မကျရှုံးမီ မာနထောင်လွှားသောဝိညာဉ်လေး

05.09.2019

ဘီအိုက်ရွှေ ရှန်ရန်းမြို့

အလုပ်တစ်ခု၏လိုအပ်ချက်အရ၊ အလုပ်၏ အခြား နယ်ပယ်တစ်ခုကို ကျွန်မရွှေ့ပြောင်းခံခဲ့ရပါသည်။ ထိုအချိန်က ဘုရားကို အရမ်းကျေးဇူးတင်မိသည်။ ကျွန်မသည် များစွာ ချို့တဲ့နေသည်ဟု ခံစားခဲ့ရသော်လည်း၊ ဘုရားသခင်၏ ကြီးမြတ်သောမြှင့်တင်ပေးမှုကြောင့် အံသြဖွယ်ကောင်းသော ထိုအလုပ်တွင် ကျွန်မတာဝန်တွေထမ်း ဆောင်ဖို့ အခွင့်အရေးပေးခံခဲ့ရသည်။ ကျွန်မသည် ဘုရားသခင်ကို အကောင်းဆုံးပြန်ပေးဆပ်ပါမည်ဟု ကျွန်မနှလုံးသားထဲတွင် ဘုရားကိုကတိတစ်ခုပေးခဲ့သည်။

