ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၄)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များအကြောင်းကို ငါတို့ အချိန်မည်မျှကြာ မိတ်သဟာယဖွဲ့နေပြီး ဖြစ်သနည်း။ (လေးလခွဲ ဖြစ်ပါသည်။) ဤအကြောင်းကို ထိုသို့သောအချိန်ကာလတစ်ခုကြာ မိတ်သဟာယဖွဲ့ပြီးနောက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သင့်သည့် သတ်သတ်မှတ်မှတ်ဖြစ်သော အလုပ်အပေါ် ယခုအခါ အတိုင်းအတာတစ်ခုအထိ သင်တို့ ပို၍ ရှင်းလင်းစွာ နားလည်မှု ရှိပြီလော။ (ရှိပါသည်။ ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ နားလည်မှုက အတိုင်းအတာတစ်ခုအထိ ပို၍ ရှင်းလင်းလာပါသည်။) ယခင်ကထက် ပို၍ ရှင်းလင်းသင့်သည်။ ငါ၏ မိတ်သဟာသည် အလွန် တိကျပြီး ရှင်းလင်းသဖြင့် တစ်စုံတစ်ဦးက နားမလည်သေးပါက သူသည် ဉာဏ်ရည်အားနည်းသောသူ ဖြစ်သည်ဟု ဆိုလိုပေမည်၊ မှန်သလော။ (မှန်ပါသည်။) ဤအရာကို ယခု ကြည့်လျှင်၊ ခေါင်းဆောင်ကောင်းတစ်ဦး သို့မဟုတ် အမှုဆောင်ကောင်းတစ်ဦး ဖြစ်ရန် လွယ်ကူသည်ဟု သင်ထင်သလော။ (မလွယ်ကူပါ။) မည်သည့် အရည်အသွေးများ လိုအပ်သနည်း။ (လူတစ်ဦးသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် လိုအပ်သော အစွမ်းအစနှင့် လူ့သဘာဝအပြင် သမ္မာတရား လက်တွေ့ကျမှုနှင့် တာဝန်သိစိတ်တို့ကို ပိုင်ဆိုင်ရန် လိုအပ်ပါသည်။) အနည်းဆုံးအားဖြင့်၊ လူတစ်ဦးသည် အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် သစ္စာစောင့်သိခြင်းတို့ ရှိရမည်ဖြစ်ပြီး၊ ထို့နောက်တွင် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းတို့ ရှိရမည်။ လူတစ်ဦးသည် ဤအရည်အသွေးအားလုံးကို ပိုင်ဆိုင်သောအခါ ခေါင်းဆောင်ကောင်းတစ်ဦး သို့မဟုတ် အမှုဆောင်ကောင်းတစ်ဦး ဖြစ်နိုင်ပြီး မိမိ၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ပေသည်။

အချက် ၁၂- ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်းဆိုသလို တိကျစွာ ဖော်ထုတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ကန့်သတ်ပြီး အမှုအရာများ ပြောင်းလဲအောင် ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့ (အပိုင်း ၂)

ပြီးခဲ့သည့် စုဝေးပွဲတွင် ငါတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များထဲမှ ဆယ့်နှစ်ချက်မြောက်ဖြစ်သည့် “ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ချက်ချင်းဆိုသလို တိကျစွာ ဖော်ထုတ်လော့။ ပြီးလျှင် ၎င်းတို့ကို တားဆီးကာ ကန့်သတ်ပြီး အမှုအရာများ ပြောင်းလဲအောင်ပြုလုပ်လော့။ ထို့အပြင် ဘုရားသခင် ရွေးချယ်ထားသောလူများက ထိုသို့သောအရာများမှတစ်ဆင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာပြီး ယင်းတို့ထံမှ သင်ယူစေရန် သမ္မာတရားကို မိတ်သဟာယဖွဲ့လော့”ဟူသည်ကို မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအချက်အတွင်း၌၊ ငါတို့သည် အဓိကအားဖြင့် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်အား မည်သည့်လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ကို ဦးစွာ မိတ်သဟာယဖွဲ့ခဲ့သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အတွင်း၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို တားဆီးပြီး ကန့်သတ်ရန်ဆန္ဒရှိကာ ဤအလုပ်ကို ကောင်းမွန်စွာဆောင်ရွက်လိုပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်တို့အား မည်သည့်လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ကို ဦးစွာ သိရှိပြီး နားလည်သဘောပေါက်ရမည်။ ထို့နောက်တွင်၊ ၎င်းတို့သည် ဤအရာများကို တကယ့်အသင်းတော်အလုပ်နှင့် အသင်းတော်အသက်တာရှိ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများနှင့် တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ပြီး၊ ထို့နောက်တွင် ၎င်းတို့ကို တားဆီးခြင်းနှင့် ကန့်သတ်ခြင်းကဲ့သို့သော အလုပ်အမျိုးမျိုးကို ဆောင်ရွက်ရမည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သတ်မှတ်ချက်တစ်ခု ဖြစ်သည်။ ငါတို့၏ ပြီးခဲ့သည့် စုဝေးပွဲတွင်၊ ငါတို့သည် အသင်းတော်အသက်တာနှင့် သက်ဆိုင်သည့်အရာများမှအစပြု၍ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာအချို့အကြောင်းကို မိတ်သဟာယဖွဲ့ခဲ့သည်။ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သဘောသဘာဝရှိသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကိုလည်း ငါတို့ အမျိုးအစားခွဲခြားခဲ့သည်။ စုစုပေါင်း ပြဿနာ မည်မျှရှိခဲ့သနည်း။ (တစ်ဆယ့်တစ်ချက် ရှိပါသည်။ ပထမအချက်၊ သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ အကြောင်းအရာမှ မကြာခဏ သွေဖည်သွားခြင်း၊ ဒုတိယအချက်၊ လူတို့ကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ လေးစားမှုကို ရယူရန် စကားလုံးများနှင့် အယူဝါဒများကို ပြောဆိုခြင်း၊ တတိယအချက်၊ အိမ်တွင်းရေးရာများကို တတွတ်တွတ် ပြောဆိုခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ခြင်း၊ စတုတ္ထအချက်၊ အုပ်စုဖွဲ့ခြင်း၊ ပဉ္စမအချက်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆဋ္ဌမအချက်၊ သွေးခွဲခြင်း၊ သတ္တမအချက်၊ လူတို့ကို တိုက်ခိုက်ပြီး ညှဉ်းဆဲခြင်း၊ အဋ္ဌမအချက်၊ အယူအဆများကို ဖြန့်ဝေခြင်း၊ နဝမအချက်၊ အပျက်သဘောဆောင်ခြင်းကို ထုတ်ဖော်ခြင်း၊ ဒသမအချက်၊ အခြေအမြစ်မရှိသော ကောလာဟလများကို ဖြန့်ဝေခြင်းနှင့် ဆယ့်တစ်ချက်မြောက် ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်းတို့ ဖြစ်ပါသည်။) ခြောက်ခုမြောက် ပြဿနာမှာ သွေးခွဲခြင်းဖြစ်သည်။ ယင်းသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သဘောသဘာဝရှိသော်လည်း၊ အခြားသော ဒုစရိုက်အမှုများနှင့် နှိုင်းယှဉ်လျှင်၊ သေးငယ်သော ပြဿနာတစ်ခု ဖြစ်သည်။ ယင်းကို “မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း”ဟု ပြောင်းလိုက်လော့။ ဤအရာ၏ သဘောသဘာဝသည် သွေးခွဲခြင်း၏ သဘောသဘာဝထက် ပို၍ ဆိုးရွားသည်။ ခုနစ်ခုမြောက် ပြဿနာမှာ လူတို့ကို တိုက်ခိုက်ခြင်းနှင့် ညှဉ်းဆဲခြင်း ဖြစ်သည်။ ယင်းကို “အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် စကားစစ်ထိုးခြင်းတို့တွင် ပါဝင်ခြင်း” ဟု ပြောင်းလိုက်လော့ ။ဤသည်မှာ သဘောသဘာဝအားဖြင့် ပို၍ ဆိုးရွားပြီး၊ ပို၍ တိကျကာ ကိုက်ညီမှုရှိသည် မဟုတ်လော။ (ဟုတ်ပါသည်။) အပြန်အလှန် တိုက်ခိုက်ခြင်းများနှင့် စကားစစ်ထိုးခြင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် သက်ဆိုင်သည့် အသင်းတော်အသက်တာတွင် အဖြစ်များသော ပြဿနာအမျိုးအစားတစ်ခု ဖြစ်သည်။ ဤပြဿနာနှစ်ခုကို ဤသို့ ပြင်ဆင်ခြင်းက ယင်းတို့ကို အသင်းတော်အသက်တာအတွင်း ပေါ်ပေါက်သည့် ပြဿနာများနှင့် ပို၍ ကိုက်ညီမှုရှိစေပြီး ပို၍ နီးစပ်စေသည်။ ဆယ့်တစ်ချက်မြောက် ပြဿနာမှာ ရွေးကောက်ပွဲ စည်းမျဉ်းများကို ချိုးဖောက်ခြင်း ဖြစ်သည်။ ယင်းကို “ရွေးကောက်ပွဲများကို ကြိုးကိုင်ခြယ်လှယ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း”ဟု ပြောင်းလိုက်လော့။ ဤသည်မှာ စကားလုံးအသုံးအနှုန်းကို ပြောင်းလဲခြင်းမျှသာဖြစ်သည်။ ဤအရာ၏ သဘောသဘာဝမှာ အတူတူပင်ဖြစ်သည်။ အတိုင်းအတာက ပို၍ပြင်းထန်ခြင်းသာ ဖြစ်သည်။ ထိုအရာသည် ယခုတွင် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများ၏ သဘောသဘာဝနှင့် ပို၍ဆက်စပ်မှုရှိသည်။

အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ

၅။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း

ပြီးခဲ့သည့်တစ်ကြိမ်တွင်၊ ငါတို့သည် စတုတ္ထမြောက်ပြဿနာဖြစ်သည့် ဂိုဏ်းများဖွဲ့ခြင်းအထိ မိတ်သဟာယဖွဲ့ခဲ့သည်။ ဤအကြိမ်တွင်၊ ငါတို့သည် ပဉ္စမမြောက်ပြဿနာဖြစ်သည့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းအကြောင်းကို ဆက်လက်၍ မိတ်သဟာယဖွဲ့ကြမည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းကိစ္စသည် အသင်းတော်အသက်တာတွင် မကြာခဏ ပေါ်ပေါက်သည့် ပြဿနာတစ်ခုဖြစ်ပြီး၊ ယင်းမှာ တွေ့မြင်ရလေ့မရှိသော အရာတစ်ခု မဟုတ်ပေ။ မည်သည့်အခြေအနေများ၊ အပြုအမူများနှင့် သရုပ်သကန်များသည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း အလေ့အကျင့်နှင့် သက်ဆိုင်သနည်း။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ မည်သည့်သရုပ်သကန်များသည် ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခြင်း ပြဿနာနှင့် သက်ဆိုင်သနည်း။ မည်သည့်ပြဿနာ သို့မဟုတ် အမျိုးအစားကို ငါတို့ မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ယင်းသည် “ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ” အကြောင်းဖြစ်သည့် ဆယ့်နှစ်ချက်မြောက်အချက်တွင် ဆိုထားသည့်အရာနှင့် သက်ဆိုင်ရမည်။ ယင်းသည် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းအဆင့်သို့ ရောက်ရှိရမည်ဖြစ်ပြီး၊ ဤသဘောသဘာဝနှင့် သက်ဆိုင်ရမည။ ထိုအခါမှသာ မိတ်သဟာယဖွဲ့ခြင်းနှင့် စိတ်ဖြာလေ့လာဆွေးနွေးခြင်းတို့ ပြုလုပ်ထိုက်ပေသည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ မည်သည့်သရုပ်သကန်များသည် ဘုရားအိမ်တော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် ဤသဘောသဘာဝနှင့် ဆက်စပ်နေသနည်း။ အဖြစ်အများဆုံးမှာ အဆင့်အတန်းအတွက် လူတို့က အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်းဖြစ်သည်။ ယင်းမှာ ခေါင်းဆောင်များနှင့်ပတ်သက်သည့် အချို့အရာများနှင့် ၎င်းတို့၏ အမှားများကို အခွင့်ကောင်းယူ၍ ၎င်းတို့ကို အသရေဖျက်ပြီး ပြစ်တင်ရှုတ်ချခြင်းတွင်လည်းကောင်း၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများအပြင်၊ ၎င်းတို့၏ လူ့သဘာဝနှင့် အစွမ်းအစတို့တွင်ရှိသော အားနည်းချက်များနှင့် ချိူ့ယွင်းချက်များကို ရည်ရွယ်ချက်ရှိရှိ ဖော်ထုတ်ခြင်းတွင်လည်းကောင်း၊ အထူးသဖြင့် ၎င်းတို့၏ အလုပ်တွင် သို့မဟုတ် လူတို့ကို ကိုင်တွယ်သည့်အခါတွင် ၎င်းတို့ပြုလုပ်မိခဲ့သော သွေဖည်မှုများ၊ အမှားများနှင့် ပတ်သက်လာသည့်အခါတွင်လည်းကောင်း အဓိကအားဖြင့် ပေါ်လွင်ထင်ရှားသည်။ ဤသည်မှာ အဆင့်အတန်းအတွက် အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်း၏ အတွေ့ရအများဆုံးနှင့် အပေါ်လွင်ဆုံး သရုပ်သကန် ဖြစ်သည်။ ထို့အပြင်၊ ဤလူတို့သည် အသင်းတော်ခေါင်းဆောင်များက ၎င်းတို့အလုပ်ကို မည်မျှကောင်းမွန်စွာ လုပ်ဆောင်သည်၊ စည်းမျဉ်းများနှင့်အညီ ၎င်းတို့ ပြုမူခြင်း ရှိမရှိ၊ သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ ပြဿနာများ ရှိမရှိဟူသည်တို့ကို ဂရုမစိုက်ဘဲ၊ ဤခေါင်းဆောင်များအပေါ် အာခံနေကြခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ အာခံကြသနည်း။ အကြောင်းမှာ ၎င်းတို့သည်လည်း အသင်းတော်ခေါင်းဆောင်တစ်ဦး ဖြစ်လိုသောကြောင့် ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ရည်မှန်းချက်၊ ၎င်းတို့၏ လိုအင်ဆန္ဒဖြစ်ပြီး၊ ထို့ကြောင့် ၎င်းတို့ အာခံကြခြင်း ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်များက မည်သို့ပင် အလုပ်လုပ်သည်ဖြစ်စေ သို့မဟုတ် ပြဿနာများကို မည်သို့ပင် ကိုင်တွယ်သည်ဖြစ်စေ၊ ဤလူတို့သည် ၎င်းတို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို အမြဲတစေ အခွင့်ကောင်းယူပြီး၊ ၎င်းတို့ကို ဝေဖန်ကာ ရှုတ်ချသည့်အပြင်၊ တစ်စိတ်ကို တစ်အိတ်လုပ်သည်အထိ၊ အဖြစ်မှန်များကို လိမ်လည်လှည့်ဖြားသည်အထိ၊ အတိုင်းထက်အလွန် ချဲ့ကားပြောဆိုသည်အထိပင် ပြုလုပ်ကြသည်။ ၎င်းတို့သည် ဤခေါင်းဆောင်များက စည်းမျဉ်းများနှင့်အညီ ပြုမူခြင်း ရှိမရှိ၊ မှန်ကန်သောလူများ ဟုတ်မဟုတ်၊ သမ္မာတရားကို လိုက်စားသောလူများ ဟုတ်မဟုတ်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိမရှိဟူသည်တို့ကို တိုင်းတာရန် ခေါင်းဆောင်များနှင့် အမှုဆောင်များထံမှ ဘုရားအိမ်တော်က တောင်းဆိုသည့် စံနှုန်းများကို အသုံးမပြုကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များကို ဤစည်းမျဉ်းများအတိုင်း အကဲမဖြတ်ကြပေ။ ထိုအစား၊ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို အခြေခံ၍ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များကို အပြစ်တင်ရန် အကြောင်းအရာများ ရှာဖွေလျက်၊ ၎င်းတို့၏ နောက်ကွယ်တွင် သမ္မာတရားနှင့် မကိုက်ညီသော အမှုအရာများ လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ ကောလာဟလများ ဖြန့်ဝေလျက်၊ သို့မဟုတ် ၎င်းတို့၏ ချို့ယွင်းချက်များကို ဖော်ထုတ်လျက် စဉ်ဆက်မပြတ် အပြစ်မရှိ အပြစ်ရှာပြီး၊ တိုင်ကြားချက်များကို ဖန်တီးကြလေသည်။ ဥပမာအားဖြင့် ၎င်းတို့က၊ “ခေါင်းဆောင် မည်သူမည်ဝါသည် တစ်ချိန်က အမှားတစ်ခု ပြုလုပ်ခဲ့ပြီး အထက်က ပြုပြင်ခြင်းကို ခံခဲ့ရသည်၊ သင်တို့တစ်ယောက်မျှ ထိုအကြောင်းကို မသိခဲ့ကြပါ။ ကြည့်ပါ၊ သူတို့သည် ဟန်ဆောင်ရာတွင် အလွန်တော်ပါသည်တကား” ဟု ပြောကောင်းပြောနိုင်သည်။ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ဘုရားအိမ်တော်က ပျိုးထောင်ရန် ရည်ရွယ်ထားသူတစ်ဦး ဟုတ်မဟုတ်၊ သို့မဟုတ် ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီခြင်း ရှိမရှိဟူသည်တို့ကို ထိုသူတို့ကမစဉ်းစား၊ ဂရုမစိုက်ဘဲ၊ ၎င်းတို့၏ နောက်ကွယ်တွင် ၎င်းတို့ကို ဆက်လက် ဝေဖန်နေကြသည်၊ အဖြစ်မှန်များကို မလိမ့်တစ်ပတ်ပြောဆိုကြသည်၊ ၎င်းတို့အပေါ် ယုတ်ညံ့သော အပြုအမူများ ပြုလုပ်နေကြလေသည်။ ပြီးလျှင် ထိုသူတို့အနေဖြင့် ဤအရာများကို မည်သည့်ရည်မှန်းချက်အတွက် ပြုလုပ်ကြသနည်း။ ယင်းမှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ဖြစ်သည်၊ မဟုတ်လော။ ၎င်းတို့ပြောဆိုပြုမူသည့် အရာတိုင်းတွင် ရည်မှန်းချက်တစ်ခု ရှိသည်။ ၎င်းတို့သည် အသင်းတော်၏အလုပ်ကို ထည့်သွင်းစဉ်းစားနေခြင်း မဟုတ်သည့်အပြင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအပေါ် ၎င်းတို့၏ အကဲဖြတ်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များ သို့မဟုတ် ဘုရားသခင်က လူထံမှ တောင်းဆိုသည့် စည်းမျဉ်းများကို အခြေခံရန် မဆိုထားနှင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် သမ္မာတရားအပေါ်ကိုပင် အခြေမခံဘဲ၊ မိမိတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များကို အခြေခံလေသည်။ ၎င်းတို့သည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ပြောဆိုသည့် အရာအားလုံးကို ဆန့်ကျင်ပြီး၊ ထို့နောက် မိမိတို့၏ ကိုယ်ပိုင် “ထိုးထွင်းအမြင်များ”ကို ပေးကြသည်။ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များ ပြောဆိုသည့်အရာ မည်မျှက သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့သည် ယင်းကို အနည်းငယ်မျှပင် လက်မခံကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ပြောဆိုသည့် မည်သည့်အရာကိုမဆို ပယ်ချပြီး၊ မိမိတို့၏ ကိုယ်ပိုင် ကွဲပြားသော ထင်မြင်ချက်များကို တင်ပြကြသည်။ အထူးသဖြင့်၊ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးက မိမိကိုယ်ကို သိရှိခြင်းအကြောင်း ပြောဆိုလျက် ဖွင့်ဟပြီး မိမိကိုယ်ကို ချပြသည့်အခါ၊ ၎င်းတို့ သာ၍ပင် ကျေနပ်သည်ဟု ခံစားရပြီး၊ မိမိတို့၏ အခွင့်အရေးကို တွေ့ရှိပြီဟု ထင်ကြသည်။ မည်သည့်အခွင့်အရေးနည်း။ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကို အသရေဖျက်ရန် အခွင့်အရေး၊ ဤခေါင်းဆောင် သို့မဟုတ် အမှုဆောင်သည် ညံ့ဖျင်းသော အစွမ်းအစရှိကြောင်း၊ ၎င်းတို့သည် အားနည်းနိုင်ကြောင်း၊ ၎င်းတို့သည်လည်း ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ကြောင်း၊ ၎င်းတို့လုပ်ဆောင်သည့် အမှုအရာများတွင်လည်း မကြာခဏ အမှားများ ပြုလုပ်တတ်ကြောင်းနှင့် ၎င်းတို့သည် အခြားမည်သူ့ထက်မျှ ပိုမတော်ကြောင်းတို့ကို လူတိုင်းအား သိရှိစေရန် အခွင့်အရေး ဖြစ်သည်။ ဤသည်မှာ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကို ဆန့်ကျင်တိုက်ခိုက်ရန် အကြောင်းအရာတစ်ခု တွေ့ရှိဖို့ ၎င်းတို့၏ အခွင့်အရေး၊ ထိုခေါင်းဆောင် သို့မဟုတ် အမှုဆောင်ကို လူတိုင်းက ပြစ်တင်ရှုတ်ချရန်၊ ဖြုတ်ချရန်နှင့် အောက်သို့ဆွဲချရန် လှုံ့ဆော်ဖို့အတွက် ၎င်းတို့၏ အခွင့်အလမ်း ဖြစ်သည်။ ပြီးလျှင် ဤအပြုအမူများနှင့် လုပ်ဆောင်ချက်များအားလုံး၏ စေ့ဆော်မှုမှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းမှလွဲ၍ အခြားမဟုတ်ပေ။ အကယ်၍ ဘုရားအိမ်တော်ရှိ ရွေးကောက်ပွဲ စည်းမျဉ်းများနှင့် လူတို့ကို ပျိုးထောင်ခြင်း၊ အသုံးပြုခြင်း စည်းမျဉ်းများကို လိုက်နာပါက၊ ပုံမှန်အခြေအနေများအောက်တွင် ထိုသို့သော ပုဂ္ဂိုလ်များသည် ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များအဖြစ် မည်သည့်အခါမျှ ရွေးကောက်တင်မြှောက်ခြင်း ခံရလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ ရိပ်စားမိပြီး ရှင်းလင်းစွာ နားလည်ထားသည့်အရာဖြစ်သောကြောင့် ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များကို တိုက်ခိုက်ပြီး ပြစ်တင်ရှုတ်ချရန် မည်သည့်နည်းလမ်းကိုမဆို အားကိုးအားထားပြုကြလေသည်။ မည်သူက ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်ဖြစ်စေ၊ ၎င်းတို့သည် ထိုသူတို့အပေါ် အာခံကြရုံသာဖြစ်ပြီး၊ ၎င်းတို့နှင့်ပတ်သက်၍ အမြဲတစေ အပြစ်မရှိ အပြစ်ရှာကာ တာဝန်မဲ့သော၊ အပြစ်ရှာသော မှတ်ချက်များ ပြုကြလေသည်။ ဤခေါင်းဆောင်များနှင့် အမှုဆောင်များ၏ လုပ်ဆောင်ချက်များ သို့မဟုတ် စကားများတွင် မည်သည့်အရာမျှ မှားယွင်းခြင်းမရှိလျှင်ပင်၊ ထိုသူတို့သည် ၎င်းတို့နှင့်ပတ်သက်၍ အပြစ်တစ်ခုခုကို အမြဲတစေ ရှာတွေ့နိုင်ကြသည်။ အမှန်တွင်၊ ၎င်းတို့ ထောက်ပြသည့် ပြဿနာများသည် စည်းမျဉ်းပိုင်းဆိုင်ရာ ပြဿနာများမဟုတ်ဘဲ အရေးမပါသည့် ကိစ္စများသက်သက် ဖြစ်သည်။ သို့ဆိုလျှင်၊ အဘယ်ကြောင့် ၎င်းတို့သည် ဤအသေးအဖွဲကိစ္စများအပေါ် အာရုံစိုက်နေကြသနည်း။ အဘယ်ကြောင့် ၎င်းတို့သည် ထိုသို့သောအရာများအပေါ် ခေါင်းဆောင်များနှင့် အမှုဆောင်များကို အလွန်ပွင့်လင်းစွာ ဝေဖန်ပြီး ပြစ်တင်ရှုတ်ချနိုင်ကြသနည်း။ ၎င်းတို့တွင် ပန်းတိုင်တစ်ခုတည်းသာ ရှိပြီး၊ ယင်းမှာ အာဏာနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် ဖြစ်သည်။ ဘုရားအိမ်တော်က အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များအကြောင်းကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် ဤသရုပ်သကန်များကို မိမိတို့ကိုယ်တိုင်နှင့် မည်သည့်အခါမျှ ချိတ်ဆက်ခြင်းမရှိဘဲ အဆင့်အားလုံးတွင်ရှိသည့် ခေါင်းဆောင်များနှင့် အမှုဆောင်များကိုသာ သီးသန့် ချိတ်ဆက်ကြသည်။ ကိုက်ညီမှုတစ်ခုကို ၎င်းတို့ တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့က “ယခု ငါ့မှာ သက်သေအထောက်အထား ရှိပြီ၊ နောက်ဆုံးတော့ သူတို့ကို ဆန့်ကျင်ရန် ခုတုံးတစ်ခုအဖြစ် အသုံးချဖို့အတွက် တစ်စုံတစ်ခုကို ငါရှာတွေ့ခဲ့ပြီး အခွင့်အရေးကောင်းတစ်ခု ရခဲ့ပြီ”ဟု တွေးကြသည်။ ထို့နောက် ဤခေါင်းဆောင်များနှင့် အမှုဆောင်များ လုပ်ဆောင်သည့် အရာအားလုံးကို ဖော်ထုတ်ခြင်း၊ ဝေဖန်ခြင်း၊ အပြစ်ရှာသော အကဲဖြတ်ချက်များ ပြုလုပ်ခြင်းနှင့် ပြစ်တင်ရှုတ်ချခြင်းတို့တွင် ၎င်းတို့သည် ပို၍ပင် ထိန်းမနိုင်သိမ်းမရဖြစ်လာကြသည်။ ၎င်းတို့ ထုတ်ဖော်ပြောဆိုသည့် ပြဿနာအချို့သည် အပေါ်ယံအားဖြင့် အနည်းငယ် ပြဿနာရှိပုံရနိုင်သော်လည်း၊ စည်းမျဉ်းများနှင့် တိုင်းတာသည့်အခါ၊ အရေးမပါပေ။ သို့ဆိုလျှင် ၎င်းတို့ကို အဘယ်ကြောင့် ထုတ်ဖော်ပြောဆိုကြသနည်း။ ယင်းမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ရှုတ်ချခြင်းနှင့် အနိုင်ယူခြင်းဟူသည့် ရည်မှန်းချက်ဖြင့် ၎င်းတို့ကို ဖော်ထုတ်ခြင်းမှလွဲ၍ အခြားမည်သည့်အကြောင်းပြချက်အတွက်မျှ မဟုတ်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အပျက်သဘောဆောင်ခြင်းအဖြစ်သို့ ရောက်ရှိဖို့ ထိုးနှက်ခံရလျှင်၊ အရှုံးပေးတောင်းပန်ကာ၊ ၎င်းတို့ထံ၌ ဒူးထောက်အရှုံးပေးလျှင်၊ အကယ်၍ ညီအစ်ကိုမောင်နှမများက ဤခေါင်းဆောင်များသည် အမြဲတစေ အပျက်သဘောဆောင်ပြီး အားနည်းသည်ကိုလည်းကောင်း၊ ၎င်းတို့ ပြုမူသည့်အခါ မကြာခဏ အမှားများ ပြုလုပ်သည်ကိုလည်းကောင်း မြင်တွေ့ပြီး၊ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် နောက်ထပ် မရွေးကောက်တော့လျှင်၊ အကယ်၍ ဤခေါင်းဆောင်များက သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ ညီအစ်ကိုမောင်နှမများက ယခင်ကဲ့သို့ အာရုံစူးစိုက်စွာ နားမထောင်တော့လျှင်၊ ပြီးလျှင် ဤခေါင်းဆောင်များက အလုပ်ကို အကောင်အထည်ဖော်နေချိန်တွင် လူတို့က ယခင်လောက် တက်ကြွစွာနှင့် စိတ်အားထက်သန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုတော့လျှင်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သူများသည် ကျေနပ်ကြမည်ဖြစ်ပြီး၊ အခွင့်ကောင်းယူဖို့ အခွင့်အရေးရသွားကြလိမ့်မည်ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ အမြင်လိုဆုံးသော မြင်ကွင်းဖြစ်ပြီး ၎င်းတို့ ဖြစ်လိမ့်မည်ဟု အမျှော်လင့်ဆုံးသောအရာ ဖြစ်သည်။ ဤအရာအားလုံးကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ ယင်းမှာ လူတို့ကို သမ္မာတရား နားလည်စေပြီး အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်စေရန် ကူညီဖို့မဟုတ်သည့်အပြင်၊ လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်ရန်လည်း မဟုတ်ပေ။ ထိုအစား၊ ၎င်းတို့၏ ရည်မှန်းချက်မှာ လူတိုင်းက ၎င်းတို့အား ခေါင်းဆောင်တစ်ဦးအဖြစ် အစေခံရန် အသင့်တော်ဆုံးသော ကိုယ်စားလှယ်လောင်းအဖြစ် မြင်ကြရန်အလို့ငှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို အနိုင်ယူပြီး အောက်သို့ဆွဲချရန်ဖြစ်သည်။ ဤအချိန်တွင်၊ ၎င်းတို့၏ ရည်မှန်းချက်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်ဖြစ်ကာ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ခေါင်းဆောင်တစ်ဦးအဖြစ် အမည်စာရင်းတင်သွင်းဖို့အတွက် စောင့်ဆိုင်းနေရုံသာ ရှိလိမ့်မည်။ အသင်းတော်တွင် ထိုသို့သောလူများ ရှိသလော။ ၎င်းတို့၏ စိတ်သဘောထားများမှာ မည်သည့်အရာဖြစ်သနည်း။ ဤပုဂ္ဂိုလ်များသည် စိတ်သဘောထားအားဖြင့် ရက်စက်ကြမ်းကြုတ်သည်၊ သမ္မာတရားကို လုံးဝမချစ်သည့်အပြင်၊ ထိုသမ္မာတရားကို လက်တွေ့လည်းမလုပ်ဆောင်ပေ။ ၎င်းတို့သည် အာဏာကိုင်စွဲရန်သာ ဆန္ဒရှိကြသည်။ သမ္မာတရားအချို့ကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်းအချို့ ပိုင်ဆိုင်သောသူတို့မူကား အဘယ်သို့နည်း။ ထိုသို့သောလူများကို အာဏာကိုင်စွဲခွင့်ပြုရန် ၎င်းတို့ လိုလားကြမည်လော။ ထိုသူတို့၏ အာဏာအောက်သို့ ကျရောက်ရန် ၎င်းတို့ လိုလားကြမည်လော။ (လိုလားကြမည် မဟုတ်ပါ။) အဘယ်ကြောင့် မလိုလားသနည်း။ အကယ်၍ လူအများစုက ထိုသို့သော ပုဂ္ဂိုလ်များ၏ သဘာဝအနှစ်သာရကို ရှင်းလင်းစွာ မြင်နိုင်ပါက၊ ၎င်းတို့ကို ခေါင်းဆောင်များအဖြစ် ရွေးကောက်ကြလိမ့်ဦးမည်လော။ (ရွေးကောက်လိမ့်မည် မဟုတ်ပါ။) လူတိုင်းက ယခုတင် တွေ့ဆုံပြီး တစ်ယောက်နှင့်တစ်ယောက် အလွန်အမင်း မရင်းနှီးသေးခြင်းသာ မဟုတ်လျှင်၊ ၎င်းတို့ ရွေးကောက်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့ ရင်းနှီးလာပြီး၊ မည်သည့်ပုဂ္ဂိုလ်များတွင် ညံ့ဖျင်းသော အစွမ်းအစရှိပြီး နားဝေတိမ်တောင်ဖြစ်သောသူ ဖြစ်သည်ကိုလည်းကောင်း၊ မည်သူတို့က ရက်စက်ကြမ်းကြုတ်ပြီး လှည့်ဖြားတတ်သော စိတ်သဘောထားများရှိသည့် ဆိုးယုတ်သောလူများဖြစ်သည်ကိုလည်းကောင်း၊ မည်သူတို့က အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန် စိတ်အားထက်သန်ပြီး အန္တိခရစ်များ၏ လမ်းကြောင်း လျှောက်လှမ်းကြသည်ကိုလည်းကောင်း၊ မည်သူတို့က သမ္မာတရားကို လိုက်စားနိုင်ပြီး မိမိတို့၏ တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်နိုင်သည်ကိုလည်းကောင်း စသည်တို့ကို ရှင်းလင်းစွာ မြင်သည်နှင့်တစ်ပြိုင်နက်၊ အမျိုးမျိုးသောလူများ၏ သဘာဝအနှစ်သာရနှင့် အမျိုးအစားများကို ၎င်းတို့ သဘောပေါက်သည်နှင့်တစ်ပြိုင်နက်၊ ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ခြင်းသည် အတော်အတန် တိကျလိမ့်မည်ဖြစ်ပြီး စည်းမျဉ်းများနှင့်အညီ ဖြစ်လိမ့်မည်။

