နာမကျန်းဖြစ်သည့် အချိန်များမှတစ်ဆင့် ဆင်ခြင်သုံးသပ်မှုများ

10.04.2022

ရှီကျိ အမေရိကန်နိုင်ငံ

ကျွန်မက ငယ်ငယ်ကတည်းက အားနည်းပြီး ဖျားနာ လေ့ရှိတယ်။ ကျွန်မကို လမစေ့ခင်မွေးပြီး၊ အမေ့ဗိုက်ထဲက ထွက်လာကတည်းက ဖျားနာလွယ်တယ်လို့ ကျွန်မရဲ့ အမေက ပြောပြတယ်။ ကျွန်မ ခရစ်ယာန်တစ်ယောက်ဖြစ်ပြီးတဲ့အခါမှာ၊ ကျွန်မရဲ့ကျန်းမာရေးက တဖြည်းဖြည်းတိုးတက်လာ တယ်။ ခုနစ်နှစ်လောက် ကျွန်မ ဆေးရုံသွားဖို့မလိုခဲ့သလို၊ ဆေးတောင်သောက်ဖို့မလိုခဲ့ဘူး။ ကျွန်မ ဘုရားသခင်ကို အရမ်းကျေးဇူးတင်တယ်။ အဲဒီနောက် အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလအမှုတော်ကို ၂၀၀၁ မှာ ကျွန်မ လက်ခံခဲ့တယ်။ သခင့်ကို ကြိုဆိုဖို့ ကျွန်မ အရမ်းစိတ်လှုပ်ရှားပြီး ကောင်းချီးများစွာ ပေးခံရတယ်လို့လည်း ခံစားရတယ်။ ကျွန်မရဲ့စီးပွားရေးလုပ်ငန်းကို စွန့်လွှတ်ပြီး ဧဝံဂေလိတရားကို ဝေမျှတာ၊ ကျွန်မရဲ့တာဝန်ကို ဆောင်ရွက်တာတွေ စလုပ်တယ်။ ကျွန်မရဲ့တာဝန်အတွက် ခရီးတွေသွားဖို့ ကျွန်မမှာ ခွန်အားအများကြီးရှိပြီး၊ ကျွန်မ စိတ်အပြည့်ထည့်ထား တယ်။ မကြာခဏ အဖမ်းခံရတော့မလိုဖြစ်ပြီးမှ၊ သီသီလေး လွတ်မြောက်ခဲ့သလို၊ ကျွန်မ ဘုရားသခင်အပေါ် မှီခိုပြီး ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး။ ညီအစ်ကို၊မောင်နှမတွေကို ပံ့ပိုးဖို့အတွက် ကျွန်မရဲ့ လုံခြုံဘေးကင်းမှုကိုလည်း စွန့်စားခဲ့တယ်၊ တစ်ခါတလေ ငါးနာရီ၊ ခြောက်နာရီကြာ လမ်းလျှောက်ပြီး တောင်တွေပေါ်ကိုတောင် သွားရ တယ်။ တချို့နေရာတွေမှာဆိုရင်၊ သန့်ရှင်းတဲ့ရေတစ်ငုံလောက် တောင် သောက်ဖို့မရှိပေမဲ့၊ ဒုက္ခခံနေရတယ်လို့ ကျွန်မ မခံစားခဲ့ဘူး။ အဲဒီနည်းနဲ့ ကျွန်မကိုယ်ကျွန်မ ပေးဆပ်ခြင်းအားဖြင့်၊ ဘုရားသခင်ရဲ့လက်ခံမှုနဲ့ကောင်းချီးမင်္ဂလာတွေကို ကျွန်မ ကျိန်းသေရမယ်လို့ ခံစားရတယ်။

ပြည်ပကို ရွှေ့ပြောင်းပြီး သိပ်မကြာခင်၊ ၂၀၁၅ ခုနှစ်မှာ တုန်းက ဖြစ်တယ်။ တဖြည်းဖြည်း ပိုပြီးနေမကောင်းဖြစ်လာတာကို ကျွန်မ စခံစားလာရပြီး၊ တစ်ခါတလေ ညအချိန်မှာ ကျွန်မရဲ့တစ်ကိုယ်လုံး ချွေးတွေစိုနေတယ်။ ထိတ်လန့်တုန်လှုပ်သလို ကျွန်မခံစားရပြီး၊ အာရုံစိုက်ရတာလည်း ခက်တယ်။ တရုတ်ဆေးတချို့သောက်ပြီး အပ်စိုက်ကုသပေမယ့်၊ ဘာမှထူးမလာဘူး။ ပထမတော့ သိပ်အများကြီးမတွေးခဲ့သလို၊ ကျွန်မရဲ့ ကျန်းမာရေးဟာ ဘုရားသခင်လက်ထဲမှာပဲ ရှိတယ်၊ ဒါကြောင့် ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း ဆောင်ရွက်နေသမျှ ကိုယ်တော်က ကျွန်မကို ကြည့်ရှုပြီး ကာကွယ်ပေးမှာပဲလို့ ကျွန်မတွက်ခဲ့တယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းတာက၊ ကျွန်မရဲ့ကျန်းမာရေး က ပိုပြီးတော့သာဆိုးလာတယ်။ အဲဒီနောက် ၂၀၁၆ ဇူလိုင်လမှာ ကျွန်မရဲ့လည်ပင်းတစ် ဘက်ခြမ်းက နာသလိုလို ဖြစ်လာတာကို ကျွန်မ သတိထားမိပြီး၊ တစ်လလောက် ကြာတဲ့အခါမှာ၊ တစ်ညနေ ကျွန်မ တွေ့ဆုံပွဲတစ်ခုမှာ ရောက်နေတဲ့ အချိန်၊ ရုတ်တရက် အခြေအနေအရမ်းဆိုးသွားပြီး ကျွန်မ စကားတောင်ပြောလို့ မရတော့ဘူး။ ကျွန်မ အားကုန်သွားသလို ခံစားရပြီး တစ်ကိုယ်လုံး လည်း ချမ်းပြီးတုန်လာတယ်။ ကျွန်မရဲ့ကိုယ်အပူချိန်ကို တိုင်းလိုက်တော့၊ ၁၀၃ ဒီဂရီ ရှိတယ်။ အဖျားကျဆေးနဲ့အရောင်ကျဆေးတချို့ကို ကျွန်မ သောက်ပေမဲ့၊ သက်သာမလာဘူး။ အဲဒီနောက် ညတိုင်း ကျွန်မ အဖျားစတက်လာပြီး၊ ညလယ်မှာဆိုရင် တစ်ကိုယ်လုံး ချွေးတွေနဲ့ ရွှဲနစ်နေ တယ်။ ကျွန်မ အရမ်းခံစားရတဲ့အတွက် တစ်ညလုံး တစ်ချက်တောင် အိပ်လို့မရဘူး။ ကျွန်မသွားပြီး စစ်သင့် တယ်လို့ အစ်မတစ်ယောက်က ပြောတော့၊ ကျွန်မ သွားမယ်လို့ပြောပေမဲ့၊ ကောင်းသွားမှာပါလို့ ကျွန်မထင်ခဲ့တယ်။ အဲဒီနှစ်တွေတစ်လျှောက်မှာ ကျွန်မ အလုပ်ကို အရမ်း ကြိုးစားလုပ်ခဲ့ပြီး၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်နေ တာကြောင့် ဘုရားသခင်က ကျွန်မကို ကျိန်းသေ စောင့်ရှောက်ပြီးကာကွယ်မယ်လို့ ကျွန်မတွေးမိခဲ့တယ်၊ တကယ်လို့ ကျွန်မမှာ တစ်ခုခုရှိခဲ့ရင်တောင် ဆိုးရွားမှာ မဟုတ်ဘူးလို့ပေါ့။ ဒါပေမဲ့ သီတင်းပတ်နည်းနည်းကြာတော့၊ ကျွန်မ အဆက်မပြတ် ဖျားခဲ့သလို၊ ကိုယ်အလေးချိန် ဆယ်ပေါင်ကျော်လောက် ကျသွားတဲ့အပြင်၊ ကျွန်မရဲ့လည်ပင်းကလည်း သိသိသာသာ ရောင်ကိုင်း လာတယ်။ နေ့စဉ်နဲ့အမျှ ကျွန်မ မူးနောက်ပြီး၊ တစ်ကိုယ်လုံး အားပြတ်နေတယ်၊ ကျွန်မရဲ့နှလုံးက တုန်ပြီး အရမ်းကိုအခုန်မြန်နေသလို၊ ကျွန်မရဲ့လက်တွေကလည်း စပြီးတုန်လာတယ်။ အဲဒီအချိန်မှာ ကျွန်မ ဆက်ပြီးမခံနိုင်တော့၊ ညသန်းခေါင်အချိန်မှာ အစ်မတစ်ယောက်က ကျွန်မကို အရေးပေါ်ခန်းဆီ ခေါ်သွားတယ်။ အဲဒီကိုရောက်တဲ့အခါ၊ မျက်နှာတွေမှာ စိုးရိမ်တဲ့အကြည့် တွေနဲ့ ဆရာဝန်တွေအများကြီးက ကျွန်မရဲ့ကုတင်ဘေး ရောက်လာပြီး ကျွန်မ တကယ်ဆိုးဆိုးရွားရွားတစ်ခု ဖြစ်ပြီလားလို့ ကျွန်မစဉ်းစားမိတယ်။ သူက သူတို့ရဲ့ ကနဦးဆန်းစစ်တွေ့ရှိချက်အရ သိုင်းရွိုက် အကျိတ်နဲ့ ခန္ဓာကိုယ်ထဲမှာ သိုင်းရွိုက်ဟော်မုန်းတွေ များနေတာဖြစ်ပြီး၊ ကျွန်မ ချက်ချင်းဆေးရုံတက်ရမယ် လို့ ပြောတယ်။ ကျွန်မရဲ့လည်ပင်းမှာ အလုံးတစ်ခုရှိနေပြီး၊ ကျူမာမဟုတ်ဘူးလို့ ပြောလို့မရဘူးလို့လည်း သူက ပြောတယ်။ နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် အသားစနမူနာတချို့ ယူဖို့ ကျွန်မ အဖျားကျတဲ့အထိ သူတို့ စောင့်ချင်တယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ အသက်အန္တရာယ်ရှိနိုင်တဲ့ သိုင်းရွိုက် ပြဿနာရဲ့လက္ခဏာတွေလည်း ကျွန်မမှာ တွေ့နေရ တယ်။ ဆရာဝန်က အရမ်းကို တည်တည်ကြည်ကြည်နဲ့၊ “အခုလို ကုသမှုယူတာ ထပ်နောက်ကျရင် အကျိုးဆက် တွေက ဘယ်လောက်ဆိုးရွားနိုင်တယ်ဆိုတာ သိလား” လို့ ကျွန်မကို ပြောတယ်။ သူ့မျက်နှာမှာ တည်ကြည်လေးနက်တဲ့အရိပ်အယောင် တွေ ရှိနေတယ်။ ဒါကိုကြားလိုက်ရတော့၊ ကျွန်မရဲ့တစ်ကိုယ်လုံး ပျော့ဖတ်သွားပြီး၊ “ဒီနှစ်တွေတလျှောက်လုံး ဘုရားသခင်ရဲ့အမှုတော်ကို ထမ်းဖို့နဲ့ ငါ့ရဲ့တာဝန်ကို ဆောင်ရွက်ဖို့ ငါအားလုံးကို စွန့်လွှတ်ခဲ့တယ်။ အဲဒီအတွက် ငါတော်တော်လေး ဒုက္ခခံခဲ့ရတယ်။ ကိုယ်တော်က ငါ့ကို ကာကွယ်ပေးပြီး ကြည့်ရှုစောင့်ရှောက်သင့်တယ်။ ငါ့မှာ ဘယ်လိုလုပ်ပြီး ကျူမာရှိနိုင်ရတာလဲ” လို့ ကျွန်မစဉ်းစားမိတယ်။ အဲဒီအချိန်အတောအတွင်းမှာ ကျွန်မ ဆုတောင်း၊ ရှာဖွေနေခဲ့ပြီး၊ မူအားဖြင့် ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့အုပ်စိုးမှုနဲ့ အစီအစဉ်တွေကို နာခံသင့်တယ်ဆိုတာ ကျွန်မသိပေမဲ့၊ ကျွန်မရဲ့နှလုံးသားထဲမှာ ဘုရားသခင်ရဲ့ အကာအကွယ်နဲ့ ကိုယ်တော်က ကျွန်မရဲ့နာမကျန်းဖြစ်နေတာကို မြန်မြန်ဖယ်ရှားပစ်မယ်လို့ ဆက်ပြီးမျှော်လင့်နေမိ တယ်။

