မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

28.02.2021

ကျန်းရှင်း အမေရိကန်နိုင်ငံ

၂၀၁၇ခုနှစ် မတ်လတွင်၊ ဗီဒီယိုပိုစတာများနှင့် ပုံများအတွက် အဓိကထား၍ အသင်းတော်အတွက် ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ကျွန်မ စလုပ်ဆောင်ခဲ့သည်။ အစတွင် ကျွန်မက နည်းပညာပိုင်းနှင့် ပတ်သက်သည့်အရာများ အကြောင်း သိပ်မသိသောကြောင့်၊ အခြေခံသဘောတရားများနှင့် ပညာပိုင်း ကျွမ်းကျင်မှုများကို အစဉ် လေ့လာသင်ယူနေခဲ့ပါသည်။ ကျွန်မ ညီအစ်ကို မောင်နှမများ၏ အကူအညီကို နှိမ့်ချစွာ တောင်းပြီး ကျွန်မ၏ ဒီဇိုင်းများ၌ အခြားသူများ၏ အကြံဉာဏ်ကို ဂရုတစိုက် ယူခဲ့သည်။ အချိန်အနည်းငယ်လောက်အကြာ ကျွန်မ၏ တာဝန်အတွက် လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကို စပြီး ကိုင်တွယ်လာနိုင်ခဲ့သည်။ ကျွန်မ၏ ဗီဒီယိုအတွက် ပုံများကို အွန်လိုင်းမှာ တင်ပြီး လာပြီးနှိပ်ကြည့်သည့် နှုန်းကလည်း အတော်အတန် ကောင်းလေသည်။ ညီအစ်ကို မောင်နှမများစွာ ချီးမွမ်းကြသည့် မှတ်တမ်းဆိုင်ရာ ဗီဒီယိုတစ်ခုအတွက် သီးသန့် ပိုစတာတစ်ခုရှိသည်။ အခြားသူများက သူတို့ ကြုံတွေ့ရသည့် နည်းပညာရပ်ဆိုင်ရာ ပြဿနာများကို ကျွန်မနှင့် များစွာ ဆွေးနွေးတိုင်ပင်ကြသောကြောင့်၊ ဂရပ်ဖစ် ဒီဇိုင်းပညာနယ်ပယ်မှာ ကျွန်မက အရည်အချင်း အချို့ ရှိသည်ဟု ခံစားခဲ့ရသည်။ ကျွန်မ ကိုယ်တိုင် သတိမထားမိဘဲ ကျွန်မ မာနထောင်လွှားလာခဲ့သည်။

နောက်ပိုင်းတွင် ကျွန်မက ဗီဒီယိုပိုစတာများထက် ပို၍လွယ်သည့် ပုံများကို ဒီဇိုင်းဆွဲသည့်အခါ၊ ယင်းတို့ကို တကယ်ကို အမြန်ပြီးဖို့အတွက် လုံလောက်သော ကျွမ်းကျင်မှု ရှိသွားပြီဟု ခံစားခဲ့မိသည်။ ထို့ကြောင့် သေချာ မစဉ်းစားဘဲ သို့မဟုတ် အခြေခံသဘောတရားများကို မရှာဖွေဘဲ ကျွန်မမှာ ရှိသည့် ကျွမ်းကျင်မှုအပေါ် အခြေခံပြီး လုပ်ခဲ့သည်။ အကျိုးဆက်အနေဖြင့် အလင်းအမှောင်ရော၊ အရောင်ပါ အကြောင်းအရာနှင့် မကိုက်ပါဆိုသည့် ထင်မြင်ချက်များကို ကျွန်မ ရခဲ့သည်။ သူတို့၏ ထင်မြင်ချက်များကို မစဉ်းစားသကဲ့သို့ လက်ခံဖို့ပင် မကြိုးစားဘဲ၊ “နင်တို့က ဘာ ခံစားမှုမှ မရှိကြဘူးလား။ ဒါက ရဲရင့်တဲ့ တီထွင်ဆန်းသစ်မှုပဲ။ ဒါတွေအားလုံးကို ငါ စဉ်းစားပြီးပြီ၊ ပြဿနာမဟုတ်ပါဘူး။ နင်တို့က မသိဘဲနဲ့ အကြံတွေ ပေးနေကြတယ်။” ဟု စဉ်းစားမိသည်။ ကျွန်မက တကယ်ကို စိတ်ဓာတ်ခိုင်မာနေပြီး ဒေါသပင် ထွက်လာသည်။ ရလဒ်အနေနှင့် ဗီဒီယိုအတွက် ပုံများမှာ ပြဿနာရှိသောကြောင့် ငြင်းပယ်ခံခဲ့ရသည်။ နောက်ပိုင်းမှာ အစ်မတစ်ယောက်က ကျွန်မကြောင့် စိတ်ကျဉ်းကျပ်နေပြီး ကျွန်မကို အကြံပြုချက်များ ပေးဖို့ ကြောက်နေသည်ဟု ကြားရသည်။ ကျွန်မ ဤသည်ကို ကြားရသည့်အခါ၊ အနည်းငယ် စိတ်မကောင်း ဖြစ်မိသည်၊ သို့ရာတွင် ဖြစ်ပျက်ခဲ့သည့်အရာကို ပတ်သက်ပြီး မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ခြင်း မရှိခဲ့ပါ။

