လက်တွေ့လုပ်ဆောင်ခြင်း (၇)

သင်တို့၏ လူ့သဘာဝသည် အလွန်ချို့တဲ့နေ၏၊ သင်တို့၏ ဘဝနေထိုင်မှုပုံစံသည် အလွန် နိမ့်ကျပြီး ယုတ်ညံ့သည်၊ သင်တို့တွင် လူ့သဘာဝမရှိသကဲ့သို့ ထိုးထွင်းသိမြင်မှု ကင်းမဲ့လေသည်။ ဤသည်ကြောင့် သင်တို့သည် မိမိတို့ကိုယ်ကိုယ် ပုံမှန် လူ့သဘာဝနှင့် ဆိုင်သော အရာများဖြင့် ပြင်ဆင်ဖို့ လိုအပ်ခြင်း ဖြစ်သည်။ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ထိုးထွင်းသိမြင်မှုတို့ ရှိခြင်း၊ အမှုအရာများကို မည်သို့ ပြောဆိုပြီး ရှုမြင်ရမည်ကို သိခြင်း၊ သန့်ရှင်းမှုကို အာရုံစိုက်ခြင်း၊ သာမန်လူသားတစ်ဦးကဲ့သို့ ပြုမူခြင်း- ဤအရာအားလုံးသည် ပုံမှန် လူ့သဘာဝနှင့်ဆိုင်သော အသိပညာ၏ အင်္ဂါရပ်များ ဖြစ်ကြသည်။ ဤအမှုအရာများတွင် လျော်ကန်စွာ သင်တို့ ပြုမူသည့်အခါ၊ လက်ခံနိုင်စရာ လူ့သဘာဝ အဆင့်တစ်ခု ရှိသည်ဟု သင်တို့ကို မှတ်ယူရပေသည်။ ဝိညာဉ်ရေးရာ အသက်တာအတွက်လည်း သင်တို့ မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ရပေမည်။ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ အမှုအလုံးစုံကို သင်တို့ သိရမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များနှင့် ဆိုင်သော အတွေ့အကြုံများ ရှိရမည်။ သူ၏ အစီအစဉ်များကို မည်သို့ နာခံရမည်ဆိုသည်နှင့် အဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို မည်သို့ ဖြည့်ဆည်းရမည်ကို သင်တို့ သိသင့်၏။ လူ့သဘာဝနှင့်ဆိုင်သော အသက်တာအတွက် သင်တို့ကိုယ်သင်တို့ ပြင်ဆင်ခြင်းနှင့် ဝိညာဉ်ရေးရာ ပြည့်ဝခြင်း အသက်တာတစ်ခုအတွက် လက်တွေ့လုပ်ဆောင်ခြင်း- ဤအရာများသည် ယနေ့ သင်တို့ ဝင်ရောက်သင့်သည့်အရာ၏ ရှုထောင့်နှစ်ခု ဖြစ်သည်။ နှစ်ခုလုံးသည် မရှိမဖြစ် ဖြစ်လေသည်။

လူအချို့သည် ရယ်ဖွယ်ကောင်းကြ၏- ၎င်းတို့သည် လူသားသဘာဝ၏ အင်္ဂါရပ်များဖြင့် မိမိတို့ကိုယ်ကိုယ် ဖြည့်ဆည်းဖို့သာ သိကြသည်။ ၎င်းတို့၏ သွင်ပြင်တွင် အမှား ရှာမတွေ့နိုင်ပေ။ ၎င်းတို့ ပြောသည့်အရာများနှင့် ၎င်းတို့ ပြောပုံဆိုပုံတို့သည် လျော်ကန်ပြီး ၎င်းတို့၏ အဝတ်အစားက အလွန်ခံ့ညားကာ သင့်တော်လေသည်။ သို့သော် ၎င်းတို့သည် အတွင်း၌ အနှစ်မဲ့ကြ၏၊ ပုံမှန် လူ့သဘာဝကို ၎င်းတို့ အပေါ်ယံ ပိုင်ဆိုင်ရုံမျှ ပိုင်ဆိုင်ကြပုံရလေသည်။ ၎င်းတို့ စားသည့်အရာ၊ ဝတ်ဆင်သည့်အရာနှင့် ပြောဆိုသည့်အရာတို့ကိုသာ အာရုံစိုက်ကြသူ အချို့ ရှိသည်။ ကြမ်းပြင်ကို တံမြက်လှည်းခြင်း၊ အိပ်ရာသိမ်းခြင်းနှင့် အထွေထွေသန့်ရှင်းရေးတို့ကဲ့သို့သော အမှုအရာများ အပေါ် သီးသန့် အာရုံစိုက်သော သူများပင် ရှိကြလေသည်။ ဤအရာများအားလုံးတွင် ၎င်းတို့ ကောင်းကောင်း လက်တွေ့ လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်ကြသော်လည်း နောက်ဆုံးသော ကာလ ဘုရားသခင်၏ အမှုတော် သို့မဟုတ် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း သို့မဟုတ် စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့နှင့် ဆိုင်သော ၎င်းတို့၏ အသိပညာအကြောင်းကို ဆွေးနွေးဖို့ သင် စေခိုင်းပါက၊ အတွေ့အကြုံအနည်းငယ်မျှပင် ၎င်းတို့ ပြသဖို့ အလားအလာမရှိချေ။ “ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏ အဓိကအမှုနှင့် ဆိုင်သော သိနားလည်မှု သင်တို့ ရှိကြသလော။ လူ့ဇာတိခံ ဘုရားသခင်၏ ယနေ့အမှုသည် ယေရှု၏အမှုနှင့် အဘယ်သို့ ကွဲပြားသနည်း။ ယေဟောဝါ၏ အမှုနှင့် အဘယ်သို့ ကွဲပြားသနည်း။ ၎င်းတို့သည် ဘုရားသခင်တစ်ပါးတည်း ဖြစ်ကြသလော။ သူသည် ဤခေတ်ကို အဆုံးသတ်ဖို့ သို့မဟုတ် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ကြွလာပြီလော” ဟု ၎င်းတို့ကို သင် မေးနိုင်သည်။ သို့သော် ထိုသို့သော လူတို့သည် ဤကိစ္စရပ်များနှင့် ပတ်သက်၍ ဘာမျှပြောစရာ မရှိကြချေ။ အချို့သည် မိမိတို့ကိုယ်ကိုယ် လှလှပပ ဆင်ယင်ကြသော်လည်း အပေါ်ယံဖြစ်၏။ ညီအစ်မများသည် မိမိတို့ကိုယ်ကိုယ် ပန်းများကဲ့သို့ လှလှပပ ဆင်ယင်ကြပြီး ညီအစ်ကိုများသည် မင်းညီမင်းသားများ သို့မဟုတ် ချမ်းသာကြွယ်ဝသော ဂိုက်ထုတ်လွန်းသူများကဲ့သို့ ဝတ်စားကြသည်။ ၎င်းတို့စားသည့်အရာနှင့် ဝတ်သည့်အရာများ ကဲ့သို့သော အပေါ်ယံ အရာများနှင့်ပတ်သက်၍သာ ၎င်းတို့ ဂရုစိုက်ကြသည်။ အတွင်းတွင်၊ ၎င်းတို့သည် ခိုကိုးရာမဲ့ဖြစ်ကာ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ အနည်းငယ်မျှ မရှိကြချေ။ ဤတွင် မည်သည့် အဓိပ္ပါယ်ရှိနိုင်သနည်း။ ပြီးလျှင်၊ ဆင်းရဲနုံချာသော သူတောင်းစားများကဲ့သို့ ဝတ်ဆင်ကြသူအချို့ ရှိ၏- ၎င်းတို့သည် အရှေ့ အာရှကျွန်များနှင့် အမှန်တူကြ၏။ သင်တို့ကို ငါ တောင်းဆိုသည့်အရာကို သင်တို့ အမှန်တကယ် နားမလည်ကြသလော။ သင်တို့ကိုယ်ကြား ဆွေးနွေးကြလော့။ မည်သည့်အရာကို သင်တို့ အမှန်ရရှိကြပြီနည်း။ သင်တို့သည် ဤနှစ်ကာလများအားလုံး၌ ဘုရားသခင်ကို ယုံကြည်ကြပြီး ဖြစ်သော်လည်း သင်တို့ ရိတ်သိမ်းကြသည်မှာ ဤမျှသာ ဖြစ်သည်- သင်တို့ ကသိကအောက်မဖြစ်ကြဘူးလော။ သင်တို့ မရှက်ကြဘူးလော။ ဤနှစ်ကာလများအားလုံးတွင် မှန်သော လမ်းခရီးကို သင်တို့ လိုက်စားနေခဲ့ကြပြီးဖြစ်သော်လည်း ယနေ့ သင်တို့၏ ဝိညာဉ်အသက်တာသည် စာငှက်တစ်ကောင်ထက် နိမ့်ကျဆဲဖြစ်၏။ သင်တို့ကြားက ငယ်ရွယ်သော အမျိုးသမီးများကို ကြည့်လော့၊ သင်တို့အချင်းချင်း နှိုင်းယှဉ်နေကြရင်း သင်တို့၏ အဝတ်အစားများနှင့် မိတ်ကပ်ဖြင့် ဓါတ်ပုံများကဲ့သို့ လှပနေကြ၏- သင်တို့ မည်သည့်အရာကို နှိုင်းယှဉ်ကြသနည်း။ သင်တို့၏ သာယာမှုလော။ သင်တို့၏ တောင်းဆိုမှုများလော။ ငါသည် စံပြမယ်များကို စုဆောင်းရန် ကြွလာပြီဟု သင်တို့ ထင်ကြသလော။ သင်တို့တွင် အရှက်မရှိကြ။ သင်တို့၏ အသက်တာသည် အဘယ်မှာနည်း။ သင်တို့ လိုက်စားသည့်အရာမှာ သင်တို့၏ ကိုယ်ပိုင် လွန်ကဲသော စိတ်ဆန္ဒသာ ဖြစ်သည် မဟုတ်လော။ သင်သည် အလွန် လှပသည်ဟု သင်ထင်၏၊ သို့သော် ဝတ်ကောင်းစားလှ မျိုးစုံဖြင့် သင် ဝတ်ဆင်ကောင်း ဝတ်ဆင်နိုင်သော်လည်း၊ အမှန်တွင် သင်သည် နောက်ချေးပုံတစ်ခု၌ မွေးဖွားသည့် လူးလွန့်လှုပ်ရှားနေသည့် လောက်ကောင်တစ်ကောင် ဖြစ်သည် မဟုတ်လော။ ယနေ့တွင်၊ သင်သည် ကောင်းကင်ဘုံ နှင့်ဆိုင်သော ဤကောင်းချီးမင်္ဂလာများကို မွေ့လျော်ဖို့ ကံကောင်းသည်မှာ သင်၏ လှပသော မျက်နှာကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်သည် သင့်ကို ချီးမြှောက်ခြင်းအားဖြင့် ချွင်းချက်တစ်ခု ပြုလုပ်နေသောကြောင့် ဖြစ်သည်။ သင် မည်သည့်နေရာမှ လာသည်ကို သင် မရှင်းမလင်း ဖြစ်နေဆဲလော။ အသက်တာဟု ပြောလိုက်လျှင်ပင်၊ သင်သည် ရုပ်တုတစ်ခုကဲ့သို့ ဆွံ့အလျက်၊ သင်သည် နှုတ်ပိတ်ပြီး ဘာမျှမပြောပေ၊ သို့တိုင် သင်သည် မိမိကိုယ်ကိုယ် ဝတ်စား ဆင်ယင်ဝံ့သေး၏။ သင်၏ မျက်နှာကို ပါးနီနှင့် ပေါင်ဒါတို့ လိမ်းဖို့ လိုလားသေး၏။ ၎င်းတို့၏ မျက်နှာများပေါ်တွင် ခပ်တည်တည် မျက်နှာပေးများဖြင့် စိမ်ပြေနပြေ လမ်းလျှောက်ရင်း တစ်နေ့လုံး အချိန်ကုန်ဆုံးနေသော၊ ထိန်းမနိုင် သိမ်းမရသော သင်တို့ကြားက ဂိုက်ထုတ်လွန်းသူ ထိန်းရကျောင်းရ ခက်သည့် အမျိုးသားများကို ကြည့်လော့။ ဤသည်မှာ လူတစ်ဦး ပြုမူသင့်သည့် ပုံလော။ သင်တို့ကြားက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ အသီးသီးတို့သည် တစ်နေ့လုံး သင်တို့၏ အာရုံကို မည်သည့်အရာ၌ မြှုပ်နှံထားသနည်း။ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ကျွေးမွေးဖို့ရန် မည်သူ့အပေါ် မှီခိုသည်ကို သိကြသလော။ သင်၏ အဝတ်အစားကို ကြည့်လော၊ သင်၏လက်၌ ရိတ်သိမ်းခဲ့သည့်အရာကို ကြည့်လော့၊ သင်၏ ဝမ်းဗိုက်ကို ပွတ်လော့- ဤယုံကြည်ခြင်း နှစ်ကာလများတစ်လျှောက်လုံး သင် ပေးဆပ်ပြီးဖြစ်သည့် သွေးနှင့်ချွေး အဖိုးအခမှ မည်သည့်အရာကို သင် အကျိုးအမြတ် ရရှိပြီနည်း။ ရှုခင်းသွားကြည့်ဖို့ သင် တွေးသေး၏၊ သင်၏ အပုပ်နံ့ထွက်နေသော ခန္ဓာကို တန်ဆာဆင်ဖို့ သင် တွေးဆဲဖြစ်သည်- သုံးမရသော လိုက်စားမှုများပေတည်း။ ပုံမှန် လူတစ်ဦးဖြစ်ဖို့ သင့်ကို တောင်းဆိုထားသော်လည်း၊ ယခုတွင် သင်သည် တကယ်ကို မူမမှန်ရုံသာမက၊ ဖောက်ပြန်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ငါ့ရှေ့သို့လာဖို့ရန် အဘယ်သို့ ရဲတင်းမှု ရှိနိုင်ရသနည်း။ ဤသို့သော လူ့သဘာဝတစ်ခုဖြင့်၊ သင်၏ ဆွဲဆောင်မှုများကို ထုတ်ပြရင်းနှင့် သင်၏ ခန္ဓာကိုယ်ကို ကြွားလုံးထုတ်ရင်း၊ ဇာတိပကတိ၏ တပ်မက်မှုများအတွင်း အစဉ်အမြဲ အသက်ရှင်ရင်း- သင်သည် ညစ်ညူးသော နတ်ဆိုးများနှင့် ဝိညာဉ်ဆိုးများ၏ သားမြေးစဉ်ဆက်တစ်ဦး ဖြစ်သည် မဟုတ်လော။ ထိုသို့သော ညစ်ညူးသည့် နတ်ဆိုးတစ်ဦးကို အချိန်ကြာမြင့်စွာ တည်ရှိမြဲတည်ရှိဖို့ရန် ငါသည် ခွင့်ပြုလိမ့်မည်မဟုတ်။ ပြီးလျှင် သင်၏ နှလုံးသားထဲ၌ သင် တွေးသည့်အရာကို ငါ မသိဟု မထင်လေနှင့်။ သင်တို့အနေဖြင့် မိမိ၏ တပ်မက်မှုနှင့် မိမိ၏ ဇာတိပကတိကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်သင့်၏၊ သို့သော် သင်၏ စိတ်နှလုံးထဲက သင် သိုထားသည့် အတွေးများကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်၏ မျက်လုံးများ တပ်မက်သည့်အရာအားလုံးကို အဘယ်သို့ ငါ မသိနိုင်ရမည်နည်း။ သင်တို့၏ ခန္ဓာကိုယ်ကို ထုတ်ပြဖို့အလို့ငှာ အသင် မိန်းမငယ်တို့သည် မိမိတို့ကိုယ်ကိုယ် အလွန်လှပစေကြသည် မဟုတ်လော။ ယောက်ျားများသည် သင်တို့အဖို့ အဘယ်အကျိုးရှိ သနည်း။ သင်တို့ကို ဒုက္ခပင်လယ်မှ ၎င်းတို့က အမှန်ပင် ကယ်တင်နိုင်သလော။ သင်တို့ကြားက ဂိုက်ထုတ်လွန်းသူများအတွက်မူ၊ သင်တို့အားလုံးသည် မိမိတို့ကိုယ်ကိုယ် မွန်မွန်ရည်ရည် ရှိပြီး ခံ့ညားသည့်ပုံပေါ်စေဖို့ ဝတ်ဆင်ကြ၏၊ သို့သော် ဤသည်မှာ သင်တို့၏ မြူးကြွားကြွရွ နှစ်လိုဖွယ်ကောင်းသော ပုံပန်းများဆီသို့ အာရုံစိုက်စေဖို့ စီစဉ်ထားသည့် မာယာတစ်ခု ဖြစ်သည် မဟုတ်လော။ ဤအရာကို သင်တို့ မည်သူ့အတွက် လုပ်ဆောင်နေကြသနည်း။ မိန်းမများသည် သင်တို့အဖို့ မည်သည့် အကျိုးရှိသနည်း။ ၎င်းတို့သည် သင်တို့ အပြစ်၏ အရင်းအမြစ် ဖြစ်ကြသည် မဟုတ်လော။ အသင် ယောက်ျားနှင့် မိန်းမတို့၊ သင်တို့ကို နှုတ်ကပတ်တော်များစွာ ငါ ပြောပြီးလေပြီ၊ သို့တိုင် သင်တို့သည် ၎င်းတို့အနည်းငယ်မျှကိုသာ လိုက်နာခဲ့ပြီးဖြစ်သည်။ သင်တို့ နားများသည် ထိုင်းကြ၏၊ သင်တို့ မျက်စိများ မှုန်သွားကြပြီး သင်တို့၏ စိတ်နှလုံးများက မာကျောကြသည်မှာ သင်တို့ ခန္ဓာကိုယ်များတွင် တပ်မက်မှုကလွဲ၍ ဘာမျှမရှိသည်အထိ၊ ထိုအထဲတွင် သင်တို့ မိနေကြပြီး မလွတ်မြောက်နိုင်သည်အထိ ဖြစ်သည်။ လောက်ကောင်များဖြစ်သည့်၊ ညစ်ညူးမှုနှင့် အညစ်အကြေးထဲတွင် လူးလွန့်ကြသည့် သင်တို့အနီး မည်သည့်နေရာကိုမဆို အဘယ်သူ သွားချင်မည်နည်း။ သင်တို့သည် နောက်ချေးပုံထဲမှ ငါ ချီးမြှောက်ခဲ့သည့်သူများထက် ဘာမျှမပိုသည်ကို၊ နဂိုမူလအားဖြင့် ပုံမှန် လူ့သဘာဝအား သင်တို့ မပိုင်ဆိုင်ခဲ့ကြသည်ကို မမေ့လျော့နှင့်။ သင်တို့ကို ငါ တောင်းဆိုသော အရာမှာ မူလက သင်တို့ မပိုင်ဆိုင်ခဲ့ကြသည့် ပုံမှန် လူ့သဘာဝဖြစ်သည်၊ သင်တို့၏ တပ်မက်မှုကို ထုတ်ပြဖို့ မဟုတ်သကဲ့သို့၊ နှစ်ပေါင်းအလွန်များစွာကြာ နတ်ဆိုးက လေ့ကျင့်ပေးခဲ့သည့် သင်တို့၏ ဆီချေးစော်နံသော ဇာတိပကတိကို အတားအဆီးမဲ့ ပြုမူခွင့်ပေးဖို့ မဟုတ်ချေ။ ထိုသို့ သင်တို့ကိုယ်သင်တို့ ဝတ်ဆင်ကြသည့်အခါ၊ သင်တို့ ပိုမို နက်ရှိုင်းစွာ ကျော့ကွင်း မိလာကြမည်ကို မကြောက်ကြသလော။ သင်တို့သည် နဂိုမူလက အပြစ်နှင့်သက်ဆိုင်သည်ကို မသိကြသလော။ သင်တို့၏ ခန္ဓာကိုယ်များသည် သင်တို့၏ အခြေအနေများကို သည်းမခံနိုင်အောင် အကျည်းတန်ပြီး ညစ်ညူးသော နတ်ဆိုးများအဖြစ် ထုတ်ဖော်ပြရင်း သင်တို့၏ အဝတ်အစားမှပင် ယိုစိမ့်သည့် တပ်မက်မှုဖြင့် အလွန်ပြည့်လှသည်ကို သင်တို့ မသိကြသလော။ ဤအရာကို သင်တို့သည် မည်သူမဆိုထက် သာ၍ ရှင်းလင်းစွာ သိကြသည်မှာ မှန်သည် မဟုတ်လော။ သင်တို့၏ စိတ်နှလုံးများ၊ သင်တို့၏ မျက်စိများ၊ သင်တို့၏ နှုတ်ခမ်းများ- ၎င်းတို့အားလုံးကို ညစ်ညူးသော နတ်ဆိုးများက ညစ်ညမ်းစေပြီး ဖြစ်သည် မဟုတ်လော။ သင်၏ ဤအစိတ်အပိုင်းများသည် ညစ်ညူးကြသည် မဟုတ်လော။ သင် မပြုမူသရွေ့ အသန့်ရှင်းဆုံး ဖြစ်သည်ဟု သင် ထင်သလော။ လှပသော အဝတ်အစားများကို ဝတ်ဆင်ခြင်းက သင်တို့၏ ယုတ်ညံ့သော ဝိညာဉ်များကို ဖုံးကွယ်နိုင်သည်ဟု သင် ထင်သလော။ ယင်းက အလုပ်ဖြစ်မည် မဟုတ်။ သာ၍ လက်တွေ့ကျရန် သင်တို့ကို ငါ အကြံပေး၏။ အယောင်မဆောင်၊ ဟန်မဆောင်နှင့်၊ ပြီးလျှင် မိမိတို့ကိုယ်ကိုယ် ပြစားဝင့်ဝါခြင်း မရှိနှင့်။ သင်တို့သည် အချင်းချင်း သင်တို့၏ တပ်မက်မှုကို ကြွားလုံးထုတ်ကြသည်၊ သို့သော် အပြန်အလှန်အားဖြင့် သင်တို့ ရရှိမည့်အရာမှာ ထာဝရ ဆင်းရဲဒုက္ခခံစားခြင်းနှင့် ရက်စက်သော ပြစ်တင်ဆုံးမခြင်းသာ ဖြစ်သည်။ သင်တို့ အချင်းချင်း မျက်စပစ်ဖို့နှင့် စိတ်ကူးယဉ်ချစ်ဇာတ်လမ်းထဲ မွေ့လျော်ဖို့ အဘယ်လိုအပ်သနည်း။ ဤသည်မှာ သင်တို့၏ ဂုဏ်သိက္ခာ အတိုင်းအဆ၊ သင်တို့၏ တည်ကြည်မှု အတိုင်းအတာလော။ သင်တို့ထဲမှ မကောင်းသော ဆေးနှင့် နတ်ဝိဇ္ဇာအတတ်တို့တွင် ပါဝင်ပတ်သက်သူများကို ငါ စက်ဆုပ်၏။ သင်တို့အထဲတွင် မိမိတို့ကိုယ်တိုင်၏ ဇာတိပကတိကို ချစ်သော ငယ်ရွယ်သည့် ယောက်ျားများနှင့် မိန်းမများကို ငါ စက်ဆုပ်၏။ ယခု သင်တို့ကို ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်ဖို့ သတ်မှတ်ထားပြီး သင်တို့၏ တပ်မက်မှုကို သင်တို့အား ကြွားလုံးထုတ်ခွင့် မပြုထားသောကြောင့် သင်တို့ မိမိကိုယ်ကိုယ် ချုပ်တည်းပါက ပိုကောင်းပေမည်- သို့တိုင် သင်တို့၏ ဇာတိပကတိသည် အလွန်ပေါများပြီး သင်တို့၏ တပ်မက်မှုက အလွန်ကြီးမားသည့်အတွက် သင်တို့သည် ရရှိနိုင်သော အခွင့်အရေးတိုင်းကို အရယူကြပေသည်။

အပေါ်ယံတွင်၊ သင်၏ လူ့သဘာဝနှင့်ဆိုင်သော အသက်တာသည် အလွန်ကောင်းမွန်စွာ စီစဉ်ထား၏၊ သို့သော် အသက်တာနှင့်ဆိုင်သော သင်၏ အသိပညာအကြောင်း ပြောဖို့ စေခိုင်းခံရသည့်အခါ သင်သည် ဘာမျှပြောစရာ မရှိဖြစ်ကာ၊ ဤအရာတွင် သင်သည် ဆင်းရဲပေသည်။ သင်သည် မိမိကိုယ်ကိုယ် သမ္မာတရားဖြင့် ပြင်ဆင်ထားရမည်။ လူ့သဘာဝနှင့်ဆိုင်သော သင်၏ အသက်တာသည် သာ၍ ကောင်းဖို့အတွက် ပြောင်းလဲပြီးဖြစ်ကာ၊ သင့်အတွင်းရှိ အသက်တာ သည်လည်း ဤသို့ပြောင်းလဲရပေမည်။ သင်၏ အတွေးများကို ပြောင်းလဲလော့၊ ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ အမြင်များကို ပြောင်းလော့၊ သင့်အတွင်းရှိ အသိပညာနှင့် အတွေးတို့ကို ပြောင်းလဲကာ သင်၏ အယူအဆများအတွင်း တည်ရှိသည့်အားလျော်စွာ ဘုရားသခင် နှင့်ဆိုင်သော အသိပညာကို ပြောင်းလဲလော့။ ကိုင်တွယ်ဖြေရှင်း ခံရခြင်းမှတဆင့်၊ ထုတ်ဖော်ပြခြင်းနှင့် ထောက်ပံ့ပေးခြင်းတို့မှတဆင့်၊ သင်ကိုယ်တိုင်နှင့်ဆိုင်သော သင်၏ အသိပညာ၊ လူ့အသက်တာနှင့် ဆိုင်သော သင်၏ အသိပညာနှင့် ဘုရားသခင်ကို ယုံကြည်မှုနှင့်ဆိုင်သော သင်၏ အသိပညာတို့ကို တဖြည်းဖြည်း ပြောင်းလဲလော့။ သင်၏ သိနားလည်မှုကို စစ်မှန်နိုင်စွမ်း ရှိစေပါ။ ဤနည်းဖြင့်၊ လူသားအတွင်းရှိ အတွေးများ ပြောင်းလဲ၏၊ အမှုအရာများကို သူမြင်သည့်ပုံ ပြောင်းလဲပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ သဘောထား ပြောင်းလဲလေသည်။ ဤအရာကိုသာ အသက်တာ စိတ်သဘောထားထဲက ပြောင်းလဲမှု တစ်ခုဟု ခေါ်နိုင်ပေသည်။ နေ့တစ်နေ့၏ အချိန်နာရီအားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖတ်ရှုရင်း သို့မဟုတ် အဝတ်အစားများ လျှော်ဖွပ်ရင်းနှင့် သန့်စင်ရင်း အချိန်ကုန်ဆုံးဖို့ သင့်ကို မတောင်းဆိုပေ။ ပုံမှန် လူ့သဘာဝနှင့်ဆိုင်သော အသက်တာတစ်ခုသည် အနည်းဆုံးအနေဖြင့် ပင်ကိုအားဖြင့် ခံနိုင်ရည်ရှိရမည်။ ထို့အပြင်၊ အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်သည့်အခါ၊ ထိုးထွင်းသိမြင်မှုနှင့် ဆင်ခြင်တုံတရားအချို့ကို သင် အသုံးပြုရဦးပေမည်၊ သို့သော် အရေးကြီးဆုံးသော အရာမှာ သင်သည် အသက်တာနှင့်ဆိုင်သော သမ္မာတရားဖြင့် ပြင်ဆင်ထားဖို့ ဖြစ်သည်။ အသက်တာအတွက် သင့်ကိုယ်သင် ပြင်ဆင်သည့်အခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအပေါ် သင် အာရုံစိုက်ရမည်၊ ဘုရားသခင်နှင့်ဆိုင်သော အသိပညာ၊ လူ့ဘဝအပေါ် သင်၏ အမြင်များနှင့် အထူးသဖြင့် နောက်ဆုံးသော ကာလအတွင်း ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုနှင့်ဆိုင်သည့် သင်၏ အသိပညာအကြောင်းကို သင် ဆွေးနွေးနိုင်ရမည်။ သင်သည် အသက်ကိုလိုက်စားသည့်အတွက် မိမိကိုယ်ကိုယ် ဤအရာများဖြင့် ပြင်ဆင်ထားရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် စားသောက်သည့်အခါ၊ ၎င်းတို့နှင့်ယှဉ်၍ သင်ကိုယ်တိုင်၏ အခြေအနေနှင့်ဆိုင်သော လက်တွေ့အရှိတရားကို သင် တိုင်းတာရမည်။ ယင်းမှာ၊ သင်၏ စစ်မှန်သော အတွေ့အကြုံ လမ်းကြောင်းတွင် သင်၏ အားနည်းချက်များကို တွေ့ရှိသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု သင် ရှာဖွေနိုင်စွမ်းရှိရမည်၊ သင်၏ မမှန်ကန်သော ရည်ရွယ်ချက်များနှင့် အယူအဆများကို ကျောခိုင်းနိုင်စွမ်း ရှိရမည်ဖြစ်သည်။ ဤအရာများအတွက် သင် အမြဲကြိုးပမ်းပြီး၊ ၎င်းတို့ကို ရရှိရန် မိမိစိတ်နှလုံးကို ပုံအပ်ပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခု သင်ရှိလိမ့်မည်၊ သင်သည် အနှစ်မဲ့သကဲ့သို့ ခံစားရလိမ့်မည် မဟုတ်ဘဲ၊ ထိုအကြောင်းကြောင့် သင်သည် ပုံမှန် အခြေအနေတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုအခါတွင်မှ သင်သည် မိမိကိုယ်ပိုင် အသက်တာထဲတွင် ဝန်ထုပ်တစ်ခု သယ်ဆောင်သူ၊ ယုံကြည်ခြင်း ရှိသူတစ်ဦး ဖြစ်ပေလိမ့်မည်။ လူအချို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက် ၎င်းတို့ကို အဘယ်ကြောင့် လက်တွေ့မလုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ အရေးကြီးဆုံးသော အရာများကို ၎င်းတို့ သဘောမပေါက် နိုင်ကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အသက်တာကို ၎င်းတို့ အလေးအနက် မထားကြသောကြောင့် ဖြစ်သည် မဟုတ်လော။ အရေးကြီးသော အရာများကို ၎င်းတို့ သဘောမပေါက်နိုင်ခြင်းနှင့် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်း မရှိကြခြင်း အကြောင်းရင်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုကြသည့်အခါ၊ ထိုနှုတ်ကပတ်တော်များကို မိမိတို့၏ ကိုယ်ပိုင်အခြေအနေများနှင့် မဆက်စပ်နိုင်ကြသကဲ့သို့ မိမိတို့၏ ကိုယ်ပိုင် အခြေအနေများကို မပိုင်နိုင်ကြသောကြောင့် ဖြစ်သည်။ လူအချို့က၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ် ဖတ်ရှုပြီး ယင်းတို့ကို ကျွန်ုပ်၏ အခြေအနေများနှင့် ဆက်စပ်မိကာ၊ ကျွန်ုပ်သည် ဖောက်ပြန်ပျက်စီးကာ ညံ့ဖျင်းသော အရည်အချင်းရှိသည်ကို ကျွန်ုပ် သိ၏၊ သို့သော် ကျွန်ုပ်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိပါ” ဟု