လူတစ်ယောက်၏စိတ်သဘောထားကိုသိခြင်းသည် ၎င်းပြောင်းလဲခြင်း၏ အခြေခံအုတ်မြစ်ဖြစ်၏

လူသားမျိုးနွယ်သည် စာတန်၏ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည်မှာ ၎င်းတို့အားလုံးတွင် စာတန်ဆန်သော သဘာဝနှင့် မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ရှိကြလေသည်။ မိုက်မဲသူများနှင့် နုံအသူများပင်လျှင် မာနထောင်လွှားကြပြီး ၎င်းတို့သည် အခြားလူများထက် ပိုတော်သည်ဟု တွေးထင်ကာ ထိုသူတို့ကို နာခံရန် ငြင်းပယ်ကြသည်။ လူသားမျိုးနွယ်က အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြောင်းနှင့် ဘုရားသခင်ကို ကျိုးနွံနာခံရန် ၎င်းတို့အတွက် အလွန်ခက်ခဲကြောင်း သိမြင်ဖို့ သိသာထင်ရှားပေသည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိတို့ကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်မှုတို့ကြောင့် လူတို့သည် အသိစိတ် လုံးဝ ကင်းမဲ့လာနေကြပြီဖြစ်သည်။ ၎င်းတို့က မည်သူ့ကိုမျှ နာခံမည်မဟုတ်၊ အခြားလူများ ပြောသည့်အရာ မှန်ကန်ပြီး သမ္မာတရားနှင့် ကိုက်ညီလျှင်ပင် ၎င်းတို့က နာခံကြမည်မဟုတ်ပေ။ လူတို့က ဘုရားသခင်ကို ဝေဖန်၊ ပြစ်တင်ရှုတ်ချပြီး အတိုက်အခံလုပ်ဝံ့ကြသည်မှာ မာနထောင်လွှားမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် မာနထောင်လွှားသော စိတ်သဘောထားကို မည်သို့ ဖြေရှင်းနိုင်သနည်း။ လူသား ချုပ်ထိန်းမှုကို အမှီပြုခြင်းအားဖြင့် ဖြေရှင်းနိုင်သလော။ ထိုအရာကို သတိပြုကာ အသိအမှတ်ပြုခြင်းမျှဖြင့် ဖြေရှင်းနိုင်သလော။ လုံးဝ မဖြေရှင်းနိုင်။ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် နည်းလမ်း တစ်ခုတည်းသာ ရှိပြီး ယင်းမှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရန် ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူတို့သာ မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို တဖြည်းဖြည်း ဖယ်ရှားနိုင်ကြသည်။ သမ္မာတရားကို လက်မခံသောသူတို့သည် မိမိတို့၏ မာနထောင်လွှားသော စိတ်သဘောထားများကို မည်သည့်အခါတွင်မျှ ဖြေရှင်းနိုင်ကြလိမ့်မည် မဟုတ်။ များစွာသော လူတို့သည် မိမိတို့တာဝန်တွင် ပါရမီအချို့ပြသည့်အခါ အလွန် မော်ကြွားကြသည်ကို ငါ မြင်သည်။ စွမ်းရည်အချို့ရှိသည်ကို ပြသည့်အခါ ၎င်းတို့ အလွန်အထင်ကြီးလောက်စရာဖြစ်သည်ဟု တွေးထင်ကြပြီးနောက် ဤစွမ်းရည်များအပေါ် မှီခိုနေထိုင်ပြီး နောက်ထပ် မိမိတို့ကိုယ်ကို တွန်းအားမပေးကြတော့ချေ။ ၎င်းတို့ ပိုင်ဆိုင်သော ဤအသေးအမွှားအရာများက သမ္မာတရား ဖြစ်ကြောင်းနှင့် ၎င်းတို့ အထွတ်အထိပ်ဖြစ်သည်ဟု တွေးထင်လျက် အခြားသူများက မည်သည့်အရာ ပြောဆိုသည်ဖြစ်စေ၊ နားမထောင်ကြပေ။ ဤသည်မှာ မည်သည့် စိတ်သဘောထားဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား ဖြစ်၏။ ၎င်းတို့သည် အသိစိတ် အလွန်ကင်းမဲ့လွန်းကြ၏။ မာနထောင်လွှားသော စိတ်သဘောထား ရှိသည့်အခါ လူတစ်ဦးသည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ ၎င်းသည် ဘုရားသခင်ကို ကျိုးနွံနာခံပြီး တကယ့်အဆုံးထိတိုင် ဘုရားသခင်နောက် လိုက်နိုင်သလော။ ဤသည်မှာ သာ၍ပင် ခက်ခဲ၏။ မာနထောင်လွှားသော စိတ်သဘောထားကို ပြုပြင်ရန် ၎င်းတို့သည် မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ် ဘုရားသခင်၏ အမှုတော်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မည်သို့ တွေ့ကြုံရမည်ဟူသည်ကို သင်ယူရမည်။ ဤနည်းဖြင့်သာ ၎င်းတို့အနေဖြင့် မိမိတို့ကိုယ်ကို အမှန်တကယ် သိရှိနိုင်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ရှင်းလင်းစွာ သိမြင်ခြင်း၊ သင်၏ မာနထောင်လွှားမှု ရင်းမြစ်ကို ရှင်းလင်းစွာ သိမြင်ခြင်းနှင့် ထို့နောက်တွင် ထိုအရာကို ပိုင်းခြားသိမြင်ကာ စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့်သာ သင်၏ သဘာဝ အနှစ်သာရကို သင် အမှန်တကယ် သိရှိနိုင်သည်။ သင့်အတွင်းရှိ ဖောက်ပြန်ပျက်စီးသော အရာများအားလုံးကို သင် ဖော်ထုတ်ရမည်ဖြစ်ပြီး ယင်းတို့ကို သမ္မာတရားကို အခြေခံ၍ နှိုင်းယှဉ်ချိန်ဆကာ သိရှိလာရမည်ဖြစ်၍ ထို့နောက်တွင် သင်သည် မည်သည့်အရာဖြစ်သည်ကို သင် သိရှိလိမ့်မည်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် ပြည့်ရုံမက၊ အသိစိတ်နှင့် ကျိုးနွံနာခံမှု ကင်းမဲ့ရုံမက သင်သည် အမှုအရာများစွာ၌ ချို့တဲ့နေကြောင်း၊ သင့်ထံတွင် သမ္မာတရား စစ်မှန်မှု မရှိကြောင်းနှင့် မည်မျှ သနားဖွယ်ဖြစ်ကြောင်းကိုလည်း တွေ့ရှိရလိမ့်မည်။ ထို့နောက် သင်သည် မာနထောင်လွှားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်။ သင့်အနေဖြင့် ဤသို့ မိမိကိုယ်ကို စိတ်ဖြာလေ့လာဆွေးနွေးကာ သိရှိခြင်း မရှိလျှင် သင်၏ တာဝန်ကို ထမ်းဆောင်သည့်အခါ နေရာတကာတွင် သင်၏ နေရာကို သင် သိရှိလိမ့်မည် မဟုတ်။ သင်သည် အဘက်ဘက်က ထူးချွန်ကြောင်း၊ အခြားသူများနှင့် ပတ်သက်သမျှ အရာရာက မကောင်းကြောင်းနှင့် သင်သာ အကောင်းဆုံးဖြစ်ကြောင်း သင် တွေးထင်လိမ့်မည်။ ထို့နောက် အခြားသူများက သင့်အား အထင်ကြီးကာ ကိုးကွယ်ကြစေရန်အလို့ငှာ သင်သည် လူတိုင်းကို တစ်ချိန်လုံး ကြွားလိမ့်မည်။ ဤသည်မှာ မိမိကိုယ်ကို သိသည့်အသိ လုံးဝ ကင်းမဲ့ခြင်း ဖြစ်၏။ လူအချို့က အမြဲ ကြွားနေကြသည်။ အခြားသူများက ထိုအရာကို မနှစ်မြို့စရာအဖြစ် မြင်သည့်အခါ ၎င်းတို့က ထိုလူတို့ကို မာနထောင်လွှာနေခြင်းအဖြစ် ဝေဖန်ကြသည်။ သို့ရာတွင် ထိုအရာကို ထိုသူတို့က လက်မခံကြ။ ၎င်းတို့ ပါရမီရှိကာ ကျွမ်းကျင်သည်ဟု တွေးထင်ကြဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားနည်း။ ၎င်းတို့သည် အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကြ၏။ ဤသို့ မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သောလူတို့သည် သမ္မာတရားကို ဆာငတ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်ကြသလော။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သည့်အခါတွင်မျှ မသိနိုင်ကြသကဲ့သို့ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖယ်ရှားကြလျှင် ၎င်းတို့တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ကြသလော။ မုချ မထမ်းဆောင်နိုင်ကြပေ။

များစွာသော လူတို့သည် ၎င်းတို့၏တာဝန်ကို ၎င်းတို့ နှစ်သက်သည့် မည်သည့်ပုံစံဖြင့်မဆို ထမ်းဆောင်ကြပြီး အခြားသူများ၏ အကြံပြုချက်များကို လုံးဝ နားမထောင်ကြချေ။ တစ်စုံတစ်ဦးက ၎င်းတို့ကို အစီအစဉ်တစ်ခုပေးလျှင် ထိုအချိန်၌ ချရေးလိုက်ကြပြီး လုပ်ဆောင်ရန် သဘောတူကြသော်လည်း နောက်ပိုင်းတွင် လျစ်လျူရှုထားလိုက်ပြီး မိမိတို့ အလိုရှိသည့် မည်သည့်အရာကိုမဆို ဆက်လက်လုပ်ဆောင်ကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ပြီး မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ဖြစ်သည်။) ဤတွင် စိတ်နှလုံးခိုင်မာခြင်း တစ်ခုခု ရှိသလော။ (ရှိပါသည်။) စိတ်နှလုံးခိုင်မာခြင်းနှင့် မာနထောင်လွှားမှုတို့ကို လူတိုင်းတွင် တွေ့ရှိနိုင်သည်။ လူတို့သည် အခြားတစ်စုံတစ်ဦးက မှန်ကန်ပြီး ကျိုးကြောင်းဆီလျော်သည့် တစ်စုံတစ်ရာ ပြောဆိုသည်ကို ကြားသည့်အခါ ထိုကိစ္စရပ်ကို အသိတရားနှင့် အသိစိတ်တို့ဖြင့် ၎င်းတို့ ချဉ်းကပ်ရမည်ဆိုလျှင် ထိုအရာကို လက်ခံသင့်သည်ဟု ၎င်းတို့ တွေးထင်မည်ဖြစ်သော်လည်း ဤသည်ကို လက်တွေ့လုပ်ဆောင်နိုင်ကြမည်လော။ (သေချာပေါက် လက်တွေ့မလုပ်ဆောင်နိုင်ပါ။) ထိုအရာကို လက်တွေ့လုပ်ဆောင်ရန် ၎င်းတို့အတွက် မည်သည့် သဘောထားမျိုး လိုအပ်သနည်း။ ဦးစွာပထမ ၎င်းတို့တွင် မှန်ကန်သည့် သဘောထားရှိရမည်။ မိမိတို့ ကိုယ်ပိုင် စိတ်ကူးများ၊ အကဲဖြတ်မှုများ သို့မဟုတ် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော သိနားလည်မှုများကို လက်လွှတ်ကာ ထို့နောက်တွင် ထိုလူ၏ ကောင်းမွန်သော အကြံပြုချက်ကို တွေးဆကာ သမ္မာတရားကို ရှာဖွေရမည်ဖြစ်ပြီး ထိုလူ၏ အကြံပြုချက် မှန်ကန်ကာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု ၎င်းတို့ ဆုံးဖြတ်လျှင် ယင်းကို လက်ခံကာ နာခံသင့်ကြလေသည်။ ဤသည်မှာ ၎င်းတို့တွင် ရှိသင့်သည့် သဘောထား မဟုတ်လော။ ဤသဘောထားတွင် ခေါင်းမာခြင်း တစ်ခုတလေ ရှိသလော။ ထိုအရာမှာ လေးနက်သည့်၊ တာဝန်ယူတတ်သည့် သဘောထားတစ်ခု၊ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခု၊ ပြီးလျှင် အပြုသဘောဆောင်သော အရာများကို ချစ်ခင်နှစ်သက်သည့် သဘောထားတစ်ခု ဖြစ်သည်။ အခြားတစ်စုံတစ်ဦးက ကောင်းမွန်သည့် အကြံပြုချက်၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု သင် ထင်သည့် အကြံပြုချက်တစ်ခုပေးသည်ကို သင် ကြားသည့်အခါ သိက္ခာဆယ်ရန်အလို့ငှာဖြစ်စေ၊ ခဏတာဖြစ်သော သိနားလည်မှုဖြင့်ဖြစ်စေ သင် လက်ခံကြောင်း ပြောသော်လည်း တစ်စုံတစ်ရာကို လုပ်ဆောင်ရန် အချိန်ကျလာသည့်အခါ သင်၏ ကိုယ်ပိုင် အလိုဆန္နကို အခြေခံ၍သာ သင် ပြုမူဆောင်ရွက်သည်၊ သင် အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ပြီး သင်၏ စိတ်နှလုံးက မှန်ကန်သည်ဟု အသိအမှတ်ပြုခဲ့သည့် ထိုအကြံပြုချက်ကို ဘေးဖယ်ထားလိုက်လျှင် သင်သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ဤသည်မှာ သမ္မာတရားကို လက်ခံသည့် သဘောထားတစ်ခုလော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားမှုနှင့် ပုန်ကန်ခြင်းဖြစ်သည်၊ သမ္မာတရားကို လက်ခံခြင်း မဟုတ်၊ မိမိကိုယ်ပိုင် အလိုဆန္ဒကို ဦးစားပေးခြင်းနှင့် မိမိကိုယ်ပိုင် အယူအဆများနှင့် စိတ်ကူးများအား စိုးမိုးခွင့်ပေးကာ သမ္မာတရား စည်းမျဉ်းများ၊ အပြုသဘောဆောင်သော အရာများနှင့် ဘုရားနှုတ်ကပတ်တော်ကို လျစ်လျူရှုလိုက်ခြင်း ဖြစ်သည်။ လူကိုယ်တိုင်က ကောင်းမွန်သည့် ကတိများ ပြုသော်လည်း တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ ထိုကတိများကို ဆောင်ရွက်ရန် လိုလားခြင်း မရှိကြသကဲ့သို့ မိမိတို့ကိုယ်ပိုင် အပိုင်ကြံခြင်းများ ပြုလုပ်ကြသည့် အခြားသောလူများရှိကြ၏။ “ဤအရာကို ငါ စည်းမျဉ်းများအတိုင်း လုပ်ဆောင်လျှင် သမ္မာတရားကို ရှင်းလင်းစွာ ငါ မိတ်သဟာယပြုရမည်ဖြစ်ပြီး လူတို့၏ အယူအဆများကို ငါ ပြောင်းပြန်လှန်ပစ်ရမည်ဖြစ်ကာ ယင်းက အလွန် ခက်ခဲပေမည်။ ငါ့အနေဖြင့် စကားများစွာ ပြောရမည်ဖြစ်ပြီး ငါ ရှင်းလင်းစွာ စကားမပြောနိုင်မည်ကို ငါ စိုးရိမ်မိသည်။ ယင်းက အချိန်နှင့် စွမ်းအားတို့ကို ဖြုန်းခြင်းဖြစ်ပြီး အလွန် ဒုက္ခပေးတတ်လိမ့်မည်။ ဒုက္ခသက်သာစေရန်အလို့ငှာ ထိုအရာကို ငါ ဤသို့ လုပ်ဆောင်ရမည်ဖြစ်ပြီး လူတိုင်းက သဘောမတူလျှင်ပင် ငါ့စကားကို နားထောင်ရမည်၊ ဤအရာနှင့်ပတ်သက်၍ ငါ့မှာ ဆုံးဖြတ်ပိုင်ခွင့် ရှိလိမ့်မည်”ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘောထားမျိုးနည်း။ ဤသည်မှာ စိတ်မချရသော သဘောထားတစ်ခု ဖြစ်သည်။ ၎င်းတို့ကတိများ ပြုချိန်တွင် ရိုးသားစစ်မှန်၊ သစ္စာရှိ၊ နာခံပြီး ဘုရားတရားကိုင်းရှိုင်းပုံရကာ အခြားသူတို့၏ အယူအဆများနှင့် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိပုံရသောလည်း၊ ပြုမူဆောင်ရွက်ရမည့်အချိန် ရောက်လာသည့်အခါ ၎င်းတို့ လုံးဝ ကွဲပြားသွားပြီး ၎င်းတို့၏ သဘောထား ပြောင်းလဲလေသည်။ အဘယ်ကြောင့် ပြောင်းလဲသနည်း။ ၎င်းတို့၏ သဘောထားသည် အဘယ်ကြောင့် လုံးဝဥဿုံ ပြောင်းလဲသွားရသနည်း။ မည်သည့်အရာက ဤအရာကို ဖြစ်စေသနည်း။ ဤသို့ ပြုမူဆောင်ရွက်ခြင်းက ရုပ်ပိုင်းအရ ခက်ခဲပင်ပန်းလွန်းပြီး ဒုက္ခပေးလွန်းသည်ဟု ၎င်းတို့ ခံစားရသောကြောင့် ထိုအခက်အခဲကို ဒုက္ခခံရန် ၎င်းတို့ ဝန်လေးပြီး လိုလားခြင်း မရှိကြချေ။ ယခင်က ၎င်းတို့ ပြုခဲ့သည့် သစ္စာဆိုခြင်းများက သို့မဟုတ် ကတိများက ၎င်းတို့အတွက် အရေးမကြီးတော့သကဲ့သို့ အမှုအရာများကိုလည်း သမ္မာတရား စည်းမျဉ်းများအတိုင် မကိုင်တွယ်ကြချေ။ ၎င်းတို့အတွက် အရေးအကြီးဆုံးသော အရာမှာ မိမိတို့၏ ဇာတိပကတိကို ဖြည့်ဆည်းခြင်းဖြစ်သည်၊ ယင်းမှာ ဦးစားပေးဖြစ်ပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို နောက်ပို့ထားကာ အလေးအနက် မထားကြချေ။ ဤသည်မှာ တာဝန်သိတတ်သော လူတစ်ဦးဖြစ်သလော။ ဤသည်မှာ တည်ကြည်မှုရှိသော လူတစ်ဦး ဖြစ်သလော။ သမ္မာတရားကို ချစ်သော လူတစ်ဦး ဖြစ်သလော။ မဟုတ်ပေ။ မျက်နှာချင်းဆိုင်ရှိချိန်တွင် ကိစ္စရပ်တစ်ခုကို သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်မည် ဖြစ်ကြောင်း အခြားသူများကို ကတိပေးကာ ထိုသူတို့ကို လုံးလုံးလျားလျား စိတ်အေးလက်အေးဖြစ်စေသော်လည်း ထိုအရာကို ကိုင်တွယ်သည့်ဖြစ်စဉ်တွင် အခက်အခဲများကို ကြုံရသည့်အခါ ထိုအရာကို ဘေးဖယ်ထားကာ လက်လျှော့လိုက်ကြသည့် လူများလည်း ရှိသည်။ ဤသည်မှာ ယုံကြည်စိတ်ချရသော လူတစ်ဦး ဟုတ်သလော။ ဤသည်မှာ အမှုအရာများကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သလော။ အထူးသဖြင့် ဘုရားအိမ်တော်အတွက် မိမိတာဝန်ကို ထမ်းဆောင်ပြီး အမှုအရာများကို လုပ်ဆောင်နေချိန်တွင် ၎င်းတို့အနေဖြင့် သမ္မာတရား စည်းမျဉ်းများကို ပို၍ပင် လိုက်နာစောင့်ထိန်းရမည်ဖြစ်ပြီး တစ်ခါတစ်ရံ ဆုံးရှုံးခြင်းနှင့် အရှက်ရခြင်းတို့ကို ခံစားရမည့် သဘောဖြစ်လျှင်ပင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဖြစ်ကာ အသင်းတော် အလုပ်ကို မည်သည့်အခါတွင်မျှ ထိခိုက်စေခွင့် မပေးရပေ။ ဤအရာ လုပ်ဆောင်သည့် လူများသည် ရိုးသားကြ၏၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားကြပြီး ဘုရားအိမ်တော်အကြောင်းကို အချိန်တိုင်း စဉ်းစားကြသည်။ လှည့်ဖြားတတ်သော သူတို့မှာမူ မိမိတို့တာဝန်ကို ထမ်းဆောင်နေစဉ်တွင် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် စဉ်းစားပြီး မိမိတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို ဆုံးရှုံးမှု အနည်းငယ်မျှ ခံစားရန် လုံးဝ လိုလားခြင်းမရှိကြချေ။ မိမိတို့ကိုယ်တိုင် ထိခိုက်နစ်နာစေဖို့ထက် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိခိုက်စေချင်ကြသည်။ လူတစ်ဦးက မိမိတာဝန်အား သမ္မာတရား စည်းမျဉ်းများနှင့်အညီ ထမ်းဆောင်ခြင်း ရှိမရှိဆိုသည်ကို ဘုရားသခင်က သိသည်။ လူတို့၏ အတွေးများနှင့် စိတ်ကူးများကို ဘုရားသခင် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ လူတစ်ဦး၏ စိတ်နှလုံးက လှည့်ဖြားတတ်ပြီး ကောက်ကျစ်ဆိုးယုတ်ကြောင်း၊ မိမိတို့၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားအတွက် လောဘဖြင့် ပြုမူဆောင်ရွက်တတ်ကြောင်း၊ သမ္မာတရားကို မချစ်သကဲ့သို့ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း ဘုရားသခင်က သတိပြုမိပါက ထိုအရာများကို သူ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်နှင့် ထိုလူအပေါ် သူ လက်လျှော့လိမ့်မည်။ ထို့ကြောင့် ထိုလူကိုယ်တိုင်သည် ဤအရာအားလုံးကို သတိပြုမိနိုင်လိမ့်မည်လော။ (သတိပြုမိနိုင်လိမ့်မည် မဟုတ်ပါ။) အဘယ်ကြောင့် သတိပြုနိုင်မည် မဟုတ်သနည်း။ (အဘယ်ကြောင့်ဆိုသော် လူတစ်ဦး၏ သဘာဝက ၎င်း၏ လုပ်ရပ်များကို ထိန်းချုပ်သည့်အခါ ၎င်း၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများ ပြည့်ဝသရွေ့ မိမိကိုယ်ကို ဆန်းစစ်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းက သမ္မာတရားနှင့် မကိုက်ညီသည်ကို သူ သတိပြုမိမည် မဟုတ်ပါ။) သို့ဆိုလျှင် အတွင်း၌ ထိုလူသည် မည်သည့်အရာအပေါ် ရှင်သန်သနည်း။ စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်သည်။ လူ၏ အနှစ်သာရသည် စာတန်၏ အနှစ်သာရဖြစ်ပြီး လူသည် မိမိကိုယ်ပိုင် ဝင့်ဝါမှု၊ ဂုဏ်သိက္ခာနှင့် ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများကိုသာ ကာကွယ်ရင်း သူ၏ စာတန်ဆန်သော စိတ်သဘောထားဖြင့် အသက်ရှင်လေသည်။ ဤတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ဖြစ်သော အတွေးမျိုးက လူတို့၏ သဘာဝဖြစ်လာသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ဘုရားသခင်ကို ကျိုးနွံနာခံရန်၊ ဘုရားနှုတ်ကပတ်တော်များကို အကြွင်းမဲ့ နားထောင်ရန်နှင့် သမ္မာတရား စည်းမျဉ်းများနှင့် ဘုရားသခင်၏ စံနှုန်းများအတိုင်း ပြုမူဆောင်ရွက်ရန်မှာ အလွန်ပင် ပင်ပန်းပြီး အချိန်ကုန်၍ ခက်ခဲသည်ဟု ခံစားကြသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ လူသည် စာတန်ဆန်သော စိတ်သဘောထား၏ ချည်နှောင်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရကာ သူ၏ စိတ်နှလုံးထဲတွင် အပျက်သဘောဆောင်သည့် အရာများ များလွန်းသောကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက အလွန်ခက်ခဲကာ လုံးဝ လွယ်ကူခြင်းမရှိဟု ခံစားရခြင်း ဖြစ်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခံရကာ သမ္မာတရားကို ၎င်းတို့ နားလည်နိုင်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားနိုင်ပါက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် မည်သည့် အတားအဆီး သို့မဟုတ် အခက်အခဲမျှ ၎င်းတို့ ရင်ဆိုင်ရလိမ့်မည် မဟုတ်သကဲ့သို့ ထိုအရာက အချိန်ကုန်၍ ခက်ခဲပင်ပန်းသည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။

