ချစ်ခင်တွယ်တာမှုက သင့်စိတ်ကို မဖုံးလွှမ်းပါစေနှင့်

23.01.2022

ရှင်းကျင့် တရုတ်နိုင်ငံ

၂၀၁၅ ခုနှစ် ဇွန်လတုန်းကပါ။ ကျွန်မက ဧဝံဂေလိသင်းထောက်အနေနဲ့ အစေခံဖို့ အသင်းတော်တစ်ခုကို သွားရတယ်။ လိကျီဆိုတဲ့ အမျိုးသမီးတစ်ယောက်က ရေလောင်းပေးတဲ့အဖွဲ့မှာ ပါတယ်ပေါ့။ ကျွန်မတို့နှစ်ယောက်က အမြဲတမ်းလိုလို တွဲပြီး အလုပ်လုပ်ရတယ်။ ကျွန်မတို့က အသက်လည်း အတူတူလောက်ပဲ။ နေရတဲ့ဘဝတွေလည်း တူကြတယ်။ ပင်ကိုစရိုက်တွေလည်း တူတယ်။ ယောကျ်ားက ဖိနှိပ်တာကို ခံနေရတဲ့အဖြစ်တွေလည်း တူနေတယ်။ ကျွန်မတို့မှာ တူတာတွေ အများကြီးပေါ့။ တော်တော်ကို ခင်မင်ခဲ့ကြတယ်။ ပြီးတော့ ကျွန်မက အဲဒီအသင်းတော်မှာ လူသစ်လေ၊ ဒီတော့ တခြားအသင်းဝင်တွေကို မသိဘူး။ ကိုယ့်တာဝန်မှာ စိန်ခေါ်မှုတွေကလည်း အများကြီးပဲ။ သူက ကျွန်မကို မိတ်သဟာယပြုပေးတယ်။ စိတ်ပါလက်ပါ ကူညီပေးတယ်။ သူ့ဘဝမှာ အခက်အခဲတွေ ကြုံပြီဆိုရင်လည်း ကျွန်မက သူ့အတွက် အမြဲတမ်း ရှိနေပေးတယ်။ အချိန်တွေ ကြာလာတော့ ကိုယ့်ရင်ထဲက ခံစားချက်တွေ၊ အတွေးတွေကိုပါ ဖွင့်ပြောလာမိကြရော။ ကျွန်မတို့နှစ်ယောက် တကယ် အပေါက်အလမ်းတည့်ပြီး အတော်လေး အဆင်ပြေခဲ့ကြတယ်။

နောက်တော့ ကျွန်မက အသင်းတော်ခေါင်းဆောင်အဖြစ် အရွေးခံရတယ်။ နှစ်ယောက်သား သိပ်ပြီး အဆက်အသွယ်မရှိတော့ဘူး။ သုံး၊ လေးလလောက် ကြာသွားပြီးတော့၊ တချို့ညီအစ်ကိုမောင်နှမတွေက လိကျီနဲ့ပတ်သက်တဲ့ အကြောင်းတွေ ပြောနေကြတာကို ကျွန်မ ကြားရတယ်။ သူတို့ပြောကြတာက သူက တကယ်ကို မာနထောင်လွှားတယ်တဲ့။ တခြားလူတွေ အခက်အခဲတွေရှိတဲ့အခါ၊ သူက အဲဒီလူတွေကို စိတ်မရှည်တဲ့အပြင်၊ ကြိမ်းမောင်းပြီး နှိမ့်ချပြောတယ်။ အားလုံးက သူ့ကြောင့် ကျဉ်းကျပ်ရသလို ခံစားရတယ်။ တာဝန်ရှိတဲ့တစ်ယောက်က သူ့ကို ဒီအကြောင်း ထောက်ပြတယ်။ ဒါပေမဲ့ သူက လက်မခံဘဲ၊ ရိုင်းရိုင်းစိုင်းစိုင်း လုပ်တယ်တဲ့။ စည်းဝေးပွဲမှာလည်း သူက တော်တော်ကို အနှောင့်အယှက် ပေးနေတယ်။ တခြားလူတွေရဲ့မိတ်သဟာယကို လက်မခံဘူး၊ ကျန်တဲ့လူတွေကိုပဲ အပြစ်တင်တယ်တဲ့။ သူ့မှာ ဝိညာဉ်တော်ရဲ့လုပ်ဆောင်ချက် မရှိဘူးဆိုပြီး လူတိုင်းက ပြောကြတယ်။ သူ့မိတ်သဟာယကလည်း မရှင်းမလင်းနဲ့ နားလည်ရခက်တယ်ပေါ့။ တစ်ခါတစ်လေ တခြားလူတွေကို လဲစရာဖြစ်စေတယ်။ လူသစ်တွေကို ရေလောင်းပေးတာကိုလည်း နှစ်လလောက် ကောင်းကောင်း မလုပ်ဘူးတဲ့။ ကျွန်မလည်း ဒါတွေအားလုံး ကြားရတဲ့အချိန်မှာ၊ သူက ရေလောင်းတဲ့တာဝန်နဲ့ မသင့်တော်တော့မှန်း စိတ်ထဲကနေ သိလိုက်တယ်။ တချို့အမှုဆောင်တွေက အသင်းတော်ရဲ့အလုပ် နှောင့်နှေးသွားမယ်ဆိုပြီး၊ သူ့ကို အစားထိုးဖို့ အကြံပေးကြတာပေါ့။ အဲဒီစိတ်ကူးနဲ့ပတ်သက်လို့ ကျွန်မ မသက်မသာဖြစ်ရတယ်၊ သူ့ကို အလုပ်မဖြုတ်ချင်ဘူးလေ။ အသင်းတော်ကို ရောက်ခါစမှာ ကျွန်မ ပထမဆုံး သိကျွမ်းမိတာက လိကျီလေ။ သူက ကျွန်မကို အများကြီး ကူညီခဲ့တာ။ ကျွန်မတို့နှစ်ယောက် တော်တော်ကို ခင်မင်ခဲ့ကြတယ်။ ဒါကြောင့် ကျွန်မက သူ့ကို ထုတ်ပယ်ဖို့ သဘောတူတယ်ဆိုရင်၊ သူက ဘယ်လိုထင်မလဲ၊ ကျွန်မကို အကြင်နာမဲ့တယ် ပြောမှာ စိုးခဲ့တယ်။ ပြီးတော့ သူက ဂုဏ်သတင်းဆိုတာကို တကယ် အလေးထားတာ။ ဒီတော့ အလုပ်ဖြုတ်ခံရရင်၊ သူ စိတ်ပျက်သွားမှာ မဟုတ်ဘူးလား။ ဒီကိစ္စကို အဲဒီလိုစဉ်းစားကြည့်တော့ ကျွန်မ သူ့ကို အလုပ်မဖြုတ်ရက်ဘူး။ ကျွန်မလည်း ဆင်ခြေပေးလိုက်တယ်၊ လိကျီက လတ်တလောမှာ အလုပ်ကောင်းကောင်း မလုပ်ဘူးဆိုပေမဲ့၊ အဲဒါက သူ့အမှားကြောင့်ချည်းပဲ မဟုတ်ဘူးပေါ့။ သူ ရေလောင်းပေးတဲ့ လူသစ်တွေက ဘာသာရေးအယူအဆတွေထဲမှာ နစ်ပြီး၊ သင်ယူဖို့ နှေးကြတယ်။ ဒါကြောင့် သူ အဆင်မပြေဘူးဆိုတာ ပုံမှန်ပဲ။ ပြီးတော့ သူက အလုပ်ကို တကယ်ကြိုးစားနိုင်တယ်၊ အချိန်အကြာကြီး လုပ်နိုင်တယ်။ သူ့ကို အလုပ်ဖြုတ်မယ်ဆိုရင်၊ သင့်တော်တဲ့လူစားထိုး ရှာတွေ့ဖို့က အချိန်နည်းနည်း ယူရဦးမှာ။ ဒါကြောင့် မရှိတာနဲ့စာရင် သူက ပိုကောင်းပါတယ်ပေါ့။ တချို့အမှုဆောင်တွေက ကျွန်မဆီက ဒီလိုပြောတာကို ကြားရတော့ ချီတုံချတုံဖြစ်ကြတယ်။ သူ့ကို အဲဒီတာဝန်မှာပဲ လောလောဆယ် ဆက်ထားပြီး၊ လူစားထိုး ရှာဖို့ကို၊ လူတိုင်းက မကျေမနပ်နဲ့ သဘောတူလိုက်ကြရော။ ကျွန်မလည်း စိတ်အေးသွားတာပေါ့။ ဒါပေမဲ့ သူ့ကို အခု အလုပ်မဖြုတ်ဘူးဆိုပေမဲ့၊ သင့်တော်တဲ့လူစားထိုးတစ်ယောက် ရှာတွေ့ရင် ဖြုတ်ရမှာပဲဆိုတာလည်း ကျွန်မ စဉ်းစားမိတယ်။ ကျွန်မကသာ ကူညီပေးမယ်ဆိုရင်၊ သူ့စွမ်းဆောင်ရည် တိုးတက်သွားနိုင်တယ်။ အဲဒါဆို သူလည်း သူ့တာဝန်ကို ဆက်ထိန်းထားနိုင်မယ်ပေါ့။ ဒါနဲ့ အဲဒီညမှာ ညနေပိုင်းစည်းဝေးပွဲ ပြီးတာနဲ့၊ ကျွန်မလည်း လိကျီရဲ့အိမ်ကို တန်းသွားတယ်။ သူ့စွမ်းဆောင်ရည် ပျောက်နေရတဲ့ အကြောင်းရင်းတွေရော၊ သူ့တာဝန်မှာရှိတဲ့ ပြဿနာတွေကိုရော ဆွေးနွေးကြည့်တယ်။ သူ့ကိုယ်သူ မသိဘူး။ ဆင်ခြေတွေပဲ ပေးတယ်။ သူ အဲဒီလို လုပ်နေတာ မြင်တော့ ကျွန်မလည်း တော်တော် စိတ်မချမ်းမသာဖြစ်တယ်။ ကျွန်မလည်း အဲဒီနောက်ပိုင်း သူ့အလုပ်မှာ တိုးတက်လာအောင်ဆိုပြီး သူ့ကို အများကြီး မိတ်သဟာယပြုပေးတယ်။ ဒါပေမဲ့ သူ့စွမ်းဆောင်ရည်က လုံးဝ တက်မလာဘူး။ အဲဒီကိစ္စကြောင့် ကျွန်မ တော်တော် သောကဖြစ်ခဲ့ရတယ်။ နောက် သိပ်မကြာခင်မှာတင်၊ ခေါင်းဆောင်တစ်ယောက်က လိကျီရဲ့တာဝန်ကို ပြောင်းဖို့ မေးမြန်းတဲ့စာတွေ ကျွန်မဆီ ပို့လာရော။ ကျွန်မလည်း သင့်တော်တဲ့လူစားထိုး ရှာမတွေ့သေးလို့ပါဆိုပြီး နှပ်ချလိုက်တယ်။ လိကျီကလည်း အကြံပေးတာတွေကို ဆက်ပြီး ငြင်းနေတုန်းပဲ။ ပြီးတော့ ရဲတွေ စောင့်ကြည့်နေနိုင်တဲ့ အချိန်မျိုးမှာ၊ သူက လုံခြုံရေးအတွက် စိတ်မချရတဲ့ ညီမတစ်ယောက်ကို ခွင့်ပြုချက်မပါဘဲ ဆက်သွယ်လိုက်တယ်။ ကျွန်မလည်း သူ့ကို တာဝန်ကနေ ဖယ်ရှားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။