ဒါပေမဲ့ ပြန်ပြီးဆက်ဖြစ်နေသလို ကိုယ်အပူချိန်က လည်း မကြာခဏ ပူလာပြီး၊ တစ်ခါတလေ ၁၀၄ အထိတောင် မြင့်တယ်။ ကျွန်မ တကယ်ကယောင်ကတမ်းတွေ ဖြစ်လာတယ်။ ညဘက်ဆို ကျွန်မ ချွေးတွေထွက်ပြီး၊ ကျွန်မရဲ့စောင်တွေနဲ့ဂွမ်းကပ်တွေ စိုရွှဲကုန်တယ်။ မနက်တိုင်း ပထမဆုံးလုပ်တာက ရေချိုးပြီးတော့၊ ကျွန်မရဲ့အိပ်ရာခင်းတွေကို ခြောက်အောင်လုပ်တာပဲ။ ကျွန်မရဲ့လက်တွေကလည်း အရမ်းတုန်နေတော့၊ တူတွေကို ငြိမ်အောင်ကိုင်လို့ မရဘူး။ ကိုယ်အပူချိန်အရမ်းတက်နေသေးလို့ ကျွန်မ ဆေးရုံကို အပတ်တိုင်း သွားရပြီး၊ နောက်တော့ ဆရာဝန်က စိတ်ပျက်လက်ပျက်နဲ့၊ “မင်းလိုအဖြစ်မျိုး ငါတစ်ခါမှ မတွေ့ဖူးဘူး” လို့ ကျွန်မကို ပြောတယ်။ ကျွန်မကို သူပေးနေတဲ့ ဟော်မုန်းဆေးတွေကို ပိုတိုးပြီး ပေးတာပဲ သူတတ်နိုင်တယ်။ တစ်ခြား ဘာမှမလုပ်ပေး နိုင်ဘူး။ ဒါပေမဲ့ အဲဒီဟော်မုန်းဆေးတွေသောက်လို့ တကယ်ကိုသိသာတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကျွန်မမှာ ဖြစ်လာပြီး၊ ကျွန်မရဲ့မျက်နှာနဲ့ခန္ဓာကိုယ်တွေ ရောင်ကိုင်းလာသလို၊ ကျွန်မရဲ့ခြေထောက်တွေကလည်း ကိုက်ခဲလာတယ်။ အဲဒါတွေအားလုံးကို ဖြတ်သန်းရတာ တကယ်ကို မချိမဆံ့ ဝေဒနာခံစားရတယ်။ အဲဒီတုန်းက ကျွန်မမှာ ဘာယုံကြည်မှုမှ မကျန်တော့ သလို၊ ကျွန်မ တကယ်သေတော့မလားလို့ စဉ်းစားမိတယ်။ အချိန်နည်းနည်ကြာပြီးတဲ့နောက် ကျွန်မရဲ့ ဆိုးရွား နေတဲ့အခြေအနေကို ခေါင်းဆောင်တစ်ယောက်က တွေ့သွားပြီး၊ ကျွန်မရဲ့ကျန်းမာရေးကို အာရုံစိုက်ဖို့ ကျွန်မရဲ့ ရေလောင်းတဲ့တာဝန်ကို ယာယီရပ်နားခိုင်းလိုက်တယ်။ ကျွန်မရဲ့ညီအစ်ကို၊မောင်နှမတွေက ကျွန်မရဲ့ ကျန်းမာရေးကို စဉ်းစားကြတာဖြစ်မှန်း ကျွန်မသိပေမဲ့၊ ကျွန်မအတွက် အရမ်းခံစားရခက်တယ်။ ကျွန်မရဲ့တာဝန်ကိုတောင် မလုပ်နိုင်တော့ရင်၊ ကျွန်မ ဖယ်ရှားပစ်ခံရတော့မယ့်သဘောလားလို့ ခံစားမိတယ်။

