သုံးကြိမ် အဖမ်းခံရခြင်းမှ ရရှိသော သင်ခန်းစာများ

18.03.2026

တရုတ်ပြည်မှ ဝမ်ချင်

၂၀၁၁ ခုနှစ် မေလမှာ၊ အမေက ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားကို ကျွန်မကို ဟောပြောခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းထားတယ်ဆိုတာရယ်၊ လူသားမျိုးနွယ်ကိုလည်း ဘုရားသခင်ကပဲ ဖန်ဆင်းထားတယ်ဆိုတာနဲ့ လူတွေအနေနဲ့ ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာက လုံးဝ သဘာဝကျပြီး ကျိုးကြောင်းခိုင်လုံမျှတတယ်ဆိုတာတွေကို ကျွန်မ သိလာရတယ်။ အချိန်တစ်ခုကြာအောင် စုံစမ်းလေ့လာပြီးတဲ့နောက်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ တရုတ်ကွန်မြူနစ်ပါတီက ဘုရားသခင်ကို ယုံကြည်သူတွေကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်းတာကြောင့် အဖေရယ်၊ အဘိုးနဲ့ အဘွားရယ်က သူတို့ အမှုပတ်မှာကြောက်လို့ အမေ ယုံကြည်တာကို အမြဲတမ်း ဆန့်ကျင်ပြီး နှိပ်စက်ညှဉ်းပန်းခဲ့ကြတယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ကို ယုံကြည်တဲ့အကြောင်း မိသားစုကို အသိမပေးရဲခဲ့ဘူး။

၂၀၁၂ နှစ်အကုန်မှာ ဧဝံဂေလိတရား ဟောပြောလို့ ကျွန်မ အဖမ်းခံခဲ့ရတယ်။ အဲဒီတုန်းက ကျွန်မအသက် ၁၉ နှစ်ပေါ့။ ရဲတွေက ကျွန်မရဲ့ယုံကြည်ခြင်းနဲ့ဆိုင်တဲ့ သက်သေအထောက်အထား ဘာတစ်ခုမှ မတွေ့ပေမဲ့ ကျွန်မကို ၃၂ နာရီကြာ တရားမဝင် ထိန်းသိမ်းထားခဲ့တယ်။ မိသားစုက အဆက်အသွယ်နဲ့ လိုက်လုပ်ပေးမှ ကျွန်မ ပြန်လွတ်လာတာ။ အဘိုးနဲ့ ဦးလေးက ကျွန်မကို လာကြိုကြတယ်။ လမ်းမှာ ဦးလေးက ပြောတယ်၊ “နင့်အဘိုးနဲ့ အဘွားက နင့်ကို ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ဖို့ အများကြီး အားထုတ်ခဲ့ရတာ၊ အခု ဒီအရွယ်ရောက်တာတောင် နင့်အတွက် တချိန်လုံး စိတ်ပူနေရတုန်းပဲ။ နင် အဖမ်းခံရတယ်ဆိုတာ ကြားကြားချင်း အဘွားဆို စိတ်ပူလွန်းလို့ အိပ်တောင်မပျော်ဘူး” တဲ့။ အဘိုးရဲ့ ဖြူနေတဲ့ ဆံပင်တွေကို ကြည့်ပြီး ကျွန်မ စိတ်နှလုံးထဲမှာ စူးနင့်သွားတယ်။ အိမ်ရောက်တော့ အဘွားရယ်၊ အဒေါ်တွေရယ် ခြံထဲမှာ ထိုင်နေကြတာ တွေ့တယ်။ အဘွားက တုန်ရီနေတဲ့ လက်ညှိုးနဲ့ ကျွန်မကို ထိုးပြီး ပြောတယ်၊ “ပြောစမ်း၊ နင် နင့်အမေနောက်လိုက်ပြီး ဘုရားသခင်ကို နင်ယုံများယုံနေပြီလား” တဲ့။ အဒေါ်ကလဲ လှောင်ပြောင်တဲ့လေသံနဲ့ ပြောတယ်၊ “နင်ငါတို့ကို ခဏအနားပေးပြီး စိတ်မပူအောင် လုပ်လို့မရဘူးလား။ ရဲတွေက အိမ်ပေါက်ဝထိ ရောက်လာတယ်။ နင်မရှက်ရင်တောင် နင့်အတွက် ငါရှက်တယ်။ အခုတော့ နင်က တစ်မိသားစုလုံးကို အရှက်ခွဲလိုက်တာပဲ။ နင် ဘယ်လိုဖြစ်ပြီး ငါတို့အပေါ် အရမ်းမထောက်ထားရတာလဲ” တဲ့။ အဘွားက တုန်ရီနေတဲ့ အသံနဲ့ ပြောတယ်၊ “ဒီတစ်ခါ နင့်အဒေါ်နဲ့ ဦးလေးက နင့်ကို ထုတ်ဖို့ အဆက်အသွယ်တွေနဲ့ လိုက်လုပ်ပေးခဲ့ရတာ။ မဟုတ်ရင် ရဲတွေက နင့်ကို ထောင်ထဲ ပို့လိုက်မှာ။ နင် ဘုရားသခင်ကို ယုံလို့မဖြစ်တော့ဘူး” တဲ့။ အဒေါ်တွေကလည်း ဘုရားသခင်ကို ပြစ်မှားစော်ကားပြီး ပြစ်တင်ရှုတ်ချတဲ့ စကားတချို့ ပြောကြသေးတယ်။ သူတို့ ဆူပူကြိမ်းမောင်းတာကို နားထောင်ရင်း ကျွန်မ ဆိုးဆိုးရွားရွား မှားတဲ့အရာတစ်ခု လုပ်မိထားသလို ခံစားရပြီး သူတို့မျက်လုံးတွေကို မကြည့်ရဲဘူး။ အရမ်းမတရားခံရသလိုလည်း ခံစားရတယ်။ ဘုရားသခင်ကို ယုံကြည်တာက ကောင်းတဲ့အရာတစ်ခုဖြစ်တာ သိသာထင်ရှားပေမဲ့၊ သူတို့က ကျွန်မကို ဆိုးရွားတဲ့ ပြစ်မှုတစ်ခုခု ကျူးလွန်ထားသလိုမျိုး ဆူပူနေကြတာလေ။ ကျွန်မရဲ့ စိတ်နှလုံးကို ကာကွယ်ပေးဖို့ ဘုရားသခင်ဆီ အဆက်မပြတ် ဆုတောင်းခဲ့တယ်။ အဲဒီနောက် ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ငါတို့၏ဖြစ်တည်မှုအလုံးစုံသည် ဘုရားသခင်ထံမှလာပြီး ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့် တည်ရှိသည့်အတွက်၊ လူသားမျိုးနွယ်ဝင်များနှင့် ဘုရားတရားကိုင်းရှိုင်းသော ခရစ်ယာန်များ အနေဖြင့် ဘုရားသခင်၏တာဝန်ပေးစေခိုင်းချက်ကို ဖြည့်ဆည်းခြင်းအတွက် ငါတို့၏ စိတ်နှင့် ခန္ဓာများကို ဆက်ကပ်ပူဇော်ရန်မှာ ငါတို့အားလုံး၏ တာဝန်နှင့် ဝတ္တရားဖြစ်သည်။ အကယ်၍ ငါတို့၏စိတ်နှင့် ခန္ဓာတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် ဆက်ကပ်ထားခြင်း မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ်၏ တရားမျှတသော အကြောင်းတရားအတွက် မဟုတ်ပါက၊ ငါတို့၏ ဝိညာဉ်များသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အတွက် မာတုရဖြစ်ခဲ့ကြသူများ၏ ရှေ့မှောက်တွင် အရှက်ရလိမ့်မည် ဖြစ်ပြီး၊ ငါတို့ကို အရာရာ ထောက်ပံ့ပေးပြီးဖြစ်သည့် ဘုရားသခင်အတွက် များစွာသာ၍ မထိုက်တန်ဟု ခံစားရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆက်တွဲ (၂)- လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာအပေါ် ဘုရားသခင် အချုပ်အခြာအာဏာ ကိုင်စွဲသည်) ကျွန်မ ကိုယ့်ဘာသာ တွေးမိတယ်၊ “ဟုတ်တာပေါ့၊ ငါ့အသက်က ဘုရားသခင်ဆီက လာတာပဲ။ ဘုရားရဲ့ကယ်တင်ခြင်းကို ပိုများတဲ့ လူတွေ လက်ခံနိုင်အောင် ဧဝံဂေလိဟောပြီး ဘုရားအကြောင်း သက်သေခံတာက အားလုံးထဲမှာ တရားအမျှတဆုံးပဲလေ။ ဒါပေမဲ့ ငါ့ယုံကြည်ခြင်းအတွက် ငါအဖမ်းခံရပြီး မိသားစုကို ပူပန်၊ ဒုက္ခရောက်စေခဲ့လို့ ငါက မှားတာတစ်ခုခု လုပ်မိထားသလိုမျိုး သူတို့ကို စိတ်ပူစေပြီး အရှက်ရစေသလိုမျိုး ငါ ခံစားနေရတယ်။ ငါ အမှားအမှန်ကို လုံးဝ မခွဲခြားနိုင်ခဲ့ပါလား။ ဘုရားသခင်ကို ယုံကြည်ပြီး ဧဝံဂေလိတရား ဟောပြောတာက လုပ်ဆောင်ရမဲ့ အမျှတဆုံးအရာပဲလေ။ ယုံကြည်ခြင်းနဲ့ပတ်သက်လာရင် ငါ့မှာ ကိုယ်ပိုင် ခံယူချက် ရှိရမယ်”လို့ပေါ့။ ဒီလိုတွေးမိလိုက်တော့ ကျွန်မ ဘောင်ခတ်မခံနေရတော့ဘူး။

