ဘုရားသခင်၏ တရားစီရင်ခြင်းက ကျွန်ုပ်ကို ကယ်တင်ခဲ့သည်

10.04.2022

ဖီလာဝီယံ ဘီနင်နိုင်ငံ

အနန္တတန်ခိုးရှင် ဘုရားသခင်ရဲ့ နောက်ဆုံးသော ကာလ အမှုတော်ကို ၂၀၁၉ စက်တင်ဘာမှာ ကျွန်တော်လက်ခံခဲ့တယ်။ အစည်းအဝေးတွေအတောအတွင်းမှာ ကျွန်တော့်ရဲ့ ကောင်းမွန်တဲ့ မိတ်သဟာယ၊ မြန်ဆန်တဲ့ သိနားလည်မှုနဲ့ အစွမ်းအစကောင်းအတွက် ချီးမွမ်းခံရတယ်။ နောက်တော့ အဖွဲ့ခေါင်းဆောင်အနေနဲ့ အရွေးခံခဲ့ရပြီး အဲဒီနောက် သိပ်မကြာခင်မှာ ဧဝံဂေလိ သင်းထောက်အနေနဲ့ ရွေးခံရတယ်။ အဲဒီနောက်မှာ ကိုယ့်တာဝန်တွေကို အရင်ကထက် တက်တက်ကြွကြွ ကျွန်တော်ဆောင်ရွက်ခဲ့တယ်။ ဧဝံဂေလိ စဟောပြီး အစည်းအဝေးတွေကို စဧည့်ခံခဲ့တယ်။ ကျွန်တော့်မိတ်သဟာယကို ညီအစ်ကို မောင်နှမတွေက နှစ်သက်ကြပြီး အသင်းတော်ခေါင်းဆောင်ကလည်း ကျွန်တော် အလုပ်ကောင်းကောင်း လုပ်တယ်လို့ ပြောတယ်။ ဒါကြောင့် ကျွန်တော်သိပ်ပျော်မိသလို ကျွန်တော့်အစွမ်းအစက တကယ်သိပ်ကောင်းတာပဲလို့ ခံစားမိတယ်။ ပိုများတဲ့ လူတွေရဲ့ လေးစားတာခံရဖို့ ဘုရားနှုတ်ကပတ်တော်တွေ ပိုဖတ်ပြီး ဘုရားအိမ်တော်က ရုပ်ရှင်တွေ အများကြီးနဲ့ ဘုရားနှုတ်ကပတ်တော် ဖတ်ရွတ်တဲ့ ဗီဒီယိုတွေကို ကြည့်ခဲ့တယ်၊ ဒါပေမဲ့ အဲဒီတုန်းက ကြွားစရာ တိုက်ရိုက် နားလည်မှု နည်းနည်းရှိရုံနဲ့ ရောင့်ရဲခဲ့ပြီး ဘုရားအလိုတော်ကို ရှာတာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာတွေကို အာရုံမစိုက်ခဲ့ဘူး။ အစည်းအဝေးတွေမှာ ကျွန်တော်ပိုနားလည်တယ်လို့ တခြားလူတွေ ထင်အောင် တတ်နိုင်သမျှ ပြည့်ပြည့်စုံစုံ မိတ်သဟာယပြုခဲ့တယ်။ ကျွန်တော် အရာရာ နားလည်တယ်လို့ တခြားလူတွေ ထင်အောင် ကိုယ်ကောင်းကောင်းနားမလည်တဲ့ အရာတွေကိုတောင် မိတ်သဟာယပြုခဲ့တယ်။ ပြီးတော့ ကျွန်တော့်ခေါင်းဆောင်ရဲ့ စိတ်ထဲမှာ ပုံရိပ်ကောင်း ဖန်တီးဖို့ သိပ်အားကောင်းသလို ဟန်ဆောင်ခဲ့တာ။ ဥပမာ၊ ပထမတော့ ဘုရားနှုတ်ကပတ်တော်နဲ့ ပတ်သက်လို့ အယူအဆတွေ ရှိခဲ့ပေမဲ့ တစ်ယောက်ယောက်ကို ပြောလိုက်ရင် သမ္မာတရားကို ကျွန်တော်နားမလည်ဘူးလို့ ခေါင်းဆောင်က သေချာပေါက် ထင်မှာပဲဆိုပြီး တွေးမိတယ်၊ ဒါကြောင့် ကိုယ့်အယူအဆတွေကို ခေါင်းဆောင်ဆီ တမင်မပြောဘဲနေလိုက်တယ်။ မျက်နှာဖုံးတပ်ထားသလို ဖြစ်နေခဲ့တာ။ တခြားလူတွေမြင်တဲ့ ကျွန်တော်က ပုံရိပ်မှားတစ်ခုပဲ။

လနည်းနည်းကြာပြီးတဲ့နောက်မှာ အသင်းတော် ခေါင်းဆောင်အနေနဲ့ ကျွန်တော်အရွေးခံခဲ့ရတယ်၊ ဒီတစ်ခါ ဧဝံဂေလိအလုပ်ကို ကြီးကြပ်ဖို့ပေါ့။ ဒီအလုပ်လုပ်ဖို့ ကိုယ့်မှာ အစွမ်းအစ၊ ချင့်ချိန်နိုင်စွမ်းနဲ့ လုပ်ကိုင်နိုင်စွမ်း ရှိရမှာလေ။ ဒီအရည်အချင်းတွေ ရှိတဲ့လူက အသင်းတော်ထဲမှာ ကျွန်တော်တစ်ယောက်ပဲ ဖြစ်နေလို့ ဒီတာဝန်ကို ဆောင်ရွက်ဖို့ ကျွန်တော့်ကို ဘုရားခန့်အပ်ပေးခဲ့တာလို့ ခံစားမိတယ်။ ထပ်တလဲလဲ ရာထူးတိုးခံရတာကြောင့် ကိုယ်က တခြားလူတွေနဲ့ မတူဘူး၊ သမ္မာတရား ရှာဖွေရာမှာ စိတ်ထက်သန်ဆုံး၊ ဘုရားရဲ့ ချစ်တာ၊ မျက်နှာသာပေးတာ ခံရတဲ့သူတစ်ယောက်လို့ ခံစားရတာ။ ဧဝံဂေလိအလုပ်ကို တာဝန်ယူထားရတာက ဘုရားအိမ်တော်ရဲ့ တံခါးဝမှာ အစောင့်တစ်ယောက်လုပ်ရတာနဲ့ တူတယ်၊ ဘုရားအိမ်တော်ထဲ ဘယ်သူဝင်နိုင်ပြီး ဘယ်သူမဝင်နိုင်ဘူးဆိုတာကို ကိုယ်ဆုံးဖြတ်နိုင်တယ်လို့တောင် တွေးမိခဲ့တယ်။ တဖြည်းဖြည်းနဲ့ ပိုပို မာနထောင်လွှားလာပြီး ကိုယ့်ညီအစ်ကို မောင်နှမတွေရဲ့အထက်မှာ ကိုယ်ရှိတယ်၊ အမိန့်တွေ ထုတ်နိုင်ပြီး ညီအစ်ကို မောင်နှမတွေကို ကိုယ့်စကား နားထောင်ရမယ်လို့တောင် ခံစားမိခဲ့တာ။ အသင်းတော်အလုပ်မှာ ကိုယ့်ဘာသာ အမြဲဆုံးဖြတ်ပြီး အပြီးသတ် ဆုံးဖြတ်ချက် ပေးချင်ခဲ့တာ၊ ကိုယ့်မှာ လုပ်ကိုင်နိုင်စွမ်းရှိတယ်၊ စည်းမျဉ်းတွေကို ပိုင်နိုင်ပြီး ညီအစ်ကို မောင်နှမတွေရဲ့ အမြင်တွေ၊ အကြံတွေကို လက်ခံစရာမလိုဘူးဆိုပြီး ခံစားရလို့လေ။ ညီအစ်ကို မောင်နှမတွေကို အထင်သေးခဲ့တာပေါ့။ သာမန်အစွမ်းအစနဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ရှိတယ်၊ တာဝန်တွေ သူကောင်းကောင်းလုပ်မလုပ်ကို အရေးမထားဘဲ သူ့ကို ကျွန်တော်အစားထိုးချင်ခဲ့တာ။ အဲဒါအပြင် ကိုယ့်ညီအစ်ကို မောင်နှမတွေကို ကိုယ့်ရဲ့လက်အောက်ခံတွေလို သဘောထားခဲ့ပြီး သူတို့ကို ကိုယ်ကြိုက်သလို ကိုင်တွယ်ဖြေရှင်းလို့ရသလိုမျိုး ခံစားခဲ့တယ်။ ဥပမာ၊ အစည်းအဝေးတစ်ခုမှာ ညီအစ်ကို မောင်နှမတွေက ဧဝံဂေလိ ဟောပြောပုံအကြောင်း ဝေမျှနေကြတယ် ဆိုပါတော့။ သူတို့လုပ်နေတာ မသင့်တော်ဘူးလို့ တွေးမိတော့ သူတို့ကို ကျွန်တော် ချက်ချင်း ကြိမ်းမောင်းလိုက်ပြီး သူတို့လုပ်နေသင့်တာကို ပြောပြခဲ့တယ်။ ညီအစ်မတစ်ယောက်ဆို တာဝန်ထမ်းရာမှာ သူ့ကိုယ်ပိုင်လက်တွေ့လုပ်ဆောင်နည်း ရှိပေမဲ့ သူလုပ်နေတာ မှန်တယ်မထင်လို့ စည်းမျဉ်းတွေအပေါ် မိတ်သဟာယမပြုပြဘဲ သူ့ကို ကျွန်တော် ပြင်းပြင်းထန်ထန် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ နောက်ပိုင်းမှာ အဲဒီညီအစ်မက သူအရမ်းအပျက်သဘောဆောင်နေလို့ ကျွန်တော်နဲ့ မတွဲချင်တော့ဘူးလို့ ပြောလာရော။ နောက်တော့ အစည်းအဝေးတစ်ခုမှာ အခက်အခဲတွေရှိလားလို့ ခေါင်းဆောင်က လူတိုင်းကို မေးတော့ အဲဒီညီအစ်မက ကျွန်တော့်ပြဿနာကို ခေါင်းဆောင်ဆီ တိုက်ရိုက်တင်ပြခဲ့တယ်။ သမ္မာတရားအပေါ် ကျွန်တော်မိတ်သဟာမပြုပြဘူး၊ တခြားလူတွေကို အမြဲ ကိုင်တွယ်ဖြေရှင်းသလို လူတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါလည်း အမြဲပြင်းထန်လွန်းတယ်ဆိုပြီးလေ။ နောက်ထပ် ညီအစ်ကို မောင်နှမတချို့ကလည်း လူတွေကို ကျွန်တော်ထင်ရာမြင်ရာ ကိုင်တွယ်ဖြေရှင်းတယ်လို့ တိုင်ကြပြီး ဘုရားနှုတ်ကပတ်တော်ကို အသုံးပြုရင်း ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ အပြုအမူကို ဖော်ထုတ်ကြတယ်။

တကယ်တော့ ညီအစ်ကို မောင်နှမတချို့က မာနထောင်လွှားတဲ့ ကျွန်တော်အပြုအမူရဲ့ ပြဿနာနဲ့ပတ်သက်လို့ ကျွန်တော့်ကို ပြောပြနှင့်ပြီးသားလေ။ တခြားလူတွေရဲ့ အလုပ်အကြောင်း ကျွန်တော်မေးတဲ့အခါ တင်းကျပ်လွန်းတယ်လို့ တချို့က မြင်ကြပြီး “အစ်ကိုရေ၊ အဲဒီလို ပြောတာ မကောင်းဘူး။ ကိုယ့်ညီအစ်ကို မောင်နှမတွေကို အပျက်သဘောဆောင်စေလိမ့်မယ်” ဆိုတဲ့ မက်ဆေ့တွေ ကျွန်တော့်ဆီ ပို့ကြတယ်။ တခြားလူတွေက “သူများတွေကို အစ်ကိုအမြဲနှိမ်ပြောတယ်။ ကိုယ့်ကိုယ်ကိုယ် ညီအစ်ကို မောင်နှမတွေနဲ့ တန်းတူ ဘယ်တော့မှ သဘောမထားဘူး။ ဒါကြောင့် တချို့က အစ်ကို့ကို စကားမပြောချင်ကြဘူး၊ တခြားလူတွေဆိုရင် အရမ်းထိုးနှက်ခံရတယ်လို့ ခံစားရတော့ ဒီတာဝန်ကို မယူချင်ကြတော့ဘူး” တဲ့။ သူတို့တွေရဲ့ ထပ်တလဲလဲ ပြစ်တင်မောင်းမဲတာနဲ့ ကိုင်တွယ်ဖြေရှင်းတာ ခံရပြီးတဲ့နောက် ကျွန်တော်မာနက ထိပါးသွားတော့တယ်။ ကိုယ့်ကိုယ်ကိုယ် ဘုရားချစ်တာ၊ မျက်နှာသာပေးတာ ခံရတဲ့သူလို့ ထင်ခဲ့တာလေ၊ ကိုယ့်ကို ညီအစ်ကို မောင်နှမတွေ ဖော်ထုတ်၊ ငြင်းပယ်ကြတာကို မြင်ရတော့ အရမ်းကို အပျက်သဘောဆောင်သွားတာ။ ကိုယ့်ရဲ့ ပုံရိပ်ကောင်းနဲ့ သိက္ခာမရှိတော့ တာဝန်ထမ်းချင်စိတ်က မရှိတော့ဘူး။ နေ့တိုင်း ဟန်ပြပဲလုပ်တယ်၊ အကြောင်းကြားစာတွေ ပို့တယ်။ အသေးစိတ်ကျတဲ့ အလုပ်တို့၊ ညီအစ်ကို မောင်နှမတွေရဲ့ တာဝန်တွေကို လိုက်ကြီးကြပ်တာတို့ မလုပ်ဘူး၊ သူတို့ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့လည်း အာရုံမစိုက်ခဲ့ဘူး။ သူတို့လိုတဲ့အရာကို လုံးဝ ဂရုမစိုက်ခဲ့တာ။

