ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းခြင်း လမ်းကြောင်း

သင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သမ္မာတရားကို မည်သို့ရှာဖွေပြီး ကျိုးနွံနာခံရမည်ဆိုသည်ကို သင်ယူရမည်။ သင့်ကို မည်သူက အကြံဉာဏ်ပေးနေသည် ဖြစ်စေ ယင်းမှာ သမ္မာတရား၏ စည်းမျဉ်းများနှင့် ကိုက်ညီနေလျှင် ယင်းက ကလေးတစ်ဦးထံမှ ဖြစ်လင့်ကစား သင်သည် ယင်းကိုလက်ခံပြီး ယင်းကို ကျိုးနွံနာခံရပေမည်။ လူတစ်ဦးသည် မည်သည့်ပြဿနာ ရှိနေပါစေ သူတို့၏စကားများနှင့် အကြံဉာဏ်က သမ္မာတရားနှင့် လုံးဝကိုက်ညီနေလျှင် ယင်းတို့ကို သင်လက်ခံသင့်ပြီး ယင်းတို့ကို ကျိုးနွံနာခံသင့်သည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်း၏ ရလဒ်များမှာ ကောင်းမွန်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ အလိုတော်နှင့်အညီ ဖြစ်လိမ့်မည်။ အဓိကအချက်မှာ သင်၏ ရည်ရွယ်ချက်များနှင့် အမှုအရာများကို သင်ကိုင်တွယ်သည့် စည်းမျဉ်းနှင့် နည်းစနစ်များကို ကြည့်ဖို့ဖြစ်သည်။ အမှုအရာများကို ကိုင်တွယ်ခြင်းအတွက် သင်၏ စည်းမျဉ်းနှင့် နည်းစနစ်များက လူသား၏အလိုဆန္ဒ၊ လူ့အကြံအစည်များနှင့် အယူအဆများ၊ သို့မဟုတ် စာတန်ဆန်သော အတွေးအခေါ်များအပေါ် အခြေခံပါက ထိုစည်းမျဉ်းများနှင့် နည်းစနစ်များသည် လက်တွေ့မကျသည့်အပြင် ယင်းတို့က မထိရောက်ဖို့ သေချာပေသည်။ ဤသည်မှာ သင်၏ စည်းမျဉ်းများနှင့် နည်းစနစ်များ၏ အရင်းအမြစ်က မမှန်ကန်ဘဲ၊ သမ္မာတရား၏ စည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် ဖြစ်သည်။ သင်၏ အမြင်များသည် သမ္မာတရား၏ စည်းမျဉ်းများအပေါ် အခြေခံပြီး အမှုအရာများကို သမ္မာတရား၏ စည်းမျဉ်းများအတိုင်း သင်ကိုင်တွယ်ပါက သင်သည် ထိုအရာတို့ကို မှန်ကန်သောနည်းလမ်းဖြင့် ကိုင်တွယ်မည်မှာ သံသယဖြစ်စရာမလိုပေ။ လတ်တလောတွင် အမှုအရာများအား သင်ကိုင်တွယ်သည့်နည်းလမ်းကို လူအချို့က လက်မခံလျှင်ပင်၊ သို့မဟုတ် ယင်းနှင့်ပတ်သက်၍ သူတို့၌ အယူအဆများရှိနေလျှင်၊ သို့မဟုတ် ယင်းကို သူတို့အတိုက်အခံလုပ်လျှင် အချိန်အတန်ကြာပြီးနောက် ယင်းသည် အသိအမှတ်ပြုခြင်း ခံရလိမ့်မည်။ သမ္မာတရား၏ စည်းမျဉ်းများနှင့်အညီဖြစ်သော အရာများမှာ အပေါင်းလက္ခဏာဆောင်သော ရလဒ်များကို ပို၍သာ ဖြစ်ထွန်းစေသော်လည်း သမ္မာတရား၏ စည်းမျဉ်းများနှင့် အညီမဟုတ်သော အရာများသည် ထိုအချိန်တွင် လူတို့၏ အယူအဆများနှင့် ကိုက်ညီစေကာမူ အနှုတ်လက္ခဏာဆောင်သော အကျိုးဆက်များဆီသို့ တိုး၍သာ ဦးတည်စေသည်။ လူတို့အားလုံးက ဤအရာ၏ အတည်ပြုချက်ကို ရရှိကြလိမ့်မည်။ သင်လုပ်ဆောင်သည့် အရာရာတိုင်းတွင် လူ၏ ကန့်သတ်ချုပ်ချယ်မှုများ၏ လက်အောက်ခံမဖြစ်ရသည့်အပြင် သင်၏ ကိုယ်ပိုင်စိတ်ပိုင်းဖြတ်စခြင်းများကို မပြုရပေ။ သင်သည် ဘုရားသခင်ထံ ဦးစွာဆုတောင်းပြီး သမ္မာတရားကို ရှာဖွေပြီးလျှင် ထိုကိစ္စနှင့်ပတ်သက်၍ လူတိုင်းနှင့် စူးစမ်းစစ်ဆေးပြီး မိတ်သဟာယပြုသင့်သည်။ မိတ်သဟာယပြုခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ သင့်အနေဖြင့် အမှုအရာများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ အတိအကျ လုပ်ဆောင်နိုင်ပြီး ဘုရားသခင်၏ အလိုတော်နှင့်တပြေးညီ ပြုမူနိုင်ရန် ဖြစ်သည် ဤသည်မှာ ယင်းကိုဖော်ပြရန် အတန်ငယ် ကြီးကျယ်ခမ်းနားသော နည်းလမ်းဖြစ်ပြီး လူတွေက ဤအရာကို ပြည့်မီကြမည်မဟုတ်ပေ။ ယင်းကို ပိုမိုခိုင်မာသော ဝေါဟာရများဖြင့် ပြောရလျှင် သင်သည် သမ္မာတရား၏ စည်းမျဥ်းများနှင့် အတိအကျ ကိုက်ညီအောင် အရာရာကို လုပ်ဆောင်နိုင်ရန်အတွက် ဖြစ်သည်။ ဤသည်မှာ ပို၍ပင် မြင်သာထင်သာရှိသည်။ လူတစ်ဦးသည် ဤစံနှုန်းနှင့် ကိုက်ညီသောအခါ သူတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေပြီး ဘုရားသခင်၏ အလိုတော်ကို လိုက်နာနေကြခြင်းဖြစ်သည်။ သူတို့၌ သမ္မာတရား၏ စစ်မှန်မှုရှိပြီး မည်သူ့ထံကမျှ ကန့်ကွက်ချက် ရှိမည်မဟုတ်ချေ။

အရေးကိစ္စတစ်ခုကို ရင်ဆိုင်ရသောအခါ ငြင်းခုံနေမည့်အစား သင်၏ အယူအဆများ၊ စိတ်ကူးများနှင့် စီရင်ချက်များကို ဦးစွာ ဘေးဖယ်ထားသင့်သည်—ဤသည်မှာ လူတစ်ယောက်၌ ရှိသင့်သည့် ဆင်ခြင်တုံတရားပင်။ ငါ၌ နားမလည်သည့်အရာ တစ်ခုခုရှိပြီး ငါကျွမ်းကျင်သည့် နယ်ပယ်မဟုတ်လျှင် ထိုဘာသာရပ်နှင့် ရင်းနှီးသူကို ငါမေးမြန်းမည်။ သူတို့အား မေးမြန်းပြီးလျှင် ထိုကိစ္စနှင့် ပတ်သတ်၍ အခြေခံသဘောတရား ရရှိမည်။ သို့သော်လည်း ထိုကိစ္စကို ငါကိုယ်တိုင် မည်သို့ကိုင်တွယ်ရမည်ကို ရှာဖွေရမည်၊ အခြားသူများပြောသည်ကို လုံးလုံးလျားလျား နားထောင်၍ မဖြစ်သကဲ့သို့ ငါ၏ကိုယ်ပိုင် စိတ်ကူးများကို အခြေခံ၍လည်း ထိုကိစ္စကို အပြည့်အဝ မချဉ်းကပ်သင့်ပေ။ အသင်းတော်၏အလုပ်ကို အကျိုးပြုပြီး သမ္မာတရား၏ စည်းမျဥ်းများနှင့် ကိုက်ညီသည့်နည်းဖြင့် မည်သို့ပြုမူရမည်ကို ငါရှာဖွေရမည်ဖြစ်သည်။ ဤသည်မှာ အရာရာကို ဆင်ခြင်တုံတရားဖြင့် ကိုင်တွယ်ဖြေရှင်းနည်း မဟုတ်သလော။ ယင်းက သာမာန်လူတစ်ယောက် ပိုင်ဆိုင်သင့်သည့် အသိဉာဏ် မဟုတ်သလော။ ဤနည်းဖြင့် အကြံဥာဏ်ရှာဖွေခြင်းနှင့် တောင်းခံခြင်းသည် မှန်ကန်ပေ၏။ သင်သည် နယ်ပယ်တစ်ခုခု၌ နှံ့စပ်ပြီး ယင်းနှင့်ပတ်သက်၍ သင့်ကို ငါ တိုင်ပင်ဆွေးနွေးသော်လည်း နောက်ပိုင်းတွင် သင်သည် ငါ့အား သင်ပြောထားသည့်အတိုင်း လိုက်နာပြီး သင်၏လုပ်ဆောင်ချက် အစီအစဉ်ကို အကောင်အထည်ဖော်ရန် တောင်းဆိုသည်။ ― ယင်းက မည်သည့်စိတ်ထားမျိုး ဖြစ်သနည်း။ ယင်းသည် မာနထောင်လွှားသော စိတ်သဘောထားပင်။ ယခုတွင် သင်ပြုမူရန် ကျိုးကြောင်းဆီလျော်သော နည်းလမ်းမှာ ဘာဖြစ်မည်နည်း။ သင်ပြောသင့်သည်မှာ– “ကျွန်ုပ် ဤနယ်ပယ်တွင် အသိပညာ အနည်းငယ်ရှိသော်လည်း သမ္မာတရားနှင့် မဆိုင်ပါ။ သင်သည် ဤအရာကို ထည့်သွင်းစဉ်းစားဖို့ အကြံပြုချက်တစ်ခုအဖြစ်သာ ခံယူနိုင်သော်လည်း မည်သို့လုပ်ဆောင်ရမည်ကို အတိအကျသိရန် ဘုရားသခင်၏အလိုတော်ကို ပို၍ရှာဖွေရမည်ဖြစ်သည်" ဟူ၍ပင်။ ငါ သင့်ထံမှ အကြံဥာဏ်ရှာဖွေပြီး ဤကိစ္စကို နားလည်သည်ဟု သင်တကယ်ထင်ပြီး သင့်ကိုယ်သင် သာမန်ထက်ထူးခြားသည်ဟု သတ်မှတ်သည်ဆိုလျှင် ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား တစ်ခုဖြစ်သည်။ မာနထောင်လွှားသော သဘောသဘာဝသည် သင့်အထဲ၌ ဤသို့သော တုံ့ပြန်မှုနှင့် သရုပ်သကန်မျိုးကို ဖြစ်ပေါ်စေနိုင်သည်—တစ်စုံတစ်ဦးသည် သင့်ထံမှ အကြံဉာဏ်ရှာဖွေသောအခါ သင်သည် သင်၏ ဆင်ခြင်တုံတရားကို ချက်ချင်းဆုံးရှုံးသွားရသည်။ သင်သည် သာမန်လူတစ်ယောက်၏ အသိဉာဏ်ကို ဆုံးရှုံးပြီး မှန်ကန်သော ဆုံးဖြတ်ချက်ချနိုင်စွမ်း မရှိပါပေ။ တစ်စုံတစ်ဦးထံမှ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်လာသောအခါ ၎င်းတို့၏ အသိဉာဏ်သည် ပုံမှန်မဟုတ်ပေ။ ထို့ကြောင့် သင့်အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ သင့်အကြံဥာဏ်ကို အခြားသူများက တောင်းခံလျှင်ပင် သင်သည် လူပါးဝ၍မဖြစ်ဘဲ၊ သင်၌ သာမန်အသိဉာဏ်ကို ပိုင်ဆိုင်ထားရမည်။ ပြုမူရမည့် သာမာန်နည်းလမ်းမှာ အဘယ်နည်း။ ဤအချက်တွင် သင်စဉ်းစားသင့်သည်မှာ– “ဤကိစ္စကို ကျွန်ုပ် နားလည်သော်လည်း လူပါးဝ၍မဖြစ်။ သာမာန်လူ့သဘာဝ၏ အသိဉာဏ်ဖြင့် ကျွန်ုပ်ချဉ်းကပ်ရမည်” ဟူ၍ဖြစ်သည်။ ဘုရားသခင်ရှေ့မှောက်သို့ ပြန်လာခြင်းဖြင့် သာမန်လူ့သဘာဝ၏ အသိဉာဏ်ကို သင်ပိုင်ဆိုင်လိမ့်မည်။ တစ်ခါတစ်ရံတွင် သင်သည် မိမိကိုယ်ကိုကျေနပ်မှုရှိသော ခံစားချက်တစ်ခုခုကို ထုတ်ဖော်ပြသမည် ဖြစ်သော်လည်း သင်၏နှလုံးသားထဲတွင် ချုပ်တည်းမှုရှိလိမ့်မည်—သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပေါ်လွင်မှုများသည် တစ်ဝက်တစ်ပျက် ဖြတ်တောက်ခံရမည်ဖြစ်ပြီး အခြားသူများအပေါ်တွင် အပျက်သဘောဖြင့် လွှမ်းမိုးမှု များစွာလျော့နည်းသွားမည်။ သို့သော်လည်း သင်သည် သင်၏ မာနထောင်လွှားသော စိတ်သဘောထားအတိုင်း ပြုမူလျက် သင်မှန်ကန်သည်ဟု အမြဲယုံကြည်ပြီး အကျိုးဆက်အနေဖြင့် အခြားသူများကို သင့်အား အတင်းအကြပ် နားထောင်စေပါက ယင်းသည် ကြီးမားသော အသိဉာဏ်ကင်းမဲ့မှုကို ပြသနေသည်။ လူတို့အား သင်ညွှန်ပြသည့် လမ်းကြောင်းမှာ မှန်ကန်နေလျှင် အရာရာ အဆင်ပြေနိုင်ပေမည်၊ သို့သော် ယင်းကမှားနေလျှင် သူတို့ကို နစ်နာစေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုအတွက် သင့်ထံမှ အကြံဉာဏ်တောင်းခံပြီး သင်သည် ၎င်းတို့အား လမ်းမှားပေါ်သို့ ပို့ဆောင်ပါက သင်သည် လူတစ်ဦးတည်းကို ထိခိုက်နစ်နာစေမည် ဖြစ်သည်။ သို့သော် အသင်းတော်၏အလုပ်နှင့်ပတ်သက်သည့် အရေးပါသော ကိစ္စရပ်တစ်ခုအကြောင်း သင့်အား ၎င်းတို့ မေးမြန်းပြီး ၎င်းတို့အား မှားယွင်းစွာ ဦးတည်ပေးပါက သင်သည် အသင်းတော်၏အလုပ်ကို ထိခိုက်စေပြီးဖြစ်မည်သာမက ဘုရားအိမ်တော်၏ အကျိုးမှာ ဆုံးရှုံးမှုများ ခံစားရမည်ဖြစ်သည်။ အကယ်၍ ပြဿနာသည် ပြင်းထန်သောသဘောရှိပြီး ဘုရားသခင်၏ စိတ်နေသဘောထားကို စော်ကားရာရောက်ပါက အကျိုးဆက်များကို မှန်းဆ၍ရနိုင်မည် မဟုတ်ပေ။

အခြေအနေများ မည်သို့ပင်ရှိစေကာမူ တစ်စုံတစ်ဦး၌ ဖောက်ပြန်ပျက်စီးသော အကြံအစည်များနှင့် စိတ်ကူးများ စတင်ပေါ်ပေါက်လာကာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယင်းသည် အသေးအဖွဲကိစ္စ မဟုတ်ပေ။ ထိုသူတို့သည် မိမိတို့၏ယိုယွင်းမှုကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာလျှင် သန့်စင်ဖို့နည်းလမ်း မရှိပေ။ သို့သော် သူတို့သည် သမ္မာတရားကို နှိုင်းနှိုင်းချိန်ချိန် ရှာဖွေကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသုံးပြုလျက် မိမိတို့၏ အဖတ်ဆယ်မရခြင်း မူလဇစ်မြစ်ကို ပိုင်းခြားသိမြင်နိုင်လျှင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားပြဿနာကို ဖြေရှင်းရန် လွယ်ကူလိမ့်မည်။ သင်သည် စောင့်ဆိုင်းရန်နှင့် ရှာဖွေရန်အတွက် စိတ်နှလုံးဖြင့် လှည့်ပြန်လာလေလေ၊ ပြဿနာ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ဖို့အတွက် ဘုရားသခင်၏ ဆီလျော်သော နှုတ်ကပတ်တော်များကို ရှာဖွေရန် သင့်အတွက် လွယ်ကူလေလေဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ အဖတ်ဆယ်မရသော ဖောက်ပြန်ပျက်စီးမှုများက ပို၍ပို၍ လျော့နည်းလာမည်၊ သင်သည် ဘုရားသခင်အား ကျိုးနွံနာခံနိုင်လိမ့်မည်၊ သင်သည် အယူအဆများနှင့် စိတ်ကူးစိတ်သန်းများကို အခြေခံ၍ ပြောဆိုခြင်း သို့မဟုတ် ပြုမူခြင်း မရှိတော့ဘဲ သင်၏လူ့သဘာဝက ပို၍ပို၍ သာမန်ဖြစ်လာမည်ဖြစ်သည်။ သာမာန်လူ့သဘာဝဟူသည်မှာ အဘယ်နည်း။ ယင်းမှာ သာမန်လူ့သဘာဝ၏ စံနှုန်းများ၊ အသိတရားနှင့် ဆင်ခြင်တုံတရား၊ သမ္မာတရား၏ အခြေခံမူများနှင့် ဘုရားသခင် သတ်မှတ်သော စံနှုန်းများနှင့်အညီ ပြောဆိုခြင်းနှင့် ပြုမူခြင်းပင် ဖြစ်သည်―ယယင်းက သာမန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခုပင်။ ထို့ကြောင့် သင်၌ မည်သည့်အရာပေါ်ပေါက်ပါစေ၊ သင်သည် ဦးစွာ စိတ်အေးအေးထားပြီး ဘုရားသခင်ရှေ့မှောက်တွင် သင့်ကိုယ်သင် ငြိမ်သက်စေကာ ထိုကိစ္စတွင် သူ၏ အလိုတော်နှင့်အညီ မည်သို့ပြုမူရမည်ကို ရှာဖွေလျက် သူ့ထံ ဆုတောင်းသင့်သည်။ သာမန်လူ့သဘာဝရှိသူများသည် ဤဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည်—မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်ပြီး ဤအရာကို ရယူနိုင်သည်၊ ယင်းမှာ သင် ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိမရှိ အပေါ်၌သာ မူတည်သည်။ သင်သည် အမြဲတမ်း ကြွားဝါရန်၊ သင့်ကိုယ်သင် ဂုဏ်ယူဝံ့ကြွားရန်၊ မြင့်မားစွာ ရပ်တည်ရန်နှင့် အခြားသူများ၏ စိတ်နှလုံးတွင် အသည်းကြော်အဖြစ် သင့်ကိုယ်သင် အခြေကျရန် အမြဲကြိုးစားနေပါက သင်သည် ဘုရားသခင်ထံမှ လမ်းလွဲနေပြီ ဖြစ်သည်။ သင်သည် ကိုယ်တော်၏ရှေ့သို့ မပြန်နိုင်တော့ဘဲ၊ သင်၏စိတ်နှလုံးတွင် သင်သည် သူ့ကို ဆန့်ကျင်နေပြီဖြစ်သည်။ သင်သည် သင့်ကိုယ်ပိုင်စိတ်ကူးများကို အခြေခံ၍ အရာရာကို အမြဲလုပ်ချင်သည်၊ တစ်ခုခုကို ပြီးမြောက်အောက်မြင်ပြီးလျှင် သင်သည် ကြီးမားသောအောင်မြင်မှု တစ်ခုခုကို ပြီးမြောက်ထားသည့်နှယ် ခံစားရပြီး ကြီးကျယ်ခမ်းနားသော လုပ်ငန်းကြီးတစ်ခု၌ ပါဝင်လုပ်ကိုင်နေသကဲ့သို့လည်းကောင်း၊ သင်သည် သာမန်လူတစ်ယောက်မဟုတ်၊ စွမ်းဆောင်နိုင်သည်ဟု လည်းကောင်း ခံစားရကာ မဟာလူသားနှင့် ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရန် ကြိုးစားနေသည်။ ဤကဲ့သို့ ပြုမူနေခြင်းက ဒုက္ခဖြစ်ပြီး မှန်ကန်သောလမ်းကြောင်းကို လျှောက်နေခြင်းမဟုတ်ပေ။ သမ္မာတရားကို မလိုက်စားသော သူတို့သည် ဤကဲ့သို့ဖြစ်ကြ၏။ သူတို့သည် သာမန်လူ့သဘာဝ စိုးစဥ်းမျှပင် ကင်းမဲ့ပြီး နတ်ဆိုးသဘာ၀နှင့် ပြည့်နှက်နေသည်။ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများက သမ္မာတရားကို လက်ခံနိုင်သည်၊ သူတို့သည် ယင်းအတွက် ကြိုးစားလိုစိတ်ရှိပြီး သာမန်လူသားပုံသဏ္ဍာန်အတိုင်း နေထိုင်ခြင်းကို နှစ်သက်ကြသည်။ ဤအရာက သမ္မာတရားကို အားထုတ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမကြာခဏ ဖတ်ရှုခြင်း၊ ၎င်းတို့ကို နှလုံးသားထဲသို့ နစ်ဝင်သွားစေရန်နှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်းတို့ လိုအပ်သည်။ သင့်စိတ်နှလုံးသည် အဆက်မပြတ်ငြိမ်းအေးသည့် အခြေအနေတွင် ရှိရမည်ဖြစ်ပြီး သင်၌ အမှုအရာများ ပေါ်ပေါက်လာသောအခါ သင်သည် မဆင်မခြင်ပြုခြင်း၊ မလိုမုန်းထားခြင်း၊ ခေါင်းမာခြင်း၊ အစွန်းရောက်ခြင်း၊ ဟန်ဆောင်ခြင်း သို့မဟုတ် တုပခြင်းတို့ မရှိရပေ၊ သို့မှသာ သင်သည် အသိဉာဏ်နှင့်ယှဥ်၍ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ၏ သင့်တော်သော သရုပ်သကန်ဖြစ်သည်။