ရက်နည်းနည်းကြာတော့ တရုတ်ကွန်မြူနစ်ပါတီက အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ကို အသရေဖျက်ဖို့ တီဗီတွေ၊ အဓိက မီဒီယာလိုင်းတွေနဲ့ အွန်လိုင်းတွေမှာ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အရာတွေကို စပြီး ဖြန့်တော့တာပဲ။ ပြီးတော့ အသင်းတော်က ခရစ်ယာန်တွေကို အကြီးအကျယ် စပြီး လိုက်ဖမ်းတော့တယ်။ ဒီအခြေအမြစ်မရှိတဲ့ ကောလာဟလတွေကို ကြားပြီးတဲ့နောက် ကျွန်မရဲ့မိသားစုက ကျွန်မကို စောင့်ကြည့်လာတယ်။ ကျွန်မရောက်တဲ့နေရာကို စစ်ဆေးဖို့ ကျွန်မကို သူတို့ ခဏခဏ ဖုန်းခေါ်ပြီး ကျွန်မရဲ့ ယုံကြည်မှုကို စွန့်လွှတ်အောင် နားချဖို့ ခဏခဏ ကြိုးစားကြတယ်။ အဘိုးက ပြောတယ်၊ “ဒီတစ်ခေါက် အဖမ်းခံရတဲ့ထဲမှာ ဘယ်နှစ်ယောက်လောက် ပြစ်ဒဏ်ချမှတ်ခံရလဲ နင် သိလား။ တချို့ဆို ဆယ်နှစ်ကျော်တောင် ကျတာ၊ သူတို့မိသားစုတွေပါ ထိခိုက်ကုန်တာလေ၊ လူကြီးတွေဆို ထောက်ပံ့ကြေး ဆုံးရှုံးတယ်၊ ကလေးတွေဆို ကျောင်းမတက်ရတော့ဘူး။ ဘုရားသခင်ကို ယုံကြည်တာက ဘာကောင်းကျိုးရှိလို့လဲ။ အသက်ဘယ်လောက်ကြီးကြီး သူတို့က ဖမ်းပြီး ပြစ်ဒဏ်ချမှတ်မှာပဲ။ ဒီမြောက်ဘက်နားလေးမှာတင် နင့်အရွယ်လောက်ရှိတဲ့ တစ်ယောက် သုံးနှစ် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်။ လူသတ်မှုက အဆိုးဆုံး ရာဇဝတ်မှုဖြစ်ပြီး ပြစ်ဒဏ်အကြီးဆုံးလို့ ငါတို့အားလုံး ထင်ခဲ့ကြတာ၊ ဒါပေမဲ့ ဘုရားသခင်ကို ယုံကြည်လို့ ချမှတ်တဲ့ ပြစ်ဒဏ်တွေက လူသတ်မှုထက်တောင် ပိုပြင်းထန်နေပါလား” တဲ့။ နောက်ပိုင်း အဘိုးအိမ်သွားတိုင်း သူက အကြိမ်ကြိမ် ပြောတယ်။ “နင် ဘုရားသခင်ကို ယုံကြည်လို့မဖြစ်ဘူး၊ ကြားလား။ တီဗီမှာ မမြင်ဘူးလား။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်ရင် သူတို့ ဆွေစဉ်မျိုးဆက် သုံးဆက်လုံး ဒုက္ခရောက်မယ်လို့ ပြောနေကြတယ်။ နင့်အဒေါ်တွေ၊ ဦးလေးတွေရဲ့ အလုပ်တွေအကုန်လုံး ထိခိုက်ကုန်လိမ့်မယ်။ ပြီးတော့ နင့်မောင်လေးနဲ့ ညီမလေး တက္ကသိုလ်တက်ဖို့ ကြိုးစားတဲ့အခါမှာလည်း ဒုက္ခရောက်လိမ့်မယ်။ သူတို့ နင့်ကို ဘယ်လိုလုပ် မနာကြည်းဘဲ နေမှာလဲ။ ငါ နင့်ကောင်းကျိုးအတွက် ပြောနေတာ” တဲ့။ အဒေါ်က ကျွန်မကို တစ်ခါက ပြောဖူးတာ မှတ်မိသေးတယ်။ “နင် ငယ်ငယ်တုန်းက နင့်ကို ပြုစုရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ နင် မသိဘူး။ နင် အကြိမ်အတော်များများ နေမကောင်းဖြစ်ပြီး သေခါနီးဖြစ်ခဲ့တယ်။ နေ့ရောညပါ နင့်ဘေးကမခွာဘဲ ပြုစုခဲ့တာ နင့်အဘွားပဲလေ။ သူက နင့်အတွက်ဆို စိတ်ရောကိုယ်ပါ နှစ်ပြီး ဂရုစိုက်ခဲ့တာ။ အဲဒီတုန်းက နင်က သွေးအားနည်းရောဂါ အပြင်းအထန်ဖြစ်ပြီး သွေးဘဏ်မှာ သွေးမရှိတော့လို့ နင့်အဘိုးက သူ့သွေးကို နင့်ကို သွင်းပေးခဲ့တာ။ အခု နင် အရွယ်ရောက်လာမှ သူတို့ကို စိတ်ပူအောင် လုပ်ဦးမလို့လား” တဲ့။ ကျွန်မ စိတ်နှလုံးထဲမှာ စူးနင့်သွားတယ်။ ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တာ အဘိုးနဲ့ အဘွားပဲလေ။ သူတို့က ကျွန်မကို ဂရုစိုက်ခဲ့ကြပြီး ကျွန်မအတွက် အနစ်နာခံခဲ့ကြတာ။ အခု ကျွန်မ အရွယ်ရောက်လာပြီ၊ ဒါပေမဲ့ သူတို့ကို စိတ်ပူအောင် လုပ်နေတုန်းပဲ။ ကျွန်မ တော်တော် အသိစိတ်မရှိသလို ခံစားရတယ်။ နောက်တစ်ခါ အိမ်ပြန်ရောက်တော့ အဘိုးက ကျွန်မကို ပြောတယ်၊ “‘သင့်ကိုယ်ခန္ဓာကို သင့်မိဘများက ပေးခြင်းဖြစ်သည်’ နင့်ကိုယ်နင် ထည့်မစဉ်းစားရင်တောင် မိသားစုအတွက် ထည့်စဉ်းစားရမယ်။ တနေ့ကျရင် နင့်ရဲ့ယုံကြည်ခြင်းအတွက် နင် အဖမ်းခံရပြီး ထောင်ထဲမှာ ဒုက္ခခံရရင် ငါတို့ ဘယ်လိုလုပ် စိတ်မထိခိုက်ဘဲ၊ ဝမ်းမနည်းဘဲ နေနိုင်မှာလဲ” တဲ့။ သူ အဲဒီလိုပြောတာကြားတော့ ကျွန်မ ရောပြွန်းတဲ့ စိတ်ခံစားမှုတွေ တလိပ်လိပ်တက်ပြီး မွန်းကြပ်သွားတယ်။ ကျွန်မ သူတို့ကို အရမ်း စိတ်ပူအောင် လုပ်မိနေပြီး၊ သူတို့ခံစားချက်တွေကို မထောက်ထားသလို ခံစားရတယ်၊ ကျွန်မကို ပျိုးထောင်ပေးရာမှာ သူတို့ရဲ့အားထုတ်မှုတွေအားလုံး အချည်းနှီးဖြစ်သွားစေလိုမျိုးပေါ့။ ကျွန်မ အရမ်း အားနည်းသွားတယ်၊ ဒါကြောင့် ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “အို ဘုရားသခင်၊ မိသားစုက သမီးအတွက် စိတ်ပူလေလေ၊ သမီး သူတို့ကို ကျေးဇူးကြွေးတင်သလို ခံစားရလေပါပဲ။ ကိုယ်တော့်ကို ယုံကြည်တာ ကောင်းမှန်း သမီး သိပါတယ်၊ ဒါပေမဲ့ သမီးစိတ်နှလုံးထဲမှာ အရမ်း နာကျင်ရပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ သတိရလိုက်တယ်။ “ဘုရားသခင်သည် ဤလူ့လောကကို ဖန်ဆင်းခဲ့ပြီး၊ အသက်ကို သူအပ်နှင်းပေးခဲ့သည့် သက်ရှိသတ္တဝါဖြစ်သော လူသားကို ထိုအထဲသို့ ခေါ်ဆောင်ခဲ့သည်။ ရလဒ်အနေဖြင့် လူသားသည် မိဘဆွေမျိုးများရှိလာပြီး တစ်ဦးတည်း မဟုတ်တော့ပေ။ လူသားသည် ဤရုပ်ဝတ္ထုကမ္ဘာကြီးကို စတင်တွေ့မြင်သည့်အချိန်မှစကာ သူသည် ဘုရားသခင်၏ ကြိုတင်ပြဋ္ဌာန်းမှု အတွင်းတွင်သာ တည်နေရန် သတ်မှတ်ခြင်းခံခဲ့ရသည်။ သက်ရှိတစ်ဦးချင်းစီတိုင်းကို အရွယ်ရောက်သူအဖြစ် ကြီးထွားလာရန် တောက်လျှောက်ပံ့ပိုးပေးသည်မှာ ဘုရားသခင်၏ ဇီဝအသက်ဖြစ်၏။ ဤဖြစ်စဉ်အတွင်းတွင် လူသားသည် ဘုရားသခင်၏ စောင့်ရှောက်မှုအောက်၌ တည်ရှိပြီး ကြီးပြင်းသည်ဟု မည်သူမျှ မခံစားရကြပေ၊ ယင်းအစား လူသားသည် မိဘများ၏ ကျွေးမွေးစောင့်ရှောက်ခြင်း ကျေးဇူးတရားအောက်တွင် ကြီးပြင်းလာပြီး သူ၏ကြီးပြင်းမှုကို သူ့အသက်၏ပင်ကိုအသိစိတ်က လှုံ့ဆော်ပေးသည်ဟု ၎င်းတို့ယုံကြည်ကြသည်။ အကြောင်းရင်းမှာ လူသားသည် သူ့အား အသက်ကို အပ်နှင်းပေးခဲ့သောသူကို မသိသောကြောင့်၊ သို့မဟုတ် ထိုအသက်သည် မည်သည့်အရပ်မှ လာသည်ကို မသိသောကြောင့် ဖြစ်သည်၊ အသက်၏ပင်ကိုအသိစိတ်က အံ့ဖွယ်တို့အား မည်ကဲ့သို့ ဖန်တီးပေးသည်ကို သာ၍ပင် မသိကြသောကြောင့်လည်းဖြစ်သည်။ လူသားသည် အစားအစာမှာ အသက်ဆက်ရန် အခြေခံဖြစ်ကြောင်း၊ ဇွဲရှိခြင်းသည် သူ့အသက်၏ တည်ရှိနေခြင်း၏ အရင်းအမြစ်ဖြစ်ကြောင်းနှင့် သူ့စိတ်ထဲရှိ ယုံကြည်မှုများသည် သူဆက်လက်ရှင်သန်နိုင်ရန် မှီခိုနေရသည့် အရင်းအနှီးဖြစ်ကြောင်းသာ သိရှိကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ပံ့ပိုးမှုတို့ကို လူသားသည် လုံးဝ သတိမမူမိပေ၊ ပြီးလျှင် သူ့အပေါ် ဘုရားသခင်အပ်နှင်းပေးထားသော အသက်ကို သူဖြုန်းတီးပစ်သည်မှာ ဤနည်းဖြင့်ဖြစ်လေသည်။...ဘုရားသခင်၏ နေ့ညမပြတ် စောင့်ကြည့်ခြင်းကို ခံရသော လူသားတစ်ဦးတစ်ယောက်မျှ ကိုယ်တော့်အား ကိုးကွယ်ရန် မိမိအသိစိတ်ဖြင့် အစပြု၍ မလုပ်ဆောင်ချေ။ ဘုရားသခင်သည် မည်သည့်မျှော်လင့်ချက်မျှ မထားသော လူသားအပေါ်၌ မိမိအစီအစဉ်ရှိသည့်အတိုင်း အမှုတော်ကို ဆောင်ရွက်ရုံသာ ဖြစ်၏။ ကိုယ်တော်သည် ထိုသို့ပြုလုပ်ရခြင်းမှာ တစ်နေ့တွင် လူသားသည် သူ၏အိပ်မက်မှ နိုးထလာပြီး အသက်၏ တန်ဖိုးနှင့် အနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ သူ့အား ကိုယ်တော် ပေးသနားတော်မူခဲ့သော အရာအားလုံးအတွက် ဘုရားသခင် ပေးဆပ်ခဲ့ရသည့် အဖိုးအခကိုလည်းကောင်း၊ လူသားသည် ကိုယ်တော့်ထံ ပြန်လည်လှည့်လာရန် ဘုရားသခင်သည် ပြင်းပြစွာ တောင့်တတော်မူသည်ကိုလည်းကောင်း ရုတ်တရက် သဘောပေါက်နားလည်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဖြစ်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ သဘောပေါက်သွားတယ်၊ ကျွန်မအသက်က ဘုရားသခင်ဆီက လာတာပဲ။ ကျွန်မ အဖိုးနဲ့ အဖွားက ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့ကြပေမဲ့ နောက်ကွယ်ကနေ ကျွန်မကို အမြဲ စောင့်ကြည့်ပြီး ကာကွယ်ပေးနေတာက ဘုရားသခင်ပဲ။ ကျွန်မ ငယ်ငယ်တုန်းက ကြွက်သတ်ဆေးကို မတော်တဆ စားမိခဲ့တယ်။ မိသားစုက ကျွန်မကို ဆေးရုံသုံးရုံ ပို့ပေမဲ့ ဘယ်ဆေးရုံကမှ မကုပေးချင်ကြဘူး၊ နာရေးပြင်ဆင်ဖို့ပဲ မိသားစုကို ပြောကြတာ။ အဘိုးက ဆရာဝန်ဖြစ်ပေမဲ့ သူတောင် ဘာမှမတတ်နိုင်ခဲ့ဘူး။ နောက်ဆုံးမှာ ဆေးရုံတစ်ရုံက ကျွန်မကို ကယ်ကြည့်ပေးဖို့ အင်တင်တင်နဲ့ လက်ခံခဲ့ပြီး၊ အရေးပေါ် ကုသမှုပေးပြီးတဲ့နောက်မှာ ကျွန်မ အံ့ဩစရာကောင်းအောင် အသက်ရှင်လာခဲ့တယ်။ နောက်တစ်ခါကျတော့ ကျွန်မ စိုးရိမ်ရတဲ့ အူပိတ်ရောဂါ ဖြစ်ပြန်ရော။ ဆရာဝန်က မနှိပ်ဖို့ အကြံပေးတယ်၊ နှိပ်လိုက်ရင် ပိုပြီးပိတ်သွားလိမ့်မယ်တဲ့။ ကျွန်မ ခွဲစိတ်ခန်းဝင်ရလုနီးပါး ဖြစ်နေပြီ၊ ဒါပေမဲ့ အဘွားက ကျွန်မဗိုက်ကို နှိပ်ပေးရင်း တကယ်ပဲ အူပိတ်တာ ပွင့်သွားစေခဲ့တယ်။ ဒီနေ့ ကျွန်မ အသက်ရှင်ကျန်းမာနေတာဟာ လုံးဝကို ဘုရားသခင်ရဲ့ အံ့ဩဖွယ် ကာကွယ်စောင့်ရှောက်မှုကြောင့်ပါပဲ။ ကျွန်မက ဘုရားသခင်ရဲ့ ကယ်တင်ခြင်းအတွက် ကျေးဇူးတင်သင့်တာပါ၊ အဲဒီအစား အဲဒါတွေအားလုံးကို အဘိုးနဲ့ အဘွားရဲ့ ကျေးဇူးလို့ သဘောထားမိခဲ့တယ်။ ဒီအချက်ကို နားလည်သွားတော့ ကျွန်မ သူတို့ကို အကြွေးတင်သလို မခံစားရတော့ဘူး။ တစ်လကြာတော့ အသင်းတော်ရဲ့ ဧဝံဂေလိအလုပ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ လူလိုတယ်ဆိုတာ သိလိုက်ရတယ်၊ ဒါနဲ့ ကျွန်မ အလုပ်ထွက်ပြီး အဲဒါကို ခေါင်းမဖော်တမ်း လုပ်ခဲ့တယ်။

