ကျွန်မရဲ့ တာဝန်မှာ ဘာကြောင့် အမြဲ အလွန်အကျွံသတိထားနေရတာလဲ

08.02.2023

ဟန်ရှီး တရုတ်နိုင်ငံ

၂၀၂၁၊ မတ်လမှာ ညီမက ဂရတ်ဖစ်ဒီဇိုင်နာအနေနဲ့ အသင်းတော်မှာ အလုပ်လုပ်နေတာပါ။ ညီမက ညီမတာဝန်မှာ မာနထောင်လွှားပြီး သူများတွေနဲ့ လိုက်ဖက်ညီညီမလုပ်နိုင်တာကြောင့် အလုပ်က အနှောင့်အယှက်ဖြစ်သွားပြီး အထုတ်ခံလိုက်ရတယ်။ နှစ်လအကြာမှာ၊ ကြီးကြပ်ရေးမှူးတစ်ယောက်က ညီမကို ပုံတွေဆက်ထုတ်ပေးဖို့ စီစဉ်ပေးတယ်။ ညီမစိတ်ထဲမှာ တော်တော်ခံစားရတယ်။ တစ်ချိန်တည်းမှာပဲ နည်းနည်း စိတ်မသက်သာဘူး။ ညီမ ပြန်လုပ်ပြီးတဲ့နောက်မှာ ညီမရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် ထပ်ပြီး အနှောင့်အယှက်ဖြစ်ရင် ညီမက လုံးဝ ထုတ်ဖော်ခံရပြီး ဖယ်ရှားခံရမှာမဟုတ်ဘူးလား။ ဒီလိုဖြစ်သွားရင် ညီမအတွက်က ပြီးသွားမှာ မဟုတ်ဘူးလားပေါ့။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ “ငါပြန်လုပ်ပြီးတဲ့နောက်မှာ အရာရာတိုင်းကို ငါကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး ဂရုစိုက်ရမယ်။ ငါ့ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကို အခြေခံပြီး လုပ်လို့မဖြစ်ဘူး” လို့ပေါ့။

ညီမ စလုပ်တဲ့အချိန်မှာ ညီမက ဂရတ်ဖစ်ပိုင်း အတွေ့အကြုံတွေရှိတာကို အစ်မတွေကသိပြီး သူတို့က ပြဿနာတွေရှိတဲ့အခါမှာ ညီမဆီ ခဏခဏလာတယ်။ ညီမက အတတ်နိုင်ဆုံး ဖြေရှင်းပေးတယ်။ ဒါပေမဲ့ ညီမက ပြောတာ များသွားရင် ဒီလို ချက်ချင်း စဉ်းစားမိတယ်။ “စကားတွေအများကြီးပြောပြီး ငါ ကြွားနေတာလား။ တစ်ခုခုကို မှားပြောမိရင် ဘယ်လိုလုပ်မလဲ။ အစ်မတစ်ယောက်က ငါ့ကို ပြောဖူးတယ်။ ငါ အဖွဲ့ခေါင်းဆောင်ဖြစ်တုန်းက ငါ့ရဲ့ ကျယ်ပြန့်တဲ့ အတွေ့အကြုံကို အားကိုးတယ်။ စည်းမျဉ်းတွေကို ရှာရမယ့်အစား ငါ့အတွေ့အကြုံတွေကို အခြေခံပြီး တခြားလူတွေရဲ့အလုပ်ကို ခဏခဏ လမ်းပြပေးတယ် တဲ့။ အဲဒါကြောင့် တချို့ပုံတွေကို ပြန်လုပ်ဖို့အတွက် ခေါက်တုံ့ခေါက်ပြန် ပို့ပေးခဲ့ရတယ်။ ဒါကြောင့် တိုးတက်မှုက နှောင့်နှေးသွားခဲ့တယ်။ ဒီတစ်ခါမှာ ငါက အစ်မတစ်ယောက်ကို အမြင်မှားအောင်လုပ်ပြီး အလုပ်ကို နှောင့်ယှက်ရင် ကြီးကြပ်ရေးမှူးက သိသွားတဲ့အခါ ငါ့ကို ထုတ်မှာလား။ ထားလိုက်တော့။ တစ်ခုခုမှားပြောပြီး တာဝန်ယူရတာမဖြစ်အောင်လို့ နည်းနည်းပဲ ပြောလိုက်မယ်” ပေါ့။ တစ်ခါတော့ ညီမတို့က ပုံတစ်ခုအတွက် ဒီဇိုင်းအယူအဆကို ဆွေးနွေးနေကြတယ်။ ညီမက သေချာကြည့်ပြီးတဲ့နောက်မှာ အထားအသို အခင်းအကျင်းနဲ့ဆိုင်တဲ့ အယူအဆက အဓိပ္ပာယ်မရှိဘူးလို့ ခံစားမိတယ်။ ဒါပေမဲ့ ညီမက ချီတုံချတုံဖြစ်ပြီး တွေးမိတယ်။ “အယူအဆမှာ ပြဿနာတွေရှိရင် ဒါက ပြဿနာအကြီးစားပဲ။ ပုံတစ်ခုလုံးကို ပြန်ဒီဇိုင်းဆွဲပြီး ညှိရမှာ။ ငါ ထုတ်ပြောသင့်သလား။ ငါက ဘာမှမပြောဘဲနေပြီး တကယ်ပြဿနာရှိနေရင် နောက်ကျရင် ပုံကို ပြန်လုပ်ရမယ်။ ဒါပေမဲ့ ငါတို့က ဒီပုံကို နှစ်ရက် ဆွေးနွေးပြီးသွားပြီ။ အခု ပြဿနာရှိတယ်လို့ ငါကပြောရင် အစ်မတွေက ငါ့ကို ဘာများထင်ကြမလဲ။ ငါက ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်အောင်လုပ်နေတာ၊ ပြဿနာရှာနေတာပဲလို့ ပြောမှာလား။ ငါ့အယူအဆက မမှန်ရင် ဘယ်လိုလုပ်မလဲ။ အလုပ်တိုးတက်မှုက နှောင့်နှေးသွားမှာ မဟုတ်လား။ ကြီးကြပ်ရေးမှူးက သိသွားရင် ငါ နောင်တမရသေးဘူးလို့ သူ ပြောမှာလား” ပေါ့။ အဲဒီတုန်းက ညီမက တွန့်ဆုတ်ပြီး ဘာမှမပြောရဲဘူး။ သုံးလေးရက်ကြာတော့ အဆိုပြုထားတဲ့ပုံကို ဒီဇိုင်းဆွဲပြီးသွားတယ်။ ဒါပေမဲ့ ကြီးကြပ်ရေးမှူးက ပုံကို ကြည့်ပြီးတော့ အယူအဆက ပြဿနာတွေရှိနေတယ်၊ ဒါကြောင့် ပြန်ဒီဇိုင်းဆွဲရမယ်လို့ ပြောတယ်။ အဲဒီရလဒ်ကို ညီမမြင်တော့ ရင်ထိတ်သွားပြီး တွေးမိတယ်။ “အဲဒီတုန်းက ဒီပြဿနာကို ငါ ပြောပြလိုက်ရင် လူတိုင်းက ဒါကို မိတ်သဟာယဖွဲ့ပြီး ရှင်းပေးနိုင်ခဲ့မှာပဲ။ အချိန်ဖြုန်းစရာလိုမှာ မဟုတ်ဘူး” ပေါ့။ ညီမက နောင်တတွေ ရသွားတာပေါ့။ ဒါပေမဲ့ နောက်တော့ ညီမ စဉ်းစားတယ်။ “အဲဒီတုန်းက ငါ့စိတ်ကူးက မှန်သလားဆိုတာ လုံးဝ သေချာခဲ့တာ မဟုတ်ဘူး။ ငါထုတ်မပြောလိုက်တာက သိပ်မဆိုးဘူးထင်ပါတယ်” ပေါ့။ အဲဒါနဲ့ ဒီအတိုင်းပြီးသွားတယ်။ ညီမက အဲဒီအကြောင်း မစဉ်းစားဘူး၊ ဆင်ခြင်မကြည့်ခဲ့ဘူး။ ဒီတိုင်းပဲထားလိုက်တယ်။

နောက်ပိုင်းမှာ အဖွဲ့က ပြဿနာတွေကို ဆွေးနွေးပြီး အမြင်တွေကို ပြောဖို့ ညီမတို့ကို ခေါ်တဲ့အခါမှာ ညီမက အလွန်အကျွံကို သတိထားလာတယ်။ ညီမအမြင်တွေက တခြားလူအားလုံးနဲ့ ကွဲနေပြီးတော့ ညီမက မာနထောင်လွှားပြီး တခြားလူတွေရဲ့စိတ်ကူးတွေကို လက်ခံချင်စိတ်မရှိဘူးလို့ အမြင်ခံရမှာ ကြောက်နေခဲ့တယ်။ အဲဒါနဲ့ ညီမ အကြံတစ်ခုပေးတိုင်းမှာ “ဒါ ညီမရဲ့ ကိုယ်ပိုင်အမြင်ပါ။ မှားချင်မှားနိုင်ပါတယ်။ ကိုယ့်ဘာသာ စစ်ဆေးကြည့်သင့်ပါတယ်” ဆိုပြီး ဖြည့်ပြောတယ်။ တစ်ခါတ‌လေမှာ အစ်မတွေက ညီမဒီဇိုင်းဆွဲနေတဲ့ ပုံတွေနဲ့ ပတ်သက်လို့ အကြံပေးတယ်။ တချို့အကြံတွေက စည်းမျဉ်းတွေနဲ့ မညီတာကို ညီမ ရှင်းရှင်းလင်းလင်း သိတယ်။ ဒါပေမဲ့ ညီမက သူတို့အကြံတွေကို လက်မခံရင် မာနထောင်လွှားတယ်၊ ကိုယ့်အမြင်ကိုပဲ ဖက်တွယ်ထားတယ်လို့ ပြောကြမှာ စိတ်ပူမိတယ်။ အဲဒါနဲ့ ညီမက သူတို့အကြံတွေကို အင်တင်တင်နဲ့ လက်ခံပြီးတော့ အမှားတစ်ခုရှိရင် ညီမက တာဝန်ခံရမှာမဟုတ်ဘူးလို့ စဉ်းစားတာပေါ့။ ရလဒ်အနေနဲ့ အပြောင်းအလဲတွေ လုပ်ပြီးတဲ့နောက်မှာ တချို့အကြံတွေက တကယ်ကို မသင့်တော်ခဲ့သလို၊ ပုံတွေကို ပြန်လုပ်ရပြီး တိုးတက်မှုက နှောင့်နှေးသွားတယ်။ အဲဒီလို အခြေအနေဖြစ်သွားတာပေါ့။ အဲဒါနဲ့ နေ့တိုင်းပဲ ညီမက တာဝန်လုပ်နေရင်းနဲ့ ကြောက်ရွံ့တွန့်ဆုတ်နေပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းနေတာပေါ့။ ဒါပေမဲ့ ညီမက ပြောင်းလဲသွားပြီဆိုတာကို ကြီးကြပ်ရေးမှူးနဲ့ အစ်မတွေ မြင်အောင်လုပ်ဖို့ ညီမ သတိထားတာ ပိုကောင်းမယ်လို့ ထင်နေတုန်းပဲ။ အဲဒါနဲ့ နောက်တော့ ကိုယ့်တာဝန်ကို အဲဒီအတိုင်း အမြဲလုပ်ခဲ့တယ်။ ဒါပေမဲ့ အဖွဲ့ရဲ့ ဂရတ်ဖစ်ပုံတွေက အမြဲပြဿနာတွေရှိခဲ့ပြီး ခဏခဏ ပြန်လုပ်ရတယ်။ ညီမတို့အလုပ် ထိရောက်မှုက သိသိသာသာ ကျဆင်းသွားတယ်။ အဲဒီအခါကျမှ ညီမရဲ့ ထုံထိုင်းတဲ့စိတ်နှလုံးက နောက်ဆုံး သဘောပေါက်သွားတယ်။ ငါ့အခြေအနေက မမှန်တာ ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုတယ် ပေါ့။ အဲဒါနဲ့ ညီမ ဘုရားကို ဆုတောင်းပြီး ကိုယ့်ပြဿနာတွေကို နားလည်နိုင်အောင် ဉာဏ်အလင်းဖွင့်ပြဖို့ ဆုတောင်းလိုက်တယ်။

