“သူတစ်ပါးကို သည်းခံခြင်း”သည် အမှန်တကယ် လူ့သဘာဝကောင်း ဖြစ်သလား

20.05.2026

လီကွန်း၊ တရုတ်ပြည်

၂၀၂၂ ခုနှစ်တုန်းက အသင်းတော်မှာ ယုံကြည်သူအသစ်တွေကို ကျွန်မ ရေလောင်းပေးနေခဲ့တယ်။ အသင်းတော်ခေါင်းဆောင် လျူကျင်းက သူ့ရဲ့ အဓိကတာဝန်တွေကိုပဲ အာရုံစိုက်ပြီး တခြားအလုပ်တွေကို နောက်ဆက်တွဲ သိပ်လိုက်မလုပ်တာ၊ ပြီးတော့ နောက်ထပ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ညီအစ်မ အန်းရှင်းနဲ့ သဟဇာတကျကျ ပူးပေါင်းဆောင်ရွက်မှုမရှိဘဲ အသင်းတော်အလုပ်ကို ခဏခဏ နှောင့်နှေးစေတာတွေကို ကျွန်မ သတိထားမိခဲ့တယ်။ နောက်ပိုင်းမှာ လျူကျင်း တာဝန်ကနေ ဖြုတ်ချခံရတော့ အသင်းတော်ခေါင်းဆောင်အနေနဲ့ ကျွန်မ ရွေးချယ်ခံရတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် တိတ်တဆိတ် တွေးမိတယ်။ “အန်းရှင်းနဲ့ သဟဇာတကျကျ ငါ ပူးပေါင်းဆောင်ရွက်ရမယ်။ ကိုယ့်ရဲ့ အဓိကတာဝန်ကိုပဲ အာရုံစိုက်ပြီး တခြားအလုပ်တွေကို ဂရုမစိုက်တဲ့ လျူကျင်းလိုမျိုး ငါက သေချာပေါက် သဘောထား သေးသိမ်မှာ၊ စိတ်သဘောထား ကျဉ်းမြောင်းမှာ မဟုတ်ဘူးဆိုတာကို ညီအစ်ကိုမောင်နှမတွေ မြင်အောင် ပြရမယ်” လို့ပေါ့။ အလုပ်တွင်ကျယ်မှု တိုးတက်အောင် ကျွန်မတို့ တာဝန်တွေ ခွဲလိုက်ကြတယ်။ ကျွန်မက ဧဝံဂေလိအလုပ်၊ စာနဲ့ပတ်သက်တဲ့အလုပ်ကို အဓိကတာဝန်ယူပြီး အန်းရှင်းကတော့ ရေလောင်းတဲ့အလုပ်နဲ့ ဖယ်ရှားတဲ့အလုပ်ကို အဓိကတာဝန်ယူတယ်။ ကျွန်မမှာ လူ့သဘာဝကောင်းရှိပြီး နားလည်ပေးတတ်တဲ့လူတစ်ယောက်ဖြစ်ကြောင်း ညီအစ်ကိုမောင်နှမတွေ မြင်စေဖို့အတွက် အထွေထွေအလုပ်တချို့ကိုလည်း ကျွန်မ ဦးဆောင်ပြီး လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်မအချိန်တွေကို လူတိုင်းနဲ့ စုဝေးတာ၊ ဒါမှမဟုတ် ဧဝံဂေလိအလုပ်၊ စာနဲ့ပတ်သက်တဲ့အလုပ်တွေကို နောက်ဆက်တွဲ လိုက်လုပ်ရင်းနဲ့ပဲ ကုန်ဆုံးစေခဲ့တယ်။ တဖြည်းဖြည်းနဲ့ အန်းရှင်းက သူ့တာဝန်တွေမှာ အရင်ကလောက် ဝန်တာထားစိတ် မရှိတော့တာ၊ ပြီးတော့ တချို့အလုပ်တွေကို သေချာ နောက်ဆက်တွဲ လိုက်မလုပ်တာမျိုး မရှိဘဲ ဝတ်ကျေတမ်းကျေလောက်ပဲ လုပ်နေတာကို ကျွန်မ သတိထားမိခဲ့တယ်။ ဒီအကြောင်းကို သူ့ကို ထောက်ပြပြောဆိုချင်ပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “ဘယ်သူမှ မပြည့်စုံပါဘူးလေ။ လူတိုင်းက ကိုယ့်တာဝန်ကို ဝတ်ကျေတမ်းကျေလုပ်မိတဲ့ အချိန်တွေ ရှိတာပဲ။ သူ့ကို ငါ အရမ်းမြင့်တဲ့ စံနှုန်းနဲ့ မတိုင်းတာသင့်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါကို ထောက်ပြလိုက်ရင် ငါက ကြမ်းတမ်းတဲ့ပုံပေါက်သွားမှာ။ သူ လစ်ဟင်းသွားတဲ့ အလုပ်တွေကို ငါပဲ ညဉ့်နက်တဲ့အထိ အိပ်ရေးပျက်ခံပြီး နောက်ဆက်တွဲ လိုက်လုပ်လိုက်ပါ့မယ်” လို့ပေါ့။ ဒါကြောင့် သူ မပြီးပြတ်သေးတဲ့ အလုပ်တွေအားလုံးကို ကျွန်မပဲ တာဝန်ယူလုပ်လိုက်တယ်။ အဲဒီအချိန်တုန်းက ဧဝံဂေလိတရားဟောတာနဲ့ဆိုင်တဲ့ စည်းမျဉ်းတွေကို ကျွန်မ ပိုလေ့လာချင်ပေမဲ့ အချိန်မလောက်ဘူး ဖြစ်နေခဲ့တယ်။ ကျွန်မ နည်းနည်းတော့ မလိုလားသလို ဖြစ်မိတယ်။ ဒါပေမဲ့ ကိုယ့်အလုပ်တွေကိုပဲ ကိုယ်လုပ်တယ်လို့ အန်းရှင်း ထင်သွားမှာစိုးလို့ ကိုယ့်ကိုယ်ကိုယ်ပဲ အတင်းတွန်းအားပေးပြီး လုပ်ခဲ့တယ်။

