တာဝန်တစ်ခုသည် ကောင်းချီးရရန်အတွက် အပေးအယူလုပ်သည့်အရာမဟုတ်ပေ

21.07.2022

ရှောင်ချန် တရုတ်နိုင်ငံ

ကျွန်တော်က အမြဲတမ်း နေမကောင်းဖြစ်လွယ်တယ်။ အသက် ၁၁နှစ်မှာ ကျွန်တော် သွေးအားနည်းရောဂါရှိနေတယ်လို့ တွေ့ရတယ်။ ဒါကြောင့် ကျွန်တော့်ကိုယ်ခံအားစနစ်က အရမ်းအားနည်းတယ်။ ကိုယ်ခန္ဓာက အားနည်းပြီး ခြေလက်အင်္ဂါတွေက အားနည်းနေတယ်။ နည်းနည်းလောက်လမ်းလျှောက်ရင်တောင် မောနေတယ်။ ကျွန်တော့်အခြေအနေက ဆိုးလာတဲ့အချိန်မှာ အိပ်ရာထဲ လဲနေတော့တာပဲ။ ဆရာဝန်ကပြောတယ်။ ကျွန်တော့်အခြေအနေက ဆိုးလာတဲ့အခါမှာ ကိုယ်ခံအားမကောင်းတာကြောင့် ပိုးကူးနိုင်တယ်။ ဒါဆိုရင် အဖျားကြီးမယ်။ ပြီးတော့ ဒဏ်ရာရရင် သွေးမရပ်တာဖြစ်နိုင်တယ်။ ဒါဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတယ် တဲ့။ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ကျွန်တော့် အခြေအနေက တိုးတက်လာတယ်။ အသင်းတော်မှာလည်း ကျွန်တော် တာဝန်ထမ်းဆောင်တယ်။ နှစ်တွေအတော်ကြာသွားပြီးတော့ ကျွန်တော့်ရောဂါရဲ့ ဘာလက္ခဏာကိုမှ မခံစားရတော့ဘူး။ ဒါဟာ ဘုရားရဲ့ ကောင်းချီးဖြစ်တယ်ဆိုတာကို မြင်ခဲ့ပြီး ဘုရားကို အရမ်းကျေးဇူးတင်ခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားအိမ်တော်အတွက် ဗီဒီယိုထုတ်လုပ်ရေးအလုပ်ကို ကျွန်တော် စလုပ်တယ်။ ဒီရုပ်ရှင်၊ ဗီဒီယိုတွေက ဘုရားအလုပ်ကို သက်သေခံနေပုံကို စဉ်းစားမိတော့ ဒီအလုပ်လုပ်ရတာ အထူးသဖြင့် အဓိပ္ပာယ်ရှိတယ်လို့ ခံစားမိတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော် တွေးမိတယ်။ ဘုရားအတွက် အသုံးခံဖို့ အလုပ်ကြိုးစားပြီး ဘုရားကို သက်သေခံတဲ့ ဗီဒီယိုကောင်းတွေလုပ်ရင် ဒီအရေးပါတဲ့ ကောင်းမှုတွေမှာ ဝေစုရမှာပဲ ပေါ့။ ဒီတော့ ဘုရားရဲ့ ကွယ်ကာမှုနဲ့ ကောင်းချီးတွေကို ရရုံတင်မကဘူး။ သေချာပေါက် ဘုရားသခင် ကယ်တင်တာခံရပြီး ကပ်ဘေးကြီးမှာ အသက်ရှင်ကျန်ရစ်မယ်ပေါ့။ ဒါတွေကို တွေးမိတာကြောင့် ကျွန်တော့်ရဲ့ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုတွေ၊ စည်းမျဉ်းတွေမှာ ပိုပြီးတော့တောင် အလုပ်ကြိုးစားပြီး ဘုရားကို သက်သေခံတဲ့ အလုပ်တွေပိုထုတ်လုပ်ဖို့ ကြိုးပမ်းတယ်။ ပြီးသွားတဲ့ ဗီဒီယိုတစ်ခု ထွက်လာပြီး ကျွန်တော် ကူညီထုတ်လုပ်ပေးတဲ့ ဗီဒီယိုအပိုင်းတစ်ခုကိုမြင်တိုင်း ကျွန်တော့်စိတ်နှလုံးက ဝမ်းမြောက်မှုနဲ့ ပြည့်နေပြီး တာဝန်ထမ်းဆောင်ဖို့ ပိုပြီးတော့တောင် စိတ်ပါလာတယ်။ ပိုပြီးတော့တောင် ကောင်းတဲ့ရလဒ်တွေရဖို့ သတင်းအချက်အလက်တွေကို ကြိုရှာထားပြီး သက်ဆိုင်တဲ့ ကျွမ်းကျင်မှုတွေကို သင်တယ်။ ကိစ္စတွေကို ညီအစ်ကိုမောင်နှမတွေနဲ့ ဆွေးနွေးတယ်။ တစ်ခါတလေမှာ စကားပြောကြတာတွေက မနက်သုံးနာရီရောက်သွားတယ်။ ကျွန်တော်က အားနည်းနေတာဆိုတော့ အရမ်းနောက်ကျတဲ့အထိမအိပ်ဘဲနေတာက ကျွန်တော့်ကိုယ်ခန္ဓာအတွက် များလွန်းတယ်လေ။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ဒီနှစ်တွေတစ်လျှောက်မှာ ကျွန်တော့်ကိုယ်က ဘာပြဿနာမှမဖြစ်ခဲ့ဘူး။ ပြီးတော့ လေ့လာဖို့အတွက် နောက်ကျတဲ့အထိနေတာက တာဝန်ကို ပိုကောင်းအောင်ထမ်းဆောင်ဖို့ပဲလေ။ တာဝန်မှာလည်း အတော်လေး ထုတ်လုပ်အားကောင်းခဲ့တယ်။ ဒီတော့ ဘုရားကကျွန်တော့်ကို ကာကွယ်မယ်လို့ ကျွန်တော် သေချာနေတာပေါ့။ တာဝန်ထမ်းဆောင်ပြီး ပိုပြီး အောင်မြင်သရွေ့၊ ကူညီထောက်ပံ့နေသရွေ့ ကယ်တင်ခြင်းရဖို့ မျှော်လင့်ချက်ကြီးကြီးရှိနေခဲ့တယ်။ အခုပိုပြီး ဒုက္ခခံရရင်တောင် ထိုက်တန်ပါတယ်ပေါ့။

