လူတို့ကို မတူမတန် အပြစ်တင်ခြင်းက ကျွန်ုပ်၏ အကျည်းတန်မှုကို ဖော်ထုတ်သည်

08.02.2023

အေးမှုံ မြန်မာနိုင်ငံ

ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ၊ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်ကို ကျွန်တော်ကြီးကြပ်နေခဲ့တယ်။ အသင်းတော်မှာ သူတို့တာဝန်တွေကို စလုပ်ရုံပဲရှိသေးတဲ့ အသင်းသားသစ်နည်းနည်း ရှိတယ်။ ဒါကြောင့် ဧဝံဂေလိ ဝေမျှခြင်း စည်းမျဉ်းတွေနဲ့ပတ်သက်လို့ သူတို့နဲ့ ကျွန်တော် မကြာခဏ မိတ်သဟာဖွဲ့ပြီး အတူ ဧဝံဂေလိဝေမျှဖို့ ခေါ်သွားတယ်။ အချိန်ကာလတစ်ခုကြာပြီးတဲ့နောက်မှာ၊ သူတို့အားလုံး တိုးတက်မှုတချို့ ဖြစ်ခဲ့ကြပြီး ကျွန်တော် ဝမ်းသာမိခဲ့တယ်။ သူတို့ကို ဖြစ်နိုင်သမျှ မြန်မြန် လွတ်လွတ်လပ်လပ် အလုပ်လုပ်စေဖို့ သူတို့ဘာသာ ဧဝံဂေလိဝေမျှတာကို ကျွန်တော် လက်တွေ့လုပ်စေခဲ့တယ်။ ပထမတော့၊ ပြဿနာတွေ သူတို့ ကြုံရတဲ့အခါ၊ မေတ္တာနဲ့ သူတို့ကို ကျွန်တော် ကူညီခဲ့ပေမဲ့၊ နည်းနည်းကြာပြီးတဲ့နောက်မှာ၊ ကျွန်တော် စိတ်ကုန်စပြုလာတယ်။ သူတို့ကို ကျွန်တော် အထင်သေးခဲ့တယ်။ “တစ်ယောက်ယောက် သင်ပေးတဲ့အခါ ပထမဆုံးအကြိမ်မှာပဲ ငါ နားလည်လေ့ရှိခဲ့တယ်။ မင်းတို့ကို ငါသင်ပေးရင်းနဲ့ အချိန်ကုန်ခဲ့တယ်၊ ဒီတော့ မင်တို့ ဘာလို့ မေးခွန်းအများကြီး မေးနေကြသေးတာလဲ။ ငါ မင်းတို့ကို သင်ပေးနေချိန်မှာ အာရုံစိုက်မနေခဲ့ကြဘူးလား။ အချိန်ကြာပြီးတဲ့နောက် အမှီအခိုကင်းကင်း အလုပ်မလုပ်နိုင်သေးရင်၊ ဒီအလုပ်အတွက် ငါ့မှာ ဉာဉ်မရှိဘူး၊ လူတွေကို ကောင်းကောင်း မလေ့ကျင့်ပေးနိုင်ဘူးလို့ အထက်ခေါင်းဆောင်က သေချာပေါက် ပြောမှာပဲ။ အဲဒါအဆင်ပြေမှာ မဟုတ်ဘူး။ ငါမင်းတို့ကို ဆူပြီး သင်ခန်းစာ သင်ပေးမှဖြစ်မယ်”လို့ပေါ့။ အဲဒါတွေအားလုံး သဘောပေါက်ပြီးတဲ့နောက်၊ သူတို့ကို ဒေါသတကြီး ဆူခဲ့တယ်။ တစ်ခါ၊ အစ်မအိုင်ဆီကနေ ဖုန်းခေါ်တာရတယ်။ သူက၊ “မောင်လေး၊ အစ်မ မင်းကို မေးချင်တယ်၊ ဒီည စုဝေးပွဲမှာ ဘယ်သမ္မာတရား ရှုထောင့်ကို မိတ်သဟာယပြုနေကြမှာလဲ”တဲ့။ ကျွန်တော်တွေးတယ်၊ “ဒါကို အရင်က ခင်ဗျားကို ပြောနှင့်ပြီးသားပဲ၊ ဘာလို့ မသိသေးတာလဲ။ ကျွန်တော့်ကို နားထောင်မနေခဲ့တာလား”လို့။ ဒါကြောင့် ကျယ်ပြီးရန်လိုတဲ့လေသံနဲ့ သူ့ကို ပြောလိုက်တယ်။ “ကျွန်တော် ပို့ပေးခဲ့တဲ့ နောက်ဆုံးဖိုင်ကို အစ်မ ဖတ်ခဲ့လား၊ မဖတ်ခဲ့ဘူးလား။ အကြိမ်တိုင်းမှာ ဘာလို့ မေးရတာလဲ”လို့ပေါ့။ အစ်မက ပြန်မဖြေခဲ့ဘူး၊ ကျွန်တော် ဒေါသတကြီး ဖုန်းချလိုက်တယ်။ နောက်ပိုင်းမှာ၊ လုပ်ခဲ့တာကို သဘောပေါက်ပြီး အပြစ်ရှိတဲ့စိတ် နည်းနည်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ နောက်တော့၊ “သူကောင်းဖို့ ငါ ပြောခဲ့တာပဲလေ။ မဟုတ်ရင်၊ ငါ့အပေါ် သူ အမြဲမှီခိုနေရင် ဘယ်လိုလုပ် တိုးတက်မှု ဖြစ်စေမှာလဲ။ ဒါက သူ့အတွက် တကယ် အထောက်အကူ ဖြစ်မယ်ထင်ပါတယ်”လို့ တွေးမိတယ်။ ဒါကိုတွေးမိပြီးတဲ့နောက်မှာ၊ ကျွန်တော် စိုးရိမ်မနေတော့ဘူး။

