သူငယ်ချင်းကောင်းဆိုရင် မမြင်ချင်ယောင်ဆောင်ပါ့မလား

01.04.2023

သင်းလိ အမေရိကန်နိုင်ငံ

အစ်မ ဘာဘရာနဲ့ ကျွန်မက သိတာ နှစ်နှစ်ရှိပြီ။ တော်တော်ကောင်းတဲ့ ခင်မင်နားလည်မှုကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်မတို့ စကားစမြည်ပြောတဲ့အချိန်တိုင်းမှာ အကြာကြီး ဆက်ပြောနေလို့ ရသလိုမျိုး ခံစားမိတယ်။ ကျွန်မတို့ တစ်ယောက်ချင်းစီတိုင်းရဲ့ အတွေ့အကြုံတွေနဲ့ အဲဒါတွေကနေ ဘာတွေရခဲ့တယ်ဆိုတာကို ခဏခဏ ပြောကြတယ်။ သူတစ်ခုခုဖြစ်တဲ့အခါတိုင်း သူက ကျွန်မကို လာရှာတယ်။ ကျွန်မက ပြဿနာရှိတဲ့အခါတိုင်းမှာ သူနဲ့ မိတ်သဟာယဖွဲ့ချင်တယ်။ သူက အမြဲတမ်း ကျွန်မနဲ့ စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့တယ်။ ကျွန်မတို့မှာရှိတဲ့ ဒီရင်းနှီးတဲ့ ဆက်ဆံရေးကို ကျွန်မက မြတ်နိုးတာပေါ့။ ကျွန်မကို ကူညီပံ့ပိုးပေးနိုင်တဲ့ အစ်မတစ်ယောက် ကျွန်မဘက်မှာရှိနေတာ အရမ်းကောင်းတယ်လို့ ခံစားမိတယ်။

မနှစ်တုန်းက ဘာဘရာက အစ်မသုံးလေးယောက်နဲ့ စကားပြောနေတာကို ကျွန်မ အမှုမဲ့ အမှတ်မဲ့ကြားလိုက်တယ်။ အခုနောက်ပိုင်းမှာ သူ့ရဲ့ ဧဝံဂေလိအလုပ်မှာ သူရနေတဲ့ အရမ်းကောင်းတဲ့ ရလဒ်တွေ၊ သူ တရားဟောနေတဲ့သူဘယ်နှစ်ယောက်က ဘာသာရေးအယူအဆတွေ ပြည့်နေတယ်ဆိုတာတွေ ပြီးတော့ ဆုတောင်းခြင်း၊ ဘုရားကို အားကိုးခြင်း၊ သူတို့တွေနဲ့ စိတ်ရှည်ရှည်နဲ့ မိတ်သဟာယဖွဲ့ခြင်း၊ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြခြင်းတွေကတစ်ဆင့် ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို သူတို့ အမြန်လက်ခံလာကြတာတွေအကြောင်းပေါ့။ ဒါတွေကို နားထောင်ပြီးတော့ အဲဒီအစ်မတွေက သူ့ကို လေးစားပြီးတော့ ကြည့်နေကြပြီး သူ့ကို မေးခွန်းမျိုးစုံ ဝိုင်းမေးနေကြတာတွေ၊ လက်တွေ့လုပ်ဖို့ လမ်းကောင်းကို ရှာဖွေနေကြတာတွေကို ကျွန်မ မြင်ရတယ်။ ကျွန်မ နည်းနည်း စိတ်ပူပြီး တွေးမိတယ်။ “သူ့ရဲ့ ဧဝံဂေလိအလုပ်က အရမ်းအခြေအနေကောင်းနေတာက ကောင်းပါတယ်။ ဒါပေမဲ့ သူ့ရလဒ်တွေက ဘယ်လောက်ကောင်းတယ်ဆိုတာကိုပဲ ပြောတယ်။ သူလျှောက်တဲ့ လမ်းကြောင်းအသေးစိတ်ကို မပြောဘူး။ ဒီတစ်ကြိမ်မှာ ဘုရားသခင်က သူ့ကို ဘယ်လိုလမ်းပြတယ်ဆိုတာကိုလည်း သက်သေမခံဘူး။ သူက ဒီလိုပြောနေတော့ ကြွားနေတာ သက်သက်ပဲမဟုတ်ဘူးလား” ပေါ့။ သုံးလေးရက်ကြာတော့ အစ်မဖာရီက ကျွန်မကို ပြောတယ်။ “ဘာဘရာက အရမ်းပါရမီရှိတာပဲ။ သူ့ဧဝံဂေလိအလုပ်မှာ တော်တော်ကောင်းတဲ့ ရလဒ်တွေရနေပြီ။ စုဝေးပွဲတစ်ခုမှာ သူ့အတွေ့အကြုံတွေကို မိတ်သဟာယဖွဲ့ဖို့အတွက် ခေါင်းဆောင်တစ်ယောက်ကတောင် သူ့ကို လှမ်းခေါ်တယ်လို့ ပြောတယ်” တဲ့။ ကျွန်မ ဒါကို ကြားရတော့ ရင်ထိတ်သွားတယ်။ ဘာဘရာက ဘာလို့ ဒါတွေကို ပြောနေရတာလဲ ပေါ့။ ဖာရီက အခု သူ့ကို အရမ်းလေးစားနေပြီ။ ဒါပေမဲ့ ဒါက သူ့အတွက် အကျိုးမရှိဘူး။ ဘာဘရာက သူ့တာဝန်ကို ထမ်းဆောင်ရင်းရတဲ့ ရလဒ်ကောင်းတွေကို အမြဲတမ်းကြွားဝါနေတယ်ဆိုတာကို ကျွန်မ သဘောပေါက်သွားပြီး စိတ်မအေးသလို ခံစားမိတယ်။ ကြွားဝါပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ခြင်းက ဆိုးယုတ်တဲ့ စိတ်သဘောထားကို ထုတ်ဖော်ပြခြင်းပဲလို့ ဘုရားက မိတ်သဟာယဖွဲ့ခဲ့တယ်။ ဒီတော့ ဒီလိုဆက်လုပ်နေရင် အန္တရာယ်ရှိမှာပေါ့။ ဒီလိုဆက်ဖြစ်နေခွင့်ပေးလို့မဖြစ်ဘူး။ ဒါကို ဘာဘရာကို ထောက်ပြဖို့ အခွင့်အလမ်းရှာရမယ် ပေါ့။ ဒါပေမဲ့ ဒီပြဿနာကို သူ့ကို ထောက်ပြဖို့ စဉ်းစားတိုင်း ကျွန်မ တုံ့ဆိုင်းနေတယ်။ အရင်သုံးလေးနှစ်လောက်က အတွေ့အကြုံနှစ်ခုကို ကျွန်မ အမှတ်ရမိတယ်။ ကျွန်မရဲ့ တွဲဖက် ဂျန်နီက အယူဝါဒတွေကို ခဏခဏ ရွတ်ပြတယ်။ သူများတွေကို အထက်စီးကနေ အပြစ်တင်တယ်။ ဒါပေမဲ့ သူက သူ့ကိုယ်သူ တစ်ခါမှ မစိစစ်ဘူး။ မသိဘူး။ ဒီပြဿနာကို ကျွန်မ သူ့ကို ထောက်ပြတယ်။ သူက ဒါကို လက်မခံရုံတင်မကဘူး။ ကျွန်မရဲ့ အရင်က ကျရှုံးမှုတွေ၊ ပြစ်မှားမှုတွေကို ပြန်ပြောပြီးတော့တောင် ပြန်တိုက်ခိုက်တယ်။ နောက်ပိုင်းကျတော့ သူက ကျွန်မကို အသိအမှတ်ပြုဖို့တောင် တွန့်ဆုတ်နေတယ်။ ဒါကြောင့် ကျွန်မအတွက် တော်တော်အနေရခက်ပြီး နာကျင်ရတယ်။ နောက်ဖြစ်ရပ်တစ်ခုကျတော့ အစ်မရိုရှာနာက စုဝေးပွဲတစ်ခုမှာ သူ့မိတ်သယဟာမှာ ခေါင်းစဉ်လွဲသွားတယ်။ ကျွန်မက ဒါကို သူ့ကို ထောက်ပြတာပေါ့။ နောက်ကျတော့ သူက ကျွန်မကို ဖွင့်ပြောတယ်။ ကျွန်မက သူ့ပြဿနာကို ထောက်တဲ့အချိန်မှာ သူက တော်တော်ရှက်ပြီး အတိုက်အခံဖြစ်တယ်၊ ကျွန်မက သူ့အတွက် တမင် အခက်အခဲဖြစ်အောင်လုပ်နေတယ်၊ နောက်ပိုငး စုဝေးပွဲတွေမှာ မိတ်သဟာယတောင်မဖွဲ့ချင်တဲ့အထိဘဲဆိုပြီး သူက ပြောတယ်။ သူက ဆက်ပြီး သူ့ပြဿနာတွေကို ရှာဖွေတာ၊ သုံးသပ်တာ၊ သိမြင်တာ လုပ်ပေမဲ့ သူဒီလိုပြောတာကို ကြားရတာ ကျွန်မအတွက် တော်တော်ခက်ခဲတယ်။ အဲဒီနောက်တော့ သူများပြဿနာတွေကို ထောက်ပြတာကို ကျွန်မ အရမ်းသတိထားမိတယ်။ ဘာဘရာနဲ့ ကျွန်မဆက်ဆံရေးက အမြဲတမ်း ဘယ်လောက်ကောင်းနေခဲ့တယ်ဆိုတာကို တွေးမိပြီး သူ့ပြဿနာကို သူ့ကို ထောက်ပြလိုက်ရင် သူက အနေရခက်တဲ့နေရာကို တွန်းပို့ခံရတယ်လို့ ခံစားရမှာလားဆိုပြီး တွေးမိတယ်။ သူက နားမထောင်ဘဲ ကျွန်မကို အမြင်စောင်းလာရင်၊ ကျွန်မက သူ့အားနည်းချက်တွေကို ဖော်နေပြီး သူ့အတွက် အခက်အခဲဖြစ်အောင် ကြိုးစားနေတယ်လို့ မြင်ပြီးတော့ ကျွန်မကို အသိအမှတ်ပြုဖို့ ငြင်းဆန်ရင် ဘယ်လိုလုပ်ရမလဲ ပေါ့။ ကျွန်မတို့က နေ့တိုင်း ခဏခဏ လမ်းကြုံကြတယ်။ ဒီတော့ တော်တော် အနေရခက်မှာပဲ။ သူက အမြဲတမ်းလည်း ဒီလိုဖြစ်နေတာမဟုတ်ဘူး။ ဘုရားနှုတ်ကပတ်တော်ဖတ်ရင် သူက ဆင်ခြင်နိုင်ပြီး သူ့ဘာသာ ဒီလိုသဘောပေါက်လာချင်လာမှာပဲ။ ဒါဆို ထားလိုက်တော့။ ငါ ဘာမှမပြောတော့ဘူး ပေါ့။

တစ်နေ့တော့ ဘာဘရာက ညီအစ်ကိုမောင်နှမတချို့က သူ့ကို အကြံနည်းနည်းပေးတယ်လို့ ကျွန်မကို ပြောတယ်။ သူက သူ့မိတ်သဟာယမှာ ကြွားဝါရတာ၊ သူများတွေကို သူ့ကိုလေးစားအောင်လုပ်ရတာကို နှစ်သက်တယ်လို့ သူတို့က ပြောတယ်။ ဒါကြောင့် သူက တော်တော်လေး အနေရခက်သွားတာပေါ့။ သူက ဒီလိုပြောတာ ကြားရတော့ ကျွန်မ စိတ်ထဲမှာ ဗြောင်းဆန်သွားတယ်။ အမှန်တော့ ကျွန်မလည်းသူ့ကို အခုနောက်ပိုင်းမှာ ကြွားဝါနေတာကို မြင်ရတယ်။ ဒါပေမဲ့ ကျွန်မတို့ဆက်ဆံရေးထိခိုက်မှာကြောက်ပြီး မျက်ကွယ်ပြုပြီးတော့ သူ့ကို ဘာမှမပြောခဲ့တာ။ ဒါက သိပ်ကောင်းတဲ့ အခွင့်အလမ်းမဟုတ်ဘူးလား။ ကျွန်မ တွေ့ခဲ့တဲ့ ပြဿနာတွေကိုလည်း ထုတ်မပြောသင့်ဘူးလား။ ဒါပေမဲ့ အခြေအနေက သူ့အတွက် အခုတောင် ခက်ခဲနေပြီဆိုတာကို တွေးမိတယ်။ ကျွန်မကလည်း ထုတ်ပြောလိုက်ရင် သူက မခံနိုင်ဘဲ အပျက်သဘောဆောင်လာမှာလား တွေးမိတယ်။ သူ့ဆီမှာ ကျွန်မ မြင်ရတဲ့ပြဿနာတွေကို ထောက်ပြရမယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်တယ်။ ဒါပေမဲ့ ကျွန်မက အရမ်းကြမ်းတယ်လို့ သူက ထင်ပြီး ကျွန်မကို ရှောင်မှာကို စိတ်ပူမိတယ်။ အဲဒါနဲ့ ဘယ်လေသံကို သုံးရမယ်၊ ပိုပြီး ပညာသားပါဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဖော်ပြရမယ်၊ သူ့ကို အရှက်မရအောင် ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို သေချာစဉ်းစားတာပေါ့။ အဲဒါနဲ့ ကျွန်မက အရင်တုန်းက ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂုဏ်တင်ပြီး ကြွားဝါခဲ့တယ် နောက်တော့ ဒါကို ဘယ်လိုဆင်ခြင်ခဲ့ပြီး နားလည်လာခဲ့တယ်ဆိုတဲ့ ဥပမာတွေကိုပဲ ပြောပြလိုက်တယ်။ အဆုံးရောက်လာတဲ့အခါမှ သူ့ပြဿနာကို အကျဉ်းချုံးပြီး ထည့်ပြောလိုက်တယ်။ ကျွန်မက သူ့ကို အရှက်ရအောင်လုပ်မိမှာကြောက်တော့ နှစ်သိမ့်တဲ့စကားနည်းနည်းပြောပေးလိုက်တယ်။ “လူတိုင်းက ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားရှိတယ်။ ဒါကို ပြတာက လုံးဝ သာမန်ပါပဲ။ ကျွန်မလည်း လုပ်တာပဲ။ ကျွန်မက အမြဲတမ်း အရမ်းမာနထောင်လွှားပြီး စိတ်ကြီးဝင်တယ်။ ခဏခဏ ကြွားဝါတယ်။ ဒီဟာကြောင့် စိတ်မကျဉ်းကျပ်စေနဲ့။ ကိုယ့်ကိုယ်ကိုယ် မှန်ကန်တဲ့ သဘောထားရှိရမယ်” ပေါ့။ သူက ဒါကို ဘာမှပြန်မပြောဘူး။ ဒါပေမဲ့ နောက်တော့ ကျွန်မကို စိတ်မအေးနိုင်အောင်လုပ်တဲ့အရာတစ်ခု ထပ်ဖြစ်လာတယ်။

စုဝေးပွဲတစ်ခုမှာ ဘာဘရာက ဘုရားနှုတ်ကပတ်တော်အပေါ် သူ့နားလည်မှုကို မိတ်သဟာယဖွဲ့တယ်။ ပြီးတော့ ဧဝံဂေလိဖြန့်ဝေတဲ့နေရာမှာ သူ့ရဲ့ လတ်တလောအတွေ့အကြုံတစ်ခုကို ဆက်ပြောပြတယ်။ ဆယ်စုနှစ်တွေကြာတဲ့အထိ သခင့်ကို ယုံကြည်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ကို သူ တရားဟောနေခဲ့တာကို ပြောပြတယ်။ အဲဒီလူက ဘာသာရေးအယူအဆတွေပြည့်နေပြီး ကောလာဟလတွေအများကြီးကို နားထောင်ခဲ့တယ်။ သူ့ကို ထပ်ခါထပ်ခါ ဧဝံဂေလိဟောပြီးတာတောင်မှ သူက လက်မခံသေးဘူး။ ဒါပေမဲ့ ဘာဘရာက သူ့ဆီသွားပြီး မိတ်သဟာယဖွဲ့ပြီး စကားရည်လုကြတယ်။ ဘာဘရာက ဆက်စပ်မှုရှိတဲ့ ဘုရားနှုတ်ကပတ်တော်အပိုဒ်တွေကို ရှာပြီး သူ့အယူအဆတွေကို တစ်ခုချင်း ချေပတယ်။ နောက်ဆုံးမှာ သင်းအုပ်ဆရာက သူ့အယူအဆတွေကို တဖြည်းဖြည်းနဲ့ လွတ်ချပြီး ဘုရားရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသွားတယ် ပေါ့။ သူ စကားပြောပြီးသွားတော့ လူတိုင်းက သူ့ရဲ့ ဧဝံဂေလိ အတွေ့အကြုံအပေါ် အာရုံစိုက်လာကြပြီး ဘုရားနှုတ်ကပတ်တော်ကို အာရုံမစိုက်တော့ဘူး။ အဲဒီအချိန်မှာ ကျွန်မ နည်းနည်း သတိထားမိတယ်။ ဒါ ခေါင်းစဉ်နဲ့ လွဲနေပြီမဟုတ်ဘူးလား ပေါ့။ သူက သူ့ရဲ့ ဧဝံဂေလိအတွေ့အကြုံကို မိတ်သဟာယဖွဲ့ပေမဲ့ သူပြီးသွားတော့ လူတိုင်းက သူ့ကို လေးစားလာပြီး အထင်ကြီးလာကြတယ်။ ဒါ သူက ကြွားဝါနေတာမဟုတ်ဘူးလား။ ဒါကို ကျွန်မက သူ့ကို ထောက်ပြပြီး ဒီအကြောင်းအရာကို မပြောတော့အောင် လုပ်ချင်တယ်။ ဒါပေမဲ့ ကျွန်မက ဒီစကားတွေကို ထုတ်မပြောနိုင်နေဘူး။ ဒီလောက်များတဲ့ လူတွေရှေ့မှာ ကျွန်မက သူ့ကို ကြားဖြတ်ပြောလိုက်ရင် သူက အရမ်း ရှက်သွားမှာမဟုတ်ဘူးလား။ ဘာဘရာက သူ့ရဲ့ ဧဝံဂေလိအလုပ်မှာ ရလဒ်တချို့ရတာ မှန်တယ်။ ဒီတော့ ကျွန်မက ဒါကို သူ့ကို တကယ်ပြောလိုက်ရင် ကျွန်မက မနာလိုဖြစ်ပြီး တမင်သက်သက် သူ့အတွက် အခက်အခဲဖြစ်အောင်လုပ်နေတာလို့ လူတိုင်းက ထင်မှာမဟုတ်ဘူးလား ပေါ့။ သူ့ရည်ရွယ်ချက်က ကောင်းပြီးတော့ ကြွားဝါဖို့ ကြိုးစားနေတာမဟုတ်လောက်ဘူး ပေါ့။ အဲဒါနဲ့ ကျွန်မ ထုတ်မပြောလိုက်ဘူး။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ဖို့ ကိုယ့်ကိုယ်ကိုယ် စိတ်ငြိမ်အောင်မလုပ်နိုင်ဘူး။ တက်ကြွမှုမရှိတဲ့စကားနည်းနည်းလောက်ပဲ ပြောလိုက်တော့ ကျွန်မ မိတ်သဟာယက ဉာဏ်အလင်းမဖွင့်ပေးဘူးပေါ့။ အဲဒါနဲ့ စုဝေးပွဲက ပြီးသွားတယ်။

အဲဒီညနေမှာ ကျွန်မ အိပ်ရာပေါ်မှာ လူးလှိမ့်နေရင်းနဲ့ အိပ်မပျော်နိုင်ဘူး။ စုဝေးပွဲမှာ ဘာဘရာက ကြွားဝါဖို့ပြောတဲ့ဟာတွေနဲ့ လူတိုင်းရဲ့မျက်နှာက အထင်ကြီးနေတဲ့အကြည့်တွေကိုပဲ ကျွန်မ တွေးနေမိတယ်။ သူမိတ်သဟာယဖွဲ့တဲ့ဟာက သူများတွေကို ဘုရားနှုတ်ကပတ်တော်ကို ပိုပြီး နားလည်မသွားစေဘူး။ အဲဒီထက် သူ့ရဲ့ ဧဝံဂေလိအလုပ်အပေါ်ကို လူတိုင်းက အာရုံစိုက်အောင် လုပ်ခဲ့တယ်။ ဒီတော့ စုဝေးပွဲက ကောင်းတာ ဘာမှမရခဲ့ဘူး။ သူရှက်သွားမှာကြောက်ပြီး ကျွန်မက ဘာမှမပြောခဲ့ဘဲ အသင်းတော်အသက်တာကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။ ကျွန်မက ဘာတရားမျှတမှုမှမရှိတဲ့ လူ့အကြိုက်လိုက်သူတစ်ယောက် မဖြစ်ခဲ့ဘူးလား။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ အမှတ်ရမိတယ်။ “သင်သည် မှန်ကန်သော လူ ဟုတ်သည် မဟုတ်သည်ကို သိရန် သင့်ကိုယ်သင် သေချာစွာ ဆန်းစစ်သင့်သည်။ သင်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များသည် ငါ့အတွက် ရည်ရွယ်၍ ဖန်တီးထားသလော။ သင်၏ စကားများနှင့် လုပ်ရပ်များအားလုံးသည် ငါ၏ မျက်မှောက်တွင် ပြောဆို၊ လုပ်ဆောင်ခြင်း ဖြစ်သလော။ သင်၏ အတွေးများနှင့် စိတ်ကူးများအားလုံးကို ငါ ဆန်းစစ်၏။ အပြစ်ရှိသည်ဟု သင်မခံစားရသလော။...ယခုအကြိမ် စာတန်ယူဆောင်သွားသော စားသောက်ခြင်းကို သင်သည် နောင်တစ်ကြိမ်တွင် ပြန်လည် ထေမိနိုင်မည်ဟု ထင်သလော။ ထို့ကြောင့် ယခု သင်ရှင်းလင်းစွာ မြင်ရ၏။ ဤသည်မှာ သင်ပြန်လည်လျော်ပေးနိုင်သော အရာတစ်စုံတစ်ခု ဖြစ်သလော။ သင်သည် ဆုံးရှုံးသွားသည့် အချိန်အတွက် ပြန်လည် ထေမိနိုင်သလော။ လွန်ခဲ့သော တွေ့ဆုံမှုအနည်းငယ်တွင် မည်သည့် စားသောက်ခြင်းမျှ အဘယ့်ကြောင့် မလုပ်ဆောင်ခဲ့သည်ဆိုသည်နှင့် အဘယ်သူသည် ဤဒုက္ခကို ဖြစ်ပွားစေခဲ့သည် ဆိုသည်တို့ကို မြင်နိုင်ဖို့ရန် သင်တို့သည် မိမိတို့ကိုယ်ကိုယ် လုံ့လရှိစွာ ဆန်းစစ်ရမည်။ သင်သည် ရှင်းလင်းသွားသည်အထိ တစ်ဦးပြီးတစ်ဦး မိတ်သဟာယဖွဲ့ရမည်။ အကယ်၍ ထိုသို့သောလူတစ်ဦးကို ပြင်းထန်စွာ ထိန်းချုပ်မထားလျှင်၊ ညီအစ်ကို မောင်နှမတို့သည် နားလည်လိမ့်မည် မဟုတ်သကဲ့သို့၊ ထိုအရာ တဖန်ဖြစ်ပျက်မည်သာ ဖြစ်သည်။ သင်တို့၏ ဝိညာဉ်ရေးရာ မျက်စိများသည် ပိတ်နေကြ၏။ သင်တို့ထဲမှ များလှစွာသောသူတို့သည် မျက်စိကွယ်နေကြ၏။ ထို့အပြင်၊ မြင်သောသူတို့သည် ထိုအရာကို အရေးမထားကြချေ။ ၎င်းတို့သည် ထရပ်ကာ ဖွင့်ပြောခြင်း မရှိသကဲ့သို့ ၎င်းတို့သည်လည်း မျက်စိကန်းနေကြ၏။ မြင်သော်လည်း ဖွင့်မပြောသော သူတို့သည် ဆွံ့အသောသူများ ဖြစ်ကြသည်။ ဤနေရာတွင် မသန်မစွမ်းသူ များစွာရှိနေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို အရမ်း စိတ်ထိခိုက်စေခဲ့တယ်။ ဘာဘရာက သူ့မိတ်သဟာယမှာ ခေါင်းစဉ်လွဲပြီးပြောတာ၊ လူတိုင်းရဲ့အချိန်ကို ဖြုန်းတီးပြီး စုဝေးပွဲရဲ့ ဖြစ်ထွန်းမှုကို ထိခိုက်ခဲ့တာတွေရှိပေမဲ့ ကျွန်မက တိတ်တဆိတ် ရပ်ကြည့်နေခဲ့တာကို တွေးမိတယ်။ ကျွန်မ တွေးနေမိတယ်။ “ဘာဘရာက ခေါင်းစဉ်လွဲပြီးပြောနေတာကို ငါ ကောင်းကောင်းသိတယ်။ ဒါဆို ဘာလို့အသင်းတော်အသက်တာကို ငါ မကာကွယ်တာလဲ။ ဘာလို့ တိတ်တိတ်လေးနေပြီး လူ့အကြိုက်လိုက်သူလုပ်ဖို့ ရွေးချယ်ခဲ့တာလဲ” ပေါ့။ ပထမဆုံး ကျွန်မက ဘာဘရာရဲ့လုပ်ရပ်က သူ့ကိုယ်သူ ဂုဏ်တင်တာလား၊ ကြွားဝါနေတာလားဆိုတာကို ကျွန်မ မသေချာဘူး။ သူက ဧဝံဂေလိဖြန့်ဝေတာမှာ အတွေ့အကြုံတချို့ရှိတာ မှန်တယ်။ ဒီအတွေ့အကြုံတွေကို မိတ်သဟာယဖွဲ့တာက သူများတွေအတွက် အကျိုးရှိနိုင်တယ်။ ဒါဆို သူက ဒီလို မိတ်သဟာယဖွဲ့တာကို ကြွားဝါတာလို့ သတ်မှတ်နိုင်သလား ပေါ့။ ဒုတိယအနေနဲ့ ကျွန်မက ရှင်းရှင်းလင်းလင်း မမြင်မိမှာ၊ ကျွန်မ ထုတ်ပြောတာကြောင့် သူ စိတ်ကျဉ်းကျပ်မှာ၊ ကျွန်မက မနာလိုဖြစ်ပြီး ဒါတွေကို ပြောနေတယ်လို့ သူများတွေက ထင်မှာကို ကျွန်မ စိုးရိမ်နေခဲ့တယ်။