တစ်နေ့မှာ ကျွန်တော့်ကြီးကြပ်သူကပြောတယ်။ “အစ်ကို အစ်ကို့ကျန်းမာရေးအခြေအနေက သိပ်မကောင်းတာကို ကျွန်တော်တို့နားလည်ပါတယ်။ ကျွန်တော်တို့ အလုပ်ပမာဏက အခု များနေတယ်။ အစ်ကိုဆက်လုပ်နေရင် အစ်ကို့ရောဂါပြန်ထလာမှာကို စိတ်ပူတယ်။ ဆေးရုံကိုသွားပြီး ဆေးစစ်လိုက်ပါလား။ အားလုံး ပုံမှန်ပဲဆိုရင် ဒီမှာ အစ်ကို့တာဝန်ကို ဆက်လုပ်လို့ရပါတယ်။ အစ်ကို့ကျန်းမာရေးက သိပ်မကောင်းရင် အားပြန်ပြည့်လာဖို့ အိမ်ပြန်လို့ရပါတယ်။ ကုသမှုခံယူနေတုန်းမှာ အစ်ကိုတတ်နိုင်သလောက် လုပ်ပေါ့” တဲ့။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျွန်တော် မနာခံနိုင်ခဲ့ဘူး။ ကျွန်တော့်စိတ်နှလုံးကို ငြိမ်အောင်မထိန်းနိုင်ခဲ့ဘူး။ ကျွန်တော် စဉ်းစားတယ်။ “အခုက ငါတို့တာဝန်မှာ အရေးပါတဲ့အချိန်ပဲ။ ညီအစ်ကိုမောင်နှမတွေက ကောင်းမှုတွေ တိုးပွားလာဖို့ တာဝန်တွေကို တက်တက်ကြွကြွထမ်းဆောင်နေကြတာ။ ဒီအချိန်မှာ ငါ့ကိုယ်ခန္ဓာက တစ်ခုခုဖြစ်ရင် ဒီအရေးကြီးတဲ့တာဝန်မှာ ကောင်းမှုတွေတိုးပွားအောင် လုပ်နိုင်မှာမဟုတ်ဘူး။ အလုပ်ကောင်းတွေ၊ ရလဒ်ကောင်းတွေရမှာမဟုတ်ဘူး။ ဘုရားရဲ့အလုပ်က ပြီးသွားတဲ့အခါ ဘုရားကို ငါက ဘာပေးဆပ်ရမှာလဲ။ နောက်ဆုံးကျရင် ငါက ဘုရားစွန့်ပစ်တာခံရပြီး ကပ်ဘေးထဲ ကျမှာမဟုတ်ဘူးလား” ပေါ့။ အရင်သုံးလေးနှစ်မှာ အလုပ်တချို့ကို ကျွန်တော် ထုတ်လုပ်ခဲ့တယ်၊ ဒီတော့ နေမကောင်းလို့ အိမ်ပြန်ပြီး အားပြန်ဖြည့်နေပြီး ဒီတာဝန်ကို ဆက်မလုပ်နိုင်ရင် အရင်သုံးလေးနှစ်က ပေးဆပ်ခဲ့တဲ့ အဖိုးအခတွေကို အဆုံးခံရမှာမဟုတ်ဘူးလားလို့လည်း တွေးမိတယ်။ ကျွန်တော့်အလုပ်ဖော် အစ်ကိုတွေက ကျန်းမာရေးကောင်းပြီး ဒီလိုစိတ်ပူရတာမျိုးမရှိဘူး၊ တာဝန်ကို အေးအေးဆေးဆေး ထမ်းဆောင်နိုင်တယ်၊ ဒါပေမဲ့ ကျွန်တော်ကတော့ အရာရာကို ဆုံးရှုံးရတော့မယ်လို့လည်း မြင်ခဲ့တယ်။ ကျွန်တော် တွေးလေလေ အပျက်သဘောဆောင်လေလေပဲ။ ကျွန်တော့် အနာဂတ်က အားပျက်စရာပုံစံရှိနေပြီး ကျွန်တော့်တာဝန်မှာ စိတ်ဝင်စားမှုမရှိတော့ဘူး။ နောက်ပိုင်းမှာ ကျွန်တော် ဘုရားကို ဆုတောင်းခဲ့တယ်။ “ဘုရားသခင် ကျွန်တော်အရမ်းဝမ်းနည်းပြီး အပျက်သဘောဆောင်နေပါတယ်။ ညည်းညူမှုတွေ၊ အထင်လွဲမှုတွေ အများကြီးရှိနေပါတယ်။ ဒီအခြေအနေက ကိုယ့်ကိုယ်ကိုယ် လွတ်အောင်မလုပ်နိုင်ပါဘူး။ ကိုယ်တော့်အလိုတော်နဲ့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို နားလည်ဖို့၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို နာခံဖို့အတွက် ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပြတော်မူပါ။” ဆိုပြီးတော့။

အဲဒီနောက်တော့ ကျွန်တော် ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ “ယနေ့ခေတ်တွင်၊ လူအများစုသည် ဤအခြေအနေမျိုးတွင် ရှိကြ၏- ‘ကောင်းချီးမင်္ဂလာများကို ရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် မိမိကိုယ်ကိုယ် အသုံးတော်ခံရမည်ဖြစ်ပြီး သူ့အတွက် အဖိုးအခပေးရမည်။ ကောင်းချီးမင်္ဂလာများရရှိဖို့ရန်အလို့ငှာ၊ ဘုရားသခင်အတွက် ကျွန်ုပ် အရာရာ စွန့်လွှတ်ရမည်။ ကျွန်ုပ်ကို ပေးအပ်ထားသည့်အရာကို ကျွန်ုပ် ပြည့်စုံစေရမည်ဖြစ်ပြီး၊ ကျွန်ုပ်၏ တာဝန်ကို ကောင်းစွာ ဆောင်ရွက်ရမည်။’ ဤအရာကို ကောင်းချီးမင်္ဂလာများ ရရှိဖို့ ရည်ရွယ်ချက်က စိုးမိုးထားလေသည်။ ယင်းမှာ ဘုရားသခင်ထံမှ ဆုလာဘ်များ ရရှိခြင်းနှင့် သရဖူရရှိခြင်းနှင့်ဆိုင်သော ရည်ရွယ်ချက်အတွက် မိမိကိုယ်ကိုယ် လုံးလုံးလျားလျား အသုံးခံခြင်းနှင့်ဆိုင်သော သာဓကတစ်ခု ဖြစ်သည်။ ထိုသို့သော လူတို့သည် မိမိတို့၏ စိတ်နှလုံးများထဲတွင် သမ္မာတရားမရှိကြသကဲ့သို့၊ ၎င်းတို့၏ သိနားလည်မှုမှာ ၎င်းတို့ သွားသည့် နေရာတကာတွင် ၎င်းတို့ ကြွားဝါကြသည့် အယူဝါဒနှင့်ဆိုင်သော စကားလုံးအနည်းငယ်သာ ဧကန်မုချ ပါရှိလေသည်။ ၎င်းတို့၏ လမ်းကြောင်းသည် ပေါလု၏ လမ်းကြောင်းဖြစ်သည်။ ထိုသို့သောလူတို့၏ ယုံကြည်ခြင်းသည် အတောမသတ်သော အားသွန်ခွန်စိုက် အလုပ် ဆောင်ရွက်ချက် တစ်ခုဖြစ်ပြီး စိတ်ထဲတွင် ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်အပေါ် ၎င်းတို့သစ္စာရှိခြင်းကို ထိုအရာက ပိုမိုသက်သေပြလေဟု ခံစားကြသည်။ ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်က သေချာပေါက် ပိုမိုစိတ်ကျေနပ်မှုရှိလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ၎င်းတို့ ပိုမိုလုပ်ဆောင်လေ၊ ဘုရားသခင်၏ ရှေ့မှောက်တွင် သရဖူပေးခံရဖို့ ၎င်းတို့ ပိုမိုထိုက်တန်လေ ဖြစ်လိမ့်မည်ဖြစ်ကာ၊ သာ၍ ကြီးမားသော ကောင်းချီးမင်္ဂလာများကို ၎င်းတို့ ရရှိကြလိမ့်မည်ဟု ခံစားကြလေသည်။ ခရစ်တော်အတွက် ၎င်းတို့ ဆင်းရဲဒုက္ခခံနိုင်လျှင်၊ တရားဟောနိုင်ပြီး အသေခံနိုင်လျှင်၊ ၎င်းတို့၏ ကိုယ်ပိုင်ဘဝများကို ၎င်းတို့ စတေးခံနိုင်လျှင်၊ ၎င်းတို့ကို ဘုရားသခင် ပေးအပ်ထားသည့် တာဝန်များအားလုံးကို ပြည့်စုံစေနိုင်လျှင်၊ ၎င်းတို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများ ရရှိသူများဖြစ်ပြီး သရဖူများ အပေးခံရဖို့ သေချာလိမ့်မည်ဟု ၎င်းတို့ တွေးကြလေသည်။ ဤသည်မှာ ပေါလု စိတ်ကူးခဲ့သည့် အရာနှင့် သူ ကြိုးစားခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ ယင်းမှာ သူ လျှောက်လှမ်းခဲ့သည့် တိကျသော လမ်းကြောင်း ဖြစ်ပြီး၊ ပေါလုက ဘုရားသခင်ကို အစေခံရန် အလုပ်လုပ်ခဲ့သည်မှာ ထိုသို့သော အတွေးများ၏ လမ်းညွှန်မှုအောက်တွင် ဖြစ်သည်။ ထို အတွေးများနှင့် ရည်ရွယ်ချက်များက ဆိုးယုတ်သော သဘာဝမှ ပေါ်ပေါက်ပေသည် မဟုတ်လော။ ယင်းမှာ ကမ္ဘာမြေပေါ်တွင်ရှိစဉ် အသိပညာကို လိုက်စားရမည်ဖြစ်ပြီး၊ ယင်းကို ရရှိပြီးသည့်နောက်တွင်သာ လူအုပ်မှ ၎င်းတို့ ထင်ပေါ်နိုင်သည်၊ အရာရှိများ ဖြစ်လာနိုင်ပြီး အဆင့်အတန်းရှိနိုင်သည်ဟု ယုံကြည်ကြသည့် လောကီလူသားများကဲ့သို့သာ ဖြစ်ပေသည်။ အဆင့်အတန်း ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ ရည်မှန်းချက်များကို ၎င်းတို့ ပြည့်မြောက်စေနိုင်ပြီး ၎င်းတို့၏ အိမ်များနှင့် စီးပွားရေးလုပ်ငန်းများကို ကြီးပွားသော အဆင့်တစ်ခုသို့ မီအောင် လုပ်ဆောင်နိုင်သည်ဟု ၎င်းတို့ ထင်ကြသည်။ မယုံကြည်သူများအားလုံးသည် ဤလမ်းကြောင်းကို လျှောက်လှမ်းကြသည် မဟုတ်လော။ ဤစာတန်ဆန်သော သဘာဝ၏ ကြီးစိုးခြင်းခံရသူများသည် ၎င်းတို့၏ ယုံကြည်ခြင်းတွင် ပေါလုကဲ့သို့သာ ဖြစ်နိုင်သည်- ၎င်းတို့က တွေးကြသည်။ ‘ဘုရားသခင်အတွက် မိမိကိုယ်ကိုယ် အသုံးတော်ခံဖို့ အရာရာကို ငါ စွန့်ပစ်ရမည်။ သူ၏ ရှေ့မှောက်တွင် ငါ သစ္စာရှိရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ကြီးမြတ်သော ဆုလာဘ်များနှင့် ကြီးမြတ်သော သရဖူများကို ရရှိလိမ့်မည်။’ ဤသည်မှာ လောကီအရာများကို လိုက်စားကြသည့် လောကီလူတို့၏ သဘောထားအတိုင်း ဖြစ်ပေသည်။ ၎င်းတို့သည် လုံးဝ ကွဲပြားခြင်းမရှိသကဲ့သို့ တူညီသည့် သဘာဝကို ခံစားရသည်။ လူတို့သည် ဤဆိုးယုတ်သော သဘာဝမျိုး ရှိကြသည့်အခါ၊ အပြင်လောကထဲတွင်၊ ၎င်းတို့သည် အသိပညာ၊ ပညာ၊ ဂုဏ်အဆင့်အတန်းတို့ကို ရရှိရန်နှင့် လူအုပ်မှ ထင်ပေါ်ဖို့ ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လျှင်၊ ကြီးမားသော သရဖူများ နှင့် ကြီးမားသော ကောင်းချီးမင်္ဂလာများကို ရရှိဖို့ ၎င်းတို့ ကြိုးစားကြလိမ့်မည်။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သည့်အခါတွင် သမ္မာတရားကို မလိုက်စားကြလျှင်၊ ဤလမ်းကြောင်းကို ၎င်းတို့ လျှောက်ဖို့ သေချာသည်။ ဤသည်မှာ မပြောင်းလဲသော အမှန်တရား၊ ယင်းသည် သဘာဝ ဥပဒေသတစ်ခုဖြစ်သည်။ သမ္မာတရားကို မလိုက်စားသည့်လူများ လျှောက်သည့်လမ်းကြောင်းသည် ပေတရု၏ လမ်းကြောင်းကို လုံးလုံး ဆန့်ကျင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်အခြေအနေကို အတိအကျ ဖွင့်ပြတယ်။ အရည်အသွေးမီတဲ့ ဗီဒီယိုတွေလုပ်ဖို့ ဆင်းရဲဒုက္ခခံပြီး အဖိုးအခပေးဆပ်ဖို့ ကျွန်တော် စဉ်းစားခဲ့တယ်။ ဒီနည်းနဲ့ ကျွန်တော်က နိုင်ငံတော်ဧဝံဂေလိကို ဖြန့်ဝေတဲ့အလုပ်ကို ဝင်ပြီးကူညီထောက်ပံ့နိုင်ဖို့၊ ဘုရားသခင်က ချီးမွမ်းပြီး ကောင်းချီးပေးတာကို သေချာပေါက်ခံရဖို့၊ အဆုံးကျရင် ဘုရားသခင်က ဆုချီးမြှင့်တာခံရပြီး ကယ်တင်ခံရဖို့အတွက်ပေါ့။ ဒီပန်းတိုင်ကို ရဖို့အတွက် ကျွန်တော်ဘယ်လောက်ဒုက္ခခံရတယ်ဆိုတာကို မညည်းညူဘဲ တစ်ညလုံး မအိပ်ဘဲနေခဲ့တယ်။ ဒါပေမဲ့ ကျန်းမာရေးအကြောင်းပြချက်တွေကြောင့် အလုပ်ကို ဆက်လုပ်နိုင်ခြေမရှိတဲ့အခါမှာ ကောင်းချီးရဖို့ ကျွန်တော့်ဆန္ဒက ကွဲကြေသွားတာကို မြင်ခဲ့တယ်။ ဒါကြောင့် တာဝန်ထမ်းဆောင်ဖို့ ကျွန်တော့် စိတ်ဆန္ဒက ပျောက်သွားပြီး ဘာကိုမှ အသုံးမခံချင်တော့ဘူး။ ကျွန်တော်က ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှာ အမြဲတမ်း အပေးအယူလုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို မြင်ခဲ့တယ်။ ဘုရားသခင်ဆီက ကျေးဇူးတော်နဲ့ ကောင်းချီးတွေကို တောင်းဖို့နည်းလမ်းတစ်ခုအဖြစ် အရေးကြီးတဲ့နေရာတွေမှာ အသုံးခံရတာ၊ အလုပ်တွေကို ထုတ်လုပ်ပေးတာတွေကို အားထုတ်လိုက်စားခဲ့တယ်။ ကျွန်တော်က ဒုက္ခခံပြီး အသုံးခံဖို့ လိုလားတယ်လို့ အမြဲတမ်းပြောတယ်။ ဒါပေမဲ့ ဒါက ကောင်းချီးတွေရဖို့ ရည်ရွယ်ချက်အတွက်ပဲလေ။ ကျွန်တော်က ဘုရားကို လှည့်စားပြီး အသုံးပြုနေတာပါ။ ကျွန်တော့် ရည်ရွယ်ချက်တွေက စက်ဆုပ်စရာကောင်းတယ်။ ဒါကို တွေးရင်းနဲ့ ကျွန်တော် ဒီပတ်ဝန်းကျင်ကို ခုခံလို့မဖြစ်တော့ဘူးဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်တော် နာခံရမယ်။ သမ္မာတရားကို ရှာဖွေရမယ်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှာ မသန့်စင်တာတွေ၊ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဖြေရှင်းရမယ်။

