ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)

အချက် ၉- ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးလျက် လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ပြီး ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ဆောင်လော့ (အပိုင်း ၂)

အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးခြင်းနှင့်၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ခြင်း

ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဖြစ်သည့် “ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးလျက် လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ပြီး ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီးနောက်ဆက်တွဲလုပ်ဆောင်လော့” ဟူသည့်အချက်ကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် လူတို့ နားလည်ရန်လိုအပ်သည့် အလုပ်အစီအစဉ်များထဲရှိ အမျိုးမျိုးသော ပါဝင်သည့်အကြောင်းအရာများနှင့် တိကျသော အချက်များအပြင်၊ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ဖြစ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခြေခံအကျဆုံးသော တာဝန်ဝတ္တရားများအကြောင်းကိုလည်း အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့သည်။ ယနေ့တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သို့ လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးသင့်သည်ကိုလည်းကောင်း၊ အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးနောက်တွင် ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို မည်သို့ စစ်ဆေးပြီး နောက်ဆက်တွဲ လုပ်ဆောင်သင့်သည်ကိုလည်းကောင်း အတိအကျ မိတ်သဟာယဖွဲ့ကြမည်။ အလုပ်အစီအစဉ်များ၏ အရေးပါမှုကို နားလည်သည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များကို မည်သို့ သဘောထားသင့်သည်၊ ပြီးလျှင် အထက်၏ သတ်မှတ်ချက်များနှင့် အဆင့်များအတိုင်း အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ မည်သို့ အကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်ရမည်ဟူသည်တို့မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် နားလည်လာရမည့် သမ္မာတရား စည်းမျဉ်းများ ဖြစ်သည်။ ပြီးလျှင် အသင်းတော်အလုပ်၏ အမျိုးမျိုးသော အချက်များကို ကောင်းစွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဤစည်းမျဉ်းများကို ၎င်းတို့ သဘောပေါက်ရန် လိုအပ်သည်။ ဤကဏ္ဍတွင် အစေခံနေသူများအတွက် ဘုရားအိမ်တော်၏ အခြေခံသတ်မှတ်ချက်မှာ အဓိကအားဖြင့် ၎င်းတို့၏အလုပ်ကို အမျိုးမျိုးသော အလုပ်အစီအစဉ်များအား ဗဟိုပြု၍ လုပ်ဆောင်ရန် ဖြစ်ကြောင်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များက သိသင့်သည်။ ယင်းမှာ ၎င်းတို့၏ ကိုယ်ပိုင်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ရန် သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်ဆန္ဒများအတိုင်း အမှုအရာများကို လုပ်ဆောင်ရန် မဟုတ်သည့်အပြင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အလုပ်တွင်မဆို မိမိတို့ဘာသာ စမ်းတဝါးဝါးလုပ်ဆောင်ရန် သေချာပေါက် မဟုတ်ပေ။ ယင်းမှာ တစ်ခုတလေကို တီထွင်ရန် သို့မဟုတ် ဖန်တီးရန်လည်း မဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအစား ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အခြေခံ၍ တိကျစွာနှင့် အသေးစိတ်ကျကျ အလုပ်လုပ်ရန် ဖြစ်သည်။ အလုပ်ကို တိကျစွာ မည်သို့ လုပ်ဆောင်သင့်သနည်း။ မည်သည့်အသေးစိတ်အချက်များ ပါဝင်သနည်း။ ဤမေးခွန်းများအတွက် အဖြေမှာ နဝမမြောက် တာဝန်၏ သတ်မှတ်ချက်များထဲတွင် ရှိလေသည်။ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးရန်ကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ဆောင်ရန်လည်း လိုအပ်သည်။ ဤသည်တို့မှာ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများ ဖြစ်သည်။ ဆက်လက်ပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ငါတို့ ဆွေးနွေးကြမည်။

အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့၌ ချမှတ်ထားသည့် အမျိုးမျိုးသော သတ်မှတ်ချက်များနှင့် စည်းမျဉ်းများကို ဦးစွာ တွေးဆဆင်ခြင်ပြီး မိတ်သဟာယဖွဲ့ရမည်။ ထို့နောက် ၎င်းတို့သည် အလုပ်ကို တိကျစွာ အကောင်အထည်ဖော်ရန် လမ်းကြောင်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်များကို ရှာဖွေရမည်။ ပထမဦးစွာ အလုပ်အစီအစဉ်များက မည်သည့်အရာကို လိုအပ်သည်၊ မည်သည့် တိကျသော အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သည်ဟူသည်နှင့် ပါဝင်သည့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ဟူသည့်အပြင်၊အလုပ်အစီအစဉ်များက မည်သည့်လူများနှင့် အလုပ်၏ မည်သည့်ကဏ္ဍအား ရည်ညွှန်းသည်ဟူသည်တို့ကို ၎င်းတို့ သိရှိရန် လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များကို လက်ခံရရှိပြီးနောက်တွင် ပထမဆုံးလုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို သာမန်ကာလျှံကာ ဖတ်ရှုပြီးနောက် လူတိုင်းကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြခြင်း၊ သို့မဟုတ် ယင်းတို့ကို လက်ဆင့်ကမ်းပြီး အလုပ်နှင့်ပတ်သက်၍ လူတိုင်းကို အသိပေးကာ ထိုမျှဖြင့်သာဖြစ်သည်ဟု သဘောမထားသင့်ပေ။ ဤသည်မှာ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီး ထုတ်ပြန်ခြင်းမျှသာ ဖြစ်သည်။ ထိုအလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း မဟုတ်ပေ။ ယင်းတို့ကို အကောင်အထည်ဖော်ရာတွင် ပထမဆုံး တိကျသည့် တာဝန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များ၏ တိကျသော ပါဝင်သည့်အကြောင်းအရာ၊ ဤအသင်းတော်အလုပ်များအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ရည်မှန်းချက်များ၊ ဤအလုပ်ကို ဆောင်ရွက်ခြင်း၏ အရေးပါမှုတို့ကို လေ့လာရန်ဖြစ်ပြီး ထို့နောက် တိကျသော လုပ်ဆောင်မှုနှင့် အကောင်အထည်ဖော်မှု အစီအစဉ်များကို ရေးဆွဲရန် ဖြစ်သည်။ ဤသည်မှာ ပထမအဆင့် ဖြစ်သည်။ ပထမအဆင့်ကို စွမ်းဆောင်ရရှိရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) သင်သည် ရေးသားထားသော စကားလုံးများနှင့် လူ ဘာသာစကားကို နားလည်နိုင်သရွေ့ ပထမအဆင့်ကို စွမ်းဆောင်ရရှိရန် လွယ်ကူသင့်သည်။ ပထမအဆင့်ကို ပြီးမြောက်အောင်မြင်ခြင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် နားဝေတိမ်တောင်ဖြစ်ခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ခြင်း သို့မဟုတ် ဟန်ပြလုပ်ဆောင်ခြင်းတို့ထက် အလုပ်အပေါ် အလေးအနက်ထားသော၊ စိတ်ရင်းမှန်သော၊ တာဝန်ယူသော၊ စေ့စပ်သေချာသော သဘောထားတစ်ခု ရှိရန် လိုအပ်သည်မှာလည်း အမှန်ပင်ဖြစ်သည်။ အလုပ်အစီအစဉ်ကို ယခင်က ဖော်ပြခဲ့ပြီးသည်ဖြစ်စေ၊ မဖော်ပြခဲ့သည်ဖြစ်စေ၊ လူတို့အတွက် စွမ်းဆောင်ရရှိရန် လွယ်ကူသည်ဖြစ်စေ၊ အနည်းငယ် ခက်ခဲသည်ဖြစ်စေ၊ လူတို့က ယင်းကို လုပ်ဆောင်ရန် လိုလား သည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်အပေါ် အယူဝါဒအချို့ကို ပြောဆိုခြင်း၊ ဆောင်ပုဒ်များ ကြွေးကြော်ခြင်း၊ သို့မဟုတ် ယင်းကို ဝတ်ကျေတမ်းကျေပုံစံဖြင့် ကိုင်တွယ်ဖြေရှင်းရန် အပေါ်ယံအားထုတ်မှုအချို့ ပြုလုပ်ခြင်းမျှသာဖြစ်သည့် သာမန်ကာလျှံကာ သဘောထားကို မထားသင့်ပေ။ လူတို့ ရှိသင့်သည့် သဘောထားမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် အလေးအနက်ထားသော၊ စိတ်ရင်းမှန်သော၊ တာဝန်ယူပြီး စေ့စပ်သေချာသော သဘောထားတစ်ခု ရှိသင့်သည်။ ဤသဘောထားရှိခြင်းက လူတစ်ဦးသည် အလုပ်အစီအစဉ်များရှိ တိကျသော အချက်များကို ကောင်းစွာ အကောင်အထည်ဖော်နိုင်သည်ဟု ဆိုလိုသလော။ မဆိုလိုပါ၊ ဤသည်မှာ အလုပ်တစ်ခုတလေကို လုပ်ဆောင်သည့်အခါ လူတစ်ဦး ရှိသင့်သည့် သဘောထားမျှသာ ဖြစ်သည်။ ယင်းက တိကျသော အလုပ်တာဝန်များကို အမှန်တကယ် အကောင်အထည်ဖော်ခြင်းအား အစားမထိုးနိုင်ပေ။ ၎င်းတို့၌ ဤသဘောထားရှိပြီး အလုပ်အစီအစဉ်များ၏ တိကျသော ပါဝင်သည့်အကြောင်းအရာ၊ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများကိုလည်း နားလည်သည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် နောက်တစ်ဆင့်မှာ အလုပ်အစီအစဉ်များရှိ တိကျသော တာဝန်များကို ၎င်းတို့ မည်သို့ အကောင်အထည်ဖော်မည်ဟူသည့်အရာ ဖြစ်သည်။ ပထမဦးစွာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ပြင်ဆင်ခြင်းအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရမည်၊ ဤသည်မှာ အလွန်အရေးကြီးသည်။ ပထမဦးစွာ ၎င်းတို့သည် ဤတာဝန်များအတွက် လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ကြီးကြပ်သူများကို စုဝေးစေရမည်။ ထို့နောက် ၎င်းတို့သည် တိကျသော စီစဉ်မှုများနှင့် အစီအစဉ်များကို ရေးဆွဲရမည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤအစီအစဉ်များနှင့်ပတ်သက်၍ ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အကြံပြုချက်များ သို့မဟုတ် စိတ်ကူးများကို ရှာဖွေသင့်သည်။ ထို့နောက် လူတိုင်းသည် အလုပ်အစီအစဉ်များတွင် ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် စည်းမျဉ်းများအားလုံးကို နားလည်ပြီး ရှင်းလင်းသည်အထိ၊ ဤအလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ရမည်ကို လူတိုင်း သိရှိသည်အထိ အတူတကွ ရှာဖွေပြီး မိတ်သဟာယဖွဲ့သင့်သည်။ ထိုအခါ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၏ ကနဦးအဆင့် ပြီးမြောက်သည်ဟု မှတ်ယူ၍ရသည်။ သို့ဆိုလျှင် လူတိုင်းက အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ရမည်ကို သိရှိသည်နှင့်တစ်ပြိုင်နက် ယင်းသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့် တာဝန် ပြီးမြောက်သွားသည်ဟု ဆိုလိုသလော။ မဆိုလိုပါ။ အသေးစိတ်ကျသော ကိစ္စအချို့နှင့် အထူးအခြေအနေများကို အလုပ်အစီအစဉ်များတွင် မဖော်ပြထားသော်လည်း ယင်းတို့မှာ အမှန်တကယ် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာများ ဖြစ်သည်။ အလုပ်အစီအစဉ်များကို မိတ်သဟာယဖွဲ့နေစဉ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအထူးအခြေအနေများ၊ ဖြေရှင်းသင့်သည့် ဤကိစ္စများကို ဖော်ထုတ်သင့်ပြီး ယင်းတို့ကို စေ့စေ့စပ်စပ် ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည့်အပြင် တစ်ချိန်တည်းမှာပင် ၎င်းတို့အတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကိုလည်း ရေးဆွဲသင့်သည်။ ဤနည်းအားဖြင့် အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နေချိန်တွင်၊ မည်သည့်စည်းမျဉ်းများကို လိုက်နာရမည်ဟူသည်နှင့် မည်သည့်ပြဿနာများအား ဖြေရှင်းရမည်ဟူသည်တို့ကို သိရှိကြလိမ့်မည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များအပေါ် ထားရှိသင့်သည့် အနိမ့်ဆုံးသော သိနားလည်မှုနှင့် သဘောထား ဖြစ်သည်။ အသင်းတော်အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို ခေါင်းဆောင်များနှင့် အမှုဆောင်များ သင်ယူရန်အတွက် အစမှတ်အဖြစ် ဤတာဝန်ကို မှတ်ယူ၍ရသည်။ ရှာဖွေခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ လမ်းညွှန်မှုပေးခြင်းနှင့် စီစဉ်မှုများ ပြုလုပ်ခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် အချို့သော တကယ့် အခက်အခဲများနှင့် အထူးအခြေအနေများကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ သဘောထားပြီး ကိုင်တွယ်ရန် သင်ယူကြသည်။ ထိုအခါမှသာ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အမှန်တကယ် အကောင်အထည်ဖော်နိုင်ကြပေသည်။

၁။ လမ်းညွှန်မှုပေးခြင်း

အလုပ်တာဝန်တစ်ခုအတွက် ကနဦး လမ်းညွှန်မှုပေးသည့်အခါ အထူးအခြေအနေများအတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို ပေးခြင်းအပြင် သာမန်အစွမ်းအစနှင့် အတော်အတန် ညံ့ဖျင်းသော အလုပ်လုပ်နိုင်စွမ်းရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပို၍ တိကျပြီး အသေးစိတ်ကျသော လမ်းညွှန်မှု ပေးသင့်သည်။ ဤလူတို့သည် အလုပ်တာဝန်တစ်ခုအတွက် စည်းမျဉ်းများနှင့် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို အယူဝါဒအရ နားလည်နိုင်သော်လည်း အမှန်တကယ် အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်လာသည့်အခါ ယင်းတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိကြသေးပေ။ အစွမ်းအစ ညံ့ဖျင်းပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့သည့် အနည်းငယ်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင် မည်သို့ သဘောထားသင့်သနည်း။ လူအချို့က “အစွမ်းအစ ညံ့ဖျင်းသော လူတစ်ဦးက အလုပ်ကို မလုပ်နိုင်လျှင် သူ့ကိုအစားထိုးရန် ပိုကောင်းသော အစွမ်းအစရှိသည့် တစ်စုံတစ်ဦးကို အဘယ်ကြောင့် မရှာသနည်း”ဟု ပြောကြသည်။ ဤနေရာတွင် အခက်အခဲ ရှိသည်- အချို့သော အသင်းတော်များက ပိုကောင်းသောသူ တစ်ဦးတလေကို ရှာမတွေ့နိုင်ပေ။ ထိုအသင်းတော်များတွင် လူတိုင်းသည် ဘုရားသခင်ကို နှစ်ကာလအရေအတွက် အတူတူပင် ယုံကြည်ခဲ့ကြပြီးဖြစ်ကာ ၎င်းတို့၏ ဝိညာဉ်ရင့်ကျက်မှုတွင် အကြမ်းဖျင်းအားဖြင့် တူညီကြသည်။ အထူးသဖြင့် လူတိုင်း၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းမှာ သာမန်မျှသာ ဖြစ်သည်။ ပိုကောင်းသော တစ်စုံတစ်ဦးကို ရှာဖွေရန်အတွက်၊ သင်သည် အခြားအသင်းတော်များမှ လူများကို ပြောင်းရွှေ့ရန် လိုအပ်မည်ဖြစ်သော်လည်း ထိုနေရာတွင် ထိုသို့လုပ်ဆောင်ရန် အလွန်အဆင်မပြေသည့်အပြင် အမှန်တကယ် သင့်တော်သော သူများလည်း တစ်ဦးတလေမျှ မရှိပေ။ သင်သည် ဒေသခံအသင်းတော်မှ အတော်အတန် သင့်တော်သော သူများကိုသာ ရွေးချယ်နိုင်သည်။ ၎င်းတို့၏ အလုပ်သည် သတ်မှတ်ထားသော စံနှုန်းများကို မပြည့်မီပါက၊ ထိုသို့သောအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့အား အလုပ်ကို မည်သို့လုပ်ဆောင်ရမည်၊ မည်သို့ အကောင်အထည်ဖော်ရမည်ဟူသည်တို့ကို တိကျစွာ ပြောပြရန် လိုအပ်သည်။ ဤတာဝန်အတွက် မည်သူ့ကို ခန့်အပ်ပြီး တာဝန်ယူစေသင့်သည်၊ ပြီးလျှင် ယင်းနှင့်ပတ်သက်၍ အတူတကွ ပူးပေါင်းဆောင်ရွက်ရန် မည်သည့်လူများကို ရွေးချယ်သင့်သည်ဟူသည်တို့ကို ၎င်းတို့အား သင် ပြောပြသင့်သည်။ ဤအသေးစိတ်အချက်များအားလုံးကို ၎င်းတို့အား ရှင်းပြပြီး ဤအရာကို ၎င်းတို့အား ဆောင်ရွက်စေလော့။ အဘယ်ကြောင့် ဤနည်းဖြင့် လုပ်ဆောင်သင့်သနည်း။ အကြောင်းမှာ ဒေသခံအသင်းတော်၏ အသင်းသားများသည် ယေဘုယျအားဖြင့် အတွေ့အကြုံ အလွန်နုနယ်သေးပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့ကြသဖြင့် သင့်တော်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ရန် မဖြစ်နိုင်သောကြောင့် ဖြစ်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းအားဖြင့်သာ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ပေသည်။ အကယ်၍ သင်သည် ဤနည်းလမ်းဖြင့် အလုပ်မလုပ်သည့်အပြင်၊ ဤလူတို့ကို အခြားခေါင်းဆောင်များနှင့် အမှုဆောင်များကဲ့သို့ပင် အလားတူ သဘောမထားဘဲ တိကျသော စည်းမျဉ်းများနှင့် အစီအစဉ်များအကြောင်းကိုသာ ၎င်းတို့အား ပြောပြပြီး မဆင်မခြင်ပြုမူပါက၊ အလုပ်အစီအစဉ်များက အကောင်အထည်ပေါ်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ဤအရာကို အာရုံမစိုက်ပါက တာဝန်ပျက်ကွက်ခြင်းဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်တစ်ခု ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “အခြားသူများသည် အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ပြီး လက်တွေ့လုပ်ဆောင်ရမည်ကို သိကြသည်၊ ဤလူက အဘယ်ကြောင့် မသိသနည်း။ သူတို့ မသိလျှင် သူတို့နှင့်ပတ်သက်၍ ကျွန်ုပ် စိတ်အနှောင့်အယှက်ဖြစ်ခံမည် မဟုတ်ပါ။ ယင်းမှာ ကျွန်ုပ်၏ တာဝန်မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ဘက်ကတော့ တာဝန်ကျေပြီ” ဟု ပြောကြသည်။ ဤကျိုးကြောင်းဆင်ခြင်ချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) ဥပမာအားဖြင့် မိခင်တစ်ဦးတွင် ကလေးသုံးယောက်ရှိပြီး ၎င်းတို့ထဲမှ တစ်ဦးမှာ အားနည်းကာ အမြဲတမ်း ဖျားနာပြီး အစာမစားချင်ဟု ဆိုကြပါစို့။ အကယ်၍ မိခင်က ဤကလေးကို အစာမစားဘဲ နေခွင့်ပြုပါက ထိုကလေးသည် ကြာကြာ ရှင်သန်နိုင်မည် မဟုတ်ပေ။ သူမ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ မိခင်တစ်ဦးအနေဖြင့် သူမသည် ထိုအားနည်းသော ကလေးကို အထူးဂရုစိုက်ပေးရမည်။ မိခင်က “ကျွန်မ၏ ကလေးများကို တန်းတူရည်တူ ဆက်ဆံခြင်းက လုံလောက်နေပြီဖြစ်သည်။ ဤကလေးကို ကျွန်မ မွေးခဲ့ပြီး သူ့အတွက် အစားအသောက် ပြင်ဆင်ပေးခဲ့သည်။ ကျွန်မ၏ တာဝန်ကို ကျွန်မ ဖြည့်ဆည်းပြီးဖြစ်သည်။ သူ စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ကျွန်မ ဂရုမစိုက်ပါ။ သူ မစားလျှင် ဗိုက်ဆာပါစေ၊ သူ တကယ် ဗိုက်ဆာလောက်သည့်အခါ၊ စားပါလိမ့်မည်”ဟု ပြောသည် ဆိုကြပါစို့။ ဤမိခင်မျိုးကို သင်တို့ မည်သို့ထင်သနည်း။ (သူမသည် တာဝန်မဲ့ပါသည်။) ဤကဲ့သို့သော မိခင်များ ရှိသလော။ ဉာဏ်ထိုင်းသော အမျိုးသမီး သို့မဟုတ် မိထွေးတစ်ဦးသာ ထိုသို့ဖြစ်ပေမည်။ အကယ်၍ သူမသည် တကယ့်အမိရင်းဖြစ်ပြီး ဉာဏ်မထိုင်းပါက မိမိ၏ ကိုယ်ပိုင်ကလေးကို ဤကဲ့သို့ မည်သည့်အခါမျှ ဆက်ဆံမည်မဟုတ်ပေ၊ မှန်သလော။ (မှန်ပါသည်။) အကယ်၍ ကလေးတစ်ဦးသည် အားနည်းပါက၊ အမြဲတမ်း ဖျားနာကာ အစာမစားချင်ပါက ၎င်းတို့၏ မိခင်သည် ပို၍ ဂရုစိုက်ပြီး အားထုတ်ပေးရမည်။ သူမသည် ကလေးကို အစာစားလာစေရန် နည်းလမ်းများ ရှာဖွေရမည်၊ ကလေး စားချင်သမျှကို ချက်ပြုတ်ပေးရမည်၊ ၎င်းတို့အတွက် အထူးအစားအစာများ ပြင်ဆင်ပေးရမည်ဖြစ်ပြီး၊ ကလေးက အစာမစားချင်သည့်အခါ ချော့မော့ကျွေးရမည်ဖြစ်သည်။ ၎င်းတို့က အသက် ဆယ့်ရှစ် သို့မဟုတ် ဆယ့်ကိုးနှစ်အရွယ်သို့ ရောက်ရှိပြီး ၎င်းတို့၏ ခန္ဓာကိုယ်သည် သာမန်လူကြီးတစ်ဦးကဲ့သို့ ကျန်းမာလာသောအခါ မိခင်သည် စိတ်အေးလက်အေးဖြစ်ကာ ထိုသို့လုပ်ဆောင်ခြင်းကို ရပ်နိုင်ပြီး ဤကလေးကို အထူးဂရုစိုက်ပေးရန် မလိုအပ်တော့ပေ။ အကယ်၍ မိခင်တစ်ဦးသည် အထူးအခြေအနေများရှိသော ကလေးတစ်ဦးကို ဤကဲ့သို့ သဘောထားပြီး သူမ၏ တာဝန်ကို ဖြည့်ဆည်းနိုင်လျှင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးနှင့် ပတ်သက်၍ကော မည်သို့နည်း။ ညီအစ်ကိုမောင်နှမများအတွက် သင်သည် မိခင်တစ်ဦး၏ မေတ္တာမျိုးပင် မရှိပါက တာဝန်မဲ့သူသာ ဖြစ်သည်။ သင်သည် သင်ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်၊ သင်သည် အတော်အတန် အားနည်းပြီး အတော်အတန် ညံ့ဖျင်းသော အလုပ်လုပ်နိုင်စွမ်း ပိုင်ဆိုင်ထားသူများ ကြီးကြပ်သည့် အသင်းတော်များကို ထည့်သွင်းစဉ်းစားရမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤကိစ္စရပ်များတွင် အထူးဂရုပြုပြီး အထူးလမ်းညွှန်မှု ပေးရမည်။ အထူးလမ်းညွှန်မှုဟူသည်မှာ မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအပြင် သင်သည် ပို၍ တိကျပြီး အသေးစိတ်ကျသော လမ်းညွှန်မှုနှင့် အကူအညီကိုလည်း ပေးရမည်ဖြစ်ပြီး ယင်းမှာ ဆက်သွယ်ပြောဆိုခြင်းအရ ပို၍ အားထုတ်ရန် လိုအပ်သည်။ အကယ်၍ သင်သည် အလုပ်ကို ၎င်းတို့အား ရှင်းပြပြီး ၎င်းတို့ နားမလည်သေးသည့်အပြင်၊ မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိပါက၊ သို့မဟုတ် ၎င်းတို့သည် ယင်းကို အယူဝါဒအရ နားလည်ပြီး မည်သို့ အကောင်အထည်ဖော်ရမည်ကို သိပုံရသော်လည်း၊ အမှန်တကယ် အကောင်အထည်ဖော်မှုက မည်သို့ဖြစ်လိမ့်မည်ကို သင် မသေချာသေးသည့်အပြင် အနည်းငယ် စိုးရိမ်နေပါက မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင်သည် ၎င်းတို့ကို လမ်းညွှန်ရန်နှင့် တာဝန်ကို ၎င်းတို့နှင့်အတူ အကောင်အထည်ဖော်ရန် ဒေသခံအသင်းတော်ထဲသို့ ကိုယ်တိုင် ဝင်ရောက်သွားရန် လိုအပ်သည်။ စည်းမျဉ်းများကို ၎င်းတို့အား ပြောပြရင်း၊ တစ်ချိန်တည်းတွင် အလုပ်အစီအစဉ်များ၏ သတ်မှတ်ချက်များနှင့်အညီ ဦးစွာ မည်သည့်အရာ လုပ်ဆောင်ရမည်၊ ဆက်လက်၍ မည်သည့်အရာကို လုပ်ရမည်၊ လူတို့အား မည်သို့ ကောင်းစွာ ခွဲဝေပေးရမည်ဟူသကဲ့သို့သော တိကျသော စီစဉ်မှုများ ပြုလုပ်ရမည်။ ဤသည်မှာ ဆောင်ပုဒ်များ ကြွေးကြော်ခြင်း သို့မဟုတ် လက်ညှိုးထိုး ခိုင်းစေခြင်း၊ အယူဝါဒအချို့ဖြင့် ၎င်းတို့ကို ဟောပြောပို့ချပြီးနောက် သင်၏အလုပ် ပြီးပြီဟု မှတ်ယူခြင်းတို့နှင့် ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏အလုပ်တွင် ၎င်းတို့ကို လက်တွေ့ကျကျ လမ်းညွှန်ခြင်း ဖြစ်သည်။ ယင်းမှာ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်သည့်အပြင် ဆောင်ပုဒ်များ ကြွေးကြော်ခြင်းနှင့် လူတို့ကို ဩဇာပေးခြင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ မဟုတ်ပေ။ ဒေသခံအသင်းတော် ခေါင်းဆောင်များ သို့မဟုတ် ကြီးကြပ်သူများက အလုပ်ကို တာဝန်ယူနိုင်ပြီး အလုပ်သည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိသွားကာ အခြေခံအားဖြင့် ကြီးမားသော ပြဿနာများ မရှိတော့သည့်အခါမှသာ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က ထွက်သွား၍ရသည်။ ဤသည်မှာ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်တွင် ဖော်ပြထားသည့် ပထမဆုံး တိကျသော တာဝန်ဖြစ်သည့် လမ်းညွှန်မှုပေးခြင်း ဖြစ်သည်။ သို့ဆိုလျှင် လမ်းညွှန်မှုကို အတိအကျ မည်သို့ ပေးသင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အလုပ်အစီအစဉ်များကို တွေးဆဆင်ခြင်ပြီး မိတ်သဟာယဖွဲ့ခြင်း၊ အလုပ်အစီအစဉ်များ၏ အမျိုးမျိုးသော တိကျသည့် သတ်မှတ်ချက်များကို လေ့လာပြီး နားလည်သဘောပေါက်ခြင်း၊ အလုပ်အစီအစဉ်များအတွင်းရှိ စည်းမျဉ်းများကို နားလည်ပြီး သဘောပေါက်ခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ ထို့နောက် ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအတွက် တိကျသော အစီအစဉ်များနှင့်ပတ်သက်သည့် အဆင့်အားလုံးတွင်ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်အတူ မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် ၎င်းတို့သည် အထူးအခြေအနေများအတွက် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များကို ပေးသင့်ပြီး နောက်ဆုံးတွင် အတော်အတန် အားနည်းပြီး အတော်အတန် ညံ့ဖျင်းသော အစွမ်းအစရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပို၍ အသေးစိတ်ကျပြီး တိကျသော အကူအညီနှင့် လမ်းညွှန်မှုကို ပေးသင့်သည်။ အကယ်၍ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တာဝန်ကို လုံးဝ အကောင်အထည်ဖော်နိုင်ခြင်း မရှိပါက ထိုသို့သောအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အထက်အဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး တာဝန်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကာ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းပြီး အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ဟူသည်နှင့် စည်းမျဉ်းများနှင့်အညီ အလုပ်အား မည်သို့ အကောင်အထည်ဖော်ရမည်ဟူသည်တို့ကို ၎င်းတို့အား သင်ယူစေသင့်သည်။ ဤအဆင့်များကို စကားလုံးများဖြင့် ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်သော်လည်း ယင်းတို့ကို အကောင်အထည်ဖော်ရန် လွယ်ကူသလော။ ပါဝင်သည့် အခက်အခဲများ ရှိသလော။ အချို့က “သင်က ယင်းကို ရိုးရှင်းပုံပေါက်စေသည်။ သို့သော် ယင်းကို အကောင်အထည်ဖော်ခြင်းက ထိုမျှမလွယ်ကူပါ။ တစ်ခါတစ်ရံ အလုပ်အစီအစဉ်များသည် အလွန်ရှုပ်ထွေးပြီး မည်သူမျှ ယင်းတို့အား မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိပါ”ဟု ပြောကောင်းပြောနိုင်သည်။ အလုပ်အစီအစဉ်များ၏ တိကျသော လိုအပ်ချက်များကို မိတ်သဟာယဖွဲ့ခြင်းနှင့် လက်တွေ့ကျသော ပုံစံဖြင့် လမ်းညွှန်မှုပေးခြင်းဟူသည့် ပထမဆုံး တာဝန်တစ်ခုတည်းကိုပင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက အတော်ပင် အားစိုက်ရသည်ဟု မြင်ကြသည်။ ၎င်းတို့က “ကျွန်ုပ်သည် ဤတိကျသော တာဝန်များကို မည်သည့်အခါကမျှ မလုပ်ဆောင်ဖူးပါ၊ ထို့ကြောင့် ၎င်းတို့အကြောင်းကို မည်သို့ မိတ်သဟာယဖွဲ့ပြီး လမ်းညွှန်မှုပေးရမည်ကို ကျွန်ုပ်မသိပါ။ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်များ၏ တိကျသော စကားလုံးများအတိုင်း လိုက်လုပ်သင့်သည်။ မိတ်သဟာယဖွဲ့ရမည့်အရာ မည်သည့်အရာ ရှိသနည်း။ ယင်းမှာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည် မဟုတ်လော”ဟု ပြောကြသည်။ ၎င်းတို့သည် မည်သို့ မိတ်သဟာယဖွဲ့ရမည်ကို မသိကြ၊ ဆောင်ပုဒ်များ ကြွေးကြော်ရန်သာ သိကြသည်။ “ကျွန်ုပ်တို့ ဤအလုပ်ကို ကောင်းစွာ အကောင်အထည်ဖော်ရမည်။ ဤသည်မှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ သတ်မှတ်ချက် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် လုံးဝ ကြံ့ကြံ့ခံရမည်၊ ဘုရားသခင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရမည်၊ ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ မျှော်လင့်ချက်များကို စိတ်မပျက်စေရ။ ယင်းကို မည်သို့လုပ်ဆောင်ရမည်နှင့် ပတ်သက်၍မူ သင်တို့ဘာသာသင်တို့ နားလည်အောင်လုပ်ဆောင်သင့်သည်” ဟူ၍ ဖြစ်သည်။ ဤကဲ့သို့သော အရာများကို ပြောသည့်လူများနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် အလုပ်ကို လုပ်နိုင်သလော။ ၎င်းတို့တွင် အလုပ်လုပ်နိုင်စွမ်း ရှိသလော။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းသလော။ (ညံ့ဖျင်းပါသည်။)

