လူနှင့် ဘုရားသခင်ကြားက ဆက်နွှယ်မှုကို ပြုပြင်ဖို့ အရေးကြီး၏

ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေး ထူထောင်ရာတွင်၊ အရေးအကြီးဆုံးသောအရာမှာ သူ၏ နှုတ်ကပတ်တော်များကို မည်သို့ သဘောထားရမည်ဟူသည့် ကိစ္စတစ်ခု ဖြစ်သည်။ ဘုရားသခင် မည်သည့်ပုံစံဖြင့် စကားပြောသည်ဖြစ်စေ၊ မည်သည့်အကြောင်းအရာနှင့် ပတ်သက်၍ သို့မဟုတ် မည်သည့်အတိုင်းအတာထိ ဘုရားသခင် စကားပြောသည်ဖြစ်စေ၊ အမှန်တရားမှာ သူ ပြောသမျှသည် လူသားအလိုအပ်ဆုံးသော အရာ၊ နားလည်သင့်သည့်အရာနှင့် ၎င်းတို့ ဖြည့်ဆည်းခံရသင့်သည့်အရာ ဖြစ်သည်။ ထို့အပြင်၊ ဘုရားသခင် ပြောဆိုသည့် စကားများသည် လူ၏ ပင်ကိုစွမ်းရည်နှင့် သက်ဆိုင်သော လူသား ဉာဏ်နှင့် လူသားအတွေးက အလှမ်းမီသည့်အတွင်းတွင် လုံးဝ ရှိ၏။ ယင်းတို့သည် လူသားအဖို့ နားလည်နိုင်ပြီး၊ သဘောပေါက်နိုင်လေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောဆို၊ လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းမှာ လူတစ်ဦး၌ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ခြင်းဖြစ်စေ၊ အမျိုးမျိုးသော လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများ သို့မဟုတ် ပတ်ဝန်းကျင်များနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စီစဉ်မှုဖြစ်စေ၊ လူ၏ ပင်ကိုစွမ်းရည် အတိုင်းအတာ သို့မဟုတ် ၎င်းတို့အတွေး၏ နယ်ပယ်ကို မကျော်လွန်ပေ။ ထိုအစား၊ တိကျ၊ စစ်မှန်ပြီး သဘာဝကျသည်။ လူတစ်ဦးသည် ထိုအရာကို နားမလည်နိုင်ပါက၊ ၎င်းတို့နှင့် ပတ်သက်၍ ပြဿနာ ရှိပေသည်။ ၎င်းတို့အနေဖြင့် အလွန့်အလွန် ညံ့ဖျင်းသော အစွမ်းအစရှိသည့်သဘော ဖြစ်၏။ မည်သို့ဆိုစေ၊ ဘုရားသခင်၏ စကားပြောပုံနှင့် သဘောသွား၊ သူ၏စကားအတွက် လှုံ့ဆော်မှုနှင့် လူကို သူ ထောက်ပံ့သည့် နှုတ်ကပတ်တော်များအားလုံးသည် ဘုရားသခင်ကို ယုံကြည်သူများ နားလည်ရမည့် အရာများသာဖြစ်ပြီး၊ အားလုံးက လူသားအဖို့ နားလည်နိုင်ဖွယ်ဖြစ်၏။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် လူကို စကားပြောနေပြီး သူ ပြောသည့်အရာမှာ လူသား ဘာသာစကားဖြစ်ကာ သူ၏ ဤစကားများကို ဖော်ပြရာတွင်၊ မတူကွဲပြားသည့် အတွေးများနှင့် ရှုထောင့်အမြင်များ၊ မတူညီသည့် စာတတ်မြောက်ခြင်း အဆင့်များနှင့် မတူကွဲပြားသည့် ပညာရေးနှင့် မိသားစုနောက်ခံရှိသော လူများအားလုံးက သဘောပေါက်ကာ နားလည်နိုင်ရန်အလို့ငှာ၊ လူသားများ တတ်နိုင်သရွေ့ သုံးနိုင်ပြီး၊ နားလည်ရန်လွယ်သော အရပ်သုံး ဘာသာစကားနှင့် ဝေါဟာရအစုံဖြင့် ထိုအရာများကို သူ သိရှိစေကာ ပံ့ပိုးပေးသောကြောင့် ဖြစ်သည်။ ဘုရားသခင် ပြောဆိုသည့် ဤစကားများအားလုံးတွင်၊ သင် နားလည်သင့်သည့် တစ်စုံတစ်ရာရှိ၏။ သူ၏ စကားများတွင် နက်နဲလွန်းသောအရာ သို့မဟုတ် စိတ်ကူးသက်သက်ဖြစ်လွန်းသောအရာ မည်သည့်အရာမျှ မရှိ၊ လူက အနက်မပြန်နိုင်သည့် မည်သည့်စကားမျှမရှိပေ။ တစ်စုံတစ်ဦးသည် အစွမ်းအစတစ်ခုခု ပိုင်ဆိုင်ပြီး၊ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် တွေ့ကြုံခြင်းတို့အပေါ် အာရုံစိုက်သရွေ့၊ ၎င်းတို့သည် သမ္မာတရားအပေါ် သိနားလည်မှုတစ်ခု စွမ်းဆောင်ရရှိနိုင်ပြီး၊ သူ၏ အလိုတော်ကို သဘောပေါက်နိုင်ပေသည်။ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားသည် သူ့ထံမှလာသော်လည်း၊ ဖော်ပြရန် သူ အသုံးပြုသည့် ဘာသာစကားပုံစံများ၊ ယင်းတို့၏ သီးခြား စကားအသုံးအနှုန်းအထိ အားလုံးက လူသားဆန်၏။ ယင်းတို့သည် လူ့ဘာသာစကား၏ အကန့်အသတ် အတိုင်းအတာကို မစွန့်ခွာပေ။ ဘုရားသခင်သည် သူ၏ စကားများကို ပြောဆိုရန် မည်သည့်ပုံစံကို အသုံးပြုသည်ဖြစ်စေ၊ စကားပြောရန် မည်သည့် နည်းစနစ် သို့မဟုတ် လေသံကို သူ အသုံးပြုသည်ဖြစ်စေ၊ သူ၏ စကားအသုံးအနှုန်းသည် အနောက်တိုင်းမှဖြစ်စေ၊ အရှေ့တိုင်းမှဖြစ်စေ၊ ရှေးခေတ် လူ့ဘာသာစကားဖြင့် သူ ပြောဆိုသည်ဖြစ်စေ၊ ခေတ်သစ်လူ့ဘာသာစကားဖြင့် ပြောဆိုသည်ဖြစ်စေ၊ သူ၏ စကားတွင် လူသားမျိုးနွယ် နားမလည်နိုင်သည့် သို့မဟုတ် လူသားမဆန်သည့် ဘာသာစကားတစ်ခုတလေ ရှိသလော။ (မရှိပါ။) ယနေ့ထက်ထိ မည်သည့်အရာကိုမျှ မည်သူကမျှ မတွေးသေးချေ။ “ယင်းမှာ မမှန်ပါ။ ‘ဖြောင့်မတ်ခြင်း’ နှင့် ‘ဘုန်းအာနုဘော်’ ကဲ့သို့သော စကားနှစ်ခွန်းကို ကျွန်ုပ် ရှာတွေ့သည်”ဟု ဆိုသောသူ အချို့ရှိ၏။ “ဖြောင့်မတ်ခြင်း”နှင့် “ဘုန်းအာနုဘော်” တို့သည် ဘုရားအနှစ်သာရ၏ သွင်ပြင်လက္ခဏာနှင့် ပတ်သက်သည့် ဖော်ပြချက်နှစ်ခု သို့မဟုတ် ပြောဆိုချက်နှစ်ခု ဖြစ်သော်လည်း၊ ဤစကားများသည်လည်း လူသားများကြားတွင် ခေတ်စားနေသည် မဟုတ်လော။ (ခေတ်စားပါသည်။) ဤစကားနှစ်ခွန်းအပေါ် သင်၏ သိနားလည်မှု မည်မျှတာသွားသည်ဖြစ်စေ၊ အနည်းဆုံး ယင်းတို့၏ အခြေခံအကျဆုံး၊ မူရင်းအဖြစ်ဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်များကို အဘိဓာန်တွင် သင် ရှာတွေ့နိုင်ပြီး ထိုမူရင်းအဖြစ်ဆုံးသော အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ဘုရားသခင်၏ အနှစ်သာရ၊ သူ၏ စိတ်သဘောထားနှင့် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းတို့ကို နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ထိုသို့သော ပေါင်းစပ်မှုဖြင့်၊ စကားလုံးများသည် လူသားတို့အဖို့ သာ၍ ခိုင်လုံလာပြီး စိတ်ကူးယဉ်သက်သက် မဟုတ်တော့ပေ။ ယင်းကို အချက်အလက်များနှင့်ဆိုင်သည့် ရှည်လျားသည့် ရှင်းလင်းဖော်ပြချက်များ၊ ဘုရားနှုတ်ကပတ်တော်များရှိ ဤစကားလုံးများနှင့်ဆိုင်သည့် ရှင်းလင်းချက်မှတ်စုများ၊ ရှင်းပြချက်များနှင့် ချိတ်ဆက်လော့။ ပြီးလျှင် ယင်းတို့သည် လူအားလုံးအတွက် တိုး၍ ခိုင်လုံသည်၊ သာ၍ ပုံရိပ်ထင်ရှားသည်၊ သာ၍ စစ်မှန်သည်၊ လူတို့ သိသင့်သည့် ဘုရားသခင်၏ အနှစ်သာရ၊ ပိုင်ဆိုင်မှုများ၊ ဖြစ်တည်မှုတို့နှင့် သာ၍ နီးသည်ထက်နီးလာပေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားကဲ့သို့သော အရာများနှင့် ပတ်သက်သည့် ဝေါဟာရနှင့် ဖော်ပြချက်တို့သည် သင်တို့အဖို့ စိတ်ကူးသက်သက် ဖြစ်ပုံမရ၊ နားလည်ရန်ခက်သည့်ပုံမရပေ။ သို့ဆိုလျှင် ငါ့ကို ပြောလော့။ လူ၏ ပုံမှန် လက်တွေ့လုပ်ဆောင်မှု၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် သမ္မာတရား၏ စည်းမျဉ်းများကို ထည့်သွင်းစဉ်းစားသည့် ထိုနှုတ်ကပတ်တော်များတွင် စိတ်ကူးသက်သက်ဖြစ်သည့်အရာ တစ်ခုတလေ ရှိသလော။ (မရှိပေ။) တစ်ဖန်၊ စိတ်ကူးသက်သက်ဖြစ်သည့်အရာ မည်သည့်အရာမျှ မရှိပေ။

ငါသည် စတင်၍ ငါ၏ နှုတ်ကပတ်တော်များကို ဖော်ပြပြီး တရားဒေသနာများ ပေးကတည်းက၊ သမ္မာတရားကို သာ၍ ကောင်းစွာ သင်တို့ နားလည်နိုင်ရန်အလို့ငှာ၊ သမ္မာတရားနှင့် ပတ်သက်၍ တရားဟောရန်နှင့် မိတ်သဟာယပြုကာ၊ ထိုသမ္မာတရား၏ စည်းမျဉ်းများကို ဆွေးနွေးရန် လူသား ဘာသာစကား၊ လူသားများက နားလည်နိုင်သည့်၊ စိတ်ဝင်စားပြီး သဘောပေါက်နိုင်သည့် ဘာသာစကားကို အသုံးပြုရန် အထွတ်အထိပ် အားထုတ်မှု ငါ ပြုလုပ်ပြီး ဖြစ်သည်။ ဤသည်မှာ သာ၍ လူသားဆန်သည့် လုပ်နည်းကိုင်နည်းတစ်ခု မဟုတ်လော။ သင့်အတွက် ဤအရာ၏ အကျိုးကျေးဇူးမှာ အဘယ်နည်း။ သာ၍များသည့် သမ္မာတရားကို သင့်အား သာ၍ ကောင်းစွာ နားလည်စေသည်။ ဤသို့စကားပြောရာတွင် ငါ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ သင့်အား သာ၍ ထူးကဲဆန်းစုံသော၊ သာ၍ ထွေပြားသော ဘာသာစကားကို ကြားသိနိုင်စေပြီးနောက်၊ သမ္မာတရားကို သိနားလည်ရန် လူတို့အတွက် သာ၍ လွယ်ကူစေဖို့ ထွေပြားသော ဘာသာစကားကို အသုံးပြုနိုင်စေရန်နှင့် ထိုအရာမှာ ငြီးငွေ့ဖွယ်ဖြစ်သည်ဟု ၎င်းတို့ မခံစားရစေရန် အလို့ငှာ ဖြစ်သည်။ သမ္မာကျမ်းစာ၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတို့၏ ဘာသာစကားမျိုးစုံသည် ဒေသိယစကား ပြောဖြစ်ရုံမျှသာဖြစ်သည်မှာ လူတို့သည် တစ်ချက်ကြည့်ကာ အချို့သော စကားလုံးများက သမ္မာကျမ်းစာနှင့်အညီဖြစ်ကြောင်း၊ သမ္မာကျမ်းစာမှလာကြောင်း ပြောနိုင်ကြပေသည်။ ဤစကားလုံးများတွင် အမှတ်အသား သို့မဟုတ် ပုံဆောင်ချက် တစ်စုံတစ်ရာ ရှိ၏။ ငါလုပ်ဆောင်သည့်အရာမှာ ဤဘာသာစကားသည် ကျမ်းစာဆိုင်ရာ ဒေသိယစကားကို ကျော်လွန်သည်ဟု မြင်နိုင်ကြရန်အလို့ငှာ ယနေ့ခေတ် ဘာသာစကား၏ ပုံစံများနှင့် သုံးနှုန်းပုံတို့က အမွှန်းတင်သည့် အင်္ဂါရပ်များမရှိဖို့ရန်အလို့ငှာ ပြုလုပ်ရန် ကြိုးပမ်းခြင်း ဖြစ်သည်။ ဘုရားစကား၏ ပါဝင်သည့် အကြောင်းအရာနှင့် သဘောသွားတို့မှာ ယင်း၏ ရင်းမြစ်နှင့် ကျမ်းစာတွင် ဘုရားသခင် ပြောဆိုသည့် စကားများသည် တစ်ခုတည်းဖြစ်ပုံရသည်ကို လူတို့ မြင်နိုင်သော်လည်း၊ ယင်းသည် ကျမ်းစာကို ကျော်လွန်ကြောင်း၊ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတို့ကို ကျော်လွန်ကာ ထောင်စုနှစ်များတစ်လျှောက် ဝိညာဉ်ရေးရာပြည့်ဝသည့် လူများအားလုံး အသုံးပြုသော ဝိညာဉ်ရေးရာ ဝေါဟာရထက်ပင် သာ၍ မြင့်မားသွားကြောင်းကို ယင်း၏ အသုံးအနှုန်းတွင် ၎င်းတို့ မြင်နိုင်ပေသည်။ ထို့ကြောင့်၊ ယခု ဘုရားသခင် ပြောဆိုသည့်အရာများထဲတွင် မည်သည့် ဝေါဟာရများ ရှိသနည်း။ ယင်းတို့ထဲမှ အချို့မှ လူတို့ မကြာခဏ အသုံးပြုသည့် အပြုသဘောဆောင်၊ လက်သင့်ခံဖွယ် ဘာသာစကားဖြစ်သော်လည်း၊ သူ၏ အခြားသော စကားလုံးအချို့နှင့် ဘာသာစကားတို့သည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖော်ထုတ်ကာ ဖော်ပြရန် သာ၍ သင့်တော်ပေသည်။ စာပေ၊ တေးဂီတ၊ အက၊ ဘာသာပြန်ခြင်း စသည်တို့နှင့် ဆက်စပ်သည့် အချို့သော အထူပြုထားသည့် အရာများလည်းရှိ၏။ ဤသည်မှာ ၎င်းတို့၏ တာဝန် သို့မဟုတ် ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု နယ်ပယ် မည်သည့်အရာဖြစ်ပါစေ၊ မည်သူမဆိုအား ငါ ပြောဆိုသည့် သမ္မာတရားများမှာ တကယ့်ဘဝနှင့် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်တို့နှင့် အတွင်းကျကျ ဆက်နွှယ်ကြောင်း၊ ပြီးလျှင် ယင်း၏ သွင်ပြင်လက္ခဏာတစ်ခုတလေရှိ သမ္မာတရားနှင့် လူတို့၏ တကယ့်ဘဝများ သို့မဟုတ် ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များကြားတွင် မဆက်စပ်သည့်အရာ မည်သည့်အရာမျှမရှိကြောင်းတို့ကို ခံစားခွင့်ပေးရန် ရည်ရွယ်ပေသည်။ သို့ဆိုလျှင်၊ ဤသမ္မာတရားများသည် သင်တို့အဖို့ ကြီးမားသည့် အထောက်အကူ ဖြစ်သလော။ (ဖြစ်ပါသည်။) ထိုသို့သော အရာများအကြောင်းကို ငါ အရေးမစိုက်သကဲ့သို့၊ ဘာသာပြန်ခြင်း၊ ရုပ်ရှင်၊ အနုပညာ၊ စာရေးသားခြင်း၊ ဂီတတို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများနှင့် ပတ်သက်သော အရာတစ်ခုခုကို တိကျပြတ်သားစွာ ရှောင်ရှားပြီး၊ ထိုသို့သော စကားလုံးများကို မည်သည့်အခါတွင်မျှ မသုံးသကဲ့သို့ တမင်တကာ ရှောင်ရှားပါက၊ ငါ၏ အလုပ်ကို ကောင်းစွာ ငါ လုပ်ဆောင်မည်လော။ ထိုသို့ဖြစ်ပါက၊ ထိုအလုပ်၏ တစ်စိတ်တစ်ပိုင်းကို လုပ်ဆောင်နိုင်ဦးမည် မဟုတ်ဘဲ၊ သင်တို့နှင့် ဆက်သွယ်ပြောဆိုရန်မှာ အခက်အခဲတစ်ခု ဖြစ်ပေမည်။ ထို့ကြောင့်၊ ထိုသို့သော ဘာသာစကားကို လေ့လာကာ ကျွမ်းကျင်ပိုင်နိုင်ရန် ဒုက္ခဝေဒနာများကို ငါ ခံယူ၏။ တစ်ချက်မှာ၊ ဤအရာက သင်၏ အတတ်ပညာဆိုင်ရာ အလုပ်၏ သဘောတရားနှင့် စည်းမျဉ်းများနှင့် ပတ်သက်၍ သင့်ကို ကူညီနိုင်သည်။ နောက်တစ်ချက်မှာ၊ ဤနယ်ပယ်များတွင် သင်၏ တာဝန်ကို သင် ထမ်းဆောင်သည့်အခါ၊ ယင်းက သင်၏ တာဝန်များ ပါဝင်သည့် အတတ်ပညာဆိုင်ရာအလုပ်သည် သမ္မာတရားနှင့် အဆက်ပြတ်ခြင်းမရှိသည်ကို သင့်အား ခံစားရစေသည်။ သင်၏ အထူးပြုမှု မည်သည့်အရာဖြစ်စေ၊ သင် အားသန်သည့်အရာ မည်သည့်အရာဖြစ်စေ၊ သင် လေ့လာသည့် အတတ်ပညာ မည်သည့်အရာဖြစ်စေ၊ ဤစကားများကို သင် ဖတ်ရှုကာ နားလည်နိုင်ပြီး၊ ယင်းတို့က သင်၏ တာဝန်ကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်း၏ ရည်မှန်းချက်ကို သင့်အား ရရှိနိုင်စေသည်။ ဤသည်မှာ ကောင်းသည့်အရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းသည့်အရာတစ်ခု ဖြစ်၏။ သို့ဆိုလျှင်၊ ထိုသို့သော ကောင်းမွန်သည့် ရလဒ်ကို မည်သို့ ရရှိနိုင်သနည်း။ ဤသည်မှာ ဘုရားသခင်သည် သူ၏ လူ့သဘာဝဖြင့် အချို့သောအရာများကို ပိုင်ဆိုင်ရန် လိုအပ်ပေသည်။ ထိုအရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ငါ့အနေဖြင့် ထိုသို့သောအရာကို ကြိုးစားရန်နှင့် နက်နဲမှုနင့်ဆိုင်သည့် ထိုအရာများကို လေ့လာရန် မလိုအပ်သော်လည်း လူ့ဇာတိခံ ဘုရားသခင်၏ ပုံမှန် လူ့သဘာဝသည် အမျိုးမျိုးသော အထူးပြုချက်များအကြောင်းကို အနည်းငယ် နားလည်ရပေမည်။ ဤသည်မှာ ငါသည် သမ္မာတရားနှင့် ပတ်သက်၍ မိတ်သဟာယပြုပြီး ဘုရားသခင်အဖို့ သက်သေခံသည်နှင့်အမျှ နယ်ပယ်အားလုံးမှ အသိပညာကို အသုံးပြုနိုင်ရန်အလို့ငှာသာ ဖြစ်သည်။ ဤအရာက မည်သည့် နယ်ပယ်တွင်မဆို လူတို့အား ဘုရားအိမ်တော်၏ သက်သေခံချက်များအပြင် ယင်း၏ အမျိုးမျိုးသော ရုပ်ရှင်ရိုက်ကူးထားသည့် လက်ရာများကို နားလည်ကာ အသိအမှတ်ပြုခွင့်ပေး၏။ ယင်းမှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်း အလုပ်အတွက် အင်မတန် အကျိုးပြုလေသည်။ သမ္မာတရားအကြောင်း မိတ်သဟာယပြုရန် ဘုရားအိမ်တော်၏ ဘာသာစကားကိုသာ ငါ သုံးပြီး၊ လူမှုအဖွဲ့အစည်း၏ အမျိုးမျိုးသော၊ အထူးပြု နယ်ပယ်များ၏ ဘာသာစကားနှင့် အသိပညာတစ်ခုမျှ အသုံးမပြုပါက၊ ရလဒ်များက အလွန် ညံ့ဖျင်းပေမည်။ ထို့ကြောင့်၊ ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန်၊ မည်သည့်အရာကို ငါ စွမ်းဆောင်ရရှိရမည်နည်း။ အတတ်ပညာဆိုင်ရာ အသိပညာ ဘွဲ့ဒီဂရီအချို့ ရှိရမည်၊ ယင်းမှာ တစ်ခါတစ်ရံ တေးသီချင်းများ ငါ နားထောင်ရသည့် အကြောင်းရင်း၊ သတင်းများ ကြည့်ရှုသည့် အကြောင်းရင်း၊ မဂ္ဂဇင်းများ ဖတ်ကာ အခါအားလျော်စွာ သတင်းစာများ ဖတ်ရသည့် အကြောင်းရင်း ဖြစ်သည်။ ကြိမ်ဖန်များစွာ၊ မယုံကြည်သူများ၏ အရေးကိစ္စအချို့ကိုလည်း ငါ အလေးဂရုပြု၏။ မယုံကြည်သူများ၏ အရေးကိစ္စများတွင် မတူကွဲပြားသော အရာများစွာပါဝင်ပြီး၊ ၎င်းတို့၏ ဘာသာစကားအချို့သည် ဘုရားအိမ်တော်မှ ကင်းကွာလေသည်။ သို့ရာတွင် ထိုဘာသာစကားကို တရားဒေသနာများ၏ ဘာသာစကားအဖြစ် အသုံးပြုပါက၊ ကြိမ်ဖန်များစွာ အလွန် ထိရောက်ကာ သင့်ကို ကူညီလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းက ကျယ်ပြန့်သည်၊ ငြီးငွေ့ဖွယ် သို့မဟုတ် စိတ်မဝင်စားဖွယ်ရာ မဟုတ်ဟု သင့်ကို ခံစားစေလိမ့်မည်။ ဤသည်မှာ သင့်အဖို့ ကြီးမားသည့် အကူအညီဖြစ်လိမ့်မည် ဖြစ်ပြီး၊ ယင်းမှအသုံးဝင်သည့်အရာ အချို့ကို သင် သင်ယူသင့်၏။ သင်တို့အများစုသည် မိမိတို့၏ သင်ယူမှုတွင် အောင်မြင်လိမ့်မည် မဟုတ်သော်လည်း၊ လုံလောက်သည့် အစွမ်းအစရှိသူတို့သည် အသုံးဝင်သည့်အရာအချို့ကို သင်ယူနိုင်လိမ့်မည်။ ယင်းက ၎င်းတို့၏ တာဝန်များကို ၎င်းတို့ ထမ်းဆောင်မှုအား အကျိုးပြုလိမ့်မည်ဖြစ်သည်။ လုပ်ဆောင်ရန် မည်သည့်အရာမျှ ငါ မရှိသည့်အခါ၊ သတင်းကြည့်ရှုခြင်းနှင့် တေးဂီတနားထောင်ခြင်းအားဖြင့် အမှုအရာ အနည်းငယ်ကို မစဉ်းစားဘဲ သင်ယူသည်။ ယင်းမှာ အထူး အားထုတ်မှု မလိုအပ်ပေ။ ငါ၏ အားလပ်သည့် အချိန်ကို အမှုအရာများ သင်ယူခြင်း၊ ကြည့်ရှုခြင်း၊ နားထောင်ခြင်းဖြင့်သာ ကုန်ဆုံးပြီး၊ မရည်ရွယ်ဘဲနှင့် ထိုအရာများထဲမှ အနည်းငယ်ကို ငါ ကျွမ်းကျင်ပိုင်နိုင်လေသည်။ ဤအရာများအပေါ် ငါ၏ ကျွမ်းကျင်ပိုင်နိုင်မှုသည် အလုပ်အပေါ် သက်ရောက်မှုတစ်ခု ရှိလိမ့်မည်လော။ အနည်းငယ်မျှ မသက်ရောက်ပေ။ အမှန်တွင်၊ ထိုသို့ ငါ လုပ်ဆောင်ရန် လိုအပ်၏။ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်နှင့် ဧဝံဂေလိ ဖြန့်ခြင်းတို့အတွက် အကျိုးပြုလေသည်။ ဤကိစ္စများကို သင်တို့ထံ ငါ ပြောပြရာတွင် ငါ၏ ဆိုလိုရင်းမှာ အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ပြောဆိုသည့် ဤစကားများသည် သင်တို့အဖို့ နားလည်ရန်လွယ်သင့်ပေသည်၊ ယင်းတို့အားလုံးသည် နားလည်နိုင်စရာဖြစ်ပြီး၊ လက်တွေ့လုပ်ဆောင်ရန် လွယ်ကူသင့်ပေသည်။ အနည်းဆုံးအနေဖြင့်၊ ထိုအရာများသည် လူ့သဘာဝက ပိုင်ဆိုင်သင့်သည့် တစ်စုံတစ်ရာ ဖြစ်ပေသည်။ ဤအရာများက လူ့သဘာဝ ပိုင်ဆိုင်သင့်သည့် အရာများဖြစ်သည်ဟု ငါ ပြောသည့်အခါ၊ ဘုရားသခင်က သူ၏ အမှုတော်ကို လုပ်ဆောင်ကာ သူ၏ နှုတ်ကပတ်တော်များကို ဖော်ပြသည့်အခါ၊ ယင်းတို့ကို သူ၏ လူ့သဘာဝမှတစ်ဆင့် စီမံနှင့်ပြီးသားဖြစ်သည်ဟု ငါ ဆိုလိုပေသည်။ “စီမံသည်” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဥပမာအားဖြင့်၊ ယင်းမှာ တလင်းနယ်ခံရပြီး ဂျုံမှုန့် ဖြစ်စေပြီးနောက် ပေါင်မုန့်၊ ကိတ်များနှင့် ခေါက်ဆွဲများအဖြစ် ဖန်တီးခံရသည့် ဂျုံစပါးကဲ့သို့ ဖြစ်သည်။ စီမံခံရပြီးနောက်တွင်၊ ဤအရာများကို သင်တို့ထံ ပေးထားခြင်းဖြစ်ကာ နောက်ဆုံးတွင် သင်တို့ သုံးဆောင်သည့်အရာမှာ အပြီးသတ်ထုတ်ကုန်တစ်ခု၊ ပြင်ဆင်ထားသည့် အစားအစာတစ်ခု ဖြစ်သည်။ ဤတွင် သင်တို့၏ ကဏ္ဍသည် အဘယ်နည်း။ ယနေ့ ဘုရားသခင် ပြောဆိုသည့် စကားများကို အလုံးစုံ မြန်နိုင်သမျှမြန်မြန် စားသောက်ရန် ဖြစ်သည်။ ယင်းတို့ကို သာ၍ စားသောက်လော့၊ သာ၍ လက်ခံကာ တွေ့ကြုံလော့၊ နည်းနည်းချင်း အစာခြေကာ စုတ်ယူလော့။ ယင်းတို့၏ သင်တို့၏ အသက်၊ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုအဖြစ်သို့ ပြောင်းလဲပြီး၊ ဘုရားနှုတ်ကပတ်တော်များ သင်၏ နေ့စဉ်အသက်တာနှင့် သင် ထမ်းဆောင်သည့် တာဝန်ကို စိုးမိုးခွင့်ပေးလော့။ ဘုရားသခင် ပြောဆိုသည့် စကားများအားလုံးသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့်ဖြစ်ကာ အသင့်နားလည်ရသော်လည်း၊ ယင်းတို့အတွင်းရှိ သမ္မာတရားကို မည်သည့်နည်းနှင့်မျှ နားလည်ရန် သို့မဟုတ် ဝင်ရောက်ရန် မလွယ်ကူပေ။ ဘာသာစကားသည် နားလည်ရန် လွယ်ကူသော်လည်း၊ သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းသည် အဆင့်များစွာရှိသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် နှုတ်ကပတ်တော်များစွာ ပြောဆိုပြီး လူကို မျက်မှောက်ခေတ်ထိတိုင် ဆောင်ကြဉ်းပြီးဖြစ်ကာ သူပြောဆိုသည့် စကားတိုင်းသည် သင်တို့၌ နည်းနည်းချင်း ပြည့်စုံနေသကဲ့သို့ သူ ဖော်ပြသည့် သမ္မာတရားအပြင်၊ သမ္မာတရားထဲသို့ လူတို့ ဝင်ရောက်ကာ ကယ်တင်ခြင်း လမ်းကြောင်းပေါ် စတင်သည်နှင့်အမျှ ၎င်းတို့ကို လမ်းပြသည့် လုပ်ထုံးလုပ်နည်းမှာ သင်တို့၌ အတော်လေး ရှင်းလင်းစွာနှင့် သိသာစွာ အမှန်တကယ် ဖြစ်လာပြီး နည်းနည်းချင်း ပြည့်စုံနေပေသည်။ ဤအရာတွင် စိတ်ကူးသက်သက်ဖြစ်သည့်အရာ မည်သည့်အရာမျှမရှိပေ။ ယခု ဘုရားနှုတ်ကပတ်တော်များက သူ၏ လူ့သဘာဝမှတစ်ဆင့် မည်သို့ စီမံထားသည်ဆိုသည်ကို အလေးဂရုမပြုဘဲနေကြပါစို့။ ထိုလုပ်ငန်းစဉ်ကို စစ်ဆေးရန် မလိုအပ်ပေ။ ထိုအရာ၌ လူ၏ လေ့လာမှုက မထိုးထွင်းနိုင်သည့် နက်နဲမှုတစ်ခု ရှိ၏။ သမ္မာတရား သင် လက်ခံရဖို့ကိုသာ အရေးစိုက်လော့။ ဤသည်မှာ အမြော်အမြင်အရှိဆုံး ရွေးချယ်မှုနှင့် အမှန်ကန်ဆုံး သဘောထား ဖြစ်၏။ အမှုအရာများကို အမြဲ စစ်ဆေးလိုစိတ်ရှိခြင်းတွင် အသုံးဝင်သည့်အရာ လုံးဝ မရှိပေ။ အချိန်နှင့် အားထုတ်မှု ဖြုန်းတီးခြင်း ဖြစ်၏။ သမ္မာတရားမှာ သိပ္ပံပညာအားဖြင့် ရှာဖွေတွေ့ရှိရန်မပြောနှင့်၊ လေ့လာမှုမှတစ်ဆင့် ရရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဘုရားသခင်က တိုက်ရိုက် ဖော်ပြခြင်းဖြစ်ပြီး၊ အတွေ့အကြုံမှတစ်ဆင့်သာ နားလည်ကာ သိရှိနိုင်ပေသည်။ အကြင်သူသည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့်သာ သမ္မာတရားကို ရရှိနိုင်သည်။ အကြင်သူသည် အမှုအရာများကို လေ့လာရန် စိတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုကိုသာ အသုံးပြုသော်လည်း၊ လက်တွေ့မလုပ်ဆောင်သကဲ့သို့ အတွေ့အကြုံမရှိပါက၊ သမ္မာတရားကို မရရှိနိုင်ပေ။ အမှုအရာများကို မစစ်ဆေးခြင်းမှတစ်ပါး၊ မည်သည့်အရာသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အပြုသဘောဆောင်သော သဘောထားတစ်ခု ဖြစ်နိုင်မည်နည်း။ လက်ခံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အပေးအယူမလုပ်သည့် နာခံမှုတို့ ဖြစ်သည်။ အမှန်ပင်၊ တစ်ဦးတလေသည် လေ့လာမှုအတွက် အရည်အချင်းအပြည့်မီဆုံးဖြစ်မည်ဆိုပါက၊ ယင်းမှာ ငါပင် ဖြစ်၏၊ သို့တိုင် ငါသည် ထိုသို့ မလုပ်ဆောင်ပေ။ “ဤစကားများသည် မည်သည့်နေရာမှ လာသနည်း။ ငါ့ကို အဘယ်သူ ပြောသနည်း။ ယင်းတို့ကို ငါ မည်သို့ သိရသနည်း။ ယင်းတို့ကို မည်သည့်အချိန်တွင် ငါ သိလာခဲ့သနည်း။ အခြားသူများက ယင်းတို့ကို သိသလော။ ထိုစကားများကို ငါ ပြောသည့်အချိန်တွင်၊ ယင်းတို့က ရလဒ်များ ရလိမ့်မည်လော။ ထုစကားများမှ မည်သည့်အရာ ဖြစ်လာလိမ့်မည်နည်း။ ငါသည် များစွာသော လူတို့ကို ဦးဆောင်သည်။ လိုချင်သည့် ရလဒ်များကို နောက်ဆုံးတွင် ငါ စွမ်းဆောင်ရရှိခြင်းမရှိပါက၊ ကယ်တင်ခြင်း လမ်းကြောင်းဆီသို့ ၎င်းတို့ကို ငါ ဦးဆောင်ခြသ်း မရှိပါက၊ မည်သည့်အရာကို ငါ လုပ်မည်နည်း”ဟု လုံးဝ ငါ မပြောပေ။ ငါ့ကို ပြောလော့။ ဤအရာများသည် စစ်ဆေးသင့်သည့် အရာများဖြစ်သလော။ (မဟုတ်ပါ။) ဤအရာများကိုငါ လုံးဝ မစစ်ဆေးပေ။ ငါ ပြောဆိုရန် ဆန္ဒရှိသည့်အခါတိုင်း၊ သင်တို့ကို ငါ ပြောလိုသည့် မည်သည့်အရာမဆို ငါ တိုက်ရိုက် ပြောဆို၏။ ယင်းကို လေ့လာခြင်းနှင့်ဆိုင်သည့် စိတ်လုပ်ငန်းစဉ်ကို ငါ ဖြတ်သန်းရန် မလိုအပ်ပေ။ ငါ စဉ်းစားရန် လိုအပ်သမျှမှာ ထိုရာကို တစ်နည်းနည်းဖြင့် ငါ ပြောဆိုပါက၊ သင်တို့ နားလည်နိုင်ခြင်း ရှိမရှိ၊ သာ၍ ခိုင်လုံစွာ ငါ ပြောဆိုရန် လိုအပ်ခြင်း ရှိမရှိ၊ သာ၍ တိကျသည့် သတင်းအချက်အလက်နှင့် သာ၍ တိကျသည့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု သင်တို့ ရရှိမည့်၊ ဥပမာများနှင့် ဇာတ်ကြောင်းများကို သာ၍ ထောက်ပံ့ပေးရန် ငါ လိုအပ်ခြင်းရှိမရှိ၊ ငါ ပြောသည့်အရာကို သင်တို့ နားလည်ပြီးခြင်း ရှိမရှိ၊ ငါ၏ အသုံးအနှုန်း၊ ငါ့စကား၏ ပုံစံနှင့် လေသံ သို့မဟုတ် ငါ၏ သဒ္ဒါ သို့မဟုတ် စကားရပ်အလှည့်အပြောင်းများရှိ တစ်စုံတစ်ရာသည် သင့်အား နားလည်မှုလွဲစေခြင်း၊ သို့မဟုတ် အကြံအိုက်စေခြင်း ရှိမရှိ၊ စိတ်ကူးသက်သက်၊ နက်နဲသောအရာ သို့မဟုတ် အနှစ်မဲ့သောအရာအဖြစ် သင် ခံစားမိသည့် တစ်စုံတစ်ရာ ငါ၏ စကားတွင် ရှိမရှိဆိုသည်တို့ ဖြစ်သည်။ ဤအရာများကိုသာ ငါ လေ့လာကာ စဉ်းစားရန် လိုအပ်သည်။ ကျန်သည့်အရာများကို ငါ မစစ်ဆေးပေ။ အမှုအရာများကို မစစ်ဆေးခြင်းက ငါ့အတွက် ပုံမှန်ဖြစ်သော်လည်း၊ သင်တို့အတွက် ပုံမှန် ဖြစ်သလော။ သင်တို့အတွက်၊ အမှုအရာများကို စစ်ဆေးခြင်းသည် အတော်လေး ပုံမှန်ဖြစ်၏။ မစစ်ဆေးခြင်းက မူမမှန်ခြင်း ဖြစ်ပေမည်။ ဤသည်မှာ ဗီဇ၏ လှုံ့တော်မှုနှင့် ဖောက်ပြန်ပျက်စီးသော လူ့သဘာဝ၏ သဘောသဘာဝမှ လာပေသည်။ သင်တို့အားလုံးသည် အမှုအရာများကို စစ်ဆေးကြမည်မှာ သေချာသည်။ သို့တိုင် ဤပြဿနာကို ဖြေရှင်းနိုင်သည့် အရာတစ်ခု ရှိ၏။ လူသည် ဘုရားသခင်နှင့် တဖြည်းဖြည်း ဆက်ဆံလာသည်နှင့်အမျှ လူနှင့် ဘုရားသခင်ကြားက ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်ပြီး၊ လူသည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ပြုပြင်ကာ မိမိတို့၏ စိတ်နှလုံးတွင် ဘုရားသခင်အား သင့်တော်သည့်နေရာ ပေး၏။ သာ၍ ကောင်းဖို့အတွက် ဤအရာ တိုးတက်သည်နှင့်အမျှ၊ ယခင်ထက် သာ၍ ကောင်းသော ဦးတည်ချက်ဖြင့်၊ လူ၏ သတိ၊ အသိပညာ၊ အာမခံနှင့် ဘုရားသခင် လုပ်ဆောင်သည့်အရာကို လက်ခံခြင်းတို့သည် အတိုင်းအတာအားဖြင့် နက်သည်ထက်နက်လိမ့်မည်ဖြစ်ပြီး၊ ထိုသို့ဖြစ်သည်နှင့်အမျှ၊ လူ၏ သေချာမှု၊ သတိ၊ အသိပညာနှင့် လူ့ဇာတိခံယူခြင်းအား အသိအမှတ်ပြုခြင်းတို့သည်လည်း တိုး၍ နက်ရှိုင်းသွားလိမ့်မည်။ ဤအရာများ နက်သည်ထက် နာလာသည်နှင့်အမျှ၊ သင်သည် ယခင်ထက် သာ၍ နည်းပါးသည့်နည်းများဖြင့် ဘုရားသခင်ကို လေ့လာကာ သံသယထားမှု လျော့နည်းသွားလိမ့်မည်။

လူသည် အဘယ်ကြောင့် ဘုရားသခင်ကို လေ့လာသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွင်းတွင် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများ အလွန်များသောကြောင့်၊ သံသယများ အလွန်များသောကြောင့်၊ ၎င်းတို့ နားမလည်သည့် အရာများ အလွန်များသောကြောင့်၊ နားလည်၍မရနိုင်ဟု ၎င်းတို့ တွေ့ရှိသည့်အရာများ အလွန်များသောကြောင့်၊ နက်နဲမှုများ အလွန်များသောကြောင့် စသဖြင့် ဖြစ်သည်။ ၎င်းတို့သည် ထိုအရာများကို လေ့လာမှုမှတစ်ဆင့် အဖြေရှာရန် ဆန္ဒရှိကြသည်။ ပြင်ပ ဖြစ်ရပ်ကို အသုံးပြုသည့်၊ သင်၏ အထူးပြု အသိပညာ သို့မဟုတ် စိတ်အကဲဖြတ်ခြင်းကို အသုံးပြုထားသည့် သင် ဆောင်ရွက်သည့် မည်သည့် လေ့လာမှုမဆိုသည် သိနားလည်မှုဆီသို့ ဆိုက်ရောက်စေလိမ့်မည် မဟုတ်။ သင်သည် အားထုတ်မှုများစွာ ဖြုန်းတီးမိမည်ဖြစ်ကာ ဘုရားသခင်နှင့် သမ္မာတရားက မည်သည့်အရာဖြစ်သည်ဆိုသည်ကို သင် နားလည်လိမ့်ဦးမည် မဟုတ်။ သို့ရာတွင် သမ္မာတရားကို လိုက်စားသောသူတို့အတွက်၊ ရလဒ်များ တွေ့ရှိရန်၊ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာ ရရှိပြီး ကြောက်ရွံ့ကြည်ညိုကာ နာခံတတ်သည့် စိတ်နှလုံး ဖြစ်ပေါ်ရန် နှစ်အနည်းငယ်မျှသာ ကြာသည်။ လူအချို့သည် ဘုရားနှုတ်ကပတ်တော်များက လက်တွေ့ကျပြီး အဖြစ်မှန်ဖြစ်သည်ကို မယုံကြည်ကြပေ။ ထို့ကြောင့် ဘုရားသခင်၊ ဘုရားနှုတ်ကပတ်တော်များနှင့် လူ့ဇာတိခံယူခြင်းကိုပင် လေ့လာရန် ၎င်းတို့ အမြဲ ဆန္ဒရှိကြ၏။ အသက်နှင့် ဝိညာဉ် ကိစ္စရပ်များကို လေ့လာမှုဖြင့် ဖော်ထုတ်မရပေ။ဤသမ္မာတရားများကို သင် တွေ့ကြုံပြီး၊ သမ္မာတရား လိုက်စားခြင်းနှင့် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့အပေါ် သင်၏ စိတ်ရှိသမျှ၊ အဖိုးအခရှိသမျှနှင့် အလေးထားသမျှတို့ကို ထားရှိသည့် နေ့တစ်နေ့ ရောက်လာသည့်အခါ၊ ကယ်တင်ခြင်း လမ်းကြောင်းပေါ် သင် စတင်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ လူ့ဇာတိခံ ဘုရားသခင်ကို လေ့လာတော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ သူသည် လူသား သိုမဟုတ် ဘုရား ဟုတ်မဟုတ်ဆိုသည့်ကိစ္စကို ထိုအခါ အဖြေပေးထားပြီး ဖြစ်လိမ့်မည်။ သူ၏ လူ့သဘာဝက မည်မျှ ပုံမှန်ဖြစ်သည်ဖြစ်စေ၊ သူသည် သာမန်လူတို့နှင့် မည်မျှ ဆင်တူသည်ဖြစ်စေ၊ ယင်းမှာ အရေးကြီးတော့မည် မဟုတ်။ အရေးအကြီးဆုံးသောအရာမှာ သင်သည် နောက်ဆုံးတွင် သူ၏ ဘုရား အနှစ်သာရကို ရှာဖွေတွေ့ရှိပြီး ဖြစ်လိမ့်မည်ဖြစ်ကာ သူ ဖော်ပြသည့် သမ္မာတရားများကို နောက်ဆုံးတွင် အသိအမှတ်ပြုလိမ့်မည်။ ထိုအချိန်တွင်၊ ဤလူသည် ဘုရားသခင် လူ့ဇာတိခံယူသည့် ခန္ဓာဖြစ်သည်ဆိုသည့် အချက်ကို သင်၏ စိတ်နှလုံး အတွင်းနက်နက်တွင် သင် လက်ခံပြီး ဖြစ်လိမ့်မည်။ အချက်အနည်းငယ်၊ လုပ်ငန်းစဉ်အနည်းငယ်၊ အတွေ့အကြုံ အနည်းငယ်ကြောင့်၊ ခလုတ်တိုက်လဲခြင်းနှင့် ကျရှုံးခြင်းမှ သင် သင်ယူပြီးသည့် သင်ခန်းစာအနည်းငယ်ကြောင့်၊ သင်၏ စိတ်ထဲတွင်၊ သမ္မာတရား အနည်းငယ်ကို သင် နားလည်နိုင်လိမ့်မည်ဖြစ်ပြီး၊ သင် မှားခဲ့ကြောင်း ဝန်ခံနိုင်လိမ့်မည်။ ဤလူကို သင် သံသယထားတော့မည် မဟုတ်၊ သို့မဟုတ် လေ့လာတော့မည် မဟုတ်ဘဲ၊ သူသည် လက်တွေ့ကျသည့် ဘုရားသခင်ဖြစ်ကြောင်း၊ ဤသည်မှာ ငြင်းမရနိုင်သည့် အချက်တစ်ခုဖြစ်ကြောင်း ခံစားရလိမ့်မည်။ ထိုအခါ သူသည် ငြင်းမရအောင် လူ့ဇာတိခံ ဘုရားသခင်ဖြစ်ကြောင်း သင် အလိုအလျောက် လက်ခံပြီး ဖြစ်လိမ့်မည်။ သူ၏ လူ့သဘာဝက မည်မျှ ပုံမှန်ဖြစ်ပါစေ၊ သူသည် သာမန်လူတစ်ဦးကဲ့သို့ စကားပြောကာ ပြုမူပြီး၊ အနည်းငယ်မျှ ထူးခြားခြင်း သို့မဟုတ် ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း၊ သူ့ကို သင် သံသယရှိလိမ့်မည် မဟုတ်သကဲ့သို့၊ သူ့အတွက် စက်ဆုပ်မှု ရှိလိမ့်မည် မဟုတ်ပေ။ အတိတ်ကာလတွင်၊ လူ့ဇာတိခံ ဘုရားသခင်က သင်၏ အယူအဆများနှင့် ကိုက်ညီသည်ဟု သင် ခံစားခဲ့ရမည် မဟုတ်သကဲ့သို့ သူ့ကို သင် လေ့လာပြီးဖြစ်ကာ အထင်သေးပြီး လှောင်ပြောနေခဲ့ပြီးဖြစ်မည်၊ စိတ်နှလုံးတွင် အာခံမိပြီးဖြစ်မည်။ သို့ရာတွင် ယနေ့၌ အမှုအရာများ မတူတော့ပေ။ ယနေ့တွင်၊ သူ၏ နှုတ်ကပတ်တော်များကို အလွန်အသေးစိတ်ကျကျ သင် အရသာခံကာ နားထောင်သည်နှင့်အမျှ၊ မတူညီသည့် ရှုထောင့်အမြင်တစ်ခုမှ သူ ဖော်ပြသမျှအားလုံးကို သင် လက်ခံသည်။ ပြီးလျှင် ယင်းသည် မည်သည့် ရှုထောင့်အမြင် ဖြစ်သနည်း။ “ကျွန်ုပ်သည် အဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ ခရစ်တော်သည် အရပ်ရှည်ကောင်းမရှည်နိုင်၊ သူ၏ အသံသည် ကျယ်ကောင်း မကျယ်နိုင်သကဲ့သို့ ထူးခြားသည့်အရာတစ်ခုတလေနှင့် တူကောင်းမတူနိုင်သော်လည်း၊ သူ၏ ကိုယ်ပိုင်လက္ခဏာသည် ကျွန်ုပ်နှင့် မတူပါ။ သူသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွှယ်ဝင်တစ်ယောက် မဟုတ်ပါ။ သူသည် ကျွန်ုပ်တို့ထဲမှ တစ်ယောက် မဟုတ်ပါ။ ကျွန်ုပ်တို့သည် သူနှင့် အဆင့်အတန်းမတူ၊ တန်းတူ မဟုတ်ပါ” ဟူ၍ ဖြစ်သည်။ သင်၏ ယခင် ရှုထောင့်အမြင်မှ ဤနေရာတွင် ကွဲပြားမှုတစ်ခုရှိ၏။ ထိုကွဲပြားမှုသည် မည်သို့ ဖြစ်လာသနည်း။ သင်၏ စိတ်ထဲတွင်၊ သင်၏ ကနဦး လက်မခံခြင်းနှင့် အတင်းလုပ်သော လေ့လာမှုမှသည် သူ၏ စကားများကို အသက်အဖြစ်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းအဖြစ် လက်ခံခြင်းဆီသို့၊ သူ့ထံ၌ သမ္မာတရားရှိကြောင်း၊ သူသည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ အရိပ်နှင့် သူ့စိတ်သဘောထား ပွင့်အံထွက်မှုတစ်ခု ရှိပုံပေါ်ကြောင်းနှင့် သူ၏ စေခိုင်းချက်တာဝန်နှင့် အမှုတို့သည် သူ၏ပုဂ္ဂိုလ်တွင် ရှိကြောင်း ခံစားခြင်းဆီသို့ အကူးအပြောင်းတစ်ခု သင် ပြုလုပ်ပေသည်။ ယင်းမှာ သူ့ကို သင် လုံးဝ အသိအမှတ်ပြုကာ လက်ခံပြီး ဖြစ်လိမ့်မည့်အချိန် ဖြစ်သည်။ သူ့အပေါ် သင် ရှိသည့် မည်သည့် တုံ့ပြန်ချက်မဆို၊ မည်သည့် သဘောထားမဆိုသည် အဖန်ဆင်းခံတစ်ဦး ရှိသင့်သည့် အလိုလိုဖြစ်ကာ မှန်ကန်သည့် တုံ့ပြန်ချက်ဖြစ်လာသည့်အခါ၊ ယင်းသည် ဤလူ့ဇာတိဖြင့် လူသားကို ဘုရားအဖြစ် သဘောထားလာနိုင်ကာ သင်၏ မိခင်နှင့် ဖခင်ထံ အဘယ်ကြောင့် သင် မွေးဖွားလာသည် သို့မဟုတ် ၎င်းတို့နှင့် သင် အဘယ်ကြောင့်တူသည်ဆိုသည်ကို သင် လေ့လာမည် မဟုတ်ကဲ့သို့ပင်၊ သူ့ကို လေ့လရန် သင် အစေခိုင်းခံရလျှင်ပင် နောက်ထပ် လေ့လာတော့မည် မဟုတ်သည့် အချိန် ဖြစ်သည်။ သင်သည် ဤအဆင့်ထိ ရောက်လာပြီးသည့်အခါ၊ ထိုသို့သော အရာများကို လေ့လာခြင်းအား သင် အလိုအလျောက် ရပ်တန့်၏။ ယင်းတို့သည် သင်၏ နေ့စဉ်ဘဝ နယ်ပယ်နှင့် ဆက်နွှယ်သည့် အကြောင်းအရာများ မဟုတ်သကဲ့သို့ အငြင်းပွားဖွယ်ရာများလည်း မဟုတ်တော့ချေ။ ဤအရာများအပေါ် သင်၏ သဘောထားသည် ယင်း၏ ကနဦး၊ လေ့လာသင်ကြားပေးထားသည့်အတိုင်း တုံ့ပြန်လုပ်ဆောင်ချက်မှသည် လေ့လာမှုကို အလိုအလျောက် ငြင်းပယ်မှုဆီသို့ ရောက်သွားပြီးဖြစ်ကာ ထိုသို့ သင်၏ ဗီဇပြောင်းမဲမှုဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် မည်သည့် လူကမျှ အစားထိုးမရဘဲ၊ အဆင့်အတန်းနှင့် အတိုင်းအတာတွင် ယခင်ထက် သာ၍ မြင့်မားလိမ့်မည် ဖြစ်ကာ ဘုရားသခင်၏ အဆင့်အတန်းနှင့်အတူ သင်၏ စိတ်နှလုံးတွင်ရှိသည့် ဘုရားသခင် ကိုယ်တိုင် ဖြစ်လာလိမ့်မည်။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ထိုအခါ လုံးဝ ပုံမှန် ဖြစ်သွားလိမ့်မည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ သင်သည် ဝိညာဉ်ရေးရာ လောကနှင့် မည်သည့်လူကိုမျှ မမြင်နိုင်သောကြောင့်၊ ဝိညာဉ်ရေးရာ လောက၏ ဘုရားသခင်သည် အတော်အတန် စိတ်ကူးသက်သက် ဖြစ်လေသည်။ သူ မည်သည့်နေရာတွင် ရှိသည်၊ သူ မည်သည့်အရာနှင့် တူသည်၊ လူသားအပေါ် သူ၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ လူနှင့်စကားပြောသည့်အခါ မည်သည့်အမူအရာ သူ ဖြစ်ပေါ်သည်- လူတို့က ဤအရာတစ်ခုမျှ မသိကြချေ။ ယနေ့တွင်၊ သင့်ရှေ့တွင် ရပ်နေသူသည် ဘုရားသခင်ဟု ခေါ်ဝေါ်သည့်၊ ပုံသဏ္ဍာန်နှင့် အသွင်သဏ္ဍာန်ရှိသော လူတစ်ဦးဖြစ်သည်။ အစပထမတွင်၊ သင်၏ အတိုက်အခံလုပ်ခြင်း၊ သံသယ၊ ယူဆချက်များ၊ အထင်လွဲမှုများနှင့် အထင်သေးမှုဖြင့်ပင် သူ့ကို သင် နားမလည်ပေ။ ထို့နောက်တွင် သင်သည် သူ၏ နှုတ်ကပတ်တော်များကို တွေ့ကြုံကာ ယင်းတို့ကို အသက်နှင့် သမ္မာတရားအဖြစ်၊ သင်၏ လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများနှင့် သင် လျှောက်လှမ်းသည့် လမ်းကြောင်း၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့အဖြစ် သွားလက်ခံပြီး၊ ထိုနေရာမှ၊ သူသည် သင် မမြင်နိုင်သည့် သင့်စိတ်နှလုံးထဲရှိ ဘုရားသခင်၏ ကိုယ်ထင်ပြသည့် ပုံသဏ္ဍာန်တစ်ခု ဖြစ်သည့်အလား ဤရိုးရိုးလူတစ်ဦးကို သင် လက်ခံလေသည်။ ဤအရာကို သင် ခံစားလာရသည့်အချိန်တွင်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည့် အနှစ်မဲ့သည့်အရာတစ်ခု ဖြစ်လိမ့်မည်လော။ (မဟုတ်ပါ။) ဖြစ်လိမ့်မည် မဟုတ်။ သင်သည် ဘုရားသခင်ကို မသဲကွဲသည့်၊ မြင်၍မရသော ပုံသဏ္ဍာန်တစ်ခုအဖြစ် သဘောထားပြီး၊ သူက ဇာတိခန္ဓာတစ်ခု၊ မည်သူကမျှ နှစ်ခါမကြည့်မည့် လူများထဲမှ လူတစ်ဦးဖြစ်လာပြီးသည့်အဆင့်ထိ သူ့ကို သင် စစ်မှန်စေသည့်အခါ၊ သင်သည် သူနှင့်အတူ အဖန်ဆင်းခံတစ်ဦးနှင့် ဖန်ဆင်းရှင်တို့၏ ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ဆဲဖြစ်လျှင်ပင်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တတ်နိုင်သမျှ ပုံမှန်ဖြစ်သွားလိမ့်မည်။ ထိုအခါ သူ့ကို သင် မည်သည့်အရာ လုပ်ဆောင်သည်ဖြစ်စေ၊ အခြေခံအားဖြင့် အဖန်ဆင်းခံတစ်ဦးက အလိုအလျောက် ရှိသင့်သည့် တုံ့ပြန်ချက်တစ်ခု ဖြစ်လိမ့်မည်။ သံသယဝင်ရန် သင့်ကို စေခိုင်းလျှင်ပင် သူ့ကို သင် သံသယမဝင်နိုင်သကဲ့သို့ သူ့ကို မလေ့လာနိုင်ပေ။ သင်က၊ “ဘုရားသခင်သည် အဘယ်ကြောင့် ထိုသို့ စကားပြောသနည်း။ သူ၏ အမူအရာသည် အဘယ်​ကြောင့် ထိုသို့ ဖြစ်သနည်း။ သူသည် အဘယ်ကြောင့် ပြုံးပြီး၊ သူ ပြုသည့်အတိုင်း ပြုမူသနည်း”ဟု ဆိုလျက် သူ့ကို လေ့လာရန် ကြိုးစားမည် မဟုတ်ပေ။ ဤအရာများသည် သင့်အတွက် ပုံမှန်အဖြစ်ဆုံး ဖြစ်နိုင်ပေမည်။ သင်က၊ “ဘုရားသခင်သည် ထိုသို့ဖြစ်ပြီး ထိုသို့ ဖြစ်သင့်သည်။ ဟုတ်သည်။ သူ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ သူနှင့် ကျွန်ုပ်၏ ဆက်ဆံရေးသည် ပုံမှန်ဖြစ်ကာ ပြောင်းလဲလိမ့်မည် မဟုတ်ပါ”ဟု မိမိကိုယ်ကိုယ် ပြောလိမ့်မည်။

သာမန်လူတို့သည် လူမှုအဖွဲ့အစည်းတွင် နိမ့်ကျပြီး အခြားသူများ၏ အထင်အမြင်သေးခြင်းခံရကာ အလွန် မြင့်မားသည့် ဘုရားသခင်သည် အလွန်မထူးခြားသည့် တစ်စုံတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် လူ့ဇာတိမခံယူသင့်သောကြောင့်၊ လူသားမျိုးနွယ်အားလုံး၏ အတွေးနှင့် အယူအဆများအတွင်းတွင်၊ လူ့ဇာတိခံယူခြင်းမှတစ်ဆင့် ဘုရားသခင်၏ သာမန်လူတစ်ဦးဖြစ်လာခြင်းသည် ဘုရားသခင် ဆောင်ယူသင့်သည့် နောက်ဆုံးပုံသဏ္ဍာန်ဖြစ်လေသည်။ ဘုရားသခင်သည် ယနေ့ ထိုကဲ့သို့ သာမညောင်ည လူသားတစ်ဦး ဖြစ်လာသည့်အခိုက် ထိုဘုရားသခင်သည် သင်၏ ဘုရားဖြစ်ကြောင်း သင်တို့လက်ခံနိုင်ပြီး အသိအမှတ်ပြုနိုင်သည့် အချက်ကပင်လျှင် သက်သေခံခြင်း ဖြစ်လေသည်။ ထိုသို့ဖြစ်၍ ဘုရားသခင်နှင့် သင်၏ ပုံမှန်ဆက်ဆံရေးကို မည်သည့်အရာက လွှမ်းမိုးခြင်းသို့မဟုတ် ဒုက္ခပေးခြင်း ရှိကောင်းရှိနိုင်မည်နည်း။ ဘာမျှမရှိချေ။ ဤအရာကို မှတ်ထားလျက် ခရစ်တော်ကို သင်၏ဘုရားသခင်အဖြစ် အသိအမှတ်ပြုနိုင်ခြင်းသည် သင်နှင့် ဘုရားကြားက ဆက်ဆံရေးကို တိုင်းတာခြင်းအတွက် အရေးကြီးဆုံးသော စံသတ်မှတ်ချက်တစ်ခု ဖြစ်သည်။ လူများစွာက ဘုရားသခင်ကို ယုံကြည်သော်လည်း ဘုရားသခင်သည် သမ္မာတရားဖြစ်ကြောင်း အသိအမှတ်မပြုကြသကဲ့သို့၊ ဘုရားသခင်ကို သမ္မာတရားအဖြစ် အသိအမှတ်မပြုသောသူတို့သည် ဘုရားသခင်က သူတို့၏ဘုရားဖြစ်ကြောင်း အသိအမှတ်ပြုနိုင်သလော။ ဘုရားသခင်ကို သမ္မာတရားဖြစ်သည်ဟု အသိအမှတ်မပြုသော သူတို့သည် ဘုရားသခင်နှင့် အဘယ်ဆက်ဆံရေးမျိုး ရှိသနည်း။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် နာခံနိုင်ကြသလော။ ဘုရားသခင်ကို ၎င်းတို့ အာခံနိုင်စွမ်း ရှိကြသည် မဟုတ်လော။ ဤအရာများကို သင် ရှင်းရှင်းလင်းလင်း မြင်ရမည်။ သင်နှင့် လူ့ဇာတိခံ ဘုရားသခင် နှစ်ဦးလုံး၌ လူ့ပုံသဏ္ဌာန်၊ သူ့အသွင်၊ လူ့အကြိုက်များ၊ လူ့ဘာသာစကားတို့ ရှိကြပြီး သင်တို့နှစ်ဦးလုံး လူ့လောကထဲတွင် အသက်ရှင်နေထိုင်ကြသည်။ သို့သော် သင်သည် သင်၏အနေအထားကို ပြုပြင်နိုင်သည်၊ သင့်အဆင့်အတန်းနှင့် ဘုရားသခင်၏ အဆင့်အတန်းကြားက ခြားနားချက်ကို ပြောနိုင်ပြီး၊ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို ပြုပြင်နိုင်လေသည်။ သင်သည် ဤဆက်ဆံရေးကို မည့်သည့်အခါမျှ ကျော်လွန်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုအရာကို ဘောင်မကျော်ပေ။ အကယ်၍ သင်သည် ဤဝိညာဉ်ရင့်ကျက်မှု ရရှိနိုင်ပါက၊ ဘုရားသခင်အတွက် သင်သည် ပြည့်မီခြင်းရှိပြီး မည်သည့်စွမ်းအားကမျှ ဘုရားသခင်နှင့် သင်၏ဆက်ဆံရေးကို မဖျက်ဆီးနိုင်ပေ။ ဤသည်မှာ အခိုင်ခံ့ဆုံးသော ဆက်ဆံရေး ဖြစ်သင့်ပြီး၊ စံနှုန်းသည် ပြည့်မီပြီး ဖြစ်လိမ့်မည်။ အကယ်၍ ဤသွေးသားခန္ဓာနှင့် သင်၏ဆက်စပ်မှုက လူနှင့် ဘုရားကြားက ဆက်ဆံရေးအဆင့်ထိ မဖြစ်ပေါ်လျှင်၊ အကယ်၍ သင်သည် ထိုသို့သော ဆက်ဆံရေးကို မပိုင်ဆိုင်လျှင် သင်က “ကျွန်ုပ်သည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိပြီး ယင်းက အလွန်ပုံမှန်ကျသော ဆက်ဆံရေးဖြစ်သည်” ဟု ဆိုသည့်အခါ ဤသည်မှာ မှန်ကန်သလော။ မမှန်ကန်ပေ။ သင်သည် ဘုရားသခင်နှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုရှိသည်ဟု သင် ဆိုသော်လည်း ထိုအရာကို အဘယ်သူ မြင်ဖူးသနည်း။ ယင်းသည် မည်သည့်နေရာတွင် ပေါ်လွင်သနည်း။ ယင်း၌ အမှန်ဖြစ်သော အခြေခံအကြောင်းရင်း မရှိပေ။ လူတို့သည် မိမိတို့ ဇာတိပကတိဖြင့် အသက်ရှင်ကြပြီး၊ ဝိညာဉ်ရေးရာ လောကကို ထိုးထွင်းမသိနိုင် သို့မဟုတ် ဘုရားသခင်ထံ မရောက်နိုင်သောကြောင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် အဘယ်သို့ ဆက်ဆံထိတွေ့နိုင်မည်နည်း။ လတ်တလောတွင် သင်တို့သည် လူနှင့် လူဇာတိခံ ဘုရားသခင်ကြားရှိ ပုံမှန်ဆက်ဆံရေးတစ်ခုကို ရယူနိုင်စွမ်း ရှိကြသလော။ (မရှိကြပါ။) အခက်အခဲက မည်သည့်နေရာတွင် ရှိနေသနည်း။ လူသား နားမလည်သည့် သမ္မာတရားများစွာ ရှိ၏။ လူသား နားမလည်ဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်း။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ကဏ္ဍများစွာတွင် လူ့ဇာတိခံ ဘုရားသခင်၏ အမြင်များ၊ အယူအဆများနှင့် မကိုက်ညီသည့် အမြင်များနှင့် အယူအဆများ ရှိသည်၊ အမှုအရာများကို လူသား ကိုင်တွယ်သည့် အခြေခံသဘောတရားများသည် လူ့ဇာတိခံ ဘုရားသခင်၏ အခြေခံသဘောတရားများနှင့် မကိုက်ညီသကဲ့သို့၊ လူသည် ဘုရားသခင်နှင့် ပတ်သက်၍ အယူအဆများနှင့် စိတ်ကူးများစွာပင် ရှိကြသည်ဟု ဆိုလိုပေသည်။ ဤပြဿနာ၏ အရင်းအမြစ်သည် မည်သည့်နေရာက လာပါသနည်း။ ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြား ဆက်နွှယ်မှုကို မည်သည့်အချက်က ထိခိုက်နေပါသနည်း။ ယင်းမှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ်သည် လူသားသည် စာတန်၏ အဆိပ်အတောက်ကို မှီခိုလျက် အသက်ရှင်ရင်း၊ စာတန်ဘက်တွင် ရပ်တည်ဆဲဖြစ်ပြီး၊ လူတို့ အသက်ရှင်နေထိုင်သည့်အရာမှာ စာတန်၏ စိတ်သဘောထားနှင့် အနှစ်သာရဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရသည် သမ္မာတရားဖြစ်၏၊ သူ၏ အနှစ်သာရသည် မပြောင်းလဲနိုင်ပေ။ ထို့ကြောင့်၊ ဘုရားသခင်နှင့် ကိုက်ညီဖို့ရန် ပြောင်းလဲရမည့်သူမှာ အဘယ်သူနည်း။ လူသားမျိုးနွယ်ဖြစ်သည်မှာ ဟုတ်ပေ၏။ ယင်းမှာ ခိုင်မာပေသည်။ သို့ဆိုလျှင် လူသားမျိုးနွယ်သည် မည်သို့ ပြောင်းလဲသင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို ကျိုးနွံနာခံရမည်၊ သမ္မာတရားကို လက်ခံရမည်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံရမည်ဖြစ်ပြီး၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို လက်ခံရမည်။ ဤသည်မှာ ဘုရားသခင်နှင့် ကိုက်ညီမှုသို့ ရောက်ရှိရန် လူ၏ တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်။ ဤလမ်းကြောင်းပေါ် သင် ခြေချသည့်အချိန်တွင်သာ သမ္မာတရားကို သင် တဖြည်းဖြည်း နားလည်လာနိုင်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို စွန့်ပယ်နိုင်ပြီး လူများနှင့် အမှုအရာများနှစ်ခုလုံးအား ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားအတိုင်း ရှုမြင်နိုင်ပေသည်။ ဤသို့ဖြင့်၊ သင် ပြုမူသည့် စည်းမျဉ်းများ၊ အမှုအရာများကို သင် ရှုမြင်သည့် ရှုထောင့်အမြင်၊ ဘဝအပေါ် သင်၏ အမြင်နှင့် သင်၏ စံများသည် ဘုရားသခင်နှင့် အားလုံး ကိုက်ညီလိမ့်မည်။ သင်နှင့် ဘုရားသခင်ကြားရှိ အတားအဆီးများသည် ယခင်က နည်းပါးလာလိမ့်မည်။ နောက်ထပ် ဆန့်ကျင်ကွဲလွဲခြင်းများ ရှိတော့မည် မဟုတ်။ ဘုရားသခင်ကို သင် လေ့လာသည်မှာ လျော့သည်ထက် လျော့နည်းသွားလိမ့်မည်။ သင်၏ နာခံမှုသည် အလိုအလျောက် ကြီးထွားသည်ထက် ကြီးထွားလိမ့်မည်ဖြစ်ပြီး၊ သင်သည် ဘုရားသခင်နှင့် အပြည့်အဝ ကိုက်ညီမှုကို တဖြည်းဖြည်း ရရှိလိမ့်မည်။

သင်တို့သည် ငါနှင့် ဆက်ဆံရမည်ကို စိုးရွံ့ကြသလော။ (မစိုးရွံ့ပါ။) သင်တို့ စိုးရွံ့ကောင်း စိုးရွံ့မည်မဟုတ်သော်လည်း ငါ စိုးရွံ့၏။ မည်သည့်အရာကို ငါ စိုးရွံ့ပါသနည်း။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှု အလွန် နည်းပါးကြပြီး၊ သင်တို့ နားမလည်သည့် သမ္မာတရားများစွာ ရှိကာ ငါ လုပ်ဆောင်ကာ ပြောဆိုသည့် အချို့သော အရာများနှင့် ပတ်သက်၍၊ သင်တို့၏ ဝိညာဉ်ရင့်ကျက်မှုက အမီလိုက်နိုင်ခြင်း ရှိမရှိဆိုသည်ကို ငါ စဉ်းစားရမည်။ ယင်းတို့ကို ငါတိုက်ရိုက် မပြောနိုင် သို့မဟုတ် မလုပ်ဆောင်နိုင်သော်လည်း၊ ထိုသမ္မာတရားကို ကြုံပြီး တွေ့ကြုံခံစားရန် လုံလောက်သည့် နေရာလပ်အပြင် လုံလောက်သည့်အချိန်ကိုလည်း သင်တို့ကို ပေးရမည်။ ထို့နောက်တွင် ငါသည် စောင့်ဆိုင်း၏။ ထိုသမ္မာတရားများကို သင်တို့ နားလည်ရန်၊ တဖြည်းဖြည်း လက်ခံရန်၊ ဝိညာဉ်ရင့်ကျက်မှုတွင် ကြီးထွားရန် သင်တို့ကို ငါ စောင့်ဆိုင်း၏။ ထိုအဆင့်တွင် သင်တို့ထံ ချဉ်းကပ်ရန် နည်းနည်းချင်း ငါ တစ်ဖန် ကြိုးစားသည်။ ထို့နောက် သင်တို့ကို ငါ စောင့်ကြည့်ပြီး၊ ဝိညာဉ်ရင့်ကျက်မှု၌ ကြီးထွားပြီးခြင်း ရှိမရှိဆိုသည်ကို ငါ ကြည့်သည်။ ကြီးထွားပြီးဖြစ်ပါက၊ သင်တို့ထံ နောက်ထပ် အနည်းငယ် ငါ ပြောဆိုသည်။ သင်သည် ဝိညာဉ်ရင့်ကျက်မှု နည်းပါးဆဲဖြစ်ပါက၊ ငါသည် အနည်းငယ်သာ၍ ခပ်ခွာခွာနေသည်။ ငါသည် သင်တို့နှင့် အလွန်နီးကပ်ပြီး၊ သင့်အပေါ် များစွာ တောင်းဆိုလွန်းပါက၊ မြန်ဆန်လွန်းစွာ၊ အလောတကြီးဖြစ်ခြင်းသည် အလွယ်တကူ အချည်းနှီးဖြစ်သွားပေမည်။ အလောတကြီးဖြစ်ခြင်းက အချည်းနှီးဖြစ်ပါက၊ အကျိုးဆက်များသည် မည်သည့်အရာများ ဖြစ်မည်နည်း။ သင်တို့ ခံနိုင်သည်ထက် သာ၍ အန္တရာယ်များကောင်းများပေမည်။ ယခုတွင် အမှုအရာများ ဤသို့ဖြစ်သည်နှင့်အမျှ၊ ငါတို့သည် ငါတို့၏ ဆက်ဆံမှုတွင် သဘောညီညွှတ်မှုနှင့် ကိုက်ညီမှု မရရှိနိုင်သည်သာမက၊ စစ်မှန်သည့် အပေါက်အလမ်းတည့်ခြင်းကိုပင် ငါတို့ မရနိုင်ပေ။ သင်တို့၏ တာဝန်တွင်ပါဝင်သည့် ကိစ္စရပ်များ၏ သွင်ပြင်လက္ခဏာတိုင်းတွင် သင်တို့ကို လမ်းညွှန်ပေးရင်း၊ ငါသည် သင်တို့နှင့် မရမက မကြာခဏ ထိတွေ့ဆက်ဆံ သို့မဟုတ် သင်တို့နှင့်အတူ အသက်ရှင်လာရမည်ဆိုပါက၊ သင်တို့အတွက် ဗျာများစရာ ဖြစ်မည်။ သင်တို့သည် ထိုသို့သော ကိစ္စတွင် ဆင်းရဲဒုက္ခခံစားရသည်ဟု ခံစားမိပေမည်။ ထိုအရာသည် ငါ သည်ညည်းခံရမည့် တစ်စုံတစ်ရာ ဖြစ်မည်မဟုတ်လော။ ထိုအရာကို သည်းညည်းခံရာတွင်၊ ဆင်းရဲဒုက္ခ ငါ ခံစားရမည်လော။ ငါသည်လည်း ဆင်းရဲဒုက္ခခံစားရပေမည်။ ထိုဆင်းရဲဒုက္ခခံစားခြင်းသည် သင်တို့၏ အကျိုးကျေးဇူးအတွက်ဖြစ်မည်ဆိုပါက၊ အနည်းငယ် ဆင်းရဲဒုက္ခခံစားရသည်ဖြစ်စေ ငါ ဂရုစိုက်မည် မဟုတ်။ ငါသည် တကယ်ကို ထပ်တည်းခိုမည်၊ အနည်းငယ် စကားလျော့ပြောမည်၊ သည်းခံစိတ် အနည်းငယ်ဖြင့် သင်တို့ကို အနည်းငယ် ပို၍ ညှာတာကာ စောင့်ဆိုင်းမည်ဖြစ်သည်။ ဤသည်မှာ အပန်းကြီးမည် မဟုတ်။ အချိန်မတိုင်မီ အချို့သောအရာများကို သင်တို့ ဆင်းရဲဒုက္ခခံစားရပါက၊ ထိုအရာသည် အတိုင်းအတာတစ်ခုထိ ရလဒ်များ ဖြစ်ထွန်းနိုင်မည်လော။ သမ္မာတရားကို ရရှိနိုင်ပြီး၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားနှစ်ခုလုံး ပိုင်ဆိုင်သောသူ၊ မျှတပြီး ယုတ္တိတန်သောသူနှင့် ထို့အပြင် သမ္မာတရားကို အထူးသဖြင့် ချစ်သူ၊ သမ္မာတရားကို မရမနေ လိုက်စားနိုင်သူ၊ ပြီးလျှင် မိမိတို့၏ စိတ်နှလုံးအတွင်းထဲတွင် အလင်းနှင့် အပြုသဘောဆောင်သော အရာများအပေါ် ၎င်းတို့၏ ချစ်ခြင်းနှင့် လိုက်စားခြင်း၌ ခိုင်မာသောသူဖြစ်သည့် ထူးခြားသောသူအနည်းငယ်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့သော လူ့သဘာဝ၊ ထိုသို့သော လိုက်စားမှုနှင့် ထိုသို့သော လက်ခံတတ်မှုတို့ရှိသည့် လူများသာ ထိုသို့သော ဆင်းရဲဒုက္ခကို မျှော်မှန်းချိန်ထက်စော၍ ကြုံနိုင်ပေသည်။ သင်တို့ထဲတွင် ဤစံများကို ပြည့်မီသူ တစ်ဦးတလေ ရှိသလော။ (မရှိပါ။) ကောင်းပြီ၊ သို့ဆိုလျှင် အချိန်မတန်သေးဘဲ ထိုသို့သော ဆင်းရဲဒုက္ခကို သင်တို့ မကြုံရရန်အလို့ငှာ ငါတို့သည် ခပ်ခွာခွာနေရလိမ့်မည်ဟု ပြောရသည်မှာ ငါ စိတ်မကောင်းပေ။ ထို့ကြောင့် မည်သည့်အချိန်တွင် ထိုအရာကို သင်တို့ ကြုံရလိမ့်မည်နည်း။ သင်တို့သည် ဝိညာဉ်ရင့်ကျက်မှုတစ်ခုခုထိ ကြီးထွားပြီးသည့်အခါ၊ ဘုရားသခင်သည် သင်တို့အတွက် ပတ်ဝန်းကျင်များ၊ လူများ၊ အဖြစ်အပျက်များနှင့် အမှုအရာများကို အလိုအလျောက် စီစဉ်ပေးလိမ့်မည်။ ယင်းမှာ ယောဘကဲ့သို့ပင် ဖြစ်၏။ သူသည် ဝိညာဉ်ရင့်ကျက်မှု တစ်ခုခုထိ ကြီးထွားခဲ့ချိန်တွင်၊ စာတန်သည် သူ့အပေါ် စွပ်စွဲချက်တစ်ခုဖြင့် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာပြီး၊ ယောဘအား သူ၏ ပိုင်ဆိုင်မှုတစ်ခုလုံးကို ခံစားခွင့်မပေးဘဲ ထားခြင်းဖြင့် အကျိုးဆက်ဖြစ်ပေါ်စေလျက်၊ ယောဘကို စုံစမ်းရန်၊ စုံစမ်းနှောင့်ယှက်မှုကို ယောဘ ခံစေရန် စာတန်ကို ဘုရားသခင်က အခွင့်ပေးခဲ့သည်။ ဤသည်မှာ သင်တို့နှင့် အလှမ်းဝေးသလော။ မည်မျှဝေးသနည်း။ ဤအရာ၏ တစ်ဖက်သည် သင်တို့၏ လိုက်စားမှုအပေါ် မူတည်၏။ အခြားတစ်ဖက်မှာ ဘုရားအမှုတော်၏ တောင်းဆိုချက်များအပေါ်၊ သူ၏ အစီအစဉ်တွင် သူ အခိုင်အမာသက်သေထူပြီးဖြစ်သည့် ထုတ်ဖော်ပြောဆိုချက်အပေါ် မူတည်ပေသည်။ ယင်းမှာ မည်သည့် ထုတ်ဖော်ပြောဆိုချက် ဖြစ်သနည်း။ ယင်းမှာ အချိန်ကျလာသည့်အခါ လူတို့သည် သမ္မာတရားအားလုံးနှင့် အခြေခံအားဖြင့် ပြင်ဆင်ခြင်းခံရကာ နားလည်ကြသည်ဟူ၍ ဖြစ်သည်။ သို့တိုင် လူအချို့သည် ဝိညာဉ်ရင့်ကျက်မှုအရ ထိုနေရာသို့ မရောက်သေးပါက၊ မည်သည့်အရာကို လုပ်ဆောင်ရမည်နည်း။ သင့်တော်သည့် အချိန်တွင် ဘုရားသခင် ဆောင်ရွက်လိမ့်မည်။ သင် ပုန်းကွယ်နိုင်သည်ဟု ထင်သလော။ ဤအဆင့်ကို ခိုးကြောင်ခိုးဝှက် ဖြတ်ကျော်နိုင်သူ မည်သူမျှ မရှိပေ။ ဤအရာကို လူ၏အလုပ်အပေါ် စစ်ဆေးခြင်းဟု ခေါ်ပြီး၊ လူတိုင်း ဖြတ်သန်းရမည်။ မည်သူမျှ စောစီးစွာ မဖြတ်နိုင်သကဲ့သို့ မည်သူမျှလည်း နောက်ကျမကျန်ရစ်နိုင်။ “မည်သူမျှ စောစီးစွာ မဖြတ်နိင်” ဆိုသည်မှာ လူတစ်ဦး၏ ဝိညာဉ်ရင့်ကျက်မှု မရှိသကဲ့သို့၊ သမ္မာတရား များစွာကို ၎င်းတို့ မကြားခဲ့ပါက၊ ဘုရားသခင်အား မိမိတို့ကို စစ်ဆေးရန် ထိုလူတောင်းဆိုသည့်အခါ၊ သူ စစ်ဆေးလိမ့်မည် မဟုတ်။ ဤအရာမှ အဘယ်သူမျှ ကင်းလွတ်ခွင့်ရလိမ့်မည် မဟုတ်။ အကြောင်းမှာ ဘုရားသခင်သည် လူတိုင်းကို တန်းတူရည်တူကဲ့သို့ မြင်ပြီး၊ လူတိုင်းကို တန်းတူ အခွင့်အရေးများ ပေးကာ အားလုံးကို အတူတူ သူ ထောက်ပံ့ကာ အမှုပြုလေသည်။ ထို့ကြောင့် ယခုတွင်၊ သင် ပိုင်ဆိုင်သည့် သင်၏ အခြေအနေနှင့် ဝိညာဉ်ရင့်ကျက်မှုအတိုင်း ငါ၏ ထိုသို့လက်ခံခြင်းသည် သင်တို့အဖို့ အကျိုးမပြုသလော။ (ပြုပါသည်။) ယင်းမှာ သင်တို့အတွက် အံကိုက် သင့်တော်သည်၊ ယခု သင်တို့ လိုအပ်သည့်အရာသာ ဖြစ်သည်။ သင်တို့သည် နယ်ပယ်အသီးသီးတွင် သင်တို့၏ တာဝန်များကို ပုံမှန် ထမ်းဆောင်နေစဉ်တွင်၊ သင်တို့သည် ထောက်ပံ့မှုနှင့် အကူအညီကို အချိန်မီနှင့် အတိုင်းအတာဖြင့် အသုံးချနိုင်ရန်အလို့ငှာ၊ သင်တို့ ပိုင်ဆိုင်ပြီး နားလည်ရန် လိုအပ်သည့် သမ္မာတရားများဖြင့်လည်း အနည်းငယ်မျှ နှောင့်နှေးခြင်းမရှိဘဲ ထောက်ပံ့ခြင်းခံရလေသည်။ ထို့နောက်တွင်၊ သင်တို့၏တာဝန်ကို သင်တို့ ထမ်းဆောင်သည်နှင့်အမျှ၊ ဤသမ္မာတရားများကို သင်တို့ တဖြည်းဖြည်း အစာခြေကာ၊ စုတ်ယူပြီး တွေ့ကြုံလိမ့်မည်ဖြစ်ကာ သမ္မာတရား၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာတွေ့ကြလိမ့်မည်။ သင်သည် ဘုရားသခင်၏ အလိုတော်ကို ဖြည်းဖြည်းချင်း သဘောပေါက်လိမ့်မည်ဖြစ်ကာ ထိုသို့ဖြင့် လူနှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် ပြုပြင်ခံရလိမ့်မည်ဖြစ်ပြီး၊ သင်၏ ပန်းတိုင်ကို လက်ခံကာ သင်၏ တာဝန်တွင် တည်ကြည်ခိုင်မာရန်ဖြစ်သည့် အဖန်ဆင်းခံတစ်ဦး၏ ရာထူးအဆင့်အတန်းကို သင် ယူလိမ့်မည် ဖြစ်သည်။ ဤအရာနောက်တွင်၊ ၎င်းတို့ မသိလိုက်ဘဲနှင့်၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုကို ကြုံရသည့် လူအချို့ ရှိကောင်းရှိနိုင်သည်။ ယင်းသည် မည်သည့်အချိန်တွင် ဖြစ်ပျက်လိမ့်မည်နည်း။ သက်ဆိုင်သည့် စာကြောင်းတစ်ကြောင်းဖြင့် သင်တို့ကို ငါ ပြောမည်။ စမ်းသပ်မှုများသည် စီစဉ်ထားသည့်အတိုင်း ရောက်လာလိမ့်မည်။ ဤသည်မှာ အနည်းငယ် စိတ်ကူးသက်သက် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ ဘုရားသခင်အဖို့၊ ယင်းသည် တကယ်ကို ဖြစ်သည်ပုံစံဖြစ်သည်။ ဘုရားသခင်အတွက် ဆောင်ရွက်ရန် အချိန်ကျလာသည့်အခါ၊ သင်သည် သင် အစွမ်းရှိသမျှ ကြိုးစားသော်လည်း၊ ပုန်းကွယ်နိုင်လိမ့်မည်မဟုတ်။ ယခုတွင် မည်သည့်အရာကို ငါ လုပ်လိမ့်မည်နည်း။ ငါ၏ ပန်းတိုင်ကို ငါ ထိန်းသိမ်းမည်၊ ငါ၏ ရာထူးအဆင့်အတန်းကို လက်ခံပြီး ချုပ်တည်းခြင်း မရှိသကဲ့သို့ တစ်ဟုန်ထိုးရှေ့တက်ခြင်းမရှိသော်လည်း၊ ငါ၏ အမှုကို ပြဌာန်းထားသည့် အစီအစဉ်အတိုင်း လုပ်ဆောင်လျက်၊ ငါ၏ အမှုကို ငါ လုပ်ဆောင်မည်ဖြစ်သည်။ သင်တို့၏ ကယ်တင်ခြင်း လမ်းကြောင်းအားလုံး ပွင့်နေသည်။ ငါသည် သင်တို့ကို နှောင့်နှေးစေဖို့မပြောနှင့်၊ ထိုလမ်းကြောင်းတို့ကို ပိတ်မည်မဟုတ်။