လူတစ်ဦးသည် သမ္မာတရားကို လုံးဝ မတမ်းတသကဲ့သို့ လက်ခံလိုစိတ်မရှိလျှင် ၎င်းတို့အတွင်းတွင် ကောင်းကျိုးတစ်ခုမျှ မရှိသကဲ့သို့ ၎င်းတို့အပေါ် တစ်စုံတစ်ရာ ကျရောက်သည့်အချိန်တိုင်းတွင် အလွန့်အလွန် ဆင်းရဲနုံချာ၊ သနားဖွယ်ဖြစ်ပြီး မျက်ကန်းဖြစ်ပုံရလျက် စာတန်၏ အတွေးအခေါ်များဖြင့်သာ အသက်ရှင်ကြလိမ့်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ခိုကိုးရာမဲ့ဖြစ်ကာ ၎င်းတို့အတွင်း၌ မည်သည့်အရာမျှ မရှိကြပေ။ အပြစ်ကို ကျော်လွှားအောင်မြင်ရန် တတ်စွမ်းနိုင်ခြင်း မရှိ၊ မိမိတို့၏ ကိုယ်ပိုင် ဇာတိပကတိကို ပုန်ကန်ရန် အစွမ်းအစမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်လှုံ့ဆော်မှု မရှိဘဲ မိမိတို့၏ ကိုယ်ပိုင်အမြင်ရှုထောင့်များကို ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ချက် မရှိသည့်အပြင် ဘုရားသခင်ကို လုံးဝ ကျိုးနွံနာခံရန် သန္နိဋ္ဌာန် မရှိကြချေ။ ၎င်းတို့သည် တကယ်ကို ဆင်းရဲနုံချာ၊ သနားဖွယ်ဖြစ်ကာ မျက်ကန်းဖြစ်ကြပြီး ဘာမျှ မဟုတ်ကြပေ။ တစ်ဇွတ်ထိုး လျှောက်ရမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ ၎င်းတို့တွင် အားအင်များစွာ ရှိကြသော်လည်း ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်စွမ်း မရှိကြချေ။ ၎င်းတို့ ပုံစံကို ကြည့်သည့်အခါ ဤလူများထဲမှ အချို့သည် ရှင်းလင်းစွာပြောဆိုနိုင်ကြသည်၊ ပညာတတ်ပြီး ဆုကျေးဇူးနှင့် အစွမ်းအစ အနည်းငယ် ရှိကြကာ တတ်စွမ်းနိုင်သည့်လူများ ဖြစ်သည်။ သို့ဆိုလျှင် ၎င်းတို့က ဆင်းရဲနုံချာပြီး သနားဖွယ်ဖြစ်သည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ ယင်းကို မည်သို့ အကဲဖြတ်သနည်း။ သမ္မာတရားကို လုံးဝ မပိုင်ဆိုင်သည့် တစ်စုံတစ်ဦးသည် ဆင်းရဲနုံချာပြီး သနားဖွယ်ဖြစ်၏။ သမ္မာတရားကို ပညာရေးနှင့် အသိပညာ သို့မဟုတ် ဆုကျေးဇူးများ၊ ပါရမီများဖြင့် အစားထိုး၍ ရနိုင်သလော။ ယင်းတို့က တစ်စုံတစ်ဦးအား သမ္မာတရားကို နားလည်စေပြီး ခက်ခဲသည့် အချိန်ကာလများကို ဖြတ်ကျော်ရန် ကူညီနိုင်သလော။ ထိုအရာများက တစ်စုံတစ်ဦးအား မိမိတို့၏ သက်သေတွင် ခိုင်ခိုင်မာမာ ရပ်တည်စေကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိစေနိုင်သလော။ လုံးဝ မရရှိစေနိုင်ပေ။ လူတို့သည် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ မိမိတို့ကိုယ်ပိုင် နှစ်သက်မှုများ၊ လိုအင်ဆန္ဒများ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံ၍ လုပ်ဆောင်လိုကြပြီး ဤအရာနှင့်ပတ်သက်၍ အလွန်ပျော်ရွှင်၊ ကျေနပ်ကာ စိတ်အေးလက်အေးဖြစ်ကြသည်။ သို့တိုင် ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ ဘုရားသခင်ကို ကျိုးနွံနာခံရလျှင် ထိုသို့လုပ်ဆောင်ရန် အစွမ်းမဲ့သလို ခံစားကာ လုံးဝ စိတ်ဝင်စားကြမည် မဟုတ်၊ သို့မဟုတ် အကြောသေသည့်အလားပင် ဖြစ်ကြပေမည်။ မည်သည့်အရာ ဖြစ်နေသနည်း။ ၎င်းတို့၏ စိတ်နှလုံးများက အဘယ်မှာနည်း။ မည်သူ့ကို ၎င်းတို့ အစေခံကြသနည်း။ လူတို့က မိမိတို့၏ ဆုကျေးဇူးများနှင့် အသိပညာတို့ကို အသုံးပြုလျက် ပြီးလျှင် မိမိတို့၏ စေတနာနှင့် နှစ်သက်မှုများအတိုင်း အမှုအရာများကို လုပ်ဆောင်သည့်အခါ ၎င်းတို့ အလွန် တတ်စွမ်းနိုင်ကြသည်၊ လှည့်ကွက်များစွာ ရှိကြပြီး တကယ်ကို အကန့်အသတ်မဲ့ အားအင် ပိုင်ဆိုင်ကြသော်လည်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ပြီး သမ္မာတရား စည်းမျဉ်းများအတိုင်း အမှုအရာများ လုပ်ဆောင်ရန် စေခိုင်းခံရသည့်အခါ ၎င်းတို့ မည်မျှ အရေးပါသည့် ပုဂ္ဂိုလ်ဖြစ်သည်ဖြစ်စေ၊ ကူကယ်ရာမဲ့ကာ အစွမ်းမဲ့လာကြသည်။ ဤအရာ၏ ရင်းမြစ်တွင် မည်သည့်အရာ ရှိသနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းတွင် လူတို့သည် လူနုံလူအများကဲ့သို့ ဖြစ်၍ အလွန် ဆင်းရဲနုံချာကာ သနားဖွယ်ဖြစ်သည့်တိုင် ၎င်းတို့က ကြွားကာ လေလုံထွားပြီး အခြားလူတိုင်းထက် ၎င်းတို့ ပိုတော်သည်ဟု တွေးထင်ကာ မည်သူ့ကိုမျှ နာခံရန် ငြင်းပယ်ကြသည်မှာ အဘယ်ကြောင့်နည်း။ ဤသည်မှာ အဘယ်ကြောင့်နည်း။ (လူတို့က မိမိတို့ကိုယ်ကို မသိကြသောကြောင့်ဖြစ်သည်။) မိမိတို့ကိုယ်ကို မသိခြင်းသည် ဤအရာ၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ အဓိက အကြောင်းရင်းမှာ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်ကြသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်လာမီတွင် ဤသည်မှာ ၎င်းတို့၏ အကျည်းတန်သော အခြေအနေ၊ ၎င်းတို့၏ အကျင့်စရိုက်နှင့် ၎င်းတို့၏ သနားဖွယ် သွင်ပြင်ဖြစ်သည်။ ၎င်းတို့က အချည်းနှီးဖြစ်ကြ၏။ သမ္မာတရားကို မပိုင်ဆိုင်သည့်သူများသည် ဤကဲ့သို့သာ ဖြစ်ကြ၏။ ၎င်းတို့၏ အသိပညာ သို့မဟုတ် အဆင့်အတန်းက မည်မျှ မြင့်မားသည်ဖြစ်စေ၊ ၎င်းတို့ ပြသသမျှမှာ အကျည်းတန်သည့် အခြေအနေနှင့် ချွတ်ခြုံကျသော သွင်ပြင်တစ်ခု ဖြစ်သည်။ ဘုရားသခင်နှင့် သမ္မာတရား မတိုင်မီတွင် ဤသည်မှာ ဘာကိုမျှ မပိုင်ဆိုင်သကဲ့သို့ ဘာမျှမဟုတ်ဘဲလျက် လူက ဆင်းရဲနုံချာကာ သနားဖွယ်ဖြစ်ပုံ ဖြစ်သည်။ လူအချို့နှင့် ငါ ထိတွေ့ဆက်ဆံလာရပြီးဖြစ်ကာ ၎င်းတို့နှင့်အတူ ငါ စကားပြောကာ ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ ၎င်းတို့၏ စိတ်မပါ၊ ဉာဏ်ထိုင်း၊ နုံချာပြီး သနားဖွယ်ဖြစ်သော သွင်ပြင်ကို ငါ မြင်သည်။ အပြင်ပန်း အရာနည်းငယ်အကြောင်း ၎င်းတို့ ပြောဆိုနိုင်ကြသော်လည်း တစ်စုံတစ်ရာက သမ္မာတရား စည်းမျဉ်းများ ပါဝင်ပတ်သက်သည့်အခါ ၎င်းတို့၏ အမြင်များက ဘယ်ဘက်သို့ဖြစ်စေ၊ ညာဘက်သို့ဖြစ်စေ စောင်းသွားသည်၊ သို့မဟုတ် ထိုအရာနှင့်ပတ်သက်၍ လုံးဝ အမြင်မရှိကြချေ။ တစ်စုံတစ်ဦးသည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ပြီးဖြစ်သည့်အချိန်၊ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ပြီးသည့်အချိန်၊ တရားဒေသနာများစွာ နားထောင်ပြီးဖြစ်ကာ နေ့စဉ် ဝိညာဉ်ရေးရာ အသက်တာတစ်ခုကို အသက်ရှင်ကြသည့်အချိန်တွင် ၎င်းတို့သည် အဘယ်သို့ အလွန် စိတ်မပါ၊ ဉာဏ်ထိုင်း၊ နုံချာကာ သနားစဖွယ် ဖြစ်နိုင်ရသနည်း။ တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ မှန်ကန်သည့် ရှုထောင့်အမြင် အဘယ်ကြောင့် မရှိကြသနည်း။ အမှုအရာများအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များက အဘယ်ကြောင့် လုံးဝ မပြောင်းလဲသနည်း။ (၎င်းတို့သည် သမ္မာတရားကို လက်မခံ သို့မဟုတ် လက်တွေ့မလုပ်ဆောင်ကြပါ။) မှန်ပေ၏။ ၎င်းတို့သည် တရားဒေသနာများစွာ ကြားပြီးဖြစ်သော်လည်း ၎င်းတို့ ကြားပြီးသမျှမှာ အယူဝါဒများသာဖြစ်သည်။ ဘုရားနှုတ်ကပတ်တော် အတော်များများ ဖတ်ရှုပြီး ဖြစ်သော်လည်း ထိုအရာမှ အယူဝါဒများကိုသာ ၎င်းတို့ နားလည်ကြပြီးဖြစ်သည်။ စုဝေးပွဲ အတော်များများ သွားကြပြီးဖြစ်သော်လည်း ၎င်းတို့ ရရှိပြီးသည့်အရာမှာ အချို့သော ရိုးစင်းသည့် အရာများနှင့် စည်းမျဉ်းစည်းကမ်းများသာ ဖြစ်သည်။ ဤအရာက မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ဤအရာကို ၎င်းတို့ အဘယ်ကြောင့် ရရှိကြသနည်း။ လူကို ဘုရားသခင် ပေးသည့်အရာမှာ သမ္မာတရား၊ အသက်နှင့် သမ္မာတရား စစ်မှန်မှုဖြစ်သောကြောင့် ယင်းတို့သည် အဘယ်ကြောင့်များ ဤလူများထဲတွင် သီးပွင့်သည့် အသီးအပွင့်များ ဖြစ်ရသနည်း။ ဤမေးခွန်းကို သင် တွေးဆဖူးသလော။ ဤသည်မှာ ဆိုးရွားသည့် ပြဿနာ၊ ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်း၍ရနိုင်သနည်း။ သင့်အနေဖြင့် ဘုရားနှုတ်ကပတ်တော်ကို စားသောက်ကာ နှလုံးသွင်းရမည်ဖြစ်ပြီး သင်၏ လက်တွေ့အရှိတရား ဖြစ်လာခွင့်ပေးရမည်။ သင်၏ အတွင်းပိုင်း အနေအထားနှင့် အခြေအနေကို သင် ပြောင်းလဲရမည်ဖြစ်ပြီး သင် ကြုံရသည့် အရာရာတိုင်းအပေါ် မှန်ကန်သည့် အမြင်နှင့် မှန်ကန်သည့် သဘောထား ရှိရမည်။ ဤသည်မှာ သင် လက်တွေ့လုပ်ဆောင်သင့်သည့် လမ်းကြောင်း မဟုတ်လော။ ဤသည်မှာ သင် ရှာဖွေသင့်သည့် ဦးတည်ချက်မဟုတ်လော။ ထိုအကြောင်းကို တွေးလော့။ ဤလမ်းကြောင်းပေါ် သင်တို့ မည်သို့ အစပြုနိုင်သနည်း။ သင်တို့အားလုံး မည်သည့်အရာကို ထင်ကြသနည်း။ (ဘုရားသခင်၊ အမှုအရာများ ကျွန်ုပ်အပေါ် ကျရောက်သည့်အခါ ကျွန်ုပ်၏ ကိုင်ပိုင် ကြံရွယ်ချက်များ၊ ရည်ရွယ်ချက်များနှင့် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်ခြင်းများကို သုံးသပ်ရမည်ဖြစ်ပြီး ထို့နောက်တွင် ကျွန်ုပ်၏ မှားယွင်းသော ကြံရွယ်ချက်များနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို သတိရှိရှိ ပုန်ကန်ကာ ဘုရားနှုတ်ကပတ်တော်ရှိ သမ္မာတရားအတိုင်း ပြုမူဆောင်ရွက်ရပါမည်။) ဤသည်မှာ မှန်ကန်သည့် လမ်းကြောင်းဖြစ်သော်လည်း ဆောင်ရွက်သည့် ဖြစ်စဉ်တွင် သင်၏ ကိုယ်ပိုင် ပြဿနာများကို သင် ရှာဖွေတွေ့ရှိနိုင်သလော။ (တစ်ခါတစ်ရံ ရှာဖွေတွေ့ရှိနိုင်သော်လည်း တစ်ခါတစ်ရံ ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပါ။) ဤအရာက ဘုရားသခင်ထံ သင် ဆုတောင်းရန်၊ မိမိကိုယ်ကို သုံးသပ်ပြီး သင်၏ ကိုယ်ပိုင် လုပ်ရပ်များကို မကြာခဏ ဆန်းစစ်ရန် တောင်းဆိုသည်။ ၎င်းတို့ နားမလည်သည့် အရာများနှင့်ပတ်သက်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတို့ကို ဉာဏ်အလင်းပေးလိမ့်မည်ဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးမှု ရှိသည်နှင့်တစ်ပြိုင်နက် သင်၏ ပြဿနာများ ပြေလည်သွားမည် မဟုတ်လော။ အကြင်သူသည် ဘုရားသခင်အပေါ် အမှီပြုသည့်အခါ ဖြေရှင်း၍မရနိုင်သည့် ပြဿနာ မရှိပေ။