မည်သည့်အရာပင် ဖြစ်ပျက်ပါစေ၊ ယင်းမှာ ကိစ္စကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ သင်သည် အကဲဖြတ်ချက်တစ်ခု မပြုလုပ်မီတွင် ဘုရားသခင်ထံ ဆုတောင်းပြီး ရှာဖွေသင့်သည့်အပြင် သေချာစွာနှင့် စေ့စေ့စပ်စပ် တွေးတောဆင်ခြင်သင့်သည်။ အကယ်၍ လူတစ်ဦးတွင် ပုံမှန် စဉ်းစားတွေးခေါ်မှု မရှိပါက ၎င်းတို့အနေဖြင့် ဘုရားသခင်ထံ ဆုတောင်းရန်၊ ဘုရားသခင်၏ အကူအညီကို တောင်းလျှောက်ရန်နှင့် သမ္မာတရားကို နားလည်သောသူများထံမှ ပို၍ ရှာဖွေရန်မှာ သာ၍ပင် အရေးကြီးသည်။ ထို့အပြင် အသင်းတော်အလုပ်ရှိ အဓိကကိစ္စရပ်များနှင့် တာဝန်များ ထမ်းဆောင်နေစဉ် ကြုံတွေ့ရသည့် အဓိကကိစ္စရပ်များအတွက် သင်သည် အများသဘောတူညီချက် ရရှိရန်နှင့် နောက်ဆုံးတွင် တိကျပြီး လက်တွေ့ကျသည့် လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်တစ်ခုကို ရေးဆွဲရန် သက်ဆိုင်သူများနှင့် မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးရမည်။ ဤအစီအစဉ်သည် သေချာသော စဉ်းစားဆင်ခြင်မှုနှင့် တိုင်ပင်ဆွေးနွေးမှုတို့မှတစ်ဆင့် စွမ်းဆောင်ရရှိသည့် အများသဘောတူညီချက်တစ်ခု ဖြစ်သင့်ပြီး မည်သည့်အဆင့်မဆိုတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များရှေ့တွင် ခိုင်လုံသင့်သည်။ ခိုင်လုံသော လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်များကို ရေးဆွဲနိုင်သူများသည် ပုံမှန် စဉ်းစားတွေးခေါ်မှု ရှိသည်ဟု မှတ်ယူရသည်။ အကယ်၍ အရေးကိစ္စများနှင့် ရင်ဆိုင်ရသည့်အခါ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ လူတစ်ဦး၏ အတွေးများထဲတွင် တိကျခိုင်မာသည့်အရာ တစ်ခုမျှ မရှိဘဲ၊ လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော စည်းမျဉ်းများကို မစဉ်းစားနိုင်ဘဲ ပြဿနာများကို ကိုင်တွယ်ရန် စည်းမျဉ်းများအစား ရိုးရှင်းသော သဘောတရားဆန်သည့် ဆောင်ပုဒ်များကိုသာ အသုံးပြုပါက ၎င်းတို့သည် မိမိတို့၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ထိုသို့သောလူတစ်ဦးတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် အမှုအရာများကို စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိသလော။ (မရှိပါ။) စဉ်းစားတွေးခေါ်နိုင်စွမ်း ကင်းမဲ့သောသူသည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ (အစွမ်းအစ ညံ့ဖျင်းသောသူ ဖြစ်ပါသည်။) ဤသည်မှာ အစွမ်းအစ ညံ့ဖျင်းသောသူ ဖြစ်ခြင်းကို ဆိုလိုသည့်အရာ ဖြစ်သည်။ ဥပမာတစ်ခု ကြည့်ကြစို့။ သင်သည် ပင်လယ်ရပ်ခြားတွင် နေထိုင်နေပြီး တစ်နေ့တွင် သင်သည် တရားရုံးဆင့်ခေါ်စာတစ်စောင်ကို ရုတ်တရက် လက်ခံရရှိသည် ဆိုကြပါစို့။ ဤသည်မှာ အတော်ပင် မျှော်လင့်မထားသည့်အပြင် ရုတ်တရက်ဖြစ်သည် မဟုတ်လော။ ပထမဦးစွာ သင်သည် တရားမဝင်သည့်အရာ မည်သည့်အရာမျှ မလုပ်ဆောင်ထားပေ။ ဒုတိယအနေဖြင့် သင်သည် မည်သည့်တရားစွဲဆိုမှုကိုမျှ မပြုလုပ်ထားသည့်အပြင် မည်သူကမျှ သင့်အား တစ်ခုတလေနှင့်ပတ်သက်၍ စွပ်စွဲကြောင်းလည်း သင် မကြားဖူးပေ။ သင်သည် ယင်းနှင့်ပတ်သက်သည့် မည်သည့်အခြေအနေကိုမျှ မသိဘဲ ဆင့်ခေါ်စာကို လက်ခံရရှိခြင်း ဖြစ်သည်။ ထိုသို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါ သာမန်လူတစ်ဦးတွင် ရှိမည့် ပထမဆုံး ခံစားချက်မှာ အဘယ်နည်း။ တရားဥပဒေရေးရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်ရခြင်းက ၎င်းတို့အား ထိတ်လန့်ခြင်း၊ စိုးရိမ်ခြင်းနှင့် ကြောက်ရွံ့ခြင်းအချို့ကို ဖြစ်စေမည်။ ယင်းက ၎င်းတို့ကို အငိုက်မိသလို ခံစားရစေမည်ဖြစ်ပြီး တကယ်ကို အစာစားချင်စိတ်မရှိခြင်း ဖြစ်စေမည်။ လူတစ်ဦးသည် အရေးပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ ရဲရင့်သည်ဖြစ်စေ ကြောက်တတ်သည်ဖြစ်စေ၊ လူကြီးဖြစ်စေ ကလေးဖြစ်စေ မည်သူမျှ ထိုသို့သောအခြေအနေမျိုးကို မကြုံတွေ့လိုကြပေ၊ အကြောင်းမှာ ယင်းသည် ကောင်းသောအရာတစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။ ဤအခြေအနေနှင့် ရင်ဆိုင်ရသောအခါ လူတို့သည် မတူညီသော နည်းလမ်းနှစ်မျိုးဖြင့် တုံ့ပြန်ကြသည်။ ပထမလူစားမျိုးက “ငါဟာ တရားမဝင်တဲ့အရာ ဘာတစ်ခုမှ မလုပ်ထားဘူး၊ အစိုးရစည်းမျဉ်းစည်းကမ်း တစ်ခုလည်း မချိုးဖောက်ထားပါ။ ငါ မည်သည့်အရာကို ကြောက်ရမည်နည်း။ ဤသည်မှာ အရာရာတိုင်းကို သက်သေအထောက်အထားအပေါ် အခြေခံသည့် ဥပဒေစိုးမိုးသော လူ့အဖွဲ့အစည်းဖြစ်သည်။ ငါ မည်သည့်အမှားမျှ မလုပ်ထားသည့်အတွက် သူတို့ ငါ့ကို တရားစွဲလျှင်ပင် အရေးယူဖို့ မည်သည့်သက်သေမျှ ရှိမည်မဟုတ်ပါ။ ငါ မည်သည့်အရာမျှ ကြောက်စရာမလိုပါ။ ဆင့်ခေါ်စာတစ်စောင်က မည်သည့်အရာ လုပ်ဆောင်နိုင်မည်နည်း။ တည်ကြည်ဖြောင့်မှန်သူတစ်ဦးက စွပ်စွဲမှုများကို ကြောက်ရန် မလိုပါ။ ငါ့အတွက် ခုခံကာကွယ်ပေးဖို့ ရှေ့နေတစ်ယောက် ငှားလိုက်မည်။ မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပါ” ဟု တွေးသည်။ ဤသို့ သေချာ တွေးပြီးနောက်တွင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဖိအားမခံစားရသည့်အပြင်၊ ၎င်းတို့၏ နေ့စဉ်ဘဝက ထိခိုက်မှုမရှိဘဲ ရှိနေသည်။ ဤသည်မှာ လူတစ်မျိုး၏ တုံ့ပြန်မှု ဖြစ်သည်။ ယခု ဒုတိယလူစားမျိုး၏ တုံ့ပြန်မှုကို ကြည့်ကြစို့။ ဆင့်ခေါ်စာကို လက်ခံရရှိပြီးနောက် ၎င်းတို့က “ငါ မည်သည့်ဥပဒေမျှ မချိုးဖောက်သည့်အပြင်၊ မည်သည့်ပြစ်မှုမျှလည်း မကျူးလွန်ထားပါ။ သို့ဆိုလျှင် ဤသည်မှာ မည်သည့်အရာ ဖြစ်နိုင်မည်နည်း။ ငါ ဘုရားသခင်ကို ယုံကြည်သောကြောင့် ဖြစ်နိုင်မည်လော။ ဘုရားသခင်ကို ယုံကြည်ခြင်းက တရားမဝင်ပါ။ တစ်စုံတစ်ယောက်က ငါ့ကို တမင်သက်သက် လုပ်ကြံပြီး တိုင်ကြားခဲ့ခြင်း ဖြစ်နိုင်သလော။ ဤသည်မှာ ပိုဖြစ်နိုင်ခြေရှိသည်။ သို့သော် အခြားတစ်စုံတစ်ရာ ဖြစ်နိုင်မည်လော။ ငါ ရှေ့နေတစ်ယောက်နှင့် တိုင်ပင်ပြီး အဘယ်ကြောင့် ဆင့်ခေါ်စာရရှိသည်၊ တရားလိုက မည်သူဖြစ်သည်ဟူသည်တို့ကို သိရဖို့ တရားရုံးကို သွားခိုင်းရန် လိုသည်။ တန်ပြန်ဖြေရှင်းနည်းတစ်ခုကို မဆုံးဖြတ်ခင် ဤအကြောင်းရင်းမှန်ကို သိအောင်လုပ်ဖို့ လိုသည်။ အကယ်၍ ဤသည်မှာ ဘုရားသခင်အပေါ် ငါ၏ ယုံကြည်ခြင်းနှင့် သက်ဆိုင်သည်ဟု ရှေ့နေက ပြောလျှင်၊ ငါ တန်ပြန်ဖြေရှင်းနည်းတစ်ခုကို ကြံစည်ဖို့ လူတွေကို အမြန်ရှာဖွေရန် လိုအပ်ပြီး ငါ့ရန်သူက ငါ့ကို အရေးယူဖို့ တစ်စုံတစ်ရာ မတွေ့စေရန် ငါ၏ယုံကြည်ခြင်းနှင့် သက်ဆိုင်သည့် စာအုပ်များ သို့မဟုတ် အခြားအရာများကိုလည်း အမြန် ဝှက်ထားဖို့ လိုသည်” ဟု တွေးသည်။ ဤကနဦးအတွေးများအပြီးတွင် ၎င်းတို့သည် ဆင့်စာလက်ခံရရှိခြင်းနှင့်ပတ်သက်၍ မည်သည့် တိကျသော ကောက်ချက်ချမှုများ သို့မဟုတ် တိကျသော အကဲဖြတ်ချက်များကိုမျှ မပြုလုပ်ရသေးသော်လည်း တိကျသော လက်တွေ့လုပ်ဆောင်ခြင်း အစီအစဉ်ကို စိတ်ထဲတွင် ရှင်းလင်းစွာ သိရှိနှင့်ပြီး ဖြစ်သည်။ အစီအစဉ် (က) အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ အစီအစဉ် (ခ) အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ ပြီးလျှင် နှစ်ခုစလုံး လက်တွေ့မကျပါက နောက်တစ်ဆင့် မည်သည့်အရာကို လုပ်သင့်သည်ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ်နှင့် သေချာစွာ စဉ်းစားသည်။ ၎င်းတို့သည် ဦးစွာ စိတ်ကိုတည်ငြိမ်စေပြီး မိမိတို့ စိတ်နှလုံးထဲတွင် အမြန်ဆုတောင်းသည်၊ ထို့နောက် မိမိတို့ကိုယ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ဤကိစ္စကို ကိုင်တွယ်ရန် ချက်ချင်း စတင်လုပ်ဆောင်သည်။ တစ်နေ့အတွင်းမှာပင် ၎င်းတို့သည် ဤအရာအားလုံးကို သိရှိနားလည်ပြီး မည်သို့ ရှေ့ဆက်ရမည်ကို သိရှိသွားသည်။ ဤကိစ္စ၏ နောက်ဆုံးရလဒ် မည်သို့ပင်ဖြစ်စေ၊ ပထမဆုံးအနဖြင့် ဤလူစားနှစ်မျိုးကို ကြည့်ကြစို့။ မည်သူက ပြဿနာများကို စေ့စပ်စွာ စဉ်းစားနိုင်စွမ်း ရှိသနည်း။ မည်သူက အစွမ်းအစ ရှိသနည်း။ (ဒုတိယလူ ဖြစ်ပါသည်။) ဒုတိယလူတွင် အစွမ်းအစ ရှိသည်မှာ သိသာထင်ရှားသည်။ အခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ သတ္တိနှင့် စိတ်ပိုင်းဖြတ်မှုရှိရုံမျှသည် အစွမ်းအစ ရှိခြင်းနှင့် မညီမျှပေ။ လူတစ်ဦးသည် စဉ်းစားတွေးခေါ်နိုင်ရမည်၊ ပိုင်းခြားသိမြင်နိုင်စွမ်း ပိုင်ဆိုင်ရမည်ဖြစ်ပြီး ပြဿနာများကို ကိုင်တွယ်နိုင်စွမ်း ရှိရမည်။ စဉ်းစားတွေးခေါ်ခြင်း လုပ်ငန်းစဉ်တွင် ၎င်းတို့သည် တိကျသော အကဲဖြတ်ချက်များ ချနိုင်ရမည်ဖြစ်ပြီး တိကျသော လုပ်ဆောင်မှု အစီအစဉ်များကို ရေးဆွဲနိုင်ရမည်။ ဤလူစားမျိုးသာ အစွမ်းအစ ရှိသည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အလွန်ကြောက်တတ်ပုံရပြီး ကိစ္စငယ်များပင်လျှင် သတိထားကာ ဂရုတစိုက်လုပ်ဆောင်ပြီး ကိစ္စငယ်များကို အရေးပါသောအရာအဖြစ် သဘောထားပေမည်။ သို့ရာတွင် ၎င်းတို့ ပြဿနာများကို ကိုင်တွယ်သည့် နည်းလမ်းနှင့် ပုံစံက ဤလူတွင် စဉ်းစားတွေးခေါ်နိုင်စွမ်းနှင့် ပြဿနာများကို စေ့စပ်စွာ စဉ်းစားကာ ကိုင်တွယ်နိုင်စွမ်း ရှိကြောင်း သက်သေပြသည်။ ဆန့်ကျင်ဘက်အားဖြင့် ပထမလူစားမျိုးသည် အလွန်ရဲရင့်ပြီး မည်သည့်အရာကိုမျှ မကြောက်ပေ။ ၎င်းတို့ အခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ “ငါ မည်သည့်အမှားမျှ မလုပ်ထားပါ။ မည်သည့်အရာ မှားယွင်းသည်ဖြစ်စေ၊ ယင်းကို ပြင်ဖို့ ပိုပြီးစွမ်းဆောင်နိုင်သောလူတစ်ယောက် အမြဲရှိနေမည်ဖြစ်သည်။ ငါမည်သည့်အရာကို ကြောက်ရမည်နည်း” ဟု ရိုးရှင်းစွာ တွေးသည်။ ၎င်းတို့သည် အပူအပင်ကင်းပြီး လွယ်ကူသောဘဝတစ်ခုကို အသက်ရှင်နေထိုင်သော်လည်း အနည်းငယ် မိုက်ရူးရဲဆန်ပြီး ဉာဏ်ထိုင်းသည် မဟုတ်လော။ ဤလူစားမျိုးသည် ဆောင်ပုဒ်များကို ကျယ်လောင်စွာ ကြွေးကြော်ပြီး ၎င်းတို့ပြောသည့်အရာမှာ မမှားသော်လည်း ၎င်းတို့တွင် မည်သည့်အရာ ချို့တဲ့နေသနည်း။ (၎င်းတို့တွင် ပုံမှန် စဉ်းစားတွေးခေါ်မှု မရှိသည့်အပြင် ပြဿနာများကို စေ့စပ်စွာ စဉ်းစားနိုင်စွမ်းလည်း ချို့တဲ့ပါသည်။) ၎င်းတို့၏ ပုံမှန် စဉ်းစားတွေးခေါ်မှု မရှိခြင်းသည် မည်သည့်နေရာတွင် သိသာထင်ရှားသနည်း။ အခြေအနေတစ်ခု ကြုံတွေ့ရသည့်အခါ ရုတ်တရက် ဖြစ်ပေါ်လာသည့်အရာဖြစ်စေ၊ ၎င်းတို့ သိနှင့်ပြီးသားအရာဖြစ်စေ ယင်းကို ၎င်းတို့ စဉ်းစားဆင်ခြင်နိုင်ခြင်း သို့မဟုတ် အကဲဖြတ်နိုင်ခြင်း မရှိသောကြောင့် သဘာဝအားဖြင့် ၎င်းတို့တွင် ပြဿနာကို ကိုင်တွယ်ရန် အစီအစဉ် သို့မဟုတ် ယင်းကို ဖြေရှင်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဤသည်မှာ အလွန်သိသာထင်ရှားသည်။ အပြင်ပန်းမှကြည့်လျှင် ဤလူစားမျိုးသည် စကားပြောကောင်းပုံရပြီး အယူဝါဒများကို ပြောနိုင်ကာ စိတ်ဓာတ်တက်ကြွစေနိုင်သည်။ ၎င်းတို့တွင် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစ ရှိပုံရသည်။ သို့ရာတွင် ပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ပေ။ ၎င်းတို့သည် စကားလုံးအချို့နှင့် အယူဝါဒများကိုသာ ပြောဆိုနိုင်ပြီး ဆောင်ပုဒ်များကိုသာ ကြွေးကြော်နိုင်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် ပါးနပ်ပုံရသော်လည်း ပြဿနာများ ကြုံတွေ့ရသည့်အခါ ပြဿနာများ၏ အကြောင်းရင်းများကို မဆန်းစစ်နိုင် သို့မဟုတ် အကဲမဖြတ်နိုင်သည့်အပြင်၊ ပြဿနာများ ဆက်လက်ကြီးထွားလာပါက ဖြစ်ပေါ်လာမည့် ဆိုးရွားသော အကျိုးဆက်များကိုလည်း မသုံးသပ်နိုင်ပေ။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းနိုင်ရန် မဆိုထားနှင့်၊ ဤကိစ္စရပ်များကို ၎င်းတို့၏ စိတ်ထဲတွင် ရှင်းလင်းအောင် မလုပ်နိုင်ကြပေ။ ထိုသို့သောလူသည် စကားပြောကောင်းပုံရသော်လည်း အမှန်တကယ်တွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး စစ်မှန်သည့် အလုပ်ကို မလုပ်နိုင်ပေ။ အလားတူပင် အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်တစ်ခုကို လက်ခံရရှိသည့်အခါ ယင်းကို ဖတ်ရှုပြီး စာသားအတိုင်းသာ ရှင်းပြနိုင်ကာ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်ကို ထုတ်ပြန်ကာ စုဝေးပွဲများတွင် ယင်း၏ အဓိကအချက်များကို မိတ်သဟာယဖွဲ့နိုင်သော်လည်း အလုပ်အစီအစဉ်၏ တိကျသော သတ်မှတ်ချက်များ၊ စည်းမျဉ်းများ၊ အာရုံစိုက်ရန် လိုအပ်သည့် ကိစ္စရပ်များ၊ အထူးအခြေအနေများ စသည်တို့အတွက် တိကျသော စီစဉ်မှုများအား မည်သို့ပြုလုပ်ရမည်ဟူသည်နှင့် တိကျသော လမ်းညွှန်မှုအား မည်သို့ပေးရမည်ဟူသည်တို့ကို မသိသည့်အပြင်၊ အစီအစဉ်များ၊ စိတ်ကူးများ မရှိဖြစ်ကာ ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိပါက ၎င်းတို့တွင် ညံ့ဖျင်းသော အစွမ်းအစရှိပေသည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် ပထမဆုံး တာဝန်ဖြစ်သော လမ်းညွှန်မှုပေးခြင်းက လွယ်ကူခြင်း သို့မဟုတ် ရိုးရှင်းခြင်း မရှိပေ။ ဤပထမဆုံး တာဝန်က ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးတွင် ၎င်းတို့ ပိုင်ဆိုင်သင့်သည့် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း ရှိမရှိဟူသည်ကို စမ်းသပ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ဤအစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့သည် အလုပ်အစီအစဉ်များအတွက် တိကျသော လမ်းညွှန်မှုကို ပေးနိုင်မည်မဟုတ်သည့်အပြင်၊ ယင်းတို့ကို အကောင်အထည်ဖော်နိုင်လိမ့်မည်လည်း မဟုတ်ပေ။

၂။ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပံ့ပိုးပေးခြင်း

ဆက်လက်၍ “ကြီးကြပ်မှု” အလုပ်တာဝန်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ တိုက်ရိုက်အဓိပ္ပာယ်မှ အကဲဖြတ်ရလျှင် ကြီးကြပ်ခြင်းဟူသည်မှာ စစ်ဆေးခြင်းကို ဆိုလိုသည်။ မည်သည့်အသင်းတော်များက အလုပ် အစီအစဉ်များကို အကောင်အထည်ဖော်ပြီးဖြစ်ကာ မည်သည်တို့က အကောင်အထည်မဖော်ရသေးကြောင်း၊ အကောင်အထည်ဖော်ခြင်း တိုးတက်မှုအခြေအနေ၊ မည်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များက တကယ့် အလုပ်ကို လုပ်ဆောင်နေကြပြီး မည်သည်တို့က လုပ်ဆောင်နေခြင်း မရှိကြောင်းကိုလည်းကောင်း၊ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ တစ်ဦးတလေသည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တာဝန်များတွင် ပါဝင်နေခြင်းမရှိဘဲ အလုပ်အစီအစဉ်များကို ခွဲဝေပေးနေရုံသာ ရှိမရှိဟူသည်ကိုလည်းကောင်း စစ်ဆေးခြင်း ဖြစ်သည်။ ကြီးကြပ်ခြင်းသည် တိကျသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးခြင်း ရှိမရှိ၊ အကောင်အထည်ဖော်ခြင်း၏ မြန်ဆန်မှုနှုန်း၊ အကောင်အထည်ဖော်ခြင်း၏ အရည်အသွေးနှင့် စွမ်းဆောင်ရရှိသည့် ရလဒ်များတို့ကဲ့သို့သော အလုပ်အစီအစဉ်များကို ကြီးကြပ်ခြင်းအပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များအား တစ်သဝေမတိမ်း လိုက်နာနေကြခြင်း ရှိမရှိဟူသည်ကို အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များက စစ်ဆေးကြရမည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ် အစီအစဉ်များကို လိုက်နာရန် ၎င်းတို့ လိုလားသည်ဟု အပြင်ပန်းအားဖြင့် ပြောကြသော်လည်း ပတ်ဝန်းကျင်တစ်ခုခုနှင့် ရင်ဆိုင်ရပြီးနောက်တွင် အဖမ်းခံရမည်ကို ၎င်းတို့ ကြောက်ရွံ့ပြီး အလုပ်အစီအစဉ်ကို အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့၏ စိတ်ထဲတွင် ချောင်ထိုးထားကြလျက် ပုန်းကွယ်ဖို့ကိုသာ အာရုံစိုက်ကြလေသည်။ ညီအစ်ကို မောင်နှမများ၏ ပြဿနာများက ပြေလည်မသွားသကဲ့သို့ အလုပ် အစီအစဉ်များက မည်သည့်အရာကို သတ်မှတ်သည် သို့မဟုတ် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ ဤအရာက အလုပ်အစီအစဉ်များအား လုံးဝ အကောင်အထည်မဖော်ရသေးကြောင်းကို ပြသပေသည်။ အခြားခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်အစီအစဉ်များတွင် ရှိသည့် သတ်မှတ်ချက်အချို့အပေါ် ထင်မြင်ချက်များ၊ အယူအဆများနှင့် အတိုက်အခံလုပ်ခြင်း ရှိကြလေသည်။ ယင်းတို့ကို အကောင်အထည်ဖော်ရမည့်အချိန် ရောက်လာသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်း အမှုအရာများကို လုပ်ဆောင်လျက်၊ ဟန်ဆောင်လုပ်ပြကာ အမှုအရာများကို အပြီးသတ်လိုက်ဖို့သာ ဖော့ပြောလျက် သို့မဟုတ် မိမိတို့ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လျက်၊ မိမိတို့ နှစ်သက်သည့် မည်သည့်ပုံစံဖြင့်မဆို အမှုအရာများကို လုပ်ဆောင်လျက် အလုပ် အစီအစဉ်၏ စစ်မှန်သော အဓိပ္ပာယ်မှ သွေဖည်သွားကြလေသည်။ ထိုသို့သော အခြေအနေများအားလုံးက အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ကြီးကြပ်မှု လိုအပ်လေသည်။ ကြီးကြပ်ခြင်း၏ ရည်ရွယ်ချက်မှာ သွေဖည်ခြင်းမရှိဘဲ၊ စည်းမျဉ်းများအတိုင်း အလုပ်အစီအစဉ်များက တောင်းဆိုသည့် တိကျသော အလုပ်တာဝန်များကို သာ၍ကောင်းစွာ အကောင်အထည်ဖော်ရန် ဖြစ်သည်။ ကြီးကြပ်ခြင်းကို ဦးစီးဦးရွက်ပြုနေစဉ်တွင် အဆင့်မြင့်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့် အလုပ်လုပ်နေခြင်း မရှိသည့်သူ သို့မဟုတ် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင် တာဝန်မဲ့နေပြီး နှေးကွေးနေသည့်သူ တစ်ဦးတလေ ရှိမရှိ၊ တစ်ဦးတလေက အလုပ်အစီအစဉ်များနှင့် ပတ်သက်၍ အတိုက်အခံလုပ်သည့် စိတ်အခြေအနေတစ်ခုကို ပြပြီး ယင်းတို့ကို အကောင်အထည်ဖော်ရန် မလိုမလားဖြစ်နေခြင်း ရှိမရှိ သို့မဟုတ် ယင်းတို့ကို ရွေးပြီး အကောင်အထည်ဖော်ခြင်း ရှိမရှိ သို့မဟုတ် အလုပ်အစီအစဉ်များကို ယတိပြတ် လုံးဝ လိုက်နာခြင်းမရှိဘဲ ထိုအစား မိမိတို့ကိုယ်ပိုင် စီမံကိန်းကိုသာ ဆောင်ရွက်ကြခြင်း ရှိမရှိ၊ တစ်ဦးတလေက အလုပ်အစီအစဉ်များကို ကြန့်ကြာစေပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအား အလုပ်အစီအစဉ်များ၏ စစ်မှန်သော အဓိပ္ပာယ်နှင့် တိကျသော သတ်မှတ်ချက်များကို သိခွင့်မပေးဘဲ ယင်းတို့ကို မိမိတို့ကိုယ်ပိုင် စိတ်ကူးများအတိုင်းသာ ပြောပြနေကြခြင်း ရှိမရှိဟူသည်တို့ကို ရှာဖွေဖော်ထုတ်ခြင်းအပေါ် အလွန်အလေးထားရမည် ဖြစ်သည်။ ဤပြဿနာများကို ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းအားဖြင့်သာ အဆင့်မြင့်သော ခေါင်းဆောင်များက မည်သည့်အရာ အမှန်တကယ် ဖြစ်နေသည်ကို သိနိုင်ကြပေသည်။ အဆင့်မြင့်သော ခေါင်းဆောင်များက ကြီးကြပ်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို ဦးစီးဦးရွက်ပြုခြင်းမရှိလျှင် ဤပြဿနာများကို ခွဲခြားသိမြင်နိုင်သလော။ (မသိမြင်နိုင်ပါ။) မသိမြင်နိုင်ပေ။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို ပြောပြပြီး ဦးဆောင်လမ်းပြမှုကို တစ်ဆင့်ပြီးတစ်ဆင့် ပံ့ပိုးပေးရမည်သာမက အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နေချိန်တွင်လည်း အလုပ်ကို တစ်ဆင့်ပြီးတစ်ဆင့် ကြီးကြပ်ရမည်ဖြစ်သည်။ ဒေသဆိုင်ရာ ခေါင်းဆောင်များသည် စီရင်စုခေါင်းဆောင်များ၏ အလုပ်ကို ကြီးကြပ်ရမည်၊ စီရင်စု ခေါင်းဆောင်များက အသင်းတော် ခေါင်းဆောင်များ၏ အလုပ်ကို ကြီးကြပ်ရမည်ဖြစ်ပြီး အသင်းတော် ခေါင်းဆောင်များက အဖွဲ့အသီးသီး၏ အလုပ်ကို ကြီးကြပ်ရမည်ဖြစ်သည်။ ကြီးကြပ်ခြင်းကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရမည်ဖြစ်သည်။ ကြီးကြပ်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်အစီအစဉ်များနှင့်ဆိုင်သည့် အရာကို ယင်းတို့၏ တိကျသော သတ်မှတ်ချက်များအတိုင်း တိကျမှန်ကန်စွာ အကောင်အထည်ဖော်ခြင်းအား ပံ့ပိုးပေးရန် ဖြစ်သည်။ ထို့ကြောင့် ကြီးကြပ်သည့် အလုပ်တာဝန်က အလွန်အရေးကြီးပေသည်။ ကြီးကြပ်မှုကို ဦးစီးဦးရွက်ပြုသည့်အခါ ပတ်ဝန်းကျင်က ခွင့်ပြုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ဆောင်နေသူတို့နှင့် ထိတွေ့ဆက်ဆံရန် အသင်းတော်များတွင် ထဲထဲဝင်ဝင် ပါဝင်သင့်သည်။ ၎င်းတို့သည် မေးခွန်းများမေးခြင်း၊ စောင့်ကြည့်လေ့လာခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ အလုပ်အကောင်အထည်ဖော်မှု အခြေအနေကို သိရှိနားလည်ပြီး သဘောပေါက်ခြင်းတို့ကို ပြုလုပ်သင့်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဤအလုပ်နှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများ၌ မည်သည့်အခက်အခဲများနှင့် အတွေးများ ရှိသည်ကိုလည်းကောင်း၊ ဤအလုပ်၏ စည်းမျဉ်းများကို ၎င်းတို့ သဘောပေါက်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း သိရှိနားလည်သင့်သည်။ ဤအရာအားလုံးမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရန် လိုအပ်သည့် တိကျသော တာဝန်များ ဖြစ်ကြသည်။ အထူးသဖြင့် အတော်အတန် ညံ့ဖျင်းသော အစွမ်းအစနှင့် လူ့သဘာဝရှိသည့်၊ မိမိတို့၏ အလုပ်တွင် အတော်အတန် တာဝန်မဲ့သော၊ သစ္စာမစောင့်သိသော၊ အတော်အတန် ပေါ့လျော့သောသူတို့အတွက်မူ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်ကို သာ၍ပင် ကြီးကြပ်ပြီး လမ်းညွှန်ပေးရန် လိုအပ်သည်။ ကြီးကြပ်မှုနှင့် လမ်းညွှန်မှုကို မည်သို့ လုပ်ဆောင်သင့်သနည်း။ သင်က “မြန်မြန်လုပ်ကြပါ။ အထက်က ကျွန်ုပ်တို့၏ အလုပ်အစီရင်ခံစာကို စောင့်နေသည်။ ဤအလုပ်တွင် နောက်ဆုံးသတ်မှတ်ရက် ရှိသည်၊ အချိန်မဆွဲနှင့်”ဟု ပြောသည် ဆိုကြပါစို့။ ဤသို့ တိုက်တွန်းနှိုးဆော်သည့်နည်းလမ်းက အလုပ်ဖြစ်မည်လော။ တိုက်တွန်းနှိုးဆော်ခြင်းဆိုသည်မှာ ၎င်းတို့ကို အနည်းငယ် တွန်းအားပေးလိုက်ရုံနှင့် ထိုမျှသာဖြစ်သလော။ ပိုကောင်းသော တိုက်တွန်းနှိုးဆော်နည်းမှာ အဘယ်နည်း။ သင်တို့ အလုပ်လုပ်သည့်အခါ တိုက်တွန်းနှိုးဆော်ခြင်းကို သင်တို့၏ အလုပ်တာဝန်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကြသလော။ (ထည့်သွင်းပါသည်။ အချို့သော တာဝန်များကို အချိန်မီ မလုပ်ဆောင်ဘဲထားသည်ကို ကျွန်ုပ်တွေ့မြင်ပါက ၎င်းတို့ အဘယ်ကြောင့် မလုပ်ဆောင်သည်ကို နားလည်ရန် ကြိုးစားမည်ဖြစ်ပြီး ၎င်းတို့၏ အလုပ်ပြီးမြောက်သည်အထိ နောက်ဆက်တွဲလုပ်ပေးမည် ဖြစ်ပါသည်။) အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိသောသူတစ်ဦးကို သင်တွေ့မြင်လျှင် သင်သည် တိကျသော လမ်းညွှန်မှုနှင့် အကူအညီကို ပေးရမည်ဖြစ်ပြီး ၎င်းတို့အား ဦးတည်ချက်ပေးရမည်။ တစ်စုံတစ်ဦးက ခိုကပ်နေသည်ကို သင်တွေ့မြင်လျှင် ထိုသူကို သင် ပြုပြင်ရမည်။ အကယ်၍ ၎င်းတို့သည် အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို သိသော်လည်း လုပ်ဆောင်ရန် အလွန်ပျင်းရိနေလျှင်၊ နှေးကွေးလေးကန်ပြီး အချိန်ဆွဲကာ ဇာတိပကတိ၏ သက်သောင့်သက်သာဖြစ်မှုကို မွေ့လျော်ခံစားလျှင် လိုအပ်သလို ၎င်းတို့ကို ပြုပြင်သင့်သည်။ အကယ်၍ ပြုပြင်ခြင်းက ပြဿနာကို မဖြေရှင်းသည့်အပြင်၊ ၎င်းတို့၏ သဘောထားလည်း မပြောင်းလဲပါက မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ (ဤအလုပ်ကို ၎င်းတို့အား လုပ်ဆောင်ခွင့်မပေးနှင့်။) ပထမဦးစွာ ၎င်းတို့အား သတိပေးချက်တစ်ခု ပေးလော့။ “ဤအလုပ်သည် အလွန်အရေးကြီးသည်။ သင်သည် ဤအလုပ်ကို ထိုသို့သော သဘောထားမျိုးဖြင့် ဆက်လက်သဘောထားမည်ဆိုလျှင် သင်၏ တာဝန်ကို ရုပ်သိမ်းပြီး အခြားတစ်စုံတစ်ဦးကို ပေးအပ်မည်ဖြစ်သည်။ သင် လုပ်ဆောင်လိုစိတ်မရှိလျှင် အခြားတစ်စုံတစ်ဦးက လုပ်ဆောင်လိမ့်မည်။ သင်သည် သင်၏ တာဝန်အပေါ် သစ္စာမစောင့်သိပါ။ သင်သည် ဤအလုပ်အတွက် မသင့်တော်ပါ။ သင်သည် ဤတာဝန်နှင့် စံမမီသည့်အပြင် ကိုယ်ကာယပင်ပန်းမှုကို မခံနိုင်လျှင် ဘုရားအိမ်တော်က သင့်ကို အခြားတစ်စုံတစ်ဦးဖြင့် အစားထိုးနိုင်ပြီး သင်သည်လည်း နုတ်ထွက်လွှာ တင်သွင်းနိုင်သည်။ သင်က နုတ်မထွက်သည့်အပြင် လုပ်ဆောင်ရန် လိုလားနေသေးလျှင် ကောင်းမွန်စွာ လုပ်ဆောင်ကာ ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်လော့။ သင်သည် ဤအရာကို မစွမ်းဆောင်နိုင်သည့်အပြင် တိုးတက်မှုကို ထပ်တလဲလဲ နှောင့်နှေးစေကာ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျှင် ဘုရားအိမ်တော်က သင့်ကို ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်သည်။ သင်သည် ဤတာဝန်ကို မဖြည့်ဆည်းနိုင်လျှင် စိတ်မကောင်းသော်လည်း သင်ထွက်သွားရမည်ဖြစ်သည်”ဟူ၍။ အကယ်၍ သတိပေးပြီးနောက်တွင် ၎င်းတို့ နောင်တရရန် လိုလားလျှင် ၎င်းတို့ကို ဆက်လက်ထားရှိနိုင်သည်။ သို့သော် ထပ်တလဲလဲ သတိပေးပြီးနောက်တွင် ၎င်းတို့၏ သဘောထား မပြောင်းလဲသည့်အပြင်၊ နောင်တရသည့် အရိပ်အမြွက်မျှ မပြပါက မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို ချက်ချင်း ဖြုတ်ချသင့်သည်။ ယင်းက ပြဿနာကို ဖြေရှင်းပေးပြီးဖြစ်မည် မဟုတ်လော။ ငါတို့သည် မည်သူ့ကိုမဆို တွေ့မြင်သည့်အခါ ၎င်းတို့၌ရှိသော သေးငယ်သည့် အမှားအယွင်းများ သို့မဟုတ် သာမည ပြဿနာလေးများကို အပြစ်တင်နေခြင်းမဟုတ်။ ထို့ထက် လူတို့ကို အခွင့်အရေးများ ပေးနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် နောင်တရရန် လိုလားပြီး ပြောင်းလဲကာ ယခင်ကထက် များစွာ ပိုကောင်းလာလျှင် လုံးဝဖြစ်နိုင်လျှင် ၎င်းတို့ကို ဆက်လက်ထားရှိလော့။ အကယ်၍ ၎င်းတို့အား ထပ်တလဲလဲ အခွင့်အရေးများပေးခြင်း၊ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၊ ပြုပြင်ခြင်းနှင့် သတိပေးခြင်းတို့က အလုပ်မဖြစ်သည့်အပြင်၊ မည်သူ၏ အကူအညီကမျှ အရာမရောက်လျှင် ဤသည်မှာ သာမန်ပြဿနာတစ်ခု မဟုတ်ပေ။ ဤလူ၏ လူ့သဘာဝသည် အလွန်ညံ့ဖျင်းပြီး သမ္မာတရားကို ၎င်းက လုံးဝလက်မခံပေ။ ထိုသို့သောအခြေအနေတွင် သူသည် ဤတာဝန်အတွက် မသင့်တော်သည့်အပြင် သူ့ကို နှင်ထုတ်သင့်သည်။ သူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ဤသည်မှာ ကိစ္စရပ်ကို ကိုင်တွယ်ဖြေရှင်းသင့်သည့် ပုံစံဖြစ်သည်။

အသင်းတော်၏ အလုပ်ကို ကြီးကြပ်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာအမျိုးမျိုးကို ဖော်ထုတ်ရာ၌ ကျွမ်းကျင်သင့်သည်သာမက ၎င်းတို့ စိတ်မအေးရသော သို့မဟုတ် မယုံကြည်ရသော အသင်းတော်ခေါင်းဆောင်အချို့ကိုလည်း အထူးအာရုံစိုက်သင့်သည်။ ဤလူတို့ကို အချိန်ကာလကြာရှည်စွာ ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ပေးရန် လိုအပ်သည်။ သင်သည် ၎င်းတို့အား အခြေအနေနှင့်ပတ်သက်၍ ရံဖန်ရံခါ မေးမြန်းရုံမျှဖြင့် သို့မဟုတ် စကားအနည်းငယ်ဖြင့် ဘေးဖယ်ထားပြီး ပြီးပြီဟု မှတ်ယူ၍မရပေ။ တစ်ခါတစ်ရံ ၎င်းတို့၏ အလုပ်ကို ကြီးကြပ်ဖို့အတွက် အလုပ်လုပ်သည့်နေရာ၌ပင် နေထိုင်ရန် လိုအပ်သည်။ အလုပ်လုပ်သည့်နေရာ၌ နေထိုင်ရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ပြဿနာများကို ပို၍ လျင်မြန်စွာ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရန်နှင့် အလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်စေရန် ဖြစ်သည်။ တစ်ခါတစ်ရံ သင်သည် အလုပ်လုပ်သည့်နေရာသို့ ရောက်လျှင်ရောက်ချင်း ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ခြင်း မရှိပေ။ ထိုအစား အလုပ်ကို အသေးစိတ် နားလည်ခြင်း၊ စစ်ဆေးခြင်းနှင့် ဂရုတစိုက် စောင့်ကြည့်လေ့လာခြင်းတို့မှတစ်ဆင့် အချို့သော ပြဿနာများသည် တဖြည်းဖြည်း ပေါ်လွင်လာပြီး ရှာဖွေတွေ့ရှိနိုင်ခြင်း ဖြစ်သည်။ ကြီးကြပ်မှုကို ဦးစီးဦးရွက်ပြုရန် အလုပ်လုပ်သည့်နေရာ၌ နေထိုင်ခြင်းသည် လူတို့ကို စောင့်ကြည့်ခြင်း သို့မဟုတ် အကဲခတ်နေခြင်း မဟုတ်ပေ။ ကြီးကြပ်မှုဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ကြီးကြပ်မှုတွင် စစ်ဆေးခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့ ပါဝင်သည်။ ယင်းမှာ အလုပ်နှင့်ပတ်သက်၍ အသေးစိတ် တိတိကျကျ မေးမြန်းခြင်း၊ အလုပ်၏ တိုးတက်မှုနှင့် အလုပ်ရှိ အားနည်းချက်များကို သိရှိနားလည်ပြီး သဘောပေါက်ခြင်း၊ မိမိတို့၏ အလုပ်တွင် မည်သူက တာဝန်ယူပြီး မည်သူက တာဝန်ယူခြင်းမရှိသည်တို့ကိုလည်းကောင်း၊ အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိသူနှင့် မရှိသူကိုလည်းကောင်း နားလည်ခြင်း အစရှိသည်တို့အား ဆိုလိုသည်။ ကြီးကြပ်မှုသည် တစ်ခါတစ်ရံ အခြေအနေနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးခြင်း၊ နားလည်ခြင်းနှင့် စုံစမ်းမေးမြန်းခြင်းတို့ လိုအပ်သည်။ တစ်ခါတစ်ရံ မျက်နှာချင်းဆိုင် မေးမြန်းခြင်း သို့မဟုတ် တိုက်ရိုက် စစ်ဆေးခြင်းတို့ကို လိုအပ်သည်။ တာဝန်ခံများနှင့် တိုက်ရိုက်မိတ်သဟာယဖွဲ့ကာ အလုပ်အကောင်အထည်ဖော်မှု၊ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ပြဿနာများ စသည်တို့နှင့်ပတ်သက်၍ ပိုမိုမကြာခဏ မေးမြန်းခြင်းတို့ ပါဝင်သည်မှာ အမှန်ပင်ဖြစ်သည်။ ကြီးကြပ်မှု ပြုလုပ်နေစဉ်တွင် သင်သည် မည်သည့်လူတို့က အပေါ်ယံအားဖြင့်သာ အားစိုက်ပြီး မိမိတို့အလုပ်အား လုပ်ဆောင်သည်ကိုလည်းကောင်း၊ မည်သည့်လူတို့က တိကျသော တာဝန်များအား မည်သို့ အကောင်အထည်ဖော်ရမည်ကို မသိသည်ကိုလည်းကောင်း၊ မည်သည့်လူတို့က အကောင်အထည်ဖော်နည်းကို သိသော်လည်း တကယ့်အလုပ်ကို မလုပ်ဆောင်သည်ကိုလည်းကောင်း၊ အခြား ထိုသို့သော ပြဿနာများကိုလည်းကောင်း ရှာဖွေတွေ့ရှိနိုင်သည်။ ရှာဖွေတွေ့ရှိသည့် ဤပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ကြီးကြပ်မှု၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်အစီအစဉ်များကို ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ သင် စီစဉ်ထားသည့် အလုပ်က သင့်တော်ခြင်း ရှိမရှိ၊ သင် ထည့်မစဉ်းစားမိသည့် သို့မဟုတ် သင် မတွေးတောမိသည့် အချက်များ ရှိမရှိ၊ စည်းမျဉ်းများနှင့် မကိုက်ညီသည့် နေရာများ တစ်ခုတလေ ရှိမရှိ၊ လမ်းလွဲမှုများ သို့မဟုတ် အမှားများ ပြုလုပ်မိသည့် နေရာများ တစ်ခုတလေ ရှိမရှိ စသည်တို့ကို ကြည့်ရှုရန် ဖြစ်သည်။ ဤပြဿနာအားလုံးကို ကြီးကြပ်မှု ပြုလုပ်သည့် လုပ်ငန်းစဉ်အတွင်း ရှာဖွေတွေ့ရှိနိုင်သည်။ သို့သော် သင်သည် အိမ်တွင်နေပြီး ဤတိကျသော အလုပ်ကို မဆောင်ရွက်လျှင် ဤပြဿနာများကို သင် ရှာဖွေတွေ့ရှိနိုင်သလော။ (မတွေ့ရှိနိုင်ပါ။) ပြဿနာများစွာကို သိရှိပြီး သဘောပေါက်ရန်အတွက် အလုပ်လုပ်သည့်နေရာ၌ မေးမြန်းခြင်း၊ စောင့်ကြည့်လေ့လာကာ သိနားလည်ခြင်းတို့ ပြုလုပ်ရန် လိုအပ်သည်။ ကြီးကြပ်မှု ပြုလုပ်သည့်အခါ သင်သည် မိမိတို့၏ အလုပ်တွင် တာဝန်မဲ့ပြီး ဂရုမစိုက်သော၊ မိမိတို့၏ အထက်လူကြီးများကို လှည့်စားပြီး မိမိတို့၏ လက်အောက်ငယ်သားများထံမှ အကြောင်းအရာများကို ဖုံးကွယ်ထားသော၊ ဝတ်ကျေတမ်းကျေလုပ်ပြီး နှေးကွေးသောသူတို့ကို တိုက်တွန်းနှိုးဆော်ရမည်။ ၎င်းတို့အား မည်သို့ တိုက်တွန်းနှိုးဆော်ရမည်ဟူသည်နှင့်ပတ်သက်၍ အဆင့်အနည်းငယ်ကို ငါတို့ ယခုလေးတင် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။ သင်သည် လမ်းညွှန်မှုပေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ပြုပြင်ခြင်း၊ သတိပေးခြင်းနှင့် ၎င်းတို့အား ဖြုတ်ချခြင်းတို့တို့ကို ပြုလုပ်နိုင်သည်။ ဤအဆင့်များကို ဆောင်ရွက်ရန် လွယ်ကူသလော။ (လွယ်ကူပါသည်။)

၃။ စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်း

ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်ကို ဆက်လက် တိုက်တွန်းနှိုးဆော်ပြီးနောက် နောက်တစ်ဆင့်မှာ အလုပ်ကို စစ်ဆေးရန် ဖြစ်သည်။ အလုပ်ကို စစ်ဆေးခြင်း၏ ထုံစံအတိုင်း ရည်ရွယ်ချက်မှာ အဘယ်နည်း။ အလုပ်ကို စစ်ဆေးခြင်းသည် စီစဉ်ထားသည့် လုပ်ငန်းတာဝန်များ၏ တိုးတက်မှုကို ဆုံးဖြတ်ရန်၊ အရေးတကြီး ဖြေရှင်းရန် လိုအပ်သည့် မည်သည့်ပြဿနာကိုမဆို ဖော်ထုတ်ရန်နှင့် နောက်ဆုံး၌ အလုပ်ကို အပြည့်အဝ ကောင်းမွန်စွာ လုပ်ဆောင်ထားကြောင်း သေချာစေရန် ဖြစ်သည်။ အလုပ်ကို စီစဉ်ပြီးနောက်တွင် နောက်ဆက်တွဲအလုပ်က မည်သည့်အဆင့်သို့ ရောက်ရှိပြီးဖြစ်သည်၊ ထိုအလုပ်က ပြီးစီးခြင်း ရှိမရှိ၊ မည်မျှ ထိရောက်မှုရှိသည်၊ ရလဒ်များမှာ အဘယ်အရာများဖြစ်သည်၊ တိကျသော ပြဿနာတစ်ခုတလေကို ပိုင်းခြားသိမြင်ပြီးခြင်း ရှိမရှိ၊ အခက်အခဲများ တစ်ခုတလေ ရှိမရှိ၊ စည်းမျဉ်းများနှင့် မကိုက်ညီသည့် နေရာများ တစ်ခုတလေ ရှိမရှိ စသည့် ကဏ္ဍများစွာကို စစ်ဆေးရန် လိုအပ်သည်။ သင် စီစဉ်ထားသည့် အလုပ်ကို စစ်ဆေးခြင်းသည်လည်း တိကျပြီး လိုအပ်သော တာဝန်တစ်ခု ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှားတစ်ခုကို မကြာခဏ ပြုလုပ်ကြသည်။ ၎င်းတို့သည် အလုပ်ကို စီစဉ်ပြီးသည်နှင့်တစ်ပြိုင်နက် မိမိတို့၏ အလုပ် ပြီးပြီဟု ထင်ကြသည်။ ၎င်းတို့က “ကျွန်ုပ်၏ တာဝန် ပြီးစီးပြီဖြစ်သည်၊ ကျွန်ုပ်၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းပြီးဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်တို့အား မည်သို့လုပ်ဆောင်ရမည်ကို ကျွန်ုပ် ပြောပြီးဖြစ်သည်။ ဘာလုပ်ရမည်ကို သင်တို့ သိပြီး လုပ်ဆောင်ရန်လည်း သဘောတူပြီးဖြစ်သည်။ အမှုအရာများ မည်သို့ဆက်ဖြစ်မည်ကို ကျွန်ုပ် စိုးရိမ်ရန် မလိုပါ။ သင်တို့ ပြီးစီးသည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်ထံ အစီရင်ခံလိုက်ရုံသာ ဖြစ်သည်”ဟု ယုံကြည်ကြသည်။ အလုပ်ကို စီစဉ်ရေးဆွဲပြီးနောက် ၎င်းတို့သည် မိမိတို့၏ တာဝန် ပြီးဆုံးသွားပြီး အရာအားလုံး အဆင်ပြေသည်ဟု ယုံကြည်ကြသည်။ အလုပ်ကို နောက်ဆက်တွဲလုပ်ခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုကြပေ။ တာဝန်ခံအဖြစ် ၎င်းတို့ စီစဉ်ခဲ့သည့်လူက သင့်တော်ခြင်း ရှိမရှိ၊ လူအများစု၏ အခြေအနေက မည်သို့ရှိသည်၊ ပြဿနာများ သို့မဟုတ် အခက်အခဲများ ရှိမရှိ၊ အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရာ၌ ၎င်းတို့ ယုံကြည်စိတ်ချမှု ရှိမရှိ၊ လွဲချော်သော သို့မဟုတ် မှားယွင်းသော သွင်ပြင်လက္ခဏာများ ရှိမရှိ၊ သို့မဟုတ် အထက်မှ အလုပ်အစီအစဉ်များကို ချိုးဖောက်ခြင်းများ ရှိမရှိ စသည်တို့နှင့်ပတ်သက်၍ ၎င်းတို့က သိရှိနားလည်ခြင်း၊ စစ်ဆေးခြင်း သို့မဟုတ် ဆက်လက်စောင့်ကြည့်ခြင်းတို့ကို မပြုကြပေ။ ၎င်းတို့သည် အလုပ်ကို စီစဉ်ပြီးနောက် မိမိတို့၏ အလုပ် ပြီးပြီဟု မှတ်ယူလိုက်ကြသည်။ ဤသည်မှာ တိကျသော အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ အလုပ်တွင် မည်သည့်အရာကို စစ်ဆေးသင့်သနည်း။ စစ်ဆေးရမည့် အဓိကအရာများမှာ အကောင်အထည်ဖော်မှု အစီအစဉ်သည် အလုပ်အစီအစဉ်များနှင့် ကိုက်ညီမှု ရှိမရှိ၊ အလုပ်အစီအစဉ်များ၏ စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို ချိုးဖောက်ခြင်း ရှိမရှိ၊ အလုပ်လုပ်နေစဉ်အတောအတွင်းတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များကို ဖြစ်စေသောသူများ ရှိမရှိ၊ ကြောင်းကျိုးမမြင်ဘဲ ဒုက္မပြဿကို လှုံ့ဆော်သောသူများ တစ်ဦးတလေ ရှိမရှိ၊ သို့မဟုတ် အဆင့်မြင့်ပုံရသည့် စကားများကို ကြွေးကြော်သောလူများ တစ်ဦးတလေ ရှိမရှိဟူသည်တို့ ဖြစ်သည်။ အလုပ်ကို စစ်ဆေးနေစဉ်တွင် အလုပ်အစီအစဉ်များကို သင်ကိုယ်တိုင် အကောင်အထည်ဖော်ရာ၌ အမှားများ ရှိခဲ့ခြင်း ရှိမရှိဟူသည်ကိုလည်း သင် စစ်ဆေးနေခြင်း ဖြစ်သည်။ အခြားသူများ၏ အလုပ်ကို စစ်ဆေးခြင်းသည် အမှန်တကယ်တွင် သင်၏ ကိုယ်ပိုင်အလုပ်ကိုလည်း စစ်ဆေးနေခြင်း ဖြစ်သည်။

အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နည်းအပေါ် ဥပမာတစ်ခုဖြင့် မိတ်သဟာယဖွဲ့ခြင်း

အထက်မှ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်ရမည်နှင့်ပတ်သက်၍ တိကျသော ဥပမာတစ်ခုကို ငါတို့ ပေးကြစို့။ သာဓကအားဖြင့် အလုပ်အစီအစဉ်က လူတို့အား အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးရန် တောင်းဆိုသည်ဟု ဆိုကြပါစို့။ ဤသည်မှာ ကဏ္ဍမျိုးစုံကို ခြုံငုံသည့် တိကျသော တာဝန်တစ်ခုဖြစ်သည့်အပြင်၊ ယာယီအလုပ်အစီအစဉ်တစ်ခုမဟုတ်ဘဲ ရေရှည်ဖြစ်ပြီး ဆက်လက်လုပ်ဆောင်နေရသော တာဝန်တစ်ခု ဖြစ်သည်။ သို့ဖြစ်၍ ဤအလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များက ပထမဦးစွာ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပံ့ပိုးပေးရန်နှင့် အလုပ်အစီအစဉ်များ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်ကြပ်မတ်ရန် လိုအပ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်အရ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ပထမဦးစွာ လုပ်ဆောင်ရန် လိုအပ်သည့်အရာမှာ လူတိုင်း ဤအလုပ်အတွက် လိုက်လျှောက်ရန် လမ်းကြောင်းနှင့် စည်းမျဉ်းများ ရှိကြောင်း သေချာစေလျက်၊ ဤတာဝန်ကို သင့်လျော်စွာနှင့် ရလဒ်များ ထွက်ပေါ်စေသော နည်းလမ်းဖြင့် တိတိကျကျ မည်သို့ ဆောင်ရွက်ရမည်ကို အဖွဲ့ခေါင်းဆောင်များနှင့်လည်းကောင်း၊ ကြီးကြပ်ရေးမှူးများနှင့်လည်းကောင်း မိတ်သဟာယဖွဲ့ရန် ဖြစ်သည်။ ဤအတိုင်းအတာအထိ မိတ်သဟာယဖွဲ့ခြင်းအားဖြင့်သာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်၍ရနိုင်သည်။ ပထမဦးစွာ လူတိုင်းသည် သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအတွက် အထက်က သတ်မှတ်ထားသည့် စံနှုန်းများကိုလည်းကောင်း၊ မည်သို့သော သက်သေခံချက် ဆောင်းပါးများ လိုအပ်သည်ကိုလည်းကောင်း နားလည်ကြောင်း သေချာစေလော့။ ပထမဦးစွာ ဤဆောင်းပါးများ၏ တိကျသော ပါဝင်သည့်အကြောင်းအရာ၊ စည်းမျဉ်းများနှင့် နယ်ပယ်ကို သတ်မှတ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးက ဤအရာကို သိရှိကြောင်း သေချာစေလော့။ ထို့အပြင် ဆောင်းပါးများ၏ အရှည်၊ ပုံစံ၊ အကြောင်းအရာနှင့် ဘာသာစကားပုံစံတို့အပေါ် တိကျသော မိတ်သဟာယဖွဲ့ခြင်းနှင့် လမ်းညွှန်မှုကို ပေးလော့။ ဥပမာအားဖြင့် ဆောင်းပါးများကို ဇာတ်ကြောင်း၊ နေ့စဉ်မှတ်တမ်း၊ ကိုယ်ရေးမှတ်တမ်း၊ စကားပြေကဗျာ စသည့် ပုံစံများဖြင့် ရေးသားနိုင်ကြောင်း ၎င်းတို့အား သိစေလော့။ ဤသည်မှာ လမ်းညွှန်မှုပေးခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လမ်းညွှန်မှုပေးပြီးနောက် လူတိုင်းသည် ၎င်းတို့ ရေးရန်လိုအပ်သည့် သက်သေခံချက် ဆောင်းပါးများ၏ တိကျသော အယူအဆနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သိရှိသွားကြလိမ့်မည်။ ထို့နောက်တွင် မည်သူက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးရန် အစွမ်းအစနှင့် အတွေ့အကြုံရှိသည်ကိုလည်းကောင်း၊ မည်သူက နက်ရှိုင်းသော အတွေ့အကြုံမရှိသည့်အပြင်၊ သာမန် သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း၌သာ လေ့ကျင့်နိုင်သည်ကိုလည်းကောင်း ဆုံးဖြတ်လော့။ အသင်းတော်ခေါင်းဆောင်များသည် ဤအခြေအနေများကို စိတ်နှလုံးထဲတွင် ရှင်းလင်းစွာ သိရှိထားရန် လိုအပ်သည်။ ဆောင်းပါးများ ရေးပြီးသည့်နောက်တွင် ၎င်းတို့သည် စစ်မှန်ခြင်း ရှိမရှိဟူသည်နှင့် တည်ဆောက်စရာဖြစ်မဖြစ်ဟူသည်တို့ကို စစ်ဆေးရန် ပြန်လည်သုံးသပ်လော့။ အကယ်၍ ယင်းတို့က စံနှုန်းပြည့်မီလျှင် ဆောင်းပါးများ မရေးရသေးသော သို့မဟုတ် မည်သို့ရေးရမည်ကို မသိသော ညီအစ်ကိုမောင်နှမများ ဖတ်ရှုရန်နှင့် ကိုးကားရန်အတွက် နမူနာ ဆောင်းပါးများအဖြစ် အသုံးပြုနိုင်သည်။ အကယ်၍ တစ်ဦးတလေကအတွေ့အကြုံများရှိပြီး သက်သေခံချက် ဆောင်းပါးများ ရေးလိုစိတ်ရှိလျှင် ၎င်းတို့သည် စည်းမျဉ်းများနှင့် သတ်မှတ်ချက်များကို လိုက်နာသင့်ပြီး စာဖတ်သူများကို တည်ဆောက်စရာဖြစ်စေရန် မိမိတို့၏ စိတ်နှလုံးထဲမှ အကြောင်းအရာများကို မျှဝေကာ လက်တွေ့ကျသော စကားများကို ပြောဆိုသင့်သည်။ အကယ်၍ အချို့သောလူများသည် ဆောင်းပါးများ ရေးသားရာ၌ မတော်သည့်အပြင်၊ ရိုးရှင်းသော ဖြစ်ရပ်များနှင့်ဆိုင်သည့် မှတ်တမ်းကိုသာ ရေးသားတတ်လျှင် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့၏ ဆောင်းပါးများက စံနှုန်းများနှင့် မကိုက်ညီလျှင်ပင် ၎င်းတို့သည် လေ့ကျင့်သင့်နေဆဲ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့ကြုံခံစားခြင်းမှ ရရှိသည့် မိမိတို့၏ စစ်မှန်သော နားလည်သဘောပေါက်မှုနှင့် တန်ဖိုးထားမှုကို ဆောင်းပါးများအဖြစ် ရေးသားသင့်သည်။ ဤဆောင်းပါးများကို တည်းဖြတ်ပြီး ပြန်လည်သုံးသပ်ပြီးနောက် အကယ်၍ ပါဝင်သည့်အကြောင်းအရာက သက်သေခံချက် ဆောင်းပါးများ၏ စံနှုန်းများနှင့် ကိုက်ညီလျှင် ထိုသို့သော ဆောင်းပါးများသည် ခိုင်လုံပေသည်။ ဆောင်းပါး၏ ရေးဟန် မည်သို့ပင်ဖြစ်စေ၊ ဇာတ်ကြောင်းပုံစံဖြင့်ဖြစ်စေ၊ နေ့စဉ်မှတ်တမ်းပုံစံဖြင့်ဖြစ်စေ ယင်း၏ ပုံစံ မည်သို့ပင်ဖြစ်စေ စာဖတ်သူများအတွက် အကျိုးရှိပြီး တည်ဆောက်စရာဖြစ်နေသရွေ့ ရေးသားနိုင်သည်။ ပညာအရည်အချင်းနိမ့်ကျပြီး အချို့သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရှိသော်လည်း သက်သေခံချက် ဆောင်းပါးများအား မည်သို့ရေးရမည်ကို မသိသော အချို့သောလူများလည်း ရှိသည်။ ထိုသို့သော အခြေအနေများတွင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် မိမိတို့၏ အတွေ့အကြုံများကို နှုတ်ဖြင့် ပြောပြနိုင်ပြီး ပို၍ ပညာတတ်သော တစ်စုံတစ်ဦးက ၎င်းတို့၏ အတွေ့အကြုံများကို မှတ်တမ်းတင်ရန် ကူညီပေးနိုင်ကာ ထို့နောက် ထိုသူ၏ မူလဆိုလိုရင်းနှင့်အညီ တိကျစွာ ဖော်ပြ၍ စံနှုန်းပြည့်မီသော သက်သေခံချက် ဆောင်းပါးတစ်ခုအဖြစ် တည်းဖြတ်ပေးနိုင်သည်။ ထိုသို့သော ဆောင်းပါးများသည်လည်း ခိုင်လုံပေသည်။ ဤအလုပ်ကို စတင်ရန်အတွက် ပထမဆုံးအနေဖြင့် သက်သေခံချက် ဆောင်းပါးဆိုသည်မှာ အဘယ်အရာဖြစ်သည်ဟူသည်နှင့် ယင်း၏ ပုံစံကို မိတ်သဟာယဖွဲ့လော့။ ထို့နောက် မတူညီသော ပညာရေးအဆင့်များ၊ မတူညီသော အသက်အရွယ်အုပ်စုများအပြင်၊ မတူညီသော အတွေ့အကြုံများနှင့် ဝိညာဉ်ရင့်ကျက်မှုများ ရှိသူတို့အတွက် တိကျသော သတ်မှတ်ချက်များနှင့် အစီအစဉ်များကို ပြုလုပ်လော့။ ပထမဆုံးအနေဖြင့် အတွေ့အကြုံရှိသူများကို ဆောင်းပါးအချို့ ရေးသားစေလော့။ ထိုစဉ်အတောအတွင်းတွင်အသင်းတော်ထဲ၌ ညီအစ်ကိုမောင်နှမများကို ဆောင်းပါးများ ရေးသားရာတွင် လမ်းညွှန်ရန် သင့်တော်သူများနှင့် ဤတိကျသော တာဝန်များကို ဆောင်ရွက်ရန် ဆောင်းပါးများကို တည်းဖြတ်ခြင်းနှင့် စာမူကြမ်းပြင်ပေးခြင်းတို့အတွက် သင့်တော်သူများကို ဖော်ထုတ်လော့။ ဤအရာက ဤအလုပ်အတွက် ကနဦး အစီအစဉ်တစ်ခုကို ပံ့ပိုးပေးသည်။ ဤနည်းလမ်းဖြင့် စီစဉ်ခြင်းသည် အလုပ်ကို ထိုသို့ဖြင့် အပြည့်အဝ အကောင်အထည်ဖော်ပြီးဖြစ်၍ သင်သည် ယင်းကို လက်လွှတ်ထား၍ရပြီဟု ဆိုလိုသလော။ မဆိုလိုပေ၊ ဤသည်မှာ အလုပ်အစီအစဉ်၏ သတ်မှတ်ချက်များကို အခြေခံ၍ တိကျသော လမ်းညွှန်မှု၊ အကူအညီနှင့် အကောင်အထည်ဖော်မှု အစီအစဉ်များကို ပံ့ပိုးပေးခြင်းမျှသာ ဖြစ်သည်။ နောက်တစ်ဆင့်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် အလုပ်ကို ကြီးကြပ်သင့်သည်။ ဤကြီးကြပ်မှုက ပစ်မှတ်တစ်ခု ရှိသင့်သလော။ ကြီးကြပ်မှုသည် ကျပန်းစစ်ဆေးခြင်း မဟုတ်ပေ။ ယင်း၌ အဓိက ပစ်မှတ်တစ်ခု ရှိရန် လိုအပ်သည်။ မည်သူက ကြီးကြပ်ရန် လိုအပ်သည်ဟူသည်နှင့် မည်သည့်အလုပ်အဆင့်များက ကြီးကြပ်မှု လိုအပ်သည်ဟူသည်တို့ကို သင် ရှင်းလင်းစွာ နားလည်ထားရမည်။ ဥပမာအားဖြင့် အကယ်၍ ညီအစ်မတစ်ဦးသည် ပုံမှန်အားဖြင့် သူ၏အလုပ်တွင် အလေးအနက်မထားသည့်၊ ဝါကြွားတတ်ပြီး၊ ရည်မှန်းချက်မြင့်မားသော်လည်း အရည်အချင်းမရှိသည့်၊ မိမိ၏ အထက်လူကြီးများကို လှည့်စားတတ်ပြီး မိမိ၏ လက်အောက်ငယ်သားများထံမှ အကြောင်းအရာများကို ဖုံးကွယ်ထားတတ်သည့်၊ အထူးသဖြင့် နားထောင်ကောင်းသောပုံစံဖြင့် စကားပြောပြီး မိမိ၏အလုပ်တွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်တတ်သည့် အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်လျှင်၊ သူ၏အလုပ်ကို ကြီးကြပ်ပေးရန် မဖြစ်မနေ လိုအပ်သည်။ သင်သည် သူ့ကို အပြည့်အဝ ယုံကြည်၍မရပေ။ သို့ဆိုလျှင် ပထမအဆင့်မှာ သူ၏အလုပ်ကို စစ်ဆေးပြီး အလုပ်အစီအစဉ်များကို သူမ၏ အကောင်အထည်ဖော်မှုက မည်သို့ရှိသည်ကို ကြည့်ရှုရန် ဖြစ်သည်။ ဤသည်မှာ လူတို့ကို ထင်ရာမြင်ရာ ကြီးကြပ်နေခြင်းမျှသာ ဖြစ်သလော။ (မဟုတ်ပါ။) ဤအလုပ်သည် အလွန်အရေးကြီးပြီး ဤအလုပ်မျိုးကို ဆောင်ရွက်သူများသည် ယုံကြည်စိတ်ချရသူများ ဖြစ်ရမည်ဖြစ်သောကြောင့် ဤသည်မှာ အလုပ်အတွက် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် တိကျသော တာဝန်များကို မလုပ်ဆောင်သည့် ယုံကြည်စိတ်ချရခြင်းမရှိလျှင် ၎င်းတို့ကို ကြောင်းကျိုးမမြင်ဘဲ ယုံကြည်ခြင်းသည် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေမည်ဖြစ်ပြီး သင်သည်လည်း တာဝန်ပျက်ကွက်ရာရောက်မည်ဖြစ်သည်။ ထိုသို့သောလူများအတွက် သင်သည် ၎င်းတို့၏ စကားများ နားထောင်ကောင်းပုံအားဖြင့် သို့မဟုတ် ၎င်းတို့၏ ကတိကဝတ်ကို မည်မျှ ပြင်းပြင်းထန်ထန် ကြေညာသည်ဟူသည့်အရာအားဖြင့် လွှမ်းမိုးခြင်းခံ၍ မရပေ။ အမှန်တကယ်တွင် ၎င်းတို့သည် ကောင်းစွာ စကားပြောတတ်သော်လည်း နောက်ကွယ်တွင် အကျိုးရှိသောအရာ တစ်ခုမျှ မကြလုပ်ဆောင်ပေ။ ထိုသို့သောလူများသည် ကြီးကြပ်မှုခြင်းခံရသည့်သူများ အတိအကျ ဖြစ်သည်။ ကြီးကြပ်မှုမှတစ်ဆင့် ၎င်းတို့ နောင်တရခြင်း ရှိမရှိဟူသည်ကို စောင့်ကြည့်လေ့လာလော့။ အကယ်၍ မရှိလျှင် ၎င်းတို့ကို ချက်ချင်း ဖြုတ်ချပြီး ၎င်းတို့အပေါ် အားစိုက်ထုတ်မှု ဖြုန်းတီးခြင်းကို ရပ်တန့်လော့။ အမှန်တကယ်တွင် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုနှင့်အတူ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့ကို လက်တွေ့လုပ်ဆောင်သင့်သည်။ တကယ့်အလုပ်ကို လုပ်ဆောင်နိုင်ပြီး တာဝန်ယူစိတ်ရှိသူများအတွက်မူ ထိုအလုပ်က ၎င်းတို့ လုပ်ဆောင်တတ်သည့် အလုပ်ဖြစ်လျှင် ကြီးကြပ်ရန် မလိုအပ်ပေ။ သို့သော် အလုပ်သစ် သို့မဟုတ် အရေးကြီးသော အလုပ်အတွက်မူ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့က လိုအပ်နေဆဲ ဖြစ်သည်။ အလုပ်ကို ဤကဲ့သို့ ကြီးကြပ်ခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ဖြစ်သည်ဟု ဆိုနိုင်သည်။ နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့သည် မယုံကြည်မှုနှင့် မသက်ဆိုင်ဘဲ အလုပ်၏ ချောမွေ့သော တိုးတက်မှုကို သေချာစေခြင်းအကြောင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူတို့၌ အမျိုးမျိုးသော ချို့ယွင်းချက်များ ရှိသည့်အပြင် အမျိုးမျိုးသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများလည်း ရှိသောကြောင့် ဤနည်းလမ်းဖြင့် လက်တွေ့မလုပ်ဆောင်ဘဲ အလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်ကြောင်း အာမခံရန် မဖြစ်နိုင်ပေ။ အလုပ်လုပ်ရန် ယခုမှ ရာထူးတိုးမြှင့်ခံရသူများသည် သာ၍ပင် နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုတို့ကို လိုအပ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် တိကျသော အလုပ်တာဝန်တစ်ခု ဖြစ်သည်။ သင်သည် နောက်ဆက်တွဲလုပ်ပေးခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့ကို လက်တွေ့မလုပ်ဆောင်လျှင် အလုပ်တာဝန်များစွာက ကောင်းမွန်စွာ မပြီးနိုင်သည့်အပြင် အချို့သော အလုပ်များသည် အလွဲလွဲအချော်ချော်ဖြစ်သွားခြင်း သို့မဟုတ် ရပ်တန့်သွားခြင်းပင် ဖြစ်နိုင်သည်။ ဤသည်မှာ မကြာခဏဖြစ်တတ်လွန်းသော အဖြစ်အပျက်တစ်ခု ဖြစ်သည်။ အထူးသဖြင့် သမ္မာတရားကို မလိုက်စားသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သာ၍ပင် ကြီးကြပ်မှု လိုအပ်သည်။ အခြားသူများနှင့်ဆိုလျှင် အလုပ်ကို အတော်အတန် ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်သော်လည်း ထိုသို့သောလူများနှင့်မူ အလုပ်ကို အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိ သို့မဟုတ် မည်မျှ ကောင်းမွန်စွာ အကောင်အထည်ဖော်မည်ဟူသည်မှာ မသေချာသည့်အပြင် အလုပ်အစီအစဉ်နှင့်အညီ အကောင်အထည်ဖော်ခြင်း ရှိမရှိဟူသည်မှာ ပြောရန် သာ၍ပင် ခက်ခဲသည်။ ထိုသို့သောလူများသည် မိမိတို့၏ အလုပ်တွင် အလွန် ယုံကြည်စိတ်ချရသူများ မဟုတ်ပေ။ သင်သည် ၎င်းတို့၏ အလုပ်ကို မကြီးကြပ်ဘဲ ၎င်းတို့ကို ယုံကြည်လျှင် ဤသည်မှာ အခြေခံအားဖြင့် အလုပ်အပေါ် ဝတ်ကျေတမ်းကျေလုပ်ခြင်းနှင့် တာဝန်မဲ့ခြင်း ဖြစ်သည်။ ထိုသို့သောလူများအတွက် သင်သည် နောက်ဆက်တွဲလုပ်ပေးပြီး ကြီးကြပ်ရန်နှင့် ၎င်းတို့အသင်းတော်၏ အလုပ်တွင် ပါဝင်ရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် သင့်ကို လာခွင့်မပြုလိုလျှင် သို့မဟုတ် သင့်ကို မကြိုဆိုလျှင် သင် မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ သင်က “ကျွန်ုပ်၏ မာနကို မျိုသိပ်ပြီး မည်သို့ပင်ဖြစ်စေ သွားမည်”ဟု ပြောကောင်းပြောနိုင်သည်။ ဤစကားများသည် မှန်ပါသလော။ (မမှန်ပါ။) ထိုနေရာသည် ၎င်းတို့၏ ကိုယ်ပိုင်နယ်မြေ မဟုတ်ပေ။ ယင်းမှာ အသင်းတော်ဖြစ်ပြီး သင်၏ တာဝန်ယူမှု နယ်ပယ်အတွင်း ကျရောက်သည်။ သင်သည် ခိုကပ်စားရန် ၎င်းတို့၏ အိမ်တွင် အချိန်ဆွဲနေခြင်း မဟုတ်ပေ။ သင်သည် အလုပ်လုပ်ရန် အသင်းတော်သို့ သွားနေခြင်း ဖြစ်သည်။ ဤသည်မှာ သင်၏ သင်၏ မာနကို မျိုသိပ်ခြင်းနှင့် မသက်ဆိုင်ပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ဘုရားသခင် ရွေးချယ်ထားသောလူများမှာ ၎င်းတို့၏ လူများ မဟုတ်ပေ။ သင်သည် ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ပေးပြီး ကြီးကြပ်ရန် လိုအပ်သည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ အလုပ်တွင် တာဝန်မဲ့ပြီး သစ္စာမစောင့်သိသောကြောင့် ဖြစ်သည်။ သို့ဆိုလျှင် ထိုနေရာသို့ သွားသည့်အခါ မည်သည့်အရာ သင် လုပ်ဆောင်သင့်သနည်း။ ပထမဆုံးအနေဖြင့် အသင်းတော်ထဲတွင် မည်သူက အသက်တာဆိုင်ရာ အတွေ့အကြုံများရှိပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးနိုင်သည်ကိုလည်းကောင်း၊ မည်သူက သမ္မာတရားကို လိုက်စားရာ၌ အတော်အတန် ပို၍ အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သူက နေ့စဉ်မှတ်တမ်းများနှင့် ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများ ရေးသားရာ၌ အတော်အတန် ပို၍ အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သူက စုဝေးပွဲများတွင် မိမိတို့၏ အတွေ့အကြုံများကို မျှဝေရာ၌ အာရုံစိုက်သည်ကိုလည်းကောင်း၊ မည်သူက အတွေ့အကြုံဆိုင်ရာ သက်သေခံချက် အများဆုံး ရှိသည်ကိုလည်းကောင်း ၎င်းတို့အား မေးမြန်းလော့။ ၎င်းတို့အား ဤလူများကို ဦးစွာ ညွှန်ပြခိုင်းလော့။ အကယ်၍ ၎င်းတို့က ညီအစ်ကိုမောင်နှမများစွာကို ထောက်ပြပြီး ဤသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌ အတော်အတန် ပို၍ အာရုံစိုက်သူများဖြစ်ကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးခြင်းကို ရရှိကြောင်း၊ ဝိညာဉ်ရေးရာ ဆက်ကပ်ခြင်း မှတ်စုများကို မကြာခဏ ရေးသားကြောင်း၊ အခြေအနေများနှင့် ကြုံတွေ့သည့်အခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ အာရုံစိုက်ကြောင်းနှင့် အခြားသူများ နားထောင်လိုသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မကြာခဏ မျှဝေကြောင်း ပြောဆိုလျှင် သင်သည် ဤညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံပြီး ၎င်းတို့နှင့် မိတ်သဟာယဖွဲ့သင့်သည်။ ထို့အပြင် အသင်းတော်ထဲတွင် ပညာအရည်အချင်းနိမ့်ကျပြီး ဆောင်းပါးများ မရေးနိုင်သော်လည်း လက်တွေ့ကျသော အတွေ့အကြုံများ ရှိသည့် အချို့သောလူများ မုချရှိပေသည်။ ဤလူများသည် လမ်းညွှန်မှုနှင့် လေ့ကျင့်မှု လိုအပ်ပြီး ဆောင်းပါးများ ရေးတတ်သူများကို အချိန်ကာလတစ်ခုအထိ ထိုသူတို့အား ကူညီခိုင်းနိုင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းဟူသည့် တိကျသော အလုပ်ကို အကောင်အထည်ဖော်ရန် တာဝန်ရှိမည့် လူတစ်ဦးကို ရွေးချယ်လော့။ ဤလူသည် ပြီးစီးသွားသော ဆောင်းပါးများကို စုဆောင်းခြင်း၊ စာတည်းဖြတ်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းနှင့် ထို့နောက် တင်သွင်းခြင်းတို့ကို ကြီးကြပ်ရမည်။ ပြီးလျှင် အသင်းတော်ခေါင်းဆောင်က မည်သည့်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့အား ဤအလုပ်တာဝန်များကို ကြီးကြပ်ပြီး ဆက်လက်ကြပ်မတ်ခိုင်းလော့။ အချို့သောလူများက “အသင်းတော်ခေါင်းဆောင်တစ်ဦး ရှိနေသည့်အတွက် ကြီးကြပ်မည့် တစ်စုံတစ်ဦးကို အဘယ်ကြောင့် ရွေးချယ်ရန် လိုအပ်သနည်း။ ယင်းမှာ အပိုဖြစ်သည် မဟုတ်လော”ဟု ပြောကောင်းပြောနိုင်သည်။ ယင်းမှာ မလိုအပ်ဘဲ ပိုနေသလော။ (မပိုပါ။) အဘယ်ကြောင့် မပိုသနည်း။ ဤအသင်းတော်ခေါင်းဆောင်သည် တကယ့်အလုပ်ကို မလုပ်ဆောင်ဘဲ အလွန် ယုံကြည်စိတ်ချရသူ မဟုတ်သောကြောင့် သင်သည် ဤအလုပ်အတွက် အထူးတာဝန်ယူမည့် အခြားလူတစ်ဦးကို ရွေးချယ်ရန် လိုအပ်ခြင်း ဖြစ်သည်။ အကယ်၍ အသင်းတော်ခေါင်းဆောင်သည် ယုံကြည်စိတ်ချရသူဖြစ်ပါက အလုပ်အစီအစဉ်ကို သူလက်ခံရရှိပြီးနောက် အလုပ်ကို တည်တည်ငြိမ်ငြိမ်ဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး သင်သည် သူ့ကို ဤကဲ့သို့ ကြီးကြပ်ရန် လိုအပ်မည် မဟုတ်ပေ။ တာဝန်ခံတစ်ဦးကို ရွေးချယ်ခြင်းသည် အသင်းတော်ခေါင်းဆောင်ကို ဘေးဖယ်ထားခြင်းအကြောင်း မဟုတ်ဘဲ ပိုမိုကောင်းမွန်သော အလုပ်ရလဒ်များကို စွမ်းဆောင်ရရှိခြင်းအကြောင်း ဖြစ်သည်။ သင်သည် ဤလူကို မရွေးချယ်လျှင် အလုပ်သည် ပျက်စီးကောင်းပျက်စီးသွားနိုင်ပြီး မည်သည့်အချိန်တွင် ပြီးစီးမည် သို့မဟုတ် ရလဒ်များ ထွက်ပေါ်မည်ဆိုသည်မှာ မသေချာမှုတစ်ခု ဖြစ်လာလိမ့်မည်။

