ကျရှုံးမှုများ၊ အနှောင့်အယှက်များမှတစ်ဆင့် ကြီးထွားတိုးတက်ခြင်း

13.12.2022

ကျိန်းရှင်း ဖိလစ်ပိုင်နိုင်ငံ

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်ကို ကျွန်မလက်ခံခဲ့ပါသည်။ သုံးလေးလအကြာ၌ အသင်းတော်ခေါင်းဆောင်အဖြစ် ကျွန်မအရွေးခံရ၏။ အသင်းတော်တွင် လုပ်ရမည့် အလုပ်များ၊ ဖြေရှင်းရမည့် ပြဿနာများ များစွာ ရှိနေခဲ့သည်။ ကျွန်မအနေဖြင့် ထက်ထက်သန်သန် စိတ်နှစ်ပြီး လုပ်ခဲ့ပါသည်။ အတန်ကြာလာသည့်အခါ အသင်းတော်အလုပ်နှင့် ကျွန်မနည်းနည်းပိုပြီး ရင်းနှီးလာ၏။ သို့သော် ပြဿနာအများအပြားနှင့် ကြုံနေရတုန်းပင်။ လူသစ်တော်တော်များများက စုဝေးပွဲများ ပုံမှန်မတက်ကြပါ။ အချို့က အွန်လိုင်းမှ ကောလာဟလများ၏ သက်ရောက်မှုကို ခံကြရသည်။ လူအချို့က ရူပါရုံသမ္မာတရားများကို တကယ်နားမလည်သည့်အပြင် မပြေလည်သေးသည့် ဘာသာရေးအယူအဆများ ရှိနေကြသည်။ အချို့ကမူ အင်မတန် အလုပ်များကြသဖြင့် စုဝေးပွဲများကို ပုံမှန်မတက်နိုင်ကြပါ။ ဤပြဿနာများကို ရင်ဆိုင်ရသည့်အခါ သူတို့၏ အခက်အခဲများကို ကျော်လွှားနိုင်အောင် ကူညီပေးရန် ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ပေးဖို့ ကျွန်မကြိုးစားသည်။ သို့သော် သူတို့၏ ပြဿနာများက မပြေလည်သေးပါ။ ကျွန်မအတော်ပင် အားမလိုအားမရ ဖြစ်မိ၏။ ကျွန်မအလုပ်ကြိုးစားထားသမျှ အားလုံးက အဘယ်ကြောင့် အသီးမသီးသေးသနည်းဟု ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်မေးနေမိသည်။ ကျွန်မတို့၏ အသင်းတော်ကို ဘုရားသခင်က အဘယ်ကြောင့် ကောင်းချီးမပေးသနည်းဟု မေးနေမိ၏။ ညီအစ်ကိုမောင်နှမများတွင် ပြဿနာအမြောက်အမြား ရှိနေပြီး သူတို့ကို သုံးလေးကြိမ် ကျွန်မမိတ်သဟာယဖွဲ့ပေးသော်လည်း မအောင်မြင်ခဲ့ပါ။ ခေါင်းဆောင်ရာထူးနှင့် ကျွန်မမသင့်တော်ခြင်း ဖြစ်နေမလားဟု တွေးမိသည်။ ကျွန်မကိုယ်ကျွန်မ အပြစ်လည်း တင်မိ၏။ “ဒါတွေအားလုံးက ငါ့ကြောင့်ဖြစ်ရတာ။ ငါသာ တာဝန်သိတတ်ပြီး နုတ်ထွက်လိုက်ရင် တခြားတစ်ယောက်က ခေါင်းဆောင်လုပ်လို့ရတယ်။ ဒါဆိုရင် အလုပ်က ပိုပြီးအောင်မြင်မှာပဲ” ဟူ၍ ဖြစ်သည်။ ကျွန်မစိတ်ညစ်လာပြီး ကိုယ့်တာဝန်တွင် မတက်ကြွတော့ဘဲ အထုတ်ခံရဖို့သာ စောင့်နေခဲ့သည်။ ကျွန်မကို ဖော်ထုတ်ဖို့၊ ကျရှုံးအောင် လုပ်ဖို့ ဤအခက်အခဲများကို ဘုရားပြင်ဆင်ထားခြင်း ဖြစ်သည်၊ ကျွန်မကို ဘုရားစွန့်ပစ်ပြီးလောက်ပြီ ဖြစ်သည်ဟုပင် ကျွန်မတွေးခဲ့၏။ ထိုအတွေးကြောင့် ကျွန်မကြောက်သွားသည်။ ကျွန်မကို ဘုရားစွန့်ပစ်လိုက်ပြီလားဟု တွေးနေမိ၏။ ကျွန်မဆုတောင်းပြီး ရှာဖွေသည်။ သို့သော် ဘုရားအလိုတော်ကို နားမလည်သေးပါ။ ဘုရားက ကျွန်မကို စွန့်ပစ်ခဲ့ပြီဟူသည့် အတွေးက တစ်ခါတလေ ပေါ်ပေါ်လာသည်။ တစ်ချိန်လုံး စိတ်ဓာတ်ကျ၊ နွမ်းနယ်ပြီး အားနည်းနေခဲ့ရသည်။ ကျွန်မတကယ်ပင် ကြောက်နေခဲ့ပြီး ကျွန်မတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုပြုခြင်း မရှိတော့ဟု ခံစားမိသည်။

ထိုအချိန်က အသင်းတော်တွင် အဖွဲ့ခေါင်းဆောင် အနည်းငယ် လိုနေခဲ့သည်။ ထို့ကြောင့် ကြီးကြပ်ရေးမှူးက လူသစ်အချို့ကို အကြံပြုထောက်ခံပေး၏။ ကျွန်မလည်း သိပ်ပြီး မစုံစမ်းမစစ်ဆေးဘဲနှင့် သူတို့ကို တိုက်ရိုက်ခန့်ပစ်လိုက်သည်။ အစပထမတွင် သူတို့အားလုံးက တာဝန်ယူပြီး လုပ်ချင်သည်ဟု ပြောကြသည်။ သို့သော် တရားဝင်စလုပ်သည့်အခါတွင်မူ တစ်ယောက်က အခြားအလုပ် သူလုပ်ရမည်ဖြစ်၍ မအားကြောင်း၊ ထို့ကြောင့် ဤအလုပ်ကို မလုပ်နိုင်ကြောင်း ပြောလာ၏။ အခြားတစ်ယောက်ကလည်း မိသားစုကိစ္စကြောင့် စုဝေးပွဲများကို နောက်ကျမှ ရောက်လာမည်ဖြစ်ပြီး ဤအလုပ်ကို လုပ်နိုင်မည် မဟုတ်ဟု ပြောလာသည်။ နောက်ဆုံးတွင်မူ ယခုလောလောဆယ် သူတို့ကို အဖွဲ့ခေါင်းဆောင်အဖြစ် ပျိုးထောင်ပေးဖို့ မသင့်တော်ဟု ကျွန်မဆုံးဖြတ်လိုက်သည်။ အလုပ်တွင် ကျွန်မကြုံရသည့် ဤအခက်အခဲများကို ဖြေရှင်းဖို့ ကျွန်မကြိုးစားလုပ်သည်။ သို့သော် အတန်ကြာသည်အထိ မည်သည့်ရလဒ်မျှ မရပါ။ ထိုအချိန်၌ ဤကျရှုံးမှုအားလုံးကို ကျွန်မတကယ်ပင် မခံနိုင်ခဲ့ပါ။ ကျွန်မသည် တော်တော်ကို အပျက်သဘောဆောင်နေခဲ့၏။ နောက်တစ်နေ့ ရောက်လာသည်ကို ရင်ဆိုင်ဖို့ပင် ကြောက်နေခဲ့သည်။ အများကြီး ကျွန်မလုပ်သော်လည်း ဘာမျှ မဖြစ်မြောက်သဖြင့် အသင်းတော်အလုပ်ကို မလုပ်ချင်တော့ပါ။ ကျွန်မအရည်အချင်းမရှိဟု ဘုရားသခင်က ဖော်ထုတ်လို၍ ဤအခြေအနေကို ကျွန်မရင်ဆိုင်နေရသည်ဟု ထင်မိသည်။ သို့သော် ဤအခြေနေမျိုးထဲ ကျွန်မနစ်မြုပ်သွားမည့် အဖြစ်ကို မလိုချင်ခဲ့ပါ။ မိမိတာဝန်၌ ရလဒ်များ မရခြင်းကြောင့် ဖော်ထုတ်ပြီး ထုတ်ပယ်ခံရမည်ကို မလိုချင်ခဲ့ပါ။

တစ်ကြိမ် ကျွန်မဘုရားဝတ်ပြုနေစဉ်တွင် “တာဝန်ယူခြင်းနှင့် သက်ဆိုင်သည့် အခြေခံသဘောတရားများ” ကို ဖတ်မိသွား၏။ “သမ္မာတရားကို လက်မခံသည့်၊ လက်တွေ့ကျသည့် အလုပ်ကို မလုပ်နိုင်သကဲ့သို့ အချိန်တချို့ကြာ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်မရှိသည့် မည်သည့် အယောင်ဆောင် ခေါင်းဆောင် သို့မဟုတ် အမှုတော်ဆောင်မဆို တာဝန်ယူပြီး နုတ်ထွက်ရမည်။” (သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀) ဤအရာကို ဖတ်ရသည့်အခါ ကျွန်မပို၍ပင် အပျက်သဘောဆောင်လာသည်။ “ငါဘာလုပ်သင့်လဲ။ အသင်းတော်ြပဿနာတစ်ခုမှ ငါမဖြေရှင်းခဲ့ဘူးဆိုတော့ ငါက အယောင်ဆောင်ခေါင်းဆောင်ပဲ။ ငါတာဝန်မကင်းတာကို ဝန်ခံပြီး အရည်အချင်းရှိသူကို ခေါင်းဆောင်ဖြစ်ခွင့်ပေးဖို့ ငါနုတ်ထွက်သင့်လား” ဟု တွေးမိသည်။ အသင်းတော်အလုပ်ကို ကျွန်မလုပ်လာသည်မှာ သုံးလရှိနေပြီ ဖြစ်သည်။ သို့သော် အသင်းတော်အတွင်း ရှိနေသည့် ပြဿနာများကို မဖြေရှင်းနိုင်သေးပါ။ ထို့အပြင် ထိုအခြေအနေ၌ ကျွန်မသည် ဘုရားအလိုတော်ကို နားမလည်ဆဲပင် ဖြစ်ပြီး မည်သည့်တိုးတက်မှုမျှလည်း မရှိသေးပါ။ ဘုရားကို နားလည်မှုပင် လွဲနေခဲ့သည်။ ကျွန်မသည် အင်မတန် အပျက်သဘောဆောင်သည်ဟု အခြားသူများ ထင်သွားမည်ကို ကျွန်မစိုးရိမ်နေမိသည်။ နုတ်ထွက်ဖို့ ကျွန်မစဉ်းစား၍ သူတို့ကျွန်မကို အပြစ်ဖော်ဆုံးမမည်ကိုလည်း ကြောက်နေခဲ့၏။