အဲဒီနောက်မှာ ကျွန်တော် ဆေးစစ်ဖို့ ဆေးရုံသွားလိုက်တယ်။ သာမန်လူတွေထက် နိမ့်တဲ့ သွေးညွှန်ပြမှု အမျိုးမျိုးရှိတယ်။ ကျွန်တော့် သွေးကလာပ်စည်းအရေအတွက်က ပုံမှန်ထက် တော်တော်ပိုနိမ့်နေတယ်။ ကျွန်တော်က မှန်မှန်ကန်ကန် ဂရုမစိုက်ရင် သွေးထွက်လွန်တာကို အလွယ်တကူ ခံရနိုင်တယ်လို့ ဆရာဝန်ကပြောတယ်။ ကျွန်တော့် ကြီးကြပ်သူတွေ၊ ညီအစ်ကိုမောင်နှမတွေက ကျွန်တော်ခဏလောက် အိမ်ပြန်ပြီး သက်သာပြီးမှ တာဝန်ဆက်လုပ်ဖို့ အကြံပေးတယ်။ အဲဒီနောက်တော့ ဆေးကုသမှုပြီးအောင်လို့ အိမ်ပြန်ပြီး တစ်ခါတစ်ခါမှာ ဆေးသွားစစ်တယ်။ သုံးလေးလကြာသွားပေမဲ့ ကျန်းမာရေးက မတိုးတက်လာဘူး။ အဲဒါနဲ့ ကျွန်တော် နည်းနည်းစိတ်ပူလာပြီး တရုတ်တိုင်းရင်းဆေးဆရာဝန်ဆီ ဆေးသွားယူဖို့ သွားလိုက်တယ်။ ဆရာဝန်ကြီးကပြောတယ်။ “မင်းက တဖြည်းဖြည်းပဲ သက်သာလာမှာ။ မင်းအခြေအနေက ဆိုးတယ်။ သက်သာဖို့က တော်တော်ကြာမယ်” တဲ့။ ဆရာဝန်ပြောတာကိုကြားပြီး ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ အိမ်ပြန်ပြီး အားဖြည့်ပြီးတဲ့နောက်မှာ အခြေအနေတိုးတက်လာတာနဲ့ ဗီဒီယိုအလုပ်ပြန်လုပ်နိုင်တယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တစ်နှစ်နီးပါးကုနေရတယ်။ ဘာလို့ကောင်းမလာသေးတာလဲ ပေါ့။ အဲဒီနှစ်မှာ ဘုရားအိမ်တော်က ရုပ်ရှင်တွေ၊ ဗီဒီယိုတွေအများကြီးထုတ်တယ်။ ဒါပေမဲ့ ကျန်းမာရေးအကြောင်းပြချက်တွေကြောင့် ဒီဗီဒီယိုထုတ်လုပ်ရေးတွေမှာ ဝင်မပါနိုင်ခဲ့ဘူး။ နောင်ကျရင် ဒီတာဝန်ကို ထမ်းဆောင်နိုင်တော့မှာကို ကြောက်မိတာပေါ့။ ကောင်းမှု လုံလုံလောက်လောက်မရှိဘဲနဲ့ ဘုရားအလုပ်ပြီးသွားတဲ့အခါမှာ ကယ်တင်ခံရနိုင်ပါဦးမလားပေါ့။ တွေးလေလေ၊ အပျက်သဘောဆောင်လေလေပဲ။ အိမ်အပြန်လမ်းမှာ လေထဲမှာ လွင့်နေတဲ့ သစ်ရွက်တွေကို မြင်ပြီး ဒီသစ်ရွက်ကြွေတွေလိုပဲ ကျွန်တော့်အတွက် မျှော်လင့်ချက်မရှိတော့သလို ခံစားမိခဲ့တယ်။ အရမ်းကို အကူအညီမဲ့ပြီး ဝမ်းနည်းအားငယ်နေမိတယ်။ မညည်းဘဲ မနေနိုင်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ကျန်းမာနေတဲ့အချိန်မှာ ငါ ဘာကြောင့်ဒီရောဂါကိုရတာလဲပေါ့။ ငါက တာဝန်မှာ ဖြစ်သလိုလုပ်ပြီး အနှောင့်အယှက်၊ အဖျက်အဆီးတွေ ဖြစ်စေခဲ့ရင် ထိရောက်မှုမရှိဖြစ်ပြီး ဒါတွေကြောင့် တာဝန်မထမ်းဆောင်နိုင်ရင် နောင်တရ၊ ပြောင်းလဲပြီး အခြေအနေကိုပြောင်းပစ်နိုင်တယ်။ ဒါပေမဲ့ ကျန်းမာရေးမကောင်းတာက မွေးရာပါ အခြေအနေပဲ။ အလုပ်ကြိုးစားပြီး ပြောင်းလဲနိုင်တာမျိုးမဟုတ်ဘူးပေါ့။ ဒီလိုတွေးမိတော့ ဘုရားက ကျွန်တော့်ကို စွန့်ပစ်ခဲ့သလိုမျိုး ခံစားမိတယ်။ ဒါကြောင့် ကျွန်တော် အထူးစိတ်ထိခိုက်ပြီး စိတ်ဆင်းရဲမိတယ်။ ကျွန်တော် အိမ်ပြန်ရောက်တော့ ကျွန်တော်က လေ့လျော့နေတဲ့ ဘောလုံးလိုပဲ ဘာကမှ ကျွန်တော့်စိတ်ဓာတ်ကို မြှင့်တင်မပေးနိုင်ဘူး။ ကျွန်တော် တွေးတယ်။ “ငါ့ရောဂါက ဒီလိုမျိုးပဲ။ ဘာကမှ ဒါကို မပြောင်းလဲပေးနိုင်ဘူး။ အရေးကြီးအလုပ်မှာ ငါဝင်မပါနိုင်ရင် ကယ်တင်ခံရဖို့ ဘာမျှော်လင့်ချက်ရှိလဲ” ပေါ့။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လုံးဝ လွှတ်ချလိုက်တယ်။ နေ့တိုင်းပဲ လောကီရုပ်ရှင်တွေ၊ တီဗီတွေကြည့်ရင်း၊ လူတွေနဲ့ အွန်လိုင်းမှာ စကားပြောရင်းနဲ့ အချိန်ကုန်တယ်။ ဘုရားနဲ့ ကျွန်တော့်ဆက်ဆံရေးက ဝေးကွာလာတယ်။ ကျွန်တော့် ဝိညာဉ်က ပိုမှောင်မိုက်ပြီး အနှစ်မဲ့လာတယ်။ တစ်နေ့တော့ ကျွန်တော် ရုတ်တရက် နားလည်သဘောပေါက်သွားတယ်။ “ငါ့အခြေအနေက မယုံကြည်သူတစ်ယောက်နဲ့ မတူဘူးလား။ ဒါက ဘုရားကို ယုံကြည်သူနဲ့ ဘယ်လိုတူမှာလဲ။ ငါက မယုံကြည်သူတစ်ယောက် သက်သက်ဖြစ်နေတာပဲ။ ငါက ဆက်ပြီး အရမ်း ယိုယွင်းသွားနေရင် ပိုပိုပြီးတော့ပဲ အကျင့်စာရိတ္တပျက်လာမယ်။ နောက်ဆုံးကျရင် ဘုရားက ငါ့ကို စွန့်ပစ်မှာပဲ” ပေါ့။ စိတ်ထဲမှာ ဒီလိုတွေးမိပြီး နည်းနည်းကြောက်လာတယ်။ ကျွန်တော် ဒီလိုဆက်သွားလို့မဖြစ်တော့ဘူးဆိုတာ သိလိုက်တယ်။ ကျွန်တော့် ပြဿနာတွေကို ဖြေရှင်းဖို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သမ္မာတရားကို ရှာဖွေရမယ်ပေါ့။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်တယ်။ “လူများသည် သမ္မာတရားကို လက်မခံသည့်အချိန်ထက် ပို၍ ပုန်ကန်တတ်ခြင်း မရှိပေ။ ပြီးလျှင် ၎င်းတို့အတွက် မည်သည့်အရာမျှ ပို၍ အန္တရာယ်မရှိပေ။ ဤလူများသည် သမ္မာတရားကို ထာဝရ လက်ခံနိုင်စွမ်းမရှိလျှင်၊ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်— ပြီးလျှင် ထိုသို့သော လူများ၏ ကောင်းချီးမင်္ဂလာခံစားရဖို့ မျှော်လင့်ချက်များ ပြိုကွဲသွားသည်နှင့်၊ ၎င်းတို့သည် ဘုရားသခင်ထံမှ သွေဖည်သွားကြလိမ့်မည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (၎င်းတို့ လိုက်စားသည့်အရာသည် ကောင်းချီးခံစားရခြင်းနှင့် ဘုရားသခင်၏ ကျေးဇူးတော်များကို ပျော်မွေ့ခံစားခြင်းတို့ ဖြစ်သည်။) ၎င်းတို့က ဘုရားသခင်ကို ယုံကြည်သော်လည်း၊ သမ္မာတရားကို မလိုက်စားပေ။ ၎င်းတို့အဖို့ ကယ်တင်ခြင်းသည် အဆင်တန်ဆာတစ်ခုသာ ဖြစ်သည်၊ ယင်းက ကြားကောင်းသည့်စကားများမှလွဲ၍ မည်သည့်အရာမျှ မဟုတ်ပါ။ ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့ လိုက်စားသည့်အရာသည် ဆုလာဘ်ပေးခြင်းခံရဖို့၊ သရဖူပေးခံရခြင်း၊ အကျိုးအမြတ်များ လက်ခံရရှိခြင်းတို့ ဖြစ်သည်။ ၎င်းတို့သည် ဤအသက်တာ၌ အဆတစ်ရာ ရရှိဖို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက် ရရှိဖို့ကိုလည်းကောင်း ဆန္ဒရှိကြသည်။ ပြီးလျှင် ၎င်းတို့က ဤအရာများကို မရရှိလျှင်၊ မယုံကြည်တော့ပါ၊ ၎င်းတို့၏ သ‌ဘောသဘာဝအမှန်က မြင်သာပြီး ဘုရားသခင်ထံမှ သွေဖည်သွားကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ၎င်းတို့ ယုံကြည်သည့်အရာသည် ဘုရားသခင်၏ အမှုတော် မဟုတ်သကဲ့သို့၊ ဘုရားသခင် ဖော်ပြသည့် သမ္မာတရားများလည်း မဟုတ်ချေ။ ၎င်းတို့ လိုက်စားသည့်အရာသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ဖို့ မဆိုထားနှင့်၊ ကယ်တင်ခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့သည် ပေါလုနှင့် မကွဲပြားကြပေ။ ၎င်းတို့က ကြီးမားသော ကောင်းချီးမင်္ဂလာများအတွက်၊ ကြီးမားသော အာဏာကို ကိုင်စွဲဖို့၊ ကြီးမားသော သရဖူကို ဆောင်းဖို့၊ ဘုရားသခင်နှင့် တန်းတူ အဆင့်အတန်းတစ်ခုရှိဖို့တို့ကို ဆန္ဒရှိကြသည်— ဤအရာတို့က ၎င်းတို့၏ ရည်မှန်းချက်များနှင့် အလိုဆန္ဒများဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ အိမ်တော်မှ အကျိုးအမြတ်အချို့၊ သို့မဟုတ် အကျိုးကျေးဇူးအချို့ကို ရနိုင်သည့်အချိန်တိုင်း၊ ယင်းတို့ကို လျှပ်စားဖြတ်စားလုပ်သည်။ ပြီးလျှင် ၎င်းတို့သည် ‘ဝါရင့်ခြင်း’ အကြောင်း စတင်ပြောဆိုကြသည်။ ၎င်းတို့ မိမိတို့ဘာသာ တွေးနေသည့်အရာမှာ ‘ကျွန်ုပ် ဤအရာကို လုပ်ပိုင်ခွင့်ရှိသည်၊ ကျွန်ုပ်၏ ဝေစုကို ကျွန်ုပ် ရသင့်သည်၊ ဤအရာအတွက် ကျွန်ုပ် တိုက်ခိုက်ရမည်’ ဟူ၍ ဖြစ်သည်။ ဤအရာကို တွေးခြင်းက ၎င်းတို့၏စိတ်နှလုံးကို စိတ်သက်သာရာရစေသည်။ ၎င်းတို့က ဘုရားအိမ်တော်၏ အထက်တန်းအလွှာတွင် မိမိတို့ကိုယ်ကိုယ် ထားရှိသောကြောင့် ထိုသို့သောအကျိုးအမြတ်များသည် ၎င်းတို့ ရထိုက်သည့်အရာများဖြစ်သည်ဟု ယုံကြည်ကြသည်။...