ကျွန်မ၏အထင်လွဲခြင်းများနှင့် သတိထားခြင်းတို့အားဖြင့် ဘေးဖြစ်ခြင်း
ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...
ဘုရား၏ ပေါ်ထွန်းခြင်းကို တောင့်တသည့် ရှာဖွေသူများအားလုံးကို ကျွန်ုပ်တို့ကြိုဆိုပါသည်။
၂၀၂၃ ခုနှစ် အသင်းတော် ရွေးကောက်ပွဲတုန်းက၊ ညီအစ်ကိုမောင်နှမတချို့က ကျွန်မကို မဲပေးချင်တယ်ဆိုတာကို ကျွန်မ ကြားရတယ်။ ဒါပေမဲ့ စိတ်ထဲမှာတော့ ကျွန်မ ခေါင်းဆောင် မဖြစ်ချင်ဘူး။ လွန်ခဲ့တဲ့ တစ်ချိန်တုန်းက ခေါင်းဆောင်တစ်ယောက်က ညီအစ်ကိုမောင်နှမတချို့ကို လှူဖွယ်ပစ္စည်းတွေ လွှဲပြောင်းဖို့ စီစဉ်ပေးခဲ့တာကို ကျွန်မ ပြန်သတိရတယ်။ ဒါပေမဲ့ လူရွေးမှားသွားလို့ လှူဖွယ်ပစ္စည်းတွေကို အဆင်းနီသော နဂါးကြီးက သိမ်းသွားပြီး ညီအစ်ကိုမောင်နှမ တချို့ အဖမ်းခံခဲ့ရတယ်လေ။ အသင်းတော်က တိကျတဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနေခဲ့တယ်။ ဒီခေါင်းဆောင်က ဖြုတ်ချမခံရသေးပေမဲ့ ဒါက ကြီးလေးတဲ့ ပြစ်မှားခြင်းတစ်ခု ဖြစ်နေတုန်းပဲ။ ပြီးတော့ ကျွန်မသိတဲ့ ညီအစ်မတစ်ယောက်အကြောင်းလည်း တွေးမိတယ်။ သူက ခေါင်းဆောင်ဖြစ်တုန်းက ကိုယ့်ဆန္ဒအတိုင်း လုပ်ပြီး အလုပ်ကို နှောင့်နှေးစေခဲ့လို့ နောက်ဆုံးမှာ ခေါင်းဆောင်တု ဖြစ်သွားပြီး ဖြုတ်ချခံလိုက်ရတယ်။ ဒါတွေကို တွေးမိတော့ ကျွန်မ စိုးရိမ်မိတယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ရတဲ့ တာဝန်က ကြီးမားပြီး သူတို့ရဲ့ လုပ်ဆောင်မှုတွေမှာ စည်းမျဉ်းတွေကို ချိုးဖောက်မိရင် အချိန်မရွေး ဖြုတ်ချခံရနိုင်တယ်လို့ ယုံကြည်နေခဲ့တာကိုး။ ကျွန်မ တွေးမိတယ်၊ “အခု ဘုရားသခင်ရဲ့ အမှုတော်က နောက်ဆုံးအဆင့်ကို ရောက်နေပြီ၊ လူတစ်ယောက်စီရဲ့ အဆုံးသတ်ကို ဘုရားသခင် သတ်မှတ်တဲ့အချိန်လည်း ဖြစ်တယ်။ ဒီလို အရေးကြီးတဲ့အချိန်မှာ ငါက ကောင်းမှုတွေကို ပြင်ဆင်ဖို့ ပျက်ကွက်ရုံတင်မကဘဲ မကောင်းမှုကျူးလွန်ပြီး ပြစ်ဒဏ်စီရင်ခံရရင် ငါ ဘယ်လိုလုပ် အဆုံးသတ်ကောင်း ရနိုင်ပါ့မလဲ။ အန္တရာယ်မများတဲ့ တာဝန်တစ်မျိုးပဲပါတဲ့ အလုပ်ကိုပဲ ယူလိုက်တာက ပိုကောင်းလိမ့်မယ်” ပေါ့။ ဒီလိုတွေးပြီးတော့ ကျွန်မက ခေါင်းဆောင်တာဝန်ကို မယူချင်ခဲ့ဘူး။ ရက်နည်းနည်းကြာတော့ အသင်းတော် ရွေးကောက်ပွဲမှာ ကျွန်မ ခေါင်းဆောင်အဖြစ် ရွေးကောက်ခံရတယ်။ ဒီရလဒ်ကိုမြင်တော့ ကျွန်မ မပျော်ခဲ့ဘူး။ အဲဒီအစား ကျွန်မ စိတ်မွန်းကျပ်ပြီး နာကျင်ရတယ်။ ကျွန်မ တွေးမိတယ်၊ “ဒါကို လက်မခံရင် ကျိုးနွံနာခံမှုမရှိတာကို ပြရာရောက်လိမ့်မယ်။ လက်ခံလိုက်ရင်ကျတော့ ငါက သူများတွေထက် ပိုအလုပ်လုပ်ရပြီး ပိုဒုက္ခခံရမှာတင် မကဘူး၊ အလုပ်ကို ရှုပ်ထွေးအောင် လုပ်မိရင် ပြဿနာက သေးမှာမဟုတ်ဘူး။ ဘုရားသခင်ရဲ့ စိတ်သဘောထားကို ငါ ပုန်ကန်ပြစ်မှားမိရင် ငါ့ရဲ့ ဘုရားသခင်ကို ယုံကြည်တဲ့ ခရီးလမ်းက အဆုံးသတ်သွားမှာ၊ ပြီးတော့ ငါ ဘုရားသခင်ကို ယုံကြည်ခဲ့တဲ့ နှစ်တွေအများကြီးက အလဟဿ ဖြစ်မသွားဘူးလား။ လက်ရှိတာဝန်ကိုပဲ လက်တွေ့ကျကျနဲ့ ကောင်းကောင်းလုပ်တာက ပိုကောင်းလိမ့်မယ်” ပေါ့။ ဒီလိုတွေးမိတော့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ရတဲ့ တာဝန်က ကြီးမားတာရယ်၊ အမှားလုပ်မိရင် မြန်မြန်ဆန်ဆန် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်ဆိုတာရယ်ကို စဉ်းစားမိတဲ့အခါ ခေါင်းဆောင်တာဝန်ကို မယူချင်တုန်းပဲ။ လွန်ဆွဲနေသလိုမျိုး စိတ်ထဲမှာ အမြဲတမ်း ရုန်းကန်နေရတယ်။ ဒါနဲ့ ကျွန်မကို ဦးဆောင်လမ်းပြဖို့ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။