သိပ်မကြာမီတွင် နောက်ထပ် ဗီဒီယိုတစ်ခုအတွက် ဒီဇိုင်းတစ်ခု ကျွန်မ ဆွဲရသည်။ ဗီဒီယိုက သင်းအုပ်ဆရာများ၊ အကြီးအကဲများ၏ လှည့်စားခြင်းနှင့် ထိန်းချုပ်ခြင်းခံရပြီး ဘာသာရေး အယူအဆများ၏ ကန့်သတ်ခြင်းကို ခံရကာ၊ သို့ဖြစ်၍ ဘုရားသခင်၏ အမှုတော်အသစ်ကို လက်မခံသည့် ယုံကြည်သူ တစ်ယောက်အကြောင်း ဖြစ်ပါသည်။ သူမက သမ္မာတရားကို ရှာဖွေပြီးသည့်နောက်မှာ အဆုံး၌ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားခဲ့ပြီး ဘုရားသခင်၏ အလင်းထဲမှာ အသက်ရှင်ဖို့ လာရောက်ခဲ့သည်။ ဤအကြောင်းအရာကို ကျွန်မ စဉ်းစားပြီး “ပိုစတာမှာ ပုံစံတစ်မျိုးမျိုးနဲ့ အမှောင်ထဲမှာ အရောင်မှိန်နေပြီး လင်းသွားတာမျိုး သေချာပေါက် ဖြစ်သင့်တယ်- ဒီထက်ကောင်းတဲ့ စိတ်ကူးမရှိဘူး။” ဟု တွေးမိသည်။ အကိုးအကားအနေနှင့် သုံးဖို့အတွက် ဆင်တူသည့် ရုပ်ရှင်ပိုစတာများကို ကျွန်မ အချိန်ကြာမြင့်စွာ ရှာနေခဲ့သည်။ ကျွန်မ၏ ပိုစတာအချောသတ်ရုပ်ပုံကို ကြည့်သည့်အခါ၊ ယင်းက အလွန်ကောင်းသည်၊ နာမည်ကြီးသည့် ရုပ်ရှင်ပိုစတာ တစ်ခုနှင့်တူသည်ဟု ကျွန်မက ထင်ခဲ့သည်။ ကျွန်မက တကယ်ကို မိမိကိုယ်ကိုယ် ချီးကျူးနေခြင်း ဖြစ်သည်။ အဲဒီမှာ အစ်မတစ်ယောက်က ကျွန်မၑပိုစတာကို မြင်ပြီး “ဒီနားမှာ အရမ်းမှောင်နေတယ်။ ဘာမှမရှိဘဲ၊ တော်တော် အရောင်မွဲနေတယ်။” ဟု အကြံပေးသည်။ အစ်မနောက်တစ်ယောက်က ဤအကြံပြုချက် ပေးသည်။ “ခြုံကြည့်ရင် မှောင်လွန်းနေတယ်၊ မရှင်းဘူး။ မည်းမှောင်နေသလို ဖြစ်နေတယ်။ ဒီဗီဒီယိုက ဘုရားကို သက်သေခံတာဆိုတော့ ပုံရိပ်က အရမ်း မမှောင်သင့်ဘူး။” သူတို့ပြောခဲ့သည့်အရာများကို ကျွန်မ တကယ်ကို အတိုက်အခံပြန်လုပ်ချင်ခဲ့သည်။ ကျွန်မက “ငါတော့ ဒါ တော်တော် ကြည့်ကောင်းတယ်လို့ ထင်တယ်။ နင်က အရောင် အနုအရင့်အကြောင်း မသိဘဲ၊ ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ ငါ့ကို ပြောပြနေတယ်။ နင်က ချစ်တီးခေါင်းသန်းရှာနေတာ သက်သက်မဟုတ်ဘူးလား။” ဟု တွေးမိသည်။ ကျွန်မ ပြောလိုက်သည်မှာ “ဒါက သင့်တော်တဲ့ အရောင်မဟုတ်ဘူးလား။ အလင်းနဲ့ အမှောင်မှာ ကွဲပြားမှု ရှိရမယ်လေ။ ပြီးတော့ ဒါက ဗီဒီယိုပိုစတာအတွက်လေ၊ အဲဒီတော့ အဓိကက အရောင်အနုအရင့်ကို လုပ်ရမှာ။ တခြား ဗီဒီယိုပိုစတာတွေကိုလည်း ဒီလိုလုပ်ရတာပဲ။ ဒါ ဘာမှ မမှားပါဘူး။” ဟု ဖြစ်သည်။ ထို့နောက်တွင် ကျွန်မ ကိုးကားထားသည့် ဗီဒီယိုပိုစတာ မိတ္တူကို သူတို့ထံ ပို့လိုက်သည်။ ကျွန်မ အံ့အားသင့်ရသည်မှာ ကျွန်မ၏ ပိုစတာမှာ မှောင်နေသည့်နေရာလပ်များ များစွာရှိပြီး အခြားတစ်ခုကဲ့သို့ ကြည့်မကောင်းပါဟု သူတို့က ပြောကြသည်။ သူတို့က ထိုကဲ့သို့ပြောတော့ ကျွန်မ စိတ်ဆိုးဒေါသထွက်သွားပြီး “နင်တို့က အရောင် အနုအရင့်နဲ့ ပတ်သက်ပြီး ငါ့ဆီကို အမြဲတမ်း အကြံဉာဏ် တောင်းနေရတာကို မမေ့ကြနဲ့။ ဒါနဲ့ပတ်သက်ပြီး နင်တို့က အခြေခံ ကိုင်တွယ်နိုင်တာတောင် မရှိဘဲ၊ ဒါကို ဘယ်လို လုပ်ရမယ်ဆိုတာ ငါ့ကို ပြောနေတယ်။ နင်က ငါးကို ရေကူးတတ်ဖို့ သင်ပေးနေတာ မဟုတ်လား။” ဟု တွေးမိသည်။ ကျွန်မ မှန်သည်ကို သူတို့ကို သက်သေပြဖို့အတွက် ကျွန်မ ဒီဇိုင်းဆွဲထားသည့် ပုံရိပ်ကို အခြား ညီအစ်ကိုမောင်နှမများထံ ပို့လိုက်သည်၊ သို့ရာတွင် သူတို့ကလည်း အရမ်း မှောင်သည်ဟု ပြောကြသည်။ ကျွန်မ သည်းခံ၍သာ ယင်းကို ပြောင်းလိုက် ရသည်။ ကျွန်မမှာ မှန်ကန်သည့်စိတ်ကူးရှိပြီး၊ ယင်းက အလင်းအမှောင်သွင်းခြင်းနှင့် ကိုက်ညီသောကြောင့်၊ ကျွန်မက အနည်းငယ်သာ ပြောင်းလိုက်သည်၊ သို့ရာတွင် ယင်းကို လက်မခံကြသေးပါ။ ရလဒ်အနေဖြင့် တစ်ပတ်လောက်သာ ကြာသင့်သည့် ပုံရိပ်တစ်ခုကို တစ်လနီးပါးလောက်ကြာအောင် လုပ်နေခဲ့ရသည်။ နောက်ဆုံး၌ ဒီဇိုင်းပြဿနာများ ရှိသောကြောင့် ထိုပုံကို ပစ်လိုက်ရသည်။ ယင်းက ကျွန်မ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင် ဖြစ်သည်။ ကျွန်မ တကယ်ကို စိတ်ပျက်အားလျော့ပြီး စိတ်ဓာတ်ကျသွားသည်၊ ပြီးလျှင် မိတ်သဟာယမှာ အခြားသူများနှင့် ပွင့်ပွင့်လင်းလင်း မပြောချင်ခဲ့ပါ။ မှောင်မိုက်သည့်၊ နာကျင်ရသည့် နေရာ တစ်ခုမှာ ကျွန်မ ရောက်နေခဲ့သည်။ ထို့နောက်တွင် အဖွဲ့ခေါင်းဆောင်က ကျွန်မကို ယခုရက်ပိုင်း ကျွန်မ၏ ဒီဇိုင်းများက တစ်ခုမှ မအောင်မြင်ကြောင်းနှင့် ဘုရားသခင် ရှေ့မှာ ချက်ချင်း မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ လိုသည်ဟု သတိပေးသည်။ ထိုအချိန်ကျမှ ကျွန်မ ဘုရားသခင်ရှေ့မှောက်မှာ မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ဆက်စပ်မှုရှိသည့် ဘုရားသခင်၏ နှုတ်ကပတ်တော် အချို့ကို တွေ့သည်။