စုဝေးပွဲတစ်ခုမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ညီမအခြေအနေကို နည်းနည်း နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “ခေါင်းဆောင်များနှင့် အမှုဆောင်များအနေဖြင့်၊ သင်တို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် ပြဿနာများ ဖြစ်ပေါ်သည့်အခါ သင်သည် ၎င်းတို့ကို လျစ်လျူရှုနိုင်ခြေရှိသည်။ ပြီးလျှင် တာဝန်ကို ရှောင်ရန်အတွက် အမျိုးမျိုးသော မူမမှန်သော အကြောင်းပြချက်နှင့် ဆင်ခြေများပင် ရှာနိုင်သည်။ သင်ဖြေရှင်းနိုင်စွမ်းရှိပြီး မဖြေရှင်းသည့် ပြဿနာအချို့ ရှိကာ ထိုပြဿနာများသည် သင်နှင့် လုံးဝ မသက်ဆိုင်သည့်အလား၊ သင်၏ အထက်လူကြီးများထံသို့ သင်မတင်ပြသည့် သင်မဖြေရှင်းနိုင်သည့် ပြဿနာများလည်းရှိသည်။ ဤသည်မှာ သင်၏ တာဝန်ကို တမင်ပျက်ကွက်ခြင်းမဟုတ်သလော။ ဤနည်းဖြင့် အသင်းတော်အလုပ်ကို ကိုင်တွယ်ခြင်းသည် လုပ်ဆောင်ရန် ကောင်းသောအရာတစ်ခုဖြစ်သလော၊ သို့မဟုတ် လုပ်ဆောင်ရန် မိုက်မဲသောအရာဖြစ်သလော။ (မိုက်မဲသည်။) ဤသို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မြွေများမဟုတ်သလော။ ၎င်းတို့သည် တာဝန်သိစိတ် တစ်ခုတလေ လုံးဝ မကင်းမဲ့သလော။ ၎င်းတို့ရှေ့တွင်ရှိသော ပြဿနာများကို လျစ်လျူရှုသောအခါ ဤသည်မှာ ၎င်းတို့သည် အကြင်နာကင်းမဲ့ပြီး သစ္စာဖောက်သည်ကို မပြသလော။ သစ္စာဖောက်သောလူများသည် အားလုံးထဲတွင် အမိုက်မဲဆုံးလူများဖြစ်သည်။ သင်သည် ရိုးသားသောသူတစ်ယောက်ဖြစ်ရမည်။ ပြဿနာများကို ရင်ဆိုင်ရသည့်အခါ တာဝန်ခံယူစိတ်ရှိရမည်။ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေဖို့နည်းလမ်းများကို ရှာရမည်။ သစ္စာဖောက်သောသူမဖြစ်စေနှင့်။ ပြဿနာများပေါ်ပေါက်သောအခါ သင်သည် တာဝန်ကိုရှောင်ပြီး လက်ရှောင်လျှင် မယုံကြည်သူများကပင် သင့်ကို ရှုတ်ချလိမ့်မည်။ ဘုရားသခင်၏ အိမ်တော်က ရှုတ်ချလိမ့်မည်မဟုတ်ဟု စိတ်ကူးထင်မြင်သလော။ ဘုရားသခင်ရွေးချယ်ထားသောသူတို့သည် ဤသို့သောအပြုအမူကို စက်ဆုပ်ရွံရှာပြီး ငြင်းပယ်သည်။ ဘုရားသခင်က ရိုးသားသောသူတို့ကို ချစ်သည်။ သို့သော် လှည့်စားပြီး ဉာဏ်များသောသူတို့ကို မုန်းတီးသည်။ သင်သည် သစ္စာဖောက်သောသူအဖြစ် ပြုမူလုပ်ဆောင်ပြီး လှည့်စားမှုများပြုရန် ကြိုးစားလျှင် ဘုရားသခင်က သင့်ကို မမုန်းဘဲနေမည်လော။ ဘုရားအိမ်တော်က သင့်ကို သက်သက် လွှတ်ပေးလိမ့်မည်လော။ အနှေးနှင့် အမြန် သင်သည် တာဝန်ခံရမည်ဖြစ်သည်။ ဘုရားသခင်က ရိုးသားသောသူတို့ကို နှစ်သက်ပြီး သစ္စာမရှိသောသူတို့ကို မနှစ်သက်ပေ။ ဤအရာကို လူတိုင်း ရှင်းလင်းစွာ နားလည်သင့်ပြီး ရှုပ်ထွေးပြီး မိုက်မဲသောအရာများလုပ်ဆောင်ခြင်းကို ရပ်တန့်သင့်သည်။ ယာယီ မသိနားမလည်ခြင်းက နားလည်ပေး၍ရသည်။ သို့သော် သမ္မာတရားကို လက်ခံရန် လုံးဝ ငြင်းဆန်ခြင်းသည် ပြောင်းလဲရန်အတွက် ခေါင်းမာသော ငြင်းဆန်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ) ကိုယ့်အလုပ်မှာ တာဝန်မဲ့ပြီး ပြဿနာတွေ ပေါ်တဲ့အခါမှာ ပစ်ထားတဲ့သူတွေက အရမ်းကို သစ္စာမရှိကြဘူးလို့ ဘုရားနှုတ်ကပတ်တော်တွေက ဖွင့်ပြပါတယ်။ ဘုရားနှုတ်ကပတ်တော်ကို ဆင်ခြင်ရာကတစ်ဆင့် ညီမအခြေအနေကလည်း အဲဒီလိုပဲဆိုတာ မြင်သွားတယ်။ ညီမက ကိုယ့်တာဝန်မှာ တာဝန်မဲ့သလို၊ သစ္စာမရှိခဲ့ဘူး။ ပြဿနာတစ်ခုကို တာဝန်ယူဖို့လိုတဲ့အခါတိုင်း၊ ကိုယ့်ရဲ့ အလားအလာတွေနဲ့ နောက်ဆုံးခရီးပန်းတိုင်ပါဝင်တဲ့အခါတိုင်းမှာ ညီမက ကြောက်ရွံ့တွန့်ဆုတ်မိပြီး သစ္စာမရှိတဲ့နည်းလမ်းတွေကို သုံးတယ်။ ပြဿနာတွေကို မြင်တဲ့အခါမှာ ညီမက ဘာမှမပြောဘူး။ ဆင်ခြေတွေပေးတယ်။ မရောရာတာ တစ်ခုခုကိုပြောလိုက်တယ်။ ဂရတ်ဖစ်တွေ ပြန်လုပ်ပြီးတဲ့နောက်မှာ ညီမရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားက မပြောင်းလဲဘူးလို့ ညီအစ်ကိုမောင်နှမတွေက ပြောမှာကို ညီမ ကြောက်ခဲ့တယ်။ ညီမရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် အနှောင့်အယှက်တွေ ထပ်ဖြစ်ပြီး အထုတ်ခံရမှာကို ကြောက်ခဲ့တယ်။ အဲဒါနဲ့ ညီမလုပ်သမျှ၊ ပြောသမျှကို အရမ်းဂရုစိုက်ပြီး အမြဲတမ်း ဟန်လုပ်နေခဲ့တယ်။ အစ်မတွေက ညီမကို မေးခွန်းတွေ မေးတဲ့အခါမှာ တစ်ခုခုမှားပြောမိပြီး တာဝန်ခံရမှာကြောက်လို့ ငြင်းဆန်ဖို့အတွက် ဆင်ခြေပေးဖို့ကို ရွေးချယ်ခဲ့တယ်။ အဖွဲ့က ပြဿနာတွေကို ဆွေးနွေးပြီး မတူညီတာတွေ ဖြစ်လာတဲ့အခါတိုင်းမှာ အများအားဖြင့် ညီမ နှုတ်ဆိတ်နေပြီး ရေလိုက်ငါးလိုက်နေလိုက်တယ်။ ပြဿနာတွေရှိတာကို ညီမက ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့ပေမဲ့၊ မာနထောင်လွှားပြီး ကိုယ့်ကို အာရုံစိုက်ခံရအောင်လုပ်ဖို့ ကြိုးစားတယ်လို့ လူတွေ ပြောမှာကို ကြောက်ပြီး ညီမအမြင်တွေကို ဖော်ပြမယ့်အစား အလုပ်က ပြဿနာရှိလို့ ပြန်လုပ်ရတာကိုပဲ ဖြစ်စေချင်ခဲ့တယ်။ လူတိုင်းနဲ့ ဆွေးနွေးဖို့တောင် သတ္တိမရှိခဲ့ဘူး။ အရမ်း တစ်ကိုယ်ကောင်းဆန်ခဲ့ပါတယ်။ ကိုယ်လုပ်နေတဲ့ ပုံတွေနဲ့ပတ်သက်ပြီး အစ်မတွေက အကြံပေးတဲ့အခါမှာ တချို့အကြံတွေက စည်းမျဉ်းတွေနဲ့မညီတာကို သိပေမဲ့ ညီမက မာနထောင်လွှားတယ်လို့ သူများတွေ ပြောကြမှာကို ကြောက်ပြီးတော့ သဘောတူဟန်ဆောင်ပြီး အမြဲလိုက်လျောခဲ့တယ်။ ကိုယ်တာဝန်မယူရသရွေ့ အမှားတွေနဲ့ အလုပ်ပြန်လုပ်ရတာတွေကို ဂရုတောင်မစိုက်ခဲ့ဘူး။ ညီမဘာပဲလုပ်လုပ် ကိုယ့်အကျိုးစီးပွားကိုပဲ ထည့်စဉ်းစားပြီး ဘယ်တာဝန်ကိုမဆို ယူဖို့ကြောက်နေခဲ့တယ်။ တော်တော်လှည့်စားတတ်ခဲ့တာပါ။ ဘုရားသခင်က လူတွေရဲ့ စိတ်နှလုံးကို စစ်ဆေးတယ်။ ညီမက တစ်ကိုယ်ကောင်းဆန်၊ လှည့်စားတတ်ပြီး တာဝန်မဲ့တော့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ ဉာဏ်အလင်းဖွင့်ပြမှုနဲ့ လမ်းပြမှုကို ဘယ်လိုရနိုင်မှာလဲ။ ညီမက ကိုယ့်တာဝန်မှာ ထိရောက်မှုနည်းနည်းလာတာ မဆန်းဘူး။ ဒါက ညီမကို ဘုရားသခင်က ဖွင့်ပြတာပဲ။

