မည်သည့်အခါမျှ မပျောက်ကွယ်နိုင်သည့် အသက်စွမ်းအား

06.10.2019

ဒွန်မေး၊ ဟေနန်စီရင်စု

ကျွန်မသည် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် ဘဝတစ်ခုဖြင့် အသက်ရှင်နေထိုင်ခဲ့သည် သာမန်လူတစ်ယောက်သာ ဖြစ်သည်။ အလင်းရောင်ကို တမ်းတသည့် လူများစွာကဲ့သို့၊ ကျွန်မ၏ အသက်တာ ပို၍အဓိပ္ပာယ်ရှိနိုင်စေရန် လူသားတည်ရှိမှု၏ စစ်မှန်သော အဓိပ္ပာယ်ကို ရှာဖွေရန် နည်းလမ်းများစွာကို ကျွန်မ ကြိုးစားခဲ့ပါသည်။ အဆုံးတွင် ကျွန်မ၏ အားထုတ်ကြိုးပမ်းမှုများအားလုံး အချည်းနှီးဖြစ်ခဲ့ရလေသည်။ သို့သော် နောက်ဆုံးသောကာလ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အမှုတော်ကို လက်ခံဖို့ ကံကောင်းထောက်မပြီးနောက်၊ ကျွန်မ၏ အသက်တာတွင် အံ့ချီးဖွယ် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။ ၎င်းက ကျွန်မ၏ အသက်တာကို ပို၍အဓိပ္ပာယ်ရှိစေခဲ့ပြီး၊ ဘုရားသခင်သည်သာ လူများ၏ ဝိညာဉ်များနှင့် အသက်များ၏ စစ်မှန်သော ပံ့ပိုးသူ ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များသာ လူသား အသက်တာ၏ စစ်မှန်သော အဓိပ္ပာယ်ပါဝင်ကြောင်း တို့ကို ကျွန်မ နားလည်သဘောပေါက်လာခဲ့သည်။ ကျွန်မသည် အသက်တာတွင် မှန်ကန်သော လမ်းကြောင်းကို နောက်ဆုံးတွင် ရှာတွေ့ခဲ့သည့်အတွက် ဝမ်းမြောက်ခဲ့သည်။ သို့သော်လည်း တစ်ရက်၌ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေစဉ်တွင်၊ ကျွန်မသည် တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ တရားမဝင် ဖမ်းဆီးခြင်းကိုခံရပြီး၊ လူမဆန်စွာ နှိပ်စက် ခံခဲ့ရသည်။ ထို့နောက် ကျွန်မသည် မိမိ၏အသက်တာခရီးလမ်းထဲတွင် ထာဝရ စွဲထင်ကျန်နေမည့် ဘဝအတွေ့အကြုံ တစ်ခုကို ကြုံခဲ့ရပါသည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၏နေ့တစ်နေ့တွင် နံနက်၇နာရီခန့်၌ အခြားအသင်းတော် ခေါင်းဆောင် နှင့် ကျွန်မတို့က အသင်းတော် ပိုင်ဆိုင်သည့် အဖိုးတန်ပစ္စည်းများအပေါ် အသေးစိတ် စာရင်းသွင်းနေ ချိန်တွင် ရဲအရာရှိ ဆယ်ယောက်ကျော် ရုတ်တရက် တံခါးကို တွန်းကန်ဝင်ရောက်လာခဲ့သည်။ ဤဆိုးယုတ်သော ရဲများထဲမှ တစ်ယောက်က ကျွန်မတို့ထံ အပြေးအလွှား လာပြီး “မလှုပ်နဲ့” ဟု အော်ပြောခဲ့သည်။ ဖြစ်ပျက်နေသည့်အရာကို တွေ့မြင်ရလျက် ကျွန်မ၏ခေါင်း ချာချာလည်မူးဝေလာခဲ့သည်။ ကျွန်မ၏ စိတ်ထဲတွင် “ဒါမကောင်းဘူး၊ အသင်းတော်က ပိုင်ဆိုင်တဲ့ အဖိုးတန်ပစ္စည်းတွေ အများကြီး ဆုံးရှုံးရတော့မှာပဲ” ဟု တွေးမိခဲ့သည်။ နောက်ပြီး ဆိုးယုတ်သောရဲများက ကျွန်မတို့ကို လုယက်မှုပြုနေသည့် ဓါးပြများကဲ့သို့ ရှာဖွေခဲ့ လေသည်။ သူတို့က အခန်းတစ်ခုချင်းစီကို အိတ်သွန် ဖာမှောက်ရှာကာ အချိန်တိုတစ်ခုအတွင်း ရှုပ်ဖွပစ်သည်။ အဆုံးသတ်တွင် သူတို့က ဘဏ်ကဒ်ပြားသုံးခု၊ ငွေသွင်းလွှာများ၊ ကွန်ပြူတာများ၊ လက်ကိုင်ဖုန်းများ စသည့် အသင်းတော်နှင့် သက်ဆိုင်သည့် ပိုင်ဆိုင်မှု အချို့ကို ရှာတွေ့သွားသည်။ သူတို့က ယင်းတို့အားလုံးကို သိမ်းသွားသည်၊ ထို့နောက် ကျွန်မ၊ အခြားအသင်းတော်ခေါင်းဆောင် နှင့် အခြားနှစ်ယောက် တို့ကို ရဲစခန်းသို့ ခေါ်သွားလေသည်။

နေ့လည်ခင်းတွင် ဆိုးယုတ်သောရဲများက သူတို့ ဖမ်းဆီးခဲ့သည့် နောက်ထပ် ညီအစ်မ သုံးယောက်ကို ခေါ်ဆောင်လာသည်။ သူတို့က အခန်းတစ်ခန်းတွင် ကျွန်မတို့ ခုနှစ်ယောက်ကို ပိတ်ပြီး၊ ကျွန်မတို့ကို စကားပြောခွင့်မပြုသကဲ့သို့၊ ညအချိန်တွင်လည်း ကျွန်မတို့ကို အိပ်ခွင့်မပြုခဲ့ပါ။ ညီအစ်မများသည် ကျွန်မနှင့် အပိတ်ခံရသည်ကို တွေ့ရလျက်၊ အသင်းတော်က ငွေကြေးမည်မျှ ဆုံးရှုံးခဲ့သည်ကို တွေးလျက်၊ ကျွန်မသည် အလွန်အမင်း စိုးရိမ်ကြောင့်ကြခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို အဆောတလျင် ဆုတောင်းနိုင်ရုံသာ ရှိသည်။ “အိုဘုရားသခင်၊ အခု ကျွန်မဆီကို ဒီအခြေအနေ ကျရောက်လာတဲ့အတွက်၊ ကျွန်မ ဘာလုပ်ရမှန်း မသိပါဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့ နှလုံးသားကို ကွယ်ကာတော်မူပြီး တည်ငြိမ်စေပါ” ဆုတောင်းပြီးနောက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မတွေးမိခဲ့ပါသည်။ “မကြောက်ကြနှင့်- ဤသို့သော အရာများ အသင်းတော်၌ ဖြစ်ပျက်သည့်အခါ၊ ၎င်းတို့သည် ငါ၏ခွင့်ပြုချက်ဖြင့် ဖြစ်ပျက်ကြပေသည်။ မတ်တပ်ရပ်ကာ ငါ၏ကိုယ်စား စကားပြောလော့။ အရာခပ်သိမ်းနှင့် ကိစ္စရပ်အားလုံးသည် ငါ၏ ပလ္လင်က ခွင့်ပြုထားခြင်း ဖြစ်ပြီး ၎င်းတို့အတွင်းတွင် ငါ၏ ရည်ရွယ်ချက်များ ပါရှိသည်ကို ယုံကြည်ခြင်းရှိလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁))သင့်ကို ဝန်းရံသည့် ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ငါ၏အခွင့်အားဖြင့်ဖြစ်သည်၊ ငါ စီစဉ်ထားခြင်းသာ ဖြစ်သည်ကို သင်သိထား၏။ သင့်ကို ငါပေးထားသော ပတ်ဝန်းကျင်တွင် ငါ၏စိတ်နှလုံးကို ရှင်းရှင်းလင်းလင်း မြင်ကာ ဖြည့်ဆည်းလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၆)) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ၏နှလုံးသားထဲမှ ကြောက်စိတ်မွှန်ခြင်းကို ဖြေဖျောက်ပေးခဲ့သည်။ ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့် ယနေ့ ဤပတ်ဝန်းကျင်သည် ကျွန်မထံသို့ ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ဘုရားသခင်က သူ့အတွက် သက်သေခံရန် ကျွန်မကို တောင်းဆိုသည့် အချိန် ရောက်လာခဲ့ပြီ ဖြစ်ကြောင်းတို့ကို ကျွန်မ နားလည်သဘောပေါက်ခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်ရင်း၊ ကျွန်မသည် ဘုရားသခင်ထံ ဆုတောင်းပြီး “အိုဘုရားသခင်။ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ စီစဉ်မှုတွေကို နာခံဖို့၊ ကိုယ်တော့်အတွက် ကျွန်မရဲ့ သက်သေခံချက်မှာ ခိုင်မာစွာ ရပ်တည်ဖို့ ဆန္ဒရှိပါတယ်၊ ဒါပေမဲ့ ကျွန်မရဲ့ ဝိညာဉ်အသက်တာက နုနယ်ပါတယ်၊ ပြီးတော့ ကိုယ်တော် ကျွန်မကို ယုံကြည်မှု နဲ့ ခွန်အားတို့ပေးဖို့၊ ကျွန်မ ခိုင်မာစွာ ရပ်တည်နိုင်ဖို့ရာ ကျွန်မကို ကွယ်ကာဖို့ တို့ကို တောင်းလျှောက်ပါတယ်” ဟု ပြောခဲ့ပါသည်။

