ဆင်းရဲဒုက္ခမှ မေတ္တာရနံ့ ထွက်လာ

09.10.2019

ရှောင်ကိုင်၊ ကျန်းရှိစီရင်စု

ကျွန်မက သာမန်ကျေးလက် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ သားယောက်ျားလေးများကိုသာ တန်ဖိုးထားသည့် မြေရှင်ပဒေသရာဇ်စနစ် အယူအဆကြောင့်၊ သားယောက်ျားမမွေးရသည့် အရှက်အတွက် အခြားသူများရှေ့တွင် ကျွန်မ ခေါင်းမဖော်နိုင်ခဲ့ပါ။ ကျွန်မ ဒုက္ခဆင်းရဲ အခံရဆုံးအချိန်တွင်ပင်၊ သခင်ယေရှု၏ ရွေးချယ်မှုကို ကျွန်မခံခဲ့ရပြီး နှစ်နှစ်ကြာပြီးနောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ကျွန်မ လက်ခံခဲ့သည်။ ထို့အပြင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်းမှ သမ္မာတရားများစွာကို ကျွန်မ နားလည်ခဲ့ပြီး ကျွန်မ၏ စိတ်ဝိညာဉ်သည် စစ်မှန်သည့် လွတ်မြောက်မှု ရရှိခဲ့သည်။ သို့သော်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မ၏ တာဝန်ကို ဆောင်ရွက်နေစဉ်တွင်၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖမ်းဆီးမှုကို ကျွန်မ နှစ်ကြိမ်ခံခဲ့ရပြီး တရုတ်ကွန်မြူနစ်ပါတီ လက်ပါးစေတို့၏ လက်ထဲတွင် ရက်စက်သော နှိပ်စက်မှုနှင့် ညှင်းဆဲမှုတို့ကို ခံခဲ့ရသည်။ ကျွန်မ သေလုမျောပါးဖြစ်သည့်အချိန်တွင်ပင်၊ စာတန်၏ ရက်စက်သော အန္တရာယ်ပြုခြင်းအလယ်တွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို အဆက်မပြတ် လမ်းပြခဲ့ပြီး၊ လှုံ့ဆော်ကာ၊ သက်သေရပ်တည်ဖို့ အခွင့်ပေးခဲ့သည်၊ ထိုသို့ဖြင့် ဘုရားသခင်နောက်လိုက်ကာ ကျွန်မ ဘဝတစ်ခုလုံး ဘုရားသခင်ကို ချစ်ဖို့ ကျွန်မ၏ စိတ်ပိုင်းဖြတ်မှုကို အားကောင်းစေခဲ့လေသည်။

၂၀၀၃ ခုနှစ် မေလ တစ်နေ့လည် ၅ နာရီခန့်တွင်၊ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ဖို့ အသွားတွင် ရပ်ရွာကော်မတီ အတွင်းရေးမှူးက မော်တော်ဆိုင်ကယ်တစ်စီး စီးပြီး ရုတ်တရက် ကျွန်မ လမ်းကို ပိတ်လိုက်သည်။ သူက၊ “ရပ်လိုက်။ ခင်ဗျား ဘာလုပ်နေတာလဲ။ ကျွန်တော်နဲ့ လိုက်ခဲ့” ဟု ကျွန်မကို ဟိန်းဟောက် အမိန့်ပေးခဲ့သည်။ ကျွန်မ အငိုက်မိသွားပြီး၊ နောက်ယောင်ခံလိုက် ခံရသည်ကို ကျွန်မ နားလည်လိုက်သည်။ ချက်ချင်း ကျွန်မ အိတ်ထဲရှိသည့် ပေဂျာ၊ အသင်းတော် ငွေပြေစာများနှင့် အခြားအရာများအပြင်၊ ဤအရာများ သူ၏လက်ထဲသို့ ရောက်သည်နှင့် တပြိုင်နက် အသင်းတော်၏ လုပ်ငန်းအတွက် ကြီးမားသည့် ဆုံးရှုံးမှု ဖြစ်စေမည့်အကြောင်းကို ချက်ချင်း တွေးမိခဲ့သည်။ ထို့ကြောင့် ကျွန်မ အိတ်ထဲရှိသည့်အရာများကို အဝေးသို့ လွှင့်ပစ်ရန် အခွင့်အရေးတစ်ခုရဖို့ မျှော်လင့်ရင်း၊ အမြန်ဆုံး ပြေးသွားခဲ့သော်လည်း၊ သိပ်ဝေးဝေး မရောက်ခဲ့ဘဲ ကျွန်မကို သူ ဖမ်းမိသွားခဲ့သည်။ နောက်သိပ်မကြာမီတွင်၊ ကားအနက်တစ်စီး မောင်းချလာခဲ့ပြီး ထိုကားထဲမှ ကြမ်းကြုတ်ရက်စက်ပုံရသည့် ရဲ ငါးဦး၊ ခြောက်ဦး ခုန်ထွက်လာကာ တစ်ပြိုင်နက်တည်း ကျွန်မကို ဝိုင်းထားလိုက် ကြသည်။ သူတို့က မလိုမုန်းထားစွာ ရယ်မောကြပြီး၊ “ဒီတစ်ခါ ခေါင်းဆောင်ဖြစ်တဲ့ ခင်ဗျားကို ကျုပ်တို့ မိပြီ။ ခင်ဗျား ပြေးနိုင်မယ်လို့ ထင်နေတုန်းပဲလား။ အိပ်မက်ဆက်မက်လိုက်လေ” ဟု ပြောလေသည်။ ထို့နောက် ကျွန်မ၏ လက်များကို နောက်ကျောဘက်သို့ အတင်းအဓမ္မ လိမ်လိုက်ပြီး၊ ကျွန်မကို ရဲကားထဲထည့်ကာ နယ်ခံရဲစခန်းဆီ ကျွန်မကို ခေါ်သွားခဲ့ကြသည်။

ရဲစခန်းကို ကျွန်မ ရောက်သွားသည့်အခါ၊ ဆိုးယုတ်သောရဲများက ကျွန်မကို ကျဉ်းပြီး မှောင်မဲကာ အနံ့အသက်ဆိုးရွားသည့် အခန်းတစ်ခုထဲ ထိုးထည့်ပြီး၊ “ဖွင့်ပြောစမ်း။ နာမည် ဘာလဲ။ ဘယ်ကလာတာလဲ။ ဒီမှာ ဘာလုပ်နေတာလဲ။ ကျယ်ကျယ် ပြောစမ်း” ဟု ကျွန်မကို ကြမ်းကြုတ်စွာ စတင် အော်ဟစ်လေသည်။ သူတို့၏ ခြိမ်းခြောက်သော ဟန်အမူအရာကို မြင်ရင်း ကျွန်မ၏ နှလုံးသားက တဒုတ်ဒုတ်ခုန်နေခဲ့ပြီး၊ ကျွန်မ အိတ်ထဲရှိသည့် အရာများ သူတို့ လက်ထဲရောက်မည်ကို ကြောက်မိသလို၊ ကျွန်မကို ရက်စက်စွာ သူတို့ ညှင်းဆဲမည်ကိုလည်း စိုးရိမ်မိခဲ့သည်။ ဤအရာ ဖြစ်ပျက်နေစဉ်တွင်၊ ဘုရားသခင်ထံ ကျွန်မ အသည်းအသန် ဟစ်အော်ခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ဒီနေ့ နတ်ဆိုးတွေရဲ့ လက်ထဲကို ကိုယ်တော့်ရဲ့ ခွင့်ပြုချက်အားဖြင့် ကျွန်မ ကျရောက်ရပါပြီ။ ကျွန်မကို သူတို့ ဘာပဲလုပ်လုပ်၊ ကိုယ်တော့်ကို သစ္စာရှိဖို့ ကျွန်မ ဆန္ဒရှိပါတယ်။ သက်သေရပ်တည်ဖို့ ဉာဏ်ပညာနဲ့ ယုံကြည်ခြင်းအတွက် ကျွန်မ ဆုတောင်းပါတယ်” ထိုအခိုက်မှာပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်။ “သင်သည် ဤအရာ ထိုအရာတို့ကို ကြောက်ရွံ့ခြင်း မရှိအပ်။ မည်မျှများပြားသော အခက်အခဲများနှင့် အန္တရာယ်များ သင်ရင်ဆိုင်ရစေကာမူ၊...ပိတ်ဆို့ခံရခြင်းမရှိဘဲ ငါ၏ရှေ့၌ မြဲမြံလျက် နေနိုင်စွမ်းရှိသည်။...ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါ၏မစခြင်းဖြင့်၊ အဘယ်သူသည် ဤလမ်းကို တစ်ကြိမ်တစ်ခါမျှ ပိတ်ဆို့နိုင်မည်နည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀)) အမှန်ပင် ဟုတ်ပါသည်၊ ဘုရားသခင်သည် တုနှိုင်းမဲ့ဖြစ်သည်။ အရာခပ်သိမ်းကို သူ စီမံပြီး အရာရာတိုင်းအပေါ် အချုပ်အခြာအာဏာပိုင်စိုး သည်၊ ထို့ကြောင့် ဤအနည်းငယ်မျှသော ဆိုးယုတ်သော ရဲများသည် ဘုရားသခင်၏ အစီအစဉ် တစ်စိတ်တစ်ပိုင်း သာ၍ မဖြစ်ပါလား။ ဘုရားသခင်၏ မျက်မှောက်တော်နှင့် အားပေးမှုတို့ဖြင့်၊ မည်သည့်အရာကို ကြောက်ရဦးမည်နည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်ခြင်းပေးကာ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ခွန်အားဖြင့် ပြည့်လာခဲ့ပြီး၊ စာတန်ကို တစ်ဖန်လုံးဝ မကြောက်တော့ပါ။ သို့သော် ထိုအချိန်တွင်၊ ကျွန်မ၏ အိတ်ထဲရှိသည့် အရာများနှင့် ပတ်သက်၍ ကျွန်မ ပူပန်မိဆဲဖြစ်ပြီး၊ ကျွန်မ၏ စိတ်နှလုံးက ကွယ်ကာမှုအတွက် ဘုရားသခင်ကို စဉ်ဆက်မပြတ် အော်ဟစ်ခဲ့သည်။ ကျွန်မ၏ ဆုတောင်းသံကို နားညောင်းခြင်းအတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်မိခဲ့သည်၊ ဤဆိုးယုတ်သောရဲအဖွဲ့က ကျွန်မကို စစ်မေးရုံသာစစ်မေးခဲ့ပြီး ကျွန်မ၏ အိတ်ကို မရှာဖွေခဲ့ကြချေ။ သူတို့အတွက် အဆိုင်းပြောင်းဖို့ အချိန် ရောက်လာသည့်အခါ၊ သူတို့အားလုံး အခန်းထဲက ထွက်သွားကြပြီး၊ ကျွန်မသည် ငွေစာရင်း ပြေစာများနှင့် ယုံကြည်ခြင်း စာစောင်များကို ကမန်းကတန်းယူလိုက်ကာ ပြတင်းပေါက်အပြင်ဘက်သို့ လွင့်ပစ်လိုက်သည်။ ထို့နောက် ပေဂျာကို ကြမ်းပြင်ပေါ် ကျွန်မ ရိုက်ခွဲလိုက်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်သည်၊ ထို့နောက်တွင်မှ ကျွန်မ စိတ်အေးနိုင်တော့သည်။ ဤအရာကို ကျွန်မ လုပ်ပြီးသည့်အချိန်မှာပင် အဆိုင်းသစ်ကျသည့် ဆိုးယုတ်သောရဲများ အခန်းထဲ ဝင်လာကြလေသည်။ ကျွန်မကို သူတို့ ခက်ထန်စွာကြည့် လိုက်ကြပြီးနောက် ကျွန်မ၏ အိတ်ကို သူတို့ ကပျာကယာ ရှာကြသော်လည်း ဘာမျှမတွေ့ကြချေ။ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာကို ကျွန်မ မျက်ဝါးထင်ထင် မြင်ခဲ့ရပြီး၊ ကျွန်မ၏ ယုံကြည်ချက် များစွာ တိုးပွားလာခဲ့သည်။ သူတို့ လက်ချည်းသက်သက် ဖြစ်ကြရသောကြောင့်၊ ဆိုးယုတ်သောရဲများက ကျွန်မ အတိအကျ မည်သူနှင့် ဆက်သွယ်ခဲ့သည်၊ အထက်ခေါင်းဆောင်များ မည်သူဖြစ်ကြသည် စသဖြင့် ကျွန်မကို အပြင်းအထန် မေးခွန်းထုတ်ခဲ့ကြသည်။ တစ်စုံတစ်ခုကို အမှုမဲ့အမှတ်မဲ့ ထုတ်ပြောပြီး၊ သူတို့၏ ထောင်ချောက်ထဲ ကျဆင်းမိမည်ကို ကျွန်မ စိုးရိမ်ခဲ့သောကြောင့်၊ ကျွန်မ လုံးဝ ဘာမျှမပြောခဲ့ပေ။ ဤအရာကို မြင်သည့်အခါ၊ ဆိုးယုတ်သောရဲ ငါးဦး ခြောက်ဦးက “ခင်ဗျား ကျုပ်တို့ကို မပြောရင် သေအောင် ရိုက်မယ်” ဟု ပြောရင်း ရိုက်နှက် ကန်ကျောက်ကာ၊ ထိုသို့လုပ်ကြသည်နှင့်အညီ ဆဲရင်းဖြင့် တစ်ပြိုင်နက် ကျွန်မကို တိုက်ခိုက်ခဲ့ကြသည်။ ကျွန်မ အလွန် ပြင်းထန်စွာ ရိုက်နက်ခံခဲ့ရပြီး မြေပေါ် လူးလှိမ့်နေရင်း၊ ပျော့ခွေသွားခဲ့သည်။ ထို့နောက် ဆိုးယုတ်သော ရဲတစ်ဦးက ကျွန်မကို ဆံပင်မှ ကြမ်းတမ်းစွာ ဆွဲလိုက်ပြီး၊ “ခင်ဗျားက တကယ်ကို ခေါင်းမာနေသေးတာကိုး။ မပြောဘူးပေါ့ ဟုတ်လား။ ကျုပ်တို့မှာ ကျုပ်တို့နည်းလမ်းတွေ ရှိပါတယ်၊ ဒီတော့ ဒီည ခင်ဗျားကို ကျုပ်တို့ ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ မြင်ရမယ်” ဟု ပြင်းထန်စွာ ခြိမ်းခြောက်လေ သည်။ ဘုရားသခင် ကျွန်မနှင့်အတူရှိသည်ကို ကျွန်မ သိပါသည်၊ ထို့ကြောင့် လာမည့် စစ်မေးမှုနှင့် ညှင်းဆဲမှုတို့ကို တည်ငြိမ်သော နှလုံးသားဖြင့် ကျွန်မ ရင်ဆိုင်ခဲ့သည်။

