လူ့အကြိုက်လိုက်သူတစ်ဦး ဖြစ်ခြင်း၏ ခါးသီးမှု

21.07.2022

ဂျူချူံး ဂရိနိုင်ငံ

ပြီးခဲ့တဲ့နှစ်က၊ လမ်းပေါ်မှာ ကျွန်တော်နဲ့ ဧဝံဂေလိအတူဟောခဲ့တဲ့ အစ်ကိုစင်း အထုတ်ခံခဲ့ရတယ်။ အဲဒီအကြောင်း သူ့ကို မေးတော့၊ နှစ်အနည်းငယ်ကြာ သူက အသင်းတော်က ပေးတဲ့ တာဝန်နဲ့ပတ်သက်လို့ ကောင်းကောင်း လုပ်မနေခဲ့ဘူး၊ ကိစ္စတွေကို သူ့သဘောအတိုင်း လုပ်ခဲ့တယ်၊ အဲဒါက အသင်းတော်ရဲ့ အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်ခဲ့တယ်၊ အဲဒါကြောင့် သူ အထုတ်ခံခဲ့ရတာလို့ ပြောပြတယ်။ သူ့ကို အရမ်းနောင်တရပြီး အရမ်းဝမ်းနည်းခံစားရတာ မြင်တော့ သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့ အလုပ်တူလုပ်ရာမှာ၊ သူက နမော်နမဲ့နဲ့ ကိစ္စတွေကို သူ့သဘောအတိုင်း လုပ်ခဲ့တာ သတိထားမိတယ်။ သူ့ကိုယ်သူနဲ့ ပတ်သက်လို့ သုံးသပ်ပြီး သိဖို့ ကျွန်တော် ထောက်ပြချင်ခဲ့ပေမဲ့၊ နှုတ်ကို ဖွင့်တော့မဲ့အချိန်မှာ တုံ့ဆိုင်းနေမိခဲ့တယ်။ ခေါင်းဆောင်က သူ့ကို ထုတ်ပယ်ချိန်မှာ အတော်များများ ကိုင်တွယ်ဖြေရှင်းခဲ့ပြီးပြီဖြစ်လို့ သူ့အနေနဲ့ တော်တော် စိတ်မကောင်းဖြစ်နှင့်ပြီးသားလို့ တွက်မိတယ်။ ကျွန်တော်လည်း တစ်ခုခု ပြောလိုက်ရင်၊ အနာကို ဆားပွတ်ပေးတာ ဖြစ်မှာ မဟုတ်လား။ ကျွန်တော်က စာနာစိတ်မရှိဘူးလို့ သူထင်များထင်မလားပေါ့။ ဒါ့အပြင်၊ ဒီမတိုင်ခင် အချိန်အတော်ကြာက ကျွန်တော် သတိထားမိတဲ့ ပြဿနာတွေကို ခေါင်းဆောင်က ပြောပြီးပြီ ဖြစ်ရမယ်၊ ဒီတော့ သူ့ကို နှစ်သိမ့်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ သူ့ကို ကျွန်တော် ပြောလိုက်တယ်၊ “ဒီနှစ်တွေမှာ ဧဝံဂေလိ ဝေမျှတဲ့လမ်းပေါ် မင်း အကျိုးအများကြီး ရခဲ့တာ၊ ထိုးထွင်းအမြင် အများကြီး ရခဲ့တာ သေချာတယ်။ အသင်းတော်ထဲ ညီအစ်ကို မောင်နှမ အများကြီးက ဘာဧဝံဂေလိ အတွေ့အကြုံမှမရှိဘဲ တော်တော် စိမ်းနေသေးတယ်လေ။ အိမ်ပြန်သွားတဲ့အခါ သူတို့ကို မင်း ကူညီနိုင်မှာပဲ” လို့ပေါ့။ အံ့ဩစရာကောင်းတာက၊ သူ ပြန်ဖြေတာက “အစ်ကိုရေ၊ အစ်ကို ဒီလိုပြောတာကြားရတာ ကျွန်တော့်အတွက် စိတ်ပျက်စရာပဲ။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး ပိုကောင်းကောင်းသိနိုင်အောင် ကူညီပေးဖို့ ကျွန်တော့်အသက်တာအတွက် အကျိုးရှိမဲ့ ဟာတစ်ခုခု အစ်ကို ပြောမယ်ထင်တာ။ ဒါပေမဲ့ အဲဒီအစား၊ ကျွန်တော်အထုတ်ခံရတာကို အရေးမကြီးသလို၊ တခြားလူတွေထက် ပိုစွမ်းဆောင်နိုင်တယ်လို့ ကျွန်တာ် ခံစားရအောင် ဒီအခြေအနေထိ ရောက်တာတောင် ကျွန်တော့်ကို အစ်ကို ချီးမွမ်းနေတယ်။ စာတန်ရဲ့ အခန်းကဏ္ဍကို အစ်ကို လုပ်နေတာ၊ ကျွန်တော့်ကို ငရဲနဲ့ ပိုနီးအောင် တွန်းပို့နေတာပဲ”တဲ့။ “အဲဒါက ပေတရုကို သခင်ယေရှု ကြိမ်းမောင်းခဲ့တာကို သတိရစေတယ်။ ‘အချင်းရန်သူ၊ ငါ့နောက်သို့ဆုတ်လော့။(ရှင်မဿဲခရစ်ဝင် ၁၆:၂၃) ဒီယဉ်ကျေးတဲ့ အရာတွေက လူတွေကို အကျိုးမပြုသလို၊ အဲဒါတွေကို အစ်ကို မပြောသင့်တော့ဘူး။ အဲဒါက ချစ်ခင်တာမဟုတ်ဘဲ၊ တခြားလူတွေအတွက် ထိခိုက်နစ်နာစရာနဲ့ ပျက်စီးစေတာပဲ”တဲ့။ အဲဒီတုန်းက ကျွန်တော် တကယ် ရှက်သွားပြီး၊ တွားဝင်လို့ရမဲ့ အပေါက်ကိုပဲ တွေ့လိုက်ချင်ခဲ့တယ်။ နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ အစ်ကိုစင်းက စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု သိပ်မရှိခဲ့သလို၊ သူ့တာဝန်မှာ ဘယ်တော့မှ သိပ်မဖြစ်မြောက်ခဲ့တာ ကျွန်တော် သိတယ်၊ အဲဒါက အန္တရာယ်များတဲ့ အခြေအနေတစ်ခုလေ။ ဒါပေမဲ့ ချိုသာတဲ့ အရာတွေကိုပဲ ကျွန်မ ပြောနေမိခဲ့တယ်။ မရိုးမသားဖြစ်နေခဲ့တာ၊ လောကီသဘောနဲ့ ယဉ်ကျေးပြီး ချီးမွမ်းတတ်နေခဲ့တာပဲ။ အဲဒါ လှည့်စားတတ်တာ မဟုတ်လား။ အစ်ကိုစင်းထုတ်ပယ်ခံရတာက သူ့ကိုယ်သူပိုပြီး ကောင်းကောင်း သုံးသပ်၊ သိရှိဖို့ အခွင့်အရေးကောင်းတစ်ခုပဲ။ သမ္မာတရားကို ရှာဖွေရင်၊ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး တကယ် နောင်တရနိုင်ခဲ့ရင်၊ အဲဒီကျရှုံးမှုက သူ့ရဲ့ ယုံကြည်ခြင်းမှာ အလှည့်အပြောင်းတစ်ခု ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ကျွန်တော်က ခလုတ်တံသင်းတစ်ခု ဖြစ်နေခဲ့တယ်၊ သူ့ခံစားချက်တွေကို ကစားပြီး လှည့်စားဖို့ မရိုးသားတဲ့ ပေါကရစကားတချို့ကို ပြောနေမိခဲ့တယ်။ စာတန်ရဲ့ လက်ပါးစေ ဖြစ်နေခဲ့တာ။ လူတွေကို ကယ်တင်ဖို့ ဘုရားက အစွမ်းကုန် လုပ်ဆောင်ပေမဲ့၊ စာတန်က လူတွေကို ဘုရားဆီက ဝေးစေဖို့၊ ငရဲဆီဆွဲချသွားဖို့ အရာရာ ကြိုးစားတယ်။ ကျွန်တော့်ရဲ့ အဲဒီအဓိပ္ပာယ်မဲ့စကားကပဲ ကျွန်တော့်ညီအစ်ကိုကို ထိခိုက်နစ်နာစေခဲ့တာ။ အဲဒီတုန်းက ဒီကြီးမားတဲ့ အကြောက်တရားကို ကျွန်တော် ခံစားရလို့၊ ကျွန်တော့် ပြဿနာကို သေချာတွေးစေဖို့ ဘုရားနှုတ်ကပတ်တော်တချို့ကို ရှာခဲ့တယ်။