တစ်နေ့မှာ ကျွန်မ၏ဝတ်ပြုခြင်း၌ ဤအပိုဒ်ကို ဖတ်ပါသည်- “ပြဿနာများ သင့်အပေါ် ကျ‌ရောက်သောအခါတွင်၊ သင်သည်၊ ‘အခြေခံသဘောတရားများကို ငါ သိပြီး၊ ငါ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ သင်တို့သည် စကားပြောဆိုဖို့ အရည်အချင်း မပြည့်မီကြပါ။ သင်တို့ မည်သည့်အရာကို သိကြသနည်း။ သင်တို့ နားမလည်ကြ၊ ငါနားလည်သည်’ ဟု တွေးရင်း မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူရမည် မဟုတ်။ ဤသည်မှာ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မှတ်ယူခြင်းသည် ဖောက်ပြန်ပျက်စီးသည့် စာတန်ဆန်သော စိတ်သဘောထားတစ်ခုဖြစ်သည်။ ယင်းသည် ပုံမှန် လူ့သဘာဝအတွင်းရှိ အရာတစ်ခု မဟုတ်ပေ။” “သင့်အနေဖြင့်၊ ‘မည်သူ့ကိုမျှ ကျွန်ုပ် နားထောင်မည် မဟုတ်ပါ။ ကျွန်ုပ် နားထောင်လျှင်ပင်၊ နားထောင်သည်ဟု ယူဆရန်အတွက်သာ ဖြစ်လိမ့်မည်- ကျွန်ုပ် ပြောင်းလဲမည် မဟုတ်ပါ။ အမှုအရာများကို ကျွန်ုပ် သဘောအတိုင်း ကျွန်ုပ် လုပ်ဆောင်မည်။ ကျွန်ုပ်သည် မှန်ကန်ပြီး လုံးဝ လျော်ကန်သည်ဟု ခံစားရပါသည်’ဟု ပြောရင်း၊ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟု အမြဲမှတ်ယူကာ မိမိသဘောအတိုင်း မရမကလုပ်ဆောင်ပါက၊ မည်သည့်အရာ ဖြစ်လိမ့်မည်နည်း။ သင်သည် မှန်ကန်ကြောင်း ပြကောင်းပြနိုင်မည်ဖြစ်ပြီး သင်လုပ်ဆောင်သည့်အရာတွင် အမှား ရှိကောင်းရှိနိုင်မည်မဟုတ်။ မည်သည့်အမှားများကိုမျှ သင် မပြုလုပ်ခဲ့ကောင်း မပြုလုပ်နိုင်သကဲ့သို့၊ ပြဿနာတစ်ခု၏ လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှုထောင့်တစ်ခုကို အခြားသူများထက် သာ၍ကောင်းစွာ နားလည်ကောင်း နားလည်နိုင်သည်၊ သို့သော် သင်သည် ဤနည်းဖြင့် ပြုမူကာ လက်တွေ့လုပ်ဆောင်သည်နှင့် တစ်ပြိုင်နက်၊ အခြားသူများက မြင်ကြလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့က၊ ‘ဤလူ၏ စိတ်သဘောထားသည် မကောင်းပါ။ ၎င်းအပေါ် ပြဿနာများ ကျရောက်သည့်အခါတွင်၊ အခြားမည်သူမဆို ပြောဆိုမည့် မည်သည့်အရာကိုမျှ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ၎င်း လက်မခံပါ။ အားလုံးသည် ခုခံမှုသာ ဖြစ်သည်။ ဤလူသည် သမ္မာတရားကို လက်မခံပါ’ ဟု ပြောကြလိမ့်မည်။ သင်က သမ္မာတရားကို လက်ခံခြင်းမရှိဟု လူတို့ ပြောပါက၊ ဘုရားသခင်က အဘယ်အရာကို တွေးထင်ရမည်နည်း။ သင်၏ ဤထုတ်ဖော်ပြချက်များကို ဘုရားသခင် မြင်နိုင်သလော။ ထိုအရာများအားလုံးကို အလွန်ရှင်းလင်းစွာ ဘုရားသခင် မြင်နိုင်ပေသည်။ ဘုရားသခင်သည် လူသား၏ အတွင်းကျကျ စိတ်နှလုံးကို စိစစ်သည်သာမက၊ အချိန်တိုင်း၊ နေရာအနှံ့တွင် သင် ပြောဆိုပြီး လုပ်ဆောင်သည့် အရာရာတိုင်းကိုလည်း စောင့်ကြည့်ပေသည်။ ပြီးလျှင် ဤအရာများကို သူ တွေ့ရှိသည့်အခါတွင်၊ သူ မည်သည့်အရာကို လုပ်ဆောင်သနည်း။ သူက၊ ‘သင်သည် ခက်ထန်ပေသည်။ သင်သည် ကိစ္စရပ်များတွင် မှန်သည့်နေရာတွင် ရှိသည့်အခါ ထိုသို့ဖြစ်ပြီး ကိစ္စရပ်များတွင် မှားသည့်နေရာတွင် ရှိသည့်အခါလည်း ထိုသို့ဖြစ်သည်။ ကိစ္စရပ်အားလုံးတွင်၊ သင်၏ ဖွင့်ပြချက်များနှင့် ဖော်ပြချက်များ အားလုံးသည် သဘောကွဲလွဲဖို့ကြိုးစားနေပြီး အတိုက်အခံ ဖြစ်နေသည်။ အခြားသူများ၏ စိတ်ကူးများ သို့မဟုတ် အကြံပေးချက်များထဲမှ မည်သည့်အရာကိုမျှ သင် လက်မခံပေ။ သင့်စိတ်နှလုံးအတွင်းရှိ အရာအားလုံးမှာ ကွဲလွဲဆန့်ကျင်ခြင်း၊ ပိတ်လှောင်ခြင်းနှင့် ငြင်းဆန်ခြင်းသာ ဖြစ်သည်။ သင်သည် အလွန်ဆက်ဆံရခက်သည်’ ဟု ဆိုပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ဘုရားသခင်၏ ရှေ့မှောက် အမြဲအသက်မရှင်နိုင်သူတို့မှာ မယုံကြည်သူများဖြစ်သည်”) ဘုရားသခင်က ကျွန်မတို့ စိတ်ထဲ၊ နှလုံးသားထဲကို တကယ်ကို မြင်ပါသည်။ ဤသည်က ကျွန်မ၏ အခြေအနေကို လုံးဝ ဖော်ထုတ်ခဲ့ပါသည်။ ကျွန်မက မာနထောင်လွှားသော ဆိုးယုတ်သည့် စိတ်သဘောထားကို ထုတ်ဖော်ပြနေခဲ့ခြင်း ဖြစ်သည်။ ကျွန်မ၏ ပိုစတာများကို ညီအစ်ကို မောင်နှမများက လက်ခံပြီး ချီးမွမ်းကြသည့်အခါ၊ ယင်းမှာ ကျွန်မက မိမိ၏ ကျွမ်းကျင်မှုကြောင့်ဖြစ်ပြီး၊ ကျွန်မ၏ ဒီဇိုင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အသိပညာကို မည်သူမျှ မယှဉ်နိုင်ပါဟု ထင်ခဲ့သည်။ အခြားသူများက ကျွန်မကို အကြံပြုချက်များ ပေးသည့်အခါ၊ သူတို့က နားမလည်ပါဟု တွေးလျက်၊ လက်ခံဖို့ ငြင်းဆန်ခဲ့သည်။ လူများစွာတို့က ဤအကြံပြုချက်ကိုသာ ပေးနေသည့်အခါတွင်ပင် ကျွန်မက တကယ်ကို ခေါင်းမာခဲ့သည်။ သူတို့ပြောသည့်အရာကို ကျွန်မ လက်ခံယောင် ဟန်ဆောင်ခဲ့ပြီး ကိုယ်ပိုင် အတွေးအခေါ်ကိုသာ ကျွန်မ ဖက်တွယ်ထားခဲ့သည်။ ကျွန်မ၏ စိတ်ကူးနှင့် ကိုက်ညီသည့်အရာကိုသာ ပြောင်းလဲခဲ့ပြီး ကျွန်မ သဘောမတူသည့်အရာကို ပြောင်းလဲဖို့ ငြင်းဆန်ခဲ့သည်။ လူများနှင့် ငြင်းခုန်ဖို့ ဆင်ခြေမျိုးစုံ ရှာခဲ့သည်၊ ပြီးလျှင် ကျွန်မ ဒေါသပင်ထွက်ခဲ့သည်။ အဆုံးတွင် ထိုနည်းလမ်းဖြင့် အစ်မတစ်ယောက်ကို ကျွန်မ မွန်းကျပ်စေခဲ့သည်။ ကျွန်မက အသိစိတ် လုံးဝမရှိတော့ဘဲ၊ မာနထောင်လွှားခဲ့သည်ကို နားလည်သဘောပေါက်ခဲ့ပါသည်။ ကျွန်မက လုံးဝကို ကျိုးကြောင်းမသင့်လျော်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မက အလွန် မာနထောင်လွှားပြီး မိမိကိုယ်ကိုယ် မှတ်ယူသည်ဟု ထင်လှသည်မှာ အခြားသူတစ်စုံတစ်ယောက်၏ အကြံပြုချက်များကို လက်မခံလိုခဲ့ပေ။ ကျွန်မ၏ပုံရိပ်ကို ထပ်ခါထပ်ခါ တည်းဖြတ်ပြုပြင်ရပြီး ကျွန်မတို့၏ အလုပ်ကို နှောင့်နှေးစေခဲ့ရုံသာမကဘဲ၊ ကျွန်မ ကိုယ်တိုင်၏ အခြေအနေကလည်း ဆက်လက် ပိုမိုဆိုးရွားခဲ့သည်။ ထိုကျရှုံးမှုများနှင့် အနှောင့်အယှက်များကို ရင်မဆိုင်ဘဲ၊ ကျွန်မက မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး သိဖို့အတွက် ဘုရားသခင်ရှေ့မှောက်ကို လုံးဝ လာဖြစ်မည် မဟုတ်ပါ။ ကျွန်မက နောက်ပြန်မလှည့်ဘဲ၊ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားအတိုင်း ဆက်ပြီး ရှင်သန်နေပါက၊ အခြားသူများက ကျွန်မကို ငြင်းပယ်ကြပြီး ဘုရားသခင်က စက်ဆုပ်ရွံရှာမည်ဖြစ်သည်။ ကျွန်မမှာ ထိုအတွေး၌ နောင်တနှင့် ပြည့်နေပြီး ကြောက်ရွံ့မိခဲ့သည်။ နောင်တရဖို့ ဆန္ဒရှိလျက်၊ ဘုရားသခင်ရှေ့ကိုလာပြီး ကျွန်မ ချက်ချင်း ဆုတောင်းခဲ့ပါသည်။

ထို့နောက်မှာ ကျွန်မ ထုတ်ဖော်ပြခဲ့သည့် ဖောက်ပြန်ပျက်စီးမှုကို အဖွဲ့ထဲမှာရှိသည့် အစ်မများကို ဖွင့်ချပြခဲ့ပြီး အကြံပြုချက်များကို လက်ခံပြီး ကိုင်တွယ်ဖြေရှင်းခံရဖို့ ဆန္ဒရှိပါသည်ဟု ကျွန်မ သူတို့ကို ပြောခဲ့ပါသည်။ ထိုအချိန်မှစ၍ ကျွန်မ တာဝန်၌ ညီအစ်ကို မောင်နှမများက အကြံပြုချက် အရေအတွက်များစွာ ပေးခဲ့ပြီး၊ အစတွင် ထိုအကြံပြုချက်များကို လက်ခံဖို့ ကျွန်မအတွက် တော်တော်ခက်သည်။ သို့ရာတွင် ကျွန်မ၏ လတ်တလော ကျရှုံးမှုများကို သတိရသည့်အခါ၊ ကျွန်မ ဆုတောင်းပြီး မိမိကိုယ်ကိုယ် ဘေးဖယ်ထားခဲ့ပါသည်။ ထိုအကြံပြုချက်ကို သူတို့ အဘယ့်ကြောင့်လုပ်ရသည်၊ ယင်းကို လိုက်နာခြင်းအားဖြင့် မည်သည့်အရာများရရှိနိုင်သည်၊ ပြီးလျှင် ပြဿနာက မည်သည့်နေရာတွင် ရှိသည်တို့ကို ကျွန်မ စဉ်းစားခဲ့သည်။ ထို့နောက်တွင် အခြေခံသဘောတရားများအရ ကျွန်မ ဆင်ခြင်စဉ်းစားသည်။ ထိုနည်းလမ်းကြောင့်၊ အခြားသူများ၏ အကြံဉာဏ်များကို နားလည်လက်ခံဖို့ ပို၍ လွယ်ကူပြီး ကျွန်မ၏ ပြုပြင်တည်းဖြတ်မှုများကို လူတိုင်းက ပို၍ လက်ခံကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်မျှကောင်းသည်ကိုလည်း ကျွန်မ မြင်ခဲ့ရပါသည်။ သို့ရာတွင် ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားက ကျွန်မ အထဲမှာ တကယ့်ကို အမြစ်တွယ်နေသောကြောင့်၊ ကျရှုံးမှုတစ်ခုကို ကြုံတွေ့ရခြင်းဖြင့်ပင် ကျွန်မ အမြစ်မဖြတ်နိုင်ခဲ့ပါ။

