ဘုရားသခင်၏ အမှုတော်နှင့် စိတ်သဘောထားကို သိခြင်းနှင့်သက်ဆိုင်သော နှုတ်ကပတ်တော်များ

ကောက်နုတ်ချက် (၁၉)

နောက်ဆုံးသောကာလတွင် မွေးဖွားခဲ့သောသူများမှာ မည်ကဲ့သို့ လူအမျိုးအစား ဖြစ်သနည်း။ ၎င်းတို့မှာ စာတန်၏ ဖျက်ဆီးခြင်းကို နှစ်ထောင်ချီ ခံခဲ့ပြီးသောသူများ ဖြစ်ကြပြီး လူသားပုံသဏ္ဌာန်မရှိတော့သည့်တိုင်အောင် ပြင်းပြင်းထန်ထန် ဖျက်ဆီးခြင်းကို ခံခဲ့ပြီးသောသူများ ဖြစ်သည်။ သို့သော်လည်း ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် ထုတ်ဖော်ခြင်းကို တွေ့ကြုံပြီးနောက်၊ သိမ်းပိုက်ခြင်းကို ခံပြီးနောက် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ သမ္မာတရားကို ရရကြပြီး ဘုရားသခင်၏ လက်ခံယုံကြည်စေခြင်းကို ရိုးသားစွာ ခံကြသည်၊ ၎င်းတို့သည် ဘုရားသခင်အကြောင်း သိနားလည်ခြင်းကို ရရှိကြပြီး ဘုရားသခင်ကို အကြွင်းမဲ့ နာခံနိုင်ပြီး သူ၏ အလိုတော်ကို ဖြည့်ဆည်းနိုင်ကြသည်။ အဆုံးတွင် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်မှတစ်ဆင့် ရရှိသော လူစုတစ်စုသည် ဤကဲ့သို့ လူများ ဖြစ်လိမ့်မည်။ စာတန်အားဖြင့် ဖျက်ဆီးခြင်း မခံရသေးသည့် လူများသည် ဘုရားအလိုတော်ကို ဖြည့်ဆည်းမည်ဟု သင်ထင်သလော၊ သို့မဟုတ် စာတန်၏ ဖျက်ဆီးခြင်း ခံရပြီးဖြစ်ကာ နောက်ဆုံးတွင် ကယ်တင်ခြင်းခံရသည့် သူများသည် ဘုရားအလိုတော်ကို ဖြည့်ဆည်းမည်ဟု ထင်သလော။ စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုလုံး တစ်လျှောက်တွင် ရလိမ့်မည် ဖြစ်သော လူများသည် ဘုရားသခင်၏ အလိုတော်ကို နားလည်နိုင်သော၊ ဘုရားသခင်ထံမှ သမ္မာတရားကို ရရှိပြီး ဘုရားသခင် သတ်မှတ်ထားသော အသက်နှင့် လူသားပုံသဏ္ဌာန်ကို ပိုင်ဆိုင်သော လူစုတစ်စု ဖြစ်သည်။ လူသားများကို ဘုရားသခင် ကနဦးဖန်ဆင်းခဲ့သည့်အချိန်က ၎င်းတို့တွင် လူသားပုံသဏ္ဌာန်နှင့် လူ့အသက်တို့ ရှိရုံမျှသာ ဖြစ်သည်။ သို့ရာတွင် ၎င်းတို့သည် လူသားများကို ဘုရားသခင် တောင်းဆိုသည့် သမ္မာတရားကို မပိုင်ဆိုင်သကဲ့သို့ လူသားတို့ အသက်ရှင်နေထိုင်ပြီးဖြစ်မည်ဟု ဘုရားသခင် အစဉ်သဖြင့် မျှော်လင့်ခဲ့သော လူသားပုံသဏ္ဌာန်ကို ၎င်းတို့ အသက်ရှင်နေထိုင်နိုင်ခြင်း မရှိခဲ့ချေ။ အဆုံးတွင် ရရှိမည့် လူတစ်စုသည် နောက်ဆုံးတွင် ကျန်ရစ်မည့် လူများဖြစ်ပြီး ဤသည်တို့သည် ဘုရားသခင် ရရှိသည့် လူများဖြစ်သည်။ ၎င်းတို့ကို ဘုရားသခင်က အားရပြီး ၎င်းတို့ကလည်း ဘုရားသခင်ကို ကျေနပ်စေသည်။

ကောက်နုတ်ချက် (၂၁)

ဘုရားသခင်သည် သူ၏အမှုတော်ကို သူ၏ လူ့ဇာတိခံယူခြင်းအားဖြင့် လုပ်ဆောင်သည်ဖြစ်စေ၊ သူ၏ဝိညာဉ်တော်မှတစ်ဆင့် လုပ်ဆောင်သည်ဖြစ်စေ အားလုံးကို သူ၏ စီမံခန့်ခွဲမှုအစီအစဉ်နှင့်အညီ လုပ်ဆောင်ခြင်းသာ ဖြစ်၏။ ပေါ်ပေါ်ထင်ထင်ဖြစ်သော သို့မဟုတ် ဖုံးကွယ်သော နည်းလမ်းများနှင့်အညီ လုပ်ဆောင်ခြင်းမဟုတ်၊ လူသားလိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ခြင်းမဟုတ်။ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်အတိုင်းသာ လုပ်ဆောင်ခြင်းဖြစ်သည်။ နောက်ဆုံးသောကာလ၏ အမှုတော်ကို ဘုရားသခင် သဘောကျသည့် နည်းလမ်းတစ်ခုခုဖြင့် လုပ်ဆောင်နိုင်သည်မျိုး မဟုတ်ပေ။ ဤအဆင့်သည် ရှေ့က သူ၏အမှုတော် အဆင့်နှစ်ဆင့်ကို အခြေခံကာ လုပ်ဆောင်ခြင်းဖြစ်သည်။ သူ့အမှုတော်၏ ဒုတိယအဆင့်ဖြစ်သော၊ ကျေးဇူးတော်ခေတ်၏ အမှုတော်သည် လူသားတို့ကို ရွေးနုတ်ခြင်းခံရစေခဲ့ပြီး၊ ဤအမှုကို လူ့ဇာတိခံယူခြင်းဖြင့် လုပ်ဆောင်ခဲ့၏။ ဝိညာဉ်တော်သည် ဘုရားအမှုတော်၏ လက်ရှိအဆင့်ကို လုပ်ဆောင်ရန် မဖြစ်နိုင်ခြင်း မဟုတ်၊ ဝိညာဉ်တော်သည် ယင်းအမှုကို လုပ်ဆောင်နိုင်စွမ်း ရှိ၏။ သို့သော် လူ့ဇာတိခံယူခြင်းဖြင့် လုပ်ဆောင်ရန် ပို၍ သင့်တော်သည်ဖြစ်ကာ၊ ဤနည်းလမ်းသည် လူတို့ကို ပို၍ ထိထိရောက်ရောက် ကယ်တင်နိုင်၏။ အမှန်တကယ်၌ လူတို့ကို သိမ်းပိုက်ရာတွင် လူ့ဇာတိခံယူခြင်း၏ မိန့်မြွက်ချက်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်ရိုက် မိန့်မြွက်ချက်များထက် ပို၍ အဆင်ပြေ၏။ ဘုရားသခင်အပေါ် လူတို့၏သိကျွမ်းမှုကို လွယ်ကူချောမောစေမှုတွင် ပို၍ သင့်တော်၏။ ဝိညာဉ်တော်က အမှုတော်ပြုသောအခါတွင် လူအများနှင့်အတူ အမြဲ ရှိနေ၍ မဖြစ်နိုင်ပေ။ လူ့ဇာတိခံယူခြင်းက ယခု လုပ်ဆောင်နေသကဲ့သို့ လူအများနှင့် အနီးကပ် နေထိုင်ပြီး လူအများနှင့် မျက်နှာချင်းဆိုင် ပြောဆိုရန်မှာ ဝိညာဉ်တော်အတွက် မဖြစ်နိုင်ပေ။ လူတို့၏အတွင်း၌ မည်သို့ ရှိကြောင်းကို လူ့ဇာတိခံယူခြင်းက ထုတ်ဖော်ပြနိုင်သကဲ့သို့ ဝိညာဉ်တော်အနေဖြင့် လုပ်ဆောင်ရန်မှာ မဖြစ်နိုင်သော အချိန်များ ရှိ၏။ ဤအဆင့်တွင် လူ့ဇာတိခံယူခြင်း၏ အမှုတော်သည် အဓိကအားဖြင့် လူတို့ကို သိမ်းပိုက်ရန်ဖြစ်သည်။ လူတို့ကို သိမ်းပိုက်ပြီးနောက်တွင်မူ ၎င်းတို့ကို စုံလင်အောင် ပြုလုပ်ရန်ဖြစ်သည်၊ သို့မှသာ ၎င်းတို့သည် ဘုရားသခင်ကို သိလာကြကာ၊ ဘုရားသခင်ကို ကိုးကွယ်နိုင်လာကြလိမ့်မည်။ ဤသည်မှာ ခေတ်ကို အဆုံးသတ်ခြင်း အမှုတော်ဖြစ်၏။ အကယ်၍ ဤအဆင့်သည် လူများကို သိမ်းပိုက်ခြင်းနှင့် မသက်ဆိုင်ဘဲ၊ ၎င်းတို့ကို ဘုရားသခင်ဟူသည် အမှန်ပင် ရှိကြောင်း အသိပေးခြင်းနှင့်သာ သက်ဆိုင်သည်ဆိုလျှင်၊ ဝိညာဉ်တော်အနေဖြင့် လုပ်ဆောင်နိုင်ပေမည်။ အကယ်၍ ဤအဆင့်အား ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သည်ဆိုလျှင် ဝိညာဉ်တော်သည် လူ့ဇာတိခံယူခြင်းကို အစားထိုးနိုင်မည်ဖြစ်ကာ၊ လူ့ဇာတိခံယူခြင်းကဲ့သို့ တူညီသောအမှုကို လုပ်ဆောင်နိုင်မည်၊ ထို့အပြင် ဘုရားသခင်သည် အနန္တတန်ခိုးရှိသောကြောင့် အမှုတော်ပြုနေသည်မှာ လူ့ဇာတိခံယူခြင်းဖြစ်စေ၊ ဝိညာဉ်တော်ဖြစ်စေ၊ တူညီသော ရလဒ်များကို ရရှိနိုင်မည်ဟု သင်တို့က ထင်ကောင်း ထင်နိုင်သည်။ သို့သော် သင်တို့ မှားပေလိမ့်မည်။ ဘုရားသခင်သည် လူသားကို ကယ်တင်ရန် သူ၏စီမံခန့်ခွဲမှုနှင့်အညီ၊ သူ၏အစီအစဉ်နှင့် အဆင့်များနှင့်အညီ လုပ်ဆောင်၏။ သင် တွေးထင်သကဲ့သို့၊ ဝိညာဉ်တော်သည် အနန္တတန်ခိုးရှိ၏၊ လူ့ဇာတိခံယူခြင်းသည် အနန္တတန်ခိုးရှိ၏၊ ဘုရားသခင်ကိုယ်တိုင်သည်လည်း အနန္တတန်ခိုးရှိ၏၊ ထို့ကြောင့် သူ ပြုလုပ်ချင်သော မည်သည့်အရာကိုမဆို ပြုလုပ်နိုင်၏ ဆိုသည်မျိုး မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်နှင့်အညီ လုပ်ဆောင်ပြီး၊ သူ့အမှုတော်၏ အဆင့်တစ်ခုစီသည် တစ်ခုစီအတွင်း၌ တချို့သော အဆင့်များ ရှိကြ၏။ ဤအဆင့်ကို မည်သို့ လုပ်ဆောင်သင့်သည်နှင့် ပါဝင်သင့်သော အသေးစိတ်အချက်အလက်တို့ကို အသေအချာ ပြင်ဆင်ထား၏။ ဘုရားအမှုတော်၏ ပထမအဆင့်ကို ဣသရေလတွင် လုပ်ဆောင်ခဲ့ပြီး၊ ဤနောက်ဆုံး အဆင့်မှာမူ အဆင်းနီသော နဂါးကြီး၏နိုင်ငံ ဖြစ်သည့် တရုတ်ပြည်တွင် ဖြစ်သည်။ “ဘုရားသခင်က တခြားနိုင်ငံမှာ လုပ်ဆောင်လို့ မရဘူးလား” ဟု တချို့လူများက ဆိုကြ၏။ ဤအဆင့်၏ စီမံခန့်ခွဲမှု အစီအစဉ်အရ တရုတ်ပြည်၌ မဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။ တရုတ်ပြည်သူများသည် ခေတ်နောက်ပြန်ဆွဲကြ၏၊ ၎င်းတို့၏ဘဝများမှာ ပျက်စီးယိုယွင်းကြ၏၊ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့သည်လည်း မရှိပေ။ စာတန်နှင့် မိစ္ဆာနတ်ဆိုးများ တန်ခိုးအာဏာ ရှိနေသည့် နိုင်ငံတစ်ခုပင် ဖြစ်သည်။ တရုတ်ပြည်တွင် ပေါ်ထွန်းပြီး အမှုတော်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ ကမ္ဘာ၏ အမှောင်မိုက်ဆုံးသော အရပ်တွင် နေထိုင်နေကြသော၊ စာတန်ကြောင့် အဆိုးရွားဆုံး ဖောက်ပြန်ပျက်စီးနေပြီဖြစ်သော ပြည်သူများကို ကယ်တင်ရန်ဖြစ်သည်။ ဤသည်မှာ စာတန်ကို အမှန်တကယ် အနိုင်ယူရန်နှင့် ဂုဏ်အသရေကို လုံးလုံး ရရှိရန် တစ်ခုတည်းသောနည်းလမ်း ဖြစ်၏။ ဘုရားသခင်သည် တခြားသောနိုင်ငံတွင် ပေါ်ထွန်းပြီး အမှုတော်ပြုမည်ဆိုလျှင်၊ ထိုမျှ အဓိပ္ပာယ် ပြည့်ဝလိမ့်မည် မဟုတ်ပေ။ ဘုရားအမှုတော်၏ အဆင့်တိုင်းသည် လိုအပ်ပြီး၊ မဖြစ်မနေ ပြုလုပ်ရမည့် နည်းလမ်းဖြင့် ဘုရားက လုပ်ဆောင်ခြင်းဖြစ်သည်။ တချို့သော အမှုအရာတို့ကို လူ့ဇာတိခံယူခြင်း အမှုဖြင့် အောင်မြင်နိုင်သလို၊ တချို့သော အမှုအရာတို့ကိုမူ ဝိညာဉ်တော်၏ အလုပ်အားဖြင့် အောင်မြင်နိုင်၏။ မည်သည့်နည်းလမ်းက အကောင်းဆုံးရလဒ်များ ရလာလိမ့်မည်ဟူသော အချက်နှင့်အညီ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းဖြင့်ဖြစ်စေ၊ ဝိညာဉ်တော်အားဖြင့်ဖြစ်စေ အမှုတော်ပြုရန် ရွေးချယ်၏။ သင်တို့ စိတ်ကူးထားသကဲ့သို့၊ မည်သည့် နည်းဖြင့် အမှုတော်ပြုသည်ဖြစ်စေ အဆင်ပြေလိမ့်မည်၊ ဘုရားသခင်သည် လူသား ပုံသဏ္ဌာန်ကို အလျဉ်းသင့်သလို ယူခြုံခြင်းအားဖြင့် အမှုတော် ပြုနိုင်သည်၊ ဝိညာဉ်တော်သည်လည်း လူအများနှင့် မျက်နှာချင်းဆိုင် မတွေ့ဆုံရဘဲ အမှုတော်ပြုနိုင်သည်၊ ဤနည်းလမ်း နှစ်ခုစလုံးမှာ သေချာသော အကျိုးရလဒ်များကို ရရှိနိုင်သည် ဆိုသည်မျိုး မဟုတ်ပေ။ သင်တို့သည် ဤအရာကို နားလည်မှုမလွဲရ။ ဘုရားသခင်သည် အနန္တတန်ခိုးရှိ၏၊ သို့သော် သူ့ထံတွင် လက်တွေ့ကျသော အပိုင်းတစ်ခုလည်း ရှိပြီး၊ လူတို့သည် ဤအရာကို မမြင်နိုင်ကြပေ။ လူတို့သည် ဘုရားသခင်ကို အလွန် တန်ခိုးဣဒ္ဓိပါဒ် ရှိသည်ဟူ၍ မြင်ကြပြီး၊ သူ့အား နားမလည်နိုင်ကြချေ။ ထို့ကြောင့် ဘုရားနှင့်ပတ်သက်၍ သဘာဝမကျသော စိတ်ကူးမျိုးစုံ၊ အယူအဆပေါင်းစုံကို ဖန်တီးကြ၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်သည် သမ္မာတရားဖြစ်ကြောင်း၊ ၎င်းအရာတို့သည် လက်တွေ့ကျကြောင်း၊ ၎င်းတို့သည် အစစ်မှန်ဆုံးအရာများ ဖြစ်ကြကြောင်း၊ ၎င်းအရာတို့ကို လူသားအနေဖြင့် ထိတွေ့နိုင်ကြောင်း၊ မြင်နိုင်ကြောင်းတို့ကို အလွန်နည်းပါးလှသော လူများသာ မြင်ကြ၏။ ဘုရား၏အမှုတော်ကို နှစ်အတန်ကြာ တွေ့ကြုံပြီးသည့်နောက်တွင် လူများသည် အမှန်တကယ် အစွမ်းအစနှင့် နားလည်နိုင်စွမ်း ရှိသည်ဆိုလျှင်၊ ဘုရားသခင် ဖော်ပြသော နှုတ်ကပတ်တော်များအားလုံးမှာ သမ္မာတရား စစ်မှန်မှုများ ဖြစ်ကြောင်း၊ ဘုရားသခင် ပြုသော အလုပ်နှင့် အမှုအရာများ အားလုံးတွင် သမ္မာတရားများနှင့် စည်းမျဉ်းများ ရှိနေကြောင်း၊ သူ ပြုသမျှ အရာအားလုံးတွင် ကြီးမားသော အရေးပါမှုရှိကြောင်းတို့ကို ၎င်းတို့ မြင်နိုင်သင့်၏။ ဘုရားသခင် ပြုလုပ်သော မည်သည့်အရာမဆို အဓိပ္ပာယ်ရှိ၏၊ လိုအပ်၏၊ ထို့ပြင် အကောင်းဆုံးသော အကျိုးရလဒ်များ ရရှိနိုင်၏။ တိကျသော ရည်ရွယ်ချက်၊ အစီအစဉ်နှင့် အရေးပါမှုတို့ ပါရှိသည်ချည်းသာဖြစ်၏။ ဘုရား၏အမှုတော်သည် ထောက်ထားစာနာခြင်း မရှိသော နှုတ်ထွက်စကားများအပေါ် အခြေခံကာ ပြုလုပ်သည်ဟု သင် ထင်သလော။ ဘုရားသခင်ထံ၌ အနန္တတန်ခိုးနှင့်ပြည့်စုံသော အပိုင်းအခြမ်းတစ်ခု ရှိ၏၊ သို့သော် လက်တွေ့ကျသော အပိုင်းအခြမ်းတစ်ခုလည်း ရှိနေ၏။ သင်တို့၏ အသိသည် တစ်ဖက်စောင်းနင်းဖြစ်နေသည်။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ပြည့်စုံသော ဘက်ခြမ်းကို သင်တို့၏သိနားလည်မှုတွင် အမှားများ ရှိနေ၏။ သူ၏လက်တွေ့ကျသော ဘက်ခြမ်းကို သင်တို့၏သိနားလည်မှုမှာကား ဆိုဖွယ်ရာပင် မရှိတော့၊ အမှားများမှာ ပို၍ပင် များလှ၏။