အဲဒီညမှာပဲ ကျွန်မ ကိုယ်အပူချိန် ထပ်တက်လာပြီး၊ ကျွန်မကလွဲလို့ ဘယ်သူမှမရှိတဲ့ အခန်းလွတ်ကို ထိုင်ကြည့်နေမိသလို၊ ရုတ်တရက် အရမ်းအထီးကျန်ပြီး မျှော်လင့်ချက် ကင်းမဲ့သလို ကျွန်မ ခံစားရတယ်။ “ငါတကယ်ပဲ ဒီမှာသေတော့မှာလား” လို့ ကျွန်မ စဉ်းစားမိတယ်။ အိမ်မှာရှိတဲ့ ကျွန်မရဲ့သားနဲ့ ကျွန်မရဲ့အမေအကြောင်း ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ မသေခင် သူတို့ရဲ့မျက်နှာတွေကို ထပ်ပြီး တွေ့နိုင်ပါတော့မလားဆိုတာ ကျွန်မ မသိဘူး။ ရှင်လျှက်နဲ့ သေနေသလိုပါပဲ။ ကျွန်မအနေနဲ့ အိမ်ပြန်သွားလို့မရသလို၊ ကျွန်မရဲ့ တာဝန်ကို ဆုံးရှုံးသွားပြီး၊ ဘုရားသခင်က ကျွန်မကို မလိုချင်တော့ဘူးလို့ ကျွန်မခံစားရတယ်။ ဒီနှစ်တွေအတွင်းမှာ ကျွန်မ အများကြီးစွန့်လွှတ်ခဲ့ရပြီး အရမ်းလည်းဒုက္ခခံခဲ့ရတာကြောင့်၊ ကျွန်မ ပြန်ရသမျှက ဒါပဲဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာ လဲ။ အဲဒီလို ကျွန်မစဉ်းစားလေ၊ ပိုပြီးစိတ်မချမ်းမြေ့လေဖြစ် ပြီး၊ ကျွန်မ စငိုပြီးရင်း ငိုနေမိခဲ့တယ်။ ကျွန်မ သေသာသေလိုက်ပြီး ကိစ္စပြတ်တာပဲ ကောင်းမယ်လို့ စဉ်းစားမိတယ်။ အဲဒီအချိန်မှာပဲ ရုတ်တရက် ကျွန်မရဲ့ခေါင်းထဲကို စကားလုံးတစ်လုံး ရောက်လာတယ်- ခုခံခြင်းဆိုတာပဲ။ ဒီစကားလုံးက ကျွန်မရဲ့ခေါင်းထဲကို ထပ်တလဲလဲဝင် ရောက်လာပြီး၊ ဘုရားသခင် ပြောခဲ့တဲ့အရာတစ်ခုကို ကျွန်မစဉ်းစားမိ တယ်- “လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက၊ ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို သူတို့ခုခံနေကြောင်း၊ ၎င်းတို့တွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေက အဲဒီအချိန်မှာ ထုံနေတဲ့ ကျွန်မရဲ့နှလုံးသားကို လှန့်နှိုးလိုက်သလို ဖြစ်စေတယ်။ ကျွန်မ စပြီးနေမကောင်းဖြစ်ကတည်းက ဘုရားသခင် အပေါ် တောင်းဆိုမှုတွေ ဘယ်လောက်လုပ်ခဲ့တယ်ဆိုတာကို ကျွန်မစဉ်းစားမိတယ်။ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့ အိမ်နဲ့အလုပ်ကို ကျောခိုင်းထားခဲ့လို့ ဘုရားသခင်က ကျွန်မကို ကာကွယ် ပေးသင့်တယ်လို့ ကျွန်မခံစားမိခဲ့တယ်။ ကျွန်မရဲ့အခြေအနေ ဘယ်လောက်ဆိုးရွားတယ်ဆိုတာ နဲ့ သေတောင်သေသွားနိုင်မှန်း ကျွန်မသိလိုက်ရတော့၊ ကျွန်မမှာ အနာဂတ်နဲ့ခရီးပန်းတိုင် မရှိတော့သလို ကျွန်မခံစားရတယ်။ အလုပ်တွေကို အားထုတ်ပြီးလုပ်ခဲ့တဲ့ ကျွန်မရဲ့နှစ်တွေ အားလုံးကို ကျွန်မ နောင်တရခဲ့ပြီး အားလုံးကို အဆုံးသတ်ဖို့ သေတောင် သေချင်ခဲ့တယ်။ ဒါဟာ ဘုရားသခင်ကို တောက်လျှောက်ဆန့်ကျင်နေ တာပဲ မဟုတ်လား။ ဘုရားသခင်ကို ကျွန်မ ဘယ်မှာ နာခံလို့လဲ။ ဒီအသိတရားက ကျွန်မကို ရုတ်တရက် နှိုးလိုက်သလို ဖြစ်စေပြီး၊ နောက်ဆုံးတော့ ကျွန်မ ဘုရားသခင်ရှေ့မှာ ဒူးထောက်ပြီး မျက်ရည်တွေနဲ့ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ကျွန်မ မှားသွားပါတယ်။ ကျွန်မ ကိုယ်တော့်အပေါ် နားလည်မှုမလွဲသင့်သလို၊ စောဒကမတက်သင့်ပါဘူး၊ ကျွန်မ ကိုယ်တော့်ကို မဆန့်ကျင်သင့်ပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မ အရမ်းဒုက္ခခံနေရပြီး အရမ်းလည်းအားနည်းနေတယ်။ ဒီအခြေအနေကို ဘယ်လိုဖြတ်ကျော်ရမလဲဆိုတာ ကျွန်မ မသိဘူး။ ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပေးပါ” လို့ပေါ့။ ကျွန်မဆုတောင်းပြီးတော့ ခွန်အားတချို့ ပြန်ရလာသလို ခံစားရတာကြောင့်၊ ကျွန်မ အားယူပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ထူလိုက်သလို၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ဖွင့်လိုက်တယ်။ ကျွန်မတွေ့လိုက်ရတာက ဒီစာပိုဒ်ပဲ- “ငါ့အတွက် ချစ်ခြင်းများစွာနှင့်အတူ အစဉ်အမြဲ အလွန် သစ္စာစောင့်သိပြီးသည့်တိုင် မကျန်းမာမှု၊ ဆင်းရဲမှုနှင့် သင်၏ မိတ်ဆွေများ၊ ဆွေမျိုးများ၏ စွန့်ပစ်ခြင်းတည်းဟူသော ညှဉ်းဆဲမှုကို သင် ခံရပါက၊ သို့မဟုတ် ဘဝတွင် အခြား ကံအကြောင်းမလှသည့် ဖြစ်ရပ်တစ်ခုကို သင် ကြံ့ကြံ့ခံရပါက၊ ငါ့အတွက် သင်၏ သစ္စာစောင့်သိခြင်းနှင့် ချစ်ခြင်းမေတ္တာတို့ ဆက်ရှိဦးမည်လော။ သင်၏ စိတ်နှလုံးထဲက သင် စိတ်ကူးထားသည့် မည်သည့်အရာကမျှ ငါ လုပ်ဆောင်ခဲ့သည့်အရာနှင့် တစ်ထပ်တည်းမဖြစ်ပါက၊ သင်၏ အနာဂတ်လမ်းကြောင်းကို သင် မည်သို့ လျှောက်လှမ်းလိမ့်မည်နည်း။ သင် ရရှိဖို့ မျှော်လငင့်ခဲ့သည့် အရာများ တစ်ခုကိုမျှ သင် မရရှိပါက၊ သင်သည် ငါ၏ နောက်လိုက်အဖြစ် ဆက်လက်ရှိနိုင်မည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၂)) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက ဒါကိုဖတ် လိုက်ရတာ ကျွန်မကို အရမ်းနာကျင်စေတယ်။ ဒီစာပိုဒ်ကို အရင်က ကျွန်မဖတ်ခဲ့တဲ့ အကြိမ်ရေအားလုံး ကို ကျွန်မစဉ်းစားမိတယ်၊ ပြီးတော့ သူ့နောက်ကို အဆုံးအထိ ခိုင်ခိုင်မာမာနဲ့လိုက် ပြီး၊ ဘာပဲဖြစ်လာ၊ဖြစ်လာ ကျွန်မ သူ့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ဘုရားသခင်ဆီ လေးလေးနက် နက်နဲ့ ကျွန်မ ကျိန်ဆိုခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နာမကျန်းဖြစ်လာတဲ့အခါမှာ၊ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျွန်မရှိခဲ့တဲ့ယုံကြည်မှု အမျိုးအစားက အရှိအတိုင်းထုတ်ဖော်ပြခံလိုက်ရပြီး၊ ကျွန်မ ယုံကြည်ခဲ့တဲ့နှစ်တွေတစ်လျှောက်လုံးမှာ ဘုရားသခင်နဲ့ပတ်သက်လို့ တစ်ခါမှ မစစ်မှန်ခဲ့သလို၊ သူ့အတွက် ချစ်ခြင်းမေတ္တာမရှိခဲ့မှန်း သဘောပေါက်လိုက်တယ်။ ကျွန်မရဲ့ယုံကြည်မှုကနေ ဘေးကင်းလုံခြုံမှုပြန်ရချင်တဲ့ ကျွန်မရဲ့စိတ်ဆန္ဒ မဖြစ်မြောက်တဲ့အခါ၊ ကောင်းချီးမင်္ဂလာတွေရဖို့ ကျွန်မရဲ့မျှော်လင့်ချက်တွေ ပျက်စီးသွားတဲ့အခါမှာ၊ ကျွန်မ နားလည်မှုစလွဲပြီး ဘုရားသခင်ကို အပြစ်တင်ခဲ့သလို၊ သေခြင်းအားဖြင့် သူ့ကိုတောင် ဆန့်ကျင်ပြီး တိုက်ခိုက်ချင်ခဲ့တယ်။ ကျွန်မ အနစ်နာခံခဲ့တာတွေအားလုံးက ကိုယ့်ကိုယ်ကိုယ်အတွက်သာဖြစ်ခဲ့မှန်း၊ ကောင်းချီး မင်္ဂလာရဖို့အတွက်ပဲဖြစ်မှန်း ကျွန်မတွေ့လိုက်ရတယ်။ ကျွန်မ ဘုရားသခင်နဲ့ အပေးအယူလုပ်နေခဲ့တာပါ။ ကျွန်မ အရမ်းပုန်ကန်မိခဲ့တယ်။ ဖန်ဆင်းခံတစ်ယောက်အနေနဲ့၊ ကျွန်မရဲ့ဝင်သက်တစ်ခုချင်းစီဟာ ဘုရားသခင်က ကျွန်မကို ပေးထားတာဖြစ်လို့၊ သူ့ရဲ့အုပ်စိုးမှုနဲ့အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံသင့်တယ်။ ဘုရားသခင်ကို တစ်ခုတစ်လေ တောင်းဆိုဖို့နဲ့ သူနဲ့ အပေးအယူလုပ်ဖို့၊ ကျွန်မမှာ ဘယ်လိုလုပ်ပြီး လုပ်ပိုင်ခွင့်ရှိမှာလဲ။ အဲဒီအကြောင်း စဉ်းစားတဲ့အခါမှာ ကျွန်မ နောင်တတွေ နဲ့ ပြည့်သွားပြီး၊ ကျွန်မ ဆင်ခြင်တုံတရားကင်းမဲ့ခဲ့ပုံ၊ အသိစိတ်မရှိခဲ့ပုံ တွေကို ကျွန်မအရမ်းမုန်းမိတယ်။

ကျွန်မတို့ မကြာခဏဆိုဖြစ်တဲ့ ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မသတိရသွားတယ်- “ယခု၊ ကျွန်ုပ်၏ အနာဂတ် ရှေ့ရေးကို ကျွန်ုပ် ထည့်မတွက်သကဲ့သို့၊ သေခြင်းတရား၏ ဖိနှိပ်ချုပ်ချယ်မှု အောက်တွင်လည်း ကျွန်ုပ်မရှိပါ။ ကိုယ်တော်ကို ချစ်သည့် စိတ်နှလုံးတစ်ခုဖြင့်၊ အသက်လမ်းကို ကျွန်ုပ် ရှာဖွေချင်ပါ၏။ ကိစ္စရပ်တိုင်း၊ အရာရာတိုင်း- အားလုံး ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါ၏။ ကျွန်ုပ်၏ ကံကြမ္မာသည် ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပြီး ကျွန်ုပ်၏ တကယ့် အသက်တာကို ကိုယ်တော့်လက်ထဲတွင် ကိုယ်တော် ထိန်းချုပ်ထားပါ၏။ ယခုတွင်၊ ကိုယ်တော်ကို ချစ်ဖို့ ကျွန်ုပ် ကြိုးစားပြီး၊ ကိုယ်တော်က ကျွန်ုပ်ကို ချစ်ခွင့်ပေးသည် ဖြစ်စေ၊ မပေးသည်ဖြစ်စေ၊ စာတန်က မည်သို့ နှောက်ယှက်ပါစေ၊ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်ုပ် စိတ်ပိုင်းဖြတ်ထားပါ၏။ ကျွန်ုပ်ကိုယ်တိုင် ဘုရားသခင်ကို ရှာဖွေပြီး သူ့နောက်လိုက်ဖို့ ဆန္ဒရှိသည်။ ယခု ဘုရားသခင်က ကျွန်ုပ်ကို စွန့်ပစ်ချင်လျှင်ပင်၊ သူ့နောက် ကျွန်ုပ် လိုက်နေဦးမည်ဖြစ်သည်။ သူ ကျွန်ုပ်ကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ၊ သူ့ကို ကျွန်ုပ် ချစ်နေဦးမည်ဖြစ်ပြီး၊ အဆုံးတွင် သူ့ကို ကျွန်ုပ် ရရှိရမည်။...(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ကိုယ်တော်ကို ချစ်ရန် ကျွန်ုပ် စိတ်ပိုင်းဖြတ်ပြီ”) ကျွန်မရဲ့ခေါင်းထဲမှာ အဲဒီတေးသားတွေ သီဆိုနေချိန်မှာပဲ၊ ကျွန်မရဲ့အနာဂတ်နဲ့ခရီးပန်းတိုင် ဘယ်လိုပဲဖြစ်နေပါစေ၊ ကျွန်မ ကောင်းချီးခံစားရသည်ဖြစ်စေ၊ မခံစားရသည် ဖြစ်စေ၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ပြီး ဘုရားသခင် အတွက် သက်သေခံသွားမှာဖြစ်တယ်လို့ ကျွန်မ သန္နိဋ္ဌာန်ချလိုက်တယ်။ ကျွန်မ ကျန်းမာရေးလည်း မကောင်း၊ အိမ်ပြင်ကို မထွက်နိုင်ဘူးဆိုရင်တောင်၊ ကျွန်မရဲ့တာဝန်ကို အွန်လိုင်းက လုပ်နိုင်သေးတယ်။ ဒါကြောင့် အဲဒီအချိန်ကစပြီး၊ ဧဝံဂေလိတရားကို ကျွန်မ အွန်လိုင်းကနေ ဝေမျှတာကို ခေါင်းမဖော်ဘဲလုပ်ခဲ့ပြီး၊ ကျွန်မရဲ့ အနာဂတ်နဲ့ခရီးပန်းတိုင်တွေကို မစဉ်းစားတော့ဘဲ၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် အပြည့်အဝအားထုတ်တယ်၊ ကျွန်မ လုံးဝငြိမ်းချမ်းသွားတယ်လို့ ခံစားရသလို၊ ဧဝံဂေလိတရားဟောရာမှာလည်း အောင်မြင်မှုတချို့ ရတယ်။ အချိန်အနည်းငယ်ကြာတော့၊ ကျွန်မရဲ့ကိုယ်အပူချိန်ကလည်း အရင်လောက် မဆိုး တော့သလို၊ ဆေးရုံကိုလည်း အရင်ကလောက် သွားဖို့ မလိုတော့ဘူးဆိုတာ ကျွန်မ သတိပြုမိတယ်။ ကျွန်မဖြစ်နေတာက အန္တရာယ်ပေးနိုင်တဲ့ ကျူမာ မဟုတ်ဘဲ၊ သိုင်းရွိုက်အဖုသာဖြစ်ကြောင်းကို ဆရာဝန်က နောက်တော့ အတည်ပြုတယ်။ ကျွန်မအနေနဲ့ ဆေးဆက်သောက်ဖို့လိုပြီး နောက်ဆက်တွဲ စစ်ဆေးကုသမှုတွေ လုပ်ရပေမဲ့၊ ကျွန်မ ဘုရားသခင်ကို တကယ်ကျေးဇူးတင်မိတယ်။