နောက်တစ်နေ့ စုဝေးပွဲမှာ ကျွန်မ စိတ်ပူတာတွေကို ပြောပြလိုက်ပြီး ညီအစ်မတွေဆီကနေ အကူအညီယူခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မတို့ အတူတူဖတ်ကြတယ်။ “မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခြင်း၊ မိမိတို့ကိုယ်ကို ဝါကြွားခြင်း၊ လူအများ အထင်ကြီးအောင် ကြိုးစားခြင်း— ဤအရာတို့ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဤသည်မှာ လူများသည် ၎င်းတို့၏ စာတန်ဆန်သော သဘာဝများ၏အုပ်စိုးခြင်းကို ခံရသောအခါ အလိုအလျောက် တုံ့ပြန်ကြသည့် ပုံစံဖြစ်ပြီး ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ် တစ်ရပ်လုံးအဖို့ ဖြစ်လေ့ရှိသည်။ လူများသည် မိမိတို့ကိုယ်ကိုယ် ပုံမှန်အားဖြင့် မည်သို့ ချီးမြှောက်ပြီး သက်သေခံသနည်း။ ၎င်းတို့သည် ဤရည်မှန်းချက်ကို မည်သို့စွမ်းဆောင်ရရှိသနည်း။ ၎င်းတို့သည် အလုပ်မည်မျှ လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှဒုက္ခခံစားပြီးဖြစ်ကြောင်း၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် မည်မျှ အသုံးခံပြီး ဖြစ်ကြောင်းနှင့်၊ မည်သည့်အဖိုးအခကို ပေးဆပ်ပြီးဖြစ်ကြောင်းတို့ကို သက်သေခံကြသည်။ ၎င်းတို့သည် ဤအရာများကို သူတို့ကိုယ်သူတို့ ချီးမြှောက်ရန်အတွက် အရင်းအနှီးအဖြစ် အသုံးပြုကြသည်။ လူတို့၏ စိတ်ထဲတွင် ၎င်းတို့သည် ပိုမိုမြင့်မားသော၊ ခိုင်မြဲသော၊ လုံခြုံသောနေရာတို့ကို ရရှိစေသောအရာအဖြစ် ၎င်းတို့က အသုံးပြုကြသည်။ ဤသို့ဖြင့် သာ၍များသော လူတို့သည် ၎င်းတို့အား တန်ဖိုးထားကြရန်၊ အားကျရန်၊ လေးစားကြရန်၊ အမွန်အမြတ်ထားရန်၊ ကိုးကွယ်ရန်နှင့် ၎င်းတို့နောက်သို့ လိုက်ရန်အတွက် ဖြစ်သည်။ ဤဦးတည်ချက်ကို ရရှိရန် လူတို့သည် အပေါ်ယံတွင် ဘုရားသခင်ကို သက်သေခံသည့်အရာများစွာကို လုပ်ဆောင်ကြသော်လည်း အခြေခံအားဖြင့် မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံကြသည်။ ထိုနည်းအားဖြင့် ပြုမူဆောင်ရွက်ခြင်းသည် ကျိုးကြောင်းဆီလျော်သလော။ ၎င်းတို့သည် ဆင်ခြင်တုံတရားနယ်ပယ်ကို ကျော်လွန်သွားသည်။ ဤလူများ၌ အရှက်မရှိပေ။ ၎င်းတို့သည် ဘုရားသခင်အတွက် ၎င်းတို့ လုပ်ဆောင်သည့်အရာနှင့် သူ့အတွက် ၎င်းတို့မည်မျှ ဒုက္ခခံစားပြီးဖြစ်သည်တို့ကို မရှက်မကြောက် သက်သေခံကြသည်။ ၎င်းတို့သည် ၎င်းတို့၏ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်၊ အတွေ့အကြုံ အထူးကျွမ်းကျင်မှုများ၊ မိမိတို့ကိုယ်ကို ပြုမူဆောင်ရွက်ခြင်းအတွက် ၎င်းတို့၏ပါးနပ်သော နည်းစနစ်မျာ၊ လူများကို လှည့်စားဖို့ ၎င်းတို့အသုံးပြုသည့် နည်းလမ်းများ စသဖြင့်တို့ကိုပင် ၎င်းတို့က ကြွားလုံးထုတ်သည်။ ၎င်းတို့၏ မိမိကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းစနစ်သည် မိမိတို့ကိုယ်ကိုယ် မာန်မာနထုတ်လျက် ဝင့်ဝါပြပြီး အခြားသူများကို သေးသိမ်စေဖို့ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ဉာဏ်ထက်မြက်ခြင်းများကိုသာ အစဉ် မြင်တွေ့ဖို့အလို့ငှာ၊ ၎င်းတို့၏ပျော့ကွက်များ၊ အားနည်းချက်များ၊ ချို့ယွင်းချက်များကို လူများမသိစေဖို့ ဖုံးကွယ်လျက်၊ မိမိတို့ကိုယ်ကိုယ် စိတ်ရင်းကိုဖုံးကွယ်ပြီး အခြေအနေမှန်ကို ဖုံးကွယ်ကြသည်။ ၎င်းတို့က အပျက်သဘောဆောင်ခြင်းကို ခံစားရသည့်အခါ အခြားလူများကိုပင် မပြောဝံ့ပေ။ ၎င်းတို့က သူတို့ကို ရင်ဖွင့်ပြီး မိတ်သဟာယပြုဖို့ သတ္တိမရှိကြပေ။ ပြီးလျှင် ၎င်းတို့ တစ်စုံတစ်ခု အမှားပြုလုပ်သည့်အခါ၊ ယင်းကို ဖုံးထားဖို့နှင့် ထိမ်ချန်ကွယ်ဝှက်ထားဖို့ အစွမ်းကုန် ကြိုးစားကြသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့် ကာလတွင် ၎င်းတို့ကြောင့် အသင်းတော်၏ အလုပ်အပေါ် ဖြစ်ပေါ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို ၎င်းတို့ မည်သည့်အခါမျှ မပြောပြပေ။ ၎င်းတို့က အသေးစား ဖြည့်ဆည်းမှုအချို့ကို ပြုလုပ်ပြီးသည့်အခါ သို့မဟုတ် အောင်မြင်မှုလေးအချို့ စွမ်းဆောင်ရရှိပြီးသည့်အခါ၊ ယင်းကို အလျင်အမြန် ကြွားဝါကြသည်။ ၎င်းတို့သည် မည်မျှ စွမ်းဆောင်နိုင်သည်၊ ၎င်းတို့၏အစွမ်းအစ မည်မျှ မြင့်မားသည်၊ ၎င်းတို့သည် မည်မျှ ထူးခြားသည်၊ ပြီးလျှင် ၎င်းတို့သည် သာမန်လူများထက် မည်မျှတော်သည်တို့ကို တစ်ကမ္ဘာလုံးကို အသိပေးဖို့ မစောင့်နိုင်ကြပေ။ ဤသည်မှာ မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်း နည်းလမ်းတစ်ခု မဟုတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၄) ဘုရားနှုတ်ကပတ်တော်ဖွင့်ပြခြင်းကနေ ကျွန်မ နားလည်သွားတယ်။ အန္တိခရစ်တွေက သူတို့ကိုယ်သူတို့ ဂုဏ်တင်တဲ့ လက္ခဏာတစ်ခုက သူတို့ရဲ့ ဆုကျေးဇူးတွေ၊ အားသာချက်တွေ၊ ကူညီပံ့ပိုးတာတွေ၊ အောင်မြင်မှုတွေကို သူများတွေရှေ့မှာ ကြွားပြောတာပဲ။ သူတို့ကို ပါရမီရှိတယ်၊ လုပ်နိုင်ကိုင်နိုင်တယ်လို့ လူတွေထင်ပြီး လူတွေရဲ့ အထင်ကြီးလေးစားမှုကို ရအောင်ပေါ့။ ဧဝံဂေလိမျှဝေပြီး ဘုရားသခင်ကို သက်သေခံတာက အခြေခံအားဖြင့် အပြုသဘောဆောင်တဲ့အရာတွေပါ။ ဘာဘရာက ဧဝံဂေလိအမှုဆောင်တစ်ယောက်အနေနဲ့ သူ့ရဲ့ အားသာချက်တွေနဲ့ သူကြုံရတဲ့ အခက်အခဲတွေ၊ အဲဒီနောက်မှာ ဘုရားကို ဘယ်လိုအမှီပြုပြီး ဘုရားအမှုတော်ကို ကြုံတွေ့ခဲ့တယ်၊ ဒီကနေ သူဘာတွေကိုရပြီး သိလာခဲ့တယ်ဆိုတာတွေနဲ့ သူ အနှစ်ချုပ်ခဲ့တဲ့ လက်တွေ့လုပ်ဖို့လမ်းကောင်းတွေကို မိတ်သဟာယဖွဲ့နိုင်ခဲ့ရင် ဒီမိတ်သဟာယက တည်ဆောက်စရာဖြစ်မှာပဲ။ ဒါပေမဲ့ ဘာဘရာက လူဘယ်နှစ်ယောက်ကို သူပြောင်းလဲခဲ့တယ်၊ သူ ဘယ်လောက်ဒုက္ခခံတယ်၊ အဖိုးအခ ဘယ်လောက်ပေးဆပ်ခဲ့တယ်ဆိုတာတွေပဲ ပြောတယ်။ သူ့အတွေ့အကြုံတွေကို နားထောင်တဲ့သူတွေက ဘုရားသခင်ကို ပိုပြီး နားလည်သွားတာ မတူတဲ့ ပြဿနာတွေကို ဘယ်လိုလက်တွေ့လုပ်ရမယ်၊ ချဉ်းကပ်ရမယ်ဆိုတာကို ရှင်းလင်းသွားတာ လုံးဝ မရှိဘူး။ အဲဒီအစား လူတွေက သူ့အကြောင်းပဲ ပိုသိသွားပြီး သူက ဧဝံဂေလိမျှဝေတဲ့နေရာမှာ ဆုကျေးဇူးတွေ၊ အစွမ်းအစတွေရှိတယ်၊ သူများတွေထက်ပိုပြီး တက်ကြွတယ်ဆိုတာပဲ သိသွားတယ်။ လူတိုင်းက သူ့ကို ချီးမွမ်းပြီး အားကျကြတယ်။ အရမ်းကို မလုံလောက်သလို ခံစားကြရတယ်။ ကြွားဝါတာနဲ့ ဘုရားကို ချီးမြောက်ပြီး သက်သေခံတာရဲ့ ရလဒ်တွေက အတူတူမဟုတ်ဘူးဆိုတာ ကျွန်မ မြင်ခဲ့တယ်။ မိတ်သဟာယကတစ်ဆင့် ကျွန်မရဲ့ အရင်ကအမြင်တွေက အတည်ဖြစ်သွားတယ်။ ဘာဘရာပြောတဲ့ဟာအများစုက ဘုရားကို သက်သေခံတာမဟုတ်ဘဲ သူ့ကိုယ်သူဂုဏ်တင်ပြီး ကြွားဝါဖို့ပြောတယ်ဆိုတာ ကျွန်မ သေချာသွားတယ်။ သူက အန္တိခရစ်ရဲ့ စိတ်သဘောထားကို ဖွင့်ပြနေတာပဲ။ ဒါဟာ ဘုရားကို ရွံရှာစေပြီး မုန်းတီးမှုဖြစ်စေတယ်။ ညီအစ်မတွေကလည်း ကျွန်မကို သတိပေးတယ်။ ဘာဘရာက သူ ဖွင့်ပြနေတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သတိမထားမိနိုင်သေးဘူး။ ကျွန်မတို့က ဒါကို မြင်သွားတော့ သူ့ကို ချစ်ချစ်ခင်ခင်နဲ့ ထောက်ပြသင့်တယ် တဲ့။ ကျွန်မတို့ ဆက်ဆံရေးတွေကို ကာကွယ်ဖို့အတွက်နဲ့ လူ့အကြိုက်လိုက်သူတွေလုပ်လို့ မဖြစ်ဘူး။ ညီအစ်မတွေရဲ့ စကားတွေကြောင့် ကျွန်မ အရမ်းရှက်သွားတယ်။ ပြီးတော့ ဘာဘရာနဲ့ အမြန်ဆုံးမိတ်သဟာယဖွဲ့ဖို့ ဆုံးဖြတ်လိုက်တယ်။

