ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)

ခေါင်းဆောင်များနှင့် အမှုဆောင်များ စံနှုန်းပြည့်မီခြင်းရှိမရှိ အကဲဖြတ်ရန် စံသတ်မှတ်ချက်နှစ်ခု

ငါတို့သည် ယခုအခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ စုစုပေါင်း ရှစ်ချက်ကို မိတ်သဟာယဖွဲ့ပြီးဖြစ်ကာ ဤတာဝန်ရှစ်ချက်နှင့်ပတ်သက်၍ အယောင်ဆောင်ခေါင်းဆောင်များ၏ အမျိုးမျိုးသော သရုပ်သကန်များကို ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးခဲ့ပြီး ဖြစ်သည်။ ၎င်းတို့ကို ဤသို့ စိတ်ဖြာလေ့လာဆွေးနွေးခြင်းအားဖြင့် ယခု သင်တို့၌ အယောင်ဆောင် ခေါင်းဆောင်များနှင့်ပတ်သက်၍ ပိုင်းခြားသိမြင်နိုင်စွမ်းတစ်ခုခု ရှိပြီလော။ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ပါက သင်သည် အယောင်ဆောင်ခေါင်းဆောင်များ၏ ဤလက်တွေ့လုပ်ဆောင်မှုများတွင် ပါဝင်ခြင်းကို ရှောင်ရှားနိုင်မည်လော။ ငါတို့ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်သည့် တာဝန်များကို အခြေခံ၍ အလုပ်ကို သတိရှိရှိ လုပ်ဆောင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်မည်လော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအပေါ် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏ အလုပ်ကို မည်သို့ လုပ်ဆောင်သင့်သည်ကိုလည်းကောင်း၊ ဤအလုပ်ကို လုပ်ဆောင်ရာတွင် မည်သည့်အသေးစိတ်အချက်များ ပါဝင်သည်ကိုလည်းကောင်း၊ ၎င်းတို့သည် အလုပ်ကို မည်သို့ အကောင်အထည်ဖော်သင့်သည်ကိုလည်းကောင်း၊ ထို့ပြင် စံနှုန်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်းကောင်း မိမိတို့၏ စိတ်နှလုံးထဲတွင် သိသင့်ပြီဖြစ်သည်။ လူတစ်ဦး၏ အစွမ်းအစသည် လုံလောက်လျှင်၊ သူ၌ အတိုင်းအတာတစ်ခုအထိ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ပြီး ဝန်တာစိတ်လည်း ရှိလျှင် သူသည် အယောင်ဆောင်ခေါင်းဆောင်များ၏ ဤသရုပ်သကန်များအား ထုတ်ဖော်ပြသခြင်းကို ရှောင်ရှားနိုင်သင့်သည်။ သို့ရာတွင် လူတစ်ဦး၌ အစွမ်းအစရှိပြီး အတိုင်းအတာတစ်ခုအထိ အလုပ်လုပ်နိုင်စွမ်းကို ပိုင်ဆိုင်သော်လည်း ဝန်တာစိတ် မရှိပါက သူသည် စံနှုန်းပြည့်မီသော ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းနှင့် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်း ရှိမည်လော။ (ရှိမည်မဟုတ်ပါ။) သူ့အတွက် ဤအရာကို လုပ်ဆောင်ရန် အနည်းငယ် ခက်ခဲသည်။ ခေါင်းဆောင်တစ်ဦးသည် ဝန်တာစိတ်ရှိပြီး သူ၏ လူ့သဘာဝက မညံ့ဖျင်းသော်လည်း သူသည် မိမိ၏အလုပ်ကို မည်သို့လုပ်ဆောင်ရမည်ကိုပင် မသိဟု ဆိုကြပါစို့။ မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ သူသည် တိကျသော အလုပ်ကို မည်သို့ အကောင်အထည်ဖော်ပြီး ပါဝင်လုပ်ဆောင်ရမည်ကို မသိသေးသည့်အပြင် စည်းမျဉ်းများ သို့မဟုတ် ဦးတည်ချက်ကို ရှာမတွေ့နိုင်ပေ။ တိကျသော အတတ်ပညာများ သို့မဟုတ် အလုပ်အတွက် လမ်းညွှန်မှုအား မည်သို့ပေးရမည်ကိုလည်း သူမသိပေ။ အရေးကိစ္စများ ဖြစ်ပေါ်လာသည့်အခါ ထိုပြဿနာများ၏ အနှစ်သာရကို ရှာမတွေ့နိုင်သည့်အပြင် မည်သို့ဖြေရှင်းရမည်ကို မသိပေ။ ထို့အတွက်ကြောင့် သူလုပ်ဆောင်သည့် မည်သည့်အလုပ်တွင်မဆို သို့မဟုတ် သူကိုင်တွယ်နေသည့် မည်သည့်ကိစ္စတွင်မဆို သူသည် အစဉ်သဖြင့် တုံဏှိဘာဝေဖြစ်ပြီး နှေးကွေးလေသည်။ ထိုသို့သောလူတစ်ဦးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သလော။ (မဖြည့်ဆည်းနိုင်ပါ။) ဤသည်မှာ မည်သို့သော ပြဿနာမျိုး ဖြစ်သနည်း။ ဤလူစားမျိုးသည် အလွန် စိတ်အားထက်သန်ပြီး ဝန်တာစိတ်ရှိကာ သူ၏အလုပ်ကို လုပ်ဆောင်လိုသော်လည်း သူ၏ အစွမ်းအစက ညံ့ဖျင်းလွန်းသည်၊ အလုပ်လုပ်နိုင်စွမ်း မရှိသည့်အပြင် အလုပ်ကို တာဝန်ယူနိုင်ခြင်း သို့မဟုတ် တိကျသော အလုပ်ကို လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် တိကျသော အရေးကိစ္စရပ်များကို ဖြေရှင်းနိုင်ခြင်း မရှိပေ။ သူသည် မည်သည့်အလုပ်တွင်မဆို ပါဝင်သည့်အခါ ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ပြီး အလွန် ဉာဏ်ထိုင်းကာ ထုံထိုင်းပြီး တုံဏှိဘာဝေ ဖြစ်သည်။ ဤအရာ၏ ရလဒ်မှာ အရေးကိစ္စများစွာ ပေါ်ပေါက်လာသော်လည်း သူသည် ယင်းတို့နှင့်ပတ်သက်၍ မည်သို့ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းရမည်ကို သိဖို့ဝေးစွ၊ ယင်းတို့ကို စတင်၍ လုပ်ဆောင်နိုင်စွမ်းမရှိ၊ ယင်းတို့က မည်သည့်နေရာမှ အရင်းခံသည်ကို မသိသည့်အပြင် ထိုအရေးကိစ္စများကို အထက်သို့ တိုင်ကြားပြီး ၎င်းတို့ထံမှ ရှာဖွေနိုင်ခြင်းပင် မရှိပေ။ ထို့ကြောင့် သူသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်း မရှိသည့်အပြင် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ရွေးချယ်ခံရလျှင်ပင် ခေါင်းဆောင်ကောင်းတစ်ဦး မဟုတ်။ သူသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသာ ဖြစ်သည်။

ယခု ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ရှစ်ခုနှင့်ပတ်သက်၍ မိတ်သဟာယပြုပြီးပြီဖြစ်သဖြင့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအပေါ် အခြေခံကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သင်တို့ စိတ်ကူးရနိုင်ကြပြီလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များကို ခေါင်းဆောင်တစ်ဦးက ဖြည့်ဆည်းနေခြင်း ရှိမရှိကိုဖြစ်စေ၊ ၎င်းသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကိုဖြစ်စေ မည်သို့ အကဲဖြတ်သင့်သနည်း။ အခြေခံအကျဆုံး အဆင့်အနေဖြင့် ၎င်းတို့က စစ်မှန်သည့် အလုပ်ကို လုပ်နိုင်စွမ်းရှိမရှိ၊ ၎င်းတို့တွင် ဤအစွမ်းအစ ရှိမရှိဟူသည်တို့ကို ကြည့်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့အနေဖြင့် ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝန်တာထားခြင်း ရှိမရှိဟူသည်ကို ကြည့်သင့်သည်။ ၎င်းတို့ ပြောသည့်အရာများက မည်မျှနားကြားကောင်းပြီး ၎င်းတို့က အယူဝါဒများကို နားလည်သည့်ပုံ မည်မျှပေါက်သည်ကို လျစ်လျူရှုပြီး အပြင်ပန်း ကိစ္စရပ်များကို ကိုင်တွယ်ချိန်တွင် ၎င်းတို့ မည်သို့ ပါရမီရှိပြီး ဆုကျေးဇူးရှိသည်ကို လျစ်လျူရှုလော့။ ဤအရာများက အရေးမကြီးပေ။ အရေးအကြီးဆုံးအရာမှာ ၎င်းတို့သည် အသင်းတော်အလုပ်၏ အခြေခံအကျဆုံးသော အချက်များကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို အသုံးပြု၍ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း ရှိမရှိဆိုသည်နှင့် ၎င်းတို့သည် လူများကို သမ္မာတရား စစ်မှန်မှုထဲသို့ ဦးဆောင်နိုင်ခြင်း ရှိမရှိတို့ဖြစ်သည်။ ဤသည်မှာ အခြေခံအကျဆုံးနှင့် အလိုအပ်ဆုံးသောအလုပ်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဤစစ်မှန်သည့်အလုပ်၏ ဤအချက်များကို လုပ်နိုင်စွမ်း မရှိပါက ၎င်းတို့၏ အစွမ်းအစ မည်မျှကောင်းမွန်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ပါရမီရှိသည်ဖြစ်စေ၊ ဆင်းရဲဒုက္ခကို မည်မျှကြံ့ကြံ့ခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သည်ဖြစ်စေ အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နေဆဲဖြစ်သည်။ လူအချို့က “၎င်းတို့ ယခုတွင် တကယ့်အလုပ်တစ်ခုမျှ မလုပ်ကြသည်ကို မေ့ထားလော့။ ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး တတ်စွမ်းနိုင်သည်။ ၎င်းတို့သည် ခဏတာမျှ လေ့ကျင့်ပြီး တကယ့်အလုပ်ကို လုပ်နိုင်ဖို့ သေချာသည်။ ထို့အပြင် သူသည် မကောင်းသောအရာတစ်ခုမျှ မပြုလုပ်ခဲ့သကဲ့သို့ မကောင်းမှုကို မပြုလုပ်ခဲ့ သို့မဟုတ် အနှောင့်အယှက်ဖြစ်စေ၊ အဖျက်အမှောင့်လုပ်ခြင်းဖြစ်စေ မဖြစ်ပေါ်စေခဲ့ပေ။ သူသည် အယောင်ဆောင်ခေါင်းဆောင်ဖြစ်သည်ဟု ကိုယ်တော်မည်သို့ ဆိုနိုင်သနည်း” ဟူ၍ ပြောကြသည်။ ဤအရာကို ငါတို့ အဘယ်သို့ ရှင်းပြနိုင်သနည်း။ သင် မည်မျှပါရမီရှိသည်၊ သင့်အနေဖြင့် မည်သည့်အစွမ်းအစနှင့် ပညာရေး အဆင့်ကိုပိုင်ဆိုင်သည်၊ ဆောင်ပုဒ်မည်မျှကို သင် ကြွေးကြော်နိုင်သည် သို့မဟုတ် စကားလုံးများနှင့် အယူဝါဒမည်မျှ သင် နားလည်သဘောပေါက်သည်ဟူသည်တို့မှာ အရေးမကြီးပေ။ သင် မည်မျှအလုပ်များသည်ဖြစ်စေ၊ တစ်နေ့တာတွင် သင် မည်မျှပင်ပန်းနွမ်းနယ်သည်ဖြစ်စေ၊ သင် ခရီးမည်မျှဝေးဝေး သွားပြီးသည်ဖြစ်စေ၊ အသင်းတော် မည်မျှ သင် လည်ပတ်သည်ဖြစ်စေ၊ အန္တရာယ်မည်မျှကို သင် စွန့်စားပြီး ဆင်းရဲဒုက္ခ မည်မျှ ခါးစည်းခံသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့်အရာမှာ အလုပ်အစီအစဉ်များကို အခြေခံ၍ သင်၏ တာဝန်ကို သင် ထမ်းဆောင်နေခြင်း ရှိမရှိ၊ ထိုအစီအစဉ်များကို သင် မှန်ကန်တိကျစွာ အကောင်အထည်ဖော်နေခြင်းရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုအတောအတွင်းတွင်၊ သင်သည် သင်တာဝန်ရှိသည့် သတ်သတ်မှတ်မှတ် ဖြစ်သော အလုပ်တိုင်းတွင် ပါဝင်နေခြင်း ရှိမရှိ၊ ပြီးလျှင် စစ်မှန်သော ပြဿနာမည်မျှကို သင် အမှန်တကယ် ဖြေရှင်းပြီးခြင်း ရှိမရှိ၊ သင်၏ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုတို့ကြောင့် လူမည်မျှက သမ္မာတရား စည်းမျဉ်းများကို နားလည်လာပြီးဖြစ်သည်ဟူသည်နှင့် အသင်းတော်၏ အလုပ်က မည်မျှ ခရီးရောက်ပြီး တိုးတက်သည်ဟူသည်တို့ ဖြစ်သည်။ အရေးကြီးသည်မှာ ဤရလဒ်များကို သင် စွမ်းဆောင်ရရှိပြီးခြင်း ရှိမရှိဖြစ်သည်။ သင် ပါဝင်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ် မည်သည့်အရာဖြစ်စေ အရေးကြီးသည့်အရာမှာ သင်သည် ကြီးကြီးကျယ်ကျယ် ပြုမူပြီး အမိန့်များ ထုတ်ပြန်နေခြင်းထက် အလုပ်ကို တစိုက်မတ်မတ် နောက်ဆက်တွဲလိုက်လုပ်ကာ ညွှန်ကြားနေခြင်း ရှိမရှိဟူ၍ ဖြစ်သည်။ ဤအရာအပြင် နောက်ထပ် အရေးကြီးသည့်အရာမှာ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင် သင်၌ အသက်ဝင်ရောက်မှု ရှိမရှိ၊ ကိစ္စရပ်များကို စည်းမျဉ်းများနှင့်အညီ သင် ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိမရှိ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို သင် ပိုင်ဆိုင်ခြင်း ရှိမရှိဟူသည်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူတို့ ရင်ဆိုင်ရသည့် လက်တွေ့ကျသော ပြဿနာများကို သင် ကိုင်တွယ်ကာ ဖြေရှင်းနိုင်ခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤအရာများနှင့် အခြားအလားတူ အရာများအားလုံးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိဟူသည်ကို အကဲဖြတ်ခြင်းအတွက် စံသတ်မှတ်ချက်များဖြစ်သည်။ ဤစံသတ်မှတ်ချက်များက လက်တွေ့ကျသည်ဟု သင်တို့ ပြောမည်လော။ ပြီးလျှင် လူတို့အတွက် မျှတသလော။ (မျှတပါသည်။) ယင်းတို့သည် လူတိုင်းအတွက် မျှတပေသည်။ သင်၏ ပညာရေး အဆင့်အတန်းက မည်သည့်အရာဖြစ်စေ၊ သင် ငယ်ရွယ်သည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ဘုရားသခင်ကို နှစ်ပေါင်းမည်မျှ သင် ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ ဝါရင့်မှု သို့မဟုတ် ဘုရားနှုတ်ကပတ်တော် မည်မျှကို သင် ဖတ်ရှုပြီးသည်ဖြစ်စေ ဤအရာတစ်ခုမျှ အရေးမကြီးပေ။ အရေးကြီးသည့် အရာမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရပြီးနောက်တွင် အသင်းတော်အလုပ်ကို သင် မည်သို့ကောင်းစွာ လုပ်ဆောင်သည်၊ သင်၏ အလုပ်တွင် သင်က မည်သို့ထိရောက်ပြီး ခရီးရောက်သည်ဆိုသည်နှင့် အလုပ်၏ အချက်တစ်ခုစီက စနစ်ကျပြီး ထိရောက်သော ပုံစံဖြင့် တိုးတက်ကာ နှောင့်နှေးခြင်း ရှိမရှိဟူသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးခြင်း ရှိမရှိဟူသည်ကို အကဲဖြတ်သည့်အခါ ဆန်းစစ်ရသည့် အဓိကအရာများ ဖြစ်သည်။

ငါတို့ ယခုတင် ပြုလုပ်ခဲ့သည့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သင်တို့သည် ယခုအခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ အတော်အတန် ရှင်းလင်းသော နားလည်သဘောပေါက်မှုနှင့် သိမြင်မှုသာမက အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် အနှစ်သာရနှင့်ပတ်သက်၍ တိကျသော ပြောဆိုချက်တစ်ခုလည်း ရှိနေပြီ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကို အကဲဖြတ်ရန် အခြေခံအကျဆုံးသော စံသတ်မှတ်ချက်မှာ သူသည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိမရှိ ကြည့်ရန်ဖြစ်ပြီး ထို့နောက် သူသည် စစ်မှန်သည့် အလုပ်ကို အမှန်တကယ်လုပ်မလုပ် ကြည့်ရန်ဖြစ်သည်။ ဤသည်တို့မှာ အဓိက စံသတ်မှတ်ချက်နှစ်ခု ဖြစ်သည်။ တစ်ခုမှာ သူက တတ်နိုင်စွမ်းရှိမရှိဟူသော မေးခွန်းဖြစ်ပြီး နောက်တစ်ခုမှာ သူက လိုလိုလားလား ရှိမရှိဟူသော မေးခွန်းဖြစ်သည်။ ဤအရာများကို သင်တို့ မှတ်မိနိုင်ကြသလော။ လူအချို့က “ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး မဟုတ်သဖြင့် ဤအရာများကို အဘယ့်ကြောင့် မှတ်သားထားရမည်နည်း” ဟု ပြောကြသည်။ ဤစကားသည် မှန်ကန်သလော။ (မမှန်ကန်ပါ။) အဘယ်ကြောင့် မမှန်ကန်သနည်း။ ဤသမ္မာတရားများကို နားလည်ခြင်းအားဖြင့် လူတို့သည် တစ်ဖက်တွင် မိမိတို့ကိုယ်ကို သိမြင်လာနိုင်ပြီး အခြားတစ်ဖက်တွင် အခြားလူများကို ပိုင်းခြားသိမြင်လာနိုင်သည်။ ဤသည်တို့မှာ လူတို့ နားလည်ပြီး ပိုင်ဆိုင်သင့်သည့် သမ္မာတရားများဖြစ်ကာ ယင်းတို့ကို နားမလည်လျှင် အဆင်ပြေမည် မဟုတ်ပေ။ ပထမဦးစွာ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်အညီ ခေါင်းဆောင်တစ်ဦး ဖြစ်ရန်အတွက် အစွမ်းအစနှင့် လုပ်နိုင်စွမ်းကို ပိုင်ဆိုင်ခြင်းရှိမရှိ တိုင်းတာရမည်။ အကယ်၍ သင်သည် ဤအရာများကို ပိုင်ဆိုင်မထားလျှင် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် ဆက်၍ လိုလားမနေနှင့်။ သင်၌ ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ အစွမ်းအစကို မပိုင်ဆိုင်ဘဲ ခေါင်းဆောင်တစ်ဦးဖြစ်ရန် လိုလားနေသေးလျှင် ယင်းမှာ ပြင်းပြသောဆန္ဒသာ ဖြစ်သည်။ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သင်သည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ဘဲ အယောင်ဆောင် ခေါင်းဆောင်တစ်ဦး မလွဲမသွေ ဖြစ်လာလိမ့်မည်။ လူအချို့က “ကျွန်ုပ်တွင် ကောင်းသော အစွမ်းအစရှိသည်။ လူတိုင်းကြားတွင် ကျွန်ုပ်သည် ပေါ်လွင်ထင်ရှားသည်။ ကျွန်ုပ်သည် မကြာခဏဆိုသလို စိတ်ကူးကောင်းအချို့နှင့် ပါးနပ်ပြီး ကောင်းမွန်သော အကြံပြုချက်အချို့ကို ရရှိတတ်သည်။ ကျွန်ုပ်တွင် လုပ်ဆောင်သမျှ အရာတိုင်းအတွက် အထာတစ်ခုရှိပြီး အတော်အတန် ကြွယ်ဝသော အသိပညာ၊ ထိုးထွင်းအမြင်များနှင့် အတွေ့အကြုံလည်း ရှိသည်။ ဤအရာအားလုံးက ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်သည်ဟု မဆိုလိုသလော” ဟု ပြောကြသည်။ သို့ဆိုလျှင် သင်၌ တာဝန်ယူစိတ်နှင့် ဝန်တာစိတ်ရှိမရှိကို မြင်တွေ့ရန်လည်း သင့်ကိုယ်သင် တိုင်းတာသင့်ပေသည်။ အကယ်၍ သင်သည် အမှုအရာများအပေါ် ထင်မြင်ချက်များသာ ရှိပြီး အမှုအရာများကို လုပ်ဆောင်ရန် ဆန္ဒသာရှိကာ အစဉ်သဖြင့် ကြီးမားသော ရည်မှန်းချက်များ ရှိသော်လည်း ယင်းတို့ကို ဆုံးခန်းတိုင်အောင် မလုပ်နိုင်သည့်အပြင် မည်သို့ ကြိုးစားအားထုတ်ပြီး အဖိုးအခပေးရမည်ကို မသိလျှင်၊ မည်သည့်အဖိုးအခကိုမျှ ပေးဆပ်လိုစိတ် မရှိလျှင်၊ သင်၏ ဦးနှောက်နှင့် စိတ်နှလုံးကို အစဉ်အမြဲ စိုးရိမ်သောကကင်းသည့် အခြေအနေတွင် ရှိစေလိုလျှင်၊ သင်သည် အလုပ်မရှိဘဲ အနှောင်အဖွဲ့ကင်းလိုလျှင်၊ သက်သောင့်သက်သာရှိသော ဘဝတစ်ခုကို ရရှိလိုပြီး စိုးရိမ်ပူပန်ရသည် သို့မဟုတ် အလုပ်ရှုပ်ရသည်ကို မနှစ်သက်ဘဲ ပင်ပန်းနွမ်းနယ်ခြင်းနှင့် ဆင်းရဲဒုက္ခကို ကြောက်ရွံ့လျှင်၊ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် မသင့်တော်သည့်အပြင် သင်သည် ခေါင်းဆောင်ပိုင်းအလုပ်ကို ထမ်းဆောင်နိုင်ခြင်း သို့မဟုတ် လုပ်ဆောင်နိုင်ခြင်း ရှိမည်မဟုတ်ပေ။

ခေါင်းဆောင်တစ်ဦး စံနှုန်းပြည့်မီခြင်း ရှိမရှိကို အကဲဖြတ်ရန်အတွက် သူသည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိမရှိနှင့် သူသည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိဟူသည့် စံသတ်မှတ်ချက်နှစ်ခုကို ငါတို့ ယခုလေးတင် အကျဉ်းချုပ်ဖော်ပြခဲ့သည်။ အကယ်၍ လူတို့သည် ဤစံသတ်မှတ်ချက်နှစ်ခုကို နားလည်လျှင် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်စွမ်းရှိမရှိကိုလည်းကောင်း၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက်တွင် အသင်းတော်အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်စွမ်းရှိမရှိ၊ မိမိတို့၏ တာဝန်ဝတ္တရားများကို စေ့စေ့စပ်စပ် ဖြည့်ဆည်းနိုင်ခြင်း ရှိမရှိနှင့် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီခြင်း ရှိမရှိတို့ကိုလည်းကောင်း လုံးလုံးလျားလျား ရှင်းလင်းနေသင့်သည်။ လက်ရှိတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံနေသူတို့အနေဖြင့် သင်တို့သည် စစ်မှန်သည့် အလုပ်တစ်ခုခုကို လုပ်ဆောင်ထားပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးခြင်း ရှိမရှိကို တိုင်းတာရသည့်ပုံအတွက် လမ်းကြောင်းအချို့နှင့် စည်းမျဉ်းအချို့ ယခု ရှိပြီလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ဤတာဝန်ရှစ်ခုနှင့် ပတ်သက်၍ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်သရုပ်သကန်များကို ထုတ်ဖော်ပြသကြောင်း အကဲဖြတ်နိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက မိမိတို့၏အလုပ်ကို အတိအကျ မည်သို့ လုပ်ဆောင်သင့်ကြောင်းကိုသာမက သင်တို့၏အလုပ်တွင် သင်သည် မည်သည့်နေရာ၌ ချို့တဲ့ခြင်း၊ မလုံလောက်ခြင်း သို့မဟုတ် တိကျမှု အလုံအလောက်မရှိခြင်းတို့ ရှိသည်ကိုလည်းကောင်း၊ ယခုမှစ၍ ထိုအလုပ်ကို မည်သို့ လုပ်ဆောင်သင့်သည်ကိုလည်းကောင်း အကျဉ်းချုပ်ဖော်ပြနိုင်ရမည် ဖြစ်သည်။ သင်တို့၌ အနည်းဆုံး ဤထိုးထွင်းအမြင်များ ရှိသင့်သည်။ အကယ်၍ သင်တို့၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မည်သို့ဖြစ်ရမည် သို့တည်းမဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို မည်သို့ ဖြည့်ဆည်းရမည်နှင့်ပတ်သက်၍ သုံးသပ်ချက်များ သို့မဟုတ် ထိုးထွင်းအမြင်များ မရှိလျှင် ယင်းမှာ သင်တို့၏ အစွမ်းအစသည် ထိုလုပ်ငန်းအတွက် မပြည့်မီဟု ဆိုလိုသည်။ ထိုမျှမက အကယ်၍ သင်တို့သည် အယောင်ဆောင် ခေါင်းဆောင်များကို မည်သို့ ပိုင်းခြားသိမြင်ရမည်နှင့် ပတ်သက်၍ လုံးလုံးရှုပ်ထွေးနေလျှင် ဤသည်မှာ သင်တို့၏ အစွမ်းအစသည် ညံ့ဖျင်းကြောင်းကို ပို၍ပင် ပြသသည်။ အထူးအခြေအနေတစ်ခုလည်း ရှိ၏။ ဤမိတ်သဟာယဖွဲ့ခြင်းများကို နားထောင်ခဲ့ပြီးဖြစ်လင့်ကစား သမ္မာတရားရဖို့ ကြိုးပမ်းရန် သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် စိတ်ပိုင်းဖြတ်ချက်မရှိဘဲ ဤကိစ္စကို တကယ် အလေးအနက်မထား သို့မဟုတ် နှလုံးမသွင်းသည့် အချို့သောသူများ ရှိ၏။ ၎င်းတို့က “မည်သူသည် အယောင်ဆောင် ခေါင်းဆောင်ဖြစ်သည်ကို ကျွန်ုပ် ဂရုမစိုက်ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့လျှင် အထက်က ကျွန်ုပ်အား ခိုင်းသမျှကို လုပ်လိုက်မည်သာ ဖြစ်သည်။ ကျွန်ုပ်သည် ထိုမျှလောက် ကြိုးစားအားထုတ်ရန် သို့မဟုတ် ထိုမျှလောက် တွေးတောဆင်ခြင်မှုကို အသုံးပြုရန် လိုအပ်မည်မဟုတ်ပါ” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်သည့်အခါ ဟန်ပြလုပ်ဆောင်နေပြီး အချိန်ဖြုန်းနေခြင်းသာဖြစ်ကာ တရားဒေသနာက အထူးသဖြင့် မည်သည့်အကြောင်းအရာဖြစ်သည်ကို အကြမ်းဖျင်းအားဖြင့် အနည်းငယ် သိကြသော်လည်း မည်သည့်သမ္မာတရားများနှင့် လူသားအပေါ် ဘုရားသခင်၏ မည်သည့်သတ်မှတ်ချက်များကို မိတ်သဟာယဖွဲ့နေသည်ကို အကျဉ်းချုပ်ဖော်ပြရန် အလွန်ပျင်းရိကြပြီး ဤအရာများကို နှလုံးသွင်းလိုစိတ် မရှိကြပေ။ ၎င်းတို့က “ဤကိစ္စရပ်များကို ပိုင်းခြားသိမြင်ရန် အလွန်ရှုပ်ထွေးလွန်းလှသည်။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်မိမိ အရာတစ်ခုတည်းကိုသာ တောင်းဆိုပြီး ယင်းမှာ မကောင်းမှုကို မပြုလုပ်ရန်၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်စေရန်နှင့် လူအုပ်ထဲမှ ထင်ပေါ်ကျော်ကြားမနေရန် ဖြစ်ကာ ယင်းနှင့် လုံလောက်ပြီ။ အလွန် ရိုးရှင်းလှပေသည်။ ဤသည်မှာ အသက်ရှင်ရန် ကောင်းသော နည်းလမ်းဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ်မိမိ မြင့်မားသော တောင်းဆိုချက်များ မပြုလုပ်ပါ” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် တရားဒေသနာများကို မည်သို့ပင် နားထောင်ပါစေ ဤသည်မှာ ၎င်းတို့၏ တစ်ခုတည်းသော အမြင်ရှုထောင့်ဖြစ်ပြီး ၎င်းတို့ကို မည်သူမျှ မပြောင်းလဲနိုင်ပေ။ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ၊ မည်သည့်နည်းလမ်းကို အသုံးပြု၍ မိတ်သဟာယဖွဲ့ပါစေ၊ သို့မဟုတ် မည်သည့်အရာကို မိတ်သဟာယဖွဲ့ပါစေ သင်သည် ၎င်းတို့၏ စိတ်နှလုံးကို မထိတွေ့နိုင်ပေ။ ၎င်းတို့သည် ဤနှုတ်ကပတ်တော်များကို နားထောင်သည်ဖြစ်စေ၊ မနားထောင်သည်ဖြစ်စေ အရေးမစိုက်ကြဘဲ ၎င်းတို့အတွက် ယင်းမှာ ခြားနားမှု မရှိလှပေ။ ဤလူစားမျိုးသည် ဘဝကို ဖြစ်သလို ဖြတ်သန်းပြီး မည်သည့်အရာကိုမျှ အလေးအနက်မထားပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ရှစ်ခုအပေါ် မိတ်သဟာယဖွဲ့ခြင်းကို မဆိုထားနှင့်၊ ၎င်းတို့အားလုံးအပေါ် ငါတို့ မိတ်သဟာယဖွဲ့လျှင်ပင် ၎င်းတို့သည် နားလည်ဦးမည် မဟုတ်သည့်အပြင် မည်သည့်စည်းမျဉ်းများ သို့မဟုတ် လမ်းကြောင်းများကိုမျှ အကျဉ်းချုပ်ဖော်ပြနိုင်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် အပြုသဘောဆောင်သောအရာများကို မချစ်မြတ်နိုးကြ၊ သမ္မာတရား သို့မဟုတ် အပြုသဘောဆောင်သော အရာတစ်ခုခုနှင့် ပတ်သက်လာလျှင် စိတ်မဝင်စားသည့်အပြင် နည်းနည်းမျှ အားမခဲနိုင်ကြဘဲ၊ ထိုအစား အစားအသောက်နှင့် အပျော်အပါးရှာခြင်းတို့၌ စိတ်ဝင်စားမှု အနည်းငယ် ရှိကြသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ရှစ်ခုအပေါ် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် တစ်ဖက်တွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ ထိုထိုသော တာဝန်ဝတ္တရားများသာမက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အလုပ်ကို မည်သို့လုပ်ဆောင်ရမည်နှင့် မိမိ၏ တာဝန်ဝတ္တရားများအား မည်သို့ ဖြည့်ဆည်းရမည်ကို အကျဉ်းချုပ်ဖော်ပြခဲ့ပြီးဖြစ်သည်။ အခြားတစ်ဖက်တွင် ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များက ထုတ်ဖော်ပြသသည့် တိကျသည့် ထိုထိုသော သရုပ်သကန်များကိုလည်း အကျဉ်းချုပ်ဖော်ပြခဲ့ပြီး ဖြစ်သည်။ ငါတို့သည် အယောင်ဆောင် ခေါင်းဆောင်များကို ပိုင်းခြားသိမြင်ရန်အတွက် အခြေခံစည်းမျဉ်းနှစ်ခု၊ စံသတ်မှတ်ချက်နှစ်ခုကို ယခုလေးတင် သုံးသပ်ခဲ့ကြသည်။ တစ်ခုမှာ တစ်စုံတစ်ဦးသည် စစ်မှန်သည့် အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိမရှိ ဖြစ်ပြီး အခြားတစ်ခုမှာ ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး‌သောအခါ စစ်မှန်သည့် အလုပ်ကို အမှန်တကယ် လုပ်မလုပ်ဟူ၍ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဟုတ်မဟုတ်ကို တွက်ချက်ရန်အတွက် ဤစံသတ်မှတ်ချက်နှစ်ခုကို အသုံးပြုခြင်းသည် ယနေ့အထိ အရိုးရှင်းဆုံးနှင့် အသင့်တော်ဆုံးသော နည်းလမ်းဖြစ်သည်။

အချက် ၉- ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်စောင့်ကြည့်လော့ (အပိုင်း ၁)

အလုပ်အစီအစဉ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တိကျသော အချက်များ

