ကျွန်မသည် ပြစ်မှားခြင်း၏ ချည်နှောင်ခြင်းကို မခံရတော့ပါ
၂၀၀၆ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေနဲ့ အစည်းအဝေးလုပ်ဖို့ သွားနေတုန်း လမ်းမှာ ကျွန်မ ရုတ်တရက်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလတုန်းက စာနှင့်ပတ်သက်တဲ့အလုပ် ကြီးကြပ်ရေးမှူးဟာ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားပြီး စာနဲ့ပတ်သက်တဲ့အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ ဖြုတ်ချခံခဲ့ရတယ်။ ကျွန်မက ကြီးကြပ်ရေးမှူးအသစ်အနေနဲ့ နာမည်စာရင်း တင်သွင်းခံခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်တော်တော်များများတုန်းက ဘုရားသခင်ကို ယုံကြည်လို့ ကျွန်မကို စီစီပီက ဖမ်းဆီးခဲ့တာကို ကျွန်မမှတ်မိတယ်။ ရဲတွေက ကျွန်မကို တည်းခိုခန်းတစ်ခုမှာ ပိတ်လှောင်ပြီး ဆယ်ရက်ကြာအောင် လျှို့ဝှက်စစ်ဆေးခဲ့တယ်။ ကိုယ့်အသက်ဘေးလွတ်ဖို့အတွက် ကျွန်မနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ညီအစ်မနှစ်ယောက်ကို ကျွန်မ သစ္စာဖောက်ခဲ့တယ်၊ ဒီလိုနဲ့ ပြစ်မှားခဲ့မိတာပေါ့။ ဒီလောက်အရေးကြီးတဲ့ တာဝန်နဲ့ ကျွန်မ မထိုက်တန်ဘူးလို့ ခံစားခဲ့ရလို့၊ ကိုယ့်ရဲ့စိုးရိမ်မှုတွေကို ဖွင့်ပြောခဲ့တယ်။ ခေါင်းဆောင်က ကျွန်မနဲ့ မိတ်သဟာယဖွဲ့ပြီး ဘုရားသခင်ဟာ လူတစ်ယောက်ရဲ့ ခဏတာ ပြစ်မှားခြင်းတွေကို မကြည့်ဘဲ၊ သူတို့ရဲ့လုပ်ရပ်တွေရဲ့ နောက်ခံအကြောင်းအရာနဲ့ သဘောသဘာဝအပေါ် အခြေခံပြီး ဘက်စုံခြုံငုံသုံးသပ်တယ်လို့ ပြောပြတယ်။ အဓိကအချက်က အဲဒီလူဟာ တကယ်နောင်တရရဲ့လား ဆိုတာပါပဲ။ သူက ကျွန်မရဲ့ပြစ်မှားခြင်းကို မှန်မှန်ကန်ကန် သဘောထားဖို့ ပြောခဲ့တယ်။ ကျွန်မ အရမ်းစိတ်နှလုံး တို့ထိခံစားခဲ့ရပြီး၊ လေ့ကျင့်သင်ကြားဖို့ ဒီအခွင့်အရေးကို တန်ဖိုးထားလိုစိတ်လည်း ဖြစ်လာခဲ့တယ်။ မမျှော်လင့်ဘဲ ကျွန်မ ဒီတာဝန်ကို စထမ်းဆောင်ပြီး ရက်ပိုင်းလောက်အကြာမှာ၊ နောက်ထပ်ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်တဲ့ စွန်းကျားကလည်း၊ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားလို့၊ ပြီးတော့ သူ့တာဝန်ကို စည်းမျဉ်းတွေအတိုင်း မထမ်းဆောင်လို့ ဖြုတ်ချခံခဲ့ရပြန်တယ်။ နောက်ရက်ပိုင်းတွေမှာ ကျွန်မရင်ဘတ်ကို ကျောက်တုံးကြီးတစ်ခု ဖိထားသလိုပဲ။ “ငါက ဒီတာဝန်ကို အခုမှ စထမ်းဆောင်ရတာ၊ အလုပ်နဲ့လည်း ကျွမ်းဝင်မှုမရှိသေးဘူး။ စာနဲ့ပတ်သက်တဲ့ အမှုဆောင်တွေလည်း နည်းနေတယ်၊ ညီအစ်ကိုမောင်နှမတချို့ရဲ့ အခြေအနေတွေကလည်း မကောင်းဘူး၊ အလုပ်ကလည်း တိုးတက်မှုမရှိဘူး။ အလုပ်မှာ ဒီလောက်ပြဿနာတွေ အများကြီးရှိနေတာ၊ ငါ့လို အစွမ်းအစရှိတဲ့လူတစ်ယောက်က ဒီအလုပ်ကို ပခုံးထမ်းနိုင်ပါ့မလား။ လွန်ခဲ့တဲ့နှစ်တွေမှာ စာနဲ့ပတ်သက်တဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပေမဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်ရတာက မတူဘူးလေ။ အစွမ်းအစကောင်းနဲ့ အလုပ်လုပ်နိုင်စွမ်းရှိရမယ်၊ စည်းမျဉ်းတွေကိုလည်း နားလည်ရမယ်။ ဒါပေမဲ့ ငါ့ရဲ့အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းက သာမန်ပဲ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဗဟုသုတလည်း အရမ်းနည်းတယ်။ ဒီလောက်အရေးကြီးတဲ့အလုပ်ကို ငါ ဘယ်လိုလုပ် ထမ်းဆောင်နိုင်မှာလဲ။ ငါက ကြီးလေးတဲ့ ပြစ်မှားခြင်းတစ်ခုကို ကျူးလွန်ထားပြီးသား၊ အလုပ်ကို နောက်ထပ် အဟန့်အတားဖြစ်အောင် ဒါမှမဟုတ် ထိခိုက်အောင်လုပ်မိရင်၊ ဒီတာဝန်ကို ငါထမ်းနိုင်မှာ မဟုတ်ဘူး။ ပြဿနာက ကြီးလာရင် ငါ့မှာ ကောင်းတဲ့ အဆုံးသတ်နဲ့ ပန်းတိုင် ရှိချင်မှရှိမှာ” ပေါ့။ ဒီလိုတွေးမိတော့၊ အသက်ရှူလို့တောင် မဝတော့သလို ခံစားရပြီး ညဘက်တွေမှာ စိုးရိမ်စိတ်နဲ့ အိပ်မပျော်ခဲ့ဘူး။ နောက်ရက်ပိုင်းတွေမှာ ကျွန်မရဲ့တာဝန်အတွက် စိတ်အားထက်သန်မှု တစ်စက်မှ မရှိနိုင်ခဲ့ဘဲ လက်ထဲမှာရှိတဲ့အလုပ်တွေကို ဖြစ်သလိုပဲ လုပ်နေမိတယ်။ ခေါင်းဆောင်က ကျွန်မ တစ်နေကုန် သက်ပြင်းချနေတာကို မြင်တော့ ကျွန်မရဲ့ အခြေအနေကို မေးခဲ့တယ်။ ကျွန်မက သူ့ကို ကိုယ့်အခြေအနေနဲ့ အခက်အခဲတွေအကြောင်း ပြောပြတော့ သူက ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကို ကိုးကားပြီး ကျွန်မနဲ့ မိတ်သဟာယဖွဲ့ခဲ့တယ်။ ကျွန်မရဲ့အခြေအနေ နည်းနည်းတော့ တိုးတက်လာခဲ့ပါတယ်။
ဝတ်ပြုခြင်းလုပ်တဲ့အချိန်မှာ ကိုယ့်အခြေအနေနဲ့ပတ်သက်တဲ့ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏လိုအင်ဆန္ဒများကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ သူ လုပ်ဆောင်ခဲ့ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ကျိုးနွံနာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ့လုပ်ရပ်များကို ကျောထောက်နောက်ခံပြုပေးသည့် ယုံကြည်လက်ခံမှုဖြစ်လေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ၊ သူ၏အပြုအမူများ၏ အနှစ်သာရသည် ကျိုးနွံနာခံခြင်းဖြစ်ပြီး၊ သံသယဝင်ခြင်းမဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ဘုရားသခင် မိန့်မှာပြီးသည်နှင့် ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း ကျိုးနွံနာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)) နောဧရဲ့အတွေ့အကြုံကို ဆင်ခြင်သုံးသပ်ရင်း ကျွန်မဟာ စိတ်ထိခိုက်ရသလို ရှက်လည်းရှက်မိတယ်။ နောဧက သင်္ဘောဆောက်ဖို့ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို လက်ခံခဲ့တုန်းက သင်္ဘောပုံစံကို တစ်ခါမှတောင် မမြင်ဖူးခဲ့ဘူး။ သင်္ဘောဆောက်တဲ့ လုပ်ငန်းစဉ်မှာ အခက်အခဲတွေ အများကြီးရှိမယ်ဆိုတာ သူသိခဲ့တယ်၊ ဒါပေမဲ့ သူ့မှာ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက် ရှိနေတော့၊ နောဧက ဒီအရာတွေကို မစဉ်းစားခဲ့ဘူး၊ အခက်အခဲတွေထဲမှာ နစ်မြောပြီး ရပ်တန့်နေခဲ့တာမျိုးလည်း မရှိခဲ့ဘူး။ အဲဒီအစား သူဟာ ကျိုးနွံနာခံပြီး ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း သင်္ဘောဆောက်ဖို့ ပစ္စည်းတွေကို ပြင်ဆင်ခဲ့တယ်။ နောဧဟာ သူ့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို မစဉ်းစားခဲ့ဘူး။ ဘုရားသခင်ရဲ့ စိတ်နှလုံး နှစ်သိမ့်မှုကိုရဖို့ ဘုရားသခင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း သင်္ဘောကို အမြန်ဆုံး ဘယ်လိုဆောက်ရမလဲဆိုတာကိုပဲ သူ စဉ်းစားခဲ့တယ်။ နောဧရဲ့ ကိုယ်ကျင့်စရိုက်က တကယ်ကို ကောင်းတာပဲ။ ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်အပေါ် နောဧရဲ့ ရိုးရှင်းတဲ့ ကျိုးနွံနာခံမှု သဘောထားကြောင့် ကျွန်မရဲ့ ကျရှုံးမှုတွေအတွက် ရှက်ပြီး မျက်နှာပူမိတယ်။ ကျွန်မတာဝန်မှာ အခက်အခဲတွေ ကြုံရတဲ့အခါ ကျွန်မရဲ့ သဘောထားအကြောင်း စဉ်းစားမိတယ်၊ ပြီးတော့ အဲဒါက နောဧနဲ့ လုံးဝကို နှိုင်းယှဉ်လို့မရဘူးဆိုတာကိုလည်း စဉ်းစားမိတယ်။ အလုပ်မှာ လက်တွေ့အခက်အခဲတချို့ရှိပေမဲ့၊ ဒါတွေက မဖြေရှင်းနိုင်တဲ့အရာတွေတော့ မဟုတ်ပါဘူး။ ဥပမာ၊ စာနဲ့ပတ်သက်တဲ့ အမှုဆောင်တွေ မလုံလောက်တာကို တခြားအသင်းတော်တွေနဲ့ ညှိနှိုင်းပြီး ဖြေရှင်းလို့ရတယ်။ စာနဲ့ပတ်သက်တဲ့ အမှုဆောင်တွေရဲ့ အခြေအနေမကောင်းတာကို ဘုရားနှုတ်ကပတ်တော်တွေနဲ့ သူတို့နဲ့ မိတ်သဟာယဖွဲ့ပြီး ဖြေရှင်းလို့ရတယ်။ ပြီးတော့ ကျွန်မရဲ့ သာမန်အစွမ်းအစနဲ့ အလုပ်လုပ်နိုင်စွမ်းမရှိတာကို ခေါင်းဆောင်နဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ဖြေရှင်းလို့ရတယ်။ ဒီအခက်အခဲတွေအားလုံးကို ဖြေရှင်းလို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မက အလုပ်ကို ရှေ့ရောက်အောင် ဒါတွေကို တည့်တည့်ရင်ဆိုင်ပြီး လက်တွေ့ကျကျ မဖြေရှင်းခဲ့ဘူး။ အဲဒီအစား အလုပ်ကို နှောင့်နှေးစေပြီး နောက်ဆုံးမှာ တာဝန်ယူရမှာကိုပဲ စိုးရိမ်နေခဲ့တယ်။ ကျွန်မက ကိုယ့်ရဲ့ကိုယ်ပိုင်အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကိုပဲ စဉ်းစားခဲ့တယ်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို လုံးဝမစဉ်းစားခဲ့ဘူး၊ ကိုယ့်ရဲ့တာဝန်နဲ့ ဝတ္တရားက ဘာလဲဆိုတာကိုလည်း မစဉ်းစားခဲ့ဘူး။ ကျွန်မရဲ့ လူ့သဘာဝက တကယ်ကို ညံ့ဖျင်းလိုက်တာ။ ကျွန်မလို လူ့သဘာဝနဲ့ ဒီလောက်အရေးကြီးတဲ့အလုပ်ကို ထမ်းဆောင်ဖို့ လုံးဝမထိုက်တန်ပါဘူး။ ကျွန်မ အရမ်းကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိပြီး ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးရဲ့တာဝန်မှာ ဒီအခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ သမီးရဲ့စိတ်နှလုံးထဲမှာ အားနည်းမှုရှိပါတယ်။ ကျေးဇူးပြုပြီး သမီးကို လမ်းပြပါ၊ ယုံကြည်ခြင်းနဲ့ စိတ်ပိုင်းဖြတ်မှုကို ပေးသနားတော်မူပါ။ ဒါကို တွေ့ကြုံခံစားရာမှာ ကိုယ်တော့်ကို အားကိုးဖို့ သမီးဆန္ဒရှိပါတယ်” လို့ပေါ့။ ဆုတောင်းပြီးနောက်မှာ ကျွန်မ အသင်းတော်အသီးသီးကနေ စာနဲ့ပတ်သက်တဲ့ အမှုဆောင်တွေကို အမြန်ရှာဖွေခဲ့တယ်။ ခဏကြာတော့ စာနဲ့ပတ်သက်တဲ့အလုပ်အတွက် လူအင်အားကို အခြေခံအားဖြင့် ပြန်လည်တာဝန်ချထားပြီးသွားပြီ၊ ခေါင်းဆောင်တွေကလည်း ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကြီးကြပ်ရေးမှူးအသစ်တစ်ယောက်ကို ရွေးချယ်ပေးခဲ့တယ်။ အားလုံးရဲ့ အမှန်တကယ် ပူးပေါင်းဆောင်ရွက်မှုကြောင့် စာနဲ့ပတ်သက်တဲ့အလုပ်ဟာ တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။
ဒါပေမဲ့ ကောင်းတဲ့အချိန်တွေက ကြာကြာမခံခဲ့ဘူး။ ခဏအကြာမှာ အလုပ်ရဲ့ ရလဒ်တွေက စပြီး ကျဆင်းလာတယ်။ အဲဒီအချိန်မှာပဲ ခေါင်းဆောင်တွေဆီကနေ စာတစ်စောင်ကို ကျွန်မလက်ခံရရှိခဲ့တယ်၊ အဲဒီမှာ ကျွန်မတို့က လူတွေကို ပျိုးထောင်ဖို့ အာရုံမစိုက်တာရယ်၊ မကြာသေးခင်က တည်းဖြတ်ခဲ့တဲ့ တရားဒေသနာတွေရဲ့ အရည်အသွေးက သိပ်မကောင်းတာရယ်ကို ထောက်ပြထားတယ်။ ပြဿနာတွေရဲ့ ရင်းမြစ်ကို ခွဲခြမ်းစိတ်ဖြာဖို့ ကျွန်မတို့ကို တောင်းဆိုခဲ့တယ်။ ခေါင်းဆောင်တွေရဲ့စာကို မြင်လိုက်တော့ ကျွန်မရင်ထဲမှာ ရုတ်တရက် တင်းကျပ်သွားတယ်။ “အခု အလုပ်မှာ ပြဿနာတွေ အများကြီး ဖော်ထုတ်ခံနေရပြီ။ ဒါဟာ ကြီးကြပ်ရေးမှူးဖြစ်တဲ့ ငါက ကောင်းကောင်းဦးမဆောင်ခဲ့လို့၊ နောက်ဆုံးစစ်ဆေးမှုတွေကို ကောင်းကောင်းမလုပ်လို့ပဲ။ ဒီအလုပ်ကို ပခုံးထမ်းဖို့ ငါ့ရဲ့ အစွမ်းအစက အရမ်းနိမ့်ကျနေသေးပုံပဲ” ပေါ့။ ပြီးတော့ အရင်ကြီးကြပ်ရေးမှူးကို သတိရမိတယ်၊ သူဟာ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို လိုက်စားပြီး အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့လို့ ဖြုတ်ချခံခဲ့ရတာပဲ။ ကျွန်မက တမင်တကာ အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တာမျိုး မရှိပေမဲ့၊ ကျွန်မရဲ့ နိမ့်ကျတဲ့ အစွမ်းအစကြောင့် အလုပ်က ရပ်တန့်သွားရင် အဲဒါကလည်း ပြစ်မှားခြင်းတစ်ခု ဖြစ်မှာမဟုတ်ဘူးလား။ ကျွန်မ စဉ်းစားလေလေ ပိုပြီး အပျက်သဘောဆောင်လာလေပဲ၊ တစ်ကိုယ်လုံး အားမရှိသလို ခံစားရတယ်။ ကျွန်မက တကယ်ကို ကြီးကြပ်ရေးမှူးဖြစ်ဖို့ အရည်အချင်းမရှိဘူး၊ ရာထူးကဆင်းပြီး ပိုစွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ကို လွှဲပေးသင့်တယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒါက အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာကို ပြရာရောက်မှာပေါ့။ သာမန်အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တဲ့ နေ့ရက်တွေကို ကျွန်မ လွမ်းမိတယ်၊ အဲဒီမှာ ကြီးကြပ်ရေးမှူးက အရာရာကို စိတ်ပူပေးပြီး ကျွန်မ ဘာတာဝန်မှ ယူစရာမလိုခဲ့ဘူး။ ဒီလိုအတွေးတွေက မှားမှန်းသိပေမဲ့၊ ကိုယ့်အတွေးတွေကို ကျွန်မမထိန်းချုပ်နိုင်ခဲ့ဘူး။ အဲဒီအချိန်မှာ စာတစ်စောင်ကို အရေးပေါ်ပြန်ဖို့ လိုအပ်နေတယ်၊ ဒါပေမဲ့ ကွန်ပျူတာကို စိုက်ကြည့်နေပေမဲ့ စိတ်က လုံးဝမငြိမ်သက်နိုင်ဘူး။ အချိန်တွေ တဖြည်းဖြည်းကုန်လွန်သွားတာကို ကြည့်ရင်း၊ ဒီလိုအခြေအနေနဲ့ နေနေရင် အလုပ်ကို ထိခိုက်မှာပဲဆိုတာကို ကျွန်မ သဘောပေါက်လိုက်တယ်၊ ဒါနဲ့ ဘုရားသခင်ဆီ အမြန်ဆုတောင်းလိုက်တယ်၊ “အို ဘုရားသခင်၊ အလုပ်မှာ ဒီလောက်များတဲ့ ပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို မြင်ရတော့၊ သမီး အမြဲတမ်း နောက်ဆုတ်ချင်စိတ်ဖြစ်နေတယ်။ ဒါဟာ ကိုယ်တော့်ရဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီမှန်း သမီးသိပါတယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် နားလည်အောင်၊ ဒီမှားယွင်းတဲ့ အခြေအနေကနေ ထွက်လာနိုင်အောင် သမီးကို လမ်းပြတော်မူပါ” လို့ပေါ့။
ဆုတောင်းပြီးနောက်မှာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့အကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။ လူတို့သည် အစေခံမှုအတွင်းတွင် ၎င်းတို့ ဖော်ပြသင့်သည့်အရာကို မဖော်ပြနိုင်သကဲ့သို့ သို့မဟုတ် ၎င်းတို့အတွက် ပင်ကိုအားဖြင့် ဖြစ်နိုင်သည့်အရာကို စွမ်းဆောင် မရရှိနိုင်သကဲ့သို့၊ ယင်းအစား ဝတ်ကျေတမ်းကျေလုပ်ပါက ၎င်းတို့သည် ဖန်ဆင်းခံ တစ်ဦး ရှိသင့်သည့် အလုပ်တာဝန်ကို ဆုံးရှုံးကြပြီး ဖြစ်ပေသည်။ ထိုသို့သော လူတို့သည် ‘သာမညောင်ညများ’ ဟု သိရသောအရာများ ဖြစ်သည်။ ၎င်းတို့သည် အသုံးမဝင်သော အမှိုက်သရိုက် ဖြစ်ကြသည်။ ထိုသို့သောလူတို့ကို ဖန်ဆင်းခံများဟု အဘယ်သို့ ကောင်းမွန်စွာ ခေါ်ဆို၍ ရနိုင်မည်နည်း။ ၎င်းတို့သည် အပြင်ပန်းတွင် တောက်ပြောင်သော်လည်း အတွင်း၌ ပုပ်သိုးသော ဖောက်ပြန်ပျက်စီးသည့် သတ္တဝါများ ဖြစ်သည် မဟုတ်လော။...မိမိတို့၏တာဝန်ကို ကောင်းမွန်စွာ မဖြည့်ဆည်းသောသူတို့သည် ဘုရားသခင်ကို အလွန် ပုန်ကန်တတ်ကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ များစွာအကြွေးတင် ရှိကြပေသည်၊ သို့သော် ၎င်းတို့သည် လှည့်ကာ ဘုရားသခင် မှားယွင်းသည်ဟု ပယ်ပယ်နယ်နယ် ဝေဖန်ရှုတ်ချကြလေသည်။ ထိုသို့သော လူစားမျိုးသည် စုံလင်စေခြင်းခံရရန် မည်ကဲ့သို့ ထိုက်တန်နိုင်မည်နည်း။ ဤသည်မှာ ဖယ်ရှားရှင်းလင်းခြင်းနှင့် အပြစ်ဒဏ်ပေးခြင်းကို ခံရဖို့ဖြစ်သည့် ရှေ့ပြေးနိမိတ်ဖြစ်သည် မဟုတ်လော။ ဘုရားသခင်၏ရှေ့မှောက်တွင် မိမိ၏တာဝန်ကို မလုပ်ဆောင်သော လူတို့သည် ပြစ်မှုများထဲမှ စက်ဆုပ်ရွံရှာဖွယ် အကောင်းဆုံးသော အပြစ်ရှိနှင့်ပြီးသားဖြစ်သည်၊ ယင်းအတွက် သေခြင်းတရားသည်ပင် မလုံလောက်သော ပြစ်ဒဏ်တစ်ခု ဖြစ်သည်၊ သို့သော် ၎င်းတို့သည် ဘုရားသခင်နှင့် ငြင်းခုံရဲကြသည်သာမက၊ မိမိတို့ကိုယ်ကိုယ် ဘုရားသခင်နှင့် တုပြိုင်ရဲကြလေသည်။ ထိုသို့သော လူများကို စုံလင်စေခြင်း၏ ထိုက်တန်မှုမှာ အဘယ်နည်း။ အကယ်၍ လူတို့သည် ၎င်းတို့၏တာဝန်ကို မဖြည့်ဆည်းနိုင်ပါက၊ ၎င်းတို့သည် အပြစ်ရှိခြင်းနှင့် အကြွေးတင်ရှိခြင်းတို့ကို ခံစားသင့်သည်။ ၎င်းတို့သည် ၎င်းတို့၏ အားနည်းချက်နှင့် အသုံးမကျမှု၊ ၎င်းတို့၏ ဆန့်ကျင်ပုန်ကန်မှုနှင့် ဖောက်ပြန်ပျက်စီးမှုတို့ကို မုန်းတီးသင့်သည်၊ ထို့အပြင် ၎င်းတို့၏ အသက်တာကို ဘုရားသခင်အား ပေးသင့်ကြသည်။ ထိုအခါမှသာ ၎င်းတို့သည် ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသော ဖန်ဆင်းခံများ ဖြစ်ကြပြီး၊ ထိုသို့သော လူများသည်သာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများနှင့် ကတိတော်ကို မွေ့လျော်ခံစားထိုက်ပြီး သူ၏ စုံလင်စေခြင်း ခံရထိုက်ပေသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဘုရားသခင်က လူတွေရဲ့တာဝန်တွေမှာ လမ်းလွဲခြင်းတွေနဲ့ အပြစ်အနာအဆာတွေရှိတာက ပုံမှန်ပဲ၊ သူတို့ ဒါတွေကို အသိအမှတ်ပြုပြီး အချိန်မီ ပြန်ပြုပြင်နိုင်သရွေ့တော့ ဘုရားသခင်က သူတို့ကို အပြစ်မတင်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူ့တာဝန်မှာ လမ်းလွဲခြင်းတွေနဲ့ အပြစ်အနာအဆာတွေပေါ်လာတဲ့အခါ သတ္တိကြောင်ပြီး နောက်တွန့်သွားရင်၊ ဒါမှမဟုတ် ကောက်ကျစ်တဲ့ ကျိုးကြောင်းဆင်ခြေတွေ အပုံလိုက်ပေးပြီး သူ့တာဝန်ကို မထမ်းဆောင်တော့ရင်၊ အဲဒီလိုလူမျိုးဟာ လူ့သဘာဝနဲ့ ဆင်ခြင်တုံတရားကင်းမဲ့ပြီး ဘုရားသခင်အတွက် စက်ဆုပ်စရာဖြစ်တယ်။ သူတို့နောင်တမရရင် နောက်ဆုံးမှာ ဘုရားသခင်ရဲ့ ဖယ်ရှားရှင်းလင်းခြင်းကို ခံရလိမ့်မယ်။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေက ကျွန်မရဲ့ရင်ကို ထိုးဖောက်သွားခဲ့တယ်။ ကျွန်မ အလုပ်ကို ကောင်းကောင်းမလုပ်ခဲ့လို့ အလုပ်က ထိခိုက်ပြီးနေပြီ၊ အခု ပြဿနာတွေ ဖော်ထုတ်ခံရတော့၊ ဒါတွေကို ဖြေရှင်းဖို့နဲ့ လမ်းလွဲခြင်းတွေကို ပြုပြင်ဖို့ အလျင်မလိုခဲ့ဘူး။ အဲဒီအစား ကျွန်မစိတ်ထဲမှာ ကိုယ်ပိုင်အကျိုးစီးပွားကိုပဲ စဉ်းစားနေခဲ့တယ်၊ အလုပ်တွေ ရပ်တန့်သွားမှာကို တာဝန်ယူရမှာကြောက်လို့၊ ဒါကြောင့် ကျွန်မရဲ့ တာဝန်ကို အာလူးပူတစ်လုံးလို လွှင့်ပစ်ချင်ခဲ့တယ်။ ကျွန်မ အရမ်းတစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လိုက်တာ။ တကယ်တော့ စာနဲ့ပတ်သက်တဲ့အလုပ်ရဲ့ ရလဒ်တွေ ကျဆင်းသွားတဲ့အခါ၊ ခေါင်းဆောင်တွေက အလုပ်ထဲက ပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို ထောက်ပြတာဟာ ကျွန်မကို အလုပ်ဘယ်လိုလုပ်ရမလဲဆိုတာ လက်တွေ့ကျကျ သင်ပေးနေတာပဲ။ ကျွန်မက အလုပ် ရှေ့ရောက်အောင် ဒီပြဿနာတွေနဲ့ လမ်းလွဲခြင်းတွေကို လူတိုင်းနဲ့အတူ ပြန်သုံးသပ်ပြီး အနှစ်ချုပ်သင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ပြန်သုံးသပ်ပြီး အနှစ်ချုပ်တာမျိုး မလုပ်ခဲ့ရုံတင်မကဘူး၊ ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်မိလို့ အပြစ်ရှိတယ်လို့ ခံစားရတာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုးလည်း မရှိခဲ့ဘူး။ ကျွန်မနှလုံးသားထဲမှာ ပြန်ပြီး ငြင်းခုံခဲ့တယ်၊ ဘုရားသခင်က ကျွန်မကို အစွမ်းအစကောင်း မပေးခဲ့ဘူးလို့ တွေးနေခဲ့ပြီး၊ ပိုစွမ်းဆောင်နိုင်တဲ့သူတစ်ယောက်ကို နေရာပေးဖို့ဆိုတဲ့ အကြောင်းပြချက်နောက်ကွယ်မှာ ပုန်းပြီး ကျွန်မရဲ့တာဝန်ကို ခေါင်းရှောင်ချင်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် သတိပြုမိတယ်လို့တောင် ကျွန်မ တွေးခဲ့သေးတယ်။ ဒါပေမဲ့ အခု ကျွန်မမြင်လိုက်တာက ဒါဟာ ကိုယ့်ကိုယ်ကိုယ် သတိပြုမိတာ လုံးဝမဟုတ်ဘူး။ ကျွန်မက မရိုးမသားလုပ်ပြီး တာဝန်ကို စွန့်ပစ်နေတာပဲ။ ခေါင်းဆောင်တွေက ကျွန်မတို့ လူတွေကို ပျိုးထောင်ဖို့ အာရုံမစိုက်ဘူးလို့ ထောက်ပြခဲ့တာဟာ အမှန်တရားပဲဆိုတာကို ကျွန်မ စဉ်းစားမိတယ်။ ညီအစ်ကိုမောင်နှမတွေက အခုမှလေ့ကျင့်ခါစမို့ စည်းမျဉ်းတွေကို နားမလည်ကြဘူး၊ ဒါကြောင့် ကျွန်မတို့က အချင်းချင်းရဲ့ အားသာချက်တွေကနေ သင်ယူပြီး ကိုယ့်အားနည်းချက်တွေကို ဖြည့်ဆည်းဖို့ အတူ လေ့လာပြီး ဆွေးနွေးပြောဆိုခဲ့သင့်တယ်။ ခေါင်းဆောင်တွေက ကျွန်မတို့ တည်းဖြတ်တဲ့ တရားဒေသနာတွေရဲ့ အရည်အသွေးမကောင်းဘူးလို့ ထောက်ပြတာလည်း အမှန်တရားပဲ။ ကျွန်မကိုယ်တိုင်ရဲ့ သမ္မာတရားနားလည်မှုက တိမ်တယ်၊ ပြဿနာတွေရဲ့ အနှစ်သာရကို ထိုးထွင်းမမြင်နိုင်တော့ ဒါတွေကို ဖြေရှင်းရာမှာ အားနည်းခဲ့တယ်။ ခေါင်းဆောင်တွေက ဒါကို ထောက်ပြတာဟာ ကျွန်မအတွက် သတိပေးချက်တစ်ခုပဲ။ ဒါနဲ့ ခေါင်းဆောင်ထောက်ပြခဲ့တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ညီအစ်ကိုမောင်နှမတွေနဲ့ အမြန်ဆွေးနွေးခဲ့တယ်။ လူတိုင်းကလည်း သူတို့တာဝန်တွေမှာရှိတဲ့ လမ်းလွဲခြင်းတွေနဲ့ အပြစ်အနာအဆာတွေကို အသိအမှတ်ပြုပြီး ပြုပြင်ဖို့ ဆန္ဒရှိကြတယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့ရဲ့ တာဝန်တွေမှာ ဦးတည်ချက်နဲ့ ပန်းတိုင်တစ်ခု ရှိလာခဲ့တယ်။
ဝတ်ပြုခြင်းလုပ်တဲ့အချိန်မှာ ကျွန်မ ဆက်ပြီး ဆင်ခြင်သုံးသပ်နေခဲ့တယ်၊ “ဘာဖြစ်လို့ အလုပ်မှာ အခက်အခဲတွေနဲ့ ပြဿနာတွေ ကြုံရတိုင်း၊ ကျွန်မရဲ့စိတ်နှလုံးက ဒီလောက်တောင် လှုပ်ခတ်နေရပြီး တာဝန်ကနေ ထွက်ပြေးချင်စိတ်တောင် ဖြစ်ရတာလဲ” ပေါ့။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် ပေါ့ပေါ့ပါးပါးအလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်စားသောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ သူ့အား ဘုရားအိမ်တော်တွင် မည်သို့ အသုံးချ၍ ရနိုင်သနည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားဟောခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သောသူသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်က ဤသည်မှာ သတ္တိနည်းသည့် ပြဿနာတစ်ခုမဟုတ်ပေ။ ထိုသူသည် ချမ်းသာကြွယ်ဝမှုနောက်သို့ လိုက်လျှင်၊ သို့မဟုတ် မိမိကိုယ်ကျိုးစီးပွားတစ်ခုအတွက် လုပ်ဆောင်နေလျှင် အဘယ်သို့ အလွန်ရဲရင့်နိုင်ရသနည်း။ မည်သည့်စွန့်စားမှုကိုမဆို ၎င်းတို့ ပြုလုပ်လိမ့်မည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ အားလုံးထဲတွင် သစ္စာအမဲ့ဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သောသူမျိုးသည် လေးသောဝန်ကို ထမ်းရန် သတ္တိရှိသနည်း။ အရေးကြီးဆုံးဖြစ်သော၊ အရေးပါဆုံးဖြစ်သောအလုပ်ကို မြင်သောအခါ ဘုရားအိမ်တော်၏ အလုပ်တွင် အရေးပါဆုံးသော အချိန်အခိုက်အတန့်၌ ဦးဆောင်ပြီး ရှေ့သို့ ရဲရင့်စွာသွားသောသူ၊ ကြီးလေးသော တာဝန်ကို ခံယူပြီး ကြီးစွာသော ဒုက္ခဆင်းရဲကို ခံယူရန် မကြောက်သောသူဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာရှိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်။ ၎င်းတို့တွင် တရားမျှတမှု၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ်မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသောသူများ ဖြစ်သည်။ ဘုရားသခင်အပေါ် ရိုးသားစစ်မှန်သော ယုံကြည်သူများမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သောသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို ၎င်းတို့ သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန်ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ ချိုးနှိမ်ခြင်း၊ ဝေဖန်အပြစ်တင်ခြင်းကို ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ဘဲ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။ ဘုရားအိမ်တော်တွင် တာဝန်ထမ်းဆောင်နိုင်သော သူတို့သည် အသင်းတော်၏ အလုပ်နှင့်ပ်တသက်လာပါက ဆင်ခြင်တုံတရားရှိသောလူများ၊ တာဝန်ခံယူသောလူများ၊ သမ္မာတရားစည်းမျဉ်းများကို ထိန်းသိမ်းသောလူများ၊ ဒုက္ခခံနိုင်ပြီး အဖိုးအခ ပေးဆပ်နိုင်သောလူများဖြစ်ရမည်။ ဤနယ်ပယ်များတွင် အားနည်းလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် မသင့်တော်ပေ။ ပြီးလျှင် တာဝန်ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များကို မပိုင်ဆိုင်ပေ။...