ဘုရားအမှုတော်၏ အဆင့်သုံးဆင့်တွင် ပထမအဆင့်ကို ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်သော်လည်း၊ နောက်ဆုံးနှစ်ဆင့်ကိုမူ လူ့ဇာတိခံယူခြင်းဖြင့် လုပ်ဆောင်၏။ ဘုရားအမှုတော်၏ အဆင့်တစ်ခုစီသည် လွန်စွာ အရေးပါ၏။ ဥပမာ ကားတိုင်တင်ခြင်းကို ကြည့်ပါ၊ အကယ်၍ ဝိညာဉ်တော်သည် ကားတိုင်တွင် စီရင်ခံရသည်ဆိုလျှင်၊ မည်သည့် အဓိပ္ပာယ်မျှ ရှိလိမ့်မည်မဟုတ်။ အကြောင်းမှာ လူတို့သည် ဝိညာဉ်တော်ကို မမြင်နိုင် မထိတွေ့နိုင်သလို၊ ဝိညာဉ်တော်သည်လည်း မည်သည်ကိုမှ ခံစား၍မရ၊ ဝေဒနာကိုလည်း မခံစားတတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤကားတိုင်တင်ခြင်းသည် မည်သည့် အဓိပ္ပာယ်မျှ ရှိလိမ့်မည်မဟုတ်။ နောက်ဆုံးသောကာလတွင် ဖြစ်ပေါ်သော အဆင့်မှာမူ လူတို့ကို သိမ်းပိုက်ခြင်းအဆင့်ဖြစ်ကာ၊ လူ့ဇာတိခံယူခြင်းက ပြုလုပ်နိုင်သော အလုပ် ဖြစ်၏။ ဤအလုပ်နှင့်ပတ်သက်လာလျှင် လူ့ဇာတိခံယူခြင်းကို ဝိညာဉ်တော်ဖြင့် အစားထိုးမရနိုင်သလို၊ ဝိညာဉ်တော်အားဖြင့် ပြုလုပ်သော အလုပ်ကိုလည်း လူ့ဇာတိခံယူခြင်းဖြင့် မလုပ်ဆောင်နိုင်ပေ။ ဘုရားသခင်က သူ့အမှုတော်၏ အဆင့်တစ်ခုကို ပြုရန် လူ့ဇာတိခံယူခြင်းကိုဖြစ်စေ၊ ဝိညာဉ်တော်ကိုဖြစ်စေ ရွေးချယ်သည့်အခါ၊ ဤအရာသည် တကယ်ပင် လိုအပ်သော ရွေးချယ်မှု ဖြစ်ပြီး၊ အကောင်းဆုံး အကျိုးရလဒ်များ ရရှိစေရန်နှင့် သူ၏ စီမံခန့်ခွဲမှုအစီအစဉ် ရည်မှန်းချက်များ အောင်မြင်စေရန် လုပ်ဆောင်ခြင်းများသာ ဖြစ်၏။ ဘုရားသခင်ထံ၌ အနန္တတန်ခိုးနှင့်ပြည့်စုံသော အပိုင်းနှင့် လက်တွေ့ကျသော အပိုင်းတို့ ရှိ၏။ သူ့အမှုတော်၏ အဆင့်တိုင်းတွင် လက်တွေ့ကျသော နည်းလမ်းမျိုးဖြင့် လုပ်ဆောင်၏။ လူတို့က ဘုရားသခင်သည် စကားပြောဆိုခြင်း၊ စဉ်းစားခြင်း မလုပ်၊ သူ ပြုချင်သော မည်သည့်အရာကိုမဆို ပြုလုပ်သည်ဟု ထင်မှတ်ကြသည်။ သို့သော် ဤသို့မဟုတ်ပေ။ သူ့ထံတွင် ဉာဏ်ပညာရှိ၏၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း ရှိ၏၊ ဤသည်မှာ သူ၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် အမှုတော်ပြုသည့်အခါ၊ သူ၏စိတ်သဘောထား၊ သူ၏အနှစ်သာရ၊ သူ၏ ဉာဏ်ပညာ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို ထုတ်ဖော်ပြသရန် လိုအပ်၏။ သို့မှသာ လူတို့သည် ဤအရာတို့ကို နားလည်နိုင်မည်၊ သိလာနိုင်မည်၊ ရရှိနိုင်မည် ဖြစ်သည်။ ဘုရားသခင်သည် တကယ် မရှိသော အခြေအနေပေါ် အခြေခံကာ အမှုတော် မပြုပေ၊ လူတို့၏ စိတ်ကူးစိတ်သန်းများအပေါ် အခြေခံကာ အမှုတော်ပြုဖို့ဆိုသည်ကား ပို၍ မဖြစ်နိုင်ပေ။ သူသည် အမှုတော်၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်၏၊ ရရှိရန် လိုအပ်သော ရလဒ်များနှင့်အညီ လုပ်ဆောင်၏။ သူသည် လက်တွေ့ကျသော နည်းလမ်းမျိုးဖြင့် ပြောဆို၏၊ သူသည် နေ့စဉ်နေ့တိုင်း အမှုတော်ပြုကာ ဆင်းရဲဒုက္ခခံ၏၊ ဒုက္ခခံသောအခါတွင် သူသည် ဝေဒနာကို ခံစား၏။ လူ့ဇာတိခံယူခြင်းက အမှုတော်ပြုကာ မိန့်ဆိုနေသည့် အချိန်ကာလအတွင်းတွင် ဝိညာဉ်တော်သည်လည်း ရှိနေ၏ ဆိုသည်မျိုး မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းက အမှုတော်မပြု၊ မမိန့်ဆိုသောအချိန်တွင် ဝိညာဉ်တော်သည်လည်း အဝေးကို ရောက်နေ၏ ဆိုသည်မျိုးလည်း မဟုတ်ပေ။ ထိုသို့ ဖြစ်သည်ဆိုလျှင်၊ ကိုယ်တော်သည် ဆင်းရဲဒုက္ခ ခံစားရလိမ့်မည် မဟုတ်။ ဤအရာသည်လည်း လူ့ဇာတိခံယူခြင်းတစ်ခု ဖြစ်ခဲ့လိမ့်မည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ လက်တွေ့ကျသောအပိုင်းကို မမြင်နိုင်ကြချေ။ ထို့ကြောင့် လူတို့သည် ဘုရားသခင်ကို ကောင်းစွာ မသိကြ၊ သူ့အပေါ် ၎င်းတို့၏ သိနားလည်ခြင်းမှာလည်း အပေါ်ယံမျှသာ ဖြစ်၏။ လူတို့က ဘုရားသခင်သည် လက်တွေ့ကျပြီး သာမန်အတိုင်းသာ ဖြစ်သည် ဟုလည်းကောင်း၊ ဘုရားသခင်သည် အနန္တတန်ခိုးရှိပြီး အလုံးစုံ အစွမ်းရှိသည် ဟုလည်းကောင်း ဆိုကြ၏။ ဤစကားများ အားလုံးမှာ တခြားသူများထံမှ ၎င်းတို့ သိရှိထားသည်များသာ ဖြစ်ကြသည်။ အကြောင်းမှာ ၎င်းတို့တွင် စစ်မှန်သော အသိနှင့် စစ်မှန်သော အတွေ့အကြုံ မရှိကြသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်လာလျှင်အဘယ်ကြောင့် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရကို ဤမျှ အလေးထားနေရသနည်း။ အဘယ်ကြောင့် ဝိညာဉ်တော်ကို အလေးမပေးသနည်း။ ဗဟိုချက်မှာ လူ့ဇာတိခံယူခြင်း၏ အလုပ်အပေါ်တွင် တည်နေခြင်း ဖြစ်သည်။ ဝိညာဉ်တော်၏အလုပ်မှာ ထောက်ပံ့ကူညီပေးရန် ဖြစ်ပြီး၊ ဤသည်မှာ လူ့ဇာတိခံယူခြင်း အမှုတော်၏ အကျိုးရလဒ်များကို ရရှိစေ၏။ အဆင့်တစ်ခုစီ၌ လူတို့သည် ဘုရားသခင်အကြောင်းကို အနည်းငယ် သိလာနိုင်ကြ၏။ သို့သော် ၎င်းတို့သည် ဘုရားသခင်အကြောင်းကို အနည်းငယ် ပို၍ သိချင်ကြသောအခါ၊ ထိုအကြောင်းအရာကို မထိုးဖောက်နိုင်၊ မရရှိနိုင် ဖြစ်ကြသည်။ ဘုရားသခင်က အနည်းငယ် မိန့်ဆိုသည့်အခါ လူတို့သည် အနည်းငယ် နားလည်ကြ၏၊ သို့သော် ဘုရားသခင်ပေါ် ၎င်းတို့၏သိခြင်းမှာ များစွာ ရှင်းရှင်းလင်းလင်း မရှိသေးသည့်အပြင်၊ ထိုအခြင်းအရာ၏ ပဓာနကျသော အပိုင်းကို ၎င်းတို့ အလွယ်တကူ သဘောမပေါက်နိုင်ကြပေ။ အကယ်၍ သင်တို့သည် လူ့ဇာတိခံယူခြင်းက ပြုလုပ်နိုင်သော အရာမှန်သမျှကို ဝိညာဉ်တော်က ပြုလုပ်နိုင်သည် ဟုလည်းကောင်း၊ ဝိညာဉ်တော်သည် လူ့ဇာတိခံယူခြင်းကို အစားထိုးနိုင်သည် ဟုလည်းကောင်း ထင်မြင်ကြလျှင်၊ သင်တို့သည် လူ့ဇာတိခံယူခြင်း၏ အရေးပါမှု၊ လူ့ဇာတိခံယူခြင်း၏ အလုပ်နှင့် လူ့ဇာတိခံယူခြင်းသည် အဘယ်နည်း ဆိုသည်တို့ကို မည်သည့်အခါမျှ သိလာကြလိမ့်မည် မဟုတ်ပေ။

ကောက်နုတ်ချက် (၂၂)

“နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” မှ အကြောင်းအရာများသည် အထူးသဖြင့် ကြွယ်ဝပြီး သမ္မာတရား၏ သွင်ပြင်လက္ခဏာမျိုးစုံ ပါဝင်သည့်အပြင် လာမည့်ခေတ်များ၏ အခြေအနေကို ကြိုတင်ပြောပြသည့် ပရောဖက်ပြု ဖော်ပြချက်အချို့လည်း ပါဝင်သည်။ အမှန်တွင် ယင်းပရောဖက်ပြုချက်များသည် အသက်ဝင်ရောက်မှုကို ဆွေးနွေးခြင်း၊ လူ့သဘာဝကို ထုတ်ဖော်ခြင်းနှင့် ဘုရားသခင်နှင့် သူ၏ စိတ်သဘောထားတို့ကို သိရှိရန်နည်းလမ်းနှင့်ပတ်သက်၍ ပြောဆိုခြင်းတို့ဖြင့် ဤစာအုပ်တွင် ပါဝင်သော နှုတ်ကပတ်တော်အများစုသည် အလွန် ယေဘုယျကျလေသည်။ မည်သည့်ခေတ် ရောက်ရှိလာမည်၊ ခေတ်အရေအတွက် မည်မျှရှိမည်၊ လူသားမျိုးနွယ်သည် မည်သည့် အခြေအနေမျိုးများသို့ ဝင်ရောက်မည် ဆိုသည်နှင့်စပ်လျဉ်း၍မူ အသေးစိတ် အစီအစဉ်၊ တိကျသည့် ရည်ညွှန်းချက် သို့မဟုတ် တိကျသည့် ခေတ်ကာလပင် ဤစာအုပ်၌ ပါဝင်ခြင်း မရှိသလော။ လူများသည် လာမည့်ခေတ်များနှင့် ပတ်သက်၍ စိတ်ပူနေရန်မလိုကြောင်း၊ အချိန်ကို မရောက်ရှိသေးကြောင်း၊ ယင်းမှာ အလွန် ဝေးလံဆဲဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ငါသည် သင်တို့အား ဤအရာများအကြောင်း ပြောခဲ့လျှင်ပင် သင်တို့ နားလည်ကြမည် မဟုတ်သည့်အပြင် လူတို့သည် ယခုအချိန်တွင် ဤအရာများအကြောင်းကို နားလည်ရန် မလိုအပ်။ ထိုအရာများသည် လူများ၏ အသက်စိတ်သဘောထား ပြောင်းလဲခြင်းနှင့် အနည်းငယ်မျှသာ ဆက်စပ်မှုရှိသည်။ သင်တို့ နားလည်ရန် လိုအပ်သည့်အရာအားလုံးမှာ လူသား၏ သဘာဝကို ထုတ်ဖော်သည့် ထိုနှုတ်ကပတ်တော်များ ဖြစ်သည်။ ဤမျှဆိုလျှင် လုံလောက်ပြီဖြစ်သည်။ အတိတ်တွင် နှစ်ထောင်ချီ နိုင်ငံတော်၊ ဘုရားသခင်နှင့် လူသားတို့ အတူတကွ ငြိမ်သက်ခြင်းချမ်းသာသို့ ဝင်ရောက်ခြင်းတို့ကဲ့သို့သော ပရောဖက်ပြုချက်များအပြင် နှုတ်ကပတ်တော်ခေတ်နှင့် စပ်လျဉ်းသည့် ပရောဖက်ပြုချက်အချို့ ရှိခဲ့သည်။ ပရောဖက်ပြုချက်မှ နှုတ်ကပတ်တော်များသည် မကြာမီ ရောက်ရှိလာမည့် ကာလများနှင့် အလုံးစုံ သက်ဆိုင်သည်။ ထုတ်ဖော်ပြောဆိုခြင်း မပြုသည့် နှုတ်ကပတ်တော်များမှာ အလွန်ကွာဝေးသည့် အရာများဖြစ်သည်။ သင်တို့သည် ဝေးကွာသော အရာများအကြောင်းကို လေ့လာရန် မလိုအပ်။ သင်တို့ မသိရှိသင့်သည့် အရာများအကြောင်း သင်တို့ကို ပြောပြမည်မဟုတ်။ သင်တို့ သိသင့်သည့် အရာများသည် ဘုရားသခင်ထံမှ လာသည့် သမ္မာတရားအလုံးစုံ ဖြစ်သည်။ ဥပမာအားဖြင့် လူသားထံသို့ ဖော်ပြသည့် ဘုရားသခင်၏ စိတ်သဘောထား၊ ဘုရားနှုတ်ကပတ်တော်များက ထုတ်ဖော်ပြသည့် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် လူသား၏ သဘာဝကို ထုတ်ဖော်ခြင်းတို့အပြင် ဘုရားသခင်က လူသားတို့ကိုပေးသည့် ဘဝဦးတည်ချက်တို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့အား ကယ်တင်သည့် ဘုရားသခင်၏အလုပ်တွင် ဤအရာများသည် အဓိကအချက်အချာ ဖြစ်၍ဖြစ်သည်။

လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် အလုပ်ကို လုပ်ဆောင်နေသည့်အချိန်တွင် ဤအရာများကို ပြောကြားခဲ့သည့် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူများကို သိမ်းပိုက်ရန်နှင့် ကယ်တင်ရန်၊ ထို့ပြင် လူများ၏ စိတ်သဘောထားကို ပြောင်းလဲရန် ဖြစ်သည်။ လက်ရှိတွင် နှုတ်ကပတ်တော်ခေတ်သည် လက်တွေ့ကျသော ခေတ်တစ်ခု၊ လူသားကို သိမ်းပိုက်ပြီး ကယ်တင်သည့် သမ္မာတရား၏ ခေတ်ဖြစ်သည်။ မပြောကြားရသေးသည့် အရာများစွာ ရှိနေသည့်အတွက် နောက်ပိုင်းတွင် ပိုမိုများပြားသည့် နှုတ်ကပတ်တော်များ ရှိလာမည်။ အချို့သူများက ဤလက်ရှိ နှုတ်ကပတ်တော်များသည် ဘုရားသခင်၏ ဖော်ပြချက် အလုံးစုံဟု ထင်နေကြသည်။ ယင်းမှာ ကြီးစွာမှားယွင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။ အကြောင်းမှာ နှုတ်ကပတ်တော်ခေတ်၏ အလုပ်မှာ တရုတ်ပြည်တွင် စတင်ခဲ့ပြီးရုံမျှသာ ရှိသေးပြီး အနာဂတ်တွင် ဘုရားသခင်က လူသိရှင်ကြား ပေါ်ထွန်းပြီး အမှုပြုသည့်နောက်တွင် နှုတ်ကပတ်တော်များ ပိုမိုများပြားလာလိမ့်မည်။ နိုင်ငံတော်ခေတ်သည် မည်သို့ရှိမည်၊ လူသားမျိုးနွယ်သည် မည်သည့်ခရီးပန်းတိုင်မျိုးသို့ ဝင်ရောက်လိမ့်မည်၊ ယင်းခရီးပန်းတိုင်သို့ ဝင်ရောက်ပြီးနောက် မည်သည့်အရာ ဖြစ်ပျက်မည်၊ ယင်းအချိန်တွင် လူသားမျိုးနွယ်အတွက် ဘဝသည် မည်သည့်ပုံစံရှိမည်၊ လူသား၏ ပင်ကိုအသိစိတ်သည် မည်သည့်အဆင့်သို့ ရောက်ရှိနိုင်သည်၊ မည်သည့်ခေါင်းဆောင်မှုအမျိုးအစားနှင့် မည်သည့်ထောက်ပံ့မှု အမျိုးအစားများကို လိုအပ်မည် စသည်တို့ အားလုံးသည် နှုတ်ကပတ်တော်ခေတ်၏ အလုပ်တွင် ပါဝင်သည်။ ဘုရားသခင်၏ အလုံးစုံအကျုံးဝင်မှုသည် သင်ထင်မြင်သကဲ့သို့ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” တွင်သာ ရှိသည်မဟုတ်။ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြချက်နှင့် ဘုရားသခင်၏ အမှုတို့သည် သင်ထင်မြင်သကဲ့သို့ ရိုးစင်းနိုင်မည်လော။ ဘုရားသခင်၏ အလုံးစုံ အကျုံးဝင်မှု၊ နေရာတိုင်းတွင် တည်ရှိနေမှု၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်မှုနှင့် အထွတ်အထိပ် ဖြစ်မှုတို့သည် အနှစ်မဲ့ စကားလုံးများ မဟုတ်။ အကယ်၍ သင်က “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်သည် ဘုရားသခင်၏ အရာရာတိုင်းကို ကိုယ်စားပြုသည်၊ ဤနှုတ်ကပတ်တော်များသည် ဘုရားသခင်၏ စီမံခန့်ခွဲမှု မှန်သမျှကို အဆုံးသတ်စေသည်ဟု သင်ဆိုပါက သင်သည် ဘုရားသခင်ကို လွန်စွာ ကျဉ်းမြောင်းသော ပုံစံဖြင့် ရှုမြင်ခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ဘုရားသခင်ကို ထပ်၍ ဘောင်ခတ်ခြင်း မဟုတ်သလော။ ဤနှုတ်ကပတ်တော်များသည် အလုံးစုံအကျုံးဝင်စေသည့် ဘုရားသခင်၏ အလွန်သေးငယ်သော အစိတ်အပိုင်းဖြစ်ကြောင်း သင်သိရှိရမည်။ ဘာသာရေး အသိုင်းအဝိုင်းများ အားလုံးက ဘုရားသခင်ကို သမ္မာကျမ်းစာအတွင်း ဘောင်ခတ်ထားပြီးဖြစ်သည်။ ယနေ့တွင် သင်တို့သည်လည်း သူ့ကို ဘောင်ခတ်နေသည် မဟုတ်လော။ ဘုရားသခင်ကို ဘောင်ခတ်ခြင်းသည် ဘုရားသခင်ကို သိက္ခာချခြင်းဖြစ်သည်ကို သင်တို့ မသိသလော။ ယင်းမှာ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်းနှင့် ပြစ်မှားစော်ကားခြင်း ဖြစ်သည်ကို သင်တို့မသိသလော။ လက်ရှိတွင် လူများစုက “ဘုရားသခင် နောက်ဆုံးသောကာလတွင် ပြောကြားခဲ့သည့် အရာများသည် ‘နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏’ စာအုပ်တွင် အလုံးစုံပါဝင်သည်၊ ဘုရားသခင်ထံမှ နောက်ထပ်နှုတ်ကပတ်တော်များ မရှိတော့။ ယင်းမှာ ဘုရားသခင်ပြောခဲ့သမျှ အရာအားလုံး ဖြစ်သည်” ဟု ထင်မြင်ကြသည်၊ မှန်သလော။ ဤသို့ စဉ်းစားခြင်းသည် ကြီးမားသည့် အမှားတစ်ရပ်ဖြစ်သည်။ “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” တွင် ပါရှိသည့် နှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှု၏ အဖွင့်နှုတ်ကပတ်တော်များ၊ ဤအမှု၏ နှုတ်ကပတ်တော်များ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ကာ ဤနှုတ်ကပတ်တော်များသည် ရူပါရုံများ၏ သမ္မာတရားများနှင့် အဓိကသက်ဆိုင်သည်။ နောက်ပိုင်းတွင် လက်တွေ့လုပ်ဆောင်မှု၏ အသေးစိတ်အချက် များစွာနှင့် စပ်လျဉ်း၍ ပြောဆိုခဲ့သည့် စကားလုံးများလည်း ရှိမည်ဖြစ်သည်။ ထို့ကြောင့် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို အများပြည်သူသို့ ဖြန့်ချိလိုက်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်မှာ အဆုံးသတ်အဆင့်သို့ ရောက်ရှိလာသည်ဟု မဆိုလို။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုသည် ပြည့်စုံခိုင်လုံသော အဆုံးသတ်သို့ ရောက်ရှိလာသည်ဟု သာ၍ပင်မဆိုလို။ ဘုရားသခင်တွင် ဖော်ပြရန် နှုတ်ကပတ်တော်များစွာ ရှိနေသေးသည်။ ပြီးလျှင် ဤနှုတ်ကပတ်တော်များကို ပြောကြားပြီးသည့် အချိန်၌ပင် ဘုရားသခင်၏ စီမံခန့်ခွဲမှု အလုပ်အားလုံးသည် နိဂုံးချုပ်သွားပြီဟု မည်သူမျှမဆိုနိုင်။ စကြဝဠာတစ်ခုလုံးနှင့်ပတ်သက်သော အလုပ် ပြီးစီးသွားသည့်အခါ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးဆုံးသွားပြီဟုသာ ပြောနိုင်သည်။ သို့သော် ယင်းအချိန်တွင် ဤစကြဝဠာအတွင်း၌ လူများ တည်ရှိနေဦးမည်လော။ အသက်တည်ရှိနေသရွေ့၊ လူသားမျိုးနွယ် တည်ရှိနေသရွေ့ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ဆက်လက်လုပ်ဆောင်နေရမည်သာ ဖြစ်သည်။ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှုအစီအစဉ် ပြီးစီးသွားသည့်အခါ လူသားမျိုးနွယ်၊ အသက်နှင့် ဤစကြာဝဠာတို့ တည်ရှိနေသရွေ့ ဘုရားသခင်သည် ယင်းတို့အားလုံးကို စီမံခန့်ခွဲနေဦးမည်သာဖြစ်သည်။ သို့သော် ယင်းကို အနှစ်‌ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ဟု ခေါ်ဆိုမည်မဟုတ်တော့။ ယခုအခါ ယင်းကို ဘုရားသခင်၏ စီမံခန့်ခွဲမှုဟု ရည်ညွှန်းသည်။ အနာဂတ်တွင် ယင်းကို ကွဲပြားခြားနားသည့် အခြားအမည်ဖြင့် ခေါ်ဆိုကောင်း ခေါ်ဆိုလိမ့်မည်။ ယင်းမှာ လူသားမျိုးနွယ်နှင့် ဘုရားသခင်အတွက် နောက်ထပ် ဘဝတစ်ခု ဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူများကို ဦးဆောင်ရန် ယနေ့ခေတ် နှုတ်ကပတ်တော်များကို အသုံးပြုနေဆဲ ဖြစ်မည်ဟု မဆိုနိုင်။ အကြောင်းမှာ ဤနှုတ်ကပတ်တော်များသည် ဤအချိန်ကာလအတွက်သာ သင့်လျော်၍ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အလုပ်ကို မည်သည့်အချိန်တွင်မျှ ဘောင်ခတ်ခြင်း မပြုနှင့်။ အချို့က “ဘုရားသခင်သည် လူများအား ဤနှုတ်ကပတ်တော်များကိုသာ ပေးပြီး အခြားမည်သည့်အရာကိုမျှ မပေးပါ။ ဘုရားသခင်သည် ဤနှုတ်ကပတ်တော်များကိုသာ ပြောနိုင်သည်”ဟု ဆိုကြသည်။ ဤသည်မှာလည်း ဘုရားသခင်ကို တစ်စုံတစ်ခုသော နယ်ပယ်အတွင်းတွင် ဘောင်ခတ်ခြင်း ဖြစ်သည်။ ဤသည်မှာ ယေရှုခေတ်တွင် ပြောကြားခဲ့သည့် နှုတ်ကပတ်တော်များကို လက်ရှိ နိုင်ငံတော်ခေတ်တွင် ကျင့်သုံးခြင်းနှင့်တူသည်။ ယင်းမှာ သင့်လျော်မည်လော။ အချို့နှုတ်ကပတ်တော်များကို ကျင့်သုံးမည်ဖြစ်ပြီး အချို့ကို ပယ်ဖျက်ပစ်ရန်လိုသည်။ ထို့ကြောင့် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မပယ်ဖျက်နိုင်ဟု ပြော၍မရပေ။ လူများသည် အမှုအရာများကို အလွယ်တကူ ဘောင်ခတ်ကြသလော။ အချို့နယ်ပယ်များတွင် ၎င်းတို့သည် ဘုရားသခင်ကို အမှန်ပင် ဘောင်ခတ်ကြသည်။ တစ်နေ့တွင် သင်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို လူများ ယနေ့အချိန်တွင် သမ္မာကျမ်းစာကို ဖတ်သကဲ့သို့ ဖတ်ကောင်းဖတ်မည်ဖြစ်ပြီး ဘုရားသခင်၏ ခြေလှမ်းများကို လိုက်မီကြမည်မဟုတ်။ ယခုအချိန်သည် “နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏” စာအုပ်ကို ဖတ်ရန် သင့်တော်သော အချိန်ဖြစ်သည်။ နှစ်ပေါင်းမည်မျှအကြာတွင် ယင်းကို ဖတ်ရှုခြင်းသည် ခေတ်ဟောင်းမှ ပြက္ခဒိန်တစ်ခုကို ကြည့်ရှုရသကဲ့သို့ ဖြစ်မည်ဟု မပြောနိုင်။ အဘယ်ကြောင့်ဆိုသော် ယင်းအချိန်တွင် အဟောင်းကို အစားထိုးရန် အသစ်တစ်စုံတစ်ရာ ရှိမည်ဖြစ်သောကြောင့်ပင်။ လူများ၏ လိုအပ်ချက်များသည် ဘုရားသခင်၏ အလုပ်နှင့်အညီ ပေါ်ပေါက်လာပြီး တိုးတက်ပြောင်းလဲလာခြင်း ဖြစ်သည်။ ယင်းအချိန်တွင် လူ့သဘာဝနှင့် လူတို့တွင်ရှိသင့်သည့် ပင်ကိုအသိစိတ်များနှင့် ပင်ကိုအရည်အချင်းများသည် အတော်အသင့် ပြောင်းလဲသွားပြီးဖြစ်လိမ့်မည်။ ဤကမ္ဘာပြောင်းလဲပြီးနောက် လူသားမျိုးနွယ်၏ လိုအပ်ချက်များသည်လည်း ကွဲပြားခြားနားသွားလိမ့်မည်။ အချို့က “ဘုရားသခင်သည် နောက်ပိုင်းတွင် ပြောဆိုမည်လော” ဟု မေးကြသည်။ အချို့က “နှုတ်ကပတ်တော်ခေတ် အလုပ် ပြီးစီးသွားသည့်အခါ အခြားမည်သည့်အရာကိုမျှ မပြောနိုင်တော့သဖြင့် ဘုရားသခင်သည် ပြောဆိုနိုင်တော့မည်မဟုတ်။ ပြီးလျှင် အခြား မည်သည့်စကားမဆိုသည် အတုအယောင် ဖြစ်လိမ့်မည်” ဟု ကောက်ချက်ချကြလိမ့်မည်။ ဤသည်မှာလည်း မှားယွင်းသည်မဟုတ်လော။ ဘုရားသခင်အကြောင်း အသေးစိတ်ချပြသည့်အမှားကို လူသားတို့ အလွယ်တကူ ကျူးလွန်တတ်ကြသည်၊ လူတို့သည် အတိတ်ကိုသာ စွဲကပ်လေ့ရှိပြီး ဘုရားသခင်အကြောင်း အသေးစိတ်ချပြလေ့ရှိသည်။ ၎င်းတို့သည် ကိုယ်တော့်ကို ရှင်းရှင်းလင်းလင်း မသိကြသော်လည်း ကိုယ်တော်၏အမှုကို လက်လွတ်စပယ် အသေးစိတ်ချပြနေမြဲဖြစ်၏။ လူတို့၌ ယင်းမျှလောက် မာနကြီးသောဗီဇ ရှိလေတကား။ ၎င်းတို့သည် အတိတ်က အယူအဆဟောင်းများကိုသာ အစဉ်စွဲကိုင်လိုကြပြီး ကုန်လွန်ခဲ့ပြီးသော နေ့ရက်များထဲမှ အမှုအရာများကို ၎င်းတို့၏စိတ်နှလုံးထဲတွင် သိုထားကြ၏။ ထိုအရာများကို ၎င်းတို့၏အရင်းအဖြစ် အသုံးပြုကြသည်၊ မာနကြီးပြီး ဟိတ်ဟန်များကြ၏၊ ၎င်းတို့သည် အရာခပ်သိမ်းကို နားလည်သည်ဟု ထင်ကြ၏၊ ထို့အပြင် ဘုရားသခင်၏အမှုကို အသေးစိတ်ချပြသည့် အတင့်ရဲသောအပြုအမူရှိကြ၏။ ဤသို့ပြုရာ၌ ၎င်းတို့သည် ဘုရားသခင်အပေါ် တရားစီရင်ခြင်းမဟုတ်သလော။ ထိုမျှမက လူတို့သည် ဘုရားသခင်၏အမှုသစ်ကို ထည့်တွက်စဉ်းစားခြင်း မရှိကြပေ၊ ၎င်းတို့သည် အမှုအရာအသစ်များကို လက်ခံရန် ခက်ခဲကြောင်းကို ဤအရာက သက်သေပြသော်လည်း ၎င်းတို့သည် ဘုရားသခင်အကြောင်းကို မမြင်မစမ်း အသေးစိတ်ချပြနေဆဲ ဖြစ်၏။ လူတို့သည် အလွန်မာနကြီးကြသဖြင့် ၎င်းတို့၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်၊ မည်သူ့ကိုမျှ ၎င်းတို့နားထောင်ကြပေ၊ ထို့အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်များကိုပင် လက်မခံကြချေ။ ယင်းမှာ လူသား၏ဗီဇပင်ဖြစ်၏၊ လုံးဝမာနကြီးပြီး မိမိသာဖြောင့်မတ်သည်ဟု ထင်တတ်ကြပြီး နာခံခြင်း အနည်းငယ်မျှ မရှိကြပေ။ ဤသည်မှာ ဖာရိရှဲများ ယေရှုကို ပြစ်တင်ရှုတ်ချသည့်အချိန်က နည်းအတိုင်းဖြစ်၏၊ ၎င်းတို့က “သင် မှန်စေကာမူ သင့်နောက် ငါလိုက်ဦးမည် မဟုတ်၊ ယေဟောဝါသာလျှင် စစ်မှန်သောဘုရားသခင် ဖြစ်၏” ဟု ဆိုကြ၏။ ယနေ့တွင် “သူက ခရစ်တော်ဟုတ်လား။ သူက ခရစ်တော် အမှန်တကယ် ဖြစ်လည်း သူ့နောက် ငါမလိုက်” ဟု ပြောသောသူအချို့လည်း ရှိ၏။ ဤကဲ့သို့သော လူများ ရှိသလော။ ထိုကဲ့သို့သော ဘာသာရေးသမားများစွာ ရှိသည်။ လူသား၏ စိတ်သဘောထားသည် အလွန်ပျက်စီးကြောင်း၊ လူတို့သည် ကယ်တင်၍ မရနိုင်ကြောင်းကို ဤအရာက ပြသလျက်နေ၏။

ခေတ်အဆက်ဆက်ရှိ သူတော်စင်များအနက် မောရှေနှင့် ပေတရုတို့သာလျှင် ဘုရားသခင်ကို အမှန်တကယ် သိခဲ့ကြသူများဖြစ်ပြီး ၎င်းတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံခဲ့ရသည်။ သို့စေကာမူ ၎င်းတို့သည် ဘုရားသခင်ကို သိနားလည်နိုင်ခဲ့သလော။ ၎င်းတို့ နားလည်သဘောပေါက်ခဲ့သည့် အရာမှာလည်း အကန့်အသတ်ရှိသည်။ ၎င်းတို့ကိုယ်တိုင်က ၎င်းတို့သည် ဘုရားသခင်ကို သိသည်ဟု မပြောရဲခဲ့ကြ။ ဘုရားသခင်ကို အမှန်တကယ် သိသူများက ဘုရားသခင်သည် ခန့်မှန်းရန်နှင့် အကဲဖြတ်ရန် မဖြစ်နိုင်ကြောင်း နားလည်သဘောပေါက်ကြသောကြောင့် ၎င်းတို့သည် သူ့ကို ဘောင်မခတ်ကြချေ။ ဘုရားသခင်ကို မသိရှိကြသူများသည်သာ သူ့ကိုလည်းကောင်း၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကိုလည်းကောင်း ဘောင်ခတ်လေ့ရှိကြသည်။ ၎င်းတို့တွင် ဘုရားသခင်နှင့် ပတ်သက်သည့် စိတ်ကူးများဖြင့် ပြည့်နှက်နေပြီး ဘုရားသခင် ပြုလုပ်ခဲ့သည့် အရာအားလုံးနှင့် ပတ်သက်သည့် အယူအဆများကို အလွယ်တကူ ထားရှိကြသည်။ ထို့ကြောင့် ဘုရားသခင်ကို သိရှိသည်ဟု ယုံကြည်ကြသူများသည် ဘုရားသခင်ကို ခုခံဆန့်ကျင်မှု အပြုဆုံးသူများဖြစ်ကြပြီး အန္တရာယ်အရှိဆုံးသူများ ဖြစ်ကြသည်။

ကောက်နုတ်ချက် (၂၃)