တစ်ကြိမ်၌ စုဝေးပွဲတစ်ခုတွင် ဘုရားနှုတ်ကပတ်တော်ထဲမှ ဤအရာကို ကျွန်မဖတ်ရသည်။ “သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ သင်သည် ကျရှုံးမှုများစွာ၊ စိတ်ရှုပ်ထွေးသော အချိန်ကာလများစွာ၊ မှားယွင်းသော အကဲဖြတ်မှုများစွာနှင့် လမ်းလွဲမှုများစွာကို ကြုံရမည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၊ သင်၏ အားနည်းချက်နှင့် ချို့ယွင်းချက်များ၊ သင်၏ မသိနားမလည်မှုနှင့် မိုက်မဲမှုများကို အပြည့်အဝ ဖော်ထုတ်နိုင်သည်။ ဤသို့ဖြင့် သင်သည် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ပြီး သိနိုင်သည်။ ဘုရားသခင်၏ အတိုင်းအဆမရှိ တန်ခိုးနှင့် ပြည့်ဝသော ဉာဏ်ပညာ၊ ဘုရားသခင်၏ စိတ်သဘောထားတို့ကို သိရှိနိုင်သည်။ သင်သည် ဘုရားသခင်ထံမှ အပြုသဘောဆောင်သော အရာများကို ရလိမ့်မည်။ သမ္မာတရားကို နားလည်ပြီး လက်တွေ့အရှိတရားသို့ ဝင်ရောက်လိမ့်မည်။ သင်၏ အတွေ့အကြုံတွင် သင်ဖြစ်စေချင်ရှိသလို မဖြစ်သော အရာများစွာ၊ သင်မည်သို့မျှ မတတ်နိုင်ဟု ခံစားရသော အရာများစွာ ရှိလိမ့်မည်။ ဤအရာများဖြင့် သင်သည် ရှာဖွေပြီး စောင့်ဆိုင်းရမည်။ အကြောင်းအရာတစ်ခုစီအတွက် အဖြေကို ဘုရားသခင်ထံမှ ရယူရမည်။ အကြောင်းအရာတစ်ခုစီတိုင်း၏ အခြေခံအနှစ်သာရနှင့် လူအမျိုးအစားတစ်ခုစီတိုင်း၏ အနှစ်သာရကို ဘုရားသခင်၏ နှုတ်ကပတ်တော်များမှတစ်ဆင့် နားလည်ရမည်။ ဤသည်မှာ သာမန်ဖြစ်သော၊ ပုံမှန်ဖြစ်သော လူတစ်ယောက် ပြုမူပုံဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားနှုတ်ကပတ်တော်ကို တန်ဖိုးထားခြင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းတွင် အခြေခံအုတ်မြစ်ဖြစ်သည်) ဘုရားသခင်က အင်မတန် ဉာဏ်ပညာရှိပါ၏။ ဘုရားသခင် မည်သို့အလုပ်လုပ်ပုံနှင့် ပတ်သက်၍ ကျွန်မနားလည်မှုအသစ် ရသွားသည်။ လူတိုင်းက သူတို့တာဝန်တွင် ကျရှုံးမှုနှင့် အနှောင့်အယှက်အချို့ကို ဖြတ်သန်းရကြောင်း၊ ဘုရားအလိုတော်က ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုကို ဖြေရှင်းဖို့ ဤအရာအားလုံးတစ်လျှောက်တွင် ကျွန်မအား သမ္မာတရားကို ရှာဖွေစေရန် ဖြစ်ကြောင်းကို ကျွန်မမြင်သွားသည်။ ကျွန်မသည် မိမိတာဝန်၌ အခက်အခဲအချို့ကို ရင်ဆိုင်ရပြီး ကျရှုံးမှုအချို့နှင့် ကြုံခဲ့ရသည်။ သို့သော် သမ္မာတရားကိုဖြစ်စေ၊ ဘုရားအလိုတော်ကိုဖြစ်စေ မရှာခဲ့ပါ။ နုတ်ထွက်ဖို့အကြောင်းသာ အမြဲပင် တွေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်မသည် မိမိတာဝန်တွင် မည်သည့်အောင်မြင်မှုမျှ မရထားကြောင်း၊ သို့မဟုတ် ခေါင်းဆောင်တစ်ဦး လုပ်သင့်သည်ကို မလုပ်ထားကြောင်း ခံစားရ၍ ဖြစ်သည်။ ကျွန်မ၏ တကယ့်အခြေအနေကို အခြားသူများအား ပြောပင် မပြောရဲခဲ့ပါ။ ကျွန်မသည် တကယ်ပင် မသိနားမလည် ဖြစ်ခဲ့ပါ၏။ ဘုရားအလိုတော်ကို နားမလည်ခဲ့ပါ။ ဘုရားက ဤအရာမျိုး ကျွန်မအပေါ် အဘယ်ကြောင့် ဖြစ်ခွင့်ပြုသည်ကိုလည်း ကျွန်မနားမလည်ခဲ့ပါ။ ကျွန်မသည် သာမန်လူသာ ဖြစ်သောကြောင့် မိမိတာဝန်၌ အခက်အခဲနှင့် ကျရှုံးမှုအချို့ ကြုံရသည်က သာမန်ပင် ဖြစ်ကြောင်းကို ဘုရားနှုတ်ကပတ်တော်မှ ကျွန်မမြင်ခဲ့ရပါသည်။ ဤကိစ္စတွင် ဘုရားအလိုတော် ရှိနေပါ၏။ သို့ဖြစ်၍ ကျွန်မ၏ လတ်တလော အခြေအနေကို ညီအစ်ကိုမောင်နှမများထံ ဖွင့်ပြောပြီး သူတို့၏ အကူအညီကို ရှာခဲ့သည်။ ကျွန်မတာဝန်မကင်းသည်ကို ဝန်ခံဖို့နှင့် နုတ်ထွက်ဖို့ စဉ်းစားခဲ့ကြောင်းကိုလည်း သူတို့အား ပြောပြလိုက်သည်။ သူတို့က ကျွန်မကို အထင်မသေးကြပါ။ ထိုအစား ကျွန်မကို ကူညီပြီး အားပေးကြသည်။ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ပေးကြသည်။ ကျွန်မတကယ်ပင် ရင်ထဲထိသွား၏။

သူတို့က ကျွန်မကို အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အချို့ ဖတ်ပြကြသည်။ ဘုရားသခင်က ပြောသည်- “ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခံစားခြင်းတစ်လျှောက်တွင် သင်မည်မျှ ကျရှုံးပြီးဖြစ်ပါစေ၊ လဲကျပြီးဖြစ်ပါစေ၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်း၊ သို့မဟုတ် ဖော်ထုတ်ခြင်းကို ခံရပြီးဖြစ်ပါစေ၊ ယင်းတို့မှာ မကောင်းသောအရာများ မဟုတ်ပေ။ သင်သည် မည်သို့ ပြုပြင်ခံရသည်ဖြစ်စေ၊ ကိုင်တွယ်ဖြေရှင်းခံရသည်ဖြစ်စေ၊ သို့မဟုတ် ယင်းသည် ခေါင်းဆောင်များ၊ အမှုဆောင်များ၊ ညီအစ်ကိုမောင်နှမများအားဖြင့် ဖြစ်စေ ဤအရာအားလုံးသည် ကောင်းသောအရာများဖြစ်သည်။ ဤအရာကို သင် သတိရရမည်။ သင်သည် မည်မျှ ဒုက္ခခံရပါစေ သင်သည် အမှန်တကယ် အကျိုးအမြတ်ရရှိနေခြင်းဖြစ်သည်။ အတွေ့အကြုံရှိသော မည်သူမဆို ဤအရာကို မှန်ကန်ကြောင်း ထောက်ခံနိုင်သည်။ မည်သို့ပင်ဖြစ်စေကာမူ၊ ပြုပြင်ခံရခြင်း၊ ကိုင်တွယ်ဖြေရှင်းခံရခြင်း၊ သို့မဟုတ် ဖော်ထုတ်ခံရခြင်းတို့သည် အစဉ်အမြဲ ကောင်းသောအရာတစ်ခုဖြစ်သည်။ ယင်းမှာ ပြစ်တင်ရှုတ်ချခြင်း မဟုတ်ပေ။ ယင်းမှာ ဘုရားသခင်၏ ကယ်တင်ခြင်း ဖြစ်ပြီး မိမိကိုယ်ကိုယ် သိရှိရန် သင့်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ယင်းက သင်၏ ဘဝအတွေ့အကြုံတွင် အလှည့်အပြောင်းတစ်ခုကို ယူဆောင်လာနိုင်သည်။ ထိုအရာမရှိဘဲ၊ သင်သည် သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သော