သင့်အပေါ် တစ်ခုခုကျရောက်သည့်အခါတိုင်းတွင် သင့်ကိုယ်သင် ကာကွယ်ပြီး လွတ်မြောက်သည့်လမ်း၊ နောက်ဖေးတံခါးတစ်ခုကို ချန်ထားလျှင် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေခြင်းဖြစ်သလော။ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမဟုတ်ပေ။ ခိုးကြောင်ခိုးဝှက် ပြုလုပ်ခြင်း ဖြစ်သည်။ သင်သည် ယခုအခါတွင် ဘုရားအိမ်တော်၌ သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ တာဝန်တစ်ခုကိုထမ်းဆောင်ရာတွင် ပထမဆုံး စည်းမျဉ်းမှာ အဘယ်နည်း။ ရှေးဦးစွာ သင်၏ စိတ်နှလုံးအပြည့်အဝဖြင့် ထိုတာဝန်ကို အစွမ်းကုန် ထမ်းဆောင်ရမည်၊ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရမည်ဆိုသည့်အရာ ဖြစ်သည်။ ဤသည်မှာ သမ္မာတရား စည်းမျဉ်းတစ်ခု၊ သင် လက်တွေ့လုပ်ဆောင်သင့်သည့် အရာဖြစ်သည်။ မိမိအတွက် လွတ်လမ်း၊ ထွက်ပေါက်ကို ချန်ထားခြင်းသည် ဘာသာတရား မရှိသူများ လိုက်လျှောက်သည့် လက်တွေ့လုပ်ဆောင်မှု စည်းမျဉ်းဖြစ်ပြီး ၎င်းတို့၏ အမြင့်ဆုံး အတွေးအခေါ်ဖြစ်သည်။ အရာအားလုံးတွင် မိမိကိုယ်ကို အရင်ဆုံး ထည့်စဉ်းစားခြင်းနှင့် အခြားအရာအားလုံးထက် မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ဦးစားပေးခြင်း၊ သူတစ်ပါးတို့အကြောင်းကို မတွေးခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့်လည်းကောင်း၊ သူတစ်ပါးတို့၏ အကျိုးစီးပွားများနှင့်လည်း ဆက်စပ်မှု မရှိခြင်း၊ မိမိ၏ ကိုယ်ပိုင်အကျိုးစီးပွားကို အရင်ဆုံး စဉ်းစားခြင်းနှင့် ထို့နောက်တွင် လွတ်လမ်းတစ်ခုကို စဉ်းစားခြင်းဖြစ်သည့် ဤသည်တို့မှာ ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာမဟုတ်လော။ ဤသည်မှာ အတိအကျပင် ဘာသာတရား မရှိသူတစ်ယောက် ဖြစ်သည့်အရာ ဖြစ်သည်။ ဤလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် မသင့်တော်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ အသိအမှတ်ပြုလိုက်တာကတော့ အလုပ်မှာ လမ်းလွဲမှုတွေ၊ အခက်အခဲတွေ ပေါ်လာတိုင်း ကျွန်မနှလုံးသားထဲမှာ ဒီလောက်ကြီးမားတဲ့ လှုပ်ခတ်မှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် ကျွန်မတာဝန်မှာ တာဝန်ယူရမှာကို အမြဲတမ်း ကြောက်နေခဲ့လို့ပါပဲ၊ ဒါဟာ ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်တဲ့ စိတ်သဘောထားက ဒုကခပေးနေလို့ပဲ။ ဝန်ထမ်းတာဝန်ခန့်အပ်မှုတွေ၊ အလုပ်မှာရှိတဲ့ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့အခါ၊ ကျွန်မရဲ့ ပထမဆုံးအတွေးက စာနဲ့ပတ်သက်တဲ့အလုပ်ဟာ ဘုရားအိမ်တော်ရဲ့ အရေးကြီးတဲ့အလုပ်ဖြစ်တယ်၊ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့တာဝန်ကို မထမ်းဆောင်နိုင်ဘဲ အလုပ်ကို နှောင့်နှေးစေရင် ကျွန်မ တာဝန်ယူရလိမ့်မယ် ဆိုတာပဲ။ ကျွန်မရဲ့တာဝန်ကို စွန့်ပစ်ဖို့ မဝံ့ရဲခဲ့ပေမဲ့၊ ဒီတာဝန်က အရမ်းအန္တရာယ်များတယ်လို့ စိတ်ထဲမှာ အမြဲခံစားခဲ့ရတယ်။ စိတ်ပူပန်ပြီး ဒုက္ခခံရတာကို ထားဦး၊ အလုပ်ရဲ့ရလဒ်တွေ မကောင်းရင် ဒါမှမဟုတ် လမ်းလွဲခြင်းတွေ၊ အပြစ်အနာအဆာတွေရှိရင်၊ အနည်းဆုံးတော့ ကျွန်မ ဖြုတ်ချခံရမယ်၊ ပြစ်မှားခြင်းတွေ များများစုမိရင် ကျွန်မမှာ ကောင်းတဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ရှိမှာ မဟုတ်ဘူး။ ဒီလိုတွေးမိတော့ ဒီတာဝန်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုလို မြင်ပြီး ခေါင်းရှောင်ချင်ခဲ့တယ်။ အလုပ်ထဲက ပြဿနာတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းလိုစိတ်လည်း မရှိခဲ့ဘူး။ ကြီးကြပ်ရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မရဲ့ တာဝန်ကို တက်တက်ကြွကြွ တာဝန်ယူခဲ့သင့်တယ်၊ နားမလည်တာတွေကို ခေါင်းဆောင်ဆီမှာ ရှာဖွေသင့်ခဲ့တယ်။ ကျွန်မရဲ့ရည်ရွယ်ချက်ကို မှန်ကန်အောင်ထားပြီး အစွမ်းကုန်ကြိုးစားနေသရွေ့၊ ကျွန်မလုပ်ခဲ့တာတွေက မပြောပလောက်ရင်တောင်၊ နောက်ဆုံးမှာ ရလဒ်တွေ သိပ်မကောင်းခဲ့ရင်တောင်၊ အနည်းဆုံးတော့ ကျွန်မမှာ နောင်တရစရာ ရှိမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီတာဝန်ကို ထမ်းဆောင်တဲ့အခါ ကျွန်မစဉ်းစားခဲ့တာက တာဝန်မယူရအောင် ဘယ်လိုရှောင်မလဲဆိုတာပဲ။ ကျွန်မရဲ့စိတ်နှလုံးက တာဝန်အပေါ်မှာ လုံးဝမရှိခဲ့ဘူး။ သစ္စာစောင့်သိဖို့မပြောနဲ့၊ တာဝန်အပေါ် ရိုးသားမှုတောင်မပြခဲ့ဘူး။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့လိုက်တာ။ ဘုရားအိမ်တော်က လူတွေဟာ သူတို့ရဲ့တာဝန်တွေကို ထမ်းဆောင်ရင်း သမ္မာတရားရဲ့ ကဏ္ဍအမျိုးမျိုးကို နားလည်အောင်ရှာဖွေပြီး တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်နိုင်ဖို့ ပျိုးထောင်ပေးတယ်။ လူတွေအတွက်တော့ ဒါဟာ လက်တွေ့ကျတဲ့ လေ့ကျင့်မှုပဲ။ သဘောပေါက်နားလည်နိုင်စွမ်း စင်ကြယ်တဲ့ ဘယ်သူမဆို သူတို့ရဲ့တာဝန်ကို တန်ဖိုးထားလိမ့်မယ်။ ဒါပေမဲ့ ကျွန်မရဲ့ လိုက်စားမှုနောက်ကွယ်က အမြင်ရှုထောင့်က မှားယွင်းနေခဲ့တယ်။ ကျွန်မရဲ့တာဝန်မှာ ဘာတာဝန်မှ မယူချင်ခဲ့ဘူး၊ စည်းမျဉ်းအတိုင်း ကိုယ့်တာဝန်ကို ထမ်းဆောင်တဲ့ သာမန်အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ချင်ခဲ့တယ်။ ကြီးကြပ်ရေးမှူးက အရာရာကို စီစဉ်ပေးတာကိုစောင့်ပြီးတော့ပေါ့။ တကယ်တော့ အဲဒီလိုတာဝန်ထမ်းဆောင်ခြင်းက တာဝန်မယူရဘူးဆိုပေမဲ့၊ လေ့ကျင့်မှုနည်းပြီး သမ္မာတရားလည်း နည်းနည်းပဲရမယ်၊ ကျွန်မရဲ့အသက်တာကလည်း ဖြည်းဖြည်းပဲ တိုးတက်မှာပေါ့။ ကြီးကြပ်ရေးမှူးအဖြစ် လေ့ကျင့်ခံရတဲ့အခါမှာတော့၊ ပြဿနာတွေ၊ အခက်အခဲတွေ ပိုကြုံရပြီး ဖိအားပိုကြီးပေမဲ့ ကျွန်မလည်း ပိုပြီးရရှိခဲ့တယ်။ စည်းမျဉ်းတွေကို နားလည်ရာမှာရော၊ လူတွေနဲ့ အမှုအရာတွေကို ရှုမြင်ရာမှာပါ တိုးတက်မှုတချို့ ရခဲ့တယ်။ ဒါ့အပြင် အလုပ်ကို စစ်ဆေးကြီးကြပ်ရာမှာ တချို့ပြဿနာတွေမှာ ကျွန်မက အပေါ်ယံအခြေအနေကိုပဲ မြင်ပြီး အဓိကအချက်ကို မဖမ်းဆုပ်နိုင်ခဲ့ဘူး၊ ဒါကြောင့် ပြဿနာတွေကို အမြဲမဖြေရှင်းနိုင်ခဲ့ဘူး။ ခေါင်းဆောင်တွေရဲ့ လမ်းပြမှုကြောင့်သာ ကျွန်မရဲ့အားနည်းချက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ပြဿနာတွေရဲ့ သဘောသဘာဝနဲ့ အကျိုးဆက်တွေကို အသိအမှတ်ပြုနိုင်ခဲ့ပြီး၊ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းတွေကို ရှာတွေ့ခဲ့တယ်၊ ဒီလိုနဲ့ ပြဿနာတွေကို အရင်းအမြစ်ကနေ ဖြေရှင်းနိုင်ခဲ့တာပေါ့။ ဒီလိုရရှိမှုတွေအားလုံးဟာ ကြီးကြပ်ရေးမှူးတာဝန်ကို ထမ်းဆောင်ရာကနေ ကျွန်မရရှိခဲ့တဲ့အရာတွေပါပဲ။ ဘုရားအိမ်တော်မှာ ဘယ်တာဝန်ကိုပဲထမ်းဆောင်ပါစေ တာဝန်တစ်စိတ်တစ်ပိုင်းကိုလည်း ယူရမယ်ဆိုတာ ကျွန်မနားလည်ခဲ့တယ်။ ဒီတာဝန်ကို ဘယ်လူကမှ ပေးတာမဟုတ်ဘဲ ဘုရားသခင်ဆီက လာတာပါ။ ဒါကိုနားလည်သွားတော့ အလုပ်မှာအခက်အခဲ ဘယ်လောက်ပဲရှိပါစေ ဘုရားသခင်ကို အားကိုးပြီး ကိုယ့်တာဝန်တွေကို ထမ်းဆောင်ဖို့ ဆန္ဒရှိကြောင်း ဘုရားသခင်ဆီမှာ စိတ်ပိုင်းဖြတ်ခဲ့တယ်။ ကျွန်မ အပျက်သဘောဆောင်တော့မှာ မဟုတ်သလို ကိုယ့်တာဝန်ကနေ ထွက်ပြေးတော့မှာလည်း မဟုတ်ပါဘူး။
တစ်ခါတုန်းက ကျွန်မရဲ့ အခြေအနေနဲ့ အရမ်းကိုက်ညီတဲ့ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ဆောင်းပါးတစ်ပုဒ်မှာ ကိုးကားထားတဲ့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။...ငါ့ကို ပြောလော့။ လူတစ်ဦးသည် အမှားတစ်ခု လုပ်ထားကာ အမှန်တကယ် နားလည်နိုင်စွမ်းရှိပြီး နောင်တရလိုစိတ်ရှိလျှင် ဘုရားအိမ်တော်က ထိုသူကို အခွင့်အရေးတစ်ခု မပေးဘဲ နေမည်လော။ ဘုရားသခင်၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်သည် အဆုံးသို့ ရောက်လာနေပြီ ဖြစ်သည်နှင့်အညီ ထမ်းဆောင်ရန်လိုသည့် တာဝန်များစွာရှိသည်။ သို့သော် သင်သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိသကဲ့သို့ မိမိတို့၏ သင့်တင့်လျောက်ပတ်သော အလုပ်ကို အာရုံမစိုက်လျှင်၊ တာဝန်ထမ်းဆောင်ရန် အခွင့်အလမ်း ရသော်လည်း တန်ဖိုးထားရမှန်း မသိလျှင်၊ အကောင်းဆုံးအချိန်ကို လွန်သွားစေလျက် သမ္မာတရားကို အနည်းငယ်မျှပင် မလိုက်စားလျှင် သင်သည် ထုတ်ဖော်ခြင်းခံရလိမ့်မည်။ သင်သည် တာဝန်ထမ်းဆောင်ရာတွင် အဆက်မပြတ် ဝတ်ကျေတမ်းကျေပြုလျှင်၊ ပြုပြင်ခံရခြင်းကို ရင်ဆိုင်ရသောအခါ၌ လုံးဝ နာခံခြင်းမရှိလျှင် ဘုရားအိမ်တော်က တာဝန်ထမ်းဆောင်ရန် သင့်ကို အသုံးပြုဦးမည်လော။ ဘုရားအိမ်တော်တွင် အုပ်စိုးသည်မှာ သမ္မာတရားဖြစ်သည်။ စာတန်မဟုတ်ပေ။ ဘုရားသခင်သည် အရာရာအပေါ် အပြီးသတ် ဆုံးဖြတ်ပိုင်ခွင့် ရှိသည်။ လူသားကို ကယ်တင်ခြင်းအမှုကို ပြုနေသည်မှာ သူဖြစ်သည်။ အရာရာအပေါ် အချုပ်အခြာအာဏာ ကိုင်စိုးသူမှာ သူ ဖြစ်သည်။ မည်သည့်အရာက မှန်သည်၊ မှားသည်ဟူ၍ သင့်အနေဖြင့် စိစစ်ရန် မလိုအပ်ပေ။ သင်သည် ကြားနာပြီး ကျိုးနွံနာခံရန်သာ လိုအပ်သည်။ ပြုပြင်ခြင်းနှင့် ရင်ဆိုင်ရသောအခါတွင် သမ္မာတရားကို သင်လက်ခံရမည်၊ သင်၏ အမှားများကို ပြုပြင်နိုင်ရမည်။ ဤသို့ သင်လုပ်ဆောင်လျှင် ဘုရားအိမ်တော်သည် သင်၏ တာဝန်ထမ်းဆောင်ခွင့်ကို ဖယ်ရှားမည်မဟုတ်ပေ။ သင်သည် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားများမဟုတ်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ရင်း၊ ဖော်ထုတ်ခံရမှာ၊ ဖယ်ရှားရှင်းလင်းခံရမှာကို ကြောက်ပြီး အမှုအရာတွေ ကျရောက်လာတဲ့အခါ ဘုရားသခင်အပေါ် ကျွန်မ အမြဲတမ်း သတိထားကာကွယ်ပြီး အထင်အမြင်လွဲမှားခဲ့တယ်ဆိုတာ တွေးမိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မမသိလို့ပါပဲ။ အတိတ်က ကြီးလေးတဲ့ ပြစ်မှားခြင်းကို ကျူးလွန်ခဲ့ပြီးပြီ၊ ကိုယ့်တာဝန်ကို ကောင်းကောင်းမထမ်းဆောင်ဘဲ အသင်းတော်အလုပ်ကို နှောင့်ယှက်မှုနဲ့ ထိခိုက်မှုတွေ ဖြစ်စေရင်၊ ပြစ်မှားခြင်းတွေ အများကြီးပိုကျူးလွန်မိမှာဖြစ်ပြီး ပြင်းထန်လာရင် ဖယ်ရှားရှင်းလင်းခံရမယ်လို့ ကျွန်မထင်ခဲ့တယ်။ တကယ်တော့ ကျွန်မရဲ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန်ထမ်းဆောင်ခဲ့ပေမဲ့၊ ကျွန်မရဲ့အစွမ်းအစညံ့ဖျင်းမှုကြောင့် မစွမ်းဆောင်နိုင်ခဲ့ရင်တောင်၊ ဘုရားအိမ်တော်က ကျွန်မရဲ့အစွမ်းအစနဲ့အညီ သင့်တော်တဲ့တာဝန်ကို ပြန်လည်တာဝန်ပေးမှာဖြစ်ပြီး၊ ဒီအကြောင်းကြောင့် ကျွန်မကို ဖယ်ရှားရှင်းလင်းမှာ မဟုတ်ပါဘူး။ အသင်းတော်အလုပ်ကို တမင်တကာ အဖျက်အမှောင့်လုပ်၊ နှောင့်ယှက်ပြီး ဘယ်လောက်ပဲ မိတ်သဟာယဖွဲ့ပေးပါစေ နောင်တမရဘဲ ငြင်းဆန်သူတွေသာ ဖယ်ရှားရှင်းလင်းခံရမှာပါ။ အရင်ကြီးကြပ်ရေးမှူးလိုပေါ့။ သူက သူ့ရဲ့ကျော်ကြားမှုနဲ့ အဆင့်အတန်းအတွက် တမင်တကာ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်။ အဲဒီအချိန်မှာ ခေါင်းဆောင်က သူ့ကို မိတ်သဟာယဖွဲ့ပြီး ကူညီခဲ့ပေမဲ့ သူနောင်တမရခဲ့ဘဲ နောက်ဆုံးမှာ ဖြုတ်ချပြီး ဖယ်ရှားရှင်းလင်းခံခဲ့ရတယ်။ ဘုရားအိမ်တော်က လူတွေကိုဆက်ဆံရာမှာ စည်းမျဉ်းတွေရှိတယ်။ လူတွေရဲ့ပြစ်မှားခြင်းတွေကို လူတစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ နောက်ခံနဲ့ အခြေအနေအရ ကိုင်တွယ်ဖြေရှင်းတယ်၊ အားလုံးကို တစ်ပုံစံတည်း ချဉ်းကပ်တာမျိုး မလုပ်ပါဘူး။ ကျွန်မတာဝန်ထမ်းဆောင်ရာမှာ ဖော်ထုတ်ခံရတဲ့ ပြဿနာအများကြီးက အလုပ်ရဲ့ တိုးတက်မှုကို ထိခိုက်စေခဲ့တယ်၊ အဓိကအားဖြင့် ကျွန်မလေ့ကျင့်ချိန်တိုတောင်းလို့ပါပဲ။ အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဦးတည်ချက် ဒါမှမဟုတ် လမ်းကြောင်း ကျွန်မမှာ မရှိခဲ့ဘူး၊ ပြီးတော့ တစ်ခါတလေ အဓိကအချက်တွေကို မဖမ်းဆုပ်နိုင်ခဲ့ဘူး။ ကျွန်မက တမင်တကာ နှောင့်ယှက်ဖို့ ဒါမှမဟုတ် အဖျက်အမှောင့်လုပ်ဖို့ မရည်ရွယ်ခဲ့ဘူး။ ကျွန်မရဲ့လမ်းလွဲခြင်းတွေကို အသိအမှတ်ပြုပြီး အချိန်မီပြုပြင်တဲ့အခါ၊ ဘုရားအိမ်တော်က ကျွန်မကို လေ့ကျင့်ဖို့ အခွင့်အရေးပေးနေတုန်းပဲ၊ ခေါင်းဆောင်တွေကလည်း တကယ့်အလုပ် ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးခဲ့တယ်။ ကျွန်မက ဘုရားသခင်အပေါ် သတိထားကာကွယ်တာ၊ ဒါမှမဟုတ် အထင်အမြင်လွဲမှားတာမျိုး မဖြစ်သင့်ဘူး။ ကျွန်မမှာ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို အသိပညာမရှိခဲ့ဘဲ ဘုရားသခင်ကို သတိထားကာကွယ်ပြီး အထင်လွဲမှားမှုတွေနဲ့ အသက်ရှင်နေခဲ့တယ်။ ကိုယ့်ရဲ့အသက်ဝင်ရောက်မှုမှာ ဆုံးရှုံးမှုတွေခံစားခဲ့ရသလို ကိုယ့်တာဝန်ကိုလည်း ထိခိုက်စေခဲ့တယ်။ ဒါတွေအားလုံးဟာ ကျွန်မ သမ္မာတရားကို မရှာဖွေခဲ့ခြင်းရဲ့ အကျိုးဆက်တွေပါပဲ။
မျက်စိတစ်မှိတ်အတွင်းမှာပဲ အောက်တိုဘာလကို ရောက်လာခဲ့တယ်။ စီစီပီရဲ့ ဖမ်းဆီးမှုတွေကြောင့် အသင်းတော်ရဲ့ လုပ်ငန်းအမျိုးမျိုးဟာ အဟန့်အတားဖြစ်ခဲ့ပြီး၊ အလုပ်ရဲ့ရလဒ်တွေက ထပ်မံကျဆင်းခဲ့တယ်။ ကျွန်မရဲ့ ညီအစ်ကိုမောင်နှမတွေကလည်း ယေဘုယျအားဖြင့် အခက်အခဲတွေကြားမှာ အသက်ရှင်နေခဲ့ရတယ်။ ဒီတစ်ခါတော့ ကျွန်မ အရင်လို မပေါ့လျော့တော့ဘူး၊ အပျက်သဘောလည်းမဆောင်တော့ဘဲ၊ ရှိနေတဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်မနဲ့ ဆွေးနွေးခဲ့တယ်။ ဒီအချိန်မှာ ခေါင်းဆောင်တွေကလည်း ကျွန်မတို့အလုပ်ထဲက လမ်းလွဲခြင်းတချို့ကို ထောက်ပြပြီး၊ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတချို့ကို မိတ်သဟာယဖွဲ့ပေးခဲ့တယ်။ ခေါင်းဆောင်တွေရဲ့စာကို မြင်လိုက်တော့ ကျွန်မ မတွေးဘဲမနေနိုင်ခဲ့ဘူး၊ “ဒီနောက်ပိုင်းမှာ အလုပ်တွေ ဆက်မကောင်းရင် ဘယ်လိုလုပ်မလဲ။ အလုပ်တွေ နှောင့်နှေးသွားရင် ဒီတာဝန်ကို ငါမထမ်းနိုင်တော့ဘူး” ပေါ့။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပြန်စဉ်းစားမိမှန်း သဘောပေါက်လိုက်တယ်၊ ဒါနဲ့ ဆုတောင်းပြီး ရှာဖွေခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “ရိုးသားသောလူတစ်ယောက်၏ သရုပ်သကန်များက မည်သည်တို့နည်း။ ပထမအချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်များအကြောင်း သံသယမရှိခြင်းဖြစ်သည်။ ၎င်းသည် ရိုးသားသော လူတစ်ယောက်၏ သရုပ်သကန်များအနက်မှ တစ်ခုဖြစ်သည်။ ဤသည်မှလွဲ၍ အရေးအကြီးဆုံး သရုပ်သကန်မှာ ကိစ္စအားလုံးတွင် သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ အရေးအပါဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း အစဉ်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို စိတ်ထဲတွင် မထားဘဲ သင် အလိုရှိသမျှကို လုပ်ဆောင်သည်။ ဤသည်မှာ ရိုးသားသူတစ်ယောက်ဖြစ်ကြောင်း သရုပ်သကန် ဖြစ်သလော။ သင်က ‘ငါ့အစွမ်းအစက ညံ့သော်လည်း ငါ့ထံတွင် ရိုးသားသည့် စိတ်နှလုံးရှိသည်’ ဟု ဆိုသည်။ သို့တိုင်အောင် တာဝန်တစ်ခုသည် သင့်အပေါ်သို့ ကျရောက်သောအခါ ဒုက္ခခံရမည်ကိုလည်းကောင်း၊ သင်သည် ကောင်းစွာ မလုပ်ဆောင်လျှင် တာဝန်ခံရမည်ကိုလည်းကောင်း ကြောက်သည်။ ထို့ကြောင့် သင်၏တာဝန်ကို ရှောင်ရန်အတွက် ဆင်ခြေများပေးသည်။ သို့မဟုတ် အခြားလူတစ်ယောက်ကို လုပ်ဆောင်ဖို့ အကြံပြုသည်။ ဤသည်မှာ ရိုးသားသူတစ်ယောက် ဖြစ်ကြောင်း သရုပ်သကန်ဖြစ်သလော။ မဖြစ်သည်မှာ သိသာထင်ရှား၏။ ဤသို့ဆိုလျှင် ရိုးသားသူတစ်ယောက်က မည်သို့ ပြုမူသင့်သနည်း။ ဘုရားသခင်၏ အစီအစဉ်များကို နာခံသင့်သည်။ မိမိထမ်းဆောင်ရမည့် တာဝန်တွင် သစ္စာစောင့်သိခြင်းရှိရမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ဖြည့်ဆည်းဖို့ ကြိုးပမ်းရမည်။ ဤအရာသည် နည်းလမ်းအချို့ဖြင့် သူ့ဘာသာသူ ပေါ်လွင်ထင်ရှားလေသည်။ တစ်ခုမှာ ရိုးသားသော နှလုံးသားတစ်ခုဖြင့် မိမိတာဝန်ကို လက်ခံခြင်း၊ သင်၏ ဇာတိပကတိ အကျိုးစီးပွားများကို မစဉ်းစားခြင်း၊ ဤအရာနှင့်ပတ်သက်ပြီး စိတ်မပါ့တပါ မဖြစ်ခြင်း၊ သို့မဟုတ် သင်၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် ကြံစည်မှုမရှိခြင်းဖြစ်သည်။ ယင်းတို့သည် ရိုးသားမှု၏ သရုပ်သကန်များဖြစ်သည်။ အခြားတစ်ခုမှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်း၌ စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ ထည့်ထားခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန်အတွက် သင်၏တာဝန်အပေါ် သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို မြုပ်နှံခြင်းတို့ဖြစ်သည်။ ဤအရာတို့သည် ရိုးသားသူတစ်ယောက်က မိမိတာဝန်ကို ထမ်းဆောင်စဉ်တွင် ရှိသင့်သည့် သရုပ်သကန်များဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မနားလည်ခဲ့တာက ရိုးသားသောသူတစ်ယောက်ဟာ သူ့တာဝန်ကို ထမ်းဆောင်တဲ့အခါ ကိုယ့်အတွက်ကိုယ် အကွက်မချဘူး၊ ကိုယ့်ရဲ့အကျိုးစီးပွားကို မစဉ်းစားဘဲ၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို အလေးထားပြီး သူ့တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ အစွမ်းကုန်ထမ်းဆောင်တယ်။ ကျွန်မ ဘုရားနှုတ်ကပတ်တော်တွေအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူတစ်ယောက်ဖြစ်သင့်တယ်။ အခု အဆင်းနီတဲ့ နဂါးကြီးက သေမင်းခံတွင်းဝ ရောက်နေချိန်မှာ ညီအစ်ကိုမောင်နှမတွေကို အရူးအမူး ဖမ်းဆီးနေတယ်။ သူ့ရဲ့ရည်ရွယ်ချက်က အသင်းတော်အလုပ်ကို နှောင့်ယှက်ဖို့ပဲ။ ဒီလိုအချိန်မျိုးမှာပဲ ကျွန်မ ပိုပြီးပူးပေါင်းဆောင်ရွက်သင့်တယ်၊ လူတိုင်းနဲ့အတူ ပူးပေါင်းပြီး ကျွန်မတို့တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်သင့်တယ်။ ဒါနဲ့ ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ညီအစ်မနဲ့အတူ ချက်ချင်းကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့နည်းလမ်းရှာရင်း ဘုရားနှုတ်ကပတ်တော်ကို စားသောက်ခဲ့တယ်။ ကျွန်မတို့ရဲ့ ရှေ့လာမယ့်အလုပ်အစီအစဉ်တွေကိုလည်း ခေါင်းဆောင်တွေကို သတင်းပို့ခဲ့ပြီးတော့၊ ညီအစ်ကိုမောင်နှမတွေနဲ့ သီးခြားစီ မိတ်သဟာယဖွဲ့ပြီး၊ အလုပ်ထဲက အခက်အခဲတွေနဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းခဲ့တယ်။ အချိန်အတိုင်းအတာတစ်ခုကြာပြီးနောက်မှာ စာနဲ့ပတ်သက်တဲ့အလုပ်က တဖြည်းဖြည်း တိုးတက်လာခဲ့တယ်။ လူတိုင်းရဲ့ တကယ့်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အတွင်းမှာ ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်းနဲ့ လမ်းပြမှုကို ကျွန်မတို့ တွေ့မြင်ခဲ့ရတယ်။ စာနဲ့ပတ်သက်တဲ့အလုပ်ရဲ့ ရလဒ်တွေက ပိုကောင်းလာပြီး၊ ကျွန်မတို့အားလုံး ဘုရားသခင်ကို အရမ်းကျေးဇူးတင်ခဲ့ကြတယ်။
အရင်က ကျွန်မရဲ့အစွမ်းအစက မကောင်းလို့ ကြီးကြပ်ရေးမှူးတာဝန်ကို မထမ်းဆောင်နိုင်ဘူး၊ အစွမ်းအစကောင်းတဲ့သူတွေပဲ ဒီအလုပ်ကို လုပ်နိုင်တယ်လို့ အမြဲခံစားခဲ့ရတယ်။ ကျွန်မရဲ့အမြင်ရှုထောင့်က မှားယွင်းမှန်း အချက်အလက်တွေက သက်သေပြခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မဖတ်ခဲ့တယ်။ “သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုနှင့် ဘုရားသခင်၏ ကွယ်ကာမှုမရှိလျှင် မည်သူက ယနေ့ ၎င်းတို့ရောက်ရှိနေသည့်နေရာကို ရောက်ရှိနိုင်မည်နည်း။ ယခုအချိန်အထိ မည်သည့်အလုပ်ကိစ္စကို ထိန်းသိမ်းထားနိုင်မည်နည်း။ ဤလူတို့က ၎င်းတို့သည် လောကီကမ္ဘာတွင် ရှိနေသည်ဟု ထင်သလော။ လောကီကမ္ဘာရှိ မည်သည့်အုပ်စုမဆိုသည် ပင်ကိုစွမ်းရည် ရှိသော အဖွဲ့၏၊ သို့မဟုတ် ပါရမီရှိသော ပုဂ္ဂိုလ်များ၏ ကာကွယ်မှုကို ဆုံးရှုံးလျှင် ယင်း၏ မည်သည့်စီမံကိန်းများကိုမျှ ပြီးမြောက်နိုင်မည်မဟုတ်ပေ။ ဘုရားအိမ်တော်ရှိ အလုပ်သည် ဤသို့မဟုတ်။ ဘုရားအိမ်တော်၏ အလုပ်ကို ကာကွယ်၊ ဦးဆောင်ပြီး လမ်းပြနေသည်မှာ ဘုရားသခင်ဖြစ်သည်။ ဘုရားအိမ်တော်၏ အလုပ်သည် မည်သူမဆို၏ ပံ့ပိုးမှုအပေါ် မှီခိုနေသည်ဟု မထင်နှင့်။ ဤသို့မဟုတ်ပေ။ ပြီးလျှင် ဤသည်မှာ မယုံကြည်သူတစ်ယောက်၏ အမြင်ဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၁၈)) “သင်၏ အစွမ်းအစ မြင့်သည်ဖြစ်စေ၊ နိမ့်သည်ဖြစ်စေ၊ သင်၌ ပါရမီ မည်မျှပင် ရှိသည်ဖြစ်စေ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပြေလည်ခြင်းမရှိလျှင်၊ သင့်ကို မည်သည့်ရာထူးတွင် ထားရှိသည်ဖြစ်စေ သင်သည် အသုံးပြုခြင်းအတွက် သင့်တော်မည်မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သင်၏ အစွမ်းအစနှင့် အရည်အချင်းများ အကန့်အသတ်ရှိသော်လည်း သင်သည် သမ္မာတရားစည်းမျဉ်းအမျိုးမျိုးကို နားလည်သည့်အပြင် သင်၏ အလုပ်နယ်ပယ်အတွင်းရှိ သင် နားလည်သင့်ပြီး သဘောပေါက်သင့်သည့် သမ္မာတရားစည်းမျဉ်းများကို နားလည်ကာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းပြီးဖြစ်လျှင် သင်သည် အသုံးပြုခံရရန် သင့်တော်သောသူတစ်ဦး ဖြစ်လိမ့်မည်။” (နှုတ်ကပတ်တော်၊ အတွဲ (၇)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍၊ သမ္မာတရားကို လိုက်စားရန်နည်းလမ်း (၃)) ဘုရားနှုတ်ကပတ်တော်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တော့၊ ကျွန်မဟာ မျက်စိကန်းပြီး အသိတရားမဲ့မှန်း၊ ကျွန်မထုတ်ဖော်ခဲ့တာတွေဟာ မယုံကြည်သူတစ်ယောက်ရဲ့ အမြင်ရှုထောင့်ပဲဖြစ်မှန်း မြင်ခဲ့ရတယ်။ တကယ်တော့ ဘုရားအိမ်တော်ရဲ့အလုပ်ဟာ ဘယ်လူတစ်ယောက်ရဲ့ အစွမ်းအစ ဒါမှမဟုတ် ဆုကျေးဇူးကို အားကိုးပြီး ကောင်းကောင်းလုပ်ဆောင်နိုင်တဲ့အရာ မဟုတ်ပါဘူး။ အပေါ်ယံမှာတော့ ဘုရားသခင်ရဲ့ အိမ်တော်အလုပ်ကို လူတွေက လုပ်ဆောင်နေကြတာပဲ၊ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒါကို လုပ်ဆောင်နေတာက ဘုရားသခင်ပဲ။ သန့်ရှင်းသော ဝိညာဉ်တော်က ဦးဆောင်ပြီး ထိန်းသိမ်းနေတာပါ။ လူတစ်ယောက်ရဲ့ အစွမ်းအစက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူတို့မှာ ရိုးရှင်းပြီး ရိုးသားတဲ့စိတ်နှလုံးရှိသရွေ့၊ အမှုအရာတွေကြုံရတဲ့အခါ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေလိုစိတ်ရှိသရွေ့၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေအတိုင်း အသက်မရှင်ဘဲ၊ သူတို့ရဲ့တာဝန်တွေမှာ သစ္စာစောင့်သိနေသရွေ့ ဘုရားသခင်က သူတို့ကို ကောင်းချီးပေးပြီး လမ်းပြမှာဖြစ်ပြီး သူတို့ရဲ့တာဝန်တွေမှာလည်း ရလဒ်တချို့ကို ရရှိနိုင်မှာပါ။ ကျွန်မရဲ့အစွမ်းအစက သာမန်ပဲဖြစ်ပေမဲ့၊ လူတိုင်းက တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပြီး တာဝန်တွေကို ထမ်းဆောင်တဲ့အခါ ရလဒ်ကောင်းတွေ ရရှိခဲ့တာကိုလည်း ကျွန်မမြင်ခဲ့ရတယ်။ ဒါတွေအားလုံးဟာ ဘုရားသခင်ရဲ့ လမ်းပြမှုပါပဲ၊ ဒါဟာ ဘုရားသခင်က သူ့ရဲ့ကိုယ်ပိုင်အလုပ်ကို ထိန်းသိမ်းနေတာပါ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
၂၀၀၆ ခုနှစ်၊ ဇူလိုင်လရဲ့ နေ့တစ်နေ့မှာ ကျွန်မရဲ့ တွဲဖက်အမှုဆောင်တွေနဲ့ အစည်းအဝေးလုပ်ဖို့ သွားနေတုန်း လမ်းမှာ ကျွန်မ ရုတ်တရက်...
ဖီလာဝီယံ ဘီနင်နိုင်ငံအနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ၂၀၁၉ စက်တင်ဘာမှာ ကျွန်တော်လက်ခံခဲ့တယ်။...
၂၀၂၃ ခုနှစ်၊ မေလကုန်ပိုင်းမှာ ကျွန်မတာဝန်ယူထားတဲ့ အသင်းတော်တွေက စီစီပီရဲ့ ဖမ်းဆီးမှုတွေကို ရင်ဆိုင်ခဲ့ရပြီး၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်...
ချင်ဂန်၊ ဟေဘေးစီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊...