“ခေါင်းဆောင်ကောင်း”တစ်ယောက်၏ ဆင်ခြင်သုံးသပ်မှု

11.09.2022

ရူဘီလင် ဖိလစ်ပိုင်နိုင်ငံ

ကျွန်မ ကလေးကတည်းက မိဘတွေက ကျွန်မကို လူတွေနဲ့ ဖော်ရွေဖို့ ချဉ်းကပ်ရလွယ်တဲ့၊ ကိုယ်ချင်းစာတတ်တဲ့သူဖြစ်ဖို့ သွန်သင်တယ်။ ကျွန်မအနားကလူတွေက ပြဿနာတွေ၊ အားနည်းချက်တွေရှိရင် ကျွန်မ သူတို့ကို တဲ့တိုးမဖော်ထုတ်နိုင်ဘဲ သူတို့ရဲ့ သိက္ခာကို စဉ်းစားရတယ်။ ဒီသင်ကြားမှုကြောင့် ကျွန်မက ဘယ်သူနဲ့မှ သဘောထားကွဲလွဲတာ၊ အငြင်းပွားတာ လုံးဝ မရှိခဲ့ဘူး။ ကျွန်မအနားကလူတွေက ကျွန်မက လူကောင်းဖြစ်တယ်လို့ ထင်ပြီး ကျွန်မနဲ့ ပတ်သက်ချင်ကြတယ်။ လူတွေကို ဒီလိုဆက်ဆံတာကောင်းတယ်လို့ ကျွန်မလည်း ထင်ခဲ့တယ်။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ပြီးတဲ့နောက်မှာ ဒီဟာက ကျွန်မ ညီအစ်ကိုမောင်နှမတွေနဲ့ အဆင်ပြေအောင်နေတဲ့ နည်းလမ်းဖြစ်နေတုန်းပဲ။ အထူးသဖြင့် ကျွန်မ အသင်းတော်ခေါင်းဆောင်ဖြစ်လာပြီးတဲ့နောက်မှာ ကျွန်မက သူများတွေကို ခင်မင်သင့်တယ်၊ သူများတွေကို ခပ်ပေါ့ပေါ့နဲ့ လုံးဝ အမှားတွေ မစွပ်စွဲသင့်ဘူးလို့ ထင်ခဲ့တယ်။ ဒီလိုဆိုရင် ကျွန်မတို့ကြားက ဆက်ဆံရေး ပျက်စီးမှာမဟုတ်ဘူး။ သူတို့က ကျွန်မနဲ့အတူ အဆင်ပြေချင်ကြတယ်။ ဖော်ရွေတတ်ပြီး ကောင်းမွန်တဲ့ ခေါင်းဆောင်အဖြစ် ကျွန်မကို ချီးမွမ်းကြတယ်။

နောက်ပိုင်းမှာ အဖွဲ့ခေါင်းဆောင် အစ်မဂျိုဟန်က သူ့တာဝန်ကို တာဝန်ခံမှုလုံးဝမရှိဘဲ လုပ်တာကို ကျွန်မ တွေ့ရတယ်။ ကျွန်မက သူ့ကို ခဏခဏ သတိပေးတယ်။ “အဖွဲ့ခေါင်းဆောင်အနေနဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေကို နားလည်သင့်တယ်။ အဖွဲ့အလုပ်တွေကို နောက်ကလိုက်လုပ်သင့်တယ်” ပေါ့။ ဒါပေမဲ့ သူက မလုပ်သေးဘူး။ အဲဒါနဲ့ ကျွန်မ သူ့ကို ထပ်သတိပေးပြီး ဘာကြောင့်လဲလို့ မေးတယ်။ သူက သူအားတဲ့အချိန်က တစ်နာရီပဲရှိတယ်လို့ပြောတယ်။ ဒါပေမဲ့ သူက အဲဒီအချိန်ကို ဖေ့ဘွတ်ပေါ်တက်ပြီး ဗီဒီယိုတွေကြည့်ဖို့ အသုံးပြုတယ်။ ဒါကြောင့် သူက ဘာကိုမှ နောက်ဆက်တွဲလိုက်မလုပ်ဘူး။ ဒါကိုကြားပြီးတော့ ကျွန်မ စိတ်ဆိုးပြီး တွေးမိတယ်။ “အစ်မက တော်တော်ပျင်းတာပဲ။ လုံးဝ တာဝန်ခံယူမှုမရှိဘူး။ ညီအစ်ကိုမောင်နှမတွေက စုဝေးပွဲတွေ မတက်တဲ့အခါမှာ သူတို့ကိုပံ့ပိုးဖို့ မစဉ်းစားဘူး” ပေါ့။ သူ့တာဝန်ကို ဖြစ်သလိုလုပ်ပြီး တာဝန်မခံယူတဲ့အတွက် သူ့ကို ကျွန်မ ကိုင်တွယ်ဖြေရှင်းချင်တယ်။ ဒါပေမဲ့ ကျွန်မ သူ့ကို ကိုင်တွယ်ဖြေရှင်းရင် သူက ကျွန်မကို ရှောင်နိုင်ပြီး ကျွန်မက ချဉ်းကပ်ရလွယ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်မဟုတ်ဘူးလို့ ပြောနိုင်တယ်လို့ ကျွန်မ တွေးမိတယ်။ ကျွန်မတို့ရဲ့ သဟဇာတဖြစ်နေတဲ့ ဆက်ဆံရေးကို မဖျက်ဆီးချင်ဘူးလေ။ အဲဒါနဲ့ သူ့ကို ကိုင်တွယ်ဖြေရှင်းမယ့်အစား အားပေးလိုက်တယ်။ ကျွန်မက “ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေကို နားလည်ဖို့ ကြိုးစားဖို့အတွက် ဒီအားတဲ့အချိန်နာရီကို အသုံးပြုလို့ရတယ်။ ဒါဆို ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်နိုင်တာပေါ့” ဆိုပြီး ပြောလိုက်တယ်။ သူက သုံးလေးရက်လောက် ကောင်းကောင်းလုပ်တယ်။ ဒါပေမဲ့ အရင်ပြဿနာက အမြဲတမ်း ပြန်ပေါ်လာတယ်။ သူ့တာဝန်ကို ဖြစ်သလိုလုပ်တဲ့ပုံစံကြောင့် လူသစ်တွေက စုဝေးပွဲတွေကို ပိုပိုပြီးတော့ ပုံမှန်မတက်ကြတော့ဘူး။ တချို့လူသစ်တွေက လာဖို့ကို လုံးဝ အရေးမစိုက်ကြတော့ဘူး။ ကျွန်မ တော်တော်စိတ်ဆိုးတယ်။ ဒီအဖွဲ့ခေါင်းဆောင်က တော်တော် တာဝန်မသိတတ်တာပဲပေါ့။ ကျွန်မ သူနဲ့ တော်တော်ကို ကိုင်တွယ်ဖြေရှင်းချင်တယ်။ ဒါပေမဲ့ သူက ကျွန်မကို ရှောင်လိမ့်မယ်ဆိုတာကို ကျွန်မ စဉ်းစားမိတော့ ကျွန်မ ဘာမှမပြောတော့ဘူး။ ဒီလူသစ်တွေကို ကျွန်မပဲ ရေလောင်းပြီး ပံ့ပိုးခဲ့တယ်။ ဒီလူသစ်တွေကို ကျွန်မ စကားပြောပြီးတဲ့နောက်မှာ သူတို့က မဖြေရှင်းရသေးတဲ့ ပြဿနာတွေအများကြီးရှိနေလို့ စုဝေးပွဲတွေကို မလာကြတာဆိုတာ ကျွန်မ သိလိုက်ရတယ်။ ဒါပေမဲ့ သူတို့က စာတွေကို မပြန်ဘူးလို့ ဂျိုဟန်က ကျွန်မကို အရင်က ပြောဖူးတယ်။ ဂျိုဟန်က သူ့တာဝန်အပေါ် ထားတဲ့သဘောထားကို ကျွန်မ မြင်ပြီးတဲ့နောက်မှာ သူ့ကို တကယ်ကို ကိုင်တွယ်ဖြေရှင်းချင်တယ်။ သူ့ရဲ့ တာဝန်မခံယူမှုရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ကျွန်မ သူ့ကို သိစေချင်တယ်။ ဒါပေမဲ့ ကျွန်မက ဖော်ရွေတတ်ပြီး ချဉ်းကပ်ရလွယ်တဲ့ ခေါင်းဆောင်ကောင်းလည်းဖြစ်ချင်တယ်။ အဲဒါနဲ့ ကျွန်မ စိတ်ပြောင်းလိုက်ပြီး သူ့ကို အားပေးတဲ့စကားတွေပြောလိက်တယ်။ ဒါကြောင့် သူက လုံးဝ မပြောင်းလဲဘူး။ စုဝေးပွဲတစ်ခုမှာ ဂျိုဟန်က စောဒကတက်တယ်။ “ကျွန်မက အဖွဲ့ထဲမှာရောက်နေတာ ကြာပြီ။ ဘာလို့ မြင့်တဲ့ရာထူးတစ်ခုကို မတိုးတာလဲ” တဲ့။ ဂျိုဟန်ပြောတာကို ကြားပြီးတဲ့နောက်မှာ ကျွန်မ တွေးတယ်။ “အစ်မက အရမ်းပျင်းတယ်။ တာဝန်ကို ဖြစ်သလိုလုပ်တယ်။ တာဝန်ခံယူမှုမရှိဘူး။ ဘယ်လိုလုပ် ရာထူးတိုးဖို့ ဖြစ်နိုင်မှာလဲ” ပေါ့။ ကျွန်မက သူ့ကို စိတ်ဆိုးပေမဲ့ သူ့ကို နှစ်သိမ့်ပြီးတော့ ပြောလိုက်တယ်။ “ကျွန်မတို့ ထမ်းဆောင်တဲ့ ဘယ်တာဝန်မဆိုမှာ ဘုရားသခင်ရဲ့ အချုပ်အခြာအာဏာပါတဲ့ အစီအစဉ်တွေကြောင့် ကျွန်မတို့က ထမ်းဆောင်ကြတာ။ ကျွန်မတို့တာဝန်တွေက မတူပေမဲ့ ကျွန်မတို့အားလုံးက လူသစ်တွေကို ရေလောင်းနေပြီး ဘုရားရဲ့အမှုတော်ကို ကြုံတွေ့နေကြတာပါ” ပေါ့။ ဒါဆိုရင် ကျွန်မက သူ့ကိုနားလည်ပြီး ဂရုစိုက်တယ်၊ ကျွန်မက ခေါင်းဆောင်ကောင်းတစ်ယောက်ပဲလို့ သူခံစားရမှာပဲဆိုပြီး ကျွန်မ တွေးမိတယ်။ အဲဒါနဲ့ သူများတွေရဲ့ ပြဿနာတွေကို မြင်ပေမဲ့ သူတို့ကို ဘယ်တော့မှ ဖော်ထုတ်တာ၊ ကိုင်တွယ်ဖြေရှင်းတာမလုပ်ဘူး။ အဲဒီအစား ကျွန်မက သူတို့ကို နှစ်သိမ့်အားပေးဖို့ ကောင်းတာတွေပဲ ပြောခဲ့တယ်။ ဒါဆိုရင် လူတိုင်းရဲ့ စိတ်နှလုံးထဲမှာ ကျွန်မက ချဉ်းကပ်ရလွယ်တယ်ဆိုတဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းနိုင်တယ်လို့ တွေးမိတယ်။

နောက်တစ်ခါကျတော့ ဧဝံဂေလိသင်းထောက် အတ်နာနဲ့ အဖွဲ့ခေါင်းဆောင် အန်နီက ဆက်ဆံရေးအဆင်မပြေဘူး။ အတ်နာက ကျွန်မကို စိတ်ဆိုးဆိုးနဲ့ပြောတယ်။ “အန်နီက အရမ်းပျင်းလွန်းတယ်။ သူ့အဖွဲ့ထဲက လူတွေရဲ့ အခြေအနေနဲ့ အခက်အခဲတွေအကြောင်းကို ကျွန်မ မေးတော့ သူ စာပြန်တာ အရမ်းနောက်ကျတယ်။ သူတို့အခြေအနေကို ကျွန်မက အမီလိုက်မကြည့်နိုင်ရင် သူ့တာဝန်ကို ကောင်းကောင်းမလုပ်ဘူး” တဲ့။ အတ်နာက အတော်လေး မာနထောင်လွှားတဲ့ စိတ်သဘောထားရှိတာကို ကျွန်မ သိတယ်။ သူ့လေသံက အမိန့်ပေးတဲ့၊ တောင်းဆိုတဲ့ လေသံဖြစ်တတ်တယ်။ ဒါကြောင့် သူများတွေအတွက် လက်ခံဖို့ ခက်တာပေါ့။ အန်နီက သူ့မာနကို အရေးစိုက်တယ်။ သူက အတ်နာရဲ့ လေသံကိုကြားပြီး လက်မခံနိုင်လို့ စာမပြန်တာဖြစ်ဖို့များတယ်။ ကျွန်မက ဒါကို အတ်နာကို ထောက်ပြချင်တယ်။ ဒါပေမဲ့ သူ့ကို စိတ်ထိခိုက်တာ၊ ကျွန်မ သူ့ကိုနားမလည်ဘူးလို့ သူခံစားရတာကို မဖြစ်စေချင်ဘူး။ အဲဒါနဲ့ ကျွန်မ သူ့ကို ခင်မင်တဲ့ပုံစံနဲ့ ပြောလိုက်တယ်။ “အန်နီက အလုပ်ရှုပ်နေပြီး အစ်မရဲ့ စာကိုမြင်တာဖြစ်နိုင်ပါတယ်” ပေါ့။ အဲဒီနောက်မှာ ကျွန်မ အန်နီဆီ သွားလိုက်တယ်။ အန်နီက မပျော်မရွှင်နဲ့ပြောတယ်။ “အတ်နာက မာနကြီးလွန်းတယ်။ သူက ကျွန်မတာဝန်ထမ်းဆောင်တဲ့ပုံစံနဲ့ပတ်သက်ပြီး တောင်းဆိုမှုတွေလုပ်တယ်။ ဒါကြောင့် သူ့စာတွေကို မပြန်ချင်ဘူး” တဲ့။ သူက သူများတွေဆီက အကြံကို မယူဘူးဆိုတာ ကျွန်မ မြင်ပြီး ဒါနဲ့ပတ်သက်ပြီး သူ့ကို သတိပေးချင်တယ်။ ဒါပေမဲ့ သူက ဒါကို လက်မခံမှာ၊ ကျွန်မတို့ကြားက သဟဇာတဖြစ်မှုကို ဖျက်ဆီးမှာကို ကျွန်မ စိုးရိမ်မိတယ်။ အဲဒါနဲ့ ကျွန်မက “အစ်မက အတ်နာကို အထင်လွဲနေတာ ဖြစ်နိုင်ပါတယ်။ သူက အစ်မတာဝန်ကို ကောင်းကောင်းလုပ်စေချင်တာသက်သက်ပါ” ဆိုပြီး ပြောလိုက်တယ်။ ကျွန်မက သူတို့ကို နှစ်သိမ့်တဲ့၊ တွန်းအားပေးတဲ့ စကားတွေပဲ ပြောတယ်။ သူတို့ပြဿနာတွေကို ထောက်မပြခဲ့ဘူး။ သူတို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် နားမလည်ကြဘူး။ အတ်နာက အန်နီရဲ့အလုပ်ကို နောက်ကလိုက်မလုပ်နိုင်သေးဘူး။ အန်နီက သူ မတရားခံရတယ်၊ ဒီတာဝန်ကို သူမထမ်းဆောင်နိုင်ဘူးလို့ ခံစားရတယ်။ ကျွန်မက ခေါင်းဆောင်အနေနဲ့ ကိုယ့်တာဝန်တွေကို မဖြည့်ဆည်းနေဘူးဆိုတာ ကျွန်မသိတယ်။ ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေကို သတိမထားမိဘူးဆိုတဲ့ သဘောပဲ။ ဒီရလဒ်တွေကို ကျွန်မ ဖြစ်စေခဲ့တာပါ။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် သိဖို့အတွက် ကျွန်မကိုဉာဏ်အလင်းဖွင့်ပေးဖို့ ဆုတောင်းလိုက်တယ်။

ဘုရားနှုတ်ကပတ်တော်ထဲမှာ ကျွန်မ ဖတ်ရတယ်။ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် အနှစ်မရှိသော စကားလုံးများကို ပြောဆိုခြင်းနှင့် သတ်မှတ်ထားသော စကားစုများကို အာဂုံဆောင်ခြင်း မဟုတ်ပေ။ ဘဝတွင် မည်သည့်အရာကို တွေ့ကြုံရပါစေ လူသား၏ ပြုမူဆောင်ရွက်မှုဆိုင်ရာ အခြေခံစည်းမျဉ်းများ၊ ဖြစ်ရပ်များအပေါ် အမြင်များ၊ သို့မဟုတ် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းကိစ္စ ပါဝင်နေသရွေ့၊ ၎င်းတို့သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ခြင်းကို ရင်ဆိုင်ရပြီး သမ္မာတရားကို ၎င်းတို့ လိုက်စားသင့်သည်။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များထဲ၌ အခြေခံအကြောင်းရင်းနှင့် စည်းမျဉ်းတို့ကို ရှာဖွေသင့်သည်၊ ထို့နောက်တွင် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကို ၎င်းတို့ ရှာဖွေသင့်သည်။ ဤနည်းအားဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည့် လူများသည် သမ္မာတရားကို လိုက်စားသူများဖြစ်သည်။ ဤနည်းအားဖြင့် သမ္မာတရားကို လိုက်စားနိုင်ခြင်းသည် မည်မျှကြီးမားသော အခက်အခဲဖြင့် ကြုံရပါစေ ပေတရု၏ လမ်းကြောင်းနှင့် သမ္မာတရား လိုက်စားသည့် လမ်းကြောင်းကို လျှောက်ခြင်းဖြစ်သည်။ ဥပမာအနေဖြင့် အခြားသူများနှင့် ဆက်ဆံသည့်အခါ မည်သည့်စည်းမျဉ်းကို လိုက်နာသင့်သနည်း။ သင်၏ နဂိုမူလအမြင်က မည်သူ့ကိုမျှ စိတ်မကျေမနပ်ဖြစ်အောင် မလုပ်သင့်ဘဲ၊ နောင်အချိန်၌ လူတိုင်း ပလဲနံပသင့်စေရန်အတွက် ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားပြီး တစ်ဦးတစ်ယောက်ကို အရှက်ရစေရန် ပြုလုပ်ခြင်းကို ရှောင်ကြဉ်သင့်သည်ဟူ၍ဖြစ်သည်။ ဤအမြင်၏ ကန့်သတ်မှုကို ခံရပြီး သင်သည် လူတစ်ယောက်က မကောင်းသည့်အရာ လုပ်သည်ကိုလည်းကောင်း၊ အမှားလုပ်သည်ကိုလည်းကောင်း၊ သို့မဟုတ် အခြေခံစည်းမျဉ်းများကို ဆန့်ကျင်သည့် လုပ်ရပ်တစ်ခုကို ကျူးလွန်သည်ကိုလည်းကောင်း မြင်တွေ့သောအခါ ထိုလူကို ထုတ်ပြောမည့်အစား ယင်းကို သင် သည်းညည်းခံမည် ဖြစ်သည်။ သင့်အမြင်၏ ကန့်သတ်ခြင်းကို ခံရပြီး တစ်ဦးတစ်ယောက်ကို စိတ်မကျေမနပ်ဖြစ်အောင် ပြုလုပ်ရမည်ကို သင်မကြိုက်ဘဲ ဖြစ်လာသည်။ သင်သည် မည်သူနှင့်ပူးပေါင်းသည်ဖြစ်စေ ဂုဏ်သိက္ခာ၊ ခံစားချက်များ သို့မဟုတ် နှစ်များစွာ အပြန်အလှန်ဆက်ဆံပြီးနောက် ကြီးထွားလာသော ခံစားချက်များနှင့်ပတ်သက်သော အတွေးများ၏ ဟန့်တားခြင်းကို ခံရကာ သင်သည် ထိုသူ ပျော်ရွှင်စေဖို့အတွက် အစဉ်သဖြင့် ကောင်းသောအရာများကိုသာ ပြောဆိုလိမ့်မည်။ ကျေနပ်ဖွယ်မရှိဟု သင်သဘောရသည့်အရာများ ရှိသောအခါတွင် သင်သည် သည်းခံခြင်းလည်း ရှိသည်။ တစ်ကိုယ်တည်း ဒေါသအနည်းငယ် ဖွင့်ထုတ်ကာ၊ ပြစ်တင်ရှုတ်ချသောစကား ပြောရုံမျှသာ ရှိသော်လည်း၊ ၎င်းတို့ကို ကိုယ်တိုင်တွေ့ဆုံသည့်အခါ၊ ၎င်းတို့ စိတ်ရှုပ်စေမည့်စကား တစ်ခွန်းမျှ မပြောဘဲ၊ ၎င်းတို့နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ ဤသို့သော ပြုမူဆောင်ရွက်ပုံကို သင်မည်သို့ထင်မြင်သနည်း။ ဤသည်မှာ လူ့အကြိုက်လိုက်သူတစ်ယောက်နှင့် မသက်ဆိုင်သလော။ ဤသည်မှာ အတော်အတန် ယုံကြည်စိတ်ချ၍မရသည် မဟုတ်လော။ ယင်းသည် အပြုအမူဆိုင်ရာ စည်းမျဉ်းများကို ချိုးဖောက်သည်။ ထို့ကြောင့် ဤသို့သောပုံစံဖြင့် ပြုမူခြင်းသည် မနိမ့်ကျသလော။ ဤသို့ပြုမူသောသူတို့သည် လူကောင်းများမဟုတ်သကဲ့သို့ မြင့်မြတ်ခြင်းလည်း မရှိကြပေ။ သင်မည်မျှ ဒုက္ခခံစားရပြီးပါစေ၊ သင်အဖိုးအခပေးဆပ်ပြီးဖြစ်ပါစေ အခြေခံစည်းမျဉ်းများမပါဝင်ဘဲ ပြုမူဆောင်ရွက်လျှင် သင်သည် ကျရှုံးခဲ့ပြီဖြစ်ပြီး ဘုရားသခင်ရှေ့တွင် လက်ခံမှုကို ရရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အမှတ်ရခြင်းကို ခံရမည်မဟုတ်သကဲ့သို့ ဘုရားသခင်ကို ကျေနပ်စေမည်လည်းမဟုတ်ပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်) ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ သမ္မာတရားကို လက်တွေ့လုပ်ခြင်းက ဘာပဲဖြစ်နေနေ သမ္မာတရားစည်းမျဉ်းအတိုင်း ဆောင်ရွက်ခြင်းဖြစ်ပြီး လူတွေကို စိတ်ဆိုးအောင်လုပ်မိမှာကို မကြောက်ခြင်းပဲ။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ကျွန်မ အဆင်ပြေတဲ့အခါမှာ ကျွန်မက ကျွန်မပုံရိပ်နဲ့ ဂုဏ်အဆင့်အတန်းကို ထိန်းသိမ်းဖို့၊ သူများတွေနဲ့ သဟဇာတဖြစ်အောင် ထိန်းသိမ်းဖို့ကိုပဲ အာရုံစိုက်တယ်။ ညီအစ်ကိုမောင်နှမတွေ ချီးကျူးတာခံရဖို့ ချဉ်းကပ်ရလွယ်ပြီး ကိုယ်ချင်းစာတဲ့သူဖြစ်ဖို့ လိုက်စားတယ်။ ဒါပေမဲ့ သမ္မာတရားကို လက်တွေ့လုပ်ဖို့ လျစ်လျူရှုခဲ့တယ်။ ဂျိုဟန်က တာဝန်ခံယူမှုမရှိဘဲ တာဝန်ထမ်းဆောင်နေတာ၊ ပျင်းရိပြီး ဉာဏ်များနေတာကို မြင်တော့ တာဝန်မသိတတ်တဲ့အတွက် သူ့ကို ကျွန်မ ကိုင်တွယ်ဖြေရှင်းချင်တယ်။ ဒါပေမဲ့ သူနဲ့ ဆက်ဆံရေးကောင်းအောင် ထိန်းသိမ်းဖို့၊ ကျွန်မက ကောင်းမွန်ပြီး ချဉ်းကပ်ရလွယ်တဲ့ခေါင်းဆောင်ဖြစ်တယ်လို့ သူခံစားရအောင်လုပ်ဖို့အတွက် သူ့ပြဿနာကို ကျွန်မ မဖော်ထုတ်ခဲ့ဘူး။ ရလဒ်အနေနဲ့ သူ့ရဲ့ တာဝန်မသိတတ်မှုကြောင့် တချို့လူသစ်တွေက သူတို့ပြဿနာတွေ မပြေလည်နိုင်ဘူး။ ဒီတော့ သူတို့က စုဝေးပွဲတွေကို မလာကြဘူး။ အတ်နာနဲ့ အန်နီကိုကျတော့ သူတို့က လိုက်ဖက်ညီညီနဲ့ ပူးပေါင်းပြီးမလုပ်ကိုင်နိုင်တာ၊ သူတို့ကိုယ်သူတို့မသိမြင်တာကို ကျွန်မ တွေ့တယ်။ ဒါပေမဲ့ သူတို့ပြဿနာတွေကို ထောက်ပြပြီး သူတို့ကိုယ်သူတို့သိအောင် ကူညီရမယ့်အစား ကျွန်မက မရေမရာနဲ့ တုံ့ပြန်ခဲ့တယ်။ သူတို့ကြားမှာ နှစ်သိမ့်တဲ့၊ တိုက်တွန်းတဲ့စကားတွေပြောပြီး သူတို့ရဲ့ သဘောထားကွဲလွဲမှုကို လျော့သွားစေဖို့ ကြိုးစားတယ်။ ရလဒ်အနေနဲ့ အတ်နာက နောက်ဆက်တွဲလိုက်မလုပ်နိုင်သေးဘူး။ အန်နီက သူ့တာဝန်ကို ကောင်းကောင်းမလုပ်ဘဲ တခြားတစ်ယောက်ယောက်ကို သူ့နေရာကို ယူစေချင်တယ်။ ဖော်ရွေတတ်ပြီး ချဉ်းကပ်ရလွယ်တဲ့ ခေါင်းဆောင်ကောင်းပုံရိပ်ကို ထိန်းသိမ်းဖို့အတွက် ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ကျွန်မ လုံးဝ မကာကွယ်ခဲ့ဘူးဆိုတာကို မြင်ခဲ့ပါတယ်။ လူတွေနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့အတွက် ကျွန်မက အလုပ်ကိုပဲ ထိခိုက်စေဖို့ ပိုနှစ်သက်ခဲ့တယ်။ ကျွန်မက အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းပါတယ်။ ကျွန်မက လူ့အကြိုက်လိုက်သူ၊ လှည့်စားတတ်သူ တစ်ယောက်ပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပြုမူဆောင်ရွက်တဲ့ပုံစံက ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားအပေါ်မှာ လုံးဝ အခြေခံထားတယ်။ သမ္မာတရားကို လက်တွေ့လုပ်နေတာမဟုတ်ဘူး။ သူများတွေကို ချီးမွမ်းတာကို ကျွန်မ ခံရရင်တောင် ဘုရားချီးမွမ်းတာကို လုံးဝ ခံရမှာမဟုတ်ဘူး။ ပြီးတော့လည်း ညီအစ်ကိုမောင်နှတွေရဲ့ ပြဿနာတွေကို ကျွန်မ မဖော်ထုတ်ခဲ့ဘူး။ ထောက်မပြခဲ့ဘူး။ အဲဒါတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယမဖွဲ့ဘူး။ ဒီတော့ သူတို့က သူတို့ရဲ့ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို သတိမထားမိဘူး။ တာဝန်တွေကို ကောင်းကောင်းမထမ်းဆောင်ကြဘူး။ ဒါကြောင့် ဧဝံဂေလိအလုပ်ကို ထိခိုက်ခဲ့တယ်။ ဒါကို သဘောပေါက်တဲ့အခါကျမှပဲ ကျွန်မက လုံးဝ လူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာ မြင်တယ်။ အသက်ဝင်ရောက်မှု ကြီးထွားဖို့ ညီအစ်ကိုမောင်နှမတွေကို မကူညီနေတာကြောင့်ပေါ့။ အဲဒီအစား ကျွန်မက လူတိုင်းကို ကျွန်မကို ခုခံပေးအောင်၊ ချီးမွမ်းအောင်၊ အထင်ကြီးလေးစားအောင်လုပ်ခဲ့တယ်။ ဒါကို ဘုရားသခင်က စက်ဆုပ်ရွံရှာပါတယ်။ ဒါကို ကျွန်မ သတိထားမိတော့ အရမ်း ဝမ်းနည်းတယ်။ အဲဒါနဲ့ ဘုရားကို ဆုတောင်းတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းရာမှာ ကျွန်မကို လမ်းပြဖို့ ဆုတောင်းတယ်။

နောက်ပိုင်းမှာ ကျွန်မ အခြေအနေကို သိပြီးတဲ့နောက်မှာ အစ်မတစ်ယောက်က ကျွန်မကို ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ပို့လိုက်တယ်။ “ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေခြင်းကဲ့သို့သော ‘ကောင်းသော’ အပြုအမူ၏ နောက်ကွယ်ရှိ အနှစ်သာရကို စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်သည်။ အယောင်ဆောင်ခြင်းဖြစ်သည်။ ဤသို့သော ‘ကောင်းသော’ အပြုအမူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ ပေါက်ဖွားလာခြင်းမဟုတ်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ခြင်း၏ ရလဒ်တစ်ခုလည်းမဟုတ်ပေ။ မည်သည့်အရာက ယင်းကို ဖြစ်ပေါ်စေသနည်း။ ယင်းသည် လူတို့၏ ရည်ရွယ်ချက်များ၊ အကြံအစည်များမှလာသည်။ ၎င်းတို့၏ ဟန်ဆောင်ခြင်း၊ အယောင်ဆောင်ခြင်း၊ လှည့်စားခြင်းမှ လာသည်။ ဤ ‘ကောင်းသော’ အပြုအမူများကို လူတို့က ဖက်တွယ်ထားသောအခါတွင် ရည်ရွယ်ချက်မှာ ၎င်းတို့အလိုရှိသောအရာများကို ရရှိရန်ဖြစ်သည်။ ဤသို့မဟုတ်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ ဤနည်းလမ်းဖြင့် မိမိတို့ကိုယ်ကို ထိခိုက်စေပြီး ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်လိမ့်မည်မဟုတ်ပေ။ ၎င်းတို့၏ ကိုယ်ပိုင်ဆန္ဒများကို ဆန့်ကျင်ကာ အသက်ရှင်ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ၎င်းတို့၏ စစ်မှန်သော သဘာဝက လူတို့ ထင်မြင်သကဲ့သို့ ကောင်းမွန်စွာ ပြုမူဆောင်ရွက်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ သိမ်မွေ့ခြင်း၊ ကြင်နာခြင်း၊ ကိုယ့်ကျင့်တရားကောင်းခြင်းတို့ မဟုတ်ပေ။ ၎င်းတို့သည် အသိစိတ်၊ ဆင်ခြင်တုံတရားဖြင့် အသက်မရှင်ပေ။ ထိုအစား ရည်ရွယ်ချက်၊ သို့မဟုတ် တောင်းဆိုမှုတစ်ခုခုကိုရရှိရန် အသက်ရှင်ကြသည်။ ၎င်းတို့၏ စစ်မှန်သော သဘာဝသည် ပေါ့တန်ပြီး မသိနားမလည်ခြင်းဖြစ်သည်။ ဘုရားသခင် ချပေးသော တရားတော်များနှင့် ပညတ်တော်များမရှိဘဲ အပြစ်တရားသည် အဘယ်အရာဖြစ်သည်ကို လူတို့ လုံးဝ သိမည်မဟုတ်ပေ။ ဤသည်မှာ လူသားမျိုးနွယ်က ဖြစ်လေ့ရှိခဲ့သည့်အရာမဟုတ်လော။ ဘုရားသခင်က တရားတော်များ၊ ပညတ်တော်များကို ထုတ်ပြန်ခဲ့သောအခါမှသာ လူတို့တွင် အပြစ်တရားနှင့်သက်ဆိုင်သော အယူအဆအချို့ရှိကြသည်။ သို့သော် ၎င်းတို့သည် အမှန်နှင့်အမှား၊ သို့မဟုတ် အပြုသဘောနှင့် အပျက်သဘောဆောင်သောအရာများနှင့်ပတ်သက်ပြီး အယူအဆမရှိကြသေးပေ။ ဤသို့ဖြစ်လျက် ၎င်းတို့သည် ပြောဆိုပြုမူခြင်းအတွက် မှန်ကန်သော စည်းမျဉ်းများကို မည်သို့ သတိပြုမိနိုင်မည်နည်း။ ၎င်းတို့သည် မည်သည့်ပြုမူပုံနည်းလမ်းများ၊ မည်သည့်ကောင်းသောအပြုအမူများကို သာမန်လူ့သဘာဝတွင် တွေ့ရှိသင့်သည်ကို သိနိုင်သလော။ မည်သည့်အရာက အမှန်တကယ် ကောင်းမွန်သော အပြုအမူကို ဖြစ်ပေါ်စေသည်၊ လူသားပုံသဏ္ဌာန်တစ်ခုနှင့် အသက်ရှင်နေထိုင်ရန်အတွက် မည်သည့်လမ်းခရီးကို လိုက်လျှောက်သင့်သည်တို့ကို ၎င်းတို့ သိနိုင်သလော။ မသိနိုင်ပေ။ လူတို့၏ ဆိုးယုတ်သော သဘာဝကြောင့်၊ ၎င်းတို့၏ ဗီဇကြောင့် ၎င်းတို့သည် သင့်တင့်လျောက်ပတ်စွာ အသက်ရှင်ရန်၊ ဂုဏ်သိက္ခာဖြင့် အသက်ရှင်ရန် ဟန်ဆောင်ပြီး အယောင်ဆောင်ခြင်းသာ ပြုလုပ်နိုင်သည်။ ဤအတွက်ကြောင့် ယဉ်ကျေးသိမ်မွေ့ပြီး အသိတရားရှိခြင်း၊ ရည်မွန်ခြင်း၊ ယဉ်ကျေးခြင်း၊ လူကြီးကို လေးစားပြီး လူငယ်ကို ဂရုစိုက်ခြင်း၊ ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ခြင်းတို့ကဲ့သို့သော လှည့်စားမှုများဖြစ်ပေါ်လာကြသည်။ ဤနည်းအားဖြင့် ဤလှည့်စားမှုလှည့်ကွက်များနှင့် နည်းလမ်းများထွက်ပေါ်လာသည်။ ဤသို့ ထွက်ပေါ်လာသည်နှင့် လူတို့သည် ဤလှည့်စားမှုတစ်ခု၊ နှစ်ခုကို ရွေးချယ်ပြီး ဖက်တွယ်ထားကြသည်။ လူအချို့က ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ခြင်းကို ရွေးချယ်ကြသည်။ လူအချို့က ယဉ်ကျေးသိမ်မွေ့ပြီး အသိတရားရှိခြင်း၊ ရည်မွန်ခြင်းကို ရွေးချယ်ကြသည်။ အချို့က ယဉ်ကျေးခြင်း၊ လူကြီးကို လေးစားပြီး လူငယ်ကို စောင့်ရှောက်ခြင်းကို ရွေးချယ်သည်။ အချို့က ဤအရာများအားလုံးကို ရွေးချယ်သည်။ သို့တိုင်အောင် ငါသည် ဤသို့သော ‘ကောင်းသော’ အပြုအမူများရှိသည့်လူများကို ဝေါဟာရတစ်ခုဖြင့် အဓိပ္ပာယ်သတ်မှတ်သည်။ ထိုဝေါဟာရသည် အဘယ်နည်း။ ‘ချောမွေ့သော ကျောက်ခဲများ’ ဖြစ်သည်။ ချောမွေ့သော ကျောက်ခဲများသည် အဘယ်နည်း။ မြစ်ကမ်းပါးတွင် နှစ်ပေါင်းများစွာ ရေများဖြတ်သန်းစီးဆင်းခြင်းအားဖြင့် ချွန်သော အစွန်းထွက်များတိုက်စားပြီး ပြောင်နေသော ချောမွေ့သော ကျောက်ခဲများဖြစ်သည်။ ၎င်းတို့သည် တက်နင်းလျှင် မနာကျင်နိုင်သော်လည်း ဂရုမစိုက်လျှင် လူတို့သည် ထိုအရာများအပေါ်တွင် ချော်လဲနိုင်သည်။ ပုံသဏ္ဌာန်နှင့်၊ အသွင်အပြင်တို့တွင် ဤကျောက်ခဲများသည် အလွန်လှပသည်။ သို့သော် အိမ်သို့ယူသွားပြီးသည်နှင့် ၎င်းတို့သည် အလွန်ပင် အသုံးမဝင်တော့ပေ။ သင်သည် ၎င်းတို့ကို လွှင့်မပစ်ရက်ပေ။ သို့သော် သိမ်းဆည်းထားရန်လည်း အဓိပ္ပာယ်မရှိပေ။ ဤသည်မှာ ‘ချောမွေ့သော ကျောက်ခဲ’ ဖြစ်သည်။ ငါ့အတွက် ဤကောင်းသောအပြုအမူများဟု သိရသောအရာများရှိသော လူတို့သည် အပေါ်ယံဖြစ်သည်။ ၎င်းတို့သည် အပြင်ပန်းတွင် ကောင်းသည့်ဟန်ဆောင်သည်။ သို့သော် သမ္မာတရားကို လုံးဝ လက်မခံပေ။ ၎င်းတို့သည် ကြားကောင်းသောအရာများကိုပြောကြသည်။ သို့သော် စစ်မှန်သည့် မည်သည့်အရာကိုမျှ မလုပ်ဆောင်ပေ။ ၎င်းတို့သည် အခြားမဟုတ်ဘဲ ချောမွေ့သောကျောက်ခဲများဖြစ်ကြသည်။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) အရင်တုန်းက ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေတတ်တဲ့သူတွေက လူကောင်းတွေပဲလို့ ကျွန်မ အမြဲတမ်းခံစားမိတယ်။ ဒီလိုကောင်းမှုတွေနောက်ကွယ်မှာ ဆိုးယုတ်တဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ၊ တစ်ကိုယ်ရေပန်းတိုင်တွေနဲ့ ရည်ရွယ်ချက်တွေတည်ရှိနေတာကို လုံးဝ မတွေးမိဘူး။ ကျွန်မ ကလေးကတည်းက ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေတတ်တဲ့သူဖြစ်ဖို့ အားထုတ်ခဲ့တယ်။ သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေအားလုံးက ကျွန်မကို ထောက်ထားတတ်ပြီး ဖော်ရွေတတ်လို့ဆိုပြီး ချီးမွမ်းကြတယ်။ ဒါပေမဲ့ ကျွန်မ စိတ်နှလုံးအတွင်းထဲမှာတော့ ကျွန်မလုပ်သမျှက သူများတွေ ကျွန်မကို အထင်ကြီးလေးစားပြီး ချီးမွမ်းအောင်ပဲ။ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို မမြင်နိုင်အောင်လုပ်ပြီး လှည့်စားဖို့အတွက် ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေတတ်တဲ့ အသွင်အပြင်ကို အသုံးပြုခဲ့တယ်။ ဘုရားသခင်က ဒီလို ကောင်းတဲ့အပြုအမူမျိုးရှိတဲ့လူတွေကို “ချောမွေ့တဲ့ ကျောက်တုံး” တွေအဖြစ် အမျိုးအစားသတ်မှတ်တယ်။ ဒီကျောက်တုံးတွေက အပြင်ပန်းမှာ ကြည့်ကောင်းတယ်။ တက်နင်းရင် မနာဘူး။ ဒါပေမဲ့ ကျောက်တုံးတွေပေါ်မှာ ချော်ပြီးလဲဖို့ အရမ်းလွယ်တယ်။ သူတို့က ကြည့်လို့ကောင်းတယ်။ ဒါပေမဲ့ လက်တွေ့အသုံးပြုစရာမရှိဘူး။ ကျွန်မက အဲဒီလိုလူပဲဆိုတာ သဘောပေါက်လိုက်တယ်။ ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေတတ်တဲ့ ပုံစံရှိပေမဲ့ ညီအစ်ကိုမောင်နှမတွေအတွက် လက်တွေ့အကူအညီမပေးတဲ့သူပေါ့။ ကျွန်မ စိတ်နှလုံးက လှည့်စားမှု၊ ကောက်ကျစ်မှုတွေနဲ့ ပြည့်နေပါတယ်။ ကျွန်မက လူတိုင်းအပေါ် ကြင်နာပြီး ဘယ်သူ့ကိုမှ စိတ်ဆိုးအောင်မလုပ်ဘူး။ ကျွန်မက “ချောမွေ့တဲ့ ကျောက်တုံး” တစ်တုံးပါပဲ။ အလယ်အလတ်လမ်းလိုက်တဲ့ လူ့အကြိုက်လိုက်သူ၊ ဉာဏ်များတဲ့ ကြောင်သူတော်တစ်ယောက်ပဲ။ ဘုရားနှုတ်ကပတ်တော်က ဖွင့်ပြသလိုပါပဲ။ “အလယ်အလတ် လမ်းစဉ်လိုက်သူတို့ အားလုံးသည် အန္တရာယ် အပြုဆုံးသူတို့ဖြစ်သည်။ ထိုသူတို့သည် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ ကြိုးစားကြသည်၊ ထိုသူတို့သည် လူမုန်းမခံချင်သူများဖြစ်သည်၊ ထိုသူတို့သည် အမှုအရာများကို လိုက်လျော၍ မည်သူမျှ ထိုသူတို့ကို မရိပ်စားမိနိုင်ပေ။ ထိုသို့သော သူသည် အသက်ရှင် နေသော စာတန်ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်) ဘုရားသခင်နဲ့ တခြားလူတွေက ချဉ်းကပ်ရလွယ်သူတွေကို နှစ်သက်ပြီး လက်ခံတယ်လို့ကျွန်မ ထင်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခု ကျွန်မလုပ်ရပ်တွေက သမ္မာတရားစည်းမျဉ်းနဲ့၊ ဘုရားနှုတ်ကပတ်တော်နဲ့ လုံးဝ မကိုက်ညီဘူးဆိုတာ သိခဲ့ပါတယ်။ ကျွန်မက ကိုယ့်ရဲ့ လှည့်စားတတ်တဲ့ စိတ်သဘောထားကို ပြနေတာ သက်သက်ပဲ။ ဒီလိုလူတွေက သိက္ခာမရှိဘူး။ ပင်ကိုစရိုက်မရှိဘူး။ ဘုရားက မုန်းတီးတယ်။ ကျွန်မက နောင်တရပြီး မပြောင်းလဲရင် တစ်နေ့မှာ ဘုရားသခင်က ဖော်ထုတ်ပြီး စွန့်ပစ်ခံရမှာကို ကျွန်မ သိခဲ့တယ်။ ဒီလိုလူမျိုး မဖြစ်ချင်ဘူး။ အဲဒါနဲ့ ဘုရားကို ဆုတောင်းပြီး နောင်တရတယ်။ ကျွန်မ စိတ်သဘောထားကို ပြောင်းလဲအောင်ကူညီပေးဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ဖို့ ခွန်အားပေးဖို့ ဘုရားနဲ့ ညီအစ်ကိုမောင်နှမတွေအပေါ် စစ်မှန်တဲ့ စိတ်နှလုံးတစ်ခုရှိအောင် ကူညီပေးဖို့ ဘုရားကို ဆုတောင်းခဲ့တယ်။