နောက်ပိုင်းတော့ အခြေအနေအမှားကြီးမှာ ကျွန်တော်ရောက်နေမှန်း ညီအစ်မတစ်ယောက်က သတိပြုမိခဲ့လို့ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ပို့ပေးခဲ့တယ်။ ဘုရားသခင်က ပြောသည်- “လူသားမျိုးနွယ်သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရသည့်အတွက်၊ လူများ၏သဘာဝသည် တဖြည်းဖြည်း ပိုဆိုးရွားလာပြီး ပုံမှန်လူတို့ ပိုင်ဆိုင်သည့် ဆင်ခြင်တုံတရား အသိစိတ်ကို ၎င်းတို့ တဖြည်းဖြည်း ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် ၎င်းတို့သည် လူသား၏နေရာတွင် လူသားများကဲ့သို့ ကျင့်ကြံပြုမူခြင်း မရှိကြတော့ဘဲ၊ ပြင်းပြသောဆန္ဒများဖြင့် ပြည့်လျက်ရှိသည်။ ၎င်းတို့သည် လူ၏ အဆင့်အတန်းကို ကျော်လွန်ပြီးကြသော်လည်း— သာ၍မြင့်မားဖို့ တမ်းတနေကြဆဲ ဖြစ်သည်။ ဤ‘ပို၍မြင့်မားသော’ အရာက အဘယ်အရာကို ရည်ညွှန်းသနည်း။ သူတို့သည် ဘုရားသခင်ကို ကျော်လွန်ရန်၊ ကောင်းကင်ကို ကျော်လွန်ရန်နှင့် အခြားအရာခပ်သိမ်းကို ကျော်လွန်ရန် ဆန္ဒရှိကြသည်။ လူတို့ ဤကဲ့သို့ဖြစ်လာပြီးသည့် အကြောင်းရင်း၏ အရင်းအမြစ်တွင် အဘယ်အရာရှိသနည်း။ အရာရာကို ခြုံငုံသုံးသပ်ရလျှင်၊ လူသား၏ သဘာဝမှာ လွန်ကဲစွာ မာနထောင်လွှားသည်။ ‘မာနထောင်လွှားခြင်း’ သည် ယုတ်ညံ့သော ဝေါဟာရတစ်ခုဖြစ်ပြီး မည်သူကမျှ မိမိတို့ကိုယ်ကိုယ် ဤဝေါဟာရဖြင့် အမည်တပ်မခံလိုကြပေ။ သို့သော် အမှန်တွင် လူတိုင်းက မာနထောင်လွှားကြပြီး ဖောက်ပြန်ပျက်စီးသော လူသားများအားလုံး၌ ဤအနှစ်သာရ ရှိကြသည်။ လူအချို့က ‘ကျွန်ုပ်သည် စိုးစဉ်းမျှ မာနထောင်လွှားခြင်း မရှိပေ။ ကျွန်ုပ်သည် ကောင်းကင်တမန်မင်း မည်သည့်အခါကမျှ မဖြစ်လိုသကဲ့သို့ ဘုရားသခင်ကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ သို့မဟုတ် အခြားအရာအားလုံးကိုလည်း သာလွန်လိုခြင်း မရှိဖူးပေ။ ကျွန်ုပ်သည် အထူးသဖြင့် လိမ္မာပြီး တာဝန်သိတတ်သည့် သူတစ်ယောက် အမြဲဖြစ်နေခဲ့ပါသည်။’ ဟု ပြောကြသည်။ သေချာပေါက် မဟုတ်ပေ။ ဤစကားများက မမှန်ကန်ပေ။ လူတို့သည် သဘာဝနှင့် အနှစ်သာရတွင် တိုး၍ မာနထောင်လွှားလာသည်နှင့်တစ်ပြိုင်နက်၊ သူတို့သည် ဘုရားသခင်အား မကြာခဏ မနာခံဘဲ ပုန်ကန်ကြသည်၊ သူ၏ နှုတ်ကပတ်တော်များကို အရေးမစိုက်ဘဲ၊ သူ့အကြောင်း အယူအဆများကို ထားရှိကြသည်၊ သူ့ကို သစ္စာဖောက်သည့်အရာများ လုပ်ဆောင်ကြပြီး မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ပြီး သက်သေခံသည့် အရာများကို ပြုလုပ်နိုင်ကြသည်။ သင်သည် မာနထောင်လွှားခြင်းမရှိဟု ပြောသော်လည်း အသင်းတော်တစ်ခုကို သင့်အားပေးပြီး ယင်းတို့ကို ဦးဆောင်ရန်အခွင့်ပေးသည် ဆိုကြပါစို့၊ ငါသည် သင့်ကို ကိုင်တွယ်ဖြေရှင်းခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင်၏ မိသားစုထဲမှ မည်သူမျှ သင့်ကို ပြုပြင်ခြင်း မရှိခဲ့ဟု ဆိုကြပါစို့- ၎င်းတို့ကို သင် ခဏကြာ ဦးဆောင်ပြီးသည့်နောက်တွင် သင်သည် ၎င်းတို့ကို သင့်ခြေသို့ ဆောင်ကြဉ်းမည်ဖြစ်ပြီး၊ သင်၏ ရှေ့တွင် ကျိုးနွံနာခံစေမည် ဖြစ်သည်။ ဤသို့ဆိုလျှင် အဘယ့်ကြောင့် သင် ထို့သို့ ပြုမိမည်နည်း။ ဤသည်ကို သင်၏သဘာဝက သတ်မှတ်ပေမည်။ ယင်းမှာ သဘာဝအလျောက် ထုတ်ဖော်ခြင်းမှတစ်ပါး အခြားအရာဖြစ်မည် မဟုတ်ပေ။ သင်သည် ဤအရာကို အခြားသူများထံမှ မလိုအပ်ပေ၊ သို့မဟုတ် ၎င်းတို့က သင့်အား သင်ပေးဖို့ လိုအပ်မှုတစ်စုံတစ်ရာ မရှိပေ။ သင်သည် ဤအရာတစ်ခုကို လုပ်ဆောင်ဖို့ အခြားသူများက သင့်အား ညွှန်ကြားဖို့၊ သို့မဟုတ် အတင်းအကျပ်ခိုင်းဖို့ မလိုအပ်ပေ။ ဤသို့သော အခြေအနေမျိုးသည် အလိုအလျောက် ဖြစ်လာပေသည်။ သင်လုပ်သမျှသည် သင့်ရှေ့၌ လူတို့အား ကျိုးနွံစေခြင်း၊ သင့်အား ကိုးကွယ်စေခြင်း၊ သင့်အား ချီးမြှောက်စေခြင်း၊ သင့်အကြောင်းကို သက်သေခံစေခြင်းနှင့်၊ အရာခပ်သိမ်းတွင် သင့်အား နာခံစေခြင်းတို့ဖြစ်သည်။ သင့်အား ခေါင်းဆောင်ဖြစ်ခွင့်ပေးခြင်းသည် ဤအခြေအနေကို အလိုအလျောက် ဖြစ်စေသည်။ ဤအခြေအနေများမှာ အဘယ်သို့ဖြစ်လာသနည်း။ ယင်းတို့ကို လူသား၏ မာနထောင်လွှားသော သဘာဝက ချမှတ်ထားခြင်း ဖြစ်သည်။ မာနထောင်လွှားမှု၏သရုပ်သကန်မှာ ဘုရားသခင်ကို ပုန်ကန်ခြင်းနှင့် ဆန့်ကျင်ခြင်းဖြစ်၏။ လူတို့မာနထောင်လွှား၍ မိမိဘာသာ ကြီးကျယ်နေကာ မိမိဘာသာ ဖြောင့်မတ်သည်ဟု ထင်နေသောအခါ ၎င်းတို့သည် ၎င်းတို့ကိုယ်တိုင်၏ သီးခြား နိုင်ငံတော်များကို တည်ထောင်ကာ ၎င်းတို့လိုချင်သည့်အတိုင်း လုပ်ဆောင်လေ့ရှိကြ၏။ အခြားသူများကိုလည်း ၎င်းတို့၏ လက်ထဲသို့ဆွဲသွင်းကာ ၎င်းတို့၏ ပိုက်ထွေးမှုအတွင်း ဆွဲသွင်းကြ၏။ လူတို့သည် ဤကဲ့သို့သောအရာများကို လုပ်ကိုင်နိုင်သောကြောင့်၊ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော သဘာဝ၏ အနှစ်သာရမှာ စာတန်၏ အနှစ်သာရဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ ယင်းမှာ ကောင်းကင်တမန်မင်း၏အနှစ်သာရဖြစ်သည်။ ၎င်းတို့၏ မာနထောင်လွှားမှုနှင့် မိမိဘာသာ ကြီးကျယ်နေမှုသည် အဆင့်တစ်ရပ်သို့ ရောက်သည့်အခါ၊ ၎င်းတို့သည် ကောင်းကင်တမန်မင်းဖြစ်လာပြီး၊ ဘုရားသခင်အား ဘေးဖယ်ထားရမည်ဟု ဖြစ်သည်။ သင်၌ ဤသို့ မာနထောင်လွှားသော သဘာဝရှိပါက သင်၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက် နေရာရှိမည် မဟုတ်ပေ။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ဒီအချိန်ထိ ကိုယ့်အပြုအမူတွေကို တွေးမိတယ်။ ဘုရားကို စယုံကြည်ကတည်းက ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ကို လေးစားပြီး ခွန်အားပေးခဲ့တာ။ ကျွန်တော်က အစွမ်းအစကောင်းရှိပြီး ကောင်းကောင်းမိတ်သဟာယပြုတယ်လို့ ပြောကြတဲ့အပြင် အကြိမ်တော်တော်များများ ရာထူးတိုးခဲ့လို့ ကိုယ်က ထူးခြားပြီး ကိုယ့်နားကလူတွေထက် ပိုတော်တယ်လို့ ခံစားမိခဲ့တယ်။ မာနထောင်လွှားတဲ့ ကိုယ့်သဘာဝကြောင့် ကိုယ့်ကိုယ်ကိုယ် ဘုရားချစ်ပြီး မျက်နှာသာပေးတာ ခံရတဲ့ သူတစ်ယောက်လို့ ထင်မိခဲ့တာ။ ကိုယ်က ထူးချွန်ပြီး တခြားလူတွေထက် သာလွန်သလို ခံစားမိလို့ တခြားလူတွေကို ကြိမ်းမောင်းပြီး ဘောင်ခတ်ဖို့ ကိုယ့်ရာထူးကို စသုံးမိတယ်။ ညီအစ်ကို မောင်နှမတွေကို ထိန်းချုပ်ပြီး ကိုယ့်စကားနာထောင်အောင် လုပ်ဖို့တောင် ကြိုးစားခဲ့တယ်။ ကောင်းကင်တမန်မင်းလိုပဲ ပြုမူနေမိခဲ့တာပါ။ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးလွန်းခဲ့တာ။ ညီအစ်ကို မောင်နှမတွေရဲ့ ဖော်ထုတ်ပြီး ကိုင်တွယ်ဖြေရှင်းတာ ခံရတဲ့နောက်မှာ ကိုယ်ထင်သလောက် ကိုယ်က မပြည့်စုံတာကို သဘောပေါက်သွားတယ်။ အဲဒီအစား ကျွန်တော်က အထူးသဖြင့် မာနထောင်လွှားပြီး ဖောက်ပြန်ပျက်စီးနေခဲ့တာ။ တခြားလူတွေထက် တအားသာပြီး ဘုရားက မျက်နှာသာပေးတယ်လို့ ထင်ခဲ့ပေမဲ့ အဲဒါတွေက ကိုယ့်စိတ်ကူးသက်သက်ပါပဲ။