နောက်တော့ အသင်းတော်က ကျွန်မကို ဧဝံဂေလိအလုပ်ရဲ့ ခေါင်းဆောင်နေရာမှာ ထားလိုက်တယ်။ ဘာတာဝန်မှ လုပ်စရာမရှိဘဲ၊ စိတ်ပျက်လက်ပျက်နဲ့ အိမ်မှာ ထိုင်နေမယ့် လိကျီအကြောင်းကို ကျွန်မ တွေးမိတယ်။ သူက ဧဝံဂေလိအလုပ်မှာ တော်တော် တက်ကြွခဲ့တာလေ။ အဲဒီတော့ သူ့ကို အလုပ်တစ်ခု ပြန်စလုပ်ခိုင်းဖို့၊ အခွင့်အရေးကြီးတစ်ခုလို ဖြစ်နေတယ်။ ကျွန်မလည်း အမှုဆောင်တွေရဲ့ စည်းဝေးပွဲတစ်ခုမှာ အဲဒီစိတ်ကူးကို ပြောပြလိုက်တယ်၊ အဲဒီအလုပ်မျိုးမှာ သူက အတွေ့အကြုံရော၊ အားသာချက်တွေရော ရှိတယ်။ ပြီးတော့ သူ မှားခဲ့တာကိုလည်း သိပြီး နောင်တရသွားပါပြီပေါ့။ သူ့ကို ဧဝံဂေလိအဖွဲ့မှာ ပါဝင်ခွင့် ပေးသင့်တယ်ဆိုပြီး ပြောလိုက်တယ်။ ကျန်တဲ့လူတွေအားလုံးကလည်း သဘောတူတယ်။ ကျွန်မလည်း သိပ်မကြာခင် အံ့သြမိတော့တာပဲ။ ညီအစ်ကိုမောင်နှမတွေဆီကနေ တိုင်ကြားတာတွေ ကြားရတယ်။ သူက အရင်က ဧဝံဂေလိသင်းထောက်နဲ့ ပြဿနာတွေ ရှိခဲ့ဖူးတယ်တဲ့။ ဒီတော့ စည်းဝေးပွဲတွေမှာ သင်းထောက်က သူ့ကို ဟိုအရင် ဘယ်လိုဖိနှိပ်ခဲ့တယ်ဆိုတာတွေကို သူက ပြောမြဲပြောနေတယ်။ အဲဒီအကြောင်းကိုပဲ ပြန်ပြန်ဖော်နေတယ်ပေါ့။ ညီအစ်ကိုမောင်နှမတွေ တော်တော်များများက သင်းထောက်ကို မလိုမုန်းထားဖြစ်လာကြပြီး သူ့ကို ကြဉ်ကြရော။ သူက အလုပ်အစည်းအဝေးတွေမှာ သင်းထောက်နဲ့ ထိပ်တိုက်တွေ့တာ။ ကျန်တဲ့ညီအစ်မတွေ နည်းနည်းလောက်ပဲ သူ့ဘက်က ပါတယ်။ ဧဝံဂေလိသင်းထောက်လည်း ဘာအလုပ်မှ မလုပ်နိုင်ရှာဘူး။ အသင်းတော်ရဲ့အလုပ်ကို ဆိုးဆိုးဝါးဝါး အနှောင့်အယှက်ဖြစ်တာပေါ့။ ကျွန်မလည်း အဲဒါတွေကြားရတော့ လန့်သွားတယ်။ သင်းထောက်က လိကျီကို တရားဝင် တောင်းပန်ပြီးပြီဆိုတာ ကျွန်မ သိတယ်။ ကျွန်မလည်း သူ့ကို မိတ်သဟာယပြုပေးပြီးပြီ။ သူ့ကိုယ်သူ သိဖို့၊ ကိစ္စတွေကို ပြန်မဖော်ဘဲ၊ သင်ခန်းစာ ယူဖို့ ကျွန်မက ပြောခဲ့တယ်။ ဒါပေမဲ့ သူက အဲဒီကိစ္စတွေကို မပစ်ပယ်ဘဲ၊ ဆက်ပြီး ဆုပ်ကိုင်ထားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်မိဘူး။ သူ့အပြုအမူက အသင်းတော်ထဲမှာ တကယ်ကို အနှောင့်အယှက်ဖြစ်နေပြီ။ အဲဒီအတိုင်း ဆက်သွားရင်၊ ဧဝံဂေလိအဖွဲ့ကနေ သူ ထွက်ရမှာပဲ။ ကျွန်မလည်း သူ့အတွက် ပိုပြီးတော့ စိုးရိမ်လာတယ်။ သူ့ကို မိတ်သဟာယပြုပေးဖို့ လေး ငါးခါလောက် သွားတယ်။ သူက ကျွန်မရှေ့မှာတော့ မှန်မှန်ကန်ကန်တွေပဲ ပြောတယ်၊ ဒါပေမဲ့ စည်းဝေးပွဲတွေမှာကျတော့ အရင်တိုင်းပဲ ဆက်လုပ်နေတာ။ တခြားသင်းထောက်တွေကလည်း သူ့ကို မိတ်သဟာယပေးပြီး၊ ကူညီကြပြီးပြီ။ ဒါပေမဲ့ သူ့ကိုယ်သူ လုံးဝ မသိဘူး၊ ပြောင်းလဲမလာဘူး။

ခေါင်းဆောင်က ဒါတွေအားလုံးကို သိပ်မကြာခင် သိသွားတယ်။ သူက အသင်းတော်မှာ အနှောင့်အယှက်ဖြစ်နေတယ်။ အကြိမ်ကြိမ် မိတ်သဟာယပြုပေးပြီးလည်း နောင်တမရဘူး။ ထိခိုက်တာတွေက ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်။ စည်းမျဉ်းစည်းကမ်းတွေအရ သူ့ကို အလုပ်ဖြုတ်ရမယ်၊ ပြီးတော့ နောင်တမရသေးဘူးဆိုရင်၊ အသင်းတော်ကနေ ဖယ်ရှားပစ်ရမယ်။ ဒါတွေကို ကြားရတော့ ကျွန်မလည်း ထိတ်လန့်သွားတာပေါ့။ သူ့အနေနဲ့ အရာအားလုံးကို စွန့်လွှတ်ပြီး၊ အများကြီး ဒုက္ခခံခဲ့တဲ့အကြောင်းတွေကို ကျွန်မ တွေးမိတယ်။ သူသာ ထုတ်ပယ်ခံရမယ်ဆိုရင် တကယ်ကို ဝမ်းနည်းစရာဖြစ်မှာ မဟုတ်လား။ ကျွန်မက ဧဝံဂေလိသင်းထောက်အဖြစ် အလုပ်လုပ်ခဲ့တုန်းက၊ သူက အများကြီး ကူညီခဲ့တာ။ အဲဒီအသင်းတော်မှာ သူ အရင်းနှီးဆုံးလူကလည်း ကျွန်မပဲ။ သူ့ကိုယ်စား ကျွန်မက မပြောပေးရင်၊ လုံးဝ အကြင်နာမဲ့သလို ဖြစ်သွားမယ်လို့ ထင်မိတယ်။ သူ တကယ် ထုတ်ပယ်ခံလိုက်ရရင်၊ ကျွန်မက သူ့ကို ဘယ်လိုလုပ် မျက်နှာချင်းဆိုင်နိုင်တော့မလဲ။ သူက ကျွန်မကို မကျေမနပ်ဖြစ်ပြီး၊ တကယ်ကို နာကျင်သွားမှာ သေချာတယ်။ ကျွန်မလည်း အဲဒီလို စဉ်းစားမိတာနဲ့၊ အဲဒီအမှုဆောင်တွေကို ပြောလိုက်မိတယ်။ လိကျီမှာ ပြဿနာတွေရှိတာ မှန်ပါတယ်။ ဒါပေမဲ့ သူက အသင်းတော်မှာ တစ်ချိန်လုံး အစေခံလာခဲ့တာပါ။ ဧဝံဂေလိအလုပ်မှာလည်း ကောင်းကောင်း လုပ်ခဲ့တယ်။ ဒါကြောင့် သူ့အပေါ် ရက်စက်လွန်းသလို ဖြစ်သွားနိုင်တယ်ပေါ့။ သူ့ကို နောက်ထပ်အခွင့်အရေး ပေးပြီး၊ ထပ်ပြီး ကူညီပေးဖို့ ကျွန်မက အကြံပြုလိုက်တယ်။ သူ့အနေနဲ့ ပြောင်းလဲသွားနိုင်ပါတယ်ပေါ့။ အဲဒီမှာ အမှုဆောင်တစ်ယောက်က တော်တော် တင်းတင်းမာမာနဲ့၊ ပြောလာရော၊ “ညီမရှင်၊ ညီမက သမ္မာတရားရဲ့စည်းမျဉ်းတွေကို မလိုက်နာဘူး။ စိတ်ခံစားချက်ထဲမှာ ပိတ်မိနေတယ်။ လိကျီက ဧဝံဂေလိအလုပ်မှာ ဟိုအရင်က အဆင်ပြေတယ်။ အလုပ်ကြိုးစားသူတစ်ယောက်ပဲ။ ဒါပေမဲ့ သူက အမှန်တရားကို လက်မခံချင်ဘူး။ သမ္မာတရားကို မုန်းတယ်၊ ဒီမှာလည်း အပျက်သဘောတွေ လုပ်နေတယ်။ သူ့ကြောင့် ဘုရားအိမ်တော်ရဲ့အလုပ်က ဆိုးဆိုးဝါးဝါး အနှောင့်အယှက်ဖြစ်သွားပြီ။ အစ်မတို့က သူ့ကို ချစ်ခင်စိတ်တွေနဲ့ ဖူးဖူးမှုတ်ထားလို့ မရဘူး။ ဒါကို သေချာ စဉ်းစားကြည့်ပါ” တဲ့။ သူက ဒီလိုပြောလိုက်တော့မှ၊ ကျွန်မလည်း ငါက လိကျီအတွက်နဲ့ စည်းမျဉ်းတွေကို မလိုက်နာမိခဲ့ပါလားဆိုပြီး သဘောပေါက်သွားတယ်။ ဒါပေမဲ့ ကျွန်မက လက်မခံနိုင်သေးဘူး။ ခေါင်းဆောင်အနေနဲ့ သူ့ကို နောက်ထပ်အခွင့်အရေး ပေးစေချင်သေးတယ်။

