ဘဝ၏ကြွယ်ဝချမ်းသာမှုများ

25.06.2019

ဝန်ဂျန်၊ ရှန်ဒေါင်စီရင်စု

ကျွန်တော်နှင့် ကျွန်တော်၏ဇနီးသည် နောက်ဆုံးသောကာလမှ အနန္တတန်ခိုးရှင်ဘုရားသခင်၏ အလုပ်ကိုလက်ခံခဲ့သည့် နှစ်များကတည်းကပင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။ ဤအချိန်အတွင်း၊ ကျွန်တော့်မှာ အားနည်းချက်များ၊ နာကျင်မှုများနှင့် မျက်ရည်များ ရှိခဲ့သော်လည်း၊ ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီ၏ နှိပ်ကွပ်ခြင်းကို တွေ့ကြုံရခြင်းမှ အမြောက်အများ ရရှိခဲ့ပါတယ်။ ထိုခါးသီးဖွယ် အတွေ့အကြုံများက ကျွန်တော့်အား တရုတ်ကွန်မြူနစ်ပါတီ၏ ဖောက်ပြန်ရေးဝါဒ၊ စာတန်နှင့်သက်ဆိုင်သည့် ဆိုးယုတ်သော သဘာဝနှင့် ၎င်း၏ အကျည်းတန်သော မျက်နှာထားကို ရှင်းရှင်းလင်းလင်း သိလာစေခဲ့သည်၊ ထို့အပြင် ကျွန်တော်သည် ကျွန်တော်၏ ဖောက်ပြန်ပျက်စီးသော သဘာဝကိုလည်း သိရှိလာခဲ့သည်။ ဤအရာက ကျွန်တော့်ကို ဘုရားသခင်၏ အနန္တတန်ခိုးနှင့်ဉာဏ်ပညာတို့ကို ခံစားရစေခဲ့သည်။ ဘုရားသခင်သည် တရုတ်ကွန်မြူနစ်ပါတီကို အဖြည့်ခံတစ်ခုအဖြစ် အသုံးချခြင်း၏ အဓိပ္ပာယ်ကို စစ်မှန်စွာ ခံစားပြီး အသိအမှတ်ပြုနိုင်ခဲ့ပါသည်၊ ထို့အပြင် ဘုရားသခင်နောက်လိုက်ရာတွင် ကျွန်တော်၏ ကိုယ့်ကိုကိုယ်ယုံကြည်မှုလည်း ပို၍ ခိုင်မာလာခဲ့ပါသည်။

နောက်ဆုံးသောကာလဘုရားသခင်၏အလုပ်ကို လက်ခံပြီးနောက်၊ ကျွန်တော်နှင့် ကျွန်တော်၏ ဇနီးသည် ကျွန်တော်တို့ အိမ်တွင် ဧည့်ခံပြုစုပေးခြင်းဖြင့် ကျွန်တော်တို့၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခဲ့ပါသည်။ ထိုအချိန်တွင်၊ ကျွန်တော်တို့နှင့် နေထိုင်သော ညီအစ်ကိုမောင်နှမများရှိပြီး သူတို့သည် အမြဲတစေပင် ကျွန်တော်တို့ အိမ်သို့ အဝင်အထွက် ရှိခဲ့ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ဘုရားသခင်ကို ယုံကြည်ကြောင်း ပတ်ဝန်းကျင်တွင် အတော်အတန် လူသိများကြပါသည်။ ၂၀၀၃ ခုနှစ် ဆောင်းရာသီတွင်၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုသည် ပို၍ ပြင်းထန်လာခဲ့ပါသည်။ တစ်နေ့တွင်၊ ကျွန်တော်တို့၏ခေါင်းဆောင်က “သင်တို့ကို ရဲတွေ စောင့်ကြည့်နေတယ်။ သင်တို့ဟာ အချိန်မရွေး အဖမ်းခံရဖို့ အန္တရာယ်ရှိတယ်၊ သင်တို့ အဖမ်းမခံရအောင် ပုန်းအောင်းနေထိုင်ဖို့ လုံခြုံတဲ့နေရာတစ်နေရာကို အမြန်ဆုံး ရှာဖွေပါ” ဟု ကျွန်တော်တို့ကိုပြောခဲ့သည်။ ထိုစကားကြားပြီးနောက်၊ ကျွန်တော် ထိတ်လန့်ခဲ့သည်။ ကျွန်တော်၏ အိမ်မှ ထွက်ခွာရမည်ကို စဉ်းစားမိသောအခါ ကျွန်တော့် နှလုံးသားထဲမှ ခံစားချက်ကို စကားလုံးများဖြင့် ပြောမပြနိုင်အောင် ဖြစ်ခဲ့ရသည်။ “ဒီ အုတ်ကြွပ်ပြားမိုး အိမ်ကို တည်ဆောက်ဖို့ ကျွန်တော် အလုပ်ကြိုးစားခဲ့ရတယ်၊ ကျွန်တော်တို့ နေခဲ့တာလည်း တစ်နှစ်တောင် မပြည့်ပါဘူး၊ ဒီအတိုင်း ကျွန်တော် ထွက်သွားဖို့ ဆန္ဒမရှိဘူး။ အို ဘုရားသခင်၊ တကယ်လို့ ကျွန်တော်တို့ မထွက်ခွာခင် နှစ်အနည်းငယ်လောက် ကိုယ်တော် နေခွင့်ပြုခဲ့ရင် ကောင်းမယ်။ အခြားနေရာမှာ နေရတာ အိမ်မှာနေသလို သက်တောင့်သက်သာနဲ့ အဆင်မပြေဘူး” ဟူ၍ ကျွန်တော် စဉ်းစားမိခဲ့သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကြောင့်၊ ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘဲ ကျွန်တော်၏ အိမ်အသစ်ကို ရောင်း၍ ပြောင်းခဲ့ရလေသည်။ အသစ်စက်စက် တည်ဆောက်ထားသော ကျွန်တော်၏ အိမ်ကို ပတ်ကြည့်နေရင်း ဝမ်းနည်းမှုနှင့် နာကျင်မှုကို ကျွန်တော် တလိပ်လိပ် ခံစားခဲ့ရသည်။ ထိုအိမ်နှင့် ခွဲခွာရမည်ကို ကျွန်တော် တကယ်ပင် မခံစားနိုင်ခဲ့ပေ၊ ထိုအချိန်တွင် ၎င်းကို ရောင်းချရခြင်းမှာ ဝမ်းနည်းစရာတစ်ခု ဖြစ်ကြောင်း ခံစားမိခဲ့သည်။ ကျွန်တော်သည် ဇာတိပကတိ၏ အရှုံးနှင့်အမြတ်များကို ထည့်တွက်နေစဉ်အတွင်းမှာပင်၊ ဘုရားသခင်ထံမှ အောက်ပါ နှုတ်ကပတ်တော်များကို စဉ်းစားမိခဲ့လေသည်၊ “အာဗြဟံသည် ဣဇာက်ကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ ယောဘသည် အရာရာကို ပူဇော်ခဲ့သည်- သင်တို့သည် မည်သည့်အရာကို ပူဇော်ကြပြီးပြီနည်း။ လူများစွာတို့သည် မှန်သောလမ်းခရီးကို ရှာဖွေရန်အလို့ငှာ မိမိတို့၏ အသက်များကို ပေးကြပြီးဖြစ်သည်၊ လည်စင်းခံကြပြီးဖြစ်ကာ မိမိတို့အသွေးကို သွန်းကြပြီးဖြစ်သည်။ ထိုအဖိုးအခကို သင်တို့ ပေးကြပြီးပြီလော။ နှိုင်းယှဉ်ခြင်းအရ၊ သင်တို့သည် ထိုသို့ ကြီးမားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားရန် အရည်အချင်း လုံးဝ မပြည့်မီကြပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မောဘ၏ သားစဉ်မြေးဆက်များကို ကယ်တင်ခြင်း အဓိပ္ပါယ်) ဘုရားသခင်၏ နူတ်ကပတ်တော်များသည် ကျွန်တော့် နှလုံးသား၏ အချက်အချာကို နှစ်ဖက်ချွန် ဓားကဲ့သို့ပင် ဖောက်ထွင်းသွားခဲ့သည်။ ကျွန်တော် အလွန်အမင်း ရှက်ခဲ့ပါသည်။ ၎င်းမှာအမှန်အကန်ပင်ဖြစ်ခဲ့ပါသည်။ ဘုရားသခင်၏ သတ်မှတ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အာဗြဟံသည် သူ ချစ်မြတ်နိုးသော အရာနှင့် ခွဲခွာရန်၊ ကြီးစွာသော နာကျင်မှုကို ခံရန်၊ သူ့၏ တစ်ဦးတည်းသော သားကို ဘုရားသခင်ထံ မီးရှို့ရာယဇ်အဖြစ် ပြန်လည်ပေးအပရန် ဆန္ဒရှိနေခဲ့သည်။ စာတန်နှင့် ဘုရားသခင် အလောင်းအစား ပြုခဲ့ကြရာတွင်၊ ယောဘသည် သူ၏ ပိုင်ဆိုင်မှုအားလုံးနှင့် သားသမီးဆယ်ယောက်ကို ဆုံးရှုံးခဲ့ရသော်လည်း၊ သူသည် ယေဟောဝါဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပြီး ထောမနာပြုနိုင်စွမ်းရှိခဲ့သေးသည်။ အဆုံးသတ်တွင် သူသည် သူ့၏သူငယ်ချင်းများ နှင့် မိသားစု၏ စွန့်ပစ်ခံခဲ့ရပြီး အနာစွဲကပ်ခြင်းဖြင့် နှိပ်စက်ညှဥ်းပန်းမှုကို ခံစားခဲ့ရသော်လည်း၊ သူသည် ဘုရားသခင်ကို အပြစ်တင်မည့်အစား သူ မွေးဖွားလာသော နေ့ကိုသာ ကျိန်ဆဲခဲ့လေသည်။ သူသည် ဘုရားသခင်အတွက် ကြံ့ခိုင်ပြီး ထူးကဲသော သက်သေခံချက်ကို သက်သေခံခဲ့ပြီး စာတန်သည် လုံးဝ အရှက်တကွဲအကျိုးနည်းဖွယ်ရာ ရှုံးနိမ့်ခြင်းကို ခံစားခဲ့ရသည်။ ခေတ်အဆက်ဆက်တွင် သန့်ရှင်းသူများနှင့် ပရောဖက်များရှိခဲ့ပါသည်၊ ဘုရားသခင်၏ အလိုတော်ကို လိုက်နာရန်အတွက်၊ ၎င်းတို့ထဲမှ အချို့သည် ၎င်းတို့၏ ပျိုရွယ်ချိန်နှင့် အိမ်ထောင်များကို စွန့်လွှတ်ခဲ့ကြသည်၊ ၎င်းတို့ထဲက အချို့သည် မိသားစုများ၊ ဆွေမျိုးများနှင့် လောကီကြွယ်ဝချမ်းသာမှုများကို စွန့်လွှတ်ခဲ့ကြသည်။ အချို့သည် ဘုရားသခင်၏ အလုပ်အတွက် ၎င်းတို့၏ အသက်ကိုပင် စွန့်လွှတ်ခဲ့ကြသည်။ သို့သော် ကျွန်တော့်ကိုယ် ကျွန်တော် ကြည့်ခြင်းဖြင့်၊ ကျွန်တော်သည် ထိုသန့်ရှင်းသူများ၏ မျိုးဆက် အဆက်ဆက် မည်သည့်အခါမှ မရရှိခဲ့သည့် ရှားပါးသော ကယ်တင်ခြင်း၏ ကျေးဇူးတော်နှင့် ဘုရားသခင် အပ်နှင်းခဲ့သော အသက်တာအတွက် ကြွယ်ဝသော နှုတ်ကပတ်တော်များကို ခံစားခဲ့ရသော်လည်း၊ ကျွန်တော်သည် ဘုရားသခင်အတွက် မည်သည့်အရာကို စွန့်လွှတ်ခဲ့ပြီနည်း။ မည်သည့်အရာကို ဘုရားသခင်အဖို့ ဆပ်ကပ်ခဲ့သနည်း။ တရုတ်ကွန်မြူနစ်ပါတီ၏ လက်ရှိဖိနှိပ်မှုများနှင့် ဖမ်းဆီးမှုများကြောင့်၊ ကျွန်တော်သည် အိမ်မှ ထွက်ခွာရုံကလွဲ၍ ရွေးချယ်စရာမရှိခဲ့ပေ၊ သို့မှသာ ၎င်းတို့၏ ဆိုးညစ်သော အာဏာစက်ထဲ ကျရောက်ကာ ရက်စက်ကြမ်းကြုတ်သော နှိပ်ကွပ်မှုကို မခံရမည် ဖြစ်သည်။ သို့သော်၊ ကျွန်တော် အရေးစိုက်သည့် တစ်ခုတည်းသောအရာမှာ ကျွန်တော်၏ အုတ်ကြွပ်မိုး အိမ်အသစ်နှင့် ဇာတိပကတိ၏ သာယာကြည်နူးမှု ဖြစ်ပါသည်။ ကျွန်တော်သည် ကျွန်တော်၏အရှေ့တွင်ရှိသော ဇာတိကပတိ၏ သာယာမှု အနည်းငယ်လေးအတွက် ကျွန်တော်၏အသက်လုံခြုံရေးကိုပင် တန်ဖိုးမထားခဲ့ပေ။ ကျွန်တော်သည် ကိုယ်စိတ်ချမ်းသာမှုအတွက် တကယ်ပင် လောဘကြီးခဲ့၍ အသက်ထက် ငွေကြေးကို တန်ဖိုးထားခဲ့သည်။ ယနေ့တွင်၊ ကျွန်တော်သည် ကျွန်တော့်၏ ဘေးကင်းလုံခြုံရေးအတွက်ပင် ကျွန်တော့် အိမ်ကို ထား၍ ထွက်သွားဖို့ ဆန္ဒမရှိခဲ့ပေ။ အကယ်၍ ကျွန်တော့်ကိုယ်ကျိုးများကို ကျောခိုင်းပြီး ကိုယ့်ကိုကိုယ် ဘုရားသခင်ထံ ပေးအပ်မြှုပ်နှံထားလျှင် သို့မဟုတ်ဘုရားသခင်၏ အလုပ်အတွက် ကျွန်တော်၏ အသက်ကို စွန့်ဖို့ တောင်းဆိုခြင်း ခံရလျှင်၊ ကျွန်တော်ကဲ့သို့ ငွေကြေးကို အသက်ထက်မျှ ချစ်၍၊ ဇာတိကပတိ၏ သာယာကြည်နူးမှုကို အငမ်းမရဖြစ်နေသောသူသည် အဘယ်သို့ သူ့ကိုယ်သူ ဘုရားသခင်ထံ ပေးအပ်နှစ်မြှုပ်ထားဖို့ ဆန္ဒရှိမည်နည်း။ ကျွန်တော်သည် ချက်ချင်းပင် အဝေးသို့ ထွက်ပြေးမည် မဟုတ်လော။ “ကျွန်တော်သည် ပေတရု၏ ဥပမာနောက် လိုက်ဖို့ ဆန္ဒရှိ၍ ဘုရားသခင်ကို ချစ်ခြင်းအတွက် ရှေ့ဆောင်သူတစ်ယောက် ဖြစ်လိုသည်။ ကျွန်တော်သည် အရာရာကို စွန့်လွှတ်ရန် နှင့် အရာရာကို ဘုရားသခင်အဖို့ အသုံးခံရန် ဆန္ဒရှိပါသည်။ ကျွန်တော်သည် ဘုရားသခင်ကိုသာ ကျေနပ်စေလိုသည်” ဟု ကျွန်တော် မကြာခဏ အာချောင်ကာ ပြောခဲ့ကြောင်းကို ကိုယ့်ကိုကိုယ် စဉ်းစားမိခဲ့သည်။ သို့သော် အမှန်တကယ် အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါတွင်၊ ဤအရာအားလုံးသည် အလိမ်အညာများ ဖြစ်လာခဲ့သည်။ ကျွန်တော်သည် ကျွန်တော်၏ လက်ငင်းအကျိုးစီးပွားများကိုသာ စဉ်းစားပြီး ဇာတိပကတိ၏ သာယာကြည်နူးမှုအတွက် ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ အမှန်တကယ်ပင် ကြိုးစားခဲ့ပါသည်။ ထို့နောက် ကျွန်တော် ကိုယ့်ကိုကိုယ် မေးခဲ့သည်။ ဘုရားသခင်ထံ ကျွန်တော် ပြန်ပေးရမည့် ချစ်ခြင်းမှာ ဤအရာပင် ဖြစ်နိုင်သလော။ ဘုရားသခင်က “သင်ချစ်လျှင်၊ သင်သည် သင့်ကိုယ်သင် ဝမ်းမြောက်ဝမ်းသာ ဆက်ကပ်မြှုပ်နှံလိမ့်မည်၊ အခက်အခဲကို ဝမ်းမြောက်ဝမ်းသာ ခံစားလိမ့်မည်။ သင်သည် ငါနှင့်သဟဇာတဖြစ်လိမ့်မည်၊ ငါ့အတွက် သင်၌ ရှိသမျှအားလုံးကို စွန့်လွှတ်လိမ့်မည်...ထိုသို့မဟုတ်ပါက၊ သင်၏ ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာ လုံးဝ ဖြစ်မည်မဟုတ်ဘဲ၊ လှည့်ဖြားခြင်းနှင့် သစ္စာဖောက်ခြင်းတို့သာ ဖြစ်ပေမည်။ သင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့သော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သနည်း။ ယင်းသည် စစ်မှန်သောချစ်ခြင်းမေတ္တာလော။ သို့တည်းမဟုတ် အယောင်ဆောင်လော။ မည်မျှ သင်စွန့်လွှတ်ပြီးပြီနည်း။ မည်မျှ သင် ပူဇော်ပြီးပြီနည်း။ ငါသည် သင့်ထံမှ ချစ်ခြင်းမေတ္တာမည်မျှ ရရှိပြီးပြီနည်း။ သင်သိသလော။ သင်တို့၏စိတ်နှလုံးများသည် မကောင်းမှု၊ သစ္စာဖောက်ခြင်းနှင့် လှည့်ဖြားခြင်းတို့ဖြင့် ပြည့်နေလေသည်- ပြီးလျှင် ထိုသို့ဖြစ်နေသဖြင့်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခေါ်တော်မူသောသူအများရှိသော်လည်း ရွေးကောက်တော်မူသောသူနည်း၏) ဟူ၍ ပြောခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်၏ မျက်မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုမှုတစ်ခု ပြုလုပ််ခဲ့သော်လည်း ၎င်းကို မစောင့်ထိန်းခဲ့ပါ။ ဤအရာသည် ဘုရားသခင်ကို လှည့်စားရန်၊ အရူးလုပ်ရန် ကြိုးပမ်းနေခြင်းပင် မဟုတ်သလော။ ကျွန်တော် ထိုအရာကို စဉ်းစားမိသောအခါ၊ ဘုရားသခင်၏ မျက်မှောက်တွင် ဝပ်စင်း၍ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်တော်သည် အကျပ်အတည်းတစ်စုံတစ်ရာကိုမှ ညည်းတွားခြင်းမရှိဘဲ ညီအစ်ကိုမောင်နှမ ဘယ်နှစ်ဦးကိုမဆို ဧည့်ခံဖို့ ဆန္ဒရှိပြီး ၎င်းမှာ ကိုယ်တော့်အပေါ် ကျွန်တော်၏ ချစ်ခြင်းကို ထုတ်ဖော်ခြင်း ဖြစ်သည်ဟု ကျွန်တော် အမြဲယုံကြည်ခဲ့ဖူးသည်။ သို့သော်လည်း ကျွန်တော်၏ ချစ်ခြင်းဟုခေါ်ဆိုသောအရာသည် အခြေအနေအရဖြစ်၍ ဇီဇာကြောင်ခြင်းဖြစ်ကြောင်း အဖြစ်မှန်များ ထုတ်ဖော်ခြင်းကို ကျွန်တော်မြင်ခဲ့ရသည်။ ၎င်းသည် ကျွန်တော်လိုချင်ခဲ့သော အရာအပေါ်တွင် လုံးဝအခြေခံထားခြင်းဖြစ်ပါသည်၊ ထို့အပြင် ကျွန်တော်သည် ၎င်းကို သက်တောင့်သက်သာရှိသော ပတ်ဝန်းကျင်တွင်သာ ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ကိုယ်တော်က ကျွန်တော့်အား ဇာတိကပတိ၏အကျပ်အတည်းများကို သည်းခံစေ၍ ကျွန်တော်၏ကိုယ်ကျိုးစီးပွားများကို လျှော့ပေးရန် တောင်းဆိုသောအခါတွင်၊ ကျွန်တော်၏ “ချစ်ခြင်း” ကွယ်ပျောက်သွားခဲ့ပါသည်။ ကျွန်တော့်တွင် ကိုယ်တော်အတွက် ချစ်ခြင်းဟူ၍ တကယ်မရှိဘဲ၊ ဘုရားသခင်၏ ချစ်ခြင်းကို ပြန်လည်ပေးဆပ်ရန်အတွက် ကျွန်တော့်၏တာဝန်ကိုလည်း လုံးဝထမ်းဆောင်ခြင်းမရှိသော်လည်း ထိုအရာမှာ ကြီးမြတ်သော ကောင်းချီးမင်္ဂလာများနှင့် ဖလှယ်ဖို့ ကျွန်တော် ပေးခဲ့သည့် နည်းပါးသော အဖိုးအခပင်ဖြစ်သည်ဟု ထိုအရာမှ ကျွန်တော် မြင်ခဲ့ရသည်။ ကျွန်တော်သည် တကယ်ပင် အခွင့်အရေးသမား စစ်စစ်တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် ကိုယ်တော်၏မျက်မှောက်တော်တွင် နေထိုင်ရန် အမှန်တကယ်ပင် မသင့်တော်ပါ၊ ထို့အပြင် ဘဝအတွက် ကိုယ်တော်ဖြည့်ဆည်းပေးသော အထောက်အပံ့အားလုံးကို ကျွန်တော် လက်ခံရယူဖို့ရန်အတွက် ပို၍ပင် မထိုက်တန်ပါ။ အို ဘုရားသခင်၊ ကျွန်တော်သည် ကိုယ်တော်ကို လှည့်စားရန်၊ ဆန့်ကျင်ရန်နှင့်၊ ကိုယ်တော်ကို ထိခိုက်နစ်နာစေရန် ဆန္ဒမရှိတော့ပါ။ ကျွန်တော်သည် ကျွန်တော့်၏ သစ္စာကတိများကို ထိန်းသိမ်း၍၊ ကိုယ်ကျိုးစီးပွားကို ဘေးဖယ်ကာ ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို နာခံရန် ဆန္ဒရှိပါသည်” ဟု ဆုမတောင်းဘဲ မနေနိုင်ခဲ့ပါ။ ထို့နောက် ကျွန်တော်သည် ထိုအိမ်အသစ်ကို ရောင်းခဲ့ပြီး၊ မရင်းနှီးသောနေရာတစ်ခုတွင် နှစ်ခန်းတွဲ တိုက်ခန်းတစ်ခန်းကို ဝယ်ယူခဲ့လေသည်၊ ထို့အပြင် ကျွန်တော်တို့၏ ဧည့်ခံပြုစုခြင်းတာဝန်များကို ထိုနေရာတွင် ပြန်လည်ထမ်းဆောင်ခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိုအချိန်သည် ၂၀၀၄ ခုနှစ်၏ နွေဦးဖြစ်ခဲ့ပြီးမမျှော်လင့်ဘဲ၊ တရုတ်ကွန်မြူနစ်ပါတီ ရဲများသည် ကျွန်တော်တို့အပေါ်သို့ မျက်စိဒေါက်ထောက်ကြည့်ခဲ့ပြန်သည်။ သူတို့သည် သူလျှိုနှစ်ယောက်ကို ဗေဒင်ဆရာများအဖြစ် ဟန်ဆောင်စေပြီး သတင်းအချက်အလက်တစ်ချို့ နှိုက်ယူရန်အတွက် ကျွန်တော်တို့ အိမ်သို့ စေလွှတ်ခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်အား သူ့၏ ဉာဏ်အလင်းဖွင့်ပေးခြင်းနှင့် လမ်းညွှန်မှုတို့အတွက် ကျေးဇူးတင်ပါသည်၊ သူတို့၏အကြံအစည်ကို ကျွန်တော်တို့ မြင်ခဲ့သည်၊ ထို့အပြင် ကျွန်တော်တို့သည် ဘုရားသခင်ကို အားကိုးလျက် ဉာဏ်ပညာကို အသုံးပြု၍ သူတို့ကို ထွက်သွားစေခဲ့သည်။ အသင်းတော်က ဤအကြောင်းကို ကြားပြီးနောက်တွင်၊ ကျွန်တော်တို့၏ တာဝန်များကို ရပ်ဆိုင်းစေခဲ့သည်။ ကျွန်တော်တို့၏ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန် သူတို့က ကျွန်တော်တို့အား အလုပ်များ ရှာကြရန် အကြံပေးခဲ့ကြသည်။ ထိုအချိန်မှစ၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့၏ညီအစ်ကိုမောင်နှမများနှင့် အဆက်အသွယ်မရှိလုနီးပါးပင်ဖြစ်ခဲ့သည်။ ဒေသအခြေအနေသည် ပို၍ပို၍ တင်းမာလာသည်။ ခြောက်လကြာပြီးနောက်၊ ယုဒတစ်ယောက်သည် ကျွန်တော်တို့ကို သစ္စာဖောက်ခဲ့ကြောင်း နှင့် ကျွန်တော်တို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ လက်ထဲသို့ ကျရောက်မှုမှ ရှောင်ရှားနိုင်စေရန်အတွက် တတ်နိုင်သမျှ အမြန်ဆုံးပြောင်းရွှေ့ရန် လိုအပ်ကြောင်း ပြောထားသော အကြောင်းကြားစာတစ်ခုကို မမျှော်လင့်ဘဲ အသင်းတော်မှ ကျွန်တော်တို့ ရရှိခဲ့သည်။ ဤအခြေအနေကို ရင်ဆိုင်ရသောအခါတွင်၊ ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီကို မမုန်းဘဲ မနေနိုင်ခဲ့ပေ။ ကျွန်တော် အတိတ်တွင်ကြားခဲ့သော၊ “နိုင်ငံသားများ၌ ဘာသာရေးလွတ်လပ်ခွင့် ရှိကြသည်၊ ထို့အပြင် ၎င်းတို့၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ပေးမည်” ဟူသည့် တရုတ်ကွန်မြူနစ်ပါတီ၏ကြေညာချက်စကားလုံးများကို စဉ်းစားမိသည်။ ဘုရားကျောင်းများ တည်ဆောက်မှုလည်း ရှိခဲ့သည်၊ ကျွန်တော့်၏ ပါတီအပေါ် မြတ်နိုးမှုလည်း စင်စစ်ပင် တိုးတက်လာခဲ့သည်။ သို့သော် ထိုနေ့မှစ၍၊ လက်တွေ့ကိုရင်ဆိုင်ရသောအခါ၊ ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အကျည်းတန်သော မျက်နှာကို နောက်ဆုံးတွင် ရှင်းလင်းစွာ မြင်ခဲ့ရသည်။ ကျွန်တော်သည် ၎င်း၏ စက်ပုန်းခုတ်ခြင်းများကို ရိပ်စားမိခဲ့ပြီး၊ ၎င်း ကြေညာခဲ့သောအရာနှင့် ၎င်း လုပ်ဆောင်ခဲ့သောအရာတို့မှာ ကွာခြားသည်ဆိုသည်ကို သဘောပေါက်မိခဲ့သည်၊ တရုတ်ကွန်မြူနစ်ပါတီ ပြောခဲ့သော၊ လုပ်ဆောင်ခဲ့သော အရာများမှာ အလိမ်အညာများနှင့် လှည့်စားမှုမှလွဲ၍ ဘာမျှမဟုတ်ခဲ့ပေ။ ၎င်းတို့မှာ လူအများကို လှည့်ဖြားရန်နှင့် မမြင်နိုင်စေရန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းများဖြစ်ကြသည်။ တရုတ်ကွန်မြူနစ်ပါတီသည် ရက်စက်ယုတ်မာ၍ အကြင်နာမဲ့သည်၊ ကောက်ကျစ်၍ လိမ်ညာလှည့်ဖြားတတ်သည်၊ လျော်ကန်မှုမရှိဘဲ ထာဝရဘုရားသခင်ကို ဆန့်ကျင်၍ လုံးဝဖောက်ပြန်ရေး အင်အားစု ဖြစ်ခဲ့သည်။ ၎င်းသည် လူတွေကို အန္တရာယ်ပေးပြီး ဝါးမြိုတတ်သော မကောင်းဆိုးဝါးတစ်ကောင်ပင် ဖြစ်ခဲ့သည်။ လူ့ဇာတိခံယူထားသော ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းဖြစ်သော လူသားများကို ကယ်တင်ရန်အတွက် ကမ္ဘာမြေကြီးပေါ်သို့ ကြွလာခဲ့သည်။ ဤသည်မှာ လူသားများအတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်၊ ၎င်းသည် အလွန်ကြီးမားပြီး၊ ဝမ်းမြောက်ဖွယ်ရာ ဖြစ်သည်၊ သို့သော် တရုတ်ကွန်မြူနစ်ပါတီသည် ဘုရားသခင်ကို လူများကြားထဲသို့ လာခွင့်ပြုမည် မဟုတ်ပေ၊ လူတွေကို ဘုရားသခင်အား ရှိခိုးခွင့်ပြုမည် မဟုတ်ပေ၊ ထို့အပြင် သူတို့ကို သူတို့၏ အသက်တာမှာ သင့်တော်သော လမ်းကြောင်းကို လျှောက်ခွင့်ပြုမည် မဟုတ်ပေ။ ၎င်းသည် ထိတ်ထိတ်ပျာပျာနှင့် ခရစ်တော်ကို ရှာဖွေဖမ်းဆီးရန်အတွက် ၎င်းလုပ်နိုင်သည့် အရာမှန်သမျှကို လုပ်ဆောင်ခဲ့သည်၊ ၎င်းသည် ဘုရားသခင်၏ ရွေးကောက်ထားသော လူများကို ရက်စက်စွာ နှိပ်ကွပ်ခဲ့သည်၊ ထို့အပြင် ဘုရားသခင်၏အလုပ်ကို နှောင့်ယှက်ပြီး ဖျက်ဆီးဖို့ ကြိုးစားခဲ့သည်။ ၎င်းသည် ဘုရားသခင်ကို အမြစ်ဖြတ်ချေမှုန်းဖို့၊ ဘုရားသခင်၏ရွေးကောက်ထားသော လူများအားလုံးကို သတ်ဖို့နှင့် နောက်ဆုံးသောကာလမှ ဘုရားသခင်၏အလုပ်ကို ချေဖျက်ဖို့ ကြိုးပမ်းခဲ့သည်။ ၎င်းသည် စင်စစ်ပင် ဖောက်ပြန်ရေးအင်အားစု လုံးလုံးလျားလျား ဖြစ်၍ ထာဝရဘုရားသခင် သည်းမခံနိုင်လောက်အောင် ဖြစ်ခဲ့သည်။ ထိုအချိန်၌ပင် ဘုရားသခင်၏ ဤနူတ်ကပတ်တော်များ ကျွန်တော်၏ စိတ်ထဲသို့ ရောက်ရှိလာခဲ့သည်။ “ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။...ဘုရားသခင်၏ အမှုအဖို့ ထိုသို့သော ထိုးဖောက်၍ မရနိုင်သည့် အတားအဆီးကို အဘယ်ကြောင့် ထူထောင်ရသနည်း။ ဘုရားသခင်၏ လူစုကို လှည့်ဖြားရန် အဘယ်ကြောင့် အမျိုးမျိုးသော လှည့်ကွက်များကို အသုံးချသနည်း။ စစ်မှန်သော လွတ်လပ်မှု၊ တရားဝင် ရပိုင်ခွင့်နှင့် အကျိုးစီးပွားတို့မှာ အဘယ်မှာနည်း။ တရားမျှတခြင်းကား အဘယ်မှာနည်း။ ကိုယ်စိတ်ချမ်းသာခြင်းကား အဘယ်မှာနည်း။ နွေးထွေးမှုကား အဘယ်မှာနည်း။ ဘုရားသခင်၏ လူများအား လှည့်စားရန် အဘယ်ကြောင့် လှည့်ဖြားတတ်သော အကြံအစည်များကို အသုံးပြုသနည်း။ ဘုရားသခင်၏ ကြွလာခြင်းကို ဖိနှိပ်ရန် အဘယ်ကြောင့် အင်အားသုံးရသနည်း။ ဘုရားသခင်အား သူဖန်ဆင်းခဲ့သည့် ကမ္ဘာမြေကြီးပေါ်တွင် အဘယ်ကြောင့် လွတ်လပ်စွာ သွားလာခွင့်မပြုရသနည်း။ ဘုရားသခင်အား ခေါင်းချစရာ နေရာမရှိသည့်တိုင်အောင် အဘယ်ကြောင့် လိုက်လံဖမ်းဆီးသနည်း။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဘုရားသခင်၏ နူတ်ကပတ်တော်များအားဖြင့် ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီ၏ အကျည်းတန်သောမျက်နှာကို ရှင်းလင်းစွာ မြင်နိုင်စွမ်းရှိခဲ့သည်၊ ၎င်း၏ ဘုရားသခင်ကို နှိပ်ကွပ်မှုနှင့် တွန်းလှန်မှု့၏ အမှန်တရားကိုသာမက ၎င်း၏ လူသားများအပေါ် အန္တရာယ်ပေးခြင်းနှင့် ထိန်းချုပ်မှုများ၏ အမှန်တရားကိုပါ ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ ၎င်း၏ ဖိနှိပ်မှုနှင့် ခြေရာခံလိုက်မှုအောက်တွင်၊ အိမ်မပြန်နိုင်ကြဘဲ လူလေလူလွင့်များ၊ အိမ်ခြေယာမဲ့များ၏ဘဝများသို့ ညီအစ်ကိုမောင်နှမ မည်မျှ ရောက်ခဲ့ကြကြောင်း ကျွန်တော် စဉ်းစားမိပါသည်။ ညီအစ်ကိုမောင်နှမ မည်မျှသည် ဘုရားသခင်ကိုယုံကြည်ပြီး ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ကြသောကြောင့် လူမဆန်သော ညှဥ်းပန်းနှိပ်စက်မှု၏ ပျက်စီးစေမှုကို ခံစားခဲ့ရကြောင်း၊ ညီအစ်ကိုမောင်နှမ မည်မျှသည် မှားယွင်းသောစွဲချက်များနှင့် အကျဉ်းချခဲ့ရပြီး အမှောင်ကျသောနေ့ရက်များစွာကို ဖြတ်ကျော်ခဲ့ရကြောင်း၊ ခွေးတစ်ကောင် သို့မဟုတ် ဝက်တစ်ကောင်ထက် မသာသည့် ငရဲဆန်သော ဘဝများကို ရောက်ခဲ့ရကြောင်း ကျွန်တော်စဉ်းစားခဲ့မိသည်။ ညီအစ်ကိုမောင်နှမ မည်မျှ ၎င်း၏ စောင့်ကြည့်ခြင်းအောက်မှာ လုံးဝလွတ်လပ်မှု မရှိသောကြောင့် ၎င်းတို့သည် သာမန်ဘဝမှာ မနေထိုင်နိုင်ကြကြောင်းကိုလည်း ကျွန်တော်သည် စဉ်းစားမိခဲ့သည်။ ယနေ့ ကျွန်တော်တို့ ဘုရားသခင်ကို ယုံကြည်၍ ကျွန်တော်တို့၏ ညီအစ်ကိုမောင်နှမများကို ဧည့်ဝတ်ကျေပွန်မှု ပေးခြင်းသည် ဖန်ဆင်းခံသတ္တဝါများအနေနှင့် ကျွန်တော်တို့၏ တာဝန်ကို ထမ်းဆောင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ဥပဒေများ သို့မဟုတ် စည်းမျဉ်းများကို လုံးဝမဆန့်ကျင်ခဲ့ပေ၊ သို့သော် ကျွန်တော်တို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ အခြေအမြစ်မဲ့သော ချုပ်ချယ်မှုနှင့် ဖိနှိပ်မှုများကို ခံခဲ့ရသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ကိုယ်တိုင် တွယ်ရာမဲ့ဖြစ်စေသော်လည်း အခြားနေရာတစ်ခုကိုသွား၍ ကျွန်တော်တို့၏ တာဝန်ကို ထမ်းဆောင်နိုင်သေးသည်။ သို့သော်လည်း၊ ရဲများသည် ကျွန်တော်တို့နောက် ၎င်းတို့၏ ခြေရာခံလိုက်ခြင်းကို မလျှော့ပေါ့ပေးခဲ့ပေ၊ သူတို့သည် သတင်းအချက်အလက်များ နှိုက်ယူရန်အတွက် သူတို့ကိုယ်သူတို့ ဗေဒင်ဆရာများအဖြစ် အမှန်တကယ်ပင် ဟန်ဆောင်ကာ ၎င်းတို့သည် ကျွန်တော်တို့ကို ဖမ်းဆီးဖို့နှင့် ညှဥ်းပန်းနှိပ်စက်ဖို့ အထောက်အထားတစ်စုံတစ်ရာ ရှာဖွေနိုင်မည်ဟူ၍ စဉ်းစားခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီသည် အမှန်တကယ်ပင် အတိုင်းမသိ ရက်စက်ကြမ်းကြုတ်သည်၊ ဒုက္ခပေးတတ်သည်၊ စက်ဆုပ်ဖွယ်ကောင်း၍ ဆိုးယုတ်လှသည်။ ထိုအတွေးတွင်၊ ကျွန်တော်သည် ပို၍ကြီးမားသည့် တရားသော နာကြည်းမှုကို ခံစားရပြီး တရုတ်ကွန်မြူနစ်ပါတီအပေါ် နက်နဲသော မုန်းတီးမှုဖြင့် ပြည့်နေခဲ့ပါသည်။ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်နှင့် နူတ်ကပတ်တော်များသည် တရုတ်ကွန်မြူနစ်ပါတီ၏ မျက်နှာဖုံးကို လုံးလုံးလျားလျား ဖယ်ရှား၍ ၎င်း၏ ဂုဏ်သိက္ခာရှိသော ဟန်ပန်နှင့် သူတော်ကောင်းဟန်ဆောင်ခြင်း၏ အကျည်းတန်မှုကို ပြည့်စုံစွာ ဖော်ထုတ်ပေးခဲ့ပါတယ်။ ဤအရာသည် နောက်ဆုံးတွင် ကွယ်နေသော ကျွန်တော့် မျက်စိများကို ဖွင့်ပေးခဲ့သည်။ ကျွန်တော့် ဝိညာဉ်သည်လည်းနိုးထခဲ့ပါသည်၊ တရုတ်ကွန်မြူနစ်ပါတီသည် လူထုကို လှည့်ဖြား၍ ၎င်း၏ နာမည်ကို တည်ဆောက်ခြင်း အမှန်တရားနှင့် ၎င်း၏ လိမ်ညာမှု၊ အန္တရာယ်ပေးတတ်မှု အမှန်တရားကို၏ ကြည်လင်ပြတ်သားစွာ ကျွန်တော် မြင်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်သည် ၎င်းကို ခိုင်မာစွာ ကျောခိုင်းဖို့နှင့် ငြင်းပယ်ဖို့ မိမိကိုယ်မိမိ ယုံကြည်မှုနှင့် စိတ်ပိုင်းဖြတ်မှုတို့ ရှိနေခဲ့ပါသည်။ ထိုအချိန်အတွင်း၊ ကျွန်တော်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ထက်မြက်ခြင်း၊ လှပခြင်းနှင့် ကောင်းမြတ်ခြင်းတို့ကို ပို၍ပင် သိနားလည်မှုတစ်ခု ရရှိခဲ့ပါသည်။ ကျွန်တော်သည် သူ၏ကြီးမြတ်သော ကယ်တင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးသော ကျွန်တော်တို့ လူသားများအပေါ် ဂရစိုက်ခြင်းကို မြင်ခဲ့ရပါသည်။ ပတ်ဝန်းကျင် မည်သို့ပင် ကြမ်းတမ်းပါစေ၊ တရုတ်ကွန်မြူနစ်ပါတီထံမှ မည်သို့သော ဖိနှိပ်မှု၊ တွန်းလှန်မှု ရှိပါစေ၊ ဘုရားသခင်သည် ကျွန်တော်တို့အတွက် သူ၏ကယ်တင်ခြင်းကို ဘယ်သောအခါမှ စွန့်လွှတ်မည် မဟုတ်ပါ။ သူသည် သူလုပ်ရမည့်အလုပ်ကို လုပ်ရန်အတွက် ဒုက္ခများအားလုံးကို သည်းခံနေဆဲဖြစ်သည်။ ညစ်ညမ်းရိုင်းစိုင်းပြီး ဆိုးညစ်သော ဤလောကတွင်၊ ကျွန်တော်တို့ အားကိုးနိုင်သူမှာ ဘုရားသခင်တစ်ပါးတည်းသာရှိပါသည်၊ သူသည် ကျွန်တော်တို့ကို အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းနှင့် အကြီးမြတ်ဆုံး ချစ်ခြင်းကို ပေးသည်။ ဤအရာသည် ကျွန်တော့်ကို ပြင်းပြသော ရည်မှန်းချက်နှင့် သမ္မာတရားနောက်ကို ရာသက်ပန်လိုက်ရန်နှင့် ခရစ်တော်နောက်လိုက်ရန်အတွက် လိုအင်ဆန္ဒ ရှိစေခဲ့သည်။ ကံဆိုးမိုးမှောင်ကျမှုအလယ်တွင် ချင့်ချိန်နိုင်စွမ်းနှင့်ထိုးထွင်းအမြင်ကို ကျွန်တော် ရရှိနိုင်စေရန်အတွက် ကျွန်တော် ပါဝင်ဆင်နွဲနိုင်မည့် စားပွဲတစ်ခုကို ပြင်ဆင်ပေးအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခုမှ စတင်၍ တရုတ်ကွန်မြူနစ်ပါတီသည် ကျွန်တော့်ကို မည်မျှပင် နှိပ်ကွပ်ခြင်း သို့မဟုတ် ခြေရာခံလိုက်ခြင်း ပြုလုပ်ပါစေ၊ ကျွန်တော်သည် ဘုရားသခင်အပေါ်တွင်သာ အားထားပါမည်၊ ၎င်း၏ သက်ဦးဆံပိုင်အုပ်ချုပ်မှုကြောင့် ကြောက်ရွံသွားမည်မဟုတ်ပါ၊ ထို့အပြင် အမှောင်စွမ်းအားများကိုလည်း ထိုးဖောက်ကျော်လွှားမည်ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်နောက် နီးကပ်စွာ လိုက်၍ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ပြန်လည်ပေးဆပ်နိုင်ရန်အတွက် ဖန်ဆင်းခံသတ္တဝါတစ်ယောက်၏ တာဝန်ကိုသာ ထမ်းဆောင်လိုပါသည်။

ကျွန်တော်တို့ကို ထိုနေရာတွင် ကြာရှည်စွာ နေခွင့်မပြုသည့် ပြင်းထန်သော အခြေအနေများကြောင့်၊ ကျွန်တော်တို့သည် မရင်းနှီးသောနေရာတစ်ခုသို့ အလောတကြီး ပြောင်းရွေ့ခဲ့ရသည်။ ကျွန်တော်တို့ ရောက်ပြီးနောက်တွင်၊ ဒေသခံအသင်းတော်တစ်ခုမှ ညီအစ်မတစ်ယောက်က ဤနေရာသည် တိုင်းရင်းသားလူနည်းစုတစ်စု၏ ဒေသဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ဤနေရာအပေါ်တွင် ထိန်းချုပ်မှု နည်းပါးသည်ဟူ၍ ကျွန်တော်တို့ကိုပြောပြခဲ့သည်။ ထို့ကြောင့် ထိုနေရာတွင် အခြေအနေမှာ တင်းမာမှု နည်းပါးခဲ့သည်။ သို့သော် ကျွန်တော့် စိတ်နှလုံးသားသည် ငြိမ်းချမ်းမှု မရှိခဲ့ပါ။ “တရုတ်ကွန်မြူနစ်ပါတီအစိုးရ၌ လတ်တလော အာဏာရှိသည်၊ ၎င်းသည် ကျွန်တော်တို့အပေါ် မည်းမှောင်သော တိမ်များ ဆိုက်ဆိုက်မတ်မတ် ရောက်လာသကဲ့သို့ ဖြစ်သည်။ ၎င်းသည် ကျွန်တော်တို့ကို ဘုရားသခင်အား ငြိမ်းချမ်းစွာ ယုံကြည်ခွင့်ပေးမည် မဟုတ်” ဟု ကျွန်တော့်ကိုယ်ကျွန်တော် စဉ်းစားမိသည်။ သေချာပါသည်၊ ကျွန်တော်တို့ ထိုနေရာ၌ ရက်နှစ်ဆယ်သာ နေပြီးသောအခါ၊ တရုတ်ကွန်မြူနစ်ပါတီသူလျှိုများသည် ကျွန်တော်တို့၏အိမ်ကို မိလ္လာစနစ်ဖိုး ကောက်ခံသကဲ့သို့ ဟန်ဆောင်၍ ရောက်ရှိလာခဲ့ပါသည်။ ကျွန်တော်၏ ဇနီးကိုသာ အိမ်၌ မြင်သောအခါ၊ ၎င်းတို့က ကျွန်တော့်ကို အိမ်တွင်းနှင့် အိမ်ပြင်၌ လိုက်လံရှာဖွေခဲ့ပါသည်၊ ကျွန်တော်၏ဇနီးကို မည်သည့်အရပ်ဇာတိက ဖြစ်ကြောင်း၊ သူ၏နေထိုင်ခွင့်ကို မည်သည့်အရပ်တွင် မှတ်ပုံတင်ခဲ့ကြောင်းနှင့် မည်သည့်အတွက်ကြောင့် ဤနေရာကို သူ လာခဲ့ရကြောင်း ခက်ထန်စွာ မေးမြန်းခဲ့ပါသည်။ ၎င်းတို့ထဲက တစ်ယောက်က ကျွန်တော်၏ ပုံပန်းသဏ္ဌာန်ကို ဖော်ပြ၍ သူမကို အတည်ပြုခိုင်းခဲ့သည်။ ကျွန်တော်၏ ဇနီးသည်မှာ များစွာ မစဉ်းစားခဲ့ပဲ “ဟုတ်တယ်” ဟု ပြောခဲ့သည်၊ ထိုစကားကို ၎င်းတို့ကြားသည်နှင့်တပြိုင်နက် တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်းဖလှယ်ခဲ့ကြသည်။ ထိုအခါမှ ကျွန်တော်၏ ဇနီးသည်က ၎င်းတို့သည် ကျွန်တော့်ကို မမြင်ဖူးပဲ ကျွန်တော် မည်သည့် ပုံပန်းသဏ္ဌာန် ရှိသည်ကို သိနေခဲ့ကြကြောင်း သဘောပေါက်ခဲ့သည်။ ၎င်းမှာ ကျွန်တော့်ကို သစ္စာဖောက်ခဲ့သော ယုဒရှကာရုတ်ကြောင့်ပင် ဖြစ်ရမည်၊ သူသည် ၎င်းတို့အား ကျွန်တော်၏ ပုံပန်းသဏ္ဌာန်ကို ပြောပြခဲ့ခြင်း ဖြစ်ရမည်။ တရုတ်ကွန်မြူနစ်ပါတီသူလျှိုများ ထွက်သွားပြီးနောက် ၎င်းတို့သည် ကျွန်တော်တို့၏ အနောက်ဘက်ရှိ အိမ်နီးချင်းများ၏ အိမ်သို့ သွားခဲ့ကြသည်။ ၎င်းတို့သည် ကျွန်တော်တို့ကို စောင့်ကြည့်နေခဲ့ကြောင်းကို ထိုအချိန်မရောက်မီ ကျွန်တော်တို့ သဘောမပေါက်ခဲ့ပါ။ ကျွန်တော်တို့သည် ဤအကြောင်းကို အသင်းတော်ထံ ချက်ချင်း အကြောင်းကြားခဲ့သည်။ များမကြာမီ၊ အသင်းတော်မှ ညီအစ်မတစ်ယောက်က “ဒေသခံရဲများသည် သင်တို့၏ နေရပ်ဇာတိမှ ရဲများနှင့် အဆက်အသွယ်ရခဲ့ကြသည်။ ၎င်းတို့သည် သစ္စာဖောက်ခံခဲ့ရသော သင်တို့ကို ဖမ်းရန်အတွက် အခိုင်အမာဆုံးဖြတ်ထားကြသည်။ သူတို့သည် ပထမဦးစွာ အသိမပေးဘဲ လာရောက်လည်ပတ်ကာ အခြေအနေကို လေ့လာပြီး သင်တို့အကြောင်း နားလည်သဘောပေါက်လိုကြသည်၊ ထို့နောက် အချိန်ကျသောအခါတွင် ၎င်းတို့သည် သင်တို့အားလုံးကို အပြတ်ချေမှုန်းလိမ့်မည်။ သင်တို့၏ အခြေအနေမှာ အန္တရာယ်များသည်၊ သင်တို့ဟာ ရှန်ဒေါင်က သင်တို့၏ နေရပ်ဇာတိကို ပြန်ပြီး ပုန်းနေသင့်သည်။ ခရီးထွက်ဖို့ အလျင်အမြန် လုပ်ဆောင်ကြ၊ မြန်လေကောင်းလေ ဖြစ်သည်” ဟု ကျွန်တော်တို့ထံ စာရေး အကြောင်းကြားခဲ့သည်။ ဤစာကို လက်ခံရပြီးနောက်၊ ကျွန်တော်တို့ဟာ ၎င်းကို ဘေးမချိတ်ဝံ့ခဲ့ပါ။ ကျွန်တော်တို့ နောက်တစ်ရက်တွင် ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချခဲ့ပါသည်။ ထိုညနေတွင်၊ ကျွန်တော်သည် လူးလှိမ့်ပြီး လုံးဝအိပ်မပျော်နိုင်ခဲ့ပါ။ ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ရူးကြောင်ကြောင်ဖြစ်သော နှိပ်ကွပ်မှုကို အလွန့်အလွန် ဒေါသထွက်ရုံမက၊ စိတ်ရူပ်ထွေးကာ အရှေ့တွင်ရှိသော လမ်းနှင့်ပတ်သက်၍ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရပါသည်။ အို၊ ဘုရားသခင်ကို ယုံကြည်ရသည်မှာ ရိုးရှင်းကြောင်း၊ ၊ ကျွန်တော် လုပ်ဆောင်ရန် လိုအပ်သော အရာမှာ စကားလုံးများဖြင့် ဘုရားသခင်ကို လက်ခံရန်၊ ကျွန်တော့် စိတ်နှလုံးသားထဲတွင် သူ့ကို ယုံကြည်ရန်နှင့် ကျွန်တော့် တာဝန်များကို အစွမ်းကုန် ထမ်းဆောင်ပြီး ဘုရားသခင်၏ ချီးမွမ်းခြင်းကို လက်ခံရန်သာ ဖြစ်ကြောင်း အစက ကျွန်တော် ထင်ခဲ့မိသည်။ ဤလမ်းမှာ ကြာကြာ လျှောက်လေ ကျွန်တော့်အတွက် ပို၍ ခက်ခဲလာမည်ဟု မည်သည့်အခါမျှ မတွေးမိခဲ့ပါ။ ဘုရားသခင်ကို ယုံကြည်ရာ၌ ကျွန်တော်၏ ခက်ခဲကြမ်းတမ်းသော လမ်းခရီးကြောင့် စိုးရိမ်ပူပန်ပြီး ဝမ်းနည်းခဲ့သည့်နည်းတူ၊ ဘုရားသခင်၏ နူတ်ကပတ်တော်များသည် ကျွန်တော့်ကို ဉာဏ်အလင်းဖွင့်ပေးခဲ့သည်၊ “လူများသည် ဘုရားသခင်ကို ယုံကြည်မှုအား အလေးအနက် မထားကြသကဲ့သို့၊ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ၎င်းတို့အတွက် အလွန် မရင်းနှီးသောကြောင့်၊ အလွန်ပင် ထူးခြားနေသောကြောင့် လုံးလုံးလျားလျား ဖြစ်ပေသည်။ ဤနည်းဖြင့် ၎င်းတို့သည် ဘုရားသခင်၏ တောင်းဆိုမှုများကို ပြည့်မီနိုင်ခြင်း မရှိကြချေ။ တစ်နည်းအားဖြင့် လူများသည် ဘုရားသခင်ကို မသိဘဲ၊ ဘုရားသခင်၏အမှုကိုလည်း မသိပါက၊ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းအတွက် မသင့်တော်သကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့မှာ ပို၍ပင် မဖြစ်နိုင်ချေ။ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဆိုသည်မှာ ဘုရားသခင်တစ်ပါး ရှိသည်ကို ယုံကြည်ခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အရိုးရှင်းဆုံး အယူအဆ ဖြစ်၏။ ထို့အပြင် ဘုရားသခင်တစ်ပါးရှိသည်ကို ယုံကြည်ခြင်းသည် ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းနှင့် မတူပေ။ ယင်းထက်၊ ထိုအရာသည် ခိုင်မာသည့် ဘာသာရေး အငွေ့အသက်ပါရှိသည့် ရိုးရှင်းသော ယုံကြည်မှုတစ်မျိုး ဖြစ်သည်။ ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ခြင်း ဆိုသည်မှာ အောက်ပါအတိုင်း ဆိုလိုပေသည်- ဘုရားသခင်သည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာ ကိုင်စွဲသည်ဟု ယုံကြည်မှုအရ၊ သူ၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို လူတစ်ဦးက တွေ့ကြုံခံစားသည်၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သန့်စင်သည်၊ ဘုရားသခင်၏အလိုကို ဖြည့်ဆည်းပြီး၊ ဘုရားသခင်ကို သိကျွမ်းလာပေသည်။ ဤခရီးလမ်းမျိုးကိုသာ ‘ဘုရားသခင်ကို ယုံကြည်ခြင်း’ ဟု ခေါ်ဆိုနိုင်ပေသည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား) ကျွန်တော်သည် ထိုနှုတ်ကပတ်တော်များကို တိတ်ဆိတ်စွာ တွေးဆခဲ့ပါသည်။ အတွင်းတွင်၊ ကျွန်တော်သည် တဖြည်းဖြည်းနှင့် အားတက်ခဲ့ပါသည်။ ဟုတ်ပါသည်၊ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ခြင်းဆိုသည်မှာ သူသည် အရာအားလုံးအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားသည်ဟူသော ယုံကြည်ချက်တစ်ခုအပေါ် အခြေခံကာ သူ၏ အလုပ်နှင့် နူတ်ကပတ်တော်များကို တွေ့ကြုံခံစားခြင်း၊ ဘုရားသခင်၏ စီစဉ်မှုအားလုံးကို နာခံခြင်း နှင့် သမ္မာတရားကို လေ့လာလိုက်စားခြင်းဖြင့် ကျွန်တော်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လွတ်မြောက်နိုင်ပြီး၊ ဘုရားသခင်၏ အလိုဆန္ဒကို ဖြည့်ဆည်းကာ သူ့ကို သိလာခြင်းကို ဆိုလိုခြင်းဖြစ်၍ ၎င်းမှာ သမ္မာတရားပင်ဖြစ်သည်။ ယင်းကဲ့သို့ ခရီးအားဖြင့်သာ ကျွန်တော်တို့သည် ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောနိုင်ကြမည်။ သူ့ကို ကျွန်တော်၏ စကားလုံးများနှင့် ဝန်ခံရန်၊ အခြားသူများနှင့် စုဝေးဝတ်ပြုခြင်းများ လုပ်ခြင်း၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကို ဖတ်ခြင်း နှင့် ကျွန်တော်၏ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ခြင်းကို မည်သည့်အခါမျှ မရပ်နားရန်သာ လိုအပ်သည်ဟူ၍ ကျွန်တော် ယုံကြည်ခဲ့သလောက် မရိုးရှင်းပါ။ ကျွန်တော်၏ ဤကဲ့သို့ ယုံကြည်ခြင်းမျိုးသည် မသဲကွဲသော ဘာသာရေးယုံကြည်မှုတစ်ခုသာ ဖြစ်၍ ၎င်းတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၏ အနှစ်သာရ မပါဝင်ခဲ့ပါ။ အကယ်၍ ကျွန်တော်သည် အဆုံးထိ လိုက်လျှောက်ခဲ့လျှင်လည်း၊ ဘုရားသခင်၏ အလိုတော်ကို ကျေနပ်စေနိုင်မည် မဟုတ်သည့်အပြင် သူ၏ ချီးမွမ်းခြင်းကိုလည်း ရနိုင်မည် မဟုတ်ပါ။ ကျွန်တော်သည် ပေတရု အကြောင်းကို စဉ်းစားမိခဲ့သည်၊ ဘုရားသခင်ကို သူ ယုံကြည်ရာ၌၊ သူသည် ဘုရားသခင်၏ နူတ်ကပတ်တော်ကို ယူကာ သူ၏ နေ့စဉ်အသက်တာထဲတွင် တွေ့ကြုံခံစားခြင်းကို အလေးပေးခဲ့သည်။ မည်သည့်အရာပင် ဖြစ်ခဲ့ပါစေ၊ သူသည် ဘုရားသခင်၏ သတ်မှတ်ချက်များ နှင့် အလိုတော်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ ၎င်းသည် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း ဖြစ်ပါစေ၊ စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းများ ဖြစ်ပါစေ၊ သို့မဟုတ် အခက်အခဲနှင့် ဒုက္ခဆင်းရဲ သာမက ဆုံးမပဲ့ပြင်ခြင်း ဖြစ်ပါစေ၊ သူသည် အမြဲတစေ ၎င်းကို လက်ခံ၍ နာခံနိုင်ခဲ့သည်။ ထိုအရာမှ သူသည် သမ္မာတရားကို ရှာဖွေခဲ့သည်၊ သူ၏အကြောင်း နှင့် ဘုရားသခင်၏ အကြောင်း အသိပညာကို လေ့လာလိုက်စားခဲ့သည်။ သူ၏ နှစ်ပေါင်းများစွာ လေ့လာလိုက်စားခြင်း၏ ရလဒ်ကြောင့် သူ၏ စိတ်သဘောထား အပြောင်းအလဲ တစ်ခုဖြစ်ခဲ့ရုံမက၊ သူသည် ခေတ်အဆက်အဆက်တွင် အခြားသူများထက် ဘုရားသခင်အကြောင်း အသိပညာကို ပိုရရှိလာခဲ့သည်။ ပေတရု၏ ယုံကြည်ခြင်းသည် ဘုရားသခင်၏ အလိုတော်နှင့် အများဆုံး ကိုက်ညီခဲ့သည့်အပြင် စံချိန်အမီဆုံးလည်း ဖြစ်ပါသည်။ သို့သော် ကျွန်တော့်တွင် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့်ပတ်သက်၍ အလွန်ရိုးရှင်းသော အမြင်ရှိခဲ့သည်။ ကျွန်တော်သည် အခြားသူများနှင့် စုဝေးဝတ်ပြုခြင်းများ ဆက်လက် လုပ်ဆောင်မည်၊ ဘုရားသခင်၏ နူတ်ကပတ်တော်များကို ဆက်လက် ဖတ်ရှုမည်၊ ကျွန်တော်၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ပြီး သူ၏ ချီးမွမ်းခြင်းကို ကျွန်တော် လက်ခံရရှိနိုင်မည်ဟု စဉ်းစားမိခဲ့သည်။ ကျွန်တော်၏ စိတ်ကူးများနှင့် ဘာသာရေးကိုင်းရှိုင်းသော ထိုသူများအကြားတွင် မည်သည့် ကွာခြားမှု ရှိသနည်း။ အဆုံးတွင်၊ အားလုံးသည် အချည်းနှီးပင် ဖြစ်လိမ့်မည် မဟုတ်သလော။ ထိုအခါမှ ဘုရားသခင်အပေါ် နှစ်ပေါင်းများစွာ ကျွန်တော်၏ ယုံကြည်ခြင်းမှာ စိတ်ရူပ်ထွေးမှုများဖြင့် ပြည့်လျှံနေကြောင်း အသိအမှတ်ပြုခဲ့သည်။ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုခြင်း ဖြစ်ကြောင်းကိုပင် ကျွန်တော် မသိခဲ့ပါ။ အကယ်၍ ဘုရားသခင်၏ လက်တွေ့ကျသော ဗျာဒိတ်တော်များနှင့် နူတ်ကပတ်တော်များ၏ လမ်းညွှန်မှုနှင့် အလင်းပေးခြင်းကြောင့်သာ မဟုတ်ပါက၊ ကျွန်တော်သည် ကျွန်တော့် ကိုယ်ပိုင်စိတ်ကူးများနှင့် အယူအဆများထဲတွင် အသက်ရှင်နေထိုင်၍ ဘုရားသခင်နောက်ကို လိုက်နေဦးမည်ဖြစ်သည်။ ကျွန်တော်သည် မိမိ၏ ကိုယ်ပိုင်လမ်းကိုသာ လိုက်လျှောက်သော ဘာသာရေးကိုင်းရှိုင်းသည့် ယုံကြည်သူတစ်ယောက် အမှန်ပင် ဖြစ်ကြောင်းကို မြင်နိုင်ဦးမည် မဟုတ်ပါ။ ထိုအခါ ကျွန်တော်သည် အနည်းငယ် မထိတ်လန့်ပဲ မနေနိုင်ဖြစ်ခဲ့ရသည်။ ကျွန်တော် သဘောပေါက်လာမိခဲ့သည်မှာ အကယ်၍ ကျွန်တော်သည် ဘုရားသခင်၏အလုပ်ကို တွေ့ကြုံခံစားခြင်းအပေါ် အာရုံစိုက်ခြင်း သို့မဟုတ်၊ သမ္မာတရားကို လေ့လာလိုက်စားခြင်း သို့မဟုတ် စိတ်သဘောထား ပြောင်းလဲမှုအပေါ်အာရုံစိုက်ခြင်း မရှိပဲ ဘုရားသခင်နောက်လိုက်ရာတွင် ဤ ရူပ်ထွေးနေသောလမ်း၌ ဆက်လျှောက်နေပါက၊ အဆုံးတွင် ကျွန်တော်သည် ဘုရားသခင်၏ သုတ်သင်ဖယ်ရှင်းခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။ ကျွန်တော်၏ အန္တရာယ်များသော အခြေအနေကို သတိမူမိလာသောအခ်၊ “အို ဘုရားသခင်၊ ကျွန်တော့်အား သမ္မာတရားကို နားလည်စေပြီး ကိုယ်တော့်ကို ကျွန်တော် ယုံကြည်ခြင်းထဲမှ ကျွန်တော်၏ အမှားများကို သတိပြုမိစေသည့် ကိုယ်တော်၏ ဗျာဒိတ်တော်များနှင့် အလင်းပေးခြင်းအတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါသည်။ အို ဘုရားသခင်၊ ကျွန်တော်သည် ပေတရု၏ လက်တွေ့လုပ်ဆောင်များ၏ ဥပမာနောက်လိုက်ရန်နှင့် သူ လျှောက်ခဲ့သောလမ်းကို လိုက်ရန်ဆန္ဒရှိပါသည်။ ယခုအခါ ကျွန်တော်သည် ဤ လမ်းကို ရွေးချယ်ခဲ့ပြီးသည့်အတွက်၊ ကျွန်တော်၏ အရှေ့မှ လမ်းသည် မည်မျှ ဒုက္ခပေးပါစေ သို့မဟုတ် အန္တရာယ် မည်မျှပင် စောင့်နေပါစေ၊ ကျွန်တော်သည် စိတ်ချယုံကြည်မှုဖြင့် ရှေ့ဆက်သွားရန် ဆန္ဒရှိပါသည်။ ကျွန်တော်သည် ဒုက္ခခံစားရန်၊ ကိုယ်တော်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် အစီအစဉ်များကို နာခံရန်၊ ကိုယ်တော်၏ နူတ်ကတော်များနှင့် အလုပ်ကို ကျွန်တော့်အပေါ် ကိုယ်တော်၏ သတ်မှတ်ချက်များနှင့်အညီ အမှန်တကယ် တွေ့ကြုံခံစားရရန် ဆန္ဒရှိပါသည်၊ ထိုအခါ ကျွန်တော်သည် ကိုယ်တော့်ကို အမှန်တကယ်ယုံကြည်ပြီး ကိုယ်တော့်ကို ကိုးကွယ်သော ကိုယ်တော်၏ ဖန်ဆင်းခံ ဖြစ်လာနိုင်မည် ဖြစ်ပါသည်” ဟု ဆုတောင်းချက်တစ်ခုကို ဆက်ကပ်ခဲ့သည်။ ကျွန်တော်သည် ဆုတောင်းပြီးသည့်အခါ အလွန် စိတ်သက်သာရာရခဲ့ပြီး ဘုရားသခင်၏ အလုပ်ကို တွေ့ကြုံခံစားရန် စိတ်ချယုံကြည်မှု ရှိခဲ့သည်။

နောက်တစ်နေ့တွင်၊ ကျွန်တော်တို့သည် ရှန်ဒေါင်သို့ သွားသော ရထားတစ်စင်းပေါ်သို့ တက်ခဲ့ကြပါသည်။ ကျွန်တော်တို့၏ နေရပ်ဇာတိတွင် အချိန်ကာလတစ်ခုအထိ ပုန်းအောင်းပြီး အနှောင့်အယှက် အနည်းငယ်ကို ကြုံတွေ့ပြီးနောက်၊ နောက်ဆုံးတွင် ကျွန်တော်တို့သည် အသင်းတော်နှင့် အဆက်အသွယ်ရခဲ့ပြီး ကျွန်တော်တို့အသင်းတော်နှင့် အလုပ်ကို တစ်ဖန်ပြန်စခဲ့သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ကျွန်တော်တို့အပေါ် ၎င်းတို့ရဲ့ နှိပ်ကွပ်မှုကို မလျှော့ပေါ့ခဲ့ပါ။ ကျွန်တော်တို့ မည်သည့်နေရာကို သွားပါစေ၊ ကျွန်တော်တို့သည် ၎င်း၏ ချုပ်ချယ်မှုများကို အမြဲ ခံခဲ့ရသည်။ ရဲများသည် နေထိုင်ခွင့်များကို စစ်ဆေးရန် မကြာခဏ လာလေ့ရှိသည်၊ တစ်ခါတစ်ရံ ၎င်းတို့သည် တစ်ရက်နှစ်ကြိမ် လာကြပြီး ယာယီနေထိုင်ခွင့်များကို မှတ်ပုံတင်ရန် မရမက တောင်းဆိုခဲ့ကြသည်၊ သို့မဟုတ်ပါက ၎င်းတို့သည် ကျွန်တော်တို့ကို နှင်ထုတ်ရမည်ဖြစ်ကြောင်း ဆိုခဲ့သည်။ သို့သော် ကျွန်တော်တို့သည် ၎င်းတို့ကို စာရွက်စာတမ်းတစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိခဲ့ပါ။ ထို့ကြောင့် အိမ်ပြောင်းရခြင်းမှာ ကျွန်တော်တို့အတွက် ရိုးနေပြီဖြစ်သော အရာတစ်ခုဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် ကျွန်တော်တို့သည် အသင်းတော်မှ အသက်ကြီးသော အစ်ကိုတစ်ယောက်၏ သားဖြစ်သူ ငှားသော အိမ်ကြီးတစ်လုံးသို့ ပြောင်းရွေ့ခဲ့သည်၊ ဤအစ်ကိုသည် ကျွန်တော်တို့ကို ထိုနေရာတွင် ဧည့်ခံခဲ့သည်။ သို့သော် ကျွန်တော်တို့သည် ထိုနေရာတွင် ယာယီနေထိုင်ခွင့်တစ်ခု ရရန် မှတ်ပုံတင်ရမည် ဖြစ်သည် သာမက ကျွန်တော်တို့၌ ဝင်ခွင့်၊ ထွက်ခွင့်များ ရှိရမည်ဖြစ်သည်၊ ထိုသို့မဟုတ်ပါက ကျွန်တော်တို့သည် ဝင်ထွက်သွားလာနိုင်မည် မဟုတ်ပါ၊ ပြောင်းရွေ့ဝင်ရောက်ရန် အကြောင်းကို ပြောရန်ပင် မလိုတော့ပါ။ ကျွန်တော်တို့သည် အိမ်အတွင်း၌သာ ပုန်းအောင်းနေပြီး အပြင်သို့ မထွက်နိုင်ကြပါ။ ထိုအနေအထားတွင်လည်း ရဲများသည် အလျှော့မပေးခဲ့ပါ။ သူတို့သည်တစ်အိမ်တက် တစ်အိမ်ဆင်း စုံစမ်းမှုများ မကြာခဏ လုပ်ေဆာင်ခဲ့ကြသည်။ ဘုရားမဲ့ ၀ါဒီပါတီတစ်ခု အုပ်ချုပ်ပြီး အာဏာရှင်ဆန်ကာ၊ ယုံကြည်ခြင်းကင်းမဲ့သော နိုင်ငံတွင်၊ ဘုရားသခင်အပေါ် ယုံကြည်ခြင်းမှာ အဆက်မပြတ် ဖိနှိပ်၊ ချုပ်ချယ်ခြင်းခံရကြောင်း ဤအရာမှ ကျွန်တော် မြင်ခဲ့ရသည်၊ လွတ်လပ်မှု မရှိခဲ့ပါ။ အထူးသဖြင့် ၂၀၀၈ အိုလံပစ်ပွဲတော်အတွင်း အခြေအနေ အလွန်တင်းမာ၊ ပြင်းထန်ခဲ့သည်။ အစိုးရသည် လူတွေကို စောင့်ကြည့်ရန် နည်းမျိုးစုံသုံးခဲ့ပြီး ရဲများကို နေရာတိုင်းတွင် စောင့်ကြပ်စေခဲ့သည်။ သို့သော်၊ ဤအခြေအနေတွေအောက်တွင် ကျွန်တော်သည် ဘုရားသခင်၏ အနန္တတန်ခိုး၊ ဉာဏ်ပညာနှင့် သူ၏ အံ့ဖွယ် လုပ်ဆောင်မှုများကို မြင်ခဲ့ရပြီး၊ ဘုရားသခင်သည် အရာရာကို စီစဉ်ညွှန်ကြားနေကြောင်း မြင်ခဲ့ရသည်။ ရဲများ စုံစမ်းစစ်ဆေးမှုတစ်ခုကို လုပ်လိုသည့်အကြိမ်တိုင်း၊ ဘုရားသခင်၏ အစီအစဉ်အားဖြင့်၊ ပင်မ ဂိတ်တံခါးကို စောင့်ကြပ်သည့် လူသည် ကျွန်တော်တို့၏ အသက်ကြီးသော အစ်ကိုထံ လာ၍ ကြိုတင်အသိပေးခြင်းကြောင့် ကျွန်တော်တို့သည် လျင်မြန်စွာ အသင့်ပြင်ဆင်၍ ကြိုတင်ပုန်းအောင်းနိုင်ခဲ့ကြသည်။ တစ်ကြိမ်တွင် ကျွန်တော်တို့ ဝတ်ပြုစည်းဝေးနေစဉ် ရဲများသည် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သည်။ ခွေးများ အလွန်အမင်းဟောင်နေသည်ကို ကျွန်တော်တို့ ကြားခဲ့ရသည်။ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေသော လူများသည် လျှပ်စစ်မီတာများကို စစ်ဆေးရန် ဟန်ဆောင်ကာ ခြံဝင်းအတွင်းသို့ အတင်းဝင်ရောက်လာခဲ့ကြသည်၊ သူတို့သည် နေရာအနှံ့ သွား၍၊ လှည့်ပတ်ကြည့်ရှုခြင်း၊ ရှာဖွေခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ ကျွန်တော်တို့၏ အသက်ကြီးသော အစ်ကိုကို ခြိမ်းခြောက်ခဲ့ကြသည်၊ ထိုအစ်ကိုက ဘုရားသခင်ထံမှ ဉာဏ်ပညာကို အသုံးပြုကာ ၎င်းတို့ကို ထွက်သွားစေခဲ့သည်။ ၎င်းတို့ထွက်သွားပြီးနောက်တွင် ကျွန်တော်တို့ အားလုံး အလွန် ကြောက်ရွံ့ခဲ့ကြသည်။ ကံကောင်းစွာပင် ကျွန်တော်တို့အားလုံး အချိန်မီ ပုန်းအောင်းခဲ့ကြသည်၊ အကယ်၍ ၎င်းတို့သည် ကျွန်တော်တို့ကို သို့မဟုတ် ဘုရားသခင်၏ နူတ်ကပတ်တော်များ စာအုပ်များကို ရှာတွေ့ခဲ့ပါက၊ အကျိုးဆက်များမှာ မတွေးနိုင်အောင်ပင် ဖြစ်ခဲ့မည်။ ကျွန်တော်၏ စိတ်နှလုံးသားထဲတွင် ကြောက်ရွံ့မှု စွဲကျန်သည့်နည်းတူ၊ ကျွန်တော်သည် ဘုရားသခင် ဤနူတ်ကပတ်တော်များကို စဉ်းစားမိခဲ့ပါသည်၊ “မည်သည့်လူ၊ မည်သည့်အဖြစ်အပျက် သို့မဟုတ် မည်သည့်အမှုအရာ ထိန်းချုပ်မှုကိုမျှ မခံလေနှင့်။ ငါ၏ အလိုနှင့် ကိုက်ညီသရွေ့၊ ငါ၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့ လုပ်ဆောင်လော့။ ငါ၏ လက်များသည် သင့်ကို မစသည့် အားလျော်စွာ၊ ကြောက်ရွံ့ခြင်း မရှိနှင့်၊ ပြီးလျှင် ငါသည် သင့်ကို မကောင်းမှုပြုသူများထံမှ ဝေးဝေးနေစေမည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၂၈))ရဲရဲဝံ့ဝံ့ ပြုမူကြလော့။ သင်တို့၏ ဦးခေါင်းများကို မော့သာထားလော့။ မကြောက်ရွံ့နှင့်၊ သင်တို့၏ အဖဖြစ်သော ငါသည် သင်တို့အား ထောက်ပံ့ရန် ဤနေရာ၌ ရှိပြီး သင်တို့သည် ဒုက္ခခံစား ရလိမ့်မည်မဟုတ်။ သင်တို့သည် ငါ၏ရှေ့မှောက်တွင် မကြာခဏ ဆုတောင်းလျက် ကျိုးနွံစွာ အသနားခံနေသရွေ့ ငါသည် သင်တို့အပေါ်တွင် ယုံကြည်ခြင်းအားလုံးကို အပ်နှင်းထားလိမ့်မည်။ အာဏာရှိသော သူတို့သည် အပြင်ပန်းအားဖြင့် ကြောက်စရာကောင်းသည်ဟု ထင်ရသော်လည်း ကြောက်ရွံ့ခြင်း မရှိနှင့်၊ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ သင်တို့တွင် ယုံကြည်မှု အနည်းငယ်သာ ရှိခြင်းကြောင့်ဖြစ်သည်။ သင်တို့၏ယုံကြည်ခြင်း ကြီးထွားသည့် ကာလပတ်လုံး မည်သည့်အရာမျှ အလွန်တရာ ခက်ခဲလိမ့်မည်မဟုတ်။ သင်တို့စိတ်ရှိသရွှေ့ မြူးထူးခုန်ပေါက်ကြလော့။ အရာအားလုံးသည် သင်တို့၏ ခြေထောက်အောက်နှင့် ငါ၏ လက်ထဲတွင် ရှိ၏။ ပြီးမြောက်အောင်မြင်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ကို ငါ၏စကားတစ်ခွန်းဖြင့် မဆုံးဖြတ်သလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၇၅)) ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို အရှက်ရစေခဲ့သည်။ ၎င်းမှာ အမှန်ပင် ဖြစ်ခဲ့သည်။ ဤ ကမ္ဘာလောကကြီးအတွင်းရှိ လူများ၊ ဖြစ်ရပ်များ၊ အရာများအားလုံးသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအတွင်း ရှိသည် မဟုတ်သလော။ ၎င်းတို့အားလုံးသည် သူ့၏ အတွေးများနှင့်အညီ အသစ်ဖြစ်တည်ခြင်း၊ ပြောင်းလဲခြင်း၊ လှည့်လည်ခြင်း ဖြစ်သည် မဟုတ်သလော။ တရုတ်ကွန်မြူနစ်ပါတီသည်လည်း ဘုရားသခင်၏ လက်အတွင်းမှ ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ ၎င်းသည် မည်မျှပင် ရိုင်းစိုင်းကြမ်းကြုတ်ပါစေ၊ ကိုယ်တော်၏ အုပ်ချုပ်မှုကနေ မလွတ်မြောက်နိုင်ပါ။ အကယ်၍ သူသည် ၎င်းကို ဖျက်စီးလိုလျှင်၊ ပြောလိုက်ရုံပင် မဟုတ်သလော။ ဘုရားသခင်သည် ၎င်းကို မဖျက်စီးရသေးပါ၊ သူသည် ၎င်း၏ ရိုင်းစိုင်းကြမ်းကြုတ်မှုကို အချိန်တစ်ခုအထိ ခွင့်ပြုခဲ့ပြီးဖြစ်သည်။ ထိုမှသာ ၎င်းသည် ကျွန်တော်တို့ကို ၎င်း၏ ဖိနှိပ်မှုများမှတစ်ဆင့် စုံလင်အောင်ပြုလုပ်သော အမှုကို ထမ်းရွက်၍၊ ကျွန်တော်တို့၏ ယုံကြည်ခြင်းနှင့် ရဲရင့်ခြင်းကို အထောက်အပံ့ပြုကာ၊ ကျွန်တော်တို့အား ဘုရားသခင်၏ ဉာဏ်ပညာ၊ အရာရာတတ်စွမ်းနိုင်မှုနှင့် အံ့ဖွယ်အမှုများကို ကျွန်တော်တို့၏ အတွေ့အကြုံများမှတစ်ဆင့် သိစေရန် ဖြစ်သည်။ ၎င်းသည် ကျွန်တော်တို့ကို တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုအားဖြင့် ၎င်း၏ အကျည်းတန်သော မျက်နှာထားကို သာမက ဆိုးညစ်သော ဖောက်ပြန်ရေးဝါဒီ သဘာဝကိုပါ ကောင်းစွာ အသိအမှတ်ပြုလာနိုင်စေသောကြောင့် ကျွန်တော်တို့သည် ၎င်းကို မုန်းကြမည်၊ ငြင်းပယ်ကြမည်၊ သစ္စာဖောက်ကြမည်၊ ကျွန်တော်တို့၏ စိတ်နှလုံးသားထဲမှ ၎င်းကို ကျိန်ဆဲကြမည် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်တ်ကပတ်တော်များ၏ လမ်းညွှန်မှုနှင့် ခေါင်းဆောင်မှုအောက်တွင်၊ ကျွန်တော်သည် မဝံ့မရဲနှင့် အကြောက်တရားများဖြင့် ပြည့်နှက်နေသူ မဟုတ်တော့ပါ၊ ကျွန်တော်သည် ဘုရားသခင်အပေါ် ကျေးဇူးများဖြင့် ပြည့်နေခဲ့သည်။ ကျွန်တော်သည် ဤ ပတ်ဝန်းကျင်အတွင်း နာခံပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် ရင်ဆိုင်ရန်၊ ဘုရားသခင်၏ ကိုယ်ပိုင် လေ့ကျင့်ပေးခြင်းနှင့် စုံလင်အောင်ပြုလုပ်ပေးခြင်းတို့ကို လက်ခံရန်၊ သမ္မာတရားကို ပိုမို ရှာဖွေပြီး နားလည်ရန် ဆန္ဒရှိနေပါသည်။ နောင် လအနည်းငယ်အတွင်း၊ ဒေသခံရဲများသည် လစဉ်လတိုင်း နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသဖြင့် ကျွန်တော်တို့သည် ပြင်ဆင်နိုင်စွမ်းမရှိ ဖြစ်ခဲ့သည်။ သို့သော် ဤဆိုးဝါးသော အခြေအနေများအောက်တွင် ကျွန်တော်တို့သည် ဘုရားသခင်၏ ဂရုစိုက်မှုနှင့် စောင့်ရှောက်မှုကြောင့် အကြိမ်ကြိမ် သူတို့ မြင်ကွင်းမှ လွတ်မြောက်နိုင်ခဲ့ကြသည်။ အမြဲပင် သီသီကလေး လွတ်သွားခြင်းများရှိပြီး အခြေအနေများမှာ အမြဲပင် အဆင်ပြေရုံသာရှိcခဲ့သည်။ ဤ အတွေ့အကြုံများ နောက်ပိုင်းတွင်၊ ကျွန်တော်သည် စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ချီးမွမ်းခြင်းနှင့် စစ်မှန်သော ကျေးဇူးတင်ခြင်းကို မခံစားရပဲ မနေနိုင်ခဲ့ပေ။ ကျွန်တော် စဉ်းစားမိသည်မှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော်သည် အမှန်တကယ်ပင် အရာအားလုံးကို ထိန်းချုပ်ထားသော စကြာဝဠာ၏ အရှင်သခင်ဖြစ်ပါသည်။ ကိုယ်တော်၏ အံ့ဖွယ်အမှုများသည် နေရာတိုင်းတွင် ရှိနေကြပါသည်။ ကျွန်တော်၏ တကယ့် အတွေ့အကြုံများမှတစ်ဆင့် ကျွန်တော်သည် ကိုယ်တော်၏ အရာရာတတ်စွမ်းနိုင်မှုနှင့် ဉာဏ်ပညာကို မြည်းစမ်းနိုင်ခဲ့ရုံသာမက၊ ကိုယ်တော်သည် ကျွန်တော်၏ ခိုလှုံရာ၊ ကိုယ်တော်သည် ကျွန်တော်၏ ကြံ့ခိုင်သော ပဲ့ကိုင်ရှင် ဖြစ်ကြောင်း မြင်ခဲ့ရပါသည်၊ တရုတ်ကွန်မြူနစ်ပါတီသည် စက္ကူကျားတစ်ကောင် ဖြစ်ရုံမှလွှဲ၍ ဘာမျှ မဟုတ်ကြောင်း ကျွန်တော် မြင်ခဲ့ရပါသည်။ အပြင်ပန်းမှ ကြည့်သောအခါ ၎င်းသည် ခြေသည်းလက်သည်းများ၊ အစွယ်များနှင့် အလွန်ပင် ဗိုလ်ကျလွန်းပါသည်။ သို့သော် ၎င်းသည် ကိုယ်တော့်ကို ရင်ဆိုင်ရသောအခါတွင်၊ အလွန်ပင် အင်အားမဲ့ကာ၊ ထိုးနှက်ချက်တစ်ခုကိုပင် တောင့်ခံနိုင်စွမ်း မရှိပါ။ ၎င်းသည် ကိုယ်တော်၏ စီစဉ်ညွှန်ကြားမှုများနှင့် တာဝန်ပေးအပ်မှုများကိုသာ ကျိုးနွံစွာ အရေးစိုက်နိုင်သည်။ ကျွန်တော်သည် ကိုယ်တော့်အပေါ် အားထားရန်အတွက် စိတ်ချယုံကြည်နေသရွေ့၊ ကျွန်တော်သည် အမှောင်စွမ်းအားများအားလုံးအပေါ် အောင်နိုင်မည်ဖြစ်သည်။ အို ဘုရားသခင်၊ ကျွန်တော်သည် နတ်ဆိုထိန်းချုပ်ထားသော ဤနိုင်ငံတွင် ရှိသော်လည်း၊ ကျွန်တော်သည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ ဖြစ်ရပ်တစ်စုံတစ်ခု၊ သို့မဟုတ် တစ်စုံတစ်ရာ၏ ထိန်းချုပ်မှုအောက်တွင် နေမည်မဟုတ်ပါ။ ကျွန်တော်သည် အမှောင်ထု၏ ဖိနှိပ်မှုမှ ထမြောက်ပြီး ဘုရားသခင်၏ အောင်မြင်မှု သက်သေအဖြစ် ဤ ညစ်ညူးသော နေရာမှ ရပ်တည်ပါမည်။ ”

တရုတ်ကွန်မြူနစ်ပါတီ၏ လိုက်လံခံရခြင်းကို ခံရသည့် ဆိုးဝါးသော အခြေအနေများ အောက်တွင်၊ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နူတ်ကပတ်တော်များသည် ကျွန်တော့်ကို ဘေးကျပ်နံကျပ်ကာလ တစ်ခုပြီးတစ်ခု ကျော်ဖြတ်နိုင်ရန် ဦးဆောင်ပေးခဲ့တယ်၊ စာတန်၏ စမ်းသပ်မှုများကို တစ်ကြိမ်ပြီး တစ်ကြိမ် အောင်နိုင်စေရန် အထောက်အကူပြုပေးခဲ့ကြောင်း ကျွန်တော်သည် နက်နက်နဲနဲ ခံစားမိခဲ့သည်။ ဘုရားသခင်၏ ကြီးမြတ်သော ကျေးဇူးတော် နှင့် စောင့်ရှောက်မှုသည် ကျွန်တော့်ကို ယနေ့ ဤနေရာအထိ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည။ ကျွန်တော် လျှောက်ခဲ့သောလမ်းကို ပြန်လည်စဉ်းစားမိတိုင်း၊ ကျွန်တော်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုနှင့် ခြေရာခံလိုက်မှုကို ခံစားခဲ့ရသည်။ ကျွန်တော်သည် အိမ်မပြန်နိုင်ပဲ အိမ်ပစ်ယာပစ်ပြေးခဲ့ရသည်၊ ကျွန်တော်သည် တစ်နေရာမှ တစ်နေရာသို့ ပြောင်းခဲ့ရသည်၊ ထို့အပြင် ကျွန်တော့်တွင် လောကီသားများသကဲ့သို့ “နွေးထွေးသော အသိုက်အမြုံ” တစ်ခု မရှိခဲ့ပါ၊ ကျွန်တော်သည် သူတို့ကဲံသို့ ပေါ့ပေါးပါးပါး သို့မဟုတ် ဇိမ်ရှိရှိနှင့် ဘဝကို အသက်မရှင်နိုင်ခဲ့ပါ။ တရုတ်ကွန်မြူနစ်ပါတီ၏ဖိနှိပ်မှုကြောင့်၊ ကျွန်တော်၏စိတ်နှလုံးသားသည် သိသာသော ဒုက္ခနှင့် နာကျင်မှုကို တောင့်ခံခဲ့ရသည်။ သို့သော်၊ ကျွန်တော်သည် ခါးသီးသော ဤအခြေအနေများကို ရင်ဆိုင်ပြီးသောကြောင့်၊ အသက်တာ၏ ကြွယ်ဝချမ်းသာမှုများကို ရရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိနှိပ်မှုကို ကြုံရခြင်းဖြင့်၊ ကျွန်တော်၏ ယုံကြည်မှုသည် နှစ်ပေါင်းများစွာအတွင်း မရေမရာ ဖြစ်နေခဲ့ကြောင်း၊ ကျွန်တော်၌ တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းသော သဘာဝနှင့် အနှစ်သာရ ရှိကြောင်း သဘောပေါက်လာခဲ့သည်။ ဘုရားသခင်ကို ယုံကြည်ခြင်း၏ စစ်မှန်သော အဓိပ္ပါယ်နှင့် တန်ဖိုးကိုလည်း နားလည်ခဲ့သည်၊ ထိုမျှမက ကျွန်တော်သည် ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ချစ်ခြင်း၏ စစ်မှန်သော လက်တွေ့ဘဝကိုလည်း မပိုင်ဆိုင်ခဲ့ကြောင်း မြင်ခဲ့ရသည်။ ၎င်း၏ ဖိနှိပ်မှု၏ ဤအတွေ့အကြုံအားဖြင့် ကျွန်တော်သည်လည်း ဘုရားသခင်နှင့် ပြောင်းပြန်ဖြစ်နေသော တရုတ်ကွန်မြူနစ်ပါတီ၏ မသိမသာစိမ့်ဝင်မှု၊ စက်ဆုပ်ဖွယ်ကောင်းမှု၊ ရက်စက်မှု၊ ခက်ထန်မှု၊ မလျော်ကန်မှု၊ ဆိုးယုတ်မှု၊ ဖောက်ပြန်ရေးဝါဒီ အနှစ်သာရကို သတိမူလာခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီသည် စာတန်၏ ပြယုဂ်တစ်ခု ဖြစ်ကြောင်း ကျွန်တော် အပြည့်အဝမြင်ခဲ့ပြီး ကျွန်တော်သည် ဘုရားသခင်၏ ဖြောင့်မတ်မှု၊ ယုံကြည်ကိုးစားရမှု၊ ထက်မြက်မှု၊ အလှတရားနှင့် ကောင်းမြတ်ခြင်းတို့၏ အနှစ်သာရကို အသိအမှတ်ပြုမိခဲ့သည်။ အထူးသဖြင့်၊ ကျွန်တော်သည် ဘုရားသခင်၏ အံ့ဖွယ်အမှုများကိုသာမက သူ့၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးကို အသိအမှတ်ပြုလာခဲ့သည်။ အလွန်လက်တွေ့ကျသော ဤအတွေ့အကြုံမှတစ်ဆင့် စာတန်သည် လူသားမျိုးနွယ်ကို မည်သို့ ဖျက်ဆီးကြောင်း၊ လှည့်စားကြောင်း၊ အန္တရာယ်ပေးကြောင်းကို လုံးလုံးလျားလျားမြင်ခဲ့ရသည်။ ထိုမှနေ၍ ကျွန်တော်သည် ၎င်းအပေါ် ကြီးမားသော မုန်းတီးမှု ဖြစ်ပေါ်လာသည်၊ ထို့အပြင် ကျွန်တော်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖယ်ရှားရန်၊ စာတန်ကို လုံးဝ ကျောခိုင်းနိုင်စွမ်းရှိစေရန်၊ စစ်မှန်သောလူသားတစ်ယောက်အနေနှင့် နေထိုင်ပြီး ဘုရားသခင်၏ စိတ်နှလုံးသားကို ဖြည့်ဆည်းပေးရန် နှင့် ဘုရားသခင်၏ နူတ်ကပတ်တော်များကို အားထားရန် ဆန္ဒရှိပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျွန်တော် ကျေးဇူးတင်ပါသည်။ ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ကြောင့် ကျွန်တော့်ကို ယင်းကဲ့သို့ အသက်တာ၏ ကြွယ်ဝသော စားပွဲကို မြည်းစမ်းခဲ့ရခြင်း ဖြစ်သည်။ ၎င်းသည် ကျွန်တော်၏ စိတ်နှလုံးသားကို နိုးထစေခဲ့ရုံသာမက၊ ဘုရားသခင်ကို ယုံကြည်ခြင်း၌ မှန်ကန်သော လမ်းပေါ်သို့ ကျွန်တော် ခြေလှမ်း လှမ်းခဲ့ပြီ ဖြစ်ကြောင်း ကျွန်တော် မသိမီ အသက်တာ၏ ကြွယ်ဝချမ်းသာများစွာကို ရစေခဲ့သည်။ ကျွန်တော်သည် ဘုရားသခင်ကို အလွန့်အလွန် ကျေးဇူးတင်၍ ချီးမွမ်းပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိတာဝန်အပေါ် မည်သို့သဘောထားသင့်ပုံ

ကျုံးချန် တရုတ်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ...

ဘုရားသခင်ကို အစေခံသော အချိန်တွင် လှည့်ကွက်အသစ်များ မရှာပါနှင့်

ဟေးရီ၊ လျောင်နင်းစီရင်စု မကြာသေးမီတွင် ကျွန်မ၏ညီအစ်ကို၊ မောင်နှမများမှ ကျွန်မအားအသင်းတော်ခေါင်းဆောင် တစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။...

ဘုရားသခင်ကို အစေခံနေစဉ် အဘယ်ကြောင့်လိမ်လည်လှည့်စားမှု၌ ပါဝင်ပတ်သက်ရပါသနည်း

ဟူကျိန်၊ မြို့တော် အန်ဟွီစီရင်စု “ခေါင်းဆောင်များအဖြစ် အစေခံကြသောသူများသည် အမြဲတစေ ပို၍ကြီးမားသော စဉ်းစားဉာဏ် ရှိလိုကြသည်၊ ကျန်သည့်...

လက်စားချေမှု အရယူပြီးနောက် နိုးထခြင်း

ကျွန်မ အသင်းတော်မှာ ခေါင်းဆောင်အဖြစ် ခဏတာ အစေခံခဲ့တယ်။ ဧဝံဂေလိ သင်းထောက်ဖြစ်တဲ့ အစ်မကျန်းက သူ့တာဝန်အတွက် ဝန်တာထားပြီး တကယ်ကို တက်ကြွခဲ့တယ်။...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။