၎င်းတို့၏ စိတ်နှလုံးများသည် ၎င်းတို့ လိုက်စားသည့် ဤအရာများ၏ သိမ်းယူခြင်းကို ခံထားရနှင့်ပြီးဖြစ်သည်မှာ သိသာထင်ရှားပေသည်။ ပြီးလျှင် သာမန်အားဖြင့် ၎င်းတို့ လိုက်စားသည့် အရာသည် သမ္မာတရားနှင့် လုံးဝ ကိုက်ညီခြင်းမရှိသည်မှာလည်း သိသာထင်ရှားပေသည်။ ၎င်းတို့သည် အလုပ်မည်မျှကို လုပ်ဆောင်ပါစေ၊ ၎င်းတို့၏ ရည်မှန်းချက်များနှင့် ကြံရွယ်ချက်များသည် ပေါလု၏ ရည်မှန်းချက်များနှင့် ကြံရွယ်ချက်များကဲ့သို့ပင် ဖြစ်လေသည်။ ၎င်းတို့သည် သရဖူကို ရရှိလိုကြသည်၊ ပြီးလျှင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ကြံရွယ်ချက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမည်ဖြစ်ပြီး ယင်းတို့ကို မည်သည့်အခါမျှ စွန့်လွှတ်မည် မဟုတ်ချေ။ ၎င်းတို့အား သမ္မာတရားကို မည်သို့ မိတ်သဟာယပြုပေးပါစေ၊ ၎င်းတို့ မည်သို့ ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ခံရပါစေ၊ ၎င်းတို့ကို မည်သို့ ဖော်ထုတ်ပြီး စိတ်ဖြာလေ့လာဆွေးနွေးပါစေ၊ ကောင်းချီးခံစားရဖို့ ဖြစ်သည့် ၎င်းတို့၏ကြံရွယ်ချက်များကို စွန့်လွှတ်ဖို့ ခေါင်းမာစွာ ငြင်းဆန်လိမ့်မည် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်၏ လက်ခံခြင်းကို ၎င်းတို့ မရရှိသည့်အခါ၊ ကောင်းချီးမင်္ဂလာခံစားရဖို့ဖြစ်သည့် ၎င်းတို့၏ မျှော်လင့်ချက်များ ပြိုကွဲသွားသည်ကို မြင်ရသည့်အခါ၊ ၎င်းတို့သည် အပျက်သဘောဆောင်လာကြပြီး ဒုံရင်းပြန်ဆိုက်ကြသည်၊ မိမိတို့၏တာဝန်ကို စွန့်လွှတ်ပြီး ထွက်ပြေးကြသည်။ ၎င်းတို့သည် နိုင်ငံတော်၏ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း၌ မိမိတို့၏တာဝန်ကို အမှန်တကယ် မထမ်းဆောင်ကြသကဲ့သို့၊ အစေခံမှုကောင်းလည်း မပေးကြပေ။ ယင်းက ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းမရှိကြောင်း၊ စစ်မှန်သော နာခံမှု မရှိကြောင်း၊ စစ်မှန်သော အတွေ့အကြုံများ၊ သို့မဟုတ် သက်သေခံချက် ကင်းမဲ့ကြောင်း၊ သိုးရေခြုံထားသည့် ဝံပုလွေမျှသာ ဖြစ်ကြောင်း လုံးလုံး ထင်ရှားစေသည်။ နောက်ဆုံးတွင် ချွတ်မရသော မယုံကြည်သူသည် ဤနည်းအတိုင်း လုံးလုံး ဖွင့်ချပြီး စွန့်ပစ်ခြင်းကို ခံရသည်။ ဘုရားသခင်၌ ၎င်းတို့၏ ယုံကြည်ခြင်းသည် နောက်ဆုံးတွင် အဆုံးသတ်သို့ ရောက်လာခဲ့သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် မိမိတို့ကိုယ်တိုင် ထင်ရှားကျော်ကြားမှု ရစေဖို့နှင့် ၎င်းတို့ကိုယ်တိုင်၏ အကျိုးစီးပွားများနှင့် ရည်မှန်းချက်များကို ပြည့်ဝစေဖို့သာ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင့်အိမ်တော်၏အကျိုးစီးပွားများကို မည်သည့်အခါမျှ အရေးမထားသကဲ့သို့၊ ပုဂ္ဂိုလ်ရေးရာ ထင်ပေါ်ကျော်ကြားမှုအတွက် အပြန်အလှန်အားဖြင့် ထိုအကျိုးစီးပွားများကိုပင် ပစ်ပယ်သည် (အပိုင်း ၅)”) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်အထဲက စက်ဆုပ်ဖွယ်ရည်ရွယ်ချက်တွေကို လုံးဝ ဖွင့်ပြခဲ့တယ်။ အိမ်ပြန်ပြီး အားပြန်ဖြည့်ဖို့ သဘောတူခဲ့ပေမဲ့ ကျွန်တော့်စိတ်နှလုံးထဲမှာ အမြန်သက်သာလာပြီး ဗီဒီယိုတွေဆက်လုပ်ဖို့ မျှော်လင့်နေတုန်းပဲ။ ထပ်ခါထပ်ခါ ကုသပြီးတဲ့နောက် လိုချင်တဲ့ ရလဒ်တွေမရတဲ့အခါမှာ အရေးကြီးတဲ့တာဝန်တစ်ခုကို ဖြည့်ဆည်းဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ခံစားမိခဲ့တယ်။ ကောင်းချီးရဖို့ ကျွန်တော့်ဆန္ဒကပျက်စီးသွားပြီး ဘုရားသခင်ကို ယုံကြည်ဖို့ စိတ်မပါတော့ဘူး။ လမ်းပျောက်ပြီး မတည်မငြိမ်ဖြစ်ပြီးတော့ ဘုရားက ကျွန်တော့်အပေါ် မတရားဘူးလို့ခံစားမိခဲ့တယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် လက်လျှော့လိုက်တော့တယ်။ ဘုရားနှုတ်ကပတ်တော်ကို မဖတ်ချင်တော့ဘူး။ ဘုရားကို ဆုမတောင်းချင်ခဲ့ဘူး။ လောကီရေပန်းစားတာတွေနောက်လိုက်ပြီး ဘုရားအပေါ် မကျေနပ်တာတွေကိုတောင် ထွက်ပေါက်ရှာခဲ့တယ်။ ကောင်းချီးရဖို့အတွက်နဲ့ ဘုရားကို ယုံကြည်ပြီး တာဝန်ထမ်းဆောင်ခဲ့တာပါ။ ကောင်းချီးမရနိုင်တာနဲ့ ကျွန်တော်က ဘုရားကို ရန်လိုလာတယ်။ ကျွန်တော် ဖော်ပြသမျှက စာတန်ရဲ့ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေဖြစ်ပြီး ကျွန်တော့်မှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရားလုံးဝ မရှိခဲ့ပါဘူး။ ဒါက ကျွန်တော့်ရဲ့ အရင်က အသုံးခံတာတွေအားလုံးက မှားယွင်းပြီး ဘုရားကို လှည့်စားဖို့ရည်ရွယ်ခဲ့တယ်ဆိုတာကို သက်သေပြပါတယ်။ ဘုရားကို ယုံကြည်တဲ့ နှစ်တွေအားလုံးမှာ ဘုရားသခင်က ကျွန်တော့်ကို သမ္မာတရားတွေအများကြီး ပံ့ပိုးပေးပြီး ကျေးဇူးတော်တွေအများကြီး ပေးခဲ့တယ်။ ဘုရားသခင်ရဲ့ ကွယ်ကာမှုမပါရင် ကျွန်တော် ဟိုးအရင်ကတည်းက သေသွားမှာပဲ။ ဒါပေမဲ့ ကျွန်တော်က ဘုရားသခင်ကို ကျေးဇူးတင်ပြီး ပြန်ပေးဆပ်တာ မလုပ်ခဲ့ရုံမကဘဲ ကျွန်တော့်ကို ကောင်းတဲ့ကိုယ်ခန္ဓာမပေးတဲ့အတွက် ဘုရားက မတရားဘူးဆိုပြီး ညည်းညူခဲ့တယ်။ ကျွန်တော်က လုံးဝ ကျိုးကြောင်းမသင့်ဖြစ်ပြီး လူ့သဘာဝအားလုံး ကင်းမဲ့ပါတယ်။ ဒါကို စဉ်းစားမိတော့ ကျွန်တော် နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် မုန်းတီးတယ်။ ကောင်းချီးရဖို့ဖြစ်တဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေကို အမှန်တကယ်ဖြေရှင်းပြီး ဘုရားသခင်ကို မနာခံတာကို ရပ်တန့်ချင်ခဲ့ပါတယ်။ အဲဒါနဲ့ ရှာဖွေဖို့အတွက် ဘုရားကို ဆုတောင်းတယ်။