ပြောကြသည်။ သင်သည် တကယ့် အပေါ်ယံကိုသာ မြင်လေပြီ။ သင် မသိသည့် စစ်မှန်သော အရာများစွာ ရှိ၏- ဇာတိပကတိ၏ မွေ့လျော်မှုများကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု ထင်မြင်ချက်ကို မည်သို့ ဘေးဖယ်ရမည်၊ မိမိကိုယ်ကိုယ် မည်သို့ ပြောင်းလဲရမည်၊ ဤအရာများထဲသို့ မည်သို့ ဝင်ရောက်ရမည်၊ သင်၏ အရည်အချင်းကို မည်သို့ တိုးတက်စေရမည် ဆိုသည်နှင့် မည်သည့် ရှုထောင့်မှ စတင်ရမည်ဆိုသည်တို့ ဖြစ်သည်။ သင်သည် အနည်းငယ်သော အရာတို့ကိုသာ အပေါ်ယံ သဘောပေါက်ပြီး သင် သိသမျှမှာ သင်သည် အမှန်ပင် အလွန်ဖောက်ပြန်ပျက်စီးသည်ဟူ၍ ဖြစ်သည်။ သင်၏ ညီအစ်ကို မောင်နှများကို သင် တွေ့ဆုံသည့်အခါ၊ သင် အဘယ်မျှ ဖောက်ပြန်ပျက်စီးသည့်အကြောင်း သင် ပြောဆိုပြီး ယင်းမှာ သင့်ကိုယ်သင် သိရှိကာ သင့်အသက်တာအတွက် ကြီးမားသော ဝန်ထုပ်တစ်ခု သယ်ဆောင်သည်ဟု ထင်ရပေသည်။ အမှန်တွင်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မပြောင်းလဲသေးပေ၊ ယင်းက သင်သည် လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်း ရှာမတွေ့သေးသည်ကို သက်သေပြလေသည်။ အသင်းတော်တစ်ခုကို သင် ဦးဆောင်နေပါက၊ ညီအစ်ကို မောင်နှမများ၏ အခြေအနေများကို သင် သဘောပေါက်နိုင်ရမည်ဖြစ်ပြီး ယင်းတို့ကို ထောက်ပြနိုင်ရမည်။ “အသင်တို့ လူတွေသည် မနာခံသကဲ့သို့ မတိုးတက်ကြပေ” ဟုသာ ပြောရုံနှင့်လုံလောက်သည်လော။ မဟုတ်ပေ၊ ၎င်းတို့၏ မနာခံမှုနှင့် မတိုးတက်မှုတို့ မည်သို့ ထင်ရှားသည်ကို တိတိကျကျ သင် ပြောဆိုရပေမည်။ ၎င်းတို့၏ နာခံမှု မရှိသော အခြေအနေများ၊ ၎င်းတို့၏ နာခံမှု မရှိသော အပြုအမူများနှင့် ၎င်းတို့၏ စာတန်ဆန်သော စိတ်သဘောထားများနှင့် သက်ဆိုင်၍ သင် ပြောဆိုရမည်ဖြစ်ကာ၊ သင်၏ စကားများ၌ရှိ သမ္မာတရားကို ၎င်းတို့ကို လုံးဝ လက်ခံ ယုံကြည်လာစေသည့် နည်းလမ်းတစ်ခုဖြင့် ဤအရာများကို သင် ပြောဆိုရမည်။ သင်ဆိုစရာရှိသည်များကို ဆိုဖို့ရန် အချက်အလက်များနှင့် ဥပမာများကို အသုံးပြုလော့၊ ပြီးလျှင် ပုန်ကန်တတ်သော အပြုအမူမှ ၎င်းတို့ မည်သို့ လွတ်မြောက်နိုင်သည်ကို အတိအကျ ပြောဆိုပြီး လက်တွေ့လုပ်ဆောင်ရမည့် လမ်းကြောင်းကို ညွှန်ပြလော့- ဤသည်မှာ လူတို့ကို လက်ခံယုံကြည်စေဖို့ နည်းလမ်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်သောသူတို့သာ အခြားသူများကို ဦးဆောင်နိုင်စွမ်းရှိ၏၊ ၎င်းတို့သာ သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်လေသည်။

သင်တို့သည် မိတ်သဟာပြုခြင်းမှတဆင့် သမ္မာတရားများစွာဖြင့် ယခု ထောက်ပံ့ခံရပြီဖြစ်ပြီး သင်သည် ၎င်းတို့ကို ဆင်ခြင်သုံးသပ်ရမည်။ သမ္မာတရားများ အားလုံး မည်မျှရှိသည်ကို သင် ကောက်ချက်ချ နိုင်သင့်၏။ လူတစ်ဦး ပိုင်ဆိုင်သင့်သည့် သာမန်လူ့သဘာဝ၏ ရှုထောင့်များ၊ မိမိအသက်တာ စိတ်သဘောထားကို ပြောင်းလဲခြင်း၏ အဓိကရှုထောင့်များ၊ ရူပါရုံများ နက်သည်ထက် နက်လာခြင်းနှင့် ခေတ်ကာလများတစ်လျှောက် လူတို့ အသုံးပြုခဲ့ကြသည့် မှားယွင်းသော နည်းလမ်းတို့ဖြင့် သိရှိခြင်းနှင့် တွေ့ကြုံခြင်း၏ ရှုထောင့်များကို သင် သိရှိကာ၊ ၎င်းတို့အကြား မိမိကိုယ်တိုင် ပိုင်းခြားသိမြင်နိုင်သည်နှင့် တစ်ပြိုင်နက်- ထိုအခါတွင်မှ သင်သည် မှန်ကန်သော လမ်းကြောင်းပေါ်တွင် ရှိလိမ့်မည်ဖြစ်သည်။ ဘာသာရေးသမားများသည် သမ္မာကျမ်းစာကို ဘုရားသခင် ဖြစ်သည့်အလား ကိုးကွယ်ကြ၏၊ အထူးသဖြင့်၊ ဓမ္မသစ်ကျမ်း၏ ခရစ်ဝင်ကျမ်းလေးကျမ်းကို ယေရှု၏ ကွဲပြားသော မျက်နှာလေးခုကဲ့သို့ ၎င်းတို့ မှတ်ယူကြပြီး ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ဆိုင်သည့် သုံးပါးတစ်ဆူ အကြောင်းကို ၎င်းတို့ ဆွေးနွေးကြလေသည်။ ဤသည်မှာ လုံးဝအဓိပ္ပါယ်အမဲ့ဆုံးဖြစ်ပြီး၊ သင်တို့အားလုံး ရိပ်စားမိရမည်။ ယင်းထက်၊ လူ့ဇာတိခံလာသည့် ဘုရားသခင်၏ အနှစ်သာရ၊ နောက်ဆုံးသောကာလ အမှုတော်နှင့်ဆိုင်သော အသိပညာ သင်၌ ရှိရမည်။ သင် သိရှိရမည့် လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်နေသည့် အတွေးမှားများနှင့် သွေဖည်မှုများ၊ လက်တွေ့လုပ်ဆောင်ခြင်း နည်းစနစ်ဟောင်းများဖြစ်သည့် စိတ်ဝိညာဉ်၌ အသက်ရှင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း၊ ဖြစ်လာသမျှကို ကြိတ်မှိတ်လက်ခံခြင်း၊ သြဇာအာဏာကို ကျိုးနွံနာခံခြင်းတို့ ရှိလေသည်။ ယခင်က လူတို့ မည်သို့ လက်တွေ့ လုပ်ဆောင်ခဲ့သည်ဆိုသည်နှင့် ယနေ့ လူတို့ မည်သို့ လက်တွေ့ လုပ်ဆောင်ရမည် ဆိုသည်တို့ကို သင် သိသင့်သည်။ အသင်းတော်များတွင် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ မည်သို့ ပူးပေါင်းလုပ်ဆောင်သင့်သည်၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု မှတ်ယူခြင်းနှင့် တင်စီးခြင်းတို့ကို မည်သို့ ဘေးဖယ်ထားရမည်၊ ညီအစ်ကို မောင်နှမများ မည်သို့ အချင်းချင်း ယှဉ်တွဲ၍ အသက်ရှင်သင့်သည်၊ အခြားလူတို့နှင့်အပြင် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေး မည်သို့ တည်ဆောက်ရမည်၊ လူ့အသက်တာတွင် ပုံမှန်ဖြစ်ခြင်းကို ရရှိပုံ၊ ၎င်းတို့၏ ဝိညာဉ်ရေး အသက်တာ၌ မည်သည့်အရာကို လူတို့ ပိုင်ဆိုင်သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ မည်သို့ စားသောက်သင့်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ထဲတွင် မည်သည့်အရာက အသိပညာနှင့် ဆက်နွှယ်သည်၊ မည်သည့်အရာက ရူပါရုံများနှင့် သက်ဆိုင်ပြီး ၎င်းတို့ထဲမှ မည်သည့်အရာက လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းနှင့် ဆက်နွှယ်သည်- ဤအရာအားလုံးကို ပြောဆိုပြီးဖြစ်သည် မဟုတ်လော။ ဤနှုတ်ကပတ်တော်များသည် သမ္မာတရားကို လိုက်စားသူတို့အဖို့ ဖုံးကွယ်မထားသကဲ့သို့ မည်သူမျှ ဦးစားပေး ဆက်ဆံခြင်း မခံရပေ။ ယနေ့တွင်၊ မှီခိုသည့် စိတ်နေစိတ်ထားတစ်ခုအပေါ် မအားကိုး၊ အမှီအခိုကင်းစွာ အသက်ရှင်ဖို့ အရည်အချင်းကို သင်တို့ ပျိုးထောင်သင့်၏။ အနာဂတ်တွင်၊ သင့်ကို လမ်းပြဖို့ မည်သူမျှ မရှိသည့်အခါ၊ သင်သည် ငါ၏ ဤနှုတ်ကပတ်တော်များကို တွေးမိလိမ့်မည်။ ဆင်းရဲဒုက္ခ အချိန်ကာလများတွင်၊ အသင်းတော် အသက်တာကို နေထိုင်ဖို့ မဖြစ်နိုင်သည့်အခါ၊ ညီအစ်ကို မောင်နှမများက အချင်းချင်း မဆုံတွေ့နိုင်သည့်အခါ၊ ၎င်းတို့ အများစုမှာ တစ်ဦးတည်း နေထိုင်ရင်းဖြင့်၊ အညှာတာဆုံးဆိုရလျှင် ၎င်းတို့၏ အရပ်ဒေသများရှိ လူတို့နှင့်သာ ဆက်ဆံနိုင်ကြသည့်အချိန်- ဤအချိန်များတွင် သင်တို့၏ လက်ရှိ ဝိညာဉ်အသက်တာကို ထောက်ဆလျှင် သင် တကယ့်ကို အခိုင်အမာ ရပ်တည်နိုင်မည်မဟုတ်ပေ။ ဆင်းရဲဒုက္ခများကြားတွင် များစွာသောသူတို့သည် အခိုင်အမာရပ်တည်ရန် အခက်တွေ့ကြသည်။ အသက်လမ်းခရီးကို သိပြီး သမ္မာတရား လုံလောက်စွာ ပြင်ဆင်ထားသူများသာ ဆက်လက် တိုးတက်နိုင်ပြီး သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်းကို တဖြည်းဖြည်း ရရှိနိုင်ကြလေသည်။ ဆင်းရဲဒုက္ခများကို ကြုံရခြင်းသည် လွယ်ကူသည့်အရာ မဟုတ်။ ၎င်းတို့ကို ရက်အနည်းငယ်၌ လွတ်မြောက်ပြီး ဖြစ်လိမ့်မည်ဟု သင် ထင်ပါက၊ သင်၏ အတွေး မည်မျှရိုးရှင်းသည်ကို ဤအရာက သက်သေပြပေသည်။ အယူဝါဒများစွာကို နားလည်ခြင်းအားဖြင့် သင် အခိုင်အမာ ရပ်တည်နိုင်လိမ့်မည်ဟု သင် ထင်သော်လည်း ယင်းမှာ မမှန်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက အနှစ်သာရနှင့်ဆိုင်သော အရာများကို သင် သတိမပြုမိပါက၊ သမ္မာတရား၏ အရေးကြီးသော အင်္ဂါရပ်များကို သဘောမပေါက်နိုင်သကဲ့သို့ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း မရှိပါက၊ အချိန်တန်လာပြီး သင့်အား တစ်စုံတစ်ရာ ဖြစ်ပျက်သည့်အခါ၊ သင်သည် ရှုပ်ထွေးမှုထဲသို့ ထိုးဆင်းသွား ပေလိမ့်မည်။ စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းဖြစ်စေ၊ စစ်ဆေးမှု ဆိုက်ခြင်းကို ဖြစ်စေ၊ သင် ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။ သင့်အထဲတွင် သမ္မာတရား မရှိသကဲ့သို့ ရူပါရုံများ ကင်းမဲ့ပါက၊ အချိန်ကျ ရောက်လာသည့်အခါ၊ သင်သည် မိမိကိုယ်ကိုယ် ပြိုလဲခြင်းမှ ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။ မျှော်လင့်ချက်အားလုံးကို သင် လက်လျှော့ပြီး၊ “ကောင်းပြီ၊ မည်သို့ပင်ဖြစ်စေ ကျွန်ုပ် သေမည်ဆိုလျှင်၊ အဆုံးထိ ပြစ်တင်ဆုံးမခြင်း ခံပါက ကောင်းလိမ့်မည်။ ပြစ်တင်ဆုံးမခြင်း ဖြစ်စေ၊ မီးအိုင်သို့ ပို့ခံရခြင်းဖြစ်စေ၊ ရှိပါစေတော့- ဖြစ်လာသမျှ အရာများကို ကျွန်ုပ် ခံယူမည်” ဟု ပြောပေလိမ့်မည်။ ဤသည်မှာ အစေခံသူများ၏ အချိန်ကာလ အတောအတွင်း ဖြစ်ခဲ့သကဲ့သို့ ဖြစ်သည်။ လူအချို့သည် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် အစေခံသူများ ဖြစ်ခဲ့ကြသည်ဟု ယုံကြည်ခဲ့ကြသည်၊ ထို့ကြောင့် အသက်ကို ၎င်းတို့ မလိုက်စားကြတော့ပေ။ ၎င်းတို့ ဆေးလိပ်နှင့် အရက်သောက်ကြသည်၊ မိမိတို့၏ ဇာတိပကတိကို အလိုလိုက်ကြပြီး ၎င်းတို့ နှစ်သက်ရာကို လုပ်ခဲ့ကြသည်။ အချို့သည် အလုပ်လုပ်ဖို့သက်သက် လောကသို့ ပြန်သွားခဲ့ကြသည်။ မဖော်ရွေသော ပတ်ဝန်းကျင်တစ်ခုဟူသည်မှာလည်း ဤသို့ပင် ဖြစ်ပေသည်။ ထိုအရာကို သင် မကျော်လွှားနိုင်ပါက၊ သင် အားတင်းထားသည်ကို အနည်းငယ်ဖြေလျော့လိုက်သည်နှင့်၊ မျှော်လင့်ချက်အားလုံးကို သင် စွန့်လွှတ်ရပေလိမ့်မည်။ စာတန်၏ လွမ်းမိုးမှုကို သင် မကျော်လွှားနိုင်ပါက၊ သင်မသိလိုက်မီတွင် သင်သည် စာတန်၏ ဖမ်းဆီးခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး ပျက်စီးခြင်းဆီသို့ နောက်တစ်ဖန် သင် လွှဲအပ်ခံရပေလိမ့်မည်။ ထို့ကြောင့်၊ ယနေ့ သင်သည် မိမိကိုယ်ကိုယ် သမ္မာတရားဖြင့် ပြင်ဆင်ရမည်။ အမှီအခိုကင်းကင်း သင် အသက်ရှင်နိုင်ရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ဖတ်ရှုသည့်အခါ၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို သင် ရှာဖွေနိုင်ရပေမည်။ သင့်ကို ရေလောင်းဖို့နှင့် အမှုတော်ဆောင်ဖို့ ခေါင်းဆောင်များ သို့မဟုတ် သိုးထိန်းများ မရှိပါက၊ လိုက်လျှောက်ရမည့် လမ်းကြောင်းတစ်ခုကို သင် ရှာတွေ့နိုင်ဆဲဖြစ်သင့်သည်၊ သင်၏ ကိုယ်ပိုင် အားနည်းချက်များကို ရှာတွေ့နိုင်ဆဲဖြစ်သင့်သည်၊ မိမိကိုယ်ကိုယ် ပြင်ဆင်ပြီး လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားများကို ရှာတွေ့နိုင်ဆဲ ဖြစ်သင့်ပေသည်။ ဘုရားသခင်သည် ကမ္ဘာမြေသို့ ကြွလာပြီးနောက် လူသားကို စဉ်ဆက်မပြတ် အဖော်ပြု နိုင်မည်လော။ ၎င်းတို့၏ အယူအဆများအတွင်းတွင် လူအချို့က “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်တို့ကို အတိုင်းအတာတစ်ခုအထိ အမှုမပြုပါက၊ စာတန်သည် ကိုယ်တော်ကို စွပ်စွဲနေသောကြောင့် ကိုယ်တော်၏ အမှု ပြီးစီးသည်ဟု မှတ်ယူ၍ မရနိုင်ပါ” ဟု ယုံကြည်ကြလေသည်။ သင့်ကို ငါ ပြောသည်၊ ငါ၏ နှုတ်ကပတ်တော်များကို ပြောဆိုခြင်း ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ ငါ၏ အမှုသည် အောင်အောင်မြင်မြင် ပြီးဆုံးလိမ့်မည်။ ငါသည် နောက်ထပ် ပြောစရာဘာမျှ မရှိသည်နှင့်တစ်ပြိုင်နက်၊ ငါ၏ အမှု ပြီးဆုံးလိမ့်မည်။ ငါ့အမှု၏ နိဂုံးသည် စာတန်၏ ကျရှုံးခြင်း သက်သေဖြစ်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် စာတန်ထံမှ စွပ်စွဲချက်တစ်ခုတစ်လေမျှ မရှိဘဲ အောင်အောင်မြင်မြင် ပြီးမြောက်လေပြီဟု ဆိုနိုင်ပေသည်။ သို့သော် ငါ့အမှု ပြီးစီးသည့်အချိန်တွင် သင့်အထဲ၌ ပြောင်းလဲမှုမရှိသေးပါက၊ သင်ကဲ့သို့သော လူများသည် ကယ်တင်မရနိုင်သောသူများဖြစ်ပြီး ပယ်ထုတ်ခံရလိမ့်မည်။ ငါသည် လိုအပ်သည်ထက် နောက်ထပ် မည်သည့်အမှုကိုမျှ လုပ်မည်မဟုတ်။ အတိုင်းအတာတစ်ခုအထိ သင် သိမ်းပိုက်ခံရပြီး၊ သင်တို့အားလုံး၌ သမ္မာတရား၏ ရှုထောင့်တိုင်း နှင့်ဆိုင်သော ရှင်းလင်းသည့်အသိပညာရှိကာ၊ သင့်အရည်အချင်း တိုးတက်ခဲ့ပြီး သင့်အနေဖြင့် အတွင်းနှင့်အပြင် သက်သေခံသည်အထိ ကမ္ဘာမြေပေါ်တွင် ငါ၏ အမှုကို ငါ ဆက်မည်မဟုတ်။ ယင်းသည် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယနေ့တွင်၊ သင်တို့အထဲ၌ ငါပြုသောအမှုမှာ သင့်ကို ပုံမှန် လူ့သဘာဝနှင့်ဆိုင်သော အသက်တာတစ်ခုထဲသို့ ဦးတည်ခေါ်ဆောင်ဖို့ ရည်ရွယ်ပေသည်။ ယင်းသည် ခေတ်သစ်တစ်ခုကို ဖွင့်ပေးခြင်း နှင့် ခေတ်သစ်၏ အသက်တာထဲသို့ လူသားမျိုးနွယ်ကို ဦးဆောင်ခြင်း အမှု ဖြစ်သည်။ တစ်ဆင့်ပြီးတစ်ဆင့်၊ ဤအမှုကို သင်တို့အလယ်တွင် ဆောင်ရွက်ပြီး ယင်းသည် သင်တို့အလယ်တွင် တိုက်ရိုက် ဖြစ်ပေါ်လေသည်။ ငါသည် သင်တို့ကို မျက်နှာချင်းဆိုင် သွန်သင်သည်။ ငါသည် သင်တို့ကို လက်ဆွဲခေါ်ယူသည်။ သင်တို့ နားမလည်သည့်အရာ မည်သည့်အရာကိုမဆို သင်တို့ကို ငါ ပြောပြသည်၊ သင်တို့ ချို့တဲ့သည့်အရာ မည်သည့်အရာကိုမဆို သင်တို့အပေါ် ငါ ပေးသနားခဲ့သည်။ သင်တို့အတွက် ဤအမှုအားလုံးသည် အသက်တာအတွက် သင်တို့၏ ထောက်ပံ့ခြင်း၊ ပုံမှန် လူ့သဘာဝ၏ အသက်တာတစ်ခုထဲသို့လည်း သင်တို့ကို လမ်းပြခြင်းဟု ဆိုနိုင်ပေသည်။ ယင်းသည် နောက်ဆုံးသော ကာလအတွင်း ဤလူစု၏ အသက်တာ အတွက် အာဟာရကို ထောက်ပံ့ပေးဖို့ အထူးသဖြင့် ရည်ရွယ်ပေသည်။ ငါ့အတွက်၊ ဤအမှုအားလုံးသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ဖို့ ရည်ရွယ်ပေသည်။ စာတန်အတွက်မူ၊ သူ့ကို အနိုင်ယူဖို့ အတိအကျအတွက် ငါသည် လူ့ဇာတိခံလာခဲ့ပေသည်။ ယခု သင်တို့အလယ် ငါ ပြုသော အမှုသည် ယနေ့အတွက် သင်တို့၏ အာဟာရနှင့် သင်တို့၏ ချိန်ကိုက် ကယ်တင်ခြင်း ဖြစ်သော်လည်း၊ ဤတိုတောင်းသော နှစ်အနည်းငယ် အတွင်းတွင်၊ ငါသည် သင်တို့ကို သမ္မာတရားအားလုံး၊ အသက်၏ လမ်းခရီးတစ်ခုလုံးနှင့် အနာဂတ် နှင့်ဆိုင်သော အမှုကိုပင် ပြောပြမည်။ ဤအရာသည် အနာဂတ်တွင် အမှုအရာများကို ပုံမှန် သင်တို့ တွေ့ကြုံနိုင်စေဖို့ လုံလောက်ပေလိမ့်မည်။ ငါ၏ နှုတ်ကပတ်တော်အားလုံး တစ်ခုတည်းသည် သင်တို့ကို ငါ အပ်နှံပြီးလေသည့် အရာဖြစ်သည်။ အခြားသော တိုက်တွန်းမှုကို ငါ မပြု။ ယနေ့တွင်၊ သင်တို့သည် ငါပြောသော နှုတ်ကပတ်တော်များစွာ နှင့်ဆိုင်သည့် အတွေ့အကြုံ မရှိကြသကဲ့သို့ ၎င်းတို့၏ ပိုမို အတွင်းကျသော အဓိပ္ပါယ်ကို နားမလည်ကြ သောကြောင့် ယနေ့ သင်တို့ကို ငါ ပြောဆိုသည့် နှုတ်ကပတ်တော်များ အားလုံးသည် သင်တို့နှင့်ဆိုင်သည့် ငါ၏ တိုက်တွန်းခြင်းဖြစ်သည်။ တစ်နေ့တွင်၊ သင်တို့၏ အတွေ့အကြုံများသည် ယနေ့ ငါ ပြောပြီးသည့်အတိုင်းပင် အောင်မြင်ခြင်းသို့ ရောက်လာလိမ့်မည်။ ဤနှုတ်ကပတ်တော်များသည် ယနေ့နှင့်ဆိုင်သော သင်တို့၏ ရူပါရုံများ ဖြစ်ကြပြီး၊ အနာဂတ်တွင် သင်တို့ အားထားရမည့်အရာ ဖြစ်သည်။ ၎င်းတို့သည် ယနေ့ အသက်တာအတွက် အာဟာရဖြစ်ပြီး အနာဂတ်အတွက် တိုက်တွန်းချက်တစ်ခုဖြစ်ကာ မည်သည့် တိုက်တွန်းချက်မျှ ပိုမိုကောင်းမွန်ခြင်း မရှိနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ကမ္ဘာမြေပေါ်တွင် ငါ အမှုပြုရမည့် အချိန်ကာလသည် ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ကြုံတွေ့ရမည့် အချိန်ကာလကဲ့သို့ ရှည်ကြာခြင်း မရှိသောကြောင့် ဖြစ်သည်။ ငါသည် ငါ၏ အမှုကို ပြီးစီးအောင်လုပ်ရုံမျှ လုပ်လျက်နေ၏၊ သင်တို့မှာမူ အသက်ကို ဖြတ်သန်း၍ ရှည်လျားသည့် ခရီးတစ်ခုပါဝင်သော ဖြစ်စဉ်တစ်ခုဖြစ်သည့် အသက်ကို ရှာဖွေလိုက်စားနေကြပေသည်။ အမှုအရာများစွာကို ကြုံတွေ့ပြီးနောက်တွင်သာ အသက်၏ လမ်းခရီးကို သင်တို့ လုံးဝ ရရှိနိုင်ပေလိမ့်မည်။ ထိုအခါတွင်မှ ယနေ့ ငါ ပြောဆိုသည့် နှုတ်ကပတ်တော်များ၏ အတွင်းပိုင်း အဓိပ္ပါယ်ကို သင်တို့ ရိပ်စား မိနိုင်ပေလိမ့်မည်။ သင်တို့ လက်ထဲတွင် ငါ၏ နှုတ်ကပတ်တော် ရှိထားသည့်အခါတွင်၊ ငါ၏ တာဝန်အားလုံးကို သင်တို့ အသီးသီး ရရှိပြီးသည့်အချိန်တွင်၊ ငါ စေခိုင်းသင့်သည့် အရာအားလုံးကို သင်တို့အား ငါ တာဝန်ပေးပြီးသည်နှင့်တစ်ပြိုင်နက်၊ ပြီးလျှင် နှုတ်ကပတ်တော်များ၏ အမှု အဆုံးသတ်သည့်အချိန်တွင်၊ မည်သို့သော ကြီးမားသည့် သက်ရောက်မှု ရရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော် အကောင်အထည်ဖော်ခြင်းသည်လည်း ဖြစ်မြောက်ပြီး ဖြစ်လိမ့်မည်။ ယင်းသည် သင် စိတ်ကူးသကဲ့သို့ အတိုင်းအတာတစ်ခုအထိ သင် ပြောင်းလဲရမည်ဟူ၍ မဟုတ်။ ဘုရားသခင်သည် သင်၏ အယူအဆများ အတိုင်း မပြုမူပေ။

လူတို့သည် ကြီးထွားမှုကို ရက်အနည်းငယ်အတွင်း၌သာ ရရှိသည် မဟုတ်ပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နေ့တိုင်း ၎င်းတို့ စားသောက်ကြလျှင်ပင်၊ ဤသည်မှာ မလုံလောက်ချေ။ ၎င်းတို့၏ အသက်တာများထဲတွင် ကြီးထွားမှု ကာလတစ်ခုကို ၎င်းတို့ တွေ့ကြုံရမည်။ ဤသည်မှာ လိုအပ်သော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ယနေ့ လူတို့၏ အရည်အချင်းကို ထောက်ရှုလျှင်၊ ၎င်းတို့ မည်သည့်အရာကို ရရှိနိုင်သနည်း။ ဘုရားသခင်သည် လူတို့၏ မွေးရာပါ အရည်အချင်းအပေါ် အခြေခံ၍ သင့်လျော်သော တောင်းဆိုမှုများ ပြုလုပ်ရင်း၊ လူတို့၏ လိုအပ်ချက်များနှင့်အညီ အမှုပြုလေသည်။ ဤအမှုကို အရည်အချင်း မြင့်မားသည့် လူအုပ်စုတစ်ခုအလယ်တွင် ဆောင်ရွက်မည်ဆိုပါစို့။ မိန့်မြွက်သည့် နှုတ်ကပတ်တော်များသည် သင်တို့အား မိန့်မြွက်သည့်အရာများထက် ပိုမိုမြင့်မားပေလိမ့်မည်၊ ရူပါရုံများ ပိုမိုမြင့်မားမည်ဖြစ်ပြီး သမ္မာတရားများသည် များစွာ ပိုမိုမြင့်မားပေမည်။ နှုတ်ကပတ်တော်အချို့သည် သာ၍ ပြင်းထန် ရလိမ့်မည်၊ လူသားတို့၏ အသက်တာများအတွက် ထောက်ပံ့နိုင်စွမ်း ပိုရှိရလိမ့်မည်၊ နက်နဲမှုများကို ထုတ်ဖော်ပြနိုင်စွမ်း ပိုရှိရပေလိမ့်မည်။ ထိုသို့သော လူတို့အလယ်၌ ပြောဆိုသည့်အခါ၊ ဘုရားသခင်သည် ၎င်းတို့၏ လိုအပ်ချက်များနှင့်အညီ ထောက်ပံ့ပေးလိမ့်မည်ဖြစ်သည်။ ယနေ့ သင်တို့အပေါ် ပြုလုပ်သည့် တောင်းဆိုမှုများသည် အတိကျဆုံးဟု ခေါ်နိုင်သည်၊ ဤအမှုကို အရည်အချင်း သာ၍ မြင့်မားသည့် လူတို့၌ ဆောင်ရွက်မည်ဆိုပါက၊ တောင်းဆိုချက်များက သာ၍ ကြီးမား လိမ့်ဦးမည် ဖြစ်သည်။ ဘုရားသခင်၏ အမှုအားလုံးသည် လူတို့၏ မွေးရာပါ အစွမ်းအစအရ လုပ်ဆောင်ခြင်းဖြစ်လေသည်။ လူတို့ ယနေ့ ပြောင်းလဲပြီး သိမ်းပိုက်ခံရပြီးသည့် အတိုင်းအတာသည် ဖြစ်နိုင်သမျှ အကြီးမားဆုံးသော အတိုင်းအတာ ဖြစ်သည်။ အမှု၏ ဤအဆင့် မည်မျှ ထိရောက်မှုရှိပြီးဖြစ်သည်ကို တိုင်းတာဖို့ရန် သင်၏ ကိုယ်ပိုင် အယူအဆများကို အသုံးမပြုနှင့်။ ပင်ကိုအားဖြင့် သင်တို့ ပိုင်ဆိုင်သည့်အရာနှင့်ပတ်သက်၍ သင်တို့ ရှင်းရှင်းလင်းလင်း ဖြစ်သင့်ပြီး မိမိကိုယ်ကိုယ် အထင်မကြီးလွန်းသင့်ပေ။ မူလက၊ သင်တို့ တစ်ဦးမျှ အသက်ကို မလိုက်စားခဲ့ကြဘဲ လမ်းများတွင် လှည့်လည် သွားလာနေသည့် သူတောင်းစားများ ဖြစ်ကြပေသည်။ သင်တို့အားလုံး မြေပေါ် ဝပ်စင်းစေလျက်၊ ကြီးမားသည့် ရူပါရုံတစ်ခုကို သင် မြင်ခဲ့ပြီးဖြစ်သည့်အလား လုံးဝ လက်ခံယုံကြည်စေလျက်၊ သင် စိတ်ကူးသည့် အတိုင်းအတာအထိ သင်တို့အပေါ် ဘုရားသခင် အမှုပြုဖို့အတွက်- ယင်းမှာ ဖြစ်နိုင်လိမ့်မည် မဟုတ်ချေ။ ယင်းသည် မဖြစ်နိုင်ခြင်းမှာ ဘုရားသခင်၏ နိမိတ်လက္ခဏာများကို မမြင်ဖူးသည့် သူတစ်ဦးသည် ငါ ပြောသည့်အရာအားလုံးကို အပြည့်အဝ မယုံကြည်နိုင်သောကြောင့် ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ နီးကပ်စွာ ဆန်းစစ်မည်ဆိုလျှင်ပင်၊ ၎င်းတို့ကို သင်တို့ အပြည့်အဝ ယုံကြည်နိုင်လိမ့်ဦးမည် မဟုတ်။ ဤသည်မှာ လူ့သဘာဝ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသူတို့သည် အပြောင်းအလဲအချို့ကို ကြုံလိမ့်မည်ဖြစ်သော်လည်း၊ သမ္မာတရားကို တစ်ကြိမ်တစ်ခါမျှ မလိုက်စားသူတို့၏ ယုံကြည်ခြင်းသည် လျော့လာလိမ့်မည်ဖြစ်ပြီး ပျောက်ကွယ်ကောင်းပင် ပျောက်ကွယ်သွားပေလိမ့်မည်။ သင်တို့နှင့် ပတ်သက်၍ အကြီးမားဆုံးသော အခက်အခဲမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ပြည့်စုံခြင်းကို မမြင်ခဲ့ရဘဲ သင်တို့ အပြည့်အဝ မယုံကြည်နိုင်ကြသကဲ့သို့၊ သူ၏ နိမိတ်လက္ခဏာများကို မြင်ရခဲ့ခြင်း မရှိဘဲ သင်တို့ မပြေလည်ကြခြင်း ဖြစ်ပေသည်။ ထိုသို့သော အရာများကို မြင်ရခဲ့ခြင်းမရှိဘဲ၊ အဘယ်သူသည် ဘုရားသခင်အပေါ် လုံးဝ သစ္စာရှိနိုင် မည်နည်း။ ထို့ကြောင့် သင်တို့ ယုံကြည်သည့်အရာမှာ ဘုရားသခင် မဟုတ်ဘဲ နိမိတ်လက္ခဏာများဖြစ်သည်ဟု ငါ ဆို၏။ သမ္မာတရား၏ ရှုထောင့်အမျိုးမျိုးကို ငါ ယခု ရှင်းရှင်းလင်းလင်း ပြောဆိုပြီးဖြစ်သည်၊ ၎င်းတို့ တစ်ခုစီသည် ပြည့်စုံပြီး ၎င်းတို့အားလုံး အကြားတွင် အလွန် နီးကပ်သော ဆက်နွှယ်မှု ရှိလေသည်။ ၎င်းတို့ကို သင် တွေ့မြင်ပြီးဖြစ်၍ ယခုတွင် သင်သည် ၎င်းတို့ကို လက်တွေ့လုပ်ဆောင်ရမည်။ ယနေ့ ငါသည် သင့်ကို လမ်းကြောင်း ပြသပြီး အနာဂတ်တွင် ထိုအရာကို မိမိဘာသာ သင် လက်တွေ့လုပ်ဆောင်သင့်၏။ ယခု ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့ကို ၎င်းတို့၏ စစ်မှန်သော အခြေအနေများအပေါ် အခြေခံ၍ တောင်းဆိုမှုများ ပြုပြီး၊ ၎င်းတို့၏ လိုအပ်ချက်များနှင့် ၎င်းတို့အတွင်းရှိ အမှုအရာများနှင့်အညီ ငါ အမှုပြုလေသည်။ လက်တွေ့ကျသော ဘုရားသခင်သည် လက်တွေ့ကျသော အမှုကို ပြုဖို့ရန်နှင့် လူတို့၏ စစ်မှန်သော အခြေအနေများနှင့် လိုအပ်ချက်များနှင့်အညီ အမှုပြုဖို့ ကမ္ဘာလောကသို့ ကြွလာပြီဖြစ်သည်။ သူသည် လက်တွေ့မကျသူ မဟုတ်ပေ။ ဘုရားသခင် လုပ်ဆောင်သည့်အခါ၊ သူသည် လူတို့ကို အတင်းအကျပ်မခိုင်းပေ။ ဥပမာအားဖြင့် သင် အိမ်ထောင်ပြုသည်၊ မပြုသည်ကို သင်၏ အခြေအနေများ၏ စစ်မှန်မှုအပေါ် အခြေခံသင့်ပေသည်။ သမ္မာတရားကို သင်တို့အား ရှင်းရှင်းလင်းလင်း ပြောဆိုပြီးဖြစ်ကာ သင့်ကို ငါ မချုပ်ထိန်းပေ။ အိမ်ထောင်မပြုပါက ဘုရားသခင်ကို မယုံကြည်နိုင်ကြ ဖို့အလိုငှာ လူအချို့၏ မိသားစုများက ၎င်းတို့ကို ဖိနှိပ်ကြသည်။ ဤနည်းဖြင့်၊ အပြန်အလှန်အားဖြင့်၊ အိမ်ထောင်ပြုခြင်းသည် ၎င်းတို့အတွက် အကူအညီ ဖြစ်လေသည်။ အခြားသူတို့အတွက်၊ အိမ်ထောင်ပြုခြင်းသည် မည်သည့် အကျိုးကျေးဇူးမျှ မဆောင်ကြဉ်း သော်လည်း တစ်ချိန်က ၎င်းတို့ ရှိခဲ့သည့်အရာကို ဆုံးရှုံးစေလေသည်။ သင်၏ ကိုယ်ပိုင် ကိစ္စကို သင်၏ တကယ့် အခြေအနေများနှင့် သင်၏ ကိုယ်ပိုင် သန္နိဋ္ဌာန်ဖြင့် ဆုံးဖြတ်ရမည်ဖြစ်သည်။ သင့်ကို တောင်းဆိုမှုများ ပြုလုပ်ဖို့ အသုံးပြုရန် စည်းမျဉ်းစည်းကမ်းများကို တီထွင်ဖို့ ငါသည် ဤနေရာတွင် ရှိနေခြင်း မဟုတ်ပေ။ လူများစွာက၊ “ဘုရားသခင်သည် လက်တွေ့ကျ၏။ သူ၏ အမှုသည် စစ်မှန်မှုနှင့် ကျွန်ုပ်တို့ အခြေအနေများ၏ လက်တွေ့အရှိတရားပေါ်၌ အခြေခံသည်” ဟု စဉ်ဆက်မပြတ် အော်ပြောကြသည်- သို့သော် အမှန်တွင် ယင်းကို စစ်မှန်စေသည်မှာ အဘယ်အရာဖြစ်သည်ကို သင် သိပါသလော။ သင်၏ အနှစ်မဲ့သော စကားများ တော်လောက်ပေပြီ။ ဘုရားသခင်၏ အမှုသည် စစ်မှန်ပြီး လက်တွေ့အရှိတရား၌ အခြေခံ၏။ ယင်းတွင် အယူဝါဒမရှိ၊ သို့သော် လုံးဝ လွတ်လပ်သည်၊ အားလုံးက ပွင့်လင်းပြီး သိုသိပ် မထားချေ။ ဤအနည်းငယ်မျှသော အခြေခံစည်းမျဉ်းများ၏ တိကျသည့် အသေးစိတ်အချက်အလက်များမှာ အဘယ်နည်း။ ဘုရားသခင်၏အမှု၏ မည်သည့် အစိတ်အပိုင်းက ထိုသို့ဖြစ်သည်ဟု သင် ပြောနိုင်ပါသလော။ သင် အသေးစိတ် ပြောရမည်၊ အတွေ့အကြုံနှင့်ဆိုင်သော သက်သေခံချက် အမျိုးမျိုးအချို့ သင် ရှိရမည်ဖြစ်ပြီး ဘုရားအမှု၏ ဤအင်္ဂါရပ်နှင့် ပတ်သက်၍ သင် အလွန်ရှင်းလင်းရမည်- ယင်းကို သင် သိရမည်ဖြစ်ပြီး ထိုအခါတွင်မှ ဤနှုတ်ကပတ်တော်များကို ပြောဆိုဖို့ သင် အရည်အချင်း မီလိမ့်မည်။ တစ်စုံတစ်ဦးက၊ “နောက်ဆုံးသော ကာလအတွင်းတွင် လူ့ဇာတိခံ ဘုရားသခင်က မည်သည့်အမှုကို ပြုပြီးဖြစ်သနည်း။ အဘယ်ကြောင့် သူ့ကို လက်တွေ့ကျသော ဘုရားသခင်ဟု သင်တို့ ခေါ်သနည်း။ ဤနေရာတွင် ‘လက်တွေ့ကျသော’ ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ သူ၏ လက်တွေ့ကျသော အမှုအကြောင်း၊ ယင်းက အတိအကျ မည်သည့်အရာ ပါဝင်သည်ကို သင် ပြောဆိုနိုင်ပါသလော။ ယေရှုသည် လူ့ဇာတိခံလာသည့် ဘုရားသခင် ဖြစ်ပြီး ယနေ့၏ ဘုရားသခင်သည်လည်း လူ့ဇာတိခံသည့် ဘုရားသခင်ဖြစ်သည်၊ ထို့ကြောင့် ၎င်းတို့ကြား ကွဲပြားခြားနားမှုများမှာ အဘယ်နည်း။ တူညီမှုများမှာ အဘယ်နည်း။ ၎င်းတို့ အသီးသီးက မည်သည့်အမှုကို ပြုခဲ့သနည်း” ဟု မေးခဲ့ပါက သင် ဖြေနိုင်မည်လော။ ဤအရာ အားလုံးသည် သက်သေခံခြင်းနှင့် ဆက်စပ်၏။ ဤအမှုအရာများနှင့် ပတ်သက်၍ မရှုပ်ထွေးနှင့်။ “ယနေ့ ဘုရားသခင်၏ အမှုမှာ စစ်မှန်၏။ ယင်းသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို လုံးဝ ပြသခြင်း မဟုတ်ပါ” ဟု ဆိုသည့် အခြားသူများ ရှိပေသည်။ သူသည် အမှန်တကယ် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို မပြုသလော။ သင် သေချာသလော။ ငါ၏အမှု အမှန်မှာ မည်သည့်အရာဖြစ်သည်ကို သင် သိသလော။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို မလုပ်ဆောင်ဟု တစ်စုံတစ်ဦးက ပြောနိုင်သော်လည်း သူပြုသည့် အမှုနှင့် သူပြောသည့် နှုတ်ကပတ်တော်တို့ အားလုံးသည် အံ့သြဖွယ်ရာများ မဟုတ်သလော။ သူသည် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို မလုပ်ဆောင်ဟု တစ်စုံတစ်ဦးက ပြောနိုင်သော်လည်း ဤသည်မှာ ထိုအရာကို အဘယ်သို့ ရှင်းပြသည်ဆိုသည်နှင့် မည်သူ့ကို ဦးတည်သည်ဆိုသည်တို့အပေါ် မူတည်ပေသည်။ အသင်းတော်သို့ မသွားဘဲနှင့်၊ လူတို့၏ အခြေအနေများကို သူ ဖော်ထုတ်ခဲ့ပြီး၊ စကားပြောဆိုခြင်းထက် မည်သည့်အမှုကိုမျှ ဆောင်ရွက်ခြင်းမရှိဘဲ၊ သူသည် လူတို့ကို ရှေ့ဆက် စေ့ဆော်ပေးခဲ့လေပြီ- ဤအရာများသည် နိမိတ်လက္ခဏာများ မဟုတ်လော။ နှုတ်ကပတ်တော်များ တစ်ခုတည်းဖြင့်သာ၊ လူတို့ကို သူ သိမ်းပိုက်ပြီးဖြစ်ကာ အလားအလာများ သို့မဟုတ် မျှော်လင့်ချက်များမရှိဘဲ လူတို့သည် ဝမ်းမြောက်ဝမ်းသာစွာ နောက်သို့လိုက်ကြ၏- ဤသည်မှာလည်း နိမိတ်လက္ခဏာတစ်ခု မဟုတ်လော။ သူ စကားပြောဆိုသည့်အခါ၊ သူ၏ နှုတ်ကပတ်တော်များက လူတို့အထဲတွင် ခံစားချက်တစ်မျိုး ဖြစ်ပေါ်စေသည်။ ၎င်းတို့ ဝမ်းမြောက်ခြင်း မခံစားရပါက၊ ဝမ်းနည်းခြင်း ခံစားရသည်။ ၎င်းတို့သည် စစ်ဆေးခြင်း မခံရပါက၊ ပြစ်တင်ဆုံးမခြင်း ခံကြရလေသည်။ ထိခိုက်နာကျည်းစေသော နှုတ်ကပတ်တော်များ အနည်းငယ်မျှဖြင့်၊ လူတို့အပေါ် ပြစ်တင်ဆုံးမခြင်းကို သူ ယူဆောင်လေသည်- ဤသည်မှာ သဘာဝလွန်ဖြစ်သည် မဟုတ်လော။ ထိုသို့သော အရာတစ်ခုကို လူသားတို့ လုပ်ဆောင်နိုင်မည်လော။ ဤနှစ်များအားလုံးတွင် သင်သည် သမ္မာကျမ်းစာကို ဖတ်ရှုပြီး ဖြစ်သော်လည်း မည်သည့်အရာကိုမျှ သင် နားမလည်ပြီ၊ မည်သည့် ထိုးထွင်းသိမြင်မှုမျှ သင် မရရှိပြီ။ သင်သည် ထိုခေတ်နောက်ကျပြီး၊ ရိုးရာ ယုံကြည်မှု နည်းလမ်းများမှ မိမိကိုယ်ကိုယ် ခွဲခွာနိုင်စွမ်း မရှိခဲ့ပေ။ သင်သည် သမ္မာကျမ်းစာကို နားလည်သဘောပေါက်ရန် နည်းလမ်း မရှိချေ။ သို့တိုင် ကိုယ်တော်သည် သမ္မာကျမ်းစာကို အပြည့်အဝ နားလည်သည်- ဤသည်မှာ သဘာဝလွန်ဖြစ်သည်အရာတစ်ခု မဟုတ်လော။ ဘုရားသခင်နှင့် ပတ်သက်၍ ကမ္ဘာမြေသို့ သူ ကြွလာသည့်အခါ သဘာဝလွန်ဖြစ်သည့်အရာ တစ်ခုမျှမရှိခဲ့ပါက၊ သင်တို့ကို သူ သိမ်းပိုက်နိုင်ခဲ့မည်လော။ သူ၏ သာမန်ထက် ထူးခြားသော၊ ဘုရားသဘာဝနှင့်ဆိုင်သော အမှုမရှိဘဲ၊ သင်တို့ထဲမှ မည်သူ လက်ခံယုံကြည်လိမ့်မည်နည်း။ သင်၏ အမြင်တွင်၊ သာမန် လူတစ်ဦးက အလုပ်လုပ်နေပြီး သင်တို့နှင့်အတူ အသက်ရှင်နေသကဲ့သို့ ထင်ရ၏- အပေါ်ယံတွင်၊ သူသည် ပုံမှန်၊ သာမန် လူတစ်ဦးဖြစ်သည်ဟု ထင်ရသည်။ သင် မြင်သည့်အရာသည် ပုံမှန် လူ့သဘာဝ၏ မျက်နှာစာတစ်ခု ဖြစ်သော်လည်း၊ အမှန်တွင်၊ အမှုပြုနေသည့် ဘုရားသဘာဝဖြစ်သည်။ ယင်းသည် ပုံမှန် လူ့သဘာဝမဟုတ်ဘဲ ဘုရားသဘာဝဖြစ်သည်။ ယင်းသည် ဘုရားသခင် ကိုယ်တော်တိုင် ပုံမှန်လူသားသဘာဝကို အသုံးပြုရင်း ဆောင်ရွက်သည့် အမှုကို အမှုပြုနေခြင်း ဖြစ်သည်။ ထို့ကြောင့်၊ သူ၏ အမှုသည် သာမန်နှင့် သဘာဝလွန်နှစ်ခုလုံး ဖြစ်သည်။ သူ ပြုသည့် အမှုကို လူက မလုပ်ဆောင်နိုင်သကဲ့သို့၊ ယင်းကို သာမန်လူတို့ မလုပ်ဆောင် နိုင်သည့်အတွက် သာမန်ထက်ထူးခြားသော သူတစ်ဦးက လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့တိုင် သာမန်ထက် ထူးခြားသည်မှာ ဘုရားသဘာဝ ဖြစ်လေသည်၊ လူသားသဘာဝမဟုတ်ပေ။ ဘုရားသဘာဝသည် လူသားသဘာဝမှ ကွဲပြားခြားနား၏။ သန့်ရှင်းသော ဝိညာဉ်တော် အသုံးပြုသည့် လူတစ်ဦးသည်လည်း သာမန်၊ ပုံမှန် လူသားသဘာဝနှင့် သက်ဆိုင်သော်လည်း ဤအမှုကို ၎င်းတို့ လုပ်ဆောင်နိုင်စွမ်း မရှိချေ။ ခြားနားမှုကား ဤတွင် တည်ရှိလေသည်။ သင်က၊ “ဘုရားသခင်သည် သဘာဝလွန် ဘုရားသခင် မဟုတ်။ သဘာဝလွန်သည့် မည်သည့်အရာကိုမျှ သူ လုပ်ဆောင်ခြင်း မရှိ။ ကျွန်ုပ်တို့၏ ဘုရားသခင်သည် လက်တွေ့ကျပြီး စစ်မှန်သော နှုတ်ကပတ်တော်များကို ပြောဆိုသည်။ သူသည် စစ်မှန်ပြီး လက်တွေ့ကျသော အမှုကို ပြုရန် အသင်းတော်ထံ ကြွလာသည်။ နေ့တိုင်း၊ ကျွန်ုပ်တို့ကို သူ မျက်နှာချင်းဆိုင် စကားပြောဆိုပြီး ကျွန်ုပ်တို့၏ အခြေအနေများကို မျက်နှာချင်းဆိုင် ထောက်ပြသည်- ကျွန်ုပ်တို့၏ ဘုရားသခင်သည် စစ်မှန်ပေသည်။ သူသည် ကျွန်ုပ်တို့နှင့်အတူ အသက်ရှင်ပြီး သူနှင့် ပတ်သက်သည့် အရာတိုင်းသည် လုံးဝ သာမန်ဖြစ်သည်။ သူ၏ ပုံပန်းသဏ္ဌာန်ထဲက မည်သည့်အရာကမျှ သူ့ကို ဘုရားသခင်အဖြစ် မခြားနားစေပါ။ သူ ဒေါသ ထွက်သည့်အချိန်များပင် ရှိပြီး သူ၏ အမျက်ဒေါသနှင့်ဆိုင်သော ဘုန်းအာနုဘော်ကို ကျွန်ုပ်တို့ ရှုမြင်ရကြကာ၊ တစ်ခါတစ်ရံတွင် သူ ပြုံးပြီး သူ၏ ပြုံးနေသည့် ကိုယ်နှုတ်အမူအရာကို ကျွန်ုပ်တို့ လေ့လာရသည်။ သူသည် ပုံပန်း၊ သွင်ပြင်နှင့်အတူ၊ အသွေးအသားဖြင့် ပြုလုပ်ထားသည့် စစ်မှန်ပြီး လက်တွေ့ကျသော ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤနည်းဖြင့် သင် သက်သေခံသည့်အခါ၊ ယင်းသည် မပြည့်စုံသော သက်သေခံချက်တစ်ခု ဖြစ်သည်။ ယင်းက အခြားသူတို့အား မည်သို့သော အကူအညီ ဖြစ်လိမ့်မည်နည်း။ ဘုရားသခင်ကိုယ်တိုင်၏ နှုတ်ကပတ်တော်များ နှင့်ဆိုင်သော အတွင်းပိုင်း ဇာတ်ကြောင်းနှင့် အနှစ်သာရတို့ကို သင် သက်သေမခံနိုင်ပါက၊ သင်၏ “သက်သေခံချက်” သည် အမည်နှင့်မထိုက်တန်ပေ။

ဘုရားသခင်ကို သက်သေခံခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှု၊ လူတို့ကို ဘုရားသခင် သိမ်းပိုက်ပုံ၊ လူတို့ကို သူကယ်တင်ပုံ၊ လူတို့ကို သူ ပြောင်းလဲပုံတို့နှင့် ဆိုင်သည့် သင်၏ အသိပညာကို ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ ယင်းသည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်ဖို့ရန် လူတို့ကို သိမ်းပိုက်ခံရဖို့၊ စုံလင်စေခြင်းခံရဖို့ နှင့် သူ၏ ကယ်တင်ခြင်းခံရဖို့ အခွင့်ပေးရင်း လူတို့ကို သူ လမ်းပြပုံနှင့် သက်ဆိုင်၍ ပြောဆိုခြင်း ကိစ္စရပ်တစ်ခု ဖြစ်သည်။ သက်သေခံခြင်းဟူသည်မှာ သူ၏ အမှုနှင့် သင် တွေ့ကြုံပြီးသည့် အရာအားလုံးကို ပြောဆိုခြင်းဟု ဆိုလိုပေသည်။ သူ၏ အမှုသာ သူ့ကို ကိုယ်စားပြုနိုင်ပြီး သူ၏ အမှုသာ သူ့ကို လူသိရှင်ကြား၊ သူ၏ အလုံးစုံဖြင့် ထုတ်ဖော်ပြနိုင်သည်။ သူ၏ အမှုသည် သူ့ကို သက်သေခံပြီး သူ၏အမှုနှင့် မိန့်မြွက်ချက်များသည် ဝိညာဉ်တော်ကို တိုက်ရိုက် ကိုယ်စားပြုပေသည်။ သူ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်၏ ဆောင်ရွက်ခြင်းဖြစ်ပြီး သူ ပြောဆိုသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပြောဆိုထားခြင်း ဖြစ်သည်။ ဤအရာများကို ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာမှတစ်ဆင့် ဖော်ပြခြင်း ဖြစ်ရုံသာ ရှိ၏၊ အမှန်တွင်မူ၊ ၎င်းတို့သည် ဝိညာဉ်တော်၏ ဖော်ပြချက်များ ဖြစ်သည်။ သူ လုပ်ဆောင်သည့် အမှုအားလုံးနှင့် သူ ပြောဆိုသည့် နှုတ်ကပတ်တော်များအားလုံးသည် သူ၏ အနှစ်သာရကို ကိုယ်စားပြုလေသည်။ အကယ်၍ ဇာတိပကတိကို ဝတ်ဆင်ပြီး လူသားအလယ် ကြွလာပြီးနောက်၊ ဘုရားသခင်သည် စကားမပြောဆိုခြင်း သို့မဟုတ် အမှုပြုခြင်း မရှိဘဲ၊ ထို့နောက် သူ၏ စစ်မှန်မှု၊ သူ၏ သာမန်ဖြစ်ခြင်း နှင့် သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းတို့ကို သိရှိဖို့ သင်တို့ကို တောင်းဆိုပါက၊ သင် တတ်နိုင်မည်လော။ ဝိညာဉ်တော်၏ အနှစ်သာရက မည်သည့်အရာ ဖြစ်သည်ကို သင် သိနိုင်မည်လော။ သူ၏ လူ့ဇာတိနှင့်ဆိုင်သော အရည်အချင်းများက မည်သည့်အရာဖြစ်သည်ကို သင် သိနိုင်မည်လော။ သင်တို့သည် သူ့အမှု၏ အဆင့်အသီးသီးကို တွေ့ကြုံပြီး ဖြစ်သောကြောင့်သာ သူ့ကို သက်သေခံဖို့ သင်တို့ကို သူ တောင်းဆိုခြင်း ဖြစ်သည်။ သင်တို့၌ ထိုသို့သော အတွေ့အကြုံ မရှိခဲ့ပါက၊ သင်တို့ သက်သေခံဖို့ သူ မရမက တောင်းဆိုလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်၊ ဘုရားသခင်ကို သင် သက်သေခံသည့်အခါ၊ သင်သည် သူ၏ ပုံမှန် လူသားသဘာဝ၏ အပြင်ပန်းကိုသာမက၊ သူ လုပ်ဆောင်သည့် အမှုနှင့် သူ ဦးဆောင်သည့် လမ်းကြောင်းတို့ကိုလည်း သက်သေခံနေခြင်း ဖြစ်သည်။ သူ၏ သိမ်းပိုက်ခြင်းကို သင် မည်သို့ ခံရပြီးဖြစ်ကြောင်းနှင့် မည်သည့် ရှုထောင့်များတွင် သင် စုံလင်စေခြင်း ခံရပြီးဖြစ်သည်ကို သင် သက်သေခံဖို့ဖြစ်သည်။ ဤသည်မှာ သင်တို့ သက်သေခံသင့်သည့် သက်သေခံချက်မျိုး ဖြစ်သည်။ သင်သွားသည့် နေရာတိုင်းတွင်၊ သင်က၊ “ကျွန်ုပ်တို့ ဘုရားသခင်သည် အမှုပြုဖို့ ကြွလာပြီဖြစ်ပြီး သူ၏ အမှုသည် အစစ်အမှန်ပင် လက်တွေ့ကျသည်။ သဘာဝလွန် လုပ်ဆောင်ချက်များ မရှိဘဲ၊ မည်သည့် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ လုံးဝမရှိဘဲ ကျွန်ုပ်တို့ကို သူ ရယူပြီးဖြစ်သည်” ဟု ဟစ်အော်ပါက၊ အခြားသူတို့က၊ “သူက နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများ မလုပ်ဟု သင် ပြောဆိုသည့်အခါ မည်သည့်အရာကို ဆိုလိုသနည်း။ နိမိတ်လက္ခဏာများ နှင့် အံ့ဖွယ်ရာများ မရှိဘဲ သင့်ကို သူ မည်သို့ သိမ်းပိုက်နိုင်မည်နည်း” ဟု မေးကြလိမ့်မည်။ ပြီးလျှင် သင်က၊ “သူ စကားပြောဆိုသည်၊ ပြီးလျှင် မည်သည့် အံ့ဖွယ်ရာများ သို့မဟုတ် နိမိတ်လက္ခဏာများ တစ်ခုမျှ ပြသခြင်းမရှိဘဲ၊ ကျွန်ုပ်တို့ကို သူ သိမ်းပိုက်ပြီးဖြစ်သည်။ သူ၏ အမှုက ကျွန်ုပ်တို့ကို သိမ်းပိုက်ပြီးဖြစ်သည်” ဟု ဆိုသည်။ နောက်ဆုံးတွင်၊ အနှစ်သာရရှိသော အရာတစ်ခုမျှ သင် မပြောနိုင်ပါက၊ အသေးစိတ် အချက်အလက်ကို သင် မဆွေးနွေးနိုင်ပါက၊ ဤသည်မှာ မှန်ကန်သော သက်သေခံချက်လော။ လူ့ဇာတိခံ ဘုရားသခင်က လူတို့ကို သိမ်းပိုက်သည့်အခါ၊ ထိုသို့လုပ်ဆောင်သည်မှာ သူ၏ ဘုရားသဘာဝ နှင့်ဆိုင်သော နှုတ်ကပတ်တော်များဖြစ်သည်။ လူသားမျိုးနွယ်က ဤအရာကို မပြီးမြောက်နိုင်ပေ။ သူ၏ ဘုရားသဘာဝသည် မည်သည့် အဖန်ဆင်းခံထက်မဆို မြင့်မားသည့်အတွက်၊ ယင်းမှာ မည်သည့် သေမျိုးကမျှ ရရှိနိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ သာမန်လူတို့ကြားက အမြင့်မားဆုံးသော အရည်အချင်းရှိသည့် သူတို့ပင်လျှင် ဤအရာကို မစွမ်းနိုင်ချေ။ ဤသည်မှာ လူတို့အဖို့ သာမန်ထက်ထူးခြားပေသည်။ မည်သို့ပင်ဖြစ်စေ၊ ဖန်ဆင်းရှင်သည် မည်သည့် အဖန်ဆင်းခံမဆိုထက် မြင့်မားပေသည်။ အဖန်ဆင်းခံများသည် ဖန်ဆင်းရှင်ထက် သာ၍ မမြင့်မားနိုင်ပေ။ သင်သည် သူ့ထက် သာ၍ မြင့်မားပါက၊ သင့်ကို သူ သိမ်းပိုက်နိုင် လိမ့်မည်မဟုတ်ချေ၊ ပြီးလျှင် သူသည် သင့်ထက် မြင့်မားသောကြောင့်သာ သင့်ကို သိမ်းပိုက်နိုင်ခြင်း ဖြစ်ပေသည်။ လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်နိုင်သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး၊ သူသာလျှင် ဤအမှုကို ပြုနိုင်ပေသည်။ ဤနှုတ်ကပတ်တော်များသည် “သက်သေခံချက်” ဖြစ်သည်- သင် သက်သေခံသင့်သည့် သက်သေခံချက်မျိုးဖြစ်သည်။ သင်သည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မှုများ၊ ဆုတ်ဆိုင်းမှုများနှင့် ဆင်းရဲဒုက္ခများကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံပြီးဖြစ်ကာ သင်သည် သိမ်းပိုက်ခံရပြီးဖြစ်သည်။ ဇာတိပကတိ၏ မျှော်လင့်ချက်များ၊ သင်၏ ကိုယ်ပိုင် ကြံရွယ်ချက်များ နှင့် ဇာတိပကတိ၏ အတွင်းရေးကျသည့် စိတ်ဝင်စားမှုများကို သင် ဘေးဖယ်ထားပြီး ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သင်၏ စိတ်နှလုံးကို လုံးဝ သိမ်းပိုက်ပြီး ဖြစ်သည်။ သင်၏ အသက်တာတွင် သူတောင်းဆိုသလောက် သင် မကြီးထွားသေးသော်လည်း၊ ဤအရာအားလုံးကို သင် သိရှိပြီး သူ လုပ်ဆောင်သည့်အရာအားဖြင့် သင် လုံးဝ လက်ခံယုံကြည်ပေသည်။ ထို့ကြောင့်၊ ဤသည်ကို စစ်မှန်ပြီး မှန်ကန်သော သက်သေခံချက်ဟု ခေါ်နိုင်၏။ လုပ်ဆောင်ဖို့ရန် ဘုရားသခင် ကြွလာခဲ့သည့် ဤအမှု၊ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုသည် လူသားကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားသော်လည်း ခေတ်ကို အဆုံးသတ်ခြင်း နှင့် ပြီးပြတ်စေခြင်း အမှုကို ဆောင်ရွက်ခြင်းဖြစ်သည့် သူ၏ အမှုကိုလည်း သူ အဆုံးသတ်နေ၏။ လူသားမျိုးနွယ်အားလုံးကို ကယ်တင်ရင်း၊ လူသားမျိုးနွယ်ကို အပြစ်မှ တစ်ကြိမ်တည်းနှင့် အပြီးသတ် ကယ်နုတ်ရင်း ခေတ်တစ်ခုလုံးကို သူ အဆုံးသတ်နေ၏။ သူသည် သူ ဖန်ဆင်းခဲ့သည့် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနေ၏။ ဤအရာအားလုံးကို သင် သက်သေခံသင့်၏။ အလွန်များလှစွာသော ဘုရားသခင်၏ အမှုကို သင် တွေ့ကြုံပြီးဖြစ်သည်၊ ယင်းကို သင်၏ ကိုယ်ပိုင် မျက်စိများဖြင့် သင် မြင်ပြီးဖြစ်ကာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီး ဖြစ်သည်။ တကယ့်အဆုံးသို့ သင် ရောက်ရှိသည့်အချိန်တွင်၊ သင့်အပေါ် တာဝန်ရှိသော လုပ်ငန်းတာဝန်ကို သင် မထမ်းဆောင်နိုင်ဘဲ မရှိရ။ တကယ့်ကို သနားစရာပါတကား။ အနာဂတ်တွင်၊ ဧဝံဂေလိတရား ပျံ့နှံ့သည့်အခါ၊ သင်သည် သင်၏ ကိုယ်ပိုင် အသိပညာအကြောင်းကို ပြောဆိုနိုင်သင့်၏၊ သင်၏ စိတ်နှလုံးထဲတွင် သင် ရရှိပြီးဖြစ်သည့် အရာအားလုံးကို