သမ္မာတရားအား ရှာဖွေခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သော နှုတ်ကပတ်တော်များ
ကောက်နုတ်ချက် (၁၀)
မိမိတို့၏တာဝန်က အလုပ်များလာသည်နှင့် တစ်ပြိုင်နက် တွေ့ကြုံရန် မစွမ်းဆောင်နိုင်ဖြစ်လာပြီး သာမန်အခြေအနေကို ထိန်းသိမ်းရန် မတတ်နိုင်ကြသော လူများစွာရှိသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် စုဝေးပွဲတစ်ခုပြုလုပ်ရန်၊ သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယပြုပေးရန် အစဉ်တောင်းဆိုကြ၏။ ဤတွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ကြ၊ စစ်မှန်သည့်လမ်းတွင် အခြေခံအုတ်မြစ် မရှိကြပေ။ ဤသို့သောသူတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်သောအခါ စိတ်အားထက်သန်မှု၏ တွန်းအားပေးခြင်းကို ခံရပြီး ကြာရှည်မခံနိုင်ကြချေ။ လူတို့သည် သမ္မာတရားကို နားမလည်သောအခါ ၎င်းတို့လုပ်သမျှတွင် အဘယ်စည်းမျဉ်းမျှ မရှိ။ ၎င်းတို့ကို တစ်စုံတစ်ခု လုပ်ဆောင်ရန် စီစဉ်ပေးလျှင် ရှုပ်ထွေးသွားအောင် ၎င်းတို့ပြုလုပ်ကြသည်။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်သည့်အရာတွင် ပေါ့ဆကြသည်။ စည်းမျဉ်းကိုလည်း မရှာဖွေကြ။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးတွင် ကျိုးနွံနာခံခြင်းမရှိပေ။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို မချစ်ကြောင်း၊ ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံရန် မစွမ်းဆောင်နိုင်ကြောင်း သက်သေပြသည်။ မည်သည့်အရာကို သင်လုပ်ဆောင်သည်ဖြစ်စေ အဘယ်ကြောင့် သင်လုပ်ဆောင်နေသည်၊ ဤအရာကို လုပ်ဆောင်ရန် မည်သည့် ရည်ရွယ်ချက်က သင့်ကို ညွှန်ကြားသည်၊ ယင်းကို လုပ်ဆောင်ရာတွင် မည်သည့် အဓိပ္ပါယ်ရှိသည်ဆိုသည်၊ ထိုကိစ္စရပ်၏ သဘောသဘာဝမှာ မည်သည့်အရာဖြစ်သည်နှင့် သင်လုပ်ဆောင်နေသည့်အရာက အပြုသဘောဆောင်သည့်အရာ သို့မဟုတ် အပျက်သဘောဆောင်သည့်အရာ ဟုတ်မဟုတ် ဆိုသည်တို့ကို ဦးစွာပထမ သင်နားလည်သင့်၏။ ဤကိစ္စရပ်အားလုံးကို သင် ရှင်းရှင်းလင်းလင်း သိနားလည်ရမည်။ သင့်အတွက် ကိုယ်ကျင့်တရားနှင့် ပြုမူနိုင်ရန် ဤအရာက အတော်လေး လိုအပ်ပေသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အမျိုးအစားသတ်မှတ်နိုင်သည့်အရာတစ်ခုကို သင်လုပ်ဆောင်နေပါက၊ သင် တွေးဆသင့်၏။ ကျွန်ုပ်၏ တာဝန်ကို ဝတ်ကျေတမ်းကျေသာ လုပ်ဆောင် မနေဖို့ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် မည်သို့ ကောင်းစွာ ဖြည့်ဆည်းသင့်သနည်း။ ဤကိစ္စရပ်တွင် သင် ဘုရားသခင်ကို ဆုတောင်းပြီး တိုးဝင်ချဉ်းကပ်သင့်၏။ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် တိုးဝင်ချဉ်းကပ်ခြင်းဟူသည်မှာ ဤကိစ္စရပ်တွင် သမ္မာတရား၊ လက်တွေ့လုပ်ဆောင်ဖို့ နည်းလမ်း၊ ဘုရားသခင်၏ လိုအင်ဆန္ဒများနှင့် ဘုရားသခင်ကို မည်သို့စိတ်ကျေနပ်စေရမည်ကို ရှာဖွေခြင်းတို့ ဖြစ်သည်။ ဆုတောင်းခြင်းသည် ဤသက်ရောက်မှုများရရှိရန်ဖြစ်သည်။ ဘုရားသခင်အား ဆုတောင်းခြင်း၊ ဘုရားသခင်ထံ နီးကပ်စွာသွားခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ခြင်းတို့သည် ဘာသာရေးအခမ်းအနားများ၊ သို့မဟုတ် အပြင်ပန်းလုပ်ဆောင်မှုများ မဟုတ်ပေ။ ဘုရားသခင်၏ ရည်ရွယ်ချက်များအား ရှာဖွေပြီးနောက် သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက် ယင်းကို လုပ်ဆောင်ခြင်းဖြစ်သည်။ သင် မည်သည့်အရာကိုမျှ မလုပ်ဆောင်ထားသည့်အချိန်တွင် “ဘုရားသခင်ကို ကျေးဇူးတင်ပါသည်” ဟု သင် အမြဲဆိုသော်လည်း၊ လုပ်ဆောင်ဖို့ အချိန်ကျလာသည့်အခါ၊ သမ္မာတရားကို လုံးဝ မရှာဖွေဘဲ ယင်းကို သင် လိုချင်သည့် နည်းလမ်းအတိုင်း ဆက်လုပ်ဆောင်ဆဲ ဖြစ်လျှင်၊ ဤ“ဘုရားသခင်ကို ကျေးဇူးတင်ပါသည်”မှာ မန္တန်တစ်ခု၊ ဝိညာဉ်ရေးရာပြည့်ဝခြင်း အတုအယောင်သာ ဖြစ်သည်။ ကျေးဇူးတင်ရှိခြင်းမျိုးသည် အပြင်ပန်း လုပ်ရပ်တစ်ခုသာ ဖြစ်၏။ သင်၏ တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ သင် အမြဲ စဉ်းစားသင့်၏။ “ဤတာဝန်ကို ကျွန်ုပ် မည်သို့ ထမ်းဆောင်သင့်သနည်း။ ဘုရားသခင်၏ လိုအင်ဆန္ဒမှာ အဘယ်နည်း။” သင်၏ လုပ်ရပ်များအတွက် စည်းမျဉ်းများနှင့် သမ္မာတရားများကိုရှာဖွေရန်အလို့ငှာ ဘုရားသခင်ထံ ဆုတောင်းပြီး ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခြင်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်၏ လိုအင်ဆန္ဒများကိုရှာဖွေခြင်း၊ သင်လုပ်သမျှတွင် ဘုရားနှုတ်ကပတ်တော်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများမှ မသွေဖည်ခြင်း၊ ဤသည်ကသာ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ယောက်ဖြစ်သည်။ ဤအရာအားလုံးတို့ကို သမ္မာတရားအား မချစ်သောလူတို့က မရရှိနိုင်ပေ။ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ မိမိတို့၏ ကိုယ်ပိုင်အယူအဆများနောက်သို့လိုက်သော၊ အမှုကိစ္စများကို အလွန်ရိုးရှင်းသော ဝေါဟာရများဖြင့် စဉ်းစားသော၊ သမ္မာတရားကိုလည်း မရှာဖွေသော လူများစွာရှိသည်။ စည်းမျဉ်းလုံးဝမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် တောင်းဆိုသည့်အရာနှင့်အညီ၊ သို့မဟုတ် ဘုရားသခင်ကို ကျေနပ်စေသည့်နည်းလမ်းဖြင့် မည်သို့ဆောင်ရွက်ရမည်ကို လုံးဝ မစဉ်းစားပေ။ မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒနောက်ကိုသာ ခေါင်းမာမာနှင့် လိုက်ဖို့ကိုသာသိသည်။ ဘုရားသခင်သည် ဤသို့သောလူတို့၏ စိတ်နှလုံးထဲတွင် နေရာမရှိပေ။ လူအချို့က “အခက်အခဲ ကြုံမှသာ ဘုရားကို ငါဆုတောင်းသည်။ သို့သော် သက်ရောက်မှုတစ်ခုခုရှိသည်ဟု မခံစားရသေးပေ။ ထို့ကြောင့် များသောအားဖြင့် ငါ့တွင် အမှုကိစ္စများ ဖြစ်ပျက်သည့်အခါ ယခုအခါတွင် ဘုရားကို ငါဆုမတောင်းပေ။ ဘုရားထံ ဆုတောင်းခြင်းသည် အသုံးမဝင်သောကြောင့် ဖြစ်သည်။” ဟု ပြောဆိုကြသည်။ ဤကဲ့သို့သော လူတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က လုံးလုံး မတည်ရှိပေ။ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ သာမန်အချိန်များ၌ သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများနောက်သာလိုက်ကြသည်။ ဤသို့ဆိုလျှင် ၎င်းတို့၏ လုပ်ရပ်များတွင် အခြေခံသဘောတရားများ ရှိသလော။ သေချာပေါက်မရှိပေ။ ၎င်းတို့သည် အရာရာကို ရိုးရှင်းစွာ မြင်ကြသည်။ လူတို့က ၎င်းတို့ကို သမ္မာတရားစည်းမျဉ်းများကို မိတ်သဟာယ ဖွဲ့သည့်အခါတွင်ပင် ယင်းတို့ကို ၎င်းတို့က လက်မခံနိုင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ လုပ်ရပ်များတွင် မည်သည့်အခါမျှ အခြေခံသဘောတရားတစ်ခုမှ မရှိခဲ့သောကြောင့် ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်က နေရာမရှိဘဲ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့မှလွဲ၍ မည်သူမျှ မရှိပေ။ ၎င်းတို့၏ ရည်ရွယ်ချက်များက ကောင်းသည်ဟုလည်းကောင်း၊ မကောင်းမှုကို ကျူးလွန်ခြင်းမရှိဟူ၍ လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့က ချိုးဖောက်နေသည်ဟု သတ်မှတ်၍ မရနိုင်ဟုလည်းကောင်း ၎င်းတို့က ခံစားမိကြသည်။ မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သင့်သည်၊ ထိုသို့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်း ဖြစ်သည်ဟု ထင်မြင်ကြသည်။ အမှန်မှာမူ ဤကိစ္စတွင် ၎င်းတို့သည် အမှန်တကယ် ရှာဖွေခြင်း၊ သို့မဟုတ် ဘုရားသခင်ထံ ဆုတောင်းခြင်းမရှိပေ။ သို့သော် ၎င်းတို့၏ ကိုယ်ပိုင် စိတ်အားထက်သန်သော ရည်ရွယ်ချက်များအတိုင်း မစဉ်းမစား ချက်ချင်း လုပ်ဆောင်လျက်ဖြင့် ၎င်းတို့သည် ဘုရားသခင်တောင်းဆိုသည့်အတိုင်း မိမိတို့တာဝန်ကို မထမ်းဆောင်ကြပေ။ ၎င်းတို့တွင် ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး မရှိပေ။ ၎င်းတို့တွင် ဤဆန္ဒ ကင်းမဲ့နေသည်။ ဤသည်မှာ လူတို့၏ လက်တွေ့လုပ်ဆောင်မှုတွင် အကြီးမားဆုံးအမှားဖြစ်သည်။ သင်က ဘုရားသခင်ကို ယုံကြည်သည့်တိုင် ဘုရားသခင်က သင်၏ စိတ်နှလုံးထဲတွင် မရှိလျှင် သင်က ဘုရားသခင်ကို လှည့်စားရန် ကြိုးစားနေခြင်းမဟုတ်လော။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်မှုမျိုးသည် မည်သည့်သက်ရောက်မှုရှိသနည်း။ မည်သည့်အရာကို သင်ရရှိနိုင်သနည်း။ ဘုရားသခင်အပေါ် ဤသို့ ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။
သင်သည် သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်ပြီး ဘုရားသခင်ကို သဘောမကျဖြစ်စေသည့် အရာတစ်ခုခုကို ပြုလုပ်မိပြီးသည့်အချိန်တွင်၊ သင့်ကိုယ်သင် မည်သို့ဆင်ခြင်သုံးသပ်ကာ သိဖို့ကြိုးစားသင့်သနည်း။ ထိုအရာကို သင် လုပ်ဆောင်တော့မည့်အချိန်တွင်၊ သူ့ထံ သင် ဆုတောင်းခဲ့ပါသလော။ “ဤနည်းဖြင့် အမှုအရာများကို လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဤကိစ္စရပ်ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ယူဆောင်ခဲ့ပါက၊ ယင်းကို သူ မည်သို့ ရှုမြင်မည်နည်း။ ယင်းနှင့်ပတ်သက်၍ သူ သိခဲ့ပါက၊ သူ ပျော်ရွှင်မည်လော သို့မဟုတ် ဒေါသထွက်မည်လော။ ယင်းကို သူ မုန်းတီးမည်လော၊ သို့မဟုတ် စက်ဆုပ်မည်လော။” ဟု သင် တွေးဆဖူးပါသလော။ ယင်းကို သင် အဖြေမရှာခဲ့ပေ၊ ဟုတ်ပါသလော။ အခြားသူများက သင့်ကို အသိပေးခဲ့လျှင်ပင်၊ ကိစ္စရပ်သည် အရေးမကြီး၊ ပြီးလျှင် ယင်းသည် မည်သည့် အခြေခံသဘောတရားများနှင့်မျှ မဆန့်ကျင်သကဲ့သို့ အပြစ်မဟုတ်ဟု သင် တွေးထင်ဦးမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့်၊ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားပြီး အမျက်ဒေါသထွက်စေဖို့ သူ့ကို ဆွပေးခဲ့သည်မှာ သင့်ကို သူ မုန်းသည့်အဆင့်အထိပင် ဖြစ်ပေသည်။ ဤသည်မှာ လူတို့၏ ပုန်ကန်မှုမှ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် သင်သည် အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤသည်မှာ သင်လိုက်လျှောက်ရမည့် အရာဖြစ်သည်။ သင်သည် ကြိုတင်၍ ဆုတောင်းရန် ဘုရားသခင်ရှေ့သို့ လေးနက်စွာလာရောက်ပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ သမ္မာတရားကို ရှာဖွေလျှင် မှားယွင်းမည်မဟုတ်ပေ။ သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ရာတွင် သွေဖည်မှုအချို့ရှိနိုင်သည်။ သို့သော် ဤအရာကို ရှောင်ရန် ခက်သည်။ အတွေ့အကြုံအချို့ရပြီးနောက်တွင် သင်သည် မှန်ကန်စွာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ သို့ရာတွင် သင်သည် သမ္မာတရားနှင့်အညီ မည်သို့ဆောင်ရွက်ရမည်ကိုသိသည့်တိုင်အောင် လက်တွေ့မလုပ်ဆောင်လျှင် ပြဿနာမှာ သမ္မာတရားကို သင်မနှစ်သက်ခြင်းဖြစ်သည်။ သမ္မာတရားကို မချစ်သောသူတို့သည် ၎င်းတို့ထံ မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ သမ္မာတရားကို မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်ပေ။ သမ္မာတရားကို ချစ်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသည်။ ၎င်းတို့နားမလည်သည့်အရာများဖြစ်ပျက်သောအခါ ၎င်းတို့သည် သမ္မာတရားကို ရှာနိုင်ကြသည်။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားမလည်နိုင်ဘဲ မည်သို့လက်တွေ့လုပ်ဆောင်ရမည်ကို မသိလျှင် သမ္မာတရားကိုနားလည်သောလူအချို့နှင့် မိတ်သဟာယဖွဲ့သင့်သည်။ သမ္မာတရား နားလည်သောသူများကို ရှာမတွေ့နိုင်လျှင် သင်သည် ဘုရားသခင်ထံ စိတ်တူကိုယ်တူ အတူတကွဆုတောင်းရန် ရှင်းလင်းသော နားလည်မှုရှိသည့် လူအနည်းငယ်ကိုရှာသင့်သည်။ ဘုရားသခင်ထံမှ ရှာဖွေသင့်သည်။ ဘုရားသခင်၏ အချိန်ကိုစောင့်ပြီး၊ သင့်အတွက် လမ်းဖွင့်ပေးရန် ဘုရားသခင်ကို စောင့်ဆိုင်းသင့်သည်။ သင်တို့အားလုံးသည် သမ္မာတရားကို တောင့်တသရွေ့၊ သမ္မာတရားကို ရှာဖွေပြီး၊ သမ္မာတရားကို အတူတကွ မိတ်သဟာယဖွဲ့သရွေ့ သင်တို့ထဲမှတစ်ယောက်က ဖြေရှင်းချက်ကောင်းတစ်ခု ရရှိလာသည့်အချိန်ရောက်လာနိုင်သည်။ သင်တို့အားလုံးသည် သင့်တော်သော ဖြေရှင်းချက်နှင့် နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့လျှင်၊ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကြောင့် ဖြစ်နိုင်သည်။ ထို့နောက်တွင် သင်သည် ပို၍ တိကျသော လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ထွက်ပေါ်လာရန် ဆက်လက်၍ အတူတကွ မိတ်သဟာယဖွဲ့လျှင် ယင်းသည် သေချာပေါက် သမ္မာတရားစည်းမျဉ်းများနှင့် ညီလိမ့်မည်။ သင်လက်တွေ့လုပ်ဆောင်ရာတွင် သင် လက်တွေ့လုပ်ဆောင်သည့်နည်းလမ်းသည် အတော်အတန် မသင့်တော်သေးသည်ကို တွေ့ရလျှင် လျင်မြန်စွာ ပြုပြင်ဖို့လိုသည်။ အနည်းငယ်သာ မှားယွင်းလျှင် ဘုရားသခင်က သင့်ကို ရှုတ်ချမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင်လုပ်ဆောင်သည့်အရာတွင် သင်၏ ရည်ရွယ်ချက်များသည် မှန်ကန်ပြီး သင်သည် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ သင်သည် စည်းမျဉ်းများနှင့်ပတ်သက်ပြီး အနည်းငယ်ရှုပ်ထွေးနေခြင်းဖြစ်ပြီး သင်လက်တွေ့လုပ်ဆောင်ရာတွင် အမှားတစ်ခုပြုလုပ်မိခြင်းသာဖြစ်သည်။ ယင်းမှာခွင့်လွှတ်၍ ရသည်။ သို့သော် လူအများစုက အမှုကိစ္စများကို လုပ်ဆောင်သောအခါ ထိုအရာများအား မည်သို့လုပ်ဆောင်ရမည်ဟု ၎င်းတို့စိတ်ကူးသည့်ပုံစံအရ လုပ်ဆောင်ကြသည်။ သမ္မာတရားနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်၊ သို့မဟုတ် ဘုရားသခင်၏ လက်ခံမှုကို မည်သို့ရယူရမည်ဆိုသည်ကို ချင့်ချိန်စဉ်းစားရန် အခြေခံအဖြစ် ဘုရားနှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ထိုအစား မိမိတို့ကိုယ်ကို မည်သို့အကျိုးဖြစ်အောင်ပြုရမည်၊ ၎င်းတို့ကို အခြားလူများက အထင်ကြီးအောင် မည်သို့ပြုရမည်၊ ၎င်းတို့ကို လေးစားအောင် အခြားသူများကို မည်သို့ပြုရမည်တို့ကိုသာ စဉ်းစားကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများကို လုံးလုံး အခြေခံပြီး မိမိတို့ကိုယ်ကို ကျေနပ်စေဖို့အတွက်သာ အမှုအရာများကို လုပ်ဆောင်ကြသည်။ ဤသည်မှာ ဒုက္ခပေးသည်။ ဤသို့သောလူများသည် အမှုအရာများကို မည်သည့်အခါမျှ သမ္မာတရားနှင့်အညီ လုပ်ဆောင်မည်မဟုတ်ပေ။ ဘုရားသခင်က ၎င်းတို့ကို အစဉ် ရွံရှာလိမ့်မည်။ သင်သည် အမှန်တကယ်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူဖြစ်လျှင် မည်သည့်အရာဖြစ်ပျက်သည်ဖြစ်စေ ဆုတောင်းပြီး ရှာဖွေရန်အတွက် ဘုရားသခင်ရှေ့သို့ လာနိုင်သင့်သည်။ သင်၏ လုပ်ရပ်များတွင်ရှိသော ရည်ရွယ်ချက်များနှင့် မသန့်စင်မှုများကို အလေးအနက် ဆန်းစစ်နိုင်သင့်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များနှင့်အညီ မည်သည့်အရာက လုပ်ဆောင်ရန် သင့်လျော်သည်ကို ဆုံးဖြတ်နိုင်သင့်သည်။ မည်သည့်လုပ်ရပ်များက ဘုရားသခင်ကို ကျေနပ်စေသည်၊ မည်သည့်လုပ်ရပ်များက ဘုရားသခင်ကို ရွံရှာစေသည်၊ မည်သည့်လုပ်ရပ်များက ဘုရားသခင်၏ လက်ခံမှုကိုရရှိသည်ဆိုသည်တို့ကို ထပ်ခါထပ်ခါချိန်ဆပြီး ချင့်ချိန်စဉ်းစားနိုင်သင့်သည်။ သင်သည် ဤအရာတို့ကို ရှင်းရှင်းလင်းလင်း နားလည်သည်အထိ သင်၏စိတ်ထဲတွင် ထပ်ခါထပ်ခါ စဉ်းစားတွေးတောရမည်။ တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်းအတွက် သင်၏ကိုယ်ပိုင်ရည်ရွယ်ချက်များရှိသည်ကို သင်သိလျှင် သင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများဖြစ်သည်၊ သင့်ကိုယ်သင် ကျေနပ်စေရန်ဖြစ်သလော၊ ဘုရားကို ကျေနပ်စေရန်ဖြစ်သလော၊ သင်ကိုယ်တိုင်အတွက်အကျိုးဖြစ်သလော၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူတို့အတွက် အကျိုးဖြစ်သလောဆိုသည်နှင့် ယင်းကမည်သည့် အကျိုးဆက်များဖြစ်ပေါ်စေမည်ဆိုသည်တို့ကို ဆင်ခြင်သုံးသပ်ရမည်။...သင်၏ ဆုတောင်းချက်များတွင် ဤသို့ ပို၍ရှာဖွေပြီး ချင့်ချိန်စဉ်းစားလျှင်၊ သမ္မာတရားကိုရှာဖွေရန် သင့်ကိုယ်သင် ပို၍ မေးခွန်းထုတ်လျှင် သင်၏ လုပ်ရပ်များ၌ရှိသော သွေဖည်မှုများက ပိုပို၍ သေးငယ်လာလိမ့်မည်။ ဤနည်းအားဖြင့် သမ္မာတရားကိုရှာဖွေနိုင်သောသူတို့သာ ဘုရားရည်ရွယ်ချက်များကို ထောက်ထားပြီး၊ ဘုရားသခင်ကို ကြောက်ရွံ့သောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များနှင့်အညီ၊ ကျိုးနွံနာခံသောစိတ်နှလုံးဖြင့် ရှာဖွေနေသောကြောင့်ဖြစ်သည်။ ဤနည်းဖြင့်ရှာဖွေပြီး သင်ချမှတ်သော ကောက်ချက်သည် သမ္မာတရားစည်းမျဉ်းများနှင့် အညီဖြစ်လိမ့်မည်။
ယုံကြည်သူတစ်ဦး၏ လုပ်ဆောင်ချက်များသည် သမ္မာတရားနှင့် ပတ်သက်ခြင်းမရှိပါက၊ သူသည် ဘာသာတရားမရှိသူတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ မိမိ၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသကဲ့သို့ ဘုရားသခင်ထံမှ သွေဖည်သည့် လူစားမျိုးဖြစ်ပြီး၊ ထိုသို့သော လူတစ်ဦးသည် ဘုရားသခင်၏ အိမ်တော်တွင် မိမိ၏ ဆရာသခင်အတွက် တောက်တိုမယ်ရ လုပ်ဆောင်သူ၊ ကြေးအနည်းငယ် ရရှိပြီးနောက် ထွက်ခွာသည့် ငှားရမ်းထားသော အလုပ်သမားတစ်ဦးနှင့် တူပေသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောလူတစ်ဦး တကယ်ကို မဟုတ်ပေ။ ဘုရားသခင်၏ လက်ခံမှုကို ရရှိရန် မည်သည့်အရာကို လုပ်ဆောင်ရမည်ဆိုသည်မှာ အမှုအရာများကို သင်လုပ်ဆောင်သောအခါ ဦးစွာဆန်းစစ်ပြီး လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ ယင်းသည် သင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သော အခြေခံသဘောတရားနှင့် နယ်ပယ် ဖြစ်သင့်သည်။ သင်လုပ်ဆောင်နေသည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် စူးစမ်းသင့်သည့် အကြောင်းရင်းမှာ ယင်းသည် သမ္မာတရားနှင့် ကိုက်ညီပါက၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သေချာပေါက် ကိုက်ညီပေသည်။ ယင်းမှာ ကိစ္စရပ်က မှန်သည်၊ မှားသည် သို့မဟုတ် ထိုအရာက အခြားအယောက်တိုင်း၏ အကြိုက်များနှင့် ကိုက်ညီခြင်း ရှိ မရှိ၊ သို့မဟုတ် ယင်းသည် သင်၏ ကိုယ်ပိုင် စိတ်ဆန္ဒများနှင့် ကိုက်ညီခြင်း ရှိ မရှိဆိုသည်ကို သင် တိုင်းတာသင့်သည်ဟူ၍ မဟုတ်ဘဲ၊ ယင်းထက်၊ ထိုအရာသည် သမ္မာတရားနှင့်အညီ ဖြစ်သည်၊ မဖြစ်သည်၊ ပြီးလျှင် ထိုအရာက အသင်းတော်၏ အလုပ်နှင့် အကျိုးစီးပွားများကို အကျိုးပြုခြင်း ရှိမရှိဟူ၍ ဖြစ်ပေသည်။ ဤအရာများကို သင် သုံးသပ်ဆင်ခြင်မှု ပြုပါက၊ အမှုအရာများကို လုပ်ဆောင်သည့်အခါ၊ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သာ၍ သာ၍ ကိုက်ညီလိမ့်မည်ဖြစ်သည်။ အမှုအရာများကို သင် လုပ်ဆောင်သည့်အခါ ဤရှုထောင့်များကို သင် မစဉ်းစားသကဲ့သို့၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအပေါ်သာ မှီခိုပါက၊ လူ၏ အလိုဆန္ဒသည် သမ္မာတရားမဟုတ်သကဲ့သို့၊ အမှန်ကို ဘုရားသခင်နှင့် သဟဇာတ မဖြစ်သောကြောင့် ယင်းတို့ကို မမှန်မကန် သင် လုပ်ဆောင်မိဖို့ သေချာပေသည်။ သင်သည် ဘုရားသခင်၏ လက်ခံခြင်းကို ခံရဖို့ ဆန္ဒရှိပါက၊ သင်၏ ကိုယ်ပိုင် လိုအင်ဆန္ဒအတိုင်းထက် သမ္မာတရားအတိုင်း သင် လက်တွေ့လုပ်ဆောင်ရမည်။ လူအချို့သည် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ခြင်းအတွက်ကြောင့် အချို့သော သီးသန့် ကိစ္စရပ်များတွင် ပါဝင်လုပ်ဆောင်တတ်ကြ၏။ ထို့နောက် ၎င်းတို့၏ ညီအစ်ကို မောင်နှမများက ဤအရာကို မသင့်လျော်သကဲ့သို့ မြင်ကြပြီး ယင်းအတွက် ၎င်းတို့ကို အပြစ်တင်ကြ၏၊ သို့သော် ဤလူများသည် အပြစ်တင်ခြင်းကို လက်မခံကြချေ။ ယင်းသည် အသင်းတော်၏ အလုပ်၊ ဘဏ္ဍာရေး၊ သို့မဟုတ် လူများ မပါဝင်သည့် ပုဂ္ဂိုလ်ရေး ကိစ္စရပ်တစ်ခု ဖြစ်သည်၊ မကောင်းမှုလုပ်ခြင်းမဟုတ်ပေ။ ထို့ကြောင့် လူတို့က ဝင်ရောက်မစွက်ဖက်သင့်ဟု ၎င်းတို့က တွေးထင်ကြလေသည်။ အချို့သော အရာများသည် သင့်အဖို့ မည်သည့် အခြေခံသဘောတရားမျှ သို့မဟုတ် မည်သည့် သမ္မာတရားမျှ မပါဝင်သည့် သီးသန့် ကိစ္စရပ်များအဖြစ် ထင်ကောင်းထင်ရပေမည်။ သို့သော် သင် လုပ်ဆောင်ခဲ့သည့် အရာများကို ကြည့်ရာတွင်၊ သင်သည် အလွန်တစ်ကိုယ်ကောင်းဆန်သည်။ အသင်းတော်၏ အလုပ်ကို၊ သို့မဟုတ် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်း မရှိသကဲ့သို့ ဤအရာသည် ဘုရားသခင်အတွက် ကျေနပ်ဖွယ်ဖြစ်မဖြစ်ကိုလည်း ထည့်သွင်းစဉ်းစားခြင်း မရှိပေ။ သင်သည် သင်၏ ကိုယ်ပိုင် အကျိုးကျေးဇူးကိုသာ စဉ်းစားနေခဲ့သည်။ ဤသည်မှာ သန့်ရှင်းသူတို့၏ လိုက်နာရမည့်ကျင့်ဝတ်အပြင် လူတစ်ဦး၏ လူ့သဘာဝလည်း ပါဝင်နှင့်ပြီးဖြစ်သည်။ သင်လုပ်ဆောင်နေခဲ့သည့်အရာသည် အသင်းတော်၏ အကျိုးစီးပွားများ မပါဝင်ခဲ့သကဲ့သို့ သမ္မာတရား မပါဝင်သော်လည်း၊ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းအဖြစ် အခိုင်အမာ ပြောဆိုနေစဉ် သီးသန့် ကိစ္စရပ်တစ်ခုတွင် ပါဝင်ပတ်သက်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ သင်လုပ်ဆောင်နေသည့်အရာ မည်သည့်အရာဖြစ်သည်ကို ပဓာနမထားဘဲ ကိစ္စရပ်တစ်ခုသည် မည်မျှ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ယင်းသည် ဘုရားသခင်၏ မိသားစုတွင်ရှိသော သင်၏တာဝန်ဖြစ်စေ၊ သင်၏ ကိုယ်ပိုင် အတွင်းရေးကိစ္စဖြစ်စေ သင်လုပ်ဆောင်နေသည့်အရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီခြင်း ရှိမရှိအပြင်၊ ယင်းသည် လူ့သဘာဝရှိသည့် လူတစ်ဦး လုပ်ဆောင်သင့်သည့်အရာ ဟုတ်၊ မဟုတ်ဆိုသည်တို့ကို သင် သုံးသပ်ဆင်ခြင်ရမည်။ သင်လုပ်ဆောင်သည့် အရာတိုင်းတွင် သမ္မာတရားကို ထိုသို့ သင် ရှာဖွေပါက သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သောလူတစ်ဦး ဖြစ်ပေသည်။ သင်သည် ကိစ္စရပ်တိုင်းနှင့် သမ္မာတရားတိုင်းကို ဤနည်းလမ်းဖြင့် လေးနက်စွာ သဘောထားပါက သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများကို သင် ရရှိနိုင်လိမ့်မည်။ “ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်သောအခါတွင် ကျွန်ုပ်အား သမ္မာတရားကို လက်တွေ့လုပ်ဆောင်စေခြင်းသည် တရားမျှတ၏။ သို့သော် ကျွန်ုပ်၏ အတွင်းရေးကိစ္စများကို ကိုင်တွယ်ရာတွင် သမ္မာတရားက မည်သည့်အရာပြောဆိုထားသည်ကို ကျွန်ုပ်ဂရုမစိုက်။ ကျွန်ုပ်နှစ်သက်သည့်အတိုင်း၊ ကျွန်ုပ်အတွက် အကျိုးဖြစ်စေရန် မည်သည့်အရာကိုမဆို လုပ်ဆောင်မည်” ဟု စဉ်းစားကြသောသူများရှိသည်။ ၎င်းတို့သည် သမ္မာတရားကိုချစ်သောသူ မဟုတ်ကြောင်း ဤစကားများတွင် မြင်နိုင်၏။ ၎င်းတို့လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းများ မရှိပေ။ ၎င်းတို့သည် ဘုရားအိမ်တော်အပေါ် သက်ရောက်မှုကိုပင် ထည့်မစဉ်းစားဘဲ ၎င်းတို့အတွက် အကျိုးဖြစ်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကြလိမ့်မည်။ ရလဒ်အနေဖြင့် တစ်စုံတစ်ခုကို ၎င်းတို့ လုပ်ဆောင်ပြီးသောအခါ ဘုရားသခင်သည် ၎င်းတို့တွင် မတည်ရှိပေ။ ၎င်းတို့သည် စိတ်ဓာတ်ကျပြီး စိတ်ညစ်ကြရကာ မည်သည့်အရာဖြစ်နေသည်ကို မသိကြ။ ဤသည်မှာ ၎င်းတို့နှင့် ထိုက်တန်သည့် ပြစ်ဒဏ်ပင်ဖြစ်သည် မဟုတ်သလော။ သင်သည် သင်၏ လုပ်ဆောင်မှုများတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘဲ ဘုရားသခင်ကို ဂုဏ်အသရေညှိုးစေလျှင် ဘုရားသခင်ကို ဆန့်ကျင်ပြီး အပြစ်ပြုနေခြင်းဖြစ်သည်။ လူတစ်ဦးက သမ္မာတရားကို မချစ်ဘဲ၊ သူ၏ကိုယ်ပိုင်ဆန္ဒအတိုင်း မကြာခဏ ပြုမူဆောင်ရွက်လျှင်၊ သူသည် ဘုရားသခင်ကို မကြာခဏ ပုန်ကန်ပြစ်မှားမိလိမ့်မည်။ ဘုရားသခင်က ၎င်းကို ပစ်ပယ်လိမ့်မည် ဖြစ်ပြီး ဘေးဖယ်ထားလိမ့်မည်။ ထိုသို့သောလူတစ်ဦး လုပ်ဆောင်သည့်အရာသည် ဘုရားသခင်၏ လက်ခံမှုကို မကြာခဏ မရရှိနိုင်သကဲ့သို့ ၎င်းသည် နောင်တရဖို့ မသိပါက၊ အပြစ်ဒဏ်ပေးခြင်းသည် မဝေးလှပေ။
ကောက်နုတ်ချက် (၁၁)