အဲဒီအချိန်မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ညီမ သတိရခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “လူတို့သည် သမ္မာတရားကို ချစ်လျှင် သမ္မာတရားကို လိုက်စားရန် အစွမ်းအစရှိလိမ့်မည်ဖြစ်ပြီး၊ သမ္မာတရားကို ကြိုးစား လက်တွေ့လုပ်ဆောင်နိုင်ပေသည်။ စွန့်လွှတ်သင့်သည့်အရာကို စွန့်လွှတ်နိုင်ပြီး၊ လက်လွှတ်သင့်သည့်အရာကို လက်လွှတ်နိုင်သည်။ အထူးသဖြင့် သင်ကိုယ်တိုင်၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နှင့်သက်ဆိုင်သောအရာများကို လက်လွှတ်သင့်သည်။ ထိုအရာများကို လက်မလွှတ်လျှင် သင်သည် သမ္မာတရားကို မချစ်၊ သမ္မာတရားကို လိုက်စားရန် အစွမ်းအစမရှိဟု ဆိုလိုသည်။ သင့်ထံတွင် အမှုအရာများ ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေရမည်။ သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်ဖို့လိုသည့် အချိန်များတွင် သင်သည် အစဉ်သဖြင့် တစ်ကိုယ်ကောင်းဆန်သည့် စိတ်နှလုံးတစ်ခုရှိပြီး သင်၏ ကိုယ်ကျိုးကြည့်ခြင်းကို လက်မလွှတ်နိုင်လျှင် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် မည်သည့်အခြေအနေတွင်မဆို သမ္မာတရားကို ရှာဖွေ၊ သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းမရှိလျှင် သင်သည် သမ္မာတရားကို ချစ်သောသူမဟုတ်ပေ။ ဘုရားသခင်ကို ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှကြာပြီးသည်ဖြစ်စေ သမ္မာတရားကို ရရှိမည်မဟုတ်ပေ။ လူအချို့သည် အစဉ်သဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ကိုယ်ကျိုးနောက်ကို လိုက်နေကြသည်။ အသင်းတော်က ၎င်းတို့အတွက် မည်သည့်အလုပ်ကို စီစဉ်ပါစေ ၎င်းတို့က ‘ဒါက ငါ့အတွက် အကျိုးရှိမလား။ ရှိမယ်ဆိုရင် ငါလုပ်မယ်။ အကျိုးမရှိဘူးဆိုရင် မလုပ်ဘူး’ ဟု တွေးရင်း သေချာစဉ်းစားချင့်ချိန်ကြသည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ပေ။ ထိုသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့တာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်သလော။ မထမ်းဆောင်နိုင်သည်မှာ အသေချာဆုံး ဖြစ်သည်။ သင်သည် မကောင်းမှုကို မလုပ်ဆောင်လျှင်ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ မဟုတ်သေးပေ။ သင်သည် သမ္မာတရားကို မလိုက်စားလျှင်၊ အပြုသဘောဆောင်သောအရာများကို မချစ်လျှင်၊ သင့်အပေါ်၌ မည်သည့်အရာဖြစ်ပျက်ပါစေ သင်၏ကိုယ်ပိုင်ဂုဏ်သတင်းနှင့်အဆင့်အတန်း၊ သင်၏ကိုယ်ကျိုး၊ သင့်အတွက် ကောင်းသည့်အရာတို့ကိုသာ ဂရုစိုက်လျှင် သင်သည် ကိုယ့်အကျိုးကြည့်ပြီးသာ လုပ်ဆောင်သည့်သူဖြစ်ကာ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည်။ ဤသို့သောသူမျိုးသည် သမ္မာတရားကို၊ သို့မဟုတ် ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရန်အတွက် မဟုတ်ဘဲ၊ ကောင်းသော၊ သို့မဟုတ် သူ့အတွက် အကျိုးဖြစ်သောအရာတစ်ခုကို ရရန်အတွက် ဘုရားကို ယုံကြည်ပေသည်။ ထို့ကြောင့် ဤသို့သောလူစားမျိုးသည် မယုံကြည်သူများဖြစ်သည်။ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်သောသူတို့သည် ခရစ်တော်က သမ္မာတရားဖြစ်ကြောင်းနှင့် ဘုရားသခင် တောင်းဆိုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို နားထောင်ပြီး ဘုရားသခင်ကို ယုံကြည်သင့်ကြောင်းတို့ကို မိမိတို့ စိတ်နှလုံးများတွင် သတိပြုမိသည်နှင့်အမျှ၊ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်နိုင်သောသူများဖြစ်သည်။ သင့်ထံတွင် တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သမ္မာတရားကို လက်တွေ့လုပ်ဆောင်လိုသော်လည်း သင်၏ ကိုယ်ပိုင်ဂုဏ်သတင်း၊ အဆင့်အတန်းနှင့် သိက္ခာကို ထည့်စဉ်းစားလျှင် ထိုသို့လုပ်ဆောင်ခြင်းက ခက်ခဲလိမ့်မည်။ ဤသို့သော အခြေအနေတွင် ဆုတောင်းခြင်း၊ ရှာဖွေခြင်း၊ မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး မိမိကိုယ်ကို သိမြင်ခြင်းမှတစ်ဆင့် သမ္မာတရားကို ချစ်သောသူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးတွင်ရှိသောအရာသို့မဟုတ် ၎င်းတို့အတွက် ကောင်းသောအရာများကို လက်လွှတ်နိုင်လိမ့်မည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို နာခံနိုင်လိမ့်မည်။ ထိုသို့သောလူများသည် ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ပြီး သမ္မာတရားကို ချစ်သောသူများဖြစ်သည်။ လူတို့က မိမိတို့ကိုယ်ကျိုးကိုသာ အစဉ် စဉ်းစားသောအခါ၊ မိမိတို့၏ ကိုယ်ပိုင် သိက္ခာနှင့် ပကာသနတို့ကို ကာကွယ်ဖို့ အစဉ်ကြိုးစားသောအခါ၊ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြသော်လည်း ယင်းကို ပြုပြင်ရန် သမ္မာတရားကို မရှာဖွေသောအခါ အကျိုးဆက်သည် အဘယ်နည်း။ အကျိုးဆက်မှာ ၎င်းတို့သည် အသက်သို့ ဝင်ရောက်မှုမရှိပေ။ စစ်မှန်သော အတွေ့အကြုံနှင့် သက်သေခံချက် ကင်းမဲ့ကြသည်။ ဤသည်မှာ အန္တရာယ်ရှိသည်မဟုတ်လော။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင်၊ အတွေ့အကြုံနှင့် သက်သေခံချက် တစ်ခုတစ်လေ ကင်းမဲ့လျှင်၊ အချိန်ကျသောအခါ သင်သည် ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရလိမ့်မည်။ အတွေ့အကြုံနှင့် သက်သေခံချက်မရှိသောသူတို့သည် ဘုရားအိမ်တော်တွင် မည်သို့ အသုံးဝင်သနည်း။ ၎င်းတို့သည် မည်သည့်တာဝန်ကိုမဆို ညံ့ဖျင်းစွာ လုပ်ဆောင်ကြမည်မှာ သေချာသည်။ မည်သည့်အရာကိုမျှ သင့်တင့်လျောက်ပတ်စွာ မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အမှိုက်သက်သက် ဖြစ်ကြသည် မဟုတ်လော။ လူတို့သည် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးနောက် သမ္မာတရားကို လုံးဝ လက်တွေ့မလုပ်ဆောင်လျှင် ၎င်းတို့သည် မယုံကြည်သူများဖြစ်သည်။ ဆိုးယုတ်သည်။ သင်သည် သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်လျှင်၊ သင်၏ ပြစ်မှားမှုများသည် အစဉ်ပို၍ များပြားလာလျှင် သင်၏ အဆုံးသတ်သည် သတ်မှတ်ပြီးဖြစ်သည်။ သင်၏ ပြစ်မှားမှုအားလုံး၊ သင်လျှောက်သည့် မှားယွင်းသောလမ်းကြောင်း၊ နောင်တရရန် သင်၏ ငြင်းဆန်မှုတို့အားလုံးသည် မကောင်းမှုအမြောက်အများအဖြစ် ပေါင်းစည်းသွားသည်ကို ရှင်းရှင်းလင်း မြင်ရပေသည်။ ထို့ကြောင့် သင်၏ အဆုံးသတ်မှာ သင်သည် ငရဲသို့ သွားလိမ့်မည်။ အပြစ်ဒဏ်ပေးခံရလိမ့်မည် ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ ဘုရားသခင်ကို ယုံကြည်ခြင်းတွင် အရေးကြီးဆုံးဖြစ်သည့်အရာမှာသမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ညီမ အရမ်း တို့ထိခြင်းခံရတယ်။ အရင်တုန်းက ညီမက ကိုယ့်အမြင်တွေကို မဖော်ပြဘဲ ရေလိုက်ငါးလိုက်နေလိုက်တာက အရေးမကြီးဘူးလို့ ထင်ခဲ့တာ။ ဒါပေမဲ့ ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတော့ ညီမနားလည်သွားတယ်။ ပြဿနာတွေကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်အတွက်ပဲ စဉ်းစားပြီး တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်တွေ အမြဲတမ်းရှိတာ၊ ကိုယ့်အကျိုးစီးပွားနဲ့ အသင်းတော်ကြားမှာ ကွဲလွဲမှုရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အမြဲကာကွယ်တာ သမ္မာတရားကို လက်တွေ့လုပ်ရမယ့်အစား အလုပ်ကို ထိခိုက်ဖို့အတွက် ပိုနှစ်သက်တာတွေက တကယ်ကို ဆိုးယုတ်တယ်ဆိုတာပဲ။ ဒီဇိုင်းကနေ ပုံဆွဲတဲ့အထိ ပုံတစ်ခုစီတိုင်းအပေါ် ကုန်ခဲ့တဲ့ အချိန်တွေ၊ အားထုတ်မှုတွေကို ညီမ တွေးမိတယ်။ ဒါပေမဲ့ ပြဿနာတွေ တွေ့တဲ့အခါမှာ ညီမက ဘာမှမပြောဘူး။ ဒါကြောင့် ပြန်လုပ်ရပြီးတော့ တိုးတက်မှုက အရမ်း နှောင့်နှေးသွားတယ်။ ဒါက အနှောင့်အယှက်မဖြစ်ဘူးလား။ ညီမရဲ့ မကောင်းတဲ့ လုပ်ရပ်တွေက စုပုံလာတယ်။ နောင်တမရဘူးဆိုရင် ညီမက ပျက်ဆီးသွားမှာပဲ။ ဒါကို ညီမနားလည်သွားတော့ ကြောက်လာတယ်။ ပြဿနာတွေရင်ဆိုင်ရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ််ပြီး သမ္မာတရားကို လက်တွေ့လုပ်ဖို့ အရမ်းအရေးကြီးတယ်ဆိုတာ သဘောပေါက်သွားတယ်။

