၇။ ဘုရားနှုတ်ကပတ်တော်သည် သူတစ်ပါးကို ရှုမြင်ဖို့အတွက် ကျွန်ုပ်တို့၏ တစ်ခုတည်းသော မှန်ဘီလူးဖြစ်သည်

စွိန့်ကျယ် အမေရိကန်နိုင်ငံ

ရှီလာနဲ့ ကျွန်မက ရင်းနှီးသလို သူ့ကို ကျွန်မ ကောင်းကောင်း သိတယ်။ ကျွန်မတို့ တွေ့တဲ့အခါတိုင်းမှာ၊ သူ့ရဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့ ကျွန်မနဲ့ အမြဲ ပြောဖြစ်ခဲ့တယ်။ တခြားလူတွေကို သူ အမြဲ သံသယရှိပြီး၊ သူ့အပေါ် တခြားလူတွေ တွေးတာကို အရမ်းဂရုစိုက်တယ်လို့ ပြောတယ်။ သူ့အနေနဲ့ အရမ်း သဘောထားသေးသိမ်ပြီး လူတွေ ဆိုလိုတဲ့အရာကို အမြဲ ဆန်းစစ်ခဲ့တယ်လို့လည်း ပြောတယ်။ တစ်ယောက်ယောက်ရဲ့ မျက်နှာပေါ်က အကြည့်တစ်စွန်းတစ်စ၊ လေသံ ဒါမှမဟုတ် ပေါ့တန်တဲ့ မှတ်ချက်နဲ့ စိတ်မကောင်းဖြစ်သွားနိုင်တယ်။ သူ အဲဒီလို မဖြစ်ချင်ပေမဲ့ မတတ်နိုင်ခဲ့ဘူးတဲ့။ သူက အရမ်းကို ဖောက်ပြန်ပျက်စီးတယ်၊ လှည့်ဖြားတတ်ပြီး လူ့သဘာဝ မရှိဘူး၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူ ဘယ်လောက်အလေးထားတယ်ဆိုတာကို မုန်းမိကြောင်း ခဏခဏပြောပြီး ပြောရင်းနဲ့ ငိုတယ်။ သူ့ကိုယ်သူ နောင်တရပြီး စက်ဆုပ်ပုံကို မြင်ရတော့ သူ တကယ် ပြောင်းလဲချင်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ ဒီဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားက ဆိုးရွားတာ ဖြစ်နိုင်တယ်။ အဲဒါ သူ့ရဲ့ ပျော့ကွက်ဖြစ်ပြီး၊ အပြောင်းအလဲက လွယ်လွယ်နဲ့ ဖြစ်လာမှာ မဟုတ်ဘူး။ အချိန်ယူရမယ်။ ဒါကြောင့် ကျွန်မ မျှဝေခံစားပေးသင့်တယ်လို့ တွေးမိတယ်။ ကိုယ့်တာဝန်နဲ့ ဘယ်လောက်ပဲ အလုပ်များပါစေ၊ သူ စကားပြောချင်ရင်၊ ကိုယ့်အလုပ်ကို ဘေးဖယ်ပြီး သူ ရင်ဖွင့်တာကို နားထောင်တယ်။ ပြီးတော့ သူ့ကို မကြာခဏ အားပေး၊ နှစ်သိမ့်ပြီး မိတ်သဟာယပြုပေးခဲ့တယ်။ ဒါပေမဲ့ ရှီလာက သူ့မိတ်သဟာယမှာ ဆင်ခြင်တုံတရားရှိပုံရပြီး၊ သူ့ကိုယ်သူ ကောင်းကောင်း သိပုံရပေမဲ့၊ တခြားလူတွေက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ သူ့ကို အထင်သေးတယ်လို့ တွေးပြီး ဘာလို့ အပျက်သဘောဆောင်လာခဲ့တာလဲလို့ ကျွန်မ နားမလည်နိုင်ခဲ့ဘူး။ ဒါ အကြိမ်ကြိမ် ဖြစ်ခဲ့ပြီး လုံးဝ ပြောင်းလဲမသွားဘူး။ ဒါ့အပြင်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ လူအများကြီးနဲ့ သူ စကားပြောခဲ့ပြီးပြီ၊ အကြိမ်တော်တော်များများ ရင်ဖွင့်ပြီး လူအတော်များများက သူ့ကို မိတ်သဟာယပြုခဲ့ကြပြီးပြီ။ ဒါပေမဲ့ နှစ်အတော်များများ ကြာပြီးတဲ့နောက်မှာ၊ တိုးတက်တဲ့ လက္ခဏာ နည်းနည်းမှ သူ မပြသေးဘူး။

ကျွန်မ သတိရသေးတယ်၊ တစ်ခါ လူသစ်တွေကို ရေလောင်းတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ကြီးကြပ်ရေးမှူးက ကြည့်ရှုစစ်ဆေးခဲ့တယ်။ လူသစ်တွေနဲ့ ပတ်သက်လို့ ကျွန်မတို့ လုံလောက်အောင် ဂရုမစိုက်၊ စိတ်မရှည်ကြဘူး၊ ပြီးတော့ စုဝေးပွဲတွေ သူတို့ မတက်ကြတဲ့အခါ ချက်ချင်း မိတ်သဟာယမပြုကြသလို မပံ့ပိုးပေးကြဘူး၊ အဲဒါ တာဝန်မဲ့တာပဲတဲ့။ ဒါကို ကြီးကြပ်ရေးမှူးက ရေလောင်းတဲ့ အမှုဆောင်အားလုံးဆီ ပြောနေခဲ့တာဖြစ်ပြီး၊ ဘယ်သူ့ကိုမှ သီးခြားတစ်ယောက်တည်း ပြောနေခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ ရှီလာက သူ့ကို ကြီးကြပ်ရေးမှူးက ဖော်ထုတ်ပြီး သိက္ခာကျအောင် လုပ်နေတယ်တဲ့။ ဒါကြောင့် စုဝေးပွဲအတောအတွင်း သူ စကားမပြောချင်ခဲ့ဘူး။ နောက်ထပ်တစ်ခါ၊ ညီအစ်ကိုတစ်ယောက်က သူ့ရဲ့ လက်ရှိအခြေအနေအကြောင်း မိတ်သဟာယပြုနေခဲ့ပြီး၊ တစ်ခါတလေ အစွမ်းအစညံ့တဲ့ တခြားလူတွေနဲ့ သူ ဆက်ဆံနေရချိန်မှာ သူတို့ကို မျှမျှတတ မဆက်ဆံမိခဲ့ဘူးလို့ ပြောတယ်။ သူ့အတွေ့အကြုံနဲ့ သူ ဘယ်လို တိုးတက်ပြီး အသက်ဝင်ရောက်မှု ရရှိခဲ့တယ်ဆိုတာကို သူ ဆက်ပြီး မိတ်သဟာယပြုခဲ့တယ်။ ဒါပေမဲ့ ဒါကို ရှီလာကြားတော့၊ သူ့အကြောင်းကို ပြောနေတယ်၊ အဲဒီအစ်ကိုက သူ့အစွမ်းအစကို ချိုးချိုးဖဲ့ဖဲ့ ပြောပြီး သူ့ကို အထင်သေးတယ်လို့ ထင်ခဲ့တယ်။ အဲဒီနောက် ရက်အတော်များများ သူ အပျက်သဘောဆောင်ခဲ့တယ်။ အဲဒီညီအစ်ကိုအပေါ် အမြင်စောင်းခဲ့သလို ရှောင်ဖယ်ပြီး လျစ်လျူရှုခဲ့တယ်။ နောက်တစ်ကြိမ်၊ အလုပ်ကိစ္စ ဆွေးနွေးနေတုန်းမှာ၊ လူသစ်တွေကို ရှီလာ ရေလောင်းပုံနဲ့ ပတ်သက်လို့ ကြီးကြပ်ရေးမှူးက အသေးအမွှားကိစ္စကို ထော်ပြခဲ့ပြီး၊ သူ ရုတ်တရက် ထငိုပြီး ထွက်ပြေးသွားတယ်၊ အဲဒီနောက် အတော်ကြာတဲ့အထိ ပြန်မလာတော့ဘူး။ ဘေးမှာ တိတ်တိတ်လေး ထိုင်နေတယ်၊ အရမ်းကို မတရားခံခဲ့ရသလိုမျိုး မျက်နှာမှာ မျက်ရည်တွေကို ကျလို့ပဲ။ သူ့မျက်နှာပေါ်က အသွင်အမြင်ကို မြင်တော့ ကျွန်မ စိတ်ငြိမ်အောင် မထားနိုင်ခဲ့သလို၊ စုဝေးပွဲက အနှောင့်အယှက်ဖြစ်သွားတယ်။ နောက်ဆုံးမှာ၊ ကြီးကြပ်ရေးမှူးက သူ့ကို နှစ်သိမ့်၊ ခွန်အားပေးရုံကလွဲလို့ ရွေးချယ်စရာမရှိခဲ့ဘူး။ အဲဒီနောက် နောက်ဆုံးမှာ သူ ငြိမ်သွားတယ်။ နောက်ပိုင်းမှာ၊ ခေါင်းဆောင်က ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူ တန်ဖိုးထားလွန်းသလို၊ သူ့အနေနဲ့ တာဝန်ကို လုပ်ဖို့ လူတိုင်းရဲ့ ဂရုစိုက်ပြီး အာရုံစိုက်ခံရတဲ့သူဖြစ်မှ ရမဲ့အကြောင်း ထောက်ပြရင်းနဲ့ သူ့ကို ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ သူက ပိုလို့တောင် အဲဒါကို လက်မခံခဲ့ဘူး။ တစ်ဖက်မှာ ကြီးကြပ်ရေးမှူးရဲ့ ဝေဖန်ချက်က ဘက်လိုက်ပြီး မမျှတဘူးလို့ ပြောရင်းနဲ့၊ သူ့မှာ ထိန်းရခက်တဲ့ သဘာဝရှိပြီး ပြောင်းလဲချင်ပေမဲ့ မပြောင်းလဲနိုင်ခဲ့ဘူးလို့လည်း ပြောတယ်။ ပြီးတော့လည်း ပြောသေးတယ်။ “ကျွန်မကို ကူညီလို့ရမဲ့ နည်းလမ်းမရှိဘူး။ ဘယ်လိုလုပ် ဒီသဘာဝမျိုးကို ကျွန်မ ရှိရတာလဲ။ တခြားလူအားလုံးက ဘာလို့ ကျွန်မထက်ပိုတော်ပြီး ရှုပ်ထွေးနဲ့ အတွေးတွေ နည်းကြတာလဲ။ ဘာလို့ ဘုရားက ကျွန်မကို ကောင်းတဲ့ သဘာဝ မပေးတာလဲ”တဲ့။ ဒါတွေအားလုံး သူ ပြောတာကြားတော့ ကျွန်မ တွေးမိတယ်။ “စက်ဆုပ်ရွံ့ရှာစရာဖြစ်ပြီး ဆင်ခြင်တုံတရားမဲ့လိုက်တာ။ ဘာလိုလုပ် ဘုရားကို သူ အပြစ်တင်နိုင်ရတာလဲ”ပေါ့။ ဒါပေမဲ့ နောက်တော့ ခုတစ်လော သူ အခြေအနေ မကောင်းတာ ဖြစ်နိုင်ပြီး၊ သူ့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းက ခြိမ်းခြောက်ခံရလို့ ဒါတွေကို သူ ပြောတာပဲ ဖြစ်မယ်။ ကြည့်ရတာတော့ သူ့အခြေအနေ တိုးတက်တဲ့အခါ အဲဒီလို ဖြစ်တော့မှာ မဟုတ်ပါဘူးပေါ့။

