ကိုယ့်တာဝန်မှာ တာဝန်ယူရမှာ ကြောက်တဲ့ ပြဿနာက ဘာလဲ

18.03.2026

ချန်နာ၊ တရုတ်နိုင်ငံ

၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်မကို တရားဟောဆရာမအနေနဲ့ ရွေးကောက်ခဲ့ကြတယ်။ အဲဒီအချိန်က ကျွန်မမှာ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိဘဲ ခရိုင်ခေါင်းဆောင်တစ်ယောက်ကို သတင်းပို့တဲ့နေရာမှာ ကျွန်မနဲ့တွဲဖက်တဲ့အစ်မနောက်ကို လိုက်ခဲ့တဲ့အတွက် အလုပ်မှာ ပရမ်းပတာ ဖြစ်စေခဲ့တယ်။ နောက်ပိုင်း စုံစမ်းစစ်ဆေးပြီးတဲ့အခါမှာတော့ ခရိုင်ခေါင်းဆောင်က တကယ့်အလုပ်တချို့လုပ်နိုင်စွမ်းရှိပြီး ခရိုင်ခေါင်းဆောင်ကို တိုက်ခိုက်ဖို့နဲ့ အသင်းတော်အလုပ်ကို နှောင့်ယှက်ဖို့အတွက် တမင်တကာ အပြစ်ရှာဖို့ ကြိုးစားခဲ့တာက ကျွန်မနဲ့တွဲဖက်တဲ့အစ်မဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိလာခဲ့ရတယ်။ အဲဒီနောက်မှာ ကျွန်မ အထင်အမြင်မှားခဲ့မှန်း သဘောပေါက်ခဲ့ပြီး ကြီးမားတဲ့ မကောင်းမှုနဲ့ ကြီးလေးတဲ့ ပြစ်မှားခြင်းကို ကျူးလွန်ခဲ့မိတယ်လို့ ခံစားခဲ့ရတယ်။ အသင်းတော်က ကျွန်မကို နောင်တရဖို့ အခွင့်အရေး ပေးခဲ့ပေမဲ့၊ ကျွန်မကတော့ နောက်ထပ်ပြစ်မှားခြင်းတွေ ကျူးလွန်မိပြီး ဖယ်ရှားရှင်းလင်းခံရမှာကို ကြောက်ခဲ့တယ်။ ဒီကြောက်စိတ်ကြောင့် ကျွန်မဟာ လမ်းကြောင်းမပြောင်းနိုင်ဘဲ အမြဲတမ်း သတိထားကာကွယ်နေတဲ့ အခြေအနေတစ်ခုမှာ အသက်ရှင်နေခဲ့တယ်။ ရလဒ်အနေနဲ့ ကိုယ့်တာဝန်တွေမှာ ထိရောက်မှုမရှိလို့ ကျွန်မ ဖြုတ်ချခံခဲ့ရတယ်။ အဲဒီအချိန်က ကျွန်မဟာ သမ္မာတရားကို နားလည်မှု နည်းတယ်လို့ ခံစားခဲ့ရပြီး၊ အနာဂတ်မှာ ခေါင်းဆောင် ဒါမှမဟုတ် အမှုဆောင်အနေနဲ့ မထမ်းဆောင်တာက ပိုကောင်းမယ်လို့ ခံစားခဲ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မသာ ကြီးလေးတဲ့ ပြစ်မှားခြင်းတွေ ကျူးလွန်မိပြီး နှင်ထုတ်ခံရရင် ကယ်တင်ခြင်းရဖို့ ကျွန်မရဲ့ အခွင့်အရေး ဆုံးရှုံးသွားမှာဖြစ်လို့ပဲ။ သာမန်တာဝန်တစ်ခုကို ထမ်းဆောင်တာက နည်းနည်း ပိုစိတ်ချရတယ်၊ ဘာပြဿနာပဲဖြစ်ဖြစ် အသင်းတော်ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေက တာဝန်ယူမှာဖြစ်ပြီး ကိုယ့်ကယ်တင်ခြင်းကို မထိခိုက်စေဘူးလို့ ကျွန်မထင်ခဲ့တယ်။ အဲဒီတုန်းက ဒီပြဿနာကို ဖြေရှင်းဖို့ သမ္မာတရားကို ကျွန်မ မရှာဖွေခဲ့ဘူး။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ ကျွန်မကို ခရိုင်ခေါင်းဆောင်အနေနဲ့ရွေးကောက်ခဲ့တယ်။ ကျွန်မ နည်းနည်း စိုးရိမ်သွားပြီး တွေးမိတယ်၊ “ငါက အသင်းတော်တော်တော်တချို့ရဲ့ အလုပ်ကို ကြီးကြပ်ရမှာ။ တကယ်လို့သာ အမှားအယွင်းကြီးကြီးမားမားတစ်ခုခု ဖြစ်သွားရင်ရော။ ငါ ဘယ်လိုတာဝန်ယူနိုင်မှာလဲ။ ငါက ပိုပြီး ပြစ်မှားမှုတွေ ပုံနေရင်၊ အဲဒါက ငါ့ရဲ့ ကယ်တင်ခြင်း မျှော်လင့်ချက်ကို ဖျက်ဆီးမှာ မဟုတ်ဘူးလား” လို့ပေါ့။ ဒါပေမဲ့ ခေါင်းဆောင်တွေနဲ့ အမှုဆောင်တွေ အများကြီး အဖမ်းခံနေရတဲ့ ဆင်းရဲဒုက္ခကာလမှာ အသင်းတော်ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကိုယ့်အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်နဲ့ ဒီလောက် တစ်ကိုယ်ကောင်းမဆန်သင့်ဘူး၊ ကိုယ့်တာဝန်ကို မရှောင်သင့်ဘူးလို့ ကျွန်မရဲ့ အသိစိတ်က ပြောခဲ့တယ်။ ဒါကြောင့် လောလောဆယ် ပူးပေါင်းဆောင်ရွက်ဖို့ ကျွန်မ ဆုံးဖြတ်ခဲ့ပြီးတော့ ပိုသင့်တော်တဲ့သူတစ်ယောက် နောက်ပိုင်းမှာ ရွေးကောက်ခံရပြီး ကျွန်မ ဒီရာထူးကနေ နုတ်ထွက်လို့ရဖို့ မျှော်လင့်ခဲ့တယ်။ အချိန်နည်းနည်းကြာတော့ ကျွန်မနဲ့ အလုပ်အတူလုပ်ခဲ့တဲ့ ညီအစ်မလီယွန်းဟာ ယုဒတစ်ယောက်ရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရပြီး သူ့တာဝန်တွေကို ထမ်းဆောင်ဖို့ မပေါ်လာနိုင်တော့ဘူး။ ဒီတော့ အလုပ်တော်တော်များများကို ကျွန်မတစ်ယောက်တည်း ကိုင်တွယ်ဖို့ လိုအပ်လာတယ်။ အလုပ်ကို ကောင်းကောင်းမလုပ်နိုင်ရင် အသင်းတော်အလုပ်ကို ထိခိုက်စေပြီး ပြစ်မှားခြင်းတွေ ကျူးလွန်မိမှာကို ကျွန်မ စိုးရိမ်ခဲ့တယ်။ အဲဒီအချိန်က သတင်းပို့စာတစ်စောင်ကို ကိုင်တွယ်ဖို့ လိုအပ်ခဲ့ပေမဲ့၊ အမှားလုပ်မိပြီး ဖြစ်လာနိုင်တဲ့ တာဝန်ကို ယူရမှာ ကြောက်ခဲ့တယ်၊ အဲဒါက ကိုယ့်အလားအလာနဲ့ ပန်းတိုင်ကို သက်ရောက်မှုရှိမှာကို စိုးရိမ်ခဲ့တယ်။ ဒါနဲ့ ကျွန်မ လီယွန်းကို ဘယ်လိုကိုင်တွယ်ရမှန်း မသိဘူးလို့ ပြောပြီး အဲဒါကို ဖြေရှင်းဖို့ စာရေးခိုင်းလိုက်တယ်။ ဒီလိုတာဝန်မျိုးကို ကိုယ်တိုင်ကိုင်တွယ်ဖို့အတွက် လေ့ကျင့်ဖို့ သူက ကျွန်မကို အားပေးခဲ့ပေမဲ့ ကျွန်မက မလုပ်ရဲသေးဘဲ သူ့ဆီကို လွှဲပေးခဲ့တယ်။ လီယွန်းနဲ့ နောက်ပိုင်း ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ကျွန်မက ယုံကြည်မှုရှိတယ်လို့ ခံစားရတဲ့ အလုပ်တွေကိုပဲ ယူလုပ်ခဲ့တယ်၊ ပိုအရေးကြီးပြီး စိန်ခေါ်မှုများတဲ့ အလုပ်အတွက်တော့ သူ့ဆီကို လွှဲခဲ့တယ်။ ဒါက သူ့ကို ဖိအားဖြစ်စေခဲ့ပြီး သူ့အလုပ်ကလည်း ကောင်းတဲ့ရလဒ်တွေ မထွက်ခဲ့ဘူး။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှာ အသင်းတော်က ခေါင်းဆောင်အသစ်နှစ်ယောက် ရွေးကောက်ဖို့ လိုအပ်ပြီး ကျွန်မကို ရွေးကောက်ပွဲ စီစဉ်ခိုင်းခဲ့တယ်။ လူတွေကို ရွေးချယ်ပြီး အသုံးပြုတာမှာ သူတို့ကို ပိုင်းခြားသိမြင်ဖို့ ပါဝင်တာပဲလို့ ကျွန်မတွေးမိတယ်။ ကျွန်မက သူတို့ကို ထွင်းဖောက်မမြင်နိုင်ဘဲ လူမှားရွေးမိရင် ဘယ်လိုလုပ်မလဲ။ အရင်က တရားဟောဆရာမလုပ်တုန်းက ခေါင်းဆောင်တစ်ယောက်ကို ကျွန်မ မှားရွေးခဲ့တယ်၊ အဲဒါက ညီအစ်ကိုမောင်နှမတွေရဲ့ အသက်ဝင်ရောက်မှုကို နှောင့်နှေးစေခဲ့တယ်။ ကျွန်မ ပြစ်မှားခြင်းတစ်ခု ကျူးလွန်ပြီးသားဖြစ်နေတော့ နောက်တစ်ခါ လူမှားရွေးမိမှာကို တကယ်ပဲ စိုးရိမ်ခဲ့တယ်။ ကျွန်မတွေးမိတယ်၊ “ငါက ကောင်းမှုတွေကို ပြင်ဆင်ဖို့ ငါ့တာဝန်ကို ထမ်းဆောင်နေတာ။ မှတ်တမ်းမှာ ပြစ်မှားခြင်းတွေနဲ့ ပြည့်နေလို့ မဖြစ်ဘူးလေ” လို့ပေါ့။ ဒီအကြောင်းတွေအားလုံးကို စဉ်းစားလိုက်ရုံနဲ့တင် ကျွန်မ ဖိအားတွေ အရမ်းများလာပြီး ညဘက် အိပ်မပျော်နိုင်ဘူး။ ကျွန်မ စဉ်းစားမိတယ်၊ “လီယွန်းကို ရုပ်ဖျက်ပြီး ရွေးကောက်ပွဲကို သွားစီစဉ်ခိုင်းလိုက်ရင်လည်း ရတာပဲ။ အဲဒါဆို ပြဿနာတစ်ခုခုဖြစ်ရင်လည်း လီယွန်းရဲ့ တာဝန်ပဲဖြစ်မှာ၊ ငါ့တာဝန် မဟုတ်ဘူးလေ” လို့ပေါ့။ ဒါပေမဲ့ လီယွမ်ရဲ့ လုံခြုံရေးက အန္တရာယ်ရှိမှန်း ကျွန်မ သိခဲ့တယ်။ သူသာ ပေါ်လာရင် အဖမ်းခံရနိုင်ပြီး၊ အကျိုးဆက်တွေက ပိုပြီးတော့တောင် ဆိုးသွားမှာ။ ကျွန်မ အဲဒီလို မလုပ်နိုင်မှန်း သဘောပေါက်သွားတယ်၊ ဒါကြောင့် ရွေးကောက်ပွဲကို ကိုယ်တိုင် ကျင်းပရုံပဲ ရှိတော့မယ်။