ရက်တချို့ကြာပြီးတဲ့နောက်မှာ အန္တိခရစ်တွေကို ဖော်ထုတ်၊ စိစစ်တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ဖတ်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အန္တိခရစ်တို့သည် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းနှင့် ၎င်းတို့၏ ရည်မှန်းချက်ပြည့်ဝဖို့အတွက်၊ အသင်းတော်ကို ထိန်းချုပ်ခြင်းနှင့် ဘုရားသခင်ဖြစ်ခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ပန်းတိုင်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်မည်ဖြစ်သည်။ ၎င်းတို့သည် မဆိုစလောက် နာရီများ၌ မိမိတို့၏ဒေသနာများကို လေ့ကျင့်လျက်၊ ညမိုးချုပ်သည့်တိုင် မကြာခဏ အလုပ်လုပ်ပြီး အရုဏ်ဦးတွင် နိုးထကြသည်၊ အားလုံးမှာ မြင့်မားသော ဒေသနာများ ဟောကြားဖို့ ၎င်းတို့ လိုအပ်သည့် အယူဝါဒများဖြင့် မိမိတို့ကိုယ်ကိုယ် ပြင်ဆင်ဖို့အလို့ငှာသာ ဖြစ်လေသည်။ နေ့စဉ်နေ့တိုင်း ၎င်းတို့၏ မြင့်မားသော ဒေသနာများ ဟောကြားရာ၌ ဘုရားသခင်၏ မည်သည့်နှုတ်ကပတ်တော်များကို သုံးရမည်၊ ရွေးချယ်ခံရသူများအကြား မည်သည့်နှုတ်ကပတ်တော်များက လေးစားမှုနှင့် ချီးမွမ်းမှုကို ဖြစ်စေမည်ဆိုသည်တို့ကို တွေးဆပြီး၊ ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ အလွတ်ကျက်မှတ်ကြသည်။ ထို့နောက်တွင် ထိုနှုတ်ကပတ်တော်များကို ၎င်းတို့၏ ဉာဏ်ထက်မြက်ခြင်းနှင့် ဉာဏ်ပညာတို့ကို ထင်ရှားစေသည့် နည်းလမ်းဖြင့် မည်သို့ အဓိပ္ပာယ် ဖွင့်ဆိုရမည်ကို ကောလိပ်၌ နေရာတစ်ခုအတွက် ယှဉ်ပြိုင်နေသည့် ကျောင်းသားများ၏ အားထုတ်မှုမှန်သမျှဖြင့် ၎င်းတို့ ဆင်ခြင်စဉ်းစားကြသည်။ တစ်စုံတစ်ဦးက ဒေသနာကောင်းတစ်ခု ဟောကြားသည့်အခါ၊ သို့မဟုတ် အလင်းပေးခြင်းအချို့ သို့မဟုတ် သဘောတရားအချို့ပေးသည့် ဒေသနာတစ်ခု ဟောကြားသည့်အခါ၊ အန္တိခရစ်သည် ယင်းကို စုစည်းပြုစုကာ ၎င်းတို့၏ကိုယ်ပိုင် ဒေသနာအဖြစ် ပြုလုပ်ကြမည် ဖြစ်သည်။ မည်သည့်အားထုတ်မှု ပမာဏမျှ အန္တိခရစ်တစ်ဦးအတွက် ကြီးမားလွန်းခြင်း မရှိပေ။ သို့ဆိုလျှင် ၎င်းတို့၏ ဤအားထုတ်မှု နောက်ကွယ်မှ ကြံရွယ်ချက်နှင့် ရည်ရွယ်ချက်တို့မှာ အဘယ်နည်း။ ၎င်းတို့ကို တွန်းအားပေးသည့် အရာတစ်ခုရှိသည်။ အခြားသူများက အန္တိခရစ်သည် ၎င်းတို့ထက် ပိုဝိညာဉ်ရေးဆန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပိုတန်ဖိုးထားသည်၊ ဘုရားသခင်ကို ပိုချစ်သည်ဟု မြင်နိုင်စေဖို့အလို့ငှာ၊ ဤနှုတ်ကပတ်တော်များကို ဟောကြားနိုင်ဖို့၊ ရှင်းလင်းပြီး အလွယ်တကူ ပြောနိုင်ဖို့၊ ယင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောနိုင်ဖို့ ဖြစ်ပေသည်။ ဤနည်းအားဖြင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့အနီးအနားရှိ လူအချို့၏ ကြည်ညိုမှုကို ရရှိနိုင်သည်။ အန္တိခရစ်တစ်ဦးသည် ဤအရာမှာ လုပ်ဖို့အကျိုးရှိသည့်အရာ၊ မည်သည့်ကြိုးစားအားထုတ်မှု၊ အဖိုးအခ၊ သို့မဟုတ် ဆင်းရဲဒုက္ခမဆို ထိုက်တန်သည်ဟု ခံစားရလေသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် သမ္မာတရားကို စက်ဆုပ်ရွံရှာသည်၊ အခြေခံသဘောတရားများကို လူသိရှင်ကြား မထီမဲ့မြင်ပြုပြီး ဘုရားသခင့်အိမ်တော်၏ စီစဉ်မှုများကို လျစ်လျူရှုကြသည် (အပိုင်း ၇)”)အန္တိခရစ်များ၏ အပြုအမူနှင့်သက်ဆိုင်သည့် အနှစ်သာရသည် ရာထူးအဆင့်အတန်း ရှိခြင်း၊ လူများကို သိမ်းသွင်းစည်းရုံးခြင်းနှင့် လူများကို ၎င်းတို့နောက်လိုက်စေပြီး ကြည်ညိုစေခြင်းတို့နှင့်ပတ်သက်သည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ နည်းလမ်းများနှင့် နည်းစနစ်များကို အစဉ်အသုံးပြုဖို့ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံး နက်ရှိုင်းရာတွင် ၎င်းတို့သည် လူသားမျိုးနွယ်နှင့်ပတ်သက်၍ ဘုရားသခင်နှင့် တမင်သက်သက် ယှဉ်ပြိုင်နေခြင်း မဟုတ်သည်မှာ ဖြစ်နိုင်သည်၊ သို့ရာတွင် တစ်ခုတော့ သေချာပေသည်။ ၎င်းတို့သည် လူသားများအတွက် ဘုရားသခင်နှင့် မယှဉ်ပြိုင်သည့်အခါတွင်ပင်၊ လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာတို့ကို ရရှိဖို့ ဆန္ဒရှိဆဲဖြစ်သည်။ ၎င်းတို့သည် ရာထူးအဆင့်အတန်းအတွက် ဘုရားသခင်နှင့် ယှဉ်ပြိုင်နေသည်ကို ၎င်းတို့သဘောပေါက်သည့် နေ့ရက်အချိန် ရောက်လာပြီး၊ ၎င်းတို့သည် မိမိတို့ကိုယ်ကို ချုပ်တည်းလျှင်ပင်၊ အသင်းတော်တွင် အခြားသူများ၏ အတည်ပြုချက်နှင့်ထောက်ခံမှုတို့ကို ရရှိခြင်းအားဖြင့် တရားဝင်ဖြစ်ခြင်းကို ရရှိလိမ့်မည်ဟု ယုံကြည်လျက်၊ ရာထူးအဆင့်အတန်း ရရှိဖို့ အခြားနည်းစနစ်များကို အသုံးပြုဆဲဖြစ်သည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များ လုပ်သမျှအရာအားလုံးသည် ၎င်းတို့၏တာဝန်များကို သစ္စာရှိရှိ ထမ်းဆောင်မှု တစ်ခုပါဝင်ပုံရပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော နောက်လိုက်များဖြစ်ပုံရသော်လည်း၊ လူများကို ထိန်းချုပ်ဖို့- ပြီးလျှင် လူများအလယ်တွင် ရာထူးအဆင့်အတန်းနှင့် တန်ခိုးအာဏာရဖို့- ၎င်းတို့၏ ရည်မှန်းချက်သည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ သို့မဟုတ် လုပ်ဆောင်သည်ဖြစ်စေ၊ ပြီးလျှင် လူများကို သူမည်သည့်အရာ တောင်းဆိုသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်တို့နှင့် လိုက်လျောညီထွေဖြစ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့လုပ်ဆောင်သင့်သည့်အရာကို မလုပ်ဆောင်ပေ၊ သို့မဟုတ် ၎င်းတို့၏ တာဝန်များကို မဖြည့်ဆည်းပေ၊ သူ၏မိန့်မြွက်ချက်များနှင့် သမ္မာတရားကို နားလည်သဘောပေါက်ခြင်း၏ ရလဒ်တစ်ခုအနေဖြင့် တန်ခိုးအာဏာနှင့် ရာထူးအဆင့်အတန်းကို ၎င်းတို့၏ လိုက်စားခြင်းကိုလည်း ၎င်းတို့မစွန့်ပယ်ပေ။ တစ်လျှောက်လုံးတွင် ၎င်းတို့၏ ရည်မှန်းချက်က ၎င်းတို့ကို ဖမ်းစားထားကာ၊ ၎င်းတို့၏ အပြုအမူနှင့် အတွေးအခေါ်များကို ထိန်းချုပ်ပြီး ညွှန်ကြား၍ ၎င်းတို့လျှောက်သည့် လမ်းကြောင်းကို သတ်မှတ်ပေးသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ သရုပ်သကန် ဖြစ်သည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် လူတို့ကို ဝေခွဲမရဖြစ်စေပြီး သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ကာ ထိန်းချုပ်လေ၏”) အန္တိခရစ်တွေက တခြားလူတွေ သူတို့ကို ချီးမွမ်း၊ ကိုးကွယ်အောင် လူတွေကို လှည့်ဖြားဖို့ ပုံရိပ်မှား ဖန်တီးဖို့ အပြင်ပန်း ဆင်းရဲဒုက္ခခံတာကို သုံးတယ်လို့ ဘုရားကပြောတယ်။ ဒါကို မြင်ပြီး သဘောပေါက်သွားရော၊ ငါဒီလိုဖြစ်ခဲ့တာ မဟုတ်လားပေါ့။ ကျော်ကြားမှုနဲ့ အဆင့်အတန်းကို ကျွန်တော် အမြဲရှာခဲ့ပြီး ကျွန်တော်လုပ်ခဲ့မျှက အထင်ကြီးခံရဖို့ပဲ။ ဘုရားနှုတ်ကပတ်တော် အချိန်အများကြီးပေးပြီး ဖတ်ခဲ့တယ်၊ တစ်ခါတလေ ညဉ့်နက်တဲ့အထိ မအိပ်ခဲ့ဘူး။ ကျွန်တော့်ရည်ရွယ်ချက်က တခြားလူတွေကို ကြွားနိုင်အောင်လို့ ပိုများတဲ့ အယူဝါဒတွေကို နားလည်ဖို့ပဲ။ ကျွန်တော်သဘောပေါက်လိုက်တယ်၊ ဘုရားနှုတ်ကပတ်တော်ထဲမှာ ထုတ်ဖော်ပြထားတဲ့ အန္တိခရစ်တွေရဲ့ သရုပ်သကန်တချို့ ငါ့မှာ ရှိခဲ့တာပဲပေါ့။ ဘုရားရဲ့ ရှုတ်ချတာခံရတယ်လို့ ခံစားရပြီး အထူးသဖြင့် စိုးရိမ်ပူပန်သွားတယ်။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ညီအစ်ကို မောင်နှမတွေကို ကိုယ့်အခြေအနေမှန် မပြောပြရဲခဲ့ဘူး၊ ဘာလို့လဲဆိုတော့ အန္တိခရစ်လို့ အမြင်ခံရပြီး နှင်ထုတ်ခံရမှာ ကြောက်လို့လေ။ ဒီကာလအတောအတွင်းမှာ အသင်းတော်ထဲမှာ အန္တိခရစ်တစ်ယောက်ကို တွေ့သွားကြပြီး နှင်ထုတ်လိုက်ကြတယ်။ အပြင်ပန်းမှာတော့ သူက ဘုရားအတွက် အသုံးခံပြီး တခြားလူတွေနဲ့ မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော် ရှာဖွေပုံရပေမဲ့ သူကိုယ်တိုင်က ဘုရားနှုတ်ကပတ်တော်ကို လက်တွေ့မလုပ်ဆောင်ခဲ့ဘူး၊ သူ့အယူအဆတွေနဲ့ မကိုက်တဲ့ အရာတွေကို ကြုံရတဲ့အခါ အပျက်သဘောဆောင်မှုကို ဖြန့်တယ်၊ နောက်ဆုံးသော ကာလက ဘုရားအမှုတော်ကိုတောင် ‌ငြင်းပြီး မှန်တဲ့ လမ်းခရီး လေ့လာစစ်ဆေးသူတွေကို နှောင့်ယှက်တယ်။ ကျွန်တော်မှာလည်း သူနဲ့တူတဲ့ အရာတချို့ ရှိနေတာကို သဘောပေါက်လိုက်တယ်။ ဥပမာ၊ ညီအစ်ကို မောင်နှမတွေနဲ့ မိတ်သဟာယပြုဖို့ ဘုရားနှုတ်ကပတ်တော်ကို မကြာခဏ ကျွန်တော်ရှာတွေ့ပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ကိုယ်တိုင် လက်တွေ့မလုပ်ခဲ့ဘူး။ ကိုယ့်မှာ အခက်အခဲတွေရှိတော့ ဖြေရှင်းဖို့ ကိုယ့်ကိုယ်ပိုင်ဉာဏ်နဲ့ အစွမ်းအစကို အားကိုးခဲ့ပေမဲ့ ဘုရားအလိုတော်ရှာတာ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်တာကို အာရုံမစိုက်ခဲ့ဘူး။ ကိုယ့်သရုပ်သကန်တွေက ဒီအန္တိခရစ်ရဲ့ သရုပ်သကန်တွေနဲ့ သွားတူနေပြီး ဘုရားနှုတ်ကပတ်တော်ထဲမှာ ထုတ်ဖော်ပြထားတဲ့ အန္တိခရစ်ရဲ့ တခြားသရုပ်သကန်တွေလည်း ကျွန်တော်နဲ့ ဆိုင်မှန်း တွေ့ရတယ်။ ဒါကြောင့် ကျွန်တော်အန္တိခရစ်ဖြစ်လာပြီး အထုတ်ခံရမှာ ပိုတောင်ကြောက်ခဲ့တယ်။ အဲဒီအချိန်အတောအတွင်း လူတိုင်းရှေ့မှာ ကိုယ့်ပူပန်မှုကို ချုပ်တည်းဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမဲ့ အထူးသဖြင့် စိတ်ဆင်းရဲခဲ့ရပြီး သေမိန့်ချခံခဲ့ရသလို ခံစားခဲ့ရတယ်။ တဖြည်းဖြည်းနဲ့ ကိုယ့်ရဲ့ ခုခံတတ်မှုနဲ့ မယုံသင်္ကာဖြစ်မှုက ပိုဆိုးသည်ထက် ဆိုးလာခဲ့တယ်။ ကိုယ့်မှာ မကောင်းတဲ့ သဘာဝရှိတယ်၊ ညီအစ်ကို မောင်နှမတွေကို အလွယ်တကူ လှည့်ဖြားပြီး ထိန်းချုပ်တတ်တယ်၊ အနှေးနဲ့အမြန်ဆိုသလို ဟိုအန္တိခရစ်လို ဘုရားအိမ်တော်ရဲ့ အလုပ်ကို နှောင့်ယှက်မိမယ်ဆိုတာ ခံစားရတယ်။ ဒီအကြောင်း တွေးမိတော့ ပိုတောင် ကြောက်သွားတယ်။ အဲဒီတုန်းက အန္တိခရစ်တစ်ယောက်ရဲ့ စိတ်သဘောထားနဲ့ အဖြစ်အနေကို ကျွန်တော်မခွဲခြားနိုင်ခဲ့သလို ဒီအခြေအနေထဲမှာ ဘုရားအလိုတော်က ဘာလဲဆိုတာ နားမလည်ခဲ့ဘူး။ ကျွန်တော်က အန္တိခရစ်လိုပဲ ဘုရားရဲ့ ဖယ်ရှင်းတာ ခံရမဲ့သူတစ်ယောက်လို့ ထင်ခဲ့ပြီး ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိဘူးလို့ ခံစားခဲ့ရတာ၊ ဒါကြောင့် မကျေနပ်ချက်တွေ ရှိလာခဲ့တယ်၊ “ဘုရားကို ယုံကြည်ပြီး ကိုယ့်တာဝန်ထမ်းဆောင်ဖို့ မိသားစုရဲ့ ကန့်ကွက်ချက်တွေကို ငါလျစ်လျူရှုခဲ့တယ်။ နေရာသစ်တွေမှာ ဧဝံဂေလိဖြန့်ဝေဖို့ ကိုယ့်အနာဂတ်ကိုတောင် စွန့်ပြီး ကိုယ့်ဇာတိမြို့ကို စွန့်ခွာခဲ့တယ်။ ဒီလောက်ကြီးတဲ့ အဖိုးအခ ပေးခဲ့ပေမဲ့ အပြစ်ဒဏ်ပေးခံရဖို့ ငရဲကျဦးမယ်။ ဒီလိုအဆုံးသတ်မယ်မှန်းသိခဲ့ရင် အများကြီး အသုံးတော်ခံခဲ့မှာ မဟုတ်ဘူး။ အနည်းဆုံးတော့ ကာယချမ်းသာမှုတချို့ကို ခံစားခဲ့မှာပဲ” လို့ပေါ့။ အဲဒီတုန်းက ကိုယ့်ရဲ့ ခရီးပန်းတိုင်အကြောင်းကိုပဲ တွေးခဲ့ပြီး ဘုရားအလိုတော် ရှာတာကို အာရုံမစိုက်မိခဲ့ဘူး၊ ဒီတော့ ဘုရားကို အမြဲ သတိထားပြီး အထင်လွဲနေမိခဲ့တယ်။ နောက်ဆုံးမှာ ခေါင်းဆောင်တာဝန်ကနေ ကျွန်တော်နုတ်ထွက်လိုက်တယ်။ ဒီလောက်အရေးကြီးတဲ့ တာဝန်ကို ဆက်လုပ်နေရင် သေချာပေါက် နှင်ထုတ်ခံရမယ်လို့ ခံစားမိခဲ့လို့ပါ။ ညီအစ်ကို မောင်နှမတွေက ကျွန်တော့်ရဲ့ သရုပ်မှန်ကို မြင်ပြီးတဲ့နောက် ကျွန်တော့်ကို ဝေဖန်ပြီး ကိုင်တွယ်ဖြေရှင်းမှာ ကြောက်လို့ သူတို့နဲ့ ဖက်လဲတကင်းလည်း မနေတော့ဘူး။ ကိုယ့်တာဝန်မှာ ဘယ်သူနဲ့မှလည်း တွဲမလုပ်ခဲ့ဘူး။ ပြီးတော့ ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးလည်း ပိုပိုပြီး ခပ်တန်းတန်းဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ ဧဝံဂေလိဟောဖို့ အကြောင်းပြချက်နဲ့ အိမ်ပြန်ပြီး ကျွန်တော့်ရဲ့ မယုံကြည်သူ မိသားစုဆီ ပြန်သွားခဲ့တယ်။ ကိုယ့်မိသားစုရဲ့ ဖိနှိပ်မှုနဲ့ ဝေဖန်မှုကို ရင်ဆိုင်ရတော့ ကျွန်တော် ပိုလို့တောင် အပျက်သဘောဆောင်လာခဲ့တယ်။ အစည်းအဝေးတွေကို ဆက်တက်နေခဲ့ပေမဲ့ ဟန်ပြပဲ လုပ်နေခဲ့တာလေ။ အရမ်းအားနည်းပြီး ကိုယ့်ယုံကြည်ချက်မှာ အဆုံးသတ်ကို ရောက်လာပြီလို့ ခံစားခဲ့ရလို့ ဘုရားအိမ်တော်ကိုစွန့်ဖို့ ဆုံးဖြတ်လိုက်တယ်။

