ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)

အချက် ၈- အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေလော့ (အပိုင်း ၂)

ပြီးခဲ့သည့်တစ်ကြိမ်က ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ အချက်ရှစ်ဖြစ်သည့် “အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ချက်ချင်းတင်ပြ၍ ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေလော့”ဟူသည်နှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ အချက်ရှစ်သည် စာတစ်ကြောင်းတည်းသာ ရှည်ပြီး ယင်းသည် အခြေခံအားဖြင့် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအရ အလွန်ရိုးရှင်းသည့် အရာတစ်ခုတည်းကိုသာ ၎င်းတို့ထံမှ တောင်းဆိုသော်လည်း၊ ငါတို့သည် ဤအကြောင်းအရာအား မိတ်သဟာယဖွဲ့ရန် စုဝေးပွဲတစ်ခုကိုအသုံးပြုခဲ့ကြသည်။ ပြီးခဲ့သည့်တစ်ကြိမ်က ဤအကြောင်းအရာ၏ မည်သည့်ကဏ္ဍများကို ငါတို့ တိတိကျကျ မိတ်သဟာယဖွဲ့ခဲ့ကြသနည်း။ ယင်းနှင့် သက်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကတာဝန်များမှာ အဘယ်အရာများ ဖြစ်သနည်း။ (၎င်းတို့သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ကြုံတွေ့သောအခါ စုဝေး၍ မိတ်သဟာယဖွဲ့သင့်ကြောင်းနှင့် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ထိုအရာနှင့်ပတ်သက်၍ ရှင်းလင်းမှုကို မရရှိနိုင်ပါက ဖြေရှင်းရန်နည်းလမ်းကို ချက်ချင်းရှာဖွေပြီး အထက်သို့ တင်ပြသင့်ကြောင်း ဖြစ်ပါသည်။) ဤအချက်နှင့် သက်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အဓိကတာဝန်များမှာ အလုပ်၌ ကြုံတွေ့ရသော အမျိုးမျိုးသော ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ပြီး ယင်းတို့ကို အချိန်မီ ဖြေရှင်းနိုင်ရန်အလို့ငှာ အလုပ်တွင် ပါဝင်ခြင်းနှင့် စစ်မှန်သည့် အလုပ်၏ အမျိုးမျိုးသောကိစ္စများတွင် မိမိကိုယ်ကို နှစ်မြှုပ်ထားခြင်းတို့ဖြစ်သည်။ အကယ်၍ အမျိုးမျိုးသော နည်းလမ်းများကို ကြိုးစားပြီးဖြစ်ကာ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်သေးသည့်အပြင်၊ ဆက်လက်တည်ရှိနေပြီး ရှုပ်ထွေးမှုများနှင့် အခက်အခဲများ ဖြစ်လာပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုရှုပ်ထွေးမှုများနှင့် အခက်အခဲများကို စုပုံလာခွင့်မပြုသင့် သို့မဟုတ် ဘေးဖယ်ထားပြီး လျစ်လျူရှုခြင်း မပြုသင့်ဘဲ၊ ထိုအစား ယင်းတို့ကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ချက်ချင်း စဉ်းစားရမည် ဖြစ်သည်။ ယင်းတို့ကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းမှာ ဤပြဿနာများ၏ ဖြေရှင်းမှုကို ရရှိရန် ညီအစ်ကိုမောင်နှမများ၊ အဆင့်ဆင့်ရှိ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့်အတူ ရှာဖွေပြီး မိတ်သဟာယဖွဲ့ခြင်းပင် ဖြစ်သည်။ အကယ်၍ ပြဿနာများကို မဖြေရှင်းနိုင်ပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကြီးမားသောကိစ္စရပ်များကို သေးငယ်သည့်ပုံပေါက်စေရန် မကြိုးစားသင့်သည့်အပြင်၊ ထို့နောက် ထိုသေးငယ်သော ကိစ္စရပ်များကို ပြဿနာမရှိသည့်ပုံပေါက်စေဖို့လည်း မကြိုးစားသင့်ပေ၊ သို့မဟုတ် ယင်းတို့ကို ဘေးဖယ်ထားပြီး လျစ်လျူရှုခြင်းလည်း မပြုသင့်ပေ။ ထိုအစား ယင်းတို့ကို ဖြေရှင်းနိုင်ရန်အလို့ငှာ အထက်သို့ ချက်ချင်း တင်ပြပြီး ဖြေရှင်းချက်များကို ရှာဖွေရမည် ဖြစ်သည်။ ဤနည်းအားဖြင့် အလုပ်သည် အခက်အခဲများနှင့် အတားအဆီးများမရှိဘဲ ချောမွေ့စွာ တိုးတက်သွားလိမ့်မည်။

ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၌ ကြုံတွေ့ရသော စိတ်ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ချက်ချင်း သတင်းပို့ပြီး ဖြေရှင်းရန် နည်းလမ်းရှာဖွေသင့်သည်

၁။ “ချက်ချင်း” ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ အချက်ရှစ်က အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ချက်ချင်း သတင်းပို့ခြင်းအကြောင်း ဖော်ပြသည်။ ဤသည်မှာ အလွန်အရေးကြီးပေသည်။ အကယ်၍ ပြဿနာတစ်ခုကို ယနေ့ ရှာဖွေတွေ့ရှိသော်လည်း ထိုပြဿနာ၏ ဖြေရှင်းချက်ကို ရှစ်ရက် သို့မဟုတ် ဆယ်ရက်၊ ခြောက်လ သို့မဟုတ် တစ်နှစ်အထိပင် နှောင့်နှေးကြန့်ကြာစေပါက၊ ယင်းကို “ချက်ချင်း”ဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) သို့ဆိုလျှင် “ချက်ချင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ (ပြဿနာကို ချက်ချင်း၊ မဆိုင်းမတွ၊ ချက်ချင်းဆိုသလို ကိုင်တွယ်ဖြေရှင်းခြင်းကို ဆိုလိုပါသည်။) ယင်းမှာ အနည်းငယ် တင်းကျပ်သည် မဟုတ်လော။ အကယ်၍ ငါတို့သည် အချိန်နှင့်ဆက်စပ်သော ဝေါဟာရကို အသုံးပြု၍ ရှင်းပြပါက၊ ပြဿနာကို ချက်ချင်း၊ မဆိုင်းမတွ၊ ယခုချက်ချင်း ဖြေရှင်းခြင်းသည် “ချက်ချင်း”ဟု အဓိပ္ပာယ်ရသော်လည်း ဤစကားလုံးများ၏ ပကတိအဓိပ္ပာယ်ကို ကြည့်လျှင် ဤသည်မှာ လူတို့အတွက် ပြီးမြောက်အောင်မြင်ရန် မလွယ်ကူသည့်အပြင် လက်တွေ့လည်းမကျပေ။ သို့ဆိုလျှင် တိကျမှန်ကန်စေရန်အလို့ငှာ “ချက်ချင်း” ဟူသော စကားလုံးကို ငါတို့ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ အကယ်၍ ပြဿနာသည် ကြီးမားသော ပြဿနာတစ်ခု မဟုတ်သော်လည်း အလုပ်အတွက် အတားအဆီးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး၊ နာရီအနည်းငယ်အတွင်း ဖြေရှင်း၍ရနိုင်ပါက၊ နာရီအနည်းငယ်အတွင်း ဖြေရှင်းသင့်သည်။ ဤအရာကို ချက်ချင်းဟု မှတ်ယူနိုင်သလော။ (မှတ်ယူနိုင်ပါသည်။) ပြဿနာသည် အနည်းငယ် ရှုပ်ထွေးပြီး ခက်ခဲကာ နှစ်ရက် သို့မဟုတ် သုံးရက်အတွင်း ဖြေရှင်း၍ရနိုင်သည် ဆိုကြပါစို့၊ သို့သော် လူတို့သည် သမ္မာတရားကို ရှာဖွေရန်၊ အချက်အလက်များကို ပို၍ ရှာဖွေရန် ကြိုးစားအားထုတ်ပြီး တစ်ရက်တည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းကြသည်။ ယင်းမှာ အလုပ်အတွက် ပို၍ အကျိုးရှိမည် မဟုတ်လော။ ယခု ထိုးထွင်းမြင်၍မရနိုင်သည့် ပြဿနာတစ်ခုရှိပြီး၊ စုံစမ်းစစ်ဆေးမှုနှင့် သုတေသနပြုရန် လိုအပ်ကာ အချိန်အနည်းငယ်ယူရသည် ဆိုကြပါစို့။ ဤသီးခြား ပြဿနာကို ဖြေရှင်းရန် အလွန်ဆုံး သုံးရက် ကြာမြင့်မည်။ အကယ်၍ သုံးရက်ထက် ပိုကြာပါက၊ ယင်း၏ ဖြေရှင်းချက်ကို တမင် နှောင့်နှေးကြန့်ကြာစေသည်ဟူသော သံသယ ဖြစ်ပေါ်လာမည်ဖြစ်ပြီး ယင်းမှာ အချိန်ကို ဖြုန်းတီးခြင်းဟု ဆိုလိုသည်။ သို့ဖြစ်၍ ပြဿနာကို သုံးရက်အတွင်း သတင်းပို့သင့်သည်၊ ရှာဖွေသင့်သည်၊ ဖြေရှင်းသင့်ပေေသည်။ ဤသည်မှာ “ချက်ချင်း” ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ အကယ်၍ ပြဿနာကို ဖြေရှင်းရာတွင် အဆင့်ဆင့် ဆက်သွယ်ပြောဆိုခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းအပြင်၊ အဆင့်ဆင့် အချက်အလက်များ စုဆောင်းခြင်း စသည်တို့ လိုအပ်ပါက၊ အမျိုးမျိုးသော လုပ်ငန်းစဉ်များသည် အလွန်ရှုပ်ထွေးနေလျှင်ပင် တစ်လအထိ အချိန်ဆွဲမနေသင့်ပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလျင်အမြန် လုပ်ဆောင်လျှင်၊ ပို၍ မြန်မြန်ဆန်ဆန် အလုပ်လုပ်ကာ၊ သင့်တော်သော လူအနည်းငယ်ကို ရွေးချယ်ကာ အသုံးပြုပါက ပြဿနာကို တစ်ပတ်အတွင်း ဖြေရှင်းနိုင်သည် ဆိုကြပါစို့၊ ထိုအခါ ဤအခြေအနေတွင် “ချက်ချင်း” ဟူသည်မှာ ပြဿနာ၏ ဖြေရှင်းမှုကို တစ်ပတ်အထိ ကန့်သတ်ထားခြင်းအား ဆိုလိုသည်။ ပြဿနာကို ဖြေရှင်းရန် တစ်ပတ်ထက် အချိန်ပိုယူခြင်းသည် မသင့်လျော်ပေ။ ယင်းမှာ ချက်ချင်း မဟုတ်ပေ။ ဤသည်မှာ ထိုသို့သော အတော်အတန် ရှုပ်ထွေးသည့် ကိစ္စရပ်များကို ကိုင်တွယ်ရန်အတွက် အချိန်ကန့်သတ်ချက် ဖြစ်သည်။ ဤအချိန်အလျောက်လုပ်ရသည့် လုပ်ငန်းစဉ်သည် အဘယ်အရာကို အခြေခံသနည်း။ ယင်းကို ကိစ္စရပ်၏ အရွယ်အစားနှင့် ယင်း၏ ခက်ခဲမှုအဆင့်ပေါ်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ သို့သော် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် သက်ဆိုင်သော ပြဿနာများ သို့မဟုတ် လူတို့အတွက် မရှင်းလင်းသော စည်းမျဉ်းများနှင့်ဆိုင်သည့် ကိစ္စရပ်များကဲ့သို့သော အရာအများစုကို စကားအနည်းငယ်ဖြင့် ဖြေရှင်း၍ရနိုင်သည်။ ဤပြဿနာများ၏ ဖြေရှင်းမှုကို “ချက်ချင်း”ဟု မှတ်ယူနိုင်ရန်အလို့ငှာ မည်သည့်အချိန်အတိုင်းအတာအထိ ကန့်သတ်ထားသင့်သနည်း။ အကယ်၍ ငါတို့သည် “ချက်ချင်း”ဟူသည့်စကားကို ကိစ္စရပ်တစ်ခု၏ အရွယ်အစားနှင့် ၎င်း၏ ခက်ခဲမှုအဆင့်ပေါ်မူတည်၍ အဓိပ္ပာယ်ဖွင့်ဆိုပါက၊ ကိစ္စရပ်အများစုကို နာရီဝက်မပြည့်မီ ဖြေရှင်း၍ရနိုင်ပြီး၊ ယင်းတို့ထဲမှ အနည်းစုမှာ ဖြေရှင်းရန် အများဆုံး တစ်ပတ်အထိ လိုအပ်နိုင်သည်။ အကယ်၍ ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာပါက၊ ယင်းမှာ နောက်ထပ်ကိစ္စတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ အကယ်၍ ငါတို့သည် “ချက်ချင်း” ဟူသည့်စကားကို ချက်ချင်း၊ မဆိုင်းမတွ၊ ယခုချက်ချင်းဟု အဓိပ္ပာယ်ဖွင့်ဆိုပါက၊ ဤသည်မှာ ဤစကားလုံးများ၏ တိုက်ရိုက်အဓိပ္ပာယ်အရ လူတို့အပေါ် တင်းကျပ်သော တောင်းဆိုမှုတစ်ခု ပြုလုပ်ခြင်းကဲ့သို့ ထင်ရသော်လည်း၊ အချိန်ကန့်သတ်ချက်ကို ကြည့်လျှင်၊ အကယ်၍ လူတို့သည် ချက်ချင်း တိုင်ကြားပြီး ဖြေရှင်းရမည့်နည်းလမ်းကို ရှာဖွေပါက ကိစ္စရပ်အများစုကို အလွန်ဆုံး နေ့တစ်ဝက် သို့မဟုတ် တစ်ရက်အတွင်း ဖြေရှင်း၍ရနိုင်ပေသည်။ ဤသည်မှာ အချိန်အရ ခက်ခဲသည်ဟု မှတ်ယူနိုင်သလော။ (မမှတ်ယူနိုင်ပါ။) အချိန်အရခက်ခဲခြင်းမရှိသောကြောင့်၊ အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ဖြေရှင်းရန်နည်းလမ်းအား အချိန်မီ သတင်းပို့ပြီး ရှာဖွေရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လွယ်ကူစွာ ပြည့်မီနိုင်သော သတ်မှတ်ချက်တစ်ခု ဖြစ်သင့်ပြီး၊ ဤရှုပ်ထွေးမှုများနှင့် အခက်အခဲများသည် အဆက်မပြတ် တည်ရှိနေကာ မပြေမလည် မဖြစ်သင့်သည့်အပြင်၊ အလုပ်တွင် ရေရှည် စုပုံလာစေခြင်းလည်း သာ၍ပင် မဖြစ်သင့်ပေ။ သင်တို့အားလုံးသည် ယခုအခါ “ချက်ချင်း”ဟူသော စကား၏ အချိန်နှင့်ဆိုင်သော သဘောတရားကို သိသင့်ကြပေသည်။ ဤသည်မှာ အလုပ်၌ ကြုံတွေ့ရသော ရှုပ်ထွေးမှုများနှင့် အခက်အခဲများကို ကိုင်တွယ်သည့်အခါ အချိန်အလျောက် လုပ်ရသည့် လုပ်ငန်းစဉ်များကို ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သို့ ချိန်ဆရမည်ဟူသော ကိစ္စရပ် ဖြစ်သည်။ တိုတိုပြောရလျှင်၊ “ချက်ချင်း”၏ အတိကျဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ တတ်နိုင်သမျှ အမြန်ဆုံး လုပ်ဆောင်ရန် ဖြစ်သည်။ ဆိုလိုသည်မှာ၊ အကယ်၍ ပြဿနာတစ်ခုကို နာရီဝက်အတွင်း သတင်းပို့၊ ရှာဖွေ၊ ဖြေရှင်းနိုင်ပါက၊ ထိုသို့ ပြုလုပ်သင့်ပြီး၊ တစ်ရက်အတွင်း ဖြေရှင်းနိုင်ပါက၊ ထိုသို့ ပြုလုပ်သင့်သည်။ မည်သည့် နှောင့်နှေးကြန့်ကြာမှုမျှ မဖြစ်စေရန်နှင့် အလုပ်ကို ထိခိုက်ခွင့်မပြုရန် ကြိုးပမ်းသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန် ဖြစ်သည်။ အလုပ်၌ ပြဿနာများကို ကြုံတွေ့ပြီး ရှာဖွေတွေ့ရှိသောအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ယင်းတို့ကို ချက်ချင်း မိတ်သဟာယဖွဲ့ကာ ဖြေရှင်းသင့်သည်။ အကယ်၍ ၎င်းတို့ မဖြေရှင်းနိုင်ပါက၊ ၎င်းတို့ကို ဘေးဖယ်ထားခြင်း၊ လျစ်လျူရှုခြင်းနှင့် အလေးအနက်မထားခြင်းတို့အစား၊ အထက်သို့ တတ်နိုင်သမျှ အမြန်ဆုံး သတင်းပို့ကာ ဖြေရှင်းရန် ကြိုးစားသင့်သည်။ ပြဿနာများ ပေါ်ပေါက်လာသောအခါ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အချိန်ဆွဲခြင်း၊ စောင့်ဆိုင်းခြင်း၊ သို့မဟုတ် အခြားသူများကို အားကိုးခြင်းတို့ထက် ယင်းတို့ကို ချက်ချင်း ဖြေရှင်းသင့်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤသရုပ်သကန်များကို မပြသသင့်ပေ။

၂။ ပြဿနာများကို ချက်ချင်း မဖြေရှင်းခြင်း၏ အကျိုးဆက်များ

ပြဿနာများကို ဖြေရှင်းခြင်းအတွက် အဓိကစည်းမျဉ်းမှာ ချခက်ချင်း လုပ်ဆောင်ရမည်ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့် ချက်ချင်း လုပ်ဆောင်ရမည်နည်း။ အကယ်၍ ပြဿနာများစွာ ပေါ်ပေါက်လာပြီးနောက် အချိန်မီ မဖြေရှင်းနိုင်ပါက၊ တစ်နည်းအားဖြင့် လူတို့သည် စိတ်ရှုပ်ထွေးသော အခြေအနေတစ်ခုတွင် ပိတ်မိနေကြလိမ့်မည်ဖြစ်ပြီး မည်သို့ပြုမူရမည်ကို သိမည်မဟုတ်သည့်အပြင်၊ နောက်တစ်နည်းအားဖြင့်၊ လူတို့သည် မမှန်သော နည်းလမ်းတစ်ခုကို အခြေခံ၍ ဆက်လက်ရှေ့ဆက်သွားပြီး၊ နောက်ပိုင်းတွင် ၎င်းတို့လုပ်ဆောင်ခဲ့သော အလုပ်ကို ပြန်လည်လုပ်ဆောင်ပြီး ပြုပြင်ရမည်ဆိုပါက၊ ထိုအခါ အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်မည်နည်း။ များပြားလှသော လူအင်အား၊ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ရုပ်ဝတ္ထုဆိုင်ရာအရင်းအမြစ်များသည် ဖြုန်းတီးခြင်းနှင့် သုံးစွဲခြင်း ခံရလိမ့်မည်။ ဤသည်မှာ ဆုံးရှုံးမှုတစ်ခု ဖြစ်သည်။ အကယ်၍ အလုပ်၌ ပြဿနာများ ပေါ်ပေါက်လာပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မမြင်မကန်းဖြစ်ကာ ဤပြဿနာများကို ချက်ချင်း ရှာဖွေတွေ့ရှိပြီး မဖြေရှင်းနိုင်ပါက၊ လူများစွာသည် မမှန်ကန်သောနည်းလမ်းတစ်ခုကို အခြေခံ၍ ဆက်လက်အလုပ်လုပ်နေကြလိမ့်မည် ဖြစ်သည်။ လူတို့သည် ဤပြဿနာများကို ရှာဖွေတွေ့ရှိပြီး ယင်းတို့ကို ဖြေရှင်းကာ ပြုပြင်လိုသောအခါ၊ ဤကိစ္စရပ်များသည် အသင်းတော်အလုပ်အတွက် ဆုံးရှုံးမှုများကို ဖြစ်စေနှင့်ပြီး ဖြစ်လိမ့်မည်။ ထိုအခါ ထိုလူအင်အား၊ ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များနှင့် ရုပ်ဝတ္ထုဆိုင်ရာအရင်းအမြစ်များအားလုံး အလဟဿဖြစ်သွားမည် မဟုတ်လော။ ထိုသို့သော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခြင်းနှင့် ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို ချက်ချင်း မဖြေရှင်းခြင်းတို့ကြားတွင် ဆက်စပ်မှု ရှိသလော။ (ရှိပါသည်။) အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်အတွက် နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ညွှန်ကြားချက်များ ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါက၊ ၎င်းတို့သည် ပြဿနာများကို လုံးဝ ချက်ချင်းရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ကြလိမ့်မည် ဖြစ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဝတ်ကျေတမ်းကျေလုပ်ပြီး၊ အလုပ်အတွက် နောက်ဆက်တွဲလုပ်ဆောင်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် ညွှန်ကြားချက်များ ပေးခြင်းတို့ကို မလုပ်ဆောင်ပါက၊ ဤအရာနှင့်စပ်လျဉ်း၍ ၎င်းတို့သည် အလွန် မတက်မကြွဖြစ်ကာ ပြဿနာများကို ဖြေရှင်းဖို့ ၎င်းတို့ မစဉ်းစားမီ၊ ယင်းတို့ကို အထက်သို့ သတင်းပို့ကာ အထက်မှ ဖြေရှင်းချက်များကို ရှာဖွေရန် မစဉ်းစားမီတွင် ကိစ္စရပ်များ လုံးဝ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားအောင် ပြဿနာများ အလွန်များပြားဖို့ပတွက် စောင်းဆိုင်းနေလျှင်၊ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းပြီးပြီလော။ (မဖြည့်ဆည်းသေးပါ။) ဤသည်မှာ တာဝန်ကို ဆိုးရွားစွာ ပျက်ကွက်ခြင်း ဖြစ်သည်။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို မဖြေရှင်းခဲ့ရုံသာမက၊ ထိုအစား ဘုရားအိမ်တော်၏ လူအင်အားနှင့် ရုပ်ဝတ္ထုဆိုင်ရာအရင်းအမြစ်များကို ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည့်အပြင်၊ အသင်းတော်အလုပ်အတွက် ကြီးမားသော အတားအဆီးတစ်ခုကိုလည်း ဖန်တီးခဲ့ကြပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ပျက်ကွက်မှု၊ ၎င်းတို့၏ ပေါ့ဆမှု၊ ထုံထိုင်းမှုနှင့် ဉာဏ်ထိုင်းမှုတို့ကြောင်းလည်းကောင်း၊ ၎င်းတို့သည် အလုပ်၌ ပေါ်ပေါက်သော ပြဿနာများစွာကို ချက်ချင်း ရှာဖွေတွေ့ရှိပြီး မဖြေရှင်းနိုင်သည့်အပြင် အထက်သို့ ချက်ချင်းတင်ပြပြီး အထက်ထံမှ ဖြေရှင်းချက်များကိုပင် မရှာဖွေနိုင်သောကြောင့်လည်းကောင်း၊ အလုပ်တာဝန်များစွာကို ပြန်လည်လုပ်ဆောင်ခဲ့ရပြီး၊ ယင်းတို့ကိုပြန်လည်လုပ်ဆောင်ပြီးနောက်တွင်၊ စည်းမျဉ်းများကို ရှာမတွေ့နိုင်ခြင်းကြောင့် နောက်ထပ်ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။ အမှုအရာများက ဤသို့ဖြစ်သည်နှင့်အမျှ၊ အလုပ်ပြီးဆုံးရက်က အလွန်အမင်း နှောင့်နှေးသွားပြီး၊ တစ်လကြာသင့်သော အလုပ်သည် ပြီးစီးဖို့အတွက် သုံးလကြာမြင့်သွားကာ သုံးလကြာသင့်သော အလုပ်သည် ရှစ်လ သို့မဟုတ် ကိုးလထိကြာမြင့်သွားခဲ့သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက စစ်မှန်သော အလုပ်ကို မလုပ်ဆောင်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်ပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ အလုပ်အတွက် တာဝန်မယူသောကြောင့်၊ ဆိုလိုသည်မှာ၊ ပြဿနာများ ပေါ်ပေါက်လာသောအခါ ချက်ချင်း ရှာဖွေပြီး မပြုပြင်နိုင်သောကြောင့်၊ အမျိုးမျိုးသော အလုပ်ကိစ္စများသည် ရလဒ်များ စွမ်းဆောင်ရရှိနိုင်ခြင်းမရှိသည့်အပြင် ရပ်တန့်သွားသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်။ ဤပြဿနာအတွက် တိုက်ရိုက်တာဝန်ရှိသူမှာ မည်သူနည်း။ (ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ပါသည်။) ထို့ကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ရန် အလွန်အရေးကြီးပြီး၊ ၎င်းတို့အနေဖြင့် စစ်မှန်သောအလုပ်ကို လုပ်ဆောင်နေစဉ် ပြဿနာများကို ရှာဖွေတွေ့ရှိရန်မှာလည်း အလွန်အရေးကြီးသည်။ တစ်ခါတစ်ရံ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သော်လည်း မည်သို့ဖြေရှင်းရမည်ကို မသိကြသည့်တိုင်၊ ယင်းတို့ကို ဖြေရှင်းရန်အတွက် အထက်သို့ ချက်ချင်း သတင်းပို့ကာ ဖြေရှင်းချက်များကို ရှာဖွေနိုင်ကြသည်။ ယင်းမှာ သာ၍ပင် အရေးကြီးပေသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များစွာက “ငါတို့တွင် အလုပ်လုပ်သည့် ကိုယ်ပိုင်နည်းလမ်းများ ရှိပါသည်။ အထက်က ငါတို့ကို စည်းမျဉ်းများ ပြောပြရန်သာ လိုပြီး ကျန်သည့် စစ်မှန်သော အလုပ်ကို ငါတို့ဘာသာ လုပ်ပါမည်။ အခက်အခဲများ တစ်ခုတလေကို ငါတို့ ကြုံရလျှင် လက်အောက်ငယ်သားများနှင့် အတူတကွ မိတ်သဟာယဖွဲ့ပြီး ဆုတောင်းလိုက်ခြင်းက ငါတို့အတွက် လုံလောက်ပါသည်” ဟု တွေးကြသည်။ ပြဿနာဖြေရှင်းခြင်းနှင့်ဆိုင်သည့် အစွမ်းအစအတွက်မူ၊ သို့မဟုတ် ၎င်းတို့၏ ဖြေရှင်းချက်များမှာ စေ့စပ်သေချာမှု သို့မဟုတ် ထိရောက်မှု ရှိမရှိဟူသည်နှင့် ပတ်သက်၍မူ၊ ၎င်းတို့သည် ဤအရာများနှင့်ပတ်သက်၍ တညီတညာတည်း လုံးဝ ဂရုမစိုက်သည့်အပြင် မေးမြန်းခြင်းလည်း မရှိပေ။ ဤသည်မှာ ၎င်းတို့ အလုပ်လုပ်သည့်အခါ ထားရှိသော တာဝန်မဲ့သည့် သဘောထားမျိုးဖြစ်ပြီး၊ နောက်ဆုံးတွင် ဤသည်မှာ အသင်းတော်ထဲက အလုပ်ကိစ္စအားလုံးကို ချောမွေ့စွာ မတိုးတက်နိုင်စေသည့်အပြင် ပြေလည်မသွားသည့် ဆိုးရွားသော ပြဿနာများလည်း ရှိနေစေသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစ အလွန်ညံ့ဖျင်းခြင်း၊ သို့မဟုတ် ၎င်းတို့ တာဝန်မယူခြင်းနှင့် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက် ဖြစ်သည်။

အဋ္ဌမမြောက် တာဝန်အပေါ် အခြေခံ၍ အယောင်ဆောင် ခေါင်းဆောင် အမျိုးအစား အနည်းငယ်ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

၁။ ဝိညာဉ်ရေးရာ အတုအယောင်များဖြစ်သည့် အယောင်ဆောင်ခေါင်းဆောင်များ

ပြီးခဲ့သည့်တစ်ကြိမ်က၊ ငါတို့သည် ရှုပ်ထွေးမှုများနှင့် အခက်အခဲများဟူသည်မှာ အဘယ်အရာဖြစ်သည်ကို မိတ်သဟာယဖွဲ့ခဲ့ကြပြီး ချက်ချင်း သတင်းပိုရမည့်အပြင်၊ ယင်းအတွက် ဖြေရှင်းချက်များကို ချက်ချင်း ရှာဖွေရမည့် အချို့သော ပြဿနာများကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ အခြေခံအားဖြင့် အဓိက ပြဿနာ အမျိုးအစား နှစ်မျိုးရှိသည်။ တစ်မျိုးမှာ လူတို့ မသေချာမရေရာဖြစ်သည့် သို့မဟုတ် ထွင်းဖောက်မမြင်နိုင်သည့် အလုပ်ထဲမှ ပြဿနာများ ဖြစ်သည်။ ဤပြဿနာများနှင့် ပတ်သက်လာသည့်အခါ၊ လူတို့သည် စည်းမျဉ်းများကို သဘောပေါက်နားလည်ရန် အလွန်အခက်တွေ့ကြသည်။ ၎င်းတို့သည် အယူဝါဒအရ စည်းမျဉ်းများကို နားလည်နိုင်သော်လည်း ယင်းတို့အား မည်သို့ လက်တွေ့လုပ်ဆောင်ရမည် သို့မဟုတ် ကျင့်သုံးရမည်ကို မသိကြပေ။ ဤပြဿနာများသည် ရှုပ်ထွေးမှုများနှင့် ဆက်စပ်သည်။ အခြားအမျိုးအစားမှာ မည်သို့ ဖြေရှင်းရမည်ကို လူတို့မသိသော လက်တွေ့ကျသည့် အခက်အခဲများနှင့် ပြဿနာများ ဖြစ်သည်။ ဤအမျိုးအစားသည် ရှုပ်ထွေးမှုများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ပို၍ ဆိုးရွားပြီး ယင်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များလည်း သတင်းပို့သင့်ကာ ဖြေရှင်းချက်များ ရှာဖွေသင့်သည့် ပြဿနာများ ဖြစ်ကြသည်။ ပြီးခဲ့သည့်တစ်ကြိမ်က၊ အလုပ်တွင် ကြုံတွေ့ရသော ပြဿနာများအား သတင်းပို့ကာ မည်သို့ဖြေရှင်းရမည်ကို ရှာဖွေရန်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်ကြောင်းကို ငါတို့ အဓိကအားဖြင့် မိတ်သဟာယဖွဲ့ခဲ့ကြပြီး ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့်အပြင် အာရုံစိုက်သင့်သည့် အချို့အရာများကို အပြုသဘောဆောင်သော ရှုထောင့်အမြင်မှ မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ယနေ့တွင်၊ ငါတို့သည် အချက်ရှစ်နှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင်များက မည်သည့်သရုပ်သကန်များ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့အနေဖြင့် ခေါင်းဆောင်များ လုပ်ဆောင်သင့်သည့်အလုပ်ကို လုပ်ဆောင်ခြင်း ရှိမရှိဟူသည်နှင့် ခေါင်းဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်များကို ဖြည့်ဆည်းခြင်း ရှိမရှိဟူသည်တို့ကိုလည်းကောင်း စိတ်ဖြာလေ့လာဆွေးနွေးကြမည်။ အလုပ်တွင် ကြုံတွေ့ရသော ပြဿနာများကို ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဤအရာနှင့်စပ်လျဉ်း၍ သေချာပေါက် အရည်အချင်း မပြည့်မီကြပေ။ ၎င်းတို့သည် အလုပ်၏ ဤကဏ္ဍကို လုပ်ဆောင်ရန် ပျက်ကွက်ပြီး ဤတာဝန်ကို ဖြည့်ဆည်းရန် ပျက်ကွက်ကြသည်။ အလုပ်လုပ်သည့်အခါတွင် “ငါ အလုပ်လုပ်သည့်အခါ ထိုလုပ်ရိုးလုပ်စဉ်များတွင် မပါဝင်သည့်အပြင်၊ အသိပညာ၊ သင်ယူခြင်း၊ ကျွမ်းကျင်မှုများ သို့မဟုတ် အယူဝါဒကဲ့သို့သော မည်သည့်အရာကိုမျှလည်း အာရုံမစိုက်ပါ။ စုဝေးပွဲများတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ သမ္မာတရားကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန်သာ ငါ သေချာလုပ်ပြီး ယင်းမှာ လုံလောက်ပေသည်။ အပတ်တိုင်း အုပ်စုငယ်များအတွက် စုဝေးပွဲနှစ်ခု ငါ လုပ်ပေးသည်၊ နှစ်ပတ်တစ်ခါ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် စုဝေးပွဲတစ်ခု လုပ်ပေးသည်၊ ပြီးလျှင် လစဉ် ညီအစ်ကိုမောင်နှမအားလုံးအတွက် စုဝေးပွဲကြီးတစ်ခု လုပ်သည်။ ဤစုဝေးပွဲအမျိုးအစားအားလုံးကို ကောင်းစွာ စီစဉ်နိုင်လျှင် လုံလောက်ပါသည်”ဟု တွေးလျက် အယူအဆတစ်ခုရှိသော အယောင်ဆောင် ခေါင်းဆောင်တစ်မျိုး ရှိသည်။ ဤသည်မှာ အလုပ်လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ အခြေခံအကြောင်းရင်းနှင့် နည်းလမ်း ဖြစ်သည်။ ဤခေါင်းဆောင်နှင့် အမှုဆောင်အမျိုးအစားသည် တရားဒေသနာများ ဟောပြောခြင်းတွင် အဆက်မပြတ် လေ့ကျင့်ရုံသာ လေ့ကျင့်ကြပြီး စကားလုံးများနှင့် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ရာတွင် အလွန်အားထုတ်ကြသည်။ ၎င်းတို့သည် စုဝေးပွဲတစ်ခုချင်းစီအတွက် မိတ်သဟာယပြုရန် အကြမ်းဖျင်းဖော်ပြချက်များ၊ ပါဝင်သည့်အကြောင်းအရာ၊ ဥပမာများနှင့် သမ္မာတရားများကို ပြင်ဆင်ကြပြီး အချို့သောလူများ၏ အခြေအနေများနှင့် ပြဿနာများကို ဖြေရှင်းရန်အတွက် အစီအစဉ်အချို့ကိုလည်း ပြင်ဆင်ကြသည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် ကောင်းစွာ တရားဟောရုံသာ ဟောရမည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု ၎င်းတို့ ထင်ကြသည်။ ဧဝံဂေလိတရားကို ဟောကြားနေသည့် နည်းလမ်းက သင့်လျော်ခြင်း ရှိမရှိ၊ သို့မဟုတ် အသင်းတော် ဝန်ထမ်းများကို မည်သို့ တာဝန်ခန့်အပ်သည်၊ သို့မဟုတ် အတတ်ပညာဆိုင်ရာ အလုပ်အမျိုးမျိုးကို လုပ်ဆောင်သော ဝန်ထမ်းများသည် အရည်အချင်းပြည့်မီပြီး စံချိန်မီခြင်း ရှိမရှိဟူသကဲ့သို့သော အခြားအရာများနှင့်ပတ်သက်၍ စိတ်ဝင်စားရန် မလိုအပ်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤအရာများကို ကြီးကြပ်ရေးမှူးများအား ကိုင်တွယ်ခွင့်သာပေးလိုက်ခြင်းက လုံလောက်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ထို့ကြောင့်၊ ဤလူအမျိုးအစားသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ ၎င်းတို့သည် စုဝေးပွဲများနှင့် တရားဒေသနာများ ဟောပြောခြင်းတို့ကို အာရုံစိုက်ကြပြီး မည်သည့် စုဝေးပွဲမျိုးကို ကျင်းပနေသည်ဖြစ်စေ ၎င်းတို့သည် တရားဒေသနာတစ်ပုဒ်ကို အမြဲ ဟောပြောကြသည်။ အပြင်ပန်းအားဖြင့် ၎င်းတို့သည် လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာ၌လည်းကောင်း၊ ဓမ္မတေးများ သီဆိုတတ်ရန် သင်ယူရာ၌လည်းကောင်း ဦးဆောင်ကြပြီး အခါအားလျော်စွာ အလုပ်အကြောင်းကို ပြောဆိုဆွေးနွေးကြသည်။ ဤလူစားမျိုးက လူအမျိုးမျိုး ကြုံတွေ့ရသော ပြဿနာများနှင့် နှိုင်းယှဉ်ရန် ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များအား အသုံးပြုသင့်သည်၊ ပြီးလျှင် လူတို့ အဘယ်ကြောင့် အားနည်းသည်ဟု ခံစားရပြီး ၎င်းတို့၌ အဘယ်အခြေအနေများ ပေါ်ပေါက်ပြီးဖြစ်သည်ဟူသည်နှင့် ဤအရာများကို ဖြေရှင်းရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ မည်သည့်သမ္မာတရားများအား မိတ်သဟာယဖွဲ့သင့်သည်ဟူသည်တို့ကဲ့သို့သော မကြာခဏ မိတ်သဟာယဖွဲ့လေ့ရှိသည့် ပြဿနာများအကြောင်းကို သိရှိကြသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့၏ တရားဒေသနာများနှင့် မိတ်သဟာယဖွဲ့ခြင်းများသည် သမ္မာတရားနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ ကဏ္ဍများစွာကို ထည့်သွင်းစဉ်းစားကြသည်။ အချို့မှာ ပြုပြင်ခြင်းနှင့် ဆက်စပ်သည်၊ အချို့မှာ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့နှင့် ဆက်စပ်သည်၊ အချို့မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် ဆက်စပ်သည်၊ အချို့မှာ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့အား မည်သို့ တွေ့ကြုံခံစားရမည်ဟူသည်နှင့် ဆက်စပ်သည် စသည်ဖြင့် သမ္မာတရား၏ ကဏ္ဍအမျိုးမျိုးနှင့်ပတ်သက်၍ အနည်းငယ် မိတ်သဟာယဖွဲ့နိုင်ကြသည်။ ယုံကြည်သူအသစ်များနှင့် ၎င်းတို့ တွေ့ဆုံသောအခါ ယုံကြည်သူအသစ်များအတွက် တရားဒေသနာများ ဟောပြောကြပြီး ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်ခဲ့သော လူများနှင့် တွေ့ဆုံသောအခါ အသက်ဝင်ရောက်မှုနှင့်ပတ်သက်သည့် တရားဒေသနာအချို့ကို ဟောပြောနိုင်ကြသည်။ သို့သော် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုတလေ ပါဝင်သော အလုပ်နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းရန် မည်သည့်အလုပ်ကိုမဆို နောက်ဆက်တွဲ လုပ်ဆောင်ပေးခြင်း၊ ပါဝင်ခြင်း သို့မဟုတ် ယင်းကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေရန် မဆိုထားနှင့်၊ အလုပ်အကြောင်းကို မည်သည့်အခါမျှ စုံစမ်းမေးမြန်းခြင်း သို့မဟုတ် ယင်းနှင့်သက်ဆိုင်သော အရာများကို လေ့လာခြင်း လုံးဝ မပြုကြပေ။ ၎င်းတို့၏ အမြင်တွင် တရားဒေသနာများ ဟောပြောခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ဓမ္မတေးများ သင်ယူခြင်းတို့အားဖြင့် ၎င်းတို့သည် အလုပ်လုပ်နေခြင်းဖြစ်ပြီး ဤအရာများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ ဖြစ်ကြပေသည်။ ဤအရာမှလွဲ၍၊ အခြားအလုပ်အားလုံးသည် အရေးမပါပေ။ ယင်းမှာ အခြားလူများ၏ အလုပ်ကိစ္စဖြစ်ပြီး ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိပေ။ ၎င်းတို့သည် တရားဒေသနာများကို ကောင်းစွာ ဟောပြောနိုင်သရွေ့ စိတ်အေးလက်အေး နေနိုင်သည်ဟူ၍ ဖြစ်သည်။ “စိတ်အေးလက်အေး နေနိုင်သည်”ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ စုဝေးပွဲတစ်ခု ပြီးဆုံးခြင်းသည် ၎င်းတို့၏ အလုပ်ပြီးဆုံးခြင်းနှင့် အတူတူပင်ဖြစ်ပြီး အနားယူချိန်ကျသောအခါ ၎င်းတို့ အနားယူကြသည်ကို ဆိုလိုသည်။ အသင်းတော်အလုပ်တွင် မည်သည့် ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့က ယင်းတို့ကို လျစ်လျူရှုကြပြီး လူတို့က ပြဿနာတစ်ခုကို ဖြေရှင်းရန် ၎င်းတို့ကို ရှာဖွေသောအခါ ၎င်းတို့ကို ရှာတွေ့ရန် အလွန်ခက်ခဲသည်။ မည်မျှ အလုပ်များနေပါစေ ၎င်းတို့အနေဖြင့် နေ့လယ်တစ်ရေးအိပ်ရမှဖြစ်မည်ဖြစ်ပြီး အခြားလူများက ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံကာ အဖိုးအခ ပေးဆပ်နိုင်စဉ်တွင် ၎င်းတို့က သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်ကြသည်။ ၎င်းတို့က “ငါ တရားဟောပြီးပြီ၊ စုဝေးပွဲ ပြီးသွားပြီ၊ ပြီးလျှင် ငါ ပြောသင့်ပြောထိုက်သည့် အရာအားလုံးကို သင်တို့ကို ပြောပြီးပြီဖြစ်သည်။ အခြားမည်သည့်အရာကို ငါ့အား သင်တို့ ပြောစေချင်သေးသနည်း။ ငါ၏အလုပ် ပြီးသွားပြီဖြစ်သည်။ ကျန်သည့်အရာမှာ သင်တို့၏ အလုပ်ဖြစ်သည်။ ငါသည် သင်တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအား ပြောပြီးပြီဖြစ်သည်။ ထို့ကြောင့် စည်းမျဉ်းများအတိုင်းသာ ပြုမူဆောင်ရွက်ကြလော့။ ပေါ်ပေါက်လာသည့် ပြဿနာတစ်ခုတလေအတွက်မူ ယင်းမှာ သင်တို့၏ ကိစ္စ ဖြစ်ပြီး ငါနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပါ။ သင်တို့ကိုယ်တိုင် ဘုရားသခင်ရှေ့မှောက်ကို သွားပြီး ပြဿနာများကို ဖြေရှင်းရန် ဆုတောင်း၊ စုဝေးပြီး မိတ်သဟာယဖွဲ့သင့်သည်။ ငါ့ကို လာမရှာကြပါနှင့်”ဟု စဉ်းစားကြသည်။ စုဝေးပွဲတစ်ခု ပြီးသွားသောအခါ ၎င်းတို့သည် မည်သူ့ကိုမျှ မေးခွန်းများ လုံးဝ မမေးစေပေ၊ ြပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိဖူးရန် မဆိုထားနှင့်၊ ပြဿနာများကို ဖြေရှင်းလိုစိတ် လုံးဝ မရှိကြပေ။ စုဝေးပွဲအပြီးတွင် မိမိတို့၏ အလုပ်ပြီးပြီဟု ၎င်းတို့ မှတ်ယူကြပြီး အချိန်မှန် အိပ်၊ စားကာ အပန်းဖြေကြသည်။ ၎င်းတို့သည် စစ်မှန်သော အလုပ် လုံးဝမလုပ်ဆောင်သော အယောင်ဆောင် ခေါင်းဆောင်များ မဟုတ်လော။ (ဟုတ်ပါသည်။)

ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက ၎င်း၏ ရာထူး၌ တာဝန်ထမ်းဆောင်သည်မှာ ခြောက်လရှိပြီဖြစ်ပြီး ၎င်းကို မကြာခဏ တွေ့မြင်နိုင်သည့် ၎င်းနှင့် ပို၍ ရင်းနှီးသူများမှလွဲ၍ ညီအစ်ကိုမောင်နှမအများစုက ၎င်းတို့ကို မတွေ့နိုင်ကြသည့် အခြေအနေအချို့ ရှိသည်။ ၎င်းတို့က အွန်လိုင်းပေါ်တွင် တရားဒေသနာများ ဟောကြားသည်ကိုသာ မကြာခဏ ကြားကြရသော်လည်း ပြဿနာတစ်ခုရှိသောအခါ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်က မဖြေရှင်းပေးပေ။ အချို့ညီအစ်ကိုမောင်နှမများသည် မိမိတို့၏ တာဝန်များတွင် ၎င်းတို့ မည်သို့ဖြေရှင်းရမည်ကို မသိသော အခက်အခဲများနှင့် ကြုံတွေ့ရပြီး ငြိမ်ငြိမ် မထိုင်နိုင်အောင်ပင် အလွန်စိုးရိမ်လာကြကာ ၎င်းတို့၏ ခေါင်းဆောင်ကို ရှာဖွေသောအခါ သူ့ကို ရှာမတွေ့နိုင်ကြပေ။ ဤသို့သော ခေါင်းဆောင်မျိုးသည် အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့၏ ခေါင်းဆောင်ကို နေ့စဉ် အဘယ်အရာက အလွန်အလုပ်များစေသည်ကို ညီအစ်ကို မောင်နှမများက မသိကြပေ။ စုပုံနေသော ပြဿနာများနှင့် အခက်အခဲများစွာ ရှိနေပြီး ၎င်းတို့၏ ခေါင်းဆောင်က လာရောက်ဖြေရှင်းပေးရန် မည်သည့်အချိန်တွင် ရောက်လာမည်ကိုလည်း ၎င်းတို့ မသိကြပေ။ လူတိုင်းသည် ခေါင်းဆောင်က လာရောက်ကူညီမည်ကို မျှော်လင့်စောင့်စားကြသော်လည်း မည်မျှကြာအောင် ၎င်းတို့ စောင့်ဆိုင်းနေပါစေ ထိုခေါင်းဆောင်က လုံးဝ ပေါ်မလာပေ။ ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလွန် အရှာရခက်ပြီး ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ထားရာ၌ တော်ကြသည်တကား။ ၎င်းတို့သည် တရားဒေသနာများကို အလွန်ကောင်းမွန်စွာ ဟောပြောကြပြီး တရားဒေသနာတစ်ပုဒ် ဟောပြီးနောက်တွင် လုံးဝ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ကြကာ သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်နိုင်သည့် တစ်နေရာရာ၌ မိမိတို့ဘာသာ တိတ်တိတ်လေးနေလျက် မည်သည့်အလုပ်မျှ မလုပ်ကြပေ။ ဤသို့ဖြစ်နေလင့်ကစား၊ ၎င်းတို့သည် မိမိတို့ အလွန်ကောင်းမွန်စွာနှင့် သင့်တင့်လျောက်ပတ်စွာ အလုပ်လုပ်နေသည်ဟု ထင်နေကြဆဲဖြစ်သည်။ ၎င်းတို့သည် ခိုကပ်နေခြင်းမရှိကြောင်း၊ ၎င်းတို့၏ တရားဒေသနာများကို ဟောကြားပြီးဖြစ်ကြောင်း၊၊ ၎င်းတို့၏ စုဝေးပွဲများကို ကျင်းပပြီးဖြစ်ကြောင်း၊ ၎င်းတို့ ပြောသင့်ပြောထိုက်သည့်အရာအားလုံးကို ပြောပြီးဖြစ်ကြောင်းနှင့် ၎င်းတို့ ရှင်းပြသင့်သည့်အရာအားလုံးကို ရှင်းပြပြီးဖြစ်ကြောင်း တွေးထင်ကြသည်။ ၎င်းတို့သည် အလုပ်ကို နောက်ဆက်တွဲ လုပ်ပေးရန်နှင့် ပါဝင်ရန်၊ စိစစ်ခြင်းကို ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့ကို ကူညီရန်နှင့် ပြဿနာများကို အချိန်မီ ကိုင်တွယ်ဖြေရှင်းရာတွင် ၎င်းတို့ကို ကူညီရန် ညီအစ်ကိုမောင်နှမများနှင့် အလွန်အမင်း ပတ်သက်ဆက်ဆံလိုခြင်း လုံးဝ မရှိကြပေ။ ၎င်းတို့ မဖြေရှင်းနိုင်သော ပြဿနာတစ်ခုနှင့် အမှတ်တမဲ့ ကြုံတွေ့ရလျှင်၊ အထက်သို့ သတင်းပို့ပြီးအထက်ထံမှ ဖြေရှင်းချက်ကို ရှာဖွေရန်လည်း ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မိမိတို့၏ စိတ်ထဲတွင် “ညီအစ်ကိုမောင်နှမများသည် မိတ်သဟာယဖွဲ့ခြင်းတွင် စည်းမျဉ်းများကို ကြားပြီးသည့်နောက် လိုက်နာစောင့်ထိန်းနိုင်ကြသလော။ အလုပ်တွင် အခက်အခဲများနှင့် ရှုပ်ထွေးမှုများကို ၎င်းတို့ တစ်ဖန် ကြုံရသည့်အခါ သမ္မာတရားကို စွဲကိုင်ပြီး ကိစ္စရပ်များကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်နိုင်ကြလိမ့်မည်လော။ ထို့အပြင် အလုပ်တွင် မည်သူက အပြုသဘောဆောင်သည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေသနည်း။ မည်သည့်လူများက အပျက်သဘောဆောင်သည့် အခန်းကဏ္ဍတွင် ပါဝင်နေသနည်း။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် လူများ၊ သို့မဟုတ် အမှုအရာများကို ဖျက်ဆီးသည့် လူများ၊ သို့မဟုတ် အမြဲတမ်း မကောင်းသည့် စိတ်ကူးများ ရလာတတ်သည့် အဓိပ္ပာယ်မရှိသော လူများ တစ်ဦးတလေ ရှိသလော။ ယခုတစ်လောတွင် အလုပ်က မည်သို့ တိုးတက်နေပြီနည်း” ဟုလည်း မတွေးဆကြပေ။ ၎င်းတို့သည် ထိုသို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ တညီတညာတည်း စိတ်မဝင်စားကြ သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မပြုကြပေ။ ဤကဲ့သို့သော လူများသည် အပေါ်ယံအားဖြင့် အလုပ်လုပ်နေပုံ ပေါ်သည်၊ ၎င်းတို့က တရားဒေသနာများ ဟောသည်၊ စုဝေးပွဲများ ကျင်းပသည်၊ တရားဒေသနာ မူကြမ်းများနှင့် အကြမ်းဖျင်းဖော်ပြချက်များကို ပြင်ဆင်ပြီး အလုပ်အစီရင်ခံစာများကိုပင် ရေးသားကြသည်။ အချို့ခေါင်းဆောင်များသည် ၎င်းတို့၏ အသက်တာဆိုင်ရာ အတွေ့အကြုံများနှင့်ပတ်သက်၍လည်း တရားဒေသနာများကို မကြာခဏ ရေးသားကြသည်။ ၎င်းတို့သည် မိမိတို့၏ အခန်းများထဲတွင် သုံးရက် သို့မဟုတ် ငါးရက် တောက်လျှောက် နေပြီး ရေးသားကြကာ ၎င်းတို့အတွက် စားသောက်ဖွယ်ရာများကို အထူးတလည် ပို့ပေးရန် တစ်စုံတစ်ဦးကိုပင် လိုအပ်ပြီး အခြားမည်သူကမျှ ၎င်းတို့ကို မတွေ့ရပေ။ အကယ်၍ ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို လုပ်ဆောင်ခြင်းမရှိဟု သင်ပြောလျှင် ၎င်းတို့က မတရားခံရသည်ဟု ခံစားရကြသည်။ “ကျွန်ုပ်သည် မည်သို့လျှင် လက်တွေ့ကျသော အလုပ် မလုပ်ဘဲ နေသနည်း။ ကျွန်ုပ်သည် ညီအစ်ကိုမောင်နှမများနှင့်အတူ နေထိုင်ပြီး စုဝေးပွဲများကို အမြဲကျင်းပပေကာ တရားဒေသနာများကို ဟောကြားနေပါသည်။ ကျွန်ုပ်သည် ပါးစပ်ခြောက်သည်အထိ တရားဒေသနာများကို ဟောကြားပြီး တစ်ခါတစ်ရံ ညဉ့်နက်သည်အထိပင် မအိပ်ပါ”ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းမှကြည့်လျှင် အလွန်အလုပ်များပြီး မအားလပ်သည့်ပုံပေါ်သည်။ ၎င်းတို့သည် တရားဒေသနာများစွာ ဟောပြီး စကားပြောခြင်းနှင့် စာရေးခြင်းအပေါ် အလွန်အားထုတ်ကြသည်။ ၎င်းတို့သည် သတင်းစကားများနှင့် စာများကို ပုံမှန် ပေးပို့ကြပြီး အထက်မှ သတ်မှတ်ထားသော စည်းမျဉ်းများကို သိရှိစေကြကာ စုဝေးပွဲများအတွင်းတွင် အကြောင်းအရာများကို လေးနက်စွာနှင့် စိတ်ရှည်စွာ မိတ်သဟာယဖွဲ့ပြီး အသားပေးဖော်ပြကြသည်။ ၎င်းတို့သည် အမှန်ပင် များစွာ ပြောဆိုကြသော်လည်း သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်တွင် လုံးဝ မပါဝင်ကြပေ။ အလုပ်ကို မည်သည့်အခါတွင်မျှ နောက်ဆက်တွဲမလုပ်ပေးကြသည့်အပြင်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ မည်သည့်ပြဿနာကိုမျှ လုံးဝ အတူတကွ ရင်မဆိုင်ကြပေ။ အကယ်၍ သင်က ၎င်းတို့အား အလုပ်၏ အကြင်မည်သောအရာ မည်သို့တိုးတက်နေသည် သို့မဟုတ် အလုပ်၏ ရလဒ်များမည်သို့ရှိသည်ကို မေးမြန်းလျှင် ၎င်းတို့ မသိကြသည့်အပြင်၊ တစ်စုံတစ်ဦးကို ဦးစွာ သွားမေးရသည်။ ပြီးခဲ့သည့်အခေါက်က ပြဿနာများ ဖြေရှင်းပြီးပြီလားဟု သင် မေးလျှင် ၎င်းတို့က စုဝေးပွဲတစ်ခု ကျင်းပပြီးဖြစ်ကြောင်းနှင့် စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ပြီးဖြစ်ကြောင်း ပြောကြသည်။ ထို့နောက် သင်က ၎င်းတို့အား “သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ သင် မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင် ညီအစ်ကိုမောင်နှမများက အမှန်တကယ် နားလည်သွားကြပါသလော။ ၎င်းတို့အတွက် လမ်းလွဲသွားဖို့ ဖြစ်နိုင်သေးသလော။ ၎င်းတို့ထဲတွင် ယှဉ်ကြည့်လျှင် မည်သူက စည်းမျဉ်းများကို ပိုနားလည်သနည်း၊ မည်သူက အတတ်ပညာပိုင်းတွင် ပို၍ ကျွမ်းကျင်သနည်း၊ ပြီးလျှင် မည်သူက ပိုကောင်းသော အစွမ်းအစရှိပြီး ပျိုးထောင်ရန် ထိုက်တန်သနည်း”ဟု မေးသည် ဆိုပါစို့။ ၎င်းတို့သည် ဤမေးခွန်းများထဲမှ တစ်ခုအတွက်မျှ အဖြေများကို မသိကြပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မသိကြပေ။ သင်က ၎င်းတို့အား အလုပ်၏ အခြေအနေအကြောင်း မေးမြန်းသည့်အခါတိုင်းတွင် ၎င်းတို့က “စည်းမျဉ်းများနှင့်ပတ်သက်၍ ကျွန်ုပ် မိတ်သဟာယဖွဲ့ပြီးဖြစ်ပါသည်။ ကျွန်ုပ် စုဝေးပွဲတစ်ခု ကျင်းပပြီးဖြစ်ကာ သူတို့ကိုလည်း ယခုတင် ပြုပြင်ခဲ့သည်။ သူတို့သည် မိမိတို့၏ ဆက်ကပ်မှုကို တို့၏ ဖော်ပြပြီးဖြစ်ကာ ဤအလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်ချက်လည်း ရှိကြပါသည်”ဟု ပြောကြသည်။ သို့သော် နောက်ဆက်တွဲအလုပ်က မည်သို့ တိုးတက်နေသည်နှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့ မသိကြပေ။ ၎င်းတို့ကို ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် စံချိန်မီသည်ဟု မှတ်ယူ၍ရနိုင်သလော။ (မရနိုင်ပါ။) ဤခေါင်းဆောင်နှင့် အမှုဆောင်မျိုးက အလုပ်လုပ်သည့်နည်းလမ်းမှာ လူတို့ထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ပြပြီး စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရုံသာဖြစ်သည်။ သို့သော် ၎င်းတို့သည် လက်တွေ့ပြဿနာများကို ဖြေရှင်းရန် အာရုံမစိုက်ကြသည့်အပြင် အထက်သို့ သတင်းပို့ပြီး အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေရန် ပို၍ပင် ကြောက်ရွံ့ကြသည်။ ၎င်းတို့၏ အခြေအနေမှက မည်သည့်အရာဖြစ်သည်ကို အထက်က သိရှိသွားမည်ကို အလွန် ကြောက်ရွံ့ကြသည်။ ထိုသို့သော လုပ်ရပ်များ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့၏ အနှစ်သာရအရ ၎င်းတို့သည် မည်သည့် လူစားမျိုးဖြစ်သနည်း။ တိတိကျကျ ပြောရလျှင် ထိုသို့သော လူများသည် စံပြဖာရိရှဲများ ဖြစ်ကြသည်။ ဖာရိရှဲများ၏ သရုပ်သကန်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ၎င်းတို့သည် ဂုဏ်သိက္ခာရှိသော အပြင်ပန်း လုပ်ဆောင်ချက်များတွင် ပါဝင်လုပ်ဆောင်ကြသည်၊ ၎င်းတို့သည် ကျက်သရေရှိသောပုံစံဖြင့် ပြောဆိုပြုမူကြသည်၊ ၎င်းတို့၏ စကားလုံးများနှင့် လုပ်ဆောင်ချက်အားလုံးကို သမ္မာကျမ်းစာအပေါ် အခြေခံကြပြီး လူတို့နှင့် တွေ့ဆုံကာ စကားပြောဆိုသောအခါ သမ္မာကျမ်းစာမှ စကားလုံးများကို ရွတ်ဆိုကြပြီး သမ္မာကျမ်းစာမှ စာကြောင်းများစွာကို အလွတ် ရွတ်ဆိုနိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဖာရိရှဲများနှင့် တစ်ပုံစံတည်းပင် ဖြစ်သည်၊ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်အမှားအယွင်းကိုမျှ ၎င်းတို့ ရှာမတွေ့နိုင်သည့်အပြင် ၎င်းတို့က အထူးသဖြင့် ဝိညာဉ်ရေးရာပြည့်ဝပုံပေါ်ကြသည်။ သင်သည် ၎င်းတို့၏ အပြင်ပန်း စကားပြောဆိုမှု၊ လုပ်ရပ်များနှင့် အပြုအမူတို့မှ မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်သော်လည်း အသင်းတော်အလုပ်တွင် တည်ရှိသော ပြဿနာများစွာကို ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။ သို့ဆိုလျှင် ဤ “ဝိညာဉ်ရေးရာပြည့်ဝခြင်း”ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ တင်းတင်းကျပ်ကျပ် ပြောရလျှင် ယင်းမှာ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝခြင်း ဖြစ်သည်။ ဤကဲ့သို့ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော လူများသည် နေ့စဉ် မိမိတို့ကိုယ်ကို အလွန်အလုပ်များစေလျက်၊ အုပ်စုကြီးငယ်များကြားတွင် လူးလားခေါက်တုံ့သွားလာလျက်၊ သွားလေရာရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဟောပြောကြသည်။ အပြင်ပန်းတွင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အခြားမည်သူထက်မဆို ပို၍ ချစ်မြတ်နိုးပုံရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အခြားမည်သူထက်မဆို ပို၍ အားထုတ်ကြိုးပမ်းပုံရသည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအကြောင်း အခြားမည်သူထက်မဆို ပို၍ အသိနှံ့စပ်ပုံပေါ်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ မည်သည့်အဓိကကျသော ကျမ်းပိုဒ်၏ စာမျက်နှာနံပါတ်ကိုမဆို ရုတ်တရက်ပြောနိုင်ကြသည်။ တစ်စုံတစ်ဦးက ပြဿနာတစ်ခုနှင့် ကြုံတွေ့ရလျှင် ၎င်းတို့သည် ဆက်စပ်မှုရှိသည့် ဘုရား နှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခု၏ စာမျက်နှာနံပါတ်ကို ပေးပြီး သွားဖတ်ရန် ပြောကြသည်။ အပြင်ပန်းမှကြည့်လျှင် ၎င်းတို့သည် အရာရာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် မှတ်ယူပုံပေါ်ကြသည်။ ၎င်းတို့အပေါ် အမှုအရာများ ကျရောက်သောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သက်သေခံပုံပေါ်ကြပြီး ၎င်းတို့နှင့်ပတ်သက်၍ မည်သည့်ပြဿနာမျှ မရှိသည့်ပုံရသည်။ သို့သော် သင်က ၎င်းတို့လုပ်ဆောင်သော အလုပ်ကို သေချာစွာ ကြည့်ရှုသောအခါ ၎င်းတို့သည် ဤစကားလုံးများနှင့် အယူဝါဒများကို ဟောပြောနေစဉ်တွင် ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ကြသလော။ အကယ်၍ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ၎င်းတို့သည် အလုပ်တစ်ခုတွင် ယခင်က မတွေ့ရှိခဲ့သော ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိပြီး အခြားသူများ မဖြေရှင်းနိုင်သော ပြဿနာများကို ဖြေရှင်းပေးလျှင် ဤသည်မှာ ၎င်းတို့က ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားလည်ပြီး သမ္မာတရားအပေါ် ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ကြောင်းကို ပြသပေသည်။ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော လူများသည် ဤအရာနှင့် ဆန့်ကျင်ဘက် အတိအကျဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်ပြီး နေရာတိုင်းတွင် ဟောပြောကြကာ ၎င်းတို့၏ စိတ်နှင့် နှလုံးသားများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပြည့်နှက်နေသည်။ သို့ရာတွင် အလုပ်၌ ပြဿနာကြီးတစ်ခု ပေါ်ပေါက်သည်ဖြစ်စေ၊ ပြဿနာငယ်တစ်ခု ပေါ်ပေါက်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို မမြင်နိုင် သို့မဟုတ် မသိရှိနိုင်ပေ။ စုဝေးပွဲများအဆုံးတွင် ၎င်းတို့ အကြောက်ဆုံးသောအရာမှာ တစ်စုံတစ်ဦးက လက်တွေ့ကျသော ကိစ္စတစ်ခုကို ထုတ်ဖော်ပြောဆိုပြီး ဖြေရှင်းခိုင်းမည်ကိုဖြစ်ပြီး ထို့ကြောင်းပင် စုဝေးပွဲများ ပြီးသွားသောအခါ ၎င်းတို့က၊ “တစ်စုံတစ်ယောက်သည် ငါ့ကို မေးခွန်းတစ်ခုမေးပြီး ငါမဖြေနိုင်ခဲ့လျှင် ထိုအရာသည် ကသိကအောက်ဖြစ်လိမ့်မည်ဖြစ်ပြီး ရှက်စရာကောင်းပေလိမ့်မည်” ဟု တွေးလျက် ချက်ချင်း ထွက်သွားကြလေသည်။ ဤသည်မှာ ၎င်းတို့၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုနှင့် စစ်မှန်သော အခြေအနေ ဖြစ်သည်။

သင်တို့ အနီးဝန်းကျင်ရှိ မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ရာ၌ တော်ပြီး ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်သည့်အခါ ညီအစ်ကိုမောင်နှမများနှင့် ပူးပေါင်းနိုင်ပြီး ၎င်းတို့နှင့်အတူ အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်သည်ကို စဉ်းစားကြည့်လော့။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းနိုင်ကြပေသည်။ သင်တို့အနီးဝန်းကျင်ရှိ မည်သည့်ခေါင်းဆောင်များနှင့် အမှုဆောင်များက ပြဿနာများကို ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရာ၌ တော်ပြီး စစ်မှန်သော အလုပ်ကို လုပ်ဆောင်ခြင်းအား အာရုံအစိုက်ဆုံးဖြစ်ကာ ၎င်းတို့၏ အလုပ်တွင် ရလဒ်အများဆုံး ရရှိသည်ကို စဉ်းစားကြည့်လော့။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလွန် တာဝန်ယူတတ်ပြီး တာဝန်သိစိတ်ရှိသော သစ္စာစောင့်သိသူများ ဖြစ်ကြသည်။ ဆန့်ကျင်ဘက်အားဖြင့်၊ အကယ်၍ ခေါင်းဆောင်တစ်ဦးသည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရာ၌ ပြောင်မြောက်ပြီး၊ အဓိကအချက်နှင့် အကြောင်းအရာပါလျက်၊ စနစ်တကျပုံစံဖြင့် ယုတ္တိရှိရှိနှင့် စနစ်တကျ ဟောပြောကာ၊ လူတို့က ၎င်းတို့၏ တရားဒေသနာများနှင့်ပတ်သက်၍ စိတ်အားထက်သန်ကြသော်လည်း၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို အမြဲ ရှောင်ရှားနေလျှင်၊ ညီအစ်ကိုမောင်နှမများက မေးခွန်းများ မေးမည်ကို အမြဲ ကြောက်ရွံ့နေလျှင်၊ ညီအစ်ကိုမောင်နှမများနှင့်အတူ ပြဿနာများကို ဖြေရှင်းကာ ကိုင်တွယ်ရန် ကြောက်ရွံ့နေလျှင်၊ ထိုခေါင်းဆောင်သည် အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသောသူဖြစ်ပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ သင်တို့ အနီးဝန်းကျင်ရှိ ခေါင်းဆောင်များနှင့် ကြီးကြပ်ရေးမှူးများသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ သာမန်အားဖြင့်၊ စုဝေးပွဲများ တက်ရောက်ခြင်းနှင့် တရားဒေသနာများ ဟောကြားခြင်းအပြင်၊ ၎င်းတို့သည် အလုပ်ကို နောက်ဆက်တွဲ လုပ်ဆောင်ပြီး ပါဝင်ကြသလော၊ ၎င်းတို့သည် အလုပ်တွင် ပြဿနာများကို မကြာခဏ ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်ကြသလော၊ သို့မဟုတ် စုဝေးပွဲများတွင် တစ်ချက် ပေါ်လာပြီးနောက် ပျောက်သွားတတ်ကြသလော။ အတုအယောင် ဝိညာဉ်ရေးရာပြည့်ဝသော အယောင်ဆောင် ခေါင်းဆောင်များသည် ဟောရမည့်အရာ ဘာမျှမရှိမည်ကို အမြဲ ကြောက်ရွံ့ကြပြီး၊ ညီအစ်ကိုမောင်နှမများနှင့် တွေ့ဆုံသောအခါ ပြောရမည့်အရာ ဘာမျှ မရှိမည်ကို ကြောက်ရွံ့ကြသောကြောင့် ၎င်းတို့သည် မိမိတို့၏ အခန်းများထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အလွတ်ကျက်မှတ်ခြင်းနှင့် တရားဒေသနာများအား မည်သို့ ဟောရမည်ကို လေ့ကျင့်ကြသည်။ တရားဒေသနာများကို ဟောပြောခြင်းသည် သင်ယူ၍ရနိုင်သောအရာတစ်ခုဖြစ်ပြီး၊ အသိပညာ ဆည်းပူးခြင်း သို့မဟုတ် တက္ကသိုလ် တက်ခြင်းကဲ့သို့ အလွတ်ကျက်မှတ်ခြင်းဖြင့် စွမ်းဆောင်ရရှိနိုင်သော အရာတစ်ခုဖြစ်သည်ဟု ယုံကြည်ကြကာ၊ မမောနိုင်မပန်းနိုင်၊ ဒုက္ခသုခခံ၍ လေ့လာသင်ယူသည့် စိတ်ဓာတ် မိမိတို့၌ ရှိရမည်ဟု ယုံကြည်ကြသည်။ ဤအယောင်ဆောင် ခေါင်းဆောင်များက ထားရှိသည့် ဤသဘောပါက်နားလည်မှုသည် လွဲချော်နေသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော လူများသည် ၎င်းတို့၏ မြင့်မားသော အဆင့်အတန်းမှနေ၍ အယူဝါဒများကို ဟောပြောကြပြီး၊ မဆီလျော်သော ကိစ္စအချို့ကို စိတ်ဝင်စားကြကာ ထို့နောက်တွင် ခေါင်းဆောင်မှုအလုပ်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဟု ထင်ကြသည်။ ၎င်းတို့သည် အလုပ်ကို ညွှန်ကြားရန် သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် လုပ်ငန်းခွင်သို့ လုံးဝ မသွားကြဘဲ၊ ထိုအစား ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်လျက်၊ “မိမိကိုယ်ကို ပြုစုပျိုးထောင်မှုအပေါ် အာရုံစိုက်ရန် မိမိတို့ကိုယ်ကိုသီးခြားနေခြင်း”ဖြင့် မိမိတို့၏ အခန်းများထဲတွင် မကြာခဏ ထိုင်နေကြသည်။ ဤသည်မှာ လိုအပ်သလော။ မည်သည့်အခြေအနေများတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အလုပ်နှင့် ညီအစ်ကိုမောင်နှမများကို ခေတ္တဘေးဖယ်ထားပြီး သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို သွားရောက်ပြင်ဆင်၍ရသနည်း။ အလုပ်မများသည့်အခါ၊ ဖြေရှင်းသင့်သော ပြဿနာအားလုံး ဖြေရှင်းပြီးဖြစ်ကာရှင်းပြသင့်သော အာရုံစိုက်ရန်လိုအပ်သည့် ကိစ္စရပ်များနှင့် စည်းမျဉ်းများအားလုံးကို ရှင်းပြပြီးသည့်အခါ၊ ညီအစ်ကိုမောင်နှမများတွင် မည်သည့်မေးခွန်း သို့မဟုတ် မည်သည့် အခက်အခဲမျှ မရှိသည့်အပြင် မည်သူမျှ နှောင့်ယှက်ခြင်းများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို မပြုလုပ်သည့်အခါ၊ အလုပ်က ချောမွေ့စွာ တိုးတက်နိုင်သည့်အခါနှင့် မည်သည့်အတားအဆီးမျှ မရှိတော့သည့်အခါ၊ ထိုအခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး သမ္မာတရားဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်၍ရပေသည်။ ဤသည်သာလျှင် စစ်မှန်သော အလုပ်ကို လုပ်ဆောင်ခြင်း ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့ အလုပ်မလုပ်ကြပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ထင်ပေါ်စေရန် အမြဲ အာရုံစိုက်ကြပြီး၊ ကြွားဝါရန် အခြားသူများ မြင်နိုင်သော အလွန်ထင်သာမြင်သာရှိသော အလုပ်အချို့ကိုသာ လုပ်ဆောင်ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုချိန် သို့မဟုတ် တရားဒေသနာတစ်ခုကို နားထောင်ချိန်တွင် သိနားလည်မှုအသစ်တစ်ခုခု ရှာတွေ့နိုင်လျှင်၊ ၎င်းတို့ တစ်စုံတစ်ခု ရရှိသွားပြီ၊ သမ္မာတရား လက်တွေ့ကျမှု ရှိသွားပြီဟု ခံစားကြပြီး၊ ထို့နောက်တွင် အခြားသူများအား တရားဒေသနာ ဟောပြောရန် အခွင့်အရေးတစ်ခုကို အလျင်အမြန် ရှာဖွေကြသည်။ ၎င်းတို့သည် အယူဝါဒများကို စနစ်တကျ၊ ယုတ္တိရှိရှိနှင့် ကောင်းစွာ ဖွဲ့စည်းထားသောပုံစံဖြင့်၊ အဓိကအချက်နှင့် အကြောင်းအရာပါလျက်၊ ထင်ရှားကျော်ကြားသူတစ်ဦး သို့မဟုတ် ပညာရှင်တစ်ဦး၏ ဟောပြောချက်ထက် ပို၍ အားကောင်းပြီး နက်နဲသောပုံစံဖြင့် ဟောပြောကြကာ၊ ဤအရာနှင့်ပတ်သက်၍ အတော်လေး ကျေနပ်ကြလေသည်။ သို့ရာတွင် ၎င်းတို့သည်၊ “ဤတရားဒေသနာ ပြီးသွားလျှင် နောက်တစ်ကြိမ် ငါ မည်သည့်အရာကို ဟောရမည်နည်း။ အခြား မည်သည့်အရာမျှ ငါ မရှိတော့ပါ”ဟု မိမိတို့ဘာသာ တွေးဆကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် နက်နဲသော အယူဝါဒများကို ရှာဖွေလျက်၊ တစ်ဖန် “မိမိကိုယ်ကို ပြုစုပျိုးထောင်ခြင်းအား အာရုံစိုက်ရန် မိမိတို့ကိုယ်ကို သီးခြားနေ”ကြလေသည်။ ၎င်းတို့ကို အသင်းတော်၏ အလုပ်ခွင်တွင် မည်သည့်အခါတွင်မျှ မတွေ့မြင်ရသည့်အပြင်၊ လူတို့တွင် အခက်အခဲများရှိပြီး ဖြေရှင်းပေးရန် ၎င်းတို့ကို စောင့်ဆိုင်းနေကြချိန်တွင် ဤအယောင်ဆောင် ခေါင်းဆောင်များကို မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် မဝံ့မရဲဖြစ်ပြီး စိတ်မလုံမလဲ မဖြစ်ကြလေသလော။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သော်လည်း ကြွားဝါရန် အဆင့်မြင့်သော တရားဒေသနာများကို ဟောပြောချင်နေကြဆဲဖြစ်သည်။ ဤလူများသည် အရှက်တရား ကင်းမဲ့ကြပေသည်။

အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် စကားလုံးများနှင့် အယူအဝါဒများကို ဟောပြောနိုင်ကြသည်၊ ၎င်းတို့သည် ဝိညာဉ်ရေးရာ အတုအယောင်ချည်းသာဖြစ်ကြသည်၊ ၎င်းတို့သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြသည့်အပြင် နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ကြသော်လည်း သမ္မာတရားကို နားမလည်ကြပေ။ ၎င်းတို့၌ ဝိညာဉ်ရေးရာ သိနားလည်မှု မရှိဟု ဆိုနိုင်သည်။ အသင်းတော်ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းဆိုသည်မှာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောရန်၊ ကြွေးကြော်သံအချို့ကို ဟစ်ကြွေးရန်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အနည်းငယ် ရှင်းပြရန်သာ လိုအပ်ပြီး ထိုအခါ လူတို့သည် သမ္မာတရားကို နားလည်လာကြလိမ့်မည်ဖြစ်သည်ကို ဆိုလိုသည်ဟု ၎င်းတို့က ထင်ကြသည်။ အလုပ်လုပ်ခြင်းက အဘယ်အရာကို ဆိုလိုသည်ကို ၎င်းတို့မသိကြပေ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများမှာ အတိအကျအားဖြင့် အဘယ်အရာဖြစ်သည်ကို ၎င်းတို့မသိကြသည့်အပြင်၊ ဘုရားအိမ်တော်က လူတစ်ဦးကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အဘယ်ကြောင့် အတိအကျ ရွေးချယ်ရသည်ကိုလည်းကောင်း၊ ဤသည်မှာ အဘယ်ပြဿနာများအား အတိအကျ ဖြေရှင်းရန် ရည်ရွယ်သည်ကိုလည်းကောင်း ၎င်းတို့ မသိကြပေ။ သို့ဖြစ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် အလုပ်ကို နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ရမည်၊ အလုပ်ကို စစ်ဆေးရမည်၊ အလုပ်ကို ကြီးကြပ်ရမည်၊ အလုပ်တွင်ရှိသည့် ပြဿနာများကို ချက်ချင်း ရှာဖွေတွေ့ရှိပြီး ဖြေရှင်းရမည်ဟူသည်တို့ကို ဘုရားအိမ်တော်က မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ဤအရာတစ်ခုကိုမျှ ၎င်းတို့က မခံယူသည့်အပြင်၊ နားလည်ခြင်းလည်းမရှိပေ။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် ဘုရားအိမ်တော်ထားရှိသော သတ်မှတ်ချက်များကို လက်လှမ်းမမီနိုင်ကြ သို့မဟုတ် မစွမ်းဆောင်မရရှိနိုင်ကြသည့်အပြင်၊ တာဝန်ထမ်းဆောင်ခြင်းတွင် ပါဝင်သော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် ပြဿနာများကိုလည်းကောင်း၊ ကြီးကြပ်ရေးမှူးများကို ရွေးချယ်ခြင်းအတွက် စည်းမျဉ်းဆိုင်ရာ ကိစ္စရပ်ကိုလည်းကောင်း ၎င်းတို့ နားမလည်နိုင်ကြသည့်အပြင်၊ ဤပြဿနာများအကြောင်းကို ၎င်းတို့သိလျှင်ပင် ကိုင်တွယ်နိုင်ခြင်း မရှိကြပေ။ ထို့ကြောင့် ဤသို့သော အယောင်ဆောင် ခေါင်းဆောင်များ၏ ဦးဆောင်မှုအောက်တွင် အသင်းတော်အလုပ်၌ ပေါ်ပေါက်လာသော ပြဿနာအမျိုးမျိုးက ပြေလည်မသွားနိုင်ပေ။ ဘုရားသခင် ရွေးချယ်ထားသောသူတို့က မိမိတို့၏တာဝန်များကို ထမ်းဆောင်သည့်အခါ ကြုံတွေ့ရသော အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် ပြဿနာများသာမက၊ ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ အသက်ဝင်ရောက်မှုဆိုင်ရာ အခက်အခဲများကိုလည်း ရှည်ကြာသော အချိန်ကာလတစ်ခုကြာ ဖြေရှင်းမပေးဘဲ ထားရှိပြီး၊ ခေါင်းဆောင်များနှင့် အမှုဆောင်အချို့ သို့မဟုတ် အလုပ်ကဏ္ဍအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများသည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်ကြသည့်အခါ ၎င်းတို့ကို အချိန်မီ ဖြုတ်ချခြင်းမရှိ သို့မဟုတ် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကိုလည်း အချိန်မီ ပြုပြင်ပေးခြင်းမရှိပေ။ ဤပြဿနာများထဲမှ တစ်ခုကိုမျှ ချက်ချင်း ဖြေရှင်းခြင်းမရှိသည့်အပြင်၊ အကျိုးဆက်အနေဖြင့် အသင်းတော်ရှိ အလုပ်ကဏ္ဍအမျိုးမျိုး၏ စွမ်းဆောင်ရည်သည် ဆက်တိုက်ကျဆင်းလာပြီး အလုပ်၏ ထိရောက်မှုမှာလည်း ပိုးဆိုသည်ထက် ဆိုးရွားလာသည်။ ဝန်ထမ်းရေးရာအရ၊ အနည်းငယ် ပါရမီရှိပြီး စကားပြောကောင်းသူတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာကြသည်၊ သို့ရာတွင် သမ္မာတရားကို ချစ်မြတ်နိုးပြီး အလုပ်ကြိုးစားကာ ညည်းညူခြင်းမရှိဘဲ မမောနိုင်မပန်းနိုင်အောင် အလုပ်လုပ်နိုင်သူတို့မှာမူ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ပေးခြင်း မခံကြရသည့်အပြင်၊ အစေခံသူများကဲ့သို့ သဘောထားခြင်းခံကြရပြီး၊ အားသာချက်တစ်ခုခုရှိသော နည်းပညာရှိသည့် ဝန်ထမ်းအမျိုးမျိုးသည်လည်း ကျိုးကြောင်းညီညွတ်စွာ အသုံးချခြင်း မခံကြရပေ။ ထို့ပြင် မိမိတို့၏တာဝန်ကို စိတ်ရင်းမှန်ဖြင့် ထမ်းဆောင်သူအချို့သည် အသက်ထောက်ပံ့မှုကို မရရှိကြသောကြောင့် အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းထဲသို့ ကျဆင်းသွားကြသည်။ ထို့အပြင် အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများက မည်မျှပင် မကောင်းမှုပြုလုပ်စေကာမူ အယောင်ဆောင် ခေါင်းဆောင်များက မမြင်ကြသကဲ့သို့ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးက ဆိုးယုတ်သောသူတစ်ဦး သို့မဟုတ် အန္တိခရစ်တစ်ဦးကို ဖော်ထုတ်လျှင် အယောင်ဆောင် ခေါင်းဆောင်များက ထိုသူကို မေတ္တာဖြင့်ဆက်ဆံသင့်ပြီး နောင်တရရန် အခွင့်အရေးပေးသင့်သည်ဟုပင် ၎င်းတို့ကို ပြောဆိုကြလိမ့်မည်။ ထိုသို့လုပ်ဆောင်ရာတွင်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များကို အသင်းတော်ထဲ၌ မကောင်းမှုပြုရန်နှင့် အနှောင့်အယှက်များဖြစ်စေရန် ခွင့်ပြုကြပြီး၊ ဤအရာက ဤဆိုးယုတ်သောလူများ၊ မယုံကြည်သူများနှင့် အန္တိခရစ်များကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်းတို့၌ အချိန်ကြာမြင့်စွာ နှောင့်နှေးကြန့်ကြာစေသည့်အပြင်၊ ထိုသူတို့သည် အသင်းတော်ထဲ၌ မကောင်းမှုကို ဆက်လက်ပြုလုပ်ကာ အသင်းတော်အလုပ်ကို ဆက်လက် နှောင့်ယှက်နိုင်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤပြဿနာများထဲမှ တစ်ခုကိုမျှ ကိုင်တွယ်ပြီး ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ ၎င်းတို့သည် လူတို့ကို မျှတစွာဆက်ဆံနိုင်စွမ်း သို့မဟုတ် အလုပ်ကို ကျိုးကြောင်းညီညွတ်သည့်ပုံစံဖြင့် စီစဉ်နိုင်စွမ်းမရှိဘဲ၊ ထိုအစား မဆင်မခြင်ပြုမူကြပြီး အချည်းနှီးသောအလုပ်အချို့ကိုသာ လုပ်ဆောင်ကြရာ၊ အကျိုးဆက်အနေဖြင့် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေပြီး ဖရိုဖရဲဖြစ်စေသည်။ မည်သို့ပင် သမ္မာတရားနှင့်ပတ်သက်၍ ဘုရားအိမ်တော်က မိတ်သဟာယဖွဲ့စေကာမူ သို့မဟုတ် အသင်းတော်အလုပ်ကို ဆောင်ရွက်ရာတွင် လိုက်နာသင့်သော စည်းမျဉ်းများကို ဘုရားအိမ်တော်က မည်သို့ပင် အလေးပေးပြောဆိုစေကာမူ၊ မကောင်းမှုပြုသူအမျိုးမျိုးနှင့် မယုံကြည်သူများထဲမှ ကန့်သတ်သင့်သူများကို ကန့်သတ်ပြီး ရှင်းလင်းပစ်သင့်သူများကို ရှင်းလင်းပစ်ကာ၊ အစွမ်းအစကောင်းနှင့် သဘောပေါက်နားလည်နိုင်စွမ်းရှိသူများ၊ သမ္မာတရားကို လိုက်စားနိုင်သူများ၊ ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးသင့်သူများကို ရာထူးတိုးမြှင့်ပြီး ပျိုးထောင်ပေးခြင်း၊ ဤအရာများကို မရေမတွက်နိုင်အောင် မိတ်သဟာယဖွဲ့ထားသော်လည်း အယောင်ဆောင် ခေါင်းဆောင်များက ယင်းတို့ကို နားလည်ခြင်းမရှိ သို့မဟုတ် သဘောပေါက်ခြင်းမရှိကြသည့်အပြင်၊ ၎င်းတို့၏ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အမြင်များနှင့် “မေတ္တာထားခြင်း” ဆိုင်ရာ လုပ်နည်းကိုင်နည်းများကိုသာ ဆက်တိုက် စွဲကိုင်ထားကြသည်။ အယောင်ဆောင် ခေါင်းဆောင်များက ၎င်းတို့၏ လေးနက်ပြီး စိတ်ရှည်သော ညွှန်ကြားမှုအောက်တွင် လူအမျိုးမျိုးတို့သည် မိမိတို့၏ ကိုယ်ပိုင် အခန်းကဏ္ဍများကို ဖရိုဖရဲမဖြစ်ဘဲ စနစ်တကျပုံစံဖြင့် ထမ်းဆောင်ကြသည်၊ လူတိုင်းတွင် ယုံကြည်ခြင်း အတော်လေး ရှိသည်၊ မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ်ရှိကြသည်၊ ထောင်ထဲသွားရမည်ကိုလည်းကောင်း၊ အန္တရာယ်နှင့် ရင်ဆိုင်ရမည်ကိုလည်းကောင်း မကြောက်ကြသည့်အပြင်၊လူတိုင်းက ဆင်းရဲဒုက္ခကို ခါးစည်းခံမည့် စိတ်ပိုင်းဖြတ်မှုရှိပြီး ယုဒတစ်ဦးဖြစ်ရန် လိုလားခြင်းမရှိကြဟု ယုံကြည်ကြသည်။ အသင်းတော်အသက်တာတွင် ကောင်းမွန်သော ဝန်းကျင်တစ်ခုရှိခြင်းသည် ၎င်းတို့အနေဖြင့် အလုပ်ကောင်းကောင်းလုပ်ဆောင်ပြီးဖြစ်သည်ကို ဆိုလိုကြောင်း ၎င်းတို့က ယုံကြည်ကြသည်။ အသင်းတော်ထဲ၌ ဆိုးယုတ်သောလူများက အနှောင့်အယှက်များဖြစ်စေသည့် ဖြစ်ရပ်များ သို့မဟုတ် မယုံကြည်သူများက မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းသော အဆိုများကို ဖြန့်ဝေသည့် ဖြစ်ရပ်များ ဖြစ်ပွားသည်ဖြစ်စေ၊ ၎င်းတို့က ဤအရာများကို ပြဿနာများအဖြစ် မယူဆကြသည့်အပြင်၊ ယင်းတို့ကို ဖြေရှင်းရန် လိုအပ်သည်ဟုလည်း မခံစားရကြပေ။ ၎င်းတို့ တာဝန်အပ်ထားသောသူတစ်ဦးက မိမိ၏ ကိုယ်ပိုင်အလိုဆန္ဒကိုအခြေခံ၍ မဆင်မခြင်ပြုမူပြီး ဧဝံဂေလိအလုပ်ကို နှောင့်ယှက်ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ အယာင်ဆောင် ခေါင်းဆောင်များသည် သာ၍ပင် ကြောင်းကျိုးမမြင်ကြပေ။ ၎င်းတို့က “ကျွန်ုပ် ရှင်းပြသင့်သည့် အလုပ်စည်းမျဉ်းများကို ကျွန်ုပ် ရှင်းပြပြီးဖြစ်ပါသည်၊ ဘာလုပ်ရမည်ဆိုသည်ကိုလည်း ၎င်းတို့ကို အကြိမ်ကြိမ်အခါခါ ပြောပြီးဖြစ်ပါသည်။ ပြဿနာတစ်ခုခုပေါ်လာလျှင် ကျွန်ုပ်နှင့် ဘာမျှမဆိုင်ပါ”ဟု ဆိုကြသည်။ သို့ရာတွင် ထိုသူသည် သင့်တော်သောသူ ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့မသိကြပေ၊ ထိုအကြောင်းကိုလည်း ၎င်းတို့ စိတ်မဝင်စားကြသည့်အပြင်၊ ထိုသူကို ရှင်းပြပြီး ဘာလုပ်ရမည်ကို ပြောနေစဉ် ၎င်းတို့ပြောခဲ့သည့်အရာက အပြုသဘောဆောင်သော အကျိုးရလဒ်များ စွမ်းဆောင်ရရှိနိုင်သလော သို့မဟုတ် အဘယ်အကျိုးဆက်များအား ဖြစ်ပေါ်စေမည်ကိုလည်း ၎င်းတို့မသိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် စုဝေးပွဲတစ်ခု ကျင်းပသည့်အခါတိုင်း စကားလုံးများနှင့် အယူဝါဒများကို အဆုံးမရှိ ပြောဆိုကြသော်လည်း၊ အမှန်မှာ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိကြောင်း သိသာထင်ရှားသည်။ သို့တိုင် ၎င်းတို့သည် ကြီးမြတ်သောအလုပ်ကို လုပ်ဆောင်နေသည်ဟု ယုံကြည်နေကြဆဲဖြစ်သည်။ မိမိတို့ကိုယ်ကို အားရကျေနပ်နေကြဆဲဖြစ်ပြီး မိမိတို့သည် အံ့ဩဖွယ်ကောင်းသည်ဟု ထင်နေကြဆဲဖြစ်သည်။ အမှန်မှာ ၎င်းတို့ပြောဆိုသော စကားလုံးများနှင့် အယူဝါဒများသည် မသိနားမလည်ဖြစ်ပြီး အစွမ်းအစညံ့ဖျင်းသော နားဝေတိမ်တောင်ဖြစ်သူများ၊ မိုက်မဲသူများနှင့် လူထုံလူအများကိုသာ လှည့်စားနိုင်သည်။ ဤလူတို့သည် ဤစကားများကို ကြားပြီးနောက် စိတ်ရှုပ်ထွေးသွားကြပြီး အယောင်ဆောင် ခေါင်းဆောင်များ ပြောခဲ့သည့်အရာက အလွန်မှန်ကန်သည်၊ ၎င်းတို့ပြောခဲ့သည့်အရာ တစ်ခုမျှမမှားဟု ယုံကြည်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဤစိတ်ရှုပ်ထွေးနေသော လူများကိုသာ ကျေနပ်စေနိုင်ပြီး လက်တွေ့ကျသော ပြဿနာများကို အခြေခံအားဖြင့် ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် အသိပညာနှင့်သက်ဆိုင်သော ပြဿနာများကို သာ၍ပင် ကိုင်တွယ်နိုင်စွမ်းမရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးဝ အစွမ်းမဲ့ကြသည်။ ဥပမာအနေဖြင့် ဘုရားအိမ်တော်၏ စာနှင့်ပတ်သက်သောအလုပ်ကို ကြည့်လော့။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များကို ခေါင်းအခဲစေဆုံးသော အလုပ်ဖြစ်သည်။ မည်သည့်လူများက ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်၊ အစွမ်းအစကောင်းရှိပြီး စာနှင့်ပတ်သက်သောအလုပ်ကို လုပ်ဆောင်ရန် သင့်တော်သည်ဟူသည်ကို ၎င်းတို့ အတိအကျ မခွဲခြားနိုင်ကြသည့်အပြင်၊ မျက်မှန်တပ်ထားသူနှင့် ပညာအရည်အချင်းမြင့်မားသူ မည်သူ့ကိုမဆို အစွမ်းအစကောင်းပြီး ဝိညာဉ်ရေးရာ သိနားလည်မှုရှိသည်ဟု မှတ်ယူကြသဖြင့်၊ ထိုသူတို့အား၊ “သင်တို့အားလုံးသည် စာနှင့်ပတ်သက်သောအလုပ်တွင် အရည်အချင်းရှိသူများ ဖြစ်ကြသည်။ ကျွန်ုပ်သည် ဤအလုပ်ကို နားမလည်ပါ။ ထို့ကြောင့် အားလုံးသည် သင်တို့တာဝန်ယူရမည်။ ဘုရားအိမ်တော်သည် သင်တို့ထံမှ အခြားမည်သည့်အရာကိုမျှ တောင်းဆိုခြင်းမရှိပါ၊ သင်တို့၏ အစွမ်းအစများကို အသုံးချရန်၊ မည်သည့်အရာမျှ ချန်မထားရန်နှင့် သင်တို့သင်ယူခဲ့သမျှ အားလုံးကို ပေးဆပ်ရန်သာ တောင်းဆိုပါသည်။ သင်တို့သည် ကျေးဇူးတင်တတ်ရမည်ဖြစ်ပြီး၊ သင်တို့ကို ပြုစုပျိုးထောင်ပေးသည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမည်”ဟု ပြောလျက်၊ ထိုအရာကို လုပ်ဆောင်ဖို့ ထိုလူတို့အတွက် စီစဉ်ပေးကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မထိရောက်သည့်အပြင် အပေါ်ယံဆန်သော စကားတစ်သီတစ်တန်းကို ပြောပြီးနောက် အလုပ်ကို စီစဉ်ပြီးဖြစ်ကြောင်းနှင့် ထို့နောက်တွင် လုပ်ဆောင်ရန်လိုအပ်သမျှကို လုပ်ဆောင်ပြီးပြီဖြစ်ကြောင်း ခံစားရသည်။ ဤအလုပ်ကို လုပ်ဆောင်ရန် ၎င်းတို့ စီစဉ်ခန့်အပ်လိုက်သောလူများမှာ သင့်တော်ခြင်းရှိမရှိဟူသည်ကို ၎င်းတို့မသိကြသည့်အပြင်၊ အတတ်ပညာဆိုင်ရာ အသိပညာအရ ဤလူများ၏ အားနည်းချက်များက အဘယ်အရာများဖြစ်သည်ကိုဖြစ်စေ၊ ယင်းတို့ကို မည်သို့ထေမိအောင်လုပ်ရမည်ကိုဖြစ်စေ ၎င်းတို့မသိကြပေ။ ၎င်းတို့သည် လူတို့အား မည်သို့ရှုမြင်ပြီး ပိုင်းခြားသိမြင်မည်ကို မသိကြ၊ အတတ်ပညာဆိုင်ရာ ပြဿနာများကို နားမလည်ကြသည့်အပြင်၊ စာရေးခြင်းနှင့်ဆက်စပ်သော အသိပညာကိုလည်း နားမလည်ကြပေ။ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့ လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ဤအရာများကို ၎င်းတို့ နားမလည် သို့မဟုတ် သဘောမပေါက်ဟု ဆိုကြသော်လည်း၊ ၎င်းတို့၏ စိတ်နှလုံးများတွင်မူ၊ “သင်တို့သည် ငါ့ထက် အနည်းငယ် ပညာပိုတတ်ပြီး ပိုမိုအသိနှံ့စံ့ခြင်းသာ ရှိသည် မဟုတ်လော။ ဤအလုပ်တွင် ငါသည် သင်တို့ကို လမ်းညွှန်မှုမပေးနိုင်သော်လည်း၊ ငါသည် သင်တို့ထက် ပို၍ ဝိညာဉ်ရေးရာပြည့်ဝသည်၊ သင်တို့ထက် တရားဒေသနာဟောပြောရာတွင် ပိုတော်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်တို့ထက် ပိုနားလည်သည်။ ငါသည် သင်တို့ကို ဦးဆောင်နေသူဖြစ်သည်၊ သင်တို့၏ အထက်လူကြီး ဖြစ်သည်။ သင်တို့ကို ငါ ကြီးကြပ်ရမည်ဖြစ်ပြီး၊ ငါပြောသည့်အတိုင်း သင်တို့ လုပ်ဆောင်ရမည်”ဟု စဉ်းစားကြလေသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် မိမိတို့ကိုယ်ကို သာလွန်သည်ဟု မှတ်ယူကြသော်လည်း၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဆက်စပ်သည့် အလုပ်အမျိုးအစားတစ်ခုတလေနှင့်ပတ်သက်၍မူ အကျိုးရှိသော အကြံပြုချက်တစ်ခုကိုမျှ မပေးနိုင်ကြသည့်အပြင်၊ မည်သည့်လမ်းညွှန်မှုကိုမျှလည်း မပေးနိုင်ကြပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ဝန်ထမ်းများကို ကောင်းစွာ စီစဉ်ပေးနိုင်ရုံသာဖြစ်သည်၊ နောက်ဆက်တွဲအလုပ် တစ်ခုကိုမျှ ၎င်းတို့မလုပ်ဆောင်နိုင်ကြပေ။ ၎င်းတို့သည် အတတ်ပညာဆိုင်ရာ အသိပညာကို ရရှိရန်မကြိုးစားကြသည့်အပြင်၊ အလုပ်ကိုလည်း နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်းမရှိကြပေ။ အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်ကြသည်။ ၎င်းတို့လုပ်နိုင်သမျှမှာ စကားလုံးများနှင့် အယူဝါဒအချို့ကို ဟောပြောပြီးနောက် သမ္မာတရားကို ၎င်းတို့ နားလည်သည်ဟု တွေးထင်ကာ ဘုရားသခင်ရွေးချယ်ထားသောသူတို့၏ရှေ့တွင် စဉ်ဆက်မပြတ် ကြွားဝါနေခြင်းသာဖြစ်သည်။ စုဝေးပွဲတိုင်းတွင် ၎င်းတို့သည် နာရီအချို့ကြာ ဟောပြောကြသော်လည်း၊ အမှန်တွင်တော့ မည်သည့်ပြဿနာကိုမျှ လုံးဝမဖြေရှင်းနိုင်ကြပေ။ လူတို့၏တာဝန်များရှိ အတတ်ပညာဆိုင်ရာ အသိပညာနှင့်ဆက်စပ်သော ပြဿနာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် လုံးဝ မသိနားမလည်ဖြစ်ကြသည်။ ၎င်းတို့သည် သိသာထင်ရှားစွာပင် သာမန်လူများဖြစ်ကြသော်လည်း ကျွမ်းကျင်သူများ၏အလုပ်ကို ညွှန်ကြားလျက် ဝိညာဉ်ရေးရာ ပြည့်ဝသယောင်ဟန်ဆောင်ကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် အလုပ်ကို မည်သို့ကောင်းစွာ လုပ်ဆောင်နိုင်မည်နည်း။ အယောင်ဆောင် ခေါင်းဆောင်များက အတတ်ပညာဆိုင်ရာ အသိပညာကို သင်ယူရန် မကြိုးစားခြင်းနှင့် မည်သည့်လက်တွေ့အလုပ်ကိုမျှ မလုပ်ဆောင်နိုင်ခြင်းတို့က လူတို့အဖို့ စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေပြီးဖြစ်ကာ၊ ထို့အပြင် ၎င်းတို့က ဝိညာဉ်ရေးရာပြည့်ဝသူများဖြစ်သယောင် ဟန်ဆောင်ပြီး ၎င်းတို့၏ ဝိညာဉ်ရေးရာစကားလုံးများကို ကြွားလုံးထုတ်ကြလေသည်။ ယင်းမှာ အလွန် ဆင်ခြင်တုံတရားကင်းမဲ့လှပေသည်။ ဤသည်မှာ ဖာရိရှဲများနှင့် မခြားနားပေ။ ဖာရိရှဲများအနေဖြင့် အဆင်ခြင်တုံတရား အကင်းမဲ့ဆုံးဖြစ်ခဲ့သည့်အချက်မှာ ဘုရားသခင်က ၎င်းတို့ကို စက်ဆုပ်ရွံရှာသော်လည်း ၎င်းတို့က ထိုအကြောင်းကို လုံးဝမသိရှိကြသည့်အပြင် မိမိတို့ကိုယ်ကို အတော်ကောင်းပြီး၊ အလွန်ဝိညာဉ်ရေးရာပြည့်ဝသည်ဟု မှတ်ယူနေကြဆဲဖြစ်ခြင်းပင် ဖြစ်သည်။အယောင်ဆောင် ခေါင်းဆောင်များသည် ဤသို့ မိမိကိုယ်ကို သတိပြုမိခြင်း ကင်းမဲ့ကြသည်။ ၎င်းတို့သည် လက်တွေ့အလုပ်ကို သိသာထင်ရှားစွာ မလုပ်ဆောင်နိုင်ကြသော်လည်း ဝိညာဉ်ရေးရာပြည့်ဝသယောင် ဟန်ဆောင်ကြသည်။ သူတော်ကောင်းယောင်ဆောင်သော ဖာရိရှဲများ ၎င်းတို့ ဖြစ်လာကြသည်။ ၎င်းတို့သည် ဘုရားသခင် ပစ်ပယ်ပြီး ဖယ်ရှားရှင်းလင်းသောသူများ အတိအကျပင် ဖြစ်ကြလေသည်။

