင်းမလဲရှိနေပြီး၊ ဘုရားရဲ့ စွန့်ပစ်တာ၊ ဖယ်ရှားရှင်းလင်းတာကို ကျွန်တော် သေချာပေါက်ခံရမှာပဲ။ ဒါကို သဘောပေါက်တဲ့အခါ၊ ကျွန်တော် ဘယ်လောက်ကို မိုက်မဲပြီး ဘယ်လောက် အန္တရာယ်များခဲ့တယ်ဆိုတာကို မြင်ခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “အချို့သော အန္တိခရစ်များသည် ဟန်ဆောင်ခြင်း၊ လူတို့ကို လိမ်ညာခြင်းနှင့် အကာအရံတစ်ခုကို ထောင်ထားခြင်း၌ အထူးသဖြင့် ကျွမ်းကျင်ကြသည်။ သမ္မာတရား နားလည်သော လူတို့ကို ကြုံတွေ့သောအခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို သိကျွမ်းမှုကို စတင်ပြောပြကြပြီး ၎င်းတို့သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်ကြောင်း၊ ၎င်းတို့၏ လူ့သဘာဝမှာ ဆိုးဝါးကြောင်း၊ ၎င်းတို့သည် ကျိန်စာတိုက်ခံထိုက်ကြောင်းကိုလည်း ပြောကြသည်။ ၎င်းတို့ကို သင်က ‘သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု သင်ဆိုသည့်အတွက် မည်သည့် ဒုစရိုက်အမှုများကို သင် ကျူးလွန်ခဲ့သနည်း’ ဟု မေးသည် ဆိုပါစို့။ ၎င်းတို့က ‘ကျွန်ုပ်သည် မည်သည့်အရာမျှ မပြုလုပ်ခဲ့သော်လည်း နတ်ဆိုးတစ်ကောင် ဖြစ်၏။ ထို့ပြင် ကျွန်ုပ် နတ်ဆိုးတစ်ကောင်ဖြစ်သည်သာမက စာတန်တစ်ကောင်လည်း ဖြစ်၏’ ဟု ပြောမည်ဖြစ်သည်။ ထိုအခါ ၎င်းတို့ကို သင်က ‘သင်သည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင် ဖြစ်သည်ဟု ဆိုသဖြင့် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်၏ မည်သည့်ဆိုးယုတ်သော လုပ်ရပ်များကို သင် ကျူးလွန်ခဲ့ပြီး ဘုရားသခင်ကို မည်သို့အာခံခဲ့သနည်း။ သင်ပြုလုပ်ခဲ့သည့် ဆိုးယုတ်သော အရာများနှင့်ပတ်သက်၍ အမှန်တရားကို သင် ပြောနိုင်မည်လော’ ဟု မေးသည်။ ၎င်းတို့က ‘ကျွန်ုပ်သည် ဆိုးယုတ်သောအရာတစ်ခုမျှ မပြုလုပ်ခဲ့’ ဟု ဆိုမည်ဖြစ်သည်။ ထိုအခါ သင်သည် ဆက်လက်၍ မရမကတိုက်တွန်းပြီး ‘အကယ်၍ သင်သည် ဆိုးယုတ်သော မည်သည့်အရာကိုမျှ ပြုလုပ်မထားလျှင် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု အဘယ့်ကြောင့် သင်ဆိုရသနည်း။ ဤသို့ပြောခြင်းဖြင့် မည်သည့်အရာကို သင် ရရှိဖို့ကြိုးစားနေသနည်း’ ဟု မေး၏။ သင်သည် ဤသို့ဖြင့် ၎င်းတို့အပေါ် အလေးအနက် ဖြစ်သောအခါ ၎င်းတို့၌ ပြောစရာ တစ်ခုမျှ ရှိမည်မဟုတ်တော့ချေ။ အမှန်တွင် ၎င်းတို့သည် မကောင်းသောအရာ များစွာ ပြုလုပ်ထားပြီးဖြစ်သော်လည်း သင့်အား ဤအရာနှင့်ပတ်သက်သည့် အချက်အလက်များကို လုံးဝ ဖွင့်ပြောမည် မဟုတ်ချေ။ ၎င်းတို့သည် စကားကြီးစကားကျယ် အနည်းငယ်ကိုသာ ပြောပြီး ၎င်းတို့၏ မိမိကိုယ်ကို သိကျွမ်းမှုနှင့် ပတ်သက်၍ ပြောဖို့အတွက် အချို့သော အယူဝါဒများကို အနှစ်မဲ့သောပုံစံဖြင့် လေပန်းမည်ဖြစ်သည်။ လူတို့ကို အထူးသဖြင့် မည်သို့ သိမ်းသွင်းစည်းရုံးကြောင်း၊ လူတို့ကို မည်သို့ လိမ်လည်လှည့်စားကြောင်း၊ ၎င်းတို့၏ ခံစားချက်များကို အခြေခံ၍ လူတို့ကို မည်သို့ အသုံးချခဲ့ကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို အလေးအနက်ထားရန် မည်သို့ ပျက်ကွက်ခဲ့ကြောင်း၊ အလုပ်အစီအစဉ်များကို မည်သို့ ဆန့်ကျင်ခဲ့ကြောင်း၊ အထက်ကို မည်သို့ လိမ်လည်လှည့်စားခဲ့ကြောင်း၊ အမှုအရာများကို ညီအစ်ကို မောင်နှမများထံမှ မည်သို့ ဖုံးကွယ်ခဲ့ကြောင်းနှင့် ဘုရားအိမ်တော်၏ အကျိုးကျေးဇူးကို မည်မျှ ထိခိုက်ပျက်စီးစေခဲ့ကြောင်းတို့နှင့် ပတ်သက်လာလျှင် ၎င်းတို့သည် ဤအချက်အလက်များနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမျှ ပြောမည်မဟုတ်ချေ။ ဤသည်မှာ မိမိကိုယ်ကို စစ်မှန်သော သိကျွမ်းခြင်းဟုတ်သလော။ (မဟုတ်ပါ။) သူသည် နတ်ဆိုးတစ်ကောင်နှင့် စာတန်တစ်ကောင်ဖြစ်သည်ဟု ဆိုရာ၌ သူသည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံဖို့အတွက် မိမိကိုယ်ကို သိကျွမ်းခြင်းကို အယောင်ဆောင်နေသည် မဟုတ်လော။ ဤသည်မှာ သူ အသုံးပြုသည့် နည်းစနစ်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သာမန်လူတစ်ဦးက ဤနည်းစနစ်ကို ရိပ်စားမိနိုင်ခြင်း မရှိပေ။...စာတန်သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြင့် တစ်ခါတစ်ရံ လူတို့ကို အထင်အမြင်မှားစေပြီး တစ်ခါတစ်ရံ သူ၌ အခြားရွေးစရာ မရှိတော့သောအခါ သူ၏အမှားများကို ဝေ့ဝိုက်သောနည်းဖြင့် ဝန်ခံနိုင်သည်။ သို့သော် ယင်းသည် အပြင်ပန်းသာလျှင် ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်မှာ လူတို့၏ သနားကရုဏာနှင့် နားလည်ပေးခြင်းကို ရယူဖို့ဖြစ်သည်။ သူက ‘မည်သူမျှ မပြည့်စုံပေ။ လူတိုင်းတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး လူတိုင်း အမှားလုပ်နိုင်စွမ်း ရှိကြသည်။ လူတစ်ဦးသည် သူ၏အမှားများကို ပြင်ဆင်နိုင်သရွေ့ သူသည် လူကောင်းတစ်ဦးဖြစ်သည်’ ဟုပင် ပြောမည်။ ဤသည်ကို လူတို့ကြားသောအခါ ယင်းက မှန်ကန်သည်ဟု သူတို့ ထင်မှတ်ကြပြီး စာတန်ကို ဆက်လက်၍ ကိုးကွယ်ပြီး လိုက်လျှောက်ကြသည်။ စာတန်၏ နည်းစနစ်မှာ သူ၏အမှားများကို