ကျွန်မ အသက်ကြီးတဲ့အခါ စောင့်ရှောက်ပေးဖို့အတွက် ကျွန်မသားကို အားမကိုးတော့ပါ
တရုတ်နိုင်ငံ၊ ချင်းစုန်၂၀၀၁ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော် ကြီးပြင်းလာတဲ့တစ်လျှောက် ကျွန်တော်တို့မိသားစုမှာ ယောက်ျားလေးတွေကပဲ အမြဲ ဦးဆောင်ခဲ့တာ၊ ဘယ်ကိစ္စမှာမဆို အဖေ့စကားက အတည်ပဲ။ ဘယ်အိမ်မှုကိစ္စကိုမှ သူ လုံးဝ မလုပ်ခဲ့ဘူး။ ထမင်းချက်၊ အဝတ်လျှော်၊ သန့်ရှင်းရေးလုပ်တာလို ဟာမျိုးတွေက အမေနဲ့ အစ်မရဲ့ အလုပ်တွေပေါ့။ “ယောက်ျားက အပြင်အလုပ်၊ မိန်းမက အတွင်းအလုပ်”၊ လယ်လုပ်တာ၊ ပိုက်ဆံရှာတာက ယောက်ျားတွေရဲ့အလုပ်၊ ထမင်းချက်၊ အဝတ်လျှော်တာက မိန်းမတွေရဲ့အလုပ်လို့ ကျွန်တော်တို့ ညီအစ်ကိုတွေကို အဖေက ခဏခဏ သင်ကြားပေးခဲ့တယ်။ အဖေ့ရဲ့ အပြောအဆို၊ အပြုအမူတွေအောက်မှာ ကျွန်တော့်အစ်ကိုတွေဆိုရင်လည်း အိမ်ထောင်ကျပြီးတဲ့အခါ အိမ်ထောင်ဦးစီးတွေ ဖြစ်လာကြပြီး လုံးဝ အိမ်အလုပ်တစ်ခုမှ မလုပ်ခဲ့ကြဘူး။ ကျွန်တော်ကလည်း သူတို့လိုပဲ ဖြစ်ချင်ခဲ့တာ။ အဲဒီလိုကမှ ယောက်ျားတစ်ယောက်ရဲ့ သင့်တော်တဲ့ ခံ့ညားထည်ဝါမှုနဲ့ ဂုဏ်သိက္ခာရဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ခံစားရခဲ့တယ်လေ။ အိမ်ထောင်ကျပြီးတဲ့နောက်မှာတော့ ကျွန်တော့်ဇနီးက အရမ်း အကျင့်သီလကောင်းပြီး အိမ်မှုကိစ္စနိုင်နင်းတော့ အိမ်အလုပ်အားလုံးကို တာဝန်ယူလုပ်တယ်။ တစ်ခါတလေ ထမင်းစားရင် ကျွန်တော့်ရှေ့အရောက်တောင် လာချပေးသေးတာ။ ဒါကြောင့် ယောက်ျားတစ်ယောက်အနေနဲ့ လျှော်ဖွပ်တာ၊ ဖာထေးတာ၊ ကလေးထိန်းတာလိုမျိုး အလုပ်တွေကို မလုပ်သင့်ဘူးလို့ ကျွန်တော် ပိုခံစားလာရတယ်။ အဲဒါတွေအကုန်လုံးက မိန်းမတွေရဲ့ အလုပ်လေ။ ကျွန်တော်သာ လုပ်လိုက်ရင် အရှက်စရာကောင်းပြီး နိမ့်ကျတယ်လေ။ နောက်ပိုင်း ဇနီးသည် ကလေးမွေးပြီးတဲ့အခါ ကျွန်တော် အလုပ်က ပြန်ရောက်လို့ သူ ကလေးချီရင်း ထမင်းချက်၊ အိမ်အလုပ်တွေလုပ်ရင်း မနိုင်မနင်းဖြစ်နေတာကို မြင်တော့ ကူညီချင်စိတ်တော့ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်လို ယောက်ျားရင့်မာကြီးက အဲဒီလိုအလုပ်တွေ လုပ်နေတာကို သူများတွေ သိသွားရင် ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲလို့ တွေးမိပြီး ဇနီးသည်ကို အိမ်အလုပ် ကူလုပ်ပေးရမယ်အ့စား ဖဲရိုက်ဖို့ အပြင်ပဲထွက်သွားလိုက်တော့တာပေါ့။ ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံပြီးတဲ့နောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ရတာ ကျွန်တော် အရမ်း သဘောကျခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကနေ ဘုရားသခင်ကို ယုံကြည်ရင် အရာရာမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ပုံမှန် လူ့သဘာဝနဲ့ အသက်ရှင်နေထိုင်ရမယ်ဆိုတာကို ကျွန်တော် သဘောပေါက်လာခဲ့တယ်။ သူများပြုစုတာကိုပဲ ခံယူနေလို့ မရဘူး၊ အဲဒါက တကယ်ကို ဆင်ခြင်တုံတရား မရှိရာကျတယ်လေ။ အဲဒီအချိန်ကစပြီး အိမ်အလုပ်တချို့ကို ကျွန်တော် စကူလုပ်ပေးတယ်၊ ထမင်းချက်တာ၊ ဟင်းသီးဟင်းရွက်ဆေးတာ၊ သန့်ရှင်းရေးလုပ်တာတွေကို သင်ယူခဲ့တယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလရဲ့ တစ်ရက်မှာ ဧည့်ခံတဲ့နေအိမ်တစ်အိမ်မှာ လုံခြုံရေးအန္တရာယ်နည်းနည်းရှိနေပြီး အဲဒီမှာနေတဲ့ ညီအစ်မငယ်လေးတွေကို ချက်ချင်း ပြောင်းရွှေ့ဖို့လိုတယ်လို့ ခေါင်းဆောင်က ပြောလာတယ်။ ပြီးတော့ ကျွန်တော့်ကို ယာယီဧည့်ခံခိုင်းပြီး နှစ်သစ်ကူးပြီးလို့ သင့်တော်တဲ့ ဧည့်ခံမယ့်အိမ် ရှာတွေ့တာနဲ့ သူတို့ ပြောင်းမှာပါလို့ ပြောခဲ့တယ်။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “ငါက ညီအစ်ကိုတစ်ယောက်လေ။ တစ်နေ့ကုန် မီးဖိုချောင်နားမှာပဲ တဝဲလည်လည် လုပ်နေရမှာ၊ တော်တော် အရှက်စရာ၊ အနေခက်စရာ ဖြစ်မှာပဲ။ ခေါင်းဆောင်က ဘာလို့ ငါ့ကို ဧည့်ခံဖို့ စီစဉ်ပေးရတာလဲ။ ငါ့ကို သက်သက်မဲ့ အခက်တွေ့အောင် လုပ်နေတာ မဟုတ်ဘူးလား” ပေါ့။ ဒါပေမဲ့ တွေးမိပြန်တယ်၊ “ငါ ဘုရားသခင်ကို ယုံကြည်လာတာ နှစ်တွေအများကြီး ကြာပြီ။ ဒီတာဝန်ကို ငါ ငြင်းလိုက်ရင်၊ ငါက သမ္မာတရားလိုက်စားတဲ့လူ မဟုတ်ဘူးလို့ ခေါင်းဆောင်က ပြောမှာ မဟုတ်လား။ ဒါ့အပြင် ငါ့အိမ်က ဧည့်ခံဖို့ တော်တော်လေး သင့်တော်တာကိုး။ ပြီးတော့ ငါ့မိန်းမက အသင်းတော်ကနေ ရှင်းလင်းပစ်တာ ခံထားရပေမဲ့ ငါ တာဝန်ထမ်းဆောင်တာကို ထောက်ခံတယ်၊ ကလေးနှစ်ယောက်ကလည်း မကန့်ကွက်ကြဘူးလေ။ ညီအစ်မငယ်လေးတွေ ငါ့အိမ်မှာ နှစ်သစ်ကူးတာက အသင့်တော်ဆုံးဖြစ်မှာပဲ။ ပြီးတော့ ခေါင်းဆောင်က ငါ့ကို ယာယီ ဧည့်ခံခိုင်းရုံသက်သက်ပဲလေ။ သင့်တော်တဲ့ ဧည့်ခံတဲ့အိမ် ရှာတွေ့တာနဲ့ သူတို့ ပြောင်းသွားကြမှာပဲ” လို့ပေါ့။ ဒီလိုတွေးပြီးတော့ ကျွန်တော် လက်ခံလိုက်တယ်။ ဒါပေမဲ့ တကယ်တမ်း ဧည့်ခံရမယ့်အချိန်ရောက်တော့ “ယောက်ျားက အပြင်အလုပ်၊ မိန်းမက