အလုပ်ကို မကြီးကြပ်ဝံ့ခြင်းအားဖြင့် ရှောင်ရှားခြင်း ခံရသည့်အရာ

11.09.2022

ရွှင်ချို နယ်သာလန်နိုင်ငံ

ပြီးခဲ့တဲ့နှစ် မေလတုန်းက လူသစ်တွေ ရေလောင်းတာကို ကျွန်မ ကြီးကြပ်ရတယ်။ ဒါက အတော်အတန် လွယ်တဲ့အလုပ်လို့ အရင်က တွေးမိခဲ့တာ။ လုပ်စရာလိုသမျှက ရူပါရုံတွေနဲ့ပတ်သက်လို့ သူတို့နဲ့ မိတ်သဟာယပြုပြီး စုဝေးပွဲတွေကို ပုံမှန် တက်ခိုင်းဖို့ပဲလေ။ ဒါပေမဲ့ ကျွန်မ စလုပ်တာနဲ့ လူသစ်တွေကို ရေလောင်းတာက တကယ် အလုပ်များမှန်း သဘောပေါက်လိုက်တယ်။ မှန်တဲ့ လမ်းခရီးပေါ် ခိုင်မာတဲ့ အခြေခံအုတ်မြစ် ခင်းစေဖို့ သူတို့ကို သမ္မာတရား မိတ်သဟာပြုတာအပြင်၊ သူတို့ အဆင့်တွေထဲကနေ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ပါရမီရှိတဲ့သူ မျိုးစုံကိုလည်း အမှီအခိုကင်းကင်း အလုပ်လုပ်နိုင်အောင် ပျိုးထောင်ပေးရတယ်။ ကျွန်မခေါင်းဆောင်က ကျွန်မတို့ ရေလောင်းသူတွေရဲ့ အလုပ်ကို ကြီးကြပ်ပြီး အမှီလိုက်ဖို့ တိုက်တွန်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အချိန်ဆွဲလိုက်တာနဲ့၊ ပြဿနာတွေရှိတာနဲ့ အဘက်ဘက်က အလုပ်တိုးတက်မှုကို တိုက်ရိုက် သက်ရောက်မှုရှိမှာလေ။ ကြီးကြပ်မှုရဲ့ အရေးပါမှုကို ကျွန်မ သဘောပါက်လာခဲ့ပြီး၊ ညီအစ်ကို မောင်နှမတွေရဲ့ တိုးတက်မှုကို ပုံမှန် စစစ်ဆေးခဲ့တယ်။

အလုပ်ကိစ္စ ဆွေးနွေးဖို့ သူတို့နဲ့ ချိန်းဆိုတာတွေ စလုပ်ကြည့်တဲ့အခါ၊ အချိန်တော်တော်များများ ကုန်သွားပြီး ဘယ်သူကမှ ကျွန်မရဲ့ စာတွေကို မပြန်ကြသေးဘူး။ သူတို့စာပြန်ရင်တောင်၊ ချိန်းဆိုတာကို ဆက်ဖျက်နေကြတယ်။ တစ်ခါ၊ စီမံကိန်းတစ်ခု ဆွေးနွေးဖို့ ညီအစ်မတစ်ယောက်နဲ့ ဆုံဖို့ စီစဉ်ခဲ့တယ်။ ပထမတော့ သူက မနက်က နေ့လည်ထိ အချိန်ဇယားဆွဲပြီး နောက်တော့ အဲဒီညဘက်ကို ပြန်ရွေ့တယ်။ နောက်ဆုံး၊ နှစ်ရက်ကြာပြီးတဲ့နောက်မှာ ကျွန်မတို့ လုံးဝ မတွေ့ဆုံရသေးဘူး။ ကိုယ့်ဘာသာ တွေးမိတယ်။ သူတို့ ငါ့ကို အထင်သေးပြီး သူတို့ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးထင်လို့ ငါ့ကို တမင်ရှောင်နေကြတာများလား။ အလုပ်နဲ့ပတ်သက်လို့ သူတို့ အလုပ်များသလောက်၊ ငါနဲ့ ဆွေးနွေးဖို့ အချိန် တကယ်ပဲ မရှိတာလား။ ဒီလိုသာဆက်ဖြစ်ရင်၊ ငါ့အလုပ်ကို ငါ ဘယ်လိုလုပ်ရမှာလဲလို့ပေါ့။ နောက်ပိုင်းမှာ သူတို့နဲ့ အစည်းအဝေးတချို့ ကျွန်မ နောက်ဆုံး စီစဉ်လိုက်တယ်။ ဒါပေမဲ့ အသေးစိတ်အကြောင်းတွေ ဒါမှမဟုတ် သူတို့ရဲ့ တိုးတက်မှုကို မေးကြည့်တော့ တချို့က တော်တော်ကို ခပ်ပြတ်ပြတ် တုန့်ပြန်ကြပြီး နည်းနည်း အာခံကြတယ်။ ကျွန်မ‌ တွေးမိတယ်။ သူတို့အလုပ်ကို ငါ အမြဲ စစ်ဆေးရင်၊ သူတို့အတွက် အခက်တွေ့အောင် လုပ်ဖို့ ငါ ကြိုးစားနေပြီး သူတို့ ရင်ဆိုင်ရတာကို မထောက်ထားနိုင်ဘူးလို့ ထင်ကြမလား။ အလုပ်ကို တာဝန်ပေးလိုက်တဲ့နောက်မှာပဲ တိုးတက်မှုနဲ့ ပတ်သက်လို့ မေးရင် သူတို့ကို စက်တွေလို ဆက်ဆံနေပြီး လူသားမဆန်ဘူးလို့ ညီအစ်ကို မောင်နှမတွေက ထင်ကြမလားပေါ့။ ဒါကိုတွေးရင်းနဲ့၊ ဆက်မမေးမြန်းနိုင်ခဲ့ဘူး။ နောက်တစ်ကြိမ်ကျတော့၊ ညီအစ်မတစ်ယောက် ရေလောင်းပေးနေတဲ့ လူသစ်အများစုက စုဝေးပွဲတွေ ပုံမှန် မတက်တာ တွေ့ရတယ်။ သမ္မာတရားကို သူမိတ်သဟာယပြုပြီး ပြဿနာတွေ ဖြေရှင်းပေးနေလားလို့ ကျွန်မ မေးတယ်။ အဲဒီညီအစ်မက ချက်ချင်းဖြေတယ်။ “လူသစ်တွေအကုန်လုံးက အလုပ်များတယ် ပြောကြတယ်။ သူတို့ကို စုဝေးပွဲတွေ အတင်းလာခိုင်းလို့ မရဘူးလေ”တဲ့။ သူနဲ့ သူ့ရဲ့ တကယ့်ပြဿနာတွေကို မထောက်ထားဘူးလို့ အဲဒီညီအစ်မ ထင်မှာစိုးလို့ အဲဒီကိစ္စကို ကျွန်မ တွန်းအားမပေးရဲခဲ့ဘူး။ အဲဒါတင်မကဘူး၊ သူတို့အလုပ်ကိစ္စ ဆွေးနွေးဖို့ ကျွန်မတို့ ဆုံပြီးတဲ့နောက်မှာ တချို့တောင်မှ အပျက်သဘောဆောင်သွားကြတယ်၊ သူတို့ တစ်ချိန်လုံး အလုပ်လုပ်နေတာတောင်မှ ပြဿနာတွေ အများကြီး ရှိနေတုန်းပဲ ဖြစ်ပြီး၊ ဘာတိုးတက်မှုမှမရှိသလို အလုပ်အတွက် မသင့်တော်ဘူးလို့ ခံစားရင်းနဲ့ပေါ့။ အဲဒီတုန်းက ဒီပြဿနာကို ကျွန်မ ထောက်ပြချင်ခဲ့တယ်။ ပြဿနာတွေ ပေါ်တဲ့အခါ သူတို့ အပျက်သဘောဆောင်ပြီး တာဝန်ကို ရှောင်ကြရင် အဲဒါက ပြဿနာတွေကို သူတို့ ထိတိုက်ရင်မဆိုင်သလို သမ္မာတရားကို လက်မခံနိုင်တဲ့သဘောပဲလေ။ ဒါပေမဲ့ သူတို့ကို ကျွန်မ မထောက်ထားသလို အပြစ်ပဲဆိုတယ်လို့ ပြောကြမှာလည်း စိုးရိမ်မိတယ်။ ဒီတော့ စကားပြောတော့မဲ့အချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးတယ်။ အဲဒီနောက်မှာ၊ ကျွန်မ ပိုလို့တောင် မရဲတရဲဖြစ်လာပြီး အလုပ်ကို ကြီးကြပ်ပြီး စစ်ဆေးဖို့ လိုလားမနေတော့ဘူး။ ကျွန်မ တွေးမိတယ်။ “သူတို့ နှစ်အများကြီး ယုံကြည်သူဖြစ်ကြပြီးပြီ၊ သူတို့တာဝန်ကို ပြီးစီးဖို့ အလိုက်တသိ လုပ်ကြမှာပါ။ တချို့ ညီအစ်ကို မောင်နှမတွေက အရမ်း အလုပ်များတယ်၊ ဝတ်ပြုဆုတောင်းတာတွေ အတွက်တောင် အချိန်မရှိဘူး၊ သေချာပေါက် လျော့လုပ်ကြမှာ မဟုတ်ပါဘူး။ လုပ်ဖို့လိုသမျှက အလုပ်ရဲ့ စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း မိတ်သဟာယပြုပြီး အလုပ်တာဝန်တွေကို ခွဲဝေပေးဖို့ပဲ။ သူတို့ကို တစ်နေ့လုံး အနီးကပ်လိုက်ကြည့်မနေသင့်ဘူး၊ မဟုတ်ရင် သူတို့ စိတ်ကျဉ်းကျပ်ကြလိမ့်မယ်”လို့ပေါ့။ အဲဒီနောက်မှာ၊ တခြားလူတွေရဲ့ အလုပ်ကို အသေးစိတ် ကြီးကြပ်၊ စစ်ဆေးတာ ရပ်လိုက်ပြီး၊ လကုန်သွားတိုင်း အလုပ်တိုးတက်မှုနဲ့ဆိုင်တဲ့ ယေဘုယျ စိတ်ကူးကိုပဲ ယူလိုက်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ၊ ကျွန်မ သဘောပေါက်လိုက်တယ်၊ လူတိုင်းက အလုပ်မှာ ထဲထဲဝင်ဝင် လုပ်နေကြပုံပေါ်ပေမဲ့၊ အသေးစိတ် မေးကြည့်တဲ့အခါ အများစုက ဖြောင့်ဖြောင့်တန်းတန်း မဖြေနိုင်ကြသလို၊ လူတော်တော်များများ အသေးစိတ်တွေကို မှန်အောင် မပြောကြဘူး။ ဒါကြောင့် အဲဒီကိစ္စနဲ့ ကျွန်မ သတိထားမိတဲ့ သွေဖည်မှုတွေကို လူတိုင်းကို ကျွန်မ ပြောပေမဲ့ ဘယ်သူကမှ ပြန်မဖြေကြဘူး။ ဒါကို ဆက်ဆွေးနွေးနေရင်၊ သူတို့ ခုခံတတ်ပြီး အပျက်သဘောဆောင်မှာကို ကျွန်မ စိုးရိမ်သွားတယ်၊ ဒါကြောင့် ပြဿနာတွေကို သာမန်ကာလျှံကာ ပေါင်းရုံးလိုက်ပြီး ဘုရားနှုတ်ကပတ်တော် စာပိုဒ် အနည်းငယ်ကို ပြောပြီး ကိုယ့်သိနားလည်မှုနဲ့ ပတ်သက်လို့ မိတ်သဟာယမပြုခင်မှာ အချိန်မီ အပြောင်းအလဲတွေ လုပ်ခိုင်းလိုက်တယ်။

