မာနထောင်လွှားမှုကို ဖြေရှင်းရန် နည်းလမ်းတစ်ခုရှိသည်

05.09.2019

ရှောင်ချင်၊ ဟေနန်စီရင်စု

ကျွန်မသည် မာနထောင်လွှားတတ်သော သဘောရှိသည့် လူတစ်ဦးဖြစ်ခဲ့သည်။ အခြားသူများထက် ကျွန်မ ပိုတော်သည်ဟု အမြဲတွေးထင်ရင်း ကျွန်မ၏ မာနထောင်လွှားပြီး၊ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို မကြာခဏ ထုတ်ဖော်ပြတတ်ပါသည်။ အထူးသဖြင့် ဆောင်းပါးများကို စိစစ်တည်းဖြတ်ရာတွင် သို့မဟုတ် ကျွန်မနှင့် တွဲဖက်ရသည့် ညီအစ်ကို မောင်နှများနှင့်အတူ ကျွန်မတို့အလုပ်နှင့်ပတ်သက်၍ ပြောဆိုဆက်ဆံရာတွင် ကျွန်မသည် အမြဲ ခေါင်းမာပြီး သဘောထားကြီးစွာဖြင့် အခြားသူများ၏ အမြင်များကို နားမထောင်တတ်ပါ။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များနှင့် သင့်မြတ်စွာ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းမရှိခြင်းက မကြာခဏဆိုသလို ကျွန်မတို့အလုပ်တွင် ပြဿနာများ ဖြစ်စေလေသည်။ ကျွန်မနှင့်ပတ်သက်၍ ဤကိစ္စရပ်ကို ညီအစ်ကို မောင်နှများက အကြိမ်များစွာ ဖော်ထုတ်ပြောဆိုကြပြီး ကျွန်မသည်လည်း လူတို့၏ မာနထောင်လွှားသော သဘာဝများကို ဖော်ထုတ်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပုံမှန် ဖတ်ရှုခဲ့သည်။ သို့သော် ကျွန်မ၏ ကိုယ်ပိုင် သဘောသဘာဝ နှင့် အနှစ်သာရတို့ကို စစ်မှန်သော သိနားလည်မှု ကျွန်မ မရရှိခဲ့သလို ယင်းကို မုန်းတီးဖို့ မကြိုးစားနိုင်ခဲ့သည့်အတွက်၊ ယင်းကို ဖြစ်စေသည့် အခြေအနေတစ်ခုခုကို ကျွန်မ ကြုံရသည့်အခါတိုင်းတွင် ကျွန်မ အထိန်းအကွပ် မဲ့သွားတတ်လေသည်။ ထိုသို့ဖြစ်ပြီးနောက်တွင် ကျွန်မ အတော် ရွံရှာစက်ဆုပ်မိသည်။ သို့သော် ပြီးသည့်အရာ ပြီးခဲ့ပြီဖြစ်သည့်အတွက်၊ ကျွန်မ လုပ်နိုင်သမျှမှာ ယင်းကို သိနားလည်ခြင်း ရရှိဖို့ ဆက်ကြိုးစားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် ဤအရာက အဖန်ဖန် ဖြစ်ပျက်ခဲ့ပြီး ကျွန်မ၏ အသက်တာစိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခုတစ်လေမျှ ကျွန်မ လုံးဝ မတွေ့ကြုံခဲ့ရပါ။ ကျွန်မ တကယ်ကို ရှက်ရွံ့မိပြီး ဤအရာ နှင့်ပတ်သက်၍တကယ်ကို အကူအညီမဲ့ ဖြစ်ခဲ့ရသည်။