ဘုရားသခင်သည် လူသားအတွက် မေတ္တာထားပြီး သနားကရုဏာ ထားသည်ဟူသည်မှာ သမ္မာတရားဖြစ်သလော၊ ငါ့အားပြောလော့။ (ယင်းသည် သမ္မာတရား ဖြစ်ပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်သည် လူသားကို မေတ္တာမထားဘဲ ဆဲရေးခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းပင် ပြုလုပ်သည်ဟူသည်မှာ သမ္မာတရားဖြစ်သလော။ (ဤသည်မှာလည်း သမ္မာတရားဖြစ်ပါသည်။) အမှန်တွင် ဤဝါကျနှစ်ခုလုံးသည် သမ္မာတရားဖြစ်ပြီး အကြွင်းမဲ့ မှန်ကန်သည်။ သို့သော် “ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟူသည်မှာလည်း သမ္မာတရားဖြစ်သည်” ဟု ပြောဆိုရန် လွယ်ကူသည့်ကိစ္စ မဟုတ်သလို ယင်းသည် အလွယ်တကူ ပြောဆိုရမည့်အရာ မဟုတ်။ လူတစ်ဦးသည် ဘုရားသခင်၏ စိတ်သဘောထားအကြောင်း သိမြင်မှု ရှိမှသာ ယင်းကို ပြောဆိုနိုင်မည်။ ဘုရားသခင်သည် ချစ်ခင်ကြင်နာသော အရာတစ်ခုကို ပြုလုပ်လိုက်ကြောင်း မြင်တွေ့သည့်အခါ သင်သည် “ဘုရားသခင်က လူသားကို အမှန်ပင်မေတ္တာထားသည်။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်” ဟု ပြောသည်။ သို့တိုင်အောင် ဘုရားသခင်က ကြောင်သူတော်ဆန်သော ဖာရိရှဲများ သို့မဟုတ် အန္တိခရစ်များအပေါ် စိတ်ဆိုးခြင်းနှင့် ၎င်းတို့ကို ကျိန်ဆဲခြင်းကဲ့သို့ လူသား၏ အယူအဆများနှင့် ကိုက်ညီမှုမရှိသည့် တစ်စုံတစ်ရာကို ပြုလုပ်လိုက်ကြောင်း မြင်တွေ့သည့်အခါ သင်သည် “ဘုရားသခင်က လူသားအပေါ် မေတ္တာမထား။ သူသည် လူသားကိုမုန်းသည်” ဟု တွေးတောသည်။ ထိုအခါ သင့်တွင် ဘုရားသခင်နှင့် ပတ်သက်သည့် အယူအဆများ ရှိနေပြီး သူ့ကို ငြင်းပယ်ခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤဖြစ်ရပ်နှစ်ခုအနက် မည်သည်က သမ္မာတရားဖြစ်သနည်း။ ဤအရာကို ရှင်းလင်းစွာ ရှင်းမပြနိုင်သူများ ရှိကြသည်။ လူများ၏ စိတ်နှလုံးတွင် ဘုရားသခင်က လူသားအပေါ် မေတ္တာထားခြင်းက ပိုကောင်းသလော၊ သို့မဟုတ် သူက လူသားကို မေတ္တာမထားခြင်းက ပိုကောင်းသလော။ လူများအားလုံးသည် ဘုရားသခင်က လူသားအပေါ် မေတ္တာထားခြင်းအား သေချာပေါက် နှစ်သက်ကြပြီး ၎င်းတို့က ဘုရားသခင် လူသားအပေါ် မေတ္တာထားခြင်းသည် သမ္မာတရား ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းကို ၎င်းတို့ မနှစ်သက်ကြ။ ထို့ကြောင့် ၎င်းတို့က ဘုရားသခင် လူသားအပေါ် မေတ္တာမထားခြင်းမှာ သမ္မာတရား မဟုတ်ဟု ပြောကြသည့်အပြင် “ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟူသည်မှာလည်း သမ္မာတရားဖြစ်သည်” ဟူသော ပြောဆိုချက်ကို ငြင်းပယ်ကြသည်။ သို့ဆိုလျှင် ဘုရားသခင်က လုပ်ဆောင်သည့်အရာသည် သမ္မာတရား ဟုတ်မဟုတ်ကို လူသား၏ သတ်မှတ်ချက်အတွက် အခြေခံအကြောင်းရင်းမှာ မည်သည့်အရာနည်း။ ယင်းသည် လူသား၏ အယူအဆများနှင့် စိတ်ကူးများအပေါ် လုံးဝဥဿုံ အခြေပြုထားသည်။ ဘုရားသခင်သည် အမှုကိစ္စများအား လူသားက သူ့ကို လုပ်ဆောင်စေလိုသည့်ပုံစံအတိုင်း လုပ်ဆောင်သင့်ပြီး ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူသား၏ အယူအဆများ၊ စိတ်ကူးများနှင့် မကိုက်ညီပါက ယင်းမှာ သမ္မာတရားမဟုတ်။ အကယ်၍ လူသားသည် ဘုရားသခင် လုပ်ဆောင်သည့်အရာကို မနှစ်သက်ပါက ဘုရားသခင် လုပ်ဆောင်သည့်အရာမှာ သမ္မာတရား မဟုတ်ဟူ၍ ဖြစ်သည်။ ထိုသို့သောနည်းလမ်းဖြင့် သမ္မာတရားကို သတ်မှတ်ကြသူများသည် သမ္မာတရားနှင့်ပတ်သက်သော သိမြင်မှု ရှိကြသလော။ (၎င်းတို့ မသိရှိကြပါ။) ဘုရားသခင်အပေါ် လူသား၏ အယူအဆများအရ အမြဲအဓိပ္ပာယ်ဖွင့်ဆိုနေခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ယင်းက ဘုရားသခင်ကို နာခံခြင်းသို့ ဦးတည်စေမည်လော၊ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ခြင်းသို့ ဦးတည်စေမည်လော။ ဘုရားသခင်ကို နာခံခြင်းသို့ ဦးမတည်ဘဲ ဆန့်ကျင်ခြင်းသို့သာ ဦးတည်စေမည်မှာ အသေအချာပင်ဖြစ်သည်။ သို့ဆိုလျှင် ဘုရားသခင်အား ၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများအပေါ် အခြေခံလျက် အစဉ် သဘောထားနေကြသူများသည် ဘုရားသခင်ကို နာခံသူများ ဖြစ်သလော။ သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်ကို ခုခံသူများ ဖြစ်သလော။ (၎င်းတို့သည် ဘုရားသခင်ကို ခုခံသူများ ဖြစ်သည်။) ဤအချက်မှာ သေချာကြောင်း ပြသနိုင်ပြီး ယင်းကို ဤနည်းဖြင့် ပိုင်းခြားသိမြင်သည်မှာ မှန်ကန်သည်။ လူများက ဘုရားသခင် လူသားအပေါ် ထားရှိသည့် မေတ္တာတရားသည် သိုးငယ်ကို ပွတ်သပ်ပေးခြင်းဖြင့် ယင်းကို အနွေးဓာတ်နှင့် သာယာကြည်နူးမှုကိုပေးသည့် သိုးထိန်းတစ်ဦးနှင့် တူညီရမည်ဖြစ်ကြောင်း၊ ထိုမေတ္တာတရားသည် ၎င်းတို့၏ ခံစားမှုဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရမည် ဖြစ်ကြောင်း ထင်မြင်ကြသည်။ သို့ဖြစ်၍ ဤသည်မှာ ဘုရားသခင်၏ မေတ္တာဖြစ်သည်ဟု ခံစားကြရသည်မဟုတ်လော။ (၎င်းတို့ ခံစားကြရသည်။ သို့သော် အမှန်တွင် ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်း၊ သူ၏ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ခြင်းတို့က လူများ၏ ဘဝများအတွက် ပိုမိုအကျိုးဖြစ်ထွန်းစေပါသည်။) ဤသည်မှာလည်း လူသားအတွက် ဘုရားသခင်၏ မေတ္တာတရားပင်ဖြစ်သည်။ ဤမျှပြောပြစေကာမူ သင်သည် ဘုရားသခင် လူသားအပေါ် မေတ္တာထားခြင်းကို သမ္မာတရားဟုလည်းကောင်း၊ သူ လူသားအပေါ် မေတ္တာမထားခြင်းကို သမ္မာတရားမဟုတ်ဟု လည်းကောင်း ခံစားနေရဆဲ ဖြစ်သည် မဟုတ်လော။ (ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟူသည်မှာလည်း သမ္မာတရားဖြစ်သည်။) ယင်းသို့ဆိုလျှင် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် မည်သို့ဖြစ်ရသနည်း။ မေတ္တာမထားခြင်းမှာ မည်သည့်အရာနည်း။ ဘုရားသခင်က လူသားအပေါ် မေတ္တာထားကြောင်း ငါတို့အားလုံး သိကြသည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထား၊ သူ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု၊ သူ၏ ဆုံးမခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့အားလုံးသည် မေတ္တာတရား၏ နယ်ပယ်တွင် အကျုံးဝင်သည်။ သို့ဆိုလျှင် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားပါက ယင်းမှာ အဘယ်ကြောင့် ဖြစ်မည်နည်း။ (သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကြောင့်ဖြစ်သည်။) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ထိုဖြောင့်မတ်သော စိတ်သဘောထားကြောင့် ဖြစ်ရသလော။ (ဟုတ်ပါသည်။) တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ဖြောင့်မတ်သော စိတ်သဘောထားကြောင့် ဖြစ်ရသည်ဆိုလျှင် ဘုရားသခင်က လူသားအပေါ် ထားရှိသည့် ဖြောင့်မတ်သော စိတ်သဘောထားသည် မေတ္တာထားခြင်းလော၊ မေတ္တာမထားခြင်းလော။ (ယင်းမှာ မေတ္တာထားခြင်း ဖြစ်သည်။) ဘုရားသခင် လူသားအပေါ် ထားရှိသည့် မေတ္တာတရားသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ကြောင်း သင်တို့ နားလည်သွားကြပြီဖြစ်သည်။ သို့သော် လူသားအပေါ် မေတ္တာမထားခြင်းသည် ယင်းစိတ်သဘောထားကြောင့် ဖြစ်သလော။ (ယင်းကြောင့်ဖြစ်သည်။) ဘုရားသခင်က လူသားအပေါ် မေတ္တာမထားသည့်တိုင် ဖြောင့်မတ်သော စိတ်သဘောထား မည်သို့များ ရှိနိုင်သနည်း။ သင်တို့ကို ငါ မေးခွန်းတစ်ခု ထပ်မေးမည်။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားရန် ဖြစ်နိုင်သည်ဟု သင်တို့ ထင်ကြသလော။ ယင်းသို့သော ဖြစ်ရပ်မျိုး ရှိနိုင်သလော။ (လူသားသည် မကောင်းမှု မှန်သမျှကို ကျူးလွန်ပြီး ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေသည့်အခါ ဘုရားသခင်သည် လူသားအပေါ် မေတ္တာ မထားရှိပေ။) သင်ပြောဆိုနေသည့်အရာသည် အခြေအနေပေါ် မူတည်ပြီး မရှိမဖြစ် ရှိထားရမည့် သတ်မှတ်ချက်များအပေါ်၌ အခြေပြုထားခြင်းဖြစ်ကာ ငါမေးမြန်းနေသည့်အရာသည် ကြိုတင်ကောက်ချက်ချထားခြင်းအပေါ် အခြေမခံသည့် အရာဖြစ်သည်။ ဘုရားသခင် လူသားအပေါ် ထားရှိသည့် မေတ္တာတရားသည် အသေအချာပင် သမ္မာတရားဖြစ်ပြီး လူတိုင်း ဤအရာကို နားလည်ကြသည်။ သို့သော် ဘုရားသခင်က လူသားအပေါ် မေတ္တာ မထားခြင်းသည် သမ္မာတရား ဟုတ်မဟုတ်နှင့် စပ်လျဉ်း၍မူ လူများက သံသယကိုယ်စီရှိကြသည်။ အကယ်၍ သင်သည် ဤကိစ္စရပ်ကို ကျော်လွှားနိုင်လျှင် ဘုရားသခင် လုပ်ဆောင်သည့် အရာအများစုကိုလည်း ကျော်လွှားနိုင်မည်ဖြစ်ပြီး သင့်တွင် ယူဆချက်များ ပေါ်ထွက်တော့မည် မဟုတ်။ ဘုရားသခင်နှင့် စပ်လျဉ်း၍ လူသားအပေါ် သူ၏မေတ္တာ မထားရှိခြင်းအတွက် သရုပ်သကန်အချို့မှာ အဘယ်နည်း။ (ငါတို့သည် ဤကဏ္ဍကို သတိမပြုမိကြသေးပေ။) သင်တို့သည် ယင်းကို ခံစားခဲ့ဖူးခြင်း မရှိသည့်အပြင် သင်တို့သည် ယင်းကို တွေ့ကြုံဖူးခြင်းမရှိ။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းကို ရှင်းပြနိုင်မည့် ငါတို့ သိထားသမျှ စကားလုံးများမှာ အဘယ်နည်း။ ရွံရှာမုန်းတီးခြင်း၊ မနှစ်မြို့ခြင်း၊ ရွံမုန်းခြင်း၊ စက်ဆုပ်ခြင်း ထို့ပြင် စွန့်ပစ်ခြင်း၊ အလွန်အမင်း မနှစ်သက်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ဖြစ်သည်။ ယင်းတို့မှာ အခြေခံအားဖြင့် ထိုကဲ့သို့သော စကားလုံးများ ဖြစ်ကြသည်။ လူတိုင်း ယင်းစကားလုံးများကို နားလည်ကြသည့်အတွက် ယင်းတို့ကို မေတ္တာမထားခြင်းနှင့် ထပ်တူပြုနိုင်သလော။ (ပြုနိုင်ပါသည်။) ယင်းတို့သည် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်း၏ သရုပ်သကန်တွင် ပင်ကိုအားဖြင့် ပါဝင်နေခြင်းကြောင့် ယင်းတို့သည် သမ္မာတရားဖြစ်သည်ဟု သင်တို့ထင်သလော။ (ထင်ပါသည်၊ ယင်းတို့မှာ သမ္မာတရားဖြစ်သည်။) သင်တို့၏အမြင်တွင် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် အကြောင်းပြချက်တစ်ရပ် လိုအပ်နေသည်။ ယင်းမှာ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားသည့် အရာများကို လူသားအပေါ် မေတ္တာထားသည့် ဆက်စပ်အခြေအနေတွင် လုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ဤအကြောင်းပြချက်တွင် မေတ္တာတရား၏ အင်္ဂါရပ်တစ်ခုဖြစ်စေ၊ အခြေခံတစ်ရပ်ဖြစ်စေ မပါရှိဟု ယူဆပါက ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားသည့် အရာများကို လူသားအပေါ် မေတ္တာမထားသည့် သရုပ်သကန်ဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ သင်တို့သည် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရားဟုတ်မဟုတ် သေချာအောင် စိစစ်နိုင်မည် မဟုတ်သကဲ့သို့ ယင်းအရာများကို အပြည့်အဝ နားလည်ရန်လည်း ဖြစ်နိုင်မည်မဟုတ်ချေ။ ဤနေရာတွင် ဤကိစ္စရပ်၏ အရေးအကြီးဆုံးအရာ ပါဝင်နေသည်။ ယင်းသို့ဖြစ်ခြင်းကြောင့် ငါတို့သည် ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ကြရမည်။