သင်တို့အားလုံး စိစစ်ရန်နှင့် မိမိတို့ကိုယ်ကို မည်သို့ ပြန်လည်သုံးသပ်ရမည်ကို သိရှိကြသည်လောဆိုသည်နှင့် အခြားသူများ၏ ပြဿနာများမှတစ်ဆင့် သင်တို့၏ ကိုယ်ပိုင် ပြဿနာများအား သတိပြုမိနိုင်ကြသလောဟူသည်ကို သင်တို့ မြင်ရန် ဥပမာတစ်ခုကို ငါ ပေးမည်။ တစ်ခါက တစ်စုံတစ်ဦးနှင့် ငါ ပေါင်းသင်းဆက်ဆံခဲ့ပြီး တစ်ခုခု လုပ်ဆောင်နေချိန် ငါ၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို မေးလျက် အစတွင် သူသည် ဂရုစိုက်ပြီး သတိထားတတ်သကဲ့သို့ မည်သည့်အရာကို ငါ ပြောသည်ဖြစ်စေ ခေါင်းညိတ်ကာ ဦးညွှတ်ပြီး သေချာနားထောင်လေသည်။ သူ့ထံတွင် အတွင်းပိုင်း စည်းတစ်ခု ရှိ၏။ “ကိုယ်တော်က ဘုရားဖြစ်သည်။ ကိုယ်တော့်ကို ကျွန်ုပ် ပုန်ကန်ပြစ်မှား၍ မရပါ။ ဤစည်းကို ကျွန်ုပ် ဖြတ်၍မရပါ။ ကိုယ်တော် ပြောသည့်အရာကို ကျွန်ုပ် နားထောင်ပါမည်၊ ကိုယ်တော် ကျွန်ုပ်ကို ခိုင်းသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်ပါမည်”ဟူ၍ ဖြစ်သည်။ အခြေခံအားဖြင့် သူ့အထဲတွင် မည်သည့် ပြဿနာမျှ မမြင်ရပေ။ သို့သော် ငါတို့ အချိန်ပမာဏတစ်ခုမျှ ပေါင်းသင်းဆက်ဆံပြီး အပြန်အလှန် စကားပြောဆိုခြင်းအချို့ ရှိပြီးနောက်တွင် သူသည် ငါ၏ စကားပြောဆိုပုံနှင့် လေသံကို ကျင့်သားရလာသည်။ ဤအရာများက သူ့အဖို့ အကျွမ်းတဝင်ရှိလာပြီး သူက “ငါတို့ နှစ်ယောက် တန်းတူရည်တူ မဟုတ်ကြသကဲ့သို့ ငါတို့၏ ပင်ကိုလက္ခဏာများနှင့် အဆင့်အတန်းတို့ မတူညီကြသော်လည်း ကိုယ်တော့်ကို ငါ စကားပြောရသည်မှာ သက်သောင့်သက်သာ ရှိသည်။ မည်သည့်အရာကိုမျှ ငါ ဖုံးကွယ်ရန် မလိုပါ၊ ငါ ပြောဆိုလိုသည့် မည်သည့်အရာကိုမဆို ပြောနိုင်သည်”ဟု တွေးလေသည်။ အချိန်ကြာလာသည်နှင့်အမျှ လူနှင့် ဘုရားကြားက ဆက်ဆံရေး ပြိုကွဲသွားပြီး သူက “ကိုယ်တော့်ထံတွင် မည်သည့် စရိုက်လက္ခဏာမျိုးရှိသည်ကို ကျွန်ုပ် သိသည်။ ကိုယ်တော်က မည်သည့်လူစားမျိုး ဖြစ်သည်ကို ကျွန်ုပ် သိသည်။ မည်သည့်အရာများသည် ကိုယ်တော့်ကို ဒေါသထွက်အောင် လုပ်မည်မဟုတ်သကဲ့သို့ ကျွန်ုပ်ကို ပြုပြင်အောင် လုပ်မည်မဟုတ်သည်ကို ကျွန်ုပ် သိပြီး ကိုယ်တော် ကျွန်ုပ်ကို ပြုပြင်မည့် အရာများ လုပ်ဆောင်ခြင်းအား ကျွန်ုပ် ရှောင်ရှားမည်။ ထိုအရာများကို ကျွန်ုပ် လုပ်ဆောင်လျှင်ပင် ကိုယ်တော့်ကို မြင်ခွင့်၊ သိခွင့် ပေးမည် မဟုတ်ပါ။ ကိုယ်တော် မသိရှိအောင် တားဆီးရန်အလို့ငှာ ကိုယ်တော့်နောက်ကွယ်တွင် ကျွန်ုပ် မည်သည့်အရာ လုပ်ဆောင်နေသည်ကို ကိုယ်တော်နှင့် ရင်းနှီးသောလူများကိုပင် ကျွန်ုပ် ပြောမည် မဟုတ်ပါ။ ထိုသို့ဖြင့် ထိုအကြောင်း ကိုယ်တော် သိမည်မဟုတ်၊ ဟုတ်ပါသလော။ ထိုအကြောင်းကို ကိုယ်တော် မသိလျှင် ကိုယ်တော် ကျွန်ုပ်ကို ပြုပြင်လိမ့်မည် မဟုတ်၊ ဟုတ်ပါသလော။ ကျွန်ုပ်အနေဖြင့် ထိုအတွက် သိက္ခာကျပြီး ဆင်းရဲဒုက္ခခံရန် လိုမည် မဟုတ်ပါ၊ ဟုတ်ပါသလော။ သိပ်ကောင်းသည်။ ကျွန်ုပ်ကို ကိုယ်တော်ခိုင်းသည့် အခြားမည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်ဆောင်ကာ ကျိုးနွံနာခံမည်ဖြစ်သော်လည်း ကျွန်ုပ်သည် အလားတူ လွတ်လပ်မှု ရှိရပါမည်”ဟု တွေးကြသည်။ ဤတွင် ပြဿနာ ပေါ်ထွက်ပြီ မဟုတ်လော။ (ဟုတ်ပါသည်။) မည်သည့်ပြဿနာ ပေါ်ထွက်လာပြီးဖြစ်သနည်း။ ဤတွင် လူ၏ စိတ်နှလုံး လှည့်ဖြားမှု ရှိသည် မဟုတ်လော။ (ရှိပါသည်။) အခြားလူများရှေ့တွင်ဖြစ်စေ၊ ဘုရားသခင် ရှေ့တွင်ဖြစ်စေ၊ လူတို့သည် အခြားသူများကို မပြောလိုသည့်အရာများကို မိမိတို့၏ စိတ်နှလုံးတွင် နက်နက် ကွယ်ဝှက်ရန် အမြဲ ကြိုးစားကြပြီး ဤစိတ်အခြေအနေနှင့် စိတ်သဘောထားက လူတိုင်း ပိုင်ဆိုင်သည့် လှည့်ဖြားခြင်းနှင့် သက်ဆိုင်ပေသည်။ ဤနေရာတွင် နောက်ထပ် စိတ်သဘောထားတစ်ခု ရှိ၏၊ မာနထောင်လွှားမှု ဖြစ်သည်။ ဤတွင် မာနထောင်လွှားမှုက မည်သည့်နေရာတွင် ထင်ရှားသနည်း။ ဤလူက “သို့ဆိုလျှင် ကိုယ်တော်သည်လည်း ဤကဲ့သို့ စကားစမြည်ပြောကာ ဆွေးနွေးပြောဆိုသည်။ ကိုယ်တော် စကားပြောပုံနှင့်ပတ်သက်၍ သိပ်အထင်ကြီးလောက်စရာ မည်သည့်အရာမျှ မရှိပါ။ ကိုယ်တော်က ဤအရာများကို ဤအတိုင်း ပြောလိုက်နိုင်သည်၊ ပြီးလျှင် ကိုယ်တော့်ကို ကျွန်ုပ် ပိုမိုသိကျွမ်းရလျှင် ကိုယ်တော့်ထက် ထိုအရာများကို သာ၍ကောင်းစွာပင် ကျွန်ုပ် ပြောဆိုနိုင်မည်ဖြစ်သည်။ ကိုယ်တော်ဝတ်စားပုံမှာ ထိုသို့ဖြစ်သလော။ ကျွန်ုပ်သည် ကိုယ်တော့်ထက် ပိုကောင်းသည့် အပြင်အဆင် အာရုံခံစားမှုရှိသည်။ ကိုယ်တော့်ထက် ကျွန်ုပ် ပိုဆွဲဆောင်မှုရှိသည်။ ကျွန်ုပ်ထက် ကိုယ်တော်က သမ္မာတရားများကိုသာ ပိုမိုပိုင်ဆိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် အချိန်ကြာလာသည့်အခါ ကိုယ်တော်ကို ကျွန်ုပ် ပိုမိုသိရှိရသည့်နောက်တွင် ကျွန်ုပ် ပြောလိုသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ရှေ့နောက်မစဉ်းစားဘဲ ပြောချဝံ့ပြီး တလွဲပြောမိမည် မဟုတ်ပါ”ဟု မိမိဘာသာ စဉ်းစားလေသည်။ ဤသည်မှာ မာနထောင်လွှားမှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်တို့မှာ စိတ်သဘောထားနှစ်ခု ဖြစ်သည်။ ကွယ်ဝှက်ထားသည့် နောက်ထပ်စိတ်သဘောထားတစ်ခု ရှိသည်၊ သင်တို့ ထိုအရာကို ရှာဖွေတွေ့ရှိကြပြီလော။ တစ်စုံတစ်ဦးက မာနထောင်လွှားမှု၊ လှည့်ဖြားမှုနှင့် သူတော်ကောင်း ယောင်ဆောင်ခြင်းတို့ကို ဘုရားသခင် ရှေ့မှောက်တွင် ထုတ်ဖော်ပြသည့်အခါ ၎င်းတို့၏ စိတ်နှလုံး နက်နက်တွင် ဤအရာနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှုတစ်ခုတလေ ရှိကြသလော။ (ရှိပါသည်။) ၎င်းတို့တွင် ဤနားလည်သဘောပေါက်မှု ရှိကြသည့်အခါ ယင်းကို မည်သို့အသုံးချသနည်း။ မိမိတို့ကိုယ်ကို ချုပ်ထိန်းကြသလော။ ၎င်းတို့ ရှောင်ကြဉ်ကြသလော။ မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကြသလော။ (မသုံးသပ်ကြပါ။) လူတစ်ဦးက မာနထောင်လွှားသော စိတ်သဘောထားတစ်ခု ထုတ်ဖော်မိပြီး ဖြစ်သည်ကို သိသော်လည်း မိမိတို့ကိုယ်ကို ပြန်မသုံးသပ်၊ သို့မဟုတ် သိရှိရန် မကြိုးစားသေးသည့်အခါ၊ ပြီးလျှင် ထိုအရာကို တစ်စုံတစ်ဦးက ထောက်ပြလျှင် ၎င်းတို့က လက်မခံကြသေးဘဲ ထိုအစား မိမိတို့ကိုယ်ကို ခုခံကာကွယ်ရန် ကြိုးစားကြလျှင် ယင်းမှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ (စိတ်နှလုံးခိုင်မာဖြစ်သည်။) မှန်၏။ ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်း ဖြစ်သည်။ အခြားလူတို့ရှေ့တွင် ဤစိတ်နှလုံးခိုင်မာသော စိတ်သဘောထားမျိုးက မည်သို့ ထင်ရှားသည်ဖြစ်စေ၊ ထိုသို့သော သဘောထားက မည်သည့် ဆက်စပ်အခြေအနေများတွင် ထုတ်ဖော်သည်ဖြစ်စေ ဤသည်မှာ စိတ်နှလုံးခိုင်မာသော စိတ်သဘောထားရှိသည့် လူတစ်ဦး ဖြစ်သည်။ လူတို့အနေဖြင့် မည်မျှ ဉာဏ်များကာ ဟန်ဆောင်ကြသည်ဖြစ်စေ ဤစိတ်နှလုံးခိုင်မာသော စိတ်သဘောထားက အလွယ်တကူ ပေါ်လွင်သည်။ လူတို့အနေဖြင့် လက်တွေ့ဘဝနှင့် ကင်းကွာလျက် အသက်မရှင်ကြသောကြောင့်၊ ပြီးလျှင် လူတို့ရှေ့တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူအားလုံးက ဘုရားသခင်ရှေ့တွင် အသက်ရှင်ကြပြီး လူတိုင်းသည် ဘုရားသခင်၏ စိစစ်မှုအောက်တွင် ရှိ၏။ တစ်စုံတစ်ဦးက ပုံမှန်အားဖြင့် ဇွတ်တရွတ်နိုင်လျှင်၊ အကျင့်ပျက်၊ အထိန်းအကွပ်မဲ့ကာ ဤအလေ့အထများနှင့် ဤဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ခြင်းများ ရှိလျှင် ဤအရာကို ၎င်းတို့ နားလည်သည့်အခါတွင်ပင် ၎င်းတို့ နောက်ပြန်မလှည့်ပါက ပြီးလျှင် ထိုအရာကို ၎င်းတို့ သတိပြုမိသည့်အခါ နောင်တမရပါက၊ မိတ်သဟာယပြုရန် ဖွင့်ဟခြင်းမရှိ သို့မဟုတ် ဤပြဿနာကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်း မရှိပါက ဤသည်မှာ စိတ်နှလုံးခိုင်မာခြင်း ဖြစ်သည်။ စိတ်နှလုံးခိုင်မာခြင်း၏ သရုပ်သကန်များအရ မတူကွဲပြားသည့် နှစ်မျိုးနှစ်စားရှိသည်။ “ခေါင်းမာခြင်း” နှင့် “ခက်ထန်ခြင်း” ဖြစ်သည်။က “ခေါင်းမာခြင်း”သည် အလွန်ခေါင်းမာခြင်း၊ မိမိလမ်းကြောင်းကို မပြောင်းလဲခြင်းနှင့် မနူးညံ့ခြင်းကို ဆိုလိုသည်။ “ခက်ထန်ခြင်း”ဟူသည်မှာ အခြားလူများက ပေါ့ပေါ့တန်တန် သဘောမထားဝံ့သကဲ့သို့ ထိုသို့သဘောထားသည့်အခါ နာကျင်မှုခံစားရသည်ဟု ဆိုလိုသည်။ ပုံမှန်အားဖြင့် လူတို့သည် ခက်ထန်သည့်အရာများနှင့် မထိတွေ့လိုကြသကဲ့သို့ပင် စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားရှိသော သူတို့နှင့် ထိတွေ့ဆက်ဆံလိုခြင်း မရှိကြဘဲ ထိုသို့ ထိတွေ့ဆက်ဆံမိသည့်အခါ ကသိကအောက်ဖြစ်ကြရသည်။ လူတို့က နူးညံ့သည့်အရာများကို နှစ်သက်ကြသည်။ နူးညံ့သည့်အရာများ၏ မျက်နှာပြင်အသားက လူတို့ကို သက်သောင့်သက်သာ ခံစားရစေပြီး ၎င်းတို့အတွက် ပျော်ရွှင်မှု ဖြစ်စေသော်လည်း စိတ်နှလုံးခိုင်မာခြင်းက ဆန့်ကျင်ဘက် အတိအကျဖြစ်လေသည်။ စိတ်နှလုံးခိုင်မာခြင်းက လူတို့အား သဘောထားတစ်ခုကို ပြသစေပြီး ဤသဘောထားက ခေါင်းမာခြင်းနှင့် အလျှော့မပေးခြင်းတို့ဖြစ်သည်။ ဤတွင် မည်သည့် စိတ်သဘောထားက ပါဝင်ပတ်သက်နေသနည်း။ စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားဖြစ်သည်။ ဤသည်မှာ လူတစ်ဦးက တစ်စုံတစ်ရာကို ကြုံရသည့်အခါ ၎င်းတို့၏ ဤသဘောထားက မကောင်းသကဲ့သို့ မှန်ကန်ခြင်းမရှိသည်ကို ၎င်းတို့ သိသော်လည်း၊ သို့မဟုတ် ခံစားချက်ရေးရေးတစ်ခု ရှိသော်လည်း ၎င်းတို့သည် “တစ်စုံတစ်ဦးက သိရှိသွားလျှင်ရော အဘယ်သို့နည်း။ ဤသည်မှာ ငါဖြစ်သည့်ပုံစံဖြစ်သည်”ဟု စဉ်းစားရန် ၎င်းတို့၏ စိတ်နှလုံးခိုင်မာသည့် စိတ်သဘောထားက လှုံ့ဆော်လေသည်။ ဤသည်မှာ မည်သည့် သဘောထားမျိုး ဖြစ်သနည်း။ ၎င်းတို့က ပြဿနာကို ငြင်းပယ်သည်၊ ဤသဘောထားက ဆိုးသည် သို့မဟုတ် ဘုရားသခင်ကို ပုန်ကန်သည်၊ စာတန်ထံမှ လာသည် သို့မဟုတ် စာတန်၏ စိတ်သဘောထား ထုတ်ဖော်ခြင်းတစ်ခုဖြစ်သည်ဟု ၎င်းတို့ မစဉ်းစားကြချေ။ ဘုရားသခင်က ထိုအရာကို မည်သို့ မြင်ပြီး မည်မျှစက်ဆုပ်သည်ဆိုသည်ကို ၎င်းတို့ နားမလည်၊ သဘောမပေါက်ကြချေ။ ယင်းမှာ ဤပြဿနာ၏ ပြင်းထန်မှု ဖြစ်သည်။ စိတ်နှလုံးခိုင်မာခြင်း စိတ်သဘောထားက ကောင်းသလော၊ သို့မဟုတ် ဆိုးသလော။ (ဆိုးပါသည်။) စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ထိုအရာက လူတို့အား သမ္မာတရားကို လက်ခံရန် ခက်ခဲစေပြီး နောင်တရရန် သာ၍ပင် ခက်ခဲစေသည်။ စာတန်ဆန်သော စိတ်သဘောထားအားလုံးက အပျက်သဘောဆောင်သော အရာများဖြစ်သည်။ ထိုအရာအားလုံးကို ဘုရားသခင်က မုန်းပြီး ထိုအရာများတစ်ခုမျှ အပြုသဘောဆောင်သော အရာများ မဟုတ်ပေ။