ထိုညတွင် ဆိုးယုတ်သော ရဲနှစ်ဦးက ကျွန်မကို လက်ထိပ်ခတ်ကာ ပြည်သူ့ စည်ပင်သာယာရေး လုံခြုံရေး ဌာနသို့ လိုက်ပို့ခဲ့သည့်အချိန်သည် ည၈နာရီကျော်ပြီ ဖြစ်သည်။ စစ်ဆေးရေးအခန်းသို့ ဝင်ရောက်ချိန်တွင်၊ အသက်လေးဆယ်အရွယ် ဆိုးယုတ်သောရဲတစ်ဦးသည် ကျွန်မကို သွေးဆောင်ပြီး ဖျောင်းဖျဖို့ ကြိုးစားရင်း၊ ရဲကောင်းသဖွယ် စတင် ဟန်ဆောင်လေသည်- “ မင်းက ငယ်ပြီး လှတယ်။ ဒီဘုရားသခင်ကို ယုံကြည်ခြင်း ဆိုတာက ဘာလဲ။ ငါတို့ရဲ့ အလုပ်နဲ့ ပူးပေါင်းလုပ်ဆောင်ပါ။ အထက်ခေါင်းဆောင်တွေ ဘယ်သူတွေဖြစ်တယ်ဆိုတာ မင်း ငါတို့ကို ပြောသရွေ့၊ မင်းကို ချက်ချင်း အိမ်ပြန်ပို့ဖို့ ငါ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်။ မင်းမှာ ရှိနိုင်တဲ့ ဘယ်လိုအခက်အခဲကိုမဆို ငါ ကူညီနိုင်တယ်။ ဘာလို့ ဒီမှာ ဆင်းရဲဒုက္ခခံတာလဲ...” ဘုရားသခင်၏ ကွယ်ကာမှုကြောင့်၊ ဤသည်မှာ စာတန်၏ ကောက်ကျစ်သော ပရိယာယ်ဖြစ်သည်ကို ကျွန်မ သိခဲ့ပြီး သူ ဘာပဲပြောပြော ကျွန်မ အရေးမလုပ်ခဲ့ပါ။ သူ၏ ပရိယာယ် အလုပ်မဖြစ်သည်ကို ဆိုးယုတ်သောရဲက မြင်သောကြောင့်၊ ချက်ချင်း သူ၏ စရိုက်မှန်ကို ပြသလေသည်။ သူက ကျွန်မ ခေါင်းမူးလာကာ နေရာတစ်ခုလုံး ချာချာလည်သွားသလို ခံစားခဲ့ရသည်အထိ ရက်စက်စွာ ကျွန်မကို ကန်ကျောက်ရင်းဖြင့် ဆံပင်မှ ကျွန်မကို သူဖမ်းဆုပ်လိုက်ကာ နံရံနှင့် ဖိထားလိုက်လေသည်။ ထိုသို့ဖြင့် ကျွန်မ၏ ခေါင်းပေါ် သူ ခြေဆောင့်နင်းကာ၊ “စကားမပြောဘူးပေါ့ ဟုတ်လား။ ဒီနေ့ မင်းကို အစွမ်းကုန် ညှင်းပန်းမှာကွ၊ ပြီးတော့ မင်း ဘယ်တုန်းကမှ မမွေးခဲ့ရင်ကောင်းမယ်လို့ တောင့်တရလိမ့်မယ်။ ငါ့တို့ သိချင်တာကို မင်း ပြောမလား” ဟု အလွန်ကြမ်းကြုတ်ရက်စက်စွာ ပြောလေသည်။ ကျွန်မ ဘာမျှမပြောသေးသည်ကို မြင်သည့်အခါ၊ နောက်ထပ် ဆိုးယုတ်သောရဲအချို့ကို သူခေါ်ခဲ့ပြီး ၎င်းတို့က ကျွန်မကို ခြေတရွတ်တိုက် ဆွဲခေါ်ကာ မီးလောင်သကဲ့သို့ ခံစားရလောက်အောင် အလွန်နာကျင်သည်အထိ ကျွန်မ၏ မျက်နာကို အကြိမ်ကြိမ် စတင်ရိုက်ပုတ်ခဲ့ကြလေသည်။ သို့သော် သူတို့ ကျွန်မကို မည်မျှ ရိုက်နက်ပါစေ၊ ကျွန်မ တိတ်တဆိတ် ဘုရားသခင်ထံ ဆက်လက် ဆုတောင်းပြီး အံကြိတ်ကာ စကားတစ်ခွန်းမျှ ကျွန်မ မပြောခဲ့ပေ။ ကျွန်မ အရှုံးမပေးသေးသည်ကို မြင်သောအခါ၊ သူတို့က ဒေါသတကြီး ဗလုံးဗထွေးပြောဆိုရင်း ကျွန်မကို အခြားအခန်းဆီ တရွတ်တိုက် ဆွဲသွားကြသည်။ ဆိုးယုတ်သောရဲတစ်ဦးက ကျင်စက် ကို ကောက်ယူလိုက်ပြီး၊ “ခင်ဗျား ခေါင်းမာတာ ကိစ္စမရှိပါဘူး။ ကျုပ်တို့မှာ နည်းလမ်းတွေ ရှိပါတယ်။ မင်းလား ဒါမှမဟုတ် ငါတို့ရဲ့ ကျင်စက်လား- ဘာက အကြာဆုံးခံမလဲဆိုတာ ကြည့်ကြတာပေါ့” ဟု ပြောရင်း ကျွန်မကို မလိုမုန်းထားစွာ ရယ်လေသည်။ ထို့နောက် ထိုအရာဖြင့် ကျွန်မကို သူ ရက်ရက်စက်စက် ထိုးလိုက်လေသည်။ တစ်ခဏချင်းတွင်၊ အလွန်အားကောင်းသည့် လျှပ်စစ်စီးကြောင်းကြောင့် ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး ဓါတ်လိုက်သွားပြီး ကျွန်မ အထိန်းအကွပ်မဲ့ အကြောဆွဲခဲ့လေသည်။ ကျွန်မ၏ ခန္ဓာကိုယ်ကို မရေတွက်နိုင်သည့် ပိုးမွှားများက ကိုက်နေသကဲ့သို့ ဖြစ်ပြီး ကျွန်မ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ကာ စူးစူးဝါးဝါး မအော်ဟစ်ပဲ မနေနိုင်ခဲ့ပါ။ ကျွန်မ အသက်ပုံမှန်ရှူသည်ကို စောင့်ဆိုင်းခြင်းမရှိဘဲ၊ နောက်ထပ် ဆိုးယုတ်သော ရဲတစ်ဦးက ထူထပ်သည့် မဂ္ဂဇင်းအပုံတစ်ခုကို ယူလိုက်ပြီး ၎င်းတို့ကို သူ၏ ရှိသမျှခွန်အားဖြင့် ကျွန်မခေါင်းပေါ် စတင်ထုနက်ခဲ့ပြီးနောက်၊ ဆံပင်မှ ကျွန်မကို ဆောင့်ဆွဲကာ ကျွန်မခေါင်းကို နံရံနှင့် ရက်စက်စွာ ပစ်ဆောင့်လိုက်သည်။ အရာရာ မှောင်အတိကျသွားကာ ကြမ်းပြင်ပေါ် ကျွန်မ လဲကျသွားခဲ့သည်။ “သေချင်ယောင်ဆောင်တယ်ပေါ့” ဟု ဆိုးယုတ်သော ရဲများက ကျွန်မကို အော်ဟစ်ကြလေသည်။ ထို့နောက်၊ ကြမ်းပြင်မှ ကျွန်မကို တရွတ်တိုက် ဆွဲမခဲ့ကြပြီး ဒူးထောက်ဖို့ အမိန့်ပေးခဲ့ကြသော်လည်း ကျွန်မ အလွန် အားနည်းသည့်အတွက် အချိန်အနည်းငယ်သာ ဒူးထောက်နိုင်ခဲ့ပြီးနောက် ကြမ်းပြင်ပေါ် တစ်ဖန် ပြိုလဲသွားခဲ့သည်။ ထိုအချိန်တွင်၊ နောက်ထပ် ကျွန်မ ခံနိုင်တော့မည်မဟုတ်ဟု တကယ်ကို ခံစားခဲ့ရသည်၊ ကျွန်မ အားမနည်းဘဲ မနေနိုင်ခဲ့သလို၊ “ဒီနတ်ဆိုးတွေက တကယ် အရမ်းကို လူမဆန်ကြတာပဲ၊ သူတို့လက်ထဲမှာ ငါ ဒီနေ့ တကယ်သေရမှာပဲ...” ဟု တွေးမိခဲ့သည်။ နာကျင်မှုနှင့် အကူအညီမဲ့ခြင်းတွင်၊ ဘုရားသခင် ကျွန်မကို လမ်းပြဖို့နှင့် စာတန်ကို အနိုင်ယူဖို့ ခွန်အားကို တောင်းလျှောက်ရင်း၊ အကြွင်းမဲ့ စိတ်ထက်သန်မှုဖြင့် ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့သည်။ ထို့နောက်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကျွန်မ စိတ်ထဲ လျှပ်တပြက် ပေါ်လာခဲ့သည်- “ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊...သင်သည် ထွက်သက်ဝင်သက်တစ်ခု ရှိသေးသရွေ့၊ ဘုရားသခင်သည် သင့်အား သေစေလိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆)) ကျွန်မ၏ အသက်ကို ဘုရားသခင်က သူ၏ လက်ထဲတွင် စွဲကိုင်ထားကြောင်း၊ ပြီးလျှင် သူ၏ ခွင့်ပြုချက်မပေးသရွေ့၊ဤနတ်ဆိုးများက ကျွန်မ၏ အသက်ကို မနှုတ်ယူဝံ့ကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို နားလည်စေခဲ့သည်။ ကျွန်မ ဘုရားသခင်နောက်မည်မျှ ဝေးဝေးလိုက်ခဲ့သည်၊ လမ်းတစ်လျှောက်လုံး ဘုရားသခင်က ကျွန်မကို မည်သို့ ကွယ်ကာခဲ့ပုံ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ကျွန်မ မည်မျှ များစွာ အလွန် ပျော်မွေ့ခဲ့ပုံတို့ကို ကျွန်မ တွေးမိခဲ့သလို၊ ယခုအခြေအနေ ဖြစ်ပျက်နေပုံမှာ ကျွန်မ၏ သစ္စာရှိခြင်းနှင့် ချစ်ခြင်းတို့ကို ဘုရားသခင် စမ်းသပ်သည့် နည်းလမ်းဖြစ်ကြောင်းနှင့် ယင်းက ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်မအတွက် အခွင့်အရေးတစ်ခု ဖြစ်ကြောင်းကို ကျွန်မ တွေးမိခဲ့သည်။ ဘုရားသခင်ကို ကျွန်မ သစ္စာဖောက်ဖို့ဟူသည့် စက်ဆုပ်ဖွယ် ရည်မှန်းချက်ဖြင့် နတ်ဆိုးတို့က ကျွန်မကို ဤနည်းဖြင့် ညှင်းပန်းခဲ့သော်လည်း၊ ကျွန်မ အရှုံးမပေးသည့်အပြင်၊ စိတ်ပိုင်းဖြတ်ထားပါသည်။ ကျွန်မကို သူတို့ သေသည်အထိ ညှင်းပန်းလျှင်ပင်၊ စာတန်ကို ကျွန်မ အရှုံးပေးဦးမည် မဟုတ်ပါ။ ယုတ်ညံ့သော ဖြစ်တည်မှုကို ရေရှည်ဆွဲထားနိုင်ရုံသက်သက်အတွက် ကျွန်မ ယုဒတစ်ဦးဖြစ်လိမ့်မည်မဟုတ်ပါ။ စာတန်၏ အကြံအစည် အောင်မြင်ခွင့် ကျွန်မ ပေးမည်မဟုတ်ပါ။ ဘုရားသခင်အတွက် ကျွန်မ သက်သေရပ်တည်ရမည်ဖြစ်ပြီး ဘုရားသခင်၏ စိတ်နှလုံး နှစ်သိမ့်မှုရခွင့် ပေးရပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက မကုန်ခမ်းနိုင်သော ခွန်အားကို ကျွန်မအား ပေးလေသည်။ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖိစီးနှိပ်စက်လျက်ရှိသည့် နာကျင်မှုအား ကျွန်မ မေ့လျော့သွားခဲ့ပြီးနောက်၊ ဤနတ်ဆိုးများကို ဆက်လက်တိုက်ခိုက်ရန် ယုံကြည်ခြင်းနှင့် သတ္တိ တို့ကျွန်မ ရရှိခဲ့သည်။