အတွင်းအလုပ်” ဆိုတဲ့ အမြင်က ပြန်ပေါ်လာတယ်။ ကျွန်တော့်ဇနီးက မနက်စာဆိုင်မှာ အလုပ်လုပ်တော့၊ အိမ်မှာ မနက်စာနဲ့ နေ့လယ်စာကို နေ့တိုင်း ကျွန်တော်ပဲ ချက်ရတာ။ ကျွန်တော့်ဇနီးက ကျွန်တော့်ကို အကြိမ်ကြိမ် သတိပေးတယ်၊ “ရှင် ချက်ပြုတ်ရင် အေပရွန် ဝတ်၊ လက်ကာ စွပ်ဦး၊ မဟုတ်ရင် အင်္ကျီတွေ ညစ်ပတ်ကုန်ပြီး လျှော်ရခက်နေမယ်” တဲ့။ ပါးစပ်နဲ့ သဘောတူခဲ့ပေမဲ့၊ တစ်ခါမှ လိုက်မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်တော် တွေးမိတယ်၊ “လက်ကာစွပ်ပြီး အေပရွန် ဝတ်ခိုင်းနေတာလား။ ငါ ဘယ်လိုပုံဖြစ်သွားမလဲ။ အိမ်ရှင်မကြီးတစ်ယောက်နဲ့ တူသွားမှာပေါ့။ ညီအစ်မတွေသာ ငါ့ကို ဒီပုံစံနဲ့ မြင်သွားရင်၊ ဘယ်လောက် ရှက်စရာကောင်းမလဲ။ ချက်ပြုတ်တာ၊ လျှော်ဖွပ်တာတွေက ညီအစ်မတွေ လုပ်ရမယ့် အလုပ်တွေလေ၊ ညီအစ်ကိုတွေ လုပ်ရမယ့်အလုပ် မဟုတ်ဘူး။ ငါ ဧည့်ခံတာဝန် လုပ်နေတာကို ညီအစ်ကိုမောင်နှမတွေ သိသွားရင် ငါ့ကို သေချာပေါက် အထင်သေးကြမှာ။ စာနဲ့ပတ်သက်တဲ့အလုပ်ကို လုပ်တဲ့ ညီအစ်ကိုတစ်ယောက်ဖြစ်တဲ့ ငါက အခုတော့ ထမင်းချက် ဖြစ်သွားပြီဆိုတာ မယုံနိုင်စရာပဲ” လို့ပေါ့။ နည်းနည်းကြာတော့ ခေါင်းဆောင်က နောက်ထပ် ညီအစ်မငယ်လေးတစ်ယောက်ကို ကျွန်တော့်အိမ်မှာ နေဖို့ စီစဉ်ပြန်ရော။ ပြီးတော့ ညီအစ်မတွေက ပြောင်းဖို့အစီအစဉ် ရှိပုံမရခဲ့ဘူး။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “နှစ်သစ်ကူးပြီးရင် ပြောင်းသွားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ဘာလို့ ငါ့အိမ်ကို လူတွေ ထပ်ထည့်နေတာလဲ။ နေ့တိုင်း ဒီလိုချက်ပြုတ်နေရတာ အရမ်း သိက္ခာကျတာပဲ။ ဘယ်တော့မှများ ဒါကြီးက ပြီးမှာလဲ” လို့ပေါ့။ ကျွန်တော်က အပျက်သဘောဆောင်ပြီး မွန်းကျပ်ခဲ့တယ်၊ ချက်ပြုတ်တဲ့နေရာမှာ စိတ်မနှစ်တော့ဘဲ ဝတ်ကျေတမ်းကျေ စလုပ်လာတယ်။ ကျွန်တော်ပေါင်းတဲ့ ထမင်းက အရမ်း မာရင်မာတယ်၊ မဟုတ်ရင် အရမ်း ပျော့သွားတယ်။ ပြီးတော့ ကျွန်တော်ချက်တဲ့ ဟင်းတွေကလည်း အရမ်း ငန်ရင်ငန်တယ်၊ မဟုတ်ရင် အရသာ လုံးဝ ပေါ့ပျက်ပျက်ပဲ။ ဒါပေမဲ့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် လုံးဝ ဆင်ခြင်သုံးသပ်မှု မလုပ်ခဲ့ဘူး။ ဟင်းဖြစ်အောင် ချက်ပေးလိုက်တာနဲ့တင် လုံလောက်ပြီလို့တောင် ခံစားခဲ့ရတာ။ နောက်ပိုင်း သူတို့က ကျွန်တော့်ကို တုံ့ပြန်ချက်တွေ ပေးလာကြတယ်၊ ကျွန်တော် ပြုတ်တဲ့ ခေါက်ဆွဲက မကျက်ဘူးတဲ့၊ ပြီးတော့ အသုပ်တွေထဲမှာ ဆားခဲတွေ မပျော်ဘူးတဲ့။ ဒါကို ကြားရတော့ ပိုပြီးတော့တောင် စိတ်ဆိုးသွားတယ်။ “ငါလို ယောက်ျားရင့်မာကြီးက နင်တို့အတွက် တစ်နေ့ကုန် ချက်ပြုတ်ပေးနေရတာနဲ့တင် လုံလောက်အောင် သိက္ခာကျနေပါပြီဆိုမှ၊ အခု နင်တို့က အရာရာမှာ အပြစ်ရှာနေကြသေးတယ်ပေါ့လေ။ ဒါ သည်းမခံနိုင်စရာပဲ” ပေါ့။ စိတ်နှလုံးထဲမှာတော့ သူတို့ မြန်မြန် ပြောင်းသွားပါစေလို့ပဲ ဆုတောင်းနေမိတယ်။ နောက်ပိုင်းမှာ ကျွန်တော့်အခြေအနေ မမှန်တော့ဘူးဆိုတာ သတိထားမိလာလို့ ကိုယ့်ပြဿနာကိုယ် နားလည်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းလိုက်တယ်။
အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော် ဓမ္မတေးတစ်ပုဒ်ကို ကျွန်တော် ကြားလိုက်ရတယ်။
မူလလူသားသည် ဝိညာဉ်ပိုင်ဆိုင်သော သက်ရှိသတ္တဝါများဖြစ်ကြ
၁ အစအဦး၌၊ ငါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့၏။ ဆိုလိုသည်မှာ လူသားမျိုးနွယ်၏ ဘိုးဘေးဖြစ်သော အာဒံကို ငါဖန်ဆင်းခဲ့သည်။ သူသည် အားမာန်ဖြင့် ပြည့်လျှမ်းသည့်၊ အသက်ပါမှုတို့ဖြင့် ပြည့်လျှမ်းသည့် သဏ္ဌာန်နှင့် ပုံရိပ်ကို အပ်နှင်းခံခဲ့ရပြီး၊ ထို့အပြင် ငါ၏ဘုန်းအသရေက အတူပါရှိခဲ့သည်။ ယင်းမှာ လူသားကို ငါဖန်ဆင်းခဲ့သည့် မွန်မြတ်သောနေ့ရက် ဖြစ်ခဲ့သည်။ ထို့နောက်တွင်၊ အာဒံ၏ ခန္ဓာကိုယ်မှ ဧဝကို ဖြစ်စေခဲ့ပြီး၊ သူမသည်လည်း လူသား၏ ဘိုးဘေးဖြစ်ခဲ့ကာ၊ ထို့ကြောင့် ငါ ဖန်ဆင်းခဲ့သော လူတို့သည် ငါ၏အသက်ဇီဝနှင့် ငါ၏ဘုန်းအသရေတို့ဖြင့် ပြည့်လျှမ်းခဲ့သည်။
၂ အာဒံသည် မူလအားဖြင့် ငါ့လက်မှ ဖြစ်ပွားစေခဲ့သူ ဖြစ်ပြီး ငါ့ပုံသဏ္ဌာန်၏ ကိုယ်စားပြုခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဒံ” ၏ မူရင်းအဓိပ္ပာယ်သည် သဏ္ဌာန်နှင့် ပုံရိပ်တို့ရှိလျက်၊ စိတ်ဝိညာဉ်နှင့် ဇီဝအသက်တို့ ရှိလျက်၊ ငါ၏အလွန်အရေးပါသော အားအင်၊ ငါ၏ ဘုန်းအသရေဖြင့် ပြည့်ဝခဲ့သည့် ငါဖန်ဆင်းသော သတ္တဝါတစ်ဦး ဖြစ်ခဲ့သည်။ အာဒံသည် ဝိညာဉ်ရှိသည့်၊ ငါ့ကို ကိုယ်စားပြုနိုင်စွမ်း ရှိသူ၊ ငါ့ပုံသဏ္ဌာန်ကို ဆောင်နိုင်စွမ်းရှိကာ ငါ၏ဇီဝအသက်ကို လက်ခံရရှိနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော ဖန်ဆင်းခံသတ္တဝါ ဖြစ်သည်။