အမှန်တရားကို သိနားလည်ခြင်းသို့ရောက်နိုင်ဖို့ အခွင့်အရေးရော အခြေအနေကိုပါ ပိုင်ဆိုင်လိမ့်မည်မဟုတ်သလို ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာကိုလည်း သင်ပိုင်ဆိုင်လိမ့်မည်မဟုတ်။ သင်သည် သမ္မာတရားကို အမှန်တကယ် နားလည်လျှင်၊ သင်၏ စိတ်နှလုံးအတွင်းထဲတွင် ပုန်းကွယ်နေသော ဖောက်ပြန်ပျက်စီးသောအရာများကို ရှာဖွေတွေ့ရှိနိုင်လျှင်၊ သင်သည် ၎င်းတို့ကို ရှင်းလင်းစွာ ခွဲခြားသိမြင်နိုင်လျှင် ဤသည်မှာ ကောင်းသည်။ အသက်ဝင်ရောက်မှု၏ အကြီးစားပြဿနာတစ်ခုကို ဤအရာက ဖြေရှင်းပြီးဖြစ်ကာ စိတ်သဘောထား ပြောင်းလဲမှုများအတွက် အလွန်ပင် အကျိုးဖြစ်စေသည်။ သင့်ကိုယ်သင် အမှန်တကယ် သိရှိလာနိုင်ခြင်းသည် သင်၏လမ်းများကို ပြုပြင်ပြီး လူသစ်တစ်ဦးဖြစ်လာဖို့ သင့်အတွက် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်၊ ယင်းမှာ သင့်အနေဖြင့် အသက်တာသစ်ကို ရရှိရန် အကောင်းဆုံးသော အခွင့်အရေးဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် အမှန်တကယ် သိရှိသည်နှင့်တစ်ပြိုင်နက်၊ သမ္မာတရားက တစ်ဦးတစ်ယောက်၏ အသက်ဖြစ်လာသည့်အခါ၊ အမှန်ပင် တန်ဖိုးရှိသည့်အရာဖြစ်သည်ကို သင် တွေ့မြင်နိုင်လိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားအတွက် သင် ဆာငတ်လိမ့်မည်ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိမ့်မည်။ သမ္မာတရား၏ စစ်မှန်မှုထဲသို့ သင် ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသည်မှာ လွန်စွာ ကြီးမြတ်သည့်အရာတစ်ခု ဖြစ်ပေ၏။ သင်ကျရှုံးသည့်အခါတိုင်း သို့မဟုတ် လဲကျသည့်အခါတိုင်း ဤအခွင့်အရေးကို သင် ဆုပ်ကိုင်နိုင်ပြီး အလွန်စိတ်ထက်သန်စွာ မိမိကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကိုယ် စစ်မှန်သည့် သိကျွမ်းမှု ရရှိလျှင်၊ အပျက်သဘောဆောင်ခြင်းနှင့် အားနည်းချက်များကြားတွင်၊ သင်သည် ပြန်ထရပ်နိုင်လိမ့်မည်။ ဤအတိုင်းအတာကို သင်ဖြတ်ကျော်ပြီးသည်နှင့်တစ်ပြိုင်နက်၊ ရှေ့ဆက် ကြီးမားသည့် ခြေလှမ်းကို သင် လှမ်းနိုင်လိမ့်မည်ဖြစ်ပြီး သမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည်ဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို ရရှိရန်၊ အနီးအနားတွင်ရှိသော လူများ၊ ကိစ္စရပ်များနှင့် အမှုအရာများမှ သင်ယူရမည်)လူသားမျိုးနွယ်ကို ဘုရားသခင်၏ကယ်တင်ခြင်းမှာ သမ္မာတရားကို ချစ်သောသူတို့အား ကယ်တင်ခြင်း၊ လိုအင်ဆန္ဒနှင့် သန္နိဋ္ဌာန်ရှိသည့် ၎င်းတို့၏ တစ်စိတ်တစ်ဒေသနှင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို တမ်းတသော ၎င်းတို့၏ တစ်စိတ်တစ်ဒေသကို ကယ်တင်ခြင်း ဖြစ်သည်။ လူတစ်ဦး၌ စိတ်ဆုံးဖြတ်ချက်သည် ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့် သမ္မာတရားကို တမ်းတပြီး အသိတရား ပိုင်ဆိုင်သည့် ၎င်းတို့ စိတ်နှလုံးထဲရှိ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ပြီး ရရှိရန်၊ ၎င်းတို့၏ဖောက်ပြန်ပျက်စီးခြင်းသည် ဆေးကြောသန့်စင်ခံရပြီး ၎င်းတို့၏အသက်စိတ်သဘောထား ပြောင်းလဲနိုင်ရန်အလို့ငှာ ဘုရားသခင်သည် လူတို့၏ ဤတစ်စိတ်တစ်ဒေသကို ကယ်တင်ပြီး ယင်းမှတစ်ဆင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလေသည်။ သင်သည် သင့်အတွင်း၌ ဤအရာများ မရှိလျှင်၊ ကယ်တင်မခံရနိုင်ပေ။...ပေတရုကို အသီးအပွင့်ဖြစ်သည်ဟု အဘယ့်ကြောင့် ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် သူ၌ ထိုက်တန်သော အရာများ၊ စုံလင်စေရန် ထိုက်တန်သောအရာများ ရှိသောကြောင့် ဖြစ်သည်။ သူသည် အရာအားလုံး၌ သမ္မာတရားကို ရှာဖွေခဲ့ကာ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး လိုအင်ဆန္ဒ ခိုင်မာခဲ့ပေသည်။ သူ၌ ဆင်ခြင်တုံတရားရှိခဲ့၏၊ အခက်အခဲကို ခံစားရန် လိုလိုလားလား ရှိခဲ့သကဲ့သို့၊ သူ၏ စိတ်နှလုံးထဲတွင် သမ္မာတရားကို ချစ်သည်။ ဖြစ်လာသည့်အရာကို သူ လက်မလွှတ်ခဲ့သကဲ့သို့၊ အရာအားလုံးမှ သင်ခန်းစာများ သင်ယူနိုင်ခဲ့သည်။ ဤအရာအားလုံးသည် အားသာချက်များ ဖြစ်သည်။ သင်သည် ဤအားသာချက်များထဲမှ မည်သည့်အရာမျှ မရှိပါက၊ ဒုက္ခရောက်ပြီဟု ဆိုလိုပေသည်။ သမ္မာတရား ရရှိပြီး ကယ်တင်ခံရရန် သင့်အတွက် လွယ်ကူမည်မဟုတ်ပေ။ မည်သို့ တွေ့ကြုံရမည်ကို သင် မသိပါက၊ သို့မဟုတ် အတွေ့အကြုံ မရှိပါက၊ အခြားသူများ၏ ပြဿနာများကို သင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များကို သင် လက်တွေ့လုပ်ဆောင်နိုင်စွမ်းနှင့် တွေ့ကြုံနိုင်စွမ်း မရှိသကဲ့သို့ ကိစ္စများ သင့်ထံ ဖြစ်ပျက်သည့်အခါ မည်သည့်အရာ လုပ်ဆောင်ရမည်ကို သင် မသိပေ။ ပြီးလျှင် ပြဿနာများ ကြုံရသည့်အခါ စိတ်ပျက်ပြီး မျက်ရည်များကျကာ အသေးစား ဆုတ်ဆိုင်းမှုအချို့ ခံစားရသည့်အခါ အပျက်သဘောဆောင်လာပြီး ထွက်ပြေးသကဲ့သို့၊ အစဉ်သဖြင့် မှန်ကန်သည့်နည်းလမ်းဖြင့် တုံ့ပြန်နိုင်စွမ်းမရှိချေ။ ဤအရာအားလုံးကြောင့်၊ အသက်ထဲသို့ ဝင်ရောက်ရန် သင့်အတွက် မဖြစ်နိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဤအရာကို ဖတ်ပြီးသွားသည့်အခါ အစ်မတစ်ယောက်က ကျွန်မကို မိတ်သဟာယဝေမျှသည်။ “ဘယ်လိုအနှောင့်အယှက်တွေ၊ ကျရှုံးမှုတွေနဲ့ ကျွန်မတို့ ရင်ဆိုင်ရပါစေ ဆုတောင်းပြီး ဘုရားအလိုတော်ကို ရှာဖွေသင့်တယ်။ သမ္မာတရားနဲ့ ကိုယ့်တာဝန်ကို မစွန့်လွှတ်သင့်ဘူး။ ကိုယ့်တာဝန်ကို စွန့်လွှတ်တာက ပြဿနာကို ဖြေရှင်းဖို့ လမ်းကြောင်းမဟုတ်ဘူး။ ကျွန်မတို့ရဲ့ တာဝန်တွေမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ ပြဿနာတွေက