ထို့နောက်၊ ကျွန်မထံမှ ဝန်ခံချက်ကို နှိုက်ယူဖို့ရန်၊ ဆိုးယုတ်သောရဲများက ကျွန်မကို စောင့်ကြပ်ခြင်း၊ အိပ်စက်ဖို့ရန် တားမြစ်ခြင်းနှင့် အထပ်ထပ် အခါခါ မေးခွန်းများဖိမေးဖြင့် တို့ကို စတင်အလှည့်ကျ လုပ်ဆောင်ခဲ့ ကြသည်- “ခင်ဗျားတို့ရဲ့ အသင်းတော်ထဲက အထက် ခေါင်းဆောင်တွေ ဘယ်သူတွေလဲ။ သူတို့ ဘယ်မှာ နေကြတာလဲ။ တခြား ဘယ်သူတွေက အသင်းသားလဲ...” ကျွန်မ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်ကို မြင်သည့်အခါ၊ မကြာခဏ ကျွန်မကို ဆံပင်မှ ဖမ်းဆုပ်ပြီး ကန်ကျောက်ခဲ့ကြသည်။ ကျွန်မအနေဖြင့် မျက်စိမှိတ်ရုံသာ မှိတ်ခဲ့ရပြီး ကျွန်မကို သူတို့ ရိုက်နက်ကာ ကန်ကျောက်ပြီး ကျွန်မ၏ လက်ဆစ်များပေါ် ခြေဆောင့်နင်းကာ သူတို့ခွန်အားရှိသမျှဖြင့် ကြိတ်ခြေဖို့ရန် သူတို့၏ သားရေဖိနပ်ထိပ်ချွန် များကို အသုံးပြုခဲ့ကြသည်။ စူးရှသည့် နာကျင်မှုက ပြောမပြနိုင်လောက်အောင် ဝေဒနာခံစားစေခဲ့ပြီး ကျွန်မ ဆက်ကာသာ ဟစ်အော်နေခဲ့သည်။ သူတို့က ဘောလုံးတစ်လုံးကဲ့သို့ ကျွန်မကို ဟိုဟိုသည်သည် ကန်ကြလေသည်...။ အာရုဏ်ဦးနီးလာသည်နှင့်အမျှ၊ မရေတွက်နိုင်သော ပွန်းပဲ့ဒဏ်ရာများဖြင့် ကျွန်မ၏ ခန္ဓာကိုယ် ဖုံးလွှမ်းသည်အထိ ညှင်းဆဲခံခဲ့ရပြီး မခံမရပ်နိုင်သော နာကျင်မှုကို ကျွန်မ ခံစားခဲ့ရသည်။ ထိုသို့သော ဆင်းရဲဒုက္ခကို ယခင်က လုံးဝ ကျွန်မ မခံစားဖူးခဲ့ပုံကို စဉ်းစားမိရင်း၊ ဘုရားသခင်အပေါ် ကျွန်မ၏ ယုံကြည်မှုကြောင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဆိုးယုတ်သောရ များလက်တွင် ယခု ကျွန်မ ခံစားနေရသည့် ထိခိုက်မှုနှင့် ညှင်းဆဲမှုတို့ကို တွေးရင်းဖြင့်၊ လှိုင်းလုံးကဲ့သို့ တလိပ်လိပ်တက်လာသော အားနည်းခြင်းနှင့် ဝမ်းနည်းမှု တို့က ကျွန်မကို ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။ ထိုအချိန်တွင်၊ ကျွန်မအထဲ၌ အရာအားလုံး မှောင်မိုက်ခဲ့ပြီး၊ နောက်ထပ် ကျွန်မအတွက် မည်သည့် ရက်စက်သော ညှင်းပန်းမှုမျိုး သူတို့ပြင်ဆင်ထားသည်ကို မသိဘဲ၊ ကျွန်မ၏ ကြောက်ရွံ့မှုက တိုးသထက်တိုးခဲ့လေသည်။ နာကျင်မှုတွင် ကျွန်မ လဲလျောင်းရင်း၊ ဘုရားသခင်ထံ ကျွန်မ တိတ်ဆိတ်စွာ ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မရဲ့ သက်သေခံချက်ကို မဆုံးရှုံးနိုင်စေဖို့ ကျွန်မရဲ့ အတိဒုက္ခထဲမှာ ကိုယ်တော်ရဲ့အလိုတော်ကို နားလည်အောင် ကျွန်မကို ဉာဏ်အလင်းပေးပြီး ဦးဆောင်ဖို့ ကိုယ်တော်ကို တောင်းလျှောက်ပါတယ်” ကျွန်မ ဆုတောင်းသည်နှင့်အညီ၊ ဘုရား နှုတ်ကပတ်တော်များနှင့်ဆိုင်သော ဓမ္မသီချင်းတစ်ပုဒ်ကို ကျွန်မ တွေးမိခဲ့သည်။ “သမ္မာတရားထံ သင့်ကိုယ်သင် ပေးအပ်ရမည်၊ သမ္မာတရားအတွက် အရှက်တကွဲ ဖြစ်ခြင်းကို သင်ခံရမည်၊ ထို့နောက် သမ္မာတရားကို သင်ပိုမိုရရှိရန်အတွက် ပို၍ပင် ဒုက္ခဆင်းရဲခံရပေမည်။ ဤသည်မှာ သင်လုပ်သင့်သည့်အရာဖြစ်သည်။...နှစ်သက်ဖွယ်ဖြစ်ကာ ကောင်းမွန်သောအရာအားလုံးကို သင် လေ့လာလိုက်စားသင့်ပြီး၊ အသက်တာတွင် ပိုမိုအဓိပ္ပာယ် ရှိသော လမ်းကြောင်းကို သင် လိုက်စားသင့်သည်။သမ္မာတရားတစ်ခုအတွက် ဇာတိပကတိ၏ ပျော်မွေ့မှုများ အားလုံးကို သင်စွန့်လွတ်သင့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ်အတွက် သမ္မာတရားအားလုံးကို မလွှင့်ပစ်သင့်ပေ။(သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “သမ္မတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်”) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မ၏ နှလုံးသားကို နိုးထစေခဲ့ပြီး ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းအတွက် ယခု ကျွန်မ ခံစားနေရသည့် ညှင်းပန်းနှိပ်စက်မှု၏ နာကျင်ခြင်းက အဆုံးစွန်သော တန်ဖိုးနှင့် အဆုံးစွန်သော အရေးပါမှုရှိသည်ကို ကျွန်မကို နားလည်စေခဲ့သည်။ ကျွန်မအနေဖြင့် စာတန်၏ အနှစ်သာရကို လုံးဝ စွန့်လွှတ်ကာ ထိုသို့အားဖြင့် ဘုရားသခင်ထံ ကျွန်မ နှလုံးသားကို လှည့်ပြီး ဘုရားသခင်ကို စစ်မှန်သော ချစ်ခြင်းမေတ္တာ ရရှိနိုင်ဖို့အလို့ငှာ ဘုရားသခင်ကို ရန်လိုသည့် စာတန်၏ အနှစ်သာရကို ရှင်းရှင်းလင်းလင်း ကျွန်မကို ပြသဖို့ ဤဆင်းရဲဒုက္ခနှင့်ဆိုင်သည့် ပတ်ဝန်းကျင်ကို ဘုရားသခင် အသုံးပြုနေခဲ့မှန်း ကျွန်မ နားလည်ခဲ့ရသည်။ ကျွန်မကို ကယ်တင်ဖို့ ဘုရားသခင်သည် နာကျင်မှုအားလုံးကို သည်းခံနှင့်ခဲ့ပြီးဖြစ်သည်၊ ထို့ကြောင့် ကျွန်မကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ဦးက သမ္မာတရား ရရှိခြင်းအလို့ငှာနှင့် ကျွန်မ၏ အသက်တာ စိတ်သဘောထားထဲတွင် စစ်မှန်သော ပြောင်းလဲမှုတစ်ခု ရရှိဖို့ရန်အလို့ငှာ သာ၍ပင် ဆင်းရဲဒုက္ခခံစားသင့်သည် မဟုတ်ပါလား။ “ဒီဆင်းရဲဒုက္ခက ကယ်တင်ခြင်းရရှိဖို့ ငါ့ရဲ့ လိုက်စားမှုမှာ သည်းခံသင့်တဲ့ အရာတစ်ခုဖြစ်ပြီး၊ ငါ့ကို ဖေးမဖို့နဲ့ တည်ဆောက်ပေးဖို့ ဒီအတိဒုက္ခမျိုး ငါလိုတယ်။ ဒါက ငါ့ဘဝ လိုအပ်တဲ့အရာဖြစ်ပြီး ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာကို လက်ခံဖို့ ငါ ဆန္ဒရှိတယ်။ ဒီနေ့၊ ခရစ်တော်နဲ့အတူ ငါ ဆင်းရဲဒုက္ခခံရပြီး ခရစ်တော်ရဲ့နိုင်ငံတော်နဲ့ သူ့ရဲ့ ဆင်းရဲဒုက္ခနှစ်ခုလုံးကို ငါ မျှဝေခံစားရတာပဲ- ဒါက လုံးဝ ဘုရားသခင်ရဲ့ မြှင့်တင်ပေးခြင်းကြောင့် ဖြစ်တယ်။ အဲဒါက ငါ့အဖို့ ဘုရားသခင်ရဲ့ အကြီးမြတ်ဆုံး ချစ်ခြင်းနဲ့ ကောင်းချီးမင်္ဂလာဖြစ်ပြီး ငါ ပျော်သင့်တယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ ဤအရာကို စဉ်းစားသည့်အခါ ကျွန်မ အလွန် စိတ်ချမ်းသာသွားခဲ့ပြီး ထိုသို့သော ပတ်ဝန်းကျင်တစ်ခုကို ကြုံရခြင်းက နာကျင်စရာကောင်းသည့် အရာတစ်ခုဖြစ်သည်ဟု ကျွန်မ မယုံကြည်တော့ဘဲ ဆန့်ကျင်ဘက်အနေဖြင့် ကျွန်မအပေါ် ဘုရားသခင်က အထူးကောင်းချီး မင်္ဂလာတစ်ခု ပေးခဲ့ပြီးဖြစ်သည်ကို ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မ တိတ်ဆိတ်စွာ ဘုရားသခင်ထံ ဆုတောင်းချက်တစ်ခု ဆက်ကပ်ခဲ့ပါသည်- “အို၊ အနန္တတန်ခိုးရှင် ဘုရားသခင်။ ကိုယ်တော်ရဲ့ အလိုတော်ကို နားလည်ဖို့ ကျွန်မကို ဉာဏ်အလင်းပေးခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။ စာတန်က ကျွန်မကို ဘယ်လိုပဲ ညှင်းဆဲပါစေ၊ ကျွန်မ လုံးဝကို အလျှော့ပေးမှာမဟုတ်သလို အညံ့ခံမှာမဟုတ်ပါဘူး။ ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ကိုယ်တော်ရဲ့ စီစဉ်ညွှန်ကြားချက်များကို ကျိုးနွံနာခံဖို့၊ ကိုယ်တော့်ထံ မိမိကိုယ်ကိုယ် လုံးလုံး ဆက်ကပ်ပြီး၊ ကျွန်မ သေသည်အထိ ကိုယ်တော့်ကို ချစ်ဖို့ ကျွန်မ ဆန္ဒရှိပါတယ်” ဆိုးယုတ်သောရဲများက ကျွန်မကို နှစ်ညနှင့် တစ်နေ့ ညှင်းပန်းခဲ့ကြပြီး ကျွန်မထံမှ ဘာမျှ မရခဲ့ကြပေ။ နောက်ဆုံးတွင်၊ သူတို့ ပြောနိုင်သမျှမှာ ကျွန်မက “ဘုရားသဘောဆန်သွားပြ” ဖြစ်ခဲ့ပြီ ဟူ၍ဖြစ်ပြီး ထိန်းသိမ်းရေးစခန်းဆီ ကျွန်မ အပို့ခံခဲ့ရလေသည်။

ထိန်းသိမ်းရေးစခန်းတွင်ရှိသည့် အကျဉ်းခန်းကို ကျွန်မ ရောက်သည်နှင့်တပြိုင်နက်၊ ဆိုးယုတ်သောရဲများဖြင့် လှုံ့ဆော်ခံရသည့် အကျဉ်းခန်း ဦးစီးက ကျွန်မကို စတင် ခြိမ်းခြောက်ခဲ့သည်။ “လုပ်စမ်းပါ၊ ဝန်ခံရင် ဝန်ခံ၊ ဒါမှမဟုတ်ရင် မင်းတော့ ပြဿနာတက်ပြီ” ကျွန်မ အလျော့ပေးမည်မဟုတ်သည်ကို မြင်သည့်အခါ၊ ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းဖြင့် ကျွန်မကို အပြစ်ပေးဖို့ အခြားထောင်သားများနှင့်အတူ သူမက ပေါင်းကြံခဲ့သည်။ ကျွန်မကို သူတို့ စားဖို့ ဘာမျှမပေးခဲ့ကြသလို၊ ရေနွေးမပေးခဲ့ပါ။ ညတိုင်း အေးစက်နေသည့် သံမံတလင်းပေါ် ကျွန်မကို သူတို့ အိပ်စက်စေခဲ့ပြီး ညစ်ပတ်ပြီး ခြေကုန်လက်ပန်းကျစေသည့် အလုပ်ကို လုပ်စေခဲ့သည်။ ကျွန်မ မပြီးစီးခဲ့လျှင် အချိန်ပိုလုပ်ခဲ့ရပြီး၊ ကျွန်မ ကောင်းမွန်အောင် မလုပ်ခဲ့လျှင် နှုတ်ဖြင့် စော်ကားခံရကာ အပြစ်ပေးချက်တစ်ခုအနေဖြင့် ကျွန်မကို မတ်တပ်ရပ်စေခဲ့သည်...။ နေ့တိုင်း အခြားထောင်သားများ၏ လှောင်ပြောင်သရော်ခြင်း၊ အရှက်ခွဲခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်း၊ ရိုက်နက်ခံရပြီး နှုတ်ဖြင့် စော်ကာခံရခြင်းများကို ကျွန်မ ရင်ဆိုင်ခဲ့ရသည်။ ထို့အပြင်၊ ကျွန်မ၏ ငွေမှာ ဆိုးယုတ်သောရဲများ၏ သိမ်းယူခြင်းခံခဲ့ရသောကြောင့် ကျွန်မ နာမည်ဖြင့် ငွေတစ်ပြားမှမရှိဘဲ၊ တစ်ကိုယ်ရေသန့်စင်မှုပစ္စည်းနှင့် အခြားနေ့စဉ် လိုအပ်သည့်အရာများကိုပင် ကျွန်မ မဝယ်နိုင်ခဲ့ပါ။ ဤနေ့ရက်များ မည်သည့်အချိန် ကုန်ဆုံးမည်ကို ကျွန်မ မသိခဲ့သလို၊ စိတ်ထဲတွင် အလွန်အထီးကျန်ကာ အလွန်နာကျင်လျက်၊ ထိုမကောင်းဆိုးဝါးဆန်သော နေရာမှ အမြန်ဆုံး ထွက်သွားဖို့ အမြဲဆန္ဒရှိရင်း လွန်စွာဝမ်းနည်းခဲ့ရသည်။ သို့သော် ထိုပတ်ဝန်းကျင်မှ ကျွန်မ ပိုထွက်သွားချင်လေလေ၊ ကျွန်မ၏ စိတ်နှလုံးက ပိုမိုမှောင်မိုက်ကာ ပိုမိုစိတ်သောက ရောက်လေလေဖြစ်ခဲ့ပြီး ကျွန်မ၏ မျက်စိမှ မျက်ရည်များ မရည်ရွယ်ဘဲ စီးကျခဲ့လေသည်။ ကျွန်မ၏ အားကိုးရာမဲ့ခြင်းထဲတွင်၊ ကျွန်မကို ဘုရားသခင်က တစ်ဖန်ဦးဆောင်ပြီး သူ၏ စီစဉ်ညွှန်ကြားချက်များနှင့် စီစဉ်မှုများကို နာခံနိုင်အောင် ပြုဖို့အတွက် အလေးအနက် မျှော်လင့်ရင်း ကျွန်မ၏ နာကျင်မှုကို ဘုရားသခင်အား အဖန်ဖန် ပြောပြရုံသာ ပြောပြနိုင်ခဲ့သည်။ ဘုရားသခင်သည် တစ်ချိန်လုံး ကျွန်မ၏ အကူအညီနှင့် အားပေးမှုဖြစ်ပြီး သူ၏ ဤနှုတ်ကပတ်တော်များ စာပိုဒ်ကို စဉ်းစားရန် ကျွန်မကို တစ်ဖန် သူဦးဆောင်ခဲ့သည်။ “ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။ အတိတ်က သင်သည် ရှင်ဘုရင်တစ်ပါးအဖြစ် အုပ်စိုးရမည်ဟု ဘုရားသခင် ပြောခဲ့စဉ်အခါက သင်သည် သူ့ကို ချစ်ခဲ့ပြီး သူသည် သူ့ကိုယ်သူ သင့်ထံ ထင်ထင်ရှားရှား ပြသသည့်အခါ သူ့ကို သင်မီအောင်လိုက်ခဲ့သည်။ သို့သော် ယခုအခါ ဘုရားသခင်သည် ပုန်းကွယ်နေပြီး သူ့ကို သင်မမြင်နိုင်ဘဲ ဒုက္ခပြဿနာများက သင့်အပေါ် ကျရောက်လေပြီ၊ ယခုအချိန်တွင် ဘုရားသခင်အပေါ် သင် မျှော်လင့်ခြင်း ပျောက်ဆုံးပြီလော။ ထို့ကြောင့် သင်သည် အချိန်တိုင်းတွင် အသက်ကို ရရှိအောင် အားထုတ်၍ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းရန် ကြိုးပမ်းရမည်ဖြစ်သည်။ ဤအရာကို စစ်မှန်သောယုံကြည်ခြင်းဟု ခေါ်ပြီး ဤသည်မှာ အစစ်မှန်ဆုံးနှင့် အလှပဆုံးသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များက စိတ်သောကရောက်နေသည့် ကလေးငယ်ကို ဖြေသိမ့်ပေးနေသည့် မိခင်တစ်ဦးကဲ့သို့ ဖြစ်ခဲ့ပြီး၊ ကျွန်မကို ကြီးမားသည့် နှစ်သိမ့်မှုနှင့် အားပေးမှုတို့ကို ပေးခဲ့သည်။ ဘုရားသခင်က ကျွန်မ၏နံဘေးတွင် ကျွန်မကို စောင့်ကြည့်လျက်၊ စာတန်၏ ရှေ့တွင် ဘုရားသခင်၌ ကျွန်မ၏ စစ်မှန်သော ယုံကြည်ခြင်းကို ထိန်းသိမ်းနိုင်ပြီး၊ နာကျင်မှုကို သည်းခံကာ ကျွန်မ ချစ်သည့်အရာကို စွန့်လွတ်နိုင်ခြင်း အားဖြင့် နာကျင်စရာ ပတ်ဝန်းကျင်အလယ်နှင့် အမှောင်အင်အားစုများ အဝိုင်းခံရသည့်အခါ ဘုရားသခင်ကို ချစ်ပြီး၊ စိတ်ကျေနပ်စေနိုင်စွမ်း နှင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်စွမ်း တို့ရရှိရန် မျှော်လင့်နေသည်ဟု ကျွန်မခံစားခဲ့ရသည်။- ဤသည်မှာ စာတန်ကို အရှက်ရစေသည့် အစွမ်းတန်ခိုးအရှိဆုံး သက်သေဖြစ်ပေသည်။ ဤနတ်ဆိုးများ၏ သားရဲတွင်းတွင် ကျွန်မ အဖမ်းဆီးခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်မနှင့်အတူ အမြဲရှိခဲ့သည်။ ရက်စက်သော ညှင်းဆဲမှုနှင့် ညှင်းပန်းမှုတို့ကို ကျွန်မ ခံစားခဲ့ရကာ အားနည်းခဲ့ချိန်တွင်၊ စာတန်၏ တိုက်ခိုက်မှုများ ကို ကျွန်မ ကြံ့ကြံ့ခံကာ နာကျင်မှုခံစားရပြီး စိတ်သောကရောက်ခဲ့ချိန်တွင်၊ ကျွန်မ ဘဝအတွက် ဘုရားသခင်၏ အထောက်အပံ့ကို ကျွန်မ အမြဲမြင်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ နှစ်သိမ့်မှုကို ကျွန်မ ခံစားနိုင်ခဲ့ပြီး ကျွန်မအတွက် ထွက်ပေါက်ကို ဘုရားသခင်၏ လက်တော်က ဖွင့်ပေးနေခဲ့သည်ကို ကျွန်မမြင်နိုင်ခဲ့သည်။ “ဘုရားသခင်က ငါ့ကို စောင့်ရှောက်ပြီး အဖော်ပြုပေးရင်းနဲ့ ငါ့ဘေးမှာ အမြဲရှိနေတာကိုး။ ငါ့အတွက် ဘုရားသခင်ရဲ့ မေတ္တာက အရမ်းလေးနက်လိုက်တာ။ သူ့ရဲ့အလိုတော်က ငါ ဘယ်လိုလုပ်ပြီး စိတ်ပျက်စေနိုင်မှာလဲ။ ငါ့ရဲ့ဇာတိအလိုကို ငါ မဖြည့်သင့်သလို ဘုရားသခင် ငါ့အတွက် စီစဉ်တဲ့ ပတ်ဝန်းကျင်တွေကနေ ငါ ထွက်ပြေးဖို့ ပိုလို့တောင် မကြိုးစားသင့်ဘူး။ အရင်က ငါရှိခဲ့တဲ့ ယုံကြည်ခြင်းကို ပြန်အမှတ်ရသင့်တယ်၊ ဘုရားသခင်ဆီ ငါ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ဆက်ကပ်ပြီး စာတန်ရှေ့မှာ ဘုရားသခင်အတွက် သက်သေခံသင့်တယ်” ဟု မိမိဘာသာ တွေးမိခဲ့သည်။ ဤအရာများကို စဉ်းစားရင်း၊ ကျွန်မ နှလုံးသားထဲရှိ နာကျင်မှုက အရည်ပျော်သွားခဲ့ပြီး မချိမဆံ့ဝေဒနာအားလုံးကို ကျွန်မ ခံရမည်ဆိုလျှင်ပင် ဘုရားသခင်ကို ချစ်ပြီး စိတ်ကျေနပ်စေဖို့ ကျွန်မ စိတ်ဆုံးဖြတ်ခဲ့သည်။ ကျွန်မ အသင်းတော်၏ ဓမ္မသီချင်းတစ်ပုဒ်ကို မဆိုဘဲ မနေနိုင်ခဲ့ပါ- “ကျွန်ုပ်သည် နှလုံးသား နှင့် ၀ိညာဥ်ရှိသော သူဖြစ်၍ အဘယ်ကြောင့် ဘုရားသခင်ကို မချစ်နိုင် ရမည်နည်း ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်မသူ၊ ကြောက်ရွံ့စရာ ဘယ်အရာရှိသနည်း။ အဆုံးထိတိုင် စာတန်နှင့် တိုက်ပွဲ၀င်ရန် ကျွန်ုပ်ဘ၀အား ကျိန်ဆိုသည် ဘုရားသခင်သည် ကျွန်ုပ်တို့အား မြှောက်ပင့်ခဲ့သည် ကျွန်ုပ်တို့ အရာအားလုံးအား နောက်တွင် ချန်ထားရစ်ခဲ့ကာ ခရစ်တော်အတွက် သက်သေခံရန် တိုက်ခိုက်သင့်သည်။ ဘုရားသခင်သည် ကမ္ဘာ မြေပေါ်တွင် သူ၏ အလိုတော်ကို ပြည့်စုံစေလိမ့်မည်။ ကျွန်ုပ်၏ အချစ်၊ သစ္စာ တရားအား ပြင်ဆင်ကာ ထိုအရာအားလုံးကို ဘုရားသခင်အတွက် ပေးအပ်မြုပ်နှံပါမည်။ ဘုရားသခင် ဘုန်းတန်ခိုးနှင့် ဆင်းသက်လာမည့် ပြန်လာချိန်ကို ကျွန်ုပ် ၀မ်းမြောက်စွာ စောင့်ကြိုပါမည်။ ခရစ်တော်၏ နိုင်ငံတော် ထူထောင်ချိန်တွင် သူနှင့် အတူ နောက်တစ်ဖန် တွေ့မြင်ရပါမည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “နိုင်ငံတော်”) ကျွန်မ၏ ယုံကြည်ခြင်းကို အားဖြည့်ပြီး၊ ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ ဆန္ဒရှိအခါ၊ ကျွန်မအတွက် ဘုရားသခင်၏ ကြင်နာသော ချစ်ခြင်းမေတ္တာကို ကျွန်မ နောက်တစ်ဖန် တွေ့ကြုံခဲ့ရသည်။ ကျွန်မ နေ့စဉ်သုံးဖို့အတွက် ပစ္စည်းများစွာ ကျွန်မကို ပေးဖို့ အကျဉ်းထောင်အရာရှိတစ်ဦးကို ဘုရားသခင်က စီစဉ်ပေးခဲ့သည်။ ကျွန်မ၏ စိတ်နှလုံး အလွန်တို့ထိခံခဲ့ရပြီး ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျွန်မ ကျေးဇူးတင်မိခဲ့သည်။ ရက် ၄၀ ကြာပြီးနောက်တွင်၊ ကျွန်မထံမှ မည်သည့်အရာမျှ ရဖို့ နည်းလမ်းမရှိသည်ကို ဆိုးယုတ်သောရဲများက မြင်ခဲ့ကြသောကြောင့်၊ ကျွန်မကို “ဆိုးယုတ်သောအစွန်းရောက်ဝါဒ အဖွဲ့ဝင်” တစ်ဦးအဖြစ် သူတို့ အတင်းအဓမ္မ စွဲချက်တင်ခဲ့ကြပြီး၊ ကျွန်မကို မလွှတ်မီ ကျွန်မ မိသားစုကို ယွမ်တစ်ထောင်အချို့ပေးဆောင်ရန် တောင်းဆိုခဲ့ကြသည်။

