မာနထောင်လွှားခြင်းသည် ကျရှုံးခြင်းမတိုင်မီ လာ၏

27.02.2021

ရှင်းဂျီး တရုတ်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်မိတော့၊ ယခင်က ကျွန်မ ကြုံခဲ့ရသည့်အရာတစ်ခုကို ပြန်သတိရသည်။ ထိုအချိန်က ကျွန်မက တကယ်ကို မာနထောင်လွှားပြီး၊ မိမိကိုယ်ကိုယ် အမှန်ထင်ခဲ့သည်။ ကျွန်မက နှစ်များ တော်တော်ကြာသည့်အထိ အသင်းတော်ခေါင်းဆောင် တစ်ယောက် ဖြစ်ခဲ့သည်။ အချို့အလုပ်လေးများ ပြီးမြောက်ခဲ့ခြင်း ရှိသည်။ အနည်းငယ်လည်း ဆင်းရဲဒုက္ခခံခဲ့သည်။ မိမိအလုပ်တာဝန်ထဲက လက်တွေ့ကျသည့် အချို့ကိစ္စများကိုလည်း ဖြေရှင်းနိုင်ခဲ့သည်။ ထို့ကြောင့် ကျွန်မက ဤအရာများအားလုံးကို မိမိအားသာချက်အနေနှင့် အသုံးချခဲ့သည်။ မည်သူ့ကိုမျှ ခေါင်းထဲ မထည့်ခဲ့ပါ။ နောက်တော့မှ ကျွန်မလည်း ကိုင်တွယ်ဖြေရှင်းခြင်း ခံရသည်၊ ဆုံးမပဲ့ပြင်ခံခဲ့ရသည်။ ပြီးတော့ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်မှုများမှတစ်ဆင့်၊ ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကို နောက်ဆုံးမှာ နားလည်မှုအချို့ ရခဲ့သည်။ နောင်တများ ရပြီး၊ မိမိကိုယ်ကိုယ် မုန်းတီးမိခဲ့သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းကိုလည်း စပြီး အာရုံစိုက်ခဲ့သည်။ အပြောင်းအလဲအချို့ကိုလည်း ကြုံခဲ့ရပါသည်။

၂ဝ၁၅ခုနှစ်မှာ ကျွန်မက အသင်းတော်တစ်ခု၏ ခေါင်းဆောင်ပိုင်း ရာထူးတစ်ခုကို ယူခဲ့ပါသည်။ အစ်မလီက ကျွန်မနှင့်အတူ တွဲလုပ်သည်။ သူမက ခေါင်းဆောင် တစ်ယောက်အဖြစ် စပြီး တာဝန်ယူခါစ ဖြစ်ပါသည်။ သင်းထောက်များနှင့် အဖွဲ့ခေါင်းဆောင်များက ယုံကြည်ခြင်းမှာ သက်ဝင်ခါစများ ဖြစ်သောကြောင့်၊ သမ္မာတရားကို သူတို့ မိတ်သဟာယပြုသည်မှာ နည်းနည်း မလေးနက်ပါ။ ကျွန်မက “ငါက ယုံကြည်သူတစ်ယောက် ဖြစ်ခဲ့တာ သူတို့အားလုံးထက် ကြာနေပြီ။ ခေါင်းဆောင်တစ်ယောက် ဖြစ်တာလည်း နည်းနည်းတော့ ကြာပြီ။ ဒီအသင်းတော်မှာ အရေးပါတဲ့နေရာကို ငါ ယူမှဖြစ်တော့မယ်။ အတွေ့အကြုံက စကားပြောတယ် ဆိုတာကို အားလုံး မြင်စေရမယ်။” ဟု စဉ်းစားမိသည်။ ထို့ကြောင့် ကျွန်မက မည်သည့်ကိစ္စမှာမဆို ရှေ့မှ ဦးဆောင်သည်။ ညီအစ်ကိုမောင်နှမ တစ်ယောက်ယောက် အားနည်းနေသည် ဖြစ်စေ၊ သူတို့အလုပ်မှာ အခက်အခဲများ ရှိနေသည်ဖြစ်စေ၊ အသင်းတော်အလုပ်မှာ နှောင့်နှေးနေသည်ဖြစ်စေ၊ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်နှင့် အကျိုးဆောင်များ မဖြေရှင်းနိုင်သည့် ခက်ခက်ခဲခဲ ပြဿနာများ၊ အကြောင်းကိစ္စများ ရှိလာသည်ဖြစ်စေ၊ ကျွန်မက ယင်းတို့အားလုံးကို ဖြေရှင်းပေးဖို့ ရှေ့ထွက်လိုက်သည်။ အချိန်ခဏလောက်ကြာတော့ အသင်းတော်၏အလုပ်က စ၍ တိုးတက်လာသည်။ ညီအစ်ကိုမောင်နှမများ၏ အခြေအနေများကလည်း ပြောင်းလဲကုန်ကြပြီဖြစ်သည်။ အားလုံးက တာဝန်များကို ကောင်းမွန်စွာ လုပ်နိုင်ကြသည်။ သူတို့ပြဿနာများကို မိတ်သဟာယပြုပေးဖို့၊ ကျွန်မကို လာရှာပြီး၊ ထင်မြင်ချက် တောင်းခြင်းလည်း လုပ်ကြသည်။ ကျွန်မကိုယ်ကျွန်မ တကယ် ကျေနပ်ခဲ့မိသည်။ ကိုယ်လုပ်ထားသည့် လုပ်ဆောင်ချက်များ အားလုံးကိုလည်း တွက်ချက်ကြည့်သည်။ စိတ်ထဲမှာလည်း၊ “ငါသာ ဦးမဆောင်ဘူးဆိုရင်၊ အသင်းတော်ရဲ့အလုပ်က ဒီလောက် တိုးတက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါသာ မိတ်သဟာယမပြုရင်၊ တခြားသူတွေရဲ့အခြေအနေတွေလည်း အများကြီး တိုးတက်လာမှာ မဟုတ်ဘူး။ ငါ့မှာ တကယ်ကို သမ္မာတရားရဲ့ စစ်မှန်မှု ရှိတယ်နဲ့တူတယ်။ ငါက အလုပ်ကို လက်တွေ့ကျကျ လုပ်နိုင်တယ်။” ဟု တွေးမိသည်။ ထို့နောက် အစ်မလီက ကိစ္စအချို့ ပေါ်လာ၍၊ အိမ်ပြန်သွားရသည်။ ထို့ကြောင့် ကျွန်မကသာ အသင်းတော်၏အလုပ်ကို တာဝန်ယူရသည်။ ပထမတော့ ကျွန်မလည်း ဖိစီးမှုနည်းနည်း ဖြစ်သည်။ ရင်ထဲမှာ ဘုရားသခင်ကိုသာ တစ်ချိန်လုံး နှလုံးသွင်းသည်။ စည်းဝေးပွဲများ ပြီးသွားတိုင်း၊ မည်သည့်အရာ ဖြစ်ခဲ့သည်ကို သေချာ လေ့လာသည်။ ပြီးလျှင် အားနည်းနေသည့်၊ အပျက်သဘောဆောင်နေသည့် လူများထံ အပြေးအလွှားသွားပြီး ပံ့ပိုးပေးသည်။ အချိန်နည်းနည်း ကြာတော့၊ အယောက်တိုင်းက သူတို့ ဝတ္တရားနှင့်အညီ ဝတ်ပြုစည်းဝေးကြသည်၊ အလုပ် လုပ်ကြသည်ကို တွေ့ရသည်။ အသင်းတော် အလုပ်များ အားလုံးကလည်း ချောချောမွေ့မွေ့ သွားနေသည့်။ ကျွန်မလည်း ထိုအခါမှ သက်ပြင်းချနိုင်သည်။ မိမိကိုယ်ကိုယ်လည်း သိပ်ပြီး ကျေနပ်မိသည့်။ ခေါင်းဆောင်တစ်ယောက်အဖြစ် အလုပ်လုပ်ခဲ့သည့် ဤနှစ်များတစ်လျှောက်လုံးမှာ ကျွန်မကိုယ်ကျွန်မ သက်သေပြခဲ့ပြီးီဖြစ်သည်၊ ကျွန်မက များစွာ မြင်ခဲ့ပြီးပြီ၊ ပြဿနာများစွာ ကိုင်တွယ်ခဲ့ပြီးဖြစ်သည်ဟု ထင်မိသည်။ ကျွန်မမှာ အလုပ်အတွေ့အကြုံမျိုးစုံ ရှိသည်။ အကြောင်းကိစ္စများကို ကျွန်မဘာသာ တာဝန် ယူနိုင်သည်။ ကျွန်မက တကယ်ကို အသင်းတော်၏ ဒေါက်တိုင်တစ်ခုဖြစ်သည့်။ အထူးသဖြင့် ထိုကာလအတွင်းမှာ၊ ကျွန်မက ခက်ခဲပင်ပန်းသည့် အရာများကို မညည်းမညူနှင့်၊ မနက်စောစောမှ ညဘက်အထိ အလုပ်လုပ်နေသောကြောင့်၊ ကျွန်မအနေနှင့် နည်းနည်း ချီးကျူးခံရထိုက်သည်ဟု့ တကယ်ကို ထင်ခဲ့မိသည်။ ကျွန်မက မိမိကိုယ်ကိုယ် တော်တော် ကျေနပ်နေသည့် အခြေအနေ တစ်ခုထဲမှာ အမှတ်တမဲ့နှင့် ရှင်သန်နေမိသည်။ လူသားမျိုးနွယ်ကို တရားစီရင်ပြီး ဖော်ထုတ်ပြသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်မိသည့်အခါ၌လည်း၊ ယင်းတို့ကို မိမိအတွက် အသုံးမချခဲ့ပါ။ ညီအစ်ကိုမောင်နှမများက အခြေအနေဆိုး တစ်ခုထဲ ရောက်နေပါက၊ ကျွန်မက သူတို့ကို သမ္မာတရားနှင့် မိတ်သဟာယမပြုခဲ့ပါ။ ထိုအစား သူတို့ကို ပစ်ပယ်ပြီး၊ “ရှင်တို့ ယုံကြည်သူဖြစ်တာ ဒီလောက်ကြာနေပြီ။ ဒါတောင် သမ္မာတရားကို အားမထုတ်သေးဘူး။ နည်းနည်းလေးမှ မပြောင်းလဲနိုင်ကြသေးဘူးလား။” ဟု မကြာမကြာ ကြိမ်းမောင်း မိသည်။ တစ်ခါတစ်ရံ တစ်ခုခုကို မိတ်သဟာယပြုပြီးသွားပါက၊ ညီအစ်ကိုမောင်နှမများက သူတို့ ဘာလုပ်ရမှန်း မသိသေးဟု ပြောကြသည်။ ကျွန်မကလည်း အကြောင်းရင်းကို မမေးဘဲ၊ “ရှင်တို့ မသိတာမဟုတ်ဘူး။ အဲဒါကို လက်တွေ့မလုပ်ဆောင်ချင် ကြတာပါ။” ဟု သူတို့ကို အပြစ်တင်သည်။ သူတို့အားလုံးလည်း ချုပ်ချယ်ခံရသလို ဖြစ်ပြီး၊ သူတို့ပြဿနာများကို ကျွန်မဆီ ထပ်ပြီး မပြောရဲကြတော့ပါ။

နောက်တော့ အစ်မလျူက ကျွန်မနှင့်အတူတွဲလုပ်ဖို့ ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံရသည်။ ကျွန်မ သူမက ယုံကြည်သူဖြစ်လာသည်မှာ သိပ်မကြာသေးဟု ထင်မိသည်။ ဆွေးနွေးပေးပါက အချို့ကိစ္စများကို နားလည်နိုင်လောက်မည် မဟုတ်ဟု ထင်မိသည်။ ထို့ကြောင့် အသင်းတော်ကိစ္စ အများစုကို ကြီးကြီးငယ်ငယ်၊ ကျွန်မကသာ အဆုံးအဖြတ်ပေးရလိမ့်မည်။ တစ်ခါတစ်ရံ ကျွန်မက ဆုံးဖြတ်ချက် ချပေးလိုက်ပြီး အစ်မလျူကို ဆောင်ရွက်ခိုင်းလိုက်သည်။ တစ်ခါတွင် ကျွန်မတို့၏ ခေါင်းဆောင်က အလုပ်တစ်ခုအတွက် လူတစ်ယောက် ရှာပေးရန် ကျွန်မတို့ထံ စာလှမ်းပို့သည်။ ဤသည်မှာ ဘုရားသခင့် အိမ်တော်၏အလုပ်နှင့် သက်ဆိုင်မှန်း ကျွန်မ သိပါသည်။ ထို့ကြောင့် ကျွန်မ၏လုပ်ဖော်ကိုင်ဖက်နှင့် အကျိုးဆောင်များကို ဆွေးနွေးဖို့လိုသည်။ သို့ရာတွင် နောက်တော့ “ငါက အသင်းတော်မှာ ငါ့တာဝန်ကို လုပ်နေတာ တော်တော်ကြာခဲ့ပြီ။ ညီအစ်ကိုမောင်နှမတွေအကြောင်းကို ငါ အားလုံးသိတယ်။ ဒီတော့ ငါပဲ ဆုံးဖြတ်လိုက်ရင် အဆင်ပြေမှာပါ။” ဟု ကျွန်မ စဉ်းစားမိသည်။ ထို့ကြောင့် ထိုကိစ္စကို အစ်မလျူနှင့် မဆွေးနွေးဘဲ၊ ကျွန်မပဲ ဆုံးဖြတ်လိုက်သည်။ ပြီးတော့မှ သူမကို သွားစီစဉ်ခိုင်းလိုက်သည်။ ကျွန်မတို့က ခေါင်းဆောင်များအဖြစ် အတူတူ အလုပ်လုပ်ကြသော်လည်း၊ ကျွန်မက သူမကို လက်အောက်ငယ်သားလို ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ သူမက ကိစ္စတစ်ခုခုကို သေချာဂရုမစိုက်ပါက၊ ကျွန်မက သူမကို စိတ်ပျက်မိသည်။ သူမက အပျက်သဘောဆောင်ခြင်း၌ ရှင်သန်နေသည်။ သူမအနေနှင့် မည်သည့်အရာကိုမျှ နားမလည်နိုင်ပါ၊ သူမတာဝန်ကို ကောင်းအောင် မလုပ်နိုင်ပါဟု ထင်သည်။ သူမ ထိုအခြေအနေ ရောက်သွားသည်မှာ၊ ကျွန်မက သူမကို နှိမ်ထားသောကြောင့် ဖြစ်သည်။ သို့ရာတွင် ကျွန်မကိုယ်ကျွန်မ မဆင်ခြင်မိသေးပါ။ ထိုအစား ကျွန်မကိုယ်ကျွန်မ ပို၍ထင်မိသည်မှာ၊ ကျွန်မမှာ သမ္မာတရား၏စစ်မှန်မှု ရှိသည်၊ မိမိတာဝန်ကို လုပ်နိုင်စွမ်းရှိသည်၊ ထို့ကြောင့် ကျွန်မကသာ အသင်းတော်၏အလုပ်ကို စီမံရမည်ဟု ဖြစ်သည်။ ကျွန်မက ပို၍ပင် လွှမ်းမိုးချင်လာသည်၊ မာနထောင်လွှားလာသည်။ အလုပ်နှင့်ပတ်သက်ပြီး ဆွေးနွေးခြင်းမှာ လုပ်ဖော်ကိုင်ဖက်များက အကြံပြုချက်အမျိုးမျိုး ပေးလာပါက၊ ကျွန်မက အများအားဖြင့် လုံးဝကို လက်မခံပါ။ ခပ်မြန်မြန် ပယ်ချလိုက်သည်။ စိတ်ထဲကလည်း၊ “ရှင်တို့က ဘာသိလို့လဲ။ ဒီလောက် နှစ်တွေအများကြီး ခေါင်းဆောင် လုပ်လာတဲ့ ကျွန်မက ပိုမသိဘူးလား။” ဟု တွေးသည်။ နောက်ဆုံး အသင်းတော်၏အလုပ်မှာ အရာရာတိုင်းကို ကျွန်မကသာ အဆုံးအဖြတ် ပေးရသည့်အဖြစ်ကို ရောက်သွားသည်။ နောက်တော့ ဘုရားသခင်က ကျွန်မကို ကိုင်တွယ်ဖြေရှင်းဖို့၊ အချို့အခြေအနေများကို ကြုံစေပါသည်။ ကျွန်မက မိမိအလုပ်မှာ မည်သည့်အရာမျှ မအောင်မြင်တော့သလို ဖြစ်လာသည်။ လူများနှင့် ချိန်းဆိုခြင်းများ ပျက်လာသည်။ စည်းမျဉ်းများနှင့် မကိုက်ညီသည့် လူများကို အလုပ်ခန့်ထားမိလာသည်။ ခေါင်းဆောင်က ကျွန်မ၏အလုပ်ထဲက အမှားများကို ထောက်ပြသည်။ ကျွန်မကို ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်ပေးသည်။ ဤအရာများကို ကြုံရသည့်တိုင် ကျွန်မက မိမိကိုယ်ကိုယ် မဆင်ခြင်မိသေးပါ။ ပို၍ ဂရုစိုက်ဖို့လိုသည်ဟုသာ ထင်မိသည်။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ကျွန်မကို “ဒီပြဿနာတွေ ဘာလို့ ပေါ်လာတယ်ဆိုတာကို မဆင်ခြင်ကြည့်သင့်ဘူးလား။” ဟု သတိပေးသည်။ ကျွန်မက မထီမဲ့မြင်နှင့် “ပြည့်စုံတဲ့လူဆိုတာ မရှိဘူးလေ။ လူတိုင်း အမှားလုပ်တတ်တယ်။ ဘာကိုမှ ဆင်ခြင်ကြည့်စရာ မလိုပါဘူး။” ဟု ပြန်ပြောသည်။ အချို့ညီအစ်ကို မောင်နှမများကမူ ကျွန်မကို အဆင်ပြေခြင်း ရှိမရှိ မေးကြသည်။ ကျွန်မကလည်း အဆင်ပြေပါသည်ဟု ပြောသော်လည်း၊ စိတ်ထဲမှာတော့၊ “တစ်ခုခု မှားနေတာ ဟုတ်ပါ့မလား။ အခြေအနေဆိုးတစ်ခုထဲ ရောက်နေရင်တောင်၊ ကျွန်မဘာသာ ဖြေရှင်းနိုင်တယ်။ ရှင်တို့တွေ ပူစရာမလိုပါဘူး။ ကျွန်မက ဒီလောက်အချိန်ထိ ခေါင်းဆောင် လုပ်လာတာ။ သမ္မာတရားကို ရှင်တို့ထက် ပိုမသိတော့ဘူးတဲ့လား။” ဟု တွေးမိသည်။ သူတို့ ကျွန်မကို မည်သို့ သတိပေးပါစေ၊ ကျွန်မက နားမထောင်ခဲ့ပါ။ မိမိ၏ ပျက်စီးသည့် စိတ်သဘောထားထဲမှာပဲ လုံးဝ နေနေခဲ့သည်။ ကျွန်မ၏ဝိညာဉ်ကလည်း ပို၍ အလင်းရောင် မဲ့လာသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များ ဖတ်ပါက၊ ကျွန်မက အိပ်ငိုက်မိလာသည်။ ဆုတောင်းချက်မှာလည်း ပြောစရာ တစ်ခုမျှ မရှိခဲ့ပါ။ အသင်းတော်မှာ ပေါ်လာသည့် ပြဿနာများကလည်း ပို၍ပို၍ များလာသည်။ ကျွန်မက မည်သည့်အရာကိုမျှ မမြင်တော့ပါ။ ပြဿနာ တော်တော်များများကို ထိုးဖောက်ပြီး မမြင်နိုင်တော့ပါ။ ယင်းတို့ကို မည်သို့ ဖြေရှင်းရမည်ကို မသိတော့ပါ။ သိပ်မကြာမီတွင် အသင်းတော်မှာ အထွေထွေ ထင်မြင်ချက် စစ်တမ်းတစ်ခု ကောက်သည်။ ကျွန်မက တကယ်ကို မာနထောင်လွှားသည်၊ အမှန်ကို လက်ခံမှာမဟုတ်ပါဟု ညီအစ်ကိုမောင်နှမများ အားလုံးက ဆိုကြသည်။ ကျွန်မက အာဏာရှင်ဆန်သည်၊ လူများကို ဆူပူကြိမ်းမောင်းသည်၊ ကန့်သတ်သည်ဟု ပြောကြသည်။ ကျွန်မလည်း ရာထူးကနေ ဖယ်ရှားခံရသည့်အဖြစ် ရောက်သည်။ ထိုနေ့မှာ ခေါင်းဆောင်က အယောက်တိုင်း၏ အကဲဖြတ်ချက်များကို ကျွန်မဆီ ပြပါသည်။ ဘုရားက ညီအစ်ကိုမောင်နှမများမှတစ်ဆင့်၊ ကျွန်မကို ဖော်ထုတ်ပြရင်း ကိုင်တွယ်ဖြေရှင်းရင်းနှင့်၊ သူ့အမျက်ဒေါသကို ဖွင့်ချနေသည်ဟု ကျွန်မ ခံစားမိသည်။ လူတိုင်းက ရွံရှာသလို၊ ဘုရားသခင်ကပင် ပစ်ပယ်သည့် ကြွက်စုတ်တစ်ကောင်လို မိမိကိုယ်ကိုယ် ထင်မိသည်။ ဘယ်လိုဖြစ်ပြီး ကျွန်မ ထိုမျှ ဆုတ်ယုတ်သွားသည်ကို နားမလည်နိုင်ခဲ့ပါ။ စိတ်ညစ်ညစ်နှင့် ကျွန်မလည်း ဘုရားသခင်၏ရှေ့မှောက်မှာ “ဘုရားသခင်၊ ကျွန်မက မိမိကိုယ်ကိုယ် အသင်းတော်အလုပ်မှာ တာဝန်ရှိတယ်၊ ကျွန်မမှာ သမ္မာတရားရဲ့စစ်မှန်မှုနည်းနည်း ရှိတယ်လို့ အမြဲတမ်း ထင်ခဲ့တာပါ။ အခုလို ပြဿနာတွေအများကြီး ရှိလာမယ်လို့ လုံးဝ မထင်ခဲ့ပါဘူး။ တခြားသူတွေအမြင်မှာတော့၊ ကျွန်မက အမှန်ကို လက်ခံမှာမဟုတ်တဲ့ မာနထောင်လွှားသူတစ်ယောက်ပါပဲ။ ဘယ်လိုကြောင့် ဒီလို ဖြစ်လာခဲ့မှန်း ကျွန်မ မသိပါဘူး၊ ဘုရားသခင်။ ကျွန်မကိုယ်ကျွန်မ သိအောင်၊ ကိုယ်တော့်အလိုကို သိအောင်၊ ကျွန်မကို အသိဉာဏ်ဖွင့်ပေးပြီး လမ်းပြတော်မူပါ။” ဟု တောင်းခံမိသည်။

