ဆိုးယုတ်သော ဖိနှိပ်မှုမှ ထမြောက်ခြင်း

25.08.2019

မိုချီဂျန်၊ ဂေါင်ဒေါင်စီရင်စု

ကျွန်တော့်ကို ဆင်းရဲပြီး ဝေးလံသီခေါင်သော တောင်ပေါ်ဒေသတွင် မွေးဖွားခဲ့ပြီး ထိုနေရာသည် ဗုဒ္ဓဘုရားအား ကျွန်တော်တို့ အမွှေးနံ့သာများ မီးရှို့ပူဇော်ပြီး မျိုးဆက်ပေါင်းများစွာ ကိုးကွယ်လာခဲ့ကြသော နေရာဖြစ်သည်။ မိသားစုများအားလုံး အမွှေးနံ့သာများ မီးရှို့ပူဇော်ရန် သွားကြသော ဗုဒ္ဓဘာသာဂူဘုရားများမှာ နယ်မြေအနှံ့တွင်ရှိနေပြီး၊ အဘယ်သူမျှ ဘုရားသခင်အား မယုံကြည်ခဲ့ကြဖူးဘူးပေ။ ၁၉၉၅ခုနှစ်တွင် ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့သည် နိုင်ငံတွင်းရှိ အခြားဒေသတစ်ခုတွင် အလုပ်လုပ်နေခဲ့ကြပြီး ထိုနေရာက ကျွန်တော်တို့ သခင်ယေရှုကို စတင်ယုံကြည်ခဲ့သောနေရာ ဖြစ်သည်။ ကျွန်တော်တို့ ပြန်လာပြီးနောက် ဧဝံဂေလိတရားကို စတင်ဟောပြောခဲ့ပြီး ယင်းကို လက်ခံခဲ့သောသူ အရေအတွက်သည် လူအယောက် (၁၀ဝ)ကျော်အထိ တဖြည်းဖြည်း တိုးလာခဲ့သည်။ ဘုရားသခင်အား ပို၍ပို၍များသော လူများ ယုံကြည်လာသောကြောင့် ဒေသန္တရအစိုးရအား အထိတ်တလန့် ဖြစ်စေခဲ့သည်။ ၁၉၉၇ခုနှစ်၏ တစ်နေ့တွင်၊ ရဲများသည် ကျွန်တော့်ကို ဒေသန္တရ ရဲစခန်းသို့ သွားရန် ဆင့်ခေါ်ခဲ့ပြီး ထိုနေရာတွင် ကောင်တီပြည်သူလူထုလုံခြုံရေးအစိုးရဌာန၏ အကြီးအကဲ၊ လုံခြုံရေးအစိုးရဌာန၏ အကြီးအကဲ၊ သာသနာရေးအစိုးရဌာန၏ အကြီးအကဲနှင့် ရဲဌာန၏ အကြီးအကဲသာမက ရဲအရာရှိ တချို့ပါ ကျွန်တော့်ကို စောင့်နေကြသည်။ ပြည်သူလူထုလုံခြုံရေးအစိုးရဌာန၏ အကြီးအကဲက ကျွန်တော့်ကို “ဘုရားသခင်ကို ဘာဖြစ်လို့ ယုံကြည်တာလဲ၊ မင်း ဘယ်သူနဲ့ အဆက်အသွယ်လုပ်နေလဲ၊ သမ္မာကျမ်းစာတွေ ဘယ်ကနေရလာလဲ၊ မင်းက ဘာဖြစ်လို့ ကိုယ်ပိုင်မူ-သုံးခုသုံး အသင်းတော် တွေ့ဆုံပွဲတွေကို မသွားတာလဲ” ဟု မေးသည်။ ကျွန်တော်က “လူတွေကို ဘုရားသခင် ဖန်ဆင်းထားတယ်၊ သူတို့ ပျော်မွေ့နေတဲ့ အရာတွေအားလုံးကိုလည်း ဘုရားသခင် ဖန်ဆင်းထားတယ်၊ ဥပမာ နေရောင်၊ လေနဲ့ ရေ၊ အဲဒါက လူတွေက ဘုရားသခင်ကို ယုံကြည်ပြီး သူ့ကို ကိုးကွယ်ကြတယ် ဆိုတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ နိယာမဖြစ်တယ်။ နိုင်ငံတော်ရဲ့ အခြေခံဥပဒေကလည်း နိုင်ငံသားတွေမှာ ဘာသာ ရေးလွတ်လပ်ခွင့်ရှိတယ်လို့ အသေအချာကို ပြဋ္ဌာန်းထားတယ်၊ ခင်ဗျားက ဘာဖြစ်လို့ ကျွန်တော်တို့ကို ဘုရားသခင်ကို လွတ်လပ်စွာ ယုံကြည်ဖို့ ခွင့်မပြုတာလဲ” ဟုပြောခဲ့သည်။ သာသာနာရေး အစိုးရဌာနအကြီးအကဲက “ဘာသာရေးလွတ်လပ်ခွင့်က အကန့်အသတ် တွေရှိတယ်၊ လှောင်ချိုင့်ထဲက ငှက်သငယ်လိုပေါ့ကွာ၊ သူ့ရဲ့အတောင်တွေ ခြေထောက်တွေကို မချုပ်ထားရင်တောင် သူက လှောင်ချိုင့်ထဲမှာပဲ လှုပ်ရှားနိုင်တာ” ဟုပြောခဲ့သည်။ သူပြောသည့် ဤအတွေးမှားများအား ကျွန်တော် ကြားသောအခါ မခံမရပ်နိုင် ဖြစ်လာပြီး စိတ်ဆိုးစွာဖြင့် “ဒါဆိုရင် နိုင်ငံတော်အစိုးရက သူ့ရဲ့ ပြည်သူတွေကို လိမ်နေတာပဲ” ဟုပြောလိုက်သည်။ ကျွန်တော် ဤကဲ့သို့ပြောသည်ကို ၎င်းတို့ကြားသည့်အခါ သူတို့မှားသွားမှန်း သူတို့သိသွားခဲ့ပြီး ပြောစရာ ဘာမှမရှိကြတော့ပေ၊ ထို့ကြောင့် သူတို့ ကျွန်တော့်အား အိမ်သို့သာ ပြန်ခိုင်းလိုက်ကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ၏ အမှုတော်များကို ကျွန်တော် လက်ခံခဲ့သည် ၁၉၉၉ခုနှစ်အထိ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဘုရားသခင်အား ဆန့်ကျင်သည့် အခြေအမြစ်ကို ကျွန်တော် သတိမထားခဲ့မိပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ခြင်းနှင့် တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ပို၍ပင် ရက်စက်ကြမ်းကြုတ်သော ညှဉ်းဆဲနှိပ်စက်ခြင်းများကို တွေ့ကြုံခံစားရခြင်းအားဖြင့် တရုတ်ကွန်မြူနစ်ပါတီသည် နတ်ဆိုးစာတန်၏ ပြယုဂ်ဖြစ်သည် ဆိုကြောင်းကို မြင်နိုင်ခဲ့သည်။ ၎င်းမှာ ဘုရားသခင်၏ ရန်သူဖြစ်သည်ဆိုသည်ကို သမ္မာကျမ်းစာထဲ၌ ပြောထားသည်မှာ- “ထိုအခါ ဤလောက တစ်နိုင်ငံလုံးကို လှည့်ဖြား၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်းဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူ သူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။( ဗျာဒိတ်ကျမ် ၁၂:၉)