၃ အစအဦး၌ ဧဝသည် ငါ စီမံခဲ့သည့် ဇီဝအသက် နှင်းအပ်ခံရသော ဖန်ဆင်းခြင်းဖြင့် ဒုတိယမြောက် လူသားဖြစ်ပြီး ထို့ကြောင့် “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ငါ၏ အသက်ပါမှုဖြင့် ပြည့်သည့်အပြင် ငါ၏ဘုန်းအသရေ နှင်းအပ်ခံရလျက်၊ ငါ၏ ဘုန်းအသရေကို ဆက်လက်ဖြစ်စေမည့် ဖန်ဆင်းခံသတ္တဝါတစ်ဦးဟု ဆိုလိုသည်။ ဧဝသည် အာဒံထံမှ ဖြစ်လာခဲ့သည်၊ ထို့ကြောင့် သူသည် ငါ၏ သဏ္ဌာန်ဖြင့် ဖန်ဆင်းခံရသည့် ဒုတိယမြောက်လူသား ဖြစ်သည့်အတွက်၊ သူသည်လည်း ငါ၏ပုံသဏ္ဌာန်ကို ဆောင်ခဲ့ပေသည်။ “ဧဝ”၏ မူလအဓိပ္ပာယ်မှာ ဝိညာဉ်၊ အသွေးအသားနှင့် အရိုးရှိသည့် သက်ရှိလူသား ဖြစ်သည်၊ လူသားမျိုးနွယ်အလယ် ငါ၏ဒုတိယမြောက် သက်သေအပြင် ငါ၏ဒုတိယမြောက် ပုံသဏ္ဌာန် ဖြစ်သည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ ဘိုးဘေးများ၊ လူသား၏ စစ်မှန်ပြီး အဖိုးတန်သော ရတနာဖြစ်ပြီး၊ အစပထမကတည်းက ဝိညာဉ် အပ်နှင်းခံခဲ့ရသည့် သက်ရှိသတ္တဝါများ ဖြစ်သည်။
—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်မှန်သောလူတစ်ယောက် ဖြစ်ခြင်းဆိုသည်မှာ
သီချင်းစာသားတွေကို တွေးဆကြည့်ရင်း ကျွန်တော် နားလည်သွားတာက လူသားမျိုးနွယ်ဆိုတဲ့ အာဒံနဲ့ ဧဝကို ဘုရားသခင် စဖန်ဆင်းတုန်းက ယောက်ျားက မိန်းမထက် ပိုမြတ်တယ်၊ မိန်းမက ယောက်ျားထက် အဆင့်အတန်းနိမ့်တယ်လို့ ကိုယ်တော် ဘယ်တုန်းကမှ မမိန့်မှာခဲ့ဘူး။ ဘုရားသခင်ရဲ့ မျက်မှောက်တော်မှာ ယောက်ျားနဲ့ မိန်းမက တန်းတူပဲ။ ဘုရားသခင်ရဲ့ အိမ်တော်မှာလည်း အတူတူပါပဲ။ ဘယ်တာဝန်ကိုပဲ ထမ်းဆောင်ပါစေ၊ ဘယ်တာဝန်ကိုတော့ ညီအစ်ကိုတွေ လုပ်ရမယ်၊ ဘယ်တာဝန်ကိုတော့ ညီအစ်မတွေပဲ လုပ်ရမယ်လို့ ဘုရားသခင် ဘယ်တုန်းကမှ မမိန့်မှာခဲ့ဘူး။ ဒါပေမဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက အဖေ့ရဲ့ အပြောအဆို၊ အပြုအမူတွေရဲ့ သင်ကြားမှုကို ခံခဲ့ရပြီး ပုရိသဝါဒ အတွေးအခေါ်တွေနဲ့ အသက်ရှင်ခဲ့တာကိုး။ မိန်းမတွေကိုဆို အမြဲတမ်း နှိမ်တယ်၊ ချက်ပြုတ်တာ၊ လျှော်ဖွပ်တာလို အလုပ်တွေကို အထင်သေးပြီး အဲဒါတွေအားလုံးက မိန်းမတွေရဲ့ အလုပ်လို့ပဲ ထင်ခဲ့တာ။ ဒါကြောင့် ဧည့်ခံတာဝန်ကို ကျွန်တော် အရမ်း အတိုက်အခံလုပ်ခဲ့တာ၊ လုပ်ပေးရင်တောင်မှ ဝတ်ကျေတမ်းကျေပဲ လုပ်ခဲ့တာလေ။ ကျွန်တော် တွေးသမျှ၊ လုပ်သမျှ အရာအားလုံးက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မကိုက်ညီခဲ့ဘူး။ ဒါကို သဘောပေါက်လိုက်တော့၊ ကျိုးနွံနာခံမှု ရှိပြီး ဧည့်ခံတာဝန်ကို လုံ့လဝီရိယရှိရှိနဲ့ ကောင်းကောင်း ဖြည့်ဆည်းဖို့ လိုလားခဲ့တယ်။ အဲဒီနောက်ပိုင်း ခေါက်ဆွဲပြုတ်ရင် နည်းနည်း ပိုကြာကြာ ပြုတ်တယ်၊ အသုပ်တွေကိုလည်း ကြိုပြီး နယ်ဖတ်ထားလိုက်တယ်။ ကျွန်တော့်ဟင်းတွေကိုလည်း ပုံစံအမျိုးမျိုး ပြောင်းချက်ဖို့ စပြီး စဉ်းစားလာတယ်။ ညီအစ်မငယ်လေးတချို့ နေမကောင်းဖြစ်ပြီး ချောင်းဆိုးတာ တွေ့တော့ သူတို့အတွက် သစ်တော်သီးနှင့် သကြားခဲ ဖျော်ရည် လုပ်ပေးခဲ့တယ်။ ကျွန်တော် စပြီး ပြောင်းလဲလာကာရှိသေးတယ်၊ ညီအစ်မငယ်လေးတွေက ပြောင်းသွားကြပါလေရော။
သူတို့ ထွက်သွားပြီးနောက်မှာ ကျွန်တော် ခဏခဏ တွေးဆမိတယ်၊ “ဧည့်ခံနေတုန်းမှာ ငါ ဘာလို့ ဒီလောက်တောင် အတိုက်အခံလုပ်တာတွေ ထုတ်ဖော်ခဲ့မိတာလဲ” လို့ပေါ့။ နောက်ပိုင်းမှာ ပုရိသဝါဒ ပြဿနာကို ဖော်ထုတ်ထားတဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်လိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် နားလည်မှုတချို့ ရသွားတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအများသည် ‘လျှော်ဖွပ်ခြင်းနှင့် ဖာထေးပြုပြင်ခြင်းတို့သည် အမျိုးသမီးများ၏ အလုပ်သာဖြစ်သည်။ အမျိုးသမီးများအား ယင်းတို့ကို ကိုင်တွယ်ခွင့်ပေးလိုက်ပါ။ ယင်းအလုပ်များကို လုပ်ရသည့်အခါတွင် ငါ စိတ်အနှောင့်အယှက်ဖြစ်သည်။ ငါသည် ယောက်ျားမပီသသလို ခံစားရသည်’ဟု တွေးကြသည်။...အမျိုးသားများတွင် ဤဖိုဝါဒ အတွေးများရှိကြပြီး ကလေးထိန်းခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ အဝတ်လျှော်ခြင်းနှင့် သန့်ရှင်းရေးလုပ်ခြင်းကဲ့သို့ အချို့သောအလုပ်များကို အထင်အမြင်သေးကြသည်။ အချို့တွင် ပြင်းထန်သော ဖိုဝါဒ လိုလားမှုများရှိကြပြီး ဤအိမ်မှုကိစ္စများကို အထင်အမြင်သေးကာ လုပ်ဆောင်ရန် ဆန္ဒမရှိကြပေ၊ သို့မဟုတ် လုပ်ဆောင်ပါကလည်း အခြားသူများက ၎င်းတို့အား အထင်အမြင်သေးမည်ကို စိုးရိမ်၍ စိတ်မပါလက်မပါဖြင့် လုပ်ကြသည်။ သူတို့သည် ‘ငါ ဤအိမ်မှုကိစ္စများကို အမြဲလုပ်နေလျှင် ငါသည် မိန်းမဆန်လာမည် မဟုတ်လော’ဟု တွေးကြသည်။ ဤသည်ကို မည်သည့်အတွေးနှင့် အမြင်က အုပ်စိုးထားသနည်း။ သူတို့၏ အတွေးတွင် ပြဿနာမရှိသလော။ (ဟုတ်ပါသည်။ ရှိပါသည်။) သူတို့၏ အတွေးသည် ပြဿနာရှိ၏။...