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နေ့လယ်ပိုင်းမှာ ကျွန်မ စုဝေးနေတုန်း လူဆိုးတစ်ယောက်က တိုင်လို့ နောက်တစ်ကြိမ် ထပ်အဖမ်းခံရတယ်။ ၁၅ ရက် ထိန်းသိမ်းခံရပြီး ဒဏ်ငွေ ယွမ်တစ်ထောင် ရိုက်ခံရတယ်။ အဖေက ကျွန်မကို လာကြိုတယ်။ အိမ်ပြန်လမ်းမှာ အဖေက မျက်နှာထားတင်းတင်းနဲ့ လုံးဝ နှုတ်ဆိတ်နေတယ်။ သူ တိတ်ဆိတ်နေလေ ကျွန်မ ပိုကြောက်လေပဲ၊ မုန်တိုင်းမလာခင် ငြိမ်သက်နေသလို ခံစားရတယ်။ ကျွန်မ စိတ်နှလုံးထဲမှာ ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ သမီး ဘာကို ရင်ဆိုင်ရမလဲဆိုတာ မသိပါဘူး။ ကျေးဇူးပြုပြီး သမီးကို ကာကွယ်ပေးပါ။ မိသားစုက သမီးကို ဘယ်လိုပဲ တိုက်ခိုက်ပါစေ၊ ကိုယ်တော့်အတွက် သက်သေခံချက်မှာ သမီး ခိုင်မာစွာ ရပ်တည်ရပါမယ်” လို့ပေါ့။ အဘိုးတို့အိမ်ရောက်တော့ အဖေက ကျွန်မကို အော်ပြောတယ်၊ “ရဲတွေက ငါ့ကို ပြောတယ်၊ နင်တို့ယုံကြည်တာက လူသက်သက်ပဲတဲ့။ နင်တို့အားလုံး လှည့်ဖြားခံရပေမဲ့ အဲဒါကို အရမ်း စွဲလမ်းနေတုန်းပဲ” တဲ့။ သူအဲဒီလိုပြောတာကြားတော့ ကျွန်မ အရမ်းဒေါသထွက်လို့ ပြန်ပြောလိုက်တယ်၊ “အဖေလည်း သခင်ယေရှုကို ယုံကြည်ဖူးတာပဲ။ သူလည်း အပြင်ပန်းမှာ လူတစ်ယောက် မဟုတ်ဘူးလား။ ဒါပေမဲ့ သူက ဘုရားရဲ့အနှစ်သာရရှိပြီး ဘုရားသခင်ရဲ့ အမှုတော်ကို လုပ်ဆောင်နိုင်တယ်လေ” လို့ပေါ့။ အဖေက ကျွန်မကို လက်ညှိုးထိုးပြီး ပြောတယ်၊ “စွဲလမ်းနေတာ။ လုံးဝကို စွဲလမ်းနေတာ။ နင်တို့က အဖွဲ့အစည်းတစ်ခုလို့ ရဲတွေက ပြောတယ်...” တဲ့။ ကျွန်မ သူ့စကားကို ဖြတ်ပြီး မေးလိုက်တယ်၊ “အဖွဲ့အစည်းဆိုတာ ဘာလဲ။ အဖွဲ့အစည်းဆိုတာ လူတွေက ဖန်တီးထားတာလေ၊ ကိုယ်ပိုင် ရည်ရွယ်ချက်တွေ၊ အကျိုးစီးပွားတွေအတွက် အပေးအယူလုပ်တဲ့ အဖွဲ့ပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ဘုရားသခင်ရဲ့ အမှုတော်ကတစ်ဆင့် ဖြစ်လာတာ။ ကျွန်မတို့က ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် သိနားလည်ခြင်းအကြောင်း ပြောဆိုဖို့နဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို မိတ်သဟာယဖွဲ့ဖို့ပဲ စုဝေးကြတာ။ အဖွဲ့အစည်းဆိုတာနဲ့ ဘာမှမဆိုင်ဘူး။ ဘုရားသခင်ရဲ့ အသင်းတော်ကို အဖွဲ့အစည်းလို့ ခေါ်တာက ယူဆချက်တွေကို ရှုပ်ထွေးစေတာသက်သက်ပဲ။ အဲဒါ နားဝေတိမ်တောင်ဖြစ်တဲ့လူ ပြောတဲ့အရာပဲ။ ဉာဏ်ရှိတဲ့လူဆိုရင် ဒီလိုပေါက်ကရစကားတွေကို မျက်စိမှိတ်ပြီး နားမထောင်ဘဲ ကိုယ်တိုင် စုံစမ်းလေ့လာမှာပေါ့” လို့လေ။ ဒါပေမဲ့ ကျွန်မ အံ့ဩသွားတာက အဘိုးကပါ ကျွန်မကို လက်ညှိုးထိုးပြီး ပြောတယ်၊ “ဒီရွာကို ကြည့်စမ်း။ နင့်လိုလူ တစ်ယောက်ယောက် ရှိလို့လား။ ဒီလောက် ငယ်ငယ်လေးနဲ့ ဘုရားသခင်ကို ယုံကြည်နေတယ်။ နင် ငါတို့ကို လုံးဝ အရှက်ခွဲလိုက်တာပဲ” တဲ့။ အဘွားနဲ့ ဦးလေးကလည်း ဝင်ပြီး ကျွန်မကို ဆူကြတယ်။ အဖေက အတင်းမေးတယ်၊ “နင် သိတာလည်း မနည်းပါလား။ နင် ယုံကြည်လာတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်မှာ စုဝေးတာလဲ” တဲ့။ ကျွန်မကတော့ လဝက်လောက် အချုပ်ကျပြီး ပြန်လာရင် မိသားစုက ကျွန်မအတွက် စိတ်ပူပြီး ရူးမတတ်ဖြစ်ကြမယ်လို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ကျွန်မရှေ့က မြင်ကွင်းကြောင့် ရင်ထဲ အေးစက်သွားတယ်။ အရင်တုန်းက ချစ်ခင်ကြင်နာတတ်တဲ့ ဆွေမျိုးတွေက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။ အိမ်ကြီးက ထောင်လောက်ကို ရေခဲလိုအေးစက်နေတယ်။ ဘုရားသခင်ကို ယုံကြည်တဲ့အကြောင်းပြချက်လေးတစ်ခုတည်းနဲ့ ကိုယ့်မိသားစုကပဲ ကျွန်မကို ဝိုင်းပယ်ပြီး ဝိုင်းတိုက်ခိုက်နေကြတာလေ။ ဘယ်သူမှ ကျွန်မကို နားမလည်ကြဘူး၊ ကျွန်မ ဘယ်လိုခံစားနေရလဲဆိုတာ ဘယ်သူမှ ဂရုမစိုက်ကြဘူး။ ယုံကြည်ခြင်းလမ်းကြောင်းက အရမ်းကိုပဲ ခက်ခဲလွန်းတယ်လို့ ခံစားရပြီး ကျွန်မ တော်တော်လေး အပျက်သဘောဆောင်ပြီး အားနည်းလာတယ်။ အဖေက ကျွန်မနဲ့ပတ်သက်လို့ ရှက်လို့ဆိုပြီး ကျွန်မကို အခန်းထဲမှာ နေ့တိုင်း ပိတ်လှောင်ထားတယ်။ ယုံကြည်ခြင်းကြောင့် ကျွန်မ အဖမ်းခံရမှန်း ရွာထဲကလူတွေ သိသွားတော့ တချို့က လှောင်ပြောင်ပြီး အတင်းပြောဖို့ ကျွန်မတို့ အိမ်ပြင်မှာရပ်နေကြတယ်။ ကျီစယ်တတ်တဲ့ ကလေးတချို့ဆိုရင်၊ “ဘုရားယုံတဲ့လူ အိမ်မှာ ရှိလားဟေ့။ ရဲတွေ လာနေပြီ” ဆိုပြီးတောင် အော်ကြတယ်။ ညနေတစ်ခုမှာ အဖေက ကျွန်မကို ထပ်ဆူပြန်တယ်။ ကျွန်မကြောင့် တစ်မိသားစုလုံး လူကြားထဲ ခေါင်းမဖော်ရဲတော့ဘူးတဲ့။ ပြီးတော့ အခန်းထဲမှာ မှိုင်ပြီး တိတ်တိတ်လေး ဆေးလိပ်ထိုင်သောက်နေတယ်။ ခဏနေတော့ အဖေ ကျိတ်ပြီး ရှိုက်ငိုနေတဲ့အသံကို ကျွန်မ ကြားလိုက်ရတယ်။ တသက်လုံး အဖေငိုတာ ကျွန်မ တခါမှ မကြားဖူးဘူး။ သူငိုတာကြားတော့ ကျွန်မပါ လိုက်ငိုမိတယ်။ ကျွန်မ တွေးမိတယ်၊ “ငါ့ယုံကြည်ခြင်းက မိသားစုအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်စေပြီပဲ။ အဘိုးနဲ့ အဘွားဆို ဒီလောက် အသက်ကြီးနေပြီ၊ ငါ့အတွက် စိတ်ပူနေရတုန်း။ ပြီးတော့ ဒါက ဒုတိယအကြိမ် အဖမ်းခံရတာ။ ငါသာ ဆက်ပြီး ယုံကြည်နေလို့ နောက်ထပ် အဖမ်းခံရရင် မိသားစုက ဘယ်လိုခံနိုင်ပါ့မလဲ။ ငါ့ရဲ့ ယုံကြည်ခြင်းကို စွန့်လွှတ်သင့်တယ် ထင်တယ်။ အလုပ်တစ်ခုရှာပြီး ပိုက်ဆံရှာဖို့ပဲ အာရုံစိုက်လိုက်ရင် အနည်းဆုံးတော့ သူတို့ စိတ်အေးရတာပေါ့” လို့လေ။ ဒီအတွေးကြောင့် ကျွန်မ အရမ်းနာကျင်ရပြီး ဆုတောင်းမိတယ်။ “ဘုရားသခင်၊ သမီး ကိုယ်တော့်ကို ယုံကြည်ချင်ပါတယ်၊ ဒါပေမဲ့ မိသားစုက သမီးကို နှိပ်စက်ညှဉ်းပန်းပြီး အတားအဆီးလုပ်တာ မရပ်ကြဘူး၊ သမီး အရမ်း အားနည်းနေပါတယ်။ ဘုရားသခင်၊ ကျေးဇူးပြုပြီး သမီးကို လမ်းပြပေးတော်မူပါ” လို့ပေါ့။ ဆုတောင်းပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “သင့်ထံ ဖြစ်ပျက်သည့် အရာတိုင်းက ကြီးမားသော စမ်းသပ်မှုဖြစ်ပြီး သက်သေခံဖို့အတွက် ဘုရားသခင်က သင့်ကို လိုအပ်သည့်အချိန် ဖြစ်ကြောင်းကို သင်သိသင့်သည်။ အပြင်ပန်းမှဆိုလျှင် ယင်းတို့သည် အရေးမပါဟု ထင်စရာရှိနိုင်သော်လည်း ဤအရာများ ဖြစ်ပျက်သည့်အခါ သင်သည် ဘုရားသခင်ကို ချစ်မချစ်ကို ဤအရာများက ပြနေသည်။ သင်က ချစ်သည်ဆိုလျှင် သူ့ကို သင်၏သက်သေခံချက်တွင် ခိုင်မာစွာ ရပ်တည်နိုင်မည်ဖြစ်ပြီး သင်က သူ့အပေါ်ချစ်ခြင်းကို လက်တွေ့မလုပ်ဆောင်လျှင်၊ သင်သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သည့်သူ၊ သင်သည် သမ္မာတရား မရှိသည့်သူ၊ အသက် မရှိသည့်သူ၊ ဖွဲဖြစ်သည်ကို ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်ခြင်းသည်သာလျှင် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်တော့ ဘုရားရဲ့ ခွင့်ပြုချက်နဲ့ ဒီအရာတွေရောက်လာတာဟာဖြစ်တယ်ဆိုတာကို ကျွန်မ နားလည်သွားတယ်။ ဒါက ကျွန်မအပေါ် သူ့ရဲ့ စမ်းသပ်မှုဖြစ်တယ်၊ ကျွန်မက ယုံကြည်ခြင်းကို စွဲကိုင်ပြီး သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်မလား၊ ဒါမှမဟုတ် စာတန်ကို အလျှော့ပေးမလားဆိုတာ ကြည့်ဖို့ပေါ့။ မိသားစုရဲ့ တိုက်ခိုက်မှုတွေ၊ အိမ်နီးနားချင်းတွေရဲ့ အတင်းအဖျင်းတွေနဲ့ ရင်ဆိုင်ရပြီး၊ အထူးသဖြင့် အဖေငိုတာကို ကြားလိုက်ရတဲ့အခါ၊ ကျွန်မရဲ့ မိသားစုကို လှောင်ပြောင်ခံရအောင် လုပ်မိပြီး ကျွန်မနဲ့ပတ်သက်လို့ သူတို့ကို စိတ်ပူစေသလို ဖြစ်တဲ့အတွက် ကိုယ့်ယုံကြည်ခြင်းကိုပဲ အပြစ်တင်မိခဲ့တယ်။ ပြီးတော့ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့တောင် တွေးမိတယ်၊ အဲဒါ စာတန်ကို အလျှော့ပေးတာ မဟုတ်ဘူးလား။ တကယ်လို့ မိသားစုက ကျွန်မ မှားယွင်းတဲ့အရာကို ယုံကြည်မိမှာစိုးလို့ တကယ် စိတ်ပူတာဆိုရင် ကျွန်မ ယုံကြည်တာက မှန်ကန်တဲ့ လမ်းခရီး ဟုတ်မဟုတ်ဆိုတာကို သူတို့ ကူပြီး လေ့လာစုံစမ်းပေးသင့်တာပေါ့။ ဒါပေမဲ့ သူတို့က ကျွန်မကို လက်လွတ်စပယ် တိုက်ခိုက်နေကြတာ။ အမှန်တကယ်တော့ ကျွန်မရဲ့ ယုံကြည်ခြင်းကြောင့် သူတို့ အမှုပတ်ပြီး သူတို့ရဲ့ ကိုယ်ကျိုးစီးပွားတွေ ထိခိုက်မှာကို ကြောက်နေကြတာပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကို ကျွန်မ ထွင်းဖောက်မမြင်ဘဲ ကျွန်မအတွက်ဆိုတဲ့ သူတို့ရဲ့ ဂရုစိုက်မှုကြောင့် ကျွန်မ လှည့်ဖြားခံခဲ့ရတယ်။ ကျွန်မ စာတန်ရဲ့ လှည့်ကွက်ထဲ မိသွားပြီး ဘုရားသခင်ကို သစ္စာဖောက်လုနီးပါး ဖြစ်ခဲ့တာ၊ တကယ် အန္တရာယ်များလိုက်တာ။ နောက်နောင် မိသားစုက ကျွန်မကို ဘယ်လိုပဲ နှိပ်စက်ညှဉ်းပန်းပါစေ၊ ကျွန်မ ဘုရားသခင်အတွက် သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ရမယ်၊ မိသားစုရဲ့ တိုက်ခိုက်မှုတွေကို အရှုံးပေးလို့ မဖြစ်ဘူး။

၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှာ၊ အဖေက သူအလုပ်လုပ်တဲ့နေရာကို ကျွန်မကို အတင်းခေါ်သွားပြီး အိမ်အကျယ်ချုပ်နဲ့ထားတယ်။ သူ အလုပ်သွားပြီဆိုရင် အိမ်ကို အပြင်ကနေ သော့နှစ်ထပ်ခတ်သွားတာ။ ကျွန်မ ထွက်ပြေးဖို့ စဉ်းစားနိုင်သမျှ နည်းလမ်းပေါင်းစုံ ကြိုးစားပေမဲ့ ဘာမှ အလုပ်မဖြစ်ဘူး။ တရက်ကျတော့ အဖေ ပြန်ရောက်လာတယ်၊ ခုတင်စွန်းမှာထိုင်ပြီး ကျွန်မကို ဆူတယ်။ “နင့်ကိုယ်နင် ကြည့်စမ်း။ ဒီလောက် ငယ်ငယ်လေးရှိသေးတယ် နှစ်ခါတောင် အဖမ်းခံရပြီးပြီ။ မရှက်ဘူးလား” တဲ့။ ကျွန်မက ပြောလိုက်တယ်၊ “ဘုရားသခင်ကို ယုံကြည်တဲ့သူအနေနဲ့ ကျွန်မက ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရုံပါပဲ။ မှားတာ ဘာမှ မလုပ်ထားဘူး။ ဘာရှက်စရာ ရှိလို့လဲ” လို့ပေါ့။ အဲဒီအခါ အဖေ ဒီလောက် ဒေါသထွက်သွားလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ သူ ဝုန်းခနဲ ထလာပြီး ကျွန်မလည်ပင်းကို ညှစ်တယ်၊ ပြီးတော့ “နင် ယုံကြည်တယ်လား။ နင့်ရဲ့ အဒီယုံကြည်ခြင်းကို ထုတ်ပစ်ဖို့ နင့်ကို ငါ ရိုက်မယ်” လို့ အော်ရင်းနဲ့ ကျွန်မ မျက်နှာကို အကြိမ်ကြိမ် စပြီး ရိုက်တယ်။ ကျွန်မနှာခေါင်းကနေ သွေးတွေ မနည်းကျလာပေမဲ့ အိမ်နီးနားချင်းတစ်ယောက် တံခါးလာခေါက်တဲ့အထိ သူ မရပ်ဘူး။ သူက ကျွန်မကို စိုက်ကြည့်ပြီး ဟိန်းဟောက်တယ်။ “နင် ဆက်ယုံနေရင် ငါ ဆက်ရိုက်မှာပဲ။ နင် အလျှော့ပေးတဲ့အထိ ရိုက်မှာ” တဲ့။ အဲဒီအချိန်မှာ ကျွန်မနှာခေါင်းသွေးက မတိတ်သေးဘူး။ အမှိုက်ပုံးက သွေးသုတ်ထားတဲ့ တစ်ရှူးတွေနဲ့ ပြည့်နေတာကို ကြည့်ပြီး ကျွန်မ စိတ်နှလုံးထဲမှာ အရမ်း နာကျင်ရတယ်။ “ငါ ဘုရားသခင်ကို ယုံကြည်လို့ ငါ့အဖေအရင်းခေါက်ခေါက်က ဒီလောက် ရက်စက်တယ်။ ဒါဘယ်လိုလုပ်ပြီး ငါ့အဖေ ဖြစ်နိုင်မှာလဲ။ သူက နတ်ဆိုးပဲ” လို့လေ။ ကျွန်မ ခုတင်ပေါ်မှာ မှောက်ပြီး အကြာကြီး ရှိုက်ကြီးတငင် ငိုမိတယ်။ ဘုရားသခင်ကို ယုံကြည်ရတာ အရမ်း ခက်ခဲလွန်းတယ်လို့ ခံစားရတယ်။ ကျွန်မ တွေးမိတယ်၊ “ငါ ဆက်ပြီး ယုံကြည်နေရင် ဒီနှိပ်စက်ညှဉ်းပန်းမှုတွေက ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး။ ယုံကြည်ခြင်းကို စွန့်လွှတ်လိုက်ပြီလို့ သူ့ကို ပါးစပ်ကပဲ ပြောလိုက်ရင် ကောင်းမလား။ ဒီမှာ အလုပ်တစ်ခုရှာပြီး တိတ်တိတ်လေး ယုံလို့ရတာပဲ။ အဲဒါဆို သူ ငါ့ကို မရိုက်တော့ဘူးပေါ့” လို့လေ။ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကိုယ်တော်ရဲ့ ရည်ရွယ်ချက်ကို သမီး နားလည်နိုင်ဖို့ ကျေးဇူးပြုပြီး သမီးကို ဉာဏ်အလင်းပေး၊ လမ်းပြပေးတော်မူပါ” လို့ပေါ့။