ဘုရားသခင်က ပြောသည်- “အကယ်၍ သင်သည် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးနှင့် ကောင်းသော ဆက်ဆံရေးရှိပြီး သူတို့၌ မည်သည့်အရာ မှားယွင်းနေကြောင်း ထောက်ပြရန် သင့်ကို တောင်းဆိုလျှင် သင် ယင်းကို အဘယ်သို့ ပြုသင့်သနည်း။ ဤသည်မှာ ကိစ္စရပ်အတွက် သင်အသုံးပြုသော ချဉ်းကပ်နည်းနှင့် ဆက်စပ်သည်။ သင်၏ ချဉ်းကပ်နည်းမှာ သမ္မာတရား၏ စည်းမျဉ်းများကို အခြေခံသည့် ချဉ်းကပ်နည်းလော၊ သို့မဟုတ် ဘဝနေထိုင်မှုဆိုင်ရာ ဒဿနများကို သင် အသုံးပြုသလော။ တစ်စုံတစ်ဦး၌ ပြဿနာရှိနေသည်ကို သင် ရှင်းလင်းစွာ တွေ့မြင်နိုင်သော်လည်း၊ ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ဖို့ငှာ ထိုသူအား ပွင့်ပွင့်လင်းလင်း မပြောဘဲ၊ ‘ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုက ယခုတွင် သေးငယ်ပြီး သင်၏ ပြဿနာများကို လုံးစေ့ပတ်စေ့ နားမလည်ပါ။ နားလည်သောအခါ ကျွန်ုပ် သင့်ကို ပြောပါမည်။’ ဟု ပြောရင်း ဆင်ခြေများပင် ပေးသည့်အခါ၊ ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ အသက်ရှင်ခြင်းအတွက် အတွေးအမြင်တစ်ခု ပါဝင်သည်။ ဤသည်မှာ တစ်ပါးသူများကို အရူးလုပ်ရန် ကြိုးစားနေခြင်း မဟုတ်သလော။ သင်သည် ရှင်းရှင်းလင်းလင်း မြင်နိုင်သမျှ ပြောဆိုသင့်သည်။ ပြီးလျှင် တစ်စုံတစ်ခုသည် သင့်အဖို့ ထင်ရှားမြင်သာခြင်းမရှိပါက ယင်းကို ပြောလော့။ ဤသည်မှာ သင်၏စိတ်နှလုံးထဲ ရှိသည့်အရာကို ပြောခြင်း ဖြစ်သည်။ သင်၌ အတွေးအချို့ရှိပြီး၊ အချို့သောအရာများမှာ သင့်အဖို့ ထင်သာမြင်သာရှိသော်လည်း၊ လူများ စိတ်ဆိုးအောင်လုပ်မိမည်ကို သင်စိုးရွံ့ကာ၊ ၎င်းတို့၏ ခံစားချက်ကို ထိခိုက်မိမည်ကို ကြောက်သောကြောင့် မည်သည့်အရာကိုမျှ မပြောရန် ရွေးချယ်ပါက၊ ဤသည်မှာ လောကီအတွေးအမြင်အားဖြင့် အသက်ရှင်နေခြင်း ဖြစ်သည်။ တစ်စုံတစ်ဦး၌ ပြဿနာရှိကြောင်း၊ သို့မဟုတ် တစ်စုံတစ်ဦးသည် လမ်းလွဲသွားပြီးဖြစ်ကြောင်း သင်သိလျှင်၊ ၎င်းတို့အား သင်သည် မေတ္တာဖြင့် မကူညီနိုင်လျှင်ပင်၊ အနည်းဆုံးအနေဖြင့် ထိုပြဿနာကို ၎င်း ဆင်ခြင်သုံးသပ်နိုင်ဖို့အလို့ငှာ ယင်းကို သင် ထောက်ပြရမည်။ သင် လျစ်လျူရှုလျှင်၊ ဤသည်မှာ ၎င်းကို ထိခိုက်နစ်နာစေခြင်း မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏”)၎င်းတို့၌ အပြုသဘောဆောင်သောအရာတို့ကို ချစ်မြတ်နိုးခြင်း မရှိ၊ အလင်းကို ၎င်းတို့မတောင့်တ၊ ဘုရားသခင်၏လမ်းကိုလည်းကောင်း၊ သမ္မာတရားကိုလည်းကောင်း ၎င်းတို့မချစ်မြတ်နိုးကြပေ။ ၎င်းတို့က လောကီရေပန်းစားမှုများနောက် လိုက်လိုကြသည်၊ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းနှင့် ဩဇာတိက္ကမတို့ကို စွဲမက်နှစ်သက်ကြသည်၊ ၎င်းတို့သည် ဆိုးညစ်သော ရေပန်းစားမှုများအလယ်တွင် သာလွန်ထူးကဲရသည်ကို နှစ်သက်ကြသည်။ ၎င်းတို့သည် မကောင်းမှုကို ထောက်ခံအားပေးသူများနှင့် စာတန်၏ အင်အားစုများ ဖြစ်လေသည်။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ကြီးမြတ်ပြီး ကျော်ကြားသူများကို ၎င်းတို့ ကိုးကွယ်ကြသည်၊ နတ်ဆိုးဘုရင်များကို ၎င်းတို့ ကိုးကွယ်ကြသည်။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့သည် သမ္မာတရားကိုဖြစ်စေ၊ အပြုသဘောဆောင်သော အရာများကိုဖြစ်စေ မလိုက်စားဘဲ၊ ပညာရေးကို ထောက်ခံအားပေးသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို သက်သေခံသူများကို မထောက်ခံပေ။ ထိုအစား ၎င်းတို့သည် ကောက်ကျစ်သူများနှင့် အထူးပါရမီရှိသည့်သူများကို ထောက်ခံပြီး လေးစားအားကျသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား လိုက်စားခြင်း လမ်းကြောင်းကို မလျှောက်ကြဘဲ၊ မကောင်းမှုနှင့် အာဏာကို လိုက်စားကြသည်။ ၎င်းတို့သည် လျှို့ကတ်ပြီး ဉာဏ်များသောသူတစ်ဦးဖြစ်ဖို့ ကြိုးပမ်းကြသည်။ ၎င်းတို့သည် အဟန့်ကောင်းသော လူသိများသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာဖို့ လူ့အဖွဲ့အစည်း၏ အထက်တန်းစားအလွှာများတွင် မိမိတို့ကိုယ်ကိုယ် တစ်သားတည်းဖြစ်အောင် ကြိုးစားကြသည်။ ၎င်းတို့သည် မည်သည့်လူစုလူဝေးအတွင်းသို့မဆို လုံးဝအဆင်ချောစွာဖြင့် အကွက်ဆင်ချဉ်းကပ်နိုင်ရန်၊ ပြောင်မြောက်သော ပညာဖြင့် လှည့်ကွက်၊ ပရိယာယ်၊ နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ရန် ဆန္ဒရှိကြပြီး ၎င်းတို့မည်သည့်နေရာကိုသွားပါစေ ချစ်ခင်လေးစားစွာဖြင့် ကြိုဆိုနှုတ်ဆက်ခံလိုကြသည်။ လူများက စွဲလမ်းကြည်ညိုသူတစ်ဦး ၎င်းတို့ ဖြစ်လိုကြသည်။ ဤသည်မှာ ၎င်းတို့ဖြစ်လိုသည့် လူစားမျိုးဖြစ်သည်။ ဤသည်မှာ မည်သို့သော လမ်းမျိုးဖြစ်သနည်း။ နတ်ဆိုးတို့၏ လမ်း၊ ဆိုးယုတ်မှု၏ လမ်းကြောင်းပင်ဖြစ်သည်။ စစ်မှန်သောလူသားက လျှောက်သောလမ်းမဟုတ်ပေ။ လူတို့ကို အယုံသွင်း၍ ၎င်းတို့၏ပုဂ္ဂိုလ်ရေးယုံကြည်မှုကို ချိုင်ယူရန်၊ ၎င်းတို့အား ကိုးကွယ်ပြီး ၎င်းတို့၏နောက်သို့ လိုက်စေဖို့၊ စာတန်၏အတွေးအမြင်များ၊ ၎င်း၏ဆင်ခြင်တွေးခေါ်မှုစနစ်တို့ကို အသုံးပြုသည်။ ၎င်းတို့သည် စာတန်၏ ပရိယာယ်တိုင်းကို အသုံးပြုကြသည်။ ၎င်းတို့သည် နေရာတိုင်းတွင် ပရိယာယ်၊ မာယာရှိသမျှကို အသုံးပြုကြသည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သောသူများ လျှောက်ရမည့် လမ်းကြောင်းမဟုတ်ပေ။ ထိုသို့သော လူများသာ ကယ်တင်ခြင်း မခံရမည်သာမကဘဲ ဘုရားသခင်၏ အပြစ်ပေးခံရခြင်းကိုလည်း ကြုံရမည်ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ သံသယအနည်းငယ်မျှပင် မရှိနိုင်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘာသာတရား၌ ယုံကြည်မှုသည် ကယ်တင်ခြင်းသို့ မည်သည့်အခါတွင်မျှ ဆိုက်ရောက်စေမည်မဟုတ်”)

ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ ရည်ရွယ်ချက်နဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝကို လုံးဝ ဖော်ထုတ်ခဲ့တယ်။ အစ်ကိုစင်းက သူ့တာဝန်မှာ ပေါ့ဆခဲ့ပြီး၊ အဲဒီနောက် ထုတ်ပယ်ခံရတဲ့နောက် သူ့တာဝန်သစ်မှာ စိတ်နှလုံးမထည့်ထားခဲ့ဘူး။ သူ့အလုပ်မှာ သူက ဇွဲကောင်းမနေခဲ့သလို၊ ကိုယ်ကျင့်တရားမကောင်းခဲ့ဘဲ၊ သူကြိုက်တဲ့အရာ ဘယ်အရာကိုမဆို လုပ်ခဲ့တယ်။ သူ့ရဲ့ ဒီအပြုအမူတွေကို ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်နှင့်ပြီးသားဖြစ်ပေမဲ့၊ ကျွန်တော်က လူ့အကြိုက်လိုက်သူဖြစ်ခဲ့တယ်၊ သူ့ကို စိတ်ဆိုးစေမိမှာ စိုးပြီး လုံးဝ မထောက်ပြခဲ့ဘူး။ သူ ထပ်ထုတ်ပယ်ခံရပြီး၊ သူ့ရဲ့ ကျရှုံးမှုတွေအကြောင်း မိတ်သဟာယမှာ ကျွန်တော့်ဆီ ဖွင့်ပြောခဲ့တယ်။ သူ့ကိုယ်သူ သုံးသပ်ပြီး ဘုရားဆီ နောင်တရအောင် ကူညီပေးဖို့ သူ့ပြဿနာတွေကို ကျွန်တော် ပြောခဲ့သင့်ပြီး ဘုရားအလိုတော်နဲ့ ပတ်သက်လို့ မိတ်သဟာပြုခဲ့သင့်တယ်။ အဲဒါက တကယ် ချစ်ခင်တာဖြစ်ပြီး သူ့အတွက် အကျိုးရှိမှာဖြစ်သလို တည်ဆောက်စရာ ဖြစ်ခဲ့မှာပဲ။ ဒါပေမဲ့ လှည့်စားတဲ့ ပေါက်ကရစကားတွေ ပြောရင်းနဲ့ သဘောကောင်းတဲ့လူ ဖြစ်ခဲ့တယ်။ ကျွန်တော့်ကို ကြိုက်အောင် သူ့ကို ကျွန်တော် အရူးလုပ်ဖို့ ကြိုးစားနေခဲ့တာပဲ မဟုတ်လား။ သူ့အနေနဲ့ ကျရှုံးမှု တွေ့ကြုံရတဲ့အခါ ခေါင်းဆောင်က သူ့ကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်တာပဲလုပ်ပေမဲ့၊ ကျွန်တော်က သူ့အပေါ် နွေးထွေးပြီး နှစ်သိမ့်ပေးတယ်လို့ သူ့ကို ခံစားစေချင်ခဲ့တယ်။ အဲဒီအခါ သူက ကျေးဇူးတင်ပြီး ကျွန်တော့်အပေါ် ကောင်းတဲ့ ထင်မြင်ချက် ရှိမှာလေ။ “အခြားသူများကို မည်သည့်အခါမျှ မစော်ကားပါနှင့်”၊ “ပွင့်လင်းခြင်းက စိတ်အနှောင့်အယှက်သာ ဖြစ်စေသည့်အတွက်၊ အခြားသူများ၏ ခံစားချက်နှင့်အညီ စကားပြောပါ”၊ “မိတ်ဆွေကောင်း စိတ်ကျေနပ်စေဖို့ မြင်သမျှ မပြောနှင့်” အစရှိတဲ့၊ မယုံကြည်သူတွေရဲ့ လောကီ အတွေးအခေါ်တွေကို ကျွန်တော် သုံးနေခဲ့တာ။ အဲဒါတွေ အားလုံးက ဆိုးယုတ်တယ်၊ လိုက်နာရမဲ့ လောကီစကားတွေနဲ့ လုံးဝ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေပဲ။ မယုံကြည်သူတွေအားလုံးက ဆိုးယုတ်တဲ့ တွေးခေါ်မှုစနစ်ပေါ် အခြေခံပြီး ဆက်ဆံကြတယ်။ မှန်တဲ့၊ စစ်မှန်ရိုးသားတဲ့ စကားတစ်ခွန်းမှ မပြောဘဲ၊ အမြဲ မျက်နှာလိုမျက်နှာရလုပ်ပြီး သူတော်ကောင်းယောင်ဆောင်နေကြတယ်။ သူတို့အားလုံးက ဟန်ဆောင်ပြီး သူတို့ ပြောသမျှတိုင်းမှာ လှည့်စားချက်နဲ့ တခြားလူတွေကို စမ်းကြည့်ကြတယ်။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော် အများကြီးဖတ်ခဲ့တဲ့ အချိန်အတော်ကြာ ယုံကြည်သူဖြစ်ခဲ့တဲ့သူအနေနဲ့၊ ကျွန်တော်က သမ္မာတရားနဲ့ ကိုက်ညီတဲ့ အရာတစ်ခုကိုတောင် မပြောနိုင်သေးဘူး။ အဲဒီအစား၊ မယုံကြည်သူလိုပဲ ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို သုံးပြီး ပိုမယုံကြည်စရာဖြစ်ပြီး လှည့်ဖြားတတ်လာရင်းနဲ့ စာတန်အတွက် အသုံးခံတဲ့အရာတစ်ခု ဖြစ်ခဲ့တယ်။ သနားစရာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကို သတိရမိတယ်။ “အကယ်၍ ယုံကြည်သူများသည် မိမိတို့၏ အပြောအဆိုနှင့် အပြုအမူတို့၌ မယုံကြည်သူများကဲ့သို့ပင် လေးနက်မှုမရှိဘဲ၊ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ပါက၊ ၎င်းတို့သည် မယုံကြည်သူထက်ပင် ပို၍ ဆိုးယုတ်ကြ၏။ ၎င်းတို့သည် သမားရိုးကျ နတ်ဆိုးများ ဖြစ်ကြလေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်)သင်သည် ဘုရားသခင်၏မျက်မှောက်၌ ရှိလေလေ၊ သင် အတွေ့အကြုံများကို ရရှိလေလေ ဖြစ်လိမ့်မည်။ သင်သည် ကမ္ဘာလောကထဲတွင် သားရဲတစ်ကောင်ကဲ့သို့ ဆက်လက်နေထိုင်ပြီး၊ သင့်နှုတ်ဖျားက ဘုရားသခင်ကို ယုံကြည်ကြောင်း ကြွေးကြော်နေသော်လည်း၊ သင့်စိတ်နှလုံးက အခြားတစ်နေရာ ရောက်ရှိနေကာ၊ သင်သည် ရှင်သန်မှုအတွက် လောကီ အတွေးအခေါ်များကို သင်ယူဆဲဖြစ်ပါက၊ ယခင်က သင်၏ အားထုတ်မှုများ အားလုံးမှာ အချည်းနှီးဖြစ်သွားလိမ့်မည် မဟုတ်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အတွေ့အကြုံနှင့်ပတ်သက်၍) ယုံကြည်ခဲ့တဲ့နှစ်တွေတစ်လျှောက်မှာ၊ သမ္မာတရားကို ကျွန်တော် ရခဲ့၊ ရိုးရှင်း၊ ရိုးသားတဲ့ လူတစ်ယောက်ဖြစ်လာခဲ့ပေမဲ့၊ လောကီ သဘောတွေကို ဖက်တွယ်ခဲ့တယ်။ သမ္မာတရားကို ချစ်တဲ့သူ၊ လက်ခံတဲ့သူ မဟုတ်ခဲ့မှန်း တွေ့ရတယ်။ ဘုရားရှေ့ကို လာပြီး ကျွန်တော် ဆုတောင်းခဲ့တယ်၊ “ဘုရားသခင်၊ ကျွန်တော့်ရဲ့ စကား၊ လုပ်ရပ်တွေမှာ လူသားပုံသဏ္ဍာန်တစ်ခုမှ မရှိပါဘူး။ အရမ်း ဆိုးယုတ်ပြီး ဉာဏ်များခဲ့ပါတယ်။ ကျွန်တော် နောင်တရပြီး ဆိုးယုတ်တဲ့၊ လောကီ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာကို ရပ်ချင်ပါတယ်”လို့ပေါ့။

