လူမုန်းမခံချင်သူများသည် ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်ပါသလား

28.02.2021

လီယျူရီ တရုတ်နိုင်ငံ

ကျွန်မ ယုံကြည်သူမဖြစ်မီက အခြားလူများကို မစော်ကားမိစေဖို့ အမြဲတမ်း ဂရုစိုက်ခဲ့ပြီး လူတိုင်းနှင့် အဆင်ပြေသည်။ တစ်ယောက်ယောက်က အခက်အခဲရှိနေသည်ကို ကျွန်မ မြင်သည့်အခါတိုင်း ကူညီခဲ့သောကြောင့်၊ ကျွန်မမှာ ကောင်းမွန်သည့် လူ့သဘာဝရှိပြီး ကျွန်မက လူကောင်း တစ်ယောက်ဖြစ်သည်ဟု ခံစားခဲ့ရသည်။ ကျွန်မက အခြားသူများနှင့် ဆက်ဆံရေးကို ကာကွယ်နေခြင်းဖြစ်ပြီး တရားမျှတမှု အသိစိတ်မရှိခဲ့ခြင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံသည့်အခါမှသာ၊ ကျွန်မ နားလည်သဘောပေါက်ခဲ့ရသည်။ အရမ်းအရေးကြီးသည့်အချိန်တွင် ကျွန်မက သမ္မာတရား၏ စည်းမျဉ်းများကို လုံးဝ မထိန်းသိမ်းနိုင်ခဲ့သကဲ့သို့၊ ဘုရားသခင်၏အိမ်တော်၏ အကျိုးစီးပွားကို လုံးဝ မကာကွယ်နိုင်ခဲ့ပါ။ ကျွန်မက ဘုရားသခင်ကို ရွံရှာစေသည့် တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတတ်သည့် လူမုန်းမခံချင်သူ တစ်ယောက်သာ ဖြစ်သည်ကို သိခဲ့ရသည်။ နောင်တများနှင့်ပြည့်ပြီး မိမိကိုယ်ကိုယ် စက်ဆုပ်ကာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအပေါ်ကို ကျွန်မ အာရုံစိုက်ခဲ့သည်၊ ပြီးလျှင် ထိုနောက် ကျွန်မ စတင် ပြောင်းလဲလာသည်။

ကျွန်မ အသင်းတော် ရေလောင်းအဖွဲ့၏ ခေါင်းဆောင်ဖြစ်စဉ်က အစ်မလီနှင့် အတူ လုပ်ခဲ့ဖူးသည်။ အချိန်နည်းနည်းကြာတော့ သူမက သူမ၏တာဝန်မှာ မည်သည့်ဝန်ထုတ်ဝန်ပိုးကိုမှ မထမ်းဘဲ၊ သူမ လုပ်သမျှမှာ လုံ့လဝီရိယမရှိခြင်းကို ကျွန်မ သတိထားမိသည်။ ညီအစ်ကို မောင်နှမများ၏ ပြဿနာများမှာ ကူညီဖြေရှင်းပေးခြင်းမျိုး မရှိသလောက်ပင် ဖြစ်ပြီး၊ တစ်ခါတစ်ရံမှာ အစည်းအဝေး လုပ်သည့်အချိန်များမှာပင် သူမ ရောထွေးနေသည်။ ယင်းကို သူမသတိထားမိစေဖို့ ကျွန်မ လုပ်ချင်သော်လည်း၊ သူမက ထိုတာဝန်ကို မလုပ်သည်မှာ အတော်ကြာပြီဖြစ်သောကြောင့်၊ ကျွန်မ တစ်ခုခုပြောပါက၊ ကျွန်မက အရမ်းတောင်းဆိုလွန်းပြီး တင်းကျပ်လွန်းသည်ဟု ထင်ကောင်းထင်နိုင်ကို ကျွန်မ တွေးမိသည်။ သူက ကျွန်မကို တော်တော် အကောင်းမြင်သောကြောင့်၊ ကျွန်မက ဤအကြောင်းများကို ထုတ်ပြောလိုက်ပါက၊ ကျွန်မအပေါ် သူမ၏ အမြင်က ပြောင်းသွားမလား။ သူမ သိက္ခာမကျရစေဖို့အလို့ငှာ၊ သူမနှင့် နှစ်ယောက်ချင်း မိတ်သဟာယပြုဖို့ ကျွန်မ ဆုံးဖြတ်ခဲ့သည်။ မိတ်သဟာယပြုနေသည့်အချိန်အတွင်းတွင် သူမမှာရှိသည့် ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ကျွန်မ မပြောဆိုခဲ့ဘဲ၊ သူမကို “နင်က အခုတလော နင့်တာဝန်မှာ သိပ် မထိရောက်ဖူးဖြစ်နေတယ်။ အဲဒါနဲ့ပတ်သက်ပြီး သုံးသပ်ကြည့်သေးလား။ နင်က ဂရုတစိုက် ဖြေရှင်းတာမျိုးမရှိတဲ့ လွဲမှားတဲ့ အခြေအနေမှာ နေနေရင် နင့်တာဝန်ကို ကောင်းစေမှာ မဟုတ်တဲ့အပြင် နင့်ရဲ့ အသက်ဝင်ရောက်မှုအတွက်လည်း အတားအဆီးဖြစ်နိုင်တယ်။” ဟု ပညာသားပါပါနှင့် အကြံပေးခဲ့သည်။ တကယ်တော့ သူမက ပေါ့ဆပြီး သူမ၏တာဝန်ကို အာရုံမစိုက်ဘဲ၊ ပြဿနာ၏ သဘာဝကို ခွဲခြမ်းစိစစ်ဖို့အတွက် သူမနှင့် သမ္မာတရားကို မိတ်သဟာယ ပြုသင့်ကြောင်း၊ သူမ၏ပြဿနာများကို သူ နားလည်နိုင်စေဖို့အလို့ငှာ၊ သူမကို ကိုင်တွယ်ဖြေရှင်းပြီး ဖော်ထုတ်သင့်သည်ကို ကျွန်မ သိခဲ့သည်။ သို့ရာတွင် ကျွန်မက တင်းကျပ်လွန်းပြီး သူမက လက်မခံနိုင်ပါက၊ ကျွန်မတို့ ဆက်ဆံရေး ပျက်စီးသွားပြီး ကျွန်မကို သူမ မကျေမနပ်ဖြစ်မည်ကို စိုးရိမ်မိသည်။ ထို့ကြောင့် ကျွန်မ သူမကို စိတ်ရှည်ရှည်နှင့်သာ မိတ်သဟာယ ပြုခဲ့သည်။

နောက်ပိုင်းမှာ အစ်မလီက သူမ၏တာဝန်မှာ အရမ်းကို ယှဉ်ပြိုင်လွန်းပြီး သူများထက်သာစေဖို့ အမြဲတမ်း ကြိုးစားနေသည်ကို သိခဲ့ရသည်။ လူများ၏ လေးစားမှုကို သူမ မရနိုင်သည့်အချိန်၊ သူမက အပျက်သဘောဆောင်မှုထဲကို နစ်မြုပ်သွားသည်။ ကျွန်မက သူမနှင့် နှစ်ယောက်ချင်း သုံးလေးကြိမ်လောက် မိတ်သဟာယပြုခဲ့ပြီး သူမကလည်း ကောင်းကောင်း ခံယူသည့်ပုံစံရှိသော်လည်း၊ မည်သို့မျှ မပြောင်းလဲခဲ့ပါ။ ဤအခြေအနေကို ခေါင်းဆောင်များဆီကို တင်ပြဖို့ တွေးမိသော်လည်း၊ ယင်းက အစ်မလီကို နောက်ကျော ဓားနှင့်ထိုးသကဲ့သို့ဖြစ်မည်ကို စိုးရိမ်မိသည်။ ကျွန်မက သူမကို စော်ကားမိပါက၊ ထို့နောက်တွင် မည်သို့ အဆင်ပြေနိုင်ပါ့မည်နည်း။ ထိုအချိန်တစ်လျှောက်လုံးမှာ ကျွန်မတို့ အချင်းချင်း သိကျွမ်းခဲ့ကြပြီး၊ တစ်ယောက်နှင့်တစ်ယောက် ကောင်းစွာ သိကျွမ်းခြင်းက အကျိုးကျေးဇူးများရှိသည်ဟုလည်း ကျွန်မ ခံစားခဲ့ရသည်။ သူမကို ကူညီဖို့အတွက် ကျွန်မ ဆက်ကြိုးစားနေမည်ဖြစ်ပြီး၊ သူမက ထိုလမ်းအတိုင်း ဆက်လျှောက်နေပါက၊ ခေါင်းဆောင်များကို ပြောဖို့ ကျွန်မမှာ အချိန်ရှိသေးသည်ဟု တွေးမိသည်။