နောက်တစ်နေ့နံနက်တွင် သူတို့က ကျွန်မတို့ကို ခွဲလိုက်ပြီး၊ စစ်ဆေးမေးမြန်းခဲ့သည်။ ဆိုးယုတ်သောရဲများထဲမှ တစ်ဦးက “နင်က အသင်းတော်ခေါင်းဆောင် တစ်ယောက်ဆိုတာ ငါသိတယ်။ ငါတို့က နင်တို့ကို ထောက်လှမ်းနေခဲ့တာ ငါးလကြာပြီ…” ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့သည်။ ကျွန်မကို ထောက်လှမ်းရန် သူတို့လုပ်ခဲ့သမျှ သူက အသေးစိတ် ပြောပြသည်ကို ကျွန်မ ကြားသည့်အချိန်တွင်၊ ကျွန်မ ကျောချမ်းခဲ့ပါသည်။ ကျွန်မ၏ စိတ်ထဲတွင် “ငါတို့ကို ဖမ်းဆီးဖို့အတွက် တရုတ်ကွန်မြူနစ်ပါတီ အစိုးရဟာ တကယ့်ကို အများကြီး ကြိုတင်ပြင်ဆင်ခဲ့တာပဲ။ ငါက အသင်းတော်ခေါင်းဆောင် ဆိုတာ သူတို့သိပြီးမှတော့၊ သူတို့က ငါ့ကို လွှတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု တွေးမိခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏ ရှေ့တော်မှောက်တွင် သန္နိဋ္ဌာန်တစ်ခု ချက်ချင်းချခဲ့သည်။ ဘုရားသခင်ကို သစ္စာဖောက်ပြီး၊ ယုဒတစ်ယောက် ဖြစ်မည့်အစား ကျွန်မက သေလိုက်ချင်သည်။ သူတို့၏ စစ်ဆေးမေးမြန်းခြင်းက မည်သည့်ရလဒ်မှ မဖြစ်ထွန်း သည်ကို တွေ့ရင်း၊ ကျွန်မကို စောင့်ကြည့်ရန် နှင့် အိပ်ခွင့်မပြုရန် သူတို့က လူတစ်ယောက်ကို တာဝန်ပေးအပ်ခဲ့သည်။

တတိယမြောက်နေ့ စစ်ဆေးမေးမြန်းသည့်အချိန်တွင်၊ ဆိုးယုတ်သောရဲများ၏ ဌာနအကြီးအကဲက ကွန်ပြူတာ တစ်လုံးကို ဖွင့်လိုက်ပြီး၊ ဘုရားသခင်ကို သွားပုပ်လေလွင့် ပြောထားသည့် စာပေများကို ကျွန်မကို ဖတ်ရှုစေခဲ့သည်။ ကျွန်မ တုန်လှုပ်မှုမရှိသည်ကို မြင်ပြီးနောက်၊ အသင်းတော်၏ ဘဏ္ဍာရေးများကြောင်းကို ကျွန်မအား နီးကပ်စွာ မေးခွန်းထုတ်ခဲ့သည်။ ကျွန်မက မိမိ၏ ဦးခေါင်းကို တစ်ဖက်လှည့်ကာ၊ သူ့ကို လျစ်လျူရှုခဲ့သည်။ ဤအရာက သူ့ကို အလွန်ဒေါသထွက်စေပြီး သူက စတင်ဆဲဆိုလေသည်။ “နင်ဘာမှ မပြောလဲ ကိစ္စမရှိဘူး၊ ငါတို့က နင့်ကို အကန့်အသတ်မရှိ ထိန်းသိမ်းထားလို့ရတယ်၊ ပြီးတော့ ငါတို့ကြိုက်တဲ့အချိန် နင့်ကို နှိပ်စက်လို့ရတယ်” ဟု ပြင်းထန်စွာ ခြိမ်းခြောက်ခဲ့သည်။ ထိုညလယ်ခေါင်တွင် ရဲများက သူတို့၏နှိပ်စက်မှုကို စတင်ခဲ့သည်။ သူတို့က ကျွန်မ၏ လက်တစ်ဖက်ကို ပခုံးပေါ်သို့ ဆွဲပြီး အောက်သို့ လိမ်ချိုးချသည်၊ ပြီးလျှင် တခြားတစ်ဖက်ကို ကျွန်မ၏နောက်ကျောမှမတင်လိုက်သည်။ ကျွန်မ နောက်ကျောကို သူတို့ ခြေထောက်များဖြင့် ဖိကန်ထားလျက် လက်ကောက်ဝတ် နှစ်ခုလုံးကို အတင်းအကျပ် ပူးပြီးလက်ထိပ်ခတ်သည်။ ယင်းက နာကျင်လွန်းလှသောကြောင့် ကျွန်မအော်ဟစ်လေသည်၊ ကျွန်မ၏ ပခုံးထဲမှ အရိုးနှင့် အသားတို့သည် တစ်စစီပြုတ်တော့မည့်အတိုင်း ခံစားခဲ့ရ သည်။ ကျွန်မသည် ကြမ်းပြင်ပေါ် ခေါင်းငိုက်စိုက်ချလျက် မလှုပ်မယှက် ဒူးထောက်ရုံသာ တတ်နိုင်ခဲ့သည်။ ကျွန်မ၏ အော်သံများက သူတို့ကို ကျွန်မအပေါ် အနည်းငယ်လျော့ပေါ့ ဆက်ဆံစေမည်ဟု တွေးမိခဲ့သော်လည်း၊ သူတို့က လက်ဖက်ရည် ပန်းကန်လုံးတစ်ခုကို လက်ထိပ်ခတ် ထားသည့် ကျွန်မ၏ လက်များနှင့် ကျွန်မ၏ ကျော တို့ကြားတွင် ထိုးထည့်လိုက်သည်မှာ နာကျင်မှုကို နှစ်ဆတိုးစေခဲ့သည်။ ကျွန်မ၏ ခန္ဓာကိုယ်အထက်ပိုင်းမှ အရိုးများက နှစ်ပိုင်းကျိုးသွားသကဲ့သို့ ခံစားခဲ့ရသည်။ ၎င်းက နာကျင်လွန်းလှသည်မှာ ကျွန်မ အသက်ပင် မရှူထုတ်ဝံ့ဘဲ၊ ချွေးစေးများ ကျွန်မ၏ မျက်နှာပေါ် တနင့်တပိုးကျ လာခဲ့သည်။ နာကျင်မှုကို နောက်ထပ် သည်းမခံနိုင်တော့ဟု ကျွန်မ ခံစားရသည့်အချိန်တွင်ပင်၊ ဆိုးယုတ်သောရဲများထဲမှ တစ်ဦးက ဤအခွင့်အရေးကို ယူပြီး “ငါတို့ကို နာမည်တစ်ခုသာ ပေးစမ်းပါ၊ ပြီးရင် ငါတို့ နင့်ကို ချက်ချင်းလွှတ်ပေးမယ်” ဟု ပြောခဲ့သည်။ ထိုအခိုက်အတန့်တွင် ကျွန်မ၏ နှလုံးသားကို ကွယ်ကာပေးပါရန် ဘုရားသခင်ကို ကျွန်မ ဟစ်အော်ခဲ့ပြီး၊ ဓမ္မသီချင်းတစ်ခုကို ရုတ်ချည်းတွေးမိခဲ့ပါသည်။ “လူ့အဖြစ်ခံယူသောဘုရား သူ ဆင်းရဲဒုက္ခခံရ၊ ကျွန်ုပ် မည်မျှ ပိုခံသင့်သလဲ မှောင်မိုက်ကို အနိုင်ပေးလိုက်ရင် ဘုရားကို ဘယ်လို မြင်နိုင်မလဲ နှုတ်ကပတ်တော်ကို အောက်မေ့ဆင်ခြင်သည့်အခါ ကိုယ်တော်ရှင်ကို တမ်းတစေ မျက်နှာတော်ကို မြင်ချိန်တိုင်း အပြစ်ရှိသော ကျွန်ုပ် ကိုယ်တော်ကိုဉီးညွှတ်ပါသည် ်လွတ်လပမှုကို ရှာဖွေဖို့ ကိုယ်တော့်ကို ဘယ်လို စွန့်လွှတ်နိုင်မလဲ ကိုယ်တော်ရဲ့ပူဆွေနေသောနှလုံးသားကို်ကုစားဖို့ ဆင်းရဲဒုက္ခကို သာခံလိုပါ၏။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “ကိုယ်တော်ရှင်ရဲ့သတင်းကောင်းကို စောင့်မျှော်ခြင်း”) “ဟုတ်တယ်” ဟု ကျွန်မ တွေးမိသည်။ “ခရစ်တော်က သန့်ရှင်းပြီး၊ ဖြောင့်မတ်တဲ့ ဘုရားသခင် ဖြစ်တယ်။ လုံးလုံးလျားလျား ဖောက်ပြန်ပျက်စီးတဲ့ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း ပေးအပ်ဖို့ သူက လူ့ဇာတိခံယူပြီး၊ ကမ္ဘာမြေကို လာရောက်ခဲ့တယ်။ သူက တရုတ်ကွန်မြူနစ်ပါတီ အစိုးရရဲ့ ညှင်းပန်းနှိပ်စက်ခံရပြီး၊ လိုက်လံဖမ်းဆီးခံရတာ၊ လူသား မျိုးနွယ်ရဲ့ ဆန့်ကျင်ခံရပြီး၊ ပြစ်တင်ရှုတ်ချခံရတာတွေ ဟာ အချိန်အတော်ကြာခဲ့ပြီ။ ဘုရားသခင်က ဒီလိုမျိုး နည်းလမ်းနဲ့ ဘယ်တော့မှ မခံစားရသင့်ပေမဲ့လည်း၊ သူက ငါတို့ကို ကယ်တင်ဖို့ ဒါတွေအားလုံးကို တိတ်ဆိတ်စွာ သည်းခံခဲ့တယ်” ထို့ကြောင့် ပြန်လည်သုံးသပ်ပြီးနောက်မှာ၊ ကယ်တင်ခြင်းရရှိ ရန်အတွက် ယခု ကျွန်မ ဒုက္ခခံစားနေရခြင်းဖြစ်ကြောင်းကို ကျွန်မ တွေ့မြင်ခဲ့သည်။ ကျွန်မကို ဤဆင်းရဲဒုက္ခအား ကြုံတွေ့စေသင့်သည်။ ကျွန်မသည် နာကျင်မှုကို မခံနိုင်သောကြောင့် စာတန်ကို လက်မြှောက်အရှုံးပေးခဲ့ပါက၊ ကျွန်မသည် ဘုရားသခင်ကို မည်သို့များ ထပ်မံ ရင်ဆိုင်နိုင်မည်နည်း။ ဤအရာကို တွေးခြင်းက ကျွန်မကို ခွန်အားပေးခဲ့သည်၊ ပြီးလျှင် ကျွန်မသည် နောက်ထပ်တစ်ကြိမ် တိုး၍ အရှုံးမပေးဘဲရှိလေသည်။ ဆိုးယုတ်သောရဲများက ကျွန်မကို တစ်နာရီခန့် ညှင်းဆဲခဲ့ကြသည်။ သူတို့က လက်ထိပ် ဖြုတ်လိုက်သည့်အချိန်တွင်၊ ကျွန်မ၏ တစ်ကိုယ်လုံး မြေကြီးပေါ်သို့ ခွေယိုင်ကာ လဲကျသွားခဲ့သည်။ “နင်မပြောရင်၊ ငါတို့ ဒါကို ထပ်လုပ်မယ်” ဟု သူတို့က ကျွန်မကို အော်ပြောခဲ့သည်။ ကျွန်မက သူတို့ကို ကြည့်ပြီး မည်သည့်အရာမျှ မပြောခဲ့ပါ။ ကျွန်မ၏ နှလုံးသားသည် ဤဆိုးယုတ်သောရဲများအတွက် အမုန်းတရားဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က လက်ထိပ် ထပ်ခတ်ရန် ထွက်လာခဲ့သည်။ ယခုလေးတင် ခံစားခဲ့ရသည့် ထိုဝေဒနာပြင်းထန်လွန်းသော နာကျင်မှုကို တွေးရင်း၊ ကျွန်မ၏ နှလုံးသားတွင် ဘုရားသခင်ကို ဆက်လက်ဆုတောင်းခဲ့သည်။ ကျွန်မ အလွန်အံ့သြရသည်မှာ သူက ကျွန်မ၏ လက်များကို နောက်ကျောသို့ ဆွဲရန် ကြိုးစားသည့်အချိန်တွင် သူ မရွှေ့နိုင်ခဲ့ပါ။ ကျွန်မ၏လက်များကလည်း အလွန် မနာကျင်ခဲ့ပါ။ သူက အလွန်ကြိုးစားသည်မှာ သူ့ဦးခေါင်းတစ်ခုလုံး ချွေးများ ရွှဲနေခဲ့သည်၊ သို့သော်လည်း သူသည် လက်ထိပ်မခတ်နိုင် သေးပေ။ “နင်တော်တော်သန်တာပဲ” ဟု သူက စိတ်တိုစွာ ဟောက်လေသည်။ ဤသည်မှာ ကျွန်မအတွက် ဘုရားသခင် ဂရုစိုက်စောင့်ရှောက်ခြင်း ဖြစ်ကြောင်း နှင့် ဘုရားသခင်က ကျွန်မကို ခွန်အားပေးနေခဲ့ကြောင်းတို့ကို ကျွန်မ သိခဲ့ပါသည်။ ဘုရားသခင်ကို ကျေးဇူးတော် ချီးမွမ်းပါသည်။

အရုဏ်ဦးအထိ တောင့်ခံဖို့မှာ ခက်ခဲလှသည်။ ဆိုးယုတ်သောရဲများ ကျွန်မကို မည်သို့ နှိပ်စက်ခဲ့ကြောင်း တွေးမိသည့်အခါတွင် ကျွန်မသည် တထိတ်တလန့် ဖြစ်နေဆဲပင်။ ကျွန်မက တစ်စုံတစ်ခုမျှ မပြောပါက၊ သူတို့က ကျွန်မကို တောင်များ၏ အတွင်းကျသောနေရာသို့ ခေါ်သွားကာ၊ ကွပ်မျက်မည်ဖြစ်ကြောင်း၊ ပြီးလျှင် ထို့နောက် အခြားသော ယုံကြည်သူများကို သူတို့ ဖမ်းဆီးသည့် အချိန်တွင်၊ ကျွန်မက အသင်းတော်ကို ဖော်ကောင် လုပ်ခဲ့သည်ဟု အခြားသူများကို ပြောမည် ဖြစ်ကြောင်း၊ သူတို့က ကျွန်မ၏ နာမည်ကိုဖျက်ပြီး၊ အသင်းတော်မှ အခြားသော ညီအစ်ကိုမောင်နှမများက ကျွန်မကို မုန်းကာ၊ စွန့်လွှတ်စေမည် ဖြစ်ကြောင်းတို့ကိုပြော၍ ခြိမ်းခြောက်ခြင်းလည်း ပြုလုပ်ခဲ့သည်။ ၎င်းကို စိတ်ကူးကြည့်လျက် ကျွန်မ၏ စိတ်နှလုံးသည် တလိပ်လိပ်တက်လာသော အထီးကျန်ခြင်းနှင့် ကူကွယ်ရာမဲ့ခြင်း တို့ဖြင့် ပြည့်နေခဲ့သည်။ ကျွန်မသည် ကြောက်ရွံ့ပြီး အားနည်းနေသည်ကို တွေ့ခဲ့ရသည်။ ကျွန်မ၏ စိတ်ထဲတွင် “ငါသေတာကမှ ကောင်းဦးမယ်။ အဲဒီလိုနည်းနဲ့ဆိုရင် ငါက ယုဒတစ်ယောက် မဖြစ်သလို၊ ဘုရားသခင်ကို သစ္စာဖောက်မှာလည်း မဟုတ်ဘူး၊ ငါ့ညီအစ်ကိုမောင်နှတွေရဲ့ စွန့်လွှတ်တာ ကိုလည်း ခံရမှာ မဟုတ်ဘူး။ သွေးသားကို နှိပ်စက်ခြင်းရဲ့ နာကျင်မှုကိုလည်း ငါရှောင်နိုင်မယ်” ဟု တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်မကို စောင့်နေသည့် ဆိုးယုတ်သောရဲများ အာရုံမစိုက်သည်အထိ စောင့်ဆိုင်းခဲ့ပြီးနောက် ကျွန်မ၏ ဦးခေါင်းကို နံရံနှင့် ပြင်းထန်စွာ တိုက်ပစ်လိုက်သည်၊ သို့သော်လည်း ယင်းမှာ ကျွန်မ၏ဦးခေါင်း ချချာလည်သွားရုံသာ ရှိလေသည်။ ကျွန်မ မသေခဲ့ပါ။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အတွင်းမှ ဉာဏ်အလင်းပေးခဲ့သည်။ “အခြားသူများက သင့်ကို နားလည်မှုလွဲသောအခါ သင်သည် ဘုရားသခင်ထံ ဆုတောင်းပြီး၊ ‘အိုး ဘုရားသခင်။ အခြားသူများက အကျွန်ုပ်ကို သည်းခံဖို့၊ သို့မဟုတ် ကျွန်ုပ်ကို ကောင်းကောင်း ဆက်ဆံဖို့ ကျွန်ုပ် မတောင်းဆိုသကဲ့သို့၊ ၎င်းတို့ ကျွန်ုပ်ကို နားလည်ဖို့ သို့မဟုတ် လက်ခံဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်၏ နှလုံးသားထဲတွင် ကိုယ်တော့်ကို ချစ်နိုင်ဖို့၊ ကျွန်ုပ်၏ နှလုံးသားထဲတွင် ငြိမ်းငြိမ်းချမ်းချမ်းရှိဖို့နှင့် ကျွန်ုပ်၏ လိပ်ပြာသန့်နိုင်ဖို့သာ ကျွန်ုပ်တောင်းဆိုပါ၏။ အခြားသူများက ကျွန်ုပ်ကို ချီးကျူးဖို့၊ သို့မဟုတ် ကျွန်ုပ်ကို အထင်ကြီးလေးစားဖို့ ကျွန်ုပ် မတောင်းဆိုပါ။ ကျွန်ုပ်နှလုံးသားမှ ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့သာ အကျွန်ုပ် ကြိုးစားပါသည်။’(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စစ်ဆေးခြင်းကိုကြုံတွေ့ခြင်းအားဖြင့်သာ လူသားသည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်သည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏နှလုံးသားထဲမှ စိတ်အားငယ်ခြင်းကို မောင်းထုတ်ခဲ့သည်။ “ဟုတ်တယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်က လူတွေရဲ့ အတွင်းအကျဆုံး စိတ်နှလုံးတွေကို တွေ့မြင်တော်မူတယ်။ ရဲတွေက ငါ့ကို မတရားအမှုဆင်ရင်၊ တခြား ညီအစ်ကိုမောင်နှတွေက တကယ်ဖြစ်ခဲ့တာတွေကို မသိခဲ့လို့ ငါ့ကို တကယ် အထင်လွဲပြီး စွန့်လွှတ်ရင်တောင်မှ၊ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေက ကောင်းမြတ်တာကို ငါယုံတယ်။ ဘုရားသခင်က ငါ့ရဲ့ ယုံကြည်မှုနဲ့ သူ့အတွက် ငါ့ရဲ့ချစ်ခြင်းမေတ္တာတို့ကို စမ်းသပ်နေတယ်၊ ပြီးတော့ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ငါကြိုးစားသင့်တယ်” နတ်ဆိုး၏ စဉ်းလဲသော အကြံအစည်များကို ထိုးဖောက်မြင်ရင်း၊ ကျွန်မသည် ရုတ်တရက် စိတ်ကသိကအောက်ဖြစ်ပြီး ရှက်မိခဲ့ပါသည်။ ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်မှုသည် အလွန်နည်းပါးကြောင်း ကျွန်မ တွေ့မြင်ခဲ့သည်။ ကျွန်မသည် နာကျင်မှု အနည်းငယ်ကို ခံစားပြီးနောက် ခိုင်မာစွာ မရပ်တည်နိုင်ခဲ့ပါ၊ ပြီးလျှင် သေခြင်းတရားအားဖြင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများကို ရုန်းထွက်လွတ်မြောက်ရန် နှင့် ရှောင်ရန် စဉ်းစားခဲ့သည်။ ဤနည်းဖြင့် ကျွန်မကို ခြိမ်းခြောက်ရာတွင် ဆိုးယုတ်သောရဲများ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်ကို ကျွန်မ ကျောခိုင်းစေရန် ဖြစ်သည်။ ပြီးလျှင် ဘုရားသခင်၏ ကွယ်ကာမှုကြောင့်သာ မဟုတ်ပါက၊ ကျွန်မသည် သူတို့၏ စဉ်းလဲသော အကြံအစည်ကို ယုံခဲ့မိမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားချင့်ချိန်သည့်အခါတွင် ကျွန်မ၏ စိတ်နှလုံးသည် စိတ်အားတက်ခြင်းနှင့် ပြည့်ခဲ့သည်။ ကျွန်မ နောက်ထပ် မသေချင်တော့ဘဲ ကောင်းမွန်စွာ အသက်ရှင် နေထိုင်ချင်သည်၊ ပြီးလျှင် ဘုရားသခင်ကို သက်သေခံရန် နှင့် စာတန်ကို အရှက်ရစေရန် လက်တွေ့အရှိတရားတွင် ကျွန်မ အသက်ရှင်နေထိုင်သည့်အရာကို အသုံးပြုချင်သည်။