သင်တို့သည် ဖန်ဆင်းခံများအားလုံး၏ သခင်ဖြစ်သည့် ဘုရားသခင်က ဤလူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး ယင်းသို့ ဖန်တီးခဲ့သည့်အတွက် သူသည် လူတို့ကို စောင့်ရှောက်ရသည်၊ ၎င်းတို့ စားသောက်သည့် အရာများကို စီမံခန့်ခွဲရသည်၊ ၎င်းတို့၏ ဘဝတစ်ခုလုံးနှင့် ကံကြမ္မာများကို ထိန်းကျောင်းကွပ်ကဲရသည်ဟု ထင်ကြသလော။ (သူထိုသို့ မပြု။) ဆိုလိုသည်မှာ အကယ်၍ သူအလိုရှိလျှင် သင့်အား စောင့်ရှောက်ရန်၊ သူက သင့်အား စောင့်ရှောက်ရန် အလိုမရှိလျှင် သင့်အား လူအုပ်များအတွင်းသို့ဖြစ်စေ၊ တစ်စုံတစ်ခုသော ပတ်ဝန်းကျင်သို့ဖြစ်စေ ပစ်ထည့်လိုက်ပြီး သင့်အား နစ်မြုပ်သွားစေရန် သို့မဟုတ် ရုန်းကန်နေစေရန် ဘုရားသခင်၌ တန်ခိုး ရှိသလော။ (ရှိပါသည်။) ယင်းသည် ဘုရားသခင်၏ တန်ခိုးအတွင်း၌ ရှိသဖြင့် ဘုရားသခင်သည် လူသားနှင့် ပတ်သက်၍ ဂရုမစိုက်ဟု ဆိုခြင်းမှာ သမ္မာတရား မဟုတ်သလော။ (ဟုတ်သည်။) ယင်းသည် သမ္မာတရားနှင့် အညီဖြစ်သည်။ ယင်းသည် မည်သည့်အတွက်ကြောင့် သမ္မာတရားဟု ဆိုနိုင်သနည်း။ (ဘုရားသခင်သည် ဖန်ဆင်းခြင်းတစ်ခုလုံး၏ သခင်ဖြစ်သည်။) ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းအရ၊ ထို့ပြင် ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့အကြား ခြားနားချက်အရ ဘုရားသခင်သည် သူဆန္ဒရှိပါက သင့်ကို စောင့်ရှောက်မည်ဖြစ်ပြီး သင့်ကို စောင့်ရှောက်ရန် ဆန္ဒမရှိပါက သူ စောင့်ရှောက်မည်မဟုတ်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သင့်ကို စောင့်ရှောက်လိုလျှင် စောင့်ရှောက်ရန် သင့်လျော်ပြီး ထိုသို့ပြုရန် သူမလိုလားလျှင်လည်း ကြောင်းကျိုးဆီလျော်မှု ရှိသည်။ ယင်းမှာ မည်သည့်အပေါ်တွင် မူတည်သနည်း။ ယင်းမှာ ဘုရားသခင် လိုလားမှု ရှိမရှိအပေါ် မူတည်ပြီး ယင်းမှာ သမ္မာတရားဖြစ်သည်။ “မဟုတ်ပါ။ ကိုယ်တော်သည် ကျွန်ုပ်ကို ဖန်ဆင်းခဲ့သည့်အတွက် ကျွန်ုပ် စားသောက်သည့်အရာကို ကိုယ်တော် တာဝန်ယူရမည်၊ ကျွန်ုပ်၏ ကျန်ဘဝတစ်လျှောက်လုံး ကျွန်ုပ်ကို ကိုယ်တော် စောင့်ရှောက်ရမည်” ဟု ပြောဆိုကြသူများရှိသည်။ ယင်းမှာ သမ္မာတရားနှင့် အညီဖြစ်သလော။ ဤသည်မှာ ဆင်ခြင်တုံတရားကင်းမဲ့ပြီး သမ္မာတရားနှင့် ညီညွတ်မှုမရှိ။ အကယ်၍ ဘုရားသခင်က “ငါ သင့်ကို ဖန်ဆင်းပြီးနောက် သင့်ကို ဘေးဖယ်ထားလိုက်ပြီး သင့်ကို စောင့်ရှောက်တော့မည် မဟုတ်” ဟု‌ ပြောခဲ့လျှင် ဤသည်မှာ ဖန်ဆင်းရှင်၏ တန်ခိုးသာဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းနိုင်သည့်အတွက် သူ့တွင် သင့်အား ကောင်းသည့်နေရာသို့ဖြစ်စေ၊ ဆိုးသည့်နေရာသို့ဖြစ်စေ ဘေးဖယ်ထားရန် တန်ခိုးရှိသည်။ ယင်းမှာ ဘုရားသခင်၏ တန်ခိုးဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးအတွက် အခြေပြုချက်မှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်း ဖြစ်သည်။ ထို့ကြောင့် သူသည် သင့်ကို စောင့်ရှောက်နိုင်သလို မစောင့်ရှောက်ဘဲလည်း နေနိုင်သည်။ မည်သို့ပြုသည်ဖြစ်စေ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းမှာ သမ္မာတရားဟု အဘယ်ကြောင့် ငါပြောသနည်း။ လူများ နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်သည်။ သင် ယင်းကို နားလည်သွားသည့်အခါ သင်မည်သူမည်ဝါ ဖြစ်သည်၊ သင်ယုံကြည်သည့် ဘုရားသခင်သည် မည်သူဖြစ်သည်၊ သင်နှင့် ဘုရားသခင်အကြား ခြားနားချက်များမှာ မည်သည့်အရာဖြစ်သည်ကို သင်သိလာလိမ့်မည်။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းနှင့် စပ်လျဉ်းသည့် သွင်ပြင်လက္ခဏာကို ငါတို့ပြန်ဆွေးနွေးကြစို့။ ဘုရားသခင်သည် လူသားအပေါ် မေတ္တာထားရမည်လော။ (သူသည် မေတ္တာထားရန် မလို။) သူသည် ယင်းသို့ပြုရန် မလိုသည့်အတွက် ဘုရားသခင်က လူသားအပေါ် မေတ္တာထားရန် မလိုသဖြင့် ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရား ဟုတ်သလော။ (ယင်းမှာ သမ္မာတရားဖြစ်သည်။) ယင်းက အမှုကိစ္စများကို ပိုမိုရှင်းလင်းစေခြင်း မရှိသလော။ ယခု ငါတို့ ဤအကြောင်းကို ပြောကြစို့။ လူသားမျိုးနွယ်သည် စာတန်ကြောင့် ဖောက်ပြန်ပျက်စီးခဲ့ရပြီး စာတန်ကဲ့သို့ ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထား ရှိသည့်အတွက် ဘုရားသခင်က လူသားမျိုးနွယ်ကို မကယ်တင်ဘဲ လူသားမျိုးနွယ်ကို သူ့ထံသို့ မခေါ်ဆောင်ပါက လူသားနှင့် ဘုရားသခင်အကြား ဆက်ဆံရေးမှာ မည်သို့ရှိမည်နည်း။ (ဆက်ဆံရေး မရှိပါ။) ယင်းမှာ မမှန်ကန်။ အမှန်အားဖြင့် ဆက်ဆံရေးတစ်ရပ် ရှိသည်။ သို့ဆိုလျှင် ယင်းမှာ မည်သို့သော ဆက်ဆံရေးမျိုး ဖြစ်သနည်း။ ယင်းမှာ ရန်လိုသည့် ဆက်ဆံရေးတစ်ရပ်ဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ် ရန်လိုပြီး သင်၏ သဘာဝ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရအပေါ် ရန်လိုသည်။ ထို့ကြောင့် ဘုရားသခင်သည် သင့်အပေါ် မေတ္တာမထားခြင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိသလော။ ဘုရားသခင်သည် သင့်ကို ရွံရှာမုန်းတီးရန်၊ မနှစ်မြို့ရန်၊ စက်ဆုပ်ရန် ကျိုးကြောင်းဆီလျော်မှု ရှိသလော။ (ယင်းမှာ ကျိုးကြောင်းဆီလျော်မှု ရှိပါသည်။) ယင်းသည် အဘယ်ကြောင့် ကျိုးကြောင်းဆီလျော်မှု ရှိသနည်း။ (အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ထံ၌ ဘုရားသခင်၏ မေတ္တာနှင့် ထိုက်တန်သောအရာ မရှိသည့်အပြင် ကျွန်ုပ်တို့၏ စိတ်သဘောထားများသည် အလွန်ဆိုးရွားစွာ ပျက်စီးနေသောကြောင့် ဖြစ်ပါသည်။) ဘုရားသခင်သည် ဖန်ဆင်းခံအားလုံး၏ သခင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦးဖြစ်သည်။ သို့သော် ဖန်ဆင်းခံတစ်ဦးအနေနှင့် သင်သည် ဘုရားသခင်နောက်သို့ လိုက်ပါမှုမရှိခဲ့ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များကို မနာခံခဲ့။ ယင်းသို့ ပြုမည့်အစား သင်သည် စာတန်၏နောက်သို့ လိုက်ပါခဲ့ပြီး ဘုရားသခင်၏ ဆန့်ကျင်ဘက်နှင့် ရန်သူဖြစ်လာခဲ့သည်။ ဘုရားသခင်တွင် သနားကရုဏာ၏ အနှစ်သာရ ရှိသောကြောင့် သူက သင့်အပေါ် မေတ္တာထားသည်။ သူသည် သင့်အပေါ် သနားပြီး သင့်ကို ကယ်တင်သည်။ ဘုရားသခင်တွင် ဤအနှစ်သာရရှိသည်။ ဘုရားသခင်သည် သူဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်အပေါ် သနားကရုဏာနှင့် စိုးရိမ်မှုရှိသည်။ သင့်အပေါ်ထားသည့် သူ့မေတ္တာသည် သူ့အနှစ်သာရ စီးဆင်းလာမှု တစ်ရပ်ဖြစ်ပြီး ယင်းမှာ သမ္မာတရား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင် လူသားမျိုးနွယ်သည် ဘုရားသခင်၏ မေတ္တာနှင့် မထိုက်တန်။ လူသားမျိုးနွယ်သည် မာနထောင်လွှားသည်၊ အပြုသဘောဆောင်သော အရာများကို ရွံရှာစက်ဆုပ်သည်၊ ဆိုးယုတ်ကာ ရက်စက်ပြီး ဘုရားသခင်အပေါ် မုန်းတီးသည့်အပြင် ဆန့်ကျင်အာခံသည်။ ထို့ကြောင့် ဘုရားသခင်၏ အနှစ်သာရဖြစ်သည့် သူ၏ သန့်ရှင်းမှု၊ ဖြောင့်မတ်မှု၊ သစ္စာရှိမှုနှင့် ယင်းတို့အားလုံးအပြင် ဩဇာအာဏာရှိမှုတို့ကို ထည့်သွင်းစဉ်းစားလျှင် သူသည် ဤကဲ့သို့သော လူသားမျိုးနွယ်တစ်ရပ်အပေါ် မည်သို့ မေတ္တာထားနိုင်မည်နည်း။ ဘုရားသခင်သည် ဤကဲ့သို့သော လူသားမျိုးနွယ်နှင့် လိုက်လျောညီထွေ ဖြစ်နိုင်ပါမည်လော။ သူသည် ယင်းကို မေတ္တာထားနိုင်မည်လော။ (သူ မထားနိုင်ပါ။) ဘုရားသခင်သည် မေတ္တာ မထားနိုင်သည့်အတွက် လူများနှင့် ဆက်သွယ်မှုပြုပြီး ၎င်းတို့ကို ကယ်တင်လိုသည့်အခါ မည်သည့်အရာကို ဖော်ပြမည်နည်း။ ဘုရားသခင်သည် လူများနှင့် ဆက်သွယ်မှု ပြုလျှင်ပြုခြင်း ရွံရှာခြင်း၊ စက်ဆုပ်ခြင်းနှင့် အလွန်မုန်းတီးခြင်းတို့ကို ဖော်ပြသည့်အပြင် သူသည် ဆိုးဝါးသည့် မကောင်းမှုကို ပြုသူများအား အလွန်အမင်း မနှစ်သက်ခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို ပြုသည်။ ဤသည်မှာ မေတ္တာထားခြင်းမဟုတ်။ သို့ဆိုလျှင် ဘုရားသခင်က လူသားအပေါ် မေတ္တာ မထားခြင်းသည် သမ္မာတရား ဖြစ်သလော။ (ဖြစ်ပါသည်။) ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရားဖြစ်သည်။ ဘုရားသခင်သည် သူ့ကို ဆန့်ကျင်အာခံသူများအား မေတ္တာမထားဟုဆိုခြင်းသည် မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ မျှတပြီး ကျိုးကြောင်းဆီလျော်ကာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားဖြင့် ဆုံးဖြတ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဤနေရာ၌လည်း ဘုရားသခင်က လူသားအပေါ် မေတ္တာမထားခြင်းသည် သမ္မာတရားဖြစ်သည်။ ဤသည်မှာ သမ္မာတရားဖြစ်ကြောင်း မည်သည့်အရာက ဆုံးဖြတ်သနည်း။ ယင်းကို ဘုရားသခင်၏ အနှစ်သာရက ဆုံးဖြတ်သည်။

သို့ဆိုလျှင် နောက်ဆုံး အနှစ်ချုပ်လိုက်သောအခါ ဘုရားသခင်သည် လူသားအပေါ် မေတ္တာထားသလော။ (ထားပါသည်။) အမှန်အားဖြင့် လူသား၏ အနှစ်သာရနှင့် သရုပ်သကန်တို့အရ လူသားသည် ဘုရားသခင်၏ မေတ္တာနှင့် မထိုက်တန်သော်လည်း ဘုရားသခင်သည် လူသားအပေါ် လွန်စွာ မေတ္တာထားနိုင်ဆဲ ဖြစ်သည်။ သင်တို့၏ အမြင်တွင် ဘုရားသခင်သည် သမ္မာတရားဖြစ်သလော။ သူ၏ အနှစ်သာရသည် သန့်ရှင်းသလော။ (သန့်ရှင်းပါသည်။) အခြားတစ်ဖက်တွင်မူ လူသားသည် အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး ၎င်း၏ ဖောက်ပြန်ပျက်စီးမှုသည် လွန်စွာနက်ရှိုင်းသဖြင့် ဘုရားသခင်သည် လူသားအား ရွံမုန်းမှု အနည်းငယ်မျှပင်မရှိဘဲ မေတ္တာထားနိုင်သလော။ အကယ်၍ အနည်းငယ်မျှသော မုန်းတီးမှု၊ မနှစ်မြို့မှု သို့မဟုတ် ရွံရှာမှုပင် မရှိပါက ယင်းသည် ဘုရားသခင်၏ အနှစ်သာရနှင့် ကိုက်ညီမှုမရှိ။ ဘုရားသခင်သည် ဤလူသားမျိုးနွယ်ကို စက်ဆုပ်ကာ အလွန်မုန်းတီး၍ ရွံရှာပြီး စိတ်ကုန်နေပြီ ဖြစ်သော်လည်း သူသည် လူများကို ကယ်တယ်နိုင်စွမ်း ရှိဆဲပင်ဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ စစ်မှန်သော မေတ္တာ၊ ဘုရားသခင်၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က လူသားအပေါ် မေတ္တာမထားမှုသည် သူ၏ အနှစ်သာရကြောင့် ဖြစ်ပြီး သူက လူသားအပေါ် မေတ္တာထားနိုင်ဆဲ ဖြစ်ခြင်းသည်လည်း သူ၏ အနှစ်သာရကြောင့်ပင် ဖြစ်သည်။ ယခုအခါ ယင်းကိစ္စသည် ရှင်းလင်းသွားပြီဖြစ်၍ မည်သည်က သမ္မာတရား ဖြစ်သနည်း။ ဘုရားသခင်က လူသားအပေါ် မေတ္တာထားခြင်းလော။ လူသားအပေါ် မေတ္တာမထားခြင်းလော။ (နှစ်ခုလုံးမှာ သမ္မာတရား ဖြစ်သည်။) ယခုအခါ ယင်းမှာ ပြေလည်သွားပေပြီ။ သို့ဆိုလျှင် လူသားသည် ဤအရာကို လုပ်ဆောင်နိုင်သလော။ မည်သည့်လူသားမျှ ဤအရာကို မလုပ်ဆောင်နိုင်။ လုပ်ဆောင်နိုင်သူ တစ်ဦးတစ်ယောက်မျှမရှိ။ လူများသည် မိမိတို့၏ သားသမီးအရင်းများကိုပင် ဤသို့မလုပ်ဆောင်နိုင်။ အကယ်၍ သင်၏ သားသမီးသည် သင့်ကို အစဉ်အမြဲ စိတ်ဆိုးအောင် ပြုပြီး သင့်စိတ်နှလုံးကို ကြေကွဲစေမည်ဆိုပါက သင်သည် ပထမဦးစွာ စိတ်ဆိုးမည်ဖြစ်သည်။ သို့သော် အချိန်ကြာမြင့်လာသည့်အခါ သင့်နှလုံးသားသည် စက်ဆုပ်လာလိမ့်မည်။ ၎င်းက သင့်အား အချိန်အတိုင်းအတာတစ်ခုထက် ကျော်လွန်အောင် စက်ဆုပ်မှု ဖြစ်ပေါ်စေသည်နှင့် သင်သည် လုံးဝလက်လျှော့လိုက်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် သူနှင့် ဆက်ဆံရေးများကို ဖြတ်တောက်ပစ်လိမ့်မည်။ လူသား၏ မေတ္တာမှာ အဘယ်နည်း။ ယင်းသည် ချစ်ခင်နှစ်သက်မှုနှင့် ဇာတိပကတိ၏ သွေးသားတော်စပ်မှုတို့မှ ပေါ်ထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းသည် သမ္မာတရားနှင့် မည်သို့မျှမပတ်သက်။ ယင်းမှာ လူသား၏ ဇာတိပကတိနှင့် ချစ်ခင်နှစ်သက်မှုများ၏ လိုအပ်ချက်များမှ ပေါ်ထွက်လာသော မေတ္တာဖြစ်သည်။ ဤမေတ္တာအတွက် အခြေခံမှာ အဘယ်နည်း။ ယင်းသည် ချစ်ခင်နှစ်သက်မှုများ၊ သွေးသားတော်စပ်မှုများနှင့် အကျိုးစီးပွားများအပေါ် အခြေခံပြီး ယင်းတွင် သမ္မာတရား တစ်စက်မျှမပါရှိ။ သို့ဆိုလျှင် လူသား၏ မေတ္တာမထားခြင်းအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သူ၏ စိတ်နှလုံးကို ကြေကွဲစေခဲ့သည့် တစ်စုံတစ်ဦးက စက်ဆုပ်အောင်၊ အလွန် မုန်းတီးအောင်နှင့် ရွံရှာအောင် ပြုမူခဲ့ပြီးသည့်နောက် သူသည် မေတ္တာမထားတော့၊ မေတ္တာထားနိုင်ခြင်းလည်း မရှိတော့။ ဤလူသားမျိုးနွယ်သည် ဘုရားသခင်၏ စိတ်နှလုံးကို မည်သည့်အတိုင်းအတာအထိ ကြေကွဲစေခဲ့သည်ဟု သင်တို့ထင်ကြသနည်း။ (ယင်းကို ဖော်ပြခြင်းငှာ မစွမ်းနိုင်။) မှန်သည်၊ ယင်းကို ဖော်ပြခြင်းငှာ မစွမ်းနိုင်။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားအပေါ် မေတ္တာထားဆဲ ဖြစ်သလော။ သင်သည် ဘုရားသခင်က လူသားအပေါ် မေတ္တာထားမထား မသိသော်လည်း ယခုအချိန်တွင်ပင် ဘုရားသခင်သည် သင့်ကို ကယ်တင်နေသေးသည်၊ အမြဲအလုပ်လုပ်နေဆဲ၊ သင့်ကို ဦးဆောင်ရန်နှင့် ပံ့ပိုးပေးရန် စကားပြောကြားနေဆဲဖြစ်သည်။ သူသည် လုပ်ငန်းပြီးစီးသွားသည့် နောက်ဆုံးအချိန်အထိ သင့်အပေါ် လက်လျှော့မည်မဟုတ်။ ဤသည်မှာ မေတ္တာမဟုတ်သလော။ (ဟုတ်ပါသည်။) လူသားမျိုးနွယ်တွင် ဤကဲ့သို့သော မေတ္တာမျိုး ရှိသလော။ (မရှိပါ။) လူများ၏ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်များ မရှိတော့သည့်အခါ၊ ၎င်းတို့၏ သွေးသားတော်စပ်မှု ပြတ်စဲသွားသောအခါ၊ ထို့ပြင် ၎င်းတို့အကြား အကျိုးစီးပွားအရ မည်သည့်ဆက်စပ်မှုမျှ မရှိတော့သည့်အခါ ၎င်းတို့သည် မေတ္တာမရှိကြတော့ဘဲ ၎င်းတို့၏ မေတ္တာသည် ကုန်ခန်းသွားပြီဖြစ်ကာ ထို့နောက်တွင် ၎င်းတို့သည် စွန့်လွှတ်ရန်၊ “ရင်းနှီးမြှုပ်နှံမှု” မပြုတော့ရန် ရွေးချယ်လိုက်ကြသည်။ ၎င်းတို့သည် လုံးဝ စွန့်လွှတ်လိုက်ကြသည်။ မေတ္တာ၏ မရှိမဖြစ် လိုအပ်သည့် ဖော်ပြချက်မှာ အဘယ်နည်း။ ယင်းမှာ လက်တွေ့ကျသော အရာများကို လုပ်ဆောင်ရန်နှင့် ရလဒ်များ စွမ်းဆောင်ရရှိရန် ဖြစ်သည်။ အကယ်၍ မေတ္တာနှင့် ဆက်စပ်နေသည့် ဤအရာများကို မလုပ်ဆောင်လျှင် မေတ္တာဟူ၍ ရှိမည်မဟုတ်။ အချို့သူများက ဘုရားသခင်သည် လူသားကို အလွန်မုန်းတီးသည်ဟု ပြောကြသည်။ သို့သော် ယင်းမှာ အပြည့်အဝ မှန်ကန်မှုမရှိ။ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးသည်၊ သို့သော် သူက သင့်အပေါ် စကားနည်းသွားခဲ့သလော။ သူက သင့်အား သမ္မာတရား လျှော့၍ ပေးခဲ့သလော။ သူသည် သင့်အထဲ၌ ပိုမိုနည်းပါးစွာ လုပ်ဆောင်ခဲ့သလော။ (မလုပ်ဆောင်ခဲ့ပါ။) ထို့ကြောင့် ဘုရားသခင်သည် သင့်အား အလွန်မုန်းတီးကြောင်း ပြောဆိုခြင်းအားဖြင့် သင်သည် အသိတရား ကင်းမဲ့ပြီး သင့်စကားလုံးများသည် ကျိုးကြောင်းဆီလျော်မှု မရှိချေ။ ဘုရားသခင်က သင့်အား အလွန်မုန်းတီးခြင်းမှာ မမှားသော်လည်း သူသည် သင့်အပေါ် မေတ္တာထားမြဲဖြစ်ပြီး သူသည် သင်ထံ၌ များစွာလုပ်ဆောင်ခဲ့ပြီးဖြစ်သည်။ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးသည်မှာ အမှန်ဖြစ်သည်။ သို့သော် အဘယ်ကြောင့်နည်း။ အကယ်၍ သင်သည် ကဏ္ဍအသီးသီးတွင် ဘုရားသခင်ကို နာခံပြီး ယောဘကဲ့သို့ ဖြစ်မည်ဆိုလျှင် ဘုရားသခင်သည် သင့်အား အလွန်မုန်းတီးနေဆဲ ဖြစ်မည်လော။ သူသည် သင့်အား အလွန်မုန်းတီးတော့မည်မဟုတ်။ သူ့ထံတွင် သင့်အတွက် မေတ္တာသာ ရှိမည်ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာသည် သူ့ဘာသာသူ မည်သို့ ထင်ရှားပေါ်လွင်သနည်း။ ယင်းသည် တစ်စုံတစ်ဦးအား ချည်မွေးပွဖြင့် ရစ်ပတ်ထားသကဲ့သို့ဖြစ်သည့် လူသား၏ မေတ္တာနှင့် မတူညီ။ ဘုရားသခင်က လူများအပေါ် ဤနည်းဖြင့် မေတ္တာထားခြင်း မဟုတ်။ သူက သင့်အား ဖန်ဆင်းခံ လူသားမျိုးနွယ်၏ သာမန်ဘဝကို ရရှိစေသည်။ ဘုရားသခင်က သင့်အား မည်သို့နေထိုင်မည်၊ မည်သို့ရှင်သန်မည်၊ သူ့ကို မည်သို့ ဝတ်ပြုကိုးကွယ်မည်ကိုလည်းကောင်း၊ အားလုံးအကြား ဆရာတစ်ဆူဖြစ်ပြီး အဓိပ္ပာယ်ရှိသောဘဝကို မည်သို့နေထိုင်မည်၊ ထို့ပြင် အဓိပ္ပာယ်မဲ့သော အရာများကို မလုပ်သကဲ့သို့ စာတန်နောက်ကိုလည်း လိုက်ပါခြင်း မပြုရန် မည်သို့ပြုမည်တို့ကို သိရှိလာစေသည်။ ဘုရားသခင်၏ မေတ္တာ၏ အဓိပ္ပာယ်မှာ ရေရှည်တည်တံ့မှုနှင့် ကျယ်ပြောခြင်း မရှိသလော။ ယင်းမှာ အလွန်ကျယ်ပြောပြီး ဘုရားသခင် ဤအရာများကို ပြုလုပ်ခြင်း၏ နောက်ဆက်တွဲသက်ရောက်မှုများသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် လွန်စွာ ကြီးမားသည့် အရေးပါမှုနှင့် အကျယ်ပြောဆုံး တန်ဖိုးဖြစ်သည်။ ဤအရာသည် မည်သည့်လူသားတစ်ဦးမျှ မလုပ်နိုင်သည့် အရာဖြစ်သည်။ ယင်းတွင် ခန့်မှန်း၍ မရနိုင်သည့် တန်ဖိုးရှိပြီး ယင်းကို လူသားက ငွေကြေးဖြင့်ဖြစ်စေ၊ အခြားမည်သည့် ရုပ်ဝတ္ထုပစ္စည်းမဆိုဖြင့်ဖြစ်စေ ဖလှယ်၍မရနိုင်။ လူတို့သည် ယနေ့ခေတ်တွင် သမ္မာတရားအချို့ကို နားလည်ကြကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ဝတ်ပြု ကိုးကွယ်ရမည်ဖြစ်ကြောင်း သင်တွေ့မြင်သည်။ သို့သော် ၎င်းတို့သည် ယင်းတို့အနက် တစ်စုံတစ်ရာကို လွန်ခဲ့သည့် အနှစ် ၂၀ သို့မဟုတ် ၃၀ က သိရှိခဲ့ကြသလော။ (မသိရှိခဲ့ပါ။) ၎င်းတို့သည် သမ္မာကျမ်းစာ မည်သို့ပေါ်ပေါက်လာကြောင်း မသိရှိခဲ့ကြ။ ၎င်းတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်မှာ မည်သည့်အရာဖြစ်ကြောင်း မသိရှိခဲ့ကြ။ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ဝတ်ပြုကိုးကွယ်မည်၊ အရည်အချင်းပြည့်ဝသော ဖန်ဆင်းခံတစ်ဦးဖြစ်ရန် မည်သို့နေထိုင်ရမည်ကို မသိရှိခဲ့ကြ။ ၎င်းတို့သည် အဆိုပါအရာများအနက် မည်သည့်အရာကိုမျှ မသိရှိခဲ့ကြ။ ထို့ကြောင့် သင်သည် ယခုအချိန်မှ အနှစ်နှစ်ဆယ် ရှေ့သို့ မျှော်ကြည့်လိုက်လျှင် ထိုကာလရှိ လူသားမျိုးနွယ်သည် ယခုခေတ် သင်တို့ထက် များစွာသာလွန်မည် မဟုတ်လော။ (သာလွန်မည် ဖြစ်ပါသည်။) မည်သို့ဖြစ်လာမည်နည်း။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်းကြောင့်နှင့် လူသားအပေါ် သူ၏ အနန္တမေတ္တာကြောင့် ဖြစ်သည်။ ယင်းမှာ သူ့တွင် လူသားအပေါ် ထိုသို့သော စိတ်ရှည်မှု၊ သည်းခံမှုနှင့် ကရုဏာတရားတို့ ရှိပြီး လူသားသည် အလွန်များပြားသော အရာတို့ကို ရရှိထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်တွင် ကြီးမားသော မေတ္တာတရားကြောင့်သာ မဟုတ်လျှင် လူသားသည် မည်သည့်အရာကိုမျှ ရရှိလိမ့်မည်မဟုတ်။

