သိမ်ငယ်သောစိတ်၏ အမှောင်ထုကို အောင်မြင်ကျော်လွှားခြင်း

24.04.2025

ကျွန်မ ငယ်ငယ်တုန်းက အရမ်း ရှက်တတ်တယ်၊ ပြီးတော့ ဧည့်သည်တွေ လာလည်တိုင်း မိဘတွေရဲ့ နောက်ကွယ်မှာ ပုန်းနေခဲ့တယ်၊ မိဘတွေက သူတို့ကို ဦးလေး၊ အဒေါ်လို့ ခေါ်ခိုင်းတဲ့အခါ ကျွန်မ ရှက်လွန်းလို့ မခေါ်နိုင်ခဲ့ဘူး။ ကျွန်မအမေက ဧည့်သည်တွေကို ဟာသလုပ်ပြီး ပြောတတ်တယ်၊ “ဒီကလေးက အနေတာ၊ စကားမပြောတတ်ဘူး” လို့ပေါ့။ ကျွန်မအမေက ကျွန်မ ဘယ်တော့မှ အရာရောက်မှာ မဟုတ်ဘူး၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ခဏခဏ ပြောခဲ့တယ်။ ကျွန်မ စကားအပြောအဆို ကိုးရိုးကားယားဖြစ်လို့ ခဏခဏ လှောင်ပြောင်ခံရပြီး ကဲ့ရဲ့ခံခဲ့ရတယ်၊ ပြီးတော့ တခြားသူတွေရှေ့မှာ စကားပြောဖို့ ကျွန်မ တကယ်ကို ကြောက်ခဲ့တယ်။ ကျွန်မ စကားပြောရမဲ့ အခြေအနေတစ်ခု ကြုံတွေ့ရတိုင်း၊ အဲဒီအခြေအနေကနေ လွတ်မြောက်ဖို့ ကျွန်မ အစွမ်းကုန် ကြိုးစားခဲ့တယ်။ ကျွန်မ ကျောင်းတက်နေတဲ့ နှစ်တစ်လျှောက်မှာ ဘယ်လှုပ်ရှားမှုမှာမှ လုံးဝ ဝင်မပါခဲ့ဘူး၊ ပြီးတော့ ကျွန်မ အမြဲတမ်း ထောင့်တစ်နေရာမှာ ပုန်းပြီး တိတ်တိတ်လေး စာကျက်ခဲ့တယ်။ ကျွန်မ တက္ကသိုလ်က ဘွဲ့ရတဲ့နှစ်မှာ၊ ဆရာက ကျွန်မ ဘွဲ့လွန်တန်းအတွက် ထောက်ခံချက်ပေးခံရဖို့ အရည်အချင်းပြည့်မီတယ်လို့ ပြောတော့ ကျွန်မ အရမ်းပျော်ခဲ့တယ်၊ ဒါပေမဲ့ ပါမောက္ခတွေနဲ့ အင်တာဗျူး ရှိမယ်လို့ ကြားလိုက်တဲ့အခါ၊ ကျွန်မ အရမ်းကို စိုးရိမ်စိတ်များသွားတယ်၊ ကိုယ်က စကားအပြောအဆိုမတတ်ပုံ၊ ဘူးလုံးနားမထွင်းဖြေမိလို့ အဆုံးမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ပြန်ခွဲသလိုဖြစ်မှာကို တွေးရင်းပေါ့။ သုံးလေးရက်လောက် စိတ်ထဲမှာ ချီတုံချတုံ ဖြစ်နေခဲ့ပေမဲ့ အင်တာဗျူးသွားဖို့ သတ္တိ မွေးကိုမမွေးနိုင်ခဲ့ဘူး။ ဘုရားသခင်ကို ရှာတွေ့ပြီးနောက်မှာ၊ ညီအစ်ကိုမောင်နှမတွေ စုဝေးပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား မိတ်သဟာယဖွဲ့ကြတာကို ကျွန်မ တွေ့ခဲ့တယ်၊ ပြီးတော့ ဘယ်သူကမှ ဘယ်သူ့ကိုမှ မလှောင်ပြောင်ကြတာကိုလည်း တွေ့ခဲ့တယ်။ ကျွန်မ လွတ်မြောက်တယ်လို့ ခံစားခဲ့ရတယ်။ တဖြည်းဖြည်းနဲ့၊ လူတိုင်းနဲ့အတူ စိတ်ထဲကအတိုင်း ပြောဖို့ ကျွန်မ လေ့ကျင့်စပြုခဲ့တယ်၊ ကိုယ့်ရဲ့ အနေအထားနဲ့ နားလည်မှုတွေကို မျှဝေရင်းနဲ့ပေါ့။ တစ်ခါတလေ ကျွန်မ နည်းနည်း တောင်ရောက် မြောက်ရောက် ပြောမိပေမဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို အထင်မသေးခဲ့ကြဘူး၊ ပြီးတော့ ကျွန်မ စိတ်ထဲမှာ ဘောင်ခတ်ခံရတယ်လို့ ခံစားရတာ နည်းသွားတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်မ စကားပိုပြောလာခဲ့တယ်။ နောက်ပိုင်းမှာ၊ စုဝေးပွဲတစ်ခုလုပ်နေတုန်း ကျွန်မ မိတ်သဟာယဖွဲ့နေတုန်း အကြောင်းအရာနဲ့ လွဲချော်သွားခဲ့တယ်၊ ပြီးတော့ အဖွဲ့ခေါင်းဆောင်က ကျွန်မကို ကြားဖြတ်ပြောလိုက်တယ်။ ကျွန်မ မျက်နှာ ရှက်သွေးဖြန်းသွားပြီး ပုန်းဖို့ တွင်းတစ်တွင်းပဲ ရှာချင်တော့တယ်။ ကျွန်မ ဘယ်တော့မှ အရာမရောက်ဘူးလို့ မိဘတွေ ပြောခဲ့တာကို ကျွန်မ သတိရမိတယ်၊ ပြီးတော့ သူတို့ မှန်တယ်လို့ ထင်ရတယ်။ ကျွန်မက စကားအပြောအဆို ကိုးရိုးကားယားဖြစ်လို့ လုံးလုံး အသုံးမကျဘူးလို့ ခံစားရတယ်။ ပြီးတော့ ကျွန်မရဲ့ဘဝကို လူမသိသူမသိ ချောင်တစ်ချောင်မှာ ကုန်ဆုံးရမယ်လို့လည်း ခံစားခဲ့ရတယ်။ အဲဒီအချိန်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်၊ “ကိုယ့်ရဲ့ အားနည်းချက်တွေကို ဖော်ထုတ်ပြီး လှောင်ပြောင်ခံရတာကို ရှောင်ဖို့ လူတွေရှေ့မှာ စကားနည်းနည်းပဲ ပြောသင့်တယ်” လို့ပေါ့။ အဲဒီနောက်မှာ၊ အချိန်အတော်ကြာ ကျွန်မ နှုတ်ဆိတ်နေခဲ့တယ်။ အဖွဲ့ စုဝေးပွဲတွေကလွဲရင်၊ ကျွန်မ တိတ်ဆိတ်နေခဲ့ပြီး သူများတွေ မိတ်သဟာယဖွဲ့တာကိုပဲ နားထောင်ခဲ့တယ်။ တစ်ခါတလေ ကျွန်မ ကိုယ်ပိုင် အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှု ရှိခဲ့တယ်၊ ဒါပေမဲ့လည်း ကျွန်မက ကိုယ်ပြောချင်တာကို စကားအထားအသိုမတတ်ပုံ၊ ဘယ်လို တောင်ရောက်မြောက်ရောက် ပြောတတ်ပုံတို့ကို ကျွန်မတွေးမိတယ်၊ ပြီးတော့ ကျွန်မသာ ထပ်ပြီး ကြားဖြတ်ပြောခံရရင် လုံးဝ အရှက်ရလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ မိတ်သဟာယ မဖွဲ့ချင်ခဲ့ဘူး။ နောက်ပိုင်းမှာ၊ ကျွန်မ အသင်းတော်အတွက် ဗီဒီယိုတွေ ဖန်တီးတဲ့အလုပ် လုပ်နေခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေက ဒီနယ်ပယ်မှာ ကျွန်မ ပိုကျွမ်းကျင်တာကို တွေ့လို့ ကျွန်မကို အဖွဲ့ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြတယ်။ ဒါပေမဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်တာက အလုပ်ကို ခဏခဏ အကောင်အထည်ဖော်ပြီး နောက်ဆက်တွဲလုပ်ရမယ်ဆိုတဲ့ သဘောဆိုတော့ ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေကို မိတ်သဟာယပြုပြီး ဖြေရှင်းပေးရမယ်ဆိုတာကို ကျွန်မ စဉ်းစားမိတော့ ကျွန်မ စိုးရိမ်စိတ် ဖြစ်မိတယ်၊ “ကျွန်မရဲ့ စကားအပြောအဆို ကိုးရိုးကားယားဖြစ်ပုံနဲ့၊ ကျွန်မသာ ဒီတာဝန်ကို ကောင်းကောင်း မထမ်းဆောင်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒါ အရမ်း အရှက်ရစရာ ကောင်းမှာပဲ” လို့ တွေးရင်းပေါ့။ ကျွန်မ အဲဒီအကြောင်းကို စဉ်းစားလေ ပိုကြောက်လာလေပဲ၊ ဒါကြောင့် ကျွန်မမှာ အစွမ်းအစ ညံ့ဖျင်းပြီး ဒီတာဝန်ကို မထမ်းဆောင်နိုင်ဘူး၊ ဒီအခန်းကဏ္ဍအတွက် တခြားညီအစ်ကို ဒါမှမဟုတ် ညီအစ်မကို ရွေးချယ်သင့်တယ်လို့ ခေါင်းဆောင်ကို ကျွန်မ ပြောခဲ့တယ်။ ခေါင်းဆောင်က ကျွန်မအနေနဲ့ အခြေအနေကို သိရအောင် ဘုရားသခင်ကို ကိုးစားပြီး ခဏလောက် လေ့ကျင့်လိုက်ဖို့ အကြံပေးရင်း ကျွန်မကို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မိတ်သဟာယပြုပေးခဲ့တယ်။ ကျွန်မ အင်တင်တင်နဲ့ သဘောတူခဲ့တယ်။ အဖွဲ့ခေါင်းဆောင်အဖြစ် ကျွန်မ တာဝန်ယူခဲ့စဉ်တုန်းက ကျွန်မ တကယ်ကို တက်ကြွမှုမရှိခဲ့ဘူး၊ ပြီးတော့ ကျွန်မ စုဝေးပွဲတစ်ခု ဒါမှမဟုတ် မိတ်သဟာယတစ်ခုကို ဧည့်ခံပေးဖို့ လိုအပ်တိုင်း ကျွန်မ နောက်ဆုတ်ခဲ့တယ်၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ကို ပိုပြောခိုင်းခဲ့တယ်။ ကျွန်မ ဘာလို့ ဒီလိုလုပ်နေလဲဆိုတာ သူ နားမလည်ခဲ့ဘူး။ ကျွန်မ တာဝန်ထမ်းဆောင်နေတုန်း ပြဿနာတွေကို ရှာဖွေတွေ့ရှိနိုင်ခဲ့တယ်၊ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ ရှုထောင့်တွေ ရှိခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို မိတ်သဟာယဖွဲ့နေတုန်း အတွင်းအမြင်တချို့ကို ဖော်ပြနိုင်ခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ အစွမ်းအစက အဲဒီလောက် မညံ့ဖျင်းဘူး၊ ဒါကြောင့် ကျွန်မ ဘာလို့ အမြဲတမ်း စကားပြောတာကို ရှောင်နေလဲလို့ သူ တွေးမိတယ်လို့ သူက ပြောတယ်။ သူက ကျွန်မကို ပိုလေ့ကျင့်ဖို့ အားပေးခဲ့တယ်။ ဒါပေမဲ့ သူ ဘာပဲပြောပြော၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ် အရည်အချင်းမပြည့်မီဘူးလို့ ခံစားနေတုန်းပဲ၊ ပြီးတော့ ကျွန်မ နုတ်ထွက်ဖို့တောင် သုံးလေးကြိမ် ကြိုးစားခဲ့တယ်။ အဆုံးမှာတော့၊ ကျွန်မ တာဝန်မှာ အရမ်း တက်ကြွမှုမရှိလို့ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ နောက်ပိုင်းမှာ၊ အဖွဲ့ခေါင်းဆောင်က အဖွဲ့ရဲ့အလုပ်ကို ကြီးကြပ်ရာမှာ သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မကို တောင်းဆိုခဲ့တယ်။ ကျွန်မ နည်းနည်း စိုးရိမ်သွားတယ်၊ “ကျွန်မ စကားပြော မကောင်းဘူး၊ ကိုယ့်ကိုယ်ကိုယ် အရှက်မရစေချင်ဘူး။” လို့ တွေးရင်းပေါ့။ အဖွဲ့ခေါင်းဆောင်က ကျွန်မကိုဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်၊ သူနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဒီကျွမ်းကျင်မှုတွေနဲ့ ပတ်သက်ပြီး နှံ့စပ်တဲ့ တစ်ယောက်ယောက် လိုအပ်တယ်လို့ ပြောရင်းနဲ့ပေါ့။ ခေါင်းဆောင် ဒီလိုပြောတာကို ကြားလိုက်တော့ ကျွန်မ နည်းနည်း အပြစ်ရှိသလို ခံစားခဲ့ရတယ်။ ကျွန်မ စကားအပြောအဆို ကိုးရိုးကားယားဖြစ်ပေမဲ့ ဒီနယ်ပယ်မှာ အလုပ်တချို့ကို ကျွန်မ လုပ်နိုင်သေးတယ်၊ ပြီးတော့ အဖွဲ့ခေါင်းဆောင်နဲ့ ပူးပေါင်းဆောင်ရွက်တာက အလုပ်အတွက် လိုအပ်တယ်။ ကျွန်မသာ အမြဲတမ်း ခေါင်းရှောင်နေရင်၊ ဒါက အလုပ်ကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား။ ဒီအတွေးတွေနဲ့ ကျွန်မ သဘောတူခဲ့တယ်။ အဲဒီနောက်မှာ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မေးနေခဲ့တယ်၊ “ဘာလို့များ အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရတိုင်း ငါ အမြဲတမ်း ထွက်ပြေးဖို့နဲ့ ရှောင်ဖယ်ဖို့ ကြိုးစားနေရတာလဲ။ ဒီအပြုအမူကို ဖြစ်စေတဲ့ အကြောင်းရင်းက တိတိကျကျ ဘာလဲ။” ဒီလို စိတ်ရှုပ်ထွေးမှုတွေနဲ့ပဲ ရှာဖွေဖို့ ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်။

စုဝေးပွဲတစ်ခု လုပ်နေတုန်းမှာ၊ ခေါင်းဆောင်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ပြခဲ့တယ်၊ ပြီးတော့ အဲဒါက ကျွန်မရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးပြီး ကျွန်မရဲ့ စိတ်နှလုံးထဲက ဒီစိတ်ရှုပ်ထွေးမှုကို ရှင်းလင်းပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ကလေးအရွယ်တွင် ၎င်းတို့၏ မိသားစုများနှင့် လူမှုရေး ပတ်ဝန်းကျင်များရှိ အခြားသူများက ‘ဤကလေးသည် နုံအသည်၊ ဉာဏ်ထိုင်းပြီး စကားပြော မပြေပြစ်သူတစ်ဦးဖြစ်သည်။ မိမိတို့ အနီးဝန်းကျင်ရှိ လူများကို အလွယ်တကူ ဘဝင်ကျစေနိုင်သည့် အလွန်စကားပြောကောင်းသော အခြားကလေးများကို ကြည့်ပါ။ ဤကလေးမှာမူ တစ်နေ့လုံး စူပုပ်၍သာ ရှိနေသည်။ လူများနှင့် ဆုံသည့်အခါ မည်သည့်အရာ ပြောရမည်ကို မသိပါ၊ တစ်စုံတစ်ရာ တလွဲလုပ်မိသည့်နောက်တွင် မည်သို့ ရှင်းပြရမည်၊ သို့မဟုတ် မိမိကိုယ်ကို မည်သို့ ရှင်းချက်ထုတ်ရမည်ကို မသိသကဲ့သို့ လူတို့ကို သဘောကျအောင် မလုပ်နိုင်ပါ။ ဤကလေးသည် လူအတစ်ယောက်ဖြစ်သည်’ဟူသော အရာများကို ပြောဆိုရင်း ၎င်းတို့၏ သဘောမကျသော သုံးသပ်ချက်များကို ပေးရလောက်အောင် သာမန်ရုပ်ရည်ရှိကြကာ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ ဉာဏ်သိပ်မထက်သည့် လူအချို့ရှိလေသည်။ မိဘများက ဤအရာကို ပြောကြသည်၊ ဆွေမျိုးများနှင့် မိတ်ဆွေများက ဤအရာကို ပြောကြပြီး ၎င်းတို့၏ ဆရာများကလည်း ဤအရာကို ပြောကြသည်။ ဤပတ်ဝန်းကျင်က ထိုသို့သော လူတစ်ဦးချင်းအပေါ် အတန်ငယ်၊ မမြင်နိုင်သော ဖိအားတစ်ခု ပေးလေသည်။ ဤပတ်ဝန်းကျင်များကို တွေ့ကြုံခြင်းမှတစ်ဆင့် ၎င်းတို့တွင် ပုံသေအတွေးအခေါ်တစ်မျိုးကို မရည်ရွယ်ဘဲ ဖြစ်ပေါ်လာသည်။ မည်သည့် ပုံသေအတွေးအခေါ်မျိုးနည်း။ ၎င်းတို့သည် ကြည့်မကောင်းကြောင်း၊ သိပ်နှစ်လိုဖွယ်မကောင်းကြောင်းနှင့် အခြားသူများသည် ၎င်းတို့ကို လုံးဝ မမြင်ချင်ကြကြောင်း တွေးထင်ကြလေသည်။ ၎င်းတို့အနေဖြင့် စာလေ့လာရာတွင် မတော်၊ ဉာဏ်ထိုင်းသည်ဟု ယုံကြည်ကြပြီး အခြားသူများရှေ့တွင် ဖွင့်ဟစကားပြောရန် အမြဲ ရှက်ကြလေသည်။ လူများက ၎င်းတို့ကို တစ်စုံတစ်ရာ ပေးသည့်အခါ ‘ငါသည် အဘယ်ကြောင့် အမြဲ အလွန် အာစေးမိနေသနည်း။ အဘယ်ကြောင့် အခြားသူများသည် အင်မတန် စကားပြောပြေပြစ်သူများဖြစ်ကြသနည်း။ ငါတကယ်ကို နုံအသည်’ဟု မိမိတို့ကိုယ်ကို တွေးလျက် ကျေးဇူးတင်စကားပြောရန် အလွန် ရှက်ကြလေသည်။ မသိစိတ်၏ စေ့ဆော်မှုအရ ၎င်းတို့သည် အသုံးမကျကြဟု ၎င်းတို့ ထင်ကြသည်။…သိမ်ငယ်သော လူများသည် ၎င်းတို့၏ အားသာချက်များက မည်သည့်အရာဖြစ်သည်ကို မသိကြချေ။ ၎င်းတို့က နှစ်လိုဖွယ်မကောင်းကြောင်းသာ တွေးကြသည်၊ အမြဲ နုံအသည်ဟု ခံစားကြပြီး အမှုအရာများအား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို မသိကြချေ။ တိုတိုပြောရလျှင် မည်သည့်အရာကိုမျှ ၎င်းတို့ လုပ်ဆောင်နိုင်ခြင်းမရှိ၊ ၎င်းတို့သည် ဆွဲဆောင်မှုမရှိ၊ လိမ္မာပါးနပ်ခြင်းမရှိသကဲ့သို့ တုံ့ပြန်ရာတွင် နှေးကွေးသည်ဟု ခံစားကြလေသည်။ ၎င်းတို့သည် အခြားသူများနှင့် ယှဉ်၍ မထူးခြားသကဲ့သို့ ၎င်းတို့၏ စာလေ့လာမှုများတွင် ရမှတ်ကောင်းများ မရကြချေ။ ထိုသို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာပြီးနောက် သိမ်ငယ်မှုနှင့်ဆိုင်သည့် ဤပုံသေအတွေးအခေါ်က တဖြည်းဖြည်း ထိန်းချုပ်လေသည်။ ထိုအရာသည် သင်၏ စိတ်နှလုံးနှင့် ငြိတွယ်လာပြီး သင်၏ စိတ်ကို နေရာအပြည့်ယူ၍ စွဲကျန်နေသော