ကျွန်မ အသက်ကြီးတဲ့အခါ စောင့်ရှောက်ပေးဖို့အတွက် ကျွန်မသားကို အားမကိုးတော့ပါ
တရုတ်နိုင်ငံ၊ ချင်းစုန်၂၀၀၁ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်မအဘိုးက ရွာမှာ တော်တော် ဂုဏ်သတင်းကြီးတဲ့သူတစ်ယောက်ပါ။ သူက သူများတွေကို ကူညီဖို့ဆိုရင် အမြဲတမ်း လိုလိုလားလား ရှိတယ်။ ကျွန်မ ငယ်ငယ်တုန်းက အဘိုးနဲ့ အဘွားက မြို့ကို ပြောင်းသွားကြပေမဲ့ ရွာမှာ တစ်ယောက်ယောက်က အကူအညီလိုတိုင်း သူက သူ့အလုပ်ကို ပစ်ထားပြီး ရွာပြန်ကူညီပေးတတ်တယ်။ အဘိုးက လူကောင်းတစ်ယောက်ဆိုပြီး လူတိုင်းက ပြောကြသလို သူ့ကို တော်တော်လေး လေးစားကြတယ်။ သူ့အကြောင်း ပြောတိုင်း လူတွေက သူ့ကို ချီးကျူးပြီး ပြောကြတယ်။ ဒီလိုအဘိုးမျိုးရှိတာကို ကျွန်မ ဂုဏ်ယူမိခဲ့တယ်။ အဘိုး ဆုံးပါးသွားပြီးတဲ့နောက်မှာ လူတွေက သူ့အကြောင်း ပြောကြတာကို ကျွန်မ ခဏခဏ ကြားရတယ်၊ သူက ကိုယ်ကျင့်တရားကောင်းပြီး နာမည်ဂုဏ်သတင်းကောင်းရှိတဲ့ လူတစ်ယောက်လို့ ပြောကြတာပေါ့။ ဒါကို ကြားရတော့ ကျွန်မအဘိုးရဲ့ နေထိုင်ပြုမူပုံက ကောင်းမွန်ပြီး ယုံကြည်အားထားရတယ်၊ သူ သေဆုံးသွားတာတောင်မှ နာမည်ကောင်း ကျန်ရစ်တယ်လို့ ကျွန်မ ခံစားရတယ်။ နောက်ပိုင်းမှာ တစ်ယောက်ယောက်က ကျွန်မကို အကူအညီတောင်းတိုင်း ကျွန်မ တက်တက်ကြွကြွ ကူညီပေးတယ်။ ဒီလိုမျိုး သူများတွေကို ကူညီပေးတာက ကောင်းတယ်၊ ဒါက ကျွန်မကို လူကောင်းတစ်ယောက် ဖြစ်စေတယ်လို့ ခံစားရလို့လေ။
ဘုရားသခင်ကို တွေ့ပြီးတဲ့နောက်မှာ ကျွန်မ အသင်းတော်မှာ ဗီဒီယိုတွေ လုပ်ခဲ့တယ်။ ကွန်ပျူတာ နည်းပညာအကြောင်း ကျွန်မ နည်းနည်းသိထားတော့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ ကွန်ပျူတာ ပြဿနာတွေအတွက် ကျွန်မဆီလာ အကူအညီတောင်းကြတယ်။ ညီအစ်ကိုမောင်နှမတွေကို ကွန်ပျူတာ ပြဿနာတွေ ပြင်ပေးရတာက ကောင်းမှုပြုတာလို့ ကျွန်မ ခံစားရတယ်။ နောက်ပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အကူအညီတောင်းတယ်ဆိုတာက သူတို့ ကျွန်မကို ယုံကြည်လို့လေ။ ပြီးတော့ “ငါသာ မကူညီရင် လူတိုင်းက ငါ့ကို ဘယ်လိုထင်ကြမလဲ။ ငါက တကယ်ပဲ တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ မရှိဘူးလို့ သူတို့ ထင်ကြမလား” ဆိုပြီး ကျွန်မ တွေးမိတယ်။ ဒါကြောင့် ပြဿနာတစ်ခုကို ဖြေရှင်းပေးနိုင်သရွေ့ ဘယ်သူ့ကိုမှ ကျွန်မ မငြင်းခဲ့ဘူး။ တစ်ခါတလေ ပြဿနာကို ကျွန်မ မဖြေရှင်းနိုင်တဲ့အခါ သတင်းအချက်အလက် ရှာဖို့ ခေါင်းခြောက်မတတ် စဉ်းစားပြီး နောက်ပြီးမှ အဖြေရှာဖို့ ကြိုးစားတယ်။ ဒီလိုလုပ်တာက ကျွန်မအချိန်တွေ အများကြီးကုန်ပြီး ကျွန်မရဲ့ အဓိကအလုပ်ကို ကြန့်ကြာစေပေမဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ ကွန်ပျူတာကိစ္စတွေကို ကူညီပေးဖို့ ကျွန်မ ဦးစားပေးခဲ့တုန်းပါပဲ။ သူတို့ရဲ့ တောင်းဆိုမှုကို လက်ခံထားတာဆိုတော့ ကျွန်မအနေနဲ့ ကောင်းကောင်းလုပ်ပေးဖို့ လိုတယ်လို့ ခံစားရတယ်လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မသာ ကောင်းကောင်းမလုပ်ပေးရင် ကျွန်မ ဂုဏ်သတင်းကျသွားမှာ မဟုတ်လား။ အဲဒီလိုသာဖြစ်ရင် နောင်ကျ ဘယ်သူက ကျွန်မကို ယုံကြည်တော့မှာလဲ။ တဖြည်းဖြည်းနဲ့ ညီအစ်ကိုမောင်နှမတွေဆီက ချီးမွမ်းသံတွေ ကျွန်မ ရလာတယ်။ ကျွန်မမှာ လူ့သဘာဝကောင်းရှိပြီး သူများတွေကို လိုလိုလားလား ကူညီတတ်တယ်လို့ လူတိုင်းက ထင်ကြတယ်။ ဒါကြောင့် ကျွန်မ ပေးဆပ်နေရတဲ့ အဖိုးအခက တန်တယ်လို့ ခံစားရတာပေါ့။
နောက်ပိုင်းမှာ အလုပ် လိုအပ်ချက်တွေအရ နည်းပညာအသစ်တစ်မျိုးကို ကျွန်မ စပြီး လေ့လာရတယ်။ ခေါင်းဆောင်က ကျွန်မကို သေသေချာချာ မှာတယ်၊ “ဒီဟာကို ဘယ်လိုသုံးရမလဲဆိုတာ အမြန်လေ့လာပြီး တခြားလူတွေကို ပြန်သင်ပေးဖို့ လိုတယ်နော်။ မဟုတ်ရင် ညီအစ်ကိုမောင်နှမတွေ အဲဒါကို အသုံးပြုဖို့ ကြန့်ကြာပြီး အလုပ်စွမ်းဆောင်ရည်ကို ထိခိုက်လိမ့်မယ်” တဲ့။ နည်းပညာအသစ် လေ့လာဖို့ ကျွန်မ အာရုံစိုက်နေတုန်းမှာပဲ ညီအစ်မ ရှောင်ရွှယ်ရဲ့ ကွန်ပျူတာက ရုတ်တရက် မျက်နှာပြင်အပြာရောင်ပေါ်ပြီး စက်ဖွင့်လို့မရ ဖြစ်သွားတယ်။ ဘာပြဿနာဖြစ်တာလဲဆိုတာ စစ်ပေးဖို့ သူက ကျွန်မကို အကူအညီတောင်းပါလေရော။ အပြာရောင် မျက်နှာပြင်ပေါ်က ကုဒ်ကို ကျွန်မ ကြည့်လိုက်တော့ အရင်က မမြင်ဖူးတဲ့အရာ ဖြစ်နေတယ်။ နောက်ပြီး ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ကျွန်မ မသိဘူး။ ဒါကြောင့် ဆိုင်ပို့ပြင်လိုက်ဖို့ သူ့ကို ကျွန်မ ပြောလိုက်တယ်။ ဒါပေမဲ့ ဆိုင်ပို့ပြင်ရင် ကြာနေမှာကို သူက စိတ်ပူပြီး သူ့ကို ကူညီပြင်ပေးဖို့ ဇွတ်ပြောတယ်။ သူက ပြောတယ်၊ “ကွန်ပျူတာကို ညီမဆီပဲ ထားခဲ့လိုက်မယ်။ ညီမ ပြင်တတ်မှာ သေချာပါတယ်” တဲ့။ သူ ကျွန်မကို ဘယ်လောက် ယုံကြည်တယ်ဆိုတာ တွေ့ရတော့ ကျွန်မ တွေးမိတယ်။ “ငါသာ ထပ်ငြင်းလိုက်ရင် သူ ငါ့ကို ဘယ်လိုထင်မလဲ” ပေါ့။ ကျွန်မ မငြင်းရက်တော့တာနဲ့ သဘောတူလိုက်တယ်။ နောက်ရက် နှစ်ရက်လုံးလုံး ကွန်ပျူတာ ဘယ်လိုပြင်ရမလဲဆိုတာအဖြေရှာဖို့ အွန်လိုင်းမှာ သတင်းအချက်အလက်တွေ ရှာရင်း၊ ခေါင်းခြောက်မတတ် စဉ်းစားရင်းနဲ့ အိမ်မှာပဲ ကျွန်မ နေခဲ့တယ်။ နည်းလမ်းအမျိုးမျိုးနဲ့ စမ်းကြည့်ပြီးတော့ နောက်ဆုံးမှာ ကျွန်မ ပြင်လို့ ရသွားတယ်။ ကွန်ပျူတာ ပြင်ပြီးသွားတာကို မြင်တော့ ညီအစ်မက အရမ်းပျော်နေတယ်။ ဒီနှစ်ရက်လုံးလုံး ပင်ပင်ပန်းပန်းလုပ်ခဲ့တာ နောက်ဆုံးတော့ အရာထင်သွားပြီလို့ တွေးရင်း ကျွန်မ ပျော်သွားတယ်။ ဒါပေမဲ့ ကျွန်မ နည်းနည်းတော့ စိတ်မသက်မသာလည်း ဖြစ်မိတယ်။ “ငါက သူများတွေရဲ့ ပြဿနာကို ကူညီဖြေရှင်းပေးခဲ့ပေမဲ့ ငါလေ့လာဖို့လိုအပ်တဲ့ နည်းပညာကိုတော့ သေချာ မလေ့လာရသေးဘူး။ ဒါပေမဲ့ သူများကို ကတိပေးဖို့ ဘယ်သူက ငါ့ကို ခိုင်းလို့လဲ။ အဖိုးအခ နည်းနည်း ပိုပေးပြီး ညဘက် အိပ်ရေးပျက်ခံပြီးတော့ပဲ လေ့လာလိုက်မယ်” လို့ ကျွန်မ တွေးမိတယ်။ အဲဒီနောက်ပိုင်း ညီအစ်ကိုမောင်နှမတွေမှာ ကွန်ပျူတာ ပြဿနာရှိတိုင်း ကျွန်မကို ဖုန်းဆက်ပြီး ပြင်ခိုင်းကြတယ်။ ကျွန်မက ငြင်းဖို့ အားနာနေမိတယ်။ ဒီကိစ္စတွေမှာ အချိန်အများကြီး ကုန်သွားတော့ ကျွန်မရဲ့ အဓိကအလုပ်ကို ကြန့်ကြာသွားတာပေါ့။ ညီအစ်ကိုမောင်နှမတွေကို အကြံပေးဖို့ ကျွန်မ စဉ်းစားမိတယ်။ သူတို့ စက်ပစ္စည်းတွေမှာ ပြဿနာရှိရင် တခြားနေရာကို အရင်ပို့ပြင်ဖို့နဲ့၊ ကျွန်မ ဒီအလုပ်ရှုပ်တဲ့ကာလပြီးမှပဲ ကူညီပေးမယ်ဆိုပြီးတော့ပေါ့။ ဒါပေမဲ့ ညီအစ်ကိုမောင်နှမတွေက အကူအညီတောင်းလာပြန်တော့ ကျွန်မက ကိုယ့်စိတ်ကို မလွန်ဆန်နိုင်ဘဲ သွားကူညီမိပြန်ရော။ နေ့တိုင်း မအားလပ်နိုင်အောင် အလုပ်ရှုပ်နေပေမဲ့ ပြီးတဲ့အခါမှာ လူတိုင်းရဲ့ ချီးကျူးစကားကို ကြားရတော့ ကျွန်မ ပင်ပန်းရကျိုးနပ်တယ်လို့ ခံစားရတယ်။ နေ့တိုင်း သူများတွေရဲ့ ကွန်ပျူတာ ပစ္စည်းတွေကို ကူညီပြင်ပေးရင်း အလုပ်ရှုပ်နေတော့ ကျွန်မရဲ့ လေ့လာရေး အစီအစဉ်တွေ ရပ်တန့်သွားတယ်။ ကြီးကြပ်ရေးမှူးက ကျွန်မရဲ့ လေ့လာမှု အခြေအနေ ဘယ်လိုလဲဆိုတာ မေးပြီး နည်းပညာကို ပိုလေ့လာဖို့နဲ့ ညီအစ်ကိုမောင်နှမတွေကို အမြန်ဆုံး ပြန်သင်ပေးဖို့ ကျွန်မကို တိုက်တွန်းရင်း မိတ်သဟာယပြုတယ်။ ဒီအလုပ်က အရေးကြီးမှန်း၊ ဒါကို မလေ့လာရင် ဗီဒီယိုအလုပ်ရဲ့ ထိရောက်မှုနဲ့ တိုးတက်မှုကို ထိခိုက်မယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ နောက်တော့ “ညီအစ်ကိုမောင်နှမတွေ အကူအညီတောင်းတာကို ငါ ငြင်းလိုက်ရင် ငါက တစ်ကိုယ်ကောင်းဆန်ပြီး မေတ္တာမရှိဘူးလို့ သူတို့ ထင်ကြမလား” ဆိုပြီး ကျွန်မ တွေးမိပြန်တယ်။ အဲဒီအချိန်တုန်းက နည်းစနစ်ပိုင်း ကျွမ်းကျင်မှုတွေကို ကျွန်မ ကြိုးစားသင်ယူနေသလို ညီအစ်ကိုမောင်နှမတွေရဲ့ ကွန်ပျူတာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးနေတော့ တစ်ရက်တာအချိန် မလောက်သလို ခံစားရပြီး အရမ်း ပင်ပန်းနေခဲ့တယ်။ ဒါပေမဲ့ ဘယ်လို လက်တွေ့လုပ်ဆောင်ရမလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ ကျွန်မစိတ်ထဲမှာ လိုက်စားသင့်တဲ့အရာနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အမြင်တွေ ရှိနေမှန်း သဘောပေါက်လိုက်တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူတို့သည် စတင်စကားပြောသည့်အချိန်မှစ၍ လူတို့ထံမှလည်းကောင်း၊ မယုံကြည်သူများထံမှလည်းကောင်း၊ စာတန်ထံမှလည်းကောင်း၊ ကမ္ဘာလောကထံမှလည်းကောင်း ဆိုရိုးစကားမျိုးစုံကို သင်ယူကြသည်။ မည်သို့ ကျင့်ကြံနေထိုင်ရမည်၊ မည်သည့်အရာကို ပြောရမည်၊ မည်သည့် ကိုယ်ကျင့်တရားများကို ပိုင်ဆိုင်ရမည်၊ မည်သည့်အတွေးများ၊ စရိုက်လက္ခဏာများရှိရမည် စသည်တို့နှင့် ပတ်သက်ပြီး လူများ၏ မိဘများ၊ မိသားစုများက ၎င်းတို့ကို သင်ကြားပေးသည့် ကနဦးပညာရေးတွင် အစပြုသည်။ လူ့အဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ပြီးနောက်တွင်ပင် လူတစ်ဦးချင်းစီသည် စာတန်ထံမှ အမျိုးမျိုးသော အယူဝါဒများ၊ သဘောတရားများ၏ အယူဝါဒသွတ်သွင်းခြင်းကို မသိစိတ်မှနေ၍ လက်ခံဆဲဖြစ်သည်။ ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့်အရာကို လူတို့ပိုင်ဆိုင်ရမည့် အကျင့်စာရိတ္တတစ်ခုအဖြစ် မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်းက လူတိုင်းအား သွတ်သွင်းထားသည်။ သင်သည် ဤအကျင့်စာရိတ္တကို ပိုင်ဆိုင်လျှင် သင်သည် မြင့်မြတ်သည်၊ သိက္ခာရှိသည်၊ တည်ကြည်မှုရှိသည်၊ သင်သည် လူ့အဖွဲ့အစည်းတွင် အလွန်တရာ အထင်ကြီးလေးစားခြင်းခံရသည်ဟူ၍ လူတို့က ဆိုကြသည်။ ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့် စကားသည် လူတို့ထံမှလာပြီး