တစ်နေ့မှာ ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ပြီး ကျွန်မ စိတ်ထဲမှာ တော်တော်လေး ခံစားလိုက်ရတယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “တာဝန်တစ်ခုကို သင့်အား ပေးအပ်သောအခါ သင်သည် ယင်းကို လုပ်ဆောင်နိုင်သည်ဟု ခံစားရသော်လည်း အမှားလုပ်မိပါက ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ကို ကြောက်ရွံ့သဖြင့် သင်သည် တွန့်ဆုတ်နေပြီး ရှေ့မဆက်ကြချေ။ ယင်းမှာ ကျိုးနွံနာခံသော သဘောထားတစ်ခုလော။ ဥပမာ သင်၏ ညီအစ်ကိုမောင်နှမများက သင့်ကို သူတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်လျှင် သင်က ရွေးချယ်ခြင်းခံရသောကြောင့် ဤတာဝန်ကို ထမ်းဆောင်ရန် ဝတ္တရားရှိသည်ဟု ခံစားရနိုင်သည်။ သို့သော် သင်က ဤတာဝန်ကို တက်ကြွသော သဘောထားဖြင့် မှတ်ယူခြင်းမရှိပေ။ သင်သည် အဘယ်ကြောင့် မတက်ကြွသနည်း။ ထိုအရာနှင့်ပတ်သက်ပြီး သင့်တွင် အတွေးများရှိသောကြောင့်ဖြစ်ပြီး ‘ခေါင်းဆောင်ဖြစ်ရသည်မှာ လုံးဝ ကောင်းသောအရာမဟုတ်။ ဓားသွားပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့၊ သို့မဟုတ် ပါးလွှာသော ရေခဲပြင်တွင် နင်းနေရသကဲ့သို့ ဖြစ်သည်။ ငါသည် ကောင်းစွာလုပ်လျှင် ဆုလာဘ်ရှိမည်မဟုတ်သော်လည်း ကောင်းစွာမလုပ်လျှင် ပြုပြင်ခြင်းခံရမည်။ ပြီးလျှင် ပြုပြင်ခြင်းခံရခြင်းသည် အဆိုးဆုံးပင် မဟုတ်သေးပေ။ လူစားထိုးခံရလျှင်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်းခံရလျှင် မည်သို့ပြုမည်နည်း။ ထိုသို့ဖြစ်လျှင် ငါ့အတွက် အားလုံး ပြီးဆုံးသွားပြီမဟုတ်လော’ ဟု ခံစားရသောကြောင့်ဖြစ်သည်။ ထိုအချိန်တွင် သင်က စိတ်ရှုပ်ထွေးလာသည်။ ဤသဘောထားမှာ အဘယ်နည်း။ ဤသည်မှာ သတိထားနေခြင်း၊ အထင်လွဲခြင်းဖြစ်သည်။ ဤသည်မှာ မိမိတို့၏ တာဝန်အပေါ် လူတို့ ရှိသင့်သည့် သဘောထားမဟုတ်ပေ။ ယင်းသည် စိတ်ဓာတ်ကျဆင်းစေပြီး အပျက်သဘောဆောင်သော သဘောထားဖြစ်သည်။ ဤသို့ဆိုလျှင် အပြုသဘောဆောင်သော သဘောထားက မည်သည့်အရာမျိုး ဖြစ်သင့်သနည်း။ (ကျွန်ုပ်တို့သည် ပွင့်လင်းသောစိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသင့်ကာ တာဝန်ယူရန် သတ္တိရှိသင့်သည်။) ယင်းသည် ကျိုးနွံနာခံမှုနှင့် တက်ကြွလိုလားသော ပူးပေါင်းလုပ်ဆောင်မှုနှင့်ဆိုင်သော အရာတစ်ခု ဖြစ်သင့်သည်။ သင်တို့ ပြောသည့်အရာမှာ အနည်းငယ် အဓိပ္ပာယ်မဲ့သည်။ သင်သည် ဤကဲ့သို့ အလွန်ကြောက်ရွံ့သောအခါ မည်သို့ ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိနိုင်မည်နည်း။ ထို့ပြင် တာဝန်ယူဖို့ သတ္တိရှိခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တာဝန်ယူဖို့ သတ္တိကို သင့်အား မည်သည့်စိတ်နေစိတ်ထားက ပေးမည်နည်း။ အကယ်၍ သင်သည် တစ်ခုခုမှားသွားပြီး ယင်းကို သင် မကိုင်တွယ်နိုင်မည်ကို အမြဲကြောက်ရွံ့နေကာ သင်သည် စိတ်ထဲမှ အနှောင့်အယှက်များစွာ ရှိပါက သင်သည် အခြေခံအားဖြင့် တာဝန်ယူဖို့ သတ္တိကင်းမဲ့မည် ဖြစ်သည်။ သင်တို့ ပြောပြသည့် ‘ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊’ ‘တာဝန်ယူဖို့ သတ္တိရှိခြင်း’ သို့မဟုတ် ‘သေခြင်းတရားကို ရင်ဆိုင်ရလျှင်ပင် မည်သည့်အခါမျှ နောက်မဆုတ်ခြင်း’ တို့သည် ဒေါသထွက်နေသော လူငယ်များ အော်ဟစ်သည့် ဆောင်ပုဒ်များနှင့် အနည်းငယ်တူပေသည်။ ဤဆောင်ပုဒ်များက လက်တွေ့ပြဿနာများကို ဖြေရှင်းနိုင်မည်လော။ ယခုလိုအပ်နေသည့် အရာမှာ မှန်ကန်သောသဘောထား ဖြစ်သည်။ မှန်ကန်သောသဘောထားကို ပိုင်ဆိုင်ရန်အတွက် သမ္မာတရား၏ ဤကဏ္ဍကို နားလည်ရမည်။ ဤသည်မှာ သင်၏ စိတ်ထဲမှ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် သင့်အား ဤတာဝန်ပေးစေခိုင်းချက်၊ ဤတာဝန်ကို ရှောရှောရှူရှူ လက်ခံခွင့်ပေးရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း ဖြစ်ပြီး၊ ဤအရာသည်သာ သမ္မာတရားဖြစ်သည်။ သင်သည် သင်ခံစားရသော ကြောက်ရွံ့မှုကို ကိုင်တွယ်ရန် ‘ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိခြင်း၊’ ‘တာဝန်ယူရန် သတ္တိရှိခြင်း’ ကဲ့သို့သော ဝေါဟာရများကို အသုံးပြုလျှင် ဤသည်မှာ ထိရောက်မှုရှိမည်လော။ (ရှိမည်မဟုတ်ပါ။) ဤသည်မှာ ဤအရာများသည် သမ္မာတရား မဟုတ်သကဲ့သို့ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်း မဟုတ်သည်ကိုလည်း ညွှန်ပြသည်။ ‘ငါသည် ပွင့်လင်းသော စိတ်နှလုံးရှိပြီး ဘွင်းဘွင်းရှင်းရှင်း