ယနေ့ခေတ်တွင် လူအများစုသည် ဆင်ခြင်တုံတရား မရှိနိုင်ကြပေ။ အခြားသူများက သူတို့ကို ချီးမွမ်းစကား အအနည်းငယ်ပြောသည့်အခါ အားတက်ကြပြီး သူတို့သည် သာမာန်လူများမဟုတ်ဟု စတင်ယုံကြည်လာကြသည်။ မည်ကဲ့သို့သော စိတ်သဘောထားမျိုးကို သူတို့ ထုတ်ဖော်နေကြသနည်း။ ယင်းက မာနထောင်လွှားသော စိတ်သဘောထားမဟုတ်သလော။ သင့်ကို တစ်စုံတစ်ဦးက ကိုင်တွယ်ဖြေရှင်းပြီး အနည်းငယ် ပြုပြင်ပြီးနောက် သင်သည် စိတ်မသက်မသာ ခံစားရပြီး၊ ၎င်းတို့နှင့် ငြင်းခုန်ပြီး သူတို့ပြောခဲ့သည့်အရာကို ချေပလိုစိတ်ရှိပါက သင်သည် မည်သို့သော စိတ်သဘောထားကို ထုတ်ဖော်နေသနည်း။ ဤသည်မှာလည်း မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ခြင်းဖြစ်၏။ ဆိုကြပါစို့၊ သင်လုပ်သမျှအရာတိုင်း တစ်ခဏတာ အဆင်ပြေချောမွေ့သွားပြီး သင့်ကို လူတို့ချီးကျူးကာ သင်က ကောင်းစွာစွမ်းဆောင်ခဲ့ပြီဟု ဆိုလျက် အထင်ကြီးလေးစားသည့် အကြည့်များဖြင့် ကြည့်ကြသောအခါ သင်ဘာမဆို လုပ်နိုင်သည်ဟုလည်းကောင်း၊ အခြားသူများထက် သာလွန်သည်ဟုလည်းကောင်း သင်စတင်ယုံကြည်လာသည်။ သင်သည် ကျေနပ်သွားရပြီး လမ်းလျှောက်သည့်အခါ ဝေါစင်တစ်ခုအပေါ် သင့်ကို ထမ်းထားနေသကဲ့သို့ ခံစားရသည်။ သို့ဖြစ်လင့်ကစား သင်လုပ်သည့်အရာများတွင် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသည့်အခါ သင့်စိတ်ထားက မကြည်မသာဖြစ်ပြီး အခြားသူများနှင့် စကားပြောသည့်အခါ မည်သည့် စိတ်အားထက်သန်မှုကိုမျှ မစေ့ဆော်နိုင်တော့ပေ။ ဤကဲ့သို့သော လူများသည် လွန်စွာ ဇွတ်တရွတ်နိုင်ပြီး မရင့်ကျက်သည့်အပြင် သာမန်လူ့သဘာဝ ကင်းမဲ့ကြသည်။ သာမာန်လူ့သဘာဝရှိသော လူတို့က မည်သည့်သရုပ်သကန်များကို ပြသကြသနည်း။ ဆုတ်ဆိုင်းမှုများကို သူတို့ကြုံရသည့်အခါ သို့မဟုတ် ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည့်အခါ အဆိုးမြင်စိတ် ဖြစ်မလာဘဲ သူတို့၏ တာဝန်များကို အထိခိုက်မခံကြပေ။ သူတို့သည် တာဝန်များထမ်းဆောင်ရာတွင် ကြီးစွာသောဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိလျှင်ပင် သို့မဟုတ် သိသာထင်ရှားသော ရလဒ်များကို ရရှိကြလျှင်ပင် မိမိတို့ကိုယ်ကို ချီးမွှမ်းထိုက်သူများဟု မယူဆကြ သို့မဟုတ် ဆုလာဘ်တစ်ခုခုကို မမျှော်လင့်ကြသကဲ့သို့ အခြားသူများ၏ လေးစားမှုကိုလည်း မတောင်းဆိုကြပေ။ ၎င်းတို့သည် ထိုကဲ့သို့သောခံစားမှုများကို လက်သင့်မခံကြပေ။ ၎င်းတို့သည် ဤကိစ္စများကို မှန်မှန်ကန်ကန ကိုင်တွယ်နိုင်ပြီး သာမန်လူတစ်ဦး၏ အသိဉာဏ်ကို ပိုင်ဆိုင်ထားကြသည်။ ဤသည်ကို သာမန်လူ့သဘာဝရှိခြင်းဟု ဆိုလိုသည်။ လူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတိုင်း အသက်ရှင်သောအခါ တစ်ခါတစ်ရံ မာနထောင်လွှားလာပြီး ဘဝင်မြင့်လာကာ ၎င်းတို့၏မာနထဲ၌ နစ်မျောသွားသည့်အပြင် ကျရှုံးမှုများနှင့် ဆုတ်ဆိုင်းမှုများကို ကြုံတွေ့ရသောအခါ စိတ်ပျက်အားငယ်ရပြီး ၎င်းတို့၏ အသိဉာဏ်က မူမမှန်တော့ပေ။ သမ္မာတရားကို နားလည်သဘောပေါက်ပြီး ဖောက်ပြန်သော စိတ်သဘောထားကို ပယ်ရှားကာ ဘဝတွင် ကြီးထွားမှသာလျှင် လူ့သဘာဝမှာ ရင့်ကျက်လာနိုင်မည်ဖြစ်သည်။ သမ္မာတရားကို နားလည်သဘောပေါက်ပြီး မူဝါဒများနှင့်အညီ အရေးကိစ္စများကို လုပ်ဆောင်ခြင်းသည် မိမိတို့၏လူ့သဘာဝ ရင့်ကျက်လာစေရန်အတွက် လူတို့ဖြည့်ဆည်းရမည့် မရှိမဖြစ် အခြေအနေများဖြစ်သည်။ လူတစ်ဦးသည် သမ္မာတရားကို နားမလည်သည့်အပြင် အရေးကိစ္စများကို မူဝါဒများဖြင့် မဆောင်ရွက်ပါက ခုတစ်မျိုး တော်ကြာတစ်မျိုးနှင့် အစွန်းနှစ်ဖက်ကြား ကူးပြောင်းနေတတ်သည်။ တစ်စုံတစ်ယောက်က သူတို့ကို ချီးမွမ်းသောအခါ မာနထောင်လွှားလာမည်၊ သို့သော် တစ်စုံတစ်ယောက်က သူတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်လျှင် အဆိုးမြင်လာမည်။ ဤသည်မှာ မရင့်ကျက်သော လူ့သဘာဝ၏ သရုပ်သကန်တစ်ခုဖြစ်သည်။ ဤသည်မှာ သင်တို့ရှိနေသော အခြေအနေမဟုတ်လော။ သင်တို့သည် တည်ငြိမ်မှု စိုးစဥ်းမျှမရှိ၊ ပုံမှန်အခြေအနေကို မည်သည့်အခါမျှ ထိန်းမထားနိုင်ဘဲ ခုတစ်မျိုး တော်ကြာတစ်မျိုး အမြဲတမ်းဖြစ်နေသည်။ သင်သည် စိတ်အခြေအနေ ကောင်းမွန်ပြီး ပျော်ရွှင်နေသောအခါ စိတ်အားထက်သန်မှု အပြည့်ရှိပြီး ဘုရားသခင်အတွက် သင်၏အသက်ကိုပင် ပေးလိုသောဆန္ဒရှိလိမ့်မည်။ သို့သော် ဆုတ်ဆိုင်းမှုများ၊ ကျရှုံးမှုများ၊ သို့မဟုတ် ပြုပြင်ခံရခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ရင်ဆိုင်ရသောအခါ သင်သည် ချက်ချင်းပင် အပျက်သဘောဖြစ်လာသည်။ သင်သည် လုံး၀ ပြီးသွားပြီ၊ ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်မရှိဟု ခံစားရပြီး ကိုယ့်ကိုကိုယ် စိတ်ပျက်အားငယ်မိကာ သင်၏ အသိတရား၊ အသိဉာဏ်နှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းသည် သင့်အတွက် လုံးဝအသုံးမဝင်ပေ။ ဤသည်မှာ လူတို့သည် သမ္မာတရားကို မပိုင်ဆိုင်သောအခါ ဖြစ်တတ်သည့်အရာ ဖြစ်ပြီး—၎င်းတို့၏ စာတန်စိတ်သဘောထားများနှင့် အညီသာ အပြစ်တရား၌ သဘာဝအလျောက် အသက်ရှင်တတ်ကြသည်။ လူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်ဗဟုသုတနှင့် အသိပညာကို မှီခိုအားထားခြင်းဖြင့် မိမိကိုယ်ကို မကယ်တင်နိုင်ပေ။ လူတို့သည် သမ္မာတရားမရှိသောအခါ၌ အသက်ကို မပိုင်ဆိုင်ကြပေ။―သူတို့၌ ဝိညာဉ်မရှိသကဲ့သို့ပင်။ ထို့ကြောင့် သမ္မာတရားကိုရရှိခြင်းက အလွန်တရာ အရေးကြီးသည်။ ယခု သင်တို့သည် စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်ရန်၊ ဆုတ်ဆိုင်းမှုများနှင့် ကျရှုံးမှုများကို တွေ့ကြုံခံစားရန် သို့မဟုတ် အခက်အခဲနှင့် ကြုံတွေ့ရန် ဖြစ်သောအခါတွင် သင်တို့သည် အဘယ်သင်ခန်းစာများကို သင်ယူသင့်သနည်း။ ဘုရားသခင်၏ အလိုတော်ကား အဘယ်နည်း။ ကိုယ်တော်သည် သင့်အား အဘယ်အရာကို နားလည်စေလိုသနည်း။ ကိုယ်တော်သည် သင့်အား သမ္မာတရားကို နားလည်ပြီး အသက်ကို ရရှိစေလိုသည်၊ ထိုသို့ဖြင့် သင်၏ပြဿနာအားလုံးကို အခြေခံကျကျ ဖြေရှင်းပေးလိုသည်။ ယခုအချိန်တွင် သင်တို့၏ သမ္မာတရားနားလည်ခြင်းသည် တိမ်လွန်းပြီး ဝိညာဥ်ရင့်ကျက်မှုက သေးငယ်လွန်းသည်။ ရလဒ်အနေဖြင့် သင်သည် သာမန်မဟုတ်သော အခြေအနေတွင် တစ်သမတ်တည်း ရှိနေပြီး သင်၏ စိတ်သဘောထားက မတည်မငြိမ်ဖြစ်နေသည်။ သင်သည် အခြေအနေ ကောင်းသောအခါ ရှေ့သို့ဆက်ပြီး ရှေ့တစ်လှမ်း တိုးနိုင်သော်လည်း အခြေအနေ မကောင်းသောအခါ နောက်နှစ်လှမ်းပြန်ဆုတ်ပြီး ရက်အတော်ကြာ အပျက်သဘော ဆောင်လာတော့သည်။ ဤသည်မှာ သင်၌ ဖြစ်ပေါ်နေသော အခြေအနေဖြစ်သဖြင့် တိုးတက်မှုနှေးကွေးနေခြင်း ဖြစ်သည်။ မကြာခဏ အားနည်းခြင်းနှင့် အပျက်သဘောဆောင်ခြင်းသည် အသက်ဝင်ရောက်မှုအတွက် အကြီးမားဆုံး အတားအဆီးဖြစ်ပြီး၊ လူတစ်ဦးသည် ၎င်းတို့၏ဘဝတွင် တိုးတက်အောင်မြင်စေရန်အတွက် ဤပြဿနာကို ဖြေရှင်းရမည်ဖြစ်သည်။ တချို့လူတို့သည် သူတို့၏ တာဝန်များ၌ ရလဒ်အနည်းငယ်ရပြီးနောက် သူတို့ကိုယ်သူတို့ ကျေနပ်လာပြီး ချီးမွမ်းခံရပြီးနောက် အခြားသူတွေကို ကြည့်ပြီး မာနာထောင်လွှားလာကြသည်။ ဤလူများသည် ဆင်ခြင်တုံတရား အကင်းမဲ့ဆုံးဖြစ်ပြီး ၎င်းတို့သည် သမ္မာတရား၏ စစ်မှန်မှု စိုးစဥ်းကိုမျှ မပိုင်ဆိုင်ကြပေ။ အချို့သောသူများသည် အလုပ်အနည်းငယ်ပြီးသည်နှင့် အဆင့်အတန်း၏ အဆောင်အယောင်များကို စတင်၍ ခံစားလာကြသည်။ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ သူတို့သည် အမြဲတမ်း ချီးကျူးခံချင်ကြပြီး အခြားသူများ၏ ချီးမွမ်းခြင်းကိုမရလျှင် သူတို့၏တာဝန်များကို ထမ်းဆောင်ဖို့ ခွန်အားမရှိကြတော့ပေ။ ၎င်းတို့သည် ဤအရာများကြောင့် အမြဲတစေ ချည်နှောင်ခံရပြီး အခြားသူများထက် ထင်ရှားပြီး ချီးမွမ်းခံရမှသာ ကျေနပ်မှုခံစားကြသည်။ တစ်ခုခုကို ကောင်းစွာမလုပ်ပါက သို့မဟုတ် ကျရှုံးခြင်းနှင့် လဲကျခြင်းတို့ကို တွေ့ကြုံရပါက ၎င်းတို့သည် ဖောက်ပြန်ပျက်စီးလွန်းပြီး ရွေးနှုတ်၍ မရတော့သကဲ့သို့ ခံစားရသည်။ သူတို့သည် ဤတစ်ဖက်စွန်းများကြားတွင် အမြဲနေထိုင်ကြသည်။ သင်တို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်နေပါစေ သို့မဟုတ် သင်၌ မည်သည့်အရာ ဖြစ်ပေါ်သည်ဖြစ်စေ သင်အမြဲတမ်း သင်ခန်းစာယူနိုင်သည်၊ လက်တွေ့လုပ်ဆောင်ခြင်း၏ သဘောတရားများကို ရှာဖွေရန် သမ္မာတရားကို ရှာဖွေနိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်သည်၊ သို့ဆိုလျှင် သင်တို့သည် ကြီးထွားရင့်သန်ပြီး အခြားသူများ၏ လမ်းညွှန်မှုနှင့် ဦးဆောင်မှုကို ခံယူစရာမလိုအပ်တော့ပေ။ အကယ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်းနှင့် သင့်အတွက် ဘုရားသခင်စီစဉ်ပေးထားသည့် အချို့သောအရာများနှင့် ပတ်၀န်းကျင်များကို တွေ့ကြုံခံစားခြင်းအားဖြင့် သင်သည် ဘုရားသခင်၏လက်တော်က သင့်အား ဦးဆောင်နေသည့်နေရာ၊ သင့်အား သင်ယူစေလိုသည့်အရာ၊ ပိုင်းခြားသိမြင်မှုကို ရရှိစေလိုသည့် နယ်ပယ်များနှင့် ဤအရာများနှင့် ပတ်ဝန်းကျင်များအားဖြင့် သင့်ကို ရယူစေလိုသော အတွေ့အကြုံဗဟုသုတကို သိမြင်နိုင်မည်ဖြစ်ပြီး ဤအတွေ့အကြုံတစ်ခုစီမှ တစ်စုံတစ်ခုကို ရရှိနိုင်သည်ဆိုလျှင် သင်ကြီးထွားရင့်သန်လာပြီဖြစ်သည်။ အကယ်၍ သင်သည် ရှေ့သို့တက်လှမ်းရန် အခြားသူများထံမှ ပံ့ပိုးကူညီမှုနှင့် အကူအညီ အမြဲလိုအပ်နေပါက၊ သင်သည် မဝံ့မရဲဖြစ်နေပြီး ရပ်တန့်သွားပါက သို့မဟုတ် တစ်ဖက်စွန်းများကြားတွင် ယိမ်းယိုင်နေကာ သင်သည် လဲကျသွားနိုင်ဖွယ်ရှိပြီး သင့်အား တိုက်တွန်းမည့်သူ၊ လမ်းညွှန်မည့်သူ သို့မဟုတ် ပံ့ပိုးကူညီမည့်သူမရှိဘဲ မည်သည့်အခါတွင်မျှ ပြန်မထနိုင်တော့ပါက ဤအရာများအားလုံးသည် မရင့်ကျက်သေးသော ဝိညာဥ်အသက်တာရှိခြင်း၏ သရုပ်သကန်များဖြစ်သည်။ မရင့်ကျက်သေးသော ဝိညာဥ်အသက်တာ ရှိသူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဘာသာ စားသောက်နိုင်ခြင်း မရှိသည့်အပြင် တရားဒေသနာများ သို့မဟုတ် မိတ်သဟာယများကို နားထောင်ခြင်းဖြင့် သမ္မာတရားကို နားမလည်နိုင်ကြပေ။ ၎င်းတို့သည် စည်းမျဥ်းများ လိုက်နာခြင်းကိုသာ အာရုံစိုက်ပြီး စည်းမျဥ်းများကို လိုက်နာနိုင်သရွေ့ ကောင်းစွာလုပ်ဆောင်နေသည်ဟု ယုံကြည်ကြသည်။ ထိုသူတို့သည် အရာရာတိုင်းတွင် သူတို့ကို ဦးဆောင်ရန်၊ လမ်းပြရန်သာမက သူတို့ကို သင်ပြရန်နှင့် သူတို့က နောက်လိုက်ရန်အတွက် လက်ဖြင့်ခေါ်ဆောင်ရန် တစ်စုံတစ်ယောက်ကို အမြဲလိုအပ်နေပြီး၊ အခြားသူများ၏ အကူအညီနှင့် ပံ့ပိုးမှုမရှိလျှင် သူတို့သည် မဝံ့မရဲဖြစ်ကာ အဆိုးမြင်တတ်ပြီး အားနည်းလာကြသည်။ ၎င်းတို့သည် လုံးဝ တန်ဖိုးမရှိဘဲ အနှေးနှင့်အမြန် သေရလိမ့်မည်။ ၎င်းတို့သည် အမှိုက်များဖြစ်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိနိုင်စွမ်း မရှိကြပေ။ အချို့က “ကျွန်ုပ်၏ ဝိညာဥ်ရင့်သန်မှုပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှိသလော” ဟု မေးကြသည်။ ယင်းကို ဖြေရှင်းဖို့ နည်းလမ်းရှိပေသည်။ သင်၌ မည်သည့်အရာဖြစ်ပါစေ၊ လေးနက်သည့်ကိစ္စဖြစ်ဖြစ်၊ အသေးအဖွဲကိစ္စဖြစ်ဖြစ်၊ သို့မဟုတ် သင်ထမ်းဆောင်နေသော တာဝန်တစ်ခုဖြစ်ပါက အရာတစ်ခုကို မှတ်သားထားရမည်- ဇာတိခံစားချက်များ၊ သင့်အယူအဆများနှင့် စိတ်ကူးများ၊ သို့မဟုတ် သင်၏ ကမူးရှူးထိုးစိတ်ကို အမှီမပြုနှင့်၊ ထို့အစား သမ္မာတရားကို မဆိုင်းမတွ ရှာဖွေပြီး ဘုရားသခင်က လူသားအပေါ်ထားသည့် တောင်းဆိုချက်များကို တွေ့မြင်လော့။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းဖြင့်သာ ရှေ့ဆက်ရမည့်လမ်းကြောင်းကို သင်တွေ့လိမ့်မည်။

လူတစ်ယောက်၏ ခံစားချက်များကို အခြေခံပြီး လုပ်ဆောင်ခြင်းသည် မည်သို့ထင်ရှားသနည်း။ အဖြစ်များဆုံး ထင်ရှားချက်မှာ လူတို့သည် ၎င်းတို့အပေါ် ကြင်နာဖူးသူ သို့မဟုတ် ၎င်းတို့နှင့်ရင်းနှီးသူ မည်သူ့ကိုမဆို အမြဲတစေ ကာကွယ်ပေးပြီး ရပ်တည်ပေးသည့် အခါမျိုးတွင်ဖြစ်သည်။ ဥပမာအားဖြင့်၊ သင်၏သူငယ်ချင်းသည် မကောင်းမှုတစ်ခုခု လုပ်မိခြင်းကြောင့် ဖော်ထုတ်ခံရပြီး သင်က ဤသို့ပြောခြင်းဖြင့် ၎င်းတို့အား- "ထိုသို့သော အရာတစ်ခုကို သူလုပ်မည်မဟုတ်ပါ၊ သူသည် လူကောင်းတစ်ယောက်ပင်။ အကွက်ခံထားရခြင်း ဖြစ်ရမည်” ဟူ၍ ကာကွယ်ပြောဆိုသည် ဆိုပါစို့။ ဤပြောဆိုချက်သည် တရားမျှတသလော။ (မမျှတပါ။) ဤသည်မှာ ခံစားချက်ကို အခြေခံပြီး ပြုမူပြောဆိုခြင်း ဖြစ်သည်။ အခြားဥပမာတစ်ခုပေးရလျှင်၊ သင်သည် တစ်စုံတစ်ဦးနှင့် အနည်းငယ် သဘောထားကွဲလွဲပြီး သင်က ၎င်းတို့ကို မုန်းလာပြီး ၎င်းတို့က မှန်ကန်ပြီး အခြေခံစည်းမျဉ်းများနှင့် ကိုက်ညီသော တစ်စုံတစ်ရာကို ပြောဆိုသောအခါ သင်သည် နားမ​ထောင်​ချင်​ပါက ဤသည်မှာ မည်သည့်အရာ၏ သရုပ်သကန်နည်း။ (အမှန်တရားကို လက်မခံခြင်းဖြစ်သည်။) အဘယ်ကြောင့် အမှန်တရားကို သင်လက်မခံနိုင်ရသနည်း။ သင့်စိတ်ထဲတွင် သူတို့ပြောသည်မှာ မှန်ကြောင်းသိနေသော်လည်း ထိုသူတို့နှင့်ပတ်သက်၍ သင်၌ ဘက်လိုက်မှုရှိသောကြောင့် သူတို့ပြောသည့်အရာ မှန်သည်ဟု သင်သိလင့်ကစား နားမထောင်ချင်ပေ။ ဤသည်မှာ မည်သည့်ပြဿနာနည်း။ (မိမိခံစားချက်များ၏ လွှမ်းမိုးခံရခြင်း ဖြစ်သည်။) ဤသည်မှာ ခံစားချက်များဖြင့် ဖုံးလွှမ်းနေခြင်းပင်။ တစ်ချို့လူတို့သည် မိမိတို့၏ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများအားဖြင့် အလွယ်တကူ တိမ်းညွတ်ကြသည်။ သူတို့သည် တစ်ယောက်ယောက်နှင့် အဆင်မပြေလျှင် ထိုလူသည် အဘယ်မျှကောင်းစွာ သို့မဟုတ် မှန်ကန်စွာ ပြောဆိုနေပါစေ နားမထောင်တတ်ကြချေ။ တစ်စုံတစ်ဦးနှင့် ကောင်းကောင်းအဆင်ပြေပါက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ သူတို့ပြောသမျှကို နားထောင်လိုစိတ်ရှိကြသည်။ ဤအရာသည် မိမိ၏ကိုယ်ပိုင် ဦးစားပေးမှုများနှင့် စိတ်ခံစားမှုများကြောင့် အလွယ်တကူ ယိမ်းယိုင်နေခြင်းမဟုတ်လော။ လူတစ်ဦးသည် ထိုသို့သော စိတ်သဘောထားမျိုးဖြင့် နှိုင်းနှိုင်းချိန်ချိန် စကားပြောဆိုပြီး ပြုမူနိုင်သလော။ သမ္မာတရားကို