နောက်ပိုင်းမှာ ညီမ ဘုရားနှုတ်ကပတ်တော် တစ်ပိုဒ်ဖတ်တယ်။ “သင်က ‘အန္တိခရစ်တွေက စိတ်မြဲမြံပြီး တစ်ဇွတ်ထိုးလုပ်တတ်ကြတယ်။ ငါ အန္တိခရစ်ဖြစ်သွားမှာကြောက်တယ်။ အန္တိခရစ်ရဲ့လမ်းကို မလိုက်လျှောက်ချင်ဘူး။ ဒါကြောင့် လူတိုင်းက သူတို့ထင်မြင်ချက်တွေကို ဖော်ပြပြီးတဲ့အထိ ငါစောင့်မယ်။ ပြီးရင် ငါက အနှစ်ချုပ်လိုက်မယ်။ အလယ်အလတ်လမ်းကိုလိုက်တဲ့ ကောက်ချက်ကို ဖော်ထုတ်တဲ့ နည်းလမ်း ရှာမယ်’ ဟု ဆိုလျှင် ဤသည်မှာ လက်ခံနိုင်ဖွယ်ဖြစ်သလော။ (မဖြစ်ပါ။) အဘယ်ကြောင့် လက်ခံနိုင်ဖွယ်မဖြစ်သနည်း။ ရလဒ်က သမ္မာတရားစည်းမျဉ်းများကို မစောင့်ထိန်းလျှင် သင်က ဤအရာကို လုပ်ဆောင်လျှင်ပင် ထိရောက်မှုရှိမည်လော။ ဘုရားသခင်သည် ယင်းကို ကျေနပ်လိမ့်မည်လော။ ယင်းသည် ထိရောက်မှုမရှိသကဲ့သို့ ဘုရားသခင်က မကျေနပ်လျှင် ပြဿနာသည် ပြင်းထန်လိမ့်မည်။ သင်သည် သမ္မာတရားစည်းမျဉ်းနှင့်အညီ အမှုအရာများကို မလုပ်ဆောင်လျှင်၊ သင်၏တာဝန်တွင် ဖြစ်ကတတ်ဆန်းလုပ်ပြီး တာဝန်မဲ့လျှင်၊ ဆိုးယုတ်သော အတွေးအခေါ်များအတိုင်း လုပ်ဆောင်လျှင် သင်သည် ဘုရားသခင်အပေါ် သစ္စာမရှိခြင်းဖြစ်ပြီး၊ ဘုရားသခင်ကို လိမ်ညာလှည့်စားနေခြင်းဖြစ်သည်။ လူတို့က သင့်အား အန္တိခရစ်အဖြစ် သံသယဝင်ပြီး သတ်မှတ်ခြင်းကို ရှောင်ကြဉ်ရန်အတွက် သင်သည် ဖြည့်ဆည်းသင့်သည့် တာဝန်များကိုပင် မဖြည့်ဆည်းနိုင်ပေ။ ‘အလယ်အလတ်လမ်း ရှာဖွေခြင်း’ ဆိုသည့် ဆိုးယုတ်သော အတွေးအခေါ်ကို သင်အသုံးပြုသည်။ ရလဒ်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသောသူများကို သင် ထိခိုက်နစ်နာစေခဲ့ပြီး အသင်းတော်အလုပ်ကို ထိခိုက်စေပြီးဖြစ်သည်။ ဤသည်မှာ စည်းမျဉ်းနှင့်မညီခြင်း မဟုတ်သလော။ တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်ညံ့ခြင်းမဟုတ်သလော။ သင်သည် ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်သည်။ သင်လုပ်ဆောင်သည့်အရာတွင် စည်းမျဉ်းရှိရမည်။ သင်လုပ်ဆောင်သမျှသည် ထိရောက်မှုရှိပြီး ကျွမ်းကျင်ရမည်။ ဘုရားအိမ်တော်အတွက် အကျိုးဖြစ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လော့။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းနှင့်ညီသော မည်သည့်အရာကိုမဆို လုပ်ဆောင်လော့။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၆) ညီမတို့က ဖော်ထုတ်ခံရပြီး ဖယ်ရှားခံရမှာကို ကြောက်လို့ အမြဲတမ်း မတက်မကြွဖြစ်ပြီး သတိထားနေဖို့ကို ဘုရားက အလိုမရှိဘူးဆိုတာ ဘုရားနှုတ်ကပတ်တော်ကနေ ညီမ နားလည်သွားတယ်။ အဲဒီအစား ကိုယ့်တာဝန်တွေကို သိတတ်ပြီး ညီမတို့လုပ်သမျှမှာ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖို့ ဘုရားက အလိုရှိပါတယ်။ ဒီလိုပြုမူတာက အသင်းတော်အလုပ်ကိုအကျိုးပြုပြီး ကိုယ့်တာဝန်ကို ဖြည့်ဆည်းဖို့ တစ်ခုတည်းသောနည်းလမ်းပဲ။ ညီမကကျတော့ ဒီဇိုင်နာအနေနဲ့ အလုပ်ပြန်လုပ်တဲ့အခါ ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ဖို့ အလေးအနက် ကတိပြုခဲ့ပေမဲ့၊ တာဝန်ယူရမယ့်အချိန်ရောက်တော့ ညီမက အလွန်အကျွံသတိထားနေခဲ့တယ်။ သူများတွေက ညီမကို မာနထောင်လွှားပြီး၊ စိတ်ကြီးဝင်တယ်လို့ မပြောအောင်၊ ပြဿနာတွေကို မြင်တဲ့အခါမှာ ဘာမှမပြောခဲ့ဘူး။ ကိုယ့်တာဝန်ကိုတောင် မဖြည့်ဆည်းခဲ့ဘူး။ ဒါကြောင့်အသင်းတော်အလုပ်မှာ ဆုံးရှုံးမှုတွေ ဖြစ်သွားခဲ့တယ်။ ညီမက ဘုရားကို အရူးလုပ်ပြီး လှည့်စားဖို့ ကြိုးစားနေခဲ့တာမဟုတ်ဘူးလား။ ပြဿနာတွေ ပေါ်လာတဲ့အခါ မတူတဲ့အမြင်တွေရှိတာက ပုံမှန်ဖြစ်သလို၊ ညီမရည်ရွယ်ချက်က အသင်းတော်အလုပ်အတွက် အကောင်းဆုံးဖြစ်တာကို စဉ်းစားဖို့၊ သမ္မာတရားကိုရှာဖွေဖို့၊ စည်းမျဉ်းတွေနဲ့အညီ တာဝန်ထမ်းဆောင်ဖို့ ဖြစ်နေသရွေ့ ဆွေးနွေးဖို့အတွက် ညီမ အမြင်တွေကို ထုတ်ပြောသင့်တယ်ဆိုတာကိုလည်း နားလည်သွားခဲ့တယ်။ ဒါက ကိုယ့်တာဝန်မှာ အလေးအနက်ထားပြီး တာဝန်သိတတ်တာပါ။ အာရုံစိုက်ခံရအောင်လုပ်တာ၊ အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ပါဘူး။ ညီမရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားကြောင့် တကယ်ပဲ အမှားတစ်ခုခုလုပ်မိခဲ့ရင်တောင် ဝန်ခံဖို့ သတ္တိရှိသရွေ့၊ သူများတွေရဲ့ မိတ်သဟာယနဲ့ ပြုပြင်ပေးတာတွေကိုလက်ခံပြီး ပြောင်းလဲသရွေ့ အသင်းတော်က ခဏတာ ဖော်ပြတဲ့ ဖောက်ပြန်ပျက်စီးခြင်းကို အခြေခံပြီး ညီမကို ထုတ်ပယ်တာ၊ နှင်ထုတ်တာတွေ လုပ်မှာမဟုတ်ဘူး။ ဒါတွေကို ညီမ နားလည်သွားတော့ တာဝန်ထမ်းဆောင်နေတုန်းမှာ စည်းမျဉ်းချိုးဖောက်တာတွေကို တွေ့ရင် တက်တက်ကြွကြွနဲ့ ထုတ်ပြောပြီး လူတိုင်းနဲ့ ဆွေးနွေးခဲ့တယ်။ ဒီလို လက်တွေ့လုပ်လိုက်တော့ အလုပ်မှာ သွေဖည်တာတွေ နည်းသထက်နည်းလာတယ်။ တစ်ခါတော့ ညီမတို့က ရုပ်ပုံဒီဇိုင်းအယူအဆတစ်ခုကို ဆွေးနွေးနေကြတာ။ အရင်းအမြစ်ပစ္စည်းနဲ့ အကြောင်းအရာက သိပ်မကိုက်သလို အကြောင်းအရာက သိပ်မရှင်းတာကို ညီမတွေ့ရတယ်။ ညီမ စဉ်းစားတယ်။ “ဒါ အရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်နိုင်တယ်။ အဲဒီလို တကယ်ဟုတ်တယ်ဆိုရင် ပုံဒီဇိုင်းစီမံချက်တစ်ခုလုံးက အလုပ်ဖြစ်မှာမဟုတ်ဘူး” လို့ပေါ့။ ညီမက အရမ်း ချီတုံချတုံဖြစ်နေခဲ့တယ်။ “ငါ တစ်ခုခုမှားပြောမိရင် အစ်မတွေက ငါ့ကို ဘယ်လိုထင်မလဲ။ ထားလိုက်တော့၊ ငါ မစွန့်စားချင်သေးပါဘူးလေ” ပေါ့။ ဒါပေမဲ့ စိတ်လည်းပူမိတယ်။ “တကယ်ကို စည်းမျဉ်းနဲ့်ဆိုင်တဲ့ ပြဿနာရှိနေရင် ဒါကို ပြုပြင်မွမ်းမံရင်းနဲ့ အချိန်ကုန်မယ်။ အဲဒါဆိုရင် အလုပ်က မနှောင့်နှေးသွားဘူးလား” ပေါ့။ ဒီအတွေးနဲ့ ညီမရဲ့အမြင်ကို ချပြလိုက်တယ်။ နည်းနည်းဆွေးနွေးပြီးတော့ အစ်မတွေက ညီမအမြင်ကို သဘောတူကြတယ်။ နောက်တော့ ပုံကို ပြုပြင်ဖို့နဲ့ပတ်သက်ပြီး ကြီးကြပ်ရေးမှူးဆီကို အကြံတွေပို့လိုက်တယ်။ ညီမတို့ရဲ့ အကြံတွေကို ကြည့်ပြီးတော့ ကြီးကြပ်ရေးမှူးက ပြောတယ်။ နဂိုဒီဇိုင်းအယူအဆ တစ်ခုလုံးက သုံးလို့ရသေးတယ်။ အရင်းအမြစ်ပစ္စည်းတွေကို နည်းနည်းညှိဖို့ပဲ လိုတယ်တဲ့။ ဒါကို ညီမကြားတော့ နှလုံးက တဒိန်းဒိန်းခုန်နေတယ်။ “ငါ့အမြင်က ထပ်ပြီး ပြဿနာဖြစ်သွားနိုင်သလား။ ကြီးကြပ်ရေးမှူးက ငါ့ကို ဘာများထင်မလဲ။ အထုတ်ခံရပြီးတာတောင်မှ ငါက မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တုန်းပဲ၊ မပြောင်းလဲသေးဘူးလို့ ပြောမှာလား” ပေါ့။ ညီမ ဘုရားကို တိတ်တဆိတ်ဆုတောင်းပြီး ညီမပြဿနာတွေကို ရိုးရိုးသားသား ရင်ဆိုင်လိုစိတ်ရှိပါတယ်လို့ ပြောလိုက်တယ်။ အဲဒါနဲ့ ညီမကအရင်စပြီး ကြီးကြပ်ရေးမှူးကို စကားပြောပြီးတော့ ညီမအယူအဆတွေကို ဖွင့်ပြောလိုက်သလို၊ ဒီပြဿနာတွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေကို ရှာတယ်။ ကြီးကြပ်ရေးမှူးက ညီမတို့ကို အသေးစိတ် မိတ်သဟာယဖွဲ့တယ်။ အဲဒါကို ကြားပြီးတော့ ညီမစိတ်နှလုံးက လင်းလက်သွားပြီး ညီမ လွဲနေတာတွေကို နားလည်သွားတယ်။ ကြီးကြပ်ရေးမှူးက ညီမကို ကိုင်တွယ်ဖြေရှင်းတာ မလုပ်ခဲ့မှန်း တွေ့ရတယ်။ အဲဒီအစား သူက ညီမတို့နဲ့ စိတ်ရှည်ရှည် မိတ်သဟာယဖွဲ့တယ်။ ညီမ နည်းနည်း ဝမ်းနည်းသွားတယ်။ ညီမက ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားအိမ်တော်ကို သတိထားနေခဲ့တာလေ။ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်ပြတဲ့အတွက် အထုတ်ခံရပြီး ဖယ်ရှားခံရမှာကြောက်ပြီးတော့ပေါ့။ တကယ်တမ်းကျတော့ ဘုရားအိမ်တော်က လူတွေကို သမ္မာတရားစည်းမျဉ်းကို အခြေခံပြီး ဆက်ဆံတာပါ။ အမှားလုပ်လိုက်တာနဲ့ တစ်ပြိုင်နက် လူတွေကို ကိုင်တွယ်ဖြေရှင်းတာ၊ ထုတ်ပယ်တာ မလုပ်ဘူး။ စည်းမျဉ်းတွေကို နားမလည်တာကြောင့် အလုပ်မှာ လမ်းလွဲတာတွေဖြစ်ပြီး မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ကိုယ့်အမှားကို ဝန်ခံပြုပြင်နိုင်ရင်၊ အထုတ်ခံရတာ၊ စွန့်ပစ်ခံရတာတွေ ဖြစ်မှာမဟုတ်ဘူး။ ကိုယ်က မာနထောင်လွှားပြီး ကိုယ့်ကိုယ်ကိုယ် အမှန်ထင်ရင်၊ ကိုယ့်ဂုဏ်သတင်းနဲ့ အဆင့်အတန်းကို ကာကွယ်ဖို့အတွက် ကိုယ့်အမြင်ကို မလျှော့တမ်းပြောရင် သမ္မာတရားစည်းမျဉ်းတွေကို မရှာဘဲ အလုပ်ကို ထိခိုက်နစ်နာစေရင် အဲဒီအခါကျမှပဲ ပြုပြင်တာ၊ ကိုင်တွယ်ဖြေရှင်းတာကို ခံရမှာပါ။ အခြေအနေက ဆိုးရင်တော့ အထုတ်ခံရမယ်။ ဖယ်ရှားခံရမယ်။ ညီမ အထုတ်ခံခဲ့ရတဲ့အချိန်ကို ပြန်တွေးမိတယ်။ ညီမက ဂရတ်ဖစ်ပိုင်းမှာ လုပ်တာကြာပြီဖြစ်သလို၊ အတွေ့အကြုံအများကြီး ရှိတယ်ဆိုတဲ့အချက်ကို အားကိုးခဲ့တယ်။ သူများတွေနဲ့ ပြဿနာတွေ ဆွေးနွေးတဲ့အခါ ညီမက မာနထောင်လွှားပြီး၊ တယ်။ ကိုယ့်အမြင်တွေကို ခေါင်းမာမာနဲ့ ဖက်တွယ်ထားတယ်။ မတူတဲ့ အမြင်တွေကို လက်မခံသလို ရှာဖွေတာလည်း မလုပ်ဘူး။ ဒါကြောင့် တချို့ပုံတွေက ပြန်ပို့ရပြီး ပြန်လုပ်ရတယ်။ ဖျက်တောင် ဖျက်ပစ်ရတယ်။ ဒါပေမဲ့ ကျရှုံးမှုကို ရင်ဆိုင်ရပြီး ဖော်ထုတ်ခံရတဲ့အခါမှာ ညီမရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မရှာဖွေခဲ့ဘူး။ အဲဒီအစား အမြဲနားလည်မှုလွဲပြီး သတိထားနေခဲ့တယ်။ ညီမတာဝန်တွေကို အာရုံမစိုက်ဘူး။ သမ္မာတရားကို မလိုက်စားခဲ့ဘူး။ နောက်ပိုင်းမှာ အရမ်းသတိထားလွန်းတာ၊ နားလည်မှုလွဲပြီး သတိနဲ့နေတာတွေကို ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတာကိုလည်း တွေးကြည့်ခဲ့တယ်။ ဘုရားနှုတ်ကပတ်တော်ကို ညီမ ဖတ်တယ်။ “လူအချို့တို့သည် ပြုမူဆောင်ရွက်ကြသောအခါ ၎င်းတို့ကိုယ်တိုင်၏ ဆန္ဒနောက် လိုက်ကြ၏။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ကြပြီး ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးသည့်နောက်တွင် ၎င်းတို့သည် ၎င်းတို့ မာနထောင်လွှားကြကြောင်းနှင့် ၎င်းတို့၌ သမ္မာတရားမရှိသောကြောင့်သာလျှင် ၎င်းတို့အမှားလုပ်ခဲ့ကြခြင်း ဖြစ်ကြောင်းသာ ဝန်ခံကြ၏။ သို့ရာတွင် ၎င်းတို့၏စိတ်နှလုံးများထဲ၌ ‘အခြားမည်သူမျှ အရဲစွန့်ခေါင်းမထောင်ကြ၊ ငါသာ ဤသို့ပြု၏၊ ထိုသို့ဖြင့် အဆုံး၌ တစ်စုံတစ်ခု မှားယွင်းသည့်အခါ ငါ့အပေါ်သာ တာဝန်အားလုံးပုံချကြသည်။ ဤသည်မှာ ငါ မိုက်မဲရာမကျသလော။ နောက်တစ်ကြိမ်၌ ငါသည် ထိုကဲ့သို့ အရဲစွန့်ခေါင်းခံသည့် ဤကိစ္စမျိုး ငါမလုပ်တော့။ ထောင်ထွက်နေသော သံသည် အထုခံရ၏’ ဟုပင် ညည်းညူနေကြဆဲဖြစ်သည်။ ဤသဘောထားကို မည်သို့သဘောရသနည်း။ ဤသည်မှာ နောင်တရသော သဘောထားလော။ (မဟုတ်ပါ။) ယင်းသည် မည်သည့်သဘောထားဖြစ်သနည်း။ ၎င်းတို့သည် ဉာဏ်များလာပြီး လိမ်လည်လှည့်ဖြားလာကြသည် မဟုတ်လော။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ‘ထိုကိစ္စက ပျက်ကိန်းမဆိုက်သွားသည်မှာ ငါကံကောင်း၏။ တစ်ခါသေဖူးတော့ ပျဉ်ဖိုးနားလည်သွားပြီ ဆိုပါတော့။ ငါ့အနေဖြင့် အနာဂတ်တွင် ပို၍သတိထားမှ ရပေတော့မည်။’ ၎င်းတို့သည် အမှုအရာကို ဂရုစိုက်ပြီး ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့၏ သေးသိမ်မှုနှင့် စဉ်းလဲသော အကြံအစည်များကို အသုံးပြုကြပြီး သမ္မာတရားကို မရှာဖွေကြ။ ၎င်းတို့သည် ဤနည်းဖြင့် သမ္မာတရားကို ရရှိနိုင်မည်လော။ မရရှိနိုင်ကြပေ၊ အကြောင်းမှာ ၎င်းတို့သည် နောင်တမရကြသေးသောကြောင့် ဖြစ်၏။ နောင်တရသောအခါ ပထမဆုံးအပြီးလုပ်ရမည့်အရာမှာ သင်ပြုခဲ့ပြီးသော အမှားကို သတိပြုမိရန်၊ သင်၏ အမှားရှိသောနေရာ၊ ပြဿနာ၏ အနှစ်သာရနှင့် သင်ထုတ်ဖော်ခဲ့သော စိတ်သဘောထားတို့ကို တွေ့ရန် ဖြစ်သည်။ ဤအရာများကို စဉ်းစားသုံးသပ်ပြီးသမ္မာတရားကို လက်ခံကာ ထို့နောက်တွင် သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ရန် ဖြစ်သည်။ ဤသည်သာလျှင် နောင်တရသည့် သဘောထားဖြစ်၏။ အကယ်၍ အခြားတစ်ဖက်၌ သင်သည် ကောက်ကျစ်သော နည်းလမ်းများကို အကုန်အစင် စဉ်းစားပါက သင်သည် ယခင်ကထက် ပို၍ စိတ်မချရဖြစ်လာကာ သင်၏နည်းနိဿယများသည်လည်း ပို၍ပါးနပ်လာကာ ပို၍ကွယ်ဝှက်လာသည့်အပြင် အမှုကိစ္စများကို ဖြေရှင်းရန် နည်းလမ်းများသည်လည်း သင်၌ပိုများလာသည်ဆိုပါက ပြဿနာသည် လိမ်လည်လှည့်ဖြားခြင်းသက်သက်ကဲ့သို့ သိပ်မရိုးရှင်းတော့ပေ။ သင်သည် လက်သီးပုန်းထိုးသော နည်းလမ်းများကို အသုံးပြုနေခြင်းဖြစ်ပြီး သင်၌ သင်ထုတ်ပြော၍မရနိုင်သောလျှို့ဝှက်ချက်များ ရှိနေ၏။ ဤသည်မှာ ဆိုးယုတ်၏။ သင်သည် နောင်တမရသေးရုံသာမက ပို၍ စိတ်မချရဘဲ ပို၍ လှည့်စားတတ်လာသည်။ ဘုရားသခင်သည် သင့်ကို အလွန်အကျွံ ခေါင်းမာပြီး ဆိုးယုတ်သည်ဟု မြင်၏၊ မိမိမှားထားကြောင်းကို အပြင်ပန်းတွင် ဝန်ခံပြီး ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်းကို လက်ခံသော်လည်း၊ နောင်တရသည့် သဘောထား စိုးစဉ်းမျှပင် မရှိသောသူအဖြစ် မြင်၏။ ငါတို့သည် အဘယ်ကြောင့် ဤအရာကို ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ဤဖြစ်ရပ် ဖြစ်ပျက်နေစဉ်တွင် သို့မဟုတ် ယင်းဖြစ်ရပ်ဖြစ်ပြီးနောက်တွင်၊ သင်သည် သမ္မာတရားကို မရှာဖွေသကဲ့သို့၊ သမ္မာတရားအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ သင်၏ သဘောထားသည် ပြဿနာကို ဖြေရှင်းရန် စာတန်၏ အတွေးအခေါ်များ၊ ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထား ဖြစ်သည်။ အမှန်တွင်၊ သင်သည် ဆင်ဝှေ့ရန်ရှောင်လုပ်ပြီး၊ အခြားသူများက ယင်း၏ အရိပ်အယောင်မမြင်ရန် မည်သည့်အရာမျှ လွတ်ထွက်ခွင့်မပေးဘဲ သပ်သပ်ရပ်ရပ် အပြီးသတ်နေခြင်း ဖြစ်သည်။ အဆုံးတွင် သင်သည် သင့်ကိုယ်သင် အတော်အတန် ချက်ချာပါးနပ်သည်ဟု ခံစားရ၏။ ဘုရားသခင်မြင်သည့်အရာမှာ ဤအရာများဖြစ်ပြီး၊ သင့်အနေဖြင့် မိမိအပေါ်သို့ ကျရောက်လာသည့် အမှုအရာရှေ့၌ ဧကန်အမှန် သုံးသပ်ဆင်ခြင်ကာ မိမိအပြစ်ကို ဝန်ချ၍ နောင်တရပြီးသည့်နောက် သမ္မာတရားကို လိုက်ရှာကာ သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နေပုံ မဟုတ်ချေ။ သင်၏သဘောထားသည် သမ္မာတရားကို ရှာဖွေသည့်၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့် သဘောထား မဟုတ်သကဲ့သို့ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် စီစဉ်မှုများကို နာခံသည့် သဘောထားလည်း မဟုတ်ဘဲ သင်၏ပြဿနာကို ဖြေရှင်းရန် စာတန်၏ နည်းနိဿယများနှင့် နည်းလမ်းများကို အသုံးပြုသည့် သဘောထားဖြစ်သည်။ သင်သည် အခြားသူများ သင့်အပေါ် မှားယွင်းသည့် ထင်မြင်ချက်တစ်ခုကို ပေးပြီး ဘုရားသခင်၏ ဖော်ထုတ်ခြင်းကို သင်ခုခံသည်၊ ထို့ပြင် သင့်အတွက် ဘုရားသခင်စီစဉ်ညွှန်ကြားပေးထားသည့် အခြေအနေများကို သင်သည် ခုခံကာကွယ်ပြီး ထိပ်တိုက်ရင်ဆိုင်သည်။ ဤသည်မှာ သင်၏စိတ်နှလုံးသည် ယခင်ကထက် ပို၍ဖုံးပိတ်ထားပြီး၊ ဘုရားသခင်ထံမှ ကင်းကွာကြောင်း ဆိုလိုပေသည်။ ထိုသို့ဖြင့်၊ ထိုအရာမှ ကောင်းသည့် ရလဒ်တစ်ခုတလေ ရှိလာနိုင်သလော။ သင်သည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို မွေ့လျော်ခံစားရင်း အလင်းထဲတွင် အသက်ရှင်နိုင်သေးသလော။ အသက်မရှင်နိုင်ပေ။ သမ္မာတရားကို သင် ရှောင်ရှားပြီး၊ ဘုရားသခင်ကို ရှောင်ရှားပါက၊ သေချာပေါက် အမှောင်ထဲကျကာ၊ မြည်တမ်းပြီး အံသွားခဲကြိတ်ရလိမ့်မည်။ ထိုကဲ့သို့သော အခြေအနေသည် လူတို့ထဲ၌ ပျံ့နှံ့နေသလော။ (ပျံ့နှံ့နေပါသည်။) အချို့သောလူတို့သည် ‘ဤအကြိမ်၌ ငါသည် ကိုင်တွယ်ဖြေရှင်းခြင်းကို ခံခဲ့ရ၏။ နောက်တစ်ကြိမ်တွင် ငါ့အနေဖြင့် ပိုချက်ချာပါးနပ်ပြီး သတိထားမှ ရတော့မည်။ ချက်ချာပါးနပ်ခြင်းသည် အသက်တာ၏ အခြေခံအုတ်မြစ်ဖြစ်သည်၊ ထို့အပြင် မချက်ချာမပါးနပ်သော လူတို့သည် ငတုံးများပင်ဖြစ်ကြ၏’ဟု ဆိုလျက် မိမိတို့ကိုယ်ကိုယ် မကြာခဏ ဆုံးမတတ်ကြသည်။ အကယ်၍ သင်သည် သင့်ကိုယ်သင် ထိုကဲ့သို့လမ်းညွှန်ပြီး ဆုံးမနေပါလျှင် သင်တိုးတက်ပါဦးမည်လော။ သမ္မာတရားကို ရနိုင်ပါမည်လော။ အကြောင်းအခြင်းအရာတစ်ခု သင့်အပေါ်သို့ ကျရောက်လာကာ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင် ရှာဖွေပြီး နားလည်နိုင်ကာ သမ္မာတရား၏ ထိုရှုထောင့်ကို သင်ရရှိနိုင်ပေသည်။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် မည်သည့်အရာကို စွမ်းဆောင်ရရှိနိုင်သနည်း။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသောအခါ ဘုရားသခင့်အလိုတော်၏ ရှုထောင့်တစ်ခုကို သင်နားလည်သွားသည်၊ သင့်အား ဤအရာကို အဘယ်ကြောင့် ဘုရားသခင်ပြုခဲ့ကြောင်း၊ သင့်ထံမှ ထိုသို့သောတောင်းဆိုမှုကို အဘယ်ကြောင့်သူပြုကြောင်း၊ သင့်ကို ထိုကဲ့သို့ဆုံးမရန်နှင့် ပဲ့ပြင်ရန် အခြေအနေများကို အဘယ်ကြောင့်သူစီစဉ်ညွှန်ကြားကြောင်း၊ သင့်ကို ပြုပြင်ပြီး ကိုင်တွယ်ဖြေရှင်းရန် ဤအမှုအရာကို အဘယ်ကြောင့် သူအသုံးပြုကြောင်းနှင့် ဤအမှုအရာ၌ အဘယ်ကြောင့်သင်ပြိုလဲသွားပြီး ရှုံးနိမ့်သွားကာ ဖော်ထုတ်ခြင်းခံခဲ့ရကြောင်းတို့ကို သင်နားလည်သွားသည်။ ဤအရာများကို သင်နားလည်နိုင်ပါက သမ္မာတရားကို သင်လေ့လာလိုက်စားနိုင်မည်ဖြစ်ပြီး အသက်ဝင်ရောက်မှုကို စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤအရာများကို သင်နားမလည်သည့်အပြင် ဤအချက်အလက်များကို သင်လက်မခံဘဲ မရမက အတိုက်အခံပြုပြီး မရမက ခုခံနေပါလျှင်၊ သင် အယောင်ဆောင်ဖို့ သင့်ကိုယ်ပိုင် နည်းနိဿယများကို မရမက အသုံးပြုနေပါလျှင်၊ အခြားသူများအားလုံးနှင့် ဘုရားသခင်ကို အသွင်အပြင်အမှားနှင့် မရမကရင်ဆိုင်နေပါလျှင် သင်သည် သမ္မာတရားကို ထာဝစဉ်ပင် ရရှိနိုင်လိမ့်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ သမ္မာတရားကို လေ့လာလိုက်စားခြင်းအားဖြင့်သာ ဘုရားသခင်အပေါ် မိမိတို့၏အယူအဆများနှင့် နားလည်မှုလွဲခြင်းများကို ဖြေရှင်းနိုင်၏) ဘုရားနှုတ်ကပတ်တော်က အရမ်းရှင်းပါတယ်။ နားလည်မှုလွဲပြီး သတိထားတာကို ဖြေရှင်းဖို့ အကောင်းဆုံးလမ်းကြောင်းက ဆက်စပ်တဲ့ကိစ္စတွေမှာ သမ္မာတရားကို နားလည်အောင် ရှာဖွေဖို့ပဲ။ ကျရှုံးမှုနဲ အနှောင့်အယှက်တွေကို ရင်ဆိုင်ရတဲ့အခါမှာ ပြဿနာတွေကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာရင် အဲဒီအစား ဟန်လုပ်ဖို့နည်းတွေ စဉ်းစားပြီး ကိုယ့်ရဲ့ သေးနုပ်ပြီး မရိုးသားတဲ့ နည်းလမ်းတွေအရ ကိုင်တွယ်ရင် ဒါက လှည့်စားရုံတင်မကဘဲ မကောင်းတဲ့ စိတ်သဘောထားအမျိုးအစားတစ်ခုလည်းဖြစ်တယ်။ အဲဒီလိုလူစားမျိုးက သမ္မာတရားကို လုံးဝ ရမှာမဟုတ်ဘူး။ မှတ်မိသေးတယ်။ ညီမ အထုတ်ခံရတုန်းက ခေါင်းဆောင်က ညီမရဲ့ မာနထောင်လွှားတာ၊ ကိုယ့်ကိုယ်ကိုယ် အမှန်ထင်တာ၊ သူများရဲ့ ထင်မြင်ချက်တွေကို နားထောင်ဖို့ ငြင်းဆန်တာတွေကို ဖော်ထုတ်ခဲ့တယ်။ အဲဒီတုန်းက ညီမက အသိအမှတ်ပြုပြီး လက်ခံခဲ့တယ်။ ဒါပေမဲ့ နောက်ကျတော့ ညီမရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖြေရှင်းဖို့ သမ္မာတရားကို မရှာဖွေခဲ့ဘူး။ ဒီတစ်ခါမှာ ညီမ ဂရတ်ဖစ်အလုပ်ကို ပြန်လုပ်တော့ နောက်တစ်ခါ မာနထောင်လွှားပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်လို့ အထုတ်ခံရမှာ၊ နှင်ထုတ်ခံရမှာကြောက်တယ်။ အဲဒါနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ “မိမိကိုယ်ကို ကာကွယ်ရန် ဆိတ်ဆိတ်ငြိမ်နေ၍ အပြစ်တင်ခံရမှုမှ လွတ်မြောက်ရန်သာ ကြိုးစားပါ” ဆိုတာနဲ့ “သွားမပတ်သက်နဲ့၊ နောက်မှနောင်တရနေမယ်”ဆိုတာမျိုး စာတန်ရဲ့ အတွေးအခေါ်တွေကို ခံယူခဲ့တယ်။ ညီမက ကိုယ့်အမြင်တွေကို သိပ်မဖော်ပြဘူး။ မတူတဲ့ အကြံတွေကို သိပ်အဆိုမပြုဘူး။ တစ်ခုခုပေါ်လာတဲ့အခါတိုင်း ညီမကဘယ်တော့မှ အရင်ဆုံးမပြောဘူး။ ညီမက အရင်ကထက်ပိုပြီး လှည့်စားတတ်လာတယ်။ ဒီဇိုင်းစီမံချက်တစ်ခုက ပြဿနာတွေရှိတာကို ညီမသိပေမဲ့ ဘာမှမပြောခဲ့ဘူး။ တချို့အစ်မတွေရဲ့ အကြံတွေက စည်းမျဉ်းတွေနဲ့မညီတာကို သိပေမဲ့ နှုတ်ဆိတ်နေခဲ့တယ်။ အပြင်ပန်းမှာ ညီမက နာခံတဲ့ပုံပေါ်ပေမဲ့ တကယ်တမ်း နောင်တမရသေးဘူး။ ညီမက နာခံနိုင်တယ်၊ ပြောင်းလဲသွားပြီလို့ ဟန်ဆောင်နေတာ သက်သက်ပဲ။ ညီမက ညီအစ်ကိုမောင်နှမတွေနဲ့ ဘုရားကိုပါ လှည့်စားနေတာ မဟုတ်ဘူးလား။ အဲဒီအခါမှပဲ ညီမက အထုတ်ခံရပြီးတဲ့နောက်မှာ နောင်တမရရုံမက အဲဒီအစား အမြဲတမ်း တွက်ချက်ပြီး လှည့်စားနေတယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့၊ ညီမရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို ဖုံးကွယ်ဖို့အတွက် နည်းလမ်းတွေ စဉ်းစားနေခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ ညီမက အရင်ကထက် ပိုပြီးတော့တောင် ဉာဏ်များလာခဲ့တာပဲ။ ညီမ စိတ်သဘောထားက ဆိုးယုတ်ခဲ့တယ်။ ညီမက ပါးနပ်တယ်လို့ ထင်ခဲ့ပြီး ညီမရဲ့ ဖောက်ပြန်ပျက်စီးမှုကို ဖွင့်မပြမိဖို့အတွက် လူသားလှည့်ကွက်တွေကို သုံးချင်ခဲ့တယ်။ ဒါပေမဲ့ အတွေ့အကြုံကတစ်ဆင့် လူတွေရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို လူသားအားထုတ်မှုနဲ့ မကျော်လွှားနိုင်သလို ဆိုးယုတ်တဲ့ အတွေးအခေါ်တွေကို အားကိုးပြီး ဟန်လုပ်နေခြင်းအားဖြင့်လည်း မဖြေရှင်းနိုင်ဘူးဆိုတာ ညီမ သိသွားတယ်။ ဘုရားရဲ့ တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်းကတစ်ဆင့်၊ ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းအားဖြင့်ပဲ အနည်းငယ် ပြောင်းလဲတာကို ရရှိနိုင်တာပါ။ ဘုရားက ညီမတို့ရဲ့ ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြခွင့်ပြုသလို၊ ညီမတို့က ကိုယ့်တာဝန်တွေမှာ ကျရှုံးမှုတွေရှိတယ်ဆိုတာ သူသိတယ်။ ဒါပေမဲ့ ပြဿနာတွေရှိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်တာ၊ ဟန်လုပ်တာတွေကို ဘုရားက မလုပ်စေချင်ဘူး။ အဲဒီအစား ရိုးရှင်း၊ ပွင့်လင်းစေချင်တယ်။ ကျရှုံးမှုတွေကို မှန်မှန်ကန်ကန် ရင်ဆိုင်စေချင်တယ်။ အမှန်တကယ် နောင်တရပြီး ပြောင်းလဲစေချင်တယ်။ ဘုရားအလိုတော်ကို နားလည်သဘောပေါက်ပြီးတဲ့နောက်မှာ ညီမက မတက်ကြွတာ၊ နားလည်မှုလွဲတာတွေ မဖြစ်တော့ဘူး။ သမ္မာတရားကို လက်တွေ့လုပ်ပြီး ဘုရားဆီမှာ နောင်တရချင်စိတ်ရှိလာခဲ့တယ်။ နောက်ပိုင်းမှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး လက်တွေ့လုပ်ဖို့လမ်းကြောင်းကို ညီမ နားလည်လာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “သို့ပြုလျှင် သင်သည် သင်၏ထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်းတို့ကို မည်သို့ ဖြေရှင်းသနည်း။ ဥပမာအနေဖြင့် သင့်ထံတစ်စုံတစ်ခု ဖြစ်ပျက်ပြီး သင်၌ သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် အစီအစဉ်များ ရှိသည်ဆိုကြပါစို့၊ မည်သည့်အရာလုပ်ရမည်ကို မဆုံးဖြတ်ခင်တွင် သင်၏အတွေးများနှင့် အစီအစဉ်တို့သည် မှန်ကန်ခြင်း ရှိမရှိ၊ သမ္မာတရားနှင့် ကိုက်ညီခြင်း ရှိမရှိ သင့်အား ပြောပြရန် လူတိုင်းကို တောင်းဆိုလျက်၊ သင့်အတွက် နောက်ဆုံး စစ်ဆေးခြင်းများ ပြုလုပ်ပေးရန် လူတိုင်းကို တောင်းဆိုလျက်၊ သင်သည်ဤအရာနှင့်ပတ်သက်၍ သင် တွေးထင်သည့်အရာ၊ ယုံကြည်သည့်အရာတို့နှင့်ပတ်သက်၍ သမ္မာတရားကို ရှာဖွေပြီး အနည်းဆုံးအနေဖြင့် လူတိုင်းနှင့် မိတ်သဟာယပြုသင့်သည်။ ဤသည်မှာ ထင်ရာမြင်ရာပြုခြင်းနှင့် ကမူးရှူးထိုးဖြစ်ခြင်းတို့ကို ဖြေရှင်းသည့် အကောင်းဆုံး နည်းစနစ် ဖြစ်ပေသည်။ ပထမဦးစွာ သင့်အမြင်ကို သင်မီးမောင်းထိုးပြပြီး သမ္မာတရားကို ရှာဖွေနိုင်သည်။ ဤသည်မှာထင်ရာမြင်ရာလုပ်ခြင်းနှင့် ကမူးရှုးထိုးဖြစ်ခြင်းကို ဖြေရှင်းရန်အတွက် သင် လက်တွေ့လုပ်ဆောင်ရမည့် ပထမအဆင့်ဖြစ်သည်။ ဒုတိယအဆင့်မှာ ကွဲလွဲသောခံယူချက်ကို အခြားလူတို့က ဖွင့်ဟလာသောအခါ ဖြစ်ပေါ်လေသည်- ထင်ရာမြင်ရာနှင့် ကမူးရှုးထိုးလုပ်ခြင်းမှ ရှောင်ကြဉ်ရန် မည်သည့် လက်တွေ့လုပ်ဆောင်မှုကို သင်ထားရှိနိုင်သနည်း။ သင်သည် ဦးစွာ နှိမ့်ချခြင်းသဘောထား ရှိရမည်၊ သင်က မှန်ကန်သည်ဟု ယုံကြည်သောအရာကို ဘေးဖယ်ထားရမည်ဖြစ်ပြီး လူတိုင်းကို မိတ်သဟာယပြုရန် အခွင့်ပေးရမည် ဖြစ်သည်။ သင်၏နည်းလမ်းက မှန်ကန်သည်ဟု သင်ယုံကြည်လျှင်ပင်၊ ယင်းကို ထပ်တလဲလဲ မလျှော့တမ်း မပြောသင့်ပေ။ ယင်းသည် ရှေ့တစ်လှမ်းတက်ခြင်းမျိုး ဖြစ်သည်။ ယင်းက သမ္မာတရားကို ရှာဖွေခြင်း၊ သင့်ကိုယ်သင် ငြင်းပယ်ခြင်းနှင့် ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းခြင်းဟူသော သဘောထားကို ပြသသည်။ သင့်တွင် ဤသဘောထား ရှိသောအခါ၊ သင်သည် သင့်ကိုယ်ပိုင်ခံယူချက်ကို မစောင့်ထိန်းတော့သည်နှင့် တစ်ပြိုင်နက်၊ သင် ဆုတောင်းသင့်သည်။ ဘုရားသခင်ထံမှ သမ္မာတရားကို ရှာဖွေသင့်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ အခြေခံကို ရှာသင့်သည်— ဘုရားသခင်၏နှုတ်ကပတ်တော်များအရ မည်သို့ပြုမူရမည်ကို ဆုံးဖြတ်သင့်သည်။ ဤသည်မှာ အသင့်တော်ဆုံးနှင့် တိကျအမှန်ကန်ဆုံး လက်တွေ့လုပ်ဆောင်မှု ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို ဖတ်ပြီးတဲ့နောက်မှာ ညီမနားလည်သွားတယ်။ ဆွေးနွေးတဲ့အတောအတွင်း ကိုယ့်မှာ စိတ်ကူး၊ အမြင်တွေရှိတဲ့အခါ ကိုယ့်မှာ ရှာဖွေတဲ့ စိတ်နှလုံးတစ်ခုရှိရမယ်။ အမြင်တွေကို ဖော်ပြတာက သူများတွေကို ကိုယ့်အတိုင်းလိုက်လုပ်ဖို့ အတင်းခိုင်းတာ မဟုတ်ဘူး။ အဲဒီအစား ဒါဟာ လူတိုင်း ပြောဆိုဆွေးနွေးပြီး သမ္မာတရားစည်းမျဉ်းတွေကို အတူရှာဖို့အတွက် အမြင်တွေကို ထုတ်ပြတာပဲ။ ဒါက တစ်ခုတည်းသော သင့်တင့်လျောက်ပတ်တဲ့ နည်းလမ်းပဲ။ ဒါက အသင်းတော်အလုပ်ကို ကာကွယ်တဲ့ အပြုအမူပဲ။ ကိုယ့်ရဲ့ မာနထောင်လွှားတဲ့ စိတ်သဘောထားအရ ကိစ္စတွေကို လုပ်ရင် တစ်ဇွတ်ထိုးဖြစ်လာပြီး သူများတွေကို ကိုယ်ပြောတာ အတင်းနားထောင်ခိုင်းဖို့ လွယ်တယ်။ ဘုရားကို ကြောက်ရွံ့၊ နာခံတာလုံးဝ မရှိတော့ဘူး။ နောက်ပိုင်းမှာ ညီအစ်ကိုမောင်နှမတွေနဲ့ အယူအဆတွေ ဆွေးနွေးတဲ့အခါမှာ ညီမမှာရှိတဲ့ ဘယ်အမြင်နဲ့စိတ်ကူးတွေကိုမဆို ပွင့်ပွင့်လင်းလင်း မိတ်သဟာယဖွဲ့တယ်။ ညီမစိတ်ကူးက မှန်တယ်လို့ ထင်ရင်တောင် မျက်စိစုံမှိတ် ဖက်တွယ်မထားဘူး။ မတူတဲ့အကြံတွေကို ညီမ ကြုံရတဲ့အခါမှာ ဆုတောင်းပြီး ရှာဖွေတယ်။ တစ်ယောက်ယောက်က စည်းမျဉ်းနဲ့ညီတာ တစ်ခုခုကို ပြောတဲ့အခါ ညီမက နှိမ့်ချစွာနဲ့ လက်ခံတယ်။ ဒါပေမဲ့ မညီဘူးဆိုရင် ညီမက ကိုယ့်ခံယူချက်အတိုင်းရပ်တည်ပြီး သူတို့နဲ့ မိတ်သဟာယဖွဲ့ဆွေးနွေးတယ်။ ဒါက ဘုရားရဲ့ စိတ်နှလုံးနဲ့ကိုက်ညီတဲ့ တစ်ခုတည်းသော တာဝန်ထမ်းဆောင်နည်းပဲ။