အသင်းတော်ကို ကျွန်တော်စွန့်ခွာပြီးတဲ့နောက်မှာ စိတ်နှလုံးက အရမ်းကို ဟာတာတာ ဖြစ်ခဲ့တယ်။ တစ်နေ့လုံး ကိုယ့်ဘာသာ အခန်းအောင်းပြီး ဘာကိုမှ မလုပ်ချင်ခဲ့ဘူး။ မိသားစုက ကျွန်တော်ကို မဖိနှိပ်တော့သလို ရုပ်ပိုင်းဆိုင်ရာလည်း နည်းနည်းသက်သောင့်သက်သာ ဖြစ်ခဲ့ပေမဲ့ အကြောက်တရားနဲ့ အရမ်းအပြစ်ရှိတဲ့ ခံစားချက်ကိုပဲ ခံစားခဲ့ရတယ်။ ဘုရားကို သစ္စာဖောက်မိတဲ့အတွက် သူ့ရဲ့ အပြစ်ဒဏ်ပေးတာ ခံရမှာကို လန့်နေမိခဲ့တယ်။ ငရဲကိုကြောက်သလို သေခြင်းကိုလည်း ကြောက်နေခဲ့မိတာ၊ ဒါကြောင့် ကိုယ့်ရဲ့ ပူပန်သောကကို သက်သာစေဖို့ နည်းလမ်းတွေ တွေးကြည်ခဲ့တယ်။ လူမှုရေး သိပ္ပံစာအုပ်တွေ အများကြီး ဖတ်တယ်၊ ကိုယ့်ဝိညာဉ်ကို နှစ်သိမ့်ပေးမဲ့ဟာ တစ်ခုခု တွေ့ဖို့ မျှော်လင့်ရင်းနဲ့ပေါ့။ ဒါပေမဲ့ အသုံးမဝင်ခဲ့ပါဘူး။ အတွင်းစိတ်ဆင်းရဲမှုကို ဘာကမှ သက်သာရာမရစေခဲ့ဘူး။ သေခြင်းကို ထိုင်စောင့်နေဖို့ပဲ ရှိတော့တဲ့ပုံ ပေါက်ခဲ့တာ။ နောက်ပိုင်းမှာ ကိုယ့်ရဲ့အကျပ်အတည်းကနေ လွတ်ဖို့ လမ်းပြပေးပါလို့ ဘုရားဆီ ဆုတောင်းခဲ့ပြီး ဓမ္မတေးတွေ နားထောင်၊ ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ရွတ်ခဲ့တယ်။ ဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်က ကျွန်တော့်စိတ်နှလုံးကို နိုးထစေခဲ့တာပဲ။ ဘုရားနှုတ်ကပတ်တော်ထဲမှာ ဖတ်လိုက်ရတယ်၊ “လူအချို့၌ အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ ရှိကြပြီး အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ပွင့်အံထွက်ခြင်းအချို့ ရှိကြသည်၊ သို့ရာတွင် တစ်ချိန်တည်းတွင်ပင် ထိုသို့ပွင့်အံထွက်ခြင်းမျိုး ဖြစ်ပြီးသည့်နောက်တွင် ၎င်းတို့သည် သမ္မာတရားကိုလည်း လက်ခံပြီး၊ အသိအမှတ်ပြုကြကာ၊ သမ္မာတရားကို ချစ်ကြသည်။ ၎င်းတို့သည် ကယ်တင်ခြင်း ခံရမည့်သူများ ဖြစ်နိုင်ချေရှိသည်။(အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၌ “၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်ချီးကျူးပြီး သက်သေခံကြသည်”)ဘုရားသခင်ထံမှ နှုတ်ကပတ်တော် တစ်လုံးကြောင့်၊ လူများက ၎င်းတို့ အားနည်းပြီး အပျက်သဘောဆောင်ခြင်းကို မကြာခဏ ခံရပြီး ဘုရားသခင်သည် ၎င်းတို့ကို စွန့်ပစ်ပြီး ဖြစ်သည်ဟု တွေးထင်ကြပြီး၊ ရလဒ်အနေဖြင့် ၎င်းတို့သည် ဘုရားသခင်နောက်ကို ဆက်လိုက်ဖို့နှင့် ရှေ့ဆက်လျှောက်ဖို့ လိုလားခြင်း ရှိမနေကြပေ။ အမှန်တွင် စွန့်ပစ်ခံလိုက်ရခြင်း ဆိုသည်မှာ မည်သည့်အရာဖြစ်သည်ကို သင် နားမလည်ပေ။ သင့်ကိုယ်သင် သင်၏ စွန့်ပစ်ခံလိုက်ရခြင်းသည် စစ်မှန်သော စွန့်ပစ်ခံလိုက်ရခြင်း ဖြစ်ပေသည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်က သင့်အား သတ်မှတ်သည့် နှုတ်ကပတ်တော်များသည် ဒေါသ၌ ပြောခြင်းမျှသာ ဖြစ်သည်။ သူက သင်နှင့်ပတ်သက်သည့် ကောက်ချက်တစ်ခု ချခြင်း မည်သည့်နည်းနှင့်မျှ မဟုတ်သကဲ့သို့ သူသည် သင့်ကို စီရင်နေခြင်းလည်း မဟုတ်ပေ၊ ဤသည်မှာ သင်၏ နောက်ဆုံး အပြစ်ဒဏ်ပေးခံရခြင်းဖြစ်ဖို့ မဆိုထားနှင့်၊ သူ၏ နောက်ဆုံးပန်းတိုင်၊ သို့မဟုတ် ဘုရားသခင်က သင့်အား နောက်ဆုံး၌ ပေးအပ်နှင်းသည့်အရာ မဟုတ်ချေ။ ဤသည်တို့မှာ သင့်ကို တရားစီရင်ပြီး ကိုင်တွယ်ဖြေရှင်းသည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ယင်းတို့က သင့်အတွက် ဘုရားသခင်၏ ထက်သန်သော မျှော်လင့်ခြင်းများနှင့်ပတ်သက်၍ ပြောထားသည်၊ ယင်းတို့က သင့်ကို သတိရစေဖို့နှင့် သတိပေးဖို့ နှုတ်ကပတ်တော်များ ဖြစ်ပြီး၊ ယင်းတို့သည် ဘုရားသခင်၏စိတ်နှလုံးအတွင်းမှ နှုတ်ကပတ်တော်များ ဖြစ်သည်။ သို့သော် ဤတရားစီရင်ခြင်းနှုတ်ကပတ်တော်များ၏ အကျိုးဆက်တစ်ခုအနေဖြင့် လဲကျပြီး ဘုရားသခင်ကို စွန့်လွှတ်သည့်သူအချို့ ရှိကြသည်။...ဘုရားသခင်က ၎င်းတို့ကို စွန့်ပစ်ပြီးဖြစ်သည်ဟု လူများ ယုံကြည်ကြသည့် အချိန်များရှိသည်— သို့ရာတွင် အမှန်မှာမူ ဘုရားသခင်သည် သင့်ကို မစွန့်ပစ်ရသေးပေ၊ ရွံမုန်းစရာအဖြစ်သာ သူတွေ့ရပြီး၊ သင့်ကို အလေးဂရုပြုဖို့ ဆန္ဒမရှိခြင်း ဖြစ်ကာ ဘေးတစ်ဖက်သို့ ဖယ်ထားခြင်းသာ ဖြစ်လေသည်။ သို့ရာတွင် သင့်ကို အမှန်တကယ် မစွန့်ပယ်ရသေးပေ။ ဘုရားသခင်၏အိမ်တော်၌ မိမိတို့၏တာဝန်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းအားထုတ်သည့်သူများ ရှိသော်လည်း၊ ၎င်းတို့၏ အနှစ်သာရနှင့် ၎င်းတို့၌ ထင်ရှားပြသည့် အရာမျိုးစုံကြောင့်၊ ဘုရားသခင်က ၎င်းတို့အား အမှန်တကယ် စွန့်ပယ်လေသည်။ ၎င်းတို့သည် အမှန်တကယ် ရွေးချယ်ခံရခြင်း မဟုတ်ဘဲ၊ အချိန်တစ်ခုကြာ အစေခံမှု ပေးခြင်းမျှသာ ဖြစ်သည်။ သို့ရာတွင် ဘုရားသခင်၏ အဆုံးစွန် ဆုံးမပဲ့ပြင်ခြင်း ခံရကာ၊ ရိုက်နှက်ခြင်း ခံရပြီး တရားစီရင်ခြင်း ခံရသည့် သူအချို့လည်း ရှိသည်။ သူသည် လူသား၏အယူအဆများနှင့် မကိုက်ညီသည့် နည်းလမ်းမျိုးစုံအား ၎င်းတို့ကို ဆက်ဆံရာတွင် အသုံးပြုပေသည်။ လူအချို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို နားမလည်ကြဘဲ၊ ဘုရားသခင်သည် ၎င်းတို့ကို ရမယ်ရှာကာ ထိခိုက်စေခြင်းဖြစ်သည်ဟု တွေးထင်ကြသည်။ ဘုရားသခင်ရှေ့တွင် ရှင်သန်ခြင်းသည် သိက္ခာမရှိဟု ၎င်းတို့က တွေးထင်သည်၊ ဘုရားသခင်ကို နောက်ထပ် နာကျင်စေဖို့ ဆန္ဒမရှိကြတော့ဘဲ အသင်းတော်မှ ထွက်ခွာကြသည်။ ဤအရာကို လုပ်ဆောင်သည်မှာ အဓိပ္ပာယ်ရှိသည်ဟုပင် တွေးထင်သောကြောင့်၊ ၎င်းတို့သည် ဘုရားသခင်ကို ကျောခိုင်းကြသည်— သို့ရာတွင် အမှန်မှာ ဘုရားသခင်က ၎င်းတို့အား မစွန့်ပယ်ခဲ့ရသေးပေ။ ထိုသို့သောလူများသည် ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ စိုးစဉ်းမျှ မသိကြပေ။ ၎င်းတို့က ဘုရားသခင်၏ ကယ်တင်ခြင်းကို စွန့်လွှတ်သည်အထိပင် ဆောင်ရွက်လျက်၊ အတော်အတန် လွန်ကြူးစွာ ထိခိုက်လွယ်ကြသည်။ ၎င်းတို့၌ အသိစိတ် အမှန်တကယ် မရှိသလော။ ဘုရားသခင်က လူများကို ရှောင်ကြဉ်သည့် အချိန်များနှင့် ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ပြန်လည်သုံးသပ်နိုင်ဖို့ အလို့ငှာ ၎င်းတို့အား အချိန်တစ်ခုကြာ လျစ်လျူရှု ထားသည့်အချိန်များလည်း ရှိသည်၊ သို့ရာတွင် ဘုရားသခင်သည် ၎င်းတို့ကို အမှန်တကယ် မစွန့်ပယ်သေးပေ။ သူက ၎င်းတို့အား နောင်တရဖို့ အခွင့်အရေး ပေးနေခြင်း ဖြစ်ပြီး၊ ၎င်းတို့ကို အမှန်တကယ် စွန့်ပယ်နေခြင်း မဟုတ်ပေ။ ဘုရားသခင်သည် ဆိုးယုတ်သော အပြုအမူများစွာကို ကျူးလွန်သည့် အန္တိခရစ်များနှင့် ကောက်ကျစ်စဉ်းလဲ သူများကိုသာ အမှန်တကယ် စွန့်ပယ်ပေသည်။ လူအချို့က ‘ကျွန်ုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ကင်းမဲ့ခြင်းကို ခံစားရပြီး သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း မရှိဘဲ နေသည်မှာ ကြာမြင့်သော အချိန်ကတည်းက ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်အား စွန့်ပယ်ပြီး ဖြစ်သလော။’ ဟု ပြောကြသည်။ ဤသည်မှာ နားလည်မှုလွဲခြင်းတစ်ခု ဖြစ်သည်။ ဘုရားသခင်က သင့်အား စွန့်ပယ်ပြီးဖြစ်ကြောင်း၊ သူက သင့်ကို ကယ်တင်လိမ့်မည် မဟုတ်ကြောင်း သင် ပြောသောကြောင့်၊ သူက သင်၏အဆုံးသတ်ကို ချမှတ်ပြီးဖြစ်သလော။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကို ခံစား၍မရနိုင်သည့် အခါများ ရှိသော်လည်း၊ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်များကို ဖတ်ရှုခွင့် မပိတ်ပင်ရ‌သေးပေ၊ သို့မဟုတ် သင်၏အဆုံးသတ်ကို သူမဆုံးဖြတ်ရ‌သေးပေ၊ ကယ်တင်ခြင်းဆီသို့ သင်၏လမ်းကြောင်းသည် လမ်းဆုံးကို မရောက်သေးပေ— သို့ဆိုလျှင် သင်သည် အဘယ်အကြောင်းကြောင့် အလွန်စိတ်ညစ်နေသနည်း။ သင်သည် အခြေအနေဆိုးတစ်ခုတွင် ရှိနေသည်၊ သင်၏ကြံရွယ်ချက်များ၌ ပြဿနာတစ်ခုရှိနေသည်၊ သင်၏ သဘောတရား အမြင်ရှုထောင့်တွင် ပြဿနာရှိနေသည်၊ သင်၏စိတ်အခြေအနေသည် မူမမှန်ပေ— ဤအရာများကို သမ္မာတရားကို ရှာဖွေခြင်းအားဖြင့် ပြင်ဖို့မကြိုးစားဘဲ ဘုရားသခင်ကို စဉ်ဆက်မပြတ် နားလည်မှုလွဲပြီး အပြစ်တင်ပါက၊ ပြီးလျှင် တာဝန်ကို ဘုရားသခင်ပေါ်သို့ တွန်းပို့ကာ၊ ‘ဘုရားသခင်သည် ကျွန်ုပ်အား အလိုမရှိသောကြောင့်၊ သူ့အား ငါ မယုံကြည်တော့ပါ’ ဟုပင် ပြောဆိုပါက၊ သင်သည် ရယ်စရာကောင်းနေသည် မဟုတ်သလော။ သင်သည် ကျိုးကြောင်းမဆီမလျော် ဖြစ်နေသည် မဟုတ်သလော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများကို ဖြေရှင်းခြင်းအားဖြင့်သာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ မှန်သော လမ်းကြောင်းထဲသို့ ဝင်ရောက်နိုင်သည် (၁)”) ဘုရားနှုတ်ကပတ်တော်က စိတ်နှလုံးကို စကားပြောခဲ့တာ။ ကျွန်တော်နားလည်လိုက်တယ်၊ ဘုရားက ကျွန်တော့်ကို မဖယ်ရှားခဲ့ဘူး၊ မရှုတ်ချခဲ့ဘူး၊ ကျွန်တော့်အဆုံးသတ်ကို မသတ်မှတ်ခဲ့ဘူး ဆိုတာပဲ။ အမှန်တော့ ကျွန်တော်ဖောက်ပြန်ပျက်စီးပုံကို အစကတည်းက ဘုရားသိခဲ့တာ။ သင့်တော်တဲ့ အချိန်မှာ ကျွန်တော့်ကို ဖော်ထုတ်ဖို့ ဘုရားက ညီအစ်ကို မောင်နှမတွေကို စီစဉ်ခဲ့ပြီး ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ လျှောက်ခဲ့တဲ့ လမ်းမှားကို ထုတ်ဖော်ပြဖို့ သူ့နှုတ်ကပတ်တော်ကို သုံးခဲ့တာ။ ဒီလိုမှပဲ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သိနိုင်မှာလေ။ ဒါက တကယ်တော့ ကျွန်တော့်အတွက် ပြောင်းလဲဖို့ ကြီးမားတဲ့ အခွင့်အရေးတစ်ခုပဲ။ ဘုရားရဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းအားလုံးက ကျွန်တော့်ကို ကယ်တင်ဖို့အတွက်ပဲ။ ဒါပေမဲ့ ကျွန်တော်က ဘုရားအလိုတော်ကို အထင်လွဲဖို့ ကိုယ်ပိုင် အယူအဆတွေကို သုံးခဲ့တယ်၊ သူ့ရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းထဲမှာ ရှုတ်ချမှုကို မြင်ခဲ့ပြီး ဖယ်ရှားခံရမယ်လို့ ထင်ခဲ့တယ်။ ကျွန်တော့်မှာ အန္တိခရစ်ရဲ့ သရုပ်သကန်တွေ ရှိလို့ ဘုရားက သေချာပေါက် ကျွန်တော့်ကို လိုချင်မှာ မဟုတ်ဘူး၊ ကျွန်တော်က ဖျက်ဆီးခံရဖို့ ကျိန်းသေနေပြီလို့ တလွဲယုံကြည်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော့်သရုပ်သကန်တွေ အားလုံးက ဘုရားအမြင်မှာ ပုံမှန်ဖြစ်ခဲ့တယ်။ အန္တိခရစ်စိတ်သဘောထားရဲ့ သရုပ်သကန်တွေ ကျွန်တော့်မှာ ရှိခဲ့ပေမဲ့ အန္တိခရစ်အဖြစ် သတ်မှတ်ခံရတဲ့ အဆင့်ထိ မရောက်ခဲ့ဘူးလေ။ အန္တိခရစ်ရဲ့ အဖြစ်အနေရှိတဲ့သူတွေကို ဘုရားက ဖယ်ရှင်းပြီး အပြစ်ဒဏ်ပေးချင်တာပါ။ သူတို့က လုံးဝ နောင်တမရနိုင်ကြဘူးလေ၊ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သဘာဝနဲ့ အဖြစ်အနေက ဆိုးယုတ်ပြီး သမ္မာတရားကို သူတို့စက်ဆုပ်၊ မုန်းတီးကြလို့ပဲ။ သူတို့ ဘာအမှားပဲလုပ်လုပ် လုံးဝ ဝန်မခံကြဘူး။ ပြီးတော့ သူတို့ရဲ့ သိက္ခာနဲ့ အဆင့်အတန်းကို ထိန်းသိမ်းဖို့ လိုတဲ့ ဘယ်အရာကိုမဆို လုပ်တာ။ ကျွန်တော် အရမ်းကို နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးခဲ့ပြီး မှားခဲ့တာကို သဘောပေါက်နိုင်သေးလို့ ကျွန်တော့်မှာ နောင်တရဖို့ အခွင့်အရေးတွေ ရှိသေးတယ်။ ကျွန်တော်က အန္တိခရစ်ရဲ့ စိတ်သဘောထားပဲရှိတာ၊ သမ္မာတရားကို လက်မခံတဲ့ အန္တိခရစ် မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီတုန်းက ဘုရားအလိုတော်ကို ကျွန်တော်နားမလည်ခဲ့သလို ဘုရားရဲ့ မေတ္တာတို့၊ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားတို့ကိုလည်း မသိခဲ့ဘူး။ ဘုရားက ကိုယ့်ကို မလိုချင်မှတော့ ကိုယ်လုပ်ခဲ့တဲ့ ဘယ်အားထုတ်မှုမဆိုက အချည်းနှီးပဲလို့ တွေးခဲ့တာ။ လောကမှာ သွေးသား ကာမဂုဏ် မခံစားရင် ကျွန်တော့်မှာ ဘာမှရှိမှာ မဟုတ်ဘူးလို့ပေါ့။ ကျွန်တော်လုပ်ခဲ့တာကို အခုပြန်ကြည့်တော့ အရမ်းကို ရှက်မိတယ်။ ဘုရားနောက်ကို တစ်သက်လုံး လိုက်ပါ့မယ်လို့ အကြိမ်ပေါင်းများစွာ ကျိန်ဆိုခဲ့ပေမဲ့ ဒီတစ်ခါ တရားစီရင်ခံရပြီး ဖော်ထုတ်ခံရတဲ့နောက်မှာ မတက်မကြွဖြစ်လာတယ်၊ ဘုရားရဲ့ ကယ်တင်ခြင်းကို ငြင်းတယ်၊ ဘုရားကို ယုံကြည်ချက် ပျောက်ဆုံးခဲ့ပြီး လောကထဲ ပြန်သွားပြီး အသွေးအသား ကာမဂုဏ်ကို ရှာဖွေဖို့တောင် မတွန့်မဆုတ် ရွေးခဲ့မိတယ်။ ကျွန်တော့်မှာ အသိစိတ်ရှိတယ်လို့ ဘယ်လိုပြောလို့ရမှာလဲ။ အခု ဘုရားအလိုတော်ကို နားလည်တော့ ကျွန်တော့်မှာ မျှော်လင့်ချက် ပြန်ရှိသွားပြီ။ သေရာကနေ ပြန်အသက်သွင်းခံရသလို ခံစားရတယ်။ ကျွန်တော့်ဘဝထဲက တခြားအရာအားလုံးကို လက်လွှတ်လိုက်ပြီး ဘုရားနှုတ်ကပတ်တော်ကို စတွေးဆတယ်၊ ဓမ္မတေးတွေကို ဆိုတယ်၊ ဘုရားနှုတ်ကပတ်တော် ရွတ်ပြတာတွေကို နားထောင်ပြီး ဘုရားအလိုတော်ကို ရှာတယ်။ အဲဒါက ဘုရားကို ယုံကြည်မှု လမ်းကြောင်းပေါ် အစကနေ ပြန်စရသလိုပါပဲ။ ဘုရားကရုဏာကို ပြန်ရခဲ့ပြီး ဘုရားရဲ့ မျက်မှောက်တော်ကို ခံစားခဲ့ရတယ်။ အတွင်းငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းကို တဖြည်းဖြည်း ရှာတွေ့ခဲ့ပြီး ကျွန်တော့်စိတ်ထဲမှာ အသင်းတော်ကို ပြန်သွားလိုစိတ်လည်း ခံစားခဲ့ရတယ်။ ဒါပေမဲ့ ဘုရားအိမ်တော်က ကျွန်တော့်ကို လက်ခံမလား မသိဘူး။ ကျွန်တော့်ကို ကရုဏာထားပြီး ကယ်တင်ဖို့ တောင်းလျှောက်ရင်း ဘုရားဆီ ဆုတောင်းခဲ့တယ်။