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဖြစ်သည့် “ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်စောင့်ကြည့်လော့” ဟူသည့်အချက်ကို ယနေ့ ငါတို့ မိတ်သဟာယဖွဲ့ကြမည်။ ဤတာဝန်ကို တစ်ခုလုံးအနေဖြင့် သုံးသပ်ကြည့်လျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို အကောင်အထည်ဖော်ရန် လိုအပ်သနည်း။ (ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များ ဖြစ်ပါသည်။) ဤတာဝန်၏ အဓိကအချက်မှာ ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်ပုံ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အရေးကြီးဆုံးသော အလုပ်ဖြစ်သည်။ မည်သည့်အဆင့်ရှိသော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်စေ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် အလုပ်အစီအစဉ်များသာမက အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းဟူသည့် တိကျသော အလုပ်ကိုပါ အစဉ်သဖြင့် ကြုံတွေ့ရမည် ဖြစ်သည်။ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းသည် ခေါင်းဆောင်နှင့် အမှုဆောင်တိုင်း၏ အလုပ်နှင့် သက်ဆိုင်ပြီး ဤသည်မှာ အလွန်အရေးကြီးသော၊ အလွန်တိကျသော၊ အလွန်အခြေခံကျသော အလုပ်ဖြစ်သည်။ ဤအချက်ကို သုံးသပ်ကြည့်လျှင် အလုပ်အစီအစဉ်များမှာ မည်သည့်အရာဖြစ်သည်ကို ဦးစွာ တိတိကျကျ မိတ်သဟာယဖွဲ့ရန် လိုအပ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် အလုပ်အစီအစဉ်များဟူသည် အဘယ်နည်း။ အလုပ်အစီအစဉ်များ၏ အတိုင်းအတာနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဘယ်နည်း။ လူအချို့က “အလုပ်အစီအစဉ်များ၏ အတိုင်းအတာက အသင်းတော်အလုပ်နှင့် သက်ဆိုင်သည့် အချို့သော တာဝန်များနှင့် ပါဝင်သည့်အကြောင်းအရာကိုသာ ခြုံငုံသည် မဟုတ်လော။ ထို့ပြင် အလုပ်အစီအစဉ်များဆိုသည်မှာ ဤတာဝန်များနှင့် ပါဝင်သည့် အကြောင်းအရာကို စီစဉ်ခြင်းနှင့် ထုတ်ပြန်ခြင်းမျှသာ မဟုတ်လော” ဟု ပြောကြသည်။ ဤရှင်းပြချက်ကို သင်တို့ မည်သို့ထင်သနည်း။ ယင်းသည် စကားလုံးများနှင့် အယူဝါဒများသာ မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ပြင် “စကားလုံးများနှင့် အယူဝါဒများ” ဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဤရှင်းပြချက်၏ စကားလုံးတစ်လုံးမျှ မှားယွင်းပုံမပေါ်သော်လည်း သင်သည် ယင်းကို ကြားပြီးနောက်တွင် နားမလည်သေးဘဲ ဤအရာကို လုံးဝ ရှင်းမပြရသေးသကဲ့သို့ပင် မည်သည့်အရာမျှ မထူးခြားဟု ဆိုလိုခြင်း ဖြစ်သည်။ လူတို့အနေဖြင့် အလုပ်အစီအစဉ်များဟူသည် အတိအကျ မည်သည့်အရာဖြစ်သည်ကို နားလည်သိရှိဖို့အတွက် ယင်းနှင့်ပတ်သက်၍ အခြေခံသဘောတရားတစ်ခု ရှိစေရန် ငါတို့သည် ဦးစွာ အလုပ်အစီအစဉ်များကို စာဖြင့်ရေးသားထားသော ဖော်ပြချက်တစ်ခုဖြင့် အဓိပ္ပာယ်ဖွင့်ဆိုကြစို့။ အလုပ်အစီအစဉ်များဟူသည်မှာ အလုပ်၏ တိကျသော အချက်တစ်ခုအတွက် ဘုရားအိမ်တော်က ပြုလုပ်ထားသည့် တိကျသော အစီအစဉ်များနှင့် သတ်မှတ်ချက်များ ဖြစ်သည်။ ယင်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များက အသိပေးပြောပြပြီး အကောင်အထည်ဖော်ရန် လိုအပ်သည့်အပြင် ယင်းတို့သည် အလုပ်၏ တိကျသော အချက်တစ်ခုအတွက် အသင်းတော်၏ အသင်းသားအားလုံးထံ ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များ၊ တာဝန်များနှင့် နည်းလမ်းများလည်း ဖြစ်သည်။ ဤသည်မှာ အလုပ်အစီအစဉ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ ထို့ပြင် အလုပ်အစီအစဉ်များက မည်သည့်အချက်များကို ခြုံငုံသနည်း။ လူတိုင်းသည် “အချက်များ” ဟူသည့် ဤနာမ်ပုဒ်ကို သိသော်လည်း ဤအချက်များ၏ အတိုင်းအတာအတွင်း၌ ခြုံငုံထားသည့် တိကျသော ပါဝင်သည့်အကြောင်းအရာအချို့ ရှိသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ပါဝင်သော မည်သည့်အကြောင်းအရာများကို သင်တို့သိကြသနည်း။ (ဧဝံဂေလိအလုပ်နှင့် ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တို့ ရှိသည်။) ယင်းမှာ အချက်နှစ်ခု ဖြစ်သည်။ (အသင်းတော်အသက်တာနှင့် သက်ဆိုင်သည့် အချို့သော သတ်မှတ်ချက်များနှင့် အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများကို တည်ထောင်ခြင်းတို့လည်း ရှိသည်။) အခြား မည်သည့်အလုပ် ရှိသေးသနည်း။ (အသင်းတော်ကို သန့်စင်ခြင်းအလုပ်သာမက အသင်းတော်၏ စီမံခန့်ခွဲမှုစနစ်များနှင့် သက်ဆိုင်သည့် အချို့သော အလုပ်တို့လည်း ရှိပါသည်။) အလုပ်အစီအစဉ်များ၏ တိကျသော ပါဝင်သည့်အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။ အချက်တစ်မှာ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ဖြစ်သည်။ ဤသည်မှာ အလုပ်၏ အကြီးမားဆုံးသော အချက်ဖြစ်ပြီး စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်ပါက အသင်းတော်အလုပ်ဟူ၍ လုံးဝ ရှိမည်မဟုတ်ပေ။ အချက်နှစ်မှာ ဝန်ထမ်းရေးရာအလုပ် ဖြစ်၏။ ဤသည်မှာ အလုပ်၏ ကြီးမားသော အချက်တစ်ခု ဖြစ်သည်။ အချက်သုံးမှာ ဧဝံဂေလိအလုပ် ဖြစ်၏။ ဤသည်မှာလည်း အလုပ်၏ ကြီးမားသော အချက်တစ်ခု ဖြစ်သည်။ အချက်လေးမှာ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုး ဖြစ်၏။ ဤအလုပ်၏ အတိုင်းအတာမှာ အတော်အတန် ကြီးမားပြီး ယင်းတွင် ရုပ်ရှင်ထုတ်လုပ်ရေး၊ စာနှင့်ပတ်သက်သောအလုပ်၊ ဘာသာပြန်ဆိုခြင်း၊ တေးဂီတ၊ ဗီဒီယိုထုတ်လုပ်ရေး၊ အနုပညာ စသည်တို့ ပါဝင်သည်။ အချက်ငါးမှာ အသင်းတော်အသက်တာ ဖြစ်၏။ အချက်ခြောက်က ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်းအလုပ်။ အချက်ခုနစ်က သန့်စင်ခြင်းအလုပ်။ အချက်ရှစ်က ပြင်ပရေးရာများ။ အချက်ကိုးက အသင်းတော် လူမှုဖူလုံရေး ဖြစ်၏။ ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများ၏ အိမ်များတွင် ပေါ်ပေါက်လာသည့် အခက်အခဲများကို အသင်းတော်က မည်သို့ ဖြေရှင်းပေးသည်၊ ပြီးလျှင် ယင်းတို့နှင့်ပတ်သက်၍ အသင်းတော်က မည်သည့်အရာများ လုပ်ဆောင်ပေးသည်သာမက ထောင်ကျနေသော ညီအစ်ကိုမောင်နှမများကို သွားရောက်တွေ့ဆုံခြင်းနှင့် ၎င်းတို့၏ မိသားစုများကို မည်သို့ ကြည့်ရှုစောင့်ရှောက်ရမည် စသည်တို့ဖြစ်သည်။ ဤအရာအားလုံးသည် အသင်းတော် လူမှုဖူလုံရေးတွင် အကျုံးဝင်သည်။ အချက်တစ်ဆယ်မှာ အရေးပေါ် အစီအစဉ်များ ဖြစ်သည်။ တစ်ခါတစ်ရံ အသင်းတော်သည် အချို့သော အရေးပေါ် ဆောင်ရွက်ချက်များကို ထုတ်ပြန်မည်ဖြစ်သည်။ ဥပမာအားဖြင့် ကပ်ရောဂါ ဖြစ်ပွားခဲ့သည့်အခါ အသင်းတော်သည် လိုက်လျောညီထွေသော သီးခြားခွဲခြားနေထိုင်စေသည့် စနစ်တစ်ခုကို ကျင့်သုံးခဲ့သည်။ ဤကဲ့သို့သော အစီအစဉ်များအားလုံးသည် အရေးပေါ်အလုပ်တွင် အကျုံးဝင်သည်။ အလုပ်အစီအစဉ်များတွင် အခြေခံအားဖြင့် ဤအချက်တစ်ဆယ် ပါဝင်သည်။ အခြားသေးငယ်သော မည်သည့်အချက် သို့မဟုတ် အထူးအခြေအနေမဆို ဤဆယ်ချက်အတွင်း၌ ပါဝင်သည်။ အခြေခံအားဖြင့် အသင်းတော်အလုပ်တွင် ဤအဓိကဆယ်ချက် ပါဝင်သည်။ ဤသည်တို့မှာ အခြေခံအားဖြင့် ဘုရားအိမ်တော်က ထုတ်ပြန်သည့် အလုပ်အစီအစဉ် အမျိုးမျိုး၏ အတိုင်းအတာဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယခုတွင် ဤအချက်များကို အတည်ပြုထားပြီးဖြစ်၍ သင်တို့အားလုံးသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ယခု အနည်းငယ် နားလည်သင့်ပြီဖြစ်ပြီး ဤသည်တို့မှာ ဘုရားအိမ်တော်ရှိ အလုပ်၏ အဓိကအချက်များဖြစ်ကြောင်း သိသင့်ပြီ ဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ ဘုရားအိမ်တော်၌ရှိသော သတ်မှတ်ချက်များ၏ အတိုင်းအတာဖြစ်သည်။ ဤအရာ၏ သွယ်ဝိုက်သော ဆိုလိုရင်းမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်၏ အလုပ်အတိုင်းအတာနှင့် သင် ဖြည့်ဆည်းရမည့် တာဝန်ဝတ္တရားများသည် အလုပ်အစီအစဉ်များတွင် ပါဝင်သည့် ဤအချက်များနှင့် သီးခြားခွဲ၍မရပေ။ ဤအချက်များ အားလုံးမှာ လိုအပ်သည်။ အလုပ်၏ ဤအချက်များအပြင် သင် လုပ်ဆောင်လိုသည့် အရာများထဲမှ သင် ကောင်းစွာ လုပ်ဆောင်နိုင်သမျှထဲမှ အနည်းငယ် လုပ်ဆောင်လော့။ သင်၏ တာဝန်ထမ်းဆောင်မှုအတွက် ဘုရားအိမ်တော်၌ အပိုဆောင်း သတ်မှတ်ချက်များ မရှိပေ။ ထို့ကြောင့် သင်သည် မိမိ၏အလုပ်ကို လုပ်ဆောင်နေစဉ်တွင် သင်သည် အလုပ်၏ ဤအချက်များကို မည်သို့ ဆောင်ရွက်ရမည်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက မည်သည့်အရာကို တောင်းဆိုသည်၊ သင် လုပ်ဆောင်ရမည့် တိကျသော အလုပ်မှာ အဘယ်အရာဖြစ်သည်၊ ယင်းကို မည်သို့ အကောင်အထည်ဖော်ရမည်၊ ယင်းကို ကောင်းစွာ အကောင်အထည်ဖော်နေခြင်း ရှိမရှိ၊ လက်ရှိတိုးတက်မှုမှာ အဘယ်အရာဖြစ်သည်၊ သင်သည် အလုပ်ကို ဆက်လက် အရေးယူဆောင်ရွက်ထားခြင်း ရှိမရှိ၊ ကောင်းစွာ မလုပ်ဆောင်ထားသည့် သို့မဟုတ် လမ်းလွဲခြင်းများနှင့် ချို့ယွင်းချက်များ ရှိနေသည့် အလုပ်၏ အချက်တစ်ခုခု ရှိမရှိနှင့် ထိုအလုပ်ကိစ္စတွင် ပါဝင်နေသည့် လူတိုင်းသည် အလုပ်ကို အမှန်တကယ် လုပ်ဆောင်နေခြင်း ရှိမရှိတို့ကို တွေးဆနေသင့်သည်။ သင်သည် ဤအရာများကို အစဉ်သဖြင့် တွေးတောနေသင့်သည်။ ယခု သင်သည် အလုပ်အစီအစဉ်များတွင် ပါဝင်သည့် အလုပ်၏ တိကျသော ဤအချက်များကို နားလည်ပြီးဖြစ်သဖြင့် ငါအနေဖြင့် ဤအချက်များထဲမှ တစ်ခုစီတိုင်းအတွက် ရိုးရှင်းသော ရှင်းလင်းချက်တစ်ခု ပေးရန် လိုအပ်သလော။ သို့မဟုတ် သင်တို့က “ငါတို့သည် အလုပ်၏ ဤအချက်များနှင့် နှစ်ပေါင်းများစွာ ထိတွေ့ခဲ့ပြီးဖြစ်ကာ ယင်းတို့အားလုံးကို နားလည်ပါသည်။ ယင်းတို့ကို ထပ်မံရှင်းပြရန် မလိုအပ်ပါ။ ထိုအစား အရေးကြီးသော အရာတစ်ခုကို မိတ်သဟာယဖွဲ့ပါလေ။ ဤအကြောင်းအရာသည် သိပ်အရေးမကြီးပါ။ ငါတို့ ထိုအကြောင်းကို သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကိစ္စမရှိသည့်အပြင် ငါတို့ ထိုအကြောင်းကို မကြားလိုပါ” ဟု စဉ်းစားကောင်း စဉ်းစားနေကြသလော။ ဤအကြောင်းအရာကို သည့်ထက်ပို၍ ရှင်းပြရန် လိုအပ်သလော။ (လိုအပ်ပါသည်။) လိုအပ်နေသည့်အတွက် ထိုအကြောင်းကို ရိုးရှင်းသော ဝေါဟာရများဖြင့် ပြောကြစို့။ သင်တို့နှင့် အတော်အတန် မရင်းနှီးသည့်၊ တိကျမှုသိပ်မရှိသည့်၊ အနည်းငယ် သဘောတရားဆန်သည့် အချက်တချို့ကို ငါ ရွေးချယ်ပြီး ယင်းတို့အပေါ် မိတ်သဟာယဖွဲ့မည်။

၁။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်

အချက်တစ်ဖြစ်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို မိတ်သဟာယဖွဲ့ခြင်းဖြင့် စတင်ကြစို့။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်သည် အတော်အတန် သဘောတရားဆန်ပြီး လုံလုံလောက်လောက် လက်ဆုပ်လက်ကိုင် မပြနိုင်သည့်အပြင် လူများစွာတို့သည် ယင်းကို နားမလည်ကြပေ။ အထူးသဖြင့် ဘုရားသခင်ကို အချိန်တိုအတွင်းသာ ယုံကြည်ခဲ့ကြသေးသောသူတို့သည် အသင်းတော် ဖွဲ့စည်းပုံနှင့် ယင်း၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အကြောင်းကို အမှန်တကယ် မသိကြသည့်အပြင် စီမံအုပ်ချုပ်ရေးဟူသည် မည်သည့်အရာဖြစ်သည်ကို မသိကြပေ။ ဤစီမံအုပ်ချုပ်ရေးသည် ဘုရားသခင်က ထုတ်ပြန်သည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များနှင့် မတူညီပေ။ ဤစီမံအုပ်ချုပ်ရေးဆိုင်ရာအလုပ်၌ အဓိကအားဖြင့် အသင်းတော်များ တည်ထောင်ခြင်းအလုပ်နှင့်ဆိုင်သည့် ဘုရားအိမ်တော်၏ တိကျသော ပြဋ္ဌာန်းချက်များ ပါဝင်သည်။ သို့ဆိုလျှင် ဤတိကျသော ပြဋ္ဌာန်းချက်များ၌ ပါဝင်သည့်အကြောင်းအရာမှာ အဘယ်နည်း။ ယင်းတို့တွင် အသင်းတော်များကို မည်သို့ပိုင်းခြားသည်၊ အသင်းတော်တစ်ခုစီတွင် လူမည်မျှရှိသည်၊ အသင်းတော်များကို မည်သို့ အမည်ပေးသည် စသည်တို့ ပါဝင်သည်။ အသင်းတော်များကို ၎င်းတို့၏ သဘာဝအလျောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အရ အသင်းတော်တစ်ခုအဖြစ် သတ်မှတ်ထားသည့် တစ်ဦးနှင့်တစ်ဦး အတော်အတန် နီးကပ်စွာ နေထိုင်ကြသော လူအယောက် ၃၀ မှ ၅၀ ဖြင့် ပိုင်းခြားရန် အလုပ်အစီအစဉ်များတွင် ပြဋ္ဌာန်းထားပြီး ဖြစ်သည်။ သာဓကအားဖြင့် နယ်မြေ (က) တွင် ရွာ သုံးလေးရွာ ပါဝင်သည်ဟု ဆိုကြပါစို့။ အကယ်၍ ဤရွာများတွင် ယုံကြည်သူ ၅၀ ပါရှိလျှင် ၎င်းတို့ကို အသင်းတော်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းတို့၌ စုဝေးပွဲများ ကျင်းပရန်အတွက် မိမိတို့၏ ကိုယ်ပိုင်အချိန်များနှင့် နေရာများ ရှိမည်ဖြစ်သည်။ ၎င်းတို့၌ အသင်းတော်ခေါင်းဆောင်များနှင့် သင်းထောက်များအပြင် လုပ်ဆောင်သည့် တိကျသော အသင်းတော်အလုပ်လည်း ရှိမည်ဖြစ်ပြီး ယင်းတို့အားလုံးကို ဤအသင်းတော်က အတူတကွ စီမံခန့်ခွဲကြမည်ဖြစ်သည်။ ဤသည်မှာ အသင်းတော်များ ခွဲဝေပိုင်းခြားခြင်းနှင့် အသင်းတော်များရှိ အသင်းသားဦးရေနှင့် သက်ဆိုင်သည့် ပြဋ္ဌာန်းချက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဤအသင်းတော်သည် မည်သည့်ခရိုင်တွင် တည်ရှိသည်ကို မူတည်၍ ခရိုင်တစ်ခုခု၏ တာဝန်အောက်သို့ ကျရောက်မည်ဖြစ်ပြီး ထိုခရိုင်သည် ထိုနေရာရှိ အသင်းတော်အသက်တာ၊ ခေါင်းဆောင်များနှင့် သင်းထောက်များမှာ သင့်တော်ခြင်း ရှိမရှိ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ဖြန့်ဝေခြင်း၊ အမျိုးမျိုးသော အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့် အထက်၏ သတ်မှတ်ချက်များကို အသိပေးပြောပြခြင်း စသည့် ထိုအသင်းတော်ရှိ အမျိုးမျိုးသော လုပ်ငန်းဆောင်တာအားလုံးအတွက် တာဝန်ရှိမည် ဖြစ်သည်။ ဘုရားအိမ်တော်၌ ခရိုင်တစ်ခုကို ဖွဲ့စည်းသည့် အသင်းတော်အရေအတွက်၊ တိုင်းဒေသတစ်ခုကို ဖွဲ့စည်းသည့် ခရိုင်အရေအတွက်သာမက စီမံအုပ်ချုပ်ရေးဆိုင်ရာ အခြေခံ အတိုင်းအတာများဖြစ်သည့် ခရိုင်များအတွက် တာဝန်ရှိသော တိုင်းဒေသများနှင့် အသင်းတော်များအတွက် တာဝန်ရှိသော ခရိုင်များ အစရှိသည့် အရာများအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိလေသည်။ ရိုးရှင်းသော ဝေါဟာရများဖြင့်ဆိုသော် ဤသည်ကို စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ဟု ခေါ်ပြီး ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဟူသည့် အတိုင်းအတာထဲ၌ အကျုံးဝင်သည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ ၎င်းတို့သည် အလုပ်အစီအစဉ်များနှင့်အညီ ထိုသူတို့၏ သဘာဝအလျောက် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် တည်နေရာကို အခြေခံ၍ အသင်းတော်များကို ပိုင်းခြားရမည်။ အကယ်၍ အသင်းတော်တစ်ပါးရှိ လူဦးရေသည် အချိန်နှင့်အမျှ ဆက်လက်တိုးပွားနေပါက ထိုအသင်းတော်ကို လူဦးရေနှင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်ကို အခြေခံ၍ ထပ်မံပိုင်းခြားသင့်သည်။ ဥပမာအားဖြင့် အသင်းတော်တစ်ပါးသည် လူအယောက် ၅၀ မှ ၈၀ အထိ တိုးပွားလာလျှင် ယင်းကို အသင်းတော်နှစ်ပါးအဖြစ် ပိုင်းခြားသင့်သည်။ အကယ်၍ ဤအသင်းတော်နှစ်ပါးသည် စုစုပေါင်း လူ ၈၀ မှ ၁၅၀ အထိ တိုးပွားလာလျှင် ၎င်းတို့ကို အသင်းတော်သုံးပါးအဖြစ် ပိုင်းခြားသင့်သည်။ အကယ်၍ အသင်းတော်တစ်ပါးသည် လူအယောက် ၇၀၊ ၈၀ သို့မဟုတ် ၁၀၀ အထိ တိုးပွားလာပြီး အသင်းတော်နှစ်ပါးအဖြစ် မပိုင်းခြားရသေးလျှင် ယင်းမှာ ဤအသင်းတော်ရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ကို နားမလည်ကြောင်း ပြသသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော အချိန်များတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအကြောင်းအရာနှင့် သက်ဆိုင်သည့် အလုပ်အစီအစဉ်များကို ဖတ်ရှုသင့်သည်။ အသင်းတော်၏ အလုပ်အစီအစဉ်များဆိုင်ရာ လက်စွဲစာအုပ်တွင် တိကျသော ပြဋ္ဌာန်းချက်များ ပါဝင်သည်။ အကယ်၍ အသင်းတော်တစ်ပါးကို အသင်းတော်သစ်နှစ်ပါးအဖြစ် ပိုင်းခြားပါက အသင်းတော်တစ်ပါးစီသည် အသင်းတော်ခေါင်းဆောင်များ၊ သင်းထောက်များ စသည်တို့ကဲ့သို့သော လိုအပ်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးကောက်တင်မြှောက်ရမည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် အသင်းတော်ရှိ လူဦးရေနှင့် အသင်းတော် တည်ထောင်ခြင်း၏ အခြေအနေကို သိရှိပြီး သဘောပေါက်ထားသင့်သည်။ ဤသည်မှာ အသင်းတော်၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်ဖြစ်ပြီး အကြီးမားဆုံးသော အလုပ်ကိစ္စ ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများ ရှိသည့် မည်သည့်နေရာတွင်မဆို အသင်းတော်တစ်ပါး ရှိသင့်ပြီး အသင်းတော်တစ်ပါး တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များကို ဖြန့်ဝေခြင်း၊ အသင်းတော်အသင်းသားများကို စီမံခန့်ခွဲခြင်း၊ ၎င်းတို့အနေဖြင့် အလုပ်အစီအစဉ်များ၌ ပါဝင်သည့်အကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကို သိရှိရန်အတွက် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်း အစရှိသည့် ထိုအသင်းတော်အလုပ်၏ ကဏ္ဍတိုင်းအတွက် တာဝန်ယူရမည်ဖြစ်သည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်၌ အဓိကအားဖြင့် အသင်းတော်များ တည်ထောင်ခြင်းအပြင် အသင်းတော်များ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ဝန်ထမ်းများကို ဖွဲ့စည်းခြင်းတို့ ပါဝင်ကာ ဤအရာအားလုံးသည် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အတွင်းရှိ တိကျသော တာဝန်များ ဖြစ်ကြသည်။ မည်သူတို့သည် အလုပ်၏ ဤအချက်ကို သာမန်အားဖြင့် ပို၍ ကြုံတွေ့ရသနည်း။ ယုံကြည်သူလူသစ် အသင်းတော်များ၊ ဧဝံဂေလိအဖွဲ့များအပြင် ဧဝံဂေလိတရား ဖြန့်ဝေနေသည့် ဒေသများရှိ တိုင်းဒေသခေါင်းဆောင်များ၊ ခရိုင်ခေါင်းဆောင်များနှင့် အသင်းတော်ခေါင်းဆောင်များ အားလုံးသည် ဤအလုပ်ကို ပို၍ကြုံတွေ့ရသည်။ ထိုမျှမက စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်တွင် အထူးလုပ်ငန်းတစ်ခုလည်း ပါဝင်ပြီး ယင်းမှာ အသင်းတော်များကို အချိန်ပြည့်တာဝန်ထမ်းဆောင်သော အသင်းတော်များ၊ အချိန်ပိုင်းတာဝန်ထမ်းဆောင်သော အသင်းတော်များ၊ သာမန်အသင်းတော်များနှင့် (ခ) အုပ်စုများအဖြစ် ခွဲခြားသတ်မှတ်ရန်ဖြစ်ပြီး ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် နောက်ထပ်အလုပ်တစ်ခု ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်များကို မည်သို့ ခွဲခြားသတ်မှတ်ရမည်ကို သဘောပေါက်ထားသင့်ပြီး အသင်းတော်များကို ခွဲခြားသတ်မှတ်ခြင်း၏ စည်းမျဉ်းမှာ လူတို့ကို ၎င်းတို့ လုပ်ဆောင်သည့် တာဝန်များ မတူညီမှုကို အခြေခံ၍ မတူညီသော အသင်းတော်များအဖြစ် ပိုင်းခြားရန်၊ တာဝန်တစ်ခုကို လုပ်ဆောင်သည့် လူတို့ကို မလုပ်ဆောင်သည့် လူတို့နှင့် သီးသန့်ခွဲခြားရန်နှင့် မိမိတို့၏ တာဝန်အား အချိန်ပြည့် လုပ်ဆောင်သည့် လူတို့ကို မိမိတို့၏ တာဝန်အား အချိန်ပိုင်း လုပ်ဆောင်သည့် လူတို့နှင့် ခွဲခြားရန် ဖြစ်သည်။ ဤသည်မှာ အထူးတလည်ဖြစ်ပြီး တိကျသော စီမံအုပ်ချုပ်ရေးဆိုင်ရာ နောက်ထပ်အလုပ်တစ်ခု ဖြစ်လေသည်။

၂။ ဝန်ထမ်းရေးရာအလုပ်

အချက်နှစ်မှာ ဝန်ထမ်းရေးရာအလုပ် ဖြစ်၏။ ဤအချက်သည် အဆင့်ဆင့်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များအား ရွေးကောက်တင်မြှောက်ခြင်း၊ ခန့်အပ်ခြင်း၊ ဖြုတ်ချခြင်းတို့နှင့် သက်ဆိုင်သည်။ အလုပ်အစီအစဉ်များက ရွေးကောက်ပွဲစနစ်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် မည်သို့သောလူစားမျိုးကို ရွေးကောက်တင်မြှောက်ရမည်နှင့် ရွေးကောက်ပွဲများအတွက် နည်းလမ်းများနှင့် တိကျသော သတ်မှတ်ချက်များအတွက် တိကျသော ပြဋ္ဌာန်းချက်များကို စီစဉ်ပေးသည်။ ဥပမာအားဖြင့် ညီအစ်ကိုမောင်နှမများသည် တစ်ဦးနှင့်တစ်ဦး ယခုမှ တွေ့ဆုံဖူးပြီး တစ်ဦးကိုတစ်ဦး ကောင်းစွာ မသိကြသေးဘဲ ရွေးကောက်ပွဲအားဖြင့် သင့်တော်သော ခေါင်းဆောင်များနှင့် အမှုဆောင်များကို မရွေးချယ်နိုင်ပါက မည်သို့ လုပ်ဆောင်သင့်သနည်းဟူသည့် အချို့သော အထူးအခြေအနေများလည်း ရှိသည်။ ထိုသို့သောအခြေအနေတွင် လူတို့ကို မြှင့်တင်ပေးပြီး လျာထားနိုင်ကာ မည်သူသည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အတော်အတန် သင့်တော်သည်ကို စစ်ဆေးပြီးလျှင် ၎င်းတို့အကြောင်း ပိုမိုသိရှိလာရခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် သာမန် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့နောက်တွင် ၎င်းတို့ကို ခန့်အပ်နိုင်သည်။ ထို့အပြင် အထက်က စီမံကိန်းကြီးတစ်ခုကို စီစဉ်သည့်အခါ သို့မဟုတ် လူအများအပြားကို ကြီးကြပ်ရေးမှူးများအဖြစ် ခန့်အပ်သည့်အခါ ဤသည်မှာ အထူးအလုပ်အစီအစဉ်တစ်ခု ဖြစ်သည်။ နောက်ထပ် အထူးအခြေအနေတစ်ခုလည်း ရှိကာ ယင်းမှာ တစ်စုံတစ်ဦးက ခေါင်းဆောင်မည်သူမည်ဝါသည် စစ်မှန်သည့် အလုပ်ကို မလုပ်ဆောင်ဘဲ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း ဖော်ပြသည့် တိုင်ကြားစာတစ်စောင်ကို အထက်သို့ ရေးသားပြီး အထက်က ဤအရာကို အတည်ပြုပြီးနောက် တိုင်ကြားခံရသည့် ခေါင်းဆောင်ကို ၎င်း၏ရာထူးနေရာမှ ဖြုတ်ချမည့် အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်ရသည့် အခါမျိုးဖြစ်သည်။ ဤသည်မှာ ဝန်ထမ်းရေးရာအလုပ်နှင့် ဆက်စပ်သည့် နောက်ထပ် အလုပ်အစီအစဉ်တစ်ခု ဖြစ်သည်။ အတိုချုပ်ဆိုရလျှင် ဝန်ထမ်းရေးရာနှင့် ဆက်စပ်သည့် အလုပ်တွင် အသင်းတော်၌ အဆင့်ဆင့်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များအား ရွေးကောက်တင်မြှောက်ခြင်း၊ ခန့်အပ်ခြင်းနှင့် ဖြုတ်ချခြင်းတို့ ပါဝင်လေသည်။ အလုပ်၏ ဤအချက်သည် အတော်အတန် ရိုးရှင်းပြီး နားလည်ရန် လွယ်ကူသည်။

၃။ ဧဝံဂေလိအလုပ်

တတိယအချက်မှာ ဧဝံဂေလိအလုပ် ဖြစ်သည်။ ဧဝံဂေလိအလုပ်သည် ဘုရားအိမ်တော်၌ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်နှင့် ဝန်ထမ်းရေးရာအလုပ်ပြီးလျှင် တိကျသော အတတ်ပညာဆိုင်ရာ အလုပ်နှင့်ဆိုင်သည့် ပထမဆုံးအချက်ကြီးတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်သည် ဤအလုပ်ကိစ္စအတွက် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများ၊ ဧဝံဂေလိတရား ဟောကြားရန် ပထဝီဝင်ဆိုင်ရာ နယ်ပယ်နှင့် ဧဝံဂေလိတရား ဟောကြားရမည့် နည်းလမ်းများနှင့် ပတ်သက်၍ တိကျသော လုပ်ငန်းအစီအစဉ်များ ချမှတ်ကာ လုပ်ငန်းအစီအစဉ်များစွာကို ဆက်တိုက် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဘုရားအိမ်တော်၏ လုပ်ငန်းအစီအစဉ်များတွင် ဧဝံဂေလိတရား ဟောကြားရန်အတွက် လိုအပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်မျိုးစုံ၊ ရုပ်ရှင်များနှင့် ဗီဒီယိုများ၊ ဖျော်ဖြေရေး အစီအစဉ်မျိုးစုံနှင့် စပ်လျဉ်း၍ တိကျသော ဖော်ပြချက်များသာမက ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများ၏ သာမန်အယူအဆအမျိုးမျိုးနှင့် မကြာခဏ မေးလေ့ရှိသော မေးခွန်းများနှင့် စပ်လျဉ်း၍ ဖော်ပြချက်များပင် ရှိသည်။ အချို့သော ဖော်ပြချက်များကို စာဖြင့် တိတိကျကျ တင်ပြကောင်း တင်ပြထားခြင်း မရှိသော်လည်း စကားနှင့် နှုတ်ဖြင့်ပြောဆိုသော မိတ်သဟာယတွင် ယင်းတို့များစွာ ပါရှိသည်။ ဧဝံဂေလိအလုပ်သည် အစဉ်သဖြင့် တိုးတက်နေပြီး အလျဉ်မပြတ် ဖြစ်ကာ ဤအလုပ် တိုးတက်နေသည်နှင့်အမျှ ဘုရားအိမ်တော်သည် အဆက်မပြတ် ပေါ်ပေါက်လာပြီး အဆက်မပြတ် ရင်ဆိုင်နေရသော ပြဿနာများနှင့် စပ်လျဉ်း၍ တိကျသော အလုပ်အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များကို ချမှတ်ထားသည့်အပြင် ဧဝံဂေလိအမှုဆောင်များ၊ ဧဝံဂေလိ သင်းထောက်များနှင့် ဧဝံဂေလိလုပ်ငန်း ကြီးကြပ်သူများထံသို့ တိကျသော သတ်မှတ်ချက်များနှင့် လုပ်ငန်းတာဝန်အချို့ကိုလည်း ထုတ်ပြန်ထားပြီး ဖြစ်သည်။ ဤနှောင်းပိုင်းအဆင့်တွင် ဘုရားအိမ်တော်သည် ဧဝံဂေလိအလုပ်အတွက် အစီအစဉ်များနှင့်ပတ်သက်၍ များများစားစား မပြောဆိုသော်လည်း သမ္မာတရား၏ ဤလက္ခဏာသွင်ပြင်ကို အသင်းတော်၌ တကယ့်ကို မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသည်။ အထူးသဖြင့် ဧဝံဂေလိတရားသည် ပင်လယ်ရပ်ခြားသို့ စတင်ပျံ့နှံ့ပြီးနောက်တွင် ဘုရားအိမ်တော်သည် ဘာသာစကားအမျိုးမျိုးဖြင့် ဘာသာပြန်လုပ်ငန်းအတွက် တိကျသော အလုပ်အစီအစဉ်များကို ချမှတ်ခဲ့သည်။ ဘာသာပြန်သူများနှင့် နိုင်ငံခြားဘာသာစကားအမျိုးမျိုးကို ကျွမ်းကျင်သည့် ဧဝံဂေလိအမှုဆောင်များသည် ဤအလုပ်မျိုးတွင် ပူးပေါင်းဆောင်ရွက်ရန် အစွမ်းကုန် ပေးဆပ်ကြကာ ဘုရားအိမ်တော်သည် ဧဝံဂေလိအလုပ်တွင် ပူးပေါင်းဆောင်ရွက်ရန် ဤကဲ့သို့သော လူ့စွမ်းအားအရင်းအမြစ်များစွာကို ရင်းနှီးမြှုပ်နှံထားပြီး ဤသည်မှာ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ကိုက်ညီလေသည်။ အတိုချုပ်ဆိုရလျှင် အထက်က ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို အစဉ်သဖြင့် ကိုယ်တိုင် လမ်းညွှန်၊ မေးမြန်းစုံစမ်း၊ ဆက်လက်၍ အရေးယူဆောင်ရွက်ပြီး ကြီးကြပ်နေကြခြင်း ဖြစ်သည်။ သို့ဆိုလျှင် ဤအလုပ်ကိစ္စနှင့် ပတ်သက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများမှာ အဘယ်နည်း။ ဧဝံဂေလိအလုပ်အတွက် ကြီးကြပ်သူတစ်ဦး ရှိခြင်းဟူသည် “အလုပ်သည် မိမိဘာသာ တိုးတက်ချင်သလို တိုးတက်ပါစေ။ မည်သို့ပင်ဖြစ်စေ ယင်းသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် အသင်းတော်အသက်တာနှင့် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးအတွက်သာ တာဝန်ရှိသည်။ ဧဝံဂေလိအလုပ်နှင့် ပတ်သက်၍ ပြဿနာများရှိလျှင် ကျွန်ုပ်နှင့်မဆိုင်ပါ” ဟု စဉ်းစားလျက် ခေါင်းဆောင်များနှင့် အမှုဆောင်များက လုံးလုံးလျားလျား လက်လွှတ်ထားနိုင်သည်၊ အလုပ်ကို မည်သို့မျှ အလေးမထား၊ မေးမြန်းခြင်းမပြုဘဲ လျစ်လျူရှုထားနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤသည်မှာ သင့်တော်ပါသလော။ (မသင့်တော်ပါ။) ဤသည်မှာ သင်၏ တာဝန်ကို တမင်ပျက်ကွက်ခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်အားလုံးထဲတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ အာရုံစိုက်သင့်သည့် အရေးကြီးဆုံးသော အလုပ်ကိစ္စမှာ ဧဝံဂေလိအလုပ် ဖြစ်သည်။ သင်သည် ဤအလုပ်ကိစ္စအတွက် တိုက်ရိုက် တာဝန်ပေးမခံရနိုင်သော်လည်း ယင်းသည် မည်မျှ တိုးတက်နေသည်ကိုလည်းကောင်း၊ ယင်း၏ တိုးတက်မှု အခြေအနေသည် မည်သို့ဖြစ်သည်ကိုလည်းကောင်း သင် မေးမြန်းရမည်။ သင်သည် ဤအရာများကို ဆက်လက် အရေးယူဆောင်ရွက်ရမည်၊ သိရှိရမည်ဖြစ်ပြီး ကိုင်တွယ်နိုင်ရမည် ဖြစ်သည်။ အထူးသဖြင့် ဧဝံဂေလိအဖွဲ့များရှိ ဧဝံဂေလိတရားဟောသူများနှင့် ရေလောင်းသူများကဲ့သို့သော အရေးကြီးသည့် ဝန်ထမ်းအချို့အပြင် ဧဝံဂေလိအလုပ်၏ ကြီးကြပ်သူများနှင့် ပတ်သက်၍ သင်သည် ၎င်းတို့၏ အခြေအနေများကို အမြဲတမ်း အချိန်နှင့်တပြေးညီ ကိုင်တွယ်ရမည်ဖြစ်ပြီး ဤဝန်ထမ်းများနှင့် ပတ်သက်၍ ပြဿနာများ ပေါ်ပေါက်လာပါက ယင်းတို့ကို ချက်ချင်း ဖြေရှင်းရမည်။ ဤအလုပ်ကို တာဝန်ပေးပြီးလျှင် သင်သည် ယင်းကို ခေါင်းမရှောင်သင့်ပေ။ ထို့အပြင် သင်သည် အသင်းတော်များ၌ ရှိသောသူများနှင့် ရှေ့တန်းမှ အွန်လိုင်း ဧဝံဂေလိတရားဟောသူများအပြင် အဖွဲ့တစ်ခုစီရှိ ရေလောင်းသူများ အပါအဝင် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်တွင် ပါဝင်သည့် ဧဝံဂေလိဟောသူများအားလုံးကို ပုံမှန် စစ်ဆေးပြီး လမ်းညွှန်ရမည်။ ဧဝံဂေလိဟောသူများနှင့် ရေလောင်းသူများအားလုံးသည် အထူးလေ့ကျင့်မှုကို ခံယူရမည်ဟု ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက တောင်းဆိုထားသည်မှာ ကြာပြီဖြစ်သည်။ အထူးလေ့ကျင့်မှုဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ ဧဝံဂေလိဟောသူများနှင့် ရေလောင်းသူများတွင် ရူပါရုံနှင့်ဆိုင်သည့် သမ္မာတရားများကို ရှင်းလင်းစွာ နားလည်သဘောပေါက်မှု ရှိပြီး ဤအရာများကို ရှင်းလင်းစွာ ရှင်းပြနိုင်ရန် သေချာစေရမည်ကို ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ ၎င်းတို့ လုံးလုံးလျားလျား ရှင်းလင်းစွာ နားမလည်သည့် ရူပါရုံနှင့်ဆိုင်သော သမ္မာတရားများ၏ လက္ခဏာသွင်ပြင်တစ်ခုခု ရှိပါက ယင်းနှင့်ပတ်သက်၍ မကြာခဏ မိတ်သဟာယဖွဲ့ပေးရမည်ဖြစ်ပြီး ဧဝံဂေလိဟောသူများနှင့် ရေလောင်းသူများ၏ နားလည်သဘောပေါက်မှုက ပို၍ အသေးစိတ်ကျလေ၊ ပိုကောင်းလေ ဖြစ်သည်။ ဘုရားအိမ်တော်တွင် ဤအရာအတွက် အလုပ်အစီအစဉ်များ ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်သည် သီးခြားတာဝန်များစွာ ပါဝင်သည့် တိကျပြီး ရှုပ်ထွေးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ လုပ်ငန်းတာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ လုပ်ဆောင်ပြီး အနီးကပ် ဆက်လက် အရေးယူဆောင်ရွက်ကြောင်း သေချာစေရမည်။ ဤသည်မှာ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက် ဖြစ်သည်။ လုပ်ငန်းတာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းတာဝန်တစ်ခုစီတိုင်း၏ ရလဒ်များသည် အဆက်မပြတ် တိုးတက်ကောင်းမွန်လာကြောင်း သေချာစေရမည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီပေ၏။ ရုပ်ရှင်ထုတ်လုပ်ရေး၊ စာနှင့်ပတ်သက်သောအလုပ်၊ ဂီတ၊ အနုပညာနှင့် ဘာသာပြန်ဆိုခြင်းကဲ့သို့သော အခြား အတတ်ပညာဆိုင်ရာ အလုပ်မျိုးစုံသည် ဧဝံဂေလိအလုပ်ကို ထောက်ပံ့ပေးရန်နှင့် ကျောထောက်နောက်ခံပြုပေးရန် တည်ရှိခြင်းဖြစ်ပြီး ဧဝံဂေလိအလုပ်သည် အလုပ်အားလုံး၏ ရှေ့တန်းအလုပ် ဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးသော တာဝန်များကို ထမ်းဆောင်သူတို့သည် ၎င်းတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာလုပ်ပြီး ဘုရားသခင် တောင်းဆိုသောရလဒ်များကို ရရှိရမည်။ ဤနည်းအားဖြင့် ဤလုပ်ငန်းတာဝန်များအားလုံးသည် ဧဝံဂေလိဖြန့်ဝေခြင်း လုပ်ငန်းထဲတွင် ရှိသောကြောင့် ၎င်းတို့သည် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်တွင် ဝိုင်းဝန်းပါဝင်မည် ဖြစ်သည်။ အလုပ်အားလုံးကို ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်ပေါ် ဗဟိုပြုရမည်ဖြစ်ပြီး ယင်းအတွက် မည်သည့်အခါမျှ အဆုံးမသတ်သည့် ဖြည့်ဆည်းပံ့ပိုးမှုကို ပေးရမည် ဖြစ်သည်။ ယခုအခါတွင် ဧဝံဂေလိတရားကို ဟောပြောရန်အတွက် လိုအပ်သည့် ကုန်ကြမ်းများ၊ ရုပ်ရှင်များနှင့် ဗီဒီယိုအမျိုးမျိုးကို နောက်ကွယ်တွင် ဘုရားသခင်ရွေးချယ်ထားသော လူများစွာ၏ အားစိုက်ထုတ်မှုအားဖြင့် ဖန်တီးထားခြင်းဖြစ်သည်။ နောက်ကွယ်တွင် ဤလူတို့လုပ်ဆောင်သောအရာတိုင်းသည် ဧဝံဂေလိဖြန့်ဝေခြင်းအလုပ်အတွက် အားကြီးသော ပံ့ပိုးမှုကို ပေးသည်။ အတိတ်ကာလတွင် ဘုရားအိမ်တော်၌ ရုပ်ရှင်လုပ်ငန်းအမျိုးမျိုး မရှိခဲ့၊ သီချင်းများစွာ မရှိခဲ့သကဲ့သို့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများလည်း များများစားစား မရှိခဲ့ပေ။ ယင်းသည် အဆက်မပြတ် မိတ်သဟာယဖွဲ့ပေးသော ဧဝံဂေလိအမှုဆောင်များကိုသာ အားကိုးခဲ့ရသည်။ ဧဝံဂေလိအမှုဆောင်များသည် ၎င်းတို့၏ အာခေါင်ခြောက်သည်အထိ စကားပြောရသော်လည်း သိသာထင်ရှားသော ရလဒ်တစ်ခုခု မြင်တွေ့ရချင်မှ မြင်တွေ့ရတတ်ပြီး လူတစ်ဦးတစ်ယောက်ကို ရရှိရန် ခက်ခဲခဲ့သည်။ အသင်းတော်က ဗီဒီယိုအမျိုးမျိုးကို ထုတ်လုပ်ပြီးနောက်တွင် ဧဝံဂေလိအဖွဲ့များ၏ အလုပ်သည် အတော်အသင့် ပေါ့ပါးသွားပြီး ယခင်ကထက် များစွာ ပို၍ လွယ်ကူလာကာ အလုပ်၏ ထိရောက်မှုလည်း တိုးတက်လာခဲ့သည်။ အချို့လူများသည် ၎င်းတို့၏ တွေးခေါ်ပုံတွင် ခေါင်းမာပြီး ရှေးရိုးစွဲကြရာ ၎င်းတို့ထံ ဧဝံဂေလိတရားကို သင်ဟောကြားသည့်အခါ သင်သည် သမ္မာတရားအကြောင်း မည်သို့ပင် မိတ်သဟာယဖွဲ့ပါစေ အလုပ်မဖြစ်ဘဲ ၎င်းတို့က မိမိတို့၏ အယူအဆများကို စွဲကိုင်ထားကြပြီး လက်ခံဖို့ ငြင်းဆိုကြသည်။ ထိုအခါ သင်မည်သို့ ပြုလုပ်မည်နည်း။ သင်သည် ၎င်းတို့အား ဧဝံဂေလိသက်သေခံချက် ရုပ်ရှင်တစ်ကားနှစ်ကားမျှကို ကြည့်ရှုစေသောအခါ ၎င်းတို့၏ အယူအဆများသည် အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပြီး မှန်သောလမ်းခရီးနှင့်ပတ်သက်၍ သဘောထားကောင်းတစ်ခု ရရှိလာကြသည်။ ၎င်းတို့သည် နောက်တစ်ကြိမ် လာရောက်ရှာဖွေသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် မည်သည့်ကြီးမားသော အတားအဆီး သို့မဟုတ် ဟန့်တားမှုမျှ မရှိတော့ဘဲ ၎င်းတို့ကို သင် သမ္မာတရားအကြောင်း ထပ်မံ၍ မိတ်သဟာယဖွဲ့သည့်အခါ ၎င်းတို့ လွယ်ကူစွာ လက်ခံနိုင်ကြလေသည်။ ယင်းမှာ သင်သည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများအား ဘုရားအိမ်တော်က ထုတ်လုပ်သည့် ရုပ်ရှင်များကို ပြသသည့်အခါဖြစ်စေ၊ ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြသည့်အခါဖြစ်စေ၊ ၎င်းတို့အား အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ပြသသည့်အခါဖြစ်စေ ရလဒ်များက အမှန်တကယ် သိသာထင်ရှားကာ ဤသို့ပြုလုပ်ခြင်းသည် သင်က ၎င်းတို့အား စကားမည်မျှများများ ပြောသည်ထက် ပို၍ ထိရောက်ရခြင်းဖြစ်သည်။ မည်သူသည် မှန်သောလမ်းခရီးကို ရှာဖွေပြီး လေ့လာနေပါစေ၊ ဦးစွာ ၎င်းတို့အား ရုပ်ရှင်အချို့ကို ကြည့်ရှုစေပြီးနောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပို၍ ဖတ်ရှုစေကာ၊ ထိုသို့ဖြင့် ၎င်းတို့အတွက် လမ်းခင်းပေးလော့။ ဤနောက်တွင် ၎င်းတို့၏ အယူအဆများကို ဖြေရှင်းရန် ၎င်းတို့အား သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့လော့။ ဤအရာက အခြေအနေများကို ပို၍ အဆင်ပြေချောမွေ့သွားစေသည်။ ယခုအခါတွင် မှန်သောလမ်းခရီးကို လေ့လာနေသူတို့သည် အင်တာနက်ပေါ်တွင် ဘုရားအိမ်တော်က ထုတ်လုပ်သည့် ရုပ်ရှင်များနှင့် သက်သေခံချက် ဗီဒီယိုများစွာကို ကြည့်ရှုကြပြီး ဖြစ်သည့်အပြင် အထူးသဖြင့် ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များစွာကို ဖတ်ရှုကြပြီးဖြစ်သည်။ ၎င်းတို့သည် လာရောက်ရှာဖွေပြီး လေ့လာခြင်းမပြုမီ မှန်သောလမ်းခရီးအပေါ် သဘောထားကောင်းတစ်ခု ရှိနှင့်ပြီးဖြစ်ကာ ယင်းသည် မှန်သောလမ်းခရီး ဖြစ်ကြောင်းကို အခြေခံအားဖြင့် အသိအမှတ်ပြုကြပြီးဖြစ်သည်။ ဤအရာတွင် သင်တို့ တစ်စုံတစ်ရာ တွေ့ရှိပြီးပြီလော။ ဘုရားအိမ်တော်က ထုတ်လုပ်သည့် ဤရုပ်ရှင်များ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရွတ်ဆိုချက် ဗီဒီယိုများ၊ အတွေ့အကြုံဆိုင်ရာ ဤသက်သေခံချက်ဗီဒီယိုများ၊ ဓမ္မတေးဗီဒီယိုများ စသည်တို့သည် ဘုရားသခင်အတွက် သက်သေခံရာ၌ အလွန်ပင် ထိရောက်လှပါသည်။ ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများနှင့် မိတ်သဟာယဖွဲ့ပြီး ငြင်းခုံလျက် များစွာသော လေမြောက်မြားစွာ အကုန်ခံစရာ မလိုအပ်ပေ။ ၎င်းတို့သည် ဤဗီဒီယိုများကို ကြည့်ရှုပြီးသောအခါ မှန်သောလမ်းခရီးကို လက်ခံနိုင်စွမ်းရှိကြသည်။ ဤအရာက ဧဝံဂေလိတရားကို ဟောနေသောသူတို့အား အချိန်များစွာ သက်သာစေပြီး ဧဝံဂေလိတရား ဟောပြောခြင်းအတွက် ကျောထောက်နောက်ခံပြုပေးသည့် အထောက်အပံ့အားလုံးသည် အလွန်ပင် အားကောင်းလှကြောင်းကို ပြသသည်။ ဧဝံဂေလိတရား ဟောပြောခြင်းအတွက် အမျိုးမျိုးသော အရင်းအမြစ်များမှာ အလွန်ပင် ကြွယ်ဝအောင် ရှိပါသည်။ ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူ များစွာတို့သည် ဘုရားအိမ်တော်၏ ဝက်ဘ်ဆိုက်တွင် အကြောင်းအရာများစွာ ရှိပြီး အကြောင်းအရာများ အလွန် ကြွယ်ဝသည့်အတွက် ဘုရားသခင်၏ အလုပ်ကို လေ့လာရန် အွန်လိုင်းသုံးသည့်အခါ အံ့အားသင့်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကြွယ်ဝသည်၊ ရုပ်ရှင်များနှင့် ဗီဒီယိုမျိုးစုံတို့လည်း ကြွယ်ဝသည်၊ ပြီးလျှင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များနှင့် ပတ်သက်လာလျှင်လည်း သင်လိုအပ်မည့်အရာ မှန်သမျှရှိပြီး ကြွယ်ဝလှသည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် လမ်းညွှန်မှု၏ ရလဒ် အမှန်ပင် ဖြစ်ပါသည်။ ဤအရာအားလုံးသည် အမှန်တကယ် ဘုရားသခင်၏ အလုပ်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ အဆင်းနီသော နဂါးကြီးနှင့် ဘာသာရေးလောကက အခြေအမြစ်မရှိသော ကောလာဟလများ မည်သို့ပင် ဖြန့်ပြီး အသရေဖျက်ပါစေ၊ အားလုံး အချည်းနှီးသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ၊ ဘုရားအိမ်တော်အလုပ်၏ ဤအချက်များအားလုံးမှ စွမ်းဆောင်ရရှိခဲ့သော ရလဒ်များနှင့် ရိတ်သိမ်းခဲ့ရသော အသီးအပွင့်များသည် လူတိုင်းမြင်နိုင်ရန် ရှင်းလင်းနေပြီး ယင်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် ဖြစ်မြောက်အောင်မြင်ခဲ့သော အဖြစ်မှန်များ ဖြစ်လေသည်။

နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းအလုပ်တွင် ဘုရားအိမ်တော် အလုပ်၏ အချက်များအားလုံးကို အလွန် နည်းစနစ်ကျသော ပုံစံနှင့် ဖွဲ့စည်းထားပြီး အစီအစဉ်တကျဖြစ်သော နည်းဟန်ဖြင့် ရှေ့ဆက်လျက်ရှိသည်။ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်သည် အလွန်အရေးပါပြီး၊ ရေရှည်ဖြစ်ကာ ခက်ခဲပင်ပန်းသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဧဝံဂေလိအလုပ်ကို တာဝန်ယူသူတို့သည် ကြီးကြပ်သူများဖြစ်စေ၊ သာမန် ဧဝံဂေလိအမှုဆောင်များဖြစ်စေ ဤအလုပ်၏ အရေးပါမှုကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အတည်ပြုသင့်သည်။ သင်တို့သည် ဧဝံဂေလိတရား၏ ရှေ့တန်းတွင် အလုပ်လုပ်ပြီး သင်တို့၏ တာဝန်များကို ထမ်းဆောင်နေကြသော်လည်း သင်တို့၏ နောက်တန်းတွင်၊ ဆိုလိုသည်မှာ နောက်ကွယ်တွင် ကျောထောက်နောက်ခံပြုပေးသည့် အလုပ်အမျိုးမျိုးကို လုပ်ဆောင်နေသော ညီအစ်ကိုမောင်နှမများစွာ ရှိပြီး ၎င်းတို့သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို ထောက်ပံ့ပေးသည့် အင်အား ဖြစ်သည်။ ဤသို့ဆိုခြင်းဖြင့် ငါဆိုလိုသည်မှာ အဘယ်နည်း။ ဘုရားအိမ်တော်၏ အလုပ်အားလုံးသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်း၌ ဗဟိုပြုပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံးက ထမ်းဆောင်သည့် တာဝန်များသည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအတွက် အစေခံခြင်း ဖြစ်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်သည့် ညီအစ်ကိုမောင်နှမတိုင်းသည် ဧဝံဂေလိအလုပ်တွင် ပါဝင်အကျုံးဝင်ပြီး အလုပ်ကိစ္စတိုင်းသည် ဧဝံဂေလိအလုပ်နှင့် အလွန်နီးကပ်စွာနှင့် အတွင်းကျကျ ဆက်စပ်နေသည်။ အတိုချုပ်ဆိုရလျှင် ဧဝံဂေလိအလုပ်ကိုယ်၌ အပါအဝင် အလုပ်ကိစ္စတိုင်းသည် ဘုရားသခင်၏ အလုပ်ကို သက်သေခံရန် ကောင်းမွန်စွာ လုပ်ဆောင်သင့်သည့် တာဝန်တစ်ခု ဖြစ်ကာ မည်သည့်အလုပ်ကိစ္စမဆို ဘုရားသခင်အကြောင်း သက်သေခံနေသည့် အရေးကြီးဆုံးသော အလုပ်နှင့် နီးကပ်စွာ ဆက်စပ်နေသည်။ ဤသည်မှာ လုံးဝ တိကျမှန်ကန်သည်။ ထို့ကြောင့် ဘုရားအိမ်တော်သည် ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို အလုပ်ကိစ္စအားလုံး၏ ထိပ်ဆုံးစာရင်းတွင် ထားရှိပြီး ယင်းသည် ဘုရားအိမ်တော်၏ အမျိုးမျိုးသော အလုပ်ကိစ္စအားလုံးထဲတွင် နံပါတ်တစ်ဖြစ်ကာ ဤသည်မှာ လုံးလုံးလျားလျား သင့်လျော်သည်။ ယင်းသည် အဓိကကျပြီး၊ ခက်ခဲပင်ပန်းကာ ရေရှည်ဖြစ်သော အလုပ်ကိစ္စဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူ တစ်ဦးစီတိုင်း၊ ဘုရားသခင်နောက် လိုက်လျှောက်သောသူ တစ်ဦးစီတိုင်းသည် ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် ပြင်ဆင်ဖို့နှင့် ဤရေရှည်တိုက်ပွဲကို တိုက်ခိုက်ဖို့အတွက် ခံနိုင်ရည်၊ စိတ်ရှည်သည်းခံမှုနှင့် လုံလောက်သော ယုံကြည်ခြင်း ရှိရမည်။ သင်သည် ၁၀ နှစ်ဖြစ်စေ၊ အနှစ် ၂၀ ဖြစ်စေ၊ အနှစ် ၃၀ ဖြစ်စေ မဆုတ်မနစ် လုံ့လထုတ်လာပါစေ၊ သင်သည် ဘုရားသခင်အပေါ် အစဉ်သဖြင့် သစ္စာစောင့်သိရမည်၊ သင်၏အသက်နှင့် သင်၏ဘဝတစ်သက်တာကို ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်အတွက် ဆက်ကပ်ရမည်ဖြစ်ပြီး အဆုံးတိုင်အောင် ဘုရားသခင်အပေါ် သစ္စာစောင့်သိရမည်။ ဤသည်မှာ ဘုရားသခင်နောက် လိုက်လျှောက်သောသူတိုင်း ထမ်းဆောင်ဖို့ ဝတ္တရားရှိသည့် အရေးကြီးသော တာဝန်တစ်ခု ဖြစ်သည်။ ယင်းသည် လူတိုင်း၏ တာဝန်ဖြစ်ပြီး လူတိုင်းကို ဘုရားသခင် အပ်နှင်းသည့် တာဝန်ပေးစေခိုင်းချက်လည်း ဖြစ်သည်။

ငါ၏ ဤမိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့အားလုံး၏ စိတ်နှလုံးထဲတွင် စိတ်အားထက်သန်မှု ရှိကြပြီး ဧဝံဂေလိအလုပ်ကို အရေးကြီးသည်ဟု မှတ်ယူလာကြပါသလော။ အချို့လူများက “ကျွန်ုပ်သည် နည်းပညာနှင့်ဆိုင်သော မည်သည့် သက်မွေးမှုအလုပ်ကိုမျှ နားမလည်ပါ။ သရုပ်ဆောင်နည်းကို မသိသဖြင့် သရုပ်ဆောင်တစ်ဦး မဖြစ်နိုင်ပါ။ စကားလုံးများ အသုံးပြုခြင်းနှင့် ပတ်သက်၍ ခိုင်မာသော အခြေခံမရှိသဖြင့် ဆောင်းပါးများ ရေးသားနည်းကို မသိပါ။ ဂီတကို နားမလည်သကဲ့သို့ အနုပညာအကြောင်းကို သာ၍ပင် မသိပါ။ ကျွန်ုပ်သည် မည်သည့်အရာတွင်မျှ မကျွမ်းကျင်သောကြောင့် ဧဝံဂေလိအဖွဲ့သို့ တာဝန်ပေးခံခဲ့ရခြင်း ဖြစ်သည်။ ဧဝံဂေလိအဖွဲ့များသည် ဘုရားအိမ်တော်၏ စွန့်ပယ်ခံထားရသောနေရာနှင့် တူညီသည် မဟုတ်လော။ ပြီးလျှင် ကျွန်ုပ်သည် စွန့်ပယ်ခံထားရသောနေရာသို့ ပို့ထားခြင်းခံရသည့်အတွက် ကယ်တင်ခြင်းကို ရရှိရန် မျှော်လင့်ချက် တစ်စုံတစ်ရာ ရှိပါသေးသလော”ဟု ယခင်က ပြောဆိုခဲ့သည်။ ဤသည်မှာ ပကတိအခြေအနေ ဟုတ်သလော။ အကယ်၍ ယင်းမှာ ဤအခြေအနေကို သင်နားလည်သည့်ပုံ အမှန်တကယ်ဟုတ်ပါက သင်သည် ဘုရားသခင်ကို အထင်လွဲသွားပြီ ဖြစ်သည်။ ဧဝံဂေလိတရား ဟောကြားခြင်းသည် လူတစ်ဦးစီတိုင်း၏ မလွှဲမရှောင်သာသော တာဝန် ဖြစ်သည်။ အကယ်၍ သင်သည် မည်သည့်အရာတွင်မျှ မကျွမ်းကျင်သည့်အပြင် နည်းပညာနှင့်ဆိုင်သော မည်သည့်သက်မွေးမှုအလုပ်ကိုမျှ နားမလည်ဘဲ သင်လုပ်ဆောင်နိုင်သမျှမှာ ဧဝံဂေလိတရား ဟောကြားခြင်းသာ ဖြစ်လျှင် သင်သည် ဧဝံဂေလိအဖွဲ့တစ်ဖွဲ့တွင် သင်၏တာဝန်ကို ထမ်းဆောင်ရန် စီစဉ်ခံရလိမ့်မည်။ ဤသည်မှာ သင်၏ နောက်ဆုံးအခွင့်အရေး ဖြစ်ပြီး သင့်ကို ပစ္စည်းလေးတစ်ခုသက်သက်အဖြစ် အလဟဿမဖြစ်စေရန်နှင့် အတတ်နိုင်ဆုံး အသုံးချနိုင်ဖို့ သေချာစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသို့ဖြင့် သင်သည် လူသားတစ်ဦးအနေဖြင့် သင်၏ အလုပ်တာဝန်ကို အကြီးမားဆုံးသော အတိုင်းအတာအထိ ထမ်းဆောင်နိုင်မည် ဖြစ်သည်။ သင်သည် မည်သည့်အရာတွင်မျှ မကျွမ်းကျင်ဘဲ သင်လုပ်ဆောင်သမျှတိုင်းတွင် ဉာဏ်ထိုင်းသော်လည်း သင်သည် ဧဝံဂေလိတရား ဟောကြားခြင်း တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်သည့်အပြင် သင့်ကို ဧဝံဂေလိလက်ခံသူများကို ရှာဖွေခိုင်းလျှင်ပင် သင်သည် ဤအရာကို လက်တွေ့ကျသော ပုံစံဖြင့် လုပ်ဆောင်နိုင်ပြီး သင်တွေ့ရှိသော ဧဝံဂေလိလက်ခံရန် အလားအလာရှိသူများကို ဧဝံဂေလိတရားဟောသူများထံသို့ လွှဲပြောင်းပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ အလုပ်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအကြောင်း ဟောကြားနည်းကို တဖြည်းဖြည်း သင်ယူနိုင်ပြီး လူတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းနိုင်သည်။ ဤသည်မှာ သင်၏တာဝန် မဟုတ်လော။ အခြားလူများသည် စာနှင့်ပတ်သက်သောအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်နှင့် အခြားသော အလုပ်မျိုးတို့တွင် ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ရလဒ်အချို့ကို ထုတ်လုပ်ကြသော်လည်း သင်သည် ဤအရာများကို အဘယ်သို့ လုပ်ဆောင်ရမည် မသိသကဲ့သို့ သင့်တွင် အထူးတလည်ဖြစ်သော ပင်ကိုစွမ်းရည်များ သို့မဟုတ် ဆုကျေးဇူးများလည်း မရှိပေ။ သို့ဖြစ်စေကာမူ သင်သည် သင်၏ခွန်အားကို ဧဝံဂေလိအလုပ်အတွက် ဆက်ကပ်သည်။ သင်သည် အစွမ်းကုန်ပေးဆပ်ပြီး သင်၏တာဝန်ကို ဖြည့်ဆည်းကာ သင့်ကို ဘုရားသခင်ပေးထားသည့် တာဝန်ပေးစေခိုင်းချက်ကို ထမ်းဆောင်သည်။ ဤသည်တို့မှာ ကောင်းမှုများ မဟုတ်လော။ ဤသည်တို့မှာလည်း ကောင်းမှုများဖြစ်ပြီး ဘုရားသခင်က ယင်းတို့ကို အမှတ်ရလိမ့်မည်။ ဤအရာက ဤနှုတ်ကပတ်တော်များကို ပြည့်စုံစေသည်။ လူတို့လုပ်ဆောင်သည့် တာဝန်များတွင် မြင့်မြတ်ခြင်း သို့မဟုတ် နိမ့်ကျခြင်းဟူ၍ ခွဲခြားမှုများ မရှိပေ။ အရေးကြီးသည်မှာ သင်သည် သင်၏တာဝန်တွင် သစ္စာစောင့်သိခြင်း ရှိမရှိနှင့် ယင်းကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်ခြင်း ရှိမရှိသာ ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်းကို မျှတစွာနှင့် တန်းတူဆက်ဆံသည်။ သင်သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်သည့်အတွက် သင့်ကို ဧဝံဂေလိတရား ဟောခိုင်းခြင်း ဖြစ်သည်။ ဤသည်မှာ သင်သည် အခြား မည်သည့်တာဝန်ကိုမျှ မထမ်းဆောင်နိုင်သည့် အခြေအနေများတွင် သင်၏ နောက်ဆုံးဖြစ်နိုင်ခြေရှိသော အလုပ်တာဝန်ကို ထမ်းဆောင်နိုင်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအရာအားဖြင့် သင့်ကို အခွင့်အရေးတစ်ခုနှင့် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေးနေခြင်း ဖြစ်သည်။ သင်၏ တာဝန်ထမ်းဆောင်ပိုင်ခွင့်ကို ပိတ်ပင်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် သင့်အတွက် တာဝန်ပေးစေခိုင်းချက်တစ်ခု ရှိနေဆဲဖြစ်ပြီး ကိုယ်တော်သည် သင့်အပေါ် ဘက်လိုက်နေခြင်း မရှိပေ။ ထို့ကြောင့် ဧဝံဂေလိအဖွဲ့များ၌ တာဝန်ပေးခြင်း ခံရသူတို့သည် စွန့်ပယ်ခံရသောနေရာသို့ အပို့ခံနေရခြင်း မဟုတ်သကဲ့သို့ စွန့်ပစ်ခံနေရခြင်းလည်း မဟုတ်ဘဲ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို မတူညီသော နေရာတစ်ခုတွင် ထမ်းဆောင်နေခြင်းသာ ဖြစ်သည်။ ဧဝံဂေလိအလုပ်အတွက် အလုပ်အစီအစဉ်များကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် သင်တို့သည် ယခုအခါ ဧဝံဂေလိအလုပ်ကို ကောင်းစွာ ရှုမြင်ပြီး ယင်းနှင့်ပတ်သက်၍ မည်သည့် နားလည်မှုလွဲမှားခြင်းမျှ မရှိတော့သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်တို့သည် ယင်းနှင့်ပတ်သက်၍ ဘဝင်မြင့်ကြတော့မည်လော။ လူတို့သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ၎င်းတို့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မပြောင်းလဲပေ။ ဘုရားသခင်က ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့် ရိုးသားစစ်မှန်မှုကို အလိုရှိသည်။ အကယ်၍ သင်က “ကျွန်ုပ်သည် မိမိကိုယ်ကို နှိမ့်ချစွာ နေထိုင်ကာ ဘဝင်မြင့်မည်မဟုတ်၊ ဘုရားသခင် လုပ်ဆောင်ခိုင်းသည့်အရာကိုသာ ကျွန်ုပ်လုပ်ဆောင်ပါသည်” ဟု ပြောဆိုသော်လည်း သင့်တွင် သစ္စာစောင့်သိမှု မရှိလျှင်၊ ရိုးသားစစ်မှန်မှု မရှိလျှင် ယင်းသည် အလုပ်ဖြစ်မည် မဟုတ်ပေ။ သင်သည် ဧဝံဂေလိအလုပ်ကို မည်သို့ပင် သဘောပေါက်နားလည်သည်ဖြစ်စေ၊ မည်သို့ဆိုစေ သင်သည် သစ္စာစောင့်သိမှုနှင့် ရိုးသားစစ်မှန်မှုကို ပိုင်ဆိုင်လာပါက သင်၏ တာဝန်ထမ်းဆောင်ခြင်းသည် စံနှုန်းပြည့်မီလိမ့်မည်။ သင်သည် ဧဝံဂေလိတရား ဟောကြားခြင်းတာဝန်ကို မည်သို့ပင် ကောင်းစွာ သဘောထားသည်ဖြစ်စေ သို့မဟုတ် ယင်းအပေါ် သင်၏ သဘောထားသည် မည်သို့ပင် အပြုသဘောဆောင်သည်ဖြစ်စေ၊ သင်သည် ဆင်းရဲဒုက္ခကို မခံနိုင်လျှင်၊ သင့်တွင် ခံနိုင်ရည်မရှိသည့်အပြင် သစ္စာစောင့်သိမှု မရှိလျှင် ယင်းသည်လည်း အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သင့်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ၊ သင်သည် မည်သည့်အချိန် သို့မဟုတ် နေရာတွင် ရှိနေသည်ဖြစ်စေ၊ သင်သည် မည်သည့်လူများနှင့် ထိတွေ့ဆက်ဆံပြီး မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင်က သင့်ကို အစဉ်သဖြင့် မြင်တွေ့မည်ဖြစ်ပြီး သင်၏ အနက်ရှိုင်းဆုံးသော စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးမည်။ သင်သည် ဧဝံဂေလိအဖွဲ့ဝင်တစ်ဦး ဖြစ်သောကြောင့် ဘုရားသခင် သင့်ကို အာရုံမစိုက်၊ သို့မဟုတ် ဘုရားသခင် သင့်ကို မမြင်နိုင်၊ သို့ဖြစ်၍ သင်သည် လုပ်ချင်သမျှကို လုပ်ဆောင်နိုင်သည်ဟု မထင်မှတ်လေနှင့်။ ထို့ပြင် အကယ်၍ သင်သည် ဧဝံဂေလိအဖွဲ့၌ တာဝန်ပေးခံရပါက သင်သည် ကယ်တင်ခြင်းခံရရန် မျှော်လင့်ချက် မရှိတော့ဟု ထင်မှတ်ပြီး ယင်းကို အပျက်သဘောဖြင့် မကိုင်တွယ်လေနှင့်။ ဤတွေးခေါ်ပုံနှစ်ခုလုံး မှားယွင်းသည်။ သင့်ကို မည်သည့်နေရာတွင် ထားရှိသည်ဖြစ်စေ သို့မဟုတ် မည်သည့်တာဝန်ကို ထမ်းဆောင်ရန် စီစဉ်သည်ဖြစ်စေ၊ ယင်းသည် သင်လုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သင်သည် ယင်းကို ဝီရိယရှိရှိနှင့် တာဝန်သိသိ လုပ်ဆောင်သင့်သည်။ သင်၏အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များက မပြောင်းလဲသည်ဖြစ်၍ ဘုရားသခင်၏ အစီအစဉ်များအပေါ် သင်၏ ကျိုးနွံနာခံခြင်းသည်လည်း မပြောင်းလဲသင့်ပေ။ ဧဝံဂေလိအမှုဆောင်များ၏ အဆင့်အတန်းသည် အခြားသော တာဝန်များကို ထမ်းဆောင်သူတို့၏ အဆင့်အတန်းနှင့် တူညီ၏။ လူတစ်ဦး၏ တန်ဖိုးကို ၎င်းတို့ ထမ်းဆောင်သည့် တာဝန်အားဖြင့် မတိုင်းတာဘဲ သူသည် သမ္မာတရားကို လိုက်စားခြင်းရှိမရှိနှင့် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်ခြင်း ရှိမရှိအားဖြင့်သာ တိုင်းတာသည်။ ကြီးမားပြီး တိကျသော ဤအလုပ်ကိစ္စဖြစ်သည့် ဧဝံဂေလိအလုပ်နှင့် ပတ်သက်၍ ငါမိတ်သဟာယဖွဲ့ရမည်မှာ ဤမျှသာ ဖြစ်သည်။

၄။ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုး

စတုတ္ထအချက်မှာ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုး ဖြစ်သည်။ ဤအထဲတွင် ရုပ်ရှင်ထုတ်လုပ်ရေး၊ စာနှင့်ပတ်သက်သောအလုပ်၊ ဂီတ၊ အနုပညာ၊ ဘာသာပြန်ဆိုခြင်း စသည်တို့ ပါဝင်သည်။ အချို့လူများက “ကျွန်ုပ်တို့ ဝတ်စုံချုပ်သူများသည်လည်း ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်တွင် ပါဝင်သည်။ ဝတ်စုံချုပ်ခြင်းကို အလုပ်တစ်မျိုးအဖြစ် သတ်မှတ်ပါသလော” ဟု ပြောဆိုကြသည်။ ဝတ်စုံချုပ်ခြင်းကို ရုပ်ရှင်ထုတ်လုပ်ရေးနှင့် ဂီတကဲ့သို့သော အလုပ်အမျိုးအစားများတွင် ထည့်သွင်းသည်။ ယင်းမှာ ဤအလုပ်အမျိုးအစားများနှင့် ပူးပေါင်းဆောင်ရွက်သော ထောက်ပံ့ပေးခြင်းအလုပ်တစ်မျိုး ဖြစ်သည်။ အခြေအနေတိုင်းတွင် ဤအတတ်ပညာဆိုင်ရာ အလုပ်အမျိုးအစားများအတွက် တိကျသော သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ ဘုရားအိမ်တော်၌ တိကျသော အလုပ်အစီအစဉ်များ ရှိသည်။ အချို့ကို စာဖြင့် အသိပေးပြောပြပြီး အချို့ကို စုဝေးပွဲများတွင် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် နှုတ်ဖြင့် အသိပေးပြောပြသည်။ မည်သို့ပင် အသိပေးပြောပြပါစေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့အတွက် တာဝန်ကို ထမ်းဆောင်သင့်ကာ ဤအလုပ်ကိစ္စအတွက် ဘုရားအိမ်တော်က ထုတ်ပြန်သည့် တိကျသော သတ်မှတ်ချက်များကို မှတ်တမ်းတင်ပြီး ဤမှတ်စုများကို သေသပ်အောင် စီစဉ်သင့်သည့်အပြင် ယင်းတို့အပေါ် ခိုင်မာစွာ မိတ်သဟာယဖွဲ့ကာ တိကျစွာ အကောင်အထည်ဖော်သင့်သည်။ ဤသည်မှာလည်း ကြီးမားသော အလုပ်ကိစ္စတစ်ခုဖြစ်ပြီး ဧဝံဂေလိအလုပ်ပြီးလျှင် ဒုတိယမြောက် တိကျသော အလုပ်ကိစ္စ ဖြစ်သည်။ ဤတိကျသော အလုပ်ကိစ္စအရ ဘုရားအိမ်တော်သည် သက်မွေးမှုအလုပ်အမျိုးမျိုးတွင် ပါဝင်လုပ်ဆောင်နေသည့် ဝန်ထမ်းအားလုံးကို ၎င်းတို့၏ တာဝန်များနှင့် ဆက်စပ်သော သက်မွေးမှုအလုပ်ဆိုင်ရာ အသိပညာကို အဆက်မပြတ် လေ့လာရန်သာမက ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့်အရာများက အသုံးဝင်သည်ကို သေချာသိရှိဖို့အတွက် သတင်းအချက်အလက်များကို ရှာဖွေရန်လည်း တောင်းဆိုသည်။ တစ်ချိန်တည်းမှာပင် ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့် ပတ်သက်၍ အဆက်မပြတ် မိတ်သဟာယဖွဲ့နေပြီး အတတ်ပညာဆိုင်ရာ အလုပ် အမျိုးမျိုးအတွက် ခိုင်မာသော အစီအစဉ်များကို ပံ့ပိုးပေးနေသည်။ တစ်ခါတစ်ရံတွင် ဤအလုပ်အမျိုးအစားများနှင့်ပတ်သက်၍ ကြီးကြပ်သူများနှင့် အဖွဲ့သားများကို အတူတကွ မိတ်သဟာယဖွဲ့ပြီး တစ်ခါတစ်ရံတွင်မူ အဆိုပါအလုပ်ကိစ္စအတွက် တာဝန်ရှိသည့် ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်သူများကိုသာ မိတ်သဟာယဖွဲ့သည်။ စာဖြင့် သို့မဟုတ် စုဝေးပွဲများမှတစ်ဆင့် အသိပေးပြောဆိုပြီး မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ မည်သို့ဆိုစေ ဤအလုပ်အမျိုးအစားများကို အဆက်မပြတ် တိုးတက်ကောင်းမွန်စေပြီး စံသတ်မှတ်လျက်ရှိကာ ဧဝံဂေလိအလုပ်၏ လိုအပ်ချက်များအရ တိကျသော အစီအစဉ်များကို အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ ဥပမာအားဖြင့် ဘုရားအိမ်တော်သည် အတော်အသင့် ဆန်းသစ်သော အဓိကအကြောင်းအရာတစ်ခုဖြင့် ရုပ်ရှင်တစ်ကားကို ထုတ်လုပ်ပြီး ထိုရုပ်ရှင်ကို အတော်အတန် ပညာသားပါပါ ရိုက်ကူးသည် ဆိုပါစို့။ ထိုရုပ်ရှင်ကို အွန်လိုင်းပေါ်သို့ တင်ပြီးနောက်တွင် အလွန်မြင့်မားသော ကြည့်ရှုနှုန်းကို ရရှိသည်။ ဤသို့သောအခြေအနေမျိုးတွင် ဘုရားအိမ်တော်သည် တုံ့ပြန်ချက်နှင့် ဧဝံဂေလိအလုပ်၏ လိုအပ်ချက်များကို အခြေခံ၍ ဤအလုပ်အမျိုးအစားအတွက် တိကျသော သတ်မှတ်ချက်များကို ချမှတ်သည်။ အတိုချုပ်ဆိုရလျှင် ဤအလုပ်ကိစ္စသည် အဆက်မပြတ် အကျဉ်းချုပ်သုံးသပ်ပြီး တိုးတက်ကောင်းမွန်စေသည့်အပြင် ယင်းမှာ အဆက်မပြတ်လည်း တိုးတက်နေသည်။

အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးအတွက် ဘုရားအိမ်တော်၏ အစီအစဉ်များက လူတို့ကို ပို၍ လေ့လာရန်နှင့် သင်ယူရမည့် ဆရာများ၊ အရင်းအမြစ်အမျိုးမျိုးနှင့် သင်ကြားရေးဆိုင်ရာ ပစ္စည်းများကို ရှာဖွေရန် တောင်းဆိုသည်။ သီချင်းဆိုခြင်းကို ဥပမာအနေဖြင့် ယူကြည့်လော့။ သင်ယူရမည့် ဆရာတစ်ဦးကို ရှာဖွေပြီး သူ့အား အဆိုပိုင်း နည်းပြပေးစေခြင်းသည်လည်း တိကျသော အလုပ်အစီအစဉ်တစ်ခု ဖြစ်သည်။ ဤအစီအစဉ်ကို ကြားပြီးနောက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အထက်၏ သတ်မှတ်ချက်များနှင့်အညီ ဤအလုပ်အတွက် သင့်တော်သော ဆရာတစ်ဦးကို ရှာဖွေပြီး တေးသံရှင်များကို မှန်ကန်သော အဆိုပိုင်းဆိုင်ရာ ဂီတပညာနှင့် မှန်ကန်သော သီဆိုနည်းကို လေ့လာဖို့ ကူညီခြင်းအားဖြင့် ထိုသူအား ငါတို့၏ တေးသံရှင်များကို သင်ကြားပေးစေသင့်သည့်အပြင် သင်ယူဖို့အတွက် အကောင်းဆုံးလက်ရာများကို ရှာဖွေရမည်မှာ အမှန်ပင်။ သီချင်းရေးဖွဲ့ခြင်း၊ သံစုံသီချင်းဆိုခြင်းနှင့် ပတ်သက်၍ သက်မွေးမှုအလုပ်ဆိုင်ရာ အသိပညာကို အစဉ်သဖြင့် လေ့လာရမည်ဖြစ်ပြီး ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက လူတို့ကို မိမိတို့၏ တာဝန်များနှင့် ဆက်စပ်သော သက်မွေးမှုအလုပ်ဆိုင်ရာ အသိပညာကို အဆက်မပြတ် လေ့လာရန်နှင့် ဆန်းသစ်ပြီး လက်တွေ့ကျသည့် အချို့သောနည်းလမ်းများကို မည်သို့အသုံးပြုရမည် စသည်တို့ကို သင်ယူရန် အစဉ်သဖြင့် တောင်းဆိုသည်။ ဤအလုပ်အစီအစဉ်များနှင့် သတ်မှတ်ချက်များသည် တစ်ကြိမ်သာ ထုတ်ပြန်၍ ပြီးသွားသည့် ကိစ္စမဟုတ်ဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဤအလုပ်အစီအစဉ်များအကြောင်း မကြာခဏ မိတ်သဟာယဖွဲ့ရန်၊ အတတ်ပညာဆိုင်ရာ အလုပ်တွင် ပါဝင်လုပ်ဆောင်နေသူတို့ကို လမ်းညွှန်ရန်၊ ၎င်းတို့ကို ဆက်လက်လေ့လာနိုင်စေရန်နှင့် အတတ်ပညာဆိုင်ရာ အလုပ်မျိုးစုံကို အဆက်မပြတ်နှင့် ထိထိရောက်ရောက် တိုးတက်ကာ နက်ရှိုင်းလာစေပြီး ရှိရင်းစွဲအတိုင်း မနေစေဖို့ ကြိုးပမ်းရန် တောင်းဆိုထားသည်။ အချို့လူများက “အလုပ်အစီအစဉ်များကို ယနေ့ ကျွန်ုပ်တို့ထံ ထုတ်ပြန်ထားပြီးဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ယင်းတို့ကို ဤလအတွင်း လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်ပြီး ယင်းမှာ ကိစ္စပြီးပြီ။ အကယ်၍ အထက်က အနာဂတ်တွင် ယင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မပြောဆိုပါက ကျွန်ုပ်တို့သည် ယင်းတို့ကို ဆက်လက်၍ လက်တွေ့လုပ်ဆောင်ရန် လိုအပ်ကောင်း လိုအပ်တော့မည်မဟုတ်” ဟု စဉ်းစားကြသည်။ ဤသည်မှာ အမှန်တကယ် ထိုသို့ ဟုတ်သလော။ (မဟုတ်ပါ။) ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအတိုင်း လုံးဝ မစဉ်းစားသင့်ဘဲ အခါအားလျော်စွာ ဆက်လက်၍ မေးမြန်းစုံစမ်းသင့်ပြီး “သင်၏ ဤလုပ်ငန်းပိုင်းဆိုင်ရာ လေ့လာမှုများက အဆင်ပြေသလော။ သင်သည် အခက်အခဲတစ်စုံတစ်ခုနှင့် ရင်ဆိုင်နေရသလော။ စည်းမျဉ်းများနှင့် ဆန့်ကျင်သော သို့မဟုတ် မကိုက်ညီသော တစ်စုံတစ်ရာ ရှိပါသလော။ မည်သူသည် မိမိ၏ လေ့လာမှုများတွင် အကောင်းဆုံး လုပ်ဆောင်ခဲ့သနည်း။ မည်သူသည် အကျွမ်းကျင်ဆုံးဖြစ်ပြီး မည်သူသည် အလျင်မြန်ဆုံး အထာကျအောင် လေ့လာပြီးဖြစ်သနည်း။ ဤသဘောတရားများကို လေ့လာပြီးနောက် သင်လေ့လာခဲ့သည့်အရာများထဲမှ မည်သည့်အရာသည် ဘုရားအိမ်တော်၏ အလုပ်အတွက် အသုံးပြုရန် သင့်တော်သည်ဟု သင်ထင်သနည်း”ဟု မေးသင့်သည်။ ထို့အပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များက နိုင်ငံခြားဘာသာစကားများအား လေ့လာနေသည့် ဧဝံဂေလိအဖွဲ့များရှိ ထိုလူများကို ဤသို့သော မေးခွန်းများ မေးရမည်မှာ “သင်သည် ဤနိုင်ငံခြားဘာသာစကားကို လေ့လာနေသည်မှာ နှစ်မည်မျှ ရှိပြီနည်း။ သင်၏ လေ့လာမှုသည် ယခုတလော မည်သို့ အဆင်ပြေနည်း။ နေ့စဉ်သုံး စကားစမြည်များ မည်မျှကို သင် ပြောဆိုနိုင်သနည်း။ သင်သည် အထွေထွေ ဝိညာဉ်ရေးရာ ဝေါဟာရများကို ဘာသာပြန်နိုင်ပြီလော။ သင်သည် ဧဝံဂေလိတရား ဟောကြားခြင်းနှင့် ဆက်စပ်သော ဤသမ္မာတရားများကို ဆက်သွယ်ပြောဆိုရန် ဤနိုင်ငံခြားဘာသာစကားကို အသုံးပြုနိုင်သလော။ သင်သည် လက်ရှိတွင် စကားပြောခြင်းတွင် ပို၍ ကျွမ်းကျင်သလော သို့မဟုတ် စာရေးခြင်းတွင် ပိုကျွမ်းကျင်သလော။ သင့်အတွက် ကူညီသင်ယူပေးမည့် ဆရာတစ်ဦး လိုအပ်ပါသလော။ နိုင်ငံခြား ဘာသာစကားများကို လေ့လာရာ၌ ပို၍ သင့်တော်ပြီး ကျွမ်းကျင်သော အခြားမည်သူတစ်ဦးဦး ရှိသေးသလော။ ဤသို့သော ဝန်ထမ်းမျိုး၏ အရေအတွက် တိုးလာပြီလော။ ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် ဒုက္ခများပြီး ခက်ခဲလွန်းသောကြောင့် ယင်းကို ဆက်လက်၍ မသင်ယူချင်တော့ဟု ခံစားရပြီး တစ်ဝက်တစ်ပျက်နှင့် လက်လျှော့ကာ အခြားတာဝန်တစ်ခုသို့ ပြောင်းလိုသူ တစ်စုံတစ်ယောက် ရှိသလော” ဟူ၍ဖြစ်သည်။ ဤအလုပ်အမျိုးအစားနှင့် ဆက်စပ်သည့် ဤတိကျသော အကြောင်းအရာများကို အခါအားလျော်စွာ မေးမြန်းပြီး ကြီးကြပ်ပေးရန် လိုအပ်သည်။ တိကျသော အလုပ်အစီအစဉ်များကို အထက်က ပြုလုပ်ပြီးဖြစ်သည့်အတွက် ကြီးကြပ်သူများသည် ဤတိကျသော တာဝန်များအတွက် အဆုံးတိုင်အောင် တာဝန်ယူသင့်သည်။ အထက်က မေးမြန်းလာဖို့ကို ထိုင်စောင့်မပါနှင့်။ အကယ်၍ အထက်က ခြောက်လ သို့မဟုတ် တစ်နှစ်ကြာမျှ မေးမြန်းခြင်း မပြုပါကလည်း သင်သည် အလုပ်အားလုံးကို သင်တတ်စွမ်းသမျှ ကောင်းမွန်စွာ လုပ်ဆောင်သင့်နေသေးကာ အချိန်တိုင်းတွင် အထက်၏ စုံစမ်းစစ်ဆေးခြင်းနှင့် လမ်းညွှန်မှုကို လက်ခံရန် အသင့်ဖြစ်နေသင့်သည်။ ဤသည်မှာ မှန်ကန်သော စိတ်သဘောဖြစ်သည်။ အကြောင်းမှာ အလုပ်အစီအစဉ်များကို ထုတ်ပြန်၍ အသိပေးပြောပြထားပြီး ဖြစ်ကာ သင်သည် ယင်း၏ ကြီးကြပ်သူအဖြစ် အလုပ်ကို ဆက်လက် အရေးယူဆောင်ရွက်ရန် တာဝန်ရှိသဖြင့် သင်သည် မိမိ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းသင့်သောကြောင့် ဖြစ်သည်။ သို့သော်လည်း သင်သည် မိမိ၏ တာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပါက သင်သည် အသုံးမကျသူတစ်ဦးဖြစ်ပြီး ဖြုတ်ချဖယ်ရှားခြင်း ခံရသင့်သည်။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤတိကျသော အလုပ်အစီအစဉ်များ သို့မဟုတ် အထက်မှ မိတ်သဟာယဖွဲ့ခြင်းများကို မကြာခဏ ချင့်ချိန်စဉ်းစားပြီး မိတ်သဟာယဖွဲ့သင့်ပြီးလျှင် ယင်းတို့ကို အခြေအနေအရ အကောင်အထည်ဖော်ပြီး အလုပ်ကို ဆက်လက်၍ အရေးယူဆောင်ရွက်သင့်သည်။ ၎င်းတို့သည် ယခုတလော မည်သည့်အလုပ်အမျိုးအစားများကို လျစ်လျူရှုထားသည်ကိုလည်းကောင်း၊ မစစ်ဆေးရသေးသည်မှာ ကြာခဲ့ပြီကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင် မည်သည့်အရာများ၌ သိပ်မကျွမ်းကျင်သည့်အပြင် ယခုတလော မမေးမြန်းခဲ့သည်ကိုလည်းကောင်း၊ သို့ဖြစ်၍ မည်သူ၏ လက်ရှိအခြေအနေကို ၎င်းတို့ မသိနားမလည်သည်ကိုလည်းကောင်း စောင့်ကြည့်သင့်ပြီးလျှင် ၎င်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသင့်သည်။ ထိုမျှမက အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးနှင့် ပတ်သက်၍ ဘုရားအိမ်တော်တွင် အခြားသော တိကျသည့် အစီအစဉ်တစ်ခုရှိသည်။ ဆီလျော်သော ပင်ကိုစွမ်းရည်ရှိသူများကို အဆက်မပြတ် ရှာဖွေတွေ့ရှိရန်၊ ပြုစုပျိုးထောင်ရန်နှင့် ရာထူးတိုးမြှင့်ပေးရန် ဘုရားအိမ်တော်က တောင်းဆိုသည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်အစီအစဉ်ကို လက်ခံရရှိသည့်အခါ မည်သို့ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဤအလုပ်အမျိုးအစားကို လုပ်ဆောင်ရန် သင့်တော်သူ တစ်စုံတစ်ယောက် ရှိမရှိကို အာရုံစိုက်ရမည်။ အကယ်၍ အချို့လူတို့သည် ဤအလုပ်အမျိုးအစားကို လုပ်ဆောင်ရန် သင့်တော်သော်လည်း နည်းပညာနှင့်ဆိုင်သော သက်မွေးမှုအလုပ်နှင့်ပတ်သက်၍ များစွာ နားလည်သဘော‌ပေါက်ခြင်း မရှိပါက ၎င်းတို့ကို လျင်မြန်စွာ ပြုစုပျိုးထောင်ရမည်ဖြစ်ကာ ယင်းကို လေ့လာပြီး လေ့ကျင့်ရန် စီစဉ်ပေးရမည်။ အတိုချုပ်ဆိုရလျှင် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးသည်လည်း အရေးကြီးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ ဤအလုပ်တွင် ပါဝင်သောအချက် မြောက်များစွာ ရှိပြီး ယင်း၏ နယ်ပယ်သည်လည်း ကျယ်ပြန့်သည့်အပြင် ဘုရားအိမ်တော်သည် ယင်းအတွက် တိကျသော အလုပ်အစီအစဉ်များစွာကို ရေးဆွဲပြုလုပ်ခဲ့သည်။ ဤအလုပ်ကိစ္စအတွက် လိုအပ်သည့်အရာမှာ အဆက်မပြတ် လေ့လာခြင်း၊ အကျဉ်းချုပ်သုံးသပ်ခြင်းနှင့် နက်ရှိုင်းစေခြင်းဖြစ်ပြီး အဆက်မပြတ် စံသတ်မှတ်ခြင်းကို ဆောင်ရွက်ရန် သင့်လျော်သော စည်းမျဉ်းများကိုလည်း ရှာဖွေရမည် ဖြစ်သည်။ ဤအရာအပြင် ဤတာဝန်များကို ထမ်းဆောင်ရန်အတွက် သင့်တော်သော ပင်ကိုစွမ်းရည်ရှိသူများကို အဆက်မပြတ် ပြုစုပျိုးထောင်ရမည်။ ဤသည်မှာ အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးထဲမှ ဤကြီးမားသောအချက်အတွက် အလုပ်အစီအစဉ်ဖြစ်ပြီး ယင်းကို နားလည်ရန်လည်း လွယ်ကူသည်။

