၁၄။ မိမိတာဝန်၌ စိတ်မချရခြင်း၏ အကျိုးဆက်များ

၂၀၂၃ခုနှစ် ဇူလိုင်လမှာ ကျွန်မက အသင်းတော်အတွက် ဗီဒီယိုတွေ ဖန်တီးနေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မက သိပ်ကြာကြာ မလေ့ကျင့်ခဲ့တော့ ကျွန်မ နည်းပညာပိုင်း ကျွမ်းကျင်မှုတွေက သာမန်ပါပဲ။ တချို့ ခက်တဲ့ ဗီဒီယိုတွေကို ကျွန်မရဲ့ တွဲဖက် အစ်မကျန်းရှင်းက ကိုင်တွယ်ပြီး ကျွန်မကတော့ ရိုးရှင်းပြီး လုပ်ရလွယ်တဲ့ ဗီဒီယိုတွေကိုပဲ ကိုင်တယ်။ ကျွန်မ ကိုယ့်ဘာသာစဉ်းစားတယ်။ “ငါက အခုမှစလုပ်တာ။ စည်းမျဉ်းတွေအများကြီးကို မသိဘူး။ ငါ့ကျွမ်းကျင်မှုကလည်း မကောင်းဘူး။ ဒါပေမဲ့ ကျန်းရှင်းရှိတယ်ဆိုတော့ ငါကြာလာရင် တဖြည်းဖြည်းနဲ့သိလာမှာပဲ။” နည်းနည်းပါးပါးလေ့လာပြီးတော့ ကျွန်မ နည်းနည်းတိုးတက်လာတယ်။ ဒါပေမဲ့ လုပ်ရခက်တဲ့ ဗီဒီယိုတစ်ခုကို ကျွန်မမြင်တိုင်း မလုပ်ရအောင် ဆင်ခြေတစ်ခုပေးတယ်။ “ဒီလိုဗီဒီယိုမျိုးကို လုပ်ရတာ အရမ်းခက်မှာပဲ။ အရမ်းအားစိုက်ရမှာ။ ငါတော်တော် အဖိုးအခပေးရမှာပဲ” ဆိုပြီး တွေးတယ်။ ကျွန်မက လုပ်ဖို့ လွယ်တဲ့ဗီဒီယိုတွေကိုပဲ ရွေးတာဆိုတော့ အလုပ်က သက်သောင့်သက်သာရှိပြီး ဖိအားမရှိဘူး။ ကျန်းရှင်းက အမြဲတမ်း သုတေသနလုပ်နေတာ၊ ရှာဖွေနေတာ၊ တွေးတောနေတာကို ကျွန်မတွေ့ပြီး တွေးမိတယ်။ “ကျန်းရှင်းက ငါ့ထက်ပို ကျွမ်းကျင်တာတောင်မှ တစ်ခါတလေမှာ သုတေသနလုပ်ဖို့ လိုတယ်။ အဲဒီဗီဒီယိုတွေကို ငါသာလုပ်ရရင် ပိုပြီးတော့တောင် အဖိုးအခပေးဖို့လိုမှာပဲ။ အဲဒါဟာ တော်တော်ခက်ပြီး ခြေကုန်လက်ပန်းကျလိုက်မဲ့ဖြစ်ခြင်း။ ငါ ရိုးရှင်းတဲ့ ဗီဒီယိုတွေကိုပဲ ဆက်လုပ်နေမယ်” ပေါ့။ ဒီလိုနဲ့ ကျွန်မက ခဏလောက်တော့ ဘာဖိအားမှမရှိဘဲ တာဝန်ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်းမှာ ကျန်းရှင်းက ဗီဒီယိုတွေဖန်တီးရင်းနဲ့ အခက်အခဲတွေ ကြုံရတဲ့အချိန်မှာ သူက ကျွန်မကို သုတေသနလုပ်ပြီး ပြဿနာတွေအတွက် သူနဲ့ဆွေးနွေးဖို့ ပြောတယ်။ ဒါကို ကျွန်မက တော်တော်ခက်ပြီး စိတ်ရှုပ်စရာလို့ မြင်မိတော့ ဒါနဲ့ပတ်သက်ပြီး ယတိပြတ်ကို မကူညီခဲ့ဘူး။ ကျွန်မက ထုံးစံအတိုင်းပဲ ကျန်းရှင်းဆီကို ခက်တဲ့ဗီဒီယိုတွေအကုန် ဆက်တိုက်တွန်းပို့တယ်။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ဖို့ လုံးဝ မကြိုးစားဘူး။ အစ်မကျန်းရှင်းအပေါ်မှာ အလုပ်တွေအများကြီး စုပုံလာပြီး ဖိအားတော်တော်များနေတာကို ကျွန်မ မြင်တဲ့အခါ သူ့ကို မကူချင်ဘူး။ ကြလာတော့ ကျွန်မက တာဝန်မှာ အိပ်ငိုက်စပြုလာပြီး အချိန်ကြာတဲ့အထိ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ ကျွန်မရဲ့ စိတ်အခြေအနေက မမှန်ဘူးလို့ ခံစားမိပြီး ကိုယ့်ကိုယ်ကိုယ် မေးတယ်။ “ငါဟာ အဖိုးအခပေးချင်စိတ်၊ အားထုတ်ချင်စိတ် မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် အလိုလိုက်ဖို့အတွက်၊ ခက်တဲ့ ဗီဒီယိုတွေအားလုံးကို အစ်မကျန်းရှင်းဆီကို တွန်းပို့ဖို့အတွက် ငါက လူသစ်ပါ၊ ဒီအလုပ်နဲ့ပတ်သက်လို့ မရှင်းသေးဘူးဆိုတဲ့ ဆင်ခြေကို အမြဲသုံးတယ်။ ဒါဟာ ငါက အခက်အခဲတွေကနေ ထွက်ပြေးပြီး ဘေးဒုက္ခရင်ဆိုင်ရတဲ့အခါမှာ ဆုတ်ခွာနေတာမဟုတ်ဘူးလား” ပေါ့။