မိမိတို့ကိုယ်ကို ဝိညာဉ်ရေးရာပြည့်ဝသူများအဖြစ် ဟန်ဆောင်သော အယောင်ဆောင် ခေါင်းဆောင်များ၏ အဓိကထူးခြားသောလက္ခဏာမှာ အဘယ်အရာနည်း။ ၎င်းတို့သည် တရားဒေသနာများ ဟောပြောရာတွင် ကောင်းမွန်ကြခြင်း ဖြစ်သည်။ ဤ “တရားဒေသနာများ”သည် စစ်မှန်သော တရားဒေသနာများ မဟုတ်ကြပေ။ ယင်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ မိတ်သဟာယဖွဲ့သော တရားဒေသနာများ မဟုတ်သည့်အပြင်၊ သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သော တရားဒေသနာများလည်း မဟုတ်ကြပေ။ ထို့ထက်စကားလုံးများနှင့် အယူဝါဒများဆိုင်ရာ တရားဒေသနာများ၊ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော တရားဒေသနာများ၊ ဖာရိရှဲများ၏ တရားဒေသနာများ ဖြစ်ကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားနှုတ်ကပတ်တော်များ၏ စကားလုံးများနှင့် စကားစုများအပေါ် အာရုံစိုက်ရာတွင် အလွန်ကောင်းမွန်ကြသည်၊ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရန် အထူးဂရုပြုကြသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင်ရှိသည့် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြသည့်အပြင် သမ္မာတရား လက်တွေ့ကျမှုထဲသို့ မည်သို့ဝင်ရောက်သင့်သည်ကိုလည်း မည်သည့်အခါမျှ မဆင်ခြင်မသုံးသပ်ကြပေ။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောနိုင်ရုံမျှဖြင့် ကျေနပ်နေကြသည်။ အယူဝါဒကို ရှင်းလင်းစွာနှင့် ယုတ္တိရှိရှိ ဟောပြောပြီးသည်နှင့်တစ်ပြိုင်နက်၊ ထိုမျှဖြင့် လုံလောက်ပြီဟုလည်းကောင်း၊ ၎င်းတို့တွင် သမ္မာတရား လက်တွေ့ကျမှုရှိပြီဟုလည်းကောင်း၊ အခြားသူများရှေ့တွင် ရပ်တည်ပြီး ခြိမ်းခြောက်အာဏာပြကာ၊ ၎င်းတို့၏ မြင့်မားသော ရာထူးအဆင့်အတန်းမှနေ၍ လူတို့ကို ဩဝါဒပေးနိုင်ပြီဟုလည်းကောင်း ထင်ကြသည်။ အပေါ်ယံအားဖြင့် ၎င်းတို့ပြောဆိုကာ ပြုမူသည့်အရာသည် သမ္မာတရားနှင့် ဆက်စပ်ပုံရသည်၊ ယင်းတို့က အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် အနှောင့်အယှက်များကို ဖြစ်စေပုံမရသည့်အပြင်၊ မှားယွင်းသော အဆိုများကို ထောက်ခံအားပေးခြင်း သို့မဟုတ် မှားယွင်းသော ကျင့်သုံးမှုများကို လှုံ့ဆော်ခြင်းလည်း ပြုပုံမရပေ။ သို့တိုင် ပြဿနာတစ်ခုရှိသည်၊ ယင်းမှာ ၎င်းတို့သည် မည်သည့်လက်တွေ့အလုပ်ကိုမျှ မထမ်းဆောင်နိုင်ခြင်း သို့မဟုတ် ၎င်းတို့၏တာဝန်ကို အနည်းငယ်မျှပင် မဖြည့်ဆည်းနိုင်ခြင်းဖြစ်သည်။ ယင်းက နောက်ဆုံးတွင် အလုပ်ထဲရှိ မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်ခြင်းအဖြစ်သို့ ဆိုက်ရောက်စေသည်။ ၎င်းတို့အလုပ်လုပ်ပုံသည် မျက်စိကန်းသောသူတစ်ဦးက မိမိ၏လမ်းကို စမ်းတဝါးဝါးသွားနေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် ကိစ္စရပ်များတွင် စည်းမျဉ်းများကို မျက်စိမှိတ်ကျင့်သုံးရန် မိမိတို့၏ ခံစားချက်များနှင့် စိတ်ကူးများအတိုင်း အမြဲလုပ်ဆောင်ကြသည်။ ပြဿနာများ၏ အနှစ်သာရကို လုံးဝ ရှင်းလင်းစွာ မမြင်နိုင်ကြသော်လည်း၊ ထိုအရာများနှင့်ပတ်သက်၍ အဓိပ္ပာယ်မဲ့သောစကားများကို ပြောဆိုနေကြဆဲဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို လုံးဝမဖြေရှင်းနိုင်ကြပေ။ အကယ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် သမ္မာတရားကို အမှန်တကယ် နားလည်ခဲ့ပါက၊ ၎င်းသည် ပြဿနာများကို အလိုအလျောက် တွေ့ရှိနိုင်မည်ဖြစ်ပြီး ယင်းတို့ကိုဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်မည်ဖြစ်သည်။ သို့သော် အယောင်ဆောင် ခေါင်းဆောင်များသည် သမ္မာတရားကို ရှင်းလင်းစွာ နားမလည်ကြသော်လည်း၊ အသင်းတော်အလုပ်ကို လုပ်ဆောင်နိုင်စွမ်းရှိသည်ဟု မိမိတို့ကိုယ်ကို ထင်မှတ်လျက်၊ မိမိတို့၏ အဆင့်အတန်းနှင့်ဆိုင်သည့် အကျိုးအမြတ်များကို မရိုးမဖြောင့် မွေ့လျော်ခံစားဝံ့ကြလျက်၊ ဝိညာဉ်ရေးရာ ပြည့်ဝသယောင် ဟန်ဆောင်ကြလေသည်။ ဤသည်မှာ စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့တွင် စစ်မှန်သော ကျွမ်းကျင်မှုတစ်ခုရှိသည်၊ ၎င်းတို့ ဟောပြောနိုင်သည်ဟူ၍ ၎င်းတို့က တွေးထင်ကြသည်။ သို့သော် ၎င်းတို့က လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်ကြခြင်းသာ ဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်များ သိရှိပြီး ဟောပြောသော စကားလုံးများနှင့် အယူဝါဒများသည် ၎င်းတို့၏အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် မကူညီနိုင်သည့်အပြင်၊ ၎င်းတို့ရင်ဆိုင်ရသော ပြဿနာအားလုံးကို ဖြေရှင်းဖို့ ကူညီနိုင်ရန် မဆိုထားနှင့်၊ အလုပ်တွင်ရှိသည့် ပြဿနာများကို တွေ့ရှိရန်လည်း မကူညီနိုင်ပေ။ အချိန်အချို့ကြာ အလုပ်လုပ်ပြီးနောက် ၎င်းတို့သည် မည်သည့်အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကိုမျှ ပြောဆိုနိုင်ခြင်း မရှိကြပေ။ ထိုသို့သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် စံချိန်ပြည့်မီသလော။ စံချိန်မမီသည်မှာ အတော်လေး သိသာထင်ရှားပေသည်။ စံချိန်မမီသော အယောင်ဆောင် ခေါင်းဆောင်များကို မည်သို့ကိုင်တွယ်သင့်သနည်း။ ၎င်းတို့ကို ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်သာမက၊ ၎င်းတို့နောင်တမရပါက ရွေးကောက်ပွဲကျင်းပသည့်အခါ ၎င်းတို့ကို ခေါင်းဆောင် သို့မဟုတ် အမှုဆောင်အဖြစ် ထပ်မံရွေးကောက်ခြင်း ပြု၍မရပေ။ အကယ်၍ တစ်စုံတစ်ဦးသည် ဖယ်ရှားရှင်းလင်းခြင်းခံထားရသော အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အယောင်ဆောင် အမှုဆောင်တစ်ဦးကို ရွေးကောက်လျှင်၊ ၎င်းတို့သည် အသင်းတော်အလုပ်ကို သိလျက်နှင့် နှောင့်ယှက်ကာ ဖျက်ဆီးနေခြင်းဖြစ်ပြီး၊ ယင်းက မဲပေးသူသည် ထိုအယောင်ဆောင် ခေါင်းဆောင်ကို ကိုးကွယ်သူနှင့် နောက်လိုက်တစ်ဦးဖြစ်ကြောင်း၊ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သူတစ်ဦး မဟုတ်ကြောင်း ပြသနေသည်။ သင်တို့သည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ရွေးကောက်ခဲ့ဖူးသလော။ (ရွေးကောက်ခဲ့ဖူးပါသည်။) သင်တို့သည် ၎င်းတို့ထဲမှ အတော်များများကို ရွေးကောက်မိကြပြီးဖြစ်မည်ဟု ငါယူဆသည်။ မည်သူမဆို နှစ်ပေါင်းများစွာ ဘုရားသခင်ကို ယုံကြည်ခဲ့ပြီး၊ ဘုရားနှုတ်ကပတ်တော်များစွာကို ဖတ်ရှုခဲ့ကာ တရားဒေသနာများစွာကို ကြားနာခဲ့ပြီး၊ ဟောပြောခြင်းနှင့် အလုပ်လုပ်ခြင်း၌ အတွေ့အကြုံများစွာရှိသည့်သူ၊ တစ်ကြိမ်လျှင် နာရီပေါင်းများစွာ ဟောပြောနိုင်သူသည့်သူ၊ သေချာပေါက် အလုပ်လုပ်နိုင်စွမ်းရှိသည်ဟု သင်တို့က တွေးထင်ကြသည်။ ထို့နောက် သင်တို့က ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးကောက်ပြီးနောက်၊ ဆိုးရွားသော ပြဿနာတစ်ခုကို တွေ့ရှိရသည်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်သည့်အခါမျှ မသိမြင်နိုင်ကြသည့်အပြင် ပြဿနာတစ်ခုရှိသည့်အခါတွင်လည်း ၎င်းတို့ကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ကြခြင်း ဖြစ်သည်။ ၎င်းတို့ မည်သည့်နေရာတွင် ပုန်းနေသည်ကို မည်သူမျှမသိသည့်အပြင်၊ တစ်နေရာရာတွင် ၎င်းတို့ ပုန်းနေပြီး မည်သူ့ကိုမျှ နှောင့်ယှက်ခွင့်မပြုပေ။ ယင်းမှာ ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် အလုပ်တွင် အရေးကြီးသောအချိန်များ၌ အမြဲတမ်း တူတူပုန်းတမ်းကစားနေကြပြီး ညီအစ်ကိုမောင်နှမများက ပြဿနာတစ်ခုကို ဖြေရှင်းရန် လိုအပ်သည့်အခါ ၎င်းတို့ကို မည်သည့်အခါမျှ ရှာမတွေ့နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ သင့်လျော်သော တာဝန်များကို လျစ်လျူရှုနေကြသည် မဟုတ်လော။ အချို့လူများသည် ခေါင်းဆောင်တစ်ဦးဖြစ်လာသည်နှင့်တစ်ပြိုင်နက် ညီအစ်ကိုမောင်နှမများကို အဘယ်ကြောင့် ရင်မဆိုင်ဝံ့ကြသနည်း။ အဘယ်ကြောင့် ၎င်းတို့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့ရသနည်း။ အဘယ်အရာက ၎င်းတို့ကို အတိအကျ အလုပ်များနေစေသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းကြသနည်း။ ၎င်းတို့ မည်သည့်အရာနှင့် အလုပ်ရှုပ်နေသည်ဖြစ်စေ၊ ဤအရာနှင့်ပတ်သက်၍ သင်တို့သေချာနိုင်သည်။ အကယ်၍ ၎င်းတို့သည် အချိန်အတန်ကြာ လက်တွေ့အလုပ်မလုပ်ဘဲနေပါက၊ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ ၎င်းတို့ကို လျင်မြန်စွာ ဖြုတ်ချသင့်ကာ၊ အခြားတစ်စုံတစ်ဦးကို ရွေးကောက်သင့်သည်။ သင်တို့သည် အနာဂတ်တွင် ဤအယောင်ဆောင် ခေါင်းဆောင်မျိုးကို ရွေးကောက်ကြဦးမည်လော။ (ရွေးကောက်တော့မည် မဟုတ်ပါ။) အဘယ်ကြောင့် မရွေးကောက်တော့သနည်း။ မျက်စိကန်းသောသူတစ်ဦးကို သင်တို့၏ လမ်းညွှန်အဖြစ် ရွေးချယ်ခြင်း၏ အကျိုးဆက်မှာ အဘယ်အရာဖြစ်သည်ဟု သင်တို့ထင်သနည်း။ ထိုသူသည် ကိုယ်တိုင်မျက်စိကန်းနေသည်၊ သို့ဖြစ်လျှင် ၎င်းသည် အခြားသူများကို မှန်ကန်သောလမ်းကြောင်းဆီသို့ လမ်းညွှန်နိုင်သလော။ သမ္မာကျမ်းစာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက “လူကန်းချင်းတဦးကို တဦးလမ်းပြလျှင်၊ နှစ်ဦးတို့သည် တွင်းထဲသို့ကျကြလိမ့်မည်။” (ရှင်မဿဲခ-ရစ်ဝင် ၁၅:၁၄) ဟု ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ မျက်စိကန်းသောသူတစ်ဦးသည် ဦးတည်ချက် သို့မဟုတ် ပန်းတိုင်မရှိဘဲ လှမ်းလျှောက်သည်။ ၎င်းသည် အခြားသူများကို မည်သို့ဦးဆောင်နိုင်မည်နည်း။ အကယ်၍ တစ်စုံတစ်ဦးသည် မျက်စိကန်းသောသူတစ်ဦးကို ၎င်း၏လမ်းညွှန်အဖြစ် ရွေးချယ်လျှင်၊ ထိုသူသည် သာ၍ပင် မျက်စိကန်းပေသည်။ ဘာသာတရားမရှိသူများကြားတွင် “မျက်စိကန်းသောသူကို လမ်းမေးခြင်း” ဟုသော ဆိုစကားတစ်ခုရှိသည်။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ခြင်းသည် မျက်စိကန်းသောသူကို လမ်းမေးခြင်းပင်ဖြစ်သည်။ ဤသည်မှာ အဓိပ္ပာယ်မဲ့သောအရာတစ်ခုဖြစ်သည် မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအတွက် မဲပေးသောသူအားလုံးသည် မျက်စိကန်းသူကို ရွေးချယ်သည့် မျက်စိကန်းသောလူများဖြစ်ပြီး၊ ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ သမ္မာတရားကို နားမလည်ကြပေ။

အချို့လူများက ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သောသူတစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးချယ်သောအခါ၊ ၎င်းတို့က၊ “ငါတို့တွင် ယခု ခေါင်းဆောင်ကောင်းတစ်ဦး ရှိလေပြီ။ ငါတို့၏ခေါင်းဆောင်သည် တရားဒေသနာများ ဟောပြောရာတွင် အမှန်တကယ် ကောင်းမွန်သည်။ သူသည် အလွန်ယုတ္တိကျပြီး စနစ်ကျသောပုံစံဖြင့် ဟောပြောကာ၊ သူ၏ တရားဒေသနာများသည် အလွန်အဓိပ္ပာယ်ရှိသည်”ဟု တွေးလျက် အလွန်ဝမ်းသာကြသည်။ ပိုင်းခြားသိမြင်မှုကင်းမဲ့သော အချို့လူများသည် မျက်ရည်ကျသည်အထိ စိတ်ထိခိုက်ကြသည်။ ဤခေါင်းဆောင်ကို ၎င်းတို့ အလွန်တွယ်တာကြကာ၊ မိမိတို့၏တာဝန်များကိုပင် သွားရောက်မထမ်းဆောင်ချင်ကြပေ။ မိတ်သဟာယကို ၎င်းတို့ နားထောင်သည့်အခါ အလွန်ရှင်းလင်းစွာ နားလည်ကြသော်လည်း၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရင်း ပြဿနာများကို တွေ့ရှိသည့်အခါ၊ မည်သို့ဖြေရှင်းရမည်ကို မသိကြသည့်အပြင်၊ “ငါသည် ခေါင်းဆောင်၏ မိတ်သဟာယကို နားထောင်သည့်အခါ အရာရာကို နားလည်သဘောပေါက်ပုံရသည်၊ သို့ဖြစ်လျှင် ငါ၏အလုပ်တွင် ကြုံတွေ့ရသော အခက်အခဲများကို ငါ အဘယ်သို့ဖြစ်ပြီး မဖြေရှင်းနိုင်ရသနည်း”ဟု တွေးလျက်၊ အကြံအိုက်သွားကြသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုး ဟောပြောသမျှသည် စကားလုံးများနှင့် အယူဝါဒများ၊ အနှစ်သာရမရှိသော စကားစုများ၊ ကြွေးကြော်သံများနှင့် အဓိပ္ပာယ်မဲ့သောစကားများသာ ဖြစ်သည်။ ၎င်းတို့ဟောပြောသည့်အရာသည် သင်၏ လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းပေးပေ။ ၎င်းတို့သည် သင့်ကို လှည့်စားသွားကြပြီဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်တွင် သင်၏ပြဿနာများနှင့်စပ်လျဉ်း၍ သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယဖွဲ့နေခြင်းမဟုတ်သည့်အချိန်တွင် ပြဿနာများ ဖြေရှင်းပြီးပြီဟု သင့်ကို တလွဲ ယုံကြည်စေဖို့ကြွေးကြော်သံအချို့ကို ပြောဆိုရင်း၊ သင့်ကို အနှစ်မဲ့သော ကတိများပေးလျက် လှည့်ဖြားခြင်း ဖြစ်သည်။ ဤသို့သောနည်းလမ်းဖြင့် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ပြဿနာများကို မည်သို့ ဖြေရှင်းနိုင်မည်နည်း။ ၎င်းတို့ဟောပြောသော အယူဝါဒများသည် လက်တွေ့ကျသော ပြဿနာများနှင့် မည်သည့်ပတ်သက်မှုမျှ မရှိပေ။ ၎င်းတို့သည် ပြဿနာအားလုံး၏ အနှစ်သာရကို ရှောင်ရှားပြီး သီအိုရီများကို အနှစ်သာရမရှိသောပုံစံဖြင့် ပြောဆိုနေခြင်းသာဖြစ်သည်။ ၎င်းတို့သည် စကားလုံးများနှင့် အယူဝါဒများ၊ ဝိညာဉ်ရေးရာ သီအိုရီများကိုသာ ဟောပြောကြသည်။ သမ္မာတရား လက်တွေ့ကျမှုက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ မသိကြသည့်အပြင်၊ ပြဿနာများပေါ်ပေါက်လာသည့်အခါ ၎င်းတို့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားကြသည်။ ၎င်းတို့ပေးသော တရားဒေသနာများသည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ယင်းတို့သည် သီအိုရီတစ်မျိုး၊ အသိပညာနှင့် အယူဝါဒတစ်မျိုးသာ ဖြစ်သည်။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို စကားလုံးများနှင့် အယူဝါဒများ၊ ကြွေးကြော်သံများဖြစ်သည့်အလား ဟောပြောကြသည်။ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာအားလုံးကို ရှောင်ရှားပြီး အနှစ်မရှိသည့်အပြင်၊ လက်တွေ့မကျသော စကားများကိုသာ ဟောပြောကြသည်။ အဆုံးတွင် အဘယ်အရာဖြစ်လိမ့်မည်နည်း။ ၎င်းတို့ မည်မျှကြာအောင် ဟောပြောသည်ဖြစ်စေ၊ အလွန်ဆုံးအနေဖြင့် ၎င်းတို့၏ တရားဒေသနာများသည် လူတို့ကို အနည်းငယ်ပို၍ စိတ်အားထက်သန်စေကာ ခွန်အားတစ်ဟုန်ထိုး တိုးပွားလာစေလျက် လူတို့ကို အားပေးတိုက်တွန်းခြင်းနှင့် နှိုးဆော်ခြင်း အကျိုးသက်ရောက်မှုသာ ရှိလိမ့်မည်ဖြစ်သော်လည်း၊ အခြားမည်သည့် ပြဿနာကိုမျှ ၎င်းတို့မဖြေရှင်းနိုင်ကြပေ။ သမ္မာတရားသည် လက်တွေ့အရှိတရားနှင့် ကင်းကွာနေခြင်းမဟုတ်ဘဲ၊ ထို့ထက် လက်တွေ့ဘဝနှင့်လည်းကောင်း၊ အမှန်တကယ်တည်ရှိနေသော ပြဿနာမျိုးစုံနှင့်လည်းကောင်း ဆက်စပ်နေသည်။ သို့ဖြစ်၍ သင်တို့သည် နောက်ထပ် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်များကို ကြုံတွေ့သည့်အခါ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်လော။ ပိုင်းခြားသိမြင်နိုင်ခြင်းမရှိလျှင်၊ သင်တို့သည် တစ်စုံတစ်ဦးကို ခေါင်းဆောင်အဖြစ် မဲပေးလိုသောအခါ၊ ပထမဆုံးအနေဖြင့် ၎င်းကို ပြဿနာအချို့အား ဖြေရှင်းစေလော့။ အကယ်၍ ၎င်းသည် ယင်းတို့ကို စည်းမျဉ်းများနှင့်အညီ ဖြေရှင်းလျှင်လည်းကောင်း၊ အတော်ကောင်းမွန်သော အကျိုးရလဒ်များကို ၎င်းတို့ ရရှိကာ၊ သမ္မာတရား လက်တွေ့ကျမှုကို အသုံးပြုလျက် ပြဿနာများကို ဖြေရှင်းလျှင်လည်းကောင်း၊ သင်တို့သည် ၎င်းအတွက် မဲပေးနိုင်သည်။ အကယ်၍ ၎င်းသည် ပြဿနာများ၏ အနှစ်သာရနှင့် လက်တွေ့အခြေအနေကို ရှောင်ရှားပြီး မပြောဆိုသည့်အပြင်၊ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ အနှစ်သာရမရှိသောပုံစံဖြင့် အယူဝါဒကို ဟောပြောခြင်း၊ ကြွေးကြော်သံများကို ဟစ်ကြွေးခြင်းနှင့် စည်းမျဉ်းစည်းကမ်းများကိုသာ စွဲကိုင်ခြင်းသာဖြစ်လျှင်၊ ထိုသူအတွက် သင်တို့မဲပေး၍မရပေ။ အဘယ်ကြောင့် ထိုသူအတွက် သင်တို့မဲပေး၍မရသနည်း။ (အကြောင်းမှာ ၎င်းတို့သည် လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သောကြောင့် ဖြစ်ပါသည်။) မည်သည့်လူစားမျိုးက လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်သနည်း။ စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောနိုင်သူတစ်ဦးဖြစ်သည်၊ ၎င်းတို့သည် သူတော်ကောင်းယောင်ဆောင်သော၊ ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော ဖာရိရှဲတစ်ဦးဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို နားလည်ရန် လိုအပ်သော အစွမ်းအစကို ပိုင်ဆိုင်ခြင်းမရှိ၊ ကိစ္စရပ်များကို ဖြေရှင်းနိုင်စွမ်း မရှိကြ၊ ပြဿနာများကို မဖြေရှင်းနိုင်ပေ၊ သို့ဖြစ်၍ သင်သည် ၎င်းတို့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးဖြစ်ဖို့ သေချာသည်။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိ သို့မဟုတ် ခေါင်းဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်စွမ်းမရှိပေ။ သို့ဖြစ်လျှင် သင်သည် ၎င်းတို့အတွက် မဲပေးပါက ၎င်းတို့ကို ထိခိုက်နစ်နာစေမည် မဟုတ်လော။ အချို့လူများက “ယင်းက ၎င်းတို့ကို မည်သို့ဖြစ်ပြီး ထိခိုက်နစ်နာစေမည်နည်း။ ကျွန်ုပ်တို့သည် ၎င်းတို့အတွက် မဲပေးခြင်းဖြင့် ကောင်းစေဖို့ရည်ရွယ်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစအချို့ရှိပြီး၊ ကျွန်ုပ်တို့ ၎င်းတို့ကို ရွေးကောက်လျှင် အလုပ်အတွက် တာဝန်ယူနိုင်မည့်သူတစ်ဦး ရှိလာမည် မဟုတ်လော” ဟု ဆိုကြသည်။ တစ်စုံတစ်ဦးကို တာဝန်ယူစေခြင်းသည် ကောင်းသောအရာဖြစ်သည်မှာ အမှန်ပင်ဖြစ်သော်လည်း၊ ဤလူစားမျိုးသည် တာဝန်ယူနိုင်ခြင်း မရှိပေ။ ၎င်းတို့လုပ်ဆောင်နိုင်သမျှမှာ သီအိုရီများကို အနှစ်သာရမရှိသောပုံစံဖြင့် ပြောဆိုခြင်းသာဖြစ်သည်၊ ၎င်းတို့သည် လက်တွေ့အခြေအနေကို ထည့်မစဉ်းစားကြသည့်အပြင်၊ ပြဿနာများကို ဖြေရှင်းခြင်းနှင့် ပတ်သက်လာသည့်အခါတွင်လည်း အကူအညီမဖြစ်ပေ။ သို့ဖြစ်၍ ၎င်းတို့အတွက် မဲပေးခြင်းဖြင့် သင်သည် ၎င်းတို့ကို မကောင်းမှုပြုလုပ်ရန် အခွင့်အရေးပေးနေခြင်း ဖြစ်သည် မဟုတ်လော။ သင်သည် ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ လမ်းကြောင်းအား အတင်းလျှောက်လှမ်းစေခြင်း မဟုတ်လော။ ထို့ကြောင့် သင်တို့သည် ထိုသို့သောလူများကို ခေါင်းဆောင်များအဖြစ် မရွေးချယ်ရပေ။

သင်တို့ မကြာခဏ ထိတွေ့ဆက်ဆံရပြီး အတော်လေး ရင်းနှီးသော သင်တို့၏ အနီးဝန်းကျင်ရှိ လူများထဲမှ မည်သူသည် အယူဝါဒများကို အနှစ်မဲ့စွာ ပြောဆိုရုံသာ တတ်နိုင်ပြီး လက်တွေ့ကျသော ပြဿနာများအား မဖြေရှင်းနိုင်သည်ကို သင်တို့ ပိုင်းခြားသိမြင်နိုင်ကြသလော။ မည်သူသည် အမြဲတစေ အဆင့်မြင့်သောသီအိုရီများကို ဟောပြောပြီး မည်သူမျှ ယခင်က မကြားဖူးသော အသစ်ဖြစ်ပြီး တစ်မူထူးခြားသည့် အစီအစဉ်များကို အဆိုပြုသော်လည်း၊ တိကျသော လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များနှင့် ခိုင်မာသော အသေးစိတ်အချက်များအား မည်သို့ လက်တွေ့လုပ်ဆောင်ပြီး အကောင်အထည်ဖော်ရမည်ကို မေးမြန်းခံရသည့်အခါ စိတ်ရှုပ်ထွေးသွားပြီး စကားမပြောနိုင် ဖြစ်သွားသနည်း။ ၎င်းတို့ ပြောဆိုသည့်အရာသည် အလွန်အနှစ်မဲ့ပြီး လုံးဝ လက်တွေ့မကျပေ၊ လက်တွေ့ကျသော အခြေအနေ၊ အမှန်တကယ်ဖြစ်သော ပတ်ဝန်းကျင်၊ လူတို့ အမှန်တကယ် စွမ်းဆောင်ရရှိနိုင်သည့်အရာ၊ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုများအပြင်၊ ၎င်းတို့၏ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုအဆင့်တို့နှင့် ဆက်စပ်ခြင်းမရှိ သို့မဟုတ် ကိုက်ညီခြင်း မရှိပေ။ ထို့ထက်ပင်ပို၍၊ ၎င်းတို့ပြောသည့်အရာသည် ဘုရားအိမ်တော်၏ သတ်မှတ်ချက်များနှင့် မကိုက်ညီပေ။ ၎င်းတို့သည် အဓိပ္ပာယ်မဲ့သောအရာကို ပြောဆိုခြင်းသက်သက် ဖြစ်သည်။ ၎င်းတို့သည် စိတ်ကူးယဉ်မှုတွင် နှစ်မြောနေခြင်းဖြစ်ပြီး၊ စိတ်ထဲပေါ်လာသည့် မည်သည့်အရာကိုမဆို စိတ်လိုက်မာန်ပါ ပြောဆိုကြခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် ဝါကြွားပြီး လေလုံးထွားသည့်အခါတွင်ပင် မိမိတို့ပြောဆိုသည့် မည်သည့်အရာအတွက်မျှ တာဝန်ယူရန် မလိုအပ်ဟု ထင်ကြသည်။ ဤသဘောထားဖြင့် ၎င်းတို့သည် မိမိတို့၏ အမြင်များကို ဖော်ပြပြီး မိမိတို့၏ စိတ်ကူးများကို တင်ပြကြသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော လူများ မဟုတ်လော။ (ဟုတ်ပါသည်။) ဝါကြွားခြင်း၊ လေလုံးထွားခြင်း သို့မဟုတ် အဆင့်မြင့်ပုံရသည့် စိတ်ကူးများကို မည်သူမျှ အလေးအနက်ထားခြင်းမရှိဟု လူအချို့က ယုံကြည်ကြပြီး ၎င်းတို့က မိမိတို့ မည်မျှ တတ်စွမ်းနိုင်သည်ကို ပြသနိုင်ကြသည်။ အကယ်၍ ၎င်းတို့ တစ်စုံတစ်ခု မှားလုပ်မိလျှင် ထိုအတွက် တာဝန်ယူရန် မလိုအပ်ဟု ၎င်းတို့ ထင်ကြပြီး၊ အကယ်၍ တစ်စုံတစ်ခု မှန်ကန်စွာ လုပ်မိလျှင် လူတိုင်းက ၎င်းတို့ကို အလွန်လေးစားကြည်ညိုကြမည်ဖြစ်သောကြောင့် ၎င်းတို့သည် မိမိတို့အလိုရှိသည့် မည်သည့်အရာကိုမဆို ပြောဆိုကြကာ အရာရာကို အလွန်လွယ်လင့်တကူ ဖြစ်စေကြသည်။ ၎င်းတို့တွင် စိတ်ကူးများစွာ ရှိသော်လည်း တစ်ခုကမျှ တိကျသော လက်တွေ့လုပ်ဆောင်မှု အစီအစဉ်တစ်ခုဖြင့် မလာသည့်အပြင်၊ ကောင်းစွာ အကောင်အထည်ဖော်နိုင်ခြင်းလည်း မရှိပေ။ ၎င်းတို့ တင်ပြသည့် မည်သည့်အမြင်ကိုမဆို၊ စင်ကြယ်သည်ဖြစ်စေ လွဲချော်သည်ဖြစ်စေ ၎င်းတို့က အလေးအနက်မထားကြပေ။ ၎င်းတို့သည် ယနေ့ တစ်မျိုးပြောပြီး မနက်ဖြန်တစ်မျိုး ပြောကြသည်၊ ၎င်းတို့ ပြောဆိုသည့် အမြင်များ၊ သီအိုရီများနှင့် အခြေခံအကြောင်းတရားများအားလုံးသည် အလွန် အဆင့်မြင့်ကြသော်လည်း ယင်းတို့အားလုံးသည် အနှစ်မဲ့ပြီး လက်တွေ့မကျပေ။ ရံဖန်ရံခါ ၎င်းတို့သည် အနှစ်မမဲ့သော သို့မဟုတ် မလွဲချော်သော အစီအစဉ်တစ်ခုအကြောင်း ပြောဆိုသော်လည်း ထိုအစီအစဉ်ကို တိတိကျကျ မည်သို့ အကောင်အထည်ဖော်ရမည်ကို မေးမြန်းခံရသည့်အခါတွင်မူ ၎င်းတို့ မပြောနိုင်ကြပေ။ ဆောင်ပုဒ်များ၊ အဆင့်မြင့်ပုံရသည့် စကားများကို ကြွေးကြော်ပြီး အမြင်များကို ဖော်ပြသည့်အခါတွင် ၎င်းတို့သည် အလွန်စိတ်အားထက်သန်ပြီး တက်ကြွကြသည်။ သို့သော် တိကျသော အလုပ်ကို လုပ်ဆောင်ခြင်းနှင့် တိကျသော အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းနှင့် ပတ်သက်လာသည့်အခါတွင်မူ၊ ၎င်းတို့သည် အစရှာမရဘဲ ပျောက်ကွယ်သွားကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပုန်းကွယ်ကြပြီး မည်သည့်အမြင်မျှ မရှိကြတော့ပေ။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ ဖြစ်နိုင်သလော။ (မဖြစ်နိုင်ပါ။) သို့ဆိုလျှင် ဤကဲ့သို့သော လူများ ခေါင်းဆောင်များ ဖြစ်လာခြင်း၏ အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုရော အခြားသူများကိုပါ ထိခိုက်စေမည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏ အလုပ်ကို နှောင့်နှေးကြန့်ကြာစေလိမ့်မည်ဖြစ်ပြီး ထို့အပြင် မိမိတို့ကိုယ်ကို ကြီးစွာ ထိခိုက်စေလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ဟောပြောသည့် အယူဝါဒများသည် အကန့်အသတ်ရှိသော အရာအချို့သာဖြစ်ပြီး ယင်းတို့ကို ဟောပြောပြီးသည့်အခါတွင် ၎င်းတို့၌ ပြောစရာ မည်သည့်အရာမျှ မရှိတော့ပေ။ သို့ဖြစ်၍ ၎င်းတို့သည် အမြဲတစေ ပုန်းကွယ်ပြီး “မိမိကိုယ်ကို ပျိုးထောင်ခြင်းအပေါ် အာရုံစိုက်ရန် မိမိတို့ကိုယ်ကို သီးခြားခွဲထုတ်”ရမည်ဖြစ်သည်။ ဤသည်က ၎င်းတို့အတွက် အခက်အခဲများ ဖြစ်စေမည် မဟုတ်လော။ ၎င်းတို့ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် တောင်ကြီးသုံးလုံးက ၎င်းတို့၏ ခေါင်းပေါ် ဖိထားသည့်အလား ၎င်းတို့ ခံစားရလိမ့်မည်ဖြစ်ပြီး နေ့စဉ်နေ့တိုင်း မောပန်းနွမ်းနယ်သည်ဟု ခံစားရလိမ့်မည်ဖြစ်ကာ အလွန် စိတ်ဖိစီးလိမ့်မည်။ ၎င်းတို့ ဤကဲ့သို့ ဆင်းရဲဒုက္ခခံစားနေရခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦးဖြစ်ရန် အစွမ်းအစ မရှိသည့်အပြင်၊ပြဿနာများ ကြုံတွေ့သည့်အခါတွင် မိမိတို့၏ စိတ်ကူးများအတိုင်း စည်းမျဉ်းစည်းကမ်းများကို အလျင်းသင့်သလို ကျင့်သုံးရုံကျင့်သုံးကြပြီး လက်တွေ့ကျသော ပြဿနာများကို မဖြေရှင်းနိုင်ကြပေ။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ မဖြစ်နိုင်ပေ။ ၎င်းတို့သည် လက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသဖြင့် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြလိမ့်မည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများ၏ အသက် ဝင်ရောက်မှုကို နှောင့်နှေးကြန့်ကြာစေသည့်အခါတွင်ပင် ၎င်းတို့သည် မိမိတို့ကိုယ်ကို အတော်လေး တော်သည်ဟု ထင်နေကြလိမ့်ဦးမည် ဖြစ်သည်။ အကယ်၍ သင်တို့သည် ဤဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော လူများ၏ အစွမ်းအစနှင့် စရိုက်ကို ရှာဖွေတွေ့ရှိပြီး သဘောပေါက်နိုင်ခဲ့မည်ဆိုလျှင် ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် သင်တို့ မဲပေးကြလိမ့်ဦးမည်လော။ အကယ်၍ သင်ကိုယ်တိုင်သည် ဤလူစားမျိုးဖြစ်ပြီး တစ်စုံတစ်ဦးက သင့်အတွက် မဲပေးလိုလျှင် သင် အဘယ်အရာကို လုပ်ဆောင်မည်နည်း။ (ကျွန်ုပ်သည် မိမိကိုယ်ကို သတိပြုမိခြင်း အနည်းငယ်ရှိမည်ဖြစ်ပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ကြောင်း ပြောဆိုမည်ဖြစ်သည်။) ပြီးလျှင် ဤပြောဆိုချက်ကို သင် ပြောဆိုပြီးနောက် လူတိုင်းက သင့်ကို တော်သည်ဟု ထင်နေဆဲဖြစ်ပြီး သင့်ကို မရမက မဲပေးဦးမည်ဆိုလျှင် သင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့အား၊ “ကျွန်ုပ်သည် ခေါင်းဆောင်မှုအလုပ်ကို မလုပ်နိုင်ပါ၊ ထိုအလုပ်ကို ကျွန်ုပ် မထမ်းဆောင်နိုင်ပါ။ အပေါ်ယံအားဖြင့် ကျွန်ုပ်တွင် အစွမ်းအစ အနည်းငယ်ရှိပုံရပြီး တစ်ခါတစ်ရံတွင် ကျွန်ုပ်၌ ကောင်းသော စိတ်ကူးအချို့ရှိကာ သိနားလည်မှု အနည်းငယ် ပေးသော်လည်း အချိန်အများစုတွင် ကျွန်ုပ်သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောပါသည်။ ကျွန်ုပ်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး အမှန်တကယ် မဖြစ်နိုင်ပါ။ ကျွန်ုပ်သည် သင်တို့ထက် မတော်ပါ။ သင်တို့ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို မဲမပေးကြပါနှင့်။ ကျွန်ုပ် မဲအများဆုံး ရလျှင်ပင် ခေါင်းဆောင်တစ်ဦး မဖြစ်နိုင်သေးပါ။ မည်သူ့ကိုမျှ ကျွန်ုပ် နစ်နာစေ၍မရပါ။ ကျွန်ုပ်သည် ယခင်က ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံခဲ့ဖူးပြီး အကြိမ်တိုင်းတွင် ကျွန်ုပ် ကျရှုံးခဲ့ကာ ဖြုတ်ချခြင်း ခံခဲ့ရပါသည်။ ကျွန်ုပ် ဖြုတ်ချခံရသည့် အကြိမ်တိုင်းသည် ကျွန်ုပ်၏ အစွမ်းအစ ညံ့ဖျင်းသောကြောင့်ဖြစ်ပြီး အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့ကာ လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ် လုပ်နိုင်သမျှမှာ စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်းသာဖြစ်ပြီး ထို့အပြင် ခေါင်းဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရားများထဲမှ တစ်ခုကိုပင် ကောင်းစွာ မထမ်းဆောင်နိုင်ခဲ့ပါ သို့မဟုတ် မဖြည့်ဆည်းနိုင်ခဲ့ပါ။ ကျွန်ုပ်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပါသည်”ဟု ပြောလော့။ ဤသည်မှာ ခေါင်းဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ခြင်းအကြောင်း စကားအနည်းငယ် ပြောပြီး ထိုမျှနှင့် ထားလိုက်ခြင်းမဟုတ်ဘဲ မိမိကိုယ်ကို သိသည့်အသိရှိခြင်း အချို့လူများက၊ “ငါသည် ဤအဖွဲ့တွင် နှစ်ပေါင်းများစွာကြာ တာဝန်ထမ်းဆောင်ပြီးဖြစ်ကာ မည်သို့ဖြစ်စေ ငါ့ကို ဝါရင့်ဝန်ထမ်းတစ်ဦးအဖြစ် မှတ်ယူသင့်ပါသည်။ မည်သည့် ပံ့ပိုးမှုကိုမျှ ငါ မပြုလုပ်ခဲ့ဖူးလျှင်ပင်၊ ငါ အလုပ်ကြိုးစားလေပြီ။ သို့ဖြစ်လျှင် အဘယ်ကြောင့် မည်သူကမျှ ငါ၏ အားသာချက်များကို မတွေ့ရှိရသနည်း။ ငါသည်လည်း ခေါင်းဆောင်လုပ်နိုင်သည့် အရည်အချင်းရှိသူ ဖြစ်ပါသည်။ ငါသည် အတော်လေး တန်ဖိုးရှိပြီး လက်တွေ့အသုံးဝင်သော အတွေးအခေါ်များ၊ စိတ်ကူးများနှင့် အကြံပြုချက်များကို မကြာခဏ ရလာတတ်သည်။ ခေါင်းဆောင်များက ယင်းတို့ကို လက်ခံသည်ဖြစ်စေ မခံသည်ဖြစ်စေ၊ မည်သို့ဖြစ်စေ ငါသည် သဘောထားများ၊ စိတ်ကူးများနှင့် အမြင်များရှိသူတစ်ဦး ဖြစ်သည်။ အဘယ်ကြောင့် မည်သူကမျှ ငါ့ကို မဲမပေးသနည်း”ဟု စဉ်းစားကြသည်။ အကယ်၍ ဤသည်မှာ သင် စဉ်းစားသည့်ပုံစံဖြစ်လျှင်၊ သင့်ကိုယ်သင် ဤသို့ အကဲဖြတ်နိုင်သည်။ သင်၌ရှိသော ထိုအတွေးအခေါ်များ၊ စိတ်ကူးများနှင့် အကြံပြုချက်များသည် ပြောဆိုချက်များ သက်သက် ဖြစ်သလော၊ သို့မဟုတ် ယင်းတို့တွင် အမှန်တကယ် လက်တွေ့အသုံးဝင်မှုတစ်ခု ရှိသလော။ အလုပ်တွင် ကြုံတွေ့ရသော အခက်အခဲမျိုးစုံကို သင် ရှာဖွေတွေ့ရှိပြီး ဖြေရှင်းနိုင်သလော။ သင်၏ အတွေးအခေါ်များနှင့် စိတ်ကူးများသည် အသုံးဝင်သလော။ သင်သည် အလုပ်ကို ထမ်းဆောင်နိုင်သလော။ အကယ်၍ သင်၏ အတွေးအခေါ်များနှင့် အမြင်များသည် စကားလုံးများနှင့် အယူဝါဒများ အဆင့်တွင်သာ ရှိနေမည်ဆိုလျှင်၊ ယင်းတို့သည် လက်တွေ့အသုံးဝင်မှု တကယ်ကို မရှိလျှင်၊ သာ၍ အရေးကြီးသည်မှာ ယင်းတို့သည် ဘုရားအိမ်တော်၏ အလုပ်စည်းမျဉ်းများနှင့် ယတိပြတ် မကိုက်ညီလျှင် သင်၏ အစွမ်းအစသည် အတိအကျ မည်သို့ ရှိသနည်း။ သင်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခံရသည့်အခါတွင် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်သလော။ သင်သည် ရည်မှန်းချက်ကြောင့် ခေါင်းဆောင်တစ်ဦး ဖြစ်လိုသလော၊ သို့မဟုတ် ဝန်တာစိတ်ကြောင့်လော။ အကယ်၍ သင်သည် အလုပ်လုပ်နိုင်စွမ်းနှင့် ပြဿနာများအား ဖြေရှင်းနိုင်စွမ်းကို အမှန်တကယ် ပိုင်ဆိုင်ပြီး၊ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်ကို အလွန်ညံ့ဖျင်းစွာ ဆောင်ရွက်နေသည်ကိုလည်းကောင်း၊ မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်သည်ကိုလည်းကောင်း သင် မြင်တွေ့သည့်အခါ၊ ဤသည်က သင့်ကို စိုးရိမ်ပူပန်စေပြီး၊ သင်က ၎င်းတို့အား အကြံပြုချက်များ ပေးသော်လည်း ၎င်းတို့က နားမထောင်သည့်အပြင်၊ ပြဿနာများကို မဖြေရှင်းနိုင်သည့်တိုင်အထက်သို့လည်း သတင်းမပို့ဘဲ၊ သင်သည် ဘုရားအိမ်တော်၏ အလုပ်အတွက် စိုးရိမ်ပူပန်ပြီး၊ အယာင်ဆောင် ခေါင်းဆောင်များက အသင်းတော်၏ အလုပ်အား နှောင့်နှေးကြန့်ကြာစေသည်ကို သင် မြင်တွေ့သည့်အခါ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲရလျှင်၊ ဤအရာက သင်သည် ဝန်တာစိတ်ရှိကြောင်း ပြသပေသည်။ သို့ရာတွင် အကယ်၍ သင်သည် အချို့သော စိတ်ကူးများရှိသည့်အတွက်ကြောင့် သက်သက် လူတိုင်း၏ အသိအမှတ်ပြုမှုကို ရလိုလျှင်၊ ပိုမိုများပြားသော ပရိသတ်ကို ရှာလိုလျှင်၊ သင် ဟောပြောပြီး လူတတ်ကြီးလုပ်သည်ကို လူတို့အား ပိုမိုနားထောင်စေလိုပြီး သင်သည် လူအုပ်ကြားတွင် ထင်ပေါ်လိုလျှင်၊ ဤသည်မှာ ဝန်တာစိတ်မဟုတ်ပေ။ ဤသည်မှာ ရည်မှန်းချက်တစ်ခု ဖြစ်သည်။ ရည်မှန်းချက်ရှိသော လူများသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောနိုင်ပြီး ၎င်းတို့၌ရှိသော မည်သည့်စိတ်ကူးမဆိုသည်လည်း အနှစ်မဲ့သော စကားလုံးများနှင့် အယူဝါဒများသာ ဖြစ်သည်။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ ဖြစ်လာသည့်အခါတွင် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်လာမည်မှာ သေချာပြီး၊ အကယ်၍ ၎င်းတို့သည် ဆိုးယုတ်သောလူများ ဖြစ်လျှင် အန္တိခရစ်များ ဖြစ်ကြသည်။ အကယ်၍ သင်၏ စိတ်ကူးများသည် အနှစ်မဲ့သော စကားလုံးများ အဆင့်တွင်သာ ရှိနေမည်ဆိုလျှင် သင်သည် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်တိုင်းနှင့် အတူတူသာဖြစ်ဖို့ သေချာသည်။ သင်သည် အမြဲတစေ “မိမိကိုယ်ကို ပြုစုပျိုးထောင်ခြင်းကို အာရုံစိုက်ဖို့ မိမိကိုယ်ကို သီးခြားနေခြင်း”အား အမြဲ လုပ်ဆောင်လိမ့်မည်။ သို့မဟုတ်ပါက သင်သည် အကျပ်တွေ့သည့် ခံစားချက်တစ်ခုကို ခံစားရမည်ဖြစ်ပြီး ဟောပြောဖို့ မည်သည့်အရာမျှ ရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် ၎င်းတို့နှင့် အတူတူပင်ဖြစ်ပြီး အထက်စီးမှ သင်ဟောပြောနေစဉ်တွင် အလုပ်၌ ရှိနေသော မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်သည့်အပြင်၊ မည်သည့်ပြဿနာကိုမျှ အလိုအလျောက် မဖြေရှင်းနိုင်လျှင် သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်မည်မှာ သေချာပေသည်။ ပြီးလျှင် အဆုံး၌ အယောင်ဆောင် ခေါင်းဆောင်ထံ အဘယ်အရာ ဖြစ်ပျက်သနည်း။ ၎င်းတို့သည် လက်တွေ့အလုပ်ကို မလုပ်ဆောင်နိုင်သောကြောင့် မိမိတို့၏ ရာထူးများမှ ဖြုတ်ချခြင်းခံရသည်၊ ၎င်းတို့အနေဖြင့် ဤလမ်းကြောင်းကို လျှောက်လှမ်းရမည်မှာ သေချာပေသည်။