နောက်မကြာခင်မှာ၊ အလုပ်ထဲက ပြဿနာ‌တွေ စပေါ်လာတယ်။ တချို့ရေလောင်းအမှုဆောင်တွေက လူသစ်တွေအတွက် တာဝန်မယူဘူးလို့ တစ်ယောက်ယောက်က သတင်းပို့တယ်။ စုဝေးပွဲတွေ မတက်တဲ့ လူသစ်တွေကို သူတို့ မစစ်ဆေးကြဘူးတဲ့။ ဒါကို တစ်ယောက်ယောက်က ပြောပြတော့၊ ရေလောင်းသူတွေက စိတ်ဆိုးပြီး သမ္မာတရားကို လက်မခံကြဘူး။ အကျိုးဆက်အနေနဲ့၊ တချို့ လူသစ်တွေက အစစ်ဆေးမခံရဘဲ အသင်းတော်ကို စွန့်ခွာသွားကြတယ်။ တစ်ခါ၊ စုဝေးပွဲတစ်ခု အတောအတွင်းမှာ၊ အထက်ခေါင်းဆောင်က လစဉ်လူသစ်ရေလောင်းတဲ့ အလုပ်ရဲ့ အခြေအနေအကြောင်း မေးတယ်၊ စုဝေးပွဲတွေကို လူသစ်ဘယ်နှစ်ယောက်က ပုံမှန် တက်မနေခဲ့လဲ၊ ဘာကြောင့်လဲဆိုတာတွေကို မေးတယ်။ ညီအစ်မအနည်းငယ်က သူတို့ မသိဘူးလို့ ပြောတယ်။ ဒါကြောင့် ခေါင်းဆောင်က ကျွန်မတို့ကို ကိုင်တွယ်ဖြေရှင်းတယ်၊ “နင်တို့က လူသစ်တွေနဲ့ ပတ်သက်လို့ အရမ်း တာဝန်မဲ့တာပဲ။ သူတို့ကို ကောင်းကောင်း ရေမလောင်းပေးလို့ အသင်းတော်ကို သူတို့ စွန့်ခွာကြတာ။ အဲဒါက သူတို့ဝိညာဉ်တွေကို အဆုံးခံလိုက်ရတာနဲ့ တူတယ်။ ဘုရားစေခိုင်းချက်ကို နင်တို့ အလေးအနက် သဘောထားမနေကြတာပဲ”တဲ့။ ခေါင်းဆောင်ရဲ့ စကားတွေက တကယ်ထိတယ်။ သူမှန်တယ်လေ။ ညီအစ်ကို မောင်နှမတွေက ဒီလူသစ်တွေကို ခေါ်လာဖို့ တကယ်ကြိုးစားလုပ်ခဲ့ကြတာ။ သူတို့ စုဝေးပွဲတွေ မတက်တော့၊ ရေလောင်းသူတွေက သူတို့ကို ရေလောင်းပြီး ပံ့ပိုးရာမှာ အစွမ်းကုန် အားထုတ်ဖို့ မပြောနဲ့ သူတို့ အခြေအနေတွေနဲ့ ပတ်သက်လို့ မရှင်းပေးကြဘူး။ ဒါကြောင့် အသင်းတော်ကို စွန့်ခွာကြတာပဲ။ အဲဒါ ဆိုးရွားတဲ့ ပေါ့ဆမှု ကိစ္စပဲ။ ပေါ်လာတဲ့ ဒီပြဿနာတွေက ကျွန်မကိုယ်ပိုင် ပြဿနာတွေကို ဖော်ထုတ်မှန်းလည်း ကျွန်မ သဘောပေါက်လိုက်တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အလုပ်ကို ကျွန်မ ရင်ပေါင်တန်းမလိုက်ခဲ့ဘူး။ သူတို့အလုပ်ကို သေချာကြီးကြပ်ဖို့ မပြောနဲ့ ဘာလက်တွေ့ပြဿနာတွေ သူတို့မှာရှိလဲဆိုတာ နားမလည်ခဲ့ဘူး။ အကျိုးဆက်အနေနဲ့ သူတို့ပြဿနာတွေနဲ့ သွေဖည်မှုတွေကို သူတို့ မပေါင်းရုံးကြဘူး။ ကိစ္စတွေ အဲဒီလိုဖြစ်သွားတာက ကျွန်မရဲ့ တာဝန်မဲ့မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး သိဖို့ တောင်းလျှောက်ရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