အလျင်ဦးအောင် ဝန်ခံရန်နှင့် သူ့ကိုယ်သူ တိတ်တခိုး ဂုဏ်တင်ချီးကျူးပြီး လူတို့၏ စိတ်နှလုံးများထဲရှိ သူ၏ နေရာကို တိုးမြှင့်ရန် ဖြစ်သည်။ ဤသို့ဖြင့် လူတို့က သူနှင့်ပတ်သက်သည့် အရာရာတိုင်း၊ သူ၏အမှားများကိုပင် လက်ခံပြီးနောက် ဤအမှားများကို ခွင့်လွှတ်ကာ ယင်းတို့နှင့်ပတ်သက်၍ တဖြည်းဖြည်း မေ့သွားရန်နှင့် နောက်ဆုံးတွင် စာတန်ကို လုံးလုံးလျားလျား လက်ခံလျက် သေသည့်တိုင်အောင် သူ့အပေါ် သစ္စာစောင့်သိလာကာ သူ့ကို မည်သည့်အခါမျှ ချန်ရစ်မထား သို့မဟုတ် စွန့်ခွာမသွားဘဲ အဆုံးတိုင်အောင် သူ့နောက်လိုက်ရန် ဖြစ်သည်။ ဤသည်မှာ စာတန်၏ အမှုအရာများကို ပြုလုပ်သည့် နည်းစနစ် မဟုတ်လော။ ဤသည်မှာ စာတန်ပြုမူလုပ်ဆောင်သည့်ပုံ ဖြစ်ပြီး အန္တိခရစ်များကလည်း လူတို့ကို ၎င်းတို့အား ကိုးကွယ်ပြီး လိုက်လျှောက်စေဖို့ဟူသည့် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြုမူလုပ်ဆောင်သည့်အခါ ဤနည်းနစ်မျိုးကို အသုံးပြုကြသည်။ ဤအရာက ဆိုက်ရောက်စေသည့် အကျိုးဆက်များမှာ အတူတူပင်ဖြစ်ကာ လူတို့ကို စာတန် အထင်အမြင် မှားစေခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်း၏ အကျိုးဆက်များနှင့် လုံးဝ မခြားနားပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄- ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်) ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တဲ့အခါ၊ ကျွန်တော်က ဘုရားဖော်ထုတ်ခဲ့တဲ့အတိုင်း အတိအကျဖြစ်နေခဲ့တယ်။ ကျွန်တော် ပြုပြင်ခံခဲ့ရချိန်မှာ၊ သိသိသာသာ ပြန်ခံပြောပြီး စိတ်ထဲမှာ ဝန်ခံဖို့ ငြင်းနေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သမ္မာတရားကို လက်ခံနိုင်တယ်လို့ တခြားလူတွေပြောအောင်၊ ကျွန်တော့်အပေါ် ကြီးကြပ်ရေးမှူးရဲ့ အပျက်သဘောဆောင်တဲ့ အထင်အမြင်ကို အထင်အမြင်ကောင်းတစ်ခုနဲ့ အစားထိုးရအောင် တွန့်ဆုတ်မနေဘဲ ကိုယ့်ပြဿနာတွေကို စိစစ်ပြခဲ့ပြီး သိပြခဲ့တယ်။ ကျွန်တော်က “လူ့သဘာဝ ကင်းမဲ့တယ်”၊ “တခြားလူတွေကို အထင်အမြင်မှားစေတယ်”ဆိုတာနဲ့ “အသင်းတော်အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေတယ်”လို့ ပြောပြီးတော့ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဖို့ ပြင်းထန်တဲ့ စကားလုံးတွေကို သုံးပြခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် နက်နက်ရှိုင်းရှိုင်းနဲ့ စေ့စေ့စပ်စပ် နားလည်တယ်လို့ တခြားလူတွေ ထင်အောင်လုပ်ဖို့ပေါ့။ အမှန်တော့၊ ကျွန်တော်က ရှေ့ခြေနှစ်လှမ်းလှမ်းဖို့ နောက်ကို ခြေတစ်လှမ်းဆုတ်နေခဲ့တာပဲ။ တခြားလူတွေ နှုတ်ဆိတ်သွားအောင်နဲ့ လူတိုင်း ကျွန်တော့်ကို ထောက်ခံအောင်၊ လေးစားအောင်၊ ပြီးတော့ ကျွန်တော်က သမ္မာတရားကို လက်ခံနိုင်တယ်၊ အသက်ဝင်ရောက်မှုရှိပြီး ကျွန်တော့်အမှားတွေကို သိတာနဲ့ ပြုပြင်ခဲ့တယ်လို့ ပြောအောင် ကျွန်တော့်ရဲ့ ချက်ချင်း အပြစ်ဝန်ခံတာကို အသုံးချနေခဲ့တာ။ ကျွန်တော့်ကိုယ်ကျွန်တော် ပြရုပ်တင်ဖို့ အသွင်အပြင်တွေနဲ့ အနှစ်မဲ့ အယူဝါဒကို ကျွန်တော် သုံးခဲ့ချိန်မှာ တကယ်တော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ကြွားဝါ၊ ချီးမြှောက်ပြီး တခြားလူတွေကို လှည့်စားချင်တာသက်သက် ဖြစ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ သိမြင်မှုက ကိုယ့်ကိုယ်ကိုယ် ဖုံးဖိဖာထေးဖို့၊ တခြားလူတွေကို အထင်အမြင်မှားအောင်လုပ်ဖို့နဲ့ ကျွန်တော့်ကို သူတို့ လေးစားစေဖို့ ရည်ရွယ်တဲ့ ရှက်စရာ ရည်ရွယ်ချက်တွေနဲ့ အကြံတွေ အများကြီးကို ဖုံးကွယ်ထားတာ မြင်ရတယ်။ ကျွန်တော်ဟာ တကယ်ကို စက်ဆုပ်စရာကောင်းလိုက်တာ။ ဒါ့အပြင်၊ ကျွန်တော့် ပြဿနာတွေက အဲဒီလောက်ဆိုးမယ်လို့ တကယ် မထင်ခဲ့ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အကျည်းတန်ပြီး စက်ဆုပ်စရာလို သရုပ်ဖော်ခဲ့တယ်။ အနှစ်သာရအနေနဲ့၊ ကျွန်တော် လုပ်နေတာက တခြားလူတွေ အထင်အမြင်မှားအောင် မမှန်တဲ့သက်သေခံနေခဲ့တာပဲ။ ကျွန်တော့် အနှစ်သာရက တကယ်ကို ဘယ်လောက် လှည့်ဖြားတတ်လဲဆိုရင် ကျွန်တော်က အယောင်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ် သိမြင်သလိုတောင် ဟန်ဆောင်နိုင်ခဲ့တယ်ဆိုတာကို ဒီထုတ်ဖော်ခြင်းကတစ်ဆင့်သာ မြင်ခဲ့ရတာပါ။ ကြီးကြပ်ရေးမှူးရဲ့ ဖော်ထုတ်တာ၊ ပြုပြင်တာတွေက လုံးဝ မှန်နေခဲ့တယ်။

နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ပြီး၊ ကျွန်တော် လျှောက်နေခဲ့တဲ့ မှားတဲ့လမ်းကြောင်းအပေါ် သိနားလည်မှုတချို့ ရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အသက်ကို ဖွေရှာသော သူများအလယ်တွင်၊ ပေါလုသည် မိမိ၏ ကိုယ်ပိုင် အနှစ်သာရကို မသိသောသူတစ်ဦး ဖြစ်သည်။ သူသည် လုံးဝ နှိမ်ချခြင်းဖြစ်စေ၊ ကျိုးနွံနာခံခြင်းဖြစ်စေ မရှိခဲ့သကဲ့သို့ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် သူ၏ အနှစ်သာရကိုလည်း မသိခဲ့ချေ။ ထို့ကြောင့် သူသည် အသေးစိတ်ကျသော အတွေ့အကြုံများကို မကြုံခဲ့ရသောသူဖြစ်ပြီး၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သော သူတစ်ဦးလည်း ဖြစ်ခဲ့သည်။ ပေတရုမှာမူ ကွဲပြားခြားနားခဲ့၏။ သူသည် သူ၏ မပြည့်စုံမှုများ၊ အားနည်းချက်များနှင့် ဘုရားသခင်၏ ဖန်ဆင်းခံ တစ်ဦးအနေနှင့် သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို သိခဲ့သည်၊ ထို့ကြောင့် သူ၏ စိတ်သဘောထားကို ပြောင်းလဲရန် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သူ ရှိခဲ့သည်။ သူသည် အယူဝါဒသာ ရှိသော်လည်း၊ လက်တွေ့အရှိတရား မပိုင်ဆိုင်သော သူများထဲမှ တစ်ဦး မဟုတ်ခဲ့ချေ။ ပြောင်းလဲသော သူတို့သည် ကယ်တင်ခြင်းခံရပြီးဖြစ်သည့် လူသစ်များ ဖြစ်ကြသည်၊ ၎င်းတို့သည် သမ္မာတရားအား လိုက်စားခြင်း၌ အရည်အချင်း ပြည့်မီကြသူများ ဖြစ်ကြသည်။ မပြောင်းလဲသော လူတို့သည် အလိုအလျောက် ခေတ်နောက်ကျသွားသော သူများနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် ကယ်တင်ခြင်း မခံရသေးသော သူများ ဖြစ်ကြသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ပစ်ပစ်ခါခါငြင်းခြင်းခံရသော သူများ ဖြစ်ကြပေသည်။ ၎င်းတို့၏ အလုပ်သည် မည်မျှကြီးမြတ်သည် ဖြစ်ပါစေ၊ ဘုရားသခင်၏ အောက်မေ့ခြင်းကို ခံရလိမ့်မည် မဟုတ်။ ဤအရာကို သင်၏ ကိုယ်ပိုင် လိုက်စားခြင်းနှင့် နှိုင်းယှဉ်သောအခါတွင်၊ နောက်ဆုံးတွင် သင်သည် ပေတရု သို့မဟုတ် ပေါလုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်သည်၊ မဖြစ်သည်မှာ ပကတိရှင်းနေပြီးသား ဖြစ်သင့်သည်။ သင်ဖွေရှာသော အရာတွင် သမ္မာတရား မရှိသေးပါက၊ ပြီးလျှင် ယနေ့တွင်ပင်လျှင် သင်သည် ပေါလုကဲ့သို့ မာနထောင်လွှားပြီး ပမာမခန့် ဖြစ်နေဆဲဖြစ်ကာ၊ သူကဲ့သို့ ရွှန်းရွှန်းဝေအောင် ပြောတတ်ပြီး ဝါကြွားဆဲဖြစ်ပါက၊ သင်သည် ရှုံးနိမ့်သည့် အကျင့်ဆုတ်ယုတ်သူ တစ်ယောက် ဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။ သင်သည် ပေတရုကဲ့သို့ ကြိုးစားပါက၊ သင်သည် လက်တွေ့လုပ်ဆောင်မှုများနှင့် စစ်မှန်သည့် ပြောင်းလဲခြင်းများကို ရှာဖွေပြီး၊ မာနမထောင်လွှားဘဲ သို့မဟုတ် တစ်ဇွတ်ထိုး မလုပ်ဘဲ၊ သင်၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားပါက၊ သင်သည် အောင်နိုင်ခြင်းကို စွမ်းဆောင်ရရှိနိုင်သည့် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး ဖြစ်ပေလိမ့်မည်။ ပေါလုသည် မိမိကိုယ်တိုင်၏ ပုန်ကန်ခြင်းကို သိရန် မဆိုထားနှင့်၊ မိမိ ကိုယ်တိုင်၏ အနှစ်သာရ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းကို မသိခဲ့ချေ။ သူသည် ခရစ်တော်နှင့် သက်ဆိုင်သည့် သူ၏ စက်ဆုပ်ဖွယ် အာခံမှုကို မဖော်ပြခဲ့သကဲ့သို့၊ သူသည် လွန်ကဲစွာ နောင်တရခြင်းလည်း မရှိခဲ့ပေ။ အကျဉ်းရုံး ရှင်းပြချက်တစ်ခုကိုသာ သူပေးခဲ့ပြီး၊ သူ၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ကို အပြည့်အဝ အလျှော့ပေးခြင်း မရှိခဲ့ပေ။ သူသည် ဒမာသက်မြို့သို့ သွားရာလမ်းတွင် လဲကျခဲ့သော်လည်း၊ သူသည် မိမိ၏စိတ်တွင်း ကို မဆန်းစစ်ခဲ့ချေ။ သူသည် အလုပ်လုပ်မြဲ လုပ်နေရရုံမျှနှင့် ရောင့်ရဲခဲ့ပြီး၊ မိမိကိုယ်ကိုယ် သိခြင်းနှင့် သူ၏ စိတ်သဘောထားဟောင်းအား ပြောင်းလဲခြင်းတို့ကို အရေးပါဆုံးသော ကိစ္စရပ်များအဖြစ် သူ မမှတ်ယူခဲ့ချေ။ သမ္မာတရားအား ပြောဆိုခြင်းမျှဖြင့်၊ သူ၏ ကိုယ်ပိုင် ဩတ္တပ္ပစိတ်အတွက် အခြားသူများကို ကျွန်တစ်ဦးသဖွယ် ထောက်ပံ့ပေးခြင်းမျှဖြင့်၊ သူ့ကိုယ်သူ ဖြေသိမ့်ရန်နှင့် အတိတ်မှ သူ၏ အပြစ်များကို မိမိဘာသာ ဖြေလွှတ်ရန် ခရစ်တော်၏ နောက်လိုက်များအား နှိပ်စက်ညှဉ်းပန်းမှု မပြုတော့ခြင်းမျှဖြင့် သူသည် ကျေနပ်နေခဲ့သည်။ သူ လိုက်စားခဲ့သော ပန်းတိုင်သည် အနာဂတ် သရဖူနှင့် အချိန်ပိုင်းမျှသာခံသော အလုပ်ထက် ဘာမျှမပိုပေ၊ သူ လိုက်စားခဲ့သော ပန်းတိုင်သည် ကြွယ်ဝသော ကျေးဇူးတော် ဖြစ်သည်။ သူသည် လုံလောက်သော သမ္မာတရားကို မဖွေရှာခဲ့သကဲ့သို့၊ ယခင်က သူနားမလည်ခဲ့သော သမ္မာတရားထဲသို့လည်း သာ၍ နက်ရှိုင်းစွာ တိုးတက်ရန် မကြိုးစားခဲ့ချေ။ ထို့ကြောင့် မိမိကိုယ်တိုင်နှင့် ပတ်သက်သည့် သူ၏ အသိပညာသည် မှားယွင်းသည်ဟု ပြော၍ရပြီး၊ သူသည် ပြစ်တင်ဆုံးမခြင်း သို့မဟုတ် တရားစီရင်ခြင်းကို လက်မခံခဲ့ချေ။ သူ အလုပ်လုပ်နိုင်ခဲ့သည်မှာ သူသည် မိမိကိုယ်တိုင်၏ သဘာဝ သို့မဟုတ် အနှစ်သာရနှင့် ပတ်သက်၍ အသိပညာကို ပိုင်ဆိုင်ထားသည်ဟု မဆိုလိုပေ။ သူ၏ အာရုံစိုက်မှုမှာ အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများသာ ဖြစ်ခဲ့သည်။ ထို့အပြင် သူကြိုးပမ်းခဲ့သည့်အရာမှာ ပြောင်းလဲမှု မဟုတ်ဘဲ အသိပညာ ဖြစ်ခဲ့သည်။ သူ၏ အလုပ်သည် ဒမာသက်သို့ သွားရာလမ်းပေါ်တွင် ယေရှု၏ ပေါ်ထွန်းခြင်း ရလဒ် လုံးလုံးဖြစ်ခဲ့သည်။ ယင်းမှာ သူသည် မူလက လုပ်ဆောင်ရန် စိတ်ဆုံးဖြတ်ခဲ့သည့်အရာ မဟုတ်သကဲ့သို့၊ ယင်းမှာ သူ၏ စိတ်သဘောထားဟောင်းကို ပြုပြင်ခြင်းအား