မိမိ၏တာဝန်ကို သိတတ်စွာဖြင့် လုပ်ဆောင်ခြင်းသည် အသိတရားရှိခြင်းဖြစ်သည်

22.05.2022

မနှစ်က ဇူလိုင်လ တစ်ရက်တွင် အဖွဲ့ခေါင်းဆောင် အစ်ကိုချန်းက အလွန် မာနထောင်လွှားသည်ဟု အစ်မလီက ကျွန်မကို တိုင်သည်။ စကားပြောဆက်ဆံသည့်အခါတွင် သူက အခြားသူများကို သူပြောသည်ကို နားထောင်ဖို့ အမြဲတမ်းပြောကြောင်း၊ တခြားညီအစ်ကိုမောင်နှမများက ကျိုးကြောင်းသင့်သည့် အကြံပြုချက်များ ပေးသည့်အခါ သူက နားထောင်ဖို့၊ သို့မဟုတ် လက်ခံဖို့ကို ငြင်းဆန်ကြောင်းနှင့် ရလဒ်အနေနှင့် ဗီဒီယို အလုပ်တိုးတက်မှုက နှောင့်နှေးသွားခဲ့ကြောင်း ပြောခဲ့သည်။ အစ်မလီပြောသည်ကို နားထောင်ပြီးလျှင် ကျွန်မက အစ်ကိုချန်းနှင့် ယခင်က ဆက်သွယ်ခဲ့ဖူးသည်ကို သတိရသည်။ သူက တကယ်ပင် ကိုယ့်ကိုယ်ကိုယ်သာ အမှန်ထင်ပြီး ကိစ္စများကို သူ့သဘောကျ လုပ်ချင်သည်။ အခြားသူများ၏ အကြံပြုချက်များက သင့်တော်သည်ဟု မထင်သည့်အခါ သူက လက်မခံပါ။ သူက ဤကဲ့သို့ ဖြစ်နေဆဲဖြစ်မည်ဟု ကျွန်မ မည်သည့်အခါမျှ စိတ်မကူးထားခဲ့ပါ။ သူက သူ့သဘောကျ ဆက်လုပ်နေပြီး ပြောင်းလဲဖို့ ငြင်းဆန်လျှင် သူက အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ မသင့်တော်ပါ။ ထို့ကြောင့် ကျွန်မ ဤကိစ္စကို စုံစမ်းကြည့်ပါမည်ဟု အစ်မလီကို ပြောလိုက်သည်။ သို့သော် နောက်တော့ “ဗီဒီယို အလုပ်က အများအားဖြင့် ငါ့ရဲ့တွဲဖက် အစ်မကျန်းရဲ့ တာဝန်ပဲ။ ဒီအဖွဲ့ခေါင်းဆောင်က သင့်တော်မှုရှိမရှိဆိုတာ ဆုံးဖြတ်ဖို့ရယ်၊ အလုပ်က ဘယ်လို တိုးတက်နေတာလဲဆိုတာကို သိအောင်လုပ်ဖို့ရယ်က ငါ့အလုပ် မဟုတ်ပါဘူးလေ။ ပြီးတော့လည်း ငါက ကြားဝင်လွန်းရင် ကျိုးကြောင်းမသိဘူးဆိုတဲ့ ပုံစံဖြစ်သွားနိုင်တယ်။ ဒါကြောင့် အစ်မကျန်းကိုပဲ ဒါကို စုံစမ်းပြီး ကိုင်တွယ်ခိုင်းလိုက်တော့မယ်။ ငါ့အချိန်နဲ့ အားအင်ကို ငါ့ရဲ့အဓိကတာဝန်ဖြစ်တဲ့ ဧဝံဂေလိအလုပ်အပေါ်မှာ နှစ်မြုပ်ထားသင့်တယ်” ဟု ကိုယ့်ဘာသာစဉ်းစားမိသည်။ သို့ဖြစ်၍ အစ်ကိုချန်း၏ ပြဿနာများအကြောင်းကို အစ်မကျန်းကို ကျွန်မ ပြောပြလိုက်ပြီး အစ်ကိုချန်း၏ တာဝန်၌ သူ၏ လုပ်ရည်ကိုင်ရည်ကို အာရုံစိုက်ကြည့်ဖို့ သူမကို သတိပေးလိုက်သည်။ ထို့နောက်တွင် ကျွန်မက ကျွန်မတာဝန်ကို ဖြည့်ဆည်းခဲ့ပြီးဖြစ်သောကြောင့်၊ ဆက်လုပ်စရာ၊ သို့မဟုတ် နောက်ဆက်တွဲ စုံစမ်းစရာမလိုတော့ပါဟု ခံစားမိခဲ့သည်။

အချိန်နည်းနည်းကြာပြီးသည့်နောက်တွင် ဗီဒီယိုအလုပ် တိုးတက်မှုက အလွန် နှေးနေသေးသည်ကို ကျွန်မ သတိထားမိသည်။ ပြီးလျှင် အစ်ကိုချန်းက သူ့သဘောကျ မရမက လုပ်ပြီး၊ အခြားသူများ၏ အကြံကိုလက်ခံဖို့ ငြင်းဆန်ရုံမကဘဲ သူ့တာဝန်၌လည်း တာဝန်မသိတတ်သည်ကို ညီအစ်ကိုမောင်နှမများထံမှ ကျွန်မ သိလိုက်ရသည်။ သူက အခက်အခဲများ ရှိလာသည်နှင့်တစ်ပြိုင်နက် နောက်တွန့်သွားပြီး ထိုသို့သော စိန်ခေါ်မှုများကို လက်ခံဖို့ သဘောထားမရှိခဲ့ဘဲ၊ သူ့တာဝန်ကို လုပ်သည့်နေရာတွင်လည်း တိုးတက်မှုက အလွန်နည်းနေခဲ့သည်။ ကျွန်မက “သူ့လိုလူမျိုးကို အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ ဘယ်လိုခွင့်ပြုလို့ရမှာလဲ။ သူ့ကိုအစားထိုးဖို့ တခြားတစ်ယောက်ကို ငါတို့ ရှာသင့်လား” ဟု စဉ်းစားမိသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး အစ်မကျန်းကို ကျွန်မ ပြောပြလိုက်သည်။ သုံးလေးလလောက် ကြာသည့်အခါ တခြားညီအစ်ကိုမောင်နှမများက အစ်ကိုချန်း၏ ပြဿနာများကို ကျွန်မထံသို့ တိုင်လာသည့်အခါ ကျွန်မ အံ့သြသွားခဲ့သည်။ သူက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်နေဆဲဖြစ်ကြောင်း၊ သူ့သဘောကျ လုပ်ဖို့ တောင်းဆိုကြောင်းနှင့် ညီအစ်ကိုမောင်နှမများက သူ့ကို အကြံပေးသည့်အခါတွင် သူက သူတို့၏ အကြံပြုချက်များကို ငြင်းဆိုရန် “ဒါ ပြဿနာလို့ ကျွန်တော်တော့ မထင်ဘူး”၊ “ကျွန်တော်က မကျွမ်းကျင်ဘူး”တို့ကဲ့သို့ ဆင်ခြေများကို အမြဲသုံးခဲ့သည်။ ယင်းကြောင့် ညီအစ်ကိုမောင်နှမများက စိတ်ကျဉ်းကျပ်ပြီး သူ့ကို နောက်ထပ်အကြံမပေးရဲတော့ပါ။ ဗီဒီယို အလုပ်၏ တိုးတက်မှုက အလွန်အမင်း နှေးကွေးကြောင်းနှင့်၊ အချိန်များစွာ ကြာပြီးမှ ပြန်တည်းဖြတ်ဖို့ ထပ်ထပ်ပို့နေရသည့် ဗီဒီယိုအချို့ ရှိကြောင်းတို့ကိုလည်း သူတို့က ပြောသေးသည်။ သူတို့တိုင်သည့်အရာကို ကျွန်မ ကြားပြီးသည့်နောက်တွင် ကျွန်မ အနည်းငယ် အံ့အားသင့်သွားသည်။ အချိန်အတော်ကြာပြီးသည့်တိုင် အစ်ကိုချန်းကြောင့်ဖြစ်သည့် ပြဿနာများက အဘယ့်ကြောင့် မဖြေရှင်းရသေးသနည်း။ သို့ဖြစ်၍ အစ်မကျန်းကို ကျွန်မ ယင်းနှင့်ပတ်သတ်၍ ချက်ချင်း ပြောပြလိုက်သည်။ သူက သင့်တော်မှုမရှိသည့် အဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်သည်ဟု အစ်မကျန်းက အကဲဖြတ်ပြီးသည့်နောက်တွင် သူ့ကို ထုတ်လိုက်လေသည်။

သုံးလေးရက်ကြာပြီးသည့်နောက်တွင် အစ်မလီက ကျွန်မထံသို့ လာပြီး အစ်ကိုချန်းကို ထုတ်လိုက်သည်မှာ သိပ်နောက်ကျသွားသည်ဟု ပြောသည်။ “အစ်ကိုချန်းရဲ့ ပြဿနာတွေကို အစ်မဆီကို ကျွန်မတိုင်ခဲ့တာ လနဲ့ချီပြီးကြာနေပြီ၊ ဘာလို့အခုမှ လူစားထိုးလိုက်တာလဲ” ဟု သူမက ပြောသည်။ ကျွန်မက “အစ်မလည်းသိတာပဲ၊ ကျွန်မက အစ်ကိုချန်းရဲ့အလုပ်အတွက် တိုက်ရိုက် တာဝန်ရှိတာ မဟုတ်ဘူးလေ။ သူ့ပြဿနာတွေကို အစ်မကျန်းကို ကျွန်မ အရင်ပြောရသေးတယ်။ သူ့ကို ထုတ်မယ်၊ မထုတ်ဘူးဆိုတာက အစ်မကျန်းပဲ စဉ်းစားပြီး အဲဒါကို ဆုံးဖြတ်ရမှာလေ။ သူ့ကို ကျွန်မ ချက်ချင်း ထုတ်လိုက်လို့ မရဘူး။ ကျွန်မက အဲဒီလိုလုပ်ရင် ကျိုးကြောင်းမသင့်သလို ဖြစ်နေမှာပေါ့။ ဒါပေမဲ့ အစ်မကျန်းကျတော့ အစ်ကိုချန်းရဲ့အလုပ်အတွက် တိုက်ရိုက်တာဝန်ရှိတယ်၊ ပြီးတော့ သူနဲ့လည်း မကြာခဏ ဆက်သွယ်နေရတာ။ အစ်ကိုချန်းရဲ့ ပြဿနာတွေက အရမ်းသိသာပြီး အစ်မကျန်းကိုလည်း ကျွန်မ အကြိမ်ကြိမ် ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူက အစ်ကိုချန်းကို မထုတ်ခဲ့ဘူး။ ဒီတော့ အလုပ်မှာ နှောင့်နှေးတာက အဓိကကတော့ အစ်မကျန်းတာဝန်ပဲလေ။ ဒါပေမဲ့ အဲဒီအချိန်က ဒီပြဿနာတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ ဆက်လိုက်တာတွေ၊ ဒါမှမဟုတ် ရလဒ်တွေကို သိ‌အောင်လုပ်တာတွေ မလုပ်ဘဲ၊ ကျွန်မက အစ်မကျန်းကို ပြောရုံသာ ပြောခဲ့တယ်။ ဒါကြောင့် ကျွန်မလည်း အပြစ်ရှိပါတယ်။” ဟု အမြန်ဖြေလိုက်သည်။ ကျွန်မ ဤကဲ့သို့ ပြောသည်ကိုကြားပြီး အစ်မလီက တိတ်ဆိတ်သွားသည်။ နောက်ပိုင်းတွင် ကျွန်မ အနည်းငယ် အပြစ်ရှိသလို ခံစားမိသည်။ အမှန်မှာမူ ကျွန်မက အစ်ကိုချန်း၏ ပြဿနာများကို လုံးဝ သတိထားမိခဲ့ပါသည်။ ပြီးလျှင် ညီအစ်ကိုမောင်နှမများက သူ့ပြဿနာကို ကျွန်မထံသို့ အကြိမ်ပေါင်းများစွာ တိုင်ခဲ့သည်။ သို့သော် ကျွန်မက ထိုကိစ္စကို မည်သည့်အခါမျှ နောက်ဆက်တွဲ မစစ်ဆေးခဲ့ပါ၊ သို့မဟုတ် ကိုင်တွယ်ဖို့ မကြိုးစားခဲ့ပါ။ ကျွန်မ တာဝန်မယူခဲ့သည်မှာ သိသာထင်ရှားသော်လည်း၊ အစ်မကျန်းကသာ တာဝန်မသိတတ်သည့်သူ ဖြစ်ပြီး ဗီဒီယိုအလုပ်နှောင့်နှေးခြင်းက ကျွန်မနှင့် ဘာမျှမသက်ဆိုင်ကြောင်း အခြားသူများ တွေးထင်သွားစေရန်အလို့ငှာ ကျွန်မက ပြဿနာမတက်စေရန် အကြောင်းပြချက်များ၊ ဆင်ခြေအမျိုးမျိုးကို အကြံထုတ်ခဲ့ပြီး အစ်မကျန်းအပေါ် အပြစ်ပုံချခဲ့သည်။ ကျွန်မက သိပ်တစ်ကိုယ်ကောင်းဆန်ပြီး လှည့်စားခဲ့ပါသည်။ တစ်ရက်ချင်းစီတွင် ကျွန်မတို့ ကြုံတွေ့ရသည့်လူများ၊ ကိစ္စများ၊ အကြောင်းအရာများကို ဘုရားက ခွင့်ပြုထားခြင်း ဖြစ်သည်ကို ကျွန်မ သတိရမိသည်။ အစ်မလီက ဤမေးခွန်းများကို ကျွန်မကို မေးဖို့လာခြင်း၏ နောက်ကွယ်တွင် ဘုရားအလိုတော် ရှိနေသည်။ အစ်ကိုချန်းကို ထုတ်သည့် ကိစ္စတွင် မည်သည့်သင်ခန်းစာကို ကျွန်မ ယူသင့်သည်၊ သို့မဟုတ် ကျွန်မ သတိမထားမိသေးသည့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအချို့ကို ကျွန်မ ထုတ်ဖော်ပြမိခဲ့ခြင်း ရှိမရှိတို့ကို ရှာဖွေခြင်း၊ သို့မဟုတ် ဆင်ခြင်ခြင်း မလုပ်ခဲ့ပါ။ ထို့ကြောင့် ကျွန်မက ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီး သိမြင်ရာတွင် ကျွန်မကို လမ်းပြဖို့ ဘုရားကို တောင်းလျှောက်ရင်း၊ ဆုတောင်းလိုက်သည်။

ကျွန်မ ဝတ်ပြုခြင်းအတောအတွင်းတွင် အန္တိခရစ်များ၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် လက္ခဏာသွင်ပြင်များကို ထုတ်ဖော်ပြသည့် ဘုရားနှုတ်ကပတ်တော်ကို ကျွန်မ ဖတ်ခဲ့ရသည်။ ယင်းက ကျွန်မ၏ အခြေအနေကို အနည်းငယ် နားလည်အောင်လုပ်ပေးခဲ့သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောသည်မှာ- “အန္တိခရစ်တို့ လူ့သဘာဝ၏ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့က မည်သို့ သူ့ဘာသာ ပေါ်လွင်သနည်း။ ၎င်းတို့၏ အဆင့်အတန်း၊ သို့မဟုတ် ဂုဏ်သတင်းကို အကျိုးပြုသည့် အရာမှန်သမျှတွင် ၎င်းတို့သည် လိုအပ်သည့်အရာတိုင်းကို လုပ်ဆောင်ရန်၊ ပြောဆိုရန် အားထုတ်ကြသည်။ မည်သည့်ဆင်းရဲဒုက္ခကိုမဆို လိုလိုလားလား သည်းခံကြသည်။ သို့သော် ဘုရားသခင်၏ အိမ်တော်ကစီစဉ်သော အလုပ်နှင့်ပတ်သက်သည့်နေရာတွင်၊ သို့မဟုတ် ဘုရားသခင်ရွေးချယ်ထားသောလူတို့၏ အသက်တာကြီးထွားမှုကို အကျိုးဖြစ်စေသည့် အလုပ်နှင့် ပတ်သက်သည့်နေရာတွင် ၎င်းတို့က လုံးလုံး လျစ်လျူရှုကြသည်။ မကောင်းမှုပြုသူများကနှောင့်ယှက်သည့်အခါ၊ ကြားဝင်သည့်အခါ၊ မကောင်းမှုမျိုးစုံကို ကျူးလွန်သည်ပြီး ထိုသို့ဖြင့် အသင်းတော်အလုပ်ကို အလွန်အမင်းထိခိုက်သည့်အခါတွင်ပင် ၎င်းတို့သည် ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သကဲ့သို့ မထုံတက်သေးဖြင့်၊ အရေးမစိုက်စွာဖြင့် နေသည်။ ပြီးလျှင် တစ်စုံတစ်ဦးက မကောင်းမှုပြုသူများ၏ ဆိုးယုတ်သော လုပ်ဆောင်မှုများကို သိရှိသွားပြီး ယင်းကို တိုင်ကြားပါက မည်သည့်အရာကိုမျှ မမြင်ခဲ့မိကြောင်း ၎င်းတို့ပြောဆိုကာ မသိနားမလည်ယောင် ဆောင်လေသည်။...၎င်းတို့မည်သည့်အလုပ်ကို တာဝန်ယူဆောင်ရွက်ပါစေ၊ အန္တိခရစ်တစ်ဦးဖြစ်သည့် လူစားမျိုးသည် ဘုရားအိမ်တော်၏အကျိုးစီးပွားကို မည်သည့်အခါမျှ ထည့်တွက်စဉ်းစားခြင်း မရှိပေ။ ၎င်းတို့၏ကိုယ်ပိုင် အကျိုးစီးပွားများ ထိခိုက်ခြင်း ရှိမည် မရှိမည်ကိုသာ ၎င်းတို့ ဆင်ခြင်တွေးတောသည်၊ ၎င်းတို့ကို အကျိုးပြုသည့် ၎င်းတို့ရှေ့တွင်ရှိသော အလုပ်အနည်းငယ်ကိုသာ စဉ်းစားသည်။ ၎င်းတို့အတွက် အသင်းတော်၏ အဓိကအလုပ်သည် ၎င်းတို့အချိန်ပိုတွင် လုပ်သောအရာတစ်ခုဖြစ်သည်။ ၎င်းတို့သည် လုံးဝ အလေးအနက်မထားပေ။ ဝတ်ကျေတန်းကျေ အားစိုက်ထုတ်မှုတစ်ခုသာ လုပ်ကြသည်။ ၎င်းတို့ လုပ်လိုသည့်အရာကိုသာ လုပ်ဆောင်ကြသည်။ ၎င်းတို့၏ ကိုယ်ပိုင်ရာထူးနှင့် အာဏာကို ထိန်းသိမ်းသည့်အလုပ်ကိုသာ လုပ်ကြသည်။ ၎င်းတို့၏ အမြင်တွင်၊ ဘုရားအိမ်တော်မှ စီစဉ်သည့် မည်သည့်အလုပ်မဆို၊ ဧဝံဂေလိဖြန့်ဝေသည့် အလုပ်နှင့် ဘုရားသခင်ရွေးချယ်သော လူတို့၏ အသက်ဝင်ရောက်မှုတို့သည် အရေးမကြီးပေ။ အခြားလူများသည် မိမိတို့၏အလုပ်၌ မည်သည့်အခက်အခဲများ ရှိပါစေ၊ ၎င်းတို့ မည်သည့်ပြဿနာများကို ဖော်ထုတ်ပြီးဖြစ်ကာ ယင်းတို့ကို တိုင်ကြားပြီးဖြစ်ပါစေ၊ ၎င်းတို့၏စကားများ မည်မျှ ရိုးသားစစ်မှန်ပါစေ၊ အန္တိခရစ်တို့သည် အရေးမထားကြပေ၊ ၎င်းတို့ ပါဝင်ပတ်သက်ခြင်း မရှိပေ၊ ဤအရာက ၎င်းတို့နှင့် မည်သို့မျှ မသက်ဆိုင်သည့်အလားပင် ဖြစ်သည်။ ၎င်းတို့သည် အသင်းတော်၏ကိစ္စများကို လုံးလုံး စိတ်မဝင်စားပေ၊ ဤအရေးကိစ္စများ မည်မျှအဓိကကျပါစေ စိတ်မဝင်စားပေ။ ပြဿနာက ၎င်းတို့၏ရှေ့တည့်တည့်တွင် ရှိလျှင်ပင်၊ ၎င်းတို့က ယင်းကို အင်တင်တင်နှင့် ဝတ်ကျေတမ်းကျေသာ ကိုင်တွယ်လေသည်။ အထက်က တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းခြင်းကို ခံရပြီး ပြဿနာကို ဖြေရှင်းဖို့ အမိန့်ပေးခံရသည့်အခါမှသာလျှင် ၎င်းတို့က တကယ့်အလုပ်အနည်းငယ်ကို ဆောင်ကြီးအောင့်ကြီး လုပ်မည် ဖြစ်ပြီး အထက်ကမြင်ဖို့အတွက် တစ်ခုခုကို ပေးလိမ့်မည်။ မကြာမီတွင် ၎င်းတို့က မိမိတို့၏ကိုယ်ပိုင် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ကြလိမ့်မည်။ အသင်းတော်၏အလုပ်အပေါ်၊ ပို၍ကျယ်ပြန့်သော အခြေအနေ၏ အရေးပါသော အရာများအပေါ် ၎င်းတို့ စိတ်မဝင်စားဘဲ သတိမမူမိကြပေ။ ၎င်းတို့ ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုပင် လျစ်လျူရှုကြသည်။ ပြီးလျှင် ပြဿနာများအကြောင်းကို မေးသောအခါတွင် သင့်ကို ရှင်းထုတ်ပစ်ရန်အတွက် ဝတ်ကျေတန်းကျေ အဖြေများကိုပေးသည်၊ သို့မဟုတ် သူတို့၏ စကားများကို အသုံးပြုကြသည်။ အလွန်အမင်း တွန့်ဆုတ်စွာဖြင့်သာ ထိုပြဿနာများကို ကိုင်တွယ်ကြသည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်ခြင်းနှင့် ယုတ်မာခြင်းတို့၏ သရုပ်သကန် ဖြစ်သည် မဟုတ်လော။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”)ညီအစ်ကိုမောင်နှမများရှိသည့် နေရာနှင့် ဘုရားသခင်အလုပ်လုပ်သည့် နေရာကဲ့သို့သော နေရာများကို ဘုရားသခင်၏ အိမ်တော်ဟု အဘယ်သို့ခေါ်၍ မရနိုင်မည်နည်း။ မည်သည့်ပုံစံဖြင့် ၎င်းတို့က အသင်းတော်များ မဟုတ်သနည်း။ သို့သော် အန္တိခရစ်များသည် ၎င်းတို့၏ ကိုယ်ပိုင်လွှမ်းမိုးမှုစက်ဝန်းအတွင်း၌ ရှိသော အမှုကိစ္စများကိုသာ စဉ်းစား၏။ အခြားနေရာများကို ဂရုမစိုက်ကြပေ။ ပြဿနာတစ်ခုကို ၎င်းတို့ရှာဖွေတွေ့ရှိလျှင်ပင် ဂရုမစိုက်ကြ။ ပို၍ဆိုးသည်မှာ တစ်စုံတစ်ခုက မှားယွင်းပြီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည့်အခါ ၎င်းတို့က အလေးမထားချေ။ အဘယ်ကြောင့် လျစ်လျူရှုရသနည်းဟု ၎င်းတို့ကို မေးမြန်းသောအခါ ‘သင့်ကိစ္စမဟုတ်သည့်အရာကို မှတ်ချက်မပေးနှင့်’ ဟူ၍ ပြောလျက် အဓိပ္ပာယ်မရှိသော အတွေးမှားများကို တင်ပြကြသည်။ ၎င်းတို့၏ စကားများသည် ကျိုးကြောင်းသင့်သည့်ပုံစံ ရှိသည်။ ၎င်းတို့လုပ်ဆောင်သည့် အရာတွင် စည်းဘောင်များကို ၎င်းတို့နားလည်သည့်ပုံစံ ရှိသည်။ ၎င်းတို့၌ အပြင်ပန်းပြဿနာများမရှိသည့်ပုံပေါ်သည်။ သို့သော် အနှစ်သာရက အဘယ်နည်း။ ယင်းသည် ဤကဲ့သို့သော လူတို့၏ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ် သဘာဝဆိုင်ရာ သရုပ်သကန်တစ်ခုဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို မိမိတို့ကိုယ်ကိုအတွက်သာ လုပ်ဆောင်၏။ ၎င်းတို့ကိုယ်တိုင်၏ ကျော်ကြားမှု၊ စည်းစိမ်နှင့် ဂုဏ်အဆင့်အတန်းအတွက်သာ လုပ်ဆောင်သည်။ ၎င်းတို့တာဝန်ကို လုံးဝ မထမ်းဆောင်ကြပေ။ ဤသည်မှာ အန္တိခရစ်တို့ လူ့သဘာဝ၏ သမားရိုးကျ စရိုက်လက္ခဏာ နောက်တစ်ခုဖြစ်သည်။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်း၏။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “အသေးစိတ်ရှင်းလင်းချက် ၄- အန္တိခရစ်များ၏ ထူးခြားသော လက္ခဏာနှင့် ၎င်းတို့၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အဖြစ်အနေတို့ကို အနှစ်ချုပ်ခြင်း (အပိုင်း ၁)”) အန္တိခရစ်များသည် သူတို့၏ ဂုဏ်သတင်းနှင့် ရာထူးကို ကာကွယ်ဖို့အတွက် သူတို့တာဝန် ရှိသည့်အလုပ်ကိုသာ လုပ်မည်ဖြစ်ပြီး အလုပ်၏ ဘက်ပေါင်းစုံနှင့်ပတ်သက်၍ သူတို့ ဂရုမစိုက်ကြသည်ကို ဘုရားနှုတ်ကပတ်တော်များမှတစ်ဆင့် ကျွန်မ သဘောပေါက်ခဲ့သည်။ ယင်းက သူတို့၏ အဓိကတာဝန် မဖြစ်သရွေ့၊ သူတို့၏ အကျိုးစီးပွားများနှင့် မည်သို့မျှ မသက်ဆိုင်သရွေ့၊ ဘုရားအိမ်တော်၏အလုပ် မည်မျှ ထိခိုက်ပါစေ၊ သူတို့သည် အလေးအနက် ထားမည်မဟုတ်ပါ၊ သို့မဟုတ် ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားမည် မဟုတ်ပါ။ အန္တိခရစ်များသည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းကြောင်း၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်အားလုံး ကင်းမဲ့ကြောင်း၊ သူတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ဂရုစိုက်ကြောင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ ထည့်မစဉ်းစားကြောင်းတို့ကို ကျွန်မ မြင်ခဲ့သည်။ ကျွန်မလည်း ထိုကဲ့သို့သာ ဖြစ်သည်ကို သဘောပေါက်လိုက်သည်။ ထိုဗီဒီယို အလုပ်က ကျွန်မတာဝန်မဟုတ်ဟု ထင်ခဲ့သောကြောင့်၊ အစ်ကိုချန်း၌ ပြဿနာများရှိသည်ဟု ညီအစ်ကိုမောင်နှမများက တိုင်သည့်အခါတွင် ကျွန်မက ထိုကိစ္စကို ဖြေရှင်းဖို့ ကတိပေးခဲ့သော်လည်း၊ ကျွန်မ၏ “ဖြေရှင်းချက်”က အစ်မကျန်းကို သတိပေးပြီး သူမကို လေ့လာစုံစမ်းစေကာ ဖြေရှင်းခိုင်းခြင်းသာ ဖြစ်သည်။ နောက်ဆုံးရလဒ်မှာမူ အစ်ကိုချန်းက ပြောင်းရွှေ့ခံရသည်ဖြစ်စေ၊ လူစားလဲခံရသည်ဖြစ်စေ၊ ကျွန်မက စိတ်ဝင်စားမှု မရှိဘဲ အသေးစိတ်ကို နောက်ဆက်တွဲ မစစ်ဆေးခဲ့ပါ။ ဗီဒီယိုအလုပ်က ရလဒ်များ ထွက်မလာသည်ကို ကျွန်မ မြင်သည့်အခါ အစ်မကျန်းကို သတိပေးရုံသာ လုပ်ခဲ့သည်။ သို့သော် ရလဒ်များ ထွက်မလာသည့်အချက်ကို ကျွန်မ အရေးကြီးသည်ဟု မထင်ခဲ့ပါ။ တစ်ဖက်တွင်၊ ကျွန်မက ကိုယ့်တာဝန်ဖြစ်သည့် ဧဝံဂေလိအလုပ်အပေါ် အရမ်း အာရုံစိုက်ခဲ့ပြီးဖြစ်ကာ ကျွန်မ၏ ညီအစ်ကိုမောင်နှမများက ဧဝံဂေလိဟောကြားရာတွင် ပြဿနာများ၊ အခက်အခဲများရှိမရှိကို ကြည့်ဖို့အတွက် သူတို့၏ အခြေအနေများကို သေချာ အာရုံစိုက်သည်။ ပြီးလျှင် ပြဿနာများ ရှိပါက၊ အတူတကွ ဖြေရှင်းဖို့အတွက် ကြီးကြပ်သူများထံ ကျွန်မ ချက်ချင်း သွားခဲ့သည်။ သူတို့၏တာဝန်များကို မသိတတ်သည့် အဖွဲ့ခေါင်းဆောင်များ၊ ကြီးကြပ်သူများကို ကျွန်မ တွေ့သည့်အခါ၊ သို့မဟုတ် သူတို့က မှားယွင်းသော အခြေအနေတွင် ရှိနေသည့်အခါတွင်၊ သူတို့နှင့် ချက်ချင်း မိတ်သဟာယဖွဲ့သည်။ အကြောင်းမှာ သူတို့၏ အခြေအနေများ မပြေလည်ပါက ဧဝံဂေလိ အလုပ်နှောင့်နှေးမည်ကို စိုးသောကြောင့် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ကျွန်မ၏ ခေါင်းဆောင်များကလည်း ကျွန်မ၏ အစွမ်းအစ ညံ့ဖျင်းသည်၊ မစွမ်းဆောင်နိုင်ဘဲ၊ လက်တွေ့အလုပ်ကို မလုပ်နိုင်ဟု ထင်မည် ဖြစ်ကာ၊ ယင်းက ကျွန်မ၏ ရာထူးအတွက် စိုးရိမ်စရာ ဖြစ်ပေမည်။ ကိစ္စနှစ်ခုလုံးသည် ဘုရားအိမ်တော်၏အလုပ်ဖြစ်သည်။ သို့သော် အလုပ်တစ်ခုစီတွင် ကျွန်မက အရေးကြီးသည်ဟု မှတ်ယူသည့်နေရာတွင် ကြီးမားသော ကွာခြားမှု ရှိနေသည်။ ကျွန်မ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့ကို ကာကွယ်ဖို့ ကျွန်မက ဦးနှောက်ခြောက်ခံ စဉ်းစားခဲ့သော်လည်း၊ ကျွန်မတွင် တိုက်ရိုက် တာဝန်မရှိသည့် အလုပ်အပေါ် လုံးလုံး လျစ်လျူရှုခဲ့သည်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းပါသည်။ ထို့အပြင် ဗီဒီယိုအလုပ်က အစ်မကျန်း၏ တာဝန်ဖြစ်ကြောင်း၊ မည်သည့်အမှုထမ်းကိုမဆို ပြောင်းရွှေ့ရာတွင် သူမ ကိုင်တွယ်ရမည် ဖြစ်ကြောင်းနှင့် ထိုအလုပ်တွင် ကျွန်မ တိုက်ရိုက်ဝင်ရောက် စွက်ဖက်ခဲ့လျှင်၊ ကျွန်မက အကျိုးကြောင်းမသင့်သည့် ပုံစံဖြစ်မည် ဖြစ်ကြောင်း ပြောလျက်၊ “မဆိုင်လျှင် ဝင်မရှုပ်နှင့်” ဟူသည်ကို ဆင်ခြေတစ်ခုအဖြစ် ကျွန်မ သုံးခဲ့သည်။ ဤနည်းအားဖြင့် ထိုကိစ္စကို လျစ်လျူရှုဖို့ မှန်ကြောင်းပြ၍ရသည့် ဆင်ခြေတစ်ခုကို ကျွန်မဘာသာ ရှာတွေ့ခဲ့သည်။ ကျွန်မက မိမိ၏တာဝန်ကို တာဝန်မယူဘဲ ထမ်းဆောင်ခဲ့ပြီး လက်တွေ့ပြဿနာများကို မဖြေရှင်းခဲ့ဘဲ ရလဒ်အနေနှင့် အသင်းတော်အလုပ်ကို ထိခိုက်သည်မှာ သိသာပါသည်။ အဆုံးတွင်မူ ကျွန်မက တာဝန်ကနေ ခေါင်းရှောင်ဖို့အတွက် “ကျိုးကြောင်းသင့်မှု” ဟူသည်ကို ဆင်ခြေတစ်ခုအဖြစ် သုံးခဲ့သည်။ ကျွန်မက တကယ်ကို ဉာဏ်များပြီး လှည့်စားခဲ့ပါသည်။ ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားမိသည်။ “ညီအစ်ကိုမောင်နှမများရှိသည့် နေရာနှင့် ဘုရားသခင်အလုပ်လုပ်သည့် နေရာကဲ့သို့သော နေရာများကို ဘုရားသခင်၏ အိမ်တော်ဟု အဘယ်သို့ခေါ်၍ မရနိုင်မည်နည်း။ မည်သည့်ပုံစံဖြင့် ၎င်းတို့က အသင်းတော်များ မဟုတ်သနည်း။” ယင်းက အတိအကျကို မှန်ပါသည်။ အလုပ်၏ သဘာဝက မည်သည့်အရာ ဖြစ်ပါစေ ယင်းသည် ဘုရားအိမ်တော်၏ အလုပ်သာဖြစ်သည်။ သို့သော် ကျွန်မက ဘုရားအိမ်တော်၏အလုပ်ကို လုံးဝ ဂရုမစိုက်ခဲ့ပါ။ ကျွန်မ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ဂရုစိုက်ခဲ့သည်။ ကျွန်မ၌ လူ့သဘာဝ လုံးဝ မရှိပါ။

နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော်အချို့ကို ကျွန်မ ဖတ်ခဲ့ရသည်။ “လူအချို့သည် သမ္မာတရားများစွာကို နားမလည်ကြပေ။ ၎င်းတို့သည် ၎င်းတို့လုပ်သမျှတွင် စည်းမျဉ်းများကို နားမလည်ကြပေ။ ပြဿနာများကို ကြုံတွေ့သောအခါ ကိုင်တွယ်ရန် မှန်ကန်သည့်နည်းလမ်းကို မသိကြပေ။ ဤကိစ္စတွင် မည်သည့်ရာကို ပြုလုပ်ရမည်နည်း။ အနိမ့်ဆုံးသော စံနှုန်းမှာ အသိတရားနှင့်အညီ လုပ်ဆောင်ရန်ဖြစ်သည်။ ဤသည်မှာ အခြေခံဖြစ်သည်။ သင်သည် အသိတရားနှင့်အညီ မည်သို့ လုပ်ဆောင်မည်နည်း။ လုပ်ရမည့် အချက်များမှာ သင်လုပ်ဆောင်သောအခါ စစ်မှန်သည့်စိတ်နှလုံးပေါ်တွင် အမှီပြုပြီး လုပ်ဆောင်ရမည်။ ဘုရားသခင်၏ ကျေးဇူးတော်၊ ကြင်နာမှုနှင့် ထိုက်တန်ရမည်။ ဘုရားသခင်က သင့်ကို ဤအသက်ကိုပေးအပ်ခဲ့ခြင်းနှင့်၊ ကယ်တင်ခြင်းရရှိရန်အတွက် ဤဘုရားသခင်ပေးသော အခွင့်အရေးနှင့် ထိုက်တန်ရမည်။ ဤသည်မှာ အသိတရားနှင့်အညီ လုပ်ဆောင်ခြင်းဖြစ်သလော။ သင်သည် စံနှုန်းများထဲမှ ဤမရှိမဖြစ်လိုအပ်သော အနိမ့်ဆုံးစံနှုန်းကို ပြည့်မီသည်နှင့်တစ်ပြိုင်နက်၊ သင်သည် ကွယ်ကာခြင်းကို ရရှိပြီးဖြစ်လိမ့်မည်။ ကြီးကျယ်သော အမှားများကို ကျူးလွန်မည်မဟုတ်ပေ။ ထိုအခါ သင်သည် ဘုရားသခင်ကို မနာခံရန်၊ သို့မဟုတ် သင်၏တာဝန်များကို အချောင်ခိုရန် အမှုအရာများကို အလွန်လွယ်ကူစွာ လုပ်ဆောင်လိမ့်မည်မဟုတ်သကဲ့သို့ ဝတ်ကျေတမ်းကျေ ပုံစံတစ်ခုဖြင့်‌ပြုမူဖို့ သိပ်အလားအလာရှိလိမ့်မည်မဟုတ်ပေ။ သင်သည် သင်၏ကိုယ်ပိုင်ရာထူး၊ ကျော်ကြားမှု၊ အခွင့်အလမ်းနှင့် အနာဂတ်တို့အတွက် အလွန် ကြံစည်တတ်လေ့ရှိလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အသိတရားက ဆောင်ရွက်သည့် အခန်းကဏ္ဍဖြစ်သည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်ခုလုံးတို့သည် လူတစ်ဦး၏ လူ့သဘာဝ၏ အစိတ်အပိုင်းများ ဖြစ်သင့်သည်။ ယင်းတို့နှစ်ခုလုံးသည် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံး ဖြစ်သည်။ အသိစိတ် ကင်းမဲ့ပြီး သာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရားမရှိသူသည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ ယေဘုယျအားဖြင့် ပြောရလျှင်၊ သူသည် လူ့သဘာဝကင်းမဲ့သူ ဖြစ်သည်၊ ညံ့ဖျင်းသော လူ့သဘာဝကို ပိုင်ဆိုင်သည့်လူတစ်ဦး ဖြစ်သည်။ ပို၍ အသေးစိတ်ကြည့်လျှင် ဤလူသည် လူ့သဘာဝ ပျောက်ဆုံးနေသည့် မည်သည့်သရုပ်သကန်ကို ထုတ်ဖော်ပြသနည်း။ ဤကဲ့သို့သောလူတို့တွင် မည်သည့်စရိုက်လက္ခဏာများကို တွေ့ရပြီး မည်သည့် သီးသန့် သရုပ်သကန်တို့ကို တင်ပြသည်ဆိုသည်ကို ပိုင်းခြားစိစစ်ကြည့်ပါ။ (သူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည်။) တစ်ကိုယ်ကောင်းဆန်ပြီး ကြမ်းတမ်းသည့် လူများသည် မိမိတို့၏ လုပ်ဆောင်ချက်များတွင် ဝတ်ကျေတမ်းကျေဖြစ်ကြပြီး ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မပတ်သက်သည့် မည်သည့်အရာကိုမဆို အဖက်မလုပ်ဘဲ နေတတ်ကြသည်။ ဘုရားသခင်၏အိမ်တော်၏ အကျိုးများကို ၎င်းတို့ အရေးမထားကြသကဲ့သို့၊ ဘုရားသခင်၏ အလိုတော်ကိုလည်း အရေးထားခြင်း မပြကြပေ။ ဘုရားသခင်အတွက် သက်သေခံခြင်း သို့မဟုတ် ၎င်းတို့၏ တာဝန်များကို ဆောင်ရွက်ခြင်း ဝန်ထုပ်ကို သူတို့ တာဝန်မယူကြသကဲ့သို့၊ တာဝန်သိစိတ် မရှိကြပေ။ တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်သည့်အချိန်တိုင်းတွင် ၎င်းတို့ စဉ်းစားကြသည်မှာ မည်သည့်အရာနည်း။ ၎င်းတို့၏ ပထမဦးဆုံးသော စဉ်းစားဆင်ခြင်မှုမှာ၊ ‘ဤအရာကို ကျွန်ုပ် လုပ်လျှင် ဘုရားသခင် သိလိမ့်မည်လော။ ယင်းသည် အခြားလူတို့အဖို့ မြင်သာပါသလော။ ဤအားထုတ်မှုအားလုံးကို ကျွန်ုပ် အသုံးပြုပြီး ဝီရိယရှိရှိ အလုပ်လုပ်သည်ကို အခြားလူတို့ မမြင်ပါက၊ ပြီးလျှင် ယင်းကို ဘုရားသခင်ကလည်း မမြင်ပါက၊ ဤအရာအတွက် ထိုသို့သော အားထုတ်မှုကို ကျွန်ုပ် အသုံးပြုခြင်း သို့မဟုတ် ဆင်းရဲဒုက္ခခံခြင်းသည် အသုံးမဝင်ပေ။’ ဟူ၍ ဖြစ်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်မှု ဖြစ်သည် မဟုတ်လော။ တစ်ချိန်တည်းတွင်၊ ယင်းသည် အလွန်ယုတ်ညံ့သည့် အကြံမျိုးလည်း ဖြစ်ပေသည်။ ၎င်းတို့သည် ဤနည်းဖြင့် တွေးတောပြီး လုပ်ဆောင်သည့်အခါ၊ ၎င်းတို့၏ အသိစိတ်သည် အခန်းကဏ္ဍတစ်ခုတစ်လေ၌ ပါဝင်သလော။ ဤအရာတွင် ၎င်းတို့၏ အသိစိတ်သည် အပြစ်တင်ခြင်း ခံရသလော။ မခံရပေ။ ၎င်းတို့သည် မည်သည့် တာဝန်ကို ထမ်းဆောင်နေပါစေ မည်သည့် တာဝန်ဝတ္တရားကိုမျှ မယူသည့် လူအချို့လည်း ရှိပေသည်။ ၎င်းတို့သည် မိမိတို့ရှာဖွေတွေ့ရှိသည့် ပြဿနာများကိုလည်း ၎င်းတို့၏ အထက်လူကြီးများထံ မတိုင်ကြားကြပေ။ လူများက စွက်ဖက်တတ်ခြင်းနှင့် အနှောင့်အယှက် ဖြစ်စေခြင်းတို့ ဖြစ်သည်ကို မြင်သည့်အခါ၊ ၎င်းတို့ လျစ်လျူရှုကြသည်။ ကောက်ကျစ်သည့် လူများက မကောင်းမှုပြုနေသည်ကို ၎င်းတို့မြင်သည့်အခါတွင်၊ ထိုလူများကို ၎င်းတို့ တားဆီးဖို့ မကြိုးစားကြပေ။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကိုသော်လည်းကောင်း၊ ၎င်းတို့၏တာဝန်နှင့် ဝတ္တရားတို့က အဘယ်အရာ ဖြစ်သည်ကိုသော်လည်းကောင်း စိုးစဉ်းမျှ ထည့်တွက်စဉ်းစားခြင်း မရှိကြချေ။ ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါတွင်၊ ဤကဲ့သို့သော လူများသည် တကယ့်အလုပ် တစ်ခုမျှ မလုပ်ကြပေ။ ၎င်းတို့သည် သက်သောင့်သက်သာရှိခြင်းအတွက် လောဘကြီးသော ‘မှန်ပါ့သမားများ’ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ကိုယ်ပိုင် ဝင့်ဝါမှု၊ သိက္ခာ၊ ဂုဏ်အဆင့်အတန်းနှင့် အကျိုးစီးပွားတို့အတွက်သာ ပြောဆို၊ ပြုမူကြပြီး၊ ၎င်းတို့အတွက် အကျိုးရှိသည့် မည်သည့်အရာမဆိုအတွက် ၎င်းတို့၏အချိန်နှင့် ကြိုးစားအားထုတ်မှုတို့ကို ပေးအပ်မြှုပ်နှံကြမည်မှာ သေချာလေသည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “သင်၏စစ်မှန်သော စိတ်နှလုံးကို ဘုရားသခင်ထံ ပေးပြီး သမ္မာတရားကို သင် ရရှိနိုင်သည်”) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးသည့်နောက်တွင် ကျွန်မစိတ်နှလုံးထဲတွင် စူးရှရှ နာကျင်မှုဝေဒနာကို ခံစားခဲ့ရသည်။ ဆင်ခြင်တုံတရားနှင့် အသိစိတ်ရှိသည့်သူ တစ်ယောက်က ဘုရား၏ ဝန်ထုပ်ကို ထည့်စဉ်းစားသည်။ ဘုရား၏ ပူပင်သောကများကို မျှဝေခံစားပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားအတွက် အစွမ်းကုန် လုပ်ဆောင်သည်။ တစ်ခုခုက ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်သည့်အခါ၊ သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်သည့်အခါတွင် သူတို့က ရှေ့ထွက်ကြသည်။ အသင်းတော်၏ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် သူတို့ကိုယ်ပိုင်အကျိုးစီးပွားကို အထိခိုက်ခံကြသည်။ ဤသည်မှာ ဘုရားအိမ်တော်သား တစ်ဦးဖြစ်ခြင်း၏ အဓိပ္ပာယ်ပင် ဖြစ်သည်။ သို့သော် ကျွန်မ၏ အခြေအနေတွင် အစ်ကိုချန်းက အဖွဲ့ခေါင်းဆောင်အဖြစ် သင့်တော်မှုမရှိဘဲ အလုပ်တိုးတက်မှုကို ထိခိုက်သည်ကို ကျွန်မမြင်သည့်အခါတွင် ယင်းကို ဖြေရှင်းဖို့အတွက် အစ်မကျန်းနှင့်အတူ အလုပ်လုပ်ဖို့ ကျွန်မ မကြိုးစားခဲ့ပါ။ ထိုအစား ကျွန်မက အလုပ်ကို နှောင့်နှေးစေခဲ့သည်။ ယင်းကို ညီအစ်ကိုမောင်နှမများက ထပ်ပြီး မတိုင်ကြားခဲ့ပါက၊ သို့မဟုတ် ဗီဒီယိုအလုပ်က အလွန် ထိခိုက်နှင့်ပြီးဖြစ်သည်ကို ကျွန်မ မမြင်ခဲ့ပါက၊ ကျွန်မက အစ်ကိုချန်းကို အမြန်ထုတ်ဖို့ အစ်မကျန်းကို တိုက်တွန်းမိမည် မဟုတ်ပါ။ ယခုအခါတွင် အစ်ကိုချန်းကို ထုတ်ပြီးသွားပြီဖြစ်သော်လည်း၊ လနှင့်ချီပြီး နှောင့်နှေးပြီးသည့်နောက်တွင် လူ့စွမ်းအားနှင့် အရင်းအမြစ်ကို မည်သို့ ပြန်လည် ဖြည့်ဆည်းပေးနိုင်မည်နည်း။ သမ္မာတရားကို ကျွန်မ လိုက်စားနိုင်အောင်၊ တာဝန်ကိုသိတတ်ပြီး ကျွန်မ၏ တာဝန်၌ သစ္စာရှိအောင်၊ အသင်းတော်အလုပ်တွင် ရှိသည့် ပြဿနာ အမျိုးမျိုးကို အချိန်မီ ရှာဖွေပြီး ဖြေရှင်းနိုင်အောင်၊ လက်တွေ့အလုပ်ကို လုပ်နိုင်အောင် မျှော်လင့်ချက်ဖြင့်၊ ကျွန်မတာဝန်ကို ထမ်းဆောင်ဖို့၊ ခေါင်းဆောင်အဖြစ် လက်တွေ့လုပ်ဆောင်ဖို့ အခွင့်အရေးကို ဘုရားက ကျွန်မကို ပေးခဲ့သည်။ သို့သော် ကျွန်မက “ပုဂ္ဂိုလ်ရေးအရ မထိခိုက်ပါက အကြောင်းကိစ္စများကို လက်လွှတ်လိုက်ပါ” “ကိုယ့်အလုပ်ကိုယ်လုပ်” “ပြဿနာနည်းလေပိုကောင်းလေ” တို့ကဲ့သို့ ဆိုးယုတ်သည့် အဆိပ်များနှင့် အသက်ရှင်ခဲ့သည်။ ကျွန်မက ကျွန်မတာဝန်ရှိသည့်အလုပ်ကိုသာ အလေးထားခဲ့သည်။ ကျွန်မ အကျိုးစီးပွား၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းများနှင့် လုံးဝ မသက်ဆိုင်သည့်ကိစ္စများကို ကျွန်မက လုံးဝ မကိုင်တွယ်ချင်ခဲ့ပါ။ ကျွန်မ၏ တာဝန်တွင် ဘုရားအိမ်တော်၏အလုပ်အတွက် ဘာမျှအရေးမစိုက်ဘဲ ကျွန်မ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုသာ ကာကွယ်ခဲ့သည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများ ထိခိုက်နေသည်ကို ကျွန်မ မြင်သည့်အခါတွင် လုံးဝ ဂရုမစိုက်ခဲ့ပါ၊ သို့မဟုတ် ကူညီဖို့ မကြိုးစားခဲ့ပါ။ ကျွန်မက မည်သည့်အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမျှ မရှိဘဲ အရမ်းကို တစ်ကိုယ်ကောင်းဆန်ပြီး ဂရုမစိုက်ခဲ့ပါ။ အမှန်မှာမူ ကျွန်မက လုံးလုံးလျားလျား ကျွန်မတာဝန်ဖြစ်သည့်အလုပ်ကို လုပ်ခဲ့ပြီး ကျွန်မတာဝန်များကို ဖြည့်ဆည်းခဲ့လျှင်ပင် ကျွန်မလုပ်သမျှ အရာရာတိုင်းက သမ္မာတရားကို လက်တွေ့လုပ်ဆောင်ဖို့၊ ဘုရားကို ကျေနပ်စေဖို့၊ သို့မဟုတ် ဖန်ဆင်းခံတစ်ယောက်၏ တာဝန်ကို ဖြည့်ဆည်းဖို့မဟုတ်ဘဲ ကျွန်မ၏ ကိုယ်ပိုင် ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် ကိုယ့်အကျိုးစီးပွားများကို ကာကွယ်ဖို့အတွက်သာ ဖြစ်ပါသည်။ အဆုံးတွင် ကျွန်မက ဘုရားအိမ်တော်သားဖြစ်ကြောင်း ဘုရားက လက်ခံမည်မဟုတ်ပါ၊ သို့မဟုတ် ခွင့်ပြုမည် မဟုတ်ပါ။ ကျွန်မက နောင်တရပြီး မပြောင်းလဲခဲ့လျှင် ဘုရားကို အာခံသည့်အတွက် ဘုရားက ငြင်းပယ်ပြီး ဖယ်ရှားခြင်းကို အနှေးနှင့်အမြန် ခံရမည်ဖြစ်သည်။ ဤအရာကို ကျွန်မ သဘောပေါက်လိုက်သည်နှင့် ကျွန်မ နောင်တရချင်ကြောင်း ပြောဖို့ ဘုရားကို ဆုတောင်းလိုက်သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်များ၏ တာဝန်များနှင့်ပတ်သက်သည့် ဘုရား၏ မိတ်သဟာယကို ကျွန်မ တွေးမိသည်။ ထိုထဲမှ တစ်ခုက “လူတို့ကို မသင့်မလျော် အသုံးပြုခြင်းကြောင့် ဆုံးရှုံးမှုများကို တားဆီးရန်၊ သို့မဟုတ် လျော့ပါးစေရန်နှင့် အလုပ်၏ ခရီးရောက်မှုနှင့် ချောချောမွေ့မွေ့ တိုးတက်မှုကို သေချာစေရန် မတူညီသောအလုပ်ကို ကြီးကြပ်သူများနှင့် အရေးကြီးသော လုပ်ငန်းအမျိုးမျိုးအတွက် တာဝန်ယူထားရသော အမှုထမ်းများ၏ အခြေအနေများကို ရင်ပေါင်တန်းလိုက်ပြီး သူတို့ကို လိုအပ်သလို ပြန်လည်ခန့်ခွဲထားခြင်း၊ သို့မဟုတ် အစားထိုးခြင်းတို့ကို မဆိုင်းမတွ ပြုလုပ်လော့။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၁)) ကျွန်မကို အလေးအနက်ခံစားမိစေသည့် နောက်ထပ် ဘုရားနှုတ်ကပတ်တော်နှစ်ပိုဒ်ရှိသေးသည်။ ဘုရားသခင် ပြောသည်မှာ- “အလုပ်အမျိုးမျိုးရှိ ကြီးကြပ်သူများနှင့် အရေးပါသည့် အလုပ်အတွက် တာဝန်ရှိသော ဝန်ထမ်းများ— ၎င်းတို့သည် သမ္မာတရား စစ်မှန်မှုကို ပိုင်ဆိုင်ခြင်းရှိသလော။ ၎င်းတို့၏ လုပ်ရပ်များတွင် စည်းမျဉ်းရှိသလော။ အသင်းတော်အလုပ်ကို၊ လုပ်နိုင်သလောဆိုသည်မှာ အလွန်အရေးပါသလော၊ အလွန် အရေးကြီးသလော။ (အရေးကြီးသည်။) အမျိုးမျိုးသော ပရောဂျက်များကို ဦးဆောင်သော အဓိက ကြီးကြပ်သူများ၏ အခြေအနေကို ခေါင်းဆောင်များနှင့် အမှုဆောင်များက အတိအကျ နားလည်ပြီး သင့်တော်သော ချိန်ညှိမှုများ ပြုလုပ်လျှင် ယင်းသည် အလုပ်အစီအစဉ်တစ်ခုကို ကာကွယ်နေခြင်းဖြစ်သည်။ ယင်းသည် ၎င်းတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်းနှင့် ညီမျှသည်။ ဤအမှုထမ်းများကို မှန်ကန်စွာ မစီစဉ်ထားဘဲ ပြဿနာတစ်ခု ပေါ်ပေါက်လျှင် အသင်းတော်၏အလုပ်သည် အလွန်ပင် ထိခိုက်လိမ့်မည်။ ဤအမှုထမ်းများသည် လူ့သဘာဝကောင်းရှိလျှင်၊ ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ်တစ်ခုကို ပိုင်ဆိုင်လျှင်၊ ကိစ္စများကို ကိုင်တွယ်ရာ၌ တာဝန်သိတတ်လျှင်၊ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်လျှင် ၎င်းတို့ကို အလုပ်ကို ဦးဆောင်စေခြင်းသည် ပြဿနာ အလွန်နည်းလိမ့်မည်။ အရေးကြီးသည့်အရာမှာ အလုပ်သည် ချောမွေ့စွာ ရှေ့ဆက်နိုင်ဖို့ဖြစ်သည်။ သို့သော် အဖွဲ့များ၏ ကြီးကြပ်သူများက အားကိုး၍ မရလျှင်၊ လူ့သဘာဝညံ့ဖျင်းပြီး ကောင်းမွန်စွာ ပြုမူခြင်းမရှိလျှင်၊ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်လျှင်၊ ထို့အပြင် အနှောင့်အယှက်များဖြစ်ပေါ်စေနိုင်ခြေရှိလျှင် ၎င်းတို့သည် ကိစ္စများကို ရှုပ်ထွေးအောင် ပြုလုပ်မည်မှာ သေချာသည်။ ယင်းသည် အသင်းတော်အလုပ်တစ်ခုလုံးအား ထိခိုက်လိမ့်မည်။ ရွေးချယ်ခြင်းခံရသောသူများ၏ အသက်ဝင်ရောက်မှုကို ထိခိုက်လိမ့်မည်။ ထိခိုက်မှုက သေးငယ်မည်မဟုတ်ပေ။ ကြီးကြပ်သူများသည် ၎င်းတို့၏ ဝတ္တရာများနှင့်ပတ်သက်ပြီး အလေးအနက်မထားရုံမျှ၊ သို့မဟုတ် လျစ်လျူရှုရုံမျှ ဖြစ်ပါက ဤသည်မှာ အလုပ်၌ နှောင့်နှေးမှုများ ဖြစ်စေနိုင်သည်။ တိုးတက်မှုသည်လည်း အတော်အတန် နှေးကွေးလိမ့်မည်ဖြစ်ပြီး အလုပ်သည်လည်း ခရီးရောက်မှု အတော်အတန် နည်းလိမ့်မည်။ သို့ရာတွင် ၎င်းတို့သည် အန္တိခရစ်များဖြစ်ပါက ပြဿနာက ကြီးလေး၏။ ဤသည်မှာ အလုပ်က အနည်းငယ် ခရီးရောက်မှုမရှိခြင်းနှင့် ထိရောက်မှု မရှိခြင်း ပြဿနာမဟုတ်ပေ— ၎င်းတို့သည် ၎င်းတို့တာဝန်ယူရသည့် အလုပ်အားလုံးကို နှောင့်ယှက်ပြီး ထိခိုက်လိမ့်မည်။ထို့ကြောင့် ပရောဂျက်၏ ကြီးကြပ်သူတိုင်းနှင့် အခြားအရေးကြီးသောအမှုထမ်းများ၏ အခြေအနေကို သိထားခြင်း၊ အချိန်မီချိန်ညှိခြင်းများ၊ ထုတ်ပယ်ခြင်းများပြုလုပ်ခြင်းသည် ခေါင်းဆောင်နှင့် အမှုဆောင်များ ရှောင်နိုင်သည့် တာဝန်ဝတ္တရားတစ်ခုမဟုတ်ပေ။ ယင်းသည် အလွန်လေးနက်ပြီး အလွန်အရေးကြီးသော အလုပ်ဖြစ်သည်။ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များသည် ကြီးကြပ်သူအမျိုးမျိုးနှင့် အဓိကအမှုထမ်းများ၏ ပင်ကိုစရိုက်နှင့် သမ္မာတရားအပေါ် သဘောထားအပြင် အဆင့်တိုင်းရှိ ထိုသူတို့၏အခြေအနေနှင့် သရုပ်သကန်တို့ကို အစဉ်သိနေဖို့ ကြိုးစားနိုင်ပြီး အခြေအနေအရ ဤအမှုကိစ္စများကို မဆိုင်းမတွ ညှိနှိုင်းနိုင်ပါက၊ သို့မဟုတ် ကိုင်တွယ်နိုင်ပါက အလုပ်သည် တည်ငြိမ်စွာ ရှေ့ဆက်နိုင်သည်။ ဆန့်ကျင်ဘက်အားဖြင့် ဤလူများသည် အသင်းတော်များတွင် စည်းလွတ်ဘောင်လွတ် သောင်းကျန်းပြီး တကယ့်အလုပ်ကို မလုပ်ပါဘဲ ခေါင်းဆောင်များ နှင့် အမှုဆောင်များကလည်း ဤအရာကို ဖော်ထုတ်ခြင်းနှင့် စေ့စပ်ညှိနှိုင်းမှုများလုပ်ခြင်း၌ မဆိုင်းမတွ လုပ်ဆောင်ခြင်း မရှိပါက၊ ပြီးလျှင် အဆုံး၌ ပြဿနာများကို ခွဲခြားမဖော်ထုတ်ခင်တွင် အလုပ်သည် ပျက်စီးနေပြီး ဤသည်မှာ ပြဿနာများ ဆိုးရွားလာသည့်အခါမှ ထိုပြဿနာများကို ကိုင်တွယ်ပြီး ထို့နောက်မှ ညှိနှိုင်း၊ ပြုပြင်ပြီး အခြေအနေကို ပြန်လည်ကောင်းမွန်အောင်ပြုလုပ်ရန် သာမန်ကာလျှံကာဖြင့်ကြိုးစားသည့် အဓိပ္ပာယ်ဖြစ်လျှင် ထိုသို့သော ခေါင်းဆောင်များ နှင့် အမှုဆောင်များသည် ၎င်းတို့၏ဝတ္တရားများ၌ လုံးလုံး အရေးနိမ့်ကြပြီးဖြစ်လေသည်။ ၎င်းတို့သည် အယောင်ဆောင် ခေါင်းဆောင်များ ဖြစ်ပေ၏။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃))အယောင်ဆောင် ခေါင်းဆောင်များသည် အဖွဲ့ကြီးကြပ်သူများ၏ တကယ့်အခြေအနေကို မည်သည့်အခါတွင်မျှ သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြသကဲ့သို့ အဖွဲ့ကြီးကြပ်သူများနှင့် အရေးကြီးသည့် အလုပ်အတွက် တာဝန်ရှိသော အမှုထမ်းများ၏ အသက်ဝင်ရောက်မှုအပြင် အလုပ်နှင့် တာဝန်အပေါ်ထားသော သဘောထား၊ ဘုရားသခင်အား ယုံကြည်မှု၊ သမ္မာတရားနှင့် ဘုရားသခင်အပေါ်ထားသော သဘောထား၊ ဘုရားသခင်အား ယုံကြည်မှုတို့နှင့် စပ်လျဉ်းသည့် အခြေအနေကို သိအောင်မလုပ်ကြ၊ သို့မဟုတ် မျက်ခြည်မပြတ် မစောင့်ကြည့်ကြ၊ သို့မဟုတ် သဘောပေါက်ဖို့ မကြိုးပမ်းကြပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် ၎င်းတို့၏ ပြောင်းလဲခြင်းများ၊ ၎င်းတို့၏ တိုးတက်မှု၊ သို့မဟုတ် ၎င်းတို့၏ အလုပ်ကာလတစ်လျှောက် ထွက်ပေါ်လာသည့် ပြဿနာအမျိုးမျိုး၊ အထူးသဖြင့် အသင်းတော်အလုပ်နှင့် ဘုရားသခင်ရွေးချယ်ထားသောသူများ၊ အမျိုးမျိုးသော အလုပ်အဆင့်အချိန်ကာလအတွင်းတွင် ဖြစ်ပေါ်သော အမှားများနှင့် လွဲချော်မှုများအပေါ် သက်ရောက်ခြင်းနှင့် ပတ်သက်သောအခါတွင် မိမိတို့ကိုယ်ကို သိရှိထားစေရန် မပြုလုပ်ကြပေ။ အယောင်ဆောင်ခေါင်းဆောင်များသည် ဤအမှားများနှင့် လွဲချော်မှုများကို ကိုင်တွယ်ပြီးခြင်းရှိမရှိနှင့်ပတ်သက်၍ အဘယ်အရာကိုမျှ မသိကြပေ။ ဤအသေးစိတ်အချက်များနှင့် ပတ်သက်၍ အဘယ်အရာကိုမျှ မသိကြဘဲ ပြဿနာပေါ်ပေါက်သည့်အခါတွင် ၎င်းတို့သည် မတုန်မလှုပ် ဖြစ်လာကြသည်။ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်သည့်အခါတွင် ၎င်းတို့သည် ဤအသေးစိတ်အချက်များနှင့်ပတ်သက်၍ ၎င်းတို့ ဂရုမစိုက်ကြချေ။ အုပ်စုကြီးကြပ်သူများကို စီစဉ်ရုံမျှ စီစဉ်ပေးလိုက်ပြီး၊ ထို့နောက်တွင် အလုပ်ကို လွှဲပြောင်းပြီးသည့်နောက် ၎င်းတို့၏ လုပ်ငန်းတာဝန် ပြီးဆုံးပြီဟု ယူဆကြသည်။ ဤအရာဖြင့် ၎င်းတို့၏အလုပ်ပြီးမြောက်ကာ၊ မည်သည့် နောက်ဆက်တွဲပြဿနာမျှ ၎င်းတို့နှင့်မသက်ဆိုင်ဟု ယုံကြည်ကြသည်။ အကြောင်းမှာ အယောင်ဆောင်ခေါင်းဆောင်များသည်် အုပ်စုအသီးသီး၏ ကြီးကြပ်သူများကို ကြီးကြပ်ကွပ်ကဲနိုင်ခြင်း၊ လမ်းပြနိုင်ခြင်းနှင့် နောက်ဆက်တွဲ အလုပ်လုပ်နိုင်ခြင်း မရှိကြသောကြောင့်၊ ၎င်းတို့သည် ဤနယ်ပယ်များ၌ မိမိတို့၏တာဝန်များကို မဖြည့်ဆည်းနိုင်သောကြောင့်၊ အလုပ်သည် ပျက်စီးရလေသည်။ ဤသည်မှာ ခေါင်းဆောင်တစ်ဦး၊ သို့မဟုတ် အမှုတော်ဆောင်တစ်ဦးအနေဖြင့် ပေါ့ဆခြင်းဆိုသည့် အဓိပ္ပာယ်ရပေသည်။ ဘုရားသခင်သည် လူသား၏ အတွင်းအကျဆုံး ဖြစ်တည်မှုကို ကြည့်ရှုသည်။ လူတို့သည် ဤစွမ်းရည်မရှိပေ။ ထို့ကြောင့် ၎င်းတို့အလုပ်လုပ်သောအခါ ပို၍ လုံ့လရှိရမည်။ ပို၍ အာရုံစိုက်သင့်ပြီး အမှုအရာများကို စစ်ဆေးရန်၊ ကြီးကြပ်ရန်၊ လမ်းပြမှုပေးရန်အတွက် အလုပ်ဆောင်ရွက်နေသောနေရာသို့ မကြာခဏသွားသင့်သည်။ ထိုအခါမှသာ အသင်းတော်အလုပ်သည် ပုံမှန် ရှေ့ဆက်နေသည်ကို ၎င်းတို့ သေချာစေနိုင်သောကြောင့်ဖြစ်သည်။ သိသိသာသာပင် အယောင်ဆောင်ခေါင်းဆောင်များသည် ၎င်းတို့အလုပ်တွင် တာဝန် မသိတတ်ကြပေ။ ၎င်းတို့သည် အလုပ်ကို စီစဉ်သောအခါ အစကတည်းက တာဝန်မသိတတ်ကြပေ။ ၎င်းတို့သည် မည်သည့်အခါမျှ မကြီးကြပ်ပေ။ ဆက်မလုပ်ဆောင်ပေ။ လမ်းပြပေးခြင်းမရှိပေ။ ရလဒ်အနေဖြင့် ပြဿနာမျိုးစုံ ပေါ်နေပြီး ကြီးကြပ်သူအချို့က အမှုကိစ္စများကို ကိုင်တွယ်ရန် အရည်အချင်းမရှိသောအခါတွင် ထိုကြီးကြပ်သူများသည် ကြီးကြပ်သူအဖြစ် ဆက်လက်ရှိနေခွင့် ပေးခံထားရသည်။ အဆုံးတွင် အလုပ်သည် ထပ်ခါထပ်ခါ နှောင့်နှေးနေသည်။ ပြဿနာမျိုးစုံက မပြေလည်ဘဲ ကျန်ရှိနေပြီး အလုပ်က ပျက်စီးသွားသည်။ ဤသည်မှာ အယောင်ဆောင်ခေါင်းဆောင်က ကြီးကြပ်သူများကို နားလည်ပြီး ကြီးကြပ်ရန်၊ ၎င်းတို့နှင့် ဆက်လက်ဆောင်ရွက်ရန် ပျက်ကွက်ခြင်း၏ ရလဒ်ဖြစ်သည်။ ယင်းသည် အယောင်ဆောင်ခေါင်းဆောင်များ၏ တာဝန်အပေါ် ပျက်ကွက်ခြင်းသက်သက်သာဖြစ်သည်။ ကြီးကြပ်သူများက ၎င်းတို့အလုပ်ကို မှန်မှန်ကန်ကန်လုပ်ခြင်းရှိမရှိ၊ တကယ့်အလုပ်ကို လုပ်ပြီးခြင်းရှိမရှိနှင့်ပတ်သက်လျှင် အယောင်ဆောင်ခေါင်းဆောင်များက စစ်ဆေးမှုများ မဆောင်ရွက်သောကြောင့် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မကြာခဏပင် သိအောင်မလုပ်ကြသကဲ့သို့ အခြေအနေနှင့်ဆိုင်သည့် နောက်ဆုံးပေါ် သဘောပေါက်နားလည်မှု ၎င်းတို့၌ မရှိကြသောကြောင့် ကြီးကြပ်သူများက မည်မျှကောင်းစွာ အလုပ်လုပ်နေကြသည်၊ မည်သည့်တိုးတက်မှုကို ၎င်းတို့ဖန်တီးနေကြသည်ဆိုသည်နှင့် ၎င်းတို့က လက်တွေ့ကျသော အလုပ်ကို လုပ်နေကြခြင်းဟုတ်မဟုတ်၊ သို့မဟုတ် အထက်အရပ်ကို ဝတ်ကျေတမ်းကျေ ကိုင်တွယ်ရန် မန္တာန်များကိုသာ ဟစ်အော်ပြီး အပေါ်ယံဖြစ်စဉ်အချို့ကို အသုံးပြုနေကြခြင်းသာ ဟုတ်မဟုတ်ဆိုသည်တို့ကို ၎င်းတို့ဘာမျှမသိကြချေ။ အချို့သော ကြီးကြပ်သူများ၏ အလုပ်နှင့် မည်သည့်အလုပ်အတိအကျတွင် ထိုသူတို့ပါဝင်ကြသည်ဆိုသည့်အကြောင်းကို အမေးခံရချိန်တွင် ၎င်းတို့က ‘ကျွန်ုပ်မသိပါ- မည်သို့ပင်ဖြစ်စေ သူတို့က အစည်းအဝေးတိုင်းကို တက်သည်။ သူတို့နှင့် အလုပ်အကြောင်းကို ပြောဆိုဆွေးနွေးသည့်အခါတိုင်းတွင် သူတို့က ပြဿနာ၊ သို့မဟုတ် အခက်အခဲ တစ်ခုခုရှိသည်ဟု မပြောကြပါ။’ ဟု ပြန်ဖြေကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ၏ အသိပညာ အတိုင်းအတာ ဖြစ်သည်။ ကြီးကြပ်သူများက ၎င်းတို့၏ တာဝန်ဝတ္တရားများကို ခေါင်းရှောင်ခြင်းမရှိဘဲ အစဉ်ပင် တာဝန်အတွက် ဖြစ်နေသရွေ့ ဤကြီးကြပ်သူက ပြဿနာမရှိပေဟု၎င်းတို့အနေဖြင့် တလွဲယုံကြည်ကြသည်။ ဤသည်မှာ အယောင်ဆောင် ခေါင်းဆောင်များ အလုပ်လုပ်ပုံဖြစ်သည်။ ယင်းက အယောင်ဆောင်မှု၏ အမှတ်အသားဟုတ်သလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ဝတ္တရားကို ဖြည့်ဆည်းရန် ပျက်ကွက်နေခြင်း ရှိသလော၊ မရှိသလော။ ဤသည်မှာ အလွန်ဆိုးရွားသည့် တမင်တာဝန်ပျက်ကွက်ခြင်း