စည်းဝေးပွဲကနေ အိမ်အပြန်လမ်းမှာ၊ ကမ္ဘာကြီးက ချာချာလည်နေသလို ကျွန်မ ခံစားရတယ်။ မျက်လုံးတွေလည်း မဖွင့်ရဲဘူး။ ကျွန်မမှာ လမ်းတောင် မလျှောက်နိုင်ဘူး။ လမ်းဘေးမှာတင် ထိုင်နေလိုက်ရတယ်၊ ဘုရားက ငါ့ကို ဆုံးမပဲ့ပြင်နေတာ ဖြစ်နိုင်တယ်လို့လည်း သတိဝင်သွားတယ်။ ကျွန်မလည်း တိတ်တိတ်လေး ဆုတောင်းလိုက်တယ်။ အဲဒီအချိန်မှာတင် ဘုရားနှုတ်ကပတ်တော်တွေက ခေါင်းထဲမှာ ရှင်းရှင်းလင်းလင်း ပေါ်လာရော။ ဘုရားသခင်က ပြောသည်- “လူတို့က ဘုရားသခင်ကို စော်ကားမိသည့်အခါ ယင်းက အဖြစ်အပျက်တစ်ခု သို့မဟုတ် သူတို့ပြောသည့် အရာတစ်ခုကြောင့် ဖြစ်ကောင်း ဖြစ်မည်မဟုတ်ဘဲ သူတို့၏ ကိုင်စွဲထားသည့် စိတ်သဘောထားနှင့် သူတို့ရောက်နေသည့် အခြေအနေကြောင့်သာ ဖြစ်ကောင်းဖြစ်မည်။ ဤသည်မှာ အလွန် ကြောက်စရာကောင်းသော အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၇)) ဘုရားဆီက ဒီနှုတ်ကပတ်တော်တွေကြောင့် ကျွန်မရင်ထဲမှာ နည်းနည်း ကြောက်ရွံ့သွားတယ်။ ငါက ဘုရားရဲ့စိတ်သဘောထားကို ပုန်ကန်ပြစ်မှားမိနေတာ ဖြစ်ရမယ်လို့ မြင်မိတယ်။ စပြီး ဆင်ခြင်ကြည့်လိုက်တော့၊ ကျွန်မ သဘောပေါက်သွားတယ်။ အဲဒီခေါင်းဆောင်က လိကျီကို အလုပ်ထုတ်သင့်တယ်၊ သူ့ကိုယ်သူ ဆင်ခြင်ခိုင်းသင့်တယ်ဆိုပြီး ကျွန်မကို ပြောလာကတည်းက၊ ကျွန်မက သမ္မာတရားကို မရှာဖွေခဲ့ဘူး၊ ဘုရားအိမ်တော်ရဲ့ အကျိုးကိုလည်း ထည့်မစဉ်းစားခဲ့ဘူး။ သူ့အတွက်ပဲ ခေါင်းမာမာနဲ့ ရပ်တည်ပေးခဲ့တယ်။ ဘုရားက ကျွန်မရဲ့စိတ်နှလုံးထဲမှာ နေရာမရှိခဲ့ဘူး။ ကျွန်မက ဘုရားကို ပုန်ကန်ပြစ်မှားမိလျက်သား ဖြစ်သွားတာပါ။ ကျွန်မလည်း ဘုရားကို အမြန်ပဲ ဆုတောင်းချက်ပြုလိုက်တယ်။ ကျွန်မ မှားခဲ့တယ်ဆိုတာလည်း ဝန်ခံရင်း၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မယ်လို့လည်း မျှော်လင့်ရင်းနဲ့ပေါ့။ ဆုတောင်းပြီးသွားတော့မှ ကိုယ့်ဘာသာ တုန်တုန်ယင်ယင်နဲ့ တရွတ်ဆွဲပြီး အိမ်ပြန်ရတယ်။ အိမ်ပြန်ရောက်တော့လည်း ဘုရားရဲ့နှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်မိတယ်။ ဘုရားသခင်က ပြောသည်- “လူအချို့သည် အလွန့်အလွန် စိတ်အာရုံခံစားချက် ပြင်းပြသော သဘာဝတစ်ခု ရှိကြလေသည်။ နေ့စဉ် ၎င်းတို့ ပြောဆိုသမျှနှင့် အခြားသူများအပေါ် ပြုမူသည့်နည်းလမ်း အားလုံး၌ ၎င်းတို့၏စိတ်ခံစားချက်များအားဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်နေကြလေသည်။ ၎င်းတို့သည် ဤလူ၊ ထိုလူအပေါ် ချစ်ခင်မှု ခံစားကြပြီး နေ့တိုင်း မျက်နှာသာ ပြန်ပေးပြီး ခံစားချက်ကောင်းများ ပြန်ပေးရန် တာဝန်ရှိသည်ဟု ခံစားကြရလေသည်။ ၎င်းတို့ လုပ်ဆောင်သည့်အရာတိုင်းတွင်၊ စိတ်ခံမှု နယ်ပယ်ထဲတွင် ၎င်းတို့ အသက်ရှင်ကြလေသည်။...စိတ်ခံစားချက်များသည် ဤလူ၏ ဆိုးဆိုးရွားရွား ချို့ယွင်းချက် ဖြစ်သည်ဟု သင်ဆိုနိုင်သည်။ ၎င်းတို့လုပ်ဆောင်သမျှကို ၎င်းတို့၏စိတ်ခံစားချက်များက စိုးမိုးထားသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းမရှိပေ၊ သို့မဟုတ် အခြေခံသဘောတရားအတိုင်း ပြုမူနိုင်စွမ်း မရှိပေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ကို မကြာခဏ ဆန့်ကျင်ပုန်ကန်တတ်သည်။ စိတ်ခံစားချက်များသည် ၎င်းတို့၏ အကြီးမားဆုံး အားနည်းချက်၊ ၎င်းတို့၏ ဆိုးဆိုးရွားရွား ချို့ယွင်းချက်ဖြစ်ပြီး ၎င်းတို့အား လုံးလုံး ပျက်စီးစေနိုင်သည်။ အလွန်အကျွံ စိတ်လှုပ်ရှား ထိခိုက်လွယ်သောသူများသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်း မရှိပေ၊ သို့မဟုတ် ဘုရားသခင်ကို နာခံနိုင်စွမ်း မရှိပေ။ ၎င်းတို့သည် ဇာတိပကတိ၊ မိုက်မဲမှု၊ နားဝေတိမ်တောင်ဖြစ်ခြင်းတို့ဖြင့် ဖိစီးနေတတ်သည်၊ ခံစားချက်များကို များစွာ ယုံကြည်မှုထားခြင်းသည် ၎င်းတို့၏ သဘာဝဖြစ်ပေသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ခံစားချက်များဖြင့် အသက်ရှင်ကြသည်။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “လူ့သဘာဝကို သိရှိရန် နည်းလမ်း”) ဒါကို ဖတ်လိုက်ရတော့ ကျွန်မ တော်တော် တို့ထိခံရတယ်။ မျက်ရည်တွေလည်း ထိန်းမရတော့ဘူး။ တခြားသူတွေအပေါ် ထားတဲ့ ကိုယ့်ခံစားချက်တွေက ကိုယ့်ကို တကယ် လွှမ်းမိုးလွန်းခဲ့တာပဲ၊ အဲဒါက ကျွန်မရဲ့အားနည်းချက်ပဲ၊ ပျော့ကွက်ပဲဆိုတာကို မြင်သွားတယ်။ လိကျီက ကျွန်မကို ကူညီဖို့ဆို စိတ်ပါလက်ပါရှိလွန်းတော့၊ ကျွန်မက အမှန်တကယ် ခင်မင်သွားမိတာပဲ။ တဖြည်းဖြည်းနဲ့ သူက ဆွေမျိုးတစ်ယောက်လို ဖြစ်လာတာ။ သူနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်လာတဲ့အခါတိုင်း၊ ကျွန်မက စိတ်ခံစားမှုကို ဦးစားပေးပြီး၊ သူ့ခံစားချက်တွေအတွက် အမြဲတမ်း ပူပန်ပေးတယ်၊ သူ့ဘက်က ရပ်တည်တယ်။ စည်းမျဉ်းတွေကို မျှမျှတတ မကျင့်သုံးနိုင်ခဲ့ဘူး။ သူက သူ့အလုပ်မှာ အဆင်မပြေဘူး၊ အနှောင့်အယှက်ဖြစ်နေတယ်၊ ကောင်းတာနဲ့စာရင် ဆိုးတာက ပိုများနေတယ်။ သူ့ကို ချက်ချင်း အလုပ်ဖြုတ်သင့်တယ်ဆိုတာတွေကို ကျွန်မ တကယ် သိတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့သံယောဇဉ်တွေကြောင့်၊ ကျွန်မက သူ့တာဝန်ကို ဆုံးရှုံးမှာ၊ အသင်းတော်ကနေ ထုတ်ပယ်ခံရမှာတွေကို ပူပန်ခဲ့တာ။ ဒါကြောင့် သူ ဆက်ရှိနေဖို့ ကျန်တဲ့သူတွေက လက်ခံအောင် အကြောင်းပြချက်မျိုးစုံ သုံးပြီး၊ ကိုယ့်စိတ်ခံစားမှုတွေအတိုင်း လုပ်မိတယ်။ သူ့ရာထူးမှာ ဆက်ရှိနိုင်အောင် သူ့စွမ်းဆောင်ရည် တိုးတက်ဖို့အထိ ကူညီပေးချင်ခဲ့တာ။ ကျွန်မတို့ရဲ့သံယောဇဉ်ကြောင့်သာ မဟုတ်ရင်၊ ကျွန်မက သူ့အတွက် အများကြီး ပြောပေးမိမှာမဟုတ်ဘူး။ ကျန်တဲ့ညီအစ်ကိုမောင်နှမတွေကိုလည်း စည်းမျဉ်းတွေနဲ့အညီ ဆက်ဆံခဲ့မိမှာပဲ။ အဲဒီအချိန်မှာ ကျွန်မ မြင်သွားတာက၊ ကျွန်မရဲ့ချစ်ခင်တွယ်တာတဲ့စိတ်တွေက ကျွန်မကို ကိုယ့်တာဝန်မှာ လုံးလုံး လွှမ်းမိုးသွားတာပဲ။ စည်းမျဉ်းတွေကို အလေးမထားတော့ဘဲ၊ သူ့ကို နေရာတိုင်းမှာ အခွင့်အရေးပေးပြီး အလိုလိုက်ခဲ့မိတာပဲ။ ကျွန်မက ဘုရားအိမ်တော်ရဲ့အကျိုးကိုရော အလုပ်အတွက်ရော နည်းနည်းလေးမှ ထည့်မစဉ်းစားခဲ့တာပါ။ ကိုယ့်ခံစားချက်တွေကိုပဲ လုံးဝ အခြေခံပြီး ပြောဆိုခဲ့တာ၊ ပြုမူခဲ့တာ။ တော်တော် တစ်ကိုယ်ကောင်းဆန်ခဲ့တာပဲ။