ကျွန်မရဲ့ ဝတ်ပြုဆုတောင်းခြင်း အတောအတွင်းမှာ၊ ကျွန်မရဲ့ လက်ရှိ အခြေအနေကို နားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ကို အမှတ်မထင် တွေ့ခဲ့တယ်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပြောထားသည်- “အယောင်ဆောင်ခေါင်းဆောင်များသည် အလုပ်တိုးတက်မှု၏ အခြေအနေကို နားမလည်သောကြောင့် ၎င်းတို့သည် အလုပ်တွင် ပေါ်ပေါက်လာသည့် ပြဿနာများကိုဖြေရှင်းနိုင်စွမ်း ရှိဖို့ မဆိုထားနှင့်၊ အချိန်မီ ကိုင်တွယ်နိုင်စွမ်းမရှိကြဘဲ၊ ယင်းက ထပ်ခါထပ်ခါ နှောင့်နှေးမှုများ မကြာခဏဖြစ်စေသည်။ အချို့အလုပ်တွင် လူတို့သည် စည်းမျဉ်းများကို နားလည်သဘောပေါက်ခြင်း မရှိသောကြောင့်၊ ဦးဆောင်ရန် သင့်တော်သောသူ မည်သူမျှမရှိသောကြောင့် အလုပ်ကို ဆောင်ရွက်နေသောသူတို့သည် အပျက်သဘောဆောင်ခြင်း၊ မတက်မကြွဖြစ်ခြင်း၊ စောင့်ဆိုင်းခြင်းအခြေအနေတွင် မကြာခဏ တည်ရှိကြသည်။ ယင်းသည် အလုပ်တိုးတက်မှုကို အလွန်အမင်းထိခိုက်သည်။ ခေါင်းဆောင်က သူ၏ တာဝန်ကို ဖြည့်ဆည်းခဲ့ပြီးဖြစ်လျှင်၊ ဦးဆောင်လျှင်၊ အလုပ်ကို တိုးတက်အောင် လုပ်လျှင်၊ တွန်းပို့လျှင်၊ အလျင်အမြန်လုပ်စေလျှင်၊ လမ်းပြမှုပေးရန်အတွက် ပါဝင်သောအလုပ်အမျိုးအစားကို နားလည်သောသူကို တွေ့ရှိခဲ့ပြီးဖြစ်လျှင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးမှုများဖြစ်မည့်အစား ပို၍ လျင်မြန်စွာ တိုးတက်လိမ့်မည်။ ဤသို့ဆိုလျှင် ခေါင်းဆောင်များအတွက် အလုပ်၏ တကယ့်အခြေအနေကို နားလည်သဘောပေါက်ရန် မရှိမဖြစ်လိုအပ်သည်။ တိုးတက်မှုသည် အလုပ်၏ ထိရောက်မှုနှင့်လည်းကောင်း၊ ဤအလုပ်တွင် ထမြောက်အောင်မြင်ရန် ရည်ရွယ်ထားသော ရလဒ်တို့နှင့်လည်းကောင်း ဆက်နွှယ်နေသည့်အတွက်၊ အလုပ်သည် မည်သို့တိုးတက်နေသည်ကို နားလည်သဘောပေါက်ရန် ခေါင်းဆောင်များအတွက် အလွန်ပင် လိုအပ်သည်မှာ မှန်ပေသည်။ အလုပ်သည် မည်သို့တိုးတက်နေသည်ကို ခေါင်းဆောင်တစ်ယောက်က အနည်းငယ်မျှပင် နားလည်သဘောပေါက်ခြင်းမရှိပါက စစ်ဆေးခြင်း၊ သို့မဟုတ် စောင့်ကြည့်လေ့လာခြင်း မရှိပါက၊ တာဝန်တစ်ခုကို ထမ်းဆောင်နေသည့် လူအများစုသည် အပျက်သဘောဆောင်ကာ မတက်ကြွသည့် သဘောထားတစ်ခု ရှိလိမ့်မည်။ ၎င်းတို့သည် အလွန်အမင်း စိတ်မပါဖြစ်ကာ ဝန်ထမ်းစိတ်ရှိမည် မဟုတ်ပေ။ ၎င်းတို့သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဖြစ်လိမ့်မည်၊ သို့ဖြစ်၍ အလုပ်သည် နှေးကွေးစွာ တိုးတက်ဖို့ သေချာပေသည်။ လမ်းပြမှုနှင့် ကြီးကြပ်မှုပေးရန်၊ လူများကို ဆုံးမပဲ့ပြင်ကာ ကိုင်တွယ်ဖြေရှင်းရန် ဝန်ထမ်းစိတ်ထားသူနှင့် အလုပ်ကို နော‌ကျေသူမရှိပါက၊ အလုပ်၏ ဖြစ်ထွန်းမှုနှင့် ထိရောက်မှုတို့သည် ပင်ကိုအားဖြင့် အလွန် နိမ့်ကျလိမ့်မည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များက ဤအရာကိုပင် မမြင်နိုင်လျှင်၊ ၎င်းတို့သည် မိုက်မဲပြီး မျက်ကန်းနေကြသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များက အလုပ်၏ တိုးတက်မှုအကြောင်း ပို၍ အချိန်မီ သိရှိဖို့၊ စောင့်ကြည့်စစ်ဆေးဖို့နှင့် မိမိတို့ကိုယ်တိုင် အကျွမ်းတဝင် ရှိအောင် လုပ်ဖို့သည် အရေးအကြီးဆုံးဖြစ်သည်။ လူများသည် ပျင်းရိသောကြောင့် အလုပ်တိုးတက်မှုကို အချိန်နှင့်တပြေးညီနားလည်ခြင်းကို ပိုင်ဆိုင်သော ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ လမ်းပြမှု၊ တွန်းအားပေးမှု၊ နောက်မှ လိုက်လံဆောင်ရွက်မှုမရှိဘဲ၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ မရှိဘဲ လူတို့သည် ခိုကတ်ခြင်း၊ ပျင်းရိခြင်း၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ခြင်းတို့ ဖြစ်ဖွယ်ရှိသည်။ ယင်းသည် ၎င်းတို့၏အလုပ်အပေါ် ၎င်းတို့၏ သဘောထားဖြစ်လျှင် ဤအလုပ်၏ တိုးတက်မှုသည် အလွန်အမင်း ထိခိုက်မည်ဖြစ်ပြီး ထိရောက်မှုသည်လည်း ထိခိုက်လိမ့်မည်။ ဤအခြေအနေများကို ကြည့်လျှင် အရည်အချင်းပြည့်မီသော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အလုပ်၏ အချက်အလက်တိုင်းကို ချက်ချင်း လိုက်လံမှတ်သားပြီး ဝန်ထမ်းများနှင့်၊ အလုပ်နှင့်သက်ဆိုင်သော အခြေအနေကို သိရှိထားသင့်သည်။ ၎င်းတို့သည် အယောင်ဆောင်ခေါင်းဆောင်များကဲ့သို့ လုံးဝ မဖြစ်သင့်ပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့၏ အလုပ်တွင် ပေါ့ဆပြီး ဖြစ်ကတတ်ဆန်း လုပ်ကြသည်။ တာဝန်သိစိတ်မရှိပေ။ ၎င်းတို့သည် ပြဿနာများပေါ်ပေါက်သောအခါတွင် မဖြေရှင်းပေ။ အလုပ်က မည်သည့်အရာဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ‘ပန်းများကို ကဆုန်ပေါက်ပြေးနေသောမြင်း၏ ကျောပေါ်မှ ကြည့်ပြီး သဘောကျနေခြင်း’ ဖြစ်သည်။ ၎င်းတို့သည် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဆန်သည်။ ၎င်းတို့ပြောသမျှသည် အဆင့်မြင့်သည့်ပုံစံရှိပြီး အနှစ်မဲ့သည်။ အယူဝါဒများကို ကြာရှည်စွာပြောဆိုပြီး အပေါ်ယံသာ လုပ်ဆောင်သည်။ ယေဘူယျအားဖြင့် ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်များ အလုပ်လုပ်သည့် ပုံစံဖြစ်သည်။ ၎င်းတို့ကို အန္တိခရစ်များနှင့် နှိုင်းယှဉ်ရာတွင်၊ ၎င်းတို့သည် ပေါ်ပေါ်ထင်ထင် ဆိုးယုတ်သော မည်သည့်အရာကိုမျှ မလုပ်ဆောင်ဘဲ တမင်တကာ ထိခိုက်နစ်နာစေခြင်းမရှိသော်လည်း၊ ထိရောက်ခြင်း၏ ရှုထောင့်မှ ကြည့်လျှင်၊ ၎င်းတို့ကို ပေါ့ဆပြီး ဝတ်ကျေတမ်းကျေဖြစ်ခြင်း၊ ဝန်ထမ်းစိတ်တစ်ခုမျှ မရှိခြင်း၊ မိမိတို့အလုပ်အပေါ် တာဝန်သိစိတ်၊ သို့မဟုတ် သစ္စာစောင့်သိစိတ် မရှိရှိခြင်းအဖြစ် သတ်မှတ်၍ရနိုင်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၄)၊) အယောင်ဆောင် ခေါင်းဆောင်တွေက ပေါ်ပင်ရေပန်းစား စကားလုံးတွေနဲ့ အယူဝါဒကိုပဲ လေရှည်ရင်းနဲ့ အလုပ်ကို ကြီးကြပ်၊ စစ်ဆေးတာ လုပ်မနေသလို၊ အလုပ်တိုးတက်မှုအပေါ် လက်တွေ့သိနားလည်မှု မရနိုင်ဘဲ သူတို့အလုပ်ကို ဝတ်ကျေတမ်းကျေ လုပ်ကြပုံကို ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်တယ်။ အချိန်မီ မသိရှိ၊ မဖြေရှင်းထားတဲ့ ပြဿနာတွေ အများကြီး အလုပ်မှာ ပေါ်လာတယ်။ အလုပ်ရဲ့ တိုးတက်မှုကို နှောင့်နှေးမှု ဖြစ်စေတယ်။ ဘုရားနှုတ်ကပတ်တော်ကို ကိုယ့်အခြေအနေမှာ ကျင့်သုံးရင်းနဲ့ ညီအစ်ကို မောင်နှမတွေက ယုံကြည်တာ ကြာပြီဖြစ်တဲ့ ယုံကြည်သူတွေဖြစ်သလို၊ မကြာခဏ အလုပ်အရမ်းများလို့ ဝတ်ပြုဆုတောင်းတာတွေအတွက်တောင် အချိန်မရှိခဲ့ကြဘူးဆိုတဲ့ ကိုယ့်ယုံကြည်မှုကိုပဲ ဆက်ထားလိုက်တယ်။ ဒါမှ သူတို့တာဝန်တွေကို သူတို့ ကောင်းကောင်း ထမ်းဆောင်ကြမှာလေ။ အဲဒီလိုနဲ့၊ သူတို့ကို အဲဒီအတိုင်းထားလိုက်ပြီး သူတို့အလုပ်ကို သေချာမကြီးကြပ်ခဲ့ဘူး။ သူတို့အလုပ်မှာရှိတဲ့ သွေဖည်မှုတွေကို မရိပ်စားမိခဲ့ဘူး၊ ဒါမှမဟုတ် စည်းမျဉ်းအတိုင်း သူတို့ အလုပ်လုပ်နေခဲ့ရင်၊ ဘာလို့ တချို့စီမံကိန်းတွေက ရလဒ်တွေ ဖြစ်ထွန်းမနေခဲ့တာလဲဆိုတာကို အဖြေမရှာခဲ့ဘူး။ ဒါတွေတစ်ခုမှ ကောင်းကောင်း သဘောမပေါက်ခဲ့ဘူး။ တချို့ပြဿနာတွေကို ရှာတွေ့ရင်တောင်၊ သူတို့ကို အချိန်မီ ကိုင်တွယ်ဖြေရှင်း၊ လမ်းပြဖို့ မဆိုထားနဲ့၊ သူတို့ ပြဿနာတွေနဲ့ သွေဖည်မှုတွေကို ကူပြီး မပေါင်းရုံးပေးသလို သမ္မာတရားနဲ့ ဖြေရှင်းချက်ကို မရှာခဲ့ဘူး။ အယူဝါဒကို ဝတ်ကျေတမ်းကျေပဲ ပြောလိုက်ပြီး၊ သူတို့ရဲ့ လက်တွေ့ပြဿနာတွေကို လုံးဝ မဖြေရှင်းခဲ့ဘူး။ အကျိုးဆက်အနေနဲ့၊ လူသစ်တချို့က အချိန်မီ ရေလောင်းမခံရဘဲ အသင်းတော်ကို စွန့်သွားကြတယ်။ မကောင်းမှုကို ကျွန်မ လုပ်နေတာပဲ။ အလုပ်အစီအစဉ်တွေကို ဆောင်ရွက်တာအပြင်၊ ခေါင်းဆောင်နဲ့ အမှုဆောင်တွေရဲ့ အရေးကြီးဆုံး အလုပ်တာဝန်က အလုပ်အားလုံးရဲ့ တိုးတက်မှုကို ကြီးကြပ်ဖို့၊ လူတိုင်းရဲ့ အလုပ်အခြေအနေနဲ့ ပတ်သက်လို့ အရှိန်မြှင့်ပြီး ပြဿနာတွေကို ဖြေရှင်းဖို့ ချက်ချင်း မိတ်သဟာယပြုဖို့ပဲ။ ဒါပေမဲ့ ခေါင်းဆောင်အခန်းကဏ္ဍကို ကျွန်မ မဆောင်ရွက်နိုင်ခဲ့ဘူး၊ ဒါကဆိုးရွားတဲ့ ပေါ့ဆမှုပဲ။