လူအများစုသည် အမြဲတစေ အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသော တစ်စုံတစ်ဦးကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်လိုကြမည်လော၊ သို့မဟုတ် ၎င်းတို့သည် အစွမ်းအစနှင့် အလုပ်လုပ်နိုင်စွမ်းမှာ အတော်အတန် သာမန်ဖြစ်သော်လည်း ဇွဲလုံ့လရှိပြီး တည်ကြည်ခိုင်မာသော တစ်စုံတစ်ဦးကို ရွေးချယ်ကြမည်လော။ ဤလူနှစ်ဦး၏ လူ့သဘာဝအရည်အသွေးမှာ မည်သို့ရှိသည်၊ ၎င်းတို့၏ သဘာဝအနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ သို့မဟုတ် ၎င်းတို့ မည်သည့် လမ်းကြောင်းပေါ်တွင်ရှိသည်ဟူသည်တို့ကို မရှင်းလင်းသည့်အခါ၊ လူအများစုသည် မည်သူ့ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ရန် ပိုမိုနှစ်သက်ကြမည်နည်း။ (ဒုတိယတစ်ဦးဖြစ်သည့် တည်ကြည်ခိုင်မာသောသူ ဖြစ်ပါသည်။) လူအများစုသည် ဒုတိယတစ်ဦးကို ရွေးချယ်ကြပေမည်။ အမြဲတစေ အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသောသူတို့၏ သရုပ်သကန်များသည် ၎င်းတို့၏ လူ့သဘာဝနှင့် အနှစ်သာရ၏ သက်သေပင် ဖြစ်သည်။ လူအများစုသည် ၎င်းတို့၏ သရုပ်သကန်များကို ရိပ်စားပြီး မပိုင်းခြားနိုင်ကြသလော။ လူတို့က၊ “ဤလူသည် အသင်းတော်ခေါင်းဆောင်ကို အမြဲတစေ အခက်တွေ့စေသည်။ သူ၏ ရည်မှန်းချက်များမှာ အသင်းတော်ခေါင်းဆောင်တစ်ဦး၏ အဆင့်အတန်းကို ရရှိရန်ဖြစ်ပြီး၊ သူသည် ခေါင်းဆောင်အဖြစ် သူမကို အစားထိုးလိုသည်။ ထိုလူသည် အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသည့်အချိန်မှစ၍၊ သူသည် သူမကို အမြဲတစေ ပစ်မှတ်ထားပြီး သူမကို သဘောမကျစရာအဖြစ် မြင်နေခဲ့သည်။ သူသည် သူမကို အမြဲတစေ ပြန်ခံပြောသည်၊ သူမလုပ်ဆောင်သည့် မည်သည့်အရာကိုမဆို အပြစ်ရှာသည်၊ သူလုပ်နိုင်သည့် မည်သည့်အရာကိုမဆို အမိအရ အသုံးချသည်၊ ပြီးလျှင် သူသည် သူမ၏ နောက်ကွယ်တွင် သူမကို ဝေဖန်ပြီး သူမ၏ ချို့ယွင်းချက်များကိုလည်း ဖော်ထုတ်သည်။ အထူးသဖြင့် စုဝေးပွဲများအတွင်း သို့မဟုတ် အလုပ်အကြောင်း မိတ်သဟာယဖွဲ့သည့်အခါ၊ အကယ်၍ သူမသည် ခဏတာမျှ မိမိကိုယ်ကို ရှင်းလင်းစွာ မဖော်ပြနိုင်ပါက၊ သူသည် အလွန်တရာ စိတ်မရှည်သော အမူအရာဖြင့် ကြားဖြတ်ပြောဆိုသည်။ သူသည် သူမကို သရော်ကာ၊ ပြက်ရယ်ပြုကာ၊ လှောင်ပြောင်ရယ်မောလျက် မထီမဲ့မြင်ပြုလေသည်။ သူသည် အခါအခွင့်သင့်တိုင်း သူမအတွက် အမှုအရာများကို ခက်ခဲအောင်လုပ်ပြီး သူမကိုကသိကအောက်ဖြစ်သည့် အခြေအနေများထဲရောက်အောင် ထောင်ချောက်ဆင်သည်”ဟု ပြောဆိုကြလိမ့်မည်။ ဤအပြုအမူများက လူတိုင်းထံ ဖော်ထုတ်ခြင်းခံရခြင်းဖြင့်၊ လူအများစုသည် ဤပုဂ္ဂိုလ်များကို ပိုင်းခြားသိမြင်နိုင်ကြမည် မဟုတ်လော။ (ပိုင်းခြားသိမြင်နိုင်မည်ဖြစ်သည်။) သို့ဆိုလျှင်၊ ဤသည်မှာ ခေါင်းဆောင်ရာထူးကို သူ ရယူခြင်းအတွက် အထောက်အကူဖြစ်စေသလော။ မုချ မဖြစ်စေပေ။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သော ဤလူတို့သည် လိမ္မာပါးနပ်သလော သို့မဟုတ် မိုက်မဲသလော။ သိသာရှင်းလင်းစွာပင်၊ ၎င်းတို့သည် လူအသုံးမကျသူများ၊ လူမိုက်များ ဖြစ်ကြသည်။ နောက်ထပ် ဆိုးရွားသော ပြဿနာတစ်ခု ရှိသေးသည်- ဤပုဂ္ဂိုလ်များသည် နတ်ဆိုးများဖြစ်ကြပြီး၊ ၎င်းတို့၏ သဘာဝမှာ မပြောင်းလဲနိုင်ပေ။ အာဏာနှင့် အဆင့်အတန်းအတွက် ၎င်းတို့၏ လိုအင်ဆန္ဒမှာ ထိန်းချုပ်၍မရနိုင်ဘဲ၊ ၎င်းတို့ အသိဉာဏ်ပျောက်သည့်အထိပင် ဖြစ်တတ်သည်။ ယင်းမှာ ပုံမှန် လူ့သဘာဝတွင် ရှိသည့်အရာတစ်ခု မဟုတ်ပေ။ ဤလိုအင်ဆန္ဒသည် နည်းလမ်းမရွေးသည့်အဆင့်သို့ ရောက်ရှိလျက်၊ ပုံမှန် လူ့သဘာဝ၏ ဆင်ခြင်တုံတရားနှင့် အသိစိတ်တို့၏ အတိုင်းအတာများကို ကျော်လွန်သွားသည်။ ဤလူတို့သည် အချိန်၊ နေရာ၊ သို့မဟုတ် အခြေအနေ မည်သို့ပင်ဖြစ်စေ၊ ၎င်းတို့ လုပ်ရပ်များ၏ သက်ရောက်မှုကို မဆိုထားနှင့်၊ အကျိုးဆက်များကို ထည့်မစဉ်းစားဘဲ ဤနည်းအတိုင်း ပြုမူကြလိမ့်မည်။ ဤသည်တို့မှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့၏ စံပြုထိုက်ဆုံးသော သရုပ်သကန်များနှင့် လုပ်နည်းကိုင်နည်းများ ဖြစ်ကြသည်။ စုဝေးပွဲတစ်ခု သို့မဟုတ် အလုပ်အကြောင်း မိတ်သဟာယဖွဲ့ခြင်းတစ်ခု ရှိသည့်အခါတိုင်း၊ လူတိုင်း အတူတကွ စုဝေးသည်နှင့်တစ်ပြိုင်နက်၊ ဤပုဂ္ဂိုလ်များသည် အသင်းတော်အသက်တာနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်း၏ ပုံမှန်အစီအစဉ်တို့ကို ဖျက်ဆီးကြရင်း စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော ယင်ကောင်များကဲ့သို့ အနှောင့်အယှက်များ ဖြစ်စေကြသည်။ ထိုသို့သော အပြုအမူများနှင့် လုပ်နည်းကိုင်နည်းများသည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ သဘောသဘာဝရှိသည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ကန့်သတ်ခြင်း ခံရသင့်သလော။ ပြင်းထန်သော ကိစ္စများတွင်၊ ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မပြုသင့်သလော။ (ပြုသင့်ပါသည်။) တစ်ခါတစ်ရံတွင်၊ ဆိုးယုတ်သောလူများကို ကန့်သတ်ရန် အသင်းတော်ခေါင်းဆောင်များ၏ အစွမ်းခွန်အားတစ်ခုတည်းကိုသာ အားကိုးခြင်းသည် အတော်အတန် အားနည်းပြီး အထီးကျန်ဆန်နိုင်သည်။ အကယ်၍၊ ဆိုးယုတ်သောလူများက ဖြစ်စေသည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ၏ ပြင်းထန်မှုကို ရှင်းလင်းစွာ မြင်တွေ့ပြီး ၎င်းတို့၏ အနှစ်သာရကို စေ့စေ့စပ်စပ် ပိုင်းခြားသိမြင်ပြီးနောက်၊ ညီအစ်ကိုမောင်နှမများသည် ထိုသို့သော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များကို တားဆီးခြင်းနှင့် ကန့်သတ်ခြင်းတို့တွင် အသင်းတော်၏ခေါင်းဆောင်များနှင့် စည်းလုံးနိုင်လျှင်၊ ဤသည်မှာ ပို၍ ထိရောက်မည် မဟုတ်လော။ (ပို၍ ထိရောက်မည် ဖြစ်ပါသည်။) အကယ်၍ တစ်စုံတစ်ဦးက၊ “ဆိုးယုတ်သောလူများကို ကန့်သတ်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဖြစ်သည်၊ ငါတို့ သာမန်ယုံကြည်သူများနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။ ငါတို့ ယင်းနှင့်ပတ်သက်၍ ဒုက္ခခံမည် မဟုတ်ပါ။ ဆိုးယုတ်သောလူများသည် အသင်းတော်ခေါင်းဆောင်များနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ကြသည်။ ၎င်းတို့သည် အဆင့်အတန်းရှိသောသူများနှင့် ပြိုင်ဆိုင်ကြသည်။ ငါတို့တွင် အဆင့်အတန်းမရှိပါ။ ၎င်းတို့သည် ငါတို့ထံမှ တစ်ခုတလေကို ယူဆောင်သွားဖို့ ကြိုးစားနေခြင်းမဟုတ်ပါ။ မည်သို့ဆိုစေ၊ ယင်းက ငါတို့ကို မထိခိုက်ပါ။ ၎င်းတို့ကို ဆန္ဒရှိသည့်အတိုင်း ပြိုင်ဆိုင်ပါစေ။ အကယ်၍ အသင်းတော်ခေါင်းဆောင်များက အရည်အချင်းရှိလျှင်၊ ၎င်းတို့ကို ကန့်သတ်သင့်သည်။ မရှိလျှင်၊ ၎င်းတို့ကို လွှတ်ထားသင့်သည်။ ဤသည်မှာ ငါတို့နှင့် အဘယ်ပတ်သက်မှုရှိသနည်း”ဟု ပြောဆိုပါက၊ ဤအမြင်ရှုထောင့်သည် ကောင်းသလော။ (မကောင်းပါ။) အဘယ်ကြောင့် မကောင်းသနည်း။ (၎င်းတို့သည် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို မထိန်းသိမ်းကြပါ။) ပို၍ သင့်လျော်သော အသုံးအနှုန်းများဖြင့် ဆိုရလျှင်၊ အသင်းတော်၏ ပုံမှန်အစီအစဉ်ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ ယင်းမှာ ပုံမှန်အသင်းတော်အသက်တာကို ရည်ညွှန်းခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ပုံမှန်နှင့် စနစ်ကျသော အသင်းတော်အသက်တာနှင့် သက်ဆိုင်သည်။ ထိုအရာတွင် ဘုရားနှုတ်ကပတ်တော်များကို စနစ်ကျစွာ စားသောက်ခြင်းပါဝင်သည်။ ယင်းမှာ လူတို့အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်သည့်၊ ဘုရားသခင် အတူပါရှိကာ ဘုရားသခင် လမ်းပြသည့် အသင်းတော်အသက်တာတစ်ခုတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆုတောင်းရင်းဖတ်ရှုခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်းတို့ကို ပြုနိုင်သည့်အပြင်၊ တစ်ချိန်တည်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေး လမ်းပြမှုကိုလည်း လက်ခံရရှိကာ အလင်းကိုလည်း ရရှိနိုင်ကြသည်ဟု ဆိုလိုပေသည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများက အသင်းတော်အသက်တာတွင် မွေ့လျော်ခံစားသင့်သည့်အရာ ဖြစ်သည်။ အကယ်၍ အချို့လူများက ဤပုံမှန်အစီအစဉ်ကို ဖျက်ဆီးပါက၊ ၎င်းတို့ကို စည်းမျဉ်းများနှင့်အညီ တားဆီးပြီး ကန့်သတ်သင့်ကာ သည်းမခံသင့်ပေ။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်သာမက၊ သမ္မာတရားကို နားလည်ပြီး ပိုင်းခြားသိမြင်နိုင်စွမ်း ပိုင်ဆိုင်သောသူအားလုံး၏ တာဝန်နှင့် ဝတ္တရားလည်း ဖြစ်သည်။ အကယ်စင်စစ်၊ ညီအစ်ကိုမောင်နှမများနှင့် ဤတစ်ဦးတစ်ယောက်ချင်းစီတို့၏ လုပ်ဆောင်ချက်များ၏ သဘောသဘာဝအကြောင်း၊ ဤတစ်ဦးတစ်ယောက်ချင်းစီတို့သည် ၎င်းတို့၏ သရုပ်သကန်များအပေါ်အခြေခံ၍ မည်သည့်လူအမျိုးအစားဖြစ်ကြောင်း၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများက ထိုသို့သော တစ်ဦးတစ်ယောက်ချင်းစီတို့ကို မည်သို့ ပိုင်းခြားသိမြင်ပြီး သဘောပေါက် သိမြင်သင့်ကြောင်းတို့ကို မိတ်သဟာယဖွဲ့ရင်း၊ အသင်းတော်၏ခေါင်းဆောင်များက ဤအလုပ်ကို ဦးဆောင်ဦးရွက်ပြုနိုင်လျှင် အကောင်းဆုံးဖြစ်ပေမည်။ အကယ်၍ ဤဆိုးယုတ်သောလူများကို မကန့်သတ်ဘဲ၊ ညီအစ်ကိုမောင်နှမများအားလုံးသည် ၎င်းတို့၏ အနှောင့်အယှက်ပေးခြင်း၊ အထင်အမြင်မှားစေခြင်းနှင့် လှည့်စားခြင်းတို့ကို ခံရပြီး၊ ထိုဆိုးယုတ်သောလူများအစား အသင်းတော်၏ခေါင်းဆောင်များက အထီးကျန်ဖြစ်သွားပါက၊ ဤအသင်းတော်သည် တုံ့ဆိုင်းရပ်တန့်သွားပြီး မလွဲမသွေ ကမောက်ကမဖြစ်သွားလိမ့်မည်။ ထိုသို့သော အခြေအနေများအောက်တွင် ပုံမှန်အသင်းတော်အသက်တာသည် ဆက်လက်တည်ရှိနိုင်မည်လော။ အကယ်၍ ဆက်လက်မတည်ရှိနိုင်ပါက၊ အသင်းတော်၏ စုဝေးပွဲများသည် အကျိုးဖြစ်ထွန်းလိမ့်ဦးမည်လော။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ထိုသို့သော စုဝေးပွဲများမှ တစ်စုံတစ်ရာကို ရရှိလိမ့်ဦးမည်လော။ အကယ်၍ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ထံမှ ဘာမျှမရရှိပါက၊ ထိုသို့သော စုဝေးပွဲများကို ဘုရားသခင်က ကောင်းချီးပေးသလော သို့မဟုတ် စက်ဆုပ်ရွံရှာသလော။ ၎င်းတို့ကို ဘုရားသခင်က စက်ဆုပ်ရွံရှာသည်မှာ အမှန်ပင်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်မရှိသည့်အပြင် ဘုရားသခင်၏ ကောင်းချီးမရှိသည့် စုဝေးပွဲများကို အသင်းတော်အသက်တာအဖြစ် မှတ်ယူ၍မရနိုင်တော့ဘဲ၊ ထိုအစား လူမှုရေးအဖွဲ့တစ်ခု၏ အစည်းအဝေးများ ဖြစ်လာသည်။ စနစ်မကျသော အသင်းတော်အသက်တာကို တစ်ဦးတလေက နှစ်သက်သလော။ ယင်းသည် မည်သူမဆိုအတွက် တည်ဆောက်စရာဖြစ်သလော သို့မဟုတ် အကျိုးရှိသလော။ (မရှိပါ။) အကယ်၍ ဤကာလအတောအတွင်း၊ သင်သည် စုဝေးပွဲတစ်ခုတလေမှနေ၍ သင်၏ အသက်ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အရာကိုမျှ မရရှိခဲ့ပါက၊ ဤအချိန်သည် သင့်အတွက် မည်သည့်တန်ဖိုးမျှ သို့မဟုတ် မည်သည့်အဓိပ္ပာယ်မျှ မရှိလေပြီ။ သင်သည် ဤအချိန်ကို ဖြုန်းတီးပြီးဖြစ်သည်။ ဤသည်မှာ သင်၏ အသက်ဝင်ရောက်မှုက ဆုံးရှုံးမှုတစ်ခုကို ခံစားခဲ့ရသည်ဟု ဆိုလိုသည် မဟုတ်လော။ (ဟုတ်ပါသည်။) အကယ်၍၊ စုဝေးပွဲတစ်ခုအတွင်းတွင်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသော ဆိုးယုတ်သောလူများ ရှိပြီး၊ အသင်းတော်ခေါင်းဆောင်တစ်ဦးနှင့် အငြင်းပွားကာ ငြင်းခုံနေလျှင်၊ ပြီးလျှင် လူတို့သည် အကျိုးဆက်အနေဖြင့် စိုးရိမ်ပူပန်လာကြပြီး၊ စုဝေးပွဲတစ်ခုလုံးသည် မကောင်းသော အငွေ့အသက်ဖြင့် ပြည့်နှက်နေပြီး၊ စာတန်၏ ဆိုးယုတ်သော စွမ်းအင်နှင့် ပြည့်သွားလျှင်၊ မည်သူမှန်သည်၊ မည်သူမှားသည်ဟူသကဲ့သို့သော အကြောင်းအရာများကို ငြင်းခုံခြင်းအပြင်၊ မည်သူမျှ ဘုရားသခင်ရှေ့မှောက်သို့ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရန် မလာဘဲ၊ မည်သူမျှ စည်းမျဉ်းများနှင့်အညီ မပြုမူပါက၊ ဤသို့သော စုဝေးပွဲမျိုးတစ်ခုပြီးသည့်နောက်တွင်၊ ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းက တိုးပွားလာမည်လော သို့မဟုတ် လျော့နည်းသွားမည်လော။ သင်သည် သမ္မာတရားနှင့်ပတ်သက်လာလျှင် ပို၍နားလည်ပြီး ရရှိလာမည်လော၊ သို့မဟုတ် အငြင်းပွားမှုများကြောင့် မည်သည့်အရာကိုမျှ သင် လုံးဝ မရရှိဘဲ သင်၏စိတ်သည် စိတ်မချမ်မသာဖြစ်သွားမည်လော။ တစ်ခါတစ်ရံတွင် သင်သည်၊ “လူတို့က အဘယ်ကြောင့် ဘုရားသခင်ကို ယုံကြည်ကြသည်ဟူသည်ကို ငါနားမလည်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ အဓိပ္ပာယ်မှာ အဘယ်နည်း။ ဤလူတို့သည် မည်သို့ဖြစ်ပြီး ဤသို့ပြုမူနိုင်ကြသနည်း။ သူတို့သည် ဘုရားကို ယုံကြည်သူများ ဖြစ်နေသေးသလော”ဟု တွေးကောင်းတွေးနိုင်သည်။ စာတန်နှင့် နတ်ဆိုးများ၏ အနှောင့်အယှက်တစ်ခုတည်းကြောင့်၊ လူတို့၏ စိတ်နှလုံးများသည် ကယောက်ကယက်ဖြစ်လာပြီး နောက်ကျိသွားသည်၊ ဘုရားသခင်ကို ယုံကြည်ခြင်းက အဓိပ္ပာယ်မဲ့သည်ဟု ၎င်းတို့ ခံစားရပြီး၊ ဘုရားသခင်ကို ယုံကြည်ခြင်း၏ တန်ဖိုးကို မသိကြတော့သည့်အပြင် ၎င်းတို့၏ စိတ်များမှာ ကစဉ့်ကလျားဖြစ်သွားသည်။ အကယ်၍ လူတိုင်းက သတိဝီရိယရှိနိုင်ပြီး၊ ထုံထိုင်းပြီး နှေးကွေးသည်ထက် အထူးသဖြင့် ထိုသို့သောကိစ္စများနှင့်ပတ်သက်၍ အကင်းပါးပြီး ထက်မြက်လျှင်၊ ဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန်အလို့ငှာ အသင်းတော်အသက်တာတွင် အမှုအရာများကို မကြာခဏ ပြောဆိုခြင်း သို့မဟုတ် လုပ်ဆောင်ခြင်းတို့ ပြုသည့်အခါ၊ လူအများစုသည် ဖြေရှင်းရန်လိုအပ်သော ပြဿနာတစ်ခုရှိကြောင်းကို လျင်မြန်စွာ သဘောပေါက်ကြလိမ့်မည်။ ၎င်းတို့သည် ဤအခြေအနေများကို မည်သူက ကြိုးကိုင်ခြယ်လှယ်နေသည်ကိုလည်းကောင်း၊ ၎င်းတို့၏ စိတ်သဘောထား အနှစ်သာရက အဘယ်အရာဖြစ်သည်ကိုလည်းကောင်း လျင်မြန်စွာ ပိုင်းခြားသိမြင်နိုင်ကြလိမ့်မည်။ ၎င်းတို့သည် ပြဿနာ၏ ဆိုးရွားမှုကို လျင်မြန်စွာ သဘောပေါက်ကာ၊ အချိန်တိုအတွင်း ဆိုးယုတ်သောသူတို့ကို တားဆီးပြီး ကန့်သတ်နိုင်မည်ဖြစ်ပြီး၊ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်ကာ၊ အသင်းတော်အတွင်းရှိ လူတို့ကို ဆက်လက်၍ အနှောင့်အယှက်ပေးခြင်းနှင့် ဘောင်ခတ်ခြင်းတို့မှ ၎င်းတို့ကို တားဆီးနိုင်မည်ဖြစ်သည်။ ဤသည်မှာ လူအများစုအတွက် အကျိုးရှိပြီး တည်ဆောက်စရာဖြစ်မည် မဟုတ်လော။ (ဟုတ်ပါသည်။)

ဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသည့် အခြေအနေများကို သင်တို့ ကြုံတွေ့ရပါက၊ ၎င်းတို့ကို မည်သို့ ကိုင်တွယ်လိမ့်မည်နည်း။ လူအများစု၏ အမြင်မှာ အဘယ်နည်း။ (ကျွန်ုပ်တို့သည် ဤအပြုအမူကို တားဆီးပါမည်။) တားဆီးရုံမျှသာလော။ သင်တို့အနေဖြင့် မည်သို့ တားဆီးလိမ့်မည်နည်း။ ၎င်းတို့ကို စကားမပြောရန် သင်တို့ တားမြစ်မည်လော၊ သို့မဟုတ် “သင်ပြောသည့်အရာကို ကျွန်ုပ်တို့ မကြိုက်ပါ၊ ထို့ကြောင့် နောင်စုဝေးပွဲများတွင် စကားနည်းနည်းသာ ပြောပါ” ဟု ပြောမည်လော။ ယင်းက အလုပ်ဖြစ်မည်လော။ ၎င်းတို့သည် သင့်ကို နားထောင်မည်လော။ (နားထောင်မည်မဟုတ်ပါ။) သို့ဆိုလျှင်၊ သင်တို့ မည်သည့်အရာကို လုပ်သင့်သနည်း။ သင်တို့အနေဖြင့် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်းထက်လည်းကောင်း၊ သင်တို့က ၊ ရပ်တည်ချက်ယူပြီး “သူတို့ကို စုဝေးပွဲများတွင် နောက်ထပ် ခွင့်မပြုသင့်တော့ပါ” ဟု မပြောမီ အသင်းတော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဆိုးယုတ်သောလူတို့ကို ဖော်ထုတ်ဖို့အတွက်သာ စောင့်ဆိုင်းခြင်းထက်လည်းကောင်း ညီအစ်ကို မောင်နှမများက ၎င်းတို့ လုပ်ဆောင်ချက်များ၏ သဘာဝကို ပိုင်းခြားသိမြင်ပြီး သတိထားနိုင်ရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများနှင့် သဘာဝအနှစ်သာရကို သင်တို့ စေ့စေ့စပ်စပ် ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးရန် လိုအပ်သည်။ လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်းသည် ကောင်းသလော။ (မကောင်းပါ။) ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ၊ လူအများစုသည် ထိုဆိုးယုတ်သောလူများကို စိတ်အနှောင့်အယှက်ပေးမိပြီး နောက်ပိုင်းတွင် ၎င်းတို့နှင့် ဆက်ဆံရန် ခက်ခဲမည်ကို ရှောင်ရှားနိုင်ရန်အလို့ငှာ၊၊ ထိုဆိုးယုတ်သောလူများနှင့် အချင်းဖြစ်ပွားခြင်းထက်၊ ဤကိစ္စရပ်များကို ရှောင်တိမ်းပြီး အဝေးမှနေရန် ပို၍နှစ်သက်ကြသည် မဟုတ်လော။ လူအများစုသည် လူ့အကြိုက်လိုက်သူတစ်ဦးဖြစ်ခြင်းဟူသည့် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် စည်းမျဉ်းကို လိုက်နာစောင့်ထိန်းကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ယင်းမှာ ပြဿနာတစ်ခု ဖြစ်သည်။ အသင်းတော်တစ်ခုရှိ ရှစ်ဆယ်ရာခိုင်နှုန်းသော လူတို့သည် လူ့အကြိုက်လိုက်သူများဖြစ်ကြပြီး၊ ၎င်းတို့အနေဖြင့် ထိုသို့သော ဆိုးယုတ်သည့် ပုဂ္ဂိုလ်များက အသင်းတော်အသက်တာတွင် အဆင့်အတန်း၊ သာလွန်မှုနှင့် ခေါင်းဆောင်များအဖြစ် ရာထူးများအတွက် ပြိုင်ဆိုင်သည်ကို မြင်သည့်အခါ၊ မည်သူမျှ ၎င်းတို့ကို တားဆီးရန် သို့မဟုတ် ကန့်သတ်ရန် မထကြဘဲ၊ လူအများစုက “ပြဿနာနည်းလေ ပိုကောင်းလေ။ ငါက သူတို့ကို ရန်စဖို့ မတတ်နိုင်ပါ။ ထို့ကြောင့် ရှောင်လိုက်၍မရသလော။ သူတို့နှင့် ကင်းရှင်းအောင်သာ နေလိုက်မည်ဖြစ်ပြီး ထိုကိစ္စ ပြီးသွားလိမ့်မည်။ သူတို့ ပြိုင်ဆိုင်ကြပါစေ။ အချိန်တန်သည့်အခါ ဘုရားသခင်က သူတို့ကို အပြစ်ပေးလိမ့်မည်။ ထိုအရာသည် ငါနှင့် မည်သည့် ပတ်သက်မှုရှိသနည်း” ဟူသော အမြင်ကို စွဲကိုင်ထားသည်ဟု ဆိုကြပါစို့။ ဤအခြေအနေများအောက်တွင်၊ အသင်းတော်အသက်တာသည် အကျိုးဖြစ်ထွန်းနိုင်သေးသလော။ လူအများစုသည် ပျင်းရိပြီး မှီခိုတတ်သည်၊ အသင်းတော်၏ခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏အလုပ် ပြီးပြီဟု မှတ်ယူကြပြီး၊ အသင်းတော်၏ခေါင်းဆောင်များက အရာအားလုံးအား လုပ်ဆောင်သည်ကို စောင့်ဆိုင်းရုံစောင့်ဆိုင်းကြသည်။ အကယ်၍ သင်က ၎င်းတို့၏အသင်းတော်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များ ဖြန့်ဝေပြီးခြင်း ရှိမရှိ၊ အသင်းတော်အသက်တာတွင် အဖျက်အမှောင့်လုပ်ခြင်းများ သို့မဟုတ် နှောင့်ယှက်ခြင်းများ တစ်ခုတလေရှိခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် တစ်ဦးတလေက အမြဲတစေ စကားလုံးများနှင့် အယူဝါဒများကို လေရှည်ခြင်း သို့မဟုတ် ခေါင်းဆောင်များနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့အား မေးမြန်းပါက၊ ၎င်းတို့က၊ “ဤအရာများအားလုံးကို အသင်းတော်ခေါင်းဆောင်များက သိကြသည်။ ထိုအကြောင်းများကို ကျွန်ုပ် မသိသည့်အပြင် ယင်းတို့နှင့်ပတ်သက်၍ ဒုက္ခခံရန် မလိုပါ။ အချိန်တန်သည့်အခါ ထိုအရာများကို ခေါင်းဆောင်များက တာဝန်ယူလိမ့်မည်”ဟု ပြောကြသည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်းမရှိ သို့မဟုတ် မေးမြန်းခြင်းမရှိ၊ မည်သည့်အရာကိုမျှ မသိရှိကြသည့်အပြင်၊ ၎င်းတို့ သိသင့်သည့် အသင်းတော်အသက်တာတွင် ပါဝင်သော လူများ၊ ဖြစ်ရပ်များ၊ သို့မဟုတ် အမှုအရာများထဲမှ တစ်ခုကိုမျှ မသိသကဲ့သို့ ဂရုလည်းမစိုက်ကြပေ။ အသင်းတော်တွင် ပေါ်ပေါက်လာသော ဤဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသည့်အခါ ပြောဆိုပြုမူသည့်အရာများအပြင်၊ အသင်းတော်အသက်တာအပေါ် ၎င်းတို့ ဖြစ်ပေါ်စေသည့် နှောင့်ယှက်မှုများ၊ သက်ရောက်မှုများနှင့် ပတ်သက်လာသည့်အခါ၊ ၎င်းတို့သည် ဤအရာကို လုံးဝ လျစ်လျူရှုပြီး၊ ဤအရာများနှင့်ပတ်သက်၍ မစုံစမ်း၊ မမေးမြန်းကြပေ။ အားလုံးပြီးသွားသည့်နောက်တွင်၊ အကယ်၍ သင်က ၎င်းတို့အား ပိုင်းခြားသိမြင်နိုင်စွမ်း တစ်စုံတစ်ရာ ရရှိခဲ့ခြင်း ရှိမရှိ၊ ဆိုးယုတ်သောလူများကို ပိုင်းခြားသိမြင်နိုင်ခြင်း ရှိမရှိဟူသည်နှင့် ဆိုးယုတ်သောလူများ၏ သရုပ်သကန်များမှာ အဘယ်အရာဖြစ်သည်ဟူသည်တို့ကို မေးမြန်းပါက၊ ၎င်းတို့က “အသင်းတော်ခေါင်းဆောင်များ မေးလိုက်ပါ။ အရာရာကို၊ သူတို့သိကြသည်”ဟူသည်မှလွဲ၍ မည်သည့်အရာကိုမျှ မပြောနိုင်ကြပေ။ ထိုသို့သောလူသည် ကျေးကျွန်တစ်ဦး မဟုတ်လော။ သူသည် ကျေးကျွန်တစ်ဦးဖြစ်သည်၊ သူသည် သတ္တိနည်းပြီး အသုံးမကျသူဖြစ်ကာ ယုတ်ညံ့သော ဖြစ်တည်မှုကို အသက်ရှင်နေထိုင်နေသည်။ ဆိုးယုတ်သောလူများက အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေသည့် အခြေအနေများသည် ပိုင်းခြားသိမြင်မှု၊ ကိုင်တွယ်မှုနှင့် ဖြေရှင်းမှုတို့ လိုအပ်သည်။ ဤသည်မှာ အသင်းတော်ခေါင်းဆောင်များ၏ တာဝန်တစ်ခုတည်းသာ မဟုတ်။ ဘုရားသခင် ရွေးချယ်ထားသောလူအားလုံးတွင် ဤတာဝန်ရှိသည်။ ခေါင်းဆောင်အများစုသည် သာမန်လူတစ်ဦးထက် သမ္မာတရားအချို့ကို ပို၍ နားလည်ကြသည်၊ ဤပြဿနာများကို သတိပြုမိကြပြီး၊ ဤလူတို့ လုပ်ရပ်များ၏ ရည်မှန်းချက်များနှင့် အနှစ်သာရကို မြင်နိုင်ကြသည်။ တစ်ချိန်တည်းတွင်၊ လူအများစုသည်လည်း လက်တွေ့ကျကျ သင်ခန်းစာများ သင်ယူပြီး ပိုင်းခြားသိမြင်နိုင်စွမ်းတွင် တိုးပွားသင့်ကာ၊ အသင်းတော်ထဲက တရားမျှတစိတ်ရှိပြီး၊ သမ္မာတရားကို နားလည်ကာ လိုက်စားသောသူတို့နှင့် သဘောထားချင်းကိုက်ညီလျက် စည်းလုံးသင့်သည်။ အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်သည့် ဤဆိုးယုတ်သော တစ်ဦးတစ်ယောက်ချင်းစီတို့ကို ဆန့်ကျင်၍ သင့်လျော်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်သင့်သည်။ ၎င်းတို့သည် ဘာမျှမလုပ်ဘဲရပ်နေခြင်း၊ ဤပြဿနာများနှင့် ရင်ဆိုင်ရသည့်အခါ မိတ်သဟာယအနည်းငယ်ကို နားထောင်ခြင်း၊ မိမိတို့၏ အမြင်များကို ကျယ်စေကာ အ အခြေအနေကို သဘောပေါက်ရုံမျှဖြင့် ပြီးပြီဟု မှတ်ယူခြင်းမျှထက်၊ ၎င်းတို့ကို သီးခြားခွဲထားခြင်း သို့မဟုတ် ရှင်းလင်းပစ်ခြင်းပြုသင့်ပေသည်။ ဤသည်မှာ အသင်းတော်အသက်တာသည် အသင်းတော်ခေါင်းဆောင်များနှင့်သာ သက်ဆိုင်သည့်အရာတစ်ခု မဟုတ်သောကြောင့်ဖြစ်ပြီး၊ ကောင်းမွန်သော အသင်းတော်အသက်တာကို အသက်ရှင်ခြင်းနှင့် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို ထိန်းသိမ်းခြင်းသည် အသင်းတော်ခေါင်းဆောင်များ၏ တာဝန်တစ်ခုတည်းသာ မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းကို ထိန်းသိမ်းရန် လူတိုင်းက စုပေါင်း၍ ထကြွအားထုတ်ရန် လိုအပ်သည်။

အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူများဖြစ်သည့်ပဉ္စမမြောက်ပြဿနာတွင် ဖော်ပြခဲ့သည့် အမျိုးအစားသည် အသင်းတော်အသက်တာအတွင်းတွင် မကြာခဏ ပေါ်ပေါက်လေ့ရှိသည်။ ၎င်းတို့၏ အထင်ရှားဆုံးသော သရုပ်သကန်မှာ အဆင့်အတန်းအတွက် အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ညီအစ်ကိုမောင်နှမများထဲမှ ကောင်းမွန်သည့် အစွမ်းအစ ပိုင်ဆိုင်ပြီးသမ္မာတရားကို အတော်အတန် ဖြူစင်မှုဖြင့် နားလည်သဘောပေါက်သောသူများ၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိသောသူများ၊ သမ္မာတရား စည်းမျဉ်းများကို နားလည်သောသူများနှင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဤပုဂ္ဂိုလ်များကို မကြာခဏ စိန်ခေါ်ခြင်းဖြစ်သည်။ ဤလူတို့သည် အသင်းတော်အသက်တာတွင် အချို့သော နားလည်မှုစစ်စစ်များနှင့် သိမြင်မှုတို့ကို မကြာခဏ မိတ်သဟာယဖွဲ့ကြပြီး၊ တန်ဖိုးရှိကာ လက်တွေ့ကျသော သိနားလည်မှု ပေးသည့် အချို့သော ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို မျှဝေကြသည်။ ဤအရာက ညီအစ်ကိုမောင်နှမများကို များစွာ အထောက်အကူပြုပြီး တည်ဆောက်ပေးသည်။ ၎င်းတို့၏ မိတ်သဟာယဖွဲ့ခြင်းကို ကြားပြီးနောက်၊ ညီအစ်ကိုမောင်နှမများသည် လမ်းကြောင်းတစ်ခု ရရှိကြပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မည်သို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံရမည်ဟူသည်နှင့် မိမိတို့၏ ကိုယ်ပိုင်ပြဿနာများအား မည်သို့ ဖြေရှင်းရမည်ဟူသည်တို့ကို သိရှိကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းပြမှုအတွက် အလွန် ကျေးဇူးတင်ရှိကြပြီး တစ်ချိန်တည်းတွင်၊ သမ္မာတရားကို နားလည်သဘောပေါက်မှု စစ်စစ်နှင့် လက်တွေ့ကျသော အတွေ့အကြုံများ ရှိသောသူတို့ကို လေးစားပြီး အထင်ကြီးကြသည်။ သို့ဖြစ်၍၊ ၎င်းတို့သည် ဤပုဂ္ဂိုလ်များကို အထင်ကြီးလေးစားပြီး ၎င်းတို့ထံ တိုးဝင်ချဉ်းကပ်လေ့ရှိကြသည်။ အသင်းတော်အသက်တာတွင် ဘုရားသခင်ကို နှစ်သက်စေသည့် ဤအပြုသဘောဆောင်သည့်အရာများ ပေါ်ပေါက်လာခြင်းသည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့က လုံးဝမြင်တွေ့လိုခြင်းမရှိသည့်အရာ ဖြစ်သည်။ တစ်စုံတစ်ဦးက လက်တွေ့ကျသော အတွေ့အကြုံများအား မိတ်သဟာယဖွဲ့သည်ကို ၎င်းတို့ မြင်သည့်အခါတိုင်း၊ ၎င်းတို့သည် အထူးသဖြင့် အနေခက်လျက် မသက်မသာဖြစ်ပြီး မနာလိုဖြစ်ကြသည်။ ထိုသို့ အနေရခက်ရာတွင်၊ ၎င်းတို့သည် အာခံခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် မကျေနပ်ခြင်းတို့၏ အမူအရာကို ပြသကြပြီး၊ လက်တွေ့ကျသော အတွေ့အကြုံများရှိပြီး သမ္မာတရားကို နားလည်သောသူတို့အား မည်သို့ မိုက်မဲသည့်ပုံပေါက်စေမည်ဟူသည့်အပြင်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့၏ အားနည်းချက်များနှင့် ချို့ယွင်းချက်များကို မြင်တွေ့စေပြီး၊ ၎င်းတို့ကို အထင်မကြီးတော့ဘဲ သို့မဟုတ် ၎င်းတို့ထံ မချဉ်းကပ်တော့အောင် မည်သို့ပြုလုပ်မည်ဟူသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် မကြာခဏ တွက်ချက်နေကြသည်။ ထို့ကြောင့်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့သည် အချို့အရာများကို ပြောဆိုပြီး အချို့သော လုပ်ရပ်များကို လုပ်ဆောင်ရန် သေချာပေသည်။ ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေသောသူများနှင့် မိမိတို့၏ သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ခြင်းက ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို ထောက်ပံ့ပေးပြီး ကူညီပေးသောသူတို့ကို တိုက်ခိုက်ပြီး ဖယ်ကျဉ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေသောသူအားလုံးနှင့် အလှမ်းဝေးစေရန် ရည်ရွယ်လျက် အပြုသဘောဆောင်သော ပုဂ္ဂိုလ်များ၏ အပြစ်အနာအဆာကို မကြာခဏ ရှာဖွေအသုံးချပြီး ၎င်းတို့၏ အားနည်းချက်များကို ဖော်ထုတ်ကြသည်။အချုပ်အားဖြင့်ဆိုသော်၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူတို့သည် အသင်းတော်ထဲသို့ စိမ့်ဝင်လာပြီး စာတန်၏ အစေခံများ အခန်းကဏ္ဍကို ဆောင်ရွက်သည့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဘုရားသခင်ကို မယုံကြည်မီက လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးတွင် အမှားများ ကျူးလွန်ခဲ့သည့် ညီအစ်မတစ်ဦးသည် ယုံကြည်သူတစ်ဦး ဖြစ်လာပြီးနောက် နောင်တရကာ ထိုသို့သော အမှားများကို နောက်တစ်ကြိမ် မပြုလုပ်တော့ပေ။ သူမသည် သူမ၏ ယခင်ပြစ်မှားခြင်းများအတွက် အလွန် နောင်တရသောကြောင့်၊ညီအစ်ကိုမောင်နှမများကို ဖွင့်ဟကာ မိတ်သဟာယဖွဲ့ခဲ့သည်။ ဖွင့်ဟခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့၏ ရည်ရွယ်ချက်နှင့် စည်းမျဉ်းမှာ အဘယ်နည်း။ ယင်းမှာ ညီအစ်ကိုမောင်နှမများအကြား အချင်းချင်း နားလည်မှုကို တိုးပွားစေပြီး အတွင်းပိုင်း အတားအဆီးများကို ဖယ်ရှားရန် ဖြစ်သည်။ ညီအစ်ကိုမောင်နှမအများစုသည် သမ္မာတရားကို နားလည်ပြီးနောက်၊ မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများနှင့် ယခင်ပြစ်မှားခြင်းများကို ဖွင့်ဟကာ မိတ်သဟာယဖွဲ့နိုင်ကြသည့် တစ်ချိန်တည်းတွင် ဘုရားသခင်၏ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်းကိုလည်း ဖော်ပြကြသည်။ ထိုသို့သော ဖွင့်ဟခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) သမ္မာတရားကို နားလည်ပြီးနောက်၊ ညီအစ်ကိုမောင်နှမအများစုသည် ဤနည်းအတိုင်း ဖွင့်ဟပြီး မိတ်သဟာယဖွဲ့နိုင်ကြသည်။ ဤအရာက ပြဿနာတစ်ခု ဖြစ်စေသလော။ (မဖြစ်စေပါ။) လူတို့သည် ဘုရားသခင်ကို မယုံကြည်မီက လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး သို့မဟုတ် အခြားကိစ္စရပ်များတွင် အမှားအချို့ ကျူးလွန်ခဲ့ခြင်းမှာ အလွန် ပုံမှန်ပင်ဖြစ်သည်။ အချို့လူများသည် ဤအမှားများအကြောင်းကို ပြောဆိုနိုင်ကြစဉ်တွင်၊ အချို့မှာမူ မိမိတို့ကိုယ်ကို ဖုံးကွယ်ပြီး ဟန်ဆောင်ကြကာ အခြားသူများက မည်သို့ပင် ဖွင့်ဟပြီး မိမိတို့ကိုယ်ကို ချပြသည်ဖြစ်စေ၊ ၎င်းတို့ကိုယ်တိုင်မှာမူ ဘာကိုမျှ မပြောကြပေ။ ၎င်းတို့သည် ဤအမှားများမှာ ၎င်းတို့၏ ဖော်ထုတ်မပြောချင်သော လျှို့ဝှက်ချက်များဖြစ်သည်၊ ၎င်းတို့၏ ဂုဏ်သတင်း၊ သိက္ခာနှင့် အဆင့်အတန်းတို့ ဆုံးရှုံးသွားမည်စိုးသဖြင့် မည်သူ့ကိုမျှ အသိပေး၍မရသည့်အရာဖြစ်သည်ဟု ယုံကြည်ကြသည်။ သို့သော်၊ အချို့လူများသည် အမှုအရာများကို ကွဲပြားစွာ နားလည်သဘောပေါက်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံပြီးဖြစ်သည့်အတွက်၊ မိမိတို့၏ ယခင်က မှားယွင်းသော လုပ်ဆောင်မှုများနှင့် လျှောက်လှမ်းခဲ့သော မှားယွင်းသည့် လမ်းကြောင်းများအကြောင်းကို ယခု ဖွင့်ဟပြီး မိတ်သဟာယဖွဲ့သင့်ကာ၊ စိတ်ဖြာလေ့လာဆွေးနွေးရန် ထုတ်ပြသင့်ကြောင်းနှင့် ဤအရာများမှာ စာတန်က လူသားများကို ဖောက်ပြန်ပျက်စီးစေသည်နှင့်အမျှ ၎င်းတို့ ဖြတ်သန်းခဲ့ရသည့်အရာများသာ ဖြစ်ကြောင်း ယုံကြည်ကြသည်။ ယခုတွင်၊ ၎င်းတို့က ဖွင့်ဟနိုင်ကြသည်၊ မိမိတို့ကိုယ်ကို ချပြနိုင်ကြသည်၊ မိတ်သဟာယဖွဲ့နိုင်ကြလေသည်။ ယင်းမှာ အတိတ်ကို အနှစ်ချုပ်ရန်ဖြစ်စေ၊ သို့မဟုတ် အတိတ်ကို အဆုံးသတ်ရန်ဖြစ်စေ၊ ဤလူတို့က ဤအရာကို ပြုလုပ်နိုင်သည့်အချက်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်အရာဖြစ်သည်ကို သက်သေပြပေသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် လိုလားကြပြီး၊ ယင်းကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်မှု ရှိကြသည်။ လူတစ်ဦးသည် အတိအကျ မည်သို့ လက်တွေ့လုပ်ဆောင်သည်ဟူသည်မှာ ၎င်းတို့၏ နားလည်သဘောပေါက်မှုနှင့် စိတ်ပိုင်းဖြတ်မှုအပေါ် မူတည်သည်။ သို့သော်၊ မိမိကိုယ်ကို ဖွင့်ဟပြီး ချပြခြင်းသည် ဧကန်မုချ အမှားတစ်ခုမဟုတ်သည့်အပြင်၊ သာ၍ပင် အပြစ်တစ်ခု မဟုတ်ပေ။ ယင်းကို တစ်စုံတစ်ဦးအပေါ် အကြောင်းပြချက်တစ်ခုအဖြစ် အသုံးမပြုသင့်သည့်အပြင်၊ အခြားလူတစ်ဦးက ၎င်းတို့ကို တိုက်ခိုက်ရန် အသုံးပြုသည့် သက်သေအထောက်အထားတစ်ခု သာ၍ပင် ဖြစ်မလာသင့်ပေ။ လူအများစုသည် ဤကိစ္စကို မှန်ကန်စွာ သဘောထားနိုင်ကြသည်။ ဆိုလိုသည်မှာ၊ ယင်းအပေါ် ၎င်းတို့၏ နားလည်သဘောပေါက်မှုသည် ဖြူစင်ပြီး သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ သို့သော်၊ ဆိုးယုတ်သော ပုဂ္ဂိုလ်များသည် မှားယွင်းသော ရည်ရွယ်ချက်များကို ထားရှိကြသည်။ ၎င်းတို့သည် လူတို့ကို လှောင်ပြောင်ရန်၊ ကစားရန်နှင့် ဝေဖန်ရန် လူတို့နှင့်ပတ်သက်သည့် အကြောင်းအရာများကို မရမက အမိအရ အသုံးချကြသည်။ ထိုသို့သော ဒုစရိုက်အမှုများသည် အတော်အတန် သိသာထင်ရှားသည်။ မိမိတို့ကိုယ်ကို ချပြနိုင်ပြီး၊ ဖွင့်ဟကာ၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် လျှောက်လှမ်းခဲ့သော မှားယွင်းသည့် လမ်းကြောင်းများကို မိတ်သဟာယဖွဲ့နိုင်သောသူတို့သည် သမ္မာတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ ချဉ်းကပ်နည်းတွင် ဖြောင့်မတ်ခြင်းတရားကို ဆာငတ်မွတ်သိပ်သော စိတ်နှလုံးများ ပိုင်ဆိုင်ကြသည်။ အကျိုးဆက်အနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည်နှင့်အမျှ၊ မသိလိုက်ဘဲ လက်တွေ့ကျသော သိနားလည်မှုများနှင့် အမြင်သစ်အချို့ကို ရရှိကြလေသည်။ ဤလက်တွေ့ကျသော နားလည်မှုများနှင့် ထိုးထွင်းသိမြင်မှုများသည် ၎င်းတို့အား အခက်အခဲများနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်းကောင်း၊ ၎င်းတို့၏ဘဝတွင် ဖြစ်ပေါ်သည့် များပြားလှသော အခြေအနေများတွင်လည်းကောင်း လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးပြီး၊ သမ္မာတရားနှင့်ပတ်သက်၍ စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုအချို့ဆီသို့ ပို့ဆောင်ပေးသည်။ ဤစစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုများကို မိတ်သဟာယဖွဲ့ခြင်းသည် အခြားသူများကို တည်ဆောက်စရာဖြစ်ပြီး အထောက်အကူပြုသည်။ ညီအစ်ကိုမောင်နှမများသည် ဤပုဂ္ဂိုလ်များကို အားကျလေးစားမှုဖြင့် ကြည့်ကြလိမ့်မည်ဖြစ်ပြီး၊ “သင်၏ လက်တွေ့ကျသော အတွေ့အကြုံများမှာ အမှန်တကယ် အံ့ဩဖွယ်ကောင်းပါသည်တကား။ ယင်းတို့အကြောင်း ကြားပြီးနောက်၊ ကျွန်ုပ်လည်း နက်ရှိုင်းစွာ ကိုယ်ချင်းစာနိုင်ပါသည်။ သင်၏ လက်တွေ့လုပ်ဆောင်ပုံနည်းလမ်းသည် မှန်ကန်ပြီး ဘုရားသခင်က ကောင်းချီးပေးသည်ကို ကျွန်ုပ် မြင်ပါသည်။ ကျွန်ုပ်သည်လည်း ကျွန်ုပ်၏ ကိုယ်ပိုင်အယူအဆများနှင့် မလိုမုန်းထားမှုများကို လက်လွတ်ကာ ကျွန်ုပ်၏ ဝန်ထုပ်ဝန်ပိုးများကို ချပစ်လိုပါသည်။ ကျွန်ုပ်သည် သမ္မာတရားကို ရိုးရှင်းသောနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပြီး သင်ကဲ့သို့ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းညွှန်မှုကို လက်ခံရရှိလိုပါသည်။ ဤလမ်းကြောင်းသည် မှန်ကန်သောလမ်းကြောင်း ဖြစ်သည်”ဟု ပြောဆိုကြလိမ့်မည်။ ဤသရုပ်သကန်များသည် အတော်အတန် ပုံမှန်ဖြစ်သည် မဟုတ်လော။ ညီအစ်ကိုမောင်နှမများကြားတွင် ထိုသို့သော ဆက်ဆံရေးတစ်ခု ပေါ်ပေါက်လာခြင်းသည် အလွန် သင့်လျော်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို မယုံကြည်သောသူတို့အကြား တွေ့ရှိရသည့် အမျိုးအစားနှင့် ကွဲပြားသည့် လူအချင်းချင်း ဆက်ဆံရေး အမျိုးအစားတစ်ခု ဖြစ်သည်။ ယင်းမှာ ဘုရားသခင်က အသိအမှတ်ပြုပြီး သူမြင်တွေ့လိုသည့်အရာတစ်ခု ဖြစ်သည်။ ညီအစ်ကိုမောင်နှမများအကြား ထိုသို့သော ပုံမှန်ဆက်ဆံရေးတစ်ခု ရှိမှသာလျှင် အသင်းတော်အသက်တာက ပုံမှန်ဖြစ်နိုင်သည်။ သို့သော်၊ လက်တွေ့ကျသော အတွေ့အကြုံများရှိသူများ၊ သမ္မာတရားကို ဆာငတ်မွတ်သိပ်သူများနှင့် အတွေ့အကြုံရှိသူတို့ကို လေးစားပြီး အထင်ကြီးသောသူတို့ကို တိုက်ခိုက်ရန်၊ အသရေဖျက်ရန်နှင့် ဖယ်ကြဉ်ရန် ထကြွသည့် ဆိုးယုတ်သောလူအချို့ သို့မဟုတ် မသမာသောစိတ်ရှိသူအချို့ အမြဲတစေ ရှိလိမ့်မည်။ အဘယ်ကြောင့် ၎င်းတို့သည် ဤပုဂ္ဂိုလ်များကို တိုက်ခိုက်ကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အသင်းတော်အတွင်း၌ အဆင့်အတန်းတစ်ခုအတွက် ပြိုင်ဆိုင်ရန်မှလွဲ၍ အခြားမဟုတ်ပေ။ အကြောင်းမှာ ၎င်းတို့သည် သမ္မာတရားကို မချစ်၊ လိုက်လည်းမလိုက်စားသောကြောင့်၊ ၎င်းတို့သည် လူတိုင်းကို အထင်အမြင်မှားစေပြီး ၎င်းတို့၏ အထင်ကြီးမှုကို ရရှိရန်အတွက် မမှန်သော အတွေ့အကြုံများကို လုပ်ကြံဖန်တီးခြင်းအားဖြင့် သမ္မာတရားကို လိုက်စားသူများအဖြစ် ဟန်ဆောင်ကြသည်။ ဤသည်မှာ ၎င်းတို့ လိုချင်သော အဆင့်အတန်းနှင့် အာဏာကို ရရှိရန် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် စာတန်၏ နည်းလမ်းများကို အသုံးပြုခြင်း ဖြစ်သည်။ ထိုသို့သော ဖြစ်ရပ်များသည် နေရာတိုင်းရှိ အသင်းတော်များတွင် မကြာခဏ ဖြစ်ပွားပြီး အားလုံး မြင်တွေ့နိုင်သောအရာများ ဖြစ်သည်။ အကယ်၍ ညီအစ်ကိုမောင်နှမများက သမ္မာတရား လက်တွေ့ကျမှုအချို့ကို ပိုင်ဆိုင်ပြီး၊ စုဝေးပွဲများအတွင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် စစ်မှန်သော အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို မိတ်သဟာယဖွဲ့နိုင်ကာ၊ လူအများ၏ ချီးမွမ်းခြင်းကို ရရှိခဲ့သော်လည်း၊ အကြောင်းတစ်ခုခုကြောင့် အချို့သူတို့၏ တိုက်ခိုက်ခြင်း၊ လက်စားချေခြင်းတို့ကို ခံရပြီး ဒုက္ခဆင်းရဲထဲသို့ ကျရောက်သွားသည်ကို သင်တို့ တွေ့ရှိပါက၊ သင်တို့သည် သတိဝီရိယရှိသင့်ပြီး၊ ဤအပြုအမူတွင် မည်သည့်လူစားမျိုးများ ပါဝင်ပတ်သက်သည်ကို ပိုင်းခြားသိမြင်သင့်သည်။ အဘယ်ကြောင့် သမ္မာတရားကို လိုက်စားသောသူတို့သည် မကြာခဏ တိုက်ခိုက်ခြင်းနှင့် ဖယ်ကျဉ်ခြင်းတို့ကို ခံရသနည်း။ ဤနေရာတွင် အမှန်တကယ် မည်သည့်အရာဖြစ်နေသနည်း။ ဤအရာက ပြဿနာတစ်ခုကို မုချ ညွှန်ပြနေပေသည်။