ကျွန်မ၏ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း လုပ်ဆောင်သည့် အချိန်တစ်ချိန်တွင် အောက်ပါ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေ့ခဲ့ရပါသည်။ “သင်၏ လူ့သဘောသဘာဝကို သင်မည်သို့ ဖြေရှင်းသင့်သနည်း။ ပထမဦးစွာ၊ ဤသဘာဝကို သင်သိရမည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အလိုတော်နှစ်ခုလုံးကို သင်နားလည်ရမည်။ ထို့သို့ဖြစ်လျှင်၊ မှားယွင်းသည့် လုပ်ရပ်များကို သင်ရှောင်လွဲပြီး သမ္မာတရားနှင့် ကိုက်ညီသည့် အရာကိုသာ လုပ်ဆောင်သည်ကို အကြီးမားဆုံး အတိုင်းအတာအထိ သင်မည်သို့ သေချာအောင် ပြုနိုင်သနည်း။ ပြောင်းလဲမှုတစ်ခုကို သင်ပြုလုပ်လိုလျှင်၊ ဤအရာအပေါ် ချင့်ချိန်ရမည်။ သင်၏အပြစ်အနာအဆာရှိသည့် သဘာဝနှင့် စပ်လျဉ်း၍၊ မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို သင်ပိုင်ဆိုင်သည်၊ မည်သည့် လုပ်ရပ်များပုံစံကို သင် လုပ်နိုင်စွမ်းရှိသည်၊ ထို့နောက် မည်သည့် ချဉ်းကပ်မှုမျိုးကို အသုံးပြုနိုင်သည်ဆိုသည်နှင့် ယင်းကို ထိန်းချုပ်ရန်အလို့ငှာ မည်သို့လက်တွေ့လုပ်ဆောင်ရမည် ဆိုသည်တို့မှာ အရေးပါသော မေးခွန်းများ ဖြစ်သည်။...လင်းဇီကျူသည် ဒေါသထွက်မြန်၏။ သူ၏ အားနည်းချက်အပေါ် အခြေခံပြီး သူ့အခန်းထဲတွင် ဆောင်ပုဒ်တစ်ခုကို သူရေးခဲ့သည်- သင်၏ အမျက်ဒေါသကို ချုပ်တည်းပါ ဟူ၍ဖြစ်သည်။ ဤသည်မှာ လူသား၏ချဉ်းကပ်နည်းဖြစ်သည်၊ သို့သော် အမှန်ပင် အောင်မြင်သည်။ လူတစ်ဦးချင်းစီက လိုက်လျှောက်ဖို့ သူ သို့မဟုတ် သူမ၏ ကိုယ်ပိုင် စည်းမျဉ်းများရှိကြသည်၊ ထို့ကြောင့် သင်သည်လည်း သင်၏ ကိုယ်ပိုင်သဘာဝနှင့် စပ်လျဉ်း၍ စည်းမျဉ်းများကို ချမှတ်သင့်သည်။ ဤစည်းမျဉ်းများသည် လိုအပ်ပြီး ယင်းတို့မရှိရန်မှာ မဖြစ်နိုင်ပေ။ ဤသည်မှာ ဘုရားသခင်ကို သင်၏ ယုံကြည်မှု၌ သင်၏ ကျင့်ဝတ်စည်းမျဉ်းအတွက် သင်၏ ဆောင်ပုဒ်လည်း ဖြစ်သင့်ပေသည်။(ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်ဆောင်ခြင်း နှင့် ဗီဇကို ဖြေရှင်းခြင်း”) ကျွန်မ ချက်ချင်း လိုက်လျှောက်နိုင်သည့် လမ်းကြောင်းတစ်ခုကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပေးခဲ့ပါသည်။ သင့်အနေဖြင့် ပုန်ကန်တတ်သော စိတ်သဘောထားကို ပြောင်းလဲရန်၊ လူသား၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရကို ဘုရားသခင် ဖော်ထုတ်ခြင်းနှင့်ပတ်သက်သည့် သူ၏ နှုတ်ကပတ်တော်များကို မကြာခဏ စားသောက်ရမည်ဖြစ်သည်ကို ကျွန်မ နားလည်ခဲ့ရသည်။ သင့်ကိုယ်သင် စွန့်လွှတ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ရန်အလို့ငှာ သင်၏ သဘာဝ ထုတ်ဖော်ပုံကို သတိရှိရှိထိန်းချုပ်နိုင်ရန် သင်၏ သီးခြားသဘောသဘာဝအပေါ် အခြေခံပြီး ဆောင်ပုဒ်တစ်ခု တည်ဆောက်ရန်လည်း လိုအပ်ပါသည်။ ဤသို့ဖြင့် ကျွန်မ၏ မာနထောင်လွှားသော သဘောသဘာဝ၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်းနှင့် ကျွန်မနှင့် တွဲဖက်သော ညီအစ်ကို မောင်နှမတို့၏ အမြင်များကို နားမထောင်လိုခြင်းကဲ့သို့သော ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်း ရှုထောင့်များပေါ် အခြေခံပြီး အောက်ပါ ဆောင်ပုဒ်ကို ကျွန်မ ရလာခဲ့သည်- “နှောက်ချေးပုံသည် အဘယ်သို့ မိမိ၏ အနံ့ဆိုးကို ဂုဏ်ယူနိုင်သနည်း။” ထို့နောက် ကျွန်မနှင့် တွဲဖက်သည့် ညီအစ်ကို မောင်နှများနှင် ကိစ္စရပ်တစ်ခုအပေါ် မိတ်သဟာယပြုသည့်အခါတိုင်းတွင်၊ ကျွန်မ၏ အနှစ်သာရမှာ နှောက်ချေးပုံကဲ့သို့ဖြစ်ပြီး ကျွန်မ၏ အတ္တတစ်ခုလုံးမှာ ဆိုးရွားသော အနံ့ဆိုးတစ်ခုကို ထုတ်လွှတ်သည်ကို စိတ်ထဲတွင် ခိုင်ခိုင်မာမာ မှတ်ထားနိုင်ဖို့ရန်အလို့ငှာ ဤဆောင်ပုဒ်ဖြင့် ကျွန်မကိုယ်ကျွန်မ အရင်ဆုံး သတိပေးပါသည်။ ကျွန်မ၏ မာနထောင်လွှားခြင်းနှင့် အတ္တကြောင့် အသင်းတော်၏ အလုပ်အတွက် ပြဿနာများစွာ ကျွန်မ ဖြစ်စေသည် ဆိုသည်နှင့် ကျွန်မတွင် မာနထောင်လွှားစရာ ဘာမျှမရှိ ဟူသည့်အချက်ကိုလည်း ကျွန်မ စဉ်းစားမိပါသည်။ ထိုသို့ဖြင့် ကျွန်မ၏ ကိုယ်ပိုင်အမြင်များက မှန်ကန်သည်ဟု မရမကပြောဆိုခြင်းမပြုသလို ကျွန်မကိုယ်ကျွန်မ နှိမ့်ချရန်နှင့် အခြားသူများ၏ အမြင်များကို နားထောင်ရန် လိုလားမှုရှိစေသည့်လျက် ရှာဖွေတတ်သည့် စိတ်နှလုံးတစ်ခုကို ကျွန်မ အနည်းငယ် ရှိနိုင်ခဲ့ပါသည်။ တစ်ခါတစ်ရံ ကျွန်မသည် အခြားသူများ၏ အမြင်များကို ငြင်းဆိုချင်သေးသော်လည်း ကျွန်မ၏ဆောင်ပုဒ်ကို စဉ်းစားမိသည်နှင့်တပြိုင်နက် ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ရန်နှင့် သင့်မြတ်သော လက်တွဲလုပ်ဆောင်ခြင်း သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် သတိရှိရှိ အားထုတ်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါသည်။