နောက်နေ့မှာ၊ ကျွန်တော်နဲ့တွဲဖက်တဲ့ အစ်ကိုက ပြောတယ်၊ “အစ်မအိုင်က မင်းကို မနေ့က မေးခွန်းမေးတော့၊ မင်း စိတ်ဆိုးတယ်လို့ ပြောတယ်။ သူ တော်တော် စိတ်ကျဉ်းကျပ်ခဲ့ရပြီး မင်းကို ကြောက်သွားခဲ့တယ်လို့လည်း ပြောတယ်”တဲ့။ အဲဒါကို ကြားတော့ ကျွန်တော် တော်တော် လက်မခံနိုင်ခဲ့သလို၊ ခေါင်းထဲမှာ ဆင်ခြေတွေ ပေးနေမိခဲ့တယ်။ “ငါ နည်းနည်း ကြမ်းတမ်းပုံပေါ်နိုင်ပေမဲ့၊ အဲဒါက သူ အမှီအခိုကင်းကင်း အလုပ်လုပ်အောင် တိုက်တွန်းဖို့ပဲလေ။ အဲဒီလိုမပြောခဲ့ရင်၊ မေးစရာရှိတိုင်း သူ ငါ့ဆီ လာမြဲလာနေတော့မှာ။ အဲဒါဆိုရင် သူ ဘယ်လိုလုပ် အမှီအခိုကင်းလာတော့မှာလဲ”လို့ပေါ့။ ဒါပေမဲ့ နောက်တော့ တွေးမိတယ်၊ “ငါနည်းနည်းတော့ မတော်တရော် ပြောမိသွားနိုင်တယ်။ တကယ်တော့ ညီမအိုင်က အခုမှ စပြီး လေ့ကျင့်နေတာ။ ဒေါသထွက်ပြီး ဆဲဆိုမယ့်အစား၊ သူ့ကို ချစ်ခင်တဲ့နည်းလမ်းနဲ့ ကူညီသင့်တယ်”လို့ပေါ့။ သူ့ကို တောင်းပန်ဖို့ စာပို့လိုက်တယ်။ “မနေ့က ကျွန်တော် တလွဲလုပ်ခဲ့မိတယ်။ ညီမအပေါ် အဲဒီလို မပေါက်ကွဲခဲ့သင့်ဘူး။ ညီမနားလည်မယ်လို့ မျှော်လင့်တယ်။ ပုဂ္ဂိုလ်ရေးထိပါးတယ်လို့ မယူပါနဲ့။ အဲဒီအချိန်မှာ ကျွန်တော် စိတ်ပေါက်ပြီး ညီမကို စိတ်မကောင်းဖြစ်စေခဲ့တယ်”လို့ပေါ့။ ညီမအိုင်က အဆင်ပြေပါတယ်လို့ ပြန်ပြောတယ်။ အဲဒီနောက်မှာ၊ ထပ်ပြီး ဘာမှ ကိုယ့်ကိုယ်ကိုယ် သုံးသပ်၊ သိမလာခဲ့ဘူး။

နည်းနည်းကြာတော့၊ တရားဟောဆရာအနေနဲ့ ကျွန်တော် အရွေးခံရပြီး တာဝန်တွေ ပိုယူခဲ့ရတယ်။ ခေါင်းဆောင်နဲ့ အမှုဆောင်တွေက စလေ့ကျင့်ရုံပဲရှိသေးသလို၊ အသင်းတော် အလုပ်နဲ့ မရင်းနှီးသေးဘူး။ ဒါကြောင့် အလုပ်စည်းမျဉ်းတွေကို သူတို့နဲ့ မကြာခဏ မိတ်သဟာယဖွဲ့ခဲ့တယ်။ သူတို့အလုပ်ကိုလည်း စစ်ဆေးပြီး အသေးစိတ် လမ်းပြမှုနဲ့ အကူအညီ ပေးခဲ့တယ်။ ပထမတော့၊ သူတို့မှာ မေးစရာတွေ ရှိတဲ့အခါ၊ သူတို့နဲ့ စိတ်ရှည်ရှည် မိတ်သဟာပြုခဲ့တယ်။ ဒါပေမဲ့ မေးတဲ့အကြိမ် များလွန်းရင်၊ ကျွန်တော် စိတ်မရှည်ဖြစ်လာတယ်။ “ဒါကို ခေါင်းထဲမှာ သေချာနားမလည်တာလဲ။ အသင်းတော်မှာ ကျွန်တော် စလုပ်တဲ့အချိန်မှာ၊ ခေါင်းဆောင်ပေးတဲ့ ဘယ်တာဝန်ကိုမဆို ကျွန်မ ရှင်းရှင်းလင်းလင်း သတိရပြီး၊ အဲဒါတွေကို အမြန်နဲ့ ပြည့်ပြည့်စုံစုံ ပြီးခဲ့တယ်။ ခင်ဗျားတို့ကို အားလုံး ကျွန်တော် ပြောပြပြီး အသေးစိတ် ညွှန်ကြားတာတွေ ပေးပြီးပြီ၊ ဒီတော့ ဘာလို့ ကိစ္စတွေကို အမှန် မပြင်နိုင်ကြတာလဲ”လို့ ပြောပြီး သူတို့ကို အပြစ်တင်ခဲ့တယ်။ သူတို့ တစ်ခွန်းမှ ပြန်မပြောခဲ့ကြဘူး။