တစ်ဦးတလေက စိုးရိမ်မှုဖြင့်၊ “ကိုယ်တော်နောက်သို့လိုက်ခြင်းအားဖြင့်၊ ကျွန်ုပ်တို့ ကယ်တင်ခံရနိုင်သလော”ဟု မေးသလော။ လူအချို့သည် ဤမေးခွန်းကို စဉ်းစားကောင်းစဉ်းစားဖူးမည်မဟုတ်သော်လည်း၊ ယင်းသည် သံသယရှိခဲ့ခြင်းနှင့် မတူသကဲ့သို့၊ ဤသံသယသည် မတည်ရှိနိုင်သေးပေ။ ထို့ကြောင့်၊ မှန်ကန်သည့် တစ်စုံတစ်ရာကို သင့်အား ငါ ပြောပြမည်။ သင်သည် စိုးရိမ်ရန် မလိုပေ။ သင် မစိုးရိမ်မီ ငါ စိုးရိမ်သင့်၏။ အစိုးရိမ်သင့်ဆုံးသောသူမှာ ငါ ဖြစ်သော်လည်း၊ ငါသည် မည်သည့်အခါတွင်မျှ မစိုးရိမ်ပေ။ ထို့ကြောင့် သင်သည် မည်သည့်အရာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်သနည်း။ သင်သည် များစွာ စိုးရိမ်လွန်းနေသည် မဟုတ်လော။ သင် များစွာ စိုးရိမ်လွန်းပြီး ထိုသို့ စိုးရိမ်ရန် မလိုအပ်ပေ။ ငါ တာဝန်ယူရမည့် အရာတစ်ခု မဟုတ်သောကြောင့် ဤကိစ္စနှင့် ပတ်သက်၍ မည်သည့်အခါတွင်မျှ ငါ မစိုးရိမ်ပေ။ သို့ဆိုလျှင် မည်သူသည် ထိုအရာအတွက် တာဝန်ယူသနည်း။ အချို့က၊ “ကိုယ်တော် ထိုသို့ပြောသည်မှာ အလွန် တာဝန်မဲ့ရာကျသည်။ ကိုယ်တော် တာဝန်မရှိပါက၊ အဘယ်သူ တာဝန်ရှိပါသနည်း”ဟု ဆိုကြသည်။ ငါသည် ထိုသို့သော စိုးရိမ်ပူပန်မှုများ လုံးဝ မရှိသောကြောင့် ငါ တာဝန်ယူရန် မလိုအပ်ပေ။ ငါသည် စိုးရိမ်ကြောင့်ကြမှု မလိုအပ်၊ ဤကိစ္စကို စစ်ဆေးရန် မလိုအပ်ပေ။ “အိုး။ သင်တို့၏ ရလဒ်များနှင့် ခရီးပန်းတိုင်တို့ကို ငါ မခံနိုင်ပါ။ ငါ လှမ်းသည့် ခြေလှမ်းတိုင်းနှင့် ငါ ပြောသည့် စကားတိုင်းကို လေ့လာကာ ဆန်းစစ်ရန် ငါ ဂရုစိုက်ရမည်ဖြစ်ပြီး၊ ယင်းတို့၏ ရလဒ်များကို ငါ တွေ့မြင်ပြီးနောက်တွင် ပြုမူဆောင်ရွက်ရမည်”ဟု ဆိုလျက် စိုးရိမ်မည်ဆိုပါက၊ ယင်းသည် ငါ၏ ပေါ့ဆမှု ဖြစ်ပေမည်။ သို့တိုင် ငါသည် အမှန်ကို လုံးဝ မစိုးရိမ်။ တစ်စုံတစ်ရာက မည်သည့်အရာ ဖြစ်စေမည်ဆိုသည်ကို ငါ လုံးဝ မစစ်ဆေးပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ အချို့က၊ “ကိုယ်တော်သည် ဤကိစ္စရပ်ကို ရိပ်စားမိပြီးဖြစ်သည်”ဟု ဆိုကြသည်။ မဟုတ်ပါ။ ယေဘုယျအားဖြင့်၊ တစ်စုံတစ်ရာကို သုတေသနပြုပြီး စိစစ်ခြင်းကို ခံစေပြီးနောက်တွင်သာ ထိုအရာကို ရိပ်စားမိပြီးဖြစ်သည်ဟု ပြော၍ရနိုင်ပေသည်။ သို့သော် လူတစ်ဦးက ၎င်း၏ မိဘများနှင့် အဘယ်ကြောင့် ဆင်သည်ဆိုသည်ကို မည်သည့်အခါတွင်မျှ စစ်ဆေးမည်မဟုတ်သကဲ့သို့ပင် ငါသည် ဤကိစ္စရပ်ကို အလိုအလျောက် လုံးဝ မစစ်ဆေးပေ။ ထိုအရာများသည် ငါ၏ အတွေး၌ မတည်ရှိပေ။ အမှုအရာများကို မစစ်ဆးခြင်းက ကြီးမားသည့် ရလဒ်တစ်ခုဖြစ်ပေမည်။ ထို့ကြောင့် ဤအရာကို မည်သို့လုပ်ဆောင်ရမည်ကို သင်တို့ သင်ယူသင့်သည် မဟုတ်လော။ အချို့က၊ “ကိုယ်တော်သည် အမှုအရာများကို အလိုအလျောက် မစစ်ဆေးပါ။ ယင်းကို လုပ်ဆောင်ရန် ကျွန်ုပ်တို့သည် အဘယ်သို့ သင်ယူရမည်နည်း။ ယင်းသည် ကျွန်ုပ်တို့ သင်ယူနိုင်သည့် အရာတစ်ခု မဟုတ်ပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ ဤအရာတွင် မိတ်သဟာယ အနည်းငယ်ပြုရန် လိုအပ်သည့် အရာတစ်ခု ရှိသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၊ လူ့ဇာတိဖြင့် သူ၏ ဖြစ်ထွန်းမှု၊ သူ၏ လူဖြစ်လာခြင်းတို့ဖြစ်သည်။ ဤလူသည် အဘယ်သို့ စစ်ဆေးရန် မလိုအပ်သည့် ဖြစ်စဉ်တစ်ခု အတိအကျ ဖြစ်လာရသနည်း။ ရိုးရှင်းစွာ ပြောရလျှင်၊ ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာပေပြီ။ ဤလူသားခန္ဓာကိုယ်ဖြင့် ဘုရားသခင် လုပ်ဆောင်သည့်အရာနှင့် သူ ထင်ရှားပုံတို့တွင် နက်နဲမှုတစ်ခု ရှိသလော။ (ရှိပါသည်။) ဤကိစ္စရပ်က သုတေသနပြုရန် တောင်းဆိုသလော။ သုတေသနပြုရန် မတောင်းဆိုသော်လည်း ယင်း၏ သမ္မာတရားကို သင်တို့ ရှာဖွေရမည်။ ယင်း၏ သမ္မာတရားမှာ အဘယ်နည်း။ ထိုအရာကို သင်တို့ ရိပ်စားနိုင်သလော။ လူတစ်ဦး၏ အနှစ်သာရ၊ အဆင့်အတန်းနှင့် ၎င်းတို့၏ တာဝန်များသည် တစ်ခုတည်းဖြစ်သွား၏။ ၎င်းတို့၏ တာဝန်သည် ၎င်းတို့၏ အနှစ်သာရ၊ ၎င်းတို့၏ ပင်ကိုစရိုက်၊ ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာ၊ ၎င်းတို့ ထုတ်ဖော်ပြသည့်အရာ၊ ၎င်းတို့ လုပ်ဆောင်ရန် လိုလားနေသည့်အရာနှင့် ၎င်းတို့ကို ပြည့်စေသည့်အရာဖြစ်သည်။ ယင်းမှာ ၎င်းတို့၏ အနှစ်သာရအပြင်၊ ၎င်းတို့၏ ပင်ကိုစရိုက်နှင့် တာဝန်လည်း ဖြစ်သည်။ ထိုအရာအားလုံးသည် အဖွဲ့တစ်ခုကို ဖြစ်စေနိုင်သည်။ ဤအရာက သင့်ကို မည်သည့်အရာ ပြောပြသနည်း။ သင်တို့ မြင်နိုင်သင့်သည့် အချက်တစ်ချက် ဤနေရာတွင် ရှိ၏။ ယင်းမှာ ဘုရားသခင်၏ လူ့ဇာတိခံခြင်းနှင့်ဆိုင်သည့် ကိစ္စရပ်သည် မငြင်းနိုင်သည့်အရာဖြစ်သည်ဟူ၍ ဖြစ်၏။ ဘုရားသခင်သည် အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီး၊ ထိုသမ္မာတရားကို လူက ဖတ်လေ၊ နားလည်လေ ဖြစ်သည်။ ထိုသမ္မာတရားများ ၎င်းတို့ ဖတ်​လေ၊ ယင်းတို့ကို သမ္မာတရားအဖြစ် ၎င်းတို့ ခံစားရလေ ဖြစ်သည်။ ပြီးလျှင် ထိုသမ္မာတရားများကို ၎င်းတို့ တွေ့ကြုံပြီး လက်တွေ့လုပ်ဆောင်လေ၊ ၎င်းတို့၏ စိတ်နှလုံးများက တိုး၍ အားတ်လေဖြစ်ပြီး၊ ဤအရာဖြစ်ပျက်သည်နှင့်အမျှ ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးသည်လည်း တိုး၍ ပုံမှန်ဖြစ်လေ ဖြစ်သည်။ ဤအရာကို သုတေသနပြုရန် အမှန်တကယ် လိုအပ်သလော။ သင်ကြိုက်သည့်အတိုင်းသာ သုတေသနပြုလော့။ သုတေသနပြုခြင်းမှတစ်ဆင့် သမ္မာတရားက မည်သည့်အရာအကြောင်းဖြစ်သည်ကို သင် နားလည်လိမ့်မည် မဟုတ်။ သမ္မာတရားကို သိနားလည်ခြင်းသည် အတွေ့အကြုံအပေါ်တွင် တည်မှီ၏။ အကြင်သူသည် အတွေ့အကြုံ သာ၍ ရရှိသည်နှင့်အမျှ၊ သမ္မာတရားက မည်သည့်အရာအကြောင်းဖြစ်သည်ကို အလိုအလျောက် နားလည်ပြီး၊ သမ္မာတရားကို နားလည်ပြီးနောက်တွင်၊ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ၎င်းတို့ အလိုအလျောက် ရှိလာကြသည်။ ဤသည်မှာ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ရရှိခြင်းသည် သမ္မာတရား သိနားလည်မှုအပေါ် တည်မှီသည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ အဓိပ္ပာယ်မဲ့သည့် လူအချို့သည် သမ္မာတရားကို မချစ်ကြသကဲ့သို့ လုံးဝ လက်တွေ့မလုပ်ဆောင်ကြချေ။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လာသည့်အချိန်မှစ၍၊ ၎င်းတို့သည် သူ့ကို လေ့လာနေခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့ တတ်နိုင်သမျှ လေ့လာသည့်တိုင်၊ ဤနည်းဖြင့် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို ၎င်းတို့ ရရှိနိုင်သလော။ အဖြစ်နိုင်သည့်အရာ တစ်ခု ဖြစ်သည်။ ဘာသာရေးလောကသည် ဘုရားသခင်ကို ထောင်စုနှစ်ချီ လေ့လာနေခဲ့ပြီး၊ လူတစ်ဦးမျှကပင် သူ့ကို အမှန်တကယ် မသိကြလေပြီ။ ၎င်းတို့သည် သူ့ကို နှစ်ချီ ယုံကြည်ပြီး အဆုံးတွင်၊ ၎င်းတို့ ပြောနိုင်သမျှမှာ၊ “ဘုရားသခင်၏ တည်ရှိခြင်းကို ကျွန်ုပ် နက်နက်နဲနဲ ယုံကြည်သည်” ဟူ၍သာ ဖြစ်သည်။ ထိုစကားများသည် ဘုရားသခင်ကို သိသောသူတစ်ဦး၏ စကားများဖြစ်သလော။ သင်သည် ယခုတွင် ဘုရားသခင်ကို လေ့လာနေဆဲ ဖြစ်သလော။ သူ့ကို နှစ်ပေါင်းမည်မျှ သင် လေ့လာနေပြီး ဖြစ်သနည်း။ သင်၏ လေ့လာမှုသည် ရလဒ်များတစ်ခုတလေ ဖြစ်ထွန်းပြီလော။ သင့်ကို ငါ ပြော၏။ လူ့ဇာတိခံ ဘုရားသခင်သည် သူ အဘယ်သူဖြစ်သည်ကို မည်သည့်အခါတွင်မျှ သုတေသနမပြုသကဲ့သို့၊ သူ့အထဲတွင် အခြားသော အသံမရှိဘဲ တစ်ခုတည်းသာ ရှိ၏။ ထိုအရာကို လူက မြင်သည်နှင့်အမျှ၊ သူ တွေးသမျှ၊ အသက်ရှင်နေထိုင်ပြီး လုပ်ဆောင်သမျှသည် ပုဂ္ဂိုလ်တစ်ဦးတည်း၏ အတွေးနှင့် လုပ်ဆောင်ချက်ဖြစ်ပြီး သူသည်လည်း ပြုမူဆောင်ရွက်ပြီး စဉ်းစားသည့် လူတစ်ဦးအဖြစ် မိမိကိုယ်ကိုယ် ခံစား၏။ သူ့အထဲတွင် အသက်တစ်ခုတည်းသာရှိပြီး အခြားအသက်မရှိပေ။ ထို့ကြောင့်၊ ဤအသက်၏ အနှစ်သာရမှာ အဘယ်နည်း။ သာမန်လူတစ်ဦး၏ အသက်သာဖြစ်ဖို့ တွေးထင်လျက်၊ အကြင်သူသည် ထိုအရာကို အပြင်ပန်းမှ ရိပ်စားမိနိုင်မည်မဟုတ်သော်လည်း၊ သူ၏ စေခိုင်းချက်တာဝန်နှင့် သူ လုပ်ဆောင်သည့် အမှု၏ အနှစ်သာရအရ ကြည့်သည့်အခါ၊ သူ့အပေါ်တွင် ဘုရားသခင်၏ အရိပ်ရှိသည်မှာ အဘယ်သို့ ဖြစ်သနည်း။ ဤသည်မှာ နားလည်ထိုက်ပေသည်။ ဘုရားသခင်၏ အရိပ်နှင့် ဘုရားအနှစ်သာရ၏ ပွင့်အံထွက်မှုများရှိသည့် ဤဇာတိခန္ဓာသည် မည်သူအတိအကျဖြစ်သည်ဆိုသည်မှာ ရှာဖွေထိုက်ပြီး နက်နဲသည့် စုံစမ်းစစ်ဆေးမှု ပြုထိုက်ပေသည်။ သို့ဆိုလျှင် ဤဇာတိခန္ဓာက သူသည် အဘယ်ကြောင့် ထိုသို့သော လူတစ်ဦးဖြစ်သည်၊ သို့မဟုတ် အနှစ်သာရအားဖြင့် သူ မည်သူဖြစ်သည်ဆိုသည်ကို မသိသည်မှာ ပုံမှန်ဖြစ်သလော။ ပုံမှန် ဖြစ်လွန်းခြင်းသာ ဖြစ်၏။ သဘာဝလွန် မဟုတ်ပေ။ အချို့က၊ “သဘာဝလွန် မဟုတ်ပါသလား။ ယင်းမှာ ဘုရားသခင်နှင့် မတူပါ။ ဘုရားသခင်သည် သဘာဝလွန် ဖြစ်သင့်ပါသည်”ဟု ဆိုလိမ့်မည်။ ဤ“ဖြစ်သင့်သည်” ဆိုသည်မှာ မည်သည့်နေရာမှ လာသနည်း။ လူတို့၏ အယူအဆများနှင့် စိတ်ကူးများမှ လာ၏။ အမှန်တွင်၊ လူတို့သိသည့်၊ လူတို့ ထင်မြင်ချက်တစ်ခုရှိသည့် ဘုရားသခင်၏ ပထမဦးဆုံး