မည်သည့်အရာကိုမဆို ကောင်းမွန်စွာ လုပ်ဆောင်ဖို့အလို့ငှာ သမ္မာတရား စည်းမျဉ်းကို ရှာဖွေဖို့ လိုအပ်သည်။ လူတစ်ယောက်သည် တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ်တွင် မည်သို့ကောင်းစွာ လုပ်ဆောင်ရမည်ကို စွဲစွဲမြဲမြဲ တွေးသင့်၏၊ ထို့ပြင် ဘုရားသခင်ရှေ့မှောက်တွင် ဆုတောင်းဖို့နှင့် ရှာဖွေဖို့ မိမိကိုယ်ကို ငြိမ်သက်စေရန်လည်း လိုအပ်သည်။ တစ်စုံတစ်ခုကို မလုပ်ဆောင်မီ အခြားသူများနှင့် မိတ်သဟာယပြုဖို့ လိုအပ်သည်၊ မိတ်သဟာယ ပြုရမည့်လူ တစ်ယောက်မျှ မရှိပါက မိမိဘာသာ စဉ်းစားဆင်ခြင်ပြီး ဆုတောင်းရမည်ဖြစ်ကာ ဤအရာကို ကောင်းစွာ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းကို ရှာဖွေရမည်။ ဘုရားသခင် ရှေ့မှောက်တွင် မိမိကိုယ်ကို ငြိမ်သက်စေခြင်းဆိုသည်မှာ ဤအရာပင် ဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်စေဖို့ မည်သည့်အရာကိုမျှ သင်မတွေးဘဲနေရန် မလိုအပ်ပေ။ သင်သည် စိတ်နှလုံးထဲတွင် ရှာဖွေခြင်းနှင့် စောင့်မျှော်ခြင်း သဘောထား တစ်ခုဖြင့် ဤအရေးကိစ္စကို ကိုင်တွယ်ဖို့ သင့်တော်သည့်နည်းလမ်းကို ရှာဖွေလျက် တစ်ချိန်တည်းတွင် လုပ်ဆောင်ပြီး စဉ်းစားဆင်ခြင်ရမည် ဖြစ်သည်။ အရေးကိစ္စအကြောင်းကို သင်စိုးစဉ်းမျှ မသိပါက မေးမြန်းစုံစမ်းရမည့်လူ တစ်စုံတစ်ယောက်ကို ရှာဖွေလော့။ ဤစုံစမ်းမေးမြန်းသည့် အချိန်ကာလအတွင်းတွင် သင်၌ မည်သည့်သဘောထားရှိသင့်သနည်း။ အမှန်တွင် ဘုရားသခင် မည်သို့အလုပ်လုပ်သည်ကို ကြည့်လျက် သင်သည် ရှာဖွေနေပြီး စောင့်မျှော်သင့်သည်။ သင်၏ စိတ်နှလုံးကို ရုတ်တရက် အလင်းပေးသည့် အလင်းတစ်ခုကို ဖွင့်လိုက်သည့်အလား သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို ဉာဏ်အလင်းပြပြီး လမ်းမညွှန်ပေ။ ဘုရားသခင်သည် သင့်ကို လှုံ့ဆော်ပြီး နားလည်စေရန်အတွက် လူတစ်ယောက်၊ သို့မဟုတ် အဖြစ်အပျက်တစ်ခုကို အစဉ်သဖြင့် အသုံးပြုသည်။ ဆုတောင်းဖို့ လေးနက်တည်ငြိမ်စွာ ဒူးထောက်ပြီး နာရီပေါင်းများစွာ နေခြင်းအပြင် ရှာဖွေခြင်း နည်းလမ်းများစွာ ရှိလေသည်။ ယင်းကို လုပ်ဆောင်ခြင်းသည် အခြားအရေးကိစ္စ အားလုံးကို နှောင့်နှေးစေ၏။ တစ်ခါတစ်ရံတွင် အကြင်သူသည် လမ်းလျှောက်နေစဉ် အရေးကိစ္စတစ်ခုကို တွေးဆနိုင်သည်၊ တစ်ခါတစ်ရံတွင် အရေးကိစ္စပေါ်လာသည့်အခါ အကြင်သူသည် အုပ်စုဖွဲ့ကာ ထိုအကြောင်းကို အလျင်အမြန် မိတ်သဟာယပြုနိုင်သည်။ တစ်ခါတစ်ရံတွင် အကြင်သူသည် အထက်မှ ရှာဖွေနိုင်သည်။ တစ်ခါတစ်ရံတွင် အကြင်သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိမိဘာသာ ဖတ်ရှုနိုင်သည်။ ထိုအရေးကိစ္စသည် အရေးတကြီး ဖြစ်သည့်အခါ အကြင်သူသည် အခြေအနေ၏ လက်တွေ့အရှိတရားကို နားလည်ဖို့ ကမန်းကတန်း လုပ်ဆောင်နိုင်သည်၊ ထို့နောက်တွင် မိမိစိတ်နှလုံးထဲ၌ ဆုတောင်းပြီး ရှာဖွေနေရင်းဖြင့်စည်းမျဉ်းများနှင့်အညီ သမ္မာတရားကို ရှာဖွေပြီး အမှုကိစ္စကို ကိုင်တွယ်နိုင်သည်။ ဤသည်မှာ အမှုအရာများကို သင်တို့လုပ်ဆောင်ရမည့် နည်းလမ်း၊ ရင့်ကျက်သော နည်းလမ်းဖြစ်သည်။ တစ်ခုခု ဖြစ်ပေါ်လာသည့်အချိန်တိုင်း သင်သည် စိတ်လှုပ်ရှားပြီး ထိတ်လန့်ကာ မွှန်ထူသွားပါက သင်၏ဝိညာဉ်ရင့်ကျက်မှုသည် နည်းပါးလွန်းနေသည်။ သင်သည် ယခင်က ဘာမျှအတွေ့အကြုံမရှိဖူးပါ။ ပြီးလျှင် သင်သည် သင်၏ဝိညာဉ်ရင့်ကျက်မှု တိုးတက်လာဖို့အတွက် အမှုအရာများကို တွေ့ကြုံဖို့နှင့် သင့်ကိုယ်သင် လေ့ကျင့်ဖို့ လိုအပ်သည်။ ရှာဖွေခြင်း နည်းလမ်းအချို့ကို သင်တို့သင်ယူရမည်။ တာဝန်ဖြင့် အလုပ်ရှုပ်နေသည့်အခါ အလုပ်ရှုပ်သည့် ပုံစံအတိုင်း ရှာဖွေလော့။ အချိန်ရှိသည့်အခါ အချိန်ရှိသည့် အခြေအနေများအတိုင်း ရှာဖွေပြီး စောင့်မျှော်လော့။ နည်းလမ်းအမျိုးမျိုး ရှိလေသည်။ စောင့်ဖို့အချိန် အလုံအလောက်ရှိပါက ခဏစောင့်လော့။ သင်သည် အရေးကိစ္စကြီးများတွင် အလျင်လို၍မရနိုင်ပေ။ အမှားတစ်ခုကို အလောတကြီး ပြုလုပ်မိခြင်း၏ အကျိုးဆက်များသည် မတွေးဝံ့စရာပင်ဖြစ်၏။ အကောင်းဆုံးသော ရလဒ်များကို စွမ်းဆောင်ရရှိဖို့ သင်သည် နောက်ထပ် မည်သည့်အရာ ဖြစ်ပျက်သည်ကို ကြည့်လျက် စောင့်ရမည်၊ သို့မဟုတ် သင်သည် အခြေအနေကို သိကျွမ်းသည့် လူတစ်ယောက်၏ လှုံ့ဆော်မှုကို ခံရခြင်းရှိမရှိ ကြည့်ရမည်။ ဤအရာအားလုံးမှာ ရှာဖွေဖို့ နည်းလမ်းများဖြစ်၏။ ဘုရားသခင်သည် လူများကို ဉာဏ်အလင်းပေးဖို့ တစ်ခုတည်းသော စည်းစနစ်ကို အသုံးမပြုပေ။ သူ၏ နှုတ်ကပတ်တော်များ၌သာလျှင် သူက သင့်ကို ဉာဏ်အလင်းပေးခြင်း မဟုတ်သကဲ့သို့ သင့်အနီးတွင် ရှိသည့်သူများကိုလည်း သင့်အား လမ်းညွှန်မှု အစဉ် မပေးခိုင်းပေ။ ယခင်က သင်တစ်ခါမျှ မကြုံဖူးသည့် အမှုအရာများ၊ သင်၏ကျွမ်းကျင်မှု ပြင်ပမှ အရေးကိစ္စများနှင့် ပတ်သက်၍ ဘုရားသခင်က သင့်ကို မည်သို့ဉာဏ်အလင်းပေးသနည်း။ သူသည် တစ်ခါတစ်ရံတွင် အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများမှတစ်ဆင့် သင့်ကို အသိဉာဏ်ပွင့်လင်းစေသည်။ ဤအခြေအနေတွင် သင့်ကို အကြံပေးဖို့ ကျွမ်းကျင်သူတစ်ဦး သို့မဟုတ် ထိုပညာရပ်နယ်ပယ်ကိုနားလည်သူ တစ်စုံတစ်ဦးကို သင်သည် ရှာဖွေရမည်။ ထိုပညာရပ်နယ်ပယ်ကိုနားလည်သူ မည်သူ့ကိုမဆို ရှာဖွေဖို့၊ သူတို့ထံမှ အကြံဉာဏ်အနည်းငယ်ကို ယူဖို့ သင်မြန်မြန်လုပ်သင့်သည်။ ထို့နောက် စည်းမျဉ်းများအတိုင်း ထိုကိစ္စကို လုပ်လော့။ ၎င်းကို သင်လုပ်နေစဉ်အတွင်း ဘုရားသခင်က သင့်ကို လမ်းပြပါလိမ့်မည်။ သို့သော် လက်ရှိ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု၊ သို့မဟုတ် အထူးပြုမှုအကြောင်းကို အနည်းငယ် သင်နားလည်ရမည်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ သင်၌ အမြင်သဘောထားအချို့ ရှိရမည်။ သင်လုပ်ဆောင်သင့်သည့်အရာနှင့်စပ်လျဉ်း၍ ဘုရားသခင်က သင့်ကို ဤအခြေခံအုတ်မြစ်ပေါ်တွင် ဉာဏ်အလင်းပေးမည် ဖြစ်သည်။
လူတစ်ဦးသည် မည်သည့်အရာကို လုပ်သည်ဖြစ်စေ စဉ်းစားတွေးခေါ်နိုင်သည်၊ ဒီဇိုင်းရေးဆွဲနိုင်သည်၊ အစီအစဉ်ရေးဆွဲနိုင်သည်၊ ဆွေးနွေးတိုင်ပင်နိုင်သည်၊ ပြီးလျှင် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခုကို ဆုံးဖြတ်ဖို့အတွက် အချို့သော အရင်းအမြစ်များထံမှနေ၍ ထိုအကြောင်း စုံစမ်းမေးမြန်းနိုင်သည်။ သို့သော် အောင်မြင်မှုသည် ဘုရားသခင်အပေါ်တွင် မူတည်နေသေးသည်။ “လူသားက အဆိုပြု၍ ဘုရားသခင်က စီစဉ်နေရာချသည်” ဟူသော ဆိုရိုးစကားသည် မှန်ကန်ပါသည်။ ဘာသာတရားမရှိသူများသည် အတွေ့အကြုံမှတစ်ဆင့် ဤဆိုရိုးစကားကို အကျဉ်းချုပ်တင်ပြထားသည်မှာ မယုံနိုင်ဖွယ်ရာဖြစ်သည်။ ထို့ပြင် အကယ်၍ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် ဤသည်ကို ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပါက သူသည် ပညာဗဟုသုတနည်းပါးလွန်းနေပြီး သမ္မာတရားတစ်စုံတစ်ရာကိုမျှ နားမလည်ပါ။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲထားသည်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်ပါက လူသားလုပ်ချင်သောအရာသည် ကောင်းချီးပေးခြင်းကို ခံရလိမ့်မည် ဟူသည်တို့ကို လူများ သူတို့၏စိတ်နှလုံးများထဲတွင် ခိုင်မြဲစွာ ယုံကြည်ထားရမည်။ ဤစည်းမျဉ်းစည်းကမ်းကို သင်၏စိတ်နှလုံးထဲတွင် သင်ပိုင်ဆိုင်ထားရမည်။ ဘုရားသခင်သည် အားလုံးအပေါ် အချုပ်အခြာအာဏာရှိကြောင်းနှင့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချဖို့ အခွင့်ရှိသူမှာ လူသားမဟုတ်ကြောင်းတို့ကို သင်သိထားရမည်။ ထို့ကြောင့် လူတစ်ဦးက မည်သည်ကိုလုပ်သည်ဖြစ်စေ၊ သူ၏စိတ်နှလုံးသည် တို့ထိခြင်းခံရမရကို သိဖို့အတွက် ပထမဦးစွာ သူသည် ဘုရားသခင်ထံ ဆုတောင်းရမည်။ ထို့နောက် ထိုဆောင်ရွက်ပုံနည်းလမ်းသည် သမ္မာတရားနှင့်အညီ ဖြစ်မဖြစ်နှင့် ဖြစ်နိုင်ခြေရှိမရှိတို့ကို သိဖို့အတွက် သမ္မာတရားကို ရှာဖွေရမည်။ အကယ်၍ ဤသည်ကို ချက်ချင်း မဆုံးဖြတ်နိုင်ပါက သင်သည် စောင့်ရမည်။ လုပ်ဆောင်ဖို့အတွက် အလျင်စလို မဖြစ်ပါနှင့်။ ကိစ္စကို သင်စေ့စေ့စပ်စပ် သေသေချာချာ နားလည်ပြီးသည်အထိ၊ အချိန်ကျပြီဟု သင်ခံစားရသည်အထိ၊ ထပ်၍စောင့်ဖို့ မလိုအပ်တော့ဘဲ သင်လုပ်သင့်သည့်အချိန်အထိ၊ ပြီးလျှင် ၎င်းကို လုပ်ဖို့ သင့်စိတ်နှလုံးထဲတွင် ကျိန်းသေမှု လုံလောက်စွာ ရှိသည့်အချိန်အထိ စောင့်ပါ။ ထို့နောက်တွင် သင်ပြုမူလုပ်ဆောင်နိုင်သည်။ သင်သည် ကိစ္စကို စေ့စေ့စပ်စပ် နားလည်နိုင်ခြင်းမရှိပါက၊ ရက်အနည်းငယ်ကြာအောင် စောင့်ပြီးနောက်တွင် ၎င်းကို သင်စိတ်မဝင်စားပါက၊ ပြီးလျှင် ၎င်းက အောင်မြင်လိမ့်မည်ဟု သင်မသေချာပါက ဤကိစ္စသည် လူသား၏အလိုဆန္ဒမှ အရင်းခံခဲ့ကြောင်း၊ ၎င်းကို ဘုရားသခင်က ခွင့်မပြုကြောင်းတို့ကို ဤသည်က သက်သေပြသည်။ ထို့ကြောင့် ၎င်းကို သင်သည် အလျင်အမြန် လက်လျှော့လိုက်သင့်သည်။ ဘုရားသခင်ထံမှ တစ်ခုခုလာသောအခါ ၎င်းတွင် ယုံကြည်ခြင်းကို သင်အမြဲခံစားရလိမ့်မည်။ ထို့ပြင် မည်သည့်အခြေအနေမျိုး ဖြစ်လာပါစေ ထိုယုံကြည်ခြင်းသည် မဆုတ်ယုတ်သွားတော့ပေ။ နောက်ဆုံးတွင် ကိစ္စကို သင်ရှင်းလင်းပြတ်သားစွာ မြင်ရပြီးသကဲ့သို့ သင်၏စိတ်နှလုံးသည် ပို၍ ပို၍ ကြည်လင်ပြတ်သားလာလိမ့်မည်။ ဤသည်မှာ ဘုရားသခင်ထံမှ တစ်ခုခု လာသောအခါ ဖြစ်သည့်ပုံစံပင် ဖြစ်သည်။ ဘုရားသခင်သည် လူများကို စောင့်စေသည်။ ထို့ပြင် ဤသည်က ဘုရားသခင်ထံမှ ထုတ်ဖော်ခြင်းအား စောင့်ဆိုင်းခြင်းကို ဆိုလိုသည်။ ထို့နောက်တွင် ကိစ္စသည် သင့်အတွက် ရှင်းလင်းပြတ်သားလာသည်။ ထို့ကြောင့် ဤစောင့်ဆိုင်းခြင်းသည် လိုအပ်သည်။ သို့သော်လည်း သင်ပူးပေါင်းဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့်ပတ်သက်၍ သင်သည် ပြုမူလုပ်ဆောင်ရမည်၊ ပြီးလျှင် သင်သည် စုံစမ်းစစ်ဆေးရမည်။ ထို့ပြင် စုံစမ်းစစ်ဆေးသည့် လုပ်ငန်းစဉ်တွင် ဘုရားသခင်သည် လူတစ်ဦး သို့မဟုတ် အဖြစ်အပျက်တစ်ခုမှတစ်ဆင့် အချက်အလက်မှန်များကို သင့်အား ပြောပြကောင်းပြောပြနိုင်သည်။ အကယ်၍ သင်သည် မစုံစမ်းမမေးမြန်းဘဲ သင်၏စိတ်နှလုံးထဲတွင် ရှုပ်ထွေးပြီး မသေချာဖြစ်နေပါက အချက်အလက်မှန်များက မည်သည်ဖြစ်သည်ကို သင်မသိဘဲ ဖြစ်နေလိမ့်မည်။ သို့သော် အကယ်၍ သင်သည် စုံစမ်းမေးမြန်းပါက အချက်အလက်အမှန်များကို သင်ရှာဖွေတွေ့ရှိလိမ့်မည်။ ပြီးလျှင် ၎င်းတို့ကို သင့်အား သိစေသောသူသည် ဘုရားသခင်ဖြစ်လိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လက်တွေ့မကျသလော။ ဘုရားသခင်သည် လူများ၊ အဖြစ်အပျက်များနှင့် ကိစ္စများမှတစ်ဆင့် သင့်ကို လမ်းပြပြီး အသိဉာဏ်ပွင့်လင်းစေသည်။ ပြီးလျှင် သူသည် သင့်ကို မည်သို့ပြုမူလုပ်ဆောင်ရမည်ကို ထောက်ပြလျက် သင်၏ အတွေ့အကြုံလုပ်ငန်းစဉ်တွင် ကိစ္စများကို နားလည်ပြီး ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ကိုရဖို့အတွက် သင့်အား ညွှန်ကြားပေးသည်။ ဘုရားသခင်က မမျှော်လင့်ဘဲ ရုတ်တရက် အဆိုပြုချက်တစ်ခု၊ အတွေးတစ်ခု၊ သို့မဟုတ် စိတ်ကူးအကြံအစည်တစ်ခုကို သင့်အား မပေးပါ။ ဘုရားသခင်သည် ထိုသို့ မလုပ်ပါ။ သင်စုံစမ်းစစ်ဆေးပြီး အခြေအနေနှင့်ပတ်သက်သော အချက်အလက်မှန်များအားလုံးသည် ထုတ်ဖော်ပြီးဖြစ်သောအခါ ယခင်က သင့်တွင် ထိုကဲ့သို့သော အတွေးများနှင့် ခံစားချက်များ အဘယ်ကြောင့် ရှိခဲ့သည်ကို သင်သိလိမ့်မည်။ ဤသည်ကို သင်၏စိတ်နှလုံးထဲတွင် သင်နားလည်လိမ့်မည်။ သင်စုံစမ်းစစ်ဆေး၍ ပြီးလျှင်ပြီးချင်း ဤရလဒ်က ထွက်ပေါ်လာသည်မဟုတ်လော။ သင်မည်သို့ ပြုမူလုပ်ဆောင်သင့်သည်နှင့် ပတ်သက်လာသောအခါ ဘုရားသခင်သည် ဤအထဲတွင် ဝင်ပါလိမ့်မည်မဟုတ်ပါ။ သင်သည် မည်သို့ ပြုမူလုပ်ဆောင်ရမည်ကို သိထားပြီးဖြစ်လိမ့်မည်။ ဤသည်မှာ အနည်းငယ်မျှပင် သဘာဝလွန်မဖြစ်သည့်၊ အံ့ဩဖွယ်လည်း ကောင်းပြီး လက်တွေ့လည်းကျသော နည်းလမ်းတစ်ခုဖြင့် လူများကို ဘုရားသခင်အလုပ်လုပ်ပုံနှင့် လမ်းပြပုံဖြစ်သည်။ အပျင်းထူသောလူများသည် ဤသည်ကို သဘာဝလွန် နည်းလမ်းများမှတစ်ဆင့် ဖြစ်ပျက်ဖို့ အမြဲတမ်း လိုချင်ကြသည်။ သူတို့သည် ဘုရားသခင်က သူတို့ကို ဘာလုပ်ဖို့ တိုက်ရိုက် ပြောပြစေလိုကြသည်။ သူတို့သည် ဖြတ်လမ်းကို လိုက်လိုကြပြီး ဘုရားသခင်ကို သူတို့အတွက် လုပ်ပေးစေလိုကြသည်။ ပြီးလျှင် သူတို့သည် ကြိုတင်၍ တစ်နေရာတွင်ရှာဖွေခြင်း သို့မဟုတ် အားထုတ်ခြင်းတို့ကိုလည်း မပြုလုပ်ကြပါ။ ပြီးလျှင် သူတို့သည် ပူးပေါင်းဆောင်ရွက်ခြင်း လုံးဝမလုပ်ကြပါ။ ထို့ကြောင့် သူတို့၏အလိုဆန္ဒများသည် အချည်းနှီးဖြစ်ကုန်ကြသည်။ ဘာသာရေးကို အလွန် ရိုသေကိုင်းရှိုင်းသောလူများ၊ သမ္မာတရားကို ချစ်မြတ်နိုးသော လူများသည် အရာခပ်သိမ်းတွင် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် နေထိုင်ကြပြီး၊ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် သူတို့၏စိတ်နှလုံးများကို ငြိမ်သက်စေသည်။ သူတို့တွင် တစ်ခုခုဖြစ်လာပြီး မည်သည့်အရာ လုပ်ရမည်ကို သူတို့ မသိကြသောအခါ သူတို့သည် ဘုရားသခင်ထံ ဆုတောင်းနိုင်ကြပြီး ဘုရားသခင်ထံမှ ရှာဖွေကာ ဘုရားသခင် မည်သည့်အရာ အလိုရှိသည်ကို သိမြင်နိုင်ကြသည်။ သူတို့တွင် ရှာဖွေနေသော စိတ်နှလုံးတစ်ခု ရှိကြသောကြောင့် ဘုရားသခင်သည် သူတို့ကို ဤကိစ္စတွင် လမ်းပြသည်။ ထို့ပြင် နောက်ဆုံးတွင် ရလဒ်ကို ထုတ်ဖော်သောအခါ ထိုအခါတွင် သူတို့သည် ဘုရားလက်တော်၏ စီစဉ်ညွှန်ကြားမှုများကို မြင်နိုင်ကြသည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားသည်ဟု ဆိုသည်မှာ အနှစ်သာရမဲ့သော စကားရပ်တစ်ခု မဟုတ်ပါ။ ထို့ကြောင့် ထိုကဲ့သို့သော ကိစ္စများကို ပို၍ တွေ့ကြုံခြင်းဖြင့် ဘုရားသခင်သည် စိတ်ကူးယဉ်ထွင်လုံးတစ်ခု မဟုတ်ကြောင်း၊ သူသည် ဒဏ္ဍာရီတစ်ခု မဟုတ်ကြောင်းနှင့် သူ၌ အနှစ်သာရမရှိခြင်း မဟုတ်ကြောင်းတို့ကို သင်သိလာလိမ့်မည်။ ဘုရားသခင်သည် သင့်ဘေးနားတွင် ရှိနေလိမ့်မည်။ သူ့တည်ရှိမှုကို သင်ခံစားရနိုင်မည်၊ သူ့လမ်းပြမှုကို ခံစားရနိုင်မည်၊ ပြီးလျှင် သူ့လက်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ခံစားရနိုင်မည်။ ဤနည်းဖြင့် သင်သည် ဘုရားသခင်၏ အစစ်အမှန်ဖြစ်ခြင်းနှင့် လက်တွေ့ကျခြင်းတို့ကို ပို၍ပို၍ သတိမူမိလာလိမ့်မည်။ သို့ရာတွင် အကယ်၍ သင်သည် ဤနည်းဖြင့် တွေ့ကြုံဖို့ မတတ်နိုင်ပါက ဤအရာများကို သင်သည် မည်သည့်အခါမျှ ခံစားရနိုင်မည်မဟုတ်ပေ။ “ဘုရားသခင်တစ်ပါး ရှိသလော၊ မရှိသလော။ သူသည် အဘယ်မှာနည်း။ နှစ်ပေါင်းများစွာကြာအောင် ဘုရားသခင်ကို ကျွန်ုပ် လက်ခံယုံကြည်လာခဲ့ပြီး လူတိုင်းက သူတည်ရှိသည်ဟု ပြောကြသည်။ သို့ဆိုလျှင် သူ့ကို ကျွန်ုပ် အဘယ်ကြောင့် မမြင်ဖူးသနည်း။ သူက လူသားကို ကယ်တင်သည်ဟု သူတို့အားလုံးက ပြောကြသည်။ သို့ဆိုလျှင် လူများအပေါ် ဘုရားသခင် အလုပ်လုပ်ပုံလုပ်နည်းကို ကျွန်ုပ် အဘယ်ကြောင့် မခံစားဖူးသနည်း” ဟု သင်တွေးမိလိမ့်မည်။ ဤအရာများကို သင်သည် မည်သည့်အခါမျှ ခံစားရလိမ့်မည်မဟုတ်ပါ။ ထို့ကြောင့် သင်သည် သင်၏စိတ်နှလုံးထဲတွင် အေးငြိမ်းသက်သာခြင်းကို မည်သည့်အခါမျှခံစားရလိမ့်မည်မဟုတ်ပါ။ သင်ကိုယ်တိုင်အတွက် ၎င်းတို့ကို ခံစားခြင်းဖြင့်သာ အခြားသူများပြောပြီး တွေ့ကြုံနေကြသည့်အရာကို ဘုရားသခင်က ပြီးမြောက်အောင်မြင်ပြီး ဖြစ်ကြောင်းကို သင်သည် သက်သေပြနိုင်လိမ့်မည်။ ဘုရားသခင်၏အမှုတော်သည် အံ့ဩဖွယ်ရာဖြစ်ပြီး နားလည်သဘောပေါက်ဖို့ ခက်ခဲသော်လည်း ၎င်းသည် လက်တွေ့လည်းကျသည်။ ဤလက္ခဏာသွင်ပြင်နှစ်ချက်ကို သင်နားလည်သဘောပေါက်ရမည်။ ၎င်းသည် အံ့ဩဖွယ်ရာဖြစ်ပြီး နားလည်သဘောပေါက်ဖို့ ခက်ခဲသည်ဟူသည်မှာ ဘုရားသခင်လုပ်သမျှအားလုံးသည် ဉာဏ်ပညာအမြော်အမြင်ရှိပြီး လူသားက လက်လှမ်းမမီနိုင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် သူ၏အနှစ်သာရတို့က ၎င်းကို အဆုံးအဖြတ်ပေးသည်။ သို့သော် အခြားလက္ခဏာသွင်ပြင် နောက်တစ်ခုရှိသေးသည်၊ ယင်းမှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် မယုံနိုင်လောက်အောင် လက်တွေ့ကျသည် ဟူသည့်အချက်ဖြစ်သည်။ ဤ “လက်တွေ့ကျသည်” ဟူသည်မှာ မည်သည်ကို ဆိုလိုသနည်း။ ၎င်းက လူသားသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်နိုင်ကြောင်း၊ လူသား၏တွေးခေါ်ခြင်း၊ စိတ်၊ အတွေးများ၊ ဉာဏ်ပညာ၊ လူသားက ပိုင်ဆိုင်သော ပင်ကိုအသိစိတ်များနှင့် အစွမ်းအစတို့ အပါအဝင်သည် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်နိုင်ကြောင်းတို့ကို ဆိုလိုသည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် သဘာဝလွန်မဟုတ်ပါ သို့မဟုတ် အနှစ်သာရမရှိခြင်း မဟုတ်ပါ။ သင်သည် တစ်ခုခုကို မှန်မှန်ကန်ကန် လုပ်သောအခါ ဘုရားသခင်က ၎င်းသည် မှန်ကန်ကြောင်း သင့်ကို အသိပေးလိမ့်မည်။ ထို့ပြင် သင်သည် ၎င်းကို အတည်ပြုရလိမ့်မည်။ သင်သည် တစ်ခုခုကို အမှားလုပ်မိသောအခါ ဘုရားသခင်က သင့်ကို တဖြည်းဖြည်း နားလည်အောင် လုပ်ပေးလိမ့်မည်။ သူက သင့်ကို အသိဉာဏ်ပွင့်လင်းစေလိမ့်မည်။ ပြီးလျှင် ဤသည်ကို သင်အမှားလုပ်မိပြီ ဖြစ်ကြောင်းကို သင့်အား သိစေလိမ့်မည်။ ထို့ပြင် ၎င်းသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းတစ်ခု ဖြစ်ကြောင်းကို သင့်အား သိစေလိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်အပေါ် ကျေးဇူးတင်လိမ့်မည်။ ဤသည်မှာ “လက်တွေ့ကျသည်” ဟူသည်၏ ဆိုလိုရင်းဖြစ်သည်။
ကောက်နုတ်ချက် (၁၂)
ကိစ္စများ ကြုံလာသောအခါ သမ္မာတရားကို ရှာဖွေရန် အလွန်အရေးကြီးသည်။ သမ္မာတရားကို သင်ရှာဖွေပါက ပြဿနာကို သင်ဖြေရှင်းနိုင်ရုံသာမက သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်နိုင်ပြီး ရရှိနိုင်လိမ့်မည်။ သမ္မာတရားကို သင်မရှာဖွေဘဲ သင့်ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို မလျှော့တမ်း ပြောပြီး သင့်ကိုယ်ပိုင်ထင်မြင်ချက်အတိုင်း အမြဲတမ်း ပြုမူဆောင်ရွက်နေပါက သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှုပြဿနာကို ဖြေရှင်းဖို့ သင်ပျက်ကွက်ရုံသာမက သိလျက်နှင့်ပင် အပြစ်ကိုလည်း ပြုမိလိမ့်မည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်ကို ခုခံခြင်းသို့ လမ်းကြောင်းဖြစ်သည်။ ဥပမာအနေဖြင့် သင့်တာဝန်များကို ထမ်းဆောင်ရာတွင် သင်သည် ပြုပြင်ခြင်း ခံရသည်ဆိုပါစို့။ သင်သည် သမ္မာတရားကို မရှာဖွေဘဲ သင့်ကိုယ်ပိုင်တွေးခေါ်မြော်မြင်မှုကို ခေါင်းမာစွာ အသားပေးသည်။ “ငါ၏အလုပ်ကို ငါလုပ်ပြီးပြီ။ သိသိသာသာ ဆိုးရွားသည့် မည်သည့်အရာတစ်ခုကိုမျှ ငါ မလုပ်ခဲ့ဖူးဘဲ အမှားအနည်းငယ်မျှအတွက်ဖြင့် ပြုပြင်ခံရရုံတင်မက ငါ့ကို မကြိုက်ကြောင်းကို ပြသည့်အနေဖြင့် ထုတ်ဖော်ခြင်းနှင့် မရိုမသေဆက်ဆံခြင်းတို့ကိုလည်း ခံရသည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ဘယ်မှာနည်း။ အဘယ်ကြောင့် ငါ မမြင်နိုင်ရသနည်း။ ဘုရားသခင်သည် လူများကို ချစ်သည်ဟု ပြောကြသည်၊ သို့ဆိုလျှင် ဘုရားသခင်က အခြားသူများကို ချစ်ပြီး ငါ့ကိုကျ မချစ်သည်မှာ မည်သို့ဖြစ်ရသနည်း” ဟု သင်ထင်ကောင်း ထင်နိုင်သည်။ မကျေနပ်ချက်များအားလုံး ပွင့်အံထွက်လာသည်။ ဤကဲ့သို့အခြေအနေမျိုးတွင် ရှိသောလူများသည် သမ္မာတရားကို ရနိုင်သလော။ မရနိုင်ပေ။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးတွင် ပြဿနာများ ပေါ်ပေါက်လာသောအခါ ယင်းတို့ကို ဖြေရှင်းခြင်း၊ သင့်ကိုယ်သင် ပြောင်းလဲခြင်းနှင့် မိမိ၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့နေသောအမြင်များနှင့် တစ်ယူသန်စိတ်ကူးများကို ဘေးဖယ်ထားခြင်းတို့ကို ပြုရမည့်အစား သင်သည် ခေါင်းမာစွာ ဘုရားသခင်ကို ခုခံသည့်အခါတွင် ဘုရားသခင်က သင့်ကို စွန့်ပစ်သွားခြင်းနှင့် သင်ကလည်း ဘုရားသခင်ကို ကျောခိုင်းသွားခြင်းဟူသည့် ရလဒ်တို့ကိုသာ ရနိုင်သည်။ ဘုရားသခင်၏အချုပ်အခြာအာဏာကို သံသယဝင်ပြီး ငြင်းပယ်ရင်း သူ့အစီအစဉ်များကို လိုက်နာရန် ဆန္ဒမရှိဖြစ်နေလျက် သင့်တွင် သူ့အပေါ် မကျေနပ်ချက်များ အပြည့်ဖြစ်နေလိမ့်မည်။ ပိုဆိုးသည်မှာ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး ဖြောင့်မတ်ခြင်းတရားဖြစ်သည်ကို သင်ငြင်းပယ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင်ကို အပြင်းထန်ဆုံး ခုခံခြင်းပုံစံဖြစ်သည်။ သို့သော် သင်သည် အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေပါက ဘုရားသခင်၏ရည်ရွယ်ချက်များကို သင်နားလည်ပြီး ဖြစ်လိမ့်မည်။ သင်လျှောက်လှမ်းနိုင်သည့် လမ်းကြောင်းတစ်ခုကို သင်ရရှိပြီးဖြစ်လိမ့်မည်။ ဤသို့လုပ်ခြင်းဖြင့် သင်ယုံကြည်သောဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီး၊ အသက်နှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်ကြောင်းကို သင်အတည်ပြုနိုင်ရုံသာမက ဘုရားသခင် ပြုလုပ်သမျှအရာတိုင်းသည် မှန်ကန်ကြောင်း၊ သူ၏လူသားကို စမ်းသပ်ခြင်းနှင့် စစ်ဆေးခြင်းသည် မှန်ကန်ပြီး လူသားကို ကယ်တင်ပြီး သန့်စင်ရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်းတို့ကိုလည်း သင်အတည်ပြုနိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းတရားနှင့် သန့်ရှင်းခြင်းအကြောင်းကို သင် သိမြင်မှုရလိမ့်မည်။ တစ်ချိန်တည်းတွင် ဘုရားသခင်၏အမှုတော်ကို သင်သိပြီး သူ့ချစ်ခြင်းမေတ္တာ၏ ကြီးမြတ်ခြင်းကို သင်မြင်လိမ့်မည်။ ကြီးမြတ်လိုက်သော ဆုလာဘ်ပေတကား။ သင့်ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ်အခြေခံ၍ ဘုရားသခင်နှင့် သူ့အမှုတော်ကို အမြဲ ချဉ်းကပ်ပြီး သမ္မာတရားကို မရှာဖွေဘဲ အဆိုပါဆုလာဘ်မျိုးကို သင်ရိတ်သိမ်းနိုင်မည်လော။ လုံးဝ မရိတ်သိမ်းနိုင်ပေ။ လူသားသည် စာတန်၏ အလွန် ပြင်းပြင်းထန်ထန် ဖောက်ပြန်ပျက်စီးစေခြင်းကို ခံထားရသောကြောင့် သူ၏ အပြုအမူနှင့် လုပ်ရပ်များအားလုံး၊ သူထုတ်ဖော်သည့်အရာများအားလုံးသည် စာတန်၏ စိတ်သဘောထားနှင့်သက်ဆိုင်ပြီး ယင်းတို့အားလုံးသည် သမ္မာတရားနှင့်ဆန့်ကျင်ကာ ဘုရားသခင်ကို ရန်လိုကြသည်။ လူသားသည် ဘုရားသခင်၏ ကြီးမားသော ချစ်ခြင်းမေတ္တာကို ပျော်မွေ့ခံစားထိုက်ခြင်း မရှိချေ။ သို့တိုင်အောင် ဘုရားသခင်သည် လူနှင့်ပတ်သက်၍ အလွန်စိုးရိမ်ဆဲဖြစ်ကာ သူ့အပေါ် နေ့စဉ်နေ့တိုင်း ကျေးဇူးတော် အပ်နှင်းပေးသည်၊ သူပြောင်းလဲနိုင်ဖို့အလို့ငှာ သူ့ကို စမ်းသပ်ကာ စစ်ဆေးဖို့ လူများ၊ ဖြစ်ရပ်များနှင့် အမှုကိစ္စမျိုးစုံကို သူ့အတွက် စီစဉ်ပေးသည်။ ဘုရားသခင်သည် ပတ်ဝန်းကျင်မျိုးစုံအားဖြင့် လူသားကို ထုတ်ဖော်သည်။ သူ့ကိုယ်သူ ဆင်ခြင်ပြီး သိစေကာ သမ္မာတရားကို နားလည်စေပြီး အသက်ကို ရရှိစေသည်။ ဘုရားသခင်သည် လူသားကို အလွန်ချစ်မြတ်နိုးပြီး သူ၏ချစ်ခြင်းမေတ္တာက အလွန်စစ်မှန်သည်မှာ လူသားသည် ယင်းကို မြင်နိုင်ပြီး ထိတွေ့နိုင်လေသည်။ သင်သည် ဤအရာများအားလုံးကို တွေ့ကြုံပြီးဖြစ်လျှင် ဘုရားသခင် လုပ်ဆောင်သမျှသည် လူသား၏ ကယ်တင်ခြင်းအတွက် ဖြစ်ကြောင်းနှင့် ဤသည်မှာ အစစ်မှန်ဆုံးသော ချစ်ခြင်းမေတ္တာဖြစ်ကြောင်း သင်ခံစား၍ရနိုင်သည်။ ဘုရားသခင်က ထိုသို့သော လက်တွေ့ကျသည့်အမှုကို မပြုခဲ့ပါက လူသည် မည်မျှယုတ်မာပြီးဖြစ်လိမ့်မည်ဟု မည်သူမျှမပြောနိုင်ချေ။ သို့ရာတွင် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို မမြင်သည့်သူများ၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားနေသေးသူများ၊ အခြားသူများထက် သာလွန်ဖို့ ကြိုးစားနေသည့်သူများ၊ အခြားသူများကို ထောင်ဖမ်းပြီး ထိန်းချုပ်ဖို့ အစဉ်ဆန္ဒရှိသည့်သူများ များစွာ ရှိနေသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေခြင်း မဟုတ်လော။ ၎င်းတို့သည် ထိုလမ်းကြောင်းတွင် ဆက်လျှောက်ပါက၊ အကျိုးဆက်များမှာ မတွေးဝံ့စရာဖြစ်လိမ့်မည်။ ဘုရားသခင်သည် လူသားအား ၎င်း၏ ဖောက်ပြန်ပျက်စီးခြင်းကို သိစေနိုင်ဖို့အလို့ငှာ သူ၏ တရားစီရင်ခြင်း အမှုတော်ဖြင့် ယင်းကို ဖော်ထုတ်လေသည်။ လူသား၏ မှားယွင်းသော လိုက်စားမှုများကို သူတားဆီးသည်။ ဘုရားသခင်သည် အလွန်ထူးကဲပြောင်မြောက်သော အလုပ်ကို ဆောင်ရွက်လေသည်။ ဘုရားသခင် လုပ်ဆောင်သည့်အရာသည် လူသားကို ထုတ်ဖော်ပြီး တရားစီရင်သော်လည်း လူသားကို ကယ်တင်ခြင်းလည်း ပြုလေသည်။ ဤသည်မှာ စစ်မှန်သော ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သင်သည် ဤအရာကို သင့်ဘာသာ နားလည်သဘောပေါက်သည့်အခါ သမ္မာတရား၏ ဤရှုထောင့်အမြင်ကို ရရှိပြီးဖြစ်သည် မဟုတ်လော။ လူတစ်ယောက်သည် ဤအရာကို သူကိုယ်တိုင် နားလည်သဘောပေါက်ပြီး ဤနားလည်မှု ရရှိသည့်အခါ၊ ဤသမ္မာတရားတို့ကို နားလည်ပြီးသည့်အခါတွင် ဘုရားသခင်အပေါ် စောဒကတက်ခြင်းများ ရှိသေးသလော။ မရှိတော့ပေ။ ယင်းတို့အားလုံး မရှိတော့ပေ။ ထိုအခါ ၎င်းတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို လိုလိုလားလားနှင့် မဆုတ်မနစ် လိုက်နာနိုင်ကြသည်။ စမ်းသပ်ခြင်းတစ်ခု သို့မဟုတ် စစ်ဆေးခြင်းတစ်ခု နောက်တစ်ကြိမ် ဖြစ်ပွားသောအခါ သို့မဟုတ် ၎င်းတို့ နောက်တစ်ကြိမ် ပြုပြင်ခြင်း ခံရသောအခါ ဘုရားသခင် ပြုလုပ်နေသည့်အရာသည် မှန်ကန်ကြောင်းနှင့် ဘုရားသခင်က ၎င်းတို့ကို ထုတ်ဖော်ပြီး ကယ်တင်နေခြင်းဖြစ်ကြောင်းကို ၎င်းတို့ အလျင်အမြန် သဘောပေါက်လာကြလိမ့်မည်။ မကြာမီ ၎င်းတို့ကိုယ်ပိုင် တွေးခေါ်မြော်မြင်မှုကို အလေးမထားဘဲ အယူအဆများနှင့် မကျေနပ်ချက်များ ကင်းကင်းဖြင့် ဘုရားသခင်ကို ကျိုးနွံနာခံရင်း လက်ခံ၍ ကျိုးနွံနာခံနိုင်လိမ့်မည်။ ဤအတိုင်းအတာအထိ လူတို့ လိုက်နာနိုင်ပါက ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားဖြင့် စစ်ဆေးခြင်းများစွာကို တွေ့ကြုံပြီးခြင်းမှတစ်ဆင့်၊ စုံလင်စေခြင်းခံရပြီးခြင်းမှတစ်ဆင့် ဖြစ်၏။
ကောက်နုတ်ချက် (၁၃)