နောက်နေ့မှာ၊ ခေါင်းဆောင်တစ်ယောက်က စာတစ်စောင် ကျွန်တော့်ဆီ ပို့တယ်။ “ဒီအလုပ်အတွက် လိုက်ဖက်ဖို့ ကျွန်မ အရမ်းထုံတယ်။ ကျွန်မနေရာမှာ တခြားတစ်ယောက်ယောက်ကို ရှာလိုက်ပါ”တဲ့။ ကျွန်တော် တော်တော် အံ့ဩသွားတယ်။ သူက ကျွန်တော့် သင်သားသားသစ်တွေထဲက အတော်ဆုံးတစ်ယောက်လေ။ သူ ဘာလို့ အဲဒီလိုတွေးတာလဲ။ နောက်တော့၊ နောက်ထပ် ခေါင်းဆောင်တစ်ယောက်က စာပို့တယ်။ “အစ်ကိုက တကယ် စိတ်ကျဉ်းကျပ်စေတယ်လို့ လူတချို့က ပြောနေကြတယ်”တဲ့။ အဲဒီအခါမှပဲ ကိုယ့်ကိုယ်ကိုယ် စသုံးသပ်မိတယ်။ တခြားလူတွေရဲ့ ချွတ်ယွင်းချက်တွေကို ကျွန်တော် မှန်မှန်ကန်ကန် ဖြေရှင်းမနေခဲ့မှန်း သဘောပေါက်ခဲ့တယ်။ သူတို့ကို စိတ်ရှည်ရှည် လမ်းပြ၊ ထောက်မမဲ့အစား၊ ဆက်ဒေါကန်ပြီး အပြစ်တင်နေခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ သူတို့ စိတ်ကျဉ်းကျပ်ကြတယ်။ နောက်ပိုင်းမှာ စိတ်ကျဉ်းကျပ်တဲ့ အကျိုးဆက်အနေနဲ့ အပျက်သဘော အရမ်းဆောင်လာခဲ့တာ၊ ဆယ်ရက်ကျော်ကြာအောင် သူ့တာဝန်ကို မလုပ်ခဲ့တာ ကြားရတယ်။ ဒါကို ကြားတော့ ကျွန်မ ဆိုးဆိုးရွားရွား ခံစားရတယ်။ သူတို့ကို အရမ်းပဲ နာကျင်စေခဲ့မိတာ မယုံနိုင်ခဲ့ဘူး။ ကျွန်တော် စိတ်မကောင်းဖြစ်ပြီး၊ ဘာလို့ ဆက်ဒေါသထွက်ပြီး လူတိုင်းအပေါ် မကောင်းတဲ့ လွှမ်းမိုးမှု ရှိနေခဲ့ရတာလဲလို့ တွေးမိတယ်။ ဒါကြောင့် ဘုရားရှေ့ကို ဆုတောင်းခြင်းနဲ့ လာခဲ့တယ်။ “ဘုရားသခင်၊ ညီအစ်ကို မောင်နှမတွေကို ကျွန်တော် ဒေါသမထွက်ချင်ပေမဲ့၊ တစ်ခုခု ဖြစ်လာတိုင်း ကိုယ့်ခံစားချက်တွေကို ထိန်းလို့မရပါဘူး။ ဒီပြဿနာကို ကျွန်တော် ဘယ်လို ဖြေရှင်းသင့်ပါသလဲ။ ကျေးဇူးပြုပြီး ဦးဆောင်၊ လမ်းပြပါ”လို့ပေါ့။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “လူတစ်ယောက်၌ ဂုဏ်ဒြပ်ရှိသွားသည်နှင့် ထိုသူသည် သူ၏စိတ်နေစိတ်ထားကို ထိန်းချုပ်ဖို့ရန် မကြာခဏပင် အခက်တွေ့လိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုကို ဖော်ပြပြီး သူ၏ခံစားချက်များကို ဖွင့်ချဖို့ရန် အခွင့်အရေးများကို ပျော်ပျော်ကြီးနှင့် အမိအရ သူဆုပ်ကိုင်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ပြရန်အပြင် သူ၏ဂုဏ်ဒြပ်နှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့နှင့် မတူကွဲပြားကြောင်း အခြားလူများ သိစေဖို့ရန်အတွက် သူသည် သိသာသည့် အကြောင်းပြချက်မရှိပါဘဲနှင့် မကြာခဏ ထောင်းခနဲ ဒေါသူပုန်ထပြလိမ့်မည်။ မှန်ပေ၏၊ ဂုဏ်ဒြပ်မရှိသော ဖောက်ပြန်ပျက်စီးသည့် လူတို့က မကြာခဏ ထိန်းမနိုင်သိမ်းမရဖြစ်ကြလိမ့်မည်။ သူတို့၏ကိုယ်ပိုင်အကျိုးစီးပွားများ ထိခိုက်ပျက်စီးမှုကြောင့် သူတို့သည် မကြာခဏ ဒေါသထွက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂုဏ်ဒြပ်နှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ၎င်းတို့သည် မိမိတို့၏ခံစားချက်များကို မကြာခဏဖွင့်ချပြီး မိမိတို့၏မာနထောင်လွှားသည့် သဘာဝကို ထုတ်ဖော်ပြလိမ့်မည်။ လူသားသည် အပြစ်တရား၏ ဖြစ်တည်မှုကို ကာကွယ်ရန်နှင့် ထိန်းသိမ်းရန်အလို့ငှာ ထောင်းခနဲ ဒေါသအိုးပေါက်ကွဲပြီး သူ၏ခံစားချက်များကို ဖွင့်ချလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏မကျေနပ်မှုကို ဖော်ပြသည့် နည်းလမ်းများဖြစ်သည်။ ၎င်းတို့သည် မစင်ကြယ်ခြင်းများ၊ လျှို့ဝှက်ကြံစည်ခြင်းများနှင့် ခြေပုန်းခုတ်ခြင်းများ၊ လူသား၏ဖောက်ပြန်ပျက်စီးခြင်းနှင့် ဆိုးယုတ်ခြင်းတို့နှင့် ပြည့်လျှံနေပြီး၊ အခြားမည်သည့်အရာထက်မဆို လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များ၊ ဆန္ဒများနှင့် ပြည့်လျှံနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို ဖော်ထုတ်ခဲ့တယ်။ ကိုယ့်ရာထူးကို ထိန်းသိမ်းဖို့ ကျွန်တော် ဒေါသထွက်နေခဲ့ပုံကို သုံးသပ်မိတယ်။ ပုံမှန်အားဖြင့်၊ ကိုယ့်အလုပ်မှာ ရလဒ်တွေ အမြဲရပြီး လူတွေက စွမ်းဆောင်နိုင်တဲ့ ခေါင်းဆောင်လို့ ကျွန်တော့်ကို ထင်ကြတယ်။ ဒါပေမဲ့ ဒီညီအစ်ကို မောင်နှမတွေကို လေ့ကျင့်ပေးဖို့ တာဝန်ပေးခံရတဲ့နောက်မှာ၊ အချိန်အတော်ကြာပြီးတဲ့နောက် သူတို့ကို အမှီအခိုကင်းကင်း အလုပ်မလုပ်စေနိုင်ခဲ့ရင်၊ ကျွန်တော် အရည်အချင်းမပြည့်ဘူးလို့ အထက်ခေါင်းဆောင်တွေက သေချာပေါက် ပြောကြမှာ။ ဒါကြောင့် အကြိမ်အများကြီး သင်ပေးပြီးတဲ့နောက်မှာ ညီအစ်ကို မောင်နှမတွေက နားမလည်တဲ့အခါ၊ အရမ်းအတိုက်အခံဖြစ်ပြီး စိတ်မရှည်ဖြစ်လာခဲ့တယ်။ မေးစရာတွေနဲ့ ကျွန်တော့်ဆီ လာတဲ့အခါ၊ စိတ်လွတ်ထွက်ပြီးသူတို့ကို အပြစ်တင်၊ ဝေဖန်ဖို့ အခွင့်အရေးကို အမိအရသုံးခဲ့တယ်။ သူတို့ကို ကိုယ်တိုင်နဲ့တောင် ယှဉ်ခဲ့ပြီး မကျေချမ်းတာတွေ၊ အထင်သေးတာတွေနဲ့ ပြည့်ခဲ့တယ်။ အကျိုးဆက်အနေနဲ့၊ သူတို့အားလုံး စိတ်ကျဉ်းကျပ်ပြီး ကိုယ့်တာဝန်ကို မလုပ်ချင်တော့တဲ့အထိ အရမ်း အပျက်သဘောဆောင်လာကြတယ်။ ကျွန်တော့် ပြဿနာကို တခြားလူတွေ ထောက်ပြတော့၊ ဖြေရှင်းဖို့ သမ္မာတရား မရှာခဲ့ဘူး။ ညီမအိုင်ကို ကျွန်တော် တောင်းပန်ခဲ့ပေမဲ့၊ ကျွန်တော့်စကားတွေရဲ့ သွယ်ဝိုက်၊ ပွင့်လင်းတဲ့ ရည်ရွယ်ချက်က ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့၊ ဒီလို ကျွန်တော် စိတ်ပျက်တာက ရှားပါးတဲ့ ကိစ္စဖြစ်ပြီး၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ အဖြစ်အပျက် မဟုတ်ဘူးလို့ ညီမအိုင်ကို ပြဖို့နဲ့ မရိုးသားတဲ့ တောင်းပန်မှုကတစ်ဆင့် ကျွန်တော်က တကယ်တော့ အတော် ဆင်ခြင်တုံတရားရှိတယ်လို့ သူ့ကို ထင်စေဖို့ပဲ။ ဒီလိုပြောထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို တွေးမိတယ်။ “လူအချို့သည် မကောင်းသော စိတ်သဘောထားများ ပေါ်ပေါ်ထင်ထင် ရှိပြီး ဒေါသထွက်လွယ်သည်ဟုလည်း သူတို့တို့ကိုယ်သူတို့ အစဉ်ပြောဆိုကြသည်။ ဤသည်မှာ ကျိုးကြောင်းပြချက်အမျိုးအစားတစ်ခုပင် မဟုတ်လော။ မကောင်းသော စိတ်သဘောထားသည် မကောင်းသော စိတ်သဘောထားပင် ဖြစ်သည်။ လူတစ်ယောက်သည် ကျိုးကြောင်းမသင့်သည့်အရာတစ်ခုခု၊ သို့မဟုတ် လူတိုင်းကို ထိခိုက်စေသောအရာတစ်ခုခုကို လုပ်ဆောင်ထားသောအခါ ပြဿနာက သူ၏ စိတ်သဘောထားနှင့် လူ့သဘာဝတွင် ရှိသည်။ သို့သော် ထိုသူက ခဏတာ ဒေါသမထိန်းနိုင်ဘဲ ဖြစ်သွားသည်၊ သို့မဟုတ် အနည်းငယ် စိတ်ဆိုးသွားသည်ဟု အစဉ်ပြောဆိုသည်။ ပြဿနာ၏ အနှစ်သာရကို လုံးဝ နားမလည်ပေ။ ဤသည်မှာ သူ့ကိုယ်သူ အမှန်တကယ်စိစစ်ပြီး ချပြခြင်းဖြစ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍) ကျွန်တော်က အဲဒီအတိုင်းပါပဲ။ ကိုယ့်တောင်းပန်ချက်ကို ပြန်တွေးတော့၊ အရမ်း သိက္ခာရှိတဲ့ပုံပေါ်ခဲ့ပေမဲ့၊ ပြဿနာရဲ့ တကယ့် အဖြစ်အနှစ်ကို ကျွန်တော် နားမလည်ခဲ့သလို၊ ကိုယ့်ကိုယ်ကိုယ် ခုံခံကာကွယ်ဖို့တောင် ကြိုးစားခဲ့တာပဲ။ အရမ်း သူတော်ကောင်းယောင်ဆောင်ခဲ့တာ။ ဒါကို သဘောပေါက်တော့၊ တကယ် အပြစ်ရှိတဲ့စိတ် ခံစားရတယ်။ လူတွေကို မေတ္တာ၊ သည်းခံခြင်းနဲ့ ဆက်ဆံခြင်းအကြောင်းကို မကြာခဏ ကျွန်တော် ပြောခဲ့ပေမဲ့၊ ဒါတွေက ကျွန်တော့်ရဲ့ တကယ့်အပြုအမူနဲ့ မကိုက်ညီတဲ့ ဆောင်ပုဒ်တွေပဲ။