အချိန်အနည်းငယ်ခန့်အကြာ မာနထောင်လွှားမှုထဲကို ကျွန်မ ပြန်ပြီး နှစ်မြုပ်သွားသည်။ တစ်ကြိမ်တွင် အသင်းတော် ဓမ္မတေးများအတွက် ပုံတစ်ခုကို ကျွန်မ ဒီဇိုင်းဆွဲရသည်။ ညီအစ်ကို မောင်နှမများက ဘုရားသခင်၏ အမှုတော်ကို ကြုံတွေ့ပြီးသည့်နောက်မှာ ဘုရားသခင်ကို ချီးမွမ်းခြင်း ဖော်ပြကြသည့်သူများ ဖြစ်သည့်အတွက်၊ ယင်းက နွေးထွေးသည့်၊ ချစ်ကြည်နူးဖွယ်ရာဖြစ်သည့်၊ လှပသည့် ခံစားချက် ရှိသင့်သည်ဟု ကျွန်မ ထင်မြင်ခဲ့သည်။ ခရမ်းရောင်က ထိုကဲ့သို့ ခံစားချက်ကို ပေါ်လွင်စေပြီး ဂုဏ်ရှိပြီး ရည်မွန်သော အဓိပ္ပာယ်ရှိသည်ဟုဆိုထားသည့် ကျွန်မ လေ့လာခဲ့ရသည့် အရောငအယူအဆအချို့ကို ကျွန်မ စဉ်းစားမိသည်။ ခရမ်းရောင်ကို အဓိက အရောင်အဖြစ် သုံးခြင်းအားဖြင့် မမှားနိုင်ပါဟု ကျွန်မ ခံစားမိသည်။ ကျွန်မအလုပ် ပြီးသွားသည့်အခါ၊ ညီအစ်ကို မောင်နှမအချို့က ယင်းနှင့်ပတ်သက်သည့် ကျွန်မ၏အတွေးအခေါ်ကို ကြိုက်ကြောင်းနှင့်၊ အရောင်များက လှကြောင်း ပြောကြသည်။ ကျွန်မက မိမိကိုယ်ကိုယ် အလွန်ကျေနပ်မိပြီး၊ တကယ်တမ်းတွင် ကျွန်မက အစွမ်းအစနှင့် ဒီဇိုင်းဖန်တီးနိုင်စွမ်း ရှိသည်ဟု ထင်ခဲ့မိသည်။ ဒီဇိုင်းကို ယခုမှစလုပ်သည့် အစ်မတစ်ယောက်က “အသင်းတော် ဓမ္မတေးသီချင်းတွေက ညီအစ်ကို မောင်နှမတွေဆီက တကယ့်အတွေ့အကြုံတွေနဲ့ နားလည်မှုတွေပဲ။ ခရမ်းရောင်ကို သုံးတာက စိတ်ကူးယဉ်ဆန်လွန်းပြီး ဓမ္မတေးရဲ့ပုံစံ မကိုက်ညီဘူး။ နည်းနည်း ကြည့်လို့မကောင်းဘူး။ ပြောင်းဖို့ အစ်မ အကြံပေးချင်တယ်။” ဟု ပြောလျက် ကျွန်မကို အကြံပြုချက် တစ်ခုပို့သည့်အခါတွင်၊ ကျွန်မ အံ့အားသင့်ခဲ့ရသည်။ သူမ၏ အကြံပြုချက်ကို ကျွန်မ ဖတ်ခဲ့သော်လည်း၊ စိတ်ထဲတွင် တကယ့် အတိုက်အခံ လုပ်လိုစိတ် အချို့ကို ခံစားခဲ့ရသည်။ ကျွန်မက “ခရမ်းရောင်က နွေးထွေးတဲ့ ခံစားချက်ကို သယ်ဆောင်တယ်လို့ ပြောတဲ့ သင်တန်း အကြောင်းအရာတွေ အများကြီးကို ငါ ဖတ်ခဲ့ရတာပဲ။ အဲဒီအပြင် ခရမ်းရောင်ကို ဒီနည်းနဲ့ အသုံးပြုတဲ့ ဒီဇိုင်းတွေ အွန်လိုင်းမှာ အများကြီးရှိတယ်။ ကြည့်လို့ မကောင်းဘူးလို့ ရှင်က ဘာကြောင့် ပြောရတာလဲ။ အဲဒီအပြင် နင်က ဒါနဲ့ပတ်သက်ပြီး အခုမှ စတာ၊ ကိုယ့်ဘာသာ ဒီဇိုင်းဆွဲရတာ ဘာမှ သိပ်မရှိသေးဘူး၊ ဒါပေမဲ့ နင်က ငါ့ကို အကြံပြုချက်တွေ ပေးနေတယ်။ ကိုယ့်အဆင့်ကို ကိုယ်မသိဘူးပဲ။” ဟု စဉ်းစားမိသည်။ သို့ရာတွင် သူမကို ပွင့်ပွင့်လင်းလင်း ငြင်းပစ်ဖို့ကို ကျွန်မ သိပ်မနေသောကြောင့်၊ ကျွန်မက အခြား ညီအစ်ကိုမောင်နှမများ၏ အကြံပြုချက်များကို ရယူမည်ဟု ပြောလျက်၊ သူမကို အချိန်ဆွဲလိုက်သည်။ ကျွန်မက အခြားမည်သူတစ်ဦး၏ ထင်မြင်ချက်ကိုမျှ သွားမမေးခဲ့ဘဲ၊ ထိုအတိုင်းသာ ထားလိုက်ခဲ့သည်။

သုံးလေးရက်ခန့်အကြာ နောက်ထပ် အစ်မ တစ်ယောက်က အလားတူ တုံ့ပြန်ချက်ကိုသာ ပေးပြီး ကျွန်မ သုံးသည့် အရောင်က စိတ်ဓာတ်ကျစရာကောင်းသည်ဟု ပြောခဲ့သည်။ သူမက ယင်းကို ပြောင်းဖို့ အကြံပေးသည်။ အဖွဲ့ခေါင်းဆောင်က ကျွန်မကို လုံးဝ ခေါင်းမမာဖို့နှင့် ထပ်ပြီး ပြန်လည်ဆန်းစစ်ဖို့အတွက် အပြောင်းအလဲများ လုပ်သင့်သည်ကို သတိပေးခဲ့သည်။ ထိုအချိန်တွင် ကျွန်မက ယုံကြည်သည့်အတိုင်း ခိုင်မာစွာ ဆက်၍ မရပ်တည်ရဲသောကြောင့်၊ အပြောင်းအလဲ အချို့လုပ်ဖို့ ကြိုးစားခဲ့သည်။ သို့ရာတွင် ကျွန်မက ထိုခရမ်းရောင် ဒီဇိုင်းကို လက်လွှတ်လိုက်ဖို့ တကယ်တမ်း ဆန္ဒမရှိနေပါ။ ကျွန်မက “ဒီ အရောင်နဲ့ ငါ့ရဲ့ ဒီဇိုင်းက အဲဒီလောက် မဆိုးနိုင်ပါဘူး။ သူများတွေထဲက တချို့က တကယ် ကြိုက်ကြတာပဲ၊ ဒါဆို ငါက ဘာလို့ ပြောင်းရမှာလဲ။” ဟု စဉ်းစားသည်။ ထို့ကြောင့် ထိုနည်းလမ်းဖြင့် ယင်းကို စဉ်းစားလိုက်သည့်အခါ၊ ပြောင်းဖို့ကို အခက်တွေ့နေခဲ့သည်။ အနည်းငယ်လောက် ကြိုးစားပြီးသည့်နောက်မှာ ယင်းက ကြည့်မကောင်းဆဲသာ ဖြစ်သည်။ ထို့နောက်တွင် ကျွန်မ နာရီပေါင်းများစွာ အချိန်ကုန်ခံထားသည့် ပြင်ဆင်မှုများထဲက တစ်ခုမှာ အမှားတစ်ခုပေါ်လာပြီး ပြင်ဖို့ နည်းလမ်း ရှာမတွေ့ခဲ့ပါ။ ကျွန်မ အလွန့်အလွန် မချင့်မရဲဖြစ်နေပြီး အကြံကုန်နေပြီ ဖြစ်သည်၊ ပြီးလျှင် လက်ပင် လျှော့ချင်လာပြီဖြစ်ပါသည်။ ထိုပုံတစ်ခုကို ခြောက်ကြိမ် တည်းဖြတ်ပြင်ဆင်ပြီး တစ်လ ကြာခဲ့သည်ကိုလည်းကောင်း၊ အခြားသူများက အကြံပြုချက်များစွာ ပေးခဲ့သည်ကိုလည်းကောင်း ကျွန်မ တွေးမိသည်။ ကျွန်မ မပြီးသေးဘဲ ကျွန်မတို့ အလုပ်က နှောင့်နှေးနေခဲ့သည်။ ကျွန်မ တကယ်ကို စိတ်ညစ်မိသည်။ ကျွန်မက မာနထောင်လွှားပြီး ထင်မြင်ချက်များကို လက်မခံနိုင်သောကြောင့်၊ ကျွန်မတို့အလုပ်ကို မည်သို့ နှောင့်နှေးစေခဲ့သည်ကို သတိရမိသည်။ ယခု ကျွန်မက ထပ်၍ မာနထောင်လွှားနေပြီး အခြားသူများ၏အကြံပြုချက်များကို ငြင်းပယ်နေသည်။ ယင်းက အလားတူ ပြဿနာဖြစ်သည် မဟုတ်ပါလား။ ကျွန်မ ဘုရားသခင်ရှေ့ကို အမြန်လာပြီး “အို ဘုရားသခင် ကျွန်မရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက တကယ်ကို ဆိုးရွားပါတယ်။ ဒီ အခြေအနေမှာ ကျွန်မ နာခံလို့မရပါဘူး။ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိပြီး ဒီအခြေအနေကနေ ထွက်လာနိုင်ဖို့တို့အတွက် ကျေးဇူးပြုပြီး ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြတော်မူပါ။” ဟု ဆုတောင်းခဲ့သည်။