ဘုရားနှုတ်ကပတ်တော်ကို ညီမ ဆက်ဖတ်တယ်။ အဲဒါက လှည့်စားခြင်းနဲ့ သတိထားခြင်းကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ထပ်ပြီး ရှင်းလင်းသွားစေတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ- “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သိရှိနိုင်ပုံ)ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်များမှာ အဘယ်နည်း။ ပထမဆုံးအနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ပတ်သက်ပြီး သံသယမရှိဖို့ရန် ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတစ်ဦး၏ ဖော်ပြချက်များထဲမှ တစ်ခု ဖြစ်သည်။ ထို့အပြင် ရိုးသားသူတစ်ဦး၏ အရေးအကြီးဆုံး ဖော်ပြချက်မှာ ကိစ္စအားလုံး၌ သမ္မာတရားကို ရှာဖွေပြီး လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်သည်။ ဤသည်မှာ အရေးအကြီးဆုံးဖြစ်သည်။ သင်သည် ရိုးသားသည်ဟု ဆိုသော်လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင် မစဉ်းစားဘဲ၊ သင်လုပ်လိုသည့်အရာကို အမြဲ လုပ်ဆောင်ပါက၊ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်တစ်ခု ဖြစ်သလော။ သင်က ‘ကျွန်ုပ်၏ အစွမ်းအစသည် နည်းပါသော်လည်း၊ ကျွန်ုပ်သည် စိတ်နှလုံးထဲတွင် ရိုးသားသည်။’ ဟု ပြောသည်။ သို့ရာတွင် သင့်ထံ တာဝန်တစ်ခု ကျရောက်သည့်အခါတွင်၊ သင်သည် ဒုက္ခခံရမည်ကို သို့မဟုတ် ထိုတာဝန်ကို သင် ကောင်းစွာ မဖြည့်ဆည်းပါက၊ တာဝန်ယူရမည်ကို ကြောက်ရွံ့သည်၊ ထို့ကြောင့် သင်သည် ယင်းကို ရှောင်ရှားဖို့ ဆင်ခြေများ ပေးပြီး အခြားသူများက ယင်းကို ပြုလုပ်ဖို့ သင် အကြံပြုလေသည်။ ဤသည်မှာ ရိုးသားသောလူတစ်ဦး၏ ဖော်ပြချက်ဖြစ်သလော။ မဟုတ်သည်မှာ သိသာထင်ရှားပေသည်။ သို့ဆိုလျှင် ရိုးသားသော လူတစ်ဦးသည် မည်သို့ ပြုမူသင့်သနည်း။ ၎င်းတို့သည် လက်ခံပြီးနာခံသင့်သည်၊ ထို့နောက်တွင် ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆည်းဖို့ ကြိုးပမ်းလျက်၊ ၎င်းတို့၏တာဝန်များကို တတ်နိုင်သမျှ အစွမ်းကုန် ဆောင်ရွက်ရာတွင် လုံးလုံး ဆက်ကပ်အပ်နှံထားသင့်သည်။ ဤသည်ကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြထားသည်။ နည်းလမ်းတစ်ခုမှာ သင်သည် သင်၏ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများအကြောင်း မတွေးဘဲ၊ သင်၏တာဝန်ကို ရိုးသားမှုဖြင့် လက်ခံသင့်ပြီး၊ ယင်းနှင့်ပတ်သက်၍ စိတ်မပါ့တပါ ဖြစ်နေသင့်ပေ။ သင်ကိုယ်တိုင်၏ အကျိုးကျေးဇူးအတွက် အကွက်မချနှင့်။ ဤသည်မှာ ရိုးသားမှု၏ ဖော်ပြချက်တစ်ခုဖြစ်သည်။ အခြားနည်းလမ်းတစ်ခုမှာ သင်၏ တာဝန်ကို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ထမ်းဆောင်ခြင်း၊ အမှုအရာများကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း၊ ဘုရားသခင်ကို ကျေနပ်စေရန် တာဝန်ထမ်းဆောင်ခြင်းထဲသို့ သင်၏ စိတ်နှလုံးနှင့် ချစ်ခြင်းကို ထည့်သွင်းခြင်းတို့ဖြစ်သည်။ ဤသည်မှာ ရိုးသားသောသူတို့က ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်သောအခါ ဖော်ပြသင့်သော အရာဖြစ်သည်။ သင်သိမြင်ပြီး နားလည်သည့်အရာကို မဆောင်ရွက်လျှင်၊ သင်၏ အကောင်းဆုံး အားထုတ်မှု၏ ၅၀၊ သို့မဟုတ် ၆၀ ရာခိုင်နှုန်းသာလုပ်ဆောင်လျှင် သင်သည် သင်၏ စိတ်နှလုံး၊ အားအင်အကြွင်းမဲ့ သုံးနေခြင်းမဟုတ်ပေ။ သင်သည် အချောင်ခိုရန် နည်းလမ်းများရှာနေသည်။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် စိတ်မချရသောလူများသည် ရိုးသားကြသလော။ လုံးဝ မရိုးသားပေ။ ဘုရားသခင်က ဤသို့သောစိတ်မချရသလို လှည့်စားတတ်သည့်သူများကို အသုံးမပြုပေ။ ၎င်းတို့ကို ထုတ်ပယ်ရမည်။ ဘုရားသခင်သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ရိုးသားသောလူများကိုသာ အသုံးပြုသည်။ သစ္စာရှိသော အစေခံသူများသည်ပင် ရိုးသားရမည်။ အစဉ်သဖြင့် ပေါ့ဆပြီး ဝတ်ကျေတမ်းကျေလုပ်သော၊ အချောင်ခိုရန် နည်းလမ်းများကို အမြဲရှာနေသောသူများအားလုံးသည် လှည့်စားတတ်ကြသည်။ မကောင်းဆိုးဝါးများဖြစ်သည်။ ၎င်းတို့ထဲမှ မည်သူကမျှ ဘုရားသခင်ကို အမှန်တကယ် မယုံကြည်ကြပေ။ ၎င်းတို့အားလုံးသည် ထုတ်ပယ်ခြင်းခံရလိမ့်မည်။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်ကို တွေးကြည့်ရင်းနဲ့ ဘုရားရဲ့ စိတ်သဘောထားက သန့်ရှင်းဖြောင့်မတ်တယ်ဆိုတာ ညီမ သဘောပေါက်သွားတယ်။ ဘုရားက ရိုးသားတဲ့လူတွေကို ချစ်တယ်။ ဘုရားသခင်အတွက် ရိုးသားသူတွေက စစ်မှန်တဲ့ နှလုံးသားရှိတယ်။ တခြားလူတွေနဲ့ ဘုရားသခင်ကို သူတို့က သတိထားတာ၊ သံသယဝင်တာ မရှိဘူး။ အရာရာမှာ ဘုရားရဲ့ စိစစ်မှုကို လက်ခံနိုင်ကြတယ်။ တာဝန်တွေမှာ မယုံကြည်ရတာ၊ လှည့်စားတာတွေ မရှိဘူး။ သူတို့လုပ်သင့်တာကို အစွမ်းကုန်လုပ်ကြတယ်။ တာဝန်ခံဖို့ လိုတဲ့အချိန်မှာတောင် ကိုယ့်အကျိုးစီးပွားတွေကို ဘေးဖယ်ထားပြီး စည်းမျဉ်းတွေကို ထိန်းသိမ်းနိုင်ကြတယ်။ ဘုရားအလိုတော်ကို ဖြည့်ဆည်းဖို့အတွက် တာဝန်ကို ကောင်းကောင်း လုပ်နိုင်တယ်။ ကိုယ့်တာဝန်ကို ဒီလိုထမ်းဆောင်တဲ့လူတွေပဲ ဘုရားရဲ့ လက်ခံမှုကို ရနိုင်တယ်။ ဒီလိုလူမျိုးကသာ အမှန်တကယ် ဉာဏ်ပညာရှိပါတယ်။ ဒါပေမဲ့ ညီမက ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ပြဿနာတွေကို တွေ့တဲ့အခါမှာ နှုတ်ဆိတ်နေခဲ့တယ်။ ဒါကြောင့် အလုပ်က ဆုတ်ယုတ်သွားတယ်။ ညီမက တိုက်ရိုက် တာဝန်ရှိတဲ့ပုံမပေါ်ပေမဲ့ တကယ်တမ်းက သမ္မာတရားကို ညီမ လက်တွေ့မလုပ်ခြင်းရဲ့ ရလဒ်ပဲ။ သမ္မာတရားစည်းမျဉ်းတွေအများကြီးကိုလည်း ညီမနားမလည်ခဲ့ဘူး။ ပြဿနာရဲ့ တစ်ဖက်ကိုပဲ မြင်နိုင်တယ်။ ဒီတော့ ညီမရဲ့ အကြံပြုချက်တွေမှာ သွေဖည်တာတွေ ရှိဖို့ဆိုတာ ရှောင်လွှဲလို့မရဘူး။ ဒါပေမဲ့ ရိုးသားတဲ့သူက သူကိုယ်တိုင်ရဲ့ ဖောက်ပြန်ပျက်စီးမှုနဲ့ အားနည်းချက်တွေကို မှန်မှန်ကန်ကန် ကိုင်တွယ်တယ်။ သမ္မာတရားနဲ့ သူများတွေရဲ့ မိတ်သဟာယဖွဲ့တာ၊ ပြုပြင်ပေးတာတွေကိုပါ လက်ခံတယ်။ သူ့ရဲ့ သွေဖည်မှုတွေကို အနှစ်ချုပ်ပြီး အဓိက စည်းမျဉ်းတွေကို နားလည်နိုင်တယ်။ သူ့အမှားတွေက အလုပ်ကို တကယ်ဆုတ်ယုတ်စေရင် ရဲရဲဝံ့ဝံ့နဲ့ ဝန်ခံပြီး ပြောင်းလဲနိုင်တယ်။ ဒါတွေကို သဘောပေါက်ပြီးတဲ့နောက်မှာ ညီမ စိတ်နှလုံးက နည်းနည်းပိုပြီး လင်းလက်သွားတယ်။ တာဝန်မှာ လက်တွေ့လုပ်သင့်တဲ့ စည်းမျဉ်းတွေကို ပိုပြီး ရှင်းလင်းသွားတယ်။