အဲဒီနောက်ပိုင်းမှာ ကျွန်မအကြောင်းကို ကျွန်မ ပိုနားလည်လာပေမဲ့၊ ဖောက်ပြန်ပျက်စီးမှုနဲ့ ရောနှောမှုတွေက နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေလို့၊ ကျွန်မတို့ နားလည်မှုနည်းနည်းရရုံနဲ့ ကျွန်မတို့ ပြောင်းလဲမှု မရနိုင်ကြဘူး။ အဲဒီနောက်ပိုင်းမှာ ကျွန်မ ထပ်ပြီးဖြတ်သန်းခဲ့ရတာတွေ ရှိတယ်။

နှစ်လ၊သုံးလ အကြာမှာ၊ ကျွန်မရဲ့အမေက ရုတ်တရက် လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေတယ်လို့ အိမ်ကနေ ကျွန်မ သတင်းရတယ်။ သူ့ကို ကုဖို့အတွက် ကျွန်မရဲ့သားက နေရာအနှံ့ ပိုက်ဆံ လိုက်ချေးဖို့ ကြိုးစားနေတယ်။ အဲဒီသတင်းကို ရတဲ့အချိန်မှာ ကျွန်မ တုန်လှုပ်သွား တယ်။ ကျွန်မ အရမ်းစိတ်မချမ်းမသာဖြစ်သွားတယ်။ ကျွန်မရဲ့တစ်သက်လုံးမှာ၊ ကျွန်မအမေက ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေထက် ကျွန်မရဲ့ချည့်နဲ့နေတဲ့ကျန်းမာရေးကြောင့် ကျွန်မကို အမြဲ ပိုပြီးအထူးဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်မအမေက နေမကောင်းဘဲ ဆေးရုံရောက်နေတယ်၊ ကျွန်မ သူ့ဘေးမှာနေပြီး ပြုစုမပေးနိုင်ဘူး။ ကျွန်မရဲ့အမေ ပြန်သက်သာလာမယ်၊သက်သာမလာဘူး ဆိုတာ ဘုရားသခင်ရဲ့လက်ထဲမှာ အပြည့်အဝရှိတယ် ဆိုတာကို ကျွန်မသိပြီး၊ ကျိုးနွံနာခံဖို့ အဆင်သင့်ဖြစ်ပေမဲ့၊ ကျွန်မရဲ့တာဝန်ကို ကျွန်မ ကောင်းကောင်းမွန်မွန် ထမ်းဆောင်နေသမျှ ဘုရားသခင်က သူ့ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို ကျွန်မစွဲကိုင်ထားတုန်းပဲ။ သူ ပြန်ကောင်းလာပြီး အိမ်မှာ အားလုံးအဆင်ပြေသွား မယ်လို့ ကျွန်မ တကယ်မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ လအနည်းငယ်ကြာတော့၊ သူ့အခြေအနေက တိုးတက်မလာရုံသာမက၊ သူ့ရဲ့ဘယ်ဘက်တစ်ခြမ်းလုံး အကြောသေသွားပြီး၊ စိတ်ရှုပ်ထွေးမှုဒဏ်တွေလည်း ခံနေရတယ်။ သူ ပြန်ကောင်းလာဖို့ မျှော်လင့်ချက် သိပ်ရှိပုံ မပေါ်ဘူး။ ကျွန်မ အရမ်းခံစားရတယ်။ ကျွန်မရဲ့ ကျန်းမာရေးပြဿနာတွေကနေလည်း ကျွန်မ ဆင်းရဲဒုက္ခခံနေရတုန်းပဲဖြစ်တယ်။ ကျွန်မရဲ့တစ်ကိုယ်လုံး အမြဲချမ်းတုန်နေပြီး၊ လေစိမ်းတိုက်တာ လုံးဝမခံနိုင်ဘူး။ တခြားလူတွေက အေးအောင် လေအေးပေးစက်နဲ့ ဝါးဖျားတွေ သုံးကြပေမဲ့၊ ကျွန်မကတော့ ဂွမ်းကပ်တစ်ခုပဲ လိုခဲ့တယ်၊ သွေးပေါင်ချိန်ကလည်း ၄၅ ကနေ ၈၀ မာကျူရီ မီလီမီတာအထိ ကျတယ်။ ကျွန်မက သွေးနီးဥအားနည်းတယ်၊ သကြားဓာတ် နည်းပြီး ကျွန်မရဲ့ခြေထောက်တွေကလည်း နာကျင် တယ်။ ကျွန်မရဲ့အမြင်အာရုံကလည်း တကယ်ဆိုးလာတယ်။ တစ်ညနေမှာ ကျွန်မ ကိုယ်အပူချိန် ပြန်တက်တယ်။ ကျွန်မ ပြန်သက်သာမလာဘူးလို့ ထင်နေပေမဲ့၊ ကျွန်မ ဆေးဆက်သောက်ပြီး ဆက်ကုနေရတဲ့အပြင်၊ ကျွန်မအမေရဲ့အခြေအနေကလည်း တကယ်မကောင်း သလို၊ ဘယ်လောက်ကြာကြာအသက်ရှင်မလဲ ပြောလို့ မရဘူး။ ကျွန်မ အရမ်းစိတ်ဓာတ်ကျပြီး၊ ကျွန်မရဲ့တာဝန်မှာ လုပ်ချင်စိတ်မရှိတော့ဘူး။ ကျွန်မရဲ့ဝေဒနာတွေကြားကနေ၊ ကျွန်မ ဘုရားသခင်ကို ဆုတောင်းလိုက်တယ်၊ “ဘုရားသခင်၊ အခုအချိန်မှာ ကျွန်မ တကယ်ခွန်အား နည်းသလို ခံစားရပြီး၊ ကိုယ်တော် ချပေးတဲ့ အခုအခြေအနေကို ကျွန်မ မနာခံနိုင်ဖြစ်နေတယ်။ ကျွန်မအနေနဲ့ ကိုယ်တော့်ကို အပြစ်တင်ပြီး နားလည်မှု မလွဲဖို့၊ ကျွန်မရဲ့အခြေအနေကို ကျွန်မနားလည်နိုင်ဖို့ ကိုယ်တော့်ရဲ့ နှုတ်ကပတ်တော်တွေနဲ့အညီ အရာရာကို ကျွန်မမြင်နိုင်အောင် ကျေးဇူးပြုပြီး ကျွန်မကို လမ်းပြပေးပါ” လို့ပေါ့။