၅။ အသင်းတော်အသက်တာ

အချက်ငါး၊ အသင်းတော်အသက်တာ။ ဘုရားအိမ်တော်သည် အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာ၊ အသင်းတော်အသက်တာ၏ ပုံစံနှင့် အသင်းတော်အသက်တာဖြင့် အသက်ရှင်နေထိုင်သည့် လူအရေအတွက်တို့နှင့်ပတ်သက်၍ တိကျသော အစီအစဉ်များနှင့် ပြဋ္ဌာန်းချက်များကို ပြုလုပ်ထားပြီးဖြစ်သည်။ ဘုရားအိမ်တော်သည် အထူးအခြေအနေများနှင့် အဖြစ်အပျက်များတွင် စုဝေးပွဲများ၏ ပုံစံနှင့် အသင်းတော်အသက်တာ၏ အကြောင်းအရာတို့နှင့်ပတ်သက်၍ လိုက်လျောညီထွေသော အလုပ်အစီအစဉ်များလည်း ရှိသည်။ ဤသို့သော အလုပ်အစီအစဉ်အမျိုးအစားများကို စာဖြင့်ရေးသားထားသော ပုံစံဖြင့် အများဆုံး ထုတ်ပြန်သည်။ မတူညီသော နိုင်ငံများတွင် လူသစ်များ၏ အသင်းတော်အသက်တာအတွက် အလုပ်အစီအစဉ်များဖြစ်သည့် ၎င်းတို့၏ စုဝေးပွဲများ၏ ပုံစံနှင့် အကြိမ်အရေအတွက်၊ စုဝေးပွဲများအတွင်း ၎င်းတို့ စားသောက်သည့် အကြောင်းအရာ အစရှိသည်တို့သည် အချို့သော အထူးအခြေအနေများမှလွဲ၍ တရုတ်လူမျိုးတို့၏ အသင်းတော်အသက်တာအတွက် အလုပ်အစီအစဉ်များနှင့် အခြေခံအားဖြင့် ထပ်တူကျသည်။ အသင်းတော်အသက်တာနှင့် သက်ဆိုင်သော အလုပ်အစီအစဉ်များ၏ အတိုင်းအတာကို ငါ ယခုတင် အကျဉ်းချုပ် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းတွင် မကြာသေးမီကာလအတွက် စုဝေးပွဲများ၌ စားသောက်သည့် ဘုရားနှုတ်ကပတ်တော်များ၏ အကြောင်းအရာနှင့် သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ဖို့ အကြောင်းအရာ နှစ်မျိုးစလုံးအပြင် စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ခြင်းပုံစံတို့ ပါဝင်သည်။ ဥပမာအားဖြင့် စုဝေးပွဲများ၌ မိတ်သဟာယဖွဲ့ရာတွင် လူတစ်ဦးတည်းက စိုးမိုးခြယ်လှယ်ခွင့်မရှိခြင်း၊ လူတစ်ဦးချင်းစီ မိတ်သဟာယဖွဲ့ရန် ခွင့်ပြုထားသည့် အများဆုံးအချိန်၊ လေကြောရှည်သည့် ပုံစံဖြင့် စကားပြောဆိုပြီး မိမိတို့ကိုယ်ကို မရှင်းမလင်း ဖော်ပြတတ်သော လူတို့ကို မည်သို့ ကိုင်တွယ်ဆက်ဆံရမည် အစရှိသည်တို့ဖြစ်သည်။ အလုပ်အစီအစဉ်များတွင် အသင်းတော်အသက်တာ၊ စုဝေးပွဲများနှင့် သက်ဆိုင်သည့် တိကျသော ဤအရာများအားလုံးအတွက် တိကျသော ဖော်ပြချက်များ ရှိသည်။ တစ်ဖက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤအလုပ်အစီအစဉ်များကို ထုတ်ပြန်ကာ ဆက်သွယ်ပြောကြားရန် တာဝန်ရှိပြီး အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ယင်းတို့ကို ညီအစ်ကိုမောင်နှမများအား ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ကာ အသင်းသားအားလုံးက ယင်းတို့ကို နားလည်ပြီး လက်ခံဖို့ ထောက်ကူပေးရန် တာဝန်ရှိသည်။ ထို့နောက်တွင် ၎င်းတို့သည် ထိုအစီအစဉ်များကို တစ်သဝေမတိမ်း အကောင်အထည်ဖော်ပြီး လိုက်နာစောင့်ထိန်းရန်သာ လိုအပ်သည်။ အထူးသဖြင့် စုဝေးပွဲများ၌ စကားပြောသည့်အခါ မကြာခဏဆိုသလို အကြောင်းအရာမှ လွဲသွားသူများ၊ အဖျက်အမှောင့်လုပ်သူများ၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုသူများနှင့် ဆောင်ပုဒ်များကို အော်ဟစ်ပြောဆိုသူများကို ကန့်သတ်ထားရမည်ဖြစ်ပြီး အလုပ်အစီအစဉ်များတွင် ဤကဲ့သို့သော အထူးအခြေအနေများနှင့် ပတ်သက်၍ တိကျသော ပြဋ္ဌာန်းချက်များ ရှိသည်။ အသင်းတော်အသက်တာနှင့်ပတ်သက်သော အလုပ်အစီအစဉ်များသည် အဓိကအားဖြင့် စုဝေးပွဲများနှင့် ပတ်သက်သည့် အမျိုးမျိုးသော အမှုအရာအားလုံးနှင့် သက်ဆိုင်သည်။ ၎င်းတို့သည် မရှုပ်ထွေးဘဲ အလွန်ရိုးရှင်းပြီး လူတစ်ဦးသည် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ဤအလုပ်အစီအစဉ်များထဲရှိ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန်သာ လိုအပ်သည်။ ဥပမာအားဖြင့် စုဝေးပွဲများ၌ ဧဝံဂေလိအဖွဲ့များသည် အသင်းတော်အသက်တာနှင့်ပတ်သက်သော အလုပ်အစီအစဉ်များထဲရှိ စည်းမျဉ်းများကို လိုက်နာစောင့်ထိန်းရန်သာ လိုအပ်ကာ ယင်းတို့၌ အထူးအထွေ ဘာမျှမရှိပေ။ အခြားအဖွဲ့များသည် အခြားသူများနှင့် မတူညီသော အလုပ်ကို လုပ်ဆောင်ရုံသာဖြစ်ပြီး စုဝေးပွဲများ၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် တစ်ကိုယ်ရေ အတွေ့အကြုံများအကြောင်း မိတ်သဟာယဖွဲ့ခြင်းကဲ့သို့သော အရာများနှင့် ပတ်သက်လာလျှင် အားလုံးတူညီကာ ဤအတိုင်းအတာကို မကျော်လွန်ပေ။ ၎င်းတို့သည် အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာ၊ မိတ်သဟာယဖွဲ့ခြင်းက ခံယူသည့်ပုံစံနှင့် စုဝေးပွဲများ၏ ပုံစံတို့နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ လက်ရှိပြဋ္ဌာန်းချက်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရန်သာ လိုအပ်သည်။ အခြေအနေများက ခွင့်ပြုပါက လူတို့သည် လူချင်းတွေ့ဆုံ၍ အတူတကွ စုဝေးနိုင်သည်။ သို့မဟုတ်ပါက အွန်လိုင်းပေါ်တွင် စုဝေးပွဲများ ပြုလုပ်နိုင်သည်။ ဤသည်မှာ အလွန်ရိုးရှင်းပြီး အသေးစိတ် ရှင်းရှင်းလင်းလင်း ချပြထားသော ကိစ္စရပ်တစ်ခု ဖြစ်သင့်သည်။ အသင်းသားအချို့သည် ဥရောပတွင် အချို့၊ အရှေ့အလယ်ပိုင်းတွင် အချို့ရှိပြီး မတူညီသော တိုက်ကြီးများနှင့် နိုင်ငံများတွင် ပျံ့နှံ့နေကြသည်။ ဤသို့သော အခြေအနေမျိုးတွင် အွန်လိုင်းစုဝေးပွဲများ လိုအပ်သည်။ စုဝေးပွဲများ ကျင်းပမည့်အချိန်နှင့် အကြိမ်အရေအတွက်ကို ဆုံးဖြတ်ရန်မှာ ဒေသန္တရအသင်းတော်များအပေါ် မူတည်သည်။ ဘုရားအိမ်တော်သည် ဤကိစ္စရပ်နှင့်ပတ်သက်၍ ပြဋ္ဌာန်းချက်များကို သတ်သတ်မှတ်မှတ် မပြုလုပ်သကဲ့သို့ ယင်းတွင် ဝင်ရောက်စွက်ဖက်ခြင်းလည်း မရှိပေ။ ဘုရားအိမ်တော်သည် ဤကိစ္စရပ်တွင် အဘယ်ကြောင့် ဝင်ရောက်စွက်ဖက်ခြင်းမရှိသနည်း။ အသင်းတော်ရှိ လူအချို့သည် မိမိတို့၏ တာဝန်များကို အချိန်ပြည့် မထမ်းဆောင်ကြပေ။ ၎င်းတို့တွင် အလုပ်အကိုင်များနှင့် မိသားစုများ ရှိကြသည်။ ၎င်းတို့၏ တစ်ဦးချင်း အခြေအနေများမှာ မတူညီကြသည့်အပြင် မတူညီသော နိုင်ငံများရှိ အချိန်အပိုင်းအခြားများမှာလည်း မတူညီသောကြောင့် တစ်ပတ်လျှင် အကြိမ်မည်မျှ စုဝေးမည်နှင့် စုဝေးပွဲတစ်ခုစီကို မည်သည့်အချိန်တွင် ပြုလုပ်မည်ကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပြုရမည် ဖြစ်သည်။ ဘုရားအိမ်တော်သည် ဤအရာနှင့်ပတ်သက်၍ တိကျသော ပြဋ္ဌာန်းချက်များကို မပြုလုပ်ဘဲ စည်းမျဉ်းတစ်ခုကိုသာ ပေးထားသည်။ ဘုရားအိမ်တော်သည် ယုံကြည်သူလူသစ်များ တစ်ပတ်လျှင် မည်မျှ မကြာခဏ စုဝေးရမည်ဟူသော အတိုင်းအတာကို ပြဋ္ဌာန်းထားပြီးဖြစ်ကာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သူများနှင့် မထမ်းဆောင်သူများအကြား တစ်ပတ်လျှင် အတူတကွ အကြိမ်မည်မျှ စုဝေးကြသည် ဟူသည့်အရာ၌ ကွာခြားမှုတစ်ခု ရှိသည်။ ယုံကြည်သူလူသစ်များကို တစ်ပတ်လျှင် ခုနစ်ကြိမ် စုဝေးရန် သတ်မှတ်သည့် အလုပ်အစီအစဉ်တစ်ခု ရှိပါသလော။ (မရှိပါ။) သို့ဆိုလျှင် ယုံကြည်သူလူသစ်များ တစ်ပတ်လျှင် အတူတကွ စုဝေးရမည့် အကြိမ်အရေအတွက်သည် မည်သည့်အရာအပေါ် အခြေခံသနည်း။ (ယင်းမှာ ယုံကြည်သူလူသစ်များ၌ ရှိသော အချိန်အပေါ် အခြေခံပါသည်။) တစ်ပတ်လျှင် အများဆုံး နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်၊ အနည်းဆုံး တစ်ကြိမ် အတူတကွ စုဝေးခြင်းသည် လုံးဝ သင့်လျော်သည်။ အချို့လူများက “ကျွန်ုပ်တို့ ဒေသရှိ လူများသည် လယ်ယာလုပ်ငန်းပါးသည့် ရာသီအတွင်း အလွန် အားလပ်ကြသောကြောင့် လူတိုင်းက နေ့စဉ် စုဝေးလိုကြသည်။ တစ်နေ့ နှစ်ကြိမ် စုဝေးလျှင်ပင် ကျွန်ုပ်တို့အတွက် အဆင်ပြေမည်ဖြစ်သည်။ ကျွန်ုပ်တို့ အမှန်တကယ် စုဝေးလိုပါသည်” ဟု ပြောကြသည်။ ယုံကြည်သူလူသစ်များ၏ စိတ်နှလုံးများသည် စိတ်အားထက်သန်မှုဖြင့် ပြည့်နေပြီး ၎င်းတို့သည် သမ္မာတရားများကို အစဉ်သဖြင့် ပို၍ နားလည်လိုကြသည်။ ၎င်းတို့၏ မိသားစုအခြေအနေများက ခွင့်ပြုပါက နေ့စဉ်အသက်တာများကို မထိခိုက်သရွေ့ ၎င်းတို့အနေဖြင့် စုဝေးပွဲများ ပို၍တက်ရောက်ရန် တောင်းဆိုခြင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အပတ်စဉ် လူတို့ အတူတကွ စုဝေးသင့်သည့် အကြိမ်အရေအတွက် အတိအကျကို ဒေသတစ်ခုစီရှိ ဘုရားသခင်ရွေးချယ်ထားသော လူများ၏ မိသားစုနှင့် အလုပ်အခြေအနေများအရ အဆုံးအဖြတ်ပေးသင့်သည်။ ဤကိစ္စနှင့်ပတ်သက်၍ ဘုရားအိမ်တော်က တိကျသော ပြဋ္ဌာန်းချက်များ မပြုလုပ်ပေ။ ထိုသို့စုဝေးရန် အခြေအနေများရှိသည့် ဘုရားသခင် ရွေးချယ်ထားသော ထိုလူတို့က ပို၍ စုဝေးနိုင်ပြီး၊ ထိုအခါ ၎င်းတို့က သမ္မာတရားများကို ပို၍နားလည်ပြီး အသက်တာတိုးတက်ကြီးထွားမှုကို ပို၍လျင်မြန်စွာ ရရှိမည်ဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်၏။ သို့ရာတွင် သင့်လျော်သော အခြေအနေများ မရှိသောသူများသည် ဤနည်းလမ်းဖြင့် စုဝေးရန် မသင့်တော်ဘဲ ၎င်းတို့အတွက် တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စုဝေးလျှင် အဆင်ပြေသည်။ မတူညီသော ဒေသများရှိ အသင်းတော်များက တစ်ပတ်လျှင် စုဝေးသည့် အကြိမ်အရေအတွက်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများ ဆုံးဖြတ်ရန် တာဝန်ဖြစ်ပြီး မည်သူမျှ ဤအရာကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ပေ။ အရေးအကြီးဆုံးအရာမှာ စုဝေးပွဲများကို အခြားမည်သည့် အကြောင်းပြချက်အတွက်မျှ မဟုတ်ဘဲ လူတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်ရန် ကျင်းပခြင်း ဖြစ်သည်။ ထို့ကြောင့် အသင်းတော်တစ်ခုစီက စုဝေးပွဲများ ပြုလုပ်သည့် အကြိမ်အရေအတွက်ကို ယင်း၏ သတ်သတ်မှတ်မှတ်ဖြစ်သော အခြေအနေများအရ ဆုံးဖြတ်သည်။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများသည် တစ်ပတ်လျှင် စုဝေးပွဲတစ်ကြိမ် ပိုတက်နိုင်ပါက ယင်းသည် ၎င်းတို့၏ အသက်တိုးတက်မှုအတွက် ပို၍ အကျိုးရှိသည်။ အကယ်၍ သမ္မာတရားကို မလိုက်စားသည့်အပြင် စုဝေးပွဲများ ပို၍ မတက်လိုသော လူများရှိပါက ဤအရာကို ၎င်းတို့အပေါ် မပြဋ္ဌာန်းသင့်ပေ။ အထူးသဖြင့် အနည်းငယ် ပို၍ အလုပ်များပြီး စုဝေးပွဲများ ပို၍တက်ရောက်ရန် အချိန်မရှိသော လခစားဝန်ထမ်းများအတွက် ၎င်းတို့ကို ဤသို့ပြုလုပ်ရန် မတောင်းဆိုသင့်ပေ။ လူတို့သည် စုဝေးပွဲများ တက်ရောက်ရန် အခြေအနေတွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် အကြိမ်အရေအတွက် မည်မျှစုဝေးသည်ဖြစ်စေ ဘုရားအိမ်တော်သည် ဝင်ရောက်စွက်ဖက်ခြင်း သို့မဟုတ် မည်သည့်ကန့်သတ်ချက်ကိုမျှ ပြဋ္ဌာန်းခြင်း မရှိပေ။ ဤသည်မှာ ယုံကြည်သူတစ်ဦးချင်း၏ အခြေအနေများနှင့် နောက်ခံအကြောင်းရင်းများအားလုံး မတူညီကြသောကြောင့် ဖြစ်ပြီး ထို့အတွက်ကြောင့် ၎င်းတို့ကို အတင်းအကျပ်မပြုရပေ။ အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာနှင့်ပတ်သက်၍ ဘုရားအိမ်တော်သည် ယင်း၏ အလုပ်အစီအစဉ်များတွင် သက်ဆိုင်ရာ ပြဋ္ဌာန်းချက်များရှိပြီး အသင်းတော်၏ အဆင့်ပေါင်းစုံရှိ ခေါင်းဆောင်များနှင့် ညီအစ်ကိုမောင်နှမများသည် ယင်းတို့ကို ရှင်းလင်းစွာ နားလည်ထားရန် လိုအပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အထက်၏ အလုပ်အစီအစဉ်များက လုပ်ဆောင်ဖို့ တောင်းဆိုထားသည့် တိကျသော တာဝန်များနှင့် ကိစ္စရပ်များမှာ အတိအကျ မည်သည့်အရာဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကလည်း ခေါင်းဆောင်များနှင့် အမှုဆောင်များ ဤအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ ကြီးကြပ်ရမည်ဖြစ်သည်။ အသင်းတော်အသက်တာအတွင်း စားသောက်သည့် အကြောင်းအရာအပြင် နားလည်ပြီး လိုက်နာရမည့် စုဝေးပွဲများနှင့် သက်ဆိုင်သည့် အလုပ်အစီအစဉ်များနှင့် ပတ်သက်လာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် သဘောတူညီမှုတစ်ခု ရှိရမည်ဖြစ်ကာ အပြောင်းအလဲများကို လုံးဝ ခွင့်မပြုပေ။ အသင်းတော်အသက်တာအလုပ်နှင့်ပတ်သက်သော အလုပ်အစီအစဉ်များသည် အလွန်ရိုးရှင်းပြီး လူတို့နားလည်ရန် လွယ်ကူကာ စိတ်ကူးသက်သက်မဟုတ်ပေ။

၆။ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှု

အချက်ခြောက်၊ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှု။ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုအလုပ်သည် ဧဝံဂေလိအလုပ် သို့မဟုတ် အမျိုးမျိုးသော အတတ်ပညာဆိုင်ရာ အလုပ်များကဲ့သို့ မကြာခဏ အလုပ်အစီအစဉ်များ ထုတ်ပြန်ခြင်း မရှိသော်လည်း ဘုရားအိမ်တော်တွင် ယင်းအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိနေဆဲဖြစ်သည်။ ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုတွင် အဘယ်အရာ ပါဝင်သနည်း။ ယင်းတွင် ပစ္စည်းဥစ္စာများကို မည်သို့ ထိန်းသိမ်းစောင့်ရှောက်သည်၊ မည်သည့်နေရာတွင် ထိန်းသိမ်းစောင့်ရှောက်သည်၊ မည်သူက စီမံခန့်ခွဲသည်၊ အန္တရာယ် သို့မဟုတ် ဆိုးရွားသော ပတ်ဝန်းကျင်များ ပေါ်ပေါက်လာသည့်အခါသာမက ထိုသို့သော အခြား အထူးအခြေအနေများတွင် ၎င်းတို့ကို မည်သို့ ခွဲဝေချထားသည်၊ မည်သို့စီမံခန့်ခွဲသည်၊ မည်သို့လွှဲပြောင်းသည်တို့ ပါဝင်သည်။ အမှန်တွင် အလုပ်အစီအစဉ်များ၌ ဤအရာအားလုံးနှင့် ပတ်သက်၍ ပြဋ္ဌာန်းချက်များ ပါဝင်ပြီး ဤအလုပ်ကိစ္စနှင့် ပတ်သက်လာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အထက်က တိုက်ရိုက်အမိန့်ပေးလာရန် သို့မဟုတ် အလုပ်အစီအစဉ်များ ထုတ်ပြန်လာရန် စောင့်ဆိုင်းပြီး ထို့နောက်မှသာ တက်ကြွမှုမရှိစွာဖြင့် ပစ္စည်းဥစ္စာများကို စတင်စီမံခန့်ခွဲခြင်း မပြုသင့်ပေ။ အကယ်၍ သင်သည် ပစ္စည်းဥစ္စာများကို တိကျသောနည်းလမ်းဖြင့် ကိုင်တွယ်ရန် တောင်းဆိုသည့် လက်ငင်း အလုပ်အစီအစဉ်များ မရှိလျှင်သော်လည်းကောင်း၊ အထူးအခြေအနေများတွင် ပစ္စည်းဥစ္စာများကို မည်သို့ကိုင်တွယ်ရမည် မသိဘဲ အထက်မှနေ၍ အချိန်မီ တုံ့ပြန်မှုများကို မရရှိနိုင်လျှင်လည်းကောင်း သင်ဘာလုပ်သင့်သနည်း။ လုံခြုံရေးသည် နံပါတ်တစ် ဦးစားပေးဖြစ်ပြီး ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန်မှာ သင်၏ တာဝန်ဖြစ်သည်။ ဘုရားအိမ်တော်က ပုံနှိပ်ထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များ၊ အမျိုးမျိုးသော စက်ပစ္စည်းများ၊ စားသောက်ကုန်များ၊ ငွေနှင့် အခြား ထိုသို့သောပစ္စည်းဥစ္စာများနှင့် ပတ်သက်လာလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များနှင့်အညီ ယင်းတို့အားလုံးကို လုံခြုံသောနေရာများတွင် ထားရှိသင့်ပြီး ဤအရာများအား စိုထိုင်းခြင်း၊ မှိုတက်ခြင်း သို့မဟုတ် ပိုးမွှားစားခြင်းတို့ မဖြစ်စေသင့်ပေ၊ ဆိုးယုတ်သောလူများ သို့မဟုတ် အဆင်းနီသော နဂါးကြီး သိမ်းပိုက်သည်ကို သာ၍ပင် ခွင့်မပြုသင့်ချေ။ ထို့အပြင် ဘုရားအိမ်တော်၏ ဤပစ္စည်းဥစ္စာများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းအပြင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တင်းကျပ်သော လျှို့ဝှက်ထိန်းသိမ်းမှုကိုလည်း ပြုလုပ်သင့်သည်။ ဤကိစ္စရပ်များနှင့် မပတ်သက်သော လူများကို ယင်းတို့အကြောင်း မသိရှိရန် တစ်ညီတစ်ညွတ်တည်း ထိန်းသိမ်းထားသင့်ပြီး ယင်းတို့အကြောင်း သိရှိသောသူများသည် နှုတ်လုံရမည်ဖြစ်ကာ လက်လွတ်စပယ်ပုံစံဖြင့် ပြောဆိုခြင်း မပြုရပေ။ ဘုရားအိမ်တော်တွင် ဤအလုပ်ကိစ္စနှင့်ပတ်သက်၍ တိကျသော အလုပ်အစီအစဉ်များ ရှိပြီး အချို့ကို စာဖြင့် ထုတ်ပြန်ဖို့ သို့မဟုတ် ဖွင့်ချဖို့ မသင့်လျော်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုကို ဆောင်ရွက်ရန် ပိုမိုကောင်းမွန်သော နည်းလမ်းများနှင့် နည်းစနစ်များကို စဉ်းစားမိပါက မည်သည့်ဆုံးရှုံးမှုမှမဆို ကာကွယ်ရန် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ကောင်းမွန်စွာ စီမံခန့်ခွဲခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းစည်းမျဉ်းကို လိုက်နာစောင့်ထိန်းလျက် အခြားခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဆွေးနွေးပြီး ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင်သည်။ ဤသည်မှာ အထူးအလုပ်ကိစ္စတစ်ခုဖြစ်ပြီး နှုတ်မလုံသောသူများ၊ တာဝန်ယူစိတ် မရှိသောသူများ၊ မရိုးသားသော ရည်ရွယ်ချက်ရှိသူများ၊ စတင်၍ ယုံကြည်ခါစဖြစ်ပြီး မိမိတို့၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် မရှိသေးသောသူများနှင့် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို အစဉ်သဖြင့် အာသာငမ်းငမ်း စောင့်ကြည့်နေသောသူများအား ထိုအကြောင်းကို တစ်ညီတစ်ညွတ်တည်း သိခွင့်မပြုရပေ။ ဤအရာများကို ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် တိကျပြတ်သားစွာ ဖော်ပြ၍ မရသော်လည်း ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ယုံကြည်စိတ်ချရသော ထိန်းသိမ်းစောင့်ရှောက်သူများက ဤအချက်ကို သတိပြုမိသင့်သည် မဟုတ်လော။ (သတိပြုမိသင့်ပါသည်။) ဤနေရာတွင် အထူးအခြေအနေတစ်ခု ရှိသည်။ အသစ်ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင်ကို သုံးနှစ်သာ ယုံကြည်လက်ခံထားကာ သူ၌ အစွမ်းအစကောင်းရှိပြီး အလွန်စိတ်အားထက်သန်ပြီး အပေါ်ယံအားဖြင့် ကောင်းမွန်ပုံရသော်လည်း သူ၏ ကိုယ်ကျင့်စရိုက်မှာ မည်သည့်ပုံစံရှိသည်၊ ပစ္စည်းဥစ္စာများကို မည်သို့ရှုမြင်သည် သို့မဟုတ် လောဘကြီးသည်၊ မကြီးသည်ကိုမူ မသိရဟု ဆိုပါစို့။ ဤအရာများကို မသိရှိရသေးဘဲ မသေချာမရေရာဖြစ်နေပြီး ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ခဲ့ပြီးသော ညီအစ်ကိုမောင်နှမများက ဤလူကို ကောင်းစွာမသိကြ၊ ဤလူကို ဂဃနဏ မသိကြပေ။ ထိုသို့သောအခြေအနေတွင် မည်သို့ လုပ်ဆောင်သင့်သနည်း။ ထိုသူ့ထံ အလုပ်ကို လွှဲပြောင်းပေးရမည့်အချိန် ရောက်သောအခါ အခြားအလုပ်အားလုံးကို လွှဲပြောင်းပေးလိုက်ရသော်လည်း ပစ္စည်းဥစ္စာစီမံခန့်ခွဲမှုအလုပ်ကို ထိုသူ့ထံ လွှဲပြောင်းပေးသင့်သလော။ (လွှဲပြောင်းမပေးသင့်ပါ။) အဘယ်ကြောင့် မပေးသင့်သနည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကအလုပ်မှာ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲရန်တစ်ခုတည်း မဟုတ်ပေ။ ပစ္စည်းဥစ္စာများသည် ၎င်းတို့အလုပ်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ အကယ်၍ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲရန် သင့်တော်သောလူတစ်ဦး အမှန်တကယ်ရှိနေပြီး အသစ်ရွေးကောက်တင်မြှောက်ခံရသော ဤခေါင်းဆောင်ကို ယုံကြည်စိတ်ချ၍ မရပါက သူသည် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်မည် မယုံကြည်မည် သို့မဟုတ် ခိုင်မာစွာ ရပ်တည်နိုင်မည် မရပ်တည်နိုင်မည်ကို မသိရှိရသေးသည်ဖြစ်၍ ဤအလုပ်ကို သူ့ထံ လောလောဆယ် မလွှဲပြောင်းပေးလျှင်လည်း အဆင်ပြေသည်။ လွန်ခဲ့သောအချိန်တွင် လူတစ်ဦးသည် အသင်းတော်ခေါင်းဆောင်တစ်ဦးအဖြစ် မကြာသေးမီက ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ သူ၏ရာထူးနေရာကို တာဝန်ယူပြီးနောက် ပထမဆုံး သူလုပ်ဆောင်ခဲ့သည့်အရာမှာ ပူဇော်သက္ကာများ ထိန်းသိမ်းထားသည့် ဘဏ်အကောင့်နံပါတ်များနှင့် စကားဝှက်များကို ဘုရားသခင် ရွေးချယ်ထားသောလူများထံ တောင်းဆိုခြင်းပင် ဖြစ်သည်။ သူက ဤဘဏ်အကောင့်နံပါတ်များနှင့် စကားဝှက်များ မည်သူ၌ရှိကြောင်း မေးမြန်းခဲ့ပြီး ဤအလုပ်ကို သူ့ထံ ချက်ချင်းလွှဲပြောင်းပေးရန် ၎င်းတို့ကို ဖိအားပေးခဲ့သည်။ ဤအခြေအနေတွင် ဤအလုပ်ကို သူ့ထံ လွှဲပြောင်းပေးသင့်သလော။ သူသည် အခြား မည်သည့်အလုပ်ကိုမျှ စိတ်ပူခြင်း သို့မဟုတ် ဂရုစိုက်ခြင်း မရှိဘဲ ဤကိစ္စရပ်အပေါ်တွင် အထူးတလည် အလေးအနက်ထားပြီး စိတ်ပူနေခဲ့သည်မှာ သူသည် ယုံကြည်စိတ်ချရသော လူတစ်ဦး ဟုတ်ပါသလော။ တစ်စုံတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်သောကြောင့် ယုံကြည်စိတ်ချရသည်ဟု မထင်မှတ်လိုက်နှင့်။ လက်တွေ့တွင် စည်းမျဉ်းများနှင့်အညီ အမှန်တကယ် ရွေးချယ်ခံရသော ထိန်းသိမ်းစောင့်ရှောက်သူများသာလျှင် ယုံကြည်စိတ်ချရသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန် မိမိတို့၏ အသက်ကိုပင် စွန့်လွှတ်နိုင်ကြသည်။ ဤသို့သောလူများမှာ ယုံကြည်စိတ်ချဖို့ အကောင်းဆုံး ဖြစ်သည်။ သို့ဆိုလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤသို့ပြုလုပ်နိုင်စွမ်း ရှိကြသလော။ ရှိချင်မှ ရှိပေမည်။ ယခင်က နယ်မြေခေါင်းဆောင်တစ်ဦးသည် အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သူသည် အသင်းတော်၏ ပစ္စည်းဥစ္စာအားလုံးကို သစ္စာဖောက်လျက် ထုတ်ပြောခဲ့ရာ ယင်းက ကြီးမားသောပမာဏ ဆုံးရှုံးမှုကို ဖြစ်စေခဲ့သည်။ အကယ်၍ သူသည် အသင်းတော်၏ ပစ္စည်းဥစ္စာများ မည်သည့်နေရာတွင် ရှိသည်ကို မသိခဲ့ပါက အသေရိုက်နှက်ခြင်း ခံရလျှင်ပင် ဤအရာကို ထုတ်ဖော်နိုင်မည် မဟုတ်၊ သို့ဆိုလျှင် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများသည် ဆုံးရှုံးမှုများ မခံစားခဲ့ရမည် မဟုတ်လော။ သူသည် လွန်စွာမှပင် သိရှိခဲ့သောကြောင့်ပင်လျှင် နှိပ်စက်ညှဉ်းပန်းမှုနှင့် မခံမရပ်နိုင်စရာ ရိုက်နှက်မှုများကို မခံနိုင်သည့်အခါ အရာအားလုံးကို ဖွင့်ဟခဲ့ပြီး ဤငွေသည် အဆင်းနီသော နဂါးကြီး၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ့ကို ဤပစ္စည်းဥစ္စာများ မည်သည့်နေရာတွင် ရှိကြောင်း သိခွင့်မပြုခဲ့ပါက၊ ပြီးလျှင် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်နေသူသည် ယုံကြည်စိတ်ချရသူဖြစ်ပါက ဘုရားအိမ်တော်၏ ငွေသည် ဆုံးရှုံးမှုများ ခံစားရပြီး အဆင်းနီသော နဂါးကြီး၏ အတင်းအဓမ္မ သိမ်းယူခြင်းကို ခံရမည်လော။ ခံရမည်မဟုတ်ပေ။ ဤသည်မှာ ဆိုးဝါးသော သင်ခန်းစာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်၏ အစီအစဉ်နှင့်ပတ်သက်လာလျှင် အရေးအကြီးဆုံးအချက်မှာ လုံခြုံရေးသည် ပထမဖြစ်သည်။ ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် လုံးဝ ထိန်းသိမ်းထားရမည်ဖြစ်ပြီး အလုပ်ကို လုံခြုံသော မည်သည့်နည်းလမ်းဖြင့်မဆို လုပ်ဆောင်သင့်သည်။ ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို စီမံခန့်ခွဲရာတွင် သစ္စာစောင့်သိမှုပြသော တစ်စုံတစ်ဦးကို ရှာဖွေပြီး ၎င်းတို့ကို စီမံခန့်ခွဲစေလော့။ ဤသည်မှာ ယုံကြည်စိတ်ချမှု အရှိဆုံးသော လုပ်ဆောင်ပုံနည်းလမ်း ဖြစ်သည်။ ဤလူသည် အခြားမည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်သော်လည်း သူသည် သစ္စာစောင့်သိပြီး ငွေကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ပတ်သက်လာလျှင် လုံးဝစွမ်းဆောင်နိုင်သောကြောင့် ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန် ဤလူကို အသုံးပြုခြင်းသည် သင့်တော်သောအရာ ဖြစ်သည်။ ဤအလုပ်ကိစ္စသည် တာဝန်တစ်ခုတည်းသော အလုပ်ဖြစ်သောကြောင့် ယင်းအတွက် အစီအစဉ်များသည် အလွန်ရိုးရှင်းသည်။ ပစ္စည်းဥစ္စာများကို ကာကွယ်စောင့်ရှောက်ရန် သင့်တော်သောလူများကို ရှာဖွေပြီး ယင်းတို့ကို ထိန်းသိမ်းရန် လုံခြုံသောနေရာတစ်ခုကို ရှာဖွေလော့။ ထို့အပြင် ဘုရားအိမ်တော်၏ ပစ္စည်းဥစ္စာများကို ခွဲဝေချထားခြင်းနှင့် သုံးစွဲခြင်းတို့နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များတွင် တိကျသော ပြဋ္ဌာန်းချက်များလည်း ရှိသည်။ ငွေကို လိုအပ်သော အသုံးစရိတ်များအတွက် သုံးစွဲနိုင်သော်လည်း မလိုအပ်သော အသုံးစရိတ်များအတွက် မသုံးစွဲရပေ။ နောက်ထပ်အရာတစ်ခုရှိသေးသည်။ ယင်းမှာ ပစ္စည်းဥစ္စာများနှင့် သက်ဆိုင်သော အသုံးစရိတ်များအတွက် တင်းကျပ်သော စည်းမျဉ်းစည်းကမ်းစနစ်တစ်ခု ရှိပြီး ဘုရားအိမ်တော်တွင် အမျိုးမျိုးသော လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများအတွက် လူအချို့ထံမှ ထိုးမြဲလက်မှတ်များ လိုအပ်ခြင်း အစရှိသည့် တိကျသော ပြဋ္ဌာန်းချက်များကို ကျင့်သုံးသည်။ စီမံခန့်ခွဲမှုရှိသည်။ ကာကွယ်စောင့်ရှောက်မှုရှိသည်။ သုံးစွဲမှုရှိသည့်အပြင် စာရင်းကိုင်ခြင်းလည်း ရှိကာ ဤအရာအားလုံးအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိပေသည်။