ပြီးတော့ ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်တယ်။ “ကောင်းချီးခံစားရခြင်းသည် လူတို့လိုက်စားရန်အတွက် သဘာဝကျသည့် ပန်းတိုင်တစ်ခုမဟုတ်သောကြောင့် အဘယ်အရာက သဘာဝကျသည့် ပန်းတိုင်တစ်ခုဖြစ်သနည်း။ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားပြောင်းလဲမှုများကို လိုက်စားခြင်း၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများဖြင့် အစီအစဉ်များအားလုံးကို နာခံနိုင်ခြင်း၊ ဤအရာတို့သည် လူတို့ လိုက်စားသင့်သည့် ပန်းတိုင်များဖြစ်သည်။ ဥပမာအားဖြင့် ပြုပြင်ခံရပြီး ကိုင်တွယ်ဖြေရှင်းခံခြင်းက သင့်ကို အယူအဆများ၊ နားလည်မှုလွဲခြင်းများဖြစ်စေပြီး သင်သည် နာခံခြင်းကို မလုပ်ဆောင်နိုင်ဖြစ်လာသည်ဆိုပါစို့။ အဘယ့်ကြောင့် မနာခံနိုင်သနည်း။ အဘယ်ကြောင့်ဆိုသော် ကောင်းချီးခံစားရဖို့ဖြစ်သည့် သင်၏ ခရီးပန်းတိုင်၊ သို့မဟုတ် အိပ်မက်ကို ခက်ခဲသွားစေသည်ဟု သင် ခံစားရခြင်းကြောင့်ဖြစ်သည်။ သင်သည် အပျက်သဘောဆောင်လာပြီး စိတ်တိုလာသည်။ သင်၏ တာဝန်ကိုလုပ်ဆောင်ခြင်းမှ ထွက်သွားလိုက်ဖို့ ကြိုးစားသည်။ ဤအရာအတွက် အကြောင်းပြချက်မှာ အဘယ်နည်း။ သင်၏ အားထုတ်လိုက်စားမှုတွင် ပြဿနာတစ်ခုရှိသည်။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ ဖြေရှင်းသင့်သနည်း။ ဤမှားယွင်းသော စိတ်ကူးများကို သင် ချက်ချင်းစွန့်ပစ်ရန်၊ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထား၏ ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ချက်ချင်းရှာဖွေရန် အလွန်အရေးကြီးသည်။ သင်သည် မိမိကိုယ်ကို ‘ငါ နုတ်ထွက်၍မဖြစ်။ ဘုရားသခင်၏ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို ငါ ထမ်းဆောင်ရဦးမည်ဖြစ်ပြီး ကောင်းချီးခံစားရဖို့ ငါ၏ ဆန္ဒကို ဘေးချထားရမည်’ ဟူ၍ ပြောသင့်သည်။ သင်သည် ကောင်းချီးခံစားရဖို့ ဆန္ဒကို စွန့်လွှတ်သောအခါတွင် သင်၏ ပခုံး၌ ဝန်တစ်ခုပေါ့သွားသည်။ သင်သည် အပျက်သဘောဆောင်နိုင်စွမ်း ရှိသေးသလော။ သင် အပျက်သဘောဆောင်သည့် အချိန်များရှိဆဲဖြစ်သော်လည်း သင်က ဤအရာကို သင့်အား ထိန်းချုပ်ခွင့်မပြုဘဲ သင်၏ စိတ်နှလုံးတွင် ဆက်လက်၍ ဆုတောင်းကာ ကြိုးစားသည်။ သင်၏ လိုက်စားမှု ပန်းတိုင်ကို ကောင်းချီးခံရခြင်းနှင့် ခရီးပန်းတိုင်တစ်ခုထားရှိခြင်းမှ သမ္မာတရားလိုက်စားခြင်းအဖြစ်သို့ ပြောင်းလဲပြီး ‘သမ္မာတရားကို လိုက်စားခြင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ဖြစ်သည်။ ယနေ့တွင် သမ္မာတရားအချို့ကို နားလည်ရန်အတွက် ပိုကောင်းသော အကျိုးတရားမရှိ။ ဤသည်မှာ အားလုံးထဲတွင် အကြီးမြတ်ဆုံးကောင်းချီးဖြစ်သည်။ ဘုရားသခင်က ငါ့အား အလိုမရှိလျှင်ပင်၊ ငါသည် ကောင်းမွန်သော ခရီးပန်းတိုင်မရှိဘဲ ငါ၏ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်များ ကြေမွသွားခဲ့လျှင်ပင် ငါ၏တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ဦးမည်။ ငါ ထိုသို့လုပ်ဆောင်ရန် ဝတ္တရားရှိသည်။ အကြောင်းပြချက်က မည်သို့ဖြစ်စေ ငါ၏တာဝန်ထမ်းဆောင်မှုအပေါ် ထိခိုက်မည်မဟုတ်။ ဘုရားသခင်၏ စေခိုင်းချက်ကို ငါ ပြီးမြောက်ခြင်းအား ထိခိုက်မည်မဟုတ်ပေ။ ဤသည်မှာ ငါပြုမူနေထိုင်သည့် စည်းမျဉ်းဖြစ်သည်’ ဟူ၍ သင် စဉ်းစားသည်။ ဤတွင် သင်သည် ဇာတိပကတိ၏ အချုပ်အနှောင်များကို ကျော်လွန်ပြီးဖြစ်သည်မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို လိုက်စားခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်”) အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်ဖတ်ခြင်းကတစ်ဆင့် ကျွန်တော် ဘာကြောင့် ညည်းညူပြီး အပျက်သဘောဆောင်လာတယ်၊ ကောင်းချီးရဖို့ ကျွန်တော့်ဆန္ဒက ပျက်စီးသွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် မထိန်းနိုင်ဖြစ်တယ်ဆိုတာကို နားလည်ခဲ့ပါတယ်။ ပြဿနာရဲ့ အရင်းအမြစ်က ကျွန်တော့်ရဲ့ မမှန်တဲ့ အားထုတ်လိုက်စားမှုအမြင်ပဲ။ ကျွန်တော် လိုက်စားတာက ကောင်းချီးတွေနဲ့ ပန်းတိုင်ကောင်းတစ်ခုပဲ။ ဒီတော့ ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာက ကန့်သတ်ထားတာကို အမြဲတမ်းခံရတယ်။ ကောင်းချီးရဖို့ ကျွန်တော့်ဆန္ဒက ပျက်စီးသွားလိုက်တာနဲ့ ရှေ့ဆက်ဖို့ကို မတက်မကြွဖြစ်လာတယ်။ ကောင်းချီးတွေရဖို့ ကျွန်တော့်ဆန္ဒက ပြင်းထန်လွန်းနေတာပါ။ ကျွန်တော်က ဖန်ဆင်းခံတစ်ယောက်ဖြစ်တယ်။ ကောင်းချီးရပြီး ပန်းတိုင်ကောင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် တာဝန်ကို ထမ်းဆောင်ရမယ်။ ကောင်းချီးတွေမရရင်တောင်၊ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းရင်တောင်မှ အနည်းဆုံးတော့ ဘာနောင်တမှရမှာမဟုတ်ဘူး။ ဒါကို စဉ်းစားရင်းနဲ့ ကျွန်တော့် စိတ်နှလုံးက လင်းလက်သွားတယ်။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ထောက်ပြထားတဲ့ လမ်းကြောင်းနဲ့အညီ လက်တွေ့လုပ်ဆောင်ရမယ်။ ကောင်းချီးရဖို့ ကျွန်တော့်ဆန္ဒကို လက်လွတ်ပြီး ကျွန်တော့်ရဲ့ မှားနေတဲ့ အားထုတ်လိုက်စားမှုအမြင်ကို ပြောင်းရမယ်။ တာဝန်ကို ကျွန်တော့်ရဲ့အရည်အချင်းနဲ့ အကောင်းဆုံးထမ်းဆောင်ရမယ်။ ပြီးတော့လည်း ကျွန်တော့်အခြေအနေက တစ်နေ့မှာ ဆိုးလာရင်တောင် ဘုရားကို အပြစ်တင်လို့မရဘူး။ ဒါက ဖန်ဆင်းခံတစ်ယောက် ပိုင်ဆိုင်သင့်တဲ့ အသိစိတ်ပဲ။ တခြားတာဝန်တွေကို မလုပ်နိုင်ရင် အိမ်မှာ ဆောင်းပါးတွေရေးတာကို လေ့ကျင့်လို့ရတယ်၊ ကိုယ်ပိုင်အတွေ့အကြုံနဲ့ အသိပညာကို ရေးချပြီး အစည်းအဝေးတွေမှာ ညီအစ်ကိုမောင်နှမတွေနဲ့ မျှဝေနိုင်တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ ဒီလိုဆိုရင် ကျွန်တော်က ဘုရားကို သက်သေခံပြီး တာဝန်ထမ်းဆောင်နေတာလည်း ဖြစ်တယ်လေ။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်တော် တော်တော် စိတ်သက်သာသွားတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ကံကြမ္မာနဲ့ အနာဂတ်ရဲ့ ကန့်သတ်တာကို သိပ်မခံရတော့ဘူး။