သို့သော်လည်း ကျွန်မရောက်ပြီးသည့်နောက် လုပ်ဆောင်ပြီးစီးခဲ့သည့် လုပ်ဆောင်မှုများတွင် ဟာကွက်များ ရှိနေခဲ့သည်ကို ကျွန်မရှာဖွေ တွေ့ရှိခဲ့သည်။ ရလဒ်အနေဖြင့် အလုပ်တစ်ခုချင်းစီကိုသေချာ စစ်ဆေးဖို့ တာဝန်ကို ကျွန်မ ယူခဲ့သည်။ ကျွန်မစစ်ဆေးနေစဉ် “ ဒီလိုပုံစံနဲ့များ အလုပ်တွေ ဘယ်လိုပြီးကြပါလိမ့်။ ဘယ်အလုပ်ကိုမှ မှန်မှန်ကန်ကန်စီမံခန့်ခွဲထားတာမရှိဘူး။ ဒီမှာအလုပ် ပြီးမြောက်အောင် လုပ်တာတွေက အရမ်းကောင်းမှာပဲလို့ ငါတွေးထားမိတာ။ ဒါပေမဲ့ ငါ့ရဲ့အရင်အလုပ်ထက်ပိုဆိုး လိမ့်မယ်လို့ဘယ်တုန်းကမှမတွေးခဲ့မိဘူး။ ကျွန်မ အခု ဒီကိုရောက်မှတော့ လုပ်ငန်းသဘောအရ တစ်ဆင့်ပြီးတစ်ဆင့် ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲရမယ်။ ညီအစ်ကိုမောင်နှမတွေ အားလုံးကိုလည်း အသက်တာဝင်ရောက်ဖို့ ဦးဆောင်ရမယ်” ဟု မိမိဘာသာ စဉ်းစားခဲ့သည်။ ထို့ကြောင့်ပင် ကျွန်မ လုပ်ဖော်ကိုင်ဖက်များဖြင့် စုဝေးကာ၊ အလုပ်တစ်ခုချင်းစီ၊ ဆက်သွယ်ရေး၊ စီစဉ်ရေး နှင့် အစီအစဉ် ရေးဆွဲရေးများကို စတင် စီမံခန့်ခွဲခဲ့သည်။ ကျွန်မရဲ့ဆက်သွယ် ပြောဆိုမှုတစ်လျှောက်လုံးမှာ ကျွန်မ၏ရဲ့စစ်မှန်တဲ့ခံစားချက်များကို မကြာခဏ ဖော်ထုတ်ခဲ့သည်၊ “ဒီကအလုပ်အရည်အသွေးက အရမ်းနိမ့်ကျ လွန်းတယ်။ ငါ့ရဲ့အရင်အလုပ်က အခုနင်တို့ရဲ့အလုပ်တွေလိုမျိုး မဟုတ်ဘူး။ ငါ့ရဲ့အလုပ်အဟောင်းမှာ လုပ်ငန်းတွေကိုဒီလိမျိုး ဟိုလိုမျိုးလုပ်ပြီး ငါတို့အမြဲတမ်းကောင်း နေအောင် လုပ်ခဲ့ကြတယ်။ ငါတို့ဟာဘုရားသခင်ကို နာခံခဲ့ကြတယ်...” ထိုအစည်းအဝေးများ အပြီးတွင် ကျွန်မ လုပ်ဖော်ကိုင်ဖက် တစ်ချို့က ”အမှန်အကန်ပဲပေါ့။ ငါတို့ဘယ်အလုပ်ကိုမှ မှန်ကန်တဲ့ တန်ဖိုးအတိုင်း မလုပ်ခဲ့ဖူးဘူး။ ဒီတစ်ခါတော့ အသစ်ကပြန်စပြီး၊ ငါတို့ အလုပ်တွေကို ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း လုပ်ဆောင်ဖို့ လိုတယ်” အခြားသူများကလည်း “ဒီနေ့နင်လုပ်ခဲ့တဲ့ ဆက်သွယ်ပြောဆိုမှုနဲ့ စီစဉ်မှုတွေအတွက် ကျေးဇူးတင် တယ်။ ဒီလိုမှမဟုတ်ရင် ငါတို့ရဲ့လုံခြုံရေးအစီအမံများအတွက် အာရုံစိုက်မှုမရှိခဲ့ခြင်းတွေဟာ အန္တရာယ် အရမ်း ကြီးမားသွားလိမ့်မယ်” ဟု ပြောခဲ့သည်။ ထိုစကားများကို ကြားရာတွင် ကျွန်မ အလွန်ပျော်ခဲ့သည်။ ကျွန်မသည် သူတို့၏ အရင်ခေါင်းဆောင်ထက် အမှန်တကယ် ပိုမိုထက်မြက်သည်ဟု ခံစားလာခဲ့ရသည်။ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူ နေစဉ်မှာပင် အနည်းငယ် လိပ်ပြာမလုံဟု မခံစားရပဲ မနေနိုင်ခဲ့ပါ၊ ကျွန်မအနေနှင့် ထိုသို့ပြောဆိုခြင်းသည် အမှန်တကယ် သင့်လျော်ပါရဲ့လား။ အရင်အလုပ်ကအကောင်းဆုံးဖြစ်သည်ဟု ဘာဖြစ်လို့ ကျွန်မ အဘယ့်ကြောင့် အမြဲတမ်းပြောနေရသနည်း။ သို့သော် တခြားတစ်ဖက်တွင်လည်း “အဲဒီလိုပြောလိုက်လို့ ဘာများ မှားသွားလဲ။ ငါက သူတို့အလုပ်ကို ဘယ်လိုကောင်အောင်လုပ်ရမလဲဆိုတာ သူတို့ကိုသင်ပေးတာပါ” ထိုသို့ဖြင့်ပင် ကျွန်မကိုယ်ကျွန်မ ဆန်းစစ်ဖို့အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်မှုအတိုင်း မလိုက်ဖြစ်ခဲ့ပါ။ သမ္မာကျမ်းစာတွင် သုတ္တံကျမ်းက “မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်း အရင်၌ နေရာကျတတ်၏။” (သုတ္တံကျမ်း ၁၆:၁၈) ဟု ပြောထားသည်။ ကျွန်မသည် မျှော်လင့်ချက်ကြီးကြီးမားမား နှင့်အလုပ်ကိုအာရုံစိုက် လုပ်နေစဉ်မှာပဲ ကျွန်မနှလုံးသားထဲတွင် ဘုရားသခင်နှင့်ထိတွေ့မှုမရှိတော့ဟု ခံစားခဲ့ရသည်။ ကျွန်မ၏အလုပ်များ ကျရှုံးရုံမက ကျွန်မတို့၏ ဧဝံဂေလိလုပ်ငန်းထိရောက်မှုများလည်း ဆိုးသထက်ဆိုး ကျရှုံးသထက်ကျရှုံး လာခဲ့ သည်။ ကျွန်မ အလွန်အမင်းနာကျင်သော အခြေအနေကို ကျရောက်ခဲ့သော်လည်း၊ ကျွန်မ မည်သည့်အမှားလုပ်မိသည်ကိုမူ မသေချာခဲ့ပါ။ ထို့ကြောင့် လမ်းပြမှုကို ကျိုးနွံစွာခံယူဖို့ ဘုရားသခင် ရှေ့တော်မှောက်တွင် ဆုတောင်းဖြစ်ခဲ့သည်။ ဤ အချိန်တွင် ဒေသနာတော်တစ်ခုမှ ကျမ်းပိုဒ်တစ်ခုကို ကျွန်မ သတိရမိခဲ့သည်၊ “ဘုရားအတွက် အလုပ်လုပ်တဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်ဖို့ဆိုတာ သင့်မှာ အခြေခံစည်းမျဉ်းတွေ ရှိရမယ်။… ဘာပဲဖြစ်နေဖြစ်နေဘုရားကို သက်သေခံပြီး၊ ချီးမွမ်းဖို့ လိုသေးတယ်။ ကိုယ်အတတ်နိုင်ဆုံး အကောင်းဆုံး အတိုင်းအတာအထိ ကိုယ် နားလည်သလောက် ပြောပြီး ဘုရားသခင်ကို ချီးမြှောက်ပါ၊ သက်သေခံပါ။ ပြီးတော့ ဘယ်လိုအခြေအနေမျိုးဖြစ်ပါစေ ကိုယ့်ကိုယ်ကို ချီးမြှောက်တာမျိုး ဒါမှမဟုတ် တခြားလူတွေက ကိုယ့်ကို ကိုးကွယ်တာမျိုး မဖြစ်စေပါနဲ့။ ဒါက သင်လိုက်နာရမဲ့ ပထမဆုံးနဲ့ အခြေခံကျဆုံး စည်းမျဉ်းပဲ ဖြစ်ပါတယ်။” (အပေါ်မှ မိတ်သဟာယပြုခြင်း) ကျွန်မမျက်နှာပေါ် မျက်ရည်များ စီးကျလာခဲ့သည်။ နောင်တ၊ အပြစ်နှင့် ကျေးဇူးတရားများ အားလုံး တပြိုင်နက်တည်း ကျွန်မရင်ထဲပြည့်ဝလာနေခဲ့သည်။ ကျွန်မ၏ လုပ်ဖော်ကိုင်ဖက်များကို ပြောဆိုသည့်ခဲ့သည့် စကားများ အားလုံးကို ပြန်တွေးပြီး၊ ကျွန်မသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းနှင့် မထိုက်တန်ဟု ခံစားလာခဲ့ရသည်။ ဘုရားကျောင်းတော်က ကျွန်မအနေနှင့် ဤ နေရာသို့ လာပြီး ဘုရားကိုချီးမွမ်းဖို့နှင့်သက်သေခံဖို့ ညီအစ်ကိုမောင်နှမ များကို ဘုရားရှေ့မှာ ဦးဆောင်ဖို့နှင့်သူတို့အနေနှင့် ဘုရားကိုပိုမို သိကျွမ်းလာဖို့ ကျွန်မတာဝန်တွေကို လုပ်ဆောင်ရန် အသင်းတော်က ကျွန်မအတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ကျွန်မက အရှက်မဲ့စွာ ကြွားဝါခဲ့သည်၊ မိမိကိုယ်ကိုသာ ချီးမွမ်းခဲ့သည်၊ မိမိကိုယ်ကိုသာ သက်သေခံခဲ့သည်၊ ဘုရားသခင်ကို ချစ်ခြင်း နှင့် စိတ်ကျေနပ်စေခြင်း