နောက်တော့ ဘုရားသခင်၏နှုတ်ကပတ်တော်များမှ ဤအပိုဒ်ကို ကျွန်မ ဖတ်ရပါသည်- “မာနထောင်လွှားခြင်းသည် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်ဖြစ်သည်။ လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။ ဤပြဿနာက အဘယ်မျှ ဆိုးရွားလိုက်သနည်း။ မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။ အချို့လူတို့သည် အပြင်ပန်းတွင် ဘုရားသခင်၌ ယုံကြည်သက်ဝင်ပြီး သူ့ကို လိုက်လျှောက်ကြသည့်ပုံ ပေါ်သော်လည်း၊ သူတို့သည် သူ့ကို ဘုရားသခင်အဖြစ် လုံးဝမဆက်ဆံကြချေ။ သူတို့သည် သမ္မာတရားကို ပိုင်ဆိုင်ထားသည်ဟု အမြဲထင်မြင်ကြပြီး မိမိကိုယ်ကိုယ် အလွန်အထင်ကြီးတတ်ကြသည်။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထား၏ အနှစ်သာရနှင့် အရင်းအမြစ်ဖြစ်ပြီး၊ ယင်းက စာတန်ထံမှ လာလေသည်။ ထို့ကြောင့် မာနထောင်လွှားခြင်း ပြဿနာကို ဖြေရှင်းရမည်။ လူတစ်ဦးသည် အခြားလူများထက် ပိုသာသည်ဟူသော ထင်မြင်ချက်မှာ အသေးအဖွဲကိစ္စ ဖြစ်သည်။ အရေးပါသောအချက်မှာ လူတစ်ဦး၏ မာနထောင်လွှားသော စိတ်သဘောထားက ဘုရားသခင်၊ သူ၏အုပ်ချုပ်မှုနှင့် သူ၏စီမံချက်များအပေါ် နာခံခြင်းမှ သူ့ကို ဟန့်တားနေခြင်းပင် ဖြစ်သည်၊ ထိုကဲ့သို့သောသူသည် အခြားသူများအပေါ် အာဏာရှိရေးအတွက် ဘုရားသခင်နှင့်ယှဉ်ပြိုင်လိုစိတ် အမြဲရှိနေသည်။ ထိုကဲ့သို့သောလူက ဘုရားသခင်အားချစ်ခြင်း သို့မဟုတ် သူ့အားနာခံခြင်းကို မဆိုထားနှင့်၊ ဘုရားသခင်အားကြောက်ရွံ့ခြင်း စိုးစဉ်းမျှ မရှိပေ။ ထောင်လွှားကာ စိတ်ကြီးဝင်သူများ၊ အထူးသဖြင့် အင်မတန် ထောင်လွှားလွန်းသဖြင့် အသိဉာဏ်ပျောက်သွားသူများသည် ဘုရားသခင်၌ ယုံကြည်ခြင်းတွင် ကိုယ်တော်ကို မနာခံနိုင်ရုံမက မိမိတို့ကိုယ်ကိုယ် ဂုဏ်တင်ကာ သက်သေပင် ခံလိုက်သေးသည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ကြည်ညိုသောအဆင့်ဆီ ရောက်လိုလျှင် သူတို့သည် သူတို့၏ ထောင်လွှားသော စိတ်သဘောထားများကို ပထမဦးစွာ ဖြေရှင်းရမည်။ သင်၏ ထောင်လွှားသောစိတ်သဘောထားကို စေ့စပ်သေချာစွာ ဖြေရှင်းလေလေ၊ ဘုရားသခင်ကို ကြည်ညိုကိုင်းရှိုင်းလေလေ ဖြစ်သည်။ ထိုအခါမှသာ သင်သည် ကိုယ်တော်ကိုနာခံနိုင်ကာ သမ္မာတရားကို ရနိုင်ပြီး ကိုယ်တော်ကို သိနိုင်မည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) မာနထောင်လွှားခြင်းသည် ဘုရားသခင်ကို အာခံခြင်း၏ အရင်းအမြစ်ဖြစ်သည်ကို ဤသည်က ကျွန်မကို နားလည်စေဖို့ ကူညီပေးခဲ့ပါသည်။ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထား၏ ထိန်းချုပ်ခြင်းကို ခံရပြီး ကျွန်မ၏ အမြင်ရှုထောင့်များကသာ အမှန်တရားဖြစ်သည့်အလား၊ ယင်းတို့က သြဇာအာဏာ၏ ဖြစ်သည့်အလား၊ ကျွန်မက အမြဲတမ်း မှန်သည်ဟု ထင်ခဲ့သည်။ ကျွန်မမှာ သမ္မာတရားကို ရှာဖွေဖို့နှင့် ဘုရားသခင်ကို နာခံဖို့ ဆန္ဒ လုံးဝ မရှိခဲ့ပါ။ ကျွန်မက မည်သူ့၏အကြံပြုချက်ကိုမျှ မယူခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် ကျွန်မလောက် နည်းပညာပိုင်း မကျွမ်းကျင်သည့် သို့မဟုတ် ပညာပိုင်းဆိုင်ရာ ကဏ္ဍအချို့ကို နားမလည်သည့် သူတစ်ယောက်က ကျွန်မကို အကြံပြုချက်များ ပေးသည့်အခါ၊ ကျွန်မက တကယ်ကို အတိုက်အခံလုပ်ခဲ့သည်။ ကျွန်မက လက်ခံသယောင် ပြုမူခဲ့သော်လည်း၊ တကယ်တမ်းတွင် သူတို့၏ အကြံပြုချက်များကို ကျွန်မ အလေးမထားခဲ့ပါ။ ဘုရားသခင်က ကျွန်မကို မိမိ၏စိတ်ဆန္ဒကို ဘေးဖယ်ထားဖို့၊ ဘုရားသခင်၏အိမ်တော်ကို အကျိုးပြုသည့်အရာများကို အာရုံစိုက်ဖို့၊ ရှာဖွေဖို့၊ ကြိုးစားဖို့နှင့် အကောင်းဆုံး ပုံစံကို ဖန်တီးဖို့ အခြားသူများမှတစ်ဆင့် အကြိမ်ပေါင်းများစွာ ကျွန်မကို သတိပေးခဲ့ပါသည်။ သို့ရာတွင် ကျွန်မက မယုံနိုင်လောက်အောင် ခေါင်းမာပြီး စိတ်ကြီးဝင်ခဲ့သည်။ ကျွန်မ၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အတွေ့အကြုံကို သမ္မာတရားအဖြစ် မှတ်ယူပြီး အခြားသူများ၏ အကြံပြုချက်များက ကျွန်မအတွက် အဓိပ္ပာယ်မရှိပါက လက်မခံခဲ့ပါ။ ဤသည်က ဘုရားသခင့်အိမ်တော်၏ အလုပ်ကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ထို့နောက်တွင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ နောက်ဆုံးမှာ စတင် နားလည်လာခဲ့သည်။ “မာနထောင်လွှားသော စိတ်သဘောထားနှင့် လူတို့သည် အခြားလူတိုင်းကို သူတို့၏အောက်၌ ရှိသည်ဟု ယူဆကြသည့်အပြင်၊ အဆိုးဆုံးမှာ သူတို့သည် ဘုရားကိုပင် တင်စီးနေကြလေသည်။” “လူတို့သည် ပို၍ မာနထောင်လွှားလေ သူတို့သည် ဘုရားသခင်ကို ပို၍ဆန့်ကျင်လေ ဖြစ်တတ်သည်။” ထိုနှုတ်ကပတ်တော်များကို ကျွန်မ လုံးဝ လက်ခံယုံကြည် သွားခဲ့သည်။ ကျွန်မ အနည်းငယ်လည်း ကြောက်မိသည်။ ယင်းက အသင်းတော်ထဲမှာ ရှိသည့် အန္တိခရစ်များကို သတိရမိစေသည်။ သူတို့က တကယ်ကို မာနထောင်လွှားပြီး အာဏာရှင်ဆန်သည်၊ ပြီးလျှင် အခြားသူများ၏ အကြံပြုချက်များကို လုံးဝ နားမထောင်ပါ။ သူတို့က ထင်မြင်ချက်ပေးသည့် လူများကို တိုက်ခိုက်ပြီး ကြဉ်ထားခြင်းပင် ပြုကြသည်၊ ပြီးလျှင် ယင်းက ဘုရားသခင့် အိမ်တော်၏အလုပ်ကို တကယ်ကို နှောင့်ယှက်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခဲ့ပါသည်။ သူတို့အားလုံးက ဘုရားသခင်၏ ဖယ်ရှားခြင်းကို ခံခဲ့ရသည်။ ကျွန်မက အန္တိခရစ်များပြုခဲ့သည့် မကောင်းမှုမျိုးကို မလုပ်ထားသေးသော်လည်း၊ ကျွန်မ ဖော်ပြသည့် စိတ်သဘောထားက သူတို့၏စိတ်သဘောထားနှင့် မည်သို့များ ကွဲပြားသနည်း။ ထိုအချိန်တွင် ကျွန်မ၏ မာနထောင်လွှားခြင်းကို မဖြေရှင်းပါက၊ အကျိုးဆက်များက မည်မျှဆိုးမည်ကို ကျွန်မ သဘောပေါက်ခဲ့ပါသည်။ နောင်တရဖို့ ဆန္ဒရှိနေရင်း ဘုရားသခင်ရှေ့လာပြီး ကျွန်မ ချက်ချင်း ဆုတောင်းခဲ့သည်။