အဲဒီအတွေ့အကြုံနဲ့ သင်ခန်းစာကတစ်ဆင့်၊ အဲဒီနောက် တခြားလူတွေနဲ့ ကျွန်တော့် ဆက်ဆံရေးနဲ့ တာဝန်မှာ ကျွန်တော် သတိဝီရိယရှိနိုင်ခဲ့ပြီး၊ လူတွေကို အကျိုးရှိစေမဲ့၊ မယုံကြည်ရတဲ့ လူအကြိုက်လိုက်သူတစ်ယောက် မဖြစ်မဲ့ နည်းလမ်းတွေနဲ့ စကားပြောတာကို လက်တွေ့လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ စာတန်ရဲ့ အရမ်းကို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရတော့ တစ်စုံတစ်ခုက ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ အကျိုးစီးပွားတွေ ပါဝင်တဲ့အခါ၊ ထပ်မလုပ်ဘဲ မနေနိုင်ခဲ့ဘူး။

အဲဒီနောက်မှာ ဗီဒီယိုထုတ်လုပ်ရေးနဲ့ပတ်သက်လို့ အစ်မကို ချင်နဲ့အတူ အလုပ်လုပ်ခဲ့တယ်။ သူက အားကောင်းတဲ့ အယူအဆမျိုးတွေ ရှိပြီး ကျွန်တော့်ထက် အလုပ်အကြောင်း အများကြီး ပိုသိခဲ့တယ်။ ကျွန်တော်က မာနထောင်လွှားတဲ့ ဘာကိုမှမသိခဲ့သူတစ်ယောက်လို့ သူ ထင်မြင်ချက် ရှိမသွားအောင်လို့ ကျွန်တော့်အအနေနဲ့ ရိုးရိုးကုပ်ကုပ် နေသင့်တယ်လို့ ခံစားရတယ်။ ဒါကြောင့် တာဝန်တွေ လုပ်တဲ့အတောအတွင်းမှာ “သဟဇာတဖြစ်ခြင်းသည် ဘဏ္ဍာသိုက်တစ်ခု၊ သည်းခံစိတ်ရှည်ခြင်းက ဂုဏ်ရည်တစ်ခုဖြစ်သည်” ဆိုတာကို ဖက်တွယ်ဖို့ ကြိုးစားခဲ့တယ်။ တစ်ခါတစ်လေ သူလုပ်နေတဲ့ ဗီဒီယိုတွေမှာ ပြဿနာနဲ့ အမှားတချို့ တွေ့ခဲ့ပြီး၊ အဲဒါတွေကို ပြင်ဖို့ ကျွန်တော် အကြံပေးခဲ့ပေမဲ့ သူက ကျွန်တော်ပြောတာတွေကို ပြဿနာတွေလို့ မတွေးခဲ့ဘူး။ ဆင်ခြေနဲ့ အယူအဆတချို့ကိုပဲ ဝေမျှခဲ့တယ်။ သူ့ကို ကျွန်တော် လုံးဝ သဘောမတူခဲ့ပေမဲ့၊ ဆက်ဆွေးနွေးတာက ကျွန်တော်တို့ကို မဆုတ်သာမတိုးသာတဲ့ အခြေအနေဖြစ်စေမှာ၊ အငြင်းပွားစေမှာ၊ အဲဒီအခါမှာ လူတိုင်းက ကျွန်တော့်ကို ခေါင်းမာတယ်လို့ ပြောမှာ စိုးခဲ့တယ်။ အဲဒီလို တွေးမိတဲ့အချိန်မှာ ကျွန်တော် အဲဒါကို လွတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဆုတောင်းပြီး ရှာဖွေမဲ့အစား၊ လအနည်းငယ်ကြာ အဲဒီအတိုင်း သူနဲ့ အလုပ်လုပ်ခဲ့တဲ့နောက်၊ ကျွန်တော်တို့ ဗီဒီယိုတွေက ဟိုဟိုသည်သည် ပြဿနာတွေနဲ့ ထွက်လာခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီပြဿနာတွေက ပထမဆုံး ကျွန်တော် ထောက်ပြခဲ့တာတွေဖြစ်မှန်း သိလိုက်ရပြီး၊ အဲဒီဗီဒီယိုတွေကို ကျွန်တော်တို့ ပြန်လုပ်ခဲ့ရတယ်။ အစ်ကိုချင်က မာနထောင်လွှားပြီး ခေါင်းမာတဲ့အတွက် နောက်ဆုံးမှာ အထုတ်ခံလိုက်ရတယ်။ အဲဒီဗီဒီယိုတွေက နောက်ဆုံးမှာ ပြီးသွားခဲ့ပေမဲ့၊ အဲဒါနဲ့ပတ်သက်လို့ စိတ်ထဲမှာ တည်ငြိမ်မှု မရှိသလို၊ အေးချမ်းမှုလည်း မရှိခဲ့ဘူး။ စိတ်မသက်မသာနဲ့ အပြစ်ရှိတဲ့စိတ် ခံစားခဲ့ရတယ်။ ကျွန်တော်က အပေါ်ယံ သဟဇာတဖြစ်တာကို ထိန်းသိမ်းဖို့ ကိုယ့်တာဝန်မှာ အမြဲ လူ့အကြိုက်လိုက်သူ ဖြစ်ခဲ့လို့ တခြားလူတွေကို စိတ်ဆိုးစေမိမှာ ကြောက်ရာကနေ စဉ်းမျဉ်းတွေကို မထိန်းသိမ်းခဲ့မှန်း တွေ့ရတယ်။ ကျွန်တော်က စစ်မှန်တဲ့ တွဲဖက်မဟုတ်ခဲ့သလို၊ ဘုရားအိမ်တော်ရဲ့ ဗီဒီယိုလုပ်ငန်းကို ဟန့်တားနေမိခဲ့တယ်။ လုံးဝကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတယ်။ နောက်တော့ ခေါင်းဆောင်က ကျွန်တော့်ကို စကားလာပြောပြီး၊ “ညီအစ်ကို မောင်နှမတွေနဲ့ အလုပ်လုပ်ရာမှာ ရှင်က သမ္မာတရားရဲ့ စည်းမျဉ်းတွေကို မထိန်းသိမ်းခဲ့ဘူး။ တစ်ယောက်ယောက်ရဲ့ အယူအဆတွေ မှားမှန်း စောစောက ရှင်းရှင်းလင်းလင်း သိခဲ့ပေမဲ့ အငြင်းပွားတာ တစ်ခုတစ်လေကို တားဆီးဖို့နဲ့ ရှင့်အပေါ် သူတို့ရဲ့ အမြင်ကို ကာကွယ်ဖို့ အဲဒါတွေကို ကြောင်းကျိုးမမြင်ဘဲ လိုက်နာနေတုန်းပဲ။ အဲဒီတော့ ဗီဒီယိုတွေက ပြန်လုပ်ရပြီး ကျွန်မတို့ရဲ့ တိုးတက်မှုကို တားလိုက်တဲ့ သဘောဖြစ်သွားတယ်” လို့ ပြောပြီး ကျွန်တော့်ကို ဖော်ခဲ့တယ်။ နောက်တော့ သူက ပြောတယ်၊ “ရှင်က အလိုက်သင့်လုပ်တတ်တယ်၊ ရှင့်အနေနဲ့ သမ္မာတရားကို ရှာပြီး ဒါကို ချက်ချင်း ဖြေရှင်းဖို့ လိုတယ်” တဲ့။ အဲဒါက ကျွန်တော့်အတွက် နားထောင်ရခက်တယ်။ နောက်ထပ် ရက်အနည်းငယ်ကြာ ဒီအရာအပေါ် ကျွန်တော် ဆုတောင်းပြီး သုံးသပ်နေမိသလို၊ အဲဒါကို သုံးသပ်ဖို့ ကျွန်တော့်ကို ကူညီမဲ့ ဘုရားနှုတ်ကပတ်တော်‌တွေကို ရှာခဲ့တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ပုံပန်းသဏ္ဌာန်အားလုံးတွင် အန္တိခရစ်၏ စကားတို့သည် အထူးသဖြင့် ကြင်နာသည့်၊ ယဉ်ကျေးမှုရှိသည့်၊ ဂုဏ်ရှိသည့်ပုံပေါ်သည်။ အသင်းတော် အလုပ်၌ စည်းမျဉ်းများကို ချိုးဖောက်သည့် မည်သူမဆို၊ ဝင်ရောက်စွက်ဖက် နှောင့်ယှက်တတ်သည့်သူ၊ ဖော်ထုတ်ခံရခြင်း၊ သို့မဟုတ် ဝေဖန်ခံရခြင်း မရှိသည့် မည်သူမဆို၊ ၎င်းတို့သည် မည်သူပင်ဖြစ်စေ အန္တိခရစ်သည် ၎င်းတို့က ကိစ္စအားလုံးတွင် သဘောထားကြီးသည်ဟု လူတို့အား ထင်မြင်စေလျက် မျက်ကွယ်ပြုကြသည်။ လူတို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် စက်ဆုပ်ဖွယ်အမှုတိုင်းသည် အကောင်းမြင် ခံရပြီး သည်းခံပေးသည်။ ၎င်းတို့သည် တိုး၍စိတ်မဆိုးပေ၊ သို့မဟုတ် ဒေါသအမျက်မထွက်ပေ။ ၎င်းတို့ အမှားတစ်စုံတစ်ခု လုပ်ပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ထိခိုက်သည့်အခါ၊ စိတ်တိုကြလိမ့်မည်မဟုတ်သကဲ့သို့ လူတို့ကို အပြစ်တင်ကြလိမ့်မည် မဟုတ်ပေ။ မည်သူက မကောင်းမှု ကျူးလွန်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ပါစေ၊ ဤအရာသည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလား၊ ၎င်းတို့က အလေးမထားပေ၊ ပြီးလျှင် ယင်းကြောင့် လူများကို ၎င်းတို့ မည်သည့်အခါမျှ စိတ်ဆိုးအောင်လုပ်မည် မဟုတ်ပေ။ ၎င်းတို့သည် မည်သည့်အရာကို စိတ်အဝင်စားဆုံး ဖြစ်သနည်း။ လူများစွာက ၎င်းတို့ကို အထင်ကြီးသည်ကိုလည်းကောင်း၊ ၎င်းတို့ ဆင်းရဲဒုက္ခ ခံသည့်အခါတွင် လူမည်မျှ မြင်တွေ့ပြီး ယင်းအတွက် ၎င်းတို့ကို လေးစားအားကျသည်ကိုလည်းကောင်း ၎င်းတို့ စိတ်ဝင်စားကြသည်။ ဆင်းရဲဒုက္ခခံခြင်းသည် မည်သည့်အခါမျှ အချည်းနှီးမဟုတ်ဟု အန္တိခရစ်တို့က ယုံကြည်ကြသည်။ မည်သည့် ဆင်းရဲဒုက္ခကို ၎င်းတို့ခံရပါစေ၊ မည်သည့်အဖိုးအခကို ၎င်းတို့ ပေးရပါစေ၊ ၎င်းတို့ မည်သည့်ကောင်းမှုကို လုပ်ပါစေ၊ အခြားသူများအပေါ် ၎င်းတို့ မည်မျှ ဂရုစိုက်ပြီး၊ အလေးထားကာ၊ ချစ်ခင်ပါစေ၊ ဤအရာအားလုံးကို အခြားသူများရှေ့တွင် လုပ်ဆောင်ရမည်ဖြစ်ပြီး ပို၍များသော လူများက ယင်းကို တွေ့မြင်ရမည် ဖြစ်သည်။ ပြီးလျှင် ထိုသို့ လုပ်ဆောင်ခြင်း၌ ၎င်းတို့၏ ရည်မှန်းချက်က အဘယ်နည်း။ လူများကို စည်းရုံးသိမ်းသွင်းရန်၊ ၎င်းတို့၏ လုပ်ဆောင်မှုများ၊ ၎င်းတို့၏ အပြုအမူ၊ ၎င်းတို့၏ စရိုက်လက္ခဏာတို့အပေါ် လူများက အထင်ကြီးပြီး လက်ခံအောင်ပြုလုပ်ရန်ဖြစ်သည်။ ပို၍များသော လူများက အကူအညီတောင်းရန် ၎င်းတို့ထံသို့ လာစေဖို့အလို့ငှာ၊ မိမိတို့၏ အပြင်ပန်း အပြုအမူမှတစ်ဆင့် မိမိတို့ကိုယ်ကိုယ် လူကောင်း တစ်ယောက်အနေဖြင့် ပုံရိပ်တစ်ခု တည်ထောင်ဖို့ ကြိုးစားသည့် အန္တိခရစ်များလည်း ရှိသည်။...