အဲဒီနောက်မှာ ကိုယ့်အတွေးတွေကို ငြိမ်စေပြီး၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ခဲ့တယ်။ “ကိစ္စတွေ ငါ့သဘောအတိုင်း မဖြစ်တဲ့အခါတိုင်းမှာ ငါ ဒေါသထွက်ပြီး၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြမိတာ ဘာကြောင့်လဲ။ ညီအစ်ကို မောင်နှမတွေနဲ့ ဘာလို့ ကောင်းကောင်း မပူးပေါင်းနိုင်ရတာလဲ။” အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို အမှတ်တမဲ့ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ပို၍ ဆင်ခြင်တုံတရားမဲ့လေဖြစ်ကာ၊ သူတို့ ပို၍ ဆင်ခြင်တုံတရားမဲ့လေ ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြပြီး သူတို့၏ စိတ်နှလုံးအတွင်းတွင် ဘုရားသခင်ကို ကြောက်ရွံ့ခြင်း မရှိချေ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိတို့ကိုယ်ကို အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကို ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်ပြီး ဘုရားသခင်ကို လုံးဝ မကြောက်ပေ။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြောက်ရွံ့လေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိလေသည်။ သမ္မာတရားကို ရရှိသည့်သူများသာလျှင် စစ်မှန်သော လူသားဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရင်းမြစ်က မာနထောင်လွှားမှု ဖြစ်ပုံကို ဘုရားက ထုတ်ဖော်ပြတယ်။ ပိုမာနထောင်လွှားလေ၊ ဘုရားကို အတိုက်အခံလုပ်ဖို့ များလေပဲ။ အဲဒီကျွန်တော်ဖြစ်ခဲ့ပုံပဲဆိုတာ သိလိုက်တယ်။ တခြားလူတွေကို ကျွန်တော့်ထက် အားလုံး နိမ့်ကျတယ်လို့တွေးပြီး အလေးအနက် ကျွန်တော် သဘောမထားခဲ့ဘူး။ ကျွန်တော် အစွမ်းအစကောင်းရှိတယ်၊ ကိုယ့်အလုပ်မှာ ပါရမီရှိပြီး လူတိုင်းထက် ပိုတောင်တယ်လို့ အမြဲ ယုံကြည်ခဲ့တယ်။ ကိုယ့်အားသာချက်တွေနဲ့ယှဉ်ပြီး တခြားလူတွေရဲ့ ချွတ်ယွင်းချက်တွေကို အမြဲ တိုင်းတာခဲ့တယ်။ တစ်ခါသင်ကြားပြီးတဲ့နောက်မှာ အလုပ်တစ်ခုကို ကျွန်တော် ကျွမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က အချိန်ဒီလောက်ကြာပြီး မသိသေးဘူးပေါ့။ သူတို့ကို ဒေါကန်ခဲ့တယ်၊ ဝေဖန် ပြစ်တင်ခဲ့တယ်။ ရိုသေလေးစားမှု နည်းနည်းမှ မပေးဘဲနဲ့ပေါ့။ ချစ်ခင်တဲ့ ထောက်ပံ့မှုတစ်ခုခု ပေးဖို့မပြောနဲ့ သူတို့ရဲ့ အားသာချက်တွေနဲ့ တော်ခြင်းတွေကို အသိအမှတ်မပြုခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ပြဿနာတွေ ကြုံရတဲ့အခါ၊ သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ သူတို့နဲ့ သမ္မာတရားကို မိတ်သဟာယပြုခဲ့ခြင်း ရှိမရှိ၊ ကျွန်တော် တစ်နည်းနည်းနဲ့ စံမမီခဲ့တာရှိလားဆိုတာကို မသုံးသပ်ခဲ့ဘူး။ အဲဒီအစား၊ သူတို့ သေချာနားမထောင်ခဲ့တာလို့ပဲ တွေးပြီး၊ သူတို့ကို လက်လွတ်စပယ် ဒေါကန်ပြီး ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ အရမ်းကို မဆင်မခြင် မာနထောင်လွှားခဲ့တာ။ ကျွန်တော်တို့ အသင်းတော်က ဘုရားရဲ့ ဧဝံဂေလိကို ချဲ့နေတာ။ ဒါပေမဲ့ ကျွန်တော်က လူတွေကို ဆက်ပေါက်ကွဲတယ်၊ အပြစ်တင်ပြီး စိတ်ကျဉ်းကျပ်စေခဲ့တယ်။ သူတို့ကို ကျွန်တော့်အပေါ် ကြောက်၊ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်မိစေရင်းနဲ့ပေါ့။ ပြီးတော့ သူတို့ အရမ်းအပျက်သဘောဆောင်လာကြပြီး ကိုယ့်တာဝန်တွေကို မလုပ်ချင်ကြတော့ဘူး။ ဧဝံဂေလိ အလုပ်ကို ကျွန်တော် နှောင့်ယှက်၊ ဟန့်တားနေတာ မဟုတ်လား။ ဒါတွေအားလုံးကို သုံးသပ်တဲ့အခါ၊ တော်တော် ရှက်မိခဲ့တယ်။ တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုအတွက် အကျိုးရှိတာတစ်ခုမှ ကျွန်တော် မပေးခဲ့ဘူး။ အဲဒီအစား သူတို့ကို နာကျင်စေပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်ခဲ့တယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း ကျွန်တော် အသက်ရှင်နေခဲ့ပြီး အချိန်မရွေး မကောင်းမှုလုပ်ပြီး ဘုရားကိုခုခံနိုင်တယ်။ လုပ်ခဲ့သမျှကို တွေးကြည့်တော့၊ ကိုယ့်ကိုယ်ကိုယ် တကယ် စက်ဆုပ်မိတယ်။ ကိုယ့်ကိုယ်ကိုယ် အကြိမ်အနည်းငယ် မျက်နှာဖြတ်ရိုက်နေမိသလိုပဲ။ စိတ်နှလုံးထဲမှာ ဘုရားကို တိတ်တဆိတ် ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် လူတွေကို နာကျင်စေပြီး၊ အသင်းတော်အလုပ်ကို နှောင့်ယှက်နေရင်းနဲ့ သူတို့ကို ကြောင်းကျိုးမမြင် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဘုရားသခင်၊ နောင်တရပြီး ပြောင်းလဲမှုလုပ်ဖို့ ကျွန်တော် အသင့်ပါ။ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို ဖြေရှင်းရာမှာ လမ်းပြ၊ ကူမဖို့ ဆုတောင်းပါတယ်”လို့ပေါ့။