၇။ သန့်စင်ခြင်းအလုပ်

အချက် ခုနစ်၊ သန့်စင်ခြင်းအလုပ်။ ဘုရားအိမ်တော်သည် ဤအလုပ်ကိစ္စအတွက် တိကျသော အလုပ်အစီအစဉ်များကိုလည်း အဆက်မပြတ် ပြုလုပ်လျက်ရှိသည်။ အလုပ်အစီအစဉ်များကို တစ်ဖက်တွင် ဘုရားအိမ်တော်၏ အလုပ်နှင့်ဆိုင်သည့် လိုအပ်ချက်များအပေါ် အခြေခံ၍ ပြုလုပ်ပြီး အခြားတစ်ဖက်တွင်မူ မတူညီသော လူစားမျိုးတို့နှင့်ပတ်သက်၍ အမျိုးအစားခွဲခြားခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းတို့အပေါ် အခြေခံသည့်အပြင် ၎င်းတို့ ထုတ်ဖော်ခြင်းခံရသောအခါ ၎င်းတို့၏ သရုပ်သကန်များအတိုင်း တစ်မျိုးစီကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်းအပေါ် အခြေခံ၍လည်း ပြုလုပ်လေသည်။ ဘုရားအိမ်တော်တွင် အမျိုးမျိုးသော အန္တိခရစ်များ၊ ဆိုးယုတ်သောလူများနှင့် မယုံကြည်သူများကို ကိုင်တွယ်ရန် စည်းမျဉ်းများ ရှိသည်။ အချို့မှာ တာဝန်ထမ်းဆောင်သူများအဆင့်မှ ဖယ်ရှားခြင်းခံရသည်။ အချို့မှာ အချိန်ပြည့် တာဝန်ထမ်းဆောင်သော အသင်းတော်များမှ ဖယ်ရှားခြင်းခံရပြီး အချိန်ပိုင်း တာဝန်ထမ်းဆောင်သော အသင်းတော်များ သို့မဟုတ် သာမန်အသင်းတော်များသို့ ပို့ခြင်းခံရသည်။ အချို့မှာ သာမန်အသင်းတော်များမှ ဖယ်ရှားခြင်းခံရပြီး ဘီအုပ်စုများသို့ ပို့ခြင်းခံရကာ အချို့မှာမူ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းကို တိုက်ရိုက်ခံရသည်။ ဘုရားအိမ်တော်သည် အသင်းတော်ကို သန့်စင်ခြင်းအလုပ်အတွက် အလုပ်အစီအစဉ်များကို အကြိမ်ကြိမ် ပြုလုပ်လျက်ရှိပြီး သန့်စင်ဖယ်ရှားခြင်းခံရဖို့ အခြေအနေများနှင့် ကိုက်ညီသည့် ကွဲပြားခြားနားသော လူစားမျိုးတို့နှင့်ပတ်သက်၍ တိကျသော အလုပ်အစီအစဉ်များလည်း ရှိသည်။ မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် လူတို့ထားရှိသည့် သဘောထားများနှင့် မိမိတို့၏ တာဝန်များကို ထမ်းဆောင်စဉ် ကျူးလွန်ခဲ့သည့် ပြစ်မှားခြင်းများအပေါ် အခြေခံသည့်အပြင် လူစားအမျိုးမျိုးတို့တွင် ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော အနှစ်သာရအပေါ် အခြေခံလျက် ဘုရားအိမ်တော်သည် ဤလူတို့ကို ကိုင်တွယ်ရန်အတွက် တိကျသော အစီအစဉ်များကို အခြေခံအားဖြင့် ဖန်တီးရေးဆွဲလေသည်။ ထို့ကြောင့် ဘုရားအိမ်တော်က အမျိုးမျိုးသော ဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကို ကိုင်တွယ်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း လုံးလုံးလျားလျား လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ လုံးလုံးလျားလျား လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤအလုပ်အစီအစဉ်များနှင့် ပတ်သက်လာလျှင် တစ်ဖက်တွင် လူတို့က သမ္မာတရား စည်းမျဉ်းများကို နားလည်ပြီး ခြားနားသော လူစားမျိုးတို့ကို မည်သို့ ပိုင်းခြားသိမြင်ရမည်ကို သင်ယူနိုင်ရန်အတွက် ယင်းတို့ကို မိတ်သဟာယဖွဲ့ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင်မူ ဤအလုပ်အစီအစဉ်များကို မိတ်သဟာယဖွဲ့၍ အကောင်အထည်ဖော်နိုင်ဖို့အတွက် အသင်းတော်များထံ ထုတ်ပြန်ပေးရန် လိုအပ်သည်။ မည်သို့ပင်ဖြစ်စေ အသင်းတော်အား သန့်စင်ခြင်းအလုပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရမည်ဖြစ်ပြီး ယင်းကို လုံးဝ မနှောင့်ယှက်ရပေ။ အသင်းတော်၌ ဆိုးယုတ်သောလူများ တစ်ဦးတစ်ယောက်မျှ မကျန်တော့သည်အထိ ယင်းကို ဆက်လက် လုပ်ဆောင်သွားရမည်။ အသင်းတော်ကို သန့်စင်ရန်အတွက် အထက်က အမိန့်ပေးသည့် အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်လိုက်သည်နှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အချိန်ကာလတစ်ခုအတွက်သာ သန့်စင်ခြင်းအလုပ်ကို လုပ်ဆောင်ရန် လိုအပ်သည်မဟုတ်သည့်အပြင် ထိုသန့်စင်ခြင်းကို ပြုလုပ်ပြီးနောက် ခဏအကြာတွင် အနှောင့်အယှက်များပေးနေသည့် ဆိုးယုတ်သောလူများ ရှိနေသည်ကို ထပ်မံတွေ့ရှိသော်လည်း အထက်က ယင်းနှင့်ပတ်သက်၍ မည်သည့်အလုပ်အစီအစဉ်မျှ မပြုလုပ်ရသေးပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုဆိုးယုတ်သောလူများနှင့်ပတ်သက်၍ ဂရုမစိုက်ဘဲ သို့မဟုတ် ဖယ်ရှားခြင်းမပြုဘဲ နေပါက လုံးဝမဖြစ်ပေ။ အသင်းတော်၏ သန့်စင်ခြင်းအလုပ်ကို စနစ်တကျဖြင့် ဆက်လက်လုပ်ဆောင်သွားရမည်။ ဖယ်ထုတ်ပစ်ရမည့် သို့မဟုတ် နှင်ထုတ်ရမည့်လူများ ရှိနေသရွေ့ သန့်စင်ခြင်းအလုပ်ကို ဆက်လက်၍ လုပ်ဆောင်ရမည်။ အထက်မှ အမိန့်ပေးလာရန်ဖြစ်စေ၊ အထက်အဆင့်မှ ခေါင်းဆောင်များက သင်တို့ထံ အသိပေးဆက်သွယ်ပြောကြားလာရန်ဖြစ်စေ ဘာသိဘာသာ စောင့်မနေနှင့်။ ထို့ပြင် ပိုများလာသော ညီအစ်ကိုမောင်နှမများက တစ်စုံတစ်ဦးကို တိုင်ကြားရန်လည်း ဘာသိဘာသာ စောင့်မနေနှင့်။ ဘုရားသခင် ရွေးချယ်ထားသောလူများက တစ်စုံတစ်ဦးကို ဖော်ထုတ်ပြီး တိုင်ကြားသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအမှုကို စတင်စုံစမ်းစစ်ဆေးပြီး ကိုင်တွယ်သင့်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တိုင်ကြားစာကို ထိမ်ချန်ထားပြီး ထိုကိစ္စကို မကိုင်တွယ်ပါက ၎င်းတို့ကို စုံစမ်းစစ်ဆေးပြီး ကိုင်တွယ်သင့်သည့်အပြင် ပြီးလျှင် ၎င်းတို့က ဆိုးယုတ်သောသူတစ်ဦးအား အကာအကွယ်ပေးနေသည်ကို တွေ့ရှိပါက ၎င်းတို့ကို ဆိုးယုတ်သောလူနှင့်အတူ အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ အသင်းတော်အား သန့်စင်ခြင်းအလုပ်ကို မထမ်းဆောင်သော မည်သည့်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မဆို အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ပြီး ချက်ချင်း ဖြုတ်ချခံရသင့်သည်။ အကယ်၍ ၎င်းတို့က ဆိုးယုတ်သောလူများကို အကာအကွယ်ပေးပြီး ကာကွယ်လျှင်ပင် ၎င်းတို့ကို အန္တိခရစ်တစ်ဦးအဖြစ် သတ်မှတ်ကာ အသင်းတော်မှ ရှင်းလင်းဖယ်ထုတ်ပြီး နှင်ထုတ်နိုင်သည်။ ဤသည်တို့မှာ အသင်းတော်ကို သန့်စင်ခြင်းအလုပ်နှင့်ပတ်သက်၍ ဘုရားအိမ်တော်က ပြုလုပ်ထားသည့် တိကျသော ပြဋ္ဌာန်းချက်များ ဖြစ်ကြသည်။ အသင်းတော်ကို သန့်စင်ခြင်းအလုပ်သည် အရေးတကြီး ဦးစားပေးရမည့်အရာ ဖြစ်ပြီး ကြီးမားသော အရေးပါမှုရှိသည်။ အသင်းတော်ကို သန့်စင်ခြင်းသည် အသင်းတော်ကို သန့်ရှင်းစင်ကြယ်စေရန်အတွက် မဟုတ်လော၊ ငါ့ကို ပြောလော့။ အကယ်၍ အသင်းတော်သည် သန့်ရှင်းစင်ကြယ်သွားပြီဆိုလျှင်၊ ဆိုလိုသည်မှာ အကယ်၍ အသင်းတော်အတွင်း၌ မည်သည့်ဆိုးယုတ်သောလူများကမျှ အနှောင့်အယှက်များ မပေးတော့ဘဲ ယင်း၏ အသင်းသားများကြားတွင် မည်သည့်မယုံကြည်သူများမျှ ရောနှောနေခြင်းမရှိတော့လျှင် ယင်းသည် စစ်မှန်သော အသင်းတော်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး အသင်းတော်အသက်တာအတွက် အကောင်းဆုံးသော ရလဒ်များကိုလည်း မြင်တွေ့ရလိမ့်မည်။ ဤသည်မှာ ခရစ်တော်၏ နိုင်ငံတော်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဆီသို့ နောက်ထပ် ကြီးမားသော ခြေလှမ်းတစ်လှမ်း ဖြစ်မည်မဟုတ်လော။ ဤကဲ့သို့ သန့်စင်သော အသင်းတော်တစ်ခုသည် လူတိုင်းက သမ္မာတရားလက်တွေ့ကျမှုကို ပိုင်ဆိုင်မည် ဖြစ်သောကြောင့်လည်းကောင်း၊ လူတိုင်းက ဘုရားသခင်အတွက် သက်သေခံနိုင်ပြီး ဘုရားသခင်၏ လူများအဖြစ် စုံလင်အောင် ပြုခြင်းခံရမည် ဖြစ်သောကြောင့်လည်းကောင်း၊ အနှောင့်အယှက်များပေးမည့် ဆိုးယုတ်သောလူ တစ်ဦးတလေမျှ ရှိတော့မည် မဟုတ်သောကြောင့်လည်းကောင်း နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေရန်အတွက် အကျိုးအရှိဆုံး ဖြစ်ပေလိမ့်မည်။ သဘာဝအားဖြင့် ဤကဲ့သို့သော အသင်းတော်သည် ကောင်းချီးအရဆုံးသော အသင်းတော်လည်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အသင်းတော်ကို သန့်စင်ခြင်းသည် အဓိပ္ပာယ်အရှိဆုံးသော အလုပ်ကိစ္စတစ်ခုဖြစ်ပြီး ဘုရားသခင်ရွေးချယ်ထားသော လူတို့အနေဖြင့် မိမိတို့၏ တာဝန်များအား ထမ်းဆောင်သည့် ပတ်ဝန်းကျင်ကို ပို၍ ငြိမ်းချမ်းစေရန်နှင့် ဆိုးယုတ်သောလူများ၏ အနှောင့်အယှက်များမှ ကင်းလွတ်စေရန်အတွက်သာလျှင် ယင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့အပြင် ဘုရားအိမ်တော်သည် လူလေလူလွင့်များနှင့် အသုံးမကျသူများကို ထောက်ပံ့မထားသကဲ့သို့ သက်သောင့်သက်သာရှိမှုကို မွေ့လျော်ခံစားပြီး အစာကို အဝအပြဲစားတတ်သည့် ကပ်ပါးရပ်ပါးများကိုလည်း မထောက်ပံ့ပေ။ တာဝန်များကို လုံးဝမထမ်းဆောင်ဘဲ အခြားသူများ တာဝန်ထမ်းဆောင်ခြင်းကို အနှောင့်အယှက်ပေးပြီး ထိခိုက်စေသူအားလုံးနှင့် အသင်းတော်၌ တာဝန်မဲ့သော မှတ်ချက်များပေးခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်းနှင့် မိမိတို့၏ သင့်တော်သော အလုပ်ကို ဂရုမစိုက်သူအားလုံးတို့သည်လည်း ရှင်းလင်းပစ်ခြင်း ခံရဖို့ဖြစ်သည်။ မတူညီသော လူစားမျိုးအားလုံးသည် ယခုအခါ လုံးလုံးလျားလျား ထုတ်ဖော်ခံရပြီးဖြစ်ကာ အသင်းတော်၏ သန့်စင်ခြင်းအလုပ်သည် မဖြစ်မနေ လုပ်ဆောင်ရမည့်အရာဖြစ်ပြီး ယင်းကို စေ့စေ့စပ်စပ်နှင့် ကောင်းမွန်စွာ လုပ်ဆောင်ရမည်။ ထုတ်ဖော်ခြင်းခံထားရသည့် ဤဆိုးယုတ်သောလူများ၊ အန္တိခရစ်များ၊ မယုံကြည်သူများ၊ အသုံးမကျသူများနှင့် ကပ်ပါးရပ်ပါးများအားလုံးသည် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရသူများဖြစ်ကြပြီး ၎င်းတို့သည် ကယ်တင်ခြင်းမခံရနိုင်တော့ပေ။ အကယ်၍ အသင်းတော်သည် သန့်စင်ခြင်းအလုပ်ကို မလုပ်ဆောင်ခဲ့ပါက ဤသည်မှာ ဧဝံဂေလိတရား ဖြန့်ဝေခြင်းအလုပ်ကို ထိခိုက်စေလိမ့်မည်။ ထို့ကြောင့် အသင်းတော်ကို သန့်စင်ခြင်းအလုပ်သည် လောလောဆယ်တွင် အရေးတကြီး ကောင်းမွန်စွာ လုပ်ဆောင်ရန် လိုအပ်သည့် အရေးကြီးသော အလုပ်ကိစ္စတစ်ခု ဖြစ်သည်။ အသင်းတော်ကို သန့်စင်ခြင်းအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကိုသာလျှင် ပျိုးထောင်ရန် ထိုက်တန်ပြီး ဆက်လက်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်နိုင်သူများ ဖြစ်ကြသည်။ အသင်းတော်ကို သန့်စင်ခြင်းအလုပ်ကို ပိတ်ဆို့တားဆီးသည့် မည်သည့်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်မဆိုသည် ခလုတ်ကန်သင်းနှင့် အတားအဆီးဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများက ၎င်းတို့ကို ဖော်ထုတ်ပြီး တိုင်ကြားရမည်။ အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်အတွက် ဤခလုတ်ကန်သင်းများနှင့် အတားအဆီးများအားလုံးကို ဦးစွာ လုံးလုံးလျားလျား ရှင်းလင်းပစ်ပြီး ဖြေရှင်းရမည်ဖြစ်ကာ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီသည်။ ဤသည်သာလျှင် အသင်းတော်၏ အမျိုးမျိုးသော အလုပ်ကိစ္စများ ချောမွေ့စွာ ရှေ့ဆက်ရန်အတွက်လည်းကောင်း၊ ဘုရားသခင်သည် ဘုန်းအသရေအားလုံးကို ရရှိနိုင်ရန်အတွက် အသင်းတော်က ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန်အတွက်လည်းကောင်း အထောက်အကူပြုသည်။

၈။ ပြင်ပရေးရာ အလုပ်

အချက် ရှစ်၊ ပြင်ပရေးရာ အလုပ်။ ပြင်ပရေးရာအလုပ်သည် ကြီးမားသော အလုပ်ကိစ္စတစ်ခုလည်း မဟုတ်သကဲ့သို့ သေးငယ်သော အလုပ်ကိစ္စတစ်ခုလည်း မဟုတ်သည့်အပြင် ပြင်ပရေးရာအလုပ်နှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များအတွင်း၌ စည်းမျဉ်းအချို့ ရှိသည်။ တစ်ခုမှာ ဒေသန္တရ ဥပဒေများနှင့် တိကျသော ဒေသန္တရ စည်းမျဉ်းစည်းကမ်းများအကြောင်း လေ့လာရန် ဖြစ်သည်။ ဆိုလိုသည်မှာ အသင်းတော်သည် နေရာတစ်ခုတွင် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ သင်သည် ဒေသန္တရ ဥပဒေများအကြောင်းကို ဦးစွာ လေ့လာရမည်ဖြစ်ကာ ဤသည်မှာ စည်းမျဉ်းတစ်ခု ဖြစ်သည်။ နောက်ထပ်စည်းမျဉ်းတစ်ခုမှာ သင်နားမလည်သော သို့မဟုတ် မရှင်းလင်းသော ပြင်ပရေးရာအလုပ်နှင့် သက်ဆိုင်သည့် ပြဿနာများကို သင်ကြုံတွေ့ရသည့်အခါ သင်သည် ရှေ့နေတစ်ဦးနှင့် သက်ဆိုင်ရာ ဥပဒေပညာရှင်များကို တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး အသိပညာမဲ့သော ဆုံးဖြတ်ချက်များ မိမိဘာသာ မချရပေ။ သင်သည် ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် မတူညီသော နိုင်ငံများရှိ မတူညီသော နိုင်ငံ့အခြေအနေများနှင့်အညီ တိကျသော အစီအစဉ်များကို ဖန်တီးရေးဆွဲရမည်။ သို့ဆိုလျှင် ဤအစီအစဉ်များသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ သင်သည် ရှေ့နေပြောသည့်အတိုင်း လိုက်နာပြီး ရှေ့နေကို ဆုံးဖြတ်ချက်များ ချခွင့်ပြုရမည်ဖြစ်ကာ မိမိဘာသာ စိတ်ကူးပေါက်သလို ဆုံးဖြတ်ချက်များ သို့မဟုတ် ချမှတ်မှုများ မပြုလုပ်နှင့်။ နိုင်ငံ၏ အခြေအနေများ၊ မူဝါဒများ၊ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသည် နိုင်ငံတစ်ခုစီတွင် မတူညီကြသောကြောင့် သင်၏စိတ်အထင်ကို အခြေခံ၍ မလုပ်ဆောင်နှင့်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် လမ်းပေါ်၌ တစ်စုံတစ်ဦး လုယက်ခံနေရသည်ကို သင်မြင်သည် ဆိုပါစို့။ တရုတ်နိုင်ငံရှိ ဥပဒေများက ဤအရာကို မြင်တွေ့သည့် မည်သည့်လမ်းသွားလမ်းလာမဆို သတ္တိရှိရှိဖြင့် ကြားဝင်ကူညီနိုင်သည်၊ သူခိုးကို ဦးစွာ ဖမ်းဆီးပြီးနောက် ၎င်းတို့ကို ရဲလက်သို့ အပ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ အကယ်၍ ဤသို့ပြုလုပ်ပါက သင်သည် သတ္တိရှိရှိ ကြားဝင်ကူညီဖို့ကြိုးစားသည့် သူရဲကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ပြီး မည်သည့် တရားဥပဒေဆိုင်ရာတာဝန်မျှ ယူဖို့မလိုအပ်ဘဲ ချီးကျူးခံရမည်ဖြစ်သည်။ ဤသည်မှာ တရုတ်နိုင်ငံ၏ နိုင်ငံ့အခြေအနေနှင့် စနစ်ဖြစ်ပြီး တရုတ်နိုင်ငံရှိ ရိုးရာယဉ်ကျေးမှုတစ်မျိုး ဖြစ်ကာ တရုတ်လူမျိုးတို့က ယင်းကို “ရိုးရာအစဉ်အလာအရ ကောင်းမြတ်သောအကျင့်” ဟူသည့် သာယာနာပျော်ဖွယ် နာမည်ကောင်းဖြင့် ဖော်ပြကြသည်။ သို့သော် အနောက်နိုင်ငံများတွင်၊ အထူးသဖြင့် အမေရိကန်နှင့် ကနေဒါကဲ့သို့သော နိုင်ငံများတွင် သင်သည် သူခိုးတစ်ယောက် တစ်စုံတစ်ခု ခိုးယူနေသည်ကို မြင်၍ သူ့ကို ချက်ချင်းဖမ်းပြီး ရဲမှ လာရောက်ဖမ်းဆီးရန် စောင့်ဆိုင်းသည်ဆိုပါက ယင်းသည် မှားယွင်းကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည်။ အကြောင်းမှာ သင်သည် သာမန်နိုင်ငံသားတစ်ဦးသာ ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး အရာရှိတစ်ဦး မဟုတ်သောကြောင့် ဖြစ်သည့်အပြင် သင်၌ မည်သူ့ကိုမျှ ဖမ်းဆီးပိုင်ခွင့်မရှိပေ။ ရဲကသာလျှင် တစ်စုံတစ်ဦးကို ဖမ်းဆီးပိုင်ခွင့် ရှိသည်။ သင်သည် သူခိုးတစ်ယောက် တစ်စုံတစ်ခု ခိုးယူသည်ကို မြင်သည့်အခါ သင်သည် ရဲကို တိုင်ကြားနိုင်သော်လည်း သူခိုးကို သင်ကိုယ်တိုင် ဖမ်းဆီး၍မရပေ။ အကယ်၍ သင်သည် သူခိုးတစ်ဦးကို အလျဉ်းသင့်သလို ဖမ်းဆီးလိုက်ပါက တရားမဝင် ပြုမူနေခြင်း ဖြစ်ကာ ဤသည်မှာ အနောက်နိုင်ငံများရှိ ဥပဒေဖြစ်သည်။ တရုတ်လူမျိုးတို့၏ “ရိုးရာအစဉ်အလာအရ ကောင်းမြတ်သောအကျင့်” ကို အနောက်နိုင်ငံများတွင် ကျင့်သုံးရန် မသင့်လျော်ပေ။ အနောက်နိုင်ငံများတွင် ယင်းတို့၏ ကိုယ်ပိုင်ဥပဒေများ ရှိသည်။ အကယ်၍ သင်သည် အနောက်နိုင်ငံတစ်နိုင်ငံရှိ လမ်းမပေါ်၌ တစ်စုံတစ်ဦး လဲကျနေသည်ကို မြင်လျှင် ဥပဒေက မည်သို့ ပြဋ္ဌာန်းထားသနည်း။ သင်သည် သွားရောက်၍ “သင် အဆင်ပြေရဲ့လား။ အကူအညီ လိုအပ်ပါသလား” ဟု မေးမြန်းရမည်။ အကယ်၍ ထိုလူက အကူအညီမလိုအပ်ကြောင်း ပြောပါက သင်ထွက်သွားနိုင်သည်။ အကယ်၍ သင်သည် တစ်စုံတစ်ဦး လဲကျနေသည်ကို မြင်သော်လည်း သူ့ကို အဆင်ပြေရဲ့လားဟု မေးမြန်းခြင်း သို့မဟုတ် ကြည့်ရှုစစ်ဆေးခြင်းမပြုဘဲ ဆက်လက်၍သာ လျှောက်သွားပါက သင်သည် ဥပဒေချိုးဖောက်နေခြင်း ဖြစ်သည်။ အကယ်၍ တရုတ်နိုင်ငံတွင် ထိုသို့သောအခြေအနေမျိုးကို ကြုံတွေ့ရပါက ယင်းမှာ လှည့်စားမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ယင်းကို သင်လျစ်လျူရှုပါက သင့်အပေါ် မည်သည့်အရာမျှ ဖြစ်လာမည်မဟုတ်ပေ။ အကယ်၍ သင်က “သင် အဆင်ပြေရဲ့လား။ အကူအညီ လိုအပ်ပါသလား” ဟု မေးမြန်းပါက ယင်းမှာ သင့်အတွက် ဒုက္ခဖြစ်သွားနိုင်ပြီး ထိုလူက သင့်ကို ရိုက်စားလုပ်ချင်လုပ်နိုင်ကာ ထို့နောက်တွင် သင်သည် ကောင်းမွန်သောဘဝဖြင့် နောက်ထပ် ပြန်လည်နေထိုင်နိုင်မည့်အရေးကို မစဉ်းစားလေတော့နှင့်။ ဤကိစ္စရပ်နှစ်ခုက သင်တို့ကို မည်သည့်အရာ ပြောပြသနည်း။ မတူညီသော နိုင်ငံများနှင့် မတူညီသော လူမျိုးများကြားရှိ ပညာရေးသည် လူမှုပတ်ဝန်းကျင်များနှင့် လူမှုစနစ်များအပြင် ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ တကယ်ကို ကွဲပြားသကဲ့သို့ပင် လုံးဝကွဲပြားခြားနားပေသည်။ ပြင်ပရေးရာအလုပ်နှင့် ပတ်သက်လာလျှင် တစ်ဖက်တွင် ဤအလုပ်ကို လုပ်ဆောင်နေသော လူတို့သည် အသင်းတော်အလုပ်နှင့် သက်ဆိုင်သော ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ပြဋ္ဌာန်းချက်များကို တိကျစွာ နားလည်ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင်မူ ညီအစ်ကိုမောင်နှမများ သိရှိရန် လိုအပ်သည့် အချို့သော သာမန်ဘဝဆိုင်ရာ အသိပညာ သို့မဟုတ် ဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း ၎င်းတို့ ဖြန့်ဝေသင့်သည်။ ထို့ကြောင့် ဘုရားအိမ်တော်တွင် ဤအလုပ်ကိစ္စနှင့်ပတ်သက်၍ အလုပ်အစီအစဉ်များ ရှိပြီး ယင်းကို ထမ်းဆောင်သူတို့အား ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို သက်ဆိုင်ရာ ဥပဒေများနှင့် အစိုးရစည်းမျဉ်းစည်းကမ်းများကို ဦးစွာ အမြဲတမ်း တိုင်ပင်ဆွေးနွေးရန် တောင်းဆိုထားသည်။ အထူးသဖြင့် ဖြေရှင်းရန် ခက်ခဲသော အရေးကိစ္စများနှင့် ကြုံတွေ့ရသည့်အခါ ၎င်းတို့သည် ရှေ့နေတစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ကြောင်းကျိုးမမြင်ဘဲ ချမှတ်ခြင်း သို့မဟုတ် တရုတ်လူမျိုးတို့၏ တွေးခေါ်ပုံနှင့် ယုတ္တိဗေဒအရ ဖြေရှင်းနည်းများကို ဖော်ထုတ်ခြင်း မပြုရ၊ ဤသည်မှာ စဉ်းစားဉာဏ်မဲ့ပြီး ပညာမဲ့သော လုပ်ဆောင်ပုံ ဖြစ်သည်။ ဤအရာများကို သင်နားလည်သည့်အခါမှသာ ပြင်ပရေးရာအလုပ်၏ အရေးပါမှုကိုလည်းကောင်း၊ ယင်းက မည်သည့်ရလဒ်များကို စွမ်းဆောင်ရရှိရန် ရည်ရွယ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်အတွက် ဤအလုပ်အစီအစဉ်များကို ပြုလုပ်ရန် အဘယ်မျှ လိုအပ်သည်ကိုလည်းကောင်း သင်သိရမည်ဖြစ်သည်။ ဤအလုပ်ကိစ္စ၏ အတိုင်းအတာသည် သိပ်မကြီးမားသဖြင့် အခြေအနေအများစုတွင် ဤအလုပ်၌ ပါဝင်သည့် ဝန်ထမ်းများအား ယင်း၏ အလုပ်အစီအစဉ်များကို ရှင်းလင်းစွာ နားလည်စေရုံမျှဖြင့် လုံလောက်သည်။ အကယ်၍ ယင်းသည် ညီအစ်ကိုမောင်နှမများ သိရှိရန် လိုအပ်သည့်အရာဖြစ်ပါက ၎င်းတို့ကို နားလည်သဘောပေါက်စေရန် ကူညီပေးလော့။ ညီအစ်ကိုမောင်နှမများသည် နိုင်ငံရပ်ခြားတွင် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းနှင့် သက်ဆိုင်သော ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို နားမလည်လျှင် မဖြစ်သောကြောင့် ပြင်ပရေးရာ အလုပ်သည်လည်း အလွန်အရေးကြီးလေသည်။ ဘုရားအိမ်တော်တွင် ဤကိစ္စရပ်၌ လိုအပ်သည့်အရာနှင့် ပတ်သက်၍ တိကျသော အလုပ်အစီအစဉ်များ ရှိပြီး ဤအရာကို အလုပ်အစီအစဉ်များအပေါ် အခြေခံ၍ အကောင်အထည်ဖော်ရန်သာ လိုအပ်သည်။ အထူးအခြေအနေများ ပေါ်ပေါက်လာပါက ဘုရားအိမ်တော်သည် အရေးပေါ် ဖြေရှင်းနည်းအချို့ကို ဖန်တီးရေးဆွဲပေးလိမ့်မည်။ အကယ်၍ အလုပ်တာဝန်တစ်ခုသည် ပြင်ပရေးရာအလုပ်နှင့် သက်ဆိုင်ပါက သင်သည် ပြင်ပရေးရာ ဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးရမည်ဖြစ်ပြီး ထိုအလုပ်တာဝန်နှင့်ပတ်သက်၍ ဘုရားအိမ်တော်တွင် တိကျသော မည်သည့်အစီအစဉ်များ ရှိကြောင်း ကြည့်ရမည်၊ သင်၏ စိတ်အထင်ကို ကြောင်းကျိုးမမြင်ဘဲ အားကိုးခြင်းနှင့် အသိပညာမဲ့သော လုပ်ဆောင်ခြင်းကို မပြုနှင့်။ ထိုနည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းသည် ဒုက္ခဖြစ်စေနိုင်မည်ဖြစ်ပြီး အကျိုးဆက်များမှာ စဉ်းစား၍ပင်မရနိုင်လောက်အောင် ဆိုးရွားလိမ့်မည်။ ပြင်ပရေးရာ အလုပ်သည်လည်း လုပ်ငန်းတစ်ခုတည်းရှိသည့် အလုပ်တာဝန်ဖြစ်ပြီး မရှုပ်ထွေးသည့်အပြင် တိကျသော အလုပ်ကိစ္စအများစုကို အလုပ်အစီအစဉ်များထဲတွင် ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ လူတို့သည် နိုင်ငံရပ်ခြားတွင် ပြင်ပရေးရာ အလုပ်ကို ပထမဆုံး စတင်လုပ်ဆောင်သည့်အခါ ယင်းမှာ အနည်းငယ် ရှုပ်ထွေးသည်ဟု ခံစားရနိုင်သော်လည်း အချိန်အတန်ကြာ လုပ်ဆောင်ပြီးနောက် ၎င်းတို့သည် ပုံစံများနှင့် နည်းလမ်းများကို ရှာဖွေတွေ့ရှိကြပြီး ယင်းမှာ ထိုမျှ ရှုပ်ထွေးပုံမရတော့ပေ။ အစပိုင်းတွင် နိုင်ငံရပ်ခြားသွားသည့် တရုတ်လူမျိုးတို့သည် စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ ညဘက် အိပ်ရာဝင်နောက်ကျလွန်းခြင်း၊ နံနက်ခင်း အိပ်ရာထစောလွန်းခြင်း၊ ၎င်းတို့၏ခွေးများ ဟောင်သဖြင့် လူတို့ကို အနှောင့်အယှက်ပေးခြင်း၊ လသာဆောင်များတွင် အဝတ်လှန်းခြင်း၊ ကားကို မတော်တရော် ရပ်နားခြင်းတို့အတွက် တိုင်ကြားခံခဲ့ကြရကာ အမှုအရာများစွာအတွက် တိုင်ကြားခံခဲ့ကြရသည်။ ကုန်ကုန်ပြောရလျှင် ၎င်းတို့သည် အကြိမ်များစွာ တိုင်ကြားခံခဲ့ရပြီး ရဲများက ၎င်းတို့ကို လမ်းညွှန်မှုပေးရန် ၎င်းတို့၏ တံခါးများကို အမြဲလာခေါက်ရကာ အချိန်ကြာမြင့်စွာ ကုန်လွန်ပြီးနောက်မှသာ မိမိတို့သည် နိုင်ငံရပ်ခြားတွင် ရှိနေကြပြီး တရုတ်နိုင်ငံတွင် ရှိနေကြခြင်းမဟုတ်ကြောင်း ၎င်းတို့ သဘောပေါက်ခဲ့ကြသည်။ တဖြည်းဖြည်းဖြင့် ၎င်းတို့သည် သတိရှိလာကြပြီး ဥပဒေအသိအမြင် အနည်းငယ်ရှိလာကာ ဘဝ၊ အလုပ်၊ ယာဉ်မောင်းခြင်း စသည်တို့နှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းအချို့ကို နားလည်လာခဲ့ကြသည်။ တရုတ်လူမျိုးတို့ နိုင်ငံရပ်ခြားသို့ ပထမဆုံး သွားသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို မည်သို့ ကျင့်ကြံပြုမူရမည်ဟူသော အခြေခံကျင့်ဝတ်အချို့ကိုသာ နားလည်ပြီး ဥပဒေဆိုင်ရာ ကိစ္စရပ်အများစုနှင့်ဆိုင်သည့် သာမန်အသိ မရှိခဲ့ကြပေ။ ၎င်းတို့သည် ဥပဒေအသိအမြင်မရှိဘဲ တောရိုင်းတိရစ္ဆာန်များကဲ့သို့ပင် ဖြစ်ခဲ့ကြသည်။ နှစ်အနည်းငယ်ကြာပြီးနောက် ၎င်းတို့သည် ယဉ်ပါးအောင်လေ့ကျင့်ပေးခြင်း ခံထားရသကဲ့သို့ အသိပညာအချို့ ရရှိခဲ့ကြပြီး စည်းမျဉ်းစည်းကမ်းအချို့ကို နားလည်ခဲ့ကြကာ အနည်းငယ် တိုးတက်လာခဲ့ကြသည်။

၉ အသင်းတော် ကောင်းကျိုးချမ်းသာ

အချက်ကိုး၊ အသင်းတော် ကောင်းကျိုးချမ်းသာ။ ဘုရားအိမ်တော်သည် အသင်းတော် ကောင်းကျိုးချမ်းသာနှင့်ပတ်သက်၍ ယခင်က အလုပ်အစီအစဉ်များ ပြုလုပ်ခဲ့ပြီးဖြစ်ကာ အကယ်၍ အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူများ သို့မဟုတ် ၎င်းတို့၏ မိသားစုများက စားဝတ်နေရေးအလျဉ်မီရန်အတွက် အကူအညီ လိုအပ်လျှင် အသင်းတော်ခေါင်းဆောင်များက ဤကိစ္စကို ဖြေရှင်းပေးရမည်။ တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များနှင့် စည်းမျဉ်းများကို ဤအလုပ်အစီအစဉ်များတွင် တွေ့ရှိနိုင်ပြီး ဘုရားအိမ်တော်က တိကျသော ဖော်ပြချက်များနှင့် ပြဋ္ဌာန်းချက်များကို ပေးထားပြီးဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းကြောင့် အကျဉ်းကျခံရသဖြင့် မိမိတို့၏ မိသားစုများ၏ နေ့စဉ်အသက်တာများအတွက် အခက်အခဲ ဖြစ်စေသော ညီအစ်ကိုမောင်နှမများ၊ အိမ်နှင့်ဝေးရာတွင် အချိန်ကြာမြင့်စွာ တာဝန်ထမ်းဆောင်နေပြီး မိမိတို့၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ရန် မည်သူမျှမရှိသည့် မိဘများနှင့် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီးသော နာမကျန်းသည့် ညီအစ်ကိုမောင်နှမများ စသည့် ဤအခက်အခဲများနှင့် အခြားထိုသို့သော အခက်အခဲများအတွက် အသင်းတော်က ကူညီဖြေရှင်းပေးသင့်သည်။ ဤအလုပ်ကိစ္စနှင့် သက်ဆိုင်သော အထူးအခြေအနေတစ်ရပ် ရှိကာ၊ ယင်းမှာ အချို့သော မိသားစုများသည် ညီအစ်ကိုမောင်နှမများကို မိမိတို့၏ နေအိမ်များတွင် ဧည့်ဝတ်ပြုရန် သတ်မှတ်ချက်များနှင့် ကိုက်ညီသော်လည်း ဝင်ငွေရလမ်း မရှိသည့်အခါမျိုး ဖြစ်သည်။ သို့ဆိုလျှင် ညီအစ်ကိုမောင်နှမများကို ဧည့်ဝတ်ပြုခြင်းအတွက် ၎င်းတို့၏ ကုန်ကျစရိတ်များကို မည်သို့ ကိုင်တွယ်သင့်သနည်း။ ဤသည်မှာ အသင်းတော် ကောင်းကျိုးချမ်းသာဆိုင်ရာ အလုပ်တွင် အကျုံးဝင်သည်။ ဤအရာနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များကို အလုပ်အစီအစဉ်များတွင် ရှာဖွေတွေ့ရှိနိုင်သည်၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဧည့်ခံခြင်းအလုပ်ကို ဆောင်ရွက်ရန်အလို့ငှာ ဒေသအခြေအနေအရ အသင်းတော်၏ အရင်းအမြစ်များကို မျှမျှတတ ခွဲဝေချထားနိုင်ကာ အသင်းတော်တွင် ဤအရာအားလုံးအတွက် တိကျသော ပြဋ္ဌာန်းချက်များ ရှိသည်။ အကယ်၍ ဤတိကျသော ပြဋ္ဌာန်းချက်များ၏ ဘောင်အပြင်ဘက်တွင် အချို့သော အထူးအခြေအနေများ ရုတ်တရက် ပေါ်ပေါက်လာပါက ခေါင်းဆောင်များနှင့် အမှုဆောင်များက ထိုကိစ္စကို မိတ်သဟာယဖွဲ့ကာ ဆွေးနွေးနိုင်ပြီး ထိုဒေသ၏ ပုံမှန်လူနေမှုအဆင့်အတန်းများကို အခြေခံ၍ ခိုင်မာပြီး မျှတသော အစီအစဉ်များကို ပြုလုပ်နိုင်သည်။ ဤသည်မှာ ကြီးမားကျယ်ပြန့်သော အလုပ်ကိစ္စတစ်ခု မဟုတ်သကဲ့သို့ အလွန်အရေးကြီးသော အလုပ်တာဝန်တစ်ခုလည်း မဟုတ်လင့်ကစား ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အတိုင်းအတာ၌ အကျုံးဝင်သော အလုပ်ဖြစ်ပြီး ယင်းကို လျစ်လျူရှု၍မရပေ။ အကယ်၍ စားဝတ်နေရေး အလျဉ်မီရန်အတွက် ထောက်ပံ့မှု သို့မဟုတ် ငွေကြေးအကူအညီ လိုအပ်သူ တစ်ဦးတစ်ယောက်မျှ မရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သောလူများကို ရှာဖွေဖို့ အထူးတလည် ကြိုးစားအားထုတ်ရန် မလိုအပ်ပေ။ အကယ်၍ ထိုသို့သောလူများ ရှိပါက ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို လျစ်လျူရှုခြင်း၊ ဘာမျှမလုပ်ဘဲ လက်ပိုက်ကြည့်နေခြင်း သို့မဟုတ် ၎င်းတို့ကို မမြင်ချင်ယောင်ဆောင်ခြင်းတို့ကို ပြုဖို့နေနေသာသာ၊ ၎င်းတို့ကို ရှောင်တိမ်းခြင်းပင် မပြုသင့်ပေ။ ၎င်းတို့သည် စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သင့်ကာ ဤသည်မှာ ၎င်းတို့၏ တာဝန်ဝတ္တရား ဖြစ်သည်။