နောက်ပိုင်းမှာ ကျွန်မရဲ့ အခြေအနေ မမှန်မှန်း သဘောပေါက်သွားပြီး ကိုယ့်ကိုယ်ကိုယ် စပြီး ဆင်ခြင်သုံးသပ်လာမိတယ်။ ငါ ဘာလို့ တာဝန်ယူရမှာကို ဒီလောက်ကြောက်နေရတာလဲ။ ကိုယ့်ပြဿနာတွေကို နားလည်နိုင်ဖို့ ဉဏ်ပွင့်စေပါလို့ တောင်းလျှောက်ရင်း ကျွန်မ ဘုရားသခင်ဆီ ဆုတောင်းခဲ့တယ်။ အဲဒီနောက်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ တွေ့ခဲ့တယ်။ “လူအချို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်စဉ်တွင် တာဝန်ခံယူရမည်ကို ကြောက်ရွံ့ကြသည်။ အသင်းတော်က ၎င်းတို့ကို အလုပ်တစ်ခုလုပ်ရန် ပေးသောအခါ ၎င်းတို့သည် ထိုအလုပ်အတွက် ၎င်းတို့ တာဝန်ခံဖို့ လိုအပ်ခြင်းရှိမရှိကို ရှေးဦးစွာ ထည့်စဉ်းစားကြသည်။ တာဝန်ခံဖို့ လိုအပ်လျှင် ၎င်းတို့က အလုပ်ကို လက်ခံမည်မဟုတ်ပေ။ တာဝန်တစ်ခုကို ထမ်းဆောင်ရန်အတွက် ၎င်းတို့၏ သတ်မှတ်ချက်များမှာ ပထမအနေဖြင့် အေးဆေးသက်သာသော အလုပ်ဖြစ်ရမည်။ ဒုတိယအနေဖြင့် အလုပ်ရှုပ်ခြင်း၊ သို့မဟုတ် ပင်ပန်းခြင်းမရှိရပေ။ တတိယအနေဖြင့် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ၎င်းတို့အနေဖြင့် မည်သည့်တာဝန်ကိုမျှ ခံယူခြင်းမရှိရပေ။ ဤသည်မှာ ၎င်းတို့တာဝန်ယူဆောင်ရွက်မည့် တစ်ခုတည်းသော တာဝန်အမျိုးအစားဖြစ်သည်။ ဤသည်မှာ မည်သို့သော လူစားမျိုးဖြစ်သနည်း။ စဉ်းလဲသော၊ လှည့်ဖြားတတ်သောသူ မဟုတ်သလော။ ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။ ဘုရားအိမ်တော်တွင် သူ့အား အဘယ်သို့ အသုံးချ၍ ရနိုင်မည်နည်း။ ဘုရားအိမ်တော်၏ အလုပ်သည် စာတန်အား ရင်ဆိုင်တိုက်ခိုက်ခြင်းအမှုအပြင် နိုင်ငံတော် ဧဝံဂေလိတရားဖြန့်ဝေခြင်းနှင့်လည်း သက်ဆိုင်သည်။ မည်သည့်တာဝန်က တာဝန်ခံယူခြင်း မလိုအပ်သနည်း။ ခေါင်းဆောင်ဖြစ်ခြင်းသည် တာဝန်ခံရသည်ဟု သင်တို့ ဆိုမည်လော။ ၎င်းတို့၏ တာဝန်များသည် ပို၍ပင် မကြီးသလော။ ၎င်းတို့သည် ပို၍ပင် တာဝန်မခံယူရသလော။ သင်သည် ဧဝံဂေလိတရားဟောခြင်း၊ သက်သေခံခြင်း၊ ဗီဒီယိုများ ပြုလုပ်ခြင်းတို့ကဲ့သို့သော အရာများကို လုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို သင်လုပ်ဆောင်သည်ဖြစ်စေ ထိုအလုပ်က သမ္မာတရား စည်းမျဉ်းများနှင့် သက်ဆိုင်နေသရွေ့ ထိုအလုပ်တွင် တာဝန်ဝတ္တရားများ တွဲပါနေသည်။ သင်၏ တာဝန်ထမ်းဆောင်ခြင်းက စည်းမျဉ်းနှင့်မညီလျှင် ဘုရားအိမ်တော်၏ အလုပ်ကို ထိခိုက်မည်။ သင်သည် တာဝန်ခံယူရန် ကြောက်ရွံ့လျှင် မည်သည့်တာဝန်ကိုမျှ ထမ်းဆောင်၍မရပေ။ မိမိ၏ တာဝန်ထမ်းဆောင်ခြင်း၌ တာဝန်ယူရန် ကြောက်ရွံ့သော လူစားမျိုးသည် သတ္တိနည်းသောသူဖြစ်သလော၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိသလော။ ကွာခြားချက်ကို သင် ပြောနိုင်ရမည်။ အမှန်စင်စစ် ဤသည်မှာ သတ္တိကြောင်ခြင်း ကိစ္စမဟုတ်ပေ။ ၎င်းတို့သည် ချမ်းသာကြွယ်ဝရန် ကြိုးပမ်းခြင်းနှင့် ပတ်သက်လာသောအခါ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အကျိုးအမြတ်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်သောအခါ အဘယ်ကြောင့် ဤမျှ ရဲတင်းနေကြသနည်း။ ဤအရာများအတွက်မူ မည်သည့် စွန့်စားမှုမျိုးကိုမဆို ၎င်းတို့ ရင်ဆိုင်ဝံ့ကြသည်။ သို့သော် အသင်းတော်အတွက်၊ ဘုရားအိမ်တော်အတွက် အမှုအရာများကို ၎င်းတို့ လုပ်ဆောင်သည့်အခါ လုံးဝ စွန့်စားမှုများမပြုလုပ်ပေ။ ဤသို့သော လူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းသည်။ အားလုံးထဲတွင် ကောက်ကျစ်အစဉ်းလဲဆုံး ဖြစ်သည်။ တာဝန်ထမ်းဆောင်ခြင်းတွင် တာဝန်မခံယူသူ မည်သူမဆိုသည် ၎င်းတို့၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မပြောနှင့်၊ ဘုရားသခင်ကို အနည်းငယ်မျှပင် ရိုးသားစစ်မှန်ခြင်းမရှိ။ မည်သို့သော သူမျိုးသည် တာဝန်ခံယူရဲသနည်း။ မည်သို့သော ပုဂ္ဂိုလ်မျိုးသည် ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းဆောင်ရန် သတ္တိရှိသနည်း။ အရေးအကြီးဆုံးနှင့် အတိမ်းအစောင်းမခံဆုံးဖြစ်သော အလုပ်ကို ၎င်းတို့ မြင်သောအခါ ဘုရားသခင်၏ အိမ်တော်အလုပ်တွင် အရေးကြီးဆုံး အခိုက်အတန့်၌ ဦးဆောင်ဦးရွက်ပြု၍ ရဲဝံ့စွာ ရှေ့သို့ထွက်ကာ ဝန်ထုပ်ဝန်ပိုးကြီးကို ရဲဝံ့စွာ ထမ်းဆောင်ပြီး အခက်အခဲများနှင့် အန္တရာယ်များကို ကြံ့ကြံ့ခံရန် မကြောက်ရွံ့သောသူမျိုး ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိသူတစ်ယောက်၊ ခရစ်တော်၏ စစ်သားကောင်းတစ်ယောက် ဖြစ်သည်။ ၎င်းတို့၏ တာဝန်ကို ယူရန် ကြောက်သောသူတိုင်းက ထိုသို့ဖြစ်ခြင်းသည် သမ္မာတရားကို နားမလည်သောကြောင့်ဖြစ်သည်မှာ မှန်ပါသလား။ မမှန်ပါ။ ၎င်းတို့၏ လူ့သဘာဝတွင် ပြဿနာရှိ၏။ ၎င်းတို့တွင် တရားမျှတစိတ်၊ သို့မဟုတ် တာဝန်ခံယူမှုအသိစိတ် မရှိပေ။ ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်၍ စက်ဆုပ်ဖွယ်ကောင်းသော လူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရိုးသားစွာ ယုံကြည်သူများ မဟုတ်ကြသည့်အပြင် သမ္မာတရားကို စိုးစဉ်းမျှပင် လက်မခံကြပေ။ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် ကယ်တင်ခြင်း မခံရနိုင်ပေ။ ဘုရားသခင်ကို ယုံကြည်သူများသည် သမ္မာတရားကို ရရှိရန် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရမည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာတွင် အတားအဆီးများစွာကို ကြုံတွေ့ရမည်။ အမှုအရာများကို စွန့်လွှတ်ရမည်။ ၎င်းတို့၏ ဇာတိပကတိ အကျိုးစီးပွားများကို စွန့်လွှတ်ရမည်။ ဆင်းရဲဒုက္ခအချို့ကို သည်းခံရမည်။ ထိုအခါမှသာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်မည်။ ဤသို့ဆိုလျှင် တာဝန်ယူရန် ကြောက်သော ဤလူစားမျိုးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ သမ္မာတရားကို ရရှိဖို့မဆိုထားနှင့်၊ သမ္မာတရားကို ၎င်းတို့ သေချာပေါက် လက်တွေ့လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်၊ ၎င်းတို့၏ အကျိုးစီးပွား ဆုံးရှုံးခြင်းကို ခံရရန် ကြောက်ရွံ့ကြသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အရှက်ခွဲခံရခြင်း၊ အသရေဖျက်ခံရခြင်းနှင့် ဝေဖန်ကဲ့ရဲ့ခံရခြင်းကို ကြောက်ရွံ့ကြသည်။ ပြီးလျှင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်ရဲပေ။ အကျိုးဆက်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ဘဲ ဘုရားသခင်ကို နှစ်မည်မျှ ယုံကြည်သည်ဖြစ်စေ သူ၏ ကယ်တင်ခြင်းကို ၎င်းတို့ မရရှိနိုင်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁)) ဘုရားနှုတ်ကပတ်တော်ထဲက “တစ်ကိုယ်ကောင်းဆန်သော၊” “သစ္စာအမဲ့ဆုံး၊” နဲ့ “ဤသည်မှာ ၎င်းတို့၏ လူ့သဘာဝတွင်ရှိသော ပြဿနာဖြစ်သည်” ဆိုတဲ့ စကားလုံးတွေကို ကျွန်မဖတ်လိုက်ရတဲ့အခါ ကျွန်မ အရမ်း စိတ်ထိခိုက်ပြီး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မမှာ ဒီလိုစရိုက်လက္ခဏာတွေ တကယ်ပဲရှိမှန်း သဘောပေါက်သွားတယ်။ ကျွန်မဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ အခန်းကဏ္ဍကို ယူထားပေမဲ့ စစ်မှန်တဲ့ ဝန်တာထားစိတ် မရှိခဲ့ဘူး။ အမှုအရာတွေကို ကောင်းကောင်း မလုပ်နိုင်မှာနဲ့ တာဝန်ယူရမှာကို အမြဲတမ်း စိုးရိမ်နေခဲ့တယ်၊ ပြစ်မှားခြင်းတွေ ကျူးလွန်မိရင် ကယ်တင်ခြင်းရဖို့ အခွင့်အရေး ဆုံးရှုံးသွားမှာကို ကြောက်ခဲ့တယ်။ ဒါကြောင့် တာဝန်ယူစရာမလိုတဲ့ အလုပ်တွေကိုပဲ လုပ်ဖို့ ပိုနှစ်သက်ပြီး ခက်ခဲတဲ့အလုပ်တွေကို လီယွန်းဆီကို ပုံချခဲ့တယ်။ သတင်းပို့စာတွေကို ကိုင်တွယ်ဖို့ အဓိက တာဝန်ရှိတာက ကျွန်မပဲ။ စည်းမျဉ်းတွေနဲ့ ကျွန်မ အကျွမ်းတဝင် မရှိပေမဲ့ လီယွမ်ရဲ့ လမ်းညွှန်မှု၊ အကူအညီနဲ့ အလုပ်တချို့ကို ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်းစဉ်မှာ ဖြစ်လာနိုင်တဲ့ အမှားတွေအတွက် တာဝန်ယူရမှာကို ကျွန်မ ကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်မက နားမလည်တာကို အကြောင်းပြချက်အနေနဲ့ သုံးပြီး အလုပ်ကို လီယွမ်အပေါ် ပုံချခဲ့တယ်။ အထူးသဖြင့် အသင်းတော်ရွေးကောက်ပွဲအတွင်းမှာ လီယွန်းက လုံခြုံရေးအန္တရာယ်တွေကြောင့် လူကိုယ်တိုင် မစီစဉ်နိုင်တဲ့အခါ ကျွန်မက