အသင်းတော်အလုပ်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်၏ ရည်ရွယ်ချက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူတို့အား ဘုရားသခင်၏အမှုကို လက်တွေ့ကျကျ တွေ့ကြုံခံစားစေရန် ဦးဆောင်ဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်သင့်ရုံသာမက ဘုရားသခင် ရွေးချယ်ထားသောလူတို့အား အလုပ်အစီအစဉ်များက တောင်းဆိုသည့် စံနှုန်းများအတိုင်း အသင်းတော်၏ အလုပ်အားလုံးကိုလည်း ဆောင်ရွက်ရန် ကူညီပြီး ဦးဆောင်သင့်သည်။ ဤအရာကို လုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသာလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ညီညွတ်သည်။ သို့သော် သင်သည် အလုပ်တွင် တိတိကျကျ ပါဝင်ဆောင်ရွက်ခြင်း မရှိသည့်အပြင်၊ စစ်မှန်သည့်အလုပ်ကို မလုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကြီးကြပ်ခြင်းအား လက်တွေ့မလုပ်ဆောင်ပါက ဤအသင်းတော် အလုပ်တာဝန်များ၏ ရလဒ်များသည် အယောင်ဆောင် ခေါင်းဆောင်များ၏ ဖျက်ဆီးခြင်းကို ခံရသဖြင့် အချည်းနှီး ဖြစ်သွားနိုင်သည်။ အကယ်၍ သင်သည် အသင်းတော်တစ်ခုခု၏ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ပြီး ဤအသင်းတော်၏ ခေါင်းဆောင်များက တာဝန်မဲ့ကြောင်းကို သင်၏စိတ်နှလုံးထဲ၌ သိရှိသော်လည်း အချိန်မီ နောက်ဆက်တွဲအလုပ်လုပ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ကို မပေးပါက ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း ဖြစ်သည် မဟုတ်လော။ ဤအလုပ်အမျိုးအစားအတွက် သင်သည် တိတိကျကျ နောက်ဆက်တွဲအလုပ်လုပ်ပေးပြီးပါဝင်ဆောင်ရွက်ခဲ့ကာ ကြီးကြပ်ရေးမှူးကိုရော အလုပ်လုပ်ဆောင်မည့်သူများကိုပါ စီစဉ်ပြီးဖြစ်ပါက သင်သည် ချက်ချင်း ထွက်ခွာနိုင်သလော။ (မထွက်ခွာနိုင်ပါ။) အချိန်ကာလတစ်ခုကြာ နောက်ဆက်တွဲလုပ်ပေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ နောက်ဆက်တွဲအလုပ်ကို လုပ်ပေးနေစဉ်အတွင်းတွင် တစ်ချက်အနေဖြင့် သင်သည် အသင်းတော်ခေါင်းဆောင်များကို ဤတာဝန်အပေါ် တက်ကြွစွာ လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ပြီး လမ်းညွှန်နိုင်သည်။ ထို့အပြင် သင်စီစဉ်ထားသည့်သူများ၏ အလုပ်အခြေအနေကို တိကျစွာ နားလည်နိုင်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့ အချိန်မရွေး ကြုံတွေ့ရသည့် မည်သည့်ပြဿနာများအတွက်မဆို အချိန်မီ ပြင်ဆင်ချက်များနှင့် အကူအညီကို ပေးနိုင်ပေသည်။ သင်သည် စောစီးလွန်းစွာ ထွက်ခွာသွားပြီး ၎င်းတို့ထံ ပြဿနာများ ပေါ်ပေါက်လာသည့်အခါမှ ကိုင်တွယ်ဖြေရှင်းရန် ပြန်လာပါက ယင်းက အလုပ်ကို နှောင့်နှေးစေလိမ့်မည်ဖြစ်သည်။ အနှစ်ချုပ်အားဖြင့် ဤတိကျသော အလုပ်အတွက်၊ ဝန်ထမ်းများနှင့် ကြီးကြပ်ရေးမှူးကို စီစဉ်ရာတွင် ပါဝင်ခြင်းအပြင် ၎င်းတို့၏ အလုပ်အတွင်း မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ကို ကြည့်ရှုရန် အချိန်ကာလတစ်ခုကြာ နောက်ဆက်တွဲလုပ်ပေးခြင်းသည်လည်း အကောင်းဆုံးဖြစ်သည်။ တစ်ချက်အနေဖြင့်အသင်းတော်ခေါင်းဆောင်များသည် ၎င်းတို့၏ တာဝန်ကို ဖြည့်ဆည်းခြင်း ရှိမရှိဟူသည်ကို ကြီးကြပ်ရန်ဖြစ်ပြီး နောက်တစ်ချက်အနေဖြင့်၊ ဝန်ထမ်းများက အလုပ်ကို မည်သို့လုပ်ဆောင်နေသည်ဟူသည်ကို ကြည့်ရှုရန် ဖြစ်သည်။ လူအများစုသည် ဤအလုပ်ကို ယခင်က မလုပ်ဆောင်ရသေးသည့်အပြင်၊ ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကို မသိရှိသောကြောင့် သင်သည် ဤအလုပ်တွင် ပါဝင်နေစဉ် မသိရှိသေးသော ပြဿနာအချို့ကို အဆက်မပြတ် ရှာဖွေတွေ့ရှိနေလိမ့်မည်ဖြစ်သည်။ အချိန်မီ ဖြေရှင်းချက်များကိုလည်း ပေးနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ လုပ်ငန်းခွင်တွင် ရှိနေခြင်း၊ ကြီးကြပ်ခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်းတို့သည် အကောင်းဆုံးသော လက်တွေ့လုပ်ဆောင်မှုများ ဖြစ်ကြသည်။ ဖြစ်ကတတ်ဆန်း ဝတ်ကျေတမ်းကျေ ဟန်ဆောင်လုပ်ပြပြီး ပြီးပြီဟု သဘောမထားလိုက်နှင့်။ ဤသည်မှာ အကူအညီနှင့် လမ်းညွှန်မှုအချို့ကို ပေးလျက် အထူးအခြေအနေတစ်ခုအတွက် လုပ်ဆောင်ရသည့် အလုပ်ဖြစ်သည်။ ပြဿနာများကို ဖြေရှင်းပြီးနောက် ၎င်းတို့၏ အလုပ်ကို အချိန်ကာလတစ်ခုအထိ နောက်ဆက်တွဲလုပ်ပေးလော့။ ဆောင်းပါးအချို့ ရေးသားနှင့်ပြီးဖြစ်သည်ကို သင်တွေ့ရပြီး အမျိုးမျိုးသော ပြဿနာများကို ဖြေရှင်းပေးပြီး မတူညီသော အကြောင်းအရာများကို ခြုံငုံသည့် ဆောင်းပါးအမျိုးအစားများစွာ ရှိသည်။ အချို့မှာ စီစီပီ၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံရခြင်းအကြောင်း၊ အချို့မှာ မိသားစု၏ ညှဉ်းပန်းနှိပ်စက်မှုကို တွေ့ကြုံရခြင်းအကြောင်း၊ အချို့မှာ ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို လူတို့ မည်သို့ နားလည်လာကြပုံအကြောင်း သို့မဟုတ် တာဝန်များကို ထမ်းဆောင်နေစဉ် လူတို့ ပြသသည့် အမျိုးမျိုးသော ဖောက်ပြန်သည့် အခြေအနေများကို မည်သို့ ဖြေရှင်းခဲ့ကြပုံအကြောင်း စသည်တို့ ဖြစ်သည်။ ဤသက်သေခံချက် ဆောင်းပါးများကို အတည်ပြုပြီးဗီဒီယိုများအဖြစ် မပြုလုပ်မီ အချက်အလက်များနှင့် လုံးဝ ကိုက်ညီပြီး လူတို့ကို အမှန်တကယ် တည်ဆောက်ပေးကြောင်းကို သေချာစေရန် အားလုံးကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။ အလုပ်က ဤအဆင့်သို့ ရောက်ရှိသောအခါ ရလဒ်များကို သင် မြင်တွေ့နှင့်ပြီးဖြစ်လိမ့်မည်။ ဤသည်မှာ ပဏာမ သတ်မှတ်ချက်အရ၊ ဤအလုပ်အတွက် သင် စီစဉ်ခဲ့သည့် ဝန်ထမ်းများနှင့် ကြီးကြပ်ရေးမှူးသည် အတော်အတန် သင့်တော်ကြောင်း သက်သေပြပေသည်။ ထို့နောက် ၎င်းတို့သည် ဤအလုပ်ကို ၎င်းတို့ဘာသာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါက သင်ထွက်ခွာရန် သင့်တော်ပေသည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည်လည်း တည်ဆောက်မှုကို ရရှိကြသည် မဟုတ်လော။ ဤသည်မှာ တစ်နေ့လုံး သဘောတရားများအကြောင်း တတွတ်တွတ်ပြောဆိုနေပြီး အချိန်ဖြုန်းခြင်းထက် ပို၍ အကျိုးကျေးဇူးရှိသလော။ (ရှိပါသည်။) ဤအလုပ်မျိုးက ကြီးမားသော အကျိုးကျေးဇူးများ ရှိသည်။ တစ်နည်းအားဖြင့် သင်သည် လက်တွေ့ပြဿနာများကို ဖြေရှင်းတတ်ရန် သင်ယူရသည်။ နောက်တစ်နည်းအားဖြင့် သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရသည်။ ထို့အပြင် သင်၏ သမ္မာတရား သိနားလည်မှုသည် စကားလုံးများနှင့် အယူဝါဒများ အဆင့်တွင် ရပ်တန့်မနေပေ။ ထို့ထက် သင်သည် သမ္မာတရားကို လက်တွေ့ဘဝတွင် ပို၍ ကျင့်သုံးလေသည်။ ဤနည်းအားဖြင့် လူတို့သည် လက်တွေ့ကျသော အတွေ့အကြုံကို ရရှိကြပြီး ၎င်းတို့၏ သမ္မာတရား သိနားလည်မှုက ပို၍ ခိုင်လုံကာ လက်တွေ့ကျလာသည်။

အသင်းတော်တစ်ခု၏ စမ်းသပ်လုပ်ဆောင်သည့် အလုပ်စီမံကန်းတစ်ခုကို ဤအတိုင်းအတာအထိ လမ်းညွှန်ကာ ကနဦးအကျိုးရလဒ်များ ရရှိပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် နောက်ထပ် မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သနည်း။ စမ်းသပ်လုပ်ဆောင်သည့် စီမံကိန်းတစ်ခု ပြီးစီးသွားသည်နှင့် သင်၏အလုပ် ပြီးသွားပြီလော။ သင်လုပ်ဆောင်ရမည့် နောက်ထပ်အလုပ် ရှိသလော။ လုပ်ဆောင်ရန် အလုပ်များစွာ ကျန်ရှိနေသေး၏။ ဤအသင်းတော်၏ အလုပ်ကို လမ်းညွှန်ပြီးနောက်တွင်၊ အခြားမည်သည့်အသင်းတော်၏ အလုပ်က အဓိကထား လမ်းညွှန်မှု လိုအပ်သည်ကို ကြည့်ရှုပြီး ထိုအသင်းတော်သို့ သွားကာ ဆက်လက်၍ လမ်းညွှန်မှုပေးလော့။ သင်သည် အလုပ်အတွေ့အကြုံအချို့ ရှိနှင့်ပြီးဖြစ်ကာ သမ္မာတရား စည်းမျဉ်းအချို့ကို သဘောပေါက်ထားပြီးဖြစ်သောကြောင့် လမ်းညွှန်မှုအလုပ်ကို တစ်ဖန်ပေးရန် ပို၍များစွာ လွယ်ကူလိမ့်မည်။ အစောပိုင်းက ဆွေးနွေးခဲ့သည့် အလုပ်အဆင့်များအတိုင်း၊ ရွေးချယ်ထားသော အမှုဆောင်များ စံနှုန်းပြည့်မီခြင်း ရှိမရှိ၊ ၎င်းတို့က ဤအလုပ်အတွက် သင့်တော်ခြင်း ရှိမရှိ၊ ၎င်းတို့၏ အစွမ်းအစ၊ လူ့သဘာဝ၊ ပညာရေးအဆင့်၊ သမ္မာတရားကို လိုက်စားသည့် အတိုင်းအတာ၊ မိမိတို့၏ တာဝန်အပေါ်ထားရှိသည့် သဘောထားနှင့် သမ္မာတရားကို သိနားလည်မှုတို့အပြင် အခြားသော ကဏ္ဍများက အတော်အတန် အကောင်းဆုံး ဟုတ်မဟုတ်ဟူသည်နှင့် ၎င်းတို့သည် အတော်အတန် ထိပ်တန်းပုဂ္ဂိုလ်များ ဟုတ်မဟုတ်ဟူသည်တို့ကို ဦးစွာ စစ်ဆေးသင့်သည်မှာ အမှန်ပင်ဖြစ်သည်။ ကြီးကြပ်မှုနှင့် အလုပ်ကို စစ်ဆေးခြင်း အချိန်ကာလတစ်ခုမှတစ်ဆင့် သင်သည် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ကြီးကြပ်ရေးမှူးများက စံနှုန်းမပြည့်မီကြောင်းကို တွေ့ရှိရန် အခွင့်အရေး ရရှိလိမ့်မည်။ ဥပမာအားဖြင့် အချို့လူများတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ အခြားသူများတွင် လွဲချော်သော နားလည်သဘောပေါက်မှု၊ မမှန်ကန်သော သဘောထားအမြင်များ ရှိကြသည်၊ ပုံမှန်တွေးခေါ်မှု ကင်းမဲ့ပြီး ဝိညာဉ်ရေးရာ သိနားလည်မှု မရှိကြပေ။ ၎င်းတို့သည် မိမိတို့၏ ပညာရပ်ဆိုင်ရာ အသိပညာကို အခြေခံ၍သာ ဆောင်းပါးများကို စာပြင်ပေးနိုင်သော်လည်း၊ တိကျသော ဝိညာဉ်ရေးရာ ဝေါဟာရများ၏ သင့်လျော်မှုနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကိုးကားခြင်း၏ သင့်လျော်မှုတို့နှင့် ပတ်သက်လာသည့်အခါ၊ မသိနားမလည်ကြပေ။ ၎င်းတို့သည် ဤအရာများကို လုံးဝ ထွင်းဖောက်မမြင်နိုင်ကြချေ။ ယင်းက ၎င်းတို့ကို ရွေးချယ်ခဲ့ခြင်းမှာ မသင့်တော်ကြောင်းနှင့် ၎င်းတို့ကို ချက်ချင်း အစားထိုးသင့်ကြောင်း ပြသပေသည်။ ထိုအတောအတွင်း အခြားသူများသည် ကြီးကြပ်ရေးမှူးများအဖြစ် ရွေးချယ်ခံရဆဲဖြစ်ပြီး အလုပ်အချို့ကို ၎င်းတို့ လုပ်ဆောင်နိုင်သော်လည်း ၎င်းတို့ဘာသာ ဆောင်းပါးများ ရေးသားသည့်အခါ ပိုမိုကောင်းမွန်သော ရလဒ်များကို စွမ်းဆောင်ရရှိလေသည်။ ကြီးကြပ်ရေးမှူးများအဖြစ် အစေခံရန် စေခိုင်းခြင်းခံရသောအခါ ၎င်းတို့သည် မိမိတို့၏ အလုပ်ဖြင့် အလုပ်များလာသောအခါ ရေးသားရန် အချိန်မရှိသည့်အပြင်၊ ကြီးကြပ်ရေးမှူးတစ်ဦး၏ အလုပ်ကို သိပ်ကောင်းစွာ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် လမ်းညွှန်မှုပေးခြင်း၊ အလုပ်ကို စစ်ဆေးခြင်း သို့မဟုတ် ပြဿနာများကို ပြုပြင်ခြင်းတို့၌ မကျွမ်းကျင်ဘဲ သတ်သတ်မှတ်မှတ်ဖြစ်သော တာဝန်တစ်ခုတည်းကို လုပ်ဆောင်ရာ၌ ပို၍ တော်ကြသည်။ ထို့ကြောင့် ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးကို ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခြင်းသည် မသင့်တော်သည့်အပြင်၊ အခြားသင့်တော်သူတစ်ဦးကို ရွေးချယ်သင့်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တိကျသော တာဝန်တစ်ခုကို စစ်ဆေးပြီး နောက်ဆက်တွဲအလုပ်လုပ်ပေးသည့်အခါ ကြီးကြပ်ရေးမှူးက စည်းမျဉ်းများကို နားလည်ခြင်း ရှိမရှိဟူသည်ကို သိရှိရန် မေးခွန်းများမေးခြင်းနှင့် စုံစမ်းမေးမြန်းခြင်းမျှက မလုံလောက်ပေ။ သင်သည် ထိုသူ၏ လူ့သဘာဝ မည်သို့ရှိသည်ကိုလည်းကောင်း၊ ၎င်း၏ အစွမ်းအစ၊ သဘောပေါက်နားလည်နိုင်စွမ်းနှင့် ဝိညာဉ်ရင့်ကျက်မှုတို့က ဤတာဝန်ကို ထမ်းဆောင်ရန် သင့်တော်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း စောင့်ကြည့်လေ့လာရန်လည်း လိုအပ်သည်။ စစ်ဆေးမှုက စံနှုန်းမပြည့်မီသော အမှုဆောင်များကို ထုတ်ဖော်ပြသပါက ညှိနှိုင်းပြုပြင်မှုများကို အချိန်မီ ပြုလုပ်ရမည်။ ဤသည်မှာ အလုပ်ကို စစ်ဆေးခြင်းတွင် ပါဝင်သောအရာ ဖြစ်သည်။

သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်ကို အကောင်အထည်ဖော်ရန် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်၏ ကြီးကြပ်ရေးမှူးက သင့်တော်ခြင်း ရှိမရှိဟူသည်ကို စစ်ဆေးခြင်းအပြင် ဆောင်းပါးများကို စစ်ဆေးပြီး ဆောင်းပါးများ ရေးသားခြင်းအလုပ်အတွက် လမ်းညွှန်မှုနှင့် စိစစ်ခြင်းအချို့ကို ပေးတတ်ရန်လည်း သင်ယူရမည်။ တိကျစွာနှင့် လက်တွေ့ကျစွာ ရေးသားထားသော ဆောင်းပါးများကို စံနမူနာများအဖြစ် အသုံးပြုနိုင်သည်။ အနှစ်သာရမရှိသည့်အပြင် လက်တွေ့မကျသောနည်းဖြင့် ရေးသားထားသည့်၊ တန်ဖိုးမရှိသည့်အပြင် လူတို့ကို တည်ဆောက်မပေးနိုင်သော ဆောင်းပါးများကို တိုက်ရိုက် ဖယ်ရှားပစ်သင့်သည်။ ဤနည်းအားဖြင့် ညီအစ်ကိုမောင်နှမများသည် မည်သည့်ဆောင်းပါးအမျိုးအစားများက တန်ဖိုးရှိပြီး မည်သည့်အမျိုးအစားများက တန်ဖိုးမရှိသည်ကို သိရှိကြလိမ့်မည်ဖြစ်ကာ အနာဂတ်တွင် ၎င်းတို့သည် တန်ဖိုးမရှိသော ဆောင်းပါးများကို ရေးသားလိမ့်မည်မဟုတ်ဘဲ၊ ထိုသို့ဖြင့် အားအင်နှင့် အချိန်ကို ဖြုန်းတီးခြင်းအား ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်၏အလုပ်သည် တန်ဖိုးရှိလိမ့်မည်။ သင်သည် အလုပ်ကို စစ်ဆေးရန် သွားသည့်အခါ ၎င်းတို့ ရေးသားထားသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးမျိုးစုံက မသမာမှုများ သို့မဟုတ် မုသားများ တစ်ခုတလေ ရောနှောထားခြင်းရှိသလောဟူသည်နှင့် ဆောင်းပါးများက တည်ဆောက်ပေးခြင်း ရှိမရှိဟူသည်တို့ကို ကြည့်ရှုရန် စစ်ဆေးဖို့ လိုအပ်သည်။ သင်သည် ဤအရာများကို ဦးစွာ စိစစ်ရန် လိုအပ်သည်။ သင် စိစစ်နေချိန်တွင် သင်ယူနေခြင်းလည်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင် သင်ယူသည်နှင့်အမျှ ဤအလုပ်ကို ပို၍ ကောင်းသည်ထက်ကောင်းစွာ လုပ်ဆောင်လိမ့်မည်။ သင်သည် အမှုအရာများကို စစ်ဆေးခြင်းမရှိ၊ အလေးအနက်ထားခြင်း မရှိသည့်အပြင်၊ တာဝန်မဲ့ကာ “မည်သို့ပင်ဖြစ်စေ၊ ငါတို့၏ အသင်းတော်တွင် သက်သေခံချက် ဆောင်းပါးများ ရေးသားနိုင်သူများစွာ ရှိသည်။ ၎င်းတို့ ရေးပြီးသည့်နောက် ကျွန်ုပ်အားလုံးကို တင်ပြလိုက်မည်။ ၎င်းတို့ စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို မည်သူ ဂရုစိုက်သနည်း။ အထက်အဆင့် ခေါင်းဆောင်များက ငါအလုပ်များစွာ လုပ်ဆောင်ခဲ့ကြောင်း၊ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် အလုပ်များနေခဲ့ကြောင်း သိနေသရွေ့ လုံလောက်ပြီ”ဟု တွေးလျက် အလုပ်ပြီးမြောက်ပြီးနောက် ပြီးစီးကြောင်း အထက်လူကြီးများထံ အစီရင်ခံရန်သာ ရည်ရွယ်လျက်၊ ဟန်ဆောင်လုပ်ပြရုံလုပ်ပြသည် ဆိုကြပါစို့။ ဤသည်မှာ တာဝန်ယူသော သဘောထားလော။ (မဟုတ်ပါ။) ဤသည်မှာ တာဝန်မဲ့ခြင်း ဖြစ်သည်။ သင်သည် တာဝန်ယူပါက အမှုအရာများကို သင့်ဘက်မှ ဦးစွာ စိစစ်ရမည်။ သင်ထံမှတစ်ဆင့် တင်ပြသော မည်သည့်ဆောင်းပါးမဆို စံနှုန်းပြည့်မီရမည်။ ယင်းကို ဖတ်ရှုသူ မည်သူမဆိုက တည်ဆောက်မှုဖြစ်စေကြောင်း ပြောသင့်ပြီး ဖတ်ရှုရန် လိုလားနေသင့်သည်။ ဤသည်သာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ အလုပ်ကို စစ်ဆေးခြင်းဆိုသည်မှာ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်း၊ ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း၊ အယူဝါဒများ ဟောပြောခြင်း သို့မဟုတ် လူတို့ကို ထင်ရာမြင်ရာ ဟောပြောပို့ချခြင်းတို့အကြောင်း မဟုတ်ပေ။ ယင်းမှာ အလုပ်၏ ထိရောက်မှုနှင့် ရလဒ်များကို စစ်ဆေးခြင်း၊ သင်လုပ်ဆောင်ခဲ့သည့် အလုပ်သည် စံနှုန်းပြည့်မီခြင်း ရှိမရှိ၊ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း၏ ရလဒ်များအား စွမ်းဆောင်ရရှိခြင်း ရှိမရှိ၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပြည့်မီခြင်း ရှိမရှိ၊ မည်သည့် နယ်ပယ်များက စံနှုန်းပြည့်မီပြီး မည်သည့်နယ်ပယ်များက မပြည့်မီသည်ဟူသည်တို့ကို စစ်ဆေးခြင်းအကြောင်း ဖြစ်သည်။ ဤသည်တို့မှာ စစ်ဆေးရမည့်အရာများ ဖြစ်သည်။ ဤသည်မှာ တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းနှင့် သက်ဆိုင်ပြီး လူတို့၏ အစွမ်းအစ၊ ၎င်းတို့တွင် ဝိညာဉ်ရေးရာ သိနားလည်မှု ရှိမရှိ၊ သမ္မာတရား မည်မျှ နားလည်သည်၊ သမ္မာတရား လက်တွေ့ကျမှု မည်မျှ ပိုင်ဆိုင်သည်ဟူသည်နှင့် အမှုအရာများကို ရှုမြင်နိုင်စွမ်းတို့နှင့် ဆက်စပ်နေသည်။ သင်သည် အလုပ်ကို စစ်ဆေးတတ်ပြီး အလုပ်ကို စစ်ဆေးနေစဉ် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ ပြဿနာများ၏ အခရာကို သဘောပေါက်လျှင်၊ ပြဿနာများ၏ အနှစ်သာရကို မလွှတ်တမ်းအသုံးချပြီး ပြဿနာများကို ဖြေရှင်းနိုင်ကာ သက်သေခံချက် ဆောင်းပါးများကို မတင်ပြမီတွင် သင်တင်ပြသည့် ဆောင်းပါးများအားလုံး စံနှုန်းပြည့်မီပြီး ဖတ်ရှုသူတို့ကို တည်ဆောက်ပေးကြောင်း သေချာစေလျက် စည်းမျဉ်းများနှင့်အညီ ယင်းတို့ကို စိစစ်လျှင်၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီပြီး သင်၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်ပြီးဖြစ်သည်။

လူအများစုသည် လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုပေးခြင်း အလုပ်ကို လုပ်ဆောင်နိုင်သည်။ သို့ရာတွင် စစ်ဆေးခြင်းနှင့် စိစစ်ခြင်းတို့ လိုအပ်သည့်အခါ၌မူ ယင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစနှင့် ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်တို့ကို စမ်းသပ်လေသည်။ အချို့လူများသည် လမ်းညွှန်မှုပေးနိုင်သည်၊ အလုပ်ကို ကြီးကြပ်နိုင်ပြီး၊ မသင့်တော်သော အမှုထမ်းများကို ပြုပြင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းတို့ကို ပြုလုပ်နိုင်သော်လည်း ၎င်းတို့ စီစဉ်ပြီးဖြစ်သည့် အလုပ်၏ ထိရောက်မှုနှင့် ရလဒ်များအား မည်သို့ အကဲဖြတ်ရမည်ကိုလည်းကောင်း၊ ယင်းက အလုပ်အစီအစဉ်များနှင့် ကိုက်ညီခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မကိုက်ညီပါက မည်သို့ ဖြေရှင်းရမည်ကိုလည်းကောင်း မသိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် အလွန်ဆုံးအနေဖြင့်၊ လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးနိုင်သော်လည်း အလုပ်ကို စစ်ဆေးခြင်းနှင့် ပတ်သက်လာသည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို မသိကြ၊ စည်းမျဉ်းများမရှိကြသည့်အပြင်၊ ဘာပြောရမှန်းမသိဖြစ်ကြသည်။ ၎င်းတို့က “အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးဖြစ်သည်။ သို့ဖြစ်၍ စစ်ဆေးစရာ ဘာရှိသေးသနည်း။ လူတိုင်း အလုပ်လုပ်နေကြသည်၊ မည်သူမျှ အချိန်ဖြုန်းနေခြင်းမရှိပါ၊ အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေသူများကို ကိုင်တွယ်ဖြေရှင်းပြီးဖြစ်သည့်အပြင်၊ ဖြုတ်ချရန် သို့မဟုတ် သန့်စင်ဖယ်ရှားရန် လိုအပ်သူများကို သင့်တော်သလို ကိုင်တွယ်ထားပြီးဖြစ်သည်။ နောက်ထပ် စစ်ဆေးစရာ ဘာရှိသေးသနည်း”ဟု တွေးကြသည်။ ၎င်းတို့ သတိမမူမိကြခြင်းသာ ဖြစ်သည်။အလုပ်ကို စစ်ဆေးခြင်းတွင် စိစစ်ခြင်း လိုအပ်သည်။ စိစစ်ခြင်းဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ သင့်အနေဖြင့် ကောက်ချက်တစ်ခုချရန် လိုအပ်သည်ဟု ဆိုလိုသည်။ ဥပမာအားဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်၏ ကြီးကြပ်ရေးမှူးက သင့်ထံသို့ ဆောင်းပါးတစ်ပုဒ်ကို ယူလာပြီး စာရေးသားဟန်သည် အတော်ကောင်းမွန်ကြောင်း၊ အသုံးအနှုန်းက ချောမွေ့ကြောင်း၊ အသုံးအနှုန်းပုံစံနှင့် ဆောင်းပါး၏ အကြောင်းအရာ နှစ်ခုလုံးက ကောင်းမွန်ကြောင်း ပြောသည်။ သို့ရာတွင် ၎င်းက ဆောင်းပါးတွင် လက်တွေ့ကျသောအကြောင်းအရာ ကင်းမဲ့ပုံရပြီး လူတို့ကို မတည်ဆောက်ပေးနိုင်ကြောင်း၊ ဖြည့်စွက်ရန်နှင့် တိုးတက်ကောင်းမွန်အောင် လုပ်ရန် လိုအပ်ကြောင်း ခံစားရသော်လည်း ဤကိစ္စကို သူကိုယ်တိုင် ထွင်းဖောက်မမြင်နိုင်သောကြောင့် သင့်ကို ကြည့်ရှုပေးရန် တောင်းဆိုသည်။ သင့်ကို ကြည့်ရှုပေးရန် တောင်းဆိုခြင်းက အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ စိစစ်ပေးရန် သင့်ကို သူလိုအပ်သည်ဟု ဆိုလိုသည်။ သင်သည် မည်သို့ စိစစ်သည်ဟူသည်နှင့် သင် ကောင်းစွာ စိစစ်ခြင်း ရှိမရှိဟူသည်တို့က သင်၏ လက်တွေ့ကျသော ဝိညာဉ်ရင့်ကျက်မှုကို စမ်းသပ်လေသည်။ လက်တွေ့ကျသော ဝိညာဉ်ရင့်ကျက်မှုဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းက သမ္မာတရား စည်းမျဉ်းများကို သင် နားလည်ခြင်း ရှိမရှိဟူသည်ကို ဆိုလိုသည်။ အကယ်၍ ကြီးကြပ်ရေးမှူးသည် သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း၏ စည်းမျဉ်းများကို နားမလည်လျှင်၊ ဆောင်းပါးတစ်ပုဒ်က လက်တွေ့ကျပြီး စစ်မှန်ခြင်း ရှိမရှိဟူသည်ကို မအကဲဖြတ်နိုင်သည့်အပြင်၊ အကဲဖြတ်ချက်တစ်ခု မည်သို့ ပေးရမည်ကို မသိလျှင်၊ ပြီးလျှင် သင်သည်လည်း အလားတူပင် အကဲဖြတ်ချက်တစ်ခု သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခု မချနိုင်လျှင် ဤသည်မှာ အချက်တစ်ချက်ကို သက်သေပြသည်။ သင်၏ အစွမ်းအစသည် သူ၏အစွမ်းအစနှင့် အတူတူခန့်ဖြစ်ပြီး သင်သည် ဆောင်းပါးများကို မစိစစ်နိုင်ပေ။ ဤသည်မှာ ထိုသို့ဖြစ်သည် မဟုတ်လော။ သင်နားလည်သော သမ္မာတရားသည် သူနားလည်သော သမ္မာတရားနှင့် အတူတူခန့်ဖြစ်ပြီး သူ ထွင်းဖောက်မမြင်နိုင်သော ပြဿနာများကို သင်လည်း ထွင်းဖောက်မမြင်နိုင်ပေ။ ဤသည်မှာ ပြဿနာတစ်ခုကို ညွှန်ပြသည်။ အကယ်၍ သင်သည် ၎င်းတို့ မမြင်နိုင်သော ပြဿနာများကို ထွင်းဖောက်မြင်နိုင်ပြီး စစ်ဆေးခြင်းမှတစ်ဆင့် သူတို့ မတွေ့ရှိနိုင်သော ပြဿနာများကို သင် တွေ့ရှိနိုင်ပါက ဤသည်မှာ ဆောင်းပါးများကို သင် စိစစ်နိုင်ကြောင်း သက်သေပြသည်။ ဥပမာအားဖြင့် ဆောင်းပါးအများစုက စံနှုန်းပြည့်မီပြီး သိသာထင်ရှားသော ပြဿနာများမရှိဟု ၎င်းတို့ ယူဆသော်လည်း သင်၏ စစ်ဆေးခြင်းနှင့် စိစစ်ခြင်းမှတစ်ဆင့် စံမမီသော သေးငယ်သည့်အပိုင်းကို သင် တွေ့ရှိသည်။ သင်သည် ဤဆောင်းပါးများရှိ ပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ရှင်းပြသည်။ လူတိုင်းက သင်၏အချက်များသည် ကျိုးကြောင်းဆီလျော်သည်၊ စည်းမျဉ်းများနှင့် ကိုက်ညီပြီး အပြစ်ရှာနေခြင်းမဟုတ်ဘဲ စစ်မှန်သော ပြဿနာများဖြစ်ကြောင်းနှင့် ဤအရာများကို ပြင်သင့်ကြောင်း သဘောတူကြလေသည်။ အချို့ဆောင်းပါးများမှာ အနှစ်သာရမရှိသည့်အပြင်၊ လက်တွေ့ကျသော အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ကင်းမဲ့သည်၊ အချို့ဆောင်းပါးများတွင် လက်တွေ့ကျသော အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ရှိသော်လည်း လုံလောက်အောင် ခိုင်လုံစွာ ဖော်ပြမထားပေ၊ အချို့ဆောင်းပါးများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မသင့်လျော်စွာ ကိုးကားပြီး ပို၍သင့်တော်သော ဘုရားသခင်၏ နှုတ်ကပတ်တော် အပိုဒ်များကို မရွေးချယ်ထားသဖြင့် ပိုဆိုးသော ရလဒ်များကို ဖြစ်ပေါ်စေသည်။ အချို့ဆောင်းပါးများတွင် လွဲချော်သော နားလည်သဘောပေါက်မှုနှင့် သမ္မာတရားကို နားလည်မှုအပေါ် မိတ်သဟာယဖွဲ့ခြင်း ကင်းမဲ့လျက်၊ ဖတ်ရှုသူတို့ကို တည်ဆောက်မှုမပေးနိုင်သည့်အပြင်၊ အပျက်သဘောဆောင်မှုနှင့် နားလည်မှုလွဲမှားခြင်း စသည်တို့ကို အလွယ်တကူ ဖြစ်ပေါ်စေလျက် မမှန်ကန်သော သဘောထားအမြင်များရှိလေသည်။ သင်သည် ဤပြဿနာအားလုံးကို ရှာဖွေတွေ့ရှိနိုင်ပြီး ထွင်းဖောက်မြင်နိုင်သည်။ သင်၏ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အတွေ့အကြုံရှိသူများကို စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ရေးသားနိုင်စေလျက် စည်းမျဉ်းများကို သဘောပေါက်ရန် သင် ကူညီပေးသည်။ ဘုရားသခင် ရွေးချယ်ထားသောလူတို့က ဖတ်ရှုသည့်အခါ တည်ဆောက်မှု ရရှိကြရန်အလို့ငှာ သင်သည် လူတို့အတွက် တည်ဆောက်မှုဖြစ်စေပြီး တန်ဖိုးရှိသော ထိုဆောင်းပါးများကို စံနှုန်းပြည့်မီသည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအဖြစ် ရွေးချယ်လေသည်။ ထိုအတောအတွင်း စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သိနားလည်မှု ကင်းမဲ့သော သို့မဟုတ် လွဲချော်သော နားလည်သဘောပေါက်မှု ပါဝင်သော ထိုဆောင်းပါးများကို ဖယ်ရှားပစ်လိုက်သည်။ သင် ဤသို့လုပ်ဆောင်ပါက စိစစ်နေခြင်း မဟုတ်လော။ သင်၌ ကိစ္စရပ်များကို ထိုသို့သော ပိုင်းခြားသိမြင်နိုင်စွမ်းနှင့် အလုပ်လုပ်နိုင်စွမ်း ရှိပါက သင်၏ အစွမ်းအစသည် လုံလောက်သည် မဟုတ်လော။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဆောင်းပါးအများစုကို လက်ခံနိုင်စရာဖြစ်သည်ဟု ၎င်းတို့ တွေးပြီး သင့်ထံ စိစစ်ရန် ယူဆောင်လာကာ သင်ကလည်း ထိုဆောင်းပါးအများစုမှာ ကောင်းသည်ဟု တွေးနေစဉ် အမှန်တကယ်တွင် ယင်းတို့ထဲမှ အချို့တွင် ပြဿနာများရှိပြီး နောက်ထပ် ရွေးချယ်ခြင်း၊ စာတည်းဖြတ်ခြင်းနှင့် ပြဿနာများကို ပြုပြင်ခြင်းတို့ လိုအပ်သော်လည်း သင်သည် ယင်းတို့ကို ထွင်းဖောက်မမြင်နိုင်ပါက၊ ယင်းတို့ကို အထက်သို့ သင် တင်ပြသည့်အခါ အထက်က အချို့ဆောင်းပါးများ စံမမီသည်ကို တွေ့ရှိပြီး ဖယ်ရှားပစ်လိုက်လျှင်၊ ဤသည်မှာ သင် ကောင်းစွာ မစိစစ်ခဲ့ကြောင်းကို ဆိုလိုသည် မဟုတ်လော။ တစ်နည်းအားဖြင့်၊ အလုပ်ကို စစ်ဆေးခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစကို စမ်းသပ်ပြီး နောက်တစ်နည်းအားဖြင့်၊ ၎င်းတို့၏ သမ္မာတရား သိနားလည်မှု အတိုင်းအတာကို စမ်းသပ်ပေသည်။ အချို့လူများသည် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့် မစိစစ်နိုင်သည့်အပြင်၊ ထိုသို့လုပ်ဆောင်ခြင်းမှ တားဆီးခံရသည်။ ၎င်းတို့သည် ဤနယ်ပယ်တွင်ရှိသည့် သမ္မာတရားကို နားမလည်ကြသည့်အပြင် ပြဿနာများကို ထွင်းဖောက်မမြင်နိုင်ကြပေ။ ၎င်းတို့၏ စစ်ဆေးမှုများသည် မည်သည့်အရာကို စစ်ဆေးရမည်မှန်း မသိဘဲ ဟန်ဆောင်လုပ်ပြခြင်းမျှသာ ဖြစ်သည်။ အချို့လူများတွင် လုံလောက်သော အစွမ်းအစ ရှိကြသည်။ သို့သော်လည်း ၎င်းတို့၏ သမ္မာတရား သိနားလည်မှုသည် ပေါ့တန်သောကြောင့် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်သော်လည်း မည်သို့ ဖြေရှင်းရမည်ကို မသိကြပေ။ ဤလူများတွင် တိုးတက်ရန် အခွင့်အလမ်း ရှိနေသေးသည်။ သို့ရာတွင် လူတို့သည် ပြဿနာများကိုပင် ရှာဖွေမတွေ့ရှိနိုင်ပါက တိုးတက်မှု ဖြစ်စေရန် နည်းလမ်းမရှိပေ။

အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်ကို အကောင်အထည်ဖော်ခြင်းတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက သမ္မာတရား လက်တွေ့ကျမှု ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည့်အပေါ် မူတည်သည့် အရေးကြီးသော စစ်ဆေးခြင်းအဆင့်တစ်ဆင့် ပါဝင်သည်။ အတော်အတန် ညံ့ဖျင်းသော အစွမ်းအစရှိပြီး အတော်အတန် အားနည်းသော ခေါင်းဆောင်များနှင့် အမှုဆောင်များကို စစ်ဆေးခြင်းအပြင် သင်သည် သာမန်အစွမ်းအစရှိသူများနှင့်ပတ်သက်၍လည်း မေးမြန်းပြီး နားလည်သင့်သည်။ ပတ်ဝန်းကျင်က မသင့်တော်ပါက သင်သည် အခြေအနေအား စုံစမ်းမေးမြန်းပြီး နားလည်ရန် တစ်စုံတစ်ဦးကို စေလွှတ်နိုင်ပြီး အသေးစိတ် မှတ်တမ်းများ ပြုလုပ်နိုင်သည်။ ပတ်ဝန်းကျင်က အခွင့်ပေးလျှင်၊ ဤအလုပ်၏ ကြီးကြပ်ရေးမှူးကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ထိတွေ့ဆက်ဆံခြင်း၊ မေးခွန်းများမေးခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် ဤအလုပ်၏ တိကျသော အခြေအနေကို နားလည်ခြင်းအပြင်၊ အလုပ်ကို မည်မျှကောင်းစွာ အကောင်အထည်ဖော်နေသည်ကို ကြည့်ရှုခြင်းတို့က အကောင်းဆုံးဖြစ်သည်။ အကျဉ်းချုပ်အနေဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအတွက် အလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းသည် တစ်လ သို့မဟုတ် နှစ်လအတွင်း အဆုံးသတ်နိုင်သည့်အရာ မဟုတ်ပေ။ ဤသည်မှာ ယာယီ အလုပ်တာဝန်တစ်ခု မဟုတ်ဘဲ ရေရှည်အလုပ် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးနောက် ပထမတစ်လ သို့မဟုတ် နှစ်လအတွင်း လမ်းညွှန်မှု၊ ကြီးကြပ်မှု၊ တိုက်တွန်းနှိုးဆော်မှုနှင့် စစ်ဆေးခြင်းတို့ကိုသာ ပေးကာ ကိစ္စပြီးပြီဟု သဘောမထားသင့်ပေ။ ထိုအစား ၎င်းတို့သည် ဤအလုပ်ကို ရေရှည်အနေဖြင့် စဉ်ဆက်မပြတ် နောက်ဆက်တွဲလုပ်ပေးရမည်။ ပို၍အားနည်းသော အသင်းတော်ခေါင်းဆောင်များအတွက်မူ ၎င်းတို့သည် ကိုယ်တိုင်သွားရောက်၍ လမ်းညွှန်မှုပေးရန် လိုအပ်သည်။ အလုပ်အစီအစဉ်များကို အမှီအခိုကင်းစွာ အကောင်အထည်ဖော်နိုင်သော အသင်းတော်ခေါင်းဆောင်များအတွက်မူ ၎င်းတို့သည် အလုပ်၏ တိုးတက်မှုကို နားလည်ရန်နှင့် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာများကိုမဆို ဖြေရှင်းရန် ပုံမှန်စစ်ဆေးမှုများကိုလည်း လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် အလုပ်လုပ်ဆောင်နေသော ခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်ပတ်သက်၍ အချက်တစ်ချက်မှာ သေချာသည်။ ၎င်းတို့တွင် အားနေသောအချိန် လုံးဝမရှိပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက၊ “အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးဖြစ်ကာ ယင်းတို့ကို မည်သို့အကောင်အထည်ဖော်ရမည်ကိုလည်း ကျွန်ုပ် မိတ်သဟာယဖွဲ့ပြီးပြီဖြစ်သည်။ ကျွန်ုပ်၏အလုပ် ပြီးစီးသွားပြီဖြစ်သည်။ လုပ်ဆောင်ရန် အခြားမည်သည့်အရာမျှ မရှိတော့ပါ။ ထို့ကြောင့် ချက်ပြုတ်ခြင်းနှင့် ဧည့်ခံခြင်းတို့ဖြင့် ကူညီခြင်းနှင့် ညီအစ်ကိုမောင်နှမများ လိုအပ်နေသည့် နေ့စဉ်သုံးပစ္စည်းအချို့ ဝယ်ယူခြင်းကဲ့သို့သော သင့်တော်သည့် အိမ်မှုကိစ္စအချို့ကို ကျွန်ုပ် လုပ်ဆောင်မည်” ဟု အမြဲ တွေးကြသည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးနောက် အားလပ်သွားကြပြီး မိမိတို့အလုပ် ပြီးသွားပြီဖြစ်ကြောင်းနှင့် နောက်ထပ် လုပ်စရာ ဘာမျှမရှိတော့ကြောင်း ခံစားရကြသည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် အလုပ်ကို မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် တိကျသော တာဝန်များအား မည်သို့ တာဝန်ယူရမည်ကို မသိကြောင်း ပြသသည်။ အမှန်တွင်၊ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို ထုတ်ပြန်ပြီးသည်နှင့်တစ်ပြိုင်နက် အထက်က ရပ်တန့်ရန် မတောင်းဆိုသရွေ့ အလုပ်ကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပြီး လမ်းခုလတ်တွင် ရပ်တန့်၍မရပေ။ ဥပမာအားဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်ဖြစ်သည်။ ဤအလုပ်ကို အထက်က ရပ်တန့်ရန် တောင်းဆိုခဲ့သလော။ ဤအလုပ်ကို ရပ်တန့်ရန် ပြောသည့် အသိပေးချက်တစ်ခုခု ရှိခဲ့သလော။ (မရှိပါ။) သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို မည်သို့ ဆောင်ရွက်သင့်သနည်း။ ခဏတာ စိတ်ထက်သန်မှုဖြင့် စေ့ဆော်ခြင်း မခံနှင့်။ အလုပ်အစီအစဉ်ကို ပထမဆုံး ထုတ်ပြန်သည့်အခါ သင်သည် အလွန်စိတ်အားထက်သန်ပြီး တက်ကြွကာ ဤအလုပ်ကို ဆောင်ရွက်ရန် စိတ်ထက်သန်နေသည်။ သို့ရာတွင် အချိန်ကာလတစ်ခု ကြာပြီးနောက် အထက်က တိုက်တွန်းနှိုးဆော်ခြင်းမရှိပါက၊ ညွှန်ကြားချက်အသစ်များ မထုတ်ပြန်ပါက သို့မဟုတ် ဤအလုပ်အစီအစဉ်အတွက် နောက်ထပ်လမ်းညွှန်ချက်များ မပေးပါက အထက်က အသစ်အဆန်း တစ်ခုတလေ မစီစဉ်ထားသည့်အတွက် ဤအလုပ်ကို လျစ်လျူရှု၍ရသည်ဟု သင်တွေးထင်ကောင်း တွေးထင်နိုင်သည်။ ဤသည်မှာ လက်ခံနိုင်ဖွယ်မရှိပေ၊ ဤသည်မှာ တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။ ဤအလုပ်ကို အကောင်အထည်ဖော်ခဲ့သည်မှာ မည်မျှကြာပြီဖြစ်စေ၊ ထိုအချိန်အတောအတွင်းတွင် အထက်က ဤအလုပ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း သို့မဟုတ် အလေးပေးပြောဆိုခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဤအလုပ်ကို သင့်ထံ တာဝန်ပေးအပ်ထားသရွေ့ သင် ထမ်းရွက်သင့်ပြီး ကောင်းစွာ ဆောင်ရွက်လျက် စဉ်ဆက်မပြတ် လုပ်ဆောင်သင့်သည်။ “စဉ်ဆက်မပြတ်” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤသည်မှာ အထက်က ရပ်တန့်ရန် မတောင်းဆိုသရွေ့ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအလုပ်နှင့်ပတ်သက်ပြီး တောက်လျှောက်၊ စဉ်ဆက်မပြတ် လမ်းညွှန်မှု၊ ကြီးကြပ်မှု၊ တိုက်တွန်းနှိုးဆော်မှု၊ စစ်ဆေးမှုနှင့် နောက်ဆက်တွဲအလုပ်လုပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရမည်ဟု ဆိုလိုသည်။ သင့်အနေဖြင့် ရာထူးမှ နုတ်ထွက်ခြင်း သို့မဟုတ် ဖြုတ်ချခံရခြင်း မရှိလျှင် သင်၏ရာထူး၌ သင် ရှိနေသရွေ့ ဤအလုပ်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် သင် ကောင်းစွာ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ယင်းသည် သင် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ပြီး နောက်ဆက်တွဲလုပ်ရမည့် တာဝန်တစ်ခုလည်း ဖြစ်သည်။ ဤသည်ကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ အသင်းတော်တစ်ပါးသို့ သင် သွားရောက်သည့်အခါတိုင်း ဒေသခံခေါင်းဆောင်များနှင့် ဤအလုပ်၏ ကြီးကြပ်ရေးမှူးကို သင်က “ဤအချိန်ကာလအတောအတွင်းတွင် သက်သေခံချက် ဆောင်းပါးများက အခြေအနေမည်သို့ ရှိနေခဲ့သနည်း။ ကောင်းမွန်ပြီး အတော်အတန် တို့ထိသော သက်သေခံချက် ဆောင်းပါးများ တစ်ခုတလေ ရှိသလော။ အထူးအတွေ့အကြုံများပါသော ဆောင်းပါးများ တစ်ခုတလေ ရှိသလော”ဟု မေးမြန်းရမည်။ ရှိသည်ဟု ၎င်းတို့က ပြောပါက သင်သည် ဤဆောင်းပါးများကို ကြည့်ရှုစစ်ဆေးသင့်သည်။ အကယ်၍ ယင်းတို့တွင် လက်တွေ့ကျသော အတွေ့အကြုံများ အမှန်တကယ် ပါဝင်ပြီး လူတို့ကို အမှန်တကယ် တည်ဆောက်ပေးပါက အမြန်ဆုံး အပ်သင့်သည်။ အသင်းတော်တစ်ပါးသို့ သင် သွားရောက်သည့်အခါတိုင်းတွင် ဤကိစ္စနှင့်ပတ်သက်၍ ဦးစွာ မေးမြန်းရမည်။ ဤသည်မှာ သင် အကောင်အထည်ဖော်ရမည့် တိကျသော တာဝန်တစ်ခု၊ သင်ရှောင်လွှဲ၍မရသော ဝတ္တရားတစ်ခု ဖြစ်သည်။ ဤသည်မှာ သင်၏တာဝန် ဖြစ်သည်။ အထက်က ဤကိစ္စနှင့်ပတ်သက်၍ တိုက်တွန်းနှိုးဆော်သည်ဖြစ်စေ၊ စုံစမ်းမေးမြန်းသည်ဖြစ်စေ ဤတာဝန်သည် သင်လုပ်ဆောင်ရမည့်အရာတွင် ပါဝင်သည်။ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရင်း အလုပ်များနေပြီး သက်သေခံချက် ဆောင်းပါးများ ရေးသားရန် အချိန်မရှိပါက သင်သည် ၎င်းတို့ကို “ကောင်းမွန်သော သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့၏ အသက်ဝင်ရောက်မှုအတွက် အလွန်အကျိုးရှိပြီး အရေးကြီးသော တာဝန်တစ်ခုလည်း ဖြစ်သည်” ဟု ပြောဆိုလျက် တိုက်တွန်းနှိုးဆော်ရမည်။ သို့ရာတွင် အချို့ခေါင်းဆောင်များက “ညီအစ်ကိုမောင်နှမများက သူတို့၏ အတွေ့အကြုံအားလုံးကို ရေးသားပြီးဖြစ်ကာ နောက်ထပ်ရေးစရာ မည်သည့်အရာမျှ မရှိတော့ဟု ခံစားနေရသည်”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် မှန်ကန်သလော။ အမှန်တွင်၊ အသေးစိတ်ကျသော အတွေ့အကြုံများစွာကို လူတို့က သတိမပြုမိကြသည့်အပြင် လျစ်လျူရှုထားကြသည်။ အခြားသူများ ရေးသားသော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖတ်ရှုသည့်အခါမှသာ ၎င်းတို့တွင်လည်း အလားတူ အတွေ့အကြုံများ ရှိခဲ့ကြောင်း ပြန်လည်အမှတ်ရကြသည်။ ထို့ကြောင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းသည် ဂရုတစိုက် တွေးခေါ်မှုနှင့် တွေးတောဆင်ခြင်ခြင်းတို့ လိုအပ်သည်။ ရေးသားထိုက်သော အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများစွာ ရှိသည်။ ရေးသားရန် မည်သည့်အချိန်မျှ မရှိခြင်းသည် ခိုင်လုံသော အကြောင်းပြချက်ဖြစ်သလော။ ဤသည်မှာ လူတို့ လုပ်ဆောင်သင့်သည့် တာဝန်တစ်ရပ် ဖြစ်သည်။ ၎င်းတို့ မည်မျှ အလုပ်များနေပါစေ ရေးသားရန် အချိန်ယူသင့်သည်။ ၎င်းတို့အနေဖြင့် သက်သေခံချက် ဆောင်းပါးများအား မည်သို့ရေးသားရမည်ကို မသိပါက ကောင်းမွန်သော ဆောင်းပါးတစ်ပုဒ် ထွက်ပေါ်လာစေရန် အခြားတစ်စုံတစ်ဦးကို စာတည်းဖြတ်စေဖို့အတွက် နှုတ်ဖြင့်ပြောပြပြီး ရေးစေသင့်သည်။ ဤနည်းအားဖြင့် သင်၏ တိုက်တွန်းနှိုးဆော်မှုနှင့် လမ်းညွှန်မှုမှတစ်ဆင့် နောက်ထပ် ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးသားပြီးဖြစ်သည်။ ဤဆောင်းပါးက လူမည်မျှအား တည်ဆောက်ပေးနိုင်သည်ကို သင်သိသလော။ ထိုဆောင်းပါးမှ အကူအညီနှင့် အကျိုးကျေးဇူးကို လူမည်မျှက ရရှိနိုင်သနည်း။ သင်သည် ကြီးကြပ်ခြင်းနှင့် လမ်းညွှန်မှုပေးခြင်းတို့ကို မပြုလုပ်သည့်အပြင် ဒေသခံအသင်းတော်ခေါင်းဆောင်များကလည်း ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အားလုံးကို ရေးသားပြီးဖြစ်ကာ နောက်ထပ်ရေးစရာ ဆောင်းပါးများ မရှိတော့ဟု တွေးထင်လျက် ဝန်တာစိတ် မရှိပါက ဤကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးသည် ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။ တစ်ခါတစ်ရံ အသင်းတော်တစ်ပါးသို့ သင် သွားရောက်လည်ပတ်သည့်အခါ အချို့ညီအစ်ကိုမောင်နှမများက သင်နှင့် စကားစမြည်ပြောကြပြီး “ကျွန်ုပ်၏ဘဝတွင် ဒုက္ခမျိုးစုံကို ခံစားခဲ့ရပါသည်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်၌လည်း ညှဉ်းပန်းနှိပ်စက်မှုများစွာ ခံခဲ့ရပါသည်။ ခြေလှမ်းတိုင်း၌ ဘုရားသခင်က ကျွန်ုပ်ကို ဦးဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ အံ့ဖွယ်လုပ်ဆောင်မှုများကို ကျွန်ုပ် မြင်တွေ့ခဲ့ရပြီး အရာအားလုံးကို ဘုရားသခင်က စီမံထားကြောင်းနှင့် ဘုရားသခင်က အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာ အမှန်တကယ် ကိုင်စွဲထားကြောင်း သိရှိနားလည်ခဲ့ရပါသည်။ ဤသည်မှာ လုံးဝမှန်ကန်ပါသည်” ဟု ပြောကြသည်။ ၎င်းတို့က ၎င်းတို့၏ အတွေ့အကြုံကို သင့်အား ပြောပြပြီးနောက် သင်က ထိုအရာကို ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားထားခြင်း ရှိမရှိ မေးမြန်းသည့်အခါ ၎င်းတို့က “မရေးသားရသေးပါ၊ ကျွန်ုပ်သည် ပညာအရည်အချင်းနိမ့်ပြီး စာမရေးတတ်ပါ။ ထို့အပြင် ဤအတွေ့အကြုံသည် တန်ဖိုးမရှိဟု အခြားသူများက ပြောကြသည်” ဟု ဆိုသည်။ “ဤမျှကောင်းသော အတွေ့အကြုံက အဘယ်သို့ဖြစ်ပြီး တန်ဖိုးမရှိဘဲ ဖြစ်နိုင်မည်နည်း”ဟု သင်က ၎င်းတို့ကို ပြောသည်။ “သင်၏ အတွေ့အကြုံ အဆင့်တစ်ခုစီနောက်တွင်၊ ဘုရားသခင်၏ အချုပ်အခြာအာဏာ၊ ဘုရားသခင်၏ ဦးဆောင်မှုနှင့် ဘုရားသခင်၏ စီရင်ခန့်ခွဲမှုကို သင် နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည်။ ဤအရာထက် ပို၍တန်ဖိုးရှိသော မည်သည့်အတွေ့အကြုံ ရှိနိုင်မည်နည်း။ ထိုသို့သော အတွေ့အကြုံများကို ရေးထားသင့်ပြီး လက်မလွှတ်သင့်ပါ။” ထို့နောက် သင်သည် စာတည်းဖြတ်ပေးရန် ပို၍ပညာတတ်သော ညီအစ်ကိုမောင်နှမများကို အမြန်စီစဉ်ပေးသည်။ သုံးရက်အတွင်းတွင် ကောင်းမွန်ပြီး ပြောင်မြောက်သော သက်သေခံချက် ဆောင်းပါးတစ်ပုဒ် ရေးသားပြီးဖြစ်ကာ ထို့နောက်တွင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုအဖြစ် ဖန်တီးလိုက်သည်။ ယင်းကို ကြည့်ရှုသူတိုင်းက “ဇာတ်ဆောင်၏ အတွေ့အကြုံသည် အလွန်ကောင်းမွန်လှပါသည်။ ကြည့်ရှုရသည်မှာ အလွန်တည်ဆောက်မှုဖြစ်စေပါသည်။ ဘုရားသခင်က အရာအားလုံးအပေါ် အချုပ်အခြာအာဏာပိုင်စိုးသည်ကို အမှန်တကယ် ပြသနေခြင်းဖြစ်သည်။ ဤသည်မှာ ထိုသို့အတိအကျပင်ဖြစ်သည်တကား။ ယခုမူ ဤသည်ကို ပို၍ပင် အတည်ပြုပြီးဖြစ်ကာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းလည်း တိုးပွားလာပါသည်”ဟု ပြောကြသည်။ အခြားသူများက၊ “ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးသည် အလွန်လက်တွေ့ကျကျ ရေးသားထားပြီး အလွန်တို့ထိစရာ ဖြစ်ပါသည်။ ရုပ်ရှင်အဖြစ် ရိုက်ကူးလိုက်ပါက ပို၍ပင် ကောင်းမည် ဖြစ်သည်” ဟု ပြောကြသည်။ ညီအစ်ကိုမောင်နှမများစွာတို့သည် ယင်းကို ရုပ်ရှင်အဖြစ် အမြန်ရိုက်ကူးရန် စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားနေကြသည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏အလုပ်ကို တာဝန်ယူမှုနှင့် သစ္စာစောင့်သိမှုတို့ဖြင့် သဘောထားခဲ့သောကြောင့် သာမန်စကားစမြည်ပြောဆိုမှုတစ်ခုက ကောင်းမွန်သော ဆောင်းပါးတစ်ပုဒ်နှင့် ရုပ်ရှင်အတွက် ကောင်းမွန်သော အကြောင်းအရာတစ်ခုကို ဖြစ်ပေါ်စေနိုင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီမံမှုတို့ကို သက်သေခံရန် အကောင်းဆုံးသော သက်သေခံချက်နှင့် အကောင်းဆုံးသော အကြောင်းအရာ ဖြစ်သည်။ ထိုသို့သော ဇာတ်လမ်းများသည် လူများစွာတို့၏ ယုံကြည်ခြင်းကို တိုးပွားစေနိုင်ပြီး များစွာသောသူတို့ကိုလည်း တည်ဆောက်ပေးနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤနည်းလမ်းဖြင့် အလုပ်လုပ်ဆောင်ခြင်းကို သင်တို့ မည်သို့ထင်သနည်း။ ၎င်းတို့သည် မိမိတို့၏အလုပ်တွင် မည်သည့်လုပ်ရိုးလုပ်စဉ်ကိုမျှ လိုက်နာခြင်း မရှိပေ။ ၎င်းတို့ သွားလေရာရာ၌ မေးခွန်းများမေးသည်၊ စုံစမ်းမေးမြန်းသည်၊ ညီအစ်ကိုမောင်နှမများနှင့် ထိတွေ့ဆက်ဆံကာ ဟိတ်ဟန်မရှိဘဲ ၎င်းတို့အကြားတွင် ပေါင်းစည်းမှုရှိသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် ဝန်တာစိတ် ရှိရုံသာမက အားကောင်းသော တာဝန်ယူစိတ်လည်း ရှိကြသည်။ ဤသို့ တစိုက်မတ်မတ် လုပ်ဆောင်ခြင်းဖြင့် ၎င်းတို့သည် အလိုအလျောက် ရလဒ်များကို ရရှိကြသည်။ ဤအရာကို ဘုရားသခင်က အမှတ်ရမည် မဟုတ်လော။ ဤသည်တို့မှာ ကောင်းမှုများ မဟုတ်လော။ ငါ့ကို ပြောလော့၊ ဤအလုပ်အနည်းငယ်ကို လုပ်ဆောင်ရန် ခက်ခဲပင်ပန်းသလော။ ဆင်းရဲဒုက္ခခံရန် လိုအပ်သလော။ ဓားတောင်ကို ကျော်၊ မီးပင်လယ်ဖြတ်ရန် လိုအပ်သလော။ မလိုအပ်ပေ။ ခက်ခဲခြင်းမရှိပေ။ စိတ်နှစ်ပြီးလုပ်ဆောင်ရန်သာ လိုအပ်သည်။ ဤအလုပ်ကို သင်၏စိတ်နှလုံးထဲ၌ ထားရှိလျက် သင်သွားလေရာရာ၌ “အလုပ်က မည်သို့ တိုးတက်နေသနည်း။ ဤအချိန်ကာလအတောအတွင်းတွင် ကောင်းမွန်သည့် သက်သေခံချက် ဆောင်းပါးများ တစ်ခုတလေ ရှိခဲ့သလော။ အတွေ့အကြုံများရှိသော်လည်း ဆောင်းပါးများ မရေးရသေးသည့် ညီအစ်ကိုမောင်နှမများအတွက် သူတို့၏ အတွေ့အကြုံများကို ဇာတ်ကြောင်းပြန်ဖို့ မည်သို့လမ်းညွှန်ရမည်ကို သင်တို့သိကြသလော။ သူတို့အနေဖြင့် မိမိတို့ကိုယ်ကို ဖော်ပြရန် မည်သို့ ကူညီပြီး ရေးထုတ်ဖို့ မည်သို့ လမ်းညွှန်ရမည်ကို သင်တို့သိကြသလော”ဟု မေးခွန်းများမေးပြီး စုံစမ်းမေးမြန်းလော့။ သင်သွားလေရာရာ၌ သင်သည် ဤကိစ္စနှင့်ပတ်သက်၍ အမြဲတစေ မိတ်သဟာယဖွဲ့ရမည်၊ ဤအလုပ်နှင့် သက်ဆိုင်သော အမှုအရာများကို လုပ်ဆောင်ရမည်ဖြစ်ပြီး ဤအလုပ်နှင့် သက်ဆိုင်သော စကားများကို ပြောဆိုရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းက ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို ပို၍ များပြားစေသည် မဟုတ်လော။ သင်သည် လုပ်ရမည့် အလုပ်မရှိဘဲ အားနေသည့် အခြေအနေတစ်ခု ရှိနိုင်မည်လော။ (မရှိနိုင်ပါ။) ဤနည်းလမ်းဖြင့် အလုပ်လုပ်သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ပင်ပန်း၍ သေဆုံးခြင်းတို့ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) ၎င်းတို့ ပင်ပန်းနွမ်းနယ်မည်မဟုတ်၊ ပင်ပန်း၍ သေဆုံးမည်လည်းမဟုတ်၊ အလုပ်တွင် ရလဒ်များ ရှိမည်ဖြစ်ပြီး ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရလိမ့်မည်ဖြစ်သည်။ သင်သည် ဤနည်းလမ်းဖြင့် အလုပ်လုပ်ပါက များစွာသောသူတို့သည် တည်ဆောက်မှုကို ရရှိလိမ့်မည်ဖြစ်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းက တန်ဖိုးရှိပြီး အဓိပ္ပာယ်ရှိကြောင်း ညီအစ်ကို မောင်နှမများကလည်း ခံစားရကြလိမ့်မည်။ ယခင်က မိမိတို့၏ အတွေ့အကြုံများ တန်ဖိုးမရှိဟု ၎င်းတို့ တွေးထင်ခဲ့ကြသော်လည်း သင်၏ လမ်းညွှန်မှုမှတစ်ဆင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ မည်သို့ရေးသားရမည်ကို ၎င်းတို့ နားလည်ခဲ့ကြသည်။ ဤအရာကလည်း ၎င်းတို့၏ အသက်ဝင်ရောက်မှုကို အကျိုးပြုပေသည်။ သင်သည် ဤနည်းလမ်းဖြင့် အလုပ်လုပ်သည့်အခါမှသာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အား မည်သို့စစ်ဆေးသင့်သည်ကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် အလုပ်အား မည်သို့စစ်ဆေးရမည်ကို သင်ယူပြီးပြီလော။ အလုပ်ကို စစ်ဆေးခြင်းသည် အပြစ်ရှာခြင်း သို့မဟုတ် အပြစ်အနာအဆာရှာခြင်း မဟုတ်ဘဲ၊ ထို့ထက် အလုပ်အား မည်သို့လုပ်ဆောင်ထားသည်၊ ထိုအလုပ်ကို စီစဉ်ထားခြင်း ရှိမရှိ၊ အလုပ်အား ကြီးကြပ်သူတစ်ဦးတလေ ရှိမရှိ၊ အလုပ်က မည်သို့ တိုးတက်နေသည်၊ တိုးတက်မှုအခြေအနေက မည်ကဲ့သို့ရှိသည်၊ ထိုတိုးတက်မှုက ချောမွေ့ခြင်း ရှိမရှိ၊ အလုပ်ကို သမ္မာတရား စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်း ရှိမရှိ၊ ရလဒ်များ ရရှိခြင်း ရှိမရှိ စသည်တို့ကို ကြည့်ရှုခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သင်သည် အလုပ်၏ ထိရောက်မှုကို စောင့်ကြည့်လေ့လာရန်၊ ပြန်လည်သုံးသပ်ရန်နှင့် အကဲဖြတ်ရန် လိုအပ်ပြီး၊ ထို့နောက် ဤအရာမှနေ၍ အလုပ်ကို အကောင်အထည်ဖော်ရန် ပိုကောင်းပြီး ပိုသင့်တော်သော နည်းလမ်းများကို ရှာဖွေရန်လိုအပ်သည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်း အစီအစဉ်ကဲ့သို့သော အလုပ်အစီအစဉ်တစ်ခုအတွက် အထက်က ရပ်တန့်ရန် မတောင်းဆိုသရွေ့ ဤအလုပ်ကို အဆက်မပြတ် နောက်ဆက်တွဲလုပ်ပေးပြီး အကောင်အထည်ဖော်ရန် လိုအပ်သည့်အပြင်၊ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသည်။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ လုံလောက်နေပြီဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက အားလုံးကို မဖတ်နိုင်ဟု လူအချို့ ခံစားရလျှင် ဤအလုပ်ကို ရပ်တန့်၍ရသလော။ ရပ်တန့်၍မရပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ များလေ ကောင်းလေ ဖြစ်သည်။ များလေ ပို၍ အလျှံပယ်ဖြစ်လေ ဖြစ်လိမ့်မည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများအား သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ရန် အများဆုံး ကူညီသည့်အရာ ဖြစ်သည်။ ယုံကြည်သူအသစ်အချို့သည် ဤအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖတ်ရှုပြီးနောက် ဘုရားသခင်၏အလုပ်အား မည်သို့တွေ့ကြုံရမည်ကို သိရှိသွားကြလိမ့်မည်။ အတွေ့အကြုံကာလတစ်ခုကို ဖြတ်သန်းပြီး ရလဒ်များကို ရရှိပြီးနောက်တွင် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို အလိုအလျောက် ရေးသားနိုင်ကြလိမ့်မည်။ ပေါ့တန်သော အတွေ့အကြုံရှိသည့် လူအချို့သည်လည်း အတော်အတန် ပို၍နက်နဲသော ထိုအတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ဖတ်ရှုခြင်းဖြင့် တည်ဆောက်ခြင်း ခံရနိုင်ပြီး ၎င်းတို့အနေဖြင့် ပို၍နက်နဲသော အတွေ့အကြုံများကို ရရှိနိုင်ကာ ပိုကောင်းသော သက်သေခံချက် ဆောင်းပါးများကို ရေးသားနိုင်ကြသည်။ ဤသက်သေခံချက်များသည် ဘာသာရေးထဲက လူများနှင့် ဘုရားအိမ်တော်ရှိ ဘုရားသခင် ရွေးချယ်ထားသောလူများ နှစ်ဦးလုံးကို အကျိုးပြုသည်။ ထို့ကြောင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်သည် မည်သည့်အခါမျှ ရပ်တန့်၍မဖြစ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို အဆက်မပြတ် နောက်ဆက်တွဲလုပ်ပေးရမည်ဖြစ်ပြီး မည်သည့်အကြောင်းပြချက် သို့မဟုတ် ဆင်ခြေကြောင့်မျှ ယင်းကို မရပ်တန့်သင့်ပေ။ ဤသည်မှာ အသင်းတော်တွင်ရှိသည့် အရေးကြီးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရာတွင် ဦးဆောင်ဦးရွက်ပြုသင့်သည်။ ဤလက်တွေ့လုပ်ဆောင်မှုက ၎င်းတို့၌ သမ္မာတရား လက်တွေ့ကျမှု ရှိမရှိဟူသည်ကို အကောင်းဆုံး ဖော်ပြသည်။ အကယ်၍ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို မရေးသားနိုင်ပါက ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီခြင်းမရှိသည့်အပြင် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့ကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။ ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်ပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ တိုးတက်မှုအခြေအနေနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရန် အသင်းတော်အသီးသီးထံသို့ အဆက်မပြတ် သွားရောက်ရန် လိုအပ်သည်။ ၎င်းတို့သည် အလုပ်နှင့်ပတ်သက်၍ မေးခွန်းများမေးပြီး လေ့လာသိရှိနိုင်သည်၊ “သင်တို့အသင်းတော်ရှိ မိမိတို့၏ လိုက်စားမှုတွင် အတော်အတန် စိတ်အားထက်သန်သော ညီအစ်ကိုမောင်နှမများက အတွေ့အကြုံအချို့ရှိကြသည်။ သက်သေခံချက်ဆောင်းပါးအချို့ကို ၎င်းတို့ ရေးနိုင်ကြသလော။” မှန်သောလမ်းခရီးကို ယခုလေးတင် လက်ခံခဲ့သောသူတို့ကိုလည်း ၎င်းတို့အနေဖြင့် မည်သို့ စုံစမ်းစစ်ဆေးပြီး လက်ခံလာခဲ့သည်ကိုလည်းကောင်း၊ ဤအရာနှင့်စပ်လျဉ်း၍ မိမိတို့၏ ထင်မြင်ယူဆချက်များကို ချရေးနိုင်ခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း မေးမြန်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်ကို အဆက်မပြတ် စုံစမ်းမေးမြန်းရန်၊ လေ့လာရန်၊ နောက်ဆက်တွဲလုပ်ပေးရန်နှင့် အကောင်အထည်ဖော်ရန် လိုအပ်သည်သာမက အကောင်အထည်ဖော်မှုက မည်မျှကောင်းမွန်စွာ ဖြစ်ပေါ်နေသည်ကိုလည်း စစ်ဆေးရန် လိုအပ်သည်၊ “ဤကာလအတောအတွင်းတွင် သင်တို့သည် ဤအလုပ်ကို လုပ်ဆောင်ရန် လူများအတွက် စီစဉ်ပေးပြီးပြီလော။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးမည်မျှကို ရေးသားပြီးပြီနည်း။ မည်မျှက စံနှုန်းပြည့်မီသနည်း။ စံနှုန်းပြည့်မီသော ဆောင်းပါးများ၏ အချိုးအစားမှာ အဘယ်မျှရှိသနည်း”ဟူ၍ ဖြစ်သည်။ ကြီးကြပ်ရေးမှူးက “ပြီးခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းနောက်ပိုင်းတွင် ကျွန်ုပ်တို့အသင်းတော်၌ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ဆောင်းပါးအချို့ ရေးသားပြီးဖြစ်ပါသည်။ ပြီးလျှင် စံနှုန်းပြည့်မီသော ဆောင်းပါးအနည်းငယ်ကိုလည်း အပ်ထားပြီးဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဤအလုပ်ကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိပါသည်” ဟု ပြန်လည်ဖြေကြားသည်။ ဤသည်မှာ အဆင်ပြေ၏။ ဤသည်မှာ သင်သည် ဤတာဝန်ကို ကောင်းစွာ လုပ်ဆောင်ပြီးဖြစ်သည်ဟု ဆိုလိုသည်။ ဤအရာကို စိတ်ထဲစွဲမှတ်ထားလျက် အသင်းတော်တစ်ပါးက စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများကို ထုတ်လုပ်နိုင်ခြင်းနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ အခန်းကဏ္ဍတို့အကြား တိုက်ရိုက်ဆက်စပ်မှု ရှိသလော။ တစ်နည်းအားဖြင့်၊ သင်သည် အလုပ်၏ ဤကဏ္ဍနှင့်ပတ်သက်၍ အဆက်မပြတ် မိတ်သဟာယဖွဲ့ရန် လိုအပ်သည်။ နောက်တစ်နည်းအားဖြင့်၊ သင်သည် စံနမူနာပြ၍ ဦးဆောင်ရန်၊ အလုပ်နှင့်ပတ်သက်၍ အဆက်မပြတ် စုံစမ်းမေးမြန်းရန်နှင့် အလုပ်တွင် ပါဝင်ပြီး နောက်ဆက်တွဲလုပ်ပေးရန်လည်း လိုအပ်သည်။ ကာလတစ်ခုကြာ နောက်ဆက်တွဲလုပ်ပေးပြီးနောက် ဤအသင်းတော်မှ ထွက်ခွာသွားသည့်အခါတွင် သင်သည် နောက်ပိုင်းတွင် အကောင်အထည်ဖော်မှုကို စစ်ဆေးရန် ပြန်လာသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အရာ မဟုတ်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။