ဘုရားနှုတ်ကပတ်တော်တွေကိုလည်း နည်းနည်း ထပ်ဖတ်မိတော့၊ ဒီပြဿနာနဲ့ပတ်သက်ပြီး ကျွန်မ ပိုနားလည်သွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အဘယ်ပြဿနာများက စိတ်ခံစားချက်များနှင့် ဆက်နွှယ်သနည်း။ နံပါတ်တစ်မှာ သင်၏ကိုယ်ပိုင် မိသားစုကို သင်အကဲဖြတ်ပုံ၊ ၎င်းတို့ လုပ်သည့်အရာများကို သင်တုံ့ပြန်ပုံ ဖြစ်သည်။ ‘၎င်းတို့လုပ်ဆောင်သည့်အရာများ’တွင် ၎င်းတို့သည် စွက်ဖက်ပြီး အနှောင့်အယှက် ဖြစ်စေသည့်အခါ၊ ၎င်းတို့က လူများ၏ နောက်ကွယ်၌ ဝေဖန်ပုတ်ခတ်သည့်အခါ၊ မယုံကြည်သူများ၏ အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ စသည်တို့ ပါဝင်သည်။ သင်သည် သင့်မိသားစုအပေါ် သမာသမတ်ကျနိုင်သလော။ သင့်ကို ၎င်းတို့အား စာအရေးအသားဖြင့် အကဲဖြတ်ခိုင်းမည်ဆိုလျှင်၊ သင်၏စိတ်ခံစားချက်များကို ဘေးဖယ်ထားလျက်၊ အလွန် မျှတစွာနှင့် ဓမ္မဓိဋ္ဌာန်ကျကျ သင် အကဲဖြတ်မည်လော။ သင်နှင့် ရင်းနှီးခဲ့သည့်သူများ၊ သို့မဟုတ် သင့်ကို ယခင်က ကူညီခဲ့သည့်သူပေါ် သင် သံယောဇဉ်တွယ်တာသလော။ သင်သည် ၎င်းတို့၏ လုပ်ရပ်များနှင့် အပြုအမူတို့နှင့်ပတ်သက်၍ တိကျမှန်ကန်ကာ၊ သမာသမတ်ရှိပြီး ဓမ္မဓိဋ္ဌာန်ကျမည်လော။ ၎င်းတို့က စွက်ဖက်ပြီး အနှောင့်အယှက်ဖြစ်စေလျက်ရှိသည်ကို သင်တွေ့ရသည့်အခါ၊ ၎င်းတို့အား သင် ချက်ချင်း တိုင်ကြားမည်လော၊ သို့မဟုတ် ဖော်ထုတ်မည်လော။ ထို့အပြင် သင်နှင့် ရင်းနှီးသူများ၊ သို့မဟုတ် သင်နှင့် စိတ်ဝင်စားမှု တူသူများအပေါ် သံယောဇဉ် တွယ်တာသလော။ ၎င်းတို့၏လုပ်ရပ်များနှင့် အပြုအမူတို့ကို သင်၏အကဲဖြတ်ခြင်း၊ သတ်မှတ်ချက်နှင့် တုံ့ပြန်မှုတို့သည် သမာသမတ်ကျပြီး ဓမ္မဓိဋ္ဌာန်ကျမည်လော။ သင်နှင့်ဆက်နွှယ်နေသူတစ်ဦးကို၊ သို့မဟုတ် သင့်အနေဖြင့် စိတ်ခံစားချက်ဆိုင်ရာ ဆက်နွှယ်မှုရှိသူတစ်ဦးကို အသင်းတော်အနေဖြင့် အရေးယူဆောင်ရွက်ဖို့ အခြေခံသဘောတရားက သတ်မှတ်ဆုံးဖြတ်ပြီး၊ ဤဆောင်ရွက်မှုများက သင်၏ကိုယ်ပိုင် အယူအဆများနှင့် မကိုက်ညီပါက သင်မည်သို့ တုံ့ပြန်မည်နည်း။ သင်နာခံမည်လော။ သင်သည် ၎င်းတို့နှင့် တိတ်တဆိတ် ဆက်လက်၍ ထိတွေ့ဆက်ဆံဦးမည်လော၊ ၎င်းတို့၏ မလိမ့်တပတ် အပြောခံဦးမည်လော၊ ၎င်းတို့အတွက် ဆင်ခြေများပေးဖို့၊ ရှာကြံ အကြောင်းပြချက်ပေးပြီး ကာကွယ်ပေးဖို့ ၎င်းတို့၏ နှိုးဆော်ခြင်းကိုပင် ခံဦးမည်လော။ သမ္မာတရား၏ အခြေခံသဘောတရားများကို သတိမမူမိသကဲ့သို့၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးမထားဘဲ၊ သင့်ကို ကြင်နာခဲ့သော သူများအတွက် ခေါင်းခံပေးပြီး ၎င်းတို့အား ကူညီပေးမည်လော။ ဤအရာအားလုံးသည် စိတ်ခံစားချက်များနှင့်ပတ်သက်သည့် ပြဿနာမျိုးစုံ ပါဝင်သည် မဟုတ်လော။ လူအချို့က၊ ‘သင်ပြောသည့် ဤစိတ်ခံစားချက်များ— ယင်းတို့သည် ဆွေမျိုးများနှင့် မိသားစုဝင်များသာ ပါဝင်ပတ်သက်သည် မဟုတ်လော။ ဤအရာက မိဘများ၊ ညီအစ်ကိုမောင်နှမများနှင့် အခြား မိသားစုဝင်များသာ အကျုံးဝင်သည် မဟုတ်လော’ ဟု ပြောကြသည်။ မဟုတ်ပေ။ ယင်းက များစွာသော လူအမျိုးမျိုး အကျုံးဝင်သည်။ မိသားစုဝင်များကို အသာထားလော့၊ မိမိတို့၏ မိတ်ဆွေကောင်းများနှင့် အပေါင်းအဖော်များနှင့်ပတ်သက်၍ သမာသမတ်ကျနိုင်စွမ်းပင် မရှိသည့် သူအချို့ရှိသည်။ ၎င်းတို့၏နှုတ်မှ ထွက်လာသမျှသည် ဘက်လိုက်သည်။ ဥပမာအနေဖြင့်၊ တစ်စုံတစ်ဦးသည် ပေါ့ဆပြီး ဆိုးညစ်မှုကို ပြုလေ့ရှိသည့်အခါ၊ ၎င်းတို့က ထိုသူအား အပျော်ကြိုက်သူ၊ ဖြစ်လိုရာဖြစ်စေ သဘောထားတတ်သူ၊ မရင့်ကျက်သေးသူအဖြစ် သရုပ်ဖော်ကြသည်။ ပြီးလျှင် ဤစကားများ၌ စိတ်ခံစားချက် ရှိသလော။ ထိုပေါ့ဆသူသည် ၎င်းတို့နှင့် အဆက်အသွယ် မရှိသည့်အခါ၊ ၎င်းတို့၏စကားများက ရွှင်ပျမှုနည်းလေသည်။ ‘၎င်းတို့သည် အန္တိခရစ်တစ်ဦးဖြစ်သည်မှာ သိသာပေသည်၊ ၎င်းတို့သည် ဆိုးညစ်ကာ၊ ဆိုးယုတ်သည်၊ ၎င်းတို့ လုပ်သမျှသည် စွက်ဖက်ပြီး အနှောင့်အယှက်ဖြစ်စေသည်’ ဟု ဖြစ်သည်။ သက်သေအထောက်အထား တောင်းဆိုလိုက်လျှင်၊ ၎င်းတို့က ‘ယခုထက်ထိမူ သက်သေအထောက်အထား မရှိသေးပေ— သို့ရာတွင် ၎င်းတို့သည် အကျင့်စာရိတ္တ မကောင်းသူဖြစ်သည်ဟု သင် မဆိုင်းမတွ ပြော၍ရသည်။ ဤသည်မှာ ၎င်းတို့၏ သဘာဝဖြစ်သည်ဟု ဘုရားနှုတ်ကပတ်တော်များက ပြောသည်’ ဟု ပြန်ပြောသည်။ ထိုသူများကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ ၎င်းတို့ ဝန်မလေးပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်ခံစားချက်များဖြင့် အသက်ရှင်ခြင်း ဟုတ်သည် မဟုတ်လော။ ပြီးလျှင် မိမိတို့၏စိတ်ခံစားချက်များအားဖြင့် အသက်ရှင်သန်သူများမှာ အဘယ်နည်း။ ထိုသို့သော လူများသည် သမာသမတ်ကျသလော။ ၎င်းတို့သည် တည်ကြည်သလော။ (မတည်ကြည်ပါ။) ဇာတိပကတိ၏ မက်မောခြင်းများနှင့် အကျိုးစီးပွားများအားဖြင့် အသက်ရှင်သူများသည် ၎င်းတို့၏စိတ်ခံစားချက်များဖြင့် အသက်ရှင်ကြသည်။” (နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂)”) “ငါသည် ခံစားချက် မရှိသည့်အတွက်၊ လူများကို ၎င်းတို့၏ ခံစားချက်များအား ထုတ်လွှတ်ခွင့် ငါမပေးသကဲ့သို့၊ လွန်ကဲသောအတိုင်းအတာ တစ်ခုအထိ လူတို့၏ စိတ်ခံစားချက်များကို ငါ တိုး၍ မုန်းတီးမိပြီဖြစ်သည်။ ငါသည် ဘေးဖယ်ခံခဲ့ရကာ ထိုသို့ဖြင့် ၎င်းတို့၏အမြင်ထဲတွင် ငါသည် ‘အခြားသူ’ ဖြစ်သွားခဲ့သည်မှာ လူသားတို့အကြားက ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့သည် မေ့လျော့ခြင်းခံရပြီးဖြစ်သည်မှာ လူသားတို့အကြားရှိ ခံစားချက်များကြောင့် ဖြစ်သည်။ သူ၏ ‘အသိစိတ်’ကို ရယူရန် အခွင့်ကောင်းကို မလွတ်တမ်းအသုံးချသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ သူသည် ငါ၏ပြစ်တင်ဆုံးမမှုကို အစဉ်ငြီးငွေ့သည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်သည်။ ငါ့ကို မျှတမှုမရှိသကဲ့သို့ မတရားဟု ဆိုကာ ငါ၏အမှုအရာများကို ကိုင်တွယ်ရာတွင် လူသား၏ ခံစားချက်များကို ငါ အလေးဂရုမပြုဟု သူဆိုသည်မှာ လူသား၏ ခံစားချက်များကြောင့် ဖြစ်ပေသည်။ ငါသည် မြေကြီးပေါ်တွင် ဆွေမျိုးသားချင်းများလည်း ရှိပါသလော။ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးအတွက်၊ အစားအစာ သို့မဟုတ် အိပ်စက်ခြင်းကို မစဉ်းစားဘဲ နေ့ရောညပါ ငါကဲ့သို့ မည်သူ အလုပ်လုပ်ဖူးသနည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ နှိုင်းယှဉ်၍ရနိုင်မည်နည်း။ လူသားသည် ဘုရားသခင်နှင့် အဘယ်သို့ သဟဇာတ ဖြစ်နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၈)) ဒါကို ဖတ်မိတော့မှ ချစ်ခင်တွယ်တာစိတ်တွေနဲ့ လွှမ်းမိုးခံရတယ်ဆိုတာ ဘယ်လိုသဘောမှန်း ပိုပြီး ရှင်းသွားတယ်။ လူတွေမှာ ဒီလိုဖြစ်တတ်တာကို ဘုရားက မုန်းတီးမှန်းလည်း ကျွန်မ မြင်သွားတယ်။ အဲဒါတွေကြောင့် ကျွန်မတို့က သမ္မာတရားရဲ့စည်းမျဉ်းတွေကို ချိုးဖောက်မိတယ်။ မကောင်းမှု လုပ်မိပြီး၊ ဘုရားကို ခုခံမိတယ်လေ။ ဘုရားက ကျွန်မကို ခေါင်းဆောင်တစ်ယောက်အဖြစ် မြှင့်တင်ပေးခဲ့တယ်။ ဒါပေမဲ့ တခြားလူတွေကို ကိုင်တွယ်တဲ့နေရာမှာ၊ ကျွန်မက စည်းမျဉ်းတွေနဲ့အညီ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ဘူး၊ မျှမျှတတလည်း မဆက်ဆံဘူး။ ကျွန်မတို့ရဲ့ခင်မင်မှုအတွက် လိကျီကိုပဲ ကာကွယ်ပေးပြီး၊ သူ့ကို အလုပ်ဖြုတ်ဖို့၊ ထုတ်ပယ်ဖို့ တောင်းဆိုလာတဲ့အချိန်မှာ ငြင်းခဲ့မိတယ်။ ကျွန်မက ဘက်လိုက်ဖို့အတွက် ဘုရားအိမ်တော်ရဲ့အလုပ်ကို အသုံးချနေတာ။ အသင်းတော်ရဲ့အကျိုးကို ပစ်ပယ်နေတာ။ ဒါက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို ထိခိုက်စေတဲ့အပြင်၊ ဘုရားအိမ်တော်ရဲ့အလုပ်ကိုလည်း အနှောင့်အယှက်ပဲ ဖြစ်စေခဲ့တာပါ။ ကျွန်မက ကိုယ့်ကိုကျွေးတဲ့လက်ကို ပြန်ကိုက်ခဲ့တာပဲ။ ကျွန်မက သစ္စာဖောက်ပဲ။ အဲဒါက ဘုရားကို ခုခံနေတာ၊ အရှက်ရစေတာ မဟုတ်ဘူးလား။ ကျွန်မလည်း အဲဒါတွေအားလုံးကို သဘောပေါက်သွားတော့၊ ကိုယ့်လုပ်ရပ်တွေအတွက် နောင်တရလို့မဆုံးဘူး။ ဘုရားဆီမှာ ဆုတောင်းဖို့၊ နောင်တရဖို့ ကမန်းကတန်းလုပ်ရတယ်။ နောက်ပိုင်း စည်းဝေးပွဲတစ်ခုမှာ ကျွန်မလည်း အဲဒီအခြေအနေတစ်ခုလုံးကို ကိုင်တွယ်တုန်းက ကိုယ့်ကို စိတ်ခံစားချက်က လွှမ်းမိုးခဲ့တယ်ဆိုတာတွေကို ဖွင့်ပြောပြလိုက်တယ်။ လိကျီကိုလည်း သူ့ကိုယ်သူ ဆင်ခြင်နိုင်အောင်၊ သူ့အပြုအမူအပေါ် အခြေခံပြီး တာဝန်ကနေ ဖယ်ရှားလိုက်တယ်။