အဲဒီနောက် ဒါကို ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ထဲမှာ ကျွန်မ ဖတ်လိုက်ရတယ်- “၎င်းတို့ကို ငါ အနာငြိမ်းစေနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြသည်။ ၎င်းတို့၏ခန္ဓာကိုယ်များမှ မသန့်ရှင်းသော ဝိညာဉ်များကို နှင်ထုတ်ရန် ငါ၏တန်ခိုးများကို အသုံးပြုနိုင်၍သာ ငါ့ကို များစွာသောသူတို့က ယုံကြည်ကြပြီး၊ ငါ့ထံမှ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ကို ၎င်းတို့ ရကောင်းရလိမ့်မည် ဖြစ်သောကြောင့်သာ ငါ့ကို များစွာသော သူတို့က ယုံကြည်ကြပေသည်။ သာ၍ကြီးမားသော ရုပ်ဝတ္ထုဆိုင်ရာ ကြွယ်ဝမှုကို ငါ့ထံမှ တောင်းခံရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ဤဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးပြီး၊ နောင်ဘဝတွင် ဘေးကင်းလုံခြုံမှုရှိဖို့ရန်သာ များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ ငရဲ၏ဒုက္ခဆင်းရဲကို ရှောင်ရှားပြီး၊ ကောင်းကင်၏ကောင်းချီးမင်္ဂလာများ ရရှိရန် များစွာသောသူတို့က ငါ့ကို ယုံကြည်ကြသည်။ များစွာသောသူတို့က ယာယီ ကိုယ်စိတ်ချမ်းသာခြင်းအတွက်သာ ငါ့ကို ယုံကြည်သော်လည်း၊ နောင်ဘဝ၌ မည်သည့်အရာမျှ ရရှိရန် မကြိုးစားကြပေ။ လူသားအပေါ် ငါ၏ အမျက်ဒေါသကို ဆောင်ကြဉ်းခဲ့ပြီး တစ်ချိန်က သူ ပိုင်ဆိုင်ခဲ့သည့် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ငါ သိမ်းပိုက်ခဲ့ချိန်တွင်၊ လူသားသည် သံသယရှိလာခဲ့၏။ ငါသည် လူသားကို ငရဲ၏ ဆင်းရဲဒုက္ခကို ပေးပြီး ကောင်းကင်၏ ကောင်းချီးမင်္ဂလာတို့ကို ပြန်လည် သိမ်းယူသည့်အခါ၊ လူသား၏အရှက်သည် ဒေါသအဖြစ်သို့ ပြောင်းသွား၏။ သူ့ကို ရောဂါငြိမ်းစေရန် ငါ့အား သူတောင်းဆိုသည့်အခါ၊ ငါသည် သူ့ကို အလေးဂရုမပြုသကဲ့သို့ သူ့အပေါ် စက်ဆုပ်ရွံ့ရှာမှု ခံစားခဲ့ရသည်။ လူသားသည် အောက်လမ်းဆေးဝါးနှင့် မှော်အတတ်တို့၏ နည်းလမ်းကိုသာ ရှာရန် ငါ့ထံမှ ထွက်ခွာသွားခဲ့သည်။ ငါ့ထံမှ လူသားတောင်းဆိုခဲ့ပြီးသမျှအားလုံးကို ငါသိမ်းယူလိုက်ချိန်တွင်၊ အယောက်တိုင်းက အစအနရှာ၍မရအောင် ပျောက်သွားကြ၏။ ထို့ကြောင့် ငါသည် အလွန်များလှစွာသော ကျေးဇူးတော်ပေးပြီး ရရန် များလွန်းသောကြောင့်၊ လူသားသည် ငါ၌ ယုံကြည်ခြင်း ရှိသည်ဟု ငါဆို၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်ခြင်းအကြောင်း သင် မည်သည့်အရာ သိရှိသနည်း)လူ့သဘာဝ မရှိသူများသည် ဘုရားသခင်ကို အမှန်တကယ် ချစ်နိုင်စွမ်း မရှိကြချေ။ ပတ်ဝန်းကျင်က လုံခြုံပြီး စိတ်ချရသောအခါ၊ သို့မဟုတ် အကျိုးအမြတ်များ ရှိသည့်အခါတွင်၊ ၎င်းတို့သည် ဘုရားသခင်ကို လုံးဝ နာခံကြသော်လည်း၊ ၎င်းတို့ ဆန္ဒရှိသည့်အရာသည် အထိခိုက် ခံရသည့်အခါ သို့မဟုတ် နောက်ဆုံးတွင် ငြင်းဆန်ခြင်းခံရသည့်အခါတွင်၊ ချက်ချင်း ပုန်ကန်ကြလေသည်။ တစ်ညတာ အချိန်လေးတွင်ပင်၊ ၎င်းတို့သည်...ပြုံးရွှင်နေသည့်၊ ‘စိတ်နှလုံးကောင်း’ ရှိသည့် ပုဂ္ဂိုလ်အဖြစ်မှ ကြည့်ရဆိုးပြီး ရက်စက်ကြမ်းကြုတ်သည့် လူသတ်သမားအဖြစ်သို့ ပြောင်းလဲ သွားနိုင်လေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်၏ အမှုနှင့် လူ၏လက်တွေ့လုပ်ဆောင်မှု) ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ဖတ်လိုက်ရတော့ ကျွန်မ အရမ်းရှက်သွားတယ်။ ဘုရားသခင်ရဲ့ ဒီတရားစီရင်မှုဟာ ကျွန်မရဲ့ယုံကြည် ခြင်းထဲက ကောင်းချီးလိုက်စားချင်တဲ့ ကျွန်မရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ လှုံ့ဆော်မှုကို လုံးဝဖော်ထုတ်ပြသပေးတယ်။ အစကတည်းက၊ ကျွန်မရဲ့ယုံကြည်မှုအတွက် အလဲအလှယ်အနေနဲ့ ကောင်းမွန်တဲ့ကျန်းမာရေးနဲ့ ငြိမ်းချမ်း၊ ပျော်ရွှင်တဲ့ မိသားစုကို ကျွန်မ လိုချင်ခဲ့ တယ်။ ဒီကျေးဇူးတော်နဲ့ကောင်းချီးမင်္ဂလာကို ဘုရားသခင်ဆီ က ရရှိပြီး၊ ကျွန်မ နေကောင်းတဲ့အခါမှာ၊ ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ ကျွန်မ အားလုံးကို စွန့်လွှတ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ နောက်တစ်ကြိမ် နေမကောင်းပြန် ဖြစ်ပြီး၊ ကျွန်မရဲ့အမေကလည်း ကျန်းမာရေးပြဿနာတွေ ရှိလာတာနဲ့၊ ကျွန်မ ဘုရားသခင်ကို ညည်းညူသလို၊ အပျက်သဘော ဆောင်လာပြီး၊ နောက်ပြန်ဆုတ်ခဲ့တယ်။ ကျွန်မရဲ့တာဝန်ကိုလည်း ကောင်းကောင်းထမ်းဆောင် ဖို့ ဂရုတောင်မစိုက်တော့ဘူး။ ကျွန်မက ဘယ်လိုယုံကြည်သူမျိုးလဲ။ ကောင်းချီးမင်္ဂလာတွေအတွက် ကျွန်မရဲ့လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ဘုရားသခင်ကို ကျွန်မ အသုံးချနေ တာ မဟုတ်လား။ ကျွန်မ ဘုရားသခင်ကို လှည့်စား နေတာ မဟုတ်လား။ ဘုရားသခင်က ကျွန်မကို အများကြီးပေးပြီးပြီဖြစ် သလို၊ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကြောင့်သာ မဟုတ်ရင်၊ ကျွန်မ ဒီအခြေအနေအထိ ရောက်လာမှာမဟုတ်ဘူး။ ယုံကြည်သူမဟုတ်တဲ့သူတွေတောင် အသိစိတ်ရှိသူ ဘယ်သူမဆိုက အကူအညီတစ်ခုအတွက် ကျေးဇူးတင်ဖို့ သိပေမဲ့၊ ကျွန်မအနေနဲ့ ဘာမှပြန်မပေးဘဲ၊ နှစ်ပေါင်းများစွာ ဘုရားသခင်ရဲ့ ရေလောင်းခြင်းနဲ့အာဟာရကို ရရှိပြီး၊ သူ့ရဲ့ကျေးဇူးတော်ကို များစွာခံစားခွင့်ရပေမဲ့၊ သူ့အပေါ် ကျွန်မ နည်းနည်းလေးမှ ကျေးဇူးမတင်တတ်ခဲ့ဘူး။ ကျွန်မရဲ့တာဝန်တွေကို ကျွန်မ ရိုးရိုးသားသားလုပ်နေတာ မဟုတ်ဘဲ၊ ကျွန်မက ဘုရားသခင်ကို ရတနာသိုက်တစ်ခုလို ဆက်ဆံပြီး၊ သူ့ဆီက ကျေးဇူးတော်နဲ့ကောင်းချီးမင်္ဂလာတွေကလွဲလို့ ဘာမှမလိုချင်ခဲ့ဘူး။ လူတစ်ယောက်မှာ ရှိသင့်တဲ့ အခြေခံအသိစိတ်နဲ့ ဆင်ခြင်တုံတရား ကျွန်မမှာ မရှိဘူးဆိုတာကို ကျွန်မ သဘောပေါက်သွားတယ်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်ပြီး၊ စက်ဆုပ်စရာ ကောင်းတဲ့အပြင်၊ လောဘကြီးပြီး သိမ်ဖျင်းတယ်။ ဒါကို အသိတရားရလိုက်တဲ့အခါမှာ၊ ကျွန်မကိုယ်ကျွန်မ အရမ်းရွံရှာသွားတယ်။ ကျွန်မအနေ နဲ့ အပြစ်ရှိပြီး အကြွေးတင်နေတယ်လို့ ခံစားရတာနဲ့၊ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မ မျက်ရည်တွေနဲ့ ဆုတောင်းလိုက်တယ်။ “ဘုရားသခင်၊ ဒီနှစ်တွေအားလုံးမှာ ကျွန်မ အားထုတ်သမျှဟာ ကောင်းချီးမင်္ဂလာတွေအတွက်ပဲဆိုတာ အခု ကျွန်မ သိလိုက်ရပါပြီ။ ကိုယ်တော့်ကို ကျွန်မ လှည့်စားနေတာ၊ ကိုယ်တော်နဲ့ အပေးအယူ လုပ်နေတာဖြစ်တယ်။ ဒါဟာ ကိုယ်တော် တကယ်စက်ဆုပ်ရွံရှာအောင် လုပ်တာပဲ။ ကျွန်မအနေနဲ့ တကယ်နောင်တရပြီး ပြောင်းလဲလာအောင် ကောင်းချီးတွေကို လိုက်စားဖို့ဖြစ်တဲ့ ကျွန်မရဲ့ စိတ်ပြင်းပြမှုအရင်းအမြစ်ကို နားလည်ဖို့ ကိုယ်တော် ကျွန်မကို လမ်းပြပေးပါ” လို့ပေါ့။