အသင်းတော်အသက်တာ၌ ခေါင်းဆောင်များနှင့် အမှုဆောင်များကို မကြာခဏ အပြစ်ရှာတတ်သောသူတို့ကို သေချာ အာရုံစိုက်ရမည်။ ထို့အပြင် အချို့လူတို့သည် သမ္မာတရားကို အတော်အသင့် လိုက်စားပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တမ်းတသောသူများကို မကြာခဏ လှောင်ပြောင်ကြသည်၊ သရော်ကြသည်၊ သို့မဟုတ် တိုက်ခိုက်ကြသည်။ ဤအပျက်သဘောဆောင်သော ပုဂ္ဂိုလ်များကိုလည်း ၎င်းတို့၏ နောက်ထပ်လုပ်ရပ်များက မည်သည့်အရာဖြစ်လိမ့်မည်ကို သိရှိရန် နီးကပ်စွာ စောင့်ကြည့်လေ့လာဖို့ လိုအပ်သည်။ တစ်စုံတစ်ဦးက အသင်းတော်အသက်တာ၌ ပါဝင်နေစဉ် တရားမျှတသော အကြောင်းတရားတစ်ခုမျှမရှိဘဲ အသင်းတော်ခေါင်းဆောင်များ၏ အားနည်းချက်များကို ဖော်ထုတ်နိုင်လျှင် သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုရှိသော လူပုဂ္ဂိုလ်များကို တိုက်ခိုက်နိုင်လျှင် ယင်း၏နောက်ကွယ်တွင် ပြဿနာတစ်ခုနှင့် အကြောင်းရင်းတစ်ခု မုချ ရှိပေသည်။ ထိုအရာသည် သေချာပေါက် အကြောင်းတရားမရှိသည် မဟုတ်ပေ။ ဤသည်မှာ သေးငယ်သော ကိစ္စမဟုတ်သောကြောင့် ညီအစ်ကိုမောင်နှမများအနေဖြင့် ထိုသို့သော လူပုဂ္ဂိုလ်များကို အလေးအနက် အာရုံစိုက်သင့်သည်။ တစ်ခါတစ်ရံတွင် လက်တွေ့ကျသော အတွေ့အကြုံနှင့်ဆိုင်သည့် သက်သေခံချက်တစ်ခုကို ကြားပြီး စိတ်နှလုံးထဲ၌ အပြည့်အဝ ကျေနပ်ပျော်ရွှင်မှုကို ခံစားရပြီးကာစတွင်၊ သို့မဟုတ် အလင်းပြမှုနှင့် နားလည်မှု အနည်းငယ်ကို ရရှိပြီးကာစတွင်၊ ဆိုးယုတ်သောလူများ ပြောဆိုသည့် အထင်အမြင်မှားစေသော စကားအနည်းငယ်ကြောင့် လူတစ်ဦးသည် စိတ်ရှုပ်ထွေးသွားနိုင်ပြီး ထိုသို့ဖြင့် မိမိ ရရှိခဲ့ပြီးသမျှ အရာအားလုံးကို ဆုံးရှုံးသွားနိုင်သည်။ လူတစ်ဦးသည် ယုံကြည်ခြင်းအနည်းငယ်ကို တည်ဆောက်စပြုချိန်တွင် ဆိုးယုတ်သောလူများကြောင့် နှောင့်ယှက်ခြင်းခံရပြီး ၎င်းတို့၏ မူလအခြေအနေသို့ ပြန်ရောက်သွားသည်။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ်မှု အနည်းငယ်နှင့်အတူ၊ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်အတွက် တောင့်တမှုအနည်းငယ် စတင်ဖြစ်ပေါ်ချိန်တွင်၊ စိတ်ထက်သန်မှုနှင့် စိတ်ဓာတ်လှုံ့ဆော်မှုတို့ ဆုံးရှုံးလျက် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်ခြင်းကို ခံရပြီးနောက်တွင် ပဋိပက္ခဖြစ်ရာ ဤနေရာကို အမြန်စွန့်ခွာလိုကြသည်။ ဤအကျိုးဆက်များက ဆိုးရွားသလော။ အလွန် ဆိုးရွားလှပေသည်။ သို့ဖြစ်၍ အသင်းတော်၌ မိမိတို့၏ အလိုဆန္ဒများနှင့် မကိုက်ညီသော တစ်စုံတစ်ခုအပေါ် အငြင်းပွားမှုများကို အစဉ်သဖြင့် စတင်သည့် တစ်စုံတစ်ဦး၊ မည်သူက မှန်သည်ကို အငြင်းအခုံပြုသည့် တစ်စုံတစ်ဦး၊ အမှားအမှန်ကို ငြင်းခုံသည့်၊ မည်သူက သာလွန်သည် သို့မဟုတ် နိမ့်ကျသည်ကိုပင် ယှဉ်ပြိုင်သည့် တစ်စုံတစ်ဦးရှိလျှင် ထိုသို့သော ပုဂ္ဂိုလ်များကို အထူးသတိပြုစောင့်ကြည့်ရမည်။ ၎င်းတို့က အသင်းတော်၌ မည်သည့်အခန်းကဏ္ဍတွင် ပါဝင်သည်၊ မည်သည့်အကျိုးဆက်များကို ၎င်းတို့ ဖြစ်ပေါ်စေသည်ဟူသည်တို့ကို ကြည့်ရှုလော့။ ပြီးလျှင် ဤအရာမှတစ်ဆင့် ၎င်းတို့၏ သဘာဝ အနှစ်သာရက အဘယ်အရာဖြစ်သည်ကို သင် ရိပ်စားနိုင်ပေသည်။

အသင်းတော်အသက်တာတွင်၊ အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ ပါဝင်သည့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ အခြားသရုပ်သကန်တစ်မျိုး ရှိသေးသည်။ ဥပမာအားဖြင့် တစ်ခါတစ်ရံ ညီအစ်ကိုမောင်နှမများက ပြဿနာတစ်ခုကို အတူတကွ မိတ်သဟာယဖွဲ့နေချိန်၊ လူတိုင်း၏ မိတ်သဟာယက ဉာဏ်အလင်းအချို့ ရှိသည်။ ၎င်းတို့ မိတ်သဟာယဖွဲ့လေ၊ သမ္မာတရား စည်းမျဉ်းများက ပို၍ရှင်းလင်းပြီး ပို၍နားလည်ရလွယ်ကူလာကာ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကိုလည်း လျင်မြန်စွာ နားလည်လာကြသည်။ သို့သော် တစ်စုံတစ်ဦးက မိတ်သဟာယဖွဲ့ခြင်း၏အရှိန်ကို ဖျက်လိုက်ပြီး အကြောင်းအရာကို အခြားတစ်နေရာရာသို့ ရောက်သွားစေလျက်၊ အဓိကအကြောင်းအရာနှင့်ဆိုင်သည့် မိတ်သဟာယဖွဲ့ခြင်းကို မပြီးမစီးဖြစ်စေလျက် ၎င်းတို့၏ အကြံပြုချက်ဖြစ်သော “ပြောင်မြောက်သော စိတ်ကူး”တစ်ခုကို ရုတ်တရက် မိတ်ဆက်ကောင်းမိတ်ဆက်ပေမည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် အခြားသူများကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှ ကန့်သတ်ဖို့ မဆိုထားနှင့်၊ အနှောင့်အယှက်တစ်ခုကိုပင် ဖြစ်စေကြပုံမရသော်လည်း၊ ၎င်းတို့သည် ဤအကြောင်းအရာကို မိတ်ဆက်ရန် သင့်လျော်သောအချိန်ကို မရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြဿနာတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည့် အရေးကြီးသောအချိန်တွင် မိတ်သဟာယဖွဲ့ရန်နှင့် ဆွေးနွေးရန်အတွက် ကိစ္စရပ်အသစ်တစ်ခုကို ထည့်သွင်းခြင်းအားဖြင့် ယခင်ပြဿနာသည် အပြည့်အဝ ပြေလည်မသွားမီတွင် ဖြတ်တောက်ခြင်းခံလိုက်ရသည်။ ဤသည်မှာ အလုပ်ကို တစ်ပိုင်းတစ်စနှင့် စွန့်ပစ်ခြင်း မဟုတ်လော။ ဤအရာက ပြဿနာဖြေရှင်းခြင်းကို မနှောင့်နှေးစေသလော။ ပြဿနာကို မဖြေရှင်းရသေးသည်သာမက သမ္မာတရားအပေါ် လူတို့၏ သိနားလည်မှုသည်လည်း နှောင့်နှေးသွားခဲ့သည်။ ဆင်ခြင်တုံတရားရှိသောလူများက ဤသို့ပြုလုပ်ရန် အလားအလာရှိသလော။ ထိုသို့သောအရာများက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်ဟု ဆိုခြင်းသည် လွန်လွန်းသလော။ လွန်လွန်းသည်ဟု ငါ လုံးဝ မထင်ပေ။ ပြဿနာတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည့်အချိန်တွင် ဤကဲ့သို့ စုဝေးပွဲတစ်ခုကို နှောင့်ယှက်ခြင်းသည် အသင်းတော်အသက်တာကို တမင်တကာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်နေခြင်း မဟုတ်လော။ အကယ်၍ တစ်စုံတစ်ဦးသည် ပြဿနာတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နေသည့် အရေးကြီးသောအချိန်များတွင် အစဉ်သဖြင့် ဝင်ရောက်စွက်ဖက်လျှင်၊ ၎င်းတို့သည် အမှုအရာများကို အစဉ်သဖြင့် တိုတိုဖြတ်ရန် ကြိုးစားလျှင်၊ ဤသည်မှာ ဆင်ခြင်တုံတရားမရှိခြင်း ပြဿနာမဟုတ်တော့ပေ။ ထိုအရာသည် ပြဿနာတစ်ခုကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့နေစဉ် စုဝေးပွဲကို တမင်တကာ နှောင့်ယှက်နေခြင်းဖြစ်သည်။ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ ဒုစရိုက်အမှု စစ်စစ်သာ ဖြစ်သည်။ အန္တိခရစ်များနှင့် ဆိုးယုတ်သောလူများသာ ဤသို့ပြုလုပ်သည်။ သမ္မာတရားကို မုန်းတီးသောလူများသာ ဤသို့ပြုလုပ်သည်။ မည်သည့်အကြောင်းအရာ သို့မဟုတ် အခြေအနေမျိုးတွင်ဖြစ်စေ၊ ဤကဲ့သို့သောလူများသည် ၎င်းတို့၏ “ပြောင်မြောက်သော စိတ်ကူးများ”ဖြင့် အစဉ်သဖြင့် ထွက်ပေါ်လာရသည်။ ၎င်းတို့သည် မိမိတို့ကို အမြဲ အာရုံစိုက်စေလိုသည်၊ အာရုံစိုက်မှု၏ဗဟိုချက် ဖြစ်လိုကြသည်။ လူတို့ မိတ်သဟာယဖွဲ့နေသည့် အကြောင်းအရာသည် မည်မျှပင် အရေးကြီးပြီး အရေးပါသည်ဖြစ်စေ၊ ၎င်းတို့သည် လူတို့၏အာရုံကို လွှဲပြောင်းရန်နှင့် တစ်မူထူးခြားသည့်ပုံပေါ်လွင်လိုလျက် အဆင့်မြင့်ပုံရသည့် စိတ်ကူးများကို ထုတ်ဖော်ပြောဆိုရန် အစဉ်သဖြင့် ဝင်စွက်ဖက်ကြသည်။ ၎င်းတို့သည် မည်သည့် ထွင်လုံးကို လုပ်ဆောင်ရန် ကြိုးစားနေကြခြင်း ဖြစ်သနည်း။ ၎င်းတို့သည် အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေကြခြင်း မဟုတ်လော။ ၎င်းတို့က အခြေအနေကို ထိန်းချုပ်လိုကြသည်။ ၎င်းတို့သည် လူတို့အား သမ္မာတရားကို ပိုမိုနားလည်မှုနှင့် ပိုမိုရှင်းလင်းပြတ်သားမှု မရှိစေလိုကြပေ။ ၎င်းတို့ အလေးထားဆုံးအရာမှာ လူတိုင်းအား ၎င်းတို့ကို အာရုံစိုက်စေခြင်း၊ နားထောင်စေခြင်း၊ နာခံစေခြင်းနှင့် လူတိုင်းက ၎င်းတို့ပြောသည့်အတိုင်း လုပ်ဆောင်စေခြင်း ဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားစွာပင် အဆင့်အတန်းအတွက် ပြိုင်ဆိုင်နေခြင်းဖြစ်သည်။ အချို့လူများအတွက်မူ ၎င်းတို့ မည်သည့်အလုပ်ကို လုပ်ဆောင်သည်ဖြစ်စေ၊ တစ်စုံတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် တိကျသော စိတ်ကူးများနှင့် အစီအစဉ်များကိုလည်းကောင်း၊ယင်းတို့ကို အသေးစိတ် အကောင်အထည်ဖော်ရန် တိကျသော အဆင့်များအကြောင်းကိုလည်းကောင်း မိတ်သဟာယဖွဲ့ဖို့ သင်က ၎င်းတို့ကို တောင်းဆိုသည့်အခါ မည်သည့်အရာကိုမျှ မပြောနိုင်ကြပေ။ သို့သော်လည်း ၎င်းတို့သည် ထူးခြားစွာပေါ်လွင်လျက်၊ ဆန်းသစ်ပြီး ထူးချွန်ပြောင်မြောက်သော အရာတစ်ခုကို လုပ်ဆောင်လျက် အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်ကြသည်။ လက်ရှိအခြေအနေသည် မည်သည့်အရာပင်ဖြစ်စေ၊ အသစ်အဆန်းဖြစ်သော စိတ်ကူးတစ်ခုက ၎င်းတို့ထံ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် စေ့စေ့စပ်စပ် စဉ်းစားဆင်ခြင်ခြင်းမရှိဘဲ အခြားသူများက လက်ခံပြီး သဘောတူရန်အတွက် ထိုစိတ်ကူးကို ဉာဏ်ရွှင်၍ရသည့်အလား မဆင်မခြင် အဆိုပြုကြသည်။ သို့သော် နောက်ဆုံးတွင် လက်တွေ့လုပ်ဆောင်ခြင်းအတွက် တိကျသော လမ်းကြောင်းများကို ဆွေးနွေးရန် တောင်းဆိုခံရသည့်အခါ ၎င်းတို့ အာစေးမိသွားကြသည်။ ၎င်းတို့တွင် အရည်အချင်းမရှိသော်လည်း ကြွားဝါလိုဆဲဖြစ်ပြီး အစဉ်သဖြင့် ပေါ်လွင်ထင်ရှားရန် ရည်ရွယ်သည်။ ၎င်းတို့သည် အခြားသူများ၏ လက်အောက်တွင် မနေလိုကြ၊ သာမန်နောက်လိုက်တစ်ဦး မဖြစ်လိုကြပေ။ ၎င်းတို့သည် အခြားသူများက မိမိတို့အား အထင်သေးမည်ကို အစဉ်သဖြင့် ကြောက်ရွံ့ကြပြီး မိမိတို့၏ အာရုံစွဲဆောင်နိုင်မှုကို အခိုင်အမာပြသလိုကြသည်။ ထို့ကြောင့် ၎င်းတို့သည် ပေါ်လွင်ထင်ရှားရန် အဆင့်မြင့်ပုံရသော စိတ်ကူးများကို အစဉ်သဖြင့် ထုတ်ဖော်ပြောဆိုကြသည်။ ဤသို့ အစဉ်သဖြင့် လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့၏စိတ်ထဲသို့ စိတ်ကူးတစ်ခု ပေါ်လာသည့်အခါ ၎င်းတို့သည် စဉ်းစားခြင်းမရှိဘဲ သို့မဟုတ် ထိုစိတ်ကူး ပြီးပြည့်စုံခြင်းမရှိမီတွင် ကောင်းမွန်ပြီး လက်တွေ့လုပ်ဆောင်ထိုက်သည်ဟု ကြောင်းကျိုးမမြင်ဘဲမှတ်ယူလိုက်ကြသည်။ ၎င်းတို့က ဤစိတ်ကူးကို မဆင်မခြင် တင်ပြသည့်အခါ အခြားလူတို့က နားမလည်ဘဲ မေးခွန်းအချို့ကို ပုံမှန်အားဖြင့် မေးမြန်းကြသည်။ အဖြေမပေးနိုင်သော်လည်း ၎င်းတို့သည် မိမိတို့၏အယူအဆ မှန်ကန်ကြောင်းနှင့် လူတိုင်းက လက်ခံသင့်ကြောင်းကိုပင် အခိုင်အမာ ပြောဆိုနေဆဲဖြစ်သည်။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ မိမိတို့၏ ကိုယ်ပိုင်အမြင်များကို အခြေအမြစ်မရှိဘဲ မဆုတ်မနစ်ကြိုးပမ်းမှုက မည်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်နည်း။ ယင်းသည် အသင်းတော်၏အလုပ်အတွက် အကျိုးရှိသလော သို့မဟုတ် နှောင့်ယှက်ခြင်း ဖြစ်သလော။ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အကျိုးရှိသလော သို့မဟုတ် ထိခိုက်နစ်နာဖွယ်ဖြစ်သလော။ ၎င်းတို့သည် မည်သည့်တာဝန်ယူစိတ်မျှမရှိဘဲ ဤသို့ပြောဆိုနိုင်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ မိမိတို့ အာရုံစွဲဆောင်ထားနိုင်မှုကို အခိုင်အမာပြသရန်သာ ဖြစ်သည်။ ၎င်းတို့တွင် ထိုသို့သော “ပြောင်မြောက်သည့် စိတ်ကူးများ” ရှိကြောင်း၊ ၎င်းတို့တွင် အစွမ်းအစ၊ ဉာဏ်ရည်နှင့် အရည်အချင်းများရှိကြောင်း အခြားသူများ မသိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် ဤအသိအမှတ်ပြုမှုကို ရရှိရန်၊ လူအများစုက ၎င်းတို့ကို အထင်ကြီးစေရန်အတွက် ကြိုးပမ်းကြသည်။ အဆုံးတွင် မည်သည့်အရာဖြစ်သနည်း။ ၎င်းတို့သည် အကြံပြုချက်များကို မဆင်မခြင် ပေးကြပြီး အခြားသူများက ၎င်းတို့တွင် အမှန်တကယ် အရည်အချင်းအချို့၊ စစ်မှန်သောအရာတစ်ခုရှိသည်ဟု အစပိုင်းတွင် ထင်ကြသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့သည် စစ်မှန်သော အသိပညာ သို့မဟုတ် ကျွမ်းကျင်မှု ကင်းမဲ့သည့်တိုင် အစဉ်သဖြင့် အဆုံးအဖြတ်ပေးလိုသော လူ့ဗာလများသာဖြစ်ကြောင်း သိသာထင်ရှားလာသည်။ ဤသည်မှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် စစ်မှန်သော အရည်အချင်းမရှိဘဲ အဆုံးအဖြတ်ပေးလိုနေဆဲဖြစ်သည်။ လက်တွေ့လုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် တိကျသော လမ်းကြောင်း ကင်းမဲ့လျက်၊ ၎င်းတို့သည် တိကျသော အစီအစဉ်များကို မတင်ပြဘဲ အဆင့်မြင့်ပုံရသော စိတ်ကူးများကို အစဉ်သဖြင့် ၎င်းတို့ ထုတ်ဖော်ပြောဆိုကြသည်။ အကယ်၍ ထိုသို့သောလူများကို အလုပ်တာဝန်များ အမှန်တကယ် အပ်နှင်းခဲ့မည်ဆိုလျှင် အကျိုးဆက်များမှာ မည်သည့်အရာများဖြစ်မည်နည်း။ ယင်းသည် နှောင့်နှေးမှုများကို မုချာ ဖြစ်စေမည်ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ မပြီးမြောက်နိုင်ချိန်တွင် အဘယ်ကြောင့် အဆင့်အတန်းအတွက် ပြိုင်ဆိုင်ရန်၊ အာဏာကို စွဲကိုင်ရန် အစဉ်သဖြင့် ကြိုးစားကြသနည်း။ ၎င်းတို့သည် ဦးနှောက်ကြောင်တောင်တောင်ဖြစ်နေသည့် လူ့ဗာလများသာ ဖြစ်သည်၊ ပို၍ အံဝင်ခွင်ကျဖြစ်သော အသုံးအနှုန်းများဖြင့် ပြောရလျှင် ၎င်းတို့သည် လုံးဝ ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ဘာသာတရားမရှိသူများထဲတွင် အပြောသာရှိပြီး အလုပ်မရှိသည့် ထိုသို့သောလူများ အလွန်များပြားလှသည်။ လူအများစုက ဤလူစားမျိုးအကြောင်း အနည်းငယ် ပိုင်းခြားသိမြင်နိုင်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အဆင့်မြင့်ပုံရသည့် စိတ်ကူးများကို အမြဲ ထုတ်ဖော်ပြောဆိုပြီး အသစ်အဆန်းဖြစ်အောင် ပေါ်လွင်စေလိုလျှင် ထိုသူတို့၏ အယုံသွင်းခြင်းမခံရစေရန် သတိထားသင့်သည်။ အကယ်၍ ထိုးထွင်းသိမြင်သော စိတ်ကူးများရှိပြီး တိကျသော အစီအစဉ်ကိုလည်း တင်ပြနိုင်သည့် တစ်စုံတစ်ဦး အမှန်တကယ်ရှိလျှင် ယင်းသည် ဖြစ်နိုင်ခြေရှိမှသာ လက်ခံ၍ရနိုင်သည်။ အကယ်၍ ၎င်းတို့သည် တိကျသော အစီအစဉ်များကို မတင်ပြဘဲ အဆင့်မြင့်ပုံရသည့် စိတ်ကူးများကိုသာ ထုတ်ဖော်ပြောဆိုလျှင် ထိုသူတို့ကို သတိဖြင့် ဆက်ဆံသင့်သည်။ ၎င်းတို့၏ စိတ်ကူးများအတွက် ဖြစ်နိုင်သော လမ်းကြောင်းရှိမရှိဟူသည်ကို ဆုံးဖြတ်ရန် မိတ်သဟာယဖွဲ့ခြင်းကို ဆောင်ရွက်သင့်သည်။ အကယ်၍ လူအများစုက ၎င်းတို့၏ စိတ်ကူးသည် ဖြစ်နိုင်ပြီး လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းရှိသည်ဟု ခံစားရလျှင် ဆုံးဖြတ်ချက်တစ်ခု မချမီတွင် ရလဒ်များ မည်သို့ရှိသည်ကို သိရှိရန် ယင်းကို အချိန်ကာလတစ်ခုအထိ စမ်းလုပ်သင့်ပေသည်။

အသင်းတော်က မည်သည့်သမ္မာတရား သွင်ပြင်လက္ခဏာကို မိတ်သဟာယဖွဲ့သည်ဖြစ်စေ သို့မဟုတ် မည်သည့်ပြဿနာကို ဖြေရှင်းသည်ဖြစ်စေ လူမျိုးစုံက မိမိတို့ဘာသာ ပေါ်လွင်လိမ့်မည်။ အချိန်ကြာမြင့်စွာ ဆက်ဆံပြီးနောက်တွင် မည်သူက သမ္မာတရားကို အမှန်တကယ် ချစ်ပြီး လက်ခံနိုင်သည်၊ မည်သူတို့က သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်ဘဲ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများဖြစ်သည်ဟူသည်တို့ကို လူတစ်ဦးအနေဖြင့် သိမြင်နိုင်သည်။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းနှင့် အသစ်အဆန်းဖြစ်သော စိတ်ကူးများကို တင်ပြခြင်းအား နှစ်သက်သောသူများသည် သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်ကန်သောလမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်သည်ဟု သင်တို့ ထင်သလော။ ၎င်းတို့အတွက် ဤသို့ပြုလုပ်ရန် မလွယ်ကူဟု ငါထင်သည်။ ဤလူများသည် အသင်းတော်အသက်တာ၌ မည်သည့်အခန်းကဏ္ဍတွင် ပါဝင်ကြသနည်း။ ၎င်းတို့က အဆင့်မြင့်ပုံရသော စိတ်ကူးများကို မကြာခဏ ထုတ်ဖော်ပြောဆိုခြင်းနှင့် သင့်တင့်လျောက်ပတ်သောအလုပ်ကို အာရုံမစိုက်ခြင်းတို့၏ အကျိုးဆက်များမှာ အဘယ်နည်း။ လူအများစု မြင်နိုင်သည့်အတိုင်း ယင်းသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည်၊ ပြီးလျှင် ဤအရာ ဆက်ဖြစ်နေပါက ဘုရားသခင် ရွေးချယ်ထားသောလူများအား သမ္မာတရားကို လိုက်စားခြင်းနှင့် လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်းမှ နှောင့်နှေးစေလိမ့်မည်။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်သောသူများသည် သေချာပေါက် ဆိုးယုတ်သောလူများ မဟုတ်သော်လည်း ၎င်းတို့ လုပ်ရပ်များ၏ အကျိုးဆက်များသည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုအတွက် အလွန်အန္တရာယ်ရှိပြီး တစ်ချိန်တည်းတွင် ၎င်းတို့၏ လုပ်ရပ်များကလည်း အသင်းတော်၏အလုပ်ကို နှောင့်နှေးစေကာ ထိခိုက်စေသည်။ သို့ဆိုလျှင် ဤပြဿနာကို မည်သို့ဖြေရှင်းသင့်သနည်း။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းနှင့် အသစ်အဆန်းဖြစ်သော စိတ်ကူးများကို တင်ပြခြင်းတို့အား နှစ်သက်သောလူများကို မည်သို့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်သင့်သနည်း။ ပထမနည်းလမ်းမှာ ဤသို့ဖြစ်သည်။ ၎င်းတို့သည် အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်ပြီး အစဉ်သဖြင့် အယူအဆများရှိနေလျှင်၊ ၎င်းတို့ကို ဦးစွာ စကားပြောခွင့်ပြုပြီးနောက် ပိုင်းခြားသိမြင်မှုကို ကျင့်သုံးလော့။ မည်သူပင်ဖြစ်စေ လူတိုင်းသည် လွတ်လပ်စွာ စကားပြောပြီး အမြင်များကို ဖော်ပြခွင့်ရှိသည်။ မည်သူကမျှ ဤအရာကို မကန့်သတ်သင့်ပေ။ စိတ်ကူးများနှင့် အမြော်အမြင်ရှိသော ထိုးထွင်းသိမြင်မှုများ အမှန်တကယ်ရှိသည့် မည်သူ့ကိုမဆို လူတိုင်းမြင်စေရန် ရှင်းလင်းစွာ ပြောဆိုခွင့်ပြုသင့်ပြီး ထို့နောက် ယင်းသည် မှန်ကန်မှုရှိမရှိ၊ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိမရှိ၊ ခံယူ၍ရသည့် အစိတ်အပိုင်းတစ်ခုခု ရှိမရှိကို သိရှိရန် မိတ်သဟာယဖွဲ့ကာ ဆွေးနွေးသင့်သည်။ အကယ်၍ ယင်းသည် သင်ယူထိုက်ပြီး ယင်းမှ အကျိုးကျေးဇူးအချို့ ရရှိနိုင်လျှင် ကောင်းပေသည်။ အကယ်၍ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆွေးနွေးခြင်းအပြီးတွင် ၎င်းတို့ ပြောဆိုသည့်အရာသည် တန်ဖိုးမရှိသည့်အပြင်၊ အကြံပြုထိုက်သည့်အရာမဟုတ်ဟု ဆုံးဖြတ်ပါက ယင်းကို စွန့်ပစ်သင့်သည်။ ဤကဲ့သို့ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လူတိုင်းသည် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာလိမ့်မည်။ တစ်စုံတစ်ခု ပေါ်ပေါက်လာသည့်အခါတိုင်းတွင်၊ ၎င်းတို့အားလုံးသည် ဤကိစ္စအား မည်သို့တွေးဆရမည်ကို သိရှိကြလိမ့်မည်ဖြစ်ပြီး လူအမျိုးမျိုးကို ပို၍နားလည်လာကြလိမ့်မည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် အကျိုးရှိပြီး အသင်းတော်၏အလုပ်ကို နှောင့်ယှက်မှု ဖြစ်စေလိမ့်မည်မဟုတ်ပေ၊ ဤလက်တွေ့လုပ်ဆောင်ပုံနည်းလမ်းက မှန်ကန်ပေသည်။ ဒုတိယနည်းလမ်းမှာ ဤသို့ဖြစ်သည်။ ပြောဆိုထားသည့်အရာသည် စံတန်ဖိုးမရှိသည့်အပြင်၊ယင်းကို မိတ်သဟာယဖွဲ့ပြီး ဆွေးနွေးလျှင်ပင် မည်သည့်အကျိုးကျေးဇူးမျှ ရရှိမည်မဟုတ်သည့်အခါ၊ ထိုသို့သော အကြံပြုချက်များကို တိုက်ရိုက်ငြင်းပယ်သင့်ပြီး မည်သည့်မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် ဆွေးနွေးခြင်းမျှ မလိုအပ်ပေ။ အကယ်၍ လူတစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို အလွန်ငြီးငွေ့စေပြီး ၎င်းတို့ကို နားထောင်လိုစိတ်မရှိဖြစ်စေလျက်၊ ထိုသို့သော တန်ဖိုးမရှိသည့် ကိစ္စများနှင့် “ပြောင်မြောက်သော စိတ်ကူးများ”ကို ဆက်လက်ထုတ်ဖော်နေပါက ထိုသို့သောလူကို ကန့်သတ်သင့်သည် မဟုတ်လော။ အခြားသူများကို ထိခိုက်ခြင်းအား ရှောင်ရှားဖို့အလို့ငှာ မပြောသင့်သည့်အရာများကို ရှောင်ကြဉ်ရန်၊ ပို၍ကြီးမားသော ဆင်ခြင်တုံတရားပြသရန် ၎င်းတို့ကို အကြံပေးခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ အကယ်၍ ဤလူသည် ဆင်ခြင်တုံတရား ကင်းမဲ့ပြီး ဤပုံစံအတိုင်း မရမက ဆက်လက်လုပ်ဆောင်လျှင်၊ အသင်းတော်အသက်တာကို နှောင့်ယှက်မှု ဖြစ်စေပြီး ဒေါသထွက်သည်အထိပင် လူတိုင်းကို အထူးသဖြင့် စိတ်အနှောင့်အယှက်ဖြစ်စေလျှင်၊ ၎င်းတို့သည် အသင်းတော်အသက်တာကို နှောင့်ယှက်သည့် ဆိုးယုတ်သောလူများ ဖြစ်သည်။ ၎င်းတို့ကို အသင်းတော်အား သန့်စင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများအတိုင်း ကိုင်တွယ်ရမည်။ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်လော့။ ဤသည်မှာ သင့်တင့်လျောက်ပတ်ပေသည်။ ငါ့ကို ပြောလော့၊ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်သောသူများထဲမှ အများစုသည် မည်သည့်လူစားမျိုးများ ဖြစ်သနည်း။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသည့် အမျိုးအစားလော။ ၎င်းတို့သည် ဘုရားသခင်အတွက် စစ်မှန်ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံနေကြသလော။ သေချာပေါက် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အသင်းတော်အသက်တာကို ထိုသို့သော နှောင့်ယှက်မှုများ ဖြစ်စေရာတွင် မည်သည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်ရှိကြသနည်း။ ဤအရာက ပိုင်းခြားသိမြင်မှု လိုအပ်သည်။ အကယ်၍ လူတိုင်းသည် ထိုသို့သောလူများက ဉာဏ်ရည်၊ အစွမ်းအစနှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း၊ ၎င်းတို့သည် လူ့ဗာလများသာဖြစ်ကြောင်း သိရှိလျက်၊ ထိုသို့သောလူများအကြောင်း လုံလောက်သော သိနားလည်မှုရှိနှင့်ပြီးဖြစ်လျှင်၊ ထိုသူတို့က မိမိတို့၏ “ပြောင်မြောက်သော စိတ်ကူးများ”ကို ဖော်ပြသည့်အခါ ကိုင်တွယ်ရန် အသင့်လျော်ဆုံးနည်းလမ်းမှာ ၎င်းတို့ကို တိတ်ဆိတ်စွာနေစေလျက် တားဆီးပြီး ကန့်သတ်ရန် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် မရမက ဆက်လက်စကားပြောနေလျှင်၊ အသင်းတော်အသက်တာကို မရမက ဆက်လက်နှောင့်ယှက်မှုများ ဖြစ်စေလျှင်၊ နောက်ထပ်ဒုက္ခများ မဖြစ်အောင်တားဆီးဖို့ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ အချို့က “ဤသည်မှာ ကယ်တင်ခြင်းခံရရန် ၎င်းတို့၏ အခွင့်အရေးများကို ဖျက်ဆီးနေခြင်း မဟုတ်လော”ဟု ဆိုကြသည်။ ဤသို့ပြောခြင်းသည် မှားသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို ကယ်တင်နိုင်မည်လော။ ထိုသို့သော စိတ်သဘောထားများရှိသည့် လူများသည် သမ္မာတရားကို လက်ခံနိုင်သလော။ ၎င်းတို့သည် သမ္မာတရားကို လုံးဝလက်မခံဘဲ ကယ်တင်ခြင်းကို ရရှိနိုင်သလော။ ထိုသို့သောကိစ္စများကိုပင် မရိပ်စားနိုင်ခြင်းသည် အလွန်မိုက်မဲပြီး မသိနားမလည်ခြင်းဖြစ်သည် မဟုတ်လော။ မည်သို့ပင်ဖြစ်စေ၊ အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်မှုများ ဖြစ်စေသောသူများသည် ဆိုးယုတ်သောလူများဖြစ်ကြပြီး ဘုရားသခင်သည် ၎င်းတို့ကို မကယ်တင်ပေ။ ဘုရားသခင် မကယ်တင်သော တစ်စုံတစ်ဦးကို အသင်းတော်၌ ထားရှိခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများကို တမင်တကာ ထိခိုက်နစ်နာစေခြင်း မဟုတ်လော။ ထိုသို့သော ဆိုးယုတ်သည့်လူများကို သနားသော တစ်စုံတစ်ဦးသည် အမှန်တကယ် မေတ္တာရှိသလော။ မရှိဟု ငါ ထင်သည်၊ ၎င်းတို့၏မေတ္တာသည် မေတ္တာအတုအယောင်သာ ဖြစ်သည်။ အမှန်တရားမှာ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို ထိခိုက်နစ်နာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ရွေးချယ်ထားသောသူများသည် ဆိုးယုတ်သောလူများကို ခုခံကာကွယ်ပေးသည့် မည်သူ့ကိုမဆို ၎င်းတို့၏ နတ်ဆိုးဆန်သော စကားများကြောင့် အထင်အမြင်မှားစေခြင်း မခံရစေရန် သတိထားရမည်။ အဆင့်မြင့်ပုံရသော စိတ်ကူးများကို ထုတ်ဖော်ပြောဆိုခြင်းအား နှစ်သက်သော အချို့သူများသည် ဆိုးယုတ်သောလူများကဲ့သို့ မထင်ရသော်လည်း၊ သိသာထင်ရှားသော ဒုစရိုက်အမှုများကို မကျူးလွန်သော်လည်း၊ ၎င်းတို့၏ အဆင့်မြင့်ပုံရသော စိတ်ကူးများကို အစဉ်သဖြင့် ထုတ်ဖော်ပြောဆိုခြင်းဖြင့် အသင်းတော်အသက်တာကို နှောင့်ယှက်မှုများ ဖြစ်စေနိုင်သည်။ အနည်းဆုံးအနေဖြင့်၊ ဤလူများသည် မရေရာသောသူများ ဖြစ်ကြသည်။ သင်တို့ မည်သို့ထင်သနည်း၊ မရေရာသောသူများသည် ကယ်တင်ခြင်းခံရနိုင်သလော။ သေချာပေါက် မခံရနိုင်ပေ။ အကယ်၍ မရေရာသောသူများသည် အသင်းတော်အသက်တာကို အဆက်မပြတ် နှောင့်ယှက်လျှင် ၎င်းတို့ကိုလည်း အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ မရေရာသောလူများသည် သမ္မာတရားကို လက်မခံကြ၊ ပြင်မရအောင်ပင် နောင်တမရကြဘဲ ၎င်းတို့၏အဆုံးသတ်သည် ဆိုးယုတ်သောလူများ၏အဆုံးသတ်နှင့် အတူတူပင် ဖြစ်သည်။ ဆိုးယုတ်သည်ဖြစ်စေ၊ မရေရာသောသူဖြစ်စေ၊ ၎င်းတို့သည် အသင်းတော်အသက်တာကို မကြာခဏ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်လျှင်၊ အကြံဉာဏ်ကို အရေးမထားသည့်အပြင်၊ ဘရိတ်ပေါက်နေသော ကားတစ်စီးကဲ့သို့ ထိန်းမနိုင်သိမ်းမရ စကားပြောလျှင်၊ ဤသည်မှာ မူမမှန်သော ဆင်ခြင်တုံတရားနှင့်ဆိုင်သည့် လက္ခဏာတစ်ခု မဟုတ်လော။ အကယ်၍ ရေရှည်တွင် ထိုသို့သော မရေရာသည့်သူများက အသင်းတော်ကို ဤပုံစံအတိုင်း ဆက်လက်နှောင့်ယှက်နေမည်ဆိုလျှင် အကျိုးဆက်များမှာ မည်သည့်အရာများဖြစ်မည်နည်း။ ထို့အပြင် ၎င်းတို့သည် အမှန်တကယ် နောင်တရနိုင်ကြသလော။ ဘုရားသခင်သည် မူမမှန်သော ဆင်ခြင်တုံတရားရှိသည့် ထိုသို့သော မရေရာသည့်လူများကို ကယ်တင်သလော။ ဤမေးခွန်းများကို စေ့စေ့စပ်စပ် နားလည်သွားသည်နှင့်တစ်ပြိုင်နက် ထိုသို့သော ပုဂ္ဂိုလ်များကို မည်သို့ သင့်တင့်လျောက်ပတ်စွာ ကိုင်တွယ်ရမည်မှာ ရှင်းလင်းသွားလိမ့်မည်။ မရေရာသောသူများသည် သမ္မာတရားကို သေချာပေါက် မချစ်ကြသည့်အပြင် သမ္မာတရားသည် ၎င်းတို့၏ လက်လှမ်းမမီသောနေရာတွင် ရှိသည်။ မရေရာသောလူများသည် လူ့ဘာသာစကားကို နားမလည်နိုင်ပေ။ မရေရာသောလူများသည် ပုံမှန်လူ့သဘာဝ ကင်းမဲ့ပြီး လူစဉ်မမီသူဖြစ်သည်ဟု ဆိုနိုင်သည်၊ လက်တွေ့တွင် ၎င်းတို့သည် အသုံးမကျသူများသာ ဖြစ်သည်။ မရေရာသောလူများသည် ကောင်းစွာ အစေခံနိုင်သလော။ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် မခိုင်မာသောကြောင့် ၎င်းတို့သည် စံမီသောနည်းလမ်းဖြင့် အစေခံနိုင်ခြင်းပင် မရှိကြောင်းကို မုချဆိုနိုင်သည်။ ၎င်းတို့သည် ဘာကိုမျှ နားမလည်သောလူများ ဖြစ်ကြသည်။ အကယ်၍ တစ်စုံတစ်ဦးသည် မရေရာသောလူများအပေါ် မေတ္တာပြလိုလျှင် ထိုမရေရာသောလူများကို ထောက်ပံ့ခွင့်ပေးလော့။ မရေရာသောလူများအပေါ် ဘုရားအိမ်တော်၏ သဘောထားမှာ ၎င်းတို့ကို ရှင်းလင်းပစ်ရမည်ဟူ၍ ဖြစ်သည်။ သမ္မာတရားကို လုံးဝလက်မခံသည့်သူ တစ်ဦးတလေ၊မိမိ၏တာဝန်ကို ရိုးသားစွာ မထမ်းဆောင်ဘဲ အစဉ်သဖြင့် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် လုပ်ဆောင်နေသူ တစ်ဦးတလေသည် အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်မှုများ ဖြစ်စေလျှင် ကန့်သတ်ခြင်းခံရသင့်သည်။ အကယ်၍ ၎င်းတို့ထဲမှ အချို့သည် နောင်တရပြီး နောင်တရလိုစိတ်ရှိလျှင် ၎င်းတို့ကို အခွင့်အရေးပေးသင့်သည်။ မိမိတို့၏ အနှစ်သာရကို မရိပ်စားမိနိုင်သေးသည့်သူများကို အသင်းတော်၌ ယာယီထားရှိသင့်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့အား ကြီးကြပ်ရန်၊ စောင့်ကြည့်လေ့လာရန်နှင့် ပိုင်းခြားသိမြင်နိုင်စွမ်း တိုးပွားလာစေရန် ခွင့်ပြုသင့်သည်။ အကယ်၍ အဆက်မပြတ် အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သောသူများ ရှိလျှင်၊ ပြုပြင်ခြင်းခံရသော်လည်း လုံးဝနောင်တမရဘဲ၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် ဆက်လက်ပြိုင်ဆိုင်ကာ၊ အပြုသဘောဆောင်သော ပုဂ္ဂိုလ်များကို တိုက်ခိုက်ပြီး ဖယ်ကြဉ်နေလျှင်၊ အထူးသဖြင့် သမ္မာတရားကို လိုက်စားပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို မျှဝေနိုင်သောသူများနှင့် ဘုရားသခင်အတွက် ရိုးသားစွာ မိမိတို့ကိုယ်ကို အသုံးခံပြီး မိမိတို့၏ တာဝန်များကို ထမ်းဆောင်သောသူများကို တိုက်ခိုက်နေလျှင်၊ ထိုပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များဖြစ်ကြသည်။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ ထိုသို့သောလူများအတွက်မူ ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရုံသာ မဟုတ်ပေ။ နောက်ထပ်ဒုက္ခများ မဖြစ်ပွားစေရန် ၎င်းတို့ကို အသင်းတော်မှ ချက်ချင်း ရှင်းလင်းပစ်သင့်သည်။ ဤလက်တွေ့လုပ်ဆောင်မှု နည်းလမ်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝကိုက်ညီပေးသည်။