စိတ်ခံစားမှုတစ်မျိုးအဖြစ်သို့ ပြောင်းသွားလေသည်။ သင် အရွယ်ရောက်နှင့်ပြီးသည်ဖြစ်စေ၊ လောကထဲသို့ ထွက်သွားပြီးသည်ဖြစ်စေ၊ အိမ်ထောင်ပြုပြီး သင်၏ အလုပ်အကိုင်ကို ထူထောင်သည်ဖြစ်စေ၊ ပြီးလျှင် သင်၏ လူမှုအဆင့်အတန်းက မည်သို့ပင်ဖြစ်ပါစေ သင်၏ ကြီးပြင်းသည့် ပတ်ဝန်းကျင်တွင် နေရာယူထားခဲ့သည့် ဤသိမ်ငယ်မှုနှင့်ဆိုင်သော ခံစားချက်ကို ဖယ်ရှားရန် မဖြစ်နိုင်ပေ။ ဘုရားသခင်ကို သင် စတင်ယုံကြည်ပြီး အသင်းတော်တွင် ပါဝင်သည့်နောက်တွင်ပင် သင်သည် သာမန် အသွင်အပြင်ရှိသည်၊ ညံ့ဖျင်းသည့် ဉာဏ်ရည် အစွမ်းအစရှိသည်၊ စိတ်ထဲရှိသမျှ မဖော်ပြတတ်သကဲ့သို့ မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ဟု တွေးနေဆဲဖြစ်သည်။ သင်က ‘ငါလုပ်နိုင်သည့်အရာကိုသာ ငါ လုပ်မည်။ ခေါင်းဆောင်ဖြစ်ရန် စိတ်ပြင်းပြဖို့ မလိုပါ၊ နက်နဲသော သမ္မာတရားများကို ငါလိုက်စားရန် မလိုအပ်ပါ။ အရေးပါမှု အနည်းဆုံးသူ ဖြစ်ခြင်းဖြင့်သာ ငါ ကျေနပ်မည်။ အခြားသူများအား ငါ့အပေါ် ဆက်ဆံချင်သလို ဆက်ဆံခွင့်ပေးမည်’ဟု တွေးသည်။ အန္တိခရစ်များနှင့် အယောင်ဆောင်ခေါင်းဆောင်များ ထွက်ပေါ်သည့်အခါ ၎င်းတို့ကို သင် မပိုင်းခြားမသိမြင်နိုင်၊ သို့မဟုတ် မဖော်ထုတ်နိုင်ဟုလည်းကောင်း၊ သင်သည် ယင်းကို လုပ်ဆောင်ခြင်းအတွက် မသင့်တော်ဟုလည်းကောင်း ခံစားရသည်။ သင်ကိုယ်တိုင်က အယောင်ဆောင် ခေါင်းဆောင်၊ သို့မဟုတ် အန္တိခရစ်တစ်ဦး မဖြစ်သရွေ့ လုံလောက်ပြီ၊ အနှောင့်အယှက်များနှင့် ဆူပူမှုများ သင် မဖြစ်စေသရွေ့ အဆင်ပြေသည်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင်ရာထူးတွင် သင် ရပ်တည်နိုင်သရွေ့ လုံလောက်ပြီဟု သင် ခံစားသည်။ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများတွင် သင်သည် လုံလောက်အောင် တော်ခြင်းမရှိသကဲ့သို့ အခြားသူများလောက် မတော်ကြောင်း၊ အခြားသူများသည် ကယ်တင်ခြင်း ခံရသူများ ဖြစ်ကောင်းဖြစ်နိုင်ပြီး သင်သည် အလွန်ဆုံးအနေဖြင့် အစေခံသူတစ်ဦးဖြစ်သည်ဟု သင် ခံစားရသည်။ ထို့ကြောင့် သင်သည် သမ္မာတရား လိုက်စားခြင်း အလုပ်တာဝန်အတွက် စံမမီဟု ခံစားရသည်။ သမ္မာတရား မည်မျှ သင်နားလည်နိုင်သည်ဖြစ်စေ၊ သင် ရှိသည့် အစွမ်းအစမျိုးရှိပြီး သင် ပုံပန်းအတိုင်း ဖြစ်ရသည်မှာ ဘုရားသခင်က ကြိုတင်စီမံထားသဖြင့် ဖြစ်သည်ကို မြင်ရရာတွင် သူသည် အစေခံသူတစ်ဦးမျှသာ ဖြစ်ရန် သင့်ကို သူ ကြိုတင်စီမံထားခြင်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်းနှင့် သင်သည် သမ္မာတရား လိုက်စားခြင်း၊ ခေါင်းဆောင်တစ်ဦး ဖြစ်လာခြင်း၊ တာဝန်နှင့်ဆိုင်သည့် ရာထူးတစ်ခုရှိသော တစ်စုံတစ်ဦး ဖြစ်လာခြင်း၊ သို့မဟုတ် ကယ်တင်ခံခြင်းနှင့် မည်သည့်ပတ်သက်မှုမျှ မရှိဟု ခံစားနေရဆဲ ဖြစ်သည်။ ထိုအစား သင်သည် အရေးမပါဆုံးသော လူတစ်ဦး ဖြစ်ရန် လိုလားနေသည်။ ဤသိမ်ငယ်မှုနှင့်ဆိုင်သော ခံစားချက်သည် သင့်အထဲ၌ မွေးရာပါ ဖြစ်ကောင်းဖြစ်မည်မဟုတ်သော်လည်း နောက်တစ်ဆင့်တွင် သင်၏ မိသားစုပတ်ဝန်းကျင်နှင့် သင်ကြီးပြင်းသည့် ပတ်ဝန်းကျင်ကြောင့် သင်သည် အတန်အသင့်ဖြစ်သော ထိုးနှက်ချက်များ၊ သို့မဟုတ် မမှန်သော ဝေဖန်အကဲဖြတ်မှုများ ခံခဲ့ရပြီး ဤအရာက သင့်အထဲတွင် သိမ်ငယ်မှုနှင့်ဆိုင်သည့် ခံစားချက်ကို ဖြစ်စေခဲ့သည်။ ဤစိတ်ခံစားမှုက သင့်လိုက်စားမှုများ၏ မှန်ကန်သော ဦးတည်ချက်ကို ထိခိုက်သည်၊ သင်၏ လိုက်စားမှုများအတွက် မှန်ကန်သော လိုအင်ဆန္ဒကို လွှမ်းမိုးပြီး သင်၏ မှန်ကန်သော လိုက်စားမှုများကိုလည်း ဟန့်တား၏။ သင်၏ လူ့သဘာဝတွင် ရှိသင့်သည့် မှန်ကန်သော လိုက်စားမှုနှင့် မှန်ကန်သော စိတ်ပိုင်းဖြတ်မှုတို့သည် ဟန့်တားခံရသည်နှင့်တစ်ပြိုင်နက် အပြုသဘောဆောင်သော အရာများကို လိုက်စားရန်နှင့် သမ္မာတရားကို လိုက်စားရန်ဖြစ်သော သင်၏ စိတ်လှုံ့ဆော်မှုသည် ချုပ်ထိန်းခံရလေသည်။ ဤချုပ်ထိန်းမှုကို သင်၏ အနီးအနား ပတ်ဝန်းကျင်၊ သို့မဟုတ် မည်သည့်လူမဆိုက ဖြစ်စေပြီး ထိုအရာကို သင် ခံစားသင့်သည်ဟု ဘုရားသခင် မသတ်မှတ်ခဲ့သည်မှာ အမှန်ဖြစ်သည်။ ထို့ထက် ထိုအရာကို သင်၏ စိတ်နှလုံးနက်နက်ရှိ ပြင်းပြင်းထန်ထန် အပျက်သဘောဆောင်သော စိတ်ခံစားမှုက ဖြစ်စေပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ သိမ်ငယ်တဲ့ ခံစားချက်တွေကြောင့် သူများတွေရှေ့မှာ စကားပြောရမှာရယ်၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန် ထမ်းဆောင်ရမှာရယ်ကို အမြဲကြောက်ခဲ့တယ်ဆိုတာကိုပေါ့။ ကျွန်မ ငယ်ငယ်တုန်းက၊ သူစိမ်းတွေကို နှုတ်ဆက်ဖို့ ကျွန်မ အရမ်း ရှက်ခဲ့တယ်၊ ပြီးတော့ မိဘတွေက ကျွန်မ အနေတာ၊ စကားမပြောတတ်ဘူး လို့ ခဏခဏ ပြောခဲ့တယ်၊ ပြီးတော့ ကျွန်မ ဘယ်တော့မှ အရာရောက်မှာ မဟုတ်ဘူးလို့လည်း ပြောခဲ့တယ်၊ ကိုယ်ပြောတဲ့စကားမှာ လူမှုရေးထုံးစံတွေကို မလိုက်နာတတ်လို့ ကျွန်မကို ကျွန်မဆွေမျိုးတွေက ငတုံးလို့ ပြောကြတယ်။ ဒီစကားလုံးတွေက ကျွန်မ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့စိတ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ပြီး ကျွန်မကို သိမ်ငယ်စိတ်ခံစားစေခဲ့တယ်။ ရလဒ်အနေနဲ့၊ ကျွန်မ စကားကောင်းကောင်းမပြောတတ်တဲ့သူတစ်ယောက်အဖြစ် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သတ်မှတ်ခဲ့တယ်၊ ပြီးတော့ ကျွန်မ စကားပြောဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ကြုံတွေ့ရတိုင်း ကျွန်မ ထိတ်လန့်ခဲ့တယ်၊ ပြီးတော့ မိတ်သဟာယဖွဲ့ဖို့နဲ့ ခဏခဏ စကားပြောဖို့ လိုအပ်တဲ့ ဘယ်တာဝန်မျိုးကိုမဆို ကျွန်မ ရှောင်ဖယ်ပြီး ငြင်းပယ်ခဲ့တယ်။ ကျွန်မထက် စကားကို ပိုပြီး ရှင်းရှင်းလင်းလင်း ပြောတတ်တဲ့အပြင် အစွမ်းအစ ပိုကောင်းတဲ့ လူတွေကို ကျွန်မတွေ့တဲ့အခါ၊ ကျွန်မ သိမ်ငယ်တယ်၊ ရှက်တယ်လို့ ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မ အပျက်သဘောဆောင်လာပြီး နောက်တွန့်သွားတော့တာပဲ။ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့ အခွင့်အရေး ပေးခံရတဲ့အချိန်မှာတောင်၊ အဲဒီအတွက် ကျွန်မ အရည်အချင်းမရှိဘူးလို့ ခံစားခဲ့ရတယ်၊ ပြီးတော့ အဲဒီတာဝန်ကို တက်တက်ကြွကြွ ထမ်းဆောင်လိုစိတ် ကျွန်မမှာ မရှိခဲ့ဘူး။ ကျွန်မရဲ့ သိမ်ငယ်စိတ်တွေက ကျွန်မရဲ့ ရှုထောင့်အမြင်တွေနဲ့ လိုက်စားမှု ပန်းတိုင်တွေကို သက်ရောက်မှုရှိခဲ့တယ်၊ အဲဒါကြောင့် ကျွန်မဟာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ဘောင်ခတ်ပြီး တာဝန်ယူဖို့ ရှောင်ခဲ့တာပေါ့။ အဲဒီလိုနဲ့ စုံလင်အောင် ပြုခြင်းခံရဖို့ အခွင့်အရေးတွေ အများကြီး ကျွန်မ လွဲချော်ခဲ့ရတယ်၊ ကျွန်မရဲ့ အသက်ဝင်ရောက်မှုအတွက် ဆုံးရှုံးမှုတွေကို ဖြစ်စေခဲ့တယ်။ အခုကြည့်လိုက်ရင် ဘုရားအိမ်တော်က ကျွန်မ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် လေ့ကျင့်ဖို့ အခွင့်အရေး ပေးခဲ့သေးတာပဲ၊ ပြီးတော့ ကျွန်မရဲ့ သိမ်ငယ်စိတ်တွေရဲ့ ဘောင်ခတ်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် မကန့်သတ်ချင်ခဲ့ဘူး၊ ဒါကြောင့် ကျွန်မရဲ့ သိမ်ငယ်စိတ်တွေရဲ့ ချည်နှောင်မှုတွေနဲ့ ဘောင်ခတ်မှုတွေကနေ လွတ်မြောက်နိုင်အောင် ဘုရားသခင်ဆီကို ကျွန်မ ဆုတောင်းခဲ့တယ်၊ ကျွန်မကို လမ်းပြပေးဖို့နဲ့ ယုံကြည်ခြင်း ပေးသနားဖို့ တောင်းလျှောက်လိုက်တယ်လေ။

နောက်ပိုင်းမှာ၊ နောက်ထပ် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်၊ အဲဒါက ကျွန်မရဲ့ သိမ်ငယ်စိတ်တွေကို ဖြေရှင်းဖို့ လမ်းကြောင်းကို ပြပေးခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “သင်၏သိမ်ငယ်ခြင်း ခံစားချက်ကို မည်သည့် အခြေအနေက ဖြစ်ပေါ်စေသည်ဖြစ်စေ၊ မည်သူ မည်သည့် အဖြစ်အပျက်က ဖြစ်ပေါ်စေသည်ဖြစ်စေ သင်၏ ကိုယ်ပိုင် အစွမ်းအစ၊ သင်၏ ကိုယ်ပိုင် အားသာချက်၊ သင်၏ ပါရမီများနှင့် သင်၏ ကိုယ်ပိုင် လူ့သဘာဝ အရည်အသွေးအပေါ် မှန်ကန်သည့် သိနားလည်မှု သင် ရှိထားသင့်သည်။ သိမ်ငယ်နေရန်မှာ မမှန်သကဲ့သို့ ထောင်လွှားနေရန်မှာလည်း မမှန်ပေ။ ထိုအရာနှစ်ခုလုံးသည် အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ဖြစ်သည်။ သိမ်ငယ်မှုက သင်၏ လုပ်ရပ်များ၊ သင်၏ အတွေးများကို ချည်နှောင်နိုင်ပြီး သင်၏ အမြင်များနှင့် ရှုထောင့်အမြင်ကို လွှမ်းမိုးနိုင်သည်။ အလားတူစွာ ထောင်လွှားမှုကလည်း ဤအပျက်သဘောဆောင်သည့် သက်ရောက်မှု ရှိသည်။ ထို့ကြောင့် သိမ်ငယ်မှုဖြစ်စေ၊ အခြားသော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုဖြစ်စေ သင်သည် ဤခံစားမှုကို ဖြစ်ပေါ်စေသည့် အဓိပ္ပာယ်ကောက်ခြင်းများအပေါ် မှန်ကန်သည့် သိနားလည်မှု ရှိထားသင့်သည်။ ပထမဦးစွာ ထိုအဓိပ္ပာယ်ကောက်ချက်များသည် မမှန်ကန်ကြောင်းနှင့် သင်၏ အစွမ်းအစ၊ ပါရမီနှင့် စပ်လျဉ်း၍ ဖြစ်စေ၊ သင်၏ လူ့သဘာဝ အရည်အသွေးနှင့် စပ်လျဉ်း၍ ဖြစ်စေ သင်နှင့်ပတ်သက်၍ ထိုအရာများက ပြုလုပ်သည့် အကဲဖြတ်ချက်များနှင့် ကောက်ချက်များသည် အမြဲ မှားယွင်းကြောင်း သင် နားလည်သင့်သည်။ ထို့ကြောင့် သင့်ကိုယ်သင် မည်သို့ မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိမြင်ကာ သိမ်ငယ်သော ခံစားချက်မှ ထွက်ပြေးလွတ်မြောက်နိုင်မည်နည်း။ မိမိနှင့်ဆိုင်သည့် အသိပညာရရှိခြင်း၊ သင်၏ လူ့သဘာဝ၊ အစွမ်းအစနှင့် ပါရမီတို့က မည်ကဲ့သို့ရှိဖြစ်ပြီး မည်သည့် အားသာချက်များ သင်၌ ရှိသည်ဆိုသည်တို့ကို သိရှိအောင်လုပ်ခြင်းအတွက် အခြေခံအကြောင်းရင်းအဖြစ် ဘုရားနှုတ်ကပတ်တော်များကို သင် ခံယူသင့်သည်။...ဤအခြေအနေမျိုးတွင် သင်သည် မှန်ကန်သည့် အကဲဖြတ်မှု ပြုလုပ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း သင့်ကိုယ်သင် မှန်မှန်ကန်ကန် နှိုင်းဆချင့်ချိန်ရမည်ဖြစ်သည်။ သင် သိရှိပြီးသည့်အရာနှင့် သင်၏ အားသာချက်များ တည်ရှိသည့်နေရာကို သင် သတ်မှတ်သင့်ပြီး သင် လုပ်နိုင်သည့် မည်သည့်အရာကိုမဆို သွား၍ လုပ်ဆောင်သင့်သည်။ သင် မလုပ်နိုင်သည့် အရာများ၊ သင်၏ အားနည်းချက်များနှင့် ချို့တဲ့ခြင်းများအတွက်မူ ထိုအရာများကို သင် ဆင်ခြင်သုံးသပ်ကာ သိသင့်ပြီး သင်၏ အစွမ်းအစက မည်သည့်အရာနှင့်တူသည်ဆိုသည်ကိုလည်းကောင်း ထိုအရာက ကောင်းခြင်း၊ ဆိုးခြင်း ရှိမရှိဆိုသည်ကိုလည်းကောင်း မှန်ကန်တိကျစွာ အကဲဖြတ်ပြီး သိရှိသင့်သည်။ သင်၏ ကိုယ်ပိုင် ပြဿနာများအပေါ် နားမလည်နိုင်လျှင်ဖြစ်စေ၊ ရှင်းလင်းသည့် သိမြင်မှု မရရှိနိုင်လျှင်ဖြစ်စေ သင့်အနီးအနားရှိ သိနားလည်မှုရှိသည့်လူများကို သင့်အပေါ် အကဲဖြတ်ချက်ပြုလုပ်ရန် တောင်းဆိုသင့်သည်။ ၎င်းတို့ ပြောဆိုသည့်အရာ မှန်ကန်တိကျခြင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သင့်အဖို့ ကိုးကားရန် အနည်းဆုံးအနေဖြင့် တစ်စုံတစ်ခုကို သင့်အား ပေးမည်ဖြစ်ပြီး မိမိကိုယ်ကို အခြေခံကျသော အကဲဖြတ်ချက် သို့မဟုတ် သရုပ်ဖော်ခြင်းတစ်ခု ရရှိဖို့ သင့်ကို ထောက်ကူပေးမည်ဖြစ်သည်။ ထိုအခါ သင်သည် သိမ်ငယ်မှုကဲ့သို့သော အပျက်သဘောဆောင်သည့် စိတ်ခံစားမှုများနှင့်ဆိုင်သော ပဓာနကျသည့် ပြဿနာကို ဖြေရှင်းနိုင်ပြီး ထိုအရာများမှ တဖြည်းဖြည်း လွတ်လာလိမ့်မည်။ အကြင်သူသည် ထိုအရာများကို ပိုင်းခြားသိမြင်နိုင်ပါက၊ ထိုအရာများကို သတိပြုမိပြီး သမ္မာတရားကို ရှာဖွေနိုင်ပါက ထိုသို့သော သိမ်ငယ်မှု ခံစားချက်များသည် ဖြေရှင်းရန် လွယ်ကူပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မရဲ့ စိတ်နှလုံးက ပိုပြီး တောက်ပလာတယ်။ သိမ်ငယ်စိတ်တွေကို ကျော်လွှားဖို့၊ ကျွန်မ ကိုယ့်ကိုယ်ကိုယ်နဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ နားလည်မှု ရှိဖို့ လိုအပ်တယ်၊ ဘုရားနှုတ်ကပတ်တော်တွေနဲ့အညီ ကိုယ့်ကိုယ်ကိုယ် နှိုင်းဆချင့်ချိန်ရမယ်၊ ကိုယ့်ရဲ့ အားသာချက်တွေနဲ့ အားနည်းချက်တွေကို တကယ့်အရှိအတိုင်း အကဲဖြတ်ရမယ်၊ ပြီးတော့ ကိုယ်တတ်နိုင်တာကို ပြီးမြောက်အောင် ကြိုးစားအားထုတ်ရမယ်၊ ကိုယ့်ရဲ့ အားနည်းချက်တွေအတွက်ကတော့၊ အဲဒါတွေကို စိတ်အေးအေးထား ရင်ဆိုင်ပြီး မှန်မှန်ကန်ကန် ပြုမူသင့်တယ်။ ဒီနည်းနဲ့ဆိုရင်၊ ကျွန်မ ဘောင်ခတ်ခံရတယ်လို့ မခံစားရဘဲ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်မှာပါ။ ကျွန်မရဲ့ သိမ်ငယ်စိတ် ခံစားခဲ့ရတဲ့ နှစ်တွေအားလုံးကို ကျွန်မ ပြန်သုံးသပ်ခဲ့တယ်၊ ကျွန်မ စကားအပြောအဆို ကိုးရိုးကားယားဖြစ်တာရယ်၊ ကိုယ့်ခံစားချက်အမြင်တွေကို အရှိအတိုင်း ထုတ်မပြောတတ်တာတွေရယ်ကို ကျွန်မရဲ့ မိဘတွေက အမြဲဝေဖန်ခဲ့လို့ ကျွန်မ ဒီလိုခံစားရတယ်ဆိုတာ ကျွန်မမြင်ခဲ့ရတယ်။ ပြီးတော့ ကျွန်မရဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းက ညံ့ဖျင်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ အတွေးတွေကို လိုရင်းတိုရှင်း ထုတ်မပြောနိုင်ခဲ့ဘူးလို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကျွန်မ ခဏခဏ စကားပြောဖို့နဲ့ မိတ်သဟာယဖွဲ့ဖို့ လိုအပ်တဲ့ တာဝန်တွေကို လုပ်ဆောင်ရတိုင်းမှာ ကျွန်မ ကြောက်စိတ်ဝင်ခဲ့တယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် အကဲဖြတ်ဖို့ ကျွန်မ စိတ်ငြိမ်အောင် ထားခဲ့တယ်၊ “ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ၊ ကျွန်မ အတွင်းအမြင်တချို့ ရနိုင်တယ်၊ ပြီးတော့ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို ကူညီဖို့ ကျွန်မရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေကို မျှဝေနိုင်တယ်၊ အဲဒါတွေက သူတို့အတွက် အထောက်အကူဖြစ်တယ်လို့ သူတို့ ပြောခဲ့ကြတယ်။ ကျွမ်းကျင်မှုနဲ့ဆိုင်တဲ့ ပြဿနာတချို့ကိုလဲ ကျွန်မ ဖြေရှင်းနိုင်တယ်၊ ပြီးတော့ ကျွန်မရဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းက ညံ့ဖျင်းပြီး ကျွန်မ တောင်ရောက်မြောက်ရောက် ပြောတတ်ပေမဲ့၊ ဒီပြဿနာတွေက ကျွန်မ ကိုယ့်ခံစားချက်အမြင်တွေကို အရှိအတိုင်း ထုတ်မပြောနိုင်လောက်အောင်အထိ ဒါမှမဟုတ် ဘယ်အလုပ်တာဝန်ကိုမှ မပြီးမြောက်နိုင်လောက်အောင်အထိတော့ မဆိုးလှပါဘူး။ ဒါ့အပြင် ဒါက ကုစားလို့မရတဲ့ ပြဿနာ မဟုတ်ဘူး၊ ကျွန်မ ဆောင်းပါးတွေရေး၊ မိတ်သဟာယဖွဲ့ရာမှာ ပိုလေ့ကျင့်ပြီးတော့ ဒီနယ်ပယ်မှာ တိုးတက်မှုတွေ လုပ်နိုင်လို့ပါပဲ။” ဒါကို သတိပြုမိရင်း၊ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရတဲ့ ဖိအားကြောင့် ကျွန်မ သိပ်ပြီး စိတ်ဖိစီးမှု မခံစားရတော့ဘူး၊ ပြီးတော့ ကျွန်မ အဲဒါကို တက်တက်ကြွကြွ လုပ်ဆောင်နိုင်မှန်း မြင်ခဲ့ရတယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေ သူတို့တာဝန်တွေမှာ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ကျွန်မ သတိပြုမိတဲ့အခါ၊ အဲဒါတွေကို ဖြေရှင်းဖို့ ကူညီပေးရာမှာ ကျွန်မ အကောင်းဆုံး ကြိုးစားခဲ့တယ်၊ ပြီးတော့ ကျွန်မက ကိုယ့်အဖွဲ့က ညီအစ်ကိုမောင်နှမတွေရဲ့ အလုပ်တိုးတက်မှုကို ပုံမှန် နောက်ဆက်တွဲ လိုက်လုပ်ခဲ့တယ်၊ သူတို့ရဲ့ အခက်အခဲတွေကို ကြည့်ရှုပြီး သူတို့နဲ့အတူ ဖြေရှင်းနည်းတွေကို ဆွေးနွေးခဲ့တယ်၊ ပြီးတော့ တစ်ခုခုကို ကျွန်မ မဖြေရှင်းနိုင်ခဲ့ရင်၊ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ တိုင်ပင်ဆွေးနွေးခဲ့တယ်၊ အဆုံးမှာတော့၊ ကျွန်မတို့ အမြဲတမ်း ရှေ့ဆက်ဖို့ နည်းလမ်းတချို့ ရှာတွေ့နိုင်ခဲ့တယ်။ ကိုယ့်တာဝန်ကို ဒီလို လက်တွေ့ကျကျ ထမ်းဆောင်ခြင်းအားတော့ ကျွန်မရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း ထုတ်ပြောနိုင်တာ၊ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို နားလည်နိုင်တာကို မြင်ခဲ့ရပြီး ပြီးတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်တွေမှာ ယုံကြည်စိတ်ချမှုတချို့ ရရှိခဲ့တယ်။ အချိန်အတန်ကြာတော့၊ ခေါင်းဆောင်တွေက ကျွန်မဆီ လာပြီး ဆွေးနွေးမှုတချို့ လုပ်ပြီးတဲ့နောက်မှာ၊ သူတို့က ကျွန်မကို ကြီးကြပ်ရေးမှူးတစ်ယောက်အဖြစ် ပြုစုပျိုးထောင်ပေးချင်တယ်လို့ ပြောတယ်။ ဒီသတင်းကို ကြားရတော့ ကျွန်မ အံ့အားသင့်ပြီး ပျော်ရွှင်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ဘာသာစကား အတတ်ပညာပိုင်းမှာ ညံ့ဖျင်းပုံ၊ ပြီးတော့ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ မဖြစ် ဖြစ်အောင် စီမံနိုင်ခဲ့ပုံ၊ ပြီးတော့ အဖွဲ့ထဲက ညီအစ်ကိုမောင်နှမတွေက ကျွန်မရဲ့ အားနည်းချက်တွေကို သိကြပြီး ကျွန်မရဲ့ မိတ်သဟာယက ချို့တဲ့နေရင် သူတို့နားလည်ပေးနိုင်တယ်ဆိုပေမဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မဟာ လူအများကြီးနဲ့ ပိုပြီး အပြန်အလှန် ဆက်ဆံရမှာ၊ ပြီးတော့ စုဝေးပွဲတွေနဲ့ အလုပ် အကောင်အထည်ဖော်တာတွေအတွက် မိတ်သဟာယဖွဲ့ရာမှာ ကျွန်မ ဦးဆောင်ဖို့ လိုအပ်မှာဆိုတာတွေကို ချက်ချင်းတွေးမိတယ်။ ကျွန်မရဲ့ စကားပြောစွမ်းရည် ညံ့ဖျင်းမှုနဲ့ဆိုရင်၊ မိတ်သဟာယဖွဲ့ဖို့ ကျွန်မ ပါးစပ်ဟလိုက်တာနဲ့ ကျွန်မရဲ့ အားနည်းချက်တွေကို ဖော်ထုတ်မိမှာ၊ ပြီးတော့ ကျွန်မသာ မိတ်သဟာယဖွဲ့တာ ညံ့ဖျင်းခဲ့ရင် လုံးဝ အရှက်ကွဲတာနဲ့ အဆုံးသတ်မှာတွေကို ကြောက်ခဲ့တယ်။ ဒါကြောင့် ခေါင်းဆောင်တွေကို ကျွန်မ ပြောခဲ့တယ်၊ “သမီး မလုပ်နိုင်ပါဘူး၊ ဒီအခန်းကဏ္ဍအတွက် သမီး အရည်အချင်းမရှိပါဘူး၊ တခြားညီအစ်မတစ်ယောက်ကို ပြုစုပျိုးထောင်ပေးတာက ပိုကောင်းပါလိမ့်မယ်။” လို့ပေါ့။ ခေါင်းဆောင်တွေက အဲဒီနောက် ကျွန်မကို ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေနဲ့ မိတ်သဟာယဖွဲ့ပေးခဲ့တယ်၊ ကျွန်မကို ကိုယ့်ကိုယ်ကိုယ် ဘောင်မခတ်ဖို့၊ လေ့ကျင့်ပြီး ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ဖို့၊ ပြီးတော့ ဘယ်အခက်အခဲကိုမဆို ဖြေရှင်းရအောင် တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အားပေးခဲ့တယ်။ ဒါကြောင့် ကျွန်မ ဒီအခန်းကဏ္ဍကို ခဏလောက် ထမ်းဆောင်ဖို့ သဘောတူခဲ့တယ်။

အဲဒီနောက်မှာ၊ ကျွန်မ တွေးမိတယ်၊ “ကျွန်မရဲ့ သိမ်ငယ်စိတ်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတယ်ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်၊ ပြီးတော့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မှန်မှန်ကန်ကန် ရှုမြင်နိုင်ခဲ့တယ်၊ ဒါဆို ဘာကြောင့် ငါဟာ ကြီးကြပ်ရေးမှူးအခန်းကဏ္ဍကို တာဝန်ယူဖို့ ချီတုံချတုံ ဖြစ်နေသေးတာလဲ၊ ပြီးတော့ အဲဒီကနေ ဘာကြောင့် ထွက်ပြေးချင်နေရတာလဲ။” လို့ပေါ့။ ကျွန်မရဲ့ ဝတ်ပြုကိုးကွယ်ခြင်းတွေထဲက တစ်ခုအတွင်းမှာ၊ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် နှစ်ပိုဒ်ကို ဖတ်ခဲ့တယ်၊ အဲဒါတွေက ကျွန်မရဲ့ ပြဿနာတချို့အပေါ် ရှင်းလင်းပြတ်သားမှုတချို့ ရရှိဖို့ ကူညီပေးခဲ့တယ်။ ဘုရားသခင်က ပြောသည် “လူများသည် အခြားသူများက ၎င်းတို့အား အထင်ကြီးစေရန်နှင့် ၎င်းတို့၏ အမှားများ သို့မဟုတ် ချို့ယွင်းချက်များကို မမြင်နိုင်စေဖို့အလို့ငှာ၊ အစဉ် အယောင်ဆောင်သည့်အခါ၊ မိမိတို့ကိုယ်ကို အစဉ် ဖုံးဖိဖာထေးသည့်အခါ၊ အမြဲ ဆိုက်ထုတ်ကြသည့်အခါ၊ မိမိတို့၏ အကောင်းဆုံးဘက်ကို လူများအား တင်ဆက်ဖို့ အစဉ် ကြိုးစားနေသည့်အခါ ယင်းက အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားခြင်း၊ ဟန်ဆောင်ခြင်း၊ သူတော်ကောင်း ယောင်ဆောင်ခြင်းဖြစ်သည်၊ ယင်းသည် စာတန်ဆန်သော စိတ်သဘောထား ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်သည့်အရာတစ်ခု ဖြစ်သည်။ စာတန်ဆန်သော အစိုးရစနစ်၏ အဖွဲ့ဝင်များကို ကြည့်လော့။ ၎င်းတို့သည် အမှောင်ထဲတွင် မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှရန်စပါစေ၊ မည်မျှသတ်ဖြတ်ပါစေ ထိုသူတို့ကို မည်သူကမျှ တိုင်ကြားခွင့်၊ သို့မဟုတ် ဖော်ထုတ်ခွင့်မရှိချေ။ ၎င်းတို့၏ မကောင်းဆိုးဝါး မျက်နှာကို လူများမြင်မည်ကို ကြောက်ကြသည်။ ယင်းကို ဖုံးကွယ်ဖို့ ၎င်းတို့တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ လူပုံအလယ်တွင် ၎င်းတို့သည် လူများကို မည်မျှချစ်ကြောင်း၊ ၎င်းတို့သည် မည်မျှကြီးမြတ်ကာ၊ ဘုန်းကျက်သရေရှိပြီး မမှားနိုင်ကြောင်းပြောလျက် မိမိတို့ကိုယ်ကို ဖုံးဖိဖာထေးဖို့ အဆုံးစွန် လုပ်ဆောင်ကြသည်။ ဤသည်မှာ စာတန်၏သဘာဝ ဖြစ်သည်။ စာတန့်သဘာဝ၏ အထင်ရှားဆုံးအင်္ဂါရပ်မှာ လှည့်ကွက်နှင့် လှည့်ဖြားမှုဖြစ်သည်။ ဤလှည့်ကွက်နှင့် လှည့်ဖြားမှုတို့၏ ရည်မှန်းချက်သည် အဘယ်နည်း။ လူများကို လှည့်စားဖို့၊ ၎င်း၏အဖြစ်အနေနှင့် စရိုက်မှန်တို့ကို မမြင်အောင် သူတို့အား တားဆီးပြီး ထိုသို့ဖြင့် ၎င်း၏အုပ်စိုးမှု ကြာရှည်စေဖို့ ပန်းတိုင်ကို အောင်မြင်ရရှိဖို့ ဖြစ်သည်။ သာမန်လူများ၌ ထိုသို့သော အာဏာနှင့် ဂုဏ်အဆင့်အတန်း ရှိချင်မှရှိမည် ဖြစ်သော်လည်း ၎င်းတို့သည်လည်း အခြားသူများအား ၎င်းတို့ကို အလေးပေးသောအမြင် စွဲကိုင်စေဖို့အပြင် လူများက သူတို့၏စိတ်နှလုံးထဲ၌ ၎င်းတို့အား မြင့်မားသော ထင်မြင်ယူဆချက်ရှိဖို့နှင့် ၎င်းတို့အား မြင့်မားသော ဂုဏ်အဆင့်အတန်းဆီသို့ မြှင့်တင်ပေးဖို့ကို ဆန္ဒရှိကြသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား ဖြစ်ပေသည်။ သမ္မာတရားကို လူတို့က နားမလည်လျှင် ဤအရာကို သတိပြုမိနိုင်စွမ်းမရှိပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ပြုမူနေထိုင်ခြင်းတွင် ရှိထားသင့်သည့် စည်းမျဉ်းများ)မိမိ၏စိတ်နှလုံးကို မည်သည့်အခါမျှ မဖွင့်ဟသူများ၊ အမှုအရာများကို ပုန်းလျှိုးကွယ်ဝှက်ရန် အမြဲ ကြိုးစားသောသူများ၊ မိမိကိုယ်ကို လေးစားဖွယ်ကောင်းသည်ဟု ဟန်ဆောင်သောသူများ၊ လူတို့အား သူတို့ကို အထင်ကြီးစေလိုသောသူများ၊ အခြားသူတို့အား သူတို့၏စရိုက်ကို အပြည့်အဝ အကဲဖြတ်ခွင့်မပေးသောသူများ၊ လူတို့အား သူတို့ကို လေးစားစေလိုသောသူတို့၊ ဤလူတို့သည် မိုက်ကြသည် မဟုတ်လော။ ဤလူတို့သည် အမိုက်ဆုံးသူများ ဖြစ်ကြ၏။ ယင်းမှာ လူတို့နှင့်ပတ်သက်သော အမှန်တရားက အနှေးနှင့်အမြန် ဖော်ထုတ်ခြင်းခံရမည်ဖြစ်သောကြောင့်ပင်။ သူတို့သည် ဤဟန်အမူအရာမျိုးနှင့် မည်သည့်လမ်းကြောင်းကို လျှောက်လှမ်းနေသနည်း။ ဤသည်မှာ ဖာရိရှဲတို့၏ လမ်းကြောင်းပင် ဖြစ်၏။ ကြောင်သူတော်များမှာ အန္တရာယ်သင့်သလော၊ မသင့်သလော။ ဤသူတို့မှာ ဘုရားသခင် အရွံမုန်းဆုံးသော လူတို့ဖြစ်ကြသောကြောင့် ထိုသူတို့သည် အန္တရာယ်သင့်သည်ဟု သင်ထင်သလော၊ မထင်သလော။ ဖာရိရှဲဖြစ်ကြသူများ အားလုံးသည် ပျက်စီးခြင်းလမ်းကိုသာ လျှောက်ကြ၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ စိတ်နှလုံးကို ဘုရားသခင်အား ပေးအပ်ရာတွင် မိမိသည် သမ္မာတရားကို ရရှိနိုင်သည်) ဘုရားသခင်က လူတွေဟာ သူတို့ရဲ့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် သူများတွေဆီကနေ သူတို့ရဲ့ အပြစ်အနာအဆာတွေနဲ့ အားနည်းချက်တွေကို ဖုံးကွယ်ရင်း၊ ကိုယ့်ကိုယ်ကိုယ် မကြာခဏ ဖုံးဖိပြီး အယောင်ဆောင်တယ်လို့ ဖော်ထုတ်တယ်။ ဒီလိုလူတွေက မာနထောင်လွှားတယ်၊ အတုအယောင်ဖြစ်တယ်၊ ကြောင်သူတော်ဆန်တယ်။ ဘုရားနှုတ်ကပတ်တော်နဲ့အညီ ကျွန်မရဲ့ အပြုအမူကို ကျွန်မ ဆန်းစစ်ခဲ့တယ်၊ ပြီးတော့ ကျွန်မဟာ ဘုရားသခင်က ဖော်ထုတ်ခဲ့တဲ့ လူစားမျိုးဖြစ်တယ်လို့ ကျွန်မ သဘောပေါက်ခဲ့တယ်။ ကလေးဘဝကတည်းက ကျွန်မဟာ “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” ဆိုတဲ့ စိတ်ကူးရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတယ်၊ ပြီးတော့ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ တခြားသူတွေရဲ့ စိတ်နှလုံးထဲက အဆင့်အတန်းကို ကျွန်မ အလွန်အရေးထားခဲ့တယ်၊ လူတွေ ကျွန်မအပေါ် ကောင်းတဲ့ အမြင်နဲ့ ပုံရိပ် ရှိစေဖို့ အမြဲတမ်း လိုလားခဲ့တယ်။ ကျွန်မ စကားအပြောအဆို ကိုးရိုးကားယားဖြစ်ပြီး ငယ်ငယ်က လူကြီးတွေရဲ့ ဝေဖန်တာကို မကြာခဏ ခံခဲ့ရလို့၊ ဒါက ကျွန်မရဲ့ အားနည်းချက်ဖြစ်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်၊ ဒါကြောင့် ကျွန်မ စကားပြောရမဲ့ အခြေအနေတစ်ခု ကြုံတွေ့ရတိုင်း၊ အဲဒါကို ရှောင်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့တယ်။ ဘုရားသခင်ကို ရှာတွေ့ပြီးနောက်မှာ တစ်ခါက စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့နေတုန်း ကျွန်မ တောင်ရောက်မြောက်ရောက်ပြောတဲ့အပြင် အကြောင်းအရာနဲ့ လွဲချော်သွားတာကြောင့် ညီအစ်ကိုမောင်နှမတွေက ကြားဖြတ်ပြောတာကို ခံခဲ့ရတယ်၊ ပြီးတော့ ကျွန်မ အရှက်ရမိတယ်။ အဲဒီနောက်မှာ၊ ကျွန်မ စုဝေးပွဲတွေအတွင်းမှာ နောက်တစ်ခါ မိတ်သဟာယ မဖွဲ့ချင်တော့ဘဲ တခြားသူတွေရှေ့မှာ စကားပြောဖို့ ကြောက်ခဲ့တယ်။ ကျွန်မရဲ့ အပြုအမူက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ပြီး အယောင်ဆောင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ခဲ့တယ်၊ လူတွေ အထင်သေးတာ ခံရမဲ့အစား ကျွန်မက ရိုးရိုးကုပ်ကုပ်နေပြီး မကြွားဝါတတ်ဘူးလို့ လူတွေထင်အောင်လို့ ကိုယ့်ပြစ်ချက်တွေနဲ့ အားနည်းချက်တွေကို လူတွေမမြင်အောင် တားဆီးခဲ့တယ်၊ လူတွေ ကျွန်မအပေါ် အကောင်းမြင်အောင်၊ ကောင်းတဲ့ သဘောထားရှိအောင် လုပ်ခဲ့တယ်။ ညီအစ်ကိုမောင်နှမတွေ အတူတကွ စုဝေးတဲ့အခါ၊ ရည်ရွယ်ချက်က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေကို မိတ်သဟာယဖွဲ့ဖို့နဲ့ တစ်ယောက်ကိုတစ်ယောက် ကူညီပြီး ထောက်ပံ့ဖို့ ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်မရဲ့ အားနည်းချက်တွေကို ဖုံးကွယ်ချင်ခဲ့လို့၊ ကျွန်မရဲ့ အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုတွေကို မိတ်သဟာယဖွဲ့ခြင်းကနေ ရှောင်ခဲ့တယ်။ အသင်းတော်က ကျွန်မကို အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ ပြုစုပျိုးထောင်ပေးပြီး လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တယ်၊ ဒါတောင်မှ ကျွန်မ တာဝန်တွေကနေ ဆက်တိုက်ထွက်ပြေးပြီး ငြင်းပယ်နေခဲ့တယ်။ အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့တောင်၊ ကျွန်မမှာ တာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ချက် မရှိခဲ့ဘူး၊ အပျက်သဘောဆောင်ပြီး တက်ကြွမှုမရှိခဲ့ဘူး၊ ပြီးတော့ နုတ်ထွက်ချင်ခဲ့တယ်။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့၊ ကျွန်မ တာဝန်တွေကို ခေါင်းရှောင်နေခဲ့တယ်၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် ကျွန်မရဲ့ လိုအင်ဆန္ဒကို ဖုံးကွယ်ဖို့ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ အစွမ်းအစကို ဆင်ခြေတစ်ခုအဖြစ် အသုံးပြုခဲ့တယ်။ ဒီနည်းနဲ့ဆိုရင်၊ ညီအစ်ကိုမောင်နှမတွေက ကျွန်မ တာဝန်တွေ ထမ်းဆောင်ဖို့ ငြင်းပယ်တာကို မေးခွန်းထုတ်မှာ မဟုတ်ရုံသာမက ကျွန်မကို ဆင်ခြင်တုံတရားရှိတယ်၊ ကိုယ့်ကိုယ်ကိုယ် သိတယ်၊ ပြီးတော့ အဆင့်အတန်းအတွက် မပြိုင်ဆိုင်ဘူးလို့လည်း သိမြင်ကြလိမ့်မယ်၊ ပြီးတော့ သူတို့ ကျွန်မအပေါ် အကောင်းမြင်လာကြလိမ့်မယ်။ ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့ မသမာတဲ့ နည်းလမ်းတွေကို ကျွန်မ အသုံးပြုနေခဲ့ပြီး ဒီလိုလုပ်တော့ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကို ကျွန်မ လှည့်ဖြားနေနေး အထင်အမြင်မှားစေခဲ့တယ်။ ကျွန်မဟာ တကယ်ကို လှည့်ဖြားတတ်တာပဲ။

ရှာဖွေပြီး အရာရာကို စဉ်းစားဆင်ခြင်ခြင်းလိုက်တော့ ကျွန်မစိတ်ထဲမှာ နောက်ထပ် ရှုထောင့်အမြင်တစ်ခု ရှိနေတယ်ဆိုတာ ကျွန်မ သဘောပေါက်ခဲ့တယ်။ စကားပြောစွမ်းရည် ကောင်းတဲ့သူတွေသာ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ ဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်၊ ပြီးတော့ တစ်ယောက်ယောက် စကားပြောစွမ်းရည် မကောင်းခဲ့ရင်၊ သူတို့ ဒီအခန်းကဏ္ဍအတွက် အရည်အချင်းမရှိဘူးလို့ ယုံကြည်ခဲ့တယ်။ ဒါပေမဲ့ ဒီရှုထောင့်အမြင်က တကယ်ပဲ မှန်ရဲ့လား။ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် တစ်ပိုဒ်ကို ဖတ်ခဲ့တယ်။ “အခုလေးတင် ကျွန်ုပ်ပြောခဲ့သော အရည်အချင်းရှိသူ အမျိုးမျိုးတို့တွင် ပထမအမျိုးအစားမှာ လုပ်ငန်းအမျိုးမျိုး၏ တာဝန်ခံများ ဖြစ်နိုင်သောသူများ ဖြစ်သည်။ ၎င်းတို့အတွက် ပထမဆုံး တောင်းဆိုချက်မှာ သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ ရှိရန်ဖြစ်သည်။ ဤသည်မှာ အနိမ့်ဆုံး တောင်းဆိုချက် ဖြစ်သည်။ ဒုတိယတောင်းဆိုချက်မှာ ၎င်းတို့တွင် ဝန်တာ ရှိခြင်းဖြစ်သည်။ ဤအရာသည် မရှိမဖြစ်လိုအပ်သည်။ အချို့လူများသည် သာမန်လူများထက် သမ္မာတရားကို ပို၍ လျင်မြန်စွာ သဘောပေါက်နားလည်ကြသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ရှိကြသည်၊ အစွမ်းအစ ကောင်းကြသည်၊ အလုပ်လုပ်နိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် အချိန်ကာလတစ်ခု လေ့ကျင့်ပြီးနောက်တွင် မိမိတို့၏ ခြေထောက်ပေါ်တွင် လုံးဝဥဿုံ ရပ်တည်နိုင်ကြသည်။ သို့သော် ဤလူများတွင် ပြင်းထန်သော ပြဿနာတစ်ခု ရှိသည်။ ၎င်းတို့တွင် ဝန်တာထားစိတ် မရှိခြင်း ဖြစ်သည်။...ထို့ပြင် အလုပ်တစ်ခုအတွက် အစွမ်းအစသည် လုံလောက်သည်ထက် ပိုသောလူများလည်း ရှိသေးသည်၊ သို့သော် ကံမကောင်းစွာဖြင့် ၎င်းတို့တွင် ဝန်တာထားစိတ် မရှိကြပေ၊ ၎င်းတို့သည် တာဝန်ယူရန် မနှစ်သက်ကြ၊ ပြဿနာကို မနှစ်သက်ကြ၊ စိုးရိမ်ပူပန်ရသည်ကို မနှစ်သက်ကြပေ။ ၎င်းတို့သည် လုပ်ဆောင်ရန် လိုအပ်သော အလုပ်ကို မမြင်ကြပေ၊ ပြီးလျှင် ယင်းကို မြင်နိုင်လျှင်ပင် တာဝန်ယူဆောင်ရွက်လိုစိတ် မရှိကြပေ။ ဤအမျိုးအစား လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရန် သင့်တော်သူများလော။ လုံးဝမဟုတ်ပါ၊ ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရန် လူတို့တွင် ဝန်တာထားစိတ်ကို သယ်ဆောင်ရမည်ဖြစ်သည်။ ဝန်တာထားစိတ် ရှိခြင်းကို တာဝန်ယူစိတ်ရှိခြင်းဟုလည်း ဖော်ပြနိုင်သည်။ တာဝန်ယူစိတ်ရှိခြင်းသည် လူ့သဘာဝနှင့် ပို၍သက်ဆိုင်သည်၊ ဝန်တာထားစိတ်ရှိခြင်းသည် လူများကို အကဲဖြတ်ရန် ဘုရားအိမ်တော် အသုံးပြုသော စံနှုန်းများထဲမှ တစ်ခုနှင့် သက်ဆိုင်သည်။ ဝန်တာထားစိတ် ရှိသည့်အပြင် နောက်ထပ်အရာနှစ်ခုဖြစ်သည့် သမ္မာတရားကို သဘောပေါက်နားလည်နိုင်သည့် စွမ်းရည်နှင့် အစွမ်းအစ၊ နှင့် အလုပ်လုပ်နိုင်စွမ်းတို့ကို ပိုင်ဆိုင်သောသူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်း ခံရနိုင်သော လူအမျိုးအစားဖြစ်ပြီး ဤလူအမျိုးအစားသည် လုပ်ငန်းအမျိုးမျိုး၏ ကြီးကြပ်ရေးမှူးများ ဖြစ်နိုင်သည်။ ဤသည်တို့မှာ လူများကို အမျိုးမျိုးသော ကြီးကြပ်ရေးမှူးများ ဖြစ်လာစေရန် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းအတွက် လိုအပ်သော စံနှုန်းများဖြစ်ပြီး ဤစံနှုန်းများနှင့် ကိုက်ညီသော လူများသည် ရာထူးတိုးမြှင့်ခြင်းနှင့် ပျိုးထောင်ခြင်းခံရရန် သင့်တော်သူများ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၅)) ဘုရားနှုတ်ကပတ်တော်ထဲကနေ၊ ခေါင်းဆောင်တစ်ယောက်နဲ့ အမှုဆောင်တစ်ယောက် ဖြစ်ဖို့က လူတစ်ယောက်ရဲ့ လူ့သဘာဝနဲ့ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းအပေါ် အဓိက မူတည်တယ်ဆိုတာ ကျွန်မ မြင်တယ်။ ဒါ့အပြင်၊ အဲဒါက သူတို့မှာ အလုပ်အတွက် ဝန်တာထားတဲ့စိတ်နဲ့ တာဝန်သိစိတ် ရှိမရှိအပေါ်မှာလည်း မူတည်တယ်။ ဆက်သွယ်ပြောဆိုနိုင်စွမ်း ကောင်းတဲ့သူတွေက ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မိတ်သဟာယဖွဲ့တဲ့အခါ၊ သူတို့ရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်းနဲ့ ယုတ္တိရှိရှိ ဖော်ပြနိုင်တယ်၊ ပြီးတော့ အဓိကအချက်တွေကို သူတို့ ဆုပ်ကိုင်နိုင်တယ်၊ တခြားသူတွေကို ချက်ချင်း နားလည်စေနိုင်တယ်။ ဒါက သူတို့ရဲ့ တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းရာမှာ အကျိုးရှိတယ်၊ ဒါပေမဲ့၊ ကြီးကြပ်ရေးမှူးတစ်ယောက်မှာ စကားပြောစွမ်းရည် ကောင်းမွန်မှု၊ အစွမ်းအစ၊ ပြီးတော့ အားကောင်းတဲ့ အလုပ်လုပ်နိုင်စွမ်းတွေ ရှိပေမဲ့ ဒါပေမဲ့ သူတို့မှာ ညံ့ဖျင်းတဲ့ လူ့သဘာဝ ရှိတယ်၊ သက်သာမှုကို တောင့်တတယ်၊ ပြီးတော့ အလုပ်လုပ်ရတာကို မကြိုက်ဘူး၊ ပြီးတော့ သူတို့မှာ သူတို့ရဲ့ တာဝန်တွေအတွက် ဝန်တာထားတဲ့စိတ် မရှိဘူး၊ ပြီးတော့ တာဝန်မဲ့တယ်ဆိုရင်၊ အဲဒီလိုလူတစ်ယောက်က ခေါင်းဆောင်တစ်ယောက်နဲ့ အမှုဆောင်တစ်ယောက် ဖြစ်ဖို့လည်း မသင့်တော်ဘူး။ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီးမှာ စကားပြောစွမ်းရည် ကောင်းမွန်မှုနဲ့ အစွမ်းအစ ရှိခဲ့တယ်၊ ဒါပေမဲ့ သူတို့ရဲ့ တာဝန်တွေအတွက် ဝန်တာထားတဲ့စိတ် မရှိတာနဲ့ တကယ့်အလုပ်ကို မလုပ်တာကြောင့်၊ ပြီးတော့ သူတို့ရဲ့ ရာထူးတွေရဲ့ အကျိုးကျေးဇူးတွေကို မွေ့လျော်ခံစားတာကြောင့်၊ သူတို့ ဖြုတ်ချခံခဲ့ရတယ်၊ ဆန့်ကျင်ဘက်အနေနဲ့၊ စကားပြောစွမ်းရည်နဲ့ အစွမ်းအစ အနည်းငယ် ပိုညံ့ဖျင်းတဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ ရှိခဲ့တယ်၊ ဒါပေမဲ့ သူတို့မှာ သူတို့ရဲ့ တာဝန်တွေအတွက် ဝန်တာထားတဲ့စိတ်နဲ့ တာဝန်သိစိတ် ရှိတယ်၊ သူတို့ လုံ့လဝီရိယရှိရှိ အလုပ်လုပ်ကြတယ်၊ ပြီးတော့ သူတို့ရဲ့ တာဝန်တွေမှာ သူတို့ရဲ့ ညီအစ်ကိုမောင်နှမတွေအတွက် တကယ့်ပြဿနာတွေကို ဖြေရှင်းနိုင်ကြတယ်။ ဒီလို ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက တကယ့်အလုပ်ကိုလည်း လုပ်ဆောင်နိုင်တယ်၊ ပြီးတော့ အသင်းတော်က သူတို့ကို လေ့ကျင့်ဖို့ အခွင့်အရေးတွေ ပေးတယ်။ အတိတ်တုန်းက၊ ကျွန်မရဲ့ ညံ့ဖျင်းတဲ့ စကားပြောစွမ်းရည်နဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်းတွေကြောင့်ပဲ အဖွဲ့ခေါင်းဆောင်တစ်ယောက် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက် ဖြစ်ဖို့ မသင့်တော်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဘောင်ခတ်ခဲ့တယ်။ ဒါက သမ္မာတရားကို ရှာဖွေဖို့ ကျွန်မရဲ့ ပျက်ကွက်မှုကြောင့် ဖြစ်ခဲ့တယ်၊ ပြီးတော့ ကျွန်မ ဒီမှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး ဘောင်ခတ်လို့ မရတော့ဘူး။

ရှေ့ဆက်လို့ ကိုယ့်တာဝန်တွေကို အစွမ်းကုန် အပြည့်အဝ ဘယ်လို ထမ်းဆောင်နိုင်မလဲဆိုတာကို ကျွန်မ အာရုံစိုက်ခဲ့တယ်၊ ကျွန်မအနေနဲ့ အကောင်းဆုံးလုပ်နိုင်အောင် ကြိုးစားအားထုတ်ခဲ့တယ်။ ပြီးတော့ ကျွန်မ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကိုလည်း သတိရှိရှိ ပြန်သုံးသပ်ခဲ့တယ်၊ ကျွန်မ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေမှာ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ အာရုံစိုက်ခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေအပေါ် တကယ့် နားလည်သဘောပေါက်မှုတချို့ ရှိခဲ့တဲ့အခါ၊ ကျွန်မ သက်သေခံချက် ဆောင်းပါးတွေ ရေးဖို့ လေ့ကျင့်ခဲ့တယ်။ တဖြည်းဖြည်းနဲ့၊ ကျွန်မ ယုတ္တိရှိရှိနဲ့ အဆီအငေါ် တည့်အောင် ဘယ်လို စကားပြောရမလဲဆိုတာကို သင်ယူခဲ့တယ်၊ ပြီးတော့ တခြားသူတွေ နားလည်နိုင်အောင် ကျွန်မရဲ့ အတွေးတွေကို ရှင်းရှင်းလင်းလင်း ဘယ်လို ထုတ်ပြောရမလဲဆိုတာကို သင်ယူခဲ့တယ်၊ ပြီးတော့ ဆက်သွယ်ပြောဆိုခြင်းမှာ ပါဝင်တဲ့ ကျွမ်းကျင်မှုတွေကို ကျွန်မ သိနားလည်စပြုလာတယ်။ စုဝေးပွဲတွေမှာ အလုပ်ကို အကောင်အထည်ဖော်ဖို့ အချိန်ကျတော့ ကျွန်မရဲ့ တွဲဖက်က ကျွန်မကို ဦးဆောင်ဖို့ တောင်းဆိုတဲ့အခါ အရင်ကလောက် ကျွန်မ မကြောက်တော့ဘူး၊ ပြီးတော့ ကျွန်မ လူတိုင်းနဲ့အတူ ပြဿနာတွေနဲ့ လမ်းလွဲတာတွေကိုလည်း အကျဉ်းချုပ်နိုင်ခဲ့တယ်၊ ဒီလိုနဲ့ ကျွန်မရဲ့ တာဝန်တွေရဲ့ ထိရောက်မှုကို တိုးတက်စေခဲ့တယ်။ ဒီနည်းနဲ့ လက်တွေ့ကျင့်သုံးခြင်းတော့ ကျွန်မ စိတ်အေးချမ်းပြီး အေးဆေးသက်သာဖြစ်ရတယ်၊ တဖြည်းဖြည်းနဲ့၊ ကျွန်မရဲ့ သိမ်ငယ်စိတ်တွေရဲ့ အရိပ်ကနေ ကျွန်မ ထွက်လာခဲ့တယ်၊ ပြီးတော့ ကျွန်မ အရင်ကထက် အများကြီး ပိုပြီး တောက်ပလာခဲ့တယ်။ ကျွန်မ မှောင်နေတဲ့ ချောင်တစ်ချောင်မှာ ပုန်းနေပြီး ဘာမှ မပြောရဲတဲ့သူတစ်ယောက် မဟုတ်တော့ဘူး။ ကျွန်မရဲ့ သိမ်ငယ်စိတ် အရိပ်ကနေ တဖြည်းဖြည်း ထွက်လာပြီး ဖန်ဆင်းခံတစ်ဦးအနေနဲ့ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်းရှိလာစေဖို့ ခွင့်ပြုပေးတဲ့ ဘုရားနှုတ်ကပတ်တော်တွေရဲ့ ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြခြင်းအတွက် ကျွန်မ ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တာဝန်ကို ကောင်းစွာ လုပ်ဆောင်ရန် ဝေဖန်အကဲဖြတ်ချက် လိုအပ်သည်

မကြာသေးခင်က ခေါင်းဆောင်တစ်ယောက်နဲ့ သင်းထောက်နှစ်ယောက်ကို ညီအစ်မတစ်ယောက် တိုင်ကြားတဲ့စာ ရခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ အစ်မရှင်းက...

တန်ခိုးကြီးသော သက်သေခံချက်- ဘုရားသခင်အပေါ် မှီခိုပြီးနောက်တွင် အသက်ကြီးသူ အမျိုးသမီးတစ်ဦး၏ အသည်းရေဖျဉ်းစွဲခြင်းက အံ့သြဖွယ်ရာ ပျောက်ကင်းသည်

ဂျုံးကျင် အယ်ဒီတာ့မှတ်ချက်- “ကျွန်မ ဘုရားသခင်ကို ယုံကြည်တယ်၊ ဒီတော့ ဘာလို့ ဒီနာမကျန်းမှုမျိုးကို ကျွန်မ ခံစားရတာလဲ။ ဘာလို့ ဘုရားသခင်က...

ဝန်ထုပ်ဝန်ပိုးတစ်ခုက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်

ယုန်ရွှေ တောင်ကိုရီးယားနိုင်ငံ သိပ်မကြာသေးတဲ့ အသင်းတော် ရွေးကောက်ပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပါတယ်။ ဒါကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
စာလုံးသေးမည်
စာလုံးကြီးမည်
​ဘောင်အပြည့်ချဲ့ကြည့်မည်
​ဘောင်အပြည့်ချဲ့ကြည့်ခြင်းမှ ထွက်မည်