ခြောက်လလောက် ကြာသွားတယ်ပေါ့။ သူက မကောင်းတဲ့ သူ့အပြုအမူကို အမှန်တကယ် နားလည်မှု မရတဲ့အပြင်၊ သူက မတရားသဖြင့်ခံရပါတယ်၊ ခေါင်းဆောင်က မမျှတဘူးဆိုပြီး မလျှော့တမ်း ပြောနေတာ။ ခေါင်းဆောင်က သူ့ကို အထင်သေးပြီး၊ မလိုမုန်းတီးဖြစ်ခဲ့တာဆိုပြီး ကျန်တဲ့သူတွေကို လျှောက်ပြောတယ်။ ခေါင်းဆောင်က သူ့ကို သမ္မာတရားနဲ့ မိတ်သဟာယပေးပြီး၊ သူ့အပြုအမူကို စိစစ်ပြတယ်။ ဒါပေမဲ့ သူက အဲဒါတွေကို တစ်ခုမှ လက်မခံဘူး။ ဆင်ခြေတွေက အပြည့်ပဲ။ လိကျီက ခေါင်းဆောင်ကို လုံးဝ မသိချင်ယောင်ဆောင်တာမျိုးတောင် လုပ်တယ်၊ ခေါင်းဆောင်ကို အသံတိတ်ကန့်ကွက်တဲ့အနေနဲ့ ချက်ချင်း လျစ်လျူရှုလိုက်တာ။ သူက ကျန်တဲ့သူတွေကြားမှာ မကျေမနပ်လျှောက်ပြောပြီး၊ အပျက်သဘောဆောင်တာတွေ လိုက်ဖြန့်တယ်။ မထိုက်တန်တဲ့သူတွေက ကောင်းချီးပေးခံရချိန်မှာ သူကျတော့ ကောင်းချီးတစ်ခုမှ ပြန်မရဘဲ၊ အများကြီး ဒုက္ခခံခဲ့ရတယ်ဆိုတာတွေ လျှောက်ပြောတာ။ သူနဲ့အဆက်အဆံရှိတဲ့ တချို့ညီအစ်ကိုမောင်နှမတွေက နောက်ဆုံး သူ့ဘက်က ရပ်တည်ပြီး၊ သူ့ကို ကာကွယ်ပေးလာကြရော။ သူ့မှာ မကောင်းတဲ့လူ့သဘာဝ ရှိတယ်လို့ လူတော်တော်များများက ပြောကြတယ်။ ဧည့်ခံတဲ့အိမ်ရှင်ရဲ့အိမ်မှာဆိုလည်း အစားအသောက်ကို တကယ် ဇီဇာကြောင်တာ။ သူ့အတွက် စားစရာမဝယ်ဘူးဆိုပြီး အိမ်ရှင်အစ်မရဲ့နောက်ကွယ်မှာ မကျေမနပ်ပြောတာ။ သူက ပိုက်ဆံလည်း တွန့်တိုတယ်။ ဆင်းရဲတယ်ဆိုပြီး ညည်းညူပြတတ်တော့၊ ညီအစ်ကိုမောင်နှမတွေက သူ့ကို မေတ္တာနဲ့ ပိုက်ဆံတွေ ပေး၊ တခြားပစ္စည်းတွေ ပေးမိတဲ့အထိ လှည့်စားခံကြရတယ်။ ပြီးတော့ သူ့အနေနဲ့ အဲဒါတွေကို လက်ခံပိုင်ခွင့် ရှိတယ်တဲ့။ သူတို့တွေက သူ့ကို အဲဒီလိုကူညီရမဲ့ ဝတ္တရားရှိသလိုလိုပုံစံမျိုးပေါ့။ သူက ဘုရားရဲ့အိမ်တော်မှာတော့ ကပ်ပါးကောင်ပဲ။ ဒီကိစ္စတွေကြောင့် ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ်တစ်ခုကို စဉ်းစားမိသေးတယ်၊ “သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သောသူများကို သတိပေးချက်။” ထဲကပါ။ ဘုရားသခင်က ပြောသည်- “မိမိတို့၏ အဆိပ်ရှိ၍ မလိုမုန်းထားရှိသော အပြောအဆိုများကို အသင်းတော်အတွင်း ဖွင့်ပြောတတ်သူများ၊ ညီအစ်ကိုမောင်နှမများကြား ကောလာဟလများ ဖြန့်ကာ၊ စိတ်သဘော မတိုက်ဆိုင်ခြင်းကို ဆွပေးသောသူများနှင့် အုပ်စုများဖွဲ့သော သူတို့သည်— အသင်းတော်မှ နှင်ထုတ်ခြင်း ခံခဲ့ရသင့်သည်။ သို့သော် ယခုသည် ဘုရားသခင်အမှု၏ ခြားနားသော ခေတ်ကာလဖြစ်သောကြောင့်၊ ၎င်းတို့သည် ဖယ်ရှားခြင်းအချို့ကို ရင်ဆိုင်ရသည့်အတွက် ဤလူများသည် ထိန်းချုပ်ခြင်း ခံရပေသည်။ စာတန်၏ ဖျက်ဆီးခြင်း ခံထားရသော လူအားလုံး၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်။ အချို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသာရှိသော်လည်း၊ အခြားသူများ၌မူ ထိုကဲ့သို့ မဟုတ်ကြပေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများ ရှိကြသည်သာမက သူတို့၏ သဘာဝသည်လည်း အလွန်အမင်း မလိုမုန်းထားတတ်ကြသည်။ ၎င်းတို့၏ အပြောအဆိုနှင့် အပြုအမူများက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးကာ ဆိုးယုတ်သော စိတ်သဘောထားများကို ဖော်ပြသည်သာမက ဤလူများသည် နတ်ဆိုးစာတန် စစ်စစ်လည်း ဖြစ်သည်။ သူတို့၏အပြုအမူသည် ဘုရားသခင်၏အလုပ်ကို ကြားဖြတ်ပြီး နှောင့်ယှက်သည်၊ ညီအစ်ကို မောင်နှမများ၏ အသက်တာ ဝင်ရောက်မှုကို နှောင့်ယှက်ပြီး၊ အသင်းတော်၏ သာမန်အသက်တာကို ဖျက်ဆီးသည်။ သိုးရေခြုံထားသည့် ဤဝံပုလွေများသည် အနှေးနှင့်အမြန် ရှင်းလင်းခံရမည်ဖြစ်သည်။ စာတန်၏ ဤအစေအပါးများအပေါ် မညှာတာသည့် သဘောထား၊ ငြင်းပယ်သည့် သဘောထားကို ထားရှိရမည်။ ဤသည်သာ ဘုရားသခင်ဘက်၌ ရပ်တည်ခြင်းဖြစ်ပြီး ထိုသို့လုပ်ရန် ပျက်ကွက်သော သူများသည် စာတန်နှင့် ဒုစရိုက်နွံထဲတွင် မွေ့လျော်နေသူများ ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ကျွန်မလည်း ဘုရားရဲ့ ဒီနှုတ်ကပတ်တော်ကျမ်းပိုဒ်ကြောင့် လိကျီအပေါ် ပိုပြီး ခွဲခြားတတ်သွားတယ်။ သူက အမှန်ကို လက်ခံဖို့ ငြင်းခဲ့တာပဲ။ အပြုသဘောဆောင်တဲ့ လက္ခဏာမျိုး မပြဘဲ၊ အနှောင့်အယှက်ပေးတယ်။ ဝေဖန်တတ်တယ်။ ကျွန်မတို့အသင်းတော်အသက်တာကို ဖျက်ဆီးနေတဲ့ ပန်းသီးပုပ်တစ်လုံးပဲ။ သူ ဝေဖန်ခံရပြီး သူ့တာဝန်ကို ဆုံးရှုံးတဲ့အချိန်မှာ၊ လုံးဝ နောင်တမရခဲ့ဘူး။ ခေါင်းဆောင်တွေကိုပဲ မကျေမနပ်၊ အားမရဖြစ်ပြီး အသင်းတော်အသက်တာကို ဆက်ပြီး နှောင့်ယှက်တယ်။ အဲဒီလို အမှန်တရားကို မုန်းတဲ့၊ အငြိုးထားတတ်တဲ့၊ ရန်လိုတဲ့ လူညံ့မျိုးဟာ ဘယ်တော့မှ ကယ်တင်မခံရနိုင်ဘူး။ သူက မြေခွေးတစ်ကောင် ကြက်ခြံထဲ လျှောက်ရမ်းပြီး၊ အငမ်းမရ စားပစ်နေသလိုမျိုး၊ အသင်းတော်ရဲ့အလုပ်ကို ဖျက်လိုဖျက်ဆီးလုပ်တာ။ မကောင်းတဲ့လူတွေကို ဖယ်ရှားရမှာပဲလေ၊ ဒါမှ ဘုရားအိမ်တော်ရဲ့အလုပ်က တိုးတက်နိုင်မယ်။ ကျွန်မတို့လည်း မှန်ကန်တဲ့အသင်းတော် အသက်တာတစ်ခုကို နေထိုင်နိုင်မယ်။ ဘုရားက ဖြောင့်မတ်ပြီး သန့်ရှင်းပါတယ်။ သမ္မာတရားကို ချစ်ပြီး ကောင်းတဲ့လူ့သဘာဝ ရှိတဲ့လူတွေကို ကယ်တင်တယ်၊ မကောင်းမှုလုပ်တဲ့သူတွေတော့ မပါဘူး။ မကောင်းတဲ့လူတွေဆိုတာ သမ္မာတရားကို ဗီဇအရ မုန်းတီးကြတယ်။ အခွင့်အရေးတွေ ဘယ်လောက်ပဲရရ အမှန်တကယ် နောင်တရကြမှာ မဟုတ်ဘူး။ သမ္မာတရားကို ချစ်တဲ့သူတွေကျတော့ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြနိုင်တယ်။ အနှောင့်အယှက်ပေးတတ်တယ်၊ ဝေဖန်တဲ့အကြောင်းအရာတွေကို ပြောတတ်တယ်။ ဒါပေမဲ့ အဲဒီလိုတွေရှိလည်း၊ သူတို့ကိုယ်သူတို့ ဆင်ခြင်ပြီး၊ ဘုရားနှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုနဲ့ ပြစ်တင်ဆုံးမမှုကို လက်ခံနိုင်ကြတယ်။ နောင်တရပြီး ပြောင်းလဲနိုင်ကြတယ်။ အသင်းတော်က လိကျီကို အခွင့်အရေးတွေအများကြီး ပေးခဲ့တယ်၊ ဒါပေမဲ့ သူက လုံးဝ နောင်တမရခဲ့ဘူး။ ဝေဖန်တိုက်ခိုက်တာတွေ၊ နှောင့်ယှက်တာတွေပဲ တိုးလုပ်ခဲ့တယ်။ သူက အနှစ်သာရအရ ယုတ်ညံ့တာပါ။ အသင်းတော်ရဲ့စည်းမျဉ်းတွေကို အခြေခံပြီး သူ့ကို ထုတ်ပယ်လိုက်ရတယ်။ အသင်းတော်ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ ကျွန်မက သူ မကောင်းမှုလုပ်တာတွေကို ဖော်ထုတ်ဖို့၊ ကျန်တဲ့သူတွေနဲ့ မိတ်သဟာယပြုရလိမ့်မယ်၊ သူ့ကို အသင်းတော်ဝင်အဖြစ် ထုတ်ပယ်တဲ့ စာရွက်စာတမ်းတွေမှာ ကိုယ့်လက်မှတ် ထိုးရမယ်ဆိုတာကို ကျွန်မ သိတာပေါ့။ ဒီလိုလုပ်ဖို့ကို ကျွန်မက ဝန်လေးနေတုန်းပဲ။ အသင်းတော်ကနေ အမှန်တကယ် ထုတ်ပယ်ခံရရင်၊ သူတော့ လုံးလုံး ပျက်စီးသွားလိမ့်မယ်ဆိုပြီး ကျွန်မက စိုးရိမ်မိတာ။ ကျွန်မလည်း ဒီအတွေးကို ရရချင်း၊ ဘုရားကို ဆုတောင်းလိုက်တယ်။ ကိုယ့်စိတ်ခံစားချက်ကို ကျော်လွှားနိုင်အောင် လမ်းပြပေးဖို့ တောင်းလျှောက်တယ်။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တွေထဲမှာ ဒါကို ဖတ်မိရော၊ “ဘုရားသခင်နှင့် နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်။” ထဲက အပိုဒ်နံပါတ် ၄ ပါ။ “ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။ ၎င်းတို့သည် ဘုရားသခင်ကို မနာခံသောသူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ယုံကြည်ခြင်း ရှိသည်ဟု အခိုင်အမာ ပြောဆိုသော်လည်း သမ္မာတရား ကင်းမဲ့သောသူများ မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရန်မျှ ကြိုးစားကြသော်လည်း၊ ဘုရားသခင်အတွက် သက်သေမခံနိုင်သူများ ဖြစ်ကြသည် မဟုတ်လော။ သင်သည် ယနေ့ ထိုမကောင်းဆိုးဝါးများနှင့် ရောနှောဆဲဖြစ်ပြီး ၎င်းတို့အပေါ် အသိတရားနှင့် ချစ်ခြင်းမေတ္တာ ထားရှိနေနိုင်ဆဲ ဖြစ်သည်၊ သို့သော် ဤကိစ္စတွင် သင်သည် စာတန်အပေါ် ကောင်းသော ရည်ရွယ်ချက်များကို လက်ကမ်း ပေးနေခြင်း မဟုတ်လော။ သင်သည် မကောင်းဆိုးဝါးများနှင့် ပေါင်းဖော်နေခြင်း မဟုတ်လော။ အကယ်၍ ဤနေ့ရက်များတွင် လူတို့သည် အကောင်းနှင့်အဆိုးကို ခွဲခြားနိုင်ခြင်း မရှိသေးသကဲ့သို့၊ ဘုရားသခင်၏အလိုကို ရှာဖွေရန် မည်သည့်ရည်ရွယ်ချက်မျှ မရှိဘဲ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မိမိတို့ကိုယ်ပိုင်အဖြစ် မည်သည့်နည်းနှင့်မျှ လက်သင့်ခံနိုင်ခြင်း မရှိဘဲ၊ ဆက်လက်၍ ကျိုးကြောင်းမမြင်ဘဲ ချစ်တတ်ပြီး သနားကရုဏာစိတ်ရှိနေပါက၊ ၎င်းတို့၏ အဆုံးသတ်များသည် ပို၍ပင် စုတ်ချာလိမ့်မည်။ လူ့ဇာတိ၌ ရှိသော ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် ဘုရားသခင်၏ ရန်သူ ဖြစ်သည်။ သင်သည် ရန်သူအပေါ် အသိစိတ်နှင့် ချစ်ခြင်းမေတ္တာ ထားရှိနိုင်ပါက၊ သင်၌ ဖြောင့်မတ်ခြင်းသဘော ကင်းမဲ့သည် မဟုတ်လော။ ငါ စက်ဆုပ်ရွံရှာပြီး ငါ သဘောမတွေ့သော သူတို့နှင့် သင်သည် သဟဇာတ ဖြစ်ပြီး၊ ၎င်းတို့အပေါ် ချစ်ခြင်းမေတ္တာ သို့မဟုတ် ပုဂ္ဂိုလ်ရေး ခံစားချက်များ ထားရှိနေသေးပါက၊ သင်သည် မနာခံသောသူဖြစ်သည် မဟုတ်လော။ သင်သည် တမင်တကာ ဘုရားသခင်ကို ဆန့်ကျင်နေခြင်း မဟုတ်လော။ ထိုသို့သော လူတစ်ဦးသည် သမ္မာတရားကို ပိုင်ဆိုင်သလော။ လူတို့သည် ရန်သူများအပေါ် အသိစိတ်၊ မကောင်းဆိုးဝါးများအတွက် ချစ်ခြင်းမေတ္တာနှင့် စာတန်အတွက် သနားကရုဏာ ထားရှိပါက၊ ၎င်းတို့သည် ဘုရားသခင်၏အမှုကို တမင်တကာ နှောင့်ယှက်နေကြသည် မဟုတ်လော။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏) ဒီဘုရားနှုတ်ကပတ်တော်ကျမ်းပိုဒ်ကို ဖတ်မိတော့မှ ကျွန်မလည်း တော်တော် အပြစ်ရှိသလို ခံစားမိတယ်။ လိကျီက ပြဿနာသမားပဲ၊ ဘယ်တော့မှ နောင်တရမှာမဟုတ်တဲ့ အရှုပ်အထုပ်ပဲ၊ အနှစ်သာရအရ သမ္မာတရားကို မုန်းတီးတဲ့ မကောင်းမှုပြုတဲ့သူပဲဆိုတာတွေကို ကျွန်မ ကောင်းကောင်း သိသွားတယ်။ ဒါပေမဲ့ သူ့ကို အသင်းတော်မှာ အမြဲတမ်း ဆက်ရှိစေချင်တော့၊ သူ့ကို ဂရုစိုက်မိနေတုန်းပဲ။ ကျွန်မက မကောင်းတဲ့လူတစ်ယောက်ကို အသင်းတော်ရဲ့အလုပ်မှာ ဒုက္ခပေးခွင့်ပြုနေမိတာပါ။ စာတန်ဘက်က ရပ်တည်ပြီး ဘုရားကို ဆန့်ကျင်နေခဲ့မိတာ။ “အရေးကြီးတော့ သွေးနီးသည်” တို့၊ “လူဆိုတာ သက်မဲ့မဟုတ်ဘူး၊ ခံစားချက်မရှိဘဲ နေနိုင်ပါ့မလား” တို့ဆိုတဲ့ စာတန်ရဲ့အတွေးအခေါ်တွေက ကျွန်မကို ဦးဆောင်လမ်းပြနေခဲ့တာပါ။ ကျွန်မက တခြားလူတွေနဲ့ ဆက်ဆံရေးကို အမြဲ တန်ဖိုးထားခဲ့တာ၊ အဲဒါကပဲ လူသားဆန်တဲ့နည်းလမ်း၊ လူကောင်းဖြစ်ဖို့ နည်းလမ်းဆိုပြီး ထင်နေခဲ့တာ။ အဲဒီလိုမှမဟုတ်ရင် အကြင်နာတရားမဲ့တယ်၊ တခြားလူတွေက ကိုယ့်ကို ပစ်ပယ်လိမ့်မယ်ဆိုပြီး ထင်ခဲ့မိတာ။ ကျွန်မက တကယ်ကို ရယ်စရာကောင်းခဲ့တာပဲ။ အဲဒီလောကီအတွေးအခေါ်တွေက မှန်သလို ထင်ရတယ်။ လူသားအယူအဆတွေနဲ့လည်း ကိုက်ညီတယ်။ ဒါပေမဲ့ အဲဒါတွေက သမ္မာတရားနဲ့ရော စည်းမျဉ်းစည်းကမ်းတွေနဲ့ပါ ဆန့်ကျင်နေတယ်။ ကျွန်မတို့က သံယောဇဉ်တွယ်လွန်းပြီး ကျန်တဲ့လူတိုင်းကို ချစ်ခင်နေတယ်ဆိုရင်၊ အဲဒါက စဉ်းစားဉာဏ်မရှိတဲ့ ချစ်ခင်ပုံချစ်ခင်နည်းပဲ။ လုံးဝ အထိန်းအကွပ်မရှိတာပဲ။ ဘုရားက ကျွန်မတို့ကို တခြားလူတွေနဲ့ပတ်သက်ပြီး ကိုယ်ကျင့်တရားကောင်းဖို့ ညီအစ်ကိုမောင်နှမတွေနဲ့ ချစ်ခင်ကြင်နာဖို့၊ ဘုရားနဲ့အတူ အသိတရား ရှိဖို့၊ မကောင်းမှုပြုသူတွေ၊ မယုံကြည်သူတွေ၊ စာတန်နဲ့ နတ်ဆိုးတွေကို ပစ်ပယ်ဖို့ တောင်းဆိုပါတယ်။ အဲဒီလိုလူမျိုးတွေကို သံယောဇဉ်တွယ်နေတယ်ဆိုတာ အသုံးမကျတာ၊ စဉ်းစားဉာဏ်မဲ့တာ မဟုတ်ဘူးလား။ အဲဒီလိုချစ်ခင်တာမျိုးက ချင့်ချိန်နိုင်စွမ်းရော စည်းကမ်းဆိုတာတွေရော မပါဘူး။ မိုက်မဲမှုကနေ ဖြစ်လာတာပါ။ အဲဒီအဖြစ်က ကျွန်မတို့ကို လမ်းလွဲစေရုံသက်သက်မဟုတ်ဘူး။ မကောင်းတဲ့သူတစ်ယောက်ကို လက်ခံတယ်ဆိုတာ ဘုရားအိမ်တော်ရဲ့အလုပ်ကို တကယ် ထိခိုက်စေနိုင်တာပါ။ ကျွန်မဆို မကောင်းတဲ့အတွေးအခေါ်တွေနဲ့ ရှင်သန်ခဲ့တယ်ဆိုတာ မြင်သွားတယ်။ တော်တော် မိုက်မဲပြီး၊ တော်တော် သိက္ခာမဲ့ခဲ့တာ။ လိကျီက သမ္မာတရားကို လက်ခံမှာမဟုတ်ဘူး၊ သူက အသင်းတော်ကို နှောင့်ယှက်နေတဲ့ မကောင်းတဲ့သူတစ်ယောက်ပဲ၊ ပြီးတော့ သူ့ကို ဖယ်ရှားဖို့လိုတယ်ဆိုတာတွေကို ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်ခံစားချက်တွေထဲ နစ်ပြီး၊ ချစ်ခင်တွယ်တာစိတ်တွေနဲ့ ချီတုံချတုံဖြစ်ခဲ့တယ်။ သူ့ကိုပဲ အကြိမ်ကြိမ် အလိုလိုက်ခဲ့မိတာ။ ကျွန်မအနေနဲ့ စိတ်ညစ်ခဲ့ရတယ်၊ ပင်ပန်းတယ်၊ အကန့်အသတ်ဖြစ်လွန်းတယ်။ ဒါပေမဲ့ ပိုပြီး အရေးကြီးတာက၊ ကိုယ် နားလည်ထားတဲ့ သမ္မာတရားတွေကို လက်တွေ့မလုပ်ဆောင်မိခဲ့ဘူး။ ကျွန်မက ဘုရားကို ဆန့်ကျင်နေခဲ့မိတာ။ ဘုရားရဲ့ကျေးဇူးတော်နဲ့ ကယ်တင်ခြင်းကို ခံစားနေပေမဲ့၊ သူ့ကို ဆန့်ကျင်ပြီး၊ စာတန်နဲ့ မကောင်းမှုလုပ်သူတစ်ယောက်ကို ကာကွယ်ပေးခဲ့မိတာပါ။ ကျွန်မမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ် မရှိခဲ့ဘူး။ နောက်ဆုံးမှာ ကျွန်မ ရှင်းသွားတာက၊ စိတ်ခံစားချက်နဲ့ လွှမ်းမိုးခံရတယ်ဆိုတာ ဘုရားနဲ့ သမ္မာတရားကို လျစ်လျူရှုတာပဲ။ ပြီးတော့ ဘုရားက ကျွန်မအတွက် လုပ်ဆောင်ချက်တွေအများကြီးကို နှစ်ပေါင်းများစွာ လုပ်ခဲ့တာတွေ၊ အဖိုးအခ ပေးခဲ့တာတွေကို စဉ်းစားမိတယ်။ ကျွန်မက သူ့ကို ဘာမှပြန်မပေးခဲ့ဘူး။ သူ့ကို ဆန့်ကျင်ပြီး စာတန်ဘက်ကတောင် ရပ်တည်နေခဲ့မိတာ။ ကျွန်မလည်း အဲဒီလိုတွေ စဉ်းစားမိတော့မှ၊ နောင်တနဲ့ အပြစ်စိတ်တွေ ရလို့မဆုံးဘူး။