ရှိသည်၊ အနိုင်မခံ အရှုံးမပေးသော ဝိညာဉ်ရင့်ကျက်မှုရှိသည်၊ ငါ၏ စိတ်နှလုံးထဲတွင် အခြားအတွေးများ သို့မဟုတ် မသန့်စင်သောအရာများ မရှိ၊ တာဝန်ယူရန် သတ္တိရှိသည်’ ဟု သင် ဆိုနိုင်သည်။ အပြင်ပန်းတွင် သင်သည် သင့်တာဝန်ကို ယူသည်၊ သို့သော် နောက်တွင် အတန်ကြာ တွေးတောပြီးနောက်တွင် သင်သည် တာဝန်ယူဆောင်ရွက်နိုင်ခြင်းမရှိဟု ခံစားရဆဲဖြစ်သည်။ သင်သည် ကြောက်ရွံ့နိုင်နေသေးသည်။ ထို့အပြင် အခြားလူများ ပြုပြင်ခြင်းခံရသည်ကို သင်မြင်ရပြီး သင်သည် သားရေကြိုးကို ကြောက်ရွံ့သော အရိုက်ခံထားရသည့်ခွေးကဲ့သို့ ပို၍ပင် ကြောက်လာနိုင်သည်။ သင်၏ ဝိညာဉ်ရင့်ကျက်မှုသည် သေးငယ်လွန်းသည်၊ ဤတာဝန်သည် ကျယ်ပြန့်ပြီး ဖြတ်သန်းလို့မရနိုင်သော ချောက်နက်ကြီးတစ်ခုကဲ့သို့ ဖြစ်သည်ဟု တိုး၍ ခံစားရလိမ့်မည်။ အဆုံးတွင် ဤဝန်ထုပ်ကို သင်ခံယူနိုင်မည်မဟုတ်သေးပေ။ ဤအတွက်ကြောင့် ဆောင်ပုဒ်များကို ကြွေးကြော်ခြင်းသည် လက်တွေ့ပြဿနာများကို မဖြေရှင်းနိုင်ပေ။ ဤသို့ဆိုလျှင် ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ သင်သည် သမ္မာတရားကို တက်ကြွစွာ ရှာဖွေသင့်ပြီး ကျိုးနွံနာခံကာ ပူးပေါင်းလုပ်ဆောင်တတ်သော သဘောထားကို ခံယူရမည်။ ယင်းက ပြဿနာကို လုံးဝ ဖြေရှင်းပေးနိုင်သည်။ တွန့်ဆုတ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းသည် အသုံးမဝင်ပေ။ သင်က ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းသည် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းနှင့် တစ်စုံတစ်ရာ သက်ဆိုင်သလော။ သင်သည် ခေါင်းဆောင်မဟုတ်လျှင် ဤအကြောင်းကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပျောက်သွားမည်လော။ အနှေးနှင့် အမြန်ဆိုသလို သင်သည် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖြေရှင်းရမည့် ပြဿနာကို ရင်ဆိုင်ရမည်သာဖြစ်၏။ ထို့အပြင် သင်သည် ခေါင်းဆောင်မဟုတ်လျှင် လက်တွေ့လုပ်ဆောင်ရန် အခွင့်အလမ်းများ ပို၍ ရရှိမည်မဟုတ်သည့်အပြင် အသက်တာတွင် တိုးတက်မှု နှေးကွေးကာ စုံလင်အောင်ပြုခြင်းခံရဖို့ အခွင့်အရေး နည်းပါးလိမ့်မည်။ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်ဖြစ်ခြင်းတွင် အနည်းငယ်ပို၍ ဒုက္ခခံရခြင်းရှိသော်လည်း ယင်းက အကျိုးအမြတ်များစွာကိုလည်း ဆောင်ကြဉ်းပေးပြီး သင်သည် သမ္မာတရားလိုက်စားခြင်း လမ်းကြောင်းကို လျှောက်နိုင်လျှင် စုံလင်အောင်ပြုခြင်း ခံရနိုင်သည်။ ယင်းမှာ အလွန်ကြီးမြတ်သော ကောင်းချီးတစ်ရပ်ပင်တည်း။ ထို့ကြောင့် သင်သည် ကျိုးနွံနာခံပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သင့်သည်။ ဤအရာမှာ သင်၏တာဝန်နှင့် ဝတ္တရားဖြစ်သည်။ ရှေ့ဆက်ရမည့် လမ်းခရီး မည်သို့ပင်ရှိပါစေ သင်၌ ကျိုးနွံနာခံသည့် စိတ်နှလုံး ရှိသင့်သည်။ ဤသည်မှာ သင်၏တာဝန်ကို ထမ်းဆောင်သင့်သည့် သဘောထားဖြစ်သည်။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ မိမိ၏ တာဝန်ကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းဟူသည်မှာ အဘယ်နည်း) ဘုရားနှုတ်ကပတ်တော်တွေက ကျွန်မစိတ်ထဲက အတွေးတွေကို အရမ်းကို စေ့စေ့စပ်စပ် ဖော်ထုတ်ထားတော့ ကျွန်မ ရှက်ပြီး မျက်နှာပူမိတယ်။ ခေါင်းဆောင်ဖြစ်မှာကို ငါ ဘာလို့ ဒီလောက်ကြောက်နေရတာလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်မိတယ်။ ခေါင်းဆောင်တစ်ယောက်က လှူဖွယ်ပစ္စည်းတွေ လွှဲပြောင်းဖို့ စီစဉ်တဲ့အခါ လူရွေးမှားလို့ လှူဖွယ်ပစ္စည်းတွေကို အဆင်းနီသော နဂါးကြီးက သိမ်းသွားပြီး ညီအစ်ကိုမောင်နှမတချို့ အဖမ်းခံရတာ၊ ပြီးတော့ အဲဒီကိစ္စကို ဘုရားအိမ်တော်က ဘယ်လို စုံစမ်းစစ်ဆေးပြီး ကိုင်တွယ်ခဲ့တယ်ဆိုတာကို ကျွန်မ မြင်ခဲ့လို့ပဲ။ ဒါကြောင့် ကျွန်မ ခေါင်းဆောင်ဖြစ်လာပြီး အလုပ်မှာ အမှားကြီးတစ်ခု လုပ်မိရင် အသင်းတော်ကို ဆုံးရှုံးမှုဖြစ်စေမယ့်အပြင် ညီအစ်ကိုမောင်နှမတွေရဲ့ အသက် ဝင်ရောက်မှုကို နှောင့်နှေးစေမှာကို ကျွန်မ စိုးရိမ်ခဲ့တာ။ အဲဒါက ကြီးလေးတဲ့ ပြစ်မှားခြင်းတစ်ခု ဖြစ်လိမ့်မယ်၊ ပြီးတော့ ကျွန်မက မြန်မြန်ဆန်ဆန် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာလေ။ ဒါကြောင့် တာဝန်တစ်မျိုးပဲပါတဲ့ အလုပ်ကို ယူလိုက်တာက ပိုစိတ်ချရလိမ့်မယ်ပေါ့။ ကျွန်မက ကိုယ့်အကျိုးစီးပွားကိုပဲ အမြဲတမ်း စဉ်းစားခဲ့ပြီး ခေါင်းဆောင်တာဝန်ကို လက်မခံရဲခဲ့ဘူး။ ကျွန်မက တစ်ကိုယ်ကောင်းဆန်လွန်းပြီး ကျိုးနွံနာခံမှု တစ်စက်မှ မရှိတာကို မြင်ခဲ့ရတယ်။ ခေါင်းဆောင်ဖြစ်တာက အလုပ်ပိုများပေမဲ့ လေ့ကျင့်ဖို့ အခွင့်အရေးတွေ ပိုရတယ်၊ သမ္မာတရား ရရှိဖို့ အခွင့်အရေးတွေ ပိုရှိပြီး အသက်ကြီးထွားမှု ပိုမြန်တယ်။ ဒီနောက်ကွယ်မှာ ဘုရားသခင်ရဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို ကျွန်မ နားမလည်ခဲ့ဘဲ စိတ်နှလုံးထဲမှာ ဘုရားသခင်အပေါ် သတိထားကာကွယ်မှုတွေနဲ့ အထင်လွဲမှုတွေကို ထားရှိခဲ့တယ်။ အဲဒီလိုလုပ်တာက ဘုရားသခင်ကို အရမ်း နာကျင်စေတယ် မဟုတ်လား။ ကျွန်မ ကျိုးနွံနာခံပြီး တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ဘုရားသခင်အပေါ်ထားတဲ့ ကျွန်မရဲ့ သတိထားကာကွယ်မှုတွေနဲ့ အထင်လွဲမှုတွေကို ဖြေရှင်းဖို့ သမ္မာတရားကို ရှာဖွေသင့်တယ်။
အဲဒီနောက်မှာ ဘုရားနှုတ်ကပတ်တော် နောက်တစ်ပိုဒ်ကို ကျွန်မ ဖတ်ခဲ့တယ်။ “သူသည် သူ၏ အလုံးစုံကို တာဝန်ထဲသို့ နစ်မြုပ်ခြင်း၊ သူ၏ အလုပ်မှ နုတ်ထွက်ခြင်း၊ သူ၏ မိသားစုကို စွန့်လွှတ်ခြင်းတို့ကို ပြုလုပ်လျှင်ပင် သူ၏ စိတ်နှလုံးကို ဘုရားသခင်အား မပေးအပ်လျှင်၊ ဘုရားသခင်အား သတိထားရှောင်လျှင် ဤသည်မှာ ကောင်းသော အခြေအနေဖြစ်သလော။ ဤသည်မှာ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်သော ပုံမှန်အခြေအနေ ဖြစ်သလော။ ဤအခြေအနေနှင့်ပတ်သက်ပြီး နောင်တွင် ကြီးထွားရင့်သန်လာမည့်အရာသည် ကြောက်မက်ဖွယ် မဖြစ်သလော။ လူတစ်ယောက်သည် ဤအခြေအနေ၌ ဆက်လက်၍ ရှိနေလျှင် သမ္မာတရားကို လက်ခံရရှိနိုင်သလော။ အသက်ကို ရရှိနိုင်သလော။ သမ္မာတရား စစ်မှန်မှုအတွင်းသို့ ဝင်ရောက်နိုင်သလော။ (မဝင်ရောက်နိုင်ပါ။) သင်တို့ကိုယ်တိုင် ဤအခြေအနေကိုပင် ပိုင်ဆိုင်သည်ကို သင်တို့ သတိပြုမိသလော။ ဤအရာကို သင်တို့ သတိပြုမိသောအခါ ‘ငါသည် အဘယ်ကြောင့် ဘုရားသခင်ကို အစဉ် သတိထားရှောင်နေသနည်း။ အဘယ်ကြောင့် ဤသို့ အစဉ် စဉ်းစားသနည်း။ ဤသို့ စဉ်းစားခြင်းသည် အလွန်ကြောက်စရာကောင်းသည်။ ဘုရားကို ဆန့်ကျင်ပြီး သမ္မာတရားကို ငြင်းပယ်နေခြင်းဖြစ်သည်။ ဘုရားသခင်ကို သတိထားကာကွယ်နေခြင်းသည် ဘုရားသခင်ကို အတိုက်အခံလုပ်နေခြင်းနှင့် တူညီသည်’ ဟု စဉ်းစားမိသလော။ ဘုရားသခင်ကို သတိထားရှောင်သည့် အခြေအနေသည် သူခိုးတစ်ယောက်ကဲ့သို့ဖြစ်သည်။ အလင်းတွင် အသက်မရှင်ဝံ့ပေ။ သင်၏ မကောင်းဆိုးဝါးဆန်သော မျက်နှာကို ဖော်ထုတ်ရမည်ကို ကြောက်ရွံ့နေသည်။ တစ်ချိန်တည်းတွင် သင်သည် ‘ဘုရားသခင်ကို ပေါ့ပေါ့တန်တန် ဆက်ဆံ၍ မရပေ။ သူသည် အချိန်တိုင်း၊ နေရာတိုင်းတွင် လူတို့ကို တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်။ မိမိက ဘုရားကို စိတ်ဆိုးစေလျှင် အခြေအနေသိပ်မဆိုးလျှင် သူသည် မိမိကို ပြုပြင်မည်။ အခြေအနေဆိုးလျှင် သင့်ကို အပြစ်ဒဏ်ပေးမည်။ သင့်ကို နာမကျန်းဖြစ်အောင် ပြုလုပ်မည်၊ သို့မဟုတ် ဒုက္ခရောက်အောင်လုပ်မည်။ လူတို့သည် ထိုအရာများကို မခံနိုင်ပေ’ ဟူ၍ ကြောက်ရွံ့နေသည်။ လူတို့တွင် ဤသို့ နားလည်မှုလွဲခြင်းများ မရှိသလော။ ဤသည်မှာ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးဖြစ်သလော။ (မဟုတ်ပါ။) ဤသို့သော အခြေအနေမျိုးသည် ကြောက်မက်ဖွယ်ရာမဟုတ်သလော။ လူတစ်ယောက်သည် ဤအခြေအနေတွင် ရှိသောအခါ၊ သူသည် ဘုရားသခင်ကို သတိထားရှောင်သောအခါ၊ အစဉ်သဖြင့် ဤအတွေးများရှိသောအခါ၊ ဘုရားသခင်အပေါ်တွင် ဤသဘောထားမျိုး အစဉ်ရှိသောအခါ သူသည် ဘုရားသခင်ကို ဘုရားကဲ့သို့ ဆက်ဆံနေခြင်းဖြစ်သလော။ ဤသည်မှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြစ်သလော။ လူတစ်ယောက်သည် ဤပုံစံဖြင့် ဘုရားသခင်ကို ယုံကြည်သောအခါ ဘုရားသခင်ကို ဘုရားကဲ့သို့ မဆက်ဆံသောအခါ ဤသည်မှာ ပြဿနာတစ်ခုမဟုတ်သလော။ အနည်းဆုံးအနေဖြင့် လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို လက်မခံသကဲ့သို့ သူ၏ အမှုတော်၏ အမှန်တရားကိုလည်း လက်မခံပေ။ ၎င်းတို့က ‘ဘုရားသခင်က သနားကရုဏာထားပြီး ချစ်ခင်သည်မှာ မှန်သည်။ သို့သော်လည်း သူသည် အမျက်ဒေါသလည်း ထွက်သည်။ ဘုရားသခင်၏ အမျက်ဒေါသက လူတစ်ယောက်အပေါ် ကျရောက်သောအခါ ဘေးဒုက္ခရောက်ခြင်းပင်ဖြစ်သည်။ သူသည် လူတို့ကို အချိန်မရွေးသေအောင် ရိုက်နိုင်သည်။ သူဆန္ဒရှိသည့် မည်သူကိုမဆို ဖျက်ဆီးနိုင်သည်။ ဘုရားသခင်၏ ဒေါသကို မဆွနှင့်။ သူ၏ ဘုန်းအာနုဘော်နှင့် အမျက်ဒေါသသည် မည်သည့်ပုန်ကန်ပြစ်မှားမှုကိုမျှ ခွင့်မပြုဆိုသည်မှာ မှန်သည်။ သူနှင့် ဝေးဝေးတွင်နေလော့’ ဟု စဉ်းစားကြသည်။ လူတစ်ယောက်သည် ဤသဘောထားမျိုးနှင့် ဤအယူအဆများ ရှိလျှင် သူသည် ဘုရားသခင်ရှေ့သို့ အပြည့်အဝ၊ ရိုးသားစစ်မှန်စွာ လာရောက်နိုင်သလော။ မလာရောက်နိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့်သာ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ အချုပ်အနှောင်များကို ဖယ်ရှားပစ်နိုင်သည်) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်လိုက်တော့ ကျွန်မ ဘုရားသခင်ကို ယုံကြည်တာ နှစ်တွေအကြာကြီး ရှိခဲ့ပြီး၊ အပြင်ပန်းမှာ မိသားစုနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို စွန့်လွှတ်ပြီး တာဝန်ထမ်းဆောင်နေပေမဲ့ တကယ်တမ်းကျတော့ ကျွန်မရဲ့ စိတ်နှလုံးကို ဘုရားသခင်ဆီ ဘယ်တုန်းကမှ မပေးခဲ့ဘူးဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက “အပင်မြင့်ရင် လေတိုက်ခံရတယ်”၊ “ထိပ်ဆုံးတွင် အထီးကျန်၏” ဆိုတဲ့ စာတန်ရဲ့ အသက်ရှင်ရပ်တည်ရေး စည်းမျဉ်းတွေကို အမြဲတမ်း ဖက်တွယ်ထားပြီး အဲဒါတွေကို ဆိုရိုးစကားတွေ၊ ပညာရှိစကားတွေလို သဘောထားခဲ့တာကိုး။ ကျွန်မက စာတန်ရဲ့ အသက်ရှင်ရပ်တည်ရေး စည်းမျဉ်းတွေအတိုင်း အသက်ရှင်နေခဲ့ပြီး ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို မယုံကြည်ခဲ့ဘူး။ ဘုရားအိမ်တော်ကိုလည်း လောကကြီးလိုပဲ တရားမျှတမှု၊ ဖြောင့်မတ်မှု မရှိဘူးလို့ ရှုမြင်ခဲ့တယ်၊ ဘုရားသခင်ကိုလည်း ဖောက်ပြန်ပျက်စီးတဲ့ လူတွေလိုပဲလို့ စိတ်ကူးမိခဲ့တယ်။ မတော်တဆလုပ်မိတဲ့ အမှားသေးသေးလေးတစ်ခုကြောင့်တောင် ပြစ်ဒဏ်စီရင်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်လို့ ယုံကြည်ခဲ့တာလေ။ ဒါကြောင့် သူများတွေ ပြုပြင်တာ ခံရတာ၊ ဖြုတ်ချတာ ခံရတာကို ကျွန်မ မြင်တဲ့အခါ ကျွန်မစိတ်ထဲမှာ ဘုရားသခင်အပေါ် ပိုပြီး သတိထားကာကွယ်မှုတွေ ဖြစ်လာခဲ့တယ်။ ကျွန်မ ခေါင်းဆောင်ဖြစ်လာပြီး အလုပ်ကို ကောင်းကောင်းမလုပ်ရင် ဖြုတ်ချခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်၊ ဒါကြောင့် တာဝန်တစ်မျိုးတည်းပါတဲ့ အလုပ်ကိုပဲ ယူတာက ပိုစိတ်ချရမယ်လို့ ကျွန်မ စိုးရိမ်ခဲ့တာ။ ဒီလို မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အမြင်တွေကြောင့် ဘုရားသခင်ရဲ့ စီစဉ်ညွှန်ကြားမှုတွေနဲ့ အစီအစဉ်တွေကို ကျွန်မ မကျိုးနွံမနာခံနိုင်ခဲ့ဘူး။ တကယ်တော့ လူတစ်ယောက် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမယ်၊ မခံရဘူးဆိုတာက သူ့အဆင့်အတန်းနဲ့ ဘာမှမဆိုင်ပါဘူး။ သူလျှောက်တဲ့ လမ်းကြောင်းကပဲ ဆုံးဖြတ်တာပါ။ လူတစ်ယောက်က သမ္မာတရားကို မလိုက်စားရင် အဆင့်အတန်းမရှိရင်တောင်မှ ထုတ်ဖော်ပြီး ဖယ်ရှားရှင်းလင်းခံရမှာပါပဲ။ ခေါင်းဆောင်တချို့နဲ့ အမှုဆောင်တချို့က သူတို့အလုပ်မှာ လမ်းလွဲမှုတွေ၊ ကျရှုံးမှုတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ သူတို့က သမ္မာတရားကို ရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်နိုင်တယ်၊ စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားကြတယ်။ သူတို့ တာဝန်တွေကို ပိုလုပ်လေလေ၊ သမ္မာတရားကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်လာလေလေပဲ။ အဲဒီလိုလူတွေအတွက်ကျတော့ ခေါင်းဆောင်တာဝန်ယူတာက သူတို့ စုံလင်စေဖို့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကျွန်မ အရင်က သိခဲ့တဲ့ ခေါင်းဆောင်ဆိုရင် သူက သမ္မာတရား စည်းမျဉ်းတွေပေါ်မှာ အချိန်နဲ့ ခွန်အား မစိုက်ထုတ်ခဲ့ဘူး၊ အလုပ်ကို အဖျက်အမှောင့်လုပ်ပြီး နှောင့်ယှက်ခဲ့တယ်၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် သိမြင်ဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့လို့ ဖြုတ်ချခံလိုက်ရတာ။ သူ့ပြဿနာတွေကို ဖော်ထုတ်ပြီး မိတ်သဟာယပြုပေးတဲ့အချိန်မှာတောင် သူက နောင်တရမယ့်အစား ငြင်းခုန်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့တယ်။ အဲဒါကြောင့် သူ ဖြုတ်ချခံလိုက်ရတာပါ။ ပြီးတော့ ဘုရားအိမ်တော်က နှင်ထုတ်လိုက်တဲ့ အန္တိခရစ်တွေဆိုရင်လည်း အဆင့်အတန်းကြောင့် ပျက်စီးသွားတာ မဟုတ်သလို၊ ပြစ်မှားခြင်းတစ်ခုတည်းကြောင့် ဖယ်ရှားရှင်းလင်းခံရတာလည်း မဟုတ်ပါဘူး။ သူတို့ ခေါင်းဆောင်ဖြစ်နေတဲ့အချိန်မှာ မဆင်မခြင်နဲ့ အာဏာရှင်ဆန်ဆန် လုပ်ခဲ့ကြလို့၊ ပြီးတော့ တသီးတခြားနယ်မြေတွေ တည်ထောင်ဖို့ အုပ်စုဖွဲ့ခဲ့ကြလို့ အသင်းတော်အလုပ်ကို ဆိုးဆိုးရွားရွား နှောင့်ယှက်ခဲ့တာကြောင့်ပါ။ ပြုပြင်တာနဲ့ သတိပေးတာ ခံရပြီးတာတောင်မှ သူတို့က နောင်တရဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့ကြတယ်။ သူတို့က သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ပြီး မုန်းတီးတဲ့ လူအမျိုးအစားတွေမို့လို့ နှင်ထုတ်ပြီး ဖယ်ရှားရှင်းလင်းခံရတာပါ။ သူတို့ရဲ့ ကျရှုံးမှုကို သူတို့ရဲ့ သဘာဝအနှစ်သာရနဲ့ သူတို့လျှောက်ခဲ့တဲ့ လမ်းကြောင်းက ဖန်တီးပေးလိုက်တာပါ။ ဘုရားအိမ်တော်မှာ လူတစ်ယောက်ကို ဖြုတ်ချဖို့ သို့မဟုတ် ဖယ်ရှားရှင်းလင်းဖို့ ဆုံးဖြတ်တာက လူတစ်ယောက်ရဲ့ ခဏတာ အပြုအမူ သို့မဟုတ် အမှားတစ်ခုတည်းအပေါ်မှာ အခြေမခံပါဘူး၊ သူ့ရဲ့ သဘာဝအနှစ်သာရနဲ့ တစ်သမတ်တည်းဖြစ်နေတဲ့ အပြုအမူတွေအပေါ်မှာပဲ အခြေခံပါတယ်။ နောက်ပြီး ဘုရားသခင်က လူတစ်ယောက်စီကို နောင်တရဖို့ အခွင့်အရေး အများကြီး ပေးထားပါတယ်။ အမှားလုပ်မိတယ်လို့ တွေ့ရှိရတဲ့သူတိုင်း နှင်ထုတ်ခံရမယ်၊ ဖယ်ရှားရှင်းလင်းခံရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ ကျွန်မတို့ အသင်းတော် ခေါင်းဆောင်လိုပါပဲ၊ လှူဖွယ်ပစ္စည်းတွေ လွှဲပြောင်းဖို့ စီစဉ်ရာမှာ ပြဿနာအကြီးစားတစ်ခု ရှိခဲ့ပေမဲ့ အဲဒီနောက်ပိုင်းမှာ သူက သမ္မာတရားကို ရှာဖွေခဲ့တယ်၊ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ခဲ့ပြီး နောင်တရလိုစိတ်ကို ပြသခဲ့တယ်။ ရလဒ်အနေနဲ့ အခုထိ သူ ဖြုတ်ချမခံရသေးဘူးလေ။ “အပင်မြင့်ရင် လေတိုက်ခံရတယ်” ဆိုတဲ့ ကျွန်မရဲ့ ယုံကြည်မှုက သမ္မာတရားနဲ့ လုံးဝ မကိုက်ညီဘူးဆိုတာကို ကျွန်မ မြင်သွားပြီး ကျွန်မရဲ့ အမြင်ရှုထောင့်က ဘယ်လောက်တောင် လွဲချော်နေလဲဆိုတာ သဘောပေါက်လိုက်တယ်။ ကျွန်မက ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာကိုပဲ အမြဲတမ်း စိုးရိမ်နေခဲ့တာ၊ ခေါင်းဆောင်ဖြစ်လာပြီး အလုပ်ကို ရှုပ်ထွေးအောင် လုပ်မိရင် အဆုံးသတ်ကောင်းနဲ့ ပန်းတိုင်ကောင်း ရမှာမဟုတ်ဘူးလို့ ကြောက်ရွံ့နေခဲ့တာ။ သမ္မာတရား ရှာဖွေတာကနေတစ်ဆင့် ဒီလို မှားယွင်းတဲ့ လိုက်စားမှုတွေနဲ့ မမှန်ကန်တဲ့ အမြင်ရှုထောင့်တွေကို မဖြေရှင်းဘူးဆိုရင် ကျွန်မ ခေါင်းဆောင်မဖြစ်ရင်တောင်မှ ဘုရားသခင်ကို အတိုက်အခံလုပ်တဲ့ ကျွန်မရဲ့ သဘာဝက အမြစ်တွယ်နေတဲ့အတွက် နောက်ဆုံးမှာ ဖယ်ရှားရှင်းလင်းခံရမှာပဲ။ အဲဒီအချိန်မှာ စာတန်ရဲ့ အတွေးအခေါ်အတိုင်းအသက်ရှင်တာက တကယ်ကို အန္တရာယ်များတယ်လို့ ကျွန်မ ခံစားလိုက်ရတယ်၊ အဲဒါက ကျွန်မကို အချိန်မရွေး နေရာမရွေး ဘုရားသခင်ကို ပုန်ကန်စေပြီး ဘုရားသခင်နဲ့ ဝေးကွာသွားစေနိုင်တယ်လေ။