နောက်ပိုင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ရပါသည်။ “ယင်းကို ယခုကြည့်ရှုရာတွင်၊ မိမိ၏ တာဝန်ကို ပြည့်ပြည့်ဝဝ ဖြည့်ဆည်းဖို့ ခက်ခဲသလော။ အမှန်တွင်၊ မခက်ခဲပေ။ လူတို့အနေဖြင့် နှိမ့်ချခြင်းသဘောတစ်ခုသာ ခံယူနိုင်ရမည်၊ အသိစိတ်အနည်းငယ် ပိုင်ဆိုင်နိုင်ရမည်ဖြစ်ပြီး သင့်တော်သော အနေအထားတစ်ခု ခံယူနိုင်ရမည်ဖြစ်သည်။ သင် မည်မျှ ပညာတတ်သည်ဟု သင် ထင်ပါစေ၊ မည်သည့် ဆုများကို သင် ရရှိပြီးဖြစ်ပါစေ၊ သို့မဟုတ် သင် မည်မျှ စွမ်းဆောင်ရရှိပြီးဖြစ်ပါစေ၊ ပြီးလျှင် သင်၏ အရည်အချင်းနှင့် အဆင့်အတန်း မည်မျှမြင့်မားသည်ဟု သင် ယုံကြည်ပါစေ၊ ဤအရာအားလုံးကို လက်လွှတ်ခြင်းအားဖြင့် သင် စတင်ရမည်၊ အဘယ့်‌ကြောင့်ဆိုသော် ၎င်းတို့သည် မည်သို့မျှ အရေးမပါသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် ထိုအရာများသည် မည်သို့ ကြီးမြတ်ကာ ကောင်းမြတ်ကြပါစေ၊ သမ္မာတရားထက် မမြင့်မားနိုင်ကြပေ။ ထိုအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ သမ္မာတရား၏ နေရာကို မယူနိုင်ပေ။ ဤသည်မှာ သင့်အနေဖြင့် အသိစိတ်ဟု ခေါ်သော အရာကို ပိုင်ဆိုင်ရမည်ဟု ငါ ပြောရသည့် အကြောင်းရင်း ဖြစ်သည်။ သင်က ‘ကျွန်ုပ်သည် အလွန်ပါရမီရှိသည်၊ ကျွန်ုပ်၌ အလွန်ထက်မြက်သည့်ဉာဏ် ရှိသည်၊ ကျွန်ုပ်၏ တုန့်ပြန်မှုသည် အလွန်မြန်သည်၊ ကျွန်ုပ်သည် မြန်မြန်ဆန်ဆန် သင်ယူနိုင်သူတစ်ဦး ဖြစ်ပြီး အလွန့်အလွန် ကောင်းမွန်သော မှတ်ဉာဏ်ရှိသည်’ ဟုဆိုပြီး ဤအရာများကို အရင်းအနှီးအဖြစ် သင် အမြဲ အသုံးပြုပါက၊ ဤအရာက ပြဿနာဖြစ်စေလိမ့်မည်။ ဤအရာများကို သမ္မတရားအဖြစ် သို့မဟုတ် သမ္မာတရားထက် မြင့်မားသကဲ့သို့ သင် မြင်ပါက၊ သင့်အတွက် သမ္မာတရားကို လက်ခံဖို့နှင့် ယင်းကို လက်တွေ့လုပ်ဆောင်ဖို့ ခက်ခဲလိမ့်မည်ဖြစ်သည်။ သူတစ်ပါးထက် သာလွန်သကဲ့သို့ အမြဲပြုမူသည့် မာန်တက်ပြီး မာနထောင်လွှားသော လူတို့သည် သမ္မာတရားကို လက်ခံဖို့ အခက်ခဲဆုံးဖြစ်ပြီး၊ လဲကျတတ်လေ့ အရှိဆုံး ဖြစ်သည်။ လူတစ်ဦးသည် မိမိ၏ မာနထောင်လွှားမှု ပြဿနာကို ဖြေရှင်းနိုင်ပါက၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ လွယ်ကူလာလေသည်။ ထို့ကြောင့်၊ သင်သည် အပေါ်ယံတွင် ကောင်းမွန်ကာ မြင့်မြတ်ပုံရပြီး၊ အခြားသူများ၏ မနာလိုမှုကို လှုံ့ဆော်သော အရာများကို ဦးစွာပစ်ချကာ ငြင်းပယ်ရမည်ဖြစ်သည်။ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ ယင်းထက်၊ ၎င်းတို့သည် သမ္မာတရားထဲသို့ ဝင်ရောက်ခြင်းမှ သင့်ကို ပိတ်ဆို့နိုင်ပေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”) ထို့နောက်မှာ ကျွန်မက မိမိ၏ မာနထောင်လွှားသည့် စိတ်သဘောထားကို ဖြေရှင်းဖို့ မိမိကိုယ်ကိုယ် ဘေးဖယ်ထားပြီး မိမိကိုယ်ကိုယ် ငြင်းပယ်ရမည် ဖြစ်သည်ကို နားလည်ခဲ့သည်။ လူသား၏ ကျွမ်းကျင်မှုများ၊ အရည်အချင်းများ၊ အတွေ့အကြုံနှင့် အထုံပါရမီတို့ကက မည်မျှအံ့သြစရာကောင်းပါစေ သမ္မာတရား မဟုတ်ပါ။ ယင်းတို့က ကျွန်မတို့၏တာဝန်ကို ထမ်းဆောင်အောင် ကူညီပေးဖို့အတွက် တန်ဆာပလာများ ဖြစ်ပါသည်။ ကျွန်မတို့က ယင်းတို့ကို အရင်းအနှီးမပြုသင့်ပါ။ သမ္မာတရားကို ရှာဖွေခြင်း၊ အမှုအရာများကို အခြေခံသဘောတရားအားဖြင့် လုပ်ဆောင်ခြင်း၊ အခြားသူများနှင့် ကောင်းစွာ အလုပ်လုပ်ခြင်းနှင့်၊ အခြားသူများထံမှ သင်ယူခြင်းများအားလုံးတို့က အဓိက သော့ချက်ဖြစ်ပါသည်။ ယင်းက ကျွန်မတို့၏တာဝန်ကို ကောင်းစွာလုပ်ဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါသည်။ ထို့နောက်တွင် ကျွန်မ ပိုကောင်းသည့် ပိုစတာအချို့ကို ကြည့်ပြီး၊ ကျွန်မ၏မူပုံများ၌ အယူအဆ၊ အလင်းအမှောင်၊ အရောင်အနုအရင့်၊ ဖွဲ့စည်းပုံတို့တွင် သိသာသည့် ပြဿနာများ ရှိသည်ကို တွေ့ခဲ့ရသည်။ သို့ရာတွင် ညီအစ်ကို မောင်နှမများပေးသည့် ထင်မြင်ချက်များကို အခြေခံပြီး ယင်းတို့ကို တည်းဖြတ်ပြင်ဆင်ပြီးသည့်နောက်မှာ အများကြီး တိုးတက်သွားသည်၊ ပြီးလျှင် အချို့က လုံးဝ အားလုံး ပြောင်းလဲသွားသည်။ ဤသည်ကို မြင်ရလျက် ကျွန်မ အရှက်ရမိသည်။ ကျွန်မက သူတို့ထက်ပိုပြီး ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ ရှိသောကြောင့်၊ ကျွန်မ၏ အလုပ်မှာ အောင်မြင်မှုအချို့ရခဲ့ပြီး အခြားသူများထံမှ ချီမွမ်းမှုအချို့ ရခဲ့သည်ဟု ထင်ခဲ့တာ။ ကျွန်မက မည်သူ ပြောသည့်အရာကိုမျှ နားမထောင်ဘဲ၊ ဤသည်နှင့်ပတ်သက်၍ အရင်းအနှီးပြုခဲ့ခြင်း ဖြစ်သည်။ သို့ရာတွင် တကယ်တမ်းက ကျွန်မက သမ္မာတရား၏ အခြေခံသဘောတရားများကို လိုက်နာခဲ့ပြီး အခြားလူများ၏ အကြံပြုချက်များကို လက်ခံခဲ့သောကြောင့်၊ ကျွန်မ၏ ဒီဇိုင်းများက အောင်မြင်ခြင်း ဖြစ်သည်။ ယင်းတို့က ဘုရားသခင်၏ လမ်းပြမှုနှင့် ဉာဏ်အလင်းဖွင့်ပြမှုနှင့်၊ ညီအစ်ကို မောင်နှမများနှင့် သဟဇာတဖြစ်စွာ အလုပ်လုပ်ခြင်းကြောင့် ဖြစ်လာခြင်း ဖြစ်သည်။ ကျွန်မက သမ္မာတရား၏ စည်းမျဉ်းကို မရှာဖွေသကဲ့သို့၊ အခြားသူများ၏ တုံ့ပြန်ချက်များကို မယူဘဲ၊ မိမိ၏နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအပေါ် အားကိုးနေသည့်အခါ၊ ကျွန်မ၏ ပုံများက မကောင်းဘဲ၊ ဤသည်က အသင်းတော်အလုပ်ကို အမှန်တကယ် နှောင့်နှေးစေခဲ့သည်။ ကျွန်မက မည်မျှ မာနထောင်လွှားနေခဲ့ပြီး မိမိ၏နည်းလမ်းကို မိမိဘာသာ မည်မျှမှန်သည်ဟု မှတ်ယူနေခဲ့သည့် အချိန်များကို ပြန်စဉ်းစားမိသည့်အခါ၊ အလွန် ရှက်ခဲ့မိသည်။ ကျွန်မက မည်သည့် ထူးခြားမှုမျှ မရှိသည်မှာ သိသာထင်ရှားပါသည်။ ကျွန်မက ဒီဇိုင်းနှင့်ပတ်သက်ပြီး အပေါ်ယံလေးသာ သိထားပြီး စစ်မှန်သော ပညာရှင်ဖြစ်ဖို့ အလွန် ဝေးနေသေးသည်။ သို့ရာတွင် ကျွန်မက မိမိကိုယ်ကိုယ် အလွန် ယုံကြည်ပြီး မာနထောင်လွှားနေဆဲ ဖြစ်သည်။ ကျွန်မက အလွန် မာန်တက်နေခဲ့ခြင်း ဖြစ်သည်။ ဤနားလည်သဘောပေါက်ခြင်း၌ ကျွန်မ ဆုတောင်းပြီး ကျွန်မ၏ အမြင်များကို စွန့်လွှတ်လိုက်သည်။ အခြားသူများ၏ တုံ့ပြန်ချက်များကို ကျွန်မ လိုက်နာခဲ့ပြီး ပိုကောင်းသည့် ရလဒ်များရဖို့ တည်းဖြတ်ပြင်ဆင်မှုများအား မည်သို့ လုပ်ရမည်ကို သေချာ စဉ်းစားခဲ့သည်။ ပြဿနာက ပြေလည်သွားရုံသာမကဘဲ၊ အသုံးပြုဖို့ ပိုကောင်းသည့် အရောင်ကိုပါ ကျွန်မ တွေ့ခဲ့သည်။ ပုံကို ကျွန်မ အမြန် တည်းဖြတ်ပြင်ဆင်နိုင်ခဲ့ပြီး ထိုအပြောင်းအလဲများ လုပ်ပြီးသည့်နောက်မှာ ပုံက များစွာ ပို၍ကောင်းသွားသည်ဟု ညီအစ်ကို မောင်နှမများက ပြောကြသည်။ ဤသည်ကို သိမြင်ရာတွင် ကျွန်မ အလွန် ရှက်မိသည်။ ကျွန်မ၏ ကိုယ်ပိုင် မာနထောင်လွှားမှုကြောင့် သက်သက်ကြောင့်၊ အလွန် တန်ဖိုးရှိသည့်အချိန်များကို ဖြုန်းတီးပြီး အခြားသူများကို အဆင်မပြေဖြစ်စေလျက်၊ ထိုပုံကို အကြိမ်ပေါင်းများစွာ ပြန်လည်ပြင်ဆင်မှုများ လုပ်ခဲ့ရသည်။ ယင်းက ဘုရားသခင့်အိမ်တော်၏အလုပ်ကို ပြင်းထန်စွာ အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျွန်မ၏ ကျွမ်းကျင်မှုက ရပ်တန့်သွားရုံမကဘဲ၊ ကျွန်မ၏ အသက်ဝင်ရောက်မှုကိုလည်း အဟန့်အတားဖြစ်စေခဲ့သည်။ ကျွန်မ၏ မာနထောင်လွှားသည့် စိတ်သဘောထားနှင့် နေထိုင်ခြင်းက ထိခိုက်နစ်နာမှုများသာ ဖြစ်စေတာကို ကျွန်မ တွေ့ခဲ့ရပါသည်။ နောင်တများစွာရပြီး တိတ်တဆိတ်နှင့် စိတ်ပိုင်းဖြတ်ခဲ့သည်။ “နောင်မှာ ဘယ်လို တုံ့ပြန်မှုမျိုးကိုပဲ ကျွန်မ ရပါစေ ကိုယ့်ကိုယ်ကိုယ် ဘေးဖယ်ထားဖို့၊ သမ္မာတရားကို ရှာဖွေဖို့နဲ့ ဘုရားသခင့် အိမ်တော်ရဲ့ အကျိုးစီးပွားကို ဦးစားပေးဖို့ ကျွန်မ သင်ယူမယ်။ မာနထောင်လွှားမှုနဲ့ ဆက်ပြီးနေထိုင်နေလို့ မဖြစ်ဘူး။”