နှစ်ပတ်သုံးပတ်ကြာပြီးတဲ့နောက်မှာ ဘုရားအလိုတော်ကို နည်းနည်း ပိုပြီး နားလည်သွားစေခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်ထပ်တစ်ပိုဒ်ကို တွေ့ခဲ့တယ်။ ဘုရားသခင်က ပြောသည်- “အတိတ်တွင် မကောင်းမှုများ ပြုခြင်းကြောင့် အသင်းတော်မှ ထုတ်ပယ်ခြင်းခံခဲ့ကြရသည့်သူ တစ်ဦးအချို့ရှိပြီး သူ၏ ညီအစ်ကို မောင်နှမများက ၎င်းတို့ကို ငြင်းပယ်ခဲ့ကြသည်။ နှစ်အနည်းငယ် လှည့်ပတ်သွားလာပြီးသည့်နောက်တွင်၊ ယခု သူပြန်လာပြီး ဖြစ်သည်။ ၎င်း၏စိတ်နှလုံးသည် ဘုရားသခင်ကို လုံးလုံးလျားလျား မခွဲခွာကြသည်မှာ ကောင်းသည့်အရာ တစ်ခုဖြစ်သည်။ ၎င်း၌ ကယ်တင်ခြင်းခံရဖို့ အခွင့်အလမ်းတစ်ခုနှင့် မျှော်လင့်ချက် တစ်ခုတို့ရှိဆဲဖြစ်၏။ ၎င်း ထွက်ပြေးခဲ့ပြီး၊ ယုံကြည်ခြင်းကို ရပ်တန့်ကာ မယုံကြည်သူများကဲ့သို့ဖြစ်လာပါက၊ သူသည် လုံးလုံး ဘဝဆုံးသွားပြီးဖြစ်မည် ဖြစ်သည်။ သူသည် ပြောင်းလဲနိုင်ပါက၊ သူ့အတွက် မျှော်လင့်ချက် ရှိသေးသည်။ ဤသည်မှာ ရှားပါးပြီး တန်ဖိုးရှိလှသည်။ ဘုရားသခင် မည်သို့ ပြုမူပါစေ၊ ပြီးလျှင် ဘုရားသခင်သည် လူများကို မည်သို့ ဆက်ဆံပါစေ၊ မုန်းပါစေ သို့မဟုတ် စက်ဆုပ်ပါစေ၊ ၎င်းတို့ ပြောင်းလဲနိုင်သည့်နေ့ရက်အချိန် ရောက်လာပါက၊ ဤသည်က ၎င်းတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်အတွက် နေရာအနည်းငယ် ရှိဆဲဖြစ်ကြောင်း၊ ၎င်းတို့သည် ၎င်းတို့၏ လူ့အသိစိတ် သို့မဟုတ် ၎င်းတို့၏ လူ့သဘာဝ လုံးလုံး မဆုံးရှုံးသေးကြောင်း၊ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်လိုဆဲ ဖြစ်ပြီး သူ့ကို အသိအမှတ်ပြုဖို့နှင့် သူ့ရှေ့မှောက် ပြန်လာဖို့ အနည်းဆုံးအနေဖြင့် ရည်ရွယ်ချက်အချို့ ရှိကြောင်းကို ဆိုလိုမည် ဖြစ်သည့်အတွက် ငါသည် အလွန်ကျေနပ်မည်ဖြစ်သည်။ မိမိတို့၏စိတ်နှလုံးများတွင် ဘုရားသခင် အမှန်တကယ် ရှိသောသူများအတွက် ဘုရားသခင်၏ အိမ်တော်ကို ၎င်းတို့ မည်သည့်အချိန်တွင် စွန့်ခွာပါစေ၊ ၎င်းတို့ပြန်လာပြီး ဤမိသားစုကို ချစ်ခင်ဆဲဖြစ်ပါက၊ ငါသည် အတော်အတန် သံယောဇဉ်ရှိစွာ တွယ်တာလာပြီး ယင်းတွင် ကျေနပ်မှုအချို့ ရလိမ့်မည် ဖြစ်သည်။ သို့သော် ၎င်းတို့ မည်သည့်အခါမျှ မပြန်လာပါက၊ ငါသည် ယင်းကို သနားစဖွယ်အဖြစ် တွေးမိမည်။ ၎င်းတို့ ပြန်လာနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ပါက၊ ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းနှင့် နှစ်သိမ့်မှုတို့ဖြင့် အထူးသဖြင့် ပြည့်နှက် နေလိမ့်မည်။ သင်ထွက်သွားသည့်အခါ၊ သင်သည် သေချာပေါက် အတော်အတန် အပျက်သဘောဆောင်နေခဲ့ပြီး၊ သင်သည် ဆိုးရွားသည့် အခြေအနေတစ်ခုတွင် ရှိနေခဲ့သည်။ သို့ရာတွင် သင်ယခု ပြန်လာနိုင်ပါက၊ သင်သည် ဘုရားသခင်၌ ယုံကြည်မှုရှိဆဲဖြစ်သည်ကို သက်သေပြနေသည်။ သို့သော် လူများသည် အလွန်လျင်မြန်စွာ ပြောင်းလဲကြသောကြောင့်၊ သင် ရှေ့ဆက်နိုင်ခြင်း ရှိမရှိကမူ မသိရသည့် အကြောင်းရင်း တစ်ခုဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ ယေရှုသည် လူသားများအတွက် သနားပြီး ကျေးဇူးတော် ထားရှိခဲ့သည်။ သိုးတစ်ရာထဲမှ တစ်ကောင် ပျောက်ဆုံးသွားပါက၊ တစ်ကောင်ကို ရှာဖွေဖို့ ကိုးဆယ့်ကိုးကောင်ကို သူထားခဲ့မည် ဖြစ်သည်။ ဤစာကြောင်းသည် သဘာဝလှုပ်ရှားမှုနှင့် ကျိုးကြောင်း ဆက်စပ်သော နည်းစနစ်တစ်မျိုး သို့မဟုတ် စည်းမျဉ်းတစ်ခုကို ကိုယ်စားမပြုပေ။ ယင်းက လူများကို ကယ်တင်ဖို့ ဘုရားသခင်၏ အရေးပေါ်ရည်ရွယ်ချက်အပြင်၊ ၎င်းတို့အတွက် သူ၏ နက်ရှိုင်းသော ချစ်ခြင်းမေတ္တာကို ပြသသည်။ ယင်းက အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု မဟုတ်ပေ။ ယင်းက စိတ်သဘောထားတစ်မျိုး စိတ်နေစိတ်ထားတစ်မျိုးဖြစ်သည်။ ထိုသို့ဖြင့် လူအချို့က ခြောက်လ တစ်နှစ်ကြာ ထွက်ခွာသွားသည် သို့မဟုတ် အားနည်းချက်မည်မျှရှိပါစေ သို့မဟုတ် နားလည်မှုလွဲခြင်း မည်မျှ ခံစားရပါစေ၊ သို့ရာတွင် နောက်ပိုင်းတွင် စစ်မှန်မှုကို နားလည်သဘောပေါက်နိုင်စွမ်း၊ အသိပညာရနိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်း၊ လမ်းကြောင်းမှန်ပေါ်သို့ ပြန်ရောက်နိုင်စွမ်းတို့က ငါ့ကို အထူးသဖြင့် နှစ်သိမ့်ပြီး၊ ပျော်ရွှင်မှု အနည်းငယ် ဖြစ်စေသည်။ ဤပျော်ရွှင်မြူးထူးပြီး ထည်ဝါသည့် ကမ္ဘာလောကြီးတွင်၊ ဤဆိုးယုတ်သော ခေတ်တွင် ခိုင်မာစွာရပ်တည်နိုင်ခြင်း၊ ဘုရားသခင်ကို အသိအမှတ်ပြုနိုင်ခြင်းနှင့် လမ်းကြောင်းမှန်ပေါ်သို့ ရောက်နိုင်ခြင်းတို့က နှစ်သိမ့်မှုအနည်းငယ်နှင့် စိတ်လှုပ်ရှားမှုတို့ကို ဖြစ်စေသည့်အရာများ ဖြစ်လေသည်။ ကလေး ကျွေးမွေးပြုစုခြင်းကို ဥပမာကြည့်လော့။ ၎င်းတို့သည် သားသမီးဝတ်ကျေပွန်သည် ဖြစ်စေ မကျေပွန်သည်ဖြစ်စေ၊ ၎င်းတို့က သင့်ကို အသိအမှတ်မပြုဘဲ၊ နေအိမ်မှ ထွက်ခွာသွားကာ လုံးဝမပြန်လာပါက သင်မည်သို့ ခံစားရမည်နည်း။ စိတ်ထဲတွင် သင်သည် ၎င်းတို့နှင့်ပတ်သက်၍ စိုးရိမ်စိတ်ခံစားနေရဆဲ ဖြစ်ပြီး သင်က ‘ငါ့သားလေး မည်သည့်အချိန်တွင် ပြန်လာမည်နည်း။ ငါသူ့ကို တွေ့ချင်သည်။ အမှန်တော့ သူသည် ငါ၏သားဖြစ်ပြီး သူ့ကို ငါကျွေးမွေးပြုစုပြီး ချစ်ခဲ့သည်မှာ အချည်းနှီးမဖြစ်လောက်ပေ။’ ဟု အမြဲ တွေးနေလိမ့်မည်။ သင်သည် ဤနည်းဖြင့် အမြဲတွေးခဲ့သည်။ သင်သည် ထိုနေ့ရက် ရောက်လာဖို့ အစဉ် တောင့်တနေခဲ့သည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ လူတိုင်းက တစ်ထေရာတည်း ခံစားကြရသည်၊ ဘုရားသခင်ကို ထည့်မတွက်နှင့်ဦးတော့— သူ၏မျှော်လင့်ချက်မှာ လူသည် လမ်းလွဲပြီးသည့်နောက်တွင် မိမိ၏လမ်းကို ပြန်ရှာတွေ့လိမ့်မည်၊ ပျောက်သောသား ပြန်လာလိမ့်မည်ဟူသည့် သာ၍ ကြီးမားသော မျှော်လင့်ချက်ပင် ဖြစ်သည် မဟုတ်လော။ ဤခေတ်လူများသည် ဝိညာဉ်ရင့်ကျက်မှု နုနယ်ကြသော်လည်း၊ ၎င်းတို့သည် စစ်မှန်သော ယုံကြည်ခြင်းကို လိုအင်ဆန္ဒရှိကာ၊ ဘုရားသခင်၏ စိုးရိမ်မှုနှင့် မတန်သည့် မယုံကြည်သူများ မဟုတ်ပါမှ၊ ၎င်းတို့ ဘုရားသခင်၏ အလိုတော်ကို နားလည်သည့်နေ့ရက်အချိန် ရောက်လာလိမ့်မည်။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “ဘုရားသခင်အပေါ် အမြဲတစေ တောင်းဆိုချက်များ ပြုသည့်လူများသည် ဆင်ခြင်တုံတရား အနည်းဆုံးလူများ ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ အထူးတို့ထိခံခဲ့ရတယ်။ ကျွန်တော့်ကို ဘုရားက မျက်နှာချင်းဆိုင် စကားပြောနေသလိုပဲ၊ မိခင်တစ်ယောက်က သူ့ကလေးကို စကားပြောနေတဲ့အတိုင်းပဲ။ ကျွန်တော် အသည်းအသန် အဖြစ်ဆုံးအချိန်မှာ ဘုရားက နှစ်သိမ့်ခဲ့တယ်၊ မျှော်လင့်ချက်ပေးခဲ့ပြီး လူတွေအတွက် သူ့မေတ္တာက စစ်မှန်မှန်း မြင်ခွင့်ပေးခဲ့တယ်။ ဘုရားက လူတွေကို သဘောရှိ မရှုတ်ချ၊ မသတ်ဖြတ်ဘူးဆိုတာ နားလည်ခဲ့ရတယ်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ ဘုရားက နောက်ဆုံးသော ကာလမှာ လူ့ဇာတိခံခဲ့တာလေ။ ကျွန်တောင်ယူဆခဲ့သလို ဘုရားက ကျွန်တော့်ကို လုံးဝ တကယ် စွန့်ခဲ့တာ မဟုတ်ဘူး။ အဲဒီအစား ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ကျွန်တော်လျှောက်တဲ့ လမ်းကြောင်းအမှားအတွက် တရားစီရင်ပြီး ပြစ်တင်ဆုံးမနေခဲ့တာပဲ။ အဲဒါက ဘုရားရဲ့ ဖြောင့်မတ်ခြင်းနဲ့ သန့်ရှင်းခြင်းဖြစ်ပြီး ကျွန်တော့်ကို ပြောင်းလဲစေဖို့ နည်းလမ်းလည်း ဟုတ်တယ်။ ဘုရားက ကျွန်တော်နောင်တရဖို့ စောင့်နေခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်က ဘုရားနဲ့ပတ်သက်လို့ အယူအဆနဲ့ အထင်လွဲတာတွေ များခဲ့တယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ကယ်တင်ခြင်းကို ဖယ်ရှင်းခြင်းနဲ့ အပြစ်ဒဏ်ပေးခြင်းလို မြင်ခဲ့မိတယ်။ ဘုရားအလိုတော်ကို နားမလည်ခဲ့သလို နာခံတတ်တဲ့ သဘောထားလည်း မရှိခဲ့ဘူး။ ကိုယ်ရေးကိုယ်တာ ရှုထောင့်ပေါ် အမြဲ ရပ်တည်ခဲ့ပြီး ကိုယ့်အယူအဆကို အမှန်တရားလို သဘောထားခဲ့တယ်။ ကျွန်တော် အရမ်းပုန်ကန်တတ်ခဲ့ပေမဲ့ ကျွန်တော်ချို့တဲ့တဲ့အရာနဲ့ လဲကျရှုံးနိမ့်ခဲ့တဲ့ နေရာကို ဘုရားက သိနေခဲ့တယ်။ ကျွန်တော်နိုးထပြီး အသိတရား ပြန်ရတဲ့အထိ ဘုရားက တစ်ဆင့်ချင်း လမ်းပြခဲ့တယ်။ လူတွေကို ကယ်တင်ဖို့ ဘုရားရဲ့ ရည်ရွယ်ချက်က စစ်မှန်တာကို မြင်ခဲ့ရတယ်။ လူတွေက ဘုရားနာမနဲ့ သူ့လမ်းခရီးကို ထိန်းသိမ်းသရွေ့ ကယ်တင်ခြင်းလက်ကို ဘုရားက အမြဲကမ်းနေမှာပါ။ ကျွန်တော်သဘောပေါက်တာထက်ကို ဘုရားက ကျွန်တော်တို့ကို ချစ်တယ်။ လူတိုင်းရဲ့ ဘဝအတွက် ဘုရားတာဝန်ယူတယ်။ အစစ်အမှန် နောင်တရရင် ကျွန်တော့်အတွက် အရမ်းနောက်မကျသေးမှန်း သိလိုက်တယ်။ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထား ပြောင်းလဲပြီး ကယ်တင်ခံရဖို့ ကျွန်တော့်မှာ အခွင့်အရေးရှိသေးတယ်။ ဘုရားအလိုတော်ကို နားလည်သွားတော့ ကျွန်တော့်ရဲ့ အပျက်သဘောဆောင်တဲ့ အခြေအနေနဲ့ အထင်လွဲမှုက ပြောင်းလဲသွားတယ်။