နောက်ပိုင်းမှာ ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာကြည့်ခဲ့တယ်။ ဘုရားသခင်က ပြောသည် “တာဝန်တစ်ခုထမ်းဆောင်သောအခါတွင် လူတို့သည် ပေါ့ပါးသောအလုပ်၊ ပင်ပန်းခြင်း မရှိသောအလုပ်နှင့် အပြင်တွင် ရာသီဥတုဒဏ်ခံရခြင်း မပါဝင်သောအလုပ်ကို အစဉ် ရွေးချယ်ကြသည်။ ဤသည်မှာ လွယ်ကူသော အလုပ်များကို ရွေးခြင်းနှင့် ခက်ခဲသော အလုပ်များကို ခေါင်းရှောင်ခြင်း ဖြစ်ပြီး ဇာတိပကတိ သက်သာမှုများကို တပ်မက်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သူတို့၏ တာဝန်က အနည်းငယ်ခက်ခဲသောအခါ၊ အနည်းငယ် ပင်ပန်းသောအခါ၊ အဖိုးအခပေးဆပ်ခြင်း ပါဝင်သောအခါ အစဉ်သဖြင့် ညည်းညူခြင်း ဖြစ်ပါသည်။) (အစားအစာနှင့် အဝတ်အစားအပြင် ဇာတိပကတိ၏ သာယာမှုများကို စိတ်ရောက်နေခြင်း ဖြစ်ပါသည်။) ဤအရာအားလုံးသည် ဇာတိပကတိ သက်သာမှုကို တပ်မက်ခြင်း၏ သရုပ်သကန်များ ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည် အလုပ်တာဝန်တစ်ခုက ပင်ပန်းခက်ခဲလွန်းသည်၊ သို့မဟုတ် အန္တရာယ်များသည်ဟု မြင်သည့်အခါ အခြားလူတစ်ဦးအပေါ် လွှဲပေးလိုက်သည်။ ၎င်းတို့ကိုယ်တိုင်ကမူ အေးအေးဆေးဆေး အလုပ်ကိုသာ လုပ်ပြီး ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းကြောင်း၊ အလုပ် လုပ်နိုင်စွမ်း ကင်းမဲ့ကြောင်းနှင့် ဤအလုပ်တာဝန်ကို တာဝန်မယူနိုင်ကြောင်း ပြောဆိုလျက် ဆင်ခြင်များပေးကြသည်။ အမှန်မှာမူ ၎င်းတို့သည် ဇာတိပကတိ၏ သက်သာမှုများကို မက်မောသောကြောင့် ဖြစ်သည်။...ဇာတိပကတိ သက်သာမှုကို ပျော်မွေ့ခံစားသော လူများသည် တာဝန်တစ်ခု ထမ်းဆောင်ဖို့အတွက် သင့်တော်သည့် လူများ ဖြစ်သလော။ လူတစ်ဦးက မိမိ၏တာဝန် ထမ်းဆောင်ခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို ထုတ်ပြောလျှင်ပြောချင်း သို့မဟုတ် အဖိုးအခပေးခြင်းနှင့် ဒုက္ခခံခြင်းအကြောင်း ပြောလျှင်ပြောချင်း ၎င်းတို့သည် မိမိတို့၏ခေါင်းများကို မပြတ်ခါကြပေသည်။ ၎င်းတို့၌ ပြဿနာများစွာ ရှိသည်၊ ၎င်းတို့သည် စောဒကအပြည့်ရှိကြပြီး အပျက်သဘောဆောင်ခြင်းနှင့် ပြည့်နေကြသည်။ ထိုသို့သော လူများသည် အသုံးမကျပေ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်းမပြည့်မီသဖြင့် ဖယ်ရှားရှင်းလင်းခြင်း ခံရသင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၂)) တချို့လူတွေက တာဝန်ထမ်းဆောင်တဲ့နေရာမှာ လွယ်တဲ့အလုပ်တွေကိုပဲ အမြဲတမ်းရွေးပြီး ခက်တဲ့အလုပ်တွေကို ခေါင်းရှောင်တယ်၊ ခက်တဲ့အလုပ်ကို မြင်တိုင်း သူများတွေဆီကို တွန်းပို့တယ်၊ သူတို့အတွက် လွယ်ပြီး ရိုးရှင်းတဲ့အလုပ်တွေကိုပဲ ရွေးတယ်လို့ ဘုရားသခင်က ဖော်ထုတ်ပါတယ်။ ဒီလိုလူတွေက ကိုယ်ခန္ဓာသက်သာတာတွေကို မွေ့လျော်ပြီး တာဝန်ထမ်းဆောင်ဖို့ မထိုက်တန်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်တော့ ကျွန်မကလည်း ဒီလိုအပြုအမူကိုပဲပြတယ်ဆိုတာ သဘောပေါက်သွားတယ်။ ကျန်းရှင်းနဲ့အတူတွဲလုပ်တော့ ဒီရှုပ်ထွေးတဲ့ ဗီဒီယိုတွေကို လုပ်ဖို့က ရှာဖွေဖို့၊ တွေးတောဖို့၊ သုတေသနလုပ်ဖို့၊ အဖိုးအခပေးဖို့လိုတယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ ကျွန်မက ဒါကို စိတ်ရှုပ်ဖို့ကောင်းပြီး တကယ့်ကို ဒုက္ခပေးတဲ့အရာပဲလို့ မြင်တယ်။ အဲဒါနဲ့ ဒါတွေကို ကျန်းရှင်းဆီကို တွန်းပို့ဖို့အတွက် ကျွန်မက အတွေ့အကြုံမရှိဘူးဆိုတဲ့ ဆင်ခြေကို သုံးခဲ့တယ်။ ရိုးရှင်းပြီး လုပ်ရလွယ်တဲ့ ဗီဒီယိုတွေကိုပဲ ကျွန်မ ရွေးခဲ့တယ်။ ဒီတော့ ကျွန်မက ဖိအားမရှိဘဲ သက်သောင့်သက်သာဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျန်းရှင်းက ဗီဒီယိုတွေလုပ်တဲ့နေရာမှာ အခက်အခဲတွေ ကြုံရပြီး ကိစ္စတွေကို သုတေသနလုပ်ပြီး ဆွေးနွေးဖို့အတွက် ကျွန်မ အကူအညီကိုလိုတော့ ကျွန်မက စိတ်ရှုပ်စရာလို့မြင်ပြီး ဒုက္ခခံအားထုတ်မနေတော့ဘူး။ ကျွန်မတာဝန်ကို ထမ်းဆောင်တဲ့နေရာမှာ ကျွန်မက အားထုတ်ပြီး အနစ်နာခံဖို့လိုတဲ့ လုပ်ငန်းဆောင်တာတွေကို သူများတွေဆီကို တွန်းပို့တယ်။ သက်သာတာကို မွေ့လျော်ပြီး စိတ်မချရဘူး။ ခေါင်းရှောင်တယ်။ ဒီလိုအပြုအမူကြောင့် ကျွန်မရဲ့ တည်ကြည်မှုနဲ့ သိက္ခာတွေအကုန် ဆုံးရှုံးရတယ်။ ကျွန်မတာဝန်ကို ဒီလိုလုပ်ရင် ဘုရားက ပစ်ပယ်တာ၊ ဖယ်ရှားရှင်းလင်းတာကို သေချာပေါက် ခံရမှာပဲ။ ဒီအခြေအနေကျမှပဲ ကျွန်မ နည်းနည်းကြောက်လာတယ်။ ကျွန်မက စိတ်မပါတာ၊ ဝတ်ကျေတမ်းကျေလုပ်တာ၊ ဇာတိပကတိကို စွဲလမ်းနေတာတွေကို ဆက်လုပ်လို့ မဖြစ်တော့ဘူး။