စာတန်ထံမှ လာသောကြောင့် ငါတို့ ပိုင်းခြားစိစစ်ပြီး သိမြင်သည့် အရာတစ်ခုဖြစ်လာသည်။ ထို့အပြင် ငါတို့ စွန့်ပစ်သော အရာဖြစ်ဆဲ ဖြစ်သည်။ ငါတို့သည် အဘယ်ကြောင့် ဤစကားကို ပိုင်းခြားသိမြင်ပြီး စွန့်ပစ်သနည်း။ ရှေးဦးစွာ ဤစကားသည် မှန်ကန်သလော၊ ဤစကားကို လိုက်နာသောသူသည် မှန်သလောဆိုသည်ကို စစ်ဆေးကြစို့။ ‘အခြားလူများက ၎င်းထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သည်’ ဆိုသည့် ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်သောသူသည် အမှန်ပင် မြင့်မြတ်သလော။ ဤသို့သောသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သလော။ ထိုသူတွင် ဖန်ဆင်းခံများ၌ ရှိသင့်သည်ဟု ဘုရားသခင် ပြောသော လူ့သဘာဝနှင့် ပြုမူနေထိုင်မှု စည်းမျဉ်းများရှိသလော။ ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့် စကားကို သင်တို့အားလုံး နားလည်ကြသလော။ ရှေးဦးစွာ ဤစကားက မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့၏ ကိုယ်ပိုင်စကားများနှင့် ရှင်းလော့။ (တစ်စုံတစ်ယောက်က သင့်အား တာဝန်တစ်ခု အပ်နှံလျှင် ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် အစွမ်းကုန်လုပ်ဆောင်သင့်သည်ကို ဆိုလိုသည်။) ဤသို့ ဖြစ်သင့်သည်မဟုတ်လော။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံလျှင် ထိုသူက သင့်အား အထင်မကြီးသလော။ သူသည် သင့်အား အထင်ကြီးသည်။ ယုံကြည်သည်။ သင်သည် ယုံကြည်ထိုက်သည်ဟု ထင်မြင်သည်။ ထို့ကြောင့် အခြားလူများက သင့်အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ သင်သည် သဘောတူပြီး ကောင်းမွန်စွာ၊ ၎င်းတို့၏ သတ်မှတ်ချက်များနှင့် အပြည့်အဝ ကိုက်ညီစွာ လုပ်ဆောင်သင့်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ပျော်ရွှင် ကျေနပ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အား အလုပ်တစ်ခု အပ်နှံသောသူက ကျေနပ်ခြင်းရှိမရှိသည် သင်က လူကောင်း တစ်ယောက်ဖြစ်သည်ဟု သတ်မှတ်၍ ရမရကို ဆုံးဖြတ်ပေးသည်။ ဤသို့ ရှင်းပြ၍ ရသလော။ (ရသည်။) ထို့ကြောင့် သူတစ်ပါးတို့၏ အမြင်တွင် လူကောင်းတစ်ယောက်အဖြစ် အမြင်ခံရပြီး လူ့အဖွဲ့အစည်းက အသိအမှတ်ပြုခြင်း ခံရဖို့ မလွယ်ကူသလော။ (လွယ်ကူသည်။) ‘လွယ်ကူသည်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စံသတ်မှတ်ချက်က အလွန်နိမ့်ပြီး မြင့်မြတ်ခြင်း လုံးဝမရှိဟု ဆိုလိုသည်။ သင်သည် ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာ ကိုင်တွယ်ရန် အကောင်းဆုံး လုပ်ဆောင်ပါ’ဆိုသည့် ကိုယ်ကျင့်တရား အပြုအမူဖြင့် ကိုက်ညီလျှင် သင်သည် ဤသို့သော ကိစ္စများတွင် ကိုယ်ကျင့်စရိုက်ရှိသူအဖြစ် သတ်မှတ်ခြင်းခံရသည်။ တစ်နည်းအားဖြင့် သင်သည် လူတို့၏ ယုံကြည်မှုနှင့်လည်းကောင်း၊ အလုပ်တာဝန်များအား ကိုင်တွယ်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ အပ်နှံမှုနှင့်လည်းကောင်း ထိုက်တန်သည်၊ သင်သည် နာမည်ဂုဏ်သတင်းရှိသော လူတစ်ဦးဖြစ်သည်၊ သင်သည် လူကောင်းတစ်ယောက်ဖြစ်သည်ဟု ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ကျွန်မဟာ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ အသက်ရှင်နေထိုင်တာ၊ ပြုမူတာ မဟုတ်ဘဲ “သူများအပ်နှံတာမှန်သမျှကို သစ္စာရှိရှိ အစွမ်းကုန် လုပ်ဆောင်ပေးရမယ်” ဆိုတာလို စာတန် သွတ်သွင်းပေးထားတဲ့ ရိုးရာအယူအဆတွေနဲ့အညီ ပြုမူနေမှန်း နားလည်လာတယ်။ မိဘတွေက ဒီအယူအဆကို ကျွန်မဆီ တိုက်ရိုက် သွတ်သွင်းပေးခဲ့တာ မဟုတ်ပေမဲ့ သူများတွေ အပ်နှံတဲ့ ကိစ္စတွေကို အဘိုးက ဘယ်လောက် အလေးထား ဆောင်ရွက်ပေးခဲ့တယ်၊ ဘယ်လောက်ပဲ ခက်ခဲပါစေ၊ အချိန်ကုန်ပါစေ သူ ပြီးအောင် လုပ်ပေးခဲ့တာတွေကို ငယ်ငယ်ကတည်းက ကျွန်မ မြင်ခဲ့ရတယ်။ နောက်ဆုံးတော့ သူ့ပတ်ဝန်းကျင်က လူတွေရဲ့ လေးစားမှုကို ရခဲ့ပြီး သူ သေဆုံးသွားပြီးနောက်မှာတောင် သူ့ကို တစ်ခုတ်တရ သတိရနေကြတာလေ။ ဒါက လူတစ်ယောက်အနေနဲ့ မှန်ကန်တဲ့ ကျင့်ကြံပြုမူပုံဖြစ်တယ်၊ ဒီနည်းနဲ့ လူတွေရဲ့ လေးစားအားကျမှုကို ရနိုင်ပြီး ဂုဏ်သိက္ခာနဲ့ တည်ကြည်မှုရှိတဲ့ လူတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ကျွန်မ ထင်ခဲ့တာ။ မသိစိတ်ထဲမှာ ဒီအယူအဆရဲ့ လွှမ်းမိုးမှုကို အမြဲခံနေရတော့ ကျွန်မကိုယ်တိုင်လည်း အဲဒီလိုလူမျိုး ဖြစ်လာဖို့ စပြီး လိုက်စားမိလာတယ်။ ကွန်ပျူတာ ပြင်တဲ့ ကျွမ်းကျင်မှုတချို့ ကျွန်မမှာ ရှိတယ်ဆိုတာ ညီအစ်ကိုမောင်နှမတွေ သိကတည်းက ပြဿနာရှိတိုင်း ကျွန်မဆီ လာ အကူအညီတောင်းကြတယ်။ ကျွန်မ ဘယ်သူ့ကိုမှ မငြင်းခဲ့ဘူး၊ ရလဒ်အနေနဲ့ သတ်မှတ်ချက်ကောင်းတချို့ ကျွန်မ ရခဲ့တယ်။ ဒါက လူတစ်ယောက်အနေနဲ့ မှန်ကန်တဲ့ ကျင့်ကြံပြုမူပုံပဲဆိုပြီး ကျွန်မ ပိုပြီးတော့တောင် ခံစားလာရတယ်။ ညီအစ်ကိုမောင်နှမတွေက ပြဿနာတွေနဲ့ ကျွန်မဆီ ထပ်လာတဲ့အခါ ကျွန်မ ကိုယ့်တာဝန် မပြီးသေးရင်တောင် သူတို့ကို ကူညီပေးတုန်းပဲ။ သူတို့ ကျွန်မကို ယုံကြည်လို့ အကူအညီလာတောင်းတာ၊ ငါသာ ကွန်ပျူတာ မပြင်ပေးရင် သူတို့ စိတ်ပျက်အောင် လုပ်မိရာမကျဘူးလားလို့ ကျွန်မ တွေးတယ်။ ညီအစ်ကိုမောင်နှမတွေ ကျွန်မအကြောင်း ကောင်းတာ ပြောဖို့အတွက်၊ ပြီးတော့ သူတို့မျက်လုံးထဲမှာ မေတ္တာရှိပြီး လူ့သဘာဝကောင်းရှိတဲ့ သူတစ်ယောက် ဖြစ်ဖို့အတွက် ဘယ်လောက်ပဲ ခက်ခဲပါစေ လူတိုင်းရဲ့ တောင်းဆိုမှုကို ကျွန်မ ဖြည့်ဆည်းပေးခဲ့တယ်။ သူများတွေ ကျွန်မကို အပ်နှံထားတဲ့ အလုပ်တွေကို ပြီးမြောက်ဖို၊ အနားယူချိန်တချို့ ဆုံးရှုံးဖို့၊ ဒါမှမဟုတ် ကျွန်မရဲ့ အဓိကအလုပ် ကြန့်ကြာတာကိုတောင် လိုလိုလားလား ရှိခဲ့တယ်။ ကျွန်မက “သူများအပ်နှံတာမှန်သမျှကို သစ္စာရှိရှိ အစွမ်းကုန် လုပ်ဆောင်ပေးရမယ်” ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်လို့ ခေါ်တာကြီးနဲ့ အသက်ရှင်နေခဲ့ပြီး စည်းမျဉ်းမရှိဘဲ အမှုအရာတွေကို လုပ်ကိုင်ပြီး အလုပ်တွေကို ဦးစားပေးဖို့ ပျက်ကွက်ခဲ့တယ်။ လူတွေရဲ့ အမြင်မှာ ယုံကြည်ရပြီး လူကောင်းတစ်ယောက်အနေနဲ့ မြင်ခံရဖို့ကိုပဲ ကျွန်မ လိုက်စားခဲ့တာကြောင့် ကျွန်မ လေ့လာသင့်ခဲ့တဲ့ ဗီဒီယိုလုပ်တဲ့ ကျွမ်းကျင်မှုတွေကို မလေ့လာဖြစ်ဘဲ ကျွန်မရဲ့ အဓိကအလုပ်ကို ကြန့်ကြာစေခဲ့တယ်။ ကျွန်မရဲ့ အတွေးတွေ၊ အမြင်တွေကို စာတန်က ဖောက်ပြန်ပျက်စီးစေခဲ့မှန်း၊ ပုံဖျက်တာကို ခံထားရမှန်း မြင်ခဲ့သလို တကယ့် လူကောင်းဆိုတာ ဘာလဲဆိုတာကိုတောင် ကျွန်မ မသိခဲ့မှန်း မြင်ခဲ့ရတယ်။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ပိုဖတ်ဖြစ်ပြီး ဖန်ဆင်းခံတစ်ယောက်အနေနဲ့ ကောင်းကောင်း ဖြည့်ဆည်းရမယ့် တာဝန်တွေ၊ ဝတ္တရားတွေက ဘာလဲဆိုတာ နားလည်သွားတယ်။ ဘုရားသခင်က ပြောသည် “‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့် ကိုယ်ကျင့်တရား အဆိုအမိန့်တွင် ပိုင်းခြားသိမြင်ရန်လိုအပ်သည့် နောက်ထပ်ရှုထောင့်တစ်ခုရှိသည်။ သင့်အား အပ်နှံသောအလုပ်အတွက် သင်၏ အချိန်နှင့် အားအင်များစွာကို မသုံးရလျှင်၊ သင်လုပ်ဆောင်နိုင်သည့် နယ်ပယ်အတွင်းတွင် ရှိလျှင်၊ သို့မဟုတ် သင့်၌ သင့်တော်သော ပတ်ဝန်းကျင်နှင့် အခြေအနေများရှိလျှင် သင်သည် လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့်လည်းကောင်း၊ သင်၏ အရည်အချင်း ရှိသမျှဖြင့်လည်းကောင်း သူတစ်ပါးတို့အတွက် အချို့သောအရာများကို လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ ကျိုးကြောင်းသင့်သော၊ သင့်လျော်သော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်နှင့် အားအင်များစွာကို သုံးရလျှင်၊ သင်၏ အချိန်များစွာ ကုန်လျှင်၊ သင်၏ အသက်ကို စတေးရသည့်အတိုင်းအတာအထိ ဖြစ်လျှင်၊ ဘဝတွင် သင်၏ တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံအဖြစ် သင်၏ တာဝန်များသည် အလဟဿဖြစ်ပြီး အစားထိုးခံရမည်ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ ယင်းသည် သင်၏ တာဝန်၊ သို့မဟုတ် ဝတ္တရားမဟုတ်သောကြောင့် ငြင်းဆန်သင့်သည်။ လူတစ်ယောက်ဘဝ၏ တာဝန်၊ ဝတ္တရားများနှင့်ပတ်သက်လျှင် မိဘများကို စောင့်ရှောက်ခြင်းနှင့် သားသမီးများကို ပျိုးထောင်ခြင်း၊ လူ့အဖွဲ့အစည်းတွင်ရှိသော၊ ဥပဒေဘောင်အတွင်းတွင်ရှိသော လူမှုတာဝန်များကို ဖြည့်ဆည်းခြင်းတို့မှလွဲပြီး အရေးကြီးဆုံးသောအရာမှာ လူတစ်ယောက်၏ အားအင်နှင့် အချိန်ဖြစ်သည်။ ဘဝသည် အခြားတစ်စုံတစ်ယောက်က အလုပ်အပ်နှံခြင်းခံရပြီး သူ၏ အချိန်နှင့် အားအင်ကုန်ဆုံးခြင်းထက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ကုန်ဆုံးသင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတစ်ယောက်ကို ဖန်ဆင်းပြီး အသက်ပေးအပ်ကာ ဤကမ္ဘာလောကသို့ ခေါ်ဆောင်လာသောကြောင့်ဖြစ်သည်။ ထိုသူအနေဖြင့် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ပြီး တာဝန်များကို ဖြည့်ဆည်းရန်မဟုတ်ပေ။ လူတို့ လက်ခံသင့်ဆုံးသောအရာမှာ ဘုရားသခင်၏ အပ်နှံမှုဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှုသည်သာ စစ်မှန်သော အပ်နှံမှုဖြစ်သည်။ လူ၏ အပ်နှံမှုကို လက်ခံခြင်းသည် သူ၏ သင့်လျော်သော တာဝန်များကို အရေးမစိုက်ခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) ညီအစ်ကိုမောင်နှမတွေကို ကူညီတာ မမှားဘူး၊ ဒါက ပုံမှန် လူ့သဘာဝရှိတဲ့သူတစ်ယောက်မှာ ရှိသင့်တဲ့ မေတ္တာပဲဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ နားလည်ခဲ့တယ်။ ဒါပေမဲ့ အသင်းတော်အလုပ်ကို ထည့်မစဉ်းစားဘဲ၊ သူများတွေကို ကူညီဖို့အတွက် စည်းမျဉ်းမဲ့တဲ့နည်းလမ်းနဲ့ အချိန်နဲ့ အင်အား စိုက်ထုတ်ရတဲ့၊ ကိုယ့်တာဝန်တွေကို ကြန့်ကြာစေတဲ့ ဒီလိုအကူအညီမျိုးက မသင့်တော်ဘူး၊ ဒါကိုလုပ်ဖို့ ကျွန်မ ငြင်းပယ်သင့်တယ်။ နောက်ဆုံးသောကာလမှာ မွေးဖွားလာဖို့ ဘုရားသခင်က ကျွန်မကို ပြဋ္ဌာန်းထားပြီး ကောင်းကောင်း ဖြည့်ဆည်းရမယ့် ကိုယ်ပိုင် အထူးတာဝန်နဲ့ ဝတ္တရားတွေ ကျွန်မမှာ ရှိတယ်။ သူများအပ်နှံတဲ့ အလုပ်တွေကို ပြီးမြောက်ဖို့အတွက် ကိုယ့်တာဝန်တွေကို ကြန့်ကြာစေမယ်ဆိုရင် ကျွန်မ လုပ်သင့်တဲ့အလုပ်ကို လျစ်လျူရှုရာ ရောက်မှာပေါ့။ နည်းပညာအသစ်ကို လေ့လာဖို့ ခေါင်းဆောင်က စီစဉ်ပေးထားတာကို ထည့်စဉ်းစားရင် ဖြစ်နိုင်သမျှ အချိန်တိုအတွင်း ကျွန်မ လေ့လာသင့်တယ်။ ဒါမှ လူတိုင်းအတွက် ဗီဒီယို ထုတ်လုပ်မှု စွမ်းဆောင်ရည် တိုးတက်လာမှာလေ။ ဒါပေမဲ့ သူများတွေ စက်ပစ္စည်း ပြဿနာတက်ပြီး အကူအညီတောင်းတဲ့အခါ စက်ပြင်တာက အချိန်နဲ့ အင်အား အများကြီးကုန်ပြီး ကျွန်မရဲ့ အဓိကအလုပ်ကို ကြန့်ကြာစေမှန်း သိရက်နဲ့ သူတို့ ကျွန်မအပေါ် အမြင်ကောင်းကောင်းကျန်ရစ်စေဖို့အတွက်သက်သက်နဲ့ ကိုယ့်အလုပ်ကို ပစ်ထားပြီး ကူညီမိတုန်းပဲ။ ဒါက ဗီဒီယို ထုတ်လုပ်မှု နည်းပညာကို လေ့လာတဲ့ ကျွန်မရဲ့ သုတေသနကို ကြန့်ကြာစေခဲ့တယ်။ ကျွန်မရဲ့ လုပ်ပုံကိုင်ပုံက စည်းမျဉ်းမရှိမှန်း၊ ဘယ်အရာကို ငြင်းပြီး ဘယ်အရာကို ကူညီပေးရမလဲဆိုတာ ကျွန်မ မသိခဲ့ဘဲ စာတန်ရဲ့ အတွေးအခေါ်နောက်ကို မျက်စိမှိတ် လိုက်နေခဲ့မှန်း ကျွန်မ သဘောပေါက်သွားတယ်။ ရလဒ်အနေနဲ့ ဝတ်ပြုဖို့၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်ဖို့ အချိန်တောင် အနစ်နာခံပြီး တစ်နေ့တစ်နေ့ ကိုယ့်ဟာကိုယ် အပင်ပန်းခံနေခဲ့တယ်။ ပြီးတော့ ကျွန်မရဲ့ အဓိကအလုပ်လည်း ကြန့်ကြာခဲ့တယ်။ အခု ကျွန်မ နားလည်ပါပြီ။ အချိန်တိုင်းမှာ ကိုယ့်တာဝန်တွေကို ဦးစားပေးရမယ်၊ ဒါက ဘုရားသခင် ကျွန်မကို တောင်းဆိုတဲ့အရာပဲ။ သူများတွေရဲ့ လေးစားအားကျမှုကို ရဖို့၊ ဒါမှမဟုတ် သူများတွေ အပ်နှံတဲ့ အလုပ်တွေကို ပြီးမြောက်ဖို့အတွက် ကိုယ့်တာဝန်တွေကို ကြန့်ကြာစေမယ်ဆိုရင် ဒါက လုပ်သင့်တဲ့အလုပ်ကို လျစ်လျူရှုတာဖြစ်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီဘူး။
နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ပိုဖတ်ဖြစ်ပြီး “သူများအပ်နှံတာမှန်သမျှကို သစ္စာရှိရှိ အစွမ်းကုန် လုပ်ဆောင်ပေးရမယ်” ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ ပတ်သက်ပြီး ပိုင်းခြားသိမြင်မှု တချို့ ရလာတယ်။ ဘုရားသခင်က ပြောသည် “ဤလူ့အဖွဲ့အစည်းတွင် လူတစ်ဦးချင်းစီက အပေးအယူဆန်သော စိတ်ထားရှိပြီး လူတိုင်းက အပေးအယူလုပ်ဆောင်သည်။ လူတိုင်းက အခြားလူများကို တောင်းဆိုမှုများပြုပြီး ၎င်းတို့အားလုံးက မည်သည့်ဆုံးရှုံးမှုကိုမျှ မခံရဘဲ အခြားလူများ၏ နစ်နာမှုမှ အကျိုးအမြတ်ရရှိလိုကြသည်။ လူအချို့က ‘“အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်”သည့်သူများထဲတွင် အခြားလူများ၏ နစ်နာမှုမှ ရရှိသည့် အကျိုးအမြတ်ကို မရှာဖွေသောသူများစွာရှိသည်၊ ၎င်းတို့သည် အမှုအရာများကို အကောင်းဆုံးကိုင်တွယ်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ ဤလူတို့သည် ဤကိုယ်ကျင့်တရား အပြုအမူကို အမှန်တကယ် ပိုင်ဆိုင်သည်’ ဟု ဆိုကြသည်။ ဤစကား မမှန်ကန်ပေ။ ၎င်းတို့က ချမ်းသာခြင်း၊ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်ခြင်းများ၊ သို့မဟုတ် မည်သည့်အကျိုးအမြတ်မျိုးကိုမျှ မရှာဖွေလျှင်ပင် နာမည်ကျော်ကြားခြင်းကို ၎င်းတို့ အမှန်ပင် ရှာဖွေသည်။ ဤ ‘နာမည်ကျော်ကြားခြင်း’ ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ ‘ငါသည် လူတို့၏ အလုပ်များကို ကိုင်တွယ်ရန် ၎င်းတို့၏ ယုံကြည်မှုကို လက်ခံရရှိခဲ့သည်၊ ငါ့အား အပ်နှံခဲ့သည့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကောင်းဆုံး ကိုင်တွယ်သရွေ့ ဂုဏ်သတင်းကောင်းကို ငါ ရရှိမည်။ အနည်းဆုံးအနေဖြင့် ငါသည် လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက် မြင့်မားသူဖြစ်သည်၊ အတုယူထိုက်သည့်သူတစ်ယောက်ဖြစ်သည်ဟူ၍ လူအချို့က သိကြလိမ့်မည်၊ ငါသည် လူတို့ကြားတွင် နေရာတစ်နေရာယူနိုင်ပြီး လူအုပ်စုတစ်စုတွင် နာမည်ကောင်းကို ကျန်ရစ်စေနိုင်သည်၊ ဤသည်မှာလည်း ထိုက်တန်သည်’ ဟူ၍ ဆိုလိုသည်။ အခြားလူများက ‘“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ”၊ ပြီးလျှင် လူတို့က ငါတို့အား အပ်နှံပြီးဖြစ်သောကြောင့် ၎င်းတို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့၏ အလုပ်များကို ကောင်းစွာ ကိုင်တွယ်ပြီး