ယခုအခါတွင် သမ္မာတရား လိုက်စားမှုကို အာရုံစိုက်ပြီး ၎င်းတို့အပေါ်သို့ အမှုအရာများကျရောက်သောအခါ သမ္မာတရားကို ရှာနိုင်သောသူများစွာရှိသည်။ သင်သည် သင့်အတွင်းရှိ မှားယွင်းသော ရည်ရွယ်ချက်များနှင့် ပုံမှန်မဟုတ်သော အခြေအနေများကို ဖြေရှင်းလိုလျှင် ထိုသို့ပြုလုပ်ရန်အတွက် သမ္မာတရားကို သင် ရှာဖွေရမည်။ နံပါတ်တစ်အနေဖြင့်၊ သင်သည် ဘုရားနှုတ်ကပတ်တော်ကို အခြေခံပြီး မိတ်သဟာယတွင် သင့်ကိုယ်သင် ဖွင့်ဟပြောဆိုရန် သင်ယူရမည်။ ပွင့်လင်းစွာ မိတ်သဟာယဖွဲ့ရန်အတွက် သင့်တော်သော ကြားနာသူကို ရွေးချယ်ရမည်မှာ မှန်သည်။ အနည်းဆုံးအနေဖြင့် သမ္မာတရားကို ချစ်ပြီး လက်ခံသောသူ၊ လူအများစုထက် လူ့သဘာဝပိုကောင်းသောသူ၊ အတော်အတန် ရိုးသားဖြောင့်မှန်သူကို ရွေးချယ်သင့်သည်။ သမ္မာတရားကို နားလည်သောသူ၊ သူ၏ မိတ်သဟာယကြောင့် အကူအညီရရှိနိုင်သည့်သူကို ရွေးချယ်နိုင်လျှင် ပို၍ ကောင်းသည်မှာ အမှန်ဖြစ်သည်။ မိတ်သဟာယတွင် သင့်ကိုယ်သင် ဖွင့်ပြောပြီး သင်၏ အခက်အခဲများကို ဖြေရှင်းရန်အတွက် ဤသို့သောလူမျိုးကို ရှာဖွေခြင်းသည် ထိရောက်မှုရှိနိုင်သည်။ သင်သည် မသင့်တော်သောသူ၊ သမ္မာတရားကို မချစ်ဘဲ ဆုကျေးဇူး၊ သို့မဟုတ် ပါရမီသာရှိသောသူကို ရွေးချယ်မိလျှင် သူသည် သင့်ကို လှောင်ပြောင်ပြီး အထင်သေးလိမ့်မည်။ သင့်ကို သိက္ခာချလိမ့်မည်။ သင့်အတွက် အကျိုးရှိမည်မဟုတ်ပေ။ တစ်ဖက်တွင် မိမိကိုယ်ကို ဖွင့်ဟပြောဆိုခြင်းသည် ဘုရားရှေ့ကို လာပြီး ဘုရားထံ ဆုတောင်းရာတွင် လုပ်ဆောင်သင့်သော နည်းလမ်းဖြစ်သည်။ ယင်းမှာ သူတစ်ပါးတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည့် နည်းလမ်းလည်းဖြစ်သည်။ “ငါ့တွင် ရည်ရွယ်ချက်များ၊ အခက်အခဲများရှိသည်။ ငါ၏ စိတ်တွင်း အခြေအနေက မကောင်းပေ။ အပျက်သဘောဆောင်သည်။ မည်သူ့ကိုမျှ ငါမပြော။ ချုပ်တည်းထားလိုက်မည်”ဟု တွေးလျက် အမှုအရာများကို ဆက်မျိုသိပ်မထားနှင့်။ သင်သည် အမှုအရာများကို မဖြေရှင်းဘဲ အစဉ် ချုပ်တည်းထားလျှင် သင်သည် ပို၍ အစဉ် အပျက်သဘောဆောင်လာလိမ့်မည်။ သင်၏ အခြေအနေသည် ပို၍ပင် အစဉ် ကျဆင်းလိမ့်မည်။ သင်သည် ဘုရားထံ ဆုတောင်းချင်စိတ်ရှိမည်မဟုတ်ပေ။ ဤသည်မှာ ပြောင်းပြန်လှန်ရန် ခက်ခဲသောအရာဖြစ်သည်။ ထို့ကြောင့် သင်၏အခြေအနေသည် မည်သို့ပင်ဖြစ်စေ၊ သင်သည် အပျက်သဘောဆောင်သည်ဖြစ်စေ၊ အခက်အခဲ ကြုံနေရသည်ဖြစ်စေ၊ သင် ကိုယ်တိုင်၏တစ်ကိုယ်ရေ စိတ်ဓာတ်လှုံ့ဆော်မှုများ သို့မဟုတ် အစီအစဉ်များ မည်သို့ ရှိသည် ဖြစ်စေ၊ သင် မည်သည့်အရာအား သိရှိလာသည်ဖြစ်စေ၊ သို့မဟုတ် စစ်ဆေးမှုမှ တစ်ဆင့် သဘောပေါက်လာသည်ဖြစ်စေ၊ သင်သည် ထင်မြင်ခံစားရသည့်အတိုင်း ပြောဆိုရန်နှင့် မိတ်သဟာယဖွဲ့ရန်အတွက် သင်ယူရမည် ဖြစ်ကာ၊ သင် မိတ်သဟာယဖွဲ့သည်နှင့်အမျှ သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်ဆောင်မည် ဖြစ်သည်။ ပြီးလျှင် သန့်ရှင်းသောဝိညာဉ်တော်သည် မည်သို့ လုပ်ဆောင်သနည်း။ သူသည် သင့်အား ဉာဏ်အလင်းဖွင့်ပြပြီး အလင်းပေးကာ ပြဿနာ၏ ပြင်းထန်မှုကို မြင်စေသည်။ သူသည် သင့်အား ပြဿနာ၏ အရင်းအမြစ်နှင့် အနှစ်သာရအား သတိမူမိစေသည်၊ ထို့နောက် သင့်ကို သမ္မာတရားနှင့် သူ့ရည်ရွယ်ချက်များကို တဖြည်းဖြည်း နားလည်စေပြီး လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း မြင်ခွင့်ပေးကာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခွင့်ပေးသည်။ လူတစ်ယောက်က ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နိုင်လျှင် ၎င်းတို့သည် သမ္မာတရားအပေါ် ရိုးသားသော သဘောထားတစ်ခုရှိသည်ဟု ဆိုလိုသည်။ ၎င်းတို့သည် ရိုးသားသူဟုတ်မဟုတ်ကို သမ္မာတရားအပေါ် ၎င်းတို့၏ သဘောထားဖြင့် အကဲဖြတ်သည်။ ရိုးသားသောလူတစ်ဦးသည် အခက်အခဲများနှင့် ကြုံရသောအခါ ၎င်းတို့မည်မျှအဆိုးမြင်သည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ၊ ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ အဖြေတစ်ခုကို ရှာဖို့ ကြိုးစားရင်းနှင့် ၎င်းတို့၏ပြဿနာ သို့မဟုတ် အခက်အခဲကို ဖြေရှင်းဖို့နည်းလမ်းကို ရှာဖွေရင်း ဘုရားသခင်ထံ ၎င်းတို့ အမြဲ ဆုတောင်းကြလိမ့်မည်၊ ပြီးလျှင် မိတ်သဟာယဖွဲ့ရမည့် အခြားလူများကို ရှာဖွေကြလိမ့်မည်။ စိတ်ကသိကအောက် တစ်စုံတစ်ရာ ဖြစ်ခြင်းကြောင့် မကျေနပ်ချက်ကို ညည်းညူရန် တစ်စုံတစ်ဦးကို ၎င်းတို့ရှာနေခြင်း မဟုတ်ပေ။ သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ရန် အခက်အခဲနှင့်ပတ်သက်၍လည်းကောင်း၊ ယင်းမှထွက်လာနိုင်ရန်နှင့်ပတ်သက်၍လည်းကောင်း အဖြေတစ်ခုကို ၎င်းတို့ ရှာနေကြခြင်းဖြစ်သည်။ လူတစ်ဦး၏စိတ်နှလုံးထဲရှိ မဖြေရှင်းရသေးသော အပျက်သဘောဆောင်သည့်အရာများနှင့် ဆိုးသောအရာများကို ကွယ်ဝှက်ခြင်းသည် ထိုလူ၏ တာဝန်ထမ်းဆောင်ခြင်းနှင့် အသက်ဝင်ရောက်ခြင်းတို့အပေါ် တိုက်ရိုက် အကျိုးသက်ရောက်လိမ့်မည်။ လူတစ်ဦး၏ စိတ်နှလုံးထဲတွင် ဘုရားသခင်အပေါ် ဖြူစင်ပွင့်လင်းခြင်း မရှိဘဲ လိမ်လည်လှည့်စားခြင်းသာ အမြဲ ကိန်းအောင်းနေခြင်းသည် အလွန် အန္တရာယ်များသည်။ လိမ်လည်လှည့်စားတတ်သော လူများသည် ဟန်လုပ်ရာတွင် တော်ကြသည်။ ၎င်းတို့အပေါ် မည်သည့်အရာ ဖြစ်ပျက်ပါစေ ၎င်းတို့တွင် မည်သည့်အယူအဆများ သို့မဟုတ် မည်သည့်စိတ်မကျေနပ်ချက်များ ခံစားရနိုင်သည်ဖြစ်စေ မိတ်သဟာယမဖွဲ့ကြပေ။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် ပုံမှန်ဖြစ်နေပုံရသော်လည်း လက်တွေ့တွင်မူ ၎င်းတို့၏ စိတ်နှလုံးများသည် အပျက်သဘောဆောင်ခြင်းဖြင့် အလွန်ဝန်ပိနေသောကြောင့် ထ၍ရပ်ဖို့ပင် အနိုင်နိုင်ဖြစ်သည်။ ပြီးလျှင် သင်သည် မည်သို့မျှ ခွဲခြားသိမြင်နိုင်မည်မဟုတ်ပေ။ ၎င်းတို့နှင့် သင်မိတ်သဟာယဖွဲ့လျှင်ပင် မှန်သောစကားကို သင့်အား ၎င်းတို့ ပြောပြမည်မဟုတ်ပေ။ မကျေနပ်ချက်များ၊ အထင်လွဲခြင်းများနှင့် အယူအဆများ ၎င်းတို့တွင် မည်မျှပြည့်နှက်နေကြောင်းကို မည်သူ့ကိုမျှ ၎င်းတို့ ပြောလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ကို အခြားသူများက နားလည်သဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် အထင်သေးခံရပြီး အငြင်းပယ်ခံရမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့သည် အမှုကိစ္စများနှင့်ပတ်သက်လျှင် အစဉ်သဖြင့် သိုသိုသိပ်သိပ်နေကြသည်။ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်နေကြသော်လည်း အသက်ဝင်ရောက်ခြင်း ၎င်းတို့တွင် မရှိကြသလို ၎င်းတို့လုပ်သည့် မည်သည့်အရာတွင်မျှ သမ္မာတရားစည်းမျဉ်းကို မရှာဖွေကြချေ။ ၎င်းတို့သည် အပြင်ပန်းတွင် ဟက်ဟက်ပက်ပက် ရှိပုံမပေါ်ဘဲ ရှေ့ဆက်ဖို့ဖြစ်စေ၊ နောက်ကျန်ရစ်ခဲ့ဖို့ ဖြစ်စေ အားမာန်မရှိသည်မှာ ဤအရာသည် အကျပ်အတည်းတစ်ခုကို နိမိတ်ပြနေသည်။ သမ္မာတရားကို မလိုက်စားသောသူတို့၏ စိတ်နှလုံးများထဲတွင် ရောဂါတစ်ခုရှိသည်။ အဆိုပါရောဂါသည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တည်ရှိနေပြီး ဖော်ထုတ်ခံရမည်ကို ကြောက်ကြသည်။ ၎င်းတို့သည် အရာတိုင်းကို အခြားသူများကို မည်သည့်အခါမှ ဖွင့်မပြောရဲကြဘဲ တင်းတင်းကျပ်ကျပ် သိုသိပ်၍ ဖုံးကွယ်ထားသည်၊ အန္တရာယ်ပေးနိုင်သော အကျိတ်တစ်ခုဖြစ်လာပြီး ၎င်းတို့၏စိတ်နှလုံးများထဲတွင် ရောဂါဖြစ်စေလျက် အသက်လည်ပတ်မှု မရှိပေ။ ပြီးလျှင် ဤနည်းအားဖြင့် ၎င်းတို့အပေါ် ဘေးအန္တရာယ် ကျရောက်လာသည်။ သမ္မာတရားကို လက်ခံရာတွင် လူများသည် မဖြူစင်သလို မပွင့်လင်းနိုင်ကြလျှင်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ၎င်းတို့၏ ပြဿနာများကို မဖြေရှင်းနိုင်ကြလျှင် ထိုကဲ့သို့သောလူများသည် ၎င်းတို့၏တာဝန်များကို သင့်တင့်လျောက်ပတ်စွာ မထမ်းဆောင်နိုင်ပေ။ ၎င်းတို့သည် အနှေးနှင့်အမြန် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းခံရမည်။
ကောက်နုတ်ချက် (၁၄)
ယင်းမှာ မည်သည့်ပြဿနာပင်ဖြစ်ပါစေ ဖြစ်ပေါ်လာသည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းဖို့ သင် သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး မည်သည့်နည်းလမ်းနှင့်မျှ သင်ဟန်မဆောင်ရ၊ သို့မဟုတ် အခြားသူများအတွက် အယောင်ဆောင်မလှည့်စားရ။ သင်၏အားနည်းချက်များ၊ သင်၏ချို့ယွင်းချက်များ၊ သင်၏အမှားများ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ယင်းတို့အားလုံးနှင့်ပတ်သက်၍ လုံးဝ ပွင့်ပွင့်လင်းလင်းရှိပြီး မိတ်သဟာယပြုလော့။ ယင်းတို့ကို အတွင်း၌ မသိမ်းထားနှင့်။ သင့်ကိုယ်သင် မည်သို့ဖွင့်ဟဖို့ကို သင်ယူခြင်းသည် အသက်ဝင်ရောက်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး၊ ယင်းမှာ အောင်နိုင်ဖို့ အခက်ဆုံးဖြစ်သည့် ပထမဆုံး အခက်အခဲတစ်ခု ဖြစ်သည်။ ယင်းကို သင်အောင်နိုင်ပြီးသည်နှင့် သမ္မာတရားကို ဝင်ရောက်ခြင်းသည် လွယ်ကူပေသည်။ ဤခြေလှမ်းကို လှမ်းခြင်းက အဘယ်သဘောကို ဆောင်သနည်း။ ယင်းက သင်၏စိတ်နှလုံးကို ဖွင့်ပြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ သင်၌ရှိသမျှ အားလုံးကို ပြခြင်းကို ဆိုလိုလေသည်။ ဘုရားသခင်ထံမှ မည်သည့်အရာမျှ မကွယ်ဝှက်ဘဲ၊ မည်သည့်အရာမျှ မဖုံးကွယ်ဘဲ၊ မမျိုသိပ်ဘဲ လှည့်စားမှုနှင့် လှည့်ကွက်ကင်းကာ အခြားသူများကို အလားတူ ပွင့်လင်းပြီး ရိုးသားရင်း၊ အခြားသူများနှင့် ဘုရားသခင် မြင်ဖို့ရာ သင့်ကိုယ်သင် ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် အလင်းတွင် အသက်ရှင်ပြီး ဘုရားသခင်က သင့်ကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်သာမက၊ အခြားလူများက သင်သည် စည်းမျဉ်းနှင့်အညီ ပွင့်လင်းမြင်သာသည့် အတိုင်းအတာတစ်ခုဖြင့် ပြုမူကြောင်း မြင်နိုင်လိမ့်မည်။ သင်၏ ဂုဏ်သတင်း၊ ပုံရိပ်နှင့် အဆင့်အတန်းတို့ကို ကာကွယ်ရန် မည်သည့်နည်းလမ်းများကိုမျှ အသုံးပြုရန် မလိုသကဲ့သို့ သင်၏ အမှားများကို ဖုံးကွယ်ရန်၊ သို့မဟုတ် ဟန်ဆောင်ရန်လည်း မလိုအပ်ပေ။ ဤအသုံးမဝင်သော အားစိုက်ထုတ်မှုများကို သင် ဆောင်ရွက်ရန် မလိုပေ။ ဤအရာများကို သင် လက်လွှတ်နိုင်ပါက သင်သည် အလွန်ပင် သက်သောင့်သက်သာ ဖြစ်လိမ့်မည်။ သင်သည် ဘောင်ခတ်မှုများ၊ သို့မဟုတ် နာကျင်မှု မရှိဘဲ အသက်ရှင်လိမ့်မည် ဖြစ်ပြီး သင်သည် အလင်းတွင်သာ လုံးဝ အသက်ရှင်လိမ့်မည်။ သင်မိတ်သဟာယပြုသည့်အချိန်တွင် မည်သို့ဖွင့်ဟပြောဆိုရမည်ကို သင်ယူခြင်းသည် အသက်ဝင်ရောက်မှုတွင် ပထမ အဆင့်ဖြစ်သည်။ ဆက်လက်၍ မည်သည့်အရာက မှားသည်၊ ဘုရားသခင်က မည်သည့်အရာကို မနှစ်သက်သည်ကို မြင်ရန် သင်၏ အတွေးများနှင့် လုပ်ရပ်များကို စိစစ်ဖို့ သင်ယူရန်လိုပြီး ၎င်းတို့ကို ချက်ချင်း ပြောင်းပြန်လှန်ကာ၊ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအရာများကို ပြုပြင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အတွင်းရှိ စာတန်နှင့်သက်ဆိုင်သော အရာများကို ဖယ်ရှားပြီး ၎င်းတို့ကို သမ္မာတရားနှင့် အစားထိုးနေစဉ်တွင်၊ သမ္မာတရားကို လက်ခံပြီး စတင် နားလည်သဘောပေါက်ဖို့ ဖြစ်သည်။ ယခင်က သင်သည် အရာရာကို သင်၏ လှည့်ဖြားတတ်သော စိတ်သဘောထားအတိုင်း လုပ်ဆောင်ခဲ့သည်၊ ယင်းက လိမ်ညာခြင်းနှင့် လှည့်စားခြင်း ဖြစ်သည်။ မလိမ်ညာဘဲ မည်သည့်အရာမျှ သင်လုပ်ဆောင်၍ မရနိုင်ဟု သင်ခံစားရသည်။ ယခုအခါ သမ္မာတရားကို သင်နားလည်ပြီး အမှုကိစ္စများကို စာတန် လုပ်ဆောင်သည့် နည်းလမ်းများအား ရွံရှာသောကြောင့် ထိုနည်းအတိုင်း သင် မပြုမူတော့ချေ၊ သင်သည် ရိုးသားသည့်၊ သန့်စင်သည့်၊ ကျိုးနွံနာခံသည့် စိတ်အနေအထားနှင့် လုပ်ဆောင်သည်။ သင်သည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိလျှင်၊ ဟန်လုပ်ခြင်း၊ အယောင်ဆောင်ခြင်း၊ သို့မဟုတ် အမှုကိစ္စများကို ဖုံးဖိခြင်းမရှိလျှင်၊ ညီအစ်ကိုမောင်နှမများထံသို့ မိမိကိုယ်ကို ဖွင့်ချလျှင် သင်၏ အတွင်းအကျဆုံး အယူအဆများနှင့်အတွေးများကို မဖုံးကွယ်ဘဲ ယင်းအစား သင်၏ ရိုးသားသော သဘောထားကို အခြားလူတို့ မြင်ခွင့်ပေးလျှင်၊ ဤသို့ဆိုလျှင် သမ္မာတရားသည် သင့်အတွင်း၌ တဖြည်းဖြည်းချင်း အမြစ်တွယ်လိမ့်မည်။ နည်းနည်းချင်း အသီးအပွင့်ဖြစ်ထွန်းလိမ့်မည်။ အကျိုးရလဒ်များ ထွက်ရှိလိမ့်မည်။ သင်၏ စိတ်နှလုံးသည် တိုး၍ ရိုးသားလျှင်၊ ဘုရားဘက်သို့ တိုး၍ လှည့်လျှင်၊ သင်သည် သင့်တာဝန်ကို ထမ်းဆောင်သည့်အခါတွင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ဖို့ သိပြီး ဤအကျိုးစီးပွားများကို သင် မကာကွယ်နိုင်သောအခါ သင် လိပ်ပြာမလုံလျှင် ဤသည်မှာ သမ္မာတရားက သင့်အပေါ်၌ သက်ရောက်မှုရှိပြီး သင်၏ဘဝ ဖြစ်လာခဲ့ပြီဆိုသည့် သက်သေဖြစ်သည်။ သမ္မာတရားသည် သင့်တွင် အသက်ဖြစ်လာပြီးသည်နှင့် သင်သည် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားသော၊ ဘုရားသခင်အား မကြောက်ရွံ့သော၊ မိမိ၏တာဝန်ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေ ပြုသော၊ သို့မဟုတ် အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သောသူကို သတိပြုမိသောအခါ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ တုံ့ပြန်လိမ့်မည်။ ထိုသူအား လိုအပ်သလို ခွဲခြားပြီး ဖော်ထုတ်နိုင်လိမ့်မည်။ သမ္မာတရားသည် သင်၏ အသက် ဖြစ်မလာသေးသကဲ့သို့ သင်သည် သင်၏ စာတန်ဆန်သော စိတ်သဘောထားအတွင်းတွင် အသက်ရှင်ဆဲဖြစ်ပါက အသင်းတော်အလုပ်ကို အနှောင့်အယှက်များနှင့် အလျဉ်ပြတ်မှုများ ဖြစ်စေသည့် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများကို သင် ရှာဖွေတွေ့ရှိသည့်အခါ သင်သည်မသိကျိုးကျွန်ပြုလိမ့်မည်ဖြစ်ပြီး ဂရုစိုက်လိမ့်မည် မဟုတ်။ လိပ်ပြာလုံစွာဖြင့် ယင်းတို့ကို သင် ဘေးဖယ်ထားလိုက်လိမ့်မည်ဖြစ်သည်။ အသင်းတော်အလုပ်ကို အနှောင့်အယှက်များ ဖြစ်စေနေသည့် သူတစ်ဦးမျှ သင်နှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟုပင် သင် တွေးလိမ့်မည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏အကျိုးစီးပွားတို့ မည်မျှ ထိခိုက်ပါစေ သင် ဂရုမစိုက်၊ ကြားဝင်စွက်ဖက်ခြင်း မရှိပေ၊ သို့မဟုတ် အပြစ်ရှိသည်ဟု မခံစားရပေ။ ယင်းက သင့်အား အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသူတစ်ဦး၊ မယုံကြည်သူတစ်ဦး၊ အလုပ်လုပ်ပေးသူတစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားသခင်နှင့် သက်ဆိုင်သည့်အရာကို စားကာ၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် အရာကို သောက်ပြီး ဘုရားသခင်ထံမှ လာသည့်အရာများအားလုံးကို မွေ့လျော်သော်လည်း ဘုရားအိမ်တော်၏ အကျိုးစီးပွားအပေါ် မည်သည့်ထိခိုက်ခြင်းကမျှ သင်နှင့်ဆက်နွှယ်ခြင်း မရှိဟု ခံစားရသည်။ ယင်းက သင့်အား ကျွေးသောလက်ကို ကိုက်သည့် သစ္စာဖောက်တစ်ဦး ဖြစ်စေသည်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မကာကွယ်ပါက၊ သင်သည် လူပင် ဟုတ်ပါ၏လော။ ယင်းက အသင်းတော်ထဲသို့ အယုံသွင်း၍ ချဉ်းကပ်လာသည့် နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဟန်ဆောင်သည်၊ ရွေးချယ်ခံထားရသူ တစ်ဦးအဖြစ် ဟန်ဆောင်ပြီး ဘုရားသခင်၏ အိမ်တော်၌ ကပ်ပါးရပ်ပါး လုပ်လိုသည်။ သင်သည် လူသားတစ်ဦး၏ ဘဝကို ရှင်သန်မနေဘဲ လူပုဂ္ဂိုလ်တစ်ဦးဖြစ်ခြင်းထက် မိစ္ဆာကောင်တစ်ဦး ပို၍ဖြစ်နေကာ ရှင်းလင်းစွာပင် မယုံကြည်သူများထဲမှ တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူတစ်ဦးဖြစ်လျှင်၊ သင် သမ္မာတရားနှင့် အသက် မရရှိသေးလျှင်ပင် အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်၏ဘက်မှ စကားပြောကာ ပြုမူလိမ့်မည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို သင်မြင်သည့်အခါ အနည်းဆုံးအနေဖြင့် သင်သည် အကြောင်းမဲ့သက်သက် ရပ်နေမည် မဟုတ်ပေ။ သင် မသိကျိုးကျွန်ပြုလိုသည့်ဆန္ဒရှိသည့်အခါတွင် သင်သည် အပြစ်ရှိသည်ဟု ခံစားရမည် ဖြစ်ပြီး အနေရခက်လိမ့်မည်၊ ပြီးလျှင် “ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများ မထိခိုက်စေရန်နှင့် အသင်းတော်အသက်တာ အနှောင့်အယှက် မဖြစ်စေဖို့အလို့ငှာ၊ ငါ ဤနေရာတွင် ထိုင်ပြီး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ နေ၍မရချေ၊ ငါ ထရပ်ပြီး တစ်စုံတစ်ခု ပြောရမည်၊ ငါတာဝန်ယူရမည်။ ဤဆိုးယုတ်သော အပြုအမူကို ငါ ဖော်ထုတ်ရမည်၊ ငါ တားရမည်” ဟု သင့်ကိုယ်သင် ပြောလိမ့်မည်။ သမ္မာတရားက သင်၏ အသက်ဖြစ်လာလျှင်၊ သင်၌ ဤသတ္တိနှင့် သန္နိဋ္ဌာန် ရှိပြီး ကိစ္စရပ်ကို လုံးဝ သိနားလည်နိုင်စွမ်း ရှိလိမ့်မည်သာမက၊ ဘုရားသခင်၏အမှုနှင့် သူ၏အိမ်တော် အကျိုးစီးပွားများအတွက် ယူသင့်သည့် တာဝန်ကိုလည်း သင် ဖြည့်ဆည်းလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြင့် သင်၏ တာဝန်သည် ကျေပွန်လိမ့်မည်။ သင်၏တာဝန်ကို သင်၏တာဝန်နှင့် ဝတ္တရားအဖြစ်လည်းကောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် အဖြစ်မှတ်ယူပြီး ဤသည်မှာ ဘုရားသခင်နှင့် သင်၏အသိစိတ်တို့ကို ရင်ဆိုင်ဖို့အလို့ငှာ လိုအပ်သည်ဟု သင်ခံစားရပါက သင်သည် လူ့သဘာဝ၏ တည်ကြည်မှုနှင့် ဂုဏ်သိက္ခာတို့ဖြင့် အသက်ရှင်နေထိုင်နေခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လုပ်ဆောင်ချက်များနှင့် အပြုအမူတို့သည် သူ ပြောဆိုသည့် “ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းသောအကျင့်ကို ရှောင်ကြဉ်ခြင်း” ဖြစ်ပေမည်။ သင်သည် ဤနှုတ်ကပတ်တော်တို့၏ အနှစ်သာရကို ဆောင်ရွက်နေမည်ဖြစ်ပြီး၊ ယင်းတို့၏ လက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နေပေမည်။ သမ္မာတရားက လူတစ်ဦး၏ အသက်ဖြစ်လာချိန်တွင်၊ ၎င်းသည် ဤလက်တွေ့အရှိတရားအတိုင်း အသက်ရှင်နေထိုင်နိုင်ကြသည်။ သို့သော် သင်သည် ဤစစ်မှန်မှုထဲသို့ မဝင်ရောက်ရသေးပါက လှည့်စားမှု၊ လှည့်ဖြားမှု သို့မဟုတ် အယောင်ဆောင်ခြင်းတို့ကို သင် ထုတ်ဖော်ပြသည့်အခါ၊ သို့မဟုတ် အန္တိခရစ်တို့၏ ဆိုးယုတ်သော အင်အားစုများက ဘုရားအိမ်တော်၏အမှုကို နှောင့်ယှက်နေပြီး ဆူပူလှုပ်ရှားအောင်လုပ်သည်ကို သင် မြင်သည့်အခါ သင်သည် မည်သည့်အရာကိုမျှ မခံစားရသကဲ့သို့ မည်သည့်အရာကိုမျှ မသိမြင်ပေ။ ဤအရာများက သင်၏ မျက်စိအောက်တွင် ဖြစ်ပျက်သည့်အချိန်တွင်ပင်၊ သင်သည် ရယ်မောနိုင်ဆဲဖြစ်ပြီး အေးဆေးသော အသိစိတ်တစ်ခုဖြင့် စားနိုင်၊ အိပ်နိုင်ဆဲဖြစ်သကဲ့သို့ မိမိကိုယ်ကိုယ် ပြစ်တင်မှု စိုးစဉ်းမျှ သင် မခံစားရပေ။ သင် အသက်ရှင်နေထိုင်နိုင်သည့် ဤအသက်တာနှစ်ခုထဲမှ၊ မည်သည့်အသက်တာကို သင် ရွေးချယ်သနည်း။ မည်သည့် အသက်တာသည် စစ်မှန်သော လူသားပုံသဏ္ဌာန်ရှိကြောင်း၊ အပြုသဘောဆောင်သော အရာများ၏ စစ်မှန်မှုရှိကြောင်းနှင့် မည်သည့်အရာသည် ကောက်ကျစ်ဆိုးယုတ်သော ဘီလူးသရဲစီးသည့် သဘာဝဖြစ်ကာ အပျက်သဘောဆောင်သော အရာများနှင့် သက်ဆိုင်ကြောင်း ၎င်းတို့ဘာသာ မပေါ်လွင်နေသလော။ သမ္မာတရားက လူတို့၏ အသက် ဖြစ်မလာသည့်အခါတွင် ၎င်းတို့ အသက်ရှင်သည့်အရာမှာ အတော်အတန် သနားဖွယ်ဖြစ်ပြီး ဝမ်းနည်းစရာဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်ငြားလည်း၊ မလုပ်ဆောင်နိုင်ခြင်း၊ ၎င်းတို့ ဆန္ဒ ရှိသော်ငြားလည်း ဘုရားသခင်ကို မချစ်နိုင်ခြင်းနှင့် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံဖို့ ၎င်းတို့ တောင့်တသော်ငြားလည်း ထိုသို့လုပ်ဆောင်ဖို့ ခွန်အားချို့တဲ့ခြင်း၊ ၎င်းတို့သည် ဦးဆောင်နိုင်စွမ်းမရှိကြခြင်း၊ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် လူသားများ၏ စိတ်မကောင်းစရာနှင့် ဝမ်းနည်းစရာဖြစ်လေသည်။ ဤပြဿနာကို ဖြေရှင်းဖို့ငှာ၊ အကြင်သူသည် သမ္မာတရားကို လက်ခံပြီး လိုက်စားရမည်။ ၎င်းတို့အနေဖြင့် အသက်အသစ်ကို ရရှိဖို့အလို့ငှာ မိမိတို့၏စိတ်နှလုံးထဲသို့ သမ္မာတရားကို လက်ခံကြိုဆိုရမည်။ ၎င်းတို့သည် မိမိတို့ဘာသာ မည်သည့်အရာကို လုပ်သည်ဖြစ်စေ သို့မဟုတ် မည်သည့်အရာကို တွေးသည်ဖြစ်စေ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိသူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်လည်း မတတ်နိုင်ကြချေ။ ၎င်းတို့သည် အပြင်ပန်းတွင် ကောင်းစွာ လုပ်နိုင်လျှင်ပင် ယင်းသည် ဟန်ဆောင်ခြင်းနှင့် လှည့်စားခြင်းဖြစ်နေဆဲပင်။ ယင်းသည် ကြောင်သူတော်ဖြစ်ခြင်းသာ ဖြစ်နေသေးသည်။ ထို့ကြောင့် သမ္မာတရားကို သင်မလိုက်စားပါက သင်သည် အသက်ကို ရလိမ့်မည်မဟုတ်ပေ၊ ယင်းသည် ပြဿနာ၏ အရင်းအမြစ်ဖြစ်သည်။
လူအများစုသည် သမ္မာတရားကို လိုက်စားပြီး လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိကြသော်လည်း၊ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်ချက်နှင့် စိတ်ဆန္ဒ ရှိရုံမျှရှိကြလေသည်။ သမ္မာတရားသည် ၎င်းတို့၏အသက် မဖြစ်လာသေးပေ။ အကျိုးဆက်အနေဖြင့်၊ ဆိုးယုတ်သော အင်အားစုများကို ၎င်းတို့ အမှတ်မထင်တွေ့ရသည့်အခါ သို့မဟုတ် ဆိုးယုတ်သော လူတို့က ဒုစရိုက်မှုများ ကျူးလွန်နေသည် သို့မဟုတ် ခေါင်းဆောင် အတုအယောင်များနှင့် အန္တိခရစ်တို့က အခြေခံသဘောတရားများကို ချိုးဖောက်သည့် နည်းလမ်းဖြင့် အမှုအရာများ လုပ်ဆောင်နေကြ၍ ထိုသို့ဖြင့် အသင်းတော်၏ အမှုကို နှောင့်ယှက်ပြီး ဘုရားသခင် ရွေးကောက်ထားသူတို့ကို အန္တရာယ်ဖြစ်စေသည်ကို ကြုံရသည့်အခါ၊ ၎င်းတို့သည် ထရပ်ပြီး ထုတ်ပြောဖို့သတ္တိ မရှိတော့ပေ။ သင်တို့ သတ္တိမရှိသည့်အချိန်ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့ ကြောက်တတ်သည် သို့မဟုတ် စိတ်ထဲရှိသမျှ မဖော်ပြတတ်ဟု ဆိုလိုသလော။ သို့မဟုတ် သင်က နားမလည်သကဲ့သို့၊ ထုတ်ပြောရဲခြင်း မရှိသောကြောင့် ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ အဓိကအားဖြင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ဘောင်ခတ်ခြင်းခံရသည့် အကျိုးဆက်ဖြစ်သည်။ သင်ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများထဲမှ တစ်ခုသည် လှည့်ဖြားတတ်သော စိတ်သဘောထားဖြစ်သည်။ သင့်၌ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်ပထမဆုံးတွေးသောအရာမှာ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများဖြစ်သည်။ သင်ပထမဆုံး ထည့်တွက်သောအရာမှာ အကျိုးဆက်များ၊ ဤအရာက သင့်အတွက် အကျိုးရှိမရှိဖြစ်သည်။ ဤသည်မှာ လှည့်ဖြားတတ်သောစိတ်သဘောထားမဟုတ်လော။ နောက်ထပ်တစ်ခုမှာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ သင်က၊ “ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ဆုံးရှုံးခြင်းတစ်ခုသည် ငါနှင့် အဘယ်ပတ်သက်စရာ ရှိသနည်း။ ငါသည် ခေါင်းဆောင်တစ်ဦး မဟုတ်၊ သို့ဖြစ်၍အဘယ်ကြောင့် ငါ ဂရုစိုက်သင့်သနည်း။ ထိုအရာသည် ငါနှင့် မည်သို့မျှ မပတ်သက်ပါ။ ယင်းသည် ငါ၏ တာဝန် မဟုတ်” ဟု တွေးသည်။ ထိုအတွေးများနှင့် စကားများသည် သင် သတိရှိစွာ တွေးတောသည့် အရာတစ်ခု မဟုတ်သော်လည်း သင်၏မသိစိတ်က ဖြစ်ပေါ်စေခြင်း ဖြစ်ကာ၊ ယင်းသည် လူများ ပြဿနာတစ်ခုကြုံတွေ့သည့်အခါ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဤကဲ့သို့ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် သင်တွေးခေါ်သည့်ပုံစံကို အုပ်စိုးပြီး သင်၏လက်များနှင့် ခြေတို့ကို ချည်နှောင်ကာ၊ သင်ပြောသည့်အရာကို ထိန်းချုပ်သည်။ သင်၏ စိတ်နှလုံးထဲတွင် ရင်ဆိုင်ကာ ပြောလိုသော်လည်း သင်သည် ဒွိဟဖြစ်နေပြီး သင်ထုတ်ပြောသည့်အခါတွင်ပင်၊ ဝေ့လည်ကြောင်ပတ်ဖြင့် သင့်ကိုယ်သင် လူးသာလွန့်သာ ရှိအောင်လုပ်သည်၊ သို့မဟုတ်လျှင် သင်သည် မလိမ့်တပတ်လုပ်ပြီး အမှန်အတိုင်းမပြောပေ။ မြင်တတ်သောသူတို့သည် ဤအရာကို မြင်နိုင်သည်။ အမှန်တွင်၊ သင်ပြောသင့်သည့် အရာအားလုံး သင် မပြောသေးသည်ကို၊ သင် ပြောပြီးသည့်အရာသည် အကျိုးသက်ရောက်မှုရှိသကဲ့သို့၊ သင်သည် ဝတ်ကျေတမ်းကျေသာလုပ်ဆောင်နေသည်ကို၊ ပြဿနာ မပြေလည်သေးသည်ကို သင်၏ စိတ်နှလုံးထဲတွင် သင် သိပေသည်။ သင်၏ တာဝန်ကို သင် မဖြည့်ဆည်းသေးပေ၊ သို့သော် သင်က သင်၏ တာဝန်ကို သင် ဖြည့်ဆည်းပြီးဖြစ်သည်၊ သို့မဟုတ် ဖြစ်ပျက်နေခဲ့သည့်အရာသည် သင့်အဖို့ မရှင်းလင်းခဲ့ပါဟု ပေါ်ပေါ်ထင်ထင် ဆိုသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သင်အမှန်တကယ် ထင်သောအရာဟုတ်သလော။ ထိုသို့ဆိုလျှင် သင်သည် ဆိုးယုတ်သော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေသည်မဟုတ်လော။ သင်ပြောသည့်အရာအချို့သည် အမှန်တရားများနှင့် ကိုက်ညီသော်လည်း အဓိကကျသောနေရာများနှင့် အရေးပါသော ကိစ္စများတွင် သင်သည် လိမ်ညာပြီး လူတို့ကို လှည့်စားသည်။ ဤသည်မှာ သင်သည် လိမ်ညာသောသူဖြစ်ပြီး ဆိုးယုတ်သော စိတ်သဘောထားဖြင့် ရှင်သန်သောသူဖြစ်သည်ကို သက်သေပြသည်။ သင်၏ ဖွင့်ဟမှုတိုင်းကို အတုအယောင်၊ အနှစ်မရှိ၊ မုသားတို့ဖြစ်စေလျက် သင်ပြောသည့်အရာနှင့် စဉ်းစားသည့်အရာတိုင်းကို သင်၏ ဦးနှောက်မှ စီစဉ်ပြုလုပ်ထားပြီးဖြစ်သည်။ အမှန်တကယ်တွင် သင့်ကိုယ်သင် မှန်ကန်ကြောင်းပြရန်၊ သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် သင်ပြောသမျှတိုင်းသည် အမှန်တရားများနှင့် ဆန့်ကျင်နေပြီး လူတို့ကို သင် အထင်အမြင်မှားစေကာ ယုံကြည်စေရန်ပြုလုပ်ပြီးသောအခါတွင် သင်၏ ရည်ရွယ်ချက်များကို ရရှိပြီဟု သင်ခံစားရသည်။ ဤသည်မှာ သင်ပြောဆိုသည့် နည်းလမ်းဖြစ်သည်။ သင်၏ စိတ်သဘောထားကိုလည်း ကိုယ်စားပြုသည်။ သင်သည် သင်ကိုယ်တိုင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်ပြောသည့်၊ လုပ်ဆောင်သည့်အရာအပေါ်တွင် သင်သည် ဩဇာမရှိပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်မပြောဆိုနိုင်ပေ၊ သို့မဟုတ် သင်အမှန်တကယ်ထင်သည့်အရာကို မပြောနိုင်ပေ။ သင်အလိုရှိလျှင်ပင် သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်နိုင်ပေ။ သင်အလိုရှိလျှင်ပင် သင်၏ တာဝန်များကို မဖြည့်ဆည်းနိုင်ပေ။ သင်ပြောသမျှ၊ လုပ်သမျှ၊ လက်တွေ့လုပ်ဆောင်သမျှ အရာတိုင်းသည် မုသားဖြစ်သည်။ သင်သည် ဝတ်ကျေတမ်းကျေ လုပ်သည်။ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထား၏ ချည်နှောင်ခြင်း၊ ထိန်းချုပ်ခြင်းကို အလုံးစုံ ခံထားရသည်။ သင်သည် သမ္မာတရားကို လက်ခံပြီး သမ္မာတရား ကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိနိုင်သည်။ သို့သော် ဤသည်မှာ သင့်အပေါ်တွင် မမူတည်ပေ။ သင်၏ ဆိုးယုတ်သော စိတ်သဘောထားက သင့်ကို ထိန်းချုပ်သည့်အခါ သင်သည် သင်၏ ဆိုးယုတ်သော စိတ်သဘောထားက လုပ်ဆောင်ခိုင်းသည့် မည်သည့်အရာကိုမဆို ပြောဆိုပြီး လုပ်ဆောင်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိ၏ ရုပ်သေးရုပ်တစ်ရုပ်ကလွဲ၍ အခြားမည်သည့်အရာမျှ မဟုတ်ပေ။ သင်သည် စာတန်၏ တန်ဆာပလာတစ်ခု ဖြစ်လာသည်။ ထို့နောက်တွင် ဖောက်ပြန်ပျက်စီးသော ဇာတိပကတိနောက်သို့ နောက်တစ်ကြိမ်လိုက်ခဲ့ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ပျက်ကွက်သွားနိုင်ပုံတို့အတွက် သင်နောင်တရသည်။ “ငါသည် ဇာတိပကတိကို မိမိဘာသာ မအောင်မြင်နိုင်ချေ၊ ဘုရားသခင်ထံ ဆုတောင်းရမည်။ အသင်းတော်၏အလုပ်ကို နှောင့်ယှက်နေခဲ့သူများကို တားဆီးဖို့ ငါမရင်ဆိုင်ခဲ့ပါ။ ပြီးလျှင် ငါ၏အသိစိတ်ထဲတွင် လိပ်ပြာမသန့်ချေ။ ငါဆုံးဖြတ်ချက်ချလိုက်သည်မှာ ဤအရာ ထပ်ဖြစ်သောအခါ ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် မကောင်းမှုများ ကျူးလွန်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်သည့်သူများကို ငါ ရင်ဆိုင်ပြီး ပြုပြင်ရမည်ဟူ၍ ဖြစ်သည်။ ဤသို့အားဖြင့် ၎င်းတို့အပြုအမူဆင်ခြင်ပြီး အဆင်အခြင်မဲ့ပြုမူခြင်းကို ရပ်တန့်မည်” ဟု သင့်ဘာသာ သင်တွေးသည်။ နောက်ဆုံးတွင် ထုတ်ဖော်ပြောဖို့ သတ္တိကို စုစည်းပြီးနောက် တစ်ဖက်လူက စိတ်ဆိုး၍ စားပွဲကို ဝုန်းခနဲထုလိုက်သည်နှင့် သင်ကြောက်ပြီး နောက်ပြန်ဆုတ်သွားသည်။ သင်သည် ဦးဆောင်နိုင်သလော။ စိတ်ပိုင်းဖြတ်ချက်နှင့် ဆန္ဒတို့က ဘယ်မှာ အသုံးကျသနည်း။ ၎င်းတို့နှစ်ခုလုံး အသုံးမကျပေ။ ဤကဲ့သို့သော အဖြစ်အပျက်များစွာကို သင်တို့ ကြုံခဲ့ဖူးကြလိမ့်မည်။ အခက်အခဲများကို သင်ကြုံရပြီး သင့်ကိုယ်သင် သက်ညှာသည်။ သင်မည်သည့်အရာကိုမျှ မလုပ်နိုင်ဟု ခံစားရပြီး မျှော်လင့်ချက်မဲ့သကဲ့သို့ သင့်ကိုယ်သင် လက်မြှောက်အရှုံးပေးလိုက်သည်။ မျှော်လင့်ချက် ပျက်သုဉ်းခြင်း၏ လွှမ်းမိုးမှုတွင် သင်လက်မှိုင်ချပြီး သင့်အတွက် မျှော်လင့်ချက် လုံးဝ မရှိတော့၊ ဤအကြိမ်တွင်တော့ သင်လုံးဝ ဖယ်ရှားရှင်းလင်းခြင်းခံလိုက်ရပြီဟု သင်ဆုံးဖြတ်သည်။ သမ္မာတရားကို မလိုက်စားကြောင်း သင်ဝန်ခံသည်၊ သို့ဆိုလျှင် သင်အဘယ်ကြောင့် နောင်တမရသနည်း။ သမ္မာတရားကို သင်လက်တွေ့မလုပ်ဆောင်ရသေးသလော။ တရားပွဲများကို နှစ်အတန်ကြာ တက်ပြီးနောက် မည်သည့်အရာကိုမျှ သင်နားမလည်သည်မှာ ကျိန်းသေ မဖြစ်နိုင်ပေ။ သင် အဘယ်ကြောင့် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်ရသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန် မဆိုထားနှင့်၊ သင်မည်သည့်အခါကမျှ ယင်းကို မရှာဖွေခဲ့ချေ။ အဆက်မပြတ် ဆုတောင်းခြင်း၊ သန္နိဋ္ဌာန်များ ချခြင်း၊ မျှော်မှန်းချက်များ တည်ဆောက်ခြင်းနှင့် သင့်စိတ်နှလုံးထဲတွင် ကတိခံဝန်ချက်ပြုခြင်းတို့ကို သင်ပြုနေရုံမျှသာဖြစ်သည်။ ရလဒ်က မည်သည့်အရာနည်း။ သင်သည် လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်မြဲဖြစ်နေသည်။ သင်ကြုံရသော ပြဿနာများနှင့်ပတ်သက်၍ သင်သည် ဟက်ဟက်ပက်ပက် မရှိလှ။ ဆိုးယုတ်သောသူများကို မြင်သောအခါ ၎င်းတို့အကြောင်း သင်ဂရုမစိုက်ချေ။ တစ်စုံတစ်ယောက်က မကောင်းမှုလုပ်သောအခါ သို့မဟုတ် အနှောင့်အယှက်တစ်ခုကို ဖန်တီးသောအခါ သင်မတုံ့ပြန်။ သင်ကိုယ်တိုင်အား မထိခိုက်သောအခါ တသီးတခြား သင်နေသည်။ “ငါနှင့်မသက်ဆိုင်သောအရာ မှန်သမျှအကြောင်း ငါ မပြောပါ။ ငါ၏အကျိုး၊ ငါ၏မာန်မာန သို့မဟုတ် ငါ၏ပုံရိပ်တို့ကို မထိခိုက်သရွေ့ အရာတိုင်းကို ခြွင်းချက်မရှိ အလေးမမူဘဲ နေသည်။ ‘ထီးထီးကြီး ထင်ပေါ်နေသည့်ငှက်သည်သေနတ်ဖြင့် အပစ်ခံရသည့်ငှက်ဖြစ်သည်’ ဟူသကဲ့သို့ပင် ငါ အလွန်သတိထားရမည်။ ငါ ရူးရူးမိုက်မိုက် မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်” ဟု သင်တွေးတောသည်။ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြစ်သည့် ဆိုးယုတ်မာမှု၊ လှည့်ဖြားတတ်မှု၊ မာကြောမှုနှင့် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့မှုစသည်တို့က လုံးဝဥဿုံ စွဲစွဲမြဲမြဲ ထိန်းချုပ်ခြင်းကို သင်ခံနေရသည်။ ယင်းတို့သည် မျောက်မင်း ဝတ်ဆင်ထားသည့် ကျပ်အောင်လုပ်နိုင်သော ရွှေခေါင်းစည်းကထက် သင့်အတွက် ပို၍ခံရခက်လာစေသည်။ ဖောက်ပြန်သောစိတ်သဘောထားများ၏ ထိန်းချုပ်မှုအောက်တွင် နေရခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစေပြီး မခံမရပ်နိုင်အောင်ဖြစ်စေသည်။ ဤသည်ကို သင်တို့ မည်သို့ ပြောမည်နည်း။ သမ္မာတရားကို သင်မလိုက်စားလျှင် သင်၏ဖောက်ပြန်ပျက်စီးမှုကို ဖယ်ရှားရန် လွယ်ကူမည်လော။ ဤပြဿနာကို ဖြေရှင်းနိုင်မည်လော။ သင်တို့ကို ကျွန်ုပ် ပြောမည်။ သမ္မာတရားကို သင်တို့ မလိုက်စားဘဲ သင်၏ယုံကြည်မှုတွင် စိတ်ရှုပ်ထွေးနေပါက၊ နှစ်ပေါင်းများစွာ တရားဒေသနာများကို သင်နားထောင်သော်ငြား သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပါက၊ စကားများနှင့် အယူဝါဒများအနည်းငယ်ကို သင်ပြောဆိုနိုင်ပြီး အခြားလူများကို လှည့်စားနိုင်သည်ဟု အဆုံးအထိ သင်ယုံကြည်ပါက သင်သည် အစဉ်းသိ ဘာသာရေးသမားယောင်ယောင် တစ်ဦး လုံးလုံးလျားလျား ဖြစ်ကာ ကြောင်သူတော်ဖာရိရှဲတစ်ဦးဖြစ်ပြီး ဤနည်းဖြင့် သင်အဆုံးသတ်ရပေလိမ့်မည်။ ဤသည်က သင်တို့၏ အဆုံးသတ်ဖြစ်လိမ့်မည်။ ဤထက် သင်ပို၍ပင် ဆိုးလျှင် စုံစမ်းသွေးဆောင်မှုထဲသို့ သင်ကျရောက်သွားပြီး သင့်တာဝန်ကို စွန့်လွှတ်ကာ ဘုရားသခင်ကို သစ္စာဖောက်သောသူတစ်ယောက်ဖြစ်လာသည့် အဖြစ်အပျက်တစ်ခု ဖြစ်လာကောင်း ဖြစ်လာနိုင်သည်၊ ထိုအခြေအနေတွင် သင်သည် နောက်ကျကျန်ခဲ့ပြီး ဖယ်ရှားရှင်းလင်းခံရလိမ့်မည်။ ဤသည်မှာ ချောက်ကမ်းပါးအစွန်းတစ်ခုတွင် အမြဲတမ်း ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သမ္မာတရားကို လိုက်စားရန်ထက် ပိုအရေးကြီးသောအရာ မည်သည့်အရာမျှ မရှိ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းထက် ပိုကောင်းသောအရာ တစ်ခုမျှ မရှိချေ။
အောက်ခြေမှတ်စု(များ)
က။ မျောက်မင်း၏ရွှေခေါင်းစည်းသည် ဂန္ထဝင်တရုတ်ဝတ္ထု “အနောက်သို့ ခရီးသွားမှတ်တမ်း” တွင် ပါဝင်သည့် အရေးပါသောပစ္စည်းတစ်ခုဖြစ်သည်။ ထိုဇာတ်လမ်းထဲတွင် မျောက်မင်း သောင်းကျန်းလျှင် သူ့ဦးခေါင်းခွံတဝိုက်ကို နာကျင်အောင် တင်းကျပ်စေခြင်းဖြင့် မျောက်မင်း၏အတွေးများနှင့် လုပ်ရပ်များကို ထိန်းချုပ်ရန် ရွှေခေါင်းစည်းကို သုံးသည်။
ကောက်နုတ်ချက် (၁၅)
လူတို့သည် သမ္မာတရားကို ချစ်သည့် နှလုံးသားတစ်ခု ရှိလျှင် သမ္မာတရားကို လိုက်စားရန် အစွမ်းအစရှိလိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် ကြိုးစားလုပ်နိုင်သည်။ စွန့်လွှတ်သင့်သည့်အရာကို စွန့်လွှတ်နိုင်ပြီး လက်လွှတ်သင့်သည့်အရာကို လက်လွှတ်နိုင်သည်။ အထူးသဖြင့် သင်ကိုယ်တိုင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နှင့် သက်ဆိုင်သောအရာများကို လက်လွှတ်သင့်သည်။ ထိုအရာများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို မချစ်၊ သမ္မာတရားကို လိုက်စားရန် အစွမ်းအစမရှိဟု ဆိုလိုသည်။ သင့်ထံတွင် အမှုအရာများ ဖြစ်ပျက်သောအခါ သင်သည် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ရမည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ဖို့လိုသည့် အချိန်များတွင် သင်သည် အစဉ်သဖြင့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှလုံးတစ်ခုရှိပြီး သင်၏ ကိုယ်ကျိုးကြည့်ခြင်းကို လက်မလွှတ်နိုင်လျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် မည်သည့်အခြေအနေတွင်မဆို သမ္မာတရားကို ရှာဖွေခြင်း၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် သင်သည် သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှကြာပြီးသည်ဖြစ်စေ သမ္မာတရားကို ရရှိမည်မဟုတ်ပေ။ လူအချို့သည် အစဉ်သဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ကိုယ်ကျိုးနောက်ကို လိုက်နေကြသည်။ အသင်းတော်က ၎င်းတို့အတွက် မည်သည့်အလုပ်ကို စီစဉ်ပါစေ ၎င်းတို့က “ဒါက ငါ့အတွက် အကျိုးရှိမလား။ ရှိမယ်ဆိုရင် ငါလုပ်မယ်။ အကျိုးမရှိဘူးဆိုရင် မလုပ်ဘူး” ဟု တွေးရင်း သေချာစဉ်းစားချင့်ချိန်ကြသည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်သည်မှာ အသေချာဆုံး ဖြစ်သည်။ သင်သည် မကောင်းမှုကို မလုပ်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်သေးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ အပြုသဘောဆောင်သောအရာများကို မချစ်လျှင် သင့်အပေါ်၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်၏ကိုယ်ပိုင်ဂုဏ်သတင်းနှင့်အဆင့်အတန်း၊ သင်၏ကိုယ်ကျိုး၊ သင့်အတွက် ကောင်းသည့်အရာတို့ကိုသာ ဂရုစိုက်လျှင် သင်သည် ကိုယ့်အကျိုးကြည့်ပြီးသာ လုပ်ဆောင်သည့်သူဖြစ်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသူဖြစ်သည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရန်အတွက် မဟုတ်ဘဲ ကောင်းသော၊ သို့မဟုတ် မိမိအတွက် အကျိုးဖြစ်သောအရာတစ်ခုကို ရရန်အတွက် ဘုရားကို ယုံကြည်ပေသည်။ ထို့ကြောင့် ဤသို့သောလူစားမျိုးသည် မယုံကြည်သူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် ခရစ်တော်က သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင် တောင်းဆိုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး ဘုရားသခင်ကို ယုံကြည်သင့်ကြောင်းတို့ကို မိမိတို့ စိတ်နှလုံးများတွင် သတိပြုမိသည်နှင့်အမျှ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများဖြစ်သည်။ သင့်ထံတွင် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း သင်၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထည့်စဉ်းစားလျှင်၊ သင်၏ ကိုယ်ပိုင်သိက္ခာကို ထည့်စဉ်းစားလျှင် ထိုသို့လုပ်ဆောင်ခြင်းက ခက်ခဲလိမ့်မည်။ ဤသို့သော အခြေအနေတွင် ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သိမြင်ခြင်းမှတစ်ဆင့် သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးတွင် ရှိသောအရာ၊ သို့မဟုတ် ၎င်းတို့အတွက် ကောင်းသောအရာများကို လက်လွှတ်နိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံနိုင်လိမ့်မည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ လူတို့က သူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကို အစဉ်တွေးသောအခါ၊ သူတို့၏ ကိုယ်ပိုင်သိက္ခာနှင့် ပကာသနကို ကာကွယ်ရန် အစဉ်ကြိုးစားသောအခါ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သူတို့ ထုတ်ဖော်သော်လည်း ပြုပြင်ရန်အတွက် သမ္မာတရားကို မရှာသောအခါတွင် အကျိုးဆက်မှာ အဘယ်နည်း။ ၎င်းတို့တွင် အသက် ဝင်ရောက်မှုမရှိခြင်း၊ စစ်မှန်သော အတွေ့အကြုံဆိုင်ရာသက်သေခံချက်မရှိခြင်း ဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည် မဟုတ်လော။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်လျှင်၊ အတွေ့အကြုံဆိုင်ရာသက်သေခံချက် သင့်တွင် မရှိလျှင် အချိန်ကျသောအခါ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမည်ဖြစ်သည်။ အတွေ့အကြုံဆိုင်ရာသက်သေခံချက် မရှိသောလူတို့သည် ဘုရားအိမ်တော်တွင် မည်သို့အသုံးဝင်သနည်း။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ညံ့ဖျင်းစွာ ပြုလုပ်ကြမည်မှာ သေချာသည်။ မည်သည့်အရာကိုမျှ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အမှိုက်များသာ မဟုတ်လော။ လူတို့သည် ဘုရားကို နှစ်များစွာ ယုံကြည်ပြီးနောက် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင် သူတို့သည် မယုံကြည်သူများဖြစ်ကြသည်။ ဆိုးယုတ်သူများဖြစ်ကြသည်။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင်၊ ပြီးလျှင် သင်၏ ပြစ်မှားမှုများသည် အစဉ်ပို၍ များပြားလာလျှင် သင်၏အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုအားလုံး၊ သင်လျှောက်သည့် မှားယွင်းသောလမ်းကြောင်း၊ နောင်တရရန် ငြင်းဆန်မှု၊ ဤအရာအားလုံးသည် မကောင်းမှုအမြောက်အမြားအဖြစ် စုပေါင်းသွားသည်ကို ရှင်းလင်းစွာ မြင်နိုင်သည်။ ထို့ကြောင့် သင်၏ အဆုံးသတ်မှာ သင်သည် ငရဲသို့ကျမည်။ သင်အပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။ ဤသည်မှာ အသေးအဖွဲကိစ္စတစ်ခုဟု သင်တို့ ထင်သလော။ သင်သည် အပြစ်ဒဏ်ပေးခြင်းမခံရသေးလျှင် ဤသည်မှာ မည်မျှကြောက်စရာကောင်းသည်ကို သိမည်မဟုတ်ပေ။ ဘေးဒုက္ခကို သင် အမှန်တကယ် ရင်ဆိုင်ရသည့် နေ့ရက်သို့ ရောက်လာသောအခါ သေခြင်းနှင့် ရင်ဆိုင်ရသောအခါ နောင်တရရန် အလွန်နောက်ကျသွားလိမ့်မည်။ ဘုရားအပေါ် သင်၏ ယုံကြည်ခြင်းတွင် သင်သည် သမ္မာတရားကို လက်မခံလျှင်၊ ပြီးလျှင် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့သော်လည်း သင့်တွင် ပြောင်းလဲခြင်းမရှိလျှင် နောက်ဆုံးအကျိုးဆက်မှာ သင်သည် ဖယ်ရှားရှင်းလင်းခံရမည်၊ စွန့်ပစ်ခံရမည်ဖြစ်သည်။ လူတိုင်းတွင် ပြစ်မှားမှုများရှိကြသည်။ အဓိကမှာ ထိုပြစ်မှားမှုများကို ပြင်ရန်အလို့ငှာ သမ္မာတရားကို ရှာဖွေနိုင်ရန်ဖြစ်ပြီး ဤသည်က ပြစ်မှားမှုများ နည်းသည်ထက်နည်းအောင် သေချာစေလိမ့်မည်။ မည်သည့်အချိန်ဖြစ်စေ၊ သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်ထုတ်ဖော်ပြမိလျှင် သင်သည် ဘုရားသခင်အပေါ် အမြဲ မှီခိုအားထားနိုင်ပြီး သူ့ထံ အမြဲ ဆုတောင်းနိုင်သည်၊ အမှားပြင်ရန် အလို့ငှာ သမ္မာတရားကို အမြဲ ရှာဖွေနိုင်ပြီး သင်၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်ရှင်းကြည်လင်စေနိုင်သည်၊ ထိုအခါ သင်သည် မကောင်းမှုဒုစရိုက်ကို လုပ်မိတော့မည် မဟုတ်ပေ။ ဤသည်မှာ ယုံကြည်သူများက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု၏ ပြဿနာကို ဖြေရှင်းသင့်သည့် နည်းလမ်းဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရန် နည်းလမ်းဖြစ်သည်။ အဖြစ်အပျက်များ သင့်တွင် ဖြစ်လာသောအခါ ဘုရားသခင်ထံ သင်မည်သည့်အခါမျှ ဆုမတောင်းလျှင်၊ သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေလျှင်၊ သို့မဟုတ် သမ္မာတရားကို သင်နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်လျှင် အဆုံးစွန် ရလဒ်သည် မည်သည့်အရာဖြစ်လာလိမ့်မည်နည်း။ ထိုအရာသည် ရှင်းပြစရာမလိုအောင် သိသာသည်။ ကောက်ကျစ်ပြီး စကားပြောပြေပြစ်နိုင်သည့် သင်ကဲ့သို့သော လူတစ်ယောက်သည် ဘုရားသခင်၏ မျက်လုံးတော်များ၏ စေ့စေ့စပ်စပ် လေ့လာစစ်ဆေးခြင်းမှ သင်လွတ်ကင်းနိုင်မည်လော။ ဘုရားသခင်၏ လက်တော်မှ စီစဉ်ညွှန်ကြားခြင်းများကို သင်ရှောင်နိုင်မည်လော။ မဖြစ်နိုင်ပါ။ ပညာရှိသူများသည် ဘုရားသခင်ကို အားကိုးလျက်၊ အမှီပြုလျက်၊ သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြင်လျက်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျက် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ လာ၍ နောင်တရရမည်။ ထိုအခါ သင်သည် ဇာတိပကတိကို ကျော်လွန်ပြီးဖြစ်လိမ့်မည်၊ စာတန်၏ စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွန်ပြီးဖြစ်လိမ့်မည်။ သင်အကြိမ်ပေါင်းများစွာ ကျရှုံးလျှင်တောင်မှ သင်သည် စွဲစွဲမြဲမြဲ ရှေ့ဆက်ရမည်။ မဖြစ်နိုင်သည့်အရာများအားလုံးကို ကျော်လွှားပြီး သင် စွဲစွဲမြဲမြဲ ရှေ့ဆက်သောအခါ သင်အောင်မြင်သည့်အချိန်တစ်ခုကို ရောက်လာလိမ့်မည်၊ ပြီးလျှင် သင်သည် ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်၊ သူ၏ သနားကရုဏာနှင့် သူ၏ ကောင်းချီးပေးခြင်းတို့ကို ခံရလိမ့်မည်၊ ပြီးလျှင် သမ္မာတရားနောက်ကို လိုက်လျှောက်သောလမ်းကို သင်လျှောက်လှမ်းနိုင်ကာ သင်၏ တာဝန်များကို ကောင်းစွာ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်ကို ကျေနပ်စေလိမ့်မည်။
အဖြစ်အပျက်များ သင်တို့ထံတွင် ဖြစ်လာသောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်၏အမှုတော်ကို ထိန်းသိမ်းဖို့ သင် မည်မျှ မကြာခဏ ရွေးချယ်ပါသနည်း။ (မကြာခဏ မဟုတ်ပါ။ အချိန်အတော်များများတွင် ကိုယ့်ပုံရိပ်၊ သို့မဟုတ် ကိုယ့်အကျိုးစီးပွားကို ထိန်းထားဖို့ ကျွန်ုပ် ရွေးချယ်ပါသည်၊ ထို့အပြင် နောက်မှ ထိုအရာကို ကျွန်ုပ် သဘောပေါက်သည်၊ သို့သော် ကိုယ့်ကိုယ်ကိုယ် ပုန်ကန်ရန်မှာ မလွယ်ကူပါ။ သမ္မာတရားနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို မိတ်သဟာယဖွဲ့လာပါက ကျွန်ုပ်ကို အင်အားအချို့ဖြစ်စေသည်၊ ထို့အပြင် ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် အတော်အတန် ပုန်ကန်လာနိုင်သည်။ သို့သော် သမ္မာတရားနှင့်ပတ်သက်၍ ကျွန်ုပ်ကို မိတ်သဟာယဖွဲ့ရန် တစ်စုံတစ်ယောက်မျှ မရှိသောအခါ ဘုရားသခင်နှင့် ကျွန်ုပ် ဝေးကွာလာပြီး ဤအခြေအနေတွင် ကျွန်ုပ် အမြဲတမ်း နေထိုင်တော့သည်။) လူ့ဇာတိကိုပုန်ကန်ရန် ခက်ခဲသည်၊ ထို့အပြင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ပို၍ပင် ခက်ခဲသည်၊ အကြောင်းမှာ သင့်ကို ဟန့်တားနေသည့် စာတန်၏သဘာဝတစ်ခုနှင့် သင့်ကို နှောင့်ယှက်နေသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု သင့်တွင် ရှိနေသောကြောင့် ဖြစ်သည်၊ ထို့အပြင် ဤအရာများကို သမ္မာတရားကို နားမလည်ဘဲ မပြင်နိုင်ပေ။ ဘုရားသခင်၏ရှေ့မှောက်တွင် ငြိမ်သက်စွာ ခစားရန် သင်တို့ တစ်နေ့လျှင် အချိန် မည်မျှယူနိုင်သနည်း။ ဝိညာဉ်ပိုင်းဆိုင်ရာ သွေ့ခြောက်နေသည်ဟု မခံစားရမီ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ဘဲ ရက်ပေါင်း မည်မျှကြာအောင် သင်နေနိုင်သနည်း။ (ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ဘဲ တစ်ရက်ကြာအောင် ကျွန်ုပ် မနေနိုင်ပါဟု ခံစားရသည်။ နံနက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်ုပ် ဖတ်ပြီးနောက် ၎င်းအပေါ် နက်နဲစွာ တွေးဆနေရမှဖြစ်မည်။ ဤသည်က ကျွန်ုပ်ကို ဘုရားသခင်နှင့် ပိုနီးကပ်သည်ဟု ခံစားရစေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားမသောက်နိုင်ဘဲ၊ များများ ဆုမတောင်းနိုင်ဘဲ၊ အပြေးအလွှား လည့်လှည်သွားလာပြီး အလုပ်လုပ်ရသည့် နေ့တစ်နေ့ ရှိလျှင် ဘုရားသခင်နှင့် အလွန်ဝေးကွာနေသည်ဟု ကျွန်ုပ် ခံစားရသည်။) အကယ်၍ သင်တို့သည် ဘုရားသခင်နှင့် ဝေးကွာနေရသည်မှာ အဆင်ပြေလိမ့်မည် မဟုတ်ဟု သင်အာရုံခံစားနိုင်ပါက ထိုအခါ သင့်အတွက် မျှော်လင့်ချက် ရှိနေသေးသည်။ အကယ်၍ သင်သည် ယုံကြည်သူတစ်ယောက်ဖြစ်ပြီး သမ္မာတရားကို ရယူလိုပါက သင်သည်မလှုပ်မယှက်နေပြီး သမ္မာတရားနှင့်ပတ်သက်၍ တစ်စုံတစ်ယောက်က သင့်ကို မိတ်သဟာယလာဖွဲ့ရန် အမြဲတမ်း စောင့်နေဖို့ မလိုပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တက်ကြွစွာ စားသောက်ရန်၊ ဘုရားသခင်ထံ ဆုတောင်းရန်နှင့် သမ္မာတရားကို ရှာဖွေရန် သင်လေ့လာရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မစားသောက်မီနှင့် သူ့ထံ ဆုမတောင်းမီ သင်၏စိတ်ဝိညာဉ် မှောင်မိုက်သွားပြီး ဘုရားသခင်ကို သင်မခံစားရနိုင်တော့သည်အထိ သင်စောင့်နေပါက ထိုအခါ သင်သည် ရှိရင်းစွဲအခြေအနေကို ထိန်းဖို့သာ တတ်နိုင်တော့မည်။ အမည်ခံမျှသာဖြစ်သော “ယုံကြည်ခြင်း” တစ်ခုကို ထိန်းသိမ်းသည်မှာ ကောင်းသော်လည်း သင့်ဘဝသည် ကြီးထွားလာမည် မဟုတ်တော့ပေ၊ ထို့အပြင် သင်၏စိတ်ဝိညာဉ်သည် သွေ့ခြောက်လာပြီး ထုံထိုင်းလာသည့်အခါ သင်သည် ဘုရားသခင်နှင့် အလွန်အမင်း ဝေးကွာလာပြီး အန္တရာယ် ရှိလာလိမ့်မည်။ စုံစမ်းသွေးဆောင်ခြင်းတစ်ခု သင့်ထံ ကျရောက်လာပြီး သင်ဟန်ချက်ပျက်၍ လဲကျသွားသည်၊ သင်တို့အားလုံးသည် စာတန်၏ အလွယ်တကူ ဖမ်းယူခြင်းကို ခံရသည်။ အကယ်၍ သင့်တွင် အတွေ့အကြုံ လုံးဝ မရှိပါက၊ သမ္မာတရားများကို နားမလည်ပါက၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းအပေါ်တွင်လည်းကောင်း၊ တရားဒေသနာများကို နားထောင်ခြင်း အပေါ်တွင်လည်းကောင်း အာရုံစိုက်ထားခြင်း မရှိပါက၊ သာမန် ဝိညာဉ်ရေးရာ အသက်တာတစ်ခု မရှိပါက ထိုအခါ ဝိညာဉ်ရင့်ကျက်မှု ကြီးထွားလာရန် သင့်အတွက် ခက်ခဲလာပြီး သင့်တိုးတက်မှုသည် မုချ နှေးကွေးလွန်းသွားလိမ့်မည်။ ဤနှေးကွေးသော တိုးတက်မှုအတွက် အကြောင်းရင်းများက မည်သည်တို့ ဖြစ်သနည်း။ ၎င်း၏အကျိုးဆက်များက မည်သည်တို့ ဖြစ်သနည်း။ ဤအရာများနှင့်ပတ်သက်ပြီး သင်ရှင်းရှင်းလင်းလင်း သိရမည်။ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဘုရားသခင်က ဖော်ထုတ်သည့်ပုံစံ မည်သို့ပင်ဖြစ်စေကာမူ ထိုအရာကို သူတို့ နာခံပြီး လက်ခံသင့်သည်။ သူတို့သည် သူတို့ကိုယ်သူတို့ ဆင်ခြင်သုံးသပ်သင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သူတို့ကိုယ်သူတို့ နှိုင်းယှဉ်သင့်သည်၊ သို့မှသာ သူတို့သည် ကိုယ့်ကိုယ်ကိုယ် နားလည်လာနိုင်ပြီး သမ္မာတရားကို တဖြည်းဖြည်းချင်း နားလည်လာနိုင်မည်။ ဤအရာသည် ဘုရားသခင်အဖို့ နှစ်သက်စရာ အကောင်းဆုံးသောအရာဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အတွင်းတွင် မုချ အလုပ်လုပ်လိမ့်မည်၊ ထို့အပြင် သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မုချ နားလည်လိမ့်မည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို သင့်စိတ်နှလုံးထဲတွင် တစ်ချိန်လုံး သိမ်းထားရမည်၊ သို့မှသာ တကယ့်လက်တွေ့ဘဝတွင် ပြဿနာတစ်ခုနှင့် သင်ကြုံသောအခါ သင်သည် ထိုအရာကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားတို့နှင့် ချိတ်ဆက်ပြီး နှိုင်းယှဉ်နိုင်မည်။ ထိုအခါ ပြဿနာကို လွယ်ကူစွာ ဖြေရှင်းနိုင်လိမ့်မည်။ ဥပမာအားဖြင့် အနာရောဂါမရှိသော ကျန်းမာသည့် ကိုယ်ခန္ဓာတစ်ခုကို လူတိုင်း လိုချင်သည်၊ ထိုအရာသည် လူတိုင်းက အလွန် လိုချင်သော တစ်စုံတစ်ရာဖြစ်သော်လည်း သင့်နေ့စဉ်ဘဝထဲတွင် ဤအရာကို သင်မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ပထမဦးဆုံးအနေဖြင့် သင့်တွင် ပုံမှန် လုပ်ရိုးလုပ်စဉ် အလေ့အကျင့်တစ်ခု ရှိရမည်၊ ကျန်းမာရေးနှင့် မညီညွတ်သော၊ သို့မဟုတ် တားမြစ်ထားသော အရာများကို မစားရ။ သင့်တော်သော လေ့ကျင့်ခန်းတစ်မျိုးမျိုးကို ပုံမှန်လုပ်ရမည်။ ဤနည်းလမ်းများကို ပေါင်းစပ်လိုက်သောအခါ သင်လက်တွေ့လုပ်ဆောင်သမျှ အရာအားလုံးသည် ခန္ဓာကိုယ်ကျန်းမာရေး ရည်မှန်းချက်ကို ဗဟိုပြုပြီး လည်ပတ်နေသည်၊ သင်သည် ရလဒ်များကို တဖြည်းဖြည်းချင်း မြင်ရလိမ့်မည်။ နောက်နှစ်အနည်းငယ်ကြာသော် သင်သည် အခြားလူများထက် ပို၍ ကျန်းမာရေး ကောင်းနေပြီး ရလဒ်ကောင်းများ ရပြီးဖြစ်နေလိမ့်မည်။ ထိုရလဒ်များကို သင်မည်သို့ ရသနည်း။ အကြောင်းမှာ သင့်လုပ်ရပ်များနှင့် ရည်မှန်းချက်ပန်းတိုင်များသည် ကိုက်ညီနေပြီး သင်၏လက်တွေ့လုပ်ဆောင်မှုနှင့် သဘောတရားတို့သည် ကိုက်ညီနေခဲ့သောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ရာတွင်လည်း အလားတူပင်ဖြစ်သည်။ သမ္မာတရားကို ချစ်ပြီး လက်တွေ့လုပ်ဆောင်သည့် လူတစ်ယောက်ဖြစ်ရန်နှင့် စိတ်သဘောထား ပြောင်းလဲသွားပြီးသည့် လူတစ်ယောက်ဖြစ်ရန် သင် အားထုတ်နေပါက အဖြစ်အပျက်များ သင့်တွင် ဖြစ်လာသောအခါ သင်လိုက်လျှောက်နေသည့် ရည်မှန်းချက်ပန်းတိုင်များနှင့် ပါဝင်ပတ်သက်နေသည့် သမ္မာတရားတို့နှင့် ၎င်းတို့ကို သင် ချိတ်ဆက်ရမည်။ သင်လိုက်လျှောက်သည့် ရည်မှန်းချက်ပန်းတိုင်များက မည်သည့်အရာပင်ဖြစ်ပါစေ ၎င်းတို့သည် လူသားထံမှ ဘုရားသခင် လိုအပ်သည့်အရာ ဖြစ်နေသရွေ့ ၎င်းတို့သည် ယုံကြည်သူတစ်ဦးအနေနှင့် လိုက်လျှောက်ရမည့် ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်တို့ ဖြစ်ကြသည်။ ဥပမာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်း၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ သင့်တွင် ဤဦးတည်ရာ၊ ဤရည်မှန်းချက်ပန်းတိုင်တို့ ရှိသည်နှင့်တစ်ပြိုင်နက် နောက်ပိုင်းတွင် ၎င်းကို ချက်ချင်း လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းတစ်ခု သင့်တွင် ရှိရမည်။ “ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ပါ။”ဟု ငါဆိုသောအခါ “ဘုရားသခင်၏ လမ်းခရီး” ဆိုသည်မှာ မည်သည်ကို ရည်ညွှန်းသနည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းကို ဆိုလိုသည်။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဥပမာအားဖြင့် သင်သည် တစ်စုံတစ်ယောက်ကို အကဲဖြတ်သောအခါ ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းနှင့် ဆက်နွှယ်သည်။ သင်သည် ၎င်းတို့ကို မည်သို့အကဲဖြတ်သနည်း။ (ကျွန်ုပ်တို့သည် ရိုးသားရမည်။ တရားမျှတရမည်။ ကျွန်ုပ်တို့၏ စကားများသည် ကျွန်ုပ်တို့၏ ခံစားချက်များအပေါ် အခြေမခံရပေ။) သင်ထင်မြင်သည့်အရာနှင့် သင်မြင်တွေ့ထားသည့်အရာအတိုင်း အတိအကျ သင်ပြောဆိုသည့်အခါ သင်ရိုးသားနေခြင်း ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့် ရိုးသားမှုကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်းနှင့် ကိုက်ညီသည်။ ဤသည်မှာ ဘုရားသခင်က လူတို့ကို သွန်သင်သောအရာဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးဆိုသည်မှာ အဘယ်နည်း။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်းဖြစ်သည်။ ရိုးသားခြင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းမှုကို ရှောင်ခြင်း၏ တစ်စိတ်တစ်ပိုင်း မဟုတ်သလော။ ထို့အပြင် ယင်းသည် ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) သင်သည် မရိုးသားလျှင် သင်မြင်တွေ့ထားသည့်အရာနှင့် သင်ထင်မြင်သည့်အရာသည် သင့်နှုတ်မှ ထွက်လာသည့်အရာနှင့် မတူညီပေ။ တစ်စုံတစ်ယောက်က သင့်ကို “ထိုလူအပေါ် သင်၏ ထင်မြင်မှုမှာ မည်သို့ရှိသနည်း။ ထိုလူသည် အသင်းတော်၏ အလုပ်အတွက် တာဝန်ရှိသလော” ဟု မေးလာသည်။ သင်က “ထိုသူသည် အလွန်တော်၏။ ကျွန်ုပ်ထက်ပို၍ တာဝန်ယူမှုရှိသည်။ သူ၏အစွမ်းအစသည် ကျွန်ုပ်ထက်ပို၍ ကောင်းပြီး သူ၏လူ့သဘာဝသည်လည်း ကောင်းမွန်၏၊ သူသည် ရင့်ကျက်ပြီး တည်ငြိမ်၏” ဟု သင်ပြန်ပြောသည်။ သို့သော် ဤသည်မှာ သင့်စိတ်နှလုံးတွင် စဉ်းစားနေသည့်အရာ ဖြစ်သလော။ သင်အမှန်တကယ် မြင်သည့်အရာမှာ ဤလူသည် အမှန်ပင် အစွမ်းအစရှိသော်ငြားလည်း စိတ်မချရ၊ အတော်အတန် လှည့်ဖြားတတ်ပြီး အလွန်ပင် တွက်ချက်တတ်ကြောင်း ဖြစ်သည်။ ဤသည်မှာ သင်၏စိတ်တွင် သင်အမှန်တကယ် စဉ်းစားနေသည့်အရာ ဖြစ်သည်။ သို့သော် စကားပြောဆိုရမည့်အချိန် ရောက်လာသောအခါ “ငါသမ္မာတရားကို ပြော၍မရ။ မည်သူ့ကိုမျှ စိတ်ဆိုးအောင် လုပ်၍မဖြစ်” ဟု သင့်စိတ်၌ ပေါ်လာသည်။ ထို့ကြောင့် သင်က အခြားအရာတစ်ခုခုကို အလျင်အမြန် ပြောလိုက်သည်။ သူနှင့်ပတ်သက်၍ ပြောဆိုရန် ကောင်းမွန်သည့်အရာများကို သင်ရွေးချယ်လိုက်ပြီး သင်ပြောဆိုသည့် မည်သည့်အရာကမျှ သင်အမှန်တကယ် ထင်မြင်သည့်အရာ မဟုတ်ပေ။ အားလုံးက အလိမ်အညာများနှင့် အယောင်ဆောင်ခြင်းသာ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်သည်ဟု ညွှန်ပြသလော။ မညွှန်ပြပါ။ သင်သည် နတ်ဆိုးတို့၏ လမ်းခရီးဖြစ်သော စာတန်၏ လမ်းခရီးကို လျှောက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းခရီးမှာ အဘယ်နည်း။ ယင်းမှာ သမ္မာတရားဖြစ်သည်။ ယင်းသည် လူတို့ မိမိကိုယ်ကို ကျင့်ကြံနေထိုင်သင့်သည့် အခြေပြုချက် ဖြစ်ပြီး ယင်းသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် မကောင်းမှုကို ရှောင်ခြင်း လမ်းခရီးဖြစ်သည်။ သင်က အခြားလူတစ်ယောက်အား စကားပြောနေသော်လည်း ဘုရားသခင်ကလည်း နားထောင်နေသည်၊ သူသည် သင်၏ စိတ်နှလုံးကို ကြည့်ရှုနေပြီး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေသည်။ လူတို့က သင်ပြောသည့်အရာကို နားထောင်သော်လည်း ဘုရားသခင်က သင်၏ စိတ်နှလုံးကို စိစစ်သည်။ လူတို့သည် လူ၏စိတ်နှလုံးကို စိစစ်နိုင်စွမ်း ရှိသလော။ အလွန်ဆုံးအနေဖြင့် သင်သည် အမှန်အတိုင်း မပြောသည်ကို လူတို့မြင်နိုင်သည်၊ အပြင်ပန်းတွင် ရှိသောအရာကို သူတို့ မြင်နိုင်သည်၊ သို့သော် ဘုရားသခင်သာလျှင် သင့်စိတ်နှလုံးအတွင်းထဲသို့ မြင်နိုင်၏။ ဘုရားသခင်သာလျှင် သင်စဉ်းစားနေသည့်အရာ၊ သင်စီစဉ်နေသည့်အရာ၊ သင့်စိတ်နှလုံးတွင် မည်သည့်အကြံအစည်များ၊ မည်သည့်ဖောက်ပြန်သော နည်းလမ်းများ၊ မည်သည့်တက်ကြွသော အတွေးများရှိသည်တို့ကို မြင်နိုင်သည်။ သင် အမှန်အတိုင်းမပြောသည်ကို ဘုရားသခင် မြင်တွေ့သည့်အခါ သင့်အပေါ် ဘုရားသခင်၏ ထင်မြင်ချက်များနှင့် သင့်အပေါ် သူ၏တန်ဖိုးဖြတ်မှုမှာ အဘယ်နည်း။ ဤကိစ္စနှင့်ပတ်သက်ပြီး သင်သည် သမ္မာတရားကို မပြောခဲ့သောကြောင့် ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်မလိုက်ခဲ့ကြောင်းဟူ၍ပင် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်နေလျှင် အမှန်အတိုင်း ပြောခဲ့သင့်သည်။ “သူသည် အစွမ်းအစရှိသူ ဖြစ်သော်လည်း စိတ်မချရပေ။” ဟူ၍ ဖြစ်သည်။ သင့်အကဲဖြတ်ချက်သည် တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရိုးသားမှုရှိပြီး စိတ်နှလုံးထဲမှ လာခြင်းဖြစ်လိမ့်မည်။ ထို့အပြင် ဤသည်မှာ သင်ဖော်ပြခဲ့သင့်သည့် အမြင်နှင့် ရပ်တည်ချက်ဖြစ်သည်။ သို့သော် ဤသို့ သင်မလုပ်ခဲ့ပေ။ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ လမ်းခရီးနောက်လိုက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) သင်သည် သမ္မာတရားကို မပြောလျှင် သင် ဘုရားသခင်၏ လမ်းခရီးနောက်လိုက်ပြီး ဘုရားသခင်ကို ကျေနပ်စေလျက်ရှိသည်ဟု အလေးပေးပြောခြင်းက သင့်အတွက် မည်သို့ အသုံးဝင်မည်နည်း။ သင်အော်ဟစ်သည့် ကြွေးကြော်သံများကို ဘုရားသခင်က အရေးစိုက်မည်လော။ သင်မည်သို့ အော်ဟစ်သည်၊ မည်မျှ ပြင်းထန်စွာ အော်ဟစ်သည်၊ သင်၏စိတ်စွမ်းအားက မည်မျှ ကြီးမားသည်ဆိုသည်ကို ဘုရားသခင်က ကြည့်မည်လော။ သင် အကြိမ် မည်မျှ အော်ဟစ်သည်ကို ဘုရားသခင်က ကြည့်မည်လော။ ဤအရာများသည် သူအရေးစိုက်သည့်အရာများ မဟုတ်ပေ။ ဘုရားသခင်က သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိနှင့် သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါ၊ သင် ပြုလုပ်သည့် ရွေးချယ်မှုများ၊ သမ္မာတရားကို မည်သို့ လက်တွေ့ကျင့်သုံးသည်တို့ကို ကြည့်ရှုသည်။ သင်သည် ဆက်ဆံရေးများကို ထိန်းသိမ်းရန်၊ သင်၏ ကိုယ်ကျိုးစီးပွားနှင့် ပုံရိပ်ကို ထိန်းသိမ်းရန် ရွေးချယ်လျှင်၊ အရာအားလုံးသည် ကိုယ့်ကိုယ်ကိုယ် အန္တရာယ်မှ ကာကွယ်ရန်အတွက်သာဖြစ်လျှင် ဤသည်မှာ သင့်တွင် အဖြစ်အပျက်များ ဖြစ်ပျက်သည့်အခါတွင် သင်ခံယူသော သင်၏ အမြင်နှင့် သဘောထားဖြစ်သည်ဟု ဘုရားသခင်က မြင်လျှင် သူသည် သင့်ကို အကဲဖြတ်လိမ့်မည်။ သင်သည် သူ၏လမ်းခရီးကို လိုက်လျှောက်သောသူမဟုတ်ဟု သူက ဆိုလိမ့်မည်။ သမ္မာတရားနောက်သို့ လိုက်လျှောက်ပြီး ဘုရားသခင်၏ လမ်းခရီးနောက်သို့ သင်လိုက်လိုသည်ဟု သင်ပြောသည်၊ သို့ဆိုလျှင် အဖြစ်အပျက်များ သင့်တွင် ဖြစ်လာသောအခါ သင် အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်သနည်း။ သင်ပြောသော စကားလုံးများသည် နှလုံးသားမှ လာကောင်း လာနိုင်သည်၊ ထို့အပြင် ထိုစကားများသည် သင်၏အလိုနှင့် ဆန္ဒများကို သယ်ဆောင်၍ ဖော်ပြကောင်းဖော်ပြနိုင်သည်၊ သို့မဟုတ် သင့်စိတ်နှလုံးက တို့ထိခံစားသွားရသည်လည်း ဖြစ်နိုင်ပြီး သင်သည် ခါးသီးစွာ ငိုကြွေးရင်း ရင်ထဲက ရိုးသားသော စကားလုံးများကို အော်ဟစ်ပြောဆိုနေခြင်းလည်း ဖြစ်နိုင်သည်၊ သို့သော် ရိုးသားစွာ ပြောဆိုခြင်းက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု ဆိုလိုပါသလား။ ထိုအရာက သင့်တွင် စစ်မှန်သော သက်သေခံချက်ရှိသည်ဟု ဆိုလိုပါသလား။ သေချာပေါက် မဟုတ်ပါ။ အကယ်၍ သင်သည် သမ္မာတရားနောက်သို့ လိုက်လျှောက်သူတစ်ဦးဖြစ်ပါက သမ္မာတရားကို သင်သည် လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်၊ အကယ်၍ သင်သည် သမ္မာတရားကို ချစ်သူတစ်ဦး မဟုတ်ခဲ့ပါက ထိုအခါ သင်သည် နားထဲတွင် ကြားကောင်းသည့်အရာများကိုသာ ပြောလိမ့်မည်ဖြစ်ပြီး ထိုအရာက အဆုံးသတ်ဖြစ်လိမ့်မည်။ ဖာရိရှဲများသည် တရားသေအယူဝါဒကို ဟောပြောရာတွင်နှင့် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ရာတွင် အတော်ဆုံးဖြစ်ကြသည်။ လမ်းထောင့်များတွင် သူတို့ မကြာခဏ ရပ်၍ “အိုး၊ အင်အားကြီးမားတော်မူသော ဘုရားသခင်” သို့မဟုတ် “ကိုးကွယ်ထိုက်တော်မူသော ဘုရားသခင်” ဟူ၍ အော်ဟစ်ပြောဆိုခဲ့ကြသည်။ အခြားလူများအတွက်မူ သူတို့သည် အထူးသဖြင့် ဘာသာတရားကိုင်းရှိုင်းပြီး ဥပဒေနှင့်ဆန့်ကျင်သော မည်သည့်အရာကိုမှ မလုပ်ထားခဲ့ပုံပေါ်သည်၊ သို့သော် ဘုရားသခင်သည် သူတို့ကို အသိအမှတ်ပြုခဲ့ပါသလား။ သူ မချီးမွမ်းခဲ့ပါ။ သူတို့ကို ဘုရားသခင်က မည်သို့ အပြစ်တင်ရှုတ်ချခဲ့သနည်း။ ကြောင်သူတော် ဖာရိရှဲများဟု သူတို့အား ဘွဲ့တစ်ခု ပေးပြီး ရှုတ်ချခဲ့သည်။ လွန်လေပြီးသောအချိန်က ဖာရိရှဲများသည် ဣသရေလတွင် အများလေးစားခံရသော လူတန်းစားတစ်ရပ်ဖြစ်ခဲ့သည်၊ ထို့ကြောင့် ဤနာမည်သည် ယခု အဘယ်ကြောင့် တံဆိပ်သတ်မှတ်ချက်တစ်ခု ဖြစ်လာရသနည်း။ ဤသည်မှာ ဖာရိရှဲတို့သည် လူအမျိုးအစားတစ်ခုကို ကိုယ်စားပြုသူ ဖြစ်လာသောကြောင့် ဖြစ်သည်။ ဤလူအမျိုးအစား၏ စရိုက်လက္ခဏာများမှာ အဘယ်နည်း။ သူတို့သည် အစစ်အမှန် မဟုတ်ခြင်းတွင်၊ တန်ဆာဆင်ရာတွင်၊ ဟန်ဆောင်ရာတွင် ကျွမ်းကျင်ကြသည်၊ သူတို့သည် ကြီးကျယ်မြင့်မြတ်မှု၊ သန့်ရှင်းစင်ကြယ်မှု၊ ဖြောင့်မတ်မှုနှင့် ထင်သာမြင်သာရှိသော သင့်တင့်လျောက်ပတ် ယဉ်ကျေးဖွယ်ရာရှိမှုတို့ကို ဟန်ဆောင်သည်၊ သည့်ပြင် သူတို့ အော်ဟစ်ကြွေးကြော်သော ဆောင်ပုဒ်များသည် ကောင်းသယောင်ရှိသော်လည်း အမှန်တကယ်တွင် သူတို့သည် သမ္မာတရားကို နည်းနည်းမှ လက်တွေ့မလုပ်ဆောင်ကြပေ။ သူတို့တွင် မည်သည့်ကောင်းသော အပြုအမူရှိသနည်း။ သူတို့သည် စာပေကျမ်းဂန်ကို ဖတ်ပြီး တရားဟောကြသည်၊ တရားဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်းပြီး ဘုရားသခင်ကို မခုခံရန် အခြားလူများကို သူတို့ သင်ကြားပေးကြသည်။ ဤအရာအားလုံးသည် ကောင်းသော အပြုအမူများဖြစ်သည်။ သူတို့ပြောသမျှအရာအားလုံးသည် ကောင်းသယောင်ရှိသည်၊ သို့သော် အခြားသူတို့က ကျောခိုင်းလိုက်ချိန်တွင် သူတို့သည် လှူဖွယ်ပစ္စည်းများကို တိတ်တဆိတ်လျှို့ဝှက်စွာ ခိုးယူကြသည်။ သခင်ယေရှုက သူတို့သည် “ခြင်တစ်ကောင်ကိုမျှ မပါစေခြင်းငှာ ရေကို စစ်လျက်နှင့် ကုလားအုတ်ကိုမျိုကြ၏” (ရှင်မဿဲခရစ်ဝင် ၂၃:၂၄) ဟူ၍ ပြောခဲ့သည်။ ဤသည်မှာ ၎င်းတို့၏ အပြုအမူအားလုံးသည် အပေါ်ယံတွင် ကောင်းသည်ဟု ထင်မြင်ရသည်။ ၎င်းတို့သည် ဆောင်ပုဒ်များကို ဝင့်ကြွားစွာ ကြွေးကြော်ကြသည်။ မြင့်မြတ်သော သဘောတရားများကို ပြောဆိုကြပြီး ၎င်းတို့၏ စကားများသည် နားဝင်ချိုသည်။ သို့သော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်တို့သည် ပရမ်းပတာ အရှုပ်အထွေးတစ်ခုဖြစ်ပြီး ဘုရားသခင်အား လုံးဝ အာခံလေသည်။ ၎င်းတို့၏ အပြင်ပန်း အပြုအမူများသည် အားလုံး အယောင်ဆောင်၊ အားလုံး အလိမ်အညာများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးခြင်း နည်းနည်းမျှ မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို၊ အပြုသဘောဆောင်သောအရာများကို၊ ဘုရားသခင်ဆီမှ လာသော အရာအားလုံးကို အလွန်အမင်းမနှစ်မြို့ပေ။ ၎င်းတို့သည် မည်သည့်အရာကို ချစ်ကြသနည်း။ တရားမျှတမှုနှင့် ဖြောင့်မတ်ခြင်းတို့ကို ချစ်ကြသလော။ (မချစ်ပါ။) ဤအရာများကို သူတို့မချစ်ဟု မည်သို့ပြောနိုင်သနည်း။ (သခင်ယေရှုသည် ကောင်းကင်နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်သော်လည်း ယင်းကို လက်ခံဖို့ သူတို့ ငြင်းပယ်ရုံသာမက ရှုတ်လည်း ရှုတ်ချကြသည်။) အကယ်၍ သူတို့ ထိုအရာကို မရှုတ်ချခဲ့ပါက ပြောဖို့ ဖြစ်နိုင်မည်လား။ မဖြစ်နိုင်ပါ။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့ပြီး၊ သခင်ယေရှုအား သူတို့ အပြစ်တင်ရှုတ်ချခြင်းနှင့် ခုခံခြင်းတို့ကြောင့်သာ အခြားလူများသည် သူတို့၏ ကြောင်သူတော်ဖြစ်ခြင်းကို မြင်နိုင်ခဲ့ကြခြင်းဖြစ်သည်။ သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကြောင့်သာ မဟုတ်လျှင် ဖာရိရှဲများကို မည်သူမျှ ခွဲခြားသိမြင်နားလည်နိုင်မည်မဟုတ်ချေ၊ ဖာရိရှဲများ၏ အပြင်ပန်း အပြုအမူကိုသာ လူတို့က ကြည့်လျှင် အားကျခြင်းပင် ဖြစ်နိုင်သည်။ လူတို့၏ ယုံကြည်မှုကို ရယူရန် အယောင်ဆောင် ကောင်းပြသည့် အပြုအမူကို သုံးခြင်းသည် ဖာရိရှဲတို့၏ မရိုးသားခြင်းနှင့် လိမ်လည်လှည့်ဖြားခြင်း မဟုတ်ပေလော။ ထိုကဲ့သို့ လိမ်လည်လှည့်ဖြားတတ်သော လူတို့သည် သမ္မာတရားကို ချစ်နိုင်ပါမည်လော။ လုံးဝ မချစ်နိုင်ပါ။ အပြုအမူကောင်းကို သူတို့ ပြသခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်သည် အဘယ်နည်း။ တစ်အချက်အနေဖြင့် လူတို့ကို ကလိမ်ကျရန်ဖြစ်သည်။ နောက်အချက်အနေဖြင့် လူတို့ကို အထင်အမြင်မှားစေပြီး စည်းရုံးရန်ဖြစ်သည်၊ သို့မှသာ လူတို့က သူတို့ကို အထင်ကြီးပြီး ကြည်ညိုလေးစားလာရန် ဖြစ်သည်။ နောက်ဆုံးအချက်အနေဖြင့် သူတို့သည် ဆုကျေးဇူးများကို လိုချင်ကြသည်။ အလွန်ပင် လိမ်ညာလှည့်စားမှုတစ်ခုပင် ဖြစ်တော့သည်။ ဤအရာများသည် ကျွမ်းကျင်သော လှည့်ကွက်များလော။ ထိုကဲ့သို့သော လူတို့သည် တရားမျှတမှုနှင့် ဖြောင့်မတ်မှုတို့ကို ချစ်ခဲ့သလော။ သူတို့ လုံးဝ မချစ်ခဲ့ပေ။ သူတို့ ချစ်ခဲ့သည့်အရာမှာ အဆင့်အတန်း၊ ထင်ပေါ်ကျော်ကြားမှုနှင့် အကျိုးအမြတ်ဖြစ်ပြီး သူတို့ လိုချင်သည့်အရာမှာ ဆုကျေးဇူးတစ်ခုနှင့် သရဖူတစ်ခုတို့ဖြစ်သည်။ သူတို့သည် ဘုရားသခင်က လူတို့ကို သင်ကြားပေးခဲ့သည့် နှုတ်ကပတ်တော်များကို မည်သည့်အခါကမျှ လက်တွေ့မကျင့်သုံးခဲ့ကြပေ၊ ထို့ပြင် သူတို့သည် သမ္မာတရား စစ်မှန်မှုအတိုင်း နည်းနည်းလေးမှပင် အသက်ရှင်နေထိုင်ခြင်းမရှိခဲ့ပေ။ သူတို့သည် သူတို့၏ ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းတို့ကို လုံခြုံခိုင်မြဲအောင်လုပ်ရန်၊ အပြုအမူကောင်းဖြင့် သူတို့ကိုယ်သူတို့ ရုပ်ဖျက်ဖုံးကွယ်ကာ ကလိမ်ကျပြီး လူတို့ကို သူတို့၏ ကြောင်သူတော်နည်းလမ်းများနှင့် အနိုင်ယူဖို့အတွက်သာ လုပ်ဆောင်ကြသည်။ ထို့နောက်တွင် သူတို့သည် အရင်းအနှီးကို မျှားခေါ်ရန်နှင့် ငွေရှာရန်အတွက် ယင်းကို အသုံးပြုကြသည်။ ထိုအရာသည် စက်ဆုပ်ရွံရှာဖွယ် မကောင်းသလော။ သူတို့၏ ဤအပြုအမူအားလုံးမှ သူတို့သည် မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့သောကြောင့် သူတို့၏ ပင်ကိုယ်အသိစိတ်အတွင်းတွင် သမ္မာတရားကို သူတို့ မချစ်ခဲ့ကြသည်ကို သင်မြင်နိုင်သည်။ သူတို့ မည်သည့်အခါကမျှ သမ္မာတရားကို လက်တွေ့မကျင့်သုံးခဲ့သည်ကို ပြသည့် တစ်စုံတစ်ရာသည် အဘယ်နည်း။ အားလုံးထဲကမှ အကြီးကျယ်အမြင့်မြတ်ဆုံးအရာမှာ သခင်ယေရှုသည် ရွေးနုတ်ခြင်းအမှုတော်ကို လုပ်ဆောင်ရန် ကြွလာခဲ့ပြီး၊ သခင်ယေရှု ပြောခဲ့သည့် နှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်ကာဩဇာအာဏာရှိခြင်းဖြစ်သည်။ ဖာရိရှဲများသည် ဤသည်ကို မည်သို့ တုံ့ပြန်ခဲ့ကြသနည်း။ သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်းကို သူတို့ အသိအမှတ်ပြုခဲ့ကြသော်လည်း ထိုနှုတ်ကပတ်တော်များကို သူတို့ လက်မခံခဲ့ကြရုံသာမက အပြစ်တင်ရှုတ်ချကာ ပုတ်ခတ်စော်ကားခဲ့ကြသည်။ ဤသည်မှာ အဘယ်သို့ဖြစ်သနည်း။ အကြောင်းမှာ သူတို့သည် သမ္မာတရားကို မချစ်ခဲ့ကြသောကြောင့် ဖြစ်သည်၊ သူတို့၏စိတ်နှလုံးတွင် သူတို့သည် သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ပြီး မုန်းနေခဲ့ကြသည်။ သခင်ယေရှုသည် သူပြောခဲ့သမျှအရာအားလုံးတွင် မှန်ကန်ကြောင်း၊ သူ၏နှုတ်ကပတ်တော်များတွင် ဩဇာအာဏာနှင့် တန်ခိုးရှိကြောင်း၊ မည်သည့်နည်းနှင့်မှ သူမမှားခဲ့ကြောင်းနှင့် သူတို့သည် သခင်ယေရှုကို ကျော်လွန်၍ ဩဇာလွှမ်းမိုးနိုင်စွမ်း မရှိခဲ့ကြောင်းတို့ကို သူတို့ အသိအမှတ်ပြုခဲ့ကြသည်။ သို့သော် သူတို့သည် သခင်ယေရှုကို အပြစ်တင်ရှုတ်ချလိုခဲ့ကြသည်၊ ထို့ကြောင့် သူတို့သည် ဆွေးနွေးပြီး မကောင်းကြံခဲ့ကြသည်၊ “သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်လော့။ သူ ကွပ်မျက်မခံရလျှင် ငါတို့ကို ကွပ်မျက်လော့” ဟု ပြောခဲ့ကြသည်၊ ဤသည်က ဖာရိရှဲများ သခင်ယေရှုကို အံတုခဲ့ပုံဖြစ်သည်။ ထိုအချိန်တုန်းက မည်သူမျှ သမ္မာတရားကို နားမလည်ခဲ့ကြပါ၊ ထို့အပြင် သခင်ယေရှုကို လူ့ဇာတိခံယူထားသော ဘုရားသခင်အဖြစ် မည်သူမျှ မမှတ်မိနိုင်ခဲ့ကြပါ။ သို့သော် လူသားတစ်ယောက်၏ အမြင်အရ သခင်ယေရှုသည် သမ္မာတရားများစွာကို ဖော်ပြခဲ့ပြီး နတ်ဆိုးများကို မောင်းထုတ်ပေးခဲ့ကာ ဖျားနာသူများကို ကုသပေးခဲ့သည်။ သူသည် အံ့ဩဖွယ်ရာများစွာကို လုပ်ဆောင်ပေးခဲ့သည်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် လူပေါင်း ၅၀၀၀ ကို ကျွေးမွေးခဲ့သည်၊ မရေမတွက်နိုင်သော ကောင်းမှုများစွာကို ပြုခဲ့ပြီး လူတို့အပေါ် ကျေးဇူးတော်များစွာကို ပေးသနားတော်မူခဲ့သည်။ ဤကဲ့သို့ ကောင်းပြီး ဖြောင့်မတ်သော လူများမှာ အလွန်တရာ နည်းပါးလှသောကြောင့် ဖာရိရှဲများသည် သခင်ယေရှုကို အဘယ်ကြောင့် ပြစ်တင်ရှုတ်ချချင်ခဲ့ကြသနည်း။ သူ့ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ရန် အဘယ်ကြောင့် သူတို့ အလွန် စိတ်အားထက်သန်ခဲ့ကြသနည်း။ သခင်ယေရှုထက် ရာဇဝတ်သားတစ်ဦးကို လွှတ်ပေးရန် သူတို့ ပိုဆန္ဒရှိသည် ဆိုသည်မှာ ဘာသာရေးလောကရှိ ဖာရိရှဲများသည် မည်မျှ ဆိုးသွမ်းပြီး မလိုမုန်းထားကြောင်းကို ပြသည်။ သူတို့သည် အလွန် ဆိုးညစ်ယုတ်မာခဲ့ကြပေသည်။ ဖာရိရှဲများ၌ ပေါ်လွင်သော ဆိုးညစ်ယုတ်မာသော မျက်နှာထားများနှင့် သူတို့၏ ဟန်ဆောင်ထားသော အပြင်ပန်း စေတနာတို့အကြားက ကွာခြားချက်သည် အလွန်ကြီးမားသောကြောင့် လူအများသည် မည်သည်က မှန်၍ မည်သည်က မှားသည်ကို ခွဲခြားသိမြင်နားမလည်နိုင်ခဲ့ကြပါ၊ သို့သော် သခင်ယေရှု၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်သည် ဖာရိရှဲများအားလုံးကို ထုတ်ဖော်ခဲ့သည်။ ဖာရိရှဲများသည် များသောအားဖြင့် သူတို့ကိုယ်သူတို့ ကောင်းစွာ ရုပ်ဖျက်ဖုံးကွယ်နေနိုင်ခဲ့ကြပြီး အပြင်ပန်းတွင် ဘာသာတရား အလွန် ကိုင်းရှိုင်းပုံပေါ်ခဲ့သောကြောင့် သခင်ယေရှုကို သူတို့ ရက်ရက်စက်စက် ခုခံ၍ ညှဉ်းပန်းနှိပ်စက်ခဲ့ကြမည်ဟု မည်သူမျှ မထင်ခဲ့ကြပေ။ အကယ်၍ အဖြစ်မှန်များကိုသာ မထုတ်ဖော်နိုင်ခဲ့ပါက မည်သူမျှ သူတို့၏ စစ်မှန်သော သဘောသဘာဝကို ရှာတွေ့နိုင်မည်မဟုတ်ပါ။ လူ့ဇာတိခံယူသော ဘုရားသခင်၏ သမ္မာတရား ဖော်ပြချက်သည် လူသားတို့အကြောင်းကို အလွန် ထုတ်ဖော်ပြသသည်။
ကောက်နုတ်ချက် (၁၆)
လူများ သမ္မာတရားကို နားလည်သဘောပေါက်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့ သမ္မာတရားကို အသက်ရှင်နေထိုင်ဖို့အတွက်၊ လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ဖို့နှင့် ၎င်းတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားများကို ၎င်းတို့၏ အသက်တာဖြစ်စေဖို့တို့ ဖြစ်သည်။ ယင်းတို့ကို သင်၏အသက်တာဖြစ်စေဖို့ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ယင်းတို့သည် လူတစ်ဦး၏လုပ်ရပ်များ၊ အသက်တာ၊ ကျင့်ကြံပြုမူခြင်းနှင့် တည်ရှိခြင်းတို့၏ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ် ဖြစ်လာသည်ကို ဆိုလိုသည်။ ထိုသူသည် အသက်ရှင်သည့် လမ်းခရီးကို ပြောင်းလဲလိုက်သည်။ လူများသည် ယခင်က မည်သည့်အရာဖြင့် ရှင်သန်ခဲ့သနည်း။ ၎င်းတို့၌ ခံယူချက် ရှိခဲ့သည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများအပေါ် မှီခိုခြင်းအားဖြင့် အသက်ရှင်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားတို့အားဖြင့် ရှင်သန်ခဲ့ခြင်း မရှိပေ။ ယင်းက ဖန်ဆင်းခံတစ်ဦး ရှင်သန်သင့်သည့် လမ်းခရီးတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ဘုရားသခင်သည် လူသားထံမှ မည်သည့်အရာကို တောင်းဆိုသနည်း။ (လူများသည် သူ၏ နှုတ်ကပတ်တော်များဖြင့် ရှင်သန်ဖို့ဖြစ်သည်။) ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် ရှင်သန်ခြင်း၊ ဤသည်မှာ သူ့ကို အမှန်တကယ် ယုံကြည်သည့်လူများ ရှိသင့်သည့် ရည်မှန်းချက် ပန်းတိုင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဖန်ဆင်းခံတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များအပေါ် မှီခိုခြင်းအားဖြင့် အသက်ရှင်သည့်ပုံစံကို ရရှိသင့်သည်။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သော လူများသည် စစ်မှန်သည့် ဖန်ဆင်းခံများ ဖြစ်ကြသည်။ ထို့ကြောင့် သင်သည် သင်၏မည်သည့်စကားများ၊ သင်၏မည်သည့်လုပ်ရပ်များနှင့် သင့်အပြုအမူ၏ မည်သည့်စည်းမျဉ်းများ၊ သင့်တည်ရှိမှု၏ ရည်မှန်းချက်များနှင့် ကမ္ဘာလောကနှင့် သင်ဆက်ဆံရာတွင် မည်သည့်နည်းလမ်းများက သမ္မာတရားစည်းမျဉ်းများနှင့် သဟာဇာတဖြစ်သည်၊ မည်သည်က လူအပေါ် ဘုရားသခင် တောင်းဆိုသည့်အရာနှင့် သဟာဇာတဖြစ်သည်၊ ပြီးလျှင် ယင်းတို့ထဲမှ မည်သည်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သတ်မှတ်ချက်များနှင့် ဆက်နွှယ်မှု မရှိသည်တို့ကို သင်ပုံမှန် တွေးဆရမည်။ သင်သည် ဤအရာများကို မကြာခဏ ချင့်ချိန်စဉ်းစားပါက ဝင်ရောက်မှုကို သင်ဖြည်းဖြည်းချင်း စွမ်းဆောင်ရရှိလိမ့်မည်။ ဤအရာများကို သင်မတွေးဆပါက အပေါ်ယံ အားထုတ်ကြိုးပမ်းမှုများ လုပ်ဆောင်ခြင်းမျှသည် အောင်မြင်နိုင်မည် မဟုတ်ပေ။ ဖြစ်သလိုလုပ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းနှင့် ဟိတ်ဟန်ကိုသာ စိတ်ဝင်စားခြင်းတို့သည် နောက်ဆုံးတွင် သင့်ကို မည်သည့်အရာမျှ ဖြစ်စေမည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၌ယုံကြည်မှုသည် အဘယ်နည်း။ ဘုရားသခင်၌ယုံကြည်မှုသည် အမှန်တကယ်တွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်း လုပ်ငန်းစဉ်နှင့် စာတန်၏ ဖျက်ဆီးခြင်းခံရသည့် လူသားတစ်ယောက်မှ ဘုရားသခင်၏အမြင်တွင် စစ်မှန်သော ဖန်ဆင်းခံတစ်ဦးအဖြစ် ပြောင်းလဲခြင်း ဖြစ်စဉ် ဖြစ်ပေသည်။ လူတစ်ယောက်သည် အသက်ရှင်ရန်အတွက် မိမိ၏ စာတန်ဆန်သော စိတ်သဘောထားနှင့် သဘာဝတို့ကို မှီခိုသောအခါတွင် ၎င်းသည် ဘုရားသခင်၏အမြင်တွင် အရည်အချင်းပြည့်မီသော ဖန်ဆင်းခံတစ်ဦး ဖြစ်သလော။ (မဟုတ်ပါ။) သင်က ဘုရားသခင်ကို ယုံကြည်သည်၊ ဘုရားသခင်ကို အသိအမှတ်ပြုသည်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုပြီး ဘုရားသခင်က သင့်အား အရာရာ ပေးအပ်သည်ကို အသိအမှတ်ပြုသည်ဟု သင်ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း သင်အသက်ရှင်နေထိုင်သလော။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သင်နေထိုင်သလော။ ဘုရားသခင်၏လမ်းကို လိုက်လျှောက်သလော။ သင်ကဲ့သို့သော ဖန်ဆင်းခံတစ်ဦးသည် ဘုရားသခင် ရှေ့မှောက်သို့လာနိုင်သလော။ ဘုရားသခင်နှင့်အတူ အသက်ရှင်နိုင်သလော။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိသလော။ သင်အသက်ရှင်နေထိုင်သည့်အရာနှင့် သင်လျှောက်သောလမ်းသည် ဘုရားသခင်နှင့် သဟဇာတဖြစ်သလော။ (မဖြစ်ပါ။) သို့ဆိုလျှင် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အဘယ်နည်း။ မှန်ကန်သောလမ်းကြောင်းပေါ်သို့ သင်ဝင်ရောက်ပြီးပြီလော။ ဘုရားသခင်အပေါ် သင်၏ယုံကြည်ခြင်းသည် အပေါ်ယံအသွင်အပြင်နှင့် စကားလုံးများမျှသာဖြစ်သည်။ သင်သည် ဘုရားသခင်၏ နာမတော်ကို ယုံကြည်ကာ အသိအမှတ်ပြုထားပြီး ဘုရားသခင်သည် သင်၏ ဖန်ဆင်းရှင်နှင့် အချုပ်အခြာအာဏာရှင် ဖြစ်သည်ဟု အသိအမှတ်ပြုထားသည်။ သို့သော်လည်း အနှစ်သာရအားဖြင့် သင်သည် ဘုရားသခင်၏ အချုပ်အခြာအာဏာ သို့မဟုတ် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုတို့ကို လက်မခံထားပေ။ ပြီးလျှင် သင်သည် ဘုရားသခင်နှင့် အလုံးစုံ သဟဇာတမဖြစ်နိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအဓိပ္ပာယ်သည် အလုံးစုံ အကောင်အထည်ဖော်ပြီးခြင်းမရှိပေ။ ဘုရားသခင်ကို သင်ယုံကြည်သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးမှုကို သင်မဖယ်ရှားရသေးသကဲ့သို့ ကယ်တင်ခြင်းကို မရရှိထားပေ။ ပြီးလျှင် ဘုရားသခင်အား သင်၏ယုံကြည်ခြင်း၌ ဝင်ရောက်ပြီးဖြစ်သင့်သော သမ္မာတရားစစ်မှန်မှုကို သင်မဝင်ရောက်ရသေးပေ။ ဤသည်မှာ အမှားတစ်ခုဖြစ်သည်။ ဤသို့ကြည့်သောအခါတွင် ဘုရားသခင်အပေါ် ယုံကြည်မှုသည် ရိုးရှင်းသောအရာတစ်ခုမဟုတ်ပေ။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့သည် အရေးကြီးကြောင်း ယခု သင်တို့၏ စိတ်နှလုံးတွင် ခံစားရသလော။ (ခံစားရပါသည်။) သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အရေးကြီးကြောင်းကို အားလုံးသိသည့်တိုင် ထိုသို့ လုပ်ဆောင်ခြင်းသည် ရိုးရှင်းသည့်ကိစ္စတစ်ခု မဟုတ်ဘဲ အခက်အခဲများနှင့် ဝန်းရံဖိစီးနေသည်။ ယင်းကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ အခက်အခဲများ ကျရောက်လာတိုင်းတွင် ဘုရားသခင်၏ ရှေ့မှောက်သို့ သင်သည် ဆုတောင်းခြင်းများဖြင့် လာရမည်ဖြစ်ကာ သင်သည် သင်ကိုယ်တိုင်၏ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ ပြင်ပပတ်ဝန်းကျင်ရှိ သင်၏ အားနည်းချက်များနှင့် အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက်လည်းကောင်း၊ သမ္မာတရား လက်တွေ့လုပ်ဆောင်ခြင်းကို ရရှိနိုင်ရန်အတွက်လည်းကောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် သမ္မာတရားကိုရှာဖွေရမည်။ ဤသည်ကို တွေ့ကြုံခံစားခြင်းဖြင့် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် မျှော်လင့်ချက် ရှိလာမည်ဖြစ်သည်။ သင်သည် သမ္မာတရားကို ပိုမိုနားလည်လာပြီးဖြစ်ကာ သမ္မာတရားကို လက်တွေ့လည်း လုပ်ဆောင်နိုင်ပါက သင်သည် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သူတစ်ဦး ဖြစ်လာနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် သင်၏ ယုံကြည်မှုသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကိုက်ညီလာမည် ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နာမတော်ကို အသိအမှတ်ပြုသည်ဟု သင်ပြောကာ သူသည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိခြင်းနှင့် ဖန်ဆင်းရှင် ဖြစ်သည်တို့ကို ယုံကြည်သော်လည်း သင်၏ အသက်တွင် သမ္မာတရား၊ ဘုရားသခင်၏ သတ်မှတ်ချက်များ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက် လုပ်ဆောင်သင့်သည်များတို့နှင့် သက်ဆိုင်သည့်အရာ တစ်စက်မျှ မရှိလျှင် သင်၏ အဆုံးသတ်သည် နောက်ဆုံးတွင် ပြဿနာရှိသည့် အဆုံးသတ်တစ်ခု ဖြစ်ပေလိမ့်မည် မဟုတ်လော။ ဤအရာများနှင့် မည်သို့မျှ မပတ်သက်သူတစ်ဦးသည် ဘုရားသခင်ထံမှောက် ရောက်လာနိုင်၏လော။ သင်သည် ဘုရားသခင်ထံမှောက် ရောက်လာနိုင်သည်ဟုဆိုသော်လည်း ဘုရားသခင်သည် သင်၏ ယုံကြည်မှုကဲ့သို့ ယုံကြည်မှုမျိုးကို သဘောကျသလော။ သူသဘောမကျပေ။ ယင်းကား မည်သည်ကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်ကဲ့သို့သော ဖန်ဆင်းခံတစ်ယောက်ကို ဘုရားသခင်သည် အသိအမှတ်လည်းမပြုသလို လိုလည်း မလိုအပ်ပေ။ အကယ်၍ ဘုရားသခင်သည် သင်၏ ယုံကြည်မှုကို မဝန်ခံသကဲ့သို့ အသိအမှတ်လည်းမပြုလျှင် သူသည် သင့်ကို လူတစ်ယောက်အနေနှင့် အသိအမှတ်ပြုနိုင်သလော။ (အသိအမှတ်မပြုနိုင်ပါ။) ဤသည်မှာ အဆုံးသတ်တည်း။ ဘုရားသခင်သည် သင့်ကို ကယ်တင်မည်မဟုတ်ဘဲ သင်၏ အဆုံးသတ်သည် ဆုံးဖြတ်ပြီး ဖြစ်လိမ့်မည်။ ဤသည်မှာ သင့်တို့အတွက် သင်တို့ လိုလားသော အဆုံးသတ်ပေလော။ (မဟုတ်ပါ။) သင်တို့သည် မည်ကဲ့သို့သော အဆုံးသတ်မျိုးကို လိုလားသနည်း။ (ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် ဖြစ်သည်။) ဘုရားသခင်က အသိအမှတ်ပြုခြင်း ခံရရန်အတွက် သင်သည် မည်သည်ကို ဦးစွာ နားလည်ရမည်နည်း။ သင်သည် မည်သည်သို့ ဦးစွာဝင်ရောက်ရမည်နည်း။ ဦးစွာပထမ သင်သည် လူတို့မည်သည့်အရာလုပ်ဆောင်သည်ကို ဘုရားသခင် ကျေနပ်ကြောင်းနှင့် လူတို့မည်သည့်အရာ လုပ်ဆောင်သည်ကို ဘုရားသခင် မကျေနပ်ကြောင်းတို့ကို သိရမည်။ သင်သည် ယင်းတို့အပေါ် ရှင်းလင်းသော နားလည်မှုရရှိစေရန်အတွက် ဤအရာတို့ကို ဦးစွာ ပေါင်းရုံးသုံးသပ်လော့။ သို့လျှင် သင်သည် အရာများကို လုပ်ဆောင်သည့်အခါတွင် သင်မည်သို့ ပြုမူရမည်ကို သိရှိမည်ဖြစ်သည်။ ယင်းမှာ ဤသို့ပင် ရိုးရှင်းပါသည်။ ဤကဲ့သို့ အရာများကို ပေါင်းရုံးသုံးသပ်ရန် လွယ်ကူသလော။ လွန်စွာ လွယ်ကူပါသည်။ အတိတ်တွင် မကောင်းမှုများကို လုပ်ဆောင်ခဲ့ပြီး ဖယ်ရှားရှင်းလင်းခြင်း ခံခဲ့ရသူတို့တွင် ဘုရားသခင် ရွံရှာစက်ဆုပ်စေရန် သူတို့ လုပ်ဆောင်ခဲ့သည့်အရာများကို ပေါင်းရုံးသုံးသပ်လော့။ သူတို့၏ ကျရှုံးမှုများက သင်ကြားပေးသည့် သင်ခန်းစာများကို ပေါင်းရုံးသုံးသပ်လော့။ ပြီးလျှင် ထိုမကောင်းသည့် အရာများ တစ်ခုကိုမျှ မလုပ်နှင့်။ ပြီးနောက် ဘုရားသခင်က အသိအမှတ်ပြုသည့်သူများ၏ ကောင်းသည့် အမူအကျင့်များကို ပေါင်းရုံးသုံးသပ်ကာ ထိုအရာများကို ပိုလုပ်လော့။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်ပေလိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အကိုက်ညီဆုံးဖြစ်စေရန် မည်သည်ကို လုပ်ဆောင်ရမည်နှင့် မည်သည်ကို လက်တွေ့လုပ်ဆောင်ရမည်တို့ကို သင်ဖော်ထုတ်ရမည်။ ထို့ပြင် ဘုရားသခင်သည် မည်သည့် လူများနှင့် အမှုအရာများကို ရွံရှာစက်ဆုပ်မှု အရှိဆုံးဖြစ်သည်နှင့် ဘုရားသခင်သည် မည်သည့် လူများနှင့် အမှုအရာများကို အကျေနပ်ဆုံးဖြစ်သည် တို့ကို သင်၏ စိတ်နှလုံးတွင် နားလည်ရမည်။ ယင်းတို့အကြားတွင် မည်သို့ ခွဲခြားရမည်ကို သင်သိရမည်။ ပြီးလျှင် ယင်းတို့အပေါ် ရှင်းလင်းသော နားလည်မှုရရှိစေရန် အမျိုးအစားသတ်မှတ်ကာ ပေါင်းရုံးသုံးသပ်ခြင်းသည် အကောင်းဆုံးပင် ဖြစ်သည်။ အရေးအကြီးဆုံးမှာ သင့်စိတ်နှလုံးတွင် ဤစံနှုန်းနှင့် ကန့်သတ်ချက် ရှိနေရန်ပင်ဖြစ်သည်။ ဤစည်းမျဉ်း၊ ဤစံနှုန်း၊ ဤကန့်သတ်ချက်တို့ဖြင့် သင်သည် အရာများကို လုပ်ဆောင်ရာတွင် စည်းမျဉ်းများရှိနေလိမ့်ကာ အရာများကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ သင့်တွင် ဤစည်းမျဉ်းများနှင့် စံနှုန်းများမရှိပါက အမှုအရာများကို လုပ်ဆောင်ရာ၌ သင့်တွင် သေချာမှု ရှိမည်မဟုတ်ပေ။ ထို့အပြင် သင်လုပ်ဆောင်သည့် မည်သည့်အရာသည် မကောင်းမှုဖြစ်သည်၊ မည်သည့်အရာသည် ကောင်းမှုဖြစ်သည်ကို သင်ပြောနိုင်လိမ့်မည် မဟုတ်ပေ။ သင်သည် တစ်စုံတစ်ရာကို မကောင်းမှုမဟုတ်ဟု ခံစားရနိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင်မူ ယင်းမှာ မကောင်းမှုပင်ဖြစ်သည်။ သို့မဟုတ် သင်သည် တစ်စုံတစ်ရာကို ကောင်းသည်ဟု ခံစားရနိုင်သော်လည်း ဘုရားသခင်၏ အမြင်တွင်မူ ယင်းမှာ မကောင်းမှုပင် ဖြစ်နေသည်။ အကယ်၍ ဤအရာအားလုံးကို သင်လုပ်ဆောင်ပါက ယင်းမှာ ပြဿနာရှိသည် မဟုတ်လော။ သင်သည် ဘုရားသခင် အသိအမှတ်မပြုသော အရာများကို တဇွတ်ထိုးနိုင်စွာနှင့် အဆုံးမဲ့စွာလုပ်ဆောင်ပြီး ဘုရားသခင် အသိအမှတ်ပြုသော အရာများကိုမူ အနည်းအကျဉ်းမျှသာ လုပ်ဆောင်သော်လည်း များစွာလုပ်ဆောင်ပြီးပြီဟု တွေးထင်ပါက သင်သည် နားဝေတိမ်တောင် ဖြစ်နေခြင်းပင် မဟုတ်လော။ အကယ်၍ သင်လုပ်ဆောင်သည့် အရာအများစုမှာ ဘုရားသခင်၏ အမြင်တွင် မကောင်းမှုဖြစ်သည်ဟု ယူဆပါက သူသည် သင့်ကို အသိအမှတ်ပြုနိုင်ပါသေး၏လော။ (အသိအမှတ်မပြုနိုင်ပါ။) တစ်စုံတစ်ရာကို ဘုရားသခင်က အသိအမှတ်မပြုဟု သိလေလျှင် သင်သည် တကယ်တမ်းတွင် ယင်းကို လုပ်ဆောင်သင့်သေးသလော သို့မဟုတ် မလုပ်ဆောင်သင့်သလော။ (မလုပ်ဆောင်သင့်ပါ။) သင်၏ ဤသို့လုပ်ဆောင်ခြင်းသည် ဒုစရိုက်အမှုလော၊ သို့မဟုတ် ကောင်းမှုလော။ (ဒုစရိုက်အမှု ဖြစ်ပါသည်။) ယင်းကို ဒုစရိုက်အမှုဟု သိမြင်ပြီး တစ်ဆက်တည်းမှာပင် ယင်းကို ထပ်မံမလုပ်ဆောင်တော့သည်ကို မည်သို့ခေါ်ဆိုသနည်း။ သင်၏လက်တွင်းရှိ အကြမ်းဖက်မှုကို စွန့်ခွာခြင်းပင်ဖြစ်သည်။ ယင်းမှာ စစ်မှန်သော နောင်တရခြင်း၏ သရုပ်သကန်ပင်ဖြစ်သည်။ အကယ်၍ သင်သည် ဒုစရိုက်အမှုကို လုပ်ဆောင်ခဲ့ပြီးသည်ဟု သိကာ ဘုရားသခင်က ယင်းကို အသိအမှတ်မပြုသည်ကို သေချာပါက သင့်တွင် နောင်တရသော စိတ်နှလုံးရှိသင့်ပေသည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် ပြန်လည်သုံးသပ်ရမည့်အစား သင်၏ မကောင်းမှုလုပ်ဆောင်ခြင်းကို ကာကွယ်ကာ ရှာကြံအကြောင်းပြပါက သင်သည် ပြဿနာရှိနေပေပြီ။ သင်သည် အသေအချာပင် ဖယ်ရှားရှင်းလင်းခြင်းခံရကာ သင်၏ တာဝန်များကို ထမ်းဆောင်ရန် အရည်အချင်းပြည့်မီတော့မည် မဟုတ်ပေ။ သို့လျှင် အကြင်သူ၏ တာဝန်ကို ထမ်းဆောင်ရာတွင် ကျွမ်းကျင်ရမည့် စည်းမျဉ်းနှင့် လျှောက်လှမ်းရမည့် လမ်းကြောင်းသည်ကား အဘယ်နည်း။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် အကြင်သူသည် မည်သည့် ရည်ရွယ်ချက်ဖြင့် ရှေ့ဆက်ရမည်နည်း။ (အရာအားလုံးတွင် သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဆုပ်ကိုင်ရမည်။) ဤသည်ကို လူတိုင်း သိရှိသော်လည်း သိရှိရာတွင် ယင်းကို လက်တွေ့လုပ်ဆောင်နိုင်ပါ၏လော။ ယင်းကို သင် နားလည်လိုက်သည်နှင့် လက်တွေ့လုပ်ဆောင် နိုင်ပါ၏လော။ (ကျွန်ုပ်တို့ မလုပ်ဆောင်နိုင်ပါ။) သို့လျှင် မည်သည့်အရာကို လုပ်နိုင်သနည်း။ ဆုတောင်းကာ ဘုရားသခင်ပေါ်တွင် မှီခိုရမည်။ သမ္မာတရားအတွက် ဒုက္ခခံကာ ရည်မှန်းချက်များ၊ လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဇာတိပကတိ၏ သက်တောင့်သက်သာဖြစ်မှုတို့ကို ဘေးဖယ်ထားရမည်။ ယင်းတို့ကို ဘေးဖယ်မထားဘဲ သမ္မာတရားကို ရယူလိုသေးပါက စိတ်ကူးယဉ်အတွေးများတွင် ပျော်မွေ့နေခြင်းပင် မဟုတ်လော။ လူအချို့သည် သမ္မာတရားကို နားလည်ကာ ရယူလိုကြသည်။ သူတို့ကိုယ်သူတို့ ဘုရားသခင်အတွက် အသုံးခံလိုကြသည်။ သို့သော်လည်း မည်သည့်အရာကိုမျှ မစွန့်လွှတ်နိုင်ကြပေ။ သူတို့၏ အနာဂတ်ကိုလည်း မစွန့်လွှတ်နိုင်ကြ။ ဇာတိပကတိ၏ သက်တောင့်သက်သာဖြစ်မှုကိုလည်း မစွန့်လွှတ်နိုင်ကြ။ သူတို့၏ မိသားစု အတူရှိမှု၊ သူတို့၏ သားသမီးများနှင့် မိဘများကိုလည်း မစွန့်လွှတ်နိုင်ကြသကဲ့သို့ သူတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ သို့မဟုတ် သူတို့၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် သူတို့၏ လိုအင်ဆန္ဒများကိုလည်း မစွန့်လွှတ်နိုင်ကြပေ။ သူတို့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သူတို့ကိုယ်ကို၊ သူတို့၏ အရေးကိစ္စများနှင့် သူတို့၏ တစ်ကိုယ်ကောင်း လိုအင်ဆန္ဒများကို ရှေ့တန်းတင်ထားကာ သမ္မာတရားကို နောက်ဆုံးတွင်ထားသည်။ ဇာတိပကတိ၏ အကျိုးစီးပွားများနှင့် သူတို့၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ကျေနပ်စေခြင်းက ပထမနေရာယူကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေခြင်းသည် ဒုတိယသာဖြစ်ပြီး နောက်ဆုံးနေရာယူ၏။ ဤကဲ့သို့သော လူစားမျိုးသည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်၏လော။ သူတို့သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်ပါ၏လော သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်နိုင်ပါ၏လော။ (သူတို့ မည်သောအခါမျှ မဆောင်ရွက်နိုင်ပါ။) အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ပြီးဖြစ်ကာ အချောင်မခိုခဲ့သော်လည်း သင်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို စိုးစဉ်းမျှပင် မပြုပြင်ခဲ့ပါက ယင်းသည် ဘုရားသခင်၏ လမ်းကို လိုက်လျှောက်ခြင်းဖြစ်သည်ဟု မြင်နိုင်ပါ၏လော။ (မဟုတ်ပါ။) သင်တို့အားလုံး ဤသည်တို့ကို နားလည်ကြသည်။ သို့သော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်မူ ယင်းမှာ ခက်ခဲသော အလုပ်ဖြစ်သည်။ သင်၏ ဒုက္ခခံစားခြင်းနှင့် အဖိုးအခပေးဆပ်ခြင်း တို့ကို သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် သုံးစွဲရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းနှင့် လုပ်ငန်းစဉ်ကို လိုက်နာခြင်းတို့အတွက် မဖြစ်ရပေ။ သင်သည် သမ္မာတရားအတွက် မည်မျှပင် ဒုက္ခခံစားသည်ဖြစ်စေ ယင်းမှာ ထိုက်တန်သည်။ ထို့ပြင် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်ဖို့အတွက် သမ္မာတရားကို သင်လက်တွေ့လုပ်ဆောင်ခြင်းအတွက် သင်ခံစားရသော ဒုက္ခသည် ဘုရားသခင်အနေဖြင့် လက်ခံနိုင်ဖွယ်ဖြစ်ပြီး ဘုရားသခင်မှ အသိအမှတ်ပြုပြီး ဖြစ်သည်။
ယခု သင်တို့ ရှေ့မှောက်ရှိ ပြဿနာများမှာ အဘယ်နည်း။ တစ်ခုမှာ သင်တို့သည် သမ္မာတရားများစွာ၏ အသေးစိတ်ကို နားမလည်ကြခြင်းနှင့် ယင်းတို့ကို ခွဲခြားရန် သင်၏ စိတ်နှလုံးတွင် စံနှုန်းရှိမနေခြင်းပြင်ဖြစ်သည်။ ထို့ပြင်မက သင်နားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အစပထမတွင် ခက်ခဲသည်ဟု ဆိုနိုင်သော်လည်း လက်တွေ့လုပ်ဆောင်ခြင်း များလာသည်နှင့်အမျှ ပိုမိုလွယ်ကူလာပေသည်။ ပိုမို လက်တွေ့လုပ်ဆောင်သည်နှင့်အမျှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် ပို၍ မလွှမ်းမိုးနိုင် ဖြစ်လေသည်။ သမ္မာတရားသည် တရိပ်ရိပ် အသာစီးရလာကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော စိတ်ဆန္ဒသည်လည်း ထို့အတူပင်ဖြစ်လေသည်။ သင်၏အခြေအနေသည် ပိုသည်ထက် ပို၍ ပုံမှန်ဖြစ်လာပြီး ဇာတိပကတိ၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများနှင့် သင်၏ လူသား အကြံအစည်များသည် လွှမ်းမိုးခြင်း နည်းသည်ထက် နည်းသွားသည်။ ဤသည်ကား သာမန်ဖြစ်ကာ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်သည့် မျှော်လင့်ချက် ရှိပေသည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်မှာ ကာလရှည်ကြာပြီဟုဆိုသည့်တိုင် သင်၏ အကျိုးစီးပွားများ၊ တစ်ကိုယ်ကောင်း လိုအင်ဆန္ဒများ၊ ရည်ရွယ်ချက်များနှင့် ဖောက်ပြန်ပျက်စီး စိတ်သဘောထားတို့သည် သင့်အသက်တာ၏ ရှုထောင့်တိုင်းနှင့် အသေးစိတ်ကိစ္စတိုင်းတွင် ဦးဆောင်နေသေးသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်အတွက် ခက်ခဲသောအလုပ်ပင်ဖြစ်နေသေးသည်။ ထို့ပြင် သင်သည် သင်၏တာဝန်ကို ထမ်းဆောင်နေလင့်ကစား သင်လုပ်ဆောင်နေသည့် အရာအများစုသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်ဖြစ်နေသည်။ ဤသည်မှာ ပြဿနာရှိသည်ဟု သင်တို့ မထင်ကြသလော။ ပြဿနာရှိလာမည်မှာ အသေအချာပင်။ သင်သည် မည်သည့်အသင်းတော်တွင် ရှိသည်ဖြစ်စေ သို့မဟုတ် သင်၏ ဝန်းကျင်သည် မည်သို့ပင် ဖြစ်စေ ယင်းတို့မှာ အရေးမကြီးပေ။ အရေးကြီးသည်မှာ သင်၏ သမ္မာတရားကို လိုက်စားသော အခြေအနေသည် ပိုမိုကောင်းမွန်လာခြင်း ရှိမရှိ၊ ဘုရားသခင်နှင့် သင်၏ ဆက်နွယ်မှုသည် ပို၍ပုံမှန်ဖြစ်လာခြင်း ရှိမရှိ၊ သင်၏ သိမှု၊ အသိစိတ်နှင့် လူ့သဘာဝတို့သည် ပို၍သာမန်ဖြစ်လာခြင်း ရှိမရှိနှင့် ဘုရားသခင်အပေါ် သင်၏ သစ္စာစောင့်သိခြင်းနှင့် ကျိုးနွံနာခံမှုတို့ တိုးတက်လာခြင်း ရှိမရှိတို့ပင်ဖြစ်သည်။ အကယ်၍ သင့်ထံရှိ အပြုသဘောဆောင်သော အရာများသည် တိုးတက်နေကာ လွှမ်းမိုးအောင်နိုင်နေပါက သင်သည် သမ္မာတရားကို ရရှိနိုင်မည့် မျှော်လင့်ချက်ရှိသည်။ အကယ်၍ သင့်ထံတွင် ဤအပြုသဘောဆောင်သော အရာများ၏ အရိပ်လက္ခဏာ မရှိဖူးပါက သင်သည် တစ်စက်မျှပင် ခရီးရောက်ခြင်းမရှိသေးဘဲ သင်၏ စိတ်သဘောထားတွင် ပြောင်းလဲမှု တစ်ခုမျှပင် မရှိသေးချေ။ သင်သည် သမ္မတရားကို လုံးဝဥဿုံ လက်တွေ့ မလုပ်ဆောင်ပါက သင့်တွင် အသက်၏ ဝင်ရောက်ခြင်း မည်သို့မည်ပုံ ရှိနိုင်မည်နည်း။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ကြိုးစားအားထုတ်ပြီး ဖြစ်သည်။ အဘယ်အကြောင်းကြောင့် ကျွန်ုပ်သည် ရလဒ်ကို မမြင်ရလေသနည်း” ဟု ဆိုကြသည်။ ရလဒ်မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရသေးဟုပင်ဖြစ်သည်။ သင်သည် ယင်းကို လက်တွေ့လုပ်ဆောင်ရန် အကြိမ်မည်မျှပင် ကြိုးစားစေကာမူ အန္တိမ အကျိုးဆက်သည်ကား သင်သည် သင်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် စာတန်ဆန်သော သဘာဝတို့၏ ကျော်လွှားအောင်မြင်ခြင်းကိုသာ ခံနေရဆဲဖြစ်သည်။ ဆိုလိုသည်မှာ သင်သည် စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော သင်၏ စိတ်သဘောထားများကို ကျော်လွှားအောင်မြင်ရန် သမ္မာတရား စစ်မှန်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးချနေခြင်း မရှိသေးခြင်းပင်ဖြစ်သည်။ ယင်းကို ဤသို့ ဆိုနိုင်သလော။ (ဆိုနိုင်ပါသည်။) သို့ဆိုလျှင် သင်သည် အောင်မြင်သူ တစ်ယောက်လော။ ရှုံးနိမ့်သူ တစ်ယောက်လော။ (ရှုံးနိမ့်သူ တစ်ယောက်ဖြစ်ပါသည်။) ဤသည်မှာ ရှုံးနိမ့်သူတစ် ယောက်ပင်ဖြစ်သည်။ အောင်မြင်သူတစ်ယောက် မဟုတ်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါတွင် သင်၏ စိတ်နှလုံးတွင် အားပြိုင်မှုတစ်ခု ဖြစ်ပေါ်သည်။ သင်သည် သင်၏ ရည်ရွယ်ချက်များကို ဘေးဖယ်မထားနိုင်သော်လည်း သမ္မာတရားက ဆိုသည့်အရာနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သင်နားလည်သဘောပေါက်သည်။ ယင်းသို့ အားပြိုင်နေစဉ်တွင် သင်သည် သမ္မာတရားကို ဘေးဖယ်ထားကာ လက်တွေ့လုပ်ဆောင်ခြင်း မပြုပေ။ နောက်ဆုံးတွင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမပြုဘဲ သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများ ကျေနပ်စေသည်၊ သင်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို ထုတ်ဖော်သည်၊ ထို့ပြင် သင် အသက်ရှင်နေထိုင်သည့်အရာသည် သင်၏ စာတန်ဆန်သော သဘာဝပင်ဖြစ်သည်။ သို့လျှင် နောက်ဆုံး အကျိုးဆက်သည်ကား အဘယ်နည်း။ (ကျရှုံးပြီးဖြစ်ပါသည်။) နောက်ဆုံးတွင် အားပြိုင်မှုကို အနိုင်မရခဲ့ကာ သင်သည် ယခင်ကအတိုင်းပင် သင်၏ စာတန်ဆန်သော စိတ်သဘောထားများအတိုင်းပင် နေထိုင်သည်ဟု ဆိုကြလေစို့။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့မလုပ်ဆောင်ရန် ရွေးချယ်သည်။ သင်၏ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားသည် အရင်လာသည်။ သင်သည် သင်၏ လိုအင်ဆန္ဒများနှင့် တစ်ကိုယ်ကောင်းဆန်မှုကို ဖြည့်ဆည်းကာ ဘုရားသခင်ကိုကား စိတ်ကျေနပ်အောင် မလုပ်ပေ။ ထို့ပြင် သင်သည် သမ္မာတရားဘက်တွင် မရပ်တည်ပေ။ ဤသည်ကား သင်သည် ခေါင်းအစ ခြေအဆုံး အရှုံးများနှင့်သာ ဖြစ်သည်ဟု ဆိုလိုပေသည်။ ယင်းမှာ အားပြိုင်မှုတစ်ခု၏ ရလဒ်တစ်မျိုးဖြစ်သည်။ အခြားအားပြိုင်မှု၏ ရလဒ်တစ်မျိုးမှာကား အဘယ်နည်း။ ကိစ္စများ ကျရောက်လာသည့်အခါ လူတို့သည် သူတို့၏ စိတ်အပိုင်းပိုင်း အားပြိုင်မှုများလည်း ရှိကြသေးသည်။ သူတို့သည် မအီမသာဖြစ်ကြကာ နာကျင်သလိုနှင့် အားနည်းသလိုခံစားကြရပြီး သူတို့၏ ဂုဏ်သိက္ခာနှင့် အကျင့်စရိုက်တို့ကိုပင် စိန်ခေါ်ခံရသလို ခံစားရသည်။ ထို့ပြင် သူတို့၏ ဘဝင်ကိုလည်း မကျေနပ်စေနိုင်ပေ။ ထို့ပြင် သူတို့သည် ပြုပြင်ခံရခြင်းကို ခံရသည် သို့မဟုတ် အခြားသူများ၏ အထင်သေးခြင်းကို ခံရသည် သို့မဟုတ် အရှက်ခွဲခံရသည်တို့ဖြစ်ကာ သူတို့၏ ဂုဏ်သိက္ခာရော အကျင့်စရိုက်တို့ကိုပါ ဆုံးရှုံးရသည်။ သို့သော် ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံရသည့်အခါတွင် သူတို့သည် ဘုရားသခင်ထံတွင် ဆုတောင်းနိုင်ကြသည်။ ထိုသို့ ဆုတောင်းပြီးသည့်နောက်တွင် သူတို့၏ စိတ်နှလုံးသည် အားပြည့်လာကာ သူတို့သည် သမ္မာတရားကို ရှာဖွေခြင်းဖြင့် အရာများကို ရှင်းလင်းစွာမြင်ရသည်။ သူတို့သည် သူတို့၏ စိတ်ဆုံးဖြတ်ချက်တွင် ခိုင်မာကာ အံဩလောက်ဖွယ်သော ခွန်အားဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသည်။ “ငါသည် ပုံရိပ်တစ်ခုကို သော်လည်းကောင်း၊ အဆင့်အတန်း တစ်ခုကိုသော်လည်းကောင်း၊ ပကာသနကိုသော်လည်းကောင်း မလိုချင်ပေ။ ငါ့ကို အခြားသူများ အထင်သေးကာ နားလည်မှုလွဲမှားစေကာမူ ငါသည် ပစ္စုပ္ပန်တွင် ဘုရားသခင်ကို စိတ်ကျေနပ်စေရန်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်သည်။ သို့ဆိုလျှင် ဘုရားသခင်သည် ငါ့ကို အသိအမှတ်ပြုကာ ဤကိစ္စနှင့် ပတ်သက်၍ ငါ့ကို ကျေနပ်လေသည်။ သို့ဆိုလျှင် ငါသည် ဘုရားသခင်၏ စိတ်နှလုံးကို မနာကျင်စေတော့ပေ” ဟူ၍ဖြစ်သည်။ သူတို့သည် သူတို့၏ ပုံရိပ်နှင့် ပကာသန၊ သူတို့၏ ရည်ရွယ်ချက်များ၊ သူတို့၏ မျှော်မှန်းချက်များနှင့် တစ်ကိုယ်ကောင်းဆန်မှုများတို့ကို နောက်ဆုံးတွင် ဘေးဖယ်ထားလိမ့်ပြီး သို့လျှင် ဘုရားသခင်၊ သမ္မာတရားနှင့် တရားမျှတခြင်းတို့၏ဘက်တွင် ရပ်တည်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးချိန်တွင် သူတို့၏ စိတ်နှလုံးသည် ကျေနပ်သွားကာ ငြိမ်းချမ်းသွားပြီး ဝမ်းမြောက်ခြင်းများဖြင့် ပြည့်နှက်နေသည်။ သူတို့သည် ဘုရားသခင်၏ ကောင်းချီးကိုခံစားရကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်၍ ကောင်းသည်ဟု ခံစားကြရသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြင့် သူတို့၏ စိတ်နှလုံးများသည် စိတ်ကျေနပ်မှုနှင့် အာဟာရများကို ရရှိပြီး သူတို့သည် သူတို့၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများ၏ အကျဉ်းချထားကာ ထိန်းချုပ်ခြင်းကို ခံရသည်ဟု ခံစားရမည့်အစား လူသားများသကဲ့သို့ အသက်ရှင်နေထိုင်နေသည်ဟု ခံစားရသည်။ ဘုရားသခင်ကို သက်သေခံကာ သက်သေခံချက်နှင့် ဖန်ဆင်းခံတစ်ယောက် ရပ်တည်သင့်သည့် နေရာတို့တွင် မားမားမတ်မတ် ရပ်တည်ပြီးသည့်အခါ သူတို့သည် စိတ်၏ ငြိမ်းချမ်းမှု၊ သာယာကြည်နူးမှုနှင့် စိတ်နှလုံးတွင် ပျော်ရွှင်မှုတို့ကို ခံစားရသည်။ ဤသည်မှာ နောက်ဆက်တွဲ နောက်တစ်မျိုးပင်ဖြစ်သည်။ ဤကဲ့သို့သော နောက်ဆက်တွဲမျိုးသည် အဘယ်သို့ရှိသနည်း။ (ယင်းမှာ ကောင်းမွန်ပါသည်။) သို့သော် ဤ “ကောင်းခြင်း” သည် ရရှိရန် လွယ်ကူပါ၏လော။ (မလွယ်ကူပါ။) ဤ “ကောင်းခြင်း” ကို အားပြိုင်ခြင်း လုပ်ငန်းစဉ်တစ်ခု တစ်လျှောက်တွင် အနိုင်ရ ရမည်ဖြစ်သည်။ ထို့ပြင် အားပြိုင်မှုတွင် လူတို့သည် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်မျှ ရှုံးနိမ့်ရန်မှာ ဖြစ်နိုင်ချေရှိသည်။ သို့သော် ရှုံးနိမ့်ခြင်းသည် သင်ခန်းစာများကို ဆောင်ယူလာသည်။ ယင်းသည် လူတို့ကို သူတို့၏ အသိတရားတွင် သမ္မာတရားကို လက်တွေ့မကျင့်သုံးခြင်း၏ ကြီးလေးသောဝန်ကို လည်းကောင်း၊ သူတို့သည် ဘုရားသခင်ထံတွင် အကြွေးတင်နေသည်ကိုလည်းကောင်း၊ သူတို့၏ စိတ်နှလုံးသည် ဒုက္ခနှင့် နာကျင်မှုတို့ကို ခံစားနေရသည်ကိုလည်းကောင်း ခံစားရစေသည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် နောင်တွင် ကြုံရသည့်အခါတွင် လူတို့သည် သူတို့၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ကျော်လွှားအောင်မြင်ရာတွင် မသိလိုက်မသိဘာသာ ကောင်းသည်ထက် ပိုကောင်းလာပြီး တဖြည်းဖြည်းနှင့် သူတို့သည် ဘုရားသခင်၏ စိတ်နှလုံးကို ကျေနပ်စေရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လုံးဝဥဿုံ ရွေးချယ်လိုက်လိမ့်မည်။ ဤသည်မှာ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အောင်မြင်ခြင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များ အထမြောက်အောင် ဆောင်ရွက်ရန် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့၏ သာမန်လုပ်ငန်းစဉ်ပင် ဖြစ်သည်။