တစ်နှစ်ကြာပြီးတော့ ကျွန်တော် ဆေးယူဖို့အတွက် ဆေးရုံကိုသွားတယ်။ ဆရာဝန်ကပြောတယ်။ “ခင်ဗျားရဲ့ ရောဂါက ပျောက်သွားပြီ။ ဆေးသောက်စရာမလိုတော့ဘူး။ ကိုယ့် ကိုယ်ခန္ဓာကို ပိုဂရုစိုက်ဖို့ပဲလိုတယ်။ ကိုယ့်ကိုယ်ကိုယ် ပင်ပန်းအောင်မလုပ်နဲ့” တဲ့။ ဆရာဝန်က ဒီလိုပြောတာကို ကျွန်တော် ကြားတော့ အရမ်း စိတ်လှုပ်ရှားပြီး ဘုရားကို ဆက်တိုက် ကျေးဇူးတင်နေမိတယ်။ ကျွန်တော့်ကို ပြောင်းလဲပြီး သန့်စင်ဖို့အတွက် ဘုရားသခင်က ကျွန်တော် တွေ့ကြုံဖို့အတွက် လူတွေ၊ အမှုအရာတွေအများကြီး စီစဉ်ပေးတယ်။ ဒါကို တွေးရင်းနဲ့ ဘုရားရဲ့ ကယ်တင်ခြင်းနဲ့ ကျွန်တော် ပိုပြီးတော့တောင် မထိုက်တန်ဘူးလို့ ခံစားမိတယ်။ အဲဒီနောက်မှာတော့ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်တယ်။ “ငါသည် လူတစ်ဦးစီ၏ ပန်းတိုင်ကို အသက်၊ ဝါရင့်ခြင်း၊ ဒုက္ခခံရသည့်ပမာဏနှင့် အနည်းဆုံးအနေဖြင့် ၎င်းအပေါ် သနားစိတ်ပေါ်စေသည့် အတိုင်းအတာတို့ကို အခြေပြု၍ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ၊ သမ္မာတရားကို ၎င်းတို့ ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင် မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်၏။ ဤအရာမှတစ်ပါး တခြားရွေးချယ်စရာ မရှိ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဟုတ်တယ်။ လူတွေက သမ္မာတရားရှိသလားဆိုတဲ့အပေါ်မှာ သူတို့ရဲ့ ရလဒ်တွေကို ဘုရားက ဆုံးဖြတ်တယ်။ နောက်ဆုံးမှာ သမ္မာတရားကို မရတဲ့သူတွေက ကယ်တင်ခြင်းမခံရနိုင်ဘူး။ ကျွန်တော်က သမ္မာတရားကို၊ စိတ်သဘောထားပြောင်းလဲမှုကို မလိုက်စားရင် ဘယ်လောက်ပဲ အသုံးခံပြီး ကူညီထောက်ပံ့ပါစေ အဆုံးမှာ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက မသန့်စင်ရင် ကယ်တင်ခြင်းမခံရနိုင်ပါဘူး။ ဒါတောင်မှပဲ ကျွန်တော်က အလုပ်ကြိုးစားတာကတစ်ဆင့် ကျွန်တော့်ကို ကောင်းချီးတွေပေးဖို့ ဘုရားကို လှည့်စားချင်သေးတယ်။ ဒါ အဓိပ္ပာယ်မရှိတာမဟုတ်ဘူးလား။ ဒါက ကျွန်တော် လိုရာဆွဲတွေးတာ သက်သက်ပဲ။ ဒီတစ်ခါမှာ အပြင်ပန်းကကြည့်ရင် ရောဂါကြောင့် တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေးကို ကျွန်တော် ဆုံးရှုံးတယ်လို့ ထင်ရတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဖျားနာမှုကတစ်ဆင့် ကျွန်တော့်ရဲ့ မှားနေတဲ့အမြင်တွေနဲ့ ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားကို ထုတ်ဖော်ခြင်းခံရတယ်။ ဒါကြောင့် အချိန်မီပြောင်းလဲနိုင်ပြီး သမ္မာတရားကို လိုက်စားဖို့အတွက် စပြီးအာရုံစိုက်ဖို့ အခွင့်ကိုရခဲ့တယ်။ ဒါက ကျွန်တော့်အတွက် ဘုရားရဲ့ ကြီးမြတ်တဲ့ ကွယ်ကာမှုပါ။ ဒါကို စဉ်းစားရင်းနဲ့ အရမ်းနောင်တရပြီး အကြွေးတင်သလို ခံစားမိတယ်။ အဲဒါနဲ့ ကျွန်တော် ဘုရားရှေ့မှာ ဒူးထောက်ပြီး ဆုတောင်းတယ်။ “ဘုရားသခင် ကျွန်တော့်ရဲ့ လွဲမှားတဲ့ အားထုတ်လိုက်စားမှုအမြင်ကို ပြောင်းပစ်ချင်ပါတယ်။ ကောင်းချီးတွေနဲ့ ဆုလာဘ်တွေကို မလိုက်စားချင်တော့ပါဘူး။ နောင်မှာ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ရပါစေ သမ္မာတရားကို လိုက်စားချင်ပြီး စိတ်သဘောထားပြောင်းလဲမှုကို လိုက်စားချင်ပါတယ်။ ကိုယ်တော်ကို ကျေနပ်စေဖို့ တာဝန်ထမ်းဆောင်ချင်ပါတယ်” ဆိုပြီးတော့။