ဖိုဝါဒ အထူးအားကောင်းသည့် ဒေသအချို့တွင် သူတို့ကို မိသားစု၏ ပုံစံသွင်းမှုနှင့် သြဇာလွှမ်းမိုးမှုတို့က ဆိုဖွယ်ရာမရှိအောင်ပင် ဖျက်ဆီးထားသည်။ ဤပုံစံသွင်းခြင်းသည် သူတို့ကို ကယ်တင်ခဲ့သလော သို့မဟုတ် ထိခိုက်နစ်နာစေခဲ့သလော။ (သူတို့ကို ထိခိုက်နစ်နာစေခဲ့ပါသည်။) ယင်းသည် သူတို့ကို ထိခိုက်နစ်နာစေခဲ့ပါသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၄)) “ဥပမာ သင်သည် ညီအစ်ကိုတစ်ယောက်ဖြစ်ပြီး နေ့စဉ် အခြားသော ညီအစ်ကိုမောင်နှမများအတွက် ထမင်းဟင်း ချက်ပြုတ်ပေးပြီး ပန်းကန်ဆေးပေးရန် ခိုင်းစေခြင်းခံရလျှင် သင် ကျိုးနွံနာခံမည်လော။ (ကျိုးနွံနာခံမည်ဟု ထင်ပါသည်။) သင်သည် အချိန်ခဏတာ လုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်လိမ့်မည်။ သို့သော် ဤတာဝန်ကို ရေရှည်ထမ်းဆောင်ရန် ခိုင်းစေခြင်းခံရလျှင် သင်ကျိုးနွံနာခံနိုင်မည်လော။ (ကျွန်ုပ်သည် ရံဖန်ရံခါ ကျိုးနွံနာခံနိုင်သော်လည်း အချိန်ကြာသည်နှင့်အမျှ ကျိုးနွံနာခံနိုင်မှု မရှိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။) ဤသည်မှာ သင်သည် ကျိုးနွံနာခံခြင်းမရှိဟူသည့် သဘောဖြစ်သည်။ လူတို့အား ကျိုးနွံနာခံခြင်း မရှိစေသည်မှာ မည်သည့်အရာနည်း။ (ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူတို့၏ စိတ်နှလုံးတွင် ရိုးရာအယူအဆများ ရှိသောကြောင့်ဖြစ်သည်။ ၎င်းတို့က ယောက်ျားများသည် အိမ်ပြင်ပတွင် အလုပ်လုပ်သင့်ပြီး မိန်းမများက အိမ်တွင်းအလုပ်ကို ကိုင်တွယ်သင့်သည်ဟုလည်းကောင်း၊ ချက်ပြုတ်ခြင်းသည် မိန်းမ၏ အလုပ်ဖြစ်ပြီး ယောက်ျားက ချက်ပြုတ်ခြင်းဖြင့် သိက္ခာကျသည်ဟု ထင်ကြသည်။ ဤအတွက်ကြောင့် ကျိုးနွံနာခံရန် မလွယ်ကူခြင်းဖြစ်သည်။) မှန်သည်။ အလုပ်ခွဲဝေခြင်းနှင့်ပတ်သက်လျှင် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုရှိသည်။ ယောက်ျားများက ‘ငါတို့ ယောက်ျားများသည် အပြင်တွင် ဝင်ငွေရှာသင့်သည်။ ချက်ပြုတ်ခြင်းနှင့် လျှော်ဖွပ်ခြင်းကဲ့သို့သောအရာများကို မိန်းမများက လုပ်ဆောင်သင့်သည်။ ငါတို့အားလုပ်ဆောင်ရန် မခိုင်းစေသင့်’ ဟု တွေးသည်။ သို့သော် ယခုတွင် ဤသည်တို့မှာ အထူးအခြေအနေများဖြစ်ပြီး သင့်အား ယင်းကိုလုပ်ဆောင်ရန် ခိုင်းစေခြင်းခံရသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်သနည်း။ သင်သည် ကျိုးနွံနာခံနိုင်ခြင်း မရှိမီတွင် မည်သည့်ပြဿနာများကို ကျော်လွှားရမည်နည်း။ ဤသည်မှာ ပြဿနာ၏ အခရာဖြစ်သည်။ သင်သည် သင်၏ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုကို ကျော်လွှားရမည်။ ယောက်ျားများက လုပ်ဆောင်ရမည့် အလုပ်မရှိသကဲ့သို့ မိန်းမများက လုပ်ဆောင်ရမည့် အလုပ်မရှိပေ။ အလုပ်ကို ဤသို့ မခွဲနှင့်။ လူတို့ထမ်းဆောင်သည့်တာဝန်ကို ၎င်းတို့၏လိင်အရ အဆုံးအဖြတ်မပေးသင့်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၌သာလျှင် အသက် ဝင်ရောက်မှု ရှိလေသည်) ဘုရားနှုတ်ကပတ်တော်တွေက ဖော်ထုတ်ထားတာ ကျွန်တော့်အခြေအနေနဲ့ အတိအကျပဲ။ ငယ်ငယ်ကတည်းက အဖေ့ရဲ့ အပြောအဆို၊ အပြုအမူတွေနဲ့ မိသားစုရဲ့ ပြုစုပျိုးထောင်မှု လွှမ်းမိုးတာကို ခံခဲ့ရလို့ “အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်”၊ “ယောက်ျားက အပြင်အလုပ်၊ မိန်းမက အတွင်းအလုပ်” ဆိုတာကို ကျွန်တော် အမြဲ ယုံကြည်ခဲ့တာကို တွေးမိတယ်။ အဝတ်လျှော်၊ ထမင်းချက်၊ သန့်ရှင်းရေးလုပ်တာလိုမျိုး အိမ်အလုပ်တွေ အားလုံးက မိန်းမတွေ လုပ်တဲ့အရာတွေလို့ ထင်ခဲ့ပြီး၊ ယောက်ျားတွေက လယ်လုပ်၊ ဒါမှမဟုတ် အလုပ်လုပ်ပြီး ပိုက်ဆံရှာဖို့ပဲ လိုတယ်လို့ ထင်ခဲ့တယ်။ ယောက်ျားရဲ့ အဆင့်အတန်းက မိန်းမထက် ပိုမြင့်တယ်လို့ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ဇနီးသည်တွေက သူတို့ကို သဘာဝအတိုင်း ပြုစုသင့်တယ်၊ ယောက်ျားက အိမ်အလုပ်လုပ်ရင် သိက္ခာကျတယ်၊ အထင်သေးခံရမယ်လို့ ယုံကြည်ခဲ့တယ်။ ဒါကြောင့် ဘုရားသခင်ကို မယုံကြည်ခင်တုန်းက ကျွန်တော် လုံးဝ အိမ်အလုပ်တစ်ခုမှ မလုပ်ခဲ့ဘူး။ ကျွန်တော့်ဇနီးက ကလေးချီရင်း အိမ်အလုပ်တွေကို အပြေးအလွှား လုပ်နေတာကို မြင်တော့ စိတ်မကောင်းဖြစ်ပြီး ကူညီချင်ပေမဲ့၊ ကျွန်တော်လို ယောက်ျားရင့်မာကြီးက စစ်မှန်တဲ့ ယောက်ျားတစ်ယောက်ရဲ့ ခံ့ညားထည်ဝါမှုနဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းသင့်တယ်ဆိုတာကို သတိရသွားခဲ့တယ်။ မိန်းမအလုပ်ကို ကျွန်တော် လုပ်နေတာ သူများတွေ မြင်သွားရင် ဘယ်လောက် မျက်နှာပျက်စရာကောင်းမလဲဆိုတာ တွေးမိပြီး၊ သူ့ကို အိမ်အလုပ် ကူညီမယ့်အစား ဖဲရိုက်ပြီး ပျော်ပါးဖို့ အပြင်ထွက်သွားလိုက်တယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံး ကျွန်တော့်ဇနီးက တိတ်တဆိတ် ဒုက္ခခံခဲ့ရပြီး ပင်ပန်းခါးသီးတဲ့ ဘဝနဲ့ နေထိုင်ခဲ့ရတယ်။ အရေးကြီးဆုံးကတော့၊ ပုရိသဝါဒ အတွေးအခေါ်တွေရဲ့ လွှမ်းမိုးမှုကို ကျွန်တော် အရမ်းခံထားရလို့ ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့ စီစဉ်မှုတွေကို ကျိုးနွံနာခံနိုင်မှု မရှိခဲ့ဘူး။ ခေါင်းဆောင်က