သုံးသပ်မှုကတစ်ဆင့်၊ ကျွန်မမှာလည်း အရမ်း မိုက်မဲတဲ့ ယုံကြည်မှုရှိခဲ့မှန်း သဘောပေါက်သွားတယ်။ ယုံကြည်သူဖြစ်တာ ကြာပြီဖြစ်တဲ့ ညီအစ်ကို မောင်နှမတွေကို ကြီးကြပ်စရာ မလိုဘူးလို့ တွေးမိခဲ့တယ်။ သူတို့အားလုံး အလုပ်များမှတော့၊ သူတို့တာဝန်တွေမှာ ကြိုးစားလုပ်နေကြတာ ဖြစ်ရမယ်လို့ တွေးခဲ့တယ်။ ဒါကြောင့် သူတို့ကိစ္စတွေကို လုပ်ခွင့်ပေးလိုက်ပြီး ကိုယ့်ဘာသာ မကြီးကြပ်၊ မပူပန်ခဲ့ဘူး၊ အဲဒီလိုလုပ်တော့ သူတို့ကို စိတ်မကျဉ်းကျပ်စေတော့ဘူးပေါ့လို့ တွေးခဲ့တယ်။ တကယ်တော့၊ ဒါက ကိုယ့်အယူအဆနဲ့ စိတ်ကူးတွေရဲ့ ရလဒ်တစ်ခုပဲ။ နောက်ပိုင်းမှာ ကြီးကြပ်မှု အဓိပ္ပာယ်ကို နားလည်စေတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို အမှတ်မထင် တွေ့တယ်။ ဘုရားသခင်က ပြောသည်- “ယခုခေတ်တွင် လူများစွာက တာဝန်တစ်ခုကို ထမ်းဆောင်သော်လည်း သမ္မာတရားကို လိုက်စားသောသူ အနည်းငယ်သာရှိသည်။ လူတို့သည် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်လျက်ဖြင့် သမ္မာတရားကို လိုက်စားပြီး သမ္မာတရား၏ စစ်မှန်မှုသို့ ဝင်ရောက်သည်မှာ ရှားပါးသည်။ လူအများစုအတွက် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့်ပုံစံတွင် စည်းမျဉ်းများမရှိသေးပေ။ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ်နာခံသောသူများမဟုတ်သေးပေ။ ၎င်းတို့သည် သမ္မာတရားကိုချစ်သည်ဟု ၎င်းတို့နှုတ်မှ ပြောရုံသာရှိပြီး သမ္မာတရားကို လိုက်စားလိုစိတ်ရှိသည်။ သမ္မာတရားအတွက် ကြိုးပမ်းလိုစိတ်ရှိသည်။ သို့တိုင်အောင် ၎င်းတို့၏ စိတ်ခိုင်မာမှုသည် မည်မျှတည်တံ့မည်ကို မသိရသေးပေ။ သမ္မာတရားကို မလိုက်စားသောသူတို့သည် အချိန်မရွေး၊ နေရာမရွေး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ပြတတ်သည်။ သမ္မာတရားကို မလိုက်စားသောသူတို့သည် ၎င်းတို့၏ တာဝန်အပေါ် တာဝန်သိတတ်စိတ် လုံးဝမရှိပေ။ ၎င်းတို့သည် မကြာခဏ ပေါ့ဆပြီး ဝတ်ကျေတမ်းကျေပြုသည်။ ၎င်းတို့ဆန္ဒရှိသလို လုပ်ဆောင်ကြသည်။ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းကို လက်ခံနိုင်စွမ်းပင် မရှိကြပေ။ သမ္မာတရားကိုမလိုက်စားသောလူတို့သည် အပျက်သဘောဆောင်ပြီး အားနည်းလာသည်နှင့်တစ်ပြိုင်နက် အရှုံးပေးတတ်ကြသည်။ ဤသို့ မကြာခဏ ဖြစ်ပျက်သည်။ ဤထက်ပို၍ အဖြစ်များသောအရာမရှိပေ။ ဤသည်မှာ သမ္မာတရားကိုမလိုက်စားသောသူအားလုံး ပြုမူဆောင်ရွက်သည့်ပုံစံဖြစ်သည်။ ထို့ကြောင့် လူတို့သည် သမ္မာတရားကို မရရှိသေးသည့်အခါတွင် စိတ်မချရဘဲ မယုံကြည်ထိုက်ပေ။ ၎င်းတို့သည် မယုံကြည်ထိုက်သည်ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခက်အခဲများ၊ သို့မဟုတ် ဆုတ်ဆိုင်းမှုများ ကြုံတွေ့ရသောအခါတွင် ကျရှုံးနိုင်ခြေများပြီး အပျက်သဘောဆောင်ကာ အားနည်းလာနိုင်ခြေများသည်ကို ဆိုလိုသည်။ မကြာခဏ အပျက်သဘောဆောင်ပြီး အားနည်းသူသည် ယုံကြည်ထိုက်သောသူတစ်ယောက်ဖြစ်သလော။ သေချာပေါက်မဟုတ်ပေ။ သို့သော် သမ္မာတရားကို နားလည်သောသူတို့သည် ဤသို့မဟုတ်ပေ။ သမ္မာတရားကို အမှန်တကယ် နားလည်သောသူတို့သည် အသေအချာပင် ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံး၊ ဘုရားသခင်ကို နာခံသောစိတ်နှလုံးရှိကြသည်။ ဘုရားသခင်ကိုကြောက်ရွံ့သည့် စိတ်နှလုံးရှိသောလူတို့သည်သာ ယုံကြည်ထိုက်သောလူများဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးမရှိသောသူတို့သည် မယုံကြည်ထိုက်ပေ။ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှလုံးမရှိသောသူတို့ကို မည်သို့ ချဉ်းကပ်သင့်သနည်း။ ချစ်ခင်သော ကူညီပံ့ပိုးမှုကို ၎င်းတို့အား ပေးသင့်သည်မှာ မှန်ပေသည်။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ၎င်းတို့ကို ပို၍ စစ်ဆေးကြည့်ရှုသင့်သည်။ ပို၍ လမ်းပြကူညီပေးသင့်သည်။ ထိုအခါမှသာ ၎င်းတို့တာဝန်ကို ထိရောက်စွာ ထမ်းဆောင်ရန် စိတ်ချနိုင်သည်။ ဤသို့လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ အဓိက ရည်ရွယ်ချက်မှာ ဘုရားအိမ်တော်၏ အလုပ်ကို ထိန်းသိမ်းရန်ဖြစ်သည်။ ဒုတိယအနေဖြင့် ပြဿနာများကို ချက်ချင်း ခွဲခြားဖော်ထုတ်ရန်၊ ၎င်းတို့ကို ချက်ချင်းပံ့ပိုးရန်၊ ထောက်ပံ့ရန်၊ ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းပြီး ပြုပြင်ရန်၊ ၎င်းတို့၏ လမ်းလွဲမှုများကို တည့်မတ်ရန်၊ ၎င်းတို့၏ အားနည်းချက်များ၊ ချို့ယွင်းချက်များကို ဖာထေးလုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ လူတို့အတွက် အကျိုးဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မလိုမုန်းထားခြင်းတစ်ခုမျှမရှိပေ။ လူတို့ကို ကြီးကြပ်ခြင်း၊ စောင့်ကြည့်ခြင်း၊ ၎င်းတို့လုပ်ဆောင်နေသည့်အရာကို ပို၍ သိရှိအောင် ပြုလုပ်ခြင်းတို့အားလုံးသည် ဘုရားသခင်အား ယုံကြည်ရာတွင် မှန်ကန်သောလမ်းကြောင်းကို ၎င်းတို့ဝင်ရောက်စေဖို့ ကူညီပေးရန်၊ ၎င်းတို့တာဝန်ကို ဘုရားသခင်တောင်းဆိုသည့်အတိုင်းနှင့် စည်းမျဉ်းနှင့်အညီ ထမ်းဆောင်နိုင်အောင် ပြုလုပ်ပေးရန်ဖြစ်သည်။ ဤသို့ဖြင့် မည်သည့်အနှောင့်အယှက်၊ အဖျက်အဆီးကိုမျှ ၎င်းတို့ မဖြစ်စေရန်၊ အချိန်မဖြုန်းစေရန်ဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်သည် ၎င်းတို့အပေါ်တွင်လည်းကောင်း။ ဘုရားအိမ်တော်၏အလုပ်အပေါ်တွင်လည်းကောင်း ရှိသောတာဝန်မှ လုံးလုံးလျားလျား ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤတွင် မလိုမုန်းထားခြင်းမရှိပေ။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၄)၊) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းရှင်းတယ်။ လူအားလုံးမှာ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ ရှိကြတယ်။ စုံလင်မခံရခင်မှာ ဘယ်သူမှ အားထားလောက်စရာ မရှိဘူး။ ကျွန်မတို့မှာ စိတ်အားထက်သန်မှုတချို့ရှိပြီး တာဝန်တွေဖို့ ဖြည့်ဆည်းဖို့ လိုလားနေနိုင်ပေမဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေက အပြည့်အဝ မပြောင်းလဲသေးသလို ကျွန်မတို့ မစွမ်းနိုင်သေးဘူး။ ကျွန်မတို့ အလုပ်ကို ဘယ်သူမှ မကြီးကြပ်ဘဲ၊ ကျွန်မတို့ကို မကိုင်တွယ်၊ မပြုပြင်ပေးရင်၊ အချိန်မရွေး ကျွန်မတို့အလုပ်မှာ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးမှုတွေကို လွန်ဆန်နိုင်မှာ မဟုတ်သလို၊ ဝတ်ကျေတမ်းကျေနဲ့ အမှုမဲ့အမှတ်မဲ့ ပြုမူမိမယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိခိုက်နစ်နာမှု ဖြစ်စေရင်းနဲ့ မရည်ရွယ်ဘဲ အနှောင့်အယှက် ဖြစ်စေနိုင်တယ်။ အလုပ်ရဲ့ တိုးတက်မှု အသိရအောင်လို့ အလုပ်ကို ကြီးကြပ်ရတာ။ ဘုရားအိမ်တော်ရဲ့ အလုပ် မထိခိုက်အောင်လို့ လူတွေရဲ့ အလုပ်မှာရှိတဲ့ သွေဖည်မှုတွေကို ပိုင်းခြားသိမြင်ပြီး သူတို့ပြဿနာတွေကို ဖြေရှင်းဖို့ မိတ်သဟာယ ပြုရတာပဲ။ ကြီးကြပ်မှုဆိုတာ လူတွေကို တမင် အပြစ်ရှာဖို့ မဟုတ်ဘဲ၊ အဲဒါထက် ကိုယ့်တာဝန်ကို တာဝန်ယူပြီး ဆက်ကပ်တာ ဖြစ်တယ်၊ လူတွေရဲ့ အသက်ဝင်ရောက်မှုအတွက် တာဝန်ယူနေတာဖြစ်ပြီး၊ ဘုရားအလိုတော်ကို ထောက်ထားပြီး ဘုရားအိမ်တော်ရဲ့ အလုပ်ကို ထိန်းသိမ်းနေတာပဲ။ ညီအစ်ကို မောင်နှမတွေက သူတို့ အလုပ်မှာ ပြဿနာတွေ ရှိရင်၊ တစ်ယောက်က အဲဒါကို လျစ်လျူရှုပြီး၊ ကူညီဖို့ မိတ်သဟာယမပြု၊ ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်တာတွေ မလုပ်ရင်၊ ဒါက ဆိုးရွားတဲ့ ပေါ့ဆမှုဖြစ်ပြီး တာဝန်မဲ့တာကို ပြတာပဲ။ နောက်ပိုင်းမှာ၊ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း သတိရှိရှိ လက်တွေ့လုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မတွဲဖက် အစ်မနဲ့ ကျွန်မတို့အလုပ်မှာရှိတဲ့ လက်ရှိပြဿနာတွေကို ပေါင်းရုံးခဲ့တယ်။ ပြဿနာကို အမျိုးအစားခွဲပြီးတဲ့နောက်မှာ ညီအစ်ကို မောင်နှမတွေကို မိတ်သဟာယပြုဖို့ ခေါ်တယ်။ မိတ်သဟာယကတစ်ဆင့်၊ တာဝန်တွေမှာ မမှန်တဲ့ သဘောထား ရှိခဲ့ကြမှန်း သူတို့ သဘောပေါက်သွားကြပြီး၊ ကြီးကြပ်မှုရဲ့ အရေးပါမှုကို နားလည်လာကြတယ်။ အဲဒီနောက်မှာ၊ လူတိုင်းရဲ့ သဘောထားနဲ့ အခြေအနေ နည်းနည်း တိုးတက်လာခဲ့ပြီး၊ သူတို့အလုပ်အခြေအနေကို ကျွန်မ ပိုရင်ပေါင်တန်းလိုက်ဖို့၊ အနီးကပ် ကြီးကြပ်မှုပေးပြီး၊ သူတို့ တိုးတက်မှုကို နောက်ဆက်တွဲလုပ်ဖို့ သတိရှိရှိ ကြိုးစားခဲ့တယ်။ သူတို့ အခက်အခဲတွေ၊ ချို့ယွင်းချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ကူညီခဲ့တယ်။ အချိန်ကာလတစ်ခုနောက်မှာ၊ ကျွန်မတို့အလုပ်မှာ ပိုကောင်းတဲ့ ရလဒ်တွေ ရနေပြီး လူတိုင်းက သူတို့တာဝန်တွေမှာ တိုးတက်မှုဖြစ်နေကြတာ တွေ့ရတယ်။