ဤသည်တို့မှာ အသေးအဖွဲများမှအစ ပြင်းထန်သော အရာများအထိ၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ အမျိုးမျိုးသော သရုပ်သကန်များ ဖြစ်သည်။ အသေးအဖွဲ သရုပ်သကန်များမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဖျက်ဆီးရန်နှင့် အသရေဖျက်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့်၊ ၎င်းတို့ကို ကြမ်းတမ်းသော စကားများဖြင့် လှောင်ပြောင်ခြင်း၊ အပြစ်ရှာခြင်းနှင့် ၎င်းတို့၏ တက်ကြွမှုအား တိုက်ခိုက်ခြင်းတို့ကို အဓိကအားဖြင့် ရည်ညွှန်းသည်။ အပြင်းထန်ဆုံးသော သရုပ်သကန်များမှာ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ဗြောင်ကျကျ တိုက်ရိုက်ဆန့်ကျင်ခြင်း၊ ၎င်းတို့အား အပြစ်ပုံချရန် အကြောင်းရှာခြင်းနှင့် ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ တိုက်ခိုက်ခြင်းနှင့် ဖယ်ကြဉ်ခြင်း၊ ထို့နောက် ၎င်းတို့၏ အဆင့်အတန်းကို လုယူရန်အလို့ငှာ ၎င်းတို့ကို ဝိုင်းပယ်ပြီး အပြစ်ဝန်ခံကာ နုတ်ထွက်ရန် ဖိအားပေးခြင်းတို့ ဖြစ်သည်။ ဤသည်တို့မှာ အသင်းတော်အသက်တာတွင် ဖြစ်ပေါ်သည့် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းဆိုင်ရာ အပြင်းထန်ဆုံးသောပြဿနာများ ဖြစ်ကြသည်။ ခေါင်းဆောင်များ သို့မဟုတ် အမှုဆောင်များကို ပွက်ပွက်ညံအောင် ကန့်ကွက်ပြီး အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူများသည် အသင်းတော်၏အလုပ်ကို နှောင့်ယှက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်သောသူများ ဖြစ်ကြသည်၊ ၎င်းတို့သည် ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ဖြစ်ကြပြီး၊ ၎င်းတို့ကို တားဆီးကာ ကန့်သတ်ရမည်သာမက၊ အခြေအနေက ဆိုးရွားပြီး ၎င်းတို့ကို ရှင်းလင်းပစ်ရန် သို့မဟုတ် နှင်ထုတ်ရန် လိုအပ်ပါက စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်း၏ နောက်ထပ် သရုပ်သကန်တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ အသင်းတော်တွင် သမ္မာတရားကို ပို၍ လိုက်စားသောလူများကို ဖယ်ကြဉ်ခြင်းနှင့် တိုက်ခိုက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သမ္မာတရားကို လိုက်စားသောလူများသည် စင်ကြယ်သော နားလည်သဘောပေါက်နိုင်စွမ်း ရှိကြပြီး၊ ၎င်းတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်သက်ဆိုင်သည့် အတွေ့အကြုံနှင့် စစ်မှန်သော အသိပညာ ရှိကြသည့်အပြင်၊ ညီအစ်ကိုမောင်နှမများကြားရှိ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မကြာခဏ မိတ်သဟာယဖွဲ့ကြသဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများကို တည်ဆောက်ပေးကာ၊ အသင်းတော်တွင် တဖြည်းဖြည်း ဂုဏ်သရေ ရရှိလာသောကြောင့်၊ ဤဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် ၎င်းတို့အပေါ် မနာလိုဖြစ်ပြီး မကျေမနပ်ဖြစ်ကာ၊ ၎င်းတို့ကို ဖယ်ကြဉ်ပြီး တိုက်ခိုက်ကြလေသည်။ သမ္မာတရားကို လိုက်စားသောလူများအား တိုက်ခိုက်ခြင်း သို့မဟုတ် ဖယ်ကြဉ်ခြင်း ပါဝင်သည့် မည်သည့်အပြုအမူမဆိုသည် အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းကို တိုက်ရိုက် ဖြစ်ပေါ်စေသည်။ အချို့လူများသည် အသင်းတော်ခေါင်းဆောင်များကို တိုက်ရိုက် ပစ်မှတ်မထားကောင်း မထားနိုင်သော်လည်း၊ ၎င်းတို့သည် အသင်းတော်တွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့ကျသော အတွေ့အကြုံများရှိသည့် လူများအပေါ် အထူးသဖြင့် စိတ်မဝင်စားခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့ ရှိကြသည်။ ၎င်းတို့သည် ထိုသို့သောလူများကို မကြာခဏ လှောင်ပြောင်ကာ ပြက်ရယ်ပြုလျက်၊ ၎င်းတို့အတွက် ထောင်ချောက်ဆင်ခြင်းနှင့် ပရိယာယ်ကြံစည်ခြင်း စသည်တို့ကိုပင် ပြုလုပ်လျက်၊ ဖယ်ကြဉ်ကာ ဖိနှပ်ကြလေသည်။ ဤသို့သော ပြဿနာများသည် ယင်းတို့၏ သဘောသဘာဝနှင့် အခြေအနေများအရ အဆင့်အတန်းအတွက် အသင်းတော်ခေါင်းဆောင်များနှင့် ပြိုင်ဆိုင်ခြင်းထက် ဆိုးရွားမှု နည်းပါးသော်လည်း၊ ၎င်းတို့သည်လည်း အသင်းတော်အသက်တာအတွက် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်ပေါ်စေပြီး၊ တားဆီး၍ ကန့်သတ်သင့်သည်။ အကယ်၍ အသင်းတော်ရှိ ညီအစ်ကိုမောင်နှမ အများစုသည် ထိခိုက်နစ်နာပြီး၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းခြင်းထဲသို့ မကြာခဏ ကျဆင်းသွားပါက၊ အကယ်၍ ထိုပြဿနာများသည် ဤသို့သော အကျိုးဆက်များဆီသို့ ဦးတည်ပါက၊ ယင်းတို့သည် အဖျက်အမှောင့်လုပ်ခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် ညီမျှပေသည်။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖန်တီးသည့် ဆိုးယုတ်သောလူစားမျိုးကို ကန့်သတ်ရုံမျှသာ မဟုတ်ဘဲ၊ ၎င်းတို့ကို သီးခြားခွဲထားခြင်းနှင့် ဆင်ခြင်သုံးသပ်ခြင်းအတွက် ဘီအုပ်စုသို့ ပို့သင့်သည်၊ သို့မဟုတ်ပါက ရှင်းလင်းပစ်သင့်သည်။ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေခြင်း သဘောသဘာဝရှိသော လုပ်ရပ်များတွင် ပါဝင်သောသူများသည် မကောင်းမှုကို အလေ့အကျင့်ဖြစ်အောင် ကျူးလွန်သောလူများ ဖြစ်ကြသည်။ မကောင်းမှုကို မကြာခဏ ကျူးလွန်သော ဆိုးယုတ်သောလူများနှင့် မကောင်းမှုကို ရံဖန်ရံခါ ကျူးလွန်သောသူများအား မည်သို့ဆက်ဆံသည်ဟူသည့် အချက်နှင့်ပတ်သက်၍ ခွဲခြားသင့်သည်။ အထူးထူးအပြားပြား​သော မကောင်းမှုများကို ကျူးလွန်သောသူများသည် အန္တိခရစ်များ ဖြစ်ကြသည်၊ မကောင်းမှုကို ရံဖန်ရံခါ ကျူးလွန်သောသူများသည် လူ့သဘာဝ ညံ့ဖျင်းကြသည်။ အကယ်၍ လူနှစ်ဦးသည် ၎င်းတို့၏ သဟဇာတမဖြစ်သာ ပင်ကိုစရိုက်များကြောင့်ဖြစ်စေ၊ အမှုအရာများကို လုပ်ဆောင်ရာတွင် မတူညီသော အမြင်များရှိသောကြောင့်ဖြစ်စေ၊ သို့မဟုတ် စကားပြောဆိုပုံ မတူညီသောကြောင့်ဖြစ်စေ ရံဖန်ရံခါ ငြင်းခုံခြင်း သို့မဟုတ် အငြင်းပွားမှုများတွင် ပါဝင်သော်လည်း၊ အသင်းတော်အသက်တာကို ထိခိုက်မှုမရှိပါက၊ ဤအရာ၌ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသည့် သဘောသဘာဝ မရှိပေ။ ယင်းမှာ ဆိုးယုတ်သောလူများက အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်း၊ နှောင့်ယှက်ခြင်းနှင့် ကွဲပြားသည်။ ငါတို့ ပြောဆိုနေခဲ့သည့်၊ အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်း သဘောသဘာဝရှိသော အမှုအရာအားလုံးသည် ဆိုးယုတ်သောလူများ၏ မကောင်းမှုပြုခြင်းနှင့်ဆိုင်သော သရုပ်သကန်များ ဖြစ်ကြသည်။ ဆိုးယုတ်သောလူများ မကောင်းမှုကို ကျူးလွန်သည့်အခါ၊ ယင်းမှာ အလေ့အကျင့်ဖြစ်နေသည်။ ဆိုးယုတ်သောလူများ အမုန်းဆုံးအရာမှာ သမ္မာတရားကို လိုက်စားသောလူများ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသော တစ်စုံတစ်ဦးသည် မိမိတို့၏ကိုယ်ပိုင် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေနိုင်ပြီး၊ ထိုသို့ဖြင့် အခြားသူများ၏ အထူးလေးစားမှုကို ရရှိသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့သည် မနာလိုဖြစ်လာသည်၊ မုန်းတီးလာသည်၊ ပြီးလျှင် ၎င်းတို့၏ မျက်လုံးများက ဒေါသဖြင့် တောက်လောင်လာသည်။ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိသော မည်သူမဆို၊ မိမိတို့၏ လက်တွေ့ကျသော အတွေ့အကြုံများကို မျှဝေသောသူ မည်သူမဆို၊ ပြီးလျှင် ဘုရားသခင်အတွက် သက်သေခံသော မည်သူမဆိုသည် ဤဆိုးယုတ်သောလူများ၏ လှောင်ပြောင်ခြင်း၊ သိက္ခာချခြင်း၊ ဖိနှိပ်ခြင်း၊ ဖယ်ကြဉ်ခြင်း၊ ဝေဖန်ခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကိုပင် ကြုံတွေ့ရသည်။ ၎င်းတို့သည် ဤနည်းအတိုင်း ပြုမူနေကျဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့ထက် ပိုတော်ခွင့်မပြုပေ။ ၎င်းတို့ထက် ပိုတော်သောလူများကို ၎င်းတို့ ကြည့်မနေနိုင်ကြပေ။ ၎င်းတို့ထက် ပိုတော်သော တစ်စုံတစ်ဦးကို ၎င်းတို့ မြင်သောအခါ၊ မနာလိုဖြစ်လာသည်။ ဒေါသထွက်လာသည်၊ အမျက်ထွက်လာပြီး၊ ၎င်းတို့ကို ထိခိုက်နစ်နာစေရန်နှင့် ညှဉ်းဆဲရန် တွေးတောကြသည်။ ထိုသို့သောလူများသည် အသင်းတော်အသက်တာနှင့် အသင်းတော်၏ အစီအစဉ်ကို ပြင်းထန်သော အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့အား ဖြစ်စေနှင့်ပြီးဖြစ်ကာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုသို့သော ပုဂ္ဂိုလ်များကို ဖော်ထုတ်ခြင်း၊ တားဆီးခြင်းနှင့် ကန့်သတ်ခြင်းတို့တွင် ညီအစ်ကိုမောင်နှမများနှင့်အတူ လက်တွဲသင့်သည်။ အကယ်၍ ၎င်းတို့ကို ကန့်သတ်ရန် မဖြစ်နိုင်သည့်အပြင်၊ သမ္မာတရားကို ၎င်းတို့အား မိတ်သဟာယဖွဲ့ပြီးသည့်နောက်တွင် ၎င်းတို့သည် နောင်တမရဘဲ လမ်းကြောင်းမပြောင်းပါက၊ ၎င်းတို့သည် ဆိုးယုတ်သော တစ်စုံတစ်ဦး ဖြစ်ကြပြီး၊ ဆိုးယုတ်သောလူများကို အသင်းတော်ကို သန့်စင်ခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့်အညီ အကဲဖြတ်ကာ ဆက်ဆံသင့်ပေသည်။ အကယ်၍ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သဘောတူညီချက်တစ်ခု ရရှိပြီး၊ ဤသည်မှာ ဆိုးယုတ်သော တစ်စုံတစ်ဦးက အသင်းတော်ကို နှောင့်ယှက်နေခြင်းနှင့် ညီမျှကြောင်း ဆုံးဖြတ်ပါက၊ ထိုကိစ္စကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သင့်သည်။ ထိုလူကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ထိုသို့သော ဆိုးယုတ်သောလူများက အသင်းတော်အသက်တာကို နှောင့်ယှက်ခြင်းအား နောက်ထပ် သည်းခံမနေသင့်တော့ပေ။ အကယ်၍ ဤသည်မှာ ဆိုးယုတ်သော တစ်စုံတစ်ဦးက နှောင့်ယှက်မှုကို ဖြစ်စေခြင်းနှင့် ညီမျှကြောင်း ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် သိသာထင်ရှားနေသည့်တိုင် ၎င်းတို့က မသိကျိုးကျွံပြုပြီး ဆိုးယုတ်သောလူက မကောင်းမှုပြုခြင်းနှင့် နှောင့်ယှက်မှုကို ဖြစ်စေခြင်းအား သည်းခံနေသေးပါက၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများအပေါ် ၎င်းတို့၏ တာဝန်ဝတ္တရားများကို ပျက်ကွက်နေခြင်းဖြစ်ပြီး၊ ဘုရားသခင်နှင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာမဲ့နေခြင်း ဖြစ်သည်။

အချို့လူများသည် ၎င်းတို့၏ အသွင်အပြင်ကို လေ့လာကြည့်ရှုသည့်အခါ အဆင်ပြေပုံရကောင်းရနိုင်သော်လည်း၊ အမှန်တွင် ၎င်းတို့၏ ဉာဏ်ရည်မှာ တုံးအတစ်ဦး၏ ဉာဏ်ရည်နှင့်တူသည်။ ၎င်းတို့သည် ပုံမှန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ကင်းမဲ့လျက်၊ မည်သည့်အရာက သင့်လျော်သည်ကို နားမလည်ဘဲ ပြောဆိုပြုမူကြသည်။ ထိုသို့သောလူများသည် အဆင့်အတန်းနှင့် ဂုဏ်သတင်းအတွက် ပြိုင်ဆိုင်ခြင်း၊ ဆုံးဖြတ်ပိုင်ခွင့်ရရှိရန် ကြိုးပမ်းကာ အခြားသူများ၏ အထင်ကြီးမှုကို ရရှိရန် ယှဉ်ပြိုင်ခြင်းတို့ကိုလည်း နှစ်သက်ကြသည်။ အသင်းတော်အသက်တာတွင် ၎င်းတို့သည် လူအများစု၏ အာရုံစိုက်မှုနှင့် အထင်ကြီးမှုကို ရရှိရန်အလို့ငှာ၊ လူတို့၏ အတွေးများကို နှောင့်ယှက်လျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် လူတို့၏ မှန်ကန်သော နားလည်သဘောပေါက်နိုင်စွမ်းနှင့် သိမြင်မှုကို နှောင့်ယှက်လျက်၊ အရာရာတိုင်းအပေါ် လူတို့၏ အပြုသဘောဆောင်သော နားလည်မှုကို နှောင့်ယှက်လျက်၊ မှန်ကန်ပုံရသော်လည်း အမှန်တကယ်တွင် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များနှင့် အကြောင်းပြချက်များကို မကြာခဏ အဆိုပြုကြသည်။ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ၎င်းတို့၏ စင်ကြယ်သော နားလည်မှုများအကြောင်းကို မိတ်သဟာယဖွဲ့နေချိန်တွင်၊ ဤလူတို့သည် မိမိတို့ အာရုံစွဲဆောင်ထားနိုင်မှုကို အခိုင်အမာပြသရန်နှင့် လူတိုင်း၏ အာရုံစိုက်မှုကို လုယူရန် အဆင့်မရှိသော လူပြက်များကဲ့သို့ မကြာခဏ ရုတ်တရက်ပေါ်လာကြပြီး၊ ညီအစ်ကိုမောင်နှမများအား ၎င်းတို့သည် အစွမ်းအစတစ်ခု သို့မဟုတ် နှစ်ခုရှိကြောင်း၊ ၎င်းတို့သည် စာပေကျမ်းဂန်တတ်ကျွမ်းကြောင်း၊ အလွန် ဗဟုသုတကြွယ်ဝပြီး ပညာတတ်မြောက်ကြောင်း စသည်တို့ကို အစဉ်သဖြင့် ပြသလိုကြသည်။ ၎င်းတို့သည် မည်သည့်ခေါင်းဆောင်အား ပစ်မှတ်ထားရမည်၊ သို့မဟုတ် မည်သည့်ခေါင်းဆောင်၏ ရာထူးကို ပြိုင်ဆိုင်ရမည်ဟူသည်အရ ရှင်းလင်းသော ရည်မှန်းချက်များ မရှိသေးသော်လည်း၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များမှာ အလွန်ကြီးမားသဖြင့် ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အသင်းတော်အသက်တာကို နှောင့်ယှက်မှုများကို ဖြစ်စေပြီးဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို အခြေအနေနှင့် ထိုအခြေအနေ၏သဘောသဘာဝ ပြင်းထန်မှုအရ ကန့်သတ်သင့်ပေသည်။ ၎င်းတို့ကို ၎င်းတို့ကို မိမိတို့ကိုယ်ကို ပြောင်းလဲနိုင်စေပြီး အသင်းတော်အသက်တာကို ပုံမှန် မည်သို့ အသက်ရှင်နေထိုင်ရမည်၊ အခြားသူများနှင့် မည်သို့ ပေါင်းသင်းဆက်ဆံရမည်၊ မိမိတို့၏ သင့်တော်သောနေရာတွင် မည်သို့ နေထိုင်ရမည်ဟူသည်နှင့် မည်သို့ ဆင်ခြင်တုံတရားရှိရမည်ဟူသည်တို့ကို နားလည်နိုင်စေလျက် ၎င်းတို့ကို မှန်ကန်စွာ လမ်းညွှန်ရန်၊ ၎င်းတို့၏ ကိုယ်တိုင်ကျင့်ကြံပြုမူခြင်းအတွက် လမ်းညွှန်မှုတစ်ခု ပေးရန် ၎င်းတို့နှင့်အတူ သမ္မာတရားကို ဦးစွာ မိတ်သဟာယဖွဲ့ခြင်းသည် အကောင်းဆုံး ဖြစ်ပေမည်။ အကယ်၍ ယင်းမှာ ၎င်းတို့၏ ငယ်ရွယ်မှု၊ ထိုးထွင်းသိမြင်မှု ကင်းမဲ့ခြင်းနှင့် ငယ်ရွယ်မှုဆိုင်ရာမောက်မာမှုတို့ကြောင့်ဖြစ်ပြီး၊ အကယ်၍ ၎င်းတို့သည် အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပြီးနောက် နောင်တရခဲ့ကာ၊ ၎င်းတို့၏ ယခင်လုပ်ရပ်များမှာ မှားယွင်းကြောင်း၊ ရှက်ဖွယ်ကောင်းကြောင်း၊ လူတိုင်းကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်းနှင့် လူတိုင်းအပေါ် ဒုက္ခဖြစ်စေခဲ့ကြောင်း သိရှိပြီး၊ ဤအတွက် ၎င်းတို့၏ တောင်းပန်မှုများနှင့် နောင်တကို ဖော်ပြခဲ့ပါက၊ ၎င်းတို့အပေါ် အပြစ်တင်ရန် မလိုအပ်ပေ။ ၎င်းတို့ကို မေတ္တာဖြင့် ကူညီပေးရုံကူညီပေး၍ရသည်။ သို့ရာတွင်၊ လူတိုင်းကို နှောင့်ယှက်ခဲ့သည့် ၎င်းတို့၏ မှားယွင်းသော လုပ်ရပ်များသည် ငယ်ရွယ်ခြင်းဆိုင်ရာ မောက်မာမှု သို့မဟုတ် သမ္မာတရားကို နားလည်မှု ကင်းမဲ့ခြင်းကြောင့် မဟုတ်ဘဲ၊ ကွယ်ဝှက်ထားသော ကြံရွယ်ချက်များကြောင့်သာ ဖြစ်ပြီး၊ ထပ်တလဲလဲ မလုပ်ရန် တားမြစ်နေသည့်ကြားမှ ၎င်းတို့၏ အပြုအမူကို ဆက်လက်လုပ်ဆောင်နေပါက၊ ထို့အပြင် ၎င်းတို့သည် ပြုပြင်ခြင်းခံရပြီးဖြစ်ကာ၊ ညီအစ်ကိုမောင်နှမများက ဤပြဿနာ၏ ဆိုးရွားမှုအပေါ် ၎င်းတို့နှင့်အတူ မိတ်သဟာယဖွဲ့ခဲ့ပြီးဖြစ်ပါက၊ ၎င်းတို့အား အပျက်သဘောဆောင်သော ရှုထောင့်နှင့် အပြုသဘောဆောင်သော ရှုထောင့် နှစ်ခုလုံးမှ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီကို ပေးခဲ့ပြီးဖြစ်သော်လည်း၊ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် သဘာဝအနှစ်သာရကို မသိရှိနိုင်သေးလျှင်၊ ဤလုပ်ရပ်များက အခြားသူများအပေါ် ဖြစ်စေသည့် နှောင့်ယှက်မှုနှင့် ၎င်းတို့၏ ပြင်းထန်သော အကျိုးဆက်များကို မမြင်နိုင်သေးသည့်အပြင်၊ အခွင့်အရေးရတိုင်း ဤတူညီသော လုပ်ရပ်များကို ဆောင်ရွက်ခြင်းဖြင့် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဆက်လက်ဖန်တီးနေလျှင်၊ ဤအခြေအနေတွင် ပို၍ပြင်းထန်သော အရေးယူမှုများ ပြုလုပ်သင့်သည်။ အကယ်၍ နောင်တရရန် လုံလောက်သော အခွင့်အရေးများ ပေးထားသည့်တိုင်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို လုံးဝ ဆင်ခြင်သုံးသပ်ခြင်း သို့မဟုတ် သိရှိရန် ကြိုးစားခြင်းမရှိဘဲ၊ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့ နားမလည်သည့်အပြင်၊ ဆင်ခြင်တုံတရားရှိစွာနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်အညီလည်းကောင်း မည်သို့ ပြုမူရမည်ကိုလည်း မသိဘဲ၊ ထိုအစား အမှုအရာများအား မိမိတို့၏ကိုယ်ပိုင် လုပ်ဆောင်ပုံနည်းလမ်းကို ခေါင်းမာစွာ ဖက်တွယ်ထားပါက၊ ဤလူများနှင့်ပတ်သက်၍ ပြဿနာတစ်ခု ရှိနေပြီဖြစ်သည်။ အနည်းဆုံးအားဖြင့်၊ ဆင်ခြင်တုံတရားဆိုင်ရာ ရှုထောင့်မှကြည့်လျှင်၊ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ ဆင်ခြင်တုံတရား ကင်းမဲ့ကြပေသည်။ ဤသည်မှာ အပေါ်ယံအားဖြင့် ကြည့်ခြင်း ဖြစ်သည်။ အကယ်၍ အနှစ်သာရအရ ကြည့်မည်ဆိုလျှင်၊ ၎င်းတို့နှင့် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့သည် ပြဿနာ၏ ဆိုးရွားမှုကို မသိရှိနိုင်သည့်အပြင်၊ မိမိတို့၏ သင့်တော်သောနေရာကိုလည်း ရှာမတွေ့နိုင်ဘဲ၊ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီကိုလည်း လက်မခံနိုင်ပါက၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများက မိတ်သဟာယဖွဲ့သော လမ်းကြောင်းအတိုင်း လက်တွေ့လုပ်ဆောင်ရန် မကြိုးစားနိုင်ပါက၊ ဤအရာများကိုပင် မစွမ်းဆောင်မရရှိနိုင်ပါက၊ ၎င်းတို့၏ ပြဿနာမှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းမျှသာမဟုတ်ဘဲ၊ ၎င်းတို့၏ လူ့သဘာဝကိုယ်နှင့်သက်ဆိုင်သည့် ပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့သည် မရည်ရွယ်ဘဲ အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေပုံရသော်လည်း၊ ဤလုပ်ရပ်များသည် ရည်ရွယ်ချက်မရှိသည့်အရာ လုံးဝမဟုတ်ဘဲ၊ ထို့ထက်၊ ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်များဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဤပုဂ္ဂိုလ်များ၏ ကြံရွယ်ချက်များ သို့မဟုတ် ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်နိုင်သည်ကို ဘေးဖယ်ထားလျက်၊ အကယ်၍ ၎င်းတို့ပြောဆိုသည့်အရာနှင့် လုပ်ဆောင်သည့်အရာသည် လူများစွာတို့အား အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းမှ မည်သည့်အရာမျှ မရရှိစေဘဲလျက်၊ ၎င်းတို့ရှိနေရုံမျှဖြင့် အခြားသူများက စုဝေးရန် မလိုလားတော့သည့်အထိ၊ သို့မဟုတ် ၎င်းတို့ စကားပြောသည့်အခါတိုင်း လူတို့သည် စိတ်ပျက်ပြီး ထွက်သွားလိုသည့်အထိ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်အသက်တာကို ပြင်းထန်စွာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ပါက၊ ဤပြဿနာ၏ သဘောသဘာဝသည် ဆိုးရွားလာပေသည်။ ထိုသို့သောလူများကို မည်သို့ ကိုင်တွယ်သင့်သနည်း။ အကယ်၍ ၎င်းတို့သည် အချိန်အခါများစွာ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီ ပေးခြင်းခံရပြီး၊ နောင်တရရန် အခွင့်အရေးများ ပေးခြင်းခံရသည့်တိုင် ဤအရာများကို ဆက်လက်လုပ်ဆောင်နေသေးပါက၊ ပြဿနာဖြစ်နေသည်မှာ ၎င်းတို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို လက်ခံနိုင်သောလူများ မဟုတ်ဘဲ၊ ထိုအစား အခြားသော အကြံအစည်တစ်ခုခု ရှိကြသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရကို ကြည့်သည့်အခါ၊ အသင်းတော်အသက်တာကို ၎င်းတို့ ဖြစ်စေသည့် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများသည် မတော်တဆ လုံးဝမဟုတ်ဘဲ၊ ထို့ထက် ဤလူများ၌ ရည်ရွယ်ချက်နှင့် ကြံရွယ်ချက်များ ရှိကြသည်။ အကယ်၍ ထိုသို့သောလူများကို နောက်ထပ် အခွင့်အရေးများ ပေးမည်ဆိုလျှင်၊ ပုံမှန် အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နေသည့် ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် တရားမျှတသလော။ (တရားမမျှတပါ။) ထိုသို့သော ပုဂ္ဂိုလ်များနှင့်ပတ်သက်သည့် ပြဿနာသည် ဤအတိုင်းအတာအထိ ထုတ်ဖော်ခံရပြီးဖြစ်သည်။ အကယ်၍ ၎င်းတို့အား နောက်ဆုံးတွင် ပို၍ပင်များသော မကောင်းမှုများကို ကျူးလွန်ပြီး၊ ပို၍များသောလူတို့ကို အပျက်သဘောဆောင်ခြင်း၊ အားနည်းခြင်းနှင့် ထွက်ပေါက်မရှိခြင်းထဲသို့ ပို့ဆောင်သည့် ရလဒ်သာ ထွက်ပေါ်လာစေလျက်၊ ၎င်းတို့၏ နောင်တကို စောင့်ဆိုင်းရင်း အခွင့်အရေးများ ပေးနေသေးပါက၊ ဤဆုံးရှုံးမှုကို မည်သူက ပေးလျော်မည်နည်း။ ထို့ကြောင့်၊ ဤပုဂ္ဂိုလ်များသည် မိတ်သဟာယဖွဲ့ခြင်းနှင့် မေတ္တာပါသော အကူအညီကို ပေးခြင်းခံရပြီးဖြစ်ပါက၊ သို့မဟုတ် ၎င်းတို့ကို တားဆီးပြီး ကန့်သတ်ရန် အရေးယူဆောင်ရွက်မှုပြုလုပ်ပြီးဖြစ်သော်လည်း၊ ၎င်းတို့သည် မိမိတို့၏ နည်းလမ်းဟောင်းများကို မပြောင်းလဲသေးသည့်အပြင်၊ မိမိတို့၏ မူလအပြုအမူအတိုင်း မရမကလုပ်ဆောင်နေသေးပါက၊ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ မပြင်းထန်သော ကိစ္စများတွင် ၎င်းတို့ကို သီးသန့်ခွဲထားသင့်သည်။ ပြင်းထန်သော ကိစ္စများတွင် ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤစည်းမျဉ်းသည် မည်သို့ထင်ရသနည်း။ ယင်းမှာ တစ်စုံတစ်ဦးကို နောင်တရရန် အခွင့်အရေးမပေးဘဲ၊ ပြားပြားဝပ်စေခြင်းနှင့် သက်ဆိုင်သလော။ သို့မဟုတ် မည်သည့် ပိုင်းခြားသိမြင်မှုမျှ မကျင့်သုံးဘဲနှင့် ၎င်းတို့၏ သဘာဝအနှစ်သာရက အမှန်တကယ် မည်သည့်အရာဖြစ်သည်ကို ရှင်းလင်းစွာ နားမလည်ဘဲ၊ မဆင်မခြင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ခြင်းလော။ (မဟုတ်ပါ။) အကယ်၍ မိတ်သဟာယဖွဲ့ခြင်းနှင့် အကူအညီကို ပေးခြင်းခံရပြီး၊ နောင်တရရန် အခွင့်အရေးများ ပေးခြင်းခံရသည့်တိုင်၊ ဤလူတို့၏ နည်းလမ်းများနှင့် စိတ်သဘောထားက လုံးဝ ပြောင်းလဲခြင်းမရှိသည့်အပြင်၊ ယခင်အတိုင်း ရှိနေလျက် တစ်ခုတည်းသော ခြားနားချက်မှာ ၎င်းတို့ ယခင်က ဗြောင်ကျကျနှင့် ပွင့်လင်းစွာ လုပ်ဆောင်ခဲ့သည့်အရာကို ယခုအခါ တိတ်တဆိတ်နှင့် ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေခြင်းသာ ဖြစ်သော်လည်း၊ နှောင့်ယှက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်းမှာမူ အတူတူပင် ဖြစ်လျက် နောင်တလည်းမရပါက၊ အသင်းတော်သည် ၎င်းတို့ကို နောက်ထပ် ဆက်ထား၍မရပေ။ ထိုသို့သောလူများသည် ဘုရားအိမ်တော်သားများ မဟုတ်ကြပေ၊ ၎င်းတို့သည် ဘုရားသခင်၏ သိုးများ မဟုတ်ကြပေ။ ဘုရားအိမ်တော်တွင် ၎င်းတို့ ရှိနေခြင်းမှာ လုံးဝဥဿုံ နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေရန်ဖြစ်ပြီး၊ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ မဟုတ်ဘဲ၊ စာတန်၏ အစေခံများ ဖြစ်ကြသည်။ အကယ်၍ သင်သည် ၎င်းတို့ကို ဆက်လက် အားပေးကာ ကူညီလျက်၊ ပြီးလျှင် ၎င်းတို့နှင့်အတူ သမ္မာတရားကို မိတ်သဟာယဖွဲ့လျက် ညီအစ်ကိုမောင်နှမများအဖြစ် အမြဲတစေ ဆက်ဆံပြီး၊ နောက်ဆုံးတွင် မည်သည့်အကျိုးမျှ မဖြစ်ထွန်းဘဲ ကြိုးစားအားထုတ်မှုများစွာကို အလဟဿဖြစ်စေပါက၊ ယင်းမှာ မိုက်မဲခြင်းဖြစ်သည် မဟုတ်လော။ ယင်းမှာ မိုက်မဲခြင်းထက်ပိုသည်၊ ယင်းမှာ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း၊ လုံးဝ စဉ်းစားဉာဏ်ကင်းမဲ့ခြင်း ဖြစ်သည်။

ပြဿနာများ၏ သဘောသဘာဝကို ကြည့်သည့်အခါ၊ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းတွင် ပါဝင်သည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် လူအမျိုးအစားများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အခြေခံအားဖြင့် ဤအမျိုးအစားသုံးမျိုးအဖြစ် ခွဲခြားနိုင်ပေသည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းသည် မတူညီသော လူအုပ်စုများအကြားနှင့် အသင်းတော်အသက်တာ၏ အမျိုးမျိုးသော ကဏ္ဍများတွင် ပေါ်ပေါက်လျက် အသင်းတော်အသက်တာတွင် တွေ့နေကျ ပြဿနာတစ်ခုဖြစ်သည်။ အဆင့်အတန်းအတွက် ပြိုင်ဆိုင်သောသူများနှင့်ပတ်သက်၍၊ မပြင်းထန်သော ကိစ္စများတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်နိုင်ရန်အလို့ငှာ ၎င်းတို့ကို အားပေးကူညီရန်အတွက် သမ္မာတရားကို လုံလောက်သော မိတ်သဟာယဖွဲ့ခြင်းကို ပေးသင့်ပြီး နောင်တရရန် အခွင့်အရေး ပေးသင့်သည်။ အမှုက ပြင်းထန်ပါက၊ ၎င်းတို့ကို အနီးကပ် စောင့်ကြည့်သင့်ပြီး၊ ၎င်းတို့အနေဖြင့် ကြံရွယ်ချက် သို့မဟုတ် ရည်မှန်းချက်တစ်ခုခုကို စွမ်းဆောင်ရရှိရန် ရည်ရွယ်ချက်ဖြင့် ပြောဆို သို့မဟုတ် ပြုမူသည်ကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။ အမှုက ပို၍ပင် ပြင်းထန်ပါက၊ လူတို့ကို ရှင်းလင်းပစ်ခြင်းနှင့် နှင်ထုတ်ခြင်းအတွက် အသင်းတော်၏ စည်းမျဉ်းများနှင့်အညီ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းသင့်သည်။ ဤသည်မှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းတွင် ပါဝင်သည့် ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများက အသင်းတော်အသက်တာတွင် ပေါ်ပေါက်လာသည့်အခါ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြည့်ဆည်းသင့်သည့် တာဝန်ဝတ္တရား ဖြစ်သည်။ ဤအလုပ်နှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများအားလုံး ရှေ့ထွက်ပြီး ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်သည်။ အသင်းတော်အသက်တာတွင် ဆိုးယုတ်သောလူများ၏ နှောင့်ယှက်အဖျက်လုပ်ခြင်းများ မရှိတော့စေရန်နှင့် အသင်းတော်အသက်တာ၏ အခါသမယတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းကို ခံရပြီး၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ဘုရားသခင်၏ မျက်မှောက်တော်၊ ကောင်းချီးမင်္ဂလာနှင့် လမ်းညွှန်မှုတို့ဖြင့် ပြည့်ဝစေရန်၊ စုဝေးပွဲတစ်ခုစီတိုင်းသည် ပျော်ရွှင်မှုနှင့် အကျိုးကျေးဇူး အချိန်အခါတစ်ခုဖြစ်ကြောင်း သေချာစေရန် ကြိုးပမ်းလျက်၊ ဆိုးယုတ်သောလူများ၏ နှောင့်ယှက်အဖျက်လုပ်ခြင်းကို ဖြစ်စေသည့် အမျိုးမျိုးသော အပြုအမူများနှင့် လုပ်ရပ်များကို ပူးတွဲ၍ ကန့်သတ်ရမည်။ ဤသည်မှာ အကောင်းဆုံးသော အသင်းတော်အသက်တာမျိုး၊ ဘုရားသခင် မြင်တွေ့လိုသည့် အရာတစ်ခု ဖြစ်သည်။ လူအချင်းချင်း ဆက်ဆံရေးများ ပါဝင်ပြီး လူတို့၏ သိက္ခာနှင့် အကျိုးစီးပွားများ ပါဝင်သည့်အပြင် အတော်အတန် ပိုမို ခက်ခဲသွားစေလျက် လူတို့၏ သမ္မာတရားကို နားလည်သည့် အဆင့်နှင့်လည်း သက်ဆိုင်သဖြင့်၊ ဤအလုပ်ကို ဆောင်ရွက်ခြင်းသည် ခေါင်းဆောင်များနှင့် အမှုဆောင်များအတွက် အတော်အတန် ရှုပ်ထွေးသည်။ သို့ရာတွင်၊ ပြဿနာများ ပေါ်ပေါက်လာသည့်အခါ၊ မရှောင်ရှားနှင့်၊ ပြီးလျှင်ကြီးမားသော ပြဿနာများကို ပိုသေးငယ်သော ပြဿနာများအဖြစ် သဘောထားကာ နောက်ဆုံးတွင် မပြေမလည် ဖြစ်မသွားစေနှင့်။ ထိုပြဿနာတို့ကို မသိကျိုးကျွံပြုခြင်းဖြင့်၊ လောကီဆက်ဆံရေးများအတွက်ဖြစ်သော အတွေးအခေါ်များကို အသုံးပြု၍လည်း မကိုင်တွယ်မဖြေရှင်းသင့်ပေ။ ထို့ထက်ပို၍၊ လူ့အကြိုက်လိုက်သူ မဖြစ်ဘဲ၊ ထို့ထက် အဆင့်အတန်းအတွက် ပြိုင်ဆိုင်သည့် လူအမျိုးအစားအမျိုးမျိုးကို သမ္မာတရား စည်းမျဉ်းများနှင့်အညီ ဆက်ဆံလော့။ ဤမိတ်သဟာယဖွဲ့ခြင်းသည် ရှင်းလင်းသလော။ (ရှင်းလင်းပါသည်။) သို့ဖြစ်လျှင် အချက်ငါးနှင့်ပတ်သက်သည့် ငါတို့၏ မိတ်သဟာယမှာ ဤမျှနှင့်အဆုံးသတ်ပေသည်။