တစ်နေ့မှာ အစ်မတစ်ယောက်က ကျွန်မဆီကို ဘုရားနှုတ်ကပတ်တော် နှစ်ပိုဒ် ပို့လိုက်တယ်။ “လူတစ်ဦး၏အကျင့်များကို ကောင်းသည် ဆိုးသည်ဟူ၍ အကဲဖြတ်သော စံနှုန်းမှာအဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏အတွေးများ၊ ဖော်ပြချက်များနှင့် အပြုအမူများ၌ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် သမ္မာတရား စစ်မှန်မှုအတိုင်း အသက်ရှင်နေထိုင်ခြင်းအကြောင်း သက်သေခံချက် ရှိမရှိအပေါ် မူတည်၏။ အကယ်၍ သင်၌ ဤစစ်မှန်မှု မရှိပါက၊ သို့မဟုတ် ဤအရာအတိုင်း အသက်ရှင်နေထိုင်ခြင်းမရှိပါက၊ သင်သည် မကောင်းမှုပြုသူဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်)ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ— ၁။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ဖို့၊ ၎င်းတို့ကို နားလည်သဘောပေါက်ဖို့နှင့် ဘုရားသခင့်နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲ၌ ဝင်ရောက်ဖို့အတွက် လူတို့ကို ဦးဆောင်လော့။ ၂။ လူအမျိုးအစား တစ်ခုစီ၏ အခြေအနေများနှင့် အကျွမ်းတဝင်ရှိပြီး သူတို့၏အသက်တာထဲ၌ ကြုံတွေ့ရသော အသက်ဝင်ရောက်မှုနှင့် စပ်ဆိုင်သည့် အခက်အခဲအမျိုးမျိုးကို ဖြေရှင်းပေးလော့။ ၃။ တာဝန်တစ်ခုစီတိုင်းကို ကောင်းမွန်စွာ ထမ်းဆောင်ရန်အတွက် နားလည်ထားသင့်သည် သမ္မာတရား၏ အခြေခံသဘောတရားများကို မိတ်သဟာယဖွဲ့ပြလော့။ ၄။ လူတို့ကို မသင့်မလျော် အသုံးပြုခြင်းကြောင့် ဆုံးရှုံးမှုများကို တားဆီးရန်၊ သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ခရီးရောက်မှုနှင့် ချောချောမွေ့မွေ့ တိုးတက်မှုကို သေချာစေရန် မတူညီသောအလုပ်ကို ကြီးကြပ်သူများနှင့် အရေးကြီးသော လုပ်ငန်းအမျိုးမျိုးအတွက် တာဝန်ယူထားရသော အမှုထမ်းများ၏ အခြေအနေများကို ရင်ပေါင်တန်းလိုက်ပြီး သူတို့ကို လိုအပ်သလို ပြန်လည်ခန့်ခွဲထားခြင်း၊ သို့မဟုတ် အစားထိုးခြင်းတို့ကို မဆိုင်းမတွ ပြုလုပ်လော့။ ၅။ အလုပ်စီမံကိန်းတစ်ခုစီ၏ အခြေအနေနှင့် တိုးတက်မှုအပေါ် အပြည့်အစုံ နားလည်သဘောပေါက်နေအောင် လုပ်ထားပြီး ထိုအလုပ်က ချောမွေ့စွာ တိုးတက်ရန်အတွက် ပြဿနာများအား ဖြေရှင်းခြင်း၊ လွဲချော်မှုများအား ပြင်ဆင်ခြင်းနှင့် လစ်ဟာမှုများအား ကုစားခြင်းကို ချက်ချင်း ပြုလုပ်နိုင်စွမ်းရှိလော့။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၄)၊) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ နားလည်သွားတယ်။ ကျွန်မတို့ လူ့သဘာဝကို အကဲဖြတ်ဖို့ ဘုရားရဲ့ စံနှုန်းက အပြင်ပန်းမှာ ကောင်းမှုတွေဘယ်လောက်လုပ်တယ်၊ ဘယ်လောက်များတဲ့လူတွေက ကျွန်မတို့ကို အထင်ကြီးတယ်ဆိုတာမဟုတ်ဘူး။ အဲဒီအစား ဘုရားကို ကျွန်မတို့ နာခံနိုင်သလား၊ ကျွန်မတို့ အတွေးတွေ၊ လုပ်ရပ်တွေက သမ္မာတရားကို လက်တွေ့လုပ်ဆောင်မှုကို သက်သေခံသလားဆိုတာပဲ။ ဒီလိုလူတွေကသာ ကောင်းတဲ့ လူ့သဘာဝရှိတယ်။ ဂျိုဟန်က သူ့တာဝန်ကို ဖြစ်သလိုလုပ်ပြီး တာဝန်မသိတတ်တာ အတ်နာနဲ့ အန်နီက သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေထဲမှာ အသက်ရှင်နေပြီး အချင်းချင်း လျစ်လျူရှုတာကိုရော ကျွန်မ မြင်ခဲ့တယ်။ ဒါတွေအားလုံးက အသင်းတော်အလုပ်ကို တော်တော်ထိခိုက်သွားစေတယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မက မိတ်သဟာယပြုသင့်တယ်။ ဖော်ထုတ်သင့်တယ်။ သူတို့လုပ်တာရဲ့ သဘာဝကို စိစစ်သင့်တယ်။ ဒါပေမဲ့ အဲဒီအစား သူတို့ကို ကောင်းတဲ့စကားတွေပြောပြီး ရင်ကြားစေ့ပေးသူဖြစ်ဖို့ ကြိုးစားခဲ့တယ်။ ဘုရားအိမ်တော်ရဲ့အလုပ်ထိခိုက်တာကို မြင်တာတောင်မှ ကျွန်မရဲ့ ပုံရိပ်ကောင်းကို ထိန်းသိမ်းခဲ့တယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့လုပ်ဆောင်တဲ့ သက်သေခံချက်မရှိရုံတင်မကဘဲ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ ပျက်ကွက်ခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နည်းနည်းလေးမှ မကူညီခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေနဲ့ သဟဇာတဖြစ်အောင်နေပြီး ကျွန်မက ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေတတ်တယ်လို့ သူတို့ခံစားရအောင် လုပ်နိုင်ရင် ကျွန်မက ခေါင်းဆောင်ကောင်းပဲလို့ ထင်ခဲ့ဖူးတယ်။ ဒါကို အခုစဉ်းစားကြည့်တော့ ဒီနားလည်မှုက မမှန်ဘူး။ တကယ့်ခေါင်းဆောင်ကောင်းက ပြဿနာတွေကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်တယ်။ စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ပြီး သူများတွေ စိတ်ဆိုးအောင်လုပ်မိမှာကို မကြောက်ဘူး။ ညီအစ်ကိုမောင်နှမတွေရဲ့ အသက်တာတွေအတွက် တာဝန်ယူနိုင်တယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါမှာ ဒါတွေကို ထောက်ပြပြီး သူတို့ကို သမ္မာတရား စစ်မှန်မှုတွေထဲကို ဝင်ရောက်ဖို့ ကူညီမယ့်အစား ကိုယ့်ပုံရိပ်ကို ကာကွယ်ဖို့ လှည့်ကွက်တွေလုပ်တယ်။ သူတို့ကို နှစ်သိမ့်အားပေးပြီး တကယ့်ပြဿနာတွေကို မဖြေရှင်းခဲ့ဘူး။ ကျွန်မက ညီအစ်ကိုမောင်နှမတွေကို အရူးလုပ်ပြီး လှည့်စားနေတာပဲ မဟုတ်ဘူးလား။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ခြင်းအပေါ် ကျွန်မရဲ့ အရင်က နားလည်မှုက မှားနေပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေနဲ့ လုံးဝ မညီဘူးဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မရဲ့ စကားတွေ၊ လုပ်ရပ်တွေအားလုံးကို ဘုရားနှုတ်ကပတ်တော်ရဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံသင့်တယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ရင် ဘုရားကို အာခံတဲ့လမ်းကြောင်းကို လျှောက်နေတာပဲ။ ရိုးရာယဉ်ကျေးမှု သူတော်ကောင်းတရားတွေကို လိုက်နာမယ့်အစား၊ ချီးမွမ်းခံရဖို့ အားထုတ်မယ့်အစား၊ မရိုးမသား ပြောဆိုပြုမူပြီး သမ္မာတရားကို လက်တွေ့မလုပ်မယ့်အစား ဘုရားနှုတ်ကပတ်တော်တွေနဲ့ သတ်မှတ်ချက်တွေနဲ့အညီ ပြောဆိုပြုမူနိုင်သူတွေကို ဘုရားက အလိုရှိပါတယ်။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်မ သူများတွေနဲ့ ခင်မင်ရင်းနှီးတဲ့ ပုံစံကို ပြောင်းလဲရမယ်ဆိုတာ သဘောပေါက်သွားတယ်။ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မရဲ့ ကိုယ်ပိုင်ဆန္ဒတွေအတိုင်း တာဝန်ထမ်းဆောင်လို့ မဖြစ်တော့ဘူး။ အဲဒီအစား ဘုရားအလိုတော်နဲ့အညီ ပြုမူရမယ်။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ အခက်အခဲတွေကို ဖြေရှင်းဖို့ ညီအစ်ကိုမောင်နှမတွေကို ကူညီရမယ်။ ဒီလိုနဲ့ သမ္မာတရားနဲ့ စည်းမျဉ်းတွေနဲ့အညီ သူတို့တာဝန်ကို ထမ်းဆောင်နိုင်ဖို့အတွက်ပေါ့။ ဒါက ကျွန်မတာဝန်ပဲ။ ဘုရားနှုတ်ကပတ်တော်ထဲမှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းတစ်ခုကို ကျွန်မ တွေ့ခဲ့တယ်။ ဒါကြောင့်ကျွန်မ ဘုရားကို ဆုတောင်းတယ်။ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ သမ္မာတရားကို လက်တွေ့လုပ်တဲ့နေရာမှာ လမ်းပြဖို့ ဆုတောင်းတယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်တယ်။ “လူတို့ အများဆုံးရရှိရန် ကြိုးစားသင့်သည့်အရာမှာ ဘုရားနှုတ်ကပတ်တော်ကို ၎င်းတို့၏ အခြေပြုချက်အဖြစ်လည်းကောင်း၊ သမ္မာတရားကို ၎င်းတို့၏ စံနှုန်းအဖြစ်လည်းကောင်း ပြုလုပ်ရန်ဖြစ်သည်။ ထိုအခါမှသာ ၎င်းတို့သည် အလင်း၌ အသက်ရှင်နိုင်ပြီး ပုံမှန်လူသားတစ်ဦးကဲ့သို့ အသက်ရှင်နိုင်လိမ့်မည်။ သင်သည် အလင်း၌ အသက်ရှင်လိုလျှင်၊ သမ္မာတရားအတိုင်း ပြုမူဆောင်ရွက်သင့်သည်။ သင်သည် ရိုးသားဖို့ဆိုလျှင်၊ ရိုးသားသည့် စကားများကို ပြောဆိုသင့်ပြီး ရိုးသားသည့်အရာများကို လုပ်ဆောင်သင့်သည်။ သမ္မာတရား၏ စည်းမျဉ်းများဖြင့်သာလျှင် သင်၏အပြုအမူတွင် အခြေခံအကြောင်းရင်း ရှိပေသည်။ လူများသည် သမ္မာတရား၏ စည်းမျဉ်းများကို ဆုံးရှုံးပြီး ကောင်းမွန်သည့်အပြုအမူကိုသာ အာရုံစိုက်သည်နှင့် ဤအရာသည် အတုအယောင်နှင့် အယောင်ဆောင်မှုကို မလွှဲမရှောငသာ ဖြစ်ပေါ်စေသည်။ လူတို့၏ နေထိုင်ပြုမူခြင်းတွင် စည်းမျဉ်းမရှိလျှင် ၎င်းတို့၏ အပြုအမူက မည်မျှကောင်းသည်ဖြစ်စေ ၎င်းတို့သည် ကြောင်သူတော်များဖြစ်သည်။ ၎င်းတို့သည် သူတစ်ပါးတို့ကို ခဏတာ လှည့်စား၍ ရနိုင်သည်။ သို့သော် ၎င်းတို့သည် မည်သည့်အခါမျှ ယုံကြည်စိတ်ချ၍ရမည် မဟုတ်ပေ။ လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်အညီ ဆောင်ရွက်ပြုမူသည့်အခါမှသာ မှန်ကန်သော အခြေခံအုတ်မြစ်ရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်‌တော်များအတိုင်း ပြုမူနေထိုင်ခြင်းမရှိဘဲ ကောင်းစွာပြုမူဖို့ ဟန်ဆောင်ခြင်းအပေါ်သာ အာရုံစိုက်လျှင်၊ အကျိုးဆက်အနေဖြင့် ၎င်းတို့သည် လူကောင်းများ ဖြစ်လာနိုင်သလော။ လုံးဝ မဖြစ်နိုင်ပေ။ ကောင်းသောအပြုအမူသည် လူတို့၏ အနှစ်သာရကို မပြောင်းလဲနိုင်ပေ။ သမ္မာတရားနှင့် ဘုရားနှုတ်ကပတ်တော်များကသာ လူတို့၏ စိတ်သဘောထားများ၊ အတွေးများ၊ ထင်မြင်ချက်များကို ပြောင်းလဲနိုင်ပြီး ၎င်းတို့၏ အသက်ဖြစ်လာနိုင်သည်။...တစ်ခါတစ်ရံတွင် အခြားသူများ၏ အားနည်းချက်များ၊ ချို့ယွင်းချက်များ၊ အမှားများကို တိုက်ရိုက်ထောက်ပြပြီး ဝေဖန်ရန် လိုအပ်သည်။ ဤသည်မှာ လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်သည် မဟုတ်လော။” (နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို စိတ်သဘောထားဆိုင်ရာပြောင်းလဲခြင်းလမ်းကြောင်းကို ညွှန်ပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လုပ်ဆောင်ဖို့၊ ကျွန်မရဲ့ စံသတ်မှတ်ချက်အဖြစ် သမ္မာတရားကို အသုံးပြုဖို့ အပြင်ပန်းကောင်းမှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အယောင်မဆောင်ဖို့၊ သမ္မာတရားကို လက်တွေ့လုပ်ပြီး ရိုးသားသူတစ်ယောက်ဖြစ်ဖို့ပေါ့။ သမ္မာတရားစည်းမျဉ်းတွေကို ဆန့်ကျင်တာတွေ ဖြစ်နေတာကို မြင်တဲ့အခါ၊ ညီအစ်ကိုမောင်နှမတွေက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ သူတို့တာဝန်တွေကို ထမ်းဆောင်နေတာကို ကျွန်မ မြင်တဲ့အခါ သူတို့အပေါ်ကို ရိုးသားဖို့၊ စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံဖို့ မိတ်သဟာယဖွဲ့ဖို့၊ ထောက်ပြဖို့၊ လိုအပ်သလို ကိုင်တွယ်ဖြေရှင်းဖို့ လိုပါတယ်။ ဒီနည်းနဲ့သာ ညီအစ်ကိုမောင်နှမတွေက သူတို့တာဝန်ထမ်းဆောင်ရာမှာ လမ်းလွဲမှုတွေကို သဘောပေါက်ပြီး အချိန်မီ ပြောင်းလဲနိုင်မယ်။ ဒါက ညီအစ်ကိုမောင်နှမတွေကို တကယ်ကူညီနေတာဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်အပေါ် အခြေခံပြီး