ကျွန်မ ရှာဖွေရင်းနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ ထဲက ဒီစာပိုဒ်ကို ဖတ်လိုက်ရတယ်- “ဖောက်ပြန်ပျက်စီးသော လူသားအားလုံး ၎င်းတို့ကိုယ်တိုင်အတွက် အသက်ရှင်နေထိုင်ကြ၏။ မိမိကိုယ်သာ ကိုးကွယ်ရာ၊ ဤသည်မှာ လူ့သဘာဝ၏ အနှစ်ချုပ်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မိမိအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် အမှုအရာများကို စွန့်လွှတ်ကြသည်၊ သူ့အတွက် မိမိကိုယ်ကို အသုံးခံပြီး သူ့အပေါ် သစ္စာရှိကြသည်၊ သို့သော် ၎င်းတို့သည် ဤအရာအားလုံးကို မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်ခြင်းသာဖြစ်၏။ အတိုချုပ်အားဖြင့် ယင်းမှာ မိမိအတွက် ကောင်းချီးမင်္ဂလာများ ရရှိရန် ရည်ရွယ်ချက်အတွက်ချည်းသာ ဖြစ်၏။ လူ့အဖွဲ့အစည်းတွင် အရာခပ်သိမ်းကို ကိုယ်ကျိုးအတွက် လုပ်ကြခြင်း ဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက်သာ ဘုရားသခင်ကို ယုံကြည်ကြခြင်းဖြစ်၏။ ကောင်းချီးမင်္ဂလာများ ရရှိရန်အတွက် လူတို့သည် အရာခပ်သိမ်းကို စွန့်ပယ်ခြင်းဖြစ်ကာ များစွာသော ဒုက္ခကို ကြံ့ကြံ့ခံနိုင်ခြင်းဖြစ်သည်။ ဤအရာအားလုံးမှာ လူသား၏ ဖောက်ပြန်ပျက်စီးသော သဘောသဘာဝအပေါ် လက်တွေ့ကိုအခြေခံသော အထောက်အထားဖြစ်၏။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “အပြင်ပန်းပြောင်းလဲမှုများနှင့် စိတ်နေသဘောထားပြောင်းလဲမှုများကြားက ခြားနားချက်”)‘ကိုယ့်အတွက်ပဲ ကိုယ်ကြည့်၊ ဘယ်သူသေသေ ငတေမာပြီးရော’ ဟူသော ဤအရာမှာ လူသား၏အသက်နှင့် ဒဿနအမြင်ဖြစ်ပြီး ယင်းက လူသား၏ သဘာဝကိုလည်း ကိုယ်စားပြုလေသည်။ဤစကားများသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ သဘာဝ၊ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဆိုးယုတ်သော သဘာဝ၏ အမှန်တကယ် ပြယုဂ်ဖြစ်လာနှင့်ပြီးဖြစ်သည်။ ဤဆိုးယုတ်သော သဘာဝသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ ဖြစ်တည်မှုအတွက် အခြေခံအချက်ဖြစ်လာနှင့်ပြီးဖြစ်သည်။ နှစ်ထောင်ချီကြာသည်အထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် လက်ရှိအချိန်ကာလအထိ စာတန်၏ အဆိပ်ဖြင့် အသက်ရှင်ခဲ့ပြီးဖြစ်သည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ပေတရု၏လမ်းကြောင်းအတိုင်း လျှောက်လှမ်းနည်း”) ဒါကိုဖတ်ပြီးတဲ့အခါမှာ၊ ကျွန်မရဲ့ယုံကြည်ခြင်းမှာ ကောင်းချီးမင်္ဂလာတွေနောက်ကို လိုက်နေတဲ့ဇာစ်မြစ်ဟာ စာတန်ရဲ့ အကြီးအကျယ် ဖောက်ပြန်ပျက်စီးစေခြင်းကို ကျွန်မ တကယ်ခံခဲ့ရလို့ဖြစ်မှန်း ကျွန်မရဲ့နှလုံးသားထဲမှာ နားလည်မှုတချို့ ရလိုက် တယ်။ “မိမိကိုယ်သာ ကိုးကွယ်ရာဖြစ်၏” ဆိုတဲ့ စာတန်ရဲ့ ဆင်ခြင်တွေးခေါ်မှုစနစ်နဲ့ ကျွန်မက နေထိုင်နေတာ ဖြစ်လို့၊ ကျွန်မလုပ်သမျှဟာ ကျွန်မအတွက်ပဲ ဖြစ်တယ်။ ကျွန်မရဲ့ယုံကြည်မှုဟာ ကျွန်မရဲ့ကျန်းမာရေးနဲ့ မိသားစု ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ရေးတွေအတွက် ဖြစ်ပြီး၊ ကျွန်မရဲ့ အနစ်နာခံမှုအားလုံးနဲ့ အလုပ်ကြိုးစားမှု အားလုံးဟာ ကျွန်မ ကောင်းမွန်တဲ့ခရီးပန်းတိုင်တစ်ခု ရှိဖို့ပဲ ဖြစ်တယ်။ ကျွန်မရဲ့ယုံကြည်မှုကနေ အကျိုးအမြတ်တွေ မရတာနဲ့၊ ကျွန်မရဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးသွားတဲ့အချိန်မှာ၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်ဖို့အတွက် စိတ်ပြင်းပြမှု လည်း ပျောက်သွားတယ်။ အမှန်တော့၊ ပုံမှန်ဘဝခရီးမှာ ကျန်မာရေးပြဿနာတွေ ဖြစ်ပေါ်လာတာဟာ လူတွေအတွက် ပုံမှန်ဖြစ်လေ့ဖြစ် ထရှိတဲ့ အရာပဲဖြစ်တယ်။ ဒါဟာ သဘာဝနိယာမတစ်ခုဖြစ်တယ်။ ဒါပေမဲ့ နေမကောင်းတဲ့အခါမှာ၊ ကျွန်မက ဘုရားသခင်ကို အပြစ်တင်ပြီး၊ ကျွန်မရဲ့အမေ နာမကျန်းဖြစ်လာတဲ့အခါမှာလည်း ဘုရားသခင်ကို စောဒကတောင်တက်ခဲ့တယ်။ ကျွန်မ အရမ်းကိုမလျော်မကန်ဖြစ်ခဲ့တာ။ ကျွန်မ ယောဘကို သတိရလိုက်တယ်။ သူက ဖြောင့်မတ်ပြီး ကြင်နာသလို၊ ဘုရားသခင်ဆီက ဘာမှ လုံးဝမတောင်းဆိုဘူး။ အားလုံးက ဘုရားသခင်ဆီက လာတာဖြစ်ပြီး၊ ကျွန်မတို့အနေနဲ့ ကောင်းချီးမင်္ဂလာ ရသည်ဖြစ်စေ၊ ကပ်ဘေးဒုက္ခခံရသည်ဖြစ်စေ၊ ဘုရားသခင်ကို ချီးမွမ်းပြီး ကိုးကွယ်ရဦးမှာဖြစ်တယ်လို့ သူက ယုံကြည်တယ်။ ဒါကြောင့် စာတန်က ယောဘကို စုံစမ်းသွေးဆောင် ခဲ့တာဖြစ်ပြီး တစ်ညအတွင်းမှာ သူ့ရဲ့ကလေးတွေအားလုံးကို ဆုံးရှုံး သွားသလို၊ သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးလည်း အခိုးခံရ ပြီးတဲ့နောက်၊ သူ့တစ်ကိုယ်လုံးလည်း အနာစိမ်းတွေ ပေါက်လာခဲ့ တယ်၊ သူဟာ တစ်ချက်မှ မညည်းတွားဘဲ၊ ဘုရားသခင်ရဲ့နာမတော်ကိုတောင် ချီးမွမ်းရင်းနဲ့ ပြောတာက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” (ယောဘဝတ္တု ၁:၂၁) အားလုံးပြီးဆုံးတဲ့အခါမှာ၊ သူဟာ သက်သေခံပြီး စာတန်ကို အရှက်ခွဲခဲ့တယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေ အများအပြား ဖတ်ခဲ့ပေမဲ့၊ ကျွန်မရဲ့နှလုံးသားထဲမှာ ဘုရားသခင် အတွက် နေရာလုံးဝမရှိခဲ့ဘူး။ ကျွန်မရဲ့ယုံကြည်မှုဟာ ကျွန်မရဲ့ကိုယ်ပိုင်ကောင်းချီး မင်္ဂလာရဖို့နဲ့ ကျွန်မရဲ့ကိုယ်ပိုင်အကျိုးအမြတ်ရဖို့ အတွက်ပဲ ဖြစ်တယ်။ ကျွန်မဟာ အရမ်းနိမ့်ကျတဲ့လူ့သဘာဝရှိခဲ့တာပါ။