ကျွန်မကို စောင့်ကြပ်ရန် တာဝန်ကျသည့် ဆိုးယုတ်သောရဲနှစ်ယောက်က ကျွန်မ၏ ဦးခေါင်းကို နံရံနှင့် တိုက်ရသည့် အကြောင်းအရင်းကို မေးခဲ့သည်။ အခြားသော ရဲများက ကျွန်မကို ရိုက်နှက်ခဲ့သောကြောင့်ဖြစ်သည်ဟု ကျွန်မက ပြောခဲ့ပါသည်။ “ငါတို့က အဓိကအားဖြင့် ပညာရေးကတစ်ဆင့် အလုပ်လုပ်ကြတယ်။ မပူပါနဲ့၊ သူတို့ နင့်ကို ထပ်ရိုက်ဖို့ ငါခွင့်မပေးဘူး” ဟု သူတို့ထဲမှ တစ်ယောက်က ပြုံးပြီးပြောခဲ့သည်။ သူ၏ နှစ်သိမ့်စကားများကို ကြားရင်း၊ ကျွန်မက “ဒီနှစ်ယောက်က သိပ်မဆိုးဘူးပဲ။ ငါအဖမ်းခံရ ကတည်းက၊ သူတို့က ငါ့ကို တော်တော်လေး သဘောကောင်းခဲ့ကြတယ်” ဟု တွေးခဲ့သည်။ ထို့နောက် ကျွန်မ၏ သတိထားကာကွယ်မှုကို ကျွန်မ လျှော့ချခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်နှလုံးထဲသို့ လျှပ်တစ်ပြက် ပေါ်ပေါက်လာခဲ့သည်။ “အချိန်တိုင်းတွင်၊ ငါ၏လူတို့သည် ငါ့အိမ်၏တံခါးကို ငါ့အတွက် စောင့်ကြပ်ရင်း၊ စာတန်၏ စဉ်းလဲသည့် အကြံအစည်များကို သတိထားသင့်ပေသည်။...စာတန်၏ ထောင်ချောက်ထဲသို့ ကျဆင်းချိန်တွင် နောင်တရဖို့ရန် အလွန် နောက်ကျသွားလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃)) နတ်ဆိုး၏ စဉ်းလဲသော အကြံအစည်များသည် များပြားကြောင်း နှင့် ကျွန်မသည် ဤနတ်ဆိုးများကို အချိန်ပြည့် သတိထားပြီး မိမိကိုယ်ကိုယ် ကာကွယ်သင့်ကြောင်း ကျွန်မကို ပြရင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အချိန်ကိုက် သတိပေးချက် တစ်ခုပေးခဲ့သည်။ သူတို့က မကြာမီ သူတို့၏ စရိုက်အမှန်ကို ထုတ်ဖော်မည်ဖြစ်ကြောင်း ကျွန်မ မသိခဲ့ရပါ။ ဆိုးယုတ်သောရဲများထဲမှ တစ်ယောက်က ဘုရားသခင်ကို စတင် အသရေဖျက်သည်၊ ထိုစဉ်တွင် တခြားတစ်ယောက်က ကျွန်မ၏နံဘေးတွင် ထိုင်ကာ ကျွန်မ၏ ခြေထောက်ကို ပုတ်နေရင်း၊ မနှစ်မြို့ဖွယ် အကြည့်ဖြင့် ကြည့်လျက် အသင်းတော်၏ ဘဏ္ဍာရေးများအကြောင်း မေးမြန်းနေခဲ့သည်။ ညနေခင်းတွင် ကျွန်မမှေးနေသည်ကို တွေ့သောအခါ သူက ကျွန်မ၏ ရင်ဘတ်ကို မဖွယ်မရာ စတင်ကိုင်တွယ်လေသည်။ သူတို့၏ စရိုက်မှန်များ ထုတ်ဖော်သည်ကို မြင်ရလျက် ကျွန်မသည် ဒေါသဖြင့် ပြည့်လာခဲ့သည်။ “ပြည်သူ့ရဲ” ဟုဆိုသော သူများသည် လူရမ်းကားများနှင့် ဗိုလ်ကျသူများထက် မပိုကြောင်းကို ယခုမှသာ ကျွန်မတွေ့မြင်ခဲ့ရသည်။ သူတို့သည် ထိုကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းသော၊ မနှစ်မြို့ဖွယ်ကောင်းသော အမှုအရာများကို အမှန်တကယ် ပြုနိုင်စွမ်းရှိလေသည်။ ရလဒ်တစ်ခုအနေဖြင့် သူတို့၏ အန္တရာယ်မှ ကျွန်မကို ကွယ်ကာပေးတော်မူပါရန် ဘုရားသခင်ကို ချက်ချင်း ဆုတောင်းနိုင်ရုံသာ ရှိပါသည်။