အိမ်ပြန်ရောက်သည်နှင့်တပြိုင်နက် ကျွန်မ၏လွတ်လပ်မှု ပြန်ရမည်ဟု ထင်ခဲ့သော်လည်း တရုတ်ကွန်မြူနစ်ပါတီရဲများက ကျွန်မအား စောင့်ကြည့်ခြင်းကို လုံးဝမလျှော့ခဲ့သလို ကျွန်မ၏ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို သူတို့ ကန့်သတ်ထားဆဲဖြစ်သည်။ ကျွန်မ၏ အိမ်မှ ထွက်သည်ကို သူတို့ တားမြစ်ထားကြသည်၊ သူတို့ခေါ်တိုင်း အမြဲရှိနေဖို့ ကျွန်မကို အမိန့်ပေးထားကြပြီး၊ ကျွန်မကို စောင့်ကြည့်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်ထားကြလေသည်။ ကျွန်မကို အနီးကပ်စောင့်ကြည့်ဖို့ သတိပေးရင်း၊ အမြဲလိုလို ရက်အနည်းငယ်ကြာတိုင်း ကျွန်မ မိသားစုကိုပင် သူတို့ ခြိမ်းခြောက်ကြသည်။ အပြင်ပန်းမှ၊ ကျွန်မ လွတ်မြောက်ပြီးပုံရသော်လည်း၊ အမှန်တွင် ဆိုးယုတ်ရဲများက ကျွန်မကို နေအိမ်အကျယ်ချုပ် ထားလိုက်ကြခြင်းဖြစ်ပေသည်။ ထို့ကြောင့် အသင်းတော်ရှိ ကျွန်မ၏ ညီအစ်ကို မောင်နှမများနှင့် ကျွန်မ အဆက်အသွယ်မလုပ်ဝံ့ခဲ့သလို၊ ကျွန်မ၏ တာဝန်ကိုလည်း မထမ်းဆောင်နိုင်ခဲ့ဘဲ ကျွန်မ၏ စိတ်နှလုံးက အလွန် ဖိစီးခံရကာ နာကျင်ခဲ့သည်။ ကျွန်မကို သာ၍ပင် မခံမရပ်နိုင်အောင် ဖြစ်စေသည့်အရာမှာ ဆိုးယုတ်သောရဲများသည် ကျွန်မ၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းက ကျွန်မကို ရူးသွပ်စေခဲ့ပြီဖြစ်ကြောင်း၊ ကျွန်မ ခေါင်းသိပ်မမှန်သလို မည်သည့်အရာကိုမဆို လုပ်နိုင်ကြောင်း ပြောဆိုရင်း သူတို့၏ ဆိုးယုတ်သော အလိမ်အညာများဖြင့် ကျွန်မ၏ ရွာထဲက လူတို့ကို ထင်ယောင်ထင်မှားဖြစ်စေခဲ့ခြင်းဖြစ်သည်။ ထိုသို့သော စက်ဆုပ်စရာ ကောလာဟလ လှုံ့ဆော်ခြင်းနှင့် အသရေဖျက်ခြင်းတို့ကို ရင်ဆိုင်ရာတွင်၊ ကျွန်မသည် ဒေါသ မလောင်မြိုက်ဘဲ မနေနိုင်ခဲ့ပေ။ “ဒီနည်းနဲ့ အဲဒီနတ်ဆိုးတွေရဲ့ ထိန်းချုပ်တာကို ငါ ခံလို့မဖြစ်သလို၊ သူတို့ရဲ့ ဘီလူးသရဲစီးနေတဲ့ အာဏာစက်တွေကနေ ငါ့ကိုယ်ငါ လွတ်မြောက်အောင် ရုန်းကန်ပြီး ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ပေးဆပ်သင့်တယ်” ဟု မိမိဘာသာ တွေးမိခဲ့သည်။ ထို့ကြောင့်၊ ဆိုးယုတ်သောရဲများ၏ စောင့်ကြည့်ခြင်းကို ရှောင်တိမ်းဖို့အလို့ငှာ၊ အိမ်ကို စွန့်ပြီး ကျွန်မ၏ တာဝန်ကို သွားထမ်းဆောင်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပါ။