အဲဒီနောက်မှာ ဒီဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က ‘ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း’ ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်) ဘုရားနှုတ်ကပတ်တော်တွေကနေ ကျွန်မ မြင်လိုက်ရတာက အန္တိခရစ်တွေဟာ ဘယ်လိုအခြေအနေမျိုးနဲ့ပဲ ကြုံရပါစေ၊ သူတို့ ပထမဆုံး စဉ်းစားတာက သူတို့ ကောင်းချီးရနိုင်မလား၊ မရနိုင်ဘူးလား ဆိုတာပါပဲ။ ကောင်းချီးရဖို့ အကျိုးရှိမယ်ဆိုရင် သူတို့လုပ်မယ်၊ အကျိုးမရှိရင်တော့ မလုပ်ဘူး။ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို ဘယ်တော့မှ မစဉ်းစားသလို ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကိုလည်း ထည့်မတွက်ကြဘူး။ ကိုယ့်အပြုအမူကို ပြန်သုံးသပ်ကြည့်လိုက်တော့ ကျွန်မလည်း အဲဒီလိုပဲ လုပ်ခဲ့တာကို သတိထားမိလိုက်တယ်။ ညီအစ်ကိုမောင်နှမတွေက ကျွန်မကို ခေါင်းဆောင်အဖြစ် ရွေးကောက်ခဲ့ကြတာ၊ ဒါဟာ ဘုရားသခင်ရဲ့ မြှောက်စားခြင်းဖြစ်သလို ကျွန်မ လေ့ကျင့်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်တယ်။ ကျွန်မ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သင့်ပေမဲ့ ကောင်းချီးရဖို့ကို အရမ်းအလေးထားခဲ့ပြီး ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာကို အရင်ဦးဆုံး စဉ်းစားခဲ့တယ်။ ခေါင်းဆောင်တစ်ယောက်ဖြစ်ရတဲ့ ကြီးမားတဲ့ တာဝန်တွေကို တွေးမိလိုက်တာနဲ့၊ တကယ်လို့ ကျွန်မ ပြစ်မှားခြင်းတစ်ခုခု လုပ်မိရင် ကျွန်မရဲ့ အနာဂတ်နဲ့ ပန်းတိုင်အပေါ် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို တွေးမိလိုက်တာနဲ့ ကျွန်မ ဒီတာဝန်ကိုယူဖို့ တွန့်ဆုတ်သွားတယ်။ ကျွန်မက ကောင်းချီးရရှိဖို့ကို ကိုယ့်တာဝန်ဝတ္တရားတွေထက် ပိုအရေးကြီးတယ်လို့ သဘောထားခဲ့တာကိုး။ ကျွန်မ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး လူ့သဘာဝ ကင်းမဲ့ခဲ့တာပဲ။ ဒါကို သဘောပေါက်လိုက်တော့ ကျွန်မ ဘုရားသခင်ဆီ နောင်တရတဲ့ ဆုတောင်းခြင်း ပြုလုပ်ခဲ့ပြီး ခေါင်းဆောင်တာဝန်ကို တက်တက်ကြွကြွ ယူခဲ့တယ်။
မကြာခင်မှာပဲ ကျွန်မကို လှူဖွယ်ပစ္စည်းတွေ လွှဲပြောင်းဖို့ တာဝန်ပေးတယ်။ ကျွန်မ စိတ်ထဲမှာ နည်းနည်းကြောက်နေတုန်းပဲ။ ကျွန်မရဲ့ မကောင်းတဲ့ အစီအစဉ်တွေကြောင့် အမှားတစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်ပြီး ဒါကြောင့် နောက်ဆုတ်ချင်ခဲ့တယ်။ အဲဒီအချိန်မှာ ဒီအခြေအနေ မမှန်ဘူးဆိုတာ ကျွန်မ သတိပြုမိလိုက်ပြီး ဘုရားသခင်ရှေ့မှောက်ကို လာပြီး ဆုတောင်းခဲ့တယ်၊ “အို ဘုရားသခင်၊ သမီးက အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အနာဂတ်နဲ့ ကံကြမ္မာကိုပဲ ပြန်အာရုံစိုက်နေမိတာကို မြင်ပါပြီ။ ဒီနေ့ သမီးဆီရောက်လာတဲ့ ဒီတာဝန်က သမီးအပေါ်ထားတဲ့ ကိုယ်တော်ရဲ့ စမ်းသပ်မှုပါ။ သမီး ကိုယ့်အကျိုးစီးပွားကို စဉ်းစားပြီး ကြောက်ရွံ့မှုနဲ့ မနေသင့်ပါဘူး။ ကိုယ်တော့်ကို အားကိုးပြီး စည်းမျဉ်းတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်၊ ဒီဝန်တာကို တက်တက်ကြွကြွ ထမ်းရွက်ပါ့မယ်၊ ကိုယ့်အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို ထပ်မစဉ်းစားတော့ပါဘူး” ဆိုပြီးတော့။ ဆုတောင်းပြီးတဲ့နောက် ဘုရားနှုတ်ကပတ်တော်တစ်ပိုဒ်ကို ကျွန်မ တွေးမိတယ်။ “မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သော ပုဂ္ဂိုလ်မျိုးသည် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရန် သတ္တိရှိသနည်း။ အရေးအကြီးဆုံးနှင့် အတိမ်းအစောင်းမခံဆုံးဖြစ်သော အလုပ်ကို ၎င်းတို့ မြင်သောအခါ ဘုရားသခင်၏ အိမ်တော်အလုပ်တွင် အရေးကြီးဆုံး အခိုက်အတန့်၌ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ ရှေ့သို့ထွက်ကာ ဝန်ထုပ်ဝန်ပိုးကြီးကို ရဲဝံ့စွာ ထမ်းဆောင်ပြီး အခက်အခဲများနှင့် အန္တရာယ်များကို