၆။ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း

ဘုရားသခင်၏ အလုပ်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သော ဆဋ္ဌမမြောက်ပြဿနာမှာ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း ဖြစ်သည်။ လူတို့သည် ထိတွေ့ဆက်ဆံပြီး အတူတကွ စုဝေးနိုင်သရွေ့၊ အစုအဖွဲ့လိုက် နေထိုင်ခြင်းမျိုး ရှိမည်ဖြစ်ပြီး၊ ဤအရာမှ ဆက်ဆံရေးအမျိုးမျိုး ထွက်ပေါ်လာလိမ့်မည်။ သို့ဆိုလျှင် ဤဆက်ဆံရေးများထဲမှ မည်သည့်ဆက်ဆံရေးများက လျော်ကန်ပြီး မည်သည့်ဆက်ဆံရေးများက မလျော်ကန်သနည်း။ လျော်ကန်သော ဆက်ဆံရေးများက မည်သည့်အရာဖြစ်သည်ကို ဦးစွာ ပြောပြီးနောက် မလျော်ကန်သော ဆက်ဆံရေးများအကြောင်းကို မိတ်သဟာယဖွဲ့ကြစို့။ ညီအစ်ကိုမောင်နှမများ တွေ့ဆုံ၍ အချင်းချင်း နှုတ်ဆက်ကြသည့်အခါ၊ “လတ်တလော အခြေအနေ မည်သို့ရှိသနည်း။ သင် ကျန်းမာပါသလော။ လာမည့်နှစ်တွင် သင်၏ ကလေး အထက်တန်းကျောင်း စတင်တက်ရောက်တော့မည်လော။ သင့် ခင်ပွန်းသည်၏ စီးပွားရေး မည်သို့ရှိသနည်း” ဟူသကဲ့သို့သော အရာများကို ၎င်းတို့ ပြောကောင်းပြောနိုင်သည်။ ထိုသို့သော အပြန်အလှန် နှုတ်ဆက်ခြင်းသည် လျော်ကန်သော ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်သလော။ (သတ်မှတ်ပါသည်။) အဘယ်ကြောင့် ထိုသို့ ပြောဆိုရသနည်း။ အကြောင်းမှာ အချိန်ကြာမြင့်စွာ မတွေ့ဖြစ်ကြသော လူနှစ်ဦး အမှတ်မထင် အတူဆုံမိသည့်အခါ၊ နှုတ်ဆက်စကား အနည်းငယ် ပြောဆိုခြင်းသည် အခြေခံအကျဆုံးသော ယဉ်ကျေးရည်မွန်မှုဖြစ်သည့်အပြင်၊ အခြေခံအကျဆုံးသော ဂရုစိုက်မှုနှင့် နှုတ်ဆက်မှုတို့ကို ပြသခြင်းလည်း ဖြစ်သောကြောင့် ဖြစ်သည်။ ဤသည်တို့မှာ လူတို့က ပုံမှန်လူ့သဘာဝ၏ ဘောင်အတွင်း၌ ပြောဆိုသည့် စကားများ၊ လုပ်ဆောင်ချက်များနှင့် သက်ဆိုင်ရာ အကြောင်းအရာများ အားလုံး ဖြစ်ကြသည်။ ယခုအချိန်အထိ ၎င်းတို့၏ စကားစမြည်ပြောဆိုမှုမှ အကဲဖြတ်ရလျှင်၊ ၎င်းတို့၏ ဆက်ဆံရေးသည် အတော်အတန် လျော်ကန်ကြောင်း သိသာထင်ရှားသည်။ ၎င်းတို့၏ ပြောဆိုဆွေးနွေးမှုသည် ယဉ်ကျေးရည်မွန်မှုနှင့် ပုံမှန်လူ့သဘာဝ နှစ်ခုလုံးအပေါ် အခြေခံပြီး၊ ဤအချက်နှစ်ချက်မှ ကြည့်လျှင် စကားပြောဆိုနေသည့် လူနှစ်ဦးကြားရှိ ဆက်ဆံရေးသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးတစ်ခုကို ကိုယ်စားပြုလျက် လျော်ကန်ကြောင်း သတ်မှတ်နိုင်ပေသည်။ အကယ်၍ လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အလွန်ရင်းနှီးကျွမ်းဝင်သော်လည်း၊ တွေ့ဆုံသည့်အခါ နှစ်ဦးလုံးက မျက်နှာထားတင်းပြီး တစ်ဦးကိုတစ်ဦး စကားမပြောသည့်အပြင် အချင်းချင်းကို ကြည့်သည့်အခါတွင်လည်း ၎င်းတို့၏ မျက်လုံးများက ရန်လိုမှုဖြင့် တောက်လောင်နေပါက၊ ဤဆက်ဆံရေးသည် ပုံမှန်ဖြစ်သလော။ (ပုံမှန်မဟုတ်ပါ)။ အဘယ်ကြောင့် ပုံမှန်မဟုတ်သနည်း။ ယင်းကို အတိအကျ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုသင့်သနည်း။ လူနှစ်ဦး တွေ့ဆုံသော်လည်း ပုံမှန် စကားစမြည်ပြောဆိုခြင်းနှင့် ဆွေးနွေးခြင်းတို့ကို လုပ်ဆောင်ရန် မဆိုထားနှင့်၊ တစ်ဦးက အခြားတစ်ဦးကို နှုတ်ဆက်ခြင်းမရှိ၊ “ဟိုင်း” ဟုပင် မပြောသည့်အခါ၊ ၎င်းတို့၏ သရုပ်သကန်များသည် ပုံမှန်လူ့သဘာဝထံမှ မျှော်လင့်ထားသည့်အရာကို ထင်ဟပ်ခြင်းမရှိသည်မှာ သိသာထင်ရှားသည်။ ၎င်းတို့၏ ဆက်ဆံရေးသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးတစ်ခု မဟုတ်ပေ။ ယင်းသည် အတော်အတန်မူမမှန်ဖြစ်သော်လည်း မလျော်ကန်သော ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်ထားခြင်းမရှိသေးပေ။ ထိုအရာနှင့် အတန်ငယ် အလှမ်းဝေးနေသေးသည်။ ယေဘုယျအားဖြင့်၊ လူအချင်းချင်းကြားရှိ ဆက်ဆံရေးသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီက ပုံမှန်နှင့် စည်းမျဉ်းများအတိုင်း အပြန်အလှန်ဆက်ဆံကာ ပေါင်းသင်းနိုင်ပြီး၊ အချင်းချင်းကို ကူညီ၊ အားပေး၊ ထောက်ပံ့နိုင်သည့် ပုံမှန်လူ့သဘာဝကို အခြေခံ၍ တည်ဆောက်ထားလျှင်၊ ဤသည်မှာ လူအချင်းချင်းကြားရှိ လျော်ကန်သော ဆက်ဆံရေးများ၏ သရုပ်သကန်များချည်းသာ ဖြစ်သည်။ ယင်းမှာ အပေးအယူများကို လုပ်ဆောင်ခြင်းမရှိဘဲ အကျိုးစီးပွားများ ရောထွေးခြင်းကင်းလွတ်လျက် သာ၍ပင် အမုန်းတရား ကင်းမဲ့ကာ လုပ်ဆောင်ချက်များကို ဇာတိပကတိဆိုင်ရာ အလိုဆန္ဒများက မောင်းနှင်ခြင်းမရှိဘဲလျက် ကိစ္စရပ်များကို အလေးအနက်ထား ကိုင်တွယ်ခြင်းအား ဆိုလိုသည်။ ဤအရာအားလုံးသည် လျော်ကန်သော ဆက်ဆံရေးများ၏ နယ်ပယ်အတွင်း၌ အကျုံးဝင်သည်။ ဤအတိုင်းအတာသည် အတော်အတန် ကျယ်ပြန့်သည် မဟုတ်လော။ ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများတွင် ပုံမှန်လူ့သဘာဝ၏ နယ်ပယ်အတွင်း၌ ပြောဆိုဆွေးနွေးခြင်းနှင့် ဆက်သွယ်ပြောဆိုခြင်း၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို အခြေခံ၍ အခြားသူများနှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ပေါင်းသင်းခြင်းနှင့် အတူတကွ အလုပ်လုပ်ခြင်းတို့ ပါဝင်သည်။ ပို၍မြင့်မားသော အဆင့်တွင်မူ၊ သမ္မာတရား စည်းမျဉ်းများအတိုင်း အပြန်အလှန်ဆက်ဆံခြင်းနှင့် ပေါင်းသင်းခြင်းတို့ ပါဝင်သည်။ ဤသည်မှာ လူအချင်းချင်းကြားရှိ လျော်ကန်သော လူအချင်းချင်း ဆက်ဆံရေးများအတွက် ယေဘုယျ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်သည်။ တွေ့ဆုံသည့်အခါ တစ်ဦးကိုတစ်ဦး နှုတ်ဆက်ခြင်းသည် အပြန်အလှန်ဆက်ဆံခြင်း၏ ပုံမှန်အဖြစ်ဆုံးသော ပုံစံဖြစ်သည်။ ဟန်ပန်အမူအရာများ မလုပ်ဘဲ၊ ချစ်ခင်မှုမရှိသည်ကို ချစ်ခင်မှုရှိသည်ဟု မယူဆဘဲ မာနထောင်လွှားစွာ မပြုမူဘဲ၊ အခြားသူများကို မဖိနှိပ်ဘဲ သို့မဟုတ် မိမိကိုယ်ကို မချီးမြှောက်ဘဲ၊ ပုံမှန် စကားပြောဆို ဆက်သွယ်ခြင်းဖြင့် ပုံမှန် နှုတ်ဆက်ကာ စကားပြောဆိုနိုင်ခြင်း၊ ဤသည်မှာ ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သောသူများ ပြောဆိုဆက်သွယ်သင့်သည့် ပုံစံဖြစ်ပြီး၊ ယင်းသည် ပုံမှန်လူအချင်းချင်း ဆက်ဆံရေးများအတွင်းရှိ အခြေခံကျသော အပြန်အလှန်ဆက်ဆံခြင်းနည်းလမ်း ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အနည်းဆုံးအားဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်ပြီး၊ ဘုရားသခင်က လူတို့ထံမှ တောင်းဆိုသည့် စည်းမျဉ်းများနှင့် စံနှုန်းများအတိုင်း အခြားသူများနှင့် အပြန်အလှန်ဆက်ဆံသင့်သည်၊ ပေါင်းသင်းကာ အတူတကွ အလုပ်လုပ်သင့်ကြပေသည်။ ဤသည်မှာ အကောင်းဆုံးသော လုပ်နည်းကိုင်နည်း ဖြစ်သည်။ ဤအရာက ဘုရားသခင်ကို ကျေနပ်စေနိုင်သည်။ သို့ဆိုလျှင် ဘုရားသခင် တောင်းဆိုသည့် သမ္မာတရား စည်းမျဉ်းများမှာ အဘယ်နည်း။ ယင်းမှာ လူတို့က အခြားသူများ အားနည်းပြီး အပျက်သဘောဆောင်သည့်အခါ နားလည်ပေးခြင်း၊ ၎င်းတို့၏ နာကျင်မှုနှင့် အခက်အခဲများကို ထောက်ထားခြင်း၊ ထို့နောက် ဤအရာများအကြောင်းကို မေးမြန်းခြင်း၊ အကူအညီနှင့် အားပေးမှုကို ပေးခြင်း၊ ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းရာတွင် ကူညီရန် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အား ဖတ်ပြခြင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်နိုင်စေပြီး အားနည်းခြင်းကို ရပ်တန့်နိုင်စေခြင်းနှင့် ၎င်းတို့ကို ဘုရားသခင်၏ ရှေ့မှောက်သို့ ဆောင်ကြဉ်းပေးခြင်းတို့ ဖြစ်သည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသည် မဟုတ်လော။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ ပင်ကိုအားဖြင့်၊ ဤ ဆက်ဆံရေးမျိုးများသည် သမ္မာတရား စည်းမျဉ်းများနှင့် သာ၍ပင် ကိုက်ညီလေသည်။ လူတို့သည် အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို တမင်တကာ ဖြစ်စေသည့်အခါ၊ သို့မဟုတ် မိမိတို့၏ တာဝန်ကို တမင်တကာ ဝတ်ကျေတမ်းကျေပုံစံဖြင့် လုပ်ဆောင်သည့်အခါ၊ အကယ်၍ သင်သည် ဤအရာကို မြင်ပြီး ဤအရာများကို ၎င်းတို့ထံ ထောက်ပြနိုင်လျှင်၊ ၎င်းတို့ကို အပြစ်ဖော်ဆုံးမပြီး စည်းမျဉ်းများအတိုင်း ကူညီနိုင်လျှင်၊ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီပေသည်။ အကယ်၍ သင်သည် ၎င်းတို့၏ အပြုအမူကို မသိကျိုးကျွန်ပြုလျှင် သို့မဟုတ် ဖြစ်ခွင့်ပြုပြီး ၎င်းတို့အတွက် ဖုံးကွယ်ပေးကာ၊ ၎င်းတို့ကို ချီးမွမ်းဂုဏ်ပြုရန် ကောင်းသောစကားများ ပြောဆိုသည်အထိပင် ပြုလုပ်လျှင်၊ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းနှင့် ပြဿနာများကို ဖြေရှင်းခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သမ္မာတရား စည်းမျဉ်းများနှင့် သိသာထင်ရှားစွာပင်ဆန့်ကျင်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များတွင် အခြေခံခြင်း မရှိပေ။ သို့ဖြစ်၍ လူတို့နှင့် အပြန်အလှန်ဆက်ဆံခြင်း၊ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းတို့နှင့်ဆိုင်သည့် ဤနည်းလမ်းများသည် သိသာထင်ရှားစွာပင် လျော်ကန်ခြင်းမရှိသည့်အပြင်၊ ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း စိတ်ဖြာလေ့လာဆွေးနွေးပြီး ပိုင်းခြားသိမြင်ခြင်းမပြုပါက ဤအရာကို သိရှိရန် အမှန်တကယ် မလွယ်ကူပေ။ သမ္မာတရားကို နားမလည်သော လူများသည် ဤပြဿနာများကို အသိအမှတ်ပြုရန် အလားအလာမရှိသည့်အပြင်၊ ဤသည်တို့မှာ ပြဿနာများဖြစ်ကြောင်း ၎င်းတို့ အသိအမှတ်ပြုလျှင်ပင်၊ ၎င်းတို့အတွက် ဖြေရှင်းရန် မလွယ်ကူပေ။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်အားလုံးသည် စာတန်၏ စိတ်သဘောထားဖြင့် အသက်ရှင်ကြသည်ဟု ငါတို့ မကြာခဏ ပြောဆိုခဲ့ပြီး၊ ဤသရုပ်သကန်များသည် ထိုအရာ၏ သက်သေအထောက်အထား ဖြစ်သည်။ ယခု သင် ရှင်းလင်းစွာ မြင်ပြီလော။

ငါတို့၏ မိတ်သဟာယတွင် ယနေ့၏ အဓိကအာရုံစိုက်ရမည့်အရာမှာ အသင်းတော်အသက်တာကို အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများဖြစ်စေသည့် မလျော်ကန်သော ဆက်ဆံရေးအမျိုးအစား လေးမျိုး၏ သရုပ်သကန်များကို ဖော်ထုတ်ရန် ဖြစ်သည်။ အသင်းတော်အတွင်း၌ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်နေသူများမှာ မည်သူတို့ ဖြစ်ကြသနည်း။ မလျော်ကန်သော ဆက်ဆံရေးတစ်ခုဟူသည် အတိအကျ မည်သည့်အရာကို ဖြစ်သနည်း။ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း၌ မည်သည့်ပြဿနာများ ပါဝင်သနည်း။ ငါတို့၏ မိတ်သဟာယ၏ အဓိက အကြောင်းအရာတွင် ဘုရားသခင်၏ အမှုတော်နှင့် အသင်းတော်၏ ပုံမှန်အစီအစဉ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်သည့် အမျိုးမျိုးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ ပါဝင်သောကြောင့်၊ မလျော်ကန်သော ဆက်ဆံရေးများနှင့်ပတ်သက်သည့် ဤဆွေးနွေးမှုသည် အသင်းတော်အသက်တာကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများအား ဖြစ်စေသည့်အရာများထိသာ ကန့်သတ်ထားသည်။ ငါတို့သည် မလျော်ကန်သော ဆက်ဆံရေးအမျိုးအစားအားလုံးကို လက်လွတ်စပယ် စုပေါင်းခြင်း မဟုတ်ပေ၊ အသင်းတော်အသက်တာပြင်ပရှိ ကိစ္စရပ်များသည်လည်း ငါတို့နှင့် မသက်ဆိုင်ပေ။ ဤကိစ္စရပ်ကို သင်တို့အနေဖြင့် သွေဖည်ခြင်းမရှိဘဲ တိကျမှန်ကန်စွာ နားလည်သဘောပေါက်ရမည်။ သို့ဖြစ်၍၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်းနှင့်ပတ်သက်လာသည့်အခါ၊ လူတို့ကြားက မည်သည့်ပြဿနာများနှင့် ဆက်ဆံရေးများက မလျော်ကန်သနည်း။ မည်သည့် မလျော်ကန်သော ဆက်ဆံရေးများက အသင်းတော်အသက်တာနှင့် လူအများစုကို အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများကို ဖြစ်စေသနည်း။ ဤကိစ္စရပ်များသည် မိတ်သဟာယဖွဲ့ထိုက်သလော။ (မိတ်သဟာယဖွဲ့ထိုက်ပါသည်။) ဤသည်တို့မှာ ငါတို့မိတ်သဟာယတွင် ရှင်းလင်းစွာ ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များ ဖြစ်ကြသည်။

က။ မလျော်ကန်သော လင်မတူသူများကြား ဆက်ဆံရေးများ

အသင်းတော်အသက်တာတွင် အဖြစ်အများဆုံး၊ အလွယ်တကူ နားအလည်နိုင်ဆုံးနှင့် အလွယ်တကူ သတ်မှတ်နိုင်ဆုံးသော မလျော်ကန်သည့် ဆက်ဆံရေးအမျိုးအစားမှာ မည်သည့်အရာဖြစ်သနည်း။ (လိင်မတူသူများကြား ဆက်ဆံရေးများ ဖြစ်ပါသည်။) ဤသည်မှာ လူတို့က မလျော်ကန်သော ဆက်ဆံရေးများအကြောင်း စဉ်းစားသည့်အခါ စိတ်ထဲသို့ ပထမဆုံးဝင်လာသည့် သွင်ပြင်လက္ခဏာဖြစ်သည်။ အချို့လူများသည် အုပ်စုတစ်ခုတွင် ရှိနေသည့်အခါတိုင်း၊ ဆန့်ကျင်ဘက် လိင်များနှင့် အမြဲပရောပရည်လုပ်ကြသည်။ ၎င်းတို့သည် ကြာပစ်သော အမူအရာများနှင့် ဟန်ပန်များကို ပြုလုပ်ကြသည်။ ခံစားမှုကို ထိထိမိမိ အထူးဖော်ပြသော ပုံစံဖြင့် စကားပြောကြကာ၊ ကြွားဝါခြင်းကို နှစ်သက်ကြသည်။ မသင့်လျော်သော ဝေါဟာရတစ်ခုကို သုံးရလျှင်၊ ယင်းမှာ မိမိ၏ ဖိုမလက္ခဏာကို ကြွားလုံးထုတ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆန့်ကျင်ဘက် လိင်ရှေ့တွင် အခြားသော အရည်အသွေးများထဲမှ လိမ္မာပါးနပ်သည့်ပုံ၊ ဟာသဉာဏ်ရွှင်သည့်ပုံ၊ စိတ်ကူးယဉ်ဆန်ပုံ၊ လူကြီးလူကောင်းဆန်သည့်ပုံ၊ သူရဲကောင်းဆန်သည့်ပုံ၊ ဟန်ပန်အမူအရာသည့်ကောင်းပုံနှင့် ပညာတတ်သည့်ပုံပေါ်စေချင်ကြသည်။ ၎င်းတို့သည် ကြွားဝါခြင်းကို အထူးနှစ်သက်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် ကြွားဝါကြသနည်း။ ယင်းမှာ အဆင့်အတန်းအတွက် ပြိုင်ဆိုင်ခြင်းမဟုတ်ဘဲ၊ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ရန် ဖြစ်သည်။ ဆန့်ကျင်ဘက်လင်ရှိသူများက ၎င်းတို့ကို ပို၍ အာရုံစိုက်လေလေ၊ လေးစားသော၊ ကြည်ညိုသော၊ နှစ်သက်မြတ်နိုးသော အကြည့်များဖြင့် ကြည့်လေလေ၊ ၎င်းတို့သည် ပို၍ စိတ်လှုပ်ရှားကာ အားတက်လာလေလေ ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်အသက်တာတွင် ပါဝင်သည့်အချိန် ပိုကြာလာပြီး လူများနှင့် ပို၍ ထိတွေ့ဆက်ဆံလာသည်နှင့်အမျှ၊ လိင်မတူသူအချို့နှင့် ပရောပရည်လုပ်ပြီး အကြည့်ချင်းဖလှယ်ကြကာ၊ မကြာခဏဆိုသလို စိတ်ကိုဆွပေးသော ပုံစံဖြင့်၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု အရိပ်အမြွက်ဖြင့်ပင် စကားပြောဆိုလျက် လူအနည်းငယ်ကို ပစ်မှတ်ထားကြသည်။ လူအချင်းချင်းကြားရှိ ဤဆက်ဆံရေးမျိုးသည် လျော်ကန်သလော။ (မလျော်ကန်ပါ)။ ဤသည်မှာ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း ဖြစ်သည်။ ထိုသို့သော ပုဂ္ဂိုလ်များသည် ၎င်းတို့ ကြိုက်နှစ်သက်သော သို့မဟုတ် စိတ်ဝင်စားသောသူ၏ ရှေ့တွင် အထူးသဖြင့် လိမ္မာပါးနပ်ပြီး ဆွဲဆောင်မှုရှိပုံပေါ်စေရန် စကားပြောဆိုလျက်၊ ကြာပစ်သော အမူအရာများနှင့် အကြည့်များကို ပြုလုပ်ပြီး၊ အောင်နိုင်တက်ကြွပြီး စိတ်လှုပ်ရှားသည့် ဟန်ပန်ကို ဆောင်လျက်၊ လှုပ်ရမ်းကခုန်သည်အထိပင် ပြုလုပ်ရင်း စုဝေးချိန်များကိုပင် ကြွားဝါရန် အသုံးပြုကြသည်၊ ဤအားလုံးမှာ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖြစ်သနည်း။ ယင်းမှာ ဆန့်ကျင်ဘက်လိင်ကို မလျော်ကန်သော ဆက်ဆံရေးတစ်ခုထဲသို့ မြူဆွယ်ရန် ဖြစ်သည်။ ညီအစ်ကိုမောင်နှမများစွာတို့က ဤအရာအပေါ် စက်ဆုပ်ရွံရှာကြသော်လည်း၊ ၎င်းတို့၏ အနီးဝန်းကျင်ရှိသူများထံမှ သတိပေးချက်များစွာ ရှိနေသော်လည်း၊ ၎င်းတို့၏ မဆင်မခြင် မြူဆွယ်ခြင်းကို မရပ်တန့်သည့်အပြင် မရမကလုပ်ဆောင်ကြသည်။ အကယ်၍ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် အသင်းတော်အသက်တာပြင်ပ၌ လူနှစ်ဦး အချင်းချင်း ပရောပရည်လုပ်ခြင်းသာ ပါဝင်ပြီး အသင်းတော်အသက်တာ သို့မဟုတ် အသင်းတော်၏အလုပ်ကို မထိခိုက်ပါက၊ ထိုကိစ္စကို လောလောဆယ် ဘေးဖယ်ထား၍ရသည်။ သို့ရာတွင်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်သောသူများသည် အသင်းတော်အသက်တာအတွင်း၌ ထိုသို့သော အပြုအမူများကို လုပ်ဆောင်နေကျဖြစ်ပြီး အခြားသူများကို အနှောင့်အယှက်များ ဖြစ်စေပါက၊ ၎င်းတို့ကို သတိပေးပြီး ကန့်သတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် ထပ်ခါတလဲလဲ ဆုံးမခြင်းခံရသော်လည်း ပြုပြင်ခြင်းမရှိသည့်အပြင်၊ အသင်းတော်အသက်တာကို ပြင်းထန်စွာ နှောင့်ယှက်ပြီးဖြစ်ပါက၊ ၎င်းတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများ၏ မဲပေးဆုံးဖြတ်မှုမှတစ်ဆင့် အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) အကယ်၍ လူငယ်များ ပုံမှန် ချိန်းတွေ့နေခြင်းသာဖြစ်ပါက၊ အခြားသူများကို မထိခိုက်စေရန် စုဝေးပွဲများအတွင်း၌လည်း သတိဖြင့် ၎င်းတို့ နေသင့်သည်။ အသင်းတော်သည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းနှင့် အသင်းတော်အသက်တာကို အသက်ရှင်ခြင်းအတွက် နေရာဖြစ်သည်။ အခြားသူများအား နှောင့်ယှက်ရန် ပုဂ္ဂိုလ်ရေးဆိုင်ရာ ချစ်ခင်မှုများကို အသင်းတော်အသက်တာထဲသို့ ယူဆောင်မလာသင့်ပေ။ အကယ်၍ ယင်းသည် အခြားသူများကို အနှောင့်အယှက်များ ဖြစ်စေလျှင်၊ စုဝေးပွဲများအတွင်း အခြားသူများ၏ စိတ်အခြေအနေကို သက်ရောက်မှုရှိလျှင်၊ လူအများအပြားကို အာရုံပျံ့လွင့်စေပြီး နှောင့်ယှက်ခြင်းခံရစေလျက် အခြားသူများ၏ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်းနှင့် ဘုရားနှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ နားလည်မှုနှင့် အသိပညာကို သက်ရောက်မှုရှိလျှင်၊ ထိုသို့သော ဆက်ဆံရေးသည် မလျော်ကန်သော ဆက်ဆံရေးအဖြစ် သတ်မှတ်ထားသည်။ ချိန်းတွေ့ခြင်းမှအပ လိင်မတူသူများကို မြူဆွယ်ခြင်းအား မဆိုထားနှင့်၊ တရားဝင် ချိန်းတွေ့ခြင်းသည်ပင်လျှင်၊ အခြားသူများကို အနှောင့်အယှက်ဖြစ်စေပါက၊ မလျော်ကန်သော ဆက်ဆံရေးအဖြစ် သတ်မှတ်ခြင်းခံရလိမ့်မည်။ ၊ ထို့ကြောင့်၊ အကယ်၍ တစ်စုံတစ်ဦးသည် အသင်းတော်အသက်တာအတွင်း၌ မလျော်ကန်သော ဆက်ဆံရေးများကို လုပ်ဆောင်ပါက၊ ၎င်းတို့ကို တိတ်တဆိတ် ခွင့်ပြုခြင်း သို့မဟုတ် မျက်နှာသာပေးခြင်း မပြုသင့်ဘဲ၊ သတိပေးချက်များ၊ ကန့်သတ်ချက်များနှင့် စည်းမျဉ်းများအတိုင်း ရှင်းလင်းပစ်ခြင်းကိုပင် ပြုသင့်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များ ဆောင်ရွက်သင့်သည့် အလုပ်ဖြစ်သည်။ တစ်စုံတစ်ဦးသည် မိမိတို့၏ ရှိနေခြင်းဖြင့် အခြားသူများအား ရာဂစိတ်ပြင်းထန်သော အတွေးများ၏ အာရုံထွေပြားစေခြင်းခံရပြီး ထောင်ချောက်ဆင်ခံရစေလျက်၊ မိသားစုများကိုပင် ပြိုကွဲစေကာ အချို့သော ယုံကြည်သူသစ်များကို စုဝေးပွဲများ၊ ဘုရားနှုတ်ကပတ်တော်များ ဖတ်ရှုခြင်း သို့မဟုတ် ယုံကြည်ခြင်းကိုယ်၌ကိုပင် စိတ်ဝင်စားမှု ဆုံးရှုံးစေကာ၊ ထိုအစား ၎င်းတို့ မြတ်နိုးသောလူကို ပိုမိုစွဲမက်လာစေလျက်၊ ထိုသူနှင့် ခိုးပြေးပြီး မိမိတို့၏ နေ့ရက်ကာလများကို အတူတကွ အသက်ရှင်နေထိုင်ကာ ယုံကြည်ခြင်းကို စွန့်ပစ်လိုစိတ်ဖြစ်စေလျက်၊ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ပြီး အသင်းတော်ရှိ လူအများစုအား နှောင့်ယှက်မှုများ ဖြစ်စေသည်ကို သိရှိရလျှင်၊ ဤကိစ္စ၏ ပြင်းထန်မှုသည် ဤအဆင့်သို့ရောက်ရှိနေပြီဖြစ်သော်လည်း၊ ခေါင်းဆောင်များနှင့် အမှုဆောင်များက ယင်းကို အလေးအနက်မထားဘဲ၊ လူ့ကာမဂုဏ်စိတ်၏ ကစားခြင်းမျှသာဖြစ်ပြီး ကြီးကြီးမားမားမဟုတ်၊ သာမန်လူတိုင်း ပြုလုပ်တတ်သည့်အရာဖြစ်သည်ဟု တွေးထင်ကာ၊ ပြဿနာ၏ ပြင်းထန်မှုကို အသိအမှတ်မပြုခြင်း၊ မည်မျှအထိ ဖြစ်ပေါ်နိုင်သည်ကို သာ၍ပင် မသိရှိဘဲ ထို့ထက် ယင်းကို လျစ်လျူရှုခြင်း၊ ထိုသို့သော ကိစ္စရပ်များကို ၎င်းတို့ တုံ့ပြန်ရာတွင် အထူးသဖြင့် အသိစိတ်ကင်းမဲ့ပြီး ထုံပေပေဖြစ်လျက် နောက်ဆုံးတွင် အသင်းတော်ရှိ လူအများစုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေပါက၊ ဤအဖြစ်အပျက်များ၏ သဘောသဘာဝသည် ဆိုးရွားသော အဖျက်အမှောင့်များနှင့် နှောင့်ယှက်မှုများ ဖြစ်ပေသည်။ အဘယ်ကြောင့် ယင်းသည် ပြင်းထန်သော အဖျက်အမှောင့်လုပ်ခြင်းများနှင့် နှောင့်ယှက်ခြင်းများ ဖြစ်သည်ဟု ငါပြောဆိုရသနည်း။ အကြောင်းမှာ ဤအဖြစ်အပျက်များသည် အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကို နှောင့်ယှက်ပြီး ပျက်စီးစေသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ထိုသို့သော လူပုဂ္ဂိုလ်များက အသင်းတော်တွင် ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက်၊ မည်မျှပင် နည်းပါးသည်ဖြစ်စေ၊ များပြားသည်ဖြစ်စေ၊ ကိစ္စရပ်တစ်ခုစီတိုင်းကို ကိုင်တွယ်ဖြေရှင်းကြောင်း သေချာစေလျက်၊ ၎င်းတို့ကို ကန့်သတ်သင့်သည်။ အကယ်၍ အခြေအနေသည် ပြင်းထန်ပါက၊ ၎င်းတို့ကို သီးသန့်ခွဲထားရမည်။ အကယ်၍ သီးသန့်ခွဲထားခြင်းက ရလဒ်များ မဖြစ်ထွန်းသည့်အပြင်၊ ၎င်းတို့သည် ဆန့်ကျင်ဘက်လိင်ကိုဆက်လက်မြူဆွယ်လျှင်၊ အသင်းတော်အသက်တာကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ ပုံမှန်အစီအစဉ်ကို ပျက်စီးစေမည်ဆိုလျှင်၊ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ ဤလုပ်နည်းကိုင်နည်းသည် သင့်လျော်သလော။ (သင့်လျော်ပါသည်။) အသင်းတော်အသက်တာနှင့် အသင်းတော်၏အလုပ်အပေါ် ထိုသို့သော ကိစ္စရပ်များ၏ သက်ရောက်မှုသည် အလွန်အမင်း ထိခိုက်နစ်နာစေသည်၊ ၎င်းတို့သည် ကပ်ရောဂါတစ်ခုနှင့် ဆင်တူပြီး၊ အမြစ်ဖြတ်ရမည်ဖြစ်သည်။

ဆန့်ကျင်ဘက်လိင်ကို မြူဆွယ်ရန် တိမ်းညွှတ်လေ့ရှိသော လူတိုင်းသည် ထိုသို့သော အပြုအမူများကို မမောနိင်မပန်းနိုင် လုပ်ဆောင်လျက်၊ ၎င်းတို့ သွားလေရာရာ၌ ထိုသို့လုပ်ဆောင်ကြလေသည်။ မြူဆွယ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့အတွက် ၎င်းတို့၏ ပစ်မှတ်များမှာ မကြာခဏဆိုသလို ငယ်ရွယ်ပြီး ဆွဲဆောင်မှုရှိသော လူပုဂ္ဂိုလ်များဖြစ်သော်လည်း၊ တစ်ခါတစ်ရံတွင် လူလတ်ပိုင်းများလည်း ပါဝင်တတ်သည်။ သဘောကျစရာဟု ၎င်းတို့မြင်သည့် မည်သူ့ကိုမဆို၊ ၎င်းတို့သည် မြူဆွယ်ရန် အခွင့်အရေးများကို တက်ကြွစွာ ရှာဖွေကြသည်။ အကယ်၍ ၎င်းတို့သည် အခြားသူများကို မြူဆွယ်ရန် ရည်ရွယ်ပါက၊ အချို့လူများသည် ထိုသွေးဆောင်မှုကို ခံနိုင်စွမ်းမရှိဘဲ သိမ်းသွင်းခြင်းခံရလိမ့်မည်ဖြစ်ပြီး၊ ယင်းက မလျော်ကန်သော ဆက်ဆံရေးများဆီသို့ အလွယ်တကူ ဦးတည်သွားစေသည်။ အကြောင်းမှာ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်ပြီး ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့သည့်အပြင်၊ သမ္မာတရားကို နားလည်မှုလည်း ကင်းမဲ့သောကြောင့်၊ ၎င်းတို့သည် ဤစုံစမ်းသွေးဆောင်ခြင်းများကို မည်သို့ ကျော်လွှားနိုင်ပြီး ထိုသို့သော မြူဆွယ်ခြင်းများကို ခံနိုင်စွမ်းနိုင်မည်နည်း။ လူတို့၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်သေးငယ်သည်။ ၎င်းတို့သည် ဤစုံစမ်းသွေးဆောင်ခြင်းများနှင့် မြူဆွယ်ခြင်းများဖြင့် ရင်ဆိုင်ရသည့်အခါ အထူးသဖြင့် အားနည်းပြီး အစွမ်းမရှိကြပေ။ သက်ရောက်မှုမရှိဘဲ နေရန် ၎င်းတို့အတွက် ခက်ခဲသည်။ သူမြင်သည့် မည်သည့် လှပသောအမျိုးသမီးကိုမဆို မြူဆွယ်ရန် ကြိုးပမ်းလေ့ရှိသော အမျိုးသားခေါင်းဆောင်တစ်ဦး ရှိခဲ့သည်။ တစ်ခါတစ်ရံတွင် တစ်ဦးတည်းကို မြူဆွယ်ရုံနှင့် မလုံလောက်ပေ။ အားလုံးကို ရူးမတတ်စွဲလန်းသွားသည်အထိ သူ့အပေါ် စွဲလမ်းသွားစေကာ၊ စားမဝင်၊ အိပ်မပျော်ဖြစ်သည်အထိ၊ မိမိတို့၏ တာဝန်များကို ထမ်းဆောင်လိုစိတ်ပင် ပျောက်ဆုံးသည်အထိ ဖြစ်စေလျက် သူသည် အမျိုးသမီး သုံးလေးဦးကို မြူဆွယ်ကောင်း မြူဆွယ်မည်ဖြစ်သည်။ ယင်းမှာ ဤအမျိုးသား၏ “ဆွဲဆောင်မှု”ဖြစ်သည်။ အကယ်၍ သူသည် လူတို့ကို ၎င်းတို့ကို တမင်တကာ မြူဆွယ်ရန် မကြိုးစားဘဲ ပုံမှန် အပြန်အလှန်ဆက်ဆံခဲ့ပါက၊ သူ၏ လွှမ်းမိုးမှုသည် ထိုမျှ ကျယ်ပြန့်မည်မဟုတ်ပေ။ သူသည် တမင်တကာ ဟန်ဆောင်မှုများ ပြုလုပ်ပြီး အခြားသူများကို မြူဆွယ်သည့်အခါမှသာလျှင် လူအများအပြားက ယင်း၏ လှည့်စားခြင်းခံရကာ သူနှင့် မလျော်ကန်သော ဆက်ဆံရေးများရှိရန် မြူဆွယ်ခြင်းခံရသူ အရေအတွက် တိုးပွားခဲ့သည်။ လူတို့သည် ခုခံရန် အစွမ်းမရှိတော့ဘဲ ဤစုံစမ်းသွေးဆောင်ခြင်းများထဲသို့ ကျရောက်သွားကြသည်။ ဤသည်မှာ ကာမတပ်မက်ခြင်း၏ “ဆွဲဆောင်မှု” ဖြစ်သည်။ သူလုပ်ဆောင်ခဲ့သည့်အရာသည် နှစ်ဖက်လုံးအတွက် စုံစမ်းသွေးဆောင်ခြင်းများ၊ မြူဆွယ်ခြင်းများနှင့် နှောင့်ယှက်မှုများကို ဖန်တီးခဲ့သည်။ အမျိုးသားတစ်ဦးက အမျိုးသမီးအများအပြားကို တစ်ပြိုင်နက် မြူဆွယ်ခြင်း၊ သူ၏စိတ်နှလုံးသည် ရှုပ်ထွေးနေခဲ့သလော သို့မဟုတ် ဘာများဖြစ်သနည်း။ မည်သည့်အမျိုးသမီးကို ဦးစွာ ဂရုစိုက်ရမည်၊ မည်သူ့ကို ဦးစွာ ကျေနပ်စေရမည်ဟူ၍ သူသည် စိတ်တွင် ပင်ပန်းနွမ်းနယ်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အလွန် ပင်ပန်းနွမ်းနယ်ပါက၊ သူသည် အဘယ်ကြောင့် ဤကဲ့သို့ ဆက်လက်ပြုမူခဲ့သနည်း။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်မှုဖြစ်သည်။ သူသည် ဤသတ္တဝါမျိုး ဖြစ်ခဲ့သည်။ ဤသည်မှာ သူ၏ သဘာဝဖြစ်သည်။ သားကောင်များသည် မြူဆွယ်ခြင်းခံရပြီး စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်သွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့အတွက် ထိုစုံစမ်းသွေးဆောင်မှုမှ လွတ်မြောက်ရန် လွယ်ကူသလော။ စုံစမ်းသွေးဆောင်မှုတွင် အမိခံရသည်နှင့်တစ်ပြိုင်နက်၊ လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။ စားခြင်း၊ အိပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ တာဝန်များထမ်းဆောင်ခြင်း၊ မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ ၎င်းတို့၏ စိတ်များသည် ဤလူ၏ အတွေးများဖြင့် ပြည့်နေပြီး၊ ၎င်းတို့၏ စိတ်နှလုံးများသည် ဤလူဖြင့် လုံးလုံးလျားလျား ပြည့်နှက်နေသည်။ ထိုသို့သော အနှောင့်အယှက်များသည် အလွန်အမင်း ပြင်းထန်လှသည်တကား။ နောက်ဆက်တွဲဖြစ်လာသည့်အရာမှာ ဤလူအား မည်သို့ ကျေနပ်စေရမည်၊ ၎င်းတို့အား မည်သို့ ဖြားယောင်ဆွဲဆောင်ရမည်၊ ၎င်းတို့ကို မည်သို့ ရယူသိမ်းသွင်းရမည်၊ ၎င်းတို့ကို မည်သို့ တစ်ဦးတည်း ပိုင်ဆိုင်ရမည်၊ အခြားပြိုင်ဘက်များနှင့် မည်သို့ ယှဉ်ပြိုင်ပြီး တိုက်ခိုက်ရမည်ဟူသည်တို့ကို အဆက်မပြတ် တွေးတောနေခြင်း ဖြစ်သည်။ ဤသည်တို့မှာ နှောင့်ယှက်ခြင်းခံရခြင်း၏ အကျိုးဆက်များ မဟုတ်လော။ ထိုသို့သော အခြေအနေမှ လွတ်မြောက်ရန် လွယ်ကူသလော။ (မလွယ်ကူပါ)။ အကျိုးဆက်များမှာ ပြင်းထန်လာသည်။ ဤအချိန်တွင်၊ လူတစ်ဦး၏ စိတ်နှလုံးသည် ဘုရားသခင်ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်သေးသလော။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါ၊ ယင်းတို့ကို စိတ်ထဲသို့ရောက်အောင် ဖတ်ရှုနိုင်သေးသလော။ ၎င်းတို့သည် အလင်းရနိုင်သေးသလော။ စုဝေးပွဲများအတွင်း၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်သုံးသပ်ပြီး မိတ်သဟာယဖွဲ့ရန်၊ အခြားသူများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဝေမျှသည်ကို နားထောင်ရန် စိတ်ပါနေဦးမည်လော။ စိတ်ပါမည်မဟုတ်ပေ၊ ၎င်းတို့၏ စိတ်နှလုံးများသည် ကာမဂုဏ်ဖြင့်၊ ၎င်းတို့ နှစ်သက်မြတ်နိုးသည့်အရာဖြင့် ပြည့်နေမည်ဖြစ်ပြီး၊ လေးနက်သည့် ကိစ္စတစ်ခုတလေမျှ ရှိမည်မဟုတ်ပေ။ ဘုရားသခင်ပင်လျှင် ၎င်းတို့၏ စိတ်နှလုံးများမှ ပျောက်ကွယ်သွားပေလိမ့်မည်။ နောက်ဖြစ်လာသည့်အရာမှာ အချစ်ကို မည်သို့ တွေ့ကြုံခံစားရမည်၊ မည်သို့ စိတ်ကူးယဉ်ဆန်ရမည် စသည်တို့ကို တွေးဆနေခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို ယုံကြည်လိုစိတ်သည် လုံးဝ ပျောက်ဆုံးသွားသည်။ ဤအကျိုးဆက်များသည် ကောင်းသလော။ ဤသည်မှာ လူတို့ မြင်လိုသည့်အရာ ဟုတ်သလော။ (မဟုတ်ပါ)။ မြူဆွယ်ခြင်းခံရပြီး စုံစမ်းသွေးဆောင်မှုထဲသို့ ကျရောက်ခြင်း၏ အကျိုးဆက်များသည် လူတို့ တားဆီးနိုင်သည့်အရာ ဟုတ်သလော။ လူတို့သည် ဤအကျိုးဆက်များကို ထိန်းချုပ်နိုင်သလော။ ယင်းသည် ၎င်းတို့ ဆုံးဖြတ်နိုင်သည့်အရာ ဖြစ်နိုင်သလော။ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ ရပ်တန့်လိုသည့်အခါ ရပ်တန့်နိုင်သည့်အဆင့်သို့ ရောက်နိုင်ပါသလော။ မည်သူမျှ ဤအရာကို မစွမ်းဆောင်နိုင်ပေ။ ဤသည်မှာ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများက လူတို့အပေါ် ဖြစ်ပေါ်စေသော အနှောင့်အယှက်များ၏ အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်သည် လူတစ်ဦး၏ စိတ်နှလုံးထဲ၌ မရှိတော့သည့်အခါ၊ လူတစ်ဦးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုလိုတော့သည့်အခါ၊ အကျိုးဆက်များမှာ အဘယ်နည်း။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ရှိသေးသလော။ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်က နတ္တိဖြစ်လာသည်။ အရာအားလုံး ပျောက်ဆုံးသွားသည်၊ ယခင်က နားလည်ခဲ့သော ထိုမလုံလောက်သည့် အယူဝါဒများ၊ ဘုရားသခင်အတွက် မိမိကိုယ်ကို အသုံးခံရန် စိတ်ပိုင်းဖြတ်မှုနှင့် သန္နိဋ္ဌာန်အပြင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိလိုသည့် ဆန္ဒတို့သည် အားလုံး လွှင့်ပြယ်သွားသည်။ ဤသည်တို့မှာ အကျိုးဆက်များ ဖြစ်ကြသည်။ လူတို့သည် ဘုရားသခင်နှင့် ခပ်ကင်းကင်းနေပြီး မိမိတို့၏ စိတ်နှလုံးထဲ၌ သူ့ကို ငြင်းပယ်ကြကာ ၎င်းတို့သည် ဘုရားသခင်၏ ငြင်းပယ်ခြင်းကိုလည်း ခံကြရသည်။ ဤအကျိုးဆက်သည် ဘုရားသခင်ကို ယုံကြည်ပြီး နောက်သို့လိုက်သည့် မည်သူတစ်ဦးတစ်ယောက်မျှ မြင်လိုသည့်အရာ မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ မည်သည့်နောက်လိုက်တစ်ဦးကမျှ လက်ခံနိုင်သည့် အမှန်တရားလည်း မဟုတ်ပေ။ သို့ရာတွင်၊ လူတို့သည် ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းများထဲသို့ ကျရောက်ပြီး မလျော်ကန်သော ဆက်ဆံရေးများ၏ ဝဲဂယက်တွင် ပိတ်မိသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို လွတ်မြောက်စေရန် ခက်ခဲပြီး၊ သာ၍ပင် မိမိတို့ကိုယ်ကို မထိန်းချုပ်နိုင်ကြတော့ပေ။ ထို့ကြောင့်၊ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများကို ကန့်သတ်သင့်သည်။ ပြင်းထန်သော ကိစ္စများတွင်၊ ဆန့်ကျင်ဘက်လိင်ကိုအဆက်မပြတ် နှောင့်ယှက်ပြီး ဒုက္ခပေးသောသူများအတွက်၊ ၎င်းတို့အနေဖြင့် အသင်းတော်အသက်တာကို မနှောင့်ယှက်စေရန်လည်းကောင်း၊ ထို့ထက်ပင်ပို၍ လူတို့က စုံစမ်းသွေးဆောင်မှုထဲသို့ ပိုမိုမကျရောက်စေရန်အလို့ငှာ ၎င်းတို့ကို အသင်းတော်မှ ချက်ချင်းနှင့် လျင်မြန်စွာ ရှင်းလင်းပစ်သင့်ပေသည်။ ဤလုပ်နည်းကိုင်နည်းသည် ကျိုးကြောင်းဆီလျော်သလော။ (ကျိုးကြောင်းဆီလျော်ပါသည်။)

ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်ဝတ္တရားများဆိုင်ရာ ဆယ့်နှစ်ခုမြောက်အချက်တွင်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်အသက်တာရှိ အနှောင့်အယှက်အတားအဆီးများ သို့မဟုတ် နှောင့်ယှက်မှုများ တစ်ခုတလေမှ ညီအစ်ကို မောင်နှမများကို ကာကွယ်စောင့်ရှောက်လျက်၊ ဘုရားသခင် ရွေးချယ်ထားသောလူများက ပုံမှန်အသင်းတော်အသက်တာကို ဖြတ်သန်းနိုင်သည်ကို သေချာစေရန် အလုပ်တာဝန်တစ်ခုစီတိုင်းတွင် ၎င်းတို့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ရမည်။ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်သော ညီအစ်ကိုမောင်နှမများအားလုံးကို ကာကွယ်ခြင်းအား ဆိုလိုသည်။ အတိအကျ မည်သည့်အရာကို ကာကွယ်သင့်သနည်း။ ညီအစ်ကိုမောင်နှမများအနေဖြင့် စုဝေးပွဲများအတွင်းတွင် ငြိမ်သက်စွာ ဘုရားသခင်ရှေ့မှောက်သို့ လာရောက်နိုင်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အေးချမ်းစွာ ဆုတောင်းဖတ်ရှုကာ ဝေမျှနိုင်ရန် ၎င်းတို့ကို ကာကွယ်ခံရသင့်သည်။ တစ်ချိန်တည်းတွင်၊ ညီအစ်ကိုမောင်နှမများသည် စိတ်နှလုံး တစ်လုံးတစ်ဝတည်းဖြင့် ဘုရားသခင်ထံ ဆုတောင်းနိုင်ကာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေနိုင်ပြီး၊ ဘုရားသခင်ထံမှ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းတို့ကို ရှာဖွေကာ၊ ဘုရားသခင်၏ မျက်မှောက်တော်ကို ရရှိပြီး၊ ဘုရားသခင်၏ ကောင်းချီးများနှင့် လမ်းညွှန်မှုကို လက်ခံရရှိနိုင်သင့်သည်။ ဤသည်မှာ ညီအစ်ကိုမောင်နှမများအားလုံး၏ အကြီးမြတ်ဆုံးနှင့် အရေးအကြီးဆုံးသော အကျိုးစီးပွားဖြစ်ပြီး၊ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်သည်။ ထိုအရာက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းခံနိုင်ခြင်း ရှိမရှိဟူသည်နှင့် ၎င်းတို့ ကောင်းသောပန်းတိုင်တစ်ခု ရှိနိုင်ခြင်း ရှိမရှိဟူသည်တို့နှင့် သက်ဆိုင်သည်။ ထို့ကြောင့်၊ အသင်းတော်အတွင်း၌ မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်သောသူများကို တင်းကျပ်စွာ ကန့်သတ်ရန်၊ သီးခြားခွဲထားရန် သို့မဟုတ် ရှင်းလင်းပစ်ရန် လိုအပ်သည်။ အထူးသဖြင့်၊ လိင်မတူသူများကြား ဆက်ဆံရေးများတွင် ပါဝင်သောသူများကို တင်းကျပ်စွာ ကြီးကြပ်ရမည်။ ကြီးကြပ်ခြင်းဆိုသည်မှာ အဘယ်နည်း။ အကယ်၍ ယင်းသည် အသေးအဖွဲ ကိစ္စတစ်ခုသာဖြစ်ပါက၊ ၎င်းတို့ကို ဖော်ထုတ်၍ ပြုပြင်သင့်ကာ၊ ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည့်အပြင်၊ အခြားသူများကို မထိခိုက်အောင် တားဆီးသင့်သည်။ အကယ်၍ ယင်းသည် ပြင်းထန်သော ကိစ္စတစ်ခုဖြစ်ပါက၊ ပြတ်ပြတ်သားသားနှင့် မဆိုင်းမတွ ဆောင်ရွက်ရန် လိုအပ်သည်။ ပိုများသည့် လူတို့ကို မနှောင့်ယှက်စေရန် ၎င်းတို့ကို အသင်းတော်မှ တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ အကယ်၍ ၎င်းတို့သည် အနှောင့်အယှက်များ ဖြစ်စေလိုပါက၊ ၎င်းတို့ ဆန္ဒရှိသည့် မည်သူ့ကိုမဆို နှောင့်ယှက်စေလျက်၊ အပြင်လောကတွင် ထိုသို့ပြုလုပ်ခွင့်ပေးလော့။၊ အသင်းတော်အသက်တာတွင် သမ္မာတရားကို လိုက်စားသော ညီအစ်ကိုမောင်နှမများအားလုံးသည် ၎င်းတို့၏ နှောင့်ယှက်ခြင်းကို မခံရသင့်ဟု ပြောခြင်းက လုံလောက်ပေသည်။ ဤသည်မှာ ဤဆယ့်နှစ်ခုမြောက် တာဝန်ဝတ္တရားနှင့်စပ်လျဉ်း၍ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်အတွက် အဓိကကျသော စည်းမျဉ်းနှင့် ပန်းတိုင်ဖြစ်သည်။

ခ။ လိင်တူချစ်ကြိုက်သည့် ဆက်ဆံရေးများ

မလျော်ကန်သော ဆက်ဆံရေးများဟူသည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍၊ ငါတို့ ယခုလေးတင် အဓိက မိတ်သဟာယဖွဲ့ခဲ့သည့်အရာမှာ ကျားမလိင်များအကြား မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်းအကြောင်း ဖြစ်သည်။ ဆန့်ကျင်ဘက်လိင်ကို မြူဆွယ်ခြင်း၊ သွေးဆောင်ခြင်း၊ ကြွားဝါခြင်းနှင့် စနောက်ခြင်းတို့ ပါဝင်သည့်နေရာတွင်၊ တက်ကြွစွာ ချဉ်းကပ်ပြီး ၎င်းတို့နှင့် ရင်းနှီးရန် ကြိုးစားခြင်း၊ စုဝေးပွဲများတွင် တမင်တကာ​ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ၎င်းတို့အနီး၌ ထိုင်ရန် မကြာခဏ ကြိုးစားခြင်း၊ ထို့အပြင်၊ လူတစ်ဦးတည်းကိုသာ မြူဆွယ်ခြင်းမဟုတ်ဘဲ ပထမကြိုးပမ်းမှု မအောင်မြင်ပါက အခြားတစ်ဦးထံသို့ ကူးပြောင်းခြင်းတို့ ပါဝင်သည့်နေရာတွင်၊ ဤကိစ္စရပ်သည် ဆိုးရွားလာသဖြင့် အသင်းတော်ရှိ ဆန့်ကျင်ဘက်လိင်အများအပြား နှောင့်ယှက်ခြင်းခံရပေသည်။ ဤသည်မှာ ကျားမလိင်အကြား မလျော်ကန်သော ဆက်ဆံရေးများကို ခြုံငုံသည်။ ဆန့်ကျင်ဘက်လိင်နှင့် ဆက်ဆံရေးများအပြင်၊ လိင်တူသည့်လူများအကြားတွင်လည်း မလျော်ကန်သော ဆက်ဆံရေးအချို့ ရှိပေသည်။ အကယ်၍ လိင်တူသည့်လူနှစ်ဦးသည် အထူးတလည် ရင်းနှီးသောဆက်ဆံရေးရှိပြီး၊ အချင်းချင်း သိကျွမ်းသည်မှာ အချိန်ကြာမြင့်ပြီဖြစ်ကာ အတော်လေး ရင်းနှီးနေပါက၊ ၎င်းတို့ မကြာခဏ အပြန်အလှန် ဆက်ဆံခြင်းသည် သင့်လျော်ပေသည်။ သို့ရာတွင်၊ ဇာတိပကတိ၏ ကာမရာဂစိတ်နှင့်ဆိုင်သော ဆက်ဆံရေးများတွင် ပါဝင်သည်အထိ အခြေအနေ ပိုဆိုးလာသည်နှင့်တစ်ပြိုင်နက်၊ ထိုသို့သော ဆက်ဆံရေးများကိုလည်း မလျော်ကန်သော ဆက်ဆံရေးအဖြစ် အမျိုးအစားသတ်မှတ်သင့်သည်။ အကယ်၍ လိင်တူသည့်လူနှစ်ဦးအကြားတွင် အချင်းချင်း စိတ်ကိုဆွပေးသော စကားများကိုပင် မကြာခဏ ပြောဆိုသည့်အတိုင်းအတာအထိ ကိုယ်ခန္ဓာချင်းထိတွေ့မှုသည် မကြာခဏဖြစ်နေပြီး၊ ထိုနှစ်ဦးသည် မကြာခဏ အချင်းချင်း ပခုံးဖက်လျက် သို့မဟုတ် ပို၍ထင်ရှားသော အပြုအမူများနှင့် သရုပ်သကန်များကို ပြသလျက်ရှိသည်ကို တွေ့မြင်ရပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းအတွက် ထင်ရှားလာသည်မှာ– “ဤနှစ်ဦးသည် အချင်းချင်း ကူညီနေခြင်း သို့မဟုတ် ပင်ကိုစရိုက်ချင်း သဟဇာတဖြစ်နေခြင်း မဟုတ်ပါ။ သူတို့သည် ပုံမှန်လူ့သဘာဝဘောင်အတွင်း၌ အပြန်အလှန်ဆက်ဆံနေခြင်း မဟုတ်ပါ။ ဤသည်မှာ လိင်တူချစ်ကြိုက်ခြင်းပင် ဖြစ်သည်” ဟူ၍ ဖြစ်၏။ ယခုအခါတွင် လူအများစုသည် လိင်တူဆက်ဆံခြင်းသည် မလျော်ကန်သော ဆက်ဆံရေးတစ်ခုဖြစ်ပြီး၊ ကျားမလိင်မတူသူများအကြားရှိ ဆက်ဆံရေးထက် သဘောသဘာဝအရ ပို၍ပင် ပြင်းထန်ကာ မလျော်ကန်ကြောင်းကို နားလည်ကြသည်။ အကယ်၍ ထိုသို့သော ဆက်ဆံရေးများသည် အသင်းတော်အတွင်း၌ တည်ရှိနေပါက၊ ကပ်ရောဂါတစ်ခုကဲ့သို့ ပျံ့နှံ့သွားနိုင်ပြီး၊ အချို့ကို ဤသို့သော စုံစမ်းသွေးဆောင်ခြင်းနှင့် မြူဆွယ်ခြင်းထဲသို့ ကျရောက်သွားစေနိုင်သည်။ ယခင်က လိင်တူဆက်ဆံခြင်းတွင် ၎င်းတို့ ပါဝင်ခဲ့ဖူးသော်လည်း ဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းမဟုတ်ဟု လူအချို့က ဆိုကြသည်။ ၎င်းတို့အနေဖြင့် အမှန်တကယ် လိင်တူဆက်ဆံသူများ ဟုတ်မဟုတ် သို့မဟုတ် ၎င်းတို့၏ လိင်စိတ်တိမ်းညွတ်မှုက အဘယ်အရာဖြစ်သည်ကို ဘေးဖယ်ထားလျက်၊ အကယ်၍ ၎င်းတို့သည် မြူဆွယ်မှုအောက်တွင် ထိုသို့သော စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်နိုင်ပါက၊ ၎င်းတို့သည် ဆန္ဒအလျောက် သို့မဟုတ် အလိုမတူဘဲ ပြုလုပ်ခဲ့ခြင်း ဟုတ်မဟုတ်ဟူသည်ကို ယခုအချိန်တွင် ဘေးဖယ်ထားလျက်၊ ရှေးဦးစွာ ၎င်းတို့သည် ထိုအရာ၏ နှောင့်ယှက်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆန္ဒအလျောက် ပြုလုပ်ခဲ့ခြင်းမဟုတ်ဟူသော ၎င်းတို့၏ အဆိုကို အကဲဖြတ်ကြည့်လျှင် ၎င်းတို့သည် သားကောင်များ ဖြစ်ကြပေသည်။ ထို့ကြောင့်၊ လိင်တူဆက်ဆံသူများသည် အခြားလိင်တူသူများကို မြူဆွယ်ပြီး သွေးဆောင်ပါက၊ မြူဆွယ်ခြင်းခံရသူများသည် ၎င်းတို့ကိုယ်တိုင် လိင်တူဆက်ဆံသူများ မဟုတ်သည့်တိုင်၊ တစ်စုံတစ်ဦး၏ မြူဆွယ်ခြင်းကို ခံရပြီးနောက်တွင် လိင်တူဆက်ဆံသူများ ဖြစ်လာနိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိသောအခြေအနေတစ်ခု မဟုတ်လော။ ထိုသို့သောလူများသည် လိင်တူဆက်ဆံသူများဖြစ်သည်ဟု အဘယ်ကြောင့် ဆိုရသနည်း။ လိင်ကွဲကြိုက်သူတစ်ဦးက လူများစွာကို မြူဆွယ်ခြင်းသည် မလျော်ကန်သော ဆက်ဆံရေးတစ်ခုဖြစ်သည့် ဖောက်ပြန်ခြင်းအမျိုးအစားတွင် အကျုံးဝင်သည်။ သို့ဖြစ်၍ ရင်းနှီးသောဆက်ဆံရေးရှိပြီး အဆင်ပြေပြေ ပေါင်းသင်းဆက်ဆံနိုင်သော လိင်တူလူနှစ်ဦးက ပုံမှန်သာဖြစ်သည့် လက်ချင်းကိုင်ကာ အချင်းချင်း ပွေ့ဖက်သည့်အခါ၊ မည်သို့ဖြစ်၍ လိင်တူဆက်ဆံသူများအဖြစ် သတ်မှတ်ခံရသည်အထိ ဖြစ်သွားနိုင်ရသနည်း။ ထိုအရာသည် ၎င်းတို့အကြားရှိ လိင်ဆက်ဆံရေး ဖြစ်သည်။ ဤဆက်ဆံရေးအဆင့် ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယင်းသည် လိင်တူဆက်ဆံခြင်း ဖြစ်လာသည်။ ၎င်းတို့သည် အချင်းချင်း ပခုံးပေါ် လက်တင်သည့်အခါ၊ အချင်းချင်း လည်ပင်းကို ဖက်တွယ်သည့်အခါ၊ သို့မဟုတ် ခါးကို အချင်းချင်း ဖက်သည့်အခါ၊ ဤသည်မှာ လိင်တူလူများအကြား ပုံမှန် ကိုယ်ခန္ဓာချင်းထိတွေ့မှု မဟုတ်ပေ။ ထို့ထက်၊ ကာမရာဂစိတ်က စေ့ဆော်သော ကိုယ်ခန္ဓာချင်းထိတွေ့မှုဖြစ်ပြီး၊ သဘောသဘာဝအားဖြင့် ကွဲပြားကာ မလျော်ကန်သော ဆက်ဆံရေးများ အမျိုးအစားတွင် အကျုံးဝင်ပေသည်။ အသင်းတော်ရှိ လူအများစုအတွက်၊ ထိုသို့သော လိင်တူဆက်ဆံသူများကို မြင်ရခြင်းသည် တည်ဆောက်စရာဖြစ်သလော၊ မဖြစ်သလော။ (တည်ဆောက်စရာ မဖြစ်ပါ)။ ဤအရာကို မြင်ပြီးနောက် လူအများစုသည် စိတ်အနှောင့်အယှက်ဖြစ်ကြသလော။ အကယ်၍ သင်သည် အခြေအနေကို မသိရှိဘဲ ၎င်းတို့က သင်၏လည်ပင်း သို့မဟုတ် ခါးကို ဖက်လျှင်၊ သို့မဟုတ် သင့်မျက်နှာကိုပင် နမ်းလျှင်၊ သင်တို့ စိတ်အနှောင့်အယှက်ဖြစ်မည်လော။ (ဖြစ်ပါမည်)။ စိတ်အနှောင့်အယှက်ဖြစ်ပြီးနောက်၊ သင်၏စိတ်နှလုံးသည် စိတ်အေးချမ်းမည်လော၊ သို့မဟုတ် စိတ်မသက်မသာဖြစ်မည်လော။ (ကျွန်ုပ် စက်ဆုပ်မိပါမည်)။ သို့ဆိုလျှင် အပြစ်ရှိသည်ဟူသော ခံစားချက် ရှိမည်လော။ ဤပြဿနာအမျိုးအစား၏ အနှစ်သာရမှာ အတိအကျ အဘယ်အရာဖြစ်သည်ကို သင် နားမလည်ဘဲ၊ လိင်တူတစ်ဦး၏ ထိတွေ့ခြင်း သို့မဟုတ် ကိုယ်ခန္ဓာချင်းထိတွေ့ခြင်းကို ခံရပြီးနောက်ပိုင်းတွင် ထိုအကြောင်းကို များများစားစား မစဉ်းစားမိပါက၊ ပြဿနာများစွာ မရှိပေ။ သို့ရာတွင်၊ အကယ်၍ သင်သည် ထိုအကြောင်းကို စဉ်းစားပြီး၊ ဆက်လက်စဉ်းစားကာ၊ ထို့နောက်တွင် လူတစ်ဦးသည် ဆန့်ကျင်ဘက်လိင်ကို တမ်းတမ်းတတဖြစ်သကဲ့သို့ ဤလူကို သင် လက်မလွှတ်နိုင်တော့ပါက၊ သင်၏ ပုဂ္ဂလဓိဋ္ဌာန်ကျသော အသိစိတ်ထဲတွင် သင်သည် အတိုက်အခံဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ သင်၏အတွင်း၌ ထိုသို့သော အတွေးများ ပေါ်ပေါက်လာခြင်းက သင်သည် နှောင့်ယှက်ခြင်းခံရပြီးဖြစ်ကြောင်းကို ညွှန်ပြသည် မဟုတ်လော။ ထို့ကြောင့်၊ ဤမလျော်ကန်သော ဆက်ဆံရေးအမျိုးအစားဖြစ်သည့် လိင်တူဆက်ဆံရေးများ၏ သဘောသဘာဝသည် ပို၍ပင် ဆိုးရွားလှပေသည်။ အချို့လူများသည် လိင်ကွဲများအကြား ကာမဂုဏ်လိုက်စားခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့၏ ကွာခြားချက်ကို မမြင်နိုင်ဘဲ ဤပြဿနာနှစ်ခုကို တန်းတူ သဘောထားကြသည်။ အမှန်တွင်၊ လိင်တူဆက်ဆံခြင်း ပြဿနာသည် လိင်ကွဲများအကြား ကာမဂုဏ်လိုက်စားခြင်းကိစ္စထက် များစွာ ပို၍ ဆိုးရွားလှပေသည်။

အကယ်၍ လိင်တူဆက်ဆံရေးများတွင် ပါဝင်သော လူပုဂ္ဂိုလ်များသည် အသင်းတော်အတွင်း၌ ပေါ်ပေါက်လာပြီး ကန့်သတ်ခြင်းမခံရပါက၊ ၎င်းတို့သည် လူတိုင်းအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်စေပြီး အနှောင့်အယှက်များကို ဖြစ်စေသည်။ မည်သည့် အနှောင့်အယှက်မျိုးများ ဖြစ်သနည်း။ အပြင်ပန်းအားဖြင့်၊ လူအများစုသည် ၎င်းတို့နှင့် အပြန်အလှန်ဆက်ဆံသည့်အခါ ၎င်းတို့၏ လူ့သဘာဝနှင့်ပတ်သက်၍ မည်သည့်ပြဿနာကိုမျှ မတွေ့ရှိနိုင်သော်လည်း၊ ကြာရှည်စွာ အပြန်အလှန်ဆက်ဆံခြင်းသည် ၎င်းတို့၏ အတွေးများကို ညစ်ညမ်းစေပြီး ၎င်းတို့၏ စိတ်နှလုံးများကို မှောင်မိုက်စေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် စိတ်အားထက်သန်မှုကို ဆုံးရှုံးသွားပြီး၊ မည်သည့် အထူးပြဿနာကိုမျှ မကြုံတွေ့ရဘဲ ဘုရားသခင်ကို ယုံကြည်ရန် မလိုမလားဖြစ်လာကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရာတွင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားကြသည်၊ မိမိတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်နှင့် တိုး၍အလှမ်းဝေးသည်ဟု ခံစားရကာ၊ မိမိတို့၏ ယုံကြည်ခြင်းကို စွန့်ခြင်းနှင့်ဆိုင်သည့် ဆိုးယုတ်သော အတွေးများကို လက်သင့်ခံမိကြလေသည်။ ထို့ကြောင့်၊ အသင်းတော်အတွင်းရှိ ထိုသို့သော မလျော်ကန်သည့် လိင်တူဆက်ဆံရေးများကို တားဆီးပြီးကန့်သတ်သင့်သည်သာမက၊ ယင်းတို့တွင် ပါဝင်သူများကိုလည်း အသင်းတော်မှ ချက်ချင်း သန့်စင်ပစ်သင့်သည်။ ဤသည်မှာ အကြွင်းမဲ့ဖြစ်သည်။ ထိုသို့သော လူပုဂ္ဂိုလ်များကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ ထမ်းဆောင်သည့် တာဝန်များ သို့မဟုတ် ၎င်းတို့၏ အဆင့်အတန်းက မည်သို့ပင်ဖြစ်စေ၊ သည်းခံမှုမရှိဘဲ ၎င်းတို့ကို အသင်းတော်မှ ချက်ချင်း ဖယ်ထုတ်ပစ်ရမည်။ ဤသည်မှာ အသင်းတော်၏ စည်းမျဉ်းစည်းကမ်း ဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းက အဘယ်ကြောင့် ရှိနေရသနည်း။ ထိုအရာသည် ခိုင်လုံသော အကြောင်းရင်းများပေါ်တွင် အခြေပြုသည်။ ဘုရားသခင်သည် လူသားများကို ဖိုမအဖြစ် ဖန်ဆင်းခဲ့သည်၊ အာဒံကို ဖန်ဆင်းပြီးနောက်၊ သူ၏အဖော်မှာ ဧဝဖြစ်ပြီး၊ အခြားအာဒံတစ်ဦး မဟုတ်ခဲ့ပေ။ လိင်တူဆက်ဆံရေးများတွင် ပါဝင်သူများအပေါ် ထိုသို့သော အရေးယူဆောင်ရွက်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး၊ လုံးဝ တိကျမှန်ကန်သည်။ အချို့က၊ “ဤလူများကို နောင်တရရန် အခွင့်အရေး အဘယ်ကြောင့် မပေးရသနည်း။ ၎င်းတို့သည် ငယ်ရွယ်ကြသည်၊ အဓိပ္ပာယ်မရှိသော အပြုအမူအချို့ကို ကျူးလွန်ရန် ၎င်းတို့အား ခွင့်မပြုသင့်ဘူးလော”ဟု ဆိုကောင်းဆိုနိုင်သည်။ မဟုတ်ပေ။ အခြား အဓိပ္ပာယ်မရှိသော အပြုအမူများကို အခြေအနေများနှင့် သဘောသဘာဝအပေါ်မူတည်၍ ကွဲပြားစွာ ကိုင်တွယ်နိုင်သော်လည်း၊ ဤတိကျသော အဓိပ္ပာယ်မရှိသည့် အပြုအမူမှာမူ သာမန်အဓိပ္ပာယ်မရှိသည့် အပြုအမူတစ်ခု လုံးဝမဟုတ်ပေ။ ၎င်းကို လုံးဝ သည်းခံ၍မရနိုင်ဘဲ၊ အသင်းတော်အတွင်း၌ ထိုသို့သော အပြုအမူ ကျူးလွန်သူတိုင်းကို ချက်ချင်း သန့်စင်ပစ်ရမည်။ အကယ်၍ အသင်းတော်တစ်ခုလုံးသည် လိင်တူဆက်ဆံသူများဖြင့် ဖွဲ့စည်းထားပါက၊ အားလုံးက သန့်စင်ပစ်ခံရမည်ဖြစ်သည်။ ထိုသို့သော အသင်းတော်ကို အလိုမရှိ၊ တစ်ခုတလေပင် အလိုမရှိပေ။ ဤသည်မှာ စည်းမျဉ်း ဖြစ်သည်။ အချို့က၊ “အချို့လူများသည် လူတစ်ဦးတည်းနှင့်သာ ဆက်ဆံသော လိင်တူဆက်ဆံရေးတွင် ပါဝင်နေပြီး၊ ၎င်းတို့သည် အခြားသူများကို မမြူဆွယ်ရသေး သို့မဟုတ် အခြားမည်သူ့ကိုမျှ စတင်၍ နှောင့်ယှက်ခြင်း မပြုရသေးပေ။ ထိုသို့သော လူပုဂ္ဂိုလ်များကို ကိုင်တွယ်ပြီး သန့်စင်ပစ်သင့်သလော”ဟု ဆိုကြသည်။ အကယ်၍ ၎င်းတို့သည် အမှန်တကယ် လိင်တူဆက်ဆံသူများဖြစ်ပါက၊ ၎င်းတို့ကို အသင်းတော်တွင် နေခွင့်ပြုခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောလူများအကြားတွင် ချိန်ကိုက်ဗုံးတစ်လုံးကို ထားရှိခြင်းနှင့် တူသည်။ ၎င်းသည် မကြာမီ သို့မဟုတ် နောင်တစ်ချိန်တွင် ပေါက်ကွဲမည်မှာ သေချာသည်။ ၎င်းတို့သည် မည်သည့်လိင်တူ လူပုဂ္ဂိုလ်ကိုမျှ နှောင့်ယှက်ခြင်း၊ မြူဆွယ်ခြင်း၊ သို့မဟုတ် စိတ်အနှောင့်အယှက်ပေးခြင်း မပြုခဲ့သည့်တိုင်၊ နောင်တွင် ၎င်းတို့ ပြုလုပ်မည်မဟုတ်ဟု မဆိုလိုပေ။ ၎င်းတို့ သဘောကျသောသူ၊ နှစ်သက်သောသူကို မတွေ့သေးခြင်း၊ သို့မဟုတ် အချိန်အခါ မသင့်သေးခြင်း၊ လူတိုင်းက အချင်းချင်း ရင်းနှီးကျွမ်းဝင်မှုနှင့် နားလည်မှု ကင်းမဲ့နေသေးခြင်းတို့ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ထိုသို့သောလူများအတွက် အချိန်အခါသင့်ပြီး သင့်တော်သည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် မိမိတို့၏ လှုပ်ရှားမှုကို အစပြုကြလိမ့်မည်။ ထို့ကြောင့်၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် သဘာဝမကျသည့်အပြင် လူမဆန်ကြသောကြောင့် ၎င်းတို့ကို လုံးဝ သည်းခံရမည်မဟုတ်၊ သို့မဟုတ် အသင်းတော်အတွင်း၌ ဆက်လက်နေထိုင်ခွင့်ပြုရမည် မဟုတ်ပေ။ အသင်းတော်သည် ထိုသို့သောလူများကို အလိုမရှိပေ။ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်သူများကို ဤနည်းလမ်းဖြင့် ကိုင်တွယ်ခြင်းသည် မှားယွင်းခြင်း သို့မဟုတ် လွန်ကဲခြင်း မဟုတ်ပေ။ သို့ရာတွင်၊ အချို့က၊ “လိင်တူဆက်ဆံသူအချို့သည် အတော်လေး သဘောကောင်းပုံရသည်၊ ၎င်းတို့သည် မည်သည့်မကောင်းမှုကိုမျှ မပြုလုပ်ခဲ့ပါ။ ဥပဒေများနှင့် စည်းမျဉ်းများကို လိုက်နာကြသည်။ အသက်ကြီးသူများကို ရိုသေပြီး လူငယ်များကို ချစ်ခင်ကြသည်။ အမြဲတမ်း ကောင်းမှုများပြုလုပ်သည်၊ အချို့တွင် ဆုကျေးဇူးများနှင့် ကျွမ်းကျင်မှုများပင် ရှိကြပြီး၊ အချို့မှာ အသင်းတော်တွင် အထူးသဖြင့် မရှိဆင်းရဲသားများကို ရက်ရောကာ ကူညီတတ်ကြသည်။ ကျွန်ုပ်တို့သည် သူတို့ကို အသင်းတော်တွင် နေခွင့်ပြုသင့်သည်”ဟု ဆိုကြသည်။ ဤအတွေးသည် မှန်ကန်သလော။ (မမှန်ကန်ပါ)။ သင်၏ အတွေးများ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သင်သည် လိင်တူဆက်ဆံသူများ၏ သဘောသဘာဝကို ရိပ်စားနိုင်ရမည်။ လိင်တူဆက်ဆံရေးများတွင် ပါဝင်သော လူပုဂ္ဂိုလ်များအတွက် အသင်းတော်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းမှာ ၎င်းတို့ကို ရှင်းလင်းပစ်ရန် ဖြစ်သည်။ ဤသည်မှာ မည်သူမျှ ချိုးဖောက်မရနိုင်ကောင်းသည့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်ဖြစ်သည်။ လူတိုင်းသည် ဤစည်းမျဉ်းအတိုင်း လက်တွေ့လုပ်ဆောင်ရမည်။

ငါတို့ ယခုလေးတင် မိတ်သဟာယဖွဲ့ခဲ့သည့် ဤမလျော်ကန်သော ဆက်ဆံရေးအမျိုးအစားနှစ်ခု၏ သရုပ်သကန်များသည် လူတို့အတွက် ပိုင်းခြားသိမြင်ရန်၊ ရိပ်စားမိရန်နှင့် သတ်မှတ်ရန် အလွယ်ကူဆုံး ဖြစ်သည်။ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်သူများနှင့်စပ်လျဉ်း၍၊ အချက်တစ်ခုမှာ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ၎င်းတို့ကို ကိုင်တွယ်ရန် တားဆီးခြင်း၊ ကန့်သတ်ခြင်း၊ သီးခြားခွဲထားခြင်းနှင့် ဖယ်ထုတ်ပစ်ခြင်းကဲ့သို့သော စီမံချက်များကို အသုံးပြုခြင်းဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရမည်ဖြစ်သည်။ နောက်တစ်ချက်မှာ၊ ညီအစ်ကိုမောင်နှမများသည်လည်း ဤမလျော်ကန်သော ဆက်ဆံရေးအမျိုးအစားနှစ်ခုတွင် ပါဝင်သူများကို ပိုင်းခြားသိမြင်ပြီး ဝေးဝေးနေသင့်သည်၊ သို့မှသာ မြူဆွယ်ခြင်းခံရပြီး စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ကာ ယင်းက ကယ်တင်ခြင်းကို ရရှိရန်အတွက် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်းတို့အပေါ် သက်ရောက်မှုရှိနိုင်ပေသည်။ စုံစမ်းသွေးဆောင်ခြင်းတွင် ကျော့မိသည်နှင့်တစ်ပြိုင်နက်၊ မိမိကိုယ်ကို လွတ်မြောကစေဖို့ ခက်ခဲလှသည်။ လူအများစုသည် ဤလူအမျိုးအစားနှစ်ခုကို ပိုင်းခြားသိမြင်နိုင်သင့်သည်။ လူ့အဖွဲ့အစည်းတွင် လူတို့ ပြုမူသကဲ့သို့ မပြုမူနှင့်၊ မည်သူက မည်သူ့ကို ပရောပရည်လုပ်သည်ကို မမြင်ချင်ယောင်ဆောင်ခြင်း၊ ဖောက်ပြန်ခြင်းတွင် ပါဝင်သူများအပေါ် မှန်ကန်သော အမြင်ရှုထောင့် သို့မဟုတ် ရပ်တည်ချက် ကင်းမဲ့ခြင်း၊ မိမိကိုယ်ပိုင် အကျိုးစီးပွားများ မပါဝင်သရွေ့ ထိုသို့သော လူပုဂ္ဂိုလ်များနှင့် ပုံမှန် အပြန်အလှန်ဆက်ဆံပြီး၊ မည်သည့်အရာမျှ လွဲချော်ခြင်းမရှိသည့်အလား ပုံမှန်အတိုင်း ပြောဆိုဆက်ဆံခြင်းမျိုး မရှိကြနှင့်။ ထိုသို့သောလူများသည် အခြားသူများကို ဆက်ဆံရာတွင် စည်းမျဉ်းများ ရှိသလော။ လုံးဝမရှိပေ။ ဘာသာတရားမရှိသူအားလုံးသည် မိမိတို့ကိုယ်ကို ကာကွယ်ရန် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေရန် ကြိုးပမ်းလျက်၊ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များဖြင့် အသက်ရှင်ကြသော်လည်း၊ ဘုရားအိမ်တော်သည် ဘာသာတရားမရှိသော လူ့အဖွဲ့အစည်းနှင့် လုံးဝ ကွဲပြားသည်။ ဘုရားအိမ်တော်တွင် သမ္မာတရားက အာဏာစွဲကိုင်သည်။ ဘုရားသခင်သည် လူတို့အား သမ္မာတရား စည်းမျဉ်းများအပေါ် အခြေခံ၍ အခြားသူများကို ဆက်ဆံရန် တောင်းဆိုသည်။ ဘုရားသခင် ရွေးချယ်ထားသောလူများသည် အသင်းတော်အသက်တာကို ထိန်းသိမ်းရန်နှင့် ညီအစ်ကိုမောင်နှမများကို ကာကွယ်ရန်အတွက်သာမက၊ ပို၍အရေးကြီးသည်မှာ၊ စုံစမ်းသွေးဆောင်ခြင်း၏ ဆင်းရဲဒုက္ခမှ မိမိတို့ကိုယ်ကို ကာကွယ်ရန်နှင့် စုံစမ်းသွေးဆောင်ခြင်း မခံရစေရန် ရှောင်ရှားဖို့အတွက်၊ သမ္မာတရားကို လက်ခံပြီး မိမိတို့ကိုယ်ကို သမ္မာတရားဖြင့် ပြင်ဆင်နေကြကာ၊ အခြားသူများကို ပိုင်းခြားသိမြင်ပြီး ဆက်ဆံရန် ယင်းကို အသုံးပြုနေကြသည်ချည်းသာ ဖြစ်သည်။ သင်သည် ထိုသို့သော လူပုဂ္ဂိုလ်များကို ပို၍စောစီးစွာ ပိုင်းခြားသိမြင်ပြီး ခပ်ကင်းကင်းနေနိုင်လေ၊ သင်သည် စုံစမ်းသွေးဆောင်ခြင်းမှ ခပ်ကင်းကင်း နေနိုင်လိမ့်မည်ဖြစ်ကာ ကာကွယ်ခြင်းခံရနိုင်လေ ဖြစ်လိမ့်မည်။ သင့်အနေဖြင့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်သော လူပုဂ္ဂိုလ်များကို ဤသို့ ဆက်ဆံသင့်ပေသည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းများနှင့် အညီဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း ကိုက်ညီပေသည်။