၂၀ဝ၂ခုနှစ် ဇွန်လ ၂၈ရက်၊ မနက် ၅နာရီ အကျော်လေးတွင်၊ ကျွန်တော်သည် ညီအစ်ကို မောင်နှမတချို့နှင့် တွေ့ဆုံပွဲတစ်ခုပြုလုပ်ရန်အတွက် ပြင်ဆင်နေစဉ်တွင် ရုတ်တရက် တံခါးခေါက်သံ တဒုန်းဒုန်း ကြားခဲ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်စာအုပ်များကို လျင်မြန်စွာ ဖွက်လိုက်ပြီးနောက် တံခါးဖွင့်ပေးခဲ့သည်။ မမျှော်လင့်ဘဲ၊ တံခါးဖွင့်လိုက်သောအခါ တစ်ဒါဇင်ခန့်သော ရဲများ တဟုန်ထိုး ပြေးဝင်လာကြသည်။ ၎င်းတို့လက်ထဲတွင် လျှပ်စစ်တုတ်တံများနှင့် သေနတ်များ ကိုင်ထားပြီး ကျွန်တော်တို့အားလုံးကို အတူတကွ တွန်းထိုးလိုက်ပြီး ကျွန်တော်တို့ကို ဆောင့်ကြောင့်ထိုင်စေကာ လက်များအား ခေါင်းများပေါ်သို့ တင်စေခဲ့သည်။ ကျွန်တော်တို့ကို ထိုရဲများမှ ထိန်းချုပ်လိုက်ပြီးသည့်နောက်၊ ဓားပြများ ရွာထဲသို့ ဝင်လာသကဲ့သို့၊ ၎င်းတို့သည် အခန်းတိုင်းသို့ ဝင်ပြီး ပစ္စည်းများအားလုံးအား ရှုပ်ပွအောင် လုပ်လိုက်ကြသည်၊ ၎င်းတို့က ကျွန်တော်တို့၏ မွေ့ရာနှင့် အိပ်ရာခင်းများ၊ အဝတ်အစားများကို ဆွဲယူပြီး ကြမ်းပြင်အနှံ့ လွှင့်ပစ်ကြသည်။ ယခင်က တီဗီထဲ၌ စနစ်တကျ စီစဉ်ထားသော ရာဇဝတ်မှုနှင့် ဓါးပြများ၏ တိုက်ခိုက်လုယက်ခြင်းနှင့် ဓားပြတိုက်သည့် ပြကွက်များကို ကျွန်တော် ကြည့်ဖူးသော်လည်း “ပြည်သူ့ရဲ” မှ တီဗီထဲရှိ ဆိုးညစ်သောအာဏာရှင်များနှင့် ဓားပြများကဲ့သို့ ပြုမူလိမ့်မည်ဟု ကျွန်တော် ဘယ်သောအခါကမျှ မထင်ထားခဲ့မိပေ။ ထိုအချိန်တွင် ကျွန်တော် အလွန့်တရာ ကြောက်ရွံ့နေခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များကို ၎င်းတို့ ရှာတွေ့သွားမည်ကို အလွန် စိုးရိမ်နေခဲ့သည်။ ကျွန်တော်၏ စိတ်ထဲ၌ အဆက်မပြတ် ဆုတောင်းနေခဲ့ပြီး ကျွန်တော်တို့အား ကြည့်ရှုကွယ်ကာရန် ဘုရားသခင်အား တောင်းလျှောက်နေခဲ့သည်။ ဆုတောင်းပြီးနောက်မှာ၊ ဘုရားသခင်၏ အံ့သြဖွယ်ရာ ကောင်းမြတ်ခြင်းကို မြင်တွေ့ခဲ့ရသည်။ တစ်အိမ်လုံးကို ၎င်းတို့ လှန်လှော မွှေနှောက်ရှာ ဖွေပြီး ကျွန်တော်တို့၏ ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုများအား သိမ်းယူကြသည်၊ သို့သော် ၎င်းတို့ ဘုရားသခင်၏ နှုတ်ကပတ်တော် စာအုပ်များအား ရှာမတွေ့ခဲ့ကြပေ။ ဤအရာသည် ဘုရားသခင်၏ အနန္တတန်ခိုးနဲ့ ကွယ်ကာခြင်းပင်ဖြစ်ကြောင်း ကျွန်တော်သိသည်၊ ဘုရားသခင် ကျွန်တော်တို့နဲ့အတူ ရှိကြောင်းကိုလည်း ကျွန်တော်သိပြီး ကျွန်တော်၏ ဘုရားသခင်၌ ယုံကြည်ခြင်းသည် တိုးလာခဲ့သည်။ ထို့နောက် ၎င်းတို့သည် ကျွန်တော်တို့ကို ရဲစခန်းသို့ ခေါ်သွားခဲ့ပြီး ညပိုင်း၌ ကျွန်တော်တို့ကို ပြစ်မှုကျူးလွန်သူများကိုထိန်းသိမ်းသည့် စခန်းသို့ လွှဲပြောင်းလိုက်ပြီး ကျွန်တော်တို့ကို ချုပ်ထားလိုက်သည်။ သုံးရက်ကြာပြီးနောက်၊ မည်သည့်သက်သေမျှမရှိဘဲ၊ ရဲများက ကျွန်တော်တို့ လွတ်မြောက့်ရန် ကျွန်တော်တို့ တစ်ဦးစီကို ယွမ်ငွေ သုံးရာ ပေးရမည်ဟု ဒဏ်တပ်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ လူများအား ၎င်းတို့၏ ဘာသာရေး လွတ်လပ်ခွင့်ကို ခွာချပစ်သော ယခုကဲ့သို့ မလျော်ကန်သည့် ခေါင်းပုံဖြတ်အမြတ်ကြီးစားများကဲ့သို့ ပြုမူသည်ကို မြင်ရစဉ်တွင်၊ ကျွန်တော် အလွန်အမင်း မကျေမချမ်းဖြစ်ရပြီး ကျွန်တော် မည်သို့မျှ မတတ်နိုင်ပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်များကို ဆင်ခြင်နေခဲ့သည်- “နှစ်ပေါင်းထောင်ချီကြာ ဤသည်မှာ ညစ်ညူးခြင်း၏ နယ်မြေ ဖြစ်လေပြီ။ ယင်းသည် မခံမရပ်နိုင်လောက်အောင် ညစ်ပတ်ပေရေသည်၊ စိတ်ဆင်းရဲမှုက ပိတ်ဆီးထားသည်၊ တစ္ဆေများသည် လှည့်စားရင်းနှင့် လှည့်ဖြားရင်း၊ အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း အကြင်နာမဲ့ကာ ရက်စက်ကြမ်းကြုတ်လျက်၊ ဤတစ္ဆေမြို့အား နင်းခြေရင်းနှင့် ယင်းကို အသေကောင်များဖြင့် ပြန့်ကျဲနေစေရစ်လျက်၊ နေရာတကာတွင် ထကြွသောင်းကျန်းကြလေသည်။ ယိုယွင်းပျက်စီးခြင်း၏ အပုပ်နံ့သည် နယ်မြေကို ဖုံးလွှမ်းပြီး လေထုတွင် စိမ့်ဝင်ပျံ့နှံ့ကာ၊ ယင်းသည် အလွန်အကျွံ စောင့်ကြပ်ခြင်းခံရ၏။ မိုးကောင်းကင်များ အလွန်ရှိ လောကကြီးအား မည်သူ မြင်နိုင်သနည်း။...ဘာသာရေး လွတ်လပ်မှုလော။ နိုင်ငံသားများ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများလော။ ယင်းတို့သည် အပြစ်ဖုံးကွယ်ခြင်းအတွက် လှည့်စားမှုများသာ ဖြစ်ကြသည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၈)) ဤမကောင်းဆိုးဝါးမြို့ကြီးဖြစ်သည့် တရုတ်နိုင်ငံ၌၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရမှ နဖူးစီး စာတန်းများအား ချိတ်ဆွဲပြီး “ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး လွတ်လပ်ခွင့်များ” ကို မြှင့်တင်နေကြသော်လည်း သူတို့သည် ဘုရားသခင်ကို ယုံကြည်သော လူများကို အကြောင်းမဲ့သက်သက် ဖမ်းဆီးနှိပ်စက်ကြသည်။ သူတို့သည် လူများအား ဘုရားသခင်ကို ယုံကြည်ရန် သို့မဟုတ် ဘဝ၏မှန်ကန်သောလမ်းကို လျှောက်ရန် ခွင့်မပြုကြပေ၊ သူတို့သည် ယုံကြည်သူများ အားလုံးအား တရှိန်ထိုး ဖယ်ရှားရန် တရွရွဖြစ်နေကြသည်။ ကျွန်တော်တို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌၊ ကျွန်တော်တို့သည် ဥပဒေကို မချိုးဖောက်ဖူးပေ သို့မဟုတ် မကောင်းသည့်အရာ ဘာမျှမလုပ်ဖူးပေ၊ ကျွန်တော်တို့လုပ်ခဲ့သမျှမှာ လူများ ဘုရားသခင်ကို သိလာပြီး ကိုးကွယ်ခွင့်ရဖို့ ဧဝံဂေလိတရားကို ဝေငှခဲ့ခြင်းသာ ဖြစ်သည်။ သို့မှသာ သူတို့သည် သမ္မာတရားကို ရရှိနိုင်ပြီး စာတန်၏ ဖိစီးနှိပ်စက်မှုမှ လွတ်မြောက်ကာ သူတို့၏ အမှောင်ထုနှင့် နာကျင်မှုတို့ဖြင့်ပြီးသော ဘဝများမှ ထွက်ပြေးလွတ်မြောက်နိုင်မည် ဖြစ်သည်။ သို့သော် တရုတ်ကွန်မြူနစ်ပါတီအစိုးရသည် ကျွန်တော်တို့အား ဧဝံဂေလိတရားကို ဟောကြားရန် ခွင့်မပြုဘဲ ပြည့်တန်ဆာအမှု၊ လူသတ်မှုနှင့် မီးရှို့မှု၊ ထို့နောက် လာဘ်စားမှုနှင့် လိမ်လည်မှုများ ကျူးလွန်သည့် ထိုဆိုးညစ်သော လူများနှင့်ပတ်သက်၍ တစ်ခုခု အရေးယူရမည့်အစား၊ ကျွန်တော်တို့အား ဖမ်းချင်သည်၊ ချုပ်ထားချင်သည်၊ ဒဏ်တပ်ချင်သည်၊ သူတို့သည် ထိုဆိုးညစ်သော လူများကို သူတို့၏ ရာဇဝတ်မှုများမှ လွတ်စေကြသည်။ ဤအချက်များအား စဉ်းစားခြင်းအားဖြင့်၊ တရုတ်ကွန်မြူနစ်ပါတီအစိုး၏ သမ္မာတရားအား မုန်းသော၊ ဘုရားသခင်အား ဆန့်ကျင်သော၊ လူများအား မျက်ကန်းဖြစ်စေသော၊ ထို့နောက် လူများအား လိမ်လည်လှည့်စားသော ကောက်ကျစ်စဉ်းလဲသည့် သဘောတရားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်၊ ၎င်းတို့သည် ဘုရားသခင်၏ ရန်သူတွေပင်ဖြစ်သည်။

