မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ
ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
ကျွန်တော်ငယ်ငယ်တုန်းက တခြားမိသားစုတွေရဲ့ အလုပ်တွေကို ကျွန်တော့်အဖေ ကူညီပေးတာကို ခဏခဏတွေ့ရတယ်။ ဘယ်သူပဲ သူ့ဆီကို အကူအညီတောင်းလာပါစေ သူက အမြဲတမ်း လက်ခံကူညီပေးတယ်။ တစ်ခါတလေဆိုရင် မိသားစုကိစ္စတွေနဲ့ အလုပ်ရှုပ်နေရင်တောင် သူက တခြားသူတွေကို ငြင်းဖို့ အားနာတတ်တယ်။ ဒါကြောင့်လည်း လူတော်တော်များများက သူ့ကို ခင်ကြတာပေါ့။ ကျွန်တော် ကိုယ့်ဘာသာကိုယ် တွေးမိတယ်၊ “အခက်အခဲကြုံနေရသူတွေကို ကမ်းလင့်ကူညီတာက အထင်ကြီးလေးစားမှုနဲ့ အသိအမှတ်ပြုမှုကို ရစေတာပဲ။ ငါ ကြီးလာရင် ငါ့အဖေလို လူကောင်းတစ်ယောက် ဖြစ်ချင်တယ်” လို့ပေါ့။ ကြီးလာတော့ ကျွန်တော်က လျှပ်စစ်ပစ္စည်းလေးတွေ ကလိရတာ ဝါသနာပါတဲ့အတွက် အိမ်နီးချင်းတစ်ယောက်ယောက်ရဲ့ ရေဒီယို၊ တီဗွီ၊ ဒါမှမဟုတ် မီးလုံး ပျက်သွားတိုင်း သူတို့က ကျွန်တော့်ဆီကို အကူအညီလာတောင်းကြတယ်၊ ကျွန်တော်လည်း လွယ်လွယ်နဲ့ မငြင်းခဲ့ပါဘူး။ တခြားသူတွေက ကျွန်တော့်ကို ယုံကြည်လို့၊ အထင်ကြီးလို့ အကူအညီလာတောင်းတာဖြစ်လို့၊ သူတို့ စိတ်ပျက်အောင် လုပ်လို့မဖြစ်ဘူးလို့ တွေးခဲ့တယ်။ ဘုရားသခင်ကို တွေ့ရှိပြီးတဲ့နောက်မှာတော့ အသင်းတော်မှာ ကျွန်တော် တာဝန်တွေ စပြီး ထမ်းဆောင်ခဲ့တယ်။ ကျွန်တော်က ကွန်ပျူတာအကြောင်း နည်းနည်းပါးပါးသိတဲ့အတွက် တော်ရုံပြဿနာအများစုကို ဖြေရှင်းပေးနိုင်တယ်။ ပြီးတော့ ကျွန်တော် ဘယ်ကိုပဲသွားသွား ညီအစ်ကိုမောင်နှမတွေက ကွန်ပျူတာပြဿနာတွေနဲ့ပတ်သက်ပြီး ကျွန်တော့်ကို အကူအညီတောင်းကြတယ်။ ကျွန်တော်ကလည်း တောင်းဆိုသမျှ ကူညီပေးခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ဆီကို လာတာဟာ ကျွန်တော့်ကို ယုံကြည်လို့ပဲ၊ ဒါကြောင့် အကောင်းဆုံး ကူညီပေးရမယ်၊ သူတို့ကို စိတ်ပျက်အောင်လုပ်လို့ မဖြစ်ဘူးလို့ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်တော် တခြားနေရာမှာ တာဝန်ထမ်းဆောင်ဖို့ တာဝန်ကျခဲ့တယ်။ တစ်ခါတလေ အိမ်ပြန်လာတဲ့အခါ ညီအစ်ကိုမောင်နှမတချို့က သူတို့ကွန်ပျူတာတွေ ပြင်ပေးဖို့ ကျွန်တော့်ကို အကူအညီတောင်းချင်ကြတယ်လို့ ကျွန်တော့်ဇနီးက ပြောပြတယ်။ ကျွန်တော်က ကျွမ်းကျင်ပိုင်နိုင်လို့ ကျွန်တော်ပြန်လာပြီး ပြင်ပေးတာကို သူတို့ စောင့်နေကြတယ်လို့လည်း ပြောတယ်။ ဒီလိုကြားလိုက်ရတော့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ယုံကြည်တာပဲလို့ ပိုပြီးခံစားသွားရတယ်။ တာဝန်တွေနဲ့ အလုပ်ရှုပ်နေရင်တောင် သူတို့ရဲ့ ကွန်ပျူတာပြဿနာတွေကို ကူညီပေးတာကိုပဲ ဦးစားပေးခဲ့တယ်။
၂၀၂၄ ခုနှစ်၊ မတ်လမှာ ကျွန်တော်က ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ ကိုယ့်ဇာတိမြို့ကို ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က လေ့ကျင့်ခါစပဲ ရှိသေးတော့ သူတို့ကြုံတွေ့ရတဲ့ ပြဿနာနဲ့ အခက်အခဲတချို့ကို ဘယ်လိုဖြေရှင်းရမလဲ မသိခဲ့ဘူး။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ရူပါရုံဆိုင်ရာ သမ္မာတရားတွေနဲ့ ပိုပြီး ပြင်ဆင်ဖို့ လိုနေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်တော်ပြန်ရောက်နေတာကို သိတော့ သူတို့ကွန်ပျူတာတွေ ပြဿနာတက်တဲ့အခါ အကုန်လုံးက ကျွန်တော့်ဆီကိုပဲ ဖြေရှင်းခိုင်းဖို့ လာကြတယ်။ တစ်နေ့မှာ ကျွန်တော်က ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို နားလည်ဖို့ သမ္မာတရားတွေ ပြင်ဆင်နေတုန်းပေါ့၊ နောက်စုဝေးပွဲမှာ ယုံကြည်သူအသစ်တွေနဲ့ မိတ်သဟာယဖွဲ့ဖို့ ပြင်ဆင်နေတုန်း ညီအစ်ကိုတစ်ယောက်က သူ့ကွန်ပျူတာမှာ ပြဿနာတစ်ခုရှိလို့ ပြင်ပေးဖို့ ကျွန်တော့်ကို လိုတယ်လို့ပြောရင်း ကျွန်တော့်ဆီကို ရောက်လာခဲ့တယ်။ ကျွန်တော် နည်းနည်း စိတ်ရှုပ်သွားပြီး ကိုယ့်ဘာသာကိုယ် တွေးမိတယ်။ “ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို အရေးတကြီး ဖြေရှင်းဖို့လိုနေတယ်၊ ငါလည်း ရူပါရုံဆိုင်ရာ သမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ လိုသေးတယ်။ အချိန်ကလည်း မရှိဘူး၊ ဒါပေမဲ့ တည့်တိုးကြီး ငြင်းလိုက်ရင် ညီအစ်ကို စိတ်ပျက်သွားမှာ မဟုတ်ဘူးလား။ သူက ငါ့ကို မေတ္တာမရှိဘူးလို့ပြောပြီး ငါ့အပေါ် အထင်သေးသွားမလား” လို့ပေါ့။ ဒါနဲ့ ကျွန်တော်လည်း ကိုယ့်တာဝန်ကို ဘေးချိတ်ပြီး အဲဒီညီအစ်ကိုနဲ့အတူ သူ့ကွန်ပျူတာပြဿနာကို သွားဖြေရှင်းပေးလိုက်တာ ည ဆယ့်တစ်နာရီ၊ ဆယ့်နှစ်နာရီလောက်မှပဲ နောက်ဆုံးတော့ ပြင်လို့ပြီးသွားတယ်။ နောက်နေ့ နေ့လယ်ကျတော့ သူက အပြေးအလွှားနဲ့ ပြန်ရောက်လာပြန်တယ်။ ကွန်ပျူတာက