ညီအစ်မတွေကို ယာယီ ဧည့်ခံဖို့ ကျွန်တော့်ကို စီစဉ်ပေးတဲ့အခါ၊ အိမ်အလုပ်ကို မိန်းမအလုပ်လို့ မြင်ခဲ့ပြီး ညီအစ်ကိုတစ်ယောက်အနေနဲ့ ဧည့်ခံတာဝန် ထမ်းဆောင်ရတာက ရှက်စရာကောင်းတယ်၊ ကျွန်တော့်အဆင့်အတန်းနဲ့ မတန်ဘူးလို့ ခံစားခဲ့ရတယ်။ ကျွန်တော့်ရဲ့ ယောက်ျားပုံရိပ်ကို ကာကွယ်ဖို့၊ ချက်ပြုတ်တဲ့အခါ ညီအစ်မတွေ အထင်သေးမှာ ကြောက်လို့ အေပရွန် ဝတ်ဖို့၊ လက်ကာ စွပ်ဖို့တောင် မရဲခဲ့ဘူး။ ကျွန်တော့်စိတ်ထဲက အတိုက်အခံလုပ်မှုကြောင့် တာဝန်မှာ ဝတ်ကျေတမ်းကျေ ဖြစ်ခဲ့တယ်၊ ခေါက်ဆွဲတောင် ကောင်းကောင်း မပြုတ်နိုင်ခဲ့ဘူး၊ ပြီးတော့ အသုပ်ထဲက ဆားတွေလည်း မပျော်ခဲ့ဘူး။ ညီအစ်မတွေက ကျွန်တော့်ကို အကြံပြုချက်တွေ ပေးတဲ့အခါ၊ သူတို့က အရမ်း ဂျီးများတယ်လို့ ထင်ပြီး သူတို့ကို မြန်မြန်ဆန်ဆန်ပဲ ပြောင်းသွားစေချင်ခဲ့တယ်။ ဒီရိုးရာယဉ်ကျေးမှု အတွေးအခေါ်တွေနဲ့ အသက်ရှင်ပြီး ကျွန်တော့်ရဲ့ ဒီ အမည်ခံ ယောက်ျားမာနနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက်၊ ကျွန်တော်ဟာ ပုံမှန် လူ့သဘာဝ လုံးဝ မရှိဘဲနဲ့ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး အေးစက်တဲ့လူ ဖြစ်လာခဲ့တာကို တွေ့လိုက်ရတယ်။ ကျွန်တော့်တာဝန်အပေါ် ကျိုးနွံနာခံမှု၊ သစ္စာစောင့်သိမှု နည်းနည်းလေးတောင် မရှိခဲ့ဘူး။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်တော် ဆုတောင်းခဲ့တယ်၊ သမ္မာတရားကို နားလည်ပြီး မဟာယောက်ျားဝါဒ အတွေးအခေါ်တွေရဲ့ ချည်နှောင်မှုနဲ့ ဘောင်ခတ်မှုတွေကနေ လွတ်မြောက်အောင် လမ်းပြပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ခဲ့တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု တွေ့ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အမျိုးသားများနှင့် အမျိုးသမီးများ၏ လူမှုတာဝန်များကို ခွဲခြားသင့်သလော။ အမျိုးသားနှင့် အမျိုးသမီးများသည် ညီမျှသော လူမှုအဆင့်အတန်းရှိသင့်သလော။ အမျိုးသားများ၏ အဆင့်အတန်းကို လွန်လွန်ကဲကဲ မြှင့်တင်ပြီး အမျိုးသီးများကို နှိမ့်ချသင့်သလော။ (မနှိမ့်ချသင့်ပါ။ မမျှတပါ။) ဤသို့ဆိုလျှင် အမျိုးသားများနှင့် အမျိုးသမီးများ၏ လူမှုအဆင့်အတန်းကို မျှတပြီး ဆင်ခြင်တုံတရား ရှိသည့်နည်းဖြင့် အတိအကျ မည်သို့ ကိုင်တွယ်သင့်သနည်း။ ဤအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ (အမျိုးသားနှင့် အမျိုးသမီးများသည် တန်းတူညီပြီး မျှတစွာ ဆက်ဆံသင့်ခြင်း ဖြစ်သည်။) မျှတစွာ ဆက်ဆံခြင်းသည် သဘောတရားဆိုင်ရာ အခြေပြုချက်ဖြစ်သည်။ သို့သော် မျှတခြင်းနှင့် ဆင်ခြင်တုံတရား ရှိခြင်းကို ထင်ဟပ်စေသည့် နည်းဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဤသည်မှာ လက်တွေ့ပြဿနာများနှင့် မသက်ဆိုင်သလော။ ရှေးဦးစွာ အမျိုးသားများနှင့် အမျိုးသမီးများ၏ အဆင့်အတန်းသည် ညီမျှသည်ဟု ငါတို့ သတ်မှတ်ဆုံးဖြတ်ရမည်။ ဤသည်မှာ ငြင်းခုံ၍ မရနိုင်ပေ။ ထို့ကြောင့် အမျိုးသားများနှင့် အမျိုးသမီးများကြားရှိ လူမှုဆိုင်ရာ အလုပ်ခွဲခြားမှုသည်လည်း ညီမျှသင့်သည်။ ပြီးလျှင် အလုပ်လုပ်ရန် ၎င်းတို့၏ အစွမ်းအစနှင့် အရည်အချင်းနှင့်အညီ ထည့်သွင်းစဉ်းစားပြီး စီစဉ်သင့်သည်။ အထူးသဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်လျှင် တန်းတူညီမျှမှုရှိသင့်သည်မှာ အမျိုးသားများက ခံစားနိုင်သည့်အရာများကို အမျိုးသမီးများကလည်း ခံစားနိုင်သင့်သည်အထိ ဖြစ်သည်။ ယင်းမှာ လူ့အဖွဲ့အစည်းတွင် အမျိုးသားနှင့် အမျိုးသမီးများကြား ညီမျှသော အဆင့်အတန်းကို သေချာစေရန်အတွက် ဖြစ်သည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အလုပ်ကို လုပ်နိုင်သည့် မည်သူမဆို၊ သို့မဟုတ် ခေါင်းဆောင်အဖြစ် အရည်အချင်းရှိသူ မည်သူမဆို ပြုလုပ်ခွင့်ပြုသင့်သည်။ ဤစည်းမျဉ်းကို သင် မည်သို့ ထင်သနည်း။ (ကောင်းပါသည်။) ဤစည်းမျဉ်းသည် အမျိုးသားနှင့် အမျိုးသမီးကြား တန်းတူညီမျှမှုကို ထင်ဟပ်သည်။ ဥပမာ မီးသတ်သမားအနေဖြင့် အလုပ်လျှောက်သည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးရှိလျှင် မည်သူ့ကို အလုပ်ခန့်သင့်သနည်း။ မျှတစွာ ဆက်ဆံခြင်းသည် သဘောတရားဆိုင်ရာ အခြေပြုချက်နှင့် စည်းမျဉ်းဖြစ်သည်။ ဤသို့ဆိုလျှင် အမှန်တကယ် မည်သို့လုပ်ဆောင်သင့်သနည်း။ ငါ ယခုတင် ပြောခဲ့သကဲ့သို့ပင် ၎င်းတို့၏ အရည်အချင်းနှင့် အစွမ်းအစနှင့်အညီ အလုပ်ကို လုပ်နိုင်သူမည်သူကိုမဆို လုပ်ဆောင်ခွင့်ပြုလော့။ ဤလျှောက်ထားသူများထဲတွင် မည်သူက ကိုယ်ကာယပိုင်းတွင် ကျန်းမာသန်စွမ်းပြီး ပျာယာခတ်ခြင်း မရှိသည်ကိုကြည့်ခြင်းအားဖြင့် ဤစည်းမျဉ်းနှင့်အညီသာ ရွေးချယ်လော့။ မီးသတ်ခြင်းသည် အရေးပေါ်လျင်မြန်စွာ ဆောင်ရွက်ခြင်းသာဖြစ်သည်။ သင်သည် အလွန်ပျာယာခတ်လျှင်၊ ထုံထိုင်းလျှင်၊ နှေးကွေးလျှင်၊ လိပ်၊ သို့မဟုတ် နွားအိုတစ်ကောင်ကဲ့သို့ဖြစ်လျှင် သင်သည် အမှုကိစ္စများကို နှောင့်နှေးစေလိမ့်မည်။ လျှောက်ထားသူတစ်ဦးချင်းစီ၏ အစွမ်းအစ၊ အရည်အချင်း၊ အတွေ့အကြုံ၊ မီးသတ်အလုပ်တွင် လုပ်ရည်ကိုင်ရည် အဆင့် စသည်တို့နှင့် ပတ်သက်ပြီး ၎င်းတို့၏ စရိုက်လက္ခဏာများကို သေချာစိစစ်ပြီးနောက်တွင် ကောက်ချက်ချလျှင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က အလွန်ပင် သင့်တော်ခြင်းရှိသည်။ အမျိုးသားက အရပ်ရှည်သည်။ ကိုယ်ကာယ သန်စွမ်းသည်။ မီးသတ်အတွေ့အကြုံရှိသည်။ မီးသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းအချို့တွင် ပါဝင်လုပ်ကိုင်ခဲ့ဖူးသည်။ အမျိုးသမီးက ပေါ့ပါးဖျတ်လတ်သည်။ ကြမ်းတမ်းသော လေ့ကျင့်မှုကို ဖြတ်သန်းခဲ့သည်။ မီးသတ်ခြင်း၊ ဆက်စပ်မှုရှိသော အလုပ် လုပ်ထုံးလုပ်နည်းများကို ကောင်းစွာတတ်သိနားလည်သည်။ အစွမ်းအစရှိသည်။ ပြီးလျှင် အခြားအလုပ်များတွင် အသိအမှတ်ပြုခံရပြီး ဆုများ ရရှိခဲ့သည်။ ထို့ကြောင့် နောက်ဆုံးတွင် ၎င်းတို့နှစ်ယောက်လုံး ရွေးချယ်ခံရသည်။ ဤသည်မှာ မှန်သလော။ (မှန်ပါသည်။) ဤသည်မှာ မည်သူ့ကိုမျှ မျက်နှာသာမပေးဘဲ အကောင်းတကာ့အကောင်းဆုံးကို ရွေးချယ်ခြင်းဟု ခေါ်သည်။...ရှေးဦးစွာ အမှုအရာတစ်ခုကို ကိုင်တွယ်ရာတွင် သင်သည် အမျိုးသား၊ သို့မဟုတ် အမျိုးသမီးအပေါ် တစ်ဖက်သတ် ကြိုတင်ထင်မြင်ချက်မရှိပေ။ ထူးချွန်သော၊ ပါရမီရှိသော အမျိုးသမီးများစွာရှိသည်ဟု သင် ယုံကြည်သည်။ ပြီးလျှင် ဤသို့သော ပုဂ္ဂိုလ်များစွာကို သင်သိသည်။ ထို့ကြောင့် အမျိုးသမီးများ၏ အလုပ်လုပ်သည့် အရည်အချင်းသည် အမျိုးသားများထက် မနိမ့်ကျ၊ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများက သယ်ဆောင်လာသော တန်ဖိုးသည် အမျိုးသားများထက် မနိမ့်ကျဆိုသည်ကို သင်၏ အသိအမြင်ကြောင့် သင် လက်ခံယုံကြည်သည်။ သင်သည် ဤအသိအမြင်နှင့် နားလည်မှုရှိသည်နှင့် နောင်ကာလတွင် သင် ပြုမူဆောင်ရွက်သောအခါတိုင်းတွင် ဤအချက်ကို အခြေခံပြီး တိကျသော အကဲဖြတ်မှုများနှင့် ရွေးချယ်မှုများကို ပြုလုပ်လိမ့်မည်။ တစ်နည်းအားဖြင့် သင်သည် မည်သူ့ကိုမျှ မျက်နှာသာမပေးလျှင်၊ လိင်နှင့်ပတ်သက်ပြီး ဘက်လိုက်မှုလုံးဝ မရှိလျှင် သင်၏ လူ့သဘာဝသည် ဤအမှုအရာတွင် အတော်အတန် သာမန်ဖြစ်လိမ့်မည်ဖြစ်ပြီး မျှတစွာ ပြုမူဆောင်ရွက်နိုင်သည်။ အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်ဟု မှတ်ယူသည့် ရိုးရာယဉ်ကျေးမှု၏ တားမြစ်မှုများ ပျက်ပြယ်သွားလိမ့်မည်။ သင်၏ အတွေးများက ဘောင်ခတ်ခြင်း ခံရတော့မည်မဟုတ်ပေ။ ပြီးလျှင် သင်သည် ဤရိုးရာယဉ်ကျေးမှုကဏ္ဍ၏ လွှမ်းမိုးခြင်းကို ခံရတော့မည်မဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ အရမ်း ရှင်းလင်းသွားတယ်။ “အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်”၊ “ယောက်ျားက အပြင်အလုပ်၊ မိန်းမက အတွင်းအလုပ်” ဆိုတဲ့ ဒီရိုးရာယဉ်ကျေးမှု အတွေးအခေါ် အချုပ်အနှောင်တွေကနေ လွတ်မြောက်ဖို့ဆိုရင်၊ ပထမဦးဆုံး ယောက်ျားနဲ့ မိန်းမက တန်းတူပဲဆိုတဲ့ အချက်ကို လက်ခံရမယ်ဆိုတာ နားလည်လိုက်တယ်။ ယောက်ျားတွေက မိန်းမတွေအပေါ် အစွဲမထားသင့်ဘူး၊ သူတို့ကို နှိမ်တာ၊ ဖိနှိပ်တာမျိုး ပိုလို့တောင် မလုပ်သင့်ဘူး။ ဒါက ကိုယ့်ကျင့်တရားပျက်ပြားတာဖြစ်ပြီး လူ့သဘာဝကင်းမဲ့ပါတယ်။ ယောက်ျားတွေက မိန်းမတွေကို မျမျှတတ ဆက်ဆံသင့်တယ်။ အိမ်အလုပ်ကို မိန်းမတွေ သဘာဝအတိုင်း လုပ်ရမယ့်အလုပ်လို့ မမြင်သင့်သလို၊ အဆင့်အတန်းရှိတဲ့ ကြီးကြီးမားမား အလုပ်တွေကိုတော့ ယောက်ျားတွေ လုပ်ရမယ့်အလုပ်လို့ မမြင်သင့်ဘူး။ အဲဒီလို အမြင်မျိုးက စာတန်ရဲ့ မိစ္စာဒိဋ္ဌိနဲ့ မှားယွင်းတဲ့ အယူဝါဒတစ်မျိုး ဖြစ်ပြီးတော့၊ သမ္မာတရားနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ ဘုရားသခင်ရဲ့ အိမ်တော်မှာ ဘယ်တာဝန်ကိုတော့ ညီအစ်ကိုတွေ လုပ်ရမယ်၊ ဘယ်တာဝန်ကိုတော့ ညီအစ်မတွေ လုပ်ရမယ်ဆိုပြီး စည်းမျဉ်းသတ်မှတ်ထားတာ မရှိဘူး။ ဘုရားသခင်ရဲ့ အိမ်တော်မှာ ကျား၊မ အပေါ်အခြေခံပြီး တာဝန်စီစဉ်ပေးတာ ဘယ်တော့မှ မရှိဘူး၊ လူတစ်ယောက်ချင်းစီရဲ့ အစွမ်း၊ အားသာချက်၊ အလုပ်လုပ်နိုင်စွမ်းနဲ့ အသင်းတော်အလုပ်ရဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အကျိုးသင့်အကြောင်းသင့် စီစဉ်တာ ဖြစ်တယ်။ ဥပမာအားဖြင့်၊ ညီအစ်မတွေ နေနေတဲ့ ဧည့်ခံတဲ့အိမ်မှာ လုံခြုံရေး အန္တရာယ် ရှိနေပြီး လုံခြုံတဲ့အိမ် ချက်ချင်း ရှာမတွေ့နိုင်လို့ ခေါင်းဆောင်က ကျွန်တော့်ကို ဧည့်ခံတာဝန်ထမ်းဆောင်ဖို့ စီစဉ်ပေးခဲ့တာလေ။ နောက်တစ်ဖက်မှာက ကျွန်တော့်အိမ်ကျတော့ သင့်တော်တယ်၊ ပြီးတော့ ဇနီးနဲ့ ကလေးတွေကလည်း ကျွန်တော် တာဝန်ထမ်းဆောင်တာကို ထောက်ခံကြတယ်။ ခေါင်းဆောင်ရဲ့စီစဉ်မှုက တစ်ဖက်မှာ ညီအစ်မတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးသလို၊ နောက်တစ်ဖက်မှာလည်း သူတို့ ပုံမှန် တာဝန်ထမ်းဆောင်နိုင်ပြီး အသင်းတော်အလုပ် မထိခိုက်အောင် လုပ်ပေးတာပဲ။ ကျွန်တော် သူတို့ကို ဧည့်ခံတာကလည်း အသင်းတော်အလုပ်ကို ကာကွယ်ထိန်းသိမ်းနေတာ ဖြစ်ပြီး တာဝန်ထမ်းဆောင်နေတာပါပဲ။ ကျွန်တော်က ဒီအစီအစဉ်ကို လက်ခံပြီး ကျိုးနွံနာခံသင့်တယ်၊ “အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်”၊ “ယောက်ျားက အပြင်အလုပ်၊ မိန်းမက အတွင်းအလုပ်” ဆိုတဲ့ မှားယွင်းတဲ့ အတွေးအခေါ် အမြင်တွေကို လက်လွှတ်ပြီး၊ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ဧည့်ခံတာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းသင့်တယ်။