တစ်ဆင့်ပဲ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အားနည်းချက်တွေ ဖော်ထုတ်ခံရတာ၊ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိနိုင်တာ။ ဒီအတွေ့အကြုံတွေ မရှိဘဲနဲ့ ကျွန်မတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းနဲ့ အားနည်းချက်တွေကို မြင်ဖို့ လုံးဝ မဖြစ်နိုင်ဘူး။ ဒါဆိုရင် ကျွန်မတို့က ဘယ်လိုပြောင်းလဲနိုင်မှာလဲ။ ဒါကြောင့် ကျရှုံးခြင်းကို ကြုံတွေ့ရပြီး လဲကျတာက မကောင်းတဲ့အရာ မဟုတ်ပါဘူး။ အဲဒါက သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာယူရမဲ့ အချိန်ပဲ။ ဘုရားကို နားလည်မှုလွဲလို့ မရဘူး။ အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ ကျွန်မတို့က နုတ်ထွက်လိုက်ရင်၊ အရှုံးပေးလိုက်ရင် ဘုရားအမှုတော်ကို ဘယ်လိုကြုံတွေ့ပြီး ကယ်တင်ခြင်းရအောင် ဘယ်လိုအားထုတ်ရမှာလဲ။ ကျွန်မတို့မှာ ဘာသက်သေခံချက် ရှိမှာလဲ။ ဘုရားက ကျွန်မတို့ကို အများကြီး မတောင်းဆိုပါဘူး။ ကျွန်မတို့က ပြဿနာတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်ရတဲ့အခါ စိတ်ခိုင်မာမှုရှိရင်၊ စစ်မှန်စွာ ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေရင် ဘုရားက ကျွန်မတို့ကို လမ်းပြကူညီလိမ့်မယ်” ဟူ၍ ဖြစ်သည်။ ဤအစ်မ၏ မိတ်သဟာယကို ကြားရသည့်အခါ ကျွန်မတကယ်ပင် ဉာဏ်အလင်းပွင့်သွား၏။ ကျရှုံးမှုများ ကြုံတွေ့ပြီး လဲကျခြင်းသည် ဘုရား၏ ချစ်ခြင်းဖြစ်ကြောင်းကို ကျွန်မသဘောပေါက်သွားသည်။ ထို့ပြင် ဤသည်မှာ ကျွန်မအတွက် သမ္မာတရားကို ရှာဖွေပြီး သင်ခန်းစာယူဖို့ အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်၏။ ပေတရုက သူ့ဘဝတစ်လျှောက်တွင် များလှစွာသော စမ်းသပ်မှုများ၊ စစ်ဆေးမှုများ၊ အနှောင့်အယှက်များ၊ ကျရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရပုံကို ကျွန်မတွေးမိသည်။ တစ်ခါတစ်ရံ၌ သူသည် ဇာတိပကတိ အားနည်းခြင်းကို ခံရသည်။ သို့သော် ဘုရားအပေါ် ယုံကြည်ခြင်းကား လုံးဝ မပျောက်သွားပါ။ သမ္မာတရားကို သူဆက်၍ လိုက်စားပြီး ဘုရားအလိုတော်ကို ဆက်ရှာသည်။ သူ့အားနည်းချက်အတွက် ဖာထေးလုပ်ဆောင်သည်။ အဆုံးတွင် သမ္မာတရားကို သူနားလည်သွားပြီး ဘုရားကို သိသွားသည်။ ဘုရားအပေါ် နာခံခြင်း၊ ချစ်ခြင်းကို ရသွားသည်။ ကျွန်မအနေနှင့် ပေတရုကဲ့သို့ပင် စိတ်ဓာတ်ခိုင်မာပြီး ပြတ်သားသင့်ပါသည်။ အနှောင့်အယှက်များ၊ ကျရှုံးမှုများနှင့် ရင်ဆိုင်ရသည့်အခါ ဘုရားရှေ့ကို တိုးဝင်ဆုတောင်းကာ ဘုရားအလိုတော်ကို ရှာသင့်ပါသည်။ ဘုရားကို နားလည်မှုလွဲကာ အပြစ်တင်မည့်အစား မိမိအားနည်းချက်များကို သုံးသပ်သင့်ပါ၏။

တစ်ကြိမ် ကျွန်မဘုရားဝတ်ပြုနေစဉ် ဘုရားအလိုတော်ကို အနည်းငယ် နားလည်လာအောင် ကျွန်မကို ကူညီပေးခဲ့သည့် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ရသည်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် ဘုရားနှုတ်ကပတ်တော်များကို အလေးထားပြီး သူ၏ စိတ်နှလုံးကို နားလည်ရန် သင်ယူရမည်။ ဘုရားသခင်အား နားလည်မှုမလွဲရပေ။ အမှန်မှာမူ အခြေအနေများစွာတွင် လူများ၏ စိုးရိမ်ပူပန်မှုသည် ၎င်းတို့၏ အကျိုးစီးပွားများမှ အရင်းခံလာသည်။ ယေဘုယျအားဖြင့် ပြောရလျှင် ၎င်းတို့တွင် မည်သည့်ရလဒ်မျှ မရရှိမည်ကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ၎င်းတို့က ‘ဘုရားသခင်က ငါ့ကို ချခင်းပြပြီး၊ ဖယ်ရှားကာ၊ ငြင်းပယ်လျှင် မည်သို့လုပ်မည်နည်း’ ဟု မိမိဘာသာတွေးကြသည်။ ဤသည်မှာ ဘုရားသခင်ကို သင်၏နားလည်မှုလွဲခြင်း ဖြစ်သည်။ ဤသည်တို့မှာ သင်၏အတွေးများသာ ဖြစ်သည်။ ဘုရားသခင်၏ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်သည်ကို သင်သဘောပေါက်ရမည်။ လူများကို သူ၏ ဖွင့်ချခြင်းက ၎င်းတို့အား ဖယ်ရှားပစ်ဖို့ လုပ်ဆောင်ခြင်း မဟုတ်ပေ။ လူများအား ၎င်းတို့၏ အားနည်းချက်များ၊ အမှားများနှင့် ၎င်းတို့သဘာဝ၏ အနှစ်သာရတို့ကို ဖော်ထုတ်ဖို့၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိစေဖို့နှင့် စစ်မှန်သော နောင်တရနိုင်စွမ်း ရှိဖို့အလို့ငှာ ဖွင့်ချခြင်း ဖြစ်သည်။ သို့ဖြစ်၍ ချခင်းပြခြင်းသည် လူများ၏ အသက်တာများ ကြီးထွားဖို့ ကူညီရန်အလို့ငှာ ဖြစ်သည်။ နားလည်မှုစစ်စစ် မရှိဘဲနှင့်၊ လူများသည် ဘုရားသခင်ကို တလွဲအဓိပ္ပာယ်ကောက်နိုင်ပြီး၊ အပျက်သဘောဆောင်ကာ အားနည်းလာနိုင်သည်။ ၎င်းတို့သည် မျှော်လင့်ချက်ပင် ပျက်သုဉ်းသွားနိုင်သည်။ အမှန်မှာမူ ဘုရားသခင်၏ ဖွင့်ချခံရခြင်းက လူများသည် ဖယ်ရှားခြင်းခံရမည်ဟု သေချာပေါက် မဆိုလိုပေ။ ယင်းမှာ သင့်ကို အသိပညာပေးဖို့နှင့် နောင်တရစေဖို့ ဖြစ်သည်။ မကြာခဏဆိုသကဲ့သို့ လူများသည် ပုန်ကန်လိုစိတ်ရှိပြီး ဖောက်ပြန်ပျက်စီးခြင်း ပေါ်ထွက်မှုများ ရှိသည့်အခါ ဖြေရှင်းချက်တစ်ခုရှာဖို့ သမ္မာတရားကို မရှာဖွေသောကြောင့် ဘုရားသခင်က ဆုံးမပဲ့ပြင်ခြင်းကို ကျင့်သုံးရမည်ဖြစ်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် သူက လူများ၏ အကျည်းတန်မှုနှင့် သနားဖွယ်ကောင်းမှုတို့ကို ဖော်ထုတ်လျက်၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိခွင့်ပေးလျက်၊ လူများကို ဖွင့်ချသည်၊ ယင်းက ၎င်းတို့၏ အသက်တာကို ကြီးထွားဖို့ ထောက်ကူပေးသည်။ လူများကို ဖွင့်ချခြင်း၌ သွယ်ဝိုက်အဓိပ္ပာယ် နှစ်မျိုးရှိသည်။ ဆိုးညစ်သော လူများအတွက်မူ ဖွင့်ချခြင်းက ၎င်းတို့ ဖယ်ရှားခံရခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်ရသည်။ သမ္မာတရားကို လက်ခံနိုင်သည့် လူများအတွက်မူ ယင်းက အသိပေးခြင်းနှင့် သတိပေးခြင်းဖြစ်သည်။ ဤကဲ့သို့ ဆက်လက် ပြုမူဆောင်ရွက်ခြင်းသည် အန္တရာယ်ရှိလိမ့်မည် ဖြစ်သောကြောင့်၊ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်စေဖို့၊ ၎င်းတို့၏ စစ်မှန်သော အခြေအနေကို မြင်စေဖို့နှင့် ထိန်းရကျောင်းရမခက်တော့ဘဲ၊ မဆင်မခြင် မဖြစ်စေတော့ဖို့ ဖြစ်သည်။ ဤနည်းဖြင့် လူများကို ဖွင့်ချခြင်းက မိမိတို့၏တာဝန်ကို ထမ်းဆောင်သည့်အခါ၊ ၎င်းတို့သည် မိမိတို့၏တာဝန်ကို လက်ခံနိုင်ဖွယ် စံနှုန်းတစ်ခုဖြင့် ထမ်းဆောင်ပြီးဖြစ်သည်ဟု တွေးလျက်၊ နားဝေတိမ်တောင်နှင့် ပေါ့ဆမနေဘဲ၊ မတုန်မလှုပ်မဖြစ်ဘဲ၊ အနည်းငယ်မျှ ထိရောက်ခြင်းဖြင့်သာ ကျေနပ်မနေဖို့အလို့ငှာ ၎င်းတို့အား သတိပေးရန် ဖြစ်သည်။ အမှန်မှာမူ ဘုရားသခင် တောင်းဆိုသည့်အရာနှင့် တိုင်းတာကြည့်သည့်အခါ၊ အလွန် စံမမီကြသော်လည်း၊ ၎င်းတို့က မိမိဘာသာ အားရကျေနပ်ဆဲဖြစ်ကာ၊ ၎င်းတို့ အဆင်ပြေသည်ဟု တွေးနေကြသည်။ ထိုသို့သော အခြေအနေများတွင် ဘုရားသခင်သည် လူများကို ဆုံးမပဲ့ပြင်ကာ၊ သတိပေးပြီး သတိရစေလိမ့်မည်။ တစ်ခါတစ်ရံတွင်၊ ဘုရားသခင်က ၎င်းတို့၏ အကျည်းတန်မှုကို ဖွင့်ချပြသည်။ ယင်းက သတိပေးချက်အနေဖြင့် သိသိသာသာ အသုံးခံလေသည်။ ထိုသို့သော အချိန်ကာလများတွင် သင်သည် သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်သင့်သည်။ သင်၏တာဝန်ကို ဤကဲ့သို့ ထမ်းဆောင်ခြင်းက မလုံလောက်ပေ၊ ယင်း၌ ပုန်ကန်လိုစိတ် ပါဝင်ပတ်သက်နေသည်၊ ယင်းက အပျက်သဘောဆောင်သည့်အရာ အလွန်အမင်း ပါဝင်နေသည်။ လုံးလုံး ဝတ်ကျေတမ်းကျေပြုခြင်း ဖြစ်ပြီး၊ သင်နောင်တမရလျှင်၊ အပြစ်ဒဏ်ပေးခြင်း ခံရလိမ့်မည်။ ဘုရားသခင်က သင့်အား ဆုံးမပဲ့ပြင်ပြီး ဖွင့်ချသည့်အခါ၊ ဤအရာက သင်သည် ဖယ်ရှားခြင်းခံရလိမ့်မည်ဟု သေချာပေါက် မဆိုလိုပေ။ ဤကိစ္စကို မှန်ကန်စွာ ချဉ်းကပ်သင့်သည်။ သင်သည် စွန့်ပစ်ခြင်းခံရလျှင်ပင် လက်ခံပြီး နာခံသင့်သည်။ ဆင်ခြင်သုံးသပ်ပြီး နောင်တရရန် အလျင်အမြန် လုပ်ဆောင်သင့်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းအားဖြင့်သာ စိတ်သဘောထားတွင် ပြောင်းလဲမှု ရရှိနိုင်သည်) လူတို့ကို ဖော်ထုတ်ရာ၌ ဘုရား၏ ရည်ရွယ်ချက်မှာ သူတို့ကို ဖယ်ထုတ်ပစ်ရန် မဟုတ်ဘဲ သူတို့၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် အားနည်းချက်များကို သူတို့သိမြင်လာရန်၊ ထိုသို့ဖြင့် သူတို့ပြဿနာများကို ဖြေရှင်းပြီး အသက်တာ၌ ပို၍ မြန်မြန်ဆန်ဆန် တိုးတက်ဖို့အတွက် သမ္မာတရားကို သူတို့လိုက်စားနိုင်ရန် ဖြစ်ကြောင်း ဘုရားနှုတ်ကပတ်တော်က ကျွန်မကို ပြသပေးခဲ့ပါသည်။ ကျွန်မကိုယ်ကျွန်မ စပြီး သုံးသပ်ခဲ့၏။ အခက်အခဲနှင့် ပြဿနာအမျိုးမျိုးကို ရင်ဆိုင်ရသည့်အခါ ကျွန်မသည် ဘုရားအလိုတော်ကို အမှန်တကယ် မဆင်ခြင်၊ မရှာဖွေခဲ့ပါ။ သို့မဟုတ် ကိုယ်ပိုင်ပြဿနာများကို သိဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်မသုံးသပ်ခဲ့ပါ။ ကျွန်မကို ဖော်ထုတ်ပြီး ထုတ်ပယ်ဖို့ ဤအခြေအနေများကို ဘုရားအသုံးပြုနေခြင်း ဖြစ်ကြောင်း၊ ကျွန်မသည် ခေါင်းဆောင်အဖြစ် မသင့်တော်၍ ထွက်သင့်ကြောင်းသာ စဉ်းစားခဲ့သည်။ ဘုရားကို ကျွန်မနားလည်မှုလွဲနေခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း၌ အလုပ်တွင်ရှိသော ပြဿနာအများအပြားက မဖြေရှင်းရသေးဘဲ ရှိနေသည့် အဓိက အကြောင်းရင်းမှာ ကျွန်မအနေနှင့် မိမိတာဝန်အပေါ် စိတ်နှစ်၍ မလုပ်ခြင်းကြောင့် ဖြစ်ကြောင်းကို သဘောပေါက်သွားသည်။ ကျွန်မ၌ လုပ်စရာအမြောက်အမြား ရှိနေသည်ဟု အမြဲတမ်း ခံစားခဲ့ရသည်။ သို့သော် အလုပ်လုပ်သည့်အခါတွင်မူ ကျွန်မ၌ မည်သည့်ဦးတည်ချက်၊ မည်သည့်ပန်းတိုင်မျှ မရှိခဲ့ပါ။ မည်သည့်ရလဒ်ကိုမျှ မရှာဘဲ စိတ်ထဲ၌ ပေါ်လာသမျှကိုသာ လုပ်ခဲ့သည်။ လူအချို့က ကောလာဟလများ၏ လှည့်စားမှုကို ခံထားကြရသည်။ ထိုကောလာဟလများကို သူတို့ပိုင်းခြားသိမြင်နိုင်ပြီး လမ်းမှန်ပေါ်တွင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် သူတို့၏ အယူအဆများကို ဖြေရှင်းပေးရန် မည်သည့်သမ္မာတရားရှုထောင့်အား မိတ်သဟာယဖွဲ့သင့်သနည်းဟု ကျွန်မမရှာခဲ့ပါ။ ထို့ပြင် လူများကို ပျိုးထောင်ရာ၌ ကျွန်မသည် ထိုအရာနှင့်ပတ်သက်သည့် စည်းမျဉ်းများကို မရှာခဲ့ပါ။ သို့မဟုတ် သူတို့၏ တကယ့်အခြေအနေများကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါ။ ရမ်းသမ်း၍သာ လုပ်ခဲ့သည်။ ရလဒ်အနေနှင့် ဤကဏ္ဍ၌လည်း ကျွန်မသည် ဘာမျှ မဖြစ်မြောက်ခဲ့ပါ။ လူသစ်များကို ရေလောင်းရာ၌ သူတို့၏ ပြဿနာများကို ဖြေရှင်းပေးရန် မည်သည့်သမ္မာတရားရှုထောင့်အား မိတ်သဟာယဖွဲ့ပေးနိုင်ကြောင်းကို ကျွန်မကြိုပြီး မစဉ်းစားခဲ့ပါ။ ထို့ကြောင့် ဤကဏ္ဍ၌လည်း တကယ့်ရလဒ် ဘာမျှ မရခဲ့ပါ။ အပေါ်ယံ၌ ကျွန်မသည် အလုပ်ကြိုးစားနေသည့် ပုံစံရှိသော်လည်း အာရုံစိုက်လုပ်ဆောင်ခြင်း မရှိခဲ့သည့်အပြင် ကျွန်မတို့အလုပ်တွင် ရှိသည့် ပြဿနာများကို အချိန်မီ ပေါင်းရုံးသုံးသပ်ခြင်းလည်း မလုပ်ခဲ့ပါ။ ထို့ကြောင့် မည်သည့်အရာမျှ မဖြစ်မြောက်ခဲ့ပါ။ ထို့ပြင် ကျွန်မသည် ကိုယ့်ကိုယ်ကိုယ် သုံးသပ်ပြီး နားလည်ရန် ပျက်ကွက်ခဲ့ရုံမကဘဲ ကျွန်မဝင်ရောက်သင့်သည့် သမ္မာတရားများကို ရှာဖွေရန်လည်း ပျက်ကွက်ခဲ့ပါသည်။ ကျွန်မ၏ ပထမဆုံးတုံ့ပြန်ချက်မှာ ဘုရားက ကျွန်မကို တမင်တကာ ဖော်ထုတ်နေပြီး အမြင်မကောင်းအောင် လုပ်နေသည်ဟု မှန်းဆလျက် ဤတာဝန်ကို ဘုရားထံ တွန်းပို့ဖို့သာ ဖြစ်ခဲ့သည်။ ကျွန်မအမြဲတမ်း ငြီးတွားနေခဲ့၏။ ကျရှုံးမှုများ၊ အနှောင့်အယှက်များနှင့် မကြုံတွေ့ချင်ဘဲ အမြဲတမ်း အလွယ်တကူသာ ဖြစ်ချင်ခဲ့သည်။ အားလုံးကို လွယ်ကူချောမွေ့စေချင်ခဲ့၏။ အခက်အခဲ အနည်းငယ် ကြုံရသည်နှင့် ဘုရားကို ကျွန်မနားလည်မှုလွဲပြီး အပြစ်တင်သည်။ ဘုရားအမှုတော်ကို ကျွန်မည်ကဲ့သို့ကြုံတွေ့ပြီး မိမိတာဝန်ကို မည်ကဲ့သို့ကောင်းကောင်း လုပ်နိုင်ပါ့မည်နည်း။ ကျွန်မသည် အင်မတန် ကျိုးကြောင်းမသင့်ခဲ့ပါ။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး ပြုမူလုပ်ဆောင်သင့်သည့် ပုံစံမဟုတ်ပါ။ ဤအရာကို သဘောပေါက်သွားသည့်အခါ ကျွန်မတော်တော်နောင်တရပြီး ဘုရားကို ဆုတောင်းလိုက်သည်။ “ဘုရားသခင်၊ သမီးကို လေ့ကျင့်ပေးဖို့၊ အသက်တာမှာ ကြီးထွားခွင့်ပေးဖို့ ဒီအခြေအနေကို ကိုယ်တော်ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်တော့်အလိုတော်ကို သမီးနားမလည်ခဲ့ပါဘူး။ ကိုယ်တော့်ကို အထင်လွဲခဲ့ပါတယ်။ သမီးက အရမ်းပုန်ကန်ခဲ့ပါတယ်။ သမီးရဲ့ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်ဖို့ ကူညီလမ်းပြတော်မူပါ” ဟုဖြစ်သည်။ ထို့နောက်တွင် ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကူညီပေးခဲ့သည့် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မဖတ်ခဲ့ရ၏။ ဘုရားသခင်က ပြောသည်- “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။ စစ်မှန်သော ယုံကြည်ခြင်း မရှိသော သင့်တွင် စစ်မှန်သော ချစ်ခြင်းမေတ္တာ သာ၍ပင် ကင်းမဲ့နေသည်။ အကယ်၍ သင်သည် ဘုရားသခင်ကို သံသယဝင်တတ်သည့်အပြင် သင်ဆန္ဒရှိသည့်အတိုင်း သူ့အကြောင်းကို ထင်ကြေးပေးတတ်လျှင် သင်သည် လူတို့ထဲတွင် အလိမ်လည် အလှည့်ဖျားတတ်ဆုံးသူဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ခွင့်မလွှတ်နိုင်သော အပြစ်များဖြင့် ပြည့်နေသော၊ သေးသိမ်သည့် စရိုက်လက္ခဏာရှိသော၊ တရားမျှတမှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့သော၊ တရားမျှတသောသဘော ကင်းမဲ့သော၊ ရက်စက်သည့် နည်းပရိယာယ်များ ပြုတတ်သော၊ ဖောက်ပြန်ပြီး ကောက်ကျစ်သော၊ ဆိုးယုတ်မှုနှင့် အမှောင်ထုကို နှစ်သက်သော စသည့်စရိုက်လက္ခဏာများရှိသူ လူသားနှင့် ဘုရားသခင်တူနိုင်မတူနိုင်ကို သင်မှန်းဆသည်။ လူတို့၌ ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာ စိုးစဉ်းမျှပင် မရှိသောကြောင့် ၎င်းတို့တွင် ထိုသို့သောအတွေးများရှိခြင်းဖြစ်သည် မဟုတ်လော။ ထိုသို့သော ယုံကြည်ခြင်းသည် အပြစ်နှင့်ဘာမျှမထူး။ ထို့အပြင် ငါနှစ်သက်သောသူများသည် ခယဝယလုပ်ကာ ဖားတတ်သောသူများ အတိအကျပင်ဖြစ်ကြောင်း၊ ထိုသို့မလုပ်တတ်သူများသည် ဘုရားသခင်၏ အိမ်တော်တွင် ကြိုဆိုခြင်းခံရမည်မဟုတ်ဘဲ သူတို့သည် ထိုအိမ်တော်ရှိ မိမိတို့၏နေရာကို ဆုံးရှုံးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်ကြသူအချို့ပင် ရှိသည်။ ဤနှစ်များတစ်လျှောက် သင်တို့ဆည်းပူးထားသည်မှာ ဤအသိပညာတစ်ခုသာလော။ ဤသည်မှာ သင်တို့ရရှိခဲ့သောအရာလော။ ထို့ပြင် ငါနှင့်ပတ်သက်သော သင်တို့၏အသိအမြင်သည် ထိုသို့သော အထင်အမြင်မှားများသာမကပေ၊ သာ၍ဆိုးသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို သင်တို့၏ စော်ကားခြင်းနှင့် ကောင်းကင်ဘုံကို ရှုတ်ချပြောဆိုခြင်းတို့ဖြစ်သည်။ ထို့ကြောင့် သင်တို့၏ ထိုသို့သော ယုံကြည်ခြင်းသည် ငါနှင့်ဝေးရာသို့ သင်တို့ကို လမ်းလွဲသွားစေ မည်သာဖြစ်ပြီး သင်တို့အား ငါ့ကို ပိုပြီးဆန့်ကျင်သူများ ဖြစ်စေမည်သာ ဖြစ်သည်ဟု ငါပြောခြင်းဖြစ်၏။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ) ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်ပြသည့် အရာများကို ရင်ဆိုင်ရချိန်တွင် ကျွန်မကိုယ်ကျွန်မ တကယ်ပင် ရှက်မိ၏။ ကျရှုံးမှုများ၊ အနှောင့်အယှက်များကို ရင်ဆိုင်ရသည့်အခါ ဘုရားကို ကျွန်မသံသယဝင်ပြီး နားလည်မှုလွဲခဲ့သည်။ ဘုရားကို လူတို့ကဲ့သို့ အေးစက်ပြီး အကြင်နာကင်းမဲ့သည်ဟု ထင်ခဲ့၏။ ဘုရားက လူတစ်ယောက်ကို အသုံးပြုလိုသည့်အခါ သူ့ကို ကျေးဇူးတော်ခံစားခွင့် ပေးသည်၊ ထိုသို့မဟုတ်ပါက ဘုရားသည် သူ့ကို ဖယ်ထုတ်ပြီး ဘေးကို လွှင့်ပစ်ကာ လျစ်လျူရှုလိုက်သည်ဟု ကျွန်မထင်ခဲ့သည်။ ကျွန်မသည် မဖြောင့်မတ်သူ၏ စိတ်အနေအထားကို အခြေခံပြီး ဘုရားကို ကြိုတင်မှန်းဆကာ သံသယဝင်ခဲ့မိ၏။ ကျွန်မသည် အင်မတန် ကောက်ကျစ်လွန်းပါ၏။ ကျွန်မယုံကြည်သူဖြစ်သည်မှာ မကြာသေးပါ။ ကျွန်မနားလည်သည့် သမ္မာတရားများကလည်း အနည်းအကျဉ်းသာ ရှိသည်။ ကျွန်မ၌ ချို့ယွင်းချက်များစွာလည်း ရှိသည်။ သို့သော် သမ္မာတရားကို ကျွန်မပို၍ မြန်မြန်ဆန်ဆန် သင်ယူနိုင်ပြီး သမ္မာတရားစစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်ဖို့အတွက် ညီအစ်ကိုမောင်နှမများက ကျွန်မကို ခေါင်းဆောင်အဖြစ် ရွေးချယ်ကာ လက်တွေ့လုပ်ရန် အခွင့်အရေးပေးခဲ့သည်။ ကျွန်မတာဝန်တွင် အာရုံစိုက် မလုပ်ဆောင်ခြင်းကြောင့် တစ်ခါတစ်ရံ၌ အောင်မြင်မှုများ မရသော်လည်း အသင်းတော်က ကျွန်မကို မထုတ်ပစ်ခဲ့ပါ။ အခြားသူများ အားလုံးက ကျွန်မကို ကူညီအားပေးဆဲပင် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်ကို မိတ်သဟာယဖွဲ့ပေးပြီး ဘုရားအလိုတော်ကို ကျွန်မနားလည်ကာ ကျွန်မ၏ ဖောက်ပြန်ပျက်စီးမှုနှင့် အားနည်းချက်များကို သိမြင်အောင် လမ်းပြပေးနေဆဲပင် ဖြစ်သည်။ ကျွန်မအတွက် ဘုရားသခင်လုပ်သမျှတိုင်းသည် တကယ်ပင် ကျွန်မကို ပျိုးထောင်ပေးပြီး ကယ်တင်နေခြင်း ဖြစ်သည်။ သူသည် အင်မတန် ကြင်နာပြီး ချစ်ခင်နှစ်လိုဖွယ်ကောင်းပါ၏။ သို့သော် ကျွန်မသည် ဘုရားကို သတိထားနေခဲ့ကာ သံသယဝင်နေခဲ့သည်။ ဤသည်မှာ မည်သို့လျှင် ဘုရားအပေါ် စစ်မှန်သည့် ယုံကြည်ခြင်းရှိခြင်း ဖြစ်မည်နည်း။ ကျွန်မသည် စာတန်အဆိပ်ခတ်ခြင်းကို အလွန်အမင်း ခံထားရသည်။ “ကိုယ်ကကျူး ကိုယ့်ဒူးမယုံရ”၊ “ရန်လို၍ မရသော်လည်း သတိကား ထားရမည်” ဆိုသကဲ့သို့ စာတန်၏ အလိမ်အညာများကို အမြဲတမ်း လိုက်နာကျင့်သုံးခဲ့သည်။ လူတိုင်းကို သတိထားနေခဲ့ပြီး ဘုရားကိုပင် သတိထားခဲ့၏။ ကျွန်မ၏ ကောက်ကျစ်သည့် စိတ်သဘောထားက အင်မတန် ဆိုးရွားပြင်းထန်ကြောင်းကို ဤအရာက ကျွန်မအား ပြသခဲ့သည်။ ထိုစိတ်သဘောထားက ဘုရားအပေါ် ကျွန်မ၏ သံသယများ၊ အထင်လွဲမှုများ ထွက်ပေါ်လာသည့် နေရာလုံးလုံးပင် ဖြစ်သည်။ အခက်အခဲများကို ရင်ဆိုင်ရသည့်အခါ ကျွန်မသည် ဘုရားကို ကြိုတင်မှန်းဆပြီး အထင်လွဲခဲ့၏။ သို့သော် ဘုရားကမူ ကျွန်မကို သမ္မာတရား နားလည်အောင် လမ်းပြနေဆဲပင် ဖြစ်သည်။ ကျွန်မ၏ ကိုယ်ပိုင်ပြဿနာများကို မြင်အောင် လုပ်ပေးနေဆဲပင် ဖြစ်သည်။ ဘုရား၏ ချစ်ခြင်းနှင့် ကျွန်မအတွက် သူ၏ ကယ်တင်ခြင်းက မည်မျှစစ်မှန်ကြောင်းကို ကျွန်မခံစား၍ ရသည်။ ကျွန်မဘုရားရှေ့ တိုးဝင်ကာ ဆုတောင်းလိုက်သည်။ ဘုရားထံ နောင်တရပြီး ကောက်ကျစ်သည့် မိမိစိတ်သဘောထားနှင့် အသက်ရှင်နေခြင်း၊ ဘုရားကို သံသယဝင်ပြီး အထင်လွဲနေခြင်းတို့ကို ရပ်တန့်ဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။

နောက်ပိုင်း၌ ဘုရားနှုတ်ကပတ်တော်ထဲမှ ဤကျမ်းပိုဒ်ကို ကျွန်မဖတ်ရသည်။ “ယခုတွင် သင်၏တာဝန်ကို လိုလိုလားလား ထမ်းဆောင်ကောင်း ထမ်းဆောင်မည်ဖြစ်ကာ၊ အနစ်နာခံမှုများကို ပြုလုပ်ပြီး မိမိကိုယ်ကိုယ် လိုလိုလားလား အသုံးခံသော်လည်း ဘုရားသခင်နှင့်ပတ်သက်၍ သင့တွင်နားလည်လွဲမှားမှုများ၊ ထင်မြင်ချက်များ၊ သံသယများ သို့မဟုတ် နာကြည်းချက်များ၊ သို့တည်းမဟုတ် သူ့အပေါ် ဆန့်ကျင်ပုန်ကန်မှုနှင့် ခုခံတော်လှန်မှုတိုပင် ရှိဆဲဖြစ်လျှင် သို့မဟုတ် သင်သည် သူ့အား ခုခံတော်လှန်ရန်နှင့် သင့်အပေါ် သူ၏ အချုပ်အခြာအာဏာကို ငြင်းပယ်ရန့်် အမျိုးမျိုးသော နည်းလမ်းများနှင့် နည်းပညာများကိုအသုံးပြုလျှင်၊ ဤအရာများကို သင်မဖြေရှင်းလျှင် သမ္မာတရားကသင်၏ လူပုဂ္ဂိုလ်၏ အရှင်သခင်ဖြစ်ရန် မဖြစ်နိုင်သလောက်ရှိပြီး၊ သင့်အသက်တာက ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်။ လူတို့သည် မကြာခဏ ရုန်းကန်ကြပြီး ဤအပျက်သဘောဆောင်သော အခြေအနေများထဲတွင် ညှဥ်းဆဲခြင်းကို ခံကြရကာ၊ သူတို့သည် နွံအိုင်ထဲသို့ နစ်မြှုပ်ထားကြသည့်အလားဖြစ်ပြီး သမ္မာတရားများနှင့် မုသားများ၊ အမှန်များနှင့် အမှားများကြားတွင် အစဥ် နေထိုင်အသက်ရှင်နေကြလေသည်။ သမ္မာတရားကို သူတို့ အဘယ်သို့ ရှာဖွေတွေ့ရှိကာ နားလည်နိုင်ကြမည်နည်း။ လူတစ်ဦးသည် သမ္မာတရားကို ရှာဖွေရန်အတွက် ဦးစွာ ကျိုးနွံနာခံရပေမည်။ ထို့နောက် အတွေ့အကြုံကာလတစ်ခု အပြီးတွင် သူတို့သည်ဉာဏ်အလင်းဖွင့်ပြမှုအချို့ကို ရေရှိနိုင်မည်ဖြစ်ပြီး ထိုအခိုက်တွင် သမ္မာတရားကို နားလည်ရန် လွယ်ကူပေသည်။ အကယ်၍ လူတစ်ဦးက မှန်ကန်သည့်အရာနှင့် မှားယွင်းသောအရာကို ဖော်ထုတ်ရန် အမြဲကြိုးစားနေပြီး အမှန်နှင့် အမှားတွင် ပါဝင်ပတ်သက်မိပါက သူသည် သမ္မာတရားကို ရှာဖွေတွေ့ရှိစရာ သို့မဟုတ် နားလည်စရာ အကြောင်းမရှိပေ။ ထို့ပြင် အကယ်၍ လူတစ်ဦးက သမ္မာတရားကို မည်သည့်အခါမျှ နားမလည်နိုင်လျှင် ဤအရာက အဘယ်အကျိုးကို ဖြစ်စေမည်နည်း။ သမ္မာတရားကို နားမလည်ခြင်းက ဘုရားသခင်နှင့်ပတ်သက်ပြီး အယူအဆများ၊ နားလည်လွဲမှားမှုများကို ဖြစ်ပေါ်စေသည်။ နားလည်လွဲမှားမှုများနှင့် ဆိုပါက စိတ်ထိခိုက်နာကျင်ရန် လွယ်ကူသည်။ နာကြည်းချက်များက ပေါက်ကွဲထွက်လာသောအခါ ၎င်းတို့က ဆန့်ကျင်ခြင်း ဖြစ်လာသည်။ ဘုရားသခင်ကို ဆန့်ကျင်ခြင်းသည် ဘုရားကိုအာခံခြင်းဖြစ်သည်။ ကြီးလေးသော ပြစ်မှားမှုဖြစ်သည်။ များစွာသော ပြစ်မှားမှုများက အမျိုးမျိုးသော ဆိုးယုတ်ခြင်းများအဖြစ် ပြောင်းလဲသွားသောကြောင့် ထိုသူမှာ အပြစ်ဒဏ်ပေးခြင်း ခံရသင့်သည်။ ဤသည်မှာ သမ္မာတရားကို နားလည်ရန် ထာဝရ မတတ်နိုင်ခြင်းမှ ဖြစ်ပေါ်သည့်အရာဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ဤကျမ်းပိုဒ်ကို ဖတ်ရသည့်အခါ ဖြစ်ပျက်ခဲ့သည့် အရာများနှင့်ပတ်သက်ပြီး ကျွန်မကြောက်သွား၏။ အပျက်သဘော အခြေအနေထဲတွင် ကျွန်မဆက်ပြီး အသက်ရှင်နေလျှင်၊ သမ္မာတရားကို မရှာဖွေလျှင်၊ ညီအစ်ကိုမောင်နှမများကို ဖွင့်မပြောလျှင် ကျွန်မ၏ ကောက်ကျစ်သည့် စိတ်သဘောထားနှင့် ဆက်အသက်ရှင်နေပြီး ဘုရားကို ဆက်အထင်လွဲနေမည်ပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် ဘုရားကို အလွယ်တကူ အပြစ်တင်မိနိုင်ပြီး အာခံမိနိုင်မည် ဖြစ်၍ ဤသည်မှာ ပြစ်မှားမှုတစ်ခု ဖြစ်မည်ပင်။ မကောင်းမှုလုပ်ပြီး ဘုရားကို ဆန့်ကျင်ခြင်းပင် လုပ်မိနိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိ၏။ ထိုအချိန်အတောအတွင်း၌ ကျွန်မသည် ဘုရားကို အထင်လွဲပြီး မှန်းဆကြည့်နေခဲ့သည်။ ကျွန်မ၏ အပျက်သဘောဆောင်သည့် အခြေအနေက ကျွန်မကို ထိန်းချုပ်လုနီးပါး ဖြစ်ခဲ့သည်။ ကျွန်မသည် ဖော်ထုတ်ခံရပြီး အထုတ်ခံရမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့၏။ လွတ်လပ်သည့် ခံစားချက် လုံးဝမရှိခဲ့ပါ။ အင်မတန် ပင်ပန်းခဲ့ရပါ၏။ ကျွန်မတာဝန်တွင် ကျွန်မသည် အားစိုက်ထုတ်နေပြီး အလုပ်များ ပြီးအောင်သာ လုပ်နေခဲ့သည်။ ပြဿနာများ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘုရားကို အထင်မလွဲဘဲ မနေနိုင်သည့်အပြင် နုတ်ထွက်ချင်ခဲ့သည်။ အခြားသူများကို ဖွင့်ပြောဖို့၊ သမ္မာတရားကို ရှာဖွေပြီး မိမိ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သိအောင်လုပ်ဖို့ လမ်းပြပေးခဲ့သည်မှာ ဘုရားနှုတ်ကပတ်တော်များ ဖြစ်ပါသည်။ ထိုသို့သာ မဟုတ်ပါက ကျွန်မသည် ဆက်လက်၍ ဘုရားကို အဓိပ္ပာယ်ကောက်လွဲပြီး တာဝန်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်မိမည် ဖြစ်သည်။ ထိုအရာ၏ အကျိုးဆက်က ကြောက်စရာကောင်းလိုက်မည့် ဖြစ်ခြင်း။