ပြဿနာပြန်တက်နေလို့ နောက်တစ်ခေါက် ထပ်ကြည့်ပေးပါဦးလို့ ပြောလာတယ်။ အစကတော့ ကျွန်တော်က အချိန်မရှိဘူး၊ တခြားတစ်ယောက်ယောက်ကို ရှာပြီး ပြင်ခိုင်းလိုက်ပါလို့ ပြောမလို့ပဲ၊ ဒါပေမဲ့ စကားက လည်ချောင်းထဲမှာ တစ်ဆို့သွားတယ်။ ကျွန်တော် တွေးလိုက်တယ်၊ “သူက ကွန်ပျူတာပြင်ဖို့ ငါ့ကို ယုံကြည်နေတာ။ သူ့ကို စိတ်ပျက်ပြီး ပြန်သွားခိုင်းလို့ ဘယ်ဖြစ်မလဲ” ပေါ့။ ဒါနဲ့ပဲ ကွန်ပျူတာပြင်ဖို့အတွက် နောက်တစ်ကြိမ် ကိုယ့်တာဝန်ကို ဘေးချိတ်လိုက်မိပြန်တယ်။ သေချာစစ်ဆေးပြီး ပြင်ဆင်လိုက်တော့ ကွန်ပျူတာက ပုံမှန်အတိုင်း ပြန်သုံးလို့ရသွားတယ်။ ညီအစ်ကိုက ပျော်ပျော်ရွှင်ရွှင်နဲ့ “ခင်ဗျား ဒီမှာရှိနေတော့ ကျွန်တော်လည်း စိတ်အေးရတာပေါ့” လို့ ပြောတယ်။ ဒီစကားကိုကြားတော့ ကျွန်တော်လည်း ကျေနပ်ပီတိဖြစ်သွားပြီး ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို အထင်ကြီးကြတယ်၊ သူတို့စိတ်နှလုံးထဲမှာ ကျွန်တော်ဟာ ယုံကြည်အားကိုးထိုက်တဲ့သူတစ်ယောက်ပဲလို့ ခံစားလိုက်ရတယ်။ ဒါပေမဲ့ ညီအစ်ကိုရဲ့ ကွန်ပျူတာကို ကူညီပြင်ပေးခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်သင့်တဲ့ ရူပါရုံဆိုင်ရာ သမ္မာတရားတွေကို မပြင်ဆင်ဖြစ်လိုက်ဘူး၊ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကိုလည်း အချိန်မီ မဖြေရှင်းပေးနိုင်ခဲ့ဘူး။ ဒါနဲ့ ကျွန်တော် နည်းနည်း အပြစ်ရှိသလို ခံစားရပြီး “ငါ ညီအစ်ကိုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့ပေမဲ့ ကိုယ့်တာဝန်ကိုတော့ နှောင့်နှေးခဲ့တာပဲ။ ငါလုပ်ခဲ့တာတွေက ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီရဲ့လား” လို့ တွေးမိတယ်။ နောက်တစ်ခါမှာ ညီအစ်မတစ်ယောက်က မနက်အစောကြီး ကျွန်တော့်အိမ်ကို ရောက်လာပြီး သူ့ကွန်ပျူတာက အင်တာနက် ကောင်းကောင်းချိတ်လို့မရလို့ ကြည့်ပေးခိုင်းတယ်။ အခု ကျွန်တော်ပြန်ရောက်နေတော့ သူ့ကွန်ပျူတာကို ပြင်ပေးခိုင်းဖို့ ပိုပြီး အဆင်ပြေတယ်လို့လည်း သူက ပြောခဲ့တယ်။ ကျွန်တော် နည်းနည်း စိတ်ရှုပ်သွားတယ်၊ “ခေါင်းဆောင်တွေက အခုတလော အလုပ်စစ်ဆေးနေတာ ငါ တာဝန်ယူပြီး ရေလောင်းပေးနေတဲ့ ယုံကြည်သူအသစ်တချို့မှာ မပြေလည်သေးတဲ့ အယူအဆတွေ၊ ပြဿနာတွေ ရှိနေတာကို သူတို့တွေ့ထားတယ်။ ရူပါရုံဆိုင်ရာ သမ္မာတရားတွေနဲ့ ကိုယ်ကိုယ်ကိုယ် မြန်မြန်ပြင်ဆင်ဖို့ သူတို့က ငါ့ကို တိုက်တွန်းနေတယ်၊ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကိုလည်း အရေးတကြီး ဖြေရှင်းပေးဖို့လိုနေတာ၊ ညီအစ်မရဲ့ ကွန်ပျူတာကို ပြင်ပေးဖို့ အချိန် ဘယ်လိုလုပ်ရှာနိုင်မှာလဲ။ နောက်ပြီး ညီအစ်မရဲ့ ကွန်ပျူတာက အရေးတကြီး လိုနေတာလည်း မဟုတ်ဘူး၊ ပြီးတော့ ဒီကိစ္စကို ကွန်ပျူတာပြုပြင်ရေးမှာ အထူးပြုတဲ့ ညီအစ်ကိုမောင်နှမတွေဆီကို လွှဲပြောင်းပေးလို့ရတယ်” လို့ တွေးမိတယ်။ ကျွန်တော် ညီအစ်မကို ငြင်းချင်ပေမဲ့ လုံးဝ ပြောမထွက်ခဲ့ဘူး၊ “ညီအစ်မက ပျော်ပျော်ရွှင်ရွှင်နဲ့ ငါ့ဆီကိုလာတာ။ ငါသာ ငြင်းလိုက်ရင် သူ တော်တော်စိတ်ပျက်သွားမှာ မဟုတ်ဘူးလား။ အဲဒီအခါကျရင် သူ ငါ့ကို ဘယ်လိုထင်သွားမလဲ” လို့ တွေးနေမိတယ်။ ဒါနဲ့ပဲ ကျွန်တော် သူ့ကွန်ပျူတာကို သွားပြင်ပြီး ကူညီပေးလိုက်တာ ည ဆယ်နာရီကျော်မှပဲ နောက်ဆုံးတော့ ပြင်လို့ပြီးသွားတယ်။ ညီအစ်မရဲ့ ကွန်ပျူတာကို ကူပြင်ပေးနေခဲ့တာကြောင့် ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေကို ကျွန်တော် စဉ်းစားတွေးဆဖို့ အချိန်မရခဲ့ဘူး၊ ဒါကြောင့် စုဝေးပွဲကလည်း သိပ်ပြီး ကောင်းတဲ့ရလဒ် မထွက်ခဲ့ဘူး။ အဲဒီလိုနဲ့ပဲ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ဆီကို အကူအညီလာတောင်းတိုင်း ကျွန်တော်က ကိုယ့်ရဲ့အဓိကအလုပ်ကို ဘေးချိတ်ပြီး သူတို့ကွန်ပျူတာတွေကို ပြင်ပေးခဲ့တယ်။ ဒီလိုလုပ်တာက ကိုယ့်တာဝန်ကို တော်တော်လေး နှောင့်နှေးစေမှန်း သိပေမဲ့ သူတို့ ကျွန်တော့်ဆီကို ရောက်လာတိုင်း အားနာလို့ မငြင်းနိုင်ခဲ့ဘူး။
ကျွန်တော်က ကိုယ့်အခြေအနေကို ဇနီးသည်ကို ဖွင့်ဟပြီး မိတ်သဟာယဖွဲ့လိုက်တော့ သူက ကျွန်တော့်ကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဗီဒီယိုတစ်ခုကို ကြည့်ခိုင်းခဲ့တယ်။ အဲဒီထဲမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့်အရာကို လူတို့ပိုင်ဆိုင်ရမည့် အကျင့်စာရိတ္တတစ်ခုအဖြစ် မိသားစု၊ သို့မဟုတ် လူ့အဖွဲ့အစည်းက လူတိုင်းအား သွတ်သွင်းထားသည်။ သင်သည် ဤအကျင့်စာရိတ္တကို ပိုင်ဆိုင်လျှင် သင်သည် မြင့်မြတ်သည်၊ သိက္ခာရှိသည်၊ တည်ကြည်မှုရှိသည်၊ သင်သည် လူ့အဖွဲ့အစည်းတွင် အလွန်တရာ အထင်ကြီးလေးစားခြင်းခံရသည်ဟူ၍ လူတို့က ဆိုကြသည်။ ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့် စကားသည် လူတို့ထံမှလာပြီး စာတန်ထံမှ လာသောကြောင့် ငါတို့ ပိုင်းခြားစိစစ်ပြီး သိမြင်သည့် အရာတစ်ခုဖြစ်လာသည်။ ထို့အပြင် ငါတို့ စွန့်ပစ်သော အရာဖြစ်ဆဲ ဖြစ်သည်။ ငါတို့သည် အဘယ်ကြောင့် ဤစကားကို ပိုင်းခြားသိမြင်ပြီး စွန့်ပစ်သနည်း။ ရှေးဦးစွာ ဤစကားသည် မှန်ကန်သလော၊ ဤစကားကို လိုက်နာသောသူသည် မှန်သလောဆိုသည်ကို စစ်ဆေးကြစို့။ ‘အခြားလူများက ၎င်းထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သည်’ ဆိုသည့် ကိုယ်ကျင့်စရိုက်ကို ပိုင်ဆိုင်သောသူသည် အမှန်ပင် မြင့်မြတ်သလော။ ဤသို့သောသူသည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်သလော။ ထိုသူတွင် ဖန်ဆင်းခံများ၌ ရှိသင့်သည်ဟု ဘုရားသခင် ပြောသော လူ့သဘာဝနှင့် ပြုမူနေထိုင်မှု စည်းမျဉ်းများရှိသလော။ ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည့် စကားကို သင်တို့အားလုံး နားလည်ကြသလော။ ရှေးဦးစွာ ဤစကားက မည်သည့်အရာကို ဆိုလိုသည်ကို သင်တို့၏ ကိုယ်ပိုင်စကားများနှင့် ရှင်းလော့။ (တစ်စုံတစ်ယောက်က သင့်အား တာဝန်တစ်ခု အပ်နှံလျှင် ပြီးမြောက်အောင် လုပ်ဆောင်ရာတွင် အစွမ်းကုန်လုပ်ဆောင်သင့်သည်ကို ဆိုလိုသည်။) ဤသို့ ဖြစ်သင့်သည်မဟုတ်လော။ တစ်စုံတစ်ယောက်က သင့်အား အလုပ်တစ်ခု အပ်နှံလျှင် ထိုသူက သင့်အား အထင်မကြီးသလော။ သူသည် သင့်အား အထင်ကြီးသည်။ ယုံကြည်သည်။ သင်သည် ယုံကြည်ထိုက်သည်ဟု ထင်မြင်သည်။ ထို့ကြောင့် အခြားလူများက သင့်အား မည်သည့်အရာကို လုပ်ဆောင်ခိုင်းသည်ဖြစ်စေ သင်သည် သဘောတူပြီး ကောင်းမွန်စွာ၊ ၎င်းတို့၏ သတ်မှတ်ချက်များနှင့် အပြည့်အဝ ကိုက်ညီစွာ လုပ်ဆောင်သင့်သည်။ ဤသို့ဖြင့် ၎င်းတို့သည် ပျော်ရွှင် ကျေနပ်သည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သင်သည် လူကောင်းတစ်ယောက်ဖြစ်သည်။ ဆိုလိုသည်မှာ သင့်အား အလုပ်တစ်ခု အပ်နှံသောသူက ကျေနပ်ခြင်းရှိမရှိသည် သင်က လူကောင်း တစ်ယောက်ဖြစ်သည်ဟု သတ်မှတ်၍ ရမရကို ဆုံးဖြတ်ပေးသည်။ ဤသို့ ရှင်းပြ၍ ရသလော။ (ရသည်။) ထို့ကြောင့် သူတစ်ပါးတို့၏ အမြင်တွင် လူကောင်းတစ်ယောက်အဖြစ် အမြင်ခံရပြီး လူ့အဖွဲ့အစည်းက အသိအမှတ်ပြုခြင်း ခံရဖို့ မလွယ်ကူသလော။ (လွယ်ကူသည်။) ‘လွယ်ကူသည်’ ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ စံသတ်မှတ်ချက်က အလွန်နိမ့်ပြီး မြင့်မြတ်ခြင်း လုံးဝမရှိဟု ဆိုလိုသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) ဘုရားနှုတ်ကပတ်တော်ကို စဉ်းစားဆင်ခြင်ရင်းနဲ့ ငယ်ငယ်ကတည်းက အဖေ့ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာကို ကျွန်တော် စဉ်းစားမိတယ်။ ရွာကလူတွေ အဖေ့ဆီကို အကူအညီလာတောင်းတဲ့အခါ သူက ကိုယ့်မိသားစုကိစ္စတွေကို ဘေးချိတ်ပြီးတော့ကို တခြားသူတွေရဲ့ ကိစ္စတွေကို သေသေချာချာ ဆောင်ရွက်ပေးခဲ့တယ်၊ နောက်ဆုံးမှာ သူ့ပတ်ဝန်းကျင်ကလူတွေရဲ့ ယုံကြည်မှုကို ရခဲ့တယ်။ ဒါကြောင့် “အခြားလူများက ၎င်းထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သည်” ဆိုတဲ့ အယူအဆအတိုင်း ကျင့်ကြံပြုမူတာက လူတစ်ယောက်ကို ယုံကြည်ရတဲ့ လူကောင်းတစ်ယောက် ဖြစ်စေတယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ ကျွန်တော်က လျှပ်စစ်ပစ္စည်းတွေကို ကလိရတာ ဝါသနာပါတဲ့အတွက် ဘယ်သူ့အိမ်က မီးလုံး၊ ရေဒီယို၊ တီဗွီ ဒါမှမဟုတ် တခြားပစ္စည်းတွေပဲ ပျက်ပျက်၊ သူတို့သာ ကျွန်တော့်ဆီကို ရောက်လာရင် အမြဲတမ်း အကောင်းဆုံး ကူညီပြုပြင်ပေးခဲ့တယ်။ ဒီလိုလုပ်မှသာ တခြားသူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ရာရောက်မယ်လို့ ကျွန်တော် ယုံကြည်ခဲ့တယ်။ သူများပစ္စည်းတွေကို ပြင်ပေးပြီး သူတို့ရဲ့ ချီးကျူးစကားနဲ့ ကျေးဇူးတင်စကားတွေကို ကြားရတိုင်း ကျွန်တော် အရမ်းပျော်တယ်၊ သူတို့စိတ်ထဲမှာ ကျွန်တော်ဟာ ယုံကြည်ထိုက်တဲ့ လူကောင်းတစ်ယောက်ပဲလို့ ခံစားခဲ့ရတယ်။ ဘုရားသခင်ကို ယုံကြည်ပြီးနောက်မှာတောင် ကျွန်တော် ဒီအမြင်အတိုင်း အသက်ရှင်ခဲ့တုန်းပဲ။ ကျွန်တော်က ယုံကြည်သူအသစ်တွေကို ရေလောင်းပေးနေတာ၊ လေ့ကျင့်ခါစပဲရှိသေးတော့ ချို့ယွင်းချက်တွေ အများကြီးရှိပြီး သမ္မာတရားတချို့ကိုလည်း ရှင်းရှင်းလင်းလင်း မိတ်သဟာယ မဖွဲ့ပေးနိုင်ခဲ့ဘူး။ ဒါကြောင့် ရူပါရုံဆိုင်ရာ သမ္မာတရားနဲ့ ပိုပြီး ပြင်ဆင်ဖို့ လိုခဲ့တယ်၊ အဲဒီလိုလုပ်မှသာ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်နိုင်မှာလေ။ ဒါပေမဲ့ ကျွန်တော်က ကိုယ့်ရဲ့ အဓိကအလုပ်ကိုတော့ အားမစိုက်ခဲ့ဘူး။ ညီအစ်ကိုမောင်နှမတွေက ကွန်ပျူတာပြဿနာတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီကို အကူအညီလာတောင်းတဲ့အခါ သူတို့ကို စိတ်မပျက်စေဖို့နဲ့ သူတို့ ကျွန်တော့်အပေါ်ထားရှိတဲ့ ကိုယ့်ရဲ့ပုံရိပ်ကောင်းကို ထိန်းသိမ်းဖို့အတွက် ကိုယ့်တာဝန်တွေကို ချက်ချင်းဘေးချိတ်ပြီး သူတို့ရဲ့ ကွန်ပျူတာပြဿနာတွေကို ကူညီဖြေရှင်းပေးခဲ့တယ်။ အကျိုးဆက်အနေနဲ့ ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေနဲ့ သက်ဆိုင်တဲ့ သမ္မာတရားတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ကျွန်တော် မရှာဖွေ၊ မပြင်ဆင်ဖြစ်ခဲ့ဘူး၊ စုဝေးပွဲတွေကလည်း ကောင်းတဲ့ရလဒ်တွေ မရရှိခဲ့ဘူး။ ကျွန်တော်က “အခြားလူများက ၎င်းထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သည်” ဆိုတဲ့ အတွေးအခေါ်ရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရလို့ ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ကို ဘယ်လိုထင်မလဲဆိုတာကို အမြဲတမ်း စဉ်းစားပြီး လူတွေအပ်နှင်းတဲ့ကိစ္စကို ကိုယ့်တာဝန်ထက် ပိုတန်ဖိုးထားခဲ့တယ်။ ကိုယ့်တာဝန်ကိုတောင် ကောင်းကောင်းမဖြည့်ဆည်းခဲ့ဘူး။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက်လို့ ဘယ်လိုလုပ်ပြောနိုင်မှာလဲ။
နောက်ပိုင်းမှာ ကျွန်တော် ဆက်ပြီး စဉ်းစားတွေးတောမိတယ်၊ “ငါက တခြားလူတွေရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်တာထက် ငါ့တာဝန် ကြန့်ကြာစေတာကို ဘာလို့ ပိုကြိုက်ရတာလဲ။ ဒါက ဘယ်လိုပြဿနာမျိုးလဲ” ပေါ့။ အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “လူအချို့က ‘“အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်”သည့်သူများထဲတွင် အခြားလူများ၏ နစ်နာမှုမှ ရရှိသည့် အကျိုးအမြတ်ကို မရှာဖွေသောသူများစွာရှိသည်၊ ၎င်းတို့သည် အမှုအရာများကို အကောင်းဆုံးကိုင်တွယ်ရန် ရည်ရွယ်ခြင်းသာဖြစ်သည်။ ဤလူတို့သည် ဤကိုယ်ကျင့်တရား အပြုအမူကို အမှန်တကယ် ပိုင်ဆိုင်သည်’ ဟု ဆိုကြသည်။ ဤစကား မမှန်ကန်ပေ။ ၎င်းတို့က ချမ်းသာခြင်း၊ ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်ခြင်းများ၊ သို့မဟုတ် မည်သည့်အကျိုးအမြတ်မျိုးကိုမျှ မရှာဖွေလျှင်ပင် နာမည်ကျော်ကြားခြင်းကို ၎င်းတို့ အမှန်ပင် ရှာဖွေသည်။ ဤ ‘နာမည်ကျော်ကြားခြင်း’ ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ ‘ငါသည် လူတို့၏ အလုပ်များကို ကိုင်တွယ်ရန် ၎င်းတို့၏ ယုံကြည်မှုကို လက်ခံရရှိခဲ့သည်၊ ငါ့အား အပ်နှံခဲ့သည့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကောင်းဆုံး ကိုင်တွယ်သရွေ့ ဂုဏ်သတင်းကောင်းကို ငါ ရရှိမည်။ အနည်းဆုံးအနေဖြင့် ငါသည် လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက် မြင့်မားသူဖြစ်သည်၊ အတုယူထိုက်သည့်သူတစ်ယောက်ဖြစ်သည်ဟူ၍ လူအချို့က သိကြလိမ့်မည်၊ ငါသည် လူတို့ကြားတွင် နေရာတစ်နေရာယူနိုင်ပြီး လူအုပ်စုတစ်စုတွင် နာမည်ကောင်းကို ကျန်ရစ်စေနိုင်သည်၊ ဤသည်မှာလည်း ထိုက်တန်သည်’ ဟူ၍ ဆိုလိုသည်။ အခြားလူများက ‘“အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ”၊ ပြီးလျှင် လူတို့က ငါတို့အား အပ်နှံပြီးဖြစ်သောကြောင့် ၎င်းတို့ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ၎င်းတို့၏ အလုပ်များကို ကောင်းစွာ ကိုင်တွယ်ပြီး အဆုံးအထိ စွဲစွဲမြဲမြဲ လုပ်ဆောင်သင့်သည်။ ရေရှည်တည်တံ့သည့် အမွေအနှစ်ကို ငါတို့ ချန်မထားနိုင်ခဲ့လျှင်ပင် အနည်းဆုံးအနေဖြင့် ငါတို့သည် လူအများက ယုံကြည်လက်ခံနိုင်မှုမရှိဟု ပြောဆိုလျက် ငါတို့၏ နောက်ကွယ်တွင် ဝေဖန်၍မရပေ၊ ငါတို့သည် အနာဂတ်မျိုးဆက်ကို ခွဲခြားဆက်ဆံခံရပြီး ဤသို့သော ပုံပျက်ပန်းပျက် တရားမမျှတမှုကို ခံစေ၍ မဖြစ်ပေ’ ဟူ၍ ဆိုကြသည်။ ၎င်းတို့သည် မည်သည့်အရာကို ရှာဖွေကြသနည်း။ နာမည်ကျော်ကြားမှုကို ရှာဖွေနေဆဲဖြစ်သည်။ လူအချို့က ချမ်းသာခြင်း၊ ပိုင်ဆိုင်မှုတို့ကို အလွန်အလေးထားပြီး အခြားလူများက နာမည်ကျော်ကြားမှုကို တန်ဖိုးထားသည်။ ‘နာမည်ကျော်ကြားမှု’ သည် မည်သည့်အရာကို ဆိုလိုသနည်း။ လူများကြားတွင် ‘နာမည်ကျော်ကြားမှု’အတွက် တိကျသော ဖော်ပြချက်များမှာ အဘယ်နည်း။ လူကောင်းတစ်ယောက်ဖြစ်သည်၊ ကိုယ်ကျင့်စရိုက်မြင့်မားသူဖြစ်သည်၊ ပြစ်မျိုးမှဲ့မထင်သူ၊ အကျင့်သီလရှိသူ၊ သို့မဟုတ် သူတော်စင်တစ်ယောက်ဖြစ်သည်ဟု ပြောဆိုခံရခြင်းဖြစ်သည်။ အမှုကိစ္စတစ်ခုတွင် ‘အခြားလူများက သူ့ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ ဆိုသည်ကို အောင်မြင်ခဲ့ပြီး ဤသို့သော ကိုယ်ကျင့်စရိုက်မျိုးရှိသောကြောင့် အမြဲတစေ ချီးမွမ်းခြင်း ခံရသောသူအချို့ပင်ရှိသည်။ ပြီးလျှင် ၎င်းတို့မှ ဆင်းသက်လာသော မျိုးဆက်များသည် ၎င်းတို့၏ နာမည်ကျော်ကြားမှုမှ အကျိုးအမြတ်ရရှိသည်။ ဤသည်မှာ လက်ရှိတွင် ၎င်းတို့ရရှိသည့် အကျိုးအမြတ်အနည်းငယ်ထက်ပို၍ များစွာ တန်ဖိုးရှိသည်ကို သင်တို့ တွေ့ပြီလော။ ထို့ကြောင့် ‘အခြားလူများက သင့်ထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်ပါ’ဆိုသည့် ကိုယ်ကျင့်တရားစံနှုန်းဆိုသောအရာကို လိုက်နာသည့် မည်သူမဆိုအတွက် စမှတ်မှာ ထိုမျှ မရိုးရှင်းပေ။ ၎င်းတို့သည် တစ်ဦးချင်းအနေဖြင့် ၎င်းတို့၏ တာဝန်၊ ဝတ္တရားများကို ဖြည့်ဆည်းဖို့သာ အားထုတ်ခြင်း မဟုတ်ဘဲ တစ်ကိုယ်ရေ အကျိုးအမြတ်၊ သို့မဟုတ် ဂုဏ်သတင်းအတွက်၊ ဤဘဝ၊ သို့မဟုတ် နောင်ဘဝအတွက် လိုက်နာခြင်းဖြစ်သည်။ မိမိနောက်ကွယ်တွင် ဝေဖန်ခံရခြင်းကို ရှောင်ရှားလိုသော၊ နာမည်ဆိုးဖြင့် ကျော်ကြားမှုကို ရှောင်ကြဉ်လိုသောသူအချို့လည်းရှိသည်မှာ မှန်သည်။ အတိုချုပ်အားဖြင့် ဆိုရလျှင် ဤသို့သောအရာမျိုးကို လုပ်ဆောင်ရန် လူတို့အတွက် စမှတ်မှာ မရိုးရှင်းပေ။ ယင်းသည် အမှန်တကယ်တွင် လူ့သဘာဝ၏ အမြင်ရှုထောင့်တွင် စမှတ်မဟုတ်သကဲ့သို့ လူသားမျိုးနွယ်၏ လူမှုတာဝန်မှ စတင်သောအမှတ်လည်းမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) “လူ့အဖွဲ့အစည်းတွင် ရှိသော မည်သည့်အသိုင်းအဝိုင်း၊ သို့မဟုတ် အုပ်စုတွင်မဆို လူတို့သည် သူတစ်ပါးတို့အား ၎င်းတို့ကို မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိသည်၊ လူကောင်းတစ်ယောက်ဖြစ်သည်၊ စိတ်ချရသောသူဖြစ်သည်၊ ယုံကြည်ထိုက်သည်၊ အလုပ်များအပ်နှံဖို့ ထိုက်တန်သောသူဖြစ်သည်ဟု သတ်မှတ်စေလိုသည်။ ၎င်းတို့အားလုံးသည် လေးစားမှုကို ရသည့် ဤသို့သော ပုံရိပ်ကို တည်ဆောက်လိုပြီး ၎င်းတို့သည် ခံစားချက်ရှိသော၊ သစ္စာရှိသော အသွေးအသားနှင့် တည်ဆောက်ထားသော ဂုဏ်ရှိသည့်ပုဂ္ဂိုလ်များဖြစ်ပြီး သွေးအေးသောသူများ၊ သို့မဟုတ် ဂြိုဟ်သားများ မဟုတ်ဆိုသည်ကို အခြားလူများအား ယုံကြည်စေလိုသည်။ သင်သည် လူ့အဖွဲ့အစည်းတွင် ပေါင်းစပ်ပါဝင်ပြီး ၎င်းတို့၏ လက်ခံခြင်း၊ အတည်ပြုခြင်းကို ခံလိုလျှင် ရှေးဦးစွာ သင်သည် ၎င်းတို့အား သင့်ကို မြင့်မားသော ကိုယ်ကျင့်စရိုက်ရှိသူအဖြစ်၊ တည်ကြည်မှုနှင့် ယုံကြည်လက်ခံနိုင်မှု ရှိသည့်သူတစ်ယောက်အဖြစ် အသိအမှတ်ပြုအောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် ၎င်းတို့သည် သင့်အား မည်သည့်တောင်းဆိုချက်များကို တောင်းဆိုသည်ဖြစ်စေ သင်သည် ၎င်းတို့ ကျေနပ်စေရန်၊ ၎င်းတို့ ပျော်ရွှင်စေရန် အကောင်းဆုံး ကြိုးစားပြီးနောက်တွင် သင်သည် ကိုယ်ကျင့်စရိုက် မြင့်မားသော ယုံကြည်ထိုက်သောသူဖြစ်သည်၊ လူတို့သည် သင်နှင့် ပေါင်းသင်းလိုကြသည်ဟု ၎င်းတို့က ပြောပြီး ချီးမွမ်းခြင်းကို ခံရသည်။ ဤနည်းအားဖြင့် သင်သည် သင်၏ ဘဝတွင် လူရာဝင်ဆန့်သည်ဟူသော ခံစားချက်ကို ခံစားရသည်။ သင့်အား လူ့အဖွဲ့အစည်းက၊ လူထုက၊ သင်၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေများက အတည်ပြုလက်ခံနိုင်လျှင် သင်သည် အထူးပင် အားရှိပြီး ကျေနပ်ဖွယ် ဖြစ်သောဘဝကို နေထိုင်ရလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) ဘုရားနှုတ်ကပတ်တော်က ပြဿနာရဲ့ ဇာစ်မြစ်ကို ဖော်ထုတ်ခဲ့တယ်။ လူတွေက “သူတစ်ပါးရဲ့ ကိစ္စတွေကို သစ္စာရှိရှိ ဆောင်ရွက်ပေးနိုင်တာ” ဟာ သူတို့ရဲ့ တာဝန်တွေကို ဖြည့်ဆည်းချင်လို့မဟုတ်ဘဲ နာမည်ကောင်းရချင်လို့ ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ငယ်ငယ်ကတည်းက အဖေ့ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာကို ကျွန်တော် တွေ့ရတယ်။ ဘယ်သူ့အိမ်က ပစ္စည်းပဲပျက်ပျက်၊ သူတို့က ကျွန်တော့်ကို အကူအညီလာတောင်းရင် အမြဲတမ်း လက်ခံခဲ့တယ်။ ဒါတွေအားလုံးကို ကျွန်တော်လုပ်ခဲ့တာက ရွာထဲမှာ နာမည်ကောင်းရဖို့နဲ့ တခြားသူတွေရဲ့ ချီးမွမ်းတာကို ခံရဖို့ပါပဲ။ တာဝန် စထမ်းဆောင်ပြီးနောက်မှာလည်း ညီအစ်ကိုမောင်နှမတွေက ကွန်ပျူတာပြဿနာနဲ့ ကျွန်တော့်ဆီကို ရောက်လာတိုင်း ကိုယ့်တာဝန်နဲ့ကိုယ် ဘယ်လောက်ပဲ အလုပ်များနေပါစေ ငြင်းလို့မရဘူးလို့ ကျွန်တော် ခံစားခဲ့ရတယ်။ အထူးသဖြင့် ညီအစ်ကိုမောင်နှမတွေက ကျွန်တော့်ရဲ့ ပြုပြင်ရေးစွမ်းရည်တွေက ကောင်းတယ်လို့ပြောတဲ့အခါ ကျွန်တော် တကယ်ကို ကျေနပ်ခဲ့တယ်။ ဒါဟာ သူတို့က ကျွန်တော့်ကို ယုံကြည်လို့ပဲလို့တွေးပြီး ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းကို ထိန်းသိမ်းထားဖို့အတွက် ယုံကြည်သူအသစ်တွေရဲ့ ပြဿနာတွေက မပြေလည်သေးဘူးဆိုတာကိုရော၊ ရူပါရုံဆိုင်ရာ သမ္မာတရားနဲ့ ပတ်သက်ပြီး ကျွန်တော်ကိုယ်တိုင်လည်း