၂၅ မိုးချုန်းသံခုနစ်ချက် ပလ္လင်တော်မှထွက်ကျူး

၁ မိုးချူန်းသံ ခုနှစ်ချက် ပလ္လင်မှ ထွက်ပေါ်လာသည်၊ စကြဝဠာကို တုန်ခါစေသည်၊ ကောင်းကင်နှင့် မြေကြီးကို မှောက်လှန်ပြီး၊ မိုးကောင်းကင်တစ်လျှောက် ပဲ့တင်ထပ်လေ၏။ အသံသည် နားကို စူးဝင်ပြီး လူတို့သည် ယင်းအသံမှ မလွတ်မြောက်နိုင်ကြသကဲ့သို့ ယင်းမှ မပုန်းကွယ်နိုင်ကြပေ။ မိုးချုန်းသံနှင့် လျှပ်စီးလက်ခြင်းသည် ပေါက်ထွက်ပြီး ချက်ချင်း ကောင်းကင်နှင့်မြေကြီး အသွင်ပြောင်းကာ လူတို့သည် သေလုမြောပါး ဖြစ်ကြလေ၏။ ထို့နောက် စကြဝဠာတစ်ခုလုံးသည် မိုးကောင်းကင်မှ ကျဆင်းနေသည့် ပြင်းထန်သော မိုးသက်မုန်တိုင်း တစ်ခုဖြင့် လျှပ်တစ်ပြက် ပတ်ရံခံရလေသည်။ လျှပ်စီးအလင်းရောင်များအလား၊ မိုးချုန်းသံ တအုန်းအုန်းမြည်သံတို့သည် အေးစိမ့်သော အလင်းဖြင့် ဝင်းလက်ကာ လူတို့ကို ကြောက်ရွံ့ခြင်းဖြင့် တုန်လှုပ်စေ၏။ အသွားနှစ်ဖက်ပါသည့် ထက်မြက်သော သန်လျက်သည် အဓမ္မလူအပေါင်းတို့ကို အဆုံးစီရင်သည်။ ယင်း၏ နောက်တွင် မြည်တမ်းခြင်း အသံများ မြည်ဟီးလေသည်။ အချို့သည် ၎င်းတို့၏ အိပ်စက်ခြင်းမှ နိုးကြပြီး၊ အလွန် အထိတ်တလန့်ဖြစ်လျက်၊ ၎င်းတို့၏ ဝိညာဉ်များ ထဲ၌ စူးစူးစိုက်စိုက် ရှာဖွေကြပြီး ပလ္လင်ရှေ့သို့ အပြေးအလွှား ပြန်သွားကြလေသည်။ ၎င်းတို့သည် သောင်းကျန်းသော လိမ်လည် လှည့်စားခြင်းနှင့် လက်ခံနိုင်ဖွယ် မရှိသော လုပ်ရပ်များကို ရပ်တန့်လိုက်ကြသည်။ ထိုသို့သော လူတို့အတွက် နိုးထရန် နောက်မကျလွန်းသေးချေ။