သက်သေခံနိုင်သင့်ပြီး ရှိသမျှအား စိုက်ထုတ်နိုင်သင့်၏။ ဤသည်မှာ အဖန်ဆင်းခံတစ်ဦး ရရှိသင့်သည့် အရာဖြစ်သည်။ ဘုရားသခင်၏ အမှုနှင့်ဆိုင်သော ဤအဆင့်၏ တကယ့် အဓိပ္ပါယ်မှာ အဘယ်နည်း။ ယင်း၏ သက်ရောက်မှုမှာ အဘယ်နည်း။ ယင်း၏ မည်မျှကို လူသား၏အထဲတွင် ဆောင်ရွက်ပါသနည်း။ မည်သည့်အရာကို လူတို့ လုပ်ဆောင်သင့်သနည်း။ ကမ္ဘာမြေသို့ ကြွလာကတည်းက လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်ခဲ့သည့် အမှုအားလုံးကို ရှင်းရှင်းလင်းလင်း သင် ပြောဆိုနိုင်သည့်အခါ၊ သင်၏ သက်သေခံချက် ပြည့်စုံလိမ့်မည်။ သူ့အမှုတော်၏ အဓိပ္ပါယ်၊ ယင်း၏ အကြောင်းအရာ၊ ယင်း၏ အနှစ်သာရ၊ ယင်းက ကိုယ်စားပြုသည့် စိတ်သဘောထားနှင့် ယင်း၏ အခြေခံစည်းမျဉ်းများတို့ဖြစ်သော ဤအချက်ငါးခုကို သင် ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်သည့်အခါ ဘုရားသခင်ကို သင် သက်သေခံနိုင်စွမ်းရှိသည်၊ အသိပညာကို သင် အမှန်တကယ် ပိုင်ဆိုင်သည်ကို ဤအရာက သက်သေပြပေလိမ့်မည်။ သင့်အပေါ် ငါ၏ သတ်မှတ်ချက်များသည် အလွန်မမြင့်မားသကဲ့သို့၊ မှန်ကန်သော လိုက်စားမှု၌ ရှိကြသူအားလုံးက ရယူနိုင်ပေသည်။ သင်သည် ဘုရားသခင်၏ သက်သေများထဲမှ တစ်ဦးဖြစ်ဖို့ သန္နိဋ္ဌာန်ချထားပါက၊ ဘုရားသခင် မည်သည့်အရာကို စက်ဆုပ်ပြီး မည်သည့်အရာအား နှစ်သက်သည်ကို သင် နားလည်ရမည်။ သူ၏ အမှုတော်ကို များစွာ သင် ကြုံတွေ့ပြီး ဖြစ်သည်။ ဤအမှုမှတစ်ဆင့်၊ သူ၏ စိတ်သဘောထားကို သင် သိလာရမည်၊ သူ၏ အလိုတော်နှင့် လူသားမျိုးနွယ်အပေါ် သူ၏ သတ်မှတ်ချက်များကို သင် နားလည်လာရမည်ဖြစ်ကာ သူ့အကြောင်းကို သက်သေခံဖို့နှင့် သင်၏ တာဝန်ကို ထမ်းဆောင်ဖို့ ဤအသိပညာကို အသုံးပြုရမည်။ “ဘုရားသခင်ကို ကျွန်ုပ်တို့ သိသည်။ သူ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် အလွန် ပြင်းထန်သည်။ သူ၏ နှုတ်ကပတ်တော်များက အလွန် ခက်ထန်သည်၊ ၎င်းတို့သည် ဖြောင့်မတ်ပြီး ခမ်းနားကာ မည်သည့်လူသားကမျှ ပုန်ကန်ပြစ်မှား၍ မရနိုင်ပေ” ဟုသာ သင် ပြောနိုင်သည်၊ သို့သော် ဤစကားများသည် လူသားအတွက် နောက်ဆုံးတွင် ထောက်ပံ့ပေးသလော။ လူတို့အပေါ် ၎င်းတို့၏ သက်ရောက်မှုမှာ အဘယ်နည်း။ ဤတရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအလုပ်သည် သင့်အတွက် အကျိုးအရှိဆုံး ဖြစ်သည်ကို သင် အမှန်တကယ် သိသလော။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် သင်၏ ပုန်ကန်လိုစိတ်ရှိခြင်းနှင့် ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနေကြသည် မဟုတ်သလော။ ၎င်းတို့က သင်၏အတွင်းထဲရှိ ထိုညစ်ညမ်းပြီး ဖောက်ပြန်ပျက်စီးသော အရာများကို သန့်စင်ပေးပြီး ဖယ်ထုတ်ပစ်နိုင်သည်၊ မဟုတ်သလော။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမရှိပါက သင်သည် မည်သည့်အရာ ဖြစ်သွားလိမ့်မည်နည်း။ စာတန်က သင့်ကို အကြီးကျယ်ဆုံးသော အတိုင်းအတာအထိ ဖောက်ပြန်ပျက်စီးစေပြီ ဟူသည့်အချက်ကို သင် အမှန်တကယ် သတိပြုမိပါသလော။ ယနေ့တွင်၊ ဤအရာများဖြင့် သင်တို့ မိမိကိုယ်ကိုယ် ပြင်ဆင်သင့်ပြီး ၎င်းတို့ကို ကောင်းကောင်း သိသင့်ကြ၏။

မျက်မှောက်ခေတ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုဖို့၊ ဆုတောင်းဖို့၊ သီချင်းဆိုဖို့၊ ကခုန်ဖို့၊ သင်၏ တာဝန်ကို ထမ်းဆောင်ဖို့နှင့် ပုံမှန်လူ့သဘာဝနှင့်ဆိုင်သော အသက်တာတစ်ခုကို နေထိုင်ဖို့က လုံလောက်သည်ဟူသော- ဘုရားသခင်၌ ယုံကြည်မှုသည် သင်တို့ စိတ်ကူးကောင်း စိတ်ကူးနိုင်သည့် ယုံကြည်ခြင်း မဟုတ်ပေ။ ယုံကြည်မှုသည် အမှန်တကယ် အလွန် ရိုးရှင်းနိုင်မည်လော။ ရလဒ်များက သော့ချက်ဖြစ်သည်။ ယင်းက အမှုအရာများကို ပြုလုပ်ရာတွင် သင် နည်းလမ်းမည်မျှရှိသည် ဆိုသည့်အရာ မဟုတ်ပေ။ ထို့ထက် ယင်းမှာ အကောင်းဆုံးသော ရလဒ်များကို သင် အတိအကျ မည်သို့ရရှိနိုင်သည် ဆိုသည့်အရာ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် ကိုင်စွဲပြီး သင်၏ အသိပညာအချို့ကို အသေးစိတ် ရှင်းပြနိုင်ပေမည်၊ သို့သော် ယင်းတို့ကို သင် ဘေးဖယ်လိုက်သည့်အခါ၊ သင့်တွင် ဘာမျှပြောစရာ မရှိချေ။ ဤအရာက သင်သည် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်စွမ်းရှိသော်လည်း အတွေ့အကြုံနှင့်ဆိုင်သော အသိပညာ မရှိသည်ကို ပြသလေသည်။ ယနေ့တွင်၊ အရေးကြီးသည့်အရာကို သင် သဘောမပေါက်နိုင်ပါက အလုပ်ဖြစ်မည်မဟုတ်ချေ- ဤသည်မှာ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း အတွက် မရှိမဖြစ် အရေးကြီးပေသည်။ မိမိကိုယ်ကိုယ် ဤသို့ လေ့ကျင့်ဖို့ စတင်လော့- ပထမဦးစွာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုလော့။ ၎င်းတို့အတွင်းရှိ ဝိညာဉ်ရေးရာ ဝေါဟာရများကို ကောင်းကောင်း သိလာလော့။ ၎င်းတို့အတွင်းရှိ အဓိကကျသည့် ရူပါရုံများကို ရှာလော့။ လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်စပ်သည့် အပိုင်းများကို ပိုင်းခြားသိမြင်လော့။ ဤအခြေခံသဘောတရားများကို တစ်ခုပြီးတစ်ခု ပေါင်းစည်းလော့။ သင်၏ အတွေ့အကြုံအတွင်းရှိ ၎င်းတို့ထဲသို့ ဝင်ရောက်လော့။ ဤအရာများသည် သင် သဘောပေါက်ရမည့် အရေးကြီးသော အရာများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်သည့်အချိန်တွင် အရေးကြီးဆုံးသော လက်တွေ့လုပ်ဆောင်ခြင်းမှာ ဤသို့ဖြစ်သည်- ဘုရားသခင်၏ နှုတ်ကပတ်တော် အခန်းကြီးတစ်ခုကို ဖတ်ရှုပြီးနောက်၊ ရူပါရုံများနှင့် စပ်လျဉ်းသည့် အဓိကအပိုင်းများကို သင် ရှာနိုင်ရမည်ဖြစ်ပြီး လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဆက်နွှယ်သည့် အဓိက အပိုင်းများကိုလည်း သင် ရှာနိုင်ရမည်။ ရူပါရုံများကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး လက်တွေ့လုပ်ဆောင်ခြင်းကို အသက်တာတွင် သင်၏ လမ်းပြအဖြစ် အသုံးပြုလော့။ ဤသည်တို့မှာ အားလုံးထဲမှ သင်တို့ အချို့တဲ့ဆုံးသော အရာများဖြစ်ပြီး သင်တို့၏ အကြီးမားဆုံးသော အခက်အခဲဖြစ်သည်။ သင်တို့၏ စိတ်နှလုံးများ ထဲတွင်၊ ၎င်းတို့ကို သင်တို့ တစ်စုံတစ်ရာ အာရုံစိုက်ခဲလှပေသည်။ ယေဘုယျအားဖြင့်၊ သင်တို့အားလုံးသည် ပျင်းရိခြင်း၊ မတက်ကြွသော၊ ကိုယ်တိုင်စွန့်လွှတ်မှု တစ်ခုတစ်လေ ပြုလုပ်ဖို့ လိုလားမနေသည့် အခြေအနေတစ်ခုအတွင်းတွင် တည်ရှိကြ၏၊ သို့မဟုတ် သင်တို့သည် မလှုပ်မယှက် စောင့်ဆိုင်းကြပြီး အချို့က ညည်းညူခြင်းပင် ပြုကြလေသည်။ ၎င်းတို့သည် ဘုရားသခင်၏ ရည်မှန်းချက်များနှင့် အဓိပ္ပါယ်ကို နားမလည်ကြသကဲ့သို့၊ ၎င်းတို့အတွက် သမ္မာတရားကို လိုက်စားဖို့ ခက်ပေသည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို စက်ဆုပ်ပြီး နောက်ဆုံးတွင် ပယ်ထုတ်ခံရလိမ့်မည်။ ၎င်းတို့ထဲမှ မည်သူမျှ စုံလင်မခံရနိုင်သကဲ့သို့ မည်သူမျှ ရှင်သန်နိုင်မည်မဟုတ်။ စာတန်၏ အင်အားစုများကို ခုခံဖို့ လူတို့သည် သန္နိဋ္ဌာန် အနည်းငယ် မရှိပါက၊ ၎င်းတို့အတွက် မျှော်လင့်ချက် မရှိပေ။

ယခုတွင်၊ သင်တို့၏ လိုက်စားခြင်းက ထိရောက်မှုရှိ မရှိဆိုသည်ကို လောလောဆယ် သင်တို့ ပိုင်ဆိုင်သည့်အရာအားဖြင့် တိုင်းတာပေသည်။ ဤသည်မှာ သင်တို့၏ အကျိုးဆက်ကို ဆုံးဖြတ်ဖို့ အသုံးပြုသည့်အရာ ဖြစ်သည်။ ဤသည်မှာ၊ သင်တို့၏ အကျိုးဆက်သည် သင်တို့ ပြုပြီးသည့် စွန့်လွတ်မှုများနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာများတွင် ထုတ်ဖော်ပြခံရသည်ဟု ဆိုလိုသည်။ သင်တို့၏ အကျိုးဆက်ကို သင်တို့၏ လိုက်စားမှု၊ သင်တို့၏ ယုံကြည်ခြင်းနှင့် သင်တို့ လုပ်ဆောင်ပြီးဖြစ်သည့် အရာအားဖြင့် သိစေလိမ့်မည်ဖြစ်သည်။ သင်တို့ အားလုံးအလယ်တွင်၊ ကယ်တင်၍ မရနိုင်သော သူများစွာ ရှိနှင့်လေသည်၊ အကြောင်းမူကား ယနေ့သည် လူတို့၏ အကျိုးဆက်များကို ထုတ်ဖော်ပြသည့် နေ့ရက်ဖြစ်ပြီး ငါ၏ အမှု၌ ငါသည် မပြတ်မသားဖြစ်မည်မဟုတ်၊ ငါသည် လုံးဝ ကယ်တင်၍ မရသော သူတို့ကို လာမည့်ခေတ်ထဲသို့ ငါ ဦးဆောင်မည်မဟုတ်။ ငါ၏ အမှု ပြီးစီးသည့် အချိန်တစ်ချိန် ရှိလိမ့်မည်။ ငါသည် လုံးဝ ကယ်တင်၍မရနိုင်သည့် ထိုနံစော်သော၊ ဝိညာဉ်ကင်းမဲ့သော အသေကောင်များအပေါ် အမှုပြုမည်မဟုတ်။ ယခုသည် လူသား၏ ကယ်တင်ခြင်း၏ နောက်ဆုံးသော ကာလဖြစ်ပြီး အချည်းနှီးသော အမှုကို ငါလုပ်ဆောင်မည်မဟုတ်။ ကောင်းကင်နှင့် မြေကြီးကို မကြိမ်းမောင်းနှင့်- ကမ္ဘာလောက၏ အဆုံးသည် ရောက်လာ နေပြီဖြစ်သည်။ ယင်းကို ရှောင်လွှဲမရနိုင်ပေ။ အမှုအရာများသည် ဤအခြေအနေထိ ရောက်လာပြီးဖြစ်ကာ ၎င်းတို့ကို ရပ်တန့်စေဖို့ လူသားတစ်ဦးအနေဖြင့် သင် လုပ်ဆောင်နိုင်သည့်အရာ ဘာမျှမရှိ။ အမှုအရာများကို သင် ဆန္ဒရှိသည့်အတိုင်း ပြောင်းလဲ၍ မရနိုင်။ မနေ့က၊ သမ္မာတရားကို လိုက်စားဖို့ သင် အဖိုးအခ မပေးခဲ့သကဲ့သို့ သင်သည် သစ္စာမရှိခဲ့ပေ။ ယနေ့တွင်၊ အချိန်ကျလာပေပြီ၊ သင်သည် ကယ်တင်မရနိုင်ပေ။ မနက်ဖြန်တွင်၊ သင်သည် ပယ်ထုတ်ခံ ရလိမ့်မည်ဖြစ်ပြီး သင်၏ ကယ်တင်ခြင်းအတွက် လူးသာလွန့်သာ ရှိလိမ့်မည်မဟုတ်။ ငါ၏ စိတ်နှလုံးသည် နူးညံ့သိမ်မွေ့ပြီး သင့်ကို ကယ်တင်ဖို့ ငါ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း၊ သင့်အတွက် သင် မကြိုးပမ်းပါက သို့မဟုတ် သင့်အတွက် မည်သို့မျှ သင်မစဉ်းစားပါက၊ ဤအရာသည် ငါနှင့် အဘယ်သို့ သက်ဆိုင်သနည်း။ ၎င်းတို့၏ ဇာတိပကတိကိုသာ စဉ်းစားသူနှင့် ဇိမ်ခံစရာကို မွေ့လျော်သောသူများ၊ ယုံကြည်သည်ဟု ထင်ရသော်လည်း အမှန်တကယ် မယုံကြည်သူများ၊ မကောင်းသောဆေးနှင့် နတ်ဝိဇ္ဇာအတတ်၌ ပါဝင်ပတ်သက်သူများ၊ လူတကာနှင့် သောင်းပြောင်းလိင်ဆက်ဆံကာ စုတ်ဖွာပြီး စုတ်ပြတ်နေသူများ၊ ယေဟောဝါထံ ယဇ်ပူဇော်မှုများနှင့် သူ၏ ပိုင်ဆိုင်မှုများကို ခိုးယူသောသူများ၊ တံစိုးလက်ဆောင်များကို နှစ်သက်သောသူများ၊ ကောင်းကင်သို့ တက်ကြွရန် အလဟဿ အိပ်မက်မက်နေသူများ၊ မာန်မာနထောင်လွှားပြီး စိတ်ကြီးဝင်သူများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာအတွက်သာ ကြိုးပမ်းကြသူများ၊ ရိုင်းပျသော စကားများကို ဖြန့်ဖြူးသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ပြစ်မှားစော်ကားသူများ၊ ဘုရားသခင်ကိုယ်တိုင်အား ဝေဖန်မှုများပြုပြီး အသရေပျက်အောင် လုပ်ကြံပြောဆိုသည်မှလွဲ၍ ဘာမျှမလုပ်ဆောင်သောသူများ၊ အုပ်စုများဖွဲ့ပြီး လွတ်လပ်မှုကို ရှာဖွေသောသူများ၊ ဘုရားသခင်ထက် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်သောသူများ၊ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့မှု၌ မိနေသည့် ပေါ့ပျက်ပျက် လူငယ်၊ သက်လတ်ပိုင်းနှင့် သက်ကြီး အမျိုးသားများနှင့် အမျိုးသမီးများ၊ ပုဂ္ဂိုလ်ရေးကျော်ကြားမှုနှင့် ပစ္စည်းဥစ္စာ၌ မွေ့လျော်ပြီး အခြားအရာများအပြင် ပုဂ္ဂိုလ်ရေး အဆင့်အတန်းနောက် လိုက်သူများ၊ အပြစ်၌ ပိတ်မိနေသည့် နောင်တမရသော လူများ- ၎င်းတို့ အားလုံးသည် ကယ်တင်မရသောသူများ ဖြစ်ကြသည်မဟုတ်လော။ လိင်ကိစ္စများတွင် ကိုယ်ကျင့်သိက္ခာကင်းမဲ့ခြင်း၊ အပြစ်နှင့်ပြည့်ခြင်း၊ မကောင်းသောဆေး၊ နတ်ဝိဇ္ဇာအတတ်၊ ရိုသေလေးမြတ်မှုမရှိသော အပြုအမူနှင့် ရိုင်းပျသော စကားများအားလုံးသည် သင်တို့ကြားတွင် သောင်းကျန်းနေ၏။ ပြီးလျှင် သမ္မာတရားနှင့် အသက်နှင့်ဆိုင်သော နှုတ်ကပတ်တော်များသည် သင်တို့အလယ်တွင် နင်းချေခံရကြပြီး သန့်ရှင်းသော ဘာသာစကားသည် သင်တို့ကြားတွင် ညစ်ညမ်းလေသည်။ အညစ်အကြေးနှင့် မနာခံမှုတို့ဖြင့် ပွထနေသည့် အသင် တပါးအမျိုးသားတို့။ သင်တို့၏ နောက်ဆုံး ရလဒ်သည် မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ဇာတိပကတိကို နှစ်သက်သူ၊ ဇာတိပကတိနှင့်ဆိုင်သည့် နတ်ဝိဇ္ဇာအတတ်ကို ကျူးလွန်သောသူနှင့် လိင်ကိစ္စ၌ ကိုယ်ကျင့်သိက္ခာမဲ့သည့် အပြစ်တွင် မိနေသောသူတို့သည် အဘယ်သို့ ဆက်လက်ရှင်သန်ဖို့ ရဲတင်းနိုင်သနည်း။ သင်တို့ကဲ့သို့သော လူတို့သည် ကယ်တင်မရသည့် လောက်ကောင်များ ဖြစ်ကြသည်ကို သင် မသိသလော။ ဟိုဟို သည်သည် တောင်းဆိုဖို့ မည်သည့်အရာက သင့်ကို အခွင့်ရှိစေသနည်း။ ယနေ့ထိ၊ သမ္မာတရားကို မနှစ်သက်သောသူနှင့် ဇာတိပကတိကိုသာ ချစ်သောသူတို့၌ ပြောင်းလဲမှု စိုးစဉ်းမျှ မရှိလေပြီ- ထိုသို့သော လူတို့သည် အဘယ်သို့ ကယ်တင်ခံရနိုင်အံ့နည်း။ အသက်လမ်းခရီးကို မနှစ်သက်သောသူ၊ ဘုရားသခင်ကို ချီးမြှောက်ခြင်း မရှိသကဲ့သို့ သူ့ကို သက်သေမခံသောသူ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းအဖို့ လျှို့ဝှက်ကြံစည်သောသူ၊ မိမိတို့ကိုယ်ကိုယ် ထောမနာပြုသောသူများ- ၎င်းတို့သည် ယနေ့တွင်ပင် ဤအတိုင်း ရှိနေသေးသည် မဟုတ်လော။ ၎င်းတို့ကို ကယ်တင်ရာတွင် အဘယ်တန်ဖိုး ရှိသနည်း။ သင် ကယ်တင်ခံရနိုင်ခြင်း ရှိမရှိဆိုသည်မှာ သင် မည်မျှဝါရင့်သည် သို့မဟုတ် နှစ်ပေါင်းမည်မျှ သင် အလုပ်လုပ်နေခဲ့ပြီး ဖြစ်သည်ဆိုသည့်အပေါ် မူတည်ခြင်းမရှိပေ၊ သင့်တော်သော အရည်အချင်းများကို တစ်ဆင့်ပြီးတစ်ဆင့် သင် မည်မျှတည်ဆောက်ပြီးပြီဆိုသည့်အပေါ် သာ၍ပင် မူတည်ခြင်းမရှိပေ။ ယင်းထက်၊ ထိုအရာသည် သင်၏လိုက်စားခြင်းက အသီးသီးခြင်း ရှိမရှိ ဆိုသည့်အပေါ် မူတည်လေသည်။ ကယ်တင်ခံရသူတို့သည် အသီးသီးသည့် “သစ်ပင်များ” ဖြစ်ပြီး၊ စိမ်းလန်းစိုပြေသော သစ်ရွက်များ၊ အလျှံပယ်သော ပန်းပွင့်များနှင့် ဖြစ်သော်လည်း မသီးပွင့်သည့် သစ်ပင်များ မဟုတ်သည်ကို သင် သိသင့်သည်။ လမ်းများတွင် နှစ်များစွာ လှည့်လည်သွားလာရင်း သင် အချိန်ကုန်ဆုံးပြီးဖြစ်လျှင်ပင်၊ ယင်းက မည်သည့်အရေးနည်း။ သင်၏ သက်သေခံချက်မှာ အဘယ်မှာနည်း။ ဘုရားသခင်အပေါ် သင်၏ ကြည်ညိုခြင်းသည် သင့်ကိုယ်သင် ချစ်ခြင်းနှင့် သင်၏ ရမ္မက်ကြီးသော ဆန္ဒများထက် များစွာ လျော့လေသည်- ဤကဲ့သို့သော လူမျိုးသည် အကျင့်ပျက်သော သူတစ်ဦး ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကယ်တင်ခြင်းအတွက် အဘယ်သို့ နမူနာနှင့် စံပုံစံ ဖြစ်နိုင်မည်နည်း။ သင်၏ သဘာဝဗီဇသည် ပြုပြင်မရ၊ သင်သည် အလွန်ပုန်ကန်လွန်းလှပြီး၊ သင့်ကို ကယ်တင်၍ ရနိုင်မည် မဟုတ်ပေ။ ထိုသို့သော လူတို့သည် ပယ်ထုတ်ခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။ ငါ၏ အမှုပြီးစီးသည့် အချိန်သည် သင်၏ နောက်ဆုံးနေ့ရက် ရောက်ရှိသည့်အချိန် ဖြစ်သည် မဟုတ်လော။ ငါသည် သင်တို့ကြားတွင် အလွန်များလှစွာသော အမှုများကို ပြုပြီးဖြစ်ကာ အလွန်များလှစွာသော နှုတ်ကပတ်တော်များကို ပြောဆိုပြီးလေပြီ- ထိုအရာထဲမှ သင်တို့ အမှန်တကယ် မည်မျှနားဝင်ခဲ့သနည်း။ သင်တို့ မည်မျှ နာခံဖူးပါသနည်း။ ငါ၏ အမှုအဆုံးသတ်သည့်အခါ၊ ယင်းသည် သင်ငါ့ကို ဆန့်ကျင်ခြင်း ရပ်သည့်အချိန်၊ ငါ့ကို ဆန့်ကျင်ရပ်တည်ခြင်းအား သင် ရပ်တန့်သည့်အချိန် ဖြစ်လိမ့်မည်။ ငါ အမှုပြုစဉ်၊ သင်တို့သည် စဉ်ဆက်မပြတ် ငါ့ကို ဆန့်ကျင်ပြုမူ၏။ ငါ၏ နှုတ်ကပတ်တော်များကို သင်တို့ ဘယ်သောအခါမျှ မလိုက်နာကြ။ ငါ၏ အမှုကို ငါလုပ်ဆောင်ပြီး သင်သည် သင်၏ ကိုယ်ပိုင်နိုင်ငံငယ်ကို ဖန်တီးရင်း သင်၏ ကိုယ်ပိုင် “အလုပ်” ကို လုပ်သည်။ သင်တို့သည် ငါ့ကို အရာရာတွင် ငါ့ကို ဆန့်ကျင်နေသည့် မြေခွေးများနှင့် ခွေးများ တစ်အုပ်သာဖြစ်သည်။ ၎င်းတို့၏ မဆုတ်မနစ်သော ချစ်ခြင်းမေတ္တာကို သင့်အား ပေးသောသူတို့ကို ထွေးပိုက်ရန် သင်တို့ စဉ်ဆက်မပြတ် ကြိုးစားနေကြ၏- သင်တို့၏ ရိုသေမှုမှာ အဘယ်မှာနည်း။ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသော အရာဖြစ်သည်။ သင်တို့တွင် နာခံခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိသကဲ့သို့ သင်တို့ လုပ်သမျှတိုင်းသည် လှည့်ဖြားသောအရာနှင့် ပြစ်မှား စော်ကားသောအရာ ဖြစ်၏။ ထိုသို့သော လူတို့သည် ကယ်တင်ခံရ နိုင်သလော။ ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်ပြီး ကာမရာဂ စိတ်ပြင်းပြသော သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင် ပျော်မွေ့ခြင်းအတွက် မြူဆွယ်တတ်သော မိန်းမပျက်တို့ကို မိမိတို့ထံ အစဉ်အမြဲ ဆွဲခေါ်လိုကြလေသည်။ ထိုသို့သော ကာမဂုဏ်အာရုံဆိုင်ရာ အကျင့်ပျက်သော မကောင်းဆိုးဝါးများကို ငါသည် လုံးဝ ကယ်တင် လိမ့်မည်မဟုတ်။ ညစ်ညူးသော မကောင်းဆိုးဝါးတို့၊ အသင်တို့ကို ငါ မုန်း၏၊ ပြီးလျှင် သင်၏ ကာမရာဂစိတ်ပြင်းပြမှုနှင့် မြူဆွယ်ခြင်းတို့သည် သင်တို့ကို ငရဲသို့ ထိုးဆင်းစေလတ္တံ့။ သင်တို့ကိုယ်သင်တို့ မည်သို့ ရှင်းပြမည်နည်း။ အသင် ညစ်ညူးသော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများတို့သည် ရွံ့ရှာဖွယ်ဖြစ်၏။ သင်တို့သည် စက်ဆုပ်ဖွယ် ဖြစ်၏။ ထိုသို့သော အမှိုက်သည် အဘယ်သို့ ကယ်တင်ခံရနိုင်မည်နည်း။ အပြစ်ထဲ၌ မိနေသည့် ၎င်းတို့သည် ကယ်တင်ခံရနိုင်သေးသလော။ ယနေ့၊ ဤသမ္မာတရား၊ ဤလမ်းခရီးနှင့် ဤအသက်တို့ကို သင်တို့ စိတ်မဝင်စားစေပေ။ ယင်းထက်၊ သင်တို့သည် အပြစ်နှင့်ပြည့်ဝခြင်း၊ ငွေ၊ ရပ်တည်ချက်၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်၊ ဇာတိပကတိ၏ ပျော်မွေ့ခြင်း၊ အမျိုးသားများ၏ ချောမောခန့်ညားခြင်းနှင့် အမျိုးသမီးတို့၏ ဆွဲဆောင်မှုတို့ကို စိတ်ဝင်စားကြ၏။ ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန် သင်တို့ကို မည်သည့်အရာက အရည်အချင်းနှင့် ပြည့်မီစေသနည်း။ လူတို့ကြား သင်တို့၏ သိက္ခာကို မဆိုနှင့်ဦးတော့၊ သင်တို့၏ ပုံရိပ်သည် ဘုရားသခင်၏ ပုံရိပ်ထက်ပင် ကြီးမား၏၊ သင်တို့၏ အဆင့်အတန်းသည် ဘုရားသခင်၏ အဆင့်အတန်းထက်ပင် မြင့်မား၏- သင်တို့သည် လူတို့ကိုးကွယ်သည့် ရုပ်တုဆင်းတုများ ဖြစ်လာကြပေပြီ။ သင်သည် ကောင်းကင်တမန်မင်း ဖြစ်လာပြီ မဟုတ်လော။ ကယ်တင်ခြင်း အမှု အဆုံးသတ်ဖို့ နီးမည့်အချိန်လည်းဖြစ်သော လူတို့၏နိဂုံး ထုတ်ဖော်ပြခံရသည့် အချိန်တွင်၊ သင်တို့သည် ကယ်တင်မရသည့် အလောင်းကောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ပယ်ထုတ်ခံရကြပေမည်။ ကယ်တင်ခြင်း အမှု ပြုသည့် အတောအတွင်းတွင်၊ ငါသည် လူအားလုံးအပေါ် ကြင်နာပြီး ကောင်းမြတ်၏။ အမှု အဆုံးသတ်သည့်အခါတွင်၊ လူအမျိုးအစား အမျိုးမျိုး၏ အကျိုးဆက်များ ထုတ်ဖော်ပြခံရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် ငါသည် ကြင်နာကာ ကောင်းမြတ်တော့လိမ့်မည် မဟုတ်ပေ။ အကြောင်းမူကား ထိုအချိန်တွင် လူတို့၏ အကျိုးဆက်များသည် ထုတ်ဖော်ပြခံရပြီးဖြစ်သကဲ့သို့ တစ်ဦးစီသည် မိမိတို့၏အမျိုးအစားအလိုက် ခွဲခြားခံရပြီးဖြစ်ကာ နောက်ထပ် ကယ်တင်ခြင်းအမှု ပြုခြင်းက အသုံးဝင်လိမ့်မည် မဟုတ်သည့်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းခေတ်သည် လွန်သွားပြီးဖြစ်ကာ၊ ထိုသို့လွန်သွားပြီးဖြစ်သဖြင့်၊ ၎င်းသည် ပြန်ရောက်လာလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။

အရှေ့သို့- လက်တွေ့လုပ်ဆောင်ခြင်း (၆)

နောက်တစ်ခုသို့- လက်တွေ့လုပ်ဆောင်ခြင်း (၈)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။