နောက်ရက်အနည်းငယ်အတွင်း၊ ဆိုးယုတ်သော ရဲများသည် ကျွန်မကို အသင်းတော်အကြောင်း နီးကပ်စွာ မေးမြန်းရုံသာမက၊ ကျွန်မကို အလှည့်ကျ စောင့်ကြပ်ပြီး၊ ကျွန်မ အိပ်မပျော်အောင် ဆီးတားပိတ်ပင်ခဲ့ပါသည်။ ထို့နောက် သူတို့ကို ကျွန်မက မည်သည့်အရာမျှ မပေးခဲ့သည်ကို မြင်ရလျက် ကျွန်မကို စစ်မေးနေသည့် ဆိုးယုတ်သောရဲနှစ်ယောက်က တိုး၍ ဒေါသအမျက် ချောင်းချောင်းထွက်ခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က ကျွန်မကို မျက်နှာကို ဖြတ်ရိုက်ရင်း၊ အကြိမ်ရေမည်မျှမှန်း မသိအောင် ရိုက်နှက်ရင်း ကျွန်မကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သည်။ ကျွန်မ၏ မျက်နှာ စူးရှနာကျင်ကာ၊ စတင်ယောင်ယမ်းလာခဲ့သည်။ ပြီးလျှင် အဆုံးသတ်တွင် တိုး၍ ထုံကျင်လာသည်မှာ မည်သည့်အရာကိုမျှ ကျွန်မ မခံစားရပါ။ သူတို့၏ မေးခွန်းများက ကျွန်မထံက မည်သည့်အရာမျှ မဖြစ်ထွန်းလာသောကြောင့်၊ တစ်ညနေတွင် ဆိုးယုတ်သောရဲများ၏ အကြီးအကဲက ကျွန်မကို အော်ဟစ်ပြီး “နင် တစ်ခုခု စပြောဖို့ လိုနေပြီ။ နင်က ငါ့စိတ်ကို စမ်းနေတယ်။ နင်နဲ့ပတ်သက်ပြီး ငါတို့ဘာမှလုပ်လို့မရဘူးဆိုတာ ငါမယုံဘူး။ နင့်ထက် ပိုအကြမ်းခံနိုင်တဲ့လူတွေ ငါတွေ့ဖူးတယ်။ နင့်ကိုသာ ငါတို့ မရက်စက်ရင်၊ နင်က ဘယ်နည်းနဲ့မှ ကျိုးနွံမှာ မဟုတ်ဘူး။ နင်တော့ သေတော့မယ်”ဟု ပြောခဲ့သည်။ သူက အမိန့်ပေးလိုက်ပြီး၊ ဆိုးယုတ်သောရဲအချို့က ကျွန်မကို စတင်နှိပ်စက်ခဲ့ကြသည်။ ညနေပိုင်းတွင် စစ်မေးသည့် အခန်းသည် မှုန်မှိုင်းနေပြီး ကြောက်လန့်ဖွယ်ကောင်းသည်။ ကျွန်မသည် ငရဲကျနေသကဲ့သို့ ခံစားခဲ့ရသည်။ သူတို့က ကျွန်မကို ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး၊ ကျွန်မ၏ လက်ထိပ်ခတ်ထားသည့် လက်များကို ခြေထောက်ပေါ်တင်ဖို့ အမိန့်ပေးခဲ့သည်။ နောက်ပြီး သူတို့က ကျွန်မ၏ လက်များကွေးနေသည့် နေရာနှင့် ကျွန်မ၏ ဒူး နောက်ဖက် တို့အကြားတွင် သစ်သားတုတ်တိုကို ထိုးထည့်ပြီး၊ ကျွန်မ၏ တစ်ကိုယ်လုံးကို အတင်းအကျပ် ကွေးစေသည်။ ပြီးလျှင် သူတို့က ထိုတုတ်တိုကို မလိုက်ပြီး၊ စားပွဲနှစ်ခုကြားတွင် ချထားလိုက်ကာ၊ ကျွန်မ၏ ဦးခေါင်းကို ဇောက်ထိုးဖြစ်စေခြင်းဖြင့် ကျွန်မ၏ ခန္ဓာကိုယ်ကို လေထဲတွင် ချိတ်ထားခဲ့သည်။ သူတို့က ကျွန်မကို ဆွဲတင်ထားသည့် အခိုက်အတန့်တွင်၊ ကျွန်မခေါင်း မူးဝေလာကာ၊ အသက်ရှုဖို့ ခက်ခဲကြောင်းကို ကျွန်မ တွေ့ရလေသည်။ ယင်းမှာ ကျွန်မသည် မွန်းကျပ်နေသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မကို လေထဲတွင် ဇောက်ထိုးထားခံ ရသောကြောင့်၊ ကျွန်မ၏ အလေးချိန်အားလုံးသည် ကျွန်မ၏ လက်ကောက်ဝတ်မျာကို ဆွဲထားလျက်ရှိသည်။ အစတွင် လက်ထိပ်များ ကျွန်မ၏အသားထဲသို့ ဖြတ်ပြီးမဝင်ရောက်မိစေရန်၊ ကျွန်မ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်၊ ကျွန်မ၏ ခန္ဓာကိုယ်ကို ကွေးထားပြီး၊ ထိုအနေအထားတွင် နေနိုင်ရန် အလွန်အမင်း ကြိုးစားခဲ့ပါသည်။ သို့သော်လည်း ကျွန်မ၏ ခံနိုင်ရည်အားသည် ဖြည်းဖြည်းချင်း လျော့ကျလာခဲ့သည်။ ကျွန်မ၏ လက်များသည် ကျွန်မ၏ ခြေမျက်စိမှ ဒူးခေါင်းအထိ လျှောဆင်းလာပြီး၊ လက်ထိပ်များက ကျွန်မ၏ အသားထဲသို့ နက်ရှိုင်းစွာ လှီးမိကာ၊ ကျွန်မအား ပြင်းထန်သောဝေဒနာကို ခံစားရစေသည်။ ဤကဲ့သို့ နာရီဝက်ခန့် တွဲလောင်းဖြစ်နေပြီးနောက်၊ ကျွန်မ၏ ခန္ဓာကိုယ်မှ သွေးများအားလုံးသည် ကျွန်မ၏ ဦးခေါင်းထဲတွင် စုအိုင်နေသကဲ့သို့ ခံစားခဲ့ရသည်။ ကျွန်မ၏ ဦးခေါင်းနှင့် မျက်လုံးများထဲတွင် နာကျင်လှသော ဖောင်းကားလာခြင်းက ပေါက်ထွက်တော့မည့်အလား ခံစားရစေသည်။ နက်ရှိုင်းသောရှရာများက ကျွန်မ၏ လက်ကောက်ဝတ်များထဲသို့ နစ်ဝင်ခဲ့သည်၊ ပြီးလျှင် ကျွန်မ၏ လက်များသည် အလွန်ယောင်ယမ်းပြီး ပေါင်မုန့်နှစ်လုံး ပုံပေါက်နေခဲ့သည်။ ကျွန်မသည် သေခါနီးပြီဟု ခံစားခဲ့ရသည်။ “ငါ မခံစားနိုင်တော့ဘူး၊ ငါ့ကို ချပေးပါ”။ ကျွန်မ အသည်းအသန် အော်ဟစ်ခဲ့သည်။ “နင့်ကိုယ်နင်ကလွဲပြီး ဘယ်သူမှ နင့်ကို မကယ်နိုင်ဘူး။ ငါတို့ကို နာမည် တစ်ခုသာ ပြောပြစမ်းပါ၊ ပြီးတော့ ငါတို့နင့်ကို အောက်ချပေးမယ်” ဟု ဆိုးယုတ်သောရဲအရာရှိများထဲမှ တစ်ယောက်က ယုတ်မာစွာပြောခဲ့သည်။ အဆုံးသတ်တွင် ကျွန်မသည် အမှန်တကယ် ဒုက္ခဖြစ်နေသည်ကို သူတို့တွေ့သွားပြီး၊ ကျွန်မကို အောက်ချပေးခဲ့ကြသည်။ သူတို့က ကျွန်မကို ဂလူးကို့စ် အချိုရည် အနည်းငယ် တိုက်ပြီး၊ တဖန်စတင်မေးမြန်းပါတော့သည်။ ကျွန်မ၏ မျက်လုံးများကို ဖျစ်ညှစ်ပြီးပိတ်ကာ ကျွန်မသည် သူတို့ကို အရေးမစိုက်ခဲ့ဘဲ၊ မြေပေါ်တွင် ရွှံ့ကဲ့သို့ ပျော့ခွေကာ လဲလျောင်းနေခဲ့သည်။ ထိုဆိုးယုတ်သောရဲသည် မမျှော်လင့်ဘဲ ကျွန်မကို လေထဲသို့ ထပ်ဆွဲတင်ပြန်သည်။ ကျွန်မ၏ လက်များဖြင့် ထိန်းထားရန် အင်အားမရှိတော့ဘဲ၊ လွှသွားပုံအစွန်းများက ကျွန်မ၏အသားများထဲသို့ လှီးဖြတ်ရင်း ကျွန်မ၏ လက်ကောက်ဝတ်များထဲသို့လက်ထိပ်များ မြုပ်ဝင်လာသည်ကို ခွင့်ပြုရုံကလွဲပြီး ကျွန်မမှာ ရွေးချယ်စရာ မရှိတော့ပါ၊ ထိုအခိုက်အတန့်တွင် ၎င်းမှာ နာကျင်လွန်းလှသည်မှာ ကျွန်မသည် အလွန်ပူဆွေး ဝမ်းနည်းစေသော စူးစူးဝါးဝါးအော်သံဖြင့် အော်လိုက်မိသည်။ ဆက်လက်တိုက်ခိုက်နေဖို့ ကျွန်မမှာ အင်အားမရှိခဲ့သလို၊ ကျွန်မ၏ အသက်ရှုသံသည် ပို၍ အလွန်အမင်း တိုးညှင်း လာခဲ့သည်။ ယင်းမှာ အချိန်ရပ်သွားသည်ဟု ထင်ရသည်။ ကျွန်မသည် သေမင်းတံခါးဝတွင် ယိုင်တီးယိုင်တိုင်လျှောက်နေသကဲ့သို့ ခံစားခဲ့ရပါသည်။ ဤအချိန်သည် ကျွန်မ အမှန်တကယ် သေဆုံးရတော့မည့် အချိန်ဖြစ်ကြောင်း တွေးရင်း၊ ကျွန်မ၏ အသက်မဆုံးမီ ကျွန်မ၏ စိတ်နှလုံးထဲမှ စကားများကို ဘုရားသခင်ကို ပြောလိုခဲ့သည်။ “အိုဘုရားသခင်။ ဒီအခိုက်အတန့် ကျွန်မက သေမင်းတံခါးဝကို တကယ်ရောက်နေချိန်မှာ၊ ကျွန်မ ကြောက်ပါတယ်၊ ဒါပေမဲ့လည်း ဒီညမှာ ကျွန်မ တကယ်သေမယ် ဆိုရင်တောင်၊ ကိုယ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်မ ချီးမွမ်းနေဦးမှာပဲ။ အိုဘုရားသခင်။ ကျွန်မရဲ့ တိုတောင်းတဲ့ ဘဝခရီးမှာ၊ ဒီအပြစ်ရဲ့လောကကနေ အိမ်ပြန်ဖို့ ကျွန်မကို ရွေးချယ်ခဲ့တဲ့အတွက်၊ ကျွန်မ လျှောက်သွားနေတာကို ရပ်တန့်စေခဲ့တဲ့အတွက်၊ ပြီးတော့ ကိုယ်တော်ရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုမှာ အမြဲ အသက်ရှင်နေထိုင်ခွင့်ပေးတဲ့အတွက် ကျွန်မ ကိုယ်တော့်ကို ကျေးဇူးတော်ချီးမွမ်းပါတယ်။ အိုဘုရားသခင်၊ ကိုယ်တော်ရဲ့ ချစ်ခြင်းမေတ္တာကို ကျွန်မ အရမ်းကို နှစ်သက်ခံစားခဲ့ပါတယ်၊ ဒါပေမဲ့ အခု ကျွန်မရဲ့ အသက်ဆုံးခါနီးကျမှသာ၊ ကျွန်မက ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာကို မမြတ်နိုးခဲ့ကြောင်းကို နားလည်ခဲ့ရပါတယ်။ ကိုယ်တော့်ကို ကျွန်မ အကြိမ်ပေါင်းများစွာ ဝမ်းနည်းစေပြီး၊ စိတ်ပျက်စေခဲ့တယ်။ ကျွန်မက ကိုယ့်အမေရဲ့ မေတ္တာကိုသာ နှစ်သက်ခံစားဖို့သိပြီး ဘယ်တော့မှ ပြန်လည်ပေးဆပ်ဖို့ မတွေးခဲ့တဲ့ တုံးအတဲ့ ကလေးတစ်ယောက်လိုပါပဲ။ အခု ကျွန်မ အသက်ဆုံးရှုံးခါနီးကျမှသာ ကိုယ်တော့်ရဲ့ ချစ်ခြင်းမေတ္တာကို ကျွန်မ ချစ်မြတ်နိုးရမှာဖြစ်ကြောင်း ကျွန်မ နားလည်သဘောပေါက်ခဲ့တယ်၊ ပြီးတော့ အခုကျမှသာ အချိန်ကောင်းများစွာကို လွဲချော်ခဲ့ရခြင်းအတွက် ကျွန်မ နောင်တရမိပါတယ်။ ကျွန်မက ကိုယ်တော့်အတွက် တစ်ခုမှ မလုပ်ပေးနိုင်ခဲ့တာ နဲ့ ကိုယ်တော့်ကို ကျွန်မ များစွာ အကြွေးတင်နေတာက အခုကျွန်မ နောင်တအရဆုံး အရာဖြစ်ပါတယ်၊ ပြီးတော့ ကျွန်မ အသက်ရှင်နေထိုင်နိုင်ဆဲ ဖြစ်ပါက၊ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်ဖို့၊ ကိုယ်တော့်ကို ကျွန်မ အကြွေးတင်နေတဲ့အရာအတွက် ပြန်ပြီးကာမိစေဖို့ ကျွန်မ တကယ့်ကို အစွမ်းကုန် လုပ်ဆောင်ပါမယ်။ ဒီအခိုက်အတန့်မှာ ကျွန်မ သေခြင်းတရားကို နောက်ထပ် မကြောက်တော့အောင် နဲ့ သေခြင်းတရားကိုရဲရင့်စွာ ရင်ဆိုင်နိုင်အောင် ကျွန်မကို ခွန်အားပေးဖို့ကိုသာ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်…” ကျွန်မ၏ မျက်ရည်များ တစ်စက်ပြီးတစ်စက် နဖူးပေါ်သို့ တစ်လိမ့်ချင်းဆင်းလာသည်။ ထိုညသည် ကြောက်မက်ဖွယ် တိတ်ဆိတ်လေသည်။ တစ်ခုတည်းသော အသံမှာ နာရီစက်၏ တစ်ချက်ချက်မြည်သံ ဖြစ်ကာ၊ ကျွန်မအသက်၏ ကျန်ရှိသည့် စက္ကန့်များကို နောက်ပြန်ရေတွက်နေသကဲ့သို့ ဖြစ်သည်။ ထိုအချိန်တွင် အံ့သြလောက်သော အရာတစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သည်။ ယင်းမှာ နွေးထွေးသော နေရောင်ခြည်က ကျွန်မအပေါ်သို့ ကျရောက်သကဲ့သို့ ခံစားရပြီး၊ ကျွန်မ၏ ခန္ဓာကိုယ်ထဲမှာ နာကျင်မှုကို ကျွန်မခံစားရခြင်းက ဖြည်းဖြည်းချင်း ရပ်တန့်သွားခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ စိတ်ထဲမှတစ်ဆင့် ပဲ့တင်ခတ်ခဲ့သည်။ “ကမ္ဘာကြီးထဲသို့ သင်ငိုယိုကာ ရောက်ရှိလာသည့်အချိန်မှစ၍ သင်သည် သင်၏တာဝန်ကို စတင်ဖြည့်ဆည်းရပေတော့သည်။ ဘုရားသခင်၏ အစီအစဉ်နှင့် ဘုရားသခင် ရည်စူးထားသည့်အတိုင်း သင်၏ကဏ္ဍကို သင်ဆောင်ရွက်ရပါတော့သည်၊ သင့်ဘဝ၏ ခရီးစဉ်ကို သင်စတင်ရတော့သည်။ သင့်နောက်ကြောင်းနှင့် သင့်ရှေ့ဆက်ခရီးတို့ မည်သို့ပင် ဖြစ်နေစေကာမူ မည်သူတစ်ဦးတစ်ယောက်ကမျှ ကောင်းကင်ဘုံ၏ စီစဉ်ညွှန်ကြားမှုများနှင့် စီစဉ်ခြင်းများကို မရှောင်နိုင်သကဲ့သို့၊ မိမိကံတရားကို ထိန်းချုပ်နိုင်သူလည်း မရှိပေ၊ အကြောင်းမှာ အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်တစ်ပါး တည်းသာလျှင် ထိုသို့သောအရာများကို လုပ်နိုင်သောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) “မှန်တယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်က ငါ့အသက်တာရဲ့ အရင်းအမြစ်ဖြစ်တယ်၊ ဘုရားသခင်က ငါ့ရဲ့ ကံကြမ္မာကို အုပ်စိုးတယ်၊ ပြီးတော့ ငါက ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့ လက်တော်ထဲထည့်ပြီး၊ သူ့စီစဉ်ညွှန်ကြားမှုတွေကို ဆက်ကပ်အပ်နှံရမယ်” ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စဉ်းစားချင့်ချိန်ခြင်းက ကျွန်မကို မိမိ၏နှလုံးသားထဲတွင် သာယာသော ငြိမ်သက်အေးချမ်းသော ခံစားချက်တစ်ခုကို ပေးခဲ့သည်မှာ၊ ကျွန်မက ဘုရားသခင်၏ နွေးထွေးသော ပွေ့ဖက်မှုထဲသို့ လှဲမှီလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ကျွန်မ အိပ်ပျော်သွားသည်ကို သတိပြုမိခဲ့သည်။ ကျွန်မ သေမည်ကိုကြောက်ကာ၊ ဆိုးယုတ်သောရဲများသည် ကျွန်မကို အောက်သို့ချပြီး၊ ဂလူးကို့စ် သကြားရည်အချို့နှင့် ရေတို့ကို ကျွန်မကို အလျင်အမြန် တိုက်လေသည်။ ကျွန်မ သေလုမျောပါးဖြစ်ချိန်တွင် ဘုရားသခင်၏ အံ့ချီးဖွယ် လုပ်ဆောင်ချက်များကို ကျွန်မ ရှုမြင်ခဲ့ရပါသည်။