ဒါပေမဲ့ နောက်တော့ သဘောပေါက်လိုက်တယ်။ သူ ဘယ်သူနဲ့ပဲ ရှိရှိ၊ အဲဒီလူတွေရဲ့ ထင်မြင်ချက်တွေနဲ့ သူ အမြဲ စိတ်ကျဉ်းကျပ်တယ်။ တစ်ယောက်ယောက်က သူ့ကို မဖော်ရွေဘူးလို့ ထင်ရင်၊ သူတို့ရဲ့ လေကို သူ မကြိုက်ရင်၊ အဲဒီလူက သူ့ကို ပြောတာလို့ မှတ်ချက်ချလိုက်တယ်။ ကျွန်မကိုယ်တိုင် သူနဲ့ ဆက်ဆံရာမှာ၊ အရမ်းအရမ်းကို ဂရိုစိုက်ခဲ့ရတယ်။ တစ်နည်းနည်းနဲ့ သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမှာ၊ အပျက်သဘောဆောင်ပြီး သူ့တာဝန်တွေကို နှောင့်နှေးစေမှာ အမြဲ စိုးရိမ်ခဲ့ရတယ်။ ရှီလာနဲ့ အဆက်အဆံလုပ်ဖို့ ကြိုးစားရင်းနဲ့ ကျွန်မ မွန်းကျပ်နေရပြီး သူ့ကို တစ်ခါတစ်ခါ ရှောင်ရှားချင်ခဲ့တယ်။ ဒါပေမဲ့ နောက်တော့ ကျွန်မလည်း ဖောက်ပြန်ပျက်စီးပြီး တခြားလူတွေကို အမြဲ အပြစ်ရှာပြီး ကြည့်မနေသင့်တာကို သတိရမိတယ်။ တခြားလူတွေရဲ့ အခက်အခဲတွေကို ကျွန်မ ဂရုစိုက်ပြီး ထောက်ထားပေးရမယ်။ သည်းခံပြီး မေတ္တာကရုဏာထားရမယ်လို့ပေါ့။ ဒါကြောင့် မဖြစ်မနေ သူနဲ့ ပုံမှန် ဆက်ဆံပြီး သူ့ကို စိတ်အနှောင့်အယှက်မပေးမိအောင် အကောင်းဆုံး ကြိုးစားခဲ့တယ်။