ဘုရားအိမ်တော်က ထုတ်ပြန်သည့် အလုပ်အစီအစဉ်တိုင်းအတွက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းကို အလေးအနက်ထားရမည်ဖြစ်ပြီး အလေးအနက် အကောင်အထည်ဖော်ရမည်။ သင်သည် သင်လုပ်ဆောင်ပြီးဖြစ်သော အလုပ်အားလုံးကို နှိုင်းယှဉ်စစ်ဆေးရန် အလုပ်အစီအစဉ်များကို မကြာခဏ အသုံးပြုသင့်သည်။ ဤကာလအတောအတွင်းတွင် မည်သည့်အလုပ်တာဝန်များအား သင် ကောင်းစွာ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သို့မဟုတ် ကောင်းစွာ အကောင်အထည်ဖော်ခဲ့ခြင်း မရှိကြောင်းကိုလည်း သင်ဆန်းစစ်ကာ ဆင်ခြင်သုံးသပ်သင့်သည်။ အလုပ်အစီအစဉ်များက တာဝန်ပေးပြီး တောင်းဆိုထားသည့် လျစ်လျူရှုခြင်းခံခဲ့ရသော အလုပ်တာဝန်တစ်ခုတလေအတွက် သင်သည် လျင်မြန်စွာ ထေမိစေပြီး စုံစမ်းမေးမြန်းသင့်သည်။ အကယ်၍ သင်သည် တိကျသော အလုပ်တာဝန်တစ်ခုဖြင့် အလုပ်ရှုပ်နေပြီး မအားလပ်နိုင်ပါက ကောင်းစွာ မလုပ်ဆောင်ရသေးသော အလုပ်ကို စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ပေးရန် အခြားသူများကို သင် တာဝန်အပ်နိုင်သည်။ အမိန့်များထုတ်ပြန်ပြီး အလုပ်ကို တာဝန်ပေးကာ စီစဉ်ပြီးနောက် အလုပ်တာဝန်ပြီးဆုံးပြီဟု ထင်ကာ ထို့နောက်တွင် ဘာမျှမလုပ်ဘဲ ရပ်မနေနှင့်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သင်သည် အလုပ်တာဝန်တစ်ခုတည်းအတွက်မဟုတ်ဘဲ အလုပ်အားလုံးအတွက် တာဝန်ရှိသည်။ တိကျသော အလုပ်တာဝန်တစ်ခုက အထူးအရေးကြီးသည်ကို သင် တွေ့မြင်ပါက ထိုအလုပ်တာဝန်ကို သင်ကြီးကြပ်နိုင်သော်လည်း အခြားအလုပ်တာဝန်များကိုလည်း စစ်ဆေးရန်၊ ညွှန်ကြားရန်နှင့် နောက်ဆက်တွဲလုပ်ပေးရန် အချိန်ယူဖို့ လိုအပ်သည်။ အကယ်၍ သင်သည် အလုပ်တာဝန်တစ်ခုကို ကောင်းစွာလုပ်ဆောင်ခြင်းဖြင့်သာ ကျေနပ်ပြီးနောက် အမှုအရာများ ပြီးစီးပြီဟုမှတ်ယူကာ အခြားအလုပ်တာဝန်များကို ဂရုမစိုက်ဘဲ သို့မဟုတ် မေးမြန်းခြင်းမရှိဘဲ အခြားလူများထံ တာဝန်အပ်လိုက်ပါက ဤသည်မှာ တာဝန်မဲ့သောအပြုအမူဖြစ်ပြီး တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်ပါက အလုပ်တာဝန်မည်မျှကို သင်တာဝန်ယူရသည်ဖြစ်စေ ယင်းတို့နှင့်ပတ်သက်၍ အဆက်မပြတ် မေးမြန်းစုံစမ်းရန်မှာ သင်၏တာဝန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ယင်းတို့ကို စစ်ဆေးကာ ပြဿနာများ ပေါ်ပေါက်လာသည့်အတိုင်း ချက်ချင်းဖြေရှင်းရန်မှာလည်း သင်၏တာဝန်ဖြစ်သည်။ ဤသည်မှာ သင်၏အလုပ်ဖြစ်သည်။ သို့ဖြစ်၍ သင်သည် တိုင်းဒေသခေါင်းဆောင်၊ ခရိုင်ခေါင်းဆောင်၊ အသင်းတော်ခေါင်းဆောင် သို့မဟုတ် အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးတလေ ဖြစ်သည်ဖြစ်စေ သင့်တာဝန်များ၏ အတိုင်းအတာကို သိရှိပြီးသည့်နောက် သင်သည် လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိ၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိ၊ ထို့အပြင် သင့်ထံ အပ်ထားသည့် အလုပ်တာဝန်အများအပြားထဲမှ မည်သည့်တာဝန်များအား သင်လုပ်ဆောင်ခြင်းမရှိခဲ့သည်၊ မည်သည့်အရာကို သင်လုပ်ဆောင်လိုခြင်း မရှိသည်၊ မည်သည့်အရာက မကောင်းသော ရလဒ်များ ထွက်ပေါ်ခဲ့သည်၊ မည်သည့်အရာ၏ စည်းမျဉ်းများကို သင်နားလည်သဘောပေါက်ရန် ပျက်ကွက်ခဲ့သည်ဟူသည်တို့ကို မကြာခဏ ဆန်းစစ်ရမည်။ ဤအရာအားလုံးသည် သင်မကြာခဏ ဆန်းစစ်သင့်သည့်အရာများ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သင်သည် အခြားလူများနှင့် မိတ်သဟာယဖွဲ့ရန်နှင့် မေးခွန်းများမေးရန် သင်ယူရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အလုပ်အစီအစဉ်များထဲတွင် လက်တွေ့လုပ်ဆောင်မှုအတွက် အစီအစဉ်တစ်ခု၊ စည်းမျဉ်းများနှင့် လမ်းကြောင်းတစ်ခုအား မည်သို့ခွဲခြားသိမြင်ရမည်ကို သင်ယူရမည်။ မည်သည့်အလုပ်အစီအစဉ်အတွက်မဆို၊စီမံအုပ်ချုပ်ရေး၊ ဝန်ထမ်းရေးရာ သို့မဟုတ် အသင်းတော်အသက်တာ သို့မဟုတ် အခြား အတတ်ပညာဆိုင်ရာ အလုပ်တစ်ခုတလေနှင့် ဆက်စပ်သည်ဖြစ်စေ၊ မဆက်စပ်သည်ဖြစ်စေ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် သက်ဆိုင်မှုရှိလျှင်၊ ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းရမည့် တာဝန်တစ်ခုဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ တာဝန်ရှိသည့် လုပ်ပိုင်ခွင့်အတွင်း၌ ရှိသည်။ ဤသည်တို့မှာ သင်ဂရုပြုသင့်သည့် တာဝန်များဖြစ်သည်။ ပင်ကိုအားဖြင့် ဦးစားပေးရမည့်အရာများကို အခြေအနေပေါ်မူတည်၍ သတ်မှတ်သင့်သည်။ မည်သည့်အလုပ်မျှ နောက်ကျကျန်ရစ်၍မရပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်၌ ဦးခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် မရှိပါ။ အလုပ်အစီအစဉ်တွင် အလုပ်တာဝန် အလွန်များသည်။ အကယ်၍ ကျွန်ုပ်ကို ယင်းတို့အားလုံးအား ကြီးကြပ်စေပါက လုံးဝ မစီမံနိုင်ပါ”ဟု ပြောကြသည်။ အကယ်၍ သင်ကိုယ်တိုင် ပါဝင်နိုင်ခြင်းမရှိသည့် အလုပ်တာဝန်အချို့ရှိပါက ယင်းတို့ကို လုပ်ဆောင်ရန် အခြားတစ်စုံတစ်ဦးကို သင်စီစဉ်ထားပြီးပြီလော။ ဤအစီအစဉ်ကို ပြုလုပ်ပြီးနောက် သင်နောက်ဆက်တွဲလုပ်ပေးပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့သလော။ ၎င်းတို့၏အလုပ်ကို သင်စိစစ်ခဲ့သလော။ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန်နှင့် စိစစ်ရန် သင် မုချ အချိန်ရှိခဲ့သည်၊ ဟုတ်သလော။ မုချ ရှိခဲ့ပေသည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များက “ကျွန်ုပ်သည် တစ်ကြိမ်လျှင် အလုပ်တစ်ခုသာ လုပ်နိုင်ပါသည်။ အကယ်၍ ကျွန်ုပ်ကို စိစစ်မှုပြုလုပ်ရန် သင်တောင်းဆိုပါက တစ်ကြိမ်လျှင် အလုပ်တာဝန်တစ်ခုကိုသာ စိစစ်နိုင်သည်။ ထိုထက် တစ်ခုတလေပိုဖို့ဟူသည်မှာ မဖြစ်နိုင်ပါ” ဟု ပြောကြသည်။ အကယ်၍ ထိုသို့ဖြစ်ပါက သင်သည် အသုံးမကျသူတစ်ဦးဖြစ်သည်၊ သင်၏အစွမ်းအစသည် အလွန့်အလွန် ညံ့ဖျင်းသည်၊ သင်၌ အလုပ်လုပ်နိုင်စွမ်းမရှိ၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်သည့်အပြင် ရာထူးမှ နုတ်ထွက်ရမည်။ သင့်အတွက် သင့်တော်သော အလုပ်အချို့ကိုသာ လုပ်ဆောင်လော့၊ သင်၏အစွမ်းအစသည် အလုပ်လုပ်ရန် အလွန်ညံ့ဖျင်းသောကြောင့် အသင်းတော်၏အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ကြီးထွားမှုကို နှောင့်နှေးကြန့်ကြာမှုများ မဖြစ်စေနှင့်။ အကယ်၍ သင်သည် ဤဆင်ခြင်တုံတရား ကင်းမဲ့ပါက တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူ ဖြစ်သည်။ အကယ်၍ သင်သည် သာမန်အစွမ်းအစရှိသော်လည်း ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထောက်ထားနိုင်ပြီး လေ့ကျင့်ရန် လိုလားကာ အလုပ်ကို ကောင်းစွာလုပ်နိုင်ကြောင်း မသေချာသည်ကို ခံစားရပါက အလုပ်တွင် သင်နှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အစွမ်းအစကောင်းရှိသော လူနှစ်ဦးကို သင် ရှာဖွေသင့်သည်။ ဤသည်မှာ ကောင်းသော လုပ်နည်းကိုင်နည်းဖြစ်ပြီး ဆင်ခြင်တုံတရားရှိသည်ဟု မှတ်ယူ၍ရသည်။ အကယ်၍ သင်၏အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး ဤအလုပ်ကို အမှန်တကယ် ထမ်းဆောင်နိုင်စွမ်းမရှိသည့်တိုင် ဤရာထူးနေရာကို ဆက်လက်သိမ်းပိုက်ပြီး ယင်း၏အကျိုးအမြတ်များကို မွေ့လျော်ခံစားလိုနေသေးပါက သင်သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူတစ်ဦး ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ရမည်၊ ဤသည်မှာ အဆုံးစွန် အရေးကြီးပေသည်။ ဤလူ့သဘာဝပင် မရှိဘဲ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး လုံးဝမဖြစ်နိုင်သည့်အပြင် ၎င်းတို့အနေဖြင့် အလုပ်အနည်းငယ် လုပ်ဆောင်လျှင်ပင် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်စေပြီး အသင်းတော်၏အလုပ်ကို ထိခိုက်ရုံသာရှိလိမ့်မည့် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်လိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားသင့်သည်။ ၎င်းတို့သည် အဆုံးတွင် မည်သည့်အလုပ်ကိုမျှ ကောင်းစွာမလုပ်ဆောင်မိဘဲ အသင်းတော်၏အလုပ်အားလုံးအပြင် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုပါ နှောင့်နှေးကြန့်ကြာစေလျက် အာဏာရှင်ဆန်ပြီး အရာရာကို မိမိတို့ဘာသာ တာဝန်ယူခြင်း လုံးဝမပြုလုပ်ရပေ။ အပြင် ယင်းမှာ ကြီးမားသော ပြစ်မှားခြင်းတစ်ခု ဖြစ်မည်မဟုတ်လော။ ထို့ကြောင့် အစွမ်းအစ အလွန်ညံ့ဖျင်းသော လူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုံးဝ မဖြစ်နိုင်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကင်းမဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ထည့်သွင်းစဉ်းစားနိုင်ခြင်း မရှိသောသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ သာ၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့အား မည်သည့်တာဝန်ကိုမျှ ကြီးကြပ်စေ၍ မရပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် မိမိကိုယ်ကို သတိပြုမိခြင်းရှိရန် အရေးကြီးသည်။ အကယ်၍ သင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ဘဲ အရာရာကို သင်ကိုယ်တိုင် တာဝန်ယူလိုနေသေးပြီး အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအား နှစ်သက်နေဆဲဖြစ်ပါက ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်တစ်ဦးနှင့်ဆိုင်သည့် တကယ့် အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်ပြီး သင့်ကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းသင့်သည်။

ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့်ပတ်သက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို မိတ်သဟာယဖွဲ့ပြီးနောက်တွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်များကို မည်သို့သဘောထားပြီး အကောင်အထည်ဖော်သင့်သည်ဟူသည်နှင့် ပတ်သက်၍ သင်တို့၌ ယခု လမ်းကြောင်းတစ်ခု ရှိပြီလော။ (ရှိပါပြီ။) အခက်အခဲများ တစ်ခုတလေ ရှိသလော။ ငါတို့မိတ်သဟာယဖွဲ့ခဲ့သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအတွင်း အကြမ်းဖျင်းဖော်ပြထားသည့် အမျိုးမျိုးသော တာဝန်များအနက် အချို့လူများသည် ကဏ္ဍတစ်ခု သို့မဟုတ် နှစ်ခုကိုသာ အာရုံစိုက်နိုင်စဉ်တွင်၊ အခြားသူများမှာမူ ကဏ္ဍတစ်ခု သို့မဟုတ် နှစ်ခုကိုပင် မပြီးမြောက်နိုင်ကြပေ။ အလုပ်၏ ကဏ္ဍတစ်ခု သို့မဟုတ် နှစ်ခုကို အာရုံစိုက်နိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အကယ်၍ ၎င်းတို့၌ လုံလောက်သော အစွမ်းအစရှိပြီး အလုပ်၏ အခြားကဏ္ဍများကိုလည်း နောက်ဆက်တွဲလုပ်ပေးရန် သင်ယူနိုင်ပါက ၎င်းတို့သည် အခြေခံအားဖြင့် စံနှုန်းပြည့်မီပေသည်။ သို့ရာတွင် ၎င်းတို့သည် အယူဝါဒများ ဟောပြောခြင်းနှင့် စုဝေးပွဲများ ကျင်းပခြင်းအဆင့်တွင်သာ ရှိနေပြီး တိကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပါက၊ တိကျသော အလုပ်တာဝန်များကို စစ်ဆေးခြင်းနှင့် နောက်ဆက်တွဲလုပ်ပေးခြင်းတို့တွင် ပါဝင်ရန် တောင်းဆိုခံရသည့်အခါတွင် လိုက်လျှောက်ရမည့် အစီအစဉ်များ၊ အဆင့်များ သို့မဟုတ် လမ်းကြောင်းများမရှိဘဲ မည်သည့်အရာလုပ်ဆောင်ရမည်ကို မသိဘဲ စိုးရိမ်ပူပန်လာပါက ဤသည်မှာ ညံ့ဖျင်းသော အစွမ်းအစကို ညွှန်ပြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူများသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်သလော။ (မဖော်နိုင်ပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စံနှုန်းမပြည့်မီပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို သင်တို့ မည်သို့ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို “အလုပ်အစီအစဉ်များအား ထုတ်ပြန်ပြီးဖြစ်၍ မည်သည့်တာဝန်များကို ထမ်းဆောင်ရမည်၊ မည်သည့်စည်းမျဉ်းများကို စောင့်ထိန်းရမည်ဟူသည်ကို ကျွန်ုပ်တို့ ရှင်းလင်းစွာ နားလည်သော်လည်း သင်ကမူ မည်သည့်အရာလုပ်ဆောင်ရမည်ကို မသိသည့်အပြင် လိုက်လျှောက်ရန် လမ်းကြောင်းလည်းမရှိပါ။ သို့သော်လည်း သင်က ကျွန်ုပ်တို့ကို မိတ်သဟာယဖွဲ့ပြီး တရားဒေသနာများ ဟောကြားရန် သတ္တိရှိနေဆဲဖြစ်သည်။ သင် ချက်ချင်း ရာထူးမှ ဆင်းသင့်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပါ၊ ဤတာဝန်ကို သင်မဖြည့်ဆည်းနိုင်ပါ။ အရည်အချင်းပြည့်မီသော တစ်စုံတစ်ဦးထံသို့ လျင်မြန်စွာ လွှဲပြောင်းပေးလော့။ ဤနေရာတွင် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်းကို ရပ်လော့၊ မည်သူမျှ နားထောင်လိုခြင်းမရှိပါ” ဟု ပြောလော့။ ဤသည်မှာ ကိုင်တွယ်ရန် သင့်တော်သော နည်းလမ်းတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် အလုပ်ကို မလုပ်ဆောင်နိုင်ပါက ဆောင်ပုဒ်များကို ကြောင်းကျိုးမမြင်ဘဲ ဟစ်ကြွေးခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ လူတိုင်းသည် အလုပ်အစီအစဉ်များထဲမှ စကားလုံးများကို ဖတ်နိုင်သည်၊ လူတိုင်းက အယူဝါဒများကို ပြောနိုင်သည်။ အဓိကမှာ ယင်းကို အမှန်တကယ် သင် မည်သို့လုပ်ဆောင်သည်ဟူသည့်အရာ ဖြစ်သည်။ အကယ်၍ ယင်းကို မလုပ်ဆောင်နိုင်ပါက သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ။ တစ်ပေါင်းတစ်က နှစ်နှင့်ညီမျှသကဲ့သို့ မည်သည့်တာဝန်မျှ မရိုးရှင်းပေ။ တာဝန်တိုင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအား တိကျသော အခြေအနေကိုအခြေခံ၍ စည်းမျဉ်းများ၏ အတိုင်းအတာအတွင်း အကောင်အထည်ဖော်ရမည့် တိကျသော အစီအစဉ်များကို ရေးဆွဲရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် အလုပ်က အလုပ်အစီအစဉ်များ၏ သတ်မှတ်ချက်များကို အပြည့်အဝ ပြည့်မီပြီး အသီးအပွင့်များ ဖြစ်ထွန်းလာကာ ရလဒ်များ ထွက်ပေါ်လာလျက် ကောင်းစွာ အကောင်အထည်ဖော်ပြီးသည်အထိ မည်သို့ ကြီးကြပ်ရမည်၊ စစ်ဆေးရမည်၊ နောက်ဆက်တွဲလုပ်ပေးမည်ကို ၎င်းတို့ သိရမည်။ ထိုအခါမှသာ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးဖြစ်သည်၊ ထိုအခါမှသာ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီကြပေသည်။

အလုပ်အစီအစဉ်များနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များ၏ သဘောထားနှင့် သရုပ်သကန်များ

အလုပ်အစီအစဉ်များနှင့်ပတ်သက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အဘယ်အရာဖြစ်သည်ကို ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ဆက်လက်၍၊ အယောင်ဆောင် ခေါင်းဆောင်များတွင် မည်သည့်သရုပ်သကန်များ ရှိသည်ကို ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ သင်တို့ကြုံတွေ့ရပြီးဖြစ်သည့် အယောင်ဆောင် ခေါင်းဆောင်များထဲတွင် အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သည့်လုပ်ရပ်များနှင့် သရုပ်သကန်များကို ထုတ်ဖော်ပြသကြသနည်း။ ထုံးစံအတိုင်း အယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်အရာလုပ်ဆောင်သင့်သည်၊ အထက်၏ တိကျသော သတ်မှတ်ချက်များနှင့် တိကျသော အလုပ်စီမံကိန်းများမှာ အဘယ်အရာဖြစ်သည်ကို အလုပ်အစီအစဉ်များ၏ စကားလုံးများမှ နားလည်ကြသော်လည်း ယင်းကို အယူဝါဒအရသာ ၎င်းတို့ နားလည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် တိကျသော သမ္မာတရား စည်းမျဉ်းများ၊ စံနှုန်းများနှင့် လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်းများကို နားလည်ခြင်း သို့မဟုတ် စေ့စေ့စပ်စပ် သိမြင်ခြင်း မရှိကြသေးပေ။ အလုပ်အစီအစဉ်များကို လက်ခံရရှိပြီးနောက် ၎င်းတို့သည် အလုပ်အား မည်သို့လုပ်ဆောင်ရမည်၊ အလုပ်အစီအစဉ်များကို မည်သို့ထုတ်ပြန်ပြီး အကောင်အထည်ဖော်ရမည်ကို မိတ်သဟာယဖွဲ့လျက် ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြသည်။ သို့ရာတွင် ၎င်းတို့မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ ယင်းမှာ အလုပ်အစီအစဉ်များ၏ စာသားအတိုင်း၊ အယူဝါဒဆိုင်ရာ နားလည်မှုတစ်ခုသာ ဖြစ်သည်။ အလုပ်အစီအစဉ်များကို တိကျစွာ မည်သို့အကောင်အထည်ဖော်ရမည်၊ မည်သည့် ရလဒ်များ ရရှိနိုင်သည်ဟူသည့်အပြင် အကယ်၍ ၎င်းတို့က အလုပ်ကိုလုပ်ဆောင်ရန် လူအချို့ကို ရွေးချယ်ပါက သို့မဟုတ် ယင်းကို အကောင်အထည်ဖော်ရန် အစီအစဉ်တစ်ခုကို ရွေးချယ်ပါက အကောင်အထည်ဖော်မှုသည် မည်မျှထိရောက်မှုရှိလိမ့်မည်၊ သို့မဟုတ် အလုပ်အစီအစဉ်များက တောင်းဆိုသော ပန်းတိုင်များနှင့် ရလဒ်များကို ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိဟူသည်တို့အတွက်မူ၊ ၎င်းတို့သည် ဤကဏ္ဍများနှင့်ပတ်သက်၍ မသိရှိကြသည့်အပြင် မရှင်းလင်းကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ ၎င်းတို့သည် ထုံးစံအတိုင်း စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရန်၊ အလုပ်ကို တာဝန်ပေးရန်၊ ဘုရားသခင်၏ သတ်မှတ်ချက်များထဲမှ အနည်းငယ်ကို ဖော်ပြပြောဆိုရန်၊ ထို့နောက် လူတိုင်းအား ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြစေရန် စုဝေးပွဲတစ်ခု ကျင်းပရုံသာ ကျင်းပကြလေသည်။ ဤသည်မှာ မိမိတို့၏အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းတို့ မှတ်ယူကြသည်။ ၎င်းတို့က အလုပ်ကို တာဝန်ပေးပြီး၊ ကြီးကြပ်မည့် တစ်စုံတစ်ဦးကို ခန့်အပ်ကာ ဘုရားအိမ်တော်က တောင်းဆိုသော ရလဒ်များကို ဖော်ပြပြောဆိုပြီးသရွေ့ မိမိတို့၏တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့နောက် ၎င်းတို့သည် အလုပ်ပြီးသွားသည့်အလား လုံးဝ စိတ်အေးလက်အေး ဖြစ်နေကြသည်။ အလုပ်ကို မည်သည့်အချိန်တွင် စစ်ဆေးရမည်၊ အလုပ်တွင် မည်သည့်ပြဿနာများနှင့် အခက်အခဲများ ပေါ်ပေါက်လာနိုင်သည်ဟူသည်နှင့် မည်သည့်ပြဿနာများကို လက်အောက်ငယ်သားများက ဖြေရှင်းနိုင်ပြီး မည်သည့်အရာများကို ဖြေရှင်းနိုင်ခြင်းမရှိဟူသည်တို့ကို ၎င်းတို့ မသိကြပေ။ မည်သည့်အရေးကြီးသော တာဝန်များကို နောက်ဆက်တွဲလုပ်ပေးပြီး လမ်းညွှန်မှုပေးရမည်ကိုလည်း ၎င်းတို့မသိကြပေ။ ဥပမာအားဖြင့် ကြီးကြပ်ခြင်း၊ တိုက်တွန်းခြင်းနှင့် စစ်ဆေးခြင်းကဲ့သို့သော အရေးကြီးသည့် အဆင့်များသည် အယောင်ဆောင် ခေါင်းဆောင်များ၏ စိတ်ထဲတွင် မည်သည့်အခါမျှ မပေါ်ပေ။ နှိုင်းယှဉ်လျှင် အသိစိတ်အချို့ရှိပြီး အလကားစားဖို့ မလိုလားသော မဖြစ်စလောက်လေး ပိုကောင်းသည့် အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့အနေဖြင့် အလုပ်တစ်ခုခုကို လုပ်ဆောင်သင့်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် အသင်းတော်သို့ သွားရောက်ပြီး ညီအစ်ကိုမောင်နှမများထံတွင် ပြဿနာတစ်ခုတလေရှိသလောဟူသည်ကို မေးမြန်းကြလိမ့်မည်။ တစ်စုံတစ်ဦးက ၎င်းတို့အား “ကျွန်ုပ်တို့ ညီအစ်ကိုမောင်နှမများသည် အတူရှိသည့်အခါ မကြာခဏ အငြင်းပွားမှုများ ရှိကြပါသည်။ ကျွန်ုပ်တို့၏ ထင်မြင်ချက်များ ကွဲလွဲသည့်အခါ အဆုံးမရှိ ငြင်းခုံကြပြီး တဇောက်ကန်းဖြစ်ခြင်းကို ထုတ်ဖော်ပြကြပါသည်” ဟု ပြောသည်။ အယောင်ဆောင် ခေါင်းဆောင်များက “ဤသည်မှာ ဖြေရှင်းရန် လွယ်ကူပါသည်” ဟု ပြောပြီးနောက် စုဝေးပွဲတစ်ခု ကျင်းပကာ ထိုစုဝေးပွဲတွင် ၎င်းတို့က “လူတို့သည် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို သင်ယူသင့်သည်၊ မာနမထောင်လွှားဘဲ နှိမ့်ချတတ်ရန်နှင့် ကျိုးနွံနာခံတတ်ရန် သင်ယူသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြသူ မည်သူမဆို မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး ပြုပြင်ခြင်းကို လက်ခံသင့်သည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြင့် အသက်မရှင်သင့်ပါ” ဟု မိတ်သဟာယဖွဲ့ကြလေသည်။ ဤအယူဝါဒချည်းကိုသာ မိတ်သဟာယဖွဲ့ပြီးနောက် ၎င်းတို့က “ကျန်ရှိသော ပြဿနာများကို သင်တို့ဘာသာ ကိုင်တွယ်နိုင်ပါသည်။ ကျွန်ုပ်သည် နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် သိပ်မကျွမ်းကျင်ပါ။ မည်သို့ပင်ဖြစ်စေ သင်တို့အတွက် ဤစုဝေးပွဲကို ကျွန်ုပ် ကျင်းပပြီးဖြစ်သည်၊ သင်တို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း အလုပ်ကို လုပ်ဆောင်ကြလော့။ အဓိကကျပြီး အရေးကြီးသောအချက်မှာ သင်တို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် သစ္စာစောင့်သိရန်နှင့် သင်တို့၏ ကိုယ်ပိုင်စိတ်ကူးများကို မဖက်တွယ်ရန် ဖြစ်သည်” ဟု ပြောသည်။ နားထောင်ပြီးနောက် လူတို့က ဆင်ခြင်သုံးသပ်ပြီး “ကျွန်ုပ်တို့၏ ပြဿနာသည် ဖောက်ပြန်ပျက်စီးခြင်း၊ တဇောက်ကန်းဖြစ်ခြင်းနှင့် တစ်ကိုယ်ကောင်းဆန်သော လိုအင်ဆန္ဒများကို ထုတ်ဖော်ခြင်းမျှသာ မဟုတ်ဘဲ အချို့သော နည်းပညာပိုင်းဆိုင်ရာ ပြဿနာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့ မသေချာမရေရာဖြစ်ပြီး မရှင်းလင်းသည့်အပြင် စည်းမျဉ်းများနှင့်အညီ မည်သို့ပြုမူဆောင်ရွက်ရမည်ကို မသိခြင်းလည်း ဖြစ်သည်။ ဤပြဿနာကို မဖြေရှင်းရသေးပါ”ဟု ပြောကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက “ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ဖတ်ကြလော့။ သင်တို့ထုတ်ဖော်ပြသော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ဖြေရှင်းပြီးသည်နှင့်တစ်ပြိုင်နက် ဤပြဿနာများသည်လည်း ဖြေရှင်းပြီးဖြစ်သွားလိမ့်မည်”ဟု ပြန်လည်ဖြေကြားသည်။ အယောင်ဆောင် ခေါင်းဆောင်များ အကျွမ်းကျင်ဆုံးသော အလုပ်မှာ အယူဝါဒများ ရေရွတ်ခြင်းနှင့်ဆောင်ပုဒ်များ ဟစ်ကြွေးခြင်း ဖြစ်သည်။ ၎င်းတို့သည် အလုပ်တွင် မကြာခဏ ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကို ကြိုတင်မမျှော်မှန်းကြပေ။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ ၎င်းတို့၌ ဖြေရှင်းချက်တစ်ခုတည်းသာရှိပြီး ယင်းမှာ စကားလုံးများနှင့် အယူဝါဒအချို့ဖြင့် ရှင်းပြပြီးနောက်တိုက်တွန်းအားပေးမှုအချို့ သို့မဟုတ် အကြံဉာဏ်တစ်ခု ပေးကာ ပြီးပြီဟု မှတ်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော အစီအစဉ်များ တစ်ခုတလေကိုမျှ စိတ်ကူးမရနိုင်ကြသည့်အပြင် မှန်ကန်သော လမ်းညွှန်မှုနှင့် အကူအညီကို မပေးနိုင်ကြပေ။ အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်သည် ရိုးရှင်းပြီး လွယ်ကူသည် မဟုတ်လော။ ၎င်းတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အယူဝါဒများ ပြောဆိုခြင်းနှင့် ဆောင်ပုဒ်များ ဟစ်ကြွေးခြင်းကို အဓိက အာရုံစိုက်လျက် တရားသာဟောကြသည်။ ဤအခြေအနေသည် ခေါင်းဆောင်များနှင့် အမှုဆောင်များကြားတွင် အတော်လေး အဖြစ်များသည် မဟုတ်လော။ ၎င်းတို့သည် တိကျသော အလုပ်ကို အကောင်အထည်မဖော်နိုင်သည့်အပြင် ထုတ်ပြန်ထားသည့် အလုပ်အစီအစဉ်များအား မည်သို့ဆောင်ရွက်ရမည်၊ မည်သို့ အကောင်အထည်ဖော်ရမည် သို့မဟုတ် မည်သို့ နောက်ဆက်တွဲလုပ်ပေးရမည်ဟူသည်တို့ကို မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်တာဝန်ဝတ္တရားများမှာ အဘယ်အရာဖြစ်သည် သို့မဟုတ် မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဟူသည်ကို မသိကြပေ။ တိကျသောအလုပ်ကို လုပ်ဆောင်ရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့သည် ဆောင်ပုဒ်များ ဟစ်ကြွေးရုံသာ ပြုလုပ်ကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုသည့်အခါ ယင်းကို တရားဟောရမည့် အခွင့်အရေးတစ်ခုအဖြစ် ၎င်းတို့ မှတ်ယူကြသည်။ အကယ်၍ ၎င်းတို့မဖြေရှင်းနိုင်သော အရေးကြီးသည့် ပြဿနာတစ်ခုကို ထုတ်ဖော်ပြောဆိုလာပါက ၎င်းတို့သည် လူများကို ပြုပြင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းသို့သာ မတတ်သာသည့်အဆုံး အားကိုးကြသည်။ ၎င်းတို့၌ အခြားဖြေရှင်းနည်းများ မရှိသည့်အပြင် အလုပ်တွင် ပေါ်ပေါက်သော ပြဿနာများနှင့် လမ်းလွဲခြင်းများကို လုံးဝမဖြေရှင်းနိုင်ကြပေ။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိက ထူးခြားသောလက္ခဏာတစ်ခု ဖြစ်သည်။ အလုပ်အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ရန်နှင့် အလုပ်ကို ဆောင်ရွက်နေစဉ် မည်သည့်အခက်အခဲများ ပေါ်ပေါက်လာသည်ကို စစ်ဆေးရန် တောင်းဆိုခံရသော အယောင်ဆောင် ခေါင်းဆောင်များလည်း ရှိသည်။ အကယ်၍ ၎င်းတို့သည် အခက်အခဲများကို ဖြေရှင်းနိုင်ပါက ချက်ချင်းဖြေရှင်းသင့်သည်။ အကယ်၍ မဖြေရှင်းနိုင်ပါက မေးခွန်းအချို့ကို စုစည်းပြီး အထက်သို့ ရှာဖွေနိုင်ကာ၊ အထက်က ၎င်းတို့ကို ဖြေရှင်းပေးလိမ့်မည်။ သို့သော် ဖြစ်ပျက်သည်မှာ ၎င်းတို့သည် ဤအလုပ်တွင် ပါဝင်ရန် ကွင်းဆင်းသည့်အခါ လူတိုင်းကို တစ်နေကုန် စုဝေးပွဲများအတွက် ခေါ်ယူကြပြီး မည်သူက မည်သူနှင့် ပဋိပက္ခဖြစ်သည်၊ မည်သူက မည်သူနှင့် အမြဲငြင်းခုံသည်၊ မည်သူ၏ လူ့သဘာဝက သိပ်မကောင်းသည်၊ မည်သူက လွဲချော်သော နားလည်သဘောပေါက်မှုရှိသည်၊ မည်သူက မာနထောင်လွှားပြီး မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများကို အမြဲဖက်တွယ်သည်၊ မည်သူက အစားကြူးပြီး ပျင်းရိသည်၊ မည်သူက မယုံကြည်သူများနှင့် ဆင်တူသည်၊ ပြီလျှင် မည်သူတို့က ဆိုးယုတ်သောလူများဖြစ်သည်ဟူသည်တို့ကို ရှာဖွေတွေ့ရှိခြင်းမှလွဲ၍ အလုပ်ကို အကောင်အထည်ဖော်ရာတွင် ပေါ်ပေါက်သော မည်သည့်ပြဿနာများ သို့မဟုတ် အခက်အခဲများကိုမျှ ၎င်းတို့ မခွဲခြားနိုင်သည့်အပြင် ဤပြဿနာများကို မမြင်နိုင်ကြပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏အလုပ်ကို ဆောင်ရွက်နိုင်သည်ဟု သင်တို့ထင်သလော။ (မထင်ပါ။) ပြဿနာသည် မည်သည့်နေရာတွင် တည်ရှိသနည်း။ (၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းပါသည်၊ ၎င်းတို့၌ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသည့်အပြင် ပြဿနာများကို မခွဲခြားနိုင်ပါ။) သင်တို့၏ အနီးဝန်းကျင်တွင် ထိုသို့သော ခေါင်းဆောင်များ မည်မျှ ရှိသနည်း။ သင်တို့၏ ခေါင်းဆောင်များသည် ပြဿနာများကို ခွဲခြားနိုင်သလော။ အကယ်၍ အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ရန် တိကျသော အစီအစဉ်များ သို့မဟုတ် အဆင့်များ တစ်ခုမျှမရှိဘဲ အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိဘဲ ဆောင်ပုဒ်များ ဟစ်ကြွေးပြီး တရားဟောရုံသာ ပြုလုပ်ပါက ထိုအလုပ်ကို အကောင်အထည်ဖော်၍မရနိုင်ပေ။ ယင်းသည် စင်စစ်အားဖြင့် ပျက်ပြယ်သွားသည်။ အသင်းတော်တွင် အလုပ်အစီအစဉ်တစ်ခု မည်မျှကောင်းစွာ အကောင်အထည်ဖော်ထားသည်ဟူသည်နှင့် ယင်း၏ ထိရောက်မှု သော့ချက်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည်တွင် တည်ရှိသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ကောင်းသော အစွမ်းအစ၊ အလုပ်လုပ်နိုင်စွမ်းနှင့် သစ္စာစောင့်သိမှုရှိပါက အလုပ်အစီအစဉ်က ကောင်းစွာ အကောင်အထည်ပေါ်လိမ့်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် ညံ့ဖျင်းသော အစွမ်းအစရှိလျှင်၊ နားဝေတိမ်တောင်ဖြစ်ပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့လျှင်၊ အသင်းတော်၌ အလုပ်၏ နယ်ပယ်တွင် ပါရမီရှိသူတစ်ဦးတလေ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ သို့မဟုတ် ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အပိုင်းကို လုပ်ဆောင်ရန် မည်မျှလိုလားသည်ဖြစ်စေ ရလဒ်တစ်ခုတလေ စွမ်းဆောင်ရရှိရန် မဆိုထားနှင့်၊ အလုပ်အစီအစဉ်သည် အကောင်အထည်ပေါ်ခြင်း မရှိနိုင်ပေ။

အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်သည် လူတို့ အပေါ်ယံတွင် မြင်နိုင်သည့်အရာထိသာ ကန့်သတ်ထားသည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ၌ပင် နောက်ဆက်တွဲလုပ်ပေးခြင်းသို့မဟုတ် စစ်ဆေးခြင်း တစ်ခုတလေ ဘာဆိုဘာမျှမရှိဘဲ လုပ်ရိုးလုပ်စဉ်တစ်ခုအဖြစ်သာ ဖြစ်သည်။ ၎င်းတို့၏အလုပ်သည် ဟန်ဆောင်လုပ်ပြခြင်းအဆင့်တွင်သာ ရှိနေသည်။ ယင်း၏နောက်ကွယ်တွင် စစ်မှန်သော အင်အားတစ်ခုတလေမျှမရှိသည့်အပြင်၊ မည်သည့်ရလဒ်ကိုမျှ မရရှိနိုင်ပေ။ ဥပမာအားဖြင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်နှင့်ပတ်သက်၍ ဤအလုပ်အစီအစဉ်ကို လက်ခံရရှိပြီးနောက်တွင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် လူများကို စုဝေးပွဲများအတွက် ခေါ်ယူကာ မိတ်သဟာယဖွဲ့ပြီး ၎င်းတို့နားမလည်သော အလုပ်အစီအစဉ်နှင့်ပတ်သက်၍ ၎င်းတို့တွင်ရှိသည့် မေးခွန်းအမျိုးမျိုးကို ဖြေရှင်းပေးသည်။ အယူဝါဒများ ဟောပြောခြင်းကို ၎င်းတို့ ပြီးသွားပြီး လူများနားလည်ပုံရသည့်နောက်တွင်၊ အယောင်ဆောင် ခေါင်းဆောင်က “အလုပ်ကို တာဝန်ပေးပြီးပြီဖြစ်သည်။ သို့ဆိုလျှင် ငါ မည်သည့်အရာကို လုပ်သင့်သနည်း။ ဘုရားအိမ်တော်က အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားရန် တောင်းဆိုသည့်အတွက် ငါလည်း ရေးရန်လိုအပ်သည်။ အကယ်၍ ငါမရေးပါက လူတို့သည် ခေါင်းဆောင်တစ်ဦးအဖြစ် ငါ့အပေါ်အထင်အမြင်သေးကြမည် မဟုတ်လော”ဟု စဉ်းစားလေသည်။ ၎င်းတို့သည် အိမ်တွင် မည်သည့်အရာ ရေးရမည်ကို တွေးဆကြပြီး တစ်နေ့တာပြီးသည့်နောက်တွင်၊ မည်သည့်အရာမျှ မရေးရသေးပေ။ ၎င်းတို့က “ဆောင်းပါးတစ်ပုဒ်ရေးခြင်းသည် အတော်လေး ခက်ခဲပေသည်။ ပုံမှန်အားဖြင့် ငါ့တွင် အတွေ့အကြုံများရှိသည်ဟု ခံစားရသော်လည်း စတင်ရေးသားသည့်အခါ အဘယ်ကြောင့် ထိုအတွေ့အကြုံများ ပျောက်ကွယ်သွားရသနည်း။ ထိုအတွေ့အကြုံများ ဘယ်ရောက်သွားသနည်း။ မဟုတ်သေးပါ၊ ငါ၌ အတွေ့အကြုံများရှိသည်၊ စာရေးနည်းက ငါ့ကို အခက်တွေ့စေခြင်းသာ ဖြစ်သည်။ ငါ အပြင်ထွက်ပြီး လူများနှင့် အလွန် ထိတွေ့ဆက်ဆံနေခဲ့ရသည်။ ယင်းက ငါ့ကို အာရုံပျံ့လွင့်စေပြီး အာရုံစူးစိုက်ရန် ခက်ခဲစေသည်။ ငါသည် လူများနှင့် အမြဲ မိတ်သဟာယဖွဲ့ပြီး အလုပ်ကို ဆွေးနွေး၍မဖြစ်ပါ။ သို့မဟုတ်ပါက ငါ့စိတ်သည် ပျံ့လွင့်နေမည်ဖြစ်ပြီး ဆောင်းပါးကို ရေးနိုင်မည်မဟုတ်ပါ။ ငါစာမရေးနိုင်မီ မည်သို့ ကောင်းစွာရေးရမည်ကို သေချာစဉ်းစားရန် တိတ်ဆိတ်သော အချိန်အနည်းငယ် ယူရန်လိုအပ်သည်”ဟု စဉ်းစားသည်။ ၎င်းတို့သည် ဆောင်းပါးများရေးသားခြင်းကို ၎င်းတို့၏ အဓိကတာဝန်ဖြစ်စေပြီးဖြစ်ကာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး လုပ်ဆောင်သင့်သည့် အလုပ်ကို အဓိကမဟုတ်သော အလုပ်တာဝန်အဖြစ် သဘောထားကြသည်။ ၎င်းတို့သည် အလုပ်အား အကောင်အထည်ဖော်မှုကို အာရုံမစိုက်ဘဲ အသင်းတော်အသီးသီးတွင် လူမည်မျှ ဆောင်းပါးများ ရေးနိုင်သည် သို့မဟုတ် အလုပ်ကို ညွှန်ကြားရန်နှင့် စိစစ်ရန် သင့်တော်သောလူများ ရှိမရှိဟူသည်တို့ကို လေ့လာခြင်း သို့မဟုတ် နားလည်သဘောပေါက်ခြင်း မရှိဘဲ အိမ်တွင် တစ်နေကုန် ဆောင်းပါးများ ရေးသားကြလေသည်။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ မသိကြပေ။ တစ်လကုန်လွန်သွားပြီး ၎င်းတို့ကိုယ်တိုင် ဆောင်းပါးတစ်ပုဒ် မရေးရသေးသည်သာမက အသင်းတော်တွင် ဤအလုပ် မည်သို့တိုးတက်နေသည်ကိုလည်း ၎င်းတို့မသိပေ။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ အလုပ်အစီအစဉ်ကို ထုတ်ပြန်ပြီးနောက် ညံ့ဖျင်းသော အစွမ်းအစရှိသည့် အချို့အသင်းတော်ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ဤပုဂ္ဂိုလ်ကဲ့သို့ပင် ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရုံဟောပြောပြီး ဆောင်ပုဒ်များ ဟစ်ကြွေးကာ ပြီးသွားသည်။ ညီအစ်ကိုမောင်နှမများက ရေးလိုစိတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၎င်းတို့အတွက် အရေးမကြီးပေ။ ခေါင်းဆောင်များသည် ၎င်းတို့ကို ပြုပြင်ပေးရန် မဆိုထားနှင့်၊ တိုက်တွန်းခြင်း သို့မဟုတ် လမ်းညွှန်ခြင်းပင် မပြုကြပေ။ ပြီးလျှင် အယောင်ဆောင် ခေါင်းဆောင်သည် ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို စိတ်မဝင်စားကြပေ။ အချို့ညီအစ်ကိုမောင်နှမများသည် ဆောင်းပါးတစ်မျိုးရေးပြီး အချို့က နောက်တစ်မျိုး ရေးကြသော်လည်း ၎င်းတို့ရေးသားသည့်အရာသည် လက်တွေ့ကျပြီး သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဟုတ်မဟုတ်ဟူသည်ကို စိစစ်ရန် မည်သူမျှမရှိပေ။ ညီအစ်ကိုမောင်နှမများသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ကြသည့်အပြင် မည်သူ့အား မေးရမည်ကို မသိကြပေ။ ၎င်းတို့သည် ရေးရန် စေခိုင်းခံရသောကြောင့်သာ ရေးရခြင်းဖြစ်သည်၊ ဘုရားအိမ်တော်၏ အစီအစဉ်များကို ၎င်းတို့ နာခံကြသည်။ အတွေ့အကြုံများရှိသော်လည်း ပညာရေးကင်းမဲ့သောသူ အချို့လည်းရှိသည်။ ဤလူများ၌ ၎င်းတို့၏ ဆောင်းပါးများကို စာတည်းဖြတ်ပေးရန် ကူညီမည့်သူ မည်သူမျှမရှိသည့်အပြင် ဤကိစ္စအတွက် မည်သူကမျှ အစီအစဉ်များ မပြုလုပ်ပေ။ ပြဿနာမျိုးစုံ ပေါ်ပေါက်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက အဘယ်မှာနည်း။ ၎င်းတို့ မည်သည့်အရာကို လုပ်နေကြသနည်း။ ၎င်းတို့သည် ဆောင်းပါးများရေးသားရင်း “လူသူဝေးရာ”တွင် ရှိနေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ မည်သည့်အရာနှင့် အလုပ်ရှုပ်သင့်သည် သို့မဟုတ် မည်သည့် အလုပ်တာဝန်များအား ထမ်းဆောင်သင့်သည်ကို မသိကြပေ။ အလုပ်အစီအစဉ်များကို အသင်းတော်တွင် နည်းလမ်းအမျိုးမျိုးဖြင့် အကောင်အထည်ဖော်ကြပြီး မတူညီသော လုပ်နည်းကိုင်နည်းများကို ကျင့်သုံးထားကာ ထိုအရာ တစ်ခုတလေကိုမျှ ၎င်းတို့ စုံစမ်းမေးမြန်းခြင်း မရှိကြပေ။ ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ပြဿနာအမျိုးမျိုး ကြုံတွေ့ရပြီး ဤပြဿနာများကို ၎င်းတို့ထံ တိုင်ကြားသည့်အခါ ၎င်းတို့က မဖြေရှင်းကြပေ။ ရလဒ်အနေဖြင့် ပြဿနာများနှင့် အခက်အခဲများစွာ စုပုံလာပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးမျိုးစုံသည်လည်း စာပြင်ပေးမည့်သူ၊ ပြန်လည်သုံးသပ်ပေးမည့်သူ သို့မဟုတ် စိစစ်ပေးမည့်သူ မည်သူမျှမရှိဘဲ စုပုံလာသည်။ သို့တိုင် အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများကို နောက်ဆက်တွဲလုပ်ပေးခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုသည့်အပြင် ညီအစ်ကိုမောင်နှမများသည် ပြဿနာများရှိသည့်အခါ ၎င်းတို့ကို ရှာမတွေ့နိုင်ကြပေ။ ဤအလုပ်သည် ၎င်းတို့၏ တာဝန်ဖြစ်ကြောင်းနှင့် ဤအလုပ်ကို ၎င်းတို့ နောက်ဆက်တွဲလုပ်ပေးနေသင့်ကြောင်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များက သဘောမပေါက်ကြပေ။ ၎င်းတို့သည် အမှိုက်များဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။)

ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက အလုပ်ကို အကောင်အထည်ဖော်ပုံအပြင် ၎င်းတို့အလုပ်၏ ထိရောက်မှုနှင့် ရလဒ်များက ၎င်းတို့ စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို စမ်းသပ်သည်။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝ၊ ၎င်းတို့၏ အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းအပြင်၊ ၎င်းတို့၌ ဝန်တာစိတ် ရှိမရှိဟူသည်ကိုလည်း စမ်းသပ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်တစ်ခုကို လက်ခံရရှိသည့်အခါ ယင်းနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ပြီးနောက် ပြီးပြီဟု မှတ်ယူကြသည်။ ၎င်းတို့သည် အကောင်အထည်ဖော်မှုကို ပါဝင်လုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်း၊ တိုက်တွန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မပြုသည့်အပြင် ယင်းကို နောက်ဆက်တွဲလုပ်ပေးခြင်းလည်း မရှိပေ။ ဤအလုပ်တာဝန်များက၎င်းတို့လုပ်ဆောင်သင့်သည့်အရာဖြစ်ကြောင်းကို ၎င်းတို့နားမလည်ကြပေ။ ဤအလုပ်တာဝန်များသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် ၎င်းတို့၏ တာဝန်ဝတ္တရားများဖြစ်ကြောင်းကို ၎င်းတို့နားမလည်ကြပေ။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းသည် တရားဟောနိုင်ခြင်းသာ လိုအပ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ၎င်းတို့သည် ဉာဏ်မရှိသူများ မဟုတ်လော။ ဉာဏ်မရှိသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီနိုင်သလော။ (မပြည့်မီနိုင်ပါ။) ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းမပြည့်မီနိုင်သည့်တိုင် မိမိတို့ကိုယ်ကို အတော်လေး တော်သည်ဟု တွေးထင်ကြပြီး အလုပ်ကို လုပ်ဆောင်နိုင်သည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ကျပ်မပြည့်သူများ မဟုတ်လော။ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းကဲ့သို့သော ရိုးရှင်းသည့် အလုပ်တာဝန်တစ်ခုကိုပင် အကောင်အထည်မဖော်နိုင်ကြပေ။ ဤသည်မှာ အလွယ်ကူဆုံးသော အလုပ်တာဝန်များထဲမှ တစ်ခုဖြစ်သည်၊ အစွမ်းအစကောင်းနှင့် အသက်အတွေ့အကြုံရှိသောသူတို့ကို သက်သေခံချက် ဆောင်းပါးများရေးသားရန် စည်းရုံးပြီးနောက် နောက်ဆက်တွဲလုပ်ပေးကာ လမ်းညွှန်မှုပေးရုံသာ ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် သာမန်အစွမ်းအစနှင့် နိမ့်ကျသော ပညာရေးအဆင့်များရှိပြီး စာနှင့်ပတ်သက်သောအလုပ်တွင် မတော်ကြသော်လည်း ၎င်းတို့သည် ကြီးကြပ်ပေးဖို့အတွက် သင့်တော်သောလူများကို တာဝန်ပေးနိုင်ကြသည်။ ဤနည်းဖြင့် ၎င်းတို့သည် လက်တွေ့ကျသော အလုပ်အချို့ကို လုပ်ဆောင်နိုင်ကြဆဲဖြစ်သည်။ အကယ်၍ ၎င်းတို့သည် စိစစ်မှုကို ကြီးကြပ်ကာ ဦးစီးဦးရွက်ပြုရန်အတွက် မည်သည့် လူစားမျိုးအား တာဝန်ပေးရမည်ကိုပင် မသိပါက ၎င်းတို့သည် အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ အချို့လူများက “အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ညံ့ဖျင်းသော အစွမ်းအစနှင့် နိမ့်ကျသောပညာရေးကြောင့် စာနှင့်ပတ်သက်သောအလုပ်ကို မလုပ်ဆောင်နိုင်သော်လည်း အခြားအလုပ်ကို လုပ်ဆောင်နိုင်သင့်သည်”ဟု ပြောကြသည်။ ဤပြောဆိုချက်သည် ခိုင်လုံသလော။ (မခိုင်လုံပါ။) အဘယ်ကြောင့် မခိုင်လုံသနည်း။ (အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးများ ရေးသားခြင်းအလုပ်သည် ရိုးရှင်းပါသည်။ အကယ်၍ ၎င်းတို့သည် ယင်းကို ရှင်းလင်းစွာ မရှင်းပြနိုင်ပါက သို့မဟုတ် အလုပ်ကို အကောင်အထည်မဖော်နိုင်ပါက အခြားအလုပ်တာဝန်များကို သေချာပေါက် မကိုင်တွယ်နိုင်ပါ။ ၎င်းတို့သည် အလုပ်ကို မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် မည်သို့ နောက်ဆက်တွဲလုပ်ပေးရမည်ကို မသိကြပါ။) ဤသည်မှာ ၎င်းတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းကြောင်းကို ပြသသည်။ ၎င်းတို့သည် ဉာဏ်မရှိသူများ ဖြစ်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်းသည် အဆင်းနီသော နဂါးကြီး၏ အရာရှိတစ်ဦးဖြစ်ခြင်းနှင့် တူသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့အနေဖြင့် မြှောက်ပင့်ပြောဆိုရန်၊ စကားကြီးစကားကျယ်ပြောရန်၊ ဆောင်ပုဒ်များ ဟစ်ကြွေးရန်နှင့် လိမ်လည်လှည့်ဖြားမှုတွင် ပါဝင်ရန်၊ မိမိတို့၏ အထက်လူကြီးများကို လှည့်ဖြားပြီး မိမိတို့ လက်အောက်ငယ်သားများ မသိအောင် အကြောင်းအရာများကို ဖုံးကွယ်ရန် သိရှိနေသရွေ့ မိမိတို့ကိုယ်ကို အခိုင်အမာ သက်သေထူနိုင်ပြီး အစိုးရလစာကို ရယူနိုင်သည်ဟု တွေးထင်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ခြင်း၏ အရေးအကြီးဆုံးသော ကဏ္ဍမှာ လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ရန် သိရှိခြင်းဖြစ်ကြောင်းကို ၎င်းတို့ နားမလည်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို အလွန်ရိုးရှင်းသောအရာအဖြစ် ၎င်းတို့ စိတ်ကူးကြသည်။ ရလဒ်အနေဖြင့် ၎င်းတို့သည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့်အပြင် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လာကြလေသည်။

အယောင်ဆောင် ခေါင်းဆောင်များတွင် အခြားမည်သည့် တိကျသော သရုပ်သကန်များ ရှိသေးသနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များတွင် လိုအပ်သော စည်းမျဉ်းများနှင့် စံနှုန်းများကို ထိုးထွင်းသိမြင်ပြီး သဘောပေါက်နိုင်သလော။ (သဘောမပေါက်နိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ သဘောမပေါက်နိုင်သနည်း။ ၎င်းတို့သည် ဤအလုပ်၏ စည်းမျဉ်းများက အဘယ်အရာဖြစ်သည်ကို ထိုးထွင်းမမြင်နိုင်သည့်အပြင် ယင်းကို စိစစ်ခြင်းလည်း မပြုနိုင်ပေ။ အလုပ်ကို တိကျစွာ အကောင်အထည်ဖော်နေသည့်အတောအတွင်းတွင် အထူးအခြေအနေများ ပေါ်ပေါက်လာသည့်အခါတွင် မည်သို့ဖြေရှင်းရမည်ကို ၎င်းတို့ မသိကြပေ။ ဤအခြေအနေများထဲမှ တစ်ခုတွင် မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့အား ညီအစ်ကို မောင်နှမများက မေးမြန်းသည့်အခါ ၎င်းတို့ စိတ်ရှုပ်ထွေးသွားကြသည်။ “ဤအရာကို အလုပ်အစီအစဉ်တွင် ဖော်ပြမထားပါ၊ ကျွန်ုပ် မည်သို့ကိုင်တွယ်ရမည်ကို မည်သို့သိမည်နည်း”ဟူ၍ ဖြစ်သည်။ သင်သည် မသိလျှင် ဤအလုပ်ကို သင်မည်သို့ အကောင်အထည်ဖော်နိုင်မည်နည်း။ သင် သိပင်မသိဘဲ အခြားသူများကို အကောင်အထည်ဖော်ရန် စေခိုင်းနေသေးသည်။ ယင်းမှာ လက်တွေ့ကျသလော။ ယင်းမှာ ကျိုးကြောင်းဆီလျော်သလော။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ တစ်ချက်အနေဖြင့်၊၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အဆင့်များနှင့် အစီအစဉ်များကို လုံးဝမသိကြပေ။ နောက်တစ်ချက်အနေဖြင့်၊ ပြဿနာများ ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် အလုပ်အစီအစဉ်များက သတ်မှတ်သည့် စည်းမျဉ်းများအတိုင်း စိစစ်ခြင်းကို မလုပ်ဆောင်နိုင်ကြပေ။ ထို့ကြောင့် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အတောအတွင်းတွင် များပြားသော ပြဿနာပေါင်းစုံ ပေါ်ပေါက်လာသည့်အခါ ၎င်းတို့ လုံးဝ မဖြေရှင်းနိုင်ကြပေ။ အစောပိုင်းအဆင့်များတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ပြဿနာများကို ဖော်ထုတ်နိုင်ခြင်း သို့မဟုတ် ကြိုတင်မခန့်မှန်းနိုင်ခြင်း မရှိသည့်အပြင် ကြိုတင်၍ မိတ်သဟာယမဖွဲ့နိုင်သည့်အပြင်၊ နောက်ပိုင်းအဆင့်များတွင် ပြဿနာများ ပေါ်ပေါက်သည့်အခါ ၎င်းတို့သည် ယင်းတို့ကို မဖြေရှင်းနိုင်ဘဲ အနှစ်မဲ့စွာဖြင့် အယူဝါဒများကို ဟောပြောပြီး စည်းမျဉ်းစည်းကမ်းများကို တင်းတင်းကျပ်ကျပ် ကျင့်သုံးရုံသာ ကျင့်သုံးကြသောကြောင့်၊ ပြဿနာများက ပြန်ဖြစ်ပေါ်မြဲဖြစ်ပေါ်နေပြီး အချို့သောအလုပ်များက အကောင်အထည်ဖော်ရာတွင် နှောင့်နှေးမှုများ ကြုံရကာ အခြားအလုပ်များမှာ လုံလောက်သည့် အတိုင်းအတာအထိ အကောင်အထည်ဖော်ခြင်း မခံရပေ။ ဥပမာအားဖြင့် လူများကို ရှင်းလင်းပစ်ခြင်းနှင့် နှင်ထုတ်ခြင်းအတွက် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်နှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအလုပ်ကို ဆောင်ရွက်သည့်အခါ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သိသာထင်ရှားသော ဆိုးယုတ်သည့်လူများ၊ အန္တိခရစ်များနှင့် နတ်ဆိုးများအပြင် ညီအစ်ကိုမောင်နှမများအားလုံးက ရွံရှာစက်ဆုပ်ပြီး မုန်းတီးကြသည့် မယုံကြည်သူများကိုသာ ရှင်းလင်းပစ်ကြသည်။ သို့ရာတွင် ရှင်းလင်းပစ်သင့်သည့် အချို့သောသူများ ရှိနေသေးသည်၊ ဆိုလိုသည်မှာ ထိုပုန်းကွယ်နေသော၊ မသိမသာ အန္တရာယ်ပေးတတ်သော၊ကောက်ကျစ်စဉ်းလဲသော ဆိုးယုတ်သည့်လူများနှင့် အန္တိခရစ်များ ဖြစ်သည်။ ညီအစ်ကိုမောင်နှမများသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ အယောင်ဆောင် ခေါင်းဆောင်များကလည်း ထိုးထွင်းမမြင်နိုင်ကြပေ။ အမှန်တွင် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအရ၊ ဤလူများသည် ရှင်းလင်းပစ်ခြင်းခံရမည့် အဆင့်သို့ ရောက်ရှိနှင့်ပြီးဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်သောကြောင့် ဤလူတို့ကို လူကောင်းများအဖြစ် မှတ်ယူနေဆဲဖြစ်ပြီး ၎င်းတို့ကို အသင်းတော်၌ အာဏာစွဲကိုင်ခွင့်ပေးကာ အရေးကြီးသော အလုပ်နေရာများကို ရယူခွင့်ပေးလျက် အရေးကြီးသော အလုပ်အတွက် ရာထူးတိုးပေးခြင်း၊ ပျိုးထောင်ပေးခြင်းနှင့် အသုံးပြုခြင်းတို့ကိုပင် ပြုလုပ်ကြသည်။ သို့ဆိုလျှင် လူများကို ရှင်းလင်းပစ်ရန်နှင့် နှင်ထုတ်ရန် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်လော။ အမျိုးမျိုးသော ပြဿနာများကို စေ့စေ့စပ်စပ် ဖြေရှင်းနိုင်မည်လော။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်သည် ပုံမှန်အတိုင်း ရှေ့ဆက်နိုင်မည်လော။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို စေ့စေ့စပ်စပ် အကောင်အထည်ဖော်နိုင်မည် မဟုတ်သည့်အပြင် အရေးကြီးသော အလုပ်များစွာကိုလည်း ကောင်းစွာ လုပ်ဆောင်နိုင်မည် မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ အယောင်ဆောင် ခေါင်းဆောင်များက အသုံးပြုသည့် လူများတွင် သမ္မာတရား လက်တွေ့ကျမှု လုံးဝမရှိသည့်အပြင် ဒုစရိုက်အမှုများကိုပင် ကျူးလွန်နိုင်သောကြောင့်၊ ဤအရာက အသင်းတော်အလုပ်၏ အမျိုးမျိုးသော အလုပ်ကိစ္စများကို ကောင်းစွာ မဆောင်ရွက်နိုင်အောင် တားဆီးလေသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤဆိုးယုတ်သောလူများကို အသင်းတော်၌ အရေးကြီးသော တာဝန်များကို ထမ်းဆောင်စေပြီး အရေးကြီးသော အလုပ်ကို တာဝန်ယူစေသည့်အပြင် ဤဆိုးယုတ်သောလူများကို ဘုရားသခင်၏ ပူဇော်သက္ကာများကို စီမံခန့်ခွဲရန်ပင် ခွင့်ပြုလျက် အသုံးပြုကြလေသည်။ ဤအရာက အသင်းတော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည် မဟုတ်လော။ ယင်းကဘုရားသခင်၏ ပူဇော်သက္ကာများကို ဆုံးရှုံးမှုများ ဖြစ်စေလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ အလွန်ပြင်းထန်သော အကျိုးဆက်တစ်ခု ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤလူတို့ကို ထိုးထွင်းမမြင်နိုင်သောကြောင့်၊ ၎င်းတို့ကို စိစစ်နိုင်ခြင်းမရှိသည့်အပြင်၊ ဤဆိုးယုတ်သောလူများကို အရေးကြီးသော အလုပ်များ တာဝန်ယူခွင့်ပေးသောကြောင့် အလုပ်သည် လုံးဝ မအောင်မမြင်ဖြစ်သွားသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဤဆိုးယုတ်သောလူများသည် အမြဲ ဝတ်ကျေတမ်းကျေလုပ်ကြသည်။ ၎င်းတို့၏ အထက်လူကြီးများကို လှည့်စားကာ ၎င်းတို့၏ လက်အောက်ငယ်သားများ မသိအောင် အမှုအရာများကို ဖုံးကွယ်ထားကြသည့်အပြင် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် တမင်မဆင်မခြင် ပြုမူကြသည်၊ လူတို့ကို အထင်အမြင်မှားစေကာ ဒုစရိုက်အမှုမျိုးစုံကို ကျူးလွန်ကြသည်။ သို့ရာတွင် အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ ပြဿနာများကို ၎င်းတို့ သတိပြုမိသည့်အချိန်တွင် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်ပွားနှင့်ပြီး ဖြစ်သည်။ ဥပမာအားဖြင့် ဟီနန် သင်းအုပ်နယ်မြေတွင် ခေါင်းဆောင်များဖြစ်လာသည့် အချို့သော ဆိုးယုတ်သည့်လူများသည် ဘုရားသခင်၏ ပူဇော်သက္ကာများကို ခိုးယူရန် အမျိုးမျိုးသော စက်ဆုပ်ဖွယ် နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ၎င်းတို့သည် များပြားလှသော ပမာဏများကို ခိုးယူခဲ့ကြပြီး ဤပမာဏများကို မည်သည့်အခါမျှ ပြန်လည်မရရှိခဲ့ပေ။ ဤအရာသည် ခေါင်းဆောင်များနှင့် အမှုဆောင်များက မှားယွင်းသောလူများကို ရွေးချယ်ပြီး အသုံးပြုခြင်းနှင့် ပတ်သက်မှု တစ်ခုတလေရှိသလော။ (ရှိပါသည်။) အလုပ်အစီအစဉ်များအရ၊ အကယ်၍ တစ်စုံတစ်ဦးသည် ရွေးချယ်ထားသော လူများကို ထိုးထွင်းမမြင်နိုင်လျှင် ၎င်းတို့ကို ဦးစွာ ရိုးရှင်းသော အလုပ်အချို့ လုပ်ဆောင်ရန် တာဝန်ပေးနိုင်ပြီး ထို့နောက်တွင်မူ လူတစ်ဦးက ၎င်းတို့၏ အလုပ်ကို နောက်ဆက်တွဲလုပ်ပေးကာ အချိန်ကာလတစ်ခုကြာ ၎င်းတို့ကို စောင့်ကြည့်လေ့လာနိုင်သည်။ ထိုးထွင်းမြင်၍မရနိုင်သော လူများကို အထူးသဖြင့် အန္တရာယ်ဖြစ်ပေါ်စေလျှင် မည်သည့်အရေးကြီးသော အလုပ်ကိုမျှ လုံးဝ တာဝန်မပေးအပ်ရပေ။ ရေရှည်စောင့်ကြည့်လေ့လာပြီး ၎င်းတို့၏ အနှစ်သာရကို ထိုးထွင်းသိမြင်ပြီးမှသာ ၎င်းတို့ကို မည်သို့ သဘောထားပြီး ကိုင်တွယ်ရမည်ကို ဆုံးဖြတ်ချက်များ ချမှတ်သင့်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များအတိုင်း အလုပ်မလုပ်ကြသည့်အပြင်၊ စည်းမျဉ်းများကို သဘောမပေါက်နိုင်ကြပေ။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် လူတို့ကို ထိုးထွင်းမမြင်နိုင်ကြသည့်အပြင်၊ မှားယွင်းသောလူများကို အသုံးပြုကြသည်။ ဤအရာက အသင်းတော်အလုပ်နှင့် ဘုရားသခင်၏ ပူဇော်သက္ကာများ နှစ်ခုစလုံးတွင် ဆုံးရှုံးမှုများကို ဖြစ်စေသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များက ဖြစ်စေသည့် ဘေးဒုက္ခဖြစ်သည်။ အန္တိခရစ်များသည် ဆိုးယုတ်သောလူများကို တမင်အသုံးပြုကြစဉ်တွင် အယောင်ဆောင် ခေါင်းဆောင်များကမူ နားဝေတိမ်တောင်ဖြစ်ကြသည်၊ မည်သူ့ကိုမျှ ထိုးထွင်းမမြင်နိုင်သည့်အပြင် ၎င်းတို့ ဖော်ထုတ်သည့် မည်သည့်ပြဿနာ၏ အနှစ်သာရကိုမျှ ထိုးထွင်းမမြင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ ခံစားချက်များကိုသာ အခြေခံ၍ လူတို့ကို အသုံးပြုပြီး တာဝန်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက စီစဉ်ပေးသည့် လူအများစုမှာ သင့်တော်ခြင်း မရှိကြပေ။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို အန္တိခရစ်များက ဆိုးယုတ်သောလူများအား တမင်အသုံးပြုခြင်း၏ အကျိုးဆက်များနှင့် ထပ်တူကျသည့် ဆုံးရှုံးမှုများ ဖြစ်စေကြသည်။ ညံ့ဖျင်းသော အစွမ်းအစရှိပြီး အလုပ်မလုပ်နိုင်သည့် အယောင်ဆောင် ခေါင်းဆောင်များသည်လည်း အတော်လေး ပြင်းထန်သော အကျိုးဆက်များကို ဖြစ်စေကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အန္တိခရစ်များသာ အလုပ်အစီအစဉ်များကို ချိုးဖောက်သည်ဟု မထင်နှင့်။ အယောင်ဆောင် ခေါင်းဆောင်များသည်လည်း အလုပ်အစီအစဉ်များကို ချိုးဖောက်နိုင်သည်။ တမင်တကာ မဟုတ်လျှင်ပင် နောက်ဆုံးတွင် ယင်း၏ သဘောသဘာဝမှာ အလုပ်အစီအစဉ်များကို ချိုးဖောက်ခြင်း ဖြစ်နေဆဲဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရား စည်းမျဉ်းများကို နားမလည်ခြင်းနှင့် လူများ သို့မဟုတ် ကိစ္စရပ်များကို ထိုးထွင်းမမြင်နိုင်ခြင်းတို့ကြောင့် အဆုံးတွင် အလုပ်အစီအစဉ်များကို ချိုးဖောက်ကြပြီး လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ဤအရာက အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေပြီး ဘုရားသခင် ရွေးချယ်ထားသော လူတို့ကို ထိခိုက်စေသည်။ ၎င်းတို့ လုပ်ရပ်များ၏ သဘောသဘာဝနှင့် အကျိုးဆက်များသည် အသင်းတော်၏ အလုပ်ကို ဆုံးရှုံးမှုများ ဖြစ်စေပြီး ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်မှု ဖြစ်စေလျက် အလုပ်ကို လုပ်ဆောင်နေသည့် အန္တိခရစ်များ၏ လုပ်ဆောင်မှုများနှင့် အတူတူပင် ဖြစ်သည်။

အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်လုပ်ပြီး အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ ဟန်ဆောင်လုပ်ပြရုံလုပ်ပြကြပြီး အမှုအရာများကို လုံးဝ ကမောက်ကမဖြစ်စေကြသည်။ ၎င်းတို့သည် အတော်လေး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြပြီး မိမိတို့တွင် အစွမ်းအစကောင်းရှိသည်ဟု တွေးထင်လျက် မည်သည့်အခါမျှ မရှာဖွေ သို့မဟုတ် မိတ်သဟာယမဖွဲ့ကြပေ။ ၎င်းတို့သည် လုပ်ဆောင်ဝံ့ပြီး လည်လည်ပတ်ပတ်ပြောဆိုနိုင်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ရွေးကောက်တင်မြှောက်သောကြောင့် သို့မဟုတ် ဘုရားအိမ်တော်က ၎င်းတို့ကို ယာယီ ရာထူးတိုးပေးပြီး ပျိုးထောင်ပေးသောကြောင့် ၎င်းတို့သည် ခေါင်းဆောင်များအဖြစ် စံနှုန်းပြည့်မီပြီး မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သည်ဟု တွေးထင်ကြသည်။ ၎င်းတို့က မည်သည့်အရာမျှမဟုတ်ကြောင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ မည်သည့်တာဝန်ဝတ္တရားကိုမျှ မဖြည့်ဆည်းနိုင်ကြောင်းကို ၎င်းတို့မသိသလောက်ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ချိူ့ယွင်းချက်များကို စဉ်းစားဆင်ခြင်ခြင်းမရှိကြ။ အမှုအရာများကိုသာ အရှက်မဲ့စွာ လုပ်ဆောင်ဝံ့ကြသည်။ ရလဒ်အနေဖြင့် အမျိုးမျိုးသော အလုပ်အစီအစဉ်များ ထုတ်ပြန်ပြီးနောက် အထက်မှ သတ်မှတ်ချက်များနှင့်အညီ ယင်းတို့ထဲမှ တစ်ခုကိုမျှ ၎င်းတို့ အကောင်အထည်မဖော်နိုင်ကြပေ။ ၎င်းတို့ ကိုင်တွယ်သည့် အလုပ်အစီအစဉ်တိုင်းသည် လုံးဝ ကမောက်ကမဖြစ်ပြီး လုံးလုံးလျားလျား ပရမ်းပတာဖြစ်သွားရသည်။ ၎င်းတို့၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို အကောင်အထည်ဖော်မှုမှာ ညံ့ဖျင်းသည်။ ဧဝံဂေလိတရားကို ဟောပြောခြင်းမှတစ်ဆင့် ယုံကြည်သူအသစ် မည်မျှရရှိခဲ့သည်၊ အသင်းတော်များကို မည်သို့တည်ထောင်ရမည်၊ ခေါင်းဆောင်များနှင့် သင်းထောက်များကို မည်သို့ရွေးချယ်ရမည်ဟူသည်နှင့် အသင်းတော်အသက်တာအား မည်သို့ပြုမူကျင့်ကြံရမည်ဟူသည်တို့ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မသိကြပေ။ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ရာတွင် မည်သူက ရလဒ်အရှိဆုံးဖြစ်သည်၊ မည်သူက အထိရောက်ဆုံး သက်သေခံသည်၊ မည်သူက အသင်းတော်ကို ရေလောင်းရန် အသင့်တော်ဆုံးဖြစ်သည်၊ မည်သည့်အဖွဲ့ခေါင်းဆောင်များက တာဝန်မဲ့သည့်အတွက် ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်သင့်သည် သို့မဟုတ် ဖြုတ်ချသင့်သည်ဟူသည်တို့အပြင်၊ အလုပ်၏ အချို့သော ကဏ္ဍများတွင် ပေါ်ပေါက်သည့် ပြဿနာများကို မည်သို့ဖြေရှင်းရမည်ဟူသည်တို့နှင့် ပတ်သက်၍ အယောင်ဆောင် ခေါင်းဆောင်များသည် ဤတိကျသော အလုပ်တာဝန်များအားလုံးအကြောင်းကို ရှင်းရှင်းလင်းလင်း မသိကြသည့်အပြင်၊ ၎င်းတို့၏ အလုပ်ကို လုံးဝ ကမောက်ကမဖြစ်စေကြသည်။ အသင်းတော်ရှိ အဆင့်မြင့် နည်းပညာ ကျွမ်းကျင်မှု လိုအပ်သည့် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ အလုပ်တာဝန်များအတွက်လည်း အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းတို့ကို လုံးဝ ကမောက်ကမဖြစ်စေသည်။ ဤတာဝန်များကို တိတိကျကျ မည်သို့ဆောင်ရွက်ရမည်ကို ၎င်းတို့ မသိကြပေ။ ယင်းတို့နှင့်ပတ်သက်၍ ၎င်းတို့ စုံစမ်းမေးမြန်းလိုလျှင်ပင် မည်သို့လုပ်ဆောင်ရမည်ကို မသိကြပေ။ ဤတာဝန်များအား မည်သို့ချဉ်းကပ်ရမည်ကို အထက်သို့ ၎င်းတို့ မေးမြန်းလိုသော်လည်း မိမိတို့၏ မေးခွန်းများအား မည်သို့ဖန်တီးရမည်ကိုပင် မသိကြပေ။ ရလဒ်အနေဖြင့် အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိပေ။ အလုပ်အစီအစဉ်များက တောင်းဆိုသည့် အဖိုးတန်ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲခြင်းဟူသည့် ရိုးရှင်းသော အလုပ်တာဝန်ဖြစ်သည့် သင့်တော်သောလူများကို အဖိုးတန်ပိုင်ဆိုင်မှုများအား ကာကွယ်စောင့်ရှောက်ရန်နှင့် ခွဲဝေချထားပေးရန် တာဝန်ပေးခြင်းနှင့် အမျိုးမျိုးသော စနစ်များကို တည်ထောင်ခြင်းသည်ပင် အယောင်ဆောင် ခေါင်းဆောင်များက မကိုင်တွယ်နိုင်သည့် အရာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ယင်းကို လုံးဝ ကမောက်ကမဖြစ်စေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ ကိုင်တွယ်သည့် တာဝန်တိုင်းနှင့်ပတ်သက်၍ လုံးဝ ကမောက်ကမဖြစ်နေသည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ပြီးခြင်း ရှိမရှိ မေးမြန်းခံရသည့်အခါ ၎င်းတို့သည် ဂုဏ်ယူကြပြီး၊ “ဟုတ်ကဲ့၊ အကောင်အထည်ဖော်ပြီးပါပြီ။ လူတိုင်းတွင် အလုပ်အစီအစဉ်များနှင့်ဆိုင်သည့် မိတ္တူတစ်စောင်စီ ရှိပြီး ဘုရားအိမ်တော်က မည်သည့်အလုပ်အား တောင်းဆိုသည်ကို လူတိုင်းသိပါသည်” ဟု ယုံကြည်စိတ်ချစွာ ပြောဆိုကြသည်။ အကယ်၍ သင်က ထိုအရာကို မည်သို့လုပ်ဆောင်ခဲ့သည်ကို ၎င်းတို့အား မေးမြန်းလျှင်၊ တိကျသော အလုပ်အဆင့်များကို ရှင်းပြခိုင်းလျှင်၊ မည်သည့် အလုပ်တာဝန်များကို အတော်အတန် ညံ့ဖျင်းစွာ လုပ်ဆောင်ခဲ့သည်၊ မည်သည့် အလုပ်တာဝန်များကို ပိုမိုချောမွေ့စွာ လုပ်ဆောင်ခဲ့သည်၊ အလုပ်တာဝန်တစ်ခုစီကို ကောင်းစွာ လုပ်ဆောင်ခဲ့ခြင်း ရှိမရှိ၊ မည်သည့် အလုပ်တာဝန်များကို ဆက်လက်၍ နောက်ဆက်တွဲလုပ်ပေးပြီး စစ်ဆေးရန် လိုအပ်သည်ဟူသည်နှင့် စစ်ဆေးပြီးနောက် ပြဿနာများ တစ်ခုတလေ တွေ့ရှိခဲ့ခြင်း ရှိမရှိဟူသည်တို့ကို မေးမြန်းလျှင် ၎င်းတို့သည် ဤအရာအားလုံးနှင့်ပတ်သက်၍ သတိမမူမိကြပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် ခေါင်းဆောင်များ ဖြစ်လာကတည်းက မိမိတို့ လုပ်ဆောင်ရန် လိုအပ်သည့် တာဝန်များက အဘယ်အရာဖြစ်သည် သို့မဟုတ် မိမိတို့၏ တာဝန်ဝတ္တရား နယ်ပယ်မှာ အဘယ်အရာဖြစ်သည်ကိုပင် မသိကြပေ။ ဤသည်မှာ သာ၍ပင် ပြဿနာဖြစ်စေသည် မဟုတ်လော။ လတ်တလောတွင် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် ဤပြဿနာကို အတိုင်းအတာအမျိုးမျိုးဖြင့် ကြုံတွေ့နေကြရသည် မဟုတ်လော။ (ဟုတ်ပါသည်။)

ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို စမ်းသပ်ခြင်းအတွက် စံသတ်မှတ်ချက်