အစ်မလီသည် သူမ၏တာဝန်မှာ ထမ်းဆောင်မှုက ဆက်ပြီး ဆိုးလာနေပြီး၊ ညီအစ်ကို မောင်နှမများ၏ ပြဿနာများကို မဖြေရှင်းနိုင်ခဲ့ပါ။ တစ်ကြိမ်မှာ အစည်းအဝေးတစ်ခုမှာ ယုံကြည်သူ အသစ်များ၏ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေသည့်အချိန်တွင်၊ သူမက မှားနေသည့် မိတ်သဟာယကို ဝေမျှသည်။ ကျွန်မတို့က ပြန်ပြီး တည့်မတ်ပေးခဲ့သော်လည်း၊ ထို့နောက်တွင် အလားတူ ပြဿနာမျိုးကိုသာ သူမ ကြုံရသည့်အချိန်၊ ထိုမှားနေသည့် မိတ်သဟာယကိုသာ သူမက ဝေမျှခဲ့သည်။ ယုံကြည်သူအသစ်များ၏ ပြဿနာများကို သူမ မဖြေရှင်းနိုင်ရုံသာမကဘဲ၊ သူတို့ကို အထင်အမြင်မှားယွင်းစေခဲ့သည်။ ကျွန်မ ဤအကြောင်းကို သိရသည့်အခါ၊ မိမိကိုယ်ကိုယ် အမှန်တကယ် အပြစ်တင်မိခဲ့ပြီး အစ်မလီကို သူမ၏တာဝန်မှာ အနှောင့်အယှက် ဖြစ်စေသည့်ပုံစံနှင့် လုပ်နေသည်ဆိုပြီး ဖော်ထုတ်ချင်ခဲ့သော်လည်း၊ သူမကို ကျွန်မ မြင်သည်နှင့်တစ်ပြိုင်နက် ကျွန်မ ပွင့်လင်းစွာ စကားမပြောနိုင်တော့ပါ။ သူမက ညီအစ်ကို မောင်နှမများနှင့် မှားယွင်းစွာ မိတ်သဟာယဖွဲ့နေသည်ဟုသာ ကျွန်မ ဖော့ပြောလိုက်သည်။ ကျွန်မပြောသည့်အရာက သိပ်လွန်သွားပါက၊ သူမ စိတ်ဆိုးပြီး ကျွန်မအပေါ် အဆိုးမြင်သွားမည်ကို စိုးရွံ့ပြီး ကျွန်မက မရေမရာပြောကာ ဝေ့လည်ကြောင်ပတ် ပြောနေသည်။ အကျိုးဆက်အနေဖြင့် သူမကိုယ်သူမ မည်သည့်နားလည်မှုမှ မရခဲ့ပါ။ သူမက အကြောင်းကိစ္စများကို ကောင်းကောင်းနားမလည်ပါ၊ ရေလောင်းသည့် တာဝန်နှင့် သိပ်မသင့်တော်ဟု ကျွန်မ မြင်မိသောကြောင့်၊ အခြေခံသဘောတရားများအရ သူမကို အခြားတာဝန်တစ်ခုကို ပြောင်းပေးသင့်ပြီး ခေါင်းဆောင်များထံသို့ အမြန်ဆုံး တင်ပြသင့်သည်။ သို့ရာတွင် သူမကို ကျွန်မ စော်ကားမိပြီး ဤအချိန်တစ်လျှောက်လုံး အတူတူလုပ်လာခဲ့ပြီးမှ မိတ်ဆွေ မဖြစ်ဘဲ၊ ရန်သူဖြစ်သွားမည်ကို စိုးရွံ့လျက်၊ ကျွန်မစိတ်ကို ပြောင်းပစ်ခဲ့သည်။ အဆုံးတွင် သမ္မာတရား၏ စည်းမျဉ်းများကို ကျွန်မ မထိန်းသိမ်းခဲ့ဘဲ၊ သူမ၏အကြောင်းကို ခေါင်းဆောင်များထံ သတင်းပို့ဖို့ ကျွန်မ နှောင့်နှေးနေခဲ့သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းကြောင့်၊ ကျွန်မ ကိုယ်တိုင် ဆိုးဝါးသည့် အခြေအနေကို ရောက်ခဲ့ပြီး ကျွန်မ၏အလုပ်မှာ ပြဿနာများကို မမြင်နိုင်ခဲ့ပါ။ အစ်မလီ၏ လုပ်ဆောင်မှုအပေါ် ကျွန်မ နေသားကျသွားပြီး ကျွန်မတို့က အပေါ်ယံမှာ အဆင်ပြေနေသရွေ့ ကျေနပ်တင်းတိမ်နေခဲ့သည်။ ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိန်းသိမ်းဖို့ ကျွန်မ မစဉ်းစားနေခဲ့ဘဲ၊ ဖြစ်ပျက်နေခဲ့သည့် အရာများကို ခေါင်းဆောင်များကို ကျွန်မ ပြောမပြခဲ့ပါ။

ထို့နောက် တစ်ရက်တွင် အစ်မလီက သူမကို တရုတ်ကွန်မြူနစ်ပါတီ၏ သတင်းပေးသူ ရဲများက စောင့်ကြည့်နေသည်ကို သိလိုက်ရပြီး၊ သူမ၏တာဝန်ကို ဆက်လုပ်နေရင် သူ့ကြောင့် အခြား ညီအစ်ကို မောင်နှမများပါ ပါဝင်ပတ်သက်လာနိုင်သည်။ ဤသတင်းကို ကြားသည့်အခါ ကျွန်မ နှလုံးခုန်အရမ်းမြန်လာသည်။ ဤသည်မှာ တကယ်ကို အရေးကြီးသည့် ပြဿနာဖြစ်မှန်းသိပြီး နောက်ဆုံးတွင် သူမ၏အခြေအနေကို ခေါင်းဆောင်များအား ပြောပြခဲ့သည်။ ခေါင်းဆောင်များက “အစ်မလီက သူ့တာဝန်မှာ ပေါ့ဆပြီးတော့ သူ့ရဲ့နားလည်မှုက လွဲနေတယ်။ ဒါကြောင့် အနှောင့်အယှက် ဖြစ်နေတာ ကြာပြီ၊ ဒါပေမဲ့ မင်းက ဒါကို အချိန်အကြာကြီး မတင်ပြဘဲ နေခဲ့တယ်။ မင်းက ကြားမှာနေပြီးတော့ လူမုန်းမခံချင်သူ တစ်ယောက်ရဲ့ စည်းမျဉ်းတွေအတိုင်း လုပ်နေတယ်။ ဒါက ဘုရားသခင်ရဲ့အိမ်တော်ရဲ့ အလုပ်ကို နှောင့်နှေးစေပြီး ထိခိုက်စေတယ်။ မင်း တကယ်ကို ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိဖို့ လိုတယ်။” ဟု အလွန် တင်းတင်းမာမာနှင့် တုံ့ပြန်သည်။ အထက်က တရားဒေသနာအချို့ထဲက ကောက်နုတ်ချက် တစ်ခုကိုလည်း သူတို့ ထည့်ပေးလိုက်သည်။ “လူမုန်းမခံချင်းသူတွေက သူတိုရဲ့ ပိုင်းခြားသိမြင်မှုကို အသုံးမပြုနိုင်ကြဘူး။ သူတို့ဟာ သမ္မာတရားရဲ့ စည်းမျဉ်းတွေကို ကောင်းကောင်းသိပေမဲ့ အဲဒါတွေကို မထိန်းသိမ်းနိုင်ဘူး။ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကို ထိခိုက်တဲ့ကိစ္စတွေမှာဆိုရင် သမ္မာတရားရဲ့ အခြေခံသဘောတရားတွေကိုတောင် သူတို့ ဘေးဖယ်ထားကြတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးအမြတ်ကိုပဲ ကာကွယ်ကြတယ်။ လူ့အကြိုက်လိုက်သူတစ်ယောက်က မကောင်းတဲ့လူတစ်ယောက်က မကောင်းမှုတွေလုပ်နေတာကို မြင်တဲ့အခါ၊ ဒီလုပ်ရပ်တွေက ဘုရားသခင့်အိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်ပြီး အသင်းတော် အသက်တာကို အနှောင့်အယှက်ပေးတယ်ဆိုတာ သူတို့ သိပေမဲ့၊ ဒီလူတွေကို စိတ်ဆိုးစေဖို့ လုပ်မိမှာ စိုးရိမ်ပြီး သူတို့ ဘာမှ မပြောကြဘူး။ သူတို့ကို မဖော်ထုတ်ဘူး ဒါမှမဟုတ် မတင်ပြကြဘူး။ သူတို့မှာ တရားမျှတမှု၊ တာဝန်ခံယူမှု အသိစိတ် လုံးဝ မရှိဘူး။ ဒီလို လူတွေဟာ အသင်းတော်မှာ ဘယ်တာဝန်ကိုမှ ဆောင်ရွက်ဖို့ မသင့်တော်ပါဘူး- သူတို့ဟာ ဘာမှ သုံးလို့မရတဲ့သူတွေပါ။ လူမုန်းမခံချင်သူတွေဟာ ရိုးသားတဲ့ ပုံစံပေါ်ပြီး သူများတွေက သူတို့ကို ကောင်းမွန်တဲ့ လူ့သဘာဝရှိပြီး လူကောင်းတွေလို့ ထင်ကြတယ်၊ တချို့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေကတောင် သူတို့ကို ပြုစုပျိုးထောင်ပေးကြတယ်။ ဒါဟာ လုံးဝကို မိုက်မဲပါတယ်။ လူမုန်းမခံချင်သူတစ်ယောက်ကို ဘယ်တော့မှ ပျိုးထောင်ပေးဖို့ မကြိုးစားပါနဲ့၊ သူတို့ဟာ ဘာကိုမှ မပြီးမြောက်နိုင်တာကြောင့်ပါ။ အထူးသဖြင့် သူတို့ဟာ သမ္မာတရားကို မချစ်ဘူး၊ လက်မခံဘူး။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာနဲ့ပတ်သက်ပြီး ဘာမှ မပြောဆိုဘူး။ ဒါကြောင့် ဘုရားသခင်က လူမုန်းမခံချင်သူတွေကို အားလုံးထက် ပိုမုန်းတီးတာပါ။ ဒီလိုလူတွေက အမှန်တကယ် နောင်တမရရင် ဖယ်ရှင်းခံရမှာဖြစ်ပါတယ်။” (အလုပ်အစီအစဉ်များ) ခေါင်းဆောင်များ၏ ကြမ်းတမ်းစွာ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ခြင်းတို့ကို ခံရသောကြောင့် ကျွန်မ စိတ်ညစ်သွားသည်။ အထူးသဖြင့် “လူမုန်းမခံချင်သူ” ဆိုသည့် စကားကို ကျွန်မ မြင်သည့်အခါတွင် ဖြစ်သည်။ ကျွန်မ မျက်ရည်များကို မထိန်းနိုင်ခဲ့ပါ။ ကျွန်မက မည်သို့များ လူမုန်းမခံချင်သူတစ်ယောက် ဖြစ်ရသနည်း။ လူမုန်းမခံချင်သူများကို ဘုရားသခင်က အရမ်း မုန်းတီးသည်။ သူတို့သည် မည်သည့်အတွက်မျှ အသုံးမဝင်ဘဲ ဖယ်ရှားခံရမည်။ ကျွန်မ အရမ်းကို ဝမ်းနည်းမိပြီး ကျွန်မက လူမုန်းမခံချင်သူများ လုပ်သကဲ့သို့သာ တကယ်ကို လုပ်ခဲ့သော်ငြားလည်း၊ ကျွန်မသည် လူမုန်းမခံချင်သူ တစ်ယောက်ဖြစ်သည် ဆိုသည့်အချက်ကို အသိအမှတ်မပြုနိုင်ခဲ့ပါ။ မျက်ရည်များကြားမှ ဘုရားသခင်ဆီကို ကျွန်မ ဤဆုတောင်းချက်ကို ဆုတောင်းခဲ့ပါသည်။ “အို ဘုရားသခင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခြင်းအားဖြင့် ဘုရားအိမ်တော်ရဲ့ အလုပ်ကို ကျွန်မ နှောင့်ယှက်ခဲ့ပါတယ်။ ကျွန်မ မကောင်းမှု လုပ်ခဲ့ပြီး ခေါင်းဆောင်တွေက ကျွန်မကို ကိုင်တွယ်ဖြေရှင်းတာဟာ မှန်ကန်ပါတယ်။ ဒါပေမဲ့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အတွင်းကျကျ နားမလည်သေးပါဘူး။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် သိဖို့ ကျွန်မကို အသိဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ”