နောက်ပိုင်းမှာ သမ္မာတရားကို ရှီလာက လုံးဝ လက်မခံလို့၊ ဆင်ခြင်တုံတရားမဲ့နေခဲ့သလို၊ အသင်းတော်ကို နှောင့်ယှက်နေခဲ့လို့ ခေါင်းဆောင်က သူ့ကို ထုတ်ပယ်လိုက်သလို သီးခြားနေပြီး သုံးသပ်ခိုင်းခဲ့တယ်။ သတင်းကို ကြားတော့ ကျွန်မ တော်တော် အံ့ဩသွားမိတယ်။ ဘာလို့လဲဆိုတော့ ရှီလာက ဂုဏ်သတင်း၊ အဆင့်အတန်းနဲ့ ပတ်သက်လို့ အရမ်းပူပန်ပြီး မကြာခဏ တခြားလူတွေအပေါ် သံသယထားတတ်ပေမဲ့၊ ဖွင့်ဟပြီး မိတ်သဟာယပြုဖို့ အတော်လေး လိုလားနေသေးသလို၊ သမ္မာတရားကို ရှာဖွေနေတဲ့ပုံပေါက်လို့လေ။ ဒါကြောင့် သူ ဘာလို့ သီးခြားထားခံရတာလဲပေါ့။ နောက်ပိုင်း စုဝေးပွဲတစ်ခု အတောအတွင်းမှာ ခေါင်းဆောင်က ရှီလာအပေါ် သုံးသပ်မှုတွေကို ဖတ်ပြီး သူ့အပြုအမူကို စိတ်ဖြာလေ့လာဖို့ ဘုရားနှုတ်ကပတ်တော်တွေကို သုံးတဲ့အခါမှပဲ သူ့အပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ကျွန်မ ရသွားခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ကျိုးကြောင်းမသင့်သော၊ စဉ်ဆက်မပြတ်ပင် စိတ်အနှောင့်အယှက်ပေးသော လူများသည် ပြုမူဆောင်ရွက်သည့်အခါ ကိုယ်ကျိုးစီးပွားများကိုသာ စဉ်းစားကြသည်။ ၎င်းတို့ လုပ်ဆောင်လိုသမျှကို လုပ်ဆောင်ကြပြီး ၎င်းတို့၏ စကားများသည် ယုတ္တိမရှိသော ဒိဋ္ဌိအယူများဖြင့် ပြည့်နေသည်။ ၎င်းတို့သည် ကျိုးကြောင်းပြပြောဆို၍ နားမဝင်ဘဲ ကြမ်းတမ်းသော စိတ်သဘောထားဖြင့် ပြည့်လျှံနေသည်။ မိမိတို့အတွက် ဒုက္ခကို လက်ယပ်ခေါ်သလို ဖြစ်မည်စိုးသောကြောင့် မည်သူကမျှ ၎င်းတို့နှင့် မပတ်သက်ဝံ့သလို မည်သူကမျှ ၎င်းတို့နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ချင်စိတ်မရှိပေ။ လူတို့သည် ၎င်းတို့ကို စိတ်ထဲရှိသည့်အတိုင်းပြောရန် ကြောက်ကြကာ ၎င်းတို့ မနှစ်သက်သည့်၊ သို့မဟုတ် ၎င်းတို့၏ ဆန္ဒများနှင့် မကိုက်သည့် စကားတစ်ခွန်းပြောမိလျှင် ယင်းကို မလွတ်တမ်းအသုံးချပြီး တရားလွန်ဖြစ်သော စွပ်စွဲမှုများကို ပြုလုပ်မည်ကို စိုးရွံ့ကြသည်။ ဤသို့သောသူများက မဆိုးယုတ်သလော။ အသက်ရှင်နေသော မကောင်းဆိုးဝါးများမဟုတ်လော။ ကြမ်းတမ်းသော စိတ်သဘောထားနှင့် စိတ်မချရသော တွေးခေါ်စဉ်းစားမှုရှိသည့်သူများအားလုံးသည် အသက်ရှင်နေသော မကောင်းဆိုးဝါးများဖြစ်သည်။ တစ်စုံတစ်ယောက်က အသက်ရှင်နေသော မကောင်းဆိုးဝါးတစ်ကောင်နှင့် အဆက်အဆံပြုသောအခါ ခဏတာ ပေါ့ဆမှုလေးဖြင့် သူ့ကိုယ်သူ ဘေးဒုက္ခဖြစ်စေနိုင်သည်။ ဤသို့သော သက်ရှိမကောင်းဆိုးဝါးများသည် အသင်းတော်တွင်ရှိနေလျှင် ပြဿနာဖြစ်လိမ့်မည် မဟုတ်လော။ (ဟုတ်သည်။) ဤသက်ရှိမကောင်းဆိုးဝါးများသည် ဝုန်းဒိုင်းကြဲကာ ဒေါသူပုန်ထပြီးသည့်နောက်တွင် လူသားတစ်ယောက်ကဲ့သို့ ခဏတာ စကားပြောနိုင်ပြီး တောင်းပန်ကောင်း တောင်းပန်နိုင်သည်။ သို့သော် နောက်ပိုင်းတွင် ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့၏ စိတ်သည် မည်သည့်အချိန်တွင် မကြည်မသာဖြစ်ပြီး မည်သည့်အချိန်တွင် ထပ်၍ ဝုန်းဒိုင်းကြဲကာ ၎င်းတို့၏ ယုတ္တိမရှိသော ဒိဋ္ဌိအယူများကို ကြာရှည်စွာပြောဆိုမည်ကို မည်သူ သိမည်နည်း။ ၎င်းတို့ ဒေါသထွက်ပြီး ထွက်ပေါက်ရှာသည့် ပစ်မှတ်သည် အကြိမ်တိုင်းတွင် ကွဲပြားသည်။ ၎င်းတို့ပေါက်ကွဲရသည့် အကြောင်းရင်းနှင့် နောက်ခံသည်လည်း ထို့အတူပင်ဖြစ်သည်။ မည်သည့်အရာမဆို ၎င်းတို့ကို ပေါက်ကွဲစေနိုင်သည်။ မည်သည့်အရာမဆို ၎င်းတို့ကို မကျေမနပ် ဖြစ်စေနိုင်သည်။ ၎င်းတို့သည် မည်သည့်အရာကြောင့်မဆို ရိုင်းစိုင်းပြီး ကျိုးကြောင်းမသင့်သောပုံစံဖြင့် တုံ့ပြန်နိုင်သည်။ မည်မျှ ကြောက်စရာကောင်းပြီး မည်မျှ ဒုက္ခပေးသနည်း။ ဤဆိုးယုတ်သောလူများသည် စိတ်ပိုင်းဆိုင်ရာ မကျန်းမာသကဲ့သို့ ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် အချိန်မရွေး စိတ်လွတ်နိုင်သည်။ ၎င်းတို့သည် မည်သည့်အရာကို လုပ်နိုင်စွမ်းရှိသည်ကို မည်သူမျှ မသိပေ။ ထိုသို့သောလူများကို ငါ အလွန်အမင်း မုန်းတီးသည်။ ထိုလူတစ်ယောက်ချင်းစီတိုင်း ဖယ်ရှားခြင်း ခံရသင့်သည်။ ၎င်းတို့အားလုံးကို ရှင်းလင်းပစ်ရမည်။ ၎င်းတို့နှင့် ငါထိတွေ့ဆောင်ရွက်လိုခြင်းမရှိပေ။ ၎င်းတို့သည် အတွေးတွင် ကမောက်ကမဖြစ်ပြီး ပင်ကိုစရိုက်က ကြမ်းကြုတ်သည်။ ၎င်းတို့သည် ယုတ္တိမရှိသော ဒိဋ္ဌိအယူများ၊ အဓိပ္ပာယ်မဲ့စကားများနှင့် ပြည့်နေသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ ၎င်းတို့သည် ထိုအရာများအကြောင်းကို စိတ်မြန်လက်မြန် ရင်ဖွင့်ကြသည်။...