သင်တို့သည် ဘုရားသခင်က လူသားအပေါ် မေတ္တာထားသည်ဟု ထင်ကြသလော။ (မေတ္တာထားပါသည်။) သို့ဖြစ်လျှင် ဘုရားသခင်သည် လူသားအပေါ် အလွန် မုန်းတီးသလော။ (သူ အလွန်မုန်းတီးပါသည်။) မည်သည့်နည်းဖြင့် အလွန်မုန်းတီးသနည်း။ ဘုရားသခင်သည် သူ၏ စိတ်နှလုံးတွင် လူသားကြောင့် ရွံရှာမှုဖြစ်ပြီး လူသား၏ သဘာဝ အနှစ်သာရကို စက်ဆုပ်လေသည်။ လူတစ်ဦးချင်းစီက သူ့အား စက်ဆုပ်မှု ဖြစ်စေသည့်အတွက် သူသည် လူသားအပေါ် မည်သို့ အလုပ် လုပ်နိုင်ဆဲဖြစ်သနည်း။ အဘယ်ကြောင့်ဆိုသော် သူ့တွင် မေတ္တာတရားရှိပြီး သူသည် ဤသူများကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူများကို ကယ်တင်သည့်အခါ ၎င်းတို့ကို အလွန်မုန်းတီးခြင်း မရှိသလော။ သူ အလွန်မုန်းတီးသည်။ အလွန်မုန်းတီးခြင်းနှင့် မေတ္တာထားခြင်းတို့သည် တစ်ပြိုင်နက်တည်း အတူတကွ တည်ရှိကြသည်။ သူ အလွန်မုန်းတီးသည်၊ သူ စက်ဆုပ်သည်၊ သူ ရွံရှာသည်၊ သို့သော်ငြားလည်း တစ်ချိန်တည်းတွင်ပင် သူသည် လူသားအား ကယ်တင်ရန် လုပ်ဆောင်သည်။ မည်သူသည် ယင်းကို လုပ်နိုင်မည်ဟု သင်တို့ထင်သနည်း။ မည်သူမျှ ယင်းကို မလုပ်နိုင်။ လူများသည် ၎င်းတို့ ရွံရှာပြီး စက်ဆုပ်သည့် တစ်စုံတစ်ဦးကို တွေ့မြင်သည့်အခါ ၎င်းတို့သည် ထိုသူအား ဆက်မကြည့်လိုတော့။ ပြီးလျှင် ထိုသူနှင့် စကားတစ်ခွန်းမျှ ပြောဆိုခြင်းသည်ပင် များလွန်းနေသည်။ သို့မဟုတ် “ရပ်တည်ချက် မတူလျှင် စကားတစ်လုံးပင် လေကုန်သည်” ဟု မယုံကြည်သူများ ပြောသကဲ့သို့ပင် ဖြစ်သည်။ ဘုရားသခင်သည် လူသားအား စကားလုံးမည်မျှ ပြောဆိုခဲ့သနည်း။ အလွန်များပြားသည်။ ဘုရားသခင်သည် လူသားအပေါ် မေတ္တာမထားဟု သင်ပြောနိုင်သလော။ သို့မဟုတ် သူသည် လူသားကို အလွန်မုန်းတီးခြင်းမရှိဟု သင်ပြောနိုင်သလော။ (ကျွန်ုပ်တို့ မပြောနိုင်ပါ။) အလွန်မုန်းတီးခြင်းသည် မေတ္တာတရားကဲ့သို့ပင် အမှန်တရားတစ်ခု ဖြစ်သည်။ “ဘုရားသခင်က ကျွန်ုပ်တို့ကို အလွန်မုန်းတီးသည်။ သူ့အနားမကပ်ကြစို့။ သူ့ကို တစ်ချိန်လုံး စိတ်အနှောင့်အယှက် ဖြစ်နေစေရန် ကျွန်ုပ်တို့အား ဘုရားသခင် ကယ်တင်ခွင့် မပြုကြစို့” ဟု ပြောသည်ဆိုပါစို့။ ယင်းမှာ အစီအစဉ်တကျ ဖြစ်သလော။ (မဖြစ်ပါ။) သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို အလေးထားခြင်း မရှိသလို သူ့ကို နားလည်ခြင်းလည်းမရှိသကဲ့သို့ သိရှိခြင်းလည်း မရှိ။ ယင်းအစား ဤသို့ပြောခြင်းဖြင့် သင်သည် ဘုရားသခင်အား ပုန်ကန်နေခြင်းဖြစ်ပြီး သူ၏စိတ်နှလုံးကို ကြေကွဲစေခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်က လူသားကို အဘယ်ကြောင့် အလွန်မုန်းတီးကြောင်းနှင့် သူသည် လူသားအပေါ် မည်သို့မေတ္တာထားကြောင်း နားလည်ရမည်။ ဘုရားသခင်၏ မေတ္တာတရားနှင့် အလွန်မုန်းတီးခြင်းတို့အတွက် အကြောင်းတရားများ ရှိပြီး အကြောင်းတရား တစ်ခုစီတွင် ယင်း၏ နောက်ခံနှင့် စည်းမျဉ်းများ ရှိသည်။ အကယ်၍ သင်က “ဘုရားသခင်သည် ကျွန်ုပ်ကို ကယ်တင်သောကြောင့် ကျွန်ုပ်ကို ချစ်ကိုချစ်ရမည်။ ကျွန်ုပ်ကို သူ အလွန် မမုန်းတီးနိုင်ပါ” ဟု ပြောလျှင် ဤသည်မှာ ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ ဘုရားသခင်သည် သင့်ကို အလွန်မုန်းတီးသည်ပင်ဖြစ်စေ သူသည် သင့်ကိုကယ်တင်ရာတွင် နှောင့်နှေးခြင်းမရှိဘဲ သင့်အား နောင်တရစေမည့် အခွင့်အလမ်းကို ပေးဆဲဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ စားသောက်မှုအပေါ်၌ဖြစ်စေ၊ သင့်တာဝန်ကို သင်ထမ်းဆောင်ခြင်း အပေါ်၌ဖြစ်စေ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ သင်သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဆက်လက်ခံစားသည်။ သို့ဖြစ်၍ သင်သည် အဘယ်ကြောင့် ဆက်လက်ငြင်းခုံနေသနည်း။ ဘုရားသခင် သင့်ကို အလွန်မုန်းတီးခြင်းသည် ဖြစ်သင့်သည့်အတိုင်းပင်ဖြစ်သည်။ ယင်းကို ဘုရားသခင်၏ အနှစ်သာရက သတ်မှတ်ပြီး သူသည် သင့်ကို ကယ်တင်ရာ၌ နှောင့်နှေးမှု မရှိခဲ့။ လူများသည် ဤကိစ္စအကြောင်း ဗဟုသုတအချို့ မရှိသင့်သလော။ (ရှိသင့်ပါသည်။) ၎င်းတို့ မည်သည့်အကြောင်းကို သိသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ သန့်ရှင်းခြင်းအကြောင်းကို သိရမည်။ ၎င်းတို့ကို သိရှိရန် မည်သို့လုပ်သင့်သနည်း။ ဘုရားသခင်က ဤလူသားမျိုးနွယ်ကို အလွန်ပင် မုန်းတီးသော်လည်း ၎င်းကို ကယ်တင်နိုင်သေးသည့်အခါတွင် ယင်းကို မည်သို့ခေါ်သနည်း။ ပေါလျှံသော သနားကရုဏာဟု ခေါ်သည်။ ဤအရာသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအတွင်း၌ တည်ရှိသည့်အရာ ဖြစ်သည်။ ဘုရားသခင်သာ ဤအရာကို လုပ်နိုင်သည်။ စာတန်က ဤအရာကို လုပ်မည်မဟုတ်။ ယင်းက သင့်ကို အလွန်မုန်းတီးခြင်း မရှိသော်လည်း သင့်အပေါ် နင်းချေသည်။ အကယ်၍ ယင်းက သင့်ကို အလွန်မုန်းတီးခဲ့လျှင် ယင်းသည် သင့်ကို တစ်နေ့လုံး အပြင်းအထန် နှိပ်စက်မည်ဖြစ်ပြီး သင့်အား ထာဝရအသက်ကို ဆုံးရှုံးစေမည့်အပြင် သင့်ကို ငရဲ၏ တစ်ဆယ့်ရှစ်ခုမြောက် အထပ်အတွင်း ကျဆင်းစေမည်ဖြစ်သည်။ ယင်းမှာ စာတန်ပြုလုပ်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သို့သော် ဘုရားသခင်က လူများအား ဤနည်းဖြင့် ဆက်ဆံသလော။ လုံးဝမဆက်ဆံ။ ဘုရားသခင်က လူများအား နောင်တရရန် လုံလောက်သည့် အခွင့်အလမ်း ပေးသည်။ ထို့ကြောင့် ဘုရားသခင်က သင့်အား အလွန်မုန်းတီးသည်ကို ကြောက်ရန်မလို။ သူက သင့်အပေါ် အလွန်မုန်းတီးကို သူ၏ အနှစ်သာရက သတ်မှတ်သည်။ ဘုရားသခင်က သင့်ကို အလွန်မုန်းတီးခြင်းကြောင့် “ငါသည် ဘုရားသခင်၏ ကယ်တင်ခြင်း ခံရဖို့ မထိုက်တန်သောကြောင့် ဘုရားသခင်သည် ငါ့ကို ကယ်တင်ဖို့ မလိုအပ်။ သူ့ကို စိတ်ပူအောင် မလုပ်မိစေနှင့်” ဟု တွေးလျက် ဘုရားသခင်ထံမှ လှည့်ထွက်သွားပြီးနောက် ဘုရားသခင်ကို စွန့်ခွာခြင်း မပြုနှင့်။ ဤသို့လုပ်ခြင်းက ဘုရားသခင်အား သင့်ကို သာ၍ပင် မုန်းတီးစေမည်ဖြစ်သည်။ အကြောင်းမှာ သင်သည် သူ့အား သစ္စာဖောက်ကာ အရှက်ရစေခဲ့ပြီး စာတန်က သင့်အား ရယ်မောစေရန် ခွင့်ပြုခဲ့၍ဖြစ်သည်။ ဤအရာသည် အမှန်အတိုင်း ဖြစ်သည်ဟုသင်တို့ ထင်ကြသလော။ (တစ်ခါတစ်ရံတွင် ထုတ်ပယ်ခံရခြင်း သို့မဟုတ် အချို့သော အဟန့်အတားများနှင့် ကျရှုံးခြင်းများကို တွေ့ကြုံရသည့်အခါတွင် ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲအောင် လုပ်လိုက်ပြီးဖြစ်သည်ဟုလည်းကောင်း၊ သူသည် ကျွန်ုပ်ကို ကယ်တင်တော့မည် မဟုတ်ဟုလည်းကောင်း ကျွန်ုပ် ခံစားရသည်။ ကျွန်ုပ်၏ စိတ်နှလုံးသည် ဘုရားသခင်ကို ရှောင်ကြဉ်ခြင်း အခြေအနေတွင် တည်ရှိနေသည်။) ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေသော သင်၏လုပ်ဆောင်ချက်သည် ယာယီကိစ္စမဟုတ်။ သင်သည် ဘုရားသခင်၏ စိတ်နှလုံးကို ရှေးယခင်ကလည်း တစ်ကြိမ်မက ကြေကွဲစေခဲ့သည်။ သို့သော် သင့်ကိုယ်သင် အမှန်တကယ် စွန့်လွှတ်လိုက်ခြင်းသည် ဘုရားသခင်ကို သင့်အား လုံးလုံးလျားလျား လက်လျှော့ရန်နှင့် သင့်ကို မကယ်တင်ရန် ခွင့်ပြုသည့်သဘောသက်ရောက်ပြီး ထိုအချိန်တွင် ဘုရားသခင်၏ စိတ်နှလုံးသည် အမှန်တကယ် ကြေကွဲလိမ့်မည်။ ဘုရားသခင်သည် လူများ၏ ခဏတာ အပြုအမူကြောင့်ဖြစ်စေ၊ အချိန်ကာလတစ်ခုကြာ အပြုအမူကြောင့်ဖြစ်စေ ၎င်းတို့ကို သေဒဏ် စီရင်မည် မဟုတ်သလို ၎င်းတို့နှင့် ပတ်သက်၍ ကောက်ချက်ချမှုများ ပြုမည်မဟုတ်။ သူသည် ထိုသို့ ပြုမည်မဟုတ်။ ယင်းသို့ဆိုလျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို မည်သို့သိသင့်သနည်း။ လူသား၏ အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို မည်သို့ ပြင်ဆင်နိုင်မည်နည်း။ ဘုရားသခင်သည် များပြားသောအရာများနှင့် ပတ်သက်၍ မည်သို့စဉ်းစားကြောင်း၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏ သန့်ရှင်းသော အနှစ်သာရတို့နှင့် ညီညွတ်စေရန် မည်သို့ပြုရမည်ဖြစ်ကြောင်း သင်မသိ။ သင်နားမလည်။ သို့သော် သင်သတိရရမည့် အရာတစ်ခုရှိသည်။ ယင်းမှာ ဘုရားသခင်က မည်သည့်အရာကို ပြုသည်ဖြစ်စေ လူသားက နာခံရမည်၊ လူသားသည် ရွှံ့ဖြင့် ပြုလုပ်ထားသည့် ဖန်ဆင်းခံ တစ်ဦးဖြစ်ပြီး ၎င်းသည် ဘုရားသခင်ကို နာခံသင့်သည်။ ဤသည်မှာ လူသား၏ တာဝန်၊ ဝတ္တရားနှင့် တာဝန်ရှိမှုဖြစ်သည်။ ဤသည်မှာ လူများရှိသင့်သည့် သဘောထားဖြစ်သည်။ လူများတွင် ဤသဘောထား ရှိသည့်အခါ ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားသခင် ပြုလုပ်သည့် အရာများအပေါ် မည်သို့ ပြုမူသင့်သနည်း။ မည်သည့်အခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ သို့မဟုတ်လျှင် သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို စော်ကားမိလိမ့်မည်။ အကယ်၍ သင့်ထံတွင် အယူအဆများ ရှိလျှင် ယင်းတို့ကို ပြင်ဆင်လော့။ သို့သော် ဘုရားသခင်ကိုဖြစ်စေ၊ သူပြုထားသည့် အရာများကိုဖြစ်စေ ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ သင် ယင်းတို့ကို ပြစ်တင်ရှုတ်ချသည့်အခါ သင်သည် ဇာတ်လမ်းဆုံးပြီဖြစ်သည်။ ယင်းမှာ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခြင်းနှင့် တူညီပြီး ကယ်တင်ခြင်းကို လက်ခံရရှိရန် အခွင့်အရေးမရှိ။ သင်က “ကျွန်ုပ်သည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေခြင်း မဟုတ်ပါ။ သို့သော်လည်း ဘုရားသခင်ကို အထင်လွဲမိသည်” သို့မဟုတ် “ကျွန်ုပ်၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့်ပတ်သက်၍ သံသယအနည်းငယ် ရှိသည်။ ကျွန်ုပ်၏ ယုံကြည်ခြင်းသည် သေးနုပ်ပြီး ကျွန်ုပ်တွင် အားနည်းချက်များနှင့် အပျက်သဘောဆောင်ခြင်းများ ရှိသည်” ဟု ပြောကောင်းပြောနိုင်သည်။ ဤအရာများအားလုံးကို စီမံခန့်ခွဲ၍ရနိုင်သည်၊ သမ္မာတရားကို ရှာဖွေခြင်းဖြင့် ၎င်းတို့ကို ပြင်ဆင်နိုင်သည်၊ သို့သော် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချခြင်း မပြုနှင့်။ အကယ်၍ သင်က “ဘုရားသခင် ပြုလုပ်ပြီးသည့်အရာသည် မမှန်ကန်။ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီသောကြောင့် ကျွန်ုပ်တွင် သံသယဖြစ်စရာ၊ မေးခွန်းထုတ်စရာနှင့် စွပ်စွဲစရာ အကြောင်းပြချက် ရှိသည်။ ဤသည်ကို နေရာအနှံ့ လျှောက်ဖြန့်မည် ဖြစ်ပြီး သူ့ကို မေးခွန်းထုတ်ခြင်းဖြင့် လူများကို စည်းရုံးမည်”ဟု ပြောလျှင် ဤအရာသည် ဒုက္ခဖြစ်စေလိမ့်မည်။ သင့်အပေါ် ဘုရားသခင်၏ သဘောထားသည် ပြောင်းလဲသွားမည်ဖြစ်ပြီး အကယ်၍ သင်သည် ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပါက သင်သည် လုံးဝ ဇာတ်သိမ်းသွားလိမ့်မည်။ ဘုရားသခင်က သင့်အား လက်တုံ့ပြန်နိုင်သည့် နည်းလမ်းများစွာ ရှိသည်။ ထို့ကြောင့် လူများသည် ဘုရားသခင်ကို တမင်သက်သက် ဆန့်ကျင်မှု မပြုသင့်။ အကယ်၍ သင်သည် သူ့ကို ဆန့်ကျင်ရန် တစ်စုံတစ်ရာကို မရည်ရွယ်ဘဲ ပြုလုပ်မိလျှင် ယင်းမှာ ကြီးမားသည့် ပြဿနာမဟုတ်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် တမင်သက်သက် သို့မဟုတ် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းမဟုတ်၍ ဘုရားသခင်က သင့်အား နောင်တရရန် အခွင့်အရေးတစ်ရပ်ကို ပေးသည်။ အကယ်၍ သင်သည် တစ်စုံတစ်ရာမှာ ဘုရားသခင်၏ လုပ်ဆောင်မှုမှန်း သိသိငြားလည်း ယင်းကို ရည်ရွယ်ချက်ဖြင့် ပြစ်တင်ရှုတ်ချပြီး လူတိုင်းကိုလည်း တစ်စုတစ်စည်းတည်း ပုန်ကန်ကြရန် လှုံ့ဆော်သည်ဆိုပါက ယင်းမှာ ဒုက္ခဖြစ်စေသည်။ အကျိုးရလဒ်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ သင်သည် မောရှေကို ဆန့်ကျင်ခဲ့သည့် အကြီးအကဲ နှစ်ရာ့ငါးဆယ်ကဲ့သို့ အဆုံးသတ်လိမ့်မည်။ ယင်းမှာ ဘုရားသခင် ဖြစ်ကြောင်း သိရှိလျက် သင်သည် သူ့ကို ဆန့်ကျင်ကန့်ကွက်ဝံ့သေးသည်။ ဘုရားသခင်သည် သင်နှင့် အချေအတင် ပြောဆိုမှုမပြု။ သူသည် ဩဇာအာဏာဖြစ်သည်။ သူသည် ကမ္ဘာကို နှစ်ခြမ်းခွဲလိုက်ပြီး သင့်ကို တိုက်ရိုက်ဝါးမျိုသွားအောင် ပြုသည်။ ဤမျှသာဖြစ်သည်။ သူသည် သင့်ကို မည်သည့်အခါမျှ တွေ့မြင်တော့မည် မဟုတ်ပေ၊ သို့မဟုတ် သင့်အကြောင်းပြချက်ကို နားထောင်မည် မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်သည်။ ဤအချိန်၌ အထင်အရှားပြနေသည့် ဘုရားသခင်၏ စိတ်သဘောထားမှာ အဘယ်နည်း။ ယင်းမှာ အမျက်ဒေါသဖြစ်သည်။ ထို့ကြောင့် လူများသည် ဘုရားသခင်ကို မည်သည့်နည်းနှင့်မျှ ဆန့်ကျင်ကန့်ကွက်ခြင်း သို့မဟုတ် သူ၏ အမျက်ဒေါသကို နှိုးဆွခြင်း မပြုသင့်။ တစ်စုံတစ်ရာက ဘုရားသခင်ကို ထိပါးနှောင့်ယှက်ပါက အကျိုးရလဒ်မှာ ထာဝရပျက်စီးခြင်း ရောက်ရလိမ့်မည်။