နောက်ပိုင်းတွင် ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မဖတ်ရသည်။ ဤကျမ်းပိုဒ်က အသင်းတော်၌ ပြဿနာများ ကျွန်မကြုံရသည့်အခါ လက်တွေ့လုပ်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ပေးခဲ့ပါသည်။ ဘုရားသခင်က ပြောသည်- “အသင်းတော်ထဲတွင် ဖြစ်ပေါ်သော ပြဿနာများနှင့် စပ်လျဉ်း၍ များစွာသောဒွိဟများဖြင့် မပြည့်နှင့်။ အသင်းတော်ကို တည်ဆောက်ဆဲအချိန်၌ အမှားများကို ရှောင်လွှဲ၍ မရနိုင်၊ သို့သော် ပြဿနာများနှင့် တွေ့ကြုံရသည့်အခါ သင်သည် အထိတ်တလန့် မဖြစ်နှင့်။ ယင်းထက်၊ စိတ်လှုပ်ရှားခြင်းမရှိဘဲ စိတ်တည်ငြိမ်လော့။ ငါသည် သင်တို့ကို ပြောနှင့်ပြီ မဟုတ်လော။ ငါ၏ရှေ့သို့ မကြာခဏ လာပြီး ဆုတောင်းလော့၊ ပြီးလျှင် ငါသည် သင့်အား ငါ၏ရည်ရွယ်ချက်များကို ရှင်းလင်းစွာပြမည်။” (နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၄၁)) အသင်းတော်အလုပ်၌ အခက်အခဲအမျိုးမျိုး ကြုံရခြင်းကို လွှဲရှောင်၍ မရနိုင်ကြောင်း ဘုရားနှုတ်ကပတ်တော်မှ ကျွန်မသိခဲ့ရသည်။ ဤသည်မှာ လုံးဝ ပုံမှန်ဖြစ်ပြီး ဘုရားက ဖြစ်ခွင့်ပြုထားခြင်း ဖြစ်သည်။ အခက်အခဲများကို ကြုံတွေ့ရသည့်အခါ စိတ်ရင်းအမှန်နှင့် ဆုတောင်းပြီး ဘုရားကို အမှီပြုသရွေ့ ဘုရားက ကျွန်မတို့ကို ရှေ့ဆက်ဖို့ လမ်းပြပေးလိမ့်မည်သာ ဖြစ်သည်။ ဘုရား၏ နောက်ဆုံးသောကာလ အမှုတော်ကို လက်ခံသည်မှာ မကြာသေးသည့် အချို့သော ယုံကြည်သူအသစ်များသည် ရူပါရုံသမ္မာတရားများကို အပြည့်အဝ နားမလည်သေးဘဲ ကောလာဟလများကြောင့် လမ်းလွဲသွားနိုင်သေးသည်။ စာတန်၏ လှည့်ကွက်များကို ဖော်ထုတ်ပြီး ယုံကြည်သူအသစ်များကို လမ်းမှန်ပေါ် အခြေကျအောင် ကူညီပေးဖို့အတွက် ကျွန်မအနေဖြင့် ဘုရားကို ပိုအားကိုးပြီး ဘုရားနှုတ်ကပတ်တော်ကို ပိုအသုံးပြုဖို့ လိုပါသည်။ ဘုရားအလိုတော်ကို ကျွန်မနားလည်သွားပြီးနောက် အသင်းတော်အလုပ်ကို ပြန်လုပ်သည့်အခါ ကျွန်မတို့၏ ယခင်အလုပ်တွင် ရှိခဲ့သည့် အမှားများ၊ ပြဿနာများကို အနှစ်ချုပ်ကြည့်သည်။ ယုံကြည်သူအသစ်များ ကြုံတွေ့နေရသည့် ပြဿနာများနှင့်သက်ဆိုင်သော သမ္မာတရားများဖြင့် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီးနောက် မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့် ထိုပြဿနာများကို ကူညီဖြေရှင်းပေးခဲ့သည်။ လူများကို ပျိုးထောင်ပေးရာတွင်လည်း ကျွန်မသည် ရှေးဦးစွာ ထိုစည်းမျဉ်းများကို ရှာပြီး စိတ်နှလုံးသားနှင့် ဆုတောင်း၏။ ထို့နောက် စုဝေးပွဲများတွင် မည်သူက ပျိုးထောင်ပေးဖို့အတွက် စည်းမျဉ်းများနှင့် ကိုက်ညီကြောင်းကို အာရုံစိုက် လေ့လာ၏။ လူများကို ဤနည်းနှင့် ရွေးချယ်ခြင်းက အတော်အသင့် ပိုပြီး တိကျပါသည်။ တစ်ခါတစ်ရံ ကျွန်မတာဝန်၌ ကျရှုံးမှုအချို့နှင့် အခက်အခဲအချို့ကို ကြုံရတုန်းပင် ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုပြဿနာများကို မတူညီသည့် ရှုထောင့်တစ်ခုမှ ကျွန်မကြည့်၏။ ကျွန်မကိုယ်ကျွန်မ မေးသည်မှာ “ဘုရားသခင်က ငါ့ကို ဒီအခြေအနေကနေ ဘာသင်ခန်းစာယူစေချင်တာလဲ” ဟူ၍ ဖြစ်သည်။ ကျွန်မသေချာဆုတောင်း၏။ ဘုရားနှုတ်ကပတ်တော်ကို သေချာဖတ်၏။ လက်တွေ့လုပ်ဖို့ လမ်းကြောင်းကို သေချာရှာ၏။ အခြားညီအစ်ကိုမောင်နှမများထံမှ မည်ကဲ့သို့ အကူအညီတောင်းရမည်ကိုလည်း သိသွား၏။ အခြားသူများက ကျွန်မအလုပ်ထဲရှိ ပြဿနာများကို ထောက်ပြကြသဖြင့် ကျွန်မသည် မိမိအမှားများ၊ အားနည်းချက်များကို မြင်နိုင်လာသည်။ ကျွန်မကို အမြင်မကောင်းအောင် လုပ်ဖို့ ဘုရားကြိုးစားနေသည်ဟု ကျွန်မမယူဆတော့ပါ။ ထိုအစား ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ဖို့၊ သိမြင်ဖို့၊ အသက်တာကြီးထွားမှုကို လိုက်စားဖို့ အခွင့်အရေးတစ်ခုဖြစ်သည်ဟု ခံစားမိ၏။ တစ်ကြိမ်တွင် အစ်မတစ်ယောက်က ကျွန်မကို ပြောလာသည်။ “ယုံကြည်သူအသစ်တွေကို ရေလောင်းတဲ့အခါ ညီမက ပိုစိတ်ရှည်လာတာကို ကျွန်မသတိထားမိတယ်။ ပြီးတော့ ပြဿနာတွေ ကြုံရတဲ့အခါမှာလည်း ဘုရားအလိုတော်ကို ညီမရှာဖွေတာ အရင်ကထက် ပိုတော်လာတယ်” ဟူ၍ ဖြစ်သည်။ ဤစကား ကြားရသည့်အခါ ကျွန်မအင်မတန် ရင်ထဲထိသွား၏။ ကျွန်မဘက်က အနည်းငယ်မျှသာ ပြောင်းလဲလိုက်ခြင်း ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် ဘုရား၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းက သန့်စင်ပြီး စစ်မှန်ကြောင်းကို ကျွန်မတကယ်၊ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ခဲ့ရသည်။ ဘုရားက ကျွန်မကို အမြဲတမ်း လမ်းပြကာ ဦးဆောင်နေပါသည်။ ကျွန်မအပါးတွင် သူရှိနေပါသည်။ မိမိတာဝန်ကို ထမ်းဆောင်ပြီး ဘုရားကျေနပ်အားရအောင် လုပ်ဖို့ ကျွန်မပိုပြီး စိတ်ခိုင်မာသွားပါတော့သည်။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မာနထောင်လွှားခြင်းကို ဖြေရှင်းခြင်းဖြင့် လူသားပုံသဏ္ဌာန်တစ်ခုကို ရယူနိုင်သည်

ကျန်းရှင်း အမေရိကန်နိုင်ငံ၂၀၁၇ခုနှစ် မတ်လတွင်၊ ဗီဒီယိုပိုစတာများနှင့် ပုံများအတွက် အဓိကထား၍ အသင်းတော်အတွက် ဂရပ်ဖစ် ဒီဇိုင်းအလုပ်ကို ကျွန်မ...

ကျွန်မသည် ဖာရိရှဲတို့၏ လမ်းကြောင်းကို လျှောက်နေခဲ့ကြောင်း သတိပြုမိခြင်း

ရှန်ဇီနယ်မှ၊ ဝူဇင်ရေးသားသည်။ ယခင်တွေ့ဆုံစဉ်များက ကျွန်မတို့အမြဲတမ်းဆွေးနွေးဖြစ်ခဲ့သည့် အကြောင်းအရာမှာ ပေတရုနှင့်ပေါလုတို့ လျှောက်ခဲ့ကြသော...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။