ထို့နောက် ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ ဖတ်မိပါ်သည်၊ “မိမိကိုယ်ကိုသိခြင်း၏ သမ္မာတရားကို အမှန်တကယ်သိရန် ပို၍ကြိုးစားအားထုတ်လျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်မည်။ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်ထံမှ မျက်နှာသာ မရသေးသနည်း။ သင်တို့၏ စိတ်သဘောထားသည် အဘယ်ကြောင့် သူ့အတွက် စက်ဆုပ်ဖွယ်ကောင်းနေသနည်း။ သင်တို့၏ စကားပြောခြင်းသည် အဘယ်ကြောင့် သူ၏ရွံရှာမှုကို နှိုးဆွပေးနေသနည်း။ သင်တို့သည် သစ္စာစောင့်သိမှုအနည်းငယ်ကို ပြသပြီးသည်နှင့် ကိုယ့်ကိုယ်ကိုယ် ချီးမွမ်းပြောဆိုကြပြီး၊ အနည်းငယ် ထည့်ဝင်လှူဒါန်း ရခြင်းအတွက် ဆုလာဘ်တောင်းဆိုကြသည်၊ သင်တို့သည် နာခံမှု အသင့်အတင့်ပြနိုင်လျှင် သူတစ်ပါးကို အထင်အမြင်သေးပြီး၊ သေးငယ်သောအမှုတစ်ခုခုကို ပြီးမြောက်လျှင် ဘုရားသခင်ကို ပမာမခန့် ပြုလာကြ၏။...မိမိတို့၏တာဝန်ကို ဆောင်ရွက်သူများနှင့် မဆောင်ရွက်သူများ၊ ဦးဆောင်သူများနှင့် နောက်လိုက်သူများ၊ ဘုရားသခင်ကို ကြိုဆိုဧည့်ခံသူများနှင့် ဧည့်မခံသူများ၊ ပေးကမ်းသူများနှင့် မပေးကမ်းသူများ၊ တရားဟောသူများနှင့် နှုတ်ကပတ်တော်ကို လက်ခံသူများ စသည်ဖြင့် ထိုကဲ့သို့သော လူအားလုံးတို့သည် မိမိကိုယ်ကို ချီးမွမ်းကြ၏။ ဤအရာသည် ရယ်ဖွယ်ကောင်းသည်ဟု သင်တို့မထင်ပေသလော။ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း အသေအချာ သိသော်ငြားလည်း သင်တို့သည် ဘုရားသခင်နှင့် သဟဇာတ မဖြစ်နိုင်ကြ။ သင်တို့တွင် ကောင်းကျိုး လုံးဝမရှိကြောင်းကို အသေအချာ သိသော်ငြားလည်း သင်တို့သည် မလျှော့တမ်း ဝါကြွားကြ၏။ သင်တို့တွင် မိမိကိုယ်ကိုချုပ်တည်းနိုင်ခြင်း မရှိတော့သည်အထိ သင်တို့၏ အသိစိတ်သည် ယိုယွင်းလာခဲ့ပြီကို သင်တို့ မခံစားရပေသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်နှင့် သဟဇာတမဖြစ်သောသူများသည် အကယ်စင်စစ် ဘုရားသခင်၏ ရန်ဘက်များဖြစ်ကြသည်)သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင့်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လွန်လွန်ကဲကဲ လက်ဟန်ခြေဟန်ပြပြီး၊ ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင် ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်) ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ထုတ်ဖော်ပြသည်မှာ ကျွန်မ၏အခြေအနေနှင့် အံကိုက်ပင် ဖြစ်သည်။ ကျွန်မလည်း ဝမ်းနည်းသွားသည်။ ထိုအခါမှသာ မိမိကိုယ်ကိုယ် စပြီး ဆင်ခြင်ကြည့်သည်။ ခေါင်းဆောင် တစ်ယောက်အဖြစ် လေးငါးနှစ်လောက် လုပ်ပြီးသွားသည့်အချိန်မှာ၊ ကျွန်မက ကျွန်မက ထိုရာထူးမှာ နေလာသည်မှာ ကြာပြီဖြစ်သောကြောင့်၊ သမ္မာတရားကို ပို၍ နားလည်သည်၊ အခြားသူများထက် ပို၍ လုပ်နိုင်စွမ်းရှိသည်၊ ကျွန်မက အသင်းတော်၏ ဒေါက်တိုင်တစ်ခဲ ဖြစ်သည်၊ အသင်းတော်မှာ ကျွန်မ မရှိလျှင်မဖြစ်ဟု ထင်ခဲ့မိသည်။ မိမိအလုပ်မှာ အောင်မြင်မှုအနည်းငယ် ရသည့်အခါတွင်၊ ကျွန်မက အရာရာတိုင်းကို နားလည်ပြီ၊ ကျွန်မမှာ သမ္မာတရား၏စစ်မှန်မှု ရှိသည်၊ ကျွန်မက လူတိုင်းထက်သာသည်ဟု ထင်ခဲ့သည်။ အချိန်တစ်ခုစာ ယုံကြည်ခြင်းရှိသည်၊ အတွေ့အကြုံနည်းနည်း ရှိသည်မှာ ကျွန်မအတွက် မာနထောင်လွှားဖို့ လက်မှတ်ဖြစ်သည်၊ ကျွန်မက အခြားသူများထက် ဂုဏ်အဆင့်အတန်း ပို၍ မြင့်သည်ဟု ထင်ခဲ့မိသည်။ ညီအစ်ကိုမောင်နှမများက အကြံပြုသည်ကို ယူလိုက်ဖို့၊ လက်ခံဖို့ဆိုသည်မှာ ဝေးလှသည်မှာ၊ ယင်းတို့ကို စိုးစဉ်းမျှခေါင်းထဲမထည့်ခဲ့ပါ။ သူတို့က ကျွန်မကို ဂရုတစိုက်နှင့်၊ ကျွန်မ၏အခြေအနေကို မေးမြန်းကြသည့် အချိန်တွင်ပင်၊ ကျွန်မက သူတို့ထက် ဝိညာဉ်အသက်တာ ပိုကြီးသောကြောင့်၊ ကျွန်မဘာသာ ဖြေရှင်းနိုင်သည်၊ သူတို့အကူအညီ မလိုပါဟု ထင်မိခဲ့သည်။ ကျွန်မက သူတို့၏အမှားများ၊ အခက်အခဲများကို တွေ့သည့်အခါ၊ သူတို့ကို ကူညီဖို့ သမ္မာတရားနှင့် မိတ်သဟာယမပြုခဲ့ပါ။ အရေးမစိုက်ဘဲ နေခဲ့သည်။ ကျွန်မအမြင်မှာ သူတို့က မှန်မှန်ကန်ကန်ကို မလုပ်ဆောင်နိုင်သောကြောင့်၊ ကျွန်မက မောက်မောက်မာမာနှင့် ဆူပစ်ခဲ့သည်။ အကျိုးဆက်အနေနှင့် ညီအစ်ကိုမောင်နှမများက ကျွန်မကြောင့် ကန့်သတ်ချုပ်ချယ် ခံရသလိုဖြစ်ပြီး၊ အပျက်သဘောဆောင်ကုန်ကြသည်။ ယင်းက ကျွန်မ၏တာဝန်ကို လုပ်နေခြင်းဟုတ်ပါသလား။ တကယ်တော့ မကောင်းမှုလုပ်နေခြင်း ဖြစ်သည်။ မာနထောင်လွှားပြီး စိတ်ကြီးဝင်တတ်သည့် ဆိုးယုတ်သည့် စိတ်သဘောထား တစ်ခုသာ ကျွန်မထံ၌ ပေါ်လာခြင်း ဖြစ်သည်။ ဘုရားသခင်က လူသားကို ကယ်တင်ဖို့အတွက်၊ နောက်ဆုံးသောကာလမှာ လူ့ဇာတိခံယူပြီး၊ သမ္မာတရားကို ဖော်ပြပြီး အမှုတော်ပြုသည်မှာ၊ တကယ်ကို ကြီးမားသည့် လုပ်ဆောင်ချက်ကြီးဖြစ်ပါသည်။ သို့ရာတွင် သူက လုံးဝ မမော်ကြွားခဲ့ပါ။ သူ့ကိုယ်သူ ဘုရားသခင်အဖြစ် ထုတ်ပြခြင်း မရှိခဲ့ပါ။ ထိုအစား ကယ်တင်ခြင်းအမှုကို သိုသိုသိပ်သိပ် လုပ်ဆောင်ရင်းနှင့်၊ သူက နှိမ့်ချမှုရှိခဲ့သည်၊ ဖုံးကွယ်ခဲ့သည်။ ဘုရားသခင်က