ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း
ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျွန်မကို စာနဲ့ပတ်သက်တဲ့အလုပ်အတွက် ကြီးကြပ်ရေးမှူးအနေနဲ့ ရွေးချယ်ခဲ့တယ်။ ဒီသတင်းကို ကြားလိုက်ရတဲ့အခါ ကျွန်မ တကယ်ကို စိတ်ရှုပ်သွားခဲ့တယ်။ ကျွန်မ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ခဲ့တုန်းက အမှတ်တရတွေက ကျွန်မခေါင်းထဲမှာ တစ်ကွက်ပြီးတစ်ကွက်ပေါ်လာတော့ ကျွန်မ မထိန်းချုပ်နိုင်ခဲ့ဘူး။ အလုပ်မှာ လမ်းလွဲမှုတွေ၊ ပြဿနာတွေ ပေါ်လာတဲ့အခါ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ညီမက အကြောင်းရင်းတွေကို တက်တက်ကြွကြွရှာဖွေပြီး ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာခဲ့ပေမဲ့ ကျွန်မကတော့ ဒီကိစ္စတွေကို ဘယ်တုန်းကမှ မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ခဲ့ဘူး။ ပြဿနာပေါ်လာတိုင်း ကျွန်မထင်ခဲ့တာကတော့ ကိုယ့်ရဲ့အစွမ်းအစညံ့ဖျင်းတာနဲ့ အလုပ်လုပ်နိုင်စွမ်းမရှိတာကြောင့်လို့ပဲ ဒါပေမဲ့ ပေါ်လာတဲ့ပြဿနာတွေထဲက လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေကို ဘယ်တုန်းကမှ မဆန်းစစ်ခဲ့သလို၊ အဲဒါတွေကို ပြုပြင်ပြီး ဖြေရှင်းဖို့ ဘယ်လိုစဉ်းစားရမလဲဆိုတာ ကြိုးစားအားထုတ်တာမျိုး ပိုလို့တောင် မလုပ်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ပြဿနာတွေ ဒီလောက်အများကြီးပေါ်လာတာက တော်တော် သိက္ခာကျစရာကောင်းတယ်လို့ အမြဲခံစားရပြီးတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ အပျက်သဘောဆောင်တဲ့ အခြေအနေမှာ အသက်ရှင်နေထိုင်ပြီး ကိုယ့်တာဝန်ကနေ အမြဲ လွတ်မြောက်ချင်ခဲ့တယ်။ ခေါင်းဆောင်တွေကပါ ကျွန်မရဲ့ပြဿနာတွေကို ထောက်ပြလာရင် ပိုလို့တောင် အပျက်သဘောဆောင်လာရော။ ကျွန်မက အပျက်သဘောဆောင်ပြီး ခိုကပ်နေတဲ့ အခြေအနေမှာ အချိန်အကြာကြီး နေခဲ့တာကြောင့် အလုပ်ထဲက ပြဿနာအများကြီးကို အချိန်မီမဖြေရှင်းနိုင်ခဲ့ဘူး၊ ညီအစ်ကိုမောင်နှမတွေကိုလည်း တကယ့်အကူအညီ မပေးနိုင်ခဲ့ဘူး။ ခေါင်းဆောင်တွေက ကျွန်မရဲ့အခြေအနေနဲ့ပတ်သက်ပြီး အကြိမ်ကြိမ် မိတ်သဟာယဖွဲ့ပေးခဲ့ပေမဲ့ ကျွန်မ ပြောင်းလဲနိုင်ခဲ့တာမျိုးမရှိဘူး။ နောက်ဆုံးတော့ အလုပ်ကို ဆိုးဆိုးရွားရွားထိခိုက်သွားပြီး ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ ဖြုတ်ချခံခဲ့ရပေမဲ့ ဒါဟာ ကျွန်မအတွက်တော့ သက်သာရာရသွားသလိုပါပဲ။ ဒါပေမဲ့ အခု ဒီတစ်ခါ သူတို့က ကျွန်မကို ကြီးကြပ်ရေးမှူးလုပ်စေချင်နေကြပြီ။ ဒါဆို အရင်ကလိုပဲ နာကျင်ပြီး အရှက်ကွဲရတဲ့ပုံစံနဲ့ အသက်ရှင်ရမယ့် သဘောပဲမဟုတ်ဘူးလား။ ကျွန်မ တကယ်ကို ကြီးကြပ်ရေးမှူး ပြန်မလုပ်ချင်တော့ပါဘူး။ နောက်ပြီးတော့ ကျွန်မမှာ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ဖို့ အစွမ်းအစ လုံးဝမရှိဘူးလို့ ခံစားရတယ်။ ခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ကြီးကြပ်ရေးမှူး တော်တော်များများဟာ အစွမ်းအစကောင်းပြီး အလုပ်လုပ်နိုင်စွမ်းအားကောင်းတဲ့အပြင် အလုပ်လုပ်တာမှာလည်း အရမ်းကို ထိရောက်မှုရှိတဲ့သူတွေဖြစ်တာကို ကျွန်မတွေ့ခဲ့ရတယ်။ ကျွန်မကတော့ အစွမ်းအစညံ့ဖျင်းပြီး အလုပ်လုပ်တာလည်း နှေးကွေးတဲ့သူမျိုးဖြစ်လို့ ကြီးကြပ်ရေးမှူးလုပ်ဖို့ လုံးဝမသင့်တော်ဘူး။ အခု အဖွဲ့ဝင်တစ်ယောက်အနေနဲ့ တာဝန်မှာတော့ ရလဒ်တချို့ မြင်ရပြီး သိက္ခာဆယ်နေနိုင်သေးတယ်။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးဖြစ်လာရင် အလုပ်တာဝန်တွေကလည်းများ၊ ကဏ္ဍအားလုံးကိုလည်း ထည့်သွင်းစဉ်းစားရမှာ။ ကျွန်မရဲ့ သာမန်လောက်ပဲရှိတဲ့ အရည်အချင်းနဲ့ ဘယ်လောက်ပဲကြိုးစားကြိုးစား ကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘဲ နောက်ဆုံးကျရင် ဖြုတ်ချခံရဦးမှာပဲ မဟုတ်လား။ ဒါဆိုရင် နောက်ထပ်တစ်ခါ အပြတ်အသတ်ရှုံးနိမ့်သွားမှာပဲ၊ အဲဒီအခါကျရင် ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လိုမြင်ကြမှာလဲ။ ကျွန်မက လုံးဝအသုံးမကျဘူးလို့ သူတို့ပြောကြမလား။ ဒီလိုအတွေးတွေဝင်လာတိုင်း အဲဒီတာဝန်ကို ငြင်းချင်ပေမဲ့ ကိုယ့်တာဝန်ကိုငြင်းလိုက်ရင် ဘုရားသခင်ကို စိတ်ပျက်စေမိမှာပဲလို့လည်း ခံစားရတယ်။ အထူးသဖြင့် အခုချိန်မှာ စာနဲ့ပတ်သက်တဲ့အလုပ်အတွက် ကြီးကြပ်ရေးမှူးက တစ်ယောက်တည်းရှိပြီး အလုပ်တာဝန်တွေက အရမ်းများတော့ တစ်ယောက်တည်းနဲ့ ဘယ်လိုမှမနိုင်ဝန်မထမ်းနိုင်ဘူး၊ အလုပ်တွေ ထိခိုက်နေပြီလို့ ခေါင်းဆောင်ကပြောတယ်။ ကျွန်မက စာနဲ့ပတ်သက်တဲ့တာဝန်တွေမှာ နှစ်အတော်များများ လေ့ကျင့်ခဲ့ပြီး အရင်ကလည်း ကြီးကြပ်ရေးမှူးလုပ်ခဲ့ဖူးတော့ အလုပ်အမျိုးမျိုးနဲ့ နည်းနည်း ရင်းနှီးကျွမ်းဝင် ဖြစ်နေတယ်။ ဒီတော့ ဒီအချိန်မှာ ကျွန်မသာ ဒီတာဝန်ကို လက်မခံဘူးဆိုရင် တကယ်ကို ဘုရားသခင်ရဲ့ အိမ်တော်သားလို့ ခေါ်ထိုက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မသာ သဘောတူပြီးတော့ အလုပ်ကို မနိုင်ဝန်မထမ်းနိုင်ခဲ့ရင် ကျွန်မရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းတွေ ဆုံးရှုံးသွားမှာမဟုတ်ဘူးလား။ ဒီအကြောင်းတွေကို တွေးမိတော့ စိတ်ထဲမှာ အရမ်းကို ဖိစီးပြီး နာကျင်ရတယ်၊ ရှေ့တိုးရခက် နောက်ဆုတ်ရခက် ဖြစ်နေသလိုပဲ။ ကျွန်မရဲ့ အခြေအနေကို ဘုရားသခင်ရှေ့တော်မှောက် ဆုတောင်းပြီး ယူဆောင်သွားခဲ့တယ်၊ “အို ဘုရားသခင်၊ ဒီနေ့ ကြီးကြပ်ရေးမှူးတာဝန်တစ်ခု သမီးဆီကို ရောက်လာတာဟာ ကိုယ်တော့်ရဲ့ ချီးမြှောက်ခြင်းနဲ့ ကျေးဇူးတော်ဖြစ်မှန်း သမီးသိပါတယ်။ ဒါပေမဲ့ သမီးမှာ ကြီးကြပ်ရေးမှူးလုပ်ဖို့ အစွမ်းအစမရှိဘူးလို့ အမြဲခံစားနေရပြီးတော့ ကြီးကြပ်ရေးမှူးပြန်ဖြစ်လာတဲ့အခါ ပြဿနာအမျိုးမျိုးနဲ့ကြုံပြီး အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာထဲမှာ နောက်တစ်ခါ ငြိတွယ်ပြီး ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်မှာကိုလည်း အရမ်းကြောက်နေမိပါတယ်။ အို ဘုရားသခင်၊ သမီးကို ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံဖို့ စိတ်ပိုင်းဖြတ်မှုကို ပေးသနားတော်မူပါလို့ တောင်းလျှောက်ပါတယ်” ပေါ့။