အစည်းအဝေးပြီးသွားတော့ ကျွန်မ စိတ်ငြိမ်အောင် မထိန်းနိုင်နေဘူး။ ကျွန်မက အရင်က ဘာဘရာရဲ့ ပြဿနာတွေကို မြင်ပေမဲ့ သူ့ကို ထောက်မပြရဲခဲ့ဘူး။ ကျွန်မက တစ်ခုခုပြောခဲ့ရင်တောင် တကယ်တမ်း ဘာမှမရလိုက်ဘဲ ပြဿနာကို အပေါ်ယံပဲ လျှပ်ပြောလိုက်တာ။ ဘာဘရာက သူ့ပြဿနာကို လုံးဝ အမှန်တကယ် မဆင်ခြင်ဘူး၊ သတိမထားမိဘူးဆိုတဲ့ သဘောပေါ့။ ကျွန်မက တော်တော် စိတ်မအေးနိုင်ဖြစ်ပြီး ဒီအတွေးတွေကြောင့် လိပ်ပြာမလုံဖြစ်နေတယ်။ မနေနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။ “ငါက ပုံမှန်ဆိုရင် ဘာဘရာရှေ့မှာ အရမ်းပျော်ရွှင်တက်ကြွနေပြီး သူ့ကို အကုန်ပြောပြတာပါ။ ဒါဆို သူ့ပြဿနာတွေကို ထောက်ပြဖို့ ငါဘာလို့ အရမ်းခက်နေရတာလဲ။ ဘာလို့ထုတ်မပြောနိုင်တာလဲ” ပေါ့။ ကျွန်မ ရှာဖွေရင်း၊ ဆင်ခြင်ကြည့်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “သင်တို့အားလုံး ကောင်းစွာ ပညာတတ်မြောက်ကြသည်။ သင်တို့အားလုံးသည် သင်တို့၏ပြောဆိုပုံ၌ စစ်ဆေးခံရသည့်အဖြစ်နှင့် လျှော့တွက်ခံရသည့် အဖြစ်ကိုလည်းကောင်း၊ သင်စကားပြောသော ဟန်ပန်ကိုလည်းကောင်း အာရုံစိုက်ကြသည်- သင်တို့သည် လိမ္မာပါးနပ်ပြီး အခြားသူများ၏ ဂုဏ်နှင့် သိက္ခာအား ထိခိုက်မှုမပြုမိရန် သင်ယူထားကြပြီးဖြစ်သည်။ သင်တို့၏ စကားများနှင့် လုပ်ဆောင်ချက်များတွင်၊ သင်တို့သည် လူတို့ လှုပ်ရှားဆောင်ရွက်ရန်အတွက် နေရာချန်ပေးတတ်ကြသည်။ သင်တို့သည် လူတို့အား အေးငြိမ်းသက်သာစေဖို့ တတ်နိုင်သမျှ ပြုလုပ်ကြသည်။ သူတို့၏ အမာရွတ်များ သို့မဟုတ် အားနည်းချက်များကို သင်မဖော်ထုတ်သကဲ့သို့ သူတို့ကို မနာကျင်စေရန် သို့မဟုတ် အရှက်မရစေရန် သင်ကြိုးစားသည်။ ထိုသို့သောအရာမှာ ပြုမူရာတွင် လူအများစု အသုံးပြုသည့် လူလူချင်းဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းဖြစ်သည်။ ထိုသို့ဆိုသော် ဤသည်မှာ မည်သို့သော နိယာမမျိုးဖြစ်သနည်း။ (လူ့အကြိုက်လိုက်သူတစ်ယောက်ဖြစ်ခြင်း ဖြစ်သည်။ လှည့်စားတတ်ပြီး မယုံကြည်ရပါ။) ယင်းမှာ ဒုက္ခပေးသည်၊ ယုံကြည်၍မရ၊ စဉ်းလဲဖောက်ပြန်ပြီး မသိမသာ အန္တရာယ်ပေးတတ်သည်။ လူတို့၏ အပြုံးမျက်နှာများ နောက်ကွယ်တွင် ကွယ်ဝှက်ထားသည်မှာ မလိုမုန်းထားသော၊ အန္တရာယ်ပေးတတ်ပြီး စက်ဆုပ်ဖွယ်ကောင်းသော အရာများစွာ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘဝ ကြီးထွားတိုးတက်ခြင်း၏ အညွှန်းခြောက်ခု)အလယ်အလတ် လမ်းစဉ်လိုက်သူတို့ အားလုံးသည် အန္တရာယ် အပြုဆုံးသူတို့ဖြစ်သည်။ ထိုသူတို့သည် မည်သူ့ကိုမျှ မစော်ကားမိစေဖို့ ကြိုးစားကြသည်၊ ထိုသူတို့သည် လူမုန်းမခံချင်သူများဖြစ်သည်၊ ထိုသူတို့သည် အမှုအရာများကို လိုက်လျော၍ မည်သူမျှ ထိုသူတို့ကို မရိပ်စားမိနိုင်ပေ။ ထိုသို့သော သူသည် အသက်ရှင် နေသော စာတန်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်)‘မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏’ ဆိုသော ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုတစ်ခုရှိသည်။ ဤသည်မှာ ခင်မင်ရင်းနှီးသောဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် မိမိတို့မိတ်ဆွေ၏ ပြဿနာများကို ရှင်းရှင်းလင်းလင်း မြင်လျှင်ပင် နှုတ်ဆိတ်နေရမည်ဟု ဆိုလိုသည်။ သူတစ်ပါးတို့၏ ဂုဏ်သိက္ခာကို မထိခိုက်သို့မဟုတ် အားနည်းချက်များကို မဖော်ထုတ်သည့် စည်းမျဉ်းများကို ထိန်းသိမ်းသင့်သည်ဟု ဆိုလိုသည်။ ၎င်းတို့သည် အချင်းချင်း လှည့်စားရမည်ဖြစ်သည်။ အချင်းချင်း ဖုံးကွယ်ရမည်ဖြစ်သည်။ အချင်းချင်း လျှို့ဝှက်ကြံစည်မှုပြုလုပ်ရမည်ဖြစ်သည်။ အခြားလူမှာ မည်သို့သောသူမျိုးဖြစ်သည်ကို အလွန်ပင် ရှင်းလင်းစွာ သိသော်လည်း တဲ့တိုးမပြောကြဘဲ၊ မိမိတို့၏ ခင်မင်ရင်းနှီးသော ဆက်ဆံရေးကို ထိန်းသိမ်းရန် ဉာဏ်များသော နည်းလမ်းများကို အသုံးချကြသည်။ ဤသို့သော ဆက်ဆံရေးများကို အဘယ်ကြောင့် ထိန်းသိမ်းချင်သနည်း။ ဤလူ့အဖွဲ့အစည်း၊ အဖွဲ့အတွင်းတွင် ရန်သူများရှိအောင် မပြုလုပ်လိုခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်လျှင် မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေများကျရောက်စေခြင်းဖြစ်သည်ဟု ဆိုလိုပေမည်။ သင်သည် လူတစ်ယောက်၏ အမှားများကို ဖော်ထုတ်ပြီးနောက်၊ သို့မဟုတ် သူ့ကို နာကျင်စေပြီး သူသည် သင်၏ရန်သူဖြစ်လာပြီးနောက်တွင် သူသည် သင့်အား မည်သည့်ပုံစံဖြင့် ထိခိုက်စေမည်ကို သင်မသိသကဲ့သို့၊ ဤသို့သောအခြေအနေသို့ သင် မကျရောက်လိုသောကြောင့် ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဟုဆိုသည့် ရှင်သန်ရေး အတွေးအခေါ် ယုံကြည်မှုကို သင် အသုံးချသည်။ ဤအရာအရ၊ လူနှစ်ယောက်သည် ဤသို့သော ဆက်ဆံရေးတွင်ရှိလျှင် စစ်မှန်သည့်မိတ်ဆွေများအဖြစ် အကျုံးဝင်သလော။ (မဝင်ပါ။) ၎င်းတို့သည် အချင်းချင်း၏ ယုံကြည်ရသူဖြစ်ဖို့မဆိုထားနှင့်၊ စစ်မှန်သော မိတ်ဆွေများမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤသည်မှာ အတိအကျ မည်သည့်ဆက်ဆံရေးမျိုးဖြစ်သနည်း။ အခြေခံလူမှုဆက်ဆံရေးတစ်ခုမဟုတ်သလော။ (ဟုတ်သည်။) ဤသို့သော လူမှုဆက်ဆံရေးများတွင် လူတို့သည် ၎င်းတို့၏ ခံစားချက်များကို မပြနိုင်သကဲ့သို့ လေးနက်သော အပြန်အလှန်ဖလှယ်ခြင်းများလည်း မရှိနိုင်ပေ။ ၎င်းတို့နှစ်သက်သည့် မည်သည့်အရာကိုမျှ မပြောနိုင်ပေ။ ၎င်းတို့၏ စိတ်နှလုံးတွင်ရှိသောအရာ၊ သို့မဟုတ် သူတစ်ပါးတို့တွင် ၎င်းတို့မြင်သော ပြဿနာများ၊ သို့မဟုတ် သူတစ်ပါးတို့အတွက် အကျိုးဖြစ်မည့်စကားများကို မပြောဆိုနိုင်ပေ။ ထိုအစား သူတစ်ပါးတို့ကို မနာကျင်စေရန်အတွက် ကြားကောင်းသောစကားများကို ရွေးချယ်ကြသည်။ ရန်သူများဖြစ်အောင် မပြုလုပ်လိုကြပေ။ ဤအရာ၏ ရည်ရွယ်ချက်မှာ မိမိအနီးရှိလူများကို ခြိမ်းခြောက်မှုမဖြစ်စေရန် ထိန်းသိမ်းဖို့ဖြစ်သည်။ မည်သူကမျှ ၎င်းတို့ကို မခြိမ်းခြောက်နေသောအခါ ၎င်းတို့သည် အတော်အတန် သက်သာ၊ အေးချမ်းစွာဖြင့် အသက်ရှင်နေကြသည် မဟုတ်လော။ ဤသည်မှာ ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဆိုသည့်စကားကို အားပေးဖို့ လူတို့၏ ပန်းတိုင်မဟုတ်သလော။ (ဟုတ်သည်။) ဤသည်မှာ မိမိကိုယ်ကို ထိန်းသိမ်းခြင်းသည် ပန်းတိုင်ဖြစ်သော ခုခံကာကွယ်ခြင်း အရိပ်လက္ခဏာရှိသော ကောက်ကျစ်လှည့်စားသည့် ဖြစ်တည်မှုနည်းလမ်းတစ်ခုဖြစ်သည်မှာ ရှင်းသည်။ ဤသို့အသက်ရှင်သောသူများသည် ယုံကြည်ရသူ မရှိပေ။ မည်သည့်အရာကိုမဆို ပြောဆိုနိုင်သည့် ရင်းနှီးသောမိတ်ဆွေများမရှိပေ။ ၎င်းတို့သည် အချင်းချင်း ခုခံကာကွယ်ကြသည်။ တွက်ချက်ပြီး နည်းဗျူဟာရှိကြသည်။ တစ်ဦးချင်းက ဤဆက်ဆံရေးမှ လိုအပ်သည့်အရာကို ယူဆောင်ကြသည်။ ဤသို့မဟုတ်သလော။ ဤအရာ၏ အရင်းအမြစ်တွင် ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဆိုသည့် ပန်းတိုင်သည် သူတစ်ပါးတို့အား စိတ်ဆိုးအောင်ပြုလုပ်ပြီး ရန်သူများဖြစ်စေခြင်းကို တားဆီးရန်၊ မည်သူ့ကိုမျှ မထိခိုက်စေခြင်းအားဖြင့် မိမိကိုယ်ကို ကာကွယ်ရန်ဖြစ်သည်။ ဤသည်မှာ မိမိကိုယ်ကိုမထိခိုက်အောင် ထိန်းသိမ်းရန် ခံယူသည့် နည်းပညာနှင့် နည်းလမ်းဖြစ်သည်။ ဤအနှစ်သာရ၏ ရှုထောင့်အချို့ကို ကြည့်သောအခါ ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဆိုသည့် လူတို့၏ သူတော်ကောင်းတရားမှ ဖြစ်လာသော တောင်းဆိုမှုသည် မြင့်မြတ်သော သက်ဝင်ယုံကြည်မှုဖြစ်သလော။ အပြုသဘောဆောင်သလော။ (မဆောင်ပါ။) ဤသို့ဆိုလျှင် ထိုအရာက လူတို့ကို မည်သည့်အရာကို သင်ကြားပေးသနည်း။ မည်သူ့ကိုမျှ စိတ်ဆိုးအောင်၊ သို့မဟုတ် နာကျင်အောင်မလုပ်သင့်၊ သို့မဟုတ်လျှင် အဆုံး၌ နာကျင်ရမည်မှာ သင်ဖြစ်သည်ဟု သင်ကြားပေးခြင်းဖြစ်သည်။ ပြီးလျှင် မည်သူ့ကိုမျှ မယုံသင့်ဟု သင်ကြားပေးခြင်းလည်းဖြစ်သည်။ သင်သည် သင်၏ သူငယ်ချင်းကောင်းများထဲမှ တစ်စုံတစ်ယောက်ကို နာကျင်စေလျှင် ခင်မင်ရင်းနှီးမှုက တိတ်ဆိတ်စွာ စတင်ပြောင်းလဲလာမည်။ သင်၏ ကောင်းသော၊ ရင်းနှီးသောသူငယ်ချင်းဖြစ်ရာမှ လမ်းပေါ်တွင် ဖြတ်သွားသော လူစိမ်းတစ်ယောက်အဖြစ်သို့၊ သို့မဟုတ် သင်၏ ရန်သူတစ်ယောက်အဖြစ်သို့ ပြောင်းသွားလိမ့်မည်။...ဤသို့ဆိုလျှင် ဤစကားစုက လူတို့ကို သင်ကြားပေးသောအရာအားဖြင့် ဖြစ်မြောက်သော အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ ဤအရာက လူတို့ကို ပို၍ ရိုးသားစေသလော၊ သို့မဟုတ် ပို၍ လှည့်စားတတ်စေသလော။ ရလဒ်အနေဖြင့် လူတို့သည် ပို၍ လှည့်စားတတ်လာသည်။ လူတို့၏ စိတ်နှလုံးများသည် ပို၍ ဝေးကွာလာသည်။ လူတို့ကြားရှိ အကွာအဝေးသည် ကျယ်ပြန့်လာသည်။ ပြီးလျှင် လူတို့၏ ဆက်ဆံရေးများသည် ရှုပ်ထွေးလာသည်။ ဤသည်မှာ လူတို့၏ လူမှုဆက်ဆံရေးများ ရှုပ်ထွေးလာခြင်းနှင့် ညီမျှသည်။ လူတို့၏ အပြန်အလှန် ဆွေးနွေးပြောဆိုမှုသည် အဖျားရှူးလာသည်။ အချင်းချင်း သတိထားကာကွယ်သည့် စိတ်ထားဖြစ်လာစေသည်။ ဤနည်းလမ်းဖြင့် လူတို့၏ ဆက်ဆံရေးများသည် ပုံမှန်ဖြစ်နိုင်သလော။ လူမှုအခြေအနေက တိုးတက်မည်လော။ (တိုးတက်မည် မဟုတ်ပါ။) ထို့ကြောင့် ‘လုံးဝ အထိနာအောင်မလုပ်နှင့်။ အံ့အားသင့်အောင်မလုပ်နှင့်’ ဆိုသည့် စကားသည် သိသာစွာပင် မှားယွင်းခြင်းဖြစ်သည်။ ဤနည်းလမ်းကို လူတို့အား သွန်သင်ပေးခြင်းသည် လူတို့အား သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်အောင် မလုပ်ဆောင်နိုင်ပေ။ ထို့အပြင် လူတို့ကို ရိုးသားစေရန်၊ ဖြောင့်မတ်စေရန်၊ သို့မဟုတ် ပွင့်လင်းစေရန် မပြုလုပ်နိုင်ပေ။ အပြုသဘောဆောင်သော သက်ရောက်မှုကို လုံးဝ မရရှိနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၈)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီး ကျွန်မ မြင်သွားတယ်။ ကျွန်မက ဘာဘရာနဲ့ ဆက်ဆံတဲ့နေရာမှာ ဆိုးယုတ်တဲ့ ရှင်သန်ရေးအတွေးအခေါ်တွေကို အားကိုးနေတာပဲ။ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏” “လူတွေကို ခါးအောက်ပိုင်း ဘယ်တော့မှမထိနဲ့”၊ “မိတ်ဆွေတစ်ဦးတိုးခြင်းသည် လမ်းတစ်ခု ထပ်တိုးခြင်းဖြစ်၏” ဆိုတာမျိုးတွေပေါ့။ ဒီအချိန်မရောက်ခင်အထိ ကျွန်မက ဒီအတွေးအခေါ်တွေကို လူတွေကို ဆက်ဆံဖို့ စည်းမျဉ်းတွေအဖြစ် မှတ်ယူခဲ့တယ်။ ဒီလိုပြုမူတာက အပြန်အလှန် ဆက်ဆံရေးတွေကို ထိန်းသိမ်းဖို့၊ သူများတွေကို စိတ်မဆိုးစေဖို့၊ ကိုယ့်အတွက် ဒုက္ခတွေမဖြစ်စေဖို့ တစ်ခုတည်းသောနည်းလမ်းပဲလို့ ကျွန်မ တွေးမိခဲ့တယ်။ ဒီအတွေးအခေါ်တွေက မရိုးဘူး၊ လှည့်စားတယ်၊ အသက်ရှင်ဖို့အတွက် စိတ်မချရတဲ့နည်းတွေပဲ၊ ဒါတွေကို အချင်းချင်း ချစ်ခင်ခွင့်ပေးဖို့မပြောနဲ့။ ဒါတွေကြောင့် လူတွေက အချင်းချင်း သတိတောင်ထားကြတယ်၊ ရိုးသားစစ်မှန်တဲ့ ဆက်ဆံရေးကို ရှောင်ကြတယ်ဆိုတာ ဘုရားနှုတ်ကပတ်တော် ဖွင့်ပြခြင်းကတစ်ဆင့် နောက်ဆုံးမှာ ကျွန်မ မြင်သွားတယ်။ ဒီနည်းနဲ့ ဆက်ဆံတာက စိတ်ဆိုးစေတာ၊ ကိုယ့်ကိုယ်ကိုယ်အတွက် ပြဿနာရှာတာတွေမဖြစ်စေပေမဲ့ စစ်မှန်တဲ့သူငယ်ချင်းတွေ မဖြစ်အောင် တားဆီးတယ်။ လူတွေကို ပိုပြီးတော့ပဲ အတုအယောင်ဖြစ်ပြီး လှည့်စားစေတယ်။ သူများတွေနဲ့ ဆက်ဆံတဲ့အခါမှာ ပွင့်လင်းသင့်တယ်၊ တစ်ယောက်ယောက်က ပြဿနာတစ်ခုရှိတာကို ကိုယ်က မြင်တဲ့အခါ တတ်နိုင်သလောက်ကူညီပေးဖို့အတွက် သနားကြင်နာမှုကို အမှီပြုသင့်တယ်ဆိုတာကိုလည်း ကျွန်မ နားလည်သွားတယ်။ လောလောဆယ်မှာ သူက လက်မခံနိုင်ဘဲ ကိုယ့်ကို နားလည်မှုလွဲရင်တောင် သူ့ကို ချဉ်းကပ်တဲ့အခါမှာ ဒီစည်းမျဉ်းတွေကို လိုက်နာပြီး မှန်ကန်တဲ့ ရည်ရွယ်ချက်ထားရဦးမှာပဲ။ သမ္မာတရားကို တကယ်လက်ခံတဲ့သူတွေအတွက် သူတို့တွေက ကိုင်တွယ်ဖြေရှင်းခံရတဲ့အခါမှာ ခဏတာ အရှက်ရတာ၊ လက်မခံတာတွေ ဖြစ်နိုင်ပေမဲ့ နောက်ပိုငးမှာ သမ္မာတရားကို ရှာဖွေနိုင်ပြီး သူတို့ကိုယ်သူတို့ ဆင်ခြင်နိုင်လိမ့်မယ်။ သူတို့က သူများတွေကို မနာလိုမဖြစ်ရုံတင်မကဘူး။ သူတို့ကို ပြုပြင်ပေးတဲ့သူကို ကျေးဇူးတင်လိမ့်မယ်။ ဘာဘရာနဲ့ ကျွန်မ ဆက်ဆံရေးကို ပြန်စဉ်းစားမိတယ်။ သူက သူများတွေရှေ့မှာ ကြွားဝါနေတာ၊ သူများတွေက သူ့ကို အရမ်းအထင်ကြီးနေတာကို ကျွန်မ သုံးလေးခါလောက် ရှင်းရှင်းလင်းလင်း မြင်ပေမဲ့ သူ့ပြဿနာကို ထောက်ပြလို့ သူ့အတ္တ အနာတရဖြစ်သွားမှာ၊ နောင်ကျရင် ကျွန်မကို သူက အရေးမလုပ်မှာတွေကို ကျွန်မ ကြောက်နေခဲ့တယ်။ အဲဒါနဲ့ သူနဲ့ အဆင်ပြေဖို့အတွက် သူက ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြနေတဲ့အချိန်မှာ ကျွန်မက သူ့ကို ဘာမှမပြောဘဲ၊ ကူညီမပေးဘဲ ဒီတိုင်းကြည့်နေခဲ့တယ်။ ဒါကြောင့် သူက သူ့ပြဿနာကို ဆင်ခြင်မကြည့်တော့ဘူး၊ မသိမြင်တော့ဘူး။ နောက်ပိုငးတော့ သူ့ရဲ့ အရင်ပုံစံအတိုင်းပဲ လုပ်တယ်။ ဒီဆိုးယုတ်တဲ့ အတွေးအခေါ်တွေနဲ့ အသက်ရှင်တာကြောင့် ကျွန်မက ကျွန်မတို့ ဆက်ဆံရေးကိုပဲ ကာကွယ်ချင်ခဲ့တယ်။ ကျွန်မက နားလည်မှုရှိပြီး စာနာတတ်တဲ့သူလို့ ဘာဘရာက ပြောအောင်ပေါ့။ သူ့အသက်ဝင်ရောက်မှုကို ကျွန်မ ထည့်မစဉ်းစားခဲ့ဘူး။ ကျွန်မ သူ့ဆီမှာ မြင်တဲ့ ပြဿနာတွေကို အစောကတည်းကသာ ထောက်ပြခဲ့ရင် သူ့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို သူ နည်းနည်း နားလည်နိုင်တယ်။ စုဝေးပွဲတွေမှာ ဒီလို ကျိုးကြောင်းမသင့်တာတွေကို ပြောမှာမဟုတ်ဘူး။ ကျွန်မက ကျွန်မတို့ဆက်ဆံရေးကို ကာကွယ်ဖို့အတွက် လူ့အကြိုက်လိုက်သူဖြစ်သွားတယ်။ ဒါက တကယ်ကို အန္တရာယ်ရှိတဲ့ အပြုအမူပဲ။ နောက်တော့ ကျွန်မနဲ့ ဆက်ဆံခဲ့တဲ့ နောက်ထပ်အစ်မတစ်ယောက်ကို တွေးမိတယ်။ သူက သူ့တာဝန်မှာ ခဏခဏ ဝတ်ကျေတမ်းကျေဆန်တာကို ကျွန်မ မြင်ရတယ်။ ပြီးတော့ သူများတွေက သူ့ပြဿနာကို ထောက်ပြတဲ့အခါ သူက ပြန်ငြင်းပြီး လက်မခံနိုင်ဘူး။ သူ့ကိုယ်သူ သုံးသပ်ကြည့်ဖို့အတွက် ကူလုပ်ပေးဖို့ ကျွန်မ သူနဲ့ မိတ်သဟာယပြုချင်တယ်။ ဒါပေမဲ့ သူက တော်တော်အသက်ကြီးပြီလို့ ကျွန်မ ခံစားမိတယ်။ သူ့ပြဿနာကို ထောက်ပြလိုက်ရင် သူ့အတ္တကို ထိခိုက်သွားပြီး ကျွန်မကို ကြမ်းလွန်းတယ်လို့ ထင်မှာပဲ ပေါ့။ အဲဒါနဲ့ သူ့ပြဿနာကို မျက်ကွယ်ပြုလိုက်ပြီး အပြင်ပန်းမှာတော့ သူနဲ့ ပျော်တယ်၊ စကားပြောတယ်၊ ခင်မင်ရင်းနှီးတယ်ဆိုတာမျိုး ဆက်နေလိုက်တယ်။ သူ့တာဝန်မှာ ဝတ်ကျေတမ်းကျေဆန်တဲ့အတွက် သူ အထုတ်ခံရပြီးတဲ့နောက်ကျမှ ကျွန်မက သူ့ကို အမြန်မကူညီလိုက်မိလို့ နောင်တရခဲ့တယ်။ သူ ထွက်သွားပြီးတော့မှ ကျွန်မက သူ့မှာတွေ့ရတဲ့ ပြဿနာကို မိတ်သဟာယဖွဲ့လိုက်တယ်။ သူက သူ့ပြဿနာကို မြင်သွားပေမဲ့ သူ့ကို အစောကတည်းက ထောက်မပြလို့ဆိုပြီး ကျွန်မကို အပြစ်တင်တယ်။ ပြီးတော့ သူ့ပုံစံတွေကို စောစောစီးစီးပြုပြင်နိုင်ခဲ့ရင် အထုတ်ခံရမှာမဟုတ်လောက်ဘူးဆိုပြီး ပြောတယ်။ ဒီလိုစဉ်းစားမိပြီး ကျွန်မ နောက်ဆုံးမှာ မြင်သွားတာက ဒီအတွေးအခေါ်တွေနဲ့ အသက်ရှင်ပြီး လူ့အကြိုက်လိုက်သူလုပ်တာက တကယ်လူကောင်းဖြစ်တာနဲ့ လုံးဝ မတူဘူးဆိုတာပဲ။ ဒါက သူများတွေအပေါ်ကို ရိုးသားစစ်မှန်မှု၊ သနားကြင်နာမှု လုံးဝ မပြပါဘူး။ အဲဒီအစား တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားတာပါ။ ကျွန်မက ဆိုးယုတ်တဲ့ စိတ်သဘောထားအတိုင်း အသက်ရှင်နေထိုင်နေပြီး ဘုရားကို စက်ဆုပ်ရွံရှာစေခဲ့တယ်။ ဘာဘရာက ကျွန်မအပေါ်ကို အမြဲတမ်း ရိုးသားစစ်မှန်တယ်။ ဒါပေမဲ့ ကျွန်မက သူနဲ့ဆက်ဆံတဲ့အချိန်မှာ ဒီအတွေးအခေါ်တွေကိုပဲ အားကိုးပြီး သမ္မာတရားကို လက်တွေ့မလုပ်ခဲ့ဘူး။ သူ့ကို စိတ်မဆိုးအောင်ဘယ်လိုလုပ်ရမယ်၊ ကျွန်မကို သူအကောင်းမြင်နေတာကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာပဲ စဉ်းစားခဲ့တယ်။ သူက ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြနေတာကို ကျွန်မမြင်တော့ လျစ်လျူရှုလိုက်တယ်။ ဒီလိုလုပ်တော့ ကိုယ့်ကိုယ်ကိုယ် သူငယ်ချင်းကောင်းလို့ ခေါ်နိုင်ပါ့မလား။ “မိတ်ဆွေကောင်းများ၏ အပြစ်များအပေါ် နှုတ်ဆိတ်နေပေးခြင်းသည် ကြာရှည်၍ ကောင်းမွန်သော ခင်မင်မှုကို ဖြစ်စေ၏” ဆိုတာက တကယ်ကို စာတန်ရဲ့ မုသားတစ်ခုပဲဆိုတာ ကျွန်မ မြင်သွားတယ်။ ဒါနဲ့ ကျွန်မ ဆက်ပြီး မရှင်သန်ချင်တော့ဘူး။