မိမိတို့ စိတ်နှလုံးများတွင် အမြဲ မခံမရပ်နိုင်ဖြစ်ကာ လှုပ်ရှားရန် အသင့်ဖြစ်နေသည့် လူများစွာရှိကြပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးကို ရွေးချယ်ရန် အချိန်ကျသည့်အခါတိုင်းတွင် ၎င်းတို့က ရွေးချယ်ခံရသူဖြစ်လိုကြသည်။ အချို့လူများက မိမိတို့အနေဖြင့် ဘုရားသခင်ကို နှစ်အများဆုံး ယုံကြည်ခဲ့သည်၊ အခက်အခဲအများဆုံး ကြံ့ကြံ့ခံရပြီးဖြစ်သည်၊ အချိန်အကြာဆုံးနှင့် သစ္စာစောင့်သိမှုအရှိဆုံးဖြင့် မိမိတို့တာဝန်ကို ထမ်းဆောင်ခဲ့ပြီး ခေါင်းဆောင်တစ်ဦးဖြစ်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ထင်ကြသောကြောင့် အခြားလူများအား ၎င်းတို့ကို ရွေးချယ်စေလိုကြသည်။ အခြားလူများက သင့်ကို ရွေးချယ်လျှင် သင် အဘယ်အရာကို လုပ်ဆောင်နိုင်လိမ့်မည်နည်း။ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး၏ အမည်နာမကို ဖယ်ရှားနိုင်လိမ့်မည်လော။ သင်သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်လိမ့်မည်လော။ ဤအရာများသည် လက်တွေ့ကျသော ပြဿနာများချည်းသာဖြစ်သော်လည်း မည်သူမျှ ဤကဲ့သို့သော အရာများကို မစဉ်းစားကြပေ။ ဤလူများထဲတွင် အချို့သည် လုံလောက်သော အစွမ်းအစရှိကြသည်။ ၎င်းတို့၏ တာဝန်တွင် ပြဿနာများရှိသည့်အခါ သမ္မာတရားကို ရှာဖွေနိုင်ကြပြီး သမ္မာတရားကို နားလည်ကာ စည်းမျဉ်းများအတိုင်း ကိစ္စရပ်များကို ကိုင်တွယ်နိုင်သည့်အခါတွင် ၎င်းတို့သည် စံချိန်မီနိုင်ကြသည်။ ဤလူများက သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို ချစ်ကာ သမ္မာတရားကို လိုက်စားနိုင်သည့်အပြင် ထပ်လောင်း၍ အတော်အသင့် ကောင်းမွန်သော လူ့သဘာဝရှိမှသာ၊ ၎င်းတို့သည် စံချိန်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်လာရန် မည်သည့်ပြဿနာမျှ ရှိမည်မဟုတ်ပေ။ ထိုအရာသည် ၎င်းတို့အတွက် အလွန် ခက်ခဲမည်မဟုတ်ပေ။ အချို့လူများက မိမိတို့လုပ်ဆောင်နေသောအလုပ်သည် ခက်ခဲသည်ဟု အမြဲတစေ စောဒကတက်ကြသည်၊ သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် ကြိုးစားအားထုတ်ရန် သို့မဟုတ် အဖိုးအခပေးရန် လိုလားခြင်းမရှိကြသည့်အပြင်၊ ပြုပြင်ခြင်းခံရသည့်အခါတွင် ၎င်းတို့ ညည်းကြသည်။ ထိုသို့သော လူများသည် စံချိန်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်နိုင်သလော။ ၎င်းတို့၏ ရည်ရွယ်ချက်နှင့် သဘောထားသည် မှားယွင်းနေသည်သာဖြစ်သည်၊ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောလူများ မဟုတ်ကြသည့်အပြင်၊ ဘုရားသခင်က ၎င်းတို့ထံမှ မည်သည့်အရာကို တောင်းဆိုသည်ဖြစ်စေ ၎င်းတို့သည် အပျက်သဘောဆောင်သော သဘောထားကို ထားရှိကြသည်။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရန် မထိုက်တန်ကြပေ။ ၎င်းတို့၏ စိတ်နှလုံးများတွင် ဝန်တာစိတ်မရှိကြသည့်အပြင်၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို မည်မျှ ရှင်းလင်းစွာ သို့မဟုတ် ပြတ်သားစွာ ထားရှိသည်ဖြစ်စေ ၎င်းတို့သည် အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် ကြိုးစားလိုစိတ် မရှိကြသေးပေ။ အမှန်တကယ်တွင် အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန် မခက်ခဲပေ။ အဘယ်ကြောင့် မခက်ခဲသနည်း။ ပထမဦးစွာ၊ ဘုရားအိမ်တော်သည် အသင်းတော်၏ အလုပ်အားလုံးအတွက် တိကျသော အလုပ်အစီအစဉ်များ ရှိပြီး အထက်က ထိုအတွက် တိကျသော ပြဋ္ဌာန်းချက်များကို ချမှတ်ထားပြီးဖြစ်သည်။ သို့ဖြစ်၍ သင်တို့သည် မည်သည့်အလုပ်ကဏ္ဍတွင်မဆို ဆန်းသစ်တီထွင်ရန် သို့မဟုတ် ယင်းကို သီးခြားပြီးမြောက်အောင် လုပ်ဆောင်ရန် မလိုအပ်ပေ။ အထက်က သင်တို့ကို အတိုင်းအတာတစ်ခုနှင့် ဦးတည်ချက်တစ်ခုကို ပေးထားပြီးဖြစ်သည်။ သင်တို့ကို စည်းမျဉ်းများ ပေးထားပြီးဖြစ်ကာ အနိမ့်ဆုံး စံနှုန်းများ ပေးထားပြီးဖြစ်သည်။ သင်တို့၏ အလုပ်ကို လုပ်ဆောင်ရာတွင် သင်တို့သည် လေထဲ လက်သီးထိုးခြင်း မဟုတ်သည့်အပြင်၊ ဦးတည်ချက်တစ်ခုတလေ ကင်းမဲ့နေခြင်းလည်း မဟုတ်ပေ။ ဒုတိယအနေနှင့်၊ အလုပ်ကဏ္ဍ တစ်ခုတလေနှင့်ပတ်သက်၍ ကြီးကြပ်ရေးမှူးက မည်သူဖြစ်သည်ဖြစ်စေ၊ အလုပ်၏ အဓိကအချက်က ပြည်ပ၌ဖြစ်စေ ပြည်တွင်း၌ဖြစ်စေ၊ အဓိကအကျဆုံးအရာမှာ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုက အလုပ်ကို တိတိကျကျ နောက်ဆက်တွဲ လိုက်လံဆောင်ရွက်ခြင်း၊ လမ်းညွှန်ခြင်း၊ ကြီးကြပ်ခြင်း၊ စစ်ဆေးခြင်းနှင့် စိစစ်သုံးသပ်ခြင်းတို့ကို လုပ်ဆောင်နေပြီး မကြာခဏ မေးမြန်းစုံစမ်းခြင်းတို့ ဖြစ်သည်။ ဤလုပ်ဆောင်ချက်များသည် မည်မျှ တိကျသနည်း။ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုသည် ဇာတ်ညွှန်းတိုင်း၊ ရုပ်ရှင်တိုင်း၊ အစီအစဉ်တိုင်း၊ ဓမ္မတေးတိုင်း စသည်တို့တွင် ကိုယ်တိုင်ပါဝင်ပြီး နောက်ဆက်တွဲ လိုက်လံဆောင်ရွက်လေသည်။ ငါသည်လည်း သင်တို့ကို ယေဘုယျ ဦးတည်ရာတစ်ခုနှင့် မူဘောင်တစ်ခုကို ပေးလျက်၊ အလုပ်အချို့တွင် ပါဝင်သည်။ တတိယအနေနှင့်၊ သမ္မာတရား စည်းမျဉ်းများ ပါဝင်သော အလုပ်၏ မည်သည့်ကဏ္ဍအတွက်မဆို အထက်က သင်တို့အား သမ္မာတရား စည်းမျဉ်းများနှင့်ပတ်သက်၍ မကြာခဏ မိတ်သဟာယဖွဲ့ပြီး သင်တို့၏ အလုပ်ကို လမ်းညွှန်သည်။ အထက်က သင်တို့ကို ပြုလည်းပြုပြင်သည်၊ သင်တို့အတွက် စိစစ်သုံးသပ်မှုများ ဆောင်ရွက်ပေးပြီး အချိန်မရွေး အထက်က သင်တို့၏ လွဲချော်မှုများကို ပြင်ပေးလိမ့်မည်။ စတုတ္ထအနေနှင့်၊ အဓိကကျသော ဝန်ထမ်းရေးရာနှင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်များအရ၊ အထက်က သင်တို့ကို စိစစ်သုံးသပ်မှုများ ဆောင်ရွက်ခြင်းနှင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ကူညီပေးသည်။ အမှန်တရားမှာ မည်သည့်အလုပ်ကို သင်တို့ လုပ်ဆောင်သည်ဖြစ်စေ ယင်းကို သင်တို့ သီးခြား ပြီးမြောက်စေခြင်း မရှိပေ။ ထိုအရာအားလုံးကို အထက်က စီစဉ်သည်၊ ဦးဆောင်သည်၊ ညွှန်ကြားပြီး စိစစ်သုံးသပ်သည်။ သို့ဆိုလျှင် သင်တို့ လုပ်ဆောင်သည့်အရာမှာ အဘယ်နည်း။ သင်တို့သည် အသင့်ဖြစ်ပြီးသားအရာများကို မွေ့လျော်ခံစားနေရုံသာ ဖြစ်သည်။ သင်တို့သည် အလွန် ကောင်းချီးခံစားရသည်တကား။ သင်တို့သည် မည်သည့်အရာနှင့်ပတ်သက်၍မျှ စိုးရိမ်ရန် မလိုအပ်ပေ။ သင်တို့၏ လက်နှင့်ခြေတို့ဖြင့် အလုပ်လုပ်ရန်သာ လိုအပ်သည်။ ဤသည်မှာ သင်တို့၏ တာဝန်ဝတ္တရားဖြစ်သည်။ သင်တို့သည် ထပ်လောင်း အဖိုးအခတစ်ခုကို ပေးခဲ့ဖူးသလော။ (မပေးခဲ့ဖူးပါ။) အထက်က ဤအဓိကကျသည့်၊ အရေးကြီးသော အလုပ်အားလုံးကို လုပ်ဆောင်ပြီးဖြစ်သည်။ ထို့ကြောင့် သင်တို့လုပ်ဆောင်သော အလုပ်သည် အလွန်လွယ်ကူသည်ချည်းသာဖြစ်ပြီး ကြီးမားသော အခက်အခဲများ လုံးဝမရှိပေ။ ထိုသို့သော အခြေအနေများအောက်တွင် လူတို့သည် မိမိတို့၏ အလုပ်ကို ကောင်းစွာ မလုပ်ဆောင်သေးလျှင် ယင်းမှာ ဆင်ခြေပေး၍မရသောအရာ ဖြစ်ပြီး ၎င်းတို့က မိမိတို့၏ အလုပ်ထဲသို့ စိတ်နှလုံးနှင့် ကြိုးစားအားထုတ်မှုကို ထည့်သွင်းခြင်းမရှိကြောင်း သို့မဟုတ် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းခြင်းမရှိကြောင်းကို ရိုးရှင်းစွာ သက်သေပြသည်။ အချို့လူများက “အလုပ်လုပ်သည့်အခါ မည်သူသည်အပြစ်အနာအဆာ မရှိဘဲ နေသနည်း။ လူတို့သည် ပြဿနာတစ်ခုတလေ ရှိခွင့်မရှိလေသလော”ဟု ပြောကြသည်။ သင်တို့ကို သင်တို့၏ အလုပ်တွင် အမှတ်ပြည့်ရရန် သင်တို့ကို တောင်းဆိုထားခြင်း မရှိပေ။ သင်တို့ကို အောင်မှတ်တစ်ခု ရရှိရန်သာ တောင်းဆိုထားပြီး ထို့နောက် သင်တို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးဖြစ်သည်ဟု မှတ်ယူခံရမည်ဖြစ်သည်။ ဤသည်မှာ အလွန် ခက်ခဲသလော။ (မခက်ခဲပါ။) အထက်၏ လမ်းညွှန်မှုနှင့် စိစစ်သုံးသပ်မှုကို အခြေခံ၍ အောင်မှတ်တစ်ခု ရရှိရန် လွယ်ကူသည်။ ယင်းမှာ လူတို့က သမ္မာတရားကို စိတ်ရင်းမှန်ဖြင့် လိုက်စားခြင်း ရှိမရှိဟူသည့်အပေါ်တွင်သာ မူတည်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်လာသည့်အခါ မည်သည့်အားထုတ်မှုမျှ မပြုလုပ်သည့်အပြင်၊ အမြဲတစေ ဝတ်ကျေတမ်းကျေလုပ်လိုလျှင်၊ အလုပ်လုပ်သည့်အခါ မကောင်းသည့်အရာ တစ်ခုတလေမျှ မလုပ်ဆောင်ဘဲ၊ နှောင့်ယှက်ခြင်းများ သို့မဟုတ် အဖျက်အမှောင့်လုပ်ခြင်းများကို မဖြစ်စေသည့်အပြင်၊ ၎င်းတို့၏ အသိစိတ်ကို အနှောင့်အယှက်ပေးသည့် တစ်စုံတစ်ရာ မရှိစေဘဲလျက် ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းဖြင့် ၎င်းတို့ ကျေနပ်လျှင်၊ ၎င်းတို့သည် အောင်မှတ်တစ်ခုကို မရရှိနိုင်ကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်အများစုသည် အလုပ်လုပ်သည့်အခါ ဤသဘောထားမျိုး ရှိကြသည်။ ၎င်းတို့သည် အလုပ်အနည်းငယ် လုပ်ဆောင်သော်လည်း မိမိတို့ကိုယ်ကို မောပန်းနွမ်းနယ်စေလိုခြင်း မရှိပေ။ ၎င်းတို့သည် သာမန်မျှသာဖြစ်ခြင်းဖြင့် ကျေနပ်နေကြပြီး ၎င်းတို့အလုပ်၏ အကျိုးရလဒ်များ မည်သို့ရှိသည်နှင့်ပတ်သက်၍မူ ယင်းမှာ ဘုရားသခင်၏ ကိစ္စဖြစ်ပြီး ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု ထင်ကြသည်။ ဤသဘောထားသည် လက်ခံနိုင်ဖွယ်ရှိသလော။ အကယ်၍ သင်သည် ထိုသို့သော သဘောထားမျိုး ရှိလျှင် သင်လုပ်ဆောင်နိုင်သော အလုပ်သည် အလွန်အကန့်အသတ်ရှိပြီး သင်သည် အစွမ်းကုန်အားထုတ်ခြင်း မရှိပေ။ ယင်းက သင့်အနေဖြင့် လက်တွေ့အလုပ်အား လုပ်ဆောင်နိုင်စွမ်းမရှိခြင်းကိုဖြစ်စေ၊ လက်တွေ့အလုပ်အား မလုပ်ဆောင်ခြင်းကိုဖြစ်စေ ညွှန်ပြသည်။ သို့ဖြစ်၍ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသင့်ပေသည်။ ဤသည်မှာ လုံးဝ သင့်လျော်ပြီး မတရားခြင်း မဟုတ်ပေ။ အချို့လူများက၊ “ကျွန်ုပ်တို့အပေါ် သင်၏ သတ်မှတ်ချက်များက မြင့်မားလွန်းပါသည်။ အကယ်၍ ဤအလုပ်ကို ကျွန်ုပ် မလုပ်လျှင် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်သည်။ အကယ်၍ ထိုသတ်မှတ်ချက်များကို ကျွန်ုပ်တို့ မဖြည့်ဆည်းလျှင်လည်း အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်သည်။ သင်သည် ကျွန်ုပ်တို့ကို အဘယ်အရာဟု မှတ်ယူနေသနည်း။ ကျွန်ုပ်တို့သည် စက်ရုပ်များ မဟုတ်ပါ၊ မစုံလင်ကြပါ။ သာမန်လူများသာ ဖြစ်ကြသည်၊ ကျွန်ုပ်တို့သည် သေမျိုးဖြစ်သောသူများသာ ဖြစ်သည်။ သင်သည် ကျွန်ုပ်တို့ကို သာမန်လူများ၊ ပုံမှန်လူများ ဖြစ်ရန် ပြောသည်၊ သို့ဖြစ်လျှင် အဘယ်ကြောင့် သင်သည် ခေါင်းဆောင်များအဖြစ် ကျွန်ုပ်တို့အပေါ် ဤမျှ မြင့်မားသော သတ်မှတ်ချက်များ ရှိရသနည်း”အမြဲ ပြောကြသည်။ အမှန်တကယ်တွင် သင်တို့အပေါ် ငါ၏ သတ်မှတ်ချက်များသည် မမြင့်မားပေ။ လူသားတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်သာ ငါသည် သင့်ကို တောင်းဆိုခြင်း ဖြစ်သည်။ ဤသည်မှာ သင် လုပ်ဆောင်သင့်ပြီး လုပ်ဆောင်ရမည့်အရာဖြစ်ကာ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာ ဖြစ်သည်။ သို့ရာတွင် အကယ်၍ သင်သည် သမ္မာတရားအတွက် ကြိုးပမ်းရန် ကြိုးစားလုပ်ဆောင်ခြင်းမရှိသည့်အပြင်၊ အမြဲတစေ အခက်အခဲ ဆင်းရဲခံစားရမည်ကို ကြောက်ရွံ့ပြီး သက်သောင့်သက်သာဖြစ်မှုကို အမြဲ တပ်မက်နေမည်ဆိုလျှင် သင်၏ အကြောင်းပြချက်များ သို့မဟုတ် ဆင်ခြေများ မည်သို့ပင်ဖြစ်စေ သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ သေချာသည်။ ယင်းမှာ အရွယ်ရောက်ပြီးသူတစ်ဦးက မနက်တွင် မည်သည့်အချိန်၌ အိပ်ရာထသင့်သည်၊ တစ်နေ့လျှင် အစာမည်မျှ စားသင့်ပြီး နာရီမည်မျှ အလုပ်လုပ်သင့်သည်ဟူသည်နှင့်၎င်းတို့၏ ညစ်ပတ်သောအဝတ်များကို မည်သည့်အချိန်တွင် လျှော်သင့်သည်ဟူသည်တို့ကဲ့သို့သော ပုံမှန်လူ့သဘာဝရှိသော လူများ စွမ်းဆောင်ရရှိသင့်ပြီး အရွယ်ရောက်ပြီးသူများက မိမိတို့ဘာသာ တာဝန်ယူသင့်သည့်အရာများကဲ့သို့ပင် ဖြစ်သည်။ သင်သည် ဤအရာများကို သင့်ဘာသာ ကိုင်တွယ်ရမည်ဖြစ်ပြီး ယင်းတို့နှင့်ပတ်သက်၍ အခြားမည်သူ့ကိုမျှ မေးမြန်းရန် မလိုအပ်ပေ။ အကယ်၍ သင်သည် အရာရာတိုင်းနှင့်ပတ်သက်၍ အခြားလူများကို မေးမြန်းပြီး မည်သည့်အရာကိုမျှ နားမလည်လျှင် ဤသည်မှာ သင်သည် ဉာဏ်ရည်မပြည့်မီကြောင်းနှင့် သင်သည် ဉာဏ်မမီသောသူတစ်ဦး ဖြစ်ကြောင်းကို ဆိုလိုသည် မဟုတ်လော။ ဤသည်မှာ သင့်ကိုယ်သင် တာဝန်မယူနိုင်ကြောင်းကို ဆိုလိုသည် မဟုတ်လော။ ဤကဲ့သို့သော လူများသည် ခေါင်းဆောင်များ ဖြစ်နိုင်သလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြသည် မဟုတ်လော။ ထိုသို့သော လူများသည် ဖြုတ်ချခံရသင့်ပေသည်။ ဤကဲ့သို့သော လူများသည် မိမိတို့၏ ရာထူးကို ဖက်တွယ်လိုကြဆဲဖြစ်ပြီး ဆင်းမပေးလိုကြသေးသည့်အပြင်၊ ခေါင်းဆောင်များ ဖြစ်လိုကြဆဲဖြစ်သည်။ အချို့သော အယောင်ဆောင် ခေါင်းဆောင်များ ထုတ်ပယ်ခြင်းခံရပြီးနောက်တွင် ၎င်းတို့ မတရားပြုခြင်းခံရသည်ဟု ခံစားရပြီး မရပ်မနား ငိုကြွေးကြသည်။ ၎င်းတို့သည် မိမိတို့၏ မျက်လုံးများအားလုံး ရောင်ကိုင်းလာသည်အထိ ငိုကြွေးကြသည်။ အဘယ်ကြောင့် ၎င်းတို့ ငိုကြွေးကြသနည်း။ ၎င်းတို့ မည်သည့်အရာမျိုးဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ လူတို့အပေါ် ငါ၏ သတ်မှတ်ချက်များက မြင့်မားခြင်းမရှိဟု ငါ ပြောဆိုသည့်အခါတွင် ငါ ဆိုလိုသည့်အရာမှာ လုပ်ဆောင်ရန် သင့်ကို စေခိုင်းထားသည့်အရာသည် သင် စွမ်းဆောင်ရရှိနိုင်သည့်အရာဖြစ်သည်ဟု ဆိုလိုသည်။ သင့်အတွက် လမ်းခင်းပြီးဖြစ်သည်၊ အတိုင်းအတာ သတ်မှတ်ပြီးဖြစ်သည်၊ ဆုံးဖြတ်ချက်များ ချပြီးဖြစ်ကာ သင့်အနေဖြင့် လုပ်ဆောင်ရန်သာ လိုအပ်ပေသည်။ ယင်းမှာ အစာစားခြင်းကဲ့သို့ပင် ဖြစ်သည်။ ကောက်နှံများ၊ ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်အမျိုးမျိုး၊ အိုးများနှင့် မီးဖိုများကို သင့်အတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ချက်ပြုတ်နည်းကို သင်ယူရန်သာဖြစ်သည်။ ဤသည်မှာ အရွယ်ရောက်ပြီးသူတစ်ဦး လုပ်ဆောင်ပြီး စွမ်းဆောင်ရရှိသင့်သည့်အရာ ဖြစ်သည်။ အကယ်၍ သင်သည် ဤအရာကို မစွမ်းဆောင်မရရှိနိုင်လျှင် သင်သည် ဉာဏ်မမီသောသူတစ်ဦးဖြစ်ပြီး ပုံမှန်အရွယ်ရောက်ပြီးသူများ၏ ဉာဏ်ရည်အဆင့်အတွင်း၌ သင့်ကို ထည့်သွင်းရေတွက်၍မရနိုင်ပေ။ အချို့သော ခေါင်းဆောင်များသည် ဤလက်တွေ့အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသဖြင့် ၎င်းတို့ကို ဖြုတ်ချရမည်ဖြစ်သည်။ သို့ဆိုလျှင် တစ်စုံတစ်ဦးသည် ဤအလုပ်မျိုးကို လုပ်ဆောင်နိုင်စွမ်း ရှိမရှိဟူသည်ကို ငါတို့ မည်သို့ သတ်မှတ်ပြီး ဆုံးဖြတ်နိုင်သနည်း။ အကယ်၍ သင်သည် အရွယ်ရောက်ပြီးသူတစ်ဦး၏ ဉာဏ်ရည်နှင့် အစွမ်းအစကို ပိုင်ဆိုင်ပြီး အရွယ်ရောက်ပြီးသူတစ်ဦးက ပိုင်ဆိုင်သင့်သည့် တာဝန်သိစိတ်နှင့် တာဝန်ယူလိုစိတ်တို့ကို ပိုင်ဆိုင်လျှင် ဤအလုပ်မျိုးကို သင်လုပ်ဆောင်နိုင်သင့်ပေသည်။ အကယ်၍ သင် မလုပ်ဆောင်နိုင်လျှင် သို့မဟုတ် သင် မလုပ်ဆောင်လျှင် သင်သည် အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ယင်းမှာ ဤအရာကို ဆုံးဖြတ်သည့်ပုံစံဖြစ်ပြီး ဤနည်းလမ်းဖြင့် ဆုံးဖြတ်ခြင်းက မှန်ကန်တိကျသည်။ ဤသည်မှာ လူတစ်ဦးကို ပြစ်တင်ရှုတ်ချခြင်း သို့မဟုတ် တရားစီရင်ခြင်း မဟုတ်ပေ၊ သို့ဆိုလျှင် ဤသည်မှာ ပြင်းထန်သလော။ အချက်အလက်များအားလုံးကို ချပြထားပြီး ဤသည်မှာ လုံးဝ ပြင်းထန်ခြင်း မရှိပေ။

၂။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် အယောင်ဆောင် ခေါင်းဆောင်များ

ငါတို့သည် အလုပ်၌ ကြုံတွေ့ရသော အရှုပ်အထွေးများနှင့် အခက်အခဲများကို ချက်ချင်းသတင်းပို့ပြီး ဖြေရှင်းရန်နည်းလမ်းကို ရှာဖွေခြင်းနှင့်စပ်လျဉ်း၍ အယောင်ဆောင် ခေါင်းဆောင် အမျိုးအစားတစ်မျိုး၌ရှိသော သရုပ်သကန်များနှင့်အတူ၊ ဤသို့သောလူတို့က ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများအား အဘယ်ကြောင့် မဖြည့်ဆည်းနိုင်ကြသည်ဟူသော အကြောင်းရင်းများကို ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ ထိုသို့သော လူတို့သည် ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်ကြသည်။ ၎င်းတို့သည် အလုပ်ထဲရှိ အရှုပ်အထွေးများနှင့် အခက်အခဲများကို မတွေ့ရှိနိုင်သောကြောင့် ဤတာဝန်ကို မဖြည့်ဆည်းနိုင်ကြခြင်း ဖြစ်သည်။ ဤသည်မှာ လူအမျိုးအစားတစ်မျိုး ဖြစ်သည်။ နေက်ထပ် လူအမျိုးအစားတစ်မျိုးလည်း ရှိသည်။ ၎င်းတို့သည် ထိုဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သောလူတို့နှင့် အတူတူပင်ဖြစ်သည်။ ၎င်းတို့သည်လည်း အလုပ်ထဲတွင် တည်ရှိသော ပြဿနာများကို မတွေ့ရှိနိုင်ကြပေ။ ထို့ကြောင့် ၎င်းတို့သည် ထိုပြဿနာများကို အထက်သို့ ချက်ချင်းသတင်းပို့နိုင်ခြင်း မရှိသည့်အပြင်၊ အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေနိုင်ခြင်း မရှိကြပေ။ထိုသို့သောလူတို့သည်လည်း အလုပ်နှင့် အလုပ်များနေကြသည်။ တစ်နေ့လုံး အားနေခြင်းမရှိဘဲ မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ ၎င်းတို့သည် တရားဒေသနာများ ဟောပြောခြင်း၊ နေရာအသီးသီးရှိ ညီအစ်ကိုမောင်နှမများထံ သွားရောက်ကြည့်ရှုခြင်း၊ အလုပ်အတွက် စီစဉ်မှုများ ပြုလုပ်ခြင်းတို့ဖြင့် အလုပ်များနေကြသည့်အပြင်၊ အသင်းတော်အလုပ်အတွက် ပစ္စည်းမျိုးစုံကို ဝယ်ယူခြင်းဖြင့်ပင် အလုပ်များနေကြသည်။ တစ်စုံတစ်ဦး ဖျားနာလျှင် ၎င်းတို့က ဆရာဝန် ကူရှာပေးသည်။ တစ်စုံတစ်ဦးက အိမ်၌ အခက်အခဲများရှိလျှင် ၎င်းတို့က ငွေကြေးအထောက်အပံ့ စီစဉ်ပေးခြင်းဖြင့် ကူညီသည်။ တစ်စုံတစ်ဦးသည် မကောင်းသော အခြေအနေတွင် ရှိနေလျှင် ၎င်းတို့က ထိုသူကို ပံ့ပိုးရန် အစပြုလုပ်ဆောင်ပြီး ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရန် တက်ကြွစွာ ကူညီပေးသည်။ တိုတိုပြောရလျှင်၊ ၎င်းတို့သည် အမြဲ အထွေထွေ အလုပ်ကိစ္စအချို့ဖြင့် အလုပ်များနေကြသည်။ ၎င်းတို့သည် အသင်းတော်၏ လက်တွေ့ကျသော အလုပ်၊ ဧဝံဂေလိအလုပ်နှင့် အသင်းတော်အသက်တာရှိ ပြဿနာများကို ဂရုမစိုက်ကြပေ။ နေ့စဉ်နေ့တိုင်း ၎င်းတို့သည် ဟိုဟိုသည်သည် ပြေးလွှားရင်း မိမိတို့ကိုယ်ကို ပင်ပန်းနွမ်းနယ်စေပြီး၊ အသင်းတော်၏ အရေးကိစ္စများနှင့် ညီအစ်ကိုမောင်နှမများ၏ သီးသန့်ကိစ္စများကို ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ ခေါင်းဆောင်များအနေဖြင့် ဤတာဝန်များကို ထမ်းဆောင်သင့်သည်ဟု ၎င်းတို့ ထင်ကြသော်လည်း၊ ခေါင်းဆောင်တစ်ဦး၏ ပဓာနကျသော အလုပ်မှာ အဘယ်အရာဖြစ်သည်ကို ၎င်းတို့ လုံးဝ သဘောမပေါက်သည့်အပြင်၊ မည်မျှပင် ကြိုးစားလုပ်ဆောင်ပါစေ အသင်းတော်၌ တည်ရှိသော လက်တွေ့ကျပြီး အရေးပါသည့် ပြဿနာများကို ၎င်းတို့ ရှာမတွေ့နိုင်ကြသေးပေ။ သို့ဖြစ်၍၊ အသင်းတော်အသက်တာ၌ အနှောင့်အယှက်များနှင့် အတားအဆီးများ ပေါ်ပေါက်လာသည့်အခါတွင်လည်းကောင်း၊ ဘုရားသခင် ရွေးချယ်ထားသောလူတို့က အသက်ဝင်ရောက်မှု၌ အခက်အခဲများ ကြုံတွေ့ရသည့်အခါတွင်လည်းကောင်း၊ ဤခေါင်းဆောင်တို့သည် ဤအရာများကို ချက်ချင်း မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် အားနေခြင်းမရှိဘဲ နေ့တိုင်း အလုပ်လုပ်ရင်း အလုပ်များနေပြီး သွားလာနေကြသော်လည်း၊ ဤမျှ အလုပ်များနေခြင်းဖြင့် မည်သည့်အရာကိုပင် ၎င်းတို့ စွမ်းဆောင်ရရှိနိုင်ကြသနည်း။ အသင်းတော်အလုပ်၌ ပြဿနာများစွာ ရှိနေသော်လည်း၊ ၎င်းတို့က ထိုပြဿနာများကို ရှာမတွေ့နိုင်ကြပေ။ အပြင်ပန်းအရ၊ ၎င်းတို့သည် လုံ့လဝီရိယရှိပုံရသည်၊ တာဝန်သိတတ်ပုံရပြီး အားနေခြင်းမရှိသည့်ပုံရသော်လည်း၊အလုပ်ထဲတွင် ပြဿနာတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာကာ၊ ၎င်းတို့သည် ဟာကွက်များကို လိုက်ဖာထေးရင်း၊ “ရှုပ်ထွေးပြီး ခက်ခဲသော ပြဿနာ”မျိုးစုံကို ဖြေရှင်းရင်း၊ အသင်းတော်၌ ပေါ်ပေါက်လာသော ဆိုးယုတ်သောလူမျိုးစုံနှင့် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသူမျိုးစုံတို့ကို ကိုင်တွယ်ရင်း အလုပ်များနေကြသည်။ ၎င်းတို့သည် ဤကဲ့သို့ အလုပ်ဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေကြသော်လည်း၊ အခြေခံအကျဆုံးသော ပြဿနာများကိုပင် မပိုင်းခြားနိုင်ကြပေ။ ကောင်းသော လူ့သဘာဝဟူသည် အဘယ်အရာဖြစ်ပြီး မကောင်းသော လူ့သဘာဝဟူသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ ကောင်းသော အစွမ်းအစဟူသည် အဘယ်အရာဖြစ်ပြီး ညံ့ဖျင်းသော အစွမ်းအစဟူသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း၊ စစ်မှန်သော အရည်အချင်းနှင့် အသိပညာကို ပိုင်ဆိုင်ခြင်းဟူသည် အဘယ်အရာဖြစ်ပြီး ဆုကျေးဇူးများရှိခြင်းဟူသည် အဘယ်အရာဖြစ်သည်ကိုလည်းကောင်း ၎င်းတို့ ရှင်းလင်းစွာ မပိုင်းခြားနိုင်ကြပေ။ ဘုရားအိမ်တော်က မည်သည့်လူစားမျိုးတို့ကို ပျိုးထောင်ပေးပြီး မည်သည့်လူစားမျိုးတို့ကို ဖယ်ရှားရှင်းလင်းသည်၊ မည်သည့်လူတို့က သမ္မာတရားကို လိုက်စားပြီး မည်သူတို့က မလိုက်စားသည်၊ မည်သည့်လူတို့က မိမိတို့၏ တာဝန်ကို လိုလိုလားလား ထမ်းဆောင်ပြီး မည်သူတို့က မိမိတို့၏ တာဝန်ကို မထမ်းဆောင်ခြင်း မရှိသည်၊ မည်သည့်လူတို့ကို ဘုရားသခင်၏လူများအဖြစ် စုံလင်စေနိုင်ပြီး မည်သည့်လူတို့က အလုပ်လုပ်ပေးသူများဖြစ်သည်၊ စသည်တို့ကို ၎င်းတို့ ထိုးထွင်း မမြင်နိုင်ကြပေ။ ၎င်းတို့သည် စကားကြီးစကားကျယ် ပြောနိုင်ပြီး အနှစ်မရှိသော သီအိုရီများကို ထုတ်ဖော်ပြောဆိုနိုင်သော်လည်း လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်နိုင်သူတို့အား ပျိုးထောင်ရန် အဓိကပစ်မှတ်များအဖြစ် သဘောထားပြီး၊ အရေးကြီးသောအလုပ်ကို ထမ်းဆောင်ရန်နှင့် အပ်နှံရန် ၎င်းတို့အတွက် စီစဉ်ပေးကြသည်။ နားလည်သဘောပေါက်မှု စစ်စစ်၊ အစွမ်းအစနှင့် သမ္မာတရားကို နားလည်နိုင်စွမ်းရှိသူတို့ကိုမူ၊ ဤလူတို့က ဘုရားသခင်ကို အလွန်ကြာမြင့်စွာ မယုံကြည်သေးသောကြောင့် သို့မဟုတ် မာနထောင်လွှားသော စိတ်သဘောထားကို ထုတ်ဖော်ပြကြပြီးဖြစ်သောကြောင့် သက်သက်ဖြင့် ရာထူးတိုးပေးရန်နှင့် ပျိုးထောင်ပေးရန် ၎င်းတို့က နှောင့်နှေးစေကြသည်။ ဤသို့သော ပြဿနာများသည် အသင်းတော်၌ မကြာခဏ ပေါ်ပေါက်တတ်ပြီး၊ ဤသည်မှာ အသင်းတော်အလုပ်၏ တိုးတက်မှုကို သက်ရောက်မှုရှိစေသည်။ ဤအရာများမှာ စစ်မှန်သော ပြဿနာများဖြစ်သည့်တိုင်၊ ဤခေါင်းဆောင်မျိုးက ယင်းတို့ကို မမြင်နိုင် သို့မဟုတ် မတွေ့ရှိနိုင်သည့်အပြင်၊ လုံးဝပင် သတိမပြုမိကြပေ။ ဆိုးယုတ်သူတို့က အနှောင့်အယှက်များနှင့် အဖျက်အမှောင့်များ ဖြစ်စေသည့်အခါ၊ ၎င်းတို့က ထိုသူတို့ကို စောင့်ကြည့်လေ့လာမှု ခံယူခွင့်ပေးပြီး မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ရန် အခွင့်အရေးတစ်ခု ပေးကြသည်။ ဆိုးယုတ်သူများမဟုတ်သည့် အခြားသူတို့က ငယ်ရွယ်ပြီး အသိဉာဏ်မဲ့သောကြောင့်နှင့် စည်းမျဉ်းများမရှိဘဲ ပြုမူသောကြောင့် ရံဖန်ရံခါ သေးငယ်သော အမှားအချို့၊ စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာများမဟုတ်သည့် အမှားများကို ပြုလုပ်မိသည့်အခါတွင်မူ၊ ဤခေါင်းဆောင်မျိုးက ဤအမှားများကို ခွင့်မလွှတ်နိုင်သော အပြစ်များအဖြစ် သဘောထားပြီး ဤလူတို့ကို အိမ်ပြန်ခိုင်းလိုက်သည်။ ဤအယောင်အဆောင် ခေါင်းဆောင်အမျိုးအစားသည် နေ့စဉ် အလုပ်ဖြင့် အလုပ်များနေပြီး၊ အပြင်ပန်းအားဖြင့်၊ ၎င်းတို့သည် အားထုတ်မှုများစွာ ပြုလုပ်နေပုံရပြီး ၎င်းတို့၏ အချိန်များစွာကို အသုံးပြုနေပုံရသော်လည်း၊ ၎င်းတို့ မည်သို့ပင် အလုပ်လုပ်ပါစေ ထိုအလုပ်မှ စစ်မှန်သော အသက်ထောက်ပံ့မှုကို မည်သူမျှ မရရှိကြပေ။ ဘုရားသခင် ရွေးချယ်ထားသောလူတို့၌ မည်သည့်ပြဿနာများနှင့် အခက်အခဲများ ရှိသည်ဖြစ်စေ၊ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစားသည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့် ထိုအရာများကို မဖြေရှင်းနိုင်သည့်အပြင်၊ ၎င်းတို့ လုပ်နိုင်သမျှမှာ ချစ်ခင်သော စိတ်နှလုံးဖြင့် ၎င်းတို့ကို တိုက်တွန်းအားပေးခြင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို အားပေးရန် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောခြင်းသာ ဖြစ်သည်။ ထို့ကြောင့်၊ ထိုသို့သောလူတို့၏ ခေါင်းဆောင်မှုအောက်တွင် ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် အသက်ထောက်ပံ့မှု မရရှိကြ၊ စိတ်အားထက်သန်မှုကို အခြေခံ၍ ဘုရားသခင်ကို ယုံကြည်ပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်ကြရုံသာဖြစ်ပြီး၊ မည်သည့် အသက်ဝင်ရောက်မှုမျှ မစွမ်းဆောင်မရရှိကြပေ။ဤသို့ဖြင့် ၎င်းတို့ မည်မျှကြာကြာ ခံနိုင်မည်နည်း။ ရလဒ်အနေဖြင့်၊ အချို့လူတို့သည် မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းကာ၊ ဘုရားသခင်၏နေ့ရက် ရောက်ရှိလာရန် အမြဲ တောင့်တနေကြပြီး၊ ရူပါရုံများသည် ၎င်းတို့အတွက် ပိုပိုပြီး မရှင်းမလင်း ဖြစ်လာကာ၊ အရေးကိစ္စများကို ကြုံတွေ့ရသည့်အခါ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများနှင့် အထင်အမြင်လွဲမှားမှုများ ရှိလာကြသည့်အပြင်၊ အချို့သည် ဘုရားသခင်ကို သံသယပင်ဝင်လာကာ သူ့ကို သတိထားနေကြသည်အထိပင် ဖြစ်လာသည်။ အယောင်ဆောင် ခေါင်းဆောင်တို့သည် ဤပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ၊ လုံးဝ မဖြေရှင်းနိုင်ကြသည့်အပြင်၊ ၎င်းတို့ လုပ်သမျှမှာ ထိုပြဿနာများကို ရှောင်လွှဲခြင်းသာ ဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး အရေးကိစ္စများကို ဖြေရှင်းရန် ဘုရားသခင် ရွေးချယ်ထားသောလူတို့နှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဘယ်သောအခါမျှ မဖတ်ကြ သို့မဟုတ် ဘုရားသခင်ထံ ဆုမတောင်းကြပေ၊ ၎င်းတို့သည် ဤအလုပ်ကို ဘယ်သောအခါမျှ မဆောင်ရွက်ကြပေ။ နေ့စဉ်နေ့တိုင်း၊ ၎င်းတို့သည် အထွေထွေ အလုပ်ကိစ္စအချို့နှင့် အသက်ဝင်ရောက်မှု သို့မဟုတ် သမ္မာတရားနှင့် မည်သို့မျှ မသက်ဆိုင်သော အပြင်ပန်းဆိုင်ရာ အရေးကိစ္စအချို့ဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ အမှုအရာများ လုပ်ဆောင်ရင်း ၎င်းတို့ အလုပ်များနေသရွေ့၊ ဤသည်မှာ ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေခြင်းနှင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းဖြစ်ပြီး၊ ၎င်းတို့က အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်နိုင်ဖွယ်မရှိသည်ကို ဆိုလိုသည်ဟု ၎င်းတို့ ထင်ကြသည်။ အမှန်တွင်၊ ဤအထွေထွေ အရေးကိစ္စများဖြင့် ၎င်းတို့ မိမိတို့ကိုယ်ကို အလုပ်များစေခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူတို့ကို သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စေဖို့ မဆိုထားနှင့်၊ ညီအစ်ကိုမောင်နှမများကို အသက်တာ၌ တိုးတက်ရန် မကူညီပေ။ ငါ့ကို ပြောလော့၊ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစား၏ အစွမ်းအစနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိသည် မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်သည့်အပြင်၊ အလုပ်များနေသရွေ့ ပြဿနာအားလုံး ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး သွယ်ဝိုက်သောနည်းဖြင့် ပြေလည်သွားစေလိမ့်မည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤလူတို့သည် အလွန်ပင် နားဝေတိမ်တောင်ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့၏ အစွမ်းအစသည် အလွန်ပင် ညံ့ဖျင်းသည် မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိုးထွင်းမမြင်နိုင်ပေ။ မည်သည့် စစ်မှန်သောအလုပ်ကိုမျှ မလုပ်ဆောင်နိုင်သည့်အပြင်၊ဤအရာက ၎င်းတို့ကို အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ စစ်စစ် ဖြစ်စေသည်။ ဤသည်မှာ ပိုင်းခြားရန် အလွယ်ကူဆုံးသော ကိစ္စရပ်တစ်ခု ဖြစ်သည်။

ယခုအခါ နေရာတိုင်းရှိ အသင်းတော်များတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ ရှိနေကြသည်။ ၎င်းတို့သည် အလုပ်လုပ်ရန် မိမိတို့၏ စိတ်အားထက်သန်မှုကိုသာ အမှီပြုကြပြီး သမ္မာတရားကို လုံးဝ နားမလည်ကြပေ။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အလုပ်မှာ အဘယ်အရာဖြစ်သည်ကို မသိကြသည့်အပြင်၊အရေးကိစ္စများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်စွမ်းလည်း မရှိကြပေ။ တစ်နေ့လုံး အထွေထွေအလုပ်အချို့ဖြင့်သာ ကြောင်းကျိုးမမြင်ဘဲ အလုပ်ရှုပ်လျက် အချိန်ကုန်နေကြသည်။ ဥပမာအားဖြင့်၊ အသင်းတော်က ပစ္စည်းတစ်ခု ဝယ်ရန် လိုအပ်သည်ဆိုပါစို့။ ဤသည်မှာ အလုပ်တာဝန်ကြီးတစ်ခု မဟုတ်ပေ။ သက်ဆိုင်ရာနယ်ပယ်၌ အသိနှံ့စပ်သူ တစ်စုံတစ်ဦးကို သွားဝယ်ခိုင်းရန် စီစဉ်လိုက်ရုံသာ လိုအပ်သည်။ သို့သော်လည်း အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက ငွေအများကြီးကုန်မည်ကို ကြောက်သောကြောင့် စျေးအပေါဆုံးတစ်ခုကို ဝယ်ယူရန် နေရာများစွာသို့ သွားရောက်ဖို့ တစ်စုံတစ်ဦးကို စီစဉ်ခဲ့သည်။ ဤသို့ပြုလုပ်ခြင်း၏ ရလဒ်မှာ ၎င်းတို့သည် ဈေးပေါသော ပစ္စည်းတစ်ခုကို ဝယ်ယူခဲ့ပြီး ရက်အနည်းငယ်ကြာ အသုံးပြုပြီးနောက် ပျက်စီးသွားကာ နောက်တစ်ခု သွားဝယ်ရန် လိုအပ်ခဲ့ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ငွေကို ချွေတာနိုင်ခဲ့ခြင်း မရှိသည့်အပြင် ဆန့်ကျင်ဘက်အားဖြင့် ပို၍ပင် ကုန်ကျသွားရသည်။ ဤသည်မှာ အလုပ်တာဝန်တစ်ခုကို ကိုင်တွယ်ရန် စည်းမျဉ်းရှိသော နည်းလမ်းတစ်ခု ဖြစ်သလော။ ပစ္စည်းတစ်ခု ဝယ်ယူသည့်အခါ နာမည်ကြီးတံဆိပ်ကို ဝယ်ရန် မလိုအပ်သော်လည်း၊ လုပ်ဆောင်ရန် သင့်တော်သော အရာမှာ အနည်းဆုံးအနေဖြင့် သင့်တော်သော အရည်အသွေးရှိပြီး အသုံးပြုနိုင်သည့် အရာတစ်ခုကို ဝယ်ယူခြင်းဖြစ်သည်။ အယောင်ဆောင် ခေါင်းဆောင်တို့သည် အထွေထွေ အလုပ်ကိစ္စများနှင့်ပတ်သက်၍ များစွာ စိုးရိမ်ကြပြီး၊ ထိုသို့စိုးရိမ်ခြင်းနှင့်ပတ်သက်၍ မှားယွင်းသည့်အရာ မည်သည့်အရာမျှ မရှိပေ။ သို့သော်လည်း၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အရေးပါသည့် အလုပ်ကို အလေးအနက်မထားကြသည့်အပြင်၊ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ ယင်းမှာ ၎င်းတို့က ပဓာနကျသော အလုပ်ကို မလုပ်ဆောင်ခြင်း ဖြစ်သည်။ ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုအလုပ်အပြင်၊ ခေါင်းဆောင်နှင့် အမှုဆောင် ဝန်ထမ်းများကို အပြောင်းအလဲများ ပြုလုပ်သည့်အလုပ်တို့ကဲ့သို့သော အလုပ်များသည် အလွန်အရေးကြီးသော်လည်း၊ အယောင်ဆောင် ခေါင်းဆောင်များက အရေးမကြီးဟု ထင်ကြပြီး ဤအလုပ်များကို ဘေးဖယ်ထားကာ လျစ်လျူရှုကြသည်။ ၎င်းတို့သည် အစွမ်းအစ မလုံလောက်သည့်အပြင်၊ အလုပ်အား မည်သို့လုပ်ဆောင်ရမည်ကို မသိကြသော်လည်း၊ သင်ယူရန်လည်း မကြိုးစားကြပေ။ ထိုအစား၊ “ဤအလုပ်ကို ကြီးကြပ်ပေးမည့် တစ်စုံတစ်ယောက် ရှိနေသရွေ့ အဆင်ပြေပါသည်။ ငါ့ကိုလည်း လိုအပ်နေသေးသည်လော။ ငါသည် အရေးကြီးသော အလုပ်များကို ကိုင်တွယ်ပါသည်။ ဤအရာများမှာ ငါဒုက္ခခံရန် မလိုသည့် အရေးမပါသောအရာများသာ ဖြစ်သည်။ သူတို့ကို စည်းမျဉ်းများ ပြောပြပြီးသည်နှင့် ငါ့အလုပ် ပြီးပြီဖြစ်သည်” ဟု တွေးနေကြသည်။ အယောင်ဆောင် ခေါင်းဆောင်များသည် အပြင်ပန်းတွင် အလွန်အလုပ်များပုံရသော်လည်း၊ ၎င်းတို့ အလုပ်များနေသည့် အရာများကို ကြည့်သည့်အခါ၊ ထိုအရာများထဲမှ တစ်ခုမျှ အသင်းတော်၏ အရေးပါသည့် အလုပ်မဟုတ်ပေ။ တစ်ခုမျှသည် လူတို့၏ အသက်တာအတွက် ထောက်ပံ့ပေးသည့် အလုပ်မဟုတ်သည့်အပြင်၊ တစ်ခုမျှက အရေးကိစ္စများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုခြင်းပါဝင်သည့် အလုပ်မဟုတ်ပေ။ ၎င်းတို့ မိမိတို့ကိုယ်ကို အလုပ်များစေသည့် အရာများတွင် တန်ဖိုး ဘာဆိုဘာမျှ မရှိသည့်အပြင်၊ ဤအယောင်ဆောင် ခေါင်းဆောင်တို့သည် ကြောင်းကျိုးမမြင်ဘဲ အလုပ်ရှုပ်နေကြခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီရန်အလို့ငှာ မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ကို ၎င်းတို့ မသိကြပေ။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်ရန် နှစ်သက်သည့် အချို့သော အလုပ်တာဝန်များဖြင့် မိမိတို့ကိုယ်ကို အလုပ်များစေရန် စိတ်အားထက်သန်မှုကိုသာ အမှီပြုကြသည်။ ညီအစ်ကိုမောင်နှမများက မည်သည့်အဝတ်အစားများ ဝတ်ဆင်သည်၊ မည်သည့်ဆံပင်ပုံစံများ ထားရှိသည်၊ အခြားသူများနှင့် မည်သို့ဆက်ဆံသည်၊ မည်သို့ စကားပြောဆို ပြုမူကြသည် စသည်တို့ကဲ့သို့သော အသင်းတော်အလုပ်နှင့် မသက်ဆိုင်သည့် အရေးမပါသော ကိစ္စရပ်များကို ၎င်းတို့က အသေးစိတ် စုံစမ်းမေးမြန်းကြသည်။ ဤသည်မှာ ၎င်းတို့က ဖော်ရွေတတ်ပြီး ရင်းနှီးဖော်ရွေခြင်းဖြစ်သည်ဟုလည်းကောင်း၊ လူတို့၏ လက်တွေ့ဘဝများရှိ အရေးကိစ္စများကို ဖြေရှင်းခြင်းသည် ခေါင်းဆောင်တစ်ဦး လုပ်ဆောင်သင့်သည့်အရာ၊ ပုံမှန်လူ့သဘာဝက ပိုင်ဆိုင်သင့်သည့်အရာဖြစ်သည်ဟုလည်းကောင်း ၎င်းတို့ ထင်ကြသည်။ သို့သော်လည်း ဧဝံဂေလိအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ ဓမ္မတေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်၊ စီမံအုပ်ချုပ်ရေးအလုပ်၊ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းအလုပ်၊ အသင်းတော်များ တည်ထောင်ခြင်းအလုပ်၊ လူတို့ကို ရာထူးတိုးပေးခြင်းနှင့် ပျိုးထောင်ပေးခြင်းအလုပ် စသည်တို့ကဲ့သို့သော အရေးပါသည့် အလုပ်များကိုမူ ၎င်းတို့ အလေးအနက်မထားကြပေ။ ၎င်းတို့သည် ဤအလုပ်တစ်ခုတလေတွင် မပါဝင်ကြသည့်အပြင်၊ နောက်ဆက်တွဲ လုပ်ဆောင်ပေးခြင်း မရှိကြပေ။ ယင်းမှာ ဤအလုပ်က ၎င်းတို့နှင့် မည်သည့် ပတ်သက်မှုမျှ မရှိသည့်အလား ဖြစ်သည်။ ဤအယောင်ဆောင် ခေါင်းဆောင်တို့သည် အသင်းတော်၌ စုပုံနေသော ပြဿနာများစွာကို မဖြေရှင်းကြပေ။ ၎င်းတို့ ဖြုတ်ချသင့်သော အယောင်ဆောင် ခေါင်းဆောင်များကို မဖြုတ်ချကြပေ။ မကောင်းသောအရာများကို လုပ်ဆောင်ရင်း မကောင်းမှုပြုကာ သောင်းကျန်းနေသော ဆိုးယုတ်သူတို့ကို ၎င်းတို့ မကန့်သတ်၊ မကိုင်တွယ်ကြသည့်အပြင်၊ လူအချို့က မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ ချုပ်တည်းမှုမရှိဖြစ်ပြီး စည်းကမ်းမဲ့ခြင်း၊ အချိန်ဆွဲခြင်းတို့နှင့်ပတ်သက်သည့် အရေးကိစ္စကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းလည်း မရှိကြပေ။ ဤသည်မှာ မည်သည့်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့သည် ဤလက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ ၎င်းတို့သည် စစ်မှန်သောအလုပ်ကို လုပ်ဆောင်သူများ ဖြစ်ကြသလော။ ၎င်းတို့ လုပ်ဆောင်သော အရေးမပါသည့်အပြင် ဆက်စပ်မှုမရှိသည့် တာဝန်များကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် အရေးကြီးပြီး အရေးပါသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်းနှင့် သစ္စာစောင့်သိနေခြင်းဖြစ်သည်ဟု ယုံကြည်လျက် ထိုတန်ဖိုးမရှိသော အရာများဖြင့် တစ်နေ့လုံး မိမိတို့ကိုယ်ကို အလုပ်များစေကြသော်လည်း၊ ဘုရားသခင်က ၎င်းတို့အား ပေးအပ်ထားသည့် ပဓာနကျသော အလုပ်တစ်ခုကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြပေ။ ဤကဲ့သို့သောလူတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် လူ့အဖွဲ့အစည်းရှိ မြို့နယ်ခွဲရုံးများ၏ အုပ်ချုပ်ရေးမှူးများနှင့် ညီမျှကြသည်၊ ၎င်းတို့သည် ရပ်ကွက်၏ အရေးမပါသည့် ကိစ္စများဖြင့်သာ အလုပ်ရှုပ်နေသူများ ဖြစ်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်နေကြသေးသလော။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင် စစ်စစ်များ ဖြစ်ကြသည်။ ဤလူတို့သည် မည်သည့် အကြောင်းရင်းများကြောင့် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များအဖြစ် သတ်မှတ်ခြင်းခံရသနည်း။ (၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသောကြောင့်၊ ၎င်းတို့သည် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်သည့်အပြင်၊ ၎င်းတို့ လုပ်ဆောင်နိုင်သမျှမှာ အရေးမပါသော ကိစ္စအချို့ကို ကိုင်တွယ်ခြင်းသာ ဖြစ်သည်။) ဤသည်မှာ တိကျသော အကြောင်းရင်းဖြစ်သည်။ ဤလူတို့၏ အစွမ်းအစက အလွန်ညံ့ဖျင်းသည်။ ၎င်းတို့သည် တရားဒေသနာမည်မျှပင် နားထောင်စေကာမူ၊ အလုပ်အစီအစဉ်မည်မျှပင် ဖတ်ရှုစေကာမူ၊ ဘုရားအိမ်တော်၌ တာဝန်ကို နှစ်မည်မျှပင် ထမ်းဆောင်စေကာမူ၊ သို့မဟုတ် နှစ်ပေါင်းမည်မျှကြာ ခေါင်းဆောင်များဖြစ်ကြသည်ဖြစ်စေ၊ မိမိတို့ ဘာလုပ်နေသည်ကိုလည်းကောင်း၊ မိမိတို့လုပ်ဆောင်နေသည့်အရာသည် မှန်ခြင်း သို့မဟုတ် မှားခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း၊ မိမိတို့ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း ရှိမရှိဟူသည်ကိုလည်းကောင်း ဘယ်သောအခါမျှ မသိကြပေ။ ခေါင်းဆောင်များနှင့် အမှုဆောင်များဟူသော တံဆိပ်နှင့် အမည်နာမအပေါ် ၎င်းတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အလုပ်များနေသရွေ့ အဆင်ပြေသည်ဟူ၍ ဖြစ်သည်။ ကြိတ်ဆုံလည်သော မြည်းတစ်ကောင်ကဲ့သို့၊ ၎င်းတို့သည် နောက်ထပ်မလှုပ်ရှားနိုင်တော့သည်အထိ ဆက်ဆွဲနေကြပြီး၊ ဤအရာကို မိမိတို့၏ တာဝန်ဝတ္တရားများအားဖြည့်ဆည်းနေခြင်းဖြစ်သည်ဟု ၎င်းတို့က မှတ်ယူကြသည်။ မည်သည့်ဘက်သို့ ၎င်းတို့ ဆွဲသည်ဖြစ်စေ၊ ဆွဲရာတွင် ၎င်းတို့ စိုက်ထုတ်သော အားအင်သည် မှန်ကန်သည်ဖြစ်စေ မမှန်ကန်သည်ဖြစ်စေ၊ ၎င်းတို့အတွက်မူ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနေခြင်း ဖြစ်သည်။ ၎င်းတို့ ထိုးထွင်းမမြင်နိုင်သော အရေးကိစ္စများစွာရှိပြီး၊ ၎င်းတို့သည် ထိုအရာများကို ဖြေရှင်းရန် သို့မဟုတ် အထက်သို့ သတင်းပို့ပြီး အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေရန် မကြိုးစားကြပေ။ ၎င်းတို့ နှစ်ပေါင်းမည်မျှ အလုပ်လုပ်သည်ဖြစ်စေ၊ လူတို့နှင့် နှစ်ပေါင်းမည်မျှ ထိတွေ့ဆက်ဆံသည်ဖြစ်စေ၊ လူတစ်ဦး၏ သရုပ်သကန်များက မိမိ၏ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် ပေါ့တန်ပြီး သမ္မာတရားကို နားမလည်သေးသော ယုံကြည်သူအသစ်တစ်ဦး၏ သရုပ်သကန်များဖြစ်သလော သို့မဟုတ် မယုံကြည်သူတစ်ဦး၏ သရုပ်သကန်များ ဖြစ်သလောဟူသည်ကိုပင် ၎င်းတို့ မသိကြသည့်အပြင်၊ ၎င်းတို့အား မည်သို့ ပိုင်းခြားသိမြင်သင့်သည် သို့မဟုတ် သတ်မှတ်သင့်သည်ကိုလည်း ၎င်းတို့ မသိကြပေ။ နှစ်ဦးစလုံး အပျက်သဘောဆောင်သော အခြေအနေ၌ ရှိသည့် လူနှစ်ဦးရှိသည့်အခါ၊ ၎င်းတို့ထဲမှ မည်သူသည် ပျိုးထောင်ရန် ထိုက်တန်ပြီး မည်သူသည် မထိုက်တန်သည်ကို ၎င်းတို့ မသိကြပေ။ လူနှစ်ဦးသည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် အတော်အတန် ဝတ်ကျေတမ်းကျေဖြစ်နေသည့်အခါ၊ ၎င်းတို့ထဲမှ မည်သူသည် သမ္မာတရားကို လိုက်စားသူဖြစ်ပြီး မည်သူသည် အလုပ်လုပ်ပေးသူဖြစ်သည်ကိုလည်းကောင်း၊ မည်သူသည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်စွမ်းရှိပြီး မည်သူသည် သမ္မာတရား လက်တွေ့ကျမှု မရှိသည်ကိုလည်းကောင်း ၎င်းတို့ မခွဲခြားနိုင်ကြပေ။ မည်သည့်လူတို့သည် ခေါင်းဆောင်များ ဖြစ်လာသည်နှင့်တစ်ပြိုင်နက် အန္တိခရစ်များ၏ လမ်းကြောင်းအား လိုက်နိုင်ခြေရှိလိမ့်မည်ဟူသည်ကို ဤလူတို့နှင့် နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့လျှင်ပင် ၎င်းတို့ မသိကြပေ။ မည်မျှပင် အဓိပ္ပာယ်မဲ့သော လေ့ကျင့်ခန်းများကို ၎င်းတို့ လုပ်ဆောင်ပါစေ၊ အသုံးမဝင်သော အလုပ် အလုပ်မည်မျှကို ၎င်းတို့ ထမ်းဆောင်ပါစေ၊ သို့မဟုတ် ၎င်းတို့ အနီးဝန်းကျင်၌ ပြဿနာမည်မျှပင် ရှိနေပါစေ၊ ၎င်းတို့သည် ထိုအရာကို သတိမမူမိကြသည့်အပြင်၊ ဤအရာများက အရေးကိစ္စများဖြစ်သည်ကို ၎င်းတို့ သဘောမပေါက်ကြပေ။ အကြောင်းမှာ ထိုသို့သောလူတို့သည် အစွမ်းအစ ညံ့ဖျင်းကြသောကြောင့်၊ အတွေးတွင် နားဝေတိမ်တောင်ဖြစ်ကာ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် ၎င်းတို့အတွက် အလွန်ခက်ခဲလှသည်။ ရိုးရှင်းသော အထွေထွေ အလုပ်အချို့ကို လုပ်ဆောင်နိုင်ခြင်းမှလွဲ၍၊ ဤခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏ ပဓာနကျသော အလုပ်နှင့်ဆက်စပ်သည့် မည်သည့်အရာကိုမျှ လုပ်ဆောင်နိုင်စွမ်းမရှိသည့်အပြင်၊ အလုပ်ထဲရှိ မည်သည့်စစ်မှန်သော ပြဿနာကိုမျှ ၎င်းတို့ မမြင်နိုင် သို့မဟုတ် မဖြေရှင်းနိုင်ကြပေ။ ဤသို့သော အစွမ်းအစရှိသည့် ဤကဲ့သို့သော ခေါင်းဆောင်မျိုးသည် ပျိုးထောင်ရန် ထိုက်တန်နိုင်သလော။ အရှုပ်အထွေးများ သို့မဟုတ် အခက်အခဲများဟူသည်မှာ အဘယ်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိကြသည့်အပြင်၊ စည်းမျဉ်းများအတိုင်း ထိုအရာများကို ကိုင်တွယ်ခြင်းအား သာ၍ပင် စံမမီကြပေ။ အသင်းတော်အလုပ်၌ ကြုံတွေ့ရသော ပြဿနာများသည် အလွန်အဖြစ်များသော ပြဿနာများဖြစ်လျှင်ပင်၊ ၎င်းတို့သည် ထိုပြဿနာများကို အကျဉ်းချုပ်ပြီး အမျိုးအစားခွဲခြားနိုင်ခြင်း မရှိသေးသည့်အပြင်၊ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့ မိတ်သဟာယဖွဲ့ရမည်ကိုလည်း ၎င်းတို့ မသိကြပေ။ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစားသည် အသင်းတော်၌ မကြာခဏ ပေါ်ပေါက်တတ်သော ဤပြဿနာများကို လုံးဝ ကိုင်တွယ်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းနိုင်ခြင်း မရှိကြပေ။ ၎င်းတို့၏ အကြီးမားဆုံးသော ပြဿနာမှာ အဖိုးအခပေးရန် မလိုလားခြင်း သို့မဟုတ် အလုပ်များပြီး ပင်ပန်းနွမ်းနယ်မည်ကို ကြောက်ရွံ့ခြင်းမဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့က ညံ့ဖျင်းသော အစွမ်းအစ၊ မရှင်းလင်းသော စိတ်ရှိခြင်းဖြစ်ပြီး အသင်းတော်၏ အရေးကြီးသောအလုပ်နှင့် စစ်မှန်သောအလုပ်ကို မလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုအစား ၎င်းတို့သည် အထွေထွေ အလုပ်အချို့ကို လုပ်ဆောင်ခြင်း သို့မဟုတ် မဆီလျော်သော အရာအချို့ကို စိတ်ဝင်စားခြင်းအား နှစ်သက်ပြီးနောက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အခန်းကဏ္ဍတွင် ပါဝင်လိုကြသည်။ ၎င်းတို့သည် အလွန်ကြီးမားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများရှိသည့် နားဝေတိမ်တောင်ဖြစ်သော လူများဖြစ်ကြသည် မဟုတ်လော။ အစွမ်းအစ ညံ့ဖျင်းသော ခေါင်းဆောင်များသည် ဧဝံဂေလိ ဖြန့်ဝေခြင်းအလုပ်၊ အသင်းတော်ရှိ ယုံကြည်သူအသစ်များကို ရေလောင်းခြင်းအလုပ်၊ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ်၊ စာနှင့်ပတ်သက်သောအလုပ်နှင့် အဆင့်အသီးသီးရှိ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်သော ဝန်ထမ်းရေးရာအလုပ်တို့ကဲ့သို့သော သမ္မာတရား စည်းမျဉ်းများပါဝင်သည့် အလုပ် သို့မဟုတ် ခက်ခဲရှုပ်ထွေးသော အတတ်ပညာဆိုင်ရာအလုပ်ဖြစ်သည့် အသင်းတော်၏ အဓိကအလုပ်ကို တညီတညာတည်း မလုပ်ဆောင်နိုင်ကြပေ။ အဘယ်ကြောင့် ၎င်းတို့သည် ဤအလုပ်ကို မလုပ်ဆောင်နိုင်ကြသနည်း။ အကြောင်းမှာ ၎င်းတို့၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းပြီး စည်းမျဉ်းများကို ၎င်းတို့ မသဘောပေါက်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ဤအလုပ်အားလုံးကို တညီတညာတည်း စံမမီကြသည့်အပြင် မည်သို့လုပ်ဆောင်ရမည်ကို သင်ယူနိုင်စွမ်း မရှိကြပေ။ ဥပမာအားဖြင့်၊ ဤကဲ့သို့သော ခေါင်းဆောင်တစ်ဦးကို လူငါးဦးပေးထားပြီး ဤလူငါးဦးအား ၎င်းတို့၏ ပညာအရည်အချင်း၊ အစွမ်းအစ၊ အားသာချက်များနှင့် ကိုယ်ကျင့်စရိုက်တို့ကို အခြေခံ၍ အလုပ်ခွဲဝေပေးရန် စေခိုင်းထားသည်ဆိုပါစို့။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသော အလုပ်တာဝန်တစ်ခုဖြစ်သလော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အစွမ်းအစနှင့် သက်ဆိုင်မှု တစ်ခုတလေ ရှိသလော။ (ရှိပါသည်။) သာမန်အစွမ်းအစရှိသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် လူငါးဦးကို အချိန်တစ်ခုကြာ စောင့်ကြည့်လေ့လာခြင်း၊ ပေါင်းသင်းဆက်ဆံခြင်းနှင့် သိကျွမ်းခြင်းတို့ ပြုလုပ်ပြီးနောက် အတော်အတန် မှန်ကန်တိကျစွာ အလုပ်ခွဲဝေပေးလိမ့်မည်။ အစွမ်းအစ ညံ့ဖျင်းသော ခေါင်းဆောင်များနှင့် အမှုဆောင်များကမူ လူငါးဦးသည် အလွန်များလွန်းသည်ဟု ထင်လိမ့်မည်။ လူအလွန်များသည့်အခါ ၎င်းတို့ စိတ်ရှုပ်ထွေးလာကြပြီး ၎င်းတို့အား အလုပ်မည်သို့ ခွဲဝေပေးရမည်ကို မသိကြသည့်အပြင်၊ ၎င်းတို့အား အလုပ်ခွဲဝေပေးလျှင်ပင် သင့်လျော်သောနည်းလမ်းဖြင့် လုပ်ဆောင်နေခြင်း ဟုတ်မဟုတ်ဟူသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် သိမည်မဟုတ်ပေ။ ဤသည်မှာ ဝန်ထမ်းရေးရာ ကဏ္ဍအရ ဖြစ်သည်။ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့်ပတ်သက်၍မူ၊ ဥပမာအားဖြင့်၊ အကယ်၍ ၎င်းတို့သည် ကိစ္စရပ်နှစ်ခု သို့မဟုတ် သုံးခုကို တစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါက၊ ဤကိစ္စရပ်များကြားရှိ ဆက်နွှယ်မှုအား မည်သို့ အကဲဖြတ်ပြီး ပိုင်းခြားသိမြင်ရမည်ကို ၎င်းတို့ သိမည်မဟုတ်သည့်အပြင်၊ မည်သည့်ပြဿနာကို ဦးစွာဖြေရှင်းသင့်ပြီး မည်သည့်ပြဿနာကို နှောင့်နှေးမှုတစ်ခုတလေ မရှိဘဲ နောက်မှ ဖြေရှင်းနိုင်သည်ကိုလည်း ၎င်းတို့ ချိန်ဆနိုင်ကြလိမ့်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ၎င်းတို့သည် ကောင်းကျိုးနှင့် ဆိုးကျိုးများအား မည်သို့ ချိန်ဆရမည်ကို မသိကြပေ။ အရေးကြီးမှုနှင့် အရေးပေါ်ဖြစ်မှု အစဉ်လိုက်အတိုင်း တာဝန်များအား မည်သို့ ဦးစားပေးရမည်ကို ၎င်းတို့ မသိကြသည့်အပြင်၊ ပြဿနာများအား မည်သို့ ဖြေရှင်းရမည်ကိုလည်း ၎င်းတို့ မသိကြပေ။ သို့သော်လည်း၊ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်သောကြောင့်၊ တစ်စုံတစ်ခုကို နားမလည်သော်လည်း၊ နားလည်သယောင် ဟန်ဆောင်ရမည်ဖြစ်ပြီး၊ တစ်စုံတစ်ခုကို သဘောမပေါက်လျှင်ပင် သဘောပေါက်သယောင် ဟန်ဆောင်ရမည်ဖြစ်ကာ၊ ကြံ့ကြံ့ခံပြီး နားဝေတိမ်တောင်ဖြစ်ဖို့ အယူဝါဒအချို့ကို ဟောပြောကာကြားကောင်းပုံရသည့် စကားအနည်းငယ်ကို ပြောပြီး ကိစ္စရပ်များကို အလျင်အမြန် အဆုံးသတ်ရန်မှလွဲ၍ ၎င်းတို့ လုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ ၎င်းတို့ပြောဆိုသည့်အရာသည် မှန်တိကျခြင်း ရှိမရှိ၊ စည်းမျဉ်းများနှင့် ကိုက်ညီခြင်း ရှိမရှိ၊ ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ အပြည့်အဝ ရှင်းလင်းစွာ သိကြသော်လည်း၊ အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်အောင်သာ လုပ်ချင်ကြလေသည်။ မိမိတို့လုပ်ဆောင်နေသည့်အရာဖြင့် ပြဿနာများအား ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ၎င်းတို့ ကောင်းစွာ သိကြသော်လည်း၊ ပြဿနာများကို အထက်သို့ သတင်းမပို့ကြသေးသည့်အပြင်၊ ထိုသို့ဖြင့် အလုပ်ကို နှောင့်နှေးသွားစေပြီး ၎င်းတို့ ဖြုတ်ချခြင်းခံကြရသည်။ ငါ့ကို ပြောလော့၊ ဤလူတို့သည် လူမိုက်များဖြစ်ကြသည် မဟုတ်လော။အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို သတင်းပို့သည့်အခါ၊ ၎င်းတို့သည် လက်ရှိယနေ့ထိ ဖြစ်ပျက်ခဲ့ပြီးသော အရေးမပါသည့် အဖြစ်အပျက်ဟောင်းများအားလုံးကို ပြန်ပြောပြကြပြီး၊ ၎င်းတို့ ကိစ္စများစွာ ပြောပြီးသည့်နောက်တွင်ပင်၊ မည်သည့်ပြဿနာများ ရှိနေသည်ကို သင်တို့က ၎င်းတို့ကို ကူညီ၍ စိစစ်ကာ အကဲဖြတ်ပေးရဦးမည် ဖြစ်သည်။ ၎င်းတို့သည် အရေးကိစ္စတစ်ခုကို မည်သို့တင်ပြရမည်ကိုပင် နားမလည်ကြသည့်အပြင်၊၊ အရေးကိစ္စတစ်ခု၏ အဓိကအချက်နှင့် အနှစ်သာရက အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ မရှင်းပြဘဲ နာရီပေါင်းများစွာ စကားပြောနိုင်သည်။ ၎င်းတို့ပြောသမျှသည် အပေါ်ယံအဆင့်ရှိသည့် အရာများနှင့်သာ ဆက်စပ်ပြီး အဓိပ္ပာယ်မရှိသော စကားများစွာသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ အရည်အသွေး အလွန်ညံ့ဖျင်းပြီး ကျပ်မပြည့်ခြင်းဖြစ်သည် မဟုတ်လော။ အစွမ်းအစရှိသော လူတို့သည် ဤအရာများကို နားထောင်ရန် လိုလားနေကြသလော။ ၎င်းတို့ စကားပြောနေသည့်သူက ၎င်းတို့ သတင်းပို့နေသည့်လူ၏ လက်ရှိအခြေအနေနှင့် သရုပ်သကန်များက အဘယ်အရာဖြစ်သည်၊ ၎င်းတို့ မည်သည့်အခြေအနေနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးနေပြီး မဖြေရှင်းနိုင်သည်ဟူသည်တို့ကို သိလိုခြင်းသာ ဖြစ်သည်။ သို့သော်လည်း၊ ဤလူတို့သည် ထိုလူက အတိတ်တွင် မည်သည့်အလုပ်အား လုပ်ဆောင်ခဲ့သည်ကို အမြဲပြောကြပြီး၊ ထိုလူ၏ လက်ရှိအခြေအနေကို မပြောကြသည့်အပြင်၊ မိမိတို့ကိုယ်တိုင် မည်သည့်အရှုပ်အထွေးများနှင့် ပြဿနာများ ရှိသည်ကိုလည်း မပြောကြပေ။ ၎င်းတို့သည် ကိစ္စများစွာ ပြောကြပြီး၊ ၎င်းတို့ အတိအကျ ဘာပြောနေသည်ကို မည်သူမျှ မခွဲခြားနိုင်ပေ။ ၎င်းတို့သည် မေးခွန်းတစ်ခု မေးလိုလျှင်ပင်၊ မည်သည့်နေရာမှ စရမည်ကို မသိပေ။ ထိရောက်နိုင်ပြီး လူတို့ကို နားလည်စေမည့် နည်းလမ်းဖြင့် မည်သို့ ဖော်ပြရမည်ကို ၎င်းတို့ မသိကြပေ၊ ၎င်းတို့တွင် မိမိတို့၏ အသုံးအနှုန်းကို ဖွဲ့စည်းနိုင်စွမ်းပင် မရှိကြပေ။ ဤသည်မှာ အလွန့်အလွန် ညံ့ဖျင်းသော အစွမ်းအစရှိခြင်း၏ သရုပ်သကန်တစ်ခု မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်အချို့သည် အစွမ်းအစ ညံ့ဖျင်းကြပြီး၊ အရေးကိစ္စတစ်ခုကို ၎င်းတို့ သတင်းပို့သည့်အခါ၊ အဓိပ္ပာယ်မရှိသည့်အပြင် နားမလည်နိုင်သော စကားများစွာကို ပြောကြပြီးနောက်၊ “သင်တို့ကို လုံလောက်သည့် သတင်းအချက်အလက် ပမာဏ ငါ ပေးပြီးပြီ၊ မှန်သလော။ ဤအရေးကိစ္စနှင့်ပတ်သက်၍ အတိတ်နှင့် ပစ္စုပ္ပန် အရာရာတိုင်းကို ငါ ပြောပြပြီးပြီ၊ ထို့ကြောင့် ငါ မည်သည့် မေးခွန်းမေးချင်သည်ကို သင်တို့ ယခု မပြောနိုင်ကြသလော”ဟု စဉ်းစားကြသည်။ ၎င်းတို့ကို မည်သည့်အရာ သင်တို့ မေးပါစေ၊ မည်သို့ပင် လမ်းညွှန်ပါစေ၊ မည်သည့်အရာ ပြောရမည်ကို ၎င်းတို့ မသိကြသည့်အပြင်၊ အရေးကိစ္စ၏ အဓိကအချက်ကို လုံးဝ မပြောနိုင်ကြပေ။ ယင်းမှာ ၎င်းတို့က မိမိတို့ကိုယ်ကို ဖော်ပြရန် စကားလုံးများ မရှိခြင်း သို့မဟုတ် ပညာအရည်အချင်း နိမ့်ကျခြင်း မဟုတ်ဘဲ၊ ထို့ထက် ၎င်းတို့၏ အစွမ်းအစ ညံ့ဖျင်းပြီး ဦးနှောက်မရှိခြင်းဖြစ်သည်။ ထို့ကြောင့် ဤအရာများအား မည်သို့ ဖော်ပြရမည်ကို ၎င်းတို့ မသိကြ၊ ၎င်းတို့၏ စိတ်များက နားဝေတိမ်နောင်ဖြစ်နေပြီး အခြားသူများက ၎င်းတို့ကို နားလည်နိုင်ရန်အလို့ငှာ မိမိတို့ကိုယ်ကို ရှင်းလင်းစွာ မရှင်းပြနိုင်ကြပေ။ ၎င်းတို့တွင် ဝန်တာစိတ်တစ်ခုခုရှိကြပြီး၊ အချိန်ကြာလာသည်နှင့်အမျှ၊ အချို့သော အရေးကိစ္စများအပေါ် အသိအချို့ ရှိလာကြသော်လည်း၊ မည်သို့ ဖော်ပြရမည်ကို မသိကြ၊ အရေးကိစ္စများကို အကျဉ်းချုပ်ရန် မဆိုထားနှင့်၊ အရေးကိစ္စများ၏ အနှစ်သာရက အဘယ်အရာဖြစ်သည်ကို ၎င်းတို့ သဘောမပေါက်နိုင်ကြပေ။ ဤမျှ အစွမ်းအစ ညံ့ဖျင်းသော လူတို့သည် အလုပ်လုပ်နိုင်ကြသလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ကြသလော။ မဖြည့်ဆည်းနိုင်ကြပေ။ သင်သည် ၎င်းတို့အား အချိန်နှင့် အခွင့်အရေးများပေးပြီး ပြဿနာများကို သတင်းပို့ရန်နှင့် ဖော်ပြရန် ခွင့်ပြုလျှင်ပင်၊ ၎င်းတို့ မလုပ်ဆောင်နိုင်ကြပေ။ သို့ဆိုလျှင် သင်သည် ထိုသို့သောလူတို့နှင့် စကားစမြည်ပြောဆိုနိုင်သေးသလော။ ၎င်းတို့ကို အသုံးပြုနိုင်သေးသလော။ (အသုံးမပြုနိုင်ပါ။) အဘယ်ကြောင့် ၎င်းတို့ကို အသုံးပြု၍မရနိုင်သနည်း။ ၎င်းတို့သည် စကားကို ရှင်းလင်းစွာပင် မပြောနိုင်ကြသည့်အပြင်၊ မိမိတို့၏ အတွေးအခေါ်များ၊ စိတ်ကူးများနှင့် သဘောထားများကို ဖော်ပြရန် ဘာသာစကားကို အသုံးပြုရမည့် လူသားတစ်ဦး၏ အနိမ့်ဆုံးသော ပင်ကိုအသိစိတ်ပင် မရှိကြပေ။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အလုပ်ကို လုပ်နိုင်ကြသနည်း။ ၎င်းတို့တွင် အားသာချက်အချို့၊ စစ်မှန်သော စိတ်အားထက်သန်မှု၊ တာဝန်ယူစိတ် အနည်းငယ်နှင့် အတော်လေး ဖြောင့်မှန်သော စိတ်နှလုံး ရှိကောင်းရှိနိုင်သော်လည်း၊ ၎င်းတို့၏ အစွမ်းအစကအလွန်ညံ့ဖျင်းသည်။ သင် မည်သို့ပင် သင်ကြားပေးပါစေ ၎င်းတို့ မည်သည့်အရာကိုမျှ မသင်ယူနိုင်ကြသည့်အပြင်၊ မည်သို့ စကားပြောရမည်ကို ၎င်းတို့အား သင်ကြားပေးလျှင်ပင် ၎င်းတို့ သဘောပေါက်နိုင်မည် မဟုတ်သဖြင့် သင်တို့ စိတ်တိုပြီး ဒေါသထွက်လာလိမ့်မည်။ ၎င်းတို့ စကားပြောသည့်အခါ၊ သင့်ကို စိတ်ရှုပ်ထွေးသွားစေလျက်၊ ကမောက်ကမဖြစ်အောင် ပြောဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မပြောနိုင်သည့်အပြင်၊ ၎င်းတို့ပြောဆိုသည့်အရာသည် အဓိပ္ပာယ်မရှိသော စကားများသာ ဖြစ်သည်။ ၎င်းတို့နှင့်ပတ်သက်၍ အသနားစရာအကောင်းဆုံးအရာမှာ ၎င်းတို့သည် လူဘာသာစကားကို နားမလည်သည့်တိုင် ကြောင်းကျိုးမမြင်ဘဲ ဆက်လက်ပြုမူနေကြဆဲ၊ မိမိတို့ကိုယ်ကို အရည်အချင်းရှိသည်ဟု ထင်နေကြဆဲဖြစ်ပြီး ၎င်းတို့ကို သင် ပြုပြင်သည့်အခါ အာခံကြခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်နည်း။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အစွမ်းအစသည် ဘာသာစကားဖြင့် မိမိတို့ကိုယ်ကို ဖော်ပြနိုင်စွမ်းမရှိအောင်ပင် ညံ့ဖျင်းနေသည့်အခါ၊ ၎င်းတို့သည် အလုပ်၌ အရည်အချင်းပြည့်မီနိုင်သေးသလော။ (မပြည့်မီနိုင်ပါ။) ၎င်းတို့၏ အလုပ်၌ အရည်အချင်းမပြည့်မီခြင်းက အဘယ်အရာကို ညွှန်ပြသနည်း။ ယင်းက ၎င်းတို့သည် အလုပ်၌ ကြုံတွေ့ရသော အခက်အခဲများနှင့် ပြဿနာများကို ချက်ချင်း တွေ့ရှိနိုင်စွမ်းမရှိကြောင်းကို ညွှန်ပြပြီး၊ အလုပ်၌ မည်သည့်အရေးကိစ္စများ ပေါ်ပေါက်သည်ဖြစ်စေ၊ ထိုအရာများကို ဘယ်သောအခါမျှ ချက်ချင်း မဖြေရှင်းနိုင်သည့်အပြင်၊ အထက်သို့ ချက်ချင်း သတင်းပို့ပြီး အထက်ထံမှ ဖြေရှင်းနည်းများကို ရှာဖွေနိုင်ခြင်းလည်း မရှိကြောင်းကို ညွှန်ပြသည်။ ဤသည်မှာ ၎င်းတို့အတွက် အလွန်ခက်ခဲပြီး၊ ၎င်းတို့ လုပ်ဆောင်နိုင်စွမ်းမရှိပေ။ အစွမ်းအစ ညံ့ဖျင်းသည့် ဤသို့သောလူတို့နှင့်ပတ်သက်လာသည့်အခါ၊ ဤအလုပ်သည် ၎င်းတို့အတွက် အလွန့်အလွန် ခက်ခဲသည်။ ယင်းမှာ ငါးတစ်ကောင်ကို ကုန်းပေါ်တွင် အတင်းအကျပ် နေခိုင်းသကဲ့သို့ သို့မဟုတ် ဝက်တစ်ကောင်ကို အတင်းအကျပ် ပျံသန်းခိုင်းသကဲ့သို့ ဖြစ်သည်၊ ဤအလုပ်ကို လုပ်ဆောင်ခြင်းသည် ၎င်းတို့အတွက် အလွန်ပင်ပန်းလှပေသည်။