ယခု သင်တို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲကြသလော။ သို့မဟုတ် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်ဘဲ သင်တို့ စိတ်ကြိုက်လုပ်ဆောင်ခြင်းသည် ခက်ခဲသလော။ (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲပါသည်။) သင်တို့ စိတ်ကြိုက် လုပ်ဆောင်ခြင်းသည်ရော မည်သို့ရှိသနည်း။ (လွယ်ကူပါသည်။) ဤသည်က သင်တို့၏ စစ်မှန်သော ဝိညာဉ်ရင့်သန်မှုကို ဖော်ပြသည်။ သင်တို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ပြောင်းလဲသွားခြင်းမရှိကြသေး၊ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်နိုင်ကြသေးပေ။ ဤသို့ ဝိညာဉ်ရင့်ကျက်မှုမျိုးသည် သနားစဖွယ်ကောင်းလေစွ။ သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ခက်ခဲပြီး သင်တို့ စိတ်ကြိုက် လုပ်ဆောင်ခြင်းသည် လွယ်ကူသည်ဟု ခံစားကြရသည်။ ယင်းသည် သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် မတတ်နိုင်သေးကြောင်း သက်သေထူပေသည်။ သင်တို့အတွက် ဇာတိပကတိ၏ ဦးစားပေးမှုများနောက်သို့ လိုက်ခြင်းသည် ပုံမှန်ဖြစ်လာသည်။ ဤသို့လုပ်ဆောင်ခြင်းသည် စည်းကမ်းတစ်ခုပင် ဖြစ်သည့်အလား သင်အသားကျလာသည်။ ထို့ကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အလွန် ခက်ခဲသည်ဟု ခံစားရသည်။ သင်တို့သည် မိမိကိုယ်ကို လေးစားမှုနှင့် အဆင့်အတန်းတို့အပေါ် ထိခိုက်မည်ကို အမြဲမပြတ် ကြောက်လန့်နေရသည်။ ထို့ကြောင့် သင်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည့်အစား သင်တို့၏ ကိုယ်ပိုင် အကြံဉာဏ်များအတိုင်း လုပ်ဆောင်ကြသည်။ အတွေး တစ်စမျှဖြင့်ပင် အကြင်သူသည် သတ္တိမရှိသူတစ်ယောက်၊ သူ၏ စာတန်ဆန်သော ဖောက်ပြန်ပျက်စီးနေသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုကို ခံရသည့် အရှုံးသမားတစ်ယောက် ဖြစ်လာပြီး သူ၏ သက်သေခံချက်တွင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ဆုံးရှုံးရပေသည်။ ဤကဲ့သို့ပင် အလွယ်တကူ ဖြစ်နိုင်ပေသည်။ သို့သော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူတစ်ယောက် ဖြစ်လာပြီး ဘုရားသခင်ကို သက်သေခံသူတစ်ယောက် ဖြစ်လာရန်မှာ ထိုကဲ့သို့ လွယ်ကူပါ၏လော။ ယင်းအတွက် လုပ်ငန်းစဉ်တစ်ခု ရှိရန်လိုအပ်ပေသည်။ အကြင်သူသည် သမ္မာတရားကို လက်ခံသောအခါတွင် စိတ်များက ယခုတစ်မျိုး တော်ကြာတစ်မျိုး ပြောင်းလဲလျက် သူ၏ စိတ်ထဲတွင် အမြဲတစေ အားပြိုင်မှုတစ်ခု ဖြစ်နေသည်။ အမြဲမပြတ်သော အတွင်းပိုင်း အားပြိုင်မှုတစ်ခုရှိနေပြီး အဆုံးတွင် ယင်းအားပြိုင်မှုသည် နိဂုံးတစ်ခုသို့ ဆိုက်ရောက်ရသည်။ သမ္မာတရားကို ချစ်မြတ်နိုးသူများသည် လက်တွေ့လုပ်ဆောင်ကြကာ သက်သေခံကြပြီး အောင်မြင်သူများဖြစ်လာကြသည်။ သမ္မာတရားကို မချစ်မြတ်နိုးသူတို့ကမူ ကိုယ်ပိုင်လိုအင်များ အလွန်အကျူး ရှိကြသည်၊ လူ့သဘာဝ အလွန်အကျူး ကင်းမဲ့နေကြသည်၊ အကျင့်စရိုက်တွင် နိမ့်ကျကာ စက်ဆုပ်ဖွယ် ဖြစ်နေကြသည်။ ဤကဲ့သို့လူများသည် သူတို့၏ တစ်ကိုယ်ကောင်းဆန်မှုနှင့် ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဖြည့်ဆည်းရန် ရွေးချယ်ကြကာ သူတို့၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများ၏ ထိန်းချုပ်ခြင်းကို အပြည့်အဝခံကြရသည်။ သင်တို့၏ နေ့စဉ်ဘဝတွင် ကိစ္စများဖြစ်ပေါ်လာပါက သင်တို့သည် သင်တို့၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အောင်မြင်ကျော်လွှားနိုင်ပါ၏လော။ သို့မဟုတ် ယင်းတို့၏ ချုပ်နှောင်ခြင်းခံရကာ ထိန်းချုပ်ခံရသလော။ အချိန်အများစုတွင် သင်တို့သည် မည်သည့် အခြေအနေတွင် ရှိသနည်း။ ဤသည်ကို အခြေခံ၍ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူတစ်ယောက်ဖြစ် မဖြစ်ကို တိုင်းတာနိုင်သည်။ အကယ်၍ သင်သည် သင်၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အချိန်အများစုတွင် အောင်မြင်ကျော်လွှားနိုင်ပြီး သက်သေခံသူတစ်ယောက် ဖြစ်လာနိုင်ပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ချစ်မြတ်နိုးသူတစ်ယောက် ဖြစ်သည်။ အကယ်၍ အချိန်အများစုတွင် သင်၏ တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ဖြည့်ဆည်းပြီး သင်သည် သင်၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ကျော်လွှားကာ သမ္မာတရားဘက်တွင် ရပ်တည်နိုင်ခြင်း မရှိပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်ကို စိတ်ကျေနပ်အောင် လုပ်ဆောင်နိုင်စွမ်း မရှိပါက သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူလည်း မဟုတ်သလို သမ္မာတရား စစ်မှန်မှုရှိသူ တစ်ဦးလည်း မဟုတ်ချေ။ သမ္မာတရား စစ်မှန်မှု မရှိသူများသည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း အသက်ဝင်ရောက်မှု မရှိကြသူများဖြစ်သည်မှာ ထင်ရှားပေသည်။ သို့ဖြစ်လျှင် သင့်ကိုယ်သင် အကဲဖြတ်လော့။ သင်တို့သည် အချိန်အများစုတွင် ဇာတိပကတိ၏ ဘက်တွင် ရပ်တည်သလော သို့မဟုတ် သမ္မာတရား၏ ဘက်တွင် ရပ်တည်သလော။ သမ္မာတရား မပါဝင်သော ကိစ္စအသေးအမွှားများသည် အရေးမပါသော်လည်း သင်ရွေးချယ်ရန် လိုအပ်လာစေမည့် ကိစ္စကြီးကြီးမားမားများ ဖြစ်ပေါ်လာသည့်အခါ သင်သည် သမ္မာတရားဘက်တွင် ရပ်တည်သလော သို့မဟုတ် ဇာတိပကတိဘက်တွင် ရပ်တည်သလော။ (အစတွင် ကျွန်ုပ်တို့သည် ဇာတိပကတိဘက်တွင် ရပ်တည်ပါသည်။ သို့သော် အားပြိုင်မှုတစ်ခု အပြီးတွင် ဆုတောင်းခြင်းများနှင့် ရှာဖွေခြင်းများမှတစ်ဆင့် သမ္မာတရားအချို့ကို နားလည်ပြီးသည်နှင့် သမ္မာတရားဘက်တွင် ရပ်တည်ပါသည်။ သမ္မာတရားကို နားလည်ပြီးသည်နှင့် အကြင်သူသည် သမ္မာတရားဘက်တွင် ရပ်တည်နိုင်သည်ဟု ဆိုခြင်းမှာ မှန်ကန်တိကျပါသည်။) သို့သော် ဇာတိပကတိကို ပုန်ကန်ခြင်းကြောင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မလွဲမသွေ ဆိုလိုခြင်းမျိုး မဟုတ်ပေ။ သင်သည် ဇာတိပကတိကို ပုန်ကန်ကာ သင်လုပ်လိုသည့်အရာများကို မလုပ်ခြင်းဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်း မဟုတ်ဘဲ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သင်သည် သမ္မာတရား၏ စည်းမျဉ်းများကို လိုက်နာကာ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်သည်။ သို့လျှင် သင်တို့၏ ဖြစ်နေကျ အခြေအနေမှာ မည်သို့နည်း။ (ဇာတိပကတိကို ပုန်ကန်သည်ဟု ကျွန်ုပ်တို့ ခေါ်ဆိုသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အမှန်တကယ်မဟုတ်ဘဲ ယင်းသည် မိမိကိုယ်ကို ချုပ်ထိန်းမှု လုပ်ဆောင်နေခြင်းသာဖြစ်သည်။) ဤသည်မှာ လူအများစု၏ အခြေအနေပင်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့လျှင် သင်တို့သည် ယခုတွင် မည်သည့်အခြေအနေတွင် ရှိနေသနည်း။ သင်တို့သည် သမ္မာတရား၏ စစ်မှန်မှုများသို့ ဝင်ရောက်ရသေးသလော။ (ဝင်ပြီးပါပြီ။) အသက်ဝင်ရောက်ခြင်းမရှိဘဲ ဘုရားသခင်ကို ယုံကြည်ခြင်းသည် သမ္မာတရားစစ်မှန်မှုသို့ သင်တို့ မဝင်ရောက်ရသေးဟု ဆိုလိုသည်။ ဤသည်မှာ သင်တို့ တည်ရှိသည့် အခြေအနေပင်ဖြစ်သည်။ ထို့ကြောင့် သင်တို့ မခွဲခြားနိုင်သေးသည့် အရာများစွာရှိသေးသည်။ သင်တို့ ယင်းတို့ကို အဘယ်ကြောင့် မခွဲခြားနိုင်ရသနည်း။ ယင်းမှာ သင်တို့သည် အချို့သော စကားများနှင့် အယူဝါဒကိုသာ နားလည်ထားသော်လည်း သမ္မာတရားကိုလည်း နားမလည်သေးသလို စစ်မှန်မှုသို့လည်း မဝင်ရောက်ရသေးသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် သင်တို့သည် အခြေအနေများစွာနှင့်ပတ်သက်၍ အတွေ့အကြုံမရှိကြချေ။ သင်တို့သည် ယင်းတို့ကို အတွေ့အကြုံမရှိကြသေးသဖြင့် ရှင်းရှင်းလင်းလင်း မရှင်းပြနိုင်ကြပေ။ ဤသည်မှာ ပကတိ ဖြစ်ပျက်နေပုံပင်ဖြစ်သည်။ မည်သည့်အရာပင်ဖြစ်စေ သင်သည် သင်ကိုယ်တိုင် တွေ့ကြုံခံစားရရန် လိုအပ်သည်။ ထို့ပြင် တွေ့ကြုံခံစားရပြီးသည့်နောက်တွင် အသေးစိတ်များမှာ မည်ကဲ့သို့ဖြစ်သည်ကို သင်သိလိမ့်မည်။ သင်၏ ခံစားချက်များ၊ အတွေးများနှင့် တွေ့ကြုံခံစားခြင်း၏ လုပ်ငန်းစဉ်တို့သည် အသေးစိတ် အချက်များ ရှိလာမည်ဖြစ်ပြီး ယင်းအသေးစိတ် အချက်များသည် စစ်မှန်မှုနှင့်သက်ဆိုင်သော အရာများပင်ဖြစ်သည်။ ယင်းတို့ မရှိပါက သင့်တွင် အပေါ်ယံမျှသာ ဗဟုသုတရှိသည်။ ထို့ကြောင့် သင်သည် ကြက်တူရွေးတစ်ကောင်ကဲ့သို့သာ နှုတ်တိုက်ဆောင်နေခြင်း ဖြစ်သည်။ အပေါ်ယံအဆင့် အသိဆိုသည်မှာ သင်သည် တိုက်ရိုက်အဓိပ္ပာယ်ကို နားလည်မှု၌သာ ရပ်တန့်လိုက်ပြီး သင်၏ ကိုယ်ပိုင် အဖြစ် မပြုလုပ်နိုင်သေးဘဲ သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်ရန် ဝေးကွာနေသေးသည်ကို ဆိုလိုပါသည်။ ဤကဲ့သို့ ဆို၍ ရသလော။ (ရပါသည်။) သင်တို့သည် ယနေ့ မိတ်သဟာယဖွဲ့မှုအတိုင်း လက်တွေ့လုပ်ဆောင်ရမည်။ ထို့ပြင် သင်တို့သည် တွေးဆ ဆင်ခြင်ရန် လေ့လာရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်အတွက် သင်သည် တွေးဆ ဆင်ခြင်ရမည်။ ထို့အပြင် လက်တွေ့လုပ်ဆောင်စဉ်တွင် တွေးဆလျက် တွေးဆစဉ်တွင်လည်း လက်တွေ့လုပ်ဆောင်ရမည်။ သင်သည် သမ္မာတရား၏ အသေးစိတ်များကို ပိုသည်ထက် ပို၍နားလည်လာလိမ့်ကာ သင်၏ သမ္မာတရားအပေါ် အသိပညာသည် နက်ရှိုင်းသည်ထက် နက်ရှိုင်းလာလိမ့်မည်။ ပြီးလျှင် ဤနည်းဖြင့် သင်သည် သမ္မာတရား စစ်မှန်မှုသည် မည်သည့်အရာဖြစ်သည်ကို အမှန်တကယ် တွေ့ကြုံခံစားနိုင်မည်။ သင်သည် လေ့လာကာ တွေ့ကြုံခံစားပြီးသည့်အခါမှသာ သင်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်နိုင်သည်။
ကောက်နုတ်ချက် (၁၇)
လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက ခက်ခဲသည်ဟု ထင်ကြသည်။ သို့ဆိုလျှင် အချို့လူများက အဘယ်ကြောင့် လက်တွေ့လုပ်ဆောင်နိုင်ရသနည်း။ ဤသည်မှာ သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိ မရှိ အပေါ်တွင်သာ မူတည်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြသူများသည် ကောင်းမွန်သော လူ့သဘာဝရှိသည့် လူများဖြစ်သည်ဟု အချို့ကဆိုကြသည်။ ဤပြောဆိုချက်သည် မှန်ကန်ပေသည်။ အချို့သည် ကောင်းမွန်သော လူ့သဘာဝရှိကြပြီး သမ္မာတရားအချို့ကို လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ သို့သော်လည်း အချို့ကမူ လူ့သဘာဝကင်းမဲ့နေပြီး သူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ခက်ခဲကြသည်။ ဆိုလိုသည်မှာ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်အတွက် အတိုင်းအတာတစ်ခုအထိ ဒုက္ခခံစားရန်လိုအပ်သည်။ ငါ့ကို ပြောလော့။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူတစ်ယောက်သည် သူ၏ လုပ်ဆောင်မှုများတွင် သမ္မာတရားကို ရှာဖွေသလော။ သူသည် လုံးဝမရှာဖွေပေ။ သူသည် သူ၏ ကိုယ်ပိုင် ရည်ရွယ်ချက်များကို စိတ်ကူးပေါ်လာပြီး ယင်းတို့ကို လုပ်ဆောင်ခြင်းသည် ကောင်း၍ သူ၏အကျိုးစီးပွား အတွက်ဖြစ်သည်ဟုတွေးလေသည်။ ထို့ကြောင့် သူသည် သူ၏ ရည်ရွယ်ချက်များအတိုင်း လုပ်ဆောင်သည်။ သမ္မာတရားကို မရှာဖွေရသော အကြောင်းအရင်းမှာ သူ၏ စိတ်နှလုံးတွင် တစ်စုံတစ်ရာမှားယွင်းနေကာ သူ၏ စိတ်နှလုံးသည် မမှန်ကန်သောကြောင့်ဖြစ်သည်။ သူသည် မရှာလည်း မရှာဖွေ၊ မစူးလည်း မစူးစမ်းသကဲ့သို့ ဘုရားသခင်ရှေ့မှောက်တွင်လည်း ဆုမတောင်းချေ။ သူသည် သူ၏ ကိုယ်ပိုင် ဆန္ဒများအတိုင်းသာ ခေါင်းမာမာနှင့် လုပ်ဆောင်သည်။ ဤကဲ့သို့သော လူမျိုးသည် သမ္မာတရားအတွက် ချစ်မြတ်နိုးမှု ရိုးရှင်းစွာပင် မရှိချေ။ သူသည် သမ္မာတရားကို ချစ်မြတ်နိုးမှုကို မသိုမှီးသော်လည်း သူသည် စည်းမျဉ်းများနှင့် ကိုက်ညီသည့် အချို့အရာများနှင့် စည်းမျဉ်းများကို မချိုးဖောက်သည့် အရာများကို လုပ်ကောင်းလုပ်နိုင်သည်။ သို့သော် ဤသို့ ချိုးဖောက်မှုမရှိခြင်းသည် သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို ဖွေရှာသည်ဟု မဆိုလိုပေ။ ဤသည်မှာ တိုက်ဆိုင်မှုသက်သက် ဖြစ်သည်ဟုသာဆိုနိုင်သည်။ အချို့လူများသည် အားထုတ်ကြိုးပမ်းခြင်းမရှိဘဲနှင့် စိတ်ရှုပ်ထွေးကာ စနစ်မကျသည့် ပုံစံနှင့် လုပ်ဆောင်ကြသည်။ သို့သော် သူတို့သည် လုပ်ဆောင်ပြီးသောအခါတွင် သူတို့ကိုယ်သူတို့ ဆန်းစစ်နိုင်ကြသည်။ အကယ်၍ သူတို့က ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် မကိုက်ညီဟု ရှာဖွေတွေ့ရှိပါက နောက်တစ်ကြိမ်လုပ်ဆောင်ခြင်းကို ရှောင်ကြဉ်ကြသည်။ ဤသည်ကို သမ္မာတရားအတွက် ချစ်မြတ်နိုးမှု အတိုင်းအတာတစ်ခုရှိသည်ဟု ယူဆနိုင်သည်။ ဤကဲ့သို့သော ပုဂ္ဂိုလ်သည် ပြောင်းလဲမှု တစ်စုံတစ်ရာလုပ်နိုင်သည်။ သမ္မာတရားကို ချစ်မြတ်နိုးမှု မရှိသူများသည် လက်ရှိတွင်လည်း သမ္မာတရားကို ရှာဖွေမည်မဟုတ်သလို နောင်တွင်လည်း မိမိကိုယ်ကို ဆန်းစစ်ကြမည်မဟုတ်။ သူတို့သည် သူတို့လုပ်ဆောင်သည့်အရာများမှာ နောက်ဆုံးတွင် မှန်သည်လော မှားသည်လောဆိုသည်ကို မည်သောအခါမျှ အသေးစိတ် စေ့စေ့စပ်စပ် မစစ်ဆေးကြပေ။ ထို့ကြောင့် သူတို့သည် စည်းမျဉ်းများနှင့် သမ္မာတရားတို့ကို အစဉ်အမြဲ ချိုးဖောက်ကြသည်။ သူတို့သည် စည်းမျဉ်းများကို မချိုးဖောက်သည့်အရာ တစ်ချို့လုပ်ဆောင်စေကာမူ ယင်းသည် သမ္မာတရားနှင့် မကိုက်ညီပေ။ ထို့ပြင် ထိုစည်းမျဉ်းများနှင့် မသွေဖယ်ခြင်းဟူသည့်အရာသည် ချည်းကပ်မှုပုံစံတစ်ခုပင် ဖြစ်သည်။ ဤသို့ဆိုလျှင် ဤကဲ့သို့ လူစားမျိုးသည် သူတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း လုပ်ဆောင်သည့်အခါတွင် သူသည် မည်သည့် အခြေအနေတွင်ရှိနေသနည်း။ သူတို့သည် မိန်းမောကာ နားဝေတိမ်တောင်ဖြစ်နေသည့် အခြေအနေမျိုးတွင် လုပ်ဆောင်နေခြင်းမဟုတ်ပေ။ ထို့ပြင် ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရားနှင့် အမှန်တကယ် ညီ မညီကို မရှင်းလင်းသည့် အခြေအနေမျိုးလည်း မဟုတ်ချေ။ ဤသည်မှာ သူတို့ ရောက်ရှိမိသွားသည့် အခြေအနေမျိုးမဟုတ်ပေ။ ထိုအစား သူတို့သည် သူတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများအတိုင်း လုပ်ဆောင်ရန် ခေါင်းမာစွာ တင်းခံနေကြခြင်းပင်ဖြစ်သည်။ သူတို့သည် သမ္မာတရားအား ရှာဖွေရန် ရည်ရွယ်ချက် လုံးဝဥဿုံမရှိဘဲ သူတို့၏ စိတ်ကို ဤသို့ လုပ်ဆောင်ရန် ချမှတ်ထားပြီး ဖြစ်သည်။ သူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အမှန်တကယ်ရှာဖွေပါက ဘုရားသခင်၏ ရည်ရွယ်ချက်ကို အပြည့်အစုံနားမလည်ခင်တွင် ဆက်လက်ဖော်ပြပါ လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် ထည့်သွင်းစဉ်းစားကြမည်ဖြစ်သည်။ “ငါသည် ဦးစွာ ဤနည်းအတိုင်း အရင်လုပ်ဆောင်မည်။ အကယ်၍ ယင်းသည် သမ္မာတရားနှင့်ကိုက်ညီလျှင် ငါသည် ဤနည်းအတိုင်း ဆက်လက်လုပ်ဆောင်မည်။ အကယ်၍ ယင်းသည် သမ္မာတရားနှင့် လိုက်လျောညီထွေမှုမရှိလျှင် ငါသည်အဆောတလျင် ယင်းကို ပြုပြင်ကာ ဤနည်းအတိုင်း လုပ်ဆောင်ခြင်းကို ရပ်တန့်လိုက်မည်”ဟူ၍ ဖြစ်သည်။ အကယ်၍ သူတို့သည် သမ္မာတရားကို ဤနည်းဖြင့် ရှာဖွေနိုင်လျှင် အနာဂတ်တွင် ပြောင်းလဲနိုင်ကြလိမ့်မည်။ ဤကဲ့သို့ ရည်ရွယ်ချက်မရှိလျှင် သူတို့ ပြောင်းလဲနိုင်မည်မဟုတ်။ စိတ်နှလုံးရှိသော လူတစ်ယောက်သည် လုပ်ငန်းစဉ်တစ်ခုကို လုပ်ဆောင်နေချိန်တွင် အမှားတစ်ရပ်ကို တစ်ကြိမ်သာလုပ်ဆောင်နိုင်ပေသည်။ အလွန်ဆုံးအနေဖြင့် နှစ်ကြိမ် လုပ်ဆောင်နိုင်သည်။ သုံးကြိမ် လေးကြိမ် မဟုတ် တစ်ကြိမ် နှစ်ကြိမ်သာ လုပ်ဆောင်နိုင်သည်။ ဤသည်မှာ ပုံမှန် ဆင်ခြင်တုံတရား ဖြစ်သည်။ အကယ်၍ သူတို့သည် တူညီသော အမှားတစ်ရပ်ကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ကျူးလွန်နိုင်လျှင် ဤသည်မှာ သမ္မာတရားအပေါ် သူတို့ ချစ်မြတ်နိုးမှု မရှိကြောင်းကိုလည်းကောင်း၊ သမ္မာတရားကို မရှာဖွေကြောင်းကိုလည်းကောင်း သက်သေထူနေပေသည်။ ဤကဲ့သို့သောလူစားမျိုးသည် လူ့သဘာဝရှိသော လူစားမျိုးပင် လုံးဝ မဟုတ်ပေ။ အကယ်၍ အမှားတစ်ခုကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကျူးလွန်ပြီးချိန်တွင် သူတို့၏ စိတ်နှလုံးတွင် တုံ့ပြန်မှုမရှိလျှင် သူတို့၏ အသိစိတ်က လှုံ့ဆော်မှုမရှိလျှင်၊ သူတို့သည် တူညီသော အမှားကို သုံးကြိမ် သို့မဟုတ် လေးကြိမ် ကျူးလွန်လိမ့်မည်။ ထို့ပြင် ဤကဲ့သို့သော လူစားမျိုးသည် တကယ်ကို မပြောင်းလဲနိုင်ချေ။ ဤသည်မှာ ၎င်းတို့ ဖြစ်သည့်အတိုင်းပင် ဖြစ်သည်။ လုံးဝ အဖတ်ဆယ်၍မရနိုင်ပေ။ အကယ်၍ အမှားတစ်ခုကို တစ်ကြိမ်ကျူးလွန်ပြီးချိန်တွင် သူတို့ လုပ်ဆောင်ခဲ့သည်နှင့် ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု ခံစားရကာ ယင်းအတွက် သူတို့ကိုသူတို့ လွန်စွာ မုန်းတီးပြီး သူတို့၏ စိတ်နှလုံးတွင် အပြစ်ကို ခံစားရပါက၊ သူတို့တွင် ဤကဲ့သို့သော အခြေအနေမျိုးရှိပါက သူတို့သည် ဆင်တူယိုးမှား ကိစ္စများနှင့် ထပ်မံကြုံတွေ့လာပါက ပိုမိုကောင်းမွန်စွာ လုပ်ဆောင်လိမ့်မည်ဖြစ်ကာ တဖြည်းဖြည်းဖြင့် တူညီသော အမှားကို ထပ်မံကျူးလွန်တော့မည် မဟုတ်ချေ။ သူတို့၏ စိတ်နှလုံးတွင် ဆန္ဒရှိလျှင်ပင်၊ လုပ်ဆောင်မည်မဟုတ်။ ဤသည်မှာ ပြောင်းလဲခြင်း၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ သင်သည် “ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားသည် မပြောင်းလဲနိုင်”ဟု ဆိုကောင်းဆိုလိမ့်မည်။ မပြောင်းလဲနိုင်သည်မှာ မှန်ပါသလော။ ယင်းမှာ သင်က မပြောင်းလဲ လိုခြင်းသာဖြစ်သည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်ရှိပါက သင်သည် မပြောင်းလဲနိုင်လိမ့်ဦးမည်လော။ ယင်းကဲ့သို့ ပြောကြသူများမှာ စိတ်စွမ်းအား မရှိသူများသာ ဖြစ်ကြသည်။ သူတို့အားလုံးသည် စက်ဆုပ်ဖွယ်ကောင်းသော လူတေလူညစ်များသာ ဖြစ်သည်။ သူတို့သည် ဒုက္ခ ခံစားလိုစိတ် မရှိကြပေ။ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ်မရှိကြပေ။ ထိုအစား သူတို့သည် သမ္မာတရားက သူတို့ကို မပြောင်းလဲနိုင်ဟု ဆိုကြသည်။ ဤကဲ့သို့သော လူစားမျိုးသည် များစွာပင် လှည့်ဖြားတတ်သည် မဟုတ်လော။ သူတို့သည် သမ္မာတရားကို လက်တွေ့ မလုပ်ဆောင်နိုင်ကြသကဲ့သို့ သူတို့၏ လူ့သဘာဝသည် မှားယွင်းနေသော်လည်း သူတို့၏ ကိုယ်ပိုင် သဘောသဘာဝကို မည်သောအခါမျှ မသိရှိကြခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုတော်က လူသားတစ်ယောက်ကို စုံလင်စေနိုင်ခြင်းရှိမရှိအပေါ် မကြာခဏ သံသယဝင်ကြသည်။ ဤကဲ့သို့သော လူစားမျိုးသည် မိမိတို့၏ စိတ်နှလုံးကို ဘုရားသခင်အား ဆပ်ကပ်ရန် ရည်ရွယ်ချက်လုံးဝမရှိ၊ ခက်ခဲမှုကို ကြံ့ကြံ့ခံရန် အစီအစဉ်လုံးဝမရှိချေ။ သူတို့ ဤနေရာတွင် ရှိနေရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့သည် အနာဂတ်တွင် ကောင်းမွန်သော ကံကြမ္မာကို ရရှိနိုင်ကောင်းသည်ဟူသည့် အခွင့်အလမ်းငယ်လေးကြောင့် သက်သက်ပင်ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးသည် လူ့သဘာဝ ကင်းမဲ့နေသည်။ အကယ်၍ သူသည် လူ့သဘာဝရှိသည့် လူတစ်ဦးဖြစ်ပါက သူ့အပေါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သိသိသာသာပင် အလုပ် လုပ်မနေသကဲ့သို့ သူ့တွင် သမ္မာတရားအပေါ် အနည်းငယ်မျှသာ နားလည်မှုရှိနေသောအခါတွင်ပင် သူသည် မှားယွင်းသော လုပ်ဆောင်ချက်များကို ပါဝင်လုပ်ဆောင်နိုင်ကြမည်လော။ လူ့သဘာဝရှိသည့် လူတစ်ယောက်သည် သန့်ရှင်းသော ဝိညာဉ်တော်က သူ့အပေါ် အလုပ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ မှားယွင်းသော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ လူ့သဘာဝ မရှိသော လူအချို့သည် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အပေါ် အလုပ်လုပ်နေသည့် အခြေအနေတွင်သာ ကောင်းမွန်သည့် လုပ်ဆောင်ချက်အချို့ကို လုပ်ဆောင်နိုင်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်သည့်အခါတွင် သူတို့၏ သဘာဝက ထွက်ပေါ်လာသည်။ မည်သူက မိမိအပေါ် သန့်ရှင်းသော ဝိညာဉ်တော်ကို အမြဲအလုပ်လုပ်စေနိုင်သနည်း။ ဘာသာတရားမရှိသူများထဲမှ အချို့တွင် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ ထို့အပြင် သူတို့အပါ်တွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းလည်းမရှိပေ။ သို့တိုင်အောင် သူတို့သည် မည်သည့် ကောက်ကျစ်သော အပြုအမူတွင်မျှ ပါဝင်ပတ်သက်ခြင်းမရှိပေ။ အကယ်၍ သင်သည် ဘုရားသခင်အပေါ်တွင် ယုံကြည်ပါက ကောက်ကျစ်သော အပြုအမူများတွင် အဘယ်သို့ ပါဝင်ပတ်သက်နိုင်သနည်း။ ဤသည်ကား လူသားသဘာဝ၏ ပြဿနာကို ဖော်ပြသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း မရှိလျှင် လူသားတို့၏ သဘာဝက ပေါ်လွင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းဖြင့်၊ ၎င်းတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က တို့ထိလိမ့်မည်၊ လူသားများကို ဉာဏ်အလင်းပွင့်ခြင်းနှင့် သိမြင်ခြင်းတို့ကို ပေးအပ်ပြီးပြည့်လျှံသောခွန်အားကို ဖြည့်ဆည်းပေးလိမ့်မည်။ ထိုသို့ဖြင့် သူတို့သည် ကောင်းမွန်သောအမှုများကို လုပ်နိုင်သည်။ ဤကိစ္စတွင် ယင်းမှာ သူတို့၏ ကောင်းမွန်သော သဘာဝနှင့်မသက်ဆိုင်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်းမှ ရရှိသည့် ရလဒ်များဖြင့်သာ သက်ဆိုင်သည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်လုပ်ခြင်း မရှိလေလျှင် လူတို့သည် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများနောက် လိုက်လိုကြသည်။ ယင်းက သူတို့ကို မကောင်းသော အရာအချို့အား မသိလိုက်ဘဲ လုပ်ဆောင်စေသည်။ ထိုအခါမှသာ သူတို့၏ စစ်မှန်သော သဘာဝ ပေါ်လွင်ပေသည်။
လူသားတို့၏ သဘာဝကို မည်သို့ ဖြေရှင်းနိုင်သနည်း။ ဤသည်မှာ လူသားသဘာဝ၏ အနှစ်သာရကို နားလည်ခြင်းဖြင့် စတင်သည်။ ယင်းသည် အပြုသဘောဆောင်သလော၊ အပျက်သဘောဆောင်သလောနှင့် ယင်းသည် ဘုရားသခင်အပေါ် ဆန့်ကျင်သလော၊ သို့မဟုတ် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်းရှိသလောဆိုသည်ကို သိမြင်စေရန်အတွက် ယင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ပိုင်းခြားသိမြင်ရမည်။ အကြင်သူသည် သူ၏ သဘာဝအနှစ်သာရကို သဘောပေါက်လာကာ ကိုယ့်ကိုကိုယ် မုန်းတီးလာပြီး မိမိ၏ လူ့ဇာတိကို ပုန်ကန်ဆန့်ကျင်သည်အထိ ဤသည်ကို လုပ်ဆောင်ရမည်။ တစ်ချိန်တည်းတွင် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက်များကို နားလည်ရမည်။ သမ္မာတရားကို လိုက်စားခြင်းတွင် သင်၏ ပန်းတိုင်မှာ အဘယ်နည်း။ သင်သည် သင်၏ အသက် စိတ်သဘောထားတွင် ပြောင်းလဲမှုများ ရရှိရမည်။ သင်၏ စိတ်သဘောထားပြောင်းလဲသည်နှင့် သင်သည် သမ္မာတရားကို ရရှိမည်။ သင်တို့၏ လက်ရှိဝိညာဉ်ရင့်သန်မှုဖြင့် မကောင်းမှု လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ဆန့်ကျင်ခြင်း သို့မဟုတ် သမ္မာတရားကို သွေဖယ်သည့်အရာများ လုပ်ဆောင်ခြင်းတို့မှ သင့်ကိုယ်သင် မည်သို့ တားဆီးမည်နည်း။ သင်သည် ပြောင်းလဲလိုပါက ဤအရာတို့ကို ထည့်သွင်းစဉ်းစားရမည်။ မကောင်းသည့် သဘာဝရှိခြင်း ပြဿနာကို တန်ပြန်နိုင်ရန်အတွက် သင့်တွင် မည်သည့် ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားရှိသည်နှင့် သင်သည် မည်သည်ကို လုပ်နိုင်စွမ်းရှိသည်တို့ကို သင်နားလည်သဘောပေါက်ရမည်။ သင်၏ မကောင်းသော သဘာဝကို ထိန်းချုပ်နိုင်ရန် မည်သည့် အရာတို့ကို ဆောင်ရွက်ရမည်နှင့် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်တို့ကို သင်သိရှိရမည်။ ဤသည်မှာ သော့ချက်ပင်ဖြစ်သည်။ သင်၏စိတ်တွင် ရှုပ်ထွေးမှုရှိသည့် အခါ၊ သို့မဟုတ် သင်၏ ဝိညာဉ်တွင် အမှောင်ဖုံးသည့် အခါတွင် သင်သည် ယင်းကို ဖြေရှင်းရန် သမ္မာတရားကို မည်သို့ရှာဖွေရမည်ကိုလည်းကောင်း၊ သင်၏ တာဝန်များကို သင့်လျော်စွာ မည်သို့ဖြည့်ဆည်းရမည်ကိုလည်းကောင်း၊ မှန်ကန်သော လမ်းကြောင်းကို မည်သို့ယူရမည်ကိုလည်းကောင်း သိရှိရမည်။ သင့်ကိုယ်သင်အတွက် စည်းမျဉ်းတစ်ခု တည်ဆောက်ရမည်။ ဤသည်မှာ ပုဂ္ဂိုလ်တစ်ယောက်၏ လိုအင်နှင့် သူသည် ဘုရားသခင်ကို လိုလားသည့်လူတစ်ယောက် ဟုတ်မဟုတ်အပေါ်တွင် မူတည်သည်။ ဒေါသကို မကြာခဏ မထိန်းချုပ်နိုင်သည့် လူတစ်ယောက်ရှိသည်။ သူသည် ကမ္ဗည်းစာ တစ်ချပ်လုပ်ကာ “သင်၏ အမျက်ဒေါသကို ချုပ်တည်းပါ” ဟု စာရေးထားသည်။ ပြီးလျှင် သူသည် သူ့ကိုယ်သူ ချုပ်တည်းသည့် နည်းလမ်းတစ်ခုအဖြစ်နှင့် အသိပေးစာတမ်းတစ်ခုအဖြစ် ယင်းကို သူ၏ စာကြည့်ခန်း နံရံတွင် ချိတ်ဆွဲထားသည်။ ဤသည်မှာ အသုံးဝင်မှု တချို့ရှိကောင်းရှိနိုင်သော်လည်း ပြဿနာကို အလုံးစုံ ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်ပါ။ သို့သော်ငြားလည်း လူတို့သည် မိမိကိုယ်ကို ချုပ်တည်းသင့်သည်။ အရှေ့ဆုံးတွင် အဦးဆုံးရှိနေသည်မှာ သူတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်လိုအပ်ချက်ဖြစ်သည်။ သူတို့၏ သဘာဝနှင့် ဆိုင်သည့် ပြဿနာများကို ဖြေရှင်းရန် သူတို့ကိုသူတို့ သိရှိစေခြင်းမှ စတင်ရမည်။ သူတို့၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထား၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း သိမြင်ခြင်းဖြင့်သာ သူတို့သည် သူတို့ကိုသူတို့ မုန်းတီးနိုင်ကာ လူ့ဇာတိကို ပုန်ကန်နိုင်မည်။ လူ့ဇာတိကို ပုန်ကန်ခြင်းသည် စည်းမျဉ်းများရှိခြင်းကိုလည်း လိုအပ်သည်။ အကြင်သူသည် နားဝေတိမ်တောင်ဖြစ်နေပါက လူ့ဇာတိကို ပုန်ကန်နိုင်မည်လော။ ပြဿနာတစ်ရပ်ရပ်ကို ကြုံတွေ့ရသည်နှင့် သူသည် လူ့ဇာတိကိုလိုက်လျောသည်။ လူအချို့သည် လှပသော အမျိုးသမီးတစ်ဦးကို မြင်သောအခါ သူတို့၏ လမ်းကြောင်းကို ရပ်တန့်ကောင်း ရပ်တန့်နိုင်သည်။ ဤအခြေအနေတွင် သင့်အတွက်သင် ဆောင်ပုဒ်တစ်ခု ချမှတ်ထားရမည်။ သင့်ထံသို့ ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ရောက်လာပါက သင်သည် ထွက်ခွာသင့်သလော သို့မဟုတ် မည်သည်ကို လုပ်ဆောင်ရမည်နည်း။ သူသည်သင်၏ လက်ကို တွဲကိုင်ရန် လှမ်းလာပါက သင်မည်သို့ လုပ်သင့်သနည်း။ သင့်တွင် စည်းမျဉ်းများမရှိပါက ထိုသို့ အခြေအနေမျိုးကြုံရခြင်းသည် သင့်ကို ယိုင်လဲစေလိမ့်မည်။ သင်သည် ငွေကြေးနှင့် ကြွယ်ဝမှုတို့ကို မြင်ရသည့်အခါ လောဘနှင့် အမှောင်ဖုံးသွားကြောင်း သင့်ကိုယ်သင် သိရှိပါက သင်မည်သည်ကို လုပ်သင့်သနည်း။ သင်၏ စိတ်ကို ဤပြဿနာအပေါ် သီးသီးသန့်သန့် ထားရှိကာ ယင်းကို ဖြေရှင်းရန် လေ့ကျင့်ခြင်းအပေါ် သင်အာရုံစိုက်သင့်သည်။ သို့နှင့် ကာလတစ်ခုတွင် သင်သည် တဖြည်းဖြည်းချင်း လူ့ဇာတိကိုပုန်ကန်နိုင်ပေလိမ့်မည်။ ဖောက်ပြန်ပျက်စီးနေသော သဘာဝကို ဖြေရှင်းရာတွင် အတော်အတန် အရေးပါသည့် စည်းမျဉ်းတစ်ခုရှိသည်။ ယင်းမှာ သင်သည် သင်၏ ကိစ္စရပ်အားလုံးကို ဘုရားသခင်၏ရှေ့မှောက်သို့ ဆောင်ယူလာပြီး သင့်ကိုယ်သင် ဆန်းစစ်ရန်ပင်ဖြစ်သည်။ ထို့ပြင်မက ညနေတိုင်းတွင် ထိုနေ့၏ တစ်နေ့တာတွင် သင်၏ အခြေအနေများကို လေ့လာဆန်းစစ်ပြီး သင်၏ အပြုအမူများကို အသေးစိတ်ကြည့်ရှု စစ်ဆေးရမည်။ သင်၏ မည်သည့် အပြုအမူသည် သမ္မာတရားနှင့် ကိုက်ညီစွာ ဆောင်ရွက်ခဲ့သနည်းနှင့် မည်သည်တို့မှာ စည်းမျဉ်းများနှင့် သွေဖည်သနည်း ဟူ၍ ဖြစ်သည်။ ဤသည်မှာ နောက်ထပ် စည်းမျဉ်းတစ်ခု ဖြစ်သည်။ ဤ အချက်နှစ်ချက်မှာ အရေးအကြီးဆုံးဖြစ်သည်။ ပထမအချက်နှင့် ပတ်သက်၍ သင်၏ ဖောက်ပြန်ပျက်စီးမှုသည် ထင်ရှားလာသည့်အခါတွင် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်ရမည်။ ဒုတိယအချက်နှင့် ပတ်သက်၍ ထို့နောက်တွင် သင်သည် သင့်ကိုယ်သင်ဆင်ခြင်သုံးသပ်ကာ သမ္မာတရားကို ရှာဖွေရမည်။ တတိယအချက်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စည်းမျဉ်းများဖြင့် ပြုမူခြင်းသည် မည်သည်ဖြစ်သည်ကို သင်ရှင်းလင်းနေရမည်။ သင်သည် ဤအရာများကို အမှန်တကယ် နားလည်နိုင်ပါက သင်သည် အမှုအရာများကို မှန်ကန်စွာ လုပ်နိုင်ပေမည်။ သင်သည် ဤစည်းမျဉ်း သုံးခုကို လိုက်နာပါက သင့်ကိုယ်သင် ချုပ်တီးနိုင်ကာ သင်၏ ဖောက်ပြန်ပျက်စီးနေသော သဘာဝကို ဖော်ပြခြင်း၊ သို့မဟုတ် ထင်ရှားစေခြင်းတို့မှ တားဆီးနိုင်သည်။ ယင်းတို့မှာ သင်၏ သဘာဝကိုဖြေရှင်းခြင်းအတွက် အခြေခံ စည်းမျဉ်းများပင်ဖြစ်သည်။ ဤ စည်းမျဉ်းများရှိခြင်းအားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်အပေါ်တွင် အလုပ်မလုပ်သောအခါတွင်ပင် သို့မဟုတ် သင့်ကို မည်သူမျှ မိတ်သဟာယဖွဲ့မှု မပေးဘဲ ကာလကြာရှည်ရှိနေလျှင်ပင် သင်သည် သမ္မာတရား ထံသို့ ဦးတည်၍ အလုပ်လုပ်ဖို့ ကြိုးစားလျှင်၊ သာမန်အခြေအနေတွင် ရှိနေလျှင် သင်သည် သမ္မာတရားကို ချစ်မြတ်နိုးကာ လူ့ဇာတိကို ပုန်ကန်သူ တစ်ဦးပင်ဖြစ်သည်။ သမ္မာတရားကို မိတ်သဟာယဖွဲ့ရန်အတွက်နှင့် မိမိကို ပြုပြင်ပေးရန် အခြားသူများအပေါ် အစဉ်မှီခိုသူများသည် ကျွန်များဖြစ်ကြသည်။ ထိုသူများသည် ချို့ယွင်းချက်ရှိနေကြကာ အမှီအခိုကင်းစွာ မနေနိုင်ကြပေ။ စည်းမျဉ်းများမရှိဘဲ ပြုမူကြသူများသည် အချိန်ကာလတစ်ခုမျှ ပြုပြင်ခြင်း၊ သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်း မခံရလျှင် အရမ်းမဲ့ ပြုမူကြကာ ထိန်းချုပ်မှု ကင်းမဲ့မည်ဖြစ်သည်။ ဤကဲ့သို့သော လူစားမျိုးသည် ဘုရားသခင်ကို အဘယ်သို့ အာမခံချက်ပေးနိုင်မည်နည်း။ ထို့ကြောင့် သင်သည် သဘာဝ၏ ပြဿနာကို ဖြေရှင်းရန် ဤစည်းမျဉ်း သုံးခုကို လိုက်နာရမည်။ ဤသည်က သင့်ကို ပြစ်မှားခြင်း ကြီးကြီးမားမား ကျူးလွန်ခြင်းမှ တားဆီးကာ ဘုရားသခင်ကို အာခံခြင်း၊ သစ္စာဖောက်ခြင်းမရှိဖို့ သေချာစေလိမ့်မည်။