ကျွန်မ ဆင်ခြင်သုံးသပ်ရင်းနဲ့ ဘာဘရာရဲ့ ပြဿနာကို ကျွန်မထောက်မပြရဲတဲ့ တခြားအကြောင်းပြချက်တစ်ခုရှိတာကို သတိထားမိတယ်။ ကျွန်မက မှားနေတဲ့အမြင်ကို ကိုင်စွဲထားခဲ့တာ။ သူများရဲ့ ပြဿာနကို ထောက်ပြတာက သူ့အားနည်းချက်ကို ဖော်တာဖြစ်တယ်၊ သူ့အတ္တကို ထိခိုက်မှာပဲ၊ စိတ်ဆိုးနိုင်ခြေရှိတယ်၊ ဒါက ကျေးဇူးအတင်မခံရတဲ့ လုပ်ရပ်ပဲလို့ ကျွန်မ အမြဲတမ်း ထင်ခဲ့တယ်။ ဒီတော့ ဘာဘရာနဲ့ကျတော့ သူ့ပြဿနာကို ကျွန်မ ထောက်ပြလိုက်ရင် သူ စိတ်ဆိုးပြီး ကျွန်မတို့ဆက်ဆံရေးပျက်စီးမှာကို ကျွန်မ အမြဲတမ်းကြောက်နေခဲ့တာ။ ဒါကြောင့် သမ္မာတရားကို လက်တွေ့လုပ်ဖို့ အရမ်းခက်သွားတာပေါ့။ အဲဒါနဲ့ ဘုရားဆီမှာ ကျွန်မ တောင်းခံပြီး ဒီကျွန်မပြဿနာကို ဖြေရှင်းဖို့အတွက် လမ်းပြဖို့ ဆုတောင်းတယ်။