ဆုတောင်းပြီးသည့်နောက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ ဤသည်ကို ဖတ်ပါသည်။ “အချို့သော လူတို့သည် ဆိုးရွားသည့် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်ဖူးသကဲ့သို့၊ အခြားသူများ၏ ပိုင်ဆိုင်မှုများကို မခိုးဝှက်ဖူး သို့မဟုတ် အခြားလူတို့၏ ပစ္စည်းများကို မတပ်မက်ဖူးပါဟု အခိုင်အမာဆိုရင်း၊ ကောင်းမွန်သော လူသဘာဝကို ၎င်းတို့ ပိုင်ဆိုင်ကြသည်ဟု အမြဲ ကြွားဝါကြလေသည်။ အကျိုးစီးပွားများ အပေါ် အငြင်းပွားမှု တစ်ခုရှိသောအခါ၊ ဆုံးရှုံးမှု ခံစားဖို့ သာ၍ နှစ်သက်ရင်း ၎င်းတို့ကိုယ်တိုင် အနစ်နာခံခြင်းဖြင့် အခြားသူများကို အကျိုးခံစားခွင့်ပေးကာ ၎င်းတို့က လူကောင်းများဖြစ်သည်ကို အခြားသူတိုင်းက တွေးထင်ဖို့အလို့ငှာသာ မည်သည်မဆိုနှင့်ပတ်သက်၍ ဆိုးသောအရာတစ်ခုတစ်လေကို ၎င်းတို့ လုံးဝ မပြောကြသည်အထိပင် လုပ်ဆောင်ကြလေသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ထဲ၌ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်နေချိန်တွင်၊ ၎င်းတို့သည် အစဉ် မိမိတို့ကိုယ်တိုင်အတွက် ကြံစည်လျက်၊ ဉာဏ်များကာ စိတ်မချရပေ။ ၎င်းတို့သည် မည်သည့်အခါတွင်မျှ ဘုရားသခင့်အိမ်တော်၏ အကျိုးကျေးဇူးများကို မတွေးကြ၊ ဘုရားသခင်က အရေးတကြီးဖြစ်သည်ဟု သဘောထားသောအရာကို အရေးတကြီးဖြစ်သည်ဟု ၎င်းတို့ လုံးဝ သဘောမထားကြ သို့မဟုတ် ဘုရားသခင် တွေးသကဲ့သို့ မတွေးကြပေ၊ ပြီးလျှင် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် ၎င်းတို့၏ ကိုယ်ပိုင် အကျိုးစီးပွားများကို လုံးဝ ဘေးမဖယ်ထားနိုင်ကြပေ။ ၎င်းတို့၏ အကျိုးစီးပွားများကို ၎င်းတို့ လုံးဝ မစွန့်လွှတ်နိုင်ကြချေ။ မကောင်းမှုပြုသူများက မကောင်းမှု ကျူးလွန်နေကြသည်ကို ၎င်းတို့ မြင်သည့်အချိန်တွင်ပင်၊ ထိုသူတို့ကို မဖော်ထုတ်ကြချေ။ ၎င်းတို့သည် မည်သည့်ကိုယ်ကျင့်တရားများ တစ်ခုတစ်လေမျှ မရှိကြပေ။ ဤသည်မှာ ကောင်းသောလူ့သဘာဝ၏ ဥပမာတစ်ခုမဟုတ်ပေ။ ထိုသို့သော လူတစ်ဦး ပြောသည့်အရာကို အာရုံမစိုက်လေနှင့်။ သူအသက်ရှင် နေထိုင်သည့်အရာ၊ သူ ထုတ်ဖော်ပြသည့်အရာနှင့် သူ၏ တာဝန်များကို ဆောင်ရွက်ချိန်တွင် သူ၏သဘောထား မည်သည့်အရာ ဖြစ်သည် ဆိုသည့်အပြင် သူ၏ အတွင်းပိုင်းအခြေအနေ မည်သည့်အရာ ဖြစ်ပြီး သူ မည်သည့်အရာ ချစ်သည်ကို သင် မြင်ရမည်။ သူ၏ ကိုယ်ပိုင်ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူ၏ ဆက်ကပ်ခြင်းထက် ပိုလွန်ပါက၊ သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းကို ချစ်ခြင်းသည် ဘုရားသခင်၏ အကျိုးစီးပွားများထက် သာလွန်ပါက၊ သို့မဟုတ် သူ၏ ကိုယ်ပိုင် ကျော်ကြားမှုနှင့် အခွင့်အလမ်းများကို ချစ်ခြင်းသည် ဘုရားသခင်ကို သူပြသည့် အရေးထားမှုထက် သာလွန်ပါက၊ သူသည် လူ့သဘာဝရှိသည့် လူတစ်ဦး မဟုတ်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)ကောင်းမွန်သော လူတစ်ယောက်ဖြစ်ရန် အမှန်တကယ် လွယ်ကူပြီး နည်းနည်းပြော၍ များများလုပ်ခြင်းကိုသာ တောင်းဆိုကာ စိတ်ကောင်း ရှိခြင်းနှင့် မကောင်းသောအကြံ မရှိခြင်း ဖြစ်သည်ဟု များစွာသော လူတို့က ယုံကြည်ကြသည်။ ဤအရာက သူတို့ဘယ်သွားသွား သူတို့အား ကြွယ်ဝစေရန် သေချာစေလိမ့်မည်၊ လူတို့သည် သူတို့ကို နှစ်သက်မည်ဖြစ်ပြီး ထိုကဲ့သို့သော လူဖြစ်ရခြင်းမှာ ကျေနပ်ရလောက်အောင် ကောင်းမွန်ပေသည်ဟု သူတို့က ယုံကြည်ကြသည်။ ထိုသူတို့သည် သမ္မာတရားကို မလိုက်လျှောက်လိုသည်အထိပင် ဖြစ်ကြသည်။ လူကောင်းများ ဖြစ်ခြင်းဖြင့်သာ သူတို့ကျေနပ်နေကြသည်။ ထိုသူတို့သည် သမ္မာတရားအား လိုက်လျှောက်ခြင်းနှင့် ဘုရားသခင်အားအစေခံခြင်း ကိစ္စတို့မှာ အလွန်ပင်ရှုပ်ထွေးသည်ဟု ထင်ကြသည်။ ထိုအရာက များစွာသော သမ္မာတရားတို့ကို နားလည်ရန် တောင်းဆိုသည်ဟု သူတို့ထင်ပြီး အဘယ်သူသည် ထိုအရာကို ပြီးမြောက်နိုင်မည်နည်း။ ထိုသူတို့သည် လူကောင်းများဖြစ်ပြီး ၎င်းတို့၏တာဝန်များကို ဆောင်ရွက်ခြင်းဟူသည့် ပိုမိုလွယ်ကူသော လမ်းကိုသာ လျှောက်လိုကြပြီး ထိုအရာက လုံလောက်လိမ့်မည်ဟု ထင်ကြသည်။ ဤသဘောထားမှာ ယုတ္တိတန်သလော။ လူကောင်းဖြစ်ရန်မှာ အမှန်တကယ် လွယ်ကူလှသလော။ သင်တို့သည် လွန်စွာဘဝင်မြင့်သော ပုံစံဖြင့် စကားပြောတတ်သော လူကောင်းမြောက်မြားစွာကို ရှာတွေ့လိမ့်မည်ဖြစ်ပြီး ထိုသူတို့သည် အပြင်ပန်းတွင် ကြီးမားသော ဆိုးယုတ်မှု တစ်စုံတစ်ရာကိုမျှ မပြုဖူးဟန်တူသော်ငြားလည်း အတွင်းပိုင်း၌မူ ၎င်းတို့သည် ကောက်ကျစ်၍ စိတ်မချရပေ။ အထူးသဖြင့် ထိုသူတို့သည် အခြေအနေကို လေ့လာသိမြင်နိုင်စွမ်းရှိ၍ ထိုသူတို့၏ နှုတ်ရေးကောင်းခြင်း၌ သူတို့သည် ချောမွတ်၍ လောကီဆန်လေသည်။ ငါ၏အမြင်အရ ထိုကဲ့သို့သော ‘လူကောင်း’ တစ်ဦးမှာ အတုအယောင်သမား၊ သူတော်ကောင်းယောင်ဆောင်သူ ဖြစ်သည်။ ထိုကဲ့သို့သော လူမှာ ကောင်းချင်ယောင် ဆောင်နေခြင်းသာလျှင် ဖြစ်သည်။ အလယ်အလတ် လမ်းစဉ်လိုက်သူတို့ အားလုံးသည် အန္တရာယ် အပြုဆုံး သူတို့ဖြစ်သည်။ ထိုသူတို့သည် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ ကြိုးစားကြသည်၊ ထိုသူတို့သည် လူမုန်းမခံချင်သူများ ဖြစ်သည်၊ ထိုသူတို့သည် အမှုအရာများကို လိုက်လျော၍ မည်သူမျှ ထိုသူတို့ကို မခန့်မှန်းနိုင်ပေ။ ထိုသို့သော သူသည် အသက်ရှင် နေသော စာတန်ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းအားဖြင့်သာ သင်သည် ပျက်စီးသော စိတ်သဘောထား၏ ချည်နှောင်ခြင်းများကို ဖယ်ရှားပစ်နိုင်သည်”) ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှာ အားလုံးက ကျွန်မအတွက် အတိအကျကို မှန်နေပြီး ကျွန်မ လုံးဝကို လက်ခံယုံကြည်ခဲ့ပါသည်။ ကျွန်မသည် လူမုန်းမခံချင်သူ တစ်ယောက် ဖြစ်သည်၊ လုံးလုံး “သဘောကောင်းသူ” တစ်ယောက် ဖြစ်သည်ကို မြင်ခဲ့ရသည်။ ကျွန်မတို့၏ ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် ကျွန်မ၏အလုပ်မှာ အစ်မလီကို အရမ်းသတိထားပြီး ဆက်ဆံခဲ့ပါသည်။ သူမက သူမ၏တာဝန်မှာ ဝန်ထုပ်ဝန်ပိုးကို မထမ်းရွက်ဘဲ၊ အမှားများ ဆက်တိုက်လုပ်နေခြင်း၊ နာမည်နှင့် အကျိုးအမြတ်အတွက် အမြဲတမ်း ယှဉ်ပြိုင်နေခြင်းနှင့်၊ ဘုရားသခင့်အိမ်တော်၏အလုပ်ကို ထိခိုက်နေခြင်းတို့ကို ကျွန်မ မြင်သည့်အခါမှာ ကျွန်မ သူမနှင့် မိတ်သဟာယပြုသင့်ပြီး ဤသည်ကို ချက်ချင်း ထောက်ပြသင့်ခဲ့ပါသည်။ သို့ရာတွင် သူမကို စိတ်ဆိုးစေဖို့ လုပ်မိမည်ကိုစိုးရွံ့ပြီး ပြဿနာနှင့်ပတ်သက်ပြီး လျှော့ပေါ့ လုပ်ခဲ့သည်။ ဤသည်မှာ သူမအတွက် အကူအညီမဖြစ်သကဲ့သို့၊ သူမအပေါ် ချစ်ခင်ခြင်းမျိုးလည်း မဟုတ်ပါ- ယင်းက ထိခိုက်နစ်နာစေပါသည်။ သူမ၏ နားလည်မှုက တစ်မျိုးဖြစ်နေပြီး သူမက ရေလောင်းသည့်တာဝန်အတွက် မသင့်တော်သည်ကို ကျွန်မ သိခဲ့သော်လည်း၊ သူမ၏ခံစားချက်များကို ကျွန်မ မထိခိုက်ချင်ပါ၊ ကျွန်မကို မကောင်းမမြင်စေချင်ပါ၊ ထို့ကြောင့် ဤကိစ္စကို ခေါင်းဆောင်များထံ တင်ပြဖို့အတွက် နှောင့်နှေးနေခဲ့သည်။ ချို့ယွင်းနေသည့်၊ မှားယွင်းသည့် နားလည်မှုရှိနေသည့် ပေါ့ဆသည့် သူတစ်ယောက်ကို ရေလောင်းသည့်တာဝန်ထမ်းဆောင်ဖို့ ကျွန်မ လုပ်ပေးခဲ့ပြီး ဘုရားသခင့်အိမ်တော်၏ အလုပ်ကို အတားအဆီး ဖြစ်စေခဲ့သည်။ ကျွန်မက စာတန်၏ လက်ပါးစေများထဲက တစ်ယောက်ဖြစ်ခဲ့ပြီး ဘုရားသခင့်အိမ်တော်၏ အလုပ်ကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျွန်မ၏ ယုံကြည်ခြင်းမှာ အပေါ်ယံတွင် ကျွန်မက မိသားစုနှင့် အလုပ်ကို စွန့်ခွာခဲ့သည်၊ နေ့ရော ညပါ အလုပ်လုပ်ပြီး အဖိုးအခပေးဆပ်သည်၊ သို့ရာတွင် ပြဿနာများ ပေါ်လာသည့်အခါမှာ မိမိကိုယ်ပိုင် အကျိုးစီးပွားအတွက် ကြံစည်ခဲ့ပြီး ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို လုံးဝ မကာကွယ်ခဲ့ပါ။ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့ပါသည်၊ သို့ရာတွင် သူနှင့် စိတ်သဘောထား မညီညွတ်ခဲ့ပါ။ မိမိကိုယ်ကိုယ် ယုံကြည်သူ တစ်ယောက်ဟု မည်သို့ခေါ်နိုင်ပါ့မည်နည်း။ ဘုရားသခင်ရှေ့မှာ ကျွန်မ အသက်ရှင်ဖို့အတွက် မထိုက်တန်ပါ။ ဤအတွေးတွင် ကျွန်မသည် ဤဒုက္ခဆင်းရဲ၏ နှိပ်စက်ခြင်းကိုခံရပြီး သမ္မာတရား၏ အခြေခံသဘောတရားများကို မထိန်းသိမ်းခဲ့ခြင်း သို့မဟုတ် ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို မကာကွယ်ခဲ့ခြင်းဟူသည့် နောင်တနှင့် ပြည့်နေခဲ့သည်။