ထိုနှစ်တစ်နှစ်တည်းအတွင်း နိုဝင်ဘာ ၂၈ရက်နေ့တွင်၊ ညီအစ်ကိုမောင်နှမတချို့နှင့် ကျွန်တော်တို့ ဘာသာရေး ခေါင်းဆောင်များနှင့်အတူ ဧဝံဂေလိတရားကို ဝေမျှနေခဲ့သည်။ သို့သော် ကောက်ကျစ်သောသူတစ်ယောက်၏ တိုင်ကြားမှုကို ကျွန်တော်တို့ ခံခဲ့ရပြီး တစ်ဒါဇင်လောက်သောရဲများမှ ကျွန်တော်တို့၏ အဆောက်အဦးကို ဝိုင်းထားကြပြီး တံခါးကို ချိုးဖျက် ဝင်ရောက်လာကြသည်။ ၎င်းတို့၏လက်ထဲတွင် သေနတ်များနှင့် တုတ်တံများရှိ နေကြပြီး ၎င်းတို့က “ဘယ်သူမှမလှုပ်နဲ့၊ မင်းတို့လက်တွေကို မြှောက်ထားကြ” ဟု အော်ကြသည်။ ထိုနောက် ကျွန်တော်တို့၏ ခန္ဓာကိုယ်များအပေါ်တွင် ရှာဖွေခဲ့ကြပြီး ကျွန်တော်တို့၏ ပိုက်ဆံများနှင့် ယွမ် (၅၀ဝ၀)ကျော်တန်သော လက်ဝတ်ရတနာများအား လုယက်ကြသည်။ ၎င်းတို့က ကျွန်တော်တို့ကို ကျွန်တော်တို့၏လက်များကို ခေါင်းပေါ်မှာတင်စေပြီး နံရံဘက်သို့ မျက်နှာမူကာ ဆောင့်ကြောင့်ထိုင်စေဖို့ အမိန့်ပေးသည်။ ထိုအချိန်၌ ညီမငယ်နှစ်ယောက်သည် ကြောက်နေကြကာ ကျွန်တော်က သူတို့အား “ငါတို့ ဘာမကောင်းတာမှ မလုပ်ထားဘူး၊ မကြောက်ကြနဲ့” ဟုပြောခဲ့သည်။ ကျွန်တော်ထိုကဲ့သို့ ပြောလျှင်ပြောခြင်း ရဲအချို့သည် ချက်ချင်းပင် ကျွန်တော့်ဆီသို့ တဟုန်ထိုးပြေးလာပြီး ၎င်းတို့၏ လက်သီးများ၊ ခြေထောက်များနှင့် ရိုက်နှက်ကန်ကြောက်ပြီး ကြမ်းပြင်ပေါ်သို့ လှဲချကြသည်။ သူတို့သည် အခန်းတိုင်းကို လှန်လှောမွှေနှောက်ပြီး ဗြောင်းဆန်နေအောင် မှောက်လှန်ချကြပြီး ပစ္စည်းအားလုံးကို ရှုပ်ပွနေအောင် ဖြန့်ကျဲထားလိုက်ကြသည်။ ရွာတွင် တိုက်ခိုက်လုယူသည့် ဓားပြများထက် သူတို့သည် ပို၍ ရိုင်းစိုင်းပြီး ကြမ်းကြုတ်ရက်စက်ကြသည်။ အခန်းထဲမှ အစ်မတစ်ယောက်သည် ထွက်မလာသောအခါ ရဲတစ်ယောက်သည် တဟုန်ထိုးပြေးသွားပြီး သူ့အား အတင်းအကျပ် ဆုပ်ကိုင်ကာ အပြင်သို့ ဆွဲထုတ်လာသည်။ နောက်ဆိုးညစ်သော ရဲတစ်ယောက်သည် သူအတော်လေး လှသည်ကို မြင်သွားပြီး သူ့အား တစ်ကိုယ်လုံးအနှံ့လိုက်စမ်းပြီး မဟားတရားစလုပ်ခဲ့သည်။ အစ်မသည် ခိုကိုးရာမဲ့ ငိုကြွေးခဲ့ပြီး ကံကောင်းစွာဖြင့် အိမ်ရှင် အချိန်မီ ရောက်လာခဲ့ပြီး ယင်းကို ရပ်တန့်စေနိုင်ခဲ့သည်၊ ထိုအရာက အစ်မအား အကျပ်ကိုင်မှုမှ လွတ်မြောက်ခွင့် ပေးလိုက်ခြင်းပင်ဖြစ်သည်။ ထိုအချိန်တွင်၊ “ပြည်သူ့ရဲများသည် ပြည်သူများအတွက် ဖြစ်သည်” နှင့် “ရဲများသည် ပြည်သူများ၏ အစောင့်အရှောက်များ ဖြစ်သည်” ကဲ့သို့သော ထိုဆောင်ပုဒ်များမှာ အလိမ်အညာချည်းသာ ဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း သိမြင်ခဲ့သည်။ ဤဆိုးညစ်သောရဲများသည် ပြည်တွင်း လူဆိုးဂိုဏ်းတစ်ခုနှင့် လူဆိုးဂုဏ်းဝင်များသက်သက်ပင် ဖြစ်သည်။ ကျွန်တော့်၏ နှလုံးသားအနက်ရှိုင်းဆုံးမှ ဤလူ့တိရစ္ဆာန်များအား ကျွန်တော် ပို၍ပင် ရွံပြီး မုန်းတီးမှုကို ခံစားရသည်။