ရှင်းရှင်းလင်းလင်းမသိသေးလို့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးပြင်ဆင်ဖို့ လိုနေသေးတယ်ဆိုတာကိုရော သိသိကြီးနဲ့တောင် ညီအစ်ကိုမောင်နှမတွေက ကွန်ပျူတာအကူအညီအတွက် လာတဲ့အခါ သူတို့ကို စိတ်ပျက်သွားစေမှာ၊ ကျွန်တော်က ဂရုမစိုက်ဘူးလို့ သူတို့အတွေးဝင်သွားမှာ၊ ပြီးတော့ ကျွန်တော့်အပေါ် အထင်အမြင်သေးသွားစေမှာကို ကြောက်တဲ့အတွက် ကျွန်တော် ငြင်းချင်ပေမဲ့ စကားလုံးတွေ လုံးဝ ပြောမထွက်ခဲ့ဘူး။ တကယ်တမ်းတော့ သူတို့က သူတို့ရဲ့ ကွန်ပျူတာတွေကို အရေးတကြီး လိုအပ်တယ်ဆိုရင် သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော်က တစ်ခါတလေ ကူညီပေးတာက အဆင်ပြေပါတယ်။ ဒါပေမဲ့ တချို့က သူတို့ရဲ့ ကွန်ပျူတာတွေကို အရေးတကြီး မလိုအပ်ဘဲ ကွန်ပျူတာပြုပြင်ရေးတာဝန်ကို လုပ်ဆောင်နေတဲ့ ညီအစ်ကိုမောင်နှမတွေဆီကို လွှဲပေးလို့ ရခဲ့တယ်။ ဒါပေမဲ့ သူတို့ကို စိတ်မပျက်စေချင်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ့်တာဝန်ကို ထိခိုက်မထိခိုက်ဆိုတာကို မစဉ်းစားဘဲ အမြဲတမ်း လက်ခံခဲ့တယ်၊ အကျိုးဆက်အနေနဲ့ ကိုယ့်တာဝန်တွေ အဟန့်အတားဖြစ်ခဲ့ရတာပေါ့။ ကျွန်တော်က ကိုယ့်ရဲ့ကျော်ကြားမှုနဲ့ အကျိုးအမြတ်ကို အရမ်းတန်ဖိုးထားတယ်၊ ပြီးတော့ တခြားလူတွေရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းတစ်ခုကို ထိန်းသိမ်းထားဖို့အတွက်နဲ့ ကိုယ့်တာဝန် နှောင့်နှေးရတာကို ပိုပြီးနှစ်သက်ခဲ့တယ်။ ကျွန်တော်က ယုံကြည်ထိုက်ပြီး မေတ္တာရှိတဲ့ လူကောင်းတစ်ယောက်လို့ သူတို့ကို ထင်စေခဲ့တယ်။ ကျွန်တော်ဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ တာဝန်ဆိုတာ ဘုရားသခင်က လူတွေကို ပေးအပ်တဲ့ တာဝန်ပေးစေခိုင်းချက်တစ်ခုပဲ။ ဒါဟာ ဖန်ဆင်းခံတစ်ဦးအနေနဲ့ အဓိကအကျဆုံး ထမ်းဆောင်သင့်တဲ့ တာဝန်ဝတ္တရားပဲ၊ ဒါပေမဲ့ ကျွန်တော်က လူတွေအပ်နှင်းတဲ့ကိစ္စကို ကိုယ့်တာဝန်ထက် ပိုအရေးကြီးတယ်လို့ သတ်မှတ်ခဲ့တယ်။ သူများတွေအပ်နှင်းတဲ့ကိစ္စတွေက ဘယ်လောက်ပဲခက်ခဲခက်ခဲ၊ အချိန်ဘယ်လောက်ပဲကုန်ကုန် အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ပေးခဲ့တယ်၊ ဒါပေမဲ့ ကိုယ့်တာဝန်ကိုတော့ ဘုရားသခင်စိတ်ကျေနပ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကို မစဉ်းစားခဲ့ဘူး။ လူတွေရဲ့စိတ်နှလုံးထဲမှာတော့ ပုံရိပ်ကောင်းကို ထိန်းသိမ်းနိုင်ခဲ့တယ်၊ ဘုရားသခင်ရဲ့အမြင်မှာတော့ ကျွန်တော်ဟာ ကိုယ့်တာဝန်ကို ပေါ့ပေါ့ဆဆ သဘောထားတဲ့သူ၊ သစ္စာစောင့်သိမှု၊ ဒါမှမဟုတ် ယုံကြည်စိတ်ချရမှုမရှိဘဲ တာဝန်ထမ်းဆောင်တဲ့သူတစ်ယောက် ဖြစ်လာခဲ့တယ်။ ကျွန်တော်ဟာ တကယ်ကိုပဲ အရေးကြီးတာနဲ့ အရေးမကြီးတာကို မခွဲခြားနိုင်ဘဲ ရှေ့နောက်လွဲနေခဲ့တာပါပဲ။ ဘုရားသခင်က ကျွန်တော့်ကို ယုံကြည်သူအသစ်တွေကို ရေလောင်းပေးဖို့ အခွင့်အရေးပေးတဲ့ ကျေးဇူးတော်ကို ချီးမြှင့်ခဲ့တာက သူတို့ရဲ့ အမျိုးမျိုးသော အယူအဆတွေ၊ ပြဿနာတွေကို ဖြေရှင်းပေးဖို့ သမ္မာတရားကို ရှာဖွေစေချင်လို့၊ သူတို့က ဘုရားသခင်ရဲ့အမှုကို သိလာပြီး မှန်သောလမ်းခရီးမှာ စောစောစီးစီး အမြစ်တွယ်စေဖို့ မျှော်လင့်ခဲ့တာပါ။ ကျွန်တော်က ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို အလေးထားပြီး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းခဲ့သင့်တယ်။
နောက်ပိုင်းမှာ ကျွန်တော် ထပ်ပြီး စဉ်းစားတွေးဆမိတယ်၊ “တခြားသူက အပ်နှင်းတဲ့ ကိစ္စတွေကို ငါ ဘယ်လိုသဘောထားသင့်သလဲ” ပေါ့။ ရှာဖွေရင်းနဲ့ ဘုရားနှုတ်ကပတ်တော်ကို ကျွန်တော် ဖတ်လိုက်ရတယ်။ “သင့်အား အပ်နှံသောအလုပ်အတွက် သင်၏ အချိန်နှင့် အားအင်များစွာကို မသုံးရလျှင်၊ သင်လုပ်ဆောင်နိုင်သည့် နယ်ပယ်အတွင်းတွင် ရှိလျှင်၊ သို့မဟုတ် သင့်၌ သင့်တော်သော ပတ်ဝန်းကျင်နှင့် အခြေအနေများရှိလျှင် သင်သည် လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့်လည်းကောင်း၊ သင်၏ အရည်အချင်း ရှိသမျှဖြင့်လည်းကောင်း သူတစ်ပါးတို့အတွက် အချို့သောအရာများကို လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ ကျိုးကြောင်းသင့်သော၊ သင့်လျော်သော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်နှင့် အားအင်များစွာကို သုံးရလျှင်၊ သင်၏ အချိန်များစွာ ကုန်လျှင်၊ သင်၏ အသက်ကို စတေးရသည့်အတိုင်းအတာအထိ ဖြစ်လျှင်၊ ဘဝတွင် သင်၏ တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံအဖြစ် သင်၏ တာဝန်များသည် အလဟဿဖြစ်ပြီး အစားထိုးခံရမည်ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ ယင်းသည် သင်၏ တာဝန်၊ သို့မဟုတ် ဝတ္တရားမဟုတ်သောကြောင့် ငြင်းဆန်သင့်သည်။ လူတစ်ယောက်ဘဝ၏ တာဝန်၊ ဝတ္တရားများနှင့်ပတ်သက်လျှင် မိဘများကို စောင့်ရှောက်ခြင်းနှင့် သားသမီးများကို ပျိုးထောင်ခြင်း၊ လူ့အဖွဲ့အစည်းတွင်ရှိသော၊ ဥပဒေဘောင်အတွင်းတွင်ရှိသော လူမှုတာဝန်များကို ဖြည့်ဆည်းခြင်းတို့မှလွဲပြီး အရေးကြီးဆုံးသောအရာမှာ လူတစ်ယောက်၏ အားအင်နှင့် အချိန်ဖြစ်သည်။ ဘဝသည် အခြားတစ်စုံတစ်ယောက်က အလုပ်အပ်နှံခြင်းခံရပြီး သူ၏ အချိန်နှင့် အားအင်ကုန်ဆုံးခြင်းထက် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ကုန်ဆုံးသင့်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူတစ်ယောက်ကို ဖန်ဆင်းပြီး အသက်ပေးအပ်ကာ ဤကမ္ဘာလောကသို့ ခေါ်ဆောင်လာသောကြောင့်ဖြစ်သည်။ ထိုသူအနေဖြင့် သူတစ်ပါးတို့အတွက် အမှုအရာများကို လုပ်ဆောင်ပြီး တာဝန်များကို ဖြည့်ဆည်းရန်မဟုတ်ပေ။ လူတို့ လက်ခံသင့်ဆုံးသောအရာမှာ ဘုရားသခင်၏ အပ်နှံမှုဖြစ်သည်။ ဘုရားသခင်၏ အပ်နှံမှုသည်သာ စစ်မှန်သော အပ်နှံမှုဖြစ်သည်။ လူ၏ အပ်နှံမှုကို လက်ခံခြင်းသည် သူ၏ သင့်လျော်သော တာဝန်များကို အရေးမစိုက်ခြင်းဖြစ်သည်။ မည်သူကမျှ သင့်ထံသို့ ၎င်းတို့ အပ်နှံသောအလုပ်များအပေါ် သင်၏ သစ္စာရှိမှု၊ အားအင်၊ အချိန်၊ သို့မဟုတ် သင်၏ ငယ်ရွယ်မှုနှင့် တစ်ဘဝလုံးကိုပင် မြုပ်နှံရန် တောင်းဆိုဖို့ အရည်အချင်းမပြည့်မီပေ။ ဘုရားသခင်သည်သာ လူတို့အား ဖန်ဆင်းခံများအနေဖြင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်ရန် စေခိုင်းဖို့ အရည်အချင်းပြည့်မီသည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။ သင့်အား အပ်နှံသော မည်သည့်အလုပ်မဆိုသည် သင်၏ အချိန်နှင့် အားအင်များစွာကို လိုအပ်လျှင် ဖန်ဆင်းခံတစ်ယောက်အဖြစ် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဘဝတွင် လမ်းမှန်ကို လိုက်လျှောက်ခြင်းကိုပင် နှောင့်နှေးစေလိမ့်မည်။ ယင်းသည် သင့်ဘဝ၏ ဦးတည်ချက်နှင့် ပန်းတိုင်များကို ပြောင်းလဲလိမ့်မည်။ ဤသည်မှာ ကောင်းသောအရာမဟုတ်ပေ။ ကံခေခြင်းဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်ကို လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ထောက်ပြခဲ့တယ်။ လူ့ဘဝမှာ ကျွန်တော်တို့ အဓိက လက်ခံသင့်ဆုံးအရာကတော့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ပဲ၊ ဒါကို ကျွန်တော်တို့ စိတ်နှလုံးအကြွင်းမဲ့နဲ့ ပြီးမြောက်အောင် လုပ်ဆောင်သင့်တယ်။ တခြားသူက အပ်နှင်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ အဲဒါတွေက ကျွန်တော်တို့ရဲ့ အချိန်အများကြီးကို ကုန်စေမလား၊ ကိုယ့်ရဲ့ အဓိကတာဝန်ကို နှောင့်နှေးစေမလားဆိုတာကို စဉ်းစားရမယ်။ တကယ်လို့ အချိန်အများကြီးမကုန်ဘဲ ကိုယ့်တာဝန်ကိုယ်နဲ့လည်း အရမ်းအလုပ်မများဘူးဆိုရင် လူ့ရဲ့အသိတရားနဲ့ ဆင်ခြင်တုံတရားအရ ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ တခြားလူတွေကို ကူညီတာက ကျွန်တော်တို့ရဲ့ အဓိကတာဝန်ကို ထိခိုက်စေမယ်ဆိုရင်တော့ ကျွန်တော်တို့က ငြင်းပယ်သင့်တယ်။ ပြီးတော့ “အခြားလူများက ၎င်းထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သည်” ဆိုတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်ရဲ့ ချည်နှောင်ချုပ်ချယ်တာကို မခံသင့်ဘူး။ ဒါပေမဲ့ အရင်တုန်းကတော့ တခြားသူ အပ်နှင်းတဲ့ကိစ္စတွေအပေါ် သဘောထားမှာ ဘာစည်းမျဉ်းစည်းကမ်းမှ ကျွန်တော် မထားရှိခဲ့ဘူး။ ဘယ်သူပဲ အကူအညီတောင်းလာပါစေ ကျွန်တော် ဘယ်တော့မှ မငြင်းခဲ့ဘူး၊ အကျိုးဆက်အနေနဲ့ ကိုယ့်တာဝန်တောင် အဟန့်အတားဖြစ်ခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေကို ကွန်ပျူတာပြင်ပေးပြီး ကူညီတာက ဘာမှမမှားဘူးဆိုပေမဲ့ အချိန်အများကြီးကုန်ပြီး ကိုယ့်တာဝန်ကို နှောင့်နှေးစေမယ်ဆိုရင်တော့ ငြင်းသင့်တယ်၊ အခြေအနေကို ညီအစ်ကိုမောင်နှမတွေကို ရှင်းပြသင့်တယ်၊ သူတို့ကလည်း နားလည်မှာပဲလေ။ ကျွန်တော်က သူများတွေက ကိုယ့်ကို ဘယ်လိုမြင်မလဲဆိုတာကို အမြဲတမ်း စဉ်းစားမနေသင့်ဘူး၊ အဲဒီအစား ဘုရားနှုတ်ကပတ်တော်နဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်သင့်တယ်။