အဲဒီနောက်ပိုင်း ဝတ်ပြုတာတွေ လုပ်ရင်းနဲ့ ဘုရားနှုတ်ကပတ်တော်တွေထဲက စာပိုဒ်တစ်ခုကို ဖတ်မိပြန်ရော။ ဘုရားသခင်က ပြောသည်- “လူတို့သည် အခြားသူများကို အဘယ်အခြေခံသဘောတရားဖြင့် ဆက်ဆံဖို့ ဘုရားနှုတ်ကပတ်တော်များက တောင်းဆိုထားသနည်း။ ဘုရားသခင် ချစ်သည့်အရာကို ချစ်ပြီး ဘုရားသခင် မုန်းသည့်အရာကို မုန်းလော့။ ဤသည်မှာ လိုက်နာစောင့်ထိန်းသင့်သည့် အခြေခံသဘောတရားဖြစ်သည်။ သမ္မာတရား လိုက်စားပြီး သူ၏အလိုတော်ကို နာခံနိုင်သည့်သူများကို ဘုရားသခင်ချစ်သည်။ ငါတို့ချစ်သင့်သည့် လူများလည်း ရှိသည်။ ဘုရားသခင်၏အလိုတော်ကို မနာခံနိုင်သည့်၊ ဘုရားသခင်ကို မုန်းတီးပြီး ဆန့်ကျင်ပုန်ကန်သည့်သူများ— ဤလူများကို ဘုရားသခင်က စက်ဆုပ်ရွံရှာသကဲ့သို့၊ ငါတို့သည်လည်း ၎င်းတို့ကို စက်ဆုပ်ရွံရှာသင့်သည်။ ဤသည်မှာ ဘုရားသခင်က လူသားကို တောင်းဆိုသည့်အရာဖြစ်သည်။...ကျေးဇူးတော်ခေတ်အတွင်း တစ်ချိန်က သခင်ယေရှု ပြောခဲ့သည်မှာ ‘ကိုယ်တော်က ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။...ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိ ဖြစ်သတည်းဟု မိန့်တော်မူ၏’ ထိုမြွက်ဟချက်သည် ယခင်ကျေးဇူးတော်ခေတ်အတွင်း၌ ရှိနှင့်ပြီးဖြစ်ကာ ယခုဆိုလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပို၍ပင် ဆီလျော်နေသည်။ ‘ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။’ ယင်းနှုတ်ကပတ်တော်များသည် တိုတိုနှင့်လိုရင်းကိုပြောခြင်း ဖြစ်သော်လည်း လူများသည် ၎င်း၏စစ်မှန်သော အဓိပ္ပါယ် အဓိပ္ပာယ်ကို နားလည်နိုင်စွမ်း မရှိတတ်ကြပေ။(နောက်ဆုံးသောကာလ ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်၏လွဲမှားသောအယူအဆကြောင့် ပေါ်ပေါက်သည့်အမြင်များကို သတိပြုခြင်းဖြင့်သာ သင့်ကိုယ်သင် သိနိုင်မည်”) အဲဒီစာပိုဒ်က လက်တွေ့လုပ်ဆောင်ရမဲ့ ဒီစည်းမျဉ်းကို ရှင်းသွားစေတယ်။ “ဘုရားသခင် ချစ်မြတ်နိုးရာများကို ချစ်မြတ်နိုးပြီး၊ ကိုယ်တော် ရွံမုန်းသောအရာများကို ရွံမုန်းလော့။” စစ်မှန်တဲ့ယုံကြည်ခြင်း ရှိတဲ့သူ၊ သမ္မာတရားကို အားထုတ်ပြီး ကိုယ့်တာဝန်မှာ မြှုပ်နှံထားသူတွေကသာ စစ်မှန်တဲ့ ညီအစ်ကိုမောင်နှမတွေပဲ။ သူတို့တွေက ကျွန်မတို့ချစ်ခြင်းမေတ္တာကို ထိုက်တန်သူတွေပါ။ သမ္မာတရားကို လက်ခံဖို့ ငြင်းပြီး၊ အသင်းတော်မှာ အမြဲတမ်း နှောင့်ယှက်နေသူတွေ၊ ဘုရားနဲ့ သမ္မာတရားကို မုန်းတီးသူတွေ အားလုံးကတော့ မကောင်းတဲ့လူတွေ၊ မယုံကြည်သူတွေ၊ စာတန်နဲ့ နတ်ဆိုးတွေပဲ။ သူတို့ကျတော့ ကျွန်မတို့ရဲ့မနှစ်သက်မှု၊ ပစ်ပယ်မှုနဲ့ပဲ ထိုက်တန်တယ်။ အဲဒါက ဘုရားရဲ့အလိုတော်နဲ့ စည်းမျဉ်းတွေနဲ့အညီ လူတွေကို ဆက်ဆံဖို့ တစ်ခုတည်းသောနည်းလမ်းပါပဲ။ အဲဒီနောက်ပိုင်း စည်းဝေးပွဲတစ်ခုမှာ၊ ကျွန်မလည်း မကောင်းတဲ့လူတစ်ယောက်ဆိုတာ ဘာလဲ၊ သူတို့ကို ဘယ်လိုခွဲခြားမလဲဆိုတာကို မိတ်သဟာယပေးလိုက်တယ်။ လိကျီရဲ့မကောင်းတဲ့ အပြုအမူတွေကိုလည်း ထုတ်ပြောပြတယ်။ လူတစ်ယောက်ကို အသင်းတော်ကနေ ဖယ်ရှားဖို့အတွက် စည်းမျဉ်းတွေကိုလည်း မိတ်သဟာယပေးလိုက်တယ်။ အားလုံးက သမ္မာတရားကို နားလည်သွားပြီလည်းဆိုရော၊ လိကျီရဲ့ မကောင်းမှုလုပ်တာတွေကို စပြီး ဖော်ထုတ်ကြရော။ နောက်ဆုံး သူလည်း ထုတ်ပယ်ခံလိုက်ရတယ်။