ကောက်နုတ်ချက် (၁၈)
များစွာသော လူတို့သည် တူညီသောပြဿနာကို ဖော်ပြခဲ့ကြသည်။ အထက်မှပေးသော မိတ်သဟာယဖွဲ့မှုကို နားထောင်ပြီးသည့်နောက်တွင် သူတို့သည် ကြည်လင်ကာ အားရှိလာသည်ဟု ခံစားရပြီး အပျက်သဘောမဆောင်ကြတော့ပေ။ သို့သော် ဤအခြေအနေသည် ဆယ်ရက်ဝန်းကျင်မျှသာကြာပြီး သာမန်မဟုတ်သည့် အခြေအနေ ပြန်ဖြစ်လာကာ သူတို့သည် အင်အားချို့တဲ့လာသည်။ သူတို့သည် မည်သို့ ဆက်သွားရမည်ကိုလည်းကောင်း၊ မည်သည့်အရာကို လုပ်ဆောင်ရမည်ကိုလည်းကောင်း မသိကြပေ။ ဤပြဿနာကား မည်သည်နည်း။ ယင်း၏ ဇာစ်မြစ်သည်ကား အဘယ်နည်း။ သင်တို့ ဤသည်ကို တွေးဖူးသလော။ အချို့ကမူ ဇာစ်မြစ်မှာ လူတို့သည် သမ္မာတရားကို အာရုံမစိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ သို့ဖြစ်လျှင် မိတ်သဟာယဖွဲ့မှုကို နားထောင်ပြီးနောက်တွင် သင်သည် အဘယ်ကြောင့်များ သာမန်အခြေအနေ ရှိရသနည်း။ သမ္မာတရားကိုကြားပြီးနောက်တွင် သင်သည် အထူးပင် ပျော်ရွှင်ကာ လွတ်လပ်သည်ဟု ခံစားရသည်မှာ အဘယ်ကြောင့်နည်း။ အချို့က ဤသည်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်သည်ဟု ဆိုကြသည်။ သို့ဆိုလျှင် ဆယ်ရက်ဝန်းကျင်မျှကြာပြီးနောက်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကြောင့် အလုပ် ဆက်မလုပ်တော့သနည်း။ ယင်းမှာ ပိုကောင်းအောင် မကြိုးပမ်းတော့ဘဲ ပျင်းရိလာသောကြောင့်ဖြစ်သည်ဟု အချို့က ဆိုကြသည်။ သို့ဆိုလျှင် ပိုကောင်းအောင် ကြိုးပမ်းနေကြသည့်လူများ အပေါ်တွင်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကြောင့် အလုပ်မလုပ်သနည်း။ သင်သည်လည်း ပိုကောင်းအောင် ကြိုးပမ်းမနေသလော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အဘယ်ကြောင့် အလုပ်မလုပ်သနည်း။ လူတို့ပေးသော အကြောင်းပြချက်များသည် စစ်မှန်မှုနှင့် မကိုက်ညီပေ။ ပြဿနာသည်ကား သန့်ရှင်းသော ဝိညာဉ်တော်သည် အလုပ်လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ လူသား၏ ပူးပေါင်းဆောင်ရွက်မှုအား လျစ်လျူရှု၍ မရခြင်းပင်ဖြစ်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးသည် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာနိုင်သောအခါတွင် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်သည့်ကာလ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူသည် သာမန်အခြေအနေတစ်ခုကို အမြဲထိန်းထားလိမ့်မည် ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ လူတစ်ယောက်သည် သမ္မာတရားကို မချစ်မြတ်နိုးလေလျှင် သူသည် သမ္မာတရားကို အထူးရှင်းလင်းစွာ နားလည်ပြီး သန့်ရှင်းသော ဝိညာဉ်တော်သည် သိသိသာသာ အလုပ်လုပ်နေစေကာမူ သူလက်တွေ့လုပ်ဆောင်နိုင်သော သမ္မာတရားသည် အကန့်အသတ် ရှိနေလိမ့်ဦးမည်ဖြစ်သည်။ သူပျော်ရွှင်နေသည့် အချိန်ခဏလေးအတွင်း၌ သမ္မာတရား၏ အနည်းငယ်မျှကိုသာ လက်တွေ့လုပ်ဆောင်နိုင်လိမ့်မည်။ အချိန်အများစုတွင်မူ သူသည် သူ၏ တစ်ကိုယ်ရေ ကြိုက်နှစ်သက်မှုများအတိုင်း ပြုမူနေဆဲဖြစ်လိမ့်ကာ သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို မကြာခဏ ထုတ်ဖော်ပြသလိမ့်မည်။ ထို့ကြောင့် လူတစ်ဦး၏ အခြေအနေသည် သာမန်ဖြစ်သည် မဖြစ်သည်နှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည် မလုပ်ဆောင်နိုင်သည်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်အပေါ် လုံးလုံးလျားလျား မူတည်မနေပေ။ ယင်းက ထိုသူ့အတွက် သမ္မာတရားသည် ရှင်းလင်းသည် မရှင်းလင်းသည်အပေါ်တွင်လည်း အလုံးစုံ မူတည်ခြင်းမရှိပေ။ ယင်းမှာ ထိုသူသည် သမ္မာတရားကို ချစ်မြတ်နိုးခြင်း ရှိမရှိနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုစိတ် ရှိမရှိတို့အပေါ်တွင် မူတည်သည်။ ပုံမှန်အားဖြင့် လူတစ်ဦးသည် ဒေသနာများနှင့် မိတ်သဟာယဖွဲ့မှုတို့ကို ကြားနာရပြီး အချိန်အတိုင်းအတာတစ်ခုအထိ သူ၏အခြေအနေသည် အနည်းငယ် သာမန်ဖြစ်နေသည်။ ဤသည်မှာ သမ္မာတရားကို နားလည်လာခြင်း၏ ရလဒ်ဖြစ်သည်။ သမ္မာတရားသည် သင့်ကို သင်၏ ဖောက်ပြန်ပျက်စီးနေသော သဘောသဘာဝကို သတိပြုမိစေပြီး သင့်စိတ်နှလုံးသည် ပျော်ရွှင်ကာ လွတ်မြောက်လာကာ သင့်အခြေအနေများသည် ပို၍ တိုးတက်ကောင်းမွန်လာနေပြီဖြစ်သည်။ သို့သော် အချိန်တစ်ခု ကြာပြီးနောက်တွင် သင်သည် မည်သို့တွေ့ကြုံရမည်ကို မသိသည့်အရာတစ်ခုနှင့် ရုတ်တရက်ရင်ဆိုင်ရနိုင်ကာ သင့်နှလုံးသားသည် ယခင်ကထက် ပိုမှောင်မိုက်လာပြီး သမ္မာတရားကို အမှတ်တမဲ့ လျစ်လျူရှုထားခဲ့မိပေမည်။ သင့်လုပ်ရပ်များတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေရန် သင်မကြိုးစားဘဲ အရာအားလုံးကို သင့်ကိုယ်ပိုင် စိတ်သဘောထားအတိုင်း လုပ်ဆောင်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်လုံးဝမကြံဆောင်တော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ သင်သည် တစ်ချိန်က နားလည်ခဲ့ဖူးသော သမ္မာတရားကို ဆုံးရှုံးသွားလိမ့်မည်။ သင်သည် သင်၏ တစ်ကိုယ်ရေ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားကို စဉ်ဆက်မပြတ် ထုတ်ဖော်ပြသသည်။ အမှုအရာများနှင့် ကြုံတွေ့ရသောအခါတွင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မရှာဖွေတော့ပေ။ ထို့အပြင် ဘုရားသခင်ထံသို့ တိုးဝင်ချဉ်းကပ်သော အခိုက်တွင်ပင် သင်သည် ဟန်ဆောင်လုပ်ပြနေခြင်းသာ ဖြစ်သည်။ သင်သည် ဤသည်ကို သိရှိလာသည်နှင့်တစ်ပြိုင်နက် သင့်စိတ်နှလုံးသည် ဘုရားသခင်နှင့် ဝေးကွာလာခဲ့ပြီးဖြစ်ကာ သင်သည် ဘုရားသခင်အား အရာများစွာ၌ အတိုက်အခံ လုပ်ခဲ့ပြီး ဖြစ်သည့်အပြင် ဘုရားသခင်အပေါ် ပြစ်မှားစော်ကားခြင်း အချို့ကိုပင် ပြောဆိုခဲ့ပြီး ဖြစ်သည်။ ဤသည်မှာ လွန်စွာပင် ပြဿနာရှိသည်။ ဤလမ်းကြောင်းအတိုင်း ဝေးဝေးလံလံ မလျှောက်လှမ်းရသေးသူတို့အဖို့ ရွေးနုတ်ခြင်း ရှိနေဆဲဖြစ်သော်လည်း ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး ရာထူးနေရာနှင့် အစားအသောက် အဝတ်အစားတို့အတွက် ယှဉ်ပြိုင်ရန် ဘုရားသခင်ကို ဆန့်ကျင်သည်အထိ အလွန်အကျွံ လုပ်ဆောင်ပြီးသည့်သူများအတွက်မူ ရွေးနုတ်ခြင်း မရှိပေ။ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်သည် သမ္မာတရားကို လူတို့နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်စေရန်၊ ၎င်းတို့၏ စိတ်သဘောထားများတွင် ပြောင်းလဲမှုများ ရရှိနိုင်စေရန်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို ၎င်းတို့နားလည်သည်နှင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းသို့ အလင်းနှင့် ပျော်ရွှင်မှုအနည်းငယ် သယ်ဆောင်ပေးရန်သက်သက် မဟုတ်ပေ။ သင်သည် သမ္မာတရားကို နားလည်သော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ နားလည်ခြင်းသည် အဓိပ္ပာယ်မရှိပေ။ သမ္မာတရားကို လူတို့နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်သောအခါတွင် ပြဿနာသည် အဘယ်နည်း။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားကို မချစ်၊ ၎င်းတို့၏ စိတ်နှလုံးတွင် သမ္မာတရားကို လက်မခံဟူသည့် သက်သေဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ဘုရားသခင်၏ ကောင်းချီးများနှင့် ကယ်တင်ခြင်းအတွက် အခွင့်အလမ်းကို လွဲချော်လိမ့်မည်။ သမ္မာတရားကို လူတို့ရယူနိုင်ခြင်း ရှိမရှိတွင် အရေးပါသည်မှာ သမ္မာတရားကို ၎င်းတို့လက်ခံနိုင်ပြီး လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဖြစ်သည်။ သင်သည် သင်နားလည်သည့် သမ္မာတရားအားလုံးကို လက်တွေ့လုပ်ဆောင်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်း၊ အလင်းပေးခြင်း၊ လမ်းပြခြင်းတို့ကို ရရှိလိမ့်မည်။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်လိမ့်မည်။ သမ္မာတရားအပေါ် သာ၍နက်နဲသော နားလည်မှုတစ်ခု ရရှိလိမ့်မည်။ သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိမ့်မည်။ လူအချို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းဖွင့်မပြ၊ သို့မဟုတ် အလင်းမပေး၊ ဘုရားသခင်က ၎င်းတို့ကို ခွန်အားမပေးဟု အစဉ် စောဒကတက်နေကြသည်။ ဤသည်မှာ မှားယွင်း၏။ ဤသည်မှာ ဘုရားသခင်ကို နားလည်မှုလွဲခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းသည် လူတို့၏ ပူးပေါင်းဆောင်ရွက်ခြင်း အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားခြင်း ဖြစ်သည်။ လူတို့သည် ရိုးသားစစ်မှန်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်စိတ် ရှိရမည်။ ၎င်းတို့၏ နားလည်မှုက လေးနက်သည်ဖြစ်စေ၊ အပေါ်ယံဆန်သည်ဖြစ်စေ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရမည်။ ထိုအခါမှသာ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းကို ခံရမည်။ လူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်လျှင်၊ သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ပြီး ၎င်းတို့လက်တွေ့လုပ်ဆောင်အောင် အတင်းအကျပ်ပြုမည်ကိုသာ စောင့်နေလျှင် ၎င်းတို့သည် အလွန်အမင်း မလှုပ်မယှက်နေနေခြင်း မဟုတ်လော။ ဘုရားသခင်သည် လူတို့ကို မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်ဆောင်ခိုင်းပေ။ လူတို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့လုပ်ဆောင်ချင်စိတ်မရှိလျှင် ဤသည်မှာ ၎င်းတို့က သမ္မာတရားကို မချစ်၊ သို့မဟုတ် ၎င်းတို့၏ အခြေအနေသည် ပုံမှန်မဟုတ်ဘဲ အတားအဆီးတစ်မျိုးမျိုး ရှိနေသည်ကို ပြသည်။ သို့သော် လူတို့သည် ဘုရားသခင်ကို ဆုတောင်းနိုင်လျှင် ဘုရားသခင်သည်လည်း အလုပ်လုပ်လိမ့်မည်။ လူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ချင်စိတ် မရှိမှသာ၊ ဘုရားသခင်ကိုလည်း ဆုမတောင်းမှသာ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့တွင် အလုပ်လုပ်ရန် နည်းလမ်းမရှိမည် ဖြစ်သည်။ အမှန်တကယ်တွင် လူတို့၌ မည်သည့်အခက်အခဲမျိုးရှိပါစေ အစဉ် ဖြေရှင်း၍ ရနိုင်သည်။ အဓိကအချက်မှာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ယခုအခါတွင် သင်တို့အတွင်း၌ရှိသော ဖောက်ပြန်ပျက်စီးမှု ပြဿနာများသည် ကင်ဆာမဟုတ်။ ကုသ၍မရနိုင်သော ရောဂါတစ်ခုခု မဟုတ်ပေ။ သမ္မာတရားကို သင်တို့လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်နိုင်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏အလုပ်ကို သင်တို့ရရှိလိမ့်မည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်နိုင်ချေရှိလိမ့်မည်။ အားလုံးက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သင်စိတ်ပိုင်းဖြတ်နိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ ဤသည်မှာ အဓိကအချက်ဖြစ်၏။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင်၊ သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို လျှောက်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ရနိုင်လိမ့်မည် ဖြစ်ပြီး သေချာပေါက် ကယ်တင်ခြင်းခံရနိုင်မည် ဖြစ်သည်။ သင်လျှောက်သော လမ်းကြောင်းသည် မှားယွင်းသော လမ်းဖြစ်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို သင်ဆုံးရှုံးလိမ့်မည်။ မှားယွင်းသော ခြေလှမ်းတစ်လှမ်းသည် နောက်ထပ်ခြေလှမ်းမှားတစ်ခုကို ဖြစ်ပေါ်စေလိမ့်မည်။ သင့်အတွက် အားလုံးပြီးဆုံးသွားလိမ့်မည်။ နှစ်မည်မျှကြာသည်အထိ သင်ဆက်ယုံကြည်နေသည်ဖြစ်စေ ကယ်တင်ခြင်းကို ရယူနိုင်လိမ့်မည်မဟုတ်ပေ။ ဥပမာ လူအချို့သည် အလုပ်လုပ်သောအခါ ဘုရားအိမ်တော်ကို အကျိုးဖြစ်စေသည့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်ရမည်ကို လုံးဝ မစဉ်းစားပေ။ ရလဒ်အနေဖြင့် ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသော၊ ဘုရားသခင်အတွက် ရွံရှာစက်ဆုပ်ဖွယ်၊ မုန်းတီးဖွယ်ဖြစ်သော အရာများစွာကို လုပ်ဆောင်ကြသည်။ ဤသို့လုပ်ဆောင်ရာတွင် ၎င်းတို့သည် ဖော်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရ၏။ အရာခပ်သိမ်းတွင် လူတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်လျှင် ၎င်းတို့သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် မှန်ကန်သော လမ်းကြောင်းသို့ ဝင်ရောက်ပြီးဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသောသူတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်ရှိကြသည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်ကြပေ။ ထိုအစား သမ္မာတရားသည် ဤအရာထက် လုံးဝ မပိုဟု ယုံကြည်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်လိုအင်ဆန္ဒများ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ ဤသို့သောလူများသည် ရယ်ဖွယ်ရာဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အဓိပ္ပာယ်မရှိမဖြစ်သလော။ ၎င်းတို့သည် လူတတ်ကြီးများ မဟုတ်လော။ လူတို့သည် သမ္မာတရားနှင့်အညီ လုပ်ဆောင်နိုင်လျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြောင်းလဲနိုင်သည်။ ၎င်းတို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းနှင့် အစေခံခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်သဘာဝ ပင်ကိုစရိုက်နှင့်အညီဖြစ်လျှင် တစ်ဦးတစ်ယောက်မျှ ၎င်းတို့၏ စိတ်သဘောထားပြောင်းလဲမှုကို ရရှိနိုင်မည်မဟုတ်ပေ။ မိမိတို့၏ကိုယ်ပိုင် ရွေးချယ်မှု အမှားများကြောင့် တနုံ့နုံ့ပူဆွေးသောကရောက်ပြီး တစ်နေကုန် အချိန်ကုန်ဆုံးသောသူအချို့ရှိသည်။ အရန်သင့် သုံး၍ရသော သမ္မာတရားရှိပါလျက်နှင့် ၎င်းတို့သည် ယင်းကို လုံးဝ စူးစမ်းလေ့လာခြင်း မပြုကြ သို့မဟုတ် လက်တွေ့လုပ်ဆောင်ရန် မကြိုးစားကြဘဲ ကိုယ်ပိုင်လမ်းကြောင်းကို မရမက ရွေးချယ်ကြသည်။ ဤသည်မှာ အလွန်ပင် အဓိပ္ပာယ်မရှိသော ပြုမူပုံပင် ဖြစ်တော့၏။ အမှန်တကယ်ပင် ၎င်းတို့သည် ကောင်းချီးမင်္ဂလာများကို ရသည့်အချိန်တွင် ယင်းတို့ကို ပျော်မွေ့ခံစားနိုင်ခြင်းပင် မရှိကြဘဲ ဘဝတွင် ကြမ္မာငင်ဖို့ရန် ကံပါလာကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ရိုးရှင်း၏။ သင်လက်တွေ့လုပ်ဆောင်ခြင်း ရှိမရှိကသာ အရေးပါသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ပြီးသူတစ်ယောက်ဖြစ်လျှင် သင်၏ အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်း၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့သည် တဖြည်းဖြည်းချင်း ပြေလည်ပြီး ပြောင်းလဲသွားလိမ့်မည်။ ဤသည်မှာ သင်၏ စိတ်နှလုံးသည် သမ္မာတရားကို ချစ်ခြင်းရှိမရှိ၊ သမ္မာတရားကို သင်လက်ခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကိုရရှိရန် သင်ဒုက္ခခံနိုင်ပြီး အဖိုးအခပေးနိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်သည်။ သမ္မာတရားကို သင်အမှန်တကယ်ချစ်လျှင် လူတို့၏ မကောင်းပြောခံရသည်ဖြစ်စေ၊ ဝေဖန်ပြစ်တင်ခံရသည်ဖြစ်စေ၊ ငြင်းပယ်ခြင်းခံရသည်ဖြစ်စေ သမ္မာတရားကို ရရှိရန်အတွက် ဝေဒနာမျိုးစုံကို ခါးစည်းခံနိုင်လိမ့်မည်။ ဤအရာအားလုံးကို စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် သင်ခံနိုင်သင့်သည်။ ဘုရားသခင်သည် သင့်ကို ကောင်းချီးပေးပြီး ကာကွယ်လိမ့်မည်။ သင့်ကို စွန့်ပစ်မည် မဟုတ်၊ သို့မဟုတ် လျစ်လျူရှုလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြင့် ဆုတောင်းလျှင်၊ ဘုရားသခင်ကို အမှီပြုပြီး မျှော်ကိုးလျှင် သင်မဖြတ်သန်းနိုင်သည့်အရာတစ်ခုမျှ ရှိမည်မဟုတ်ပေ။ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရှိနိုင်သည်။ သင်သည် ပြစ်မှားနိုင်သည်။ သို့သော် သင့်တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးရှိလျှင်၊ သင်သည် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို စေ့စပ်သေချာစွာ လျှောက်လျှင် မလွဲမသွေ ခိုင်မြဲစွာ ရပ်တည်နိုင်လိမ့်မည်။ ဘုရားသခင်၏ ဦးဆောင်ခြင်း၊ ကွယ်ကာခြင်းကို မလွဲမသွေ ခံရလိမ့်မည်။
အလုပ်လုပ်ပြီး တရားဟောရန်၊ အခြားလူများကို ထောက်ပံ့ရန်သက်သက်ဖြင့် မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်သော သူအချို့ရှိသည်။ သမ္မာတရားများကို လက်တွေ့လုပ်ဆောင်ရန်မဆိုထားနှင့်။ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို ဖြေရှင်းဖို့ရန်ပင် မဟုတ်ပေ။ ၎င်းတို့၏ မိတ်သဟာယသည် သိနားလည်မှု စစ်စစ်ဖြစ်ပြီး သမ္မာတရားနှင့် ကိုက်ညီနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားနှင့် မတိုင်းတာသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ တွေ့ကြုံခြင်းလည်းမရှိပေ။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ၎င်းတို့၏ အသက်အဖြစ် အမှန်တကယ် လက်ခံပြီးဖြစ်သလော။ လက်မခံရသေးပေ။ လူတစ်ယောက်က ဟောကြားသော အယူဝါဒသည် မည်မျှ သန့်စင်နိုင်ပါစေ။ ထိုသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ သမ္မာတရားနှင့် ပြင်ဆင်ရန် သမ္မာတရားအတွင်းသို့ မိမိကိုယ်တိုင် ရှေးဦးစွာ ဝင်ရောက်ရမည်။ သမ္မာတရားကို နားလည်သောအခါ လက်တွေ့လုပ်ဆောင်ရမည်။ မိမိ၏ ကိုယ်ပိုင်ဝင်ရောက်မှုကို အာရုံမစိုက်ဘဲ အခြားလူတို့အား သမ္မာတရားကို ဟောကြားခြင်းအားဖြင့် ကြွားဝါဖို့ ရည်ရွယ်လျှင် ထိုသူ၏ ရည်ရွယ်ချက်က မှားယွင်းသည်။ ဤသို့လုပ်ဆောင်သော အယောင်ဆောင်ခေါင်းဆောင်များစွာရှိသည်။ ၎င်းတို့ နားလည်သော သမ္မာတရားများကို အခြားလူများဖြင့် မရပ်မနား မိတ်သဟာယဖွဲ့ကြသည်။ ယုံကြည်သူအသစ်များကို ပံ့ပိုးပေးကြပြီး လူတို့ကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏တာဝန်များကို ကောင်းစွာထမ်းဆောင်ရန်၊ အပျက်သဘောမဆောင်ရန် သွန်သင်ကြသည်။ ဤစကားလုံးများသည် အလုံးစုံကောင်းမွန်သည်။ ချစ်ခင်ဖွယ်ပင်ဖြစ်သည်။ သို့သော် ထိုစကားများကို ပြောဆိုသူများသည် အဘယ်ကြောင့် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ကြသနည်း။ အဘယ်ကြောင့် အသက်ဝင်ရောက်မှုမရှိကြသနည်း။ ဤတွင် အမှန်တကယ် မည်သည့်အရာဖြစ်နေသနည်း။ ဤသို့သောသူတစ်ယောက်သည် သမ္မာတရားကို အမှန်တကယ် ချစ်သလော။ ပြောရန် ခက်ပေသည်။ ဤသည်မှာ ဣသရေလရှိ ဖာရိရှဲတို့က အခြားလူများထံသို့ ကျမ်းစာကို အသေးစိတ်ရှင်းလင်းပြသည့်တိုင် ၎င်းတို့ကိုယ်တိုင်က ဘုရားသခင်၏ ပညတ်တော်များကို မစောင့်ထိန်းနိုင်သည့်ပုံစံ ဖြစ်သည်။ သခင်ယေရှုပေါ်ထွန်းပြီး အမှုပြုသောအခါ ၎င်းတို့က ဘုရားသခင်၏အသံကိုကြားသော်လည်း သခင့်ကို အာခံခဲ့ကြသည်။ သခင်ယေရှုကို ကားစင်တင်ခဲ့ပြီး ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် သမ္မာတရားကို လက်မခံသော၊ လက်တွေ့မလုပ်ဆောင်သောသူအားလုံးသည် ဘုရားသခင်၏ ရှုတ်ချခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ဒုက္ခရောက်လိုက်လေခြင်းပါတကား။ ၎င်းတို့ဟောကြားသည့် စကားများနှင့် အယူဝါဒများသည် အခြားလူများကို ကူညီပေးနိုင်လျှင် အဘယ်ကြောင့် ၎င်းတို့ကို မကူညီနိုင်သနည်း။ ဤသို့သောသူကို စစ်မှန်မှုမရှိသော ကြောင်သူတော်တစ်ယောက်အဖြစ် ကျွန်ုပ်တို့ ကောင်းစွာ ခေါ်ဆိုနိုင်သည်။ ၎င်းတို့သည် အခြားလူများအား သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်ကို ပံ့ပိုးပေးသည်။ အခြားလူများကို လက်တွေ့လုပ်ဆောင်စေသည်။ သို့သော် ၎င်းတို့ကိုယ်တိုင်က အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်ပေ။ ဤသို့သောသူသည် အရှက်ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုမရှိပေ။ သို့တိုင်အောင် အခြားလူများအား စကားများနှင့် အယူဝါဒများကို ဟောကြားရာ၌ သမ္မာတရား စစ်မှန်မှုရှိဟန်ဆောင်ကြသည်။ ဤသည်မှာ လူများကို တမင်သက်သက် အထင်အမြင်မှားစေခြင်းနှင့် ထိခိုက်နစ်နာစေခြင်း မဟုတ်သလော။ ဤသို့သောသူသည် ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကို ခံရလျှင် သူ့ကိုယ်သူသာ အပြစ်တင်စရာရှိမည်ဖြစ်သည်။ ထိုသူသည် သနားဖို့ရန် ထိုက်တန်မည်မဟုတ်ပေ။ စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောကြားပြီး သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူတစ်ယောက်သည် စစ်မှန်သော ပြောင်းလဲမှုကို ရရှိနိုင်ပါ၏လော။ သူသည် တစ်ပါးသူများကို လှည့်စားပြီး မိမိကိုယ်ကို ထိခိုက်အောင်လုပ်နေခြင်းပင် မဟုတ်လော။ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ လက်တွေ့လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အကြင်သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို ဖြေရှင်းရန်နှင့် စစ်မှန်သော လူသားပုံသဏ္ဌာန်ကို နေထိုင်ရန်ဖြစ်သည်။ သို့သော်လည်း ထိုသူသည် သူ၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားများကို အသိအမှတ်မပြုပေ သို့မဟုတ် သူ၏ အခက်အခဲများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုပေ။ သူသည် အခြားသူများကို မည်မျှပင် ရေလောင်းပေးသည်ဖြစ်စေ၊ ပံ့ပိုးပေးသည်ဖြစ်စေ၊ ထောက်ပံ့သည်ဖြစ်စေ သူသည် အသက်ဝင်ရောက်ရန် လမ်းကြောင်း မရှိသဖြင့် သို့မဟုတ် သူ၏စိတ်သဘောထားကို ပြောင်းလဲခြင်းမရှိသဖြင့် အမှန်တကယ်ဖြစ်သော ရလဒ်များကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းသည် လူတို့၏ အခက်အခဲ သို့မဟုတ် ပြဿနာများကို မဖြေရှင်းနိုင်လေလျှင် သူတို့သည် နာပျော်ဖွယ်ကောင်းသော်လည်း အသုံးမဝင်သည့် စကားများနှင့် အယူဝါဒများကို ပြောဆိုနေခြင်းသာ မဟုတ်ပေလော။ သင့်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုကို ရရှိလိုပါက သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့အပေါ် ဦးစွာအာရုံစိုက်ရမည်။ သင်သည် သမ္မာတရား၏ မည်သည့် ရှုထောင့်ကို နားလည်သည်ဖြစ်စေ ယင်းတို့ကို လက်တွေ့လုပ်ဆောင်ရန်အတွက် အာရုံစိုက်ရမည်။ သမ္မာတရားကို သင်၏လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်း၌သာလျှင် သင်သည် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်ပြီး အထူးသဖြင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ခံရသည့်အချိန်တွင် သင်သိရှိနိုင်မည်ဖြစ်သည်။ ဤပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို သင်ရှာဖွေနိုင်လျှင် သင်သည် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်လိမ့်မည်ဖြစ်ပြီး သင့်အသက်၏ စိတ်သဘောထားသည်လည်း ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ထို့နောက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအကြောင်း ဆွေးနွေးသည့်အခါ သင့်တွင် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်ဖြစ်ပြီး သင်သည် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့သည့်အခါ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ ဤအချက်က သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိလျှင် သင်သည် သမ္မာတရားစစ်မှန်မှုကို ပိုင်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ပြသသည်။ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိလျှင် သင်သည် တစ်ပါးသူများအတွက် ပံ့ပိုးပေးရန် အရည်အချင်းပြည့်မီမည်ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင်သည် သင့်အား ချီးမွမ်းမည်ဖြစ်ပြီး လူအများက သင့်အား အသိအမှတ်ပြုလိမ့်မည်။