နောက်ပိုင်းမှာ ကျွန်မ ဆက်သုံးသပ်ခဲ့တယ်။ ကြီးကြပ်မှုကို ငါ ဘာလို့ အရေးတကြီး မထားတာလဲ။ တခြား ဘာဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို ဒါကဖော်ပြလဲ။ ရှာဖွေရာမှာ၊ ဒီဘုရားနှုတ်ကပတ်တော် အပိုဒ်ကို အမှတ်မထင် တွေ့သွားတယ်။ “အချို့ အသင်းတော်ခေါင်းဆောင်များသည် မိမိတို့၏ တာဝန်ကို ပေါ့ဆစွာနှင့် ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည့် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများကို ၎င်းတို့မြင်တွေ့ရလျက် ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများကို သိသိသာသာ ထိခိုက်နစ်နာစေသည့်အရာတစ်ခုကို ၎င်းတို့ မြင်သည့်အခါ၊ အခြားသူများ ယုတ်စွအဆုံး စိတ်အနှောင့်အယှက်ပင် မဖြစ်စေဖို့အလို့ငှာ၊ ၎င်းတို့သည် မသိကျိုးကျွန်ပြုကြပြီး မည်သည့် မေးမြန်းစုံစမ်းခြင်းများကိုမျှ မပြုကြချေ။ အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်က လူများကို သိမ်းသွင်းစည်းရုံးဖို့ ဖြစ်ကာ၊ ယင်းကို ၎င်းတို့ ကောင်းစွာ သိရှိလေသည်။ ‘ဤအရာကို ငါ ဆက်ထိန်းထားပြီး မည်သူကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေပါက၊ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ အသိအမှတ်ပြုကာ နှစ်သက်ကြလိမ့်မည်။’ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားများအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ၊ ပြီးလျှင် ဘုရားသခင် ရွေးချယ်ထားသော လူများက ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် မည်မျှ ကြီးမားစွာ ကြန့်ကြာစေခြင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ အသင်းတော် အသက်တာသည် မည်မျှ ကြီးမားစွာ နှောင့်ယှက်ခံရသည် ဖြစ်စေ၊ ထိုသို့သော ခေါင်းဆောင်များသည် ၎င်းတို့၏ဆိုးယုတ်သော ဒဿနကို မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကိုယ် အပြစ်တင်မှု အသိစိတ်တစ်ခု မရှိကြပေ။ တစ်စုံတစ်ဦးက အနှောင့်အယှက်နှင့် အလျဉ်ပြတ်စေခြင်းတို့ကို ဖြစ်စေသည်ကို မြင်သည့်အခါ၊ အလွန်ဆုံးအနေဖြင့်၊ ၎င်းတို့သည် အလျဉ်းသင့်၍ ဤပြဿနာများကို သာမန်ကာလျှံကာ ပြောဆိုကောင်း ပြောဆိုပြီးနောက် ထိုအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်ကြသည်။ ၎င်းတို့သည် ဤလူကို သမ္မာတရားအပေါ် မိတ်သဟာယမပြုသကဲ့သို့၊ ပြဿနာ၏ အနှစ်သာရကိုလည်း ၎င်းတို့ မထောက်ပြကြပေ၊ ထိုသူတို့၏ အခြေအနေကို ၎င်းတို့ ဆန်းစစ်ခြင်းမှာ သာ၍ပင် နည်းပါးသည်။ ၎င်းတို့သည် ဘုရားသခင်၏ အလိုတော်က မည်သည့်အရာဖြစ်သည်ကို လုံးဝ ပြောပြခြင်းမရှိပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လူများက မည်သည့်အမှားမျိုးကို မကြာခဏ ပြုလေ့ရှိသည်ကိုဖြစ်စေ၊ လူများ မကြာခဏ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကိုဖြစ်စေ မည်သည့်အခါမျှ မဖော်ထုတ်ပေ၊ သို့မဟုတ် မဆန်းစစ်ပေ။ ၎င်းတို့သည် မည်သည့်တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ လက်မခံနိုင်သော အပြုအမူနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ပြခြင်းများကို အစဉ်သဖြင့် သည်းခံကြသည်။ ပြီးလျှင် လူများက မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ အယူဝါဒစကားအချို့ကို တရားဟောရုံမျှ၊ ဝတ်ကျေတမ်းကျေ တိုက်တွန်းအားပေးခြင်း အနည်းငယ် ပြုရုံမျှ၊ သဘောထားကွဲလွဲမှုကို ရှောင်ဖို့ ကြိုးစားရုံမျှဖြင့် စိုးရိမ်ကြောင့်ကြမှု မရှိမြဲသာ ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောသူများသည် မိမိတို့ကိုယ်ကိုယ် ဆင်ခြင်ခြင်းနှင့် မိမိတို့ကိုယ်ကိုယ် သိဖို့ ကြိုးစားခြင်း မရှိကြချေ။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးမှု မျိုးစုံ ထုတ်ပြခြင်းအတွက် ဖြေရှင်းချက် မရကြဘဲ၊ အသက်ဝင်ရောက်မှု မရှိကြဘဲ၊ စကားများ၊ စကားစုများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ‘ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လျော်ညီဖို့ အလွန်သေးငယ်ကောင်း သေးငယ်လိမ့်မည်ဖြစ်သော်လည်း၊ ငါတို့၏ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ငါတို့ ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို နာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို နာခံခြင်း ဖြစ်သည်။ အထက်က ငါတို့ခေါင်းဆောင်ကို အစားထိုးသည့်နေ့ရက်ရောက်လာသည့်အခါ၊ ငါတို့ ကြားအောင်ဖွင့်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ထိန်းသိမ်းထားဖို့နှင့် အထက်က သူ့ကို အစားထိုးခြင်းမှ တားဆီးဖို့၊ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို တရားမျှတစွာ ဆက်ဆံသည့် ပုံစံဖြစ်ပေသည်’ဟုပင် ယုံကြည်လာကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်း‌ဆောင်နှင့်ပတ်သက်၍ ထိုသို့သော ဆက်ဆံရေးတစ်ခုရှိပြီး ၎င်းတို့၏စိတ်နှလုံးထဲတွင် ၎င်းတို့၏ခေါင်းဆောင်အပေါ် မှီခိုမှု၊ အားကျမှု၊ ကြည်ညိုခြင်းတို့ ရှိသည့်အခါ၊ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာလိမ့်မည်။ ၎င်းတို့ ကြားလိုသည်မှာ ခေါင်းဆောင်၏ စကားများဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းအား ၎င်းတို့ ရပ်တန့်လိုက်သည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောသူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ၎င်းတို့နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသကဲ့သို့၊ ၎င်းတို့သည် အန္တိခရစ်တို့၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။...