သုံးရက်ကြာတော့ ဖုန်းအစုတ်လေးတစ်လုံး တွေ့တယ်၊ ကျွန်မ ဝှက်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေ ထည့်ထားတဲ့ မန်မိုရီကတ်ကို ထုတ်ပြီး အဲဒီဖုန်းထဲ ထည့်လိုက်တယ်။ ဖုန်းဖွင့်ပြီး ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် ခြုံငုံကြည့်လျှင် သင်သည် ဘုရားသခင်၏ အမှုတော်၌ ယုံကြည်ခြင်းရှိရမည်ဖြစ်ပြီး ယောဘကဲ့သို့ပင် ဘုရားသခင်ကို မငြင်းဆန်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း လူတို့မွေးဖွားပြီးနောက်တွင် လူတို့ပိုင်ဆိုင်သည့် အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့ကို နုတ်ယူသည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သည့်စမ်းသပ်မှုများကို သူကြုံတွေ့ရသည်ဖြစ်စေ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။...‘ယုံကြည်ခြင်း’ သည် မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ ပိုင်ဆိုင်သင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားစစ်မှန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။ လူတို့သည် ဆင်းရဲဒုက္ခနှင့် စစ်ဆေးခံရသည့် အချိန်များအတွင်းတွင် ယုံကြည်ခြင်းလိုအပ်လျက်ရှိပြီး ၎င်းတို့တွင် ယုံကြည်ခြင်းရှိသည့်အခါတွင် စစ်ဆေးခြင်းကို ၎င်းတို့ ရင်ဆိုင်ကြသည်။ စစ်ဆေးခြင်းနှင့် ယုံကြည်ခြင်းတို့မှာ ခွဲခြား၍မရပေ။ ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို လိုက်စားပြီး သမ္မာတရားကို ရှာ‌ဖွေနိုင်ကာ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို လိုက်စားနိုင်သည့်အပြင် သူ၏လုပ်ရပ်များအား သိရှိဖို့ ကြိုးစားနိုင်ကာ သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လျှင် ဤသည်မှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်း ဖြစ်ပြီး ယင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို သက်သေပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)သင်တို့၏ ဝိညာဉ်ရင့်ကျက်မှု အမှန်တကယ် မည်သို့ပင်ရှိစေကာမူ သင်တို့သည် ဒုက္ခဆင်းရဲခံရန် ဤစိတ်ပိုင်းဖြတ်ချက်နှင့် ဤစစ်မှန်သော ယုံကြည်ခြင်း နှစ်မျိုးလုံးကို ရှေးဦးစွာ ပိုင်ဆိုင်ထားရမည်ဖြစ်ပြီး ဇာတိပကတိကို ပုန်ကန်ရန် စိတ်ပိုင်းဖြတ်ချက်လည်း ရှိရမည်။ သင်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းရန်အလို့ငှာ ကိုယ်တိုင်ကိုယ်ကျ ဒုက္ခဆင်းရဲခံရန်နှင့် မိမိတို့၏ ကိုယ်ကျိုးစီးပွားများ နစ်နာဆုံးရှုံးမှုကို ခံယူရန် လိုလိုလားလား ရှိရမည်။ သင်သည် သင့်စိတ်နှလုံးထဲတွင် သင့်ကိုယ်သင်နှင့်ပတ်သက်၍ နောင်တရနိုင်စွမ်းလည်း ရှိရမည်။ အတိတ်တွင် သင်သည် ဘုရားသခင်ကို မကျေနပ်စေနိုင်ခဲ့သဖြင့် ယခုတွင် သင့်ကိုယ်သင် နောင်တရတတ်ခြင်းဖြစ်သည်။ သင်သည် ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကင်းမဲ့ခြင်း မရှိရပေ၊ ဘုရားသခင် သင့်ကို စုံလင်စေမည်မှာ ဤအရာများအားဖြင့် ဖြစ်သည်။ သင်သည် ဤစံနှုန်းများနှင့် မပြည့်မီနိုင်ပါက စုံလင်အောင်ပြုခြင်း မခံရနိုင်ချေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်)သင်တို့အား ပြင်ဆင်ထားပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ လိုက်စားဖူးသလော။ ငါ့အလင်း၏ လမ်းပြမှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လက်ခုပ်တွင်းမှ ထိုးဖောက်ကျော်လွှားလိမ့်မည်။ အမှောင်ထု၏ အလယ်တွင် အလင်း၏ လမ်းပြမှုကို သင်တို့ သေချာပေါက် ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်တို့သည် အရာခပ်သိမ်း၏ အရှင်သခင်များ သေချာပေါက် ဖြစ်လိမ့်မည်။ သင်တို့သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူများ ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံ ကျရှုံးချိန်တွင် သင်တို့သည် ငါ၏ အောင်မြင်မှု၏ သက်သေအဖြစ် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် သေချာပေါက် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် သေချာပေါက် ခိုင်မာစွာ ရပ်တည်ပြီး မယိမ်းယိုင်ဘဲ ရှိကြလိမ့်မည်။ သင်တို့ ခါးစည်းခံရသည့် ဆင်းရဲဒုက္ခများကြောင့် သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး စကြဝဠာ တစ်ခွင်လုံးတွင် ငါ၏ ဘုန်းအသရေ အလင်းကို သေချာပေါက် တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးထံ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ထပ်ခါတလဲလဲ ဖတ်တယ်။ ယောဘအကြောင်းကို ကျွန်မ စဉ်းစားမိတယ်။ စမ်းသပ်မှုတွေ ကြုံရတုန်းက သူက စည်းစိမ်တွေရော၊ သားသမီးတွေရော အကုန်ဆုံးရှုံးခဲ့တယ်၊ တကိုယ်လုံးလဲ အနာဆိုးတွေ ပေါက်ခဲ့တယ်၊ ပြီးတော့ သူ့ဇနီးနဲ့ မိတ်ဆွေတွေရဲ့ တိုက်ခိုက်တာကိုတောင် ခံခဲ့ရတယ်။ ဒါပေမဲ့ ယောဘက ဘုရားသခင်ရဲ့ နာမတော်ကို ဘယ်တော့မှ မငြင်းပယ်ခဲ့ဘူး။ အဲဒီအစား သူက ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ အစီအစဉ်တွေကို ကျိုးနွံနာခံပြီး ယေဟောဝါရဲ့ နာမတော်ကို ချီးမွမ်းခဲ့တယ်၊ စမ်းသပ်မှုတွေကြားမှာ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ပြီး စာတန်ကို အရှက်ရစေခဲ့တယ်။ ကျွန်မ ခါးစည်းခံနေရတာက ကျွန်မအဖေရဲ့ ပိတ်လှောင်ခံရတာနဲ့ ရိုက်နှက်တာလောက်ပဲလေ၊ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခ နည်းနည်းလေးပါ။ ဒါကိုတောင် ဘုရားသခင်ကို ယုံကြည်ရတာ အရမ်းခက်ခဲပြီး ပင်ပန်းတယ်လို့ ခံစားနေရပြီ၊ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့တောင် တွေးမိသေးတယ်။ ဒါက ဘုရားသခင်ကို သစ္စာဖောက်ပြီး စာတန်ကို ဦးချတာ မဟုတ်ဘူးလား။ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းက အရမ်းသေးလွန်းတယ်။ သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ တက်တက်ကြွကြွ စုဝေးပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်တာက ကျွန်မမှာ စစ်မှန်တဲ့ ယုံကြည်ခြင်းရှိတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ စစ်မှန်တဲ့ ယုံကြည်ခြင်းဆိုတာ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ဒုက္ခခံရချိန်မှာတောင် ဘုရားသခင်နောက်ကို လိုက်လျှောက်နိုင်တာ ဖြစ်တယ်။ အဖေက ကျွန်မကို မသိတဲ့နေရာကို ခေါ်သွားတယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့ အဆက်အသွယ်ဖြတ်ပြီး ကျွန်မကို ရိုက်နှက်ခဲ့တယ်၊ ဒါတွေအားလုံးက ဘုရားသခင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်တာလေ။ ဘုရားသခင်က ကျွန်မရဲ့ ယုံကြည်ခြင်းနဲ့ ဆင်းရဲဒုက္ခခံဖို့ စိတ်ဆုံးဖြတ်ချက်ကို စုံလင်စေဖို့ ဒါကို အသုံးပြုနေတာပါ။ ဒါ ကိုယ်တော်ရဲ့ ကောင်းချီးပဲ။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို နားလည်သွားတဲ့အခါ ကျွန်မ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်နိုင်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ အဖေ ကျွန်မကို ဖမ်းချုပ်ထားတဲ့ ရက် ၂၀ ကျော်အတွင်းမှာ သူ အလုပ်သွားတိုင်း ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တယ်။ ကျွန်မစိတ်နှလုံးက ဘုရားသခင်နဲ့ ပိုနီးသထက်နီးကပ်လာပြီး ဒုက္ခခံစားနေရတယ်လို့ မထင်တော့ဘူး။