လူမှားရွေးမိမှာ၊ ပြစ်မှားခြင်းကျူးလွန်မိမှာနဲ့ ကိုယ့်အလားအလာကို ထိခိုက်မှာ ကြောက်ခဲ့တယ်။ ဒါကြောင့် သူ့ကို ရွေးကောက်ပွဲ စီစဉ်စေချင်ခဲ့တယ်၊ သူ့လုံခြုံရေးနဲ့ အသင်းတော်အလုပ်တစ်ခုလုံးကို ထည့်မတွေးဘဲနဲ့ပေါ့။ တာဝန်ယူရတာနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကြုံလာတိုင်း ကျွန်မက တခြားသူတွေအပေါ် ပုံချခဲ့တယ်၊ ကျွန်မ ဆိုးဆိုးရွားရွား ကိုင်တွယ်မိရင် အဲဒါက ကျွန်မရဲ့ အလားအလာတွေနဲ့ ပန်းတိုင်ကို သက်ရောက်နိုင်တဲ့ ပြစ်မှားမှုတွေ ဖြစ်လာမှာကို ကြောက်နေခဲ့တယ်။ ကျွန်မမှာ ဘုရားသခင်အပေါ် သစ္စာစောင့်သိမှုနဲ့ ကိုယ့်တာဝန်တွေအတွက် တာဝန်ယူမှု ကင်းမဲ့ခဲ့တယ်။ ကျွန်မဟာ တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းလိုက်တာ။ ဘုရားသခင် ဖော်ထုတ်တဲ့အတိုင်းပါပဲ။ “ထိုသူသည် အနည်းဆုံးသော တာဝန် ပမာဏကိုပင် တာဝန်မခံလိုပေ။ သစ်ရွက်များက သစ်ပင်ပေါ်မှ ကြွေကျလာသောအခါ သူ့ခေါင်းကွဲသွားမည်ကိုပင် သူကြောက်နေသည်။ ဤသို့သောသူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်နိုင်သနည်း။” ဟုတ်တယ်၊ ကျွန်မဟာ အဲဒီလိုလူစားမျိုး အတိအကျပဲ။ ဘုရားသခင်အပေါ် သစ္စာရှိပြီး လူ့သဘာဝရှိတဲ့ ဘယ်သူမဆို အသင်းတော်အလုပ်မှာ လူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တာကို မြင်တဲ့အခါ တာဝန်ထမ်းရွက်ဖို့ တာဝန်ယူမှာပဲ၊ ပြီးတော့ ကိုယ့်တာဝန်တွေကို ကောင်းကောင်း ဖြည့်ဆည်းဖို့ သမ္မာတရားစည်းမျဉ်းတွေကို ရှာဖွေမှာပဲ။ ကျွန်မကတော့ ဘုရားအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမဲ့ ကိုယ့်တာဝန်မှာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ထည့်ပြီးမစဉ်းစားခဲ့ဘူး။ အဲဒီအစား ကိုယ်ယူရမယ့်တာဝန် ဘယ်လောက်ကြီးမားမလဲဆိုတာကို အရင်ဆုံး စဉ်းစားခဲ့တယ်၊ ပြီးတော့ အလွန်အကျွံ သတိရှိပြီး သတိထားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အလုပ်တော်တော်များများကို လီယွမ်အပေါ် ပုံချခဲ့တယ်။ ကျွန်မက တကယ်ကို တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာကောင်းခဲ့တယ်။ ကျွန်မသာ မပြောင်းလဲရင် ဘယ်တာဝန်ကိုမှ ကောင်းကောင်း မလုပ်နိုင်တော့ဘဲ နောက်ဆုံးမှာ အသုံးမကျတဲ့သူ ဖြစ်လာမှာပဲ။ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်၊ ငါ့တာဝန်တွေကို ဒီထက်ပိုပြီး မရှောင်လွှဲတော့ဘူး။ နားလည်သည်ဖြစ်စေ၊ မလည်သည်ဖြစ်စေ၊ အရင်ဆုံး လက်ခံသင့်တယ်၊ စည်းမျဉ်းတွေကို ရှာဖွေပြီး အကောင်းဆုံး ကြိုးစားလုပ်ဆောင်သင့်တယ်လို့ပေါ့။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းမှာ အသင်းတော်က ဧဝံဂေလိအလုပ်နဲ့ ရေလောင်းခြင်းအလုပ်အတွက် တာဝန်ခံတဲ့ ကြီးကြပ်ရေးမှူးတွေကို ရွေးကောက်ဖို့ လိုအပ်ခဲ့တယ်။ ကျွန်မ နောက်တစ်ခါ စိုးရိမ်ပြန်ရော၊ တွေးမိတာက “ဧဝံဂေလိတရားဟောတာနဲ့ လူသစ်တွေကို ရေလောင်းတာ နှစ်ခုစလုံးက အသင်းတော်ရဲ့ အရေးကြီးတဲ့ အလုပ်တွေပဲ။ ဒီမှာရှိတဲ့ အသင်းတော်သားတွေကိုလည်း ငါ သိပ်မရင်းနှီးဘူး။ မသင့်တော်တဲ့လူတွေကို ရွေးမိပြီး အလုပ်ကို နှောင့်နှေးစေရင် ဘယ်လိုလုပ်မလဲ။ ဒီတာဝန်ကို ငါ ဘယ်လိုလုပ်ပြီး ထမ်းနိုင်မှာလဲ” လို့ပေါ့။ ကျွန်မဟာ သတိထားကာကွယ်ပြီး အထင်အမြင်လွဲမှားနေတဲ့ အခြေအနေထဲမှာ နောက်တစ်ခါ အသက်ရှင်နေပြန်ပြီဆိုတာကို သဘောပေါက်လိုက်တယ်။ ဒါကြောင့် ကျွန်မ ဘုရားသခင်ကို ဆုတောင်းပြီး ကျွန်မရဲ့ ပြဿနာတွေကို နားလည်အောင် လမ်းပြပေးဖို့ တောင်းလျှောက်ခဲ့တယ်။ တစ်မနက်မှာ ဘုရားသခင်ရဲ့ ဒီနှုတ်ကပတ်တော်တွေကို ကျွန်မ ဖတ်ခဲ့တယ်။ “အန္တိခရစ်တို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သိုထားကြသည်၊ ယင်းတို့အားလုံးသည် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများ၊ ဆန့်ကျင်ခြင်း၊ ဝေဖန်ခြင်းနှင့် အတိုက်အခံပြုခြင်းတို့ ဖြစ်ကြသည်။ ၎င်းတို့တွင် ဘုရားသခင်၏ အမှုတော်နှင့်ပတ်သက်၍ သိမြင်မှုတစ်ခုမျှ လုံးဝပင်မရှိကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို ချောင်းမြောင်းလေ့လာဖို့ ကြိုးစားကြရင်းဖြင့် ၎င်းတို့သည် ထိုသို့သော ကောက်ချက်များ ရရှိလာကြသည်။ အန္တိခရစ်တို့သည် ဤအရာများကို ၎င်းတို့၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ သိုဝှက်ထားကြကာ မိမိတို့ကိုယ်ကို ဤသို့ သတိပေးကြသည်။ ‘သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်၊ မထင်မရှားနေခြင်းသည် အကောင်းဆုံး ဖြစ်သည်၊ ထီးထီးကြီး ထင်ပေါ်နေသည့် ငှက်သည် သေနတ်ဖြင့် အပစ်ခံရသည့် ငှက်ဖြစ်သည်၊ ပြီးလျှင် ထိပ်ဆုံးတွင် အထီးကျန်၏ ဟူ၍ဖြစ်သည်။ မည်သည့်အချိန်အခါမျိုး၌ဖြစ်စေ၊ ထိုသို့ ထီးထီးကြီး ထင်ပေါ်သည့် ငှက်မျိုး ဘယ်တော့မှ မဖြစ်စေနှင့်၊ အလွန်မြင့်သောနေရာသို့ ဘယ်တော့မှ မတက်နှင့်။ သင် တက်၍ အမြင့်ရောက်လေ ပြုတ်ကျမှုက ပြင်းထန်လေ ဖြစ်လိမ့်မည်။’ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ဟု ၎င်းတို့ မယုံကြည်ကြပေ။ ပြီးလျှင် ဘုရားသခင်၏ စိတ်သဘောထားက ဖြောင့်မတ်ပြီး သန့်ရှင်းသည်ဟု မယုံကြည်ကြပေ။ ၎င်းတို့သည် ဤအရာအားလုံးကို လူသားအယူအဆများနှင့် စိတ်ကူးများမှတစ်ဆင့် မှတ်ယူကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ အမှုတော်ကို လူသား၏ အမြင်ရှုထောင့်များ၊ လူသားအတွေးများ၊ လူသား၏ ပရိယာယ်များဖြင့် ချဉ်းကပ်ပြီး ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို သတ်မှတ်ရန် စာတန်၏ တွေးခေါ်ပုံနှင့် အယူအဆကို အသုံးချကြသည်။ သိသာထင်ရှားစွာပင် အန္တိခရစ်များသည် ဘုရားသခင်၏ စိတ်သဘောထား၊ ပင်ကိုလက္ခဏာနှင့် အနှစ်သာရတို့ကို လက်မခံရုံမျှမက အသိအမှတ်လည်း မပြုကြဘဲ ဆန့်ကျင်ဘက်အားဖြင့် ဘုရားသခင်အပေါ်တွင် အယူအဆများ၊ အတိုက်အခံများနှင့် ပုန်ကန်မှုများအပြည့် ရှိကြပြီး ဘုရားသခင်အပေါ် စစ်မှန်သည့် သိမြင်မှု တစ်စွန်းတစ်စမျှပင် မရှိပေ။ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင်၏ ချစ်ခြင်းအပေါ် အန္တိခရစ်များ၏ သုံးသပ်ချက်သည် သံသယအပြည့်ရှိ၏။ သင်္ကာမကင်းဖြစ်ခြင်းတည်း။ ၎င်းတို့သည် ထိုအရာအတွက် သံသယရှိမှုများ၊ ငြင်းဆန်မှု၊ အသရေဖျက်မှုများ အပြည့်ရှိသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ပင်ကိုလက္ခဏာနှင့် ပတ်သက်၍ မည်သို့ရှိမည်နည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်။ ၎င်းတို့ကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားကို သဘောထားမှုဖြင့် ဘုရားသခင်၏ ပင်ကိုလက္ခဏာကို ၎င်းတို့၏ သဘောထားမှုကတိုက်ရိုက်ငြင်းပယ်မှု ဖြစ်သည်မှာ ပကတိအတိုင်း ရှင်းနေပြီးသား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အနှစ်သာရ ဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း၊ အချက် ၁၀ (အပိုင်း ၆))လူအချို့သည် ဘုရားအိမ်တော်က လူများကို မျှတစွာ ဆက်ဆံနိုင်ကြောင်းကို မယုံကြည်ကြပေ။ သူ၏အိမ်တော်တွင် ဘုရားသခင် အုပ်ချုပ်ကြောင်းနှင့် ထိုနေရာတွင် သမ္မာတရားအုပ်စိုးကြောင်းကို ၎င်းတို့ မယုံကြည်ကြပေ။ လူတစ်ယောက်သည် မည်သည့်တာဝန်ကို ထမ်းဆောင်ပါစေ၊ ပြဿနာတစ်ခုတက်လာလျှင် ဘုရားအိမ်တော်သည် ထိုလူကို ချက်ချင်း ကိုင်တွယ်လိမ့်မည်ဖြစ်ကြောင်း၊ ထိုတာဝန်ကို ထမ်းဆောင်ဖို့ သူ၏အခွင့်အရေးကို ဖြုတ်ချကာ သူ့ကို အခြားသို့ပို့လိမ့်မည် သို့မဟုတ် အသင်းတော်မှပင် သူ့ကို ရှင်းထုတ်ပစ်နိုင်ကြောင်းတို့ကို ၎င်းတို့က ယုံကြည်ကြသည်။ ထိုသည်က အမှန်တကယ် ကိစ္စများ အလုပ်လုပ်သည့်ပုံလော။ ကျိန်းသေမဟုတ်ပေ။ ဘုရားအိမ်တော်သည် သမ္မာတရားစည်းမျဉ်းများနှင့်အညီ လူတိုင်းကို ဆက်ဆံသည်။ ဘုရားသခင်သည် လူတိုင်းအပေါ် ဆက်ဆံရာတွင် ဖြောင့်မတ်သည်။ ဘုရားသည် ဖြစ်ရပ်တစ်ခုတွင် လူတစ်ယောက်၏ ပြုမူပုံပြုမူနည်း တစ်ခုတည်းကိုသာ မကြည့်ပေ။ လူတစ်ဦး၏သဘာဝအနှစ်သာရ၊ ထိုသူ၏ရည်ရွယ်ချက်များ၊ ထိုသူ၏သဘောထားတို့ကို သူကြည့်သည်။ ပြီးလျှင် သူသည် လူတစ်ဦး အမှားလုပ်မိသောအခါ သူ့ကိုယ်သူ ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ခြင်းရှိမရှိ၊ နောင်တရရှိခြင်းရှိမရှိနှင့် ထိုလူသည် ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေခံ၍ ပြဿနာ၏ အနှစ်သာရကို ထိုးဖောက်သိမြင်နိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို နားလည်လာနိုင်ခြင်းရှိမရှိ၊ မိမိကိုယ်ကို မုန်းတီးခြင်း ရှိမရှိနှင့် အစစ်အမှန် နောင်တရခြင်းရှိမရှိတို့ကို အထူးသဖြင့် သူကြည့်သည်။ အကယ်၍ လူတစ်ဦးသည် ဤမှန်ကန်သော သဘောထားမရှိဘဲ ပုဂ္ဂိုလ်ရေးရည်ရွယ်ချက်များနှင့် လုံးဝ ရောထွေးနေပါက၊ စဉ်းလဲသောအကြံအစည်များ၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ထုတ်ဖော်ခြင်းများဖြင့် ပြည့်နေပြီး ပြဿနာများ တက်လာသောအခါ ဟန်ဆောင်ခြင်း၊ တစ်ပတ်ရိုက်ခြင်း၊ ပြီးလျှင် ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းပြပြောဆိုခြင်းနှင့် မိမိ၏လုပ်ရပ်များကို ဝန်ခံပြုဖို့ ခေါင်းမာစွာ ငြင်းဆန်ခြင်းတို့ကို ကျင့်သုံးပါက ထိုကဲ့သို့သောလူတစ်ယောက်ကို ကယ်တင်ဖို့ မဖြစ်နိုင်ပေ။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြဘဲ လုံးလုံး ထုတ်ဖော်ခံလိုက်ရသည်။ မမှန်ကန်သောလူများနှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံသော သူတို့သည် အနှစ်သာရအားဖြင့် မယုံကြည်သူများဖြစ်ကြပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရဖို့သာဖြစ်နိုင်တော့သည်။...သင်သည် အထုတ်ခံရမည်ကို အစဉ် ကြောက်ရွံ့နေလျှင်၊ ဆင်ခြေများ အစဉ်ပေးလျှင်၊ သင့်ကိုယ်သင် အစဉ် ရှင်းချက်ထုတ်ပြလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် သင်လက်မခံကြောင်းနှင့် သင်သည် ကျိုးကြောင်းဆင်ခြင်မှု မရှိကြောင်းကို အခြားသူတို့အား တွေ့မြင်ခွင့်ပေးလျှင်၊ သင်ဒုက္ခရောက်ပြီဖြစ်သည်။ အသင်းတော်သည် သင့်ကို မဖြစ်မနေ ကိုင်တွယ်ရလိမ့်မည်။ သင်၏တာဝန်ကို ထမ်းဆောင်ရာတွင် သမ္မာတရားကို လုံးဝ လက်မခံဘဲ ဖော်ထုတ်ခံရပြီး ထုတ်ပယ်ခံရမည်ကို အစဉ်ကြောက်ရွံ့နေလျှင် သင်၏ ဤအကြောက်တရားသည် လူ့ရည်ရွယ်ချက်နှင့် ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထားဖြင့် စွန်းထင်းနေသည်။ သံသယ၊ သတိထားကာကွယ်မှုနှင့် မှားယွင်းသော အယူအဆတို့ဖြင့် စွန်းထင်းနေသည်။ ဤအရာများထဲမှ မည်သည့်အရာကမျှ လူတစ်ယောက်၌ ရှိသင့်သည့် သဘောထားမဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ၊ အပိုင်း သုံး) ဘုရားနှုတ်ကပတ်တော်တွေကနေ အန္တိခရစ်တွေက ဘုရားသခင်ရဲ့ ဖြောင့်မတ်မှုကို မယုံကြည်ဘူး၊ ဘုရားသခင်ရဲ့ အိမ်တော်က သမ္မာတရားနဲ့ အုပ်ချုပ်တယ်ဆိုတဲ့ အချက်ကိုလည်း မယုံကြည်ဘူးဆိုတာကို ကျွန်မ မြင်ခဲ့တယ်။ သူတို့က ယူရတဲ့တာဝန် ပိုကြီးလေလေ၊ ကျူးလွန်မယ့် ပြစ်မှားခြင်းတွေ ပိုများလေလေဖြစ်ပြီး ကယ်တင်ခြင်းအတွက် မျှော်လင့်ချက် ပိုနည်းလေလေပဲလို့ ယုံကြည်ကြတယ်။ ဒါကြောင့် သူတို့ဟာ ဘုရားသခင်ကို အမြဲ အထင်အမြင်လွဲမှားပြီး သတိထားကာကွယ်နေကြတယ်၊ ကိုယ့်တာဝန်တွေမှာ ဘယ်တော့မှ အကောင်းဆုံးမလုပ်ဘူး။ သူတို့က လောကီဆိုင်ရာ ဆက်ဆံမှုတွေအတွက် အတွေးအခေါ်တွေကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တယ်၊ ပြီးတော့ အရမ်း တစ်ကိုယ်ကောင်းဆန်ပြီး လှည့်ဖြားတတ်ကြတယ်။ ကျွန်မမှာလည်း အန္တိခရစ်တွေရဲ့ စိတ်သဘောထားရှိမှန်း သဘောပေါက်လိုက်တယ်။ ကျွန်မက “အမြင့်ကို တက်လေ၊ အကျနာလေ” နဲ့ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်” ဆိုတာတွေကို ယုံကြည်ခဲ့တယ်။ ခေါင်းဆောင်အနေနဲ့ ရွေးချယ်ခံရတိုင်း ကျွန်မ ငြင်းချင်ခဲ့တယ်။ ကျွန်မသာ ခေါင်းဆောင်မဟုတ်ရင် ကြီးမားတဲ့ မကောင်းမှုတွေ မကျူးလွန်မိဘဲ အလွယ်တကူ ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရမှာ မဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ အခု ခေါင်းဆောင်ဖြစ်လာပြီးတာတောင်၊ ကိုယ့်တာဝန်ကို သတိထားကာကွယ်ခဲ့တယ်၊ အစွမ်းကုန် သတိထားပြီး ထမ်းဆောင်နေခဲ့တယ်၊ ကျွန်မ ကျူးလွန်မိတဲ့ ပြစ်မှားမှုတစ်ခုခုက ကျွန်မရဲ့ အဆုံးသတ်နဲ့ ပန်းတိုင်ကို သက်ရောက်မှာ ကြောက်နေခဲ့တယ်။ ကိုယ့်တာဝန်ကို ဘယ်လို ကောင်းကောင်း ဖြည့်ဆည်းရမလဲဆိုတာကို မစဉ်းစားဘဲ၊ အဲဒီအစား ကျွန်မစိတ်ထဲမှာ ကောက်ကျစ်တဲ့ အတွေးတွေနဲ့ပဲ ပြည့်နေခဲ့တယ်။ အလုပ်တွေမှာ တာဝန်ယူမှု ပါတဲ့အခါတိုင်း အဲဒီအလုပ်တွေကို လီယွမ်ဆီကို ပုံချခဲ့တယ်။ ကိုယ့်တာဝန်တွေမှာ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဘယ်တုန်းကမှ မပေးအပ်ခဲ့ဘဲ၊ ဘုရားသခင်ကို ကျွန်မစိတ်နှလုံးထဲက နက်ရှိုင်းတဲ့ ချောက်ကြီးရဲ့ တစ်ဖက်မှာ ထားပြီးတော့ သူ့ကို အမြဲတမ်း သတိထားကာကွယ်ခဲ့တယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကို ကျွန်မ လုံးဝ နားမလည်ခဲ့ဘူး။ တကယ်တမ်းတော့ ဘုရားသခင်က လူတိုင်းကို မျှမျှတတ ဆက်ဆံတယ်။ ဘုရားအိမ်တော်က လူတိုင်းကို စည်းမျဉ်းတွေအပေါ် အခြေခံပြီး ကိုင်တွယ်တယ်။ ဘယ်သူ့ကိုမှ ခဏတာ ပြစ်မှားခြင်းတစ်ခုအတွက်နဲ့ ဖြုတ်ချတာ၊ ဖယ်ရှားရှင်းလင်းတာ မလုပ်ဘူး။ ဘုရားသခင်က လူတစ်ယောက်ရဲ့ အနှစ်သာရ၊ သူတို့ရဲ့ လုပ်ရပ်တွေနောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ သမ္မာတရားအပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားကို ကြည့်တယ်။ တစ်ယောက်ယောက်က စည်းမျဉ်းတွေကို ဆန့်ကျင်လုပ်ဆောင်ပြီး အလုပ်ကို အဖျက်အမှောင့်လုပ်၊ နှောင့်ယှက်တယ်၊ တခြားသူတွေက သူတို့နဲ့ မိတ်သဟာယဖွဲ့တဲ့အခါမှာလည်း သမ္မာတရားကို လက်မခံသေးဘဲ ငြင်းဆန်တယ်၊ ဘုရားအိမ်တော်ရဲ့ အလုပ်ကို အကြိမ်ကြိမ်အခါခါ ထိခိုက်စေတယ်ဆိုရင်တော့ သူတို့ကို ဖြုတ်ချရမှာပဲ။ အသင်းတော်ကနေ နှင်ထုတ်ခံခဲ့ရတဲ့ အန္တိခရစ်တချို့နဲ့ ဆိုးယုတ်တဲ့လူတချို့ကို ကျွန်မ စဉ်းစားမိတယ်။ သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်တဲ့အခါ သူတို့က ကျော်ကြားမှု၊ အကျိုးအမြတ်နဲ့ အဆင့်အတန်းကို အမြဲတမ်း လိုက်စားခဲ့တယ်၊ အလုပ်အစီအစဉ်တွေကို ချိုးဖောက်ပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ခဲ့ကြတယ်။ သူတို့က လူတွေအတွက် ဘုရားသခင်နဲ့ ယှဉ်ပြိုင်ဖို့တောင် ကြိုးစားခဲ့ပြီး ဘုရားသခင် ရွေးချယ်ထားသူတွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ တခြားသူတွေက မိတ်သဟာယဖွဲ့ပြီး ဖော်ထုတ်ပြီးတဲ့နောက်မှာလည်း သူတို့ နောင်တမရခဲ့ဘူး။ နောက်ဆုံးမှာ အသင်းတော်က သူတို့ကို စည်းမျဉ်းတွေနဲ့အညီ နှင်ထုတ်ခဲ့တယ်၊ ဒါဟာ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းပဲ။ တစ်ယောက်ယောက်က သူတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်ရာမှာ သမ္မာတရားကို နားမလည်လို့၊ ဒါမှမဟုတ် သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကြောင့် ပြစ်မှားမှုတချို့ ကျူးလွန်မိတယ်၊ ဒါပေမဲ့ သူတို့က သမ္မာတရားကို လက်ခံနိုင်ပြီး တခြားသူတွေက သူတို့နဲ့ မိတ်သဟာယဖွဲ့ပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီး သိနိုင်တယ်ဆိုရင်တော့ ဘုရားအိမ်တော်က သူတို့ကို နောင်တရဖို့ အခွင့်အရေးပေးမှာပဲ။ ဥပမာ၊ အရင်က ကျွန်မ တရားဟောဆရာမ လုပ်ခဲ့တုန်းက သမ္မာတရားကို နားမလည်တာကြောင့် တခြားတစ်ယောက်နောက်လိုက်ပြီး မကောင်းမှုတစ်ခု ကျူးလွန်ခဲ့မိတယ်။ တခြားညီအစ်မတွေရဲ့ မိတ်သဟာယနဲ့ အကူအညီကနေတစ်ဆင့် ကျွန်မရဲ့ အမှားတွေကို အသိအမှတ်ပြုခဲ့တယ်။ အဲဒီနောက်မှာ ကိုယ့်လုပ်ရပ်အတွက် အရမ်းနောင်တရပြီး နောင်တရလိုစိတ်ရှိခဲ့တယ်။ အသင်းတော်က ကျွန်မကို မနှင်ထုတ်ခဲ့ဘူး၊ ကိုယ့်တာဝန်ကို ဆက်လုပ်ခွင့်တောင် ပေးခဲ့တယ်၊ ဒါက ဘုရားသခင်ရဲ့ အိမ်တော်မှာ သမ္မာတရားနဲ့ ဖြောင့်မတ်မှုနဲ့ အုပ်ချုပ်တယ်ဆိုတာ ကျွန်မကို ပြသခဲ့တယ်။ ဒါပေမဲ့ ကျွန်မက ဘုရားသခင်ကို တရားမမျှတ၊ မဖြောင့်မတ်ဘဲ၊ လူတွေ အမှားလုပ်တာကို မိတာနဲ့ ပြစ်တင်ရှုတ်ချပြီး အပြစ်ပေးတတ်တဲ့ လောကီဘုရင်တစ်ပါးလို မှားယွင်းပြီး မြင်ခဲ့တယ်။ ကျွန်မဟာ ဘုရားသခင်အကြောင်းကို အမြဲတမ်း ထင်ကြေးပေးပြီး ကိုယ်တော့်ကို သတိထားကာကွယ်နေခဲ့တယ်၊ ဒါဟာ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်းပဲ။ ကျွန်မရဲ့ စိတ်သဘောထားက တကယ်ကို ဆိုးညစ်ခဲ့တယ်။

ဘုရားသခင်က ကျွန်မတို့နဲ့ ရိုးသားတဲ့လူတွေဖြစ်ခြင်းအကြောင်း သမ္မာတရားကို မိတ်သဟာယဖွဲ့ခဲ့တာကို ကျွန်မ ပြန်သတိရမိတယ်။ ဒါနဲ့ ဖတ်ဖို့ သက်ဆိုင်ရာ ဘုရားနှုတ်ကပတ်တော်တွေကို ကျွန်မ ရှာခဲ့တယ်။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောသည်မှာ “အခြားသူများအပေါ် သံသယမထားသည့်သူများကို ငါသဘောကျသည်၊ ထို့အပြင် သမ္မာတရားကို မဆိုင်းမတွ လက်ခံသောသူများကိုလည်း ငါနှစ်သက်၏၊ ထိုသို့သောလူနှစ်မျိုးကို ငါအလွန်ဂရုစိုက်သည်၊ အဘယ်ကြောင့်ဆိုသော် ငါ၏အမြင်၌ သူတို့သည် ရိုးသားသောသူများ ဖြစ်ကြသောကြောင့်ဖြစ်သည်။ အကယ်၍ သင်တို့သည် လိမ်လည်လှည့်ဖျားတတ်လျှင် လူတိုင်းနှင့် ကိစ္စတိုင်းကို သတိထားပြီး သံသယဝင်နေမည်ဖြစ်၍ ငါ့အပေါ်၌ထားသော သင်တို့၏ ယုံကြည်ခြင်းသည် သံသယအုတ်မြစ်အပေါ်၌ တည်ထားသည့် ယုံကြည်ခြင်း ဖြစ်နေလိမ့်မည်။ ထိုသို့သော ယုံကြည်ခြင်းကို မည်သည့်အခါမျှ ငါအသိအမှတ်ပြုနိုင်မည် မဟုတ်ပေ။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မြေကြီးပေါ်ရှိ ဘုရားသခင်ကို အမှန်တကယ် သိရှိနိုင်ပုံ)၎င်းတို့၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ ဆောင်ရွက်မှုသည် အမှန်အားဖြင့် လူသားအတွင်းရှိ ရှိရင်းစွဲ အရာအားလုံးနှင့်ဆိုင်သည့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် ဖြစ်နိုင်သည့် အရာဖြစ်သည်။ ထိုအခါ ယင်းမှာ ၎င်း၏တာဝန်ကို ဖြည့်ဆည်းခြင်း ဖြစ်ပေသည်။ သူ၏အစေခံမှုအတွင်း လူသား၏ အပြစ်အနာအဆာများသည် တိုးတက်သည့် အတွေ့အကြုံနှင့် တရားစီရင်ခြင်းအား သူ၏ကြုံရခြင်း ဖြစ်စဉ်မှတစ်ဆင့် တဖြည်းဖြည်း လျော့နည်းလာသည်။ ယင်းတို့သည် လူသား၏တာဝန်ကို မတားဆီးပေ၊ သို့မဟုတ် မထိခိုက်ပေ။ အစေခံမှုကို ရပ်စဲသောသူ သို့မဟုတ် ၎င်းတို့၏ အစေခံမှုတွင် ချို့ယွင်းချက်များ ရှိကောင်းရှိနိုင်သည်ဟု ကြောက်ရွံ့ခြင်းအတွက် အလျှော့ပေးကာ နောက်ပြန်ဆုတ်သူများသည် အားလုံးထဲတွင် သတ္တိ အနည်းဆုံးသောသူများ ဖြစ်သည်။...လူ၏တာဝန်နှင့် လူသည် ကောင်းချီးမင်္ဂလာများ လက်ခံရရှိခြင်း သို့မဟုတ် ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်း ဟူသည်တို့ကြားတွင် အချင်းချင်း ဆက်နွှယ်နေမှု မရှိပေ။ တာဝန်သည် လူက ဖြည့်ဆည်းသင့်သည့်အရာ ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံက လာသည့် သူ၏ဘဝပေးတာဝန်ဖြစ်ပြီး ဆုလာဘ်၊ အခြေအနေများ သို့မဟုတ် အကြောင်းရင်းများပေါ်တွင် မမူတည်သင့်ပေ။ ထိုအခါမှသာ သူ၏တာဝန်ကို သူ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ကောင်းချီးမင်္ဂလာ လက်ခံရရှိခြင်းဟူသည်မှာ တစ်စုံတစ်ဦးသည် တရားစီရင်ခြင်းကို ကြုံရပြီးနောက် စုံလင်စေခြင်းခံရကာ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရခြင်း ဖြစ်သည်။ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရခြင်းဟူသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ကြုံရပြီးနောက် လူတစ်ဦး၏ စိတ်သဘောထား မပြောင်းလဲခြင်း ဖြစ်သည်၊ ၎င်းတို့သည် စုံလင်စေခြင်းကို မတွေ့ကြုံရဘဲ အပြစ်ပေးခံရသည်။ ၎င်းတို့ ကောင်းချီးမင်္ဂလာများ လက်ခံရရှိသည်ဖြစ်စေ၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရသည်ဖြစ်စေ ဖန်ဆင်းခံသတ္တဝါများသည် ၎င်းတို့ လုပ်ဆောင်သင့်သည့်အရာကို လုပ်ဆောင်ရင်းနှင့် လုပ်ဆောင်နိုင်သည့်အရာကို လုပ်ဆောင်ရင်း၊ ၎င်းတို့၏တာဝန်ကို ဖြည့်ဆည်းသင့်ကြပေသည်။ ဤသည်မှာ လူတစ်ဦးအနေဖြင့်၊ ဘုရားသခင် နောက်ကိုလိုက်သည့် လူတစ်ဦးက အနည်းဆုံး လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။ သင်သည် ကောင်းချီးမင်္ဂလာ လက်ခံရရှိရန်သာ သင်၏တာဝန်ကို မလုပ်ဆောင်သင့်သကဲ့သို့၊ ကံမကောင်းအကြောင်းမလှခြင်းကို ခံစားရမည်ကို ကြောက်ရွံ့ခြင်းအတွက် ဆောင်ရွက်ရန် မငြင်းဆန်သင့်ပေ။ ဤအရာတစ်ခုကို သင်တို့အား ငါပြောပါရစေ။ သူ၏တာဝန်နှင့်သက်ဆိုင်သည့် လူ၏ စွမ်းဆောင်မှုသည် သူလုပ်ဆောင်သင့်သည့်အရာ ဖြစ်ပြီး သူသည် သူ၏တာဝန်ကို ဆောင်ရွက်နိုင်စွမ်း မရှိပါက ဤသည်မှာ သူ၏ ပုန်ကန်မှုဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံ ဘုရားသခင်၏အမှုတော်နှင့် လူ၏တာဝန်ကြား ကွဲပြားခြားနားမှု) ဒီဘုရားနှုတ်ကပတ်တော်တွေက ကျွန်မကို နက်ရှိုင်းတဲ့ အတွေးတွေနဲ့ ပြည့်စေခဲ့တယ်။ ဟုတ်တယ်၊ ဘုရားသခင်က သမ္မာတရားကို လက်ခံနိုင်တဲ့ ရိုးသားတဲ့လူတွေကို နှစ်သက်ပြီး လှည့်ဖြားတတ်တဲ့လူတွေကို ရွံရှာတယ်လို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ ဘုရားသခင်က ကျွန်မတို့ အတုယူဖို့ နောဧကို စံနမူနာအနေနဲ့ ထားပေးခဲ့တယ်။ ဘုရားသခင်က နောဧကို သင်္ဘောတစ်စင်းဆောက်ဖို့ မိန့်မှာတဲ့အခါ၊ သူ အရင်က သင်္ဘောမဆောက်ဖူးဘူးဆိုတော့ အဲဒီအချိန်မှာ အခက်အခဲတွေတော့ ကြုံခဲ့မှာ သေချာတယ်။ ဒါပေမဲ့ သူဟာ ဒီစိန်ခေါ်မှုတွေကြောင့် ဘောင်ခတ်မခံခဲ့ရဘူး၊ အလုပ်ကောင်းကောင်းမလုပ်နိုင်ရင် ရနိုင်တဲ့ အပြစ်ဒဏ်ကိုလည်း စိုးရိမ်မနေခဲ့ဘူး။ သူက ဘုရားသခင်ရဲ့ တာဝန်ပေးစေခိုင်းချက်ကို ရိုးရိုးရှင်းရှင်းပဲ လက်ခံခဲ့တယ်၊ တကယ်တမ်း သွားပြီး ကုန်ကြမ်းပစ္စည်းတွေ ရှာတယ်၊ အခက်အခဲကြုံတိုင်း ဘုရားသခင်ဆီ ဆုတောင်းတယ်။ အပိုင်းတစ်ခုခုမှာ အမှားလုပ်မိရင် သူက အဲဒါကို ဖြိုချပြီး ပြန်ဆောက်ခဲ့တယ်။ သူဟာ ဘုရားသခင်တောင်းဆိုတဲ့အတိုင်း သင်္ဘောကို တိတိကျကျ ဆောက်ခဲ့တယ်။ ဘုရားသခင်အပေါ် သူ့ရဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်းနဲ့ ကျိုးနွံနာခံခြင်းကြောင့် နောက်ဆုံးမှာ သူဟာ ဘုရားသခင်ရဲ့ ကောင်းချီးတွေကို ရရှိခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ကြည့်တော့ ကျွန်မဟာ လှည့်ဖြားတတ်လွန်းခဲ့မှန်း သဘောပေါက်ခဲ့တယ်။ ကိုယ့်တာဝန်တွေကို ထမ်းဆောင်နေတုန်းမှာ တာဝန်ယူရမှာကို အမြဲကြောက်နေခဲ့တယ်၊ ပြစ်မှားခြင်းတွေ ကျူးလွန်မိမှာနဲ့ ကယ်တင်ခြင်းမျှော်လင့်ချက် ဆုံးရှုံးသွားမှာကို စိုးရိမ်နေခဲ့တယ်။ ကျွန်မမှာ ရိုးသားတဲ့ သဘောထားမရှိခဲ့ဘူး။ တကယ်တော့ စဉ်းစားကြည့်ရင်၊ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေနဲ့ သမ္မာတရားကို နားလည်မှုမရှိတာကြောင့် ကိုယ့်တာဝန်တွေမှာ လမ်းလွဲမှုတွေက ရှောင်လွှဲလို့မရဘူး။ ဒါကို မှန်မှန်ကန်ကန် သဘောထားတတ်ဖို့၊ ကျွန်မ ဘယ်မှာ မှားခဲ့သလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာ၊ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်သုံးသပ်ပြီးတော့ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်လာဖို့ သင်ယူသင့်တယ်။ ကျွန်မသာ ဒီလိုလုပ်ရင် ဆက်တိုက် တိုးတက်လာမှာဖြစ်ပြီး ကိုယ့်တာဝန်တွေကလည်း တိုးတက်ကောင်းမွန်လာမှာပဲ။ ကိုယ့်တာဝန်တွေမှာ ရှင်းရှင်းလင်းလင်း မမြင်နိုင်တဲ့ အမှုအရာတွေ ကြုံတဲ့အခါ ကျွန်မ ပိုဆုတောင်းပြီး ရှာဖွေသင့်တယ်၊ ကိုယ့်ရဲ့ တွဲဖက်ညီအစ်မနဲ့ ဆွေးနွေးသင့်တယ်၊ ဒါမှမဟုတ် အထက်ခေါင်းဆောင်တွေဆီကနေ ရှာဖွေသင့်တယ်။ တာဝန်ယူရမှာကို ကြောက်လို့ ကိုယ့်တာဝန်တွေကို ဝတ်ကျေတမ်းကျေလုပ်တာ၊ ရှောင်လွှဲပြီး ရှောင်ဖယ်တာမျိုး မလုပ်သင့်ဘူး။ ဥပမာ၊ လူတွေကို ရွေးချယ်ပြီး အသုံးပြုတဲ့နေရာမှာ၊ အစပိုင်းမှာ ကျွန်မက စည်းမျဉ်းတွေနဲ့အညီ တစ်ယောက်ယောက်ကို ရွေးချယ်ခဲ့ပြီး နောက်ဆုံးမှာ သူတို့က လူမှားဖြစ်သွားတယ်ဆိုရင်တော့၊ ဒါက သူတို့ လျှောက်တဲ့ လမ်းကြောင်းနဲ့ ဆိုင်သွားပြီ၊ ဘုရားအိမ်တော်က ကျွန်မကို တာဝန်ခံခိုင်းမှာ မဟုတ်ဘူး။