လက်ခံပြီး ယင်းကို ကျိုးနွံနာခံနိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့သည် ခံစားချက်များဖြင့် ချုပ်နှောင်ထားပြီး ၎င်းတို့၏ စိတ်ခံစားမှုကြောင့် အလွယ်တကူ တိမ်းညွတ်သွားသောကြောင့် ယင်းသည် ၎င်းတို့၏ လုပ်ရပ်များတွင် သမ္မာတရား၏ အခြေခံမူများကို လိုက်နာခြင်းအပေါ် သက်ရောက်မှုရှိသည်။ ယင်းက သမ္မာတရားကို လက်ခံခြင်းနှင့် နာခံခြင်းတို့ အပေါ်၌လည်း အကျိုးသက်ရောက်သည်။ သို့ဆိုလျှင် သူတို့၏ လက်တွေ့လုပ်ဆောင်နိုင်စွမ်းနှင့် သမ္မာတရားနာခံနိုင်စွမ်းကို အဘယ်အရာက ထိခိုက်စေသနည်း။ သူတို့သည် အဘယ်အရာ၏ ချုပ်ချယ်ခံရသနည်း။ သူတို့၏ခံစားချက်နှင့် စိတ်ခံစားမှုပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့အား ချုပ်ချယ်ပြီး ချည်နှောင်ထားခြင်းဖြစ်သည်။ သင်သည် သမ္မာတရားအစား ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးများနှင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပါက ခံစားချက်များသည် သမ္မာတရားကို လက်ခံခြင်းမှ သင့်အား အဟန့်အတား ဖြစ်စေပါသည်။ ထို့ကြောင့် သင်သည် ခံစားချက်အပေါ် အခြေခံ၍ ပြုမူပြောဆိုခြင်း မပြုရပေ။ တစ်စုံတစ်ဦးနှင့် သင်၏ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏စကားများသည် နူးညံ့သည်ဖြစ်စေ တင်းမာသည်ဖြစ်စေ ၎င်းတို့ပြောသည့်အရာက သမ္မာတရားနှင့် ကိုက်ညီနေသရွေ့ သင်သည် ယင်းကို နားထောင်ပြီး လက်ခံသင့်သည်။ ဤသည်မှာ သမ္မာတရားအားလက်ခံခြင်း သဘောထားပင်ဖြစ်၏။ အကယ်၍ သင်က “သူ၏မိတ်သဟာယသည် သမ္မာတရားနှင့် ကိုက်ညီပြီး သူက အတွေ့အကြုံလည်း ရှိသည်၊ သို့သော် သူသည် မထီတရီနှင့် မာနထောင်လွှားလွန်းသဖြင့် ကြည့်ရှုရသည်မှာ စိတ်မသက်မသာဖြစ်သည်။ ထို့ကြောင့် သူမှန်နေလျှင်ပင် ငါလက်ခံမည်မဟုတ်” ဟု ဆိုပါက ဤသည်မှာ မည်သို့သော စိတ်သဘောထားမျိုးနည်း။ အတိအကျပြောရလျှင် ခံစားချက်တစ်ခုပင်ဖြစ်သည်။ သင်သည် သင့်ကိုယ်ပိုင် နှစ်သက်မှုများနှင့် စိတ်ခံစားမှုများအပေါ် အခြေခံ၍ လူတို့နှင့် အရာရာကို ကိုင်တွယ်ဖြေရှင်းသောအခါ ဤအရာသည် ခံစားချက်တစ်ခုဖြစ်ပြီး ဤအရာအားလုံးသည် ခံစားချက်အမျိုးအစားထဲတွင် ပါဝင်နေသည်။ ခံစားချက်များနှင့် ပတ်သက်သောအရာများသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သက်ဆိုင်သည်။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ခံစားချက်များ ရှိကြပြီး ၎င်းတို့အားလုံးသည် မိမိတို့၏ ခံစားချက်များအားဖြင့် အတိုင်းအတာအမျိုးမျိုးအထိ ချုပ်ကိုင်ခံကြရသည်။ လူတစ်ယောက်က သမ္မာတရားကို လက်မခံနိုင်လျှင် ခံစားချက်ပြဿနာကို ဖြေရှင်းဖို့ ခက်လိမ့်မည်။ လူအချို့သည် အတုအယောင်ခေါင်းဆောင်များကို ကာရံပြီး၊ အန္တိခရစ်များကို ကာကွယ်လျက် မကောင်းမှုပြုသူများဘက်က ရပ်တည်ကာ ခုခံကာကွယ်ကြသည်။ ဤကိစ္စများအားလုံးတွင် ပါဝင်နေသော ခံစားချက်များရှိလေသည်။ တချို့ကိစ္စများတွင် ထိုလူများက သူတို့ရဲ့ ဆိုးယုတ်သောသဘာဝကြောင့် ထိုကဲ့သို့ ပြုမူနေကြသည်မှာ အမှန်ပင်။ ဤပြဿနာများအပေါ် သင်သည် ရှင်းလင်းစွာနားလည်မှု ရရှိနိုင်ရန်အလို့ငှာ မကြာခဏ မိတ်သဟာယပြုပေးဖို့ လိုအပ်သည်။ လူအချို့က “ကျွန်ုပ်၏မိသားစုနှင့် သူငယ်ချင်းများအပေါ် ခံစားချက်အနည်းငယ်ရှိသော်လည်း အခြားမည်သူ့အပေါ်မှာမှ မရှိပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤပြောဆိုချက်သည် မမှန်ကန်ပေ။ အခြားသူများက သင့်အား သေးငယ်သော ကျေးဇူးကို ပြသလျှင်ပင် သင်သည် ၎င်းတို့အပေါ် ခံစားချက်များ ရှိလာလိမ့်မည်။ နီးစပ်မှုနှင့် အတိမ်အနက်မှာ အတိုင်းအဆအမျိုးမျိုး ရှိမည်ဖြစ်သော်လည်း ယင်းတို့သည် မည်သို့ဆိုစေကာမူ ခံစားချက်များပင် ဖြစ်သည်။ လူတို့သည် မိမိတို့၏ခံစားချက်များကို မဖြေရှင်းပါက သူတို့အနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင်အား ကျိုးနွံနာခံဖို့ ခက်ခဲပေလိမ့်မည်။

ယခု အယူအဆများနှင့် စိတ်ကူးများအကြောင်း ပြောကြစို့။ အချို့သော အယူအဆများနှင့် စိတ်ကူးများသည် လူတစ်ဦး၏ မိသားစုမှ ကြီးပြင်းလာပုံ၊ အချို့မှာ လူမှုဝန်းကျင်အခြေအနေမှ လာပြီး အခြားသူတို့မှာ မိမိ၏ ကျောင်းပညာရေးမှ လာသည်။ မိမိ၏ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအရ လူတို့ကို ဆက်ဆံခြင်းနှင့် အရေးကိစ္စများကို လုပ်ဆောင်ခြင်း၏ ထင်ရှားချက်များကား အဘယ်နည်း။ ဥပမာတစ်ခု ပေးပါရစေ။ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ပြီးနောက် အရာရာကို စွန့်ပယ်ကာ မိမိ၏တာဝန်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်ပြီး နောင်တွင် ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသည့် လူတစ်ဦး၏ ဖြစ်ရပ်ကိုကြည့်လော့။ ဤအနေအထားသစ်ကို ရရှိပြီးနောက် ၎င်းတို့သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရန် ပို၍ပင် အားအင်စိုက်ထုတ်ကာ သမ္မာတရားအပေါ် လူတို့နှင့် မိတ်သဟာယပြုရန် မကြာခဏ စုရုံးကြသည်။ ညီအစ်ကိုမောင်နှမများ ပြဿနာရှိလာသည့်အခါ မဆိုင်းမတွ ဖြေရှင်းပေးပြီး လူတိုင်းက သူတို့ကို အထင်ကြီးလေးစားကြသည်။ သို့သော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံပြီးနောက် ဤလူသည် မိမိ၏ အဆင့်အတန်းနှင့် သြဇာအာဏာကို ထိန်းသိမ်းရန် စတင်လုပ်ဆောင်ပြီး အချိန်တိုင်းနေရာတိုင်းတွင် မိမိကိုယ်ကို ထုတ်ဖော်ပြသပြီး ကြွားဝါတော့သည်။ အဆိုးရွားဆုံးမှာမူ သူတို့က ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံရန် လူဆိုးများကို မြှင့်တင်ပြီး ပြုစုပျိုးထောင်ပေးသည်။ ရွံရှာဖွယ်အကောင်းဆုံးမှာ သမ္မာတရားကိုလိုက်စားသော ညီအစ်ကိုမောင်နှမများကို ဖိနှိပ်ပြီး ဖယ်ထုတ်ထားခြင်းဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် မကောင်းမှုအမြောက်အမြားကို လုပ်ဆောင်ပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်ခဲ့သောကြောင့် ၎င်းတို့ကို အန္တိခရစ်အဖြစ် သတ်မှတ်ကာ နှင်ထုတ်ခြင်းခံရသည်။ သတင်းကြားရစဥ် လူတစ်ချို့က- “ယင်းမှာ မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့ ပေါင်းသင်းဆက်ဆံရသည်မှာ အရမ်းအဆင်ပြေနေကျဖြစ်သည်။ ကျွန်ုပ်တို့သည် လူအတော်များများထံသို့ ဧဝံဂေလိတရားကို အောင်မြင်စွာ ဝေငှခဲ့ကြသည်။ သူက အဘယ်သို့ အန္တိခရစ် ဖြစ်လာနိုင်သနည်း။” ဟု မဆင်မခြင် ပြောကြသည်။ သူတို့က လူကောင်းတစ်ဦးကို မတရားဆက်ဆံသည်ဟု ယုံကြည်လျက် ဘုရားသခင်အိမ်တော်၏ အခြေအနေကို ကိုင်တွယ်ခြင်းအပေါ် အချို့သော အယူအဆများကို ပုံဖော်ကြသည်။ သူတို့သည် ဤအန္တိခရစ်ကို အဘယ်ကြောင့် ခုခံကာကွယ်ပြီး သူ့အပေါ် မတရားသဖြင့်ပြုသည်ဟု ယူဆကြသည့်ကိစ္စနှင့် ပတသက်၍ မကျေမနပ်ပြောကြသနည်း၊ ငါ့ကိုပြောလော့။ သူတို့က ဧဝံဂေလိတရားကို အတူတကွ ဝေငှခဲ့ကြသည်ဖြစ်၍ သူနှင့်ရင်းနှီးသောကြောင့်ပင် ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် သူသည် သူ၏ဇာတိရုပ်ကိုပြသကာ မကောင်းမှုအမျိုးမျိုးကို ကျူးလွန်ပြီး အန္တိခရစ်ဖြစ်လာမည်ဟု လုံးဝမထင်မှတ်ခဲ့ပေ။ သူတို့ မထင်မှတ်ခဲ့သည့်အရာကို လက်မခံနိုင်ကြပေ။ ထို့ကြောင့် ဤလူကို သူတို့အယူအဆများနှင့် စိတ်ကူးများကို အခြေခံပြီး ရှုမြင်နေသည်မဟုတ်လော၊ ငါ့ကိုပြောလော့။ အတိတ်က သူ့အပေါ်ထားသည့် မရေရာသော ထင်မြင်ချက်အပေါ် အခြေခံပြီး သူသည် အန္တိခရစ်ဖြစ်မလာနိုင်ဟု ကောက်ချက်ချကြသည်။ ဤသည်မှာ မှန်ကန်သော ရှုထောင့်လော။ သူတို့သည် အဘယ့်ကြောင့် ဤသို့တွေးပြီး ထိုကောက်ချက်မျိုး ချလိုက်ရသနည်း။ အခြေအနေ၏ လက်တွေ့အရှိတရားကို နားမလည်သောအခါ ၎င်းတို့သည် တာဝန်မဲ့သော မှတ်ချက်များနှင့် ပေါ့လျော့သော ဆုံးဖြတ်ချက်များကို အဘယ်ကြောင့် ချမှတ်ကြသနည်း။ ဤသည်မှာ စိတ်သဘောထားတစ်မျိုးပင်။ လူတို့သည် လူများ၊ အဖြစ်အပျက်များနှင့် သူတို့၏ စိတ်ကူးစိတ်သန်းများအရ အရာရာကို ချဉ်းကပ်ပြီး ကိုင်တွယ်ကြသည်—ဤသည်မှာ အဘယ် စိတ်သဘောထားမျိုးနည်း။ ယင်းမှာ တစ်စိတ်တစ်ဒေသအားဖြင့် မာနထောင်လွှားမှုနဲ့ တစ်စိတ်တစ်ပိုင်းက ခေါင်းမာခြင်းဖြစ်သည်။ သင့်နေ့စဉ်ဘဝတွင် သင်ဖော်ပြသောအရာများ၊ သင်၏ အတွေးအမြင်များနှင့် ယုံကြည်ချက်များ၊ သင့်လုပ်ရပ်များ သို့မဟုတ် သင်၏ အခြားသူများအပေါ် ပြုမူဆက်ဆံမှုတွင် သင်လိုက်နာသည့် အခြေခံစည်းမျဥ်းများဖြစ်စေ ဤအရာများအားလုံးသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဆင်းသက်လာခြင်းဖြစ်ပြီး သမ္မာတရားနှင့် နှိုင်းယှဥ်ပြရန်အတွက် ယင်းတို့ကို သင်နမူနာပြရမည်။ အကယ်၍ ဤသို့လုပ်ဆောင်ရန် သင်၌လိုအပ်လာသောအခါ၊ သင်စိတ်ရှုပ်ထွေးသွားရသည်မှာ ပြဿနာဖြစ်သည်။ ဆိုလိုသည်မှာ သင်၌ သမ္မာတရားကို သိကျွမ်းခြင်းမရှိပေ။ သမ္မာတရား၌ မည်သည့်အကျိုးသက်ရောက်မှု ရှိသနည်း။ (၎င်းသည် လူတစ်ဦး၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပေးနိုင်သည်။) ယင်းတို့ကို မည်သို့ဖြေရှင်းသနည်း။ သမ္မာတရားနှင့် နှိုင်းယှဉ်ပြရန်အတွက် သင်၏ နေ့စဉ်အတွေးများ၊ ယုံကြည်ချက်များ၊ စကားလုံးများနှင့် လုပ်ရပ်များ၏ လက်တွေ့အရှိတရားကို နမူနာပြရပေမည်။ ၎င်းတို့နှင့် ကိုက်ညီကြောင်း သင်တွေ့ရှိပြီးသည်နှင့် သင့်ပြဿနာများ မည်သည့်နေရာတွင် ရှိနေသည်ကို သင်ဖော်ထုတ်နိုင်မည် ဖြစ်သည်။ သင်သည် သင့်ပြဿနာများကို မဖော်ထုတ်နိုင်ပါက သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်မခံဘဲ သင့်အယူအဆများနှင့် စိတ်ကူးစိတ်သန်းများအပေါ် အခြေခံ၍ တာဝန်မဲ့စွာ မှတ်ချက်ချပါက သင့်တွင် မည်သို့သော ပြဿနာရှိသနည်း။ မာထောင်လွှားမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှုတို့ထဲမှ တစ်ခုဖြစ်ပြီး ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ဆက်စပ်နေသည်။ သင်သည် အဖြစ်မှန်ကိုမသိဘဲ သင်၏ ကိုယ်ပိုင်စိတ်ကူးများကို အခြေခံ၍ ပေါ့ပေါ့ဆဆ ပြောဆိုရုံသာမက "သင်တို့က သူ့ကို မသိသော်လည်း ကျွန်ုပ်သိသည်―ကျွန်ုပ်နားလည်သည်" ဟုပင် တွေးသည်။ သင်က အခြားသူတိုင်းထက် ပိုမိုရှင်းလင်းစွာ ပိုမိုတိကျစွာမြင်နိုင်သည်ဟု သင်အမှန်တကယ် ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ မာနထောင်လွှားခြင်း မဟုတ်လော။ ဤသည်မှာ မိမိကိုယ်ကိုမှန်ကန်သည် ယူမှတ်ခြင်း မဟုတ်သလော။ ဤစိတ်သဘောထားမျိုးသည် သင့်အထဲတွင် နက်ရှိုင်းစွာ တည်ရှိနေသောကြောင့် သင်သည် ကိုယ်ပိုင်အယူအဆနှင့် စိတ်ကူးစိတ်သန်းတွေကို အခြေခံပြီး အမြဲပြောဆိုလုပ်ဆောင်ခြင်းဖြစ်သည်။ ဥပမာ၊ အသင်းတော်သည် စီမံကိန်းတစ်ခုခုကို အကောင်အထည်ဖော်လိုပြီး ယင်းက မည်မျှကုန်ကျမည်ကို သင့်အားမေးမြန်းသည်ဆိုပါစို့၊ အခြေအနေကို အမှန်တကယ် နားလည်မှုမရှိဘဲ သင်သည် ချက်ချင်းပင် ရှေ့နောက်မစဥ်းစားဘဲ– “ယင်းက သင့်ကို အနည်းဆုံး ၁၀၀,၀၀၀ ကုန်ကျစေမည်။” ဟု ပြောချလိုက်သည်။ ဤသည်ကို ကြားရသောအခါ လူတိုင်းက ယင်းသည် ထိုမျှလောက် မကုန်ကျနိုင်၊ သင်သည် ချဲ့ကားပြောနေခြင်း ဖြစ်ရမည်ဟု စဥ်းစားလျက် တုန်လှုပ်သွားကြသည်။ ပေါ့ပေါ့ဆဆပြောဆိုပြီး တာဝန်မဲ့စွာ မှတ်ချက်ချသော သင့်စိတ်သဘောထား၏ ရလဒ်အဖြစ် အသင်းတော်၏အလုပ်သည် မည်သည့် အကျိုးဆက်များ ခံစားရနိုင်သနည်း။ အမှန်တွင် အလုပ်ပြီးမြောက်ဖို့က များစွာကုန်ကျမည် မဟုတ်သည့်တိုင် ၁၀၀,၀၀၀ ကုန်ကျမည်ဟု သင်ပြောနေသည်—ဤသည်မှာ တာဝန်မဲ့ပြောနေခြင်း မဟုတ်သလော။ ဤအရာက အသင်းတော်ကို ထိခိုက်သည်မဟုတ်လော။ ဤအရာသည် အရေးကိစ္စများကို ပြောဆိုကိုင်တွယ်ရန် ယုံကြည်စိတ်ချရသော နည်းလမ်းတစ်ခုလော။ မဟုတ်ပေ၊ ယင်းသည် အလွန့်အလွန် စိတ်ချ၍မရနိုင်ပေ။ ဘုရားသခင်၏အိမ်တော်သည် ယင်း၏လုပ်ငန်းတွင် ဤကဲ့သို့သောလူကို လုံးဝအသုံးမပြုနိုင်ပေ။ ဤအခြေအနေမှ သင်ခန်းစာယူစရာရှိသလော။ လူသည် ရိုးသားပြီး မှန်ကန်သောစကားကို ပြောဆိုတတ်ရန် သင်ယူသင့်သည်—ဤသည်မှာ မိမိတာဝန်ကို ကောင်းစွာထမ်းဆောင်ရန် သော့ချက်ဖြစ်သည်။ တစ်စုံတစ်ယောက်သည် မရိုးမသားဖြစ်ပြီး တာဝန်မဲ့စွာ မှတ်ချက်ချပါက ၎င်းတို့သည် တာဝန်များထမ်းဆောင်ရန် မသင့်တော်သကဲ့သို့ ဘုရားသခင်၏ အိမ်တော်၌ တာဝန်များကို ထမ်းဆောင်ရန်လည်း မထိုက်တန်ပေ။ ထို့ကြောင့် မိမိ၏တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့အတွက် ရိုးသားသူတစ်ဦးဖြစ်ရန် သင်ယူရမည်ဖြစ်ပြီး မိမိပြောသမျှကို တာဝန်ယူတတ်ရန်၊ လက်လွှတ်စပယ် တာဝန်မဲ့စွာ ပြောဆိုခြင်းမှ ရှောင်ကြဉ်လျက် မိမိကိုယ်ပိုင်စိတ်ကူးကို အခြေခံ၍ ပြောဆိုခြင်းမှ ရှောင်ကြဉ်ရပါမည်။ လူတစ်ဦးသည် မိမိ၏ပြောပုံဆိုပုံ၌ တိကျသင့်ပြီး မိမိ၏စကားများသည် အဖြစ်မှန်နှင့် ကိုက်ညီသင့်သည်။ ဤသည်မှာ ရိုးသားသူဖြစ်ခြင်း၏ စစ်မှန်မှုလက္ခဏာ တစ်ခုဖြစ်သည်။