လက်ခံပြီးသည့်နောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အလုပ်လည်း မဟုတ်ခဲ့ချေ။ သူသည် မည်သို့ အလုပ်လုပ်ခဲ့သည် ဖြစ်စေ၊ သူ၏ ဟောင်းသော စိတ်သဘောထားသည် မပြောင်းလဲခဲ့ချေ၊ ထို့ကြောင့် သူ၏ အလုပ်သည် သူ၏အတိတ်က အပြစ်များကို မဖြေလွှတ်ခဲ့ဘဲ၊ ထိုအချိန်က အသင်းတော်များအလယ် အချို့သော အခန်းကဏ္ဍ၌ လုပ်ဆောင်ခဲ့ရုံမျှ ဖြစ်ခဲ့သည်။ ဤကဲ့သို့သော မိမိ၏ စိတ်သဘောထားဟောင်းကို ပြောင်းလဲခြင်း မရှိသည့် လူတစ်ယောက်အနေနှင့် ဆိုလိုသည်မှာ၊ ကယ်တင်ခြင်းအား မရရှိခဲ့သကဲ့သို့ သာ၍ပင် သမ္မာတရား မရှိသောသူတစ်ဦးအနေဖြင့် သူသည် သခင်ယေရှုက လက်ခံသော သူများထဲမှ တစ်ဦး ဖြစ်လာနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်တွေက ပေတရုနဲ့ ပေါလုတို့ လျှောက်ခဲ့တဲ့ လမ်းကြောင်းတွေကို ဖော်ထုတ်တယ်။ ဘုရားကို ယုံကြည်ရာမှာ ပေတရုရဲ့ အောင်မြင်ခြင်းက သမ္မာတရားကို သူ့ရဲ့ အလေးအနက် လိုက်စားမှုနဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိအပေါ် အာရုံစိုက်မှုမှာ ရှိတယ်။ သူက လူသားမျိုးနွယ်ကို ဖော်ထုတ်တဲ့ သခင်ယေရှုရဲ့ စကားတွေနဲ့ သူ့ကိုယ်သူ ခရေစေ့တွင်းကျ စစ်ဆေးခဲ့တယ်၊ ဘုရားနှုတ်ကပတ်တော်တွေအရ သူ့ကိုယ်သူ ပြန်သုံးသပ်ပြီး၊ နောက်ဆုံးမှာ စစ်မှန်တဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ ရသွားခဲ့တယ်။ ပေါလုရဲ့ ကျရှုံးမှုက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ အနှစ်သာရအပေါ် သိတဲ့အသိ ကင်းမဲ့ခဲ့လို့ပဲ။ သူ့ကိုယ်သူ အပြစ်သားတစ်ယောက်၊ အပြစ်သားတွေအားလုံးထဲမှာ အကြီးဆုံးလို့ခေါ်ပြီး နှုတ်နဲ့ အသိအမှတ်ပြုရုံလောက်နဲ့ ကျေနပ်ရောင့်ရဲခဲ့တယ်။ ဒါပေမဲ့ သခင်ယေရှုကို သူ ပုန်ကန်ပြီး အတိုက်အခံလုပ်ခဲ့ပုံ ဒါမှမဟုတ် ဘယ်မကောင်းမှုကို သူ ကျူးလွန်ခဲ့တယ်ဆိုတာကို လုံးဝ မစိစစ်၊ မဖွင့်ချခဲ့ဘူး။ သူ့ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက အနှစ်မဲ့ပြီး မှားခဲ့တယ်။ ဒါက အသက်စိတ်သဘောထားမှာ သူ့ကို ပြောင်းလဲမှုတစ်ခု မဖြစ်စေနိုင်ခဲ့ရုံသာမက၊ သူ့ကို ပိုလို့တောင် မာနထောင်လွှားစေခဲ့ပြီး နောက်ဆုံးမှာ၊ သူက ခရစ်တော်လို အသက်ရှင်နေတယ်လို့ ပြောရင်းနဲ့ သူ့ကိုယ်သူ ပေါ်တင်သက်သေခံခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဖော်ထုတ်ခြင်းကနေ ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်က ပေါလုလို လမ်းကြောင်းကို လျှောက်နေခဲ့တာပဲ။ ဘုရားကို ယုံကြည်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိနဲ့ပတ်သက်လို့ စုဝေးပွဲတွေမှာ၊ ညီအစ်ကို မောင်နှမတွေရှေ့မှာ ပြောခဲ့တယ်။ ကျွန်တော်က မာနထောင်လွှားတယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ ဆိုးယုတ်ပြီး လူ့သဘာဝမဲ့တယ်လို့ ပြောပြီးတော့ပေါ့။ ကျွန်တော့် နှုတ်ကနေ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိနဲ့ဆိုင်တဲ့ စကားတွေ လွယ်လွယ်ထွက်ပြီးတော့ နတ်ဆိုးနဲ့ စာတန်အနေနဲ့တောင် အခိုင်အမာ ပြောနေခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘယ်သွင်ပြင်လက္ခဏာကို ကျွန်တော် အသိအမှတ်ပြုသည်ဖြစ်စေ အဲဒါနဲ့ပတ်သက်လို့ ဆယ်မိနစ်ကနေ မိနစ်နှစ်ဆယ်ထိ ကျွန်တော် ပြောနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်နှလုံးမှာ၊ ဘာနာကျင်မှု၊ စိတ်သောကမှ မခံစားခဲ့ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မမေးဘဲမနေနိုင်ခဲ့ဘူး။ “ဒီလို ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိရှိသမျှနဲ့ ဒီနှစ်တွေတစ်လျှောက်လုံးမှာ၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော် တစ်ခုတလေကို ငါ တကယ် လက်ခံခဲ့ရဲ့လား။ ငါတကယ်ပဲ ကိုယ့်ကိုယ်ကိုယ် မုန်းပြီလား။ ငါ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရဲ့ ဘယ်သွင်ပြင်လက္ခဏာက တကယ် ပြောင်းလဲသွားပြီလဲ”လို့ပေါ့။ စုဝေးပွဲတွေမှာ ရှိတဲ့အခါတိုင်း ဒါမှမဟုတ် တခြားလူတွေက ကျွန်တော့်ကို ဖော်ထုတ်တဲ့အခါတိုင်းမှာ ဟန်ဆောင်လုပ်ပြဖို့သက်သက် အယူဝါဒဆိုင်ရာ အသိပညာတချို့ကို ကျွန်တော် ဆွေးနွေးတတ်တယ်၊ ဒါပေမဲ့ ကျွန်တော့် စိတ်နှလုံးမှာ အပြစ်ရှိတဲ့စိတ်၊ အကြွေးတင်စိတ် မခံစားခဲ့ရဘူး။ နောက်ပိုင်းမှာ ပြောင်းလဲမှုကို ဘယ်လို အားထုတ်ရမယ်ဆိုတာ လုံးဝ မတွေးခဲ့ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ဒီလိုအသိအမှတ်ပြုလေ၊ ပေါ့ဆလေဖြစ်လာပြီး၊ ကျွန်တော့်တာဝန်တွေမှာ တိုးတက်ဖို့ စိတ်လှုံ့ဆော်မှု မရှိတော့ဘူး။ ကျွန်တော့်ရဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက ကျွန်တော့်အထဲမှာ ဘာပြောင်းလဲမှုမှ လုံးဝ မဖြစ်စေခဲ့ဘူး။ အဲဒီအစား၊ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စေပြီး အထင်ကြီးလေးစားစေခဲ့တယ်။ ကျွန်တော့်ရဲ့ ဝတ်ကျေတမ်းကျေဖြစ်တာ၊ တစ်ကိုယ်ကောင်းဆန်တာနဲ့ စက်ဆုပ်စရာကောင်းတာတွေကို ကျွန်တော် အသိအမှတ်ပြုခဲ့ပြီးပြီဆိုတာနဲ့ ကျွန်တော့်ရဲ့ လူ့သဘာဝ ကင်းမဲ့မှုကို ကျွန်တော် သတိပြုမိပြီးပြီလို့ ကျွန်တော် ထင်ခဲ့တာလေ။ ကျွန်တော့်ရဲ့ သိနားလည်မှုက တခြားလူတွေထက် ပိုနက်ရှိုင်းပြီး ပိုစေ့စပ်တယ်၊ ပြီးတော့ ဒါက သမ္မာတရားထဲကို ကျွန်တော် ဝင်ရောက်ပြီးပြီဆိုတဲ့ သဘောပဲလို့တောင် တွေးခဲ့တယ်။ အဲဒီလို သူတော်ကောင်းအယောင်ဆောင်တဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက တခြားလူတွေကို လှည့်ဖြားရုံမက ကျွန်တော့်ကိုလည်း အထင်အမြင်မှားစေခဲ့ပြီး နောက်ဆုံးမှာ၊ ဆုံးရှုံးမှု ခံစားရတာက ကျွန်တော် ဖြစ်နေခဲ့တယ်။ အမှန်တော့၊ ညီအစ်ကို မောင်နှမတချို့က ကျွန်တော့်ရဲ့ ဒီကိုယ့်ကိုယ်ကိုယ် သိတဲ့အသိလို့ခေါ်တဲ့အရာကို ပိုင်းခြားသိမြင်ခဲ့ကြပါတယ်။ ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို၊ “အစ်ကို ပြောတဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိက ကြီးကျယ်ခမ်းနားပြီး လူအများစု လက်လှမ်းမီဘူးလို့ ထင်ရတယ်။ ပထမတော့ အဲဒါကို ကျွန်တော် လေးစားမိခဲ့ပေမဲ့ အချိန်ကြာလာတော့ အစ်ကိုက ပြောင်းလဲမှု၊ ဝင်ရောက်မှု သိပ်ရတာ ကျွန်တော် မမြင်ခဲ့ဘူး”လို့တောင် ပြောခဲ့တယ်။ သုံးသပ်ကြည့်တော့ အဲဒါ တကယ်ကို သနားစရာပါပဲ။ နှစ်ကာလတွေတစ်လျှောက်မှာ၊ ကျွန်တော့်တာဝန်ကို ထမ်းဆောင်နေတုန်း၊ ဘုရားက ကျွန်တော့်အတွက် ပတ်ဝန်းကျင် အများကြီး စီစဉ်ပေးခဲ့ပြီး၊ ပြုပြင်တာတွေ အများကြီးလည်း ကျွန်တော် ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ ဒီအခွင့်အရေးတွေအားလုံးကို ကျွန်တော် တစ်စတစ်စ လက်လွတ်ဆုံးရှုံးခဲ့ပြီး၊ ဒီကိစ္စတွေမှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ပြန်မသုံးသပ်၊ မသိခဲ့ဘူး။ ဘုရားက သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းကို လူတွေ တကယ် လက်ခံနိုင်မယ်၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖယ်ရှားပြီး ကယ်တင်ခြင်း ရရှိနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ လူသားရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖော်ထုတ်ရင်းနဲ့ နှုတ်ကပတ်တော်တွေအများကြီး ဖော်ပြပြီးပြီ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် အယူဝါဒ တစ်ပုံတစ်ပင်နဲ့ ပြင်ဆင်ပြီးတော့ ဘုရားနှုတ်ကပတ်တော်ရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကိုပဲ ကြွားဝါဖို့ တန်ဆာပလာအနေနဲ့ သုံးခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို လုံးဝ မပြောင်းလဲခဲ့ဘူး။ ကျွန်တော်က သူတော်ကောင်းအယောင်ဆောင်တဲ့ ဖာရိရှဲတွေလိုပါပဲ။ ဒါကို တွေးမိတော့၊ ကျွန်တော် သေရေးရှင်ရေးဖြစ်တဲ့ ခံစားချက်တစ်ခုကို ခံစားရပြီး ဒီလိုဆက်နေလို့ မဖြစ်မှန်း သဘောပေါက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ မှားတဲ့ လိုက်စားမှုတွေကို အမှန်ပြင်ပြီး ကိုယ့်ကိုယ်ကိုယ် တကယ် သိအောင် လမ်းပြဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

ဆုတောင်းခြင်းနဲ့ ရှာဖွေခြင်းကနေတစ်ဆင့်၊ ဘုရားနှုတ်ကပတ်တော်တွေမျာ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းနဲ့ ဝင်ရောက်မှုကို ရှာတွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည် “သင်၏ မိမိကိုယ်ကို သိသည့် သိမြင်မှုသည် အပေါ်ယံအရာများအပေါ် သာမန်ကာလျှံကာ အသိအမှတ်ပြုခြင်းသာ ပါဝင်ပါက သင်သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူကြောင်း၊ ဘုရားသခင်ကို သင် ပုန်ကန်ကာ အတိုက်အခံလုပ်ကြောင်း ပြောရုံမျှပြောပါက ဤသည်မှာ စစ်မှန်သည့် သိမြင်မှုမဟုတ်ဘဲ အယူဝါဒ ဖြစ်၏။ ဤအရာထဲသို့ အမှန်တရားများကို သင်ပေါင်းစပ်ရမည်။ မှားယွင်းသည့် ကြံရွယ်ချက်များနှင့် အမြင်များ၊ သို့မဟုတ် လွဲချော်နေသည့် အယူအဆများ သင်စွဲကိုင်သည့် မည်သည့် ကိစ္စရပ်များကိုမဆို မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းအတွက် သင် ထုတ်ဖော်ရမည်။ ဤအရာသည်သာ မိမိကိုယ်ကို အမှန်တကယ် သိရှိခြင်း ဖြစ်သည်။ သင်သည် သင်၏ လုပ်ရပ်များတစ်ခုတည်းပေါ် အခြေခံ၍ သင့်ကိုယ်သင် သိနားလည်ခြင်းအား မရရှိသင့်ပေ။ အဓိကကျသည့်အရာကို သင် သဘောပေါက်ရမည်ဖြစ်ပြီး ပြဿနာ၏ ရင်းမြစ်ကို ဖြေရှင်းရမည်။ အချိန်ကာလတစ်ခု ကုန်လွန်သွားသည်နှင့် သင်သည် မိမိကိုယ်ကို သုံးသပ်ပြီး မည်သည့် ပြဿနာများကို သင် ဖြေရှင်းပြီးဖြစ်ကာ မည်သည့်အရာ ကျန်ရှိနေသေးသည်ကို အကျဉ်းချုပ်ရမည်။ ထို့ကြောင့် ဤပြဿနာများကို ဖြေရှင်းရန်လည်း သမ္မာတရားကို သင် ရှာဖွေရမည်။ သင်သည် မတက်မကြွ မဖြစ်ရ၊ အမှုအရာများကို လုပ်ဆောင်ဖို့ အခြားသူများက သင့်ကို ချော့ရန်၊ သို့မဟုတ် တွန်းရန်၊ သို့မဟုတ် နဖားကြိုးတပ်ရန်ပင် သင် အမြဲ မလိုအပ်ရ။ အသက်ဝင်ရောက်မှုအတွက် သင်၏ ကိုယ်ပိုင် လမ်းကြောင်း ရှိရမည်။ သမ္မာတရားနှင့် ဆန့်ကျင်ကွဲလွဲသည့် မည်သည့်အရာများကို သင် ပြောဆိုကာ လုပ်ဆောင်ပြီးဖြစ်သည်၊ သင်၏ မည်သည့် ကြံရွယ်ချက်များက မှားယွင်းပြီး မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင် ထုတ်ဖော်ပြပြီးသည်ဆိုသည်တို့ကို မြင်ရန် သင့်ကိုယ်သင် မကြာခဏ ဆန်းစစ်ရမည်။ သင်သည် ဤသို့ အမြဲ လက်တွေ့လုပ်ဆောင်ကာ ဝင်ရောက်ပါက၊ သင့်ကိုယ်သင် တင်းကျပ်သည့် တောင်းဆိုချက်များ ပြုလုပ်ပါက သမ္မာတရားကို တဖြည်းဖြည်း နားလည်နိုင်လိမ့်မည်ဖြစ်ပြီး အသက် ဝင်ရောက်မှုရှိလိမ့်မည်။ သင်သည် သမ္မာတရားကို စစ်မှန်စွာ နားလည်သည့်အခါ သင် အမှန်တကယ် ဘာမျှမဟုတ်သည်ကို မြင်လိမ့်မည်။ တစ်ချက်မှာ သင်သည် ဆိုးရွားစွာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိသည်။ နောက်တစ်ချက်မှာ သင်သည် အလွန် ချို့တဲ့လွန်းပြီး မည်သည့် သမ္မာတရားကိုမျှ နားမလည်ပေ။ ထိုသို့သော မိမိကိုယ်ကို သိသည့် သိမြင်မှုကို သင် အမှန်တကယ် ပိုင်ဆိုင်သည့် နေ့ရက်တစ်ရက် ရောက်လာလျှင် သင်သည် မာနထောင်လွှားနိုင်စွမ်းရှိတော့မည် မဟုတ်သကဲ့သို့ ကိစ္စရပ်များစွာတွင် အသိစိတ် ပိုင်ဆိုင်လိမ့်မည်ဖြစ်ကာ ကျိုးနွံနာခံနိုင်စွမ်း ရှိလိမ့်မည်။ ယခု အဓိက ပြဿနာမှာ အဘယ်နည်း။ အယူအဆများ၏ အနှစ်သာရအပေါ် မိတ်သဟာယနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းမှတစ်ဆင့် လူတို့သည် ၎င်းတို့ အယူအဆများ ဖြစ်ပေါ်ရသည့် အကြောင်းရင်းကို နားလည်လာကြပြီ ဖြစ်သည်။ အချို့သော အယူအဆများကို ၎င်းတို့ ဖြေရှင်းနိုင်သော်လည်း ဤသည်မှာ ၎င်းတို့အနေဖြင့် အယူအဆတိုင်း၏ အနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်သည်ဟု မဆိုလိုပေ။ ယင်းမှာ ၎င်းတို့အနေဖြင့် မိမိကိုယ်ကို သိသောအသိအချို့ရှိသော်လည်း ၎င်းတို့၏ သိမြင်မှုသည် လုံလောက်အောင် မနက်ရှိုင်း၊ သို့မဟုတ် မရှင်းလင်းသေးဟုသာ ဆိုလိုပေသည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် မိမိတို့ ကိုယ်ပိုင် သဘာဝအနှစ်သာရကို ရှင်းလင်းစွာ မမြင်နိုင်ကြသေးသကဲ့သို့ မိမိတို့ စိတ်နှလုံးများတွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အမြစ်တွယ်ကြပြီးဖြစ်သည်ကိုလည်း မမြင်နိုင်ကြချေ။ လူတစ်ဦးအနေဖြင့် ဤနည်းဖြင့် မိမိကိုယ်ကို သိသည့် အသိ မည်မျှ ရရှိနိုင်သည်ဆိုသည်မှာ အကန့်အသတ်ရှိ၏။ လူအချို့က ‘ကျွန်ုပ်၏ စိတ်သဘောထားသည် အလွန်အလွန့် မာနထောင်လွှားသည်ကို ကျွန်ုပ် သိပါသည်။ ဤသည်မှာ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သိသည်ဟု မဆိုလိုသလော’ ဟု ဆိုကြသည်။ ထိုသို့သော သိမြင်မှုသည် အလွန် အပေါ်ယံဆန်၏။ ယင်းသည် ပြဿနာကို မဖြေရှင်းနိုင်ပေ။ သင်သည် မိမိကိုယ်ကို အမှန်တကယ် သိရှိပါက အဘယ်ကြောင့် ကိုယ်ရေးကိုယ်တာ တက်လမ်းကို ရှာနေသေးသနည်း၊ အဆင့်အတန်းနှင့် ဂုဏ်ထူးဘွဲ့ထူးကို အဘယ်ကြောင့် မက်မောနေသေးသနည်း။ ဤသည်မှာ သင်၏ မာနထောင်လွှားသော စိတ်သဘောထားသည် အမြစ်မပြတ်သေးဟု ဆိုလိုသည်။ ထို့ကြောင့် ပြောင်းလဲခြင်းသည် သင်၏ အတွေးများ၊ အမြင်များ၊ သင့်စကားနှင့် လုပ်ရပ်များနောက်ကွယ်ရှိ ကြံရွယ်ချက်များမှ စတင်ရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူသားသည် အသစ်သောကာလသို့ ကူးပြောင်းပုံ) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိနဲ့ဆိုင်တဲ့ လမ်းကြောင်းကို ကျွန်တော် ရှင်းလင်းမှုတချို့ ရသွားခဲ့တယ်။ “ငါ့တာဝန်မှာ ငါ ဘာလို့ အရမ်းဝတ်ကျေတမ်းကျေဖြစ်ခဲ့တာလဲ။ ငါ့ရဲ့ တာဝန်မဲ့မှုအတွက် ကြီးကြပ်ရေးမှူးက ငါ့ကို ဖော်ထုတ်ပြီး ပြုပြင်တဲ့အချိန်မှာ ငါက အဲဒါကို လက်ခံဖို့ ဘာလို့ မလိုမလားဖြစ်နေခဲ့တာလဲ။ ဒါကို ဘယ်ရည်ရွယ်ချက်တွေနဲ့ ရှုထောင့်တွေက တွန်းအားပေးနေခဲ့တာလဲ”လို့ ကိုယ့်ကိုယ်ကိုယ် မေးရင်းနဲ့ ဒီကိစ္စနဲ့ စပ်လျဉ်းပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်၊ သတိပြုမိခဲ့တယ်။ ကျွန်တော့်ရဲ့ ပြန်သုံးသပ်မှုမှာ၊ ဒါကို ကျွန်တော် သဘောပေါက်သွားတယ်။ တစ်နည်းအားဖြင့် ကျွန်တော်က ကိုယ့်ရဲ့ ဇာတိပကတိကို အရမ်းအလေးထားခဲ့ပြီး သွေးသား ဆင်းရဲဒုက္ခကို ခါးစည်းခံဖို့ လိုအပ်တဲ့အခါတိုင်း ကျွန်တော်က ဒီအတိုင်း ခိုကပ်ချင်ခဲ့တယ်။ ဒါ့အပြင်၊ တာဝန်ကို လူသုံးယောက် ခွဲလုပ်ရတော့ အဲဒီညီအစ်မတွေထက် ကျွန်တော် ပိုစစ်ဆေးရင်၊ ပိုအားထုတ်ရင် ဒါမှမဟုတ် ပိုဆင်းရဲဒုက္ခခံရင် ကျွန်တော်က လူနုံလူအတစ်ယောက်ဖြစ်ပြီး ကိုယ်ပဲအကျိုးယုတ်ရတာပဲဆိုတဲ့ စက်ဆုပ်စရာ အတွေး ကျွန်တော့်မှာ ရှိခဲ့တယ်။ ကျွန်တော့်တာဝန်ကို အလုပ်ရှင်တစ်ယောက်အတွက် အလုပ်လုပ်ပေးနေသလိုမျိုး သဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ အရှုံး၊ အမြတ်တွေကို အမြဲ တွက်ချက်ပြီး၊ တခြားလူတွေထက် နည်းနည်း အလုပ်ပိုလုပ်မိရင် ဒါမှမဟုတ် နည်းနည်း ပိုဆင်းရဲဒုက္ခခံစားရရင် မတန်ဘူးလို့ ခံစားနေခဲ့တယ်။ ကျွန်တော့်တာဝန်ကို ကျွန်တော် လုပ်နေခဲ့ပုံပေါ်ပေမဲ့ တကယ်တော့ ကျွန်တော်က ကောက်ကျစ်ဆိုးယုတ်တဲ့ အကြံတွေနဲ့ ပြည့်ပြီး ကျွန်တော့်ကိုယ်ပိုင် အကျိုးကျေးဇူးကိုပဲ စဉ်စားနေခဲ့တယ်။ ကျွန်တော် အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့တယ်။ ဒါ့အပြင်၊ ကျွန်တော့်မှာ နောက်ထပ် မမှန်တဲ့ ရှုထောင့်တစ်ခုလည်းရှိတာကို တွေ့ခဲ့ရတယ်။ အဲဒါက ဘယ်သူမှ မပြည့်စုံဘူး၊ ဘယ်သူကမှ သူတို့တာဝန်ကို ခြောက်ပစ်ကင်း သဲလဲစင်အောင် လုပ်နိုင်မှာမဟုတ်ဘူးဆိုတာနဲ့ ပြဿနာတချို့၊ လမ်းလွဲမှုတချို့ ရှိတာက ပုံမှန်ဖြစ်တယ်ဆိုတာကို ကျွန်တော် ယုံကြည်မိခဲ့တာပါပဲ။ ဒါကြောင့် ကျွန်တော် ပြုပြင်ခံရတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်၊ မသိခဲ့တဲ့အပြင်၊ အဲဒီအစား ကြီးကြပ်ရေးမှူးက မညှာမတာ ခိုင်းလွန်းတယ်လို့ပဲ တွေးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် တကယ် ပြန်သုံးသပ်ပြီး စိစစ်တဲ့အခါ ဒီရှုထောင့်က သမ္မာတရားနဲ့ မကိုက်ညီဘူးဆိုတာကို ကျွန်တော် သဘောပေါက်သွားတယ်။ ကျွန်တော်တို့တာဝန်တွေကို ခြောက်ပစ်ကင်း သဲလဲစင်အောင် လုပ်ဖို့ ဘုရားက ကျွန်တော်တို့ကို မတောင်းဆိုပေမဲ့၊ ကျွန်တော်တို့တာဝန်တွေမှာ ကျွန်တော်တို့ အစွမ်းကုန်ထမ်းဆောင်နိုင်မယ်လို့ သူက မျှော်လင့်တယ်။ ဒါက ကျွန်တော်တို့တာဝန်တွေမှာ လိုက်နာစောင့်ထိန်းသင့်တဲ့ စည်းမျဉ်းပဲ။ ဒါပေမဲ့ ကျွန်တော်က မှားတဲ့ ရှုထောင့်ကို ကိုင်စွဲခဲ့ပြီး၊ နည်းနည်းပို အာရုံစိုက်တာက ပြဿနာတွေကို တားဆီးနိုင်မဲ့ အချိန်မှာတောင် အားထုတ်ဖို့ မလိုမလားဖြစ်နေခဲ့တယ်။ ကျွန်တော်က စိတ်နှစ်ပြီးလုပ်ဖို့မပြောနဲ့ အစွမ်းကုန်လုပ်နေခဲ့တာ မဟုတ်ဘူး။ ဒါက ကျွန်တော့်တာဝန်မှာ ပြဿနာတွေကို ပိုဖြစ်သည်ထက်ဖြစ်စေခဲ့တယ်။ ကျွန်တော့်တာဝန်ကို တိုက်ရိုက် ဟန့်တားပြီး ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တယ်။ ဒါကို သဘောပေါက်တဲ့အခါ၊ ကျွန်တော့်ရဲ့ အတွင်းပိုင်းအခြေအနေကို နည်းနည်း နားလည်နိုင်ခဲ့တယ်။

သိနားလည်မှုတချို့ ကျွန်တော် ရလိုက်တဲ့အချိန်မှာပဲ ကြီးကြပ်ရေးမှူးက ကျွန်တော်တို့နဲ့ စုဝေးပွဲတစ်ခု လာလုပ်တယ်။ ကျွန်တော်တို့ လတ်တလော ပြုပြင်ခံရပြီး ထုတ်ဖော်ခံရတဲ့အပေါ် ကျွန်တော်တို့ နားလည်ပုံကို မေးတယ်။ ကျွန်တော်က ခေါင်းထဲမှာ ကျွန်တော် ပြောမဲ့အရာကို စပြီး စနစ်တကျစီစဉ်တယ်။ “ငါ့မှာ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိရှိတယ်လို့ ကြီးကြပ်ရေးမှူးက ထင်သွားအောင် ငါ ဘယ်လို စကားပြောနိုင်မလဲ၊ ငါ့မှာ နက်ရှိုင်းတဲ့ သိနားလည်မှုတချို့ရှိတယ်လို့ ထင်အောင် ငါ ဘယ်လိုလုပ်နိုင်မလဲ။ ငါ့ရဲ့ သိနားလည်မှုက အရမ်းပေါ့တန်တဲ့ပုံပေါက်ရင်၊ ငါ့ရဲ့ ကြီးကြပ်ရေးမှူးနဲ့ ငါ့တွဲဖက် ညီအစ်မတွေက ညံ့ဖျင်းတဲ့ အသက်ဝင်ရောက်မှုအတွက် ငါ့ကို အထင်သေးကြမလား”လို့ တွေးနေမိတယ်။ ကျွန်တော် ဒီလိုတွေးနေတဲ့အချိန်မှာ၊ ကျွန်တော် ချက်ချင်း သဘောပေါက်လိုက်တယ်။ “တခြားလူတွေဆီကနေ လေးစားမှုရအောင် ငါက ကိုယ့်ကိုယ်ကိုယ် နက်နဲတဲ့ အယူဝါဒတွေနဲ့ ဟန်ဆောင်ဖို့ ကြိုးစားနေသေးတာပဲ မဟုတ်လား”လို့ပေါ့။ ဒါက သမ္မာတရားကို လက်တွေ့လုပ်ပြီး ရိုးသားတဲ့ လူတစ်ယောက်ဖြစ်ဖို့ ကျွန်တော့်အတွက် ဘုရားပြင်ဆင်ပေးတဲ့ အခွင့်အရေးတစ်ခုမှန်း ကျွန်တော် သိလိုက်တယ်။ ဒါကြောင့် ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားဆီ ဆုတောင်းလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုပဲ မြင်ပါစေ၊ စိတ်ထဲရှိတဲ့အတိုင်း ကျွန်တော် စကားပြောပြီး နားလည်သမျှ ဝေမျှရမယ်လို့ စိတ်ဆုံးဖြတ်ရင်းနဲ့ပေါ့။ အဲဒီနောက်မှာ၊ ကိုယ့်ကိုယ်ကိုယ် ပြရုပ်တင်ပြီး တခြားလူတွေကို အထင်အမြင်မှားစေတဲ့ ကျွန်တော့်အပြုအမူနဲ့ အဲဒီနောက်ကွယ်က ရည်ရွယ်ချက်တွေကို ကျွန်တော် မိတ်သဟာယပြုခဲ့တယ်။ အဲဒီအချိန်မှပဲ ကျွန်တော့်ရဲ့ အရင် သိနားလည်မှုက ဟန်ဆောင်မှုနဲ့ အတုအယောင်ဖြစ်ခဲ့မှန်း ကျွန်တော် သတိပြုမိခဲ့ပြီး ကျွန်တော့် ရည်ရွယ်ချက်က ဝတ်ကျေတမ်းကျေဖြစ်ခဲ့မှန်းကို သိခဲ့ပေမဲ့ ကျွန်တော့်ရဲ့ ဝတ်ကျေတမ်းကျေဖြစ်ခြင်းရဲ့ သဘာဝနဲ့ အကျိုးဆက်တွေကို ကျွန်တော် အပြည့်အဝ နားမလည်ခဲ့ဘူးဆိုတာကိုလည်း ကျွန်တော် ဝန်ခံခဲ့တယ်။ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ အတွေးနဲ့ သိနားလည်မှုကို ဖော်ပြပြီးတဲ့နောက်မှာ၊ နောက်ဆုံးတော့ တခြားလူတွေကို ကျွန်တော့်ရဲ့ သရုပ်အမှန်ကို မြင်ခွင့်ပေးပြီး ကိုယ့်ကိုယ်ကိုယ် ပြရုပ်တင်ဖို့ ဦးနှောက်ခြောက်ခံ စဉ်းစားစရာ မလိုတော့သလိုမျိုး ကျွန်တော့် စိတ်နှလုံးမှာ အေးချမ်းသွားတယ်။ နောက်ပိုင်း၊ ကျွန်တော့်တာဝန်မှာရှိတဲ့ ဝတ်ကျေတမ်းကျေ အခြေအနေနဲ့ ပတ်သက်ပြီး ဘုရားရဲ့ တရားစီရင်၊ ဖော်ထုတ်တဲ့ နှုတ်ကပတ်တော်တွေကို ကျွန်တော် မကြာမကြာ စားသောက်ခဲ့ပြီး၊ ကျွန်တော့်ရဲ့ အခြေအနေနဲ့ အပြုအမူကို ပြန်သုံးသပ်၊ သတိပြုခဲ့တယ်။ တစ်ခုခုကို ကျွန်တော် နားမလည်နိုင်ခဲ့ရင်၊ ညီအစ်ကို မောင်နှမတွေဆီကနေ ကျွန်တော် အကူအညီတောင်းတယ်။ လူတိုင်းရဲ့ လမ်းပြမှုနဲ့ အကူအညီကနေတစ်ဆင့်၊ ကိုယ့်ကိုယ်ကိုယ် စစ်မှန်တဲ့ သိနားလည်မှုတချို့ ကျွန်တာ် ရခဲ့ပြီး၊ ကျွန်တော့်တာဝန်ကို ပြန်လုပ်တဲ့အချိန်မှာ ဝတ်ကျေတမ်းကျေဖြစ်တာတွေ နည်းသွားတယ်။ ကျွန်တော့်တာဝန်မှာ ပြဿနာတွေနဲ့ အခက်အခဲတွေကို ကြုံရပြီး ဘယ်လို ဖြေရှင်းရမှန်း မသိတဲ့အခါ၊ ဒီပြဿနာတွေနဲ့ပတ်သက်လို့ ဆီလျော်တဲ့ သမ္မာတရား စည်းမျဉ်းတွေကို ရှာရင်းနဲ့ ဘုရားဆီဆုတောင်းပြီး သူ့ကို ကိုးစားခဲ့တယ်။ ဒါမှမဟုတ် ဒီပြဿနာတွေကို အပြည့်အဝနားလည်ပြီး ရှင်းသွားအောင် ကြိုးစားရင်းနဲ့ ကျွန်တော်နဲ့အလုပ်လုပ်တဲ့ ညီအစ်မတွေနဲ့ ကျွန်တော် အတူမိတ်သဟာယပြုတယ်၊ ဒါမှမဟုတ် ကြီးကြပ်ရေးမှူးဆီကနေ အကူအညီတောင်းတယ်၊ ဒီလို လက်တွေ့လုပ်တာက အချိန်နဲ့ အားထုတ်မှု ပိုလိုပြီး၊ ကျွန်တော့်ကို ပုံမှန်ထက် ပိုဆင်းရဲဒုက္ခခံစားစေခဲ့ပေမဲ့ ရှာဖွေခြင်းနဲ့ မိတ်သဟာယပြုခြင်းကနေတစ်ဆင့်၊ သမ္မာတရားတချို့ကို ပိုပြီး ရှင်းရှင်းလင်းလင်း ကျွန်တော် နားလည်လာခဲ့တယ်။ ပြဿနာတွေက ချက်ချင်း ပြေလည်သွားပြီး အလုပ်ရဲ့ ထိရောက်မှုက တဖြည်းဖြည်း တိုးတက်သွားတယ်။

ဒီအတွေ့အကြုံကတစ်ဆင့်၊ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိနဲ့ ဆက်စပ်တဲ့ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတချို့ကို ကျွန်တော် ရှာတွေ့ခဲ့တယ်။ ဖောက်ပြန်ပျက်စီးခြင်းနဲ့ဆိုင်တဲ့ ကျွန်တော့်ရဲ့ အတွေးအခေါ်တွေ၊ ရည်ရွယ်ချက်တွေနဲ့ ထုတ်ဖော်ချက်တွေကို သဘောပေါက်ခြင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေအရ အဲဒါတွေကို ပြန်သုံးသပ်ပြီး နားလည်ခြင်းအားဖြင့်ပဲ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးတာကို ကျွန်တော် ရနိုင်မယ်၊ ပြဿနာတွေရဲ့ သဘာဝကို မြင်နိုင်မယ်၊ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အနှစ်သာရကို သတိပြုနိုင်မယ်၊ ကိုယ့်ကိုယ်ကိုယ် တကယ် မုန်းနိုင်ပြီး နောင်တရ၊ ပြောင်းလဲဖို့ လိုလားနိုင်မယ်ဆိုတာကိုလည်း ကျွန်တော် သဘောပေါက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် သမုတ်ပြတာ၊ စည်းမျဉ်းတွေကို စောင့်ထိန်းပြတာ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြောင်သူတော်ဆန်ဆန် အသိအမှတ်ပြုပြတာတွေက တခြားလူတွေ အထင်ကြီးအောင် လုပ်တဲ့အရာတွေဖြစ်ပြီး၊ စစ်မှန်တဲ့ ဝမ်းနည်းခြင်း ဒါမှမဟုတ် နောင်တရခြင်းကို မဖြစ်စေပါဘူး။ အလွန်ဆုံးအနေနဲ့၊ ဒီအရာတွေက စည်းမျဉ်းစည်းကမ်း လိုက်နာတာ၊ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းတာတွေ ဖြစ်စေပေမဲ့ ခဏကြာရင်၊ ပြဿနာဟောင်းတွေ ပြန်ပေါ်လာမှာပဲ။ အပြစ်လုပ်ပြီးတော့ ဝန်ချတတ်တဲ့ ဘာသာရေးသမားတွေလိုပေါ့။ ဘုရားကို သူတို့ နှစ်ဘယ်လောက်ကြာကြာ ယုံကြည်ခဲ့ပါစေ၊ စိတ်သဘောထားမှာ ပြောင်းလဲမှု မရနိုင်ကြဘူး။ ကိုယ့်ကိုယ်ကိုယ် တကယ် သိတာက ကျွန်တော်တို့ နောင်တရ၊ ပြောင်းလဲနိုင်ပြီး ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေလို့ အဲဒါဟာဘယ်လောက် အရေးကြီးလဲဆိုတာကို ကျွန်တော် သဘောပေါက်ခဲ့တယ်။ ဘုရားကို ယုံကြည်ခဲ့တဲ့ နှစ်ကာလတွေကို ကျွန်တော် ပြန်ကြည့်တဲ့အခါ၊ နေ့တိုင်း ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် စားသောက်ပြီး ကျွန်တော့်တာဝန်တွေကို ထမ်းဆောင်ပုံပေါ်ခဲ့ပေမဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းကို ကျွန်တော် တကယ် လက်ခံခဲ့တာ မဟုတ်ဘူး။ ဒီပြုပြင်ခံရတဲ့ အတွေ့အကြုံကြောင့်သာ မဟုတ်ခဲ့ရင်၊ ကျွန်တော့်ရဲ့ အယူအဆတွေနဲ့ စိတ်ကူးတွေထဲမှာ ကျွန်တော် အသက်ရှင်နေဦးမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် သိဦးမှာ မဟုတ်ဘူး။ ကျွန်တော့် လိုက်စားမှုမှာ လမ်းလွဲမှုတွေကို ပြုပြင်ဖို့ ဒီအခြေအနေကို စီစဉ်ပေးတဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

အရှေ့သို့- ၂၉။ ဘုရားသခင်ဆီသို့သွားသည့် ကျွန်မ၏ခရီး အလှည့်အပြောင်းများ

နောက်တစ်ခုသို့- ၃၁။ “ကျွမ်းကျင်သူ” မဖြစ်တော့ခြင်းက လွန်စွာ လွတ်မြောက်မှုရသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄။ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းပေါ်က အတားအဆီးမှာ အဘယ်သူနည်း

မင်းအန်း၊ မလေးရှားကျွန်မ ယောက်ျား ဆုံးပါးသည့်နှစ်တွင် ကျွန်မ အလွန်စိတ်ပျက်ဝမ်းနည်းခဲ့သည့်အပြင် ကျွန်မ၏ ကလေးများကို ပြုစုပျိုးထောင်ရသည့်ဝန်က...

၂။ သန့်စင်ခြင်းဆီသို့ လမ်း

ခရစ်စ်တိုဖာ ဖိလစ်ပိုင် ကျွန်တော့်အမည်ကတော့ ခရစ်စ်တိုဖာ ဖြစ်ပါသည်၊ ကျွန်တော်သည် ဖိလစ်ပိုင်ရှိ အိမ်အသင်းတော် တစ်ခု၏ သင်းအုပ်ဆရာတစ်ယောက်...

၂၆။ ကျွန်မ စိတ်နှလုံးတံခါးကိုဖွင့်ခြင်းနှင့်၊ သခင့်ပြန်ကြွလာခြင်းကို ကြိုဆိုခြင်း

ရောင်ရွမ်၊ အမေရိက၁၉၈၂ ခုနှစ် နိုဝင်ဘာလတွင် ကျွန်မတို့ တစ်မိသားစုလုံးက အမေရိကနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။ ကျွန်မ အဖိုးမျိုးဆက်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။