အဲဒီနောက်မှာ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်တော် ဖတ်ပြီး ကိုယ့်တာဝန်ကို ဘယ်လို မှန်မှန်ကန်ကန် သဘောထားရမလဲဆိုတာ သင်ယူခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏တာဝန် မည်သို့ပင်ဖြစ်ပါစေ၊ အထက်အောက် မခွဲခြားနှင့်။ ‘ဤအလုပ်သည် ဘုရားသခင်ထံမှ အပ်နှံသည့်အလုပ်နှင့် ဘုရားသခင်အိမ်တော်၏ အလုပ်ဖြစ်သော်လည်း၊ အကယ်၍ ငါလုပ်ပါက လူအများက ငါ့ကိုအထင်သေးနိုင်သည်။ တစ်ပါးသူများက သူတို့အား ထင်ရှားစေသောအလုပ်ကို လုပ်ကြသည်။ ငါ့ကို မထင်ရှားစေဘဲ နောက်ကွယ်တွင် ကြိုးပမ်းအားထုတ်ရမည့် ဤအလုပ်ကို ငါ့အား ပေး၏၊ ဤသည်မှာ မျှတခြင်း မရှိ။ ဤတာဝန်ကို ငါလုပ်ဆောင်မည်မဟုတ်။ ငါ၏တာဝန်သည် သူတစ်ပါးတို့ရှေ့တွင် ငါ့အားထင်ရှားစေသောအလုပ် ဖြစ်ပြီး၊ ငါ့ကိုကျော်ကြားစေသောအလုပ် ဖြစ်ရမည်။ ထို့အပြင် အကယ်၍ ငါ မကျော်ကြားပါက သို့မဟုတ် မထင်ရှားပါက၊ ထိုအလုပ်မှ ငါအကျိုးအမြတ်ရဖို့နှင့် ရုပ်ပိုင်းဆိုင်ရာ အပူအပင်ကင်းဖို့ လိုသည်။’ ဟု သင်ကပြောသည် ဆိုပါစို့။ ယင်းသည် လက်ခံနိုင်ဖွယ် သဘောထားလော။ ဇီဇာကြောင်ခြင်းဟူသည် ဘုရားသခင်ထံမှ အမှုအရာများကို လက်မခံခြင်း ဖြစ်သည်။ သင့်အကြိုက်များအတိုင်း ရွေးချယ်ခြင်းဖြစ်သည်။ ဤသည်မှာ သင်၏တာဝန်ကို လက်ခံခြင်းမဟုတ်၊ သင်၏တာဝန်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ဘုရားသခင်အပေါ် သင့်ပုန်ကန်မှု၏ သရုပ်သကန်ဖြစ်၏။ ထိုကဲ့သို့သော ဇီဇာကြောင်မှုဟူသည် သင်၏ပုဂ္ဂိုလ်ရေးအကြိုက်များ၊ အလိုဆန္ဒများဖြင့် ရောနေသည်။ သင်သည် သင့်ကိုယ်ကျိုး၊ သင့်ဂုဏ်သတင်း၊ စသည်တို့ကို ထည့်သွင်းစဉ်းစားသောအခါ၊ တာဝန်အပေါ်ထားရှိသော သင်၏သဘောထားသည် နာခံမှု မဟုတ်ပေ။ သင့်တာဝန်အပေါ်တွင် မည်သည့်သဘောထား ထားရှိသင့်သနည်း။ ပထမအနေဖြင့် သင့်ကို တာဝန်ပေးခဲ့သည်မှာ မည်သူဖြစ်ကြောင်း သေချာအောင်လေ့လာဖို့ ကြိုးစားလျက် ယင်းကို သင်မဆန်းစစ်ရပေ။ ယင်းအစား ထိုအရာကို ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်အဖြစ်လည်းကောင်း၊ သင်၏ တာဝန်အဖြစ်လည်းကောင်း ဘုရားသခင်ထံမှ သင်ခံယူသင့်သည်၊ ပြီးလျှင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံသင့်ပြီး ဘုရားသခင်ထံမှ သင်၏ တာဝန်ကို လက်ခံသင့်သည်။ ဒုတိယအနေဖြင့် တာဝန်ကို အမြင့်နှင့်အနိမ့် ခွဲခြားခြင်း မပြုလေနှင့်။ ပြီးလျှင် ထိုတာဝန်သည် သင့်ကို ထင်ပေါ်စေခြင်းရှိမရှိ၊ လူအများရှေ့တွင် လုပ်ဆောင်သလော၊ နောက်ကွယ်တွင် လုပ်ဆောင်ရသလောဆိုသည့် ထိုတာဝန်၏ သဘောသဘာဝကို အရေးမစိုက်နှင့်။ ဤအရာများကို ထည့်မစဉ်းစားနှင့်။ အခြားသဘောထားတစ်ခုလည်းရှိသည်။ ကျိုးနွံနာခံခြင်းနှင့် တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) “ဥပမာအားဖြင့် သင်သည် မိမိ၏ ညီအစ်ကိုမောင်နှမများအတွက် အစားအစာ ချက်ပြုတ်ခြင်းကို ကြီးကြပ်ရလျှင် ယင်းမှာ သင်၏တာဝန် ဖြစ်သည်။ သင်သည် ဤအလုပ်ကို မည်သို့ သဘောထားသင့်သနည်း။ (ကျွန်ုပ်သည် သမ္မာတရား စည်းမျဉ်းများကို ရှာဖွေသင့်ပါသည်။) သင်သည် သမ္မာတရား စည်းမျဉ်းများကို မည်သို့ ရှာဖွေရသနည်း။ ဤအရာသည် စစ်မှန်မှုနှင့် သမ္မာတရားနှင့် ဆက်စပ်မှုရှိ၏။ သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်မည်၊ ဤတာဝန်ကို မည်သို့ ကောင်းအောင် ထမ်းဆောင်မည်၊ ပြီးလျှင် ဤတာဝန်သည် သမ္မာတရား၏ မည်သည့် သွင်ပြင်လက္ခဏာများနှင့် သက်ဆိုင်သည်တို့ကို သင်က ဆင်ခြင်စဉ်းစားရမည်။ ပထမအဆင့်အနေဖြင့် ‘ကျွန်ုပ်သည် မိမိအတွက် ချက်ပြုတ်နေခြင်းမဟုတ်။ ဤအရာသည် ကျွန်ုပ် လုပ်ဆောင်နေသော ကျွန်ုပ်၏တာဝန် ဖြစ်သည်’ ဟု ဦးစွာ သင်တို့အားလုံး သိရမည်။ ဤနေရာတွင် အကျုံးဝင်သည့် သွင်ပြင်လက္ခဏာမှာ ရူပါရုံဖြစ်သည်။ ဒုတိယအဆင့်မှာ မည်သို့နည်း။ (ဟင်းလျာကို မည်သို့ ကောင်းအောင် ချက်ပြုတ်မည်ကို ကျွန်ုပ် စဉ်းစားရပါမည်။) ကောင်းမွန်စွာ ချက်ပြုတ်ခြင်းအတွက် စံနှုန်းမှာ အဘယ်နည်း။ (ကျွန်ုပ်သည် ဘုရားသခင်၏ သတ်မှတ်ချက်များကို ရှာဖွေရပါမည်။) မှန်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များကသာ သမ္မာတရား၊ စံနှုန်းနှင့် စည်းမျဉ်း