နောက်ပိုင်းမှာ ဘုရားသခင့်နှုတ်ကပတ်တော်များထဲက ဤသည်ကို ကျွန်မ ဖတ်ခဲ့ရသည်။ “စာတန်သည် နိုင်ငံတော်အစိုးရများ၊ ကျော်ကြားသူများနှင့် ကြီးမြတ်သူများ၏ ပညာရေးနှင့် လွှမ်းမိုးမှုမှတစ်ဆင့် လူတို့ကို ဖျက်ဆီးသည်။ သူတို့၏ ဆိုးယုတ်သော စကားများသည် လူသား၏ ဘဝနှင့် သဘာဝဗီဇ ဖြစ်လာပြီးဖြစ်သည်။ ‘လူတိုင်းက ကိုယ့်အတွက်ပဲ၊ ဘယ်သူသေသေ ငတေမာရင်ပြီးရော’ ဆိုသည်မှာ လူတိုင်းအထဲသို့ သွတ်သွင်း ပေးထားသကဲ့သို့ လူသား၏ဘဝ ဖြစ်လာခဲ့သည့် လူသိများသော စာတန်နှင့်ဆိုင်သည့် ဆိုရိုးတစ်ခုဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းအတွက် အခြားသော ဒဿနများနှင့်ဆိုင်သည့် စကားလုံးများလည်း ရှိသည်။ စာတန်သည် လူတို့ကို ပညာပေးဖို့ နိုင်ငံတစ်နိုင်ငံစီ၏ နှစ်လိုဖွယ်ကောင်းသော ရိုးရာယဉ်ကျေးမှုကို အသုံးပြုလျက် လူသားမျိုးနွယ်ကို အတိုင်းမသိ ပျက်စီးခြင်း၏ ချောက်နက်ထဲသို့ ကျဆင်းကာ ဝါးမျိုခံရစေပြီး အဆုံးတွင် လူတို့သည် စာတန်ကိုအစေခံ၍ ဘုရားသခင်ကို ခုခံသောကြောင့် ဘုရားသခင်၏ ဖျက်ဆီးခြင်းကို ခံကြရသည်။ လူ့အဖွဲ့အစည်းထဲ၌ ဆယ်စုနှစ်ချီ၍ တက်ကြွလှုပ်ရှားလာပြီးဖြစ်သော လူတစ်ဦးအား- ‘သင့်အနေဖြင့် လောကကြီးထဲ၌ ကြာမြင့်စွာ အသက်ရှင်လာခဲ့ပြီး များစွာ စွမ်းဆောင်ရရှိပြီးသည်ကို ထောက်ဆလျှင်၊ သင်လက်ခံထားသည့် အဓိကထင်ရှားသော ဆိုရိုးများ အဘယ်နည်း။’ ဟူ၍ မေးသည်ဟု စိတ်ကူးကြည့်လော့။ ‘“အရာရှိများသည် တံစိုးလက်ဆောင် ပေးသူများကို မရိုက်ပုတ်၊ ထို့ပြင် ခယဝယ မလုပ်သောသူတို့သည် မည်သည့်အရာမျှ မပြီးမြောက်နိုင်။” ဟူသည်မှာ အရေးအကြီးဆုံး တစ်ခုပင် ဖြစ်သည်’ ဟု သူပြောကောင်း ပြောလိမ့်မည်။ ဤစကားများသည် ထိုလူ၏သဘာဝဗီဇကို ကိုယ်စားပြုသည် မဟုတ်လော။ ရာထူးရရန် မည်သည့် နည်းလမ်းကိုမဆို မရိုးမဖြောင့် အသုံးပြုခြင်းသည် သူ၏သဘာဝဗီဇ ဖြစ်လာပြီး၊ အရာရှိတစ်ဦးဖြစ်ခြင်းသည် သူ့ကိုအသက်ပေးသောအရာ ဖြစ်နေသည်။ လူတို့၏ အသက်တာ၌၊ သူတို့၏ အမူအကျင့်နှင့် အပြုအမူထဲတွင် စာတန်၏ အဆိပ်များစွာ ရှိနေသေးသည်။ ၎င်းတို့သည် သမ္မာတရားကို လုံးဝနီးပါး ပိုင်ဆိုင်ခြင်းမရှိကြချေ။ ဥပမာအားဖြင့် သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ ထိုအရာရှိများ၊ သြဇာအာဏာရှိသူများနှင့် ပြောင်မြောက်သော သူများ အားလုံးတို့တွင် မိမိ၏ကိုယ်ပိုင် လမ်းကြောင်းများနှင့် အောင်မြင်မှုအတွက် လျှို့ဝှက်ချက်များ ရှိပေသည်။ ထိုကဲ့သို့သော လျှို့ဝှက်ချက်များသည် သူတို့သဘာဝဗီဇကို ပြည့်စုံစွာ ကိုယ်စားပြုသည် မဟုတ်လော။ သူတို့သည် လောကထဲ၌ ထိုသို့သော ကြီးမားသည့်အရာများကို လုပ်ဆောင်ထားကြပြီး၊ ၎င်းတို့၏ နောက်ကွယ်တွင်ရှိသည့် အကြံအစည်များနှင့် ခြေပုန်းခုတ်ခြင်းများကို မည်သူကမျှ မရိပ်စားမိနိုင်ကြပေ။ ဤအရာက ထိုသူတို့၏သဘာဝဗီဇမှာ အဘယ်မျှပင် စဉ်းလဲဉာဏ်များပြီး အငြိုးထားတတ်ကြောင်းကို ပြသသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဘုရားသခင့်နှုတ်ကပတ်တော်များထဲက ထုတ်ဖော်ပြခဲ့သည့်အရာက လူမုန်းမခံချင်သူ တစ်ယောက်အနေနှင့်၊ ကျွန်မသည် ဥပမာ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏၊” “မိတ်ဆွေတစ်ဦး တိုးခြင်းသည် လမ်းတစ်ခု ထပ်တိုးခြင်းဖြစ်၏၊” “ရင်းနှီးသူတစ်ယောက်က အကျိုးအမြတ်သယ်ဆောင် လာတတ်သည်၊” “တစ်စုံတစ်ရာ မှားယွင်းသည်ကို သိသည့်အခါ၊ နည်းနည်းပြောသည်က ပိုကောင်း၏၊” နှင့် “အခြားသူများကို မည်သည့်အခါမျှ မစော်ကားပါနှင့်၊ သို့မဟုတ် ၎င်းတို့၏ချို့ယွင်းချက်များအတွက် အပြစ်မတင်ပါနှင့်။” တို့ကဲ့သို့ စာတန်၏ အတွေးအခေါ် စနစ်များအားဖြင့် လှည့်စားခြင်းနှင့် ထိန်းချုပ်ခြင်းကို ကျွန်မ ခံခဲ့ရသည်ကို ပြသခဲ့သည်။ ဤဆိုးယုတ်သည့် အတွေးအခေါ်များက ကျွန်မ အထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေခဲ့ပြီး၊ ကျွန်မက ဤအရာများအားဖြင့် အသက်ရှင်ခဲ့သည်။ ကျွန်မက ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်လာပြီး ကောက်ကျစ်လာသည်။ ကျွန်မ ဘုရားသခင်ကို မယုံကြည်မီက မည်သူ့ကိုမျှ မကျေနပ်စေဖို့ မလုပ်ခဲ့ပါ။ စီးပွားရေးအလုပ်မှာ လူများ ကြားချင်သည့် မည်သည့်အရာမဆို ပြောခဲ့ပြီး ဤဆိုးယုတ်သည့် အတွေးအခေါ် စနစ်များအားဖြင့် ရှင်သန်ခြင်းသည် လိမ္မာပါးနပ်သည့် နည်းလမ်း ဖြစ်သည်ဟုလည်းကောင်း၊ ထိုနည်းနှင့် မိမိကိုယ်ကိုယ် ပြုမူခြင်းဟာ လုပ်နိုင်စွမ်းရှိခြင်းကို ပြသည်ဟုလည်းကောင်း ခံစားခဲ့ရပြီး ကြွားပင်ကြွားဝါခဲ့သည်။ ယုံကြည်သူ တစ်ယောက် ဖြစ်လာပြီးသည့်နောက် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ခဲ့ပါ၊ သို့ရာတွင် ဤစာတန်၏အဆိပ်များနှင့် ဆက်ပြီး ရှင်သန်ခဲ့သည်။ အစ်မလီက သူမ၏တာဝန်မှာ ဖောက်ပြန်ပျက်စီးခြင်းကို ပြနေခြင်းကို မြင်ပေမဲ့ မိတ်သဟာယပြုသည့်အခါ အဲဒါကို သူ့ကို ထောက်မပြခဲ့ပါ။ အထူးသဖြင့် သူ့၏ ဖောက်ပြန်ပျက်စီးခြင်းကို ကျွန်မ မဖော်ထုတ်ရဲခဲ့သကဲ့သို့ မစိစစ်ရဲခဲ့ဘဲ၊ ကျွန်မက အမှန်အတိုင်း ပြောလိုက်ပါက၊ ကျွန်မတို့ ဆက်ဆံရေးကို ထိခိုက်မည်ကို အရမ်းကြောက်ပြီး သူမကို ခပ်ပေါ့ပေါ့သာ ပြောပြခဲ့သည်။ သူမက ဘုရားသခင့်အိမ်တော်၏အလုပ်ကို နှောင့်ယှက်နေခြင်းကို မြင်ရသည့်အခါ၊ ယင်းကို ခေါင်းဆောင်များထံ မတင်ပြခဲ့ဘဲ ဤအခြေအနေကို ခေါင်းဆောင်များထံ တင်ပြပါက၊ သူမအကြောင်း တိုင်သကဲ့သို့ဖြစ်မည်၊ သူမ၏နောက်ကျောကို ဓားနှင့်ထိုးသကဲ့သို့ ဖြစ်မည်ဟု တွေးခဲ့သည်။ ကျွန်မက အဓိပ္ပာယ်မရှိလိုက်လေခြင်း။ ပြဿနာတစ်ခုကို တင်ပြခြင်းသည် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို ထိန်းသိမ်းခြင်း ဖြစ်ပါသည်- ယင်းက မှန်ကန်ပြီး သင့်တော်သည်၊ ပြီးလျှင် တရားမျှတသည်။ ယင်းက အစ်မလီ၏ အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုတို့နှင့် သင့်တော်သည့် တာဝန်တစ်ခုကို ယူဖို့ သူမကို စီစဉ်ပေးဖို့အတွက် အခွင့်အရေးကို အသင်းတော်ကို ပေးဖြစ်သွားမည်သာ ဖြစ်သည်။ ဤသည်က အစ်မလီအတွက်ရော၊ အသင်းတော်အတွက်ပါ အကျိုးရှိစေမည် ဖြစ်သည်၊ သို့ရာတွင် ယင်းက မကောင်းသည့်အရာ ဖြစ်သည်ဟု ကျွန်မက ထင်ခဲ့သည်။ ဤဆိုးယုတ်သည့် အဆိပ်များက လူများကို မည်မျှအထိ ကြီးကြီးမားမား ထိခိုက်နစ်နာစေသည်ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ အကြောင်းအရာများအပေါ် ကျွန်မ၏ အမြင်က ယိုယွင်းနေသည့်အထိ ထိုအရာများက ကျွန်မကို လှည့်စားပြီး ဖျက်ဆီးခဲ့သည်၊ ပြီးလျှင် အမှား၊ အမှန်၊ အကောင်း၊ အဆိုးတို့ကို ကျွန်မ မသိခဲ့ပါ။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းသည်၊ ပြီးလျှင် ကိုယ်ပိုင် အကျိုးစီးပွားအတွက်သာ ကျွန်မ အလုပ်လုပ်ခဲ့သည်။ အခြေခံသဘောတရား လုံးဝ မရှိဘဲ၊ ရပ်တည်ချက်မရှိဘဲ အမှုအရာများကို ကျွန်မ လုပ်ခဲ့သည်။ ကျွန်မသည် တရားမျှတမှု အသိစိတ် ကင်းမဲ့ခဲ့သည်၊ ပြီးလျှင် စစ်မှန်သည့်လူသားတစ်ယောက်၏ ပုံသဏ္ဌာန်အတိုင်း နည်းနည်းလေးမှ အသက်ရှင်နေထိုင်ခြင်း မရှိခဲ့ပါ။ ဤသည်ကို နားလည်သဘောပေါက်ခြင်းက ကျွန်မကို ဤဆိုးယုတ်သည့် အတွေးအခေါ်များနှင့် ကျွန်မ၏ လူမုန်းမခံချင်သည့် စိတ်ကူးများအပေါ် စက်ဆုပ်ရွံရှာမှုများနှင့် ပြည့်နေစေခဲ့သည်။ ကျွန်မ ပြုမူခဲ့သည့်ပုံစံကို တကယ်ကို မုန်းတီးခဲ့ပြီး ကျွန်မ၏ စိတ်နှလုံးအတွင်းထဲမှ ထိုကဲ့သို့ပုံစံအတိုင်း ဆက်မဖြစ်ချင်တော့ပါ။ စာတန်၏ အရူးလုပ်ခြင်းခံရခြင်း၊ ထိခိုက်နစ်နာခြင်းများ မဖြစ်ချင်တော့ပါ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက မည်မျှ တန်ဖိုးရှိသည်ကိုလည်း ကျွန်မ ခံစားခဲ့ရသောကြောင့်၊ ကျွန်မ၏ လူမုန်းမခံချင်သူ တစ်ယောက်ဖြစ်နေသည့် ပြဿနာကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို ရှာဖွေခြင်းကို ချက်ချင်းသာ စတင်ခဲ့သည်။

ကျွန်မ၏ရှာဖွေခြင်း၌ ဘုရားသခင်၏နှုတ်ကပတ်တော်များထဲ၌ ဤသည်ကို ကျွန်မ ဖတ်ရပါသည်။ “ကောင်းမွန်သော လူ့သဘာဝ ရှိခြင်းအတွက် စံနှုန်းရှိရမည်။ ယင်းသည် တော်သင့်ရုံ လမ်းကြောင်းကို လျှောက်လမ်းခြင်း၊ အခြေခံသဘောတရားများကို မလိုက်နာခြင်း၊ မည်သူကိုမျှ စိတ်အနှောင့်အယှက်မဖြစ်စေဖို့ ကြိုးပမ်းအားထုတ်မှု၊ သင် သွားသည့် နေရာတိုင်းတွင် မျက်နှာလို မျက်နှာရ လုပ်ခြင်း၊ သင် တွေ့ဆုံသည့် လူတိုင်းကို ပြေပြစ်စွာ ဆက်ဆံခြင်းနှင့် လူတိုင်းကို အားရကျေနပ်စေခြင်းတို့ မပါဝင်ပေ။ ဤသည်မှာ စံနှုန်းမဟုတ်။ ထိုသို့ဆိုလျှင် မည်သည်မှာ စံနှုန်းဖြစ်သနည်း။ ယင်းသည် ဘုရားသခင်၊ အခြားလူများနှင့် အဖြစ်အပျက်တို့ကို စစ်မှန်သော စိတ်နှလုံးဖြင့် သဘောထား ဆက်ဆံခြင်း၊ တာဝန်ယူနိုင်ခြင်းနှင့် ဤအရာအားလုံးကို အယောက်တိုင်း မြင်ကာ ခံစားဖို့အတွက် ထင်ရှားမြင်သာသည့် နည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ခြင်းတို့ ပါဝင်ပေသည်။ ထို့အပြင် ဘုရားသခင်သည် လူတို့၏စိတ်နှလုံးကို ရှာဖွေပြီး၊ ၎င်းတို့ အယောက်စီတိုင်းကို သိလေသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”)သဘာဝအားဖြင့် ရည်မွန်သောသူတစ်ဦးသည် အမှန်တကယ်ပင် လူကောင်းတစ်ဦး ဖြစ်သလော။ မည်ကဲ့သို့သော လူအမျိုးအစားသည် အမှန်တကယ်ပင် လူကောင်းတစ်ဦး ဖြစ်သနည်း၊ ဘုရားသခင်၏အမြင်တွင် သမ္မာတရားရှိသောသူတစ်ဦး ဖြစ်သလော။ ပထမဦးဆုံးအနေဖြင့် ၎င်းတို့သည် ဘုရားသခင်၏အလိုတော်နှင့် သမ္မာတရားကို နားလည်ရမည်ဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့သည် ၎င်းတို့၏နားလည်သဘောပေါက်မှုဖြင့် သမ္မာတရားကို အုတ်မြစ်အဖြစ် လက်တွေ့ကျင့်သုံးနိုင်စွမ်း ရှိရမည် ဖြစ်သည်။... ဤလူတို့သည် ၎င်းတို့၌ ပြဿနာတစ်ခုရှိသည်ကို ရှာဖွေတွေ့ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ယင်းကို ဖြေရှင်းဖို့ ဘုရားသခင် ရှေ့မှောက်သို့ လာနိုင်ကြပြီး သူနှင့် ပုံမှန် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းနိုင်ကြသည်။ ထိုသို့သော လူတစ်ဦးသည် အားနည်းပြီး ဖောက်ပြန်ပျက်စီးနိုင်သည့်အပြင် ပုန်ကန်လိုစိတ်လည်း ရှိနိုင်သည်၊ ပြီးလျှင် မာနထောင်လွှားခြင်း၊ မိမိကိုယ်ကိုယ် မှန်သည်ဟု မှတ်ယူခြင်း၊ မရိုးဖြောင့်ခြင်းနှင့် လှည့်စားခြင်းကဲ့သို့ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား အမျိုးမျိုးကို ထုတ်ဖော်နိုင်သည်။ သို့ရာတွင် ၎င်းတို့သည် မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး၊ ဤအရာများကို သတိပြုမိလာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ယင်းတို့ကို အချိန်မီဖြေရှင်းနိုင်ပြီး ပြောင်းလဲနိုင်ကြသည်။ ဤလူများမှာ သမ္မာတရားကို ချစ်မြတ်နိုးပြီး သမ္မာတရားကို လက်တွေ့ကျင့်သုံးသောလူများ ဖြစ်ကြ၏။ ၎င်းတို့မှာ ဘုရားသခင်၏အမြင်တွင် ကောင်းသောလူများ ဖြစ်ကြသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာ၌ သင်၏စိတ်နှလုံး၊ ဉာဏ်နှင့် ဝိညာဉ်တို့ကို အသုံးပြုသည့်အခါမှသာ သင်၌လူသားပုံသဏ္ဌာန်ရှိလိမ့်မည်”) ထိုနောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲမှ နောက်တစ်ပိုဒ်ကို တွေးမိသည်။ “အသင်းတော်တွင်၊ ငါ့အတွက် သင်၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်လော့၊ သမ္မာတရားကို ထိန်းသိမ်းလော့။ အမှန်သည် အမှန်၊ အမှားသည် အမှား ဖြစ်၏။ အဖြူနှင့် အမည်းကို ရောထွေးခြင်း မရှိနှင့်။ သင်သည် စာတန်နှင့် တိုက်ပွဲဖြစ်လိမ့်မည် ဖြစ်ပြီး ၎င်းကို အဘယ်သောအခါမျှ တစ်ဖန် မထကြွစေဖို့အလို့ငှာ အလျှင်း နှိမ်နင်းရမည်။ ငါ၏ သက်သေခံချက်ကို ကာကွယ်ရန်အတွက် သင်၌ ရှိသမျှအရာရာကို ပေးရမည်။ ဤအရာသည် သင်တို့ အပြုအမူများ၏ ရည်မှန်းချက် ပန်းတိုင်ဖြစ်ရလိမ့်မည်- ဤအရာကို မမေ့လျော့နှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) စစ်မှန်သည့် လူကောင်းတစ်ယောက်ဆိုသည်မှာ အခြားလူများနှင့် လုံးဝ ပြည့်စုံနေသည့် သဟဇာတကို မထိန်းသိမ်းထားဘဲ၊ မည်သူ့ကိုမျှ မထိခိုက်စေဖို့ မည်သည့်အရာမျှမပြောခြင်း ဖြစ်သည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မ နားလည်လာခဲ့ပါသည်။ ထိုအစား လူကောင်းတစ်ယောက်သည် ရိုးသားဖြောင့်မတ်သည်၊ ပြီးလျှင် ချစ်ခြင်းနှင့် မုန်းခြင်းကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်ပြီး ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားပါဝင်လာသည့်အခါ၊ သူတို့၏ ကိုယ်ပိုင် အကျိုးစီးပွားကို ဘေးဖယ်ထားနိုင်သည်။ သူတို့က သမ္မာတရား၏ အခြေခံသဘောတရားများကို ထိန်းသိမ်းသည်၊ ၎င်းတို့က အခြားလူများကို စိတ်ဆိုးစေဖို့လုပ်မိမည်ကို မကြောက်ပါ။ ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားကို ကာကွယ်သည်။ ထိုကဲ့သို့လူမျိုးကသာ တရားမျှတမှု အသိစိတ်ရှိသည့်သူ တစ်ယောက်ဖြစ်သည်၊ ဘုရားသခင်၏ ချီးမြှောက်မှုကို ရယူနိုင်သည့်သူဖြစ်သည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကို နားလည်သည်နှင့်တစ်ပြိုင်နက် ယခုမှနေစပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဘုရားသခင့်အိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မည်၊ ကျွန်မအထဲမှာရှိသည့် ယခင်က လူမုန်းမခံချင်သူကို နှုတ်ဆက်ပြီး လူသစ်စိတ်သစ် ဖြစ်စေဖို့လုပ်မည်ဟု ကျွန်မ ဆုတောင်းပြီး စိတ်ပိုင်းဖြတ်ခဲ့သည်။