၎င်းတို့တွင် ပြဿနာရှိသည်ကို ဝန်ခံမည်မဟုတ်။ ထိုအစား ၎င်းတို့သည် တာဝန်ကို အခြားလူများထံသို့ ပြောင်းပေးကြသည်။ ၎င်းတို့၏ ဝုန်းဒိုင်းကြဲမှုနှင့် အသိတရားမရှိသော ပြဿနာရှာခြင်းတို့အားလုံးသည် အခြားတစ်ယောက်ယောက်ကြောင့် ဖြစ်ရကာ ၎င်းတို့သည် ထိုသို့ပြုမူရုံကလွဲ၍ ရွေးချယ်စရာမရှိခဲ့သည့်အလား ၎င်းတို့သည် မတရားဆက်ဆံခံရသည်ဟု အခိုင်အမာဆိုလျက် မိမိတို့၏ အပြုအမူနှင့်ပတ်သက်၍ အခြားလူများအပေါ်သို့ပင် အပြစ်တင်ကြမည်ဖြစ်သည်။ ၎င်းတို့သည် မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့်အနေဖြင့် ပြုမူခဲ့သည့်အလား၊ ယင်းမှာ အခြားလူများအားလုံး၏ အမှားဖြစ်သည့်အလား လုပ်ကြံပြောဆိုကြသည်။ ၎င်းတို့သည် မကျေနပ်သည်နှင့် တစ်ပြိုင်နက် ဒေါသထွက်ကာ အဓိပ္ပာယ်မရှိသောအရာများကို တတွတ်တွတ်ရေရွတ်ကြပြီး ၎င်းတို့၏ ယုတ္တိမရှိသော ဒိဋ္ဌိအယူများကို ကြာရှည်စွာပြောဆိုကြသည်။ ၎င်းတို့သည် အခြားလူတစ်ယောက်ကို အပြစ်တင်ရမည်ဖြစ်သကဲ့သို့၊ ၎င်းတို့သာကောင်းပြီး အခြားလူတိုင်းက ဆိုးသကဲ့သို့ ပြုမူကြသည်။ ၎င်းတို့သည် မည်မျှ ဝုန်းဒိုင်းကြဲပါစေ၊ မည်သည့် ယုတ္တိမရှိသော ဒိဋ္ဌိအယူများကို ကြာရှည်စွာပြောဆိုပါစေ အခြားလူများအား ၎င်းတို့အကြောင်းကို အကောင်းပြောစေလိုဆဲဖြစ်သည်။ ၎င်းတို့သည် မကောင်းသောအရာတစ်ခု ပြုလုပ်ပြီးသောအခါ ယင်းကို ဖော်ထုတ်ဖို့၊ သို့မဟုတ် ၎င်းတို့ကို အပြစ်တင်ဖို့ မည်သူ့ကိုမျှ ခွင့်မပြုပေ။ သင်သည် ၎င်းတို့နှင့်ပတ်သက်ပြီး မကောင်းသည့်အရာတစ်ခုကိုပြောလျှင် ထိုအရာနှင့်ပတ်သက်ပြီး ၎င်းတို့သည် သင့်အား မပြီးမဆုံးနိုင်အောင် နှောင့်ယှက်မည်ဖြစ်ပြီး ထိုကိစ္စကို မည်သည့်အခါမျှ လွှတ်ချမည်မဟုတ်ပေ။ ဤလူများသည် မည်သူများနည်း။ ၎င်းတို့သည် ကျိုးကြောင်းမသင့်သော၊ စဉ်ဆက်မပြတ်ပင် စိတ်တိုချင်စရာကောင်းသော လူများဖြစ်ကာ ၎င်းတို့အားလုံးသည် ဆိုးယုတ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) တစ်ယောက်ယောက်က သူတို့ရဲ့ အကျိုးကို ခြိမ်းခြောက်တဲ့အရာတစ်ခု ပြောတာနဲ့ အဲဒီလိုလူတွေက မတော်တရော် ပြောပြီး ရေးကြီးခွင့်ကျယ် လုပ်ကြတယ်။ သူတို့ စိတ်သဘောထားတွေ အရမ်းဆိုးတော့ တခြားလူတွေက သူတို့ကို စိတ်အနှောင့်အယှက်ပေးပြီး ထိပ်တိုက်တွေ့ဖို့ ကြောက်လာကြတယ်။ ညီအစ်ကို မောင်နှမတွေနဲ့ အသင်းတော် အသက်တာကို သူတို့ ဆိုးဆိုးရွားရွား နှောင့်ယှက်ကြတယ်။ ရှီလာက တစ်လျှောက်လုံး အဲဒီလိုဖြစ်ခဲ့တာ။ သူ့ပြဿနာတွေကို တခြားလူတွေက ထောက်ပြတော့၊ သူတို့ပြောတာ မှန်မမှန် မစဉ်းစား၊ မသုံးသပ်ခဲ့ဘူး၊ အဲဒီအစား သူတို့ရဲ့ လေသံနဲ့ သဘောထားကို အာရုံစိုက်ခဲ့တယ်။ အဲဒါတွေက သူ့အကြိုက်မဟုတ်ရင်၊ ဒေါသထွက်တယ်၊ ပြီးတော့ သူတို့က သူ့ကို ပြောတာ၊ အထင်သေးတာလို့ တွေးပြီး၊ သူတို့ကို မကျေမချမ်းဖြစ်သလို အမြင်မကြည်ဖြစ်တယ်၊ ဒါမှမဟုတ်ရင် ငိုပြီး မကျေနပ်တာကို ထုတ်ပြတော့တာ။ တခြားလူတွေကို စိတ်ကျဉ်းကျပ်စေတယ်၊ သူတို့က သူ့ကို ရှောင်တာဖြစ်ဖြစ်၊ လိုက်လျောတာဖြစ်ဖြစ် လုပ်ကြရတယ်။ ကျွန်မတို့ကို တိုးတက်စေပြီး ကိုယ့်တာဝန်ကို ပိုပြီးကောင်းကောင်း လုပ်စေဖို့ ရေလောင်းအလုပ်မှာရှိတဲ့ ပြဿနာတွေကို ကြီးကြပ်ရေးမှူးက စစ်ဆေးခဲ့ပေမဲ့ ကြီးကြပ်ရေးမှူးက သူ့ကို တမင်ရည်ရွယ်ပြီး သူ့အတိတ်က အမှားတွေကို ဖော်နေတာလို့ တွေ့ခဲ့တယ်။ ဒါကြောင့် ကြီးကြပ်ရေးမှူးကို အမြင်မကြည်ခဲ့သလို သူ မတရားခံရသလိုမျိုး အဆက်မပြတ် ငိုနေခဲ့တယ်။ အဲဒါက စုဝေးပွဲတစ်ခုလုံးကို အနှောင့်အယှက်ပေးခဲ့ပြီး လူတိုင်းကို စိတ်မကောင်းဖြစ်စေခဲ့တယ်။ ညီအစ်ကိုတစ်ယောက်က လူတွေကို သူ မျှမျှတတ မဆက်ဆံနိုင်ဘူးလို့ ပြောပြီး သူ့အခြေအနေနဲ့ ပတ်သက်လို့ မိတ်သဟာယပြုတော့ သူ့ကို ချိုးချိုးဖဲ့ဖဲ့ ပြောနေပြီး အထင်သေးတယ်လို့ တွေးတယ်၊ အဲဒါကြောင့် အဲဒီအစ်ကို လျစ်လျူရှုပြီး၊ သူ့ရဲ့ မကျေမချမ်းဖြစ်တာတွေကို ကုန်းအော်တော့တာ။ ဒါကြောင့် လူတွေက သူ့ကို ထိပ်တိုက်တွေ့၊ စိတ်အနှောင့်အယှက်မပေးရဲသလို၊ သိမ်မွေ့တဲ့ ပုံစံနဲ့ပဲ သူ့ကို စကားပြောနိုင်ကြတယ်။ သူ့ကို နှစ်သိမ့်ပြီး လိုက်လျောရင်းနဲ့ပေါ့။ အဲဒီအခါမှပဲ သူက သူ့တာဝန်ကို လုပ်တာ။ ရှီလာက အဲဒီလို နှစ်အတော်ကြာ ပြုမူနေခဲ့တာ။ သူ့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်း ထိခိုက်သူ၊ သူ့အကျိုးကို ခြိမ်းခြောက်တဲ့သူ ဘယ်သူကိုမဆို သူက အမြင်မကြည်ဖြစ်တယ်။ သူ အပျက်သဘောဆောင်ရတဲ့ အကြောင်းရင်းက သူ့အပေါ် တခြားလူတွေရဲ့ သဘောထားပဲလို့တောင် ပြောတယ်။ အဲဒါ အမှန်တရားကို ယုတ္တိမရှိအောင်ကို လိမ်လည်ပြောဆိုတာပဲ။ သူက ဘုရားဖော်ထုတ်တဲ့ ဆင်ခြင်တုံတရားမရှိတဲ့ လူတွေထဲက တစ်ယောက်ပဲ မဟုတ်လား။ ဒါကို သဘောပေါက်ပြီးတဲ့ နောက်မှပဲ‌ တခြားလူတွေကို သံသယရှိပြီး ဂုဏ်သတင်းနဲ့ ပတ်သက်လို့ အရမ်း ပူပန်တာက ရှီလာရဲ့ တစ်ခုတည်းသော ပြဿနာမဟုတ်မှန်း ကျွန်မ သိလိုက်ရတယ်။ သူက အမှန်တရားကို လုံးဝ လက်မခံသလို၊ သူများကို စိတ်ရှုပ်အောင်လုပ်ပြီး ဆင်ခြင်တုံတရားမရှိတဲ့ လူတစ်ယောက်ပဲ။ ရှီလာက စုဝေးပွဲတွေမှာ သူ့အခြေအနေကို မကြာခဏ ဆွေးနွေးတာ၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြောတာ၊ သူ့ကိုသူ စိစစ်ပြီး သူ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ဆွေးနွေးချိန်မှာ ငိုကြွေးပြီးတော့တောင် နောင်တရခဲ့တာကို မြင်တော့ သူ့ကိုသူ တကယ် သိမှတ်ပြီး သမ္မာတရားကို ရှာတဲ့သူဖြစ်ရမယ်လို့ ကျွန်မ တွေးခဲ့ပုံကို သုံးသပ်ဆင်ခြင်မိတယ်။ ကျွန်မရဲ့ သိနားလည်မှုနဲ့ ပတ်သက်လို့ ဘာများမှားခဲ့တာလဲပေါ့။