နောက်တော့ ဘုရားနှုတ်ကပတ်တော်တချို့ကို ဖတ်တယ်။ တာဝန်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်နှလုံးက နည်းနည်းပိုလင်းလက်သွားတယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “သင်၏ တာဝန်ကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ဖို့၊ သင်၏ တာဝန်တွင် သင် အတွေ့အကြုံမည်မျှ ရှိခဲ့သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို သင် နှစ်ပေါင်းမည်မျှ ယုံကြည်ပြီးသည်ဖြစ်စေ၊ သင်၏ တာဝန် မည်မျှ သင် လုပ်ဆောင်ပြီးဖြစ်ပါစေ၊ သို့မဟုတ် ဘုရားသခင်၏ အိမ်တော်အဖို့ ပံ့ပိုးမှုများ သင် မည်မျှ ပြုလုပ်ပြီးသည်ဖြစ်စေ အရေးမကြီးပေ။ ဘုရားသခင် ကြည့်ရှုသည့် အဓိကအရာမှာ လူတစ်ဦး သွားသည့် လမ်းကြောင်း ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သမ္မာတရားအပေါ် လူတစ်ဦး၏ သဘောထားနှင့် လူတစ်ဦး၏ လုပ်ဆောင်ချက်များ နောက်ကွယ်က အခြေခံသဘောတရားများ၊ ဦးတည်ချက်၊ ဇာစ်မြစ်နှင့် တွန်းအားတို့ကို သူ ကြည့်လေသည်။ ဤအရာများအပေါ် ဘုရားသခင် အာရုံစိုက်၏။ ယင်းတို့သည် သင် လျှောက်လှမ်းသည့် လမ်းကြောင်းကို ဆုံးဖြတ်သည့် အရာဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပြည့်မီသော တာဝန်ထမ်းဆောင်မှုဆိုသည်မှာ အဘယ်နည်း။”)ဘုရားသခင်ကို ပံ့ပိုးမှုတစ်ခု ပြုသူ အားလုံးသည် ဆုလာဘ် ရရှိသင့်သည်ဟု လူက ထင်သည်၊ ပံ့ပိုးမှု သာ၍ ကြီးမားလေလေ၊ ၎င်းတို့သည် ဘုရားသခင်၏ မျက်နှာသာကို လက်ခံရရှိသင့်သည်မှာ မှန်သည်ဟု မှတ်ယူလေလေ ဖြစ်သည်။ လူ့ အမြင်ရှုထောင့်၏ အနှစ်သာရသည် အပေးအယူသဘော ဆန်ပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ရန် သူ မကြိုးစားပေ။ ဘုရားသခင် အတွက်မူ၊ လူများသည် ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းနှင့် ဘုရားသခင်အား ပြီးပြည့်စုံသော နာခံခြင်းကို ပို၍ ရှာလေလေ၊ ယင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် ကြိုးစားခြင်းဟုလည်း ဆိုလိုသကဲ့သို့၊ ဘုရားသခင်၏ လက်ခံမှုကို ပို၍ ရရှိလေလေ ဖြစ်သည်။ ဘုရားသခင်၏ ရှုထောင့်အမြင်သည် လူအား သူ၏ နဂိုမူလ တာဝန်နှင့် အဆင့်အတန်းကို ပြန်ရရန် တောင်းဆိုဖို့ ဖြစ်သည်။ လူသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်၊ ထို့ကြောင့် လူသည် ဘုရားသခင်အား တောင်းဆိုမှုများ ပြုခြင်းဖြင့် မိမိကိုယ်ကိုယ် ဘောင်မကျော်သင့်သကဲ့သို့၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏ တာဝန်အား ထမ်းဆောင်ခြင်းမှလွဲ၍ မည်သည့်အရာမျှ မလုပ်ဆောင်သင့်ပေ။ ပေါလုနှင့် ပေတရုတို့၏ ခရီးပန်းတိုင်များကို ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် ၎င်းတို့၏ တာဝန်ကို ၎င်းတို့ ထမ်းဆောင်နိုင်ခြင်း ရှိ မရှိဆိုသည်အရ တိုင်းတာခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ ပံ့ပိုးမှု အတိုင်းအတာအရ မဟုတ်ပေ။ ၎င်းတို့၏ ခရီးပန်းတိုင်များသည် အစကတည်းမှ ၎င်းတို့ ကြိုးစားခဲ့ကြသည့် အရာအတိုင်း သတ်မှတ်ခံခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ဆောင်ခဲ့သည်၊ သို့မဟုတ် ၎င်းတို့အပေါ် အခြားသူများ၏ ထင်မြင်ယူဆချက်များအတိုင်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆာင်ရန် ကြိုးစားခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်း၏ လမ်းကြောင်းအား ဖွေရှာခြင်းသည် အမှန်ကန်ဆုံးသော လမ်းကြောင်း ဖြစ်သည်။ မိမိ၏ ဟောင်းသော စိတ်သဘောထား၌ ပြောင်းလဲမှုများကို ရှာဖွေခြင်းနှင့် ဘုရားသခင်အတွက် ဖြူစင်သော ချစ်ခြင်းအား ဖွေရှာခြင်းသည် အောင်မြင်မှုဆီသို့ လမ်းကြောင်း ဖြစ်သည်။ ထိုသို့သော အောင်မြင်မှုဆီသို့ လမ်းကြောင်းသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ နဂိုမူလတာဝန်နှင့် နဂိုမူလ အသွင်အပြင်ကို ပြန်ရရှိခြင်း လမ်းကြောင်းဖြစ်သည်။ ယင်းသည် ပြန်ရရှိခြင်း လမ်းကြောင်း ဖြစ်ပြီး၊ အစအဦးမှ အဆုံးထိတိုင် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ဘုရားအိမ်တော်မှာ တာဝန်တွေမှာ တကယ်ပဲ အနိမ့်၊ အမြင့်မရှိဘူးဆိုတာ နားလည်သွားတယ်။ လူတွေက ကယ်တင်ခံရနိုင်သလားဆိုတာက ဘယ်တာဝန်ကို သူတို့လုပ်တယ်၊ သူတို့အလုပ်က ဘယ်လောက်ကြီးတယ်၊ ဘာကို သူတို့အောင်မြင်တယ်ဆိုတဲ့အပေါ် မူတည်တာမဟုတ်ဘူး။ သမ္မာတရားကို လိုက်စားသရွေ့၊ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်သရွေ့ ကိုယ့်စိတ်သဘောထားမှာ ပြောင်းလဲမှုတစ်ခုရရှိသရွေ့ သမ္မာတရားကို ရရှိပြီး ဘုရားရဲ့ ကယ်တင်ခြင်းကို ခံရနိုင်တယ်။ ကိုယ့်တာဝန်မှာ ထိရောက်မှုရှိပြီး ဘုရားအိမ်တော်ကို ကူညီထောက်ပံ့ဖို့ အားထုတ်တာက သူ့ချည်းသက်သက်က မမှားဘူး။ ကိုယ့်ရည်ရွယ်ချက်က ဘုရားကို သက်သေခံဖို့ ဖြစ်သရွေ့ ကိုယ့်တာဝန်မှာ စည်းမျဉ်းတွေနဲ့အညီ သမ္မာတရားကို ရှာဖွေနိုင်ပြီး ဆောင်ရွက်နိုင်သရွေ့ ဘုရားသခင်ရဲ့ လက်ခံမှုကို ရနိုင်ပါတယ်။ တာဝန်ထမ်းဆောင်တာက အမြတ်ရဖို့ ကိရိယာတစ်ခုမဟုတ်သလို ဆုလာဘ်ရဖို့ အပေးအယူလုပ်တဲ့အရာလည်းမဟုတ်ဘူး။ ဒါက ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်ပဲ။ ကျွန်တော် ကောင်းချီးခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ တာဝန်ကို ထမ်းဆောင်မယ်။ အဲဒီနောက်မှာ ကျွန်တော့် ကျန်းမာရေးအခြေအနေအပေါ် အခြေခံပြီး ကျွန်တော့်အတွက် သင့်တော်တဲ့ တာဝန်တစ်ခုကို ဘုရားအိမ်တော်က စီစဉ်တယ်။