လှည့်ဖြားခြင်း၊ မာနထောင်လွှားခြင်းနှင့် စိတ်နှလုံးခိုင်မာခြင်းတည်းဟူသော ငါ ယခုတင် ဖော်ပြခဲ့သည့် စိတ်သဘောထား သုံးမျိုးသည် သေစေနိုင်သော အရာများသာ ဖြစ်သည်။ သင့်အနေဖြင့် အခြားလူတို့ထံ မာနထောင်လွှားမှု၊ လှည့်ဖြားခြင်း သို့မဟုတ် စိတ်နှလုံးခိုင်မာခြင်းကို ထုတ်ဖော်လျှင် သင့်ထံ၌ မကောင်းသည့် စိတ်သဘောထား သို့မဟုတ် ညံ့ဖျင်းသည့် လူ့သဘာဝ ရှိရုံမျှသာဖြစ်ပေသည်။ သင်သည် ဘုရားသခင်ထံ မာနထောင်လွှားမှု၊ လှည့်ဖြားခြင်း သို့မဟုတ် စိတ်နှလုံးခိုင်မာခြင်းကို ထုတ်ဖော်လျှင်မူ ဤသည်မှာ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်ပြီး သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားဖွယ် ရှိပေသည်။ သင် နောင်တမရလျှင် အလွန် အန္တရာယ်များလိမ့်မည်။ သင်သည် အခြားလူများရှေ့တွင် ဤစိတ်သဘောထားကို ထုတ်ဖော်လျှင် ၎င်းတို့က အလေးအနက် သဘောမထားကြပေ။ သင်သည် ဤစိတ်သဘောထားများကို ဘုရားသခင်ရှေ့တွင် အလားတူ ထုတ်ဖော်လျှင် ဘုရားသခင်ကို သင် အတိုက်အခံလုပ်ကာ သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနေမိလိမ့်မည် ဖြစ်သည်။ ထိုအရာက ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်း သို့မဟုတ် တမင်သက်သက် လုပ်ဆောင်ခြင်း ဖြစ်လိမ့်မည် မဟုတ်သော်လည်း သင်၏ စာတန်ဆန်သော လူ့သဘာဝ၏ စိုးမိုးမှုအောက်တွင် ဤအရာကို သင် အလိုအလျောက် လုပ်ဆောင်မိလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထုတ်ဖော်သည့်အခါ သင့်ကိုယ်သင် ပြန်လည်သုံးသပ်နိုင်ခြင်း မရှိသကဲ့သို့ သမ္မာတရားဖြင့် ထိုအရာကို မဖြေရှင်းနိုင်ပါက အနှေးနှင့်အမြန်ဆိုသလို ထိုအရာက ရောဂါတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဤရောဂါဟောင်းက ပြန်ပေါ်သည်နှင့်တစ်ပြိုင်နက် အလွန် ဒုက္ခပေးလိမ့်မည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ စိတ်သဘောထားကို ထပ်တလဲလဲ ပုန်ကန်ပြစ်မှားလျှင် သင် သေချာပေါက် ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။

ငါ ယခုတင် ပေးခဲ့သည့် ဥပမာတွင် ထိုလူက မည်သည့် အခြားသော စိတ်သဘောထားကို ပြသသနည်း။ (သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်။) သူက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်ဟု မည်သည့် အပိုင်းက ပြသသနည်း။ အပြန်ပန်းအားဖြင့် သူသည် သမ္မာတရားကို ချစ်၏၊ ဘုရားသခင် တောင်းဆိုသည့် မည်သည့်အရာကိုမဆို၊ သူ၏ တာဝန်ဖြစ်သည့် မည်သည့်အရာကိုမဆို၊ ပြီးလျှင် အသင်းတော် အလုပ်နှင့်ဆိုင်သည့် နယ်ပယ်အတွင်းတွင် အကျုံးဝင်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် သူ့မှာ တာဝန်ရှိသည်ဟု သူ ခံစားရသည်။ ထို့ကြောင့် သူသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်းဖြစ်သည်ဟု အဘယ်သို့ ပြော၍ရနိုင်သနည်း။ (သမ္မာတရားကို သူ မည်သည့်အခါတွင်မျှ မရှာဖွေခဲ့ပါ။) သမ္မာတရားကို မည်သည့်အခါတွင်မျှ သူ မရှာဖွေခဲ့ပေ။ ယင်းမှာ သိသာသည့် သက်သေအထောက်အထား ဖြစ်သည်။ ထို့ကြောင့် အသေးစိတ် အချက်အလက်များအရ သူက သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း မည်သည့် သရုပ်သကန်များက ပြသနည်း။ (ဘုရားသခင် တောင်းဆိုသည့်အရာက သူ၏ ကိုယ်ပိုင် အလိုဆန္ဒနှင့် ကွဲလွဲသည့်အခါ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမည့်အစား သူ၏ ကိုယ်ပိုင် အလိုဆန္ဒကို လိုက်လျှောက်ရန် သူ ရွေးချယ်ခဲ့ပါသည်။) ထိုအရာများမှာ အသေးစိတ်အချက်များ ဖြစ်သည်။ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထားသည် လူတို့တွင် အဓိကအားဖြင့် မည်သို့ ထင်ရှားသနည်း။ အပြုသဘောဆောင်သည့်အရာများကို ၎င်းတို့ မြင်သည့်အခါ သမ္မာတရားဖြင့် အကဲဖြတ်ခြင်း မရှိကြ အကဲဖြတ်ရန် မည်သည့်အရာကို ၎င်းတို့ အသုံးပြုကြသနည်း။ အကဲဖြတ်ရန်နှင့် ဤအရာကို ပုံစံဖြင့် လုပ်ဆောင်ထားသလော၊ ထိုအရာ၏ ပုံစံက မည်သည့်အရာဖြစ်သည်ဆိုသည်နှင့် ထိုအရာသည် မည်မျှ အထင်ကြီးလောက်စရာ ဖြစ်သည်ဆိုသည်တို့ကို မြင်ရန် စာတန်၏ တွေးခေါ်မှုအလေ့အထကို အသုံးပြုကြသည်။ ၎င်းတို့သည် လူတို့ကို စာတန်က သုံးသပ်ရန် အသုံးပြုသည့် နည်းစနစ်များဖြင့် အရာရာကို အကဲဖြတ်ကြသည်။ ယင်းမှာ ဘာသာတရားမရှိသူများက လူတို့ကို သုံးသပ်ရန် အသုံးပြုကြသည့် စည်းမျဉ်းများနှင့် နည်းစနစ်များ ဖြစ်သည်။ အမှုအရာများကို လုပ်ဆောင်နေချိန်တွင် သမ္မာတရားကို ၎င်းတို့ မရှာဖွေကြသကဲ့သို့ ၎င်းတို့ လုပ်ရပ်အားလုံး၏ စမှတ်မှာ သမ္မာတရားကို ဘေးဖယ်ထားရင်း မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများနှင့် ရှုထောင့်အမြင်များ၊ ပြီးလျှင် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များနှင့် ၎င်းတို့ သဘောပေါက်ပြီးဖြစ်သည့် အသိပညာတို့ကို အသုံးပြုလျက် အကဲဖြတ်ရန် ဖြစ်သည်။ ယင်းမှာ အရာရာကို ၎င်းတို့ လုပ်ဆောင်ပုံ ဖြစ်သည်။ မိမိတို့၏ တိုင်းတာသည့်စနစ်အဖြစ် လူသား ရှုထောင့်အမြင်များနှင့် စာတန်၏ တွေးခေါ်မှုအလေ့အထကို အသုံးပြုကြပြီး အကဲဖြတ်ရင်း အကဲဖြတ်ပြီးသည့်နောက်တွင် ၎င်းတို့အမြင်၌ အခြားမည်သူမျှ ၎င်းတို့လောက် မတော်ဟုလည်းကောင်း၊ ၎င်းတို့ အကောင်းဆုံး ဖြစ်သည်ဟုလည်းကောင်းမြင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများတွင် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များ ရှိကြသလော။ သမ္မာတရား၏ စည်းမျဉ်းများ တစ်ခုတလေ ရှိသလော။ မရှိ၊ တစ်ခုမျှမရှိပေ။ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ၎င်းတို့ မမြင်ကြ၊ သမ္မာတရားက အပြုသဘောဆောင်သည့် အရာအားလုံး၏ စစ်မှန်မှုဖြစ်သည်ကို ၎င်းတို့ မမြင်ကြ။ သမ္မာတရားက အရာခပ်သိမ်း အထက်တွင်ရှိသည်ကို မမြင်ကြသောကြောင့် လူ့ဇာတိခံ ဘုရားသခင်ကို အလိုအလျောက် အထင်သေးကြပြီး ဘုရားသခင် လူ့ဇာတိခံခြင်း၏ ဝတ်စားဆင်ယင်ပုံ၊ စကားနှင့် ကိုယ်ဟန်အမူအရာတို့အကြောင်းကို အယူအဆများ အမြဲရှိကြလေသည်။ ထို့ကြောင့် ကြာမြင့်သောထိတွေ့ဆက်ဆံမှု ပြီးသည့်နောက်တွင် ၎င်းတို့က “ကိုယ်တော်သည် ကျွန်ုပ် စိတ်ကူးသလောက် သိက္ခာမရှိ၊ ဘုန်းအာနုဘော် မရှိသကဲ့သို့ နက်နဲသိမ်မွေ့ခြင်း မရှိပါ။ ကျွန်ုပ်လောက် အဆင့်အတန်းပင် မရှိပါ။ ကျွန်ုပ် ဤနေရာတွင် ရပ်သည့်အခါ ကျွန်ုပ်သည် ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦး၏ အဆင့်အတန်း ရှိသည် မဟုတ်လော။ ကိုယ်တော်က သမ္မာတရားကို ပြောသော်လည်း ကိုယ်တော်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တူသည့်အရာ တစ်ခုမျှ ကျွန်ုပ် မတွေ့ပါ။ ကိုယ်တော်က သမ္မာတရားအကြောင်း အမြဲ ပြောသည်၊ စစ်မှန်မှုထဲ ဝင်ရောက်မှုအကြောင်း အမြဲ ပြောသည်၊ နက်နဲမှုအချို့ကို အဘယ်ကြောင့် ကိုယ်တော် မဖွင့်ဟသနည်း။ တတိယ ကောင်းကင်နှင့်ဆိုင်သော ဘာသာစကားဖြင့် အဘယ်ကြောင့် အနည်းငယ် စကားမပြောပါသနည်း”ဟု တွေးကြလေသည်။ ဤသည်မှာ အမှုအရာများအပေါ် မည်သည့် တွေးခေါ်မှုအလေ့အထနှင့် ရှုထောင့်အမြင်မျိုး ဖြစ်သနည်း။ (အမှုအရာများအပေါ် စာတန်၏ ရှုထာင့်အမြင်ဖြစ်သည်။) ဤသည်မှာ စာတန်ထံမှ လာ၏။ ဤအရာများကို ငါ မည်သို့ ချဉ်းကပ်သည်ကို သင်တို့ တွေးထင်သနည်း။ (ကိုယ်တော်သည် ဤလူစားမျိုးကို စက်ဆုပ်ပြီး သူတို့နှင့် ကိုယ်တော် ဆက်ဆံရန် မလိုလားပါ။) သင်တို့ မှားသည်။ ဆန့်ကျင်ဘက်အနေဖြင့် ထိုသို့သော လူတစ်ဦးကို ငါကြုံရသည့်အခါ ငါသည် ပုံမှန်အားဖြင့် သူတို့နှင့် ရင်းနှီးအောင်နေကာ မိတ်သဟာယပြုမည်ဖြစ်ပြီး ငါ တတ်နိုင်သည့်အရာကို ထောက်ပံ့ကာ တတ်နိုင်သမျှ ကူညီမည်ဖြစ်သည်။ ၎င်းတို့အနေဖြင့် အလျှော့မပေးတတ်သကဲ့သို့ ခေါင်းမာကြလျှင် ငါသည် ၎င်းတို့နှင့် ပုံမှန်အားဖြင့် သင့်မြတ်အောင် နေနိုင်မည်သာမက ၎င်းတို့နှင့်အတူ အမှုအရာများကိုလည်း ဖြစ်နိုင်သမျှ ဆွေးနွေးမည်ဖြစ်သည်။ ငါက “အမှုအရာများကို ဤသို့လုပ်ဆောင်ခြင်းက အလုပ်ဖြစ်သည်ဟု သင် ထင်သလော။ ဤနည်းစနစ်များထဲမှ သင့်အနေဖြင့် သင့်လျော်သည်ဟု ခံစားရသည့် မည်သည့်အရာကိုမဆို အသုံးပြုလော့၊ ပြီးလျှင် တစ်ခုမျှ မသင့်လျော်ဟု သင် ခံစားရလျှင် ဤပြဿနာကို ဖြေရှင်းရန် သင်၏ ကိုယ်ပိုင် နည်းလမ်းကို စဉ်းစားလော့”ဟု ပြောမည်။ ဤလူစားမျိုးက မိမိကြီးမြတ်သည်ဟု ပိုတွေးထင်လေ ငါသည် ဤပုံစံဖြင့် ၎င်းနှင့် အဆင်ပြေလေဖြစ်သည်။ မည်သူရှေ့တွင်မျှ ငါ ဟိတ်ဟန်ထုတ်မည် မဟုတ်။ တစ်လုံးက ပိုမြင့်ပြီး တစ်လုံးက ပိုနိမ့်သည့် ထိုင်ခုံနှစ်လုံးရှိလျှင် မြင့်သည့်ခုံတွင် ၎င်းတို့ကို ငါ ထိုင်ခွင့်ပေးမည်ဖြစ်ပြီး နိမ့်သည့်ခုံတွင် ငါထိုင်မည်ဖြစ်သည်။ ငါသည် ၎င်းတို့ကို ခေါင်းမော့လျက် စကားပြောမည်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့ကို အရှက်ရစေမည်ဖြစ်ကာ ၎င်းတို့ သမ္မာတရားကို မပိုင်ဆိုင်ကြောင်း၊ ၎င်းတို့သည် နုံချာပြီး သနားဖွယ်ဖြစ်ကြောင်း၊ ထုံထိုင်းပြီး ဉာဏ်ထိုင်းကြောင်းကို ဖြည်းဖြည်းချင်း သဘောပေါက်စေမည်။ ဤနည်းစနစ်ကို သင် အဘယ်သို့ တွေးထင်သနည်း။ (ကောင်းပါသည်။) သို့ဆိုလျှင် ငါသည် ၎င်းတို့ကို လက်သင့်မခံဘဲနေမည်ဆိုလျှင် ယင်းမှာ ၎င်းတို့အတွက် ကောင်းမည်လော။ အမှန်တွင် ထိုအရာနှင့်ပတ်သက်၍ ဘာမျှ မမှားသော်လည်း ၎င်းတို့အတွက် မည်သည့်အကျိုးမျှပြုမည် မဟုတ်ပေ။ ဘုရားသခင်ကို စစ်မှန်ရိုးသားမှု အချို့ဖြင့် ၎င်းတို့ ယုံကြည်လျှင် လူ့သဘာဝအချို့ ပိုင်ဆိုင်ပြီး ကယ်တင်ခံရနိုင်လျှင် ၎င်းတို့နှင့် ဆက်ဆံရန် ငါ့အတွက် အဆင်ပြေသည်။ နောက်ဆုံး တစ်နေ့တွင် သမ္မာတရားကို ၎င်းတို့ သိနားလည်ပါက ပိုနိမ့်သည့်ထိုင်ခုံတွင် ထိုင်ရန် ၎င်းတို့ကိုယ်တိုင် ရွေးချယ်ကြလိမ့်မည်ဖြစ်ပြီး မော်ကြွားကြတော့မည် မဟုတ်ချေ။ ၎င်းတို့ကို ငါ လက်သင့်မခံဘဲနေလျှင် ၎င်းတို့အနေဖြင့် မိုက်မဲသည့်အရာများကို ပြောဆို၊ လုပ်ဆောင်ရင်း ဤသို့ ထာဝရ မသိနားလည်ဖြစ်ကာ စဉ်းစားဉာဏ်ကင်းမဲ့ နေကြလိမ့်မည်ဖြစ်ပြီး ချွတ်ခြုံကျကာ သနားဖွယ်ဖြစ်လျက် စဉ်းစားဉာဏ်ကင်းမဲ့သော လူတစ်ဦး အမြဲ ဖြစ်ကြလိမ့်မည်။ ယင်းမှာ သမ္မာတရား မလိုက်စားသည့် လူတို့၏ အကျည်းတန်သော အခြေအနေဖြစ်သည်။ လူတို့သည် အပြုသဘောဆောင်သည့်အရာများကို အထင်သေးကာ စက်ဆုပ်ကြပြီး ရိုးသားသည့်၊ ချစ်ခင်တတ်ပြီး သမ္မာတရားကို အမြဲ လက်တွေ့လုပ်ဆောင်သော်လည်း တစ်ခါတစ်ရံ ဉာဏ်ပညာမဲ့သည့် တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သည့်အခါ မိမိတို့ စိတ်နှလုံးထဲမှ ထိုသူကို အဖက်မတန်ဟု သဘောထားကြသည်။ ထိုသို့သော လူတစ်ဦးသည် အချည်းနှီးဖြစ်ပြီး အသုံးမကျသူတစ်ဦးဖြစ်သော်လည်း ၎င်းတို့ ကိုယ်တိုင်ကမူ လိမ္မာပါးနပ်သည်၊ အပိုင်ကြံရာတွင် တော်သည်၊ ပရိယာယ်ဆင်ပြီး ကျိတ်ကြံရာတွင် ကျွမ်းကျင်သည်၊ အရင်းအနှီးများနှင့် ဆုကျေးဇူးများရှိပြီး တတ်စွမ်းနိုင်ကာ စကားအရာ ချေငံပြေပြစ်သည်ဟု တွေးထင်ကြသည်။ ဤအရာက ၎င်းတို့အား ဘုရားသခင်၏ ကယ်တင်ခြင်း၏ ဦးတည်ရည်မှန်းသောသူ ဖြစ်စေသည်ဟု တွေးထင်ကြသော်လည်း အမှန်တွင် ဆန့်ကျင်ဘက် ဖြစ်၏။ ဤသည်မှာ ဘုရားသခင် စက်ဆုပ်သည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ သမ္မာတရားကို မနှစ်သက်သကဲ့သို့ အလွန်အမင်း မနှစ်မြို့သည့် စိတ်သဘောထား ဖြစ်သည်။

လူအချို့သည် ငါနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံရပြီးဖြစ်ကာ ငါနှင့် သာ၍ ရင်းနှီးကြပြီး ငါ့ကို ၎င်းတို့၏ အပေါင်းအသင်း သို့မဟုတ် ၎င်းတို့နှင့် အဆင့်အတန်းတူသည့် တစ်စုံတစ်ဦးကဲ့သို့ မဆက်ဆံကြသော်လည်း ၎င်းတို့ လုံးဝ ချုပ်တည်းရသည်ဟု မခံစားရသကဲ့သို့ အချိန်ကုန်လွန်သည်နှင့်အမျှ ၎င်းတို့ အလွန် ရဲတင်းလာကြကာ ၎င်းတို့ စိတ်နှလုံးများထဲက စည်းများက တရွေ့ရွေ့ ပျောက်ကွယ်သွားသည်။ အရာရာကို ၎င်းတို့ သဘောပေါက်နားလည်သည်ဟု အမြဲ တွေးထင်ကြပြီး မည်သည့်အရာကိုမဆို ၎င်းတို့သာ နားလည်သည်ဟု တွေးထင်လျက် ၎င်းတို့ နားလည်သည့်အရာများကို ငါ့အား မကြာခဏ ပြောပြကြသည်။ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သနည်း။ (မာနထောင်လွှားခြင်း ဖြစ်သည်။) ဤသည်မှာ မာနထောင်လွှားခြင်း ဖြစ်သည်။ ထိုအပြင်ပန်းအရာများကို သာမန်ကာလျှံကာ ကြည့်ရုံဖြင့် နားလည်နိုင်ပြီး ဤလူများက မိမိတို့ကိုယ်ကို အလွန် လိမ္မာပါးနပ်သည်ဟု တွေးထင်ကြသေး၏။ ယင်းမှာ စက်ဆုပ်ဖွယ်ဖြစ်သည်။ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ၎င်းတို့ အသိစိတ်အားလုံး ဆုံးရှုံးသည့်အဆင့်ထိ ရောက်ရှိလျှင် ၎င်းတို့အား မကောင်းမှုကို လုပ်ဆောင်စေနိုင်ပြီး ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားက ရက်စက်သော စိတ်သဘောထားတစ်ခု ဖြစ်လာလိမ့်မည်။ လူတစ်ယောက်သည် တော်လျှင် သူ၏ စကားများနှင့် လုပ်ရပ်များသည် အစဉ်သဖြင့် အကြံအစည်များ ပြည့်နေလျှင်၊ သူသည် ရှိန်ရလောက်သော အကျင့်စရိုက်ရှိလျှင်၊ ပြီးလျှင် သင်သည် ထိုသူနှင့်အတူရှိနေသောအခါ ထိုသူက သင့်ကို အစဉ်ထိန်းချုပ်ပြီး ဦးဆောင်လိုလျှင် ဤလူသည် သနားကြင်နာတတ်သည်ဟု ခံစားရသလော။ ရက်စက်ကြမ်းကြုတ်သည်ဟု သင် ခံစားရသလော။ (ရက်စက်ကြမ်းကြုတ်သည်။) ထိုသူကို သင်ကြောက်ရွံ့ပြီး “ဤလူသည် ငါ့ကို အစဉ် ထိန်းချုပ်ချင်သည်။ ၎င်းတို့၏ အဝေးသို့ အမြန်ဆုံးထွက်ခွာရမည်။ သူပြောသည့်အတိုင်း ငါမလုပ်လျှင် ငါ့ကို လက်စားချေဖို့ နည်းတစ်ခုကို သူ အကြံထုတ်လိမ့်မည်ဖြစ်ပြီး ငါ့ကို အပြစ်ပေးရန် မည်သည့်နည်းစနစ်များ သူသုံးမည်ကို မည်သူသိနိုင်မည်နည်း”ဟု စဉ်းစားသည်။ ၎င်းတို့၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည်ကို သင်ခံစားရနိုင်သည်မဟုတ်လော။ (ခံစားရနိုင်ပါသည်။) ယင်းကို သင် မည်သို့ ခံစားရနိုင်သနည်း။ (၎င်းတို့သည် လူတို့ကို ၎င်းတို့၏ တောင်းဆိုချက်များ၊ စိတ်ကူးများနှင့်အညီ အမှုအရာများကို အစဉ် လုပ်ဆောင်စေသည်။) အမှုအရာများကို ထိုထိုသော နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ရန် အခြားလူတို့ကို ၎င်းတို့က တောင်းဆိုခြင်းသည် မှားယွင်းသလော။ သင့်ကို အခြားလူတို့က တောင်းဆိုမှုများ ပြုသောအခါ သေချာပေါက် မှားယွင်းသလော။ ဤစဉ်းစားနည်းသည် မှန်ကန်သလော။ သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) သင့်ကို စိတ်မသက်မသာ ဖြစ်စေသည်မှာ ၎င်းတို့၏ နည်းလမ်းများ ဖြစ်သလော၊ သို့မဟုတ် စိတ်သဘောထား ဖြစ်သလော။ (၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။) မှန်သည်။ ၎င်းတို့၏ စိတ်သဘောထားက သင့်ကို စိတ်မသက်မသာဖြစ်စေသည်။ ဤစိတ်သဘောထားသည် စာတန်ဆီမှလာသည်ဟု သင့်ကို ခံစားရစေသည်။ သမ္မာတရားနှင့် မညီ၊ သင့်အတွက် အနှောင့်အယှက်ဖြစ်သည်၊ ထိန်းချုပ်သည်၊ ချည်နှောင်သည်ဟု ခံစားရစေသည်။ ဤသည်မှာ သင့်ကို စိတ်မသက်မသာ ဖြစ်စေရုံသာမက သင့်ကို ကြောက်ရွံ့စေသည်။ ၎င်းတို့ပြောသည့်အတိုင်း သင်မလုပ်ဆောင်ပါက ၎င်းတို့က သင့်ကို အပြစ်ဒဏ်ပေးနိုင်ချေရှိသည်ဟု သင့်ကို ထင်မြင်စေသည်။ ဤလူအမျိုးအစား၏ စိတ်သဘောထားသည် အလွန် ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့က တစ်စုံတစ်ခုကို သာမန်ကာလျှံကာမပြောပေ။ သင့်ကို ထိန်းချုပ်ချင်သည်။ သင့်ကို အမှုအရာများလုပ်ဆောင်ရန် အလွန်ပြင်းထန်စွာ တောင်းဆိုပြီး ပုံစံတစ်ခုဖြင့် လုပ်ဆောင်ရန် တောင်းဆိုသည်။ ပြီးလျှင် ဤသည်မှာ စိတ်သဘောထား အမျိုးအစားတစ်ခုဖြင့် ပြည့်နှက်နေသည်။ ၎င်းတို့က သင့်ကို တစ်ခုခု လုပ်ဆောင်ရန်မျှသာ မတောင်းဆိုပေ။ ၎င်းတို့သည် သင့်ကို ထိန်းချုပ်ချင်ကြသည်။ ၎င်းတို့က သင့်ကို ထိန်းချုပ်လျှင် သင်သည် ၎င်းတို့၏ ရုပ်သေးရုပ်ဖြစ်မည်၊ ၎င်းတို့၏ လက်ထဲမှ အရုပ်တစ်ခုဖြစ်မည်။ သင်ပြောသမျှ၊ သင်လုပ်ဆောင်သမျှနှင့် သင်လုပ်ဆောင်သည့်နည်းလမ်းတို့တွင် သင်သည် ၎င်းတို့ကို အပြည့်အဝ နားထောင်လျှင် ၎င်းတို့က ပျော်ရွှင်လိမ့်မည်။ ဤစိတ်သဘောထားကို သင် သတိမူမိသောအခါ သင့်စိတ်နှလုံးတွင် မည်သည့်အရာကို ခံစားရသနည်း။ (ကျွန်ုပ် ကြောက်ရွံသည်။) သင်ကြောက်ရွံ့သောအခါ ၎င်းတို့၏ ဤစိတ်သဘောထားကို သင်မည်သို့ အဓိပ္ပာယ် သတ်မှတ်သနည်း။ ဤသည်မှာ တာဝန်သိခြင်းလော။ သနားကြင်နာခြင်းလော၊ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းလော။ ရက်စက်ကြမ်းကြုတ်သည်ဟု သင်ခံစားရသည်။ လူတစ်ယောက်၏ စိတ်သဘောထားသည် ရက်စက်ကြမ်းကြုတ်သည်ဟု သင် သတိမူမိသောအခါ သင်သည် ကျေနပ်မှုကို ခံစားရသလော သို့မဟုတ် စက်ဆုပ်ရွံရှာခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသလော။ (စက်ဆုပ်ရွံရှာခြင်း၊ အလွန်အမင်း မနှစ်မြို့ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသည်။) ဤမကောင်းသော ခံစားချက်များ ထွက်ပေါ်လာသည်။ သင်သည် မုန်းတီးခြင်း၊ မနှစ်သက်ခြင်းနှင့် ကြောက်ရွံ့ခြင်းကို ခံစားရသောအခါ လွတ်မြောက်ပြီး လွတ်လပ်ခြင်းကို ခံစားရသလော၊ သို့မဟုတ် ချည်နှောင်ခြင်းကို ခံစားရသလော။ (ချည်နှောင်ခြင်းကို ခံစားရသည်။) ဤသဘောထားများနှင့် ခံစားချက်မျိုးသည် အဘယ်က လာသနည်း။ စာတန်ထံမှ လာသည်။ ပြီးလျှင် ဘုရားသခင်ထံမှ လာသည့် အရာများမှ မည်သည့် ခံစားချက်များကို လူတို့ မွေ့လျော်ခံစားကြသနည်း။ (လွတ်မြောက်ခြင်းနှင့် လွတ်လပ်မှု ဖြစ်သည်။) သင်၏ စိတ်နှလုံး အလွန် လွတ်မြောက်ပြီး လွတ်လပ်သည်။ သင့်အနေဖြင့် ပြုပြင်ခံရ၊ အပြစ်တင်ခံရ၊ ဆုံးမပဲ့ပြင်ခံရ သို့မဟုတ် တရားစီရင်ခံရပြီး ပြစ်တင်ဆုံးမခြင်း ခံရလျှင်ပင် ထိုသဘောထားနှင့် ခံစားချက်က မည်သည့်အရာနှင့် တူသနည်း။ (ကျွန်ုပ်၏ စိတ်နှလုံးတွင် အကြွေးတင်ရှိခြင်း၊ နောင်တနှင့်ဆိုင်သည့် အသိစိတ်တစ်ခုနှင့် တစ်စုံတစ်ရာကို အမှားလုပ်မိပြီးဖြစ်သည်ဟူသည့် ခံစားချက်ရှိပြီး ထို့နောက်တွင် ကျွန်ုပ် အမှန်တကယ် နောင်တရပြီး မှန်ကန်သည့် ဦးတည်ချက်ဖြင့် ရှေးရှုသွားနိုင်ပါသည်။ ကျွန်ုပ် စိတ်နှလုံးတွင် နာကျင်မှုတချို့ ခံစားရသော်လည်း ကျွန်ုပ်၏ စိတ်ဝိညာဉ်က ဘုရားသခင်၏ မေတ္တာ၊ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို မွေ့လျော်ခံစားရပါသည်။) ရရှိသည့် ရလဒ်မှာ အပြုသဘောဆောင်ပြီး ဤသည်မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည်။ စာတန်၏ လုပ်ရပ်များ၏ အကျိုးဆက်များမှာ အဘယ်နည်း။ (လူတို့ကို အကျဉ်းကျစေပြီး ၎င်းတို့က လွတ်မြောက်မှု ရှာမတွေ့နိုင်ကြပါ။ ၎င်းတို့ စိတ်နှလုံးများတွင် ဆင်းရဲဒုက္ခခံစားပြီး မိမိတို့ကိုယ်ကို မည်သို့ လွတ်မြောက်စေရမည်ကို မသိကြပါ။) ထိုအရာက လူတို့ကို ဘောင်ခတ်သည်၊ နားလည်ရခက်၍ ထူးဆန်းသည့် အကြောက်တရားဖြင့် ပြည့်သွားစေသည်၊ ၎င်းတို့၏ စိတ်နှလုံးများကို ချည်နှောင်ကာ ဘောင်ခတ်သည်။ ပြုမူဆောင်ရွက်ရန် ၎င်းတို့ ကြိုးစားသည်နှင့်တစ်ပြိုင်နက် ထိုအရာက ၎င်းတို့ ခြေလက်ကို ချည်နှောင်ပြီး အလွန်တရာ ကြောက်လန့်သွားစေသည်။ ဤသည်မှာ စာတန်၏ လုပ်ဆောင်ချက်ဖြစ်ပြီး စာတန်ထံမှ လာ၏။ စာတန်နှင့် အန္တိခရစ်တို့က ဤနည်းဖြင့် ပြုမူဆောင်ရွက်သည့်အခါ မည်သည့် စိတ်သဘောထား ပေါ်လွင်သနည်း။ ရက်စက်သော စိတ်သဘောထားတစ်ခုဖြစ်သည်။