အန္တိခရစ်တို့သည် တကယ့်အလုပ်ကို မလုပ်ကြဘဲ၊ သမ္မာတရားကို မိတ်သဟာယမပြုသကဲ့သို့ ပြဿနာများကိုလည်း မဖြေရှင်းကြပေ၊ ၎င်းတို့သည် လူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း၌လည်းကောင်း၊ သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်း၌လည်းကောင်း လမ်းမပြကြချေ။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းနှင့် ကျော်ကြားမှုအတွက်သာ အလုပ်လုပ်ကြသည်၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် တည်ထောင်ဖို့၊ လူများ၏စိတ်နှလုံးများ၌ ၎င်းတို့ ထိန်းသိမ်းထားသည့် နေရာကို ကာကွယ်ဖို့၊ ပြီးလျှင် လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်စေဖို့၊ ကြည်ညိုစေဖို့နှင့် ၎င်းတို့ နောက်လိုက်စေဖို့ကိုသာ ဂရုစိုက်ကြသည်။ ဤသည်မှာ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ပန်းတိုင်များဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့က လူများကို စည်းရုံးသိမ်းသွင်းပြီး ဘုရားသခင် ရွေးချယ်ထားသူများကို ထိန်းချုပ်ဖို့ ကြိုးစားသည့် နည်းလမ်းဖြစ်ပေသည်။ ထိုသို့အလုပ်လုပ်သည့် နည်းလမ်းသည် မဆိုးယုတ်သလော။ ယင်းသည် စက်ဆုပ်စရာ ဖြစ်သည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၃)၊ အချက် ၁- လူတို့ကို စည်းရုံးရန် ၎င်းတို့ကြိုးစားကြသည်) အန္တိခရစ်တွေမှာ ဆိုးယုတ်တဲ့ စိတ်သဘောထားတွေ ရှိတယ်၊ အဆင့်အတန်း ရဖို့အတွက်ပဲ အလုပ်လုပ်ပြီး၊ ညီအစ်ကို မောင်နှမတွေက ပြဿနာတွေ ရှိတဲ့အခါ၊ သူတို့ မဖော်ထုတ်၊ မပြုပြင်ပေးကြဘူး၊ အဲဒီအစား သူတို့ရဲ့ မျက်နှာသာကိုရပြီး သူတို့ကို ထောင်ဖမ်းဖို့နဲ့ သူတို့ကို လူတိုင်း ကြည်ညို၊ ကိုးကွယ်ပြီး သူတို့ရှေ့လာအောင်လို့ အမြဲ အလိုက်အထိုက်နေပြီး စာနာနေတတ်တယ်။ အလုပ်မှာ ကျွန်မရဲ့ လက်ရှိ အပြုအမူအရ ဘုရားနှုတ်ကပတ်တော်ကို သုံးသပ်ရင်း၊ ကျွန်မက ဘုရားဖော်ထုတ်တဲ့ သူတွေလိုပဲဖြစ်မှန်း သဘောပေါက်သွားတယ်။ လူတွေရဲ့ စိတ်နှလုံးထဲမှာ ကိုယ့်အဆင့်အတန်းနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့၊ အလုပ်မှာ ကျွန်မ ကြီးကြပ်၊ မေးမြန်းပြီး တခြားလူတွေက ညည်းညူ၊ ခုခံကြတဲ့အခါတိုင်း၊ ကျွန်မက လူမဆန်ဘူးလို့ သူတို့ထင်မှာ စိုးရိမ်နေရင်း၊ သူတို့ ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ထောက်ထားခြင်း မရှိဘဲ တိုက်တွန်း၊ ဖိနှိပ်ရင်းနဲ့ပဲ သူတို့ကို ကိုင်တွယ်ဖြေရှင်း၊ ပြုပြင်ဖို့ မဆိုထားနဲ့၊ ဆက်ပြီး မမေးမြန်းရဲခဲ့ဘူး။ ဒါကြောင့် သူတို့ ကိစ္စတွေရဲ့ အဖြစ်အနစ်ကို စိစစ်ခြင်း မရှိဘဲ သူတို့ ပြဿနာတွေကို ဝတ်ကျေတမ်းကျေ ဒီအတိုင်း တင်ပြလိုက်တယ်။ တစ်ခါတလေ လူတိုင်း အလုပ်များပေမဲ့ အလုပ်မှာ တိုးတက်မှု မရှိလို့ ပြဿနာတစ်မျိုးမျိုး ရှိရမယ်မှန်းလည်း ကျွန်မ သတိထားမိခဲ့တယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ကျွန်မ အမှားပြင်ပေးတဲ့နောက် ညီအစ်ကို မောင်နှမတွေက နှုတ်ဆိတ်သွားကြတယ်၊ ကျွန်မ စိတ်ကျဉ်းကျပ်ပြီး ဆက်မိတ်သဟာယမပြုရဲတော့ဘူး။ အကျိုးဆက်အနေနဲ့၊ အချိန်အကြာကြီး အလုပ်မှာ တိုးတက်မှု မရှိခဲ့ဘူး။ သူတို့ရဲ့ ဝတ်ကျေတမ်းကျေ ဖြစ်ခြင်း အနှစ်သာရနဲ့ဆိုင်တဲ့ အသိ သူတို့မှာ တစ်ခုမှမရှိသလို၊ အသက်ဝင်ရောက်မှုမှာ တိုးတက်မှု မရှိခဲ့ဘူး။ လူတွေနဲ့ ကျွန်မရဲ့ ဆက်ဆံရေးတွေကို ထိန်းသိမ်းရင်း၊ ကျွန်မက သူတို့ရဲ့ ပြဿနာတွေကို ထောက်ထားပြီး နားလည်မှုရှိတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ တွေးစေရင်းနဲ့ သူတို့ရဲ့ စိတ်နှလုံးထဲမှာ ကျွန်မအတွက် နေရာရှိအောင်လို့ “လူတွေကို ခါးအောက်ပိုင်း ဘယ်တော့မှ မထိနဲ့” ဆိုတဲ့ ဆိုးယုတ်တဲ့ အတွေးအခေါ်နဲ့ အသက်ရှင်ခဲ့တယ်။ ကျွန်မက သမ္မာတရားကို လက်တွေ့မလုပ်သလို၊ ညီအစ်ကို မောင်နှမတွေကို အမြဲ သည်းခံတော့၊ သူတို့ပြဿနာတွေ ဘယ်လောက်ဆိုးမှန်း သူတို့ သဘောမပေါက်ကြတော့သလို၊ ဒါက ဘုရားအိမ်တော်ရဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့တယ်။ ကျွန်မ အရမ်းကို တစ်ကိုယ်ကောင်းဆန်၊ စက်ဆုပ်စရာ ဖြစ်ခဲ့တာပဲ။ ခေါင်းဆောင်တွေ အမှုဆောင်တွေအားလုံးက အလုပ်တိုးတက်မှုကို ကြီးကြပ်ပြီး နောက်ဆက်တွဲလုပ်ဖို့၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွာတွေကို ကာကွယ်ဖို့၊ အလုပ်ထဲက ပြဿနာတွေကို အမြန် ပိုင်းခြားပြီး ဖြေရှင်းဖို့နဲ့ လက်တွေ့အလုပ်လုပ်ဖို့ ဘုရားအိမ်တော်က တောင်းဆိုတယ်။ ကျွန်မကတော့၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ဘေးဖယ်ထားရင်း၊ ညီအစ်ကို မောင်နှမတွေကို သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ အသက်ရှင်ခွင့်ပေးရင်း၊ ကျွန်မတာဝန်အပေါ် သာမန်ကာလျှံကာ သဘောထားနဲ့ အလုပ်ကို နှောင့်နှေးစေရင်း၊ ကျွန်မကိုယ်ပိုင် အဆင့်အတန်းနဲ့ နာမည်ဂုဏ်သတင်းကိုပဲ ထိန်းသိမ်းခဲ့တယ်။ ဘုရားရဲ့ ရည်ရွယ်ချက်အတိုင်း အသက်ကို အသက်မရှင်နိုင်ခဲ့ဘူး။ ဒါကို သုံးသပ်၊ သဘောပေါက်သွားပြီးတော့ ကျွန်မ နောင်တရမိတယ်။ ဒါကြောင့် နောင်တရပြီး ကိုယ့်တာဝန်မှာ သဘောထား တိုးတက်စေဖို့ လိုလားရင်းနဲ့ ဘုရားဆီ ဆုတောင်းခဲ့တယ်။