ဒီလိုနဲ့ တစ်နေ့မှာ၊ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကြားခဲ့ရတယ်။ “သင်၏စိတ်သဘောထားကို ပြောင်းလဲရန် ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်လော့ကျူး။” “သင်သည် ဘုရားသခင်အပေါ် မှီခိုခြင်းအားဖြင့် သင်ကိုယ်တိုင်အတွင်းရှိ အခက်အခဲများအားလုံးကို ဦးစွာ ဖြေရှင်းရမည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်ကိုယ်တိုင်၏ အခြေအနေကို အမှန်တကယ် နားလည်လာနိုင်ကာ၊ မည်သို့ ပြုမူရမည်ကို သိလော့။ နားမလည်သော အရာမှန်သမျှနှင့်ပတ်သက်၍ ဆက်၍ မိတ်သဟာယ ပြုလော့။ လူတစ်ယောက်အတွက် မိမိကိုယ်ကိုယ် မသိခြင်းမှာ လက်ခံနိုင်ဖွယ်ရာ မရှိပေ။ သင်ကိုယ်တိုင်၏ အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ပြီးလျှင် ငါ၏နှုတ်ကပတ်တော်များကို သာ၍ မကြာခဏ စားသောက်ကာ စဉ်းစားဆင်ခြင်ရင်း၊ ငါ၏နှုတ်ကပတ်တော်များပေါ် အခြေပြု၍ သင်၏အသက်တာကို ရှင်သန်ကာ သင်၏ ဆောင်ရွက်ချက်များကို လုပ်ဆောင်လော့။ သင်သည် အိမ်တွင် ရှိသည်ဖြစ်စေ အခြားနေရာတွင် ရှိသည် ဖြစ်စေ၊ သင်၏အတွင်းတွင် ဘုရားသခင်အား တန်ခိုးအာဏာစွဲကိုင်ခွင့် ပြုသင့်သည်။ ဇာတိပကတိနှင့် သဘာဝကျခြင်းတို့ကို စွန့်ပစ်လော့။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏အတွင်းတွင် အမြဲစိုးမိုးခွင့်ပေးလော့။ သင်၏ အသက်တာသည် ပြောင်းလဲခြင်းမရှိ ဖြစ်နေသည်ကို စိုးရိမ်စရာ မလိုပေ။ အချိန်နှင့်အမျှ သင်၏စိတ်သဘောထားသည် ကြီးစွာပြောင်းလဲပြီးဖြစ်သည်ကို သင်သည် ခံစားလာရလိမ့်မည်။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ) ဒီဘုရားနှုတ်ကပတ်တော် ဓမ္မတေးသီချင်းက ကျွန်တော့်ကို တကယ် စေ့ဆော်နိုင်တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ရှာတွေ့ခဲ့တယ်။ ဘယ်အခြေအနေပဲ ကြုံကြုံ၊ ပထမဆုံး ဘုရားရဲ့ ရည်ရွယ်ချက် ရှာသင့်တယ်၊ သမ္မာတရားရှိသင့်တယ်၊ ကိုယ့်ပြဿနာတွေကို ဖြေရှင်းသင့်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေကတစ်ဆင့် ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို နားလည်လာသင့်တယ်၊ နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်တာကို အာရုံစိုက်ပြီး သမ္မာတရားကို လက်တွေ့လုပ်သင့်တယ်။ အဲဒီနောက် မာနထောင်လွှားတဲ့ စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲသွားမှာပဲ။ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့်၊ လူတွေကို အပြစ်တင်ပြီး စိတ်ကျဉ်းကျပ်စေသလို၊ ကိုယ်သာတယ်လို့ အမြဲတွေးတဲ့အချက်က ကိုယ့်ကိုယ်ကိုယ် တကယ် နားမလည်ခဲ့တာကို ပြတာပဲ။ အမှန်တော့ ကျွန်တော့်မှာ ကြွားဖို့တန်တာ တစ်ခုမှမရှိဘူး။ ကိုယ့်တာဝန်မှာ ကျွန်တော်က အတော်လေး အသင်ယူမြန်တဲ့သူဖြစ်ပြီး၊ ဆုကျေးဇူးတချို့ ကောင်းချီးပေးခံခဲ့ရတာပါ။ ဘုရားက ကျွန်တော့်ရဲ့ ဆုကျေးဇူးနဲ့ အစွမ်းအစပေးတာ၊ ကိုယ်တိုင်ကတော့ ထူးခြားတာ ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ဘုရားကို ကျွန်တော် ကျေးဇူးတင်သင့်တယ်။ လူတိုင်းမှာ မတူတဲ့ အစွမ်းအစနဲ့ စွမ်းဆောင်ရည်တွေရှိတယ်။ ညီအစ်ကို မောင်နှမအားလုံးမှာ သူတို့အားသာချက်တွေရှိတယ်။ ညီမအိုင်က လူတွေနဲ့ ဆက်ဆံတာ တော်တယ်၊ သူ့မှာ ချစ်ခင်တဲ့ လုပ်ပုံကိုင်ပုံနဲ့ သည်းခံစိတ်ရှိတယ်။ အဲဒီအရည်အချင်းတွေ ဘာတစ်ခုမှ ကျွန်တော် မပြခဲ့ဘူး။ ဒါကိုသဘောပေါက်တော့ ရှက်မိတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် လက်တွေ့လုပ်ဖို့ အသင့်ဖြစ်ခဲ့တယ်။ ပြဿနာတွေကို ကြုံရတဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် သတိရှိရှိ စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်မယ်။

