စိတ်မွန်းကြပ်မှုကို ကျွန်မ ဖြေရှင်းခဲ့ပုံ

29.04.2025

ကူနီရန်၊ တရုတ်နိုင်ငံ

အရင်တုန်းက ကျွန်မ အသင်းတော်မှာ သီးသန့်အလုပ်တစ်ခုကို လုပ်ခဲ့တယ်။ အလုပ်ပမာဏက မများဘူး၊ အတော်လေး လွယ်ကူတော့ ဒီလို တာဝန်ထမ်းဆောင်ရတာ တော်တော်လေးကောင်းတယ်လို့ ကျွန်မ ခံစားခဲ့ရတယ်။ နောက်ပိုင်းမှာ ကျွန်မကို ဧဝံဂေလိ ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခဲ့တယ်။ ကျွန်မနဲ့အတူ အလုပ်လုပ်တဲ့ ညီအစ်မမှာ သူနေ့တိုင်း လိုက်လုပ်ရမဲ့ အလုပ်တွေ အများကြီးရှိတာကို ကျွန်မ မြင်ခဲ့ရတယ်။ သူက ညီအစ်ကိုမောင်နှမတွေရဲ့ ပြဿနာတွေ၊ ဒါမှမဟုတ် အခြေအနေတွေနဲ့ အခက်အခဲတွေကို တွေ့တဲ့အခါ ဖြေရှင်းဖို့အတွက် အချိန်မီ မိတ်သဟာယဖွဲ့ပေးရတယ်။ ဧဝံဂေလိ အမှုဆောင်တွေကို ပျိုးထောင်ပေးရတယ်၊ အလုပ်ကို ပုံမှန် အနှစ်ချုပ်တင်ပြရတယ်၊ စသဖြင့်ပေါ့။ သူ့ရဲ့နေ့စဉ် အချိန်ဇယားက လုံးဝ ပြည့်ကျပ်နေခဲ့တယ်။ သူ့ကို ကြည့်နေရုံနဲ့တင် ကျွန်မ စိတ်ပင်ပန်းသလို ခံစားခဲ့ရတယ်။ “ဒါက နောင်မှာ ငါ့တာဝန်ရဲ့ အခြေအနေ ဖြစ်လာတော့မှာလား။ အသေးစိတ်အလုပ်တွေ ဒီလောက်များတာနဲ့ ငါ့စိတ်က နေ့တိုင်း တစ်ချိန်လုံး အလုပ်လုပ်နေရတော့မှာ မဟုတ်လား။ နောက်ပြီးတော့ ပြဿနာတွေပေါ်လာရင် အဲဒါတွေကို ချက်ချင်းဖြေရှင်းဖို့ သမ္မာတရားကို ငါ ရှာဖွေဖို့လိုတယ်။ ဒါပေမဲ့ ငါ့အသက်ဝင်ရောက်မှုက မလေးနက်ဘူး။ ဧဝံဂေလိတရားဟောပြောခြင်းနဲ့ပတ်သက်တဲ့ သမ္မာတရားလည်း ငါ့မှာမရှိဘူး။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ဆိုရင် ငါ့ဇာတိပကတိက ဘယ်လောက်တောင် ဒုက္ခဆင်းရဲခံရဦးမလဲဆိုတာ ငါမသိဘူး” လို့ပေါ့။ ကျွန်မ ဖိအားတွေ အများကြီး ခံစားခဲ့ရပြီး လာမယ့်အလုပ်ကို တက်တက်ကြွကြွ ထမ်းဆောင်ဖို့ စိတ်အားထက်သန်မှု နည်းနည်းပဲရှိခဲ့တယ်။

တစ်ည အလုပ်ပြီးတဲ့နောက်မှာ ကျွန်မစိတ်ထဲမှာ ဟာတာတာဖြစ်ပြီး အကြောင်းရင်းမရှိဘဲ စိတ်တိုသလို ခံစားခဲ့ရတယ်။ လာမယ့်အလုပ်မှာ ကျွန်မ ရင်ဆိုင်ရမယ့် အခက်အခဲတွေနဲ့ ပြဿနာတွေကို စဉ်းစားရင်း ကျွန်မ တော်တော်လေး စိတ်မွန်းကြပ်ပြီး စိတ်နှလုံး လေးလံခဲ့ရတယ်။ ကျွန်မရဲ့အခြေအနေ မမှန်ဘူးဆိုတာ သဘောပေါက်ခဲ့လို့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “အို ဘုရားသခင်၊ သမီးစိတ်က ငြိမ်သက်မရနိုင်ဘူး၊ စိတ်မွန်းကြပ်မှုနဲ့ စိတ်တိုမှုကို ခံစားရပြီး သမီးအခြေအနေလည်း ပုံမှန်မဟုတ်ပါဘူး။ အို ဘုရားသခင်၊ ဒီအခြေအနေထဲကနေ ထွက်လာဖို့ ကိုယ်တော် သမီးကို လမ်းပြတော်မူပါလို့ ဆုတောင်းပါတယ်။ အာမင်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်စာအုပ်ကို ကျွန်မ ဖွင့်ပြီး ဒီဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ခဲ့တယ်။ “လူတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုနှင့် ပျော်ရွှင်မှုကို စဉ်ဆက်မပြတ် ရှာဖွေလျှင်၊ ရုပ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုနှင့် သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားလျှင်၊ ဒုက္ခမခံလိုလျှင် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်၊ သူတစ်ပါးတို့ထက် အနည်းငယ်ပို၍ ဒုက္ခခံခြင်း၊ သို့မဟုတ် ပုံမှန်ထက် အနည်းငယ်ပို၍ အလုပ်ပိသည်ဟု ခံစားရခြင်းသည်ပင် ၎င်းတို့အား ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရစေလိမ့်မည်။ ဤသည်မှာ ဖိနှိပ်ချုပ်ချယ်မှုကို ဖြစ်စေသည့်အရာတစ်ခုဖြစ်သည်။ လူတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခအနည်းငယ်ကို အလွန်ဆိုးရွားသည်ဟု မသတ်မှတ်လျှင်၊ ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို မလိုက်စားဘဲ ဘုရားသခင်အား ကျေနပ်စေရန်အတွက် ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရန် သမ္မာတရားအား လိုက်စားပြီး ရှာဖွေလျှင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခကို မကြာခဏ ခံစားရမည်မဟုတ်ပေ။ ၎င်းတို့သည် အနည်းငယ်အလုပ်ရှုပ်ခြင်း၊ ပင်ပန်းခြင်း၊ သို့မဟုတ် အားကုန်ခြင်းကို ရံဖန်ရံခါ ခံစားရလျှင်ပင် အိပ်ပျော်ပြီးနောက်တွင် နိုးထသောအခါ သက်သာလိမ့်မည်။ ထို့နောက် ၎င်းတို့၏ အလုပ်ကို ဆက်လက် လုပ်ဆောင်လိမ့်မည်။ ၎င်းတို့၏ အာရုံစိုက်မှုသည် ၎င်းတို့၏တာဝန်နှင့် အလုပ်အပေါ်တွင် ရှိလိမ့်မည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု အနည်းငယ်ကို သိသာထင်ရှားသော ပြဿနာတစ်ခုအဖြစ် သတ်မှတ်မည်မဟုတ်ပေ။ သို့ရာတွင် လူတို့၏ အတွေးထဲတွင် ပြဿနာတစ်ခုပေါ်လာပြီး ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သာမှုကို စဉ်ဆက်မပြတ် လိုက်စားသောအခါ ၎င်းတို့၏ ရုပ်ခန္ဓာက အနည်းငယ် ပင်ပန်းနွမ်းနယ်ခြင်း၊ သို့မဟုတ် စိတ်ကျေနပ်မှုကို ရှာမတွေ့နိုင်ခြင်းဖြစ်သည့် မည်သည့်အချိန်မဆိုတွင် ၎င်းတို့အတွင်း၌ အပျက်သဘောဆောင်သော စိတ်ခံစားချက်အချို့ ဖြစ်ပေါ်လိမ့်မည်။ ဤသို့ဆိုလျှင် မိမိနှစ်သက်သလို အစဉ် လုပ်ဆောင်လိုပြီး မိမိ၏ အသွေးအသားကို အလိုလိုက်ကာ ဘဝကို ပျော်မွေ့လိုသော ဤသို့သောသူမျိုးသည် ကျေနပ်ခြင်း မရှိသည့်အခါတိုင်းတွင် ဤအပျက်သဘောဆောင်သော ဖိနှိပ်ချုပ်ချယ်ခံရသည့် စိတ်ခံစားချက်အတွင်းတွင် အဘယ်ကြောင့် မကြာခဏ ပိတ်မိနေမည်နည်း။ (သက်သာခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုကို လိုက်စားသောကြောင့်ဖြစ်သည်။) ဤသည်မှာ လူအချို့အတွက် မှန်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅))လူ့အဖွဲ့အစည်းတွင် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်သူများမှာ မည်သူတို့ ဖြစ်သနည်း။ လူပျင်းများ၊ ငတုံးငအများ၊ အချောင်ခိုသူများ၊ လူရမ်းကားများ၊ လူဆိုးလူမိုက်များနှင့် လူလေလူလွင့်များ ဖြစ်သည်။ ဤသို့သော သူများဖြစ်သည်။ ၎င်းတို့သည် မည်သည့်ကျွမ်းကျင်မှု၊ သို့မဟုတ် အရည်အချင်းအသစ်ကိုမျှ မသင်ယူလိုပေ။ ပြီးလျှင် ၎င်းတို့သည် ရပ်တည်နိုင်ရန်အတွက် အရေးကြီးသော အသက်မွေးအလုပ်များ နောက်သို့ မလိုက်လိုပေ၊ သို့မဟုတ် အလုပ်တစ်ခုကို မရှာဖွေလိုပေ။ ၎င်းတို့သည် လူ့အဖွဲ့အစည်း၏ လူပျင်းများနှင့် လူလေလူလွင့်များဖြစ်သည်။ ၎င်းတို့သည် အသင်းတော်သို့ ထိုးဖောက်ဝင်ရောက်လာပြီး တစ်စုံတစ်ခုကို အလကားရရှိလိုသည်။ ပြီးလျှင် ၎င်းတို့၏ ကောင်းချီးဝေစုကို ရရှိလိုသည်။ ၎င်းတို့သည် အခွင့်အရေးသမားများဖြစ်သည်။ ဤအခွင့်အရေးသမားများသည် ၎င်းတို့၏ တာဝန်များကို မည်သည့်အခါမျှ ထမ်းဆောင်လိုစိတ်မရှိပေ။ အမှုကိစ္စများက ၎င်းတို့၏ သဘောကျဖြစ်ရန် အနည်းငယ်မျှ အတိမ်းအစောင်း ရှိလျှင်ပင် ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ၎င်းတို့သည် အစဉ်သဖြင့် လွတ်လပ်စွာ နေလိုကြသည်။ မည်သည့်အလုပ်မျိုးကိုမျှ မထမ်းဆောင်လိုပေ။ သို့တိုင်အောင် ကောင်းသောအစားအစာကို စားပြီး ကောင်းသော အဝတ်ကို ဝတ်လိုကြသေးသည်။ ၎င်းတို့ စားလိုသည့် မည်သည့်အရာကိုမဆို စားပြီး အိပ်လိုသည့် မည်သည့်အချိန်တွင်မဆို အိပ်ချင်ကြသေးသည်။ ဤသို့သောနေ့ရက် ရောက်ရှိလာလျှင် သေချာစွာပင် အလွန်ကောင်းလိမ့်မည်ဟု ၎င်းတို့ ထင်ကြသည်။ ၎င်းတို့သည် ဆင်းရဲဒုက္ခအနည်းငယ်မျှကိုပင် မခံလိုဘဲ ဇိမ်ခံရသော ဘဝကို ဆန္ဒရှိကြသည်။ ဤလူတို့သည် အသက်ရှင်ရခြင်းကိုပင် ပင်ပန်းနွမ်းနယ်သည်ဟု မြင်ကြသည်။ ၎င်းတို့သည် အပျက်သဘောဆောင်သော စိတ်ခံစားချက်များ၏ ချည်နှောင်ခြင်းကို ခံရသည်။ ၎င်းတို့သည် မိမိတို့ နှစ်သက်သလို မလုပ်ဆောင်ရသောကြောင့် မကြာခဏ ပင်ပန်းပြီး စိတ်ရှုပ်ထွေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးမစိုက်လိုပေ၊ သို့မဟုတ် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အရေးကိစ္စများကို မကိုင်တွယ်လိုပေ။ ၎င်းတို့သည် အလုပ်တစ်ခုကို စွဲစွဲမြဲမြဲ မလုပ်ချင်သကဲ့သို့ အစမှအဆုံးထိ စဉ်ဆက်မပြတ် မလုပ်ဆောင်လိုပေ။ ၎င်းတို့၏ ကိုယ်ပိုင်အလုပ်အကိုင်နှင့် အလုပ်တာဝန်အဖြစ်၊ တာဝန်နှင့် ဝတ္တရားအဖြစ် သဘောမထားလိုပေ။ ၎င်းတို့သည် ပြီးမြောက်အောင် မလုပ်ဆောင်လိုဘဲ ရလဒ်များကိုလည်း မရရှိလိုပေ၊ သို့မဟုတ် ဖြစ်နိုင်သမျှ အကောင်းဆုံး စံနှုန်းဖြစ်အောင် မလုပ်ဆောင်လိုပေ။ ၎င်းတို့သည် မည်သည့်အခါမျှ ဤသို့ မစဉ်းစားပေ။ ၎င်းတို့သည် ဝတ်ကျေတမ်းကျေပုံစံဖြင့်သာ လုပ်ဆောင်လိုပြီး ၎င်းတို့၏တာဝန်ကို စားဝတ်နေရေးအတွက် ငွေရှာရန် နည်းလမ်းတစ်ခုအဖြစ် အသုံးပြုလိုကြသည်။ ၎င်းတို့သည် ဖိအားအနည်းငယ်၊ သို့မဟုတ် ထိန်းချုပ်မှုပုံစံတစ်ခုခုကို ရင်ဆိုင်ရသောအခါ၊ သို့မဟုတ် အနည်းငယ်ပို၍ မြင့်သော စံနှုန်းပြည့်မီအောင် ဆောင်ရွက်ရန် ၎င်းတို့ကို သတ်မှတ်ချက်ပေးသောအခါ၊ သို့မဟုတ် တာဝန်အနည်းငယ်ကို ပခုံးထမ်းယူခိုင်းသောအခါ ၎င်းတို့သည် အနေရခက်ပြီး ဖိနှိပ်ချုပ်ချယ်မှုကို ခံစားရသည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်များသည် ၎င်းတို့အတွင်းတွင် ဖြစ်ပေါ်လာပြီး ရှင်သန်ရခြင်းက ၎င်းတို့အတွက် ပင်ပန်းနွမ်းနယ်ဖွယ်ဖြစ်ကာ စိတ်ဆင်းရဲကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ စိတ်ထဲမှာ အရမ်းကို ထိခိုက်ပြီး စိတ်ဆင်းရဲခဲ့ရတယ်။ ဘုရားအမြင်မှာတော့ တာဝန်ထမ်းဆောင်ရာမှာ သက်သောင့်သက်သာရှိမှုကို အမြဲရှာဖွေပြီး နည်းနည်း ဒုက္ခဆင်းရဲခံရတဲ့အခါ စိတ်မွန်းကြပ်မှုအခြေအနေထဲကို ကျရောက်သွားသူတွေက သင့်တော်တဲ့အလုပ်ကို မလုပ်ကြတဲ့သူတွေ၊ ဘုရားအိမ်တော်ထဲကို တိုးဝှေ့ဝင်ရောက်လာခဲ့ကြတဲ့ အခွင့်အရေးသမားတွေပဲဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ ဒီအချိန်အတောအတွင်း ကျွန်မအခြေအနေနဲ့ ကျွန်မထုတ်ဖော်ပြခဲ့တာတွေကို ပြန်သုံးသပ်ကြည့်တဲ့အခါ ကျွန်မက ဘုရားဖော်ထုတ်ပြခဲ့တဲ့ လူစားမျိုး အတိအကျပဲဆိုတာ သဘောပေါက်ခဲ့တယ်။ ကျွန်မက တာဝန်တစ်ခုကို တရားဝင် မယူရသေးဘူး။ ကျွန်မနဲ့အတူ အလုပ်လုပ်ခဲ့တဲ့ ညီအစ်မမှာ ကိုင်တွယ်ရမယ့် အလုပ်တွေ အများကြီးရှိတာကို ကျွန်မ မြင်ခဲ့ရုံပဲ။ သူက နေ့တိုင်း အားစိုက်ထုတ်ဖို့၊ ကောင်းကောင်းစဉ်းစားဖို့၊ သူ့ဦးနှောက်ကို သုံးဖို့လိုခဲ့ပြီး ညီအစ်ကိုမောင်နှမတွေရဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို သမ္မာတရားအပေါ် မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းပေးခဲ့ရတယ်။ အဲဒါတွေအားလုံးက သိပ်ကို အလုပ်များပြီး ပင်ပန်းပုံပေါက်လို့ ကျွန်မ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်။ ဒီအသေးစိတ်အလုပ်တွေကို ကိုယ့်ဘာသာကိုယ် တာဝန်ယူရတော့မယ်ဆိုတာကို စဉ်းစားမိတဲ့အခါ ကျွန်မ စိတ်မွန်းကြပ်ပြီး စိတ်နှလုံးလေးလံခဲ့ရတယ်၊ ဒီဝန်ထုပ်ကို မထမ်းချင်ခဲ့ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်းက ဘုရားသခင်ရဲ့ အရေးတကြီး ရည်ရွယ်ချက်ဖြစ်တယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ သမ္မာတရားကို လိုက်စားတဲ့အသိတရားနဲ့ ဆင်ခြင်တုံတရားရှိသူအားလုံးက ဘုရားရဲ့ ရည်ရွယ်ချက်ကို အလေးထားကြတယ်၊ တကယ်ကို ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးကြတယ်။ အဲဒီအထဲမှာ သူတို့ရဲ့ ဝေစုကို ထည့်ဝင်ကြတယ်။ အခု ကျွန်မက ဒီတာဝန်ကို လက်ခံခဲ့ပြီးပြီဆိုတော့ ဒီအလုပ်ကို တတ်နိုင်သလောက် မြန်မြန် ဘယ်လိုထမ်းဆောင်ရမလဲဆိုတာကို စဉ်းစားခဲ့ရတယ်။ လူတွေကို ပြုစုပျိုးထောင်တာ၊ သူတို့ရဲ့ အခြေအနေတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းတာ၊ အလုပ်ထဲက ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို ပြုပြင်တာ စသဖြင့်ပေါ့။ ဒါတွေက အရင်က ကျွန်မ မကြုံဖူးခဲ့တဲ့ တာဝန်တွေပဲ။ ဒါကြောင့် အဲဒါတွေကို နည်းနည်းချင်း နားလည်ပြီး ရင်းနှီးကျွမ်းဝင်အောင် လုပ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်မမှာ အဲဒီ အပြုသဘောဆောင်တဲ့ လက်တွေ့လုပ်ဆောင်မှုတွေ မရှိခဲ့ဘူး။ ကျွန်မရဲ့ ဇာတိပကတိက ပိုပြီး ဒုက္ခဆင်းရဲခံရမှာကို တစ်နေကုန် စိုးရိမ်နေခဲ့တယ်။ အဲဒါနဲ့ ကျွန်မ စိတ်မွန်းကြပ်တဲ့ အခြေအနေကို ရောက်သွားတယ်။ ကျွန်မ တကယ်ကို သင့်တော်တဲ့အလုပ်ကို မလုပ်ခဲ့တာပဲ။ ဒီအတွေးတွေကြောင့် ကျွန်မအပြစ်ရှိသလို အရမ်းခံစားမိလို့ ဘုရားရှေ့မှောက်ကို ဆုတောင်းဖို့ ကျွန်မ ရောက်လာခဲ့တယ်။ ဒီအလုပ်ကို ထမ်းဆောင်နိုင်ဖို့အတွက် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်လိုစိတ်နဲ့ ဒုက္ခဆင်းရဲခံလိုစိတ်ကို ပေးသနားဖို့ ဘုရားကို တောင်းလျှောက်ခဲ့တယ်။

အစပိုင်းမှာ ကျွန်မ တော်တော်လေး တက်ကြွခဲ့တယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ စည်းမျဉ်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးကျွမ်းဝင်အောင်လုပ်ပြီး ဧဝံဂေလိတရားဟောပြောခြင်း သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခဲ့တယ်။ စိန်ခေါ်မှုရှိခဲ့ပေမဲ့ ဘုရားကို ဆုတောင်းပြီး အားကိုးခြင်းအားဖြင့် ကျွန်မ အကျိုးအမြတ်တချို့ ရရှိနိုင်ခဲ့တယ်။ နေ့တိုင်း တော်တော်လေး ပြည့်စုံတယ်လို့ ခံစားခဲ့ရတယ်။ ဒါပေမဲ့ ခဏကြာတော့ အသေးစိတ်အလုပ်တွေက ကျွန်မ မျှော်မှန်းထားတာထက် ပိုများတယ်ဆိုတာ ကျွန်မ တွေ့ခဲ့တယ်။ အလုပ်ကို အနှစ်ချုပ်ရမယ့်အချိန် ရောက်တဲ့အခါ ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေ အများကြီးရှိတာကို ကျွန်မ မြင်ခဲ့ရပြီး စိတ်ရှုပ်သွားတယ်။ ဥပမာ၊ ဧဝံဂေလိ အမှုဆောင်တွေက သူတို့တာဝန်တွေရဲ့ စည်းမျဉ်းတွေကို သဘောမပေါက်ကြဘူး။ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေ မေးတဲ့မေးခွန်းတွေကို ဘယ်လိုဖြေရမလဲဆိုတာ သူတို့ မသိကြဘူး။ လူတချို့မှာ ဆိုးတဲ့အခြေအနေတွေ ရှိခဲ့ကြတယ်၊ စသဖြင့်ပေါ့။ ဒီပြဿနာတွေအားလုံးကို တစ်ခုချင်းစီ မိတ်သဟာယဖွဲ့ခြင်းကနေ ဖြေရှင်းတာက စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေ အများကြီး လိုအပ်မှာပဲ။ နောက်ပြီးတော့ ကျွန်မမှာ အတွေ့အကြုံ လုံးဝနီးပါး မရှိခဲ့ဘူး။ ဒီပြဿနာတွေကို ဖြေရှင်းဖို့ သက်ဆိုင်ရာ စည်းမျဉ်းတွေကို ရှာဖွေတာ၊ ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေရဲ့ မေးခွန်းတွေကို ထိထိရောက်ရောက် ဘယ်လိုဖြေရမလဲဆိုတာ စဉ်းစားတွေးခေါ်တာက စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုတွေ အများကြီး ယူခဲ့ရတာပဲ။ ကျွန်မ တော်တော်လေးကို ဖိအားဖြစ်ခဲ့ရပြီး ကွန်ပျူတာကို ကြောင်ငေးကြည့်နေရင်း ကျွန်မ မတွေးဘဲ မနေနိုင်ခဲ့ဘူး။ “နောင်မှာ ပေါ်လာတဲ့ ပြဿနာတိုင်းက စေ့စေ့စပ်စပ် စဉ်းစားသုံးသပ်မှုနဲ့ ဖြေရှင်းဖို့ အဖိုးအခတစ်ခု လိုအပ်လိမ့်မယ်။ ဒီတာဝန်က ငါ့အတွက် အရမ်းခက်တယ်။ ငါက နောက်လိုက်ငယ်သားတစ်ယောက်ပဲ ဖြစ်ချင်တာ။ ငါက ဧဝံဂေလိတရားဟောပြောခြင်းအပေါ်မှာပဲ အာရုံစိုက်ပြီး ပိုရိုးရှင်းတဲ့ တာဝန်တစ်ခုကို ထမ်းဆောင်လို့မရနိုင်ဘူးလား” လို့ပေါ့။ အဲဒီအချိန်အတောအတွင်းမှာ မနက်တိုင်း မျက်စိဖွင့်လိုက်တဲ့အခါ ကိုင်တွယ်ရမယ့်အလုပ်တွေ အများကြီးနဲ့ ကျွန်မ ဖိစီးသလို ခံစားခဲ့ရပြီး အိပ်မက်ထဲမှာတောင် ပြဿနာတွေဖြေရှင်းဖို့ ကျွန်မ မိတ်သဟာယဖွဲ့နေခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကျွန်မ တာဝန်ထမ်းဆောင်ရာမှာ ပိုပိုပြီး ပင်ပန်းနွမ်းနယ်လာတယ်၊ ကျွန်မစိတ်နှလုံးက အထူးသဖြင့် မောပန်းနေခဲ့တယ်။ စိတ်မွန်းကြပ်စေတဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကလည်း ပိုပြီး ပြင်းထန်လာခဲ့တယ်။ နေ့တိုင်း အလုပ်တွေ ပိုနည်းသွားဖို့၊ ပြဿနာတွေ ပိုနည်းသွားဖို့ ကျွန်မ မျှော်လင့်ခဲ့တယ်။ ဒီလိုဆိုရင် ကျွန်မ ဒီလောက် ပင်ပန်းနေတော့မှာ မဟုတ်ဘူးပေါ့။ သုံးလေးရက်အထိ ဆက်တိုက် တစ်နေကုန် ကျွန်မ ကြောင်တောင်တောင်ဖြစ်နေခဲ့ပြီး တာဝန်ထမ်းဆာင်ဖို့ပဲ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်ခိုင်းနေခဲ့တယ်။ ကျွန်မ စိတ်နှလုံးမှာ ဝန်ထုပ်ဝန်ပိုး ထမ်းရွက်ချင်စိတ် နည်းနည်းပဲရှိခဲ့ပြီး ဖြေရှင်းဖို့လိုတဲ့ ပြဿနာတွေကို ကျွန်မ ဆက်ပြီး ရွှေ့ဆိုင်းနေခဲ့တယ်။ အလုပ်ကို စစ်ဆေးတဲ့အခါမှာလည်း ဘာပြဿနာမှ ကျွန်မ ရှာမတွေ့နိုင်ခဲ့ဘူး။ ကျွန်မဦးနှောက်က သစ်သားတုံးလိုပဲ ခံစားခဲ့ရပြီး ကျွန်မရဲ့ အလုပ်ထိရောက်မှုက အရမ်းကို နိမ့်ကျခဲ့တယ်။ ဆုတောင်းတာ၊ ဘုရားနှုတ်ကပတ်တော်တွေကို စားသောက်တာတွေကတောင် ဉာဏ်အလင်းရခြင်း၊ ဒါမှမဟုတ် အလင်းကို မရရှိစေခဲ့ဘဲ ကျွန်မရဲ့ ဝိညာဉ်က တကယ်ကို မှောင်မိုက်နေသလို ခံစားခဲ့ရတယ်။ ညီအစ်ကိုမောင်နှမတွေကလည်း ကျွန်မအခြေအနေ တစ်ခုခုမှားနေတာကို သတိထားမိပြီး ကျွန်မကို မေးခဲ့တယ်။ “မင်းအခြေအနေ ဒီရက်ပိုင်း ဘာဖြစ်နေတာလဲ။ တစ်နေကုန် ငိုက်မျဉ်းနေပြီး စုဝေးပွဲတွေမှာ မိတ်သဟာယဖွဲ့တဲ့အခါမှာလည်း သိပ်မတက်ကြွဘူး” လို့ပေါ့။ သူတို့ ဒီလိုပြောတာကို ကြားတော့ ကျွန်မ ပိုပြီးတောင် စိတ်ဆင်းရဲခဲ့ရပြီး ကျွန်မ ဘယ်လိုလုပ် ဒီလိုဖြစ်သွားခဲ့ရတာလဲလို့ တွေးမိတယ်။ ကျွန်မ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးခဲ့ပြီလား။ ဘုရားက ကျွန်မကို ဘေးဖယ်ထားပြီး လျစ်လျူရှုခဲ့ပြီလား။ နောက်ပိုင်းမှာ ရှာဖွေခြင်းအားဖြင့် နောက်ဆုံးမှာ ကျွန်မရဲ့အခြေအနေကို နားလည်မှုတချို့ ရရှိလာခဲ့တယ်။

ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အပျက်သဘောဆောင်သော စိတ်ခံစားမှုများ ရှိခြင်းသည် ပြဿနာရှိကြောင်း သက်သေပြပြီး ပြဿနာရှိသည့်အခါ သင် ဖြေရှင်းသင့်ပေသည်။ ဖြေရှင်းသင့်သည့် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းနှင့် လမ်းကြောင်းတစ်ခု အမြဲရှိ၏။ ထိုအရာများသည် ဖြေရှင်းမရနိုင်သည့်အရာ မဟုတ်ချေ။ ထိုအရာမှာ သင်သည် ပြဿနာများကို ရင်ဆိုင်နိုင်ခြင်းရှိမရှိနှင့် ထိုပြဿနာကို ဖြေရှင်းလိုခြင်းရှိမရှိဆိုသည့်အပေါ်သာ မူတည်သည်။ သင် ဖြေရှင်းလိုပါက ဖြေရှင်းမရနိုင်သည့် အလွန်ခက်သော ပြဿနာ မရှိပေ။ သင်သည် ဘုရားသခင်ရှေ့မှောက်သို့ လာပြီး သူ၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေကာ အခက်အခဲတိုင်းကို သင် ဖြေရှင်းနိုင်ပေသည်။ သို့ရာတွင် သင်၏ စိတ်ပျက်လက်ပျက်ဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်မချမ်းမြေ့ခြင်းနှင့် ဖိနှိပ်ချုပ်ချယ်ခံရခြင်းတို့သည် သင်၏ ပြဿနာများကို ကူမဖြေရှင်းပေးနိုင်ရုံမက ဆန့်ကျင်ဘက်အနေဖြင့် ထိုအရာများက သင်၏ ပြဿနာများအား ယခင်ထက် သာ၍ ပြင်းထန်လာစေနိုင်ပြီး ဆိုးသည်ထက် ဆိုးသွားစေနိုင်သည်။ ဤအရာကို သင် ယုံကြည်သလော။ (ယုံကြည်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁))နောက်ဆုံးအနေဖြင့် သင်တို့ကို ငါ ပြောပြလိုသည့် တစ်စုံတစ်ရာ ရှိ၏။ သင်၏ ကယ်တင်ခြင်း ရရှိမှုကို ထိခိုက်ကာ ကယ်တင်ခြင်းအတွက် သင်၏ မျှော်လင့်ချက်ကို ဖျက်ဆီးသည့် ခံစားချက် အသေးအဖွဲ သို့မဟုတ် ရိုးရှင်းသည့်၊ အရေးမပါသည့် စိတ်ခံစားချက်ကို ကျန်ရှိသည့် သင့်ဘဝအချိန်များတွင် တွယ်ငြိခွင့်မပေးနှင့်။ နားလည်သလော။ (နားလည်ပါသည်။) သင်၏ ဤစိတ်ခံစားမှုသည် အပျက်သဘောသာဆောင်ရုံသာမက သာ၍ တိကျစွာဆိုရလျှင် စင်စစ်အားဖြင့် ဘုရားသခင်နှင့် သမ္မာတရားကို ဆန့်ကျင်၏။ ဤသည်မှာ သာမန်လူ့သဘာဝအတွင်းရှိ စိတ်ခံစားမှုတစ်ခု ဖြစ်သည်ဟု သင် တွေးကောင်းတွေးမည်ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်တွင် ဤသည်မှာ ရိုးရှင်းသည့် စိတ်ခံစားမှု ကိစ္စတစ်ခုသာ မဟုတ်ဘဲ ဘုရားသခင်ကို ဆန့်ကျင်ခြင်း နည်းလမ်းတစ်ခု ဖြစ်သည်။ ထိုအရာမှာ အပျက်သဘောဆောင်သော စိတ်ခံစားချက်များအားဖြင့် ထင်ရှားသည့်အပြင် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားကို အတိုက်အခံလုပ်ရန် လူတို့အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကို လိုက်စားရန် သင်အလိုရှိသည်ဟု ငါ ယူဆလျက် ဤအပျက်သဘောဆောင်သော စိတ်ခံစားမှုများကို သင် ထိန်းသိမ်းနေကာ ခေါင်းမာစွာ၊ မိုက်မဲစွာ ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူနှင့် ပြိုင်ဆိုင်နေခြင်း ရှိမရှိဆိုသည်ကို မြင်ရန် သင့်ကိုယ်သင် စေ့စေ့စပ်စပ် ဆန်းစစ်လိမ့်မည်ဟု ငါ မျှော်လင့်သည်။ ဆန်းစစ်ခြင်းမှတစ်ဆင့် အဖြေကို သင် ရှာဖွေတွေ့ရှိပြီးဖြစ်ပါက၊ အသိတရားရလာပြီးဖြစ်ကာ ရှင်းလင်းသည့် အသိစိတ်တစ်ခု ရရှိပြီးဖြစ်ပါက ပထမဦးစွာ ဤစိတ်ခံစားမှုများကို လက်လွှတ်ရန် သင့်ကို ငါ တောင်းဆိုသည်။ ထိုအရာများကို ချစ်ခင်မြတ်နိုးခြင်း မရှိနှင့်၊ သို့မဟုတ် ဖက်တွယ်မထားနှင့်။ အကြောင်းမှာ ထိုအရာများက သင့်ကို ဖျက်ဆီးကြလိမ့်မည်၊ သင်၏ ခရီးပန်းတိုင်ကို ဖျက်ဆီးကြလိမ့်မည်ဖြစ်ပြီး သမ္မာတရား လိုက်စားခြင်းနှင့် ကယ်တင်ခြင်း ရရှိရာတွင် သင် ရှိထားသည့် အခွင့်အရေးနှင့် မျှော်လင့်ချက်တို့ကို ထိုအရာများက ဖျက်ဆီးလိမ့်မည်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁)) ဘုရားက သိပ်ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေက သိပ်မကြီးတဲ့ ပြဿနာတစ်ခုလို ထင်ရနိုင်ပေမဲ့ အဲဒါတွေက လူတစ်ယောက်ရဲ့ သမ္မာတရားလိုက်စားမှုနဲ့ သူ့ရဲ့ တာဝန်ဖြည့်ဆည်းမှုကို အကြီးအကျယ် သက်ရောက်မှုရှိတယ်။ အရင်တုန်းက ကျွန်မ ထင်ခဲ့တာက လူတိုင်းက အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ကြုံတွေ့ရတယ်၊ ဒါတွေက တချို့ ပတ်ဝန်းကျင်တွေထဲက အတွေးအခေါ်တွေရဲ့ ထုတ်ဖော်ပြသမှုတွေ သက်သက်ပဲ၊ ဒါက ပြဿနာကြီးကြီးမားမား မဟုတ်ဘူး ပေါ့။ ဒါကြောင့် ဘုရားက အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေက လူတစ်ယောက်ကို သမ္မာတရားနဲ့ ဘုရားကို အတိုက်အခံလုပ်စေနိုင်တယ်လို့ ဖော်ထုတ်ပြတာကို ကျွန်မ မြင်ခဲ့ရတဲ့အခါ ကယ်တင်ခြင်းအတွက် သူတို့ရဲ့ အခွင့်အရေးကို ပျက်စီးစေနိုင်တယ်လို့ သိခဲ့ရတဲ့အခါ ကျွန်မစိတ်နှလုံးထဲမှာ စစ်မှန်တဲ့ အတွေ့အကြုံ၊ ဒါမှမဟုတ် နားလည်မှု သိပ်မရှိခဲ့ဘူး။ ဒီအချိန်အတောအတွင်း ကျွန်မ ထုတ်ဖော်ပြခဲ့တာတွေကို ပြန်သုံးသပ်ရင်း စိတ်ထဲမှာ ခံစားလာရတယ်။ အလုပ်ပမာဏများပြီး ပရောဂျက်တွေ ဘယ်လောက်များသလဲဆိုတာ ကျွန်မ မြင်ခဲ့ရတဲ့အခါ ဒီတာဝန်ကို ဖြည့်ဆည်းခြင်းက ကျွန်မရဲ့ ဇာတိပကတိအပေါ်ကို ဒုက္ခဆင်းရဲနဲ့ ပင်ပန်းနွမ်းနယ်မှုကို သယ်ဆောင်လာလိမ့်မယ်လို့ ကျွန်မ ထင်ခဲ့ပြီး ကျွန်မ စိတ်မွန်းကြပ်ပြီး စိတ်နှလုံးလေးလံခဲ့ရတယ်၊ လွတ်မြောက်မှုကို မခံစားနိုင်ခဲ့ဘူး။ ကျွန်မ ဒီတာဝန်ကို တကယ် လိုက်လုပ်တဲ့အခါ ကိုင်တွယ်ရမယ့် သတ်သတ်မှတ်မှတ်အလုပ်တွေ အများကြီးရှိတာကို ကျွန်မ တွေ့ခဲ့ရပြီး သမ္မာတရားနဲ့ပတ်သက်တဲ့ မိတ်သဟာယကနေတစ်ဆင့် ဖြေရှင်းဖို့ လိုတဲ့ ပြဿနာတွေ အများကြီးကိုလည်း တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ဒီအလုပ်အတွက် အတွေ့အကြုံ မရှိခဲ့ဘူး။ အလုပ်တစ်ခုချင်းစီကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့အတွက် ကျွန်မရဲ့ ဇာတိပကတိက ဒုက္ခဆင်းရဲခံရမှာပဲလို့ ကျွန်မ ထင်ခဲ့တယ်။ ဒါက ကျွန်မကို အရမ်းစိတ်ဆင်းရဲစေခဲ့ပြီး အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေက အဆက်မပြတ် ပေါ်ထွက်လာခဲ့တယ်။ နေ့တိုင်း ကျွန်မက တာဝန်ထမ်းဆောင်ဖို့ပဲ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ်ခိုင်းနေခဲ့ပြီး စိတ်နှလုံးထဲမှာ တကယ် ဝန်ထုပ်ဝန်ပိုး ထမ်းရွက်လိုစိတ်မရှိခဲ့ဘူး။ ကျွန်မက ဇာတိပကတိကို ဂရုစိုက်တယ်၊ စိတ်မွန်းကြပ်တဲ့ စိတ်ခံစားချက်တွေထဲမှာ နစ်မျောနေခဲ့တယ်၊ ကျွန်မတာဝန်မှာ အားနည်းပြီး မတက်ကြွဘူး။ ဒါက အနှစ်သာရအားဖြင့် ကျွန်မရဲ့ မကျေနပ်ချက်တွေကို ပေါက်ကွဲထုတ်နေပြီး ဘုရားသခင် စီစဉ်တဲ့ ပတ်ဝန်းကျင်ကို နာခံမှုမရှိတဲ့ သဘောပဲ။ ဒါက သမ္မာတရားနဲ့ ဘုရားကို အတိုက်အခံလုပ်နေတာ၊ ဘုရားရဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်နေတာပဲ။ ဘုရားက လူတွေရဲ့ စိတ်နှလုံး အတွင်းသဘောကို စိစစ်တယ်၊ ကျွန်မရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားကြောင့် ဘုရားက ကျွန်မကို စက်ဆုပ်ရွံရှာခဲ့တယ်။ ကျွန်မတာဝန်မှာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို ကျွန်မ ဆုံးရှုံးခဲ့ပြီ။ ဒါက ကျွန်မအပေါ် ကျရောက်လာတဲ့ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားပဲ။ ဒီလို သိမြင်နားလည်လိုက်တာက ကျွန်မကို ထိတ်လန့်စေခဲ့ပြီး ကျွန်မရဲ့ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို တတ်နိုင်သလောက် မြန်မြန် ဖြေရှင်းရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့ မဆိုထားနှင့်။ သမ္မာတရားကို လက်မခံဘဲ ဘုရားအိမ်တော်တွင် ကြုံရာကျပန်းသာပြုလုပ်နေလျှင် သင်၏ ရည်ရွယ်ချက်သည် အမှန်တကယ်တွင် အဘယ်နည်း။ သင်သည် ဘုရားသခင်၏ အိမ်တော်ကို သင်အငြိမ်းစားယူသည့်အိမ်၊ သို့မဟုတ် အလှူဂေဟာတစ်ခုအဖြစ် ပြုလုပ်လိုသလော။ ဤသို့ဆိုလျှင် သင်သည် မှားယွင်းနေပြီဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်သည် ကပ်ပါးရပ်ပါးများကို၊ အပျင်းခိုသူများကို မစောင့်ရှောက်ပေ။ ညံ့ဖျင်းသော လူ့သဘာဝရှိသူ၊ မိမိတို့၏ တာဝန်ကို ထမ်းဆောင်လိုစိတ် မရှိသူ၊ တာဝန်ထမ်းဆောင်ရန် မသင့်တော်သူမည်သူမဆို အားလုံး ရှင်းလင်းခြင်းခံရမည်။ သမ္မာတရားကို လုံးဝ လက်မခံသည့် မယုံကြည်သူအားလုံး ဖယ်ရှားရှင်းလင်းခြင်းခံရမည်။ လူအချို့သည် သမ္မာတရားကို နားလည်သော်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ယင်းကို လက်တွေ့မလုပ်ဆောင်နိုင်ပေ။ ပြဿနာတစ်ခုကို မြင်သောအခါ မဖြေရှင်းသကဲ့သို့၊ ယင်းသည် ၎င်းတို့၏ တာဝန်ဖြစ်သည်ကို သိသော်ငြားလည်း အစွမ်းကုန် မလုပ်ဆောင်ပေ။ သင်စွမ်းဆောင်နိုင်သော တာဝန်များကိုပင် မဆောင်ရွက်လျှင် သင်၏ တာဝန်ကိုထမ်းဆောင်ခြင်းတွင် မည်သည့်တန်ဖိုး၊ သို့မဟုတ် မည်သည့်သက်ရောက်မှု ရှိနိုင်သနည်း။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အဓိပ္ပာယ်ရှိသလော။ သမ္မာတရားကို နားလည်သော်လည်း လက်တွေ့မလုပ်ဆောင်နိုင်သော၊ ခံယူသင့်သော အခက်အခဲများကို မခံနိုင်သောသူ၊ ထိုသို့သောသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ တာဝန်ထမ်းဆောင်သောသူအချို့သည် အမှန်တကယ်ပင် အစာစားရန်အတွက်သာ တာဝန်ထမ်းဆောင်ကြသည်။ ၎င်းတို့သည် သူတောင်းစားများ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော်တွင် အလုပ်အနည်းငယ်လုပ်လျှင် နေစရာ၊ စားစရာ စားရိတ်ငြိမ်းလိမ့်မည်၊ အလုပ်ရှာရန်မလိုအပ်ဘဲ ထောက်ပံ့ခံရလိမ့်မည်ဟု ထင်ကြသည်။ ဤသို့သော အပေးအယူမျိုးရှိသလော။ ဘုရားအိမ်တော်သည် ငပျင်းများကို မပံ့ပိုးပေ။ သမ္မာတရားကို အနည်းငယ်မျှပင် လက်တွေ့မလုပ်ဆောင်သော၊ မိမိတို့၏ တာဝန်ထမ်းဆောင်ရာတွင် အစဉ်သဖြင့် ဝတ်ကျေတမ်းကျေပြုသောမည်သူမဆိုက ဘုရားသခင်ကို ယုံကြည်သည်ဟု ဆိုလျှင် ဘုရားသခင်က ၎င်းတို့အား အသိအမှတ်ပြုမည်လော။ ဤသို့သောသူအားလုံးသည် မယုံကြည်သူများဖြစ်ပြီး ဘုရားသခင် မြင်သည့်အတိုင်း မကောင်းမှုပြုသူများဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ဖို့ရာ အကြင်သူသည် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ အနည်းဆုံး ပိုင်ဆိုင်ရမည်)ယနေ့တွင် သင်သည် ငါပြောသောစကားများကို မယုံကြည်သကဲ့သို့၊ ယင်းတို့ကို သင် အာရုံမစိုက်ပေ။ ဤအမှုကို ဖြန့်ဝေရန်နှင့် ယင်း၏ အလုံးစုံကို သင် မြင်ရသည့် နေ့ရက် ရောက်လာသည့်အခါ၊ သင်နောင်တရလိမ့်မည် ဖြစ်ပြီး၊ ထိုအချိန်တွင် သင်သည် မှင်တက်နေမိလိမ့်မည်။ ကောင်းချီးမင်္ဂလာများ ရှိသော်လည်း၊ ယင်းတို့ကို ပျော်မွေ့ရကောင်းမှန်း သင်မသိသကဲ့သို့၊ သမ္မာတရား ရှိသော်လည်း၊ သင်မလိုက်စားပေ။ သင်သည် အထင်သေးခံရအောင် မိမိဘာသာပြုခြင်း မဟုတ်လော။ ယခုအချိန်တွင် ဘုရားသခင်၏အမှု နောက်တစ်ဆင့် မစတင်ရသေးသော်လည်း၊ သင်နှင့်သက်ဆိုင်၍ ပြုလုပ်ထားသည့် တောင်းဆိုချက်များနှင့် အသက်ရှင်နေထိုင်ရန် သင့်အား တောင်းဆိုထားသော အရာများနှင့် ပတ်သက်၍ အပိုဆောင်းခြင်း မရှိပေ။ အလွန်များလှစွာသော အမှုရှိသကဲ့သို့၊ အလွန်များလှစွာသော သမ္မာတရားများရှိ၏။ ယင်းတို့ကို သင် သိထိုက်သည် မဟုတ်လော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ဝိညာဉ်ကို နိုးထစေနိုင်စွမ်း မရှိသလော။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် သင့်ကိုယ်သင် မုန်းတီးစေနိုင်စွမ်း မရှိသလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ပြီးလျှင် အနည်းငယ်သော အသွေးအသား နှစ်သိမ့်မှုဖြင့် စာတန်၏ စွမ်းအားအောက်တွင် အသက်ရှင်ဖို့ တင်းတိမ်ရောင့်ရဲနေသလော။ သင်သည် လူအားလုံးတွင် အနိမ့်ကျဆုံးဖြစ်သည် မဟုတ်လော။ ကယ်တင်ခြင်းကို ရှုမြင်ပြီးသော်လည်း ယင်းကို ရရှိရန် မလိုက်စားသောသူတို့ထက် မည်သူမျှ သာ၍ မမိုက်မဲပေ။ ဤသည်တို့မှာ ဇာတိပကတိကို အလိုလိုက်ပြီး စာတန်ကို မွေ့လျော်သူများ ဖြစ်သည်။ ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် တန်ဖိုးမရှိသော ထိုအရာများကို အမြဲလိုက်စားပြီး၊ အသက်ကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန်တန်ဖိုးမရှိပါတကား။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မ စိတ်ထဲမှာ တရားစီရင်ခြင်းကို အကြီးအကျယ် ခံစားခဲ့ရတယ်။ ဘုရားက ဇာတိပကတိ သက်သောင့်သက်သာရှိမှုနဲ့ ပျော်ရွှင်မှုကို အမြဲရှာဖွေသူတွေကို စက်ဆုပ်ရွံရှာတယ်။ အဲဒီလိုလူတွေက သူတို့တာဝန်မှာ ဒုက္ခဆင်းရဲကို မခံကြဘူး၊ အဖိုးအခလည်း မပေးကြဘူး။ သူတို့ရဲ့ တာဝန်ကို ဖြည့်ဆည်းဖို့၊ ဒါမှမဟုတ် ဘုရားအတွက် စိတ်ရင်းမှန်နဲ့ မိမိကိုယ်ကိုယ် အသုံးခံဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်ဘူး။ ကျွန်မ အမြဲတမ်း လိုက်စားခဲ့တာက ဇာတိပကတိ သက်သောင့်သက်သာရှိတဲ့ ဘဝပဲ။ “လူ့ဘဝက တိုတောင်းတယ်၊ ဒါကြောင့် ရတုန်းလေး ပျော်လိုက်”၊ “ယနေ့ လုပ်စရာရှိတာ လုပ်၊ မနက်ဖြန်ကို မနက်ဖြန်ရောက်မှ တွေးပူပါ။” ပြီးတော့ “ဘဝက တိုတောင်းလို့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံပါ” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေအတိုင်း အသက်ရှင်ခဲ့တယ်။ ဒီလောကကြီးမှာ အသက်ရှင်ရတာက ဒုက္ခတွေ၊ ဝမ်းနည်းစရာတွေနဲ့ ပြည့်နေတယ်၊ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ဒုက္ခမပေးသင့်ဘူး၊ ဘဝကို ပျော်မွေ့တတ်ဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းဆက်ဆံတတ်ဖို့ သင်ယူသင့်တယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ ဘုရားကို ယုံကြည်ပြီးနောက်မှာ သမ္မာတရားကို လိုက်စားပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းက ဘဝရဲ့ မှန်ကန်တဲ့လမ်းကြောင်းဖြစ်တယ်၊ သမ္မာတရားကို ရရှိဖို့ဆိုရင် ဒုက္ခဆင်းရဲခံပြီး အဖိုးအခပေးရမယ်ဆိုတာ ကျွန်မ သိခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ကြီးကြပ်ရေးမှူးအဖြစ် ရွေးချယ်ခံရပြီး တာဝန်တွေ ပိုယူဖို့ လိုအပ်လာတဲ့အခါ အလုပ်ကို ကောင်းကောင်းလုပ်ဖို့ ပိုပြီး ဒုက္ခဆင်းရဲခံရတာ၊ သက်သောင့်သက်သာနဲ့ လွယ်ကူတဲ့ဘဝမျိုးနဲ့ မနေနိုင်တာတွေကို တွေးမိပြီး ကျွန်မ စိတ်မွန်းကြပ်ပြီး စိတ်နှလုံးလေးလံစေခဲ့တယ်။ အလုပ်ပမာဏ တိုးလာတာကို မြင်တော့ ကျွန်မ မကျေမနပ်ဖြစ်တယ်၊ အတိုက်အခံလုပ်တယ်၊ မကျေမနပ်ပြောစရာတွေနဲ့ ပြည့်နေခဲ့တယ်။ ကျွန်မ ဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့တောင် နှောင့်နှေးနေခဲ့တယ်။ ကျွန်မက ဘုရားဖော်ထုတ်ပြခဲ့တဲ့ လူစားမျိုး အတိအကျပဲဆိုတာ ကျွန်မ မြင်ခဲ့ရတယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ စိတ်မပါတဲ့သူ၊ အလကားစားသူ၊ သက်သာတာကိုကြိုက်ပြီး အလုပ်ကိုမုန်းတဲ့ အသုံးမကျတဲ့သူပေါ့။ ဧဝံဂေလိတရား ဟောပြောတဲ့ ညီအစ်ကိုမောင်နှမ အများကြီးက ဘာသာရေးသမားတွေဆီက ရိုက်ပုတ်ဆဲဆိုတာ၊ အရှက်ခွဲတာတွေ၊ အဆင်းနီသော နဂါးကြီးရဲ့ ညှဉ်းပန်းနှိပ်စက်တာနဲ့ ဖမ်းဆီးတာတွေကိုလည်း တောင့်ခံခဲ့ကြတာတွေ၊ သူတို့အသက် ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကိုတောင် ရင်ဆိုင်ခဲ့ကြတာတွေကို ကျွန်မတွေးမိတယ်။ သူတို့ထဲက တချို့ဆိုရင် ဧဝံဂေလိ လက်ခံဖို့ အလားအလာရှိသူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားနဲ့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ဖို့ ကြိုးစားအားထုတ်ခဲ့ကြတယ်။ ဘာသာရေးသမားတွေရဲ့ အယူအဆတွေကို ဖြေရှင်းဖို့ အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ခဲ့ကြတယ်။ ဘယ်လောက်ပဲ ခက်ခဲခဲ့ပါစေ၊ သူတို့က နောက်မဆုတ်ခဲ့ဘူး၊ လက်မလျှော့ခဲ့ဘူး။ ဘုရားရဲ့ ရည်ရွယ်ချက်တွေကို အလေးထားပြီး ဧဝံဂေလိတရားကို လူတွေဆီ ပိုပြီးဟောပြောဖို့ စိတ်ဆန္ဒရှိခဲ့ကြတယ်။ ဒါက တကယ် လူ့သဘာဝရှိတဲ့ လူတွေ လုပ်သင့်တဲ့အရာပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်တော့ ကျွန်မရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက အထူးသဖြင့် ရိုသေလေးစားမှုမရှိဘဲ ပေါ့လျော့ခဲ့တယ်။ ကြီးကြပ်ရေးမှူး လုပ်ခိုင်းတာက ကျွန်မကို တမင်သက်သက် အခက်အခဲဖြစ်အောင် ကြိုးစားနေသလိုပဲ။ ကျွန်မက ဒုက္ခဆင်းရဲ၊ ဒါမှမဟုတ် ပင်ပန်းမှုတွေကနေ လွတ်မြောက်ချင်တယ်၊ ဘုရားအိမ်တော်မှာ အလကားစားပြီး နေ့ရက်တွေကို ဖြစ်သလို ကုန်ဆုံးချင်ခဲ့တယ်။ ဒီလို လူ့သဘာဝမျိုးနဲ့ ကျွန်မလိုလူက တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ မထိုက်တန်ခဲ့ဘူး။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တာပဲ။ တကယ်တော့ ဘုရားက လူတစ်ယောက်ချင်းစီကို သူတို့ရဲ့ တကယ့် ဝိညာဉ်ရင့်ကျက်မှုအတိုင်း ဝန်တာတစ်ခု ပေးခဲ့တယ်။ သူတို့ရဲ့ အားနည်းချက်တွေကို ဖြည့်ဆည်းပေးပြီး သမ္မာတရားကို ရရှိစေဖို့ သူတို့ရဲ့ တာဝန်ကို အသုံးပြုခဲ့တယ်။ ကျွန်မ ဒီတာဝန်ကို စစချင်း စတင်ခဲ့တုန်းကအကြောင်း ပြန်စဉ်းစားကြည့်တော့ အလုပ်ထဲမှာ အခက်အခဲတွေ၊ ပြဿနာတွေကို ရင်ဆိုင်ခဲ့ရတယ်။ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖို့အတွက် ဘုရားကို ဆုတောင်း၊ အားကိုးပြီး အကျိုးအမြတ်တချို့ရခဲ့တယ်။ နောက်ပိုင်းမှာ ဧဝံဂေလိ အမှုဆောင်တွေက သူတို့ရဲ့ အခြေအနေတွေ၊ ဒါမှမဟုတ် အလုပ်နဲ့ပတ်သက်တဲ့ ပြဿနာတွေ ရှိခဲ့တဲ့အခါ ဒီပြဿနာတွေကို ဖြေရှင်းဖို့ သူတို့နဲ့ မိတ်သဟာယဖွဲ့ခြင်းအားဖြင့် တိုးတက်မှုတချို့ လည်းရခဲ့တယ်။ ဒါက သက်သောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ မရရှိနိုင်တဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေရဲ့ လွှမ်းမိုးမှုအောက်မှာ ကျွန်မက တန်ဖိုးမရှိ၊ ယုတ်ညံ့တဲ့ အရာတွေကို လိုက်စားခဲ့တယ်။ ကိုယ့်ရဲ့ ဇာတိပကတိ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ကိုယ့်တာဝန်ကို ရှောင်ရှားဖို့ အမြဲ စဉ်းစားနေခဲ့တယ်။ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေထဲမှာ အသက်ရှင်ပြီး ဘုရားကို အတိုက်အခံလုပ်နေခဲ့တယ်။ ကျွန်မ တကယ်ကို ပုန်ကန်တတ်ပြီး အမှားနဲ့အမှန်ကို မခွဲခြားနိုင်ခဲ့ဘူး။ ကျွန်မ ဇာတိပကတိအတွက် ဆက်အသက်ရှင်နေဦးမယ်ဆိုရင် ကိုယ့်တာဝန်ကို ထမ်းဆောင်ခြင်းအားဖြင့် သမ္မာတရားကို ရရှိဖို့ ကိုယ့်အခွင့်အရေးကို ကျွန်မ သေချာပေါက် ဖျက်ဆီးမိလိမ့်မယ်။ ဒါကို သိမြင်နားလည်လိုက်တော့ ကျွန်မ အပြစ်ရှိတယ်လို့ လေးလေးနက်နက် ခံစားရပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်၊ မျက်ရည်တွေနဲ့ ဘုရားဆီ ကျွန်မ ဆုတောင်းခဲ့တယ်။ “ဘုရားသခင်၊ သမီး မှားခဲ့ပါတယ်။ သမီးရဲ့ တာဝန်အပေါ်ထားတဲ့ သဘောထားက ကိုယ်တော့်ကို စက်ဆုပ်ရွံရှာပြီး စိတ်ပျက်စေမိပါပြီ။ ကိုယ်တော့်ရည်ရွယ်ချက်ကို သမီး မလုပ်နိုင်ခဲ့ဘူး။ ဘုရားသခင်၊ သမီး ကိုယ်တော့်ကို ပုန်ကန်မနေချင်တော့ပါဘူး၊ သမီးရဲ့ ဇာတိပကတိကို ပုန်ကန်ပြီး ဒီတာဝန်ကို ထမ်းဆောင်ဖို့ သမီး စိတ်ဆန္ဒရှိပါတယ်” လို့ပေါ့။

နောက်ပိုင်းမှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူများ အားလုံးသည် ၎င်းတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အရေးစိုက်သောသူများ ဖြစ်သည်။ ၎င်းတို့အားလုံးသည် မိမိတို့၏တာဝန်များကို ထမ်းဆောင်လိုစိတ် ရှိကြသည်။ အလုပ်တစ်ခုကို တာဝန်ယူထမ်းရွက်နိုင်ပြီး ၎င်းတို့၏ အစွမ်းအစနှင့် ဘုရားအိမ်တော်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကောင်းစွာ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ အစပိုင်းတွင် ဤအသက်တာကို နေသားတကျဖြစ်အောင် ပြုလုပ်ရန် အခက်အခဲ ဖြစ်နိုင်သည်မှာ မှန်သည်။ သင်သည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နိုင်သည်။ သို့ရာတွင် သင်သည် ပူးပေါင်းဆောင်ရွက်ရန် အမှန်တကယ် စိတ်ပြတ်သားမှုရှိပြီး သာမန်ဖြစ်ပြီး ကောင်းမွန်သော သူတစ်ယောက် ဖြစ်လာလိုစိတ်ရှိလျှင်၊ ကယ်တင်ခြင်းကို ရရှိလိုစိတ်ရှိလျှင် သင်သည် အဖိုးအခအနည်းငယ်ပေးဆပ်ပြီး ဘုရားသခင်က သင့်ကို ပဲ့ပြင်ဆုံးမသည်ကို ခွင့်ပေးရမည်။ သင်သည် တစ်ဇွတ်ထိုးလုပ်ဆောင်လိုစိတ် ပြင်းပြသောအခါ ယင်းကို ပုန်ကန်ပြီး လက်လွှတ်ရမည်။ တဖြည်းဖြည်းချင်းဖြင့် သင်၏ တစ်ဇွတ်ထိုးလုပ်ဆောင်မှုနှင့် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒများကို လျှော့ချရမည်။ အရေးပါသော ကိစ္စများတွင်၊ အရေးပါသော အချိန်များတွင်၊ ပြီးလျှင် အရေးပါသောအလုပ်တာဝန်များတွင် ဘုရားသခင်၏ အကူအညီကို သင် ရှာဖွေရမည်။ သင်သည် အမှန်ပင် စိတ်ခိုင်မာမှုရှိလျှင် ဘုရားသခင်အား သင့်ကို ရိုက်နှက်ဆုံးမပြီး ပဲ့ပြင်ဆုံးမရန်၊ သမ္မာတရားကို နားလည်နိုင်ဖို့ သင့်အား ဉာဏ်အလင်းဖွင့်ပြရန် တောင်းဆိုသင့်သည်။ ဤနည်းအားဖြင့် သင်သည် ပို၍ကောင်းသောရလဒ်များကို ရရှိလိမ့်မည်။ သင်သည် အမှန်တကယ် စိတ်ခိုင်မာမှုရှိလျှင်၊ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဘုရားသခင်အား ဆုတောင်းပြီး အသနားခံလျှင် ဘုရားသခင်က အလုပ်လုပ်လိမ့်မည်။ သူသည် သင်၏ အခြေအနေနှင့် အတွေးများကို ပြောင်းလဲလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်က အနည်းငယ် အလုပ်လုပ်လျှင်၊ သင့်အား အနည်းငယ်တို့ထိပြီး အနည်းငယ် ဉာဏ်အလင်းဖွင့်ပြလျှင် သင်၏ စိတ်နှလုံးက ပြောင်းလဲလိမ့်မည်။ သင်၏ အခြေအနေလည်း ပြောင်းလဲလိမ့်မည်။...ဤသို့ပြောင်းလဲမှုကို သင် ဖြတ်သန်းနိုင်လျှင် သင့်အား နေထိုင်ရန်၊ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်၊ သင်၏ အထူးတာဝန်ကို အောင်မြင်စေရန်၊ သင့်တွင်ရှိနေသော အလုပ်ကို နှံ့စပ်စွာ ပြီးဆုံးစေရန် ဘုရားအိမ်တော်က ကြိုဆိုလိမ့်မည်။ ဤအပျက်သဘောဆောင်သော စိတ်ခံစားချက်ရှိသူများအား ချစ်ခင်သော စိတ်နှလုံးဖြင့်သာ ကူညီနိုင်သည်မှာ ပြောစရာမလိုပေ။ လူတစ်ယောက်သည် သမ္မာတရားကို လက်ခံရန် စဉ်ဆက်မပြတ် ငြင်းဆန်ပြီး ထပ်ခါထပ်ခါ သတိပေးချက်များရှိသော်လည်း နောင်တမရဘဲ ရှိနေလျှင် ငါတို့သည် ထိုသူအား နှုတ်ဆက်သင့်သည်။ သို့သော် တစ်စုံတစ်ယောက်က ပြောင်းလဲရန်၊ မိမိကိုယ်ကို ခြေဦးလှည့်ရန်၊ သူ၏ လမ်းကြောင်းကို နောက်ပြန်လှည့်ရန် အမှန်တကယ် လိုလားလျှင် ငါတို့သည် ထိုသူအား နေထိုင်ရန် နွေးထွေးစွာ ကြိုဆိုသည်။ ထိုသူက အမှန်တကယ် နေထိုင်လိုစိတ်ရှိပြီး သူ၏ ယခင်က ချဉ်းကပ်မှုများနှင့် ရှင်သန်နေထိုင်သည့်နည်းလမ်းများကို ပြောင်းလဲလိုစိတ် ရှိသရွေ့၊ သူ၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြောင်းလဲခြင်းကို တဖြည်းဖြည်းချင်း ဖြတ်သန်းနိုင်သရွေ့၊ တာဝန်ကို ထမ်းဆောင်သည်မှာ ကြာလေလေ ပို၍ ကျွမ်းကျင်လာလေလေဖြစ်သရွေ့ ဤသို့သောလူများကို နေထိုင်ရန် ကြိုဆိုပြီး ဆက်လက်၍ တိုးတက်မည်ဟု ငါတို့ မျှော်လင့်သည်။ ငါတို့သည် ထိုသူအတွက် အလွန်ကောင်းသော ဆန္ဒကိုလည်း ပြုသည်။ သူ၏ အပျက်သဘောဆောင်သော စိတ်ခံစားချက်များမှ လွတ်မြောက်နိုင်ရန်လည်းကောင်း၊ ထိုစိတ်ခံစားများ၏ ချည်နှောင်မှုကို မခံရနိုင်ရန်လည်းကောင်း၊ သို့မဟုတ် ထိုအရာများ၏ အရိပ်၏ လွှမ်းခြုံခြင်းကို မခံရတော့ရန်လည်းကောင်း၊ ထိုအစား သူ၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံစိုက်ပြီး လမ်းမှန်ကို လျှောက်နိုင်ရန်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ သာမန်လူတို့ ပြုသင့်သည့် အရာကို ပြုမူဆောင်ရွက်ပြီး အသက်ရှင်နေထိုင်နိုင်ရန်လည်းကောင်း၊ ဘုရားသခင်၏ သတ်မှတ်ချက်များနှင့်အညီ ဘုရားအိမ်တော်တွင် သူ၏ တာဝန်များကို ပုံမှန် ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန်လည်းကောင်း၊ ဘဝတွင် အလေလိုက် မနေတော့ရန်လည်းကောင်း ငါတို့ ဆန္ဒပြုသည်။ အလားအလာရှိသော အနာဂတ်များ ရှိရန်လည်းကောင်း၊ မိမိနှစ်သက်သည့်အရာမှန်သမျှကို နောက်ထပ် လုပ်ဆောင်မည့်အစား၊ သို့မဟုတ် သာယာမှုကို ရှာဖွေခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပျော်မွေ့မှုကိုသာ အရေးစိုက်မည့်အစား မိမိ၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ ဘဝတွင် မိမိလျှောက်သော လမ်းကြောင်း၊ သာမန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းတို့နှင့် ဆက်နွှယ်သည့် အကြောင်းအရာများကို ပို၍ စဉ်းစားရန်လည်းကောင်း ငါတို့ ဆန္ဒပြုသည်။ သူသည် ဘုရားအိမ်တော်တွင် ပျော်ရွှင်စွာ၊ လွတ်လပ်စွာနှင့် ချုပ်ချယ်မှုကင်းစွာ နေထိုင်နိုင်ရန်၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းကို နေ့စဉ် တွေ့ကြုံခံစားနိုင်ရန်၊ ဤနေရာတွင် သူ၏ ဘဝ၌ နွေးထွေးမှုနှင့် ပျော်မွေ့မှုကို ခံစားနိုင်ရန် ငါတို့ စိတ်နှလုံးအပြည့်အဝဖြင့် ဆန္ဒပြုသည်။ ဤသည်မှာ အကြီးမြတ်ဆုံး ဆန္ဒပြုခြင်းမဟုတ်လော။ (ဟုတ်ပါသည်။)” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၅)) စိတ်မွန်းကြပ်မှုအခြေအနေထဲမှာ ပိတ်မိနေသူတွေအတွက် ဘုရားရဲ့ ထိန်းသိမ်းထားလိုတဲ့ ကြိုးစားမှုတွေနဲ့ ဘုရားရဲ့ဆန္ဒကို မြင်တွေ့ရတဲ့အခါ ကျွန်မစိတ်ထဲမှာ နွေးထွေးပြီး အရမ်းကို စိတ်ထိခိုက်၊ အားတက်ခဲ့ရတယ်။ ဘုရားသခင်က သူ့ရဲ့လိုအပ်ချက်တွေအတိုင်း ကျွန်မ ကျင့်ကြံပြုမူနိုင်ဖို့ မျှော်လင့်တယ်။ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ဖို့၊ ကိုယ့်ရဲ့ သင့်တော်တဲ့အလုပ်ကို လုပ်ပြီး သမ္မာတရား စည်းမျဉ်းတွေအတိုင်း ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ မျှော်လင့်တယ်။ လူ့သဘာဝရှိပြီး ဘဝရဲ့ မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်လှမ်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် အပြုသဘောဆောင်တဲ့ အရာတွေကို လိုက်စားဖို့ စိတ်ပိုင်းဖြတ်ချက် ရှိရမယ်၊ ကိုယ့်တာဝန်ကို ထမ်းဆောင်ရာမှာ အခက်အခဲတွေ၊ ပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ သိစိတ်ရှိရှိနဲ့ ဇာတိပကတိကို ပုန်ကန်ရမယ်၊ ပြဿနာတွေကို ဖြေရှင်းဖို့ တကယ် အဖိုးအခပေးရမယ်၊ ဒီလိုနဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ရမယ်ဆိုတာကိုလည်း ကျွန်မ သဘောပေါက်ခဲ့ပါတယ်။ ဒါ့အပြင် နေ့တိုင်း ကိုယ့်တာဝန်ကို မထမ်းဆောင်ခင်မှာ ရိုးသားတဲ့ စိတ်နှလုံးနဲ့ ဘုရားဆီ ဆုတောင်းပြီး ကိုယ်တော်ရဲ့ စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးခြင်းကို လက်ခံသင့်တယ်။ ကျွန်မက ဇာတိပကတိကို ထောက်ထားစာနာပြီး ကိုယ့်တာဝန်ကို ပစ်ထားချင်စိတ် ပေါ်လာတဲ့အခါ ဘုရားသခင် ကျွန်မကို ပြစ်တင်ဆုံးမပြီး ပဲ့ပြင်တော်မူဖို့ တောင်းလျှောက်သင့်တယ်၊ ကိုယ့်တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းကုန် ထမ်းဆောင်ဖို့ ကြိုးစားသင့်တယ်။ ဒီလို အသက်ရှင်မှသာ ကျွန်မ လူသားပုံသဏ္ဌာန် ပိုင်ဆိုင်မှာဖြစ်တယ်။ ဒီအရာတွေကို နားလည်ပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ပြီး အဲဒီထဲကို ဝင်ရောက်ဖို့ ကျွန်မ ဆန္ဒရှိခဲ့တယ်။ အဲဒီအချိန်ကစပြီး ကျွန်မ ပါဝင်ပတ်သက်တဲ့ အလုပ်တိုင်းအတွက် အဲဒါကို ဘုရားဆီ အပ်နှံပြီး အားကိုးခဲ့တယ်။ အချက်အလက်တွေ ရှာဖွေ၊ ဆုတောင်း၊ ရှာဖွေခြင်းဖြင့် အဖိုးအခကို တကယ် ပေးခဲ့တယ်။ ရလဒ်ကောင်းတွေ ရရှိဖို့ ဘယ်လို မိတ်သဟာယဖွဲ့ရမလဲဆိုတာကို ဆင်ခြင်သုံးသပ်ခဲ့တယ်။ ကျွန်မ နားမလည်တာ၊ ဒါမှမဟုတ် မကိုင်တွယ်နိုင်တာတွေ ကြုံတွေ့ရတဲ့အခါ ညီအစ်ကိုမောင်နှမတွေနဲ့ ဆက်သွယ်ပြောဆိုခဲ့တယ်။ ကျွန်မတာဝန်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာတွေက တဖြည်းဖြည်းချင်း ပြေလည်နေခဲ့တယ်။ ကျွန်မတာဝန်မှာ အလုပ်ပမာဏက အရင်ကအတိုင်းပဲ ဖြစ်ပေမဲ့ ကျွန်မ စိတ်မွန်းကြပ်မှု မခံစားရတော့ဘူး။ အဲဒီအစား ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ အားထုတ်ပြီး အဖိုးအခပေးရတာ တန်တယ်လို့ တွေ့ရှိခဲ့တယ်။ ကျွန်မစိတ်နှလုံးထဲမှာ ပျော်ရွှင်မှုနဲ့ ပြည့်စုံမှု ခံစားချက်ကိုလည်း ကြုံတွေ့ခဲ့ရတယ်။ ကျွန်မအလုပ်မှာ တကယ့် ကျွမ်းကျင်မှုတချို့ စုဆောင်းရရှိခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း အသက်ရှင်ရတာ တကယ်ကောင်းတယ်၊ ကျွန်မက တန်ဖိုးရှိပြီး ဂုဏ်သိက္ခာရှိတဲ့ ဘဝကို အသက်ရှင်နေရတယ်လို့ ခံစားရတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မြေငလျင်လှုပ်ပြီးနောက်

ဂျိန်း ဖိလစ်ပိုင်နိုင်ငံ ၂၀၁၉ ဇူလိုင်လမှာ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။ နောက်ပိုင်းမှာ...

အသိပညာမရှိတာဟာ အကြောင်းပြချက်မဟုတ်ပါဘူး

၂၀၂၁ ခုနှစ် မေလမှာ အသင်းခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ ကျွန်မရွေးချယ်ခံရပြီး ကျွန်မတို့ရဲ့ဗီဒီယိုထုတ်လုပ်ရေးပိုင်းကို အဓိကအနေနဲ့...

ဝန်ထုပ်ဝန်ပိုးတစ်ခုက ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ဖြစ်သည်

ယုန်ရွှေ တောင်ကိုရီးယားနိုင်ငံ သိပ်မကြာသေးတဲ့ အသင်းတော် ရွေးကောက်ပွဲတစ်ခုမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်မ အရွေးခံခဲ့ရပါတယ်။ ဒါကို...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။