ရက် ၂၀ ကျော်ကြာတော့ ကျွန်မနေတဲ့ရွာက ရဲတွေရောက်လာပြီး ကျွန်မကို အချုပ်ခန်းဆီ ပြန်ခေါ်သွားကြတယ်။ ၂၀၁၄ ခုနှစ်၊ မေလကုန်မှာ၊ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မကို “မိစ္ဆာဂိုဏ်း အဖွဲ့အစည်းကို အသုံးပြုပြီး ဥပဒေစိုးမိုးမှုကို ပျက်ပြားစေခြင်း” ဆိုတဲ့ ပုဒ်မတပ်ပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်တယ်၊ ခံဝန်ချုပ်နဲ့ ပြစ်ဒဏ်ကို လေးနှစ် ဆိုင်းငံ့လိုက်တယ်။ ကျွန်မ ပြန်လွတ်လာဖို့အတွက် မိသားစုက ရဲတွေကို ယွမ် တစ်သိန်းကျော် ပေးလိုက်ရတယ်။ ခံဝန်ချုပ်နဲ့ နေရတဲ့အတောအတွင်းမှာ၊ ကျွန်မက အပတ်တိုင်း ဒေသခံ တရားရေးရုံးမှာ သွားပြီး သတင်းပို့ရတယ်၊ ပြီးတော့ အချိန်မရွေး ဆက်သွယ်လို့ရအောင် နေရတယ်။ ကျွန်မတို့ သူတို့ ဆက်သွယ်လို့မရရင်၊ ကျွန်မ သတိပေးခံရတယ်။ ဖုန်း သုံးခါ မကိုင်ရင် ထောင်ထဲ တန်းပြန်ပို့ခံရမှာ။ ကျွန်မ ပြန်လွတ်လာခဲ့ပေမဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ဘာဆိုဘာမှ မရှိဘူး။ ဦးလေးက ကျွန်မ ပြန်လွတ်လာဖို့ သူ့အလုပ်နဲ့ အာမခံပေးထားတာလေ၊ အဲဒီနောက်ပိုင်း မိသားစုက ကျွန်မကို ပိုပြီးတောင် ပြင်းပြင်းထန်ထန် နှိပ်စက်ညှဉ်းပန်းကြတယ်။ ကျွန်မရဲ့ လှုပ်ရှားမှုတိုင်းကို သူတို့ကို အစီရင်ခံရတယ်။ တခါတုန်းက ကျွန်မ အပြင်ထွက်တာ သုံးနာရီလောက်ပဲ ကြာသေးတယ်၊ အဒေါ်ဆီက ဖုန်းမကိုင်မိတာ ၁၄ ခါတောင် ရှိသွားတယ်။ ညဘက်ဆိုရင်လည်း ကျွန်မ နည်းနည်းစောစော အိပ်ရာဝင်ရင် အဘွားက ကျွန်မ ဆုတောင်းနေလားဆိုတာ လာစစ်ဆေးတတ်ပြီး ကျွန်မ အိပ်တဲ့အခါ တံခါးပိတ်ခွင့်တောင် မပေးဘူး။ ကျွန်မ အဒေါ်ဆိုင်မှာ အလုပ်သွားလုပ်တုန်းကဆိုရင်လည်း သူက ဆိုင်ထိ လိုက်လာတာ။ ဒီလို အချိန်ပြည့် စောင့်ကြည့်ခံရတာနဲ့ ရင်ဆိုင်ရတော့ ကျွန်မ အရမ်း အားနည်းလာပြီး ဘယ်လို ဖြေရှင်းရမလဲဆိုတာ မသိတော့ဘူး။ ကျွန်မအတွက် လမ်းဖွင့်ပေးဖို့ ဘုရားသခင်ဆီ ခဏခဏ ဆုတောင်းခဲ့တယ်။ တရက်ကျတော့ တရားရေးရုံးကို သွားတဲ့လမ်းမှာ ညီအစ်မတစ်ယောက်နဲ့ ဆုံတယ်။ ညီအစ်ကိုမောင်နှမတွေအားလုံး ကျွန်မအတွက် ဆုတောင်းပေးနေကြတယ်၊ ကျွန်မလည်း ပိုပြီး ဆုတောင်းသင့်တယ်၊ ဘုရားသခင် လမ်းပြလိမ့်မယ်လို့ သူက ပြောတယ်။ သူ့စကားတွေက ကျွန်မကို အရမ်းတို့ထိခဲ့တယ်။ ပြီးတော့ သူက MP5 စက်လေးတစ်လုံးနဲ့ ဘုရားနှုတ်ကပတ်တော် ဗီဒီယိုတွေ ထည့်ထားတဲ့ မန်မိုရီကတ်တစ်ခု တိတ်တိတ်လေး ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်လိုက်တယ်။ “သင်၏အတွင်း၌ ငါ၏သတ္တိကို သင် ပိုင်ဆိုင်ရမည် ဖြစ်ပြီး၊ ဘာသာတရားမရှိသော ဆွေမျိုးများနှင့်ကြုံလျှင် စည်းမျဉ်းရှိရမည်။ သို့သော် ငါ့အတွက် သင်သည် မည်သည့် အမှောင်အင်အားစုကိုမျှလည်း အလျှော့မပေးရ။ စုံလင်သော လမ်းကို လျှောက်လှမ်းရန် ငါ၏ဉာဏ်ပညာကို သင် အမှီပြုရမည်ဖြစ်ပြီး စာတန်၏ မည်သည့် လျှို့ဝှက်ကြံစည်ခြင်းကိုမျှ အောင်မြင်ခွင့် မပေးနှင့်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) စာတန်ရဲ့ ဆိုးယုတ်မှုကို ကျွန်မ ရှင်းရှင်းလင်းလင်း မြင်နိုင်ဖို့၊ သူ့ရဲ့ လွှမ်းမိုးမှုအောက်မှာ အရှုံးမပေးဘဲ ဉာဏ်ပညာသုံးပြီး သူ့ကို အနိုင်ယူနိုင်ဖို့အတွက် ကျွန်မရဲ့ သတ္တိနဲ့ ယုံကြည်ခြင်းကို တည်ဆောက်ဖို့ ဘုရားသခင်က ဒီပတ်ဝန်းကျင်ကို အသုံးပြုနေမှန်းကို ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ နားလည်သွားတယ်။ သူတို့က ကျွန်မရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှာဖြစ်ပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးကိုတော့ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ ကျွန်မ ဆုတောင်းတာကို တားဖို သူတို့က ကျွန်မကို စဉ်ဆက်မပြတ် စောင့်ကြည့်နေကြပေမဲ့၊ ကျွန်မက စိတ်နှလုံးထဲမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်နိုင်ပြီး ကိုယ်တော့်ထံ တိုးဝင်ချဉ်းကပ်ဖို့ ဘုရားသခင်ရှေ့မှောက်မှာ ငြိမ်သက်နေလို့ ရတာပဲ။ တဖြည်းဖြည်းနဲ့ ကျွန်မ စိတ်မချမ်းမသာ မဖြစ်တော့ဘူး။

တခါကျတော့ ကျွန်မ ကိုယ်တိုင်လေ့လာသင်ယူရတဲ့ စာမေးပွဲ ဖြေချင်လို့ဆိုပြီး အရင်အိမ်မှာပဲ တစ်ယောက်တည်း ပြန်နေမယ်လို့ မိသားစုကို ပြောလိုက်တယ်။ ဒီလိုနဲ့ သူတို့ရဲ့ စောင့်ကြည့်တာကနေ ကျွန်မ နောက်ဆုံးတော့ လွတ်မြောက်သွားတယ်။ ယုံကြည်ခြင်းအတွက် သုံးကြိမ်တောင် ကျွန်မ အဖမ်းခံရဖူးတာဖြစ်လို့ ရွာထဲကလူတွေက ကျွန်မနဲ့ ခပ်ကင်းကင်းနေကြတယ်။ တခါတလေ လမ်းပေါ်မှာ လူစုပြီး စကားပြောနေရင်တောင် ကျွန်မ ဖြတ်သွားတာနဲ့ လူစုခွဲသွားကြရော။ တခြားလူတွေကလည်း ကျွန်မကို လူထူးလူဆန်းတစ်ယောက်လို အဝေးကနေ စိုက်ကြည့်ပြီး ကွယ်ရာမှာ တီးတိုးပြောပြီး လက်ညှိုးထိုးကြတယ်။ မိသားစုကလည်း ကျွန်မကို ရှက်လို့ဆိုပြီး လူကြားထဲ ကျွန်မနဲ့ အတူမလျှောက်ချင်ကြဘူး။ ကျွန်မ လုံးဝ အပယ်ခံတစ်ယောက်လို ခံစားရတယ်၊ အားလုံးရဲ့ ငြင်းပယ်တာကို ခံရပြီး အရမ်းမတရားခံရသလို ခံစားရတယ်။ “ငါ လုပ်နေတာက ဘုရားသခင်ကို ယုံကြည်ပြီး ကိုးကွယ်တာ၊ အသိစိတ်နဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုက်စားနေတာပဲလေ။ ငါ ဘာအမှားလုပ်မိလို့လဲ။ ငါ့မှာ ဘာလို့ အခြေခံ လူ့အခွင့်အရေးတောင် မရှိရတာလဲ။ ဘာလို့ မိသားစုရဲ့ ငြင်းပယ်တာနဲ့ အိမ်နီးနားချင်းတွေရဲ့ ခွဲခြားဆက်ဆံတာကို ခံနေရတာလဲ” ဆိုပြီး ရင်ထဲမှာ အော်ဟစ်မိပေါင်း များပါပြီ။ ကျွန်မ အရမ်းကို ဖိစီးပြီး နာကျင်ရတယ်။ အဲဒီချိန်အတောအတွင်းမှာ ဒီပတ်ဝန်းကျင်ကို ဘယ်လို တွေ့ကြုံသင့်တယ်ဆိုတာကို ကျွန်မ ခဏခဏ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကျွန်မ အကြီးအကျယ် ခွန်အားရသွားတယ်။ ဘယ်လို တွေ့ကြုံရမလဲဆိုတာ ကျွန်မ သိလာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကမ္ဘာမြေပေါ်တွင် လူ့ဇာတိဖြင့် ဘုရားသခင်၏ သုံးဆယ့်သုံးနှစ်ခွဲကာလသည် ယင်းကိုယ်၌က အလွန့်အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ပြီး သူ့ကို မည်သူကမျှ နားမလည်နိုင်ခဲ့ပေ။...သူသည်းညည်းခံသည့် ဆင်းရဲဒုက္ခအများစုမှာ အဆုံးစွန်ထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်ခြင်း၊ လူမျိုးစုံထံမှ လှောင်ပြောင်မှု၊ စော်ကားမှု၊ ဝေဖန်မှုနှင့် ရှုတ်ချမှုတို့ကို သည်းညည်းခံရခြင်းအပြင် မကောင်းဆိုးဝါးများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် စိတ်ဝိညာဉ်တွင် မည်သူမျှ ပြင်မရနိုင်သည့် ဒဏ်ရာများ ဖြစ်စေသည့် ဘာသာရေးလောက၏ ငြင်းပယ်မှုနှင့် ရန်လိုမှုတို့ ဖြစ်သည်။ ယင်းမှာ နာကျင်စရာကိစ္စတစ်ခု ဖြစ်သည်။ သူသည် အလွန်ကြီးမားသော စိတ်ရှည်သည်းခံခြင်းဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ သူ၏ ဒဏ်ရာများ ရှိလင့်ကစား လူတို့ကို ချစ်ပြီး ဤသည်မှာ အလွန်အမင်း နာကျင်ဖွယ်ရာ အမှုဖြစ်သည်။ လူသားမျိုးနွယ်၏ ရက်စက်သော အတိုက်အခံလုပ်ခြင်း၊ ရှုတ်ချခြင်းနှင့် အသရေဖျက်ခြင်း၊ မဟုတ်မမှန် စွပ်စွဲခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ၎င်းတို့၏ လိုက်လံဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိသည် ဤအမှုကို မိမိအတွက် အန္တရာယ်များစွာ စွန့်စားရခြင်းဖြင့် လုပ်ဆောင်ရသည်။ ဤဝေဒနာများကို သူခံစားရသည်နှင့်အမျှ အဘယ်သူသည် သူ့ကို နားလည်နိုင်ခဲ့ပြီး အဘယ်သူသည် သူ့ကို နှစ်သိမ့်ပေးနိုင်ခဲ့ပါသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ခရစ်တော်၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာဖြစ်သည်) မွေးကတည်းက အစိုးရရဲ့ နှိပ်စက်ညှဉ်းပန်းတာ ခံခဲ့ရတဲ့ သခင်ယေရှုကို ကျွန်မ စဉ်းစားမိတယ်။ သူ့ရဲ့အမှုတော် စလုပ်တဲ့အချိန်မှာ လှောင်ပြောင်ခံရတယ်၊ ပြစ်တင်ရှုတ်ချခံရတယ်၊ ပြစ်မှားစော်ကားခံရတယ်၊ နောက်ဆုံးကျတော့ ဖာရိရှဲတွေနဲ့ ရောမအစိုးရရဲ့ ကားတိုင်တင်သတ်တာကို ခံခဲ့ရတယ်။ နောက်ဆုံးသော ကာလမှာ အနန္တတန်ခိုးရှင် ဘုရားသခင်က လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အမှုပြုလာတဲ့အခါမှာလည်း တရုတ်ကွန်မြူနစ်အစိုးရရဲ့ ပြစ်တင်ရှုတ်ချတာနဲ့ ဝရမ်းထုတ်တာ ခံနေရတယ်။ ဘုရားသခင်က ကျွန်မတို့ကို ကယ်တင်ဖို့ ဒီလောက် ဒုက္ခခံနေပေမဲ့ ဘယ်သူမှ ကိုယ်တော့်ကို မထောက်ထားကြဘူး၊ နားမလည်ကြဘူး။ ကိုယ်တော့်စိတ်နှလုံးက ဘယ်လို ခံစားရမလဲ။ နောဧအကြောင်းလည်း ကျွန်မ စဉ်းစားမိတယ်။ ဘုရားသခင်က သူ့ကို သင်္ဘောဆောက်ဖို့ ခေါ်ခဲ့တာလေ။ သူက ယေဟောဝါ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ပြောပြပြီး လူတွေကို သင်္ဘောပေါ်တက်ဖို့ ပြောနေရင်း တဖက်မှာလဲ သင်္ဘောဆောက်ဖို့ သူ့ပိုင်ဆိုင်သမျှကို ပုံအောလိုက်တယ်။ သူ့လုပ်ရပ်တွေက လှောင်ပြောင်တာခံခဲ့ရပေမဲ့ နောဧက ဒါ့ကြောင့် အားနည်းမလာခဲ့ဘူး၊ မညည်းညူခဲ့ဘူး။ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်လျှောက်ရာမှာ သူက ခိုင်မာမြဲမြံခဲ့တယ်။ ဒါပေမဲ့ ကျွန်မကတော့ ဘုရားသခင်နောက် လိုက်လျှောက်တဲ့အတွက် နည်းနည်း ခွဲခြားဆက်ဆံခံရတာ၊ လှောင်ပြောင်ခံရတာကြောင့် အပျက်သဘောဆောင်လာပြီး စိတ်ဆင်းရဲခဲ့တယ်။ ကျွန်မ တော်တော် ပျော့ညံ့တာပဲ။ နောဧနဲ့ ယှဉ်လိုက်ရင် ကျွန်မက ဘာမှ မဟုတ်ပါဘူး။ သခင်ယေရှု ပြောခဲ့တာကိုလည်း ကျွန်မ သတိရလိုက်တယ်။ “ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့်တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် အလွန်ကျဉ်းမြောင်းသည်ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။(ရှင်မဿဲခရစ်ဝင် ၇:၁၃-၁၄) လူတစ်ယောက် လျှောက်နိုင်တဲ့ လမ်းနှစ်လမ်းရှိတယ်လို့ သခင်ယေရှု အရင်ကတည်းက ပြောခဲ့ပါတယ်။ တစ်လမ်းက တံခါးကျယ်ဆီ သွားတာ၊ အဲဒါက လောကကို လိုက်စားပြီး ဇာတိပကတိ ခံစားစံစားမှု၊ ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ ငွေကြေး စတဲ့ မြင်ရတဲ့ အကျိုးစီးပွားတွေကို ရှာဖွေတဲ့ လမ်းပဲ။ လူအများစုက ဒီလမ်းကို လျှောက်ကြတယ်။ နောက်တစ်လမ်းက တံခါးကျဉ်းဆီ သွားတာ၊ အဲဒါက ဘုရားသခင်ကို ယုံကြည်ပြီး နောက်တော်လိုက်တဲ့ လမ်းကြောင်းပဲ။ ဒါက ဆင်းရဲဒုက္ခခံစားရတဲ့ လမ်းကြောင်းဖြစ်တယ်။ အဲဒီမှာ လှောင်ပြောင်တာ၊ ကဲ့ရဲ့တာ၊ အသရေဖျက်တာနဲ့ ဆဲဆိုတာတွေကိုတောင် ကြုံရမှာဖြစ်ပြီး အတားအဆီး တစ်ခုပြီးတစ်ခု ရင်ဆိုင်ရမယ်။ လူနည်းနည်းလေးပဲ ဒီလမ်းကို လျှောက်နိုင်ကြတယ်။ ကျွန်မက မျက်နှာ၊ ဂုဏ်သတင်းနဲ့ အဆင့်အတန်းတွေကို အရမ်း အရေးစိုက်လွန်းနေတာကိုး၊ အဲဒါတွေက ယုံကြည်ခြင်းလမ်းခရီးမှာ ကျွန်မအတွက် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေတာ။ ရှေ့ဆက်နိုင်ဖို့နဲ့ နောက်ဆုံးမှာ အသက်ရဖို့အတွက် ဒါတွေအားလုံးကို လွှတ်ချပြီး ဘုရားသခင်အပေါ် စစ်မှန်တဲ့ ယုံကြည်ခြင်းကို စွဲကိုင်ရမယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ဒါ့အပြင် ဒီဘာသာတရား မရှိသူတွေရဲ့ အသိအမှတ်ပြုတာကို ခံရတာက လုံးဝ အဓိပ္ပာယ်မရှိသလို တန်ဖိုးလည်း မရှိပါဘူး။ ကျွန်မရဲ့ ယုံကြည်ခြင်းမှာ သမ္မာတရား ရရှိဖို့နဲ့ ဘုရားသခင် အလေးထားတာ ခံရဖို့ကိုပဲ လိုက်စားသင့်တာ။ သူများတွေ ကျွန်မကို ဘယ်လိုပဲ မြင်ပါစေ၊ ဘုရားသခင်ကို ယုံကြည်ပြီး နောက်တော်လိုက်ဖို့ ကျွန်မ ဇွဲရှိရမယ်။ ဒီလိုတွေးမိလိုက်တော့ ကျွန်မ ဘောင်ခတ်မခံနေရတော့ဘူး။