တစ်ကြိမ် သတိရသေးတယ်။ ကျွန်တော်နဲ့တွဲဖက်တဲ့ ညီအစ်မကို ပရောဂျက်နဲ့ပတ်သက်လို့ ကျွန်တော် သူ့ရဲ့ တိုးတက်မှုကို မေးတော့၊ “ကျွန်မ မစရသေးဘူး။ ပရောဂျက်အတွက် စိတ်ကူးတွေ ကျွန်မတို့ ဆွေးနွေးနေချိန်မှာ တော်တော်လေး ရှင်းတယ်လို့ ခံစားခဲ့ရပေမဲ့၊ အဲဒါကို တကယ်စလုပ်တော့၊ ဘယ်လိုဆက်လုပ်ရမယ်မှန်း မသေချာခဲ့ဘူး” လို့သူပြောတယ်။ အဲဒါကိုကြားတော့၊ ထပ်ပြီး ဒေါသဗလုံစီတက်လာတာကို ကျွန်‌တော် ခံစားရတယ်။ ကျွန်တော် တွေးမိတယ်၊ “အဲဒါက မင်းအတွက် ဘာလို့ အရမ်းခက်နေရတာလဲ။ ဒီပရောဂျက်ကို ငါတို့ ဆွေးနွေးနေချိန်မှာ အရာရာကို သိပ်ကို ရှင်းရှင်းလင်းလင်း ငါ ဖော်ပြခဲ့တာပဲ။ ဘယ်လိုဖြစ်ပြီး မေ့နေပြီးသား ဖြစ်ရတာလဲ။ အလုပ်ကို မင်းက အာရုံစိုက်မနေတာလား။ မင်းကို ငါ ကောင်းကောင်း ပြောပေးရမယ်ထင်တယ်”လို့ပေါ့။ သူ့ကို ဒေါကန်တော့မလိုအချိန်မှာပဲ၊ ဘုရားနှုတ်ကပတ်တော်တွေကို သတိရသွားတယ်။ “လူတို့သည် ဘုရားသခင်ကို သတိရှိရှိ စိတ်ကျေနပ်စေနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပါက၊ မိမိတို့ကိုယ်ကိုယ် စွန့်လွတ်နိုင်ပါက၊ မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများကို စွန့်ပစ်ပြီး ဘုရားသခင်၏ အလိုအပေါ် နာခံနိုင်ကာ အရေးထားနိုင်ပါက- ဤအရာအားလုံးကို ၎င်းတို့ သတိရှိရှိ လုပ်ဆောင်နိုင်ကြပါက- ဤသည်မှာ သမ္မာတရားကို မှန်ကန်တိကျစွာ လက်တွေ့လုပ်ဆောင်ခြင်းနှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားအား လိုက်စားခြင်းအားဖြင့်သာ စိတ်သဘောထား ပြောင်းလဲမှုတစ်ခုကို ရရှိနိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေက အချိန်မီ သတိပေးချက် ဖြစ်ခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ရမယ်။ မာနထောင်လွှားတဲ့ စိတ်သဘောထားအတိုင်း ဆက်ပြုမူလို့ မဖြစ်ဘူး။ သူ့မှာ ပြဿနာတချို့ရှိလို့၊ ဒါမှမဟုတ် ရှေ့ဆက်ရမဲ့လမ်းကို မရှင်းလို့ သူ အဲဒါကို မစခဲ့တာ ဖြစ်နိုင်တာပဲလေ။ သူ့ရဲ့ တကယ့်အခြေအနေကို နားလည်ပြီး သူ့ရဲ့ ချွတ်ယွင်းချက်တွေကို ချက်ချင်း တင်ပြဆွေးနွေးသင့်တယ်။ ဒါကြောင့် တကယ့်အခြေအနေအရ သူ ဆက်လုပ်သင့်ပုံနဲ့ဆိုင်တဲ့ အသေးစိတ်အချက်အလက်ကို ကျွန်တော် တည်တည်ငြိမ်ငြိမ် စစ်ဆေးလိုက်တယ်။ ပြီးသွားတော့ သူက ဝမ်းသာအားရ ပြန်ပြောတယ်။ “ဒီတော့ ကျွန်မလုပ်သင့်တဲ့ပုံစံက အဲဒီလိုကိုး။ အခု နောက်ဆုံးတော့ ရှေ့ဆက်ဖို့လမ်းကြောင်း ရှိသွားပြီ”တဲ့။ အဲဒီညီအစ်မက အဲဒီလိုပြောတော့ အရမ်းရှက်မိတယ်။ ကျွန်တော်က အလုပ်မှာ ဆောင်ပုဒ်တွေကို အမြဲအော်နေခဲ့ပေမဲ့၊ လူတိုင်းကို တစ်ယောက်ချင်း သင်ပေးဖို့မပြောနဲ့ လူတိုင်းရဲ့ ပြဿနာနဲ့ ကိစ္စတွေကို နားလည်အောင် အချိန်မယူခဲ့ဘူးလေ။ ကိုယ့်အလုပ်မှာ နည်းနည်း ပိုစိတ်ရှည်ပြီး အသေးစိတ်ကျခဲ့ရင်၊ ညီအစ်ကို မောင်နှမတွေက အမှီအခို ကင်းကင်းနဲ့ အလုပ်လုပ်နေခဲ့တာ ကြာပြီ ဖြစ်ခဲ့မှာပဲ။