နောက်ပိုင်းမှာ ပြဿနာတွေကို အစ်မတွေနဲ့ ထပ်ဆွေးနွေးတဲ့အခါမှာ ညီမက ဘုရားကို ဆုတောင်းတယ်။ ကိုယ့်ရည်ရွယ်ချက်တွေကို ထိန်းညှိပြီး၊ သမ္မာတရားစည်းမျဉ်းတွေအတိုင်း လက်တွေ့လုပ်တယ်။ တစ်ခါတော့ ညီမက တခြားအစ်မသုံးယောက်နဲ့ ပုံဒီဇိုင်းအယူအဆတစ်ခုကို ဆွေးနွေးပြီး၊ ဒီဇိုင်းက ဖြစ်နိုင်ခြေမရှိဘူးလို့ သုံးယောက်လုံးကပြောပေမဲ့ ညီမက လုံးဝ ဆန့်ကျင်ဘက် အမြင်ရှိနေခဲ့တယ်။ ညီမ ကိုယ့်ဘာသာ စဉ်းစားမိတယ်။ “သူတို့သုံးယောက်လုံးက အမြင်တူတယ်။ ငါက မတူတဲ့အယူအဆကို ပြောပြလိုက်ရင် မာနထောင်လွှားတယ်လို့ သူတို့က ပြောမှာလား။ ဒါမှမဟုတ် ပါးစပ်ပိတ်ပြီးပဲ နေလိုက်သင့်လား” ပေါ့။ ဒါပေမဲ့ ပုံအယူအဆက ဆန်းသစ်ပြီးအကြောင်းအရာက ရှင်းလင်းတယ်။ စည်းမျဉ်းတွေအရ ဒါက ရနိုင်ခြေရှိတယ်။ တခြားလူအားလုံးရဲ့အမြင်အတိုင်းပဲ လိုက်လုပ်ရင် ကောင်းတဲ့ ဒီဇိုင်းစီမံချက်တစ်ခုကို လွှင့်ပစ်သလို ဖြစ်သွားမှာ မဟုတ်လား။ ရိုးသားသူတွေက သူတို့တာဝန်တွေကို စေ့စေ့စပ်စပ်လုပ်ပြီး စည်းမျဉ်းတွေကို ထိန်းသိမ်းတာ ညီမ တွေးမိတယ်။ အဲဒါနဲ့ ညီမအမြင်တွေရယ်၊ သက်ဆိုင်တဲ့ စည်းမျဉ်းတွေရယ်ကို သူတို့ကို ပြောပြလိုက်တယ်။ ညီမတို့ ဆွေးနွေးရာကတစ်ဆင့်၊ ညီမပြောတာက စည်းမျဉ်းတွေနဲ့ ပိုကိုက်ညီတာကို လူတိုင်းက သဘောတူကြတယ်။ ဒီလိုဖြစ်တော့ ညီမက ဘုရားရဲ့လမ်းပြမှုအတွက် တကယ်ကို ကျေးဇူးတင်မိတယ်။ စည်းမျဉ်းတွေကို လိုက်နာပြီး အမှုအရာတွေကို ကိုင်တွယ်ခြင်းကနေရတဲ့ အေးချမ်းမှုကို တွေ့ကြုံခဲ့ရတယ်။