အဲဒီကိစ္စတွေ ပြီးသွားတော့ ကျွန်မလည်း ဘုရားကို တကယ် ကျေးဇူးတင်မဆုံးဖြစ်မိတယ်။ ဘုရား ထုတ်ဖော်ပြတာတွေနဲ့ သူ့နှုတ်ကပတ်တော်တွေရဲ့ တရားစီရင်မှုကြောင့်သာ မဟုတ်ခဲ့ရင်၊ ကျွန်မက အဲဒီမကောင်းတဲ့ အတွေးအခေါ်တွေနဲ့ ဆက်ပြီး ရှင်သန်နေမိမှာပဲ။ တခြားလူတွေကို အရမ်းကာရော သနားကရုဏာထားပြီး၊ အကောင်းအဆိုး၊ အမှန်အမှားကို မခွဲခြားနိုင်ဘဲဖြစ်နေမှာ။ ကိုယ့်ကိုယ်ကိုယ် မသိလိုက်ဘဲ၊ ဘုရားကို ဆန့်ကျင်မိပြီး စာတန်ဘက်ကနေ ရပ်တည်နေမိမှာ။ ဘုရားနှုတ်ကပတ်တော်တွေက ချစ်ခင်တွယ်တာစိတ် လွှမ်းမိုးမှုရဲ့အန္တရာယ်နဲ့ အကျိုးဆက်တွေကို ညွှန်ပြခဲ့တာပါ။ ချစ်ခင်တွယ်တာစိတ်ရဲ့အချုပ်အနှောင်တွေကနေ ကျွန်မကို လွတ်မြောက်စေခဲ့တာပါ။ ကျွန်မအနေနဲ့ သမ္မာတရားရဲ့စည်းမျဉ်းတွေနဲ့အညီ လူတွေကို ဆက်ဆံတတ်အောင်ပေါ့။ ဘုရားရဲ့ချစ်ခြင်းမေတ္တာနဲ့ ကယ်တင်ခြင်းကို သိပ်ပြီး ကျေးဇူးတင်မိပါတယ်။