၁၀။ အရေးပေါ်အစီအစဉ်များ

အချက်တစ်ဆယ်၊ အရေးပေါ် အစီအစဉ်များ။ အရေးပေါ်အစီအစဉ်များသည် ဘုရားအိမ်တော်အလုပ်၏ မည်သည့်အပိုင်းတွင်မဆို ပေါ်ပေါက်လာသည့် အထူးအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းသည်။ အကယ်၍ ဧဝံဂေလိအလုပ် သို့မဟုတ် စီမံအုပ်ချုပ်ရေးအလုပ် သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ အလုပ်တွင် အရေးတကြီး ဖြေရှင်းရန်လိုအပ်သော ပြဿနာများ ပေါ်ပေါက်လာခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့တည်းမဟုတ် အန္တိခရစ်များ သို့မဟုတ် အယောင်ဆောင်ခေါင်းဆောင်များ ပါဝင်သည့် ကိစ္စတစ်ခုကို ကိုင်တွယ်နေသည်ဖြစ်စေ၊ သို့တည်းမဟုတ် လူတို့အနေဖြင့် အထင်အမြင်မှားစေခြင်း ခံထားရသည့် အထူးအခြေအနေတစ်ရပ်ရပ်ကို ပိုင်းခြားသိမြင်နေသည်ဖြစ်စေ၊ ဤအရာအားလုံးသည် အရေးပေါ်အစီအစဉ်များ အမျိုးအစားတွင် ပါဝင်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အဖျက်အမှောင့်လုပ်ခြင်းများနှင့် အနှောင့်အယှက်များ ဖြစ်စေလျှင်၊ သို့တည်းမဟုတ် အန္တိခရစ်တစ်ဦးက ထင်ရာစိုင်းပြီး အာဏာရှင်ဆန်ကာ မိမိ၏ကိုယ်ပိုင်နိုင်ငံတော်ကို တည်ထောင်ရန် ကြိုးစားနေလျှင် စသည်ဖြင့်၊ ဤအခြေအနေများထဲမှ တစ်ခုနှင့်ပတ်သက်၍ တိကျစွာ စီစဉ်ဆောင်ရွက်ရန်အတွက် အလုပ်အစီအစဉ်တစ်ခု ဖန်တီး‌ရေးဆွဲဖို့ ထိုက်တန်ကြောင်း ဘုရားအိမ်တော်က တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ ဆက်သွယ်ပြောကြားချက်ကို စာဖြင့် ထုတ်ပြန်လိမ့်မည်။ အရေးပေါ် အစီအစဉ်များသည် ထိုအချိန်တွင် အသင်းတော်၌ ဖြစ်ပေါ်နေသည့် အချို့သော အရေးပေါ်အခြေအနေများကို အခြေခံပြီး အထက်မှနေ၍ အခြေအနေများ၏ ပြင်းထန်မှုအတိုင်းအတာအရ တိကျသော အလုပ်အစီအစဉ်များကို ဖန်တီးရေးဆွဲပြီးနောက် ယင်းတို့ကို ထုတ်ပြန်၍ ဆက်သွယ်ပြောကြားသည်။ တိကျသော အစီအစဉ်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် မည်သည့်အလုပ်ကိစ္စနှင့်မဆို သက်ဆိုင်ကောင်း သက်ဆိုင်မည်ဖြစ်ကာ ယင်းကို အထက်မှ စီစဉ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များကို အကောင်အထည်ဖော်ရန် တောင်းဆိုသရွေ့ ခေါင်းဆောင်များနှင့် အမှုဆောင်များက ၎င်းကို အထက်၏ အလုပ်အစီအစဉ်များနှင့်အညီ ထုတ်ပြန်ပြီး အကောင်အထည်ဖော်ရမည်။ ၎င်းတို့သည် ဤအလုပ်အစီအစဉ်များကို ပေါ့ပေါ့တန်တန် သဘောမထားရပေ။ အထက်က ဤသို့သော အလုပ်အစီအစဉ်မျိုးများကို ပြုလုပ်သည့်အခါ ယင်းတို့သည် မည်သည့် စီမံအုပ်ချုပ်ရေးအလုပ် သို့မဟုတ် တိကျသော မည်သည့်အတတ်ပညာပိုင်းဆိုင်ရာ အလုပ်ထက်မျှ မနိမ့်ကျပေ။ ဤအလုပ်အစီအစဉ်များသည် ယာယီသာ ဖြစ်သော်လည်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို တရားဝင်သတ်မှတ်ထားသော အလုပ်အစီအစဉ်များကဲ့သို့ပင် ထုတ်ပြန်ခြင်း၊ ဆက်သွယ်ပြောကြားခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် နောက်ဆက်တွဲလုပ်ဆောင်ခြင်းတို့ကို ပြုလုပ်နေသေးသင့်ပြီး ထို့နောက်တွင် အထက်သို့ ရှင်းတမ်းနှင့် အစီရင်ခံစာ ပေးပို့သင့်ကာ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။ အရေးပေါ် အစီအစဉ်များသည် တိကျသော မည်သည့်အလုပ်ကိစ္စအတွက်မျှ ရည်ရွယ်မထားပေ။ ဆိုလိုသည်မှာ အထက်သည် ကဏ္ဍအသီးသီးရှိ အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များအားလုံးကို လုပ်ငန်းတာဝန်တစ်ခု ခန့်အပ်ခြင်း၊ သတ်မှတ်ချက်တစ်ခု ပြုလုပ်ခြင်း သို့မဟုတ် အလုပ်အစီအစဉ်တစ်ခု ပေးအပ်ခြင်းတို့ကို အချိန်မရွေး ပြုလုပ်မည်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤသို့သော အလုပ်ကို လျစ်လျူမရှုရပေ။ ယင်းတို့သည် အလုပ်အစီအစဉ်များ ဖြစ်ပြီး အဆင့်အမျိုးမျိုးမှ ခေါင်းဆောင်များအားလုံးနှင့် ကဏ္ဍအားလုံးသို့ ထုတ်ပြန်ထားသည့်အတွက် ယင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများ၏ အတိုင်းအတာ၌ အကျုံးဝင်သော အလုပ်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လက်ပိုက်ကြည့်မနေသင့်သကဲ့သို့ အလုပ်ကို အကြီးအငယ်၊ မိမိတို့နှင့် အကျုံးဝင်သည့် အလုပ်ဖြစ်သည် မဖြစ်သည်ဟု အမျိုးအစားခွဲခြားခြင်း၊ သို့မဟုတ် အချိန်မီ အကောင်အထည်ဖော်ရန် မဖော်ရန် ဆုံးဖြတ်ဖို့အတွက် အလုပ်အစီအစဉ်များ၌ ရှိသည့် အထက်၏ လေသံနှင့် အရေးတကြီးဖြစ်မှုအပေါ် မှန်းဆခြင်းတို့ကို မပြုသင့်ပေ။ ထိုကဲ့သို့သောအရာများ မဖြစ်သင့်ပေ။ ထိုအစား ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအလုပ်ကို တရားဝင်သတ်မှတ်ထားသော အလုပ်တစ်ခုကို ဆောင်ရွက်သကဲ့သို့ ဆောင်ရွက်သင့်ပြီး အရေးကြီးသော လုပ်ငန်းတာဝန်နှင့် တာဝန်ပေးစေခိုင်းချက်တစ်ခုအဖြစ် သဘောထားလျက် ပြီးမြောက်အောင် လုပ်ဆောင်သင့်ကာ၊ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရား ဖြစ်သည်။ အထူးအခြေအနေများတွင် အရေးပေါ်အစီအစဉ်များရှိပြီး ဤသည်မှာ အထူးနောက်ခံအခြေအနေများတွင် ဆောင်ရွက်ရသော အလုပ်ဖြစ်သည်။ တိကျပြီး အထူးတလည်ဖြစ်သော အရာအချို့ ဖြစ်ပျက်သည့်အခါ ပို၍လက်တွေ့ကျသော နည်းလမ်းဖြင့် သမ္မာတရားအား အသုံးပြုလျက် လူတို့နှင့် အမှုအရာများကို ပိုင်းခြားသိမြင်လာနိုင်ရန်၊ လူတို့နှင့် အမှုအရာများကို မည်ကဲ့သို့ ထိုးထွင်းသိမြင်ပြီး သမ္မာတရားနှင့်ပတ်သက်၍ ပို၍ကြီးမားသော နားလည်သဘောပေါက်မှုအား မည်ကဲ့သို့ စွမ်းဆောင်ရရှိရမည်ကို သင်ယူရန် ခေါင်းဆောင်များနှင့် အမှုဆောင်များ သို့မဟုတ် ညီအစ်ကိုမောင်နှမများအား ဤအခွင့်အရေးကို အသုံးချတတ်ဖို့အတွက် အထက်မှနေ၍ ဤနောက်ခံအခြေအနေများနှင့် ဖြစ်ရပ်များကို အသုံးပြုမည်ဖြစ်သည်။ ဤသို့ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လူတို့အား အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်စေဖို့ ထောက်ကူပေးရန် ဖြစ်သည်။ ဤအရာအပြင် ညီအစ်ကိုမောင်နှမများကို ၎င်းတို့၏ အသင်းတော်အသက်တာအတွက် တိတ်ဆိတ်ငြိမ်သက်ပြီး သင့်လျော်ကာ အနှောင့်အယှက်ကင်းသော ပတ်ဝန်းကျင်တစ်ခု ရရှိစေဖို့ ထောက်ကူပေးရန်လည်း ပြုလုပ်ခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် လူတို့အား သင်ခန်းစာအမျိုးမျိုးကို အချိန်မီသင်ယူဖို့နှင့် လေ့ကျင့်မှုကို ရရှိဖို့ ထောက်ကူပေးရန်လည်း ပြုလုပ်ခြင်းဖြစ်သည်။ ဤနည်းလမ်းဖြင့် တစ်ကြိမ် လေ့ကျင့်ခံရပြီးနောက် လူတို့သည် ၎င်းတို့၏ အသက်တာများတွင် ကြီးမားစွာ ရင့်ကျက်တိုးတက်လာလိမ့်မည်။ ဤသည်မှာ အထက်မှနေ၍ အဆင့်အမျိုးမျိုး၌ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များအပြင် ညီအစ်ကိုမောင်နှမများ၊ အထူးသဖြင့် သမ္မာတရားကို လိုက်စားသော ထိုညီအစ်ကို မောင်နှမများကို လေ့ကျင့်ပေးသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ယင်း၌ မလိုမုန်းထားခြင်း မရှိ၊ အထက်သည် လူတို့ကို ညှဉ်းပန်းနေခြင်း မဟုတ်သကဲ့သို့ ဘာမျှမရှိခြင်းမှနေ၍ ပုံကြီးချဲ့နေခြင်းလည်း မဟုတ်ပေ။ ၎င်းတို့သည် ယာယီအလုပ်အစီအစဉ်များဖြစ်သည့် အရေးပေါ်အစီအစဉ်များ ဖြစ်သော်လည်း၊ ယင်းတို့သည် အရေးပါပြီး တန်ဖိုးရှိနေဆဲဖြစ်ကာ အဆင့်အမျိုးမျိုး၌ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများက ဤအရာကို နားလည်ပြီး မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ငါမျှော်လင့်သည်။

ငါတို့သည် အလုပ်အစီအစဉ် အားလုံးပေါင်း ၁၀ ချက်ကို ဖော်ပြခဲ့ပြီးဖြစ်ကာ ယခု ဤ ၁၀ ချက်နှင့်ပတ်သက်၍ အခြေခံအားဖြင့် ငါ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ငါသည် ယင်းတို့အပေါ် အလွန်အသေးစိတ်ကျကျ မိတ်သဟာယမဖွဲ့ခဲ့သော်လည်း ငါမိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ အလုပ်အစီအစဉ်များဟူသည် အတိအကျ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ဘုရားအိမ်တော်က တိကျသော မည်သည့်အလုပ်ကို လုပ်ဆောင်သည်ကိုလည်းကောင်း သင်တို့ကို နားလည်သဘောပေါက်စေရန် လုံလောက်ပေသည်။ အခြားတစ်ဖက်တွင် ဤတိကျသော အချက်များမှတစ်ဆင့် ဘုရားသခင်သည် အသင်းတော်ထဲနှင့် သူရွေးချယ်ထားသောသူတို့ကြားတွင် အတိအကျ မည်သည့်အရာကို လုပ်ဆောင်နေသည်ကို သင်တို့နားလည်အောင် ထောက်ကူပေးခဲ့ပြီးဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်သည် စီးပွားရေးလုပ်ငန်းတစ်ခုတွင် ပါဝင်နေခြင်း သို့မဟုတ် နိုင်ငံရေး သို့မဟုတ် လူ့အခွင့်အရေးတွင် ပါဝင်နေခြင်း မဟုတ်သကဲ့သို့ မည်သည့် ကုန်သွယ်မှုဆိုင်ရာ လှုပ်ရှားမှုတွင်မျှ ပါဝင်နေခြင်းလည်း မဟုတ်ပေ။ ဘုရားအိမ်တော်က လုပ်ဆောင်သည့် အလုပ်ကိစ္စများမှာ အလုပ်အစီအစဉ်များတွင် တွေ့ရသော အရာများဖြစ်သည်။ ထို့ကြောင့် အချို့သော အာဏာရပါတီများနှင့် လူမှုရေးအဖွဲ့အစည်းများသည် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်နှင့်ပတ်သက်၍ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို အမြဲတမ်း ခြေရာခံခြင်း၊ ရှာဖွေခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်နေကြကာ၊ ဖြစ်နိုင်သည်မှာ ဘုရားအိမ်တော်၏ ဗီဒီယိုများနှင့် ဝက်ဘ်ဆိုဒ်များကို ကြည့်ရှုခြင်းမှတစ်ဆင့် ဤအရာကို လေ့လာခြင်းအားဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်သည် စစ်မှန်သော ယုံကြည်မှုတစ်ခုဖြစ်ပြီး မည်သည့်နိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုများတွင်မျှ မပါဝင်ကြောင်း ၎င်းတို့ အတည်ပြုခဲ့ပြီးဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်အသင်းတော်သည် စီစီပီ၏ သွေးရူးသွေးတန်း ဖိနှိပ်မှုများနှင့် တိုက်ခိုက်မှုများကို နှစ်ပေါင်းများစွာ ခံစားခဲ့ရသော်လည်း ဆက်လက်၍ ဧဝံဂေလိတရားကို ဟောပြောပြီး ဘုရားသခင်အတွက် သက်သေခံနေဆဲဖြစ်သည့်အပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ သမ္မာတရားနှင့် အမျိုးမျိုးသော သက်သေခံချက် ဗီဒီယိုများကို အွန်လိုင်းပေါ်သို့ တင်ခဲ့ကာ လူ့အဖွဲ့အစည်းအတွက် အလွန်ကြီးမားပြီး များပြားလှသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးပြီး ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် သမ္မာတရားကို အစဉ်မပြတ် ဖော်ပြနေကြောင်းကို အပြည့်အဝ သက်သေထူခဲ့သည်။ ၎င်းတို့သည် ရှာဖွေပြီးရင်း ရှာဖွေနေကြကာ ၎င်းတို့၏ ရှာဖွေခြင်းမှ မည်သည့်ရလဒ်ကို ရရှိသနည်း။ ၎င်းတို့ ဆိုးဆိုးရွားရွား စိတ်မချမ်းမသာ ဖြစ်ကြသည်မဟုတ်လော။ ၎င်းတို့သည် ငါတို့၏ အသင်းတော်ကို “အယူမှားဂိုဏ်း” ဟု တံဆိပ်ကပ်ရန်နှင့် အသင်းတော်ကို ပါတီဆန့်ကျင်ရေးနှင့် နိုင်ငံတော်ဆန့်ကျင်ရေးဟု တံဆိပ်ကပ်ရန် မည်သည့်နိုင်ကွက် ရှာတွေ့ရမည်ကိုပင် စဉ်းစားခဲ့ကြသည်။ သို့သော် ယခုအခါ ၎င်းတို့သည် ဤသို့မလုပ်နိုင်ကြောင်း သိကြရကာ နှစ်များတစ်လျှောက် အသင်းတော်က ထုတ်ပြန်ခဲ့သော အလုပ်အစီအစဉ်များကို ချင့်ချိန်၍ ၎င်းတို့သည် အသင်းတော်အပေါ် ဤတံဆိပ်များကပ်ရန် မဖြစ်နိုင်သည့်အပြင် ၎င်းတို့၏ ရှာဖွေမှုအားလုံးမှာ အချည်းနှီးဖြစ်ခဲ့သည်။ ဤသည်မှာ ထိုခေတ်အခါက ဂျူးလူမျိုးတို့ သခင်ယေရှုကို လေ့လာခဲ့ကြသည့်အခါနှင့် တစ်ထပ်တည်းပင် ဖြစ်သည်။ ကျမ်းပြုဆရာများ၊ ဖာရိရှဲများနှင့် အစိုးရအရာရှိကြီးများက သခင်ယေရှု ပြောဆိုလုပ်ဆောင်သည့်အရာကို လေ့လာပြီး ကိုယ်တော်လုပ်ဆောင်သည့်အရာ တစ်ခုမျှ ဥပဒေကို ဆန့်ကျင်ခြင်း သို့မဟုတ် နိုင်ငံရေးနှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ သခင်ယေရှု ပြောဆိုလုပ်ဆောင်သမျှသည် မှန်ကန်ကြောင်း၊ သမ္မာတရားဖြစ်ကြောင်းနှင့် ကျမ်းစာများနှင့် လုံးလုံးလျားလျား ကိုက်ညီကြောင်း တွေ့ရှိကာ အဆုံးတွင် ၎င်းတို့ စိတ်မချမ်းမသာ ဖြစ်ခဲ့ကြရသည်။ ဘာသာရေးလောကသည် ယခုအခါ ဘုရားအိမ်တော်က ရုပ်ရှင်များနှင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုများကို ပို၍ပို၍ ထုတ်လုပ်နေသည်ကိုလည်းကောင်း၊ အထူးသဖြင့် ဘုရားနှုတ်ကပတ်တော် စာအုပ်များနှင့် ရွတ်ဆိုမှုများသည် အရေအတွက်အားဖြင့် တိုးပွားများပြားလာနေသည်ကိုလည်းကောင်း မြင်တွေ့နေရသဖြင့် ၎င်းတို့ မည်သို့ထင်သနည်း။ အကယ်၍ ဤအရာအားလုံးသည် ဘုရားသခင်ထံမှ လာကြောင်းကို ၎င်းတို့ မမြင်နိုင်ပါက ၎င်းတို့သည် အမှန်တကယ်ပင် အလွန့်အလွန် စဉ်းစားဉာဏ်မဲ့ကြသည်တကား။ ဘုရားသခင်ထံမှ လာသောအရာသည် ရှင်သန်ကြီးထွားရမည်သာ ဖြစ်ကာ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်အလုပ်၏ ရလဒ်ဖြစ်ပြီး မည်သူမျှ ဤအရာကို ဖုံးကွယ်၍မရပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး သူဖော်ပြသည့် သမ္မာတရားများကို လူသားမျိုးနွယ်အားလုံး၏ ရှေ့မှောက်တွင် ချပြထားပြီးဖြစ်သည်။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အလုပ်သည် အားကောင်းကောင်းဖြင့် ရှေ့သို့ချီတက်နေကာ မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်အင်အားစုကမျှ ယင်းကို မဆန့်ကျင်နိုင်ပေ။ အဆင်းနီသော နဂါးကြီးသည် လုံးလုံးလျားလျား အရှက်ရပြီး ရှုံးနိမ့်ခဲ့ပြီးဖြစ်သည်။ ဘာသာရေးလောကက မည်သို့ပင် ပြစ်တင်ရှုတ်ချပါစေ၊ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်ကို မခုခံနိုင်ဘဲ အဆုံးတွင် ၎င်း၏ အားကြီးသော အရှိန်အဟုန်ဖြင့် ဖယ်ရှားရှင်းလင်းခြင်းနှင့် နှစ်မြုပ်ခြင်းကိုသာ ခံရနိုင်သည်။

ယခုတွင် အလုပ်ကိစ္စအစီအစဉ်များနှင့်ပတ်သက်၍ ငါမိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ငါမိတ်သဟာယဖွဲ့ခဲ့သည့်အရာသည် ဘုရားအိမ်တော်မှ လုပ်ဆောင်သည့် အလုပ်အားလုံးနှင့် ပတ်သက်သည်မဟုတ်လော။ ဤအလုပ်သည် သင်တို့ မျက်စိဖြင့် မြင်ရသည့်အရာ၊ နားဖြင့် ကြားရသည့်အရာနှင့် သင်တို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားပြီး တန်ဖိုးထားသည့်အရာဖြစ်ကာ၊ ဤအရာနှင့်ပတ်သက်၍ လျှို့ဝှက်သောအရာ တစ်ခုမျှမရှိပေ။ အဆင်းနီသော နဂါးကြီးထံတွင် နှစ်များတစ်လျှောက် အသင်းတော်၏ အလုပ်အစီအစဉ်များအားလုံး ရှိကာ ၎င်းတို့ပိုင်ဆိုင်သော အလုပ်အစီအစဉ်များသည် များပြားပြီး ပြည့်စုံလှသည်။ ၎င်းတို့သည် ထိုအရာများကို နေ့စဉ် လေ့လာကြပြီး နောက်ဆုံး ဤကောက်ချက်ချသည်အထိ လေ့လာပြီးရင်း လေ့လာနေကြသည်မှာ “အကယ်၍ ဤလူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အစဉ်မပြတ် ဖြန့်ဝေပြီး ဘုရားသခင်၏ အလုပ်ကို ဤနည်းလမ်းဖြင့် သက်သေခံနေပါက ယင်းမှာ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။ ဤလူအားလုံးကို အမြစ်ဖြတ်ပစ်ရမည်ဖြစ်ကာ ၎င်းတို့ ပင်လယ်ရပ်ခြားသို့ ထွက်ပြေးလျှင်ပင် လွတ်ငြိမ်းချမ်းသာခွင့် မပေးရ” ဟူ၍ ဖြစ်သည်။ သင်တို့ မြင်သည့်အတိုင်း နတ်ဆိုးများသည် ဖောက်ပြန်ပျက်စီးသော သာမန်လူများနှင့်မတူ၊ ၎င်းတို့သည် ဘုရားသခင်ကို အဆုံးစွန်ထိ ဆန့်ကျင်ကြလိမ့်မည်။ အကယ်၍ ဖောက်ပြန်ပျက်စီးသော သာမန်လူများသည် အသင်းတော်မှ သက်သေခံချက်များကို မြင်တွေ့လျှင် ထိုအရာများကို နားလည်နိုင်ကြပြီး ကျိုးကြောင်းဆီလျော်သည်ဟု ထင်မှတ်ကြကာ မည်သည့် ညှဉ်းပန်းနှိပ်စက်မှုတွင်မျှ ပါဝင်ကြမည် မဟုတ်ပေ။ သို့သော်လည်း စာတန်နှင့် နတ်ဆိုးများမှာမူ ဤသို့မဟုတ်ပေ။ ၎င်းတို့က သင် ဘုရားသခင်နောက်လိုက်ပြီး ဘုရားသခင်အတွက် သက်သေခံနေသည်ကို မြင်သည့်အခါ သင့်ကို မုန်းတီးပြီး သင့်ကို သတ်လိုကာ အသက်ရှင်ခွင့် မပေးကြပေ။ အကယ်၍ သင်သည် ၎င်းတို့ပြောသည့်အတိုင်း မလုပ်ဆောင်၊ ၎င်းတို့ကို မကိုးကွယ်ပါက ၎င်းတို့သည် သင်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ပြီးဆုံးတော့မည် မဟုတ်သည့်အပြင် သင့်ကို အသက်ရှင်ခွင့် ပေးမည်မဟုတ်ပေ။ သင်မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့က သင်တို့ကို သေလုအောင် လိုက်လံရှာဖွေလိမ့်မည်။ သင်သည် ကမ္ဘာမြေကြီး၏ အစွန်းတိုင်အောင် သွားလျှင်ပင် ၎င်းတို့သည် သင့်ကို အလွတ်ပေးမည်မဟုတ်သေးပေ။ ဤသည်မှာ အဆင်းနီသောနဂါးကြီး လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ဤသည်မှာ စာတန်၏ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်ပြီး ဖောက်ပြန်ပျက်စီးသော သာမန်လူများနှင့် ကွဲပြားခြားနားသည်။ ဤအချက်ကို သင် ရှင်းရှင်းလင်းလင်း သိမြင်ရမည်။

အလုပ်အစီအစဉ်များကို တိကျစွာ ဆက်သွယ်ပြောကြားပြီး အကောင်အထည်ဖော်ရမည့်ပုံ

၁။ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားရမည့်ပုံ

ဤအလုပ်အစီအစဉ် ၁၀ ချက်သည် ဘုရားသခင်အနေဖြင့် အသင်းတော်ထဲနှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကြားတွင် လုပ်ဆောင်သည့် မတူညီသော အလုပ်အားလုံး၏ အပိုင်းအခြားနှင့် ပါဝင်သည့်အကြောင်းအရာ ဖြစ်သည်။ ဤအလုပ်၌ ပါဝင်သည့်အကြောင်းအရာနှင့် အပိုင်းအခြားကို နားလည်သဘောပေါက်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအား ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရာတွင် ကြီးကြပ်ရန် ကူညီပေးသည်။ အခြားတစ်ဖက်တွင် ယင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအား ၎င်းတို့၏ တာဝန်များ၏ အတိုင်းအတာကိုလည်းကောင်း၊ ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်နှင့် ဖြည့်ဆည်းသင့်သည့် တာဝန်များကိုလည်းကောင်း နားလည်သဘောပေါက်စေရန်နှင့် “ခေါင်းဆောင်များနှင့် အမှုဆောင်များ” ဟူသည့် ဂုဏ်ပုဒ်၏ တိကျမှန်ကန်သော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ရရှိစေရန် အဓိကအားဖြင့် ကူညီပေးသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များမှာ အဘယ်နည်း။ ၎င်းတို့သည် မည်သို့သော ပုံသဏ္ဌာန်ဖြင့် အသက်ရှင်နေထိုင်သင့်သနည်း။ ၎င်းတို့သည် နိုင်ငံတော်အစိုးရ၏ အရာရှိများကဲ့သို့ ဖြစ်သင့်သလော။ (မဖြစ်သင့်ပါ။) “ခေါင်းဆောင်များနှင့် အမှုဆောင်များ” သည် ရာထူး သို့မဟုတ် ဂုဏ်ပုဒ်တစ်ခု မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သည့် တာဝန်များမှလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့် တာဝန်ပေးစေခိုင်းချက်နှင့် သူတောင်းဆိုသည့် စံနှုန်းများမှလည်းကောင်း ခေါင်းဆောင်များနှင့် အမှုဆောင်များမှာ အဘယ်အရာဖြစ်သည်ကို နားလည်သင့်သည်။ ဤနည်းအားဖြင့် လူတစ်ဦးသည် “ခေါင်းဆောင်များနှင့် အမှုဆောင်များ” ဟူသော ရာထူးနှင့်ပတ်သက်၍ အတော်အတန် ခိုင်မာသော နားလည်သဘောပေါက်မှုတစ်ခု ရရှိလာမည်ဖြစ်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ် ပို၍ ရှင်းလင်းလာမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ အနည်းဆုံး ဖြည့်ဆည်းသင့်သည့် တာဝန်များမှာ အဘယ်နည်း။ အချက်ကိုးတွင် ဖော်ပြထားသည့်အတိုင်း ဘုရားအိမ်တော်၏ လိုအပ်ချက်များနှင့်အညီ အလုပ်အစီအစဉ်တစ်ခုစီကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ၎င်းတို့ ပြုလုပ်သင့်သည်။ အလုပ်အစီအစဉ်သည် မည်သည့်ကဏ္ဍနှင့် သက်ဆိုင်သည်ဖြစ်စေ၊ ယင်းကို ခေါင်းဆောင်များနှင့် အမှုဆောင်များမှတစ်ဆင့် ဆက်သွယ်ပြောကြားနေသမျှ ကာလပတ်လုံး ၎င်းတို့ လုပ်ဆောင်ရမည့်အရာမှာ အလုပ်အစီအစဉ်ကို လုံးဝတိကျမှန်ကန်သော နားလည်သဘောပေါက်မှုတစ်ခု ရရှိပြီးနောက် အသင်းတော်များထံ မဆိုင်းမတွ၊ ရပ်စဲခြင်းမရှိ ဆက်သွယ်ပြောကြားရန် ဖြစ်သည်။ ဘုရားအိမ်တော်သည် အလုပ်အစီအစဉ်များကို တရားဟောသူများ၊ အသင်းတော်ခေါင်းဆောင်င့် အသင်းတော်သင်းထောက် အဆင့်ရှိသောလူများ အပါအဝင် အဆင့်အမျိုးမျိုး၌ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များထံသို့ ဆက်သွယ်ပြောကြားရန် လိုအပ်ပါက အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်း ခံရသူတို့အနေဖြင့် ယင်းတို့ကို ဤအဆင့်ရှိလူများအထိတိုင် ဆက်သွယ်ပြောကြားသင့်ကာ ထိုအတိုင်းပင် ဖြစ်သည်။ အကယ်၍ အလုပ်အစီအစဉ်များကို ညီအစ်ကိုမောင်နှမ အယောက်တိုင်းထံသို့ ဆက်သွယ်ပြောကြားရမည်ဆိုလျှင် ယင်းတို့ကို ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် တင်းကျပ်စွာအညီ ညီအစ်ကိုမောင်နှမ အယောက်တိုင်းထံသို့ ဆက်သွယ်ပြောကြားသင့်သည်။ အကယ်၍ ပတ်ဝန်းကျင်က အလုပ်အစီအစဉ်များကို စာဖြင့်ရေးသားထားသော ပုံစံဖြင့် ဆက်သွယ်ပြောကြားရန် အဆင်မပြေဖြစ်စေပြီး ဤသို့ပြုလုပ်ခြင်းက လုံခြုံရေးအန္တရာယ်များ သို့မဟုတ် ပို၍ကြီးမားသော ပြဿနာများကိုပင် ယူဆောင်လာမည်ဆိုလျှင် အလုပ်အစီအစဉ်များ၏ အရေးကြီးပြီး အဓိကကျသော အကြောင်းအရာကို လူတစ်ဦးချင်းဆီသို့ နှုတ်ဖြင့် တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားသင့်သည်။ သို့ဆိုလျှင် အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီးဖြစ်သည်ဟု သတ်မှတ်ရန် ဤအရာကို မည်သို့ လုပ်ဆောင်ရမည်နည်း။ အကယ်၍ အလုပ်အစီအစဉ်များကို စာဖြင့် ဆက်သွယ်ပြောကြားနေပါက လူတိုင်းက ယင်းတို့ကို လက်ခံရရှိပြီးဖြစ်ကြောင်း၊ ယင်းတို့နှင့်ပတ်သက်၍ လူတိုင်း သိရှိကြောင်းနှင့် လူတိုင်းက ယင်းတို့ကို အလေးအနက်ထားနေကြောင်း အတည်ပြုရမည်။ အကယ်၍ ယင်းတို့ကို နှုတ်ဖြင့် ဆက်သွယ်ပြောကြားနေပါက ဆက်သွယ်ပြောကြားပြီးသည်နှင့်တစ်ပြိုင်နက် လူတို့အား ယင်းတို့ကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ခြင်း ရှိမရှိနှင့် မှတ်မိခြင်း ရှိမရှိကို ထပ်ခါတလဲလဲ မေးမြန်းရမည်ဖြစ်ပြီး ၎င်းတို့ကို အလုပ်အစီအစဉ်များအား ပြန်လည်ရွတ်ဆိုစေရန်ပင် တောင်းဆိုနိုင်ကာ၊ ဤနည်းလမ်းဖြင့်သာ အလုပ်အစီအစဉ်များကို အမှန်တကယ် ဆက်သွယ်ပြောကြားပြီးဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ လူတို့သည် ဘုရားအိမ်တော်၏ လိုအပ်သော စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ တိကျသော အကြောင်းအရာမှာ အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ပြန်လည်ရွတ်ဆိုနိုင်ပြီး ရှင်းလင်းစွာ ပြောဆိုနိုင်ပါက ဤသည်မှာ အလုပ်အစီအစဉ်များကို ၎င်းတို့၏ စိတ်ထဲရောက်အောင် ဆက်သွယ်ပြောကြားထားပြီးဖြစ်ကြောင်း၊ ယင်းတို့ကို မှတ်မိထားပြီး ရှင်းရှင်းလင်းလင်း နားလည်ကြောင်း သက်သေပြသည်။ ထိုအခါမှသာ အလုပ်အစီအစဉ်များကို အမှန်တကယ် ဆက်သွယ်ပြောကြားထားပြီးဖြစ်သည်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ အခြေအနေများ၊ ပတ်ဝန်းကျင်နှင့် အခြားထိုသို့သော အကြောင်းအချက်များအားလုံးသည် အလုပ်အစီအစဉ်များကို စာဖြင့် ဆက်သွယ်ပြောကြားဖို့အတွက် လုံးဝသင့်လျော်ပါက ယင်းတို့ကို စာဖြင့် မဖြစ်မနေ ဆက်သွယ်ပြောကြားရမည်။ အကယ်၍ ပတ်ဝန်းကျင်က ခွင့်မပြုသောကြောင့် ယင်းတို့ကို စာဖြင့် ဆက်သွယ်ပြောကြား၍မရဘဲ ထိုအစား နှုတ်ဖြင့်သာ ဆက်သွယ်ပြောကြားရမည်ဆိုလျှင် နှုတ်ဖြင့် ဆက်သွယ်ပြောကြားနေသည့် အရာသည် အလုပ်အစီအစဉ်များနှင့် တထေရာတည်းဖြစ်ကြောင်း၊ ယင်းတို့သည် လွဲချော်နေခြင်း မရှိကြောင်း၊ မည်သည့် ကိုယ်ပိုင်နားလည်သဘောပေါက်မှုကိုမျှ ဖြည့်စွက်ထားခြင်း မရှိကြောင်းနှင့် မူရင်းစာသားကို ပြန်ပြောပြနေခြင်းသာ ဖြစ်ကြောင်း အတည်ပြုရမည်ဖြစ်ကာ၊ ဤနည်းအားဖြင့်သာ အလုပ်အစီအစဉ်များကို အမှန်တကယ်နှင့် တိကျစွာ ဆက်သွယ်ပြောကြားပြီးဖြစ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်သည်။ အလုပ်အစီအစဉ်များကို ယင်းတို့၏ တိကျသော စကားအသုံးအနှုန်းများနှင့် လုံးဝအညီ ဆက်သွယ်ပြောကြားသင့်သည်။ ယင်းတို့ကို တာဝန်မဲ့သော နည်းလမ်းဖြင့် သို့မဟုတ် လူတို့၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုများနှင့် စိတ်ကူးများကို အခြေခံ၍ လွဲချော်သော သို့မဟုတ် အဓိပ္ပာယ်မရှိသော အနက်ဖွင့်ဆိုချက်များဖြင့် ဆက်သွယ်ပြောကြားခြင်း မပြုသင့်ပေ။ ယင်းတို့ကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်းနှင့် ပတ်သက်လာလျှင် လူတို့သည် အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားခြင်းအတွက် အတိမ်းအစောင်းမခံမှု အဆင့်ကို နားလည်သင့်သည်။ ဆိုလိုသည်မှာ ယင်းတို့အား ဆက်သွယ်ပြောကြားခြင်းကို တိကျစွာ လုပ်ဆောင်ရမည်ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်တို့ ယင်းတို့ကို တိတိကျကျ ဆက်သွယ်ပြောကြားဖို့ လိုသလော” ဟု ပြောကြသည်။ ထိုသို့ပြုလုပ်ရန် မလိုအပ်ပါပေ။ တိကျမှန်ကန်မှုသည် စက်ပစ္စည်းများအတွက် တောင်းဆိုထားသောအရာ ဖြစ်သည်။ အကယ်၍ လူတို့သည် ယင်းတို့ကို တိကျစွာသာ ဆက်သွယ်ပြောကြားနိုင်ပါက တော်တော်လေး ကောင်းနေပါပြီ။ ဥပမာအားဖြင့် အသင်းတော်အသက်တာနှင့်ပတ်သက်၍ ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို ဘုရားသခင်အား သိကျွမ်းခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များကို စားသောက်ရန် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များက တောင်းဆိုထားကာ ဤအရာကို ဆက်သွယ်ပြောကြားရန် လွယ်ကူသလော။ (လွယ်ကူပါသည်။) အလုပ်အစီအစဉ်များက လူတို့ကို အတိုင်းအတာတစ်ခု ပေးပြီး ၎င်းတို့သည် သက်ဆိုင်ရာ ဤဘုရားနှုတ်ကပတ်တော်များအားလုံးကို ဖတ်ရှုနိုင်သည်။ သို့သော် တစ်စုံတစ်ဦးက အလုပ်အစီအစဉ်များကို နားလည်မှုလွဲပြီး မိမိ၏ ကိုယ်ပိုင်နားလည်သဘောပေါက်မှုနှင့် အယူအဆများ၊ စိတ်ကူးများကို ဖြည့်စွက်ကာ အပိုစကားအချို့ကို ဆက်သွယ်ပြောကြားပါက ဤသည်မှာ ၎င်းတို့သည် အလုပ်အစီအစဉ်များမှ သွေဖည်သွားသွားပြီဟု ဆိုလိုသည် မဟုတ်လော။ ၎င်းတို့သည် အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားနေသလော။ (မဟုတ်ပါ။) ၎င်းတို့သည် အလုပ်အစီအစဉ်များကို မိမိတို့၏ ကိုယ်ပိုင်ဖြည့်စွက်ချက်များဖြင့် ဆက်သွယ်ပြောကြားနေခြင်း ဖြစ်ကာ ယင်းမှာ လုံးဝ အဓိပ္ပာယ်မရှိသောစကားသာ ဖြစ်သည်။ လူတစ်ဦးသည် အထက်မှလာသော အလုပ်အစီအစဉ်တိုင်းကို အကြိမ်ပေါင်းများစွာ ဖတ်ရှုရမည်ဖြစ်ပြီး ယင်း၏ တိကျမှန်ကန်သော အဓိပ္ပာယ်၊ ဤအလုပ်အစီအစဉ် ထုတ်ပြန်ခြင်း၏ အရေးပါမှုနှင့် ယင်းက စွမ်းဆောင်ရရှိဖို့ ရည်ရွယ်ထားသည့် ရလဒ်များကို ရှင်းလင်းရမည်ဖြစ်ကာ၊ ထို့နောက် အမှားများပြုလုပ်ခြင်းကို ရှောင်ရှားလျက် အထက်က စီစဉ်ထားသော တိကျသည့် အလုပ်ကိစ္စရပ်များကို လက်တွေ့လုပ်ဆောင်ရန် မှန်ကန်သော နည်းလမ်းကို သဘောပေါက်ရမည်။ ဤအရာများကို မိတ်သဟာယဖွဲ့ပြီး နားလည်ပြီးနောက် အလုပ်အစီအစဉ်ကို ဆက်သွယ်ပြောကြားခြင်းသည် လုံးဝ တိကျမှန်ကန်ပေလိမ့်မည်။ ဦးစွာ လုပ်ဆောင်ရမည့်အရာမှာ အလုပ်အစီအစဉ်များကို သင်းအုပ်နယ်မြေများ၏ ခေါင်းဆောင်များနှင့် အမှုဆောင်များမှနေ၍ အခြားအဆင့်အမျိုးမျိုး၌ရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးဆီသို့ ပေးပို့ရန်ဖြစ်ပြီး နောက်ဆုံးတွင် ၎င်းတို့က အသင်းတော်တိုင်းရှိ အဖွဲ့တိုင်း၏ ကြီးကြပ်ရေးမှူးထံသို့ ထပ်ဆင့်ပေးပို့ရမည်။ ထို့နောက် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးက နားလည်ပြီး မည်သို့ လက်တွေ့လုပ်ဆောင်ကြည့်ရမည်ကို သိရှိရန် ယင်းတို့ကို စုဝေးပွဲများတွင် အကြိမ်ပေါင်းများစွာ မိတ်သဟာယဖွဲ့ရမည်ဖြစ်ကာ ဤအကျိုးသက်ရောက်မှုကို ရရှိမှသာ ယင်းတို့ကို ဆက်သွယ်ပြောကြားပြီးပြီဟု မှတ်ယူ၍ရမည်ဖြစ်သည်။ အလုပ်အစီအစဉ်များကို ဘုရားအိမ်တော်မှ သတ်မှတ်သည့် နည်းလမ်းနှင့် အတိုင်းအတာအတိုင်း ဆက်သွယ်ပြောကြားရမည်။ ဆက်သွယ်ပြောကြားသည့် အကြောင်းအရာသည် တိကျမှန်ကန်ပြီး အမှားအယွင်းကင်းရမည်မှာ အမှန်ပင်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ပေါ့ပေါ့ဆဆ နားလည်မှုလွဲပြီး မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်များကို မဖြည့်စွက်ရ၊ ယင်းမှာ ယင်းတို့ကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း မဟုတ်ဘဲ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ပျက်ကွက်ခြင်းကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်းနှင့် အကောင်အထည်ဖော်ခြင်းကို နားလည်ရမည့်ပုံစံ ဖြစ်သည်။

အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များအား တိကျမှန်ကန်စွာ မည်သို့ ဆက်သွယ်ပြောကြားရမည်ကို မသေချာသေးပါက ဘာလုပ်သင့်သနည်း။ ဤအတွက် အလွန်ရိုးရှင်းပြီး လွယ်ကူသော နည်းလမ်းတစ်ခု ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို လက်ခံရရှိပြီးနောက် အခြားခေါင်းဆောင်များနှင့် အမှုဆောင်များနှင့်အတူ အလုပ်အစီအစဉ်များကို ဦးစွာ မိတ်သဟာယဖွဲ့သင့်သည်၊ ဤအလုပ်အစီအစဉ်များအတွက် အထက်က သတ်မှတ်နေသည့် တိကျသော အချက်များ မည်မျှရှိသည်ကို ကြည့်ရှုစစ်ဆေးပြီး တစ်ခုပြီးတစ်ခု စာရင်းပြုစုသင့်သည်။ ထို့နောက် ဤအလုပ်အစီအစဉ်များကို အခြေခံ၍ ဧဝံဂေလိအလုပ်၏ အခြေအနေများ၊ အတတ်ပညာပိုင်းဆိုင်ရာ အလုပ်အမျိုးမျိုးနှင့် အသင်းတော်အသက်တာသာမက မတူညီသော လူအမျိုးမျိုး၏ အစွမ်းအစနှင့် မိသားစုအခြေအနေများ အစရှိသည့် ဒေသခံအသင်းတော်၏ အခြေအနေအမှန်ကို ထည့်သွင်းစဉ်းစားသင့်ပြီး ဤအလုပ်များအား မည်သို့ အကောင်အထည်ဖော်ရမည်ကို ကြည့်ရှုဖို့အတွက် ဤအရာအားလုံးကို ပေါင်းစပ်သင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အလုပ်အစီအစဉ်များကို တထေရာတည်းနှင့် တိကျမှန်ကန်သော နားလည်သဘောပေါက်ခြင်းသို့ ရောက်ရှိရမည်ဖြစ်ပြီး သက်ဆိုင်ရာ ဆက်သွယ်ပြောကြားခြင်းနည်းလမ်းများ ရှိမှသာလျှင် တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားနိုင်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အလုပ်အစီအစဉ်များကို လက်ခံရရှိကာ ယင်းတို့က တိကျစွာ လိုအပ်သည့်အရာများကို သိမြင်ခြင်းမရှိ၊ ညီအစ်ကိုမောင်နှမများကို ကြောင်းကျိုးမမြင်ဘဲ စုစည်းကာ ယင်းတို့ကို ထုတ်ပြန်ပြီး ဆက်သွယ်ပြောကြားပါက ဤသည်မှာ သင့်လျော်ပါသလော။ ဤအရာ၏ ရလဒ်မှာ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီး တစ်လ သို့မဟုတ် နှစ်လအကြာတွင် အသင်းတော်တိုင်း၌ ယင်းတို့ကို အကောင်အထည်ဖော်ထားသည့်ပုံတွင် လမ်းလွဲမှုများရှိကြောင်း ရှာဖွေတွေ့ရှိရပြီး ခေါင်းဆောင် သို့မဟုတ် အမှုဆောင်က အလုပ်အစီအစဉ်များကို သေသေချာချာ ပြန်ကြည့်သည့်အခါမှသာ အလုပ်အစီအစဉ်များကို လမ်းလွဲမှုများဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း ၎င်းတို့ တွေ့ရှိရလေသည်။ အကယ်၍ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ထိုစဉ်က အလုပ်အစီအစဉ်များကို တာဝန်သိသိဖြင့် ဖတ်ရှုပြီး မိတ်သဟာယဖွဲ့ပြီးခဲ့လျှင် အဆင်ပြေမည်ဖြစ်သော်လည်း ခဏတာ ပျင်းရိခြင်းနှင့် ဝတ်ကျေတမ်းကျေ လုပ်ခြင်းတို့ကြောင့် ၎င်းတို့သည် အသင်းတော်အလုပ်တွင် အမှားများနှင့် လမ်းလွဲမှုများစွာကို ပေါ်ပေါက်စေခဲ့ပြီး နောက်ပိုင်းတွင် ယင်းတို့ကို မှန်ကန်အောင် ပြင်ဆင်ရသည်။ ဤသည်မှာ လုံးဝမလိုအပ်သော အပိုအဆင့်တစ်ခုကို ဖြည့်စွက်ပြီး အချိန်ဖြုန်းတီးခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အလုပ်အစီအစဉ်များကို ရှင်းရှင်းလင်းလင်း တိုက်ရိုက် မိတ်သဟာယဖွဲ့ပြီးနောက် တစ်ခုပြီးတစ်ခု ဆက်သွယ်ပြောကြားကာ အကောင်အထည်ဖော်ခဲ့လျှင် ပိုကောင်းမည်ဖြစ်၏။ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်သည့်အခါ ယင်းသည် အမှားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ထို့ကြောင့် အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားရန်အတွက် အဆင့်ဆင့်ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဦးစွာ အလုပ်အစီအစဉ်များ၏ တိကျသော အကြောင်းအရာနှင့်ပတ်သက်၍ စစ်မှန်သော သဘောပေါက်နားလည်မှုနှင့် တိကျမှန်ကန်သော နားလည်မှုတစ်ခု ရှိရမည်ဖြစ်သည့်အပြင် ၎င်းတို့သည် တိကျသော အကောင်အထည်ဖော်မှု အစီအစဉ်များ၊ အကောင်အထည်ဖော်မှု နည်းလမ်းများနှင့် အကောင်အထည်ဖော်မည့်သူများကို စိတ်ထဲတွင် ရည်ရွယ်ထားရမည်ဖြစ်ကာ ဤနည်းအားဖြင့်သာ အလုပ်အစီအစဉ်များကို တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားနိုင်မည်ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များနှင့် ပတ်သက်၍ မပြည့်စုံသော နားလည်သဘောပေါက်မှုသာ ရှိသည့်အခါ၊ နားလည်ပုံရရုံသာ ရှိသည့်အခါ၊ ယင်းတို့အပေါ် မရေမရာနှင့် မရှင်းမလင်း ဖြစ်သည့်အခါ၊ သို့မဟုတ် ယင်းတို့၌ရှိသည့် တိကျသော သတ်မှတ်ချက်များနှင့် ပါဝင်သည့်အကြောင်းအရာကို လုံးဝ နားမလည်သည့်အခါ ကြောင်းကျိုးမမြင်ဘဲ ထုတ်ပြန်ပြီး ဆက်သွယ်ပြောကြားပါက သင့်လျော်သလော။ (မသင့်လျော်ပါ။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်သလော။ လုံးဝပင် မလုပ်ဆောင်နိုင်ပေ။ သို့ဖြစ်၍ ညီအစ်ကိုမောင်နှမများက အလုပ်အစီအစဉ်များရှိ သတ်မှတ်ထားသည့် တိကျသော စံနှုန်းများနှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ယင်းတို့ကို အတိအကျ မည်သို့ ဆောင်ရွက်ရမည်ကို မသိသည့် အခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်အစီအစဉ်များအပေါ် တိကျမှန်ကန်သော နားလည်သဘောပေါက်မှုတစ်ခုအပြင် ယင်းတို့ကို အကောင်အထည်ဖော်ရန်အတွက် ခိုင်မာသော အစီအစဉ်များနှင့် အဆင့်များကိုပါ ရှိထားနှင့်ပြီး ဖြစ်လိမ့်မည်ဖြစ်ကာ ဤနည်းအားဖြင့်သာ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပထမအဆင့်ဖြစ်သည့် အလုပ်အစီအစဉ်များအား ဆက်သွယ်ပြောကြားခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အလုပ်အစီအစဉ်များကို ဆက်သွယ်ပြောကြားပြီးသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများအားလုံးက အလုပ်အစီအစဉ်များ၌ ပါဝင်သည့်အကြောင်းအရာကို တိကျမှန်ကန်စွာ နားလည်ပြီး ဤအလုပ်ကို လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ဘုရားအိမ်တော်၏ အရေးပါမှု၊ တန်ဖိုးနှင့် စံနှုန်းများနှင့်ဆိုင်သည့် အသိပညာအချို့ကို ရရှိသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူပုဂ္ဂိုလ်များနှင့် တိကျသော အလုပ်အစိတ်အပိုင်းများအား မည်သို့ ခွဲဝေချထားရမည်ကိုလည်းကောင်း၊ ဤအလုပ်ကို မည်သူက အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဟူသည့် တိကျသော အစီအစဉ်ကိုလည်းကောင်း ချက်ချင်း မိတ်သဟာယဖွဲ့သင့်ကာ ဤသည်တို့မှာ အလုပ်ကို လုပ်ဆောင်ခြင်း အဆင့်ဆင့်ဖြစ်၏။ ဤနည်းအားဖြင့် အလုပ်အား နောက်ဆက်တွဲဆောင်ရွက်ခြင်းကို သင်တို့ မည်သို့ထင်သနည်း။ ယင်းကို အလုပ်အား အနီးကပ် နောက်ဆက်တွဲဆောင်ရွက်ခြင်းဟု မှတ်ယူ၍ရသလော။ ယင်းသည် အလုပ်ကို အချိန်မီ နောက်ဆက်တွဲဆောင်ရွက်ခြင်း ဟုတ်သလော။ (ဟုတ်ပါသည်။)

၂။ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်ရမည့်ပုံ

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်တစ်ခုကို လက်ခံရရှိသောအခါ ယင်းကို ဆက်သွယ်ပြောကြားပြီး ထုတ်ပြန်လိုက်ရုံနှင့် ပြီးဆုံးသွားသည်တော့ မဟုတ်ပေ။ အသင်းတော်တိုင်းရှိ ဘုရားသခင် ရွေးချယ်ထားသောလူများက အလုပ်အစီအစဉ် ထုတ်ပြန်ပြီးဖြစ်ကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် ယင်းကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု မှတ်ယူနိုင်သလော။ ဤသည်မှာ အလုပ်အစီအစဉ်တစ်ခုကို အမှန်တကယ် လုပ်ဆောင်ခြင်း သို့မဟုတ် အကောင်အထည်ဖော်ခြင်းမဟုတ်၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းခြင်း မဟုတ်သကဲ့သို့ ဘုရားသခင်က အခြေခံအားဖြင့် တောင်းဆိုသည့် စံနှုန်းလည်း မဟုတ်ပေ။ အလုပ်အစီအစဉ်တစ်ခုကို ဆက်သွယ်ပြောကြားခြင်းနှင့် ထုတ်ပြန်ခြင်းသည် ရည်ရွယ်ချက်မဟုတ်ဘဲ ယင်းကို အကောင်အထည်ဖော်ခြင်းကသာ ရည်ရွယ်ချက်ဖြစ်သည်။ သို့ဆိုလျှင် အလုပ်အစီအစဉ်များကို မည်သို့ အတိအကျ အကောင်အထည်ဖော်ရမည်နည်း။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် ညီအစ်ကိုမောင်နှမများ အားလုံးကို အတူတကွခေါ်ယူပြီး ထိုအလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ထိုအလုပ်ကို လုပ်ဆောင်ရန်အတွက် အဓိက ကြီးကြပ်ရေးမှူးတစ်ဦးနှင့် အဖွဲ့ဝင်များကို ရွေးချယ်ရမည်။ အလုပ်ကို အကောင်အထည်ဖော်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပထမဆုံး လုပ်ဆောင်သင့်သည့်အရာမှာ မိတ်သဟာယဖွဲ့ခြင်းဖြစ်ကာ အလုပ်ကို စည်းမျဉ်းများနှင့်အညီ မည်သို့လုပ်ဆောင်ရမည်၊ ဘုရားအိမ်တော်မှ ဤအလုပ်အစီအစဉ်နှင့် ကိုက်ညီအောင် မည်သို့လုပ်ဆောင်ရမည်၊ ဘုရားအိမ်တော်မှ ဤအလုပ်အစီအစဉ်ကို အကောင်အထည်ဖော်ပြီး လုပ်ဆောင်သည်ဟူသည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်ရမည်တို့ကို မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ မိတ်သဟာယဖွဲ့နေစဉ်တွင် ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အစီအစဉ်အမျိုးမျိုးကို အကြံပြုသင့်ပြီး နောက်ဆုံးတွင် အသင့်တော်ဆုံးနှင့် စည်းမျဉ်းများနှင့် အကိုက်ညီဆုံးဖြစ်သော နည်းလမ်း၊ နည်းစနစ်နှင့် အဆင့်များကို ရွေးချယ်ကာ အလုပ်ကို အစီအစဉ်တကျ ရှေ့ဆက်နိုင်ရန်အတွက် မည်သည့်အရာကို အရင်လုပ်ဆောင်ရမည်၊ မည်သည့်အရာကို နောက်မှ လုပ်ဆောင်ရမည်တို့ကို ဆုံးဖြတ်ရမည်။ ဤအရာကို သဘောတရားပိုင်းအရ နားလည်သည့်အခါ၊ လူတို့တွင် မည်သည့်အခက်အခဲ သို့မဟုတ် စိတ်ကူးစိတ်သန်းတို့မျှ မရှိတော့သည့်အခါ၊ ဤအလုပ်အပေါ် မည်သည့်အတိုက်အခံလုပ်ခြင်းကိုမျှ ၎င်းတို့ မခံစားရတော့သည့်အခါနှင့် ဘုရားအိမ်တော်မှ ဤအလုပ်အစီအစဉ်၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်ကို နားလည်နိုင်သည့်အခါတွင်ပင် အလုပ်ကို အကောင်အထည်ဖော်ပြီးဖြစ်သည်ဟု မှတ်ယူ၍မရနိုင်သေးပေ။ ဤအလုပ်အတွက် မည်သူက အသင့်တော်ဆုံးနှင့် အကျွမ်းကျင်ဆုံးဖြစ်သည်၊ ဤအလုပ်၏တာဝန်ကို မည်သူက ထမ်းဆောင်နိုင်သည်၊ ဤအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်စွမ်း မည်သူ့တွင် ရှိသည်တို့ကိုလည်း ဆုံးဖြတ်ရမည်ဖြစ်သည်။ ဤအလုပ်ကို တာဝန်ယူမည့်သူများကို ရွေးချယ်ရမည်ဖြစ်ပြီး အကောင်အထည်ဖော်မည့် အစီအစဉ်နှင့် ပြီးစီးရမည့် နောက်ဆုံးသတ်မှတ်ရက်ကို သတ်မှတ်ရမည်ဖြစ်ကာ အလုပ်ပြီးမြောက်ရန် လိုအပ်သော အရင်းအမြစ်များ၊ ပစ္စည်းများနှင့် အခြားထိုသို့သောအရာများကို ပြင်ဆင်ပြီး ရှင်းလင်းစွာ ဖော်ပြရမည်ဖြစ်ကာ ထိုအခါမှသာ အလုပ်ကို အကောင်အထည်ဖော်ပြီး ဖြစ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်သည်။ အမှန်ပင် အကောင်အထည်မဖော်မီတွင် ဤအလုပ်အတွက် တာဝန်ရှိသူများနှင့် တစ်ဦးချင်း သီးသန့် ဆက်သွယ်ပြောဆိုမှုများ၊ ဆွေးနွေးမှုများကို လုပ်ဆောင်ရန်လည်း လိုအပ်ပြီး ၎င်းတို့အနေဖြင့် ဤအလုပ်ကို ယခင်က လုပ်ဆောင်ဖူးခြင်း ရှိမရှိနှင့် ဤအလုပ်အပေါ် ၎င်းတို့၏ ရှုထောင့်များနှင့် ထင်မြင်ချက်များမှာ အဘယ်အရာဖြစ်သည်ကို မေးမြန်းရမည်။ အကယ်၍ ယင်းတို့က စည်းမျဉ်းများနှင့် ကိုက်ညီသော အစီအစဉ်နှင့် ထင်မြင်ချက်အချို့ကို ပေးအပ်ပါက ယင်းတို့ကို လက်ခံအသုံးပြုနိုင်သည်။ ထို့အပြင် အလုပ်တိုင်းကို အကောင်အထည်ဖော်ရာတွင် ပြဿနာမည်မျှ အမှန်တကယ် ရှိနေသည်ကို ရှာဖွေတွေ့ရှိရန်လည်း အာရုံစိုက်ရမည်ဖြစ်ကာ ဤအဆင့်ကို လျစ်လျူမရှုသင့်ပေ။ ပြဿနာများကို ရှာဖွေတွေ့ရှိပြီးနောက် ယင်းတို့ကို အချိန်မီ ဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားရမည်ဖြစ်ပြီး ရှိနေသော ပြဿနာအားလုံးကို လုံးစေ့ပတ်စေ့ ဖြေရှင်းပြီးမှသာ အလုပ်အစီအစဉ်ကို အမှန်တကယ် အကောင်အထည်ဖော်ပြီး ဖြစ်လိမ့်မည်။ ထို့အပြင် ဤအလုပ်ကို ဘုရားအိမ်တော်မှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီသည့် နည်းလမ်းဖြင့် မည်သို့လုပ်ဆောင်ရမည်ကိုလည်း သင်တို့ ရှာဖွေရမည် မဟုတ်လော။ ထို့အပြင် ဘုရားအိမ်တော်တွင် ဤအလုပ်အတွက် အချိန်နှင့်ပတ်သက်၍ သတ်မှတ်ချက်တစ်ခုခု ရှိမရှိ၊ မည်သည့်အချိန်အတိုင်းအတာအတွင်း ပြီးစီးရမည်၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့်ပတ်သက်၍ ခိုင်လုံသော ပြဋ္ဌာန်းချက်တစ်ခုခု ရှိမရှိ စသည်တို့အားလုံးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သက်ဆိုင်ရာ ကြီးကြပ်ရေးမှူးများနှင့် မိတ်သဟာယဖွဲ့သင့်သည့် အကြောင်းအရာများပင် ဖြစ်ကြသည်။ ဤသည်မှာ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ အကောင်အထည်ဖော်ခြင်းသည် နှုတ်ဖြင့် ဆက်သွယ်ပြောဆိုခြင်း သို့မဟုတ် သဘောတရားပိုင်းဖြင့် အဆုံးမသတ်ဘဲ သက်ဆိုင်ရာအလုပ်၏ တကယ့် တိုးတက်မှုသာမက ဖြေရှင်းရန်လိုအပ်သည့် တိကျသော ပြဿနာများနှင့် အခက်အခဲအချို့လည်း ပါဝင်လေသည်။ ဤအရာအားလုံးသည် ကြီးကြပ်ရေးမှူးများနှင့်အတူ အလုပ်အစီအစဉ်ကို အကောင်အထည်ဖော်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ထည့်သွင်းစဉ်းစားသင့်သည့် အရာများဖြစ်သည်။ ဆိုလိုသည်မှာ ဤတိကျသောအလုပ်ကို မလုပ်ဆောင်မီ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ကြီးကြပ်ရေးမှူးများနှင့် ဤကဲ့သို့သော မိတ်သဟာယဖွဲ့ခြင်း၊ ဆန်းစစ်ခြင်းနှင့် ဆွေးနွေးခြင်းတို့ကို ပြုလုပ်သင့်ကာ ဤသည်မှာ အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ဤအကောင်အထည်ဖော်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်ပြီး ၎င်းတို့ စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ခေါင်းဆောင်တစ်ဦးက “ယခုလောလောဆယ်တွင် ဤအလုပ်ကို မည်သို့လုပ်ရမည်ကို ကျွန်ုပ်လည်း မသိပါ။ မည်သို့ပင်ဖြစ်စေ ကျွန်ုပ်သည် ယင်းကို သင့်ထံ လွှဲပြောင်းလိုက်ပြီ။ အလုပ်အစီအစဉ်ကိုလည်း သင့်ထံ ဆက်သွယ်ပြောကြားလျက် ထုတ်ပြန်ပြီးဖြစ်ကာ ဆက်စပ်သော ကိစ္စအားလုံးကိုလည်း သင့်အား ပြောပြပြီးဖြစ်သည်။ ယင်းကို သင် လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သည်ဖြစ်စေ၊ သင် မည်သို့ပြုလုပ်သည်ဖြစ်စေ၊ ကောင်းမွန်စွာ ပြုလုပ်သည်ဖြစ်စေ၊ ညံ့ဖျင်းစွာ လုပ်သည်ဖြစ်စေ၊ ထို့ပြင် အချိန်မည်မျှကြာသည်ဖြစ်စေ ထိုအရာအားလုံးသည် သင်၏ သဘောအတိုင်းပင် ဖြစ်သည်။ ဤကိစ္စများသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပေ။ ဤမျှလောက်သော အလုပ်ကိုလုပ်ခြင်းဖြင့် ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ဖြည့်ဆည်းပြီးပြီ” ဟု ပြောသည်ဆိုပါစို့။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြောသင့်သည့်အရာ ဟုတ်လော။ (မဟုတ်ပါ။) အကယ်၍ ခေါင်းဆောင်တစ်ဦးက ဤသို့ပြောဆိုပါက ၎င်းတို့သည် မည်သို့သောလူစားမျိုး ဖြစ်သနည်း။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ အထက်တွင် သတ်မှတ်ချက်များရှိပြီး အလုပ်အစီအစဉ်များအတိုင်း အလုပ်ကို လုပ်ဆောင်ရန် လိုအပ်သည့်အခါတိုင်း ဤလူစားမျိုးက “သင်လုပ်ပါလော့၊ ကျွန်ုပ် မည်သို့လုပ်ရမည် မသိပေ။ မည်သို့ဖြစ်စေ သင် အားလုံးနားလည်သည်။ သင်သည် ကျွမ်းကျင်သူဖြစ်ပြီး ကျွန်ုပ်မှာ သာမန်လူဖြစ်သည်” ဟု ပြောဆိုလျက် အခြားတစ်စုံတစ်ဦးအပေါ် ယင်းကို လုံးလုံးလျားလျား လွှဲချလေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ မကြာခဏ ပြောလေ့ရှိသည့် “လက်သုံးစကား” ပင်ဖြစ်သည်။ ၎င်းတို့သည် ဆင်ခြေဆင်လက်တစ်ခုကို ရှာပြီးနောက် ခိုးကြောင်ခိုးဝှက် ထွက်သွားကြသည်။

အချုပ်အားဖြင့်ဆိုသော် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်တွင် တာဝန်မယူကြပေ။ ၎င်းတို့၏ အစွမ်းအစသည် မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့သည် အလုပ်နှင့် သင့်တော်သည်ဖြစ်စေ၊ မသင့်တော်သည်ဖြစ်စေ အဓိကအချက်မှာ ၎င်းတို့သည် အာရုံမစိုက်ကြသည့်အပြင် စိတ်မနစ်ဘဲ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်ကြခြင်း ဖြစ်သည်။ ဤသည်တို့မှာ တာဝန်မယူခြင်း၏ သရုပ်သကန်များ ဖြစ်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် အစွမ်းအစနှင့် အတွေ့အကြုံရင့်ကျက်မှုအပိုင်းတွင် အနည်းငယ် အားနည်းသော်လည်း ၎င်းတို့သည် အာရုံစိုက်လျက် အလုပ်လုပ်နိုင်ပြီး မိမိတို့၏အလုပ်ထဲတွင် စိတ်နစ်နိုင်သည် ဆိုပါစို့။ ၎င်းတို့၏ အလုပ်တွင် စွမ်းဆောင်ရရှိသည့် ရလဒ်များသည် ထိုမျှမကောင်းမွန်သော်လည်း အနည်းဆုံးအနေဖြင့် ၎င်းတို့သည် တာဝန်ယူတတ်သူများဖြစ်ပြီး မိမိတို့၏ အလုပ်တွင် လုံးလုံးလျားလျား စိတ်နစ်ကာ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့သည် အစွမ်းအစပိုင်းတွင် အနည်းငယ် ချို့တဲ့ပြီး ဝိညာဉ်ရင့်ကျက်မှုပိုင်းတွင် နုနယ်သောကြောင့်သာ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အချိန်အနည်းငယ်ကြာအောင် လေ့ကျင့်ပြီးနောက် မိမိတို့၏အလုပ်တွင် အပြည့်အဝ ကျွမ်းကျင်လာမည်ဆိုလျှင် ဤသို့သော ခေါင်းဆောင်မျိုးကို ဆက်လက်၍ ပျိုးထောင်ပေးသင့်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦးတွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား တစ်စက်မျှမရှိဘဲ မိမိတို့၏ ရာထူးနေရာကို ဆုပ်ကိုင်ထားပြီး အဆင့်အတန်း၏ အကျိုးကျေးဇူးကိုသာ မွေ့လျော်ခံစားနေကာ စစ်မှန်သောအလုပ်ကို လုံးဝမလုပ်ဆောင်ပါက သူသည် အယောင်ဆောင်ခေါင်းဆောင်စစ်စစ်ဖြစ်ပြီး ရာထူးမှ ချက်ချင်း ဖယ်ရှားခံရသင့်ကာ ရာထူးတိုးပေးခြင်း သို့မဟုတ် အသုံးပြုခြင်းကို မည်သည့်အခါမျှ နောက်တစ်ကြိမ် အခွင့်မပေးသင့်ပေ။ စစ်မှန်သော ခေါင်းဆောင်တစ်ဦး၊ တာဝန်ယူတတ်သော ခေါင်းဆောင်တစ်ဦးသည် မိမိ၏အလုပ်တွင် အစွမ်းကုန် ကြိုးစားသည်။ သူသည် အလုပ်တွင် မိမိ၏စိတ်ကို နှစ်မြှုပ်ထားပြီး ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်အောင်မြင်ရန် နည်းလမ်းအမျိုးမျိုးကို ရှာဖွေကာ မိမိတတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားအားထုတ်သည်။ ဤနည်းဖြင့် သူသည် မိမိ၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်နေစဉ်တွင် တာဝန်သိတတ်သော ခေါင်းဆောင်များသည် အကောင်အထည်ဖော်မှု အခြေအနေကိုလည်း စောင့်ကြည့်လေ့လာပြီး ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်သည်။ မမျှော်လင့်ထားသော အခြေအနေတစ်ခု ဖြစ်ပေါ်လာသည့်အခါ ၎င်းတို့သည် ခိုးကြောင်ခိုးဝှက် ထွက်သွားပြီး ထိုအရေးကိစ္စကို ခေါင်းရှောင်မည့်အစား တုံ့ပြန်ဆောင်ရွက်မှုများနှင့် ဖြေရှင်းနည်းများကို ချမှတ်နိုင်စွမ်း ရှိကြမည်ဖြစ်သည်။ ဤနည်းဖြင့် အလုပ်ကို အကောင်အထည်ဖော်ခြင်းကို တာဝန်ယူတတ်ခြင်းဟု ခေါ်သည်။ အလုပ်အစီအစဉ်တစ်ခုကို ထုတ်ပြန်သည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုအလုပ်ကိစ္စကို လက်ရှိတွင် အရေးကြီးဆုံးသောအလုပ်အဖြစ် မှတ်ယူပြီး တာဝန်ယူသင့်သည်။ ၎င်းတို့သည် ကိုယ်တိုင်ကိုယ်ကျ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ပြီး အစအဆုံး တာဝန်ယူရမည်ဖြစ်ကာ အလုပ်သည် လမ်းကြောင်းမှန်ပေါ် ရောက်ရှိပြီး အဖွဲ့တစ်ဖွဲ့စီ၏ ခေါင်းဆောင်များက မည်သို့လုပ်ဆောင်ရမည်ကို သိရှိသွားမှသာ အလုပ်ကို လက်လွှတ်သင့်သည်။ သို့သော် အလုပ်ကို လက်လွှတ်ပြီးနောက်တွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ အခြေအနေကို နားလည်ပြီး အခါအားလျော်စွာ စစ်ဆေးရန် လိုအပ်နေဆဲဖြစ်ကာ ဤနည်းလမ်းဖြင့်သာ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ပြီးစီးကြောင်း အာမခံနိုင်မည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မိမိတို့၏ တာဝန်နေရာများကို မစွန့်ခွာဘဲ အစအဆုံး ဇွဲရှိရှိလုပ်ဆောင်ကာ အလုပ်ကို လမ်းကြောင်းမှန်ပေါ် ရောက်ရှိစေခြင်းကို စစ်မှန်သောအလုပ်အား လုပ်ဆောင်ခြင်းဟု ခေါ်သည်။ ဤအချိန်အတောအတွင်း ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အခြားသော အလုပ်ကိစ္စများ၏ တိုးတက်မှုကိုလည်း ဂရုစိုက်ပြီး လေ့လာစစ်ဆေးရန် လိုအပ်သည်။ ထိုအလုပ်တွင် မည်သို့သော အခက်အခဲများ သို့မဟုတ် ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လမ်းညွှန်မှုနှင့် ဖြေရှင်းချက်ကို ပေးရန် လုပ်ငန်းခွင်သို့ အမြန်သွားသင့်သည်။ အဓိကခေါင်းဆောင်သည် အရေးအပါဆုံးသော အလုပ်ကို တာဝန်ယူကိုင်တွယ်ရမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့အနေဖြင့် အသင်းတော်၏ အခြားအလုပ်ကို ဆက်လက်ဆောင်ရွက်ခြင်း၊ နားလည်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကို ပြုလုပ်ကာ အလုပ်အားလုံး ပုံမှန်အတိုင်း ရှေ့ဆက်နေကြောင်း သေချာစေရန်လည်း လိုအပ်သည်။ အရေးအပါဆုံးသော အလုပ်နှင့်ပတ်သက်လာလျှင် အဓိကခေါင်းဆောင်သည် လုပ်ငန်းခွင်၌ ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နေပြီး ဤအလုပ်ကို ဦးစီးကွပ်ကဲရမည်ဖြစ်ကာ အထူးသဖြင့် အလုပ်၏ အရေးပါသော အစိတ်အပိုင်းများနှင့် ပတ်သက်လာလျှင် သူသည် လုပ်ငန်းခွင်ကို လုံးဝ မချန်ထားရပေ။ အကယ်၍ လူတစ်ဦးတည်းနှင့် မလုံလောက်ပါက အခြားတစ်ဦးကို သူနှင့် ပူးပေါင်း၍ အလုပ်ကို ညွှန်ကြားရန် စီစဉ်သင့်ကာ ဤသည်မှာ အရေးပါသောအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားခြင်းနှင့် ဘုံရည်ရွယ်ချက်တစ်ခုဖြင့် အတူတကွ ပူးပေါင်းခြင်းပင် ဖြစ်သည်။ အကြောင်းမှာ ဘုရားအိမ်တော်တွင် အခြေအနေတိုင်းနှင့် အချိန်ကာလတိုင်း၌ အရေးအပါဆုံးသော အလုပ်အပိုင်းအစတစ်ခု ရှိသောကြောင့်ဖြစ်ကာ အကယ်၍ အဓိကခေါင်းဆောင်သည် အရေးပါသောအလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက သူ၏ အစွမ်းအစတွင် ပြဿနာရှိနေပြီဖြစ်ပြီး သူ့ကို ဖြုတ်ချရမည်ဖြစ်သည်။ အခြားခေါင်းဆောင်များက သာမန်အလုပ်ကို တာဝန်ယူလုပ်ဆောင်နေစဉ် အဓိကခေါင်းဆောင်သည် အရေးအပါဆုံးသော အလုပ်ကို တာဝန်ယူရမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအရ ဦးစားပေးတတ်ရန်နှင့် အကျိုးအပြစ်များကို ချိန်ဆတတ်ရန် သင်ယူရမည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤစည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ပါက ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံနှုန်းပြည့်မီကြခြင်း ဖြစ်သည်။