နောက်ပိုင်းမှာ ကျွန်မမှာ နောက်ထပ်မှားယွင်းတဲ့ အမြင်တစ်ခုရှိမှန်း သဘောပေါက်ခဲ့တယ်။ ကျွန်မက ခေါင်းဆောင်တစ်ယောက်အနေနဲ့ တာဝန်ကြီးလေလေ၊ ကျူးလွန်မယ့် ပြစ်မှားခြင်းတွေ ပိုများလေလေ ဖြစ်ပြီး နောက်ဆုံးမှာ ကယ်တင်ခြင်းရဖို့ အခွင့်အရေး ပျက်စီးသွားမှာပဲလို့ ယုံကြည်ခဲ့ဖူးတယ်။ သာမန်ယုံကြည်သူတစ်ယောက်ဖြစ်ရတာက ပိုစိတ်ချရတယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ လူတစ်ယောက်ဟာ ခေါင်းဆောင်ဖြစ်ဖြစ်၊ မဖြစ်ဖြစ်၊ သူတို့သာ သမ္မာတရားကို မလိုက်စားဘူး၊ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကလည်း မပြောင်းလဲဘဲရှိနေရင်၊ နောက်ဆုံးမှာတော့ ဖျက်ဆီးခံရဖို့ အကြောင်းဖန်လာမှာပဲ။ အနန္တတန်ခိုးရှင် ဘုရားသခင် ပြောတဲ့အတိုင်းပါပဲ။ “စိတ်သဘောထားတွင် မပြောင်းလဲဘဲ ရှိနေခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်။(နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်) အသင်းတော်ကနေ ဖယ်ရှားရှင်းလင်းခံရတဲ့သူတွေထဲမှာ သာမန်ယုံကြည်သူတွေ အများကြီးပဲ။ သူတို့ထဲက တချို့က ဆိုးယုတ်တဲ့သူတွေ၊ အန္တိခရစ်တွေအဖြစ် ထုတ်ဖော်ခံခဲ့ရပြီး၊ တချို့ကတော့ မယုံကြည်သူတွေအဖြစ် ထုတ်ဖော်ခံခဲ့ရတယ်။ သူတို့မှာ ရာထူးကြီးကြီးမားမား မရှိခဲ့ပေမဲ့လည်း အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်လို့ အတူတူပဲ ဖယ်ရှားရှင်းလင်းခံရတာ မဟုတ်ဘူးလား။ ဒီအချက်အလက်တွေက ပြနေတာကတော့ ထုတ်ဖော်ခံရတာနဲ့ ဖယ်ရှားရှင်းလင်းခံရတာဟာ လူတစ်ယောက်ထမ်းဆောင်တဲ့ တာဝန်နဲ့ ဘာမှမဆိုင်ဘဲ၊ သူတို့ သမ္မာတရားကို လိုက်စားရဲ့လား၊ သူတို့ရဲ့ စိတ်သဘောထားတွေမှာ အပြောင်းအလဲတွေ ကြုံတွေ့ရရဲ့လား ဆိုတာနဲ့ပဲ သက်ဆိုင်တယ်ဆိုတာ ပြသနေတယ်။ ဒါတွေအားလုံးကို သဘောပေါက်သွားတော့၊ ကျွန်မရဲ့ မှားယွင်းတဲ့အမြင်ကို ပြင်ဖို့နဲ့၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ကောင်းကောင်းထမ်းဆောင်ဖို့ မှန်ကန်တဲ့စိတ်သဘောထားကို မွေးမြူဖို့ ကျွန်မ ဆန္ဒရှိလာတယ်။ နောက်ပိုင်းမှာ ဧဝံဂေလိအလုပ်နဲ့ ရေလောင်းခြင်းအလုပ်အတွက် တာဝန်ခံမယ့်လူတွေကို ရွေးချယ်ဖို့ ကျွန်မ ဆက်လုပ်ခဲ့တယ်။ ကျွန်မ ထိုးထွင်းမမြင်နိုင်တဲ့ လူတချို့အတွက်တော့ လီယွန်းနဲ့ ဆွေးနွေးပြီး အထက်ခေါင်းဆောင်တွေဆီကနေ ရှာဖွေခဲ့တယ်။ နောက်ဆုံးမှာတော့ သင့်တော်တဲ့လူတွေကို ကျွန်မတို့ ရွေးကောက်နိုင်ခဲ့တယ်။ ကျွန်မရဲ့သတိထားကာကွယ်နေတဲ့စိတ်ကို လျှော့ချ၊ ဘုရားသခင်ကို အားကိုးပြီး ကိုယ့်တာဝန်ကို စည်းမျဉ်းတွေနဲ့အညီ ထမ်းဆောင်တဲ့အခါ စိတ်ထဲမှာ အများကြီး ပေါ့ပါးသွားတယ်လို့ ခံစားခဲ့ရတယ်။