၎င်းတို့၏လုပ်ရပ်များက လူများ၏ စိတ်နှလုံးထဲတွင် ကြည်ညိုမှုသက်သက် ဖြစ်စေရုံမျှက— ထိုလုပ်ရပ်များက ၎င်းတို့ကို ထိုနေရာတွင် နေရာတစ်ခုလည်း ပေးသည်။ အန္တိခရစ်တို့က ဘုရားသခင်၏ နေရာကို ယူလိုသည်။ ဤအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တွင် ဤသည်မှာ ၎င်းတို့ ရည်မှန်းထားသည့် အရာဖြစ်သည်။ သိသာထင်ရှားစွာပင် ၎င်းတို့၏ လုပ်ရပ်များက စောစီးစွာ အကျိုးများ ရရှိနှင့်ပြီးဖြစ်သည်။ ဤလူများ၏ စိတ်နှလုံးထဲတွင် ချင့်ချိန်နိုင်စွမ်း မရှိဘဲ၊ ယခုအခါတွင် အန္တိခရစ်တို့က နေရာတစ်ခုရှိပြီး ယခုအခါတွင် ၎င်းတို့ကို ကြည်ညိုကာ လေးစားအားကျသည့်သူများ ရှိလေသည်။ ယင်းက အန္တိခရစ်တို့၏ ရည်မှန်းချက် အတိအကျပင် ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၁၀)”) အန္တိခရစ်တွေက တကယ်ကို ဆိုးယုတ်ပြီး စက်ဆုပ်စရာဖြစ်ကြောင်း၊ သူတို့ဟာ တစ်ဦးတည်းသော နားလည်ပေးတဲ့သူတွေ ဖြစ်တယ်လို့ လူတွေ ထင်အောင်၊ ဒီလိုနဲ့ နှစ်သိမ့်မှုအတွက် သူတို့ကို ရှာအောင်လို့ ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ပြီး တခြားလူတွေရဲ့ စိတ်နှလုံးတွေကို ရင်းယူဖို့ ကောင်းကောင်းပြုမူပြီး ချိုသာတဲ့ အရာတွေ ပြောကြတယ်။ အဲဒါက လူတွေကို ဘုရားဆီက ပိုဝေးသွားစေသလို၊ အန္တိခရစ်တွေက သူတို့နှလုံးသားထဲက ဘုရားရဲ့ နေရာကို ယူလိုက်ကြတယ်။ ကျွန်တော်က အဲဒီအတိုင်းပဲ ပြုမူနေခဲ့မှန်း တွေ့ရတယ်။ ကျွန်တော်တို့ တာဝန်တွေမှာ၊ ညီအစ်ကို မောင်နှမတွေက ကိစ္စတွေကို တင်ပြပြီး အချင်းချင်း ကူညီဖို့ လိုတယ်၊ ဒါပေမဲ့ ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့သက်သက်နဲ့ ဘယ်စိတ်အနှောင့်အယှက်ဖြစ်စရာကိုမဆို ကျွန်တော် ရှောင်နေမိခဲ့တယ်။ အစ်ကိုချင်ရဲ့ ဗီဒီယို ထုတ်လုပ်ရေးမှာ ပြဿနာအချို့ကို တွေ့ခဲ့ပြီး၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ကျွန်တော် မထိန်းသိမ်းခဲ့ဘဲ၊ ရေစီးအတိုင်းပဲ လိုက်ခဲ့တယ်၊ သမ္မာတရားကို လက်တွေ့မလုပ်ဘဲ လူကောင်းတစ်ယောက် ဖြစ်ခဲ့တယ်။ ကျွန်တော်က သိပ်မာနမထောင်လွှားဘူး၊ စိတ်ရှည်ပြီး နားလည်တတ်သလို၊ မေတ္တာကရုဏာတရား ကြီးမားတယ်လို့ လူတိုင်းကို ထင်စေချင်ခဲ့တယ်။ ကျွန်တော့်ကို နှစ်သက်ပြီး ကျွန်တော့်အပေါ် ထင်မြင်ချက်ကောင်းရှိအောင်လို့ ကျွန်တော်နဲ့ ဆက်ဆံတဲ့ လူတိုင်းကို ပျော်စေချင်ခဲ့တယ်။ ဒီဆိုးယုတ်တဲ့ ရည်မှန်းချက် ရရှိဖို့၊ အပြုသဘောဆောင်တဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ ကြိုးပမ်းရာမှာ အသင်းတော်ရဲ့ အလုပ်ကိုတောင် အလွတ်မပေးခဲ့ဘူး။ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ဆိုးယုတ်ခဲ့တာ။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖော်ပြခြင်းကနေ၊ လူကောင်းဖြစ်ခြင်းအားဖြင့်၊ ကျွန်တော်က အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် ရှိခဲ့မှန်း တွေ့ရတယ်။ ဒါကို သဘောပေါက်တော့ ကျွန်တော် အရမ်းအပြစ်ရှိတဲ့စိတ် ခံစားရတယ်။ အဲဒီနောက်မှာ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဆက်သုံးသပ်နေမိတယ်။ ယုံကြည်သူအနေနဲ့ ကျွန်တော့် အချိန်အားလုံးကို ပြန်တွေးကြည့်တော့၊ တခြားလူတွေနဲ့ ပတ်သက်လို့ ကျွန်တော် ချိုသာတဲ့ မျက်နှာ အမြဲ ထားခဲ့တယ်။ ပျိုးထောင်ခံရပြီး ကြင်နာပုံရတဲ့ သူတစ်ယောက်တွေ့တဲ့အခါတိုင်း၊ အတုယူဖို့ ကြိုးစားခဲ့တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်ထဲက ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့ အပူအပင်မထားဘဲ ချဉ်းကပ်လို့ရတဲ့ပုံ ပေါ်စေချင်ခဲ့တယ်။ တခြားလူတွေရဲ့ ပြဿနာတွေ၊ ဖောက်ပြန်ပျက်စီးမှု သူတို့ ထုတ်ဖော်တာ မြင်ရတဲ့အခါ သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေမှာ စိုးလို့ တစ်ခါမှ ထုတ်မပြောသလောက်ပဲ။ အရင်က ဧဝံဂေလိ သင်းထောက် ဖြစ်ခဲ့တုန်းက၊ ကျွန်တော် ခပ်လျှိုလျှိုနေပြီး၊ နှိမ့်ချခြင်းနဲ့ စကားပြောဖို့ အမြဲကြိုးစားခဲ့တာ မှတ်မိသေးတယ်။ တခြားလူတွေက သူတို့တာဝန်မှာ အရမ်းကို သာမန်ကာလျှံကာ ဖြစ်နေပြီး ကိုယ်ကျင့်တရားမကောင်းတာ မြင်တော့၊ အဲဒါကို တင်ပြလိုက်ရင် သူတို့ စိတ်ကျဉ်းကျပ်သွားမှာ၊ တခြားလူတွေက ကျွန်တော့်ကို မကောင်းမြင်မှာ စိုးခဲ့တယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာနဲ့ ကူညီလိုတဲ့ ဆန္ဒလို့ခေါ်တဲ့အရာကနေ ကိုယ့်စကားနဲ့ပတ်သက်လို့ သတိထားခဲ့သလို၊ နူးညံ့သိမ်မွေ့ပြီး သွယ်ဝိုက်ခဲ့တယ်။ ဘယ်သူ့ကိုမှ လုံးဝ တိုက်ရိုက် ထိပ်တိုက်မတွေ့ခဲ့ဘူး၊ သူတို့လုပ်ခဲ့တဲ့အရာရဲ့ ပြင်းထန်မှုကို မြင်အောင် မကူညီခဲ့ဘူး။ သွယ်ဝိုက် အရိပ်အယောင်ပဲ ပေးခဲ့တယ်။ တစ်ယောက်ယောက်ကို ထုတ်ပယ်ပြီး မိတ်သဟာယပြုရတော့မယ်ဆိုရင်၊ အဲဒါက စိတ်အနှောင့်အယှက်ဖြစ်စရာလို့ ခံစားပြီး ဘာပြောရမှန်းတောင် မသိခဲ့ဘူး။ ကျွန်တော့်ကိုယ်စား တခြားလူတွေကို အမြဲ မိတ်သဟာပြုပေးစေချင်ခဲ့ပြီး ကိုယ်ကတော့ သွားပုန်းနေလိုက်တယ်။ ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို အဲဒီလို ကာကွယ်ဖို့ အစွမ်းကုန် လုပ်ခဲ့ပြီး၊ ကျွန်တော်က ဟန်လုံးဝ မလုပ်သလို၊ အဆင်ပြေဖို့ လွယ်တယ်လို့ ညီအစ်ကို မောင်နှမတွေက ပြောကြတယ်။ အဲဒီအတွက်နဲ့ ကျွန်တော့်ကို ခေါင်းဆောင်ရာထူးတစ်ခုအတွက်တောင် ထောက်ခံခဲ့ကြတယ်၊ ကျွန်တော့်မှာ ကောင်းမွန်တဲ့ လူ့သဘာဝရှိပြီး တခြားလူတွေကို မဆန့်ကျင်ဘူးလို့ တွေးရင်းနဲ့ပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်ခဲ့တယ်။ သူတို့ နှလုံးသားထဲက ဘုရားရဲ့နေရာကို ယူဖို့ ကြိုးစားရင်းနဲ့ အန္တိခရစ်တွေက လူတွေကို လှည့်စားပြီး ပိတ်လှောင်ဖို့ အပေါ်ယံ အပြုအမူကောင်းတွေကို သုံးကြတယ်။ ကျွန်တော့်မှာလည်း အဲဒီရည်ရွယ်ချက်နဲ့ ရည်မှန်းချက်တွေ စိတ်နှလုံးမှာ ရှိမှန်း သဘောပေါက်ခဲ့တယ်။ ကျွန်တော့်ရဲ့ စက်ဆုပ်စရာ ရည်ရွယ်ချက်နဲ့ ဖောက်ပြန်ပျက်စီးတဲ့ သဘာဝအပေါ် လုံးဝ မသုံးသပ်ခဲ့သလို၊ လူကောင်းဖြစ်တာနဲ့ပတ်သက်လို့ ဘာမှားတာမှ မရှိသလို ခံစားခဲ့တယ်။ တခြားလူတွေရဲ့ လက်ခံမှုနဲ့ အားပေးမှုကို ရဖို့နဲ့ ချီးကျူးတာတွေ ရဖို့ လွယ်တယ်။ သိပ်ကောင်းတဲ့ အသက်ရှင်နည်းလို ခံစားရတယ်။ ဒါပေမဲ့ အခုတော့ တခြားလူတွေကို လှည့်ဖြားရင်း၊ သူတို့ကို အယုံသွင်းရင်း၊ ဘုရားရဲ့ အမှုတော်ကို သေးသိမ်စေဖို့ အန္တိခရစ်လို ပြုမူရင်းနဲ့ အသိုသိပ်ဆုံး၊ ခိုးကြောက်ခိုးဝှက် အဖြစ်ဆုံးနည်းနဲ့ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နေခဲ့တာပဲ။