ထိုနောက် ကျွန်တော်တို့ကို ရဲကားထဲ၌ ချုပ်ထားပြီး ရဲစခန်းသို့ ခေါ်သွားကြသည်။ ထိုနောက် သူတို့သည် ကျွန်တော်တို့အား စင်္ကြံလမ်းတွင် နှစ်ရက်နှင့် နှစ်ည လက်ထိပ်ခတ်ထားပြီး ကျွန်တော်တို့ စားသောက်ရန် ဘာမှမပေးပေ။ ကျွန်တော်၏ စိတ်ထဲတွင် ဆက်တိုက် ဆုပဲတောင်းနေနိုင်ပြီး ဘုရားသခင် ကျွန်တော်တို့အား လမ်းပြရန်နှင့် ယုံကြည်ခြင်းနှင့် ခွန်အားပေးရန် တောင်းလျှောက်နိုင်သည်၊ သို့မှသာ ကျွန်တော်တို့ ဤပတ်ဝန်းကျင်တွင် သူ့အတွက် သက်သေအဖြစ် ရပ်တည်နိုင်မည်ဖြစ်သည်။ နောက်ပိုင်းတွင် ရဲများမှ အစ်ကိုတစ်ယောက်အား စစ်မေးခဲ့ပြီး သူ၏အဖြေများကို သူတို့မကျေနပ်သည့်အခါ၊ ရဲအချို့မှ သူ့အား မြေကြီးပေါ်သို့ ပြင်းပြင်းထန်ထန် တွန်းချလိုက်သည့်အချိန်တွင် ဆိုးညစ်သောရဲတစ်ယောက်သည် သူ၏ပါးစပ်ထဲသို့ ခွေးချေးများ ထိုးထည့်ခဲ့သည်။ အစ်ကို၏ စိတ်အခြေအနေမှာ ဆိုးရွားစွာ ရန်စခံနေသည်။ ဤစိတ်မချမ်းမြေ့စရာ အခြေအနေအား မြင်ရစဉ်တွင် ကျွန်တော့်၏စိတ်နှလုံးမှာ အလွန်အမင်း စိတ်သောက ရောက်လာခဲ့ပြီး ကျွန်တော်၏အတွင်းထဲ၌ ထိန်းမနိုင်သိမ်းမနိုင်ဘဲ ဒေါသများ ခြောင်းခြောင်းထွက်ခဲ့သည်။ ကျွန်တော်သူတို့ဆီသို့ ပြေးသွားလိုက်ချင်ပြီး သူတို့အား အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဆွဲဆုတ်ပစ်လိုက်ချင်သော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အထဲ၌ လမ်းပြနေသည်မှာ “ဤညစ်ညမ်းသောမြေတွင် မွေးဖွားခဲ့ကြသော ငါ၏ ညီအစ်ကိုမောင်နှမများအတွက် ငါ အနည်းငယ် ကရုဏာသက်မိပြီး၊ သို့ဖြစ်၍ အဆင်းနီသောနဂါးကြီးကို မုန်းတီးခြင်းသည် ငါ့အတွင်း၌ ကြီးထွားလာခဲ့သည်။...ငါတို့အားလုံးမှာ ယင်း၏သားကောင်များ ဖြစ်ကြသည်။ ဤအကြောင်းကြောင့် ငါသည် ယင်းကို အလွန်တရာ မုန်းတီးပြီး ယင်းကို ဖျက်ဆီးပစ်ရန် လွန်စွာစိတ်ထက်သန်နေသည်။ သို့သော် ငါပြန်စဉ်းစားသည့်အခါ၊ ယင်းသည် မည်သည့်အကျိုးကျေးဇူးမှ မရှိနိုင်ဘဲ ဘုရားသခင်ကိုသာ အနှောင့်အယှက်ပေးလိမ့်မည်။ ထို့ကြောင့် ငါသည် ဤနှုတ်ကပတ်တော်များထံ ပြန်လာသည်- ဘုရားသခင်ကို ချစ်မြတ်နိုးခြင်းဟူသော ကိုယ်တော်၏အလိုတော် အတိုင်း လုပ်ဆောင်ခြင်းအပေါ်တွင် ငါ၏စိတ်နှလုံးကို တည်ထားလျက်ရှိသည်။...ထိုသို့ဖြင့် ထွန်းလင်းတောက်ပခံ့ညားသော အဓိပ္ပာယ်ရှိသည့်ဘဝကို အသက်ရှင် နေထိုင်ရန် ဖြစ်သည်။ ဤအရာတွင် ငါသည် အားရကျေနပ်ခြင်းနှင့် နှစ်သိမ့်ခြင်း အပြည့်ရှိနေသော စိတ်နှလုံးဖြင့် ဝမ်းနည်းခြင်းကင်းစွာ သေဆုံးနိုင်လိမ့်မည် ဖြစ်သည်။ သင် ထိုသို့လုပ်လိုသလော။ သင်သည် ထိုသန္နိဋ္ဌာန်မျိုး ရှိသူတစ်ဦးလော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လမ်းကြောင်း... (၂)) ဘုရားသခင်၏နှုတ်ကပတ်တော်များသည် ကျွန်တော့်စိတ်ကို တည်ငြိမ်စေပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစိမ့်စိမ့်ဆင်ခြင်ခြင်း၌ ဘုရားသခင်၏ အလိုတော်ကို နားလည်ခဲ့သည်။ ဘုရားသခင်သည် ဤဆိုးညစ်သော မကောင်းဆိုးဝါးများအား အလွန်အမင်း စက်ဆုပ်ရွံရှာပြီး ဖြစ်သည်၊ သူတို့အားလုံးကို ချက်ချင်းဖျက်ဆီးရန် သူဆန္ဒရှိသည်၊ သို့သော် ကျွန်တော်တို့ကို ပြည့်စုံစေရန် စာတန်၏ ကြိုးစားအားထုတ်မှုများကို သူအသုံးပြုရန် လိုအပ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့ ထိုအရာကို သိမြင်စေရန် ထိုအရာ၏ ညှဉ်းဆဲခြင်းကို အသုံးပြုသည်၊ တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ရွံရှာစရာကောင်းသော မျက်နှာနှင့် ဘီလူးသရဲစီးသော သဘောတရားကို သေချာစွာ မြင်တွေ့ခွင့်ပေးသည်။ ဤနည်းဖြင့် ကျွန်တော်တို့သည် ထိုအရာနှင့် ဆက်ဆံရေးကို ဖြတ်တောက်နိုင်ပြီး ကျွန်တော်တို့၏ စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ဆီသို့ အပြည့်အဝ လှည့်နိုင်ပေသည်။ ဘုရားသခင်သည် သူ၏အမှုတော်၌ ပိုကောင်းသည့် အကျိုးရလဒ်များရရန် တရုတ်ကွန်မြူ နစ်ပါတီအစိုးရ၏ ကသုတ်ကရက်နိုင်သော ရှာဖွေမှုကို အမြဲတမ်း ကြံ့ကြံ့ခံစေသည်၊ ထို့ကြောင့် ကျွန်တော်သည် ဖန်ဆင်းခံသတ္တဝါတစ်ခုအနေဖြင့် ကယ်တင်ခြင်းကို ရနိုင်သောကြောင့် သေးငယ်သော ဆင်းရဲဒုက္ခကို ခံစားသင့်သည် မဟုတ်ပါလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းများသည် ကျွန်တော့်အား ယုံကြည်ခြင်းနှင့် ခွန်အားကို ပေးနေခဲ့သည်၊ ကျွန်တော် ခရစ်တော်အား အတုယူချင်ပြီး ဘုရားသခင် ကျေနပ်အောင် လုပ်ဆောင်ရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချထားသည်။ ယခုအချိန်တွင်၊ စာတန်၏ ညှဉ်းဆဲခြင်းများထဲ၌ ဘုရားသခင်အတွက် သက်သေတည်ရန် ဘုရားသခင် ကျွန်တော်တို့အား လမ်းပြပြီး ကာကွယ်စောင့်ရှောက်ရန်ကိုပင် ဆန္ဒရှိသည်၊ ကျွန်တော်တို့သည် စာတန်၏လှည့်ကွက်များအား တုံ့ပြန်တိုက်ခိုက်ရန် လက်တွေ့အရေးယူနိုင်ချင်ခဲ့သည်၊ သို့မှသာ ၎င်းသည် ရှက်စရာကောင်းလောက်အောင် ရှုံ့နိမ့်မှာဖြစ်သည်။

တတိယညတွင်၊ ရဲများသည် ကျွန်တော်တို့ကို ကောင်တီလူထုလုံခြုံရေး အစိုးရဌာနသို့ လွှဲပြောင်းခဲ့ပြီး တစ်ညလုံး ကျွန်တော်တို့ကို စစ်မေးခဲ့ကြသည်။ လက်ထောက်ညွှန်ကြားရေးမှူးက အရင်ဆုံး ကျွန်တော်တို့ကို ဆွဲဆောင်ရန် နားဝင်ချိုသော စကားလုံးများသုံးပြီး ပြောသည်မှာ “ပြောလိုက်၊ မင်းအိမ်မှာ မင်းစောင့်ရှောက်ဖို့ လိုအပ်တဲ့ မိန်းမ၊ ကလေးတွေနဲ့ မိဘတွေရှိတယ်၊ မင်းမြန်မြန်ပြောလိုက်ရင် မင်းအိမ်ပြန်နိုင်ပြီ၊ ဟုတ်ပြီလား” ဤစကားများကြားပြီးသည့်နောက်၊ ကျွန်တော် တော်တော်လေးပင် သွေးဆောင်ခံလိုက်ရပြီး ကျွန်တော်စဉ်းစားခဲ့သည်၊ “တကယ်လို့ ငါသူတို့ကို သိပ်အရေးမကြီးတာလေးတချို့ကို ပြောပြလိုက်ရင် ငါထွက်သွားနိုင်မှာပဲ၊ ဒီမှာဆက်နေပြီး ခံစားနေရမှာ မဟုတ်တော့ဘူး”၊ ထိုအခိုက်အတန့်၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်တော့်အား နိုးထစေခဲ့သည်- “သို့ရာတွင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရချိန်များတွင် ငါ့အပေါ် စိုးစဉ်းမျှ သစ္စာစောင့်သိမှု မပြသခဲ့သူများအား ငါသည် နောက်ထပ် သနားကြင်နာတော့မည် မဟုတ်ဘဲ ငါ၏ကရုဏာသည် အကန့်အသတ်ရှိကြောင်းကို ငါရှင်းလင်းစေရမည်။ ထို့ပြင် တစ်ချိန်က ငါ့ကို သစ္စာဖောက်ခဲ့သူ မည်သူ့ကိုမျှ ငါနှစ်သက်ခြင်းမရှိ၊ ၎င်းတို့၏မိတ်ဆွေများ၏ အကျိုးအပေါ် သစ္စာဖောက်သူများနှင့် ငါသည် သာ၍ပင် ပတ်သက်ဆက်နွှယ်လိုခြင်း မရှိ။ ထိုသူသည် မည်သူပင်ဖြစ်စေ ဤသည်မှာ ငါ၏စိတ်သဘောထား ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်၏ ပန်းတိုင်အတွက် လုံလောက်သော ကောင်းမှုများကို ပြင်ဆင်လော့) ဘုရားသခင်၏ ဘုန်းအာနုဘော်ကြီးမားသော နှုတ်ကပတ်တော်အားဖြင့်၊ ဘုရားသခင်သည် ကျွန်တော့်ကို ငုံ့ကြည့်နေပြီး အဖြေပေးဖို့ ကျွန်တော့်ကို စောင့်နေသကဲ့သို့ ခံစားခဲ့ရသည််။ ကျွန်တော်၏အတွေးများသည် ဘုရားသခင်ကို သစ္စာဖောက်နေခဲ့သည်ကိုလည်း ဤအရာက ကျွန်တော့်ကို နားလည်စေခဲ့သည်။ အကျိုးဆက်အနေဖြင့်၊ အတွေးများကို ကျွန်တော် လျင်မြန်စွာ ဖယ်ထုတ်လိုက်ပြီး တင်းမာခက်ထန်သော ဖြောင့်မတ်ခြင်းဖြင့် “ကျွန်တော်ဒီကို ရောက်ကတည်းက ထွက်ခွာသွားဖို့ မစီစဉ်ထားခဲ့ဖူးဘူး” ဟု ကျွန်တော်ပြောခဲ့သည်။ ရဲသည် သူ၏လှည့်ကွက် အလုပ်မဖြစ်ကြောင်းကို မြင်သည့်အခါ သူသည် သူ၏မူရင်းဘီလူးသရဲစီးသော မျက်နှာအား ထုတ်ဖော်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူးသည် ဝက်စာပုံးကို မ,ကာ ကျွန်တော့်ခေါင်းပေါ်မှ လောင်းချမည့်သကဲ့သို့ လုပ်ခဲ့သည်။ ကျွန်တော်က သူ့ကို “ဒါက ဖြောင့်ချက်ပေးလာအောင် ခြောက်လှန့်ဖို့ ခင်ဗျားသုံးနေတဲ့ နှိပ်စက်မှုပဲ” ဟု ပြောခဲ့သည်။ ကျွန်တော် ထိုအရာအားပြောသည်ကို သူကြားသည့်အခါ၊ သူရုတ်တရက် ရပ်လိုက်ပြီး ဝက်စာများကို ကျွန်တော့်အပေါ် မလောင်းတော့ဘဲ ပုံးကို အောက်ချလိုက်သည်။ သားရေရှူးဖိနပ်ဝတ်ထားသော နောက်ထပ်ဆိုးညစ်သည့် ရဲတစ်ယောက်က ကျွန်တော့်ခြေမပေါ်ကို သူ၏ဖိနပ်ဒေါက်ဖြင့် ဆောင့်နင်းလိုက်ပြီး ထိုအရာကို သူတတ်နိုင်သမျှ အားကုန်လှည့်လှည့်ပြီး နင်းခြေခဲ့သည်။ စူးစူးရှရှနာကျင်မှုက ကျွန်တော့်ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ကူးစက်သွားပြီး ကျွန်တော် နာကျင်စွာ အော်ဟစ်သည်မှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့ပေ။ ကျွန်တော်၏အင်္ကျီများသည် ချွေးများဖြင့် စိုရွှဲနေခဲ့သော်လည်း ဆိုးညစ်သောရဲမှ ထိန်းမနိုင်သိမ်းမရ ဒေါသများထွက်နေခဲ့ပြီး ကျွန်တော့်ခြေမ ခြေသည်းကွာထွက်သည်အထိ ဆက်လက်နင်းခြေနေခဲ့သည်။ ထိုအချိန်၌၊ ကျွန်တော့်ခြေမသည် ပုံပျက်သည်အထိ ပျက်စီးနေပြီး သွေးချင်းချင်းနီနေခဲ့ပြီဖြစ်သည်။ ကျွန်တော့်၏ မခံမရပ်နိုင်အောင် နာကျင်နေစဉ်တွင်၊ ကျွန်တော်သည် ဘုရားသခင်ကို အဆက်မပြတ် အော်ဟစ်ပြီး၊ ကျွန်တော့်၏ စိတ်နှလုံးကို ကွယ်ကာရန် ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်၊ သို့မှသာ ကျွန်တော်သည် စာတန်ကို အရှုံးမပေးဘဲ ဘုရားသခင်အတွက် သက်သေတည်နိုင်မည် ဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုနှင့် ကွယ်ကာမှုကို ကျေးဇူးတင်ရင်း၊ နောက်ဆုံးမှာ ကျွန်တော် ဘာကိုမျှ မပြောခဲ့ပေ။ ဆိုးညစ်သောရဲသည် ကျွန်တော့်ထံမှ ၎င်းတို့လိုချင်သော သတင်းအချက်အလက် ဘာတစ်ခုမျှ မရသော်လည်း ၎င်းတို့ အရှုံးမပေးချင်ပေ။ နောက်ပိုင်းတွင် သူတို့သည် ကျွန်တော့်အား ညီအစ်ကိုမောင်နှမများနှင့်အတူ နောက်ထပ် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် မြို့တော်၏ စဝတ်အသင်းဆီသို့ ခေါ်သွားခဲ့သည်။