ရက်စက်သော စိတ်သဘောထားရှိသည့်လူများသည် အခြားလူများကို အမြဲ ထိန်းချုပ်ချင်ကြသည်။ လူတို့ကို ထိန်းချုပ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင့်ကို အချို့သော စကားများ မပြောအောင် တားမြစ်ခြင်းသာ ဖြစ်သလော။ နည်းလမ်းတစ်ခုခုဖြင့် မစဉ်းစားအောင် သင့်ကို တားမြစ်ခြင်းသာ ဖြစ်သလော။ သေချာပေါက် မဟုတ်ချေ။ စကားတစ်ခွန်း သို့မဟုတ် အတွေးတစ်ခုနှင့်ဆိုင်သည့် ပြဿနာ မဟုတ်သည်မှာ သေချာသည်။ ၎င်းတို့၏ စိတ်သဘောထား ရက်စက်ခြင်းသာ ဖြစ်သည်။ “ရက်စက်သော”ဟူသည့် စကားလုံးအရ ၎င်းက ဤစိတ်သဘောထားကို ထုတ်ဖော်သည့်အခါ လူတစ်ဦး လုပ်ဆောင်မည့်အရာများမှာ အဘယ်နည်း။ ဦးစွာပထမ ၎င်းတို့သည် လူတို့ကို ကြိုးကိုင်ညွှန်ကြားချင်ကြလိမ့်မည်။ ကြိုးကိုင်ညွှန်ကြားခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အသင်းတော်တွင် မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ၎င်းတို့က စွက်ဖက်ချင်ကြလိမ့်မည်၊ ကြားဝင်နှောင့်ယှက်ကာ အစီအစဉ်များ ပြုလုပ်ချင်ကြလိမ့်မည်ဟု ဆိုလိုသည်။ ၎င်းတို့က သင့်အတွက် စည်းမျဉ်းတစ်ခု ချမှတ်လိမ့်မည်ဖြစ်ပြီး ထို့နောက် သင်က ထိုစည်းမျဉ်းကို စောင့်ထိန်းရလိမ့်မည်။ သင် မစောင့်ထိန်းလျှင် ၎င်းတို့ ဒေါသထွက်ကြလိမ့်မည်။ ၎င်းတို့က သင့်ကို ကြိုးကိုင်ညွှန်ကြားချင်ကြသည်။ သင့်ကို အရှေ့အရပ်သို့ သွားရန် ၎င်းတို့ ပြောလျှင် သင် အရှေ့အရပ်သို့ သွားရမည်ဖြစ်ပြီး အနောက်အရပ်သို့ သွားရန် ပြောလျှင် အနောက်အရပ်သို့ သင် သွားရမည်ဖြစ်သည်။ ၎င်းတို့တွင် ဤစိတ်ဆန္ဒရှိကြပြီး ဤသို့ ပြုမူဆောင်ရွက်ကြသည်။ ဤသည်ကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ဤလူတစ်ဦး၏ စိတ်၊ စိတ်ကူးများ၊ နှစ်သက်မှုများနှင့် ဆန္ဒများက ဘုရားသခင် ပြောဆိုသည့်အရာနှင့် ကိုက်ညီသည်ထက် ၎င်းတို့ ပြောဆိုသည့်အရာ၊ အလိုရှိသည့်အရာတို့နှင့် ကိုက်ညီရန်အလို့ငှာ ဤလူများသည် ထိုလူ၏ကံကြမ္မာကို ကြီးကြပ်ချင်ကြသည်၊ ထိုလူ၏ ဘဝ၊ စိတ်၊ အပြုအမူနှင့် နှစ်သက်မှုများကို ကြီးကြပ်ကာ ထိန်းချုပ်ချင်ကြသည်။ ဤအရာကို ကြိုးကိုင်ညွှန်ကြားခြင်းဟု ခေါ်သည်။ ၎င်းတို့သည် မိမိတို့ အလိုဆန္ဒအတိုင်း ဤအရာ၊ သို့မဟုတ် ထိုအရာလုပ်ဆောင်ရန် လူတို့အတွက် အမြဲ စီစဉ်လိုကြသည်။ စည်းမျဉ်းများကို အခြေခံ၍ ပြုမူဆောင်ရွက်ခြင်း မရှိကြဘဲ ၎င်းတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် နှစ်သက်မှုများကို အခြေခံ၍ ပြုမူဆောင်ရွက်ကြသည်။ သင် မည်သို့ခံစားရမည်ကို ၎င်းတို့ ဂရုမစိုက်ကြ၊ သင့်ကို အဓမ္မ အမိန့်ပေးကြပြီး ၎င်းတို့က သင့်ကို လုပ်ရန် စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ၎င်းတို့၏ အလိုဆန္ဒအတိုင်း သင် ပြုမူဆောင်ရွက်ခြင်း မရှိလျှင် သင့်ကို ၎င်းတို့ ကိုင်တွယ်လိမ့်မည်ဖြစ်ကာ သင့်ထံတွင် အမှန်တကယ် ရွေးချယ်စရာမရှိသကဲ့သို့ မည်သည့်အရာမျှ လုပ်ဆောင်၍မရဟု ခံစားစေလိမ့်မည်။ သင့်အနေဖြင့် ညာခိုင်းခံရကာ ထိန်းချုပ်ခံရကြောင်း သင်၏ စိတ်နှလုံးတွင် သင် သိသော်လည်း ထိုအရာအား အတိုက်အခံလုပ်ရန် မဆိုထားနှင့်၊ မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင် မသိသေးချေ။ ၎င်းတို့၏ လုပ်ရပ်များသည် စာတန်၏ အပြုအမူ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စာတန်၏ အပြုအမူဖြစ်သည်။ စာတန်က လူတို့ကို ဤကဲ့သို့ အရူးလုပ်ပြီး ဤကဲ့သို့ လူများကို ထိန်းချုပ်သည်။ ထို့ကြောင့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုသည် အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားရန် အစဉ်သဖြင့် ကြိုးစားစဉ် လူတို့တွင် ယင်းဘာသာ ထင်ရှားလေသည်။ အခြားသူများကို ထိန်းချုပ်ကာ ကြိုးကိုင်ညွှန်ကြားခြင်းနှင့်ဆိုင်သည့် ဤရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လူအားလုံးတွင် ဤစိတ်သဘောထားမျိုး ရှိကြ၏။ ဤစိတ်သဘောထားမှာ အဘယ်နည်း။ (ရက်စက်မှု ဖြစ်သည်။) ဤသည်မှာ ရက်စက်မှုဖြစ်၏။ အဘယ်ကြောင့် ရက်စက်မှုဟု ခေါ်သနည်း။ ဤစိတ်သဘောထား၏ သိသာထင်ရှားသည့် ထုတ်ဖော်ခြင်းများမှာ အဘယ်နည်း။ အကျပ်ကိုင်မှုနှင့်ဆိုင်သည့် ခံစားချက်တစ်ခုကို ဖော်ပြသလော။ (ဖော်ပြပါသည်။) ယင်းမှာ သင် နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ၊ သင် မည်သို့ ခံစားရသည်ဖြစ်စေ၊ ထိုအရာကို သင် နှစ်သက်ခံစားသည်ဖြစ်စေ၊ နားလည်သည်ဖြစ်စေ ၎င်းတို့က မည်သည့် ဆွေးနွေးမှုမျှမရှိဘဲ၊ သင့်ကို စကားပြောခွင့် မပေးသကဲ့သို့ မည်သည့် လွတ်လပ်မှုမျှ မပေးဘဲ ၎င်းတို့ကို နားထောင်ပြီး ၎င်းတို့ ပြောသည့်အရာကို လုပ်ဆောင်ရန် သင့်အား အတင်းအကျပ် တောင်းဆိုလေသည်။ ထိုအရာတွင် ဤအဓိပ္ပာယ် အတိမ်အနက် ရှိသလော။ (ရှိပါသည်။) ဤအရာကို “ကြမ်းကြုတ်ရက်စက်ခြင်း”ဟု ခေါ်သည်၊ ယင်းမှာ ရက်စက်မှု၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်သည်။ ရက်စက်မှု၏ သွင်ပြင်လက္ခဏာ နောက်တစ်ခုမှာ “ဆိုးယုတ်ခြင်း” ဖြစ်သည်။ “ဆိုးယုတ်ခြင်း”က မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင့်ကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့၏ ကြိုးကိုင်ညွှန်ကြားမှုကို အလေးဂရုပြုစေကာ ထိုသို့ဖြင့် မိမိတို့ကိုယ်ကို စိတ်ကျေနပ်စေခြင်း ရလဒ်ကို စွမ်းဆောင်ရရှိရန် နိုင်ထက်စီးနင်း အယူသွတ်သွင်းခြင်းနှင့် ဖိနှိပ်ခြင်း နည်းစနစ်များကို လူတို့ အသုံးပြုခြင်းအား ရည်ညွှန်းပေသည်။ ဤအရာကို “ဆိုးယုတ်မှု”ဟု ခေါ်သည်။ ထိုအရာ၏ လုပ်ဆောင်ချက်များတွင် သင်၏ အသက်တာ ရင့်ကျက်နိုင်ဖို့အတွက် လွတ်လပ်စွာ ဆုံးဖြတ်မှုရှိခြင်း၊ တွေးဆတတ်ရန်နှင့် ပိုင်းခြားသိမြင်တတ်ရန် သင်ယူခြင်းနှင့် သမ္မာတရားကို နားလည်ခြင်းတို့မှ စာတန်က သင့်ကို တားဆီးလိုသည်။ စာတန်က သင့်ကို ထိုအရာများ လုပ်ဆောင်ခွင့် မပေးသကဲ့သို့ သင့်ကို ထိန်းချုပ်ချင်သည်။ စာတန်က သင့်ကို သမ္မာတရား ရှာဖွေကာ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခွင့်မပေးသကဲ့သို့ သင့်ကို ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းမရှိဘဲ ထိုအစား မိမိ၏ရှေ့သို့ ခေါ်ဆောင်ကာ ၎င်းက သမ္မာတရားဖြစ်ကာ ၎င်း ပြောသည့်အရာ မည်သည့်အရာမဆို မှန်ကန်သည့်အလား၊ အရာခပ်သိမ်း၏ ဗဟိုဖြစ်သည့်အလား ၎င်းကို နာခံစေသည်၊ ထိုသိုဖြင့် ၎င်းကို သင် နာခံရမည်ဖြစ်ပြီး ၎င်း၏ စကားများက မှန်ခြင်း၊ သို့မဟုတ် မှားခြင်း ရှိမရှိဟူသည်ကို စိစစ်ရန် မကြိုးစားရပေ။ လူတို့၏ အပြုအမူနှင့် စိတ်များကို နိုင်ထက်စီးနင်းနှင့် ပြင်းပြင်းထန်ထန် ကြိုးကိုင်ညွှန်ကြားကာ ထိန်းချုပ်သည့် စိတ်သဘောထားကို ရက်စက်မှုဟု ခေါ်သည်။ သင်တို့၏ နေ့စဉ် အသက်တာများတွင် ဤသရုပ်သကန်များကို သင်တို့ မမြင်ကြသလော။ (မြင်ကြပါသည်။) သင်တို့သည် ထိုအရာများနှင့် ထိတွေ့လာသည့်အခါ ထိုအရာများက ရက်စက်သော စိတ်သဘောထား၏ ထုတ်ဖော်ခြင်းများ ဖြစ်သည်ကို သင်တို့ သဘောပေါက်ကြသလော။ (ယခင်က သဘောမပေါက်ခဲ့သော်လည်း ယခု ကျွန်ုပ် နားလည်ပါသည်။) အခြားလူတို့က သင်တို့အား ထိုသို့သော အရာများကို လုပ်ဆောင်ကာ ထိုသို့သော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်လျှင် ထိုအရာကို သင်တို့ နားလည်ကာ သိမြင်နိုင်သော်လည်း သင်တို့ကိုယ်တိုင်က ထိုသို့သော အရာများကို လုပ်ဆောင်ကာ ထိုသို့သော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်လျှင် ဤသည်မှာ ပြဿနာတစ်ခု ဖြစ်သည်ကို သင်တို့ သဘောပေါက်ကြလိမ့်မည်လော။ “ဤစိတ်သဘောထားမျိုးက ရက်စက်သည်။ ဤနည်းဖြင့် ပြုမူဆောင်ရွက်ခြင်းသည် အလွန်ပင် လေးနက်လေသည်။ လူတို့ကို အုပ်စိုးရန်၊ လူတို့ကို အတင်းအကျပ် ထိန်းချုပ်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက် အမြဲရှိခြင်းက မှားယွင်းသည်၊ ယင်းသည် စာတန်နှင့် သက်ဆိုင်သည်၊ စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်သည်။ ငါ ဤကဲ့သို့ ပြုမူ၍ မဖြစ်ပါ။ လူတို့ကို သဘောထားပြီး ဆက်ဆံရန် သမ္မာတရားနှင့် ကိုက်ညီသည့် နည်းလမ်းတစ်ခုကို ငါ ရှာရမည်” ဟူ၍ သင် သဘောပေါက်လိမ့်မည်လော။ ဤအသိတရားကို သင်တို့ ရလာလိမ့်မည်လော။ (ရလာမည် မဟုတ်ပါ။) သင်တို့သည် ဤအရာကို သဘောပေါက်နိုင်စွမ်း မရှိသကဲ့သို့ ဤစိတ်သဘောထားကို မကြာခဏ ထုတ်ဖော်လျှင် အကျိုးဆက်များက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်တို့ သိကြသလော။ (ညီအစ်ကို မောင်နှမများက ကျွန်ုပ်ကို အချိန်ပေး၍ ပေါင်းသင်းဆက်ဆံရန် လိုလားနေကြလိမ့်မည် မဟုတ်သကဲ့သို့ ကျွန်ုပ်ကို သူတို့ ငြင်းပယ်ကြပါလိမ့်မည်။) ယင်းမှာ အကျိုးဆက်များထဲမှ တစ်ခုဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် အခြားသူများနှင့် သဟဇာတရှိစွာ မသင့်မြတ်နိုင်သကဲ့သို့ လူတို့က ၎င်းတို့အပေါ် လွန်စွာ မနှစ်မသက်ဖြစ်ကြလိမ့်မည် မဟုတ်ပေ။ ၎င်းတို့က ကပ်ဆိုးတစ်ခုကဲ့သို့ ဖြစ်သည်။ ၎င်းတို့ ရောက်သည်နှင့် လူတိုင်း ထွက်သွားကြရပြီး ဤသည်မှာ အဘယ်ကြောင့်နည်း။ မည်သူကမျှ ၎င်းတို့၏ ထိန်းချုပ်ခြင်းကို မခံလိုပေ။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြပြီး ဘုရားသခင်နောက် လိုက်လိုကြကာ စာတန်နောက်လိုက်ရန် မလိုလားကြပေ။ သို့တိုင် ဤလူစားမျိုးက အခြားသူများကို အမြဲ ထိန်းချုပ်ချင်ကြသောကြောင့် လူတို့က ၎င်းတို့ကို အဘယ်သို့ မငြင်းပယ်ဘဲနေနိုင်မည်နည်း။ ဦးစွာပထမ ညီအစ်ကို မောင်နှမများ၏ ငြင်းပယ်မှုကို ၎င်းတို့ မကြာခဏ ခံရလိမ့်မည်ဖြစ်ပြီး ၎င်းတို့အပေါ် လူတို့အား စက်ဆုပ်ရွံရှာစေလိမ့်မည်။ ၎င်းတို့ နောင်တမရနိုင်လျှင် အခြားသူများနှင့် ၎င်းတို့ ညီညီညွတ်ညွတ် အလုပ်မလုပ်နိုင်ကြသောကြောင့် ထိုသို့သော လူတစ်ဦးသည် မိမိတို့၏တာဝန်ကိုပင် ကောင်းမွန်စွာ သို့မဟုတ် အချိန်ကာလတစ်ခု ကြာမြင့်စွာ ဖြည့်ဆည်းနိုင်မည် မဟုတ်။ ထို့ကြောင့် ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရဖို့သာ ရှိလိမ့်မည်။ ဤအရာအပြင် အခြားသော အကျိုးဆက်များမှာ အဘယ်နည်း။ (အသင်းတော် အသက်တာ နှောင့်ယှက်ခံရလိမ့်မည်။) ဤသည်မှာ နောက်ထပ် အကျိုးဆက်တစ်ခု ဖြစ်သည်။ ထိုလူသည် ညီအစ်ကို မောင်နှမများထဲတွင် သိုးမဲတစ်ကောင် ဖြစ်လာလိမ့်မည်ဖြစ်ပြီး အသင်းတော် အသက်တာကို အဖျက်အမှောင့်လုပ်လိမ့်မည်။ ဤအရာကြောင့် မည်သည့်အရာကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ ဆုံးရှုံးကြလိမ့်မည်နည်း။ (ဘဝတွင် ကြီးထွားနိုင်ကြလိမ့်မည် မဟုတ်ပါ။) ဘဝတွင် ၎င်းတို့ မုချ ကြီးထွားနိုင်ကြလိမ့်မည် မဟုတ်၊ ထို့ကြောင့် အဆုံးစွန် ရလဒ်မှာ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့ မုချ အပြစ်ပေးခံရကာ ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည် ဖြစ်သည်။ မိမိ ညီအစ်ကို မောင်နှမများ၏ အမြဲ ငြင်းပယ်ခြင်းခံရသည့် လူတစ်ဦး၊ ဘဝတွင် လုံးဝ ကြီးထွားတိုးတက်ခြင်း မရှိသကဲ့သို့ လူတို့ကို ထိန်းချုပ်ရန်၊ ၎င်းတို့အား နာခံစေရန်၊ ထိုသူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်၏ နေရာကိုယူရန် အမြဲ အလိုရှိပြီး နောက်ဆုံးတွင် သီးခြားခွဲထားခြင်းခံရသည့် လူတစ်ဦး၊ ပြီးလျှင် နောင်တမရသေးသကဲ့သို့ လုံးဝ မပြောင်းလဲသည့်လူတစ်ဦးဖြစ်သည့် ထိုသို့သော လူတစ်ဦးကို ဘုရားသခင်က မည်သို့ ကိုင်တွယ်လိမ့်မည်နည်း။ ငါ့ကို ပြောလော့၊ ဘုရားသခင်က လူသားများကို ကယ်တင်သလော၊ သို့မဟုတ် လူသားမဟုတ်သူများကို ကယ်တင်သလော။ (လူသားများကို ကယ်တင်ပါသည်။) သို့ဆိုလျှင် ဤကဲ့သို့သော လူတစ်ဦးကို ဘုရားသခင် မည်သို့ သတ်မှတ်သနည်း။ (လူမဟုတ်သောသူတစ်ဦးအဖြစ် သတ်မှတ်ပါသည်။) ဘုရားသခင်က ထိုသို့သော လူတစ်ဦးကို လူမဟုတ်သူတစ်ဦးအဖြစ် သတ်မှတ်ပြီး ၎င်းတို့ကို မကယ်တင်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ အဆုံးသတ်ကို သတ်မှတ်ထားပါသလော။ ထိုသို့သော လူတစ်ဦးသည် မျှော်လင့်ချက်မရှိ၊ အသက်ရှင်ရာတွင် တန်ဖိုးမရှိပေ။ လူမဟုတ်သူအဖြစ် ဘုရားသခင်၏ သတ်မှတ်ခံရခြင်းသည် အလွန် သနားဖွယ်ဖြစ်၏။