အဲဒီနောက် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို အမှတ်တမဲ့ တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သင်သည် အယူဝါဒစကားများကိုသာ ထပ်တလဲလဲ ပြောပြီး လူများကို သြဝါပေးပြီး ကိုင်တွယ်ဖြေရှင်းမှသာ ၎င်းတို့ကို သမ္မာတရား နားလည်စေပြီး ယင်း၏ စစ်မှန်မှုထဲသို့ ဝင်ရောက်စေနိုင်သလော။ သင် မိတ်သဟာယပြုသည့် သမ္မာတရားသည် မစစ်မှန်လျှင်၊ အယူဝါဒစကားများသာဖြစ်လျှင်၊ ၎င်းတို့ကို သင်မည်မျှ ကိုင်တွယ်ဖြေရှင်းပြီး သြဝါဒပေးပါစေ အကျိုးရှိမည်မဟုတ်ပေ။ လူတို့က သင့်ကို ကြောက်ရွံ့ခြင်း၊ သင်ပြောသည့်အရာကို လုပ်ဆောင်ခြင်းနှင့် မကန့်ကွက်ရဲခြင်းတို့သည် သမ္မာတရားကို ၎င်းတို့ နားလည်ကာ နာခံခြင်းနှင့် အတူတူဖြစ်သည်ဟု သင် ထင်သလော။ ဤသည်မှာ ကြီးမားသော အမှားတစ်ခုဖြစ်သည်။ အသက်သို့ ဝင်ရောက်ခြင်းသည် အလွန်ရိုးရှင်းခြင်းမရှိပေ။ ခေါင်းဆောင်အချို့သည် အမြင်ကောင်းစေရန်အတွက် ကြိုးစားနေသော မန်နေဂျာအသစ်တစ်ယောက်နှင့်တူသည်။ လူတိုင်းက ၎င်းတို့ကို ကျိုးနွံနာခံရန်အတွက် ဘုရားသခင်ရွေးချယ်ထားသောသူတို့အပေါ် ၎င်းတို့၏ လတ်တလောရရှိထားသည့်အာဏာကို အသုံးချရန် ကြိုးစားပြီး ဤသို့ဖြင့် ၎င်းတို့အလုပ်က ပို၍လွယ်ကူလိမ့်မည်ဟု ထင်ကြသည်။ သင်သည် သမ္မာတရား၏ စစ်မှန်မှု ကင်းမဲ့လျှင် မကြာခင်တွင် သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုက မြင်သာလိမ့်မည်၊ သင်၏ သရုပ်မှန်က ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် ကောင်းစွာ ဖယ်ရှားခြင်းခံရနိုင်ပေမည်။ စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနည်းငယ် ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ခြင်းနှင့် ပဲ့ပြင်ဆုံးမခြင်းသည် လက်ခံနိုင်ဖွယ်ဖြစ်သည်။ သို့ရာတွင် သင်သည် သမ္မာတရားကို မိတ်သဟာယပြုနိုင်စွမ်းမရှိပါက၊ အဆုံး၌ ပြဿနာကို ဖြေရှင်းနိုင်ဦးမည် မဟုတ်သကဲ့သို့၊ အလုပ်၏ ရလဒ်များကို ထိခိုက်လိမ့်မည်။ အသင်းတော်၌ မည်သည့်ပြဿနာများ ပေါ်ပေါက်သည်ဖြစ်စေ၊ လူများကို သင် ဆက်၍ ဩဝါဒပေးပြီး အပြစ်တင်နေလျှင်၊ သင်သည် အစဉ် ဒေါသထွက်နေရုံသာရှိလျှင်၊ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သူ့ဘာသာသူ ထုတ်ဖော်ပြနေခြင်း ဖြစ်လေသည်။ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်း၏ အကျည်းတန်သော မျက်နှာကို ပြသပြီးဖြစ်သည်။ သင်သည် အမြဲတမ်း အထက်စီးမှနေ၍ လူများကို ဤကဲ့သို့ ဩဝါဒပေးနေပါက၊ အချိန်ကြာလာသည်နှင့်အမျှ လူများသည် သင့်ထံမှ အသက်ပံ့ပိုးမှုကို လက်ခံရရှိနိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် စစ်မှန်သည့် မည်သည့်အရာကိုမျှ ရလိမ့်မည်မဟုတ်ပေ။ ထိုအစား သင်၏ ပစ်ပစ်ခါခါငြင်းပယ်ခြင်းနှင့် ရွံရှာခြင်းသာ ခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) အသင်းတော်မှာ ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်လုပ်ဖို့ အဓိကသော့ချက်က လူတိုင်းက စည်းမျဉ်းတွေကို ကောင်းကောင်း သဘောပေါက်အောင် သမ္မာတရားကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုဖို့ဖြစ်မှန်း ဘုရားနှုတ်ကပတ်တော်တွေကနေ သိရတယ်။ အဲဒီအခါမှပဲ ကျွန်တော်တို့ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်နိုင်တာလေ။ လူတွေကို အမြဲ ဒေါကန်ပြီး အပြစ်တင်နေရင်၊ ပြဿနာတွေကို မဖြေရှင်းနိုင်မှာ ဖြစ်ရုံမက၊ လူတွေကို စိတ်လည်းကုန်စေပြီး အဝေးကို တွန်းထုတ်နေမိမှာပဲ။ နောက်ပိုင်းမှာ တခြားလူတွေနဲ့ အလုပ်လုပ်တဲ့အခါ၊ သူတို့အလုပ်ကို စစ်ဆေးတဲ့အခါ၊ ကျွန်တော် သူတို့ရဲ့ တကယ့်ပြဿနာကို အရင် နားလည်အောင်လုပ်တယ်။ သူတို့ နားမလည်တာတွေ၊ မသင်ရသေးတာတွေ ရှိခဲ့ရင်၊ စည်းမျဉ်းတွေနဲ့ သမ္မာတရားကို သူတို့နဲ့ စိတ်ရှည်ရှည် မိတ်သဟာယပြုပြီး၊ သူတို့ ပြဿနာတွေကို ကူဖြေရှင်းပေးတယ်။ အဲဒီလိုနဲ့ အချိန်ကာလတစ်ခုကြာပြီးတဲ့ နောက်မှာ၊ ညီအစ်ကို မောင်နှမတွေက အလုပ်တချို့ကို အမှီအခိုကင်းကင်း ပြီးစီးနိုင်ခဲ့ကြပြီး၊ ကျွန်တော်တို့ အတူလက်တွဲညီညီ အလုပ်လုပ်နိုင်ခဲ့ကြတယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရာကနေ၊ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို နည်းနည်း နားလည်သွားတယ်၊ လူတွေရဲ့ ချွတ်ယွင်းချက်တွေကို ဘယ်လိုသဘောထားရမယ်ဆိုတာ သိခဲ့ပြီး၊ တခြားလူတွေနဲ့ အတွဲညီညီ အလုပ်လုပ်နိုင်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသစ်တွေကို လေ့ကျင့်ပေးရင်း ကျွန်တော် ထုတ်ဖော်ခံရတယ်