အဲဒီနောက်မှာ၊ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ရင်းနဲ့ အကြောင်းအရာတွေကို ကျွန်မသေချာ စဉ်းစားမိတယ်။ ဒီကျန်းမာရေးပြဿနာတွေထဲမှာ ဘုရားသခင်ရဲ့ အလိုတော်က ဘာလဲ။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက အထောက်အကူပြုတဲ့ စာပိုဒ်တချို့ကို ကျွန်မဖတ်လိုက် တယ်။ “စစ်ဆေးခြင်းသည် လူတို့ကို ဘုရားသခင် စုံလင်စေသည့် အကောင်းဆုံး နည်းလမ်းဖြစ်၏။ စစ်ဆေးခြင်းနှင့် ခါးသီးသော စမ်းသပ်ခြင်းများသည်သာ လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ထုတ်ပေးနိုင်သည်။ အခက်အခဲမရှိဘဲ၊ လူတို့သည် ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း ကင်းမဲ့သည်။ အတွင်း၌ ၎င်းတို့ စမ်းသပ်မခံရပါက၊ စစ်ဆေးခြင်းကို အမှန်တကယ် ခံရခြင်းမရှိပါက၊ ၎င်းတို့၏စိတ်နှလုံးများသည် ပြင်ပဝန်းကျင်တွင် ရောက်ရာပေါက်ရာသွားလိမ့်မည်။ အတိုင်းအတာ တစ်ခုအထိ စစ်ဆေးခြင်းခံရပြီးနောက်၊ သင်သည် သင်ကိုယ်တိုင်၏ အားနည်းချက်များနှင့် အခက်အခဲများကို မြင်ရလိမ့်မည်၊ သင်မည်မျှ ချို့တဲ့နေပြီး၊ သင်ကြုံရသည့် ပြဿနာများစွာကို သင်မနိုင်သည်ကို မြင်ရလိမ့်မည်ဖြစ်ကာ၊ သင်၏မနာခံမှု မည်မျှ ကြီးမားသည်ကို သင်မြင်ရလိမ့်မည်။ လူတို့သည် စမ်းသပ်မှုများအတွင်း၌သာ မိမိတို့၏ စစ်မှန်သော အခြေအနေများကို အမှန်တကယ် သိနိုင်ကြသည်။ စမ်းသပ်မှုများက လူတို့ကို ပိုမိုကောင်းမွန်စွာ စုံလင်ခြင်းခံရနိုင်စေသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်)အကယ်၍ သင်ကြိုးစာသမျှမှာ ဘုရားသခင်၏ စုံလင်အောင်ပြုပေးခြင်းခံရရန်နှင့် နောက်ပိတ်ဆုံးတွင် ကောင်းချီးမင်္ဂလာခံစားရရန်သာ ဖြစ်ပါက၊ ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းရှုထောင့်မှာ မဖြူစင်ပေ။ သင်သည် လက်တွေ့အသက်တာထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်များကို တွေ့မြင်သည့် နည်းလမ်း၊ သူ၏အလိုတော်ကို သင့်အား သူဖွင့်ပြသောအခါ သူ့အား ကျေနပ်စေသည့် နည်းလမ်းတို့ကိုဆောင်ရွက်နိုင်အောင် အားထုတ်သင့်ပြီး သူ၏ အံ့သြဖွယ်ကောင်းခြင်းနှင့် ဉာဏ်ပညာကို သင် သက်သေခံသင့်သည့် နည်းလမ်းနှင့် သင့်အား သူ၏ဆုံးမပဲ့ပြင်ပုံနှင့် ကိုင်တွယ်ဖြေရှင်းပုံတို့အား သက်သေခံမည့်နည်းလမ်းတို့ကို သင်ရှာဖွေနေသင့်သည်။ ဤအရာအားလုံးမှာ ယခု သင်တွေးဆနေသင့်သော အရာများဖြစ်သည်။ အကယ်၍ ဘုရားသခင်အပေါ် သင်၏ချစ်ခြင်းသည် သင့်ကိုစုံလင်အောင် သူပြုပြီးနောက် ဘုရားသခင်၏ဘုန်းတော်၌ သင်ပါဝင်နိုင်ရန်အတွက်သာဖြစ်ပါက ယင်းမှာ မလုံလောက်သေးသည့်အပြင် ဘုရားသခင်၏ သတ်မှတ်ချက်များကို မပြည့်မီနိုင်သေးပေ။ သင်သည် ဘုရားသခင်၏အမှုကို သက်သေခံနိုင်ရန်၊ သူ၏တောင်းဆိုချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် လူတို့အပေါ် သူပြုခဲ့ပြီးသောအမှုကို လက်တွေ့ကျသည့် နည်းလမ်းဖြင့် တွေ့ကြုံနိုင်ရန် လိုအပ်သည်။ နာကျင်မှုဖြစ်စေ၊ မျက်ရည်များဖြစ်စေ၊ သို့မဟုတ် ဝမ်းနည်းခြင်းဖြစ်စေ သင်သည် ဤအရာအားလုံးကို သင်၏ လက်တွေ့ကျင့်သုံးမှုတွင် တွေ့ကြုံရမည်။ ယင်းတို့မှာ ဘုရားသခင်အတွက် သက်သေခံတစ်ဦးအဖြစ် သင့်ကို စုံလင်စေရန်အတွက် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ယခု သင့်ကိုဒုက္ခခံရန်နှင့် စုံလင်ခြင်းကို ရှာဖွေရန် လှုံ့ဆော်သည့် အရာမှာ အတိအကျအားဖြင့် မည်သည့်အရာဖြစ်သနည်း။ သင်၏ လက်ရှိဒုက္ခခံရခြင်းမှာ အမှန်တကယ် ဘုရားသခင်ကိုချစ်ရန်နှင့် သူ့အတွက် သက်သေခံရန် အလို့ငှာ ဖြစ်သလော။ သို့မဟုတ် ယင်းမှာ ဇာတိပကတိနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများ အတွက်၊ သင်၏ အနာဂတ်တက်လမ်းများနှင့် ကံကြမ္မာအတွက် ဖြစ်သလော။ သင်၏ ရည်ရွယ်ချက်များ၊ ကြံရွယ်ချက်များနှင့် သင် ရရှိအောင် အားထုတ်သည့် ပန်းတိုင်များအားလုံးကို ပြုပြင်ရမည်ဖြစ်ပြီး သင်၏ကိုယ်ပိုင်ဆန္ဒအားဖြင့် ဦးဆောင်၍မရနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေထဲက အဲဒီစာပိုဒ် နှစ်ပိုဒ်ကို ဖတ်လိုက်တာနဲ့၊ ကျွန်မ ထိုးထွင်းသိမြင်မှု တချို့ တကယ်ရလိုက်တယ်လို့ ခံစားရတယ်။ ကျွန်မရဲ့နာမကျန်းဖြစ်မှုရဲ့ နောက်ကွယ်မှာရှိတဲ့ ဘုရားသခင်ရဲ့အလိုတော်ဟာ ကျွန်မရဲ့ယုံကြည်မှုထဲမှာရှိတဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ရောနှောမှုကို ထုတ်ဖော်ပြဖို့နဲ့၊ ကျွန်မကို သန့်စင်အောင် လုပ်ဖို့ဖြစ်မှန်း ကျွန်မတွေ့ခဲ့ရတယ်။ အဲဒီအတွက်သာ မဟုတ်ရင်၊ ကောင်းချီးမင်္ဂလာတွေနောက်ကို လိုက်ဖို့ ကျွန်မရဲ့ စက်ဆုပ်ဖွယ်ကောင်းတဲ့ စိတ်ပြင်းပြမှုကို ကျွန်မ ဘယ်တော့မှ သတိထားမိမှာ မဟုတ်သလို၊ ကျွန်မ အားထုတ်ပြီးလုပ်တဲ့ အလုပ်အားလုံးဟာ ဘုရားသခင်နဲ့ တကယ်ကို ဗြောင်အပေး၊အယူလုပ်နေ ခဲ့တာဖြစ်မှန်း ကျွန်မ သိမှာမဟုတ်ဘူး။ အဲဒီနည်းလမ်းနဲ့ ယုံကြည်မှုရှိပြီး ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်နေတာက ဘုရားသခင်ကို လှည့်စားပြီး၊ ဆန့်ကျင်နေတာဖြစ်တယ်။ ကျွန်မအနေနဲ့ နောင်တရပြီး မပြောင်းလဲခဲ့ရင်၊ နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားသုတ်သင်တာ ခံရမယ်ဆိုတာကို သိခဲ့ရတယ်။ အဲဒီနောက် ကျွန်မ နားလည်လိုက်တာက ကျွန်မရဲ့နာမကျန်းမှုဟာ တကယ်တော့် ကျွန်မအတွက် ဘုရာသခင်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ကယ်တင်ခြင်း ဖြစ်ပြီး၊ အဲဒီအခြေအနေကို ကျွန်မအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိဖို့ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးနေတဲ့စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် သမ္မာတရားကိုရှာဖို့ အသုံးပြုသင့် ပါတယ်။ ကျွန်မအနေနဲ့ ဘုရားသခင်ရဲ့အလိုတော်ကို နားလည် လိုက်တာနဲ့၊ ကျွန်မရဲ့အမေနဲ့ကျွန်မ သက်သာလာသည်ဖြစ်စေ၊ သက်သာမလာသည်ဖြစ်စေ၊ ကျွန်မ ကျိုးနွံနာခံဖို့ အဆင်သင့် ဖြစ်ပြီး၊ ကျွန်မရဲ့တောင်းဆိုမှုတွေနဲ့လိုအင်ဆန္ဒတွေကို ဘေးဖယ်ပြီး၊ ကောင်းချီးမင်္ဂလာတွေနောက်ကို လိုက်နေတာရပ်လိုက်ဖို့ သူ့ကို ကျွန်မ ကတိပြုလိုက်တယ်။ အဲဒီနောက်မှာ၊ ဧဝံဂေလိတရား ဝေမျှတဲ့ ကျွန်မရဲ့တာဝန်ကို ကျွန်မခေါင်းမဖော်တမ်း စလုပ်ခဲ့တယ်။ လအနည်းငယ်ကြာတော့၊ ဆေးစစ်ဖို့အတွက် ဆေးရုံကို ကျွန်မ သွားတဲ့အခါမှာ၊ ကျွန်မရဲ့သွေးက အားလုံးပုံမှန်ဖြစ်နေပြီဖြစ်သလို၊ ကျွန်မရဲ့သိုင်းရွိုက်အဖုကလည်း မရှိတော့ဘူးဆိုတာကို အာထရာဆောင်းက ပြတယ်လို့ ဆရာဝန်က ပြောတယ်။ ကျွန်မ ဆေးသောက်နေတာတွေကို ရပ်လိုက်လို့ရပြီလို့ လည်း သူက ပြောတယ်။ ဒါဟာ ဘုရားသခင်ရဲ့ အကာအကွယ်ပေးမှု လုံးဝဖြစ်တယ်ဆိုတာ ကျွန်မသိပြီး၊ ကျွန်မ သူ့ကို အရမ်းကျေးဇူးတင်မိတယ်။ ဘုရားသခင်အပေါ် ကျွန်မတင်နေတဲ့အကြွေးကို ထေမိဖို့အတွက် ကျွန်မရဲ့တာဝန်ကို ကောင်းကောင်း မွန်မွန်ထမ်းဆောင်ချင်တယ်။