အဲဒီနောက်မှာတော့ ကျွန်မဟာ စိတ်လေးပြီး စုဝေးပွဲတစ်ခုကို သွားခဲ့တယ်။ ခေါင်းဆောင်က ကျွန်မရဲ့ အခြေအနေကို သိသွားတော့ ကျွန်မအတွက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ရှာပေးခဲ့တယ်။ “လူအတွက် ပတ်ဝန်းကျင်များ စီစဉ်ရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ လူတို့အား အမျိုးမျိုးသော အမှုအရာများကို နည်းလမ်းအမြောက်အမြားဖြင့် ကြုံတွေ့ခွင့်ပေးရန်၊ ထိုအရာများမှ သင်ခန်းစာများ သင်ယူခွင့်ပေးရန်၊ ဘုရားနှုတ်ကပတ်တော်တွင် ပါရှိသည့် အမျိုးမျိုးသော သမ္မာတရား လက်တွေ့ကျမှုများထဲသို့ ဝင်ရောက်ခွင့်ပေးရန်၊ လူတို့၏ အတွေ့အကြုံများကို ကြွယ်ဝအောင် အားဖြည့်ပေးရန်၊ ဘုရားသခင်၊ မိမိတို့ကိုယ်ကို၊ မိမိတို့၏ ပတ်ဝန်းကျင်များနှင့် လူသားမျိုးနွယ်တို့အပေါ် သာ၍ ပြည့်စုံပြီး ရှုထောင့်များစွာရှိသည့် သိနားလည်မှုတစ်ခု ရရှိစေဖို့ ကူညီပေးရန် ဖြစ်သည်။ နောက်တစ်နည်းအားဖြင့် ၎င်းတို့အတွက် ထူးခြားသည့် ပတ်ဝန်းကျင်အချို့ကို စီစဉ်ညွှန်ကြားခြင်းနှင့် ထူးခြားသည့် သင်ခန်းစာအချို့ကို စီစဉ်ပေးခြင်းအားဖြင့် ဘုရားသခင်သည် လူတို့အား သူနှင့် ပုံမှန် ဆက်ဆံရေးတစ်ခု ထိန်းသိမ်းစေချင်သည်။ ဤနည်းဖြင့် လူတို့သည် ဘုရားမဲ့သည့် အခြေအနေတွင် အသက်ရှင်ခြင်း၊ ဘုရားသခင်ကို ယုံကြည်သည်ဟု ပြောသော်လည်း ဘုရားသခင်၊ သမ္မာတရားတို့နှင့် မည်သည့်ပတ်သက်မှုမျှ မရှိသည့်အပြင် ဒုက္ခရောက်စေမည့်အရာ ဖြစ်သော နည်းလမ်းဖြင့် ပြုမူဆောင်ရွက်ခြင်းတို့ထက် သူ၏ရှေ့မှောက်သို့ မကြာခဏ လာကြပေသည်။ ထို့ကြောင့် အမှန်တွင် ဘုရားသခင် စီစဉ်သည့် ပတ်ဝန်းကျင်များ၌ လူတို့သည် ဘုရားသခင်ကိုယ်တိုင်အားဖြင့် ဘုရားသခင်၏ ရှေ့မှောက်သို့ အင်တင်တင်နှင့် မတက်မကြွ ဆောင်သွင်းခြင်းခံကြရလေသည်။ ဤအရာက ဘုရားသခင်၏ စဉ်းစားချင့်ချိန်သော အလေးထားမှုကို ပြ၏။ အချို့သော ကိစ္စတွင် သင်သည် သိနားလည်မှု ကင်းမဲ့လေ၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး ကိုင်းရှိုင်းသည့် စိတ်နှလုံး သာ၍ ရှိသင့်လေဖြစ်ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် သမ္မာတရားကို ရှာဖွေရန် ဘုရားသခင်၏ ရှေ့မှောက်သို့ မကြာခဏ လာသင့်ပေသည်။ သင်သည် အမှုအရာများကို နားမလည်သည့်အခါ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ လိုအပ်သည်။ သင်နားမလည်သည့် အရာများကို သင် ကြုံရသည့်အခါ သင့်အပေါ် သာ၍ အမှုပြုရန် ဘုရားသခင်ကို သင်တောင်းလျှောက်ဖို့ လိုအပ်သည်။ ဤသည်တို့မှာ ဘုရားသခင်၏ စဉ်းစားချင့်ချိန်သော အလေးထားမှုဖြစ်၏။ ဘုရားသခင်ရှေ့မှောက်သို့ သင် သာ၍ လာလေ၊ သင်၏ စိတ်နှလုံးသည် ဘုရားသခင်နှင့် သာ၍ နီးလေ ဖြစ်လိမ့်မည်။ ဘုရားသခင်နှင့် သင်၏ စိတ်နှလုံး သာ၍ နီးလေ၊ ထိုစိတ်နှလုံးထဲတွင် ဘုရားသခင် သာ၍ နေထိုင်လေ ဖြစ်သည်မှာ မှန်သည် မဟုတ်လော။ ဘုရားသခင်သည် လူတစ်ဦး၏ စိတ်နှလုံးတွင် သာ၍ ရှိလေ၊ ၎င်းတို့၏ လိုက်စားမှု၊ ၎င်းတို့ လျှောက်လှမ်းသည့် လမ်းကြောင်းနှင့် ၎င်းတို့ စိတ်နှလုံးထဲရှိ အခြေအနေတို့သည် သာ၍ ကောင်းလာလေ ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားနှုတ်ကပတ်တော်တွေက အရမ်းကို ရှင်းလင်းပါတယ်။ ဘုရားသခင်က ဘယ်လိုအခြေအနေမျိုးကိုပဲ စီစဉ်ပေးပါစေ၊ အဲဒါတွေအားလုံးက ကျွန်မတို့ သင်ခန်းစာတွေယူပြီး သမ္မာတရားကို ရရှိဖို့အတွက်ပါပဲ။ အရင်က ကြီးကြပ်ရေးမှူးလုပ်ခဲ့တုန်းကအချိန်ကို ပြန်တွေးကြည့်တော့၊ ကိုယ့်တာဝန်မှာ လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေ အများကြီးကို ကျွန်မထုတ်ဖော်ခဲ့မိလို့၊ ကိုယ့်ရဲ့အတ္တမာနက ကျေနပ်မှုမရတော့ ခဏခဏ အပျက်သဘောဆောင်တယ်။ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို ဘယ်တော့မှ မရှာဖွေခဲ့ဘူး။ ကျွန်မတွေးခဲ့သမျှက ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ဘယ်လိုထင်ကြမလဲ၊ သူတို့ ကျွန်မကို အထင်သေးကြမလား ဆိုတာတွေချည်းပဲ။ ကိုယ့်တာဝန်ကနေ အမြဲလွတ်မြောက်ချင်ခဲ့တယ်၊ ပြီးတော့ အပျက်သဘောဆောင်ပြီး ခိုကပ်ခဲ့တယ်၊ တကယ့်အလုပ် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး။ နောက်ဆုံးတော့ အလုပ်တွေနှောင့်နှေးသွားပြီး ကျွန်မရဲ့အသက်တာလည်း လုံးဝမတိုးတက်ခဲ့ဘူး။ ဒါတွေအားလုံးဟာ ကျွန်မ ရေရှည်မှာ သမ္မာတရားကို မရှာဖွေခဲ့ခြင်းရဲ့ ရလဒ်တွေပါပဲ။ အရင်က ကြီးကြပ်ရေးမှူးမလုပ်ခင်တုန်းကအချိန်ကို ပြန်တွေးကြည့်တော့ ကျွန်မ အဘက်ဘက်မှာ ကောင်းကောင်းလုပ်နေတယ်လို့ ထင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် တကယ့်နားလည်မှု မရှိခဲ့ဘူး။ ကြီးကြပ်ရေးမှူးဖြစ်လာတဲ့အချိန်ကစပြီး၊ ကိုယ့်တာဝန်မှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေ အများကြီး ဖော်ထုတ်ခံခဲ့ရတယ်၊ အများကြီး ပြုပြင်ခံခဲ့ရတယ်။ ဒါတွေအားလုံးက ကျွန်မရဲ့ဖောက်ပြန်ပျက်စီးမှုနဲ့ ချို့တဲ့မှုတွေကို ဆင်ခြင်သုံးသပ်ဖို့၊ ဘုရားသခင်ရှေ့မှောက်ကိုလာပြီး သမ္မာတရားရှာဖွေဖို့ ကျွန်မကို တွန်းအားပေးခဲ့တယ်။ ကျွန်မသာ ကိုယ့်ရဲ့ချို့တဲ့မှုတွေနဲ့ အားနည်းချက်တွေကို ရင်ဆိုင်နိုင်မယ်၊ ဘုရားသခင်ကို ပိုပြီးဆုတောင်းမယ်၊ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေနိုင်မယ်ဆိုရင် ကျွန်မ အဘက်ဘက်မှာ သင်ခန်းစာယူနိုင်မှာပဲ။ ဒါဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ပဲလေ။ ဒါပေမဲ့ ကျွန်မက ကျေးဇူးတင်ရမှန်းမသိခဲ့ဘဲ ကိုယ့်တာဝန်ကို အမြဲခေါင်းရှောင်ချင်ခဲ့ပြီး တာဝန်မဲ့ခဲ့တယ်။ ဖြုတ်ချခံခဲ့ရပြီးနောက်မှာတောင် ကျွန်မ အပြစ်ရှိတယ်၊ ဒါမှမဟုတ် နောင်တရတယ်ဆိုတဲ့ ခံစားချက် တစ်စက်မှ မခံစားခဲ့ရဘူး။ အဲဒီအစား ကျွန်မ ဒါကို သက်သာရာရခြင်းတစ်မျိုးလို့ ထင်ခဲ့တယ်။ ကျွန်မ တကယ်ကို ဘုရားသခင်ကို စိတ်ပျက်စေခဲ့တာပဲ။ ဒါပေမဲ့ ဘုရားသခင်က ကျွန်မကို မမုန်းဘဲ၊ အဲဒီအစား လေ့ကျင့်ဖို့ နောက်ထပ်အခွင့်အရေးတစ်ခုကို ပေးခဲ့တယ်။ ကျွန်မကို သမ္မာတရားနဲ့ ပိုပြီးပြင်ဆင်စေချင်တယ်၊ ပြီးတော့ အသက်တာမှာ ပိုပြီးမြန်မြန် ကြီးထွားစေချင်တယ်။ ဒါပေမဲ့ ကျွန်မ ထုံထိုင်းပြီး စဉ်းစားဉာဏ်မဲ့ခဲ့တယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို နားမလည်ခဲ့ဘူး။ ကိုယ့်ရဲ့ချို့တဲ့မှုတွေ နောက်တစ်ခါ ဖော်ထုတ်ခံရမှာနဲ့ တခြားသူတွေက အထင်သေးမှာကို စိုးရိမ်နေခဲ့တယ်၊ ဒါကြောင့် ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို မထမ်းဆောင်ချင်ခဲ့ဘူး။ ကျွန်မ တကယ်ကို ဘုရားသခင်ရဲ့ အပင်ပန်းခံရတဲ့ရည်ရွယ်ချက်ကို စိတ်ပျက်စေခဲ့တာပဲ။ ဒီအချက်တွေကို သဘောပေါက်လိုက်တော့ နည်းနည်း အပြစ်ရှိတဲ့စိတ်ဖြစ်ပြီး ဘုရားသခင်အပေါ် အကြွေးတင်နေသလို ခံစားရတယ်။
ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ကျွန်မနည်းနည်းပိုနားလည်လာပြီး ကြီးကြပ်ရေးမှူးအနေနဲ့ တာဝန်ကို လက်ခံခဲ့တယ်။ ဒါပေမဲ့ စိုးရိမ်ပူပန်မှုတွေကတော့ ရှိနေတုန်းပဲ။ ကျွန်မ ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်မှာ၊ အဘက်ဘက်မှာ သိက္ခာကျရမှာကို ကြောက်ခဲ့တယ်၊ ပြီးတော့ နောက်ဆုံးတစ်ခါလိုမျိုး ဖြုတ်ချခံရမှာကိုလည်း ကြောက်ခဲ့တယ်။ တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်ကို ကျွန်မဖတ်ခဲ့တယ်။ “သင်၏ အစွမ်းအစက မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သမ္မာတရားကို သင်နားလည်ခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မည်သို့ပင်ဆိုစေ သင်သည် ဤသဘောထားရှိရမည်။ ‘ဒီအလုပ်ကို ငါ့ကို ပေးထားတဲ့အတွက် ငါ အလေးအနက် သဘောထားရမယ်။ ငါ့ရဲ့ အရေးကိစ္စအဖြစ် မှတ်ယူပြီး ကောင်းကောင်းလုပ်ဆောင်ဖို့ ငါ့ရဲ့ စိတ်နှလုံးနဲ့ အင်အားရှိသမျှကို အသုံးပြုရမယ်။ လုံးဝ ကောင်းကောင်း လုပ်နိုင်မလားဆိုတာကတော့ အာမခံနိုင်တယ်လို့ ယူဆလို့ မဖြစ်ဘူး။ ဒါပေမဲ့ ငါ့သဘောထားကတော့ ကောင်းကောင်းပြီးဖို့အတွက် အကောင်းဆုံးလုပ်မယ်။ အဲဒါနဲ့ ပတ်သက်လို့ ဝတ်ကျေတမ်းကျေဆန်တာမျိုး သေချာပေါက် ဖြစ်မှာမဟုတ်ဘူး။ အလုပ်မှာ ပြဿနာတစ်ခုဖြစ်လာရင် တာဝန်ယူသင့်တယ်။ အဲဒီကနေ သေချာပေါက် သင်ခန်းစာယူပြီး ငါ့တာဝန်ကို ကောင်းကောင်းထမ်းဆောင်ရမယ်’ဟူ၍ ဖြစ်သည်။ ဤသည်မှာ မှန်ကန်သော သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ (၈)) ဒီဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးနောက်မှာ ကျွန်မ အရမ်းကို တို့ထိခံစားခဲ့ရတယ်။ ကျွန်မအပေါ် ဘုရားသခင်ရဲ့ တောင်းဆိုချက်တွေက မမြင့်မားပါဘူး။ ကိုယ်တော်က ကျွန်မပိုင်ဆိုင်တဲ့ အရည်အချင်းနဲ့ အစွမ်းအစတွေထက် ကျော်လွန်ကြီးမားတဲ့အလုပ်တစ်ခုမှ ကျွန်မ ထမ်းဆောင်ဖို့ မတောင်းဆိုဘူး၊ ကိုယ်တော်တောင်းဆိုတာက ကျွန်မမှာ စစ်မှန်တဲ့စိတ်နှလုံးရှိဖို့နဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားလုပ်ဆောင်ဖို့ပဲ။ ဒါက ဘုရားသခင်ကို ကျေနပ်စေဖို့ လုံလောက်ပါပြီ။ ကျွန်မအနေနဲ့ ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်နိုင်မယ်လို့ အာမမခံရဲသေးပေမဲ့ ကျွန်မမှာ အနည်းဆုံးတော့ ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ အစွမ်းကုန်ကြိုးစားတဲ့စိတ်ထားကို ပိုင်ဆိုင်ရမယ်။ ဒါက ကျွန်မရဲ့လက်တစ်ကမ်းမှာပဲ။ အရင်က ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ခဲ့တာဟာ ကျွန်မမှာ အစွမ်းအစမရှိလို့ မဟုတ်ဘဲ၊ အဲဒီအစား ကျွန်မ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်တဲ့အခြေအနေမှာ ဆက်ပြီးနေထိုင်ခဲ့တယ်၊ အမြဲတမ်း နောက်ဆုတ်ချင်ခဲ့တယ်ဆိုတာကို သဘောပေါက်ခဲ့တယ်။ ကိုယ့်တာဝန်အပေါ်မှာ ဝန်တာထားတဲ့စိတ် မရှိခဲ့ဘူး၊ ပြဿနာတွေပေါ်လာတဲ့အခါမှာလည်း ဆင်ခြင်သုံးသပ်ဖို့ ဘုရားသခင်ရှေ့မှောက်ကို ချက်ချင်းမလာခဲ့ဘူး၊ ဒီလမ်းလွဲမှုတွေနဲ့ ပြဿနာတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုလည်း မဆန်းစစ်ခဲ့ဘူး၊ အဲဒါတွေကိုဖြေရှင်းဖို့ သမ္မာတရားကို ဘယ်လိုရှာဖွေရမလဲဆိုတာကိုလည်း မစဉ်းစားခဲ့ဘူး။ တစ်နေ့ပြီးတစ်နေ့ ကျွန်မတွေးနေခဲ့တာက ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းပဲ။ အဲဒီလိုစိတ်ထားမျိုးနဲ့ ကျွန်မ ကိုယ့်တာဝန်ကို ဘယ်လိုလုပ်ပြီး ကောင်းကောင်းဖြည့်ဆည်းနိုင်မှာလဲ။ ဒီလိုသဘောပေါက်လိုက်တဲ့အခါမှာတော့ ကျွန်မရဲ့ ပကာသန၊ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို စိုးရိမ်မှုတွေဟာ ကိုယ့်တာဝန်မှာ အကြီးမားဆုံးအတားအဆီးတွေဖြစ်မှန်း ကျွန်မမြင်ခဲ့တယ်။ ဒါနဲ့ ကျွန်မ စပြီးဆင်ခြင်သုံးသပ်တယ်၊ “ဘာလို့များ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကိစ္စတွေ ပါလာတိုင်း မမှန်ကန်တဲ့ အခြေအနေတစ်ခုမှာ ငါ့ကိုယ်ငါ မထိန်းနိုင်ဘဲ နစ်မွန်းနေရတာလဲ” လို့ပေါ့။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “မိမိတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို အန္တိခရစ်များ၏ ချစ်မြတ်နိုးခြင်းက သာမန်လူများထက် လွန်ကဲပြီး ယင်းမှာ ၎င်းတို့၏ စိတ်သဘောထားအနှစ်သာရအတွင်း ရှိသည့်အရာတစ်ခု ဖြစ်သည်။ ယင်းက ခဏတာ စိတ်ဝင်စားမှုတစ်ခု မဟုတ်သကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်၏ ယာယီ အကျိုးသက်ရောက်မှုလည်း မဟုတ်ပေ။ ယင်းက ၎င်းတို့၏အသက်၊ ၎င်းတို့၏အရိုးအတွင်းရှိ အရာတစ်ခုဖြစ်သောကြောင့် ၎င်းတို့၏ အနှစ်သာရဖြစ်သည်။ ဤအရာမှာ အန္တိခရစ်များလုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက်စဉ်းစားသည့် အချက်သည် ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်၊ အခြားမည်သည့်အရာမျှ မဟုတ်ဟု ဆိုလိုပေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့၏ အသက်ဖြစ်သည့်အပြင် ၎င်းတို့အသက်တာတစ်လျှောက် ၎င်းတို့ လိုက်စားသည့် ပန်းတိုင်ဖြစ်သည်။ ၎င်းတို့လုပ်သမျှ အရာအားလုံး၌ ၎င်းတို့၏ ပထမဆုံး ထည့်တွက် စဉ်းစားသည့်အချက်က ‘ငါ၏အဆင့်အတန်းက ဘာဖြစ်သွားမည်နည်း။ ငါ၏ဂုဏ်သတင်းကရော ဘာဖြစ်သွားမည်နည်း။ ဤအရာကို လုပ်ဆောင်ခြင်းက ငါ့ကို ကောင်းသော ဂုဏ်သတင်းရစေမည်လော။ ယင်းက လူများ၏စိတ်များထဲရှိ ငါ၏အဆင့်အတန်းကို မြှင့်တင်ပေးမည်လော’ ဖြစ်၏။ ယင်းမှာ ၎င်းတို့ ပထမဆုံးတွေးသည့် အရာဖြစ်သည်၊ ယင်းက ၎င်းတို့၌ အန္တိခရစ်များ၏ စိတ်သဘောထားနှင့် အနှစ်သာရတို့ ရှိခြင်း၏ လုံလောက်သော သက်သေဖြစ်ပြီး ဤအကြောင်းကြောင့်ပင် ၎င်းတို့သည် အမှုအရာများကို ဤနည်းဖြင့် စဉ်းစားကြခြင်း ဖြစ်သည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့က ၎င်းတို့အတွက် မရှိလည်း နေနိုင်သည့် အပြင်ပန်းအရာများဖြစ်ရန် မဆိုထားနှင့်၊ အပိုဆောင်း လိုအပ်ချက်တစ်ခု မဟုတ်ဟု ဆိုနိုင်ပေသည်။ ယင်းတို့သည် အန္တိခရစ်တို့ သဘာဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်၊ ယင်းတို့က ၎င်းတို့၏အရိုးများ၊ ၎င်းတို့၏ သွေးများထဲတွင် ရှိနေသည်၊ ယင်းတို့က ၎င်းတို့အတွက် မွေးရာပါ ဖြစ်သည်။ အန္တိခရစ်များက ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ၎င်းတို့ပိုင်ဆိုင်ခြင်းရှိမရှိနှင့်ပတ်သက်၍ ဂရုမစိုက်ခြင်း မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့၏ သဘောထား မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ နေ့စဉ် အသက်တာများ၊ ၎င်းတို့၏ နေ့စဉ် အခြေအနေ၊ ၎င်းတို့စွမ်းဆောင်ရရှိဖို့ နေ့စဉ် လိုက်စားသည့် အရာတို့နှင့် အတွင်းကျကျ ဆက်နွှယ်နေသည်။ အန္တိခရစ်များအတွက် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သည် ၎င်းတို့၏ အသက် ဖြစ်သည်။ ၎င်းတို့ မည်သို့အသက်ရှင်နေထိုင်ပါစေ၊ ၎င်းတို့သည် မည်သည့်ပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်ပါစေ၊ မည်သည့်အလုပ်ကို ၎င်းတို့လုပ်ပါစေ၊ မည်သည့်အရာကို ၎င်းတို့ လိုက်စားပါစေ၊ ၎င်းတို့၏ ပန်းတိုင်များက မည်သည့်အရာ ဖြစ်ပါစေ၊ ၎င်းတို့ဘဝ၏ ဦးတည်ချက်က မည်သည့်အရာဖြစ်ပါစေ ထိုအရာအားလုံးသည် ကောင်းမွန်သော ဂုဏ်သတင်းနှင့် မြင့်မားသောအဆင့်အတန်းရှိခြင်းကို ဗဟိုပြုထားသည်။ ပြီးလျှင် ဤရည်ရွယ်ချက်သည် မပြောင်းလဲပေ။ ၎င်းတို့သည် ထိုသို့သောအရာများကို မည်သည့်အခါမျှ ဘေးဖယ်မထားနိုင်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ စစ်မှန်သော ရုပ်သွင်နှင့် အနှစ်သာရတို့ ဖြစ်သည်။ ၎င်းတို့ကို တောင်များ၏အတွင်းပိုင်း အလွန်ရှေးကျသော တောထဲ၌ သွားထားလျှင်ပင် ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားခြင်းကို ဘေးဖယ်ထားမည် မဟုတ်သေးပေ။ ၎င်းတို့ကို မည်သည့်လူအုပ်စုတွင်မဆို ထည့်ထားလျှင် ၎င်းတို့တွေးနိုင်သမျှသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့သာ ဖြစ်သည်။ အန္တိခရစ်များသည်လည်း ဘုရားသခင်ကို ယုံကြည်ကြသော်လည်း ၎င်းတို့သည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား လိုက်စားမှုကို ဘုရားသခင်အပေါ် ယုံကြည်မှုနှင့် ညီတူညီမျှဖြစ်သည်ဟု မြင်ပြီး ဤအရာနှစ်ခုကို တန်းတူရည်တူ ထားရှိလေသည်။ ဤသည်မှာ ဘုရားသခင်အား ယုံကြည်ခြင်း လမ်းကြောင်းကို ၎င်းတို့လျှောက်စဉ်တွင် ၎င်းတို့၏ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကိုလည်း လိုက်စားသည်ဟု ဆိုလိုသည်။ အန္တိခရစ်တို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်ကို