နောက်တစ်ခုသို့- ဝေဖန်မှုမှ သင်ယူခြင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

သင်၏ အငြင်းအခုံသန်ခြင်း နောက်ကွယ်တွင် မည်သည့် စိတ်သဘောထားရှိသနည်း

ချမ်းမို တောင်ကိုရီးယားနိုင်ငံ ဘုရားကို နှစ်ချီယုံကြည်ပြီးတဲ့နောက်မှာ၊ သမ္မာတရားကို လက်ခံတဲ့လူတွေကို ဘုရားနှစ်သက်တာ မူအရသိခဲ့တယ်။...

မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

ကျန့်ရဲ့ တောင်ကိုးရီးယားနိုင်ငံယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာမီမှာ၊ ခေါင်းဆောင်များဖြစ်သည့် ညီအစ်ကိုမောင်နှမများက စည်းဝေးပွဲများကို...

မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ

ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...

ကျွန်မရဲ့ တာဝန်မှာ ဘာကြောင့် အမြဲ အလွန်အကျွံသတိထားနေရတာလဲ

ဟန်ရှီး တရုတ်နိုင်ငံ ၂၀၂၁၊ မတ်လမှာ ညီမက ဂရတ်ဖစ်ဒီဇိုင်နာအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်နေတာပါ။ ညီမက ညီမတာဝန်မှာ မာနထောင်လွှားပြီး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။