နောက်တစ်နေ့တွင် ထိုဆိုးယုတ်သောရဲများသည် ကျွန်မကို တစ်ညနေလုံး အကြိမ်ကြိမ် ဆွဲတင်ခဲ့ကြသည်။ သူတို့က သူတို့ သိမ်းဆည်းထားသည့် ငွေလက်ခံလွှာများအတွက် ရန်ပုံငွေများ မည်သည့်နေရာတွင် ရှိကြောင်းကို ကျွန်မကို မေးမြန်းခဲ့ကြသည်။ တစ်လျှောက်လုံး ကျွန်မက မည်သည့်အရာမျှ မပြောခဲ့သော်လည်း၊ သူတို့က လက်မလျှော့ပါ။ အသင်းတော်၏ ငွေများကို လက်ဝယ်ရရှိရန်၊ သူတို့က ကျွန်မကို နှိပ်စက်ဖို့ စက်ဆုပ်ဖွယ် နည်းလမ်းတိုင်းကို အသုံးပြုခဲ့သည်။ ထိုအခိုက်အတန့်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ နှလုံးသားတွင် ပဲ့တင်ရိုက်လေသည်။ “နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ကြီးစွာသော ခွန်အားနှင့် ယုံကြည်မှုတို့ကို ပေးခဲ့သည်။ ကျွန်မသည် စာတန်နှင့် သေသည်အထိ တိုက်ခိုက်သွားမည် ဖြစ်ပြီး၊ ကျွန်မ သေသွားခဲ့လျှင်ပင်၊ ဘုရားသခင်ကို ကျွန်မ၏ သက်သေခံခြင်းတွင် ခိုင်မာစွာ ရပ်တည်သွားမည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ လှုံ့ဆော်မှုခံရကာ ကျွန်မသည် နာကျင်မှုကို အမှတ်တမဲ့ မေ့လျော့သွားခဲ့သည်။ ဤနည်းဖြင့်၊ သူတို့ ကျွန်မကို ဆွဲတင်ခဲ့သည့် အချိန်တစ်ခုချင်းစီတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို လှုံ့ဆော်ပြီး၊ တွန်းအားပေးခဲ့သည်၊ ထို့ကြောင့် သူတို့က ကျွန်မကို ပို၍ဆွဲတင်လေ၊ ကျွန်မသည် သူတို့၏ ဘီလူးသရဲစီးသော အနှစ်သာရကို ထိုးဖောက်မြင်ရလေ ဖြစ်ပြီး၊ ကျွန်မ၏ သက်သေခံချက်တွင် ခိုင်မာစွာရပ်တည်ဖို့ နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ကျွန်မ၏ ဆုံးဖြတ်ချက်က ပိုကြီးလာလေ ဖြစ်သည်။ အဆုံးသတ်တွင် ကျွန်မနှင့် ပတ်သက်ပြီး သူတို့ဘာသာ တစ်ယောက်ချင်းစီ ပင်ပန်းနွမ်းနယ်ကုန် ကြသည်။ “လူတော်တော်များများက ဒီလိုမျိုး ဆွဲထားတာကို နာရီဝက်ကြာအောင် မခံနိုင်ကြဘူး၊ ဒါပေမဲ့ သူက ဒီတစ်ချိန်လုံး ခံခဲ့တယ်။ သူက တော်တော် ခံနိုင်ရည်ရှိတာပဲ” သူတို့ မှတ်ချက်ပေးသည်ကို ကျွန်မ ကြားခဲ့သည်။ ဤအရာကို ကြားရသည်မှာ ကျွန်မ ပီတိဖြာခဲ့သည်။ ကျွန်မ၏ စိတ်ထဲတွင် “ဘုရားသခင်က ငါ့ရဲ့ အထောက်အပံ့ အနေနဲ့ ငါ့ဘက်မှာရှိတယ်၊ နင်တို့ငါ့ကို ကျရှုံးအောင်မလုပ်နိုင်ဘူး” ရဲစခန်းတွင် ကိုးရက် နှင့် ကိုးည အချိန်အတွင်း ထိုဆိုးယုတ်သောရဲများသည် ကျွန်မ၏ ခန္ဓာကိုယ်ကို နှိပ်စက်ခြင်းအပြင်၊ အိပ်စက်ခွင့်လည်း မပေးခဲ့ပါ။ ကျွန်မ၏ မျက်လုံးကို မှိတ်ပြီး တစ်မှေးအိပ်ပျော်သွားသည့် အခါတိုင်း၊ သူတို့က သူတို့၏ လက်ကိုင်တုတ်များကို စားပွဲပေါ်တွင် ရိုက်သည်၊ သို့မဟုတ် ကျွန်မကို မတ်တပ်ရပ်စေပြီး ခြေဦးတည့်ရာ လျှောက်ပြေးစေသည်၊ သို့မဟုတ် ကျွန်မကို စိတ်ဓါတ်ယိုယွင်းစေရန် နှင့် ကျွန်မ၏ စိတ်ကို ပျက်ပြားစေရန် ကြိုးစားရင်း ကျွန်မကို သက်သက် အော်ဟစ်ခဲ့သည်။ ကိုးရက်ကြာပြီးနောက်တွင် သူတို့၏ ရည်မှန်းချက် မပြည့်ဝသည်ကို တွေ့ရလျက် ရဲများသည် လက်မလျှော့သေးပါ။ သူတို့က ကျွန်မကို ဟိုတယ်တစ်ခုသို့ ခေါ်သွားပြီး၊ ထိုနေရာတွင် ကျွန်မ၏ လက်များကို ကျွန်မ၏ ခြေထောက်ရှေ့တွင် လက်ထိပ်ခတ်သည်၊ ထို့နောက် သစ်သားတုတ်ကို ကျွန်မ၏ လက်များနှင့် ခြေထောက်များ ကွေးသည့် နေရာကြားတွင် ထိုးထည့်ကာ၊ ကျွန်မ၏ ခန္ဓာကိုယ်ကို ကွေးလျက် ကြမ်းပြင်ပေါ်တွင် အတင်းအကျပ် ထိုင်ခိုင်းသည်။ သူတို့က နောက်ထပ် ရက်အနည်းငယ် ကြာအောင် ကြမ်းပြင်ပေါ်တွင် ဤအနေအထား အတိုင်း ကျွန်မကို ထိုင်နေစေပြီး လက်ထိပ်များက ကျွန်မ၏ အသားတွင်းသို့ လှီးဖြတ်နစ်ဝင်ခဲ့သည်။ ကျွန်မ၏ လက်များနှင့် လက်ကောက်ဝတ်များသည် ယောင်ယမ်းပြီး၊ ညိုမည်းကုန်သည်၊ ပြီးလျှင် ကျွန်မ၏ တင်ပါးသည် နာကျင်လွန်းလှသည်မှာ ၎င်းကို မပွတ်ရဲသကဲ့သို့၊ ထိလည်းမထိရဲပါ။ကျွန်မသည် အပ်ချောင်းများပေါ် ထိုင်နေရသကဲ့သို့ခံစားရသည်။ တစ်နေ့တွင် ဆိုးယုတ်သောရဲများ၏ ခေါင်းဆောင်များထဲမှ တစ်ယောက်က ကျွန်မ၏ စစ်မေးခြင်းသည် အလဟဿဖြစ်သည်ကို တွေ့ရလျက် ဒေါသတကြီးဖြင့် ကျွန်မထံသို့ လျှောက်လာပြီး ကျွန်မ၏ မျက်နှာကို ပြင်းထန်စွာ ရိုက်နှက်ခဲ့သည်မှာ ပြင်းထန်လွန်းလှ၍ ကျွန်မ၏ သွားနှစ်ချောင်း နဲ့သွားခဲ့ပါသည်။