၂ ငါသည် ပလ္လင်ထက်မှ စောင့်ကြည့်လျက်နေသည်။ ငါသည် လူတို့၏ အတွင်းကျကျ စိတ်နှလုံးများထဲသို့ ကြည့်၏။ ငါ့အား လေးလေးနက်နက် ပြင်းပြစွာ တောင့်တသောသူတို့ကို ငါသည် ကယ်တင်ပြီး၊ ၎င်းတို့ကို ငါသည် သနား၏။ မိမိတို့၏ စိတ်နှလုံးများထဲ၌ အခြားသောအရာ အားလုံးထက် ငါ့ကို ပို၍ချစ်သောသူများ၊ ငါ၏ အလိုကို နားလည်ကာ၊ ငါ၏နောက်သို့ တကယ့်လမ်းဆုံးတိုင်အောင် လိုက်သောသူများကို ငါသည် ထာဝရ ကယ်တင်မည်။ ဖြူသောပလ္လင်ကြီး၏ တရားစီရင်ခြင်းကို လူထုနှင့် လူမျိုးအပေါင်းတို့ထံ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြထားပေသည်၊ တရားစီရင်ခြင်း စတင်ပြီဟု ကြေညာ ထားပေသည်။ မိမိတို့၏ စကားများက အူလှိုက်သည်းလှိုက် မဖြစ်သောသူများ၊ သံသယဖြစ်ကာ မသေချာဝံ့သူများ၊ ငါ၏ အလိုဆန္ဒများကို သိသော်လည်း၊ ၎င်းတို့ကို လက်တွေ့ လုပ်ဆောင်ရန် လိုလားခြင်းမရှိသည့် အချိန်ဖြုန်းသော သူများ အားလုံး- ၎င်းတို့အားလုံး တရားစီရင်ခြင်းကို ခံကြရမည်မှာ သံသယဖြစ်ဖွယ် မရှိချေ။ ပလ္လင်ထက်မှသည် စကြဝဠာနှင့် ကမ္ဘာ့ အစွန်ဆုံးနေရာများ အထိ၊ မိုးချုန်းသံ ခုနှစ်ချက်သည် ပဲ့တင်ထပ်လေ၏။ ကြီးစွာသော လူတစ်စုသည် ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏ ပလ္လင်ရှေ့တွင် ကျိုးနွံနာခံကြလိမ့်မည်။

၃ ဤအသက်၏အလင်း နောက်လိုက်ရင်း၊ လူတို့သည် ရှင်သန်ရန် နည်းလမ်းတစ်ခုကို ရှာဖွေကြပြီး၊ ဒူးထောက် ကိုးကွယ်ရန်နှင့် ၎င်းတို့၏ နှုတ်များဖြင့် စစ်မှန်သော အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမကို အော်ခေါ်ပြီး ငါ့ထံ မလာဘဲ မနေနိုင်ကြပေ။ ကမ္ဘာမြေကြီး၏ အဆုံးစွန် နေရာများတွင် ရှိသောသူတို့အား ငါသည် ဖြောင့်မတ်ကြောင်း၊ သစ္စာနှင့်ပြည့်စုံကြောင်း၊ ငါသည် မေတ္တာ ဖြစ်ကြောင်း၊ သနားခြင်းကရုဏာ ဖြစ်ကြောင်း၊ ဘုန်းအာနုဘော် ဖြစ်ကြောင်း၊ ငါသည် ပြင်းထန်သော မီးဖြစ်ကြောင်းနှင့် နောက်ဆုံးတွင် ရက်စက်သော တရားစီရင်ခြင်း ဖြစ်ကြောင်းကို မြင်စေကြလော့။ လူအပေါင်းတို့သည် အပြည့်အဝ ယုံကြည်လက်ခံ ကြပြီး ငါ့အား မည်သူမျှ နောက်တစ်ဖန် မခုခံဝံ့သကဲ့သို့၊ နောက်တစ်ဖန် ငါ့အား ဝေဖန်ရန် သို့တည်းမဟုတ် အသရေဖျက်ရန် မပြုဝံ့ကြချေ။ စကြဝဠာ တစ်လျှောက်နှင့် ကမ္ဘာမြေ၏ အဆုံးစွန်များအထိ၊ အိမ်ထောင်တိုင်း နှင့် လူတိုင်းအားဖြင့် သိစေကြလော့- အနန္တတန်ခိုးရှင် ဘုရားသခင်သည် တစ်ပါးတည်းသော စစ်မှန်သည့် ဘုရားသခင် ဖြစ်၏။ တိုင်းနိုင်ငံများနှင့် လူမျိုးအပေါင်းတို့သည် ငါ၏ရှေ့၌ ထာဝရကာလပတ်လုံး ကျိုးနွံနာခံကြလိမ့်မည် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၅)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၄ မိုးချုန်းသံခုနစ်ချက်ကို ဖွင့်တော်မူသောသူကျူး

နောက်တစ်ခုသို့- ၂၆ ဘုရားသခင်၏တံပိုးခုနစ်လုံး တစ်ဖန်အသံမြည်လေ၏ကျူး

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။