လတ်တလောတွင် ဘုရားသခင်၏နှုတ်ကပတ်တော်များ ရွတ်ဖတ်ခြင်း ဗီဒီယိုတစ်ခုအတွက် ပုံတစ်ခုကို ကျွန်မ ဒီဇိုင်းဆွဲရပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ရွတ်ဖတ်သည့် ညီအစ်ကို မောင်နှမများကို ကျွန်မ၏ ပထမဆုံး ပုံကြမ်းကို ပြသည့်အခါ၊ ကမ္ဘာလုံးပုံက ကြီးလွန်းပြီး အလယ်မှာ ပြည့်ကျပ်နေသကဲ့သို့ ထင်ရသောကြောင့်၊ မြင်ကွင်းနယ်ပယ်က လုံလုံလောက်လောက် မပွင့်လင်းပါဟု သူတို့က ပြောကြသည်။ ကျွန်မကို တိုးတက်မှုရှိလာစေဖို့ ကူညီပေးရန် ကိုးကားဖို့ ပုံအချို့ကို သူတို့က ကျွန်မထံ ပို့ပေးကြသည်။ ကျွန်မက “သင့်တော်တဲ့ ထိရောက်မှု ရှိဖို့အတွက် ကမ္ဘာလုံးက အဲဒီလောက် ကြီးမှဖြစ်မယ်၊ နင်တို့က ပညာပိုင်းဆိုင်ရာ ဂရပ်ဖစ်ဒီဇိုင်း အတွေ့အကြုံ ဒါမှမဟုတ် လက်တွေ့သင်တန်းတစ်ခုမှ မရှိပါဘူး။ ဒီအပိုင်းမှာ ငါက ပိုပြီး ကျွမ်းကျင်မှုရှိတယ်။ နင်တို့ရဲ့ ထင်မြင်ချက်ကနေ ငါ ဘာမှ ရစရာမရှိဘူး။” ဟု တွေးမိသည်။ ထို့ကြောင့် သူတို့၏ ထင်မြင်ချက်များကို ကျွန်မ ဖြစ်ကတတ်ဆန်း အကြမ်းဖျင်း ဖတ်ပြီး ကျွန်မ၏ကိုယ်ပိုင် အတွေးအခေါ်အရ ထိုပုံကို ပြင်လိုခဲ့သည်။ ကျွန်မက မိမိ၏မာနထောင်လွှားမှုကို ထပ်ပြနေသည်ကိုလည်းကောင်း၊ ထင်မြင်ချက်များ သို့မဟုတ် အဆုံးသတ်ရလဒ်တို့ကို စိတ်အေးအေးထားပြီး မစဉ်းစားသည်ကိုလည်းကောင်း ကျွန်မ သတိပြုမိလိုက်သည်။ ကျွန်မက ရမ်းသန်းပြီး အကဲဖြတ်ခြင်းများ လုပ်နေခြင်းဖြစ်ပြီး၊ ယင်းက ဘုရားသခင်၏အလိုတော်နှင့် ကွဲလွဲနေသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ကျွန်မ၏ ဇာတိပကတိကို စွန့်လွှတ်နိုင်ဖို့အလို့ငှာ ကျွန်မ စိတ်နှလုံးကို ငြိမ်သက်စေဖို့ ဘုရားသခင်ကို တောင်းလျှောက်လျက်၊ ကျွန်မ ချက်ချင်းပဲ ဆုတောင်းလိုက်သည်။ ထို့နောက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များ ဤကျမ်းပိုဒ်ကို ကျွန်မ ဖတ်ခဲ့ရပါသည်။ “သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ပထမအနေဖြင့် ၎င်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ ဆုတောင်းတော့သည်။ သင်သည် အမှားနှင့်အမှန်ကို မသိသောကြောင့် အကောင်းဆုံး၊ အသင့်တော်ဆုံး ပြုလုပ်ရမည့်အရာကို ထုတ်ဖော်ရန်နှင့် ပြောပြရန် သင်က ဘုရားသခင်ကို အခွင့်ပေးသည်။ အယောက်တိုင်းက မိတ်သဟာယတွင် ပါဝင်လာကြသောအခါ သန့်ရှင်းသော ဝိညာဉ်တော်က သင့်အား ဉာဏ်အလင်း အားလုံးကို ယူဆောင်လာပေးသည်။ ဘုရားသခင်သည် တစ်ခါတစ်ရံ သင်၏ သဘောထားကို ဆင်ခြင်သုံးသပ်ရုံသက်သက်ဖြစ်သည့် ဖြစ်စဉ်တစ်ခုနှင့်အညီ လူတို့ကို ဉာဏ်အလင်းပေးလေသည်။ သင်၏ သဘောထားသည် မိမိဆန္ဒအမြင်ကို ထုတ်ပြောရန် ဝန်မလေးသည့် မာကျောသော သဘောထားတစ်ခုဖြစ်ပါက၊ ဘုရားသခင်သည် သူ၏ မျက်နှာကို သင့်ထံမှ ကွယ်ဝှက်လိမ့်မည်ဖြစ်ပြီး သူ့ကိုယ်သူ သင့်ထံမှ ပိတ်ပင်ထားလိမ့်မည်ဖြစ်သည်။ သူသည် သင့်ကို ဖော်ထုတ်လိမ့်မည်ဖြစ်ပြီး၊ သင် တားဆီးခံရသည်ကို သေချာစေမည် ဖြစ်သည်။ အခြားတစ်ဘက်တွင်၊ သင်၏ သဘောထားသည် မှန်ကန်ပါက၊ သင်ကိုယ်တိုင်၏ နည်းလမ်းအတွက် မရမကပြောဆိုခြင်း မရှိသည်သာမက၊ မိမိကိုယ်ကိုယ် ဖြောင့်မတ်သည်ဟု မယူမှတ်သကဲ့သို့ ထင်ရာမြင်ရာနှင့် မဆင်မခြင်မလုပ်ဘဲ သမ္မာတရားကို ရှာဖွေခြင်းနှင့် လက်ခံခြင်း သဘောထားတစ်ခု ရှိပါက၊ အဖွဲ့နှင့် သင် မိတ်သဟာယပြုပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်က သင်တို့အလယ် အမှုပြုဖို့ အဆင်သင့်ရှိသည့်အခါတွင်၊ သူသည် တစ်စုံတစ်ဦး၏ စကားများအားဖြင့် သင့်ကို သိနားလည်မှုဆီသို့ ဦးဆောင်လမ်းပြကောင်း လမ်းပြလိမ့်မည်ဖြစ်သည်။(ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း) ထို့နောက်မှာ ကျွန်မ တာဝန်၌ အခြားသူများထံမှ မတူညီသည့် အယူအဆများကို ကြုံရသည့်အခါ၊ ယင်းက ဘုရားသခင်က ခွင့်ပြုသည့်အရာ တစ်ခုဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ပါသည်။ ဘုရားသခင်က ကျွန်မတို့၏ အတွေးတိုင်းနှင့် လုပ်ရပ်တိုင်းကို စောင့်ကြည့်နေသောကြောင့်၊ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်သင့်ပြီး ဘုရားသခင်၏ စေ့စေ့စပ်စပ် စစ်ဆေးခြင်းကို လက်ခံသင့်သည်။ အမှုအရာများကို အပေါ်ယံ အမြင်အတိုင်း ကြည့်ပြီး အခြားလူများ၏ ကျွမ်းကျင်ပိုင်နိုင်မှုကို အကဲဖြတ်၍မရပါ။ ကျွန်မက ပိုပြီး နှံ့စပ်လျှင်ပင်၊ ကျွန်မ၏ စိတ်ကူးက မည်မျှ ကျိုးကြောင်းသင့်လျော်သည်ဖြစ်စေ ဘဝင်မြင့်မနေဘဲ၊ ကျွန်မ၏ စိတ်ကူးများကို ဘေးဖယ်ထားပြီး သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေသင့်သည်၊ ပြီးလျှင် ထိရောက်မှုအရှိဆုံးအရာတိုင်းကို လုပ်ဆောင်သင့်ပါသည်။ အဆုံးမှာ ကျွန်မက မှန်နေခဲ့လျှင်ပင် အနည်းဆုံးတော့ ကျွန်မက သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်မိမည် ဖြစ်သည်။ ယင်းက တန်ဖိုးဖြတ်၍ မရပါ။ ဘုရားသခင်က သူ့ကို ရန်လိုမှုရှိသည့် ကျွန်မ၏ ဆိုးယုတ်သည့် စိတ်သဘောထားကို ရွံ့မုန်းသောကြောင့်၊ ကျွန်မ၏ မာနထောင်လွှားမှုကို ပြသခြင်းက အမှားတစ်ခု လုပ်မိခြင်းထက် ပိုဆိုးသည်။ ကျွန်မ၏ မာနထောင်လွှားမှုက ဘုရားသခင်၏အိမ်တော်ကို တကယ်ကို နှောင့်ယှက်ခဲ့သည်ကို စဉ်းစားမိပြီး ကျွန်မက အလွန် ခေါင်းမမာသင့်ဟု တကယ်ကို ခံစားခဲ့ရသည်။ ပြန်လည်ပြင်ဆင်ဖို့အတွက် အကြံပြုချက်များကို ကျွန်မ စိတ်အေးအေးနှင့် ချဉ်းကပ်သင့်ပြီး ပုံကို ပိုကောင်းအောင် ကြိုးပမ်းသင့်သည်။ ထို့နောက်မှာ အခြားသူများ၏ အကြံပြုချက်များကို ကျွန်မ အလေးအနက် ခံယူခဲ့ပြီး ကျွန်မ သင်ယူလေ့လာနိုင်သည့် တကယ်ကို စတိုင်ကျသော ကိုးကားဖို့ ပုံတစ်ခုကို တွေ့ခဲ့သည်။ အခြားအဖွဲ့ဝင်များနှင့် ကျွန်မ ဆွေးနွေးတိုင်ပင်ခဲ့ပြီး တည်းဖြတ်ပြင်ဆင်ခြင်းများကို အကြံပြုချက်အတိုင်းလုပ်ဖို့ လူတိုင်းက သဘောတူခဲ့သည်။ အပြင်အဆင်နှင့် အခြားရှုထောင့်များကို ကျွန်မ ပြန်လုပ်ခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပြီးသွားသည်။ ဤအရာများ အားလုံးက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပြမှုနှင့် လမ်းညွှန်မှုမှတစ်ဆင့် အောင်မြင်ခဲ့သည်ဟု ခံစားခဲ့ရပါသည်။ နောက်ထပ် အကြံပြုချက်များ အနည်းငယ် ထပ်ရခဲ့သော်လည်း၊ ကျွန်မ သင့်တော်သလို ကိုင်တွယ်ခဲ့ပြီး အလွန် အတိုက်အခံလုပ်ချင်သကဲ့သို့ မခံစားခဲ့ရပါ။ ဘုရားသခင်ကို သက်သေခံဖို့အတွက် အကြိမ်ရေ လိုအပ်သလောက် ပြောင်းလဲဖို့အတွက် ကျွန်မ ပျော်ရွှင်နေခဲ့ပါသည်။ အကြိမ်ပေါင်း အနည်းငယ်လောက် ပြန်စစ်ဆေးပြီးသည့်နောက် လူတိုင်းက ယင်းကို ကောင်းသည်ဟု ပြောကြပြီး ၎င်းတို့တွင် မည်သည့် အကြံပြုချက်မျှ မရှိခဲ့ပါ။ ကျွန်မ၏ တာဝန်ကို ထိုနည်းလမ်းဖြင့် လုပ်ဆောင်ရသည်မှာ မည်မျှကောင်းသည်ကို ကျွန်မ မြင်ခဲ့ရပါသည်။