နည်းနည်း ကြာပြီးတဲ့နောက်၊ ကျွန်မတို့အလုပ်ကို စစ်ဆေးဖို့ ခေါင်းဆောင်က လာပြီး၊ တချို့ စီမံကိန်းတွေကို အချိန်ဆွဲနေပြီး ရလဒ်တွေ မဖြစ်သေးတာကို မြင်တော့၊ လူတိုင်းရဲ့ တိုးတက်မှုကို ပိုနီးနီးကပ်ကပ် စစ်ဆေးဖို့၊ ပြဿနာတွေကို ပိုင်းခြားပြီး အမြန်ဖြေရှင်းဖို့ တောင်းဆိုခဲ့တယ်။ ကျွန်မ တွေးမိတယ်။ “ဒီအလုပ်ကို တလောကပဲ တာဝန်ပေးထားတာလေ။ အဲဒါတွေရဲ့ တိုးတက်မှုကို အခု တောင်းဆိုလိုက်ရင်၊ ကျွန်မတို့က အရမ်းရက်စက်ပြီး လူသားဆန်မှု နည်းနည်းမှ မရှိဘူးလို့ ညီအစ်ကို မောင်နှမတွေက ထင်ကြမှာ မဟုတ်လား”ပေါ့။ နာမည်၊ အဆင့်အတန်းနဲ့ ကျွန်မ ထပ်ပြီး ဘောင်ခတ်ခံရသလို သမ္မာတရားကို လက်တွေ့လုပ်မနေမှန်း ကျွန်မ သဘောပေါက်လိုက်တယ်။ ဒီလိုပြောတဲ့ ဘုရားနှုတ်ကပတ်တော်ကို တွေးမိတယ်။ “သင်၏အကျိုးအတွက်သာ အစဉ်မလုပ်ဆောင်နှင့်၊ ပြီးလျှင် သင်၏ ကိုယ်ပိုင် အကျိုးစီးပွားကို စဉ်ဆက်မပြတ် ထည့်သွင်းမစဉ်းစားနှင့်။ လူ၏ အကျိုးစီးပွားများကို ထည့်သွင်းမစဉ်းစားနှင့်။ သင်၏ ကိုယ်ပိုင်ဂုဏ်၊ ဂုဏ်သတင်းသို့မဟုတ် အဆင့်အတန်းကို မစဉ်းစားနှင့်။ သင်သည် ပထမဦးစွာ ဘုရားသခင်၏အိမ်တော်၏အကျိုးများကို စဉ်းစားရမည်ဖြစ်ပြီး ယင်းတို့ကို သင်၏ဦးစားပေးချက် ဖြစ်စေရမည်၊ သင်သည် ဘုရားသခင်၏အလိုတော်ကို အရေးထားသင့်ပြီး၊ သင်၏ တာဝန်ကို ဖြည့်ဆည်းရာတွင် သင်သည် မစင်ကြယ်မှု ရှိခဲ့သည် မရှိခဲ့သည်၊ အဆုံးစွန် သစ္စာရှိခြင်းရှိမရှိ၊ သင်၏ တာဝန်များကို ဖြည့်ဆည်းခြင်းရှိမရှိ၊ အစွမ်းကုန်လုပ်ဆောင်ခြင်းရှိမရှိ၊ သင်၏ တာဝန်နှင့် အသင်းတော်၏ အမှုကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဆင်ခြင်ခဲ့ခြင်း ရှိမရှိ ဆိုသည်တို့ကို ချင့်ချိန်စဉ်းစားခြင်းဖြင့် အစပြုသင့်သည်။ ဤအရာများကို သင် ထည့်သွင်းစဉ်းစားရမည်။ ယင်းတို့ကို မကြာခဏ တွေးပြီး တွက်ဆလော့၊ ပြီးလျှင် သင်၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် သင့်အတွက် သာ၍ လွယ်ကူလိမ့်မည်။(နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏၊ အတွဲ (၂)၊ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား စွန့်ပစ်ခြင်းအားဖြင့်သာလွတ်လပ်ခြင်းနှင့် လွတ်မြောက်ခြင်းကို ရရှိနိုင်သည်) ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားအလိုတော်ကို တကယ် အလေးထားသူတွေက ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားတွေကို ထိပ်တန်း ဦးစားပေးအနေနဲ့ ထားပြီးတော့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ဘေးဖယ်ထားကြမှာပဲ။ အသင်းတော်အလုပ်နဲ့ တခြားလူတွေရဲ့ အသက်ဝင်ရောက်မှုအတွက် ဘယ်အလုပ်လမ်းကြောင်းက အကောင်းဆုံး ဖြစ်မယ်ဆိုတာ သူတို့ စဉ်းစားတယ်။ ကိုယ့်တာဝန်ကို ဒီလို ဖြည့်ဆည်းဖြင်းကသာ ဘုရားအလိုတော်နဲ့ ကိုက်ညီတယ်။ ဒါကို သဘောပေါက်တော့၊ နောက်နေ့မှာ လူတိုင်းရဲ့ အလုပ်တိုးတက်မှုကို ကျွန်မ မေးမြန်းခဲ့ပြီး၊ သူတို့က ပြဿနာမျိုးစုံနဲ့ ပတ်ချာဝိုင်းနေကြမှန်း သိလိုက်တယ်။ ဒါကြောင့် စည်းမျဉ်းတွေအပေါ် ကျွန်မတို့ မိတ်သဟာယပြုတယ်၊ လမ်းကြောင်းတစ်ခု ရှာပြီး ပြဿနာတွေကို ဖြေရှင်းဖို့ အစီအစဉ်တွေ လုပ်ခဲ့တယ်။ နှစ်ပတ်ကြာတော့၊ အရင်ထက် ပိုကောင်းတဲ့ ရလဒ်တွေရဖို့ အဆင်သင့် ဖြစ်သွားကြတယ်။ ဘုရားကျေးဇူးတော်ပဲ။ ဒီပြီးခဲ့တဲ့ လအနည်းငယ်မှာ ရှိခဲ့တဲ့ အတွေ့အကြုံတွေကတစ်ဆင့် ကြီးကြပ်မှုရဲ့ အရေးပါမှုကို ကျွန်မ သဘောပေါက်သွားတယ်။ ဘုရားရဲ့ စိစစ်မှုကို လက်ခံပြီး ကိုယ့်တာဝန်ကို အနာဂတ်မှာ ကောင်းကောင်း ဖြည့်ဆည်းဖို့ ကျွန်မ လိုလားနေခဲ့တယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