သင်တို့၌ မာနထောင်လွှားသော စိတ်သဘောထားရှိသည်ကို သင်တို့အားလုံး နားလည်ပြီလော။ (နားလည်ပါပြီ၊ တစ်ခါတရံတွင် ပုံကြီးချဲ့ပြီး အသိစိတ်ကင်းမဲ့သော အရာများကို ပြောတတ်သည်။ ကျွန်ုပ်သည် မာနထောင်လွှားကာ၊ ဤသည်မှာ ကျွန်ုပ်၏ သဘောသဘာဝနှင့် အနှစ်သာရ၏ လက္ခဏာတစ်ခုဖြစ်သည်ဟု ခံစားရသည်။) သင်၌ မာနထောင်လွှားသော စိတ်သဘောထားရှိကြောင်း သင်သတိထားမိလိုက်သည်နှင့် ယင်းကို သင် မည်သို့ဖြေရှင်းသင့်သနည်း။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို သတိထားမိပြီး အသိအမှတ်ပြုပြီးရုံနှင့် ယင်းကို ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းရန် သင်သည် ပထမဆုံး သမ္မာတရားကို လက်ခံရမည်၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံရမည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ထုတ်ဖော်သည့်အတိုင်း သင်၏ မာနထောင်လွှားသော စိတ်သဘောထားက ပြသသည့် နည်းလမ်းများစွာနှင့် ယင်းတို့ကို စာတန်၏ အဘယ်အဆိပ်များက ဖြစ်ပေါ်စေသည်ကို နားလည်လာရမည်ဖြစ်ပြီး အဘယ်အတွေးမှားခြင်းများက သင့်ကိုလှည့်ဖြားပြီး သင်၏မာနထောင်လွှားသော စိတ်သဘောထားကို ဖြစ်ပေါ်စေသည်ကို နားလည်ရမည်။ ဤသည်တို့မှာ သင်နားလည်လာရမည့် အရာများဖြစ်သည်။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းသောအခါ အရာရာ ပေါ်လွင်လာသည့်အတိုင်း ဖြေရှင်းလျက် တစ်ကြိမ်လျှင် တစ်ဆင့်ချင်း လုပ်ဆောင်သင့်သည်―ဤနည်းအားဖြင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားမှာ တဖြည်းဖြည်း ပြေလည်သွားလိမ့်မည်။ မာနထောင်လွှားသော စိတ်သဘောထားဖြင့် နေထိုင်ကြသူများကြားတွင် အတွေ့များဆုံး အခြေအနေမှာ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ကူးများကို အခြေခံ၍ ချဲ့ကားပြောဆိုတတ်သည့်သဘော ဖြစ်သည်—ယင်းသည် ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားကို အနည်းငယ် လျော့သွားစေနိုင်သည်ဟူသော ပုံကြီးချဲ့ပြောဆိုခြင်း၏ ဤအခြေအနေကို ဦးစွာဖြေရှင်းခြင်းအားဖြင့် ဖြစ်၏။ ယခုတွင် လူတစ်ဦး၏ စိတ်ကူးစိတ်သန်းများကို အခြေခံ၍ ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းပြဿနာကို မည်ကဲ့သို့ ဖြေရှင်းနိုင်မည်နည်း။ တစ်ဦးတစ်ယောက်၏ စိတ်ကူးစိတ်သန်းများအပေါ် အခြေခံ၍ ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းဟူသည့် ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ရမည်။ ပထမဦးစွာ တွက်ဆကြည့်ရမည်မှာ- “စိတ်ကူးစိတ်သန်းများ အဘယ်သို့ ပေါ်လာသနည်း။ လူတွေ၌ အဘယ့်ကြောင့် စိတ်ကူးစိတ်သန်းများ အမြဲရှိနေရသနည်း။ သူတို့သည် သူတို့၏စိတ်ကူးများကို မည်သည့်အရာအပေါ် အခြေခံထားသနည်း။ ဤစိတ်ကူးများသည် လက်တွေ့အရှိတရားကို ကိုယ်စားပြုသလော။ ဤစိတ်ကူးများသည် သမ္မာတရားနှင့် ကိုက်ညီသလော” ဟူ၍ပင်။ ထို့နောက် ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းဆိုင်ရာပြဿနာကို ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ရမည်― ဤချဲ့ကားပြောဆိုမှုများကို ၎င်းတို့ပြုလုပ်သည့် အကြောင်းရင်းနှင့် မည်သည့်အနေအထားမှ ပြုလုပ်သည်ကိုလည်းကောင်း၊ ၎င်းတို့ရရှိရန် ရည်မှန်းထားသည့် ပန်းတိုင်ကိုလည်းကောင်း ပိုင်းခြားရမည်ဖြစ်သည်။ ဤမေးခွန်းများအတွက် အဖြေများကို တွေ့ရှိပြီး ပြဿနာကို သမ္မာတရားအတိုင်း ဖြေရှင်းပြီးသည်နှင့် မိမိ၏ကိုယ်ပိုင် စိတ်ကူးများအပေါ် အခြေခံ၍ ချဲ့ကားပြောဆိုမှုများ ပြုလုပ်ခြင်းဟူသည့် ဤအခြေအနေကို အနည်းငယ် ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့်၊ ခေါင်းဆောင်တစ်ဦးသည် သင့်အား တစ်စုံတစ်ခုကို ကြည့်ရှုစစ်ဆေးရန် တောင်းဆိုသော်လည်း သင်သည် အခြားအရာတစ်ခုခုနှင့် အလုပ်ရှုပ်နေသောကြောင့် ထိုသို့ပြုလုပ်ရန် မေ့လျော့သွားသည်ဟု ဆိုပါစို့။ နောက်ပိုင်းတွင် ခေါင်းဆောင်က သင့်အား ယင်းနှင့်ပတ်သက်ပြီး မေးမြန်းသောအခါ သင်သည် ကိုင်တွယ်ဖြေရှင်းခံရမည်ကို စိုးရိမ်၍ တစ်ခုခုကို လုပ်ကြံဖန်တီးလိုက်သည်။ ဤအရာက မည်သို့သော စိတ်သဘောထားကို ထုတ်ဖော်သနည်း။ ဤတွင် ပါဝင်သည့် အခြေအနေနှစ်မျိုးရှိသည်- သင်၏စိတ်ကူးများကို အခြေခံ၍ ပေါ့ပေါ့ဆဆ ပြောဆိုခြင်းသည် အခြေအနေတစ်ခုဖြစ်သည်။ အဖြေမထုတ်နိုင်၍ ကိုင်တွယ်ဖြေရှင်းခံရမည် ကြောက်သောကြောင့် တစ်စုံတစ်ခုကို လုပ်ကြံခြင်းက နောက်တစ်ခုဖြစ်၏။ အကယ်၍ သင်သည် ပေါ့ပေါ့ဆဆမပြောလျှင် မုသားပြောနေသည်၊ မာနထောင်လွှားပြီး ဘဝင်မြင့်နေခြင်း မဟုတ်လျှင် လှည့်စားနေခြင်း ဖြစ်သည်―ဤအရာများအားလုံးသည် ဒုက္ခသဘောသက်ရောက်ပြီး စစ်ကြောရပေမည်။ စကားပြောရာနှင့် ပြုမူရာတွင်၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်တော့မည်ကို သင်သဘောပေါက်သည်နှင့် သင့်ကိုယ်သင် ထိန်းကျောင်းပြီး သင့်စိတ်နှလုံးထဲတွင် ဘုရားသခင်ထံ ဆုတောင်းရမည်ဖြစ်သည်။ သို့ဆိုလျှင် သမ္မာတရား၏ အခြေခံမူများနှင့်အညီဖြစ်အောင် မည်သို့ ပြုမူသင့်သနည်း။ ဤသည်မှာ လူတစ်ယောက်၏ လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်၏။ (ရိုးရိုးသားသားပြောပြီး မိမိသိသောအရာကိုသာ ပြောရမည်။) မှန်ပေ၏။ အဖြေကို သင်မသိပါက “ဤကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်မသိပါ၊ ယင်းကို ကျွန်ုပ်မစစ်ဆေးရသေးပါ” ဟု ပြောသင့်သည်။ “ခေါင်းဆောင်က အဘယ့်ကြောင့် ပြဿနာကို ကျွန်ုပ်မစစ်ဆေးရသေးသည်ကို မေးပြီးမှ ကျွန်ုပ်အား ကိုင်တွယ်ဖြေရှင်းသည်ဆိုလျှင် ကျွန်ုပ်ဘာလုပ်ရတော့မည်နည်း” ဟု မိမိကိုယ်ကို တွေးကြည့်သည်ဆိုပါစို့။ သင်တို့ ဤအခြေအနေ၌ မည်သို့လက်တွေ့လုပ်ဆောင်သင့်သနည်း။ (ပြဿနာကို မစစ်ဆေးရသေးပါက ထိုအတိုင်းပင် ပြောသင့်သည်။ ကိုင်တွယ်ဖြေရှင်းခံရမည်ကြောက်ရုံဖြင့် ကျွန်ုပ်တို့ မလိမ်သင့်ပါ။) မှန်ပေ၏။ အကယ်၍ သင်သည် ကိုင်တွယ်ဖြေရှင်းခံရမည်ကို ကြောက်ရုံဖြင့် လိမ်လည်ရန်၊ လူတို့ကိုလှည့်ဖြားရန် သို့မဟုတ် အဖြစ်မှန်ကို ဆန့်ကျင်ပြောဆိုရန် ဆန္ဒရှိပါက ဘုရားသခင်ထံ ဆုတောင်းကာ သင့်ကိုယ်သင် ပြန်လည်သုံးသပ်ပြီး ရိုးသားသူဖြစ်ခြင်းကို လက်တွေ့ကျင့်သုံးသင့်၏။ ဤနည်းအားဖြင့် သင်၏စိတ်ကူးများကို အခြေခံပြီး စကားပြောဆိုသည့် ပြဿနာက တစ်စတစ်စ လျော့ပါးသွားလိမ့်မည်။ သို့သော် သင့်စိတ်ကူးများကို အခြေခံ၍ စကားပြောခြင်းပြဿနာကို ဖြေရှင်းရုံမျှဖြင့် လုံမလောက်ပေ—သင့်ကိုယ်သင် ပို၍ပင်နက်ရှိုင်းစွာ နားလည်မှုကို ရရှိရမည်ဖြစ်သည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုရမည်သာမက၊ သင်၏ စာတန်သဘောသဘာဝနှင့် သင်၏မာနထောင်လွှားမှု အရင်းအမြစ်ကိုလည်း နားလည်ရမည်ဖြစ်သည်။ ဤသည်ကို သင်အောင်မြင်နိုင်လျှင် သင်၏မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းဖို့ လမ်းတစ်ဝက်မက ရောက်လိမ့်မည်။ အနည်းဆုံး သင်သည် မာနမထောင်လွှားတော့ဘဲ သင်၏ပြုမူပုံ၌ ပို၍နှိမ့်ချနေမည်။ သင်သည် နောက်တစ်ဆင့် တက်လှမ်းနိုင်ကာ အခြားသူများအား လိမ်ပြောပြီး လှည့်ဖြားသော ပြဿနာကို ဖြေရှင်းနိုင်လျှင်၊ သစမ္မာတရားနှင့် အဖြစ်မှန်အတိုင်း ပြောဆိုနိုင်ပြီး ရိုးသားသောသူဖြစ်ပြီး စိတ်ထဲရှိသည်ကို ပြောနိုင်လျှင် သင်သည် လူသားပုံသဏ္ဌာန်ဖြင့် အနည်းနှင့်အများ အသက်ရှင်နေလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် ပို၍ ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် ပြောဆိုပြုမူမည်။ လူတို့သည် သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်၏အလုပ်ကို ကျိုးနွံနာခံကာ၊ သူ့ထံ ဆုတောင်းလျက် သူ့ကိုကိုးစားနေသရွေ့ ၎င်းတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အပြည့်အဝ ဖယ်ထုတ်နိုင်စွမ်းရှိကြမည်ဖြစ်ကြောင်း ဤအရာက ဖော်ပြသည်။ မာနထောင်လွှားသော စိတ်သဘောထားရှိသူတို့သည် အခြားသူများထက် မိမိသာလွန်သည်ဟု အမြဲထင်မြင်လျက် ချဲ့ကားပြောဆိုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ သူတို့ကိုယ်သူတို့ မြင့်မြတ်ပြီး ခံ့ညားထည်ဝါသော ပုဂ္ဂိုလ်များဖြစ်ပြီး အခြားလူတွေအားလုံးက သူတို့အောက်၌ရှိသည်ဟု ယုံကြည်ကာ သူတို့ နှစ်သက်သလို ပြောဆိုပြုမူကြလေသည်။ အကယ်၍ ၎င်းတို့သည် မိမိတို့၏ အဆုံးသတ်ကို ရရှိအောင်မြင်ရန် လိုအပ်သည့် နည်းလမ်းတစ်ခုခုကို အသုံးချနိုင်စွမ်းလည်းရှိပြီး အခြားသူများကို မကြာခဏ လိမ်လည်လှည့်ဖြားရတတ်သည် ဆိုပါက ဤသူတို့သည် မာနထောင်လွှားပြီး ဘဝင်မြင်ရုံသာမက လှည့်စားတတ်သော စိတ်သဘောထားလည်း ရှိလေသည်။ မာနထောင်လွှားပြီး ဘဝင်မြင့်သော စိတ်သဘောထားကို ဖြေရှင်းခြင်းသည် အဓိကအားဖြင့် သင်၏ သဘောသဘာဝနှင့် အနှစ်သာရကို သိရှိလာခြင်းနှင့် ကမ်းကုန်အောင် ဖောက်ပြန်ပျက်စီးလွန်းပြီး စာတန်မာရ်နတ်ကဲ့သို့ နေထိုင်ခြင်းကြောင့် မာနထောင်လွှားပြီး ဘဝင်မြင့်လာသည်ကို သိမြင်ခြင်းအပေါ် မူတည်သည်။ ဤကိစ္စကို ရှင်းရှင်းလင်းလင်း မြင်ရသောအခါ လူသည် ပို၍မာနထောင်လွှားလေ၊ စာတန်နှင့် ပို၍တူလေဖြစ်ကြောင်း သင်ခံစားရလိမ့်မည်။ တစ်နည်းအားဖြင့် ရှုံးနိမ့်မှုများနှင့် ဆုတ်ဆိုင်းမှုများကို ကြုံတွေ့ရခြင်းဖြင့် သင်သည် ပို၍ကောင်းမွန်စွာ ပြုမူနေထိုင်တတ်လာမည် ဖြစ်သည်။ မာနထောင်လွှားသော စိတ်သဘောထားကို ဖြေရှင်းဖို့ လွယ်ကူသလော သို့မဟုတ် လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းဖို့ လွယ်ကူသလော။ အမှန်တကယ်တွင် နှစ်ခုလုံးကို ဖြေရှင်းဖို့မလွယ်သော်လည်း လှည့်စားတတ်သောစိတ်နှင့် နှိုင်းယှဥ်ကြည့်သောအခါ မာနထောင်လွှားသောစိတ်ကို ဖြေရှင်းဖို့ အနည်းငယ် ပိုလွယ်သည်။ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းရသည်မှာ များစွာပိုခက်မည်။ ဤသည်မှာ လိမ်လည်လှည့်ဖြားသော ပုဂ္ဂိုလ်များသည် မကောင်းသော စေ့ဆော်မှုများ၊ ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေသဖြင့် ၎င်းတို့၏ အသိတရားနှင့် ဆင်ခြင်တုံတရားက သူတို့ကို မချုပ်တည်းနိုင်ခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ သူတို့၏ သဘောသဘာဝနှင့် အနှစ်သာရဆိုင်ရာ ပြဿနာဖြစ်၏။ သို့တိုင် မည်မျှပင်ခက်ခဲစေကာမူ သူတို့၏ လှည့်စားတတ်သော စိတ်သဘောထားကို ဖြေရှင်းလိုပါက ရိုးသားသူဖြစ်ရန် လက်တွေ့ကျင့်သုံးခြင်းဖြင့် စတင်ရပါမည်။ အဆုံးစွန်အားဖြင့် ရိုးသားသူဖြစ်လာရန် လေ့ကျင့်ဖို့ အရိုးရှင်းဆုံးနည်းလမ်းမှာ ထိုသူတို့ကဲ့သို့ပင် အရာရာကိုပြောဆိုခြင်း၊ ရိုးသားသော စကားများကိုပြောခြင်းနှင့် အဖြစ်မှန်အတိုင်းပြောခြင်းပင် ဖြစ်သည်။ သခင်ယေရှု မိန့်တော်မူသည်အတိုင်း၊ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။” (ရှင်မဿဲခရစ်ဝင် ၅:၃၇)။ ရိုးသားသူတစ်ယောက်ဖြစ်ရန် ဤနိယာမအတိုင်း လေ့ကျင့်ရန် လိုအပ်သည်—ဤသို့ နှစ်အနည်းငယ်ကြာ လေ့ကျင့်ပြီးနောက် သင်တို့သည် ရလဒ်များကို သေချာပေါက် မြင်တွေ့ရမည် ဖြစ်သည်။ ရိုးသားသောလူဖြစ်အောင် ယခု သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်မည်နည်း။ (ကျွန်ုပ်ပြောသည့်အရာကို မဖောက်ပြန်ပါ။ အခြားသူများကို မလှည့်စားပါ။) “မဖောက်ပြန်” ဟူသည် ဘာကိုဆိုလိုသနည်း။ ဆိုလိုသည်မှာ သင်ပြောသော စကားများတွင် အလိမ်အညာ သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ သို့မဟုတ် စေ့ဆော်မှုများ ဘာတစ်ခုမျှ မပါဝင်သည်ကို ဆိုလိုသည်။ လှည့်ဖြားမှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များနှင့် စေ့ဆော်မှုများကို သင့်စိတ်နှလုံးအတွင်း သိုလှောင်ထားလျှင် မုသားစကားများသည် သင့်ထံမှ သဘာဝအတိုင်း ပေါက်ဖွားလာမည်ဖြစ်သည်။ သင့်တွင် လှည့်ဖြားမှု သို့မဟုတ် ကိုယ်ရေးကိုယ်တာ ရည်ရွယ်ချက်များ သို့မဟုတ် သင့်စိတ်နှလုံးအတွင်း စေ့ဆော်မှုများ မရှိပါက သင်ပြောသောစကားသည် အညစ်အကြေးကင်းပြီး မုသားများ ပါမည်မဟုတ်—ဤနည်းဖြင့် သင်၏ ဆက်ဆံရေးတွင်- “ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ်" ဖြစ်မည်။ အရေးကြီးဆုံးမှာ မိမိ၏စိတ်နှလုံးကို ဦးစွာ သန့်စင်စေဖို့ဖြစ်သည်။ စိတ်နှလုံးကို သန့်စင်ပြီးသည်နှင့် မိမိ၏ မာနထောင်လွှားမှုနှင့် လှည့်ဖြားတတ်ခြင်းက ပြေလည်သွားလိမ့်မည်။ လူတစ်ဦးသည် ရိုးသားသူတစ်ဦးဖြစ်ရန် ဤကဲ့သိုသော ဖောက်ပြန်မှုများကို ဖြေရှင်းရမည်။ ထိုသို့ပြုပြီးသောအခါ ရိုးသားသောလူဖြစ်လာဖို့ လွယ်ကူလိမ့်မည်။ ရိုးသားသူတစ်ဦးဖြစ်ရန် ရှုပ်ထွေးသလော။ မရှုပ်ထွေးပေ။ သင်၏ အတွင်းစိတ်အခြေအနေသည် မည်သို့ပင် ရှိစေကာမူ သို့မဟုတ် သင့်တွင် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပါစေ သင်သည် ရိုးသားသူဖြစ်ခြင်း၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးသင့်သည်။ သင်သည် လိမ်ညာပြောဆိုခြင်းပြဿနာကို ဦးစွာဖြေရှင်းရပါမည်― ဤအရာက အရေးကြီးဆုံးပင်။ ရှေးဦးစွာ စကားပြောရာတွင် စိတ်ထဲ၌ရှိသောအရာကို ပြောဆိုခြင်း၊ မှန်သောစကားများကို ပြောဆိုခြင်း၊ အရှိအရှိအတိုင်း ပြောဆိုခြင်းကို လက်တွေ့ကျင့်သုံးသင့်ပြီး မုသားပြောခြင်းကို လုံးဝ ရှောင်ကြဉ်သင့်သည်။ ဖောက်ပြန်သောစကားများကို ပြောပင် မပြောသင့်ဘဲ တစ်နေ့တာလုံး သင်ပြောသမျှသည် မှန်ကန်ပြီး ရိုးသားကြောင်း သေချာစေသင့်သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးနေပြီး ရိုးသားသူဖြစ်ရန် လေ့ကျင့်နေခြင်း ဖြစ်ပါသည်။ မုသားများ သို့မဟုတ် ဖောက်ပြန်သောစကားများ သင့်ထံမှ ထွက်လာသည်ကို သင်တွေ့ရှိပါက သင့်ကိုယ်သင် ချက်ချင်းဆင်ခြင်သုံးသပ်ပြီး သင်လိမ်ညာရသည့် အကြောင်းရင်းနှင့် သင့်အားလိမ်ညာရန် စေခိုင်းသည့်အကြောင်းများကို ခွဲခြမ်းစိတ်ဖြာပြီး အသိရှိခြင်းကို ရယူလော့။ ထို့နောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြေခံ၍ ဤအခြေခံနှင့် မရှိမဖြစ်လိုအပ်သော ပြဿနာကို ပိုင်းခြားလော့။ သင့်လိမ်ညာမှုများ၏ မူလဇာစ်မြစ်ကို ရှင်းလင်းစွာ သိပြီးသည်နှင့် သင်၏အပြောအဆိုနဲ့ လုပ်ရပ်များတွင် ဤစာတန်စိတ်သဘောထားကို ဆန့်ကျင်ပုန်ကန်နိုင်မည် ဖြစ်သည်။ အလားတူအခြေအနေများနှင့် ရင်ဆိုင်ရသောအခါတွင် သင်သည် လိမ်ညာစရာမလိုတော့ဘဲ အဖြစ်မှန်အတိုင်း ပြောဆိုနိုင်မည်ဖြစ်ပြီး လှည့်စားပြောဆိုမှုများတွင် ပါဝင်တော့မည်မဟုတ်ပေ။ ဤနည်းအားဖြင့် သင်၏စိတ်ဝိညာဉ်သည် ရုန်းထွက်ပြီး လွတ်မြောက်မည်ဖြစ်ကာ သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်နိုင်မည်ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အသက်ရှင်နိုင်လျှင် သင်သည် အလင်းထဲ၌ အသက်ရှင်နေခြင်းဖြစ်သည်။ သို့ရာတွင် သင်သည် လှည့်ဖြားခြင်း၊ လုပ်ကြံခြင်းနှင့် လျှို့ဝှက်ကြံစည်ခြင်း၌ အမြဲတစေ ပတ်သက်နေကာ အမှောင်ထောင့်များတွင် သူခိုးကဲ့သို့ အမြဲပုန်းအောင်းနေပြီး သင်၏အရေးကိစ္စများကို လျှို့ဝှက်စွာ လုပ်ဆောင်ပါက သင်သည် ဘုရားသခင်ရှေ့မှောက်၌ အသက်ရှင်ဝံ့မည် မဟုတ်ပေ။ သင့်တွင် လျှို့ဝှက်စေ့ဆော်မှုများ ရှိကာ သင့်ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန် အခြားသူများကို အမြဲလှည့်ဖြားလိုပြီး သင့်စိတ်နှလုံးထဲ၌ ရှက်ဖွယ်ကောင်းသော၊ ပြောမထွက်နိုင်အောင် ဆိုးရွားသော အရာမြောက်မြားစွာကို သိုလှောင်ထားသောကြောင့် သင်သည် ယင်းတို့ကို ဖုံးကွယ်ဝှက်ထားရန်၊ ယင်းတို့ကို ထုပ်ပိုးကာ ဖုံးကွယ်ထားရန် အမြဲကြိုးစားနေသော်လည်း ဤအရာများကို ထာဝစဉ် ဖုံးကွယ်၍မရနိုင်ပေ။ ယင်းတို့က အနှေးနှင့်အမြန်ဆိုသကဲ့သို့ ပေါ်ထွက်လာလိမ့်မည်။ လျှို့ဝှက်စေ့ဆော်မှုရှိသူသည် အလင်း၌ မနေထိုင်နိုင်ပေ။ ထိုသူတို့သည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း၊ မိမိကိုယ်ကိုဆန်းစစ်ခြင်းနှင့် မိမိကိုယ်ကို ဖွင့်ချပြခြင်းတို့ကို လက်တွေ့မကျင့်သုံးပါက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ချုပ်ကိုင်မှုနှင့်နှောင်ကြိုးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူတို့ကိုယ်သူတို့ မကယ်ထုတ်နိုင်ဘဲ အပြစ်ရှိသောဘဝထဲ၌ ပိတ်မိနေလိမ့်မည်။ အဆုံးစွန်ဆိုရလျှင် သင်သည် မည်သည့်အခြေအနေမျိုး၌မဆို မလိမ်ရပေ။ လိမ်ညာခြင်းသည် မှားယွင်းပြီး သမ္မာတရားနှင့် မကိုက်ညီကြောင်း သင်သိလင့်ကစား သင်သည် လူတို့ကို လှည့်စားရန်အတွက် အဖြစ်မှန်နှင့် အခြေအနေ၏ လက်တွေ့အရှိတရားကို ဖုံးကွယ်ရန် အရာရာကိုပင် လုပ်ကြံဖန်တီးခြင်းဖြင့် အခြားသူများကို လိမ်ညာလှည့်ဖြားရန် မရမကပြုနေပါက သင်သည် ဒုစရိုက်မှုတွင် ရည်ရွယ်ချက်ရှိရှိ ပါဝင်ဆောင်ရွက်နေခြင်း ဖြစ်သည်။ ထိုသို့သောလူသည် ကယ်တင်ခြင်းကို မရရှိနိုင်ပေ။ ဘုရားသခင်သည် လူတို့အပေါ် သမ္မာတရားကို အပ်နှင်းထားသော်လည်း လူတစ်ဦးချင်းစီက သမ္မာတရားကို လက်ခံပြီး လက်တွေ့ကျင့်သုံးနိုင်ခြင်းရှိမရှိက နောက်ဆုံးတွင် ၎င်းတို့၏ကိုယ်ပိုင်ကိစ္စဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်သူများသည် ကယ်တင်ခြင်းကို ရရှိနိုင်သော်လည်း သမ္မာတရားကို လက်မခံနိုင်ဘဲ သမ္မာတရားကို လက်တွေ့မကျင့်သုံးသူများက မရရှိနိုင်ပေ။ လူများစွာတို့က ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် နေထိုင်ကြသည်ကို သတိပြုမိပြီး စာတန်၏ စိတ်သဘောထားများနှင့်အညီ နေထိုင်သူများသည် လူသားများနှင့် မတူသကဲ့သို့ နတ်ဆိုးများနှင့်လည်း မတူဘဲ သာမန်လူသားပုံသဏ္ဍာန်အတိုင်း အသက်မရှင်နိုင်ကြသည်ကို အသိအမှတ်ပြုကြသည်။ သူတို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် ဆန္ဒရှိသော်လည်း တကယ့်ကို စွမ်းအားမရှိဟု ခံစားရပြီး ထိုသို့မလုပ်နိုင်ကြောင်း ကိုယ်တိုင်တွေ့ရှိရသည်။ ထိုသို့သော အခြေအနေမျိုးတွင် လူတစ်ဦးသည် ဘုရားသခင်ကိုသာ ဆုတောင်းပြီး သူ့ကို အားကိုးနိုင်သည်။ လူတစ်ဦးချင်း လုံးဝပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက ဘုရားသခင်သည် ၎င်းတို့အတွင်း၌ အလုပ်လုပ်မည်မဟုတ်ပေ။ သမ္မတရားကို အမှန်တကယ် ချစ်မြတ်နိုးသူများသည် ၎င်းတို့၏ လှည့်ဖြားတတ်သော စိတ်သဘောထား၊ တစ်ကိုယ်ရေရည်ရွယ်ချက် အမျိုးမျိုးကိုသာမက မုသားများနှင့် လှည့်ကွက်များကိုပါ မုန်းတီးမည်မှာ အသေအချာပင်။ လိမ်ညာလိုက်ခြင်းထက် ရိုးသားစွာပြောဆိုခြင်းဖြင့် ဆုံးရှုံးမှုများခံစားရန် ပိုနှစ်သက်ကြသည်။ လိမ်ညာပြောဆိုခြင်းဖြင့် ရှက်ဖွယ်ကောင်းသော ဖြစ်တည်မှုတစ်ခုကို အချိန်ဆွဲမည့်အစား တရားစီရင်ခြင်းနှင့် ပြစ်တင်ရှုံ့ချခြင်းဆီသို့ ဦးတည်သွားလျှင်ပင် အမှန်အတိုင်းပြောဆိုရန် ရွေးချယ်ကြမည်ဖြစ်သည်။ ဤနည်းအားဖြင့် စာတန်၏စိတ်သဘောထားများကို မထီမဲ့မြင် ပြုနိုင်သူများသည် ပင်ကိုအားဖြင့် ဇာတိပကတိကို စွန့်လွှတ်နိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ ဆက်လက်၍ ရိုးသားသူများဖြစ်လာနိုင်ကြသည်။

သင်တို့၏ ရိုးသားသူများဖြစ်ခြင်း အတွေ့အကြုံက ယခု အဘယ်သို့ရှိသနည်း။ ရလဒ်အနည်းငယ်ကို သင်တို့ ရရှိပြီးပြီလော။ (တစ်ခါတစ်ရံ ကျွန်ုပ်သည် ရိုးသားခြင်းကို လက်တွေ့ကျင့်သုံးသော်လည်း တစ်ခါတစ်လေ မေ့တတ်သည်။) သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ သင်မေ့နိုင်သလော။ ယင်းကို မေ့နိုင်လျှင် ထိုအရာက မည်သည့်ပြဿနာမျိုးကို ပုံဆောင်သနည်း။ သမ္မာတရားကို သင်တို့ချစ်သလော၊ မချစ်ဘူးလော။ သမ္မာတရားကို မချစ်လျှင် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ သင့်အတွက်ခက်လိမ့်မည်။ သင်တို့သည် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းနှင့် ရိုးသားသူဖြစ်ရန် အလေးအနက် လေ့ကျင့်ရမည်။ ရိုးသားသူတစ်ယောက်ဖြစ်လာပုံနှင့် မည်သည့်ခံစားမှုအသိကို ပိုင်ဆိုင်သင့်ကြောင်းကို မကြာခဏ ဆင်ခြင်သင့်ပေသည်။ ဘုရားသခင်က လူများကို ရိုးသားဖို့ တောင်းဆိုပြီး သူတို့သည် ရိုးသားမှုကို အရေးအကြီးဆုံးကိစ္စအဖြစ် လိုက်စားသင့်သည်။ ရိုးသားသောလူများဖြစ်ရန်နှင့် ပေတရု၏ပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်ရန်အတွက် ၎င်းတို့ပိုင်ဆိုင်ဖို့လိုအပ်သည့် သမ္မာတရားများနှင့် ၎င်းတို့ဝင်ရောက်ဖို့လိုအပ်သည့် လက်တွေ့အရှိတရားများကို ရှင်းလင်းပြီ နားလည်ထားသင့်ကာ လက်တွေ့ကျင့်သုံးမှုလမ်းကြောင်းကို ရှာဖွေရမည်ဖြစ်သည်။ သို့မှသာ ထိုသူတို့သည် ရိုးသားသောလူတစ်ဦးနှင့် ဘုရားသခင် ချစ်မြတ်နိုးသောသူတစ်ဦးဖြစ်လာရန် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိလာမည်ဖြစ်သည်။ သင်သည် ရိုးသားသူများ၊ ပွင့်ပွင့်လင်းလင်း ပြောတတ်သူများ၊ အထူးသဖြင့် သမ္မာတရားကိုလက်ခံပြီး လိုက်လျှောက်နိုင်သူများကို မထီမဲ့မြင်ပြုပါက၊ သင်သည် ထိုသို့သောလူများကို အမြဲတမ်း အထင်အမြင်သေးနေပါက သင်သည် အပြုသဘောဆောင်သော လက္ခဏာရှင်မဟုတ်ဘဲ သင်သည် လူဆိုးအမျိုးအစားနှင့် သက်ဆိုင်ပါသည်။ မိမိတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်ကြသူများနှင့် သမ္မာတရားကို လိုက်နာကျင့်သုံးရန် အဖိုးအခပေးလိုသော သူများကို အထင်သေးပါက သင်သည် အပျက်သဘောဆောင်သော လက္ခဏာရှင်ဖြစ်လာပြီး သင်သည် အပြုသဘောဆောင်သော လက္ခဏာရှင် မဟုတ်သည်မှာ သေချာပေသည်။ လူတစ်ဦးသည် ကယ်တင်ခြင်းကို ရရှိနိုင်သလောဟူသည့် မေးခွန်းမှာ ၎င်းတို့သည် အပြုသဘောဆောင်သော လက္ခဏာရှင် ဟုတ်မဟုတ်နှင့် သက်ဆိုင်ပါသည်။ တစ်စုံတစ်ယောက်သည် အပြုသဘောဆောင်သော လက္ခဏာရှင်ဟုတ်မဟုတ် ဆုံးဖြတ်ရာတွင် အဓိကအချက်မှာ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ၎င်းတို့၏ စိတ်နှလုံးထဲ၌ရှိသော နှစ်သက်မှုများတွင် တည်ရှိသည်။ သင်(များ)သည် အပြုသဘောနှင့် အပျက်သဘောတရားများကို ပိုင်းခြားရမည်ဖြစ်ပြီး ပြတ်သားသော နယ်နိမိတ်များကို ရေးဆွဲနိုင်ခြင်း၊ မှန်ကန်သော ရပ်တည်ချက်ရှိခြင်းနှင့် ဘုရားသခင်နှင့် သမ္မာတရားဘက်တွင် ရပ်တည်ခြင်း ရှိနိုင်ရမည်။ ဤသည်ကို သင်ပြုလုပ်နိုင်လျှင် သင်၏ပုံသေအတွေးအခေါ်သည် လုံးဝပုံမှန်ဖြစ်မည်ဖြစ်ပြီး သင်သည် အသိတရားနှင့် ဆင်ခြင်တုံတရားရှိသောသူ ဖြစ်လိမ့်မည်။ သင်သည် သမ္မာတရားကိုလိုက်စားသူများ၊ အဖိုးအခပေးလိုပြီး ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် မိမိကိုယ်ကို အသုံးခံလိုသူများကို အမြဲအထင်သေးပါက သင်သည် စာတန်ဘက်တွင် ရပ်တည်နေပြီး အပျက်သဘောဆောင်သည့် လက္ခဏာရှင်တစ်ဦး ဖြစ်နေပေသည်။ လူအချို့တို့သည် ရိုးသားသော ပုဂ္ဂိုလ်များကို မထီမဲ့မြင်ပြု၍ အထင်သေးကြသည်။ သူတို့သည် စကားပြောကောင်းသော၊ ခြယ်လှယ်တတ်ပြီး သူတစ်ပါးကို ရွှန်းရွှန်းဝေသောစကားဖြင့် လှည့်ဖြားရာ၌ လိမ္မာသောသူများကိုသာမက မြင့်မားသော တရားဒေသနာများကို ဟောပြောသူများကို လေးစား၊ အထင်ကြီးတတ်သည်။ အကယ်၍ သင်၌ ထိုသို့ဖြစ်ပါက သင်သည် ရိုးသားသော လူတစ်ဦး ဖြစ်လာနိုင်မည် မဟုတ်ပေ။ ထို့အစား သင်သည် ဖာရိရှဲများကို အတုယူနေမည်ဖြစ်ကာ သမ္မာတရားကို လိုက်လျှောက်ခြင်း လမ်းကြောင်းမှန်ပေါ် ရောက်နိုင်မည်မဟုတ်ပေ။ သင်သည် အရေခြုံဖာရိရှဲများ အမျိုးအစားထဲတွင် ပါဝင်မည်ဖြစ်သည်။ လူတို့သည် သူတို့နှစ်သက်ရာနှင့် လိုချင်ရာကို လိုက်ရှာကြ၏။ သင်၏နှလုံးသားထဲတွင် လတ်တလော ဆန္ဒရှိသည့်အရာမှာ အဘယ်နည်း။ သင်တို့သည် သင်တို့အလိုရှိသည့်အရာကိုပင် ရှင်းရှင်းလင်းလင်း မသိကြပါပေ။ သင်တို့ ချစ်သည့်အရာနှင့် မုန်းသည့်အရာများသည် ရှင်းရှင်းလင်းလင်း မကွဲပြားသည့်အပြင် သင်သည် စာတန်နှင့် မည်သည့်ကိစ္စများတွင် သင့်ကိုယ်သင် လိုက်လျောညီထွေဖြစ်နေသည်ကို သင်မသိပေ။ တစ်ခါတစ်ရံတွင် သင့်စကားများသည် သမ္မာတရားနှင့် ကိုက်ညီနိုင်သော်လည်း သင်လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် သမ္မာတရားနှင့် လွဲနေတတ်သည်။ ယင်းက သမ္မာတရားမရှိလျှင် သင်သည် ခိုင်မြဲစွာ မရပ်တည်နိုင်ဘဲ အဆက်မပြတ် ယိမ်းယိုင်နေကာ တစ်ခါတစ်ရံ ဘယ်ဘက်သို့၊ တစ်ခါတစ်ရံ ညာဘက်သို့ ယိမ်းနေသည်ကို ပြသသည်။ တရားဒေသနာများကို နားထောင်ပြီးပြီးချင်း သမ္မာတရားကို သင်နားလည်ပြီး မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းဖို့ ဆန္ဒရှိပုံရသည်။ သို့သော်လည်း အချိန်အတိုင်းအတာတစ်ခု ကြာပြီးနောက် သင့်အထဲ၌ အမှောင်ထုဝင်ရောက်လာပြီး သင်လမ်းကြောင်းမှ လွဲသွားပြန်သည်။ ထိုကဲ့သို့သောလူတို့က လမ်းကြောင်းမှန်ကို ရွေးနိုင်သလော။ သူတို့ ရွေးချယ်နိုင်လျှင်ပင် ပုံမှန်မဟုတ်သော အခြေအနေတွင် ရှိနေကြသဖြင့် ထိုအရာပေါ် ခြေမချနိုင်ကြပေ။ သူတို့သည် မည်သည့်သမ္မာတရားကိုမျှ လုံးဝနားမလည်ဘဲ တစ်နေ့လုံး ကြောင်စီစီဖြင့် လှည့်ပတ်နေသည့် ဇဝေဇဝါဖြစ်နေသောသူများ ဖြစ်ကြသည်။ လူကောင်းများကို နှစ်သက်သည်ဟု သူတို့ပြောကောင်းပြောနိုင်သော်လည်း အရေးကိစ္စ တစ်ခုခုကြုံလာတိုင်း ထိုသူတို့ကို အထင်သေးကြသည်။ သူတို့သည် ရိုးသားခြင်းကို နှစ်သက်သည်ဟု ဆိုကောင်းဆိုနိုင်သော်လည်း တစ်စုံတစ်ခု ကြုံရသောအခါတွင် လိမ်လည်ပြုမူတတ်ကြသည်။ သူတို့သည် သူတို့အား ဦးဆောင်သူတိုင်း၏နောက်သို့ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ လိုက်ကြသည်―ဘုရားသခင်သည် ထိုသို့သော လူများကို စုံလင်အောင်ပြုပေးနိုင်မည်လော။ လိုအပ်သော ပြဋ္ဌာန်းချက်များကို မပြည့်မီသဖြင့် လုံးဝမပြုပေးနိုင်ချေ။ လူကောင်းများ၊ ရိုးသားသောသူများ၊ မိမိတို့တာဝန်ကို ဝီရီယရှိရှိ ထမ်းဆောင်ကြသူများ၊ သမ္မာတရားကို လိုက်စားသူများနှင့် အဖိုးအခကို ပေးဆပ်ပြီး ထို့အတွက် ဆင်းရဲဒုက္ခခံလိုသူများကို အထင်သေးသောသူတိုင်းသည် သူတို့ကိုယ်တိုင် လူကောင်းများ မဟုတ်ကြပေ။ သူတို့သည် အသိတရားနှင့် ဆင်ခြင်တုံတရား စိုးစဥ်းမျှပင် ကင်းမဲ့ကာ ကယ်တင်ခြင်းကို မရရှိနိုင်ကြချေ။ ကြင်နာသောနှလုံးသားရှိပြီး သမ္မာတရားကို ချစ်မြတ်နိုးသူများသည် အပြုသဘောဆောင်သော အရာများကို နှစ်သက်ကြပြီး ၎င်းတို့အား အကျိုးကျေးဇူးများစွာ ရရှိစေသည့် အပြုသဘောဆောင်သော သူများနှင့် အပြန်အလှန် ဆက်ဆံခြင်းကို ပျော်ပိုက်ကြသည်။ အခြားတစ်ဖက်တွင်မူ အပြုသဘောဆောင်သော အရာများ သို့မဟုတ် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များကို မချစ်မနှစ်သက်သော သူတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်ပင် သမ္မာတရားကို ရရှိလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သူတို့၏စိတ်နှလုံးသည် သမ္မာတရားကို မနှစ်သက်သောကြောင့်ဖြစ်ပြီး ယင်းကို လိုက်စားကြမည်မဟုတ်ပေ။ သူတို့သည် ဆန္ဒရှိလျှင်ပင် သမ္မာတရားကို ရရှိနိုင်မည်မဟုတ်ပေ။

ငါသည် ခံစားချက်များ၊ အယူအဆများနှင့် စိတ်ကူးစိတ်သန်းများဟူသည့် အချက်နှစ်ချက်ပေါ်တွင် မိတ်သဟာယပြုခဲ့သည်။ ကမူးရှူးထိုးပြုလုပ်ခြင်းဟူသည့် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ သရုပ်သကန်လည်းဖြစ်သည့် အခြားအချက်တစ်ခုရှိသေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးက ကမူးရှူးထိုး ပြုလုပ်တတ်ကြသည်။ ကမူးရှူးထိုးပြုလုပ်ခြင်း၏ ဖော်ပြချက်များမှာ မည်သည့်အပြုအမူများ ဖြစ်ကြသနည်း။ ကမူးရှူးထိုးပြုလုပ်ခြင်း၌ ခံစားချက်များနှင့် စိတ်ခံစားမှုများ ဟူသော လက္ခဏာများပါရှိသလော။ မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းကော ပါဝင်သလော။ ကမူးရှူးထိုးပြုလုပ်ခြင်းတွင် ဤလက္ခဏာများအားလုံး ပါဝင်သည်—ဤအရာများအားလုံးသည် လူတစ်ဦး၏ စိတ်သဘောထားနှင့် သက်ဆိုင်သည်။ “မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း” — ဤသည်မှာ ကမူးရှူးထိုးပြုလုပ်ခြင်း၏ ဥပမာတစ်ခုလော။ “မင်းက ငါ့အပေါ် မကောင်းရင် ငါလည်း မင်းကို မတရားလုပ်မှာပဲ” နှင့် “သင်လုပ်သည့်အတိုင်း ပြန်ခံရခြင်းဖြစ်သည်” — ဤသည်တို့မှာ ကမူးရှူးထိုးပြုလုပ်ခြင်း၏ ဥပမာများလော။ (ဟုတ်ပါသည်။) အခြားမည်သည့်ဥပမာများကို သင်တို့ စဥ်းစား၍ရသနည်း။ (“တိုက်ခိုက်မခံရလျှင် ကျွန်ုပ်တို့ တိုက်ခိုက်မည်မဟုတ်ပါ။ ကျွန်ုပ်တို့ တိုက်ခိုက်ခံရလျှင် တန်ပြန်တိုက်ခိုက်မည်မှာ သေချာ၏။”) ဤအရာအားလုံးမှာ ကမူးရှူးထိုးပြုလုပ်ခြင်း၏ ဥပမာများဖြစ်ကြ၏။ လူတို့သည် ဒေါသထွက်သောအခါ ကမူးရှူးထိုးလုပ်ရုံမက ဒေါသမထွက်လျှင်ပင် ကမူးရှူးထိုး လုပ်ကြသည်။ ဥပမာအားဖြင့်၊ လူတို့သည် ၎င်းတို့၏ စာတန်ကဲ့သို့သော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပြီး ၎င်းတို့ မနှစ်မြို့သောပုံစံဖြင့် စကားပြောသူများ သို့မဟုတ် ၎င်းတို့နှင့် သဘောမတူနိုင်သော နည်းလမ်းဖြင့် ပြုမူသူများကို မကြာခဏ အပြစ်ဆိုချင်ကြပြီး ၎င်းတို့ကို ဆိုးကျိုးဖြစ်စေသော နည်းလမ်းများဖြင့် ပြုမူသူများကို လက်စားချေလိုကြသည်။ ဤသည်မှာ ကမူးရှူးထိုးပြုလုပ်ခြင်း မဟုတ်သလော။ (ဟုတ်ပါသည်။) ကမူးရှူးထိုးပြုလုပ်ခြင်း၏ အခြား မည်သည့်ဥပမာများကို သင်စဉ်းစားနိုင်သလော။ (ရာထူးဂုဏ်ဒြပ်ဟူသော အဆင့်အတန်းမှ အခြားသူများကို စကားပြောခြင်း သို့မဟုတ် အပြစ်ဆိုခြင်းဖြစ်သည်။) လူတစ်ဦးသည် ၎င်းတို့နှစ်သက်သည့်အရာကို လုပ်ဆောင်ရန် သို့မဟုတ် အခြားသူများကို အပြစ်ဆိုခြင်းဖြင့် မိမိ၏ဒေါသကို ဖယ်ထုတ်ရန်အတွက် ၎င်းတို့၏ အဆင့်အတန်းက ပေးထားသော အသာစီးမှုကို အသုံးပြုသည့်အခါ ဤသည်တို့မှာလည်း ကမူးရှူးထိုးပြုလုပ်ခြင်းပုံစံများ ဖြစ်သည်။ အမှန်တွင် လူတို့သည် ကမူးရှူးထိုးပြုလုပ်ခြင်းကို မကြာခဏပင် ထုတ်ဖော်လေ့ရှိကြသည်။ လူတို့၏ အပြောအဆိုများနှင့် လုပ်ရပ်များသည် သမ္မာတရားနှင့် မကိုက်ညီသည့် ၎င်းတို့၏ တစ်ကိုယ်ကောင်းဆန်မှု၊ ဆန္ဒများ၊ နာကြည်းမှု၊ မုန်းတီးမှုနှင့် ဒေါသတို့ကြောင့် ဖြစ်ပေါ်လာသော အရေးကိစ္စအများစု—ဤအရာများအားလုံးသည် ကမူးရှူးထိုးပြုလုပ်ခြင်းမှ ဖြစ်ပေါ်လာသည်။ ကမူးရှူးထိုးပြုလုပ်ခြင်းအား ထုတ်ဖော်ချက်များသည် မုန်းတီးခြင်း၊ ဒေါသ သို့မဟုတ် အငြိုးကြီးခြင်းအပြင် ဤအရာနှင့် ပတ်သက်သည့် ကျယ်ပြန့်သောအရာများမှ ဖြစ်ပေါ်လာခြင်း မဟုတ်သော်လည်း ယနေ့ အသေးစိတ်အချက်အလက်များထဲသို့ ဝင်မည်မဟုတ်ပါ။ ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးသည် ကမှူးရှူးထိုးလုပ်ကြပြီး ဤကမှူးရှူးထိုးလုပ်ခြင်းသည် ၎င်းတို့၏ စာတန်စိတ်သဘောထားများမှ ဆင်းသက်လာခြင်းဖြစ်သည်။ ကမှူးရှူးထိုးခြင်းသည် သမ္မာတရားနှင့် ကိုက်ညီဖို့ဝေးစွ၊ သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် မကိုက်ညီပေ၊ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအရ ပြုမူခြင်းသည် ကမူးရှူးထိုးပြုခြင်း ဖြစ်သည်။ အဆိုးကို အဆိုးဖြင့် တုံ့ပြန်ခြင်းသည် ကမှူးရှူးထိုးပြုခြင်း ပုံစံတစ်ခုမဟုတ်ပေလော။ (ဟုတ်ပါသည်။) အကောင်းကို အဆိုးဖြင့် တုံ့ပြန်ခြင်းကော။ ဤသည်ကလည်း ကမှူးရှူးထိုးပြုခြင်းပင် ဖြစ်သည်။ ဒေါသကြီးလွန်း၍ ဆံပင်များ ထောင်ထသွားလျှင်ကော။ ဤသည်မှာလည်း ကမှူးရှူးထိုးလုပ်ခြင်းပါပင်။ ကမှူးရှူးထိုးပြုလုပ်ခြင်းသည် သင်ကြုံတွေ့ရသော အရေးကိစ္စများကို ဆင်ခြင်တုံတရားကင်းမဲ့စွာ တုံ့ပြန်ခြင်းပင်ဖြစ်ကာ “မည်သည့်အခြေအနေ ဖြစ်ပါစေ၊ ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်များကို ယခုပင် ထွက်ပေါက်ရှာလိုက်မည်။ အကျိုးဆက်များ မည်သို့ဖြစ်စေ၊ သို့မဟုတ် အခြေခံစည်းမျဥ်းများက မည်သည့်အရာပင်ဖြစ်စေ၊ သို့မဟုတ် ကျွန်ုပ်၏ဒေါသကို မည်သူ့ထံဦးတည်နေပါစေ ကျွန်ုပ်အရင်ဆုံး စိတ်လွတ်လက်လွတ် နေပစ်ဖို့လိုသည်” ဟု စဥ်းစားခြင်းဖြစ်သည်—ဤသည်မှာ ကမှူးရှူးထိုးပြုလုပ်ခြင်းပင်။ နောက်ဆုံးခွဲခြမ်းစိတ်ဖြာမှုတွင် ကမှူးရှူးထိုးခြင်းဆိုသည်မှာ မည်သည့်အရာအတိအကျနည်း။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ စာတန်၏ စိတ်သဘောထားဖြစ်ပြီး ဆင်ခြင်တုံတရားမှု လုံးဝကင်းမဲ့ခြင်းဖြစ်သည်။ ကမှူးရှူးထိုးပြုလုပ်ခြင်းသည် ရိုင်းစိုင်းခြင်းတစ်မျိုးဖြစ်ပြီး ယင်း၏အနှစ်သာရမှာ သားရဲသဘာဝ ပွင့်ထွက်လာခြင်းဖြစ်ပြီး၊ သာမန်လူ့သဘာဝ စိုးစဥ်းမျှပင် မရှိပေ။ ဆင်ခြင်တုံတရားကင်းမဲ့မှုအား ဖော်ပြချက်တစ်ခုသည် မိမိ၏အသိဉာဏ်နှင့် မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်း ပျောက်ဆုံးခြင်းကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ ကမှူးရှူးထိုးပြုခြင်းပင်။

သင်၏ စိတ်သဘောထားကို ပြောင်းလဲရန်အတွက် သင်လုပ်ဆောင်နိုင်ရမည့် အခြေခံအကျဆုံးအရာမှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များ အလင်းထဲတွင် အဓိကအားဖြင့် မိမိဘာသာ ထင်ရှားစေသည့် နည်းလမ်းများကို အသိအမှတ်ပြုရန်ဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော သဘောထားများကို သင်ထုတ်ဖော်သောအခါ သင်စဥ်းစားနေသည့်အရာနှင့် သင့်အခြေအနေကို သတိပြုမိရန်ဖြစ်သည်။ သာဓကများစွာတွင်၊ လူတစ်ဦး၌ ဖြစ်ပေါ်လာသော အခြေအနေတစ်ခုစီသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် ပေါ်ပေါက်လာသည်—အချို့ကိစ္စများတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုသည် မတူညီသော အနေအထားများတွင် မတူညီသော အခြေအနေများစွာကို ဖြစ်ပွားစေနိုင်သည်။ ဤအရာအားလုံးကို သင်ပိုင်းခြားသိမြင်နိုင်ရမည်။ သင်၏ ပိုင်းခြားသိမြင်မှုအားဖြင့် နားလည်မှုအနည်းငယ်ရထားရုံနှင့် မလုံလောက်၊ သင်သည် သင့်ပြဿနာ၏ အရင်းခံက အဘယ်မှာရှိသည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အဘယ်အခြေအနေမျိုးများတွင် ထုတ်ဖော်ပြသနိုင်သည်နှင့် ယင်းက အဘယ်ပြဿနာမျိုးဟူသည်ကို ခွဲခြမ်းစိတ်ဖြာပြီး သိနိုင်ရမည်။ ဤအရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်လာပြီးနောက်တွင် လက်တွေ့ကျင့်သုံးရန် သင့်တော်သောနည်းလမ်းကို သိလာလိမ့်မည်။ ယင်းကို အဘယ်သို့ လက်တွေ့လုပ်ဆောင်ရမည်ဟူသည်ကို သိရုံမျှနှင့် တစ်စုံတစ်ခုကို သင်လက်တွေ့လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ယင်းက အဘယ့်ကြောင့်နည်း။ သင်၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် တစ်စုံတစ်ဦးအား သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမှ တားဆီးနေပါက ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရမည်၊ ဘုရားသခင်၏ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းကို လက်ခံရမည်၊ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံပြီးလျှင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည်ဖြစ်သည်။ ဤအရာများကို ပြုလုပ်လျှင် သမ္မာတရားကို လက်တွေ့ကျင့်သုံးဖို့ လွယ်ကူလာလိမ့်မည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်မှုဟူသည် တစ်စုံတစ်ဦးက အသွင်ပြောင်းလဲခြင်းကို ရရှိအောင်မြင်ပြီဟူသည့် သဘောမျိုးလော။ မဟုတ်ပေ။ ကိစ္စတစ်ခုတွင် တစ်စုံတစ်ဦးသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းပြီးရုံဖြင့် ယင်းက နောက်တစ်ကြိမ် ထပ်မံ၍ ပေါ်လာတော့မည်မဟုတ်ဟု မဆိုလိုပေ။ ယင်းသည် ဆက်လက်၍ ပေါ်လာမည်ဖြစ်ကာ ထိုလူ၏ သမ္မာတရားဆိုင်ရာ လက်တွေ့ကျင့်ကြံမှုကို အနှောက်အယှက်ဖြစ်စေကာ အဟန့်အတားဖြစ်စေမည်၊ ဤအခြေအနေမျိုးများတွင် ၎င်းတို့သည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနေရဦးမည် ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ကိစ္စတစ်ခုတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းနိုင်သော်လည်း အချိန်အတိုင်းအတာ တစ်ခုကြာပြီးနောက် အခြားအခြေအနေတစ်ခုတွင် ဖောက်ပြန်ပျက်စီးသော နောက်ထပ်စိတ်သဘောထားတစ်ခု ပေါ်ပေါက်လာနိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းမှလည်း တားဆီးပိတ်ပင်နိုင်သည်။ ဤတွင် ပြဿနာက အဘယ်နည်း။ ဤအရာက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် လူတို့၌ နက်ရှိုင်းစွာ အမြစ်တွယ်နေကြောင်းနှင့် ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် ၎င်းတို့၏ ပြဿနာများအတွက် အဖြေများကို ရှာတွေ့ရဦးမည်ဖြစ်ကြောင်း ညွှန်ပြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အကြိမ်ကြိမ်ဖြေရှင်းခြင်းဖြင့်သာ ဤစိတ်သဘောထားများ တဖြည်းဖြည်း လျော့ပါးလာမည်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တစ်ချက်တည်းဖြင့် ဖြေရှင်း၍မရပါ—ထိုနည်းဖြင့် အလုပ်မဖြစ်—သင်သည် သမ္မာတရားကို ဦးစွာနားလည်လာပြီး ပိုင်းခြားသိမြင်ရန် သင်ယူရမည်ဖြစ်သည်။ သင့်ကိုယ်သင်– “ကျွန်ုပ် ယခု မမှန်ကန်သော အခြေအနေ၌ရှိရောက်နေသည်၊ ဤအခြေအနေက အဘယ်သို့ဖြစ်ပေါ်လာသနည်း။ ကျွန်ုပ်၏အတွင်းထဲ၌ အဘယ့်ကြောင့် ဤအခြေအနေမျိုး ဖြစ်ပေါ်လာရသနည်း။ ဤအခြေအနေကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သို့ဖော်ပြသနည်း။ ဤအခြေအနေကို အဘယ်ဖောက်ပြန်ပျက်စီးသော သဘောထားက ဖြစ်ပွားစေသနည်း” ဟု မေးရမည်။ ဤမေးခွန်းများကို နားလည်သဘောပေါက်ပြီး ရှင်းရှင်းလင်းလင်း ပိုင်းခြားသိမြင်ရန် ယင်းတို့ကို ဆင်ခြင်သုံးသပ်ရပါမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်ပြီးသည်နှင့် ယင်းတို့ကို သင်စွန့်နိုင်လိမ့်မည်။ ဤနည်းအားဖြင့်၊ သင်၏ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအတွက် အဟန့်အတားများကို ဖြည်းဖြည်းချင်း ဖြေရှင်းနိုင်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးရန် သင့်အတွက် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။ သမ္မာတရားအား လိုက်စားသည့် လမ်းကြောင်းကို လျှောက်လှမ်းခြင်းဟူသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဤနည်းဖြင့် အစဥ်မပြတ်ဖြေရှင်းခြင်းကို ဆိုလိုသည်။ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း လမ်းကြောင်းသည် တဖြည်းဖြည်း ကျယ်လာပြီး ပွင့်လာကာ ယင်းအတွက် အဟန့်အတားများ လျော့နည်းလာလိမ့်မည်။ သင်သည် သမ္မာတရား၏ မတူညီသော လက္ခဏာများအားလုံးကို လက်တွေ့ကျင့်သုံးနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍ပို၍ လျော့နည်းလာအောင် ထုတ်ဖော်မည်ဖြစ်သည်။ သို့ရာတွင် ဤအရာက သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လုံးလုံးလျားလျား ရှင်းရှင်းလင်းလင်း ဖယ်ရှားပစ်လိုက်ပြီဟု မဆိုလိုပေ။ အထူးအခြေအနေများတွင် သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနေနိုင်ဆဲ ဖြစ်နိုင်သည်၊ သို့သော် ၎င်းတို့သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်းမှ သင့်ကို ဟန့်တားနိုင်တော့မည် မဟုတ်ပေ။ ဤသည်မှာ ကောင်းမွန်သော ဦးတည်ချက်ဖြင့် ပြောင်းလဲနေသည်။ အသက်ဝင်ရောက်မှု လမ်းကြောင်းက ရှည်လျားသည်၊ ဆိုလိုသည်မှာ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်းက ရှည်လျားသည်။ ကျွန်ုပ်တို့၏ လက်တွေ့ဘဝတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်မျိုးက မတူညီသောအနေအထားများ၌ အခြေအနေများစွာကို မည်သို့ပို့ဆောင်နိုင်ကြောင်း ကျွန်ုပ်တို့အားလုံး မြင်နိုင်သည်။ ဤအခြေအနေများသည် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ အပြုသဘောဆောင်သည်ဖြစ်စေ အပျက်သဘောဆောင်ပြီး ဆိုးသည်ဖြစ်စေ ယင်းတို့အားလုံးသည် တစ်စုံတစ်ဦးကို အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်သည်၊ ၎င်းတို့ပြောဆိုပုံနှင့် ပြုမူပုံတို့ကို လွှမ်းမိုးနိုင်ပြီး အရာရာအပေါ် ၎င်းတို့၏အမြင်များနှင့် လူတို့အားဆက်ဆံပုံကို အကျိုးသက်ရောက်စေနိုင်သည်။ သို့ဆိုလျှင် ဤအခြေအနေများက မည်သို့ဖြစ်ပေါ်လာသနည်း။ အမှန်မှာမူ ၎င်းတို့အားလုံးသည် လူတို့၏ စာတန်သဘောသဘာဝများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ အပေါ်ယံတွင် ယင်းက လူတို့သည် အခြေအနေများ၏ လွှမ်းမိုးမှုခံနေရပုံပေါ်သော်လည်း အခြေခံအားဖြင့် ယင်းသည် ၎င်းတို့ကို ထိန်းချုပ်သည့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများပင် ဖြစ်သည်။ အကျိုးဆက်အားဖြင့် လူတို့အားလုံးသည် ၎င်းတို့၏ အတွင်းထဲမှ စာတန်သဘောသဘာဝနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်ကြပြီး၊ ယင်းက ၎င်းတို့အား သမ္မာတရားကို ချိုးဖောက်ပြီး ဘုရားသခင်ကိုတွန်းလှန်ရန် ဦးတည်စေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်နှင့် သင်၏ မမှန်ကန်သော အခြေအနေများကို ပြောင်းပြန်လှန်ရန် သမ္မာတရားကို အသုံးမပြုပါက သင်သည် သင့်စာတန်စိတ်သဘောထား၏ ကန့်သတ်ချုပ်ချယ်မှုများနှင့် နှောင်ကြိုးများမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ ဥပမာအားဖြင့်၊ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး အသင်းတော်တွင် အချို့သောတာဝန်အတွက် သင့်လျော်သော လူတစ်ဦးရှိသည်၊ သို့သော် သင်သည် သူ့ကို အထင်သေးသောကြောင့် သူ့ကို အသုံးမပြုလိုပေ။ ဤသည်မှာ လူတို့ကို ဆက်ဆံရာတွင် တရားမျှတသော နည်းလမ်းမဟုတ်ကြောင်း သင်သိသည်ဆိုလျှင် ဤပြဿနာကို သင်မည်ကဲ့သို့ ဖြေရှင်းသင့်သနည်း။ သင်သည်– “ကျွန်ုပ် အဘယ့်ကြောင့် ဤသို့ပြုမူရသနည်း။ ကျွန်ုပ် သူ့ကို အဘယ့်ကြောင့် မတရားဆက်ဆံရသနည်း။ ကျွန်ုပ်အပေါ် သြဇာလွှမ်းမိုးနေသည့်အရာက အဘယ်နည်း” ဟု စဉ်းစားသင့်သည်။ ဤအရာ၌ သီးခြား အသေးစိတ်အချက်များ မပါဝင်သလော။ ဤလူကို တရားမျှတစွာ မဆက်ဆံလိုသောကြောင့် ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ သင်၏ အစွဲများ၊ သင်၏ လိုလားမှုများနှင့် သင်၏ မနှစ်သက်မှုများကြောင့်ဖြစ်သည်။ လူတို့၌ မာနထောင်လွှားသော စိတ်သဘောထားများရှိ၍ ဤအရာများသည် သူတို့အတွင်း၌ ဖြစ်ပေါ်လာနိုင်သည်။ ထို့ကြောင့် သင်၏ မာနထောင်လွှားသော စိတ်သဘောထားကြောင့် ဤသည်ကို သံသယဖြစ်စရာ မလိုပေ။ သင်၏ မာနထောင်လွှားသော စိတ်သဘောထားက သင့်အထဲတွင် ဤအခြေအနေများကို ဖြစ်ပေါ်လာစေသည်- သင်၏စိတ်နှလုံးထဲတွင် ဤသူကို အထင်သေးခြင်း၊ သူ့အကြောင်း အကောင်းတစ်ခုခုပြောရန်၊ သို့မဟုတ် သူ့ကို တရားမျှတသော နည်းလမ်းဖြင့် အကဲဖြတ်ရန် မလိုလားခြင်းနှင့် သူနှင့်သင့်တော်စေကာမူ တာဝန်တစ်ခုအတွက် သူ့ကို မရွေးချယ်လိုခြင်း—ဤအရာအားလုံးသည် သင်၏မာနထောင်လွှားသော စိတ်သဘောထားက ဖြစ်ပေါ်စေသော အကျိုးဆက်များဖြစ်ကြသည်။ လူတို့သည် မာနထောင်လွှားသော စိတ်သဘောထားများ ရှိသောကြောင့် သူတို့၏စိတ်နှလုံးထဲတွင် အမှောင်ထုကို သိုလှောင်ထားကာ ၎င်းတို့၏ အမြင်အာရုံများ လွဲချော်သွားပြီး ကိစ္စများအပေါ် ၎င်းတို့၏ အမြင်များက ဘက်လိုက်ကြသည်။ ဤပြဿနာများကို မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်းနှင့် မိမိကိုယ်ကို သိလာခြင်းအားဖြင့် ဖြေရှင်းရမည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော အခြေအနေများနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှင်းလင်းစွာမြင်ပြီး နားလည်ထားသည့်အပြင် ယင်းတို့အား ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ကာ သမ္မာတရား၏ အခြေခံစည်းမျဥ်းများနှင့်အညီ လူတို့ကို ဆက်ဆံနိုင်ပါက လူတို့အပေါ် သင်၏အစွဲများနှင့် မမှန်ကန်သော အမြင်များကို ပြောင်းပြန်လှန်နိုင်ပြီး လူတို့ကို မျှမျှတတ ဆက်ဆံလာနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် ယင်းတို့ကို မည်သို့ ပြောင်းပြန်လှန်နိုင်သနည်း။ သင်သည် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန်၊ ဤပြဿနာများ၏ အနှစ်သာရကို ရိပ်စားမိကာ ဘုရားသခင်၏ အလိုတော်အား နားလည်သဘောပေါက်ခြင်းကို ရရှိရန် ဘုရားသခင်ထံတော်သို့ တိုးဝင်ရမည်။ သင်သည် ပူးပေါင်းဆောင်ရွက်ရန်နှင့် သင့်ကိုယ်သင် စွန့်ပယ်ရန် ဆန္ဒရှိရမည်။–သင်သည် “ရှေ့ဆက် ဤနည်းလမ်းအတိုင်း ကျွန်ုပ်ပြုမူမည်မဟုတ်။ သူ့အစွမ်းအစက အနည်းငယ် ချို့တဲ့နေနိုင်သော်လည်း သူ့ကို ဆက်ဆံသင့်သည်တိုင်း ကျွန်ုပ်ဆက်ဆံရမည်။ သူ ဤတာဝန်ကို ထမ်းဆောင်ဖို့ သင့်တော်လျှင် သူ့ကို ကျွန်ုပ်တာဝန်ပေးသင့်သည်။ ကျွန်ုပ် အခြားသူတစ်ဦးနှင့် ဆက်ဆံရေးကောင်းရှိသော်လည်း ထိုလူသည် တာဝန်အတွက် မသင့်လျော်ပါက ၎င်းတို့ကို ကျွန်ုပ် အသုံးပြုမည်မဟုတ်ပါ။ ထို့အစား သူ့အား ကျွန်ုပ်အသုံးပြုမည်" ဟု မိမိကိုယ်ကို ပြောရမည်။ ဤအခြေအနေက ပြောင်းပြန်မဟုတ်သလော။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှု ပုံစံတစ်ခု မဟုတ်သလော။ ယင်းမှာ လက်တွေ့လုပ်ဆောင်မှုပုံစံတစ်ခု ဖြစ်သည်။ ယခု သင်သည် ဤနည်းဖြင့် မည်ကဲ့သို့ လေ့ကျင့်နိုင်ခဲ့သနည်း။ အကယ်၍ သင်သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိခဲ့ဘဲ သင်၏ ဘက်လိုက်သော ရည်ရွယ်ချက်များကို မစွန့်ပစ်ခဲ့ပါက ဤရလဒ်ကို ရနိုင်မည်လော။ လုံးဝ မရနိုင်ပေ။ ထို့ကြောင့် လူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အရေးပါ၏။ သင်သည် အမှန်တကယ် ပူးပေါင်းဆောင်ရွက်ရမည်―ဆိုလိုသည်မှာ သင်သည် သမ္မာတရားဘက်သို့ ကြိုးပမ်းရမည်ဖြစ်ပြီး ဘုရားသခင်၏ တောင်းဆိုချက်များကို လိုက်လျှောက်ရန် ကြိုးစားရမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤနည်းဖြင့်ပြုမူရန် မရွေးချယ်ပါက၊ သမ္မာတရားဘက်သို့ မကြိုးစားပါက ပူးပေါင်းဆောင်ရွက်နေခြင်း မဟုတ်ပေ။ စစ်မှန်သော ပူးပေါင်းဆောင်ရွက်မှုသည် သမ္မာတရားအား အကြွင်းမဲ့ကျိုးနွံနာခံခြင်း ဖြစ်သည်။ သမ္မာတရားကို ကျိုးနွံနာခံရန် သဘောထားနှင့် သန္နိဋ္ဌာန်ရှိခြင်းဖြင့်သာ သင်သည် သင်၏ တစ်ကိုယ်ရေ ရည်ရွယ်ချက်များ၊ နှစ်သက်မှုများနှင့် တွေးခေါ်မြော်မြင်မှုကို စွန့်လွတ်နိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏ မမှန်ကန်သော အခြေအနေကို ပြောင်းပြန်လှန်နိုင်သည်။ လူများကို မျှမျှတတ ဆက်ဆံခြင်းဆိုသည်မှာ အခြားသူတစ်ဦးဦး၏ အခြေအနေမှာ မည်သို့ပင်ရှိစေကာမူ ထိုသူသည် မှန်မှန်ကန်ကန်ပြောဆိုကာ သမ္မာတရားနှင့်အညီ လိုက်လျောညီထွေစွာ ပြောဆိုသည့်အခါ သင့်အနေဖြင့် လက်ခံပြီး ကျိုးနွံနိုင်သည်ကို ဆိုလိုသည်။ သင်သည် လူတစ်ဦးအပေါ် အမြဲတမ်း အစွဲစိတ်များရှိပြီး သူတို့ကို အထင်သေးကာ သူတို့အား အသုံးပြုပြီးသည့်တိုင် သူတို့အား စကားအများကြီး မပြောလိုပါက၊ သင့်စိတ်နှလုံးထဲတွင် သူတို့ကို အထင်သေးနေသေးပါက၊ သင့်အခြေအနေ လုံးဝပြောင်းပြန်မဖြစ်သဖြင့် ဤအရာက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပုပ်ဆွေးနေသော အမြစ်သည် သင့်အတွင်း၌ ရှိနေသေးကြောင်း ပြသသည်။ သေးငယ်ပြီး အရေးမပါသော အခြေအနေတစ်ခုသည် သင့်ကို အလွန်တရာ ဒုက္ခဖြစ်စေနိုင်သည်—ဤသည်မှာ သင့်စိတ်သဘောထားအတွက် ပြဿနာတစ်ခုလော။ ဤသည်မှာ လူသား၏ သဘောသဘာဝနှင့် အနှစ်သာရဆိုင်ရာ ပြဿနာဖြစ်သည်။ သင်သည် ဤမမှန်ကန်သော အခြေအနေကို ပြောင်းပြန်လှန်ရပါမည်။ ဤလူ၌ အချို့သော အားနည်းချက်များရှိကြောင်း သင်တွေ့ရှိရုံမျှဖြင့် သူ့ကို ကန့်သတ်မထားသင့်ပေ—သူ၌ အားသာချက်များတစ်ချို့နှင့် အားသာချက်များတစ်ချို့ ရှိကာ သင်ည် သူနှင့် ပိုမိုမိတ်သဟာယဖွဲ့ကာ သူ့ကို ပိုမိုလေးနက်စွာ နားလည်ရန် ကြိုးစားသင့်သည်။ သင်သည် သူ၏ အားသာချက်များကို မြင်ပြီး သူသည် အဆိုပါတာဝန်အတွက် အမှန်တကယ် သင့်လျော်ကြောင်း တွေ့ရှိသောအခါ သင်သည် သင်၏ စက်ဆုပ်ဖွယ်ကောင်းမှုနှင့် ရှက်ဖွယ်အဖြစ်ကို တဖြည်းဖြည်း သိရှိလာပြီး သူ့အား ဤတာဝန်ကို ထမ်းဆောင်စေခြင်းနှင့် သူ့အား ဤနည်းဖြင့် ဆက်ဆံသည်မှာ တရားမျှတပြီး သမ္မာတရားနှင့်ညီကြောင်း နားလည်လာနိုင်သည်။ ထိုအခါ သင်သည် ပို၍ သက်သောင့်သက်သာ ခံစားရလိမ့်မည်။ ဤလူအကြောင်း ပေါ်ပေါက်လာသောအခါ သင်၏ အသိစိတ်ထဲ၌ ဘုရားသခင်ကို စိတ်မပျက်စေမိသည့်အပြင် သမ္မာတရားကို လက်တွေ့ကျင့်သုံးခဲ့ပြီဟု ငြိမ်းချမ်းမှုကို ခံစားရလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ ဤလူအပေါ် သင်၏အမြင်သည် ပြောင်းလဲသွားလိမ့်မည်။ ဤအရာအားလုံးကို အဘယ်သို့ ရရှိအောင်မြင်သနည်း။ ဤအရာကို လုပ်ဆောင်သူမှာ ဘုရားသခင်ဖြစ်သည်—သမ္မာတရားသည် သင့်အတွင်း၌ ဖြည်းဖြည်းချင်း အလုပ်လုပ်ပြီး ၎င်းသည် သင့်အခြေအနေကို ပြောင်းလဲကာ ပြောင်းပြန်ဖြစ်စေသည်။ သို့ရာတွင် ဤသည်မှာ အစမျှသာ ဖြစ်သည်။ သင်သည် ထပ်တူပြဿနာကို တစ်ဖန် ကြုံတွေ့ရန်ဖြစ်ပါက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ ယခင်လူအပေါ် သင်အသုံးပြုခဲ့သည့် ထပ်တူနည်းစနစ်များကို အသုံးပြုနိုင်မည်ကား မဟုတ်ပေ။ သင်သည် သမ္မာတရားကို မည်မျှချစ်သည်ကိုလည်းကောင်း၊ သင်၏ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် သင့်ကိုယ်ပိုင်အလိုတို့ကို စွန့်လွှတ်ဖို့ သင်၏ သန္နိဋ္ဌာန်ကိုလည်းကောင်း အခြား အမျိုးမျိုးသော အခြေအနေများ၊ သို့မဟုတ် အမျိုးမျိုးသော ပတ်ဝန်းကျင်များ၊ လူများ၊ အရေးကိစ္စများနှင့် အမှုအရာများက စမ်းသပ်ကောင်းစမ်းသပ်မည်ကို သင်တွေ့ကြုံနေနိုင်သည်၊ ဤသည်တို့မှာ ဘုရားသခင်၏ စမ်းသပ်မှုများဖြစ်သည်။ အခြားလူတို့နှင့် သင်၏ဆက်ဆံမှုများ အားလုံးတွင် ၎င်းတို့သည် မည်သူဖြစ်ပါစေ၊ ပြီးလျှင် သင်၏ဆက်ဆံရေးသည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ၎င်းတို့သည် သင်နှင့်ရင်းနှီးသည်ဖြစ်စေ၊ မရင်းနှီးသည်ဖြစ်စေ၊ ၎င်းတို့သည် သင့်ကို မျက်နှာလိုမျက်နှာရ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ၊ ပြီးလျှင် ၎င်းတို့၏ အစွမ်းအစ မည်သို့ရှိပါစေ— သင်သည် ၎င်းတို့ကို မျှမျှတတနှင့် မှန်မှန်ကန်ကန် ဆက်ဆံနိုင်သည့်အခါ သင်၏အခြေအနေသည် လုံးလုံး ပြောင်းလဲပြီး ဖြစ်လိမ့်မည်။ အခြားသူများကို သင်ဆက်ဆံသည့်ပုံစံသည် သင်၏စိတ်ကူးအထင်များ၊ သင်၏ခံစားချက်များ၊ သို့မဟုတ် သင်၏ကမှူးရှူးထိုးစိတ် တို့အပေါ် အခြေမခံပါက သင်သည် သမ္မာတရား၏ ဤရှုထောင့်ကို ရရှိပြီးဖြစ်လိမ့်မည်။ သင်သည် ထိုနေရာသို့ မရောက်ရှိသေးပေ။ သင့်အထဲမှ ကွဲပြားသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အားလုံးသည် သင့် အမူအကျင့်ကို ထိန်းချုပ်နေဆဲဖြစ်ပြီး၊ သင်၏တွေးခေါ်ပုံနှင့် သင့်စိတ်ကို ထိန်းချုပ်နေဆဲ ဖြစ်ပါသည်။ သင့်အထဲမှ ဤအရာများသည် သင့်ကို ထိန်းချုပ်ထားသော သင့်သဘောသဘာဝဖြစ်လာပြီး သမ္မာတရားက သင့်အသက်တာ မဖြစ်သေးပေ။ သင့်တွင် ကောင်းမွန်သောအကျင့် တစ်ချို့ရှိသော်လည်း ဤကောင်းသောအကျင့်၏ နောက်ကွယ်တွင် သင်ထုတ်ဖော်ပြသသည့် မတူညီသောအခြေအနေများနှင့် အတွေးအမြင်များအားလုံးနှင့် သင့်စိတ်နှလုံးအတွင်း၌ ခိုအောင်းနေသည့် အရာများသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ဖြစ်ပေါ်လာပြီး သမ္မာတရားနှင့် သဘောကွဲလွဲသည်။ သင်၏ ဤအခြေအနေများနှင့် သင့်အတွေးအမြင်များ အားလုံးသည် ဆင်ခြင်တုံတရားကို အခြေခံလာပြီး အခြေခံစည်းမျဥ်းများ၊ သမ္မာတရားတို့နှင့် ကိုက်ညီသောအခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်နေသဘောထားများသည် သင့်အတွေးများ သို့မဟုတ် သင့်အပြုအမူများကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ—ထို့နောက် သင်၏ စိတ်သဘောထားက အမှန်တကယ် ပြောင်းလဲလာပြီးဖြစ်မည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စွန့်ပစ်ရန် သို့မဟုတ် သင့်ကိုယ်သင် ချုပ်တည်းရန် မလိုအပ်တော့ပေ။ သမ္မာတရား၏ အခြေခံစည်းမျဥ်းများနှင့်အညီ တိုက်ရိုက်ပင် ပြုမူလုပ်ဆောင်နိုင်မည်ဖြစ်သည်။ ဤအရာသည် သင်လုပ်သင့်သည့် အရာပင်ဖြစ်သည်ဟု သင်ယုံကြည်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် လုံးဝမပင်ပန်းဟု သင်ထင်လိမ့်မည်။ ဤသို့ဖြစ်လာသောအခါ သမ္မာတရားက သင်၏ဘဝ ဖြစ်လာလိမ့်မည်။ သင်တို့အားလုံးသည် ထိုနေရာသို့ မရောက်သေး—သင်သည် သင်၏လိုက်စားမှုကို အချိန်အတိုင်းအတာတစ်ခုအထိ ဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်။ အယူဝါဒ အနည်းငယ်ကို နားလည်ပြီး စိတ်အားထက်သန်မှု အနည်းငယ်ရှိရုံဖြင့် အကျိုးမရှိပေ။ သင်တို့၏ ဝိညာဥ်ရင့်သန်မှုက သေးငယ်လွန်းသည်။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံနိုင်ရမည်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးကာ သင်၏ အတွေ့အကြုံ သက်သေခံချက်နှင့် သင်၏ စစ်မှန်သော နားလည်မှုအကြောင်းကို ပြောဆိုနိုင်ရမည်—ထို့နောက် သင်သည် စစ်မှန်မှုကို ရရှိလာမည် ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော ဝိညာဥ်ရင့်ကျက်မှုရှိခြင်းကို ဆိုလိုသည်။ ယခုအချိန်တွင် လူအများစုသည် သက်သေခံနိုင်စွမ်း မရှိကြပေ—၎င်းတို့၏အတွေ့အကြုံသည် တိမ်လွန်းနေသေးကာ၊၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုမိုဖတ်ရှုရန်၊ တရားဒေသနာများ ပိုမိုနားထောင်ရန်နှင့် ဓမ္မသီချင်းများကို ပိုမိုလေ့လာကြရန် လိုသည်။ အရာများစွာကို တွေ့ကြုံခံစားပြီးနောက် သူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စစ်မှန်သော နားလည်မှု ရရှိကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အလွန်လက်တွေ့ကျသောကြောင့်၊ လူတစ်ဦး၏အသက်တာအဖြစ် အစေခံနိုင်သောကြောင့် လူတို့ကို စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း လုံးလုံးလျားလျား ရှင်သန်စေနိုင်စွမ်း ရှိသည့်အပြင် စာတန်၏ သွေးဆောင်မှုအမျိုးမျိုးကို တုံ့ပြန်ရာတွင် ယင်းတို့ကို အသုံးပြုနိုင်သည်။ ဤနားလည်မှုကို ရရှိသောသူများသာလျှင် ဝိညာဥ်ရင့်သန်မှုရှိပြီး ဘုရားသခင်၏လူများ အမှန်တကယ် ဖြစ်လာကြသည်။ လူများစွာသည် သမ္မာတရားနှင့် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အကြောင်း ပြောဆိုခြင်းမပြုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားသည် သူတို့၏ဘဝ မဖြစ်သေးသောကြောင့်ဖြစ်ကာ၊ ရလဒ်အနေဖြင့် ၎င်းတို့သည် ပင်ပန်းနွမ်းနယ်ပြီး သနားစရာကောင်းသောဘဝဖြင့် နေထိုင်ကြပြီး အကျည်းတန်မှုအမျိုးမျိုးဖြင့် နေထိုင်ကြပြီး သူတို့၏ဘဝများသည် ဝမ်းနည်းဖွယ်ကောင်းသည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက လူတို့အား မည်သည့်အရာကို ဆောင်ကြဉ်းလာသနည်း။ ဆင်းရဲဒုက္ခ၊ မုန်းတီးမှု၊ နာကြည်းမှု၊ အဆိုးမြင်မှုကိုသာမက မာနာထောင်လွှားခြင်း၊ မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်း၊ မုသာဝါဒ၊ လှည့်ဖြားမှု၊ လိမ်ညာမှုနှင့် အခြားသူတကာထက် မိမိသာလွန်သည်ဟု ယုံကြည်ခြင်းတို့ကို ဆောင်ကြဉ်းပေးသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် လူများအား မျှော်လင့်ချက်မဲ့မှုကို ကြိတ်မှိတ်လက်ခံခြင်း၊ မှားယွင်းသော ဆင်ခြင်တုံတရားဖြင့် ပြောဆိုခြင်းနှင့် ဆန့်ကျင်ခြင်းတို့ကို ဖြစ်စေသည်။ အခြားအချိန်များတွင် ၎င်းတို့သည် လူတို့အား မိမိကိုယ်ကို မည်မျှသနားစရာ ကောင်းသည်၊ မည်မျှအထီးကျန်ပြီး အထောက်အကူမဲ့သည်ဟု တွေးထင်စေကာ စိတ်ပျက်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းသည့်သဏ္ဍာန်ကို ပြသစေတတ်သည်။ လူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ကြသော်လည်း သမ္မာတရားကို နားမလည်ကြသေးဘဲ အဓိပ္ပာယ်မဲ့သောစကားများသာ ပြောဆိုကြပြီး ၎င်းတို့သည် အထီးကျန်ပြီး အထောက်အကူမဲ့သည်ဟု ဆိုကြသည်။ ဘုရားသခင်သည် သမ္မာတရား၊ ကိုယ်တော်သည် လူသား၏ အထောက်အပံ့ဖြစ်၏၊ သို့သော် လူများက သူ့ကို အားမကိုးကြ၊ သူတို့သည် သူ့ထံမှ လမ်းလွဲကြကာ စာတန်နောက်သို့ လိုက်ကြပြီး စာတန်၏ အတွေးအခေါ်များဖြင့် အသက်ရှင်ကြသည်။ ဤသို့သော လူတို့က မရေမရာဖြစ်ကြသည် မဟုတ်သလော။ သမ္မာတရားကို မလိုက်စားသော လူတို့အားလုံးက ဤသို့ဖြစ်ကြ၏။ သမ္မာတရားကို နားလည်သောသူများသည် ဘုရားသခင်နှင့် ပို၍ပို၍ နီးကပ်လာကြပြီး—သမ္မာတရားကို တစ်စက်မျှပင် နားမလည်ပါက သင်သည် ဘုရားသခင်နှင့် အလွန်ဝေးကွာသွားကာ ဘုရားသခင်နှင့်ပင် ပုံမှန်ဆက်ဆံရေးရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးနိုင်ကာ သမ္မာတရားသည် သင့်အတွင်း၌ အသက်ဖြစ်လာပါက ဘုရားသခင်သည် သင့်စိတ်နှလုံးသားထဲတွင် ရှိတော်မူ၏။ အကယ်၍ သင်သည် သမ္မာတရားကို နားမလည်၍ မရနိုင်ဘဲ သင်သည် သမ္မာတရားကိုလည်း လက်တွေ့မကျင့်သုံးနိုင်ပါက ဘုရားသခင်သည် သင်၏ဘုရားသခင် မဟုတ်သည့်အပြင် သူသည် သင့်အတွင်း၌ ကိန်းဝပ်မည်မဟုတ်ပေ။ သမ္မာတရားသည် သင်၏သခင်မဟုတ်ဘဲ သင်နှင့်ပတ်သက်သည့် အရာတိုင်းကို ညွှန်ကြားခြင်းမရှိပါက ဤသည်မှာ ဘုရားသခင်က သင်နှင့် ပတ်သက်သည့်အရာတိုင်းကို ညွှန်ကြားခြင်းမရှိသည်နှင့် တူညီပါသည်။ ဆိုလိုသည်မှာ သင်သည် သင့်ကိုယ်သင် ဘုရားသခင်ထံ အပ်နှင်းထားခြင်း မရှိသေးဘဲ သင်သည် ဦးစီးဦးကိုင်နေသူတစ်ဦး ဖြစ်နေဆဲဟု ဆိုလိုသည်။ သင်က ဦးစီးဦးကိုင်နေသောအခါ မည်သူသည် အမှန်တကယ် ဦးစီးဦးကိုင်နေသနည်း။ ယင်းက သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကာ သမ္မာတရားသည် တာဝန်မရှိချေ။ သင်၏ စကားလုံးများ၊ လုပ်ဆောင်ချက်များ၊ အပြုအမူ၊ အရေးကိစ္စများကို ကိုင်တွယ်ခြင်း၊ သင်၏ တာဝန်ကျေပွန်မှု၊ လူများကို သင်ဆက်ဆံပုံနှင့် သင့်နေ့စဉ်အသက်တာ၊ သင်စားသည့်အရာနှင့် သင်၏ဝတ်စားပုံကိုပင် ဦးနှောက်ခြောက်အောင်စဉ်းစားရန် မလိုအပ်တော့သည့်အခါ၊ သင်သည် ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ အခြေခံမူများအရ သင့် အရေးကိစ္စအားလုံးကို ကိုင်တွယ်နိုင်သောအခါ သင်သည် စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေမည်ဖြစ်ပြီး သမ္မာတရားကို ရရှိပြီးဖြစ်လိမ့်မည်။