ကျွန်တော်တို့ စဝတ် အသင်းဆီသို့ ရောက်သောအခါ၊ ဆိုးညစ်သောရဲမှ ကျွန်တော်တို့၏ အဝတ်အစားများအားလုံးကို ချွတ်ရန် အတင်းခိုင်းခဲ့ပြီးနောက် သူတို့သည် ကျွန်တော်တို့၏ လက်များအား လက်ထိပ်ခတ်ခဲ့ပြီး ကျွန်တော်တို့ ခြေထောက်တွင် ခြေချင်းများကို ဝတ်ခိုင်းခဲ့သည်။ သူတို့သည် ထိုနောက် ကျွန်တော်တို့ကို အရှက်ရစေရန် ခြံဝိုင်းကို အတင်းအကျပ် သုံးပတ် စုံခုန်ခိုင်းခဲ့သည်။ ထို့နောက် သူတို့သည် ကျွန်တော်တို့အား ထောင်ခန်းများထဲသို့ ထည့်ပြီး လူခွဲထားကြသည်။ ထောင်ခန်းများထဲ၌ ပိတ်လှောင်ထားခံရသော လူများအားလုံးသည် လူသတ်သမားများဖြစ်ပြီး သူတို့သည် မကောင်းဆိုးဝါးများနှင့် ဘီလူးများလိုပင် ဖြစ်သည်။ ဆိုးညစ်သောရဲသည် ကျွန်တော့်ကို နှိပ်စက်ရန် ထောင်သားများကို အမိန့်ပေးခဲ့သည်၊ ထို့ကြောင့် ကျွန်တော့်စိတ်ထဲတွင် ဘုရားသခင်ကို ဆက်ပြီး ဆုတောင်းခဲ့သည်။ ဘုရားသခင်၏ ကွယ်ကာမှုကြောင့် ထောင်သားများသည် ကျွန်တော့်ကို အနိုင်မကျင့်ရုံသာမက ကျွန်တော့်ကို အမှန်တကယ်ပင် စောင့်ရှောက်ခဲ့ကြသည်။ လေးရက်ကြာပြီးသည့်နောက်၊ ဆိုးညစ်သောရဲသည် ဘုရားသခင်နှင့်ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ဖို့ရန် ကျွန်တော့်ကို တွန်းအားပေးဖို့ ကြိုးစားခဲ့သော်လည်း ကျွန်တော် စကားမပြောပေ။ သူတို့သည် ကျွန်တော်နှင့် နောက်ထပ် ညီအစ်ကိုတစ်ယောက်ကို ခေါ်သွားပြီး သူတို့ကျွန်တော်တို့ကို လက်ထိပ်ခတ်ပြီး ခြေထောက်တွင် ခြေချင်းများခတ်ပြီး ခြံဝန်းထဲသို့ တရွတ်တိုက် ဆွဲသွားခဲ့သည်။ အမဲရောင်အိတ်များကို ကျွန်တော်တို့ခေါင်းများပေါ်တွင် တင်ထားပြီး ခြံဝန်းအလယ်က သစ်ပင်ပေါ်မှ တွဲလောင်း ဆွဲထားကြသည်။ ရက်စက်ကြမ်းကြုတ်မှု၏ အရူးထခြင်းထဲတွင်၊ ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကိုက်စေရန် အဆက်မပြတ် တွားသွားနေသော ပုရွက်ဆိတ်များကို သစ်ပင်ပေါ် နေရာအနှံ့တွင် သူတို့ ထားခဲ့ကြသည်။ ထောင်ပေါင်းများစွာသော ပုရွက်ဆိတ်များကိုက်စေခြင်းဖြင့် နှိပ်စက်ခြင်းသည် နှလုံးသားထဲသို့ ထောင်ပေါင်းများစွာသော မြားများပစ်ခြင်းဖြင့် နှိပ်စက်ခြင်းနှင့် အတူတူပင်ဖြစ်သည်၊ ထိုအရာသည် အသက်ရှင်ရသည်ထက် သေရသည်က ပိုကောင်းသကဲ့သို့ ဖြစ်စေသည်။ ကျွန်တော်ဆက်ပြီး တောင့်ခံမထားနိုင်တော့ဟု ခံစားခဲ့ရပြီး မည်သည့်အချိန်မှ ဤနာကျင်မှုများ ဆုံးနိုင်မည်ဆိုသည်ကို ကျွန်တော် မသိခဲ့ပေ။ ဤကဲ့သို့ ဆိုးဝါးသော နာကျင်မှုများခံစားရစဉ်တွင်၊ ကျွန်တော့်စိတ်နှလုံးနှင့် ဝိညာဉ်ကို အစွမ်းရှိသမျှအားလုံး ကွယ်ကာပေးပါရန်သာ ဘုရားသခင်ကို ဆုတောင်းနိုင်သည်၊ ထိုမှသာ ကိုယ်တော်သည် ကျွန်တော့်ကို ခွန်အားနှင့် ဝေဒနာခံစားရန် စိတ်စွမ်းအားပေးပြီး သူ့အား သစ္စာဖောက်ခြင်းမှ ကာကွယ်စောင့်ရှောက်မည် ဖြစ်သည်။ ထိုအချိန်တွင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်တော့် စိတ်ထဲတွင် ပေါ်လာခဲ့သည်မှာ- “ငါ၏ဘုန်းအသရေသည် စကြဝဠာကို ပြည့်နိုင်ဖို့အလို့ငှာ၊ လူအားလုံးသည် ငါ့အတွက် နောက်ဆုံးသော ဆင်းရဲဒုက္ခကို ခံစားကြရမည်။ သင်တို့သည် ငါ၏ အလိုကို နားလည်ကြသလော။ ဤသည်မှာ လူသားနှင့်သက်ဆိုင်သည့် ငါပြုသော နောက်ဆုံးသတ်မှတ်ချက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူအားလုံးသည် အဆင်းနီသောနဂါးကြီးရှေ့တွင် အားကောင်းသည့်၊ ထူးကဲသော သက်သေကို ခံနိုင်ကြရန်၊ ၎င်းတို့သည် နောက်ဆုံးသော အကြိမ် မိမိတို့ကိုယ်ကိုယ် ငါ့အတွက် ပူဇော်နိုင်ပြီး၊ နောက်ဆုံးအကြိမ် ငါ၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ငါမျှော်လင့်သည်။ သင်တို့သည် ဤအရာကို အမှန်တကယ် လုပ်ဆောင်နိုင်ကြသလော။ အတိတ်တွင် သင်တို့သည် ငါ၏စိတ်နှလုံးကို ကျေနပ်စေနိုင်စွမ်း မရှိခဲ့ကြချေ- နောက်ဆုံးအကြိမ်တွင် သင်တို့သည် ဤပုံစံကို ချိုးဖျက်နိုင်ကြမည်လော။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၃၄)) ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကျွန်တော်၏ စိတ်နှလုံးကို ခွန်အားနှင့်ပြည့်စေသည်။ ဘုရားသခင်သည် အဘယ်ကဲ့သို့ လူ့ဇာတိကိုခံယူပြီး ကမ္ဘာမြေကြီးသို့ လာခဲ့သလဲ ဆိုသည်နှင့် ကျွန်တော်တို့ကို ကယ်တင်ရန် တရုတ်ကွန်မြူနစ်ပါတီအစိုးရနောက်သို့ ဖြစ်နိုင်သည့်နည်းလမ်းတိုင်းဖြင့် လိုက်ပြီး အဘယ်ကဲ့သို့ ဆင်းရဲဒုက္ခခံသည့်အကြောင်းကို ကျွန်တော် စဉ်းစားခဲ့သည်။ သူ့ဆီ၌ အိမ်ဟုခေါ်ရန် နေရာမရှိခဲ့ပေ။ ယနေ့ ကျွန်တော်သည် ခရစ်တော်နှင့်အတူ ဒုက္ခခံစားနိုင်သည်၊ ၎င်းမှာ ကျွန်တော့်အတွက် ဘုရားသခင်၏ မေတ္တာနှင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းဖြစ်သည်။ ဘုရားသခင်အား ချီးကျူးထောမနာပြုနိုင်သရွေ့ ကျွန်တော်ပျော်ရွှင်ပြီး အသေခံရန် လိုလိုလားလား ရှိမှာပင် ဖြစ်သည်။ နာကျင်မှု၏ မိနစ်တိုင်း စက္ကန့်တိုင်းကို ကျော်ဖြတ်ရန် ဘုရားသခင်၏ နှုတ်ကပတ်တော်ပေါ်၌ အမှီပြုခဲ့သည်။ ကျွန်တော်တို့ကို သစ်ပင်ပေါ်၌ နှစ်ရက်နဲ့ နှစ်ညတိုင်တိုင် တွဲလောင်းဆွဲထားခဲ့ကြသည်။ သုံးရက်မြောက်နေ့တွင် ကျွန်တော် အမှန်တကယ်ပင် ထပ်ပြီးမခံနိုင်တော့ပေ။ ထိုအချိန်က ဆောင်းတွင်း အစောပိုင်းဖြစ်ပြီး မိုးများရွာနေခဲ့ပြီး ကျွန်တော် ဝတ်ထားခဲ့သမျှ အားလုံးသည် အောက်ခံအထပ်မပါသော တစ်ထည်တည်းသော အဝတ်ပင်ဖြစ်သည်။ ကျွန်တော်ကို ခြေဗလာဖြင့် သစ်ပင်ပေါ်မှ တွဲလောင်းဆွဲထားခဲ့ကြပြီး ကျွန်တော့်တွင် စားဖို့ သောက်ဖို့ ဘာမျှမရှိဘဲ အကြီးအကျယ် နာကျင်နေခဲ့သည်။ ဆာလောင်မွတ်သိပ်ခြင်းနှင့် အေးစက်ခြင်း၏ ဝေဒနာနှင့် မခံမရပ်နိုင်သော နာကျင်မှုများက ကျွန်တော့်ကို သေချင်စိတ်ပေါက်စေခဲ့သည်၊ ကျွန်တော်လုပ်နိုင်သမျှမှာ ကျွန်တော် အစွမ်းရှိသမျှအားလုံးဖြင့် ဘုရားသခင်ကို ဆုတောင်းဖို့ပင် ဖြစ်သည်။ ဇာတိပကတိ၏ အားနည်းခြင်းကြောင့် ကျွန်တော် ညှဉ်းပမ်းမှုဒဏ်ကို မကိုင်တွယ်နိုင်တော့ဘဲ ယုဒကဲ့သို့ ဘုရားသခင်ကို သစ္စာဖောက်မိမှာ အလွန်အမင်း ကြောက်နေခဲ့သည်။ နာကျင်မှုများကြားထဲ၌၊ ကျေးဇူးတော်ခေတ်မှ တမန်တော် သတေဖန်ကို သတိရခဲ့သည်။ သခင်ယေရှု၏ ဧဝံဂေလိတရားကို ဖြန့်ဝေသောကြောင့် လူထု၏ ကျောက်ခဲနှင့် သေအောင်ပစ်သတ်ခြင်းကို ခံခဲ့ရသည်။ သူမသေမီ၊ သူ၏ဝိညာဉ်ကို လက်ခံရန် ဘုရားသခင်ကို တောင်းလျှောက်ခဲ့သည်။ ထို့ကြောင့်၊ ကျွန်တော်လည်း ဘုရားသခင်ကို “အိုဘုရားသခင်၊ ကျွန်တော်၏ ဇာတိပကတိသည် အလွန်အားနည်းပါသည်၊ ယခုအခါ ကျွန်တော် ခံရပ်နိုင်သော နာကျင်မှုထက်ပိုသည်ကို ခံယူနေရပါသည်။ ကိုယ်တော် ကျွန်တော်၏ဝိညာဉ်ကို ယူဆောင်ရန် ကျွန်တော် အလိုရှိပါသည်၊ ကိုယ်တော်ကို သစ္စာဖောက်ခြင်းထက် သေခြင်းကို ပိုလိုလားသောကြောင့် ဖြစ်ပါသည်။” ဟု ဆုတောင်းခဲ့သည်။ ဆုတောင်းပြီးနောက်၊ မျှော်လင့်မထားဆုံးသော နိမိတ်လက္ခဏာ ဖြစ်ပေါ်ခဲ့သည်၊ ကျွန်တော့် ခန္ဓာ၏အပြင်ဘက်ကို ရောက်သည့် အတွေ့အကြုံကို အမှန်တကယ် ခံစားရပြီး ကျွန်တော့်ကို မြက်ခင်းပြင်ထဲသို့ ခေါ်ဆောင်ခြင်းခံရသည်။ ထိုနေရာတွင် စိမ်းလန်းစိုပြည် သန်စွမ်းသော အစိမ်းရောင် မြက်ပင်များ နေရာအနှံ့တွင်ရှိနေပြီး ကျွဲနွား တိရစ္ဆာန်နှင့် သိုးများ အနားတဝိုက်တွင် ရှိနေသည်။ ကျွန်တော့်၏ စိတ်အခြေအနေသည် ထူးထူးခြားခြား သက်သောင့်သက်သာဖြစ်နေပြီး ကိုယ့်ကိုယ်ကို မသိလိုက်ဘဲ ဘုရားသခင်ကို အကျယ်ကြီး ချီးမွမ်းနေခဲ့သည်- “လူ့ဇာတိခံ ဘုရားသခင်သည် လူတို့ကို တရားစီရင်ပြီး သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြရင်း တရုတ်ပြည်တွင် ပေါ်ထွန်းလေပြီ။ ထက်သော ဓါးတစ်စင်းကဲ့သို့၊ သူ၏ နှုတ်ကပတ်တော်များက သြဇာအာဏာ၊ တရားစီရင်ခြင်း၊ သန့်စင်ခြင်းတို့ဖြင့် ပြည့်နေပြီး၊ သူ၏ လူတို့ထံ ကယ်တင်ခြင်းကို ယူဆောင်ပေးသည်။ အဆင်းနီသော နဂါးကြီးကို သူ၏ အစေခံမှုတွင် အသုံးပြုခြင်း၊ အောင်မြင်သောသူများ အုပ်စုကို ပြုလုပ်ခြင်းနှင့် စာတန်၏ အင်အားများကို နှိမ်နှင်းခြင်းတို့အတွက် ဘုရားသခင်၏ အနန္တတန်ခိုးရှိခြင်းနှင့် ဉာဏ်ပညာတို့ကို ချီးမွမ်းကြလော့။ အပြည့်အစုံ ထုတ်ဖော်ပြခံရပြီးခြင်းအတွက် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ချီးမွမ်းကြလော့။ နှိမ့်ချစွာ ဖုံးကွယ်ခံနေရပြီး ချစ်ဖွယ်အလွန်ကောင်းခြင်းအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းကြလော့။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏ လုပ်ဆောင်ချက်များက အမှန်ပင် အံ့သြဖွယ်ဖြစ်ပေ။ သူရရှိခဲ့သည် ဘုန်းအသရေအတွက် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းကြလော့။ လျှပ်စစ်သည် အရှေရပ်မှ အနောက်အရပ်သို့ ပြက်လေပြီး ပညာသတိရှိသော သူတို့သမီးများ အလင်းသို့ ဆွဲဆောင်ခြင်းခံရလေသည်။ နိုင်ငံတိုင်းနှင့် နယ်မြေတိုင်း၏ လူတို့သည် ကိုးကွယ်ရန် ပျပ်ဝပ်ရင်းနှင့် ကိုယ်တော်၏ တရားစီရင်ခြင်းကို လက်ခံရင်း ဘုရားသခင့်ရှေ့သို့ ပြန်လာကြသည်။ လူသားမျိုးနွယ်အပေါ် ထာဝရအသက်လမ်းကို အပ်နှင်းဖို့ နောက်ဆုံးသော ကာလတွင် ပြန်လာသည့်အတွက် ဘုရားသခင်ကို ချီးမွမ်းကြလော့။ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ခြင်း ယူဆောင်လာသည့်အတွက် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်းကို ချီးမွမ်းကြလော့။ သူ၏ ကြီးမြတ်သော အမှုတော် ပြည့်စုံစေခဲ့ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များက အရာရာကို ပြီးမြောက်စေခဲ့ခြင်းအတွက် ဘုရားသခင်ကို ချီးမွမ်းကြလော့။ တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးက ချစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းသီဆိုနေကြသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းရန် လာကြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကိုယ်တော့်ကို ချီးမွမ်းပါ၏။ ကိုယ်တော့်ကို ချီးမွမ်းရန် အားလုံး လာကြသည်။ ကိုယ်တော့်ကို ချီးမွမ်းပါ၏။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းပါ၏။” (သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ စာအုပ်ထဲရှိ “တိုင်းနိုင်ငံအားလုံးနှင့် လူအားလုံးက အနန္တတန်ခိုးရှင် ဘုရားသခင်ကို ချီးမွမ်းကြသည်”) ဤနှိုင်းယှဉ်မရသော ဝမ်းမြောက်ခြင်းထဲ၌ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ နှစ်မြှုပ်ထားပြီး လွတ်လပ်ခြင်း နယ်နိမိတ်ထဲ၌ နေထိုင်နေသော အချိန်၌ နာကျင်မှု၊ ဆာလောင်မှုနှင့် သစ်ပင်ပေါ်မှ တွဲလောင်းချခံထားရသောကြောင့်ဖြစ်သော အေးစက်မှုများနှင့် ပုရွက်ဆိတ်ကိုက်ခံရသော နာကျင်မှုများအားလုံး ကွယ်ပျောက်သွားသည်။ ကျွန်တော်နိုးလာသောအခါ၊ ကျွန်တော်က တတိယညကို ရောက်နေပြီး ဆိုးညစ်သောရဲက ကျွန်တော့်ကို သစ်ပင်ပေါ်မှ ဖြုတ်ပေးခဲ့သည်။ ကျွန်တော် သုံးရက်ကြာကြာ တွဲလောင်း ဆွဲခံထားရသော်လည်း ကျွန်တော်သည် မသေခဲ့ရုံမျှမက ဝိညာဉ်နှင့်လည်း ပြည့်နေခဲ့သည်။ ဤအရာက အမှန်ပင် အနန္တတန်ခိုးရှင်၏ စွမ်းအားဖြစ်ပြီး ဘုရားသခင်၏ အံ့သြဖွယ် ကွယ်ကာခြင်း ဖြစ်သည်။ ကျွန်တော်သည် ဘုရားသခင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပြီး ကျေးဇူးတော်ကို ချီးမွမ်းနေခဲ့သည်။