ခဏကြာတော့ အန်းရှင်းက သူ့တာဝန်တွေမှာ ဝန်တာထားစိတ် ပိုပိုနည်းလာတာကို ကျွန်မ တွေ့ရတယ်။ ပြီးတော့ ရှင်းထုတ်ပစ်ဖို့လိုတဲ့ လူတချို့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုဆောင်းဖို့ သူ မလောတာကိုလည်း တွေ့ရတယ်။ အဲဒီအချိန်က ဧဝံဂေလိအလုပ်အတွက် အလုပ်များတဲ့အချိန် ဖြစ်နေတော့ ဖယ်ရှားတဲ့အလုပ်ကို ကျွန်မ နောက်ဆက်တွဲ လိုက်လုပ်ရင် ဧဝံဂေလိအလုပ်ကို ကောင်းကောင်း စီမံခန့်ခွဲနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အချက်အလက်တွေကို အမြန်ဆုံး စုဆောင်းဖို့ အန်းရှင်းကို ကျွန်မ သတိပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာလည်း သူက လောပုံမရသေးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူနဲ့ မိတ်သဟာယဖွဲ့ဖို့ ကျွန်မ စဉ်းစားခဲ့ပေမဲ့ ကျွန်မ အများကြီး ပြောလိုက်ရင် သူ ကျွန်မကို စိတ်နာသွားမှာ စိုးရိမ်လို့ စကားတွေကို မျိုသိပ်လိုက်ရတယ်။ ဒါ့အပြင် အသင်းတော်က အထွေထွေအလုပ်တစ်စိတ်တစ်ပိုင်းကို အန်းရှင်း တာဝန်ယူလုပ်စေချင်ခဲ့တယ်။ ဒါမှ ဧဝံဂေလိအလုပ်ကို နောက်ဆက်တွဲ လိုက်လုပ်ဖို့ ကျွန်မ အချိန်ပိုရမှာလေ။ ဒါပေမဲ့ နောက်တော့ ကျွန်မ တွေးမိတယ်။ “အန်းရှင်းက ငါ့ထက် အသက်ကြီးပြီး ကျန်းမာရေးလည်း သိပ်မကောင်းဘူး။ သူ့ကို အလုပ်ပိုလုပ်ခိုင်းရင် သူ့အခက်အခဲတွေကို ငါ နားမလည်ပေးတဲ့ပုံ၊ မေတ္တာမရှိတဲ့ပုံ ပေါက်သွားမှာ။ ငါပဲ နည်းနည်း ပိုလုပ်လိုက်တာ ကောင်းပါတယ်။ ပင်ပန်းတာကို ငါ သည်းခံနိုင်တာပဲ” လို့ပေါ့။ ကျွန်မ စိတ်ထဲမှာတော့ တော်တော် မလိုလားဘဲ ဖြစ်နေတယ်။ ဒါပေမဲ့ ဒီခံစားချက်တွေကို ထုတ်ပြောလိုက်ရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို သဘောထားသေးသိမ်တယ်လို့ ထင်သွားမှာကို စိုးရိမ်မိတယ်။ ပြီးတော့ “အဲဒီအခါကျရင် သူတို့ ငါ့ကို ဘာပြောကြမလဲ။ ဒီအတိုင်းပဲ ထားလိုက်တော့မယ်။ ငါ နောက်ဆက်တွဲ လိုက်လုပ်နိုင်တဲ့ အလုပ်ကိုပဲ အကောင်းဆုံး လုပ်လိုက်ပါတော့မယ်” လို့ တွေးလိုက်တယ်။ နောက်ပိုင်းရက်တွေမှာ ကျွန်မ ခဏခဏ ညဉ့်နက်တဲ့အထိ နေခဲ့ရတယ်။ အချိန်ကြာလာတော့ ကျွန်မ မျိုသိပ်ထားတဲ့ မကျေနပ်ချက်တွေက ပေါက်ကွဲလုနီးပါး ဖြစ်လာတယ်။ ဒါပေမဲ့ နောက်တော့ အလုပ်တွေအားလုံးကို ကျွန်မပဲ စီမံလုပ်ကိုင်နေတာဆိုတော့ ကျွန်မမှာ လူ့သဘာဝကောင်းရှိတယ်လို့ အန်းရှင်း သေချာပေါက် ထင်မှာပဲဆိုပြီး တွေးမိလို့ ကျွန်မ ဆက်ပြီး မျိုသိပ်လိုက်တယ်။ တခြား ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း ကျွန်မ ဒီလိုပါပဲ။ တချို့ ညီအစ်ကိုမောင်နှမတွေက ကွန်ပျူတာ လုံခြုံရေး ဆက်တင်တွေ၊ ဆော့ဝဲလ် အပ်ဒိတ်လုပ်တာတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို နားမလည်ကြဘူး၊ ဒါပေမဲ့ သူတို့က သင်ခန်းစာဗီဒီယိုတွေကို ကြည့်ရုံနဲ့ သင်ယူနိုင်ရဲ့သားနဲ့ ကျွန်မ လာလုပ်ပေးတာကိုပဲ စောင့်နေတတ်ကြတယ်။ ကျွန်မ ကိုယ့်ဘာသာကိုယ် ညည်းမိတာပေါ့။ “ငါ့မှာ ခေါင်းဆောင်ပိုင်းအလုပ်တွေ လုပ်စရာ အများကြီးရှိတာကို၊ နင်တို့ ငါ့အကူအညီကို စောင့်နေမယ့်အစား ဒီကိစ္စတွေကို ကိုယ့်ဘာသာ ဘာလို့ မလုပ်ကြတာလဲ” လို့ပေါ့။ ဒါပေမဲ့ ကျွန်မ သူတို့ရဲ့ ပြဿနာတွေကို မထောက်ပြရဲဘဲ ကျွန်မက သဘောထားသေးသိမ်လွန်းတဲ့ပုံ၊ ဇီဇာကြောင်လွန်းတဲ့ပုံ ပေါက်သွားမှာ၊ ပြီးတော့ သူတို့ ကျွန်မအပေါ် မကောင်းမြင်သွားမှာကို ကြောက်လို့ တတ်နိုင်ရင် သူတို့ကို နည်းနည်း ပိုကူညီပေးဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ ဒီနည်းနဲ့ ကျွန်မက တခြားသူတွေကို အမြဲ အလျှော့ပေးလိုက်လျောခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကျပ်ပြီး သူများတွေကို သည်းခံရင်း ညီအစ်ကိုမောင်နှမတွေက ကျွန်မအပေါ် အရမ်းမှီခိုလာကြတော့ ကျွန်မမှာ လူ့သဘာဝကောင်းရှိတယ်၊ သဘောထားမသေးသိမ်ဘူး၊ ဘယ်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်မိတယ်။ အထူးသဖြင့် ကျွန်မကြည့်ရတာ အရမ်းပင်ပန်းပြီး အလုပ်များနေပုံရတယ်လို့ ညီအစ်ကိုမောင်နှမတွေ ပြောတာကြားရတဲ့အခါ ကျွန်မခံစားရတဲ့ ဒုက္ခက တန်ပါတယ်လေလို့ တွေးပြီး စိတ်ထဲမှာ အတော် နှစ်သိမ့်မှုရခဲ့တယ်။ နောက်ပိုင်း သုံးလေးလအချိန်အတွင်းမှာ အသင်းတော်ထဲက တာဝန်အမျိုးမျိုးကို ကျွန်မ တာဝန်ယူလုပ်လိုက်တော့ ဝတ်ပြုဖို့အတွက် အချိန်မရှိတော့တဲ့အပြင် ဧဝံဂေလိအလုပ်ကိုလည်း နောက်ဆက်တွဲ လိုက်မလုပ်နိုင်တော့ဘူး။ ရလဒ်အနေနဲ့ ဘယ်သူမှ ဧဝံဂေလိတရားဟောတဲ့ စည်းမျဉ်းတွေထဲကို မဝင်ရောက်ကြဘူး၊ အလုပ်မှာရှိတဲ့ လမ်းလွဲတာတွေကိုလည်း ဖော်ထုတ်လို့ မရဘူး၊ ပြီးတော့ ဧဝံဂေလိအလုပ်က ဘာရလဒ်မှ မထွက်တော့ဘူး။ အန်းရှင်းရဲ့ ဖယ်ရှားတဲ့အလုပ် တိုးတက်မှုကလည်း နှေးကွေးနေတဲ့အပြင် ရေလောင်းသူတွေရဲ့ ပြဿနာတွေကိုလည်း နောက်ဆက်တွဲ လိုက်စစ်တာမျိုး၊ ဖြေရှင်းတာမျိုး မရှိခဲ့ဘူး။ ဒါကိုမြင်တော့ ကျွန်မ စိတ်ထဲမှာ အရမ်းစိုးရိမ်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်လာတယ်။ အဲဒီအချိန်မှာ ကျွန်မ ဘုရားသခင်ရှေ့မှောက်လာပြီး ဆုတောင်းတယ်။ “ဘုရားသခင်၊ သမီး ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်တွေမှာ အဖိုးအခ အများကြီးပေးဆပ်ခဲ့ပေမဲ့ အလုပ်က ဘာရလဒ်မှ မထွက်ပါဘူး။ သမီးရဲ့ ပြဿနာတွေကို သမီးသိမြင်နိုင်ဖို့အတွက် ဉာဏ်ပွင့်စေပြီး လမ်းပြတော်မူပါ” လို့ပေါ့။