မျက်စိတစ်မှိတ်တွင် သုံးနှစ်ကုန်ဆုံးသွားခဲ့သည်။ တရုတ်ကွန်မြူနစ် ပါတီရဲများက ကျွန်မကို နောက်ထပ် စောင့်ကြည့်တော့မည်မဟုတ်ဟု ကျွန်မ ထင်ခဲ့သောကြောင့် ကျွန်မ၏ တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်မ အိမ်ပြန်ခဲ့ပါသည်။ သို့သော်၊ ၂၀၀၆ ခုနှစ် သြဂုတ်လ တစ်မနက်ခင်း စောစောတွင်၊ ကျွန်မ အိမ်ပြန်ရောက်သည်မှာ ရက်အနည်းငယ်ပင် မရှိမီ လုံးဝမထင်မှတ်ထားသော ဖြစ်ရပ်ဖြစ်လာခဲ့ပြီး၊ ဆိုးယုတ်သောရဲများက ကျွန်မအိမ်ကို အလည်လာကြလေသည်။ ထိုမနက်တွင်၊ စူးစူးဝါးဝါး အော်ဟစ်သည့် အသံတစ်ခုက အိပ်စက်ရာမှ ကျွန်မကို အထိတ်တလန့် နိုးသွားစေခဲ့သည်- “မြန်မြန် တံခါးဖွင့်စမ်း၊ မဟုတ်ရင် ငါတို့ ဖျက်စီးလိုက်မှာနော်”။ တံခါးကို ကျွန်မ ယောက်ျားက ဖွင့်လိုက်သည်နှင့် ဆိုးယုတ်သောရဲ ခုနှစ်ယောက် ရှစ်ယောက်က ဓားပြများကဲ့သို့ ဝင်လာကြပြီး၊ ရှင်းပြချက်တစ်ခုတစ်လေမရှိဘဲ ကျွန်မကို ဖမ်းကိုင်ကာ သူတို့ကားဆီ တရွတ်တိုက်ဆွဲသွားကြသည်။ ကျွန်မကို ဘုရားသခင်က ကွယ်ကာပေးနေခဲ့သောကြောင့်၊ ကြောက်ရွံ့မှု ကျွန်မ မခံစားခဲ့ရပါ။ ကျွန်မ ဆုတောင်းပြီးရင်း ဆုတောင်းခဲ့သည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်။ ဒီနေ့ ဒီနတ်ဆိုးတွေရဲ့ လက်ထဲကို ကျွန်မ နောက်တစ်ခါ ပြန်ကျဆင်းရပါပြီ။ ကျွန်မ နှလုံးသားကို ကိုယ်တော် ကွယ်ကာပါ၊ ကျွန်မကို ခွန်အားပေးပြီး ကိုယ်တော့်အတွက် ကျွန်မ နောက်တစ်ခါ သက်သေခံပါရစေ” ရဲစခန်းကို ကျွန်မတို့ ရောက်သည်နှင့်တပြိုင်နက်၊ ဆိုးယုတ်သောရဲများက ကျွန်မ၏ ဓါတ်ပုံနှင့် လက်ဗွေရာတို့ကို အတင်းအဓမ္မ ယူခဲ့ကြသည်။ ထို့နောက် သူတို့က နာမည်စာရင်းတစ်ခုကို ယူလာကြပြီး မေးခွန်းများဖြင့် ကျွန်မကို စတင်ဖိအားပေးကြလေသည်။ “ဒီလူတွေကို မင်းသိလား။ မင်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဘယ်သူတွေလဲ” စာရင်းပေါ်တွင် ကျွန်မ ညီအစ်မအချို့၏ ရင်းနှီးသော နာမည်များကို မြင်ရသည့်အခါ၊ စိတ်တည်ငြိမ်စွာ ကျွန်မ ပြန်ဖြေခဲ့သည်။ “သူတို့ကို ကျွန်မ မသိဘူး၊ ပြီးတော့ ကျွန်မမှာ ဘာလုပ်ဖော်ကိုင်ဖက်မှ မရှိဘူး” ကျွန်မ စကားပြော ပြီးလျှင်ပြီးချင်း သူတို့ထဲမှတစ်ဦးက၊ “မင်း နှစ်အတော်ကြာ ပျောက်သွားခဲ့တယ်၊ ဒီတော့ မင်း ဘယ်မှာ ရှိခဲ့တာလဲ၊ မင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ရှိကိုရှိတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို မင်း ယုံနေတုန်းပဲလား။ ဖွင့်ပြောစမ်းပါ” ဟု ကျွန်မကို အော်ဟစ်လေသည်။ ထိုဆိုးယုတ်သောရဲ၏ စကားများက တစ်ပြိုင်နက်တည်း ကျွန်မကို ဝမ်းနည်းစေသလို မကျေမချမ်းဖြစ်စေခဲ့ပြီး ကျွန်မ၏ ဒေါသကို ကျွန်မ မချုပ်တည်းနိုင်ခဲ့ပါ။ “ဒီနေ့ ကျွန်မ ယုံကြည်တဲ့သူက ကောင်းကင်၊ မြေကြီးနဲ့ အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တဲ့ စစ်မှန်တဲ့ တစ်ဦးတည်းသော ဘုရားသခင်ဖြစ်တယ်။ ငါ လိုက်စားတာက သမ္မာတရား၊ ငါ လျှောက်တဲ့လမ်းကြောင်းက ဘဝမှာ မှန်ကန်တဲ့ လမ်းဖြစ်ပြီး ဒီအရာတွေအားလုံးက မျှော်လင့်ချက်ရှိပြီး တရားမျှတတယ်။ ဒါတောင် အသိစိတ် သိပ်ကို လုံးဝကင်းမဲ့တဲ့ ဒီနတ်ဆိုးတွေက ငါ့ကို လိုက်ဖမ်းပြီး စော်ကားနေတယ်၊ ငါ့ရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို ကန့်သတ်နေတယ်၊ ငါ့ရဲ့အိမ်ကနေ အတင်းအဓမ္မ မောင်းထုတ်တယ်၊ ငါ့ရဲ့မိသားစုဝင်တွေဆီကနေ ခွဲထုတ်ပြီး ဘုရားသခင်ကို သစ္စာဖောက်အောင် ငါ့ကို ဖိအားပေးဖို့ ဆက်ကြိုးစားနေကြတယ်။ ဘုရားသခင်ကို ယုံကြည်တာနဲ့ လူကောင်းတစ်ဦးဖြစ်ဖို့ ကြိုးစားတာက ဘာများ မှားလို့လဲ။ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ပြီး ဘဝမှာ မှန်ကန်တဲ့လမ်းကို လျှောက်ဖို့ ဘာလို့ ငါ့ကို သူတို့ အခွင့်မပေးချင်ကြတာလဲ။ တရုတ်ကွန်မြူနစ်ပါတီအစိုးရကို ဖန်တီးတဲ့ နတ်ဆိုးအဖွဲ့က တကယ်ကို ဖောက်ပြန်ရေးဝါဒီနဲ့ ဘုရားမဲ့တွေပဲ။ သူတို့က ဘုရားသခင်အတွက် စေ့စပ်ညှိနှိုင်းလို့မရတဲ့ ရန်သူတွေဖြစ်ပြီး ငါ အတူနေလို့မရတဲ့ ရန်သူတွေ ပိုလို့တောင် ဖြစ်သေးတယ်” ဟု ကျွန်မ တွေးမိခဲ့သည်။ ကျွန်မ၏ ဝမ်းနည်းမှုနှင့် မကျေမချမ်းဖြစ်ခြင်းတွင်၊ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ စိတ်ထဲ ပေါ်မလာဘဲမနေနိုင်ခဲ့ပါ။ “ဤလက်ပါးစေတို့။ ၎င်းတို့သည် ကြင်နာခြင်းကို မုန်းတီးခြင်းဖြင့် ပြန်ဆပ်ကြသည်၊ ၎င်းတို့သည် ကြာမြင့်စွာကတည်းက ဘုရားသခင်အား အထင်အမြင်သေးကြပြီးဖြစ်သည်၊ ၎င်းတို့သည် ဘုရားသခင်အား ညှဉ်းပန်းနှိပ်စက်ကြသည်၊ ၎င်းတို့သည် အဆုံးစွန် ရိုင်းစိုင်းကြသည်၊ ၎င်းတို့သည် ဘုရားသခင်ကို အနည်းငယ်မျှ အရေးထားမှု မရှိကြပေ၊ ၎င်းတို့သည် အဓမ္မလုယူကာ လုယက်တိုက်ဖျက်ကြသည်၊ ၎င်းတို့သည် အသိတရား လုံးလုံး ပျောက်ဆုံးကြပြီးဖြစ်သည်၊ အသိတရား အလုံးစုံကို ၎င်းတို့ ဆန့်ကျင်ကြကာ။...၎င်းတို့၏ ဝင်ရောက်စွက်ဖက်မှုသည် ကောင်းကင်အောက်ရှိ အရာခပ်သိမ်းကို မှောင်မိုက်ခြင်း နှင့် ပရမ်းပတာဖြစ်ခြင်း အခြေအနေတစ်ခုတွင် ချန်ထားပြီးဖြစ်၏။ ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...နှစ်ထောင်ပေါင်းများစွာကြာသည့် အမုန်းတရားကို နှလုံးသားထဲတွင် စုစည်းထားသည်၊ ထောင်ချီနှစ်ကာလကြာ အပြစ်ရှိခြင်းကို နှလုံးသားထက်တွင် ရေးထွင်းထားသည်— အဘယ်သို့လျှင် ဤအရာသည် စက်ဆုပ်ရွံရှာခြင်းကို မလှုံ့ဆော်ဘဲ ရှိနိုင်မည်နည်း။ ဘုရားသခင်၏ရန်သူကို လုံးဝ ဇီဝိန်ချုပ်စေလျက် ၎င်းအား နောက်ထပ် သောင်းကျန်းခွင့်မပြုတော့သကဲ့သို့၊ ၎င်းဆန္ဒရှိသလောက် ပြဿနာများ နောက်ထပ် ဖန်တီးခွင့် မပေးတော့ဘဲ ဘုရားသခင်အတွက် လက်စားချေကြလော့။ ယခု အချိန်ကျပေပြီ။ ဤမကောင်းဆိုးဝါး၏ အကျည်းတန်သော မျက်နှာကို ဆုတ်ဖြဲဖို့ရန်နှင့် မျက်စိကွယ်စေခြင်း ခံခဲ့ရကာ ဆင်းရဲ ဒုက္ခနှင့် အခက်အခဲမျိုးစုံ ကြံ့ကြံ့ခံရပြီးဖြစ်သည့် လူများကို ၎င်းတို့၏ နာကျင်မှုမှ ထပြီး ဤဆိုးယုတ်သော နတ်ဆိုးအိုအား ကျောခိုင်းခွင့်ပေးရန် လူသားသည် ကြာမြင့်စွာကတည်းက သူ၏ ခွန်အား အားလုံးကို စုစည်းပြီးဖြစ်သည်၊ ဤအရာအတွက် သူ၏ အားထုတ်မှုအားလုံးကို ဆက်ကပ်မြှုပ်နှံပြီးဖြစ်ကာ အဖိုးအခတိုင်းကို ပေးဆပ်ပြီးဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဤဘုရားသခင်၏ နှုတ်ကပတ်တော်များမှ သူ၏ အလိုတော်ကို ကျွန်မ နားလည်ခဲ့ပြီး ကျွနမအထဲတွင် ဤနတ်ဆိုးများကို ခါးသီးသော မုန်းတီးမှု ထွက်ပေါ်လာခဲ့သည်။ ဘုရားသခင်က ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး လူသားမျိုးနွယ်ကို သူ ကြည့်ရှုစောင့်ရှောက်ပါသည်။ လူသားမျိုးနွယ်က ဘုရားသခင်၏ အလျှံပယ် ရက်ရောမှုကို နှစ်သက်ခံစားပြီး ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်းတို့က အမြဲ မှန်ကန်ကာ ကောင်းမွန်ခဲ့သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီအစိုးရက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူတို့အား လူမဆန်စွာ ဖိနှိပ်ဖို့ တတ်နိုင်သမျှ အရာအားလုံး လုပ်ဆောင်ကြသည်။ ဘုရားသခင်ကို ယုံကြည်သူအားလုံးကို မျိုးဖြုတ်ဖို့နှင့် နောက်ဆုံးသောကာလထဲက လူကို ကယ်တင်ဖို့ ဘုရားသခင်၏ အမှုတော်ကို ဖျက်သိမ်ရန် အချည်းနှီး မျှော်လင့်ရင်း၊ ၎င်းက သူတို့ကို သွေးရူးသွေးတန်း လိုက်လံဖမ်းဆီးသည်၊ တရားမဝင် သူတို့ကို ထောင်ချကြသည်၊ သူတို့ကို ရက်စက်စွာ ညှင်းပန်းကာ ညှင်းဆဲကြသည်၊ အလုပ်ကြမ်းစခန်းများတွင် သူတို့ကို ထိန်းသိမ်းကြပြီး စော်ကားကာ လှောင်ပြောင်ကြလေသည်။ ထိုအရာသည် အမှန်တကယ် ကောက်ကျစ်ပြီး လွန်လွန်ကဲကဲ စက်ဆုပ်ဖွယ်ရာဖြစ်သည်။ ဤနှစ်များတစ်လျှောက်၊ အနန္တတန်ခိုးရှင် ဘုရားသခင်က ကျွန်မကို ကွယ်ကာခြင်းနှင့် စောင့်ရှောက်ခြင်းကြောင့်သာ မဟုတ်လျှင်၊ ကျွန်မသည် စာတန် နတ်ဆိုး၏ ရက်စက်စွာ အသတ်ခံရပြီးဖြစ်သည်မှာ ကြာခဲ့ပြီ။ အသက်ရှင်ခြင်းနှင့် သေခြင်းတို့နှင့်ဆိုင်သော ဤဝိညာဉ်ရေးရာ တိုက်ပွဲကို ရင်ဆိုင်ရာတွင်၊ သမ္မာတရားအတွက် ရပ်တည်ကာ ပြင်းထန်သော နာကျင်မှုကို ကျွန်မ ခံစားရသော်လည်း၊ ဘုရားသခင်ကို ချစ်နေဆဲဖြစ်ဖို့ ကျွန်မ စိတ်ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ကျွန်မ ဘဝကို ဘုရားသခင်အတွက် သက်သေရပ်တည်ဖို့ ကျွန်မ ကတိပြုပါသည်။