နောက်ပိုင်းမှာ၊ ညီအစ်ကို မောင်နှမတွေနဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယပြုပြီးတဲ့နောက် သူ့ရဲ့“ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ” ဆိုတာကို ချင့်ချိန်နိုင်စွမ်းတချို့ကို ကျွန်မ ရခဲ့တယ်။ “လူအချို့သည် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုကို မိတ်သဟာယဖွဲ့သောအခါ ၎င်းတို့နှုတ်မှ ပထမဆုံးပြောသောအရာသည် ‘ကျွန်တော်က နတ်ဆိုး၊ အသက်ရှင်နေတဲ့ စာတန်ဖြစ်ပါတယ်။ ဘုရားကို အာခံတဲ့သူဖြစ်ပါတယ်။ ဘုရားကို မနာခံဘူး။ သစ္စာဖောက်တယ်။ ကျွန်တော်ဟာ ကျိန်ဆဲခြင်းခံရသင့်တဲ့ မြွေပွေး၊ ဆိုးယုတ်သောသူဖြစ်ပါတယ်။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ အမှန်တကယ်မိမိကိုယ်ကို သိမြင်ခြင်း အစစ်အမှန် ဖြစ်သလော။ ၎င်းတို့သည် ယေဘုယျအားဖြင့်သာပြောသည်။ အဘယ်ကြောင့် ဥပမာများ မပေးကြသနည်း။ ၎င်းတို့လုပ်ဆောင်ခဲ့သည့် ရှက်စရာကောင်းသောအရာများကို စစ်ဆေးရန်အတွက် အဘယ်ကြောင့် လူသိရှင်ကြား ချမပြနိုင်သနည်း။ ပိုင်းခြားသိမြင်ခြင်း မရှိသည့် လူအချို့က ၎င်းတို့ပြောသည်ကိုကြားပြီး စဉ်းစားသည်။ ‘ကဲ ဒါကမှ ကိုယ့်ကိုယ်ကိုယ် တကယ်သိမြင်တာပဲ။ ကိုယ့်ကိုယ်ကိုယ် စာတန်နတ်ဆိုးလို့သိပြီး ကိုယ့်ကိုယ်ကိုယ်တောင် ကျိန်ဆဲတယ်ဆိုတော့ တော်တော်မြင့်တဲ့ အဆင့်ကို ရောက်နေပြီ။’ ဟူ၍ဖြစ်သည်။ လူများစွာတို့သည်၊ အထူးသဖြင့် ယုံကြည်သူအသစ်များသည် ဤစကားများအားဖြင့် လှည့်စားခံရနိုင်ခြေရှိသည်။ ပြောဆို သူသည် သန့်စင်ပြီး ဝိညာဉ်ရေးကိစ္စများကို နားလည်သည်၊ ဤသည်မှာ သမ္မာတရားကို ချစ်သောသူဖြစ်သည်၊ ခေါင်းဆောင်ဖို့အတွက် အရည်အချင်းပြည့်မီသည်ဟု ၎င်းတို့က ထင်ကြသည်။ သို့ရာတွင် ထိုသူတို့နှင့် အချိန်အနည်းငယ် ဆက်ဆံပြီးသည်နှင့် ဤသို့မဟုတ်သည်ကို တွေ့ကြရသည်။ ဤသူသည် ၎င်းတို့ ထင်မြင်သည့်အတိုင်းမဟုတ်ဘဲ ထူးခြားစွာ လိမ်လည်ပြီး လှည့်စားတတ်သည်၊ အယောင်ဆောင်ပြီး တုပခြင်းတွင် ကျွမ်းကျင်သည်ဟု တွေ့ကြရသည်။ ဤအတွက်ကြောင့် အလွန် စိတ်ပျက်ကြရသည်။ လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်ဟု မည်သည့်အရာအပေါ်တွင် အခြေခံ၍ မှတ်ယူနိုင်သနည်း။ ၎င်းတို့ပြောဆိုသည့်အရာကိုသာ ထည့်စဉ်းစား၍ မရပေ။ အဓိကအချက်မှာ ၎င်းတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး လက်ခံနိုင်ခြင်းရှိမရှိကို ဆုံးဖြတ်ရန်ဖြစ်သည်။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့အတွက် ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်ရုံမကဘဲ အရေးကြီးဆုံးမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့၏ အမှန်တကယ် နားလည်မှုကိုသာ ပြောဆိုကြရုံမကဘဲ ၎င်းတို့ပြောဆိုသည့်အရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အပြောနှင့် လုပ်ရပ်သည် လုံးဝ ကိုက်ညီသည်။ ၎င်းတို့ပြောသည့်အရာသည် ယုတ္တိရှိပြီး သဘောတူလက်ခံနိုင်သည့်အရာဖြစ်သော်လည်း ယင်းကို မလုပ်ဆောင်လျှင်၊ ယင်းအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိလျှင် ဤအခြင်းအရာတွင် ၎င်းတို့သည် ဖာရိရှဲများဖြစ်လာကြသည်။ ကြောင်သူတော်များဖြစ်သည်။ မိမိတို့ကိုယ်ကို အမှန်တကယ်သိသောသူများ လုံးဝမဟုတ်ပေ။ လူများစွာတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါတွင် ယုတ္တိရှိသည့်ပုံစံပေါ်သည်။ သို့သော် ဖောက်ပြန်ပျက်စီးသည့်စိတ်သဘောထားကို ဖွင့်ပြမှုများ ၎င်းတို့တွင်ရှိသောအခါ သတိမမူမိကြပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကိုသိသောသူများဖြစ်သလော။ လူတို့သည် မိမိတို့ကိုယ်ကိုမသိလျှင် ၎င်းတို့သည် သမ္မာတရားကို နားလည်သောသူများဖြစ်သလော။ မိမိကိုယ်ကိုမသိသူများအားလုံးသည် သမ္မာတရားကို နားမလည်သောသူများဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် သိမြင်ခြင်းနှင့်ပတ်သက်ပြီး အနှစ်မဲ့သောစကားများ ပြောသူတို့သည် ဝိညာဉ်ပကတိအတုအယောင်ဖြင့် လူလိမ်များတည်း။ လူအချို့သည် အယူဝါဒစကားများကို ပြောဆိုသည့်အခါတွင် အလွန်ပင် ယုတ္တိရှိသည့်ပုံစံရှိသည်။ သို့သော် ၎င်းတို့၏ ဝိညာဉ်များတွင်ရှိသော အခြေအနေသည် ထုံထိုင်းပြီး နှေးကွေးသည်။ သိမြင်နားလည်ခြင်းမရှိပေ။ မည်သည့်ပြဿနာကိုမျှ တုံ့ပြန်မှုမရှိပေ။ ၎င်းတို့သည် ထုံထိုင်းသည်ဟု ဆိုနိုင်သည်။ သို့သော် တစ်ခါတစ်ရံတွင် ၎င်းတို့ပြောဆိုသည်ကို နားထောင်သောအခါ ၎င်းတို့၏ ဝိညာဉ်သည် ထက်မြက်ပုံရသည်။ ဥပမာ ဖြစ်ရပ်တစ်ခုပြီးပြီးချင်းတွင် ၎င်းတို့သည် မိမိတို့ကိုယ်ကို ချက်ချင်းသိနိုင်ကြသည်။ ‘အခုပဲ ကျွန်တော် စိတ်ကူးတစ်ခုပေါ်လာတယ်။ ဒါကိုစဉ်းစားကြည့်ပြီး အဲဒါက ကောက်ကျစ်တယ်ဆိုတာ၊ ဘုရားကို ကျွန်တော်က လှည့်စားနေတာဆိုတာကို သဘောပေါက်သွားတယ်။’ ဟူ၍ဖြစ်သည်။ အချို့သော ပိုင်းခြားသိမြင်ခြင်းမရှိသည့်လူများသည် ဤအရာကြားသောအခါ အားကျပြီး ‘ဒီလူက ဖောက်ပြန်ပျက်စီးခြင်းဖွင့်ပြတဲ့အခါမှာ ချက်ချင်း သတိထားမိတယ်။ ဒါကို ဖွင့်ပြောပြီး မိတ်သဟာယလည်းဖွဲ့နိုင်တယ်။ သူတို့ တုံ့ပြန်တာ အရမ်းမြန်တယ်။ သူတို့ဝိညာဉ်က ထက်မြက်တယ်။ ငါတို့ထက် အများကြီးပိုသာတယ်။ ဒါက တကယ်ကို သမ္မာတရားကို လိုက်စားတဲ့သူပဲ။’ ဟူ၍ ပြောသည်။ ဤသည်မှာ လူတို့ကို တိုင်းတာရာတွင် တိကျသောနည်းလမ်းဖြစ်သလော။ (မဖြစ်ပါ။) ဤသို့ဆိုလျှင် လူတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်ခြင်းရှိမရှိကို အကဲဖြတ်ခြင်းအတွက် မည်သည့်အရာက အခြေခံအချက်ဖြစ်သင့်သနည်း။ ၎င်းတို့၏ နှုတ်မှ ထွက်လာသောအရာသာ မဖြစ်ရပေ။ ၎င်းတို့တွင် မည်သည့်အရာကို အမှန်တကယ် ဖော်ပြ နေသည်ကိုလည်း ကြည့်ရမည်။ ဤအရာအတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ဖို့ရန်ဖြစ်သည်။ ဤသည်မှာ အရေးပါဆုံးဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့၏ အရည်အချင်းသည် ၎င်းတို့ မိမိတို့ကိုယ်ကို အမှန်တကယ်သိသည်ကို သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သောသူတို့သည် နောင်တရခြင်းကို ဖော်ပြသည်။ လူတို့က နောင်တရခြင်းကို ဖော်ပြမှသာ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကတစ်ဆင့်၊ သိလိုက်တယ်။ သူတို့ကိုယ်သူတို့ တကယ်သိတဲ့သူတွေက အမှန်တရားကို လက်ခံနိုင်တယ်။ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြပြီးတဲ့ နောက်မှာ အရှက်ရသလို၊ နောက်ပိုင်းမှာ တကယ် နောင်တရပြီး ပြောင်းလဲနိုင်တယ်။ ဆန့်ကျင်ဖက်အနေနဲ့ တခြားလူတွေက ကိုယ့်ကိုယ်ကိုယ် နက်ရှိုင်းတဲ့ အသိရှိသလိုမျိုး သူတို့ကိုယ်သူတို့ မကောင်းဆိုးဝါး၊ စာတန်လို့ ခေါ်ကြပေမဲ့ ပြုပြင်ခြင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အမှန်တရားကို လုံးဝ လက်မခံကြသလို မသုံးသပ်မဆင်ခြင်ကြဘူး၊ ပြီးတော့ သူတို့ကိုယ်သူတို့ ထပ်တလဲလဲတောင် ခုခံပြောဆိုပြီး မှန်သလိုလိုနဲ့ မှားတဲ့ အကြောင်းပြချက်တွေ ပေးကြတယ်။ အဲဒီလိုလူတွေက ကိုယ့်ကိုယ်ကိုယ် သိစိတ်ရှိပုံ ဘယ်လောက်ပဲ ရပါစေ၊ မာယာသက်သက်ပါပဲ။ ရှီလာက သိက္ခာနဲ့ ပတ်သက်လို့ သူအရမ်း ပူပန်ပြီး လူတွေရဲ့ သဘောထားတွေကြောင့် စိတ်ကျဉ်းကျပ်ခဲ့ရတယ်လို့ ပြောပြီးတော့ သူ့အခြေအနေနဲ့ ပတ်သက်လို့ လူတွေနဲ့ အမြဲ စကားစမြည်ပြောခဲ့ပုံကို ကျွန်မ တွေးမိတယ်။ သူက လှည့်စားတတ်ပြီး တခြားလူတွေကို သံသယရှိတတ်တယ်လို့လည်း ပြောတယ်။ အပေါ်ယံမှာတော့ သူက အတော်လေး ရိုးသားပြီး ပွင့်လင်းပုံရတယ်၊ သူ့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းကို သတိပြုမိပြီး သူ့ကိုယ်သူ သုံးသပ်နိုင်တဲ့ပုံပဲ။ တစ်ခါတလေ စကားပြောရင်းနဲ့ ငိုတောင်ငိုတယ်။ သူ တကယ် နောင်တရပြီး သူ့ကိုယ်သူ စက်ဆုပ်တဲ့ပုံပဲ။ ဒါကြောင့် သူက သမ္မာတရားကို ရှာဖွေတဲ့သူလို့ ကျွန်မ တွေးခဲ့တာ။ ဒါပေမဲ့ ဒီအပြုအမူတွေကို နှစ်နဲ့ချီ သူ ပြောနေခဲ့ပြီးတာတောင် သူ လုံးဝ ပြောင်းလဲတဲ့ပုံမရဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြမှုကတစ်ဆင့်ပဲ ရှီလာရဲ့ သူ့ကိုယ်သူသိစိတ်ဆိုတာက ဟန်ဆောင်မှု သက်သက်ဖြစ်မှန်း ကျွန်မ မြင်ခဲ့တယ်။ သူက သမ္မာတရားကို တကယ် လက်မခံခဲ့ဘူး၊ သူ့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို မသုံးသပ်ခဲ့ဘူး။ သူ့မှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိတယ်၊ လှည့်စားတတ်တဲ့၊ မလိုမုန်းထားတတ်တဲ့ အန္တိခရစ်တစ်ယောက်ဖြစ်ပြီး ငရဲကို အပို့ခံရသင့်တယ်လို့ ပြောပြီး လေးနက်ပုံရပေမဲ့ အနှစ်မဲ့တဲ့ မှတ်ချက်အမျိုးမျိုး သူ့ကိုယ်သူ မကြာခဏ ပြောတယ်။ သူ့မှာ နက်ရှိုင်းတဲ့ ကိုယ့်ကိုယ်ကိုယ် သိစိတ်ရှိပုံရပေမဲ့၊ တခြားလူတွေက သူ့ပြဿနာတွေကို ထောက်ပြတဲ့အခါ၊ သူ့ကို ပြုပြင်၊ ကိုင်တွယ်ဖြေရှင်းတဲ့အခါ၊ သူက နည်းနည်းမှ လက်မခံခဲ့သလို အတိုက်အခံတောင် လုပ်ခဲ့တယ်၊ မကျေမချမ်းဖြစ်တယ်၊ စိတ်တိုတတ်ပြီး ဆင်ခြင်တုံတရားမဲ့ခဲ့တယ်။ အမှား၊ အမှန်နဲ့ပတ်သက်လို့ သူ မျက်ရည်ခြူပြီး ငြင်းခုံတယ်။ တခြားလူတွေ မစုဝေးနိုင်တော့သလို ကိုယ့်တာဝန်တွေကို ပုံမှန် မလုပ်နိုင်တော့တဲ့အထိ နှောင့်ယှက်ခဲ့တယ်။ သူက အသင်းတော် အသက်တာနဲ့ အလုပ်ကို အကြီးအကျယ် နှောင့်ယှက်ခဲ့တယ်။ အရင်တုန်းက သမ္မာတရားကို ကျွန်မ နားမလည်ခဲ့သလို ချင့်ချိန်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါကြောင့် သူ့ရဲ့ အပေါ်ယံ အပြုအမူနဲ့ ကျွန်မ လှည့်စားခံခဲ့ရပြီး၊ သူက သမ္မာတရား ရှာဖွေသူဖြစ်တယ်လို့တောင် တွေးခဲ့တယ်။ ကျွန်မ မရှင်းမလင်းဖြစ်ပြီး မိုက်လိုက်တာ။ နောက်ပိုင်းမှ ရှီလာက သူ့ပြဿနာတွေကို ဖြေရှင်းပြီး သူ့အခြေအနေကို ပြင်ဖို့ သမ္မာတရားကို ရှာနေခဲ့လို့ သူ့အခြေအနေအကြောင်းကို တခြားလူတွေနဲ့ ပြောနေခဲ့တာမဟုတ်ဘဲ၊ သူ့ရဲ့ မကျေမချမ်းဖြစ်တာတွေကို ဖွင့်ထုတ်ရမဲ့သူ၊ သူ့ကို နှစ်သိမ့်ပြီး သူ့ဒုက္ခကို ပြေပျောက်စေမဲ့သူ တစ်ယောက်ယောက်ကို လိုချင်ခဲ့လို့ဖြစ်မှန်း ကျွန်မ သဘောပေါက်သွားခဲ့တယ်။ သူ လူဘယ်လောက်ကို ဖွင့်ပြောသည်ဖြစ်စေ၊ အမြဲ အနှောင့်အယှက်ပဲ ဖြစ်နေခဲ့တယ်။ သူ အထုတ်မခံရဘဲ သူ့အခြေအနေကို စိတ်ဖြာမလေ့လာခဲ့ရင် သူ့အပေါ် ချင့်ချိန်နိုင်စွမ်း ကျွန်မ ရခဲ့မှာ မဟုတ်ဘူး။ သူ့ကို သည်းခံ၊ စိတ်ရှည်မှုရှိတဲ့ ညီအစ်မတစ်ယောက်လို ဆက်ဆံမိမှာဖြစ်ပြီး၊ သူလှည့်ဖြားတာကို အမှတ်တမဲ့ ခံရနိုင်တယ်။ အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တွေအရ လူတွေကို ရှုမြင်ဖို့ ဘယ်လောက်အရေးကြီးမှန်း ကျွန်မ သဘောပေါက်ခဲ့တယ်။