ဖြစ်ပေသည်။ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ချက်ပြုတ်ခြင်းသည် သမ္မာတရား၏ သွင်ပြင်လက္ခဏာတစ်ခု ဖြစ်၏။ သင်သည် သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ပထမဦးဆုံး ထည့်သွင်း စဉ်းစားရမည်၊ ထို့နောက် ‘ဘုရားသခင်သည် ငါ့အား ဤတာဝန်ကို ထမ်းဆောင်ရန် ပေးအပ်ထားသည်။ ဘုရားသခင် သတ်မှတ်သော စံနှုန်းမှာ မည်သို့နည်း’ ဟူ၍ သုံးသပ် ဆင်ခြင်ရမည်။ ဤအခြေခံအုတ်မြစ်သည် သတ်မှတ်ချက်တစ်ခု ဖြစ်၏။ သို့ဖြစ်ရာ သင်သည် ဘုရားသခင်၏စံနှုန်းနှင့် ကိုက်ညီစေရန် မည်သို့ ချက်ပြုတ်သင့်သနည်း။ သင် ချက်ပြုတ်သော အစားအစာသည် ကျန်းမာရေးနှင့် ညီညွတ်၍ အရသာ ရှိကာ သန့်ရှင်းသင့်သည်၊ ပြီးလျှင် ခန္ဓာကိုယ်အား အန္တရာယ်မဖြစ်စေသင့်ပေ။ ဤသည်တို့မှာ ပါဝင်သည့် အသေးစိတ် အချက်အလက်များ ဖြစ်သည်။ သင်သည် ဤစည်းမျဉ်းနှင့်အညီ ချက်ပြုတ်နေသရွေ့ သင် ချက်ပြုတ်သော အစားအစာကို ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ပြုလုပ်လိမ့်မည်။ ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုသနည်း။ သင်သည် ဤတာဝန်၏ စည်းမျဉ်းများကို ရှာဖွေခဲ့ပြီး ဘုရားသခင် ဘောင်ခတ်ထားသော အတိုင်းအတာထက် မပိုလွန်ခဲ့သောကြောင့် ဖြစ်သည်။ ဤသည်မှာ မှန်ကန်သင့်တော်သော ချက်ပြုတ်နည်း ဖြစ်၏။ သင်သည် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခဲ့ပြီးဖြစ်ကာ သင်သည် ကျေနပ်ဖွယ်ရာ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေခြင်းဖြင့်သာ မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သည်) ဘုရားသခင်ရဲ့ အိမ်တော်မှာ ဘယ်တာဝန်ကိုမှ လူတစ်ယောက်ရဲ့ လိင် ဖြစ်တည်မှုအပေါ် မူတည်ပြီး မစီစဉ်ပါဘူး၊ တာဝန်အနိမ့်တွေ၊ တာဝန်အမြင့်တွေရယ်လို့လည်း မရှိဘူး။ တာဝန်အပေါ် ထားရှိသင့်တဲ့ သဘောထားကတော့ ဘုရားသခင်ဆီက လက်ခံပြီး ကျိုးနွံနာခံဖို့ပါပဲ။ ဘယ်သူက စီစဉ်တာပဲဖြစ်ဖြစ်၊ လူရှေ့ထွက်ရတာပဲဖြစ်ဖြစ်၊ မထွက်ရတာပဲဖြစ်ဖြစ်၊ တာဝန်ကို ကောင်းကောင်း ဖြည့်ဆည်းဖို့ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေသင့်တယ်။ ဒါက မှန်ကန်တဲ့ လက်တွေ့လုပ်ဆောင်နည်း ဖြစ်ပြီးတော့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ ကိုက်ညီတယ်။ ခေါင်းဆောင်က ကျွန်တော့်ကို ဧည့်ခံတာဝန် စီစဉ်ပေးတဲ့အခါ၊ အထင်သေးခံရမယ်ဆိုတာကို စိတ်မပူသင့်ဘဲ၊ အဲဒီအစား သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေပြီး တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ကောင်းကောင်း ဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားခဲ့သင့်တယ်။ ပထမဦးဆုံး၊ ညီအစ်မတွေရဲ့ လုံခြုံရေးအတွက် ပတ်ဝန်းကျင်ကို ကောင်းကောင်း ထိန်းသိမ်းဖို့ ကျွန်တော် တတ်နိုင်သမျှ လုပ်ရမယ်။ နောက်ပြီး အိမ်ကို သန့်ရှင်းအောင် ထားရမယ်၊ ချက်ပြုတ်တဲ့အခါမှာလည်း ဟင်းတွေက အာဟာရရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ဖို့ စဉ်းစားရမယ်။ ဧည့်ခံတာဝန် ထမ်းဆောင်တာက တစ်ဖက်မှာ ကျွန်တော့်ရဲ့ ပုရိသဝါဒနဲ့ဆိုင်တဲ့ မှားယွင်းတဲ့ အမြင်ကို ပြုပြင်ပေးပြီး၊ “အမျိုးသားများသည် အမျိုးသမီးများထက် သာလွန်သည်” ဆိုတဲ့ ရိုးရာအမြင်နဲ့ မိန်းမတွေကို မကြည့်တော့ဘူး။ နောက်တစ်ဖက်မှာလည်း ကျွန်တော့်ရဲ့ ဘဝတွက်တာ ကျွမ်းကျင်မှုတွေကို တိုးတက်စေခဲ့တယ်။ အခုဆို ကျွန်တော် ဟင်းသီးဟင်းရွက် ဆေးတာ၊ လှီးတာတွေက အရင်ကထက် အများကြီး ပိုကျွမ်းကျင်လာပြီ။ အိမ်မှာဆို ကျွန်တော်ပဲ အဓိက ချက်ပြုတ်ပြီး သန့်ရှင်းရေး လုပ်တယ်။ တစ်ခါတုန်းက နေ့လယ်စာ စားနေရင်း ဇနီးသည်က ပြုံးပြီး ပြောတာကို မှတ်မိသေးတယ်၊ “အရင်တုန်းက ရှင်စားဖို့ ကျွန်မ ချက်ပေးရတာ၊ အခုတော့ ပြောင်းပြန်ဖြစ်သွားမယ်လို့ လုံးဝ ထင်မထားမိဘူး” တဲ့။ ကလေးတွေကလည်း ကျွန်တော် ပြောင်းလဲသွားပြီလို့ ပြောကြတယ်။ တစ်ခါတလေ ညီအစ်မတချို့ ကျွန်တော့်အိမ်ကို လာပြီး ဒေသနာတွေ ဆွေးနွေးကြရင်၊ အများအားဖြင့် ကျွန်တော်ပဲ ချက်ပြုတ်ပေးဖြစ်တယ်။ အခုတော့ အဲဒါက သိက္ခာကျစရာ၊ ရှက်စရာလို့ ကျွန်တော် လုံးဝ မခံစားရတော့ဘူး။ ညီအစ်မတွေက ကျွန်တော်ချက်တဲ့ ငါးဟင်းက စားလို့ကောင်းတယ်လို့တောင် ပြောကြသေးတယ်။ ဒီပုရိသဝါဒ ရိုးရာအတွေးအခေါ်တွေထဲကနေ ရုန်းထွက်နိုင်ပြီး ပုံမှန် လူ့သဘာဝ နည်းနည်းနဲ့ အသက်ရှင်နေထိုင်နိုင်တာတွေ အားလုံးက ဘုရားနှုတ်ကပတ်တော်ကနေ ရရှိတဲ့ ရလဒ်တွေပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
တရုတ်နိုင်ငံ၊ ချင်းစုန်၂၀၀၁ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့...
အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို...
ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...
ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...