နောက်ပိုင်းမှာ ကျွန်မက အတွေ့အကြုံနဲ့ဆိုင်တဲ့ သက်သေခံချက်ဗီဒီယိုတစ်ခုကို ကြည့်နေတုန်း ကျွန်မ အခြေအနေနဲ့ ကောင်းကောင်းသင့်တော်တဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို တွေ့ခဲ့ပါတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သခင်ယေရှုသည် တစ်ချိန်က ‘အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။’ (ရှင်မဿဲခရစ်ဝင် ၁၃:၁၂) ဟုဆိုခဲ့သည်။ ဤနှုတ်ကပတ်တော်များ၏အဓိပ္ပာယ်မှာ အဘယ်နည်း။ ဆိုလိုသည်မှာ သင်သည် သင်၏ကိုယ်ပိုင် တာဝန်၊ သို့မဟုတ် အလုပ်ကို လုပ်ဆောင်ခြင်း၊ သို့မဟုတ် ဆက်ကပ်အပ်နှံခြင်းပင် မရှိပါက ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိုက်လိမ့်မည်ဟူ၍ ဖြစ်သည်။ ‘ဖယ်ရှားသည်’ ဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ထိုအရာက လူတို့ကို အဘယ်သို့ ခံစားစေသနည်း။ ယင်းမှာ သင်၏အစွမ်းအစနှင့် ဆုကျေးဇူးများက သင့်အား ရရှိခွင့်ပြုနိုင်ပြီးဖြစ်မည့်အရာကို သင်မရနိုင်ဖြစ်ပြီး သင် မည်သည့်အရာမျှ မခံစားရဘဲရှိကာ ဘာသာတရားမရှိသူတစ်ဦးကဲ့သို့ ဖြစ်သွားခြင်း ဖြစ်နိုင်သည်။ ယင်းမှာ ဘုရားသခင်က အရာရာကို ဖယ်ရှားသည် ဆိုသည့်အရာ ဖြစ်သည်။ သင်၏တာဝန်၌ သင်သည် ပေါ့လျော့ပြီး အဖိုးအခ မပေးဆပ်သကဲ့သို့ သင်သည် မရိုးသားပါက ဘုရားသခင်သည် တစ်ချိန်က သင်ပိုင်ဆိုင်ခဲ့သည့်အရာကို ဖယ်ရှားလိမ့်မည်၊ သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို သူ ပြန်သိမ်းယူမည် ဖြစ်သည်၊ သင့်အား ဤလုပ်ပိုင်ခွင့်ကို သူပေးမည် မဟုတ်ချေ။ ဘုရားသခင်က သင့်အား ဆုကျေးဇူးများနှင့် အစွမ်းအစတို့ ပေးထားသော်လည်း သင်က သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ခြင်း မရှိ၊ ဘုရားသခင်အတွက် သင့်ကိုယ်သင် အသုံးမခံ၊ သို့မဟုတ် အဖိုးအခ မပေးဆပ်သကဲ့သို့ သင်သည် ယင်းကို စိတ်မနှစ်ထားသောကြောင့်၊ ဘုရားသခင်က သင့်အား ကောင်းကြီးပေးမည် မဟုတ်သည်သာမက၊ သင် တစ်ချိန်က ရှိခဲ့သောအရာကိုလည်း သူဖယ်ရှားလိမ့်မည်။ ဘုရားသခင်သည် လူတို့ကို အထူးကျွမ်းကျင်မှုများအပြင် အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို ပေးလျက် လူသားအပေါ် ဆုကျေးဇူးများ အပ်နှင်းလေသည်။ လူတို့သည် ဤအရာများကို မည်သို့ အသုံးပြုသင့်သနည်း။ သင်၏ အထူးကျွမ်းကျင်မှုများ၊ သင်၏ ဆုကျေးဇူးများ၊ သင်၏ အသိဉာဏ်နှင့် ဉာဏ်ပညာတို့ကို သင်၏ တာဝန်၌ မြှုပ်နှံထားရမည်။ သင်၏ စိတ်နှလုံးကို အသုံးပြုပြီး သင်၏ တာဝန်အဖို့ သင် သိရှိသည့်အရာတိုင်း၊ သင် နားလည်သည့်အရာတိုင်းနှင့် သင် စွမ်းဆောင်ရရှိနိုင်သည့် အရာတိုင်း အသုံးချရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်သည် ကောင်းချီးမင်္ဂလာခံစားရလိမ့်မည်။ ဘုရားသခင်၏ ကောင်းချီး ခံစားရခြင်းဆိုသည်မှာ အဘယ်အဓိပ္ပာယ်နည်း။ ဤအရာက လူများအား အဘယ်သို့ ခံစားရစေသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းခံရပြီးဖြစ်ကာ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ၎င်းတို့၌ လမ်းကြောင်းတစ်ခုရှိသည်။ အခြားသူတို့အဖို့ သင်၏ အစွမ်းအစနှင့် သင်ယူထားသော အရာများသည် အမှုကိစ္စများကို ပြီးစီးဖို့ မထောက်ကူနိုင်ဟု ထင်ကောင်းထင်ရနိုင်သည်။ သို့ရာတွင် ဘုရားသခင်က သင့်အား အမှုပြုပြီး ဉာဏ်အလင်းပေးပါက၊ သင်သည် ဤအရာများကို နားလည်ပြီး လုပ်ဆောင်နိုင်မည်သာမကဘဲ ကောင်းမွန်စွာလည်း လုပ်ဆောင်နိုင်ပေသည်။ အဆုံးတွင် သင်က ‘ကျွန်ုပ်သည် ထိုမျှ ကျွမ်းကျင်နေကျ မဟုတ်သော်လည်း ယခုတွင် ကျွန်ုပ်အတွင်း၌ ကောင်းသောအရာများ ပို၍မြောက်မြားစွာ ရှိကာ ယင်းတို့အားလုံးသည် အပြုသဘောဆောင်သည်ဟု ခံစားရသည်။ ထိုအရာများကို ကျွန်ုပ် မည်သည့်အခါမျှ မလေ့လာဖူးဘဲ ယခုအခါတွင် ယင်းတို့အားလုံးကို ရုတ်တရက်ကြီး ကျွန်ုပ် နားလည်လာပြီဖြစ်သည်။ ကျွန်ုပ်သည် မည်သို့များ ရုတ်တရက် အလွန်တော်လာရသနည်း။ ယခုတွင် ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ အလွန်များပြားစွာ ရှိနေသည်မှာ မည်သို့ဖြစ်သနည်း’ ဟုပင် သင့်ဘာသာ တွေးလေသည်။ သင် ရှင်းပြနိုင်မည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် ကောင်းကြီးမင်္ဂလာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က လူများကို ကောင်းကြီးမင်္ဂလာပေးသည့် ပုံစံဖြစ်သည်။ သင်တို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ သို့မဟုတ် သင်၏အလုပ်ကို လုပ်ဆောင်သည့်အခါတွင် ဤအရာကို သင်မခံစားရပါက သင်သည် ဘုရားသခင်၏ ကောင်းကြီးပေးခြင်း ခံစားရခြင်း မရှိသေးပေ။ သင်၏တာဝန်ကို လုပ်ဆောင်ခြင်းသည် သင့်အတွက် အစဉ် အဓိပ္ပာယ်မဲ့သည်ဟု ခံစားရပါက၊ မည်သည့်အရာမျှ လုပ်ဆောင်ဖို့မရှိဟု ခံစားရပြီး သင့်ကိုယ်သင် ဖြည့်ဆည်းဖို့ လုပ်ဆောင်စေနိုင်ခြင်း မရှိပါက၊ သင်သည် မည်သည့်အခါမျှ ဉာဏ်အလင်းကို မရရှိသကဲ့သို့ သင်၌ အသုံးချစရာ မည်သည့် ဉာဏ်ရည်ဉာဏ်သွေး သို့မဟုတ် ဉာဏ်ပညာမျှ မရှိဟု ခံစားရပါက ဤသည်မှာ ပြဿနာရှိသည်ကို ဆိုလိုသည်။ ဤသည်မှာ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် မှန်ကန်သော ရည်ရွယ်ချက်၊ သို့မဟုတ် မှန်ကန်သော လမ်းကြောင်း မရှိသည်ကိုလည်းကောင်း၊ ဘုရားသခင်က လက်မခံသည်ကို လည်းကောင်း၊ သင်၏ အခြေအနေက ပုံမှန်မဟုတ်သည်ကိုလည်းကောင်း ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဌာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ အခုတလော ဗီဒီယိုတွေလုပ်တဲ့နေရာမှာ တိုးတက်မှုမရှိတာက အဓိကက တာဝန်အပေါ် ကျွန်မရဲ့ သဘောထားက မှားနေလို့ပဲဆိုတာကို သဘောပေါက်ခဲ့တယ်။ ကျွန်မက စိတ်ပူရပြီး ပင်ပန်းမှာကို ကြောက်ခဲ့တယ်။ ပြီးတော့ တာဝန်အပေါ်မှာ အားထုတ်ချင်စိတ်မရှိခဲ့ဘဲ လွယ်တဲ့အလုပ်တွေကိုပဲ ရွေးခဲ့တယ်။ တာဝန်အပေါ် စိတ်နဲ့အားအင်ထည့်မထားခဲ့ဘူး။ အမြဲတမ်းပဲ စိတ်မချရဖြစ်ပြီး ခေါင်းရှောင်တယ်။ ဘုရားသခင်က ကျွန်မတာဝန်အပေါ် ကျွန်မသဘောထားကို စက်ဆုပ်ရွံရှာပြီး ကျွန်မ နဂိုကရှိတဲ့အရာကို ယူဆောင်သွားခဲ့တယ်။ ကျွန်မတာဝန်မှာ တိုးတက်မှု မရှိခဲ့ဘူး။ ရိုးရှင်းတဲ့ ဗီဒီယိုတွေကိုတောင် ကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ ကျွန်မ နောင်တမရရင် ကျွန်မတာဝန်ကို အကုန်ဆုံးရှုံးရနိုင်တယ်။ လူသစ်တွေ ရေလောင်းတာကို ကျွန်မ လေ့ကျင့်ခဲ့တဲ့အချိန်ကို ပြန်ဆင်ခြင်သုံးသပ်ကြည့်တော့ အစပိုင်းမှာ ကျွန်မ သဘောမပေါက်တဲ့ စည်းမျဉ်းတွေလည်း အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မနဲ့ တွဲလုပ်ရတဲ့ အစ်မက ကျွန်မနဲ့ မိတ်သဟာယပြုပြီး ကျွန်မကို ကူညီခဲ့တယ်။ အခက်အခဲတွေကို ကျွန်မ ကြုံရတိုင်း သူ့ကို မေးတယ်။ အကြောင်းအရာတွေကို ကျွန်မ အနှစ်ချုပ်တယ်။ လေ့လာတယ်။ ပြီးတော့ ဘုရားဆီကို ခဏခဏဆုတောင်းတယ်။ အဲဒီအချိန်မှာ ကျွန်မက အမြန်တိုးတက်ပြီး