နောက်ပိုင်းကျတော့ ကျွန်မ ပုံမှန် အလုပ်ဆင်းမဆင်း သိရအောင် အဖေနဲ့ အဘွားက ကျွန်မ အလုပ်လုပ်တဲ့နေရာကို ကွယ်ရာမှာ တခါမက သွားကြည့်ကြတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မမှာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်၊ လူ့အခွင့်အရေး လုံးဝ မရှိသလို ခံစားရတယ်။ တခါကျတော့ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီး မိသားစုနဲ့ပတ်သက်တဲ့ ပိုင်းခြားသိမြင်မှုတချို့ ရရှိခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကောင်းမွန်သော အသိတရားများ ပိုင်ဆိုင်သော်လည်း၊ မှန်သောလမ်းခရီးကို လက်မခံသော လူတို့သည် မကောင်းဆိုးဝါးများ ဖြစ်ကြသည်။ ၎င်းတို့၏ အနှစ်သာရမှာ ဘုရားသခင်ကို ခုခံခြင်းနှင့်ဆိုင်သည့် အနှစ်သာရတစ်ခု ဖြစ်သည်။ မှန်သောလမ်းခရီးကို လက်မခံသူတို့သည် ဘုရားသခင်ကို ခုခံသူများဖြစ်ပြီး ထိုသို့သော လူများသည် အခက်အခဲများစွာကို ကြံ့ကြံ့ခံလျှင်ပင်၊ ဖျက်ဆီးခြင်းခံရလိမ့်ဦးမည် ဖြစ်သည်။ လောကကို စွန့်လွှတ်ရန် လိုလားခြင်း မရှိသူ၊ မိမိတို့၏ မိဘများနှင့် မခွဲခွာရက်သူနှင့် ၎င်းတို့၏ ကိုယ်ပိုင်ဇာတိပကတိ ပျော်ပါးမှုများမှ မိမိတို့ကိုယ်ကိုမဖယ်ရှားရက်နိုင်သူ အားလုံးသည် ဘုရားသခင်ကို ပုန်ကန်ကြသကဲ့သို့ ၎င်းတို့အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သောသူ မည်သူမဆိုသည် မကောင်းဆိုးဝါးဆန်ပြီး၊ ထို့အပြင် ဖျက်ဆီးခံရလိမ့်မည်။ ယုံကြည်ခြင်း ရှိသော်လည်း သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သူများ၊ လူ့ဇာတိခံ ဘုရားသခင်ကို မယုံကြည်သူများနှင့် ဘုရားသခင်၏ တည်ရှိမှုကို လုံးဝ မယုံကြည်သူ အားလုံးသည် ဖျက်ဆီးခြင်းခံရမည့် သူများ ဖြစ်ကြလိမ့်မည်။ ကျန်ရှိခွင့် ရှိလိမ့်မည့်သူအားလုံးမှာ စစ်ဆေးခြင်းနှင့်ဆိုင်သည့် ဆင်းရဲဒုက္ခကို ကြုံရပြီးဖြစ်ကာ ခိုင်ခိုင်မာမာ ရပ်တည်ပြီးဖြစ်သည့် လူများ ဖြစ်သည်။ ဤသည်တို့မှာ စမ်းသပ်မှုများကို အမှန်တကယ် ကြံ့ကြံ့ခံပြီးသည့် လူများ ဖြစ်သည်။ ဘုရားသခင်ကို အသိအမှတ် မပြုသူ မည်သူမဆိုသည် ရန်သူ ဖြစ်၏။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်ကို အသိအမှတ်မပြုသောသူ မည်သူမဆိုသည် ဤရေစီးကြောင်းအတွင်း သို့မဟုတ် ပြင်ပတွင် ၎င်းတို့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အန္တိခရစ်တစ်ဦး ဖြစ်ပေသည်။ ဘုရားသခင်၌ မယုံကြည်သည့် ခုခံသူများ မဟုတ်ပါက၊ မည်သူသည် စာတန်ဖြစ်သနည်း၊ မည်သူတို့မှာ မကောင်းဆိုးဝါးများ ဖြစ်ပြီး၊ မည်သူတို့မှာ ဘုရားသခင်၏ ရန်သူများ ဖြစ်သနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရင်း ကျွန်မရဲ့ ယုံကြည်ခြင်းကို အတားအဆီးလုပ်တဲ့ မိသားစုဝင်တွေကို တွေးမိတယ်။ အမေက သူတို့ကို အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ ဧဝံဂေလိတရားအကြောင်း သက်သေခံခဲ့ပေမဲ့ တစ်ယောက်မှ ရှာဖွေစုံစမ်းတာ မလုပ်ခဲ့ကြဘူး။ ကျွန်မရဲ့ ယုံကြည်ခြင်းက သူတို့ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်လာတဲ့အချိန်ကျမှ “ကျွန်မအတွက် အကောင်းဆုံး လုပ်ပေးနေတာ” ဆိုတဲ့ ဟန်ဆောင်မှုအောက်မှာ ဆူပူကြိမ်းမောင်းရင်းနဲ့ ကျွန်မကို နှိပ်စက်ညှဉ်းပန်းပြီး ဘုရားသခင်ကို ယုံကြည်တာ တားဆီးဖို့ နည်းလမ်းပေါင်းစုံ သုံးကြတယ်။ ကျွန်မကို ဘုရားအပေါ် အတင်းသစ္စာဖောက်ခိုင်းဖို့ နေအိမ်အကျယ်ချုပ်တောင်ချခဲ့ကြတဲ့အပြင်၊ ဒီနေ့အထိ ကျွန်မကို နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်နေကြတုန်းပဲ။ သူတို့ရဲ့ သဘာဝ အနှစ်သာရက ဘုရားသခင်ကို မုန်းတီးပြီး အတိုက်အခံလုပ်တာပဲဆိုတာ ကျွန်မ မြင်သွားတယ်။ စမ်းသပ်မှုတွေ ကြုံရတုန်းက ဇနီးသည်ရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတဲ့ ယောဘကို ကျွန်မ တွေးမိတယ်။ သူက အလိမ်မခံခဲ့ဘူး၊ အပျက်သဘော မဆောင်ခဲ့ဘူး၊ အဲဒီအစား သူ့ဇနီးကို မိန်းမမိုက်ဆိုပြီး ပြစ်တင်ပြောဆိုခဲ့တယ်။ ယောဘက မိသားစုကို ဆက်ဆံရာတဲ့နေရာမှာ စည်းမျဉ်းရှိခဲ့ပြီး သူ့ရဲ့ယုံကြည်ခြင်းကို စွဲစွဲမြဲမြဲ ကိုင်စွဲခဲ့တယ်။ ကျွန်မ သူ့ပုံသက်သေကို လိုက်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ မိသားစုဝင်တွေကို ငြင်းပယ်ရမယ်၊ သူတို့နဲ့ ကျွန်မကြားမှာ စည်းခြားထားရမယ်။