ကျွန်မရဲ့ကျန်းမာရေး အရမ်းကောင်းနေတာ သုံးနှစ်ကျော်ပြီဖြစ်ပြီး၊ သိုင်းရွိုက်ပြဿနာလည်း တကယ်ပြန်မဖြစ်တော့ဘူး။ ဒါပေမယ့် ဒီနှစ်၊ ဖေဖော်ဝါရီလမှာ ကျွန်မရဲ့လည်ပင်းမှာ ရုတ်တရက် နာသလို ခံစားရပြီး၊ မှန်ကြည့်တဲ့အခါမှာ၊ အဲဒီနေရာမှာ သိသိသာသာရောင် နေတာ တွေ့ရတယ်။ အဲဒီညနေမှာ အရမ်းနာလွန်းလို့ ကျွန်မ လူးလိမ့်နေရပြီး အိပ်လို့မရဘူး၊ နောက်နေ့မနက်မှာ ကျွန်မ ရေထသောက်တဲ့အခါ၊ ဖန်ခွက်ကိုင်ထားတဲ့ ကျွန်မရဲ့လက်တွေက တုန်နေ တယ်။ ကျွန်မ အရမ်းကြောက်သွားတယ်— အဲဒါတွေက အရင်ရောဂါလက္ခဏာတွေနဲ့ အတူတူပဲဖြစ်နေတယ်။ အဲဒီအချိန်တုန်းက ကျွန်မ သိပ်မသေချာခဲ့ဘူး၊ ဒါကြောင့် ကျွန်မရဲ့ရောဂါလက္ခဏာတွေအကြောင်းကို တရုတ်ဆေးဆရာတစ်ယောက်နဲ့ ပြောကြည့်တော့၊ ကျွန်မရဲ့သိုင်းရွိုက်ပြဿနာပြန်ဖြစ်တာလို့ သူက ပြောတယ်။ ကျွန်မ အရမ်းစိုးရိမ်သွားတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ အမှုတော်အကြောင်း အွန်လိုင်းကနေ စုံစမ်းနေတဲ့ လူတွေအများကြီးရှိတယ်၊ ဒါကြောင့် ကျွန်မက သက်သေခံချက်တွေ ဝေမျှရင်း အရမ်းအလုပ်များနေပြီး၊ တစ်ခါတလေ တစ်နေ့တည်း မှာ တွေ့ဆုံပွဲတွေ အများကြီးလုပ်ရတယ်။ ကျွန်မ စဉ်းစားနေမိတာက ကျွန်မရဲ့တာဝန်ကို အဲဒီလိုဆက်လုပ်နေရင်၊ ကျွန်မ ခြေကုန်လက်ပန်းကျသွားပြီး ကိုယ်အပူချိန် ပြန်တက် လာနိုင်သလို၊ အဲဒီအခါ ကျွန်မရဲ့အခြေအနေ ပိုဆိုးသွားရင် ဘယ်လိုလုပ်မလဲပေါ့။ ပြီးတော့ ကိုရိုနာဗိုင်းရပ်စ်အခြေအနေကလည်း အခု အချိန်မှာ အရမ်းဆိုးနေတော့၊ ကျွန်မ နေမကောင်းဖြစ်ပြီး ဆေးရုံတက်ခဲ့ရရင်၊ ကျွန်မရဲ့သိုင်းရွိုက်ကို ကုတာ အောင်မြင်မလား မသိရတဲ့အပြင်၊ ကျွန်မ ကိုဗစ်တောင် ကူးသွားနိုင်တယ်လေ။ အဲဒီနေ့မှာ အစ်မတစ်ယောက်နဲ့ တစ်နာရီပဲ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်၊ ကျွန်မရဲ့ခန္ဓာကိုယ်က မခံနိုင်တော့ဘူး။ ကျွန်မရဲ့လည်ပင်းက အရမ်းနာပြီး တစ်ကိုယ်လုံး တုန်နေတဲ့အပြင်၊ အောက်ဆီဂျင်လုံလောက်အောင် မရသလို ခံစားရပြီး၊ ကျွန်မရဲ့ခေါင်းကလည်း မူးနောက်နေတယ်။ ကျွန်မ ရက်အနည်းငယ် နားပြီး သက်သာသွားတဲ့ အခါမှ၊ ကျွန်မရဲ့တာဝန်ကို ထမ်းဆောင်သင့်သလားလို့ ကျွန်မစဉ်းစားမိတယ်။ ဒါပေမဲ့ နောက်တစ်နေ့မှာ သက်သေခံပြီး ဝေမျှဖို့ ကျွန်မ စီစဉ်ထားတဲ့ တခြားခရစ်ယာန်အသင်းတော် တွေက အမှုတော်ဆောင်တွေအားလုံးနဲ့ပတ်သက်လို့ ကျွန်မ စဉ်းစားမိတယ်။ အဲ့လောက်အချိန်တိုအတွင်းမှာ တခြားတစ်ယောက်ကို ရှာဖို့ကလည်း အရမ်းနောက်ကျနေတော့၊ ကျွန်မ မသွားရင်၊ စစ်မှန်တဲ့လမ်းခရီးကို သူတို့ စုံစမ်းနေတာ နှောင့်နှေးသွားစေမှာ မဟုတ်လား။ အဲဒီညနေမှာ ကျွန်မရဲ့လည်ပင်းက ရောင်ပြီးနာကျင် နေတော့၊ ကျွန်မ တစ်ညလုံး အိပ်လို့မရပြန်ဘူး။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မအထဲမှာ ဘယ်လောက် အမှုပြုခဲ့ပြီးပြီဆိုတာကို ကျွန်မစဉ်းစားမိပြီး၊ ကျွန်မ နေမကောင်းဖြစ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ပဲ ကျွန်မစဉ်းစားတယ်— ကျွန်မ ဆိုးဆိုးရွားရွားခံစားရ တယ်။ ဘုရားသခင်ရှေ့မှောက်မှာ ကျွန်မ ဒူးထောက်ပြီး ဆုတောင်းတယ်၊ “ဘုရားသခင်၊ ကျွန်မ နေမကောင်းပြန်ဖြစ်တာရဲ့ နောက်ကွယ်မှာ ကိုယ်တော့်ရဲ့ ကောင်းမြတ်တဲ့ အလိုတော် ရှိပါတယ်။ ကိုယ်တော့်ရဲ့အလိုတော်ကို ကျွန်မနားလည်နိုင်ဖို့ ကျေးဇူးပြုပြီး ကျွန်မကို အသိဉာဏ်ပွင့်လင်းစေပြီး လမ်းပြပေးပါ။ ကျွန်မရဲ့အသက်ဟာ ကိုယ်တော့်ရဲ့လက်ထဲမှာ ရှိတယ် ဆိုတာ ကျွန်မ အပြည့်အဝယုံကြည်ပါတယ်၊ ကျွန်မရဲ့ကျန်းမာရေး ဘယ်လိုပဲဖြစ်ဖြစ်၊ ကိုယ်တော်ရဲ့ အုပ်စိုးမှုနဲ့အစီအစဉ်တွေကို ကျွန်မ ကျိုးနွံနာခံဖို့ လိုလားလျှက်ရှိပါတယ်” ဆိုပြီးပေါ့။ ကျွန်မ ဆုတောင်းပြီးတဲ့အခါမှာ၊ ကျွန်မရဲ့စိတ်ထဲကို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေထဲက ဒီစာပိုဒ် ရောက်လာတယ်- “ဘုရားသခင်၌ သင်၏ယုံကြည်ခြင်းနှင့် သမ္မာတရားကို လိုက်စားခြင်း၌ သင်က၊ ‘ဘုရားသခင်က ကျွန်ုပ်အပေါ် မည်သည့်ရောဂါ သို့မဟုတ် သဘောမတူဖွယ် ဖြစ်ရပ်များကို ကျရောက်ခွင့်ပြုပါစေ- ဘုရားသခင် မည်သည့်အရာကို လုပ်ဆောင်ပါစေ- ကျွန်ုပ်သည် နာခံပြီး ဖန်ဆင်းခံသတ္တဝါတစ်ယောက်အဖြစ် ကျွန်ုပ်၏ နေရာတွင် နေရမည်။ အခြားအရာအားလုံးထက်ပိုပြီး သမ္မာတရား၏ ဤရှုထောင့်ကို- နာခံခြင်း- ကျွန်ုပ် လက်တွေ့လုပ်ဆောင်ရမည်၊ ယင်းကို ကျွန်ုပ် အကောင်အထည်ဖော်ပြီး ဘုရားသခင်ကို နာခံခြင်း စစ်မှန်မှုတွင် အသက်ရှင်နေထိုင်သည်။ ထို့အပြင် ဘုရားသခင်က ကျွန်ုပ်ကို တာဝန်ပေးစေခိုင်းသည့် အရာနှင့် ကျွန်ုပ်ထမ်းဆောင်သင့်သည့် တာဝန်ကို ကျွန်ုပ် ဘေးမဖယ်၍မဖြစ်ပေ။ ကျွန်ုပ်၏ နောက်ဆုံးထွက်သက်တွင်ပင်၊ ကျွန်ုပ်သည် မိမိ၏တာဝန်ကို လက်ခံရမည်။’ ဟု ဆိုနိုင်သည်။ ဤသည်မှာ သက်သေခံချက်ပေးခြင်း မဟုတ်လော။ သင်၌ ဤသန္နိဌာန်မျိုးနှင့် ဤအခြေအနေမျိုး ရှိသည့်အခါ၊ သင်သည် ဘုရားသခင်နှင့်ပတ်သက်၍ ညည်းညူနိုင်သေးသလော။ မဟုတ်ပေ၊ သင် မညည်းညူနိုင်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သမ္မာတရားကို မကြာခဏတွေးဆခြင်းဖြင့် လမ်းကြောင်းကို ရရှိသည်”) ကျွန်မရဲ့ တာဝန်ဟာ ဘုရားရဲ့စေခိုင်းချက်ဖြစ်ပြီး၊ အဲဒါက ကျွန်မရဲ့တာဝန်ဝတ္တရားဖြစ်သလို၊ ကျွန်မ အဲဒါကို ဆောင်ရွက်တာဟာ မှန်ကန်ပြီး သင့်တော်တယ်ဆိုတာ ကို ကျွန်မနားလည်အောင် ဘုရားသခင်ဆီက ဒီနှုတ်ကပတ်တော်တွေက ကူညီပေးတယ်။ ဘာပဲဖြစ်လာပါစေ၊ ကျွန်မရဲ့ နောက်ဆုံးထွက်သက်ဖြစ်ရင်တောင်၊ ကျွန်မရဲ့ တာဝန်ကို ကျွန်မ လိုက်နာသင့်တယ်။ ဒါကြောင့် ကျွန်မကိုယ်ကျွန်မ အားတင်းပြီး၊ အားလုံးကို စွန့်စားဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်နေ့၊ ကျွန်မ သက်သေခံဝေမျှပြီးတဲ့အခါမှာ၊ ကျွန်မရဲ့အခြေအနေ ပိုဆိုးလာခဲ့ရင်တောင်၊ ကျွန်မ ဆေးရုံတက်လိုက်ရရင်တောင်၊ ကျွန်မရဲ့တာဝန်ကို ဆောင်ရွက်သွားမှာဖြစ်တယ်။ ကျွန်မ အဲဒီလို စပြီးစဉ်းစားလိုက်တာနဲ့၊ ကျွန်မ အေးချမ်းတဲ့ခံစားချက်တစ်ခု ရသွားခဲ့တယ်။ နောက်တစ်နေ့မှာ၊ ကျွန်မတို့ စီစဉ်ထားတဲ့အချိန်မတိုင်ခင် ကျွန်မရဲ့ကွန်ပျူတာရှေ့မှာ အဆင်သင့်စောင့်နေလိုက်တယ်။ ကျွန်မကို အံ့ဩသွားစေတာက၊ အဲဒီနေ့ ကျွန်မလုပ်ခဲ့တဲ့ တွေ့ဆုံပွဲအနည်းငယ် တစ်လျှောက်မှာ၊ ကျွန်မရဲ့ခေါင်းက ကြည်လင်နေပြီး၊ ကျွန်မ ပိုပြီးစကားပြောလေ၊ ပိုပြီးအသိဉာဏ်ပွင့်လင်းခံရ တယ်လို့ ခံစားရလေပဲ။ ကျွန်မ တစ်နေကုန် စကားပြောနေခဲ့ပြီး၊ ကျွန်မရဲ့ လည်ပင်းက လုံးဝမနာဘူး။ အဲဒီအချိန်ကစပြီး၊ ကျွန်မရဲ့လည်ပင်းက ရောင်တာတွေ၊ နာကျင်တာတွေ လုံးဝမဖြစ်တော့ဘူး။ ဘုရားရဲ့ကာကွယ်မှုကို ထပ်မြင်လိုက်ရတော့၊ ကျွန်မ ဘုရားသခင်ကို အရမ်းကျေးဇူးတင်ပြီး၊ ရောဂါပြန်ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ကျွန်မ နာခံပြီး ဖြတ်သန်းဖို့ အဆင်သင့်ပဲလို့ ကျွန်မဘာသာကျွန်မ စဉ်းစားလိုက် တယ်။

အဲဒီအတွေ့အကြုံကနေတစ်ဆင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာ ကို ကျွန်မ တကယ်ခံစားရတယ်။ ကျွန်မရဲ့ နာမကျန်းမှုကတစ်ဆင့် ကျွန်မ ဒုက္ခခံခဲ့ရပေမဲ့၊ အဲဒါက ကောင်းချီးမင်္ဂလာရဖို့အတွက် ကျွန်မရဲ့ လှုံ့ဆော်မှုနဲ့ ကျွန်မရဲ့ယုံကြည်မှုထဲမှာရှိနေတဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ ရောနှောမှုတွေကို မြင်အောင် ကျွန်မမျက်စိကို တကယ်ဖွင့်ပေးခဲ့တယ်။ လိုက်စားမှုနဲ့ပတ်သက်လို့ ကျွန်မရဲ့မှားယွင်းတဲ့အမြင်တွေကို ဘုရားရဲ့ နှုတ်ကပတ်တော်တွေက ပြောင်းလဲပေးပြီး၊ ဘုရားသခင်ကို ကျွန်မ ကျိုးနွံနာခံလာအောင်လည်း ကူညီပေးတယ်။ ဒါ့အပြင်၊ ဘုရားသခင်ရဲ့ ဩဇာအာဏာနဲ့အကာအကွယ် ကို ကျွန်မကို တွေ့စေပြီး၊ သူ့အပေါ် ပိုပြီးယုံကြည်မှုရှိ စေခဲ့တယ်။ ဒါတွေအားလုံးဟာ ကျွန်မအတွက် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာနဲ့ကယ်တင်ခြင်း ဖြစ်တယ်။

နောက်တစ်ခုသို့- အလှည့်အပြောင်း

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မနာလိုမှု အနှောင်အဖွဲ့များမှ လွတ်မြောက်ခြင်း

ကျိုင်းလင် ဖိလစ်ပိုင်နိုင်ငံ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ကျွန်မ လက်ခံခဲ့တယ်။...

ကျွန်ုပ်၏နေရာကို ရှာတွေ့ပြီ

ရှီးဖန် တောင်ကိုရီးယားနိုင်ငံ ဘုရားကို ယုံကြည်ပြီးတဲ့နောက်မှာ၊ အရမ်းကို ကျွန်မ ထက်ထက်သန်သန် လိုက်စားခဲ့တယ်။ အသင်းတော်က ဘာတာဝန်ပဲ စီစဉ်ပါစေ၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။