အဆုံးသတ်တွင် ပြည်နယ်ပြည်သူ့လုံခြုံရေးဌာနမှ ဌာနစိတ်အကြီးအကဲနှစ်ဦးက လာရောက်ခဲ့သည်။ သူတို့ရောက်သည်နှင့် တပြိုင်နက်၊ သူတို့က လက်ထိပ်များချွတ်ပြီး၊ ကျွန်မကို ဆိုဖာဆီသို့ ကူမပေးပြီး၊ ရေတစ်ခွက် ကျွန်မကို ထည့်ပေးခဲ့ပါသည်။ “မင်းက ပြီးခဲ့တဲ့ ရက်အနည်းငယ်မှာ ဆင်းရဲဒုက္ခတွေ ကြုံခဲ့ရတယ်၊ ဒါပေမဲ့ စိတ်ထဲမထည့်ပါနဲ့၊ သူတို့ အမိန့်အတိုင်းလုပ်ရတာပါ” ဟု သူတို့က ကြင်နာဟန်ဆောင်ရင်း ပြောခဲ့သည်။ သူတို့၏ ဟန်ဆောင်မှုက ကျွန်မ သူတို့ကို အလွန်မုန်းတီးစေပြီး ကျွန်မ အံ့ကြိတ်မိခဲ့သည်။ သူတို့က ကွန်ပြူတာတစ်လုံးကို ဖွင့်ပြီး၊ ကျွန်မကို သက်သေအထောက်အထား အတုများ ပြခဲ့ကြသည်၊ သူတို့က ဘုရားသခင်ကို ပြစ်တင်ရှုတ်ချပြီး ပြစ်မှားစော်ကားသည့် အရာများစွာ ပြောခဲ့ကြသည်။ ကျွန်မ ဒေါသထွက်ခဲ့သည်။ သူတို့နှင့် ငြင်းခုံလိုသော်လည်း၊ ထိုသို့လုပ်ခြင်းက သူတို့ကို ဘုရားသခင်အား ပို၍ ထိတ်ထိတ်ပျာပျာ ပြစ်မှားစော်ကားစေမည်သာ ဖြစ်ကြောင်း ကျွန်မသိခဲ့ပါသည်။ ဤအခိုက်အတန့်တွင် လူ့ဇာတိခံ ဘုရားသခင် ခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် မည်မျှကြီးမားခဲ့ကြောင်း နှင့် လူသားကို ကယ်တင်ခြင်းအတွက် ဘုရားသခင်သည် မည်မျှ အရှက်ရခြင်းကို သည်းခံခဲ့ရကြောင်းတို့ကို ကျွန်မ အမှန်တကယ် ခံစားခဲ့ရသည်။ ထို့ထက်ပိုသည်မှာ ဤဆိုးယုတ်သော နတ်ဆိုးများသည် မည်မျှ အထင်သေးဖွယ်ကောင်းပြီး၊ မုန်းဖွယ် ဖြစ်ကြောင်းကို ကျွန်မ မြင်တွေ့ခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးတွင် စာတန်ထံမှ လုံးလုံးလျားလျား ရုန်းထွက်လွတ်မြောက်မည်ဖြစ်ကြောင်း နှင့် ဘုရားသခင်ကို ထာဝရ သစ္စာရှိမည် ဖြစ်ကြောင်းတို့ကို ကျွန်မ တိတ်တဆိတ် သစ္စာဆိုခဲ့ပါသည်။ ထို့နောက် သူတို့က ကျွန်မကို မည်သို့ လှည့်စားပါစေ၊ ကျွန်မ၏ ပါးစပ်ကို ပိတ်ထားပြီး မည်သည့်အရာကိုမျှ မပြောခဲ့ပါ။ သူတို့၏ စကားများက မည်သည့် ထိရောက်မှုမျှ မရှိသည်ကို တွေ့ရင်း၊ ထိုဌာနစိတ်အကြီးအကဲ နှစ်ဦးသည် ဒေါသတကြီးဖြင့် ထွက်ခွာသွားကြသည်။

ဟိုတယ်တွင် ဆယ်ရက်နှင့် ဆယ်ညအချိန်ကာလအတွင်း၊ သူတို့က ကျွန်မကို လက်ထိပ်အမြဲခတ်ထားသည်၊ ကျွန်မ၏ ခြေထောက်များကို ကိုင်ပြီး မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်စေသည်။ ကျွန်မ အဖမ်းခံထားရသည့် အချိန်များကို ပြန်ကြည့်လျှင်၊ ကျွန်မသည် ရဲစခန်းနှင့် ဟိုတယ်တွင် ဆယ့်ကိုးရက်နှင့် ဆယ့်ကိုးည ကုန်ဆုံးခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကွယ်ကာခြင်း ကြောင့် ကျွန်မ အနည်းငယ် မှေးစက်ခွင့်ရခဲ့သည်။ ထိုအနည်းငယ် မှေးစက်ခြင်းမှလွဲပြီး၊ ထိုဆိုးယုတ်သော ရဲများသည် ကျွန်မကို တစ်ချိန်လုံး လုံးဝ အိပ်စက်ခွင့်မပေးခဲ့ပါ။ ကျွန်မက မိမိ၏ မျက်လုံးများကို ခဏသာပိတ်ခဲ့ရပြီး၊ သူတို့က ကျွန်မကို နိုးထနေစေဖို့ စားပွဲကို ဗုန်းခနဲအသံမြည်အောင် ရိုက်ခြင်း၊ ကျွန်မကို ပြင်းထန်စွာ ကန်ကျောက်ခြင်း၊ ကျွန်မကို အော်ဟစ်ခြင်း၊ ခြေဦးတည့်ရာ ပြေးစေခြင်း စသည်ဖြင့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ အကြိမ်တစ်ခု ချင်းစီတွင်လည်း ကျွန်မက အလန့်တကြားဖြစ်ခဲ့သည်၊ ကျွန်မ၏ နှလုံးသည် တစ်ဒိန်းဒိန်းခုန်သည်၊ ပြီးလျှင် ကျွန်မ၏ စိတ်ရောကိုယ်ပါ ချုံးချုံးကျရလေသည်။ ဤနည်းဖြင့် အိပ်မပျော်အောင် နေရခြင်းနှင့် ဆိုးယုတ်သောရဲများ၏ မကြာခဏ နှိပ်စက်ခြင်းတို့ကြောင့်၊ ကျွန်မ၏ အင်အားသည် အကြီးအကျယ် လျော့နည်းလာသည်၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ယောင်ယမ်းပြီး သက်သောင့်သက်သာ မရှိပါ၊ ပြီးလျှင် ကျွန်မသည် အမြင်အာရုံ ရောထွေးလာခဲ့သည်။ ကျွန်မ၏ အရှေ့တွင် လူများ စကားပြောနေသည်ကို သိသော်လည်း၊ သူတို့၏ အသံများက အလွန်ဝေးသော နေရာမှ လာနေသကဲ့သို့ ထင်ရသည်။ ထို့အပြင် ကျွန်မ၏ တုံ့ပြန်မှုများသည် အလွန်နှေးကွေးလာခဲ့သည်။ ဤအရာကို တစ်နည်းနည်းဖြင့် အောင်မြင်စွာ ကျော်ဖြတ်ခဲ့ရခြင်းမှာ အားလုံးက ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကြောင့် ဖြစ်ပါသည်။ ဘုရားသခင် ပြောခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ “သူသည် လူသားကို ပြန်လည်မွေးဖွားဖို့ ဖြစ်စေပြီး၊ ၎င်းကို ၎င်း၏အခန်းကဏ္ဍတိုင်းကို ဇွဲနပဲကြီးစွာ အသက်ရှင်နေထိုင်နိုင်စေ၏။ သူ၏တန်ခိုးနှင့် သူ၏ငြှိမ်းသတ်၍မရသော အသက် အင်အားကြောင့် လူသားသည် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အသက်ရှင်ပြီး ဖြစ်သည်၊ ယင်းကာလတစ်လျှောက်လုံး ဘုရားသခင်၏ အသက်တန်ခိုးသည် လူသား တည်ရှိမှု၏ အဓိကပံ့ပိုးမှုဖြစ်ကာ၊ ယင်းအတွက် မည်သည့်သာမန်လူသားကမျှ ပေးဆပ်ဖူးခြင်းမရှိသော အဖိုးအခကို ဘုရားသခင် ပေးဆပ်ပြီးဖြစ်သည်။ ဘုရားသခင်၏ အသက်အင်အားသည် မည်သည့်တန်ခိုးကိုမဆို အောင်နိုင်၏။ ထို့အပြင် မည်သည့်တန်ခိုးထက်မဆို သာလွန်၏။ သူ၏အသက်သည် ထာဝရဖြစ်၏၊ သူ၏တန်ခိုးသည် ထူးကဲသာလွန်ကာ၊ သူ၏ အသက်အင်အားကို မည်သည့် အဖန်ဆင်းခံ သတ္တဝါ၊ သို့မဟုတ် မည်သည့် ရန်သူအင်အားကမျှ မလွှမ်းမိုးနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်) ကျွန်မ၏ နှလုံးသားထဲတွင် ကျွန်မသည် ဘုရားသခင်ကို ရိုးသားစွာ ကျေးဇူးတင်ရှိပြီး၊ ချီးမွမ်းခဲ့သည်။ “အိုဘုရားသခင်၊ ကိုယ်တော်က အမှုအရာအားလုံးကို အုပ်စိုးပါတယ်၊ ကိုယ်တော်ရဲ့ လုပ်ဆောင်ချက်တွေက မခန့်မှန်းနိုင်ပါ၊ ကိုယ်တော်သာလျှင် အနန္တတန်ခိုးရှင် ဖြစ်ပြီး၊ ကိုယ်တော်က မကွယ်ပျောက်နိုင်တဲ့ အသက်စွမ်းအား ဖြစ်ပါတယ်၊ ပြီးတော့ ကိုယ်တော်က ကျွန်မရဲ့ အသက်အတွက် အသက်ရေရဲ့ အသက်စမ်းရေတွင်း ဖြစ်တယ်။ ဒီထူးခြားတဲ့ ပတ်ဝန်းကျင်မှာ ကျွန်မက ကိုယ်တော့်ရဲ့ တမူထူးခြားတဲ့ တန်ခိုးနဲ့ သြဇာအာဏာတို့ကို ရှုမြင်ရပါတယ်” အဆုံးသတ်မှာ ဆိုးယုတ်သည့် ရဲများသည် ကျွန်မထံမှ သူတို့၏ မေးခွန်းအတွက် အဖြေမရရှိခဲ့ပါ၊ ပြီးလျှင် သူတို့က ကျွန်မကို ထိန်းသိမ်းရေးဂေဟာသို့ ပို့ခဲ့သည်။