အဆုံးအထိ စွဲစွဲမြဲမြဲ လုပ်ဆောင်သင့်သည်။ ရေရှည်တည်တံ့သည့် အမွေအနှစ်ကို ငါတို့ ချန်မထားနိုင်ခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ငါတို့သည် လူအများက ယုံကြည်လက်ခံနိုင်မှုမရှိဟု ပြောဆိုလျက် ငါတို့၏ နောက်ကွယ်တွင် ဝေဖန်၍မရပေ၊ ငါတို့သည် အနာဂတ်မျိုးဆက်ကို ခွဲခြားဆက်ဆံခံရပြီး ဤသို့သော ပုံပျက်ပန်းပျက် တရားမမျှတမှုကို ခံစေ၍ မဖြစ်ပေ’ ဟူ၍ ဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ရှာဖွေကြသနည်း။ နာမည်ကျော်ကြားမှုကို ရှာဖွေနေဆဲဖြစ်သည်။ လူအချို့က ချမ်းသာခြင်း၊ ပိုင်ဆိုင်မှုတို့ကို အလွန်အလေးထားပြီး အခြားလူများက နာမည်ကျော်ကြားမှုကို တန်ဖိုးထားသည်။ ‘နာမည်ကျော်ကြားမှု’ သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူများကြားတွင် ‘နာမည်ကျော်ကြားမှု’အတွက် တိကျသော ဖော်ပြချက်များမှာ အဘယ်နည်း။ လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက်မြင့်မားသူဖြစ်သည်၊ ပြစ်မျိုးမှဲ့မထင်သူ၊ အကျင့်သီလရှိသူ၊ သို့မဟုတ် သူတော်စင်တစ်ယောက်ဖြစ်သည်ဟု ပြောဆိုခံရခြင်းဖြစ်သည်။ အမှုကိစ္စတစ်ခုတွင် ‘အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည်ကို အောင်မြင်ခဲ့ပြီး ဤသို့သော ကိုယ်ကျင့်စရိုက်မျိုးရှိသောကြောင့် အမြဲတစေ ချီးမွမ်းခြင်း ခံရသောသူအချို့ပင်ရှိသည်။ ပြီးလျှင် ၎င်းတို့မှ ဆင်းသက်လာသော မျိုးဆက်များသည် ၎င်းတို့၏ နာမည်ကျော်ကြားမှုမှ အကျိုးအမြတ်ရရှိသည်။ ဤသည်မှာ လက်ရှိတွင် ၎င်းတို့ရရှိသည့် အကျိုးအမြတ်အနည်းငယ်ထက်ပို၍ များစွာ တန်ဖိုးရှိသည်ကို သင်တို့ တွေ့ပြီလော။ ထို့ကြောင့် ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းဆိုသောအရာကို လိုက်နာသည့် မည်သူမဆိုအတွက် စမှတ်မှာ ထိုမျှ မရိုးရှင်းပေ။ ၎င်းတို့သည် တစ်ဦးချင်းအနေဖြင့် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းဖို့သာ အားထုတ်ခြင်း မဟုတ်ဘဲ တစ်ကိုယ်ရေ အကျိုးအမြတ်၊ သို့မဟုတ် ဂုဏ်သတင်းအတွက်၊ ဤဘဝ၊ သို့မဟုတ် နောင်ဘဝအတွက် လိုက်နာခြင်းဖြစ်သည်။ မိမိနောက်ကွယ်တွင် ဝေဖန်ခံရခြင်းကို ရှောင်ရှားလိုသော၊ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို ရှောင်ကြဉ်လိုသောသူအချို့လည်းရှိသည်မှာ မှန်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် ဤသို့သောအရာမျိုးကို လုပ်ဆောင်ရန် လူတို့အတွက် စမှတ်မှာ မရိုးရှင်းပေ။ ယင်းသည် အမှန်တကယ်တွင် လူ့သဘာဝ၏ အမြင်ရှုထောင့်တွင် စမှတ်မဟုတ်သကဲ့သို့ လူသားမျိုးနွယ်၏ လူမှုတာဝန်မှ စတင်သောအမှတ်လည်းမဟုတ်ပေ။ ဤသို့သောအရာများကို လုပ်ဆောင်နေသည့် လူတို့၏ ရည်ရွယ်ချက်နှင့် စမှတ်ကို ကြည့်လျှင် ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့်စကားကို ကိုင်စွဲထားသောသူများသည် ရိုးစင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) “သူများအပ်နှံတာမှန်သမျှကို သစ္စာရှိရှိ အစွမ်းကုန် လုပ်ဆောင်ပေးရမယ်” ဆိုတဲ့ ရိုးရာအယူအဆနဲ့ အသက်ရှင်တဲ့ လူတွေရဲ့ နောက်ကွယ်မှာ ကိုယ်ပိုင် ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားမှန်း ဘုရားနှုတ်ကပတ်တော်ကနေ ကျွန်မ သဘောပေါက်လိုက်တယ်။ ဥပမာ၊ ညီအစ်ကိုမောင်နှမတွေကို ကွန်ပျူတာ ကူပြင်ပေးတုန်းက သူတို့ဆီက ရုပ်ပိုင်းဆိုင်ရာ အကျိုးအမြတ်တွေရဖို့ ကျွန်မ မမျှော်လင့်ခဲ့ပေမဲ့ သူတို့ဆီက သတ်မှတ်ချက်ကောင်းကောင်း ရချင်တယ်၊ သူတို့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်း ရှိချင်တယ်။ ဒါကြောင့် သူတို့ အပ်နှံတဲ့ အလုပ်တွေကို ပြီးမြောက်ဖို့အတွက် ကျွန်မရဲ့ အချိန်နဲ့ အင်အားကို လိုလိုလားလား အနစ်နာခံခဲ့တယ်။ ဒါမှ ကျွန်မကို ယုံကြည်အားထားဖို့ကောင်းတဲ့သူအနေနဲ့ သူတို့ မြင်မှာလေ။ ကျွန်မ အဘိုးကို သွားသတိရတယ်။ သူက “သူများအပ်နှံတာမှန်သမျှကို သစ္စာရှိရှိ အစွမ်းကုန် လုပ်ဆောင်ပေးရမယ်” ဆိုတဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို အခြေခံပြီး တစ်ဘဝလုံး အသက်ရှင်ခဲ့တယ်။ မြို့ကို ပြောင်းသွားပြီးတဲ့နောက် ရွာသားတွေကို အထင်သေးတယ်ဆိုပြီး သူများတွေ ဝေဖန်မှာကို သူ ကြောက်တယ်။ ဒါကြောင့် ရွာသားတွေမှာ ဘာပြဿနာရှိရှိ သူတို့ကို ကူညီဖို့ သူ အမြဲတမ်း အစွမ်းကုန် ကြိုးစားခဲ့တယ်။ ဒီဟာကြောင့် သူ နာမည်ကောင်းရပြီး လူတိုင်းက သူ့ကို ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်လို့ ထင်ကြတယ်။ ကျွန်မလည်း အဘိုးရဲ့ လွှမ်းမိုးမှုကို နက်နက်ရှိုင်းရှိုင်း ခံခဲ့ရပြီး “သူများအပ်နှံတာမှန်သမျှကို သစ္စာရှိရှိ အစွမ်းကုန် လုပ်ဆောင်ပေးရမယ်” ဆိုတဲ့ ရိုးရာအယူအဆနဲ့ အသက်ရှင်ခဲ့တယ်။ ကျွန်မ ပတ်ဝန်းကျင်က