စတုတ္ထနေ့တွင်၊ ဆိုးညစ်သောရဲက ကျွန်တော့်ကို ထပ်ပြီး စစ်မေးကာ ကျွန်တော့်၏ ညီအစ်ကိုမောင်နှမများကို သစ္စာဖောက်ရန် ဖိအားပေးဖို့ ကြိုးစားခဲ့ကြသည်၊ ကျွန်တော် ချီဂျောင်ကို ယုံကြည်ကြောင်း ဝန်ခံရန် တွန်းအားပေးကြပြီး ဘုရားသခင်ကို သစ္စာဖောက်စေရန်နှင့် စစ်မှန်သောလမ်းကို စွန့်လွှတ်စေရန် လုပ်ကြသည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးမှုအောက်၌၊ ကျွန်တော်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆင်ခြင်ခဲ့သည်- “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားအား လက်တွေ့လုပ်ဆောင်ရန်နှင့် ဘုရားသခင်ကို သက်သေခံရန် ကျွန်တော့်ကို ရဲရင့်ခြင်းများ ပေးခဲ့သည်။ မည်သို့ပင်ဖြစ်စေ၊ ကျွန်တော်သည် ဘုရားသခင်ကို မဆန့်ကျင်နိုင်ပေ သို့မဟုတ် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပုတ်ခတ်မပြောဆိုနိုင်ပေ။ ကျွန်တော် မဖြုံဘဲ “ကျွန်တော် အရာအားလုံး အပေါ်မှာ အုပ်စိုးတဲ့ စစ်မှန်တဲ့ ဘုရားသခင်ဖြစ်တဲ့ အနန္တတန်ခိုးရှင်ဘုရားသခင်ကို ယုံကြည်တယ်။ ကျွန်တော် ချီဂျောင်ကို မယုံကြည်ဘူး၊ ခင်ဗျားတို့က အမှန်တရားကို လိုရာဆွဲ မမှန်မကန်ပြောပြီး ကျွန်တော့်ကို အမှုဆင်နေတာပဲ။” ဟု တည်ငြိမ်စွာ ပြောခဲ့သည်။ ဤသည်ကို ကြားပြီးသည့်နောက်၊ ဆိုးညစ်သော ရဲတစ်ယောက်သည် ဒေါသပုန်ထ ပြေးသွားပြီး သစ်သားခွေးခြေ ရှည်ရှည်တစ်ခုကို ဆွဲလာခဲ့ပြီး ကျွန်တော့်ကို သေအောင် ထိုအရာနှင့် ရူးမိုက်စွာ စရိုက်ခဲ့သည်။ သူသည် ကျွန်တော့်ကို သွေးများအန်ထွက်သည်အထိ ရိုက်ခဲ့သည်။ ကျွန်တော် မလှုပ်မယှက်နှင့်လဲနေခဲ့ပြီး ကြမ်းပြင်ပေါ်တွင် အရုပ်ကြိုးပြတ်ဖြစ်ခဲ့သည်။ ထို့နောက်၊ သူတို့က ကျွန်တော့်ကို နှိုးရန် ကျွန်တော့်အပေါ်သို့ ရေခဲရေနှင့်ပက်ပြီး ဆက်ရိုက်ခဲ့ကြသည်။ ဤကဲ့သို့ ဘီလူးသရဲစီးပြီး လူမဆန်သော ရိုက်နှက်မှုတွေထဲမှာ၊ ကျွန်တော့်ရင်ဘတ် အရှေ့ဖက်နှင့် နောက်ကျောဖက်များမှာ တစ်ခုလုံး မဲပြာပြီး ခန္ဓာကိုယ်အတွင်းပိုင်းမှာ အတော်များများ ပျက်စီးခြင်းကို ခံစားခဲ့ရသည်။ တစ်ပတ်ကြာပြီးနောက်မှာ၊ ကျွန်တော့်ဆီးက အားလုံးသွေးများ ဖြစ်နေပြီး ကျွန်တော်၏ ညာဖက်ကျောက်ကပ်က ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ (ယနေ့ထိ ထိုအရာက အလွန်ကို နာကျင်နေသေးသည်) တစ်လကြာပြီးနောက်၊ ဆိုးညစ်သောရဲသည် မည်သည့် သက်သေအထောက်အထားကိုမျှ ရှာမတွေ့နိုင်ခဲ့ပေ၊ ထို့ကြောင့် သူတို့က မှားယွင်းသော အချက်အလက် အချို့ကို လုပ်ကြံဖန်တီးပြီး ယင်းကို လက်မှတ်ထိုးရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။ ထိုနောက် သူတို့သည် ကျွန်တော့်ကို မြို့တော် ပြစ်မှုကျူးလွန်သူများအား ထိန်းသိမ်းရေးစခန်း၌ ချုပ်နှောင်ထားခဲ့ကြသည်။ သုံးလကြာပြီးနောက်၊ သူတို့သည် ကျွန်တော့်အား “ဥပဒေပြဋ္ဌာန်းချက်အား လျော့ရဲစေခြင်း” နှင့် စွဲချက်တင်ကာ အလုပ်ကြမ်းနှင့် ပြုပြင်ပြောင်းလဲရေး ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တယ်။ အလုပ်ကြမ်းစခန်း၌ ကျွန်တော်သည် လူမဆန်သောဘဝတွင် နေထိုင်ခဲ့ရသည်။ နေ့တိုင်း ကျွန်တော် ဗိုက်ဆာနေခဲ့ပြီး အလုပ်ကို တစ်နေ့တွင် ဆယ့်နှစ်နာရီခန့် လုပ်ခဲ့ရသည်။ ထောင်ရဲ၏ အနိုင်ကျင့် စော်ကားခြင်းကို မကြာခဏခံခဲ့ရသည်၊ သူတို့က လျှပ်စစ်တုတ်တံကို သုံးသလို မှောင်မဲသည့် အခန်းကျဉ်းလေးထဲ၌ ပိတ်လှောင်ထားကြသည်။ ဘုရားသခင် ကျွန်တော့်အပေါ် ကြည့်ရှုစောင့်ရှောက်မှုနှင့် ကွယ်ကာခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ကျွန်တော်သေသည်အထိ ဆိုးညစ်သောရဲများ၏ ညှဉ်းဆဲခြင်းတွေကို ခံနေရမှာပင်ဖြစ်သည်။ ၂၀ဝ၃ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျွန်တော်၏ ပြစ်ဒဏ်ချမှတ်ချက် ပြည့်ခဲ့ပြီး ကျွန်တော် ကမ္ဘာမြေကြီးပေါ်ရှိ ငရဲမှ လွတ်မြောက်ခဲ့သည်။