ထိန်းသိမ်းရေးဂေဟာသို့ သွားရာလမ်းတွင်၊ ရဲနှစ်ဦးက “နင် တကယ့်ကို ကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ။ နင်တို့က ထိန်းသိမ်းရေး ဂေဟာမှာသာ ရှိရင်ရှိနေမယ်၊ ဒါပေမဲ့ နင်တို့က လူကောင်းတွေပါ။ အဲဒီမှာ မျိုးစုံရှိတယ်၊ မူးယစ်ဆေးရောင်းသူတွေ၊ လူသတ်သမားတွေ၊ ပြည့်တန်ဆာတွေ။ နင်တို့ ရောက်တဲ့အခါ တွေ့ရလိမ့်မယ်” ဟု ကျွန်မကို ပြောခဲ့သည်။ “ကျွန်မတို့ လူကောင်းတွေဆိုတာ ရှင်တို့သိရဲ့သားနဲ့၊ ကျွန်မတို့ကို ဘာဖြစ်လို့ ဖမ်းတာလဲ။ အစိုးရက လွတ်လပ်စွာ ကိုးကွယ်ခွင့်နဲ့ ပတ်သက်ပြီး မပြောဘူးလား” ဟု ကျွန်မ မေးခဲ့သည်။ “အဲဒါက ကွန်မြူနစ်ပါတီက နင့်ကို လိမ်တာ။ အဲဒီပါတီက ငါတို့ရဲ့ အသက်မွေးမှုကို ပေးထားတယ်၊ ဒါ့ကြောင့် ငါတို့က ပါတီကပြောတာကို လုပ်ရတယ်။ ငါတို့က နင့်ကို မမုန်းသလို၊ မကြိုက်စရာလည်း မရှိပါဘူး။ နင်က ဘုရားသခင်ကို ယုံကြည်ရုံသက်သက်ကြောင့် ငါတို့က နင့်ကို ဖမ်းတာပါ”ဟု ရဲများထဲမှ တစ်ယောက်က ပြောခဲ့သည်။ ဤအရာကို ကြားပြီး ကျွန်မ တွေ့ကြုံခံစားခဲ့ရသည့် အရာအားလုံးကို ပြန်ပြောင်းတွေးမိခဲ့သည်။ ကျွန်မသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပြန်ပြောင်းသတိမရပဲ မနေနိုင်ခဲ့ပါ။ “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ စရိုက်မှန် နှင့် ၎င်းနှင့်မထိုက်တန်သည့် ချီးကျူးဂုဏ်ပြု ခံရခြင်းကို ရရှိရန် မည်သို့ကြိုးစားကြောင်း တို့ကို ကျွန်မအား အမှန်တကယ် မြင်စေလျက် ထိုအရေးကိစ္စ၏ အနှစ်သာရကို လိုရင်းတိုရှင်း ပြောပြခဲ့သည်။ အပေါ်ယံတွင် ၎င်းက လွတ်လပ်စွာ ကိုးကွယ်ခွင့် အလံကို လွှင့်ထူသော်လည်း၊ မျက်ကွယ်ရာတွင် ဘုရားသခင်၏ အမှုတော်ကို တားမြစ်ခြင်းနှင့် ပတ်သက်သည့် အချည်းအနှီးမျှော်လင့်ချက်ဖြင့် နိုင်ငံ၏ အထက်အောက်တွင် ဘုရားသခင်ကို ယုံကြည်သူများအား ဖမ်းဆီးသည်၊ ဖိနှိပ်ချုပ်ချယ်သည်၊ ပြီးလျှင် ရက်ရက်စက်စက် နာကျင်စေသည်၊ ပြီးလျှင် ၎င်းက အသင်းတော်၏ ငွေများကိုပင် အရှက်မဲ့စွာ လုယက်ယူသည်၊ ယင်းတို့အားလုံးသည် ဘုရားသခင်ကို မုန်းပြီး၊ သမ္မာတရားကို မုန်းသည့် ၎င်း၏ ဘီလူးသရဲစီးသော အနှစ်သာရကို ချပြလေသည်။

ထိန်းသိမ်းရေးဂေဟာ၌ရှိစဉ်တွင်၊ ကျွန်မ အားနည်းပြီး နာကျင်ခဲ့ရသည့်အချိန်များ ရှိခဲ့ပါသည်။ သို့သော်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ခွန်အားနှင့် ယုံကြည်မှုတို့ ပေးခဲ့ရင်း၊ ကျွန်မကို ဆက်လက် နှိုးဆော်ခဲ့သည်၊ စာတန်က ကျွန်မ၏ ဇာတိပကတိနှင့် ပတ်သက်သည့် လွတ်လပ်ခွင့်ကို ဖယ်ရှားခဲ့သော်လည်း၊ ကျွန်မ၏ ဆင်းရဲဒုက္ခက ကျွန်မကို တည်ဆောက်ခဲ့ကြောင်း နားလည်သဘောပေါက်ခွင့် ပေးခဲ့သည်၊ ပြီးလျှင် ဤဆိုးယုတ်သော နတ်ဆိုးများ၏ နှိပ်စက်မှု အချိန်ကာလအတွင်း ဘုရားသခင်ကို မှီခိုရန် သင်ကြားပေးခဲ့သည်၊ သမ္မာတရားများစွာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်စေရန် နှင့် သမ္မာတရား၏ အဖိုးတန်မှုကို မြင်စေရန် ခွင့်ပေးခဲ့သည်၊ ပြီးလျှင် ယင်းက ကျွန်မ၏ စိတ်ပိုင်းဖြတ်ချက်နှင့် သမ္မာတရားကို လိုက်စားရန် နှိုးဆော်ခြင်းတို့ကိုလည်း တိုးစေခဲ့သည်။ ကျွန်မသည် ဘုရားသခင်ကို ဆက်လက်နာခံရန်၊ နှင့် ကျွန်မအတွက် ဘုရားသခင် စီစဉ်ထားခဲ့သည့် အရာအားလုံးကို တွေ့ကြုံခံစားရန် ဆန္ဒရှိလာခဲ့သည်။ ရလဒ်တစ်ခုအနေဖြင့် ထိန်းသိမ်းရေးဂေဟာတွင် အလုပ်လုပ်ချိန်တွင် ကျွန်မသည် ဓမ္မသီချင်းများကို သီဆိုပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တိတ်တဆိတ် တွေးတောခဲ့သည်။ ကျွန်မ၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် တိုး၍ နီးကပ်လာပြီး၊ အလွန်နာကျင်ပြီး၊ စိတ်သောကဖြစ်စေသော ရက်များကိုလည်း မတွေ့ရတော့ဟု ခံစားခဲ့ရသည်။

ဤအချိန်ကာလအတွင်းတွင် ဆိုးယုတ်သောရဲများသည် အကြိမ်ပေါင်းများစွာ ထပ်ပြီး စစ်မေးခဲ့ကြသည်။ သူတို့၏ နှိပ်စက်မှုကို အောင်မြင် ကျော်လွှားရာ၌ ကျွန်မကို မကြာခဏ လမ်းပြခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ နောက်ပိုင်းတွင် ဆိုးယုတ်သောရဲများသည် ကျွန်မ၏ ဘဏ်ကဒ်ပြား သုံးခုမှ ငွေများအားလုံးကို ထုတ်ယူခဲ့ကြသည်။ အသင်းတော်၏ ငွေများကို ဆိုးယုတ်သောရဲများ ယူသွားသည်ကို အားကိုးရာမဲ့စွာကြည့်ခြင်းက ကျွန်မကို စိတ်ထိခိုက်စေခဲ့သည်။ ကျွန်မ၏ နှလုံးသားသည် ဤလောဘကြီးသော ဆိုးယုတ်သည့် နတ်ဆိုးတစ်အုပ်ကို မုန်းတီးခြင်းဖြင့် ပြည့်နှက်နေသည်။ ပြီးလျှင် ခရစ်တော်၏ နိုင်ငံတော် မကြာမီ တည်ဖို့အတွက် ကျွန်မ တမ်းတခဲ့သည်။ အဆုံးတွင် မည်သည့် အထောက်အထားမျှ မရှိသော်ငြားလည်း၊ သူတို့က “ပြည်သူ့ ငြိမ်ဝပ်ပိပြားရေး နှောင့်ယှက်မှု” အတွက် ကျွန်မကို အလုပ်ကြမ်းမှတစ်ဆင့် ပညာပေးခြင်းဖြင့် တစ်နှစ်နှင့် သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ အစိုးရ၏ လူမဆန်စွာ ညှင်းပန်းနှိပ်စက် ခံရခြင်းမှတစ်ဆင့် ကျွန်မသည် မိမိအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်းတို့ကို အမှန်တကယ် မြည်းစမ်းခဲ့ရသည်၊ ဘုရားသခင်၏ အနန္တတန်ခိုး၊အချုပ်အခြာအာဏာ နှင့် သူ၏အံ့ချီးဖွယ် လုပ်ဆောင်ချက်များကို နားလည်သဘောပေါက်လာခဲ့သည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သြဇာအာဏာ နှင့် တန်ခိုးတို့ကို ရှုမြင်ခဲ့ရသည်။ ထို့အပြင် ကျွန်မသည် စာတန်ကို အမှန်တကယ် ရွံရှာလာခဲ့သည်။ ထိုညှင်းပန်းနှိပ်စက်ခြင်းကာလအတွင်းတွင် ထိုစိတ်ဆင်းရဲစေသည့် နေ့များနှင့် ညများတစ်လျှောက် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မအား အဖော်ပြုပေးခဲ့သည်၊ ၎င်းတို့က ကျွန်မကို စာတန်၏ စဉ်းလဲသော အကြံအစည်များကို ထိုးဖောက်မြင်စေခဲ့ပြီး၊ အချိန်ကိုက် ကွယ်ကာမှုကို ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို စိတ်ဓါတ်ကြံ့ခိုင်စေပြီး၊ သတ္တိရှိစေသည်၊ ကျွန်မအား ထိုရက်စက်ကြမ်းကြုတ်သော နှိပ်စက်မှုကို ထပ်ခါထပ်ခါ အောင်မြင်စေခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ခွန်အားနှင့် ယုံကြည်မှုပေးသည်၊ ပြီးလျှင် ၎င်းတို့က တကယ့်အဆုံးသတ်အထိ စာတန်နှင့် တိုက်ခိုက်ရန် သတ္တိကို ကျွန်မအား ပေးခဲ့သည်။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက် ဖြစ်သည်။ ကျွန်မသည် အနန္တတန်ခိုးရှင်ဘုရားသခင်နောက်ကို တကယ့်အဆုံးသတ်အထိ ထာဝရ လိုက်လျှောက်ပါမည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ဆင်းရဲဒုက္ခမှ မေတ္တာရနံ့ ထွက်လာ

ရှောင်ကိုင်၊ ကျန်းရှိစီရင်စုကျွန်မက သာမန်ကျေးလက် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သားယောက်ျားလေးများကိုသာ တန်ဖိုးထားသည့် မြေရှင်ပဒေသရာဇ်စနစ်...

ဆင်းရဲဒုက္ခကို သည်းခံပြီးနောက်၊ ဘုရားသခင်အတွက် ကျွန်တော့်၏ ချစ်ခြင်းမေတ္တာသည် ပို၍ပင် ခိုင်မာလာသည်

ကျောင်းရူးရီ၊ ကျန်းရှိစီရင်စုကျွန်တော့် နာမည်က ကျောင်းရူးရီဖြစ်ပြီး၊ ကျွန်တော်က အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်၏ ခရစ်ယာန်တစ်ယောက်...

အကျဉ်းထောင်၏ ဆင်းရဲဒုက္ခ

ရှောင်ဖန် တရုတ်နိုင်ငံ ၂၀၀၄ ခုနှစ် မေလ၏ နေ့တစ်နေ့မှာ ကျွန်မက ညီအစ်ကို မောင်နှမအချို့နှင့် ဝတ်ပြုအစည်းအဝေးလုပ်နေစဉ်၊ အယောက် ၂၀ ကျော်ရှိသည့်...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။