တစ်ညမှာ ညီအစ်ကိုနှစ်ယောက် ကျွန်တော့်အိမ်ကိုရောက်လာပြီး ကွန်ပျူတာအသစ်တစ်လုံး ဖွင့်မရလို့ ကျွန်တော် ကြည့်ပေးဖို့လိုတယ်လို့ ပြောလာတယ်။ ကျွန်တော် စိတ်ရှုပ်သွားပြီး “ငါ့မှာ မပြီးသေးတဲ့ အရေးတကြီးအလုပ်တချို့ ရှိသေးတယ်။ သူတို့ကွန်ပျူတာကို ကူပြင်ပေးဖို့ သဘောတူလိုက်ရင် အချိန်တော်တော်လေး နှောင့်နှေးသွားမှာ သေချာတယ်၊ ဒါပေမဲ့ တည့်တိုးငြင်းလိုက်ရင်ရော သူတို့ ငါ့ကို ဘယ်လိုထင်သွားမလဲ။ သူတို့က ပျော်ပျော်ရွှင်ရွှင်နဲ့ လာပြီး စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရမှာပဲ။ သူတို့ ငါ့အပေါ် အထင်အမြင်မကောင်းဖြစ်သွားမှာ မဟုတ်ဘူးလား” လို့ တွေးမိတယ်။ ကျွန်တော်က တခြားသူရဲ့စိတ်နှလုံးထဲမှာ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ ပုံရိပ်ကို ပြန်ပြီး စဉ်းစားနေမိပြန်ပြီဆိုတာကို သဘောပေါက်လိုက်တယ်၊ ဒါနဲ့ စိတ်နှလုံးထဲကနေ ဘုရားသခင်ကို တိတ်တဆိတ် ဆုတောင်းလိုက်တယ်၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လက်တွေ့လုပ်ဆောင်နိုင်ဖို့နဲ့ ကိုယ့်တာဝန်ကို ဦးစားပေးနိုင်ဖို့ လမ်းပြပေးပါလို့ တောင်းလျှောက်ခဲ့တယ်။ အရင်ကဖတ်ဖူးတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်တော် ပြန်သတိရလိုက်တယ်။ “သင့်အား အပ်နှံသောအလုပ်အတွက် သင်၏ အချိန်နှင့် အားအင်များစွာကို မသုံးရလျှင်၊ သင်လုပ်ဆောင်နိုင်သည့် နယ်ပယ်အတွင်းတွင် ရှိလျှင်၊ သို့မဟုတ် သင့်၌ သင့်တော်သော ပတ်ဝန်းကျင်နှင့် အခြေအနေများရှိလျှင် သင်သည် လူသား၏ အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့်လည်းကောင်း၊ သင်၏ အရည်အချင်း ရှိသမျှဖြင့်လည်းကောင်း သူတစ်ပါးတို့အတွက် အချို့သောအရာများကို လုပ်ဆောင်နိုင်ပြီး ၎င်းတို့၏ ကျိုးကြောင်းသင့်သော၊ သင့်လျော်သော တောင်းဆိုမှုများကို ဖြည့်ဆည်းပေးနိုင်သည်။ သို့ရာတွင် သင့်အား အပ်နှံသောအလုပ်သည် သင်၏ အချိန်နှင့် အားအင်များစွာကို သုံးရလျှင်၊ သင်၏ အချိန်များစွာ ကုန်လျှင်၊ သင်၏ အသက်ကို စတေးရသည့်အတိုင်းအတာအထိ ဖြစ်လျှင်၊ ဘဝတွင် သင်၏ တာဝန်၊ ဝတ္တရားများနှင့် ဖန်ဆင်းခံအဖြစ် သင်၏ တာဝန်များသည် အလဟဿဖြစ်ပြီး အစားထိုးခံရမည်ဆိုလျှင် မည်သည့်အရာကို သင်လုပ်ဆောင်မည်နည်း။ ယင်းသည် သင်၏ တာဝန်၊ သို့မဟုတ် ဝတ္တရားမဟုတ်သောကြောင့် ငြင်းဆန်သင့်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၁၄)) ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုနဲ့အတူ ကျွန်တော် လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်။ အရင်ဆုံး ကွန်ပျူတာက ဘာပြဿနာဖြစ်နေလဲဆိုတာကို ကြည့်ဖို့လိုမယ်၊ အချိန်အများကြီးမကုန်ဘဲ လွယ်လွယ်ကူကူကိစ္စဆိုရင် ကူညီဖြေရှင်းပေးလိုက်မယ်။ ဒါပေမဲ့ ပြဿနာကြီးပြီး ပြင်ဖို့ အချိန်အများကြီး ပေးရမယ်ဆိုရင်တော့ ကွန်ပျူတာပြင်တဲ့ ညီအစ်ကိုမောင်နှမတွေဆီကို သွားခိုင်းမယ်။ ဒါနဲ့ ကျွန်တော် ကွန်ပျူတာကိုဖွင့်ပြီး ပြဿနာကို စစ်ဆေးကြည့်လိုက်တော့ စနစ်မှာ ပြဿနာဖြစ်နေတာကို တွေ့လိုက်တယ်။ ဒါက ခဏလေးနဲ့ ပြင်လို့ပြီးမယ့်ကိစ္စမဟုတ်ဘူး၊ ဒါကြောင့် ကျွန်တော် ညီအစ်ကိုတွေကို ကိုယ့်တာဝန်နဲ့ အလုပ်ရှုပ်နေလို့ ပြင်ပေးဖို့ အချိန်မရှိဘူးလို့ ပြောပြီး တခြားညီအစ်ကိုမောင်နှမတွေဆီ အကူအညီသွားတောင်းခိုင်းလိုက်တယ်။ ဒါကိုကြားတော့ သူတို့ကလည်း သဘောတူကြတယ်။ ဘုရားနှုတ်ကပတ်တော်အတိုင်း ကျွန်တော် လက်တွေ့လုပ်ဆောင်လိုက်တဲ့အခါ ညီအစ်ကိုတွေက ကျွန်တော် စိတ်ကူးထားသလိုမျိုး ကျွန်တော့်အပေါ် ဘယ်လို အပျက်သဘောဆောင်တဲ့အမြင်မျိုးမှ မဖြစ်ခဲ့ကြဘူး။ ကျွန်တော် သိပ်ကို ရှက်သွားခဲ့တာပေါ့။
ဒီအတွေ့အကြုံကနေတစ်ဆင့် “အခြားလူများက ၎င်းထံအပ်နှံသော မည်သည့်အရာကိုမဆို သစ္စာရှိစွာကိုင်တွယ်ရန် အကောင်းဆုံးလုပ်ဆောင်သည်” ဆိုတဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေးအခေါ်အပေါ်မှာ ပိုင်းခြားသိမြင်မှု ရရှိခဲ့တယ်၊ ပြီးတော့ လူတွေအပ်နှင်းတဲ့ကိစ္စကို ကောင်းကောင်းလုပ်ပေးရုံနဲ့ လူကောင်းစစ်စစ်တစ်ယောက် မဖြစ်နိုင်ဘူးဆိုတာကိုလည်း နားလည်ခဲ့တယ်။ ဘုရားသခင်စိတ်ကျေနပ်အောင် ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန် ကောင်းကောင်းဖြည့်ဆည်းမှသာ လူကောင်းစစ်စစ်တစ်ယောက် ဖြစ်တယ်။ ကျွန်တော်လည်း မျက်နှာမပျက်ချင်တာနဲ့ တခြားသူတွေရဲ့ တောင်းဆိုမှုတိုင်းကို လက်ခံပြီး ကိုယ့်တာဝန်ကို ဆက်ပြီး မနှောင့်နှေးစေတော့ဘူး။ ဒီပြောင်းလဲမှုနဲ့ နားလည်မှုက ဘုရားနှုတ်ကပတ်တော်တွေရဲ့ လမ်းပြမှုရဲ့ ရလဒ်အနေနဲ့ ဖြစ်ပေါ်လာခဲ့တာပါ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...
ယင်းအန်၊ တရုတ်ပြည်ကျွန်မအဘိုးက ရွာမှာ တော်တော် ဂုဏ်သတင်းကြီးတဲ့သူတစ်ယောက်ပါ။ သူက သူများတွေကို ကူညီဖို့ဆိုရင် အမြဲတမ်း လိုလိုလားလား ရှိတယ်။...
လီကွန်း၊ တရုတ်ပြည်၂၀၂၂ ခုနှစ်တုန်းက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ အသင်းတော်ခေါင်းဆောင် လျူကျင်းက သူ့ရဲ့...
ဝမ်ယန်၊ တရုတ်ပြည်ကျွန်မ မှတ်မှတ်ရရရှိတဲ့အရွယ်ကတည်းက၊ သားသမီးတွေက မိဘအပေါ် ဝတ်ကျေပွန်ကြရင် ဘယ်သူဘယ်ဝါကတော့ ကံကောင်းလိုက်တာဆိုပြီး လူကြီးတွေ...