နောက်ပိုင်းမှာ ရှီလာရဲ့ ရည်ရွယ်ချက်တွေနဲ့ လှည့်ဖြားဖို့ သူ သုံးတဲ့ နည်းစနစ်တွေအပေါ် ချင့်ချိန်နိုင်စွမ်းတချို့ ပေးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတစ်ယောက်သည် သမ္မာတရားကို ချစ်ခြင်းရှိမရှိကို မည်သို့ ခွဲခြားသိမြင်နိုင်သနည်း။ တစ်ဖက်တွင် ဤလူသည် ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး မိမိကိုယ်မိမိ သိလာနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်နိုင်ပြီး အမှန်တကယ် နောင်တရနိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ အခြားတစ်ဖက်တွင် ၎င်းသည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်းရှိမရှိကို ကြည့်ရမည်။ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းသည် သမ္မာတရားကို ချစ်သော ဘုရားသခင်၏အမှုကို နာခံနိုင်သောသူဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို အသိအမှတ်ပြုရုံသာရှိပြီး မည်သည့်အခါမျှ လက်မခံလျှင်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်လျှင် ‘သမ္မာတရားအားလုံးကို နားလည်သည်။ သို့သော် လက်တွေ့မလုပ်ဆောင်နိုင်။’ ဟု လူအချို့က ပြောသည့်အတိုင်းဆိုလျှင်၊ ၎င်းတို့သည် သမ္မာတရားကို ချစ်သောသူမဟုတ်သည်ကို သက်သေပြသည်။ လူအချို့က ဘုရားနှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ကြောင်းနှင့်၊ သူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြောင်း ဝန်ခံကြပြီး ၎င်းတို့သည် နောင်တရပြီး မိမိတို့ကိုယ်ကို အသစ်ဖြစ်ရန် လိုလားလျက်ရှိသည်ဟုလည်း ဆိုသည်။ သို့သော် ထို့နောက်တွင် လုံးဝ ပြောင်းလဲခြင်းမရှိပေ။ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် ယခင်ကကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့သည် ကိုယ့်အကြောင်း ပြောသောအခါ ဟာသတစ်ခုကိုပြောသကဲ့သို့၊ သို့မဟုတ် ဆောင်ပုဒ်တစ်ခုကို ရွတ်သကဲ့သို့ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို သိမြင်လာခြင်း လုံးဝ မရှိကြပေ။ အရေးကြီးဆုံးမှာ နောင်တရသည့် သဘောထားမရှိပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို စစ်မှန်စွာ ဆင်ခြင်သုံးသပ်ရန်အတွက် ရိုးရှင်းသောနည်းတစ်ခုဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖွင့်ပြောရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ထိုထက် ၎င်းတို့သည် ထိုသို့လုပ်ဆောင်ရာတွင် အပေါ်ယံလုပ်ဆောင်ခြင်းအားဖြင့် မိမိတို့ကိုယ်ကို သိဟန်ဆောင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ် သိမြင်သော၊ သို့မဟုတ် သမ္မာတရားကို လက်ခံသောသူများမဟုတ်ပေ။ ဤလူတို့သည် မိမိတို့ကိုယ်ကို သိခြင်းအကြောင်း ပြောကြသောအခါ၊ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြသည်။ ၎င်းတို့သည် အယောင်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ ဝိညာဉ်ရေးရာပြည့်ဝယောင် ဟန်ဆောင်ခြင်းတို့ကို ပါဝင်လုပ်ဆောင်ကြသည်။ လူအချို့သည် လှည့်စားတတ်ကြသည်။ အခြားလူများက သူတို့၏ မိမိကိုယ်ကို သိမြင်မှုကို မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ မြင်သောအခါ ၎င်းတို့က ‘အခြားလူတိုင်းက ဖွင့်ပြောပြီး သူတို့၏ ကိုယ်ပိုင်လှည့်စားမှုကို စိစစ်ကြသည်။ ငါက တစ်ခုခုမပြောလျှင် ကိုယ့်ကိုယ်ကိုယ်မသိဟု လူတိုင်းက ထင်ကြမည်။ ဤသို့ဆိုလျှင် ဟန်ဆောင်လုပ်ပြရလိမ့်မည်’ ဟူ၍ စဉ်းစားကြသည်။ ထို့နောက်တွင် ၎င်းတို့သည် ၎င်းတို့၏ ကိုယ်ပိုင်လှည့်စားမှုကို ဇာတ်လမ်းဆန်ဆန်ပုံစံဖြင့် ဖော်ပြလျက် အလွန်အမင်း လေးနက်သည့်ပုံစံအဖြစ် ဖွဲ့နွဲ့ပြောဆိုကြသည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုသည် အထူးလေးနက်သိမ်မွေ့ပုံရသည်။ ကြားရသောသူတိုင်းက ၎င်းတို့သည် မိမိတို့ကိုယ်ကို အမှန်တကယ်သိမြင်သည်ဟု ခံစားရသည်၊ ထို့နောက် ချက်ချင်းပင် ၎င်းတို့ကို အားကျလျက်ကြည့်ရှုကြသောကြောင့်၊ ဂုဏ်ကျက်သရေရှိသကဲ့သို့၊ မိမိတို့ကိုယ်ကို ရောင်ခြည်တော်စက်ဝန်းဖြင့် ဆင်မြန်းပြီးသကဲ့သို့ ၎င်းတို့က ခံစားကြရသည်။ ဟန်ဆောင်လုပ်ပြခြင်းအပြင်၊ ၎င်းတို့၏ အယောင်ဆောင်မှုနှင့် လှည့်စားခြင်းတို့မှ ရရှိသော ဤမိမိကိုယ်ကိုသိသည့် ပုံစံသည် အခြားလူတို့ကို လုံးဝ အမြင်မှားစေသည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ ၎င်းတို့အသိစိတ်က စိတ်သက်သာရာရနိုင်သလော။ ဤသည်မှာ ပြောင်ပြောင်တင်းတင်း လှည့်စားခြင်းမဟုတ်လော။ လူတို့သည် မိမိကိုယ်ကို သိခြင်းနှင့်ပတ်သက်ပြီး အနှစ်မရှိသော စကားများကိုသာပြောဆိုလျှင် ထိုအသိပညာက မည်မျှအဆင့်မြင့်သည့်၊ သို့မဟုတ် ကောင်းသည့်ပုံစံရှိပါစေ ၎င်းတို့သည် လုံးဝ မပြောင်းလဲဘဲ ယခင်က လုပ်ဆောင်သကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ဆက်လက် ဖွင့်ပြဆဲဖြစ်လိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းမဟုတ်ပေ။ လူတို့သည် ဤနည်းဖြင့် တမင်သက်သက် ဟန်ဆောင်လှည့်စားနိုင်လျှင် ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံသည်ကို သက်သေပြပြီး ၎င်းတို့သည် မယုံကြည်သူများကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုအကြောင်းကို ဤနည်းဖြင့် ပြောဆိုခြင်းအားဖြင့် ၎င်းတို့သည် ရေပန်းစားမှုနောက်လိုက်ပြီး လူတိုင်း၏ အကြိုက်နှင့်တူသောအရာမှန်သမျှကို ပြောခြင်းသာဖြစ်သည်။ ၎င်းတို့၏ အသိပညာနှင့် မိမိတို့ကိုယ်ကို စိစစ်ခြင်းသည် လှည့်စားမှုမဟုတ်သလော။ ဤသည်မှာ မိမိကိုယ်ကို အမှန်တကယ် သိမြင်ခြင်းလော။ လုံးဝ မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် စိတ်နှလုံးမှ ဖွင့်ပြခြင်း၊ မိမိတို့ကိုယ်ကို ဆန်းစစ်ခြင်းမရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့သည် အပေါ်ယံလုပ်ဆောင်ရန်အတွက် မဟုတ်မမှန်သော၊ လှည့်စားသောနည်းဖြင့် မိမိတို့ကိုယ်ကို သိမြင်ခြင်းအကြောင်းကို အနည်းငယ် ပြောဆိုနေခြင်းသာ ဖြစ်သောကြောင့်ဖြစ်သည်။ ပို၍ပင် ဆိုးသည်မှာ ၎င်းတို့ကို အခြားလူများက လေးစားအားကျလာစေဖို့ ပြုလုပ်ရန်အတွက် ၎င်းတို့သည် မိမိကိုယ်ကို သိမြင်မှုအကြောင်းဆွေးနွေးသည့်အခါတွင် ၎င်းတို့၏ ပြဿနာများကို ပို၍လေးနက်သည့်ပုံစံထင်ရစေရန် တမင်သက်သက် ချဲ့ကားပြောဆိုကြသည်။ အဓိပ္ပာယ်မှာ ၎င်းတို့၏ ဖွင့်ဟပြောဆိုခြင်းသည် တစ်ကိုယ်ရေရည်ရွယ်ချက်များ၊ ပန်းတိုင်များ ရောယှက်ပါဝင်နေခြင်းဖြစ်သည်။ ၎င်းတို့သည် ဤသို့လုပ်ဆောင်သောအခါ အပြစ်ရှိခြင်းကို မခံစားရပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုဟန်ဆောင်ပြီး လိမ်လည်မှုကို လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့၏ အသိစိတ်သည် လိပ်ပြာမလုံခြင်း မရှိပေ။ ဘုရားသခင်ကို ပုန်ကန်ပြီး လှည့်စားပြီးနောက်တွင် ၎င်းတို့သည် မည်သည့်အရာကိုမျှ မခံစားရပေ။ ၎င်းတို့၏ အမှားကို ဝန်ခံရန် ဘုရားသခင်ကို ဆုမတောင်းပေ။ ဤသို့သောလူတို့သည် ခေါင်းမာသည်မဟုတ်လော။ ၎င်းတို့သည် နောင်တမရပါက ဝမ်းနည်းခြင်းကို တစ်ခါဖူးမျှ ခံစား၍ရနိုင်သလော။ အမှန်တကယ် နောင်တရခြင်းမရှိသောသူသည် ဇာတိပကတိကို စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ အမှန်တကယ် နောင်တရခြင်းမရှိသောသူသည် အမှန်တကယ် ဝန်ချနိုင်သလော။ သေချာပေါက် မဟုတ်ပေ။ ၎င်းတို့သည် နောင်တရခြင်းပင်မရှိလျှင် မိမိကိုယ်ကို သိမြင်ခြင်းအကြောင်းကို ပြောဆိုရန် အဓိပ္ပာယ် မဲ့သည်မဟုတ်လော။ ဤသည်မှာ အယောင်ဆောင်ပြီး လိမ်လည်ခြင်းသက်သက်မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ မိမိကိုယ်ကိုယ် သိခြင်းသာလျှင် သမ္မာတရားကို လိုက်စားခြင်း၌ အထောက်အကူဖြစ်သည်) သူက စုဝေးပွဲတွေမှာ တခြားလူတွေနဲ့ သူ့အခြေအနေအကြောင်း ပြောဖို့ နှစ်သက်ပြီး သူ့ကိုယ်သူနဲ့ ပတ်သက်လို့ သုံးသပ်ဖို့ ဘုရားနှုတ်ကပတ်တော်တွေကို သုံးတယ်။ သူ့ကိုယ်သူ အဆိုးဆုံး စကားရပ်နဲ့ ဖော်ပြတယ်။ အပြင်ပန်းမှာ သူက နက်ရှိုင်းတဲ့ ကိုယ့်ကိုယ်ကိုယ် သိစိတ်ရှိပုံရပြီး၊ သူ့ကိုယ်သူ အရမ်းအရမ်းကို နောင်တရ၊ မုန်းတီးနေပုံရပေမဲ့၊ ဒါက တခြားလူတွေ သူ့ကို သမ္မာတရား လက်ခံပြီး သူ့ကိုယ်သူ သိတဲ့အသိ ရှိတယ်လို့ ထင်အောင် သူတို့ကို လှည့်စားဖို့ သူ ဟန်ဆောင်တဲ့ လုပ်ရပ်တစ်ခုသက်သက်ပဲ ဖြစ်ပါတယ်။ ဒီလို ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိဆိုတာက တခြားလူတွေကို လှည့်စား၊ တစ်ပတ်ရိုက်တဲ့ သူ့ရဲ့ နည်းလမ်းပဲ ဖြစ်တယ်။ သူတို့က သူ့ကို သတိမပြုမိနိုင်ရုံမက၊ အရမ်းလည်း လေးစားမှုရှိအောင်လို့ သူ့ကိုယ်သူ သတ္တိရှိရှိ ဖွင့်ချရဲတယ်လို့ ထင်အောင် လုပ်တာ။ ပြီးတော့ ဖောက်ပြန်ပျက်စီးခြင်းကို ရှီလာ ထုတ်ဖော်ပြတဲ့အခါတိုင်းမှာ သူ့ကိုယ်သူဖော်ပြဖို့ အန္တိခရစ်တွေအပေါ် ဘုရားရဲ့ ထုတ်ဖော်ပြချက်ကို ကိုးကားတယ်။ သူက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ရှာခဲ့တယ်၊ အန္တိခရစ်ရဲ့ လမ်းကြောင်း လျှောက်နေခဲ့တယ်၊ အဆင့်အတန်းကို တပ်မက်စိတ်က သူ့ဘဝကို စိုးမိုးသွားခဲ့ပြီး၊ သူ နောင်တမရရင် ဒီတပ်မက်မှုက သူ့ကို သေစေမှာလို့ ပြောပြီးတော့ပေါ့။ ဒါပေမဲ့ အခြေအနေတစ်ခုက သူ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ခြိမ်းခြောက်တာနဲ့၊ အရင်အတိုင်း သူ ပြန်ဖြစ်သွားတယ်။ ဒါကြောင့် သူ့အခြေအနေနဲ့ ပတ်သက်လို့ နှစ်နဲ့ချီ မိတ်သဟာယပြုပေမဲ့၊ ဘာပြောင်းလဲမှုမှ မရခဲ့တာပဲ။ သူ့ပြဿနာတွေကို ခေါင်းဆောင်က ထောက်ပြခဲ့ပြီး သူနဲ့ အကြိမ်အတော်များများ မိတ်သဟာယပြုခဲ့ပေမဲ့ သူ နားမထောင်ခဲ့သလို၊ ဘာအပြောင်းအလဲမှ မလုပ်ခဲ့ဘူး။ ပိုလို့တောင် အတိုက်အခံဖြစ်လာခဲ့တယ်၊ မရပ်မနား ငြင်းခုံပြီး မှန်သလိုလိုနဲ့ မှားတဲ့ အကြောင်းပြချက်တွေ ပေးတယ်။ တခြားလူတွေက သူတို့ အတ္တတွေကို ဘေးဖယ်ထားပြီး သမ္မာတရား ရှာနိုင်ကြပုံကို သူမြင်တော့ သူတို့ရဲ့ အားသာချက်တွေကနေ မသင်ယူခဲ့ဘူး၊ အဲဒီအစာ ကောင်းမွန်တဲ့ သဘာဝနဲ့ပဲ သူတို့ ဖွေးလာခဲ့တာ၊ ဘုရားက သူ့ကို သဘာဝကောင်း မပေးခဲ့လို့ သူက သမ္မာတရားကို လက်တွေ့မလုပ်နိုင်သလို၊ လူတွေကို အမြဲ သံသယရှိခဲ့တာလို့ တွေးနေခဲ့တယ်။ သူက သူ့ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားကို မစက်ဆုပ်ခဲ့ဘူး၊ အဲဒီအစား ဘုရားပေါ် အပြစ်တင်တဲ့ပုံခံစားရပြီး သူက မဖြောင့်မတ်ဘူးလို့ ပြောပြီးတော့ ဘုရားကို အပြစ်ဖို့ခဲ့တယ်။ ဒါက ရှီလာရဲ့ အနှစ်သာရဟာ မကောင်းဆိုးဝါးရဲ့ အနှစ်သာရဖြစ်ပြီး၊ အရမ်းကို အဓိပ္ပာယ်မဲ့ပြီး ကျိုးကြောင်းမဲ့တာကို ပြတယ်။ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ထုတ်ဖော်ပြချက်ကြောင့်သာ မဟုတ်ရင်၊ သူ့ကို သမ္မာတရား ရှာဖွေသူလို ကျွန်မ ဆက်ဆံမိခဲ့မှာပဲ။