အသက်ဝင်ရောက်မှုကို လိုက်စားခြင်းသည် နေ့စဉ်ဘဝ၏ ကိစ္စရပ်အားလုံးတွင် မိမိ၏ စကားများ၊ လုပ်ဆောင်ချက်များ၊ အတွေးများနှင့် စိတ်ကူးများကို ဆန်းစစ်ခြင်း၊ မိမိကိုယ်ပိုင် အခြေအနေကို သဘောပေါက်ခြင်းနှင့် ထို့နောက်တွင် ထိုအခြေအနေကို ဘုရားနှုတ်ကပတ်တော်များနှင့် နှိုင်းယှဉ်ကြည့်ခြင်း၊ သမ္မာတရားကို ရှာဖွေခြင်းနှင့် မိမိနားလည်နိုင်သလောက် ဆောင်ရွက်ခြင်းတို့ လိုအပ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းဖြစ်စဉ်တွင် အကြင်သူသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရန် မိမိကို တားဆီးသည့် မည်သည့် အခြားသော အပျက်သဘောဆောင်သည့် အခြေအနေများနှင့် အမှုအရာများ ၎င်း၏ စိတ်နှလုံးတွင် ကျန်ရှိနေသည်ဆိုသည်ကို မြင်ရန် ကြည့်လျက် မိမိကိုယ်ပိုင် အခြေအနေကို စဉ်ဆက်မပြတ် ဆန်းစစ်ရန်လည်း လိုအပ်ပြီး ယင်းတို့ကို ဖော်ထုတ်ပြီးနောက်တွင် ဤမူမမှန်သည့် အခြေအနေများကို ဖြေရှင်းရန် ဘုရားသခင်ထံ ဆုတောင်းပြီး အသနားခံရန် လိုအပ်သည်။ ဤအရာက ၎င်းတို့အနေဖြင့် မိမိတို့ နားလည်သည့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေလိမ့်မည်။ အပျက်သဘောဆောင်သော အခြေအနေများ၊ အယူအဆများနှင့် စိတ်ကူးများကို စဉ်ဆက်မပြတ် ဖြေရှင်းခြင်းသည် အကြင်သူက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာကို လက်တွေ့လုပ်ဆောင်နေသည်ဖြစ်စေ အချို့သော အခက်အခဲများရှိလိမ့်မည်ဖြစ်ကာ ပတ်ဝန်းကျင်နှင့် ဆက်စပ်အခြေအနေ ပြောင်းလဲသည့်အခါ အသစ်သော အခက်အခဲများ ထွက်ပေါ်လိမ့်မည်။ ထို့အပြင် လူတို့၏ အမျိုးမျိုးသော အယူအဆများ၊ စိတ်ကူးများနှင့် မသန့်စင်သည့် ရည်ရွယ်ချက်များက ၎င်းတို့ကို သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ရန် တားဆီးနိုင်သည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်သူများနှင့် မကြာခဏ ဖွင့်ဟကာ မိတ်သဟာယပြုရမည်ဖြစ်ပြီး အမျိုးမျိုးသော ပတ်ဝန်းကျင်များနှင့် ဆက်စပ် အခြေအနေများအပြင် ကိစ္စမျိုးစုံတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေရန်အလို့ငှာ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းတစ်ခု ရှာရမည်ဖြစ်ကာ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရမည်ဖြစ်သည်။ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းကို ဤသို့ ရှာဖွေကာ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ စွမ်းဆောင်ရရှိနိုင်သည်။ လူတို့သည် မိမိတို့ကိုယ်ကို မကြာခဏ သုံးသပ်ခြင်းမရှိလျှင် မိမိတို့ကိုယ်တိုင်၏ အခြေအနေများကို သဘောပေါက်နိုင်ကြမည်မဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အခက်အခဲများက မည်သည့်နေရာတွင် တည်ရှိသည်ဆိုသည်နှင့် ထိုအတွက် အဟန့်အတားများက မည်မျှကြီးမားသည်ဆိုသည်တို့ကို သိမည်မဟုတ်သောကြောင့် ၎င်းတို့ သမ္မာတရား လက်တွေ့လုပ်ဆောင်နိုင်သည်ကို သေချာစေနိုင်ကြမည် မဟုတ်ပေ။ မိမိတို့ကိုယ်ကို သိရှိပြီး မိမိတို့ကိုယ်ပိုင် အခြေအနေများကို သဘောပေါက်သည့်သူများသာ ဘုရားသခင်အပေါ် မှီခိုကာ သူ့ကို ကိုးစားနိုင်ပြီး သမ္မာတရားကို အလွယ်တကူ လက်တွေ့လုပ်ဆောင်နိုင်ကြသည်။ မိမိတို့ကိုယ်ကို မသိရှိကြသူများသည် မိမိတို့ အယူအဆများနှင့် စိတ်ကူးများအရ စည်းမျဉ်းစည်းကမ်းများကို အမြဲ လိုက်လျှောက်ကြသောကြောင့် ၎င်းတို့ ရင်ဆိုင်ရသည့် အတားအဆီးများမှာ များပြားပြီး ၎င်းတို့၏ အခက်အခဲများက ကြီးမား၏။ အမှန်တွင် လူတို့ ရင်ဆိုင်သည့် အကြီးမားဆုံး အခက်အခဲမှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတွင်ရှိပြီး ထို့နောက်တွင် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများကို နားမလည်ခြင်းတွင် ရှိပေသည်။ ဤပြဿနာနှစ်ခု ပြေလည်သွားသည်နှင့်တစ်ပြိုင်နက် လူတို့အတွက် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသွားသည်။ ဘုရားသခင်ကို ကျိုးနွံနာခံသည့် လူတစ်ဦးဖြစ်လာရန်နှင့် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ရန်အလို့ငှာ အကြင်သူသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းကို ပထမဆုံး ကြိုးစားသင့်ပေသည်။ အကြင်သူသည် နေ့စဉ် ၎င်းကြုံရသည့် မတူကွဲပြားသော ကိစ္စရပ်များတွင် သမ္မာတရား၏ သွင်ပြင်လက္ခဏာအချို့ကို လက်တွေ့လုပ်ဆောင်နိုင်လျှင် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်။ သင်သည် ဤပုံစံဖြင့် စဉ်ဆက်မပြတ် လေ့ကျင့်ကာ မိမိကိုယ်ကို ပြန်သုံးသပ်ပြီး ဘုရားနှုတ်ကပတ်တော်၌ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတစ်ခု ရှာတွေ့လျှင် သင်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော အခြေအနေကို သင် တဖြည်းဖြည်း ဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဝင်ရောက်ခြင်းအတွက် လမ်းကြောင်းတစ်ခု ရှိလိမ့်မည်။ တစ်ချိန်တည်းတွင် သမ္မာတရား၏ သွင်ပြင်လက္ခဏာ အားလုံးကို လက်တွေ့လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကို အခြေခံကျကျ သင် သဘောပေါက်လိမ့်မည်။ လူတစ်ဦးသည် ဤအခြေအနေများနှင့် သမ္မာတရား သွင်ပြင်လက္ခဏာအားလုံးအပေါ် စစ်မှန်သည့် သိနားလည်မှုတစ်ခု ရှိသည့်အခါ ၎င်း၏ စိတ်နှလုံးက ကျေနပ်အားရပြီး ၎င်းက အလွန့်အလွန် တိုးတက်လာလိမ့်မည်။ ၎င်းတို့အနေဖြင့် နုံအပြီး ဉာဏ်ထိုင်းပုံ သို့မဟုတ် နုံချာပြီး သနားဖွယ်ဖြစ်ပုံမပေါ်ကြတော့ချေ။ ယခုခေတ်တွင် လူအများစုသည် အပြင်ပန်း ကိစ္စရပ်များအကြောင်း အနည်းငယ် ပြောဆိုနိုင်ကြသော်လည်း အမှန်နှင့်အမှား ကိစ္စရပ်များနှင့်ပတ်သက်၍ မှန်ကန်သည့် ရှုထောင့်အမြင်ကို ဖော်ပြရန်နှင့် ဤကိစ္စရပ်များအပေါ် ၎င်းတို့၏ သိနားလည်မှုအပြင် ယင်းတို့ကို ကိုင်တွယ်ဖြေရှင်းခြင်းအတွက် ၎င်းတို့၏ နည်းစနစ်များနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းတို့အကြောင်း ပြောဆိုရန် တောင်းဆိုခြင်းခံရသည့်အခါ လူများစုသည် ရှင်းလင်းသည့် သိနားလည်မှု ကင်းမဲ့ကြပြီး စိတ်ထဲတွင် လုံးဝ ဘာမျှမသိမြင်ကြပေ။ လူအချို့က “သင် မှားသည်၊ ကျွန်ုပ်တို့သည် စိတ်ထဲ၍ လုံးဝ မသိမြင်ခြင်း မဟုတ်။ ဘုရားသခင်သည် မိုးအပေါ် အချုပ်အခြာအာဏာရှိကြောင်း၊ နွေဦးရာသီတွင် သစ်ပင်များကို အစို့ထွက်ရန် ဘုရားသခင် စီစဉ်ပေးကြောင်း၊ ငှက်များ အသိုက်ဆောက်သည့်အချိန်နှင့် ပန်းအမျိုးမျိုးသည် အဘယ်ကြောင့် ကွဲပြားခြားနားပြီး အရောင်များစွာဖြင့် ဖြစ်လာသည်ဆိုသည်နှင့် သစ်ပင်များ၏ အရွက်များ အဘယ်ကြောင့် အစိမ်းရောင် ဖြစ်ရသည်ဆိုသည်တို့ကို သတ်မှတ်သည့် နည်းဥပဒေသများကို ဘုရားသခင် စီမံထားကြောင်း ကျွန်ုပ်တို့သိကြသည်။ ဤအရာများသည် ဘုရားသခင်၏ အရာခပ်သိမ်း ဖန်ဆင်းခြင်း၏ နည်းဥပဒေသများဖြစ်ပြီး ဘုရားသခင်က စီမံထားခြင်းဖြစ်သည်။ မနက်တွင် ထလျက်၊ ညတွင် အိပ်ရာဝင်ကာ တစ်နေ့ ထမင်းသုံးနပ်စားလျက် ဘုရားသခင် စီမံထားသည့် နည်းဥပဒေသများအတိုင်း အသက်ရှင်သင့်သည်ကို ကျွန်ုပ်တို့ သိပြီး လူသားများအတွက် မွေးဖွားခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေခြင်းတို့နှင့်ဆိုင်သည့် နည်းဥပဒေသများ ရှိကြောင်းအပြင် ယင်းတို့ကို မည်သူမျှ ချိုးဖောက်၍မရကြောင်းကိုလည်း ကျွန်ုပ်တို့ သိကြပါသည်။ ထို့အပြင် ဘုရားသခင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ စောဒကမတက်ပါ။ ယနေ့ အသက်ရှင်နိုင်ခြင်းအတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပြီး မနက်ဖြန် သေရမည်ဆိုလျှင်လည်း ထိုနည်းတူ ဘုရားသခင်ကို ကျွန်ုပ်တို့ ကျေးဇူးတင်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ချွတ်ခြုံကျ၊ နုံအကာ ဉာဏ်ထိုင်းခြင်း မရှိကြပါ”ဟု ပြောကောင်းပြောနိုင်သည်။ ဤအယူဝါဒများကို နားလည်ခြင်းမျှသည် သမ္မာတရားကို နားလည်ခြင်းနှင့် တူညီသလော။ ထိုအရာသည် သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း ဖြစ်သလော။ (မဟုတ်ပါ။) ဤအရာများကို သိနားလည်ခြင်းသည် ပထမခြေလှမ်းဖြစ်ပြီး ယင်းတို့သည် လူတို့ နားလည်ရန် လိုအပ်သည့် အရာများလည်း ဖြစ်သည်။ သို့သော် အားလုံးတွင် ၎င်းတို့ နားလည်ရန် အလိုအပ်ဆုံးသောအရာမှာ ၎င်းတို့ မည်သို့ အသက်ရှင်သင့်သည်၊ မည်သည့်အရာဖြင့် အသက်ရှင်သင့်သည်ဆိုသည်နှင့် မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဆိုသည်တို့ ဖြစ်သည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို သင် မရှာဖွေနိုင်ပါက အသက်ဝင်ရောက်မှု ရှိလိမ့်မည် မဟုတ်သကဲ့သို့ သမ္မာတရားနှင့် အသက်ကို ရရှိမည်မဟုတ်သည့်အပြင် ဘုရားသခင်၌ ဤယုံကြည်ခြင်းမျိုးသည် အနှစ်မဲ့သည် မဟုတ်လော။ ဤသည်မှာ သင်သည် စိတ်ထဲတွင် လုံးဝ သိမြင်မှုကင်းမဲ့ကြောင်းကို ဆိုလိုပေသည်။ အခြားသူတို့က “ယခင်က ကျွန်ုပ်သည် ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်ပြီး ကျွန်ုပ်အပေါ် ဖြစ်ပျက်သည့် အရာတိုင်းကို ဘုရားသခင် စီစဉ်ညွှန်ကြားခဲ့ကြောင်း မသိခဲ့သလို ဤအရာများကို မည်သို့ ရှုမြင်ရမည်၊ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိခဲ့ပါ။ ဤအရာများ ဖြစ်ပျက်သည့်အခါ ကျွန်ုပ် ဘာလုပ်ရမှန်းမသိဖြစ်ကာ လူသားနည်းစနစ်များကို အသုံးပြုလျက် ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ယခုတွင် နေ့စဉ် ဖြစ်ပျက်သည့်အရာများ မည်မျှ သေးငယ်သည်ဖြစ်စေ အားလုံးကို ဘုရားသခင် စီစဉ်ညွှန်ကြားထားခြင်းဖြစ်ကြောင်းနှင့် အရာရာကို ဘုရားသခင် စီမံထားကြောင်းကို ကျွန်ုပ် နားလည်သွားပြီဖြစ်ပြီး ‘ဘုရားသခင်၊ ကိုယ်တော်၏ အချုပ်အခြာအာဏာအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ ကိုယ်တော်၏ လက်ထဲတွင်လည်းကောင်း၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှု၏ ပြုသမျှကိုခံရန်လည်းကောင်း ကျွန်ုပ်၏ ကံကြမ္မာကို ထားရှိရန် လိုလားပါသည်။ ကျွန်ုပ် မပုန်ကန်ချင်ပါ၊ ကိုယ်တော်၏ စကားများကို ကျွန်ုပ် နားထောင်ချင်သလို ကျွန်ုပ်၏ တာဝန်ကို သေချာပေါက် ကောင်းစွာ ဖြည့်ဆည်းပြီး ထိုတာဝန်အတွက် ကျွန်ုပ် သစ္စာစောင့်သိကာ အစွမ်းကုန် အားထုတ်ပါမည်’ဟု ကျွန်ုပ် ပြောပါမည်။ ဤအရာအားလုံးကို ကျွန်ုပ် နားလည်သောကြောင့် ကျွန်ုပ်သည် အဘယ်သို့ဖြစ်ပြီး နုံချာကာ သနားဖွယ်ဖြစ်နိုင်ဦးမည်နည်း”ဟု ပြောကြသည်။ အမှန်တွင် ၎င်းတို့သည် နုံချာကာ သနားဖွယ်ဖြစ်၏။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် သူတို့၏ စာတန်ဆန်သော စိတ်သဘောထားနှင့် သူတို့၏ သဘာဝ အနှစ်သာရကို သိသောအသိ ကင်းမဲ့သောကြောင့် ဖြစ်သည်။ ဝိညာဉ်ရေးရာ အယူဝါဒများစွာအကြောင်း သူတို့ ပြောဆိုနိုင်ကြသော်လည်း တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါမိမိတို့၏ စာတန်ဆန်သော စိတ်သဘောထားအတိုင်း အသက်ရှင်ကြဆဲဖြစ်ပြီး ဘုရားသခင်ကို နှစ်ချီ ယုံကြည်ပြီးသည့်နောက်တွင် သူတို၏ အသက်စိတ်သဘောထား အနည်းငယ်မျှ မပြောင်းလဲသေးပါ။) ၎င်းတို့ နားလည်သည့်အရာမှာ ၎င်းတို့ ဝတ်ဆင်သည့် အတုအယောင် ဝိညာဉ်ရေးရာ ဝတ်ရုံတစ်ခုသာ ဖြသ်သည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်သူတစ်ဦး ပုံသဏ္ဌာန်နှင့် သန့်ရှင်းသူတစ်ဦး၏ ရည်မွန်မှုတို့ ရှိပုံရကာ နက်နဲပြီး ဝိညာဉ်ရေးရာဆန်သော ဓမ္မပညာဆိုင်ရာ သဘောတရားအချို့ကို ကျွမ်းကျင်နှံ့စပ်ပုံရသော်လည်း ၎င်းတို့ နားလည်သည့်အရာမှာ သမ္မာတရားမဟုတ်ဘဲ ဓမ္မပညာဆိုင်ရာ သဘောတရားတစ်မျိုးသာ ဖြစ်သည်။ ထိုအရာက လူတစ်ဦး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲနိုင်ရန် မဆိုထားနှင့်၊ လူတစ်ဦး၏ ဘဝ ဦးတည်ချက် သို့မဟုတ် အမှုအရာများအပေါ် လူတစ်ဦး၏ အမြင်များ သို့မဟုတ် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စည်းမျဉ်းများကို မပြောင်းလဲနိုင်ပေ။ ဤဓမ္မပညာဆိုင်ရာ သဘောတရားများ၊ ဤဝိညာဉ်ရေးရာ အယူဝါဒများသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းမှတစ်ဆင့် ဘုရားသခင်ကို သိရှိကာ ကျိုးနွံနာခံခြင်းအဆင့်ထိ ရောက်ရှိရန် ၎င်းတို့ကို ထောက်ကူပေးဖို့မဆိုထားနှင့် ဘုရားသခင်နှင့် လူတစ်ဦး၏ ဆက်ဆံရေးကို လုံးဝ ပုံမှန် ဖြစ်အောင်မလုပ်နိုင်ချေ၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုရန် ထောက်ကူပေးနိုင်ခြင်း မရှိချေ၊ သို့မဟုတ် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖယ်ရှားအောင် မလုပ်နိုင်ချေ။ ထို့ကြောင့် ဤဝိညာဉ်ရေးရာ စကားများနှင့် အယူဝါဒများဟုခေါ်သည့် အရာများသည် လူတို့ကို အကျိုးကျေးဇူး အနည်းငယ်မျှ မဖြစ်စေနိုင်ဘဲ ဤဆိုးရွားသော အရာများသည် သမ္မာတရားနှင့် ဘာမျှပတ်သက်ခြင်းမရှိဘဲ လုံးလုံးလျားလျား စွန့်လွှတ်ကာ ပစ်ပယ်သင့်သည့် သူတော်ကောင်းအယောင်ဆောင်ခြင်းသာ ဖြစ်သည့်အတွက် ၎င်းတို့ကို မာနထောင်လွှားကာ စိတ်ကြီးဝင်အောင်သာ လုပ်နိုင်ပြီး ဘုရားသခင်ကို တိုး၍ ပုန်ကန်ခြင်းနှင့် အတိုက်အခံလုပ်ခြင်းတို့ကိုပါ ဖြစ်စေသည်။