ဖြစ်သည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၃)) သင့်တော်သည့်သူက ကြီးကြပ်မှသာ ပရောဂျက်တစ်ခုစီတိုင်းက ချောချောမွေ့မွေ့နှင့် ရှေ့ဆက်နိုင်မည် ဖြစ်သောကြောင့်၊ ခေါင်းဆောင်များနှင့် အမှုတော်ဆောင်များ၏ အဓိကတာဝန်များထဲမှ တစ်ခုက ပရောဂျက်တစ်ခုစီတိုင်းတွင် သင့်တော်သည့်သူကို ထားဖို့ဖြစ်ကြောင်း ဘုရားနှုတ်ကပတ်တော်မှ ကျွန်မ နားလည်ခဲ့ပါသည်။ ဤအရာက ကိုယ့်တာဝန်ဝတ္တရားကို ဖြည့်ဆည်းခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ ဦးဆောင်သည့်သူက အစွမ်းအစနည်းပါက၊ လက်တွေ့အလုပ်ကို မလုပ်နိုင်ပါက၊ သို့မဟုတ် လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပါက၊ အစွမ်းအစအချို့ရှိသော်လည်း တာဝန်ကို လျစ်လျူရှုပါက၊ လမ်းမှန်ကိုမလျှောက်ပါက၊ သို့မဟုတ် ကိုယ့်တာဝန်ကို မှန်မှန်ကန်ကန် မထမ်းဆောင်ပါက၊ ဤအရာက ဘုရားအိမ်တော်၏အလုပ်ကို နှောင့်နှေးစေမည်ဖြစ်ပြီး သူတို့၏ တာဝန်နယ်ပယ်ထဲတွင်ရှိသည့် ညီအစ်ကိုမောင်နှမများကိုလည်း ထိခိုက်မည်ဖြစ်သည်။ ကြီးကြပ်သည့်သူက မကောင်းမှုပြုသူ၊ အန္တိခရစ်တစ်ယောက်ဖြစ်နေပြီး အချိန်မီ လူစားမလဲလျှင် အဆုံးတွင် ဘုရားအိမ်တော်ကို ပြင်းထန်သော အနှောင့်အယှက်များနှင့် ထိခိုက်မှုများသာ ဖြစ်စေလိမ့်မည်၊ သို့မဟုတ် အလုပ်ကိုပင် လုံးဝ ရပ်ဆိုင်းသွားစေမည်ဖြစ်သည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များက ကြီးကြပ်သည့်လူများကို ရွေးချယ်ပြီးသည့်နောက်တွင် နောက်ဆက်တွဲ အလုပ်ကို စစ်ဆေးပြီး သူတို့၏အလုပ်ကို ပုံမှန်ကြီးကြပ်ရမည်၊ သူတို့တာဝန်များတွင် လမ်းလွဲမှုများနှင့် ပြဿနာများအကြောင်းကို သိအောင်လုပ်ပြီး လမ်းလွဲမှုများနှင့် ပြဿနာများကြောင့် အလုပ်အပေါ် ထိခိုက်မှုကို လျှော့ချဖို့အတွက်၊ ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရား အခြေခံသဘောတရားများအပေါ် အချိန်မီ မိတ်သဟာယပြုပေးပြီး ဤပြဿနာများကို ကူညီဖြေရှင်းပေးရမည်။ အလုပ်ကို ပုံမှန်ရှေ့ဆက်နိုင်အောင် သေချာစေဖို့အတွက် မသင့်တော်သည့် ကြီးကြပ်သူများကိုလည်း ချက်ချင်း ရွှေ့ပြောင်းသင့်သည်၊ သို့မဟုတ် ထုတ်ပယ်သင့်သည်။ ဤသည်မှာ ခေါင်းဆောင်တစ်ယောက်၏ တာဝန်ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်သည် သင့်တော်မှု မရှိသည့် ဦးဆောင်သူများကို မထုတ်ပယ်မီ သူတို့က အလုပ်ကိုထိခိုက်ပြီး ကြီးမားသော နစ်နာမှုများဖြစ်စေသည်အထိ စောင့်နေလျှင် သူတို့၏တာဝန်၌ တာဝန်ပျက်ကွက်ခြင်း ဖြစ်ပြီးလိမ့်မည်။ ပြန်ပြောင်းတွေးလိုက်လျှင်၊ ကျွန်မက အစ်ကိုချန်း၏အလုပ်အတွက် တိုက်ရိုက် တာဝန်မရှိသည့်တိုင်၊ အသင်းတော်ခေါင်းဆောင် တစ်ယောက်အနေနှင့် ညီအစ်ကိုမောင်နှမများက သူနှင့်ပတ်သက်သည့် ပြဿနာများကို ကျွန်မကို တိုင်ကြားခဲ့သောကြောင့် ကျွန်မက ဘုရားအိမ်တော်၏အလုပ်ကို ကာကွယ်ဖို့အတွက် လေ့လာစုံစမ်းပြီး နောက်ဆက်တွဲ ဆက်လုပ်ဖို့ တာဝန်ရှိသည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ သို့သော် ကျွန်မက တာဝန်မသိသည့် သဘောထားကို ဆုပ်ကိုင်ထားပြီး အခြေအနေကို လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် ပြဿနာကို ဖြေရှင်းဖို့ နှောင့်နှေးသွားပြီး အလုပ်ကို ထိခိုက်စေခဲ့သည်။ ဤအရာက အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၏ အပြုအမူ အတိအကျ ဖြစ်သည်မဟုတ်ပါလား။ တစ်ချိန်တည်းတွင်ပင် အစ်မကျန်းအကြောင်းကို ကျွန်မ စဉ်းစားမိသည်။ သူမက အစ်ကိုချန်း၏ အလုပ်ကို ကြီးကြပ်ရပြီး သူနှင့် အမြဲတမ်း အဆက်အသွယ်ရှိသည်။ ဤအချိန်ကာလအတွင်းတွင် အစ်ကိုချန်းက ပြဿနာရှိကြောင်းကို ကျွန်မ သူမကို အကြိမ်အနည်းငယ် သတိပေးခဲ့သည်။ သို့သော် သူမက အစ်ကိုချန်း၏ အခြေအနေကို လိုက်ကြည့်ပြီး စုံစမ်းခဲ့ပါသလား။ သူမသာ စုံစမ်းခဲ့လျှင် အစ်ကိုချန်းက အဖွဲ့ခေါင်းဆောင် ဖြစ်ဖို့ မသင့်တော်ကြောင်း သူမ မြင်မည်ဖြစ်သည်။ သို့ဆိုလျှင် သူမက အစ်ကိုချန်းကို အဘယ့်ကြောင့် လူစားမထိုးခဲ့ရသနည်း။ အစ်ကိုချန်းက ပြဿနာရှိသည်ကို သူမ သိခဲ့ပြီး လူစားမထိုးခဲ့ပါက သူမက ဘုရားသခင် ထုတ်ဖော်ပြသည့် အယောင်ဆောင် ခေါင်းဆောင်များထဲမှ တစ်ယောက်ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်မ အစ်မကျန်းကို အခြေအနေနှင့်ပတ်သက်၍ မေးလိုက်သည်။ သို့သော် သူမက အစ်ကိုချန်းကို မရိပ်စားမိခဲ့ကြောင်း၊ ကျွန်မက သူမကို သတိပေးခဲ့သည့်အချိန်က သူမက အလေးအနက် မထားခဲ့သကဲ့သို့၊ အစ်ကိုချန်း၏ လုပ်ကိုင်မှုများကို အသေးစိတ် မစူးစမ်းခဲ့ကြောင်း ပြောခဲ့လေသည်။ အစ်မကျန်းက သူမ၏တာဝန်ကို ဖြည့်ဆည်းရာတွင် လုံးဝ တာဝန်မယူခဲ့သကဲ့သို့၊ လက်တွေ့ကျသည့် ပြဿနာများကိုလည်း မဖြေရှင်းခဲ့သည်ကို ကျွန်မ သဘောပေါက်လိုက်သည်။ ဤသည်မှာ အရမ်းကို လျစ်လျူရှုခြင်းပင် ဖြစ်သည်။ ဤအချိန်တွင်ပင် ကျွန်မ၏ခေါင်းဆောင်များက အစ်မကျန်းအပေါ် ညီအစ်ကိုမောင်နှမများ၏ အကဲဖြတ်ချက်နှစ်ခုကို ကျွန်မထံ ပို့လိုက်သည်။ အစ်မကျန်းက တာဝန်ခံယူစိတ်လုံးဝမရှိဘဲ သူမ၏ တာဝန်များ ထမ်းဆောင်ပြီး ညီအစ်ကိုမောင်နှမများနှင့် စည်းဝေးပွဲများအတွင်းတွင် တစ်ခါတစ်ရံ အိပ်ငိုက်နေကြောင်းနှင့် အလုပ်ကို အချိန်မီ ဆက်မလုပ်ကြောင်း၊ ယင်းက အလုပ်တိုးတက်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ကြောင်းတို့ကို သူတို့က တင်ပြထားသည်။ ဤပြဿနာများ ဖြစ်လာသည့်အခါတွင် သူမက ကိုယ့်ကိုယ်ကိုယ် ပြန်ဆင်ခြင်မကြည့်ခဲ့ပါ။ ဤအကဲဖြတ်ချက် နှစ်ခုကို ဖတ်ရှုပြီးသည့်နောက်တွင် အစ်မကျန်းက အယောင်ဆောင်ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်း ကျွန်မ ပို၍ပင် သေချာသွားခဲ့သည်။ ကျွန်မက တစ်ကိုယ်ကောင်းဆန်နေခဲ့ကာ၊ စက်ဆုပ်စရာကောင်းနေခဲ့ပြီး အစ်ကိုချန်း၏ အခြေအနေနှင့်စပ်လျဉ်း၍ တာဝန်မသိတတ်ပါ၊ ပြီးလျှင် သူ့ကို ကျွန်မ အချီန်မီမထုတ်နိုင်ခဲ့ခြင်းက ဗီဒီယိုအလုပ်တွင် နှောင့်နှေးမှုများ ဖြစ်စေခဲ့ကြောင်း သိခဲ့ပါသည်။ ယခု အစ်မကျန်း၏ ပြဿနာများက အလွန် သိသာသည့်အတွက်၊ ထိုကိစ္စကို ကျွန်မ လျစ်လျူမရှုနိုင်တော့ပါ။

ဘုရားနှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားမိသည်။ “မည်သည့်တာဝန်ကို သင်ထမ်းဆောင်သည်ဖြစ်စေ သမ္မာတရား စည်းမျဉ်းများနှင့်အညီ မလျှော့တမ်း လုပ်ဆောင်သည့်အခါတွင်သာ သင်၏ တာဝန်ကို စစ်မှန်စွာ ဖြည့်ဆည်းလိမ့်မည်။ အမှုအရာများကို လူသား၏ လုပ်ဆောင်ပုံနှင့်အညီ ဟန်ပြလုပ်ဆောင်ခြင်းသည် ဝတ်ကျေတန်းကျေဆန်ပြီး ဖြစ်ကတတ်ဆန်းလုပ်ခြင်းဖြစ်သည်။ သမ္မာတရား စည်းမျဉ်းများကို လိုက်နာခြင်းသည်သာ တာဝန်ကို မှန်မှန်ကန်ကန် ထမ်းဆောင်ခြင်းဖြစ်ပြီး သင်၏တာဝန်ကို ဖြည့်ဆည်းခြင်းဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်သောအခါ သစ္စာရှိခြင်းကို ပြသခြင်းမဟုတ်သလော။ဤသည်မှာ မိမိတာဝန်အပေါ် သစ္စာရှိခြင်း၏ သရုပ်သကန်တစ်ခုဖြစ်၏။ သင့်တွင် ဤတာဝန်အသိစိတ် ရှိသည့်အခါမှသာ၊ ဤစိတ်နှင့်ဆန္ဒ ရှိသည့်အခါမှသာ၊ မိမိတာဝန်အပေါ် သစ္စာရှိမှု၏ သရုပ်သကန်ကို သင့်တွင် တွေ့ရသည့်အခါ ဘုရားသခင်သည် သင့်ကို အတည်ပြုလက်ခံလိမ့်မည်။ သင့်ကို အတည်ပြုလက်ခံခြင်းဖြင့် ကြည့်ရှုလိမ့်မည်။ သင့်တွင် ဤတာဝန်အသိစိတ်ပင် မရှိလျှင် ဘုရားသခင်က သင့်ကို လူပျင်းတစ်ယောက်အဖြစ်၊ အရူးတစ်ယောက်အဖြစ် ဆက်ဆံလိမ့်မည်ဖြစ်ပြီး သင့်ကို စက်ဆုပ်ရွံရှာလိမ့်မည်။ လူသားရှုထောင့်မှကြည့်လျှင် ဤသည်မှာ သင့်ကို မလေးစားခြင်း၊ အလေးအနက်မထားခြင်း၊ အထင်အမြင်သေးခြင်းဟု အဓိပ္ပာယ်ရသည်။(အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၈))ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အားသွန်ခွန်စိုက်နှင့် ကြိုတင်စီမံလျက် အလုပ်လုပ်နိုင်လျှင်၊ အနည်းငယ်ပို၍ လုံ့လရှိပြီး အနည်းငယ်ပို၍ မြန်ဆန်သည့်နှုန်းဖြင့် အလုပ်လုပ်နိုင်လျှင် မကောင်းမှုပြုသူများ၏ ကြားဝင်နှောင့်ယှက်မှုများကြောင့် ဖြစ်လာသော ပြဿနာများကို ပို၍စောစီးစွာ ဖြေရှင်းနိုင်မည် မဟုတ်လော။ ဖြေရှင်းသည့် အမြန်နှုန်းသည် ပို၍ မြန်ဆန်မည်လော။ အရှိန်က ပိုမိုမြန်ဆန်ပြီး အချိန်က ပို၍စောလျှင် ဘုရားအိမ်တော်အပေါ် ဤလူများဖြစ်ပေါ်စေသည့် အမျိုးမျိုးသော ထိခိုက်မှုများသည် အတိုင်းအတာတစ်ခုအထိ လျော့သွားမည် မဟုတ်လော။ ဤသည်မှာ ခေါင်းဆောင်များနှင့် အမှုဆောင်များလုပ်သင့်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ပြဿနာများကို ဖြစ်ပေါ်သည့် အချိန်ခဏတွင်ပင် ချက်ချင်း၊ ရုတ်ချည်း ကိုင်တွယ်ဖြေရှင်းရန် ဘုရားသခင်၏ အိမ်တော်က သင့်ကို မတောင်းဆိုပေ။ ဤသို့ပြုလုပ်ရန် မတောင်းဆိုထား။ အခြေအနေများက စတင်ဖြစ်ပေါ်လာသည့်အခါ၊ လက္ခဏာများ ပြလာသည့်အခါ၊ ကိစ္စများကို တိုင်ကြားလာကြသောအခါ အရေးယူရန်၊ တစ်ခုခု လုပ်ဆောင်ရန်၊ ယင်းတို့ကို ကိုင်တွယ်ရန်အတွက် ဖြေရှင်းချက်တစ်ခု ဖန်တီးရန် တောင်းဆိုသည်။ ဤဖြေရှင်းချက်တွင် အခြေအနေကို နားလည်ရန် သက်ဆိုင်မှုရှိသည့် ညီအစ်ကိုမောင်နှမများကို မေးမြန်းစုံစမ်းခြင်း၊ ကြီးကြပ်သူများ၊ အဖွဲ့ဦးဆောင်သူများ၊ ခေါင်းဆောင်များ၊ ပြဿနာဖြစ်ပေါ်သော အသင်းတော်၏ အမှုဆောင်များနှင့် ဆွေးနွေးပြီး ဆက်သွယ်ပြောဆိုခြင်း၊ ပြီးနောက်တွင် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို အစီအစဉ်ဆွဲခြင်းတို့ပါဝင်သည်။ သင်သည် နောက်ဆုံး ဆုံးဖြတ်ချက်ချရာတွင်၊ သို့မဟုတ် အကြောင်းကိစ္စကို ကိုင်တွယ်သည့် အတိအကျ စည်းမျဉ်းများကို နားလည်ရာတွင် အခက်အခဲရှိနေလျှင် အထက်ပိုင်းနှင့် ရှာဖွေကြိုးပမ်းနိုင်သည်။” (အယောင်ဆောင်ခေါင်းဆောင်များကို ခွဲခြားဖော်ထုတ်ခြင်း (၂၆)) ဘုရားနှုတ်ကပတ်တော်များက အလွန် ရှင်းပါသည်။ တာဝန်အပေါ် လေးနက်ပြီး တာဝန်သိတတ်သည့် သဘောထားရှိသည့်သူများ၊ သင့်လျော်သည့် လုံ့လစိုက်ထုတ်သူများကသာ သူတို့၏တာဝန်ကို သစ္စာရှိရှိ မှတ်ယူပြီး ယုံကြည်ထိုက်သည်ဟု ဆိုနိုင်ပါသည်။ အချို့လူများက ခေါင်းဆောင်များအနေနှင့် အစေခံကြသော်လည်း လက်တွေ့အလုပ်ကို မလုပ်ဘဲ၊ သူတို့လုပ်သမျှတွင် တာဝန်မခံယူကြပါ။ ပေါ့ပေါ့ဆဆနှင့် ပြုမူပြီး ခိုကတ်ကြသည်။ ဤကဲ့သို့လူများက မကောင်းသည့် လူ့သဘာဝ ရှိရုံမျှမက ယုံလည်း မယုံကြည်ထိုက်ပါ။ သူတို့က လုံးဝ မယုံကြည်ရပါ။ ဤကဲ့သို့လူများကို ဘုရားက မုန်းတီးပါသည်။ ဘုရားနှုတ်ကပတ်တော်များကနေ လက်တွေ့လုပ်ဆောင်မှု လမ်းကြောင်း တစ်ခုကိုလည်း ကျွန်မ တွေ့ခဲ့ပါသည်။ အသင်းတော်အလုပ်တွင် ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင် ကျွန်မက ပြဿနာများကို ချက်ချင်း စုံစမ်းစစ်ဆေးသင့်သည်။ ယင်းတို့ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး စည်းမျဉ်းများနှင့်အညီ ကိုင်တွယ်သင့်သည်။ ပြီးလျှင် ကိုယ့်တာဝန်ဝတ္တရားများကို တက်ကြွစွာ ထမ်းဆောင်သင့်သည်။ ဤအရာက ဘုရားအလိုတော်နှင့် ညီပါသည်။ များမကြာမီက အစ်မကျန်းက လက်တွေ့အလုပ်ကို မလုပ်ကြောင်း ညီအစ်ကိုမောင်နှမများက တိုင်ကြားခဲ့သည်။ ဤအရာက မှန်လျှင်၊ သူမက ခေါင်းဆောင်အဖြစ် ဆက်ရှိနေပါက၊ အလုပ်၏ တိုးတက်မှုကို ထိခိုက်ရုံမျှမက၊ ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကိုလည်း ထိခိုက်စေပါသည်။ အစ်မကျန်း၏ တာဝန်များကို သူမ ပုံမှန်လုပ်ကိုင်ခြင်းနှင့်ပတ်သက်ပြီး အမြန်သိအောင်လုပ်ပြီး သူမက ခေါင်းဆောင်ဖြစ်ဖို့ အရည်အသွေးပြည့်မီခြင်း ရှိမရှိကို စည်းမျဉ်းများအရ အကဲဖြတ်ရမည်။ ထို့ကြောင့် ဤကိစ္စကို ဆွေးနွေးဖို့အတွက် ကျွန်မခေါင်းဆောင်များထံ သွားခဲ့ပါသည်။ သူတို့လည်း အစ်မကျန်း၏ အပြုအမူများ အကြောင်းကို သိပြီးခါစဖြစ်သည်။ တိုင်ကြားချက်များကို ကျွန်မတို့ အတူတကွ စစ်ဆေးအတည်ပြုကြပြီး သူမ၏ပြဿနာများအကြောင်း တိုင်ကြားချက်များက မှန်သည်ဟု သုံးသပ်ခဲ့ကြသည်။ အစ်မကျန်းက လက်တွေ့အလုပ်ကိုလုပ်ဖို့ ဆက်တိုက် ပျက်ကွက်ခဲ့သည့် အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ထိုနေ့တွင်ပင် သူမ၏တာဝန်မှ သူမကို ထုတ်ပယ်လိုက်သည်။ ဤနည်းလမ်းဖြင့် လက်တွေ့လုပ်ဆောင်ပြီးသည့်နောက်တွင် ကျွန်မ အထူးတလည် စိတ်သက်သာရာရခဲ့ပါသည်။

ဤအတွေ့အကြုံမှတစ်ဆင့် ကျွန်မသဘာဝသည် အလွန် တစ်ကိုယ်ကောင်းဆန်ကြောင်း ကျွန်မ မြင်ခဲ့ပါသည်။ ကျွန်မက ကိုယ့်တာဝန်များတွင် ဘုရားနှင့် စိတ်နှလုံး တစ်လုံးတစ်ဝတည်းမရှိခဲ့ပါ။ အရာရာတွင် ကျွန်မ၏ ကိုယ်ပိုင်အကျိုးစီးပွားများကိုသာ ထည့်စဉ်းစားခဲ့သည်။ ပြီးလျှင် ကျွန်မက ဘုရားသခင်၏ လိုအပ်ချက်များနှင့် ကိုက်ညီဖို့ ဝေးပါသေးသည်။ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် အချက်အလက်များက ဖော်ထုတ်ပြခြင်းမရှိဘဲနှင့် ကျွန်မ၏ အမှားများနှင့် ချို့ယွင်းချက်များကို လုံးဝ သဘောပေါက်မည် မဟုတ်ပါ။ သို့မဟုတ် စစ်မှန်သည့် နောင်တနှင့် ပြောင်းလဲမှုကို မည်သည့်အခါမျှ ရမည်မဟုတ်ပါ။ တစ်ချိန်တည်းတွင်ပင် ကိုယ့်တာဝန်များတွင် သိတတ်ပြီး သစ္စာရှိခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ခြင်းကသာလျှင် အသိတရားနှင့် လူ့သဘာဝရှိခြင်းဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုရား၏ လက်ခံမှုကိုရနိုင်ကြောင်းနှင့်၊ ဤနည်းဖြင့်သာ ကျွန်မတို့သည် စစ်မှန်သည့် ငြိမ်းချမ်းမှုနှင့် ဝမ်းမြောက်မှုကို ခံစားရနိုင်ကြောင်းကိုလည်း ကျွန်မ နားလည်ခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော်ပင် ဖြစ်ပါသည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကျွန်မရဲ့ရွေးချယ်မှု

၂၀၁၂ မတ်လတုန်းက အနန္တတန်ခိုးရှင်ဘုရားသခင်ရဲ့ နောက်ဆုံးသောကာလ ဧဝံဂေလိတရားကို ကျွန်မအမေက ကျွန်မကိုမျှဝေခဲ့တယ် ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကို...

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။