ခေါင်းဆောင်များက ပြဿနာကို စူးစမ်းလေ့လာပြီး အစ်မလီကို သူမ၏တာဝန်ကနေ ထုတ်ပယ်ဖို့ လိုသည်ကို အတည်ပြုခဲ့ပြီး သူမနှင့် မိတ်သဟာယဖွဲ့ဖို့ ကျွန်မကို ပြောသည်။ ကျွန်မက “ဘာလို့ ငါ့ကို ခိုင်းတာလဲ။ ငါက ခေါင်းဆောင်တွေကို သူ့အကြောင်းပြောတာနဲ့ အဲ့ဒါကြောင့် သူ လူစားလဲခံရတယ်ဆိုတာကို သူ သိသွားရင်၊ သူက သေချာပေါက် ငါ့ကို မကျေမနပ်ဖြစ်ပြီး ငါတို့ရဲ့ ဆက်ဆံရေး ပျက်စီးမှာပေါ့။” ဟု တွေးမိသည်။ ဤအတွေးတွင် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ဖြစခြင်းအားဖြင့် ဘုရားသခင်၏ အိမ်တော်အပေါ် ကျွန်မ ဖြစ်စေခဲ့သည့် ထိခိုက်မှုများကို သတိရမိပြီး လူမုန်းမခံချင်သူတစ်ယောက် ဖြစ်ခြင်းမှ ရပ်ဖို့လိုသည်ကို ကျွန်မ သိခဲ့သည်။ ကျွန်မကို အစ်မလီနှင့် မိတ်သဟာယဖွဲ့စေခြင်းက သမ္မာတရားကို ကျွန်မ လက်တွေ့လုပ်ဆောင်နိုင်ပြီး အခြေခံသဘောတရားများနှင့်အညီ ကိစ္စများကို ကိုင်တွယ်နိုင်ခြင်း ရှိမရှိကို ကြည့်ဖို့ ဘုရားသခင်က ကျွန်မကို စမ်းသပ်နေခြင်းဖြစ်သည်။ ထိုနေရာသို့သွားရာလမ်းတစ်လျှောက်လုံး ဘုရားသခင်ကို ကျွန်မ ဆက်တိုက်ဆုတောင်းပြီး သူ၏လမ်းပြမှုကို တောင်းလျှောက်ခဲ့သည်။ ကျွန်မက အစ်မလီ၏ ပြဿနာနှင့်ပတ်သက်ပြီး သူ့ကို ရှင်းရှင်းလင်းလင်း မိတ်သဟာယ မဖွဲ့ဘဲ၊ သူမက နားမလည်ပါက၊ သူမအတွက် လုံးဝ အကူအညီမဖြစ်စေဘဲ၊ နာကျင်မှုသာ ဖြစ်စေမည်ကိုလည်း ကျွန်မ သတိပြုမိသည်။ ဤအတွေးတွင် ကျွန်မ လူမုန်းမခံချင်သူတစ်ယောက် လုံးဝ ထပ်မဖြစ်တော့ဖို့ စိတ်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် ကျွန်မ အစ်မလီနှင့် မိတ်သဟာယဖွဲ့ခဲ့ပြီး သူမ၏တာဝန်မှာ သူမပေါ့ဆမှု၏ သဘာဝနှင့် အကျိုးဆက်များကို ခွဲခြမ်းစိစစ်ခဲ့သည်၊ ပြီးလျှင် ဘုရားသခင့်အိမ်တော်၏ အလုပ်ကို အနှောင့်အယှက်ဖြစ်စေသည့် သူမ၏ အပြုအမူများအားလုံးကို ကျွန်မ ဖွင့်ချခဲ့သည်။ ဤအရာများအားလုံးကို သူမ ကြားရသည့်အခါ၊ သူမက နာခံပြီး သူမကိုယ်သူမ ဆင်ခြင်သုံးသပ်ဖို့ ဆန္ဒရှိခဲ့ပါသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီးသည့်နောက် ကျွန်မ တော်တော် နေ၍ကောင်းပြီး ငြိမ်သက်ခြင်းရှိသကဲ့သို့ ခံစားခဲ့ရသည်။