တခါတုန်းက ရဲတွေ ကျွန်မဆီ ဖုန်းခေါ်တာ ကျွန်မ မကြားလိုက်ဘူး။ ရက်နည်းနည်းကြာတော့ အဘိုးက လာပြောတယ်။ “ရဲတွေ ဖုန်းခေါ်တာ နင် ဘာလို့ မကိုင်တာလဲ။ ဖုန်းကိုင်ဖို့ မမေ့နဲ့” တဲ့။ ကျွန်မ မကျေမချမ်းဖြစ်လာတယ်။ နောက်ပိုင်းကျတော့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဆိုးယုတ်တဲ့ အနှစ်သာရကို ပိုင်းခြားသိမြင်လာတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။ နတ်ဆိုးသည် လူသား၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကျပ်စွာ တုပ်နှောင်ထားသည်၊ သူ၏ မျက်လုံးနှစ်ခုလုံးကို ဖုံးအုပ်ပြီး၊ သူ၏နှုတ်ခမ်းများကို ခိုင်မြဲစွာ စေ့စေ့ပိတ်ထားလေသည်။ နတ်ဆိုးများ၏ မင်းသည် ထိုးဖောက်၍ မရနိုင်သော မကောင်းဆိုးဝါးတို့၏ နန်းတော် တစ်ခုအလား တစ္ဆေမြို့အပေါ် အနီးကပ် စောင့်ကြည့်မြဲစောင့်ကြည့်နေချိန်တွင်၊ နှစ်ထောင်ပေါင်း အချို့ကြာ ယနေ့ထက်ထိ သောင်းကျန်းပြီး ဖြစ်သည်။ ထိုအတောအတွင်းတွင်၊ ဤအစောင့်ခွေးအုပ်စုကို ဘုရားသခင်က ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်း နေရာ မရှိဘဲ ဖြစ်စေရစ်လျက်၊ ၎င်းတို့ကို အလစ် ဖမ်းဆီးသွားပြီး ၎င်းတို့အားလုံးအား သုတ်သင်ပယ်ရှင်းမည်ကို အလွန်အမင်း ကြောက်ရွံ့နေကြလျက် စိန်းစိန်းဝါးဝါး ကြည့်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။ ဤသို့သော တစ္ဆေမြို့သားများသည် ဘုရားသခင်အား အဘယ်သို့ မြင်တွေ့ဖူးနိုင်မည်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ ကြင်နာခြင်းနှင့် ချစ်မြတ်နိုးဖွယ်ကောင်းခြင်းတို့ကို မွေ့လျော်ဖူးကြသလော။ လူ့လောက၏ အရေးကိစ္စများနှင့် ပတ်သက်၍ ၎င်းတို့သည် မည်သို့နားလည်နိုင်သနည်း။ ၎င်းတို့အထဲမှ မည်သူသည် ဘုရားသခင်၏ ထက်သန်သော ရည်ရွယ်ချက်များကို နားလည်နိုင်သနည်း။ ထိုအခါ လူ့ဇာတိခံယူ ဘုရားသခင်သည် လုံးလုံး ကွယ်ဝှက်လျက် ရှိမြဲရှိနေသည်မှာ သိပ်အံ့သြစရာ မဟုတ်ချေ။ မကောင်းဆိုးဝါးများက အကြင်နာမဲ့ပြီး လူမဆန်သည့် ဤကဲ့သို့သော အမှောင်လူ့အဖွဲ့အစည်းတွင် မျက်တောင် တစ်ချက်မျှ မခတ်ဘဲ လူများကို သတ်သော နတ်ဆိုးတို့၏မင်းသည် ချစ်ခင်ဖွယ်ဖြစ်ပြီး ကြင်နာကာ သန့်လည်းသန့်ရှင်းသော ဘုရားသခင်၏ တည်ရှိမှုကို မည်သို့ သည်းခံနိုင်မည်နည်း။ ဘုရားသခင်၏ ကြွရောက်လာခြင်းကို ၎င်းသည် အဘယ်သို့ ဂုဏ်ပြုကာ သြဘာ ပေးနိုင်မည်နည်း။ ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား ရန်သူအဖြစ် စတင် ဆက်ဆံလာကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရက်စက်ကြမ်းကြုတ်ကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် ပြင်းပြင်းထန်ထန် အကြိမ်ကြိမ်ရန်ပြုပြီး အဓမ္မလုယူကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ အပြစ်မဲ့သောသူကို မေ့မျောခြင်းသို့ သွေးဆောင်ကြလေသည်။ ရှေးကာလ၏ ဘိုးဘေး များလော။ ချစ်မြတ်နိုးရသော ခေါင်းဆောင်များလော။ ၎င်းတို့ အားလုံးသည် ဘုရားသခင်အား ဆန့်ကျင်ကြ၏။ ၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် မကောင်းမှုကို ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်ကို ရန်လိုတဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နတ်ဆိုးဆန်တဲ့ အနှစ်သာရကို ဘုရားနှုတ်ကပတ်တော်တွေကနေတဆင့် ကျွန်မ ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာရတယ်။ အပေါ်ယံမှာတော့ ဘာသာရေး လွတ်လပ်ခွင့်ဆိုပြီး ခေါင်းစဉ်တပ်ထားပေမဲ့ လက်တွေ့မှာကျတော့ အမှားအမှန်ကို မလိမ့်တပတ်လုပ်ပြီး မိစ္ဆာအယူဝါဒတွေနဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့အရာတွေကို ဖြန့်တယ်။ နားမလည်တဲ့ ပြည်သူတွေက သူ့ဘက်ပါလာပြီး ဘုရားသခင်ကို တိုက်ခိုက်ဖို့၊ အတိုက်အခံလုပ်ဖို့နဲ့ ခရစ်ယာန်တွေကို နှိပ်စက်ညှဉ်းပန်းဖို့ လှည့်စားတယ်။ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး ပျက်စီးခြင်းကို ဦးတည်ရာမှာ လူတိုင်းကို သူနဲ့ ပူးပေါင်းစေဖို့ ရည်ရွယ်တာပဲ။ တရုတ်ကွန်မြူနစ်ပါတီက ကမ္ဘာမြေပေါ်က နတ်ဆိုး၊ ဘုရားသခင်ရဲ့ ရန်သူပဲ။ လုံးဝ စက်ဆုပ်ဖွယ်ကောင်းပြီး ကောက်ကျစ်ဆိုးယုတ်လိုက်တာ။ ကျွန်မ ယုံကြည်လာတာ သုံးနှစ်အတွင်းမှာ သုံးကြိမ်တောင် အဖမ်းခံခဲ့ရတယ်။ ပြန်လွတ်လာတဲ့နောက်မှာတောင် ကိုယ်ပိုင် လွတ်လပ်ခွင့် မရှိခဲ့ဘူး။ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မ ယုံကြည်တာကို အတားအဆီးလုပ်ဖို့အတွက် မိသားစု သုံးဆက်လုံးရဲ့ အလုပ်တွေ၊ အကျိုးခံစားခွင့်တွေ ထိခိုက်မယ်ဆိုပြီးတော့ မိသားစုကို ခြိမ်းခြောက်ပြီး သွေးထိုးလှုံ့ဆော်ခဲ့တယ်။ မိသားစုက သူတို့ ကိုယ်ကျိုးစီးပွားအတွက် ကျွန်မကို ကြောင်းကျိုးမမြင်ဘဲ နှိပ်စက်ညှဉ်းပန်းတယ်၊ ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး ပြစ်မှားစော်ကားတယ်၊ ပြီးတော့ ကျွန်မကို အမြဲတမ်း နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်ကြတယ်။ ရွာထဲကလူတွေကလည်း ကျွန်မ အဖမ်းခံရဖူးလို့ ဝေးဝေးရှောင်ပြီး ခွဲခြားဆက်ဆံကြတယ်။ ဒါတွေအားလုံးက တရုတ်ကွန်မြူနစ်ပါတီရဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ဖြစ်ရတာ။ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မရဲ့ ယုံကြည်ခြင်းကို အတားအဆီးလုပ်ဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ပေမဲ့ သူ့ရဲ့ လုပ်ရပ်တွေက ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ သူ့အနှစ်သာရကိုသာမက မိသားစုရဲ့ သဘာဝ အနှစ်သာရကိုပါ ကျွန်မကို ခွဲခြားသိမြင်စေခဲ့မယ်ဆိုတာကို သူ လုံးဝ စိတ်မကူးမိခဲ့ဘူး။ အဲဒါက ဘုရားသခင်နောက် လိုက်လျှောက်လိုတဲ့ ကျွန်မရဲ့ ယုံကြည်ခြင်းကို ပိုပြီး ခိုင်မာလာစေရုံပဲ ရှိတယ်။ တရုတ်ကွန်မြူနစ်ပါတီက ကျွန်မရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပေမဲ့ ကျွန်မရဲ့ စိတ်နှလုံးကိုတော့ မထိန်းချုပ်နိုင်ဘူး။ ကျွန်မ ယုံကြည်ခြင်းကိုရော၊ တာဝန်ကိုရော စွန့်လွှတ်မှာ မဟုတ်ဘူး။

၂၀၁၅ ခုနှစ်၊ မေလကုန်မှာ၊ ညီမလေး အလုပ်သစ် သွားလုပ်တာကို လိုက်ပို့ရင်း အိမ်ကနေထွက်ပြီး တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ရသွားတယ်။ အိမ်တံခါးကနေ ခြေလှမ်းထွက်လိုက်တဲ့အချိန်မှာ ချည်နှောင်မှုတွေကနေ လွတ်မြောက်သွားသလို ခံစားလိုက်ရတယ်၊ ကိုယ်ရောစိတ်ပါ လုံးဝ လွတ်လပ်သွားတာ။ ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို ယုံကြည်ခြင်း ပေးပြီး သမ္မာတရား နားလည်အောင် ဉာဏ်အလင်း မပေးခဲ့ရင် မိသားစုရဲ့ မရပ်မနား တိုက်ခိုက်မှုတွေကို ကျွန်မ လုံးဝ ကျော်လွှားနိုင်ခဲ့မှာ မဟုတ်ဘူး။ “မိသားစု” ဆိုတဲ့ ချည်နှောင်မှုတွေကနေ လွတ်မြောက်အောင် လမ်းပြပေးပြီး နောက်ဆုံးမှာ တာဝန်ထမ်းဆောင်ဖို့ အခွင့်အရေး ပေးခဲ့တာ ဘုရားသခင်ပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဆင်းရဲဒုက္ခက ဘုရားသခင်ကို သာ၍ပင် ချစ်စေခဲ့သည်

လျူကျန်၊ ရှန်တုံစီရင်စုကျွန်မ နာမည် လျူကျန်ဖြစ်ပါသည်။ ကျွန်မ အသက် ၇၈ ရှိပြီဖြစ်ပြီး၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ အသင်းတော်ထဲတွင် ကျွန်မသည်...

အကျဉ်းထောင်၏ ဆင်းရဲဒုက္ခ

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၀၄ ခုနှစ် မေလ၏ နေ့တစ်နေ့မှာ ကျွန်မက ညီအစ်ကို မောင်နှမအချို့နှင့် ဝတ်ပြုအစည်းအဝေးလုပ်နေစဉ်၊ အယောက် ၂၀ ကျော်ရှိသည့်...

စမ်းသပ်မှုနှင့် ဆင်းရဲဒုက္ခများမှတစ်ဆင့် စုံလင်ခြင်းခံရသော ယုံကြည်ခြင်း

ရှူးချန့် ကိုရီးယားနိုင်ငံကျွန်မ အမေက ၁၉၉၃ ခုနှစ်မှာ ကျန်းမာရေး ပြဿနာတစ်ခု ဖြစ်ခဲ့ပါသည်။ ရလဒ်အနေနှင့် ကျွန်မတို့ တစ်မိသားစုလုံး...

လူငယ်ဘဝ၏ အရွယ်ကောင်းချိန်ကို အကျဉ်းထောင်၌ ကုန်ဆုံးခြင်း

ချန်ရှီ တရုတ်နိုင်ငံကျွန်မတို့ လူငယ်ဘဝ၏ အရွယ်ကောင်းချိန်သည် ဘဝ၏ အကောင်းဆုံးနှင့် အရိုးရှင်းဆုံးအချိန်ဖြစ်သည်ဟု လူတိုင်းက ဆိုကြသည်။...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။