ရှာဖွေရင်းနဲ့ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်တယ်။ “ဘုရားသခင်သည် လူတို့အား အမှန်ပြောရန်၊ ၎င်းတို့တွေးသည့်အရာကို ပြောရန်တောင်းဆိုပြီး လှည့်စားရမည်မဟုတ်၊ လူတို့၏ အားနည်းချက်များကို မလှောင်ရ၊ မလှည့်စားရ၊ မသရော်ရ၊ မစော်ကားရ၊ ဘောင်မခတ်ရ၊ မနာကျင်စေရ၊ မဖော်ထုတ်ရ၊ သို့မဟုတ် လူတို့ကို မလှောင်ပြောင်ရဟု တောင်းဆိုသည်။ ဤသည်တို့သည် စကားပြောခြင်း၏ စည်းမျဉ်းများဖြစ်သည် မဟုတ်လော။ လူတို့၏ အားနည်းချက်များကို မဖော်ထုတ်သင့်ဟု ဆိုရခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ အခြားလူတို့အပေါ် အတင်းအဖျင်း မပြောခြင်းကို ဆိုလိုသည်။ ၎င်းတို့ကို ဝေဖန်၊ သို့မဟုတ် ပြစ်တင်ရှုတ်ချဖို့ ၎င်းတို့၏ အတိတ်က အမှားများ၊ သို့မဟုတ် အားနည်းချက်များကို ဖက်တွယ်မထားနှင့်။ ဤသည်မှာ အနည်းဆုံး သင် လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ အခြေအနေကို ဖန်တီးယူခြင်းဘက်တွင် အပြုသဘောဆောင်သော စကားကို မည်သို့ ဖော်ပြသနည်း။ ယင်းမှာ အဓိကအားဖြင့် အားပေးခြင်း၊ ညွှန်ကြားပေးခြင်း၊ လမ်းပြခြင်း၊ တိုက်တွန်းခြင်း၊ သိနားလည်ခြင်းနှင့် နှစ်သိမ့်ခြင်းတို့ ဖြစ်သည်။ ထို့အပြင် အထူးဖြစ်ရပ်များတွင် အခြားသူများအနေဖြင့် သမ္မာတရားနှင့်ဆိုင်သော အသိကို ရရှိကာ နောင်တရလိုစိတ်ရှိဖို့အလို့ငှာ သူတို့၏ အမှားများကို တိုက်ရိုက်ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ဖို့ လိုအပ်သည်။ ထိုအခါမှသာ မျှော်လင့်ထားသော အကျိုးကို ရရှိပေသည်။ ဤသို့လက်တွေ့လုပ်ဆောင်ခြင်းနည်းလမ်းသည် လူတို့အတွက် အလွန်အကျိုးဖြစ်သည်။ ဤသည်မှာ ၎င်းတို့အတွက် တကယ့်အကူအညီဖြစ်ပြီး ၎င်းတို့အတွက် အပြုသဘောဆောင်သည် မဟုတ်လော။...အနှစ်ချုပ်လျှင် စကားပြောဆိုခြင်းနောက်ကွယ်၌ရှိသော စည်းမျဉ်းမှာ အဘယ်နည်း။ ဤအရာဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ရှိသောအရာကို ပြောဆိုလော့။ သင်၏ တကယ့်အတွေ့အကြုံများနှင့် သင်အမှန်တကယ်ထင်မြင်သည့် အရာတို့ကို ပြောဆိုလော့။ ဤစကားများသည် လူတို့အတွက် အကျိုးအရှိဆုံးဖြစ်သည်။ လူတို့ကို ပံ့ပိုးပေးသည်။ လူတို့ကို ကူညီပေးသည်။ အပြုသဘောဆောင်သည်။ အတုအယောင်ဖြစ်သော စကားများ၊ လူတို့ကို အကျိုးမဖြစ်စေသည့်၊ မတည်ဆောက်ပေးသည့် စကားများကို ပြောဖို့ ငြင်းဆန်လော့။ ဤနည်းအားဖြင့် လူတို့ကို ထိခိုက်နစ်နာစေခြင်း၊ အမှားလုပ်မိစေခြင်း၊ အပျက်သဘောအတွင်းသို့ ထိုးကျစေခြင်း၊ အပျက်သဘောသက်ရောက်မှု ရှိခြင်းတို့ကို ရှောင်နိုင်လိမ့်မည်။ အပြုသဘောဆောင်သောအရာများကို သင်ပြောဆိုရမည်။ လူတို့ကို တတ်နိုင်သမျှ ကူညီရန်၊ အကျိုးပြုရန်၊ ပံ့ပိုးပေးရန်၊ လူတို့အထဲ၌ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ပေါ်လာစေရန် သင်ကြိုးပမ်းရမည်။ ဘုရားနှုတ်ကပတ်တော်အပေါ် သင်၏ အတွေ့အကြုံများနှင့် ပြဿနာများကို သင်ဖြေရှင်းသည့် နည်းလမ်းမှတစ်ဆင့် လူတို့ကို အကူအညီယူခွင့် ပြုရမည်။ များစွာရရှိခွင့် ပြုရမည်။ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် သမ္မာတရား၏ စစ်မှန်မှုအတွင်းသို့ ဝင်ရောက်ခြင်းလမ်းကြောင်းကို နားလည်နိုင်စေရမည်။ ဤသို့ဖြင့် ၎င်းတို့ကို အသက်သို့ ဝင်ရောက်စေပြီး ၎င်းတို့၏ အသက်တာကို ကြီးထွားအောင် ပြုလုပ်ရမည်။ ဤသည်မှာ စည်းမျဉ်းရှိသော၊ လူတို့ကို တည်ဆောက်ပေးသော သင့်စကားများ၏ သက်ရောက်မှုအားလုံး ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားခြင်းဆိုသည်မှာ (၃)) “အကယ်၍ သင်သည် ညီအစ်ကို သို့မဟုတ် မောင်နှမတစ်ဦးနှင့် ကောင်းသော ဆက်ဆံရေးရှိပြီး သူတို့၌ မည်သည့်အရာ မှားယွင်းနေကြောင်း ထောက်ပြရန် သင့်ကို တောင်းဆိုလျှင် သင် ယင်းကို အဘယ်သို့ ပြုသင့်သနည်း။ ဤသည်မှာ ကိစ္စရပ်အတွက် သင်အသုံးပြုသော ချဉ်းကပ်နည်းနှင့် ဆက်စပ်သည်။...သို့ဆိုလျှင် သမ္မာတရား၏ စည်းမျဉ်းအရ ဤကိစ္စရပ်ကို သင် အဘယ်သို့ ချဉ်းကပ်သင့်သနည်း။ မည်သည့်လုပ်ဆောင်ချက်က သမ္မာတရားနှင့် ညီညွတ်သနည်း။ ဆက်စပ်သော အခြေခံသဘောတရားများ မည်မျှရှိသနည်း။ အနည်းဆုံးအနေဖြင့် ပထမဦးစွာ တစ်ပါးသူများကို ထိမိ၍ လဲကျစေခြင်း မပြုနှင့်။ သင်သည် တစ်ပါးသူတို့၏ အားနည်းချက်များနှင့် သူတို့အား မည်သည့်စကားပြောနည်းက သူတို့အား ထိမိ၍လဲကျစေခြင်း မရှိစေမည့်နည်းလမ်းကို ဦးစွာ စဉ်းစားရမည်။ ဤသည်မှာ စဉ်းစားသုံးသပ်ရမည့် အသေးငယ်ဆုံးပင် ဖြစ်သည်။ ထို့နောက် သူသည် ဘုရားကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို လက်ခံသောသူဖြစ်သည်ကို သင်သိလျှင် ထိုသူသည် ပြဿနာတစ်ခုရှိသည်ကို သင် သတိပြုမိသောအခါ သင့်ဘက်မှစ၍ ထိုသူကို ကူညီသင့်သည်။ သင်က မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ ထိုသူကို လှောင်ရယ်လျှင် ယင်းသည် ထိုသူကို ထိခိုက်နာကျင်စေသည်။ ထိုသို့ပြုသောသူသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိပေ။ သူတစ်ပါးတို့အတွက် ချစ်ခြင်းမရှိပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား အနည်းငယ်ရှိသူတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများကို ဟာသတစ်ခုအနေဖြင့်သာ ကြည့်၍မရပေ။ သူသည် ၎င်းတို့ပြဿနာကို ကူညီဖြေရှင်းရန်အတွက် မတူညီသောနည်းလမ်းများကို စဉ်းစားသင့်သည်။ သူသည် ထိုသူအား မည်သည့်အရာဖြစ်ပျက်သည်နှင့် ထိုသူ၏ အမှားက မည်သည့်နေရာတွင်ရှိသည်ကို နားလည်ခွင့်ပေးသင့်သည်။ ထိုသူက နောင်တရနိုင်ခြင်းရှိမရှိဆိုသည်မှာ သူ၏ ကိုယ်ပိုင်ကိစ္စဖြစ်သည်။ ငါတို့သည် မိမိတို့၏ တာဝန်ကို ဖြည့်ဆည်းပြီးဖြစ်လိမ့်မည်။ ထိုသူက ယခုတွင် နောင်တမရလျှင်ပင် သူအသိတရားရလာသောတစ်နေ့ကို အနှေးနှင့်အမြန် ရောက်ရှိလာလိမ့်မည်ဖြစ်ပြီး ထိုသူက သင့်ကို အပြစ်တင်မည်မဟုတ်၊ သို့မဟုတ် စွပ်စွဲမည်မဟုတ်ပေ။ အနည်းဆုံးအနေဖြင့် သင်၏ ညီအစ်ကိုမောင်နှမများကို သင်ဆက်ဆံသည့်ပုံစံသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ စံနှုန်းများအောက်တွင် မရှိရပေ။ သူတစ်ပါးတို့အပေါ်သို့ သင့်ကိုယ်သင် အကြွေးမတင်စေနှင့်။ သင်တတ်နိုင်သည့်အတိုင်းအတာအထိ သူတို့ကို ကူညီလော့။ ဤသည်မှာ လူတို့လုပ်ဆောင်သင့်သည့်အရာဖြစ်သည်။ မိမိတို့၏ ညီအစ်ကိုမောင်နှမများကို ချစ်ခြင်းဖြင့်လည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများနှင့် အညီလည်းကောင်း ဆက်ဆံနိုင်သောသူတို့သည် အကောင်းဆုံးလူအမျိုးအစားများ ဖြစ်သည်။ ၎င်းတို့သည် အကြင်နာတတ်ဆုံးသော သူများလည်း ဖြစ်သည်။ စစ်မှန်သော ညီအစ်ကိုမောင်နှမများသည် သမ္မာတရားကို လက်ခံပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများဖြစ်သည်မှာ မှန်သည်။ လူတစ်ယောက်သည် ဗိုက်ဝရန်၊ သို့မဟုတ် ကောင်းချီးများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ပြီး သမ္မာတရားကို လက်မခံလျှင် သူသည် ညီအစ်ကိုမောင်နှမတစ်ယောက်မဟုတ်ပေ။ စစ်မှန်သော ညီအစ်ကိုမောင်နှမများကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆက်ဆံရမည်။ ၎င်းတို့က ဘုရားသခင်ကို မည်သို့ယုံကြည်သည်ဖြစ်စေ၊ မည်သည့်လမ်းကြောင်းတွင် ရှိနေသည်ဖြစ်စေ မေတ္တာစိတ်ဖြင့် ၎င်းတို့ကို ကူညီသင့်သည်။ စွမ်းဆောင်ရရှိသင့်သည့် အနည်းဆုံးသော အကျိုးသက်ရောက်မှုမှာ အဘယ်နည်း။ ရှေးဦးစွာ ၎င်းတို့ကို လဲကျအောင်မပြုခြင်း ဖြစ်သည်။ ၎င်းတို့ကို အပျက်သဘောဆောင်ခွင့် မပေးခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ၎င်းတို့ကို ကူညီခြင်းဖြစ်သည်။ မှားယွင်းသောလမ်းမှ နောက်ပြန်ဆုတ်ရန် ပြုလုပ်စေခြင်းဖြစ်သည်။ တတိယအနေဖြင့် ၎င်းတို့ကို သမ္မာတရားကို နားလည်ပြီး မှန်ကန်သောလမ်းကို ရွေးချယ်အောင်ပြုလုပ်ခြင်းဖြစ်သည်။ ဤအကျိုးသက်ရောက်မှု သုံးမျိုးကို ၎င်းတို့ကို မေတ္တာစိတ်ဖြင့် ကူညီခြင်းအားဖြင့်သာ ရရှိနိုင်သည်။ သင့်တွင် စစ်မှန်သော ချစ်ခြင်းမရှိလျှင် ဤအကျိုးသက်ရောက်မှုသုံးမျိုးကို မရရှိနိုင်ပေ။ အများဆုံးအနေဖြင့် တစ်ခု၊ နှစ်ခုသာရရှိနိုင်သည်။ ဤအကျိုးသက်ရောက်မှုသုံးမျိုးသည် သူတစ်ပါးတို့ကို ကူညီရန်အတွက် စည်းမျဉ်းသုံးခုလည်းဖြစ်သည်။ ဤစည်းမျဉ်းသုံးခုကို သင်သိပြီး ကိုင်တွယ်နိုင်သည်။ သို့သော် ၎င်းတို့ကို အမှန်တကယ် မည်သို့လက်တွေ့လုပ်ဆောင်ရသနည်း။ သူတစ်ပါးတို့၏ အခက်အခဲကို သင် အမှန်တကယ် နားလည်သလော။ ဤသည်မှာ နောက်ပြဿနာတစ်ခုပင် မဟုတ်လော။ သင်သည်- ‘သူတို့အခက်အခဲ၏ အရင်းအမြစ်က အဘယ်နည်း။ ကျွန်ုပ် သူတို့ကို ကူညီနိုင်စွမ်းရှိသလော။ အကယ်၍ ကျွန်ုပ်၏ ဝိညာဉ်ရင့်ကျက်မှုသည် အလွန်နုနယ်ပြီး သူတို့၏ပြဿနာကို ကျွန်ုပ် မဖြေရှင်းနိုင်ဘဲ သတိလက်လွတ် စကားပြောမိလျှင် သူတို့ကို ကျွန်ုပ် လမ်းမှား ညွှန်ပြမိနိုင်သည်။ ထို့ထက်ပို၍ ဤလူက သမ္မာတရားကို မည်မျှ နားလည်နိုင်စွမ်းရှိပြီး သူတို့၏ အစွမ်းအစက အဘယ်နည်း။ သူတို့ ခေါင်းမာသလော။ သူတို့က ဝိညာဉ်ရေးကိစ္စများကို နားလည်သလော။ သူတို့ သမ္မာတရားကို လက်ခံနိုင်သလော။ သူတို့ သမ္မာတရားကို လေ့လာလိုက်စားသလော။ အကယ်၍ ကျွန်ုပ်သည် သူတို့ထက် ပို၍ စွမ်းဆောင်နိုင်သည်ကို သူတို့မြင်ပြီး သူတို့ကို ကျွန်ုပ် မိတ်သဟာယပြုလျှင် သူတို့ထဲ၌ မနာလိုမှု သို့မဟုတ် အပျက်သဘောဆောင်ခြင်း ပေါ်ပေါက်လာမည်လော။’ ဟုလည်း စဉ်းစားရမည်။ ဤမေးခွန်းများအားလုံးကို စဉ်းစားသုံးသပ်ရမည်။ ဤမေးခွန်းများကို သင်စဉ်းစားပြီး ရှင်းလင်းမှုရှိပြီးနောက်တွင် ထိုသူဆီသွား၍ မိတ်သဟာယပြုလော့။ ထိုသူ၏ ပြဿနာနှင့်သက်ဆိုင်သော ဘုရားနှုတ်ကပတ်တော်အချို့ကို ဖတ်လော့။ ဘုရားနှုတ်ကပတ်တော်ထဲမှ သမ္မာတရားကိုနားလည်ပြီး လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို ရှာတွေ့နိုင်ရန် ၎င်းတို့ကို ထောက်ကူပေးလော့။ ထို့နောက်တွင် ပြဿနာက ပြေလည်သွားလိမ့်မည်။ ပြီးလျှင် ထိုသူသည် ဆင်းရဲဒုက္ခမှ လွတ်မြောက်လိမ့်မည်။ ဤသည်မှာ ရိုးရှင်းသော ကိစ္စတစ်ခုဖြစ်သလော။ ဤသည်မှာ ရိုးရှင်းသောကိစ္စမဟုတ်ပေ။ သမ္မာတရားကို နားမလည်လျှင် သင်မည်မျှ ပြောသည်ဖြစ်စေ အသုံးဝင်မည်မဟုတ်ပေ။ သမ္မာတရားကို သင်နားလည်လျှင် ထိုသူသည် စာကြောင်းအနည်းငယ်ဖြင့် ဉာဏ်အလင်းပွင့်လင်းနိုင်ပြီး အကျိုးရနိုင်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်သွားတယ်။ လူတစ်ယောက်ကို အကဲဖြတ်ပြီး ရှုတ်ချဖို့အတွက် သူ့အားနည်းချက်ကို အသုံးချဖို့အတွက် သူ့ချို့ယွင်းချက်တွေကို ဖော်ထုတ်ရင်၊ ကိုယ့်ရည်ရွယ်ချက်က သူ့ကိုလှောင်ဖို့၊ သရော်ဖို့၊ စွပ်စွဲရှုတ်ချဖို့ဆိုရင် ဘုရားက ဒါကို စက်ဆုပ်ရွံရှာတယ်။ ဒါပေမဲ့ လူတစ်ယောက်ကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ သူ့ပြဿနာတွေနဲ့ အားနည်းချက်တွေကို ထောက်ပြရင် ဒါက တည်ဆောက်စရာဖြစ်တယ်။ သူများတွေအပေါ် သနားကြင်နာမှုနဲ့ သူတို့ဘဝတွေအပေါ် တာဝန်သိစိတ်ကို ဖော်ပြတာဖြစ်ပါတယ်။ ဒီလူက သမ္မာတရားကို လိုက်စားရင် သူများတွေရဲ့ အကူအညီနဲ့ သူက သူ့ကိုယ်သူ သုံးသပ်နိုင်မယ်။ သူ့ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေနိုင်မယ်။ သူ့ရဲ့ အသက်ဝင်ရောက်မှုမှာ တိုးတက်မှုရှိလိမ့်မယ်။ ဒါပေမဲ့ တချို့လူတွေက ကိုင်တွယ်ဖြေရှင်းခံရတာ၊ သူတို့ပြဿနာတွေ ထောက်ပြခံရတာကို အတိုက်အခံဖြစ်ပြီး မကြိုက်ကြဘူး။ ဒါဟာ သူတို့က သမ္မာတရားကို လက်မခံဘူး၊ သူတို့စိတ်သဘောထားက သမ္မာတရားကို စိတ်ကုန်တယ်ဆိုတာကို ပြတယ်။ သူများရဲ့ ပြဿနာတွေကို ထောက်ပြတာက သူ့အားနည်းချက်တွေကို ဖော်တာနဲ့ အတူတူပဲ၊ ကျေးဇူးအတင်မခံရတဲ့အလုပ်ပဲလို့ အရင်က ကျွန်မ ယုံကြည်ခဲ့တာကို မြင်မိတယ်။ ဒီအမြင်က လုံးဝ မှားနေတယ်။ သူများတွေရဲ့ ပြဿနာတွေကို ထောက်ပြတာနဲ့ပတ်သက်ပြီး စည်းမျဉ်းတွေရှိတာကိုလည်း ကျွန်မ နားလည်လာတယ်။ ကောင်းတဲ့ရည်ရွယ်ချက်တွေ၊ စိတ်ထက်သန်မှုတွေ၊ ဒါမှမဟုတ် ဘယ်သူပဲဖြစ်ဖြစ် လူတွေကို သူတို့ပြဿနာတွေကို တိုက်ရိုက်ထောက်ပြတာတွေနဲ့ပဲ ဆိုင်တာမဟုတ်ဘူး။ တစ်ခါတလေမှာ ဉာဏ်ပညာကို သုံးပြီး သမ္မာတရားစည်းမျဉ်းတွေကို လိုက်နာဖို့လိုလိမ့်မယ်။ အရေးကြီးဆုံးက ဆက်စပ်မှုရှိတဲ့ သမ္မာတရားတွေကို စဉ်းစားဖို့ သူများတွေကို ထောက်ပြပြီး သမ္မာတရားနဲ့ ဘုရားအလိုတော်ကို နားလည်အောင်ကူညီဖို့၊ သူတို့တွေကို လက်တွေ့လုပ်ဖို့ လမ်းကြောင်းတစ်ခုပေးဖို့ပဲ။ ဒီလိုလုပ်မှသာ လူတွေကို အမှန်တကယ် ကူညီနေတာပဲ။ အရင်တုန်းက သူများတွေရဲ့ ပြဿနာတွေကို ထောက်ပြတဲ့အခါ ရလဒ်ကောင်းတွေမရနေတာက သမ္မာတရားစည်းမျဉ်းတွေကို မရှာနေလို့ပဲဆိုတာ ဒီနေရာမှာ ကျွန်မ နောက်ဆုံးတော့ နားလည်သွားတယ်။ စိတ်ကြီးဝင်တဲ့၊ သူ့ဂုဏ်သတင်းကို အရေးစိုက်နေတဲ့၊ အရင်က ကိုင်တွယ်ဖြေရှင်းတာ မခံရဖူးတဲ့ ရိုရှာနာလိုပေါ့။ သူက သူ့မိတ်သဟာယမှာ ခေါင်းစဉ်လွဲသွားတာကို ကျွန်မ မြင်တော့ သူ့ပြဿနာကို သူ့ကို ကျွန်မ ထောက်ပြသင့်ရုံမကဘူး။ ပြီးရင် လက်တွေ့လုပ်ဖို့လမ်းကြောင်းကို သူရှာတွေ့အောင် ကူညီပေးဖို့ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ခြင်းနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကိုလည်း သူနဲ့ မျှဝေခဲ့သင့်တယ်။ ဒါဆိုရင် သူက နောက်ပိုင်းစုဝေးပွဲတွေမှာ စိတ်ကျဉ်းကျပ်တာတွေ မဖြစ်တော့ဘဲ စည်းမျဉ်းတွေနဲ့အညီ မိတ်သဟာယဖွဲ့နိုင်သွားမှာပဲ။ ဒီစည်းမျဉ်းကို ကျွန်မ နားလည်သွားတော့ ဘာဘရာရဲ့ ပြဿနာတွေကို ထောက်ပြဖို့ ကျွန်မ မကြောက်တော့ဘူး။ ပြီးတော့ လမ်းမှားကို သူမလျှောက်မိအောင် တားဆီးဖို့အတွက် သူ့ကို စည်းမျဉ်းတွေနဲ့အညီ စာနာရိုင်းပင်းမှုနဲ့ကူညီပေးသင့်တယ်ဆိုတာကို သိသွားတယ်။ ကျွန်မ စိတ်နှလုံးထဲကနေ ဘုရားကို ရှာဖွေပြီး ဆုတောင်းခဲ့တယ်။ “ဘာဘရာနဲ့ ထိရောက်မှုရှိအောင် သမီး ဘယ်လို မိတ်သဟာယဖွဲ့ရမလဲ။ သူ စိတ်မကျဉ်းကျပ်အောင် ဘယ်လိုလုပ်ရမလဲ။ ဒီသမ္မာတရားရှုထောင့်ကို သူနားလည်ပြီး သူ့ပြဿနာကို မြင်အောင် ဘယ်လိုလုပ်ရပါမလဲ” ဆိုပြီးတော့။