ထို့နောက်မှာ ဘုရားသခင်က ကျွန်မကို စမ်းသပ်ဖို့အတွက် နောက်ထပ် အခြေအနေတစ်ခု ပြင်ဆင်ခဲ့သည်။ ညီမငယ် တစ်ယောက်နှင့် အချိန်နည်းနည်းလောက် ကြာသည့်အထိ သိကျွမ်းပြီးသည့်နောက်မှာ သူမမှာ မာနထောင်လွှားသည့် စိတ်သဘောထားရှိပြီး အခြားအစ်မများ၏ အကြံပြုချက်များကို လက်ခံဖို့ တွန့်ဆုတ်နေသည်ခြင်းသည် ကျွန်မ သတိပြုမိသည်၊ ယင်းက လူအချို့မှ သူမကြောင့် ချုပ်ချယ်ခံရသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မက သူမနှင့် မိတ်သဟာယဖွဲ့ပြီး သူမ ပြုမူနေသည့် ပုံစံကို ဖော်ထုတ်ဖို့ ကျွန်မနှင့်အတူလုပ်သည့် အခြားအစ်မတစ်ယောက် ဖြစ်သည့် အစ်မလျူနှင့် သွားခဲ့ပါသည်။ သို့ရာတွင် သူမက လက်မခံပါ။ သူမကိုယ်တိုင်၏ ကိစ္စကို သူမ ငြင်းခုံပြီး မကျေမနပ် ဖြစ်သည့်ပုံစံပင် လုပ်ခဲ့သည်။ ဤအရာအားဖြင့် သူမက ကျွန်မအပေါ် အကောင်းမမြင်လောက်ဟု တွေးမိပြီး ကျွန်မ အနည်းငယ် တွန့်ဆုတ်ချင်သည်။ နောက်ပိုင်းမှာ သူမကို ကျွန်မ မည်သို့ ရင်ဆိုင်ရမည်နည်း။ ဖြစ်ချင်တော့ ထိုအချိန်တွင် အခြားကိစ္စ တစ်ခုပေါ်လာသောကြောင့် ကျွန်မတို့ ပြန်ခဲ့ရသည်။ ဤညီမငယ်က အနည်းငယ် ခေါင်းမာပြီး သမ္မာတရားကို လက်ခံဖို့ ခက်နေသည့်အကြောင်းကို အိမ်အပြန်လမ်းမှာ ကျွန်မ စဉ်းစားနေမိသည်။ သင့်တော်သည့် မိတ်သဟာယပြုမှုမရှိပါက၊ ကျွန်မတို့၏ ဆက်ဆံရေးက သေချာပေါက် တင်းမာလာမည် ဖြစ်သည်။ နောက်တစ်ခါတွင် ကျွန်မ၏ အဖော်ကို သူမနှင့် မိတ်သဟာယပြုခိုင်းရမည်ဟု တွေးမိသည်။ နှစ်ရက် သုံးရက်ကြာပြီးနောက် သူမကို ကျွန်မ ထပ်တွေ့ပြီး သူမက ကျွန်မအပေါ် လုံးဝ ခင်မင်လျက် ရှိခဲ့သည်။ ယခင်တစ်ခေါက်မှာ မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် သူမပြဿနာကို ကျွန်မတို့ အမှန်တကယ် မဖြေရှင်းရသေးသောကြောင့်၊ ကျွန်မ သူမနှင့် မိတ်သဟာယထပ်ဖွဲ့ဖို့ လိုသည်၊ သူမက သမ္မာတရားကို လက်ခံဖို့ ငြင်းဆန်နေသေးပါက၊ သူမကို ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုလိမ့်မည်ကို ကျွန်မ သဘောပေါက်ခဲ့သည်။ သို့ရာတွင် သူမက ကျွန်မကို ထိုင်ခုံတစ်လုံးယူပေးပြီး ကျွန်မ ကျန်းမာရေးအကြောင်း မေးသည့်အခါ ကျွန်မ ပါးစပ်က ဇစ်နှင့်ပိတ်ထားသကဲ့သို့ ခံစားခဲ့ရသည်။ မိတ်သဟာယမှာ ကျွန်မ တစ်ခုခုပြောချင်သည်။ သို့ရာတွင် ပါးစပ်ကို ဖွင့်၍ မရခဲ့ပါ။ မိတ်သဟာယမှာ ကျွန်မ ဖွင့်ပြောလိုက်သည်နှင့် ကျွန်မတို့ ဆက်ဆံရေး ပျက်စီးပြီး ထိုခင်မင်ဖွယ်ကောင်းသည့် ပုံစံကို ဖျက်ဆီးသွားမည်ဟု ခံစားခဲ့ရပါသည်။ သူမက အရင်ကကဲ့သို့ သဘောထားရှိပြီး သမ္မာတရားကို လက်မခံပါက၊ ကျွန်မက တကယ့်ကို အနေရခက်သည့် နေရာမှာ ရောက်နေမည် ဖြစ်သည်။ ကျွန်မ၏ စကားများကို ပညာသားပါပါနှင့် ရွေးပြီး၊ ကြမ်းတမ်းခြင်းများ ရှောင်ကာ ဉာဏ်နည်းနည်း ထည့်သုံး၍ရသည်ဟု တွေးမိသည်။ ထိုအချိန်မှာသာ ကျွန်မက လူမုန်းမခံချင်သူတစ်ယောက်ထပ်ဖြစ်ပြီး ကျွန်မ၏ လူမှုဆက်ဆံရေးကို ကာကွယ်ဖို့ ပြင်းပျသည့် ဆန္ဒဖြစ်နေသည်ကို သတိထားမိလိုက်သည်။ ဘုရားသခင်ကို ကျွန်မ အမြန် ဆုတောင်းလိုက်ပြီး ခွန်အားပေးဖို့ တောင်းလျှောက်ခဲ့သည်။ ဆုတောင်းပြီးသည့်နောက်မှာ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲက ဤအပိုဒ်ကို စဉ်းစားမိသည်။ “သင်၏ စာတန်ဆန်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကို ထိန်းချုပ်နေ၏။ သင်၏နှုတ်သည် သင်မလှုပ်ရှားလိုသော်လည်း လှုပ်ရှားနေသည်။ ရိုးသားသော စကားများကို သင် ဖွင့်ဟလိုလျှင်ပင်၊ သင်သည် ၎င်းတို့ကို ပြောရန် မတတ်နိုင်သကဲ့သို့ စိုးရွံ့ခြင်းလည်းဖြစ်လေသည်။ သင် လုပ်ဆောင်သင့်သည့်အရာများ၊ သင် ပြောသင့်သည့်အရာများနှင့် သင် ယူသင့်သည့်တာဝန်တို့၏ တစ်သောင်းပုံ တစ်ပုံပင် သင် မလုပ်ဆောင်နိုင်ပေ။ သင်၏လက်များနှင့် ခြေများသည် သင်၏ စာတန်ဆန်ကာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ချည်နှောင်ခြင်းကို ခံရကြ၏။ သင်သည် ကြီးကြပ်ကွပ်ကဲရန် အခွင့်အာဏာ လုံးဝ မရှိပေ။ သင်၏ ဆိုးယုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်သို့ စကားပြောဆိုရမည်ကို သင့်အား ပြောသည်၊ ထို့ကြောင့် ထိုနည်းလမ်းဖြင့် သင် ပြောဆိုသည်၊ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင့်အား ပြောပြီး၊ ထို့ကြောင့် ယင်းကို သင် လုပ်ဆောင်၏။...သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်၊ သမ္မာတရားကို ရှာဖွေခြင်းပင်မရှိဘဲ၊ သင်၏ စိတ်ပိုင်းဖြတ်ချက်များကို တိုးမြှင့်ရင်း၊ စိတ်ဆုံးဖြတ်ချက်များကို ပြုလုပ်ရင်းနှင့် ကျမ်းသစ္စာများ ကျိန်ဆိုရင်း၊ ဆုတောင်းမြဲ ဆုတောင်းနေသည်။ ထို့ကြောင့် ဤအရာများအားလုံးမှ မည်သည့်အရာ ဖြစ်လာပြီနည်း။ သင်သည် မှန်ပါ့သမားဖြစ်နေဆဲ ဖြစ်သည်- ‘ကျွန်ုပ် မည်သူ့ကိုမျှ ရန်စမည်မဟုတ်သကဲ့သို့၊ မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် ပေးမည်မဟုတ်။ ကိစ္စတစ်ခု ငါနှင့်မဆိုင်လျှင်၊ ငါ ဝေးဝေးနေမည်။ ငါနှင့် မည်သို့မျှ မသက်ဆိုင်သည့် အရာများနှင့် ပတ်သက်၍ မည်သည့်အရာကိုမျှ ငါ ပြောမည်မဟုတ်သည့်အပြင်၊ ဤအရာသည် ခြွင်းချက်မရှိ ဖြစ်သည်။ မည်သည့်အရာမဆိုက ငါ၏ အကျိုးစီးပွားများ၊ ငါ၏မာန၊ သို့မဟုတ် ငါ၏ မိမိကိုယ်ကိုယ် လေးစားမှုကို ထိခိုက်စေပါက၊ ငါသည် မည်သို့မျှ အရေးထားမည် မဟုတ်ဆဲရှိမည် ဖြစ်ပြီး၊ ထိုအရာအားလုံးကို သတိရှိရှိ ချဉ်းကပ်မည်ဖြစ်သည်။ ငါ မဆင်မခြင် ပြုရမည်မဟုတ်။ ထောင်ထွက်သည့် သံချောင်းက ဦးစွာပထမ ထိုးနှက်ခံရတတ်၏၊ ငါသည် ဤမျှမိုက်မဲခြင်း မရှိ။’ သင်သည် ဆိုးသွမ်းမှု၊ ကလိမ်ကကျစ်ကျခြင်း၊ တင်းမာခြင်းနှင့် သမ္မာတရားကို စက်ဆုပ်ခြင်းနှင့်ဆိုင်သော သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ရှိနေ၏။ ၎င်းတို့သည် သင့်ကို ဖျက်ဆီးနေပြီး မျောက်ဘုရင် ဝတ်ဆင်ခဲ့သည့် ရွှေကွင်းထက်ပင် သင့်အတွက် ခံရပ်ရန် သာ၍ ခက်ခဲစေပြီဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ခြင်းသည် အလွန် ခြေကုန်လက်ပန်းကျစရာဖြစ်ပြီး ဒုက္ခကြီးလှပေသည်။ ငါ့ကို ပြောလော့၊ သင်တို့သည် သမ္မာတရားကို မလိုက်စားပါက၊ သင်တို့၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားဖို့ လွယ်ကူသလော။ ဤပြဿနာကို ဖြေရှင်း၍ရနိုင်သလော။ သင်တို့ကို ငါပြောမည်၊ သင်တို့သည် သမ္မာတရားကို မလိုက်စားဘဲ၊ သင်တို့၏ ယုံကြည်မှု၌ နားဝေတိမ်တောင် ဖြစ်နေပါက၊ ဒေသနာများကို နှစ်ပေါင်းမည်မျှ နားထောင်ခဲ့ပါစေ အသုံးမတည့်ပေ၊ ပြီးလျှင် သင်တို့သည် တကယ့် အဆုံးတိုင် ဤသို့ မလျှော့တမ်း ဆက်လုပ်ပါက၊ အများဆုံး သင်သည် ဘာသာရေး အယောင်ဆောင်တစ်ဦးနှင့် ဖာရိရှဲတစ်ဦး ဖြစ်လိမ့်မည် ဖြစ်ပြီး၊ ယင်းက အဆုံးသတ် ဖြစ်လိမ့်မည်။ သင်က ဤသည်ထက် သာ၍ဆိုးပါက၊ သင်သည် စုံစမ်းသွေးဆောင်ခြင်းထဲ ကျရောက်သည့် အဖြစ်အပျက် တစ်ခု ဖြစ်လာနိုင်ပြီး၊ သင်သည် သင်၏တာဝန်ကို ဆုံးရှုံးကာ ဘုရားသခင်ကို သစ္စာဖောက်လိမ့်မည်။ သင်သည် ကျရှုံးပြီးဖြစ်လိမ့်မည်။ သင်သည် ချောက်ကမ်းပါး အစွန်းပေါ်တွင် အမြဲရှိနေလိမ့်မည်။ ယခုအခါတွင် သမ္မာတရားကို လိုက်စားခြင်းထက် မည်သည့်အရာမျှ အရေးမကြီးပေ။ အခြားအရာများကို လိုက်စားခြင်းသည် အသုံးမတည့်ပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူတို့သာ ဘုရားသခင်ကို ကြောက်ရွံ့ကြသော သူများ ဖြစ်သည်”) လူမုန်းမခံချင်သူဖြစ်နေသည့် ကျွန်မ၏ အမှန်တရားကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လုံးဝ ဖွင့်ချပြခဲ့သည်။ ထိုညီမငယ်က အနည်းငယ် ခေါင်းမာပြီး သမ္မာတရားကို လက်ခံဖို့ခက်နေသည်ကို တွေ့သည့်အခါ၊ ကျွန်မ မီးလောင်ရာ လေမပင့်ချင်ခဲ့ပါ၊ အကြီးအကျယ် မရှုံးနိမ့်ချင်ပါ။ ပြဿနာကို ဝေ့လည်ကြောင်ပတ်နှင့်သာ ပြောချင်ခဲ့သည်။ သူမနှင့် ကျွန်မ၏ ဆက်ဆံရေးကို ကာကွယ်ချင်ရုံသက်သက်နှင့် အခြားတစ်ယောက်ကိုပင် သူမနှင့် မိတ်သဟာယပြုစေချင်ခဲ့သည်။ ကျွန်မက လူ့အကြိုက်လိုက်သူတစ်ယောက် ဖြစ်နေဆဲသာ ဖြစ်သည်။ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ခြင်းကြောင့် ယခင်က ဘုရားသခင်၏အိမ်တော်၏ အလုပ်အပေါ် ကျွန်မ ဖြစ်စေခဲ့သည့် ထိခိုက်မှုကို ကျွန်မ တွေးမိသည်။ ထိုအချိန်က သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ ကျွန်မ၏ အခွင့်အရေးကို လွဲခဲ့ရသည်။ ဤတစ်ကြိမ်တွင်မူ ကျွန်မ နောင်တများနှင့် ကျန်နေခဲ့၍မဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။ ကျွန်မ ကိုယ်တိုင် သတိမထားမိလိုက်မီ ခွန်အားများ တလိပ်လိပ်တက်လာသကဲ့သို့ ခံစားရသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းက အဓိကကျပါသည်။ ကျွန်မ သတ်မှတ်ချက်နှင့် မညီ၍မဖြစ်ပါ။ ကျွန်မ၏ သတ္တိများကို စုစည်းလိုက်ပြီး ဤညီမနှင့် မိတ်သဟာယ ဖွဲ့ခဲ့သည်။ သူမ လုပ်နေသည့်အရာများနှင့် သူမ၏လုပ်ရပ်များ၏ သဘာဝကို ဖော်ထုတ်ခဲ့သည်။ ကျွန်မပြောသည့်အရာကို သူမ နားထောင်နေခဲ့ပြီး လက်ခံခဲ့ပြီး နောင်တရဖို့ ဆန္ဒရှိခဲ့ပါသည်။ ကျွန်မ စိတ်နှလုံးမှာ ဖော်ပြ၍မရနိုင်သည့် ဝမ်းမြောက်မှုကို ခံစားခဲ့ရသည်။ နောက်ဆုံးမှာ သမ္မာတရားအချို့ကို ကျွန်မ လက်တွေ့လုပ်ဆောင် နိုင်ခဲ့ပြီး ကျွန်မ စိတ်ဝိညာဉ်မှာ ငြိမ်သက် ဝမ်းမြောက်မှု အသိစိတ်ကို ခံစားခဲ့ရပါသည်။ ယင်းက ကျွန်မမှာ လူသားပုံသဏ္ဌာန်တစ်ခု ရှိသကဲ့သို့၊ ရှင်သန်နေထိုင်ဖို့အတွက် ဖြောင့်မတ်သည့်လမ်းတစ်ခု ဖြစ်သည်ဟု ကျွန်မ ခံစားခဲ့ရသည်။