အချို့က “ကျွန်ုပ်သည် ထိုလူများအတွက် စိတ်မကောင်းဖြစ်မိပါသည်။ သူတို့သည် အလုပ်မျိုးစုံကို ကိုင်တွယ်လျက် ဟိုဒီ အလွန်အလုပ်ရှုပ်နေကြပြီး သူတို့၏ အစွမ်းအစ ညံ့ဖျင်းခြင်းကြောင့် အယောင်ဆောင် ခေါင်းဆောင်များအဖြစ် သတ်မှတ်ခံလိုက်ရသည်။ သို့ဆိုလျှင် ယင်းမှာ သူတို့ ခံစားခဲ့ရသော ဆင်းရဲဒုက္ခအားလုံးက အချည်းနှီးဖြစ်သွားပြီဟု ဆိုလိုသလော။ ဤသည်မှာ လူများကို မတရားသဖြင့် ဆက်ဆံခြင်း မဟုတ်လော”ဟု ပြောဆိုကြသည်။ အယောင်ဆောင် ခေါင်းဆောင်များကို ဖြုတ်ချခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများနှင့် အသင်းတော်၏ အလုပ်အတွက် တာဝန်ယူခြင်းကို ဆိုလိုသည်။ သို့ဖြစ်၍ ယင်းမှာ လူများကို မတရားသဖြင့် ဆက်ဆံခြင်း မည်သို့ဖြစ်နိုင်မည်နည်း။ သင်က အယောင်ဆောင် ခေါင်းဆောင်များကို ခေါင်းဆောင်များအဖြစ် ၎င်းတို့၏ အခန်းကဏ္ဍတွင် မရမက ဆက်လက်ခွင့်ပြုနေမည်ဆိုလျှင် ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေခြင်းသည် လူများကို မတရားသဖြင့် ဆက်ဆံခြင်း မဟုတ်ဟု သင်ဆိုလိုသလော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ဖြုတ်ချခြင်းအားဖြင့် ဘုရားအိမ်တော်သည် ထိုအယောင်ဆောင် ခေါင်းဆောင်ကို ပြစ်တင်ရှုတ်ချနေခြင်း မဟုတ်သည့်အပြင်၊ ထိုအယောင်ဆောင် ခေါင်းဆောင်ကို ငရဲသို့ ပို့နေခြင်းလည်း မဟုတ်ဘဲ၊ ထိုအစား ထိုသူအား ကယ်တင်ခြင်းကို ရရှိရန် အခွင့်အရေးတစ်ခု ပေးနေခြင်း ဖြစ်သည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေပါက ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ၎င်းတို့၏ နောက်ဆုံးအဆုံးသတ်သည် အဘယ်အရာဖြစ်လိမ့်မည်နည်း။ သင်သည် ဤပြဿနာကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် မစဉ်းစားသနည်း။ ထို့အပြင် ဘုရားသခင်ကို ယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းသည် ရှေ့ဆက်ရန် တစ်ခုတည်းသော နည်းလမ်း မဟုတ်သည်မှာ သေချာသလော။ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦးမဟုတ်ပါက လုပ်ဆောင်ရန် အခြားတာဝန်များ မရှိလေသလော။ ခေါင်းဆောင်များမဟုတ်သည့်အပြင် ညံ့ဖျင်းသော အစွမ်းအစကို ပိုင်ဆိုင်သူများအတွက် ရှင်သန်ရန် လမ်းကြောင်းမရှိသလော။ (မဟုတ်ပါ၊ ယင်းမှာ မမှန်ပါ။) သို့ဆိုလျှင် လက်တွေ့လုပ်ဆောင်ခြင်း၏ လမ်းကြောင်းမှာ အဘယ်နည်း။ ယခု ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးနေသည့်အရာမှာ အစွမ်းအစညံ့ဖျင်းသော ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစား၌ ရှိသော သရုပ်သကန်များနှင့် ပြဿနာများ ဖြစ်သည်။ ငါတို့သည် ၎င်းတို့ကို ပြစ်တင်ရှုတ်ချနေခြင်း သို့မဟုတ် ကျိန်ဆဲနေခြင်းမဟုတ်၊ ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးနေခြင်းသာ ဖြစ်သည်။ ၎င်းတို့ကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ ဤလူအမျိုးအစားအား မိမိတို့ကိုယ်ကို တိကျမှန်ကန်စွာသိရှိစေပြီး မိမိဦးတည်ရာဖော်ထုတ်စေရန်၊ မိမိတို့၏ အတိုင်းအတာကို သိစေရန်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များဟူသည်မှာ အဘယ်အရာဖြစ်သည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက မည်သည့်အလုပ်ကို လုပ်ဆောင်သင့်သည်ဟူသည်တို့ကို တိကျစွာ နားလည်စေရန်နှင့် ထို့နောက်တွင် ၎င်းတို့က ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် သင့်တော်ခြင်း ရှိမရှိဟူသည်ကို သိမြင်ဖို့အတွက် ဤအရာများကို မိမိတို့ကိုယ်တိုင်နှင့် နှိုင်းယှဉ်ကြည့်စေရန် ဖြစ်သည်။ သင်၏ အစွမ်းအစသည် အမှန်တကယ် ညံ့ဖျင်းသည်မှာ သင်သည် စကားအသုံးအနှုန်းဖြင့် မိမိကိုယ်ကို ဖော်ပြနိုင်စွမ်းမရှိသည်အထိ၊ သို့မဟုတ် သင်၏ အတွေးအခေါ်များနှင့် အမြင်များကို ဖော်ပြနိုင်စွမ်းမရှိသည်အထိ၊ သို့မဟုတ် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်စွမ်းမရှိသည်အထိဖြစ်ပါက၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ပေ၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် အရည်အချင်းမပြည့်မီသည့်အပြင်၊ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး၏ အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိပေ။ သင်သည် အစွမ်းအစညံ့ဖျင်းသည့်အတွက်၊ ဤသို့သော မိမိကိုယ်ကို သတိပြုမိခြင်းမျိုး ရှိရမည်ဖြစ်သည်။ အချို့လူများက “ကျွန်ုပ်၏ အစွမ်းအစက ညံ့ဖျင်းသည်၊ ကောင်းပြီ၊ သို့ဆိုလျှင် ဘာဖြစ်သနည်း။ ကျွန်ုပ်၌ ကောင်းသော လူ့သဘာဝရှိသည်၊ ထို့ကြောင့် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်သင့်သည်”ဟု ပြောဆိုကြသည်။ ဤသည်မှာ စည်းမျဉ်းဖြစ်သလော။ အခြားသူများက “ကောင်းသော လူ့သဘာဝရှိသည့်အပြင် ကျွန်ုပ်သည် ဆင်းရဲဒုက္ခကို ခါးစည်းခံကာ အဖိုးအခကို ပေးဆပ်ရန် လိုလားနေခြင်းလည်း ရှိသည်၊ ကျွန်ုပ်သည် တရားဒေသနာများကို ဟောပြောနိုင်သည်၊ ကျွန်ုပ်၏ ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်တစ်ခုရှိပြီး၊ ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ထောင်ချခံရပြီးဖြစ်သည်။ ဤအရာများသည် ကျွန်ုပ်အား ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်စေရန်အတွက် အရင်းအနှီးများအဖြစ် သတ်မှတ်၍မရသလော”ဟု ပြောဆိုကြသည်။ လူတစ်ဦးသည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် အရင်းအနှီးရှိရမည်ဟူသည်မှာ သမ္မာတရားဖြစ်သလော။ (မဟုတ်ပါ။) ယခု ငါတို့ ဆွေးနွေးနေသည့်အရာမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဖြစ်ပြီး ဤအကြောင်းအရာအတွင်း၌ ငါတို့သည် အစွမ်းအစနှင့်ဆိုင်သည့် ပြဿနာအကြောင်းကို ပြောဆိုနေခြင်း ဖြစ်သည်။ သင်၏ အစွမ်းအစသည် ညံ့ဖျင်းပြီး သင်သည် ဤတာဝန်ဝတ္တရားများကို မဖြည့်ဆည်းနိုင်ပါက သင်၌ ရှိသင့်သော မိမိကိုယ်ကို သတိပြုမိခြင်းမှာ “ကျွန်ုပ်၌ ဤအစွမ်းအစမရှိသည့်အပြင်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး မဖြစ်နိုင်ပါ။ ကျွန်ုပ်၌ မည်သည့်အရင်းအနှီးရှိသည်ဖြစ်စေ အသုံးမဝင်ပါ”ဟူ၍ ဖြစ်သည်။ သင်သည် ကောင်းသော လူ့သဘာဝရှိသည်ဟုလည်းကောင်း၊ သင်သည် ယုံကြည်စိတ်ချရသည်ဟုလည်းကောင်း၊ သင်သည် ဆင်းရဲဒုက္ခကို ခါးစည်းခံရန် စိတ်ပိုင်းဖြတ်ချက်ရှိသည်ဟုလည်းကောင်း၊ သင်သည် အဖိုးအခကို ပေးရန် လိုလားနေသည်ဟုလည်းကောင်း ပြောဆိုသည်၊ သို့ဆိုလျှင် ဘုရားအိမ်တော်သည် သင့်ကို မတရားသဖြင့် ဆက်ဆံလေပြီလော။ ဘုရားအိမ်တော်သည် လူတိုင်းကို အကောင်းဆုံးအသုံးချပြီး တစ်ဦးချင်းစီအတွက် အံဝင်ခွင်ကျဖြစ်စေရန် အတိအကျ စီစဉ်ပေးသည့်နည်းလမ်းဖြင့် လူတို့ကို အသုံးပြုသည်။ သင်၌ ကောင်းသော လူ့သဘောဝရှိသော်လည်း သင်၏ အစွမ်းအစက ညံ့ဖျင်းပါက၊ သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် အစွမ်းရှိသမျှဖြင့် ကောင်းစွာ ထမ်းဆောင်သင့်သည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရရန်အလို့ငှာ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်ရမည်ဟု မဆိုလိုပေ။ သင့်ဘာသာ ဒုက္ခခံလိုစိတ်ပင်ရှိသော်လည်း ခေါင်းဆောင်တစ်ဦးအနေဖြင့် ဒုက္ခခံရမည့်နည်းလမ်းဖြက့် သင့်ဘာသာ ဒုက္ခမခံနိုင်သည့်အပြင်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် သင့်၌ ရှိသင့်သော အစွမ်းအစကို သင်မပိုင်ဆိုင်ဘဲ ယင်းကို စံမမီလျှင်၊ သင် မည်သည့်အရာကို လုပ်ဆောင်နိုင်သနည်း။ မိမိကိုယ်ကို အတင်းအကျပ်မပြုနှင့် သို့မဟုတ် မိမိကိုယ်ကို အခက်တွေ့အောင် မလုပ်နှင့်။ သင်သည် ၂၅ ကီလိုကို သယ်နိုင်ပါက ၂၅ ကီလိုသာ သယ်လော့။ “၂၅ ကီလိုက မလုံလောက်ပါ။ ကျွန်ုပ် ပို၍ပင် သယ်ချင်သည်။ ကျွန်ုပ် ကီလို ၅၀ သယ်ချင်သည်။ ပင်ပန်းနွမ်းနယ်၍ သေသွားလျှင်ပင် ယင်းကို လုပ်လိုစိတ်ရှိသည်”ဟု ပြောဆိုလျက်၊ သင်၏ အကန့်အသတ်များကို ကျော်လွန်၍ မိမိကိုယ်ကို တွန်းအားပေးခြင်းဖြင့် ကြွားဝါရန် မကြိုးစားနှင့်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် အရည်အချင်းမပြည့်မီသော်လည်း၊ သင်သည် ကြွားဝါရန် သင်၏ အကန့်အသတ်များကို ကျော်လွန်၍ မိမိကိုယ်ကို တွန်းအားအေးနေဆဲဖြစ်လျှင်၊ သင်သည် ပင်ပန်းနွမ်းနယ်သွားမည် မဟုတ်သော်လည်း၊ သင်သည် အသင်းတော်အလုပ်ကို နှောင့်နှေးမှုများ ဖြစ်စေလိမ့်မည်၊ သင်သည် အလုပ်၏ တိုးတက်မှုနှင့် ထိရောက်မှုကို ထိခိုက်စေလိမ့်မည်ဖြစ်ပြီး၊ လူများစွာ၏ အသက်တိုးတက်မှုကို နှောင့်နှေးစေလိမ့်မည်၊ ဤသည်မှာ သင် မထမ်းဆောင်နိုင်သည့် တာဝန်ဖြစ်ပေသည်။ သင်သည် အစွမ်းအစမလုံလောက်သောကြောင့်၊ သင်၌ မိမိကိုယ်ကို သတိပြုမိခြင်းရှိပါက၊ သင်သည် နုတ်ထွက်ရန် တက်ကြွစွာ ကမ်းလှမ်းသင့်ပြီး ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် သင့်ထက် ပို၍တာဝန်ယူတတ်သော၊ သမ္မာတရားကို ချစ်မြတ်နိုးသည့် အစွမ်းအစကောင်းသူတစ်ဦးကို အမည်စာရင်းတင်သွင်းသင့်သည်။ ဤသည်မှာ လုပ်ဆောင်ရန် သင့်တင့်လျောက်ပတ်သောအရာ ဖြစ်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် အမှန်တကယ် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသူတစ်ဦး၊ သမ္မာတရားကို အမှန်တကယ် နားလည်ပြီး လက်တွေ့လုပ်ဆောင်သူတစ်ဦး ဖြစ်ပေမည်။ သင်သည် ခေါင်းဆောင်မှုအလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိသောကြောင့် သင်၏ရာထူးမှ နုတ်ထွက်ပြီးနောက် သင့်နှင့်သင့်တော်သော တာဝန်တစ်ခုကို ရွေးချယ်ကာ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ခံရနိုင်ရန်အလို့ငှာ သင်၏ သစ္စာစောင့်သိမှုကို ဆက်ကပ်ပါက၊ သင်သည် ထူးကဲစွာ ထက်မြက်သောသူတစ်ဦး ဖြစ်သည်။ သင်က “ကျွန်ုပ်သည် အစွမ်းအစညံ့ဖျင်းသော်လည်း၊ ကောင်းသော လူ့သဘာဝရှိသည်။ ကျွန်ုပ်သည် မိမိဘာသာ ဒုက္ခခံလိုစိတ်ရှိသည်၊ ဆင်းရဲဒုက္ခကို ခါးစည်းခံပြီး အဖိုးအခကို ပေးဆပ်လိုစိတ်ရှိသည်။ ကျွန်ုပ်၌ စိတ်ပိုင်းဖြတ်ချက်ရှိသည်၊ ကျွန်ုပ်လုပ်ဆောင်သမျှအရာရာ၌ သင်တို့အားလုံးထက် ပို၍ခံနိုင်ရည်ရှိသည်၊ ပြီးလျှင် ကျွန်ုပ်သည် စိတ်သဘောထားကြီးပြီး ပြုပြင်ခြင်း သို့မဟုတ် စမ်းသပ်ခံရခြင်းကို မကြောက်ပါ။ ကျွန်ုပ်၏ အစွမ်းအစက အနည်းငယ် ညံ့ဖျင်းလျှင်ပင်၊ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်နိုင်သေးသည်”ဟု အမြဲတစေ တွေးထင်နေသည်။ ညံ့ဖျင်းသော အစွမ်းအစရှိခြင်းသည် ပြဿနာမဟုတ်ပေ။ ဤသည်မှာ သင့်ကို ပြစ်တင်ရှုတ်ချခြင်းအဖြစ် ရည်ရွယ်ခြင်းမဟုတ်။ သင့်ကို အမျိုးအစားခွဲခြားရန်နှင့် သင်ဘာလုပ်နိုင်သည်၊ မည်သည့်တာဝန်မျိုးနှင့် သင့်တော်သည်ဟူသည်တို့ကို ရှင်းရှင်းလင်းလင်း နားလည်စေရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ သို့သော်လည်း လက်ရှိပြဿနာမှာ သင်၏ အစွမ်းအစသည် ညံ့ဖျင်းပြီး သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်နိုင်စွမ်းမရှိခြင်းပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးဖြစ်သော်လည်း၊ ဤအလုပ်ကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်းမရှိသည့်အပြင်၊၊ သင်လုပ်ဆောင်နိုင်သမျှမှာ အလုပ်ကို ဖရိုဖရဲဖြစ်စေခြင်းသာ ဖြစ်သည်။ သင်၌ ကောင်းသော လူ့သဘာဝရှိပါက၊ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိပြီး၊ သင့်ကိုယ်သင် ဒုက္ခခံကာ အဖိုးအခကို ပေးဆပ်လိုစိတ်ရှိပါက၊ သင်လုပ်ဆောင်ရန် သင့်တော်သော အလုပ်တစ်ခုနှင့် သင်ထမ်းဆောင်သင့်သော တာဝန်တစ်ခု ရှိလိမ့်မည်ဖြစ်ပြီး၊ ဘုရားအိမ်တော်သည် သင့်အတွက် ကျိုးကြောင်းဆီလျော်သော စီစဉ်မှုများ ပြုလုပ်ပေးလိမ့်မည်။ သင့်ကို ခေါင်းဆောင်တစ်ဦးအဖြစ် ခွင့်မပြုခြင်းသည် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် စည်းကမ်းများကို အခြေခံသည်။ သို့သော်လည်း၊ ဘုရားအိမ်တော်သည် သင်၏ အစွမ်းအစညံ့ဖျင်းသောကြောင့် သင်၏ တာဝန်ထမ်းဆောင်ခွင့် သို့မဟုတ် ဘုရားသခင်အား ယုံကြည်ပြီး နောက်လိုက်ခွင့်ကို လုံးဝငြင်းပယ်လိမ့်မည် မဟုတ်ပေ။ ဤသည်မှာ သင့်တင့်လျောက်ပတ်သည် မဟုတ်လော။ (သင့်တင့်လျောက်ပတ်ပါသည်။) ဤကိစ္စနှင့်ပတ်သက်၍ ငါတို့ ပိုမိုအသေးစိတ် မိတ်သဟာယဖွဲ့ရန် လိုအပ်သလော။ အစွမ်းအစညံ့ဖျင်းသော အချို့လူများက ဤသည်ကို ကြားပြီး “ဤအရာနှင့်ပတ်သက်၍ နောက်ထပ် မိတ်သဟာယမဖွဲ့ပါနှင့်တော့။ ကျွန်ုပ် လူတိုင်းကို မျက်နှာပြဖို့ အလွန်ရှက်မိပါသည်။ ကျွန်ုပ်သည် အစွမ်းအစညံ့ဖျင်းကြောင်း ကျွန်ုပ်သိပြီး အသင်းတော်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ကျွန်ုပ် ဆက်လုပ်တော့မည် မဟုတ်ပါ။ ကျွန်ုပ်သည် အဖွဲ့ခေါင်းဆောင် သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ဦးအဖြစ်သာ နေမည်၊ သို့မဟုတ်ပါက ကျွန်ုပ်သည် တောက်တိုမယ်ရအလုပ်များ၊ ချက်ပြုတ်ခြင်း သို့မဟုတ် သန့်ရှင်းရေးလုပ်ခြင်းတို့ကို လုပ်ဆောင်မည်။ မည်သည့်အရာမဆို အဆင်ပြေပါသည်။ ကျွန်ုပ်သည် ကျွန်ုပ်ရာထူးနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို မညည်းမညူဘဲ ခံမည်၊ ဘုရားအိမ်တော်၏ စီစဉ်မှုများကို ကျိုးနွံနာခံမည်ဖြစ်ပြီး၊ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံပါမည်။ ကျွန်ုပ်၏ အစွမ်းအစညံ့ဖျင်းခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်ဖြစ်ပြီး၊ ယင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်ကောင်းများ ပါရှိသည်။ ဘုရားသခင် လုပ်ဆောင်သမျှသည် မှန်ကန်ပါသည်”ဟု ဆင်ခြင်သုံးသပ်ကြသည်။ သင်သည် အမှုအရာများကို ဤနည်းလမ်းဖြင့် မြင်နိုင်ပါက၊ ကောင်းမွန်ပြီး ယင်းမှာ သင်၌ မိမိကိုယ်ကို သတိပြုမိခြင်းအချို့ရှိသည်ဟု ဆိုလိုသည်။ ကျွန်ုပ်သည် ဤပြဿနာနှင့်ပတ်သက်၍ အကျယ်တဝင့် မိတ်သဟာယဖွဲ့မည် မဟုတ်ပေ။ အချုပ်အားဖြင့်ဆိုသော်၊ အစွမ်းအစညံ့ဖျင်းသော ဤလူများနှင့်ပတ်သက်၍၊ လူအများစုသည် ဤလူများနှင့်စပ်လျဉ်း၍ မှန်ကန်သော သဘောထားနှင့် ရှုအထောင့်အမြင်ရှိလာစေရန်အလို့ငှာလည်းကောင်း၊ ဤလူများသည် မိမိတို့၏ အစွမ်းအစညံ့ဖျင်းခြင်းပြဿနာနှင့်စပ်လျဉ်း၍ မှန်ကန်သော သဘောထားနှင့် ရှုထောင့်အမြင်ရှိလာပြီး ထို့နောက်တွင် မိမိတို့ကိုယ်ကို တိကျစွာ ဦးတည်ရာရှာနိုင်စေရန်အလို့ငှာလည်းကောင်း၊ ၎င်းတို့နှင့်သင့်တော်သော နေရာနှင့် တာဝန်ကို ရှာဖွေနိုင်စေရန်၊ ၎င်းတို့၏ အဖိုးအခကို ပေးဆပ်ရာတွင် ဇွဲလုံ့လနှင့် ဆင်းရဲဒုက္ခကို ခံနိုင်သော ၎င်းတို့၏ စိတ်ပိုင်းဖြတ်ချက်ကို ကျိုးကြောင်းဆီလျော်စွာ အသုံးချပြီး အကောင်အထည်ဖော်နိုင်စေရန်အလို့ငှာလည်းကောင်း ငါတို့သည် ပြဿနာကို စိတ်ဖြာလေ့လာဆွေးနွေးပြီး အချက်အလက်များ၏ အမှန်တရားကို ဖော်ထုတ်နေခြင်း ဖြစ်သည်။ ဤအရာက သင်သည် သမ္မာတရားကို နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအား မထိခိုက်စေသည့်အပြင် ဘုရားအိမ်တော်၌ သင်၏ ပုံရိပ်ကိုလည်း မထိခိုက်စေပေ။

၃။ ပျင်းရိပြီး သက်သောင့်သက်သာဖြစ်ခြင်းကို အရသာတွေ့သော အယောင်ဆောင် ခေါင်းဆောင်များ

ငါတို့သည် အယောင်ဆောင် ခေါင်းဆောင် နှစ်မျိုးအကြောင်းကို ယခုတင် မိတ်သဟာယဖွဲ့ခဲ့ကြသည်။ “ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ” ဟူသည့် အကြောင်းအရာကို ငါတို့ မိတ်သဟာယဖွဲ့နေစဉ် မကြာခဏ ပြောဆိုဆွေးနွေးကြပြီးဖြစ်သည့် နောက်ထပ် အယောင်ဆောင် ခေါင်းဆောင်တစ်မျိုးရှိသည်။ ဤအမျိုးအစားတွင် အစွမ်းအစ အနည်းငယ်ရှိသည်။ ၎င်းတို့သည် ဉာဏ်မထက်မြက်သူများ မဟုတ်ကြပေ။ ၎င်းတို့၏ အလုပ်တွင် နည်းလမ်းများနှင့် နည်းစနစ်များ ရှိသည့်အပြင် ပြဿနာများကို ဖြေရှင်းခြင်းအတွက် အစီအစဉ်များလည်း ရှိကြပြီး ၎င်းတို့အား အလုပ်တစ်ခု ပေးအပ်သည့်အခါ မျှော်လင့်ထားသည့် စံနှုန်းများနှင့် နီးစပ်အောင် အကောင်အထည်ဖော်နိုင်ကြသည်။ အလုပ်တွင် ပေါ်ပေါက်လာသည့် မည်သည့်ပြဿနာကိုမဆို ၎င်းတို့က ရှာဖွေတွေ့ရှိနိုင်ပြီး အချို့ကိုလည်း ဖြေရှင်းပေးနိုင်ကြသည်။ အချို့လူများ တင်ပြသည့် ပြဿနာများကို ကြားရသည့်အခါ သို့မဟုတ် အချို့လူများ၏ အပြုအမူ၊ သရုပ်သကန်များ၊ စကားနှင့် လုပ်ရပ်များကို သတိပြုမိသည့်အခါ ၎င်းတို့၏ စိတ်နှလုံးထဲတွင် တုံ့ပြန်မှုတစ်ခုရှိကြပြီး ၎င်းတို့တွင် ကိုယ်ပိုင်ထင်မြင်ချက်နှင့် သဘောထားတစ်ခု ရှိကြသည်။ ဤလူများက သမ္မာတရားကို လိုက်စားပြီး ဝန်တာစိတ်ရှိကြလျှင် ဤပြဿနာအားလုံးကို ဖြေရှင်း၍ရပေသည်။ သို့သော် ယနေ့ ငါတို့ မိတ်သဟာယဖွဲ့နေသည့် လူအမျိုးအစား၏ တာဝန်အောက်ရှိ အလုပ်တွင်မူ ပြဿနာများက မမျှော်လင့်ဘဲ မပြေမလည်ဖြစ်သွားရသည်။ ယင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဤလူများသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် သက်သာလွယ်ကူမှုကို နှစ်သက်ပြီး ကြိုးစားအားထုတ်ရခြင်းကို မုန်းတီးကြသည်။ ၎င်းတို့သည် အပေါ်ယံအားဖြင့် ဝတ်ကျေတမ်းကျေ အားထုတ်မှုများကိုသာ ပြုလုပ်နေကြသည်။ ၎င်းတို့သည် အလုပ်မရှိဘဲ အားနေခြင်းနှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းအား နှစ်သက်ကြပြီး လူများကို ဩဇာပေးခြင်းအား နှစ်သက်ကြသည်။ ၎င်းတို့သည် ပါးစပ်ကိုသာ အနည်းငယ် လှုပ်ရှားပြီး အကြံဉာဏ်အချို့ ပေးကာ ထို့နောက်တွင် မိမိတို့၏အလုပ် ပြီးပြီဟု မှတ်ယူကြသည်။ အသင်းတော်၏ လက်တွေ့ကျသော အလုပ် သို့မဟုတ် ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့်အရေးကြီးသောအလုပ် တစ်ခုတလေကိုမျှ နှလုံးမသွင်းကြပေ။ ၎င်းတို့တွင် ဤဝန်တာစိတ် မရှိကြသည့်အပြင် ဘုရားအိမ်တော်က ဤအရာများကို ထပ်တလဲလဲအလေးပေးပြောဆိုလျှင်ပင် ၎င်းတို့က နှလုံးမသွင်းကြသေးပေ။ ဥပမာအားဖြင့် ၎င်းတို့သည် ဘုရားအိမ်တော်၏ ရုပ်ရှင်ထုတ်လုပ်ရေးအလုပ် သို့မဟုတ် စာနှင့်ပတ်သက်သောအလုပ်တွင် ဝင်ရောက်စွက်ဖက်ရန် သို့မဟုတ် စုံစမ်းမေးမြန်းရန် အလိုမရှိကြသကဲ့သို့ ဤအလုပ်အမျိုးအစားများက မည်သို့ တိုးတက်နေသည်ကိုလည်းကောင်း၊ မည်သည့်ရလဒ်များ စွမ်းဆောင်ရရှိနေသည်ကိုလည်းကောင်း စစ်ဆေးရန် ဆန္ဒမရှိကြပေ။ ၎င်းတို့သည် သွယ်ဝိုက်သော စုံစမ်းမေးမြန်းမှုအချို့ကိုသာ ပြုလုပ်ကြပြီး လူများက ဤအလုပ်နှင့်ပတ်သက်၍ အလုပ်များနေကြပြီး ဤအလုပ်အား လုပ်ဆောင်နေကြသည်ကို သိလိုက်သည်နှင့်တစ်ပြိုင်နက် ယင်းကို နောက်ထပ် စိတ်မဝင်စားကြတော့ပေ။ အလုပ်တွင် ပြဿနာများရှိကြောင်း ၎င်းတို့ လုံးဝ ကောင်းစွာ သိသည့်အခါတွင်ပင် ၎င်းတို့သည် မိတ်သဟာယဖွဲ့ပြီး ထိုပြဿနာများကို မဖြေရှင်းချင်ကြသေးသည့်အပြင် လူများက မိမိတို့၏ တာဝန်များအား မည်သို့ ထမ်းဆောင်နေကြသည်ကိုလည်း စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြပေ။ အဘယ်ကြောင့် ၎င်းတို့သည် ဤအရာများကို စုံစမ်းမေးမြန်းခြင်း သို့မဟုတ် စစ်ဆေးခြင်း မရှိကြသနည်း။ ၎င်းတို့က ထိုအရာများကို စစ်ဆေးလျှင် ဖြေရှင်းပေးရမည့် စောင့်ဆိုင်းနေသော ပြဿနာများစွာ ရှိလိမ့်မည်ဖြစ်ပြီး ယင်းမှာ အလွန် စိတ်ပူပန်စရာ ဖြစ်လိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ပြဿနာများကို ၎င်းတို့ အမြဲ ဖြေရှင်းနေရမည်ဆိုလျှင် ဘဝက အလွန်အမင်း ပင်ပန်းစရာဖြစ်လိမ့်မည်ဖြစ်ခြင်း။ အကယ်၍ ၎င်းတို့ အလွန်အမင်း စိုးရိမ်ပူပန်ပါက အစားအစာသည် ၎င်းတို့အတွက် အရသာရှိတော့မည် မဟုတ်ဘဲ ကောင်းစွာ အိပ်စက်နိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့၏ ဇာတိပကတိသည် ပင်ပန်းလိမ့်မည်ဖြစ်ပြီး ထိုအခါ ဘဝသည် စိတ်မချမ်းမြေ့စရာ ဖြစ်လာလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခုကို ၎င်းတို့ မြင်သည့်အခါတွင် ရှောင်လွှဲနိုင်လျှင် ရှောင်လွှဲပြီး လျစ်လျူရှုနိုင်လျှင် လျစ်လျူရှုကြသည်။ ဤလူအမျိုးအစားနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်အရာဖြစ်သနည်း။ (၎င်းတို့ အလွန်ပျင်းရိကြပါသည်။) မည်သူသည် ဆိုးရွားသော ပြဿနာ ရှိသလောဟူသည်ကို ငါ့အား ပြောလော့။ ပျင်းရိသောလူများလော၊ သို့မဟုတ် အစွမ်းအစနည်းသောလူများလော။ (ပျင်းရိသောလူများဖြစ်ပါသည်။) အဘယ်ကြောင့် ပျင်းရိသောလူများက ဆိုးသောပြဿနာရှိသနည်း။ (အစွမ်းအစနည်းသောလူများသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင် မဖြစ်နိုင်သော်လည်း ၎င်းတို့တတ်စွမ်းနိုင်သမျှ တာဝန်တစ်ခုကို ထမ်းဆောင်သည့်အခါတွင် အတော်အတန် ထိရောက်နိုင်သည်။ သို့ရာတွင် ပျင်းရိသောလူများက မည်သည့်အရာကိုမျှ မလုပ်နိုင်ပေ။ ၎င်းတို့သည် အစွမ်းအစရှိလျှင်ပင် ယင်းက အကျိုးသက်ရောက်မှု မရှိပါ။) ပျင်းရိသောလူများသည် မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ပေ။ ယင်းကို စကားလုံးများဖြင့် အနှစ်ချုပ်လျှင် ၎င်းတို့သည် အသုံးမကျသော လူများဖြစ်သည်။ ၎င်းတို့သည် ဒုတိယတန်းစား ဒုက္ခိတများဖြစ်ကြသည်။ ပျင်းရိသောလူများ၏ အစွမ်းအစသည် မည်မျှကောင်းပါစေ အဆင်တန်ဆာသက်သက်သာဖြစ်သည်။ ၎င်းတို့တွင် အစွမ်းအစကောင်း ရှိသော်လည်း ယင်းမှာ အသုံးမဝင်ပေ။ ၎င်းတို့သည် အလွန်ပျင်းလွန်းကြသည်။ မည်သည့်အရာကို လုပ်သင့်သည်ကို ၎င်းတို့သိသော်ငြားလည်း ၎င်းတို့ မလုပ်ဆောင်ပေ။ ပြီးလျှင် တစ်စုံတစ်ခုက ပြဿနာဖြစ်သည်ကို ၎င်းတို့ သိလျှင်ပင် ဖြေရှင်းရန်အတွက် သမ္မာတရားကို မရှာဖွေကြပေ။ ပြီးလျှင် အလုပ်သည် ထိရောက်မှုရှိရန်အတွက် မည်သည့်ဆင်းရဲဒုက္ခများ ခံသင့်သည်ကို ၎င်းတို့သိကြသော်ငြားလည်း ၎င်းတို့သည် အကျိုးရှိသော ဤဆင်းရဲဒုက္ခများကို ခါးစည်းခံရန် မလိုလားကြသောကြောင့် ၎င်းတို့သည် မည်သည့်သမ္မာတရားများကိုမျှ မရရှိနိုင်ကြဘဲ မည်သည့်တကယ့်အလုပ်ကိုမျှ မလုပ်နိုင်ကြ။ ၎င်းတို့သည် လူများ ခါးစည်းခံသင့်သည့် ဆင်းရဲဒုက္ခများကို ခါးစည်းခံရန် ဆန္ဒမရှိကြ။ ၎င်းတို့သည် ကိုယ်စိတ်ချမ်းသာမှုတွင် ပျော်မွေ့ရန်၊ ဝမ်းမြောက်ခြင်းနှင့် နားနေချိန်တို့ကို ပျော်မွေ့ခံစားရန်နှင့် လွတ်လပ်ပြီး သက်သောင့်သက်သာရှိသော အသက်တာကို ပျော်မွေ့ခံစားရန်တို့ကိုသာ သိကြသည်။ ၎င်းတို့သည် အသုံးမကျကြသည် မဟုတ်လော။ ဆင်းရဲဒုက္ခများကို ခါးစည်းခံနိုင်ခြင်း မရှိသောလူများသည် အသက်ရှင်ရန် မထိုက်တန်ပေ။ ကပ်ပါးကောင်တစ်ကောင်၏ ဘဝကို အစဉ်သဖြင့် အသက်ရှင်နေထိုင်ရန် ဆန္ဒရှိသည့်သူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိသည့် လူများဖြစ်သည်။ ၎င်းတို့သည် လူ့တိရစ္ဆာန်များဖြစ်ကြပြီး ထိုသို့သော လူများသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် မသင့်တော်ကြချေ။ ၎င်းတို့သည် ဆင်းရဲဒုက္ခကို ခါးစည်းခံနိုင်ခြင်း မရှိသောကြောင့် အလုပ်လုပ်ပေးခြင်းကို ၎င်းတို့ ထမ်းဆောင်သည့်အခါတွင်ပင် ယင်းကို ၎င်းတို့ ကောင်းစွာ လုပ်ဆောင်နိုင်ခြင်း မရှိဘဲ ၎င်းတို့အနေဖြင့် သမ္မာတရားကို ရရှိရန် ဆန္ဒရှိလျှင်ပင် ယင်းအတွက် မျှော်လင့်ချက် သာ၍ပင် နည်းပါးလေသည်။ ဆင်းရဲဒုက္ခကို မခံနိုင်ဘဲ သမ္မာတရားကို မချစ်သောသူတစ်ဦးသည် အသုံးမကျသောသူတစ်ဦး ဖြစ်သည်။ ၎င်းသည် အလုပ်လုပ်ပေးခြင်းကို ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီခြင်း မရှိ။ ၎င်းတို့သည် လူ့သဘာဝ တစ်စက်မျှမရှိသည့် လူ့တိရစ္ဆာန်ဖြစ်သည်။ ထိုသို့သောလူများကို ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤအရာသည်သာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်အညီ ဖြစ်လေသည်။