လုပ်ဆောင်ချက်၊ ပထမဦးဆုံး အပြုအမူမှာ မည်သည့်အရာ ဖြစ်သနည်း။ အစအဦးတွင်၊ ဘုရားသခင်သည် ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး၊ ခြောက်ရက်မြောက်နေ့တွင်၊ သူသည် ရွှံ့စေးအချို့ကို ယူကာ ထိုအရာမှ အာဒံဟု သူ အမည်ပေးခဲ့သည့် လူတစ်ဦးကို ဖန်ဆင်းခဲ့သည်။ ထို့နောက်တွင်၊ သူသည် အာဒံကို အိပ်မောကျစေကာ သူ၏ခန္ဓာကိုယ်မှ နံရိုးတစ်ချောင်းယူခဲ့သည်၊ ယင်းကို နောက်ထပ်လူ၊ ဧဝအဖြစ် သူ ဖန်ဆင်းခဲ့သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့်ဆိုင်သည့် ဤအစီအစဉ်တစ်ခုလုံးကို ကြည့်သည့်အခါ၊ အထူးသဖြင့် ပုံရိပ်အစုံ ဖြစ်သည် မဟုတ်လော။ လုပ်ဆောင်ချက်တစ်ခုစီတိုင်းသည် အလွန် စစ်မှန်၏၊ ယင်းသည် လူတို့၏ စိတ်ကူးများနှင့် အယူအဆများ၏ ဘုရားသခင်နှင့် မတူညီပေ။ သဘာဝလွန်နှင့်ဆိုင်သည့် လူ၏ စိတ်ကူးများကို ကျော်လွန်သည်။ ထို့ကြောင့် ယခုတွင်၊ လူတို့သည် လူ့ဇာတိခံ ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံလာကြပြီး၊ သူ ပြောဆိုသည့် စကားများကို ကြားပြီး၊ သူ လုပ်ဆောင်သမျှကို မြင်ပြီးနောက်၊ ထိုအရာများကို အစအဦး၌ လူကို ဖန်ဆင်းခဲ့ချိန် ဘုရားသခင်၏ တကယ့် လုပ်ဆောင်ချက်များ၊ အပြုအမူများနှင့် ယှဉ်ကြည့်လိုက်သည့်အခါ၊ ခြားနားချက်များ ရှိသလော။ ကွာဟချက်တစ်ခု ရှိသလော။ ရှိကောင်းရှိနိုင်သည်၊ အဘယ့်ကြောင့်ဆိုသော် သင်သည် ထိုလုပ်ဆောင်ချက်များကို လုံးဝ မမြင်ဖူးသောကြောင့် ဖြစ်သည်။ သို့ရာတွင် ထိုအရာကို လက်တွေ့ကျကျ ကြည့်လျှင်၊ အစအဦး၌ ဘုရား မိန့်မြွက်ချက်များ၏ နည်းဟန်နှင့် အရင်းအမြစ်တို့ကို ယခု သူ စကားပြောခြင်း၏ နည်းဟန်နှင့် အရင်းအမြစ်တို့နှင့် နှိုင်းယှဉ်သည့်အခါ၊ အဓိကကျသည့် ကွာဟချက်မရှိပေ။ “အခြေခံကျ”ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ “အခြေခံကျ” ဟူသည့် စကားလုံးတွင် ယင်း၏ အဓိပ္ပာယ်ရှိ၏။ ဤနေရာတွင် “အခြေခံကျ” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူ၏ စိတ်နှလုံးတွင်၊ ဘုရားသခင် လုပ်ဆောင်သည်ဟု လူကတွေးထင်သည့် စစ်မှန်သော အရာများနှင့် သူ ပြောဆိုသည်ဟု လူကတွေးထင်သည့် နည်းဟန်အတွက် သဘာဝလွန် အရိပ်လက္ခဏာနှင့်ဆိုင်သည့် တစ်စုံတစ်ရာ ရှိနေသေးပြီး၊ ယခု လူက မြင်ပြီး ကြားရသည့် ဘုရားစကား၏ နည်းစနစ်နှင့် လေသံတို့မှာမူ အတော် စစ်မှန်သည်၊ သဘာဝလွန် အရိပ်လက္ခဏာတစ်ခု မရှိသကဲ့သို့ လူ၏ စိတ်ကူးများအတွက် နေရာမရှိဘဲ၊ သဘောပေါက်ကာ တွေ့မြင်၍ရနိုင်သည်ဟု ဆိုလိုပေသည်။ ဤအရာနှစ်ခုကြားတွင် ကွာခြားမှုတစ်ခုရှိပြီး ထိုကွာခြားမှုသည် သင်တို့၏ ရှုထောင့်အမြင်မှ နောက်ဆုံးတွင် အခြေခံအားဖြင့် တစ်ထေရာတည်း ဖြစ်သည်။ ယင်းမှာ ထို “အခြေခံကျ” ဟူသည့်အရာ လာသည့်နရာ ဖြစ်သည်။

ယနေ့ သင်တို့အား ဤအမှန်ကန်ဆုံး၊ လှိုက်လှိုက်လှဲလှဲ အဖြစ်ဆုံးသော စကားများကို ပြောပြရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ထိုသို့သော အရာများကို အဘယ်ကြောင့် ပြောဆိုသနည်း။ လူများစွာက လူ့ဇာတိခံ ဘုရားသခင်၏ ဤကိစ္စရပ်များသည် အတော် နက်နဲသော၊ နားမလည်နိုင်သောအရာအဖြစ် စဉ်ဆက်မပြတ် ခံစားကြပြီးဖြစ်ကာ ယင်းတို့ကို လေ့လာရန် အမြဲ ဆန္ဒရှိကြသည်။ ဤအရာများကို လေ့လာခြင်းသည် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ဝင်ရောက်စွက်ဖက်၏။ ဘုရားသခင်ကို သင် အမြဲ လေ့လာနေပါက၊ သမ္မာတရားထဲသို့ ဝင်ရောက်နိုင်သေးသလော။ သင်သည် သူ့ကို အမြဲ လေ့လာနေပါက၊ သူ၏ စကားများကို သမ္မာတရားအဖြစ် သဘောထားလိမ့်မည် မဟုတ်သကဲ့သို့၊ သူနှင့် သင်၏ ဆက်ဆံရေးသည် ပုံပျက်၊ စံသွေပြီး၊ မူမှန်လိမ့်မည် မဟုတ်။ သို့ဆိုလျှင်၊ သင်၏ ဆက်ဆံရေးကို တိုး၍ ပုံမှန်ဖြစ်စေရန် သင် မည်သို့ ပြုလုပ်နိုင်သနည်း။ သူ၏ ဤဇာတိခန္ဓာအပါအဝင် သူ လုပ်ဆောင်သမျှကို ပုံမှန်အားဖြင့် အလေးထားခြင်းနှင့် သင်၏ စိတ်နှလုံးတွင် သူ့ကို လက်ခံရန် နည်းနည်းချင်း ကြိုးစားခြင်းအားဖြင့် ဖြစ်သည်။ သူ၏ စကားနည်းဟန်နှင့် လေသံ၊ ပြီးလျှင် သူ၏ ပုံပန်းသွင်ပြင်၊ သူ ပုံပေါက်သည့် ပုံစံပင်လျှင်- သွင်ပြင်လက္ခဏာတိုင်းတွင် သူ့ကို လက်ခံလော့။ ဤအရာကို သင် လက်ခံရမည်။ သင် လက်မခံဘဲ၊ ဤအရာ လေ့လာပြီး ထိုအရာကို လေ့လာလျက် သူ့ကို အမြဲ လေ့လာပါက၊ အဆုံးတွင်၊ ယင်း၏ အဆိုးဆုံးသောအရာကို ရရှိကာ ဆုံးရှုံးမှုခံစားသည့်သူမှာ သင် ဖြစ်လိမ့်မည်။ ဘုရားသခင် ယူဆောင်လာသည့် ဤအမှန်တရားသည် ပြောင်းလဲလိမ့်မည် မဟုတ်။ ဘုရားသခင်သည် ခေတ်သစ်တစ်ခုကို အစပျိုးပြီးဖြစ်ကာ ထိုခေတ်နှင့် သက်ဆိုင်သမျှကို သူ လွှမ်းမိုးပြီး ဦးဆောင်လိမ့်မည်။ ဤအမှန်တရားသည် ပြောင်းလဲလိမ့်မည် မဟုတ်။ ထို့ကြောင့် ဤကိစ္စရပ်တွင် လူတစ်ဦးသည် မည်သည့် ရွေးချယ်မှုကို ပြုလုပ်သင့်သနည်း။ သူ့ကို လေ့လာရန်မဟုတ်ဘဲ သူ့ကို လက်ခံကာ သိကျွမ်းရန်နှင့် ဘုရားသခင်နှင့် ၎င်းတို့၏ ဆက်ဆံရေးကို မရပ်မနား ပြုပြင်ကာ၊ မိမိတို့ကိုယ်ကိုယ် “ငါသည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွှယ်ထဲမှ ဖြစ်သည်။ ဘုရားသခင်သည် အပေါ်ယံအားဖြင့် သာမန်လူတစ်ဦးဖြစ်သော်လည်း သူ၏ အတွင်းရှိ အနှစ်သာရသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ သူ ဘုရားသခင်ဖြစ်သည်ဆိုသည့်အချက်မှာ ငြင်းမရနိုင်ပါ။ အပြင်ပန်းအားဖြင့် သူ လုပ်ဆောင်သည့်အရာတိုင်းနှင့် ပြုမူဆောင်ရွက်ပုံတိုင်းသည် ငါ့လေ့လာမှု၏ ပိုင်နက်တွင် မရှိပါ။ ဤသည်မှာ ငါ ရှိသင့်သည့် ဆင်ခြင်တုံတရားဖြစ်ပြီး၊ ငါ ယူသင့်သည့် ရာထူးအဆင့်အတန်း ဖြစ်သည်”ဟု တစ်ချိန်လုံး သတိပေးရန် ဖြစ်သည်။ ဤအရာများနှင့် ပတ်သက်၍ သင်တို့သည် သိနားလည်မှုနှင့် ရှင်းလင်းမှုရှိကောင်းရှိနိုင်ပြီး ငါသည် သင်တို့အား မသိစေမည့် တစ်စုံတစ်ရာကို ဖုံးကွယ်နေခဲ့သည့်အလား၊ ထိုအရာများနှင့်ပတ်သက်၍ သင်တို့ အမြဲ ဇဝေဇဝါဖြစ်ခြင်းမရှိနိုင်ရန်အလို့ငှာ ယနေ့တွင် ငါသည် မိမိကိုယ်ကိုယ်အကြောင်း အနည်းငယ် သင်တို့ကို ပြောပြီးဖြစ်သည်။ အမှန်တွင်၊ သင်တို့ကို မပြောပြနိုင်သည့် လျှို့ဝှက်ချက်များ ငါ့မှာ မရှိ။ ဤသည်မှာ ငါ တွေးသည့်အရာဖြစ်ပြီး၊ လုပ်ဆောင်ရန် စတင်သည့်အရာ ဖြစ်သည်။ ထိုအရာတွင် စိတ်ကူးသက်သက်ဖြစ်သည့်အရာ မည်သည့်အရာမျှမရှိသကဲ့သို့ နက်နဲဆန်းကျယ်သည့်အရာ မည်သည့်အရာမျှမရှိပေ။ သင်တို့မြင်သည့် ငါနှင့်သက်ဆိုင်သည့်အရာမှာ ထိုသို့ဖြစ်ပြီး၊ မျက်ကွယ်၌ရှိပြီး သင်တို့ မမြင်နိုင်သည့် ငါနှင့်သက်ဆိုင်သောအရာမှာလည်း ထိုသို့ဖြစ်သည်။ ဤသည်မှာ အမှန်တကယ် ဖြစ်သည့်ပုံဖြစ်သည်။ သို့တိုင် သင်တို့ နားလည်ရမည့် အရာတစ်ခု ရှိသည်။ သင့်ရှေ့တွင် မည်သည့် အမှန်တရားများနှင့် အပြင်ပန်း ဖြစ်ရပ်များကို သင် မြင်သည်ဖြစ်စေ၊ သမ္မာတရားကို သင် နားမလည်ပါက၊ ထိုဖြစ်ရပ်များကို သမ္မာတရားနှင့် အမှန်တရားအဖြစ် သင် သဘောထားမိလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို သင် အမှန်နားလည်ပါက၊ ထိုဖြစ်ရပ်များနှင့် အပြင်ပန်းအရာများမှတစ်ဆင့် အနှစ်သာရနှင့် သမ္မာတရားကို သင် သိရှိလာလိမ့်မည်ဖြစ်သောကြောင့် ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် တိုး၍ ပုံမှန်ဖြစ်လိမ့်မည်။ သင့်အတွက်၊ ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့သည် မည်သည့်အခါတွင်မျှ ပြောင်းလဲလိမ့်မည် မဟုတ်။ သူသည် ဖန်ဆင်းရှင်၊ အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိသည့်သူ ဖြစ်သည်။ ဤသည်မှာ ပုံသေဖြစ်၏။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ သွင်ပြင်ကို သင်အမြဲ လေ့လာပါက၊ သင် ဒုက္ခရောက်ပေပြီ။ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် ရှိတော့မည်မဟုတ်၊ ဆိုလိုသည်မှာ အဖန်ဆင်းခံအနေဖြင့် ဖန်ဆင်းရှင်နှင့် သင်၏ ဆက်နွှယ်မှုသည် ရှိတော့မည် မဟုတ်ပေ။ ဤအရာ၏ အကျိုးဆက်နှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြရှင်းလင်းရန် မလိုအပ်ပေ။ လုံးဝ မည်သည့်အရာမဆိုသည် အကျိုးဆက်တစ်ခုအဖြစ် ဖြစ်လာနိုင်သည်။ မည်သည့်အရာမဆို ဖြစ်ပျက်နိုင်သည်။ ဤဆက်ဆံရေးမရှိဘဲ၊ ငါတို့ကြားတွင် ပြောစရာ ဆက်ဆံပြောဆိုခြင်း မရှိပေ။ ယင်းက ရှင်းလင်းစွာ ပြောပါသလော။ ငါတို့အနေဖြင့် ငါတို့၏ ရင်းနှီးသည့် ဆက်ဆံရေးများကို ထိန်းသိမ်းရမည်ဆိုပါက၊ ငါတို့၏ ဆက်နွှယ်မှုကို ထိန်းသိမ်းရမည်ဆိုပါက၊ လူ၏ အခြေအနေသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ (အဖန်ဆင်းခံတစ်ဦး၏ အခြေအနေ ဖြစ်သင့်ပါသည်။) ထာဝစဉ် အဖန်ဆင်းခံတစ်ဦး၏ အခြေအနေဖြစ်သင့်၏။ ယင်းမှာ ငါတို့ ပေါင်းဖော်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း၊ စစ်မှန်သည့် ဆက်နွှယ်မှု တည်ရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်ကြောင်း သင် ဝန်မခံပါက၊ ငါတို့သည် လုံးဝ ဆက်နွှယ်မှု မရှိကြပေ။ ငါသည် သင်နှင့် ထိတွေ့ဆက်ဆံမည်မဟုတ်သကဲ့သို့၊ သင် မည်သူဖြစ်သည်ကို သိရှိရန် ဆန္ဒရှိလိမ့်မည် မဟုတ်။ မည်သည့်အရာကမျှ ငါတို့ကို နှောင်ဖွဲ့လိမ့်မည် မဟုတ်။ ငါသည် သင့်ကို ဝင်စွက်ဖက်မည် မဟုတ်။ သင် အလိုရှိသည့်အတိုင်း အသက်ရှင်လော့။ ငါနှင့် မည်သို့မျှ မသက်ဆိုင်။ သင်သည် ငါ့ကို လေ့လာရန် သို့မဟုတ် ရှုတ်ချရန် မလိုပေ။ ငါ၏ ကိုယ်ပိုင်လက္ခဏာ၊ အဆင့်အတန်းနှင့် ငါ လုပ်ဆောင်သမျှတို့သည် သာမန်လူတစ်ဦးဖြစ်သည့် သင် ရှုတ်ချ၍ရသည့်၊ သို့မဟုတ် ကောက်ချက်ဆွဲ၍ရသည့် အရာများ မဟုတ်ပေ။ ဤအရာအားလုံးကို တရားစီရင်သောသူမှာ လူမဟုတ်ဘဲ၊ ဘုရားသခင် ဖြစ်၏။ ယင်းက ရှင်းလင်းစွာ ပြောဆိုသည်၊ ဟုတ်သည် မဟုတ်လော။ ယင်းသည် သမ္မာတရား မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် ဤနေရာတွင် လူတို့ သိနားလည်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ မည်သည့် အခြေခံအကြောင်းရင်းအပေါ်၊ မည်သည့် အခြေခံအုတ်မြစ်အပေါ်တွင် လူတစ်ဦးသည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ရှိနိုင်သနည်း။ ၎င်းတို့သည် အဖန်ဆင်းခံတစ်ဦးဖြစ်သည်ဆိုသည်ကို ၎င်းတို့ သိရှိရမည်။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟု သင် အသိအမှတ်ပြုပြီး ထိုအခြေခံအုတ်မြစ် ရှိပါက၊ သင် ရှေ့ဆက်တိုးတက်သည်နှင့်အမျှ၊ သင် မသွေဖည်သည့် ကိစ္စရပ်များစွာ ရှိလိမ့်မည်။ သို့ရာတွင်၊ သင်သည် သူ့ကို အမြဲ လေ့လာရန် ဆန္ဒရှိပြီး၊ ဆက်နွှယ်မှုကို အဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်အမြင်မှ မချဉ်းကပ်ပါက၊ အကျိုးဆက်များက ဒုက္ခပေးလိမ့်မည်၊ ချင့်ချိန်စဉ်းစားရန် အလွန်ဆိုးရွားလိမ့်မည်။ ဤအရာကို သင် နားလည်သည်၊ ဟုတ်ပါသလော။