ဆိုသည့် အမည်ခံဖြင့် မိမိကိုယ်ကို မြှင့်တင်ခဲ့သည်။ ထိုမျှစက်ဆုပ်ရွံရှာဖွယ်ကောင်းသောသူသည် မည်ကဲ့သို့ ဘုရားသခင်ကို အစေခံရန် ထိုက်တန်သနည်း။ ထိုသို့သော လူတစ်ယောက်၏ အလုပ်ကို ဘုရားက မည်သို့ ကောင်းချီးပေးမည်နည်း။ ကျွန်မလုပ်သမျှမှာ ကျော်ကြားမှုနှင့် ရာထူး အတွက် ဖြစ်သည်၊ ကျွန်မသည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ်တွင် လျှောက်နေခဲ့သည်၊ ကျွန်မသည် ဘုရားသခင်ကိုသာ သက်သက်မဲ့ အာခံပြုမူနေခြင်း ဖြစ်သည့်အပြင်၊ ဘုရားသခင်၏ အမှန်တကယ် ရွံရှာခြင်းကို ခံခဲ့ရသည်။ ကျွန်မထိုအကြောင်းပို တွေးလေလေ မိမိကိုယ်ကို ပိုစက်ဆုပ်ရွံရှာလာလေလေသာ ဖြစ်သည်။ ကျွန်မသည် ဘုရားသခင်ရဲ့ရှေ့မှာ နောင်တရစွာ ပျပ်ဝပ်ပြီး သူ့ထံ မငိုကြွေးပဲ မနေနိုင်တော့ပါ၊ ”အိုအဖဘုရား၊ ကျွန်မကိုလှုပ်နှိုးခဲ့တဲ့ ကိုယ်တော့်ရဲ့ ပြစ်တင်ဆုံးမမှု နဲ့ စီရင်မှုတွေအတွက်၊ ကျွန်မရဲ့ ဆိုးယုတ်တဲ့ သဘာဝကို သတိပြုမိစေလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မသာသနာရဲ့ဦးတည်ရာကိုလည်း ကိုယ်တော်ပဲဖော်ပြခဲ့တယ်၊ ကိုယ်တော့်ကိုပဲချီးမွမ်းပြီး ကိုယ်တော့်သက်သေပဲခံ ခြင်းအားဖြင့်သာ ကျွန်မရဲ့ အစေခံခြင်းက ကိုယ်တော့် နှလုံးသားအလိုနဲ့ ထပ်တူဖြစ်နိုင်တယ်ဆိုတာကို ကျွန်မ နားလည်သဘောပေါက်အောင် ကူညီတော်မူခဲ့တယ်။ ဒါဟာဖန်ဆင်းရှင်ရဲ့ ဖန်ဆင်းခံလူသား တစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့တာဝန်ပဲဖြစ် တယ်။ အို အဖဘုရား၊ အခုကစပြီး ကျွန်မနှလုံးသားနှင့် စိတ်ရင်းတွေကို ကျွန်မမပြောဆို(သို့) မလုပ်ဆောင်ခင် စစ်ဆေးဖို့၊ သတိရှိရှိကိုယ်တော့်ကိုချီးမွမ်းခြင်းနှင့်သက်သေခံခြင်း၊ ညီအစ်ကို မောင်နှမများအားကိုယ်တော့်ကို သိရှိလာစေရန်ဦးဆောင်ခြင်းနှင့် သမ္မာတရားနှင့် လူသားဆန်မှု တို့ကိုပိုင်ဆိုင်တဲ့လူတစ်ယောက်အဖြစ် နဲ့ ကိုယ်တော့်ရဲ့ နှလုံးသားကိုနှစ်သိမ့်တဲ့ သူဖြစ်စေဖို့ကတိပြုပါတယ်။”

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သတိထား အန္တိခရစ်တွေက သင့်အနားမှာရှိနေတယ်

ထရီ အာဂျင်တီးနားနိုင်ငံ ၂၀၂၁၊ မတ်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့ပါတယ်။ အနန္တတန်ခိုးရှင်...

ဆုတ်ဆိုင်းမှုမှ သင်ယူခဲ့ရသည့်အရာ

စွတ်ဖန့် ကိုးရီးယားနိုင်ငံ ၂၀၁၄ မှာ ကျွန်တော်က အသင်းတော်အတွက် ဗီဒီယိုထုတ်လုပ်သူအဖြစ် လေ့ကျင့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဗီဒီယိုအသစ်တစ်ခုကို...

ကျွန်မ၏ ရာထူးဂုဏ်ဒြပ် အား ဆုံးရှုံး ပြီးနောက်

ဟူမင်း၊ ဟိုင်နန်စီရင်စု ခေါင်းဆောင် နေရာကို အခြားလူတစ်ယောက်ဖြင့် အစားထိုး ခန့်အပ် ခြင်း ခံရသော သူတစ်ဦး တစ်ယောက် ကိုတွေ့မြင်ရသည့်အပြင်၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။