နှိမ့်ချတတ်လွန်းပြီး ချစ်ခင်ဖွယ် ကောင်းသည်ကို ကျွန်မ မြင်ခဲ့ပါသည်။ သို့ရာတွင် စာတန်ကြောင့် ဆိုးဆိုးဝါးဝါး ပျက်စီးလွန်းပြီး၊ ဆိုးယုတ်သည့် စိတ်သဘောထားများ ပြည့်နေသည့် ကျွန်မကမူ၊ မိမိမှာ အချိန်တစ်ခုစာ ယုံကြည်ခြင်းရှိပြီး ဩဝါဒများကို ပို၍ နားလည်ကာ၊ အလုပ်အတွေ့အကြုံ အနည်းငယ် ရှိရုံဖြင့်ပင် မိမိကိုယ်ကိုယ်ရော မိမိအရည်အချင်းများကိုပါ များစွာ အထင်ကြီးခဲ့မိသည်။ စင်ပေါ်တက်ပြီး ပြန်မဆင်းတော့ခြင်း ဖြစ်သည့်။ မိမိကိုယ်ကိုယ် သိနားလည်ခြင်း လုံးဝ မရှိခဲ့ပါ။ မိမိအကြောင်းကို တစ်ခုမျှ မသိခဲ့ပါ။ မည်သည့်အသိစိတ်မျှ မရှိတော့လောက်အောင် မာနထောင်လွှားခဲ့သည်။ ကြောက်စရာကောင်းခဲ့သည်။ ဘုရားသခင်၏ ဖော်ထုတ်ပြမှုကို ခံရသည့်အခါမှ၊ ကျွန်မ၏ ဝိညာဉ်အသက်တာအစစ်အမှန်ကို နောက်ဆုံး မြင်ခဲ့ခြင်း ဖြစ်သည်။ မိမိအလုပ်ထဲက အချို့ကိစ္စများကိုမူ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်နှင့် ဖြေရှင်းနိုင်ခဲ့ဖူးပါသည်။ သူ၏လုပ်ဆောင်ချက်နှင့် လမ်းညွှန်မှု မရှိသည့်အခါ၊ ကျွန်မက မျက်ကန်းလိုဖြစ်ပြီး၊ မည်သည့်အရာမျှ နားမလည်ခဲ့ပါ။ အခြားလူများ၏ပြဿနာများကို ဖြေရှင်းပေးဖို့ မဆိုထားနှင့်၊ မိမိပြဿနာများကိုပင် မရှင်းနိုင်ခဲ့ပါ။ ထိုကဲ့သို့ အခြေအနေ်တွင်ပင် ကျွန်မက လုံးလုံး ခြယ်လှယ်တတ်လာသည်။ မာနထောင်လွှား လွန်းခဲ့သည်။ ထိုအချိန်မှာ ကျွန်မ၏အပြုအမူများအတွက် ရှက်ခဲ့မိသည်။

နောက်တော့ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ဖတ်မိပါသည်၊ “သင်သည် သင့်အတွင်း၌ သမ္မာတရားကို အမှန်တကယ် ပိုင်ဆိုင်ပါက သင်လျှောက်လှမ်းသည့် လမ်းကြောင်းမှာ အလိုအလျောက်မှန်ကန်သော လမ်းကြောင်းဖြစ်လိမ့်မည်။ သမ္မာတရားမရှိပါက မကောင်းမှုပြုရန် လွယ်ကူပြီး မရည်ရွယ်ဘဲ ယင်းကို သင်လုပ်မိလိမ့်မည် ဖြစ်သည်။ ဥပမာ၊ အကယ်၍ မာနထောင်လွှားခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင်၏အတွင်းတွင် တည်ရှိခဲ့ပါက၊ ဘုရားသခင်ကို ဖီဆန်ခြင်းမှ ထိန်းထားဖို့ မဖြစ်နိုင်ပေ။ သင်သည် သူ့ကိုဖီဆန်ရန် လှုံ့ဆော်ခြင်းခံရမည်။ သင်သည် ရည်ရွယ်ချက်ရှိရှိနှင့် ထိုအရာကို ပြုမည်မဟုတ်၊ သင်၏ မောက်မာပြီး ထောင်လွှားသော သဘာဝဗီဇ၏ အုပ်စိုးမှုအောက်၌ သင် ထိုသို့ပြုလိမ့်မည်။ သင်၏ မောက်မာခြင်းနှင့် စိတ်ကြီးဝင်ခြင်းတို့သည် သင့်ကို ဘုရားသခင်အား အထင်အမြင်သေးစေမည်ဖြစ်ပြီး သူ့အား အရေးမပါသောသူအဖြစ် မြင်စေမည်ဖြစ်သည်။ ထိုအရာတို့သည် သင့်ကိုယ်သင် ချီးမြှောက်စေလိမ့်မည်ဖြစ်ပြီး အစဉ်တစိုက် မိမိကိုယ်ကို ထုတ်ဖော်ကြွားဝါစေလိမ့်မည် ဖြစ်ကာ နောက်ဆုံးတွင် သင့်ကို ဘုရားသခင်၏ နေရာတွင် ထိုင်စေ၍ သင့်ကိုယ်သင်အတွက် သက်သေခံစေလိမ့်မည် ဖြစ်သည်။ အဆုံးတွင် သင်သည် အကိုးကွယ်ခံရဖို့ရန် မိမိကိုယ်ပိုင် စိတ်ကူးများ၊ မိမိကိုယ်ပိုင် အတွေးအခေါ်နှင့် မိမိကိုယ်ပိုင် အယူအဆများကို သမ္မာတရားများအဖြစ် ပြောင်းလဲလိမ့်မည်။ မိမိတို့၏ မောက်မာ၍ ထောင်လွှားသော သဘာဝ၏ အုပ်စိုးမှုအောက်၌ လူတို့သည် မည်မျှများပြားလှသော ဒုစရိုက်မှုကို ပြုကြသည်ကို ကြည့်လော့။ မိမိတို့၏ ဆိုးယုတ်သော ပြုမူချက်များကို ဖြေရှင်းရန်အလို့ငှာ သူတို့သည် မိမိတို့သဘာဝဗီဇ၏ ပြဿနာကို ဦးစွာဖြေရှင်းရမည်။ စိတ်သဘောထား ပြောင်းလဲခြင်းမရှိဘဲ ဤပြဿနာအတွက် အခြေခံဖြေရှင်းချက် ဖြစ်ပေါ်ရန် ဖြစ်နိုင်မည်မဟုတ်ချေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်”) ကျွန်မအနေနှင့် မကောင်းမှု လုပ်ပြီး ဘုရားသခင်ကို ခုခံမိခြင်း၏ ဇာစ်မြစ်က ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝဖြစ်သည်ကို၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်မိသည့်အခါမှသာ နားလည်ခဲ့သည်။ မာနထောင်လွှားသည့် သဘာဝ၏ လှုံ့ဆော်ခြင်းကို ခံနေရသောကြောင့်၊ မိမိအလုပ်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်ကြောင့်၊ အောင်မြင်မှု အနည်းငယ် ရပါက၊ မိမိကသာ ချီးကျူးခံလိုက်သည်။ မိမိကိုယ်ကိုယ် အသင်းတော်၏ ဂုဏ်ဆောင်သူလေးဟု ဟန်ရေးပြသေးသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိသူတစ်ယောက်ဟု၊ မိမိကိုယ်ကိုယ် အရှက်မရှိ ယုံကြည်ခဲ့သော်လည်း၊ မိမိကိုယ်ကိုယ် သိနားလည်ခြင်းကမူ လုံးဝ မရှိခဲ့ပါ။ ကျွန်မက မိမိအလုပ်မှာ လူကြီးပိုင်းများကို အမြဲတမ်း ကိုယ်ရည်သွေးပြခဲ့သည်။ မိမိကိုယ်ကိုယ် လူတိုင်းထက် သာသည်၊ ပို၍ အဆင့်အတန်း ရှိသည် ထင်၍၊ အခြားသူများအပေါ် အမြဲ ဆရာလုပ်ခဲ့သည်။ ညီအစ်ကိုမောင်နှမများကို ဆုံးမဖို့၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုပင် အသုံးချခဲ့ခြင်း ဖြစ်သည်။ အလုပ်ကိစ္စ စီစဉ်ပါက၊ ကျွန်မနှင့်အတူလုပ်သည့် အစ်မနှင့် မဆွေးနွေးခဲ့ပါ။ ထိုအစား အာဏာအပြည့်အဝရှိသည့်ပုံစံမျိုးနှင့် ကိုယ်ကသာ ဆုံးဖြတ်ချက်ချသည်။ ဘုရားသခင့် အိမ်တော်၏အလုပ်အတွက် အရေးကြီးသည့် ကိစ္စများမှာပင် ကျွန်မကသာ တစ်ဖက်သတ် ဆုံးဖြတ်ချက်များ ချခဲ့သည်။ ထိုအစ်မကို နာမည်ခံသက်သက်သာ ထားခဲ့ပြီး ကျွန်မက အသင်းတော်ထဲမှာ ကိုယ်ပိုင်အင်ပါယာ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ မာနထောင်လွှားသည့် သဘာဝကြောင့်၊ မည်သူ့ကိုမျှ အလေးမထားခဲ့သည့်အပြင်၊ ဘုရားသခင်ကိုလည်း စိတ်နှလုံးထဲမှာ မထားခဲ့ပါ။ ကိစ္စတစ်ခု ကြုံပါက၊ သမ္မာတရား၏ အခြေခံသဘောများကို မရှာဖွေခဲ့ပါ။ မိမိကိုယ်ပိုင် ထင်မြင်ချက်များကိုပင် သမ္မာတရားဟု မှတ်ယူပြီး၊ လူတိုင်းကို နာခံစေခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်က ကောင်းကင်တမန်မင်းုနှင့်၊ ကောင်းကင်နိုင်ငံမှာရှိသည့် အခြားကောင်းကင်တမန်များကို အုပ်ထိန်းဖို့ စွမ်းအားအချို့ ပေးသည့်အကြောင်းကို ကျွန်မ သွားသတိရသေးသည်။ သူက မာနများထောင်လွှားပြီး အသိစိတ်အားလုံး ပျောက်သွားသည်၊ သူ့ကိုယ်သူ ထူးခြားသည်ဟု ထင်ပြီး၊ ဘုရားသခင်နှင့် တစ်တန်းတည်း ဖြစ်ချင်လာသည်။ အကျိုးဆက်အနေနှင့် ဘုရားသခင်၏စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိသည်။ ဘုရားသခင်က သူ့ကို ကျိန်ဆိုခြင်းပြုပြီး၊ ကောင်းကင်ကနေ ပစ်ချလိုက်သည်။ ယခုလည်း ဘုရားသခင်က ကျွန်မကို ခေါင်းဆောင် တစ်ယောက်အဖြစ် အလုပ်လုပ်ဖို့ မြှင့်တင် ပေးခဲ့သည်။ ကျွန်မအနေနှင့် သူ့ကို အရာရာတိုင်းမှာ ချီးမြှောက်ပြီး သက်သေခံလာအောင်၊ လက်တွေ့ကိစ္စများကို ဖြေရှင်းဖို့အတွက် ကျွန်မက သမ္မာတရားနှင့် မိတ်သဟာယပြုပေးနိုင်အောင်၊ အခြားသူများလည်း သမ္မာတရားကို နားလည်ပြီး ဘုရားသခင်ကို နာခံအောင် ကူညီပေးနိုင်ဖို့အတွက်ဖြစ်သည်။ သို့ရာတွင် ကျွန်မက သမ္မာတရားကို မရှာဖွေခဲ့သလို၊ မိမိတာဝန်ကိုလည်း ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ မလုပ်ဆောင်ခဲ့ပါ။ ထိုအစား အာဏာကို သိမ်းပိုက်သည်၊ အများ၏ အာရုံစိုက် ခံရအောင် လုပ်သည်။ ပြီးလျှင် ကျွန်မ ပြောသမျှကို နားထောင်စေသည်၊ နာခံစေသည်။ ကျွန်မက ကောင်းကင်တမန်မင်းနှင့် မည်သို့များ ကွာခြားခဲ့သနည်း။ ဘုရားသခင်က ကျွန်မ၏လမ်းကြောင်းကို ပိတ်ဆို့ဖို့၊ အခြေအနေများကို စီစဉ်ခဲ့သည်။ ညီအစ်ကိုမောင်နှမများ မှတစ်ဆင့် ကျွန်မကို သတိပေးခဲ့သည်။ သို့ရာတွင် ကျွန်မက ယင်းကို လက်မခံခဲ့သလို၊ မိမိကိုယ်ကိုယ်လည်း လုံးဝ မဆင်ခြင်ကြည့်ခဲ့ပါ။ ကျွန်မက မာရေကျောရေနှင့် တော်တော်ကို ပုန်ကန်ခဲ့ခြင်း ဖြစ်သည်။ မိမိအလုပ်တာဝန်ကို မာနထောင်လွှားသည့် စိတ်သဘောထားနှင့် လုပ်နေခဲ့သည်။ ညီအစ်ကိုမောင်နှမများကို နှိမ်ခဲ့သည်၊ ထိုအတွက် သူတို့လည်း အပျက်သဘောဆောင်ပြီး၊ သူတို့ အခက်အခဲများကို မဖြေရှင်းနိုင်ကြတော့ပါ။ အသင်းတော်၏အလုပ်မှာလည်း မည်သည့်တိုးတက်မှုမျှ မရှိခဲ့ပါ။ ထိုအရာများအားလုံးက ကျွန်မ၏မာနထောင်လွှားမှုကြောင့် လုပ်ခဲ့မိသည့် မကောင်းမှုများ ဖြစ်သည်။ ကျွန်မမှာ ထိုကဲ့သို့ ခေါင်းမာတတ်သည့် မာနထောင်လွှားသည့် သဘာဝ ရှိနေခြင်း ဖြစ်သည်။ ဘုရားသခင်က ညီအစ်ကိုမောင်နှမများမှတစ်ဆင့် ကျွန်မကို ခပ်ကြမ်းကြမ်း ဖော်ထုတ်ပြပြီး ကိုင်တွယ်ဖြေရှင်းခြင်း၊ ကျွန်မကို တာဝန်မှ ဖယ်ရှားပစ်ခြင်း မရှိခဲ့ပါက၊ ကျွန်မကိုယ်ကျွန်မ လုံးဝ ဆင်ခြင်မိခဲ့မည် မဟုတ်ပါ။ ထိုအတိုင်း ဆက်သွားခဲ့ပါက၊ ကျွန်မက မကောင်းမှုများသာ ပို၍ လုပ်ခဲ့မိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားကိုလည်း ပုန်ကန်ပြစ်မှားမိလိမ့်မည်။ သို့ဆိုလျှင် ကောင်းကင်တမန်မင်း ကဲ့သို့ပင် ဘုရားသခင်၏ ကျိန်ဆဲခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံရမည် ဖြစ်သည်။ ထိုအချိန်ကျမှ ကျွန်မလည်း ဘုရားသခင်၏ညှာတာသည့် ရည်ရွယ်ချက်များအပေါ် နားလည်မှု ရခဲ့ပါသည်။ ကျွန်မကို မကောင်းသည့်လမ်းကြောင်းများမှ တားဖို့၊ နောင်တရခွင့်ကို ပေးဖို့အတွက်၊ သူက ဤအရာကို လုပ်နေခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်က ကျွန်မကို ကာကွယ်ပေးခဲ့ခြင်းနှင့် ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့မိပါသည်။