ကျွန်တော့်ရဲ့ ဝတ်ပြုဆုတောင်းခြင်းတွေမှာ ကျွန်မအတွက် ခံစားချက်တချို့ကို တကယ် လှုံ့ဆော်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ် ဖတ်ခဲ့တယ်။ “သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းသည် ပြစ်မှားမှုဖြစ်သည်။ နောက်တစ်ဖန် သင့်ထံ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဆဲဖြစ်လျှင်၊ သင်ကိုယ်တိုင်၏ အကျိုးစီးပွား၊ ပကာသနနှင့် မာန်မာနကို ကာကွယ်ရန် သမ္မာတရားကို စွန့်ပစ်လျှင် ဤသည်မှာ မည်သည့် အပြုအမူမျိုးဖြစ်သနည်း။ ဤသည်မှာ မကောင်းမှုကို ကျူးလွန်ခြင်းဖြစ်သလော။ သင်သည် မည်သည့်အချိန်တွင်မျှ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ သင်၏ ပြစ်မှားမှုများသည် ပို၍အစဉ်များပြားလာလျှင် သင်၏ အဆုံးသတ်ကို သတ်မှတ်ဆုံးဖြတ်ထားနှင့်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုများကို စာရင်းချုပ်ပြီး၊ သင်၏ ရွေးချယ်မှုများ၊ သင်လိုက်စားသောအရာများ၊ သင်၏ တစ်ကိုယ်ရေအလိုဆန္ဒနှင့် အမှုအရာများကိုလုပ်ဆောင်သောအခါ သင်ရွေးချယ်သော လမ်းကြောင်းများနှင့် သင်လျှောက်လှမ်းသော ဦးတည်ချက်များနှင့် ထပ်ပေါင်းလိုက်လျှင် ဤအရာအားလုံးကို စာရင်းချုပ်လိုက်လျှင်၊ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်ရန် ဖြစ်နိုင်သည်။ သင်သည် ငရဲထဲသို့ ပစ်ချခံရသင့်သည်။ ဤသည်မှာ သင်အပြစ်ဒဏ်ခံရမည်ဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သင်တို့ မည်သို့ ဆိုသနည်း။ ဤသည်မှာ အရေးမပါသော အရာတစ်ခုဖြစ်သလော။ ပေါင်းလိုက်သည့်အခါ၊ သင်၏ ပြစ်မှားမှုများအားလုံးသည်မကောင်းမှုပေါင်းချုပ်ကြီးဖြစ်လာသည်။ ထို့ကြောင့် သင်သည် အပြစ်ပေးခံရသင့်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လက်မခံသည့်အခါတွင်ဖြစ်သော အဆုံးစွန် အကျိုးဆက်ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးအပိုင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်”) ကျွန်တော်က အမြဲ လူကောင်းတစ်ယောက်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ တခြားလူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရာမှာ အသင်းတော်အလုပ်ကို အမြဲ အထိခိုက်ခံခဲ့တယ်။ တခြားလူတွေရဲ့ စိတ်နှလုံးကို အရယူဖို့ဆိုတဲ့ မကောင်းတဲ့ ရည်ရွယ်ချက်အတွက် ဖြစ်ခဲ့တယ်။ လုံးဝ ဆိုးယုတ်တာ။ အဲဒီလို ဆက်သွားခဲ့ရင်၊ ဘုရားရဲ့ စွန့်ပစ်ပြီး အပြစ်ပေးတာနဲ့ အဆုံးသတ်ရမှာပဲ။ ဘုရားနှုတ်ကပတ်တော်တွေကနေ၊ သူ့ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားနဲ့ သမ္မာတရားကို လက်တွေ့မလုပ်သူတွေကို သူ စက်ဆုပ်ပုံကို ကျွန်တော် ခံစားလို့ရတယ်။ ချက်ချင်း ကျွန်‌တော် နောင်တရချင်ခဲ့တယ်၊ သမ္မာတရားကို ရှာဖွေပြီး လူ့အကြိုက်လိုက်တဲ့ စိတ်သဘောထားကို ဖြေရှင်းချင်ခဲ့တယ်။

အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်နှင့် သင်၏ဆက်ဆံရေး ပုံမှန်ဖြစ်လာသည့်အခါ သင်သည် လူများနှင့်လည်း ပုံမှန်ဆက်ဆံရေးများ ရှိလိမ့်မည်။ ဘုရားသခင်နှင့် ပုံမှန်ပေါင်းသင်းဆက်ဆံရေး တည်ဆောက်ဖို့အလို့ငှာ၊ အရာအားလုံးကို ဘုရားနှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည်၊ သင်၏တာဝန်ကို ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ဘုရားသခင် တောင်းဆိုသည့်အရာတို့နှင့်အညီ ထမ်းဆောင်နိုင်ရမည် ဖြစ်သည်၊ သင်၏အမြင်များကို ပြင်ဆင်ရမည်ဖြစ်ပြီး အရာခပ်သိမ်းတွင် သမ္မာတရားကို ရှာဖွေရမည် ဖြစ်သည်။ သမ္မာတရားကို သင်နားလည်သောအခါတွင် ယင်းကို သင် လက်တွေ့လုပ်ဆောင်ရမည်ဖြစ်ပြီး သင့်ကို မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သင်သည် ဘုရားသခင်ထံ ဆုတောင်းရမည် ဖြစ်ကာ ဘုရားသခင်ကို နာခံခြင်း စိတ်နှလုံးဖြင့် ရှာဖွေရမည်။ ထိုသို့လက်တွေ့လုပ်ဆောင်ခြင်းဖြင့်၊ သင်သည် ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်လိမ့်မည်။ တစ်ချိန်တည်းမှာပင် သင်၏တာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်ရင်း ဘုရားသခင် ရွေးချယ်ထားသူများ၏ အသက်ဝင်ရောက်မှုကို အကျိုးမဖြစ်စေသည့်အရာ တစ်ခုမျှ မလုပ်မိစေရန်လည်း သေချာစေရမည်၊ ပြီးလျှင် ညီအစ်ကိုမောင်နှမများကို အထောက်အကူ မဖြစ်စေသည့်အရာကို ပြော၍မဖြစ်ပေ။ ယုတ်စွအဆုံး၊ သင်၏အသိစိတ်ကို ဆန့်ကျင်သည့် မည်သည့်အရာကိုမျှ လုပ်၍မဖြစ်သကဲ့သို့၊ ရှက်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ လုံးဝ လုပ်ဆောင်၍မဖြစ်ပေ။ အထူးသဖြင့် ဘုရားသခင်ကို ပုန်ကန်သောအရာ၊ သို့မဟုတ် ခုခံသောအရာကို သင် လုံးဝ လုပ်ဆောင်၍မဖြစ်ပေ၊ ပြီးလျှင် အသင်းတော်၏ အလုပ်၊ သို့မဟုတ် အသင်းတော်အသက်တာကို နှောင့်ယှက်သည့်အရာ တစ်ခုမျှ သင် လုပ်၍မဖြစ်ပေ။ သင် လုပ်သမျှတိုင်းတွင် တရားမျှတပြီး ဂုဏ်သိက္ခာရှိကာ သင်၏ လုပ်ရပ်တိုင်းက ဘုရားသခင်၏ ရှေ့မှောက်၌ တင့်တယ်သည်ကို သေချာစေလော့။ တစ်ခါတစ်ရံတွင် ဇာတိပကတိသည် အားနည်းကောင်း အားနည်းနိုင်သော်လည်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက် လောဘမကြီးဘဲ၊ တစ်ကိုယ်ကောင်းဆန်သည့်အရာ၊ သို့မဟုတ် စက်ဆုပ်ဖွယ်ကောင်းသည့်အရာ တစ်ခုမျှ မလုပ်ဘဲ၊ သင့်ကိုယ်သင် မကြာခဏ သုံးသပ်လျက်၊ ဘုရားသခင်၏မိသားစု အကျိုးများကို သင် ဦးစားပေးနိုင်ရမည်ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ရှေ့မှောက်တွင် မကြာခဏ အသက်ရှင်နိုင်လိမ့်မည် ဖြစ်ပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးသည် လုံးလုံး ပုံမှန်ဖြစ်လာပေလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေး မည်သို့ရှိသနည်း)မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းနေသည့်သူများ အားလုံးအတွက်မူ၊ သမ္မာတရားကို ၎င်းတို့၏နားလည်ခြင်းသည် မည်မျှ နက်နဲပါစေ၊ သို့မဟုတ် မည်မျှပေါ့တန်ပါစေ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ဖို့ အရိုးရှင်းဆုံး လက်တွေ့လုပ်ဆောင်ခြင်း နည်းလမ်းမှာ အရာအားလုံး၌ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို တွေးဖို့ရန်နှင့် တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများ၊ တစ်ဦးချင်းစီ၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များ၊ ဂုဏ်သတင်းနှင့် ဂုဏ်အဆင့်အတန်းတို့ကို လက်လွှတ်ဖို့ ဖြစ်သည်။ ဘုရားသခင့် အိမ်တော်၏ အကျိုးစီးပွားများကို ဦးစားပေးလော့— ဤသည်မှာ အနည်းဆုံး လုပ်ဆောင်သင့်သည့် အရာဖြစ်၏။ မိမိ၏ တာဝန်ကို ဆောင်ရွက်နေသည့် လူတစ်ဦးသည် ဤမျှလောက်ပင် မလုပ်ဆောင်နိုင်လျှင်၊ မိမိ၏ တာဝန်ကို လုပ်ဆောင်နေပါသည်ဟု ၎င်းကို အဘယ်သို့ ပြောနိုင်မည်နည်း။ ဤသည်မှာ လူတစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်း မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးများကို သင် ပထမဦးဆုံး စဉ်းစားသင့်သည်၊ ဘုရားသခင်၏ အလိုတော်နှင့် အသင်းတော အလုပ်တို့ကို စဉ်းစားသင့်ပြီး၊ ဤအရာများကို ဦးစားပေးသင့်၏။ ထို့နောက်တွင်မှ၊ သင့်အဆင့်အတန်း၏ တည်ငြိမ်မှု သို့မဟုတ် အခြားသူများက သင့်ကို မည်သို့ မြင်သည်တို့နှင့်ပတ်သက်၍ သင် စဉ်းစားနိုင်သည်။ ယင်းကို ဤအဆင့်များအဖြစ်သို့ ပိုင်းခြားလိုက်ပြီး အပေးအယူအချို့ ပြုလုပ်သည့်အခါ၊ အနည်းငယ် ပိုမို လွယ်ကူသွားသည်ဟု သင် မခံစားရသလော။ ခဏတာ ဤအရာကို သင် လက်တွေ့လုပ်ဆောင်လျှင်၊ ဘုရားသခင်ကို စိတ်ကျေနပ်စေခြင်းမှာ ခက်ခဲခြင်းမရှိဟု သင် ခံစားလာရလိမ့်မည်။ ထို့အပြင်၊ သင်၏ တာဝန်များကို သင်ဖြည့်ဆည်းနိုင်သင့်သည်၊ သင်၏ တာဝန်များနှင့် ဝတ္တရားများကို ဆောင်ရွက်နိုင်သင့်သည်၊ သင်၏ တစ်ကိုယ်ကောင်းဆန်သော စိတ်ဆန္ဒများကို ဘေးဖယ်ထားနိုင်သင့်သည်၊ သင်၏ ကိုယ်ပိုင် ရည်ရွယ်ချက်များနှင့် ကြံရွယ်ချက်များကို ဘေးဖယ်ထားနိုင်သင့်သည်၊ ဘုရားသခင်၏ အလိုတော်ကို အရေးထားနိုင်ပြီး ဘုရားအိမ်တော်၏ အကျိုးများ၊ အသင်းတော်အလုပ်နှင့် သင်ထမ်းဆောင်သင့်သည့် တာဝန်တို့ကို ဦးစားပေးနိုင်သင့်သည်။ ဤအရာကို တစ်ခဏကြာ ကြုံတွေ့ပြီးနောက်တွင်၊ ဤသည်မှာ ပြုမူကျင့်ကြံရန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။ ယင်းမှာ ယုတ်ညံ့သောလူတစ်ဦး သို့မဟုတ် အသုံးမကျသောလူတစ်ဦး မဖြစ်ဘဲ ရိုးရိုးစင်းစင်းနှင့် ရိုးသားစွာ အသက်ရှင်ခြင်း ဖြစ်ပြီး၊ စက်ဆုပ်ဖွယ်‌ကောင်းခြင်းနှင့် ယုတ်မာခြင်းထက် မျှမျှတတ နှင့် သိက္ခာရှိရှိ အသက်ရှင်ခြင်း ဖြစ်သည်၊ ဤသည်မှာ လူတစ်ဦး အသက်ရှင်၊ ပြုမူသင့်သည့်ပုံဖြစ်သည်ဟု သင်ခံစားရလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) သမ္မာတရားကို ရှာပြီး ဘုရားဘက်မှာ ရပ်တည်သူတွေ၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ ဆန္ဒတွေကို လက်လွှတ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းသူတွေဟာ လူသားပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ပြီး တခြားလူတွေနဲ့ ပုံမှန် ဆက်ဆံရေးတွေ ရှိနိုင်တယ်။ အဲဒီနောက်မှာ၊ ဘယ်အခြေအနေမှာမဆို ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ပထမဆုံး စဉ်းစားတာကို လက်တွေ့စလုပ်ပြီး၊ အရာရာမှာ ဘုရားအလိုတော်ကို ကျေနပ်စေဖို့ ကြိုးစားခဲ့တယ်။ ဒါကို ခဏကြာလုပ်ပြီးတဲ့နောက်မှာ၊ နေ့စဉ်ဘဝနဲ့ ကိုယ့်တာဝန်မှာ သမ္မာတရားကို လက်တွေ့လုပ်ဖို့ အခွင့်အရေးတွေ အများကြီးရှိမှန်း တွေ့ရတယ်။ ဥပမာအနေနဲ့၊ စုဝေးပွဲတစ်ခုမှာ၊ လူတချို့က အယူဝါဒ ပြောတာ၊ အကြောင်းအရာ လွဲတာ၊ တစ်ယောက်ယောက်က တောင်စဉ်ရေမရ ပြောနေတာ၊ ကျွန်မတို့ရဲ့ စုဝေးပွဲကို အချိန်ဆွဲနေတာ သတိထားမိတယ်။ အဲဒါက အသင်းတော် အလုပ်ကို ထိခိုက်ခဲ့ပေမဲ့ အဖွဲ့ခေါင်းဆောင်က ပြုပြင်ဖို့ မကြိုးစားခဲ့ဘူး။ ပထမတော့ ဘာမှ ကျွန်တော် မပြောချင်ခဲ့ပေမဲ့၊ အပြစ်ရှိသလို ခံစားရပြီး၊ ကျွန်တော် လူ့အကြိုက်လိုက်သူတစ်ယောက် ထပ်ဖြစ်မှန်း သိခဲ့တယ်။ ချက်ချင်း ကျွန်တော် ဆုတောင်းလိုက်တယ်။ စုဝေးပွဲ အဆုံးကိုရောက်တဲ့အခါ၊ ကိုယ်သတိထားမိခဲ့တဲ့ ပြဿနာတွေကို တင်ပြပြီး ဖြေရှင်းချက်တွေကို အကြံပြုလိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ပြီး ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိန်းသိမ်းတာက ကျွန်တော့်ကို ငြိမ်သက်ခြင်းတချို့ တကယ် ယူဆောင်ပေးမှန်း ခံစားရတယ်။ ဒါ့အပြင်၊ ကျွန်တော် ကောင်းကောင်း သိခဲ့တဲ့ ညီအစ်ကိုတစ်ယောက် အထုတ်ခံခဲ့ရပြီး၊ အဲဒါဟာ သူက သက်သောင့်သက်သာဖြစ်ခြင်းကို ရှာနေခဲ့ပြီး၊ သူ့တာဝန်မှာ ထိရောက်မှုမရှိဘဲ ဉာဏ်များနေခဲ့တာကြောင့်လို့ သူက ကျွန်တော့်ကို ပြောပြခဲ့တယ်။ ပထမတော့ သူ့ကို ကျွန်တော်နှစ်သိမ့်ချင်ခဲ့ပြီး ကျွန်တော့်အပေါ် အကောင်းထင်စေချင်ခဲ့တယ်၊ ဒါပေမဲ့ နောက်တော့ သမ္မာတရားကို လက်တွေ့လုပ်ရမယ်မှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ဘုရားကို စိတ်ကျေနပ်စေဖို့နဲ့ ဒီညီအစ်ကိုကို တည်ဆောက်ပေးဖို့ ပြောသင့်တာကို တည်တည်ငြိမ်ငြိမ် စဉ်းစားခဲ့တယ်။ ကျွန်တော်တို့ရဲ့ အရင်က ဆက်ဆံရေးတွေကို တွေးမိတယ်။ တာဝန်မှာ သက်သောင့်သက်သာဖြစ်ဖို့အတွက် သူ့ရဲ့ စိတ်ဆန္ဒက တော်တော် သိသာခဲ့တာလေ။ ဘယ်စကားကိုမှ မချန်ဘဲ၊ တာဝန်အပေါ် သူ့ရဲ့ သဘောထားမှာရှိတဲ့ ပြဿနာတွေအကြောင်းကို သူ့ကို ပြောပြလိုက်ပြီး၊ ဆီလျော်တဲ့ ဘုရားနှုတ်ကပတ်တော်တချို့ကို ပို့ပေးလိုက်တယ်။ နောက်ပိုင်းမှာ၊ သူက ကျေးဇူးတင်ခဲ့ပြီး၊ အဲဒါတွေ အားလုံးက အထောက်အကူပြုခဲ့တယ်လို့ ပြောတယ်။ အဲဒါကို လုပ်ပြီးတဲ့နောက်မှာ၊ ကျွန်တော် အရမ်း စိတ်တည်ငြိမ်၊ အေးချမ်းသွားတယ်။