နောက်ပိုင်းမှာ ဘုရားပြုတဲ့ တရားစီရင်ခြင်း အမှုရဲ့ အရေးပါမှုကို သိနားလည်မှုတချို့ ပေးခဲ့တဲ့ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ် ဖတ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သင်သည် မိမိကိုယ်ကိုယ် သိရှိဖို့အလို့ငှာ၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏) ဘုရားနှုတ်ကပတ်တော်တွေ ဖတ်ပြီးတဲ့နောက်မှာ ဘုရားရဲ့ တရားစီရင်ခြင်း အမှုကို ကျွန်တော်နားမလည်ခဲ့မှန်း တွေ့လိုက်ရတယ်။ ဘုရားအမှုတော်ကို ပထမဆုံး လက်ခံခဲ့တုန်းက ဘုရားမေတ္တာ၊ ကရုဏာနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းပေးမှု အများကြီး ကျွန်တော်မွေ့လျော်ခဲ့တယ်။ ဘုရားကျေးဇူးတော်ကို မွေ့လျော်ရရုံနဲ့ ရောင့်ရဲခဲ့တယ်။ ကိုယ်ဟာ ဘုရားလက်ထဲက ကလေးလေးတစ်ယောက်၊ ဘုရားမြတ်နိုးတဲ့ သူတစ်ယောက်ဖြစ်တယ်၊ ထူးခြားပြီး ပြည့်စုံသလို ဘုရားရဲ့ ပြင်းပြင်းထန်ထန် တရားစီရင်တာ ခံရမှာ မဟုတ်ဘူးလို့ တွေးခဲ့တယ်။ ဒါကြောင့် ဘုရားရဲ့ ပြင်းထန်တဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း ရောက်လာတဲ့အခါ၊ ကျွန်တော့်ရဲ့ ပုန်ကန်တတ်မှု၊ အာခံမှုနဲ့ အန္တိခရစ် စိတ်သဘောထားကို ဘုရားနှုတ်ကပတ်တော်တွေ ဖော်ထုတ်တဲ့အခါ ဘုရားက ကျွန်တော့်ကို ဖယ်ရှင်းတော့မယ်လို့ ထင်ခဲ့ပြီး ကျွန်တော့်ရဲ့ အားထုတ်မှုအားလုံး အချည်းနှီးဖြစ်ခဲ့တယ်လို့ ခံစားခဲ့တယ်။ ဒါကြောင့် အသင်းတော်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ကျွန်တော့်ရဲ့ ကောင်းချီးလိုချင်စိတ်၊ လွန်ကဲတဲ့ ရည်မှန်းချက်နဲ့ မသိနားမလည်မှုတွေက ဘုရားကို သစ္စာဖောက်စေခဲ့တာပဲ။ ကျွန်တော့်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဘုရားရဲ့ ရှုတ်ချခြင်းကိုပဲ မြင်ခဲ့ပြီး လူတွေကို ဘုရားရဲ့ ကယ်တင်လိုစိတ်ကို နားမလည်နိုင်ခဲ့ဘူး။ ကျေးဇူးတော်ခေတ်မှာ ဘုရားက လူတွေအတွက် အဆုံးမဲ့ ကရုဏာနဲ့ သည်းခံစိတ်ရှိခဲ့ပြီး အပြစ်ကနေ လူသားမျိုးနွယ်အားလုံးကို ရွေးနုတ်ခဲ့တယ်။ ဒါပေမဲ့ လူသားတွေက စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရတယ်။ ဘုရားရဲ့ ပြင်းထန်တဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကပဲ လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲပေးပြီး စာတန်ရဲ့ အုပ်စိုးမှုကနေ ကျွန်တော်တို့ကို အပြည့်အဝ ကယ်တင်နိုင်ခဲ့တာ။ ကျွန်တော် အရမ်းဖောက်ပြန်ပျက်စီးတာဟာ စာတန်ရဲ့ ပြယုဂ်ဖြစ်လာတဲ့အထိပဲ။ ပြီးတော့ ကျွန်တော့်ကို လှုပ်နှိုးဖို့ ဘုရားဆီကနေ ဒီပြင်းထန်တဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း လိုအပ်ခဲ့တယ်။ ဒီလိုအမှုမျိုးကပဲ စာတန်ကြောင့် အကျည်းတန်တဲ့ ကျွန်တော့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်း သွင်ပြင်ကို မြင်စေနိုင်မှာဖြစ်လို့ပဲ။ ပြီးတော့ အဲဒီအခါမှပဲ ကိုယ့်ကိုယ်ကိုယ် မုန်းပြီး စာတန်ကို စွန့်ပစ်နိုင်မှာလေ။ အဲဒါမရှိရင် ကိုယ့်ကိုယ်ကိုယ် ပြည့်စုံပြီး ဘုရားချစ်တာ ခံရတယ်လို့ ထင်နေမိဦးမှာ။ အဲဒီအခါ သမ္မာတရားကို လုံးဝ ရှာမိမှာ မဟုတ်ဘူး၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိမှာ မဟုတ်ဘူး။ သေတဲ့အထိ အန္တိခရစ်ရဲ့ လမ်းကြောင်းအမှားကို လျှောက်နေမိမှာ။ ဘုရားကို ယုံကြည်ခဲ့ပေမဲ့ လုံးဝ ဒုက္ခမခံချင်ခဲ့ဘူး၊ ဘုရားအလိုလိုက်တာ ခံချင်ခဲ့တယ်၊ ဘုရားရဲ့ကရုဏာနဲ့ ကောင်းချီးတွေကို ကလေးတစ်ယောက်လို အမြဲမွေ့လျော်ချင်ခဲ့တယ်။ ဒီလိုနဲ့ ဘုရားရဲ့ သန့်စင်ပေးတာကို ကျွန်တော် ဘယ်လိုလုပ် ခံရမှာလဲ။ ဘုရားကို ကျွန်တော်အထင်လွဲအောင်၊ ဘုရားဆီက လှည့်ထွက်ပြီး ဘုရားကို သစ္စာဖောက်အောင် ကျွန်တော့်ရဲ့ မသိနားမလည်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုက ဘုရားရဲ့ တရားစီရင်ခြင်း အမှုထဲက ချစ်ခြင်းနဲ့ ကောင်းချီးမင်္ဂလာကို မမြင်နိုင်စေခဲ့ဘူး။ ကိုယ့်ရဲ့ မသိနားမလည်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုအတွက် ကြီးလေးတဲ့ အဖိုးအခ ပေးခဲ့ရတာပဲ။ ဘုရားပြုတဲ့ တရားစီရင်ခြင်း အမှုရဲ့ ကြီးမားတဲ့ အရေးပါမှုကို သဘောပေါက်ပြီးတဲ့နောက်မှာ ဘုရားနောက်လိုက်ပြီး သူ့ရဲ့အမှုကို ပြန်တွေ့ကြုံဖို့ ယုံကြည်စိတ်ချမှု ရှိခဲ့တယ်။ ဘုရားရဲ့ အမှုက ကိုယ့်အယူအဆတွေနဲ့ ကိုက်ကိုက်၊ မကိုက်ကိုက် အားလုံးက ကျွန်တော့်ကို သန့်စင်ပေးပြီး ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ပြောင်းလဲပေးဖို့ လုပ်ခဲ့တာမှန်း နားလည်သွားလို့ပဲ။ အဲဒါက စာတန်ရဲ့ အုပ်စိုးမှုကနေ ကျွန်တော့်ကို အပြည့်အဝ ကယ်တင်ဖို့ပါပဲ။

နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်ကတစ်ဆင့် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ် ဖတ်ခဲ့တယ်။ “မာနထောင်လွှားသည့် သဘာဝရှိသောလူများသည် ဘုရားသခင်ကို မနာခံခြင်း၊ ခုခံခြင်း၊ ဘုရားကို ဝေဖန်အကဲဖြတ်သည့် အပြုအမူများကို ကျူးလွန်ခြင်းနှင့် ဘုရားကို သစ္စာဖောက်ခြင်းတို့ကို စွမ်းဆောင်နိုင်ပြီး၊ မိမိတို့ကိုယ်ကိုယ် ချီးမြှောက်ခြင်းနှင့် ၎င်းတို့၏ကိုယ်ပိုင် နိုင်ငံတော်ကို တည်ထောင်ဖို့ ကြိုးပမ်းအားထုတ်မှု တစ်ခုဖြစ်သည့် အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြသည်။ ဘုရားသခင်၏ အမှုကို လက်ခံသည့် နိုင်ငံတစ်ခုတွင် ထောင်သောင်းချီ လူအချို့ရှိပြီး ဘုရားသခင်၏အိမ်တော်က ဘုရားသခင် ရွေးချယ်ထားသူများကို ဦးဆောင်ကာ ထိန်းကျောင်းဖို့ ထိုနေရာသို့ သင့်အား စေလွှတ်သည် ဆိုကြပါစို့။ ပြီးလျှင် ဘုရားသခင်၏အိမ်တော်က သင့်အား ဩဇာအာဏာ လွှဲပြောင်းပေးခဲ့ပြီး ငါ၊ သို့မဟုတ် အခြားမည်သူမျှ၏ ကြီးကြပ်ခြင်းမျှ မရှိဘဲ၊ သင့်ကို မိမိဘာသာ အလုပ်လုပ်ခွင့်ပြုသည် ဆိုကြပါစို့။ လအချို့ကြာပြီးနောက် သင်သည် အချုပ်အခြာအာဏာ ပိုင်စိုးသူ တစ်ခုကဲ့သို့ ဖြစ်လာပြီးလိမ့်မည် ဖြစ်ပြီး၊ အာဏာဟူသမျှသည် သင်၏လက်ထဲတွင် ရှိကာ၊ သင် ဦးစီးဦးကိုင် လုပ်လိမ့်မည် ဖြစ်သည်၊ ရွေးချယ်ခံထားရသူများ အားလုံးသည် သင့်ကို ဘုရားသခင် ဖြစ်သည့်အလား ကြည်ညိုကြမည်၊ ကိုးကွယ်ကြမည်၊ နာခံကြလိမ့်မည်၊ အများစုက သင့်အား ဦးညွှတ်လျက်၊ ၎င်းတို့အားလုံးက စကားလုံးတိုင်းတွင် သင့်ကို ချီးမွမ်းခြင်း သီချင်းဆိုလျက်၊ သင်သည် ထိုးထွင်းအမြင်ရှိစွာ တရားဟောကြားသည်ဟု ပြောပြီး သင်၏ပြောဆိုချက်များသည် ၎င်းတို့လိုအပ်သည့် အရာဖြစ်ပြီး သင်သည် ၎င်းတို့၏လိုအပ်ချက်များကို ထောက်ပံ့ပေးနိုင်ကြောင်း မလျှော့တမ်း အခိုင်အမာ ဆိုကြလျက်၊ အားလုံးမှာ ‘ဘုရားသခင်’ ဟူသည့် စကားလုံးကို တစ်ခါမျှ ထုတ်ဖော်ဖွင့်ဟခြင်းမရှိဘဲ ဖြစ်သည်။ သင်သည် ဤအမှုကို မည်သို့ ပြုပြီး ဖြစ်မည်နည်း။ ဤလူများအတွက် ထိုသို့သော တုံ့ပြန်မှုတစ်ခုကို လုပ်ဆောင်နိုင်စွမ်းရှိခြင်းက သင်လုပ်ဆောင်နေသည့် အလုပ်သည် ဘုရားသခင်ကို သက်သေခံခြင်း လုံးဝ မပါရှိသည်ကို သက်သေပြနေသည်။ ထို့ထက် သင့်ကိုယ်သင်သာ သက်သေခံပြီး၊ သင့်ကိုယ်သင်သာ ဝါကြွားခဲ့သည်။ သင်သည် ထိုသို့သော ရလဒ်တစ်ခုကို မည်သို့ စွမ်းဆောင်ရရှိနိုင်ရသနည်း။ လူအချို့က ‘ကျွန်ုပ် မိတ်သဟာယပြုသည်မှာ သမ္မာတရား ဖြစ်သည်။ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် မည်သည့်အခါမျှ သေချာပေါက် သက်သေမခံဖူးပါ။’ ဟု ပြောကြသည်။ သင်၏ထိုသဘောထား၊ ထိုဟန်ပန်သည် လူများကို ဘုရားသခင်၏နေရာမှ မိတ်သဟာယပြုဖို့ ကြိုးစားခြင်း ဖြစ်ပြီး၊ ယင်းက ဖောက်ပြန်ပျက်စီးသည့် လူသားတစ်ယောက်၏ အနေအထားတွင် ရပ်တည်နေခြင်း မဟုတ်ပေ။ သင်ပြောသမျှသည် စကားကြီး စကားကျယ်နိုင်သည့် စကားများဖြစ်ပြီး အခြားသူများကို တောင်းဆိုမှုများ ပြုနေခြင်း ဖြစ်သည်။ ယင်းက သင်ကိုယ်တိုင်နှင့် လုံးဝမသက်ဆိုင်ပေ။ ထို့ကြောင့် သင်ရယူမည့် အကျိုးတရားမှာ လူများက သင့်ကို ကိုးကွယ်စေဖို့၊ အားကျစေဖို့နှင့် အဆုံး၌ ၎င်းတို့အားလုံးက သင့်ကို သိကျွမ်းပြီး သင့်ကိုချီးမွမ်းစေဖို့၊ သင့်ကို သက်သေခံဖို သင့်ကို ချီးမြှောက်ဖို့နှင့် သင့်ကို အလွန်ဆိုးရွားစွာ မြှောက်ပင့်ဖို့တို့ ဖြစ်သည်။ ထိုအရာ ဖြစ်ပျက်သည့်အခါ၊ သင်သည် ဆုံးခန်းတိုင် သွားလိမ့်မည် ဖြစ်သည်။ သင်သည် ကျရှုံးပြီးဖြစ်လိမ့်မည်။ ဤသည်က သင်တို့အားလုံး ယခုရောက်နေသည့် လမ်းကြောင်း မဟုတ်လော။ သင်သည် လူထောင်ပေါင်းအနည်းငယ် သို့မဟုတ် သောင်းပေါင်းအနည်းငယ်ကို ဦးဆောင်ဖို့ တောင်းဆိုခြင်း ခံရပါက၊ သင်သည် ဘဝင်ခိုက်နေလိမ့်မည်။ ထို့နောက်တွင် သင်သည် မာနထောင်လွှားလာပြီး ဘုရားသခင်၏ အနေအထား၊ စကားပြောခြင်းနှင့် လက်ဟန်ခြေဟန်နှင့်ပြောဆိုခြင်းတို့ကိုပါ စတင် နေရာယူဖို့ ကြိုးစားလိမ့်မည်ဖြစ်ပြီး၊ မည်သည့်အရာကို ဝတ်ရမည်၊ မည်သည့်အရာကို စားရမည် သို့မဟုတ် မည်သို့လမ်းလျှောက်ရမည်တို့ကို သင်သိမည် မဟုတ်ပေ။ သင်သည် ဘဝ၏ ဇိမ်ခံစရာများ၌ ပျော်ပါးမြူးထူးပြီး သာမန် ညီအစ်ကိုမောင်နှမများဖြင့် တွေ့ဆုံဖို့ အရေးတယူ မလုပ်ဘဲနေလျက်၊ ဘဝင်လေဟပ်လိမ့်မည်။ သင်သည် လုံးလုံးအကျင့်ပျက်ကာ— ချခင်းပြခံရပြီး သုတ်သင်ဖယ်ရှင်း ခံရလိမ့်မည်ဖြစ်ကာ ကောင်းကင်တမန်မင်းကဲ့သို့ပင် ဒဏ်ခတ်ခြင်း ခံရလိမ့်မည်။ သင်တို့အားလုံးသည် ဤသည်ကို လုပ်နိုင်စွမ်းရှိကြသည် မဟုတ်လော။(နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ စာအုပ်ထဲရှိ “လူသား၏ မာနထောင်လွှားသော သဘာဝသည် ဘုရားသခင်အပေါ် သူဆန့်ကျင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်”) ဘုရားနှုတ်ကပတ်တော်တွေကို တွေးဆရင်း ကိုယ့်အပြုအမူတွေကို ပြန်အမှတ်ရမိတယ်။ ကိုယ့်တာဝန်တွေကို စလုပ်ကတည်းက အန္တိခရစ်ရဲ့ လမ်းကြောင်းကို မရည်ရွယ်ဘဲ လျှောက်ခဲ့မိတယ်။ ညီအစ်ကို မောင်နှမတွေရဲ့ စိတ်နှလုံးထဲမှာ နေရာတစ်ခု ရယူဖို့၊ ပိုမြင့်မားတဲ့ သိက္ခာနဲ့ တန်ခိုးအာဏာအတွက် ညီအစ်ကို မောင်နှမတွေရဲ့ လေးစားမှုကို ရဖို့ မုသားမျိုးစုံနဲ့ ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်ခဲ့တယ်။ အဲဒါအပြင် အဆက်မပြတ် ရာထူးတိုးခံရတော့ ညီအစ်ကို မောင်နှမတွေရဲ့ အထက်မှာ ကျွန်တော်ရှိတယ်၊ ဘုရားမျက်နှာသာပေးတာခံရပြီး တခြားလူတွေကို စီမံခန့်ခွဲဖို့ ဘုရားခန့်အပ်တာ ခံရတယ်လို့ ခံစားခဲ့တယ်၊ ဒါကြောင့် အထူးသဖြင့် မာနထောင်လွှားလာခဲ့တယ်၊ တခြားလူတွေကို နှိမ်ပြောတယ်၊ ကိုယ့်ကို ညီအစ်ကို မောင်နှမတွေ နာခံပြီး ကျိုးနွံတာကို လိုချင်ခဲ့သလို လူတိုင်းကို ကိုယ်ကိုယ်တိုင်ရဲ့ရှေ့ ပို့ခဲ့တယ်။ ကိုယ့်တာဝန်မှာ သမ္မာတရားရဲ့ စည်းမျဉ်းတွေ ရှာဖွေတာကို အာရုံမစိုက်ခဲ့သလို ညီအစ်ကို မောင်နှမတွေရဲ့ အမြင်တွေနဲ့ အကြံပြုချက်တွေလည်း မတောင်းခဲ့ဘူး၊ သူတို့က ကိုယ့်လောက် မတော်ဘူးလို့ ထင်ခဲ့လို့လေ။ အစည်းအဝေးတွေအတောအတွင်း လူတိုင်းရှေ့မှာ သူတို့ကို ထင်ရာမြင်ရာ ဝေဖန်ပြီး ပြစ်တင်မောင်းမဲခဲ့သလို ကျွန်တော်နဲ့ မပူးပေါင်းချင်တော့တဲ့အထိ သူတို့ကို အရမ်းအပျက်သဘော ခံစားစေရင်း သူတို့တာဝန်တွေထဲက သွေဖည်မှုတွေနဲ့ အမှားတွေကို ဖော်ထုတ်ခဲ့တယ်။ တခြားလူတွေကိုလည်း ကိုယ့်ဦးဆောင်မှုနောက် လိုက်ခိုင်းခဲ့ပြီး ကိုယ့်လုပ်ပုံကိုင်ပုံအတိုင်း သူတို့တာဝန်တွေကို ထမ်းဆောင်ခိုင်းခဲ့တယ်။ ဒါပေမဲ့ သမ္မာတရားရဲ့ စည်းမျဉ်းတွေ ရှာဖွေရာမှာ ညီအစ်ကို မောင်နှမတွေကို လမ်းမပြခဲ့ဘူး။ ဘုရားနှုတ်ကပတ်တော်ရဲ့ ထုတ်ဖော်ပြချက်မရှိရင် ကျွန်တော်မာနထောင်လွှားမှန်း ခံစားရမှာ မဟုတ်ဘူး၊ အဆင့်အတန်းနောက်လိုက်ဖို့ဖြစ်တဲ့ ကိုယ့်စိတ်ဆန္ဒနဲ့ ရည်မှန်းချက်က ဆိုးရွားတဲ့ ပြဿနာမှန်း တွေးမိမှာ မဟုတ်သလို အန္တိခရစ်ရဲ့ လမ်းကြောင်းပေါ် စတင်ခဲ့မိပြီမှန်း သဘောပေါက်မှာ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ ပင်ကိုအမှန်ကို ဖော်ထုတ်တဲ့ ဘုရားရဲ့ နှုတ်ကပတ်တော် မရှိရင် အန္တိခရစ်ရဲ့ လမ်းကြောင်းကို ခေါင်းမာမာနဲ့ ကျွန်တော်လိုက်လျှောက်နေမိဦးမှာပဲ၊ ခွင့်လွှတ်လို့မရနိုင်တဲ့ အရာတွေ လုပ်မိပြီး နောက်ဆုံးမှာ ဘုရားရဲ့ဖျက်ဆီးတာ ခံရမှာပဲ။

အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ဖတ်ရတယ်။ ဘုရားသခင်က ပြောသည်- “ဖန်ဆင်းခံတစ်ခုအနေနှင့် လူသားသည် သူ၏ကိုယ်ပိုင်အနေအထားကို ထိန်းသိမ်းပြီး အသိဉာဏ်ရှိရှိပြုမူရမည်။ ဖန်ဆင်းရှင်က တာဝန်ပေးစေခိုင်းထားသည့်အရာကို တာဝန်သိတတ်စွာနှင့် စောင့်ရှောက်ရမည်။ စည်းကျော်၍ မလုပ်ရ၊ သို့မဟုတ် မိမိတတ်နိုင်သည့် နယ်ပယ်ထက် ကျော်၍မလုပ်ရ၊ သို့မဟုတ် ဘုရားသခင် စက်ဆုပ်သည့် အရာများကို မလုပ်ရ။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန်၊ သို့မဟုတ် အခြားလူများထက်ကျော်လွန်ရန် မလုပ်ရသကဲ့သို့ ဘုရားဖြစ်အောင်လည်း မကြိုးစားရ။ ဤသည်မှာ လူတို့ဆန္ဒမပြုသင့်သည့် အရာဖြစ်သည်။ ကြီးမြတ်ရန်၊ သို့မဟုတ် အာဂလူသားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက အဓိပ္ပာယ်မရှိပေ။ ဘုရားဖြစ်ရန် ကြိုးစားလုပ်ဆောင်ခြင်းက ပို၍ပင် ဆိုးဝါးသည်။ ဤသည်မှာ ရွံ့ရှာစက်ဆုပ်ဖွယ်ဖြစ်ပြီး ယုတ်ညံ့၏။ ချီးကျူးထိုက်ပြီး အရာအားလုံးထက် ဖန်ဆင်းခံတို့ စွဲကိုင်ထားသင့်သည့် အရာမှာ စစ်မှန်သည့် ဖန်ဆင်းခံဖြစ်ရန်ဖြစ်၏။ ဤသည်မှာ လူအားလုံး လိုက်လျှောက်သင့်သည့် တစ်ခုတည်းသော ပန်းတိုင်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဖတ်ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ဆင်ခြင်ခဲ့တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ထူးခြားတဲ့သူလို့ စဉ်းစားခဲ့မိတာပဲ၊ အထူးသဖြင့် ခေါင်းဆောင်ဖြစ်လာပြီး အဆင့်အတန်းတချို့ ရခဲ့ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ ဆိုးယုတ်တဲ့ သဘာဝက ပိုလို့တောင် ဖော်ထုတ်ခံခဲ့ရတယ်။ ကျွန်တော်မာနထောင်လွှားပြီး ကြွားခဲ့မိတယ်။ ကိုယ့်ကို ညီအစ်ကို မောင်နှမတွေ ကြည်ညိုပြီး နာခံတာ လိုချင်ခဲ့မိတယ်။ ဘုရားက ဆုကျေဇူးနဲ့ အဆင့်အတန်းတချို့ ပေးခဲ့တာကို ကျွန်တော်က အာဏာစွဲကိုင်ချင်ခဲ့တယ်။ အရမ်းရှက်စရာဖြစ်ပြီး မသိနားမလည်ခဲ့တာ။ ဘုရားက ကျွန်တော်ကို စစ်မှန်တဲ့ ဖန်ဆင်းခံဖြစ်စေချင်ခဲ့တယ်၊ သူ့ရဲ့ အချုပ်အခြာအာဏာနဲ့ ထောက်ပံ့မှုကို လက်ခံစေချင်ခဲ့တယ်၊ ကိုယ့်တာဝန်ကို ဖြည့်ဆည်းစေချင်တယ်၊ သူ့ကို သိလာစေချင်ပြီး သက်သေခံစေချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က စာတန်ရဲ့ နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်စီးစေတာ ခံခဲ့ရပြီး သာမန်လူရဲ့ ဆင်ခြင်တုံတရား ပျောက်ဆုံးခဲ့သလို ဖန်ဆင်းခံဆိုတဲ့ ကိုယ့်နေရာကိုလည်း မေ့သွားခဲ့တယ်။ သာမန်လူတစ်ယောက်လို မပြုမူမနေထိုင်ချင်ခဲ့ဘူး၊ အာဂလူ၊ ကြီးမြတ်တဲ့လူတစ်ယောက်၊ လူတွေရဲ့ အထင်ကြီး လေးစားတာခံရတဲ့ သူတစ်ယောက် ဖြစ်ချင်ခဲ့တယ်။ တကယ်တော့ ညီအစ်ကို မောင်နှမတွေနဲ့ တန်းတူ အဆင့်အတန်း ကျွန်တော့်မှာ ရှိခဲ့တာပါ။ ဘုရားက အထူးဆုကျေးဇူး၊ ပါရမီတစ်ခု ပေးရုံ၊ ဒါမှမဟုတ် ခေါင်းဆောင်ရာထူးဆီ ကျွန်တော့်ကို ချီးမြှောက်ခဲ့ရုံနဲ့ ကျွန်တော့်အဆင့်အတန်းက ညီအစ်ကို မောင်နှမတွေရဲ့ အဆင့်အတန်းထက် ပိုမြင့်တယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်က ဖန်ဆင်းခံ ဖြစ်နေတုန်းပဲ။ ဒီဆုကျေးဇူး၊ ပါရမီတွေကို ဘုရားပေးထားတာဖြစ်လို့ ကျွန်တော်မကြွားသင့်ဘူး။ ကိုယ့်တာဝန်ကို ကောင်းကောင်း ထမ်းဆောင်ပြီး လျော်ကန်တဲ့ ဖန်ဆင်းခံ ဖြစ်လာဖို့ ကိုယ့်ရဲ့ အားထုတ်မှုကို အာရုံစိုက်သင့်တာ။

ဒီအရာတွေကို သဘောပေါက်လိုက်တာနဲ့ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခု ရှိခဲ့ပြီး စိတ်သက်သာရာရသွားတယ်။ အခု ကိုယ့်တာဝန်တွေကို ဆက်လုပ်ဖို့ အသင်းတော်ကို အမြန်ပြန်သွားချင်တယ်။ ဒီတစ်ခါ ဘုရားနောက်လိုက်ပြီး ကိုယ့်တာဝန်ကို ထမ်းဆောင်ဖို့ ကျွန်တော့်ရဲ့ စိတ်ပိုင်းဖြတ်ချက်က ပိုခိုင်မာတယ်။ ကွန်ပျူတာနဲ့ ဖုန်းထဲက ဘုရားကို ယုံကြည်မှုနဲ့ မဆက်နွှယ်တာအားလုံးကို ကျွန်တော်ဖျက်လိုက်တယ်၊ ကျန်တာအားလုံးကို ဘေးဖယ်ထားပြီး ဘုရားနောက်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရက်နည်းနည်းကြာပြီးတဲ့နောက်မှာ အသင်းတော်ဆီ ကျွန်တော်ပြန်သွားခဲ့တယ်။ သိပ်မကြာခင်မှာ ဧဝံဂေလိဟောတဲ့ ကျွန်တော့်တာဝန်ကို ပြန်လုပ်ခဲ့တယ်။ ဘုရားကျေးဇူးတော်ပဲ။ ဒီတစ်ခါ ကျွန်တော် အစကပြန်စပြီး ညီအစ်ကို မောင်နှမတွေနဲ့ သတိရှိရှိ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ ပြဿနာကို ကြုံရတဲ့အခါတိုင်းမှာ ညီအစ်ကို မောင်နှမတွေကို သူတို့အမြင်နဲ့ အကြံတွေ တောင်းပြီး ပါဝင်ဖို့ တောင်းဆိုခဲ့တယ်။ ကိုယ့်ဘာသာ ဆုံးဖြတ်ချက်တွေ မချတော့သလို ညီအစ်ကို မောင်နှမတွေအပေါ် ကိုယ့်အမြင်တွေကိုလည်း မသွတ်သွင်းတော့ဘူး။ အဲဒီအစား လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းကောင်းတစ်ခုရှာတွေ့အောင် အကြံပေးပြီး အတူအလုပ်လုပ်ပေးတယ်။ ဒါ့အပြင် ကျွန်တော့်ကို အထင်ကြီးအောင် မကြွားချင်တော့ဘူး၊ သူတို့ကို ထိန်းချုပ်ဖို့ မကြိုးစားချင်တော့ဘူး။ အာဏာကို မလိုချင်တော့ဘူး။ အဲဒီအစား ညီအစ်ကို မောင်နှမတွေနဲ့အတူ သမ္မာတရား စည်းမျဉ်းတွေကို ရှာဖွေဖို့ သင်ယူခဲ့တယ်။ ဒီလိုလက်တွေ့လုပ်ဆောင်ရင်းနဲ့ နက်ရှိုင်း အေးချမ်းတဲ့ ခံစားချက်တစ်ခုခံစားခဲ့ရတယ်၊ အဲဒါက အရင်တုန်းက ကျွန်တော်မခံစားခဲ့ရတဲ့ အရာတစ်ခုပဲ။ အခု ညီအစ်ကို မောင်နှမတွေနဲ့ ကျွန်တော့် ဆက်ဆံရေးက အများကြီး ပိုလွယ်သွားသလို သူတို့က ကျွန်တော်နဲ့အတူ ပူးပေါင်းလုပ်ဆောင်ချင်နေကြပြီ။ အစကပြန်စဖို့ အခွင့်အရေးပေးတဲ့အတွက် ဘုရားကို သိပ်ကျေးဇူးတင်မိပါတယ်။ ဘုရားနှုတ်ကပတ်တော်တွေကပဲ ကျွန်တော့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားနဲ့ အဆင့်အတန်း လိုက်စားမှုကို ပြောင်းလဲစေနိုင်တယ်လို့ တကယ်ခံစားရတယ်။ အဲဒါတွေကပဲ ဖန်ဆင်းခံတစ်ယောက်ရဲ့ နေရာကို ထိန်းထားခွင့်ပေးနိုင်တယ်၊ တာဝန်တွေကို ကောင်းကောင်း ထမ်းဆောင်ဖို့ ညီအစ်ကို မောင်နှမတွေနဲ့ ပူးပေါင်းလုပ်ခွင့်ပေးပြီး၊ လူသားသဏ္ဌာန် အသက်ရှင်နေထိုင်ခွင့် ပေးနိုင်တယ်။

ဒီပြင်းထန်တဲ့ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနဲ့ ကိုင်တွယ်ဖြေရှင်းခြင်းကတစ်ဆင့် ဘုရားမေတ္တာကို တွေ့ကြုံခဲ့ရပြီး ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နည်းနည်းနားလည်သွားခဲ့တယ်။ ပြီးတော့‌ ဘုရားအမှုတော်အပေါ် ရှင်းလင်းတဲ့ အမြင် ရှိသွားတဲ့အပြင် ဘုရားကို ပိုကြီးမားတဲ့ ယုံကြည်ခြင်း ရှိသွားတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းက လူတွေကို ရှုတ်ချ၊ ဖျက်ဆီးဖို့ မဟုတ်ဘဲ အဲဒီအစား ဘုရားနှုတ်ကပတ်တော်က ပြောသလိုပဲလို့ တကယ်ခံစားရတယ်။ “ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့သည် အလင်းဖြစ်ပြီး၊ လူသား၏ ကယ်တင်ခြင်းအလင်းဖြစ်ကာ၊ လူသားအတွက် ထို့ထက်သာ၍ ကောင်းမွန်သော ကောင်းချီးမင်္ဂလာ၊ ကျေးဇူးတော် သို့မဟုတ် ကွယ်ကာမှုမရှိသည်ကို သိလော့။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ပေတရု၏ အတွေ့အကြုံများ- ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် သူ၏အသိပညာ) ကျွန်တော့်ရဲ့ သဘာဝက မာနထောင်လွှားလွန်းတယ်၊ ရည်မှန်းချက်က အရမ်းကြီးပြီး ဆိုးယုတ်တဲ့ စိတ်သဘောထားက ဆိုးရွားလွန်းတယ်။ ဒါကြောင့် ကျွန်တော့်ကို သန့်စင်၊ ပြောင်းလဲစေပြီး မှန်ကန်တဲ့ လမ်းကြောင်းပေါ် လမ်းပြဖို့ ဘုရားက အဲဒီလို ပြင်းထန်တဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမမှုကို သုံးခဲ့ရတာပဲ။ ကျွန်တော့်ကို ကယ်တင်တဲ့အတွက် ဘုရားကို ကျေးဇူးတင်ပါတယ်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ခေါင်းဆောင် အတုအယောင်အား ဖော်ထုတ်ခြင်း- တစ်ကိုယ်ရေ ရုန်းကန်ကြိုးစားခြင်း

ကျန်းရီ တောင်ကိုးရီးယားနိုင်ငံမနှစ်က မြို့ပြင်က အသင်းတော်တစ်ခုမှာ ကျွန်မ၏ တာဝန်ကို ထမ်းဆောင်နေသော်လည်း၊ လက်တွေ့ကျသည့်အလုပ်ကို...

တိတ်ဆိတ်ခြင်း၏နောက်ကွယ်

လိဂျီး ဂရိနိုင်ငံကျွန်မက စကားများများ ပြောလေ့ရှိသူ တစ်ဦး မဟုတ်သကဲ့သို့ ကျွန်မ စိတ်ထဲရှိသည့်အတိုင်း မကြာခဏ ရင်ဖွင့်လေ့လည်း မရှိပါ။ ကျွန်မက...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။