စကားတစ်ခွန်းမှမပြောဘဲ သူတို့ကို ကျွန်မ စိန်းစိန်း ဝါးဝါးကြည့်နေသည်ကို မြင်သည့်အခါ၊ ဆိုးယုတ်သောရဲများက ဒေါသထွက်လျက် ကျွန်မကို မဲခဲ့ကြသည်။ “မင်း မပြောချင်ဘူးပေါ့၊ ဟမ်။ မင်းကို စစ်မေးဖို့ ငါတို့ ဆရာတွေလာတဲ့အထိ စောင့်ပေါ့၊ ပြီးရင် မင်းပါးစပ် ဆက်ပိတ်သေးလားဆိုတာ ငါတို့ ကြည့်ရမှာပဲ” ဆိုးယုတ်သောရဲများ၏ အကြီးအကဲများက ကျွန်မကို ကိုယ်တိုင် စစ်မေးတော့မည်ကို ကြားရသည့်အခါ၊ ကျွန်မ အနည်းငယ် မကြောက်ဘဲ မနေနိုင်ခဲ့ပါ။ ထို့နောက် ဤဘေးအန္တရာယ် အားလုံးအလယ်၌ အရာအားလုံးအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အရာခပ်သိမ်းအပေါ် သူ၏ စီမံအုပ်ချုပ်မှုကို ကျွန်မ အမှန်တကယ် မည်သို့တွေ့ကြုံခဲ့ရသည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အတုမဲ့ အခွင့်အာဏာနှင့် တန်ခိုးရှိသော အသက်ပါခြင်းတစ်ခု မည်သို့ ရှိသည်ကို ကျွန်မ တွေးမိခဲ့သည်။ ဤအရာကို နားလည်ခြင်းဖြင့်၊ စာတန်၏ အမှောင်စွမ်းအားများကို အောင်နိုင်ဖို့ ယုံကြည်ခြင်းနှင့် သတ္တိ ကျွန်မအထဲတွင် ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ ဤဆိုးယုတ်သောရဲများက အလွန်အမင်း ရက်စက်ကာ ညှာတာမှုမဲ့သော်လည်း သူတို့က ရုပ်သေးကျားများသာ ဖြစ်သည်- အပြင်ပန်းတွင် သူတို့က သန်မာပုံပေါ်သော်လည်း အတွင်းတွင် အားနည်းကြသည်- ပြီးလျှင် သူတို့သည်လည်း ဖန်ဆင်းရှင်၏ လက်များဖြင့် ကြိုးကိုင်ခြယ်လှယ် ခံရကြပေသည်။ ကျွန်မ၏ စိတ်နှလုံးထဲတွင်၊ အောက်ဖော်ပြပါ စိတ်ပိုင်းဖြတ်မှုကို ဘုရားသခင်ထံ ကျွန်မ လုပ်ဆောင်ခဲ့သည်- “အို ဘုရားသခင်၊ နတ်ဆိုးတွေက ကျွန်မကို ဘယ်လိုပဲ ညှင်းဆဲပါစေ၊ ကျွန်မရဲ့ ယုံကြည်ခြင်းကို ကိုယ်တော် တည်ငြိမ်စေဖို့၊ ကိုယ်တော့်ကို ချစ်တဲ့ ကျွန်မရဲ့ နှလုံးသားကို ခွန်အားပေးပြီး ကျွန်မရဲ့ အသက် ဆုံးရှုံးရရင်တောင် ကိုယ်တော့်ရဲ့ အောင်နိုင်တဲ့ သက်သေခံချက် ကျွန်မကို ဖြစ်လာခွင့်ပေးဖို့ကိုပဲ ကျွန်မ တောင်းလျှောက်ပါတယ်” ပြည်သူ့လုံခြုံရေး ဌာန၏ လက်ထောက် ဥက္ကဋ္ဌများဟု မိမိတို့ကိုယ်ကိုယ် ခေါ်ကြသည့် လူနှစ်ဦးရောက်လာချိန်မှာ မနက် ၁၀ နာရီ ဖြစ်ပေမည်။ စကားတစ်ခွန်းမျှ မပြောဘဲ ကျွန်မကို သူတို့ ကြည့်ကြပြီးနောက် သူတို့ထဲမှတစ်ဦးက ဆံပင်မှ ကျွန်မကို ဖမ်းကိုင်ကာ မေးခွန်းအတင်းမေးခဲ့သည်- “အနန္တတန်ခိုးရှင် ဘုရားသခင်ကို မင်း ယုံနေတုန်းပဲလား။” ကျွန်မ နှုတ်ဆိတ်မြဲနှုတ်ဆိတ်နေသည်ကို တွေ့သည့်အခါ၊ အခြားသော ဆိုးယုတ်သောရဲအကြီးအကဲက ရိုင်းစိုင်းကြမ်းကြုတ်စွာ အော်ဟစ်လေသည်- “မင်း စကားမပြောရင်၊ ဒီနေ့ မင်းကို ငါ့တို့ ငရဲကိုပို့မှာကွ။” ရိုင်းစိုင်းသော သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်ရင်း ဤအရာကို ပြောစဉ်၊ သူက ကျွန်မ၏ ဆံပင်ကို ဖမ်းဆုပ်လိုက်ပြီး မြေပေါ် ကျွန်မကို ပစ်ပေါက်လိုက်သည်။ ကျွန်မ ပြန်မထနိုင်လောက်အောင် အလွန်ပြင်းထန်စွာ လဲကျခဲ့သည်။ ထို့နောက် ကျွန်မကို ဆံပင်မှသူတို့ ဒရွတ်တိုက်ဆွဲကြပြီး၊ “မင်း စကားပြောတော့မလား” ဟု အော်ဟစ်ရင်း ကျွန်မကို ရိုက်နှက် ကန်ကျောက်ခဲ့ကြသည်။ ရုတ်တရက်၊ ကျွန်မ မျက်နှာက နာကျင်မှုဖြင့် ပူသွားခဲ့ပြီး ကျွန်မ၏ ဦးရေမှာ အစိတ်စိတ်အမြွှာမြွှာ ဆုတ်ပြဲသွားသကဲ့သို့ မခံမရပ်နိုင်အောင် နာကျင်သွားလေသည်။ လူ့အဝတ်ဖြင့် ဤသားရဲနှစ်ကောင်မှာ အပြင်ပန်းတွင် လေးစားဖွယ်ရာ လူကြီးလူကောင်း ပုံပေါက်သော်လည်း အောက်ပိုင်းတွင် ရိုင်းစိုင်းသော တိရစ္ဆာန်များကဲ့သို့ ကြမ်းကြုတ်ကာ ရက်စက်ကြလေသည်။ သူတို့က ဤဆိုးယုတ်သော နိုင်ငံရေး ပါတီဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး ယင်း၏ လက်ကိုင်တုတ်များမှာ ဆိုးယုတ်သော မကောင်းဆိုးဝါးများနှင့် ဝိညာဉ်ဆိုးများ ဖြစ်သည်ကို သာ၍ပင် ရှင်းရှင်းလင်းလင်း ကျွန်မကို မြင်စေခဲ့သည်။ ဘုရားသခင်၏ အမျက်ဒေါသကို သူတို့ နောက်ဆုံးတွင် ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဤဆိုးယုတ်သော ရဲများ၏ ဆရာနှစ်ဦးက သူတို့၏ ဖိနှိပ်ညှင်းပန်းသော အာဏာကို ကျွန်မ အရှုံးမပေး ချင်သည်ကို တွေ့ကြသောကြောင့်၊ အမြင်အားဖြင့် ကြမ်းရမ်းသော ဒေါသူပုန်ထခြင်းဖြင့် နှစ်ဦးလုံးကို ကျွန်မကို အကြောင်းမဲ့သက်သက် ကန်ကျောက်ပြီး ကျွန်မအပေါ် ခြေဆောင့်နင်းဖို့ မိမိတို့၏ ခြေထောက်များကို အသုံးပြုရင်း ကျွန်ုမကို ဆံပင်မှ ဖမ်းကိုင်ကာ မြေပြင်ပေါ် စတင်ဖိကြလေသည်။ ထို့နောက် ကျွန်မကို ဒရွတ်တိုက်ဆွဲမကာ ကျွန်မ ခြေထောက်များ၏ အနောက်ဘက်ကို ပြင်းပြင်းထန်ထန် ခြေဖြင့်ဆောင့်ကာ ကျွန်မကို ပြင်းပြင်းထန်ထန် ကန်ချသောကြောင့် မြေပေါ် ကျွန်မ ဒူးထောက်လျက်သား လဲကျခဲ့ပြီး သူတို့က၊ “ဒူးထောက်ထားပြီး မလှုပ်နဲ့။ မင်း ဖွင့်ပြောတဲ့အခါကျမှ မတ်တပ်ရပ်နိုင်မယ်။ တကယ်လို့ မင်းစကားမပြောချင်ဘူးဆိုရင်၊ အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့” ဟု ကြမ်းကြုတ်စွာ ပြောကြလေသည်။ အနည်းငယ် ကျွန်မ လှုပ်ရှားလျှင်ပင်၊ သူတို့ ကျွန်မ၏ ဆံပင်ကို ကြမ်းတမ်းစွာ ဆွဲပြီး ကျွန်မကို ရိုက်နှက် ကန်ကျောက်ကြသည်။ သုံးနာရီ လေးနာရီကြာ ကျွန်မ ဒူးထောက်ခဲ့သည်၊ ထိုအချိန်အတောအတွင်းတွင် ကျွန်မ မိမိကိုယ်ကိုယ် မထိန်းနိုင်ခဲ့သောကြောင့် သူတို့ ရိုက်နှက်တာကို မရေတွက်နိုင်အောင် အကြိမ်ပေါင်းများစွာ ကျွန်မ ခံခဲ့ရသည်။ နောက်ဆုံးတွင်၊ မြေပြင်ပေါ် မူးဝေလျက်သား ကျွန်မ ပြိုလဲသွားခဲ့ပြီး ကျွန်မ၏ ဆံပင်ကို မညှာမတာ၊ ကြမ်းတမ်းစွာ သူတို့ ဆွဲရင်း ကျွန်မ၏ ဦးရေက ကျွန်မ ခေါင်းမှ တစ်စစီ ဆုတ်ပြဲသွားကဲ့သို့ ခံစားရစဉ်တွင် သူတို့က ကျွန်မကို သေချင်ယောင်ဆောင်ခြင်းအတွက် ကြိမ်းမောင်းခဲ့ကြသည်။ ထိုအခိုက်အတန့်တွင်၊ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး အပိုင်းပိုင်းအစစ ပြိုလဲသွားသကဲ့သို့ ဖြစ်ခဲ့သည်- ကျွန်မ ကြွက်သား မလှုပ်ရှားနိုင်ခဲ့သလို မခံမရပ်နိုင်အောင် နာကျင်ခဲ့သည်။ အချိန်မရွေး ကျွန်မ၏ နှလုံး အခုန်ရပ်သွားနိုင်သကဲ့သို့ ကျွန်မ ခံစားခဲ့ရသည်။ ကျွန်မကို ခွန်အားပေးဖို့ ဘုရားသခင်ကို ကျွန်မ ဆက်ခေါ်ခဲ့ပြီး ဘုရားသခင်၏ တိုက်တွန်းခြင်းနှင့် ခွန်အားပေးခြင်း နှုတ်ကပတ်တော်များက ကျွန်မ စိတ်ထဲရောက်လာခဲ့သည်။ “ပေတရုသည် ဘုရားသခင်ကို သေသည့်တိုင်အောင် ချစ်နိုင်ခဲ့သည်။ သူသည် ကားစင်တင်ခံရပြီး သူ၏ သေခြင်းကို ရင်ဆိုင်ခဲ့ရချိန်တွင်၊ ဘုရားသခင်ကို သူ ချစ်ဆဲ ဖြစ်သည်။ သူ၏ကိုယ်ပိုင်ရှေ့ရေးကို မစဉ်းစားခဲ့၊ သို့မဟုတ် နှစ်သက်ဖွယ် မျှော်လင့်ချက်များ သို့မဟုတ် လွန်ကဲသော အတွေးများနောက် မလိုက်ခဲ့ဘဲ၊ ဘုရားသခင်ကို ချစ်ဖို့နှင့် ဘုရားသခင်၏ စီစဉ်မှုများအားလုံးကို လိုက်နာဖို့သာ သူကြိုးစားခဲ့သည်။ ယင်းမှာ သင့်အနေဖြင့် သက်သေခံပြီးဖြစ်သည်ဟု မမှတ်ယူမီ၊ သိမ်းပိုက်ခြင်းခံရပြီးနောက် စုံလင်စေခြင်းခံရပြီး သူတစ်ဦး ဖြစ်မလာမီ၊ သင် စွမ်းဆောင်ရရှိရမည့် စံနှုန်း ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၂)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်မကို ယုံကြည်ခြင်းနှင့် ခွန်အားပေးခဲ့သည်။ “ဟုတ်တယ်။ ဘုရားသခင်အတွက် ပေတရုက လက်ဝါးကပ်တိုင်မှာ ဇောက်ထိုး သံမှိုရိုက်နှက်ခံခဲ့ရပြီး သူ့ခန္ဓာက မခံနိုင်လောက်အောင် နာကျင်မှုခံစားရတဲ့အချိန်မှာတောင် ဘုရားသခင်ကို သူ အလွန်ချစ်နိုင်ဆဲပဲ။ ဇာတိပကတိကို သူ အောင်နိုင်ခဲ့ပြီး စာတန်ကို အနိုင်ယူခဲ့တယ်၊ ပြီးတော့ ဒီလိုသက်သေခံချက်မျိုးကပဲ ထူးကဲပြီး ဘုရားသခင်ရဲ့ စိတ်နှလုံးကို နှစ်သိမ့်ပေးနိုင်စွမ်းရှိတယ်။ ငါ့ထဲမှာ ဘုရားသခင် ဘုန်းထင်ရှားစေဖို့ ပေတရုကို ငါ အတုယူချင်တယ်။ ငါ့ရဲ့ ခန္ဓာကိုယ်က ပြင်းထန်တဲ့ နာကျင်မှုမှာရှိပေမဲ့၊ အဲဒါက ပေတရု ဖြတ်သန်းခဲ့ရတဲ့ ကားတိုင်ပေါ်မှာ ဇောက်ထိုး သံမှိုရိုက်နှက်ခံရတဲ့အဖြစ်ထက် အများကြီးလျော့နည်းပါသေးတယ်။ ငါ့ရဲ့ ခန္ဓာကိုယ်ကို ညှင်းဆဲရင်းနဲ့ ဘုရားသခင်ကို ငါ သစ္စာဖောက်မှာကို စာတန်က ဆန္ဒရှိပေမယ့် ဘုရားသခင်က သူ့အတွက် ငါ့ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို စုံလင်စေဖို့ ဒီအခွင့်အရေးကို အသုံးပြုတယ်။ ဒီနေ့၊ စာတန်ကို ငါ လုံးဝ အရှုံးပေးမှာမဟုတ်သလို သူ့ရဲ့ အကြံအစည်ကိုအောင်မြင်ခွင့် ပေးမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ ချစ်ခြင်းအတွက် ငါ အသက်ရှင်ချင်တယ်” ဟု ကျွန်မ မိမိဘာသာ တွေးမိခဲ့သည်။ ရုတ်တရက်၊ သေရမည်ကို ကျွန်မ ကြောက်ရွံ့မှု တစ်ခုတစ်လေမျှ မရှိတော့ပါ။ ဘုရားသခင်ကို မိမိကိုယ်ကိုယ် လုံးဝပေးအပ်ဖို့ ကျွန်မ စိတ်ပိုင်းဖြတ်လာခဲ့ပြီး ဘုရားသခင်ကို ကျွန်မ သစ္စာရှိမည်ဟု ကျွန်မ အသက်အပေါ် သစ္စာဆိုခဲ့သည်။ ထို့နောက်ချက်ချင်း၊ ဘုရားသခင်ထံ ကျွန်မ ဆုတောင်းခဲ့ပါသည်- “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်မဟာ ကိုယ်တော့်ကို ကိုးကွယ်ပြီး ကျွန်မ နာခံသင့်သည့်အတိုင်း နာခံတဲ့ အဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ပါတယ်။ ကျွန်မရဲ့ အသက်ကို ကိုယ်တော့်အား ကျွန်မ ပေးပါ၏၊ ကျွန်မ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ကိုယ်တော့်ကို ကျွန်မ ယုံကြည်ပြီး ချစ်ပါတယ်” ချက်ချင်း ကျွန်မ၏ ခန္ဓာကိုယ်ထဲတွင် နာကျင်မှု သက်သာခြင်းကို ကြီးမားစွာ ကျွန်မ ခံစားခဲ့ရပြီး ကျွန်မ၏ ခန္ဓာကိုယ်နှင့် စိတ်တစ်ခုလုံးက ပေါ့ပါးခြင်းနှင့် လွတ်မြောက်မှု ခံစားချက်တစ်ခု ရရှိခဲ့သည်။ ဤအချိန်တွင်၊ ကျွန်မ စိတ်နှလုံးထဲတွင် အသင်းတော် ဓမ္မသီချင်းတစ်ပုဒ်ကို မဆိုညည်းဘဲ မနေနိုင်ခဲ့ပါ။ “ယနေ့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် သန့်စင်ခြင်းတို့ကို ကျွန်ုပ် လက်ခံ၊ မနက်ဖြန် ကိုယ်တော်၏ ကောင်းကြီးမင်္ဂလာများကို ကျွန်ုပ် ရရှိမည်။ ကျွန်ုပ်၏ ပျိုရွယ်မှုကို ကိုယ်တော်အား ကျွန်ုပ် ပေးလိုပြီး ဘုရားသခင်၏ ဘုန်းကြီးသော နေ့ရကို မြင်ရဖို့ ကျွန်ုပ်၏ အသက်တာကို ကျွန်ုပ် ဆက်ကပ်လိုသည်။ အို၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက ကျွန်ုပ်၏ စိတ်နှလုံးကို နှစ်သက်ကြည်နူးစေပြီ။ ကျွန်ုပ်အပေါ် အသစ်သော အသက်ကို နှင်းအပ်ရင်း၊ ကိုယ်တော် အမှုပြုကာ သမ္မာတရားကို ဖော်ပြပေ။ ခါးသောခွက်မှ ကျွန်ုပ် သောက်လိုပြီး၊ သမ္မာတရားကို ရရှိဖို့ ဆင်းရဲဒုက္ခ ကျွန်ုပ် ခံလိုပေ။ ညည်းညူခြင်းမရှိဘဲ အရှက်ရခြင်းကို ကျွန်ုပ် ခံမည်၊ ဘုရားသခင်၏ ကြင်နာမှုကို ပြန်လည်ပေးဆပ်ရင်း ကျွန်ုပ် အသက်တာကို ကုန်ဆုံးစေလိုသည်။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ “ဘုရားသခင်၏ ဘုန်းကြီးသော နေ့ကို ကျွန်ုပ် မြင်တွေ့လိုသည်”) ဆိုးယုတ်သော ရဲအထက်လူကြီးများသည် ကျွန်မကိုဒုက္ခပေးခြင်းမှ လုံးဝ ခြေကုန်လက်ပန်းကျသွားခဲ့ကြပြီး အချိန်ကြာမြင့်စွာ ဘာမျှမပြောဘဲ ထိုနေရာတွင် ရပ်နေခဲ့ကြသည်။ နောက်ဆုံးတွင်၊ ဘာလုပ်ရမည်မသိဖြစ်လျက်၊ ကျွန်မကို ဒေါသတကြီး မာဆတ်ဆတ်ပြောလိုက်ကြသည်- “မင်း စောင့်သာစောင့်နေ” ထို့နောက် သူတို့ ထွက်သွားကြသည်။ အခြားသော ဆိုးယုတ်သောရဲများသည် အတူတကွ ဆွေးနွေးလျက် အနီးအနားတွင် ရပ်နေခဲ့ကြသည်- “ဒီမိန်းမက အရမ်းမာတယ်၊ သူ့ကို ဘယ်သူမှ ဘာမှမလုပ်နိုင်ဘူး။ သူက လျူဟူးလန်ထက် ပိုခက်တယ်...။” ထိုအချိန်တွင်၊ ကျွန်မ၏ မျက်ရည်များ ကျဆင်းသည်ကို မတားနိုင်လောက်အောင် ကျွန်မ လွန်စွာစိတ်ထိခိုက်ခဲ့သည်။ ဘုရားသခင် အောင်နိုင်ခဲ့လေပြီ။ ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက အဖန်ဖန် မထောက်ပံ့ခဲ့လျှင်၊ ဘုရားသခင်က ကျွန်မကို တိတ်တဆိတ် အားမပေးခဲ့လျှင်၊ ကျွန်မ တကယ်ကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့လိမ့်မည်မဟုတ်ပါ။ ဘုန်းတန်ခိုးနှင့် ချီးမွမ်းခြင်းအားလုံး အနန္တတန်ခိုးရှင် ဘုရားသခင် ပိုင်ဆိုင်ပါစေ။ နောက်ဆုံးတွင်၊ ဆိုးယုတ်သောရဲများက ကျွန်မကို အကျဉ်းခန်းထဲတွင် ပိတ်ထားလိုက်ကြသည်။