နောက်ပိုင်းမှာ၊ စုဝေးပွဲအတောအတွင်းမှာ၊ ဒီဘုရားနှုတ်ကပတ်တော်အပိုဒ်ကို ကျွန်မ ကြုံခဲ့ရတယ်။ “သမ္မာတရားကို ချစ်မြတ်နိုးသူများသာလျှင် ဘုရားသခင်၏ အိမ်တော်နှင့် သက်ဆိုင်ပေသည်။ ၎င်းတို့သာလျှင် စစ်မှန်သော ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်။ စုဝေးပွဲသို့ မကြာခဏသွားသောသူများအားလုံးသည် ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ဟု သင်တွေးထင်သလော။ မလွဲမသွေဖြစ်ခြင်းမဟုတ်ပေ။ မည်သည့်လူများက ညီအစ်ကိုမောင်နှမများ မဟုတ်သနည်း။ (သမ္မာတရားကို စိတ်ကုန်သောသူများ၊ သမ္မာတရားကို လက်မခံသောသူများဖြစ်သည်။) သမ္မာတရားကို လက်မခံဘဲ သမ္မာတရားကို စိတ်ကုန်သောသူများအားလုံးသည် ဆိုးယုတ်သောလူများဖြစ်သည်။ ၎င်းတို့သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော လူများသာဖြစ်သည်။ ၎င်းတို့အထဲမှ မည်သူကမျှ ဘုရားသခင် ကယ်တင်သည့်သူများမဟုတ်ပေ။ ဤလူများသည် လူ့သဘာဝကင်းမဲ့ကြသည်။ ၎င်းတို့သည် ၎င်းတို့အလုပ်တွင် ပေါ့ဆပြီး ၎င်းတို့၏ အပြုအမူတွင် ချုပ်တည်းခြင်းမရှိကြပေ။ ၎င်းတို့သည် ဆိုးယုတ်သော အတွေးအခေါ်များနှင့် အသက်ရှင်ပြီး ကောက်ကျစ်သော လှည့်စားမှုများကို အသုံးချကာ အခြားလူများကို အသုံးပြုပြီး မြှောက်ထိုးပင့်ကော်လုပ်သည်။ လိမ်ညာသည်။ ၎င်းတို့သည် သမ္မာတရား အနည်းငယ်မျှကို လက်မခံကြပေ။ ၎င်းတို့သည် ကောင်းချီးများရရန်အတွက်သာ ဘုရားအိမ်တော်ကို ထိုးဖောက်ဝင်ရောက်ကြသည်။ ၎င်းတို့ကို အဘယ်ကြောင့် မယုံကြည်သူများဟု ခေါ်ကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို မုန်းတီးကာ လက်မခံကြသောကြောင့် ဖြစ်ပေသည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့သည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် စိတ်ဝင်စားမှုမရှိတော့ဘဲ သမ္မာတရားကို စိတ်ကုန်ကြသည်။ ယင်းအကြောင်းကို ကြားပင် မကြားချင်ကြ၊ သမ္မာတရားသည် ပျင်းရိဖွယ်ကောင်းသည်ဟု ၎င်းတို့ခံစားရပြီး ဂနာမငြိမ်နိုင်ကြပေ။ ၎င်းတို့သည် ယုံကြည်သူမဟုတ်သူများနှင့် မယုံကြည်သူများဖြစ်ကြသည်မှာ သိသာထင်ရှားပါသည်။ သင်သည် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့ကို ညီအစ်ကို မောင်နှမများအဖြစ် သဘောမထားရ။...၎င်းတို့သည် သမ္မာတရားကို စိတ်မဝင်စားကြလျှင် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ဤသို့ဆိုလျှင် ၎င်းတို့သည် မည်သည့်အရာဖြင့် အသက်ရှင်ကြသနည်း။ ၎င်းတို့သည် စာတန်၏ အတွေးအခေါ်အားဖြင့် အသက်ရှင်ကြသည်မှာ သံသယဖြစ်စရာမလိုပေ။ ၎င်းတို့သည် အစဉ်သဖြင့် ဉာဏ်များပြီး ကောက်ကျစ်သည်။ ၎င်းတို့တွင် သာမန်လူ့သဘာဝ အသက်တာမရှိပေ။ ဘုရားသခင်ကို မည်သည့်အခါမျှ ဆုမတောင်း၊ သို့မဟုတ် သမ္မာတရားကို မရှာဘဲ၊ လူသား၏ လှည့်ကွက်များ၊ နည်းဗျူဟာများနှင့် အသက်ရှင်ခြင်းအတွက် အတွေးအခေါ်များကို အသုံးပြုလျက် အရာရာကို ကိုင်တွယ်ကြသည်။ ဤသည်မှာ ပင်ပန်းပြီး နာကျင်ဖွယ် ဖြစ်တည်မှုကို ဖြစ်စေသည်။...သမ္မာတရားကို မချစ်သောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ပေ။ သမ္မာတရားကို လုံးဝ လက်မခံနိုင်သောသူတို့ကို ညီအစ်ကိုမောင်နှမများဟု မခေါ်ဆိုနိုင်ပေ။ သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သောသူတို့သာ ညီအစ်ကိုမောင်နှမများဖြစ်သည်။ ယခုတွင် သမ္မာတရားကို မချစ်သောသူများက မည်သူများဖြစ်သနည်း။ ၎င်းတို့အားလုံးသည် မယုံကြည်သူများဖြစ်သည်။ သမ္မာတရားကို လုံးဝ လက်မခံသောသူတို့သည် သမ္မာတရားကို စိတ်ကုန်ပြီး စွန့်ပစ်ခဲ့ကြပြီးဖြစ်သည်။ ပို၍ တိကျစွာဆိုရလျှင် ၎င်းတို့သည် အသင်းတော်သို့ ထိုးဖောက်ဝင်ရောက်ခဲ့သော မယုံကြည်သူများအားလုံးဖြစ်သည်။ ၎င်းတို့သည် မကောင်းမှုမျိုးစုံကို လုပ်ဆောင်နိုင်ပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ဖျက်ဆီးနိုင်လျှင် ၎င်းတို့သည် စာတန်၏ လက်ပါးစေများဖြစ်သည်။ ၎င်းတို့ကို ဖယ်ရှားပြီး ထုတ်ပယ်သင့်သည်။ ၎င်းတို့ကို ညီအစ်ကိုမောင်နှမများအဖြစ် ဆက်ဆံ၍ မရပေ။ ၎င်းတို့ကို ချစ်ခြင်းပြသသောသူများအားလုံးသည် အလွန်အမင်း မိုက်မဲပြီး မသိနားမလည်ကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့်၊ ကျွန်မ သဘောပေါက်သွားတယ်။ စစ်မှန်တဲ့ ညီအစ်ကို မောင်နှမတွေဆိုတာ သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်တဲ့သူတွေပဲ။ သူ့တို့ကိုယ်သူတို့ ဘုရားအတွက် တကယ် အသုံးခံကြပြီး သမ္မာတရား လက်တွေ့လုပ်တဲ့ သက်သေခံချက်တွေ ရှိကြတယ်။ လေးနက်နဲ့ ကိုယ့်ကိုယ်ကိုယ် သိတဲ့အသိ တစ်ခုမှ သူတို့ ပြောနိုင်မှာမဟုတ်ပေမဲ့၊ သူတို့က သမ္မာတရားကို ချစ်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို နားလည်သလောက် လက်တွေ့လုပ်ကြတယ်။ တစ်ခါတလေ ပြစ်မှားတာတွေ ကျုးလွန်မိနိုင်ပေမဲ့၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြပြီး အပျက်သဘောဆောင်လာနိုင်ပေမဲ့၊ သမ္မာတရားကို ရှာဖွေကြလို့ ပြုပြင်ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါ၊ ကျရှုံးမှုနဲ့ ရင်ဆိုင်ရတဲ့အခါ၊ အဲဒါကို ဘုရားဆီကနေ လက်ခံနိုင်ကြတယ်၊ သမ္မာတရားကို ရှာဖွေပြီး သူတို့ကိုယ်သူတို့ သုံးသပ်နိုင်ကြတယ်။ သူတို့ပြဿနာတွေကို သတိပြုမိကြတဲ့အခါ၊ အဲဒါတွေကို တဖြည်းဖြည်း ပြုပြင်ပြီး တိုးတက်စေနိုင်ကြတယ်။ အဲဒီလိုလူတွေကပဲ စစ်မှန်တဲ့ ညီအစ်ကို မောင်နှမတွေပါ။ သမ္မာတရားကို လက်မခံသလို စက်ဆုပ်တောင် စက်ဆုပ်ကြသူတွေကိုတော့ မောင်နှမတွေလို့ ခေါ်လို့မရဘူး။ သူတို့မှာ ညံ့ဖျင်းတဲ့ လူ့သဘာဝရှိပြီး အသင်းတော် အလုပ်ကို နှောင့်ယှက်တဲ့ မကောင်းမှုမျိုးစုံကို လုပ်ကြရင်၊ သူတို့က မကောင်းမှုပြုသူတွေနဲ့ အန္တိခရစ်တွေ ဖြစ်ပြီး၊ ညီအစ်ကို မောင်နှမတွေလို့ ပိုလို့တောင် ခေါ်ဖို့ အရည်အချင်းမပြည့်မီကြဘူး။ အသင်းတော်ထဲမှာ သူတို့ ရှိနေရင်တောင်၊ ဘုရားအိမ်တော်ကို ထိုးဖောက်ဝင်ရောက်တဲ့ အယောင်ဆောင် ယုံကြည်သူတွေပဲ ဖြစ်တယ်။ သူတို့ ဘယ်လောက်ကြာကြာ ယုံကြည်ကြပါစေ၊ နောက်ဆုံးမှာ ဘုရားရဲ့ ဖော်ထုတ်ပြီး ဖယ်ရှားတာ ခံရမှာပဲ။ အပြင်ပန်းမှာ၊ ရှီလာက မကောင်းမှုကြီး တစ်ခုတစ်လေမှ လုပ်ခဲ့ပုံမပေါ်ပေမဲ့၊ သူ လုပ်သမျှတိုင်းက လူတွေရဲ့ အတွေးကို နှောင့်ယှက်ပြီး သူတို့တာဝန်တွေမှာ ကြန့်ကြာစေခဲ့သလို၊ ဒါကို တစ်လျှောက်လုံး သူက လုပ်နေခဲ့တာ။ သူ့ကို တခြားလူတွေက ဘယ်လိုပဲ မိတ်သဟာယပြုပြီး ထောက်ပံ့ခဲ့ပါစေ၊ တစ်စက်မှ လုံးဝ မပြောင်းလဲခဲ့သလို၊ စကားအချေအတင်ပြော၊ ငြင်းခုံပြီး မတော်တရော် ပြုမူခဲ့တယ်။ ဒါက ရှီလာဟာ သမ္မာတရားကို လုံးဝ လက်မခံခဲ့သလို သဘာဝအားဖြင့် သမ္မာတရားကို ငြီးငွေ့တယ်ဆိုတာကို ပြတယ်။ သူက နတ်ဆိုးနဲ့ အတူတူဖြစ်ပြီး ကျွန်မတို့ ညီအစ်မတွေထဲက တစ်ယောက်မဟုတ်ဘူး။ အရင်တုန်းက ဒီသမ္မာတရား ရှုထောင့်ကို ကျွန်မ နားမလည်ခဲ့သလို ချင့်ချိန်နိုင်စွမ်းမဲ့ခဲ့တယ်။ လူတစ်ယောက်က ဘုရားကိုယုံကြည်ပြီး သူ့နာမကို အသိအမှတ်ပြုသရွေ့၊ သူ့ကို ညီအစ်ကို မောင်နှမအနေနဲ့ ဆက်ဆံသင့်တယ်လို့ တွေးခဲ့တယ်။ သူတို့ကို ကြောင်းကျိုးမမြင်ဘဲ စာနာပြီး သည်းခံခဲ့တယ်။ ချင့်ချိန်နိုင်စွမ်းမရှိဘဲ မိုက်မဲစွာနဲ့ သနားကြင်နာပြီး ပံ့ပိုးခဲ့တယ်။ အကျိုးဆက်အနေနဲ့ ကျွန်မရဲ့ အားထုတ်မှု အတော်များများက အချည်းနှီးဖြစ်သွားတယ်။ ကျွန်မ မိုက်မဲပြီး မရေရာလိုက်တာ။