တစ်နေ့မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်မိတယ်။ “ကိုယ်ကျင့်တရား အပြုအမူနှင့် စပ်လျဉ်းသည့် နောက်ဆိုရိုးစကားတစ်ခုဖြစ်သော ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဟူသည်ကို ငါတို့ ယခု မိတ်သဟာယပြုကြစို့။ ဤဆိုရိုးစကားသည် မည်သည့်အရာကို ဆိုလိုသနည်း။ သင့်ကိုယ်သင် တင်းကျပ်သော တောင်းဆိုမှုများပြုလုပ်ပြီး အခြားလူတို့ကို သက်ညှာသင့်သည်၊ ဤသို့ဖြင့် သင်သည် မည်မျှရက်ရောပြီး သဘောထားကြီးသည်ကို ၎င်းတို့က မြင်နိုင်သည်ဟု ဆိုလိုသည်။ ဤသို့ဆိုလျှင် လူတို့သည် ဤအရာကို အဘယ်ကြောင့် လုပ်ဆောင်သင့်သနည်း။ မည်သည့်အရာကို ရရှိရန် ရည်ရွယ်သနည်း။ ဤသည်မှာ လုပ်ဆောင်၍ ရနိုင်သောအရာဖြစ်သလော။ ဤသည်မှာ အမှန်တကယ်ပင် လူတို့၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်တစ်ခုဖြစ်သလော။ ဤအရာကို လက်ခံလုပ်ဆောင်ရန် သင့်ကိုယ်သင် အလွန်အမင်း အထိခိုက်ခံရပေမည်။ သင်သည် ဆန္ဒများ၊ တောင်းဆိုမှုများ လွတ်ကင်းရမည်။ ဝမ်းမြောက်မှုကို လျှော့၍ ခံစားရန် လိုအပ်သည်။ အနည်းငယ်ပို၍ ဒုက္ခခံရမည်။ အခြားလူများ မပင်ပန်းစေရန်အတွက် အဖိုးအခပို၍ ပေးဆပ်ပြီး ပို၍ အလုပ်လုပ်ရမည်။ အခြားလူများက ညည်းလျှင်၊ စောဒကတက်လျှင်၊ သို့မဟုတ် ညံ့ဖျင်းစွာ ထမ်းဆောင်လျှင် သင်က ၎င်းတို့ကို အလွန်အမင်း မတောင်းဆိုရပေ။ အနည်းနှင့်အများ လုပ်ဆောင်ခြင်းက လုံလောက်ပြီဖြစ်သည်။ ဤသည်မှာ မြင့်မြတ်သော ကိုယ်ကျင့်တရားများ၏ လက္ခဏာဖြစ်သည်ဟု လူတို့က ယုံကြည်ကြသည်။ သို့သော် ယင်းသည် အဘယ်ကြောင့် ငါ့အတွက် အတုအယောင် ပုံစံရှိသနည်း။ ယင်းသည် အတုအယောင် ပုံစံမရှိသလော။ (အတုအယောင် ပုံစံရှိပါသည်။) သာမန်အခြေအနေများတွင် သာမန်လူတစ်ယောက်၏ လူ့သဘာဝနှင့်ပတ်သက်သော သဘာဝဖော်ပြချက်သည် မိမိကိုယ်ကို သည်းခံပြီး သူတစ်ပါးတို့အပေါ် တင်းကျပ်ရန်ဖြစ်သည်။ ဤသည်မှာ အမှန်တရားဖြစ်သည်။...လူတို့သည် ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် အယူအဆအတိုင်း နေထိုင်ရန် တောင်းဆိုခြင်းခံရလျှင် မည်သို့သော သောကဝေဒနာကို ၎င်းတို့ ခံစားရမည်နည်း။ ယင်းကို ၎င်းတို့ အမှန်တကယ် ခံနိုင်သလော။ လူမည်မျှက ဤသို့ လုပ်ဆောင်နိုင်မည်နည်း။ (မည်သူမျှ မလုပ်ဆောင်နိုင်ပါ။) အဘယ်ကြောင့်နည်း။ (လူတို့သည် သဘာဝအရ တစ်ကိုယ်ကောင်းဆန်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည့် စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ကြသည်။) အမှန်ပင် လူသည် မွေးကတည်းက တစ်ကိုယ်ကောင်းဆန်သည်။ လူသည် တစ်ကိုယ်ကောင်းဆန်သည့် သတ္တဝါဖြစ်သည်။ ‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော’ ဆိုသည့် စာတန်ဆန်သော အတွေးအခေါ်အပေါ် အလွန်အမင်း စွဲမြဲစွာစောင့်ထိန်းကြသည်။ ၎င်းတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ တစ်ကိုယ်ကောင်းဆန်ပြီး မိမိကိုယ်ကို စောင့်ရှောက်ခြင်း မပြုလုပ်လျှင် ၎င်းတို့ ကြီးစွာသော ဒုက္ခရောက်ပြီး သဘာဝမကျဖြစ်မည်ဟု လူတို့က ထင်ကြသည်။ ဤသည်မှာ လူတို့ ယုံကြည်သည့်အရာနှင့် လုပ်ဆောင်သည့်ပုံစံဖြစ်သည်။ လူတို့သည် တစ်ကိုယ်ကောင်းမဆန်ရန်၊ မိမိတို့ကိုယ်ကို တင်းကျပ်သော တောင်းဆိုမှုများ လုပ်ဆောင်ရန်၊ အခြားလူများအပေါ် အခွင့်အရေးယူမည့်အစား လိုလိုလားလားဖြင့် လက်လွှတ်အဆုံးရှုံးခံရန် တောင်းဆိုခြင်းခံရလျှင်၊ ထို့အပြင် ၎င်းတို့အပေါ် တစ်ယောက်ယောက်က အခွင့်အရေးယူသောအခါ ‘မင်းက အခွင့်အရေးယူနေတယ်။ ဒါပေမဲ့ ငါက ရေးကြီးခွင့်ကျယ်မလုပ်ပါဘူး။ ငါက သည်းခံတဲ့သူပဲ။ ငါ မင်းကို မကောင်းမပြောဘူး။ ဒါမှမဟုတ် လက်စားချေမှာ မဟုတ်ဘူး။ မင်းက အခွင့်အရေးကို လုံလုံလောက်လောက် မယူရသေးဘူးဆိုရင် လွတ်လွတ်လပ်လပ် ဆက်ယူပါ’ ဟု ပျော်ရွှင်စွာပြောရန် တောင်းဆိုခြင်းခံရလျှင် ဤသည်မှာ လက်တွေ့ကျသော တောင်းဆိုချက်တစ်ခုလော။ လူမည်မျှက ဤအရာကို လုပ်ဆောင်နိုင်သနည်း။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က ပုံမှန်အားဖြင့် ပြုမူသော ပုံစံဟုတ်သလော။ ဤသို့ဖြစ်ခြင်းသည် ပုံမှန်မဟုတ်သည်မှာ သိသာသည်။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသော လူတို့သည်၊ အထူးသဖြင့် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့သောလူများသည် မိမိတို့ ကိုယ်ပိုင်အကျိုးစီးပွားများအတွက် ရုန်းကန်ကြသည်။ အခြားလူများအတွက် ထည့်တွက်စဉ်းစားပေးခြင်းက ၎င်းတို့ကို လုံးဝ စိတ်ကျေနပ်စေမည် မဟုတ်။ ထို့ကြောင့် ဤဖြစ်ရပ်သည် ဖြစ်ပျက်သောအခါတွင် ပုံမှန်မဟုတ်ပေ။ ကိုယ်ကျင့်တရား အပြုအမူနှင့် ပတ်သက်သော ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဟူသည့် ဤအဆိုသည် အချက်အလက်များနှင့် ဖြစ်စေ၊ လူ့သဘာဝနှင့်ဖြစ်စေ ကိုက်ညီမှု မရှိသည့် တောင်းဆိုချက်တစ်ခုသာ ဖြစ်သည်မှာ ရှင်းလှ၏။ လူ့သဘာဝကို နားမလည်ကြသော လူမှုရေး ကိုယ်ကျင့်တရားကို အားပေးမြှင့်တင်သူများက အဆိုပါ တောင်းဆိုချက်ကို လူအပေါ် ချမှတ်ထားခြင်း ဖြစ်သည်။ ဤအဆိုသည် ကြွက်တစ်ကောင်ကို တွင်းများတူးခွင့် မရှိဟု သွားပြောခြင်း သို့မဟုတ် ကြောင်တစ်ကောင်ကို ကြွက်များဖမ်းခွင့် မရှိဟု သွားပြောခြင်းနှင့် အလားတူသည်။ ထိုကဲ့သို့သော တောင်းဆိုချက်ကို ပြုလုပ်ခြင်းက မှန်ကန်သလော။ (မမှန်ကန်ပါ။ လူ့သဘာဝ၏ နိယာမများကို ဆန့်ကျင်ဖီဆန်နေပါသည်။) ဤတောင်းဆိုချက်က လက်တွေ့အရှိတရားနှင့် သိသာထင်ရှားစွာပင် ကိုက်ညီခြင်း မရှိသကဲ့သို့ အလွန်အမင်းလည်း ပေါ့တန်လှ၏။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)) လူ့သဘာဝဟာ ပင်ကိုအားဖြင့် တစ်ကိုယ်ကောင်းဆန်ကြောင်း၊ လူတွေက ကိုယ့်အကျိုးစီးပွားအတွက်ပဲ အမြဲ စီစဉ်ပြီး တွေးတောတတ်ကြောင်း၊ ပြီးတော့ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါမှာလည်း အမြတ်ထုတ်ဖို့နဲ့ အရှုံးမရှိဖို့ပဲ ကြိုးစားတတ်ကြောင်း ဘုရားသခင်က မိန့်ဆိုထားတယ်။ ဖောက်ပြန်ပျက်စီးတဲ့ လူသားတွေဟာ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုတဲ့ အဆင့်ကို အခြေခံအားဖြင့် မရောက်နိုင်ဘူးဆိုတာ ပြဖို့ ဒါက လုံလောက်ပါတယ်။ တာဝန်တွေမှာ အန်းရှင်းနဲ့ ကျွန်မရဲ့ ပူးပေါင်းဆောင်ရွက်တာကို ဆင်ခြင်သုံးသပ်ကြည့်လိုက်တော့ ရှင်းထုတ်ပစ်ဖို့လိုတဲ့ လူတွေရဲ့ အချက်အလက်တွေကို စုဆောင်းဖို့၊ စီစဉ်ဖို့ သူ မလောတာကို ကျွန်မ သတိထားမိတဲ့အခါ သူ့ကို တကယ် ထောက်ပြချင်ခဲ့ပေမဲ့ ကျွန်မက တောင်းဆိုတာ များလွန်းတယ်၊ စာနာမှုမရှိဘူးလို့ သူပြောမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ကျွန်မက တကယ် သဘောထားကြီးပြီး သဘောထားမသေးသိမ်တဲ့သူဖြစ်ကြောင်း လူတိုင်းကို ပြဖို့အတွက် သူ့ရဲ့ အပြုအမူကို ကျွန်မ ဆက်ပြီး အလိုလိုက်ခဲ့တယ်၊ နေ့တိုင်း အလုပ်ရှုပ်ခံပြီး တတ်နိုင်သမျှ ပိုလုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတင်းကျပ်ခဲ့တယ်။ ဒါကြောင့် ကျွန်မမှာ ဝတ်ပြုဖို့အတွက် အချိန်မကျန်တော့သလို ကျွန်မ အဓိကတာဝန်ယူထားတဲ့ ဧဝံဂေလိအလုပ်ကလည်း ဘာရလဒ်မှ မထွက်တော့ဘူး။ အပေါ်ယံမှာတော့ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုတဲ့ အယူအဆကို ကျွန်မ လိုက်နာနေပုံရပေမဲ့ ကျွန်မရဲ့ ဇာတိပကတိ အကျိုးစီးပွား ထိခိုက်လာတဲ့အခါ ကျွန်မ မကျေမနပ်ဖြစ်တာရော မလိုလားသလိုရော ခံစားရတယ်၊ ပြီးတော့ ညည်းညူသံတွေနဲ့တောင် ပြည့်နှက်နေခဲ့တယ်။ ကျွန်မက သဘောထားကြီးသယောင်လည်း ဟန်ဆောင်ခဲ့တယ်။ အဲဒီတော့မှ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုတဲ့ စကားဟာ တကယ့်ကို ဟန်ဆောင်မှုဖြစ်ပြီး သမ္မာတရား လုံးဝ မဟုတ်မှန်း ကျွန်မ အမှန်တကယ် သဘောပေါက်လိုက်တယ်။ ဒီလို ကိုယ်ကျင့်တရား အပြုအမူ စကားအတိုင်း အသက်ရှင်တာက ကျွန်မကို ကိုယ်ရော စိတ်ပါ ခြေကုန်လက်ပန်းကျစေခဲ့တယ်။

ဒီနောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက်ကို ကျွန်မ ရောက်လာတယ်။ ဘုရားသခင်ရဲ့ နောက်ထပ် နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်လိုက်တယ်။ “‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံ’ ဟူသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းဖို့ ကိုယ့်ကိုယ်ကိုယ် တောင်းဆိုကြသော လူအများစုသည် အဆင့်အတန်းကို စွဲလမ်းနေကြသည်ဟု အခိုင်အမာ ပြော၍ ရသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက တွန်းအားပေးသောကြောင့် ၎င်းတို့သည် လူတို့အကြား ဂုဏ်သိက္ခာရှိမှု၊ လူမှုရေးပိုင်း၌ ထင်ပေါ်ကျော်စောမှု၊ သူတစ်ပါးတို့၏ အမြင်တွင် ဂုဏ်အဆင့်အတန်း ရှိမှုတို့ကို မလိုက်စားဘဲ မနေနိုင်ပေ။ ဤအရာများ အားလုံးသည် ဂုဏ်အဆင့်အတန်းကို လိုချင်သည့် ၎င်းတို့၏ ဆန္ဒနှင့် ဆက်နွှယ်နေပြီး မိမိတို့၏ ကိုယ်ကျင့်တရား အပြုအမူကောင်းကို အကာအကွယ်ယူ၍ ၎င်းတို့လိုက်စားသည့် အရာများလည်း ဖြစ်သည်။ ၎င်းတို့၏ ဤလိုက်စားမှုများက မည်သို့ဖြစ်ပေါ်လာသနည်း။ ထိုအရာများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ အလုံးစုံ ဖြစ်ပေါ်လာပြီး ထိုစိတ်သဘောထားများ၏ တွန်းအားပေးမှုကို ခံထားရသည်။ ထို့ကြောင့် မည်သို့ဖြစ်ဖြစ် တစ်စုံတစ်ယောက်က ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဆိုသည့် ကိုယ်ကျင့်တရားကို ဖြည့်ဆည်းခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ အပြစ်ဆိုဖွယ် မရှိသည်အထိ ထိုသို့ သူဖြည့်ဆည်းသည်ဖြစ်စေ၊ မဖြည့်ဆည်းသည်ဖြစ်စေ သူ့လူ့သဘာဝ အနှစ်သာရကို လုံးဝ မပြောင်းလဲပေးနိုင်ပေ။ သဘောသက်ရောက်သည်မှာ ယင်းသည် ထိုသူ၏ ဘဝအပေါ် သဘောထားပုံ သို့မဟုတ် ထိုသူ၏ စံတန်ဖိုးစနစ်ကို မည်သည့်နည်းနှင့်မျှ မပြောင်းလဲပေးနိုင်ကြောင်း၊ သို့မဟုတ် လူ၊ ဖြစ်ရပ်၊ အမှုအရာမျိုးစုံအပေါ် ထိုသူ၏ သဘောထားများနှင့် အမြင်ရှုထောင့်များကို လမ်းမပြပေးနိုင်ကြောင်း အဓိပ္ပာယ်ရသည်။ ယင်းမှာ မမှန်ကန်သလော။ (မှန်ကန်ပါသည်။) တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံနိုင်စွမ်းရှိလေလေ၊ ဟန်လုပ်ရာတွင်၊ အယောင်ဆောင်ရာတွင်၊ ကောင်းသော အပြုအမူနှင့် ကျေနပ်ဖွယ်ဖြစ်သော စကားများဖြင့် သူတစ်ပါးတို့အား အထင်အမြင်မှားစေရာတွင် ကျွမ်းကျင်လေလေဖြစ်ပြီး ပင်ကိုအားဖြင့် လှည့်စားတတ်ကာ ကောက်ကျစ်ဆိုးယုတ်လေလေ ဖြစ်သည်။ သူသည် ဤလူအမျိုးအစား ဖြစ်လေလေ၊ ဂုဏ်အဆင့်အတန်းနှင့် အာဏာကို သူ၏ ချစ်ခြင်းနှင့် လိုက်စားခြင်းက နက်ရှိုင်းလာလေလေ ဖြစ်သည်။ သူ၏ အပြင်ပန်း ကိုယ်ကျင့်တရား အပြုအမူက မည်မျှပင် ကြီးမား၊ မွန်မြတ်ကာ မှန်ကန်သည့်ပုံ ပေါက်နေပါစေ၊ လူတို့အတွက် ရှုမြင်ရသည်မှာ မည်မျှပင် ကျေနပ်ဖွယ်ဖြစ်နေပါစေ သူ့စိတ်နှလုံးအတွင်းထဲ၌ ခိုအောင်းနေသည့် မြုံထားသော လိုက်စားမှု၊ သူ၏ သဘာဝ အနှစ်သာရတို့သာမက သူ၏ ရည်မှန်းချက်များသည်ပင် သူ့ထံမှ အချိန်မရွေး ပေါက်ကွဲထွက်လာနိုင်၏။ ထို့ကြောင့် သူ့ကိုယ်ကျင့်တရား အပြုအမူသည် မည်မျှပင် ကောင်းမွန်နေပါစေ သူ၏ ပင်ကိုဖြစ်သောလူ့သဘာဝ အနှစ်သာရကို သော်လည်းကောင်း၊ သူ၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒများကို သော်လည်းကောင်း ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ အပြုသဘောဆောင်သည့် အရာများကို မချစ်သော၊ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့၍ မုန်းတီးသော အကျည်းတန်သည့် သူ့သဘာဝ အနှစ်သာရကို ဖုံးကွယ်ပေးနိုင်ခြင်း မရှိ။ ဤအဖြစ်မှန်များက ပြသည့်အတိုင်း ‘သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ’ ဟူသည့် ဆိုရိုးသည် ရိုးရိုးတန်းတန်း အဓိပ္ပာယ်မရှိရုံမျှသာ မဟုတ်ပေ။ ထိုသို့သော ဆိုရိုးများနှင့် အပြုအမူများကို အသုံးချပြီး မိမိတို့၏ ထုတ်ပြော၍ မရလောက်အောင် ဆိုးရွားသော ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို ဖုံးကွယ်ဖို့ ကြိုးစားကြသည့် ရည်မှန်းချက်ကြီးသော လူစားများကို အဆိုပါ ဆိုရိုးက ဖော်ထုတ်ပြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၆)) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ တကယ့်အဖြစ်မှန်ကို ဖော်ထုတ်လိုက်ပါတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ ပုံရိပ်ကောင်းတစ်ခု တည်ဆောက်ချင်တဲ့စိတ်နဲ့ ရည်မှန်းချက်နဲ့ လိုအင်ဆန္ဒတွေထားပြီး ခေါင်းဆောင်တာဝန်ကို ကျွန်မ ဘယ်လိုတာဝန်ယူ လုပ်ဆောင်ခဲ့တယ်ဆိုတာကို ဆင်ခြင်သုံးသပ်မိတယ်။ အန်းရှင်းက သူ့တာဝန်မှာ ဝန်တာထားစိတ် လျော့နည်းနေတာကို မြင်တဲ့အခါ သူ့ကို ဖော်ထုတ်တာ၊ ကူညီတာမျိုး မလုပ်ဘဲ ကျွန်မက သူ့ကို အလိုလိုက်ခဲ့တယ်၊ ပြီးတော့ သူ နောက်ဆက်တွဲ လိုက်မလုပ်ခဲ့တဲ့ အလုပ်တွေကို ကျွန်မကပဲ တာဝန်ယူလုပ်ပေးရင်း သဘောထားကြီးသယောင် ဟန်ဆောင်ဖို့အတွက် အပေါ်ယံ အပြုအမူကောင်းကို အသုံးချခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ကွန်ပျူတာ ပညာရပ်တွေကို သင်ယူဖို့ တက်ကြွမှုမရှိဘဲ ကျွန်မ လာလုပ်ပေးတာကိုပဲ ငုတ်တုတ်ထိုင် စောင့်နေကြတာကို မြင်တဲ့အခါ သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြချင်ပေမဲ့ ကျွန်မက သူတို့ကို စာနာမှုမရှိဘူးလို့ ပြောကြမှာကို ကြောက်ပြီး ဆက်တိုက် အလျှော့ပေးခဲ့တယ်။ ကျွန်မ အင်အားကုန်ခမ်းပြီး စိတ်ပိုင်းဆိုင်ရာအရ မခံနိုင်တော့တဲ့အခါ ကျွန်မ ခါးသီးပြီး ပင်ပန်းနွမ်းနယ်လာတယ်၊ ပြီးတော့ မကျေမနပ်ဖြစ်ပြီး မလိုလားသလို ခံစားခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မက သဘောထားမသေးသိမ်ကြောင်း၊ စာနာတတ်ပြီး သည်းခံတတ်ကြောင်း၊ တခြားသူတွေကို အမြဲ တွေးပေးကြောင်း လူတိုင်းမြင်စေဖို့အတွက် အရာအားလုံးကို ကျွန်မ သည်းခံခဲ့ပြီး သူတို့ရဲ့ ပြဿနာတွေကို မထောက်ပြခဲ့ဘူး။ ရလဒ်အနေနဲ့ ကျွန်မရဲ့ အဓိကတာဝန်တွေကို ကောင်းကောင်း မထမ်းဆောင်ခဲ့ဘူး။ လူတွေရဲ့ စိတ်နှလုံးထဲက ကျွန်မရဲ့ ပုံရိပ်နဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ဒီအရာအားလုံးကို ကျွန်မ လုပ်ခဲ့တာပါ။ ကျွန်မ ကြောင်သူတော်စစ်စစ်ပဲ။

နောက်ပိုင်းမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် နားလည်မှုအသစ်တချို့ ရရှိခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူအချို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အ‌တော်ပင် စိတ်အားထက်သန်ကြသည်ဟု ထင်ရသည်။ ၎င်းတို့သည် အသင်းတော်၏ အရေးကိစ္စများကို ဂရုစိုက်ပြီး စိတ်ဝင်စားရသည်ကို နှစ်သက်ကာ အမြဲရှေ့ရောက်ကြသည်။ သို့ဖြစ်လင့်ကစား ခေါင်းဆောင်များ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် မမျှော်လင့်ဘဲ လူတိုင်းကို စိတ်ပျက်စေကြသည်။ ၎င်းတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ လက်တွေ့ပြဿနာများကို ဖြေရှင်းရာ၌ အာရုံစိုက်ရမည့်အစား ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအဖို့အလို့ငှာ အစွမ်းကုန် ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြားသူများကို မိမိတို့အား လေးစားအောင်လုပ်ဖို့အတွက် ကြွားဝါခြင်းကို နှစ်သက်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကို မည်ကဲ့သို့ အသုံးခံပြီး ဒုက္ခခံရသည်နှင့် ပတ်သက်၍ အမြဲတမ်း ပြောဆိုနေကြစေကာမူ သမ္မာတရားလိုက်စားခြင်းနှင့် ၎င်းတို့၏ အသက်ဝင်ရောက်မှု၌ အားထုတ်ကြိုးပမ်းမှု မပြုကြပေ။ ဤသည်မှာ ၎င်းတို့အပေါ် လူတိုင်း မျှော်လင့်သည့်အရာ မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်နှင့် မိမိတို့ဘာသာ မအားမလပ်ဖြစ်နေကြသော်လည်း၊ အခွင့်သင့်တိုင်း ကြွားဝါကြသော်လည်း၊ စကားများနှင့် အယူဝါဒများ အချို့ကို ဟောပြောကြသော်လည်း၊ လူအချို့၏ လေးစားမှုနှင့် ကိုးကွယ်မှုကို ရရှိကြသော်လည်း၊ လူတို့၏ စိတ်နှလုံးများကို အထင်အမြင်မှားစေပြီး၊ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစေကြသော်လည်း အဆုံးတွင် ဤအရာက မည်သည့်အရာ ဖြစ်လာသနည်း။ ဤလူတို့သည် အခြားသူများကို လာဘ်ထိုးဖို့ အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆုကျေးဇူးများနှင့် အစွမ်းအစများကို ကြွားလုံးထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိုသို့ဖြင့် သူတို့၏ အကောင်းမြင်မှုကို ရရှိရန်အတွက် နည်းလမ်းအမျိုးမျိုးအား အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်နှင့် ယင်း၌ နေရာတစ်ခု သိမ်းပိုက်ရရှိရန်အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာကို ဆုံးရှုံးပြီးဖြစ်သနည်း။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားကို ရယူဖို့အခွင့်အ‌ရေး ဆုံးရှုံးသွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ သရုပ်သကန်အမျိုးမျိုးကြောင့် ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ကို ဖြစ်စေမည့် ဒုစရိုက်အမှုများကိုလည်း စုဆောင်းထားပြီး ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို လာဘ်ထိုးရန်နှင့် အမိဖမ်းရန်အတွက် အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေဖို့ အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုသည်ဖြစ်စေ၊ ထို့ပြင် ဤအရာ ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် အပြင်ပန်းတွင် အကျိုးအမြတ်မည်မျှနှင့် ကျေနပ်အားရမှုမည်မျှကို ရရှိသည်ဟု ထင်ရသည်ဖြစ်စေ၊ ယခု ကြည့်သည့်အခါ၊ ဤလမ်းကြောင်းမှာ မှန်ကန်သောလမ်းကြောင်း ဟုတ်သလော။ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်း ဟုတ်သလော။ မိမိ၏ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည့် လမ်းကြောင်း ဟုတ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤနည်းလမ်းများနှင့် လှည့်ကွက်များက အဘယ်သို့ ချက်ချာပါးနပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို မလှည့်ဖြားနိုင်သည့်အပြင် ၎င်းတို့အားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်းကို ခံကြရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော အပြုအမူများ၏နောက်ကွယ်၌ ကွယ်ဝှက်ထားသည်မှာ လူ၏ ပြင်းထန်သော ရည်မှန်းချက်၊ ဘုရားသခင်အပေါ် ရန်ငြိုးဖွဲ့သော စိတ်သဘောနှင့် အနှစ်သာရပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူသည် ဤလူတို့ကို မိမိတို့၏ တာဝန်များအား လုပ်ဆောင်နေသူများအဖြစ် မည်သည့်အခါမျှ လုံးဝ အသိအမှတ်ပြုမည် မဟုတ်။ ထိုအစား ၎င်းတို့ကို မကောင်းမှုပြုသူများအဖြစ် သတ်မှတ်မည်ဖြစ်သည်။ မကောင်းမှုပြုသူများကို ကိုင်တွယ်ဖြေရှင်းရာ၌ မည်သည့်စီရင်ချက်ကို ဘုရားသခင် ချမှတ်သနည်း။ ‘အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ’ ဟူ၍ ဖြစ်သည်။ ဘုရားသခင်က ‘ငါ့ထံမှ ဖယ်ကြ’ဟု ပြောသောအခါ သူသည် ထိုသို့သောလူတို့ကို မည်သည့်နေရာသို့ သွားစေချင်သနည်း။ သူသည် ထိုသူတို့ကို စာတန်ဆီသို့၊ စာတန်များအုပ်စု နေထိုင်သည့် နေရာများသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။ ထိုသူတို့အတွက် နောက်ဆုံးအကျိုးဆက်က မည်သည့်အရာ ဖြစ်သနည်း။ ထိုသူတို့သည် ဆိုးညစ်သောဝိညာဥ်များ၏ သေသည့်တိုင်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ ဆိုလိုသည်မှာ စာတန်၏ ဝါးမျိုခြင်းကို ခံရသည်။ ဘုရားသခင်သည် ဤလူတို့ကို အလိုမရှိ၊ ယင်းမှာ သူသည် ထိုသူတို့ကို ကယ်တင်မည်မဟုတ်၊ ထိုသူတို့သည် ဘုရားသခင်၏ နောက်လိုက်များမဆိုနှင့်၊ သူ၏သိုးများလည်း မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် သူကယ်တင်မည့် သူများထဲ၌ မပါပေ။ ဤသည်မှာ ဤလူတို့ကို ဘုရားသခင် သတ်မှတ်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် အခြားသူများ၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားခြင်း၏ သဘာဝမှာ မည်သည့်အရာပင် ဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်၏။ အန္တိခရစ်တစ်ဦး၏ အပြုအမူနှင့် အနှစ်သာရပင် ဖြစ်၏။ ပို၍ပင်ဆိုးရွားသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများအတွက် ဘုရားသခင်နှင့် တုပြိုင်ခြင်း အနှစ်သာရ ဖြစ်၏။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြ၏။ ဤသည်မှာ အန္တိခရစ်များကို သတ်မှတ်ကာ အမျိုးအစားခွဲသည့်ပုံစံ ဖြစ်ပြီး လုံးဝ တိကျမှန်ကန်ပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည်) လူတွေက သမ္မာတရားကို မလိုက်စားဘဲ ခေါင်းဆောင်တာဝန်တွေကို ယူပြီးတဲ့နောက်မှာ လူတွေရဲ့ စိတ်နှလုံးကို သိမ်းသွင်းဖို့နဲ့ အထင်အမြင်မှားစေဖို့အတွက် နည်းလမ်းမျိုးစုံ၊ လှည့်ကွက်မျိုးစုံကို သုံးကြကြောင်း ဘုရားသခင်က ဖော်ထုတ်ထားတယ်။ သူတို့က တခြားသူတွေရဲ့ အခက်အခဲတွေကို နားလည်ပေးသလို၊ စာနာသလို ပုံဖမ်းကြပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်က သူတို့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ပြီးတော့ တခြားသူတွေ သူတို့ကို အထင်ကြီးလေးစားလာအောင် လုပ်ဖို့ပဲ ဖြစ်တယ်။ ဒါဟာ အန္တိခရစ်တွေရဲ့ လမ်းကြောင်း ဖြစ်ပါတယ်။ ဘုရားသခင် ဖော်ထုတ်တဲ့အရာက ကျွန်မရဲ့ အခြေအနေအတိုင်း တိတိကျကျပါပဲ။ ငယ်ငယ်ကတည်းက “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုတဲ့ စကားရဲ့ လွှမ်းမိုးမှုကို ကျွန်မ ခံခဲ့ရတယ်။ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ နားလည်ပေးပြီး သည်းခံသင့်တယ်၊ တခြားသူတွေကို ပိုစာနာသင့်တယ်၊ ဒါမှ ကိုယ်တိုင် ဆင်းရဲဒုက္ခ၊ ပင်ပန်းနွမ်းနယ်မှုတချို့ကို ခါးစည်းခံရမှာဖြစ်ပြီး ဒီလိုလုပ်တာက မြင့်မြတ်တဲ့ အကျင့်စရိုက် လက္ခဏာတစ်ခုပဲလို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ကျွန်မဟာ စာတန်ရဲ့ ရိုးရာယဉ်ကျေးမှုအတိုင်း အသက်ရှင်နေခဲ့တာပါ။ အန်းရှင်းက သူ့တာဝန်တွေကို ဝတ်ကျေတမ်းကျေ လုပ်နေတာကို မြင်တဲ့အခါ ကျွန်မ ဒါကို မဖော်ထုတ်ခဲ့ဘဲ သူ နောက်ဆက်တွဲ လိုက်မလုပ်ခဲ့တဲ့ အလုပ်တွေကိုတောင် ယူလုပ်ပေးခဲ့တယ်။ ရလဒ်အနေနဲ့ သူ့တာဝန်တွေအတွက် ဝန်တာထားစိတ်က တဖြည်းဖြည်း ပျောက်ဆုံးသွားတယ်။ ညီအစ်ကိုမောင်နှမတွေ ပျင်းရိနေတာ၊ အခြေခံ ကွန်ပျူတာ ဆက်တင်တချို့ကို ကိုယ့်ဘာသာကိုယ် သင်ယူဖို့ အားမထုတ်ချင်တာကို တွေ့ရတဲ့အခါ သူတို့ရဲ့ ပြဿနာတွေကို မထောက်ပြခဲ့တဲ့အပြင် သူတို့အစား ဝင်လုပ်ပေးခဲ့တယ်။ ဒါကြောင့် သူတို့က မစဉ်းစားဘဲ အရာရာအတွက် ကျွန်မကိုပဲ မှီခိုလာကြတယ်။ ညီအစ်ကိုမောင်နှမတွေရဲ့ အားကျမှုကို ရဖို့အတွက် ကျွန်မ စိတ်ထဲမှာ လုံးဝ မလိုလားပေမဲ့ နားလည်ပေးသယောင် ဟန်ဆောင်ပြီး တခြားသူတွေကို အထင်အမြင်မှားစေခဲ့တယ်။ သူတို့ရဲ့ စိတ်နှလုံးကို သိမ်းသွင်းဖို့အတွက် လူတွေရဲ့ ဇာတိပကတိ အကျိုးစီးပွားကို အလိုလိုက်တဲ့ အရာတွေကို ကျွန်မ လုပ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ ပိုပြီး ဆိုးညစ်လာတဲ့အပြင် လှည့်ဖြားတတ်လာပြီး ဟန်ဆောင်လာတယ်။ လူတွေရဲ့ အားကျမှုကို ကျွန်မ ရခဲ့ပေမဲ့ အသင်းတော်အလုပ်ကို ထိခိုက်စေခဲ့တဲ့အပြင် ညီအစ်ကိုမောင်နှမတွေကိုလည်း နစ်နာစေခဲ့တယ်။ ဧဝံဂေလိအလုပ်က ရလဒ် မကောင်းခဲ့တဲ့အပြင် ဖယ်ရှားတဲ့အလုပ်လည်း နှောင့်နှေးခဲ့တယ်။ ကျွန်မက ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေတာ မဟုတ်ပါဘူး။ မကောင်းမှုပြုနေခဲ့တာပါ။ ကျွန်မ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေခဲ့တာပါ။ ဒါကို သဘောပေါက်လိုက်တဲ့အခါ ကျွန်မ ငိုကြွေးပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ သမီးက လူတွေရဲ့ စိတ်နှလုံးထဲက သမီးရဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ပဲ အမြဲ ကြိုးစားရင်း အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့ပါတယ်။ သမီးက ကိုယ်တော်ရဲ့ ကယ်တင်ခြင်းနဲ့ မထိုက်တန်ပါဘူး။ ကိုယ်တော့်ရှေ့မှောက်မှာ နောင်တရပြီး ကိုယ့်တာဝန်တွေကို လက်တွေ့ကျကျ ထမ်းဆောင်ဖို့ သမီး ဆန္ဒရှိပါတယ်” လို့ပေါ့။ နောက်ပိုင်းမှာ ကျွန်မရဲ့ လတ်တလော အခြေအနေနဲ့ပတ်သက်ပြီး အန်းရှင်းကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့သလို သူ့ဆီမှာ ကျွန်မ မြင်ခဲ့ရတဲ့ ပြဿနာတွေကိုလည်း ထောက်ပြခဲ့တယ်။ ဒါကို ကြားပြီးတဲ့နောက်မှာ သူက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူဖို့ လိုလားခဲ့တယ်။ အန်းရှင်းရဲ့ ဒီစကားကို ကြားပြီးတဲ့နောက်မှာ ကျွန်မ အပြစ်ရှိသလို ခံစားရပြီး နည်းနည်းတော့ စိတ်သက်သာရာရသွားတယ်။ စာတန်ရဲ့ ရိုးရာယဉ်ကျေးမှုအတိုင်း အသက်ရှင်ခဲ့တဲ့အတွက် ကျွန်မ အပြစ်ရှိသလို ခံစားရတယ်။ အန်းရှင်းရဲ့ ပြဿနာတွေကို ရှင်းရှင်းလင်းလင်း မြင်ပေမဲ့ ထောက်ပြဖို့ ပျက်ကွက်ခဲ့တယ်။ ဒါပေမဲ့ ဝမ်းသာမိတယ်။ ဘာလို့လဲဆိုတော့ ဘုရားနှုတ်ကပတ်တော် လမ်းပြမှုအောက်မှာ နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ပုန်ကန်နိုင်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ပေါ့။

