၃၁၄ ဆုံးမခြင်းနှင့် အပြစ်စီရင်ခြင်း၌ ဘုရား၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ် မြင်တွေ့ခဲ့သည်
၁
အို ဘုရားသခင်၊ ကျွန်ုပ်သည် ရာနှင့်ချီသော စမ်းသပ်မှုများနှင့် အတိဒုက္ခများကို ကြံ့ကြံ့ခံရပြီးဖြစ်ကာ သေလုနီးနီးပင်ဖြစ်ပြီးသော်လည်း၊ ယင်းတို့က ကျွန်ုပ်အား ကိုယ်တော်ကို အမှန်တကယ် သိရှိဖို့နှင့် အထွတ်အထိပ် ကယ်တင်ခြင်းကို ရရှိရန် ကျွန်ုပ်အား အခွင့်ပေးလေပြီ။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့သည် ကျွန်ုပ်ထံမှ ဖယ်ခွာသွားခဲ့မည်ဆိုလျှင်၊ ကျွန်ုပ်သည် အမှောင်တွင် စာတန်၏ တန်ခိုးအောက်၌ အသက်ရှင်ရပါမည်။ လူသား၏ ဇာတိပကတိသည် မည်သည့်အကျိုးကျေးဇူးများ ရှိသနည်း။ အကယ်၍ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့မည်ဆိုပါက၊ ဒါဟာ ကိုယ်တော်၏ ဝိညာဉ်တော်က ကျွန်ုပ်အား စွန့်ခွာခဲ့ပြီး ဖြစ်သည့်အလား၊ ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ မရှိတော့သည့်အလား ဖြစ်ပါမည်။ ထိုသို့ဖြစ်ခဲ့ပါက ကျွန်ုပ် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။
၂
ကိုယ်တော်သည် ကျွန်ုပ်အား နာမကျန်းမှုကို ပေးခဲ့ပြီး ကျွန်ုပ်၏ လွတ်လပ်မှုကို ယူဆောင်ခဲ့သည်၊ ကျွန်ုပ်သည် ဆက်လက် ရှင်သန်နိုင်ခဲ့ပါသည်။ ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် တစ်ချိန်ချိန်၌ ကျွန်ုပ်ကို စွန့်ခွာခဲ့ပါက ကျွန်ုပ် ဆက်လက် အသက်ရှင်နိုင်မည်မဟုတ်ပါ။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ မရှိခဲ့ပါက၊ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို ဆုံးရှုံးရပြီး ဖြစ်ပါမည်။ ကိုယ်တော်၏ မေတ္တာသည် ကျွန်ုပ်အတွက် စကားလုံးတို့ဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် နက်ရှိုင်းလွန်းလှပါသည်။ ကိုယ်တော်၏ မေတ္တာမရှိဘဲနှင့်၊ စာတန်၏ တန်ခိုးအောက်တွင် ကျွန်ုပ် အသက်ရှင်မည် ဖြစ်ပြီး၊ ကိုယ်တော်၏ ဘုန်းအသရေရှိသော မျက်နှာတော်ကို မြင်တွေ့နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်သည် မည်သို့ ဆက်လက် အသက်ရှင်နိုင်မည်နည်း။ ထိုသို့သောအမှောင်တွင် ထိုသို့သောဘဝတွင် ကျွန်ုပ်သည် ရှေ့မဆက်နိုင်လုနီးပါးဖြစ်ခဲ့သည်။ ကိုယ်တော် ကျွန်ုပ်နှင့်အတူ ရှိခြင်းသည် ကိုယ်တော်ကို မြင်နေရသကဲ့သို့ ဖြစ်သည်၊ ထို့ကြောင့် ကိုယ်တော်ကို ကျွန်ုပ် မည်သို့ စွန့်ခွာနိုင်မည်နည်း။
၃
ကိုယ်တော်၏ နှစ်သိမ့်သောစကား ဟိုတစ်စ၊ ဒီတစ်စကိုသာ ဖြစ်လျှင်ပင် ကျွန်ုပ်၏ အကြီးမားဆုံးသော နှစ်သိမ့်မှုကို ကျွန်ုပ်ထံမှ ယူဆောင်မသွားရန် ကိုယ်တော်ကို ကျွန်ုပ် လုံးဝ ရိုးသားစစ်မှန်စွာ အနူးအညွတ် ပန်ကြားပါ၏။ ကိုယ်တော်ကို တောင်းပန်ပါ၏။ ကျွန်ုပ်သည် ကိုယ်တော်၏ မေတ္တာကို မွေ့လျော်ပြီးဖြစ်ကာ၊ ယနေ့တွင် ကိုယ်တော့်ထံပါးမှ ကျွန်ုပ် ဝေးကွာ၍ မရနိုင်ပါ။ ကိုယ်တော့်ကို ကျွန်ုပ် မည်သို့မချစ်ဘဲ နေနိုင်ပါမည်နည်း။ ကိုယ်တော်၏ မေတ္တာကြောင့်၊ ကျွန်ုပ်သည် ဝမ်းနည်းမျက်ရည်များစွာ ကျရပြီးဖြစ်သော်လည်း၊ ဤသို့သော အသက်တာသည် ပို၍ အဓိပ္ပာယ်ရှိသည်၊ ကျွန်ုပ်ကို သာ၍ ကြွယ်ဝစေနိုင်သည်၊ ကျွန်ုပ်ကို သာ၍ ပြောင်းလဲစေနိုင်ပြီး၊ ဖန်ဆင်းခံများက ပိုင်ဆိုင်သင့်သည့် သမ္မာတရားကို ရယူဖို့ ကျွန်ုပ်ကို သာ၍ အခွင့်ပေးနိုင်သည်ဟု ကျွန်ုပ်အမြဲခံစားရပါ၏။
နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ မှ