အကျဉ်းခန်းထဲတွင်၊ ဆိုးယုတ်သောရဲများက အလျော့မပေးချင် ခဲ့ကြသေးဘဲ၊ ကျွန်မကို ရက်အနည်းကြာတိုင်း တစ်ကြိမ် မေးခွန်းမေးခဲ့ကြသည်။ သူတို့ ကျွန်မကို မေးခွန်းမေးသည့်အခါတိုင်းတွင်၊ စစ်မေးသည့်အခန်းထဲတွင် ကျွန်မကို သတ္တုချောင်းများ ကန့်လန့်ဖြတ် ထားသည့် တံခါးပေါက်တစ်ခုရှေ့တွင် ထိုင်စေကြပြီး ကျွန်မ၏ အဖြေများကို သူတို့ စိတ်မကျေနပ်သည့်အခါ လက်လှမ်းကာ ကြမ်းတမ်းစွာ ကျွန်မ မျက်နှာကို ရိုက်နှက်သည်၊ သို့မဟုတ် ကျွန်မ ဆံပင်ကို ဖမ်းဆွဲပြီး ကျွန်မ ခေါင်းကို သတ္တုချောင်းများဆီ ဆောင့်ချလေသည်။ သူတို့ အရာမရောက် သည်ကို မြင်သည့်အခါ၊ အမျက်ဒေါသဖြင့် သူတို့ သွေးရူးသွေးတန်း ဖြစ်လာကြသည်။ နောက်ဆုံးတွင်၊ ကျွန်မအပေါ် ကြမ်းတမ်းခြင်းက အသုံးမဝင်သည်ကို သူတို့ နားလည်သွားကြသောကြောင့်၊ အနုနည်းများကို သူတို့ ပြောင်းခဲ့ကြပြီး၊ “မင်း ကလေးတွေနဲ့ မင်းယောက်ျားက အိမ်မှာ မင်းကို စောင့်နေကြတယ်။ ပြီးတော့ မင်းရဲ့ ယောက်ျားက မင်းကိုယ်စား ငါတို့ကို တောင်းပန်ခဲ့တယ်။ ငါတို့ကို စကားပြောပါ၊ ပြီးရင် မကြာခင် မင်း ပြန်လို့ရပြီး သူတို့နဲ့ ပြန်ဆုံနိုင်မယ်” ဟု ပြောရင်း ကျွန်မကို သွေးဆောင်ပြီး ဖျောင်းဖျဖို့ ကြိုးစားခဲ့ကြသည်။ ဤအယောင်ဆောင် စကားများက ကျွန်မကို စက်ဆုပ်စေပြီး ကျွန်မ၏ စိတ်ထဲတွင် သူတို့ကို ကျိန်ဆဲဖို့ ဘုရားသခင်ကို တောင်းလျှောက်သည်အထိ သူတို့ကို အလွန်တရာ မုန်းတီးစေခဲ့သည်။ ဤယုတ်ညံ့ပြီး အရှက်မရှိသော ဆိုးယုတ်သောရဲအဖွဲ့ကို ကျွန်မ စက်ဆုပ်မိပါသည်။ ကျွန်မ စိတ်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်- သူတို့ ဘာလှည့်ကွက်ပဲ လုပ်လုပ်၊ တစ်စက်မှ ငါ ရွေ့မှာမဟုတ်ဘူး။ ဒီဘဝမှာ၊ အနန္တတန်ခိုးရှင် ဘုရားသခင်နောက်လိုက်ဖို့ ငါ့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ဘယ်သူမှ ကိုင်လှုပနိုင်မှာမဟုတ်ဘူး နောက်ဆုံးတွင်၊ ဆိုးယုတ်သောရဲများက သူတို့အကွက်အကုန် ကစားခဲ့ကြပြီးဖြစ်သောကြောင့် ကျွန်မကို ရက် ၄၀ ကြာ ပိတ်လှောင်ထားခဲ့ကြပြီး၊ ယွမ် ၂၀၀၀ ဒဏ်တပ်ပြီးနောက် လွတ်ပေးခဲ့ကြသည်။

ကျွန်မ၏ တွေ့ကြုံမှုများတစ်လျှောက်လုံး၊ လမ်းတစ်လျှောက်လုံးတွင်၊ ကျွန်မကဲ့သို့သော သာမန်ကျေးလက် အမျိုးသမီးတစ်ဦးသည် ယခင်က အသိအမြင် သို့မဟုတ် သတ္တိတစ်ခုမျှမရှိခဲ့သူက ဝန်ခံဖို့ ညှင်းဆဲခံရကာ တရုတ်ကွန်မြူနစ်ပါတီရဲများ၏ ရက်စက်စွာ ညှင်းပန်းမှုနှင့် အန္တရာယ်ပေးခံရသည့် အချိန်အချို့ကို အောင်မြင်နိုင်သည်မှာ၊ ဘုရားသခင်ကို ခေါင်းမာစွာ ဆန့်ကျင်ပြီး ဘုရားသခင် ရွေးချယ်ထားသူတို့ကို သွေးရူးသွေးတန်း အန္တရာယ်ပေးသည့် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖောက်ပြန်ရေးဝါဒီ အနှစ်သာရကို ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး၊ ယင်းက မိမိ၏ ကိုယ်ပိုင် နာမည်ဂုဏ်သတင်းကို ထောက်ခံဖို့နှင့် ၎င်း၏ ဆိုးယုတ်သော နည်းလမ်းများကို ဖုံးကွယ်ဖို့ ပြည်သူများကို မည်သို့ လှည့်ဖြားသည်ကို သတိပြုနိုင်သည်မှာ ဘုရားသခင်၏ အံ့ဖွယ်ရာ လုပ်ရပ်များနှင့် အနန္တတန်ခိုးမှတဆင့် လုံးလုံးလျားလျား ဖြစ် ကြောင်းကို နက်ရှိုင်းသော နားလည်သဘောပေါက်မှု တစ်ခုရရှိလာခဲ့ပါသည်။ ကျွန်မ၏ လက်တွေ့ကျသော အတွေ့အကြုံထဲတွင်၊ ဘုရား နှုတ်ကပတ်တော်များ၏ သြဇာအာဏာနှင့် တန်ခိုးတို့က အလွန်ကြီးမားသည်၊ လူသားအပေါ် ဘုရားသခင် အပ်နှင်းသည့် အသက်ပါခြင်းက အသင်္ချေဖြစ်ပြီး စာတန်၏ ဆိုးယုတ်သော အင်အားစုအားလုံးကို နှိမ်နှင်းနိုင်သည်ကို ကျွန်မ အမှန်တကယ် အသိအမှတ်ပြုလာရသည်။ ဆင်းရဲဒုက္ခထဲတွင်၊ ကျွန်မကို နှစ်သိမ့်ခဲ့ပြီး ခွန်အားပေးခဲ့သည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်ကို ကျွန်မ သတိပြုမိခဲ့ပြီး၊ ယင်းက ကျွန်မ၏ လမ်းခရီး ပျောက်ဆုံးခြင်းမှ ကျွန်မကို ထိန်းသိမ်းခဲ့ပါသည်။ ကျွန်မ မည်သည့်နေရာတွင် ရှိနေနိုင်ပါစေ၊ သို့မဟုတ် မည်သည့်အခြေအနေများထဲတွင် ကျွန်မ မိမိကိုယ်ကိုယ် တွေ့မြင်ရပါစေ၊ ဘုရားသခင်သည် ကျွန်မ အပေါ် အမြဲ စောင့်ရှောက်နေပြီး သူ၏ ချစ်ခြင်းမေတ္တာက ကျွန်မနှင့်အတူ ရှိပါသည်။ ဤလက်တွေ့ကျပြီး စစ်မှန်သော ဘုရားသခင်နောက် ကျွန်မ လိုက်နိုင်သည်မှာ ကျွန်မ၏ ဂုဏ်ဖြစ်ပါသည်။ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ သူ၏ ဉာဏ်ပညာနှင့် သူ၏ အနန္တတန်ခိုးတို့ကို မြည်းစမ်းရဖို့ ဤနှိပ်စက်ညှင်းပန်းခြင်းနှင့် ဘေးအန္တရာယ်မျိုးကို ကျွန်မ တွေ့ကြုံနိုင်ခဲ့ရသည်မှာ သာ၍ပင် ကျွန်မ၏ ကောင်းမြတ်သော အခွင့်အလမ်းဖြစ်ပေသည်။ ဤနေ့မှစ၍၊ သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို အမှန်သိကျွမ်းခြင်းကို ရရှိဖို့၊ အဆုံးထိတိုင် ဘုရားသခင်ကို ချစ်ဖို့နှင့် ကျွန်မ၏ သစ္စာရှိခြင်းတွင် မယိမ်းမယိုင်ဖြစ်ဖို့ ကျွန်မ အစွမ်းကုန် လုပ်ဆောင်နိုင်ပါစေ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ထောင်ထဲမှာ နှစ်ကာလများစွာ

အန်းနင် တရုတ်နိုင်ငံ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ရက်တစ်ရက်မှာ၊ ကျွန်မ ယုံကြည်သူတစ်ယောက်ဖြစ်တာ တစ်နှစ်လောက်ရှိပြီဖြစ်သလို၊ ညီမငယ်တစ်ယောက်နဲ့...

နောင်တမရှိဘဲ ကုန်ဆုံးခဲ့သည့် လူငယ်ဘဝ

ရှောင်ဝမ်၊ ချောင်ချင်းစီရင်စု“’ချစ်ခြင်းမေတ္တာ’ဟု ခေါ်ဆိုသည့်အရာသည် ဖြူစင်ပြီး အပြစ်အနာအဆာကင်းသော စိတ်ခံစားမှုတစ်ခု၊ ချစ်ရန်၊ ခံစားရန်နှင့်...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။