ယနေ့ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ကြီးကြပ်ရေးမှူးများ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများကို သင်တို့ ယခု ပိုမိုရှင်းလင်းစွာ နားလည်ပြီလော။ သင်တို့၏ စိတ်ထဲတွင် ပိုမိုကောင်းမွန်သော စိတ်ကူးတစ်ခု ရှိကြသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခန်းကဏ္ဍအပေါ် သင်တို့၏ သိနားလည်မှုသည် ပိုမိုမှန်ကန်တိကျသလော။ (ပိုမိုမှန်ကန်တိကျပါသည်။) တစ်ချက်အနေဖြင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့ ဆောင်ရွက်သင့်သည့် တာဝန်များအပေါ် နားလည်မှုတစ်ခုခု ရရှိကြပြီးဖြစ်သည်။ နောက်တစ်ချက်အနေဖြင့်၊ အခြားလူအားလုံးသည် ယခုအခါတွင် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက စံနှုန်းပြည့်မီခြင်း ရှိမရှိဟူသည်ကို ပိုင်းခြားသိမြင်ပုံအတွက် လမ်းကြောင်းအချို့ရရှိနေပြီဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်နှင့်ဆိုင်သည့် သတ်မှတ်ချက်များအရ၊ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် စံနှုန်းပြည့်မီသလော။ (မပြည့်မီကြပါ။) သို့ဆိုလျှင် မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များက စံနှုန်းပြည့်မီလာနိုင်ပြီး မည်သူတို့က မပြည့်မီနိုင်ကြသနည်း။ စံနှုန်းပြည့်မီသော အစွမ်းအစ၊ လက်တွေ့ကျသော အတွေ့အကြုံတစ်ခုခု၊ အမှုအရာများကို ကိုင်တွယ်ရာတွင် စည်းမျဉ်းအချို့နှင့် အသင်းတော်အလုပ်အတွက် ဝန်တာစိတ်တို့ရှိသောသူများသည် ကာလတစ်ခုကြာ လေ့ကျင့်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီလာနိုင်ကြသည်။ သို့ရာတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး သဘောပေါက်နားလည်နိုင်စွမ်းမရှိသောသူများ၊ သမ္မာတရားကို မည်မျှပင် မိတ်သဟာယဖွဲ့စေကာမူ စည်းမျဉ်းများကို သဘောမပေါက်နိုင်သောသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီလာနိုင်ခြင်း မရှိသည့်အပြင်၊ ဖယ်ရှားရှင်းလင်းခြင်းသာ ခံရနိုင်သည်။ ထို့ကြောင့် သင်သည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လိုပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အခြားသူများ၏ ရွေးချယ်ခြင်းကို ခံရလိုလျှင် သင်၏ အစွမ်းအစက လုံလောက်ခြင်း ရှိမရှိဟူသည်ကို ဦးစွာ အကဲဖြတ်သင့်သည်။ ဤအရာကို သင်မည်သို့ အကဲဖြတ်နိုင်သနည်း။ အလုပ်အစီအစဉ်များကို သင် အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဟူသည်ကို ကြည့်ရှုခြင်းအားဖြင့် ဖြစ်သည်။ လတ်တလော အလုပ်အစီအစဉ်တစ်ခုကို ယူ၍ ယင်းကို အစအဆုံး ဖတ်ပြီး ယင်းကို အကောင်အထည်ဖော်ရန်အတွက် အဆင့်များနှင့် အစီအစဉ်များ သင့်တွင် ရှိမရှိဟူသည်ကို သင့်ကိုယ်သင် စမ်းသပ်ကြည့်လော့။ အကယ်၍ သင့်တွင် စိတ်ကူးများနှင့် အစီအစဉ်များရှိပြီး ယင်းအား မည်သို့ အကောင်အထည်ဖော်ရမည်ကို သိလျှင် ညီအစ်ကိုမောင်နှမများက သင့်ကို ရွေးချယ်သည့်အခါ သင်သည် ထိုအလုပ်ကို သင်၏ မလွှဲမရှောင်သာ ဆောင်ရွက်ရမည့် တာဝန်အဖြစ် ထမ်းဆောင်သင့်သည်။ သို့ရာတွင် အလုပ်အစီအစဉ်ကို ဖတ်ပြီးနောက် သင်၏ စိတ်ထဲတွင် ဘာမျှမသိလျှင်၊ အလုပ်ကို တာဝန်ယူရန် စီစဉ်ပေးဖို့ မည်သူက အသင့်တော်ဆုံးဖြစ်သည်ကို သင် လုံးဝ ထိုးထွင်းမမြင်နိုင်လျှင်၊ ထို့ထက်ပင်ပို၍ အသင်းတော်အလုပ်၏ အမျိုးမျိုးသော ကိစ္စများအား တိတိကျကျ မည်သို့ အကောင်အထည်ဖော်ရမည်ကို သင် ထိုးထွင်းမမြင်နိုင်လျှင်၊ မည်သို့ မိတ်သဟာယဖွဲ့ရမည်၊ ကြီးကြပ်ရမည်၊ မည်သို့ စစ်ဆေးပြီး နောက်ဆက်တွဲလုပ်ပေးရမည်ဟူသည်တို့ကို သင်မသိလျှင်၊ သင်၏ စိတ်ထဲတွင် အကောင်အထည်ဖော်ရန် အဆင့်များ သို့မဟုတ် အစီအစဉ်များ မရှိသော်လည်း အချို့သော ညီအစ်ကိုမောင်နှမများက သင်သည် အလွန်ပါရမီရှိပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန် သင့်တော်သည်ဟု မှားယွင်းစွာ တွေးထင်နေလျှင် သင်၏ သဘောထားမှာ မည်သို့ဖြစ်သင့်သနည်း။ သင်က “သင်၏ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါသည်။ သို့သော် ကျွန်ုပ်သည် အမှန်တွင် ပါရမီသိပ်မရှိပါ။ ကျွန်ုပ်တွင် လိုအပ်သောအရာ မရှိပါ။ သင် ကျွန်ုပ်ကို အထင်မှားနေပါသည်။ အကယ်၍ သင်တို့က ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် အသင်းတော်၏ အလုပ်ကို နှောင့်နှေးစေပါလိမ့်မည်။ ကျွန်ုပ်၏ ကိုယ်ပိုင် ဝိညာဉ်ရင့်ကျက်မှုကို ကျွန်ုပ်သိပါသည်။ ရိုးရှင်းသော အလုပ်အစီအစဉ်တစ်ခုကိုပင် မည်သို့ အကောင်အထည်ဖော်ရမည်ကို ကျွန်ုပ်မသိပါ။ ဘယ်ကစရမည်ကို ကျွန်ုပ်မသိသည့်အပြင် မည်သည့်သဲလွန်စမျှလည်း မရှိပါ။ သမ္မာတရားကို နားမလည်သည့်အပြင် အသင်းတော်၏ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ပါ။ အထက်က ကျွန်ုပ်ကို ခန့်အပ်လျှင်ပင် ကျွန်ုပ် လုပ်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်သည် ဤအခန်းကဏ္ဍနှင့် အမှန်တကယ် မသင့်တော်ပါ”ဟု ပြောဆိုသင့်သည်။ ဤသို့ ဝန်ခံခြင်းမျိုးကို သင်တို့ မည်သို့ထင်သနည်း။ ဤလုပ်နည်းကိုင်နည်းက ဆင်ခြင်တုံတရားကို ပြသသည်။ ဤသို့ပြောဆိုသော လူများသည် အယောင်ဆောင် ခေါင်းဆောင်များထက် များစွာ ပို၍ ဆင်ခြင်တုံတရားရှိသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤမျှ ဆင်ခြင်တုံတရားရှိသော အရာတစ်ခုကို မည်သည့်အခါမျှ ပြောနိုင်မည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များက “ငါရွေးချယ်ခံရသည်၊ ထို့ကြောင့် ငါ ခေါင်းဆောင်ဖြစ်သင့်သည်။ အဘယ်ကြောင့် မဖြစ်သင့်ရမည်နည်း။ ငါ ပါရမီရှိသည်၊ ထို့ကြောင့် ငါ ထိုက်တန်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်နိုင်ခြင်းသည် ပြဿနာတစ်ခုဖြစ်သလော။ မည်သူက မွေးရာပါ တတ်ကျွမ်းလာသနည်း။ သင်ယူ၍ရသည့်အရာတစ်ခု မဟုတ်လော။ ငါ တရားဟောနိုင်သရွေ့ လုံလောက်ပြီ။ ငါ့တွင် ဝိညာဉ်ရေးရာ သိနားလည်မှု ရှိသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သိပြီး နားလည်သည်၊ မိတ်သဟာယဖွဲ့နိုင်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှာတွေ့နိုင်သည်။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အမျိုးမျိုးသော အခြေအနေများကို ဖြေရှင်းရာတွင် ငါက ကျွမ်းကျင်သည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် အရေးကြီးသည့်ကိစ္စ မဟုတ်ပါ။ ယင်းမှာ စီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုအလုပ်သာ ဖြစ်သည် မဟုတ်လော။ ယခင်က စီမံအုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှုကို ငါ လေ့လာခဲ့သည်၊ ထို့ကြောင့် ဘုရားအိမ်တော်၏ ဤအလုပ်အနည်းငယ်သည် ငါ့အတွက် ပြဿနာမဟုတ်ပါ”ဟု တွေးကြသည်။ ထိုသို့သောလူသည် အန္တရာယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တရာယ်က မည်သည့်နေရာတွင် ရှိသနည်း။ ဤကိစ္စရပ်ကို သင်တို့ ထိုးထွင်းသိမြင်နိုင်သလော။ (၎င်းတို့သည် အလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင် ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လိမ့်မည်ဖြစ်ကာ မိမိတို့ကိုယ်တိုင်နှင့် ညီအစ်ကိုမောင်နှမများကို ထိခိုက်စေရုံသာမက ဘုရားအိမ်တော်၏ အလုပ်ကိုလည်း နှောင့်နှေးစေလိမ့်မည်ဖြစ်ပါသည်။) ယင်းမှာ ထိခိုက်မှုမျှသာလော။ နောက်ဆုံးတွင် ယင်းက ဖြစ်စေမည့်အရာမှာ ထိုအရာလော။ အကယ်၍ ဤမျှသာဖြစ်လျှင် ယင်းကို ပြုပြင်၍ရသေးသည်။ အဓိကပြဿနာမှာ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ခေါင်းဆောင်အဖြစ် အချိန်ကြာမြင့်စွာ ဆက်ရှိနေလျှင် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်လိမ့်မည်ဖြစ်ပြီး နောက်ဆုံးတွင် အန္တိခရစ်တစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရခြင်းသည် ထိုမျှ ရိုးရှင်းသည်ဟု သင် ထင်သလော။ အဆင့်အတန်းနှင့်အတူ စုံစမ်းသွေးဆောင်ခြင်း လာပြီး၊ စုံစမ်းသွေးဆောင်ခြင်းနှင့်အတူ အန္တရာယ်လာသည်။ ဤအန္တရာယ်ကား အဘယ်နည်း။ ယင်းမှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နိုင်ခြေရှိခြင်း ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်း၏ အဆိုးရွားဆုံးသော အကျိုးဆက်မှာ အန္တိခရစ်တစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။

လူအချို့က “အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အတော်အတန် ညံ့ဖျင်းသော အစွမ်းအစသာ ရှိသော်လည်း ၎င်းတို့၏ လူ့သဘာဝက မဆိုးပါ။ ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နိုင်သလော”ဟု မေးကြသည်။ မဆိုးသော လူ့သဘာဝ ရှိခြင်းသည် ၎င်းတို့အနေဖြင့် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်မည်မဟုတ်ဟု ဆိုလိုကြောင်း မည်သူက ပြောသနည်း။ အန္တိခရစ်များအဖြစ် သတ်မှတ်ခံရရန် ၎င်းတို့ မည်မျှ ဆိုးရွားရန် လိုအပ်သနည်း။ ဤအရာကို သင် ထိုးထွင်းသိမြင်နိုင်သလော။ အကယ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် ၎င်းတို့၏ အခန်းကဏ္ဍတွင် အချိန်ကြာမြင့်စွာ ဆက်ရှိနေလျှင် ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိနှင့်နေပြီ ဖြစ်သည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်းနှင့် အန္တိခရစ်တစ်ဦး ဖြစ်လာခြင်းကြားတွင် ကွာဟချက်တစ်ခု ရှိသလော။ (မရှိပါ။) ပြန်စဉ်းစားကြည့်လော့။ ထိုအယောင်ဆောင် ခေါင်းဆောင်များသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက်နေကြသနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် တိကျသော အလုပ်ကို မလုပ်ဆောင်ကြသည့်အပြင်၊ တိကျသော အလုပ်ကို လုပ်ဆောင်နိုင်စွမ်းလည်း မရှိကြပေ၊ သို့ရာတွင် ၎င်းတို့သည် အခြားသူများကို ဩဝါဒပေးရန်နှင့် လူတို့အား ၎င်းတို့ကို နားထောင်ပြီး နာခံစေရန် မြင့်မားသော ရာထူးများတွင် ရပ်တည်လိုကြဆဲ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေခြင်း မဟုတ်လော။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ခြင်း၏ အကျိုးဆက်မှာ အဘယ်နည်း။ (၎င်းတို့သည် အလိုအလျောက် အန္တိခရစ်များ ဖြစ်လာကြပါသည်။) အယောင်ဆောင် ခေါင်းဆောင်များသည် မွေးရာပါ အန္တိခရစ်များ သို့မဟုတ် ဆိုးယုတ်သောလူများ မဟုတ်သော်လည်း ၎င်းတို့ကို ကြီးကြပ်မှုမရှိဘဲ သို့မဟုတ် မည်သူကမျှ တိုင်ကြားပြီး ဖြုတ်ချခြင်းမရှိဘဲ အန္တိခရစ်များ၏ လမ်းကြောင်းကို အချိန်ကြာမြင့်စွာ လိုက်လျှောက်လျှင် ၎င်းတို့သည် အာဏာသိမ်းပိုက်ပြီး သီးခြားလွတ်လပ်သော နိုင်ငံတော်များကို တည်ထောင်နိုင်သလော။ (တည်ထောင်နိုင်ပါသည်။) ထိုအချိန်တွင် ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြပြီ မဟုတ်လော။ သို့ဖြစ်၍ သင်တို့ မြင်သည့်အတိုင်း အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ အခန်းကဏ္ဍသည် အန္တရာယ်ရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းသည် အလွန်အန္တရာယ်ရှိနှင့်ပြီး ဖြစ်သည်။ ငါတို့သည် လတ်တလောတွင် အယောင်ဆောင် ခေါင်းဆောင်များကို စိတ်ဖြာလေ့လာဆွေးနွေးနေပြီး အန္တိခရစ်များကို ထည့်သွင်းစဉ်းစားခြင်းမရှိသေးသော်လည်း ဤနှစ်ခု၏ အနှစ်သာရကြားတွင် ဆက်စပ်မှုတစ်ခု ရှိနေသည်။ အမှန်တွင် အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်နေကြခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို လိုက်လျှောက်ခြင်းက ၎င်းတို့ကို အလိုအလျောက် အန္တိခရစ်များ ဖြစ်လာစေလိမ့်မည်။ ယင်းကို ၎င်းတို့၏ သဘာဝ အနှစ်သာရက ဆုံးဖြတ်ပေးခြင်းဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့၏ လူ့သဘာဝ အနှစ်သာရကို ကြည့်ရန် မလိုအပ်ပေ။ ၎င်းတို့၏ လမ်းကြောင်းတစ်ခုတည်းကပင် ၎င်းတို့သည် အန္တိခရစ်များ ဟုတ်မဟုတ်ဟူသည်ကို အဆုံးအဖြတ်ပေးသည်။ ဖြုတ်ချခြင်းခံခဲ့ရသော ထိုအယောင်ဆောင် ခေါင်းဆောင်များကို စဉ်းစားကြည့်လော့။ အကယ်၍ ၎င်းတို့ကို အချိန်မီ မဖြုတ်ချခဲ့လျှင် ၎င်းတို့၏ ရာထူးသက်တမ်းအတွင်း ၎င်းတို့ ပြုမူခဲ့ပုံနှင့် ထုတ်ဖော်ခဲ့သည့်အရာအားဖြင့် ၎င်းတို့၏ အနှစ်သာရကို အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် နောက်ဆုံးတွင် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်ကြမည်လော။ ၎င်းတို့သည် အန္တိခရစ်များ ဖြစ်လာကြမည်လော။ အမှန်တွင် အချို့သောလူများသည် ဤအရာ၏ လက္ခဏာများကို ပြသနှင့်ပြီးဖြစ်ကာ ၎င်းတို့ကို ချက်ချင်း ဖြုတ်ချခဲ့သည်မှာ ဘုရားအိမ်တော် ဖြစ်သည်။ အကယ်၍ ၎င်းတို့ကို မဖြုတ်ချခဲ့လျှင် ၎င်းတို့သည် အသင်းတော်ကို မှီခိုကပ်စားပြီး လူတို့ကို အထင်အမြင်မှားစေရန် စတင်လုပ်ဆောင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် မြင့်မားသော ရာထူးများရှိသည့် အရာရှိများ သို့မဟုတ် သခင်များကဲ့သို့ ပြုမူကာ လူတို့ကို ဩဇာပေးပြီး အမိန့်အာဏာများ ထုတ်ပြန်လျက် အခြားသူများကို ၎င်းတို့အား ဘုရားသခင်ဖြစ်သည့်အလား နာခံစေရန် စတင်လုပ်ဆောင်ကြမည် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ခံရသူများဖြစ်ကြောင်းနှင့် ဘုရားသခင် အသုံးပြုသော လူများဖြစ်ကြောင်းပင် အခိုင်အမာပင် ပြောဆိုကြမည် ဖြစ်သည်။ ယင်းမှာ ပြဿနာဖြစ်စေသည် မဟုတ်လော။ သို့ဆိုလျှင် ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ ဤအခြေအနေများနှင့် သရုပ်သကန်များကို ငါတို့ မည်သို့ ရှုမြင်ပြီး သတ်မှတ်သင့်သနည်း။ ၎င်းတို့ကို သူတော်ကောင်းယောင်ဆောင်သူများ၊ အသင်းတော်ကို မှီခိုကပ်စားသည့်လူများ၊ ဖာရိရှဲများအဖြစ် ကနဦး သတ်မှတ်၍ရသည်။ ပြီးလျှင် ဤအရာသည် ဆက်လက်၍ ဖြစ်ပေါ်ပါက မည်သည့်အရာဖြစ်သနည်း။ အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များလောက် ရက်စက်ကြမ်းကြုတ်ခြင်း သို့မဟုတ် ကောက်ကျစ်ဆိုးယုတ်ခြင်း မရှိနိုင်သော်လည်း၊ အပေါ်ယံအားဖြင့် ၎င်းတို့သည် အခြေအနေတိုင်းတွင် အခြားသူများကို ကူညီလျက် ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ပြီး ကြိုးစားအလုပ်လုပ်နိုင်စွမ်းရှိပုံပေါ်သည့်အပြင် ကုန်းကြောင်းရေကြောင်း ခရီးသွား၍ တရားဟောပြီး အလုပ်လုပ်ခဲ့ကြသည့် ဖာရိရှဲများကဲ့သို့ပင် လူတို့နှင့်ပတ်သက်၍ စိတ်ရှည်သည်းခံနိုင်စွမ်း ရှိပုံရသော်လည်း၊ နောက်ဆုံးတွင် အရေးကြီးသည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း။ အကယ်၍ ၎င်းတို့သည် အလုပ်တာဝန်တစ်ခုတည်းကိုပင် အကောင်အထည်မဖော်နိုင်လျှင် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူများသည် ဖာရိရှဲများ၏ လုပ်ရပ်များ၊ အပြုအမူများနှင့် မည်သို့ ကွဲပြားသနည်း။ ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းရှိသလော သို့မဟုတ် ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို အာခံပြီး နှောင့်ယှက်နေခြင်းဖြစ်သလော။ သိသာထင်ရှားစွာပင်၊ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို အတိုက်အခံလုပ်နေပြီး အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကိစ္စများ ပုံမှန်တိုးတက်မှုကို ဟန့်တားနေပေသည်။ ဤသည်မှာ ဖာရိရှဲများနှင့် ဘာသာရေးလောကရှိ သင်းအုပ်များနှင့် အကြီးအကဲများ၏ အပြုအမူနှင့် ခြားနားခြင်းမရှိသည် မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့ကဲ့သို့ပင် ဖြစ်သည်။ သို့ဆိုလျှင် ငါတို့သည် ၎င်းတို့ကို မည်သို့ သတ်မှတ်သင့်သနည်း။ အယောင်ဆောင် ခေါင်းဆောင်များက ဆက်လက်လုပ်ဆောင်နေပါက မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်လိမ့်မည်သာမက ဤအစီအစဉ်များကို ရှုတ်ချခြင်း၊ ဝေဖန်ခြင်း၊ တရားစီရင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် အခြားထိုသို့သော အရာများကိုလည်း စတင်လုပ်ဆောင်ကြလိမ့်မည်ဖြစ်သည်။ အန္တိခရစ် အပြုအမူများ အစုံလိုက် ပေါ်ထွက်လာလိမ့်မည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ပျက်ကွက်ရုံသာမက ယင်းတို့၏ အကောင်အထည်ဖော်ခြင်းကိုလည်း အတိုက်အခံလုပ်ရန်နှင့် ဟန့်တားရန် အမျိုးမျိုးသော ဆင်ခြေများကိုလည်း ရှာဖွေကြသည်။ ဤသည်မှာ ဘုရားသခင်၏ အလုပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမဟုတ်ဘဲ ဘုရားအိမ်တော်၏ အလုပ်ကို ဟန့်တားပြီး နှောင့်ယှက်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ အကောင်အထည်ဖော်ခြင်းကို ဟန့်တားရန် ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်အယူအဆများနှင့် စိတ်ကူးများ၊ ဘုရားအိမ်တော်က ၎င်းတို့အား ပေးအပ်ထားသည့် အာဏာနှင့် ရာထူးတို့ကို အသုံးပြုကြခြင်း ဖြစ်သည်။ ဤသည်မှာ ပြဿနာ၏ အနှစ်သာရ မဟုတ်လော။ (ဟုတ်ပါသည်။) အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသည့်အပြင်၊ အထက်က စီစဉ်ပေးသည့် အမျိုးမျိုးသော တာဝန်များကို အကောင်အထည်မဖော်နိုင်သော်လည်း မိမိတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ ဦးစီးဦးရွက်ပြုသူများ၊ ခေါင်းဆောင်များဖြစ်သည်ဟု ခံစားလျက် လူတို့အား တရားဟောရန် မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာပြနေဆဲ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ကို အန္တိခရစ်များ၊ အန္တိခရစ်စစ်စစ်များ ဖြစ်စေနှင့်ပြီးဖြစ်သည်။ ထိုသို့သောလူများ၏ ဤသတ်မှတ်ချက်သည် တိကျမှန်ကန်သလော။ ယင်းမှာ အမှားတစ်ခုမျှမရှိဘဲ အလွန့်အလွန် တိကျမှန်ကန်လှပေသည်။ ဤသည်မှာ ယုတ္တိတန်သောရ ကျိုးကြောင်းဆင်ခြင်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ အနှစ်သာရကို အခြေခံသည့် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်နိုင်သောသူများသည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သောသူများသည်လည်း အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ ၎င်းတို့သည် ဖာရိရှဲများအဖြစ် ထုတ်ဖော်ခြင်းမခံရမီတွင် ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များအဖြစ် သတ်မှတ်၍ရသည်။ သို့ရာတွင် ၎င်းတို့သည် ဖာရိရှဲများ ဖြစ်လာပြီး အသင်းတော်ကို မှီခိုကပ်စားရန်၊ မိမိတို့၏ “အတိတ်က အောင်မြင်မှုများ” ကို အားကိုးကာ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်ဘဲ သို့မဟုတ် တိကျသော တာဝန်များကို မလုပ်ဆောင်ဘဲ ဘုရားအိမ်တော်၏ အလုပ်အတွက် ခလုတ်တံသင်းများ ဖြစ်လာလျက် ရာထူးများကို ရယူထားသည့်အချိန်မှစ၍ ထိုသို့သောလူများကို အန္တိခရစ်များအဖြစ် သတ်မှတ်သင့်သည်။ တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးလော သို့မဟုတ် အန္တိခရစ်တစ်ဦးလောဟူသည်ကို သင်မည်သို့ သတ်မှတ်သနည်း။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ၎င်းတို့က အလုပ်အစီအစဉ်များအား အကောင်အထည်ဖော်နိုင်ပြီး လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိဟူသည့်အပေါ် အခြေခံ၍ သတ်မှတ်သည်။ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သောသူများနှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သောသူများသည် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ သို့ရာတွင် ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ကြောင်းနှင့် အထက်မှ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်နိုင်ကြောင်း သိရှိသည့်တိုင်၊ လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းရန် တရားဟောပြောရန်နှင့် ဆောင်ပုဒ်များ ဟစ်ကြွေးရန် မိမိတို့၏ အဆင့်အတန်းကို အခိုင်အမာပြလိုနေဆဲဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို လျစ်လျူရှုကာ ညီအစ်ကိုမောင်နှမများကို ဆက်လက်၍ အထင်အမြင်မှားစေလျက်၊ ပြောဆိုခွင့်အာဏာနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း ဩဇာအာဏာကိုပင် ရှာဖွေလျက် ၎င်းတို့အနေဖြင့် အသင်းတော်ကို မှီခိုကပ်စားနိုင်ပြီး ဘုရားအိမ်တော်ကို အငြိမ်းစားယူသည့်နေရာအဖြစ် အမြတ်ထုတ်နိုင်ရန်အလို့ငှာ၊ ဘုရားသခင်ကို ၎င်းတို့ နှစ်ပေါင်းများစွာ ယုံကြည်ခဲ့ပြီး အသင်းတော်၏ အလုပ်အတွက် နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့သည်ဟူသောအချက်အရ အသင်းတော်က ၎င်းတို့ကို အနီးအနားတွင် ဆက်ထားဖို့ မျှော မျှော်လင့်နေလျှင် ထိုသို့သောလူများသည် အန္တိခရစ်များ ဖြစ်ကြသည်။ ဤသည်မှာ တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်တစ်ဦးလော သို့မဟုတ် အန္တိခရစ်တစ်ဦးလောဟူသည်ကို သင် ဆုံးဖြတ်ရမည့်နည်းလမ်း ဖြစ်သည်။ သတ်မှတ်ခြင်းအတွက် ဤစည်းမျဉ်းနှင့် စံနှုန်းသည် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်သည် အဓိကအားဖြင့် အလုပ်အစီအစဉ်များနှင့် သက်ဆိုင်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း ရှိမရှိဟူသည်မှာ ၎င်းတို့ စံနှုန်းပြည့်မီခြင်း ရှိမရှိကို စမ်းသပ်ရန် စံသတ်မှတ်ချက် ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များအတိုင်း အသင်းတော်အလုပ်ကို ဆောင်ရွက်ခြင်း ရှိမရှိအပေါ် အခြေခံ၍ ၎င်းတို့သည် စစ်မှန်သလော သို့မဟုတ် အယောင်ဆောင်ဖြစ်သလောဟူသည်ကို အကဲဖြတ်ခြင်းသည် အတိကျဆုံးသော နည်းလမ်းဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန်နှင့် စိတ်ဖြာလေ့လာဆွေးနွေးရန်အပြင်၊ ၎င်းတို့က အယောင်ဆောင် ခေါင်းဆောင်များလော သို့မဟုတ် အန္တိခရစ်များလောဟူသည်ကို အဆုံးအဖြတ်ပေးရန် အလုပ်အစီအစဉ်များအပေါ် ၎င်းတို့၏ သဘောထားကို အသုံးပြုခြင်းသည် လုံးဝ တရားမျှတသည်။ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်သည်၊ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့ အကောင်အထည်ဖော်မှု၏ ထိရောက်မှုနှင့် စေ့စပ်သေချာမှုတို့အပေါ် အခြေခံ၍ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အကဲဖြတ်ခြင်းသည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင် တစ်ဦးတလေအတွက် မျှတပြီး ကျိုးကြောင်းဆီလျော်ပေသည်။ ယင်းမှာ မည်သူ့အတွက်မျှ အမှုအရာများကို တမင်တကာ အခက်တွေ့စေရန် ရည်ရွယ်ခြင်း မဟုတ်ပေ။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သည့်အပြင် နောက်ဆုံးတွင် အန္တိခရစ်များ ဖြစ်လာကြသည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ ဤအခိုင်အမာပြောဆိုချက်သည် ခိုင်လုံသလော။ (ခိုင်လုံပါသည်။) အဘယ်ကြောင့် ခိုင်လုံသနည်း။ (အဘယ်ကြောင့်ဆိုသော် အယောင်ဆောင် ခေါင်းဆောင်များသည် အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်သည့်အပြင်၊ မိမိတို့၏ ကိုယ်ပိုင် သီးခြားလွတ်လပ်သော နိုင်ငံတော်များကို တည်ထောင်ရန် ၎င်းတို့၏ ရာထူးနေရာများကို ရယူထားသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းကို စတင် လျှောက်နှင့်ပြီးဖြစ်သည်ဟု ဆိုလိုပါသည်။) ဤသည်မှာ ဖြစ်စဉ်ဖြစ်သည်။ ပြဿနာ၏ အနှစ်သာရမှာ အဘယ်နည်း။ အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်ခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းနှင့် ဆန့်ကျင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်သောသူများသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ သူ့ကို တိုက်ရိုက်ဆန့်ကျင်ရာတွင် ရပ်တည်နေကြခြင်း ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးမျှသာ ဖြစ်လျှင် ၎င်းတို့သည် အလုပ်အား မည်သို့လုပ်ဆောင်ရမည် သို့မဟုတ် အလုပ်အစီအစဉ်များအား မည်သို့ အကောင်အထည်ဖော်ရမည်ကို ရိုးရှင်းစွာ မသိကြပေ။ ၎င်းတို့သည် ဘုရားသခင်ကို တမင်တကာ ခုခံနေခြင်း မဟုတ်ပေ။ သို့ရာတွင် အန္တိခရစ်တို့၏ ကြန်အင်လက္ခဏာသည် သဘာဝအားဖြင့် အယောင်ဆောင် ခေါင်းဆောင်များထက် များစွာ ပိုမိုဆိုးရွားသည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များသည် အန္တိခရစ်များ၏ လမ်းကြောင်းကို အချိန်ကြာမြင့်စွာ လိုက်လျှောက်နေကြပြီးဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းနှင့် အလုပ်အစီအစဉ်များကို အကောင်အထည်မဖော်ခြင်းတို့ဖြင့် စတင်ကြသည်။ အချိန်ကြာမြင့်စွာ ခေါင်းဆောင်များ ဖြစ်ကာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောနိုင်ပြီးနောက်တွင် ၎င်းတို့၏ ရာထူးက လုံခြုံကြောင်း၊ ၎င်းတို့တွင် အရင်းအနှီးရှိကြောင်းနှင့် လူတို့ကြားတွင် ဂုဏ်သိက္ခာရရှိပြီးဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့အလိုရှိသမျှကို စတင်လုပ်ဆောင်ဝံ့ပြီး ဘုရားသခင်ကို ဆန့်ကျင်ဝံ့ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အစဉ်သဖြင့် အထင်ကြီးကြပြီး ညီအစ်ကိုမောင်နှမများကြားတွင် ဂုဏ်သိက္ခာရရှိပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ စကားများက ဩဇာသက်ရောက်မှုရှိကြောင်းနှင့် ထို့ကြောင့် ၎င်းတို့ လုပ်ဆောင်သမျှ အရာတိုင်းတွင် အကြွင်းမဲ့ ပြောဆိုပိုင်ခွင့်နှင့် ဆုံးဖြတ်ချက်ချမှတ်ပိုင်ခွင့် အာဏာရှိသင့်ကြောင်း ယုံကြည်ကြလေသည်။ လူတို့က ၎င်းတို့ကို နားထောင်သင့်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ တစ်စုံတစ်ခုကို လုပ်ဆောင်နေစဉ် ၎င်းတို့ အရှက်ရလျှင် သို့မဟုတ် စကားမှားပြောမိလျှင် လူတို့သည် ၎င်းတို့အတွက် သိက္ခာဆယ်ပေးသင့်သည်၊ ဘုရားအိမ်တော်ကလည်း ထိုသို့ပင် လုပ်ဆောင်သင့်သည်ဟု တွေးထင်ကြသည်။ ဘုရားအိမ်တော်သည် ပေါ်ပေါက်လာသည့် မည်သည့်ကိစ္စရပ်များတွင်မဆို ၎င်းတို့နှင့် တိုင်ပင်သင့်ပြီး ကောင်းသောအရာများထဲက ဝေစုတစ်ခုပေးသင့်ကာ ၎င်းတို့သည် အခြားသူများထက် ပိုမိုကောင်းမွန်သော အကျိုးခံစားခွင့်များနှင့် ပိုမိုမြင့်မားသော ချီးကျူးမှုကို ရရှိသင့်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်သည်လည်း ၎င်းတို့ကို မတူကွဲပြားသော အမြင်ဖြင့် အလေးထားသင့်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ၎င်းတို့၏ ဤသိမြင်ထားသော အားသာချက်များနှင့် သာလွန်မှုတို့ကို ထောက်ရှုသော်၊ ဘုရားအိမ်တော်က ၎င်းတို့ကို အလွယ်တကူ ပြုပြင်ခြင်း မပြုသင့်ကြောင်း၊ သို့မဟုတ် အခြားသူများရှေ့တွင် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ခြင်း မပြုသင့်ကြောင်း၊ ထို့ထက်ပင်ပို၍ ၎င်းတို့၏ ခံစားချက်များကို ထည့်မစဉ်းစားခြင်း တစ်ခုမျှမရှိဘဲ ၎င်းတို့ကို ဖြုတ်ချခြင်း မပြုသင့်ကြောင်း ၎င်းတို့ ယုံကြည်ကြသည်။ ထိုသို့သောလူများသည် အန္တရာယ်ရှိပေသည်။ ၎င်းတို့သည် မိမိတို့၏ “အတိတ်က အောင်မြင်မှုများ”ကို အားကိုးနေကြသည်။ ၎င်းတို့သည် ဖာရိရှဲများဖြစ်ကြပြီး အန္တိခရစ်များ ဖြစ်နှင့်နေပြီဖြစ်သည်။ ဤအရာကို ၎င်းတို့၏ သဘာဝ အနှစ်သာရက အဆုံးအဖြတ်ပေးသည် မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်လျှင် ၎င်းတို့သည် ဘုရားအိမ်တော်နှင့် ဘုရားသခင်အပေါ် ဤသို့သော ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုများကို ပြုလုပ်မည်လော။ (ပြုလုပ်မည် မဟုတ်ပါ။) အချိန်ကြာမြင့်စွာ အလုပ်လုပ်ပြီးနောက် မိမိတို့သည် အဆင့်အတန်းရှိပြီးဖြစ်ကာ အရင်းအနှီးရှိသည်ဟု ခံစားရပြီး ထိုသို့ဖြင့်ဤအတွေးမျိုးများနှင့် ဤသာလွန်မှုစိတ်ဓာတ်မျိုးကို ဖြစ်ပေါ်သည့် လူစားတစ်မျိုး ရှိသည်။ ဤသည်မှာ မည်သည့် လူစားမျိုးဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရရှိသောသူတစ်ဦး ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို မလိုက်စားသည့်အပြင် အန္တိခရစ်များ၏ လမ်းကြောင်းကို လိုက်လျှောက်သောကြောင့် ၎င်းတို့သည် ဘုရားသခင်နှင့် ဘုရားအိမ်တော်အပေါ် ကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုမျိုးစုံကို ပြုလုပ်လျက် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ “အတိတ်က အောင်မြင်မှုများ” ကို အားကိုးကြပြီး အသင်းတော်ကို မှီခိုကပ်စားကြသည်၊ မိမိတို့၏ အဆင့်အတန်းကို ဖက်တွယ်ကြပြီး နောက်ဆုံးတွင် အန္တိခရစ်တစ်ဦး ဖြစ်လာသည်။ ဤသည်မှာ စံပြ အန္တိခရစ်တစ်ဦး ဖြစ်သည်။ အသင်းတော်၌ ထိုသို့သောလူများ ရှိသလော။ မိမိကိုယ်ကို ဝိညာဉ်ရေးရာလူတစ်ဦးအဖြစ် ဂုဏ်ယူဝင့်ကြွားသူတိုင်းသည် ဤအမျိုးအစား ဖြစ်သည်။ ၎င်းတို့သည် သိသာထင်ရှားစွာအသုံးမကျသူများဖြစ်ပြီး မည်သည့်တိကျသော အလုပ်ကိုမျှ မလုပ်ဆောင်နိုင်သော်လည်း မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာပြည့်ဝသူများအဖြစ် မှတ်ယူနေဆဲဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်က ထောက်ခံလျက် ကြည့်ရှုသူများနှင့် သူ၏ စုံလင်အောင်ပြုခြင်းခံရမည့် ပစ်မှတ်များဖြစ်သည်ဟု မှတ်ယူကြသည်။ ၎င်းတို့သည် မိမိတို့က ဘုရားသခင်၏ ချစ်သားများ၊ အောင်မြင်သောသူများဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုသို့သောလူများသည် မည်သည့်လမ်းကြောင်းကို လိုက်လျှောက်နေကြသနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သလော။ သမ္မာတရားကို ကျိုးနွံနာခံသောလူများ ဖြစ်သလော။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို ကျိုးနွံနာခံသောလူများ ဖြစ်သလော။ လုံးဝမဟုတ်၊ ရာနှုန်းပြည့် မဟုတ်ပေ။ ၎င်းတို့သည် အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် ကောင်းချီးများကို လိုက်စားပြီး အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်လှမ်းသောလူများ ဖြစ်ကြသည်။ ထိုသို့သောလူများသည် အယောင်ဆောင် ခေါင်းဆောင်များအဖြစ် အချိန်ကြာမြင့်စွာ အစေခံလျက် ရာထူးတစ်ခုကို အချိန်ကြာမြင့်စွာ ရယူထားသည့်အခါ၊ မလွဲမသွေ အန္တိခရစ်များ ဖြစ်လာကြလိမ့်မည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အလုပ်အတွက် အတားအဆီးများ ဖြစ်ကြသည်။ ၎င်းတို့သည် အလုပ်အစီအစဉ်များအတိုင်း အလုပ်လုပ်ရန် မဖြစ်နိုင်သည့်အပြင်၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ရန် သို့မဟုတ် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အမှုအရာများကို လုပ်ဆောင်ရန်လည်း မဖြစ်နိုင်ပေ။ ထို့ထက်ပင်ပို၍ ၎င်းတို့သည် အန္တိခရစ်များဖြစ်သောကြောင့် အသင်းတော်၏ အလုပ်ကို လုပ်ဆောင်ရန် မိမိတို့၏ အဆင့်အတန်း၊ ဂုဏ်သတင်းနှင့် အကျိုးစီးပွားများကို စွန့်လွှတ်ရန် မဖြစ်နိုင်ပေ။

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းသည် အဓိကအားဖြင့် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းအကြောင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး စံနှုန်းပြည့်မီပြီး မိမိ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်း ရှိမရှိကို အဓိကအားဖြင့် ၎င်းတို့ အလုပ်အစီအစဉ်များကို မည်သို့ အကောင်အထည်ဖော်သည်နှင့် ဤအကောင်အထည်ဖော်မှုများ၏ အကျိုးရလဒ်များက အဆုံးအဖြတ်ပေးသည်။ ပြောစရာမလိုသည်မှာ ဤစံနှုန်းကို အယောင်ဆောင် ခေါင်းဆောင်များနှင့် ၎င်းတို့ လိုက်လျှောက်သည့် လမ်းကြောင်းများအပြင် အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့၏ အသက်ဝင်ရောက်မှုအပေါ် ၎င်းတို့ ယူဆောင်လာသည့် အကျိုးဆက်များကို ဖော်ထုတ်ရန်လည်း အသုံးပြုသည်။ ဤအဆုံးအဖြတ်ပေးခြင်းများ၊ သုံးသပ်ချက်များနှင့် နောက်ဆုံး သတ်မှတ်ခြင်းများအားလုံးသည် အယောင်ဆောင် ခေါင်းဆောင်များ၏ အလုပ်အစီအစဉ်များ အကောင်အထည်ဖော်မှုအပေါ် အခြေခံသည်။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် အဓိက တာဝန်တစ်ရပ်ဖြစ်သည်၊ ထို့ကြောင့် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် စံနှုန်းပြည့်မီခြင်း ရှိမရှိကို ၎င်းတို့၏ အလုပ်အစီအစဉ်များ အကောင်အထည်ဖော်မှုအပေါ် အခြေခံ၍ အဆုံးအဖြတ်ပေးခြင်းသည် အလွန် လက်တွေ့ကျပြီး အလွန်အမင်း အခြေခံကျသည်။ ထို့အပြင် ခေါင်းဆောင်နှင့် အမှုဆောင်တိုင်းကို ဤစံနှုန်းဖြင့် တိုင်းတာခြင်းသည် မည်သည့်ရောနှောခြင်းမျှ မပါဘဲ လုံးဝ ကျိုးကြောင်းဆီလျော်ပြီး မျှတသည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်

အရှေ့သို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၆)

နောက်တစ်ခုသို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၁)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။