အချို့လူများသည် လယ်ယာလုပ်ငန်းအတွက် တာဝန်ရှိကြပြီး ၎င်းတို့သည် အထူး လုံ့လဝီရိယရှိကြသည်။ ၎င်းတို့သည် စိတ်ထဲတွင် အစီအစဉ်တစ်ခုရှိပြီး ရာသီတစ်ခုစီတွင် မည်သည့်အလုပ် လုပ်ရမည်ကို သိကြသည်။ လယ်ထွန်ချိန်ရောက်သောအခါ လယ်ကွက်တစ်ခုစီကို ၎င်းတို့ သွားရောက်ကြည့်ရှုကြသည်။ လယ်ကွက်တစ်ခုစီတွင် စိုက်ပျိုးရန် စီစဉ်ထားသည့်အရာကို လယ်ကွက်၏ လက်တွေ့အခြေအနေနှင့် နှိုင်းယှဉ်ကြည့်ကြပြီး ၎င်းတို့၏ အစီအစဉ်က သင့်တော်ခြင်းရှိမရှိဟူသည်နှင့် လက်တွေ့အခြေအနေနှင့် ကိုက်ညီမှုရှိမရှိဟူသည်တို့ကို ကြည့်ရှုကြသည်။ ထို့အပြင် ယခုနှစ်တွင် မြေကြီးက မည်မျှ စိုစွတ်သည် သို့မဟုတ် ခြောက်သွေ့သည်၊ မည်သည့်မြေသြဇာ လိုအပ်သည်၊ မည်သည့်အရာကို စိုက်ပျိုးရန် သင့်တော်သည်ဟူသည်တို့ကို ၎င်းတို့ ကြည့်ရှုကြသည်။ ကြည့်ရှုပြီးဖြစ်ကာ ဤအရာများကို သဘောပေါက်သွားသည်နှင့်တစ်ပြိုင်နက် ပျိုးပင်များ စိုက်ပျိုးပြီးခြင်း ရှိမရှိဟူသည်နှင့် အရေအတွက်မည်မျှ စိုက်ပျိုးပြီးပြီဖြစ်ကြောင်းတို့ကို ချက်ချင်းမေးမြန်းကြပြီးနောက် ဖန်လုံအိမ်သို့ သွားရောက်ကြည့်ရှုကာ ပျိုးပင်များ စိုက်ပျိုးနေသူသည် အားကိုးလောက်ခြင်း ရှိမရှိ သို့မဟုတ် ပျိုးပင်များကို ပျက်စီးစေလိမ့်မည် ဟုတ်မဟုတ်ဟူသည်ကို ကြည့်ရှုကြသည်။ ဤအလုပ်ကိုလုပ်ရန် လူတစ်ဦးတည်းနှင့် မလုံလောက်ပါက ထိုသူနှင့် ပူးပေါင်းဆောင်ရွက်ရန် နောက်တစ်ဦးကို ၎င်းတို့က တာဝန်ပေးပြီး နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြီးကြပ်ကြရသည်။ ပျင်းရိသောလူများက ဤအရာကို လုပ်ဆောင်လိမ့်မည်လော။ ၎င်းတို့ လုပ်ဆောင်မည်မဟုတ်ပေ။ အကယ်၍ မည်သူမျှ ၎င်းတို့ကို ကြီးကြပ်ပြီး တိုက်တွန်းခြင်းမရှိပါက ၎င်းတို့သည် လုပ်ငန်းခွင်ကို ကိုယ့်ဘာသာ လုံးဝ သွားရောက်မည်မဟုတ်ပေ။ အကယ်၍ ဘုရားအိမ်တော်က အလုပ်တစ်ခု၏ တိုးတက်မှုနှင့်ပတ်သက်၍ မမေးမြန်းပါက ၎င်းတို့သည် ထိုအလုပ်၏ အခြေအနေမှန်ကို အလျင်ဦးအောင် လုံးဝ စစ်ဆေးမည်မဟုတ်ပေ။ ညံ့ဖျင်းသော အစွမ်းအစရှိသည့် လူများနှင့်ပတ်သက်၍ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ အမြဲ မိမိတို့ဘာသာ လုပ်ဆောင်ကြသော်လည်း အရေးကြီးပြီး အရေးပေါ်ဖြစ်သည့်အရာနှင့် မဖြစ်သည့်အရာကို ပိုင်းခြားနိုင်စွမ်းမရှိသည့်အပြင် ကြောင်းကျိုးမမြင်ဘဲ ပြုမူကြသည်။ ဖြင့် ဤပျင်းရိသောလူများမှာမူ အသင့်အတင့် ပါးနပ်ကြပြီး မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ပါးစပ်လှုပ်ကာ အခြားသူများကို အလုပ်လုပ်ရန် အမိန့်ပေးခြင်းကိုသာ နှစ်သက်ကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ကိုယ်တိုင် မလုပ်ဆောင်ကြသည့်အပြင် လက်တွေ့ကျသော အလုပ်ကိုလည်း မလုပ်နိုင်ကြပေ။ ၎င်းတို့က “မေးခွန်းအချို့မေးရန် ငါ ဖုန်းခေါ်ဖို့ သို့မဟုတ် စာတစ်စောင်ပို့ဖို့သာ လိုအပ်ပြီး ငါ၏အလုပ် ပြီးပြီ၊ ပြဿနာ ပြေလည်သွားပြီဖြစ်သည်။ ဤအရာက ငါ့အတွက် ဒုက္ခအများကြီး သက်သာစေပါသည်တကား။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ငါ၏ အစွမ်းအစက မည်သို့ရှိသည်ကို ကြည့်လော့။ စကားအနည်းငယ်ဖြင့် အလုပ်ကို ငါ ပြီးမြောက်စေနိုင်သည်၊ ဤသည်မှာလည်း ငါ၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနေခြင်း မဟုတ်လော။ ငါသည် ငါ၏ တာဝန်များကို တမင်ပျက်ကွက်နေခြင်း မဟုတ်ပါ။ အထက်က ဤအရာများနှင့်ပတ်သက်၍ ငါ့ကို မေးမြန်းပါက သူတို့ကို အလွန် ကျွမ်းကျင်စွာ ငါ ပြန်လည်ဖြေဆိုနိုင်ပြီး ရှင်းလင်းသော ရှင်းပြချက်တစ်ခုကို ပေးနိုင်ပါသည်။ လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခြင်းက မည်သည့်အဓိပ္ပာယ်ရှိသနည်း။ ဆင်းရဲဒုက္ခများနှင့် ဝေဒနာများကို ငါ ခါးစည်းခံစားရမည်ဖြစ်ပြီး နေရောင်ခြည်ကြောင့် ငါ၏အသားအရေသည် မည်းသွားမည်ဖြစ်သည်။ ထိုလုပ်ရိုးလုပ်စဉ်ကို ဖြတ်သန်းရန် မလိုအပ်ပါ။ အကယ်၍ ငါ့ကိုယ်ငါ ဒုက္ခအနည်းငယ် သက်သာစေနိုင်လျှင် ထိုသို့ပင် လုပ်ဆောင်မည်ဖြစ်သည်။ မိမိအတွက် အမှုအရာများကို ခက်ခဲစေခြင်းက မလိုအပ်ပါ” ဟု တွေးကြသည်။ ၎င်းတို့သည် အတန်အသင့် “ပါးနပ်” ကြသည် မဟုတ်လော။ ဤလူစားမျိုးက အလုပ်လုပ်သည့်အခါ ၎င်းတို့၏ ရည်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ဖြတ်လမ်းလိုက်ခြင်းနှင့် အလွယ်လမ်းများ ရှာဖွေခြင်းတွင် အထူးကျွမ်းကျင်ကြပြီး ၎င်းတို့တွင် ကိုယ်ပိုင်နည်းလမ်းများနှင့် နည်းစနစ်များ ရှိကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မိမိတို့ဘာသာ မလုပ်ဆောင်ကြသကဲ့သို့ မည်သည့်အရာတွင်မျှလည်း မပါဝင်ကြပေ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြရုံလုပ်ပြလျက် မေးခွန်းများမေးရန် ဖုန်းခေါ်ဆိုခြင်းကိုသာ ပြုလုပ်ကြပြီး ဖုန်းချလိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ရာဝင်ကြပြီး သို့မဟုတ် အနှိပ်ခံကြပြီး ၎င်းတို့၏ ဇာတိပကတိကို စတင်မွေ့လျော်ကြသည်။ ဤလူအမျိုးအစားသည် အမှန်တကယ်တွင် “အလုပ်လုပ်”ရမည့်နည်းလမ်းကို သိကြသည်။ အလုပ်မလုပ်ဘဲနေရန် အခွင့်အရေးများ ရှာဖွေရမည့်ပုံကို အမှန်တကယ် သိကြပြီး ဟန်ဆောင်လုပ်ပြရုံလုပ်ပြပြီး လူတို့ကို လှည့်စားရမည့် နည်းလမ်းအား အမှန်တကယ် သိကြသည်တကား။ ၎င်းတို့က ထိုအစွမ်းအစအနည်းငယ်ရှိခြင်းသည် မည်သည့်အသုံးဝင်မှု ရှိသနည်း။ ၎င်းတို့သည် အလုပ်သို့ရောက်ပြီးနောက် လက်ဖက်ရည်သောက်ခြင်းနှင့် သတင်းစာဖတ်ခြင်းကိုသာ ပြုလုပ်ကြပြီး တစ်နေ့တာ အလုပ်မဆင်းမီမှာပင် မည်သည့်အရာစားရမည်၊ အပန်းဖြေရန် မည်သည့်နေရာသွားရမည်ကို စတင်စဉ်းစားကြသည့် ကွန်မြူနစ်ပါတီ တိုင်းနိုင်ငံတွင်ရှိသော အရာရှိများနှင့် အတူတူပင်ကြသည်။ ၎င်းတို့အတွက် ဘဝက အမှန်တကယ် ကောင်းမွန်ပေသည်။ ဤသည်မှာ ဤအယောင်ဆောင် ခေါင်းဆောင်အမျိုးအစားက ၎င်းတို့၏အလုပ်တွင် လိုက်နာစောင့်ထိန်းသည့် စည်းမျဉ်းလည်း ဖြစ်သည်။ ၎င်းတို့သည် မည်သည့်ဆင်းရဲဒုက္ခကိုမျှ မခံစားကြ၊ မည်သည့်ပင်ပန်းနွမ်းနယ်မှုကိုမျှ ခါးစည်းမခံကြရသော်လည်း အရာရှိတစ်ဦးကဲ့သို့ ပြုမူကာ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားနေကြဆဲဖြစ်ပြီး ညီအစ်ကိုမောင်နှမအများစုက ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်း မမြင်နိုင်ကြပေ။ ဤသည်မှာ ဤအယောင်ဆောင် ခေါင်းဆောင်မျိုးက အလုပ်လုပ်ပုံစံဖြစ်သည်။ ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ကြဘဲ အလုပ်ကို နောက်ဆက်တွဲလိုက်လံဆောင်ရွက်ရန်နှင့် စစ်ဆေးရန် လုပ်ငန်းခွင်သို့ မသွားကြပေ။ သို့ဖြစ်လျှင် ၎င်းတို့သည် အလုပ်နှင့်ပတ်သက်သည့် ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်သလော။ (မတွေ့ရှိနိုင်ပါ။) ဝိညာဉ်ရေးရာ အတုအယောင်ဖြစ်သော အယောင်ဆောင် ခေါင်းဆောင်များနှင့် ညံ့ဖျင်းသော အစွမ်းအစရှိသည့် အယောင်ဆောင် ခေါင်းဆောင်များသည် မျက်စိဖွင့်ထားလျက်နှင့်ပင် မမြင်မကန်းဖြစ်ကြပြီး ပြဿနာများကို မမြင်နိုင်ကြပေ၊ သို့ဆိုလျှင် ဤအသုံးမကျသော လူစားမျိုးနှင့်ပတ်သက်၍ မည်သို့နည်း။ ၎င်းတို့က “ကျွန်ုပ်သည် လက်တွေ့ကျသောအလုပ်တွင် မပါဝင်ဘဲ ထိုနေရာတွင် အလုပ်လုပ်နေသောလူများနှင့် ပေါင်းသင်းဆက်ဆံရန် လုပ်ငန်းခွင်သို့ မသွားပါ။ ထို့ကြောင့် ပြဿနာများ ပေါ်ပေါက်လာပါက ကျွန်ုပ်သည် မျက်စိဖွင့်ထားလျက်နှင့်ပင် မမြင်မကန်းဖြစ်သည်ဟု သင်ပြော၍မရပါ။ ကျွန်ုပ်သည် လုပ်ငန်းခွင်သို့ မရောက်သေးဘဲ ပြဿနာများကိုလည်း မမြင်ခဲ့ရပါ။ ထို့ကြောင့် ပြဿနာများ ပေါ်ပေါက်လာပါက ကျွန်ုပ်နှင့် မည်သည့် သက်ဆိုင်မှုရှိသနည်း။ ပါဝင်ပတ်သက်နေသောလူများကို သင် သွားရှာသင့်သည်”ဟု ပြောဆိုကြသည်။ ဤလူများသည် အမှန်တကယ်ပင် ဉာဏ်များကြသည် မဟုတ်လော။ ၎င်းတို့ လုပ်ဆောင်ရမည့်အရာဟူသမျှမှာ အမိန့်များပေးပြီး လူများကို ကောင်းစွာ စီစဉ်ပေးရန်သာ ဖြစ်သည်ဟု ၎င်းတို့ထင်ကြသည်။ ထိုမျှသာဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်ကာ ထို့နောက် ၎င်းတို့၏ အားလပ်ချိန်နှင့် ဖျော်ဖြေရေးအချိန်ကို အရှက်မရှိသည့်ပုံစံဖြင့် မွေ့လျော်ခံစားနိုင်ပြီဟု ထင်ကြသည်။ အောက်တွင် မည်သည့် ပြဿနာများရှိသည်ဖြစ်စေ ၎င်းတို့သည် စုံစမ်းမေးမြန်းခြင်းများ မပြုဘဲ တစ်စုံတစ်ဦးက အထက်သို့ တိုင်ကြားသည့်အခါမှသာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အလျင်အမြန် လုပ်ဆောင်ကြသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့ အာရုံစိုက်သမျှမှာ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်း၊ နေရာအနှံ့တွင် အေးအေးလူလူ လျှောက်သွားခြင်း၊ အလုပ်ကို စစ်ဆေးဟန်ပြခြင်းတို့ ဖြစ်သော်လည်း ၎င်းတို့သည် အမှန်တွင် ပြဿနာအမှန်တကယ်ရှိသည့်နေရာသို့ လုံးဝ မသွားကြဘဲ အရေးကြီးသောအလုပ်ကိုလည်း မည်သည့်အခါတွင်မျှ မစစ်ဆေးကြပေ။ ဤသည်မှာ ကွန်မြူနစ်ပါတီ အရာရှိများက အပေါ်ယံအဆင့် အားထုတ်မှုများကိုသာ ပြုလုပ်ပြီး ၎င်းတို့ကို လူအမြင်ကောင်းစေမည့် အလုပ်ကိုသာ လုပ်ဆောင်ခြင်းကဲ့သို့ပင် ဖြစ်သည် မဟုတ်လော။ ၎င်းတို့အား ပေးအပ်ထားသည့်အလုပ်ကို လုပ်ဆောင်ရန် ကောင်းမွန်သော ကတိများကို ပေးကြသော်လည်း နောက်ဆက်တွဲလိုက်လံဆောင်ရွက်ခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မပြုကြပေ။ လုပ်ငန်းခွင်သို့ သွားလျှင်ပင် လုပ်ရိုးလုပ်စဉ်များကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အလုပ်ကို ကိုယ်တိုင် လုံးဝ လုပ်ဆောင်မည်မဟုတ် သို့မဟုတ် ပြဿနာများကို ကိုယ်တိုင် ဖြေရှင်းမည်မဟုတ်ပေ။ ၎င်းတို့က၊ “ဤအရာများကို လုပ်ဆောင်ရန် ငါ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးရန် မလိုအပ်ပါ။ ထိုနေရာတွင် လုပ်ဆောင်နေသောသူတစ်ဦး ရှိနေခြင်းက လုံလောက်သည်။ မည်သို့ပင်ဖြစ်စေ မည်သည့်ငွေကိုမျှ ရှာနေခြင်းမဟုတ်သောကြောင့် ရုန်းကန်နေရုံမျှက ငါ့အတွက် အဆင်ပြေသည်” ဟု စဉ်းစားကြလေသည်။ ဤစိတ်နေစိတ်ထား ရှိသည့်အခါ ၎င်းတို့သည် မိမိတို့၏အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်သလော။ ၎င်းတို့က “ငါသည် တစ်ရက်စာ စားဖို့အတွက်သာ အလုပ်လုပ်လိမ့်မည်ဖြစ်ပြီး တစ်နေ့ပြီးတစ်နေ့ ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ ငါဖြတ်သန်းမည်”ဟု တွေးလျက် မိမိတို့စိတ်များတွင် အကြံအစည်အနည်းငယ် ရှိကြသည်။ သို့တိုင်အောင် ၎င်းတို့သည် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်ကို မည်သည့်အခါတွင်မျှ မလုပ်ဆောင်ကြဘဲ လုပ်ငန်းခွင်တွင် ၎င်းတို့ကို လုံးဝ မမြင်တွေ့ရပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်မှာရှိနေသနည်း။ ၎င်းတို့သည် ကောင်းစွာ စားနိုင်၊ သောက်နိုင်၊ အိပ်နိုင်သည့် လှပပြီး လုံခြုံသောနေရာတစ်ခုတွင် ပုံမှန် ရေချိုးခြင်း၊ ပုံမှန် အနှိပ်ခံခြင်း၊ ပုံမှန် အဝတ်အစားများလဲခြင်းတို့ကို ပြုလုပ်လျက် ပျော်မွေ့နေကြကာ မင်းသားတစ်ပါးကဲ့သို့ နေထိုင်နေကြပြီး မည်သည့်ဆင်းရဲဒုက္ခကိုမျှ လုံးဝ ခါးစည်းမခံစားကြရပေ။ ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကို လုပ်နိုင်သည်၊ မည်သည့်လက်တွေ့ကျသော ပြဿနာများကို ဖြေရှင်းနိုင်သည်၊ ဘုရားအိမ်တော်၏ အလုပ်အတွက် မည်သည့် ပံ့ပိုးမှုများ ၎င်းတို့ ပြုလုပ်ပြီးဖြစ်သည်ဟူသည်နှင့် ဤကောင်းမွန်သော အရာအားလုံးကို မွေ့လျော်ခံစားရန် ၎င်းတို့ မည်သို့ အရည်အချင်းပြည့်မီသည်ဟူသည်တို့ကို မည်သည့်အခါတွင်မျှ ဆင်ခြင်သုံးသပ်ခြင်းမရှိပေ၊ ဤအရာတစ်ခုတလေကိုမျှ ၎င်းတို့ လုံးဝ မစဉ်းစားကြပေ။ ဤလူများသည် မည်သည့်အရာများဖြစ်ကြသနည်း။ ဤအယုတ်တမာများတွင် မိမိကိုယ်ကို သတိပြုမိခြင်းမရှိ၊ ၎င်းတို့သည် အရှက်မဲ့သော သတ္တဝါများဖြစ်ကြပြီး အသင်းတော်ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မထိုက်တန်ကြပေ။

အယောင်ဆောင် ခေါင်းဆောင်အားလုံးသည် လက်တွေ့ကျသောအလုပ်ကို မည်သည့်အခါမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ ခေါင်းဆောင်မှု အခန်းကဏ္ဍက အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရသည့် အရာရှိရာထူးတစ်ခုကဲ့သို့ ပြုမူကြပြီး ခေါင်းဆောင်တစ်ဦးအနေဖြင့် ထမ်းဆောင်သင့်သည့် တာဝန်နှင့် လုပ်ဆောင်သင့်သည့် အလုပ်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုကဲ့သို့၊ အနှောင့်အယှက်တစ်ခုကဲ့သို့ သဘောထားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အသင်းတော်၏ အလုပ်အပေါ် အတိုက်အခံလုပ်ခြင်းဖြင့် ပြည့်လျှံနေသည်။ အလုပ်ကို ကြီးကြပ်ရန်နှင့် အလုပ်အတွင်းတွင် နောက်ဆက်တွဲလိုက်လံဆောင်ရွက်ပြီး ဖြေရှင်းရန် လိုအပ်သည့် မည်သည့်ပြဿနာများ တည်ရှိသည်ကို လေ့လာရန် စေခိုင်းခြင်းခံရသည့်အခါ ၎င်းတို့သည် မလိုလားခြင်းဖြင့် ပြည့်နေကြသည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်ရမည့် အလုပ်ဖြစ်သည်၊ ဤသည်မှာ ၎င်းတို့၏ အလုပ်ဖြစ်သည်။ အကယ်၍ သင် မလုပ်ဆောင်ဘဲ လုပ်ဆောင်ရန်လည်း လိုလားခြင်း မရှိပါက အဘယ်ကြောင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လိုနေသေးသနည်း။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားရန်အလို့ငှာ သင်၏တာဝန်ကို ထမ်းဆောင်သလော၊ သို့မဟုတ် အရာရှိတစ်ဦးဖြစ်ရန်နှင့် အဆင့်အတန်း၏ အကျိုးအမြတ်များကို ခံစားရန်အလို့ငှာဖြစ်သလော။ အကယ်၍ သင်သည် အရာရှိရာထူးတစ်ခုခုကို စွဲကိုင်နိုင်ရန်အလို့ငှာသာ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်ဆိုလျှင် ယင်းမှာအနည်းငယ် အရှက်မရှိရာကျသည် မဟုတ်လော။ ဤလူစားမျိုးတွင် အနိမ့်ကျဆုံးသော ကိုယ်ကျင့်စရိုက်ရှိသည်၊ ဂုဏ်သိက္ခာမရှိဘဲ အရှက်လည်းမရှိပေ။ အကယ်၍ သင်သည် ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်ခံစားလိုပါက လောကသို့ အမြန်ပြန်သွားသင့်ပြီး သင်တတ်နိုင်သည့်အတိုင်း ယှဉ်ပြိုင်လော့၊ အတင်းအကျပ် ရယူလော့၊ ပြီးလျှင် သိမ်းပိုက်လော့။ မည်သူကမျှ ယင်းကို ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ ဘုရားအိမ်တော်သည် ဘုရားသခင် ရွေးချယ်ထားသောလူများက မိမိတို့၏ တာဝန်များကို ထမ်းဆောင်ပြီး သူ့ကိုဝတ်ပြုကိုးကွယ်ရန်အတွက် နေရာတစ်ခုဖြစ်သည်။ လူများက သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိရန်အတွက် နေရာတစ်ခုဖြစ်သည်။ ယင်းသည် လူတို့အား မင်းသားများကဲ့သို့ အသက်ရှင်ခွင့်ပေးသည့် နေရာတစ်ခုဖြစ်ဖို့မဆိုထားနှင့်၊ တစ်ဦးတလေက ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာဖြစ်ခြင်းကို မွေ့လျော်ခံစားရန်အတွက် နေရာတစ်ခု မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် အရှက်တရားကိုမသိကြ၊ ၎င်းတို့သည် အရှက်တရား ကင်းမဲ့နေပြီး ဆင်ခြင်တုံတရား မရှိကြပေ။ ၎င်းတို့အား မည်သည့် တိကျသောအလုပ်ကို တာဝန်ပေးသည်ဖြစ်စေ ၎င်းတို့သည် အလေးအနက်မထားဘဲ လျစ်လျူရှုထားလိုက်ကြသည်။ ၎င်းတို့သည် စကားလုံးများဖြင့် အလွန်ကောင်းစွာ တုံ့ပြန်သော်လည်း လက်တွေ့ကျသောအရာ တစ်ခုကိုမျှ မလုပ်ဆောင်ကြပေ။ ဤသည်မှာ အကျင့်ပျက်ခြင်း မဟုတ်လော။ ၎င်းတို့သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်သည်သာမက တစ်ဦးတည်း အာဏာကိုလည်း ရှိချင်ကြသည်။ ဘဏ္ဍာရေး၊ အလုပ်လုပ်ပေးသူများကဏ္ဍနှင့် အခြားကိစ္စရပ်အားလုံးအပေါ် အာဏာကို မိမိတို့လက်ထဲတွင် ကိုင်စွဲထားလိုပြီး လူများကို နေ့တိုင်း ၎င်းတို့ထံ အစီရင်ခံစေလိုကြသည်။ ဤအရာများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့သည် အမှန်တကယ်ပင် အလွန်လုံ့လဝီရိယရှိကြသည်။ အထက်သို့ အလုပ်အကြောင်း အစီရင်ခံရန် အချိန်ကျရောက်လာသောအခါ အထက်က ကြီးမြတ်သောအလုပ်ကို ၎င်းတို့ လုပ်ဆောင်ခဲ့သည်ဟု မှားယွင်းစွာ ယုံကြည်သွားရန်အလို့ငှာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ လုပ်ဆောင်ခဲ့သော အလုပ်၏ ရလဒ်အားလုံးကို မိမိတို့လုပ်ဆောင်ခဲ့သည်ဟု မှတ်ယူစေကြရာ အမှန်တကယ်တွင် အခြားသူများကသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဧဝံဂေလိတရားကို ဟောပြောခြင်းမှတစ်ဆင့် လူမည်မျှကို ရရှိပြီးဖြစ်သည်၊ မည်သည့်လူများကို ရာထူးတိုးပေးပြီး ပျိုးထောင်ပေးနေသည်၊ မည်သည့်လူများကို ရာထူးမှ ဖြုတ်ချပြီးဖြစ်သည်၊ မည်သည့်လူများကို ရှင်းလင်းပစ်ပြီးဖြစ်သည် စသည်ဖြင့် ဤတိကျသော အလုပ်တာဝန်များထဲမျှ တစ်ခုကိုမျှ ၎င်းတို့ လုပ်ဆောင်ခဲ့ခြင်းမဟုတ်သော်လည်း ၎င်းတို့က ထိုအရာများကို တင်ပြရဲကြဆဲဖြစ်သည်။ ဤလူများသည် အရှက်တရား ကင်းမဲ့နေကြသည် မဟုတ်လော။ ၎င်းတို့သည် လှည့်ဖြားနေကြသည် မဟုတ်လော။ ထိုသို့သောလူများသည် အလွန် လှည့်ဖြားတတ်ပြီး ကောက်ကျစ်စဉ်းလဲကြပါတကား။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပါးနပ်သည်ဟု ထင်ကြသည်၊ ဤသည်မှာ အမှန်တကယ်ပင် ကိုယ့်ရှူးကိုယ်ပတ်ကြခြင်းပင် ဖြစ်ပြီး အဆုံးတွင် ၎င်းတို့သည် မိမိတို့ကိုယ်တိုင် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံကြရလေသည်။ လူအချို့သည် မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ၊ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ စွမ်းရည်သတ္တိ မရှိပေ။ ယင်းကို မထမ်းရွက်နိုင်ပေ။ ပြီးလျှင် ၎င်းတို့သည် လူတစ်ယောက် ဖြည့်ဆည်းသင့်သည့် မည်သည့်တာဝန်ကိုမဆို၊ မည်သည့်ဝတ္တရားကိုမဆို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်စွမ်းမရှိပေ။ ၎င်းတို့သည် အမှိုက်သရိုက် မဟုတ်လော။ ၎င်းတို့ကို လူသားဟု ခေါ်ထိုက်သေးသလော။ ခြွင်းချက်အနေဖြင့် ငနုံ၊ ငအ၊ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများနှင့် ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းသူများမှလွဲ၍ မိမိတို့၏ တာဝန်များကို မထမ်းဆောင်သင့်သော၊ မိမိတို့၏ ဝတ္တရားများကို ကောင်းမွန်စွာ မဖြည့်ဆည်းသင့်သော အသက်ရှင်သူ တစ်ဦးတလေရှိသလော။ သို့သော် ဤသို့သောသူမျိုးသည် အစဉ်စိတ်မချရဘဲ အချောင်ခိုသည်။ ပြီးလျှင် မိမိတာဝန်တို့ကို ကောင်းမွန်စွာ မဖြည့်ဆည်းလိုပေ။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ ၎င်းတို့သည် သင့်လျော်သောလူသားတစ်ဦး မဖြစ်လိုပေ။ ဘုရားသခင်က ၎င်းတို့ကို လူသားတစ်ဦးဖြစ်ရန် အခွင့်အလမ်းပေးခဲ့သည်။ အစွမ်းအစနှင့် ဆုကျေးဇူးများပေးခဲ့သည်။ သို့တိုင်အောင် ဤအရာတို့ကို မိမိတို့၏တာဝန် ထမ်းဆောင်ခြင်း၌ ၎င်းတို့ အသုံးမပြုနိုင်ပေ။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ အချိန်တိုင်း ပျော်ရွှင်မှုကို အလွန်ခံစားလိုသည်။ ဤသို့သောသူတစ်ဦးသည် လူသားဟု ခေါ်ခံရရန် သင့်တော်သလော။ မည်သည့်အလုပ်ကို ၎င်းတို့အား ပေးသည်ဖြစ်စေ၊ အရေးကြီးသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ ခက်ခဲသည်ဖြစ်စေ၊ ရိုးရှင်းသည်ဖြစ်စေ ၎င်းတို့သည် အစဉ် ဝတ်ကျေတမ်းကျေဆန်ပြီး စိတ်မချရကာ အချောင်ခိုကြသည်။ ပြဿနာများဖြစ်ပေါ်သောအခါ ၎င်းတို့၏တာဝန်ကို အခြားလူများဆီသို့ တွန်းပို့ဖို့ ကြိုးစားပြီး တာဝန်ယူခြင်းမရှိပေ။ ပြီးလျှင် ၎င်းတို့၏ ကပ်ပါးရပ်ပါးဘဝများကို ဆက်လက်အသက်ရှင်လိုသည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်များ မဟုတ်လော။ လူ့အဖွဲ့အစည်းတွင် ငွေရှာရန် မည်သူက မိမိကိုယ်ကို မမှီခိုရသနည်း။ လူတစ်ဦးသည် အရွယ်ရောက်သည်နှင့် ကိုယ့်ဝမ်းစာကိုယ် ရှာရမည်။ သူ၏ မိဘများက ၎င်းတို့၏တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်သည်။ သူ၏မိဘများက သူ့အား ထောက်ပံ့လိုစိတ်ရှိလျှင်ပင် သူသည် ယင်းနှင့်ပတ်သက်ပြီး စိတ်အေးလိမ့်မည်မဟုတ်။ သူ၏မိဘများသည် သူ့ကို ပျိုးထောင်သည့်တာဝန်ကို ပြီးဆုံးသွားပြီဖြစ်သည်ကိုလည်းကောင်း၊ သူသည် ကျန်းမာသန်စွမ်းသော အရွယ်ရောက်သူတစ်ဦးဖြစ်ပြီး အမှီအခိုကင်းစွာ အသက်ရှင်နိုင်သင့်သည်ကိုလည်းကောင်း သဘောပေါက်နိုင်အပ်သည်။ ဤသည်မှာ အရွယ်ရောက်သူတစ်ဦးတွင် အနည်းဆုံးရှိသင့်သည့် ဆင်ခြင်တုံတရားမဟုတ်လော။ တစ်စုံတစ်ယောက်က အမှန်ပင် ဆင်ခြင်တုံတရားရှိလျှင် သူ၏မိဘများထံ ဆက်လက်၍ ကပ်စားနေဖို့ မဖြစ်နိုင်ပေ။ သူသည် အခြားလူများက လှောင်ပြောင်မည်ကိုဖြစ်စေ၊ သူ သိက္ခာကျမည်ကိုဖြစ်စေ ကြောက်ရွံ့လိမ့်မည်။ ထို့ကြောင့် သက်သာခြင်းကို ခုံမင်နှစ်သက်ပြီး အလုပ်ကိုမုန်းတီးသောသူသည် ဆင်ခြင်တုံတရားရှိသလော။ (မရှိပါ။) ၎င်းတို့သည် အစဉ်သဖြင့် တစ်စုံတစ်ခုကို အလကား လိုချင်သည်။ မည်သည့်တာဝန်ကိုမျှ ကောင်းမွန်စွာ ဖြည့်ဆည်းလိုခြင်း လုံးဝ မရှိဘဲ ချိုချဉ်များက ကောင်းကင်မှ ကြွေကျပြီး ၎င်းတို့၏ ပါးစပ်ထဲသို့ ကျရောက်စေလိုသည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ရက်တွင် သုံးနပ်ကောင်းကောင်း စားလိုသည်။ တစ်စုံတစ်ယောက်အား ၎င်းတို့ကို အစဉ် လိုလေသေးမရှိ ပြုစုပေးစေလိုသည်။ ပြီးလျှင် အလုပ် တစ်စက်မျှ မလုပ်ဘဲ အစားအသောက်ကောင်းတို့ကို မွေ့လျော်လိုသည်။ ဤသည်မှာ ကပ်ပါးကောင်တစ်ကောင်၏ စိတ်နေစိတ်ထားမဟုတ်လော။ ကပ်ပါးကောင်ဖြစ်သော လူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသလော။ သမာဓိနှင့် ဂုဏ်သိက္ခာရှိသလော။ လုံးဝမရှိ။ ၎င်းတို့အားလုံးသည် ကပ်စားသည့် အသုံးမကျသောလူများ ဖြစ်ကြသည်။ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိသော သားရဲတိရစ္ဆာန်များဖြစ်ကြသည်။ ၎င်းတို့ထဲမှ မည်သူမျှ ဘုရားအိမ်တော်တွင် ကျန်ရှိနေဖို့ မသင့်တော်ပေ။

အသင်းတော်က သင့်အတွက် အလုပ်တစ်ခုကို စီစဉ်ပေးသည် ဆိုပါစို့။ ပြီးရင် သင်က “အဲဒီအလုပ်က ငါ့ကို အာရုံစိုက်မှု ရရှိခွင့်ပေးတဲ့အလုပ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဲဒါကို ငါ့အတွက် ပေးထားပြီးပြီဖြစ်တဲ့အတွက် ငါ ကောင်းကောင်းမွန်မွန် လုပ်ပြီး ဒီတာဝန်ကို ငါ ယူမယ်။ ငါက ဧည့်ခံတာကို လုပ်ဖို့ စီစဉ်ပေးတာခံရရင် အဲဒါကို ကောင်းကောင်းမွန်မွန် လုပ်ဖို့ ငါ အစွမ်းကုန် ကြိုးစားမယ်။ ညီအစ်ကိုမောင်နှမတွေကို ငါ ကောင်းကောင်းမွန်မွန် စောင့်ရှောက်မယ်၊ ပြီးတော့ လူတိုင်း ဘေးကင်းရေးအတွက် သေချာအောင် အစွမ်းကုန် လုပ်မယ်။ ဧဝံဂေလိ ဟောကြားဖို့ စီစဉ်ပေးတာ ခံရရင် ကိုယ့်ကိုယ်ကိုယ် သမ္မာတရားနဲ့ ပြင်ဆင်ပြီး ဧဝံဂေလိကို မေတ္တာနဲ့ ကောင်းကောင်းမွန်မွန် ဟောကြားတဲ့အပြင် ကိုယ့်တာဝန်ကို ကောင်းကောင်းမွန်မွန် ဖြည့်ဆည်းမယ်။ ငါက နိုင်ငံခြားဘာသာစကား သင်ယူဖို့ စီစဉ်ပေးတာ ခံရရင် အဲဒါကို စိတ်နှလုံးအကြွင်းမဲ့ လေ့လာပြီး ကြိုးစားမယ်၊ နိုင်ငံခြားသားတွေဆီမှာ ဘုရားသခင်ကို သက်သေခံနိုင်ဖို့အတွက် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ် အတွင်းမှာ အဲဒါကို အမြန်ဆုံး ကျွမ်းကျင်လာအောင် ကြိုးစားမယ်။ သက်သေခံချက်ဆောင်းပါးတွေရေးဖို့ ငါ့ကို တောင်းဆိုရင် အဲဒီလိုဖို့အတွက် တာဝန်သိသိနဲ့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်မယ်၊ ကိစ္စတွေကို သမ္မာတရာစည်းမျဉ်းတွေနဲ့အညီ ရှုမြင်မယ်။ ပြီးတော့ ဘာသာစကားအကြောင်း သင်ယူမယ်။ လှပတဲ့ စကားပြေတွေနဲ့ ဆောင်းပါးတွေကို ငါ မရေးကောင်းမရေးနိုင်ပေမဲ့ အနည်းဆုံးတော့ ငါ့ရဲ့ အတွေ့အကြုံတွေနဲ့ ဆိုင်တဲ့ သက်သေခံချက်ကို ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုနိုင်မှာပဲ။ သမ္မာတရားအကြောင်းကို နားလည်နိုင်အောင် မိတ်သဟာယဖွဲ့နိုင်မယ်။ ဘုရားသခင်အကြောင်း စစ်မှန်တဲ့ သက်သေကို ခံနိုင်မယ်။ ဒီလိုနဲ့ လူတွေက ငါ့ဆောင်းပါးတွေကို ဖတ်လို့ တည်ဆောက်စရာဖြစ်ပြီး အကျိုးဖြစ်ကြမယ်။ အသင်းတော်က ငါ့ကို ဘာအလုပ်မျိုးပဲ ချပေးပါစေ ငါ့ရဲ့ စိတ်နှလုံး၊ အားအင်ရှိသမျှနဲ့ တာဝန်ယူဆောင်ရွက်မယ်။ ငါနားမလည်တာ တစ်ခုခုရှိရင်၊ ပြဿနာတစ်ခုဖြစ်လာရင် ဘုရားသခင်ဆီကို ဆုတောင်းမယ်၊ သမ္မာတရားကို ရှာမယ်။ သမ္မာတရား စည်းမျဉ်းတွေနဲ့အညီ ပြဿနာတွေကို ဖြေရှင်းပြီး အလုပ်ကို ကောင်းကောင်းလုပ်မယ်။ ငါ့တာဝန်က ဘာပဲဖြစ်ပါစေ ကောင်းကောင်းထမ်းဆောင်ပြီး ဘုရားကို ကျေနပ်စေဖို့ အရာရာကို အသုံးပြုမယ်။ ငါစွမ်းဆောင်နိုင်တဲ့ ဘယ်အရာမဆိုအတွက် ငါခံယူသင့်တဲ့ တာဝန်တွေအားလုံးကို တာဝန်ယူဖို့ အကောင်းဆုံးလုပ်မယ်။ အနည်းဆုံးအနေနဲ့ ငါ့ရဲ့ အသိစိတ်၊ ဆင်ခြင်တုံတရားကို ဆန့်ကျင်မှာမဟုတ်ဘူး။ ဝတ်ကျေတမ်းကျေမလုပ်ဘူး။ စိတ်မချရအောင် မနေဘဲ မခိုကပ်ဘူး၊ ဒါမှမဟုတ် သူများတွေ အလုပ်ကြိုးစားပြီး ရထားတဲ့ အသီးအပွင့်တွေကို မမွေ့လျော်ဘူး။ ငါလုပ်တဲ့ ဘယ်အရာကမှ အသိစိတ်ရဲ့ စံနှုန်းထက် နိမ့်ကျမှာမဟုတ်ဘူး” ဟူ၍ ပြောသည်ဆိုပါစို့။ ဤသည်မှာ လူသားကျင့်ကြံပြုမူမှု၏ အနည်းဆုံးစံနှုန်းဖြစ်သည်။ ဤသို့သောပုံစံဖြင့် တာဝန်ထမ်းဆောင်သောသူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိသောသူအဖြစ် အရည်အချင်းပြည့်မီနိုင်သည်။ သင်သည် အနည်းဆုံးအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် လိပ်ပြာလုံရမည်။ အနည်းဆုံးအနေဖြင့် သင်၏ တစ်ရက် ထမင်းသုံးနပ်ဖြင့် ထိုက်တန်ရမည်ဖြစ်ပြီး ကပ်ပါးရပ်ပါး မလုပ်ရ။ ဤသည်မှာ တာဝန်သိစိတ်ရှိခြင်းဟု ခေါ်သည်။ သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သင်သည် ဤသဘောထားရှိရမည်။ “ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ ငါ့ရဲ့ စိတ်နှလုံးနဲ့ အင်အားရှိသမျှကို အသုံးပြုရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ အလုပ်မှာ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သေချာပေါက် သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။ သင်တို့တွင် ထိုသို့သော သဘောထားတစ်ခုရှိသလော။ လူအချို့ကပြောသည်။ “ငါ့ကို တာဝန်ချပေးတဲ့အလုပ်မှာ မဖြစ်မနေ ကောင်းကောင်းလုပ်ဖို့ မလိုပါဘူး။ ငါ တတ်နိုင်တာကိုပဲ လုပ်မယ်။ နောက်ဆုံးရလဒ်က သူဖြစ်ဖို့ရှိတဲ့အတိုင်း ဖြစ်လာမှာပဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပင်ပန်းခံဖို့ မလိုဘူး၊ ဒါမှမဟုတ် တစ်ခုခုမှားလုပ်မိရင် စိတ်ပူပြီး သောကရောက်နေဖို့မလိုဘူး။ ဖိအားတွေ အများကြီး ယူဖို့ မလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရမ်း အပင်ပန်းခံတော့ ဘာအကျိုးရှိလဲ။ တကယ်တမ်းတော့ ငါက အမြဲတမ်း အလုပ်လုပ်နေတာပဲ။ အလကားကပ်စားနေတာ မဟုတ်ဘူး” ဟူ၍ ဖြစ်သည်။ မိမိတာဝန်အပေါ် ဤသို့သော သဘောထားမျိုးသည် တာဝန်မသိတတ်ခြင်းဖြစ်၏။ “ငါ အလုပ်လုပ်ချင်စိတ်ရှိရင် နည်းနည်းလုပ်မယ်။ ငါတတ်နိုင်တာကိုပဲ လုပ်မယ်။ နောက်ဆုံးရလဒ်က သူဖြစ်ဖို့ရှိတဲ့အတိုင်း ဖြစ်လာမှာပဲ။ အဲဒါကို အရမ်းအလေးအနက်ထားစရာ မလိုပါဘူး” ဟူ၍ ဖြစ်သည်။ ထိုသို့သောလူများသည် ၎င်းတို့တာဝန်အပေါ် သိတတ်သော သဘောထားမရှိဘဲ တာဝန်ယူစိတ် မရှိကြပေ။ သင်တို့သည် မည်သို့သောသူမျိုးဖြစ်သနည်း။ ပထမအမျိုးအစားဖြစ်လျှင် သင်တို့သည် အသိစိတ်နှင့် လူ့သဘာဝရှိသောသူဖြစ်သည်။ ဒုတိယအမျိုးအစားဖြစ်လျှင် သင်တို့သည် ငါ ယခုပင် ပိုင်းခြားစိစစ်ခဲ့သော အယောင်ဆောင်ခေါင်းဆောင် အမျိုးအစားနှင့် ကွာခြားမှုမရှိပေ။ သင်သည် သင်၏ နေ့ရက်များကို အလဟဿ နေနေခြင်းသာ ဖြစ်သည်။ “ငါ ပင်ပန်းတာတွေ၊ ဆင်းရဲဒုက္ခတွေကို ရှောင်မယ်။ ပိုပြီး ပျော်ပျော်နေမယ်။ တစ်နေ့မှာ ငါ အထုတ်ခံရရင်တောင် ဘာကိုမှ ဆုံးရှုံးခဲ့မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ဂုဏ်အဆင့်အတန်းရဲ့ အကျိုးကို သုံးလေးရက်လောက် ခံစားခဲ့ရမှာပဲ။ ဒါ ငါ့အတွက် ဆုံးရှုံးမှု ဖြစ်ခဲ့မှာမဟုတ်ဘူး။ ငါခေါင်းဆောင်အဖြစ် အရွေးခံရရင် ဒါ ငါလုပ်မယ့်နည်းလမ်းပဲ” ဟူ၍ ဖြစ်သည်။ ဤသို့သော လူစားမျိုး၏ စိတ်နေစိတ်ထားကို သင် အဘယ်သို့ထင်မြင်သနည်း။ ထိုသို့သော လူများသည် သမ္မာတရားကို စိုးစဉ်းမျှ မလိုက်စားသည့် မယုံကြည်သူများဖြစ်သည်။ သင်သည် တာဝန်ယူစိတ် အမှန်တကယ် ရှိလျှင် ယင်းမှာ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိကြောင်း ပြလေသည်။ တာဝန်က မည်မျှကြီးသည်၊ ငယ်သည်ဖြစ်စေ၊ မည်သူက သင့်အား ထိုတာဝန်ကို ချပေးသည်ဖြစ်စေ၊ ဘုရားအိမ်တော်က သင့်ကို ပေးအပ်သည်ဖြစ်စေ၊ အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်က သင့်ကို တာဝန်ချပေးသည်ဖြစ်စေ သင်၏ သဘောထားက “ငါ့ကို ဒီတာဝန် ချပေးတဲ့အတွက် အဲဒါဟာ ဘုရားရဲ့ ချီးမြှောက်ခြင်း၊ ကျေးဇူးတော်ပဲ။ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီ ကောင်းကောင်းလုပ်သင့်တယ်။ ငါက သာမန်အစွမ်းအစ ရှိပေမဲ့ ဒီတာဝန်ကို ယူပြီး ကောင်းကောင်းလုပ်ဖို့ အစွမ်းကုန်လုပ်ချင်စိတ်ရှိတယ်။ ငါလုပ်တာ မကောင်းရင် တာဝန်ခံသင့်တယ်။ ငါလုပ်တာကောင်းရင် ဒါဟာ ငါ့အတွက် နာမည်ကောင်း ရဖို့ မဟုတ်ဘူး။ ဒါ ငါလုပ်သင့်တဲ့အရာပဲ” ဟူ၍ ဖြစ်သင့်သည်။ မိမိတာဝန်အပေါ် သဘောထားသည့်ပုံစံသည် စည်းမျဉ်းနှင့်ဆိုင်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ သင်သည် အမှန်တကယ်ပင် တာဝန်သိစိတ်ရှိပြီး တာဝန်သိတတ်သောသူဖြစ်လျှင် အသင်းတော်အလုပ်ကို တာဝန်ယူနိုင်မည်ဖြစ်ပြီး သင်ထမ်းဆောင်သင့်သည့် တာဝန်ကို ထမ်းဆောင်နိုင်လိမ့်မည်။ သင်၏တာဝန်ကို ပေါ့ပေါ့တန်တန် မှတ်ယူပါက ဘုရားသခင်ကို ယုံကြည်မှုအပေါ် သင်၏ အမြင်သည် မမှန်ကန်ပေ။ ဘုရားနှင့် သင်၏တာဝန်အပေါ် သင်၏ သဘောထားတွင် ပြဿနာရှိပေသည်။ သင်၏တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် သင်၏အမြင်မှာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ရန်နှင့် အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားရန်သာ ဖြစ်ပြီး ယင်းသည် သင်လုပ်ဆောင်လိုသည့်အရာဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင် ကျွမ်းကျင်သည့်အရာဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင်သည် တော်စွလျော်စွာ ကြုံရာကျပန်းလုပ်သည့် သဘောထားဖြင့် အမြဲချဉ်းကပ်သည်။ ထို့ကြောင့် သင်သည် ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦးဖြစ်ရန် မသင့်တော်ဘဲ အသင်းတော်အလုပ်ကို လုပ်ဆောင်ရန် မထိုက်တန်ပေ။ ထို့အပြင် အလွန် တဲ့တိုးပြောရလျှင် သင်တို့ကဲ့သို့ လူများသည် အသုံးမကျသူများ၊ မည်သည့်အရာကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိဖို့ သေချာပြီး အသုံးမကျသော လူများသာ ဖြစ်ကြသည်။ အသုံးမကျသောသူများဆိုသည်မှာ မည်သို့သောလူစားမျိုးများ ဖြစ်သနည်း။ နားဝေတိမ်တောင်ဖြစ်သောသူများ၊ မိမိတို့၏ နေ့ရက်များကို အချိန်ဖြုန်းနေသောသူများ ဖြစ်ကြသည်။ ဤသို့သော လူစားမျိုးသည် ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာတွင်မဆို တာဝန်ယူစိတ်မရှိသကဲ့သို့ ယင်းကို အလေးအနက်လည်းမထားပေ၊ ၎င်းတို့သည် အရာခပ်သိမ်းကို ကမောက်ကမဖြစ်စေသည်။ သင်သည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ ၎င်းတို့သည် သင်၏စကားများကို ဂရုမစိုက်ကြပေ။ ၎င်းတို့က ဤသို့ တွေးထင်ကြသည်။ “ကျွန်ုပ်ကတော့ ဤကဲ့သို့သာ ဖြစ်သလိုနေသွားမည်။ သင်ကြိုက်သလိုသာ ပြောတော့။ မည်သို့ပင်ဖြစ်စေ၊ ယခုလောလောဆယ် ကျွန်ုပ်သည် မိမိ၏တာဝန်ကို ထမ်းဆောင်နေပြီး စားစရာလည်းရှိသည်၊ ယင်းမှာ တော်လောက်ပါပြီ။ အနည်းဆုံးအနေဖြင့် ကျွန်ုပ် သူတောင်းစားတစ်ယောက် ဖြစ်စရာမလိုပါ။ တစ်နေ့နေ့ ကျွန်ုပ်၌ စားစရာမရှိတော့လျှင် ထိုအခါကျမှ စဉ်းစားပါမည်။ ကောင်းကင်ဘုံသည် လူသားအတွက် ထွက်ပေါက်တစ်ခုကို အစဉ်သဖြင့် ချန်ထားပေးလိမ့်မည်။ ကျွန်ုပ်တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မရှိဟုလည်းကောင်း၊ နားဝေတိမ်တောင်ဖြစ်သောသူ ဖြစ်သည်ဟုလည်းကောင်း သင်ပြောသည်၊ သို့ဆိုလျှင် အဘယ်အရာဖြစ်သနည်း။ ကျွန်ုပ်က ဥပဒေကို ချိုးဖောက်ခဲ့ခြင်းမရှိပါ။ အလွန်ဆုံးအနေဖြင့် ကျွန်ုပ်သည် ကိုယ်ကျင့်စရိုက် အနည်းငယ် ပေါ့ပျက်နေခြင်းသာ ဖြစ်သည်၊ သို့သော် ယင်းမှာ ကျွန်ုပ်အတွက် ဆုံးရှုံးမှုမဟုတ်ပါ။ စားစရာရှိနေသမျှ ကာလပတ်လုံး အဆင်ပြေပါသည်”ဟူ၍ ဖြစ်၏။ ဤအမြင်ရှုထောင့်ကို သင်တို့ မည်သို့ထင်သနည်း။ သင်တို့ကို ငါပြောမည်၊ မိမိတို့၏ နေ့ရက်များကို အချိန်ဖြုန်းနေသော ဤကဲ့သို့ နားဝေတိမ်တောင်ဖြစ်သောသူများသည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် ကံပါပြီးဖြစ်ကြကာ ၎င်းတို့သည် ကယ်တင်ခြင်းကို မည်သည့်နည်းနှင့်မျှ မရရှိနိုင်ပေ။ ဘုရားသခင်ကို နှစ်အတော်ကြာ ယုံကြည်ခဲ့ပြီးဖြစ်သော်လည်း သမ္မာတရားတစ်ခုတလေကိုမျှ မည်သည့်အခါမျှ လက်မခံခဲ့ဘဲ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များမရှိသောသူအားလုံးသည် ဖယ်ရှားရှင်းလင်းခြင်းခံရမည် ဖြစ်သည်။ တစ်ယောက်မျှ ရှင်သန်ကျန်ရစ်မည် မဟုတ်ပေ။ အမှိုက်များနှင့် အသုံးမကျသူများသည် အလကားကပ်စားနေသူများသာဖြစ်ပြီး ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရရန် ကံကြမ္မာပါပြီးဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ကပ်ရပ်သောက်နေသူများသာ ဖြစ်ပါက ၎င်းတို့ကို သာ၍ပင် ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းရမည်ဖြစ်သည်။ ဤကဲ့သို့ နားဝေတိမ်တောင် ဖြစ်သောသူများသည် ခေါင်းဆောင်များ၊ အမှုဆောင်များ ဖြစ်ချင်နေကြသေးသည်၊ ၎င်းတို့သည် မထိုက်တန်ပေ။ ၎င်းတို့သည် မည်သည့်စစ်မှန်သောအလုပ်ကိုမျှ မလုပ်ဆောင်ကြသည့်တိုင် ခေါင်းဆောင်များ ဖြစ်ချင်နေကြသေးသည်။ ၎င်းတို့သည် အမှန်တကယ်ပင် အရှက်မရှိကြပေ။