ဒါကြောင့် အခုဆိုရင် ညီမက အလွန်အကျွံသတိထားပြီး သတိနဲ့နေခြင်းကနေ တဖြည်းဖြည်း လွတ်မြောက်သွားပါပြီ။ ညီမမှာ ရှိတဲ့ ဘယ်အမြင်ကိုမဆို လူတိုင်းနဲ့ ဆွေးနွေးနိုင်တယ်။ တာဝန်ထမ်းဆောင်ရာမှာ ညီမစိတ်နှလုံးက ပိုပြီးတော့ သန့်စင်ပြီး ပွင့်လင်းသွားတယ်။ ညီမတာဝန်ကို ထမ်းဆောင်တာမှာ ပိုပြီး ထိရောက်လာတယ်။ အဲဒီအသိပညာနဲ့ ပြောင်းလဲနိုင်စွမ်းက ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုကြောင့်ပါပဲ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

ကိုင်တွယ်ဖြေရှင်းခြင်းခံရပြီးနောက် နိုးထခြင်း

လျန်ရှင်း တရုတ်နိုင်ငံ ၂၀၂၀နှောင်းပိုင်းမှာ အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတဲ့ တာဝန်ယူခဲ့တယ်။ အစတော့ သူတို့ သိပ်များများစားစား မရှိလို့၊...

တာဝန်ထမ်းဆောင်ခြင်းသည် ရိုးသားခြင်းမရှိဘဲ မဖြစ်နိုင်ပေ

မုရီ အမေရိကန်နိုင်ငံ ကျွန်မက အသင်းတော်မှာ လူသစ်တွေကို ရေလောင်းတာကို ဦးဆောင်ရတယ်။ တချို့ယုံကြည်သူအသစ်တွေက ပါဝင်တာ သိပ်မကြာသေးဘူး။ သူတို့ထဲက...

သင့်ကိုယ်သင် အမှန်တကယ် သိရန် မလွယ်ကူပေ

ဇန်ယူရီ၊ ဟန်ဂျိုးမြို့၊ ဂျယ်ဂျန်းမြို့နယ် ဘုရားသခင်သည် ရိုးသားသော သူများကို နှစ်သက်တော်မူပြီး၊ လှည့်ဖြားတတ်သောသူများကို မုန်းတီးကြောင်း၊...

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။