ယုံကြည်ခြင်း၌ သမ္မာတရားကို လိုက်စားခြင်းသည် ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းဖြစ်ကာ၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို လိုက်စားခြင်းက သမ္မာတရားကို လိုက်စားခြင်းလည်းဖြစ်ပြီး ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ရရှိခြင်းက သမ္မာတရားနှင့် အသက်ကို ရရှိခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၉ (အပိုင်း ၃)) ဘုရားနှုတ်ကပတ်တော်တွေကနေတစ်ဆင့် ကျွန်မမြင်ခဲ့ရတာက အန္တိခရစ်တွေဟာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို သူတို့ရဲ့အသက်လို သဘောထားပြီး သူတို့တစ်ဘဝလုံး လိုက်စားရမယ့် ပန်းတိုင်အဖြစ် သတ်မှတ်ကြတယ်ဆိုတာပါပဲ။ သူတို့ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော၊ သူတို့စဉ်းစားသမျှဟာ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက်ပဲ။ ဒါဟာ အန္တိခရစ်တစ်ယောက်ရဲ့ အနှစ်သာရပဲ။ ပြန်တွေးကြည့်တော့၊ ကျွန်မငယ်ငယ်လေးကတည်းက ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို အရမ်းလိုချင်တဲ့စိတ် ပြင်းပြခဲ့ပြီး “သစ်မှာ အခေါက်၊ လူမှာ ဂုဏ်သိက္ခာ” နဲ့ “ငန်းတစ်ကောင်သည် ၎င်းပျံသန်းသည့်နေရာတိုင်းတွင် အော်မြည်သကဲ့သို့ လူတစ်ဦးသည်လည်း ရောက်ရှိသည့်နေရာတိုင်းတွင် သူ့အမည်ကို ချန်ထားခဲ့၏” ဆိုတဲ့ စာတန်ရဲ့ အဆိပ်အတောက်တွေအတိုင်း အမြဲအသက်ရှင်ခဲ့တယ်။ တခြားသူတွေက ကျွန်မကို ဘယ်လိုမြင်လဲဆိုတာကို အရမ်းဂရုစိုက်ခဲ့တယ်။ ကျွန်မ လေးတန်းတုန်းက၊ ဆရာမက ကျွန်မကို သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ဖို့ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက တခြားကျောင်းသားတွေလောက် အမှတ်မကောင်းခဲ့တော့ တော်တော်လေး အရှက်ကွဲတယ်လို့ ခံစားခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်မ ဆင်ခြေတစ်ခုပေးပြီး ကျောင်းကထွက်ခဲ့တယ်။ ဆရာမက ကျွန်မအဆင့်တွေက အဲဒီလောက်မဆိုးတာကိုမြင်တော့ ကျောင်းထွက်တာ နှမြောစရာကောင်းတယ်လို့ထင်ပြီး ကျွန်မကို စည်းရုံးဖျောင်းဖျဖို့ ကျွန်မအိမ်ကို တကူးတက လာခဲ့တယ်။ အဲဒီတော့မှပဲ ကျွန်မကျောင်းပြန်တက်ခဲ့တယ်။ ခုနစ်တန်းရောက်တော့ တစ်ခါမှာ ဆရာမမေးတဲ့မေးခွန်းကို ကျွန်မအဖြေမှားသွားတော့ တစ်တန်းလုံးက ဟားတိုက်ပြီးရယ်ကြရော။ ကျွန်မ အကြီးအကျယ် အရှက်ရခဲ့ပြီး လုံးဝကျောင်းပြန်မတက်တော့ဘူး။ ဘုရားသခင်ကို ရှာတွေ့ပြီးနောက်မှာလည်း ကျွန်မက ဒီအတိုင်းပဲ။ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် လိုချင်တဲ့စိတ်က မပြည့်ဝခဲ့လို့ အပျက်သဘောဆောင်တဲ့ အခြေအနေမှာနေပြီး ကိုယ့်တာဝန်ကို စွန့်လွှတ်ချင်ခဲ့တယ်။ အရင်က ကြီးကြပ်ရေးမှူးလုပ်ခဲ့တုန်းကလည်း ကိုယ့်ရဲ့အားနည်းချက်တွေ အများကြီး ဖော်ထုတ်ခံခဲ့ရတော့ တကယ်ကို အရှက်ရတယ်လို့ ခံစားခဲ့ရတယ်၊ ဒါကြောင့် ကိုယ့်တာဝန်ကနေ အမြဲရှောင်ဖယ်ချင်ခဲ့ပြီး ဖြေရှင်းလို့ရတဲ့ ပြဿနာတွေကိုတောင် ဖြေရှင်းဖို့ ဘာအားစိုက်ထုတ်မှုမှ မလုပ်ခဲ့ဘူး။ ကိုယ့်တာဝန်မှာ ခိုကပ်ပြီး အပျက်သဘောဆောင်ခဲ့တယ်၊ နောက်ဆုံးတော့ အသင်းတော်အလုပ်ကို နှောင့်နှေးစေခဲ့ပြီး ဖြုတ်ချခံခဲ့ရတယ်။ ဒီတစ်ခါ ကျွန်မကြီးကြပ်ရေးမှူးမလုပ်ချင်တာကလည်း လက်တွေ့အလုပ်မလုပ်နိုင်ဘဲ နောက်တစ်ခါ ဖြုတ်ချခံရမှာကို ကြောက်လို့ပဲ၊ ပြီးတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ နောက်တစ်ခါ ထိခိုက်မှာကိုလည်း ကြောက်ခဲ့တယ်။ အထင်မသေးခံရအောင်လို့ ဒီတာဝန်ကို ငြင်းပဲငြင်းနေချင်ခဲ့တယ်။ အသင်းတော်အလုပ်ကို နည်းနည်းလေးတောင်မစဉ်းစားဘဲ ကိုယ့်ရဲ့ဂုဏ်သတင်းနဲ့ အဆင့်အတန်းကိုပဲ အမြဲစဉ်းစားနေခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်တတယ်၊ စက်ဆုပ်စရာကောင်းပြီး လူ့သဘာဝ ကင်းမဲ့လိုက်တာ။ လူ့သဘာဝရှိတဲ့လူတစ်ယောက်ဆိုရင် တာဝန်တစ်ခုနဲ့ကြုံလာတဲ့အခါ၊ သူ့ကို ဂုဏ်သိက္ခာဆောင်ကြဉ်းပေးမှာလား၊ ဒါမှမဟုတ် သူဘာအခက်အခဲတွေကြုံရနိုင်သလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။ ဒါက အသင်းတော်ရဲ့အလုပ်က လိုအပ်တဲ့အရာတစ်ခုဖြစ်နေသရွေ့ ဘုရားသခင်ကို သူတို့ အားကိုးပြီး သူတို့ရဲ့အပိုင်းကိုလုပ်ဖို့ လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ကြမှာပဲ။ ဒါပေမဲ့ ကျွန်မကတော့ ဂုဏ်သတင်းနဲ့ အဆင့်အတန်းအတွက် စိုးရိမ်မှုတွေထဲမှာ အမြဲနစ်မွန်းနေခဲ့ပြီး၊ ကိုယ့်တာဝန်မှာ အခက်အခဲ၊ ရှုံးနိမ့်မှုတချို့ ကြုံတာနဲ့ စိတ်မချမ်းမသာဖြစ်တဲ့အခြေအနေထဲကို ကျရောက်သွားရော။ ကိုယ့်တာဝန်ကို အမြဲငြင်းဆန်ပြီး ခေါင်းရှောင်ချင်ခဲ့တယ်။ ဒီလိုလုပ်တာက ဘုရားသခင်ကို ဆန့်ကျင်နေတာမဟုတ်ဘူးလား။ အဆင့်အတန်းနဲ့ ကျော်ကြားမှုကို လိုက်စားခြင်းက ကျွန်မကို ဘုရားသခင်ကို အတိုက်အခံလုပ်စေပြီး ကိုယ်တော့်စိတ်သဘောထားကို ပုန်ကန်ပြစ်မှားစေရုံသာမက ဒါဟာ အန္တိခရစ်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်နေတာပဲဖြစ်တယ်ဆိုတာကို ကျွန်မမြင်ခဲ့တယ်။ ကျွန်မသာ ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ဆက်ပြီးလိုက်စားနေရင်၊ ကိုယ့်တာဝန်ကို ဘယ်တော့မှ ကောင်းကောင်းထမ်းဆောင်နိုင်မှာမဟုတ်ဘဲ၊ ဘုရားသခင်ရဲ့ စက်ဆုပ်ရွံရှာပြီး ဖယ်ရှားရှင်းလင်းခြင်းကိုပဲ ခံရမှာပါ။ ဒါတွေအားလုံးကို သဘောပေါက်သွားတော့ ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့စိတ်နှလုံးက အဆင့်အတန်းနဲ့ ကျော်ကြားမှုတွေနဲ့ အရမ်းကို ပြည့်နှက်နေပါတယ်။ သမီး ကိုယ်တော့်ကို ထပ်ပြီးမပုန်ကန်ချင်တော့ပါဘူး။ သမီးရဲ့အစွမ်းအစက ဘယ်လိုပဲဖြစ်နေပါစေ၊ ကိုယ်တော့်စိတ်နှလုံး နှစ်သိမ့်မှုရစေဖို့အတွက် ကိုယ့်တာဝန်ကို ကောင်းကောင်းဖြည့်ဆည်းဖို့ အစွမ်းကုန်လုပ်ဆောင်ချင်ပါတယ်” လို့ပေါ့။