ဘုရားပြင်ဆင်တဲ့ ပတ်ဝန်းကျင်တွေနဲ့ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်ခြင်းနဲ့ ထုတ်ဖာ်ပြခြင်းတွေက စာတန်ရဲ့ လောကီ အတွေးအခေါ်တွေနဲ့ အသက်ရှင်ရင်၊ ကျွန်တော် ပိုကောက်ကျစ်လာပြီး၊ လူသားဖြစ်ခြင်းရဲ့ အဓိကအချက် ပျောက်ဆုံးသွားမယ်၊ အဲဒီနောက် တခြားလူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ကိုပဲ ထိခိုက်မိမယ်ဆိုတာကို ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေ၊ သမ္မာတရားရဲ့ စည်းမျဉ်းတွေနဲ့ အသက်ရှင်တာက လူ့သဘာဝရှိပြီး လူကောင်းတစ်ယောက်ဖြစ်ဖို့ တစ်ခုတည်သော နည်းလမ်းဖြစ်တာကိုလည်း သင်ယူခဲ့ရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူသားပုံသဏ္ဌာန် အနည်းငယ် အသက်ရှင်နေထိုင်ခြင်းသည် ဧကန်အမှန် အလွန်ကောင်း၏

ထားရှီ ကနေဒါနိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏...

မာနထောင်လွှားမှုမှ ကျွန်ုပ် လွတ်မြောက်ခဲ့ပုံ

ချိချိန် မြန်မာနိုင်ငံ ၂၀၁၉ ဇွန်လမှာ၊ နောက်ဆုံးသော ကာလ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တစ်နှစ်ကြာပြီးတော့၊...

မုသားပြောခြင်း၏ ဒုက္ခ

ညီချန်း မြန်မာနိုင်ငံ ၂၀၁၉ အောက်တိုဘာမှာ အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်တော် လက်ခံခဲ့ပါတယ်။ စုဝေးပွဲတွေမှာ...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။