ထိုရက်စက်သော ညှဉ်းဆဲနှိပ်စက်မှုများကို ကြုံတွေ့ရပြီးနောက်တွင်၊ အခြား ဆောင်ပုဒ်များကြားမှ တရုတ်ကွန်မြူနစ်ပါတီ၏ ကြေညာချက်ဖြစ်သော “ကွန်မြူနစ်ပါတီသည် ကြီးမြတ်သည်၊ မွန်မြတ်ပြီး မှန်ကန်သည်”၊ ဆိုသည်နှင့် “တရုတ်နိုင်ငံသည် ဘာသာရေး လွတ်လပ်ခွင့်ရှိသည်” ဆိုသည်က လူထုကို လိမ်လည်ရန်နှင့် နိုင်ငံသားများကို အရူးလုပ်ရန် အတိတ်နမိတ်မကောင်းသော ကြံစည်မှုထဲရှိ စကားအသုံးအနှုန်းများ အမှန်ပင် ဖြစ်သည်ကို ကျွန်တော် နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ သူတို့က ကောင်းမွန်သော စကားလုံးများကို ပြောပြီး အလွန်အမင်း ဆိုးညစ်သောအရာများကို လုပ်ဆောင်သည်။ နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုတော်ကို တားမြစ်ပိတ်ပင်ရန်နှင့် တရုတ်နိုင်ငံကို ဘုရားတရားမရှိသောနေရာ လုပ်ရန်၊ သူတို့သည် ယုံကြည်သူများကို အထိန်းအသိမ်း မရှိဘဲ ဆက်လက်လုပ်ဆောင်ပြီး အန္တရာယ်ပြုသည်။ သူတို့၏ ရက်စက်မှုအဆင့်သည် အကြီးအကျယ် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး လူများအား ဒေါသများနှင့် ဆူအောင်လုပ်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်သည် ဤမကောင်းဆိုးဝါးအိုကြီးကို ကျွန်တော်၏ နှလုံးသားအနက်ဆုံးထဲမှ အလွန်ပင် မုန်းသည်။ ကျွန်တော် မည်ကဲ့သို့ အဆက်မပြတ် ရက်ရက်စက်စက် နှိပ်စက်ခံရသလဲနှင့် ဖြောင့်ချက်ပေးဖို့ ဖိအားပေးခြင်းနှင့် ကျွန်တော့်ကို စစ်မေးနေသည့် ဖြစ်စဉ်အတွင်း၌ မကောင်းဆိုးဝါးများ၏ မည်ကဲ့သို့ ရက်စက်စွာ ညှဉ်းဆဲခြင်းကိုခံရသလဲ ဆိုသည့်အကြောင်းကို ကျွန်တော် ပြန်စဉ်းစားသည်။ ထိုအရာက ဘုရားသခင်၏ ကွယ်ကာခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် ကျွန်တော်သည် များပြားလှသော ဖြစ်စဉ်တွေထဲ၌ ကျရှုံးခဲ့မှာပင်ဖြစ်သည်။ ကျွန်တော်၏ အလွန်အားနည်းနေသော အချိန်ကာလထဲ၌ အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်တော့်ကို အဆက်မပြတ် အားပေးခဲ့သည်- “သင်တို့အား ပေးပြီးသော ကောင်းချီးမင်္ဂလာများကို သင်တို့ လက်ခံဖူးသလော။ သင်တို့အတွက် ပြုထားခဲ့သော ကတိများကို သင်တို့ ရှာကြဖူးသလော။ ငါ့အလင်း၏ လမ်းပြပို့ဆောင်မှုအောက်တွင် သင်တို့သည် အမှောင် အင်အားများ၏ လည်ညှစ်ခြင်းကို ဧကန် ထိုးဖောက်ကျော်လွှားနိုင်လိမ့်မည်။ သင်တို့အား လမ်းပြနေသော အလင်းကို အမှောင်ထု၏ အလယ်တွင် သင်တို့ ဧကန်မုချ ဆုံးရှုံးလိမ့်မည် မဟုတ်။ သင်သည် ဖန်ဆင်းခြင်းအားလုံး၏ အရှင်သခင် ဧကန်မုချ ဖြစ်လိမ့်မည်။ သင်သည် စာတန်၏ ရှေ့မှောက်တွင် အောင်မြင်သောသူတစ်ဦး ဧကန်မုချ ဖြစ်လိမ့်မည်။ အဆင်းနီသော နဂါးကြီး၏ နိုင်ငံကျရှုံးချိန်တွင် သင်သည် ငါ၏ အောင်မြင်မှုကို သက်သေခံရန် မြောက်မြားလှစွာသော လူအုပ်ကြီး၏ အလယ်တွင် ရပ်ရလိမ့်မည်။ သင်တို့သည် သိနိမ်ပြည်တွင် တည်ကြည်လျက် မယိမ်းယိုင်ဘဲ ဧကန် ရှိကြလိမ့်မည်။ သင်တို့ သည်းခံရသည့် ဆင်းရဲဒုက္ခများမှတစ်ဆင့်၊ သင်တို့သည် ငါ၏ ကောင်းချီးမင်္ဂလာများကို အမွေခံကြရလိမ့်မည် ဖြစ်ပြီး၊ စကြဝဠာ တစ်ခွင်လုံးတစ်လျှောက် ငါ၏ ဘုန်းအသရေကို ဧကန်မုချ တောက်ပစေကြလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၁၉)) ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်တော့်အတွက် မှီထားရန် ခိုင်မာသော ပုခုံးဖြစ်လာခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြခြင်းများက ကျွန်တော်၏ တရွတ်တိုက် ဆွဲပြီးရင်းဆွဲနေသော ထိုအမှောင်ဆုံးနေ့များကို ဖြတ်ကျော်ရန် ကူမသည်။ ကျွန်တော်သည် အကြိမ်ပေါင်းများစွာ တရုတ်ကွန်မြူနစ်ပါတီ၏ အဖမ်းခံရပြီး ညှဉ်းဆဲခံရခြင်းတွေကို ကြုံတွေ့ခဲ့ပြီး၊ ကျွန်တော့်၏ ခန္ဓာကိုယ်က အကြင်နာမဲ့သော ရက်စက်ကြမ်းကြုတ်ခြင်းနှင့် ညှဉ်းပန်းမှုဒဏ်ကို ခံစားရသော်လည်း၊ ကျွန်တော် အရင်က နားမလည်ခဲ့သော သမ္မာတရား မြောက်မြားစွာကို အမှန်တကယ်နားလည်ပြီး တရုတ်ကွန်မြူနစ်ပါတီအစိုးရ၏ ဖောက်ပြန်သော၊ ဆိုးညစ်သော၊ ပြီးနောက် ဘီလူးသရဲစီးသော သဘောတရားကို ရှင်းရှင်းလင်းလင်း မြင်ရသည်။ ကျွန်တော့်အတွက် ဘုရားသခင်၏ စစ်မှန်သော မေတ္တာတော်ကိုလည်း တွေ့ကြုံခံစားရပြီး ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာနှင့် အံ့သြဖွယ် ကောင်းမြတ်ခြင်းများကိုလည်း မြည်းစမ်းခဲ့ရသည်။ ထို့အပြင်၊ ထိုအရာက ကျွန်တော့်အား ဘုရားသခင်ကို ချစ်ခြင်းနှင့် ဘုရားသခင်ကို ကျေနပ်စေခြင်းကို ရှာဖွေရန် နှိုးဆော်သည်။ ယနေ့မှာ၊ ယခင်က လုပ်ခဲ့သလို အသင်းတော်မှာ ကျွန်တော်၏ တာဝန်ကို ဖြည့်စွမ်းနေသေးသည်၊ မှန်ကန်သောလမ်းပေါ်မှာ ဘုရားသခင်နောက်ကို လိုက်သည်၊ သမ္မာတရားနောက်ကို လိုက်လျှောက်ပြီး အဓိပ္ပါယ်ပြည့်ဝသောအသက်တာမှာ နေထိုင်ဖို့ ရှာဖွေသည်။