ကောက်နုတ်ချက် (၂၅)

ဤအမှု၏အဆင့် စတင်ပြီးသည့်နောက် နှစ်အနည်းငယ်တွင် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို မလိုက်စားခဲ့သည့်လူတစ်ဦး ရှိခဲ့သည်။ သူက ငွေရှာကာ၊ လက်တွဲဖော်ရှာဖွေဖို့၊ ချမ်းသာကြွယ်ဝသော ဘဝတွင် အသက်ရှင်နေထိုင်ဖို့သာ သူလိုချင်ခဲ့သည်။ ထို့ကြောင့် အသင်းတော်မှ သူထွက်ခွာသွားခဲ့သည်။ နှစ်အနည်းငယ် လှည့်ပတ်သွားလာပြီးသည့်နောက်တွင် ယခု သူ မမျှော်လင့်ဘဲ ပြန်ရောက်လာခဲ့သည်။ ၎င်း၏စိတ်နှလုံး၌ ကြီးမားသော နောင်တကို သူခံစားရပြီး အသည်းအသန် ငိုကြွေးခဲ့လေသည်။ ဤသည်က သူ၏ စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား မခွဲခွာခဲ့ကြောင်း သက်သေပြခဲ့သည်။ ယင်းက ကောင်းသည့်အရာ တစ်ခုဖြစ်သည်။ ၎င်း၌ ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်းတစ်ခုနှင့် မျှော်လင့်ချက်တစ်ခုတို့ ရှိခဲ့ဆဲဖြစ်၏။ ၎င်းသည် ယုံကြည်ခြင်းကို ရပ်တန့်ကာ မယုံကြည်သူများကဲ့သို့ဖြစ်လာပါက၊ သူသည် လုံးလုံး ဘဝဆုံးသွားပြီးဖြစ်မည် ဖြစ်သည်။ သူသည် အမှန်တကယ် နောင်တရနိုင်ပါက၊ သူ့အတွက် မျှော်လင့်ချက် ရှိသေးသည်။ ဤသည်မှာ ရှားပါးပြီး တန်ဖိုးရှိလှသည်။ ဘုရားသခင် မည်သို့ ပြုမူပါစေ၊ ပြီးလျှင် ဘုရားသခင်သည် လူများကို မည်သို့ ဆက်ဆံပါစေ၊ သူသည် ၎င်းတို့အား မုန်းပါစေ၊ စက်ဆုပ်ပါစေ၊ သို့မဟုတ် ကျိန်ဆဲပါစေ ၎င်းတို့ ပြောင်းလဲနိုင်သည့်နေ့ရက်အချိန် ရောက်လာပါက၊ ဤသည်က ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာအနည်းငယ် ရှိဆဲဖြစ်ကြောင်း၊ ၎င်းတို့သည် ၎င်းတို့၏ လူ့အသိစိတ် သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ လုံးလုံး မဆုံးရှုံးသေးကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လိုဆဲ ဖြစ်ပြီး သူ့ကို အသိအမှတ်ပြုဖို့နှင့် သူ့ရှေ့မှောက် ပြန်လာဖို့ အနည်းဆုံးအနေဖြင့် ရည်ရွယ်ချက်အချို့ ရှိကြောင်းကို ဆိုလိုမည် ဖြစ်သည့်အတွက် ငါသည် အလွန်ကျေနပ်မည်ဖြစ်သည်။ မိမိတို့၏စိတ်နှလုံးများတွင် ဘုရားသခင် အမှန်တကယ် ရှိသောသူများအတွက် ဘုရားသခင်၏ အိမ်တော်ကို ၎င်းတို့ မည်သည့်အချိန်တွင် စွန့်ခွာပါစေ၊ ၎င်းတို့ပြန်လာပြီး ဤမိသားစုကို ချစ်ခင်ဆဲဖြစ်ပါက၊ ငါသည် အတော်အတန် သံယောဇဉ်ရှိစွာ တွယ်တာလာပြီး ယင်းတွင် ကျေနပ်မှုအချို့ ရလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းတို့ မည်သည့်အခါမျှ မပြန်လာပါက၊ ငါသည် ယင်းကို သနားစဖွယ်အဖြစ် တွေးမိမည်။ ၎င်းတို့ ပြန်လာနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ပါက၊ ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်မှုတို့ဖြင့် အထူးသဖြင့် ပြည့်နှက် နေလိမ့်မည်။ ဤလူက ပြန်လာနိုင်စွမ်းရှိသေးသည်မှာ သူသည် ဘုရားသခင်ကို မေ့လျော့ခြင်းမရှိသည်ကို ရည်ညွှန်းနေသည်။ သူ၏စိတ်နှလုံးတွင် ဘုရားသခင်ကို တောင့်တဆဲဖြစ်သောကြောင့် သူပြန်လာခြင်းဖြစ်သည်။ ငါတို့ တွေ့ဆုံသောအခါ အလွန်ပင် စိတ်ထိခိုက်ဖွယ်ရာဖြစ်သည်။ သူထွက်သွားသည့်အခါ၊ သူသည် သေချာပေါက် အတော်အတန် အပျက်သဘောဆောင်နေခဲ့ပြီး၊ သူသည် ဆိုးရွားသည့် အခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။ သူယခု ပြန်လာနိုင်လျှင်မူ သူသည် ဘုရားသခင်၌ ယုံကြည်မှုရှိဆဲဖြစ်သည်ကို သက်သေပြနေသည်။ သို့သော် လူများသည် အလွန်လျင်မြန်စွာ ပြောင်းလဲကြသောကြောင့်၊ သူရှေ့ဆက်နိုင်ခြင်း ရှိမရှိကမူ မသိရသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ ယေရှုသည် လူသားများအတွက် သနားပြီး ကျေးဇူးတော် ထားရှိခဲ့သည်။ သိုးတစ်ရာထဲမှ တစ်ကောင် ပျောက်ဆုံးသွားပါက၊ တစ်ကောင်ကို ရှာဖွေဖို့ ကိုးဆယ့်ကိုးကောင်ကို သူထားခဲ့မည် ဖြစ်သည်။ ဤစာကြောင်းသည် သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်း ဆက်စပ်သော လုပ်ရပ်တစ်မျိုး၊ သို့မဟုတ် စည်းမျဉ်းတစ်ခုကို ကိုယ်စားမပြုပေ။ ယင်းက လူများကို ကယ်တင်ဖို့ ဘုရားသခင်၏ အရေးပေါ်ရည်ရွယ်ချက်အပြင်၊ ၎င်းတို့အတွက် သူ၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ပြသသည်။ ယင်းက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ယင်းက စိတ်သဘောထားတစ်မျိုး စိတ်နေစိတ်ထားတစ်မျိုးဖြစ်သည်။ ထိုသို့ဖြင့် လူအချို့က အသင်းတော်မှ ခြောက်လ၊ သို့မဟုတ် တစ်နှစ်ကြာ ထွက်ခွာသွားသည် သို့မဟုတ် အားနည်းချက်မည်မျှရှိပါစေ သို့မဟုတ် နားလည်မှုလွဲခြင်း မည်မျှ ခံစားရပါစေ၊ သို့ရာတွင် နောက်ပိုင်းတွင် စစ်မှန်မှုကို နားလည်သဘောပေါက်နိုင်စွမ်း၊ အသိပညာရနိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်း၊ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်နိုင်စွမ်းတို့က ငါ့ကို အထူးသဖြင့် နှစ်သိမ့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ် ဖြစ်စေသည်။ ဤပျော်ရွှင်မြူးထူးပြီး ထည်ဝါသည့် ကမ္ဘာလောကြီးတွင်၊ ဤဆိုးယုတ်သော ခေတ်တွင် ဘုရားသခင်ကို အသိအမှတ်ပြုနိုင်ခြင်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နိုင်ခြင်းတို့က နှစ်သိမ့်မှုအနည်းငယ်နှင့် စိတ်လှုပ်ရှားမှုတို့ကို ဖြစ်စေသည့်အရာတစ်ခု ဖြစ်လေသည်။ ကလေး ကျွေးမွေးပြုစုခြင်းကို ဥပမာကြည့်လော့။ ၎င်းတို့သည် သားသမီးဝတ်ကျေပွန်သည် ဖြစ်စေ မကျေပွန်သည်ဖြစ်စေ၊ ၎င်းတို့က သင့်ကို အသိအမှတ်မပြုဘဲ၊ နေအိမ်မှ ထွက်ခွာသွားကာ လုံးဝမပြန်လာပါက သင်မည်သို့ ခံစားရမည်နည်း။ စိတ်ထဲတွင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ စိုးရိမ်စိတ်ခံစားနေရဆဲ ဖြစ်ပြီး သင်က “ငါ့သားလေး မည်သည့်အချိန်တွင် ပြန်လာမည်နည်း။ ငါသူ့ကို တွေ့ချင်သည်။ အမှန်တော့ သူသည် ငါ၏သားဖြစ်ပြီး သူ့ကို ငါကျွေးမွေးပြုစုပြီး ချစ်ခဲ့သည်မှာ အချည်းနှီးမဖြစ်လောက်ပေ။” ဟု အမြဲ တွေးနေလိမ့်မည်။ သင်သည် ဤနည်းဖြင့် အမြဲတွေးခဲ့သည်။ သင်သည် ထိုနေ့ရက် ရောက်လာဖို့ အစဉ် တောင့်တနေခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူတိုင်းက တစ်ထေရာတည်း ခံစားကြရသည်၊ ဘုရားသခင်ကို ထည့်မတွက်နှင့်ဦးတော့— သူ၏မျှော်လင့်ချက်မှာ လူသည် လမ်းလွဲပြီးသည့်နောက်တွင် မိမိ၏လမ်းကို ပြန်ရှာတွေ့လိမ့်မည်၊ ပျောက်သောသား ပြန်လာလိမ့်မည်ဟူသည့် သာ၍ ကြီးမားသော မျှော်လင့်ချက်ပင် ဖြစ်သည် မဟုတ်လော။ ဤခေတ်လူများသည် ဝိညာဉ်ရင့်ကျက်မှု နုနယ်ကြသော်လည်း၊ ၎င်းတို့သည် စစ်မှန်သော ယုံကြည်ခြင်းကို လိုအင်ဆန္ဒရှိကာ၊ ဘုရားသခင်၏ စိုးရိမ်မှုနှင့် မတန်သည့် မယုံကြည်သူများ မဖြစ်ပါမှ၊ ၎င်းတို့ ဘုရားသခင်၏ အလိုတော်ကို နားလည်သည့်နေ့ရက်အချိန် ရောက်လာလိမ့်မည်။

ကောက်နုတ်ချက် (၂၇)

“ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းသည် ယခုဘဝဖြစ်စေ နောင်ဘဝဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်သည့် အပြစ်တစ်ခုဖြစ်ပြီး ဤအပြစ်ကို ကျူးလွန်သူများသည် မည်သည့်အခါမျှ လူပြန်ဝင်စားမည် မဟုတ်ချေ” ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားသည် လူ၏ ပုန်ကန်ပြစ်မှားခံရခြင်းကို သည်းမခံဟု ဆိုလိုသည်။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းနှင့် အသရေဖျက်ခြင်းကို ဤဘဝတွင်ဖြစ်စေ၊ နောက်ဘဝတွင်ဖြစ်စေ ခွင့်လွှတ်မည်မဟုတ်သည်မှာ သေချာပေါက်ကို သံသယရှိစရာမလိုပေ။ တမင်ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားသည့် အရာတစ်ခုဖြစ်သည်။ ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသည့်စကားများ ပြောဆိုခြင်းသည် မည်သည့်အကြောင်းပြချက်ပင်ဖြစ်စေ ဧကန်မုချ စီရင်ခြင်းခံရမည် ဖြစ်၏။ သို့သော်လည်း လူအချို့သည် ဤအရာကို နားမလည်သော အခြေအနေများတွင် ရောက်သောအခါ၊ သို့မဟုတ် အခြားသူများ၏ လှည့်စားခြင်း၊ ထိန်းချုပ်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကို ခံရသော အခြေအနေများတွင် ရောက်သောအခါ စီရင်ခြင်းခံရထိုက်သော၊ ပြစ်မှားစော်ကားသော စကားများကို ပြောကြသည်။ ဤစကားများကို ၎င်းတို့ပြောပြီးသည့်နောက်တွင် ၎င်းတို့သည် စိတ်မသက်မသာဖြစ်ကာ စွပ်စွဲခံရပြီးဖြစ်သကဲ့သို့ ခံစားရပြီး အလွန်ပင် နောင်တရကြလေသည်။ ပြီးနောက်တွင် ဤအရာ၌ အသိပညာရရှိပြီး ပြောင်းလဲနေစဉ် ကောင်းမှုလုံလုံလောက်လောက်ကို ၎င်းတို့ ပြင်ဆင်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် ၎င်းတို့၏ ယခင်ပြစ်မှားမှုများကို အမှတ်မရတော့ချေ။ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ဂဃဏန သိရမည်ဖြစ်ပြီး သင်တို့၏ အယူအဆများ၊ စိတ်ကူးများနှင့်အညီ ယင်းတို့ကို ထင်ရာမြင်ရာ အသုံးချ၍မဖြစ်ပေ။ သူ၏နှုတ်ကပတ်တော်များသည် မည်သူ့ကို ပစ်မှတ်ထားကြောင်းနှင့် မည်သည့် ဆက်စပ်အခြေအနေတွင် သူစကားပြောနေကြောင်းကို သင်နားလည်ရမည်။ သင်သည် ဘုရားနှုတ်ကပတ်တော်ကို ထင်ရာမြင်ရာ အသုံးချ၍မရပေ၊ သို့မဟုတ် သာမန်ကာလျှံကာ အဓိပ္ပာယ်သတ်မှတ်၍ မရပေ။ မည်သို့ တွေ့ကြုံရမည်ကို မသိသည့်လူများသည် မည်သည့်အရာနှင့်ပတ်သက်၍မျှ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိသကဲ့သို့ မိမိတို့ကိုယ်ကို ဘုရားနှုတ်ကပတ်တော်နှင့် နှိုင်းယှဉ်၍ ချိန်ဆခြင်း မရှိစဉ်တွင် အချို့သော အတွေ့အကြုံများနှင့် ထိုးထွင်းသိမြင်မှု ရှိပြီးဖြစ်သူများကမူ အလွန်ပင် တုံ့ပြန်လွယ်တတ်ကာ ဘုရားသခင်၏ ကျိန်ခြင်းအမင်္ဂလာများ၊ သို့မဟုတ် လူများကို သူ၏စက်ဆုပ်မှုများနှင့် ဖယ်ရှားခြင်းများကို ဖတ်ရှုသည့်အခါတွင် ဘုရားနှုတ်ကပတ်တော်များဖြင့် မိမိတို့ကိုယ်ကို ထင်ရာမြင်ရာ နှိုင်းယှဉ်၍ ချိန်ဆကြလေသည်။ ဤလူများသည် ဘုရားနှုတ်ကပတ်တော်များကို နားမလည်ဘဲ အစဉ်သဖြင့် သူ့ကို အဓိပ္ပာယ်ကောက်လွဲကြ၏။ လူအချို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ရဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ လက်ရှိနှုတ်ကပတ်တော်များကိုပင် မဖတ်ကြပေ၊ သို့မဟုတ် သူ၏ လက်ရှိအမှုကိုပင် စုံစမ်းလေ့လာခြင်း မရှိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို ဝေဖန်သုံးသပ်ခြင်းဖြင့် ပြောဆိုကြပြီး ထို့နောက်တွင် တစ်စုံတစ်ဦးက ၎င်းတို့အား ဧဝံဂေလိဖြန့်ဝေသောအခါတွင် ၎င်းတို့က လက်ခံကြသည်။ ထို့နောက်တွင် ၎င်းတို့ လုပ်ခဲ့သည့်အရာကို နောင်တရပြီး ၎င်းတို့သည် နောင်တရဖို့ လိုလားလာကြသည်။ ထိုအခြေအနေတွင် ၎င်းတို့၏ အပြုအမူများနှင့် သရုပ်သကန်များသည် နောင်တွင် မည်သို့ရှိမည်ကို ငါတို့ မြင်ရလိမ့်မည်။ ၎င်းတို့ စတင်ယုံကြည်ပြီးသည့်နောက်တွင် ၎င်းတို့၏ အပြုအမူသည် အထူးသဖြင့် ညံ့ဖျင်းပြီး “ကောင်းပြီ။ ငါသည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကား‌သော၊ အသရေဖျက်သော၊ ပြီးလျှင် ဝေဖန်ကဲ့ရဲ့သော စကားများကို ပြောပြီးနေပြီဖြစ်၍ ဘုရားသခင်က ဤလူစားမျိုးတို့ကို စီရင်လျှင် ငါ၏လိုက်စားမှုများသည် အချည်းနှီးဖြစ်လေသည်” ဟု တွေးလျက် အနာကို ဆားသိပ်သကဲ့သို့ လုပ်ဆောင်လျှင် ၎င်းတို့သည် လုံးလုံး ဇာတ်သိမ်းပြီဖြစ်သည်။ ၎င်းတို့သည် မျှော်လင့်ချက်ပျက်သုဉ်းခြင်း၌ မျောပါသွားကာ ကိုယ့်သေတွင်း ကိုယ်တူးပြီးဖြစ်၏။

လူအများစုသည် ပြစ်မှားကြပြီး နည်းလမ်းအချို့ဖြင့် မိမိတို့ကိုယ်ကို နာမည်ဖျက်ကြပြီးဖြစ်သည်။ ဥပမာ လူအချို့သည် ဘုရားသခင်ကို အာခံပြီး ပြစ်မှားစော်ကားသောအရာများကို ပြောဆိုကြပြီးဖြစ်သည်။ လူအချို့သည် ဘုရားသခင်၏ စေခိုင်းချက်ကို ငြင်းဆန်ခဲ့ကြပြီး ၎င်းတို့တာဝန်ကို မထမ်းဆောင်ကြဘဲ ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရပြီးဖြစ်သည်။ လူအချို့သည် စုံစမ်းသွေးဆောင်ခြင်းနှင့် ရင်ဆိုင်ခဲ့ရသည့်အခါ ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ လူအချို့သည် အဖမ်းခံရသည့်အခါတွင် “စာသုံးစောင်”ကို လက်မှတ်ထိုးခြင်းအားဖြင့် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ခိုးယူခဲ့ကြသည်။ အချို့မှာ လှူဖွယ်ပစ္စည်းများကို ဖြုန်းတီးခဲ့ကြသည်။ အချို့မှာ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိခိုက်နစ်နာစေကြသည်။ အချို့မှာ အုပ်စုများဖွဲ့ပြီး အခြားလူများကို ကြမ်းတမ်းစွာ ကိုင်တွယ်ကြကာ အသင်းတော်ကို ကမောက်ကမဖြစ်အောင် လုပ်ခဲ့ကြသည်။ အချို့မှာ အယူအဆများနှင့် သေခြင်းကို ဖြန့်ကြပြီး ညီအစ်ကိုမောင်နှမများကို နစ်နာစေခဲ့ကြသည်။ အချို့မှာ မကောင်းသောမေထုန်နှင့် လူတကာနှင့် မေထုန်မှီဝဲကြကာ ဆိုးဝါးသော ဩဇာလွှမ်းမိုးမှုတစ်ခု ဖြစ်နေခဲ့သည်။ လူတိုင်းက ပြစ်မှားမှုများနှင့် စွန်းထင်းမှုများရှိသည်ဟု ဆိုရန် လုံလောက်သည်။ သို့တိုင်အောင် လူအချို့သည် သမ္မာတရားကို လက်ခံနိုင်ပြီး နောင်တရနိုင်သည်။ အခြားလူများက ဤသို့မလုပ်ဆောင်နိုင်ဘဲ နောင်တမရမီတွင် သေကြမည်ဖြစ်သည်။ ထို့ကြောင့် လူတို့ကို ၎င်းတို့၏ သဘာဝ အနှစ်သာရနှင့် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော အပြုအမူတို့နှင့်အညီ ဆက်ဆံသင့်သည်။ နောင်တရနိုင်သောသူတို့သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောသူများ ဖြစ်သည်။ သို့ရာတွင် အမှန်တကယ်ကို နောင်တမရနိုင်သူများအတွက်မူ ရှင်းလင်းပစ်ပြီး နှင်ထုတ်သင့်သည့်သူများကို ရှင်းလင်းပစ်သင့်ပြီး နှင်ထုတ်လိမ့်မည်။ အချို့သောလူတို့သည် ကောက်ကျစ်ဆိုးယုတ်သည်။ အချို့က မသိနားမလည်ကြပေ။ အချို့ကမူ မိုက်မဲကြပြီး အချို့မှာ လူ့တိရစ္ဆာန်များ ဖြစ်သည်။ လူတိုင်း ကွဲပြားခြားနားကြသည်။ ကောက်ကျစ်ဆိုးယုတ်သော လူအချို့သည် နတ်ဆိုးဝင်ပူးခြင်းခံရစဉ် အခြားသောလူများမှာမူ နတ်ဆိုးစာတန်၏ လက်ပါးစေများဖြစ်သည်။ အချို့သည် သဘာဝအားဖြင့် အထူးတလည် ဒုက္ခပေးမည့် လက္ခဏာရှိစဉ် အချို့မှာမူ အထူးသဖြင့် လှည့်စားတတ်ကြသည်။ အချို့သည် ငွေနှင့်ပတ်သက်လာလျှင် အထူးသဖြင့် လောဘကြီးကြပြီး အခြားသောလူများမှာမူ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံရခြင်းကို ခုံမင်နှစ်သက်ကြသည်။ လူတိုင်း၏ အပြုအမူသည် ကွဲပြားခြားနားသောကြောင့် လူများအားလုံးကို ၎င်းတို့၏ သဘာဝများဖြင့်လည်းကောင်း၊ ၎င်းတို့၏ တစ်သမတ်တည်းသော အပြုအမူများဖြင့်လည်းကောင်း ပြည့်စုံကျယ်ပြန့်စွာ ရှုမြင်သင့်သည်။ လူ၏သေမျိုးဖြစ်သော ဇာတိပကတိ၏ ဗီဇများအရ လူတိုင်းသည် မည်သည့်လူပုဂ္ဂိုလ်ဖြစ်စေ လွတ်လပ်သောစိတ်သဘော ရှိသည်။ ၎င်းတို့သည် အမှုအရာများကို လူ၏ အယူအဆများအတိုင်း တွေးနိုင်ပြီး ဝိညာဉ်လောကကို တိုက်ရိုက် ထိုးဖောက်ဖို့ စွမ်းရည်မရှိပေ သို့မဟုတ် ယင်း၏အမှန်တရားကို သိဖို့ နည်းလမ်းတစ်စုံတစ်ရာ မရှိပေ။ ဥပမာအနေဖြင့် သင်သည် စစ်မှန်သော ဘုရားသခင်ကို ယုံကြည်ပြီး သူ၏အမှုတော်အသစ်၏ ဤအဆင့်ကို လက်ခံလိုသည့်တိုင် သင့်ကို ဧဝံဂေလိတရား ဟောကြားဖို့ တစ်ယောက်မျှ မလာသေးဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကသာ သင့်ကို ဉာဏ်အလင်းပေးပြီး တစ်နေရာရာသို့ လမ်းပြနေသည့်အချိန်တွင် သင်သိသည့်အရာသည် အလွန်ပင် နည်းပါးလှသည်။ ဘုရားသခင်သည် ယခုလက်ရှိတွင် မည်သည့်အမှုကို ပြုနေပြီး အနာဂတ်တွင် မည်သည့်အရာကို ဖြစ်မြောက်စေမည်ကို သိဖို့ သင့်အတွက် မဖြစ်နိုင်ချေ။ လူများသည် ဘုရားသခင်ကို နားမလည်နိုင်ချေ။ ၎င်းတို့သည် ထိုသို့နားလည်ဖို့ စွမ်းရည်မရှိကြသကဲ့သို့ ဝိညာဉ်လောကအပေါ် တိုက်ရိုက် သဘောပေါက်ဖို့ သို့မဟုတ် ဘုရားသခင်၏အမှုတော်ကို စေ့စေ့စပ်စပ် နားလည်ဖို့ စွမ်းရည် ၎င်းတို့တွင် မရှိကြချေ၊ ကောင်းကင်တမန်တစ်ပါးကဲ့သို့ပင် သူ့ကို အလိုလားဆုံး အစေခံဖို့မှာ သာ၍နည်းပါးလေသည်။ ဘုရားသခင်သည် လူများကို သူ၏နှုတ်ကပတ်တော်အားဖြင့် ဦးစွာ သိမ်းပိုက်ပြီး၊ ကယ်တင်ကာ ပြုပြင်ပြောင်းလဲခြင်း မရှိပါက၊ သို့မဟုတ် သူဖော်ပြသည့် သမ္မာတရားများဖြင့် ၎င်းတို့ကို ရေလောင်းခြင်းနှင့် ထောက်ပံ့ခြင်း မရှိပါက လူများသည် အမှုတော်အသစ်ကို လက်မခံနိုင်ကြပေ။ သမ္မာတရားနှင့် အသက်ကို မရနိုင်ကြပေ။ သို့မဟုတ် ဘုရားသခင်ကို မသိလာနိုင်ပေ။ ဘုရားသခင်သည် ဤအမှုကို မပြုပါက ၎င်းတို့သည် ၎င်းတို့အတွင်း၌ ဤအရာများ ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်ကို ၎င်းတို့၏ဗီဇက ဆုံးဖြတ်လေသည်။ ထို့ကြောင့် လူအချို့က ခုခံကြ၍ သို့မဟုတ် ပုန်ကန်ကြ၍ ၎င်းတို့သည် ဘုရားသခင်၏ အမျက်နှင့် အမုန်းတရားတို့ကို ခံရလေသည်။ သို့သော်လည်း ဘုရားသခင်သည် ကိစ္စတစ်ခုချင်းစီကို ကွဲပြားစွာ ဆက်ဆံပြီး ၎င်းတို့ တစ်ဦးချင်းစီကို လူ၏ဗီဇနှင့်အညီ သီးသန့် ကိုင်တွယ်ဖြေရှင်းလေသည်။ ဘုရားသခင် လုပ်ဆောင်သည့် မည်သည့် အလုပ်မဆိုသည် သင့်တင့်လျောက်ပတ်သည်။ သူက လုပ်ဆောင်ရမည့်အရာနှင့် လုပ်ဆောင်ရမည့် နည်းလမ်းကို သိသည်။ ပြီးလျှင် လူများက ဗီဇအားဖြင့် မလုပ်ဆောင်နိုင်သည့်အရာတစ်ခုမျှကို သူက သေချာပေါက် လုပ်ဆောင်ခိုင်းမည်မဟုတ်ပေ။ လူအသီးသီးကို ဘုရားသခင်၏ ကိုင်တွယ်ခြင်းသည် ထိုအချိန်က ထိုလူ၏ အခြေအနေများနှင့် နောက်ခံအခြေအနေတို့နှင့်ပတ်သက်သော တကယ့်အခြေအနေများတွင် အခြေခံထားသည့်အပြင် ထိုသူ၏ လုပ်ရပ်များနှင့် အပြုအမူ၊ ပြီးလျှင် ၎င်း၏ သဘာဝ အနှစ်သာရတို့တွင်လည်း အခြေခံထားသည်။ ဘုရားသခင်သည် မည်သူ့ကိုမျှ ဘယ်သောအခါမျှ မတရားသဖြင့် ဆက်ဆံလိမ့်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရား၏ ဘက်တစ်ဖက် ဖြစ်သည်။ ဥပမာအားဖြင့် ဧဝသည် ကောင်းမကောင်းသိကျွမ်းရာအပင်မှ အသီးကို စားရန် မြွေ၏ သွေးဆောင်ဖြားယောင်းခြင်းကို ခံခဲ့ရသော်လည်း ယေဟောဝါသည် သူမအား “သင့်အား မစားဖို့ ငါပြောခဲ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို အဘယ့်ကြောင့် စားဖြစ်အောင် စားခဲ့သနည်း။ သင်၌ ပိုင်းခြားသိမြင်မှု ရှိသင့်သည်။ မြွေသည် သင့်ကို ဖြားယောင်းဖို့သာ စကားပြောခြင်းဖြစ်သည်ကို သင် သိသင့်သည်” ဟု ပြောခြင်းအားဖြင့် အပြစ်ဆိုခြင်း မရှိခဲ့ပေ။ ယေဟောဝါသည် ဧဝကို ထိုကဲ့သို့ အပြစ်ဖော်ဆုံးမခြင်းမရှိခဲ့ပေ။ အကြောင်းမှာ လူသားများသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းဖြစ်သောကြောင့် ၎င်းတို့၏ ဗီဇသည် မည်သည့်အရာဖြစ်သည်၊ ပြီးလျှင် ထိုဗီဇများသည် မည်သည့်အရာများကို တတ်နိုင်စွမ်းသည်၊ လူများသည် မည်သည့်အတိုင်းအတာအထိ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ပြီး လူတို့သည် မည်သည့်အတိုင်းအတာ တစ်ခုအထိ အမှုကိစ္စများကို လုပ်ဆောင်နိုင်သည်ကို သူသိသည်။ ဘုရားသခင်က ဤအရာအားလုံးကို လုံးဝ ရှင်းရှင်းလင်းလင်း သိသည်။ လူတစ်ယောက်ကို ဘုရားသခင်က ကိုင်တွယ်ခြင်းသည် လူတို့ စိတ်ကူးသကဲ့သို့ မရိုးရှင်းပေ။ လူတစ်ယောက်အပေါ် သူ၏ သဘောထားသည် စက်ဆုပ်ခြင်း၊ သို့မဟုတ် ရွံရှာခြင်းဖြစ်သောအခါ၊ သို့မဟုတ် အဆိုပါအကြောင်းအရာတစ်ခုတွင် ဤလူက ပြောဆိုသည့်အရာနှင့် ပတ်သက်သည့်အခါ ဘုရားသခင်သည် ၎င်းတို့၏ အခြေအနေများကို ကောင်းစွာနားလည်သည်။ ဤသည်မှာ ဘုရားသခင်က လူ၏ စိတ်နှလုံးနှင့် အနှစ်သာရကို စိစစ်သောကြောင့်ဖြစ်သည်။ လူတို့က အစဉ် စဉ်းစားကြသည်။ “ဘုရားသခင်က သူ၏ ဘုရားသဘောသဘာဝ သာရှိသည်။ သူက ဖြောင့်မတ်ပြီး လူသားထံမှ ပုန်ကန်ပြစ်မှားမှုကို သည်းမခံပါ။ လူ၏ အခက်အခဲများကို ထည့်မတွက်ပါ၊ သို့မဟုတ် လူများကို ကိုယ်ချင်းမစာဘူး။ လူတစ်ယောက်က ဘုရားကို အာခံလျှင် ဘုရားက သူ့ကို အပြစ်ဒဏ်ပေးမည်သာဖြစ်သည်” ဟူ၍ဖြစ်သည်။ အမှုကိစ္စများသည် လုံးဝ ဤသို့ မဟုတ်ပေ။ ဤသည်မှာ ဘုရား၏ ဖြောင့်မတ်ခြင်း၊ ဘုရား၏ အမှုတော်နှင့် လူတို့အပေါ် သူ၏ ဆက်ဆံမှုကို လူတစ်ယောက်က နားလည်သည့်ပုံစံဖြစ်လျှင် ထိုသူသည် အလွန်ပင် မှားယွင်းသည်။ လူတစ်ယောက်၏ အဆုံးသတ်အပေါ် ဘုရားသခင်၏ ဆုံးဖြတ်ချက်သည် လူ၏ အယူအဆများ၊ စိတ်ကူးထင်မြင်မှုများအပေါ် အခြေမခံဘဲ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားတွင် အခြေခံသည်။ လူတစ်ယောက်ချင်းစီကို ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာနှင့်အညီ ဘုရားသခင်က ပြန်လည်ပေးဆပ်လိမ့်မည်။ ဘုရားသခင်က ဖြောင့်မတ်သည်။ အနှေးနှင့် အမြန် လူတိုင်းက လုံးလုံးလျားလျား လက်ခံယုံကြည်စေရန် ဘုရားသခင်က သေချာလုပ်ဆောင်မည်ဖြစ်သည်။

အရှေ့သို့- သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

နောက်တစ်ခုသို့- တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။