ရှောင်ဇောင် ဂရိနိုင်ငံ နိုင်ငံတော်ဧဝံဂေလိတရား ပျံ့နှံ့လာတာနဲ့အမျှ၊ ဘုရားရဲ့နောက်ဆုံးသောကာလ အမှုတော်ကို စုံစမ်းတဲ့လူတွေက တစ်နေ့တခြား...

ငွေနှင့် ဂုဏ်အဆင့်အတန်းသည် ကျွန်မအတွက် မည်သည့်အရာကို လုပ်ဆောင်ပေးဖူးသနည်း

နီနာ အိုင်ဗရီကို့စ်နိုင်ငံ ကျွန်မက ပျက်စီးနေတဲ့ မိသားစုမှာ မွေးခဲ့တာပါ။ ကျွန်မအမေက ကျွန်မကို ကိုယ်ဝန်ရှိနေတုန်း ကျွန်မအဖေက...

ဘုရားသခင်၏ စိတ်နှလုံးတော်က အယူအဆလွဲများကို ပယ်ရှင်းနိုင်သည်ကို သိနားလည်ခြင်း

ချင်ဂန်၊ ဟေဘေးစီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊...

ကျွန်ုပ်၏ တာဝန်မှတစ်ဆင့် နာခံရန် သင်ယူခြင်း

နိုဗို ဖိလစ်ပိုင်နိုင်ငံ ၂၀၁၂ခုနှစ်မှာ၊ ထိုင်ဝမ်မှာ ကျွန်တော် အလုပ်လုပ်နေတဲ့အချိန်မှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။