ဒီနောက်မှာ ကျွန်မ ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းခဲ့တယ်၊ ဆင်ခြင်သုံးသပ်ခဲ့တယ်။ အထွေထွေ သင်းထောက် ညီအစ်မ လီယွင်နဲ့ ဆက်ဆံရာမှာလည်း ကျွန်မမှာ ဆင်တူပြဿနာတွေ ရှိခဲ့တာကို သဘောပေါက်မိတယ်။ သူ့ရဲ့ အစွမ်းအစအရ သူကောင်းကောင်းလုပ်နိုင်တဲ့ အလုပ်တချို့ ရှိပေမဲ့ သူက သူ့ဇာတိကို အလိုလိုက်ပြီး အားထုတ်ဖို့ မလိုလားခဲ့ဘူး။ သူ့ပြဿနာတွေကို ကျွန်မ သတိထားမိပေမဲ့ မထောက်ပြခဲ့ဘူး၊ အဲဒီအစား ကျွန်မက သူ့ဇာတိပကတိကို အလိုလိုက်ခဲ့တယ်။ ကျွန်မ သူ့ကို စာနာမှုမရှိဘူးလို့ သူ မပြောအောင်လို့ ကျွန်မကပဲ အဖိုးအခ နည်းနည်းပိုပေးပြီး နည်းနည်းပိုလုပ်လိုက်မယ်လို့ တွေးခဲ့တယ်။ “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အယူအဆအတိုင်း ကျွန်မ အသက်ရှင်နေမှန်းလည်း သဘောပေါက်လိုက်တယ်။ ကျွန်မမှာ လူ့သဘာဝကောင်းရှိတယ်လို့ သူ ချီးမွမ်းတာကို ကျွန်မ လိုချင်ခဲ့တာပါ။ ဒါကြောင့် ကျွန်မ ဘုရားသခင်ရှေ့မှောက်လာပြီး ဆုတောင်းတယ်။ ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို ပုန်ကန်ဖို့နဲ့ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အတိုင်း ကျင့်ကြံပြုမူပြီး လုပ်ဆောင်ဖို့အတွက် ဦးဆောင်ပေးဖို့ ဘုရားသခင်ကို တောင်းလျှောက်ခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ ပြန်သတိရမိတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ဂုဏ်သိက္ခာ၊ ဂုဏ်သတင်း၊ အဆင့်အတန်းတို့အတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်၊ ထို့ပြင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ဆင်ခြင်စဉ်းစားခြင်း မပြုနှင့်။ သင်သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားကို ရှေ့တန်းတင်၍ ဆင်ခြင်စဉ်းစားရမည်ဖြစ်ပြီး ယင်းကို သင်၏ ဦးစားပေးအဖြစ် ထားရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင် အလေးထားသင့်ပြီး သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ သစ္စာစောင့်သိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန် လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် စဉ်းစားခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ရှေ့တန်းတင်၍ ချင့်ချိန်စဉ်းစားရမည်။ ဤအရာများကို သင် စဉ်းစားရမည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအား ဖယ်ရှားခြင်းအားဖြင့်သာ လွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေက ကျွန်မ ဘယ်လို ကျင့်ကြံပြုမူရမယ်၊ ကိစ္စတွေကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို ပေးခဲ့တယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်တာက ဟန်ပြမဖြစ်သင့်ဘူး။ ပြီးတော့ ဘုရားသခင်ရဲ့ စိစစ်ခြင်းကို လက်ခံရမယ်၊ ကိုယ့်ရည်ရွယ်ချက်တွေကို တည့်မတ်ရမယ်၊ အသင်းတော်အလုပ်ကို ဦးစားပေးရမယ်။ ဒီလို လက်တွေ့လုပ်ဆောင်မှသာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီနိုင်မှာပါ။ ကျွန်မတို့ အသီးသီးရဲ့ ကဏ္ဍတွေကို ဖြည့်ဆည်းပြီး တာဝန်တွေမှာ သဟဇာတဖြစ်အောင် တွဲလုပ်ဖို့ ဘုရားသခင် လိုလားတော်မူတယ်။ ဒါမှ အချိန်ကြာလာတာနဲ့အမျှ ကျွန်မတို့ရဲ့ တာဝန်တွေကို ပိုကောင်းအောင် ထမ်းဆောင်နိုင်မှာပါ။ ကျွန်မရဲ့ မှားယွင်းတဲ့ ရည်ရွယ်ချက်တွေကို ပုန်ကန်ရမယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေကို သမ္မာတရားစည်းမျဉ်းတွေအတိုင်း ဆက်ဆံရမယ်။ အစွမ်းအစကောင်းရှိပြီး အလုပ်ကို ကောင်းကောင်းလုပ်နိုင်ပေမဲ့ မလုပ်ဘဲ ခိုကပ်နေတဲ့သူ၊ ဝတ်ကျေတမ်းကျေလုပ်တဲ့သူတွေဆိုရင် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုကို သူတို့သိအောင်၊ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းပြီး ပိုလေ့ကျင့်နိုင်အောင်လို့ သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြပြီး ဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ အစွမ်းအစညံ့တဲ့ ညီအစ်ကိုမောင်နှမတွေဆိုရင် သူတို့မှာ တကယ် အခက်အခဲရှိရင် စိတ်ရှည်လက်ရှည် ကူညီပံ့ပိုးဖို့ လိုအပ်တယ်။ ဒါမှ သူတို့ရဲ့ စွမ်းဆောင်နိုင်ရည် အတိုင်းအတာအတွင်း သူတို့ကဏ္ဍကို သူတို့ လုပ်နိုင်ကြမှာပါ။ ဒီလို လက်တွေ့လုပ်ဆောင်လိုက်တော့ ဧဝံဂေလိအလုပ်ကို မနှောင့်နှေးစေဘဲ ကျွန်မရဲ့ အဓိကတာဝန်တွေအပေါ် အာရုံစိုက်နိုင်ခဲ့တယ်။ တစ်နေ့မှာ စုဝေးပြီးတဲ့နောက် လီယွင်ဆီ ကျွန်မသွားပြီး သူ့ရဲ့ တကယ့်အခက်အခဲတွေကို နားလည်အောင်လုပ်ပြီးတဲ့နောက်မှာ သူ့တာဝန်အတွင်း သူလုပ်ဖို့လိုတဲ့ အလုပ်တွေကို ရှင်းပြခဲ့သလို သူ့ရဲ့ ပြဿနာတွေကိုလည်း ထောက်ပြခဲ့တယ်။ လီယွင်က ပြောတယ်။ “မကြာသေးခင်က ကျွန်မ တာဝန်တွေမှာ ဝန်တာထားစိတ် တကယ် လျော့နည်းနေခဲ့တာ။ အစ်မက ကျွန်မကို ဒီအကြောင်း မိတ်သဟာယဖွဲ့ပေးတော့ ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာ အခု ကျွန်မ သိပါပြီ။ ပြီးတော့ ကိုယ့်တာဝန်တွေကိုယ် ယူဖို့ ကျွန်မ လိုလားပါတယ်” တဲ့။ လီယွင်ရဲ့ စကားကို ကြားတော့ ကျွန်မ တော်တော် ရှက်မိတယ်။ ညီအစ်ကိုမောင်နှမတွေ သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့နဲ့ သူတို့ရဲ့ တာဝန်တွေမှာ ကိုယ့်ကဏ္ဍအသီးသီးမှာ ပါဝင်လုပ်ဆောင်နိုင်ဖို့ ကူညီပေးတာက အသင်းတော်အလုပ်အတွက် ပိုအကျိုးရှိတယ်ဆိုတာ ကျွန်မ တွေ့ခဲ့ရတယ်။