ကျွန်မအပေါ် အလုပ်လုပ်ဖို့အတွက် ဘုရားသခင် လုပ်ဆောင်ခဲ့သည့် သေးငယ်သည့်အရာများစွာကို ပြန်တွေးတော ကြည့်သည့်အခါ၊ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုက တကယ်ကို ကျွန်မ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို ပြောင်းလဲဖို့ လိုအပ်သည့်အရာ အတိအကျ ဖြစ်နေခြင်းကို ကျွန်မ မြင်နိုင်သည်။ ကျွန်မကို ဖော်ထုတ်ဖို့အတွက် အခြေအနေများ တစ်ခုပြီးတစ်ခု ဘုရားသခင်က မပြင်ဆင်ခဲ့ပါက၊ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ထုတ်ဖော်မှုများကြောင့်သာ မဟုတ်ပါက၊ ကျွန်မက တကယ်တမ်း မည်သို့လူမျိုးဖြစ်သည် ကျွန်မ လုံးဝ သိမည်မဟုတ်ပါ။ ကျွန်မက စာတန်၏ အဆိပ်များနှင့် မည်သို့ ရှင်သန်နေသည်ဆိုသည့် သနားစရာကောင်းသည့် အမှန်တရားကို ဘယ်တော့မှ သိမည်မဟုတ်ပါ။ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် ပြောင်းလဲခြင်းက မည်မျှ လက်တွေ့ကျသည်၊ ယင်းကို ရရှိဖို့ မည်မျှခက်ခဲသည် ကျွန်မ အသိအမှတ်ပြုလာခဲ့သည်။ ယနေ့ သမ္မာတရား အချို့ကို လက်တွေ့လုပ်ဆောင်ပြီး လူသား ပုံသဏ္ဌာန်အချို့နှင့် အသက်ရှင်နေထိုင်ဖို့အတွက် ကျွန်မ၏ အရည်အချင်းက ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကြောင့် သက်သက် ဖြစ်ပေသည်။ ကျွန်မအတွက် ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ အရမ်း ကျေးဇူးတင်မိပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဆုတောင်းခြင်း၏ တန်ခိုး- မျှော်လင့်ချက်ပျက်သုဉ်းခြင်း အလယ်တွင် အံ့ဖွယ်နမိတ်လက္ခဏာတစ်ခုကို မျက်မြင်တွေ့ရခြင်း

ဂျော ဂျီဟန် တရုတ်ပြည် ကျွန်မတို့ ဘဝတစ်လျှောက် ခရီးသွားစဉ်၊ ကျွန်မတို့ တစ်ယောက်တိုင်းသည် ကျွန်မတို့၏ မှတ်ဉာဏ်တွင် ကမ္မည်းထိုးထားပြီး၊ လုံးဝ...

ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်ရသည့် ကျွန်မ၏ ပူပန်သောက နေ့ရက်များ

ကျွန်မက ၂၀၁၇ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပထမတော့ ကိုယ့်တာဝန်မှာ ရလဒ်နည်းနည်း ထွက်ခဲ့တယ်။ ဒါပေမဲ့...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။