ကျွန်မရဲ့ရှာဖွေမှုထဲမှာ၊ ကျွန်မမှာ အမြဲတမ်း မှားယွင်းတဲ့အမြင်တစ်ခုရှိခဲ့တာကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ဖို့ဆိုရင် အစွမ်းအစကောင်းပြီး အလုပ်ကို ထိထိရောက်ရောက်လုပ်နိုင်ရမယ်၊ မဟုတ်ရင် ကြီးကြပ်ရေးမှူးဖြစ်ဖို့ အရည်အချင်းမရှိဘူးလို့ ကျွန်မထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ဒီအမြင်က တကယ်မှန်ရဲ့လားဆိုတာကိုတော့ ဘယ်တုန်းကမှ မရှာဖွေခဲ့ဘူး။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “ဘုရားအိမ်တော်၏ အလုပ်တစ်ခုလုံး ရှုထောင့်မှ ကြည့်လျှင် အစွမ်းအစကောင်းသော လူများ ပို၍ ရှိပါက အသင်းတော်အလုပ်သည် အမှန်ပင် ပို၍ လွယ်ကူပေမည်ဖြစ်သည်မှာ အမှန်ပင်။ သို့ရာတွင် အခြေခံအကြောင်းရင်းတစ်ခု ရှိသည်၊ ဘုရားအိမ်တော်တွင် ဘုရားသခင်သည် သူ၏ ကိုယ်ပိုင်အလုပ်ကို လုပ်ဆောင်နေခြင်းဖြစ်ပြီး လူတို့သည် အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခြင်း မရှိပေ။ ထို့ကြောင့် လူတို့၏ အစွမ်းအစ ကောင်းသည်ဖြစ်စေ၊ သာမန်ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ညံ့ဖျင်းသည်ဖြစ်စေ ဘုရားသခင်၏ အလုပ်ရလဒ်များကို အဆုံးအဖြတ်မပေးပေ။ နောက်ဆုံး ရရှိမည့် ရလဒ်များကို ဘုရားသခင်က ပြီးမြောက်အောင်မြင်စေခြင်း ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင်က ဦးဆောင်သည်၊ အရာခပ်သိမ်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်၏။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၇)) “သင်၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သင်၌ ပါရမီ မည်မျှပင် ရှိသည်ဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်ခြင်းမရှိလျှင်၊ သင့်ကို မည်သည့်ရာထူးတွင် ထားရှိသည်ဖြစ်စေ သင်သည် အသုံးပြုခြင်းအတွက် သင့်တော်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သင်၏ အစွမ်းအစနှင့် အရည်အချင်းများ အကန့်အသတ်ရှိသော်လည်း သင်သည် သမ္မာတရားစည်းမျဉ်းအမျိုးမျိုးကို နားလည်သည့်အပြင် သင်၏ အလုပ်နယ်ပယ်အတွင်းရှိ သင် နားလည်သင့်ပြီး သဘောပေါက်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို နားလည်ကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးဖြစ်လျှင် သင်သည် အသုံးပြုခံရရန် သင့်တော်သောသူတစ်ဦး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သော စွမ်းရည်သည် လူတစ်ဦး၏ အစွမ်းအစအပေါ်တွင် လုံးလုံးမူတည်ခြင်း မဟုတ်ဘဲ မိမိ၏တာဝန်၊ မိမိ၏စရိုက်တို့အပေါ် ၎င်း၏ သဘောထား၊ မိမိ၏ လူ့သဘာဝ ကောင်းမကောင်းနှင့် သမ္မာတရားကို လက်ခံနိုင်ခြင်း ရှိမရှိတို့အပေါ်တွင် အဓိကအားဖြင့် မူတည်သည်။ ဤအရာများသည် အရင်းခံပြဿနာများ ဖြစ်သည်။ သင်၏စိတ်နှလုံးက သင့်တာဝန်ထဲ၌ ရှိမရှိ၊ သင့်တာဝန်ကို အကောင်းဆုံး ထမ်းရွက်နေပြီး စိတ်ပါလက်ပါ လုပ်ဆောင်နေခြင်း ရှိမရှိ၊ တာဝန်ထမ်းဆောင်ခြင်းအပေါ် လေးနက်ပြီး တာဝန်သိသောစိတ်ထား ရှိမရှိ၊ သင်သည် အလေးအနက်ထားပြီး ကြိုးစားအားထုတ်ခြင်း ရှိမရှိဟူသည့် ဤအရာများသည် ဘုရားသခင်ကြည့်ရှုသည့် အရာများဖြစ်ပြီး ဘုရားသခင်သည် လူတိုင်းကို စိစစ်လေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ လျော်ကန်သော တာဝန်ဖြည့်ဆည်းခြင်းသည် လိုက်ဖက်ညီသော ပူးပေါင်းလုပ်ဆောင်ခြင်း လိုအပ်သည်) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မရဲ့အမြင်ဟာ သမ္မာတရားနဲ့ လုံးဝမကိုက်ညီဘူး၊ ဘုရားသခင်ရဲ့အိမ်တော်က ဘယ်အလုပ်မဆို ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်နေတာဖြစ်ပြီး လူတစ်ယောက်ရဲ့အစွမ်းအစက အရာအားလုံးကို အဆုံးအဖြတ်မပေးဘူးဆိုတာကို ကျွန်မကို နားလည်စေခဲ့တယ်။ ကျွန်မတို့ တာဝန်ကို ကောင်းကောင်းထမ်းဆောင်နိုင်မလားဆိုတာက အဓိကအားဖြင့် တာဝန်အပေါ်ထားတဲ့ ကျွန်မတို့ရဲ့သဘောထား၊ ကျွန်မတို့မှာ အလေးအနက်ထားပြီး တာဝန်ယူတဲ့စိတ်နှလုံးရှိမရှိ၊ ပြီးတော့ သမ္မာတရားစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နိုင်မလားဆိုတာအပေါ်မှာ မူတည်တယ်။ လူတစ်ယောက်မှာ ဆုကျေးဇူးတွေနဲ့ အစွမ်းအစတွေရှိပေမဲ့၊ သူတို့မှာ တာဝန်အပေါ် ဝန်တာထားတဲ့စိတ် ဒါမှမဟုတ် တာဝန်ယူစိတ်မရှိဘူးဆိုရင်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက သူတို့ရဲ့ပြဿနာတွေကို ထောက်ပြတဲ့အခါမှာလည်း လက်မခံဘဲ၊ ဆင်ခြင်သုံးသပ်တာ၊ ဆန်းစစ်တာလည်း မလုပ်ဘူးဆိုရင်၊ အဲဒီအခါကျရင် သူတို့မှာ ဆုကျေးဇူးတွေနဲ့ အစွမ်းအစတွေရှိရင်တောင် သူတို့ တာဝန်ကို ကောင်းကောင်းမထမ်းဆောင်နိုင်ဘူး၊ ဘုရားသခင်ကလည်း ကောင်းချီးပေးမှာမဟုတ်သလို လမ်းပြမှာလည်း မဟုတ်ဘူး။ တစ်ဖက်မှာတော့ လူတစ်ယောက်က အစွမ်းအစ သာမန်လောက်ပဲရှိပေမဲ့ သူ့စိတ်နှလုံးက မှန်ကန်တဲ့နေရာမှာရှိတယ်၊ သူ့တာဝန်ကို လုံ့လဝီရိယနဲ့ တာဝန်သိသိ ထမ်းဆောင်တယ်၊ ပြီးတော့ ညီအစ်ကိုမောင်နှမတွေက သူ့ရဲ့လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေကို ထောက်ပြတဲ့အခါမှာလည်း လက်ခံပြီး ပြုပြင်နိုင်တယ်ဆိုရင်၊ အဲဒီအခါကျရင် သူတို့ဟာ ကိုယ့်တာဝန်မှာ ရလဒ်တချို့ကို ရရှိနိုင်သေးတယ်။ ကျွန်မ တစ်ခါက သိခဲ့တဲ့ ညီအစ်မတစ်ယောက်ကို စဉ်းစားမိတယ်။ သူ့ရဲ့အစွမ်းအစက သာမန်လောက်ပဲ၊ ဒါပေမဲ့ ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရပြီးနောက်မှာ သူ့တာဝန်အပေါ် ဝန်တာထားတဲ့စိတ်ရှိတယ်၊ အလုပ်ကို ကျေကျေပွန်ပွန်နဲ့ လက်တွေ့ကျကျ လုပ်ဆောင်တယ်၊ သူ့တာဝန်မှာလည်း အတော်လေးကောင်းတဲ့ရလဒ်တွေ ရရှိခဲ့တယ်၊ နောက်ပိုင်းမှာ ပိုကြီးတဲ့အလုပ်ကို တာဝန်ယူဖို့ ရာထူးတိုးမြှင့်ခံခဲ့ရတယ်။ ကျွန်မနဲ့ အရင်က ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ညီမတစ်ယောက်လည်း ရှိသေးတယ်၊ သူက အစွမ်းအစကောင်းတယ်၊ ဒါပေမဲ့ ခေါင်းဆောင်က သူ့အလုပ်ထဲက ပြဿနာတွေနဲ့ လမ်းလွဲမှုတွေကို ထောက်ပြတဲ့အခါမှာ သူက လက်မခံရုံတင်မကဘဲ ပြန်ပြီးတော့ ငြင်းခုံတဲ့အပြင် ကျိုးနွံနာခံဖို့ ငြင်းဆန်ခဲ့တယ်။ ရလဒ်အနေနဲ့ သူဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးသွားတယ်၊ ဘယ်ပြဿနာကိုမှ ထွင်းဖောက်မမြင်နိုင်တော့ဘူး၊ သူ့တာဝန်မှာလည်း ဘာရလဒ်မှ မရရှိခဲ့ဘဲ နောက်ဆုံးမှာ ဖြုတ်ချခံခဲ့ရတယ်။ ဒီအဖြစ်မှန်တွေကနေတစ်ဆင့် ကျွန်မမြင်ခဲ့ရတာက တာဝန်တစ်ခုကို ကောင်းကောင်းထမ်းဆောင်နိုင်တာမျိုး ရှိ၊ မရှိကို လူတစ်ယောက်ရဲ့ အစွမ်းအစက နောက်ဆုံးအဆုံးအဖြတ်ပေးတာမဟုတ်ဘဲ၊ အဓိကကျတာက သူတို့ သမ္မာတရားကို လက်ခံနိုင်တာမျိုး ရှိ၊ မရှိနဲ့ တာဝန်အပေါ်ထားတဲ့ သူတို့ရဲ့သဘောထားအပေါ်မှာပဲ ရှိတယ်ဆိုတာ ကျွန်မတွေ့ခဲ့ရတယ်။
ကျွန်မ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တွေကို ထပ်ပြီးဖတ်ခဲ့တယ်။ “ဘုရားသခင် သင့်အား ပေးထားသော အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များသည် လုံလောက်ပြီးဖြစ်သည်၊ သင်ကသာ စိတ်ကျေနပ်မှုမရှိခြင်း၊ သင်၏ တာဝန်ကို စိတ်ရောကိုယ်ပါ သစ္စာမစောင့်သိခြင်း၊ သင်၏နေရာကို မည်သည့်အခါမျှ မသိခြင်း၊ ဟိတ်ကြီးဟန်ကြီးနိုင်သော အတွေးအခေါ်များကို ထုတ်ပြောပြီး ကိုယ်ရည်သွေးရန် အမြဲလိုလားနေခြင်းဖြစ်ပြီး နောက်ဆုံးတွင် သင်၏ တာဝန်များကို ကမောက်ကမဖြစ်စေသည်။ သင်သည် ဘုရားသခင် သင့်အား ပေးထားသော အစွမ်းအစ၊ ဆုကျေးဇူးများနှင့် ပင်ကိုစွမ်းရည်များကို အသုံးမချခဲ့ပေ၊ သင်သည် အပြည့်အဝ အားမထုတ်ခဲ့သကဲ့သို့ မည်သည့်ရလဒ်ကိုမျှ မရရှိခဲ့ပေ။ သင်သည် အတော်လေး အလုပ်များနေနိုင်သော်လည်း ဘုရားသခင်က သင်သည် ကိုယ့်နေရာကိုယ် သိကာ မိမိ၏ လုပ်သင့်လုပ်ထိုက်သော လုပ်ငန်းဆောင်တာများကို အာရုံစိုက်သော လူတစ်ဦးမဟုတ်ဘဲ လူပြက်တစ်ဦးကဲ့သို့ ဖြစ်သည်ဟု မိန့်တော်မူသည်။ ဘုရားသခင်သည် ထိုသို့သောလူများကို မနှစ်သက်ပေ။ ထို့ကြောင့် သင်၏ အစီအစဉ်များနှင့် ပန်းတိုင်များက မည်သို့ပင်ဖြစ်စေ၊ အဆုံးတွင် သင်သည် ဘုရားသခင် သင့်အား ပေးထားသော ပင်ကို အစွမ်းအစ၊ ဆုကျေးဇူးများ၊ ပင်ကိုစွမ်းရည်များ၊ လုပ်နိုင်စွမ်းများနှင့် အခြားအခြေအနေများကို အခြေခံ၍ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှတို့ဖြင့် ဘုရားသခင် တောင်းဆိုသော စည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသို့ မရောက်လျှင် ဘုရားသခင်သည် သင်လုပ်ဆောင်ခဲ့သည့်အရာကို အမှတ်ရမည်မဟုတ်ဘဲ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်း မဟုတ်ဘဲ မကောင်းမှုကို ပြုနေခြင်းသာ ဖြစ်ပေလိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) “ပထမဦးစွာ ဘုရားသခင် သင့်အား ပေးထားသော ပင်ကိုနှင့် ရှိရင်းစွဲ ဆုကျေးဇူးများ၊ စွမ်းရည်များနှင့် အားသာချက်များအပြင် သင်ရယူအောင်မြင်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများကို အပြည့်စုံဆုံး အသုံးချလော့၊ ထိမ်ချန်မထားနှင့်။ ဤအရာအားလုံးနှင့်ပတ်သက်၍ သင်သည် ဘုရားသခင်ကို စိတ်ကျေနပ်စေပြီးဖြစ်သည့်အပြင် သင်သည် တစ်ဆင့်ထက်တစ်ဆင့် ပို၍မြင့်မားလာနိုင်သေးသည်ဟု ခံစားရလျှင် သင်၏ အစွမ်းအစက အောင်မြင်နိုင်သည့် အတိုင်းအတာအတွင်း သင်တိုးတက်နိုင်သော သို့မဟုတ် အောင်မြင်မှုရနိုင်သော မည်သည့် နည်းပညာပိုင်းဆိုင်ရာ သို့မဟုတ် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ ရှိသည်ကို ကြည့်ရှုလော့။ သင်၏ ကိုယ်ပိုင်အစွမ်းအစဖြင့် သင်ရရှိနိုင်သည့်အရာကို အခြေခံ၍ ဆက်လက်သင်ယူပြီး တိုးတက်နိုင်သည်။...