လူတွေ အခက်အခဲ ကြုံရတဲ့အခါ ကျွန်မဆီ လာသရွေ့ ကျွန်မ အစွမ်းကုန် ကူညီပေးခဲ့တယ်။ သူတို့ ကျွန်မအကြောင်း မကောင်းပြောမှာ ကြောက်လို့ ညီအစ်ကိုမောင်နှမတွေ ကွန်ပျူတာ ပြဿနာတက်ပြီး အကူအညီတောင်းတဲ့အခါ ကျွန်မရဲ့ ကိုယ်ပိုင် တာဝန်တွေ၊ ဒါမှမဟုတ် အလုပ်တွေရဲ့ အရေးကြီးမှု အတိုင်းအတာကို မစဉ်းစားခဲ့ဘူး။ သူတို့ရဲ့ ယုံကြည်မှု မဆုံးရှုံးရအောင် ကိုယ့်တာဝန်တွေကို ပစ်ထားပြီး စည်းမျဉ်းကင်းမဲ့တဲ့ နည်းလမ်းနဲ့ ကူညီပေးခဲ့တာကြောင့် အသင်းတော်အလုပ် ကြန့်ကြာခဲ့ရတယ်။ “သူများအပ်နှံတာမှန်သမျှကို သစ္စာရှိရှိ အစွမ်းကုန် လုပ်ဆောင်ပေးရမယ်” ဆိုတာ စစ်မှန်တဲ့ လူ့သဘာဝ၊ ဒါမှမဟုတ် မြင့်မြတ်တဲ့ အကျင့်စရိုက် ရှိတာ မဟုတ်မှန်း အခု ကျွန်မ နားလည်သွားပြီ။ ဒါက လူတွေရဲ့ မျက်နှာသာပေးမှုကို ရဖို့ နည်းလမ်းတစ်ခု၊ သူများတွေကို ကူညီတာကို အသုံးပြုပြီး ချီးမွမ်းခြင်းခံရဖို့နဲ့ နာမည်ကောင်းရဖို့ နည်းလမ်းတစ်ခုပဲ။ ကျွန်မရဲ့ ဒီလိုလိုက်စားမှုက တကယ်ကို လှည့်စားတာ၊ ကြောင်သူတော်ယောင်ဆောင်တာပဲ။ ဒီရိုးရာအယူအဆနဲ့ ကျွန်မ ဆက်ပြီး အသက်မရှင်နိုင်တော့ဘူး။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်မ ပြုမူနေထိုင်ရမယ်။ လူတစ်ယောက်က ဘုရားသခင်အပေါ်မှာ၊ ကိုယ့်တာဝန်တွေအပေါ် သစ္စာရှိရမယ်။ ဖန်ဆင်းခံတစ်ယောက်ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းတာက ကျွန်မရဲ့ အထူးတာဝန်နဲ့ ဝတ္တရားပဲ။ နောက်ပိုင်း ဆင်တူ အခြေအနေတွေ ကြုံရတဲ့အခါ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်မ သတိရှိရှိ လက်တွေ့လုပ်ဆောင်လိုက်တယ်။
တစ်ခါတုန်းက ညီအစ်မတစ်ယောက် ကွန်ပျူတာ အသစ်ဝယ်ပြီး စက်ထဲ စနစ်ပြန်ထည့်ပေးဖို့ ကျွန်မကို ကူညီပေးစေချင်ခဲ့တယ်။ ကွန်ပျူတာက နောက်ဆုံးပေါ် မော်ဒယ်ဖြစ်နေပြီး အရင်က ကျွန်မ မထည့်ဖူးတာ၊ ဒရိုက်ဘာတချို့ လိုနေတာကို မြင်တော့ ကူညီဖို့ လက်ခံလိုက်ရင် သတင်းအချက်အလက် ရှာဖို့ အချိန်နဲ့ အင်အား စိုက်ထုတ်ရမယ်ဆိုတာ ကျွန်မ သိလိုက်တယ်။ ကျွန်မ စိတ်ဒွိဟ ဖြစ်သွားတယ်။ “ငါသာ သူ့ကိုကူဖို့ ငြင်းလိုက်ရင် ညီအစ်မက ငါ့ကို ကူညီချင်စိတ်မရှိဘူးလို့ ထင်ပြီး ငါ့အပေါ်ရှိတဲ့ အမြင်ကောင်း ပျောက်သွားမလား” လို့ တွေးမိတာပေါ့။ ဒါပေမဲ့ နောက်တော့ ကျွန်မမှာ လေ့လာဆန်းစစ်ဖို့ အချိန်နဲ့ အင်အား စိုက်ထုတ်ရမယ့် အရေးတကြီး လုပ်စရာ အလုပ်တချို့ ကျွန်မမှာ ရှိနေတာရယ်၊ ညီအစ်မကို ကွန်ပျူတာ ပြင်ဆင်ပေးတာက ကျွန်မအလုပ်ကို ကြန့်ကြာစေမှာကို စဉ်းစားမိတယ်။ အဲဒီအချိန်မှာ ကျွန်မက သူများတွေရဲ့ အမြင်ကို ထပ်ပြီး ထည့်တွက်နေမိမှန်း သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျော်ကြားမှုနဲ့ အကျိုးအမြတ်အတွက် အလုပ်ကို မကြန့်ကြာစေချင်တော့တဲ့အတွက် ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းလိုက်တယ်။ အဲဒီနောက် ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ပိုဖတ်ဖြစ်တယ်။ “တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံလျှင် မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ သင့်ထံ အပ်နှံသောအလုပ်သည် အနည်းငယ်မျှသော အားထုတ်မှုသာ လိုအပ်သည့်အရာဖြစ်လျှင်၊ စကားပြောဖို့သာ၊ သို့မဟုတ် အနည်းငယ်လုပ်ဆောင်ဖို့သာ လိုအပ်ပြီး သင်က သတ်မှတ်ထားသော အစွမ်းအစရှိလျှင် သင်၏ လူ့သဘာဝနှင့် သနားကရုဏာဖြင့် ကူညီပေးနိုင်သည်။ ဤသည်မှာ မှားယွင်းသည်ဟု မသတ်မှတ်ပေ။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်၊ အားအင်ကို များစွာ ကုန်ဆုံးစေမည်ဆိုလျှင်၊ သို့မဟုတ် သင့်အချိန်၏ များစွာသောအပိုင်းကိုပင် ဖြုန်းတီးမည်ဆိုလျှင် သင့်၌ ငြင်းဆန်ပိုင်ခွင့်ရှိသည်။ သင့်မိဘများ ဖြစ်နေလျှင်ပင် သင်သည် ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ၎င်းတို့အပေါ် သစ္စာရှိရန်၊ သို့မဟုတ် ၎င်းတို့၏ အပ်နှံမှုကို လက်ခံရန် မလိုအပ်ပေ။ ဤသည်မှာ သင်၏ အခွင့်အရေးဖြစ်သည်။ ဤအခွင့်အရေးသည် မည်သည့်နေရာမှ လာသနည်း။ ဘုရားသခင်က သင့်အား ချပေးခြင်းဖြစ်သည်။ ဤသည်မှာ ဒုတိယစည်းမျဉ်းဖြစ်သည်။ တတိယစည်းမျဉ်းမှာ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခုခု အပ်နှံလျှင် ယင်းက အချိန်နှင့် အားအင်ပမာဏ သိသာစွာ မကုန်ဆုံးလျှင်ပင် သင်၏ တာဝန်ထမ်းဆောင်ခြင်းကို နှောင့်ယှက်နိုင်လျှင်၊ သို့မဟုတ် ထိခိုက်နိုင်လျှင်၊ သို့မဟုတ် သင်၏ တာဝန်ထမ်းဆောင်လိုစိတ်နှင့် ဘုရားသခင်အပေါ် သင်၏ သစ္စာရှိခြင်းကိုပါ ဖျက်ဆီးနိုင်လျှင် သင်သည် ယင်းကိုလည်း ငြင်းဆန်သင့်သည်။ သမ္မာတရားကို သင် လိုက်စားခြင်းအား ထိခိုက်နိုင်သော၊ သမ္မာတရားကို သင်လိုက်စားလိုစိတ်နှင့် သမ္မာတရားအား လိုက်စားရာတွင် သင်၏ ခြေလှမ်းတို့ကို နှောင့်ယှက်ဖျက်ဆီးနိုင်သော၊ တစ်ဝက်တစ်ပျက်ဖြင့် အရှုံးပေးစေသောအရာတစ်ခုကို တစ်စုံတစ်ယောက်က သင့်အား အပ်နှံလျှင် သင်သည် ပို၍ပင် ငြင်းဆန်သင့်သည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းကို၊ သို့မဟုတ် သမ္မာတရားအား သင်လိုက်စားခြင်းကို ထိခိုက်သော မည်သည့်အရာကိုမဆို ငြင်းဆန်သင့်သည်။ ဤသည်မှာ သင်၏ အခွင့်အရေးဖြစ်သည်။ သင်သည် ‘မလုပ်ပါ’ ဟူ၍ ပြောဆိုခွင့်ရှိသည်။ သင်၏ အချိန်နှင့် အားအင်ကို ရင်းနှီးမြုပ်နှံဖို့ မလိုပေ။ သင်၏ တာဝန်ထမ်းဆောင်ခြင်း၊ သမ္မာတရားအား လိုက်စားခြင်း၊ သို့မဟုတ် သင်၏ ကယ်တင်ခြင်းနှင့်ပတ်သက်ပြီး အဓိပ္ပာယ်၊ တန်ဖိုးမရှိသော၊ တည်ဆောက်စရာ၊ အကူအညီ၊ သို့မဟုတ် အကျိုးအမြတ် မဖြစ်စေသောအရာအားလုံးကို ငြင်းဆန်နိုင်သည်။ ဤအရာကို စည်းမျဉ်းတစ်ခုအဖြစ် မှတ်ယူနိုင်သလော။ မှတ်ယူနိုင်သည်။ ဤသည်မှာ စည်းမျဉ်းတစ်ခုဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) သူများတွေ အပ်နှံတဲ့ အလုပ်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဘုရားသခင် မိတ်သဟာယပြုထားတဲ့ စည်းမျဉ်းသုံးခုက ကျွန်မကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ပေးခဲ့တယ်။ ညီအစ်မရဲ့ ကွန်ပျူတာ ပြဿနာက မရှုပ်ထွေးဘဲ ရိုးရှင်းတဲ့ ကိစ္စဆိုရင် သူ့ကို ကျွန်မ ကူညီပေးလို့ ရတယ်၊ ဘာလို့လဲဆိုတော့ ဒါက ညီအစ်ကိုမောင်နှမတွေကြား ရှိသင့်တဲ့ မေတ္တာမိုလို့ပဲ။ ဒါပေမဲ့ သူ့ပြဿနာက ချက်ချင်း ဖြေရှင်းလို့ မရနိုင်ဘဲ ကိုယ့်တာဝန်တွေကို ပစ်ထားပြီး အချိန်နဲ့ အင်အား စိုက်ထုတ်ဖို့လိုမယ်ဆိုရင် အကျိုးအပြစ်ကို ကျွန်မ ချိန်ဆရမယ်၊ ကိုယ့်တာဝန်တွေကို အရင် ဦးစားပေးရမယ်။ ကျွန်မရဲ့ အလုပ်တိုးတက်မှုကို ကြန့်ကြာစေမယ်ဆိုရင်တော့ ကူညီဖို့ သဘောတူလို့ မရဘူး။ လူတွေရဲ့ ချီးမွမ်းမှုကို ရဖို့အတွက် ကိုယ့်တာဝန်တွေနဲ့ ဝတ္တရားတွေကို ထည့်မစဉ်းစားဘဲ အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ တောင်းဆိုမှုတိုင်းကို လက်ခံတာမျိုး ဆက်လုပ်လို့မရတော့ဘူး။ ဒါက အသင်းတော်အလုပ်ကို ကြန့်ကြာစေမှာပဲ။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ် သစ္စာရှိတာ၊ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းတာက အရေးအကြီးဆုံးပဲ။ ဘုရားနှုတ်ကပတ်တော်နဲ့ ချိန်ဆကြည့်လိုက်တော့ ညီအစ်မရဲ့ ကွန်ပျူတာကို ပြန်ပြင်ဆင်ပေးတာက ကျွန်မရဲ့ အချိန်နဲ့ အင်အား ပေးရမှာဖြစ်ပြီး ကိုယ့်တာဝန်တွေကို ကြန့်ကြာစေမှာပဲ။ ပြီးတော့ ညီအစ်မကလည်း ဒါကို အရေးတကြီး မလိုဘူး။ ဒါကြောင့် ကျွန်မ အားတဲ့အချိန်မှ ကူညီပေးမယ်လို့ ပြောပြီး သူ့ကို ငြင်းလိုက်တယ်။ ကိုယ့်အကျိုးစီးပွားကို ထည့်မစဉ်းစားဘဲ၊ သူများမျက်လုံးထဲက ကိုယ့်ပုံရိပ်ကို မကာကွယ်ဘဲ၊ ဘုရားနှုတ်ကပတ်တော်နဲ့အညီ လက်တွေ့လုပ်ဆောင်တဲ့အခါ လွတ်မြောက်သွားသလို၊ စိတ်အေးသွားရပြီး လိပ်ပြာသန့်သလို ခံစားရတယ်။
ဒီအတွေ့အကြုံကနေတဆင့်၊ ကျွန်မ သဘောပေါက်သွားတာက၊ အရာရာတိုင်းမှာ သမ္မာတရားကို ရှာဖွေပြီး စည်းမျဉ်းတွေနဲ့အညီ လက်တွေ့လုပ်ဆောင်တာက မှန်ကန်တဲ့ လမ်းကြောင်းပါပဲ။ ကိုယ့်တာဝန်တွေကို ခေါင်းမရှောင်ဘဲ လက်ခံရမယ်၊ အစွမ်းကုန် ကြိုးစားထမ်းဆောင်ရမယ်၊ ဘာလို့လဲဆိုတော့ ဒါက ကျွန်မရဲ့ တာဝန်နဲ့ ဝတ္တရားဖြစ်လို့ပဲ။ ဒါပေမဲ့ သူများတွေ အပ်နှံတဲ့ အလုပ်တွေကျတော့ စည်းမျဉ်းတွေနဲ့ ကိုက်ညီရဲ့လား၊ ကျွန်မရဲ့ တာဝန်တွေကို ကြန့်ကြာစေမလားဆိုတာ အကဲဖြတ်သင့်တယ်။ ကိုယ့်အကျိုးစီးပွားကို ထည့်မတွက်သင့်သလို စာတန်ရဲ့ အတွေးအခေါ်တွေနဲ့လည်း အသက်မရှင်သင့်ဘူး။ ဒါက ဒီဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုက်ညီပါတယ်။ “သမ္မာတရားအား မိမိ၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး လူများ၊ အမှုအရာများကို လုံးလုံးလျားလျား ဘုရားနှုတ်ကပတ်တော်နှင့်အညီ ရှုမြင်ခြင်းအပြင် ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ခြင်း။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၂))
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
တရုတ်နိုင်ငံ၊ ချင်းစုန်၂၀၀၁ ခုနှစ်မှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ ၂၀၂၀ ပြည့်နှစ်မှာတော့...
လင်းဆန်၊ တရုတ်ပြည်ကျွန်တော် ကြီးပြင်းလာတဲ့တစ်လျှောက် ကျွန်တော်တို့မိသားစုမှာ ယောက်ျားလေးတွေကပဲ အမြဲ ဦးဆောင်ခဲ့တာ၊ ဘယ်ကိစ္စမှာမဆို အဖေ့စကားက...
အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို...
ရှောင်ရှန့် ပြင်သစ်နိုင်ငံ ကျွန်မ မူလတန်းကျောင်းတုန်းက ကျွန်မအပေါ် တော်တော်သက်ရောက်သွားတဲ့ စာတစ်ခုရှိတယ်။ သစ်တော်သီးလက်ဆောင်ပေးတဲ့...