တစ်ခြားလူများကို ဆုံးမသွန်သင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကြပ်မတ်ပါ

ရှောင်ယန်၊ ဟီနန်စီရင်စု အသင်းတော်က စီစဉ်ပေးခဲ့သည့်အတွက် ကျွန်မသည် အထွေထွေအရေးကိစ္စများတွင် အစ်မကြီးတစ်ယောက်နှင့် နီးကပ်စွာ အလုပ်လုပ်ရပါသည်။...

မိမိ၏တာဝန်ကို မည်သို့သဘောထားသင့်ပုံ

ကျန့်ရဲ့ တောင်ကိုးရီးယားနိုင်ငံယုံကြည်သူတစ်ယောက် ဖြစ်လာပြီး သိပ်မကြာမီမှာ၊ ခေါင်းဆောင်များဖြစ်သည့် ညီအစ်ကိုမောင်နှမများက စည်းဝေးပွဲများကို...

စစ်ပွဲတွင် စာတန်ကို အနိုင်ယူခြင်း

ချမ်မိုရမ်၊ ဟီနန်စီရင်စု အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များက မိန့်ကြားသည်။ “သင်သည် ဇာတိပကတိကို တွန်းလှန်သည့်အခါ သင့်အတွင်းထဲ၌...

ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးနောက် နိုးထခြင်း

လျန်ရှင်း တရုတ်နိုင်ငံ ၂၀၂၀နှောင်းပိုင်းမှာ အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတဲ့ တာဝန်ယူခဲ့တယ်။ အစတော့ သူတို့ သိပ်များများစားစား မရှိလို့၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။