ဂ။ ကိုယ်ကျိုးမျှော်လင့်ချက်နှင့်ဆိုင်သော မလျော်ကန်သည့် ဆက်ဆံရေးများ

အခြား မလျော်ကန်သော ဆက်ဆံရေးအမျိုးအစားတစ်ခုမှာ ကိုယ်ကျိုးမျှော်လင့်ချက်နှင့်ဆိုင်သော ဆက်ဆံရေးများ ဖြစ်သည်။ လူတို့သည် အကျိုးစီးပွားအတွက် အချင်းချင်း မြှောက်ပင့်ပြောဆိုခြင်း၊ အမွှမ်းတင်ခြင်း၊ ချီးမွမ်းခြင်းနှင့် မျက်နှာလုပ်ခြင်းကဲ့သို့သော အရာများကို ပြုလုပ်ကြသည်။ ထိုသို့သော ကောက်ကျစ်သည့် အပြုအမူနှင့် မကောင်းသော အလေ့အထကို အသင်းတော်အသက်တာထဲသို့ ယူဆောင်လာခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိတ်ဆိတ်စွာ ဖတ်ရှုနေသောအခြားသူများ သို့မဟုတ် ဝေမျှလျက်ရှိသော အတွေ့အကြုံများကို နားထောင်နေသော အခြားသူများအား ပြင်းထန်စွာ ထိခိုက်စေသည်။ ကိုယ်ကျိုးမျှော်လင့်ချက်နှင့်ဆိုင်သော ဆက်ဆံရေးတစ်ခု တည်ထောင်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ပါဝင်သော လူပုဂ္ဂိုလ်များသည် မိမိတို့၏ ကိုယ်ပိုင် အကျိုးကျေးဇူးအတွက် မိမိတို့၏ စိတ်ဆန္ဒကို ဆန့်ကျင်သည့်အရာများအား မကြာခဏ ပြောဆိုကြလိမ့်မည် သို့မဟုတ် ပြုလုပ်ကြလိမ့်မည်။ ဥပမာအားဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးက အခြားလူတစ်ဦးသည် ၎င်းတို့၏ စီးပွားရေး သို့မဟုတ် အကျိုးစီးပွားများကို တစ်နည်းနည်းဖြင့် အကျိုးပြုနိုင်သည်ကို မြင်ပါက၊ ၎င်းတို့သည် မျက်နှာလိုမျက်နှာရလုပ်ရန်အတွက် ထိုလူကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်း၊ တိကျသော တာဝန်တစ်ခုအတွက် သူ့ကို အမည်စာရင်းတင်သွင်းခြင်း၊ သို့မဟုတ် ထိုလူ ပြောဆိုသည့် မည်သည့်အရာကိုမဆို သမ္မာတရားနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ မှန်ကန်သည်ဟု အခိုင်အမာဆိုလျက် သဘောတူခြင်းတို့ကို ပြုလုပ်ကောင်းပြုလုပ်နိုင်သည်။ ထိုသူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန်အလို့ငှာ၊ ၎င်းတို့သည် စည်းမျဉ်းများနှင့် မကိုက်ညီသည့်အပြင် သမ္မာတရားကို ဆန့်ကျင်သည့်အရာများစွာ၊လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို ပိုင်းခြားသိမြင်ရာတွင်လည်းကောင်း၊ သမ္မာတရားထဲသို့ ဝင်ရောက်ရာတွင်လည်းကောင်း ဘုရားသခင် ရွေးချယ်ထားသောလူများကို အနှောင့်အယှက်ပေးသည့် အရာများစွာကို လုပ်ဆောင်ကြလေသည်။ ၎င်းတို့သည် မှားယွင်းပြီး လွဲချော်သောအရာကို မှန်ကန်သည်ဟု ဖော်ပြကြသည်။ လူ့အယူအဆများနှင့် စိတ်ကူးများကို ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ စသည်တို့နှင့် ကိုက်ညီသည့်အရာအဖြစ် ဖော်ပြကြသည်။ ဤသို့ဖြင့် လူတို့၏ အတွေးများ၊ ၎င်းတို့ လိုက်စားမှု၏ မှန်ကန်သော ဦးတည်ချက်နှင့် ပန်းတိုင်ကို နှောင့်ယှက်လေသည်။ ဤအပြုအမူအားလုံးသည် ကိုယ်ကျိုးစီးပွားနှင့်ဆိုင်သော ဆက်ဆံရေးတစ်ခုကို ၎င်းတို့ ထိန်းသိမ်းခြင်းမှ အစပြုသည်။ မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်၊ ၎င်းတို့သည် မိမိတို့၏ အသိစိတ်ကို လွန်ဆန်၍ ပြောဆိုနိုင်ပြီး စည်းမျဉ်းများကို လွန်ဆန်၍ ပြုမူနိုင်သည်။ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာသည် အသင်းတော်အသက်တာအတွက် နှောင့်ယှက်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ဖြစ်စေပြီး၊ နောက်ဆုံးတွင် ပိုများသောလူတို့ကို ပုံမှန်နှင့် စနစ်ကျသောပုံစံဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်း၊ သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ အတွေ့အကြုံများကို ဝေမျှခြင်းတို့ မပြုလုပ်နိုင်စေတော့ဘဲ၊ လူတို့၏ အသက်ဝင်ရောက်မှုအတွက် ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ သိနားလည်မှုများကို မိတ်သဟာယဖွဲ့သည့်အခါ၊ ၎င်းတို့သည် လူတို့၏ ကိုယ်ကျိုးစီးပွားနှင့်ဆိုင်သော ဆက်ဆံရေးများ၏ ဝင်ရောက်စွက်ဖက်ခြင်းကို မကြာခဏ ကြုံတွေ့ရသည်။ အချို့မှာ နှုတ်ဖြင့် ဝင်ရောက်စွက်ဖက်ခြင်းများဖြစ်သည်။ အချို့မှာ အပြုအမူဆိုင်ရာ ဖြစ်ပြီး၊ အခြားအရာများမှာ ပန်းတိုင်များ၊ ဦးတည်ချက်များနှင့် သက်ဆိုင်သည်။ လူတို့သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖြင့် ဖတ်ရှုသည့်အခါ မကြာခဏ ကြားဖြတ်နှောင့်ယှက်ခြင်းခံရပြီး၊ မကြာခဏ အကြောင်းအရာမှ သွေဖည်သွားစေခြင်းခံရကာ၊ အမျိုးမျိုးသော အတိုင်းအတာများအထိ မကြာခဏ ထိခိုက်ခြင်းခံရသည်။ ထို့ကြောင့်၊ ကိုယ်ကျိုးမျှော်လင့်ချက်နှင့်ဆိုင်သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်သူများနှင့် ဆက်စပ်သော အပြုအမူများကို ကန့်သတ်သင့်သည်။ အသင်းတော်ခေါင်းဆောင်များသည် ဤကိစ္စရပ်များနှင့် ရင်ဆိုင်ရသည့်အခါ မသိကျိုးကျွံပြုမနေသင့်သည့်အပြင်၊ အသင်းတော်အသက်တာအတွင်း၌ ထိုသို့သော ကိစ္စရပ်များ ဖြစ်ပေါ်ခြင်းကို ခွင့်ပြုလျက် ထိုသို့သော မကောင်းမှုပြုခြင်းအား သေချာပေါက် အလိုမလိုက်သင့်ပေ။ ထိုအစား၊ ၎င်းတို့သည် သတိဝီရိယရှိပြီး အမြော်အမြင်ရှိသင့်ကာ၊ ချက်ချင်း တားဆီးပြီး ကန့်သတ်သင့်သည်။

ကိုယ်ကျိုးမျှော်လင့်ချက်နှင့်ဆိုင်သော မလျော်ကန်သည့် ဆက်ဆံရေးများတွင် ပါဝင်ခြင်းသည် အသင်းတော်၌ မြင်နေကျဖြစ်ရပ်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့်၊ အကယ်၍ တစ်စုံတစ်ဦးက နောက်အသင်းတော်ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲဝင်ရန် စီစဉ်ပါက၊ ၎င်းတို့သည် လူတစ်စုကို ဆွဲဆောင်ပြီး ၎င်းတို့၏ စိတ်ကူးများကို ထုတ်ဖော်ပြောဆိုပေမည်။ ဤလူများသည် မနုံအကြပေ။ ၎င်းတို့က “အကယ်၍ ကျွန်ုပ်တို့က သင့်ကို ရွေးကောက်တင်မြှောက်လျှင်၊ သင်က ကျွန်ုပ်တို့ကို မည်သည့်အကျိုးကျေးဇူးများ ပေးမည်နည်း”ဟု အရိပ်အမြွက် ပြောကြသည်။ ဤသို့ဖြင့်၊ ကိုယ်ကျိုးစီးပွားအပေါ် အခြေခံသော ဆက်ဆံရေးတစ်ခုသည် ၎င်းတို့အကြားတွင် ဖွဲ့စည်းဖြစ်ပေါ်လာသည်။ ၎င်းတို့၏ ကိုယ်ကျိုးမျှော်လင့်ချက်များကို ထိန်းသိမ်းရန်၊ ၎င်းတို့သည် စုဝေးပွဲများအတွင်း ကိစ္စရပ်များအပေါ် တူညီသော ရပ်တည်ချက်ကို မကြာခဏ ယူကြသည်။ အခြားသူများ သတိမထားမိဘဲ သို့မဟုတ် နောက်ခံအကြောင်းအရင်းကို မသိဘဲ၊ ၎င်းတို့သည် လူတစ်ဦး မည်မျှတော်ကြောင်း၊ အခြားလူတစ်ဦး ပြုလုပ်သည့်အရာကို ဘုရားသခင်က ခွင့်ပြုပြီး ကောင်းချီးပေးကြောင်း၊ မည်သူက ပူဇော်သက္ကာများ ပေးခဲ့ပြီး မည်မျှ ပူဇော်ခဲ့ကြောင်း၊ ဘုရားအိမ်တော်အတွက် မည်သူက မည်သည့်ပံ့ပိုးမှုများ ပေးခဲ့ကြောင်းတို့ကို အမြဲတမ်း ပြောဆိုကြပြီး၊ အချင်းချင်း အပြန်အလှန် မြှောက်ပင့်ပြောဆိုကာ တစ်ဦးကိုတစ်ဦး ထောက်ခံကြသည်။ အသင်းတော်အသက်တာတွင်၊ ၎င်းတို့သည် မိမိတို့ အစောပိုင်းက ရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် မိမိတို့၏ အပြန်အလှန် အကျိုးစီးပွားများကို ထိန်းသိမ်းရန် ဤအရာများကို မကြာခဏ ထုတ်ဖော်ပြောဆိုကြသည်။ ဥပမာအားဖြင့်၊ တစ်စုံတစ်ဦးက “အကယ်၍ သင်က ကျွန်ုပ်ကို ခေါင်းဆောင်အဖြစ် ရွေးကောက်တင်မြှောက်လျှင်၊ ကျွန်ုပ် ရာထူးရသည်နှင့်တစ်ပြိုင်နက်၊ သင့်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်မည်”ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့အားလုံးသည် ကိုယ်ပိုင်အကျိုးအမြတ်ကို ရှာဖွေနေကြသည် မဟုတ်လော။ ၎င်းတို့၏ အကျိုးစီးပွားများကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့သည် အချို့အရာများကို ပြောဆိုရမည်မဟုတ်လော သို့မဟုတ် အချို့သော လုပ်ရပ်များကို လုပ်ဆောင်ရမည် မဟုတ်လော။ ဤသို့ဖြင့်၊ ၎င်းတို့သည် စုဝေးပွဲများအတောအတွင်းတွင် အမျိုးမျိုးသော သရုပ်သကန်များကို ပြသကြသည်။ အားလုံးမှာ ၎င်းတို့ အစောပိုင်းက ရရှိခဲ့သော သဘောတူညီချက်နှင့် ပါဝင်သော အကျိုးစီးပွားများကို ထိန်းသိမ်းရန် ရည်ရွယ်သည်။ ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်မရရှိမီတွင်၊ ၎င်းတို့ လုပ်ဆောင်သည့်အရာအများစုသည် အကျိုးစီးပွားများဖြင့် စေ့ဆော်ခြင်းခံရသည်။ သို့ဆိုလျှင်၊ ၎င်းတို့ ပြောဆိုကာ လုပ်ဆောင်သည့်အရာများ၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များနှင့် ရည်မှန်းချက်များသည် အတော်လေး မလျော်မကန်ဖြစ်သည် မဟုတ်လော။ ၎င်းတို့အကြား တည်ထောင်ထားသော ဆက်ဆံရေးသည် မလျော်ကန်သော ဆက်ဆံရေးတစ်ခု မဟုတ်လော။ အသင်းတော်အတွင်းရှိ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများကို ကန့်သတ်သင့်သည် မဟုတ်လော။ အချို့က၊ “အကယ်၍ ထိုဆက်ဆံရေးကို မသိရှိလျှင်၊ မည်သို့ ကန့်သတ်နိုင်မည်နည်း”ဟု ဆိုကြသည်။ ထိုကဲ့သို့သော ကိစ္စရပ်များကို လုံးဝမလုပ်မိလျှင်တော့ ကိစ္စမရှိသော်လည်း၊ တစ်ကြိမ် လုပ်မိပါက ရှာဖွေတွေ့ရှိနိုင်ပြီး ဖော်ထုတ်ခြင်းခံရမည်ဖြစ်သည်။ အကယ်၍ လူတို့သည် သမ္မာတရားနှင့်မသက်ဆိုင်သည့် မည်သည့်အရာကိုမျှ မရောနှောဘဲ၊ သမ္မာတရားအပြင် မိမိတို့၏ ကိုယ်ပိုင်နားလည်မှုများနှင့် အတွေ့အကြုံများကို ကောင်းမွန်စွာ မိတ်သဟာယဖွဲ့ပါက၊ လူတိုင်း ဤအရာကို သိမြင်နိုင်သည်။ အကယ်၍ ရောနှောမှုများ ရှိပါက၊ လူတို့သည် ဤအရာကိုလည်း ပိုင်းခြားသိမြင်နိုင်သည်။ ထို့ကြောင့်၊ အသင်းတော်၌၊ အပြန်အလှန် အကျိုးစီးပွားများကို ထိန်းသိမ်းရန်အတွက် ဖြစ်ပေါ်လာသည့် အမျိုးမျိုးသော အပေးအယူဆိုင်ရာ ဆက်ဆံရေးများကိုလည်း ကန့်သတ်သင့်သည်။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့၏ ကိုယ်ပိုင်ပြဿနာများကို အသိအမှတ်ပြုစေပြီး ထိုသို့သော လုပ်ဆောင်ချက်များတွင် ပါဝင်ခြင်း၏ ပြင်းထန်သော အကျိုးဆက်များကို နားလည်စေသည့်တစ်ချိန်တည်းတွင် ညီအစ်ကိုမောင်နှမများကိုလည်း ဤကိစ္စရပ်များ၏ သဘောသဘာဝအား ပိုင်းခြားသိမြင်နိုင်စေလျက်၊ ပါဝင်သူများကို သတိပေးပြီး မိတ်သဟာယဖွဲ့သင့်သည်။ ဤသို့သော လုပ်ဆောင်ချက်မျိုးသည် လူအများစုအပေါ် မည်သည့် သက်ရောက်မှုရှိသနည်း။ ထိုအရာသည် လူတို့ကို အသင်းတော်နှင့် လူ့အဖွဲ့အစည်းအကြား ခြားနားမှုများစွာ မရှိဟု ထင်မြင်စေသည်၊ နှစ်ခုလုံးသည် လူတိုင်း အချင်းချင်း အမြတ်ထုတ်သည့်နေရာများနှင့် လူတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်များအတွက် အပေးအယူလုပ်ကြသည့် နေရာများဖြစ်သည်ဟု ထင်မြင်စေသည်။ ဤအပြုအမူသည် မပြင်းထန်သော အနှောင့်အယှက်တစ်ခုမဟုတ်ဘဲ အသင်းတော်အသက်တာအတွက် ဆိုးရွားသော အနှောင့်အယှက်တစ်ခုကို ဖြစ်ပေါ်စေသည်။ ငါ့ကို ပြောလော့၊ ရွေးကောက်ပွဲအတွက် မဲများရရှိရန် လူတို့ကို အဆက်မပြတ် ဆွဲဆောင်ပြီး၊ ရွေးကောက်ပွဲကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် ခေါင်းဆောင်ရာထူးကို ရရှိရန် သာမန်မဟုတ်သော နည်းလမ်းများကို အသုံးပြုသူတစ်ဦးသည် လူကောင်းတစ်ဦး ဟုတ်သလော။ သိသာထင်ရှားစွာပင်၊ ဤနည်းလမ်းဖြင့် ရွေးကောက်တင်မြှောက်ခံရသော ခေါင်းဆောင်များသည် လူကောင်းများ မဟုတ်ကြပေ။ ၎င်းတို့၏ လက်ထဲသို့ ကျရောက်သွားသော ညီအစ်ကိုမောင်နှမများသည် ကောင်းမွန်သည့်အရာ တစ်ခုတလေကို မျှော်လင့်၍ရနိုင်သလော။ အကယ်၍ တစ်စုံတစ်ဦးသည် စည်းမျဉ်းများအပေါ် အခြေခံ၍ ရွေးကောက်တင်မြှောက်ခြင်းမခံရဘဲ၊ သာမန်မဟုတ်သော နည်းလမ်းများဖြင့် ခေါင်းဆောင်ဖြစ်လာပါက၊ ထိုသို့သော ခေါင်းဆောင်သည် မုချ လူကောင်းတစ်ဦးမဟုတ်ပေ။ အကယ်၍ ၎င်းတို့ကို ဦးဆောင်ခွင့်ပြုပါက၊ ၎င်းသည် ညီအစ်ကိုမောင်နှမများကို ဆိုးယုတ်သောသူတစ်ဦးထံ၊ အန္တိခရစ်တစ်ဦးထံသို့ ဗြောင်ကျကျ အပ်လိုက်ခြင်းပင် ဖြစ်သည်၊ လူအများစုသည် စင်စစ်အားဖြင့် စာတန်၏ လက်ထဲသို့ ပို့ဆောင်ခံရခြင်းဖြစ်သည်။ ထိုသို့သောအခြေအနေတွင်၊ ၎င်းတို့ အသင်းတော်အသက်တာ၏ ရလဒ်များက ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်။ ဤသည်မှာ အကျိုးစီးပွားများနှင့် ဆက်စပ်နေသော မလျော်ကန်သည့် ဆက်ဆံရေးအမျိုးအစားတစ်ခု ဖြစ်သည်။ အုပ်စုများအကြားဖြစ်စေ လူပုဂ္ဂိုလ်များအကြားဖြစ်စေ၊ လူအချင်းချင်း ဆက်ဆံရေးများတွင် အကျိုးစီးပွားများ ပါဝင်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ထိန်းသိမ်းရန် စည်းမျဉ်းများအတိုင်း ပြုမူခြင်းထက် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ကိုယ်ပိုင်အကျိုးအမြတ်များဘက်သို့ ပို၍ ယိမ်းယိုင်သွားကြလိမ့်မည်။ ထိုသို့သော ဆက်ဆံရေးများသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအပေါ်၌ ထူထောင်ထားခြင်းမဟုတ်ဘဲ အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုစလုံးကို ဆန့်ကျင်သည့်အပြင်၊ သမ္မာတရား စည်းမျဉ်းများကို ပို၍ပင် ဆန့်ကျင်သော ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်များ၊ ရည်မှန်းချက်များ၊ စေ့ဆော်မှုများ၊ ဇာစ်မြစ်များ စသည်တို့နှင့်အတူ၊ ၎င်းတို့ ပြောဆို၊ ပြုမူ၊ ပြသသည့်အရာများသည် အကျိုးစီးပွားများ၏ တွန်းအားပေးခြင်းခံရသည်။ ဤသို့ဖြင့်၊ ဤဆက်ဆံရေးများကို မလျော်ကန်ဟု သတ်မှတ်၍ရကောင်းရနိုင်သည်။ အကြောင်းမှာ ဘုရားသခင် ရွေးချယ်ထားသောလူများက အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ရာတွင် ထိုသို့သော ဆက်ဆံရေးများ ဖြစ်ပေါ်လာခြင်းက နှောင့်ယှက်ပြီး၊ လူအများစုကို ဘုရားသခင်ရှေ့မှောက်တွင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရန်နှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ရန် ခက်ခဲစေသောကြောင့်၊ ထိုသို့သော မလျော်ကန်သည့် ဆက်ဆံရေးများကို အသင်းတော်အတွင်း၌ ကန့်သတ်သင့်သည်။ ပြင်းထန်ပြီး ဆိုးယုတ်သောလူများ၏ အပြုအမူဖြစ်သည့် ကိစ္စရပ်များအတွက်၊ သတိပေးချက်များ ထုတ်ပြန်သင့်ပြီး၊ ပါဝင်သူများသည် မည်သို့ပင်ဖြစ်စေ နောင်တမရပါက၊ ၎င်းတို့ကို အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။

ဃ။ လူတစ်ဦးနှင့်တစ်ဦးကြားက မုန်းတီးခြင်း

မလျော်ကန်သော လူအချင်းချင်း ဆက်ဆံရေးများတွင် သရုပ်သကန်အမျိုးမျိုး ရှိသည်။ ၎င်းတို့ထဲမှ နောက်တစ်ခုမှာ ပုဂ္ဂိုလ်ရေး မုန်းတီးခြင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ မိသားစုများအတွင်း ယောက္ခမနှင့် ချွေးမကြား၊ ယောက်မများကြား သို့မဟုတ် ညီအစ်ကိုများကြားတွင် သဘောထားကွဲလွဲမှုများ သို့မဟုတ် အငြင်းပွားမှုများ ပေါ်ပေါက်လာနိုင်သည်၊ သို့မဟုတ် အိမ်နီးချင်းများကြားတွင်လည်း ပေါ်ပေါက်ကောင်းပေါ်ပေါက်လာနိုင်သည်။ တစ်ခါတစ်ရံ ဤသည်မှာ မုန်းတီးမှုအဖြစ်သို့ပင် ဖြစ်လာပြီး ထို့နောက်တွင် ၎င်းတို့သည် မျက်နှာချင်းပင် မဆိုင်နိုင်သည့်အပြင် မျက်နှာချင်းဆိုင်မိသည့်အခါတိုင်းတွင်လည်း ငြင်းခုံပြီး ရန်ဖြစ်ကြသည့်အတိုင်းအတာထိ ရန်ဘက်များသဖွယ် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း မပြုနိုင်ကြတော့ပေ။ ၎င်းတို့သည် စုဝေးပွဲများတွင် အချင်းချင်း တွေ့မြင်သည့်အခါ ၎င်းတို့၏ စိတ်နှလုံးများသည်လည်း မုန်းတီးခြင်းဖြင့် ပြည့်နေပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မွေ့လျော်ခံစားရန်နှင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး သိရှိလာရန် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်ခြင်း မရှိသည့်အပြင်၊ ပုံမှန် စုဝေးပွဲတစ်ခုရှိရန်အတွက် မိမိတို့၏ မလိုမုန်းထားမှုများနှင့် မုန်းတီးခြင်းတို့ကို သေချာပေါက် လက်မလွှတ်နိုင်ကြပေ။ ထိုအစား၊ ၎င်းတို့ တွေ့ဆုံသည့်အခါတိုင်းတွင် ခိုက်ရန်ဖြစ်ပွားပြီး အချင်းများကြသည်။ ၎င်းတို့သည် အချင်းချင်း၏ အားနည်းချက်များကို ဖော်ထုတ်ပြီး တစ်ဦးကိုတစ်ဦး တိုက်ခိုက်ကြကာ၊ ဘုရားသခင် ရွေးချယ်ထားသော လူများအပေါ် အလွန်ဆိုးရွားသော အပျက်သဘောဆောင်သည့် သက်ရောက်မှုရှိစေလျက် အချင်းချင်း ကျိန်ဆဲကြသည်အထိပင် ပြုလုပ်ကြသည်။ ထိုသို့သောလူများသည် မယုံကြည်သူများဖြစ်သည်၊ ဘာသာတရားမရှိသူများ ဖြစ်သည်။ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူများအတွက်မူ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ မည်သူနှင့် အငြင်းပွားမှုများ ရှိသည်ဖြစ်စေ၊ သို့မဟုတ် မည်သူ့အပေါ် မလိုမုန်းထားမှုများထားရှိသည်ဖြစ်စေ၊ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေနိုင်ပြီး၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ကာ သိရှိလာနိုင်သည့်အပြင် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြဿနာများကို ဖြေရှင်းနိုင်ကြသည်။ ၎င်းတို့သည် မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်မိပြီး တစ်စုံတစ်ဦးအပေါ် အကြွေးတင်ရှိပါက၊ တက်ကြွစွာ တောင်းပန်ပြီး မိမိတို့၏ အမှားများကို ဝန်ခံနိုင်ကြသည်။ စုဝေးပွဲများတွင် အငြင်းအခုံများ ဖြစ်စေခြင်း သို့မဟုတ် ပြဿနာရှာခြင်းတို့ကို ဖြစ်စေခြင်းအား မကျင့်သုံးကြပေ။ အသင်းတော်၌ အငြင်းပွားမှုများတွင် ပါဝင်ပြီး အုတ်အော်သောင်းတင်းဖြစ်စေခြင်းသည် သန့်ရှင်းသူတို့၏ ဂုဏ်သိက္ခာနှင့် လုံးဝမထိုက်တန်ပေ။ ထိုသို့သော အပြုအမူက ဘုရားသခင်ကို ပြင်းထန်စွာ အရှက်ရစေခြင်း ဖြစ်သည်။ ဤနည်းအတိုင်း ပြုမူသောလူများသည် လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အလွန့်အလွန် ကင်းမဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ စစ်မှန်သော ယုံကြည်သူများ မဟုတ်ကြပေ။ ဤပြဿနာသည် ယုံကြည်သူသစ်များကြားတွင် အတော်အတန် ပို၍ အဖြစ်များသည်။ အကြောင်းမှာ ယုံကြည်သူသစ်များသည် သမ္မာတရားကို နားမလည်ကြသည့်အပြင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သန့်စင်ခြင်း မခံရသေးသောကြောင့်၊ အမှုအရာများစွာအပေါ် အငြင်းပွားမှုများတွင် ပါဝင်ရန်နှင့် ၎င်းတို့၏ တဇောက်ကန်းဖြစ်ခြင်းကို ပေါက်ကွဲထွက်စေကာ ခိုက်ရန်ဖြစ်ပွားခြင်းများအဖြစ်ကို ရောက်ရှိဖို့ လွယ်ကူသောကြောင့် ဖြစ်သည်။ ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မဖြေရှင်းပါက၊ လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲတွင် မုန်းတီးခြင်းကို ထားရှိကြမည်ဖြစ်ပြီး၊ အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်သည့်အခါတွင်ပင်၊ ဤတဇောက်ကန်းဖြစ်ခြင်းနှင့် မုန်းတီးခြင်းတို့ဖြင့် အဆုံးမရှိသော အငြင်းပွားမှုများတွင် ဆက်လက်ပါဝင်နေကြဦးမည် ဖြစ်သည်။ ဤသည်က ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဘုရားသခင် ရွေးချယ်ထားသူများက စားသောက်ခြင်း၊ ဘုရားသခင်ကို ချီးမွမ်းခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် ၎င်းတို့၏ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုများကို မျှဝေခြင်းတို့အပေါ် သက်ရောက်မှုရှိစေလျက် အသင်းတော်အသက်တာကို ထိခိုက်သည်။ ပြီး၊ ယင်းသည် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကိုလည်း တိုက်ရိုက် ထိခိုက်စေသည်။ အချို့သော ယုံကြည်သူသစ်များသည် သေးငယ်သော ကိစ္စရပ်များအပေါ် သဘောထားကွဲလွဲမှုများကြောင့် အငြင်းပွားမှုများထဲသို့ အလွယ်တကူ ကျရောက်သွားကြသည်။ ဥပမာအားဖြင့်၊ စုဝေးပွဲတစ်ခု မစတင်မီတွင်၊ အချို့က ဓမ္မတေးတစ်ပုဒ်ကို သီဆိုရန် ဆန္ဒရှိကောင်းရှိနိုင်ပြီး အခြားသူများကမူ မတူညီသောတစ်ပုဒ်ကို ပို၍နှစ်သက်ကောင်း နှစ်သက်နိုင်သည်။ ထိုသို့သော အသေးအဖွဲကိစ္စတစ်ခုကပင် အငြင်းပွားမှုများဆီသို့ အလွယ်တကူ ဦးတည်သွားနိုင်သည်။ အလားတူပင်၊ ကိစ္စရပ်တစ်ခုအပေါ် မတူညီသော ထင်မြင်ချက်များသည် တစ်ခါတစ်ရံတွင် အငြင်းအခုံများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားနိုင်ပြီး၊ စကားပြောရာတွင် ထည့်သွင်းစဉ်းစားမှုမရှိခြင်းကြောင့် တစ်စုံတစ်ဦးကို စိတ်အနှောင့်အယှက်ပေးခြင်းကပင် အငြင်းအခုံများကို ဖြစ်ပွားစေနိုင်သည်။ ဤသို့သော ဖြစ်ရပ်မျိုးများသည် ယုံကြည်သူသစ်များကြားတွင် အဖြစ်များသည်။ စုဝေးပွဲများအတောအတွင်းတွင် အငြင်းပွားမှုများ ပေါ်ပေါက်သည့်အခါ၊ ၎င်းတို့သည် အသင်းတော်အသက်တာကို အလိုအလျောက် နှောင့်ယှက်လေသည်။ ဤသည်က ဘုရားသခင် ရွေးချယ်ထားသော လူများကိုလည်း အနှောင့်အယှက်ပေးသည် မဟုတ်လော။ အငြင်းအခုံလုပ်ရန်နှင့် အမှားအမှန်ကို ငြင်းခုံရန် အလားအလာရှိသူများသည် အသင်းတော်အသက်တာကို အလွယ်ကူဆုံး နှောင့်ယှက်တတ်သောသူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးစီးပွားများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ မိမိတို့၏ အချည်းနှီးသောဂုဏ်နှင့် သိက္ခာကို ဖြည့်ဆည်းရန်သာ ဂရုစိုက်ကြသည်။ ဤနည်းအတိုင်း ပြုမူခြင်းအားဖြင့်၊ ၎င်းတို့သည် အသင်းတော်အသက်တာကို အနှောင့်အယှက်များ ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) အသင်းတော်သည် ညီအစ်ကိုမောင်နှမများက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန်၊ မွေ့လျော်ခံစားရန် စုဝေးသည့်နေရာဖြစ်သည်။ ယင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းအတွက် နေရာတစ်ခု ဖြစ်သည်။ ယင်းသည် ပုဂ္ဂိုလ်ရေး မကျေနပ်ချက်များကို ထုတ်ဖော်ရန် နေရာတစ်ခု လုံးဝမဟုတ်သည့်အပြင်၊ အမှားအမှန်ကို ငြင်းခုံရန် သို့မဟုတ် အငြင်းပွားရန် နေရာတစ်ခုလည်း သေချာပေါက် မဟုတ်ပေ။ ထိုသို့သောလူများက ဤနည်းအတိုင်း အနှောင့်အယှက်များ ဖြစ်စေသည့်အခါ၊ ဤအရာက မည်သည့်အကျိုးဆက်များဆီသို့ ဆိုက်ရောက်စေသနည်း။ ယင်းက စုဝေးပွဲများအတွင်းတွင် မွေ့လျော်ခံစားမှုမရှိခြင်းကို တိုက်ရိုက် အကျိုးဆက်ဖြစ်စေသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများ အသက်တာ တည်ဆောက်မှုကို မရရှိနိုင်ခြင်းဆီသို့ ဦးတည်သွားစေသည့်အပြင် လူအများစုကိုလည်း ပြောမပြနိုင်လောက်အောင် ဆင်းရဲဒုက္ခခံစားရစေလျက် ငြိမ်သက်ခြင်းမတွေ့နိုင်အောင်ဖြစ်စေသည်။ အချိန်ကြာလာသည်နှင့်အမျှ၊ အချို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာကာ၊ စုဝေးပွဲများ တက်ရောက်ရန်ပင် အင်တင်တင်ဖြစ်လာကြသည်။ ဤအခြေအနေသည် အသင်းတော်အများစုတွင် မြင်နေကျဖြစ်ပြီး ဘုရားသခင် ရွေးချယ်ထားသော လူများအားလုံး တွေ့ကြုံခဲ့ပြီးဖြစ်သော အရာတစ်ခု ဖြစ်သည်။ သို့ဆိုလျှင် စုဝေးပွဲများတွင် မကြာခဏ အငြင်းအခုံပြုခြင်းနှင့် ရန်ဖြစ်ခြင်း ပြဿနာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ထိုပြဿနာနှင့် သက်ဆိုင်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်များစွာကို ရွေးချယ်ပြီး စုဝေးပွဲများအတွင်းတွင် အကြိမ်များစွာ အတူတကွ ဖတ်ရှုသင့်သည်။ ထို့နောက် လူတိုင်းသည် မိမိတို့၏ နားလည်သဘောပေါက်မှုကို မျှဝေလျက် သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည်။ ဤလုပ်နည်းကိုင်နည်းသည် အကျိုးရလဒ်အချို့ကို ဖြစ်ထွန်းစေနိုင်သည်။ အငြင်းအခုံပြုရန် အလားအလာရှိသူများသည် မိမိတို့၏ ပြစ်မှားခြင်းများကို အသိအမှတ်ပြုပြီး နောင်တရနိုင်ရုံသာမက၊ ဘေးမှကြည့်ရှုသူများပင်လျှင် အလားတူအခြေအနေများတွင် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်း ရှိမရှိဟူသည်နှင့် အခြားသူများနှင့် အငြင်းအခုံပြုနိုင်စွမ်း ရှိမရှိဟူသည်တို့ကို ဆင်ခြင်သုံးသပ်နိုင်သည်။ ဤနည်းအားဖြင့် ဘေးမှကြည့်ရှုသူများသည်လည်း မိမိတို့ကိုယ်ကို သိရှိလာနိုင်သည်။ လူတစ်ဦးသည် အငြင်းပွားမှုများတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်အချို့ကို အကြိမ်များစွာ ဖတ်ရှုပြီးနောက်၊ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အသိအမှတ်ပြုနိုင်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် အသက်ရှင်နေထိုင်ခြင်းသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းအပြင် လူ့သဘာဝ အနည်းငယ်မျှပင် မရှိခြင်းကို အမှန်ပင် ဆိုလိုကြောင်း သိမြင်နိုင်သည်။ ဤနည်းအတိုင်း အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်း၏ အကျိုးသက်ရောက်မှုများက မဆိုးပေ၊ ဟုတ်ပါသလော။ စုဝေးပွဲတစ်ခု၏ အစတွင် အငြင်းပွားမှုများ ရှိကောင်းရှိနိုင်သော်လည်း၊ နောက်ပိုင်းတွင် လူတိုင်းက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုနိုင်လျှင်၊ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ရန် ဘုရားသခင်ရှေ့မှောက်တွင် မိမိတို့ကိုယ်ကို ငြိမ်သက်စေနိုင်လျှင်၊ ပြဿနာများကို သမ္မာတရားဖြင့် ဖြေရှင်းနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ပါက၊ ဤအကျိုးရလဒ်များကို စွမ်းဆောင်ရရှိနိုင်ပါက၊ ဤသည်မှာ ပုံမှန်အသင်းတော်အသက်တာ ဖြစ်သည်။ ထို့ကြောင့် စုဝေးပွဲများအတွင်း မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ သေချာပေါက် ဆိုးသည် မဟုတ်။ လူတိုင်းက သမ္မာတရားကို ရှာဖွေရန် စိတ်နှလုံး တစ်ညီတစ်ညွတ်တည်းဖြင့် အတူတကွလာပြီး၊ သက်ဆိုင်ရာ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ကျမ်းပိုဒ်များစွာကို အတူတကွ အကြိမ်အနည်းငယ် ဖတ်ရှုသရွေ့၊ ပြဿနာများကို လုံးဝ မဖြေရှင်းနိုင်လျှင်ပင်၊ လူတို့သည် ယင်းတို့ကို အတော်အတန် ရိပ်စားမိနိုင်ပြီး ပိုင်းခြားသိမြင်မှုတစ်ခုခု ရှိနိုင်ကြလိမ့်မည်။ လူတိုင်းသည် ဤအရာမှ အကျိုးခံစားရလိမ့်မည် ဖြစ်သည်။ ထိုသို့သော အသင်းတော်အသက်တာသည် ဖြစ်လာခဲသည်ဟု သင်တို့ ဆိုမည်လော။ ဤသည်မှာ မကောင်းသောအရာတစ်ခုကို ကောင်းသောအရာတစ်ခုအဖြစ်သို့ ပြောင်းလဲစေခြင်းဖြစ်သည်။ ယင်းသည် ပုံဖျက်ထားသော ကောင်းချီးတစ်ခု ဖြစ်သည်။ သို့ရာတွင် ဤသည်က လူတို့ကို အသင်းတော်အသက်တာတွင် အငြင်းပွားမှုများနှင့် ငြင်းခုံမှုများသည် နှစ်လိုဖွယ်ဖြစ်သည်ဟူသော အတွေးအခေါ်အား ထောက်ခံအားပေးရန် မဖြစ်စေသင့်ပေ။ ဤအရာကို လုံးဝ ထောက်ခံအားပေး၍ မရနိုင်ပေ။ အငြင်းပွားမှုများနှင့် ငြင်းခုံမှုများသည် တဇောက်ကန်းဖြစ်ခြင်း ပေါက်ကွဲမှုများနှင့် ပဋိပက္ခများဆီသို့ အလွယ်တကူ ဦးတည်သွားနိုင်ပြီး၊ ယင်းသည် လူတိုင်းအတွက် မကောင်းသည့်အပြင် ပါဝင်သူများအတွက်လည်း တစ်ကိုယ်ရေ စိတ်ဆင်းရဲမှုကို ဖြစ်စေသည်။ ထို့ကြောင့် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းသည် အကောင်းဆုံး ချဉ်းကပ်နည်းဖြစ်ပြီး၊ သမ္မာတရားကို နားလည်ခြင်းသည် အနာဂတ်တွင် အလားတူဖြစ်ရပ်များကို ထိရောက်စွာ တားဆီးနိုင်သည်။ ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်များသည် သဘောထားကွဲလွဲမှုများနှင့် ထိပ်တိုက်တွေ့ဆုံမှုများ ပေါ်ပေါက်လာသည့်အခါ စိတ်ရှည်ပြီး သည်းခံသော သဘောထားကို ထားရှိသင့်သည်။ ၎င်းတို့တွင်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိပြီး အခြားသူများကို အလွယ်တကူ ထိခိုက်နာကျင်စေနိုင်သောကြောင့်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ ထုတ်ဖော်သည့်အခါ၊ ဘုရားသခင်ထံ ချက်ချင်း ဆုတောင်းပြီး ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေသင့်သည်။ ဤနည်းအားဖြင့်၊ စုဝေးပွဲအချိန်ရောက်သည့်အခါ၊ ပုဂ္ဂိုလ်ရေး မကျေနပ်မှုနှင့် မုန်းတီးခြင်းအားလုံးသည် ပြေပျောက်သွားပြီးဖြစ်ကာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် လွတ်မြောက်သည့် ခံစားချက်ဆီသို့ ဦးတည်သွားပြီး၊ ညီအစ်ကိုမောင်နှမများနှင့် သင့်မြတ်စွာ ပေါင်းသင်းဆက်ဆံရန် ပိုမိုလွယ်ကူစေကာ၊ ထိုသို့ဖြင့် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို ပေါက်ဖွားစေသည်။ ညီအစ်ကို သို့မဟုတ် ညီအစ်မတစ်ဦးတလေက မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ထုတ်ဖော်သည်ကို တစ်ဦးတလေက မြင်သည့်အခါတိုင်း၊ ၎င်းတို့ကို မေတ္တာဖြင့် အကူအညီ ပေးသင့်သည်၊ ဝေဖန်ခြင်း၊ ရှုတ်ချခြင်း၊ သို့မဟုတ် ငြင်းပယ်ခြင်း မပြုသင့်ပေ။ အကူအညီပေးရန် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် ကြိုးပမ်းပြီးနောက် ပြဿနာများ ပြေလည်မသွားဘဲ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ လိုအပ်နေဆဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ၎င်းတို့သည် အသင်းတော်အသက်တာကို မနှောင့်ယှက်သရွေ့ သို့မဟုတ် မကောင်းမှုကို တမင်တကာ မကျူးလွန်သရွေ့၊ ၎င်းတို့ကို အဆုံးတိုင် စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ဖြင့် ဆက်ဆံသင့်သည်။ ၎င်းတို့ သဘောပေါက်လာမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦးသည် သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ လက်မခံဘဲလျက် ဆိုးယုတ်သော လူ့သဘာဝရှိပြီး မည်သည့်အကူအညီကိုမဆို ငြင်းပယ်ပါက၊ ထိုသူသည် ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်ခြင်းမရှိပေ။ ထိုသို့သော ပုဂ္ဂိုလ်များကို ရှောင်ရှားရန် လိုအပ်သည်။ အကယ်၍ ၎င်းတို့သည် အသင်းတော်အသက်တာကို အကြိမ်ကြိမ် နှောင့်ယှက်ပါက၊ ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံပြီး ကိုင်တွယ်သင့်သည်။ အကယ်၍ ၎င်းတို့သည် ဆိုးယုတ်သောလူများ မဟုတ်ဘဲ မိမိတို့ကိုယ်ကို မုန်းတီးသော်လည်း ထိုအခိုက်အတန့်တွင် အခြားနည်းဖြင့် ပြုလုပ်နိုင်စွမ်းမဲ့သည်ဟု ခံစားရလျက် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မကြာခဏ ထုတ်ဖော်ရုံသာဖြစ်ပါက၊ ထိုသို့သော ပုဂ္ဂိုလ်များကို မေတ္တာဖြင့် ကူညီသင့်သည်၊ ၎င်းတို့ကို သမ္မာတရားအား နားလည်စေပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်မှုများကို ပိုင်းခြားသိမြင်ကာ အသိအမှတ်ပြုစေရန် ကူညီလော့။ ဤနည်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးခြင်း ထုတ်ဖော်ပြမှုများသည် တဖြည်းဖြည်း လျော့နည်းသွားလိမ့်မည်။ အကယ်၍ ညီအစ်ကိုမောင်နှမများသည် ဤလူများကြောင့် ရံဖန်ရံခါသာ ထိခိုက်ခံရခြင်းရှိပါက၊ ၎င်းတို့ကို ခွင့်လွှတ်နိုင်သည်။ ၎င်းတို့၏ လူ့သဘာဝတွင် ကြီးမားသော ပြဿနာများမရှိသရွေ့၊ ၎င်းတို့သည် လှည့်ဖြားတတ်သော သို့မဟုတ် ဆိုးယုတ်သောလူများ မဟုတ်သရွေ့၊ ၎င်းတို့ကို သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် အားပေးကူညီသင့်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်ပါက၊ မေတ္တာဖြင့် ဆက်ဆံသင့်သည်။ သို့ရာတွင်၊ အကယ်၍ ၎င်းတို့သည် နောင်တရရန် ငြင်းဆန်ပြီး အချိန်ကာလကြာရှည်စွာ အသင်းတော်အသက်တာကို အပျက်သဘောဆောင်စွာ သက်ရောက်မှုရှိစေပါက၊ အသင်းတော်ခေါင်းဆောင်များသည် သတိပေးချက်များ ထုတ်ပြန်ပြီး ကန့်သတ်ချက်များ ချမှတ်သင့်သည်။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လက်ခံရန် တစ်စိုက်မတ်မတ် ငြင်းဆန်ပါက၊ ထိုသို့သော လူပုဂ္ဂိုလ်များသည် ဆိုးယုတ်သောလူများ ဖြစ်ကြသည်။ ဆိုးယုတ်သောလူများသည် မည်သူနှင့်မျှ ပေါင်းသင်းဆက်ဆံ၍မရ၊ ၎င်းတို့သည် အသုံးမဝင်သောသူများနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ ၎င်းတို့ကို အသင်းတော်တွင် ထားရှိခြင်းသည် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုသာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် ထပ်ခါတလဲလဲ သွန်သင်ဆုံးမခြင်းများရှိနေသော်လည်း ပြောင်းလဲရန် ငြင်းဆန်သောသူများကို ဆိုးယုတ်သောလူများအဖြစ် ကိုင်တွယ်ပြီး အသင်းတော်မှ ရှင်းလင်းပစ်သင့်သည်။ အသင်းတော်အသက်တာနှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မကြာခဏ နှောင့်ယှက်သောသူ မည်သူမဆိုသည် မယုံကြည်သူတစ်ဦးနှင့် ဆိုးယုတ်သောလူတစ်ဦးဖြစ်ပြီး၊ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ရမည်။ ထိုလူ မည်သူဖြစ်သည်ကိုဖြစ်စေ၊ ၎င်းတို့သည် အတိတ်တွင် မည်သို့ ပြုမူခဲ့သည်ကိုဖြစ်စေ ထည့်မစဉ်းစားဘဲ၊ အကယ်၍ ၎င်းတို့သည် အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာကို မကြာခဏ နှောင့်ယှက်ပြီး၊ ပြုပြင်ခြင်းကို လက်ခံရန် ငြင်းဆန်ကာ၊ မိမိတို့ကိုယ်ကို အားနည်းချက်ရှိသော အကြောင်းပြချက်ဖြင့် အမြဲတစေ ခုခံကာကွယ်ပါက၊ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ရမည်။ ဤချဉ်းကပ်နည်းသည် လုံးဝ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုကို ထိန်းသိမ်းရန်နှင့် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဖြစ်ပြီး၊ သမ္မာတရား စည်းမျဉ်းများနှင့်လည်းကောင်း၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း အပြည့်အဝ ကိုက်ညီသည်။ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုနှင့် အသင်းတော်၏အလုပ်သည် ဆိုးယုတ်သော ပုဂ္ဂိုလ်အနည်းငယ်၏ အငြင်းပွားမှုများနှင့် ကျိုးကြောင်းမညီညွတ်သော ပြဿနာရှာခြင်းတို့ကြောင့် ထိခိုက်ခြင်းမခံရသင့်ပေ၊ ယင်းသည် မထိုက်တန်သည့်အပြင် ဘုရားသခင် ရွေးချယ်ထားသော လူများအတွက်လည်း မမျှတပေ။