ဒီအတွေ့အကြုံကနေတစ်ဆင့်၊ “အမြင့်ကို တက်လေ၊ အကျနာလေ” နဲ့ “သတိထားခြင်းက ဘေးကင်းလုံခြုံဖို့ အရေးကြီးဆုံးဖြစ်သည်” ဆိုတဲ့ စာတန်ဆန်တဲ့ အတွေးအခေါ်တွေဟာ လူတွေကို ဖောက်ပြန်ပျက်စီးစေတဲ့ မှားယွင်းပြီး အဓိပ္ပာယ်မဲ့တဲ့ အယူအဆမှားတွေနဲ့ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေပဲဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်။ ဒီလိုယုံကြည်ချက်တွေနဲ့ အသက်ရှင်နေတာက ကျွန်မကို ပိုပိုပြီး တစ်ကိုယ်ကောင်းဆန်စေခဲ့ပြီး လှည့်ဖြားတတ်စေခဲ့တယ်၊ ဘုရားသခင်ကို အမြဲတမ်း သတိထားကာကွယ်နေပြီး ကိုယ့်တာဝန်ကို စိတ်ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မထမ်းဆောင်နိုင်ခဲ့ဘူး။ ဒါက ဝိညာဉ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုနဲ့ နာကျင်မှုကို ဖြစ်စေခဲ့ရုံသာမက၊ သမ္မာတရားရရှိဖို့ အခွင့်အရေးတွေကိုလည်း ဆုံးရှုံးစေခဲ့တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်တွေကပဲ ကျွန်မရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားကို နားလည်အောင် ဉာဏ်ပွင့်စေပြီး လမ်းပြခဲ့တာပါ၊ ပြီးတော့ ဘုရားသခင်ရဲ့ ဖြောင့်မတ်တဲ့ စိတ်သဘောထားကိုလည်း တကယ့်နားလည်မှုတချို့ ပေးခဲ့တယ်။ ဘုရားသခင် ဘာပဲလုပ်လုပ်၊ ကိုယ်တော်က ကျွန်မတို့ရဲ့ ကယ်တင်ခြင်းအတွက် လုပ်ဆောင်တယ်ဆိုတာကို ကျွန်မ နားလည်လာခဲ့ပါပြီ။