အခုတော့ ကျွန်မက “သင့်ကိုယ်သင် စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံပါ” ဆိုတဲ့ ရိုးရာယဉ်ကျေးမှု အယူအဆအပေါ် အခြေခံပြီး ညီအစ်ကိုမောင်နှမတွေနဲ့ မဆက်ဆံတော့ပါဘူး။ ကျွန်မတို့ရဲ့ အပြင်ပန်းဆက်ဆံရေးတွေကို ကာကွယ်ဖို့မကြိုးစားတော့ဘဲ သူတို့ရဲ့ ပြဿနာတွေကို ထောက်ပြပြီး ကူညီပေးတယ်။ ဒီလို ကျင့်ကြံပြုမူတာက စိတ်ချလက်ချဖြစ်စေပြီး လွတ်မြောက်မှုရှိတယ်လို့ ကျွန်မ ခံစားရတယ်။ ဒီအပြောင်းအလဲတွေအားလုံးဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကြောင့် ရလာတဲ့ ရလဒ်တွေပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းသည် လူ့သဘာဝကောင်း၏ စံနှုန်းဖြစ်သလား

ကျိုကျို၊ တရုတ်ပြည်ကျွန်မက ရှေးရိုးစွဲ တရုတ်မိသားစုမှာ မွေးဖွားခဲ့တယ်။ ငယ်ငယ်ကတည်းက ကျွန်မမိဘတွေက ကျွန်မကို ပညာကောင်ကောင်းတတ်၊...

“မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ပြီး သူတစ်ပါးတို့ကို သည်းခံခြင်း”သည် အမှန်တကယ် သူတော်ကောင်းတရားတစ်ခု ဖြစ်သလော

အရင်က၊ တခြားလူတွေကို ကျွန်မ သည်းခံပြီး သဘောထားကြီးသင့်တယ်၊ သူတို့ရဲ့ ခံစားချက်တွေကို ထောက်ထားပြီး၊ သူတို့ရဲ့ အခက်အခဲတွေကို...

တစ်စုံတစ်ယောက်၏ ကျေးဇူးကို ဆပ်ခြင်းသည် ကျင့်ကြံပြုမူခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်ပါသလား

လီချွန်း၊ တရုတ်ပြည်၂၀၂၂ ဖေဖော်ဝါရီလ တစ်နေ့မှာ အသင်းတော်ခေါင်းဆောင်က ကျွန်တော့်ကို ဝူဂျွန်အကြောင်း အကဲဖြတ်ချက်ရေးခိုင်းတယ်။ ကျွန်တော်...

မိမိကိုယ်ကိုယ်အပေါ် မဖြစ်စေချင်မည့်အရာကို အခြားသူများထံ မလုပ်ခြင်းနှင့် ပတ်သက်၍ သုံးသပ်ဆင်ခြင်မှုများ

ပိုင်ရွှဲ တောင်ကိုရီးယားနိုင်ငံ ကျွန်မ တာဝန်မှာ ပြဿနာ အကြီးရော၊ အသေးပါ အများကြီး ပေါ်ပေါက်ခဲ့တယ်။ တချို့က သတိမမူလွန်းရာကနေ ဖြစ်ပြီး၊...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။