အကယ်၍ ဆိုးယုတ်သောလူများသည် အကျိုးမရှိသော အသင်းတော်အသက်တာဆီသို့ ဦးတည်စေလျက် အသင်းတော်တွင် မကြာခဏ အနှောင့်အယှက်များ ဖြစ်စေပါက၊ အကောင်းဆုံးဖြေရှင်းနည်းမှာ လူများကို အမျိုးအစားသတ်မှတ်ပြီး စုဝေးပွဲများကို မတူကွဲပြားသော အုပ်စုများအဖြစ် ခွဲရန် ဖြစ်သည်- သမ္မာတရားကို ချစ်ပြီး မိမိတို့၏ တာဝန်များကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်သောသူများသည် အတူတကွ စုဝေးကြသည်။ သမ္မာတရားကို လိုက်စားလိုသော်လည်း မိမိတို့၏ တာဝန်များကို မထမ်းဆောင်သောသူများသည် အတူတကွ စုဝေးကြသည်။ ပြီးလျှင် အနှောင့်အယှက်များနှင့် အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေလိုသည့်၊ အခြားသူများအကြောင်း အတင်းအဖျင်းပြောကာ၊ အခြားသူများကို အပြစ်တင် ရှုတ်ချလိုသည့် သူများသည် အတူတကွ စုဝေးကြသည်။ ဤနည်းအားဖြင့်၊ အသင်းတော်ကို အဓိကအားဖြင့် လူအုပ်စုသုံးစုအဖြစ် ခွဲနိုင်သည်။ လူတိုင်းကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်းဟု သင်ဆိုနိုင်သည်။ ထိုသို့ဖြင့် ဤအုပ်စုများသည် စုဝေးပွဲများအတွင်း အချင်းချင်း အနှောင့်အယှက်မပြုကြောင်း သေချာစေသည်။ မကောင်းသော လူ့သဘာဝရှိသည့် လူများသည် ဒုစရိုက်အမှုများကို မည်မျှပင် မဆင်မခြင် ကျူးလွန်သည်ဖြစ်စေ၊ အခြားသူများကို ထိခိုက်လိမ့်မည်မဟုတ်ဘဲ မိမိတို့ကိုယ်ကိုသာ ထိခိုက်နစ်နာစေလိမ့်မည်ဖြစ်သည်။ အချို့လူများတွင် ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားတစ်ခု ရှိသည်။ အကယ်၍ တစ်စုံတစ်ဦးက ၎င်းတို့ကို ထိခိုက်စေသော သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော တစ်စုံတစ်ရာကို ပြောဆိုမိပါက၊ ၎င်းတို့က ထိုလူကို မုန်းတီးမည်ဖြစ်ပြီး၊ ၎င်းတို့ကို တိုက်ခိုက်ရန်နှင့် လက်စားချေရန် နည်းလမ်းများကို စဉ်းစားလိမ့်မည်ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့အား မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ သို့မဟုတ် ၎င်းတို့ကို မည်သို့ပင် ပြုပြင်စေကာမူ၊ ၎င်းတို့သည် လက်မခံကြပေ။ ၎င်းတို့သည် သေသည့်တိုင် နောင်တမရဘဲ၊ အသင်းတော်အသက်တာကို ဆက်လက်နှောင့်ယှက်ကြမည်ဖြစ်သည်။ ဤအရာက ၎င်းတို့အနေဖြင့် ဆိုးယုတ်သောလူများဖြစ်ကြောင်း သက်သေပြသည်။ ငါတို့သည် ဤဆိုးယုတ်သောလူစားမျိုးများကို ဆက်လက်သည်းခံမနေသင့်တော့ပေ။ ၎င်းတို့ကို သမ္မာတရား စည်းမျဉ်းများအတိုင်း အသင်းတော်မှ ဖယ်ထုတ်ပစ်သင့်သည်။ ဤသည်မှာ ဤပြဿနာကို လုံးလုံးလျားလျား ဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကြမ်းတမ်းသော စိတ်သဘောထားရှိသော ထိုလူများသည် မည်သည့်အမှားများကို ပြုလုပ်ပြီးဖြစ်စေ၊ မည်သည့်မကောင်းသောအရာများကို လုပ်ဆောင်ပြီးဖြစ်စေ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့အား ဖော်ထုတ်ခွင့် သို့မဟုတ် ပြုပြင်ခွင့် ပြုမည်မဟုတ်ပေ။ တစ်စုံတစ်ယောက်က ၎င်းတို့အား ဖော်ထုတ်ပြီး စိတ်ဆိုးစေလျှင် ၎င်းတို့သည် ဒေါသထွက်လိမ့်မည်။ လက်တုံ့ပြန်လိမ့်မည်။ ပြီးလျှင် ဤပြဿနာကို မည်သည့်အခါမျှ လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် အခြားလူများအပေါ် စိတ်ရှည်ခြင်း၊ သည်းခံခြင်းမရှိပေ။ ပြီးလျှင် ထိုလူများအပေါ် သည်းခံမှုကို ကျင့်သုံးခြင်း မရှိပေ။ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းသည် မည်သည့်စည်းမျဉ်းကို အခြေခံသနည်း။ “သစ္စာဖောက်ခံရမည့်အစား ကျွန်ုပ်ကိုယ်တိုင်က သစ္စာဖောက်မည်” ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် မည်သူ၏ စိတ်ဆိုးအောင်လုပ်ခြင်းကိုမျှ ၎င်းတို့က သည်းမခံပေ။ ဤသည်မှာ ဆိုးယုတ်သောလူတို့၏ တွေးခေါ်ပုံမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဆိုးယုတ်သောလူများ၏ တွေးခေါ်ပုံဖြစ်သည်။ မည်သူ့ကိုမျှ ၎င်းတို့ကို စော်ကားခွင့် မပေးပေ။ ၎င်းတို့အတွက် တစ်ဦးတလေက ၎င်းတို့ကို အနည်းငယ်မျှပင် စေ့ဆော်ခြင်းသည် လက်မခံနိုင်ဖွယ်ဖြစ်သည်။ ပြီးလျှင် ဤသို့ပြုလုပ်သောသူ မည်သူကိုမဆို ၎င်းတို့က မုန်းတီးသည်။ ၎င်းတို့သည် လက်တုံ့ပြန်ရန် ထိုသူနောက်သို့ လိုက်နေမည်ဖြစ်ပြီး ဤကိစ္စကို လုံးဝ လက်လွှတ်မည်မဟုတ်ပေ။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့တွင် ဆိုးယုတ်သောလူများ၏ အနှစ်သာရရှိသည်ကို သင် တွေ့ရှိသည်နှင့် တစ်ပြိုင်နက် ကြီးမားသော မကောင်းမှုကို ၎င်းတို့ မလုပ်နိုင်မီတွင် ဆိုးယုတ်သောလူများကို ခွဲထုတ်သင့်သည် သို့မဟုတ် ရှင်းလင်းပစ်သင့်သည်။ ဤအရာက ၎င်းတို့ပြုလုပ်သည့် ထိခိုက်မှုကို အနည်းဆုံးဖြစ်စေလိမ့်မည်။ ဤသည်မှာ ဉာဏ်ရှိသော ရွေးချယ်မှုဖြစ်သည်။ ဆိုးယုတ်သောလူတစ်ယောက်ကို ကိုင်တွယ်ရန်အတွက် ထိုသူက ဘေးဒုက္ခတစ်မျိုးမျိုး ဖြစ်စေပြီးသည်အထိ ခေါင်းဆောင်များနှင့် အမှုဆောင်များက စောင့်နေလျှင် ၎င်းတို့သည် ဘာသိဘာသာ နေခြင်းဖြစ်သည်။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များက အလွန်မိုက်မဲကြောင်း၊ ၎င်းတို့၏ လုပ်ရပ်များအပေါ်တွင် စည်းမျဉ်းမရှိကြောင်း သက်သေပြလိမ့်မည်။ ဤမျှ မိုက်မဲပြီး မသိနားမလည်သော ခေါင်းဆောင်များနှင့် အမှုဆောင်အချို့ ရှိသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကို မကိုင်တွယ်မီ ခိုင်လုံသော သက်သေအထောက်အထား ရရှိသည်အထိ မရမက စောင့်ဆိုင်းကြသည်။ အကြောင်းမှာ ယင်းသည် ၎င်းတို့၏ စိတ်ကို သက်သာရာရစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ဟု ၎င်းတို့ ထင်သောကြောင့် ဖြစ်သည်။ သို့သော် အမှန်တွင်၊ တစ်စုံတစ်ဦးက ဆိုးယုတ်ကြောင်းကို သေချာစေရန် သင်သည် ခိုင်လုံသော သက်သေအထောက်အထား မလိုအပ်ပေ။ ၎င်းတို့၏ နေ့စဉ်စကားများနှင့် အပြုအမူများအားဖြင့် သင် ခွဲခြားနိုင်သည်။ ၎င်းတို့ ဆိုးယုတ်ကြောင်း သင် သေချာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့ကို ကန့်သတ်ခြင်း သို့မဟုတ် သီးခြားခွဲထားခြင်းဖြင့် စတင်နိုင်သည်။ ဤအရာက အသင်းတော်၏အလုပ်ကိုဖြစ်စေ၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကိုဖြစ်စေ မထိခိုက်ကြောင်း သေချာစေလိမ့်မည်။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သူက ဆိုးယုတ်သည်ကို မပိုင်းခြားနိုင်သည့်အပြင်၊ ဆိုးယုတ်သောလူများကို အချိန်မီ မကိုင်တွယ်နိုင်ကြပေ။ ရလဒ်အနေဖြင့်၊ အသင်းတော်၏အလုပ်နှင့် အသင်းတော်အသက်တာသည် ထိခိုက်ခံရပြီး၊ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုက ဟန့်တားခြင်းခံရသည်။ ဤသည်မှာ အလွန်မိုက်မဲပေသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်ကို ဆောင်ရွက်ပုံ ဖြစ်သည်။ အချက်တစ်ချက်အနေဖြင့်၊ ၎င်းတို့သည် ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့ပြီး၊ နောက်တစ်ချက်အနေဖြင့်၎င်းတို့သည် အခြားသူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို ကြောက်သော လူ့အကြိုက်လိုက်သူများ ဖြစ်ကြသည်။ ခေါင်းဆောင်များအဖြစ် အစေခံသည့်အခါ၊ ထိုသို့သောလူများသည် ပထမဦးစွာ၊ တကယ့်အလုပ်ကို မလုပ်ဆောင်နိုင်ကြပေ။ ဒုတိယအနေဖြင့်၊ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသော လူများကို ထိခိုက်စေသည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များနှင့်ဆိုင်သည့် ပြဿနာကိုပင် ချက်ချင်း မဖြေရှင်းနိုင်သည့်အပြင်၊ ညီအစ်ကိုမောင်နှမများကိုလည်း မကာကွယ်နိုင်ပေ။ ထိုသို့သောလူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များဖြစ်ရန် မသင့်တော်ပေ။ ငါ့ကို ပြောလော့၊ အကယ်၍ တစ်စုံတစ်ဦးသည် ဆိုးယုတ်သောလူတစ်ဦးအဖြစ် သတ်မှတ်ခံရပါက၊ ၎င်းတို့ကို ကူညီရန် သမ္မာတရားကို မိတ်သဟာယဖွဲ့ဖို့ လိုအပ်သေးသလော။ (မလိုအပ်ပါ)။ ၎င်းတို့ကို အခွင့်အရေးပေးရန် မလိုအပ်ပေ။ အချို့လူများသည် ဆိုးယုတ်သောသူများကို နောင်တရရန် အခွင့်အရေးကို အမြဲပေးလျက် အလွန်“ချစ်ခြင်းမေတ္တာ” များလှသော်လည်း ဤသည်က အကျိုးတစ်ခုတလေ ရရှိနိုင်သလော။ ဤသည်က ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ စည်းမျဉ်းများနှင့် ကိုက်ညီသလော။ အမှန်တကယ် နောင်တရနိုင်သော ဆိုးယုတ်သည့် လူတစ်ဦးတလေကို သင်တို့ မြင်ဖူးသလော။ မည်သူမျှ မမြင်ဖူးပေ။ ဆိုးယုတ်သောလူများ နောင်တရရန် မျှော်လင့်ခြင်းသည် အဆိပ်ပြင်းသောမြွေများကို သနားခြင်းနှင့်တူသည်။ ယင်းသည် သားရဲတိရစ္ဆာန်များကို သနားခြင်း ဖြစ်သည်။ ဤသည်မှာ ဆိုးယုတ်သောလူများ၏ အနှစ်သာရကို အခြေခံ၍၊ ဆိုးယုတ်သောလူများသည် အပြုသဘောဆောင်သည့်အရာများကို မည်သည့်အခါမျှ ချစ်မည်မဟုတ်ကြောင်း၊ သမ္မာတရားကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်ကြောင်းနှင့် မည်သည့်အခါမျှ နောင်တရမည်မဟုတ်ကြောင်း သတ်မှတ်၍ရနိုင်သောကြောင့် ဖြစ်သည်။ သင်သည် ၎င်းတို့၏ အဘိဓာန်တွင် “နောင်တတရား” ဟူသော စကားလုံးကို တွေ့ရလိမ့်မည်မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့အား သင် မည်သို့ပင် မိတ်သဟာယဖွဲ့စေကာမူ၊ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်ကြံရွယ်ချက်များနှင့် အကျိုးစီးပွားများကို ဘေးဖယ်ထားမည်မဟုတ်ဘဲ၊ မိမိတို့ကိုယ်ကို မှန်ကြောင်းပြပြောဆိုရန် အမျိုးမျိုးသော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေမည်ဖြစ်ကာ မည်သူမျှ ၎င်းတို့ကို မဖျောင်းဖျနိုင်ပေ။ အကယ်၍ ၎င်းတို့သည် ဆုံးရှုံးမှုတစ်ခုကို ခံစားရပါက၊ ယင်းသည် ၎င်းတို့အတွက် သည်းမခံနိုင်စရာဖြစ်ပြီး၊ ၎င်းတို့သည် အခြားသူများကို ထိုအကြောင်းနှင့်ပတ်သက်၍ အဆုံးမရှိ အပူကပ်ကြလိမ့်မည်။ မည်သည့်ဆုံးရှုံးမှုကိုမျှ ခံစားရန် မလိုလားသော ထိုသို့သောလူများသည် မည်သို့ အမှန်တကယ် နောင်တရနိုင်မည်နည်း။ အလွန်အမင်း တစ်ကိုယ်ကောင်းဆန်သော လူများသည် မိမိတို့၏ အကျိုးစီးပွားများကို အရာအားလုံးထက် ဦးစားပေးသောသူများဖြစ်သည်။ ၎င်းတို့သည် ဆိုးယုတ်သောလူများဖြစ်ပြီး၊ မည်သည့်အခါမျှ နောင်တရလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်တို့သည် ထိုသို့သောလူတစ်ဦးက ဆိုးယုတ်ကြောင်းကို လုံးလုံးလျားလျား သိမြင်ပြီးဖြစ်သော်လည်း ၎င်းတို့ကို နောင်တရရန် အခွင့်အရေးတစ်ခုကို ပေးနေသေးပါက၊ ယင်းသည် မိုက်မဲသည် မဟုတ်လော။ ဤသည်မှာ ခဲနေသောမြွေတစ်ကောင်ကို သင်၏ရင်ခွင်၌ နွေးထွေးစေပြီး၊ နောက်ပိုင်းတွင် ၎င်း၏အကိုက်ခံရခြင်းနှင့် ညီမျှသည်။ လူမိုက်တစ်ဦးသာလျှင် ထိုသို့သော မိုက်မဲသည့်အရာကို လုပ်ဆောင်ပေမည်။ အသင်းတော်တွင်၊ ဘုရားသခင် ရွေးချယ်ထားသောသူများက ဆိုးယုတ်သောလူများကို မုန်းတီးခြင်းသည် ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆိုးယုတ်သောလူများသည် လူ့သဘာဝ ကင်းမဲ့ပြီး အကျင့်ပျက်သော အရာများကို အမြဲလုပ်ဆောင်သောကြောင့် ဖြစ်သည်။ ဆိုးယုတ်သောလူများကို မုန်းတီးခြင်းသည် မှန်ကန်သော စိတ်နေစိတ်ထား ဖြစ်သည်။ ယင်းသည် လူတို့က မိမိတို့၏ ပုံမှန်လူ့သဘာဝတွင် ပိုင်ဆိုင်သင့်သည့်အရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

ငါ့ကို ပြောလော့၊ ညီအစ်ကိုမောင်နှမများအတွက် လုံးဝ ချစ်ခြင်းမေတ္တာမရှိသောသူတစ်ဦးသည် မည်သည့် လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် လူအချင်းချင်း ဆက်ဆံရေး အနည်းငယ်မျှပင် အဘယ်ကြောင့် မရှိကြသနည်း။ ဤလူစားမျိုးသည် မည်သူနှင့်ပင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ ဤပေါင်းသင်းဆက်ဆံမှုများကို အကျိုးစီးပွားများ၊ အပေးအယူများနှင့်သာ ဆက်စပ်ကြသည်။ အကယ်၍ အကျိုးစီးပွားများ သို့မဟုတ် အပေးအယူများ မပါဝင်ပါက၊ ၎င်းတို့သည် လူတို့ကို အရေးလုပ်ကြလိမ့်မည် မဟုတ်ပေ။ ဤလူစားမျိုးသည် ဆိုးယုတ်သည် မဟုတ်လော။ အချို့လူများသည် သမ္မာတရားကို မလိုက်စားဘဲ ခံစားချက်များကိုသာ အခြေခံ၍ အသက်ရှင်ကြသည်။ ၎င်းတို့ကို ကောင်းစွာဆက်ဆံသည့်သူ မည်သူကိုမဆို၊ ၎င်းတို့က ထိုသူနှင့် ရင်းရင်းနှီးနှီးနေကြပြီး၊ ၎င်းတို့ကို ကူညီသူ မည်သူကိုမဆို ၎င်းတို့က အကောင်းမြင်ကြသည်။ ထိုသို့သောလူများတွင်လည်း ပုံမှန် လူအချင်းချင်း ဆက်ဆံရေးများ မရှိကြပေ။ ၎င်းတို့သည် ခံစားချက်များကိုသာ အခြေခံ၍ အသက်ရှင်ကြသည်။ သို့ဆိုလျှင် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများကို မျှတစွာနှင့် တရားသဖြင့် ဆက်ဆံနိုင်သလော။ ဤသည်မှာ လုံးဝ မရရှိနိုင်ပေ။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများနှင့်ဖြစ်စေ ဘုရားသခင်ကို ရိုးသားစစ်မှန်စွာ ယုံကြည်သောသူများနှင့်ဖြစ်စေ ပုံမှန် လူအချင်းချင်း ဆက်ဆံရေး မရှိသောသူ မည်သူမဆိုသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားမရှိသောသူတစ်ဦးဖြစ်သည်၊ ပုံမှန်လူ့သဘာဝမရှိသောသူတစ်ဦးဖြစ်ပြီး၊ သမ္မာတရားကို ချစ်သောသူတစ်ဦး သေချာပေါက် မဟုတ်ပေ။ ဤပုဂ္ဂိုလ်များသည် ဘာသာတရား မရှိသူများထဲတွင် သိမ်ဖျင်းသော တေလေကြမ်းပိုးများနှင့် ဘာမျှမခြားနားပေ။ ၎င်းတို့သည် မိမိတို့အတွက် အကျိုးရှိသောသူ မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံပြီး အကျိုးမရှိသောသူများကိုမူ လျစ်လျူရှုကြသည်။ ထို့အပြင်၊ ၎င်းတို့သည် တစ်စုံတစ်ဦးက သမ္မာတရား လိုက်စားသည်ကို မြင်သည့်အခါ သို့မဟုတ် လူတိုင်းက လေးစားပြီး နှစ်သက်သောသူတစ်ဦးဖြစ်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအား မျှဝေနိုင်သော တစ်စုံတစ်ဦးကို မြင်သည့်အခါ၊ ၎င်းတို့သည် မနာလိုဖြစ်ပြီး မုန်းတီးလာကာ၊ သမ္မာတရားကို လိုက်စားသော ဤလူများကို ဝေဖန်ရန်နှင့် ရှုတ်ချရန်အတွက် အချက်အလက်များ စုဆောင်းရန် အရာရာကို ကြိုးစားကြသည်။ ဤသည်မှာ ဆိုးယုတ်သောလူများ လုပ်ဆောင်သည့်အရာ မဟုတ်လော။ ထိုသို့သောလူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြသည်။ ၎င်းတို့သည် သားရဲတိရစ္ဆာန်များထက် ပိုဆိုးသည်။ ၎င်းတို့သည် လူတို့ကို မှန်ကန်စွာ မဆက်ဆံနိုင်ကြ၊ အခြားသူများနှင့် ပုံမှန် ပေါင်းသင်းဆက်ဆံ၍မရကြ၊ ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ပုံမှန် လူအချင်းချင်း ဆက်ဆံရေးများကို မတည်ဆောက်နိုင်ကြသည့်အပြင်၊ သမ္မာတရားကို လိုက်စားသောသူများကိုပင် မုန်းတီးနိုင်သည်။ ထိုသို့သောလူများသည် ကောင်းကင်ဘုံနှင့် အခြားလူများအကြောင်းကို အမြဲတစေ စောဒကတက်လျက် မိမိတို့၏ စိတ်နှလုံးထဲတွင် အလွန် အထီးကျန်ပြီး တစ်ကိုယ်တည်းဖြစ်သည်ဟု ခံစားရမည်ဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်နေထိုင်ရာတွင် မည်သည့်ပျော်ရွှင်မှု သို့မဟုတ် အဓိပ္ပာယ် ရှိသနည်း။ ဤလူများသည် စိတ်သဘောထားအားဖြင့် ရက်စက်ကြမ်းကြုတ်ပြီး၊ မည်သူနှင့်ပင် ပေါင်းသင်းဆက်ဆံသည်ဖြစ်စေ၊ အသေးအဖွဲကိစ္စများနှင့်ပတ်သက်၍ လူတို့အပေါ် ၎င်းတို့ကို ရှုတ်ချကာ လက်စားချေလျက်၊ ၎င်းတို့အပေါ် ဘေးဒုက္ခများကို သက်ရောက်စေလျက် မုန်းတီးခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့သော ဆိုးယုတ်သည့် လူပုဂ္ဂိုလ်များသည် အစစ်အမှန် နတ်ဆိုးများဖြစ်ပြီး၊ ၎င်းတို့ နေထိုင်သည့် နေ့ရက်တိုင်း အသင်းတော်ကို ဘေးဒုက္ခဖြစ်စေသည်။ ကို အကယ်၍ ၎င်းတို့သည် အချိန်ကြာမြင့်စွာ နေထိုင်ပါက၊ ဘေးဒုက္ခများက အဆုံးမရှိ ဖြစ်လိမ့်မည်။ ၎င်းတို့ကို အသင်းတော်မှ ဖယ်ထုတ်ပစ်ခြင်းအားဖြင့်သာ ဘေးဒုက္ခများကို ရှောင်လွှဲနိုင်သည်။ ထို့အပြင်၊ အပြင်ပန်းတွင် ယဉ်ကျေးပုံရသော်လည်း အကျိုးအမြတ်များကို အထူးနှစ်သက်သောသူများလည်း ရှိသည်။ ထို့ကြောင့်၊ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည်လည်း အကျိုးအမြတ်များကို လိုက်စားရန်အတွက် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် လွန်ကဲသော အကျိုးအမြတ်အချို့ကို ခဏတာ မယူရပါက၊ ၎င်းတို့၏ မျက်နှာများသည် တစ်စုံတစ်ဦးက ၎င်းတို့အား ငွေများစွာ အကြွေးတင်နေသည့်အလား၊ သုန်မှုန်သွားသည်။ မကျေမနပ်ဖြစ်ပြီး စိတ်ပျက်အားငယ်သော ၎င်းတို့၏ မျက်နှာများကို မြင်သောသူ မည်သူမဆိုသည် ချက်ချင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသည်။ ထိုသို့သော မျက်နှာသည် အသင်းတော်အသက်တာတွင် ပေါ်လာပါက မည်သည့် သက်ရောက်မှုကို ဖြစ်စေမည်ဟု သင်တို့ ထင်သနည်း။ ဘုရားသခင် ရွေးချယ်ထားသော လူအများစုသည် ယင်းကို မြင်ပါက သေချာပေါက် မသက်မသာ ခံစားရမည်ဖြစ်ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့ဖတ်ရှုခြင်းနှင့် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းသည် အတိုင်းအတာအမျိုးမျိုးဖြင့် နှောင့်ယှက်ခံရကာ ထိခိုက်လိမ့်မည်။ အထူးသဖြင့် မှန်သောလမ်းခရီးတွင် မိမိတို့ကိုယ်ကို အမြစ်မစွဲသေးသောသူများအတွက်၊ အသင်းတော်အသက်တာတွင် အမြဲတစ်စေ သုန်မှုန်သော ဤမျက်နှာကို မကြာခဏ မြင်ရခြင်းသည် ၎င်းတို့ကို အလွန်လွယ်ကူစွာ သက်ရောက်မှုရှိလိမ့်မည်။ အသင်းတော်တွင် ရွှင်လန်းသော ပင်ကိုစရိုက်ရှိပြီး၊ ရိုးရှင်းစွာနှင့် ပွင့်လင်းစွာ ပြောဆိုသောလူများ ပိုမိုရှိသင့်ပြီး၊ မိမိတို့၏ စိတ်နှလုံးများသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ဖြင့် ပြည့်နေကာ၊ မိမိတို့၏ ဝိညာဉ်များသည် လွတ်လပ်ပြီး လွတ်မြောက်နေသောလူများ ပိုမိုရှိသင့်သည်။ ဤသည်က အသင်းတော်အသက်တာကို ပျော်ရွှင်ဖွယ်ဖြစ်စေလိမ့်မည်။ အမြဲတစ်စေ သုန်မှုန်တတ်သော ထိုသူများသည် အိမ်တွင် ဘုရားသခင်ထံ ဆုတောင်းပြီး စုဝေးပွဲများသို့ မလာမီ မိမိတို့၏ စိတ်နေသဘောထားကို ပြင်ဆင်သင့်သည်။ ဤနည်းအားဖြင့်၊ ၎င်းတို့သည် စိတ်အခြေအနေ ကောင်းမည်ဖြစ်ပြီး၊ စုဝေးပွဲမှ တစ်စုံတစ်ခုကို ရရှိလိမ့်မည်။ ထို့အပြင်၊ ဤအရာက အခြားသူများကိုလည်း အကျိုးပြုလိမ့်မည်။ အနည်းဆုံးအားဖြင့်၊ ၎င်းတို့ နှောင့်ယှက်ခြင်းခံရမည် မဟုတ်ပေ။ ဘုရားသခင် ရွေးချယ်ထားသော လူများက ပုံမှန်အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်နိုင်ကြောင်း သေချာစေရန်အတွက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယဖွဲ့တတ်ဖို့ သင်ယူသင့်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် သုန်မှုန်သော မျက်နှာဖြင့် စုဝေးပွဲသို့ လာပါက၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ရှေ့ထွက်ပြီး “သင် အကူအညီ လိုအပ်ပါသလော”ဟု မေးသင့်သည်။ ဤသည်ကို မေတ္တာဖြင့် တက်ကြွစွာ ကူညီခြင်းဟု ခေါ်သည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် တစ်စုံတစ်ဦးတွင် ပြဿနာတစ်ခုရှိသည်ကို မြင်ပြီး လျစ်လျူရှုကာ၊ ထို “တစ်လောကလုံးကို မကျေနပ်သူများ”ကို ၎င်းတို့ရွှင်လန်းလာဖို့အတွက် သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘဲ ရှောင်ရှားပြီး လမ်းလွှဲသွားပါက၊ ၎င်းတို့သည် တကယ့်အလုပ်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ အသင်းတော်အလုပ်ကို ထိရောက်စွာ လုပ်ဆောင်ရန်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပထမဦးစွာ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ လူယုံများဖြစ်ရန် သင်ယူရမည်၊ ယင်းမှာ ဘာသာတရား မရှိသူများက မိဘသဖွယ် စောင့်ရှောက်သည့် အရာရှိတစ်ဦးဟု ခေါ်သည့်အရာနှင့် ဆင်တူသည်။ အချို့လူများသည် ထိုသို့သော အခန်းကဏ္ဍတွင် ပါဝင်ရန် မလိုလားဘဲ၊ အမြဲတစေ ဘေးမှကြည့်ရှုသူတစ်ဦးဖြစ်ရန် ပို၍နှစ်သက်ကြသည်၊ ဤနည်းဖြင့် ၎င်းတို့သည် ကောင်းမွန်သော အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ရန် ဘုရားသခင် ရွေးချယ်ထားသော လူများအား မည်သို့ ဦးဆောင်နိုင်မည်နည်း။ အမှန်တကယ်တွင်၊ တစ်စုံတစ်ဦး၏ စိတ်နှလုံးထဲ၌ ပြဿနာများ ရှိမရှိဟူသည်ကို ၎င်းတို့၏ မျက်နှာအမူအရာမှနေ၍ အတိုင်းအတာတစ်ခုအထိ မြင်နိုင်သည်။ အကယ်၍ တစ်စုံတစ်ဦး၏ မျက်နှာသည် အမြဲ သုန်မှုန်နေပါက၊ ၎င်းတို့၏ စိတ်နှလုံးသည် အလင်းတစ်စက်မျှမရှိဘဲ မှောင်မိုက်နေသည်မှာ သေချာသည်။ အကယ်၍ ၎င်းတို့သည် တစ်နေ့လုံး အမှားအမှန် အငြင်းပွားမှုများတွင် နစ်မြုပ်နေပါက၊ ၎င်းတို့၏ မျက်နှာသည် အပြုံးတစ်ခုကို ဆောင်နိုင်ဦးမည်လော။ ဤလူများ၏ မျက်နှာများသည် အမြဲတစေ မည်းမှောင်သော တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး၊ နေသာသော အခိုက်အတန့်မရှိဘဲ၊ ဤသည်က ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုကိုလည်း သက်ရောက်မှုရှိစေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ဤပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် နှောင့်နှေးနေပြီး၊ ညီအစ်ကိုမောင်နှမများကို အဆက်မပြတ် နှောင့်ယှက်ခြင်းနှင့် ပြောမပြနိုင်သော ဝေဒနာတို့ကို ခံစားရစေပါက၊ ထိုခေါင်းဆောင်များနှင့် အမှုဆောင်များသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်းမရှိကြောင်း၊ သမ္မာတရားဖြင့် ပြဿနာများကို မဖြေရှင်းနိုင်သည့်အပြင်လုံးဝအသုံးမကျသူတစ်ဦး ဖြစ်ကြောင်း သက်သေပြသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် သမ္မာတရားကို နားလည်ပြီး ညီအစ်ကိုမောင်နှမများ၏ ပြဿနာများကို ဖော်ထုတ်နိုင်ကာ၊ အချိန်မီ အားပေးကူညီမှု ပေးနိုင်ပါက၊ လူတို့၏ ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရုံတင်မက၊ လူတို့ကို သမ္မာတရား စည်းမျဉ်းများကို နားလည်စေပြီး မိမိတို့၏ တာဝန်များကို ဖြည့်ဆည်းရာတွင်လည်း ကူညီနိုင်ပါက၊ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ကိစ္စရပ်များကို ကိုင်တွယ်ခြင်းသည် ထိရောက်မည်ဖြစ်ပြီး၊ အသင်းတော်အလုပ်က ထိခိုက်လိမ့်မည် မဟုတ်ပေ။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ပြဿနာများကို ချက်ချင်း မဖော်ထုတ်နိုင်၊ မဖြေရှင်းနိုင်ပါက၊ ဤအရာသည် အသင်းတော်၏အလုပ်ကို ထိခိုက်စေသည်။ အကယ်၍ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အသင်းတော်၏အလုပ်ကို ထိခိုက်နစ်နာမှုဖြစ်စေပြီး ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို ဟန့်တားလျက် ပြဿနာများကို ပိုင်းခြားသိမြင်ကာ ကိုင်တွယ်နိုင်ခြင်းမရှိပါက၊၊ ၎င်းတို့သည် ဘုရားသခင်နှင့် သူ၏ ရွေးချယ်ထားသော လူများကို စိတ်ပျက်စေကြသည် မဟုတ်လော။ ၎င်းတို့သည် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် စည်းမျဉ်းများ ကင်းမဲ့သည် မဟုတ်လော။ ပြဿနာများ၏ အနှစ်သာရကို ထိုးထွင်းသိမြင်ပြီးနောက် ၎င်းတို့ကို ချက်ချင်းနှင့် မဆိုင်းမတွ ကိုင်တွယ်ခြင်း၊ ဤအရာကို တာဝန်ဝတ္တရားများအား ဖြည့်ဆည်းခြင်းနှင့် သစ္စာစောင့်သိခြင်းဟု ခေါ်ကာ ဤသည်မှာ မိမိ၏တာဝန်ကို စံနှုန်းပြည့်မီသောနည်းလမ်းဖြင့် ထမ်းဆောင်ခြင်း ဖြစ်သည်။

ယနေ့ မိတ်သဟာယ၏ အကြောင်းအရာမှာ ဆဋ္ဌမမြောက်ပြဿနာဖြစ်သည့် မလျော်ကန်သော ဆက်ဆံရေးများတွင် ပါဝင်ခြင်း ဖြစ်သည်။ အသင်းတော်အသက်တာတွင် ပေါ်ပေါက်သည့် ဤအမျိုးအစား၏ ပြဿနာများမှာ အခြေခံအားဖြင့် ဤအရာများဖြစ်သည်- မလျော်ကန်သော ဖိုမဆက်ဆံရေးများ၊ လိင်တူဆက်ဆံရေးများ၊ ကိုယ်ကျိုးမျှော်လင့်သော ဆက်ဆံရေးများနှင့် လူအချင်းချင်း မုန်းတီးခြင်းတို့ ဖြစ်သည်။ ယင်းတို့သည် ဇာတိပကတိဆိုင်ရာ ကိလေသာတပ်မက်မှု၊ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများ သို့မဟုတ် ဇာတိပကတိ၏ ခံစားချက်ဆိုင်ရာ ငြိတွယ်မှုများကို အခြေခံသော ဆက်ဆံရေးများဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အားလုံးသည် ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား နယ်ပယ်ကို ကျော်လွန်သောကြောင့် မလျော်ကန်သော ဆက်ဆံရေးများ အမျိုးအစားထဲတွင် အကျုံးဝင်သည်။ ဤမလျော်ကန်သော ဆက်ဆံရေးများ တည်ရှိခြင်းသည် လူတို့ကို အတိုင်းအတာတစ်ခုအထိ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ပို၍ဆိုးရွားသည်မှာ၊ ၎င်းတို့သည် လူတို့၏ အသက်ဝင်ရောက်မှု၊ ၎င်းတို့၏ သမ္မာတရားကို လိုက်စားခြင်းနှင့် ဘုရားသခင်ကို သိရှိခြင်းအား ၎င်းတို့၏ လိုက်စားမှုတို့ကို နှောင့်ယှက်နိုင်သည်။ ဤအမျိုးမျိုးသော မလျော်ကန်သည့် ဆက်ဆံရေးများသည် အသိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမှ ပေါ်ပေါက်လာခြင်းမဟုတ်ဘဲ၊ ပုံမှန်လူ့သဘာဝနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လူတို့သည် ဤပုံမှန်မဟုတ်သော ဆက်ဆံရေးများအတွင်း အသက်ရှင်နေထိုင်သည့်အခါ သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်ရန် ခက်ခဲကာ ဤအရာက အသင်းတော်အသက်တာကို အသက်ရှင်နေထိုင်ခြင်းနှင့် အသက်တာ တိုးတက်မှုကို လိုက်စားခြင်းအပြင် အသင်းတော်အသက်တာ၏ အစီအစဉ်ကိုလည်း နှောင့်ယှက်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုအတွက် အန္တရာယ်ရှိပြီး အသင်းတော်၏အလုပ်ကိုလည်း ထိခိုက်စေနိုင်သည်။ ဤအရာအားလုံးကြောင့်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့် ဤပြဿနာများကို ချက်ချင်း ဖော်ထုတ်ပြီး ကိုင်တွယ်ရန်မှာ မဖြစ်မနေ လိုအပ်သည်။

မလျော်ကန်သော ဆက်ဆံရေးများနှင့်စပ်လျဉ်း၍၊ ငါတို့သည် မတူညီသောအခြေအနေများကို ရေတွက်ပြီးဖြစ်ကာ အမျိုးအစားသတ်မှတ်ပြီးဖြစ်သည်။ ပိုင်းခြားသိမြင်မှုကို လေ့ကျင့်ရန် ဥပမာအချို့ကို သင်တို့ ပေးနိုင်သလော။ ပိုင်းခြားသိမြင်မှုကို သင်ယူခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ တိကျသော အကဲဖြတ်မှုများ ပြုလုပ်နိုင်ရန်နှင့် ထို့နောက်တွင် ၎င်းတို့ကို စည်းမျဉ်းများအတိုင်း ဆက်ဆံနိုင်ရန်အလို့ငှာ၊ လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများ၏ အနှစ်သာရကို ပိုင်းခြားသိမြင်ပြီး သတ်မှတ်တတ်စေရန် ဖြစ်သည်။ ဤသည်မှာ အဆုံးစွန်သော ရလဒ် ဖြစ်သည်။ “သင်တို့က တစ်နေ့လုံး ဤအမှားအမှန်ကိစ္စများ၊ ဤနေ့စဉ်ကိစ္စများအကြောင်း ပြောနေသည်၊ ငါတို့က ယင်းတို့ကို နောက်ထပ် နားမထောင်လိုတော့ပါ၊ ငါတို့ စုဝေးပွဲများကိုပင် မလာချင်တော့ပါ။ သင်တို့က သမ္မာတရားကို မိတ်သဟာယဖွဲ့သင့်သည် မဟုတ်လော။ အဘယ်ကြောင့် ဤအခြေအနေများအကြောင်းကို အမြဲပြောနေရသနည်း”ဟု ပြောဖူးသူ တစ်စုံတစ်ဦး ရှိသလော။ ထိုသို့သောလူများကို သင်တို့ သတိပြုမိသလော။ ၎င်းတို့သည် မည်သည့်လူစားမျိုးများ ဖြစ်ကြသနည်း။ (ဝိညာဉ်ရေးရာ သိနားလည်မှုကင်းမဲ့သောလူများ ဖြစ်ပါသည်။) ငါတို့သည် ဤနည်းအတိုင်း မိတ်သဟာယဖွဲ့သော်လည်း၊ ၎င်းတို့သည် သမ္မာတရားကို နားမလည်နိုင်သေးပေ။ ၎င်းတို့သည် ပုံမှန်လူတစ်ဦး၏ အသိဉာဏ်ကိုပင် မပြည့်မီပေ၊ ထိုသို့သောလူများသည် လုံးဝ အသုံးမကျပေ။ လူ့အသိဉာဏ်ကိုပင် မပြည့်မီသော တစ်စုံတစ်ဦးကို တရားဒေသနာများ နားထောင်စေသင့်သေးသလော။ ၎င်းတို့က “စုဝေးပွဲများက အမြဲ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအကြောင်းဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း အကြောင်းအရာများအကြောင်း အမြဲပြောနေသည်။ ဤအရာ ကျွန်ုပ် နားထောင်ရသည်ကို ငြီးငွေ့နေပြီ။ စုဝေးပွဲများကို ကျွန်ုပ် နောက်ထပ် မလာချင်တော့ပါ” ဟု အဆိုပြုကောင်းပြုကြပေမည်။ အကယ်၍ ၎င်းတို့သည် ထိုသို့သော အမြင်ကို အမှန်တကယ် စွဲကိုင်ထားပါက၊ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သူတစ်ဦး ဖြစ်သည်။ ထိုသို့သောလူများအတွက်၊ ဘုရားအိမ်တော်သည် ၎င်းတို့၏ တက်ရောက်မှုကို မရမက မတောင်းဆိုပေ။ ၎င်းတို့ကို အလျင်အမြင် မောင်းထုတ်လော့။အကယ်၍ ၎င်းတို့ကိုယ်တိုင်က စုဝေးပွဲများသို့ လာရန် မလိုလားသည့်အပြင်၊ ထိုနေရာများတွင် ဆွေးနွေးသည့်အရာကို လက်မခံနိုင်ပါက၊ ငါတို့သည် မရမက မတောင်းဆိုပေ။ ငါတို့သည် ၎င်းတို့ကို ဒုက္ခပေးရန် မရှာပေ။ ဤကဲ့သို့သောလူများသည် ဘုရားသခင်ကို တစ်သက်တာ ယုံကြည်လျှင်ပင်၊ သမ္မာတရားကို နားလည်မည်မဟုတ်သကဲ့သို့ လက်တွေ့ကျမှုထဲသို့လည်း ဝင်ရောက်မည်မဟုတ်ပေ၊ ယင်းသည် အချည်းနှီး အားထုတ်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဘာသာရေးဆိုင်ရာ အသိပညာကို နားထောင်ခြင်းအား နှစ်သက်ပါက၊ ဘာသာရေးဆိုင်ရာ အသိပညာကို သွားရောက်လေ့လာကြပါစေ။ တစ်နေ့တွင်၊ ၎င်းတို့သည် သမ္မာတရားကို အသက်အဖြစ် မရရှိသည့်အခါ၊ ၎င်းတို့ နောင်တရလိမ့်မည်။

၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်

အရှေ့သို့- ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၁၃)

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားလက်တွေ့ကျမှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။