အချို့က၊ “ကျွန်ုပ် အဖန်ဆင်းခံတစ်ဦးဖြစ်သည်ကို ကျွန်ုပ် အသိအမှတ်မပြုပါက၊ ကျွန်ုပ်တို့သည် အချင်းချင်း ပတ်သက်မှု မရှိသလော။ ကျွန်ုပ်တို့ အချင်းချင်း မသိကြသလော။ ထိုအဆင့်ရှိသည့် ဆက်ဆံရေးတစ်ခု မရှိဘဲနှင့်၊ ကျွန်ုပ်တို့သည် အပေါင်းအသင်းများ၊ မိတ်ဆွေများ၊ ဆွေမျိုးများ ဖြစ်နိုင်သည်၊ ဟုတ်ပါသလော”ဟု ဆိုကြသည်။ မဟုတ်ပေ။ ငါသည် “အပေါင်းအသင်းများ”မရှိ၊ မိတ်ဆွေများ မရှိသကဲ့သို့ ဧကန်မုချ ထိုသို့သော ဆွေမျိုးများရှိပေ။ တစ်စုံတစ်ဦးက၊ “သို့ဆိုလျှင် ကိုယ်တော်၏ စစ်မှန်သည့် ဆွေမျိုးများမှာ မည်သူများဖြစ်သနည်း။ သူတို့သည် ကိုယ်တော်၏ မိသားစုဖြစ်ကြသလော”ဟု မေးသည်။ မဟုတ်ပေ။ ငါသည် ဆွေမျိုးများမရှိသကဲ့သို့ သေဖော်သေဖက် ရောင်းရင်းများလည်း မရှိပေ။ ငါသည် ငယ်သားများ မရှိသကဲ့သို့ အခြွေအရံများ မရှိ။ ဖန်ဆင်းရှင်အတွက် သူနှင့် ဆက်နွှယ်မှုရှိသည့် တစ်ခုတည်းသောအရာမှာ ဖန်ဆင်းခြင်း၏ သတ္တဝါများ ဖြစ်သည်။ ဖန်ဆင်းထားသည့် လူသားမျိုးနွှယ်အားလုံးအတွက်၊ အဖန်ဆင်းခံ သတ္တဝါများအားလုံးအတွက်၊ ဘုရားသခင်သည် ကိုယ်ပိုင်လက္ခဏာတစ်ခုသာရှိသည်။ ဖန်ဆင်းခြင်း အရှင်တည်းဟူသော ကိုယ်ပိုင်လက္ခဏာ ဖြစ်၏။ ယင်းမှာ တစ်ခုတည်းသော ဆက်နွှယ်မှု ဖြစ်သည်။ တစ်စုံတစ်ဦးက၊ “ကျွန်ုပ်တို့သည် အတော်ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုရှိသည်။ ကျွန်ုပ်တို့သည် မိတ်ဆွေများ မဖြစ်နိုင်သလော။ ကျွန်ုပ်တို့သည် ရောင်းရင်းများ ဖြစ်မလာနိုင်သလော”ဟု မေးမည်ဆိုပါက၊ မဖြစ်နိုင်ပေ။ ငါသည် သင့်ကို မသိ။ သင် အဘယ်သူ ဖြစ်သည်ကို ငါ မသိ။ အဘယ်ကြောင့် ငါသည် သင်နှင့် မိတ်ဆွေများ ဖြစ်ရမည်နည်း။ ငါတို့အတွက် ထိုသို့သော ဆက်ဆံရေး မရှိပေ။ ၎င်းတို့က၊ “ဤနေရာတွင် ကိုယ်တော်သည် အလွန် ခိုင်မာစွာ စကားပြောနေသည် မဟုတ်ပါလား။ ကိုယ်တော်သည် စာနာစိတ်ကင်းမဲ့လွန်းသည် မဟုတ်ပါလား”ဟု ပြောကြသည်။ ထိုအရာမှာ ဤမျှလောက် ခိုင်မာပေသည်။ ငါ ပြောဆို၊ လုပ်ဆောင်သမျှကို ထောက်ပံ့ခြင်းနှင့်ဆိုင်သည့် အလားအလာရှိသော ရည်ရွယ်ထားသူများအတွက် ထောက်ပံ့ပေးရန် ပေးထားခြင်း ဖြစ်သည်။ ထိုရည်ရွယ်ထားသူများမှာ အဘယ်သူများဖြစ်သနည်း။ ၎င်းတို့သည် အဖန်ဆင်းခံ လူသားမျိုးနွှယ်၊ သမ္မာတရားကို ချစ်သည့် လူသားမျိုးနွှယ် ဖြစ်သည်။ ဤသည်တို့မှာ ဘုရားသခင် ကယ်တင်မည့် ရည်ရွယ်ထားသူများဖြစ်ပြီး၊ ဤဆက်နွှယ်မှုသာ ရှိ၏။ ဤဆက်နွှယ်မှုမှလွဲ၍ ငါ အသိအမှတ်ပြုသည့် ဆက်နွှယ်မှုမျိုး တစ်ခုမျှမရှိပေ။ သင်တို့ နားလည်ပါသလော။ (နားလည်ပါသည်။) အချို့က၊ “ကိုယ်တော်သည် ပေါင်းဖော်ရန် ခက်ခဲသော လူတစ်ဦး ဖြစ်သည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ပေါင်းဖော်ရန် ငါ ခက်ခဲသည် မဟုတ်ဘဲ၊ ထိုသို့သော ဆက်နွှယ်မှုတစ်ခု တည်ရှိရန် နည်းလမ်းမရှိခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူကမျှ၊ “ကျွန်ုပ်သည် ကိုယ်တော်နှင့် နှစ်ချီကြာ အဆက်အသွယ်ရှိပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် မိတ်ဆွေများ မဟုတ်ပါသလား”ဟု မပြောစေနှင့်။ သင်သည် အဖန်ဆင်းခံတစ်ဦးဖြစ်သည်ဟု သင် အသိအမှတ်ပြုပါက၊ ငါတို့သည် အရင်းနှီးဆုံးသော ဆက်နွှယ်မှု၊ အကောင်းဆုံး ဆက်နွှယ်မှု၊ တရားဝင် အဖြစ်ဆုံးနှင့် အဖြူစင်ဆုံး ဆက်နွှယ်မှု ရှိပေသည်။ အချို့က၊ “ကျွန်ုပ်သည် ကိုယ်တော်ကို နှစ်များစွာကြာ အစေခံပြီး ဖြစ်သည်။ ကျွန်ုပ်တို့သည် အချင်းချင်း အတော်အတန် ကောင်းစွာ သိကျွမ်းကြသည်။ ကျွန်ုပ်သည် ကိုယ်တော်၏ လူယုံ၊ ကိုယ်တော်၏ ရင်းနှီးသော မိတ်ဆွေ မဟုတ်ပါသလား”ဟု ပြောကြသည်။ မဟုတ်ပေ။ ငါသည် ရင်းနီးသော မိတ်ဆွေများ မရှိပေ။ အချို့က၊ “ကိုယ်တော် ဝတ်ဆင်လိုသည့်အရာနှင့် ကိုယ်တော် မည်သည့်လူတို့ကို နှစ်သက်သည်ကို ကျွန်ုပ်ကို အမြဲ ပြောပြပြီး၊ ကျွန်ုပ်လည်း ကိုယ်တော်ကို ထပ်တူ ပြောပြသည်။ ကျွန်ုပ်တို့ မဆွေးနွေးသည့်အရာ မည်သည့်အရာမျှ မရှိသောကြောင့် ကျွန်ုပ်တို့သည် မိတ်ဆွေများ မဟုတ်ပါလား”ဟု ပြောကြသည်။ မဟုတ်ပါ။ ငါသည် လူတို့နှင့် မိတ်ဆွေမဖွဲ့ပေ။ ငါ့ထံတွင် မိတ်ဆွေများ မရှိ။ သင်သည် အဖန်ဆင်းခံတစ်ဦး ဖြစ်ပါက၊ ငါတို့တွင် ဆွေးနွေးရမည့် တစ်စုံတစ်ရာရှိသည်။ ငါတို့ ဆက်ဆံနိုင်ပြီး ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ကာ တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်မှုကို တည်ဆောက်နိုင်သည်။ သို့ရာတွင် ငါတို့ကြားတွင် တစ်ဦးနှင့်တစ်ဦး ခင်မင်ယုံကြည်မှုကို တည်ဆောက်ပြီးသည်နှင့် ငါတို့ မိတ်ဆွေများ ဖြစ်သွားသလော။ မဖြစ်ပေ။ အဖန်ဆင်းခံများနှင့် ဖန်ဆင်းရှင်ကြား ဆက်ဆံရေးသည် မည်သည့်အခါတွင်မျှ မပြောင်းလဲပေ။ လူအချို့သည် ငါ့ကို နေစရာပေးပြီး ကွယ်ကာပေးခဲ့ကာ ထိုအတွက်၊ ၎င်းတို့သည် ကောင်းမှုကုသိုလ်ရှိကြောင်း၊ ငါ့ကို ကယ်မသူများဖြစ်ကြောင်း တွေးထင်ကြသည်။ ယင်းမှာ တွေးရမည့်ပုံစံ မဟုတ်ပေ။ အရာရာကို ဘုရားသခင်က စီစဉ်ညွှန်ကြားထားခြင်း ဖြစ်သည်။ ပြီးလျှင် ၎င်းတို့အနေဖြင့်၊ “ကိုယ်တော်သည် ကျွေးသည့်လက်ကို ကိုက်နေခြင်း မဟုတ်ပါလား”ဟု မေးသင့်သည်။ ထိုပြောဆိုချက်ကို မည်သို့ ရှင်းပြရမည်နည်း။ တစ်စုံတစ်ဦးသည် တစ်စုံတစ်ရာကို ရှင်းလင်းစွာ မမြင်နိုင်ပါက၊ ထိုအရာအတွက် ထင်ရာမြင်ရာ စည်းမျဉ်းများ ကျင့်သုံး၍ မရပေ။ ထိုသို့လုပ်ဆောင်ခြင်းက တရားစီရင်ခြင်းသို့ အလွယ်တကူ ဆိုက်ရောက်စေသည်။ သင်သည် အဖန်ဆင်းခံဖြစ်ကြောင်း သိပါက၊ ဤကိစ္စရပ်ကို မည်သို့ သဘောထားသင့်သနည်း။ ငါ့ကို အကျပ်ကိုင်ရန် သို့မဟုတ် ငါနှင့် ရင်းနှီးရန် သို့မဟုတ် သင့်ကိုယ်သင် ငါ့ကို ကပ်ပါးရပ်ပါး လုပ်ရန် ဤဆက်ဆံရေးကို သင် အသုံးချပါက၊ သင် မှားသွားပြီဟု ငါ ပြော၏။ ဤအရာကို လုပ်ဆောင်ရန် မကြိုးစားနှင့်၊ ပြီးလျှင် ငါ့ကို ကပ်ပါးရပ်ပါး လုပ်ရန် သင် ကြိုးစားပါက၊ သင့်ကို ငါ စိတ်ကုန်သွားလိမ့်မည်။ လူအချို့က၊ “ကိုယ်တော်သည် ထိုအရာကို သည်းညည်းခံမည် မဟုတ်ပါလား”ဟု မေးသည်။ သည်းညည်းမခံပေ။ လူတို့အတွက် ငါ့ကို ကပ်ပါးရပ်ပါးလုပ်ရန်မှာ မှားပေသည်။ ထိုအရာသည် ပုံမှန် ဆက်ဆံရေးကို မဖြစ်စေပေ။ အနည်းငယ်သော သူတို့က၊ “ကျွန်ုပ်သည် ငယ်ရွယ်သည်၊ ကြည့်ကောင်းပြီး၊ ရှင်းလင်းစွာ ပြောဆိုနိုင်သည်။ ဘုရားသခင် ကျွန်ုပ်ကဲ့သို့သော လူများကို နှစ်သက်သည် မဟုတ်ပါလား”ဟု မေးကောင်းမေးနိုင်သည်။ သင်သည် ဤသို့ မပြောသင့်ပေ။ ထိုသို့သော အတွေးများရှိပါက၊ ဘုရားနှုတ်ကပတ်တော်များ၌ အဖြေများကို သင် ရှာဖွေနိုင်သည်။ ထိုသို့ ငါ့ကို တစ်ကြိမ်တစ်ခါမျှ မစက်ဆုပ်စေနှင့်။ ယင်းမှာ ရှင်းလင်းစွာ ပြောထားသည် မဟုတ်လော။ ထို့ထက်သာ၍ ရှင်းလင်းအောင် လုပ်မရနိုင်တော့ချေ။ ထို့ကြောင့် ဤအရာကို သင်တို့ မည်သို့ လက်ခံရရှိသင့်သနည်း။ (လူနှင့် ဘုရားသခင်ကြားရှိ တစ်ခုတည်းသော ဆက်ဆံရေးမှာ အဖန်ဆင်းခံနှင့် ဖန်ဆင်းရှင်တို့၏ ဆက်ဆံရေး ဖြစ်သည်။) မှန်ပေ၏။ လူတို့သည် မိမိတို့၏ ရာထူးအဆင့်အတန်းကို ပြုပြင်ရမည်။ မည်သည့်အချိန်တွင်မဆို သင်၏ အရည်အချင်းများကို ကြွားလုံး မထုတ်နှင့် သို့မဟုတ် ဉာဏ်မများနှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင်လက္ခဏာ သို့မဟုတ် ဘုရားသခင်နှင့် သင်၏ ဆက်ဆံ​ရေးကို ပြောင်းလဲရန် ကြိုးပမ်းမှုဖြင့် အသက်ရှင်ခြင်းအတွက် အတွေးအခေါ်တစ်ခုတလေကို အသုံးမပြုနှင့်။ မည်သည့် အခြေအနေများအောက်တွင်မဆို၊ အသုံးပြုရန် မကြိုးစားနှင့်။ ခါးခါးသီးသီး ငြင်းပယ်မှုကို သင် ခေါ်ဖိတ်မိနေမည်။ ထိုသို့သော အဓိပ္ပာယ်မဲ့ ရုန်းကန်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိနှင့်။ ယင်းမှာ အချည်းနှီးဖြစ်၏။ အဘယ်ကြောင့် လူတို့သည် ၎င်းတို့၏ နည်းလမ်းဟောင်းများထဲသို့ အမြဲ ပြန်ရောက်ကြသနည်း။ ယနေ့ ဆွေးနွေးမှု ပြီးသည့်နောက်တွင်၊ သင်တို့ အများစုသည် ဤအရာကို တလွဲနားလည်ကြလိ့မည် မဟုတ်လော။ (မဟုတ်ပါ။) ယင်းက ငါ့ကို စိုးရိမ်ပူပန်မှုများစွာ လျော့သွားစေသည်။ ဤအရာများကို ငါ အစွဲအလမ်းမထားလိုပေ။ ယင်းတို့က ငါ့ကို နာကျင်စေသည်။ အသိဉာဏ်ရှိသည့် လူတစ်ဦးအတွက်၊ ဤအရာများသည် နားလည်ရန် လွယ်ကူ၏။ အလွန်များသည့် ဘုရားနှုတ်ကပတ်တော်များက ဤအရာများကို ဖော်ပြပြီး၊ အမှန်တကယ် လက်ခံတတ်သောသူတို့သည် ယင်းတို့ကို နားလည်ရခက်သည်ဟု မြင်မည် မဟုတ်။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်ပြီး သမ္မာတရားအချို့ သိနားလည်သူတို့အတွက်၊ ဤအရာများကို သိနားလည်ခြင်းသည် ပြဿနာတစ်ခု ဖြစ်လိမ့်မည် မဟုတ်။ အကြောင်းမူကား လူတို့သည် ဘုရားသခင်ထံမှ အကျိုးများစွာ ရရှိပြီးဖြစ်ကာ သူ၏ အမှုတော်ကို လုံးဝ သိကြပေသည်။

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်

အရှေ့သို့- ဧဝံဂေလိတရား ဖြန့်ဝေခြင်းသည် ကျင့်ဝတ်သိက္ခာအရ ယုံကြည်သူများအားလုံး မဖြစ်မနေလုပ်ရမည့် တာဝန်တစ်ခုဖြစ်သည်

နောက်တစ်ခုသို့- သမ္မာတရားကို နားလည်သဘောပေါက်ခြင်းသည် မိမိ၏ တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းအဖို့ အရေးကြီးသည်

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။