အချိန်တစ်ခဏကြာပြီးနောက်တွင် ကျွန်မ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည့်အခါ ကျွန်မ၏ ညီအစ်ကို မောင်နှမများ၏ မိတ်သဟာယမှ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပြခြင်းအချို့ကို ရရှိခဲ့သည်ကို ရှာဖွေတွေ့ရှိရာ ကျွန်မ ဝမ်းသာခဲ့ရပြီး သမ္မာတရားအပေါ် ကျွန်မ၏ သိနားလည်မှုတွင် အဓိပ္ပါယ်မရှိသော ရှုထောင့်များကို သိမြင်ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင်၊ အခြားသူများ၏ အားသာချက်အချို့ကိုလည်း ကျွန်မ ရှာတွေ့ခဲ့ပြီး ကျွန်မ၏ ကိုယ်ပိုင် ချွတ်ယွင်းချက်များကို ထေမိစေရန် သူတို့ကို အရင်းခံဖို့လိုလားခဲ့ပါသည်။ ကျွန်မက အခြားသူများထက် အရာရာတွင် ပိုတော်သည်ဟု မတွေးခဲ့သလို ကျွန်မ မာန်လျှော့ခဲ့ပါသည်။ ကိုယ့်ကိုယ်ကိုယ် စွန့်လွတ်ခြင်းက အရင်ကလောက် နာကျင်မှုမခံစားရတော့သလို၊ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချခြင်း နှင့် ကျွန်မနှင့် တွဲဖက်သည့် ညီအစ်ကို မောင်နှမများ၏ အမြင်များကို ရိုကျိုးစွာ နားထောင်ပေးခြင်းက အမှန်တကယ် အကျိုးရှိသည်ကို စိတ်နှလုံးထဲမှ ကျွန်မ ခံစားမိခဲ့သည်။ ဤအရာက အသက်တာတွင် ကျွန်မ၏ ကိုယ်ပိုင်ကြီးထွားမှုကို အကျိုးပြုသည်သာမက၊ အပြန်အလှန် ကူညီခြင်း နှင့် အခြားသူများ၏ အားနည်းချက်များကို ပြင်ပေးခြင်းအပြင် တစ်စိတ်တစ်ဝမ်းတည်းပူးပေါင်းလုပ်ဆောင်ခြင်းမှတဆင့် အလုပ်တွင် ကျွန်မ၏ ထိရောက်မှုလည်း တိုးတက်လာခဲ့ပါသည်။