ကြံ့ကြံ့ခံရန် မကြောက်ရွံ့သောသူမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာရှိ၏။ ၎င်းတို့တွင် တရားမျှတစိတ်၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ် မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။” (နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်တွေကို ဆင်ခြင်မိတဲ့အခါ ကျွန်မ နားလည်လိုက်တာက ဘုရားသခင်ကို စစ်မှန်စွာ ယုံကြည်ပြီး လူ့သဘာဝကောင်း ရှိတဲ့သူတွေဟာ တာဝန်သိစိတ်နဲ့ သူတို့ရဲ့ တာဝန်တွေကို လုပ်ဆောင်ကြတယ် ဆိုတာပါပဲ။ သူတို့က ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို မစဉ်းစားဘဲ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ကြတယ်။ အထူးသဖြင့် အရေးကြီးတဲ့ အလုပ်တွေမှာ သူတို့က အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ကြတယ်၊ လေးလံတဲ့ ဝန်တာတွေကို ထမ်းရွက်နိုင်ပြီး ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို အလေးထားကြတယ်။ ဘယ်လောက်ပဲ အန္တရာယ်ကြီးပါစေ သူတို့ နောက်မဆုတ်ဘဲ အမှုအရာတွေကို တွေ့ကြုံဖို့ ဘုရားသခင်ကို အားကိုးနိုင်ကြတယ်။ အဲဒီလိုလူတွေမှာ အသိစိတ်နဲ့ ဆင်ခြင်တုံတရား တကယ်ရှိကြတယ်။ သူတို့ဟာ အသင်းတော်ရဲ့ ထောက်တိုင်တွေဖြစ်ပြီး ဘုရားသခင် နှစ်သက်တဲ့သူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ သူတို့တာဝန်တွေကို လုပ်ဆောင်နေရင်း ကိုယ့်အကျိုးအမြတ်နဲ့ ဆုံးရှုံးမှုတွေကို အမြဲတမ်း စဉ်းစားတဲ့သူတွေ၊ ဘုရားအိမ်တော်ရဲ့ အကျိုးစီးပွားကို ဘယ်နည်းနဲ့မှ ကာကွယ်စောင့်ရှောက်ခြင်း မရှိတဲ့သူတွေကျတော့ သူတို့မှာ လူ့သဘာဝ ကင်းမဲ့တယ်၊ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတယ်။ ဘုရားသခင်ရဲ့ မျက်မှောက်မှာ သူတို့ဟာ မယုံကြည်သူတွေနဲ့ ဘာသာတရား မရှိသူတွေပါပဲ။ ဒါတွေအားလုံးကို ဆင်ခြင်မိတော့ ကျွန်မ စိတ်ဆင်းရဲပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိတယ်။ ဒါကြောင့် ဒီတာဝန်ကို ယူဖို့နဲ့ လှူဖွယ်ပစ္စည်းတွေကို လုံခြုံတဲ့နေရာဆီ အမြန်ဆုံး လွှဲပြောင်းပေးဖို့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မ လိုလားလာခဲ့တယ်။ ဒီလို လက်တွေ့လုပ်ဆောင်ပြီးတဲ့နောက်မှာ ကျွန်မ စိတ်ထဲမှာ ငြိမ်သက်ခြင်းနဲ့ စိတ်ချလက်ချရှိခြင်းကို ခံစားလိုက်ရတယ်။
ကျွန်မကို ထုတ်ဖော်ဖို့ ဘုရားသခင်က ပတ်ဝန်းကျင်တွေကို စီစဉ်ပေးတာသာ မဟုတ်ခဲ့ရင် ကျွန်မရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းတဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားနဲ့ ဘာကို လိုက်စားရမယ်ဆိုတဲ့ အပေါ် မှားယွင်းတဲ့ အမြင်ရှုထောင့်တွေကို ကျွန်မ သိမှာမဟုတ်ဘူး၊ လူတွေကို ကယ်တင်ဖို့ ဘုရားသခင်ရဲ့ အပင်ပန်းခံ အားစိုက်ထုတ်မှုတွေကိုလည်း ရည်ရွယ်ချက်တွေကိုလည်း နားလည်မှာ မဟုတ်ဘူး။ ဒီပတ်ဝန်းကျင်တွေကို စီစဉ်ပေးခဲ့တဲ့အတွက် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီအသိပညာနဲ့ ပြောင်းလဲမှုဆီကို ဦးတည်စေခဲ့တဲ့ နှုတ်ကပတ်တော်ကတစ်ဆင့် ဉာဏ်အလင်းပေးခြင်းနဲ့ လမ်းပြမှုတို့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။
ဆူရှင်း တရုတ်နိုင်ငံများမကြာမီအချိန်က ကျွန်မ၏ အသင်းတော်ခေါင်းဆောင်သည် သမ္မာတရားကို မလိုက်စားသကဲ့သို့၊ လက်တွေ့ကျသော အလုပ်ကို မလုပ်သောကြောင့်...
ချင်ဂန်၊ ဟေဘေးစီရင်စု ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောပါသည်။ “ဘုရားသခင်၏ သာလွန်ခြင်း၊ ကြီးမြတ်ခြင်း၊ သန့်ရှင်းခြင်း၊ သည်းခံခြင်း၊...
၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ ကျွန်မက အသင်းတော် ခေါင်းဆောင်အနေနဲ့ အစေခံဖို့ အရွေးခံရပြီး၊ ဗီဒီယိုထုတ်လုပ်ရေးကို ကြီးကြပ်တာကို အဓိက ဦးဆောင်ဖို့...
ရိချန် တရုတ်နိုင်ငံ ကျွန်မက ၂၀၁၉ မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကျွန်မက နာမည်နဲ့ ဂုဏ်အဆင့်အတန်းနောက်ပဲလိုက်နေပြီး...