သင်သည် သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှဖြင့်၊ အစွမ်းကုန် ထမ်းဆောင်နိုင်ပြီး ရိုးသားစစ်မှန်သည့် စိတ်နှလုံးတစ်ခုရှိလျှင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် ရွှေတမျှတန်ဖိုးရှိပေသည်။ သင်၏ တာဝန်ကို ထမ်းဆောင်ရာတွင် သင်သည် အဖိုးအခ မပေးနိုင်သကဲ့သို့ သစ္စာစောင့်သိမှု ကင်းမဲ့လျှင် သင်၏ မွေးရာပါ အခြေအနေများက ထိုသာမန်လူထက် ပိုကောင်းလျှင်ပင် ဘုရားသခင်၏ ရှေ့မှောက်၌ သင်သည် တန်ဖိုးမရှိ၊ သင်သည် သဲတစ်ပွင့်မျှပင် တန်ဖိုးမရှိပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နားလည်စေခဲ့တာက လူတစ်ယောက်မှာ ဘယ်လိုအစွမ်းအစပဲရှိနေပါစေ၊ သူတို့တတ်နိုင်တဲ့ဘောင်ထဲကနေ သူတို့ရဲ့တာဝန်ကို အစွမ်းကုန်၊ စိတ်ပါလက်ပါ ထမ်းဆောင်ပြီး သူတို့မှာ ရိုးသားစစ်မှန်တဲ့စိတ်နှလုံးရှိနေသမျှ၊ ဒီလိုလူမျိုးဟာ ဘုရားသခင်ရဲ့အမြင်မှာ ရွှေထက်တောင် ပိုပြီးတန်ဖိုးရှိတယ်ဆိုတာပါပဲ။ ဘုရားသခင်ပေးထားတဲ့ ကျွန်မရဲ့အစွမ်းအစက တကယ်တော့ လုံလောက်ပါတယ်၊ စာနဲ့ပတ်သက်တဲ့အလုပ်နဲ့ဆိုင်တဲ့ စည်းမျဉ်းတချို့ကိုလည်း ကျွန်မ နားလည်နိုင်ခဲ့တယ်၊ ပုံမှန်တော့ အလုပ်တွေကို ဆက်ပြီးလုပ်ဆောင်တဲ့အခါမှာလည်း လမ်းကြောင်းလုံးဝမရှိတာမျိုးတော့ မဟုတ်ခဲ့ဘူး။ ပြဿနာက ကျွန်မက ကိုယ့်ရဲ့အားနည်းချက်တွေကို မှန်မှန်ကန်ကန် သဘောထားပြုမူနိုင်တာမျိုး ဘယ်တော့မှ မရှိခဲ့တာ၊ အစွမ်းအစနဲ့ ဆုကျေးဇူးတွေ ပိုကောင်းတဲ့သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အမြဲနှိုင်းယှဉ်နေခဲ့တာ၊ ပြီးတော့ ကိုယ့်တာဝန်ကို ဘယ်လိုကောင်းကောင်းထမ်းဆောင်ရမလဲဆိုတာအပေါ်မှာ ကိုယ့်စိတ်နှလုံးကို ဘယ်တော့မှ အာရုံမစိုက်ခဲ့တာပါပဲ။ အခု ကြီးကြပ်ရေးမှူးတာဝန်ကို နောက်တစ်ခါ ပြန်ထမ်းဆောင်နေရပြီဆိုတော့ ဒီတာဝန်ကို ကျွန်မ တန်ဖိုးထားပြီး စိတ်နှလုံးအကြွင်းမဲ့နဲ့ ထမ်းဆောင်သွားတော့မယ်။ ဒါကို အပျက်သဘောဆောင်တဲ့စိတ်နဲ့ သဘောထားပြုမူတာမျိုး ဆက်ပြီး မလုပ်နိုင်တော့ဘူး။
ကျွန်မရဲ့သဘောထားက ပြောင်းလဲသွားတာနဲ့ နောက်တစ်ခါ တာဝန်ထမ်းဆောင်တဲ့အခါ၊ ကိုယ်တော်ရှေ့မှောက်မှာ ကျွန်မစိတ်နှလုံးကို တည်ငြိမ်အောင် စောင့်ရှောက်ပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ တရားဒေသနာတွေကို ဂရုတစိုက် ပြန်လည်စစ်ဆေးတဲ့အခါမှာလည်း ပြဿနာတချို့ကို ရှာတွေ့နိုင်ခဲ့တယ်၊ ညီအစ်ကိုမောင်နှမတွေနဲ့အတူ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကို လေ့လာတဲ့အခါမှာလည်း အကျိုးကျေးဇူးတချို့ ရရှိနိုင်ခဲ့တယ်။ အလုပ်မှာ လမ်းလွဲမှုတွေနဲ့ ပြဿနာတွေပေါ်လာပြီး ကိုယ့်ရဲ့အားနည်းချက်တွေ အများကြီးကို ဖော်ထုတ်ခံရတဲ့အခါ၊ ကျွန်မ ရှက်စိတ်ဝင်ပြီး နည်းနည်း အပျက်သဘောဆောင်မိတုန်းပဲ၊ နောက်ဆုတ်ဖို့တောင် စဉ်းစားမိတယ်။ အဲဒီလိုအချိန်မျိုးတွေမှာ ကျွန်မရဲ့အရင်က ရှုံးနိမ့်မှုတွေကို ပြန်တွေးမိတယ်။ အရင်က ကျွန်မက ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအတွက် စိုးရိမ်မှုတွေထဲမှာ အမြဲနစ်မွန်းနေခဲ့တယ်၊ ပြဿနာတွေပေါ်လာတဲ့အခါ လမ်းလွဲမှုတွေနဲ့ အားနည်းချက်တွေကို တက်တက်ကြွကြွ မဆန်းစစ်ဘဲ၊ အမြဲတမ်း အပျက်သဘောဆောင်ပြီး နောက်ဆုတ်ခဲ့တယ်၊ ရလဒ်အနေနဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်ကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်မ စိတ်မချမ်းမသာဖြစ်တဲ့အခြေအနေထဲကို ထပ်ပြီးမကျရောက်ချင်တော့ဘူး၊ ဒါကြောင့် အပျက်သဘောဆောင်ခြင်းထဲကနေ ထွက်လာနိုင်အောင် ကူညီပေးဖို့ ဘုရားသခင်ဆီ တောင်းလျှောက်ရင်း ဆုတောင်းခဲ့တယ်။ တစ်ချိန်တည်းမှာပဲ၊ ကိုယ့်ရဲ့အခြေအနေကို ခေါင်းဆောင်တွေနဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း ဖွင့်ဟပြောပြခဲ့တယ်၊ သူတို့အားလုံးက ကျွန်မကို မိတ်သဟာယဖွဲ့ပေးပြီး အားပေးခဲ့ကြတယ်။ ခေါင်းဆောင်တွေကလည်း ကျွန်မကို ကူညီပြီး ထောက်ပံ့ပေးခဲ့တယ်၊ ကျွန်မတာဝန်ထမ်းဆောင်ပုံမှာရှိတဲ့ ပြဿနာတွေကို ထောက်ပြပေးခဲ့တယ်။ ဒီပြဿနာတွေ ဘယ်လိုဖြစ်လာရတာလဲဆိုတာကို ကျွန်မ စဉ်းစားဆင်ခြင်ခဲ့တယ်၊ တချို့က ကျွန်မရဲ့ ဝတ်ကျေတမ်းကျေလုပ်တဲ့ သဘောထားကြောင့်ဖြစ်ပြီး၊ တချို့ကတော့ စည်းမျဉ်းတွေကို ကျွန်မနားမလည်တာကြောင့် ဖြစ်လာမှန်း တွေ့ရှိခဲ့တယ်၊ ဒါကြောင့် ဒီပြဿနာတွေကို ကျွန်မ ဆန်းစစ်ပြီး ပြုပြင်ခဲ့တယ်။ တစ်ခါတလေ ကျွန်မကိုင်တွယ်ဖို့ ကိစ္စတွေ အရမ်းများနေတဲ့အခါ ခေါင်းဆောင်တွေက ကျွန်မဆီကို စာရေးပြီး ဦးစားပေးသတ်မှတ်တတ်အောင် ကူညီသင်ပေးခဲ့တယ်၊ ဒီလိုနည်းနဲ့ ကျွန်မအချိန်ကို စဉ်းစဉ်းစားစား စီစဉ်ပြီးတဲ့နောက်မှာတော့ ကိုယ့်တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ခဲ့တယ်။ ခဏအကြာမှာ စာနှင့်ပတ်သက်တဲ့အလုပ်မှာ ရလဒ်တွေ နည်းနည်း တိုးတက်လာခဲ့တယ်။ အခု ကျွန်မ ကြီးကြပ်ရေးမှူးလုပ်လာတာ ခြောက်လကျော်ပြီ၊ ကျွန်မမှာ အားနည်းချက်တွေနဲ့ မလုံလောက်မှုတွေ အများကြီးရှိနေတုန်းပဲ၊ အလုပ်ထဲမှာလည်း ပြဿနာတွေ အများကြီးရှိနေတုန်းပဲ၊ ဒါပေမဲ့ ဒီတစ်ကြိမ် တွေ့ကြုံခဲ့ရတာတွေကနေတစ်ဆင့် ဘုရားသခင်ရဲ့အိမ်တော်ကအလုပ်ကို သန့်ရှင်းသောဝိညာဉ်တော်က ထိန်းသိမ်းစောင့်ရှောက်နေတယ်ဆိုတာကို ကျွန်မ တကယ်ကို စိတ်ရင်းနဲ့ ခံစားမိတယ်။ ကျွန်မ ကိုယ်ကျိုးတွေကို စွန့်လွှတ်ပြီး ကိုယ့်တာဝန်ကို ကြိုးစားထမ်းဆောင်တဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အလုပ်နဲ့ လမ်းပြမှုကို ရရှိနိုင်ပြီး၊ ကိုယ့်တာဝန်မှာလည်း ရလဒ်တချို့ကို ရရှိနိုင်ပါတယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...
ကျွမ်ရီး ကိုးရီးယားနိုင်ငံ တစ်လောလောက်တုန်းက အသင်းတော်ရဲ့ ရုပ်ရှင်အလုပ်အတွက် တချို့ပုံတွေကို ကျွန်မတို့ ဆွဲရတယ်။ ကျွန်မရဲ့ တွဲဖက်...
၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အစေခံဖို့ အရွေးခံရပြီး၊ ဗီဒီယိုထုတ်လုပ်ရေးကို ကြီးကြပ်တာကို အဓိက ဦးဆောင်ဖို့...
ချင်းရီး ဖိလစ်ပိုင်နိုင်ငံ ညီမက အသင်းတော်အတွက် အနုပညာဒီဇိုင်းမှာ အလုပ်လုပ်တော့ အစပိုင်းမှာ အခက်အခဲနည်းနည်းရှိခဲ့တယ်။ ဒါပေမဲ့ ဘုရားကို...