ကျွန်မ ရာထူးမှ ထုတ်ပယ်ခံရပြီးနောက်၊ အစ်မလျူက သူမ၏တာဝန်ကို ပုံမှန်အတိုင်း လုပ်နိုင်ခဲ့သည်။ ပြီးလျှင် အခြားသူများ ပြောပုံအရ၊ အသစ်ရွေးချယ်လိုက်သည့် ခေါင်းဆောင်နှင့် သင်းထောက်များက ယုံကြည်သူ ဖြစ်လာကြသည်မှာ မကြာသေးသော်လည်း၊ အလုပ်အကြောင်း ဆွေးနွေးသည့်အခါ၊ သူတို့ကိုယ်ပိုင် ထင်မြင်ချက်များကို မည်သူမျှ မဖက်တွယ်ကြပါ။ ထိုအစား ဘုရားသခင်ကိုသာ အားကိုးပြီး ဆုတောင်းကြသည်၊ သမ္မာတရား၏ အခြေခံသဘောများကို အတူတူ ရှာဖွေကြသည်။ အယောက်တိုင်းက စည်းစည်းလုံးလုံး အလုပ်လုပ်ကြသည်။ အသင်းတော်၏အလုပ်လည်း တဖြည်းဖြည်း ပြန်ပြီး တိုးတက်သွားသည်။ ဤသည်ကို ကြားရတော့၊ ကျွန်မ တော်တော် ရှက်မိသည်။ ကျွန်မ မရှိပါက၊ အသင်းတော်အလုပ်က ရှေ့ဆက်နိုင်မည် မဟုတ်ဟု ကျွန်မက အမြဲတမ်း ထင်ခဲ့သည်။ သို့ရာတွင် အဖြစ်မှန်ကို ကြုံရသည့်အခါမှ ကျွန်မ သိသွားသည်၊ ဘုရားသခင့်အိမ်တော်၏အလုပ်က သန့်ရှင်းသော ဝိညာဉ်တော်ကသာ လုပ်ဆောင်ပြီး ထောက်ပံ့ပေးခြင်း ဖြစ်သည်။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်က လုပ်နိုင်သည့်အရာ မဟုတ်ပါ။ လူများအနေနှင့် မိမိတာဝန်ကို ထမ်းဆောင်ကြရုံ သက်သက် ဖြစ်သည်။ ကျွန်မတို့အနေနှင့် ဘုရားသခင်ကို ယုံကြည်လာသည့်အချိန်က မည်မျှ ကြာပြီဖြစ်စေ၊ မိမိအလုပ်တာဝန်မှာ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားသခင်ကို အမှီပြုနေသရွေ့၊ ဘုရားသခင်၏လမ်းညွှန်မှုနှင့် ကောင်းချီးများကို ကျွန်မတို့ ရကြမည် ဖြစ်သည်။ သမ္မာတရားကို မရှာဖွေဘဲ၊ ကျွန်မ၏ တာဝန်ကို လုပ်ဆောင်ခြင်း၊ ကျွန်မ အလိုရှိသမျှကို အထက်စီးကနေ လုပ်ကိုင်ခြင်း၊ အာဏာရှင်ဆန်ခြင်းတို့ကိုမူ ဘုရားသခင်က စက်ဆုပ်ရွံရှာသည်။ ဘုရားသခင်၏လမ်းညွှန်မှု မရှိသည့်အတွက်၊ ကျွန်မက သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက် ပျောက်ပြီး၊ တန်ဖိုးမဲ့သွားသည်။ မည်သည့် မလုပ်နိုင်ခဲ့ပါ။ မည်သည့်အရာကိုမျှ မမြင်နိုင်လောက်အောင် မာနထောင်လွှားသွားသည်၊ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး၊ လူများကို အထက်စီးမှ ဩဇာပေးသည်။ ညီအစ်ကိုမောင်နှမများကို ကန့်သတ်ချုပ်ချယ်ပြီး ဒုက္ခပေးခဲ့သည်။ အသင်းတော်၏ အလုပ်ကိုလည်း အနှောင့်အယှက်ပေးခဲ့မိသည်။ အရမ်း အပြစ်ရှိသလို ခံစားခဲ့ရသည်။ မိမိကိုယ်ကိုယ်လည်း အများကြီး အပြစ်တင်ခဲ့မိသည်။ ကျွန်မလည်း “ဘုရားသခင်၊ ကျွန်မက ဘာမှ မမြင်နိုင်လွန်းခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် မသိခဲ့ပါဘူး။ ခေါင်းဆောင် ဖြစ်ခဲ့တာကြာပြီဆိုတော့၊ ကျွန်မက ပိုနားလည်တယ်၊ လူတိုင်းထက် သာတယ်လို့ပဲ အမြဲတမ်း ထင်ခဲ့မိတယ်။ ကျွန်မရဲ့မာနထောင်လွှားမှုက ကျွန်မရဲ့အလုပ်မှာ ဦးဆောင်သွားတာပါ။ ကိုယ်တော့်အိမ်တော်ရဲ့အလုပ်ကိုလည်း ဒါကြောင့် နှောင့်ယှက်မိခဲ့တာပါ။ ဘုရားသခင်၊ ကိုယ်တော့်ကို ကျွန်မ ထပ်ပြီး မဆန့်ကျင်ချင်တော့ပါဘူး။ ကျွန်မ အမှန်တကယ် နောင်တရချင်ပါတယ်။” ဟု ဘုရားသခင်ထံတွင် ဆုတောင်းခဲ့သည်။

နောက်တော့ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဤကျမ်းပိုဒ်ကို ဖတ်မိပါသည်၊ “မည်ကဲ့သို့သော လူမျိုးကို ငါ လိုချင်သည်ကို သင်သိရမည်။ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်)ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။ ဘုရားသခင်၏ အလိုတော်ကို မလိုက်သူအားလုံး အပြစ်ပေးခြင်း ခံရမည်ကို သင်တို့ သဘောပေါက်ရမည်။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်၏ နှုတ်ကပတ်တော်များက လုံးဝ ရှင်းပါသည်။ ဘုရားသခင်က လူများသည် ယုံကြည်လာသည်မှာ မည်မျှကြာပြီဖြစ်သည်၊ သူတို့ မည်မျှ ဟောပြောနိုင်သည်၊ မည်မျှ အလုပ်လုပ်ထားသည်တို့ကို အခြေခံပြီး၊ လူများ၏အဆုံးသတ်များကို သတ်မှတ်ခြင်း မဟုတ်ပါ။ လူများက သမ္မာတရားကို အားထုတ်ခြင်း ရှိမရှိ၊ သူတို့၏ ပျက်စီးသည့် စိတ်သဘောထားများ ပြောင်းလဲသွားခြင်း ရှိမရှိ၊ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို လုပ်နိုင်ကြခြင်း ရှိမရှိတို့အပေါ်မှာ ဆုံးဖြတ်ခြင်း ဖြစ်သည်။ ဤအရာများက အရေးကြီးဆုံးအရာများ ဖြစ်သည်။ ယခင်က ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ကျွန်မ လုံးဝ မသိခဲ့ပါ။ ကျွန်မက အချိန်တစ်ခုစာခန့် ယုံကြည်လာသည်၊ ခေါင်းဆောင် တစ်ယောက်၏ အတွေ့အကြုံ နှစ်နှစ် သုံးနှစ်ခန့် ရှိခဲ့သည်။ ကျွန်မ၏အလုပ်မှာ အောင်မြင်မှုနည်းနည်း ရခဲ့သည်။ ဤအရာများအားလုံးကို မိမိအားသာချက်အဖြစ် အသုံးချခဲ့သည်။ ထိုအတိုင်း ဆက်သွားပါက၊ ဘုရားသခင်၏ကယ်တင်ခြင်းကို ခံရမည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းများနှင့် တွေ့ကြုံရဖို့ကို အာရုံမစိုက်ခဲ့ပါ။ အထူးသဖြင့် ကျွန်မ၏ ပျက်စီးသည့် စိတ်သဘောထားများ ပြေလည်သွားအောင်၊ မိမိအလုပ်တာဝန်ထဲမှာ သမ္မာတရားကို ရှာဖွေဖို့ အလေးမထားခဲ့ပါ။ အကျိုးဆက်အနေနှင့်၊ ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာသည့်တိုင်၊ ကျွန်မ၏ အသက်စိတ်သဘောထားက ပြောင်းလဲသည်ဟု မရှိခဲ့ပါ။ ကျွန်မက မကောင်းမှုလုပ်ပြီး ဘုရားကို ခုခံနေခဲ့ရင်း၊ ဆိုးယုတ်သည့် မာနထောင်လွှားသည့် မိမိသဘာဝထဲမှာသာ ရှင်သန်နေခဲ့ဆဲဖြစ်သည်။ ကျွန်မတို့၏ ယုံကြည်ခြင်းမှာ သမ္မာတရားကို အားမထုတ်ပါက၊ မိမိကိုယ်ကိုယ် သိနိုင်ကြမည် မဟုတ်သလို၊ ဘုရားသခင်ထံတွင် အမှန်တကယ် နောင်တရနိုင်မည်လည်း မဟုတ်သည်ကို ကျွန်မ မြင်ခဲ့သည်။ အလုပ်များ မည်မျှ လုပ်ထားပါစေ၊ မည်မျှ ဟောပြောထားပါစေ၊ ကျွန်မတို့၏ အသက်စိတ်သဘောထားမှာ အပြောင်းအလဲ မရှိပါက၊ ဘုရားသခင်၏ အပြစ်ပေး ဖယ်ရှားမှုကို ခံကြရဦးမည် ဖြစ်သည်။ ဤသည်ကို ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သန့်ရှင်းသည့် အနှစ်သာရအားဖြင့် ချမှတ်ထားခြင်း ဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို နားလည်သွားသည့်နောက်မှာ၊ ကျွန်မက ယုံကြည်လာသည့်အချိန် မည်မျှကြာပြီဖြစ်သည်၊ အလုပ် မည်မျှလုပ်ထားသည်ဟု အခွင့်အရေး မယူမိတော့ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ အားထုတ်ဖို့၊ မိမိကိုယ်ကိုယ် ဆင်ခြင်ပြီး သိလာဖို့၊ မိမိ၏ ဆိုးယုတ်သည့် စိတ်သဘောထားများကို အပြောင်းအလဲ ဖြစ်အောင် ကြိုးစားဖို့ တို့ကိုသာ စ၍ အာရုံစိုက်ခဲ့သည်။

နောက်တော့ ကျွန်မကို အသင်းတော်မှာ အခြားတာဝန်တစ်ခု ပေးပါသည်။ ညီအစ်ကိုမောင်နှမများနှင့် အလုပ်လုပ်နေချိန်မှာ ကျွန်မက ပို၍ နှိမ့်ချလာသည်။ သူတို့က မတူသည့်အမြင်များ ပြောလာပါက၊ တစ်ခါတစ်ရံ မိမိသာ မှန်သည်ထင်ပြီး၊ မိမိပြောသည့်အရာကို နားထောင်စေချင်သည်။ သို့ရာတွင် ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထား ပြန်ပေါ်လာပြီဖြစ်သည်ကို ချက်ချင်း သဘောပေါက်မိသည်။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများနှင့်အတူ သမ္မာတရားကို ရှာဖွေပြီး၊ ဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းမည်ဟု ဘုရားသခင်ထံ ဆုတောင်းသည်။ မိမိကိုယ်ကိုယ် ဖယ်ထုတ်လိုက်သည်။ ညီအစ်ကိုမောင်နှမများ အားလုံးကမူ ကျွန်မကို ယခင်ကကဲ့သို့အထက်စီးမဆန်တော့ဘဲ၊ ပို၍ ရင့်ကျက်လာပြီဟု ပြောကြသည်။ သူတို့ထံမှ ဤကဲ့သို့ အကဲဖြတ်သည်ကို ကြားရသည့်အခါ၊ ကျွန်မ တကယ် စိတ်လှုပ်ရှားမိပါသည်။ ဤသည်မှာ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကြောင့် ရလိုက်ခြင်းဟုလည်း သိလိုက်သည်။ ကျွန်မအနေနှင့် မာနထောင်လွှားသည့် စိတ်သဘောထားကို လုံးဝ ဖယ်ရှား၍မရသေးသလို၊ ဘုရားသခင်က သတ်မှတ်သည့် စံနှုန်းများနှင့်လည်း အတော်ဝေးနေသေးသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းကို ကျွန်မ မြင်ခဲ့ပြီဖြစ်သည်။ ဘုရားသခင်၏အမှုတော်နှင့် နှုတ်ကပတ်တော်များက လူများကို အမှန်တကယ် ပြောင်းလဲ သန့်စင်နိုင်သည်ကို ကျွန်မ မြင်ပြီ ဖြစ်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူတွေကို ဘယ်လို မှန်မှန်ကန်ကန် ဆက်ဆံရမလဲဆိုတာကို ကျွန်မ သိသွားပြီ

၂၀၂၃ ခုနှစ်မှာ၊ အသင်းတော် ခေါင်းဆောင်တာဝန်ကို ကျွန်မ လုပ်နေခဲ့ပြီး၊ ညီအစ်မ ဟေလီနဲ့ တွဲလုပ်ရတယ်။ အရင်တုန်းက၊ ဟေလီက ခေါင်းဆောင်ဖြစ်လာခဲ့ပြီး...

သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဖို့ မည်သည့်အရာက ကျွန်မကို ပိတ်ပင်ခဲ့သနည်း

စုအိုက် အီတလီနိုင်ငံ ညီမက ဂရတ်ဖစ်ဒီဇိုင်းအလုပ်လုပ်ဖို့ အသင်းတော်က တခြားလူတချို့နဲ့ တွဲရတယ်။ တစ်နေ့တော့ ခေါင်းဆောင်က ညီမကို ပြောတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။