အချိန်ရတိုင်းမှာ ကျွန်မ ဒီပြဿနာကို တွေးတယ်။ ကြွားဝါပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်တဲ့သူတွေကို ဖော်ထုတ်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ရှာပြီး စဉ်းစားတယ်။ မိတ်သဟာယမှာ ဘာဘရာကို ဖွင့်ပြောဖို့၊ ဒီအချိန်ကာလမှာ ကျွန်မသတိထားမိတဲ့ သူ့ပြဿနာအကြောင်းကို ပြောပြဖို့၊ ပြီးတော့ ကြွားဝါခြင်းရဲ့ သဘာဝ၊ အကျိုးဆက်တွေနဲ့ ဒီအပြုအမူမျိုးကို ဘုရားသခင်က ကိုင်တွယ်တဲ့ သဘောထားနဲ့ပတ်သက်ပြီး သူနဲ့ မိတ်သဟာယဖွဲ့ဖို့အတွက် အချိန်ကိုရှာတယ်။ သူနဲ့ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ဘာဘရာက သူ့ပြဿနာက အရေးကြီးတာကို နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ သူက ဂုဏ်အဆင့်အတန်းကို စွဲလမ်းခြင်းက ထိန်းချုပ်တာကို ခံရတယ်၊ လူတွေရဲ့ စိတ်နှလုံးထဲမှာ သူက နေရာရှိတာ၊ လူတွေကို သူ့ကို အထင်ကြီးအောင်လုပ်ရတာကို နှစ်သက်တယ်၊ ဒီလို လိုက်စားမှုမျိုးကို ဘုရားသခင်က ရွံရှာတယ်ဆိုတာကို သူ သဘောပေါက်သွားတယ်။ နောက်ပိုင်းမှာ သူက ဒီသူ့ရဲ့အပြုအမူကို ဆက်စစ်ဆေးပြီး စုဝေးပွဲတစ်ခုမှာ ဖွင့်ပြောပြတယ်။ ဒါကြောင့် လူတိုင်းက ဒါကို မြင်သွားတယ်။ ဘာဘရာက သူ့ပြဿနာကို သုံးသပ်ပြီး မြင်လာနိုင်ပြီးတော့ သူ့ကိုယ်သူမုန်းလာနိုင်တာကို ကျွန်မ မြင်ရတော့ ပျော်သွားတယ်။ တစ်ချိန်တည်းမှာပဲ အပြစ်ရှိသလို ခံစားရတယ်။ ဒါကို သူ့ကို မိတ်သဟာယဖွဲ့ပြီး ထောက်ပြဖို့ အခုထိကြာသွားတာကို နောင်တရမိတယ်။ ကျွန်မက သူ့ပြဿနာကို ထောက်ပြပြီး ဖော်ထုတ်တာကြောင့် သူက ကျွန်မကို အမြင်စောင်းတာမဖြစ်ဘူး။ ကျွန်မတို့ ဆက်ဆံရေးလည်း မပျက်စီးဘူး။ အဲဒီအစား အရင်ကထက် ပိုပြီး ရင်းနှီးသွားတယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း အသက်ရှင်ပြီး စည်းမျဉ်းတွေနဲ့အညီ လူတွေကို ဆက်ဆံမှသာ ငြိမ်သက်ခြင်းကို ခံစားရနိုင်တယ်ဆိုတာ ကျွန်မ နားလည်သွားတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သူ့ထက်ငါ အနိုင်လုသောလောကကို နှုတ်ဆက်ခြင်း