ဘုရားအိမ်တော်ရှိ ခေါင်းဆောင်နှင့် အမှုဆောင် အများစုသည် လူငယ်များဖြစ်ကြပြီး ၎င်းတို့သည် လက်သင်လေးများ ဖြစ်ကြကာ အလုပ်လုပ်ဆောင်ရန် လေ့ကျင့်သင်ယူနေကြဆဲ ဖြစ်သောကြောင့် အရေးအကြီးဆုံးအရာမှာ ၎င်းတို့အနေဖြင့် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန် သင်ယူဖို့ပင် ဖြစ်သည်။ အချို့က “ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ဘုရားအိမ်တော်မှ ထားရှိသည့် သတ်မှတ်ချက်များမှာ မြင့်မားလွန်းသည် မဟုတ်လော” ဟု ပြောကောင်းပြောနိုင်သည်။ အမှန်တကယ်တွင် လုံးဝမဟုတ်ပေ။ လူတို့အား စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ရန် တောင်းဆိုခြင်းသည် မြင့်မားသော သတ်မှတ်ချက်တစ်ခု မည်သို့ ဖြစ်နိုင်မည်နည်း။ အကယ်၍ လူတစ်ဦးသည် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပါက အသင်းတော်အလုပ်ကို မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်နည်း။ အကယ်၍ လူတစ်ဦးသည် အမှုကိစ္စများကို စည်းမျဉ်းများမရှိဘဲ ကိုင်တွယ်ပါက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မည်သို့ ဖြစ်နိုင်မည်နည်း။ စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်းသည် သာမန်လူများအတွက် မဟုတ်ဘဲ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်ခြင်း မရှိပါက ၎င်းသည် အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ အရည်အသွေး အလွန်ညံ့ဖျင်းသောသူများသည် စည်းမျဉ်းများနှင့် ကိုက်ညီမှုမရှိ၊ ဘုရားအိမ်တော်က ၎င်းတို့ကို ပြုစုပျိုးထောင်မည် မဟုတ်သကဲ့သို့ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်လာရန် အရည်အချင်းလည်း မပြည့်မီချေ။ အချို့သောလူတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရသည်မှာ ခက်ခဲသည်ဟု အစဉ်သဖြင့် ခံစားကြရပြီး ဤအတွက် အကြောင်းရင်းနှစ်ရပ်ရှိသည်။ တစ်ခုမှာ ၎င်းတို့သည် သမ္မာတရားကို လုံးဝနားမလည်သည့်အပြင် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးမပြုနိုင်ခြင်း ဖြစ်သည်။ အခြားအကြောင်းရင်းမှာ ၎င်းတို့၌ အရည်အသွေးမရှိခြင်း၊ အလုပ်လုပ်ခြင်းဟူသည် မည်သည့်အရာကို ဆိုလိုကြောင်း မသိခြင်း၊ ထိုအလုပ်အတွက် လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှင်းလင်းစွာ မရှင်းပြနိုင်ခြင်းနှင့် အယူဝါဒများကိုပင် ရှင်းလင်းစွာ မပြောဆိုနိုင်ခြင်းတို့ ဖြစ်သည်။ ဤကဲ့သို့သောလူများသည် ခေါင်းဆောင်များဖြစ်ရန် မသင့်တော်ပေ။ လူတစ်ဦး၏ အရည်အသွေးသည် အလွန်ညံ့ဖျင်းသည်၊ သူသည် မည်သို့အလုပ်လုပ်ရမည်ကို မသိသည့်အပြင် မိမိ၏တာဝန်ကို ထမ်းဆောင်ရာတွင် ကျွမ်းကျင်မှုလုံးဝမရှိ၊ ဆိုလိုသည်မှာ သူသည် တစ်ရက်ကြာသင့်သော အလုပ်တစ်ခုကို ရက်အတန်ကြာအောင် အချိန်ယူပြီး တစ်လကြာသင့်သော အလုပ်တစ်ခုကို ခြောက်လကြာသည်ဟု ဆိုကြပါစို့။ ထိုသို့သောလူများသည် အသုံးမကျသူများ၊ အဖြစ်မရှိသူများပင်။ အရည်အသွေး အလွန်ညံ့ဖျင်းသော လူတို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ကြပေ။ ငါ့အနေဖြင့် လူတို့အပေါ် ဤသတ်မှတ်ချက်များ ထားရှိခြင်းသည် မျှလည်းမျှတပြီး ကျိုးကြောင်းလည်း ဆီလျော်သည့်အပြင် ယင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ စွမ်းဆောင်ရရှိနိုင်သည့်အရာများ ဖြစ်ကြသည်။ အချို့သောလူတို့သည် ဘုရားအိမ်တော်မှ ချမှတ်သည့် သတ်မှတ်ချက်များမှာ မြင့်မားလွန်းသည်ဟု ခံစားကြကာ ဤသည်မှာ ၎င်းတို့၏ အရည်အသွေးသည် အလွန်ညံ့ဖျင်းကြောင်း၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် အရည်အချင်းမပြည့်မီကြောင်းနှင့် ၎င်းတို့သည် တာဝန်ခံမှုရှိပြီး နုတ်ထွက်သင့်ကြောင်းကို ပြသလေသည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန် မပြည့်မီသကဲ့သို့ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန်လည်း မသင့်တော်သည်ဖြစ်၍ သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နေသော်ငြားလည်း အယောင်ဆောင်ခေါင်းဆောင်သာ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်တစ်ခုကိုပင် ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ပါက တစ်ချိန်တည်းတွင် အခြားအလုပ်ကို မည်သို့ အာရုံစိုက်နိုင်မည်နည်း။ အရည်အသွေး အလွန်ညံ့ဖျင်းသောသူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ထိုက်ပါသလော။ ၎င်းတို့သည် အိမ်စောင့်ခွေးတစ်ကောင်လောက်ပင် မတော်ပါက လူဟုခေါ်ဆိုခြင်းကိုပင် မခံထိုက်ပေ။ ခွေးတစ်ကောင်သည် အိမ်စောင့်သည့်အခါ ရှေ့ခြံ၊ နောက်ခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းကိုသာမက အိမ်ရှိ ကြက်များ၊ ငန်းများနှင့် သိုးများကိုပင် စောင့်ကြည့်ပေးနိုင်သည်။ လူစိမ်းတစ်ဦး ချဉ်းကပ်လာသည်ကို တွေ့ရှိလိုက်သည်နှင့် ၎င်းက ဟောင်သည်၊ မည်သူ့ကိုမျှ ခြံထဲသို့ ဝင်ခွင့်မပြုသကဲ့သို့ လူစိမ်းတစ်ဦး ချဉ်းကပ်လာကြောင်းကိုလည်း မိမိ၏သခင်အား သတိပေးတတ်သည်။ ခွေးတစ်ကောင်၏ ဦးနှောက်ပင်လျှင် မရိုးအပေ။ အကယ်၍ လူတစ်ဦး၏ အရည်အသွေးသည် အလွန်ညံ့ဖျင်းပြီး သူ့ကို ခွေးတစ်ကောင်နှင့်ပင် နှိုင်းယှဉ်၍မရပါက ထိုသို့သောလူစားမျိုးသည် အသုံးမကျသည် မဟုတ်လော။ အချို့သောလူတို့သည် အေးဆေးသက်သာစွာနေခြင်းကို နှစ်သက်ပြီး အလုပ်ကို မုန်းကြသည်၊ အစားကြူးပြီး ပျင်းရိကြကာ မိမိတို့ကိုယ်တိုင် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ဘုရားအိမ်တော်ကို မှီခိုကပ်ရပ်လိုကြကာ ၎င်းတို့သည် ကပ်ပါးကောင်များ မဟုတ်ကြသလော။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အမှုကိစ္စများအား စည်းမျဉ်းများဖြင့် ကိုင်တွယ်ရန် တောင်းဆိုခြင်းအားဖြင့် ဘုရားအိမ်တော်သည် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ရန် လေ့ကျင့်ပျိုးထောင်ပေးခြင်း ဖြစ်သည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို လိုက်စားနိုင်ပြီး ဘုရားအိမ်တော်၏ အစီအစဉ်များကို ကျိုးနွံနာခံနိုင်ကြကာ ဤလူတို့အားလုံးသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရသူများ ဖြစ်ကြသည်။ အေးဆေးသက်သာစွာနေခြင်းကို နှစ်သက်ပြီး အလုပ်ကို မုန်းကြသည့်အပြင် စစ်မှန်သော မည်သည့်အရာကိုမျှ မလုပ်သောသူများသည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်သည်။ သက်သောင့်သက်သာရှိမှုကို တပ်မက်သော၊ ဆင်းရဲဒုက္ခနှင့် ပင်ပန်းနွမ်းလျမှုကို ကြောက်ရွံ့သော၊ ဆင်းရဲဒုက္ခများနှင့် အခက်အခဲများအကြောင်း အမြဲတစေ ညည်းညူပြီး ဆင်းရဲဒုက္ခကို လုံးဝမခံနိုင်သော ထိုအသုံးမကျသူများအားလုံးသည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ကာ တစ်ဦးတစ်ယောက်မျှ မကျန်စေရ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်ကို စတင်သည့်အခါ အခက်အခဲအမျိုးမျိုးကို ကြုံတွေ့ရပါက ၎င်းတို့သည် ပြဿနာ၏ ဇာစ်မြစ်ကို ရှာဖွေပြီးနောက် ထိုခလုတ်ကန်သင်းများနှင့် အတားအဆီးများဖြစ်သည့် ကဖျက်ယဖျက်နိုင်ပြီး မလျော်ကန်သော ပြဿနာရှာသူများကို ရှင်းလင်းဖယ်ရှားသင့်သည်။ ကျန်ရှိနေသူများအားလုံးသည် သမ္မာတရားကို လက်ခံပြီး နာခံကာ ကျိုးနွံနာခံနိုင်သောသူများ ဖြစ်သည့်အခါ ၎င်းတို့ကို ဦးဆောင်ရန် များစွာပို၍ လွယ်ကူလာလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်လုပ်သည့်အခါ လူတို့အနေဖြင့် ၎င်းတို့ပြောသည်ကို ကြားပြီးနောက် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခု ရှိစေရန်အတွက် အလျင်ဦးစွာ သမ္မာတရားအကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့သင့်သည်။ ၎င်းတို့သည် လူတို့ကို မိမိတို့အား အလေးဂရုပြုပြီး နာခံရန်နှင့် လက်တွေ့လုပ်ဆောင်ရန် အတင်းအကျပ်ပြုဖို့ နေနေသာသာ၊ အယူဝါဒများကို မပြောဆိုသင့်၊ ဆောင်ပုဒ်များကိုလည်း မဟစ်ကြွေးသင့်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားအကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ပါက လူအများစုသည် ယင်းကို လက်တွေ့လုပ်ဆောင်ကြည့်လိုစိတ် ရှိကြလိမ့်မည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အမှုအရာများကို ရှင်းလင်းစွာ သို့မဟုတ် ပြတ်သားစွာ မရှင်းပြလင့်ကစား ညီအစ်ကိုမောင်နှမများကို လက်တွေ့လုပ်ဆောင်ရန် တောင်းဆိုနေသေးကာ ညီအစ်ကိုမောင်နှမများက မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို မသိဘဲ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို မရှာတွေ့နိုင်ပါက စိုးရိမ်စရာဖြစ်ကာ ဤအရာက အလုပ်၏ရလဒ်များအပေါ် သက်ရောက်မှုရှိလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တိကျသော အလုပ်မျိုးတိုင်းတွင် ပါဝင်သည့် သမ္မာတရား စည်းမျဉ်းများအကြောင်းကို ပြတ်သားစွာ ရှင်းပြနိုင်ပြီး ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်သရွေ့ လူအများစုသည် နားလည်တတ်လာပြီး ဆင်ခြင်တုံတရားရှိကာ မိမိကဏ္ဍကို လုပ်ဆောင်လိုစိတ် ရှိကြလိမ့်မည်။ လူတစ်ဦး ပြောဆိုသည့်အရာသည် မှန်ကန်လျှင်၊ သမ္မာတရားနှင့် ကိုက်ညီလျှင်၊ အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိလျှင် လူတိုင်းက ထိုသူ၏စကားကို နားထောင်လိုစိတ် ရှိကြသည်။ သို့ရာတွင် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောဆိုပြီး တစ်စုံတစ်ဦးက ၎င်းတို့အား လက်တွေ့လုပ်ဆောင်ခြင်း၏ တိကျသော လမ်းကြောင်းနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ ၎င်းတို့က မရှင်းပြနိုင်ဘဲ ထိုအစား ကိန်းကြီးခန်းကြီးနိုင်သော အယူဝါဒအချို့ကို ပြောဆိုကာ ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးပြီးနောက် ထိုသူကို လာရာလမ်းအတိုင်း ပြန်လွှတ်လိုက်သည့် အခြေအနေတစ်ခု ရှိလေသည်။ ထိုသူသည် စိတ်ထဲတွင် ဘဝင်မကျဘဲ “သင်သည် ကျွန်ုပ်အား ဤအရာကို သွား၍ လက်တွေ့လုပ်ဆောင်ကြည့်ခိုင်းနေသော်လည်း ရှင်းလင်းစွာ မရှင်းပြခဲ့သဖြင့် ကျွန်ုပ် မည်သို့ လက်တွေ့လုပ်ဆောင်နိုင်မည်နည်း။ ကျွန်ုပ်၌ လိုက်လျှောက်စရာ လမ်းကြောင်းမရှိပါ။ ကျွန်ုပ် နားမလည်သောကြောင့် သင့်ကို မေးမြန်းခဲ့ခြင်း ဖြစ်သော်လည်း သင်ကိုယ်တိုင်လည်း နားမလည်သည့်အပြင် မည်ကဲ့သို့ အယူဝါဒများ ပြောဆိုပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးရန်သာ သိရှိကြောင်း သိလိုက်ရသည်။ သင်သည် ကျွန်ုပ်ထက် ပို၍မထူးခြားပေ။ သင့်ကို ကျွန်ုပ် အဘယ့်ကြောင့် နာခံရမည်နည်း။ ကျွန်ုပ်သည် သမ္မာတရားကို နာခံခြင်းဖြစ်ကာ သင် အယူဝါဒများ ပြောဆိုပြီး ဆောင်ပုဒ်များ ဟစ်ကြွေးသည်ကို နာခံခြင်းမဟုတ်ပါ” ဟူ၍ စဉ်းစားတော့သည်။ ဤသို့သောအခြေအနေမျိုး ဖြစ်တတ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အနှစ်သာရမရှိသော အယူဝါဒများ ပြောဆိုခြင်းကို ရှောင်ကြဉ်နိုင်လျှင်၊ အမှန်အတိုင်း ပြောဆိုနိုင်လျှင်၊ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့နိုင်လျှင် လူအများစုသည် နာခံနိုင်ကြလိမ့်မည်။ ထို့ကြောင့် အသင်းတော်၏ အလုပ်သည် အမှန်တကယ်တွင် လုပ်ဆောင်ရန် လွယ်ကူသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အစီအစဉ်များကို စိတ်အားထက်သန်စွာ အကောင်အထည်ဖော်နိုင်သရွေ့ မိမိတို့၏ အလုပ်ရာထူးများကို ထိန်းသိမ်းထားနိုင်သရွေ့၊ ထို့ပြင် တိကျသောအလုပ်တွင် ပါဝင်နိုင်သရွေ့ ၎င်းတို့သည် ထိုအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည်မှာ အသေအချာဖြစ်သည်။ စိုးရိမ်စရာဖြစ်သည်မှာ အကယ်၍ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ကြီးကြပ်သူများသည် တာဝန်မယူတတ်ဘဲ ဟန်ကြီးပန်ကြီးပြုမူကာ အယူဝါဒများ ပြောဆိုရန်နှင့် ဆောင်ပုဒ်များ ဟစ်ကြွေးရန်သာ သိရှိပြီး လုပ်ငန်းခွင်၌ တိကျသောအလုပ်တွင် မပါဝင်ပါက အလုပ်ထဲတွင် ပြဿနာများ သေချာပေါက် ရှိလာမည်ဖြစ်သည်။ ဤသည်မှာ အောက်ခြေ၌ရှိသောသူများသည် ဤသို့သောအမှုအရာများကို ထိုးထွင်းမသိမြင်နိုင်သောကြောင့်၊ ၎င်းတို့၌ လမ်းပြပေးမည့်သူတစ်ဦး လိုအပ်သောကြောင့်၊ ၎င်းတို့၌ အားကိုးအားထားပြုစရာတစ်ခု လိုအပ်သောကြောင့်၊ ၎င်းတို့အား ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး မည်သည့်အရာလုပ်ဆောင်ရမည်ကို ပြောပြမည့်သူတစ်ဦး လိုအပ်သောကြောင့်၊ ကြီးကြပ်ကွပ်ကဲမှုပေးပြီး စစ်ဆေးမှုများ ဆောင်ရွက်မည့်သူတစ်ဦး လိုအပ်သောကြောင့် ဖြစ်ပြီး သို့မဟုတ်ပါက အလုပ်ကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။ အကယ်၍ သင်သည် ရာထူးနေရာတစ်ခုမှနေ၍ အယူဝါဒနှင့် ဆောင်ပုဒ် အနည်းငယ်ကို ဟစ်ကြွေးလိုက်ရုံဖြင့် အောက်ခြေရှိလူတို့က အရေးယူပြီး သင်ပြောသည့်အတိုင်း လုပ်ဆောင်ကြမည်ဟု မျှော်လင့်နေပါက စိတ်ကူးသာယဉ်နေလော့။ အောက်ခြေရှိလူတို့သည် စက်ယန္တရားများနှင့်တူ၏ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို အသက်မသွင်းပါက ၎င်းတို့ လှုပ်ရှားမည်မဟုတ်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသောသူများသည် ဤအရာကိုပင် ထိုးထွင်းမသိမြင်နိုင်ပါက ၎င်းတို့သည် ထိုးထွင်းအမြင် ကင်းမဲ့လွန်းပေသည်။ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါ မည်သည့်အရာကိုမျှ ထိုးထွင်းမသိမြင်နိုင်ကြပေ။ ၎င်းတို့သည် မည်သည့်အလုပ်က အလွန်အရေးပါပြီး မည်သည့်အရာက အထွေထွေအလုပ်ကိစ္စ ဖြစ်သည်ကို မသိကြသကဲ့သို့ အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအရ အလုပ်တာဝန်များကို ဦးစားပေးသတ်မှတ်နိုင်ခြင်းလည်း မရှိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုပင် လုပ်ဆောင်ပါစေ၊ ၎င်းတို့တွင် စည်းမျဉ်းများမရှိ၊ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းကို ရှင်းလင်းစွာ မရှင်းပြနိုင်ဘဲ လက်တွေ့မကျသော အရာအချို့ကိုသာ ပြောဆိုလျက် အယူဝါဒများကိုသာ ပြောပြပြီး ဆောင်ပုဒ်များကို ဟစ်ကြွေးရုံသာ ပြုကြသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် မည်သည့်အလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ဘဲ ဖယ်ရှားရှင်းလင်းခြင်းကိုသာ ခံရနိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို မည်သို့ စီစဉ်ပြီး အကောင်အထည်ဖော်ရမည်ကို သိရမည်ဖြစ်ပြီး အလုပ်ကို မည်သို့ စစ်ဆေး၍ လမ်းညွှန်ပြီး ပေါ်ပေါက်လာသော ပြဿနာများကို မည်သို့ ကိုယ်တိုင်ဖြေရှင်းရမည်ကိုလည်း သိရမည်ဖြစ်သည်။ ဤကဲ့သို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသာလျှင် စစ်မှန်သောအလုပ်ကို လုပ်ဆောင်နိုင်ပြီး လူတို့ကို လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးနိုင်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦးသည် အလုပ်ကို လမ်းမညွှန်နိုင်ပါက သို့မဟုတ် ပြဿနာများကို ရှာဖွေတွေ့ရှိပြီး မဖြေရှင်းနိုင်ပါက၊ အကယ်၍ ၎င်းတို့သည် အခြားသူများကို အဆက်မပြတ် ဟောပြောဆုံးမပြီး ပြုပြင်နိုင်ရုံသာရှိကာ မိမိတို့ကိုယ်တိုင် အမှုအရာများကို ရှုပ်ထွေးအောင်လုပ်သော်လည်း အခြားသူများကို ပြစ်တင်ရှုတ်ချပါက ဤသည်မှာ အရည်အချင်းမပြည့်မီသော ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်းပင်။ ထိုသို့သော ခေါင်းဆောင်သည် အသုံးမကျသူ၊ သူသည် အယောင်ဆောင်ခေါင်းဆောင် ဖြစ်ပြီး သူ့ကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ အကယ်၍ သင်သည် တိကျသောအလုပ်တစ်ခုခုကို မည်သို့လုပ်ဆောင်ရမည် မသိပါက ဤတိကျသောအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ဖို့ သင့်အား ကူညီရန် သင်၏ လက်ထောက်များအဖြစ် ဆောင်ရွက်ရန် သင့်တော်သောလူနှစ်ဦးကို အနည်းဆုံး ရှာဖွေရမည်ဖြစ်ပြီး အနှောင့်အယှက်များကို ဖန်တီးသည့် ကဖျက်ယဖျက် ပြုတတ်သောသူများကို အနည်းဆုံး ဦးစွာ ကိုင်တွယ်၍ ရှင်းလင်းပစ်ရမည်။ ဤသည်မှာ ဤအလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် အခွင့်သာသော အခြေအနေများကို ဖန်တီးပေးခြင်း မဟုတ်လော။ သင်သည် စစ်မှန်သည့်အရာတစ်ခုအား လုပ်ဆောင်နိုင်သောသူများကို တွေ့ရှိသည့်အခါ ၎င်းတို့ကို ချက်ချင်း ရာထူးတိုးပေးပါက၊ အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသောသူတို့ကို ချက်ချင်းကိုင်တွယ်၍ ရှင်းလင်းပစ်လျှင် ဤအလုပ်ကို သင်ဆက်လက်လုပ်ဆောင်သည့်အခါ အခက်အခဲများ လွန်စွာ နည်းပါးသွားလိမ့်မည်။ အရည်အသွေး ညံ့ဖျင်းလွန်းသော ခေါင်းဆောင်များသည် ဤကဲ့သို့ အလုပ်လုပ်နိုင်စွမ်း မရှိကြပေ။ ၎င်းတို့သည် လူတို့အား မကျေမနပ်ဖြစ်စေမိမည်ကို စိုးရိမ်ကြပြီး ဆိုးယုတ်သောလူတစ်ဦးက အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ အဆက်မပြတ် ဖြစ်ပွားစေသည်ကို တွေ့မြင်သည့်အခါ မကိုင်တွယ်ကြပေ။ ၎င်းတို့သည် မည်သူက စစ်မှန်သည့်အရာတစ်ခုခုအား လုပ်ဆောင်နိုင်စွမ်း ရှိကြောင်းကိုလည်း မပြောနိုင်ကြသကဲ့သို့ အလုပ်ကို တာဝန်ယူရန် မည်သူက ရာထူးတိုးပေးရန် သင့်တော်သည်ကိုလည်း မသိကြပေ။ ဤကဲ့သို့သော ခေါင်းဆောင်များသည် ကြောင်းကျိုးမမြင်ကြသည့်အပြင် ၎င်းတို့၏ အလုပ်ကို ထမ်းဆောင်နိုင်စွမ်း မရှိကြပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရား သို့မဟုတ် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို နားမလည်ပါက ၎င်းတို့သည် မိမိတို့၏ အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် မဟုတ်သောကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်ရန်အတွက် မကြာခဏ လေ့ကျင့်ရမည်။ ၎င်းတို့သည် စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်သရွေ့၊ အလုပ်တာဝန်များကို အရေးကြီးမှုနှင့် အရေးပေါ်လိုအပ်မှုအရ မည်ကဲ့သို့ ဦးစားပေးသတ်မှတ်ရမည်ကို သိသရွေ့၊ ထို့ပြင် အကျိုးအပြစ်များအား မည်ကဲ့သို့ ချိန်ဆရမည်ကို သိသရွေ့ ၎င်းတို့သည် မိမိတို့၏အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ စံနှုန်းပြည့်မီဖြစ်လာနိုင်မည် ဖြစ်သည်။

ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့်အညီ အလုပ်အစီအစဉ်များကို တိကျစွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဤအကြောင်းအရာကို ငါမိတ်သဟာယဖွဲ့ပြီးဖြစ်၍ သင်တို့ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယခုအခါ အလုပ်အစီအစဉ်များကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းပြီး အကောင်အထည်ဖော်ရမည်နှင့်ပတ်သက်၍ အခြေခံနားလည်သ‌ဘောပေါက်မှု တစ်ခုခု ရှိပြီလော။ ပြီးလျှင် အလုပ်အစီအစဉ်များကို အကောင်အထည်ဖော်သည့်အခါ သင်တို့ ဖြည့်ဆည်းသင့်သည့် တာဝန်များ၊ ဝတ္တရားများနှင့်ပတ်သက်၍ တိကျသော နားလည်သဘောပေါက်မှု တစ်ခုခု ယခုရှိပြီလော။ (ရှိပါပြီ။) ယခု သင်တို့တွင် ဤတိကျသော နားလည်သဘောပေါက်မှု ရှိပြီဖြစ်သောကြောင့် သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သည်နှင့် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်သည်ကို စဉ်းစားသင့်သည်။ ထို့နောက် သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရန်အတွက် အရည်အသွေးကို ပိုင်ဆိုင်ခြင်းရှိမရှိနှင့် ခေါင်းဆောင်ပိုင်းအလုပ်အတွက် ပြည့်မီခြင်းရှိမရှိကို အကဲဖြတ်သင့်သည်။ အရည်အသွေးညံ့ဖျင်းပြီး စစ်မှန်သောအလုပ်ကို မလုပ်ဆောင်သည့် အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက်၊ ဆိုလိုသည်မှာ အယောင်ဆောင် ခေါင်းဆောင်များဟု ငါတို့ခေါ်သောသူများအတွက်မှာမူ၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဝတ္တရားနှင့်ဆိုင်သည့် တိကျသောအကြောင်းအရာကို နားလည်ပြီးသောအခါ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ အချို့က “ကျွန်ုပ်သည် ယခင်က ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို အမှန်တကယ် နားမလည်ခဲ့ပေ။ ကျွန်ုပ် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် အယောင်ပြသက်သက်အတွက် အလုပ်အချို့ကို လုပ်ဆောင်ရန် ကျွန်ုပ်၏ အယူအဆများနှင့် စိတ်ကူးများကိုသာ အားကိုးခဲ့ပြီး ကျွန်ုပ်သည် စိတ်အားထက်သန်ကာ ဆင်းရဲဒုက္ခကို ခံယူလိုစိတ်ရှိသောကြောင့် ခေါင်းဆောင်တစ်ဦးအဖြစ် စံနှုန်းပြည့်မီလောက်သည်ဟု ထင်မှတ်ခဲ့ပါသည်။ ဘုရားသခင်က ဤနည်းအားဖြင့် မိတ်သဟာယဖွဲ့သည်ကို နားထောင်ပြီးနောက် ကျွန်ုပ် အံ့သြမှင်တက်မိပါသည်။ ကျွန်ုပ်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျွန်ုပ်၏ အရည်အသွေးမှာ ညံ့ဖျင်းလွန်းကာ စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သိလိုက်ရသည်။ ကျွန်ုပ်သည် ဘုရားအိမ်တော်၏ တိကျသော အလုပ်အစီအစဉ်တစ်ခုတည်းကိုပင် အကောင်အထည်ဖော်နိုင်စွမ်း မရှိပါ။ အလုပ်အစီအစဉ်တစ်ခုကို အကြိမ်တော်တော်များများ ဖတ်ရှုခြင်း၊ လူတိုင်းထံသို့ လက်ဆင့်ကမ်းခြင်း၊ ထို့ပြင် အောက်ခြေရှိလူတို့ ယင်းကို လုပ်ဆောင်သည့်အခါ တိုက်တွန်း၍ ကြီးကြပ်ခြင်းသည် ထိုအလုပ်အစီအစဉ်ကို ကျွန်ုပ် အကောင်အထည်ဖော်နေခြင်း ဖြစ်သည်ဟု ဆိုလိုကြောင်း ကျွန်ုပ် ထင်မှတ်နေကျဖြစ်သည်။ အတန်ကြာပြီးနောက် အလုပ်သည် ကောင်းမွန်စွာ မပြီးမြောက်ခဲ့ကြောင်းနှင့် တိကျသောအလုပ်များစွာ လျစ်လျူရှုခံခဲ့ရကြောင်း ကျွန်ုပ်တွေ့ရှိလိုက်ရပြီး၊ ထိုအခါမှသာ ကျွန်ုပ်၏ အရည်အသွေးသည် အမှန်တကယ် ချို့တဲ့နေကြောင်းနှင့် ကျွန်ုပ်သည် ခေါင်းဆောင်ဖြစ်ထိုက်သည့် အရည်အချင်းမရှိကြောင်း ကျွန်ုပ်နားလည်ခဲ့သည်” ဟု ဆိုကြသည်။ သို့ဆိုလျှင် ဤကဲ့သို့သောလူတစ်ဦးသည် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ၎င်းတို့၏တာဝန်ကို စွန့်လွှတ်လိုက်လျှင် သင့်တော်မည်လော။ (မသင့်တော်ပါ။) သို့ဆိုလျှင် ဤပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခု ရှိသလော။ သို့မဟုတ် ဤပြဿနာသည် မဖြေရှင်းနိုင်သော ပြဿနာလော။ (မဟုတ်ပါ၊ မဖြေရှင်းနိုင်သည်တော့ မဟုတ်ပါ။ ထိုလူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပိုကောင်းအောင် ကြိုးစားအားထုတ်ရမည် ဖြစ်သည်။) ဤသည်မှာ အပြုသဘောဆောင်ပြီး ထိရောက်သော ရှုမြင်ချက်တစ်ခု ဖြစ်သည်။ အလွန်ကောင်းသော ရှုမြင်ချက်တစ်ခု ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပိုကောင်းအောင် ကြိုးစားအားထုတ်သင့်သည်၊ ဘုရားသခင်ကို ယုံကြည်ပြီး အားကိုးသင့်ကာ အပျက်သဘောဆောင်လာခြင်း သို့မဟုတ် မိမိတို့၏အလုပ်ကို စွန့်လွှတ်ခြင်း မပြုသင့်၊ ဤသည်မှာ ဖြေရှင်းနည်းတစ်ခု ဖြစ်သည်။ ယင်းသည် ကောင်းမွန်သော ဖြေရှင်းနည်းတစ်ခုလော။ (ဟုတ်ပါသည်။) သို့သော် ယင်းသည် တစ်ခုတည်းသော ဖြေရှင်းနည်းလော။ (မဟုတ်ပါ။ အကယ်၍ ၎င်းတို့၏ အရည်အသွေးသည် ညံ့ဖျင်းလွန်းပြီး လက်တွေ့ကျသော မည်သည့်အလုပ်ကိုမျှ အမှန်တကယ် မလုပ်ဆောင်နိုင်ပါက ၎င်းတို့သည် ဤအရာအတွက် တာဝန်ယူပြီး မိမိတို့၏ရာထူးမှ နုတ်ထွက်နိုင်သည်။) ဤသည်မှာ ဒုတိယဖြေရှင်းနည်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ယခင်က ကြိုးစားခဲ့ပြီးဖြစ်ကာ ခေါင်းဆောင်ပိုင်းအလုပ်ကို မလုပ်ဆောင်နိုင်ဟု ခံစားရပါက၊ ဆိုလိုသည်မှာ ယင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းရပြီး အားစိုက်ရကာ ယင်းနှင့်ပတ်သက်၍ အလွန်စိုးရိမ်ပူပန်ပြီး ကောင်းစွာမအိပ်စက်နိုင်ဟု ခံစားရလျှင်၊ ပြီးလျှင် နေ့စဉ်နေ့တိုင်း မိမိတို့ကို တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ ခံစားရသဖြင့် ခေါင်းမဖော်နိုင် သို့မဟုတ် အသက်မရှူနိုင်ဘဲ လမ်းလျှောက်သည့်အခါ မိမိတို့၏ ခြေထောက်များ လေးလံနေသည်ဟုပင် ခံစားရလျှင်၊ ထို့ပြင် တိကျသော ဤသတ်မှတ်ချက်များကို နားထောင်ပြီးနောက် မိမိတို့၏ အရည်အသွေးသည် ညံ့ဖျင်းလွန်းပြီး ထိုအလုပ်အား တကယ်ကို မလုပ်ဆောင်နိုင်ဟု ပို၍ပင် ခံစားရပါက ၎င်းတို့သည် မည်သည့်အရာကို ပြုလုပ်သင့်သနည်း။ ၎င်းတို့ လုပ်ဆောင်နိုင်သည့်အရာတစ်ခု ရှိသည်၊ ယင်းမှာ ချက်ချင်းနုတ်ထွက်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် စစ်မှန်သော အလုပ်ကို မလုပ်ဆောင်နိုင်ပါက ဘုရားအိမ်တော်၏ အလုပ်ကို မထိခိုက်စေသင့်၊ ဤသည်မှာ ၎င်းတို့၌ရှိသင့်သည့် ဆင်ခြင်တုံတရား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ အကန့်အသတ်များကို ကျော်လွန်၍ ကြောင်းကျိုးမဆင်ခြင်ဘဲ မိမိတို့ကိုယ်ကို ဇွတ်မတိုးသင့်၊ မိမိတို့၏ အစွမ်းအစများအား ကျော်လွန်သည့်အရာတစ်ခုကို လုပ်ဆောင်ရန် အတင်းအကျပ် မကြိုးစားသင့် သို့မဟုတ် မိုက်မဲသောအရာများကို မလုပ်ဆောင်သင့်ပေ။ ဤအရာများကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်သောသူများသာလျှင် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ကြသည်။ ဆင်ခြင်တုံတရားရှိသောသူများသည် ကိုယ့်ကိုယ်ကိုယ်သိမြင်ခြင်း ရှိကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစကို ရှင်းလင်းစွာ သိရှိကြပြီး မိမိတို့၏ ကိုယ်ပိုင်အားနည်းချက်များကို သိရှိကြသည်။ လူတို့သည် မိမိတို့ကိုယ်တိုင်၏ အတိုင်းအတာကို ရှင်းလင်းစွာ သိရှိသည့်အခါမှသာ မိမိတို့ လုပ်ဆောင်နိုင်စွမ်းရှိသည့်အရာ၊ လုပ်ဆောင်နိုင်စွမ်းမရှိသည့်အရာနှင့် လုပ်ဆောင်ရန် အသင့်တော်ဆုံးဖြစ်သည့် အရာတို့ကို တိကျမှန်ကန်စွာ နားလည်နိုင်ကြသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစကို အဘယ်ကြောင့် သိရှိရမည်နည်း။ မိမိတို့ လုပ်ဆောင်သင့်သည့် တာဝန်ကို သေချာစွာသိရှိရန် ဤအရာက ကူညီပေးပြီး ထိုတာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ရန်လည်း ကူညီပေးသည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် ဆန်းစစ်ပြီးသားဖြစ်ကာ သင့်တွင် ဤအစွမ်းအစသာရှိပြီး ခေါင်းဆောင်ပိုင်းအလုပ်ကို မလုပ်ဆောင်နိုင်ကြောင်း သိမြင်ပြီးဖြစ်ပါက သင့်အနေဖြင့် မိမိကိုယ်ကို နောက်တစ်ကြိမ် ဆန်းစစ်ပြီး နောက်တစ်ကြိမ် သက်သေပြစရာ မလိုအပ်တော့ပေ။ သင်သည် ချက်ချင်းနုတ်ထွက်သင့်ကာ သင်၏ ရာထူးနေရာကို ဆုပ်ကိုင်ထားပြီး ရာထူးမှမဆင်းဘဲ မနေနှင့်။ သင်သည် တိကျသောအလုပ်ကို မလုပ်ဆောင်နိုင်သဖြင့် အခြားသူများကို ထိခိုက်စေပြီး ကြန့်ကြာမှုများ ဖြစ်ပေါ်စေခြင်း မရှိနှင့်။ နုတ်ထွက်ခြင်းသည် ရှေ့ဆက်ရန် လမ်းကြောင်းတစ်ခု မဟုတ်လော။ ဤလမ်းကြောင်းနှစ်ခုကို သင့်ရှေ့တွင် ချထားပြီးဖြစ်ကာ သင်သည် တစ်ခုကို ရွေးချယ်နိုင်သည်။ သင်သည် ရှေ့ဆက်ရန် လမ်းကြောင်းမဲ့နေခြင်း မဟုတ်သကဲ့သို့ လမ်းကြောင်းတစ်ခုတည်းသာ ရှိနေခြင်းလည်း မဟုတ်ပေ။ သင်သည် မိမိကိုယ်ကို နားလည်သဘောပေါက်မှုအပေါ် အခြေခံ၍လည်းကောင်း၊ သင့်ကို သိနားလည်သော သင့်ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများမှ သင့်အပေါ် ပြုလုပ်သည့် အကဲဖြတ်ချက်များအပေါ် အခြေခံ၍လည်းကောင်း သင်၏ အမှန်တကယ်ဖြစ်သော အခြေအနေနှင့်ပတ်သက်၍ လက်တွေ့ကျပြီး တိကျမှန်ကန်သော ဝေဖန်သုံးသပ်မှုမှုများ ပြုလုပ်နိုင်ပြီးလျှင် မှန်ကန်သော ရွေးချယ်မှုကို ပြုလုပ်နိုင်သည်။ ဘုရားအိမ်တော်သည် သင့်အတွက် အမှုအရာများကို ခက်ခဲအောင် ဖန်တီးမည်မဟုတ်ပေ။ ဤအရာကို သင်မည်သို့ထင်သနည်း။ (ကောင်းပါသည်။) လူအချို့က “ကျွန်ုပ် ထပ်မံကြိုးစားပြီး ပိုကောင်းအောင် ကြိုးစားအားထုတ်လိုသည်။ ကျွန်ုပ် ထိုသို့ပြုလုပ်နိုင်မည်ဟု ထင်သည်။ ကျွန်ုပ်သည် ထိုနှစ်များအတွင်း သမ္မာတရားကို လိုက်စားရန် အာရုံကောင်းကောင်းမစိုက်ခဲ့၍သာ ဖြစ်ပြီး ကျွန်ုပ် ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက်လည်း သမ္မာတရားအား မည်သို့ရှာဖွေရမည်ကို မသိသေးဘဲ မရေရာသောနည်းလမ်းဖြင့် အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်ခြင်းသည် အလွန်လွယ်ကူသည်၊ လိုအပ်သမျှမှာ လူတို့ကို စုဝေးပွဲများ တက်ရောက်ရန် စည်းရုံးခြင်း၊ သမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရာတွင် ဦးဆောင်လမ်းပြခြင်း၊ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ အချိန်မီဖြေရှင်းခြင်းနှင့် အထက်မှလာသည့် မည်သည့်အစီအစဉ်များကိုမဆို ချက်ချင်း အကောင်အထည်ဖော်ပြီးနောက် ထိုမျှနှင့် အဆုံးသတ်ခြင်းတို့ ဖြစ်သည်ဟု စဉ်းစားနေကျဖြစ်သည်။ အတန်ကြာမျှ ခေါင်းဆောင်တစ်ဦး ဖြစ်လာပြီးနောက် ကျွန်ုပ်မဖြေရှင်းနိုင်သော ပြဿနာများစွာ ရှိနေခဲ့ကြောင်း၊ အထက်မှနေ၍ အလုပ်အကြောင်း မေးမြန်းသည့်အခါ မည်သို့တုံ့ပြန်ရမည်ကို မသိခဲ့ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူအချို့က တကယ်ဖြစ်နေသော အရေးကိစ္စများကို ဖော်ထုတ်ပြောဆိုသည့်အခါ ကျွန်ုပ်အဖြေမပေးနိုင်ခဲ့ကြောင်းကို တွေ့ရှိရလိမ့်မည်ဟု မည်သည့်အခါမျှ စိတ်မကူးမခဲ့ဖူးပါ။ ညီအစ်ကိုမောင်နှမများအနေဖြင့် ဘုရားသခင်ကို ယုံကြည်လက်ခံခဲ့သည့် ဤနှစ်ကာလများတစ်လျှောက်တွင် ၎င်းတို့အားလုံးသည် မကြာခဏဆိုသလိုပင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခဲ့ကြပြီး တရားဒေသနာများကို နားထောင်ခဲ့ကြသည်။ ၎င်းတို့အားလုံးသည် သမ္မာတရားအချို့ကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းအနည်းငယ်ကို ပိုင်ဆိုင်ကြသည်မှာ အမှန်ပင်။ ကျွန်ုပ်သည် သမ္မာတရားလက်တွေ့ကျမှုမရှိဘဲ ၎င်းတို့ကို အမှန်တကယ် ရေလောင်းပေးခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်း မရှိနိုင်ပါ” ဟု ဆိုကြသည်။ ဘုရားအိမ်တော်ရှိ မည်သည့် တိကျသောအလုပ်မျိုးကိုမဆို ကောင်းမွန်စွာ ထမ်းဆောင်ရန်မှာ ထိုမျှမလွယ်ကူကြောင်း ယခုအခါ ရှင်းလင်းနေပြီဖြစ်သည်။ တစ်ဖက်တွင် လူတို့သည် အစွမ်းအစကို ပိုင်ဆိုင်ရန် လိုအပ်ပြီး အခြားတစ်ဖက်တွင်မူ ၎င်းတို့သည် ဝန်တာစိတ်ထားရန် လိုအပ်သကဲ့သို့ သမ္မာတရားကို နားလည်ရန်လည်း လိုအပ်ကာ ဤအရာများအားလုံးမှာ လုံးလုံးလျားလျား လိုအပ်ပေသည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို မလိုက်စားပါက သို့မဟုတ် အစွမ်းအစမရှိပါက အဆင်ပြေမည် မဟုတ်သကဲ့သို့ သူ့အနေဖြင့် လူ့သဘာဝမရှိသည့်အပြင် ဝန်တာစိတ် မထားပါကလည်း အဆင်ပြေမည် မဟုတ်ပေ။ တိကျသောအလုပ်သည် တိကျသော ကိုင်တွယ်ဖြေရှင်းခြင်း လိုအပ်ပြီး ဤသည်မှာ ထိုမျှရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။ သို့ရာတွင် အချို့သောလူတို့က လက်မခံနိုင်ကြသေးပေ။ ၎င်းတို့သည် ထပ်မံကြိုးစားလိုကြဆဲ ဖြစ်ပြီး ၎င်းတို့အား နောက်ထပ်အခွင့်အရေးပေးရန် တောင်းဆိုကြသည်ဖြစ်၍ ဤကဲ့သို့သောလူများကို နောက်ထပ်အခွင့်အရေး ပေးသင့်သလော။ အကယ်၍ ၎င်းတို့၏ အလုပ်လုပ်နိုင်စွမ်းနှင့် အစွမ်းအစသည် နှစ်ခုစလုံး သာမန်ဖြစ်သော်လည်း ၎င်းတို့သည် တိကျသောအလုပ်အချို့ကို ထမ်းဆောင်နိုင်ပါက၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ မလုပ်ဘဲ မိမိတို့၏အလုပ်တွင် ရလဒ်များကို စွမ်းဆောင်ရရှိအောင် ပြဿနာများအား ဖြေရှင်းခြင်းကို အာရုံစိုက်နိုင်ပါက၊ အထက်မှနေ၍ ပြုလုပ်ထားသည့် မည်သည့်အစီအစဉ်ကိုမဆို လိုက်နာပြီး ကျိုးနွံနာခံနိုင်ပါက၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ အခြေခံအားဖြင့် အလုပ်ကို အကောင်အထည်ဖော်နိုင်ပါက၊ ၎င်းတို့သည် ငယ်ရွယ်သောကြောင့်၊ သမ္မာတရားကို နားမလည်သောကြောင့်သာမက မခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ရှိသောကြောင့် ယခင်က မိမိတို့၏အလုပ်ကို ကောင်းမွန်စွာ မထမ်းဆောင်ခဲ့စေကာမူ ၎င်းတို့သည် လူမှန်များ ဖြစ်နေပါက ၎င်းတို့ကို နောက်ထပ်အခွင့်အရေးပေးပြီး မိမိတို့ကိုယ်ကို ဆက်လက်၍ လေ့ကျင့်စေသင့်ကာ ၎င်းတို့ကို ကြောင်းကျိုးမဆင်ခြင်ဘဲ ဖြုတ်ချခြင်း မပြုလေနှင့်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရသည်မှာ ထိုမျှမလွယ်ကူသကဲ့သို့ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးကို ရွေးကောက်တင်မြှောက်ရသည်မှာလည်း ထိုမျှမလွယ်ကူပေ။ ယခုတွင် ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် မိမိတို့၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု အနည်းငယ်ရှိကြပြီး ၎င်းတို့သည် အနည်းဆုံးအနေဖြင့် မိမိတို့၏အလုပ်တွင် ယခင်ကထက် အတော်လေး ပိုကောင်းလာကြမည်ဖြစ်ကာ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။

ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်အမျိုးမျိုးကို ယင်း၏ လိုအပ်ချက်များနှင့်အညီ တိကျမှန်ကန်စွာ ဆက်သွယ်ပြောကြားခြင်း၊ ထုတ်ပြန်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် တိုက်တွန်းနှိုးဆော်မှုတို့ကို ပေးကာ ၎င်းတို့ အကောင်အထည်ဖော်မှု အခြေအနေကို စစ်ဆေးပြီး ဆက်လက်စောင့်ကြည့်ခြင်း ဟူသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ နဝမမြောက် တာဝန်ဝတ္တရားနှင့်ပတ်သက်သော သမ္မာတရား စည်းမျဉ်းများကို ယခုတွင် ငါမိတ်သဟာယဖွဲ့ပြီးဖြစ်သောကြောင့် သင်တို့၏ စိတ်နှလုံးများအားလုံး ရှင်းလင်းပြတ်သားသွားပြီး သင်တို့၌ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခု ရှိနေပြီဖြစ်သည်။ သင်တို့သည် ယခုအခါ မိမိတို့၏တာဝန်ကို ဖြည့်ဆည်းနိုင်ပြီး အသက်ဝင်ရောက်မှုကို ရရှိသည်သာမက ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်ပတ်သက်သည့် သိမြင်မှု သို့မဟုတ် ပိုင်းခြားသိမြင်နိုင်စွမ်း အနည်းငယ်ကိုလည်း ရရှိသင့်ကာ၊ အနည်းဆုံးအနေဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများနှင့် ၎င်းတို့ လုပ်ဆောင်သင့်သည့် အလုပ်တို့အ‌ပေါ် ရှင်းလင်းပြတ်သားမှုနှင့် နားလည်သဘောပေါက်မှုကို ရရှိထားသင့်သည်။ အတိုချုပ်ဆိုရလျှင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ သိရှိခြင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်းအတွက် အထောက်အကူဖြစ်ပြီး အကျိုးရှိစေကာ ဤနည်းအားဖြင့် ခေါင်းဆောင်များ၊ အမှုဆောင်များ၏ တာဝန်ဝတ္တရားများနှင့်ပတ်သက်၍ ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် ပေါ့တန်ခြင်း မရှိတော့ဘဲ ပို၍ ခိုင်မာပြည့်စုံလာမည် ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်

အရှေ့သို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)

နောက်တစ်ခုသို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၀)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။