ဤအတွေ့အကြုံမှတဆင့်၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်း၏ ချိုမြိန်မှုကို ကျွန်မ မြည်းစမ်းခဲ့ရပြီး ဆောင်ပုဒ်တစ်ခုကို ဖန်တီးခြင်းမှတဆင့်၊ ကျွန်မ၏ အပြစ်ကျူးလွန်ခြင်းကို လျှော့ချနိုင်သည်သာမက သမ္မာတရားကို နားလည်ရန်လည်း အခွင့်အရေးများ ပိုမိုရရှိရင်း၊ ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ရာတွင် ကျွန်မကိုယ်ကျွန်မ သတိရှိရှိ ထိန်းနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အရင်က ကျွန်မ၏ မာနထောင်လွှားသော သဘာဝအား ထုတ်ဖော်မှုများက မည်မျှ အကျည်းတန်သည်၊ မည်မျှ စက်ဆုပ်ဖွယ်ဖြစ်သည်ကိုလည်း ကျွန်မ သဘောပေါက်ခဲ့သည်။ ဤအရာများကို နားလည်ဖို့ရန် ကျွန်မကို ဦးဆောင်လမ်းပြခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဤနေ့မှစ၍ ကျွန်မ၏ ဖောက်ပြန်ပျက်စီးခြင်း ရှုထောင့်များနှင့် ကိုက်ညီသည့် ဆောင်ပုဒ်များကို ကျွန်မပြုလုပ်မည်ဖြစ်ပြီး သမ္မာတရားကို ကျွန်မ လက်တွေ့ကျင့်သုံးနိုင်ရန်အလို့ငှာ ကျွန်မ၏ သဘာဝကို ထိန်းချုပ်ပြီး ကျွန်မ၏ ဇာတိပကတိကို စွန့်လွှတ်ပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကိုလည်း ကျွန်မ ပိုမိုဖတ်ရှုပါမည်၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းများကိုလည်း လက်ခံပါမည်။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် မုန်းတီးနိုင်ရန်နှင့် ကျွန်မ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို တတ်နိုင်သမျှ အမြန်ဆုံးစွန့်ပစ်နိုင်ဖို့ရန်အလို့ငှာ ကျွန်မ၏ ကိုယ်ပိုင်သဘာဝနှင့်ဆိုင်သည့် အနှစ်သာရကို သိရှိဖို့ရန် သမ္မာတရားကို ကျွန်မ ပိုမို သိရှိပါလိမ့်မည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အန္တိခရစ်တစ်ဦးကို ကျွန်ုပ်တိုင်ကြားခဲ့ပုံ

ဝိန်ကျင့် တရုတ်နိုင်ငံ ပြီးခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်မ ကိုယ့်တာဝန်ကို လုပ်ဖို့ မြို့ပြင်ကနေ ဒေသန္တရအသင်းတော်ဆီ ပြန်လာခဲ့တယ်။ ရေလောင်း...

သင်အသုံးပြုသည့်သူများကို သံသယမဝင်နှင့်- ဤသည်မှာ မှန်ပါသလား

လင်းဖိန် တရုတ်နိုင်ငံ ၂၀၂၀ ဇူလိုင်လမှာ၊ အသင်းတော် အတော်များများရဲ့ အလုပ်ကို ကြီးကြပ်ရင်းနဲ့ ခေါင်းဆောင်အနေနဲ့ ကျွန်တော်အစေခံခဲ့တယ်။...

ထိရောက်မှုမရှိသော လုပ်ဆောင်မှုများအတွက် အကြောင်းရင်းအမှန်

ဇင်ယီ၊ ရှန်ဇီစီရင်စု လွန်ခဲ့သောအချိန်ကာလအနည်းငယ်တုန်းက အသင်းတော် အစည်းအဝေးများသို့ ကျွန်မသွားခဲ့သည့်အခါ ညီအစ်ကိုမောင်နှမများအချို့မှာ...

သမ္မာတရားအပေါ် သစ္စာရှိပါ။ စိတ်ခံစားချက်အပေါ် သစ္စာမရှိပါနှင့်

ကျားဟောင် တရုတ်နိုင်ငံ ဇူလိုင်၊ ၂၀၁၇ခုနှစ်မှာ ခေါင်းဆောင်တစ်ယောက်ဆီကနေ ကျွန်မ စာစောင်ရတယ်။ အသင်းတော်က မယုံကြည်သူတွေကို...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။