အောက်ခြေမှတ်စု(များ)-

၁။ “အခြေအမြစ် မရှိသော စွပ်စွဲချက်များ ပြုရင်း” သည် နတ်ဆိုးက လူတို့အား ဘေးပြုရန် သုံးသော နည်းစနစ်များကို ရည်ညွှန်းသည်။

၂။ “အလွန်အကျွံ စောင့်ကြပ်ခြင်း ခံရ၏” ဆိုသည်မှာ မာရ်နတ်က လူတို့အား နှိပ်စက်ဖိစီးရာတွင် သုံးသော နည်းစနစ်များသည် အထူးသဖြင့် ရက်စက်ပြီး၊ လူတို့ကို အလွန်တရာ ထိန်းချုပ်သည်မှာ ၎င်းတို့သည် လှုပ်ရှားရန် နေရာမရှိသည်ကို ညွှန်ပြသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

စာတန်၏စုံစမ်းသွေးဆောင်ခြင်းမှတစ်ဆင့် အောင်ပွဲခံခြင်း

ချန်းလူ တရုတ်နိုင်ငံ ထိုအချိန်သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ဖြစ်ပါသည်။ တံခါးကို အသံပြင်းပြင်းဖြင့် ခေါက်ပြီး အော်ဟစ်သံများကို...

ရက်စက်သော ညှဉ်းပန်းနှိပ်စက်ခြင်း ကို ဖြတ်၍ အသက်ရှင်ခြင်းက ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းကို အားကောင်းစေပြီ

ကျောက်ယူရီ၊ ရှန်းစီစီရင်စုကျွန်မ အမည်မှာ ကျောက်ယူရီဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ၁၉၉၃ ခုနှစ်တွင် ကျွန်မ တစ်မိသားစုလုံး...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။