ခေါင်းဆောင်များနှင့် အမှုဆောင်အချို့သည် မိမိတို့၏ရာထူးများမှ ဖြုတ်ချခြင်းခံရပြီးနောက်တွင် ၎င်းတို့က “ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး မဖြစ်ရခြင်းက သိပ်ကောင်းသည်။ အလွန်စိုးရိမ်ကြောင့်ကြစရာ သို့မဟုတ် မိမိကိုယ်ကို အလွန် စိတ်အပင်ပန်းခံနေစရာ မလိုအပ်ပါ။ သာမန်ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးဖြစ်ရခြင်းက ကောင်းပါသည်။ အဘယ်ကြောင့် ယင်းနှင့်ပတ်သက်၍ ကျွန်ုပ်ကိုယ်ကျွန်ုပ် စိတ်အပင်ပန်းခံရမည်နည်း။ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ပင်ပန်းနွမ်းနယ်စေဖို့အတွက် အစွမ်းအစ ပိုင်ဆိုင်ထားခြင်း မဟုတ်ပါ”ဟု ပြောကြသည်။ အခြားတစ်စုံတစ်ယောက်က ၎င်းတို့အား “သင်က ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး မဟုတ်သဖြင့် ယခု သင် မည်သည့်အရာကို လုပ်ဆောင်မည်နည်း”ဟု ပြောကြသည်။ ၎င်းတို့က “အလွန် မပင်ပန်းသည့်အပြင် အားထုတ်မှုများစွာ မလိုအပ်သရွေ့ ကျွန်ုပ် မည်သည့်အရာကိုမဆို လုပ်ဆောင်ခြင်းက အဆင်ပြေပါသည်။ လမ်းလျှောက်ပြီး အနီးဝန်းကျင်ကို ကြည့်ခြင်း သို့မဟုတ် ထိုင်ခြင်းနှင့် စကားပြောခြင်း၊ သို့မဟုတ် ကွန်ပျူတာကြည့်ခြင်းများ ပါဝင်ပြီး အလွန်ရှည်ကြာသော အချိန်နာရီများ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခမရှိသည့် တစ်စုံတစ်ရာက အဆင်ပြေပါသည်”ဟု ပြန်ပြောကြသည်။ ဤသည်မှာ မည်သည့် စကားမျိုးဖြစ်သနည်း။ အကယ်၍ သင်တို့ ရွေးချယ်လိုက်သော ခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ဤအရာမျိုးဖြစ်ကြောင်း သင်တို့ တွေ့ရှိပါက သင်တို့၏ စိတ်နှလုံးထဲတွင် မည်သို့ခံစားရလိမ့်မည်နည်း။ သင်တို့ အလွန်နောင်တရလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤအရာနှင့်ပတ်သက်၍ သင်တို့တွင် အတွေးတစ်ခုတလေ ရှိလိမ့်မည်လော။ သင်က “မူလက သင့်တွင် အစွမ်းအစအနည်းငယ်ရှိသည်ကို ကျွန်ုပ်မြင်ပြီး သင့်ကို ရာထူးတိုးပေးကာ ပျိုးထောင်ပေးချင်ခဲ့သည့်အပြင် နောက်ထပ် သမ္မာတရားအချို့ကို သင် ပိုနားလည်နိုင်ရန်အလို့ငှာ သင့်ကို အခွင့်အရေးတစ်ခု ပေးသည်။ သင်သည် ဘာမျှမဟုတ်သည့်အရာထက်ပင် ညံ့ဖျင်းသည်ဟု ကျွန်ုပ် လုံးဝ မတွေးခဲ့မိပါ။ ထိုအချိန်က သင့်ကို လူသားတစ်ဦးအဖြစ် မှတ်ယူမိခဲ့သည့်အတွက် ကျွန်ုပ် နောင်တရမိသည်။ သင်သည် အမှန်တွင်လူသားတစ်ဦး မဟုတ်ဟု ကျွန်ုပ် မည်သည့်အခါမျှ မတွေးခဲ့မိပါ။ သင်သည် ဝက် သို့မဟုတ် ခွေးထက်ပင် နိမ့်ကျသည်၊ သင်က အမှိုက်သရိုက်ဖြစ်သည်။ သင်သည် ဤလူ့အရေခွံကို ဝတ်ဆင်ဖို့ မထိုက်တန်ဘဲ သင်က လူသားတစ်ဦးဖြစ်ဖို့ မထိုက်တန်ပါ”ဟု ပြောလိမ့်မည်။ ဤစကားများသည် နားကြားမကောင်းသည့်ပုံရသည် မဟုတ်လော။ (မဟုတ်ပါ။) ယင်းတို့သည် သင်တို့အတွက် နားကြားမကောင်းသည့်ပုံ မရသော်လည်း ဤသို့သော အမှိုက်သရိုက်မျိုးအတွက်မူ အလွန်နားကြားမကောင်းသည့်ပုံရသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သော အမှိုက်သရိုက်တွင် နှလုံးသားရှိသလော။ (မရှိပါ။) သို့ဆိုလျှင် တစ်စုံတစ်ယောက်က ၎င်းတို့အကြောင်း ကောင်းသောအရာများ သို့မဟုတ် မကောင်းသောအရာများ ပြောနေသည်ကို ၎င်းတို့ သိနိုင်ကြသလော။ နှလုံးသားမရှိသောလူများသည် ကိစ္စရပ်တစ်ခုတလေကို ကြုံတွေ့ရသည့်အခါ ၎င်းတို့၏ နေ့ရက်များကို ဖြုန်းတီးသည့် သဘောထားအား ပြောင်းလဲမည်မဟုတ်ပေ။ ၎င်းတို့ကိုယ်တိုင် အကျိုးရှိပြီး အမြတ်ထွက်ကာ သက်သောင့်သက်သာခံစားရသရွေ့ အဆင်ပြေသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့ကြောင့် အခြားတစ်ဦးတလေက မည်သည့်အရာကို ပြောသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ကြပေ။ ၎င်းတို့၏ ကျော်ကြားသောဆိုရိုးမှာ “သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ကျွန်ုပ်ကို သင် မည်သို့မြင်သည်ဖြစ်စေ၊ မည်သို့ အကဲဖြတ်သည်ဖြစ်စေ၊ ကျွန်ုပ်ကို သင် မည်သို့ အမျိုးအစားခွဲခြားသည်ဖြစ်စေ၊ ကိုင်တွယ်သည်ဖြစ်စေ ကျွန်ုပ် ဂရုမစိုက်ပါ”ဟူ၍ ဖြစ်သည်။ ဤလူများသည် အမှိုက်သရိုက်များသာဖြစ်သည် မဟုတ်လော။ သင် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ၎င်းတို့တွင် မည်သည့် သိမြင်ခံစားမှုမျှမရှိသည့်အပြင် နှလုံးမသွင်းကြပေ။ အဘယ်ကြောင့် ၎င်းတို့ နှလုံးမသွင်းကြသနည်း။ ၎င်းတို့သည် လူပျင်းများသာဖြစ်ပြီး နှလုံးသားမရှိကြပေ။ နှလုံးသားမရှိသောလူများတွင် ဂုဏ်သိက္ခာ သို့မဟုတ် တည်ကြည်မှုမရှိ၊ သင်ပြောသည့် မည်သည့်အရာကိုမျှ ၎င်းတို့ ဂရုမစိုက်ကြသည့်အပြင် သင်က ၎င်းတို့အား မည်မျှပင် ပြင်းထန်စွာ ပြောဆိုသည်ဖြစ်စေ ၎င်းတို့၏ နှလုံးသားထဲတွင် နာကျင်ခြင်းကို ခံစားရမည်မဟုတ်ပေ။ ဂုဏ်သိက္ခာ၊ သမာဓိနှင့် ဆင်ခြင်တုံတရား ရှိသူများသာလျှင် ထိုသို့သောစကားများကို ကြားရသည့်အခါ နာကျင်ခံစားရလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ နှလုံးသားများ စူးနစ်စွာ ထိုးနှက်ခံရသည်ဟု ခံစားရလိမ့်မည်။ ၎င်းတို့က “ယင်းမှာ ကျင့်ကြံပြုမူရန် နိမ့်ကျသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းက လူတို့ကို ကျွန်ုပ်အပေါ် အထင်သေးစေခဲ့ပြီး ကျွန်ုပ်၏ ဂုဏ်သိက္ခာကို ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ် ထိုသို့ နောက်ထပ် ပြုမူမည်မဟုတ်ပါ။ ကျွန်ုပ် သိက္ခာဆယ်လိုပြီး လူတို့အား ကျွန်ုပ်ကို အထင်မသေးစေချင်ပါ။ ကျွန်ုပ် သိက္ခာဆယ်ဖို့ ကြိုးစားပြီး ဂုဏ်သိက္ခာရှိရှိနေထိုင်ကာ ဘုရားသခင်ကို ကျေနပ်စေဖို့ မည်သည့်အရာကိုမဆို ကျွန်ုပ် လုပ်မည်”ဟု ပြောကြလိမ့်မည်။ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေပြီး ၎င်းတို့၏ နာကျင်သောနေရာ၊ အားနည်းသောနေရာကို ထိုးနှက်သည့် စကားများနှင့်ပတ်သက်လာသည့်အခါ ၎င်းတို့တွင် သိမြင်ခံစားမှုရှိသည်၊ ဤသူများသည် နှလုံးသားရှိသောလူများ ဖြစ်ကြသည်။ သိမြင်ခံစားမှုတစ်ခုရှိပြီး ဂုဏ်သိက္ခာပိုင်ဆိုင်သောသူများသည် မှန်ကန်သော ပြောဆိုချက်များကို ကြားရပြီး အပြုသဘောဆောင်သောအရာများကို မြင်ကာ မှန်ကန်သည့်အရာနှင့် မှားယွင်းသည့်အရာတို့ကြား ပိုင်းခြားသိမြင်သည့်အခါ ၎င်းတို့တွင် ဂုဏ်သိက္ခာရှိသောကြောင့် ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ချက်ရှိကြပြီး အခြားသူများအား ၎င်းတို့အပေါ် အထင်မသေးစေချင်ကြပေ။ ထိုပျင်းရိသူများနှင့် အသုံးမကျသောလူများတွင် ဂုဏ်သိက္ခာမရှိပေ။ ထို့ကြောင့် သင်က ၎င်းတို့အား မည်သည့်အရာကိုပင် ပြောသည်ဖြစ်စေ၊ သင်၏ပြောဆိုချက်များက မည်မျှပင် မှန်ကန်သည်ဖြစ်စေ၊ တိကျသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားနှင့် မည်မျှ ကိုက်ညီသည်ဖြစ်စေ၊ သို့မဟုတ် သင်၏ပြောဆိုချက်များသည် မည်မျှပင် အပြုသဘောဆောင်သောအရာများ ဖြစ်ပါစေ ဤလူများအပေါ်တွင် မည်သည့်အကျိုးသက်ရောက်မှုမျှမရှိဘဲ ၎င်းတို့ကို စိုးစဉ်းမျှ တို့ထိမည်မဟုတ်ပေ။ ဂုဏ်သိက္ခာမရှိသောလူတစ်ဦးသည် အပြုသဘောဆောင်သောအရာ တစ်ခုတလေ၊ ဆုံးဖြတ်ချက်တစ်ခုတလေ၊ သို့မဟုတ် ဖော်ထုတ်မှုတစ်ခုတလေနှင့် စပ်လျဉ်း၍ လုံးဝ သိမြင်ခံစားမှုမရှိသကဲ့သို့ မည်သည့် ဘဝလမ်းကြောင်းမျိုးအား ရွေးချယ်ရမည်ဟူသည့်အပေါ် မှန်ကန်သောသဘောထားလည်း မရှိပေ။ ထိုအကြောင်းကြောင့် သင်က ၎င်းတို့အား မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ၎င်းတို့ကို သင် မည်သို့ပင် ဖော်ထုတ်သည်ဖြစ်စေ၊ သတ်မှတ်သည်ဖြစ်စေ ၎င်းတို့သည် လုံးဝ လက်ခံရန် ငြင်းပယ်ပြီး ဂရုမစိုက်ကြပေ။ သို့ဆိုလျှင် ထိုသို့သောလူများအတွက် သမ္မာတရားကို တရားဟောခြင်းနှင့် တရားဒေသနာများ ဟောပြောခြင်းသည် အသုံးဝင်မှု တစ်ခုတလေရှိသလော။ ၎င်းတို့ကို ပြုပြင်ခြင်းသည် အသုံးဝင်မှု တစ်ခုတလေရှိသလော။ ၎င်းတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် အသုံးဝင်မှု တစ်ခုတလေရှိသလော။ မရှိပေ။ ထိုသို့သောလူများသည် အသုံးမကျသူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ နေ့ရက်များကို အိုးနင်းခွက်နင်းဖြင့်ပင် ပြီးမြောက်သွားကြပြီး သားရဲတိရစ္ဆာန်များအမျိုးအစားနှင့် သက်ဆိုင်သည်။ တိတိကျကျပြောရလျှင် ၎င်းတို့သည် လူသားများမဟုတ်ကြပေ။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားနာရန် မထိုက်တန်ကြပေ။ အကယ်၍ ဤအသုံးမကျသူများ၊ ကပ်ပါးကောင်များက အသင်းတော်ခေါင်းဆောင်များ ဖြစ်လာပါက ၎င်းတို့သည် အသင်းတော်တွင် ရှိနေသော ပြဿနာများကို ရှာဖွေတွေ့ရှိနိုင်ကြသလော။ ၎င်းတို့သည် ပြဿနာများကို ဖြေရှင်းနိုင်သလော။ သေချာပေါက် မဖြေရှင်းနိုင်ပေ။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများက ပြဿနာတစ်ခုကို တင်ပြပါက ၎င်းတို့ ဖြေရှင်းနိုင်ကြသလော။ ထိုအရာကိုလည်း ၎င်းတို့ သေချာပေါက် မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်းမရှိကြပေ။ သို့ဆိုလျှင် ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်ကို မည်သို့လုပ်ဆောင်နိုင်ကြသနည်း။ ယင်းမှာ မတွေးဝံ့စရာ ဖြစ်ပေမည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် လူတို့သည် အနည်းဆုံးအားဖြင့် အသင်းတော်အလုပ်တွင် ရှိနေသော ပြဿနာများနှင့် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ ရှိနေသော ပြဿနာများကို ဖြေရှင်းနိုင်ရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် အချိန်တစ်ခုကြာ လေ့ကျင့်ပြီး အတွေ့အကြုံအချို့ ရရှိလာကာ သမ္မာတရားအချို့ကိုလည်း မိတ်သဟာယဖွဲ့နိုင်ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အချို့ကို ပြောဆိုနိုင်ပါက ၎င်းတို့သည် ခေါင်းဆောင်မှုအလုပ်တွင် တဖြည်းဖြည်း ကျွမ်းကျင်လာနိုင်ပေသည်။ အကယ်၍ ၎င်းတို့သည် မည်သည့်ပြဿနာကိုမျှ ရှာဖွေတွေ့ရှိနိုင်စွမ်း သို့မဟုတ် ဖြေရှင်းနိုင်စွမ်း မရှိပါက ခေါင်းဆောင်မှုအလုပ်ကို ၎င်းတို့ လုပ်ဆောင်နိုင်ဖို့ နည်းလမ်းမရှိပေ။ ထိုအခါ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များဖြစ်ကြပြီး ၎င်းတို့ကို ဖြုတ်ချကာ ခေါင်းဆောင်အသစ်များကို ရွေးကောက်တင်မြှောက်သင့်သည်။

ခေါင်းဆောင်များအဖြစ် အစေခံသူတို့သည် အနည်းဆုံးအနေဖြင့် သမ္မာတရားကို အနည်းငယ် နားလည်ရမည်ဖြစ်ပြီး လက်တွေ့ကျသော အတွေ့အကြုံအချို့ ရှိရမည်။ ၎င်းတို့တွင် အတွေ့အကြုံ လုံးဝမရှိပါက ၎င်းတို့သည် မည်သည့်သမ္မာတရားကိုမျှ နားမလည်ကြသည်မှာ သေချာပေသည်။ ခေါင်းဆောင်များအဖြစ် အစေခံသော အချို့လူတို့သည် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရာ၌ တော်ကြပြီး လူအများစုထံမှ အသိအမှတ်ပြုခြင်းနှင့် ချီးမွမ်းခြင်းကို ရရှိနိုင်ကြသည်။ အပေါ်ယံအားဖြင့် အယောင်ဆောင် ခေါင်းဆောင်များသည် မေးခွန်းများကို ဖြေဆိုနိုင်ကြသော်လည်း ၎င်းတို့သည် သမ္မာတရား စည်းမျဉ်းများကို မိတ်သဟာယမဖွဲ့နိုင်ကြပေ။ ၎င်းတို့ တရားဟောသမျှအားလုံးသည် အနှစ်မရှိသော သီအိုရီဖြစ်ပြီး ယင်း၌ လက်တွေ့ကျသောအရာ တစ်ခုမျှ လုံးဝမပါပေ။ လူတို့သည် ၎င်းတို့၏ တရားဟောခြင်းကို ကြားရသောအခါ မိမိတို့၏ အကြိုက်များနှင့် ကိုက်ညီသည်ဟု ခံစားရပြီး ပိုင်းခြားသိမြင်မှုမရှိသူတို့သည် ယင်းကို အလွန် အသိအမှတ်ပြုကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့သည် လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းမရှိသေးဘဲ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများကိုလည်း ရှာမတွေ့နိုင်ကြပေ။ သို့ဆိုလျှင် ဤသည်မှာ ပြဿနာတစ်ခုတလေကို ဖြေရှင်းပြီးဖြစ်သည်ဟု မှတ်ယူ၍ရသလော။ ဤသည်မှာ ၎င်းတို့ ဝတ်ကျေတမ်းကျေ ပြုမူနေခြင်း မဟုတ်လော။ ဤနည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန် ကြိုးစားခြင်းကို လက်တွေ့ကျသော အလုပ်လုပ်ခြင်းဟု မှတ်ယူ၍ရသလော။ အယောင်ဆောင် ခေါင်းဆောင်များသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ကြသော်လည်း အရာရှိတစ်ဦးကဲ့သို့ မည်သို့ပြုမူရမည်ကို သိကြသည်။ ၎င်းတို့ ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် ပထမဆုံးလုပ်ဆောင်သည့်အရာမှာ အဘယ်နည်း။ ယင်းမှာ လူတို့၏ မျက်နှာသာပေးခြင်းကို ဝယ်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် “အရာရှိသစ်များက အထင်ကြီးအောင်လုပ်ဖို့ စိတ်ထက်သန်ကြသည်” ဟူသော လုပ်နည်းကိုင်နည်းကို ခံယူကြသည်။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရ လုပ်ရန် အမှုအရာအနည်းငယ်ကို လုပ်ဆောင်ပြီး လူတိုင်း၏ နေ့စဉ် လူမှုဖူလုံရေးကို တိုးတက်စေသည့် အမှုအရာအနည်းငယ်ကို ကိုင်တွယ်ဖြေရှင်းပေးသည်။ ၎င်းတို့သည် လူတိုင်းက ၎င်းတို့ကို ချီးမွမ်းကာ “ဤခေါင်းဆောင်သည် ကျွန်ုပ်တို့အပေါ် မိဘသဖွယ် ပြုမူသည်” ဟု ပြောဆိုရန်အလို့ငှာ လူတို့က ၎င်းတို့အား အကောင်းမြင်စေရန်၊ ၎င်းတို့က လူအများနှင့် တစ်သားတည်းဖြစ်ကြောင်း လူတိုင်းကို ပြသရန် ပထမဆုံး ကြိုးစားကြသည်။ ထို့နောက် ၎င်းတို့သည် တရားဝင် တာဝန်ယူကြသည်။ ၎င်းတို့တွင် အများထောက်ခံမှုရှိပြီး ၎င်းတို့၏ ရာထူးက လုံခြုံသွားပြီဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ ထိုက်တန်သောအခွင့်အရေးများ ဖြစ်သည့်အလား အဆင့်အတန်း၏ အကျိုးအမြတ်များကို စတင် မွေ့လျော်ခံစားကြသည်။ ၎င်းတို့၏ ဆောင်ပုဒ်များမှာ “ဘဝဆိုသည်မှာ ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ဖို့သာ ဖြစ်သည်၊” “ဘဝသည် တိုတောင်းသည်၊ ထို့ကြောင့် သင်တတ်နိုင်သမျှ ကာလပတ်လုံး ပျော်မွေ့လော့၊” ဟူသည်နှင့် “ယနေ့အတွက်သာ ပျော်ပါး၍ မနက်ဖြန်အတွက် မနက်ဖြန်မှ ပူပန်ပါ” ဟူသည်တို့ ဖြစ်ကြသည်။ ၎င်းတို့သည် နေ့ရက်တိုင်းကို ဖြစ်လာသည့်အတိုင်း ပျော်မွေ့ကြသည်။ ပျော်နိုင်တုန်း ပျော်ပါးကြပြီး ခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည်၊ မည်သည့်တာဝန်များကို ထမ်းဆောင်သင့်သည်ဟူသည်တို့ကို ထည့်သွင်းစဉ်းစားရန် မဆိုထားနှင့်၊ အနာဂတ်ကို မတွေးကြပေ။ ၎င်းတို့သည် လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုအတိုင်း အနည်းငယ်သော စကားလုံးများနှင့် အယူဝါဒများကို တရားဟောပြီး ဟန်ပြအတွက် အလုပ်အနည်းငယ်ကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် မည်သည့် လက်တွေ့ကျသော အလုပ်ကိုမျှ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အသင်းတော်ရှိ စစ်မှန်သော ပြဿနာများကို ဖော်ထုတ်ခြင်းမရှိဘဲ လုံးဝ ဖြေရှင်းနေခြင်း မရှိပေ။ သို့ဖြစ်၍ ထိုသို့သော အပေါ်ယံ အလုပ်တာဝန်များကို လုပ်ဆောင်ခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ဤသည်မှာ လှည့်စားခြင်း မဟုတ်လော။ ဤသို့သော အယောင်ဆောင် ခေါင်းဆောင်မျိုးကို အရေးကြီးသော တာဝန်များ ပေးအပ်၍ရနိုင်သလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများ၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဤလူတို့သည် မည်သည့် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိ၊ ၎င်းတို့သည် တာဝန်သိစိတ် တစ်ခုတလေ ကင်းမဲ့ကြပြီး သို့တိုင်အောင် အသင်းတော်၌ အရာရှိရာထူးတစ်ခုကို စွဲကိုင်ရန်၊ ခေါင်းဆောင်တစ်ဦးဖြစ်ရန် ဆန္ဒရှိနေကြသေးသည်။ ၎င်းတို့သည် အဘယ်ကြောင့် အလွန်အရှက်မဲ့ကြသနည်း။ တာဝန်သိစိတ်ရှိသော အချို့လူများအတွက်မူ ၎င်းတို့သည် အစွမ်းအစ ညံ့ဖျင်းပါက ခေါင်းဆောင်များ မဖြစ်နိုင်ကြပေ။ တာဝန်သိစိတ် လုံးဝမရှိသော အသုံးမကျသူများအကြောင်းကိုမူ ပြောစရာမလိုတော့ပေ၊ ၎င်းတို့သည် ခေါင်းဆောင်များဖြစ်ရန် သာ၍ပင် အရည်အချင်းမပြည့်မီကြပေ။ ထိုသို့သော အစားကြီးပြီး ပျင်းရိသော အယောင်ဆောင် ခေါင်းဆောင်များသည် မည်မျှ ပျင်းရိကြသနည်း။ ၎င်းတို့သည် ပြဿနာတစ်ခုကို တွေ့ရှိပြီး ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်းကို သိရှိနေသည့်အခါ၌ပင် အလေးအနက် မထားသည့်အပြင် ဂရုမစိုက်ကြပေ။ ၎င်းတို့ အလွန် တာဝန်မဲ့ကြသည်တကား။ ၎င်းတို့သည် စကားပြောကောင်းသောသူများ ဖြစ်ပြီး အစွမ်းအစ အနည်းငယ်ရှိပုံရသော်လည်း အလုပ်များ ရပ်တန့်သွားသည်အထိ ဖြစ်စေလျက် အသင်းတော်အလုပ်တွင်ရှိသည့် အမျိုးမျိုးသော ပြဿနာများကို ၎င်းတို့ မဖြေရှင်းနိုင်ကြပေ။ ပြဿနာများ ဆက်လက်၍ စုပုံလာသော်လည်း ဤခေါင်းဆောင်များသည် ယင်းတို့ကို စိတ်မဝင်စားကြဘဲ လုပ်ရိုးလုပ်စဉ်အတိုင်း အပေါ်ယံ အလုပ်တာဝန်အနည်းငယ်ကို မရမက လုပ်ဆောင်ကြသည်။ နောက်ဆုံးရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ကမောက်ကမဖြစ်စေကြသည် မဟုတ်လော၊ ၎င်းတို့သည် အလုပ်ကို ကိုးရိုးကားယားပြုလုပ်မိကြသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၌ ပရမ်းပတာဖြစ်ခြင်းနှင့် စည်းလုံးညီညွတ်မှုမရှိခြင်းကို ဖြစ်ပေါ်စေသည် မဟုတ်လော။ ဤသည်မှာ ရှောင်လွှဲ၍မရသော ရလဒ်ဖြစ်သည်။ ဤအခြေအနေတွင် အယောင်ဆောင် ခေါင်းဆောင်များသည် အထက်သို့ အစီရင်ခံစာ တင်ကြလိမ့်မည်လော။ သေချာပေါက် တင်မည်မဟုတ်။ အသင်းတော်တွင်ရှိသည့် တစ်စုံတစ်ဦးက အယောင်ဆောင် ခေါင်းဆောင်များ၏ ပြဿနာများကို အထက်သို့ အစီရင်ခံလိုပါက ၎င်းတို့က ဤအရာကို သဘောတူလိမ့်မည်လော။ ၎င်းတို့သည် ထိုလူကို ဧကန်မုချ ဖိနှိပ်ပြီး တားဆီးမည်ဖြစ်သည်။ မည်သူ့ကိုမျှ အထက်သို့ ပြဿနာတစ်ခု အစီရင်ခံခွင့်ပြုမည် မဟုတ်သည့်အပြင်၊ ထိုသို့ပြုလုပ်သည့် မည်သူ့ကိုမဆို ကန့်သတ်မည်၊ ဖိနှိပ်မည်၊ အဆက်အသွယ်ဖြတ်မည် ဖြစ်သည်။ ငါ့ကို ပြောလော့၊ ဤအယောင်ဆောင် ခေါင်းဆောင်များသည် အလွန် စက်ဆုပ်ဖွယ်ကောင်းသည် မဟုတ်လော။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို မည်မျှပင် ထိခိုက်စေပြီးသည်ဖြစ်စေကာမူ၊ ယင်းကို ဖြေရှင်းပေးရန် မဆိုထားနှင့်၊ ဤအကြောင်းကို အထက်အား သိရှိခွင့်ပေးဦးမည်မဟုတ်ပေ။ ၎င်းတို့ အလေးထားသမျှမှာ မိမိတို့၏ အဆင့်အတန်းနှင့်ဆိုင်သော အကျိုးအမြတ်များကို မွေ့လျော်ခံစားခြင်းနှင့် မိမိတို့၏ ပကာသနနှင့် မာနတို့ကို ကာကွယ်ခြင်းတို့ ဖြစ်သည်။ ထိုသို့သော လူများသည် အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မဲ့ကြသည်တကား။ ၎င်းတို့သည် အသိစိတ်နှင့် လူ့သဘာဝ လုံးဝကင်းမဲ့နေကြသည် မဟုတ်လော။ အထက်က အလုပ်အကြောင်း မေးမြန်းသည့်အခါ ၎င်းတို့သည် အထက်ကို မလိမ့်တပတ်လုပ်ကာ လှည့်စားလျက် ပြဿနာမရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုကြသည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် အထက်ကို လှည့်စားပြီး ၎င်းတို့၏ လက်အောက်ငယ်သားများထံမှ အမှုအရာများကို ကွယ်ဝှက်နေကြသည် မဟုတ်လော။ အသင်းတော်အလုပ်နှင့်ဆိုင်သော ပြဿနာများမှာ ပိုစုပုံသည်ထက် စုပုံလာနေပြီး အယောင်ဆောင် ခေါင်းဆောင်များသည် ယင်းတို့ကို မိမိတို့ဘာသာ မဖြေရှင်းနိုင်ကြသော်လည်း ဤပြဿနာများကို အထက်သို့ အစီရင်ခံခြင်းလည်း မပြုကြပေ။ ဤအခြေအနေများအောက်တွင် ၎င်းတို့သည် မည်သည့်အရာမျှ မမှားသည့်အလား ပြုမူကြသည်။ ၎င်းတို့သည် သက်သောင့်သက်သာဖြစ်ခြင်းတွင် အလားတူပင် မွေ့လျော်ခံစားကြပြီး တစ်နေ့လုံး မည်သည့်အရာမျှ မလုပ်ဆောင်ဘဲ ထိုင်နေကာ ၎င်းတို့၏ နေ့ရက်များကို အချိန်ဖြုန်းကြသည့်အပြင် အကျိုးဆက်များအတွက် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိကြပေ။ ပြဿနာများ ဖော်ထုတ်ခံရပြီး အထက်က ဤအကြောင်းကို စုံစမ်းစစ်ဆေးသည့်အခါတွင်မူ ၎င်းတို့က “ကျွန်ုပ်သည် ဤအလုပ်ကို လုပ်ဆောင်ရန် လူများကို စီစဉ်ပေးခဲ့ပါသည်။ ကျွန်ုပ်၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီး ဖြစ်ပါသည်။ အလုပ်ကို ကောင်းမွန်စွာ မလုပ်ဆောင်ထားပါက ယင်းမှာ အခြားလူများ၏ တာဝန်သာ ဖြစ်ပါသည်။ ကျွန်ုပ်နှင့် မည်သည့် ပတ်သက်မှုရှိသနည်း”ဟု ပြောဆိုနေကြဆဲ ဖြစ်သည်။ ဤစကားအနည်းငယ်ဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို တာဝန်မှ လုံးဝ ကင်းလွတ်ခွင့်ပေးကြသည်။ ဤကိစ္စအတွက် ၎င်းတို့တွင် လုံးဝ တာဝန်မရှိသည့်အလား ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မပြုသည်သာမက “မည်သို့ပင်ဖြစ်စေ၊ ကျွန်ုပ်သည် ကျွန်ုပ်၏ တာဝန်၌ ပျင်းရိနေခဲ့ခြင်း မရှိပါ။ ကျွန်ုပ်သည် ကပ်ရပ်စားသောက်နေသူတစ်ဦး မဟုတ်ပါ။ အထက်က ကျွန်ုပ်ကို မဖြုတ်ချပါက ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးအဖြစ် ဆက်လက်အစေခံမည် ဖြစ်သည်။ ကျွန်ုပ်၏ နုတ်ထွက်စာကို တင်သွင်းလိုက်ပါက ဘုရားသခင်ကို သစ္စာဖောက်ရာ ရောက်မည် မဟုတ်လော။ ကျွန်ုပ်၏ တာဝန်အပေါ် သစ္စာစောင့်သိမှုမရှိခြင်းကို ပြသရာ ရောက်မည် မဟုတ်လော”ဟု ပြောဆိုလျက် လျော်ကန်သင့်မြတ်သည်ဟုလည်း ခံစားရပြီး စိတ်အေးလက်အေးရှိကြသည်။ သင်သည် ၎င်းတို့ကို ပြုပြင်ပါက သင့်ကို ချေပရန် အကြောင်းပြချက်များစွာ ရလာနိုင်ကြလိမ့်မည်။ ၎င်းတို့သည် ဤကိစ္စအတွက် တာဝန်ရှိသည်ဟု ပြောမည်မဟုတ်၊ ၎င်းတို့၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို ပြောမည်မဟုတ်သည့်အပြင် ပြဿနာများကို ၎င်းတို့ မဖြေရှင်းခြင်းနှင့် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ခြင်းတို့၏ သဘောသဘာဝမှာ အဘယ်အရာဖြစ်သည်ကိုလည်း ဆင်ခြင်သုံးသပ်ကြမည် မဟုတ်ပေ။ ထိုသို့သော လူများသည် အလွန် မုန်းစရာကောင်းသည် မဟုတ်လော။ ၎င်းတို့သည် မိမိတို့ စိတ်နှလုံးများတွင် ဝမ်းနည်းခြင်း တစ်စက်မျှမရှိဘဲ အသင်းတော်အလုပ်ကို ရပ်တန့်သွားစေပြီး ဘုရားသခင် ရွေးချယ်ထားသော လူများကို အချိန်ကြာမြင့်စွာ ထိခိုက်စေခဲ့သည်။ ၎င်းတို့သည် လူသားများ ဖြစ်ကြသေးသလော။ ၎င်းတို့တွင် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားတစ်စက်မျှ ရှိကြသေးသလော။ အချို့လူများက “ဤကဲ့သို့သော လူများကို ခေါင်းဆောင်များအဖြစ် မရွေးကောက်သင့်ပါ”ဟု ပြောဆိုကြသည်။ သဘောတရားအရ ဖြစ်သည့်ပုံစံ ဖြစ်သည်။ သို့သော် ရွေးကောက်ခြင်းခံရသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များထဲတွင် ဤကဲ့သို့သော လူအချို့ အမှန်တကယ် ရှိနေသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ဤအရာအားလုံးသည် ဘုရားသခင် ရွေးချယ်ထားသော လူများက ပိုင်းခြားသိမြင်မှု ကင်းမဲ့သောကြောင့် ဖြစ်ပျက်ခြင်းဖြစ်ပြီး လူအများစုက လူ့အကြိုက်လိုက်သူများကို နှစ်သက်သောကြောင့်လည်း ဖြစ်ကာ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်အချို့ကို ရွေးကောက်တင်မြှောက်ကြသည်။ ထို့ကြောင့် အသင်းတော် ရွေးကောက်ပွဲများ မတိုင်မီတွင် အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင်အမှုဆောင်များကို ပိုင်းခြားသိမြင်ခြင်းဆိုင်ရာ စည်းမျဉ်းများကို မိတ်သဟာယဖွဲ့ရမည် ဖြစ်သည့်အတိုင်း ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရွေးချယ်ခြင်းဆိုင်ရာ စည်းမျဉ်းများအား ပိုမို မိတ်သဟာယဖွဲ့ရမည်ဖြစ်သည်။ ဤအရာက ပိုများသောလူတို့အနေဖြင့် စည်းမျဉ်းများနှင့်အညီ မိမိတို့မဲများကို ထည့်ကြဖို့ သေချာစေလိမ့်မည်။ ဤသို့ပြုလုပ်ခြင်းဖြင့်သာ အသင်းတော် ရွေးကောက်ပွဲများမှ ကောင်းသောရလဒ်များ ထွက်ပေါ်လာနိုင်ပေသည်။

ငါ့ကို ပြောလော့၊ ထိုသို့သော စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မရှိသော လူပျင်းများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အသင်းတော်အလုပ်ကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြသလော။ ၎င်းတို့သည် အသင်းတော်၌ ရှိနေသော ပြဿနာများ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများ ကြုံတွေ့ရသည့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ကြသလော။ (မဖြေရှင်းနိုင်ပါ။) သို့ဆိုလျှင် သင်တို့သည် ထိုသို့သော အယောင်ဆောင် ခေါင်းဆောင်များကို ကြုံတွေ့ရသည့်အခါ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ တစ်စုံတစ်ဦးက “ကျွန်ုပ်တို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး ကျွန်ုပ်တို့တွင် ပိုင်းခြားသိမြင်မှု ကင်းမဲ့သည်၊ ထို့ကြောင့် အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို ကြုံတွေ့ရပါက ကျွန်ုပ် လုပ်ဆောင်နိုင်သည့်အရာ တစ်ခုမျှ မရှိပါ” ဟု ပြောသည် ဆိုပါစို့။ ဤသည်မှာ မှန်ကန်သလော။ အသင်းတော်ရှိ လူတိုင်းသည် အစွမ်းအစ ညံ့ဖျင်းပြီး ပိုင်းခြားသိမြင်မှုမရှိကြခြင်း ဧကန်မုချ မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သမ္မာတရားကို အတော်အသင့် နားလည်သော လူအချို့ ရှိကိုရှိရမည်။ သို့ဖြစ်၍ တစ်စုံတစ်ဦးက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်သော သို့မဟုတ် မည်သည့်ပြဿနာကိုမျှ မဖြေရှင်းနိုင်သော အယောင်ဆောင် ခေါင်းဆောင်တစ်ဦးကို တွေ့ရှိပါက ၎င်းသည် သမ္မာတရားကို နားလည်သူများနှင့် မိတ်သဟာယဖွဲ့သင့်ပြီး ထိုလူတို့၏ ပိုင်းခြားသိမြင်မှုကို အသုံးပြုကာ အကဲဖြတ်ချက်တစ်ခု ပြုလုပ်ဖို့ တောင်းဆိုသင့်သည်။ ဤသည်မှာ သင့်လျော်သလော။ (သင့်လျော်ပါသည်။) အဘယ်ကြောင့် သင့်လျော်သနည်း။ အသင်းတော်ခေါင်းဆောင်တစ်ဦးက လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်နိုင်ပါက အကျိုးဆက်များမှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ဒဏ်ခံရသူများက မည်သူတို့ ဖြစ်လိမ့်မည်နည်း။ ၎င်းတို့သည် အသင်းတော်ရှိ ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြမည် မဟုတ်လော။ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးက အသင်းတော်ကို သုံးနှစ် သို့မဟုတ် ငါးနှစ်ကြာ ထိန်းချုပ်ပါက လူမည်မျှ၏ သမ္မာတရား သိနားလည်မှုနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းတို့ ထိခိုက်ခံရလိမ့်မည်နည်း။ လူမည်မျှသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိရန် နှောင့်နှေးသွားလိမ့်မည်နည်း။ ဤအကျိုးဆက်များသည် မစဉ်းစားရက်စရာ ဖြစ်သည်။ သို့ဖြစ်၍ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးသည် လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်သည့်အပြင် မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်စွမ်း မရှိကြောင်း တွေ့ရှိရသည့်အခါ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူတစ်ဦးစီတိုင်းအတွက် အရေးကြီးသော ကိစ္စဖြစ်ပြီး အလုပ်ကို နှောင့်နှေးစေမှုများကို ရှောင်ရှားရန်အလို့ငှာ ထိုယောင်ဆောင် ခေါင်းဆောင်ကို ချက်ချင်း ဖော်ထုတ်ပြီး တိုင်ကြားသင့်သည်။ အသင်းတော်ခေါင်းဆောင်များက လက်တွေ့ကျသော အလုပ်မလုပ်ဆောင်ခြင်းကြောင့် ထိခိုက်နစ်နာရသူများမှာ ဘုရားသခင် ရွေးချယ်ထားသော လူများ ဖြစ်ကြသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများထဲမှ မည်သူကမျှ ၎င်းတို့ကို ဖော်ထုတ်ခြင်း သို့မဟုတ် တိုင်ကြားခြင်း မပြုသည့်အပြင် ဤသို့ပြုလုပ်ရန် အားလုံးက စိတ်မပါကြလျှင် ထိုအသင်းတော်အတွက် မျှော်လင့်ချက်မရှိတော့ပေ။ သင်တို့၏ စိတ်နှလုံးထဲ၌ “မည်သို့ပင်ဖြစ်စေ၊ သင်သည် ခေါင်းဆောင်ဖြစ်သည်။ သင်သည် လက်တွေ့ကျသော အလုပ်ကို မလုပ်နိုင်သည့်တိုင် ပြဿနာများကိုလည်း အထက်သို့ အစီရင်ခံခြင်းမပြုပါ၊ ဤအရာက အသင်းတော်အလုပ်ကို နှောင့်နှေးစေပါက အထက်က သင့်ကို တာဝန်ခံခိုင်းလိမ့်မည်။ ယင်းက ကျွန်ုပ်တို့နှင့် အဘယ်သက်ဆိုင်မှု ရှိသနည်း။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့ စိုးရိမ်ပူပန်နေခြင်းသည် အဘယ်အဓိပ္ပာယ်ရှိသနည်း။ ကျွန်ုပ်တို့သည် ကြီးကြပ်ရသူများ မဟုတ်ပါ။ ဤတာဝန်သည် သင့်အပေါ်၌သာ ရှိသည်” ဟူသကဲ့သို့ တာဝန်မယူသည့် အတွေးများကို အစဉ်သဖြင့် ထားရှိသည် ဆိုပါစို့။ သင်တို့၏ စိတ်နှလုံးထဲ၌ ဤအယူအဆကို အစဉ်သဖြင့်ထားရှိပါက ဤအရာက အမှုအရာများကို နှောင့်နှေးစေမည် မဟုတ်လော။ ဤအရာ သင်တို့၏ သမ္မာတရားကို လိုက်စားခြင်း၊ လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိခြင်းတို့အပေါ် သက်ရောက်မှုရှိမည် မဟုတ်လော။ အသင်းတော်၌ရှိသည့် မည်သူကမျှ တာဝန်မယူပါက ဤအသင်းတော်သည် ဘုရားသခင်အတွက် သက်သေခံနိုင်ကာ ဘုရားသခင်၏ ကောင်းချီးများကို ရရှိနိုင်ခြင်း ရှိမရှိဟူသည်ကို ပြောရန် ခက်ခဲပြီး ဤအသင်းတော်၌ လူမည်မျှက ကယ်တင်ခြင်းကို ရရှိလိမ့်မည်ဟူကို ပြောရန်မှာ သာ၍ပင် ခက်ခဲသည်။ ဤအသင်းတော်ရှိ လူတိုင်းက ဤပုံစံအတိုင်း တွေးခေါ်ပြီး ဤအမြင်ကို စွဲကိုင်ထားပါက ဤအသင်းတော်အတွက် လုံးဝ မျှော်လင့်ချက်မရှိတော့ပေ။ ယခု ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ၌ ဤပြဿနာ ရှိနေသည် မဟုတ်လော။ သင်တို့၏ ခေါင်းဆောင်များထဲမှ အချို့သည် ပြဿနာများကို မကိုင်တွယ်ကြပေ သို့မဟုတ် ပြဿနာများကို အစီရင်ခံခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ကြသည်။ ဤအရာကို သင်တို့ မြင်နိုင်စွမ်း ရှိကြသလော။ ဤခေါင်းဆောင်များသည် သင်တို့အတွက် ပြဿနာများကို မဖြေရှင်းပေးကြပေ၊ ဤသည်မှာ ပြဿနာတစ်ခုဖြစ်ကြောင်းကို သင်တို့ မသိရှိကြသေးသလော။ သင်တို့သည် ဤအရာနှင့်ပတ်သက်၍ အမှန်တကယ် ဝမ်းသာနေကြသလော။ “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ဤပြဿနာကို အစီရင်ခံနေခြင်း မရှိသည့်အပြင် ဤပြဿနာကို ဖြေရှင်း၍မရနိုင်ပါ။ ထို့ကြောင့် ဤသည်မှာ ကျွန်ုပ်တို့အတွက် အနားယူရန် အချိန်ကောင်းတစ်ခု ဖြစ်သည်။ အလွန်ကောင်းလှပါတကား။ ထို့အပြင် လတ်တလောတွင် အထက်က ဤကိစ္စနှင့်ပတ်သက်၍ ကိုယ်တိုင်ကိုယ်ကျ မေးမြန်းခြင်း မရှိသေးပါ။ ထို့ကြောင့် ကျွန်ုပ်တို့လည်း ပြဿနာကို အစီရင်ခံရန် မလိုအပ်ပါ။ အဘယ်ကြောင့် ကျွန်ုပ်တို့ အေးအေးလူလူ အနားယူချိန် မရှိသင့်သနည်း။ ကျွန်ုပ်တို့သည် ရုပ်ရှင်ကို အလွန်အမြန် ရိုက်ကူးပြီး အချိန်မီ ရိုက်ကူးပြီးစီးအောင် လုပ်ရမည်လော။ ကျွန်ုပ်တို့ ဖြစ်စေသည့် တိုးတက်မှုက အဆင်ပြေပါသည်။ ရုပ်ရှင်ရိုက်ခြင်းကို ကျွန်ုပ်တို့ မပြီးသေးလျှင်ကော အဘယ်ဖြစ်မည်နည်း။ ယင်းအတွက် ကျွန်ုပ်တို့ ပြစ်တင်ရှုတ်ချခြင်း ခံရမည်လော။” ဤသည်မှာ သင်တို့၏ သဘောထားဖြစ်သလော။ ဘုရားအိမ်တော်၏ အလုပ်အတွက် ဤမျှ တင်းကျပ်သော အချိန်ဇယားမရှိဟု သင်တို့ ထင်ကြသောကြောင့် သင်တို့သည် ယင်းကို အကန့်အသတ်မရှိ အချိန်ဆွဲနိုင်သည်ဟုလည်းကောင်း၊ အထက်က ဤကိစ္စနှင့်ပတ်သက်၍ မမေးမြန်းသရွေ့ သို့မဟုတ် မစုံစမ်းသရွေ့ အကျိုးဆက်များအတွက် သင်တို့ စိုးရိမ်ပူပန်ရန် သို့မဟုတ် မည်သည့်ဖိအားမျှ ခံစားရန် မလိုအပ်သည့်အပြင် သင်တို့ ဖြေရှင်းနိုင်သည့် မည်သည့်ပြဿနာကိုမဆို ဖြေရှင်း၍ရပြီး ဖြေရှင်းမရနိုင်သည့် မည်သည့်ပြဿနာကိုမဆို လျစ်လျူရှုထား၍ရသည်ဟု သင်တို့ ထင်မြင်ကြသလော။ ဤသည်မှာ သင်တို့၏ ရှုထောင့်အမြင်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် သင်တို့၌ ပြဿနာများရှိသည့်အခါ အဘယ်ကြောင့် အစီရင်ခံခြင်း မပြုကြသနည်း။ ဤအယောင်ဆောင် ခေါင်းဆောင်များက သင်တို့ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်၌ ထားရှိသောကြောင့်လော သို့မဟုတ် သင်တို့ စိတ်ကယောက်ကယက်ဖြစ်ပြီး စကားမပြောနိုင်အောင် ဖြစ်လာစေသည့် ပယောဂဆန်သော၊ ထုံထိုင်းတွေဝေစေသည့် ဆေးရည်တစ်ခုကို ၎င်းတို့က သင်တို့အား မသိမသာထည့်တိုက်လိုက်သောကြောင့် ဖြစ်သလော။ ဤနေရာတွင် ပြဿနာမှာ အဘယ်အရာနည်း။ ပြဿနာများ ရှိနေသည့်အခါ သင်တို့ သိကြသလော။ သင်တို့ မသိဟု ပြောပါက သင်တို့ လိမ်ညာနေခြင်း ဖြစ်သည်။ သင်တို့ သိသည့်တိုင် အစီရင်ခံခြင်းမပြုပါက သင်တို့သည် သင်တို့၏ တာဝန်ဝတ္တရားများ၌ ပေါ့ဆပြီး အလွန်အမင်း တာဝန်ပျက်ကွက်နေခြင်းဖြစ်ကာ သင်တို့၏ တာဝန်အပေါ် သစ္စာစောင့်သိမှု တစ်စက်မျှ မရှိခြင်း ဖြစ်သည်။ သင်သည် ငွေရှာရန် လောက၌ အလုပ်လုပ်လျှင်ပင် သင်၏ မဖြစ်စလောက်သော လုပ်အားခနှင့် ထိုက်တန်အောင် နေထိုင်ရသေးသည်။ ယနေ့ သင်သည် ဘုရားအိမ်တော်၏ အစာကို စားသုံးနေသည်ကို ပြောစရာမလိုပေ။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် ကယ်တင်ခြင်းကို လိုက်စားနေပြီး ထိုသို့ပြုလုပ်ခြင်းဖြင့် သင်သည် သင်၏ ကိုယ်ပိုင်ပန်းတိုင်အတွက် လမ်းခင်းကာ ပြင်ဆင်နေခြင်း ဖြစ်သည်။ သင်သည် ဤအရာကို ငါ့အတွက် မဆိုထားနှင့်၊ ဘုရားအိမ်တော်အတွက် လုပ်ဆောင်နေခြင်း မဟုတ်သကဲ့သို့ မည်သည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အတွက်မျှ လုပ်ဆောင်နေခြင်းမဟုတ်ပေ။ သင့်အတွက်သင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကြားကောင်းသော စကားလုံးများဖြင့် ပြောရလျှင် လူတို့သည် ကယ်တင်ခြင်းကို ရရှိရန်အလို့ငှာ မိမိတို့၏ တာဝန်ကို ထမ်းဆောင်နေကြခြင်း ဖြစ်သော်လည်း တိတိကျကျ ပြောရလျှင်မူ ၎င်းတို့သည် ကောင်းချီးများကို ရရှိရန်နှင့် ကောင်းသောပန်းတိုင်တစ်ခု ရှိရန် ကိုယ့်အတွက်ကိုယ် လုပ်ဆောင်နေကြခြင်း ဖြစ်သည်။ သင်သည် ဤကိစ္စကို ရှင်းလင်းစွာ နားလည်ရမည်။ လူမိုက်မဖြစ်နှင့်။ သင်သည် သင်၏ တာဝန်ကို အခြားလူများအတွက် သို့မဟုတ် သင်၏ မိဘများအတွက် ထမ်းဆောင်နေခြင်း မဟုတ်သည့်အပြင်၊ သင်၏ ဘိုးဘေးများကို ဂုဏ်ကျက်သရေတိုးစေရန် သို့မဟုတ် သင်၏ မိသားစုနာမည်ကို မြှင့်တင်ရန် လုပ်ဆောင်နေခြင်းလည်း မဟုတ်ပေ၊ သင်သည် သင်ကိုယ်တိုင်အတွက် လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ကို ဖန်ဆင်းခဲ့ပြီး လောကကို သူ ဖန်ဆင်းခဲ့ကတည်းက သင်သည် နောက်ဆုံးသောကာလ၌ မွေးဖွားလာမည်ဟု သူ ကြိုတင်သတ်မှတ်ခဲ့သည်။ သူသည် သင့်ကို သူ၏အိမ်တော်သို့ ခေါ်ဆောင်ခဲ့သည်၊ သူ၏အသံတော်ကို ကြားခွင့်ပေးခဲ့သည်၊ သူ၏နှုတ်ကပတ်တော်များကို နေ့စဉ် စားသောက်ခွင့်ပေးပြီး အသက်ထောက်ပံ့မှုကို ရရှိခွင့်ပေးခဲ့သည့်အပြင် သင်သည် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ရန်အလိ့ငှာ သင့်အား အခွင့်အရေးတစ်ခု ပေးခဲ့သည်။ ဤသည်မှာ ကယ်တင်ခြင်းကို ရရှိရန် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ အကောင်းဆုံးအခွင့်အရေးဖြစ်ပြီး သင်၏ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်နေစဉ် သင်သည် ဤအခွင့်အရေးကို ဖျက်ဆီးလိုက်ပါက နောက်ဆုံး၌ ကပ်ဘေးများထဲသို့ ကျရောက်သည့်အခါ အပြစ်ဒဏ်ခံရသည်ဖြစ်စေ၊ ငိုကြွေးလျက် အံသွားခဲကြိတ်ရသည်ဖြစ်စေ၊ ယင်းသည် သင်၏ လုပ်ဆောင်ချက်သာ ဖြစ်လိမ့်မည်ဖြစ်ပြီး သင်သည် ယင်းတို့ကို ခံထိုက်လိမ့်မည်။ ယင်းမှာ သင့်အပြစ်နှင့်သင်သာ ဖြစ်လိမ့်မည်။ အခြားလူများက သင်၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပေးရန် မလိုအပ်သကဲ့သို့ သင်သည်လည်း အခြားလူများ၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပေးရန် မလိုအပ်ပေ။ သင်သည် သင်လျှောက်လှမ်းသော လမ်းကြောင်းနှင့် ယနေ့ သင်လုပ်ဆောင်သမျှ အားလုံးအတွက် သင်ကသာ တာဝန်ယူ၍ရပြီး နောက်ဆုံးအကျိုးဆက်များကို သင်ကသာ ခံယူ၍ရသည်။ ငါလုပ်ဆောင်နိုင်သည့်အရာမှာ သင်တို့ကို ငါပြောသင့်ပြီး ပြောပြသင့်သည့်အရာများကို သင်တို့အား နားလည်စေရန်နှင့် ကယ်တင်ခြင်း လမ်းကြောင်းပေါ်သို့ သင်တို့ စတင်လျှောက်လှမ်းနိုင်ရန်အလို့ငှာ သင်တို့အတွက် လမ်းခင်းပေးရန် ဖြစ်သည်။ ငါသည် အရာရာကို အသေအချာ ရှင်းပြပြီးဖြစ်သည်၊ သို့ဖြစ်၍ သင်တို့သည် မည်သို့ တိတိကျကျ ပြုမူလုပ်ဆောင်မည်ဆိုသည်မှာ သင်တို့သဘော ဖြစ်သည်။ သင်တို့၏ ကိစ္စများကို ငါ စိတ်မဝင်စားပေ။ ငါ့အပေါ် ကျရောက်သော အလုပ်ကိုသာ ငါဆောင်ရွက်ပြီး ဤထက်ပို၍ မည်သည့်အလုပ်ကိုမျှ ငါမလုပ်ဆောင်ပေ။ သင်သည် သင်၏ ကိုယ်ပိုင်ပန်းတိုင်အတွက် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းမှာ အမှန်တရားတစ်ခုဖြစ်သည် မဟုတ်လော။ သင်က “ပြဿနာများစွာ ရှိနေသော်လည်း ကျွန်ုပ်၏ ခေါင်းဆောင်က ယင်းတို့ကို အစီရင်ခံခြင်းမပြုပါ။ ထို့ကြောင့် ကျွန်ုပ်လည်း အစီရင်ခံမည် မဟုတ်ပါ” ဟု ပြောဆိုပါက ယင်းမှာ စဉ်းစားဉာဏ်ကင်းမဲ့ခြင်းဖြစ်သည် မဟုတ်လော။ ယင်းမှာ အပိုင်ကြံခြင်း မဟုတ်လော။ သင်သည် ပြဿနာတစ်ခုကို မြင်သည့်အခါ သင်၏ တာဝန်မှာ အဘယ်အရာနည်း။ သင်၏ တာဝန်မှာ လူတိုင်းကို အတူတကွခေါ်ပြီး ပြဿနာကို ရှာဖွေကာ မိတ်သဟာယဖွဲ့ဖို့ မိမိတို့ကိုယ်ကို ငြိမ်သက်စေလျက် ပြဿနာက မည်သည့်နေရာ၌ ဖြစ်ပွားခဲ့သည်ကို ကြည့်ရှုရန်နှင့် ပြဿနာ၏ ဖြစ်ကြောင်းဇာစ်မြစ်ကို ရှာဖွေရန် ဖြစ်သည်။ ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် ဖြစ်ကြောင်းဇာစ်မြစ်ကို တွေ့ရှိသော်လည်း သင်တို့ဘာသာ ပြဿနာကို မဖြေရှင်းနိုင်ပါက အထက်သို့ ချက်ချင်း အစီရင်ခံသင့်သည်။ မည်သူက အစီရင်ခံသင့်သနည်း။ သင်သည် ကိုယ်တိုင် ရှေ့ထွက်ပြီး “ကျွန်ုပ် အစီရင်ခံပါမည်။ ထိုအရာက အလုပ်မဖြစ်ပါက ကျွန်ုပ်တို့ ကိုယ်စားလှယ် အနည်းငယ်ကို ရွေးချယ်ပြီး အတူတကွ အစီရင်ခံနိုင်ပါသည်”ဟု ပြောသင့်သည်။ အချို့လူများက “ကျွန်ုပ်တို့တွင် ခေါင်းဆောင်တစ်ဦး မရှိဘူးလော” ဟု ပြောဆိုကြသည်။ သင်က “သူသည် ခေါင်းဆောင်မဟုတ်ပါ။ သူသည် လူသားတစ်ဦး၏ တာဝန်ဝတ္တရားများကို လုံးဝ ကောင်းမွန်စွာ မဖြည့်ဆည်းပါ။ သူသည် လူ့အရေခြုံထားသော တိရစ္ဆာန်တစ်ကောင်သာဖြစ်ပြီး သူ့ကို ဖယ်ရှားပြီး ဖြုတ်ချသင့်သည်။ သူသည် ပြဿနာကို အစီရင်ခံနေခြင်း မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့ဘာသာ ကျွန်ုပ်တို့ အစီရင်ခံသင့်သည်၊ ဤသည်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို ကောင်းမွန်စွာ ဖြည့်ဆည်းပြီးမှသာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို လူသားများအဖြစ် သဘောထားလိမ့်မည်။ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို ရှင်းလင်းစွာ သိရှိသော်လည်း ကောင်းမွန်စွာ မဖြည့်ဆည်းပါက ကျွန်ုပ်တို့သည် လူဖြစ်ရန် မထိုက်တန်သည့်အပြင်၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ထိုသို့ မှတ်ယူမည့် နည်းလမ်းမရှိပါ”ဟု ပြန်ပြောသင့်သည်။ ဘုရားသခင်က သင့်ကို လူသားတစ်ဦးအဖြစ် မှတ်ယူခြင်းမရှိပါက ဤသည်မှာ သူသည် သင့်ကို အဘယ်အရာအဖြစ် မှတ်ယူသည်ဟု ဆိုလိုသနည်း။ သူသည် သင့်ကို ဝက်တစ်ကောင် သို့မဟုတ် ခွေးတစ်ကောင်အဖြစ် မှတ်ယူသည်ဟု ဆိုလိုသည်။ ထိုအခါ ဘုရားသခင်သည် သင့်ကို ကယ်တင်ဦးမည်လော။ လုံးဝမဖြစ်နိုင်ပေ။ သို့ဆိုလျှင် သင်သည် ကောင်းသောပန်းတိုင်တစ်ခုဖြင့် အဆုံးမသတ်ပါက ယင်းကို သင့်ဖာသာသင် ဖြစ်စေခြင်း ဖြစ်မည် မဟုတ်လော။ သင်သည် သင်၏ တာဝန်ကို အချည်းနှီး ထမ်းဆောင်ခဲ့ခြင်း ဖြစ်မည် မဟုတ်လော။ သင်၏ လမ်းကြောင်းကို ရွေးချယ်ရန်မှာ သင့်သဘောဖြစ်ပြီး ထိုလမ်းကြောင်းကို လျှောက်လှမ်းရန်မှာလည်း သင့်သဘောဖြစ်သည်။ မည်သည့်လမ်းကြောင်းကို သင် ရွေးချယ်သည်ဖြစ်စေ၊ သို့မဟုတ် နောက်ဆုံးအကျိုးဆက်များက မည်သည့်အရာများ ဖြစ်သည် ဖြစ်စေ၊ တာဝန်ယူရမည့်သူမှာ သင်သာဖြစ်သည်။ သင်လျှောက်လှမ်းသော လမ်းကြောင်းနှင့် ဖြစ်ပေါ်လာသော အကျိုးဆက်များအတွက် မည်သူမျှ တာဝန်ယူပေးလိမ့်မည် မဟုတ်ပေ။

ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် သင်တို့သည် တာဝန်များ ထမ်းဆောင်ရာတွင် ပေါ်ပေါက်သည့် ပြဿနာများကို လျစ်လျူရှုကာ တာဝန်ကို ခေါင်းရှောင်ရန် အမျိုးစုံသော မူမမှန်သည့် အကြောင်းပြချက်များနှင့် ဆင်ခြေများကိုပင် ရှာဖွေပြီး သင်တို့ဖြေရှင်နိုင်စွမ်းရှိသည့် ပြဿနာအချို့ကို မဖြေရှင်းသည့်အပြင်၊ သင်တို့ဖြေရှင်းနိုင်စွမ်းမရှိသည့် ပြဿနာများကို သင်တို့နှင့်မည်သို့မျှ မသက်ဆိုင်သည့်အလား အထက်သို့ အစီရင်မခံပါက ဤသည်မှာ တာဝန်ကို တမင်ပျက်ကွက်ခြင်း မဟုတ်လော။ အသင်းတော်၏ အလုပ်ကို ဤသို့ သဘောထားခြင်းသည် လုပ်ဆောင်ရန် လိမ္မာပါးနပ်သော အရာတစ်ခုဖြစ်သလော သို့မဟုတ် လုပ်ဆောင်ရန် မိုက်မဲသော အရာတစ်ခု ဖြစ်သလော။ (လုပ်ဆောင်ရန်မိုက်မဲသော အရာတစ်ခု ဖြစ်ပါသည်။) ထိုသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် စိတ်မချရဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် တာဝန်သိစိတ်တစ်ခုတလေ ကင်းမဲ့သည် မဟုတ်လော။ ၎င်းတို့က ပြဿနာများကို ကြုံတွေ့သည့်အခါတွင် လျစ်လျူရှုကြသည်။ ၎င်းတို့သည် ထောက်ထားစာနာမှုမရှိသော လူများဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ဉာဏ်များသောလူများ ဖြစ်သည် မဟုတ်လော။ ဉာဏ်များသောလူများသည် အမိုက်မဲဆုံးသော လူများဖြစ်ကြသည်။ သင်သည် ရိုးသားသောလူတစ်ဦး ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်ရသောအခါတွင် သင်သည် တာဝန်သိစိတ် ရှိရမည်ဖြစ်ပြီး ယင်းတို့ကို ဖြေရှင်းရန် တတ်နိုင်သမျှ နည်းမျိုးစုံဖြင့် ကြိုးစားရမည် ဖြစ်သည့်အပြင် သမ္မာတရားကို ရှာဖွေရမည်။ သင်သည် ဉာဏ်များသောသူတစ်ဦး လုံးဝ မဖြစ်ရ။ သင်သည် တာဝန်ကို ခေါင်းရှောင်ဖို့သာ စိတ်ဝင်စားပြီး ပြဿနာများ ပေါ်ပေါက်လာသောအခါတွင် တာဝန်မယူပါက သင်သည် ဘုရားအိမ်တော်တွင် မဆိုထားနှင့်၊ ဘာသာတရားမရှိသူများအကြားတွင်ပင် ဤအပြုအမူအတွက် ပြစ်တင်ရှုတ်ချခြင်း ခံရမည်ဖြစ်သည်။ ဤအပြုအမူသည် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ကျိန်ဆဲခြင်းတို့ကို ခံရရန် သေချာပြီး ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရွံရှာစက်ဆုပ်ခြင်းနှင့် ငြင်းပယ်ခြင်းကို ခံရသည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး လှည့်ဖြားတတ်ပြီး စိတ်မချရသည့်လူများကို ရွံရှာစက်ဆုပ်သည်။ သင်သည် ဉာဏ်များသောသူတစ်ဦးဖြစ်ပြီး စိတ်မချရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ပါက ဘုရားသခင်သည် သင့်အား ရွံရှာစက်ဆုပ်လိမ့်မည် မဟုတ်လော။ ဘုရားအိမ်တော်သည် သင့်ကို တကယ်ပင် သက်ညှာလိမ့်မည်လော။ အနှေးနှင့်အမြန်၊ သင်သည် တာဝန်ခံရလိမ့်မည်။ ဘုရားသခင်သည် ရိုးသားသောလူများကို နှစ်သက်ပြီး ဉာဏ်များသောလူများကို မနှစ်သက်ချေ။ ဤသည်ကို လူတိုင်းက ရှင်းလင်းစွာ နားလည်သင့်ပြီး နားဝေတိမ်တောင်ဖြစ်ကာ မိုက်မဲသောအရာများ လုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက ခွင့်လွှတ်၍ရနိုင်သော်လည်း လူတစ်ဦးသည် သမ္မာတရားကို လုံးဝ လက်ခံခြင်း မရှိပါက ၎င်းသည် အလွန်ပင် ခေါင်းမာပေသည်။ ရိုးသားသောလူများက တာဝန်ယူနိုင်ကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေ အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုများကို အလေးမထားပေ။ ဘုရားအိမ်တော်၏ အလုပ်နှင့် အကျိုးစီးပွားတို့ကိုသာ ၎င်းတို့ ကာကွယ်ကြ၏။ ၎င်းတို့သည် တစ်ချက်ကြည့်ရုံဖြင့် အောက်ခြေကို မြင်နိုင်သည့် ကြည်လင်သောရေတစ်ခွက်ကဲ့သို့ ကြင်နာပြီး ရိုးသားသော စိတ်နှလုံးများရှိသည်။ ၎င်းတို့၏ လုပ်ရပ်များကလည်း ပွင့်လင်းမြင်သာမှု ရှိလေသည်။ လှည့်ဖြားတတ်သော လူတစ်ဦးသည် အစဉ်သဖြင့် မယုံရသည့်ပုံစံဖြင့် ပြုမူဆောင်ရွက်ကာ အမြဲ ဟန်ဆောင်ပြီး အမှုအရာများကို ဖုံးဖိကာ ကွယ်ဝှက်သည့်အပြင် မိမိကိုယ်ကို အလွန်ပင် တင်းတင်းကျပ်ကျပ် သိုသိုသိပ်သိပ်နေသည်။ မည်သူမျှ ဤလူစားမျိုးကို ထိုးထွင်းမမြင်နိုင်ကြပေ။ လူများသည် သင်၏ အတွင်းကျကျ အတွေးများကို ထိုးထွင်းမမြင်ကြသော်လည်း ဘုရားသခင်က သင်၏ အတွင်းကျကျ စိတ်နှလုံးကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနိုင်သည်။ သင်သည် ရိုးသား‌သောလူတစ်ဦး မဟုတ်ကြောင်း၊ သင်သည် စိတ်မချရသောအရာတစ်ခုဖြစ်ကြောင်း၊ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ သူ့ကို ဆန့်ကျင်လှည့်စားရာတွင် အစဉ်သဖြင့် ပါဝင်‌ဆောင်ရွက်ကြောင်းနှင့် သင်၏ စိတ်နှလုံးကို သူ့အား မည်သည့်အခါမျှ လွှဲအပ်ခြင်းမရှိကြောင်းတို့ကို ဘုရားသခင် မြင်သည့်အခါတွင် သူသည် သင့်ကို မနှစ်သက်ဘဲ သင့်ကို ရွံရှာစက်ဆုပ်ကာ စွန့်ပစ်လေသည်။ ဘာသာတရားမရှိသူများအကြားတွင် ကြီးပွားအောင်မြင်သောသူများနှင့် စကားပြောကောင်းပြီး ပါးနပ်သောသူများအားလုံးသည် မည်သည့် လူစားမျိုးများ ဖြစ်ကြသနည်း။ ဤအရာသည် သင်တို့အဖို့ ရှင်းလင်းသလော။ ၎င်းတို့၏ အနှစ်သာရသည် အဘယ်အရာဖြစ်သနည်း။ ၎င်းတို့အားလုံးသည် အလွန်ပင် အတွင်းသဘောကို သိရန်ခက်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့အားလုံးသည် အလွန့်အလွန် လှည့်ဖြားတတ်ပြီး ဉာဏ်များကြသည်၊ ၎င်းတို့သည် စစ်မှန်သော နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ဘုရားသခင်သည် ဤကဲ့သို့သော လူများကို ကယ်တင်နိုင်မည်လော။ ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသောအရာမှာ နတ်ဆိုးများဖြစ်သည့် လှည့်ဖြားတတ်ပြီး ဉာဏ်သောလူများဖြစ်ပြီး ထိုသို့သော လူများကို သူ လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ သင်တို့သည် ဤလူစားမျိုး လုံးဝ မဖြစ်ရပေ။ စကားပြောသည့်အခါ အစဉ်သဖြင့် စောင့်စည်းတတ်ပြီး သတိရှိသောသူများ၊ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသည့်အခါ အချိန်အခါနှင့်လိုက်လျောညီထွေဖြစ်အောင် လိုက်လုပ်ပြီး ဟန်ဆောင်သောသူများ၊ သင့်အား ငါ ပြောမည်၊ ဘုရားသခင်သည် ထိုသို့သောလူများကို အရွံရှာအစက်ဆုပ်ဆုံး ဖြစ်သည်၊ ဤကဲ့သို့သော လူများသည် ကယ်တင်၍မရနိုင်တော့ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများ၏ အမျိုးအစားနှင့် သက်ဆိုင်သူအားလုံးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ စကားများသည် မည်မျှပင် သာယာနာပျော်ဖွယ်ကောင်းနေပါစေ၊ ယင်းတို့အားလုံးသည် လှည့်ဖြားတတ်သော၊ ဆိုးယုတ်သော စကားများသာ ဖြစ်ကြသည်။ ၎င်းတို့၏ စကားများက ပို၍ သာယာနာပျော်ဖွယ်ကောင်းလေ၊ ဤလူများသည် နတ်ဆိုးများနှင့် စာတန်များ ပို၍ဖြစ်လေ ဖြစ်သည်။ ဤသူတို့သည် ဘုရားသခင် အရွံရှာအစက်ဆုပ်ဆုံးသော လူစားမျိုး အတိအကျပင် ဖြစ်သည်။ ဤသည်မှာ လုံးဝမှန်ကန်ပေသည်။ သင်တို့ အဘယ်အရာကို ဆိုမည်နည်း။ လှည့်ဖြားတတ်သောလူများ၊ မကြာခဏ လိမ်ညာတတ်သောလူများနှင့် စကားပြောကောင်းသောလူများသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိနိုင်သလော။ ၎င်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်သလော။ လုံးဝ မရရှိနိုင်ပေ။ လှည့်ဖြားတတ်ပြီး ဉာဏ်များသောလူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ဘေးဖယ်ထားပြီး ၎င်းတို့ကို အလေးဂရုမပြုသည့်အပြင်၊ တိရစ္ဆာန်များနှင့် တစ်တန်းတစ်စားတည်းအဖြစ် မှတ်ယူသည်။ ဘုရားသခင်၏ အမြင်တွင် ထိုသို့သောလူများသည် လူ့အရေခွံကို ဝတ်ဆင်ထားရုံမျှသာဖြစ်ပြီး အနှစ်သာရအားဖြင့် ၎င်းတို့သည် နတ်ဆိုးများနှင့် စာတန်များ ဖြစ်ကြသည်၊ ၎င်းတို့သည် လမ်းလျှောက်နေသည့် အလောင်းကောင်များဖြစ်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် ဤလူများသည် ယခု မည်သည့်အခြေအနေတွင် ရှိနေကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် အမှောင်ထုရှိသည်၊ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့နေပြီး ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ၊ ၎င်းတို့သည် မည်သည့်အခါမျှ ဉာဏ်အလင်းပြခြင်း သို့မဟုတ် အလင်းပေးခြင်းကို မခံကြရပေ။ ကပ်ဘေးများနှင့် ဆင်းရဲဒုက္ခများကို ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုတောင်းကြသော်လည်း ဘုရားသခင်သည် ၎င်းတို့နှင့်အတူ မရှိသည့်အပြင်၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အမှန်တကယ် အားကိုးနိုင်သည့်အရာ တစ်ခုမျှ မရှိကြပေ။ ကောင်းချီးမင်္ဂလာများ ရရှိရန်အလို့ငှာ ၎င်းတို့သည် ကောင်းစွာ ပြစားရန် ကြိုးစားကြသော်လည်း အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သောကြောင့် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြပေ။ ၎င်းတို့သည် လူကောင်းများ ဖြစ်ချင်လျှင်ပင် ဖြစ်နိုင်ကြမည် မဟုတ်ပေ။ မကောင်းသောအရာများလုပ်ဆောင်ခြင်းကို ၎င်းတို့ ရပ်တန့်လိုလျှင်ပင် မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ကြမည် မဟုတ်။ ယင်းက အလုပ်ဖြစ်မည် မဟုတ်။ ၎င်းတို့ နှင်ထုတ်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရပြီးနောက်တွင် မိမိတို့ကိုယ်ကို သိနိုင်ကြလိမ့်မည်လော။ ဤအရာနှင့် ၎င်းတို့ ထိုက်တန်သည်ကို ၎င်းတို့ သိကြလိမ့်မည်ဖြစ်သော်လည်း မည်သူ့ကိုမျှ ဝန်ခံကြလိမ့်မည် မဟုတ်သည့်အပြင်၊ တာဝန်အနည်းငယ်ကို ၎င်းတို့ ထမ်းဆောင်နိုင်ပုံပေါ်လျှင်ပင် မယုံရသည့်ပုံစံဖြင့် ပြုမူနေလိမ့်ဦးမည်ဖြစ်ပြီး ၎င်းတို့၏ အလုပ်က သိသာထင်ရှားသော မည်သည့် ရလဒ်ကိုမျှ ဖြစ်စေလိမ့်မည် မဟုတ်ပေ။ သို့ဆိုလျှင် သင်တို့ မည်သို့ထင်သနည်း။ ဤလူများသည် အမှန်တကယ် နောင်တရနိုင်ကြသလော။ လုံးဝ နောင်တမရနိုင်ကြပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရား မပိုင်ဆိုင်ကြသည့်အပြင်၊ သမ္မာတရားကို မနှစ်သက်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ဤကဲ့သို့ ဉာဏ်များပြီး ဆိုးယုတ်သောလူကို မကယ်တင်ပေ။ ထိုသို့သောလူများအတွက် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အဘယ်မျှော်လင့်ချက် ရှိသနည်း။ ၎င်းတို့၏ ယုံကြည်ခြင်းသည် အရေးပါမှု ကင်းမဲ့နှင့်ပြီးဖြစ်ကာ ယင်းမှ မည်သည့်အရာမျှ မရရှိရန် သေချာနေပေသည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းတစ်လျှောက်လုံးတွင် သမ္မာတရားကို မလိုက်စားပါက နှစ်ကာလမည်မျှကြာ ယုံကြည်သည်ဖြစ်စေ အကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ပေ။ တကယ့်အဆုံးထိတိုင် ယုံကြည်လျှင်ပင် ၎င်းတို့သည် မည်သည့်အရာမျှ ရရှိကြလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ရရှိရန် လူတို့သည် သမ္မာတရားကို ရရှိရမည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကာ သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်မှသာလျှင် သမ္မာတရားကို ရရှိပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို ဆွတ်ခူးပြီးဖြစ်လိမ့်မည်။ ထိုအခါမှသာလျှင် ၎င်းတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးမင်္ဂလာများကို ရရှိကြလိမ့်မည်။ ဤသည်သာလျှင် ဘုရားသခင်ကို ရရှိခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို ရရှိလိုပါက ၎င်းတို့ လုပ်ဆောင်သင့်သည့် ပထမဆုံးခြေလှမ်းမှာ မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် သင်ယူခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်သင့်သည်၊ ဤသည်မှာ အခြေခံအကျဆုံးသောအရာ ဖြစ်သည်။ လူတို့သည် စကားလုံးများနှင့် အယူဝါဒများကိုသာ ဟောပြောပြီး လက်တွေ့ကျသော အလုပ်ကို မလုပ်ဆောင်ဘဲ၊ မိမိတို့လုပ်ဆောင်သည့် မည်သည့်အရာအတွက်မျှ တာဝန်မယူဘဲ၊ အရာရာတိုင်းကို ဝတ်ကျေတမ်းကျေ လုပ်ဆောင်ကာ အဆုံးတွင် ဖယ်ရှားရှင်းလင်းခြင်း ခံရလျက် အယောင်ဆောင် ခေါင်းဆောင်များထံမှ လုံးဝ မသင်ယူရ။ တာဝန်ထမ်းဆောင်ခြင်းသည် သေးငယ်သောကိစ္စရပ်တစ်ခု မဟုတ်ပေ။ လူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းတွင် အထုတ်ဖော်ခံရဆုံးဖြစ်ပြီး လူတို့က မိမိတို့၏ တာဝန်အား ထမ်းဆောင်စဉ် ၎င်းတို့၏ တစ်သမတ်တည်းဖြစ်သော စွမ်းဆောင်ရည်အပေါ် အခြေခံ၍ ဘုရားသခင်က လူတို့၏ အဆုံးသတ်များကို ဆုံးဖြတ်သည်။ တစ်စုံတစ်ဦးသည် မိမိ၏ တာဝန်ကို ကောင်းမွန်စွာ မထမ်းဆောင်သည့်အခါ ယင်းက အဘယ်အရာကို ရည်ညွှန်းသနည်း။ ၎င်းတို့က သမ္မာတရားကို လက်မခံကြောင်း သို့မဟုတ် အမှန်တကယ် နောင်တမရကြောင်းနှင့် ဘုရားသခင်၏ ဖယ်ရှားရှင်းလင်းခြင်းကို ခံရကြောင်း ရည်ညွှန်းသည်။ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ ဖြုတ်ချခံရသည့်အခါ၊ ဤသည်မှာ အဘယ်အရာကို ဖော်ပြသနည်း။ ဤသည်မှာ ထိုသို့သောလူများအပေါ် ဘုရားအိမ်တော်၏ သဘောထားဖြစ်ပြီး၊ ထိုသို့သောလူများအပေါ် ဘုရားသခင်၏ သဘောထားကိုလည်း ဖော်ပြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ဆိုလျှင် ဤကဲ့သို့သော အသုံးမကျသည့် လူများအပေါ် ဘုရားသခင်၏ သဘောထားသည် အဘယ်အရာဖြစ်သနည်း။ သူသည် ၎င်းတို့ကို ပစ်ပစ်ခါခါငြင်းသည်၊ ပြစ်တင်ရှုတ်ချပြီး ဖယ်ရှားရှင်းလင်းသည်။ သို့ဆိုလျှင် သင်တို့သည် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခံစားပြီး အယောင်ဆောင် ခေါင်းဆောင်တစ်ဦး ဖြစ်လိုကြသေးသလော။

လူတို့သည် ဘုရားသခင်ကို ယုံကြည်လာကြပြီးနောက် ၎င်းတို့ထံ ဖြစ်ပျက်နိုင်သည့် အနာကျင်ရဆုံးနှင့် အစိတ်ပျက်ရဆုံးအရာမှာ အဘယ်အရာဖြစ်သနည်း။ အကြီးမားဆုံးအရာမှာ ၎င်းတို့ ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်၏ ထုတ်ဖော်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပြီးဖြစ်ကြောင်း သိရှိခြင်းထက်ပို၍ ကြီးမားသောအရာမရှိပေ။ ဤသည်မှာ အနာကျင်ရဆုံးနှင့် အဝမ်းနည်းရဆုံးသောအရာဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လာပြီးနောက် မည်သူမျှ မိမိတို့အပေါ် ဤအရာ မဖြစ်ပျက်စေချင်ကြပေ။ သို့ဆိုလျှင် လူတို့သည် ဤအရာ ၎င်းတို့အပေါ် ဖြစ်ပျက်ခြင်းအား မည်သို့ ရှောင်ရှားနိုင်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မိမိတို့၏ အသိစိတ်အတိုင်း ပြုမူရမည်၊ ဆိုလိုသည်မှာ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားများအား မည်သို့ဖြည့်ဆည်းရမည်ကို ဦးစွာ သင်ယူရမည်၊ လုံးဝ ဝတ်ကျေတမ်းကျေ မဖြစ်ရသည့်အပြင် ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့်အရာအား မနှောင့်နှေးစေရပေ။ သင်သည် လူတစ်ဦးဖြစ်သည့်အတွက်၊ လူတစ်ဦး၏ တာဝန်ဝတ္တရားများက အဘယ်အရာဖြစ်သည်ကို သင် စဉ်းစားဆင်ခြင်သင့်သည်။ ဘာသာတရားမရှိသူများက အတန်ဖိုးထားဆုံးဖြစ်သည့် မိဘကို ရိုသေခြင်း၊ သင်၏ မိဘများကို ထောက်ပံ့ခြင်းနှင့် သင်၏ မိသားစုအတွက် နာမည်ကောင်းရအောင် လုပ်ဆောင်ခြင်းကဲ့သို့သော တာဝန်ဝတ္တရားများကို ဖော်ပြရန်မလိုအပ်ပေ။ ဤအရာများအားလုံးသည် အနှစ်မဲ့ပြီး စစ်မှန်သော အဓိပ္ပာယ် ကင်းမဲ့သည်။ လူတစ်ဦးက ဖြည့်ဆည်းသင့်သည့် အနိမ့်ဆုံးသော တာဝန်ဝတ္တရားမှာ အဘယ်အရာဖြစ်သနည်း။ အလက်တွေ့ကျဆုံးသောအရာမှာ သင်သည် သင်၏ တာဝန်ကို ယခု သင် မည်သို့ ကောင်းမွန်စွာ ထမ်းဆောင်သည်ဟူသည့်အရာ ဖြစ်သည်။ ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းမျှဖြင့် ကျေနပ်နေခြင်းသည် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်သည့်အပြင်၊ စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုရုံမျှသည်လည်း သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း မဟုတ်ပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် အမှုအရာများကို စည်းမျဉ်းအတိုင်း လုပ်ဆောင်ခြင်းသည်သာ သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သင်၏ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ထိရောက်ပြီး လူတို့အတွက် အကျိုးရှိလာသည့်အခါမှသာလျှင် သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ မည်သည့်တာဝန်ကို သင် ထမ်းဆောင်နေသည်ဖြစ်စေ၊ အရာခပ်သိမ်းတွင် သမ္မာတရား စည်းမျဉ်းများနှင့်အတိုင်း ပြုမူဆောင်ရွက်ရာတွင် သင် မဆုတ်မနစ်ကြိုးပမ်းသည့်အခါမှသာ သင်သည် သင်၏ တာဝန်ကို အမှန်တကယ် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ အမှုအရာများကို လူသား လုပ်ဆောင်သည့်နည်းလမ်းအတိုင်း ဟန်ဆောင်လုပ်ပြရုံလုပ်ပြခြင်းသည် ဝတ်ကျေတမ်းကျေဖြစ်ခြင်း ဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကိုသာ စွဲမြဲခြင်းသည် သင်၏ တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ခြင်းနှင့် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်သည်။ သင်သည် သင်၏ တာဝန်ကို ဖြည့်ဆည်းသည့်အခါ ဤသည်မှာ သစ္စာစောင့်သိခြင်း၏ သရုပ်သကန် မဟုတ်လော။ ဤသည်မှာ သင်၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ခြင်း၏ သရုပ်သကန် ဖြစ်သည်။ သင်သည် သင်၏ တာဝန်နှင့်စပ်လျဉ်း၍ ဤတာဝန်သိစိတ်၊ ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဆန္ဒ၊ ဤသစ္စာစောင့်သိခြင်း၏ သရုပ်သကန် ရှိသည့်အခါမှသာလျှင် ဘုရားသခင်သည် သင့်ကို မျက်နှာသာဖြင့် ကြည့်လိမ့်မည်ဖြစ်ပြီး အသိအမှတ်ပြုလိမ့်မည်။ သင်သည် ဤတာဝန်သိစိတ်ပင် မရှိပါက ဘုရားသခင်သည် သင့်ကို လူပျင်းတစ်ဦး၊ ဉာဏ်မရှိသူတစ်ဦးအဖြစ် သဘောထားလိမ့်မည်ဖြစ်ပြီး သင့်ကို မထီမဲ့မြင်ပြုလိမ့်မည်။ လူသားရှုထောင့်မှကြည့်လျှင် ယင်းမှာ သင့်ကို မလေးစားခြင်း၊ အလေးအနက်မထားခြင်းနှင့် အထင်သေးခြင်းကို ဆိုလိုသည်။ သင်သည် တစ်စုံတစ်ဦးနှင့် အတန်ကြာ ထိတွေ့ဆက်ဆံပြီးနောက် ၎င်းတို့က စိတ်ကူးယဉ်ဆန်ပြီး လက်တွေ့မကျသည့်အရာများကို ပြောဆိုပြီး လက်တွေ့မကျသည့်အရာများကို တောင်ရောက်မြောက်ရောက် ပြောဆိုသည်ကို သင်မြင်ရကာ၊ ၎င်းတို့ ကြွားဝါပြီး စကားကြီးစကားကျယ် ပြောရသည်ကို နှစ်သက်ကြောင်းနှင့် ၎င်းတို့ ယုံကြည်အားထား၍မရကြောင်းတို့ကို သင် သတိပြုမိခြင်းကဲ့သို့ပင် ဖြစ်သည်။ သင်သည် ၎င်းတို့ကို လေးစားမည်လော။ ၎င်းတို့အား မည်သည့် တာဝန်ကိုမဆို သင် ပေးအပ်ဝံ့မည်လော။ ဖြစ်နိုင်သည်မှာ ၎င်းတို့သည် အကြောင်းရင်း တစ်ခုမဟုတ်လျှင် နောက်တစ်ခုဖြင့် ၎င်းတို့အား သင် ပေးအပ်သည့်တာဝန်ကို နှောင့်နှေးစေမည်ဖြစ်သောကြောင့် သင်သည် ထိုကဲ့သို့သောလူများကို မည်သည့်တာဝန်မျှ ပေးအပ်ဝံ့မည် မဟုတ်ပေ။ သင်သည် ၎င်းတို့ကို သင်၏ စိတ်နှလုံးအတွင်းနက်နက်မှ ရွံရှာမုန်းတီးမည်ဖြစ်ပြီး ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံမိခဲ့ဖူးသည်ကိုပင် နောင်တရလိမ့်မည်။ သင်သည် ၎င်းတို့အား မည်သည့်တာဝန်မျှ မပေးအပ်ခဲ့မိသည့်အတွက် ကံကောင်းသည်ဟု ခံစားရမည်ဖြစ်ပြီး အကယ်၍ ပေးအပ်ခဲ့မိပါက သင်၏ ကျန်သည့် ဘဝအချိန်တစ်ခုလုံး နောင်တရနေလိမ့်မည်ဟု သင် တွေးမိပေမည်။ သင်သည် တစ်စုံတစ်ဦးနှင့် ထိတွေ့ဆက်ဆံပြီး ၎င်းတို့နှင့် စကားစမြည်ပြောဆိုခြင်းနှင့် ထိတွေ့ဆက်ဆံခြင်းတို့မှတစ်ဆင့် ၎င်းတို့သည် ကောင်းမွန်သော လူ့သဘာဝကို ပိုင်ဆိုင်သည်သာမက တာဝန်သိစိတ်လည်း ရှိကြောင်း သင်မြင်ရသည် ဆိုပါစို့၊ ပြီးလျှင် သင်သည် ၎င်းတို့အား အလုပ်တာဝန်တစ်ခုကို ပေးအပ်သည့်အခါ တစ်စုံတစ်ရာကို သာမန်ကာလျှံကာ သင် ပြောလျှင်ပင် ၎င်းတို့သည် ယင်းကို မိမိတို့၏ စိတ်ထဲတွင် စွဲမှတ်ထားပြီး သင့်ကို ကျေနပ်စေရန် ထိုအလုပ်တာဝန်ကို ကောင်းမွန်စွာ ကိုင်တွယ်ရမည့် နည်းလမ်းများကို စဉ်းစားကြသည့်အပြင်၊ ၎င်းတို့အား သင် ပေးအပ်ခဲ့သည့် တာဝန်ကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ခဲ့ပါက ၎င်းတို့သည် နောက်ပိုင်းတွင် သင့်ကို တွေ့ရန် ရှက်နေတတ်သည်ဆိုပါစို့။ ဤသည်မှာ တာဝန်သိစိတ်ရှိသော လူတစ်ဦး ဖြစ်သည်။ ၎င်းတို့အား တစ်စုံတစ်ခု ပြောကြားခြင်း သို့မဟုတ် တာဝန်ပေးအပ်ခြင်း ခံရသရွေ့၊ ယင်းမှာ ခေါင်းဆောင်တစ်ဦးက ပေးအပ်ခြင်းဖြစ်စေ၊ အမှုဆောင်တစ်ဦးက ပေးအပ်ခြင်းဖြစ်စေ သို့မဟုတ် အထက်မှ ပေးအပ်ခြင်းဖြစ်စေ၊ တာဝန်သိစိတ်ရှိသောလူများသည် အစဉ်သဖြင့် “ကောင်းပြီ၊ သူတို့က ငါ့ကို ဤမျှ အထင်ကြီးသည့်အတွက် ငါသည် ဤကိစ္စကို ကောင်းမွန်စွာ ကိုင်တွယ်ရမည်ဖြစ်ပြီး သူတို့ကို စိတ်မပျက်စေရပါ”ဟု တွေးကြလိမ့်မည်။ သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သည့် ထိုသို့သောလူများကို တာဝန်တစ်ခုအား စိတ်ချလက်ချ ပေးအပ်နိုင်မည် မဟုတ်လော။ တာဝန်တစ်ခုကို သင် ပေးအပ်နိုင်သည့်လူများမှာ သင် နှစ်သက်ပြီး ယုံကြည်စိတ်ချရသောသူများ သေချာပေါက်ဖြစ်ကြပေသည်။ အထူးသဖြင့် ၎င်းတို့သည် သင့်အတွက် တာဝန်အချို့ကို ကိုင်တွယ်ပေးပြီးဖြစ်ကာ ယင်းတို့အားလုံးကို အလွန် တာဝန်သိစွာ ဆောင်ရွက်ထားသည့်အပြင် သင်၏ သတ်မှတ်ချက်များကို လုံးဝ ပြည့်မီလျှင်၊ ၎င်းတို့သည် ယုံကြည်စိတ်ချရသူများဖြစ်သည်ဟု သင် တွေးထင်လိမ့်မည်။ သင်၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို အမှန်တကယ် လေးစားပြီး အထင်ကြီးလိမ့်မည်။ ဘုရားသခင် မဆိုထားနှင့်၊ လူတို့သည်ပင် ဤလူစားမျိုးနှင့် ပေါင်းသင်းဆက်ဆံရန် လိုလားကြသည်။ ဘုရားသခင်သည် အသင်းတော်အလုပ်နှင့် လူက လုပ်ဆောင်ရန် ဝတ္တရားရှိသည့် တာဝန်ကို ယုံကြည်စိတ်ချ၍မရသော လူတစ်ဦးအား အပ်နှံရန် လိုလားနေမည်ဟု သင်တို့ ထင်သလော။ (မထင်ပါ၊ သူ ထိုသို့ပြုမည်မဟုတ်ပါ။) ဘုရားသခင်သည် တစ်စုံတစ်ဦးအား အသင်းတော်အလုပ်တစ်ခုကို တာဝန်ပေးသည့်အခါ ၎င်းတို့အပေါ် ဘုရားသခင်၏ မျှော်လင့်ချက်မှာ အဘယ်အရာဖြစ်သနည်း။ ပထမဦးစွာ ၎င်းတို့အနေဖြင့် လုံ့လဝီရိယရှိပြီး တာဝန်ယူတတ်ဖို့၊ ဤအလုပ်တစ်ခုကို ကြီးမားသောကိစ္စရပ်တစ်ခုကဲ့သို့ သဘောထားပြီး သင့်တော်သလို ကိုင်တွယ်ကာ ကောင်းမွန်စွာ လုပ်ဆောင်ရန် ဘုရားသခင် မျှော်လင့်သည်။ ဒုတိယအနေဖြင့် ၎င်းတို့အနေဖြင့် ယုံကြည်ထိုက်သော လူတစ်ဦးဖြစ်ရန်၊ အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ၊ ပတ်ဝန်းကျင် မည်သို့ပင် ပြောင်းလဲသွားသည်ဖြစ်စေ ၎င်းတို့၏ တာဝန်သိစိတ်က မယိမ်းယိုင်သည့်အပြင်၊ ၎င်းတို့၏ တည်ကြည်မှုက စမ်းသပ်မှုကို ခံနိုင်ရည်ရှိရန် ဘုရားသခင် မျှော်လင့်သည်။ ၎င်းတို့က ယုံကြည်စိတ်ချရသော လူတစ်ဦးဖြစ်ပါက ဘုရားသခင်သည် စိတ်ချလက်ချရှိလိမ့်မည်ဖြစ်ပြီး ဤကိစ္စကို ကြီးကြပ်ခြင်း သို့မဟုတ် နောက်ဆက်တွဲလုပ်ဆောင်ခြင်းတို့ကို ပြုတော့မည် မဟုတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့ကို ယုံကြည်ပြီး ၎င်းတို့အား ပေးအပ်ထားသည့် တာဝန်ကို မည်သည့်အရာမျှ မှားယွင်းခြင်းမရှိဘဲ ၎င်းတို့ ပြီးစီးစေဖို့ သေချာသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် တစ်စုံတစ်ဦးအား တာဝန်တစ်ခုကို ပေးအပ်သည့်အခါ ဤသည်မှာ သူမျှော်လင့်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သည်နှင့်တစ်ပြိုင်နက် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီရန်၊ ဘုရားသခင်၏ အမြင်တွင် မျက်နှာသာရရန်နှင့် ဘုရားသခင်၏ ယုံကြည်မှုကို ရရှိရန်အလို့ငှာ မည်သို့ ပြုမူရမည်ကို သင်၏ စိတ်နှလုံးထဲတွင် သိသင့်ပေသည်။ သင်သည် သင်၏ ကိုယ်ပိုင် သရုပ်သကန်များနှင့် အပြုအမူအပြင်၊ သင်၏ တာဝန်ကို ချဉ်းကပ်သည့် သဘောထားတို့အား ရှင်းလင်းစွာ မြင်နိုင်ပါက၊ သင်သည် မိမိကိုယ်ကို သိသည့်အသိရှိပြီး သင် အဘယ်အရာဖြစ်သည်ကို သိပါက ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန်၊ သင့်အား ကျေးဇူးပြုရန် သို့မဟုတ် သင့်အား အထူးဆက်ဆံမှုပေးရန် တောင်းဆိုခြင်းသည် ကျိုးကြောင်းမဆီလျော်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် သင့်ကိုယ်သင် အထင်မကြီးသည့်အပြင်၊ သင့်ကိုယ်သင် အထင်သေးနေသည့်တိုင် ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန် တောင်းဆိုနေသေးသည်၊ ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ထိုသို့ဖြင့်၊ သင်သည် ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် အခြားလူများ၏ အမြင်တွင် သင့်ကိုယ်သင် ယုံကြည်စိတ်ချရသူတစ်ဦး ဖြစ်စေသင့်သည်။ သင်သည် အခြားသူများအား သင့်ကို ယုံကြည်စေလိုပါက၊ သင့်အပေါ် မျက်နှာသာပေးစေလိုပါက၊ သင့်ကို အထင်ကြီးစေလိုပါက အနည်းဆုံးအနေဖြင့် သင်သည် ဂုဏ်သိက္ခာရှိရမည်၊ တာဝန်သိစိတ် ရှိရမည်၊ သင်၏ ကတိကို တည်ရမည်ဖြစ်ပြီး ယုံကြည်စိတ်ချရသူ ဖြစ်ရမည်။ ထို့အပြင် သင်သည် ဘုရားသခင်၏ ရှေ့မှောက်တွင် လုံ့လဝီရိယရှိသူ၊ တာဝန်ယူသူနှင့် သစ္စာစောင့်သိသူ ဖြစ်လာရမည်။ ထိုအခါ သင်သည် သင်၏အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များကို အခြေခံအားဖြင့် ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထိုအခါ သင်သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိရန် မျှော်လင့်ချက် ရှိလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ စွမ်းဆောင်ရရှိရန် ခက်ခဲသလော။ (မခက်ခဲပါ။) လူတို့ပင်လျှင် အလုပ်တာဝန်များကို ကိုင်တွယ်ရန်နှင့် ပေါင်းသင်းဆက်ဆံရန် ယုံကြည်စိတ်ချရသော လူတစ်ဦးကို ရှာဖွေလိုကြသည်။ သို့ဖြစ်၍ ဘုရားသခင်က လူတို့အား မိမိတို့၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ရန် တောင်းဆိုခြင်းနှင့် ၎င်းတို့အပေါ် ဤသေးငယ်သော သတ်မှတ်ချက်တစ်ခု ထားရှိခြင်းသည် လွန်ကဲသလော။ (မလွန်ကဲပါ။) လုံးဝ လွန်ကဲခြင်းမရှိပေ။ ဤသည်မှာ လူတို့အတွက် အမှုအရာများကို ခက်ခဲစေခြင်း မဟုတ်ဘဲ၊ ထို့ထက် ယင်းသည် အလွန် သင့်လျော်ပေသည်။ လူတို့တွင် ဤသို့လုပ်ဆောင်ရန် စိတ်နှလုံး မရှိကြခြင်းသာဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်၏ အကြံအစည်များကို မဆင်ခြင်ကြသည့်အပြင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကိုလည်း တန်ဖိုးမထားကြပေ။ ၎င်းတို့ လုပ်နိုင်သမျှမှာ “ကိုယ်တော်သည် ကျွန်ုပ်ကို ကောင်းချီးပေးရမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို ကျေးဇူးပြုရမည်။ ကိုယ်တော်သည် ကျွန်ုပ်ကို လမ်းညွှန်ရမည်” ဟူ၍ ဘုရားသခင်ထံ အဆက်မပြတ် တောင်းဆိုခြင်း ဖြစ်သည်။ သို့ဆိုလျှင် သင် လုပ်ဆောင်နေသည်မှာ အဘယ်အရာဖြစ်သနည်း။ သင်သည် သင်၏ တာဝန်ကို သင်၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအတိုင်း အမှန်တကယ် ဖြည့်ဆည်းနိုင်သလော။ သင်သည် အမှန်တကယ် လုံ့လဝီရိယရှိနိုင်သလော၊ တာဝန်ယူနိုင်ပြီး သစ္စာစောင့်သိနိုင်သလော။ ဤသည်မှာ ဘုရားသခင် သင့်အပေါ် မျက်နှာသာပေးရန်အတွက် သင် ဖြည့်ဆည်းရမည့် အနိမ့်ဆုံးသော သတ်မှတ်ချက် ဖြစ်သည်။ ဤသည်မှာ လူတို့ ကြိုးစားလုပ်ဆောင်သင့်သည့် ဦးတည်ချက် မဟုတ်လော။ သင်သည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ သမ္မာတရားနှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတွက် သင် ကြိုးပမ်းရမည်၊ ဤသည်မှာ လူတို့ ကြိုးစားလုပ်ဆောင်သင့်သည့် ဦးတည်ချက် ဖြစ်သည်။ လူတို့သည် မှန်ကန်သော ဦးတည်ချက်ဖြင့် ကြိုးစားလုပ်ဆောင်ရမည်။ ထိုသို့ဖြင့်၊ ဘုရားသခင်ကို ကျေနပ်စေရန် ၎င်းတို့၏ ကြိုးစားခြင်းသည် အနှစ်မဲ့လိမ့်မည် မဟုတ်တော့ပေ။

၎င်းတို့ စိတ်နှလုံးများတွင်၊ အယောင်ဆောင် ခေါင်းဆောင်များသည် ဘုရားသခင်ကို ယုံကြည်မှုတွင် သူ့ကို ကျေနပ်စေခြင်းနှင့်ဆိုင်သည့် အယူအဆတစ်ခုတလေ ရှိကြသလော။ ၎င်းတို့တွင် သဘောထားတစ်ခုတလေ ရှိကြသလော။ သိသာထင်ရှားစွာပင် မရှိကြပေ။ ၎င်းတို့သည် ကမ္ဘာလောကကို ဖြစ်သလိုဖြတ်သန်းသည့် သဘောထားတစ်ခုသာ ရှိကြပြီး ဘုရားသခင်ကိုလည်း အလွန့်အလွန် ကြည်ညိုမှုမရှိသည့်အပြင် မထီမဲ့မြင်ပြုသော နည်းလမ်းဖြင့် ထိုနည်းအတိုင်းပင် ဆက်ဆံကြသည်။ ဤ သဘောထားမျိုးသည် ဘုရားသခင်ကို အလွန်အမင်း အရှက်ရစေပြီး ပြစ်မှားစော်ကားသည့်အပြင်၊ ဘုရားသခင်သည် ယင်းကို စက်ဆုပ်ရွံရှာပေသည်။ ဘုရားသခင်သည် ၎င်းတို့အား အသက်နှင့် လူတစ်ဦး ပိုင်ဆိုင်သမျှ အရာအားလုံးကို ပေးခဲ့သည့်တိုင်၊ ၎င်းတို့ကို ဘုရားသခင် ပေးထားသမျှ အရာအားလုံးအပေါ်၊ ၎င်းတို့၏ ဘဝများအတွက် ဘုရားသခင် ပြုလုပ်သည့် အစီအစဉ်များအပေါ်၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်နှင့် အလုပ်အပေါ်တွင်လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်တာဝန်များအပေါ်တွင်လည်းကောင်း ၎င်းတို့၏ သဘောထားသည် မထီမဲ့မြင်ပြုခြင်းနှင့် အထင်သေးခြင်း သဘောထားတစ်ခု ဖြစ်သည်။ “မထီမဲ့မြင်ပြုခြင်း” ဟူသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ယင်းမှာ နေ့ရက်များကို ဖြစ်သလို ဖြတ်သန်းလိုပြီး မည်သည့်အရာကိုမျှ အလေးအနက်မထားခြင်းကို ဆိုလိုသည်။ ဘုရားသခင်သည် ၎င်းတို့၏ ဤသဘောထားကို အလွန်အမင်း ရွံရှာစက်ဆုပ်သည်။ ထို့ကြောင့် သူသည် ထိုသို့သောလူများကို လုံးဝ ကယ်တင်လိမ့်မည် မဟုတ်ပေ။ ဤနေရာတွင် သင်တို့ နားလည်သင့်သည်မှာ အဘယ်အရာဖြစ်သနည်း။ သင်သည် ဤလူစားမျိုး မဖြစ်ရဟူသည်ပင် ဖြစ်သည်။ သင်သည် ခေါင်းဆောင်တစ်ဦး ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သို့မဟုတ် ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒ သင့်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင်သည် မည်သို့ ကျင့်ကြံပြုမူရမည်ကို ဦးစွာ သင်ယူရမည်ဖြစ်ပြီး လူပျင်းတစ်ဦး၊ အလေလိုက်သူတစ်ဦး သို့မဟုတ် လူ့ဗာလတစ်ဦး လုံးဝ မဖြစ်ရပေ။ သင်၏ ကျင့်ကြံပြုမူခြင်းတွင် သင်သည် ဖြောင့်မှန်သော သဘောထား၊ ဂုဏ်သိက္ခာနှင့် တာဝန်သိစိတ် ရှိရမည်။ ဤသည်မှာ အနိမ့်ဆုံးသော သတ်မှတ်ချက် ဖြစ်သည်။ ဤအခြေခံအုတ်မြစ်အပေါ်၌သာလျှင် လူတို့သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ပြည့်မီနိုင်ပြိး သူ၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးစီးနိုင်သည်။ သင်သည် ဤအခြေခံအုတ်မြစ် အနည်းငယ်မျှပင် မရှိပါက ပြောစရာ ဘာမျှမရှိတော့ပေ။

၂၀၂၁ ခုနှစ်၊ ဧပြီလ ၃ ရက်

အရှေ့သို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၇)

နောက်တစ်ခုသို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၉)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၈ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။