အခု ရှီလာက သီးခြားအထားခံရတော့ ဘုရားဘယ်လောက် ဖြောင့်မတ်မှန်း မြင်ရပြီ။ သမ္မာတရားကို မရှာဖွေသလို၊ အကျိုးအကြောင်းမသင့်ဘဲ ပြုမူသူတွေက အသင်းတော်မှာ ခြေကုပ်မရနိုင်ဘူး။ နောက်ဆုံးမှာ ဘုရားရဲ့ ဖော်ထုတ်တာ ခံရမှာပဲ။ ဘုရားရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကိုလည်း ကျွန်မ နားလည်လာတယ်။ ကျွန်မကို သင်ခန်းစာယူခွင့်ပေးဖို့ ဘုရားက ဒီအခြေအနေတွေကို စီစဉ်ပေးခဲ့တာပဲ။ အဲဒါတွေကို စပြီး လက်မလွှတ်တမ်း အသုံးချရမယ်။ ရှေ့ဆက်ပြီး၊ သမ္မာတရားကို အချိန်ပိုပေးပြီး အားထုတ်ရမယ်။ ပြီးတော့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ မှန်ဘီလူးကတစ်ဆင့် ကိစ္စတွေကို ကြည့်ပြီး လုပ်ဆောင်ရမယ်။

အရှေ့သို့- ၅။ တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

နောက်တစ်ခုသို့- ၁၀။ နားလည်သယောင် ဟန်ဆောင်ခြင်းက ကျွန်မကို ထိခိုက်ခဲ့သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

၄၀။ အိမ်ကို ပြန်လာခြင်း

မုယီ၊ တောင်ကိုရီးယားနိုင်ငံ“ဘုရား၏ပြည့်လျှံသောအချစ်ကို လူအား အခမဲ့ပေးအပ် ကိုယ်တော့်မေတ္တာတော်ဖြင့် ရစ်ပတ် လူသည် အပြစ်နဲ့ လုံးဝကင်းစင်...

၃၂။ ထိုးဖောက်ကျော်လွှားမှုတစ်ခု

ဖန်းဖန်း၊ တရုတ်ပြည်ကျွန်မမိသားစုထဲမှ ကျွန်မတို့အားလုံးက သခင်ယေရှုကို ယုံကြည် ကြပြီး၊ ကျွန်မတို့အသင်းတော်တွင် ကျွန်မက သာမာန် အသင်းသား...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။