တာဝန်မှာ ထိရောက်မှုရှိတယ်။ အခုနဲ့ ယှဉ်ကြည့်တော့ ကျွန်မက ဗီဒီယိုထုတ်လုပ်ရေးကို မလေ့ကျင့်တာ တော်တော်ကြာပြီဆိုပေမဲ့ ကျွန်မက အားထုတ်ပြီး လေ့လာရင် ကျွမ်းကျင်နိုင်တဲ့ နည်းပညာတချို့ရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ်ခန္ဓာသက်သာတာကို မွေ့လျော်ပြီး တိုးတက်အောင်လုပ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ပြီးတော့ အဖိုးအခပေးချင်စိတ်မရှိခဲ့ဘူး။ ဒီတော့ ကျွန်မရဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေက မတိုးတက်သေးဘဲ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဘုရားသခင်ရဲ့ လမ်းပြမှုကို ကျွန်မ မမြင်နိုင်ခဲ့ဘူး။ ဘုရားသခင်က လူတွေအပေါ် မျှတပြီး ဖြောင့်မတ်ပါတယ်။ ကျွန်မတို့က ကိုယ့်တာဝန်မှာ ပေးဆပ်ပြီး စိတ်နှစ်လုပ်ရင် ဘုရားသခင်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကို ရရှိမယ်။ ပြီးတော့ ကျွန်မတို့ရဲ့ အသက်ဝင်ရောက်မှုနဲ့ အတတ်ပညာပိုင်းကျွမ်းကျင်မှုနှစ်ခုလုံးမှာ တိုးတက်မှုရှိလိမ့်မယ်။ ဒါပေမဲ့ ကျွန်မတို့က ကိုယ့်တာဝန်အပေါ် စိတ်မနှစ်ဘဲ စိတ်မချရဖြစ်ပြီး ခေါင်းရှောင်ရင် နောက်ဆုံးမှာ ထုတ်ဖော်ခံရမှာပဲ။ အဲဒါဆိုရင် အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ စွမ်းဆောင်လို့ရနိုင်ခဲ့မဲ့အရာတွေကို ရမှာမဟုတ်တော့ဘူး။ ဒါကို ပြန်သုံးသပ်ကြည့်တော့ ကျွန်မ တော်တော်အပြစ်ရှိသလိုခံစားမိပြီး နောင်တရတယ်။ ကျွန်မအပေါ် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ကျွန်မရဲ့တာဝန်မှာ အဖိုးအခပေးပြီး စိတ်နှစ်ထားဖို့၊ ကိုယ့်တာဝန်မှာ ကျွန်မရဲ့ အသုံးဝင်မှုကို အသုံးချဖို့၊ ဧဝံဂေလိဖြန့်ပြီး ဘုရားကို သက်သေခံဖို့အတွက် ပိုကောင်းတဲ့ ဗီဒီယိုတွေကို လုပ်ဖို့ပဲ။ ဒါပေမဲ့ ကျွန်မက ပျင်းရိပြီး သက်သာတာကို မွေ့လျော်နေခဲ့တယ်။ ကျွန်မက တာဝန်မှာ တကယ် အဖိုးအခမပေးဆပ်ခဲ့ဘဲ ကျွန်မ လုပ်သင့်ခဲ့တဲ့အရာကို မလုပ်ခဲ့ဘူး။ ကျွန်မက ဘုရားရဲ့ မျှော်လင့်ချက်ကို ရိုက်ချိုးခဲ့တယ်။ ကျွန်မက တကယ်ကို လူ့သဘာဝကင်းမဲ့ပြီး ကျွန်မအတွက် ကောင်းတဲ့အရာကို မသိနားမလည်ခဲ့ဘူး။ ဒါကို သဘောပေါက်ပြီး ကျွန်မ ငိုပြီးတော့ ဘုရားကို ဆုတောင်းခဲ့ပါတယ်။ “အို ဘုရားသခင် သမီးဟာ အဲဒီသဘောထားမျိုးနဲ့ ကိုယ့်တာဝန်ကို မထမ်းဆောင်ခဲ့သင့်ပါဘူး။ သမီးဟာ တကယ်ကို အရမ်းပဲ မယုံကြည်ထိုက်ပါဘူး။ ဘုရားသခင် သမီး ကိုယ်တော့်ဆီမှာ နောင်တရချင်ပါတယ်။ သမီးရဲ့ စိတ်နှလုံးကို စိစစ်ပြီး သမီးကို လမ်းပြ၊ ကူညီတော်မူပါ” ပေါ့။

အဲဒီနောက်မှာ ကျွန်မက အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘာကြောင့် အမြဲတမ်း နောက်ဆုတ်ခဲ့တယ်ဆိုတာကို နားလည်ဖို့ နောက်တစ်ခါထပ် ရှာဖွေခဲ့တယ်။ ဘုရားရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ယနေ့တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ အပိုဆောင်းခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း၊ ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိကို အလိုလိုက်ပြီး စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။ သင်သည် ဝက်တစ်ကောင်ကဲ့သို့ အသက်ရှင်၏။ သင်နှင့် ဝက်များ၊ ခွေးများကြားတွင် မည်သည့် ကွာ‌ခြားချက် ရှိပါသနည်း။ သမ္မာတရားကို မလိုက်စားဘဲ ယင်းအစား ဇာတိပကတိကို နှစ်သက်သူများ အားလုံးသည် သားရဲများ ဖြစ်ကြသည်မဟုတ်လော။ ဝိညာဉ်မရှိသော ဤအသေကောင်များ အားလုံးသည် လမ်းလျှောက် နေသည့် အလောင်းကောင်များ မဟုတ်ပေလော။ သင်တို့အလယ်တွင် နှုတ်ကပတ်တော်ပေါင်းမည်မျှ ပြောပြီးပြီနည်း။ သင်တို့အလယ်တွင် အနည်းငယ်သော အမှုကိုသာ လုပ်ဆောင်ပြီးလေပြီလော။ သင်တို့အလယ်တွင် ငါမည်မျှ ထောက်ပံ့ပေးပြီးပြီနည်း။ သို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ယင်းကို မရရှိသေးသနည်း။ သင်သည် စောဒကတက်စရာ မည်သည့်အရာ ရှိသနည်း။ သင်သည် ဇာတိပကတိကို အလွန်နှစ်သက်သောကြောင့်၊ မည်သည့်အရာမျှ မရလေပြီမှာ ဟုတ်သည် မဟုတ်လော။ ပြီးလျှင် သင်၏အတွေးများက လွန်ကဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။ သင်သည် အလွန်မိုက်မဲလွန်းသောကြောင့် ဖြစ်သည် မဟုတ်လော။...သင်ကဲ့သို့သော ဇာတိပကတိကို အမြဲလိုက်စားသည့် သတ္တိကြောင်သူ တစ်ဦးဖြစ်သည့် သင်သည် စိတ်နှလုံးတစ်ခု ရှိပါသလော၊ သင်သည် စိတ်ဝိညာဉ် ရှိပါသလော။ သင်သည် သားရဲတစ်ကောင် မဟုတ်လော။ အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။ ငါသည် သင့်အပေါ် စစ်မှန်သော လူ့အသက်ကို အပ်နှင်းသော်လည်း၊ သင်သည် မလိုက်စားပေ။ သင်သည် ဝက်များ၊ ခွေးများနှင့် မည်သည့် ကွာခြားမှုမျှမရှိသလော။ ဝက်များသည် လူ့အသက်ကို မလိုက်စားကြပေ၊ ၎င်းတို့သည် သန့်ရှင်းစေခြင်းကို မလိုက်စားသကဲ့သို့၊ အသက်က မည်သည့်အရာဖြစ်သည်ကို ၎င်းတို့နားမလည်ကြပေ။ နေ့စဉ်တွင် ၎င်းတို့ ဝသည်ထိစားပြီးနောက်၊ ၎င်းတို့ အိပ်ရုံသာပြုကြသည်။ ငါသည် သင့်အား မှန်သော လမ်းခရီးကို ပေးပြီးဖြစ်သော်လည်း၊ သင်သည် ယင်းကို မရယူသေးပေ။ သင်သည် လက်ချည်းသက်သက် ဖြစ်ပေသည်။ သင်သည် ဤဘဝ၊ ဝက်တစ်ကောင်၏ဘဝတွင် ဆက်လက် အသက်ရှင်ရန် လိုလားနေပါသလော။ ထိုသို့သောလူများ အသက်ရှင်ခြင်း၏ အရေးပါမှုမှာ အဘယ်နည်း။ သင်၏ အသက်တာသည် အထင်သေးဖွယ် ဖြစ်သကဲ့သို့ ရှက်ဖွယ်ဖြစ်သည်၊ သင်သည် ညစ်ညမ်းမှုနှင့် ကိုယ်ကျင့်သိက္ခာ ကင်းမဲ့မှုအလယ်တွင် အသက်ရှင်ပြီး၊ သင်သည် မည်သည့် ရည်မှန်းချက်များကိုမျှ မလိုက်စားပေ။ သင့်ဘဝသည် အားလုံးထဲတွင် ရှက်ဖွယ်အကောင်းဆုံး ဖြစ်သည်မဟုတ်လော။ ဘုရားသခင်ကို သင်ကြည့်ရှုဝံ့သလော။ ဤနည်းဖြင့် သင် ဆက်လက် တွေ့ကြုံပါက၊ သင်သည် မည်သည့်အရာကိုမျှ မရရှိဘဲ ဖြစ်လိမ့်မည် မဟုတ်လော။ သင့်ထံ မှန်ကန်သောလမ်းခရီးကို ပေးထားပြီး ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သင်သည် ယင်းကို ရရှိနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင်၏ ကိုယ်ရေးကိုယ်တာ လိုက်စားမှုအပေါ် မူတည်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) “သတ္တိကြောင်သူ” နဲ့ “သားရဲများ” ဆိုတာမျိုး စကားတွေကို ကျွန်မ ဖတ်တော့ ကျွန်မ စိတ်နှလုံးမှာ နာကျင်မိတယ်။ ကျွန်မက ဘုရားသခင် ဖော်ထုတ်တဲ့ လူစားမျိုး အတိအကျပဲ။ ဇာတိပကတိကို ချစ်မြတ်နိုးပြီး သမ္မာတရားကို မလိုက်စားတဲ့သူတစ်ယောက်ပေါ့။ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကျွန်မက ကိုယ်ခန္ဓာသက်သာတာကို မွေ့လျော်ပြီး ဘာအတွက်မှ မပေးဆပ်ချင်ခဲ့ဘူး။ ကျွန်မက လွယ်ပြီး ရိုးရှင်းတဲ့အလုပ်တွေကို အမြဲတမ်းလုပ်ချင်ခဲ့ပြီး တစ်ရက်ချင်းစီကို ဖြစ်သလိုပဲ လုပ်ခဲ့တယ်။ ကျွန်မက ဝက်တစ်ကောင်လိုပဲ တစ်နေကုန် စားလိုက်၊ သောက်လိုက်၊ အိပ်လိုက်ပဲနေပြီးတော့ လိုက်စားဖို့ ဘာအတွေး၊ ဘာပန်းတိုင်မှ မရှိဘူး။ ကျွန်မက ဝန်တာထားတဲ့စိတ် မရှိခဲ့ဘူး၊ ဒါမှမဟုတ် ကိုယ့်တာဝန်မှာ တိုးတက်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မရဲ့ ဇာတိပကတိကိုပဲ အရှုံးပေးခဲ့တယ်။ ဒါဟာ ကျွန်မက “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော၊” “ဘဝသည် တိုတောင်း၏။ ဘဝတွင် ပျော်နိုင်တုန်း ပျော်ပါ။” ဆိုတာမျိုး စာတန်ဆန်တဲ့အဆိပ်တွေကို