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ လွန်ခဲ့တဲ့ နှစ်နှစ်က လူသစ်တွေကို ရေလောင်းပေးတဲ့ တာဝန် ကျွန်မ ယူခဲ့တယ်။ အဲဒါ ဘုရားဆီက ဂုဏ်ပြုခြင်းတစ်ခုလို့...

အသက်ကြီးသူက ဘုရားသခင်အတွက် သက်သေခံနိုင်ပါသေးသည်

လျို့အိန်း တရုတ်နိုင်ငံ အသက် ၆၂နှစ်မှာ သခင့်ကို ကျွန်တော် ယုံကြည်ခဲ့ပါတယ်။ သခင်က သူ့ရဲ့နောက်လိုက်တွေကို သူ့ရဲ့နိုင်ငံတော်နဲ့ ထာဝရအသက်ကို...

သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း သည် သဟဇာတဖြစ်သော ညီညွတ်မှု၏ သော့ချက်ဖြစ်သည်

ဒေါင်းဖန်း အမေရိကန်နိုင်ငံ၂၀၁၈ခုနှစ် သြဂုတ်လတုန်းက အစ်ကိုဝမ်နှင့်အတူတူ ဇာတ်ဝင်ပစ္စည်း အသုံးအဆောင်များလုပ်ဖို့ ကျွန်တော်တာဝန်ကျသည်။ အစတွင်...

စည်းမျဉ်းမပါဘဲနှင့် တာဝန်တစ်ခု အကျိုးမဖြစ်ထွန်းနိုင်

ရှူချင်း တရုတ်နိုင်ငံ မနှစ်တုန်းက ဖေဖော်ဝါရီလမှာ ကျွန်တော်က အသင်းတော်တစ်ခုဆီကို ခေါင်းဆောင်အဖြစ် ရွှေ့ပြောင်းရတယ်။ အဲဒီအသင်းတော်မှာရှိတဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။