အခု ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ကံကြမ္မာရဲ့ ကန့်သတ်တာကို သိပ်မခံရတော့ဘူး။ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ သမ္မာတရားကို ရရှိခြင်းက အရေးကြီးဆုံးအရာပဲဆိုတာ ကျွန်တော်သိတယ်။ အနာဂတ်မှာ ကောင်းတဲ့အဆုံးသတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်တော့်တာဝန်မှာ ကျွန်တော်တာဝန်ယူရတာတွေကို ဖြည့်ဆည်းနိုင်ရင် စိတ်အေးပြီး ငြိမ်းချမ်းပါတယ်။ ကျေးဇူးတော်ပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

နာမကျန်းဖြစ်ခြင်းအားဖြင့် ကောင်းချီးမင်္ဂလာများအတွက် ကျွန်တော်၏ရည်ရွယ်ချက်များ ထုတ်ဖော်ခြင်းခံရပေ

ကျန်ရှင်း အမေရိကန်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ သူတို့၏ ယုံကြည်ခြင်းတွင် လူတို့ ရှာဖွေကြသည့်အရာမှာ အနာဂတ်အတွက်...

အဆင့်အတန်း၏ အချုပ်အနှောင်များကို စွန့်ပစ်လိုက်ပြီးနောက်တွင် များစွာပို၍ ပေါ့ပါးသည်ကို ကျွန်တော် ခံစားရသည်

လျန်ကျီ၊ အန်းဟွေစီရင်စု ကျွန်တော့် နာမည် လျန်ကျီဖြစ်ပြီး နောက်ဆုံးသော ကာလ ဘုရားသခင်၏ ကယ်တင်ခြင်းကို လွန်ခဲ့သော ခြောက်နှစ်က ကျွန်တော်...

ကျွန်မသည် အမှန်ပင် အဆင်းနီသော နဂါးကြီး၏ သားသမီးဖြစ်ပါသည်

ကျန်းမင်၊ စပိန် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဤလူတို့သည် အဆင်းနီသောနဂါးကြီး၏ သားသမီးများ ဖြစ်သည်ဟု ယခင်က ပြောထားခဲ့ပေသည်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။