အသက်ရှင်ဖို့ စည်းကမ်းတွေအဖြစ် အမြဲတမ်းအသုံးပြုခဲ့တာကြောင့်ပဲ။ ကျွန်မက ဘုရားသခင်ကို မယုံကြည်ခင်က ရှိရင်းစွဲအတိုင်းပဲ ကျေနပ်နေခဲ့တယ်။ သက်သာတာကို ရှာတယ်။ ဘာရည်မှန်းချက်မှ မရှိခဲ့ဘူး။ ဘဝက အရမ်းတိုတော့ ဘဝကို ပင်ပန်းအောင်လုပ်မဲ့အစား၊ ကိုယ့်အတွက်ကိုယ် ခက်ခဲအောင်လုပ်မဲ့အစား ဒီလောကမှာ တစ်ရက်ချင်းစီကို ပျော်မွေ့သင့်တယ်လို့ တွေးခဲ့တယ်။ ဘုရားသခင်ကို ယုံကြည်လာပြီးတဲ့နောက်မှာ တာဝန်ထမ်းဆောင်တဲ့နေရာမှာ ဒီအမြင်ကို ကိုင်စွဲထားတုန်းပဲ။ ခက်ခဲတဲ့ ဗီဒီယိုတွေနဲ့ ကျွန်မ ကြုံတဲ့အခါ ကျန်းရှင်းဆီကို တွန်းပို့လိုက်ပြီး ကိုယ့်အတွက်ကိုယ် လွယ်တဲ့တာဝန်တွေကိုပဲ ရှာတယ်။ နောက်ပိုင်းမှာ ဒီညီအစ်မရဲ့အလုပ်က စုပုံလာပြီး သူ့တာဝန်မှာ ဖိအားအရမ်းကြီးလာတဲ့အခါ ကျွန်မက ရှောင်ထွက်ပြီး အေးအေးဆေးဆေးနေလိုက်တယ်။ ကူညီပြီး တာဝန်ကို ဝေမျှယူပေးချင်စိတ် မရှိခဲ့ဘူး။ ကျွန်မက ကိုယ့်ဇာတိပကတိအတွက်ပဲ တွေးပြီး ဒီညီအစ်မရဲ့ အခက်အခဲတွေ၊ ဒါမှမဟုတ် အသင်းတော်အလုပ်ကို မတွေးဘူး။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ ဒါကို ဆင်ခြင်သုံးသပ်ပြီး စာတန်က သွတ်သွင်းခဲ့တဲ့ ဒီအဆိပ်တွေက ကျွန်မကို တိုးတက်ဖို့ ဆန္ဒတစ်ခုမှမရှိဘဲ အကျင့်ပျက်ပြီး ယိုယွင်းစေခဲ့တယ်၊ အကျိုးမရှိတဲ့ဘဝကို နေထိုင်စေခဲ့တယ်ဆိုတာကို သဘောပေါက်ခဲ့ပါတယ်။ ကျွန်မက ဒီလိုသဘောထားနဲ့ တာဝန်ထမ်းဆောင်တာက သေချာပေါက် ရှေရည်ခံမှာ မဟုတ်ဘူး။ နောက်ဆုံးမှာ ဘုရားက ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းတာကို ခံရမှာပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကနေ လူတွေအပေါ် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေကို ကျွန်မ နားလည်လာခဲ့ပါတယ်။ ဘုရားနှုတ်ကပတ်တော်ထဲက ဒါကို ကျွန်မ ဖတ်ခဲ့တယ်။ “အသင်းတော်က သင့်အတွက် အလုပ်တစ်ခုကို စီစဉ်ပေးသည် ဆိုပါစို့။ ပြီးရင် သင်က ‘...အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ ခံယူမယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ပြဿနာတွေကို ဖြေရှင်းပြီး အလုပ်ကို ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အရာရာကို အသုံးပြုမယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူသင့်တဲ့ တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ ဝတ်ကျေတမ်းကျေမလုပ်ဘူး။ စိတ်မချရအောင် မနေဘဲ မခိုကပ်ဘူး၊ ဒါမှမဟုတ် သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို မမွေ့လျော်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းထက် နိမ့်ကျမှာမဟုတ်ဘူး’ ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားအပြုအမူ၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အသိစိတ်ရှင်းလင်းရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ဖြင့် ထိုက်တန်ရမည်ဖြစ်ပြီး ကပ်ပါးရပ်ပါး မလုပ်ရ။ ဤသည်မှာ တာဝန်သိစိတ်ရှိခြင်းဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ ငါ့ရဲ့ စိတ်နှလုံးနဲ့ အင်အားရှိသမျှကို အသုံးပြုရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ သတိမမူဖြစ်ပြီး ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ အလုပ်မှာ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ သေချာလုပ်သင့်တယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုကို ကျွန်မ ရခဲ့တယ်။ ဘုရားသခင်က ကျွန်မကို ဒီတာဝန်ထမ်းဆောင်ဖို့ မြှင့်တင်ပေးခဲ့တာကြောင့် ဒါကို ကောင်းကောင်းလုပ်ဖို့ စိတ်နှစ်ရမယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ကျွန်မက စိတ်မချရလို့၊ ခေါင်းရှောင်နေလို့ မဖြစ်ဘူး။ တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့အတွက် တကယ်ကို အဖိုးအခပေးပြီး အကောင်းဆုံးလုပ်ဖို့ လိုခဲ့တယ်။ ကျွန်မက ဗီဒီယိုတွေလုပ်တာကို လေ့ကျင့်ခါစပဲ ရှိသေးတော့ မကျွမ်းကျင်သေးဘူး။ ဒီတော့ ရှေ့လျှောက်မှာ ကျွန်မရဲ့ အတတ်ပညာပိုင်း ကျွမ်းကျင်မှုတွေကို တိုးတက်အောင် ကြိုးစားဖို့လိုပါတယ်။ ခက်ခဲတဲ့ ဗီဒီယိုတွေကို ကြုံရတဲ့အခါမှာ ကျွန်မက လုပ်နိုင်တဲ့ အရည်အချင်းရှိသရွေ့ တာဝန်ယူလုပ်သင့်တယ်။ ဒါမှမဟုတ် အဲဒါတွေကို ကျန်းရှင်းနဲ့အတူ တွဲပြီး လုပ်သင့်တယ်။ တကယ် အဖိုးအခပေးသင့်တယ်။ ကျွန်မ နားမလည်တာတွေကို သူ့ကိုမေးပြီး ဖြည်းဖြည်းချင်း သင်ယူသင့်တယ်။ ဒါဆိုရင် ကျွန်မ သင်ခဲ့တဲ့ ကျွမ်းကျင်မှုတွေကို ကိုယ့်တာဝန်မှာ အသုံးချနိုင်မှာပဲ။

တစ်ခါတော့ ကျွန်မလုပ်နေတဲ့ ခက်တဲ့ဗီဒီယိုတစ်ခုကို ကျန်းရှင်းဆီကို ထပ်ပြီး လွှဲပေးချင်ခဲ့တယ်။ ဒါပေမဲ့ နောင်တရဖို့ ဘုရားသခင်ဆီကို ကျွန်မ အရင်ကဆုတောင်းတာကို သတိရမိတယ်။ ပြီးတော့ ဒီဗီဒီယိုမှာ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ တာဝန်ကို ထပ်ပြီးရှောင်ချင်ပြန်တာကို သတိထားမိလိုက်တယ်။ ကျွန်မက အဖိုးအခပေးဖို့ကို ကြောက်ပြီး တိုးတက်မှုကို မရှာနေတုန်းပဲ မဟုတ်ဘူးလား။ အဲဒါနဲ့ ကျွန်မ ဘုရားကို ဆုတောင်းပြီး ကျွန်မရဲ့ ဇာတိပကတိကို ပုန်ကန်ပြီး တကယ်အဖိုးအခပေးဖို့အတွက် ကျွန်မကို ဦးဆောင်ပေးပါလို့ တောင်းလျှောက်ခဲ့တယ်။ ကျွန်မက ဒီအခက်အခဲကို ရင်ဆိုင်ရတဲ့အခါမှာ ကိုယ့်ရဲ့ ဇာတိပကတိကို ပုန်ကန်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ဖို့၊ ဗီဒီယိုတွေဖန်တီးတာကတစ်ဆင့် ကျွန်မ ကျွမ်းကျင်မှုတွေကို တိုးတက်အောင်လုပ်ဖို့ ဘုရားသခင်က မျှော်လင့်ပုံကိုလည်း ကျွန်မ တွေးတောမိတယ်။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ နားလည်ပြီး အချက်အလက်တွေကို ဝီရီယရှိရှိနဲ့ ရှာပြီး နည်းပညာတချို့ကို သင်ခဲ့တယ်။ နောက်ဆုံးမှာ ဗီဒီယိုကို ကျွန်မ အောင်အောင်မြင်မြင်နဲ့ ပြီးသွားတယ်။ ဗီဒီယိုလုပ်တာက အချိန်နဲ့ အားအင်နည်းနည်းကုန်ပေမဲ့ ကျွန်မ ကျွမ်းကျင်မှုတွေက တိုးတက်ခဲ့တယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုအတွက် ကျေးဇူးတော် ချီးမွမ်းပါတယ်။

အရှေ့သို့- ၁၃။ သင်းအုပ်ဆရာတွေနဲ့ ကျွန်တော်ရဲ့ ငြင်းခုံဆွေးနွေးမှု

နောက်တစ်ခုသို့- ၁၇။ ကျွန်ုပ်တွင် သမ္မာတရားစစ်မှန်မှု ကင်းမဲ့သည်ကို ယခုမှသာ ကျွန်ုပ် သဘောပေါက်သည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၇၅။ ရောဂါနှင့်ဆိုင်သော တုန်လှုပ်ဖွယ် အတွေ့အကြုံတစ်ခု

ကျုံးရှင်း တရုတ်နိုင်ငံအနန္တတန်ခိုးရှိသော ဘုရားသခင် ပြောသည်မှာ- “ငါ၏ လုပ်ဆောင်ချက်များသည် ကမ်းခြေများရှိ သဲလုံးများထက် အရေအတွက်သာ၍...

၃၉။ သခင် ပြန်ကြွလာခြင်းကို ကျွန်တော် ကြိုဆိုပြီးပြီ

ချွမ်းယန်၊ အမေရိကန် ပြည်ထောင်စုအမေရိကန် ပြည်ထောင်စုတွင် ၂၀၁၀ ခုနှစ်၏ ဆောင်းရာသီက ကျွန်တော့်ကို အလွန် ချမ်းအေးစေခဲ့သည်။ လေနှင့် နှင်းတို့၏...

၁၅။ ဘုရားသခင်၏ နာမတော်နှင့် ပတ်သက်သည့် နက်နဲမှုကို နားလည်သဘောပေါက်ခြင်းမှတစ်ဆင့် သိုးသငယ်၏ ခြေလှမ်းများကို ကျွန်မ အမီလိုက်သည်

မူကျန်း၊ ထိုင်ဝမ်ကျွန်မ ငယ်စဉ်က၊ တော်ပြီး၊ ချင့်ချိန်စဉ်းစားတတ်သော ကလေးတစ်ယောက် ဖြစ်သောကြောင့် ကျွန်မ မိဘများ၊ ဆွေမျိုးများနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။