ယခုအချိန်တွင် သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် အရေးကြီးဆုံးသော ကိစ္စတစ်ရပ်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့မကျင့်သုံးသောသူသည် ပညာမဲ့ပြီး မိုက်မဲပေသည်။ သမ္မာတရားကို လက်တွေ့မကျင့်သုံးသူများသည် ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားနိုင်စွမ်းမရှိ—၎င်းတို့သည် ကောင်းချီးများရရှိရန် ဘုရားသခင်ကို ယုံကြည်ဖို့သာ လိုအပ်ပြီး သမ္မာတရားကို ကျင့်သုံးရန်နှင့် အဖိုးအခပေးရန်မလိုဟု ထင်မြင်ကြသည်။ ဘာသာရေးလောကတွင် ဤကဲ့သို့သောလူတို့ များစွာရှိ၏။ ဘုရားသခင်၏ အိမ်တော်အတွင်း၌ ဘုရားသခင်သည် သူ၏အလုပ်ကို မည်သို့လုပ်ဆောင်ပြီး လူသားမျိုးနွယ်ကို ကယ်တင်ပုံနှင့် လူတို့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် တောင်းဆိုချက်များကို လူအများစုက သိကြသည်။ ဘုရားသခင်၏ အိမ်တော်ထဲ၌ သမ္မာတရားကို လက်တွေ့ကျင့်သုံးသောသူ ပို၍ပို၍ နည်းပါးလာသည်။ ယခုအချိန်တွင် သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းဖြင့်သာလျှင် စိတ်သဘောထား ပြောင်းလဲမှုကိုရရှိပြီး ကယ်တင်ခြင်းကို ရရှိနိုင်သည်ဟူသော အယူဝါဒနှင့် စပ်လျဥ်း၍ သင်တို့အားလုံး နားလည်ကြသော်လည်း သမ္မာတရားကို မည်သို့ကျင့်သုံးရမည်နှင့် သမ္မာတရား၏ စစ်မှန်မှုထဲသို့ မည်သို့ဝင်ရောက်ရမည်ဟူသည့် လမ်းကြောင်းနှင့်ပတ်သက်၍ အနည်းငယ် မရှင်းလင်းကြသေးပေ။ ရလဒ်အနေဖြင့် သင်၏ အသက်ဝင်ရောက်မှုမှာ နှေးကွေးစွာ ရှေ့ဆက်နေသည်။ သမ္မာတရားကို ကျင့်သုံးခြင်းသည် သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ရန် သော့ချက်ဖြစ်သည်—သမ္မာတရားကို မကျင့်သုံးနိုင်ခြင်းက ကြီးမားသော ပြဿနာဖြစ်၏။ သင်တို့အားလုံးသည် အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားစုများကို ဟောနေကြသေးသလော။ (ဟောနေကြသေးသည်။) သို့ဆိုလျှင် သင်တို့ ထိုသို့ဟောပြီးသောအခါ အယူဝါဒဆိုင်ရာ ဤစကားလုံးများနှင့် စကားစုများကို လက်တွေ့အသုံးချနိုင်သလော။ ယင်းတို့ကို လက်တွေ့မကျင့်သုံးနိုင်လျှင် ဤအရာက သင်တို့သည် သမ္မာတရားကို နားမလည်သေးဘဲ အယူဝါဒများကိုသာ နားလည်ကာ၊ သမ္မာတရား၏ စစ်မှန်မှုကို မပိုင်ဆိုင်သေးကြောင်း သက်သေပြနေသည်။ အချို့သောလူတို့က သူတို့ရိုးသားသင့်သည်ဟု သိကြသော်လည်း လိမ်လည်လှည့်ဖြားခြင်း၏ ကန့်သတ်ချုပ်ချယ်မှုများမှ မလွတ်မြောက်နိုင်ကြပေ။ အချို့သောလူတို့သည် ဘုရားသခင်အား ကျိုးနွံနာခံလိုစိတ်ရှိပါသည်ဟု ဆိုကြသော်လည်း ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရသောအခါ ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ အခြားလူများသည် အယူဝါဒများအကြောင်းကို မှန်ကန်သောဟန်ဖြင့် ပြောဆိုကြပြီး ၎င်းတို့တွင် သမ္မာတရား၏ စစ်မှန်မှုများရှိသည်ဟူသော ထင်မြင်ယူဆချက် ပေးကြသော်လည်း ၎င်းတို့တွင် မိမိကိုယ်ကို စစ်မှန်သောသိနားလည်ခြင်း မရှိကြပေ။ အခြားလူများက ၎င်းတို့သည် ဝိညာဉ်ရေးရာ သဘောတရားများအကြောင်းကို ပြောဆိုနိုင်သောကြောင့် ၎င်းတို့သည် အလွန်ပင် ဝိညာဉ်သဘောရှိသည် ယုံကြည်ကြသော်လည်း စစ်မှန်သော မိမိကိုယ်ကိုသိသောအသိ မရှိနိုင်ကြသည့်အပြင် ၎င်းတို့၏ တာဝန်များတွင်ဖြစ်စေ၊ အရေးကိစ္စများကို ကိုင်တွယ်သည့်အခါဖြစ်စေ စစ်မှန်သော ကျိုးနွံနာခံမှု ကင်းမဲ့ကြသည်။ ဤပြဿနာများအားလုံး၏ အရင်းအမြစ်၌ မည်သည့်အရာရှိသနည်း။ သူတို့က သမ္မာတရားကို လက်မခံနိုင်ကြခြင်းပင်ဖြစ်၏။ ဘုရားသခင်ကို ယုံကြည်သူတစ်ဦးသည် သမ္မာတရားကို လက်မခံပါက သူတို့သည် ကိုယ်တော်ကို အမှန်တကယ် ယုံကြည်ကြပါ၏လော။ အမှန်တရားကို လက်မခံနိုင်လျှင် သူတို့၏ ပြဿနာတစ်ခုကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်ပေ။ သမ္မာတရားကို လက်ခံသောသူတို့သာလျှင် ယင်းကို ကျင့်ကြံနိုင်၍ မိမိကိုယ်ကို သိလာနိုင်သည်။ တစ်စုံတစ်ယောက်သည် အယူဝါဒ၏ စကားလုံးများနှင့် စကားစုများကို မည်မျှပင် ရွတ်ဆိုနိုင်သည်ဖြစ်စေ အဓိကအချက်မှာ ဤအယူဝါဒကို လိုက်နာကျင့်သုံးနိုင်ခြင်းဖြစ်ပြီး အရေးကြီးဆုံးဖြစ်သည်။ လူတစ်ဦးက လက်တွေ့ကျင့်သုံးသော သမ္မာတရားများသည် စစ်မှန်မှုပင်ဖြစ်၏—သမ္မာတရားကို လက်တွေ့မကျင့်သုံးနိုင်လျှင် သူတို့၌ စစ်မှန်မှု ကင်းမဲ့လေသည်။ အချို့သောလူတို့သည် အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားစုများအကြောင်းကို အလွန်ရှင်းလင်းစွာ ဟောပြောနိုင်သော်လည်း ၎င်းတို့သည် အမှန်တကယ်တွင် သမ္မာတရားများစွာကို ရှင်းလင်းပြတ်သားစွာ ပိုင်းခြားနိုင်စွမ်းမရှိ၊ အချို့အရာများကို ပိုင်းခြား၍မရသည့်အပြင် ယင်းတို့ကို မရိပ်စားနိုင်သည့်အပြင် ၎င်းတို့ လက်တွေ့လုပ်ဆောင်နိုင်သည့် သမ္မာတရားပမာဏမှာ အလွန်နည်းပါးသည်။ ရလဒ်အနေဖြင့်၊ ထိုသို့သောလူများသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ရေးသားရန် အလွန်ခက်ခဲသည်—နေ့စဉ်ဘာသာစကား သို့မဟုတ် လက်တွေ့အတွေ့အကြုံမရှိဘဲ အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားစုအချို့ကိုသာ ရေးနိုင်ကြသည်။ အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားစုများကို ရွတ်ဆိုခြင်းဆိုင်ရာ ဤပြဿနာကို မည်သို့ ဖြေရှင်းသင့်ပုံ လမ်းကြောင်း သင်တို့၌ရှိသလော။ အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားစုများကို ရွတ်ဆိုခြင်းဆိုင်ရာ ဤပြဿနာကို ဖြေရှင်းရန် သင်သည် သမ္မာတရားကို လေ့ကျင့်ရန်လိုအပ်သည်—သမ္မာတရားကို သင်သည် ပို၍ လက်တွေ့ကျင့်သုံးလေ၊ သမ္မာတရားကို ပို၍အားထုတ်ပြီး ပို၍ကျင့်သုံးလေ၊ အတွေ့အကြုံနှင့် လက်တွေ့ကျင့်သုံးမှု၏ စကားလုံးများကို သင်ပို၍ရရှိလေဖြစ်မည်။ အတွေ့အကြုံနှင့် လက်တွေ့ကျင့်သုံးမှုဆိုင်ရာ စကားလုံးများ သင်ပို၍ပိုင်ဆိုင်ထားလေ၊ သင်သည် အယူဝါဒဆိုင်ရာ စကားလုံးများနှင့် စကားစုများကို ရွတ်ဆိုမှု ပို၍နည်းလေဖြစ်သည်။ လူသည် စစ်မှန်မှုကို မည်သို့ရရှိမည်နည်း။ သမ္မာတရားကို လက်တွေ့ကျင့်သုံးသည့် လုပ်ငန်းစဉ်၌ လူတို့သည် အတွေ့အကြုံတစ်ချို့ရှိပြီး တစ်ချို့အရာများကို ထိတွေ့မိကြသည်၊ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖေါ်ကာ အမျိုးမျိုးသော အခြေအနေများကို ဖန်တီးကြပြီးနောက် သမ္မာတရားကို ရှာဖွေပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော အခြေအနေအမျိုးမျိုးကို ခွဲခြမ်းစိပ်ဖြာကာ လက်တွေ့ကျင့်သုံးမှု၏ အခြေခံစည်းမျဥ်းများနှင့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိသွားကြသည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်လာပြီး ကျင့်ကြံလာကြသည်။ ဤသည်မှာ စစ်မှန်သော အသက်တာအတွေ့အကြုံပင်။ အကယ်၍ သင်သည် သမ္မာတရားကို မလိုက်စားဘဲ လက်တွေ့မကျင့်သုံးလိုပါက ဤလုပ်ငန်းစဉ်ကို ဖြတ်သန်းရမည်မဟုတ်သကဲ့သို့ ဤလုပ်ငန်းစဉ်မပါဘဲ သင်သည် အသက်ဝင်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ ဤဖြစ်စဉ်၌ သင်သည် များစွာတွေ့ကြုံရလျှင် သမ္မာတရားကို ရှင်းရှင်းလင်းလင်း နားလည်လာမည်၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပြတ်ပြတ်သားသား ပိုင်းခြားသိမြင်နိုင်စွမ်း ရှိမည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးရာ၌ သင်လိုက်နာရမည့် လမ်းကြောင်းက ပို၍သာ ရှင်းလင်းလာမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤလက်တွေ့ကျင့်သုံးမှု ဖြစ်စဉ်နှင့် အတွေ့အကြုံတို့ကို မဖြတ်သန်းရသေးဘဲ အယူဝါဒနှင့် ဘုရားနှုတ်ကပတ်တော်များကို စာသားအတိုင်း နားလည်သဘောပေါက်ခြင်းသာ ရှိပါက သင်၏ စာသားအတိုင်း နားလည်မှုနှင့် သင်၏ ကိုယ်တိုင်တွေ့ကြုံမှုကြား၌ ခြားနားချက်ရှိသည်ဖြစ်၍ သင်ဟောပြောသမျှ အရာအားလုံးသည် အယူဝါဒများသာ ဖြစ်လိမ့်မည်။ အယူဝါဒများသည် မည်ကဲ့သို့ ပေါ်ပေါက်လာသနည်း။ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအား လက်တွေ့ကျင့်သုံးခြင်းမရှိသည့်အပြင် အသက်တာအတွေ့အကြုံ မရှိဘဲ နားလည်ရုံ၊ ဆန်းစစ်ရုံ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စကားလုံးအတိုင်း အနက်ဖွင့်ရုံမျှသာ ရှိသည့်အပြင် ဤအရာကို သွန်သင်သောအခါ အယူဝါဒများ ပေါ်ပေါက်လာခြင်းဖြစ်၏။ အယူဝါဒများသည် စစ်မှန်မှု ဖြစ်လာနိုင်သလော။ သင်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း သို့မဟုတ် တွေ့ကြုံခြင်းမရှိလျှင် ၎င်းကို မည်သည့်အခါမျှ သင်နားလည်မည် မဟုတ်ပေ။ သမ္မာတရားအား စကားလုံးအတိုင်း အနက်ဖွင့်ပြခြင်းမျှသည် အစဥ်အမြဲ အယူဝါဒများသာလျှင် ဖြစ်ပေမည်။ သို့သော် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လျှင် သင်သည် သင်၏ ဖောက်ပြန်ပျက်စီးမှုအချို့ကို ပယ်ချွတ်နေခြင်းဖြစ်ကာ သင်၏ ကယ်တင်ခြင်းဆီသို့ ခြေတစ်လှမ်းလှမ်းနေပြီး ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပို၍နီးစပ်လာနေခြင်း ဖြစ်သည်။ ထိုသို့အားဖြင့် ထွက်ပေါ်လာသော ဉာဏ်ပညာ၊ အတွေးအမြင်များ၊ အကြံဉာဏ်များ၊ ခံစားချက်များနှင့် အစရှိသည်တို့သည် လက်တွေ့ကျလာလိမ့်မည်။ စစ်မှန်မှုကို မည်သို့ရရှိသနည်း။ ယင်းကို သမ္မာတရားအား လက်တွေ့လုပ်ဆောင်ခြင်းဟူသော အတွေ့အကြုံအားဖြင့် ရရှိသည်။ အကယ်၍ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း မရှိလျှင် စစ်မှန်မှုကို မည်သည့်အခါမျှ ရရှိမည်မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း မရှိသော်လည်း လက်တွေ့ကျသော ဒေသနာများကို ဟောကြားနိုင်ပါသေး၏” ဟူ၍ ပြောကောင်းပြောကြမည်။ သင်ဟောပြောသည့် အကြောင်းအရာသည် လတ်တလောတွင် မှန်သယောင်ရှိပြီး အတော်ပင် လက်တွေ့ကျသယောင် ရှိသော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်သည့် လမ်းကြောင်း ရှိမည်မဟုတ်ပေ။ ဤအရာက သင်နားလည်သမျှ အရာအားလုံးသည် အယူဝါဒသာဖြစ်သေးသည်ကို သက်သေပြ၏။ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်း မရှိဘဲ သင်၌ လက်တွေ့အတွေ့အကြုံလည်းမရှိ သို့မဟုတ် သမ္မာတရားအား သိနားလည်ခြင်းမရှိလျှင် အခြားတစ်စုံတစ်ဦး၌ သင်ယခင်က မစဉ်းစားခဲ့ဖူးသည့် အခြေအနေတစ်ခု ပေါ်လာသည့်အချိန်တွင် ၎င်းအား မည်ကဲ့သို့ဖြေရှင်းရမည်ကို သင်သိမည်မဟုတ်ပေ။ လူတစ်ဦးသည် သမ္မာတရားအား လက်တွေ့ကျင့်သုံးခဲသည့်အခါ ထိုသူအနေဖြင့် ၎င်းကို အမှန်တကယ်နားလည်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့၏ သမ္မတရားကို လက်တွေ့ကျင့်သုံးမှုအား တိုးမြှင့်ခြင်းဖြင့်သာလျှင် ၎င်းကို စစ်မှန်စွာနားလည်နိုင်ပြီး ထိုအခါမှသာလျှင် သမ္မာတရားအား လက်တွေ့ကျင့်သုံးခြင်း၏ အခြေခံသဘောတရားများကို ထိုသူတို့ နားလည်သဘောပေါက်နိုင်သည်။ သင်သည် သမ္မာတရားအား တွေ့ကြုံခံစားခြင်းမရှိလျှင် အယူဝါဒများကိုသာ သင်ဟောပြောနိုင်မည်မှာ မှန်ပေသည်။ သင်သည် စည်းကမ်းများကို လိုက်နာသည့်အတိုင်းပင် အခြားသူများကို လိုက်နာရန် သင်ပြောလိမ့်မည်။ စစ်မှန်သော အသက်တာအတွေ့အကြုံမရှိဘဲ သင်သည် မည်သည့်အခါမျှ သမ္မာတရား၏ စစ်မှန်မှုကို သွန်သင်နိုင်မည် မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် လေ့လာခြင်းနှင့် မတူပေ။ လေ့လာခြင်းဆိုသည်မှာ စာများနှင့် စကားစုများ၌ ကြိုးပမ်းအားထုတ်ခြင်းနှင့် သက်ဆိုင်သည်။ ယင်းမှာ မှတ်စုရေးသားခြင်း၊ အလွတ်ကျက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် သုတသနပြုခြင်းတို့ ပြလုပ်ရုံမျှက ကောင်းပေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကမူ ဖြောင့်ဖြောင့်ကြီးပင် ဆန့်ကျင်ဘက်ဖြစ်၏။ သင်သည် သမ္မာတရားကို နားလည်ခြင်းနှင့် အခြေခံစည်းမျဥ်းများအတိုင်း အရေးကိစ္စများကို ကိုင်တွယ်ခြင်း၏ ရလဒ်များကို ရရှိဖို့အတွက် လက်တွေ့ကျသည့် အတွေ့အကြုံအပေါ် မှီခိုရမည်။ သမ္မာတရားကို နားလည်သဘောပေါက်သည်နှင့် တစ်ပြိုင်နက် ယင်းကို လက်တွေ့ကျင့်သုံးလိုသူ မည်သူမဆို ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လွတ်မြောက်နိုင်လိမ့်မည်— သူတို့သည် သမ္မာတရားများကို ပို၍လေ့ကျင့်လေ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ပို၍ပယ်ဖျောက်နိုင်လေ ဖြစ်မည်။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မကျင့်သုံးသော သူတို့သည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ မည်သည့်အခါမှ လွတ်မြောက်လိမ့်မည် မဟုတ်ပေ။ ထို့အတွက်ကြောင့် သမ္မာတရားကို ရှာဖွေခြင်း၊ နားလည်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန်လမ်းကြောင်း ဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်

အရှေ့သို့- ရိုးသားသောသူလူတစ်ဦးကသာ စစ်မှန်သော လူသားပုံသဏ္ဍာန်အတိုင်း အသက်ရှင်နေထိုင်နိုင်သည်

နောက်တစ်ခုသို့- အကြင်သူသည် ဘာသာတရားကို ယုံကြည်ခြင်း၊ သို့မဟုတ် ဘာသာရေးအခမ်းအနားများကို ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ကယ်တင်ခြင်းမခံရနိုင်ပေ

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။