ဆုံးမပဲ့ပြင်ခြင်းနှင့် ဖော်ထုတ်ခြင်းတို့ကို ခံရပြီးသည့်နောက်မှာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်များကို ဖတ်ခြင်းအားဖြင့် ကျွန်မ၏ မာနထောင်လွှားသည့် ဆိုးယုတ်သော စိတ်သဘောထားကို နောက်ဆုံးမှာ ကျွန်မ နားလည်သွားခဲ့ပြီး မုန်းတီးခဲ့ပါသည်၊ ပြီးလျှင် အရာခပ်သိမ်း၌ သမ္မာတရားကို ရှာဖွေပြီး လက်ခံဖို့က မည်မျှ အရေးပါသည်ကို ကျွန်မ မြင်တွေ့ခဲ့သည်။ ကျွန်မ ယခင်ကကဲ့သို့ မာနမထောင်လွှားခြင်း မရှိတော့ဘဲ၊ အခြားသူများထံမှ အကြံပြုချက်များကို ကျွန်မ ယူနိုင်ခဲ့ပါသည်။ ကျွန်မက ထိုနည်းလမ်းသို့ ပြောင်းလဲသွားသည်မှာ ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုနှင့် ဆုံးမပဲ့ပြင်မှုတို့ကြောင့် သက်သက်ဖြစ်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးနောက် နိုးထခြင်း

လျန်ရှင်း တရုတ်နိုင်ငံ ၂၀၂၀နှောင်းပိုင်းမှာ အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတဲ့ တာဝန်ယူခဲ့တယ်။ အစတော့ သူတို့ သိပ်များများစားစား မရှိလို့၊...

ဧဝံဂေလိကို ကောင်းစွာ ဟောပြောရာတွင် တာဝန်ယူမှုသည် အဓိကကျ၏

မာရီ အိုင်ဗရီကို့စ်နိုင်ငံ အစ်မက ကိုယ့်တာဝန်တွေကို အလေးအနက် မထားဘဲ၊ တော်တော်ကို ပေါ့လျော့ခဲ့ဖူးတယ်။ များသောအားဖြင့် ပေါ့ပေါ့တန်တန်ပဲ...

သမ္မာတရားအပေါ် ကျွန်တော် ငြီးငွေ့ခဲ့သည်ကို မြင်ရခြင်း

လီရှန် အမေရိကန်နိုင်ငံ ဒီနှစ်အစပိုင်း ရက်တစ်ရက်မှာ၊ အသင်းတော်မှာ ပါဝင်တာ မကြာသေးတဲ့ လူသစ်တစ်ယောက်က စုဝေးပွဲနှစ်ခု မတက်ခဲ့တာကို ကျွန်တော်...

ကျွန်မ၏ အနာဂတ်နှင့်ပတ်သက်၍ မည်သည့်အခါမျှ ညည်းညူတော့မည် မဟုတ်ပါ

ကျွန်မက သာမန်လယ်သမားမိသားစုမှာ မွေးဖွားခဲ့တာပါ။ စားဝတ်နေရေးဖူလုံဖို့ ကျွန်မမိဘတွေက ကောက်ပဲသီးနှံစိုက်ပျိုးရေးကို အမှီပြုခဲ့ရတယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။