သူတို့နဲ့ ဆက်ဆံနေတာပါ။ ဒါဟာ လူတွေကြား သာမန်ဆက်ဆံရေးရဲ့ အဓိပ္ပာယ်ပဲ။ သမ္မာတရားကို ဘယ်လိုလက်တွေ့လုပ်ရမယ်ဆိုတာ ကျွန်မနားလည်ပြီးတဲ့နောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ်။ “သူများတွေရဲ့ အမှားကိုပြောဖို့ မကြောက်နဲ့။ အမြဲတမ်း ကောင်းတာတွေချည်းမပြောနဲ့။ ဟန်ဆောင်လှည့်စားသူတွေကို ဘုရားက မုန်းတီးတယ်။ ငါ့စကားနဲ့ လုပ်ရပ်တွေက ဘုရားနှုတ်ကပတ်တော်နဲ့ သမ္မာတရားစည်းမျဉ်းတွေနဲ့အညီဖြစ်ရမယ်”ပေါ့။ နောက်ပိုင်းမှာ ဂျိုဟန်က ထပ်ပြီး ပျင်းရိနေတာကို မြင်တော့ ကျွန်မ သူ့ကို ထောက်ပြချင်တယ်။ ဒါပေမဲ့ လက်တွေ့လုပ်ရမယ့်အချိန်ရောက်တော့ လုပ်ဖို့ တော်တော်ခက်နေသလို ခံစားရတယ်။ သူ့စိတ်နှလုံးထဲက ကျွန်မရဲ့ ပုံရိပ်ကောင်းကို ဆုံးရှုံးရမှာကို ကျွန်မ စိတ်ပူနေတုန်းပဲ။ ကျွန်မ အရင်ကဖတ်ခဲ့တဲ့ ဘုရားနှုတ်ကပတ်တော်ကို တွေးမိပြီး ကျွန်မက ကိုယ့်ကိုယ်ကိုယ်ပြုမူဆောင်ရွက်တဲ့နေရာမှာ ချဉ်းကပ်ရလွယ်ပြီး ဖော်ရွေတတ်ဖို့ စိတ်ကူးကို အမှီပြုနေတုန်းပဲဆိုတာ သဘောပေါက်သွားတယ်။ ကျွန်မ ဘုရားကို ဆုတောင်းတယ်။ သမ္မာတရားကို လက်တွေ့လုပ်ရာမှာ ကျွန်မကို လမ်းပြဖို့ တောင်းလျှောက်တယ်။ အဲဒီနောက်မှာ ကျွန်မ ဂျိုဟန်ဆီသွားပြီး သူ့ကိုပြောလိုက်တယ်။ “အစ်မ၊ အစ်မ သတိထားမိလားတော့ မသိဘူး။ ဒါပေမဲ့ အစ်မက ကိုယ့်တာဝန်မှာ ဖြစ်သလိုလုပ်ပြီး တာဝန်မယူတတ်တာကြောင့် လူသစ်တော်တော်များများက စုဝေးပွဲတွေကို မလာကြဘူး။ တာဝန်ကို ဒီလိုထမ်းဆောင်တာက လူသစ်တွေကို ရေလောင်းတာမှာ အရမ်း နှောင့်နှေးစေတယ်” ဆိုပြီးတော့။ သူ့ပြဿနာကို ထောက်ပြပြီးတော့ ကျွန်မ အတွေ့အကြုံကိုလည်း သူနဲ့ မျှဝေလိုက်တယ်။ သူက စိတ်ဆိုးပြီး ကျွန်မကို လျစ်လျူရှုမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ ဖြစ်သွားတဲ့ဟာကြောင့် ကျွန်မ အံ့သြသွားတယ်။ သူက စိတ်မဆိုးရုံတင်မကဘဲ သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ပြီး ပြောတယ်။ “ဒါ ကျွန်မရဲ့ အားနည်းချက်ပဲ။ ကျွန်မ ပြောင်းလဲဖို့ လိုတယ်” တဲ့။ အဲဒီနောက်မှာ အစ်မဂျိုဟန်က သူ့တာဝန်ကို စပြီး ရိုးရိုးသားသား ထမ်းဆောင်တယ်။ သူရေလောင်းတဲ့ လူသစ်တွေက စုဝေးပွဲတွေကို ပိုပြီးတော့ ပုံမှန်တက်ကြတယ်။ ကျွန်မရဲ့ လမ်းပြမှုနဲ့ ကူညီမှုကြောင့် ကျွန်မတို့ကြားက ဆက်ဆံရေးက ပျက်မသွားဘူး။ ပိုကောင်းလာတယ်။ နောက်ပိုင်းမှာ သူ့ဖောက်ပြန်ပျက်စီးမှုကို ကျွန်မ မြင်တဲ့အခါ သူ့ကို ကျွန်မ တိုက်ရိုက်ထောက်ပြတယ်။ သူက လက်ခံနိုင်ပြီး သူ့ကိုယ်သူ သိလာနိုင်တယ်။ အခု သူ့တာဝန်အပေါ် သူ့သဘောထားက အများကြီးပြောင်းလဲသွားတယ်။ နောက်ပိုင်းမှာ သူက အသင်းတော်ခေါင်းဆောင်အဖြစ် ရာထူးတိုးသွားတယ်။ အတ်နာနဲ့ အန်နီရဲ့ ပြဿနာတွေကိုလည်း ကျွန်မ ထောက်ပြလိုက်တယ်။ အတ်နာက သူ့ရဲ့ မာနထောင်လွှားမှုကို သတိထားမိပြီး သူများတွေကို သူစကားပြောတဲ့ပုံစံကို ပြောင်းလဲရမယ်လို့ ပြောတယ်။ အန်နီက သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သိမြင်ပြီး သူ ပြောင်းလဲချင်စိတ်ရှိတယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်မ အရမ်းပျော်သွားတယ်။ ကျေးဇူးတော်ပဲ။ ဘုရားနှုတ်ကပတ်တော်ကပဲ လူတွေကို ပြောင်းလဲပေးနိုင်တယ်။

တကယ့်လူကောင်းတစ်ယောက်က လူတွေက ကောင်းတယ်လို့ ထင်တဲ့အတိုင်း အပြင်ပန်းမှာ ပြုမူတဲ့သူမဟုတ်ဘူးဆိုတာ ဒါတွေကို တွေ့ကြုံပြီးတော့ ကျွန်မ သိသွားတယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း ဆောင်ရွက်တာ၊ သမ္မာတရားကို လက်တွေ့လုပ်တာ၊ ရိုးသားတဲ့သူတစ်ယောက်ဖြစ်တာကို ဆိုလိုတာပဲ။ ဒါက ဘုရားချစ်တဲ့သူမျိုးပါပဲ။ သူများတွေမှာ ပြဿနာတွေ မြင်ရတဲ့အခါ၊ အမြန်မိတ်သဟာယဖွဲ့ပြီး သူတို့ကို ကူညီဖို့ လိုအပ်တဲ့အခါမှာ သူတို့ကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်ဆိုတာကိုလည်း ကျွန်မ မြင်ခဲ့တယ်။ ဒီနည်းအားဖြင့်သာ သူတို့ရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို သဘောပေါက်နိုင်တယ်။ သမ္မာတရားကို ရှာဖွေနိုင်ပြီး တာဝန်တွေကို စည်းမျဉ်းနဲ့အညီ ထမ်းဆောင်နိုင်တယ်။ ဒါက သူတို့ကို ကူညီဖို့ အကောင်းဆုံးနည်းလမ်းပဲ။ အခု ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို ထောက်ပြရတာကို ကျွန်မ မကြောက်တော့ဘူး။ သူတို့ ကျွန်မကို ဘာပဲထင်ပါစေ ရိုးသားသူတစ်ယောက်ဖြစ်ဖို့ လက်တွေ့လုပ်ချင်တယ်။ စည်းမျဉ်းတွေကို နာခံပြီး ဘုရားအိမ်တော်ရဲ့အလုပ်ကို ကာကွယ်ပေးချင်တယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

အယောင်ဆောင်ခရစ်တော်များကို သတိထားခြင်းမှ ရရှိခဲ့သည့် သင်ခန်းစာများ

ကျစ်ကျန်း တရုတ်နိုင်ငံ ကျွန်တော်က အိမ်တွင်းအသင်းတော်တစ်ခုမှာ တွဲဖက်အမှုဆောင်ပါ။ ၂၀၀၀ခုနှစ် နေ့တစ်နေ့မှာ အထက်ခေါင်းဆောင်တွေက...

မိမိတာဝန်တွင် မည်သို့ ပူးပေါင်းလုပ်ဆောင်ရမှန်း ကျွန်မ အခု သိပါပြီ

၂၀၁၉ နိုဝင်ဘာလတုန်းကပါ။ ကျွန်မက အစ်မကျိုးနဲ့အတူ ခေါင်းဆောင်ပိုင်းတာဝန်တွေ လုပ်နေတာ။ အလုပ်ကို ပိုကောင်းအောင်၊ ပိုပြီး ထိထိရောက်ရောက်...

ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။