ယနေ့မှာ ကပ်ဘေးများကျရောက်နေပြီ။မည်သို့လုပ်ဆောင်မှ သခင်တဖန်ပြန်ကြွလာခြင်းကို ကြိုဆိုရန် လက်မလွှတ်နိုင်မည်နည်း။ကျွန်ုပ်တို့ကိုဆက်သွယ်ပါ။သင့်အားအဖြေပြောပြပေးမည်။

သက်ဆိုင်သည့် အကြောင်းအရာ

မိမိ၏တာဝန်ကို သိတတ်စွာဖြင့် လုပ်ဆောင်ခြင်းသည် အသိတရားရှိခြင်းဖြစ်သည်

မနှစ်က ဇူလိုင်လ တစ်ရက်တွင် အဖွဲ့ခေါင်းဆောင် အစ်ကိုချန်းက အလွန် မာနထောင်လွှားသည်ဟု အစ်မလီက ကျွန်မကို တိုင်သည်။ စကားပြောဆက်ဆံသည့်အခါတွင် သူက...

ဘုရားသခင်ကို အထင်လွဲခြင်းဖြစ်ရသည့် ကျွန်မ၏ ပူပန်သောက နေ့ရက်များ

ကျွန်မက ၂၀၁၇ ခုနှစ်မှာ အသင်းတော်ခေါင်းဆောင်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ပထမတော့ ကိုယ့်တာဝန်မှာ ရလဒ်နည်းနည်း ထွက်ခဲ့တယ်။ ဒါပေမဲ့...

Leave a Reply

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။