ယခုအခါတွင် ဘုရားသခင်ကို ယုံကြည်သူများ လိုက်စားရန် လိုအပ်သည့် အရေးကြီးသော အရာမှာ အဘယ်နည်း။ (စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခု ဖြစ်သည်။) အယူဝါဒများစွာအကြောင်း ပြောဆိုခြင်းသည် လူတစ်ဦး၏ စိတ်သဘောထားကို ပြောင်းလဲစေနိုင်သလော။ (မပြောင်းလဲစေနိုင်ပါ။) စိတ်သဘောထား ပြောင်းလဲခြင်းက အတိအကျ မည်သည့်အရာဖြစ်သနည်း။ စိတ်သဘောထား ပြောင်းလဲခြင်းသည် လူတစ်ဦး၏ အကျင့်စရိုက် ပြောင်းလဲကြောင်းနှင့် ၎င်းတို့ အလွန့်အလွန် အပူအပင်မရှိ၊ ပေါင်းသင်းရလွယ်ကူကာ လူတိုင်း၏ နှစ်သက်သဘောကျခြင်း ခံရကြောင်းကို ဆိုလိုသလော။ စိတ်သဘောထား ပြောင်းလဲခြင်းသည် လူတစ်ဦးက နှုတ်ဆိတ်လာကာ စကားပြောရန် သို့မဟုတ် ရယ်မောရန် ဝန်လေးလာသည်ဟု ဆိုလိုသလော။ စိတ်သဘောထား ပြောင်းလဲခြင်းမှာ လူတစ်ဦးသည် ရာသီဥတုဒဏ် မပြတ်ခံလာရသည်၊ သမ္ဘာရင့်ကာ ရင့်ကျက်လာသည်ဟု ဆိုလိုသလော။ (မဟုတ်ပါ။) သို့ဆိုလျှင် စိတ်သဘောထား ပြောင်းလဲခြင်းက မည်သည့်အရာကို ဆိုလိုသနည်း။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲရန်အလို့ငှာ ပထမဆုံး နားလည်ရမည့်အရာမှာ မည်သည့်အရာနည်း။ ဦးစွာပထမ အကြင်သူသည် စိတ်သဘောထား ပြောင်းလဲခြင်းတစ်ခု စွမ်းဆောင်ရရှိရန်အတွက် အခြေခံအကြောင်းရင်းက မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်။ ဆိုလိုသည်မှာ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်နောက်တွင် လူ၏ သဘာဝ အနှစ်သာရက မည်သည့်အရာ ဖြစ်လာပြီး ဖြစ်သည်ဆိုသည်နှင့် လူ၏ စိတ်သဘောထားက မည်သည့်အရာ ဖြစ်လာပြီး ဖြစ်သည်ဆိုသည်တို့ကို ၎င်းတို့ ပထမဆုံး သတိပြုရမည်ဖြစ်သည်။ ဤအရာက ၎င်းတို့၏ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်သော အမှန်တရားကို သတိပြုမိနိုင်စေလိမ်မ့ည်။ ဥပမာအနေဖြင့် လူအချို့သည် အထူးသဖြင့် လှည့်ဖြားတတ်ပြီး ဤလှည့်ဖြားတတ်ခြင်းက ၎င်းတို့၏ သဘာဝနှင့် ၎င်းတို့၏ စိတ်သဘောထားလည်း ဖြစ်ပေသည်။ လူအချို့သည် အထူးသဖြင့် မာနထောင်လွှားပြီး ဤမာနထောင်လွှားခြင်းက ၎င်းတို့၏ သဘာဝနှင့် ၎င်းတို့၏ စိတ်သဘောထားလည်း ဖြစ်ပေသည်။ ဥပမာတစ်ခု ငါပေးမည်။ တစ်စုံတစ်ရာ သင့်အပေါ် ကျရောက်သည်ဆိုပါစို့၊ သင့်ထံတွင် သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိသည်။ ဤရည်ရွယ်ချက်များ ဖြစ်ပေါ်သည့်အခါ ထိန်းချုပ်ထားသည့်အရာမှာ မည်သည့်အရာနည်း။ ပထမဦးစွာ ထိန်းချုပ်သည်မှာ သေချာပေါက် သင်၏ ပင်ကိုစရိုက် မဟုတ်သကဲ့သို့ သင်၏ မိသားစု နောက်ခံလည်းမဟုတ်၊ အခြားလူတစ်ဦးဦးလည်း သာ၍ပင် မဟုတ်ပေ။ သင်၏ ရည်ရွယ်ချက်များသည် သင့်စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် ရှိ၏။ ထို့ကြောင့် ဦးစွာပထမ ဤသည်မှာ မည်သည့် စိတ်သဘောထား ဖြစ်သည်ကိုလည်းကောင်း၊ ယင်းက မာနထောင်လွှားခြင်း၊ ကောက်ကျစ်ဆိုးယုတ်ခြင်း၊ ရက်စက်ခြင်း သို့မဟုတ် ခေါင်းမာခြင်း ဟုတ်မဟုတ်ဆိုသည်ကိုလည်းကောင်း မိမိဘာသာ သင် ဆန်းစစ်ရမည်။ ထိုအရာကို သင် နားလည်ပြီးသည့်အခါ ဤစိတ်သဘောထားက မည်သည့်အခြေအနေများ ဖြစ်ပေါ်စေမည်ကို သိရှိရန် နောက်ထပ် သင့်ကိုယ်သင် ဆန်းစစ်လော့။ ဥပမာအနေဖြင့် လှည့်ဖြားခြင်း ဖြစ်သည်ဆိုပါစို့။ လူတို့သည် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်သောအခါ ဤအရာမှ မည်သည့်ရည်ရွယ်ချက်များ လာသနည်း။ ပြီးလျှင် မည်သည့်ရည်မှန်းချက်ကို ၎င်းတို့ စွမ်းဆောင်ရရှိရန် ကြိုးစားနေသနည်း။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို ရဖို့အတွက် ဖြစ်သည်မှာ ခြွင်းချက်မရှိပေ။ လိုရင်းမှာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများအတွက် ဖြစ်သည်။ ပြီးလျှင် ကိုယ်ပိုင်အကျိုးစီးပွားများကို လိုက်စားခြင်း၏ အရင်းအမြစ်တွင် မည်သည့်အရာ တည်ရှိသနည်း။ ယင်းမှာ လူတို့က သူတို့ကိုယ်တိုင်၏ အကျိုးအမြတ်များသည် အခြားအရာအားလုံးထက် ပို၍အရေးကြီးသည်ဟု ရှုမြင်ခြင်းပင်ဖြစ်သည်။ သူတို့သည် မိမိတို့ကိုယ်ကို အကျိုးရှိရန်အလို့ငှာ လိမ်လည်လှည့်ဖြားခြင်း၌ ပါဝင်ကြပြီး ဤနည်းဖြင့် သူတို့၏ လိမ်လည်လှည့်ဖြားသော စိတ်သဘောထားက ထုတ်ဖော်ခံကြရသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ရှေးဦးစွာ အကျိုးစီးပွားများသည် မည်သည့်အရာဖြစ်သည်၊ လူတို့အတွက် မည်သည့်အရာများ အတိအကျ ရရှိစေသည်၊ ထိုအရာများကို လိုက်စားခြင်းအတွက် အကျိုးဆက်များက မည်သည့်အရာဖြစ်သည်တို့ကို သင် ပိုင်းခြားသိမြင်ပြီး သိရမည်။ ဤအရာကို သင် အဖြေမရှာနိုင်လျှင် ထိုအရာများကို စွန့်ပစ်ခြင်းသည် ပြောဖို့လွယ်ပြီး လုပ်ဖို့ခက်သည်။ လူတို့သည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့အတွက် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခြင်းထက် ပို၍ ခက်သည့်အရာမရှိပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ဘဝ အတွေးအခေါ်များသည် “ဘယ်သူသေသေ ငတေမာရင်ပြီးရော၊” နှင့် “လူဆိုသည်မှာ ကြံရင်းသေကြသလို ငှက်ဆိုသည်မှာ ပျံရင်းသေကြသည်” ဆိုသည်တို့ ဖြစ်သောကြောင့်တည်း။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက်သာ ရှင်သန်သည်မှာ ရှင်းသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမရှိဘဲ ၎င်းတို့၏ အကျိုးစီးပွားများကို ဆုံးရှုံးခဲ့ရလျှင် ရှင်သန်နိုင်မည်မဟုတ်ဟု ထင်ကြသည်။ ယင်းမှာ ၎င်းတို့ ရှင်သန်ရေးသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားနှင့် ခွဲခြား၍မရသည့်အလား ဖြစ်သည်။ ထို့ကြောင့် လူအများစုသည် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများမှလွဲ၍ မည်သည့်အရာကိုမျှ မမြင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို အရာအားလုံးထက် မြင့်သည်ဟု မြင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အသက်ရှင်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို စွန့်လွှတ်ခိုင်းခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို စွန့်လွှတ်ရန် တောင်းဆိုသကဲ့သို့ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသို့သော အခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူတို့သည် သမ္မာတရားကို လက်ခံရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်သောအခါမှသာ ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများ၏ အနှစ်သာရကို ရိပ်စားမိနိုင်သည်။ ထိုအခါမှသာ ၎င်းတို့သည် ထိုအကျိုးစီးပွားများကို စွန့်လွှတ်ရန်နှင့် ပုန်ကန်ရန် စတင်နိုင်မည်ဖြစ်ပြီး ၎င်းတို့အလွန်ချစ်သည့် အရာကို လက်လွှတ်ခြင်း၏ နာကျင်မှုကို တောင့်ခံနိုင်မည်ဖြစ်သည်။ ဤအရာကို ပြုလုပ်နိုင်ပြီး သင်ကိုယ်တိုင်၏ အကျိုးစီးပွားများကို စွန့်ပစ်နိုင်သည့်အခါတွင် သင်သည် စိတ်နှလုံးထဲတွင် ပို၍ စိတ်သက်သာပြီး ပို၍ ငြိမ်းချမ်းလိမ့်မည်။ ပြီးလျှင် ဤသို့လုပ်ဆောင်ခြင်းတွင် သင်သည် ဇာတိပကတိကို အောင်မြင်ကျော်လွှားပြီး ဖြစ်လိမ့်မည်။ သင်၏ အကျိုးစီးပွားများကို ဖက်တွယ်ပြီး ယင်းတို့ကို စွန့်လွှတ်ဖို့ ငြင်းဆန်လျှင်၊ ပြီးလျှင် သမ္မာတရားကို အနည်းငယ်မျှ လက်မခံလျှင် သင်၏ စိတ်နှလုံးတွင် သင်က “မိမိအတွက် အကျိုးရှိရန် ကြိုးစားခြင်းနှင့် ဆုံးရှုံးမှုကို မခံစားရန် ငြင်းပယ်ခြင်းတို့တွင် မည်သည့်အရာမှားနေသနည်း။ ဘုရားသခင်က ငါ့ကို အပြစ်ဒဏ်မခတ်သေးပေ။ ပြီးလျှင် လူတို့ကရော ငါ့ကို ဘာလုပ်နိုင်မည်နည်း” ဟု ပြောကောင်းပြောနိုင်သည်။ မည်သူကမျှ သင့်အား မည်သည့်အရာမျှ မလုပ်နိုင်ပေ၊ သို့ရာတွင် ဘုရားသခင်အပေါ် ဤယုံကြည်ခြင်းဖြင့် သင်သည် နောက်ဆုံးတွင် သမ္မာတရားနှင့် အသက်ကို ရရှိရန် ပျက်ကွက်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကြီးမားသော ဆုံးရှုံးမှုပင်ဖြစ်သည်။ သင် ကယ်တင်ခြင်းကို ရရှိမည်မဟုတ်ချေ။ ပို၍ ကြီးမားသော နောင်တတစ်ခုတလေ ရှိသလော။ ဤသည်မှာ အဆုံးတွင် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားကို လိုက်စားခြင်းမှ လာသောအရာ ဖြစ်သည်။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုသာ လိုက်စားလျှင် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကိုသာ လိုက်စားလျှင် သမ္မာတရားနှင့် အသက်ကို မည်သည့်အခါမျှ ရရှိလိမ့်မည်မဟုတ်ပေ။ ပြီးလျှင် အဆုံး၌ ဆုံးရှုံးမှုကို ခံစားရသည်မှာ ၎င်းတို့ပင် ဖြစ်လိမ့်မည်။ သမ္မာတရားကို လိုက်စားသူတို့ကို ဘုရားသခင်က ကယ်တင်သည်။ သမ္မာတရားကို သင်လက်မခံလျှင် သင်ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်နိုင်စွမ်းနှင့် သိမြင်နိုင်စွမ်းတို့ မရှိလျှင် သင်သည် အမှန်တကယ် နောင်တရလိမ့်မည်မဟုတ်၊ ပြီးလျှင်အသက်ဝင်ရောက်မှုလည်း ရှိမည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံပြီး မိမိကိုယ်ကို သိခြင်းသည် သင့်အသက်တာရှိ ကြီးထွားတိုးတက်မှုနှင့် ကယ်တင်ခြင်း ရရှိခြင်းဆီသို့ လမ်းကြောင်းဖြစ်သည်။ သူ၏စိစစ်မှု၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီး အသက်နှင့် သမ္မာတရားကို ရရှိရန်အတွက် ဘုရားသခင် ရှေ့မှောက်ကို လာဖို့ သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်ကိုယ်တိုင်၏ အကျိုးစီးပွားတို့ကို လိုက်စားခြင်းအတွက် သမ္မာတရားကို လိုက်စားခြင်းအား စွန့်လွှတ်လျှင် ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံခြင်းနှင့် ကယ်တင်ခြင်းကို ရရှိခြင်း အခွင့်အလမ်းကို စွန့်လွှတ်သည့် သဘောသက်ရောက်သည်။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်းနှင့် သင်၏ ကိုယ်ပိုင်အကျိုးစီးပွားများကို သင်ရွေးချယ်နေခြင်းဖြစ်သည်။ သို့သော် သင် စွန့်လွှတ်နေသည့်အရာမှာ သမ္မာတရားဖြစ်သည်။ ပြီးလျှင် သင်ဆုံးရှုံးနေသည့်အရာမှာ အသက်နှင့် ကယ်တင်ခြင်းခံရရန် အခွင့်အရေးဖြစ်သည်။ မည်သည့်အရာက ပိုအရေးပါသနည်း။ သင်၏ ကိုယ်ပိုင် အကျိုးစီးပွားများကို ရွေးချယ်ပြီး သမ္မာတရားကို စွန့်လွှတ်လျှင် ဤသည်မှာ မမိုက်မဲသလော။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ သေးငယ်သော အကျိုးကျေးဇူးအတွက် ကြီးမားစွာ ဆုံးရှုံးခြင်းကို ခံစားရခြင်းဖြစ်သည်။ ကျော်ကြားမှု၊ အကျိုးအမြတ်၊ အဆင့်အတန်း၊ ငွေကြေးနှင့် အကျိုးစီးပွားများအားလုံးတို့သည် ခဏတာပေါ်ပင်သာ ဖြစ်သည်။ သမ္မာတရားနှင့် အသက်မှာမူ ထာဝရဖြစ်ပြီး ပြောင်းလဲ၍ မရပေ။ လူတို့သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကိုလိုက်စားဖို့ ဖြစ်လာစေသော ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းလျှင် ၎င်းတို့သည် ကယ်တင်ခြင်းရရန် မျှော်လင့်ချက်ရှိသည်။ ထို့အပြင် လူတို့ရရှိသည့် သမ္မာတရားများမှာ ထာဝရဖြစ်သည်။ စာတန်က ဤသမ္မာတရားများကို လူတို့ထံမှ နုတ်မယူနိုင်သကဲ့သို့ အခြားမည်သူကမျှ နုတ်မယူနိုင်ပေ။ သင်သည် သင်၏အကျိုးစီးပွားများကို စွန့်လွှတ်ပြီး သင်ရရှိသည့်အရာသည် သမ္မာတရားနှင့် ကယ်တင်ခြင်းတို့ဖြစ်ပါက ဤရလဒ်များသည် သင်၏ ရလဒ်များဖြစ်ပြီး သင့်ဘာသာသင် ရရှိသည့်အရာဖြစ်သည်။ လူတို့က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရွေးချယ်ပါက သူတို့၏ အကျိုးစီးပွားများကို သူတို့ဆုံးရှုံးသော်လည်း ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ထာဝရအသက်ကို သူတို့ရရှိနေကြသည်။ ထိုသူတို့မှာ အတော်ဆုံးသောသူများ ဖြစ်ကြသည်။ အကယ်၍ လူတို့သည် မိမိတို့၏ အကျိုးစီးပွားများအတွက် သမ္မာတရားကို စွန့်လွှတ်လျှင် ၎င်းတို့သည် အသက်နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းတို့ကို ဆုံးရှုံးရလေသည်။ ထိုသူတို့မှာ အမိုက်မဲဆုံးသောသူများ ဖြစ်သည်။ မိမိတို့၏ အကျိုးစီးပွားများကိုဖြစ်စေ၊ သမ္မာတရားကိုဖြစ်စေ လူတစ်ဦး ရွေးချယ်သည့်အရာသည် အလွန့်အလွန် ထုတ်ဖော်သည်။ သမ္မာတရားကို ချစ်မြတ်နိုးသောသူတို့က သမ္မာတရားကို ရွေးချယ်ကြလိမ့်မည်။ သူတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံရန် ရွေးချယ်ပြီး သူ့နောက်ကို လိုက်ကြလိမ့်မည်ဖြစ်သည်။ သူတို့က သမ္မာတရားကို လိုက်စားရန်အတွက် မိမိတို့ကိုယ်တိုင်၏ အကျိုး်စီးပွားများကို စွန့်ပစ်ကြရန် သာ၍လိုလားသည်။ သူတို့ မည်မျှပင် ဒုက္ခခံရမည်ဖြစ်စေ ဘုရားသခင်ကျေနပ်စေဖို့ သက်သေရပ်တည်ရန် သန္နိဋ္ဌာန်ချထားကြသည်။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၏ အခြေခံ လမ်းကြောင်းပင်ဖြစ်သည်။

ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့အားလုံးထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး မည်သူမျှ အခြားတစ်ဦးတလေထက် ပို၍ ဖောက်ပြန်ပျက်စီးခြင်း မရှိပေ။ အမှုအရာများအပေါ် လူတို့၏ အမြင်များ၊ စိတ်ကူးများနှင့် ပုန်ကန်ခြင်း အတိုင်းအတာတို့သည် များစွာ ကွာခြားခြင်းမရှိသကဲ့သို့ အဓိကအားဖြင့် တူညီပေသည်။ လူအားလုံးသည် စာတန်၏ အာဏာအောက်တွင် အသက်ရှင်ကြပြီး ၎င်းတို့ အားလုံးသည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြ၏။ တန်းတူဖြစ်သည့်အရာမှာ ဘုရားသခင်က လူအသီးသီးကို တူညီသည့် အခွင့်အရေး ပေးထားခြင်းဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းအပေါ် တူညီသည့် သဘောထားရှိကာ ဘုရားသခင်၏ သမ္မာတရားနှင့် အသက်ထောက်ပံ့ပေးခြင်းသည် လူတိုင်းအတွက် တူညီသောကြောင့် လူအသီးသီးအတွက် ဘုရားသခင်၏ စံနှုန်းများနှင့် သတ်မှတ်ချက်များသည်လည်း တူညီပေသည်။ သင်သည် ရွေးနုတ်ကယ်တင်၍မရနိုင်ကြောင်း၊ အခြားသူများထက် ပိုမိုဖောက်ပြန်ပျက်စီးကြောင်းနှင့် အခြားသူများက မြင်ပြီး အလွန်အမင်း မနှစ်မြို့ကြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအချို့ကို သင် ထုတ်ဖော်ပြပြီးဖြစ်သောကြောင့် ဘုရားသခင်က သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ဟု တွေးထင်ပြီး သင်သည် မိမိကိုယ်ကို အဖြစ်မရှိသော သူတစ်ဦးအဖြစ် သဘောထားကာ စိတ်ထက်သန်မှုတစ်ခုမျှ မလှုံ့ဆော်နိုင်သကဲ့သို့ မည်သည့်အရာကိုမျှ လုပ်ဆောင်လိုစိတ်မရှိဘဲ အသက်ရှင်ရာတွင် အဓိပ္ပာယ်မရှိကြောင်းနှင့် သင့်အတွက် သေဆုံးခြင်းက ပိုကောင်းမည်ဟု တွေးထင်လျှင် ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ဤသည်မှာ ရင့်ကျက်ခြင်းနှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု မဟုတ်သကဲ့သို့ ဘုရားသခင် မြင်လိုသည့်အရာလည်း မဟုတ်ပေ။ ဘုရားသခင်သည် ဤလူစားမျိုး သို့မဟုတ် ဤသဘောထားမျိုးကို မနှစ်သက်ပေ။ သမ္မာတရားကို လိုက်စားခြင်း ဖြစ်စဉ်တွင် လူတို့သည် မမှန်ကန်သည့် အခြေအနေများစွာကို ပြောင်းလဲရန် လိုအပ်ပြီး မိမိတို့၏ လိုက်စားမှုအပေါ် အမြင်များကို စဉ်ဆက်မပြတ် အမှန်ပြင်ကာ ဘုရားသခင်ရှေ့မှောက်သို့ စဉ်ဆက်မပြတ်လာသည့်အပြင် ၎င်းတို့ကို စိစစ်ရန် တောင်းလျှောက်ပြီး ၎င်းတို့ကို ဉာဏ်အလင်းပေးပြီး လမ်းပြရန် တောင်းလျှောက်ဖို့ လိုအပ်ပေသည်။ ဘုရားသခင်သည် ၎င်းတို့ကို ကူညီမှုနှင့် ကျေးဇူးတော် ပေးလိမ့်မည်ဖြစ်ပြီး လူတစ်ဦးစီတိုင်းကို များစွာသော သည်းခံခြင်း၊ ကြင်နာခြင်း၊ သနားကရုဏာနှင့် ခွင့်လွှတ်ခြင်းတို့ဖြင့် ဦးဆောင်လမ်းပြလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် လူတို့၏ မှန်ကန်သည့် သဘောထားများနှင့် သမ္မာတရား လိုက်စားရန်သော်လည်းကောင်း၊ တရားမျှတမှုနှင့် အလင်းကို တမ်းတရန်သော်လည်းကောင်း လိုအင်ဆန္ဒကို သံသယမရှိသင့်သကဲ့သို့ ဘုရားသခင်၏ အနှစ်သာရမှာ လူသားမျိုးနွယ်ကို ကယ်တင်ခြင်းနှင့် လူသားမျိုးနွယ်အပေါ် သနားကရုဏာထားခြင်း၊ ခွင့်လွှတ်ခြင်းတို့နှင့် သက်ဆိုင်ကြောင်းကိုလည်း သံသယမရှိသင့်ပေ။ ဤစကားများကို သင် သတိရရမည်။ လူတို့အား ဤစကားများကို ပြောဆိုရခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ မည်သည့်အချိန်တွင်မဆို သမ္မာတရား လိုက်စားခြင်းကို ၎င်းတို့ လက်မလျှော့သင့်ကြောင်း၊ မိမိတို့ကိုယ်ကို အဖြစ်မရှိသော သူများအဖြစ် သဘောမထားသင့်ကြောင်း သို့မဟုတ် အပျက်သဘောမဆောင်သင့်ကြောင်းကို ဆိုလိုပေသည်။ အပျက်သဘောဆောင်ခြင်းထဲသို့ သင် ကျရောက်သွားသည့်အခါ သင့်ကိုယ်သင် စဉ်းစားရမည်။ ဘုရားသခင်က အဘယ်ကြောင့် သမ္မာတရားများစွာကို ဖော်ပြလေပြီနည်း။ ထိုအရာမှာ သမ္မာတရားကို သိနားလည်ခြင်းနှင့် မိမိတို့ကိုယ်ပိုင် တကယ့် ပြဿနာများကို ဖြေရှင်းခြင်းတွင် ပို၍ပင် များပြားသောလူတို့ကို ထောက်ပံ့ရန်ဖြစ်သည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များမှ များစွာ တိုက်ရိုက် ရရှိရုံမက သင်၏ ညီအစ်ကို မောင်နှမများနှင့်အတူ သမ္မာတရားကို မိတ်သဟာယပြုချိန်တွင်လည်း များစွာ သင် ရရှိပေသည်။ ယင်းမှာ ထိုအချိန်တွင် ဘုရားသခင်က သင့်ကို ထောက်ပံ့ပေးခြင်းနှင့် အတူတူပင်ဖြစ်သည် မဟုတ်လော။ ထိုသို့သင်တွေးထင်ပြီး ဤအရာကို သင် နားလည်နိုင်လျှင် အဘယ်ကြောင့် လက်လျှော့ချင်သနည်း။ သင်၏ စိတ်နှလုံးတွင် အဘယ်ကြောင့် စောဒကတက်ခြင်းများ ဖြစ်ပေါ်သနည်း။ သင့်ကို ကယ်တင်ရာတွင် ဘုရားသခင်၏ ရိုးသားစစ်မှန်မှုကို သင် အဘယ်ကြောင့် သံသယရှိသနည်း။ လူတို့အနေဖြင့် မိုက်မဲနိုင်သည်၊ ဝိညာဉ်ရင့်ကျက်မှုတွင် သေးငယ်ပြီး အားနည်းနိုင်သည်၊ သို့သော် ကယ်တင်ခြင်းနှင့်ပတ်သက်လာသည့်အခါ ယုံကြည်ခြင်းဆုံးရှုံး၍ မရပေ။ တစ်နေ့ သင်တို့ကို ငါ စကားပြောပြီး တစ်ဖန် ဆက်ဆံသည့်အခါ သင်တို့အနေဖြင့် နုံချာကာ သနားဖွယ် သို့မဟုတ် ထုံအကာ ဉာဏ်ထိုင်းသည့်ပုံမပေါ်ဘဲ တစ်စုံတစ်ရာကို သင်တို့ ရယူကာ ရရှိပြီးဖြစ်ကြောင်းကို ငါ မြင်လိမ့်မည်ဖြစ်သည်။ သင်တို့ များစွာ ကြားပြီးဖြစ်သည်၊ များစွာ မြင်ပြီးဖြစ်သည်၊ များစွာ နားလည်ပြီးဖြစ်သည်၊ သို့သော် သမ္မာတရားကို သင်တို့ ရရှိပြီးခြင်း ရှိမရှိဆိုသည်နှင့် သင်တို့အနေဖြင့် စုံလင်အောင်ပြုသည်ကို ခံရနိုင်ခြင်းရှိမရှိဆိုသည်မှာ သင်တို့၏ လိုက်စားမှုအပေါ် မူတည်ပေသည်။ ထိုအရာကို တစ်စုံတစ်ဦးက လိုက်စားလျှင် ရရှိနိုင်သော်လည်း ထိုအရာကို ၎င်းတို့ နားမထောင်သကဲ့သို့ လိုက်စားခြင်းမရှိလျှင် မည်သည့်အခါတွင်မျှ ရရှိလိမ့်မည်မဟုတ်သည်မှာ အမှန်ဖြစ်သည်။ သမ္မာတရားကို သင်တို့ အမှန်တကယ် လိုက်စားပြီး ပေတရုကဲ့သို့ ဘုရားသခင်အတွက် ချစ်ခြင်းမေတ္တာနှင့် စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို လိုက်စားသရွေ့ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို သင်တို့ ရရှိလိမ့်မည်။ ဤသည်မှာ သေချာပေသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်

အောက်ခြေမှတ်စု(များ)-

က။ မူရင်းစာသားတွင် “မတူညီသည့် အမျိုးအစားနှစ်ခုရှိသည်။ ‘ခေါင်းမာခြင်း’နှင့် ‘ခက်ထန်ခြင်း’” ဆိုသည့် စကားစု မပါဝင်ပါ။

ခ။ မူရင်းစာသားတွင် “ယင်းမှာ ရက်စက်မှု၏ သွင်ပြင်လက္ခဏာတစ်ခုဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။

ဂ။ မူရင်းစာသားတွင် “ရက်စက်မှု၏ အခြား သွင်ပြင်လက္ခဏာတစ်ခုမှာ ‘ဆိုးယုတ်မှု’ဖြစ်သည်” ဆိုသည့် စကားစု မပါဝင်ပါ။

အရှေ့သို့- အပြုအမူကောင်းဟူသည်မှာ မိမိ၏စိတ်သဘောထား ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ

နောက်တစ်ခုသို့- သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။